285

ပြင်ချိန်ရှိသေးလို့ ပြောနေရတာ (ရှင်ရေဝတ)

အသံဖိုင်ခေါင်းစဉ်= အိုသံကြားသည်နှင့် ထိတ်လန့်ပုံ

စာအုပ်ခေါင်းစဉ်= ပြင်ချိန်ရှိသေးလို့ ပြောနေရတာ (ရှင်ရေဝတ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ဟောကြားတော်မူသောတရားတော်

ပြင်ချိန်ရှိသေးလို့ ပြောနေရတာ

(ရှင်ရေဝတ)

ဟောကြားသည့်နေ့

(၅-၃-၆၀)

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကုရုတိုင်းမှာ သီတင်းသုံးပြီး သကာလ နေတော့ သံဃာတွေက တရားနာရ အောင်ဆိုပြီး အနားမှာ ဝိုင်းပြီး သကာလ နေကြတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားမဟောမီ ရှေ့အဖို့ ကာလ၌ အဖြေ ပေးချင်လို့ မေးပါတယ်၊ ဖြေချင်လို့ မေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဦးဝ ရှင်းထားရမယ်နော် (မှန်ပါ့)။

အကြောင်းတရားတွေ သုံးသပ်ကြရဲ့လား

မင်းတို့ကွာ၊ ခန္ဓာကိုယ်အတွင်းမှာ အကြောင်းတရားတွေ များ သုံးသပ်ကြရဲ့လားလို့ မေးလိုက်တယ် (မှန်လှပါ)၊ ကိုယ့် ခန္ဓာထဲမှာ အကြောင်းတရားတွေ ရှိတယ်၊ အဲဒီအကြောင်းတရား တွေကို သုံးသပ်ကြစမ်းပါလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က အမိန့်ရှိတယ် (မှန်ပါ့)။

ရဟန်းတစ်ပါး အဖြေ

အဲဒီတော့ ရဟန်းတစ်ပါးက လျှောက်တယ်၊ တပည့် တော်များ သုံးသပ်ပါတယ် ဘုရားတဲ့ (မှန်ပါ့)၊ ဘယ်လိုများ – သုံးသပ်သတုံးကွ လို့ မေးတော့ တပည့်တော်က “ကေသာ လောမာ နခါ ဒန္တာ တစော” ဆိုတဲ့ သုံးဆယ့်နှစ် ကောဋ္ဌာသ အနုလုံ ပဋိလုံ သုံးသပ်ပါတယ်ဘုရား ဆိုတော့ ဘုရားမေး လိုရင်း အဖြေတော့ မကျဘူး (မှန်ပါ့)။ ။

ဘုရားမေးတာကို ဒကာ ဒကာမတို့ စဉ်းစားပါ၊ ခန္ဓာ ကိုယ်ထဲမှာ မင်းတို့ အကြောင်းတရား တွေများ သုံးသပ်ကြရဲ့လား လို့မေးတော့ ရဟန်းက သုံးဆယ့်နှစ်ကောဋ္ဌာသ သုံးဆယ့်နှစ်ပုံ တရားတွေ သုံးသပ်နေတော့ အကြောင်းအကျိုးက ပါရဲ့ လား (မပါ ပါ ဘုရား) မပါပါဘူး၊ သုံးဆယ့်နှစ်ပုံ ပုံပြီး သကာလ အသုဘစွဲ နေတာ ရှိတာပဲ (မှန်ပါ့)။

ဘုရားအလိုရှိတာက မင်းတို့ ခန္ဓာကိုယ်ထဲမှာ အကြောင်း တရားတွေများ စုံစမ်း ဆင်ခြင်ကြရဲ့လား၊ အကြောင်းတရားတွေ ရှိတယ်ကွ၊ အဲဒါ စုံစမ်းပါဆိုတာကို ရဟန်းက သုံးဆယ့်နှစ်ပုံ ပုံပြီးတော့ တပည့်တော် ဒါတွေကို သုံးသပ်ပါတယ်ဆိုတော့ ဘုရားက အကြောင်းကို သုံးသပ် စေချင်တယ်၊ သူက အပုံကို သုံးသပ်ပြီး သကာလ နေတဲ့အတွက် ဘုရားအလိုတော် မကျဘူးလို့ မှတ်ရမယ် (မှန်ပါ့)။ ။

ရှင်အာနန္ဒာက လျှောက်တယ်

အဲဒီလိုဖြစ်ပြီး သကာလ နေတော့ ရှင်အာနန္ဒာက အနား မှာ ရှိတယ်၊ အရှင်ဘုရားဟောပြမှ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပြီး သကာလ နေပါတယ်၊ ဒါကြောင့် အရှင်ဘုရားပဲ အကြောင်း သုံးသပ်တဲ့ နည်းကို ဟောတော်မူပါလို့ ရှင်အာနန္ဒာက လျှောက် တယ်၊ နိဒါနဝဂ္ဂ သံယုတ် ပါဠိတော်မှာ လာတယ်လို့ မှတ်ကြပါ (မှန်ပါ့)။

ခန္ဓာကိုယ်ဟာ တစ်နေ့တခြား အိုလာတယ်

ဒါ တဲ့ ဒကာ ဒကာမတို့ သုံးသပ်ကြလို့ဆိုတော့ သော် ငါ၏ခန္ဓာကိုယ်ဟာ တစ်နေ့တခြား အိုလာတယ်၊ တစ်နေ့တခြား သေခါနီးလာတယ်၊ ဒကာ ဒကာမတို့ ဒါ သုံးသပ်လိုက်ရင် ပေါ်လာတာပဲ (မှန်ပါ့)။

ကိုယ့်အိမ်မှာရှိတဲ့ မှန်ကို ကိုယ့်ရှေ့နားက ထားပြီး ကြည့် လိုက်ရင်လည်း ပျိုရုပ်တွေပျောက်ပြီး အိုရုပ်တွေ ပေါ်ပေါက်နေ တာ ဪ အိုလာပါပေါ့လား၊ အိုတယ်ဆိုတာ ဘာဖြစ်တာပါ လိမ့်၊ ဪ အိုတယ်ဆိုတာ သေခါနီးတာပဲ (မှန်ပါ့)။

နင့်ထက် ငါ သေခါနီးပြီပြောတာ

ကျုပ်တို့ ကြီးပြီ ကြီးပြီလို့ ပြောတဲ့ဥစ္စာ ဒကာ ဒကာမ တွေက စကားသုံးသပ်ပြီး သကာလ နင့်ထက် ငါကြီးတယ် ဆိုတဲ့ မာန်မာနမျိုး မလာပါစေနဲ့ (မှန်ပါ့)၊ နှင့်ထက် ငါသေခါနီးတယ် လို့ ပြောလိုက်ရင် သိပ်ကောင်းတယ် (မှန်ပါ့)၊ နင့်ထက် ငါကြီးတယ်၊ နင်ပြောတာ ငါနားမထောင်ဘူး၊ ဒီအသွားမျိုးတော့ မလုပ်ပါနဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေ သုံးရမည့်ဥစ္စာကျတော့လည်း အလွဲ သုံးစား မသုံးရမှာကျတော့လည်း သုံးနေကြတယ်၊ တကယ့် နိဗ္ဗာန်ရောက်မည့် အကြောင်းကျတော့လည်း မသုံးတတ်ဘူး၊ မာန်တက်မည့် အသုံးကျတော့ ဦးခင်မောင် သုံးကြတယ် (မှန်ပါ့)။

အို, နာ, သေ တွေ ခန္ဓာမှာ ရှိနေတယ်

ကိုင်း ဒါနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို မင်းတို့ အတွင်းများကွာ အို, နာ, သေ ဆိုတာ မင်းတို့ခန္ဓာထဲမှာရှိနေ တယ်ကွ၊ အဲဒါတွေ ဘယ်ကများလာသတုံးလို့ သူ့အကြောင်း များ ရှာဖို့ သိပ်ကောင်း ပါတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ အို နာ သေ ဘယ်ကလာသလဲဆိုတဲ့ အကြောင်းကိုရှာကြတဲ့ (မှန်ပါ့)၊ အကြောင်းရှာရမယ် တဲ့၊ မင်းတို့ အကြောင်းရှာကြပါလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး က ဟောတော့ ဒကာ ဒကာမတို့လည်း အကြောင်းရှာကြ၊

ဪ ငါ၏ ခန္ဓာကိုယ်ကြီးဟာ အိုပြီး တော်တော်ကြာ အနာတွေက များလိုက်တာ၊ တော်တော်ကြာကျလို့ရှိရင်ဖြင့် သေရတော့မှာပဲ၊ ဒီ အို, နာ, သေ တွေဟာ ဘယ်ကများ လာတာပါ လိမ့်မတုံး၊ ဘယ်ကများ လာတာပါလိမ့်မလဲလို့ ကိုယ့်ဟာကိုယ် သုံးသပ်ကြစမ်းပါ (မှန်ပါ့)။

အို, နာ, သေ ဘယ်က လာသလဲ

ကိုယ့်ဟာကိုယ် သုံးသပ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒါ တွေးလုံးတော့ ပေါ်ရတော့မယ်၊ ဘုရားဆီက ဉာဏ်မရ၊ ဆရာ သမားဆီက ဉာဏ်မရလို့ရှိရင်ဖြင့် သော် ငယ်ရာက ကြီးလာ တာပဲ၊ ဒါလောက်ပဲ တွေးမှာပဲ (မှန်ပါ့)၊ ဒီလိုမတွေးပါနဲ့၊ ဪ ဒီ အို, နာ, သေ ဟာ ဘယ်က လာပါ လိမ့်မတုံးလို့ သေသေချာချာ တွေးပါ။

ဒကာ ဒကာမတို့ အို, နာ, သေ ဆိုတဲ့ဥစ္စာ ခန္ဓာထဲမှာ ရှိတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဘယ်ကလာသတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တွေးဖို့သိပ်ကောင်းပါတယ်၊ ဘုရားကလည်း ဒီ အို, နာ, သေ ဘယ်ကလာတုံး ဆိုတဲ့ တွေးလုံး ဟာ မင်းတို့ တွေးကြစမ်းပါကွာတဲ့ (မှန်ပါ့)။

အကြောင်းရှာလို့ မတွေ့ခဲ့သည်ရှိသော် အကြောင်းသတ် တဲ့ တရားကို ရမှာမဟုတ်ဘူး (မှန်ပါ့)၊ အကြောင်းသတ်တဲ့ တရားကို မရခဲ့လို့ ရှိရင် အကျိုး အို, နာ,သေနဲ့ ဘယ်တော့မှ အိုးစားကွဲမယ် မဟုတ်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အခု ဒကာ ဒကာမတို့ အို, နာ, သေသည်ကား လို့ဆိုရင်ဖြင့် အခု ဒကာ ဒကာမတို့ လက်ရှိပဲ ခွဲလို့မရ ခွာလို့မရဆိုတာ ဦးဘအုန်းတို့၊ ဦးခင်မောင်တို့ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

အခု ဒကာ ဒကာမတွေ ဒီနေ့ အိမ်ကလာကြတယ်၊ ဆရာ ဘုန်းကြီးဆီကို၊ အိမ်က လာသည်ထက် အခုအိုတယ်၊ အိမ်က လာသည်ထက်ကော အခု အနာဘက်ရောက်ဖို့ ကော မနီးဘူး လား (နီးပါတယ် ဘုရား)၊ အသေဘက် ရောက်ဖို့ကော (နီးပါ တယ် ဘုရား)။

ဪ ဘယ်ကများ လာပါလိမ့်မလဲ၊ ဒါကြီးဟာ တစ်နေ့တခြား ခန္ဓာထဲမှာ အပြည့်အစုံကြီး ဖြစ်နေရတာ ဘယ်က လာသတုံးဆိုတဲ့ အကြောင်းကို တွေးပါ (မှန်ပါ့)၊ တွေးလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဘုရားမှပဲ အမှန်တွေးနိုင်တယ်လို့ ဦးဘအုန်းတို့၊ ဦးခင်မောင်တို့ မှတ်ရမယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အို, နာ, သေ ခန္ဓာကလာတယ်

ကောင်းပြီ၊ ဒီ အို နာ သေ ဘယ်ကလာသတုံးလို့ ဒကာ ဒကာမတွေ တွေးဖြစ်အောင်တွေးပါ၊ တွေးဖြစ်အောင် တွေးပါ ဆိုတော့ ဒကာ ဒကာမတို့ အို နာ သေဟာ ခန္ဓာငါးပါးက လာတာ (မှန်ပါ့)။

အို, နာ, သေ ဘယ်က လာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။

သမ္မသနသုတ်ဆိုတာ ခန္ဓာကိုယ်သုံးသပ် ဆင်ခြင်တဲ့ သုတ်၊ အို, နာ, သေ ခန္ဓာငါးပါးက လာတယ်၊ ဒါကလေးက ခန္ဓာငါးပါးလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)၊ ဒီဘက်က အို,နာ, သေ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ခန္ဓာငါးပါးရှိလို့ အို, နာ, သေဟာ ဒီအထဲက ပေါ်ပေါက်လာတယ် (မှန်ပါ့)၊ ခန္ဓာငါးပါး မရှိရင် (အို နာ သေ မပေါ်ပေါက်ပါ ဘုရား)၊ ဒကာ ဒကာမတွေ တစ်ဘဝ မှာလည်း အို, နာ, သေနဲ့ ဇာတ်သိမ်း၊ နောက်ဘဝကျတော့ ဒကာ ဒကာမတွေ ဘာဖြစ်ဦးမှာတုံးဆိုတော့ အို ဘာဖြစ်မယ်လို့ မပြော တတ်ပါဘူး၊ အို, နာ, သေနဲ့ ဇာတ်သိမ်းရမှာကတော့ သေချာ တယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆေးနဲ့ ဝါးနဲ့ ဘာလို့မရ

ပစ္စည်းပေးပြီး စားလို့ကော ရပါ့ မလား (မရပါ ဘုရား)၊ ကိုယ့်ထက် ဘုန်းကြီးတဲ့ပုဂ္ဂိုလ်က အာဏာရှင်လုပ်ပြီး တားရင်ကော (မရပါ ဘုရား)၊ ထမင်းနဲ့ စားလို့ကော (မရပါ)၊ ဆေးနဲ့ဝါးနဲ့ စားလို့ကော (မရပါ ဘုရား)။ ။

မရတာကြီးဟာ ဘာကြောင့် မရပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် အို, နာ, သေ ဘယ်က လာသတုံး (ခန္ဓာငါးပါးက လာပါတယ်)၊ အဲဒီခန္ဓာငါးပါးက လာတယ် ဒကာ ဒကာမတို့ သေသေချာချာ ကြည့်ပါ (မှန်ပါ့)၊ ခန္ဓာငါးပါးဆိုတာ လူခန္ဓာ ငါးပါး၊ နတ် ခန္ဓာငါးပါး၊ ဗြဟ္မာ ခန္ဓာငါးပါး၊ ဦးခင်မောင် တစ်တန်းတည်းပဲ (မှန်ပါ့)။ ။

ဒါဖြင့် ခန္ဓာငါးပါးရတဲ့ ပုဂ္ဂိုလ်ဖြင့် ခန္ဓာငါးပါးတည်းဟူ သော မူလ အကြောင်းကြောင့် အို, နာ, သေ တည်းဟူသော ဒုတိယ အကျိုးတရားတွေဟာ ဒကာ ဒကာမတို့ ပြေးလို့လွတ်ပါဦး မလား (မလွတ်ပါ ဘုရား)။

ခန္ဓာရှိရင် အို, နာ, သေ လာမယ်

ပြေးလို့မလွတ်ဘူး ဆိုတော့ ဪ ဒါဖြင့် တို့ကလည်း ခက်လိုက်တဲ့ဖြစ်ခြင်း၊ ဘာခန္ဓာ ဖြစ်ချင်ရတာနဲ့ ညာခန္ဓာ ဖြစ်ချင်ရတာနဲ့ တို့ကလည်း လူခန္ဓာ လူချမ်းသာ နတ်ခန္ဓာ နတ်ချမ်းသာ ဗြဟ္မာခန္ဓာ ဗြဟ္မာချမ်းသာ ဖြစ်ချင်တယ် ဆိုလို့ ရှိရင်လည်း ခန္ဓာရှိရင် အို, နာ, သေလာမယ်၊ ခန္ဓာထဲက ပေါ်လာတာပဲ (မှန်ပါ့)၊ ဘယ်သူကမှ ထည့်ပေးတာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

သရက်သီးဟာ ရင့်လို့လုပ်တယ်၊ ရင့်ပြီးလုပ်တဲ့ ဥစ္စာ သူများက ပုပ်ပါစေ ဆုတောင်းလို့လား၊ သူ့အထဲက ပုပ်လာတာလား (သူ့အထဲက ပုပ်လာတာပါ)၊ ဒီမှာလည်း ထို့အတူပဲ ဒကာဒကာမတို့ ဒီခန္ဓာကနေပြီး အို,နာ,သေ ပေါက်ပွားလာတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ အခု ဘယ်သူနဲ့အတူ တူ နေရပါလိမ့်မတုံးလို့ မေးလို့ရှိရင် အို, နာ, သေနဲ့ အတူတူနေ ရတယ် (မှန်ပါ့)၊ အိုတာနဲ့လည်း (နေရပါတယ်)၊ နာမှုနဲ့ကော (နေရပါတယ် ဘုရား)။

အိုတာနဲ့ဆိုတာက တစ်နေ့တခြား အသားအရေတွေက တွန့်လိပ်သွား၊ သွားတွေကကျဲ၊ ဆံပင်တွေက ကျွတ်၊ ဖြူတန်က ဖြူ၊ အားအင်ဗလတွေက ချည့်နဲ့လာ ဒါတွေနဲ့ အတူတူ နေရ တယ် (မှန်ပါ့ ဘုရား)။

နာတာဆိုတာကတော့ ဒကာ ဒကာမတွေ တရားကလေး ခဏကလေး နာတာတောင် ဟိုဘက် ပြောင်းလိုက်ရ ဒီဘက် ပြောင်းလိုက်ရနဲ့ ဆိုတာတွေဟာ ဘာလုပ်ကြတာတုံး နာလို့ ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)၊ နာလို့ ပြောင်းရင်းမတ္တနဲ့လည်း သေဘက်သွားနေတာပဲ (မှန်ပါ့)၊ သေဘက်ကို မသွားပါနဲ့ဆိုလို့ (မရပါ ဘုရား)။

အိုနာ,သေနဲ့ အဖော်လုပ်နေရ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သေဘက်သွားတာက လည်း အချိန်မဆိုင်း နာလို့ ပြောင်းနေရတာ ကလည်း မအားဘူး (မှန်ပါ့)၊ အိုရတာကလည်း မှန်ကြည့်တိုင်း အိုရိပ်တွေက ပေါ်လိုက်တဲ့ ဖြစ်ခြင်း ဒီတော့ ဒီ ဒကာ ဒကာမတွေမှာ ဘာတွေနဲ့ များ အဖော်လုပ်နေရပါလိမ့်မတုံး (အို နာ, သေနဲ့ အဖော်လုပ် နေရပါတယ် ဘုရား)။

အိုတာကလည်း ဒကာ ဒကာမတွေ မြင်တဲ့အတိုင်းပဲ တစ်နာရီထက် တစ်နာရီ ရင့်ကျက် နေတယ်၊ မရင့်ကျက်ဘူးလား (ရင့်ကျက်ပါတယ်)၊ နာတာကလည်း ဟိုဘက်လှည့် ဒီဘက် လှည့်ပြောင်း လိုက်ရတဲ့ဖြစ်ခြင်း၊ တော်တော်ကြာ ရေသောက်ချင် တဲ့ အနာပေါက်လို့ ရေနဲ့ကုရ (မှန်ပါ့ ဘုရား)

ဆာနာပေါက်လို့ ထမင်းနဲ့ကုရ

ထမင်းဆာတဲ့ အနာပေါက်လို့ ထမင်းနဲ့ ကုရ အေးတဲ့ အနာပေါက်လို့ အဝတ်အခြုံအရုံတွေနဲ့ ကုလိုက်ရ၊ အနာကလည်း မပြတ်ဘူး (မပြတ်ပါ ဘုရား)၊ ဦးခင်မောင် အနာကင်းရဲ့ လား (မကင်းပါ ဘုရား)။

အနာမကင်းလို့ အနာကုရင်း မတ္တနဲ့လည်း ခန္ဓာကိုယ် ကြီးက သေမည့်ဘက်ကို ပြေးတာ ကလည်း ရပ်စဲရဲ့ လား (မရပ် စဲပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတွေသည် ဘယ်သူနဲ့ အဖော် လုပ်နေရပါလိမ့် (အို,နာ,သေနဲ့ အဖော်လုပ်နေရပါတယ် ဘုရား)။

အို, နာ, သေမှ တစ်ပါးလည်း ဒိပြင်ဟာက မြဲတဲ့ဟာ ခွဲမရတဲ့ဟာ မရှိဘူး၊ ဥပမာ မိတ်ဆွေ သင်္ဂဟတွေကတော့ ကျုပ် သွားဦးမယ်ဆိုရင် ဟိုနေရာက ဒီနေရာကွဲကြတယ် (မှန်ပါ့)၊ အို,နာ,သေ ကတော့လည်း ဒကာ ဒကာမတို့ ထမင်းစားတော့ လည်းခွဲမရ၊ ထမင်းစားတော့လည်း အနာ ကုနေရတယ်၊ အဝတ် ခြုံတာကော (အနာကုနေရတာပါ)၊ ပြီးတာ လိမ်းတာကော (အနာကုနေရတာပါ ဘုရား)။

ဒကာ ဒကာမတို့ ခက်ပါသကာ ခွဲလို့ကို ရကြရဲ့ လား (မရပါ ဘုရား)၊ ကုရင်းမတ္တဖြင့် အသေ ဆိုင်းကောင်းပါရဲ့ လို့ ဒီလိုလည်း မအောက်မေ့ကြပါနဲ့၊ ကုရင်းမတ္တနဲ့လည်း အသေ ဘက် ပြေးနေတာပဲ (မှန်ပါ့)၊ ဦးဝတို့ တားလို့ဆီးလို့ရရဲ့ လား (မရပါ ဘုရား)။

လူ့ခန္ဓာ၊ နတ်ခန္ဓာ လိုချင်ရင်

ဒါဖြင့် အို, နာ, သေ ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါး က လာပါတယ်) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးများ လိုချင်မှုဟာ မသိတော့ လူခန္ဓာကြီးလိုချင်၊ နတ်ခန္ဓာ ကြီးလိုချင်၊ ဗြဟ္မာ ခန္ဓာကြီး လိုချင်နဲ့ ဒကာ ဒကာမတွေ ဖြစ်စဉ်က ဖြင့် လူခန္ဓာဖြစ်ချင်လည်း အို, နာ, သေနဲ့ အဖော် ဖြစ်ရပါလို၏။ နတ်ခန္ဓာဖြစ်ချင်ကော (အို, နာ, သေနဲ့ အဖော်ဖြစ်ရပါလို၏ ဘုရား)။

ဗြဟ္မာခန္ဓာကို ရချင်ပြန်ကော (အို, နာ, သေနဲ့ အဖော် လုပ်ရပါလို၏)။ နောက်ကျတော့ ခင်ဗျားတို့ လူဖြစ်ရပါလို၏ စသည်နဲ့ များ ဘုရားရှေ့ဖြစ်ဖြစ်၊ သက်ကြီးရွယ်ကြီးများ ကန်တော့တဲ့ အခါပဲဖြစ်ဖြစ် လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ရပါလို ၏ဆိုရင် ဒီလောက်တင်မဆိုနဲ့၊ လူလည်း ဖြစ်ရပါလို၏၊ အို, နာ,သေနဲ့လည်း မခွဲရပါလို၏၊ ဒါကလေးပါ ဖြည့်ဖြည့်တောင်း၊ ဒါမှ ခင်ဗျားတို့ သေချာတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

ရူးချက်က သန်လိုက်တဲ့ဖြစ်ခြင်း ၊

ရူးချက်က သန်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ) ဘာသန်ပါ လိမ့် (ရူးချက်သန်တာပါ ဘုရား) ရူးချက်သန်တယ် ဆိုတော့ ဒကာ ဒကာမတွေ ဖြစ်မှဖြစ်ရပလေ၊ ရူးတာပဲ သန်သန်ထွားထွား မဟုတ်ဘဲ၊ သေးသေးသိမ်သိမ် ရူးရင်လည်း တော်သေးတယ်၊ အခုဟာက သန်သန်ထွားထွား ရူးတယ် ဆိုတော့ ဒကာ ဒကာမတွေ အရုပ်ဆိုးတဲ့အထဲ အကျည်းတန် ပိုနေတယ် (မှန်ပါ့) မပို ဘူးလား (ပိုပါတယ် ဘုရား)။

ဘယ်ဟာ အသုံးချကြမလဲ (ဘယ်ဟာမှ အသုံးချလို့ မရပါ ဘုရား)၊ ဘာမှ အသုံးချစရာ မရှိဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါး ဖြစ်ရပါလို၏ ဆိုရင်ဖြင့် အို, နာ, သေနဲ့ မခွဲရပါလို၏၊ ဦးခင်မောင် ဒါပဲ ပြည့်ရ ခယ် (မှန်ပါ့)။

ဖျင်းလိုက်တဲ့ဖြစ်ခြင်း

ဒါဟာ ဒကာ ဒကာမတွေက ဖျင်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဆရာဘုန်းကြီးက တို့ကို ပြောရက်လိုက်တာ လို့လည်း မထင်ကြနဲ့နော်၊ ယခုလို အို, နာ, သေနဲ့ မခွဲချင်လို့ တစ်ခါတည်း နောက် အို, နာ, သေများ လိုချင်လို့ နှုတ်ခွန်းများ ဆက်ထားလိုက်သေးတယ် (မှန်ပါ့)၊ မဆက်ဘူးလား (ဆက် ပါတယ် ဘုရား)။

ဒီဆွမ်း, ဒီကွမ်း, ဒီပန်း, ဒီဖယောင်းတိုင် လှူရသော အကျိုးကား နောက်ဘဝ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏ ကဲ့၊ ယခု အို, နာ, သေနဲ့ ခွဲပြီးလို့ နှုတ်ဆက်ထားရရင်လည်း တော်သေးရဲ့၊ မဟုတ်ဘူး ပြတ်သွားမှာစိုးလို့ (မှန်ပါ့) ရိပ်မိပ လား (ရိပ်မိပါပြီ ဘုရား)။ ။

ယခု အို နာ သေနဲ့၊ နောက် အို နာ,သေနဲ့ ဆက်မိအောင် လို့ မနည်းကြိုးစားရတယ်၊ ဖယောင်းတိုင်နဲ့ ကြိုးစားရ၊ ပန်းနဲ့ ကြိုးစားရ၊ ဆွမ်းနဲ့ကော (ကြိုးစားရပါတယ် ဘုရား) ကျောင်းဆောက် ပြီးတော့ (ကြိုးစားရပါတယ်) ဖြစ်မှ ဖြစ်ရပလေ မိုက်လွန်းလှတယ်လို့ ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ကိုင်း ကိုမြရွှေတို့၊ မောင်သစ်တို့ ဘယ့်နှယ်နေကြသလဲ (ဆိုထိုက်ပါတယ် ဘုရား) ကဲ ဒါဟာ ရူးချက်သန်တယ်ဆိုတ များ ဘုန်းကြီးပြောတာက နည်းသလား၊ ကိုယ်သန်ပုံက ပို သလား (ကိုယ်သန်ပုံက ပိုနေပါတယ် ဘုရား)။

ပြင်ချိန်ရှိသေးလို့ ပြောနေရတာနော်

ဒါလောက်တော့လည်း မကောင်းတော့ဘူး၊ ဒက ဒကာမတို့ ဒါကလေး ပြင်ဖို့ဆင်ဖို့ အချိန် ကလေး ရှိသေးလို့ ပြောနေရတာနော် (မှန်ပါ့)။ ။

ဦးခင်မောင် အခု အို, နာ, သေဟာလည်း လက်လွတ်ရ အချိန်မှာ တောင်းတာလား၊ လက်မလွတ်တဲ့အချိန်မှာ တောင်းတ လား (လက်မလွတ်တဲ့ အချိန်မှာ တောင်းတာပါ ဘုရား)။

ဟာ ဒါဖြင့် တစ်ခါမိုက်လား၊ နှစ်ခါမိုက်လား (နှစ် မိုက်ပါ ဘုရား) အခု အို, နာ, သေ မမြင်တာ ကလည်း အဝိဇ္ဇာ ဖုံးလွှမ်းလို့ တစ်ခါမိုက်၊ နောက် အို, နာ, သေကြီး ကိုယ်ပိုင်ရ ကိုလည်း မသိတဲ့ အဝိဇ္ဇာက ဖုံးလွှမ်းလို့ တစ်ခါမိုက်ဆိုတော့ နှစ်ခါမိုက်ဖြစ်နေတယ် (မှန်ပါ့)

တစ်ခါမိုက်က တစ်ဖက်ကန်း နောက်တစ်ခါမိုက်က တစ်ဖက်ကန်းဆိုတော့ စုံလုံးကန်း (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီဆရာမျိုးနဲ့ တွေ့တုန်း ပြင်ဆင်ကြ

ဒီဆရာသမားမျိုးနဲ့ ဒီဒကာ ဒကာမတွေနဲ့ ဒီလိုတွေ့တုန်းမှ ဒီလိုပြင်ဆင်မှု ဒီလိုသုံးသပ်မှုကို မပြင်ကြ မဆင်ကြတော့ဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ဖြစ်ထွေကဖြင့် ရန်သူရှိရာကို ခင်ဗျားတို့ သည်ကား လို့ ဆိုရင် ဦးတည်ပြီး သကာလ ခေါင်းလျှိုပြီး အသတ်ခံသွားတာနဲ့ မထူးလှဘူး (မထူးပါ ဘုရား) ဦးခင်မောင် ထူးပါ့မလား (မထူးပါ ဘုရား)။

အဲဒီတော့ ဒီဥစ္စာသည် ဒကာ ဒကာမတို့ မိုက်လုံးသန် တယ်ဆိုတာများဟာလည်း မနာပါနဲ့ တော့နော် (မှန်ပါ့) တို့မိုက် တာက ဒီထက်ကဲတယ်လို့ပဲ ခင်ဗျားတို့ကသာ ဝန်ခံယူလိုက်ပါတော့ (မှန်ပါ့)။

ကဲ ဒါဖြင့် အို, နာ, သေ ဘယ်ကလာသတုံး (ခန္ဓာ ငါးပါးက လာပါတယ် ဘုရား) ဒါဖြင့် ဒီခန္ဓာငါးပါး နောက်ထပ် လိုချင်တဲ့ ပုဂ္ဂိုလ်များဟာဖြင့် စုံလုံးကန်း မိုက်လေရဲ့ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (စုံလုံးကန်း မိုက်ပါတယ် ဘုရား) ဦးဘအုန်း ဘုန်းကြီးပြောတာက နည်းတယ်နော်၊ ဦးခင်မောင်တို့ မိုက်ပုံက ဒိထက်ကြီးပါတယ် (မှန်လှပါ ဘုရား) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခန္ဓာရရင် ဒါပါပဲ

အခုလက်ရှိ ခန္ဓာကိုယ်ကြီး သူတောင်းနေတဲ့အချိန်မှာပဲ သူ့ခန္ဓာကြီး ကြည့်လိုက်ရင် အို, နာ, သေက လက်စသတ်ပလား (မသတ်ပါ ဘုရား) မသတ်သေးခင်က နောက်ခန္ဓာ ရ,ရ ပါ လို၏ဆိုတော့ နောက်ထပ် ဒီခန္ဓာငါးပါးရရင် ဒါပါမှာပဲ (မှန်လှပါ) မပါပေဘူးလား (ပါ,ပါတယ် ဘုရား)။ – အို, နာ, သေ ခန္ဓာငါးပါးက လာပါတယ်လို့ အခုပြော ထားပြီ၊ နောက်ခန္ဓာငါးပါးကို လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ ရရပါလို၏ ဆိုတော့ တပည့်တော်တို့က အို, နာ, သေ အဆက်ပြတ်မှာ သိပ်စိုးရိမ်တဲ့ ပုဂ္ဂိုလ်ထူးတွေ ဘုရား၊ တပည့်တော် တို့က အို, နာ, သေ ဒုက္ခကိုလည်း အခုလည်းကြိုက်တဲ့သဘော ရောက်တယ် (မှန်ပါ့) နောက် အို, နာ, သေလည်း ရချင်တဲ့ သဘောရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက် ပါတယ် ဘုရား) မျက်စိလည်လွန်းတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုပြောပါလိမ့် (မျက်စိလည် လွန်းပါတယ် ဘုရား) မျက်စိ လည်ရင်တော့ နောက်ကျတော့မယ် ခင်ဗျားတို့ (မှန်ပါ့) မျက်စိလည်လွန်းရင် ချောက်ကျတော့မယ် ဆိုတာဖြင့် ဘာမှ ငြင်းစရာမလိုတော့ပါဘူး (မှန်ပါ့) လိုသေးရဲ့လား (မလိုပါ ဘုရား)။

မျက်လုံးဖွင့်ပေးနေတဲ့ ဆရာ

အဲဒါကြောင့် ဒီဘဝ မျက်လုံးဖွင့်ပေးနေတဲ့ ဆရာပဲလို့ ဆုံးဖြတ်ချက်ချကြပေတော့ (မှန်လှပါ ဘုရား) ဒို့မဟုတ်လို့ရှိရင် ဖြင့် ဒီဒကာ ဒကာမတွေဟာ ဘယ်ဘုရားပွဲ သွားပြန်သတဲ့၊ ဘာ လုပ်သွားကြ သတုံး၊ အို ဆုတောင်းပြည့်တယ်ဆိုလို့ ဘုရား အဲဒီ ဘုရားသွားလို့ရှိရင် တောင်းတဲ့ဆု ပြည့်သတဲ့၊ ဒီဘဝမှာလည်း စီးပွားရေး ဟန်ကျသတဲ့၊ နောက်ဘဝလည်း တောင်းတဲ့ဆု ပြည့်သတဲ့ (မှန်ပါ့)။

ဒီဘဝ စီးပွားရေး ဟန်ကျတာလည်း ဒုက္ခရောက်ဖို့ပဲ (မှန်ပါ့) စီးပွားရေးက တစ်ရာရင်းရတော့ တစ်ရာထုတ်ထားတာ ပူရတယ် (မှန်ပါ့) တစ်သိန်းနဲ့ ရင်းတော့ တစ်သိန်း ထုတ်တဲ့ အတွက်က ဘယ့်နှယ်တုံး (ပူရပါတယ် ဘုရား)။

အို အပူကြီးအောင်တော့ သွားရသေးတယ်ဘုရား၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

လူ့ခန္ဓာသေးလို့ နတ်ခန္ဓာတောင်း

အပူကြီးအောင်လို့ (မှန်ပါ့) ဒီခန္ဓာက သေးနေတော့ နောက်ဘဝ နတ်ခန္ဓာရတော့ သုံးဂါဝုတ် လောက် ရှိတယ်ဆို တော့ ဒကာဒကာမတွေ ဪ တပည့် တော်တို့ ဒီဘဝမှာတော့ သေတောင်မှ မသာက လေးတောင်လောက်ရှိတယ်၊ ဟိုမှာ သုံးဂါဝုတ်ဆိုတော့ နည်းတဲ့ ခန္ဓာကိုယ်ကြီး မဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ နတ်မသာကြီးဖြစ်အောင်လည်း သွားပြီး တောင်းရ သေးတယ်ဘုရာ့ (မှန်ပါ့) ဒကာ ဒကာမတွေ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဘယ့်နှယ်တုံး ရူးချက်ရိုးရိုးပဲလား၊ သန်သေးလား (သန်ပါတယ် ဘုရား) ဖြစ်မှဖြစ်ရလေဗျာ အခုသာ ဝန်ခံကြတာ ဖြစ်စဉ်က ဒိထက်ဆိုးသေးတယ် (မှန်ပါ့) ဦးခင်မောင် ဆိုးမဆိုး (ဆိုးပါတယ် ဘုရား)။

ဘယ့်နှယ် အကြိမ်ကြိမ်တောင် ပါလိုက်သေးတာ (မှန်ပါ့) အကြိမ်ကြိမ်တောင် ဆိုတော့ ဘယ့်နှယ်တုံး၊ ဆိုးမကုန် သေးဘူးလား (ဆိုးပါတယ် ဘုရား)။

မဂ်နဲ့ဖြတ်ရမယ်

ဒီအကြိမ်ကြိမ်တွေကို ဘာနဲ့ဖြတ်ကြမယ် ခင်ဗျားတို့ မဂ်နဲ့ဖြတ်ရပါမယ်) မဂ်နဲ့ဖြတ်ရမှာပဲ ဦးဝ (မှန်ပါ့) ခန္ဓာငါးပါးတော့ ဖြတ်လို့မရဘူး၊ ခန္ဓာငါးပါးက အကြိမ်ကြိမ် လာနေမှာ ပုံ၊ သူ့ဟာက မဂ်နဲ့ကို ဖြတ်မှရမယ် (မှန်ပါ့) ဒီမဂ်ပဲ ကယ်မည့် ယူမည့်သူ ရှိတော့တယ် ဒကာ ဒကာမတို့၊ တခြား ဘာရှိသေး သတုံး (ဘာမှမရှိပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အို, နာ, သေ ဘယ်က လာသတုံး (ခန္ဓာငါးပါးက လာပါတယ်) ဒါဖြင့် ဒီဘဝက ခုတေမနေ သေလွန်ခဲ့လို့ရှိရင်ဖြင့် ဘယ်ခန္ဓာများ ရချင်ကြပါလိမ့် (ဘယ်ခန္ဓာမှ မရချင်ပါ ဘုရား)။

ဟာ ဦးဝ ဒီတစ်ခါတော့ တော်တော် ချောချောမောမော ရှိသွားပြီ၊ ဘယ်ခန္ဓာမှ မရချင်ဘူး ဆိုတာ နေရာကျသွားပြီ (မှန် ပါ) ဘယ်ခန္ဓာမှ မရချင်ဘူးဆိုတဲ့ ဥစ္စာက သစ္စဉာဏ်နဲ့ ဖြေလိုက်တာ၊ အို, နာ, သေ ဒုက္ခသစ္စာကိုး (မှန်ပါ့)။ ။

ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏမ္ပိ ဒုက္ခံ ရဲ့ အဓိပ္ပာယ် ကို သိနားလည်သွားတဲ့ ပုဂ္ဂိုလ်မို့ ဘယ်ဟာမှ မရချင်ဘူး ဖွင့်ပြောလာတာ (မှန်ပါ့)။

သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်

သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒီဘဝ တဲကုပ်နဲ့နေရ တယ် နောက်ဘဝ တိုက်ကြီးနဲ့ နေရပါလို၏ ဆိုတော့ ခန္ဓာပါဦး မယ် (မှန်ပါ့) မပါပေဘူးလား (ပါ,ပါတယ် ဘုရား)။

အဲဒီတော့ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကဖြင့် ဒကာ ဒကာမတို့ အို, နာ, သေနဲ့ အဖော်လုပ်ရတာ ခွဲရမှာကိုပဲ သူ့မှာ ကိုယ်ကျိုးနည်းပေါ့ အောက်မေ့တယ် (မှန်ပါ့) ဖြစ်မှဖြစ် ပလေ ဒါကြောင့် ကြည့်ပါလား တချို့ အဘွားကြီးတွေ အဘိုးကြီးတွေ ဆုတောင်းကြတာ အိုအောင်, မင်းအောင် ပေါင်း ပါလို၏တဲ့၊ အို, နာ, သေနဲ့ ခွဲရမှာစိုးလို့ (မှန်ပါ့)။

အိုအောင်, မင်းအောင် ပေါင်းရပါလို၏

အိုအောင်မင်းအောင် ပေါင်းရပါလို၏ဆိုတော့ ဘာပဲ ခွဲရမှာစိုးလို့ပါလိမ့် (အို, နာ, သေနဲ့ ခွဲရမှာ စိုးလို့ပါ ဘုရား) မရိပ်မိဘဲကိုး ခွကျလိုက်တာ အအိုကို တောင်းယူတာဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးခင်မောင်တို့ ဘယ်လိုများ စိတ်ထားရှိသတုံးမပြော တတ်ပါဘူး၊ လူကြီးတွေ စကားလို့ဆိုပြီး လူကြီးတွေသာ လွှဲချ လိုက်တတ်ကြတယ် (မှန်ပါ့) ရိပ်မိပလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ ဘုရား)။

လူကြီးတွေက သူတို့ က သစ္စာမသိလို့ မှားတော့ ကိုယ်လည်း မှားလိုက်ဦးမယ်ဆိုတော့ ဒကာ ဒကာမတို့ လူကြီး မှားတဲ့အထဲမှာ ကိုယ့်အမှား ဝင်သွားတဲ့ အဓိပ္ပာယ်မရောက်ဘူး လား, ရောက်သလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ထူလွန်းတယ်လို့ ဆိုလိုက်တယ် (မှန်ပါ့) ဘယ်လို စွဲချက်တင်လိုက် သလဲ (ထူလွန်းတယ်လို့ တင်ပါတယ်) ထူလွန်းတယ် အိုအောင်မင်းအောင် ပေါင်းရပါလို ၏ဆိုတာ စဉ်းစားကြည့်ကြစမ်းပါ ဒကာ ဒကာမတို့ ဒီအထဲမှာ အိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခရှည်ရပါလို၏

ဒုက္ခသစ္စာပဲဆိုတော့ ဪ ဒုက္ခသစ္စာကြီးနဲ့ အသက် ရှည်ရပါလို၏ (မှန်ပါ့) တိုတိုပြောတော့ ဒုက္ခရှည်ရပါလို၏ (မှန်ပါ့)။

ဘယ်လိုများ တောင်းကြသတုံး (ဒုက္ခရှည်ရပါလို၏ ပါ ဘုရား) အေး ပြည့်စေ, ပြည့်စေပေါ့ လူကြီးတွေကလဲ၊ ဆုခံယူ တဲ့ လူကလည်း ပြည့်ပါရစေ, ပေးတဲ့ဆုအတိုင်း၊ ဆုခံတဲ့ ပုဂ္ဂိုလ် ကလည်း အရသာရှိလိုက်တာ (မှန်ပါ့) ဒီလိုဖြစ်နေကြတာ၊ သစ္စာမသိကြဘဲကိုး (မှန်လှပါ)။

အဲဒါ ခင်ဗျားတို့ လူကြီးနဲ့ ခင်ဗျားတို့ မင်္ဂလာအခမ်း အနားနဲ့တော့ သွားပါပြီ (မှန်ပါ့) မသွားပေဘူးလား (သွားပါ တယ် ဘုရား)။

သွားပြီ သွားပြီ ကယ်လို့ ဆယ်လို့မရတဲ့ အခြေအနေ ရောက်သွားပြီ၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) , ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီဆုမျိုးတွေကို ခင်ဗျားတို့ကလည်း လက်ခံပြီးကြပလား ပေးတဲ့လူကလည်း ပေးပြီးကြပလား မေးရင် ဘယ့်နှယ်ပြောကြ မလဲ (ပေးပြီး လက်ခံပြီးပါပြီ ဘုရား) ပေးပြီး လက်ခံပြီးကြရင် တော့ မပြည့်မှာ မစိုးရိမ်နဲ့တော့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီတိုင်းပြည် ဖြစ်နေပါလိမ့်မတုံး

ဒါက ခင်ဗျားတို့ ဘုရားက ပေးတာလား၊ ကိုယ့်ဟာကိုယ် လက်ခံယူတာလား (ကိုယ့်ဟာကိုယ် လက်ခံယူတာပါ ဘုရား) ပေးတဲ့လူကလည်း သိပေးလား, မသိပေးလား (မသိပေးပါ ဘုရား) ယူတဲ့ လူကလည်း သိလား, မသိယူလား (မသိယူပါ ဘုရား)။

ဪ ခက်လိုက်တဲ့ဖြစ်ခြင်း ဒီတိုင်းပြည် ဘာဖြစ်နေ ပါလိမ့်မတုံး, ဒါပဲ တွေးစရာရှိတာပဲ (မှန်ပါ့) မသိတဲ့သူက ပြောချင်တာပြော မလိမ္မာတဲ့လူက အကုန်ကြိုက်ကိုးဗျ (မှန်ပါ့) မသိတဲ့လူက ပေးတဲ့ဆုကို မလိမ္မာတဲ့လူက ဘယ့်နှယ်ဖြစ်နေ သလဲ (အကုန်ကြိုက်ပါတယ် ဘုရား) မလွန်လွန်း ဘူးလား (လွန်လွန်းပါတယ် ဘုရား) သေသေချာချာ တွေးကြည့်မှ ပေါ် တယ်နော် (မှန်ပါ့ ဘုရား)။

သစ္စာမသိဘဲ ပေးလိုက်တာ

ဒါဖြင့် မသိတဲ့လူက ပေးလိုက်တာလည်း သစ္စာမသိဘဲနဲ့ ပေးလိုက်တာ (မှန်ပါ့) ခံယူတဲ့ ပုဂ္ဂိုလ်ကလည်း သစ္စာမသိဘဲနဲ့ ခံယူလိုက်တော့ကို သစ္စာမသိရင် ဒုက္ခေ အဉာဏံပဲ (မှန်ပါ့) ဒုက္ခေ= ဒုက္ခသစ္စာ၌၊ အဉာဏံ= မသိခြင်း (ဝါ) မသိတဲ့ပုဂ္ဂိုလ်မို့ ယူလိုက်တာပဲ (မှန်ပါ့ ဘုရား)။

ပေးတဲ့ပုဂ္ဂိုလ်ကလည်း ဒုက္ခေ အဉာဏံ ထဲ ဝင်သွားတာပဲ ဒုက္ခသစ္စာမှန်း မသိလို့ ပေးချလိုက်တာ (မှန်ပါ့) ယူတဲ့ပုဂ္ဂိုလ်က လည်း (ဒုက္ခအဉာဏ်ပါပဲ) ဒုက္ခအဉာဏ်နဲ့ ယူလိုက်တယ် ဒုက္ခသစ္စာ၌ မသိခြင်းကြောင့် ယူလိုက်တာ (မှန်ပါ့ ဘုရား)။

စုံလုံးကန်းချည့်ပဲ

ဒါဖြင့် ပေးတဲ့ပုဂ္ဂိုလ်ကလည်း သစ္စာမသိ၊ ယူတဲ့ပုဂ္ဂိုလ် ကလည်း (သစ္စာမသိပါ ဘုရား) ပေးတဲ့ပုဂ္ဂိုလ်ကလည်း စုံလုံး ကန်း၊ ယူတဲ့သူကလည်း (စုံလုံးကန်းပါ ဘုရား) လမ်းသွားလို့မှ ဖြစ်ကြပါ့မလား (ဖြစ်နိုင်စရာ မရှိပါ ဘုရား) မဖြစ်ဘူး စုံလုံး ကန်းချည်းပဲ (မှန်ပါ့ ဘုရား)။

ကိုင်း ဘုရားကသာ မဖော်ဘူး ဆိုလို့ရှိရင် ဆရာသမာ တွေကသာ ဘုရားဟောအတိုင်း မဖော်ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ခက်ပြီ (မှန်ပါ့) ကိုယ်ကိုယ်တိုင် အခု အခက်တွေကို ပေးတဲ့လူ ကလည်း ပေးထားပြီ၊ ယူတဲ့လူကလည်း ထင်းပုံခေါင်းချက် တစ်ခါတည်း အသေပါ ထည့်ယူထားတယ် (မှန်ပါ့) ထင်းပုံ ခေါင်းချများ ပါသေးသလား (ပါပါတယ် ဘုရား) အသေပါ ထည့်ထားတယ်၊ အတော် ဆိုးနေပါပေါ့လား (မှန်ပါ)။

ကိုမြရွှေ ဒီလိုများ အစက ရည်ရွယ်ချက် ပါကြသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အစကပါ,ပါတယ်) အစက ပါတယ်၊ အလယ်လည်းပါတယ်၊ အဆုံးမှာလည်း ပါမှာပဲ (မှန်ပါ့) ဆရာနဲ့သာမတွေ့ရင် ဒီဟာအကုန်ပါမှာပဲ (မှန်ပါ့)။

မကောင်းအစဉ် ပြင်ခဏ

ကိုင်း မကောင်းအစဉ် ပြင်ခဏနဲ့ ဦးခင်မောင် လုပ်ကြ စို့လားဗျာ (မှန်ပါ့ ဘုရား) မကောင်း အစဉ် ပြင်ခဏလုပ်ကြဦးမှ ဒကာ ဒကာမတို့ (မှန်ပါ့) အရူးကလေးမွေးလာပြီး အရူးနေ နေပြီး အရူးသေ သေဆိုကတည်းက ဒီမသာတော့ ကျက်သရေ မရှိတော့ဘူး (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ကျက်သရေမရှိသတုံး ဓာတ်တော်မှ မကျ သေးဘဲကိုး၊ ဓာတ်တော်မကျသေးဘူး ဆိုကတည်းက အပုပ်ကောင် ဖြစ်ရတော့မယ်၊ ရှက်စရာ မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)။

ဘာဖြစ်လို့တုံး၊ မွေးတုန်းကလည်း အရူး၊ နေတော့ လည်းအရူးနေ သေတော့လည်း (အရူးသေပါ ဘုရား) အရူးသေ သေရတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒါဟာ အဝိဇ္ဇာတည်းဟူ သော ဥမ္မတ္တကဖြစ်နေတယ်၊ မောဟဥမ္မတ္တက ဖြစ်နေတယ် (မှန်ပါ့) မောဟက အဝိဇ္ဇာ၊ ဥမ္မတ္တက က=အရူး မောဟမ္မတ္တက အဖြစ်နဲ့ သေသွားတာပဲ (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဒီဥစ္စာ နှိမ့်ချပြောတာ မဟုတ်ဘူးနော်၊ ခင်ဗျားတို့ ကိုယ်တိုင် တွေ့ခဲ့ပါတယ်၊ ဒီဥစ္စာပေးတဲ့ ပုဂ္ဂိုလ်က လည်း ခင်ဗျားတို့ ရှေ့တွင် ပေးတာပဲ (မှန်ပါ့) ယူတဲ့ ပုဂ္ဂိုလ်က လည်း ပြုံးများ ယူလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

အို,နာ,သေ ပြုံးပြီးယူလိုက်တယ်

ဟိုက အို, နာ, သေကြီး ပေးချလိုက်တာကို ဘယ့်နှယ်တဲ့ (ပြုံးပြီး ယူလိုက်ပါတယ် ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ ဒကာ ဒကာမတို့ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဪ ဘုန်းကြီးက ဖြစ်စဉ်တွေ အကုန်ပြောနေတာပဲ၊ တို့ကလည်း မိုက်မှန်းသိကြပလား (သိပါပြီ ဘုရား) ဟုတ်ကြ ရဲ့ လား လေပျော့နေကြတယ်၊ ခင်ဗျားတို့ တို့ ဒါလောက်မမိုက် သေးဘူးများ ထင်နေကြသေး သလား၊ ခင်ဗျားတို့ သေသေချာချာ မိုက်ခဲ့ကြတာ သန်နေပြီ၊ မသန်ဘူးလား (သန်ပါတယ်) ထင်းပုံ ခေါင်းချ ပါကြရဲ့လား (ပါ,ပါတယ် ဘုရား) ဒါဟာ အသေပါ ထည့်တောင်းတာ (မှန်ပါ့ ဘုရား)။

အသေပါ ထည့်ခိုင်းထားတယ်

ဦးခင်မောင် ဒီအဓိပ္ပာယ် ပါရဲ့ လား (ပါ,ပါတယ်) အသေပါ ထည့်တောင်းထားတယ် မဟုတ်လား (မှန်ပါ့) ဖြစ်မှ ဖြစ်ရပလေ ဒကာ ဒကာမတို့ ဒါဟာ လာဘ်ကြီးလားဗျ၊ အင်မတန် ကျက်သရေ မင်္ဂလာ မဲ့တာလား (ကျက်သရေ မင်္ဂလာ မဲ့တာပါ ဘုရား)။

အဲဒါကို ထင်းပုံခေါင်းချ ဆိုတော့ သေသည့်တိုင်အောင် အသုဘဖြစ်သည့်တိုင်အောင် ထည့်ပေးတာ တောင် ဖြစ်ရပါလို၏ ဆိုတော့ သွားရောပေါ့ ဗျာ (မှန်ပါ့ ဘုရား)။ ။

ဒကာ ဒကာမတွေ ဒါဟာ ခင်ဗျားတို့ မျက်စိလည်နေလို့ ဒါလောက် တာရှည်ပြီး ပြောနေတယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား) မျက်စိမလည်ဘူးလား (လည်ပါတယ် ဘုရား) အခု ဒဏ်ရာ ပျောက်ပလားလို့ မေးရင် (မပျောက်သေးပါ ဘုရား) ခက်သေးဗျာ၊ ဒါဖြင့် အခုတောင်မှ ဒဏ်ရာ မပျောက်သေးဘူး ဆိုရင် ခက်သေးတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အို,နာ, သေဘယ်ကလာသတုံး (ခန္ဓာက လာပါတယ်) ပေါ်ပြီ ပေါ်ပြီ ခင်ဗျားတို့ ဘယ်ခန္ဓာကို လိုချင် လိုချင် အို, နာ,သေ ရမှာပဲ ၊ (မှန်ပါ့ ဘုရား)။

လူအိုဖြစ်လို့ လူရာမသွင်းတော့

ဘယ်ခန္ဓာ လိုချင်လိုချင် (အို, နာ, သေရမှာပါ ဘုရား) ဒါဖြင့် ခန္ဓာငါးပါး မရရင် ဒကာ ဒကာမတို့ အို, နာ, သေ ပါပါ့ မလား (မပါ,ပါ ဘုရား) အခု တော်တော်ကြာကျ လာတော့ တောင်းထားတဲ့ ဆုကလည်း ထင်းပုံခေါင်းချ ရိုးမြေကျ အစရှိ သည်နဲ့ အို, နာ, သေတွေပါ ထည့်တောင်းထားတယ်၊ အိုလာပြန်တော့လည်း ဦးဘအုန်းတို့ လူစုံက ဒီလိုများ ဖြစ်လိမ့်မယ် မထင် ဘူးတဲ့ (မှန်ပါ့) ဒီလိုဖြစ်နေတာ ဒီလိုဖြစ်လိမ့်မယ် မထင်ဘူး လုပ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီလိုဖြစ်တာတောင် မကသေးဘူး၊ ဟိုလိုဖြစ်စရာတွေ တစ်ပုံကြီး ကျန်သေးတယ် (မှန်လှပါ ဘုရား) အရပ်က ဟိုကနေ ပြီး မုန်းလို့ မောင်းထုတ်၊ ဒီကဖြင့်လည်း မောင်းထုတ်၊ ဘယ်ကမှ ဖိတ်စာ မလာဘူး၊ လူရာ မသွင်းကြတော့ဘူး၊ အရွယ်ကလည်း ကြီးပြီကွာ လူထဲလည်း မဝင်ဘူးဆိုတဲ့ အိုသွားလို့ အရပ်ကနေ ပြီး လူရာ သူရာမသွင်း သပိတ်မှောက်မှာတွေကလည်း ပါသေး တယ် (ပါ,ပါတယ် ဘုရား)။

ခင်ဗျားတို့က ခန္ဓာဖြစ်ရပါလို၏ဆိုတော့ ဒါတွေပါ လိုက် လာမှာကို မသိတဲ့အတွက် ခင်ဗျားတို့ ရူးချက် သန်လွန်းတယ် ဆိုတာ မလွဲပါဘူး (မလွဲပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံး

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ပါးစေချင်လို့ ဝတ္ထုကလေး တစ်ခုတော့ ထုတ်ပေးပါဦးမယ် ဦးခင်မောင် (မှန်ပါ့) ဝတ္ထုတို ကလေးတစ်ခုဟာ အင်မတန် မှတ်သားစရာ ကောင်းတယ် ဒကာ ဒကာမတို့၊ ရှင်သာရိပုတ္တရာ၏ အငယ်ဆုံးသော ညီကလေးဆိုတာ ရှိတယ်၊ သူ့နာမည်က ရေဝတ တဲ့၊ ရှင်သာရိပုတ္တရာ၏ ညီအငယ်ဆုံးနော် (မှန်ပါ့)။

ဒိပြင် နှမတွေကတော့ ဘုရားသာသနာတွင်း ဝင်လို့ ရဟန္တာထေရီမကြီးတွေ ဘာတွေ ဖြစ်ကုန်တော့ သူ့အမေက သာရီပုဏ္ဏေးမကြီး, ဒီကောင်ကလေးတော့ ငယ်ငယ်ကပဲ အိမ်ထောင်ချမှပဲ၊ ကြာရင် သူ့အစ်မတွေ, အစ်ကိုတွေလို ဂေါတမ ဘုရား သာသနာတွင်း ဝင်သွားရင် ခက်ချေရဲ့ လို့ တွေးမိတယ်၊ မယ်တော်ကြီးက ဒီအချိန်မှာ မိစ္ဆာဒိဋ္ဌိပဲ ရှိသေးတယ်၊ သိဉ္စည်း ဂိုဏ်း ဘာသာဝင် ဖြစ်နေတယ် (မှန်ပါ့)။ ဆွေစဉ်မျိုးဆက် ပြတ်သွားမှာလည်း သိပ်စိုးရိမ်တယ် (မှန်ပါ့)။

အိုအောင်မင်းအောင် ပေါင်းကြပါစေသား

အဲဒီတော့ ဒီသူငယ်ကို အိမ်ထောင်ချဖို့ တန်းတူ သူဌေး ချင်းရဲ့ သမီးတစ်ဦးနဲ့ သွားပြီး စပ်ကြတော့ ဟိုက လက်ခံလိုက် တာပေါ့၊ ဒါနဲ့ သူငယ်ကို ရွှေ ဝေါနဲ့ ထမ်းပြီး သကာလ သတို့ သမီးရှိတဲ့ဆီကို ပို့ပြီး မင်္ဂလာ ဆောင်နှင်းကြတာပေါ့ (မှန်ပါ့)။

မိဘတွေကတော့ ဘေးက ဝိုင်းနေပြီး ဆုပေးကြရတယ် ဦးခင်မောင် (မှန်ပါ့) မင်းတို့ အကြင်လင်မယား အိုအောင် မင်းအောင် ပေါင်းကြစေသား စသည်နဲ့ ဆုပေးကြတာပေါ့ မင်္ဂလာ ထုံးစံအတိုင်း (မှန်ပါ့)။

အိုတဲ့လမ်းဆိုရင် ငါမလိုက်ဘူးတဲ့

သတို့သားနဲ့ သတို့သမီး ရွှေခွက်ထဲလက်ချတယ်၊ သူက စဉ်းစားတယ်၊ သူတို့ပေးတဲ့ဆု အကြောင်း ရှင်းပါဦး ဆိုတော့ မင်းတို့ အကြင်လင်မယား ဟောဒီ အဘိုးအဘွားတွေလို အိုအောင် မင်းအောင် ပေါင်းကြစေသား ဒီလိုဆုပေးတာ ဆိုတော့ ဪ ဒီလမ်းက အိုတဲ့လမ်းပါကလား၊ ဒီလမ်းဆိုရင် ငါမလိုက် ဘူးတဲ့၊ ခင်ဗျားတို့ကတော့ ဒီလိုဆုများပေးရင် ပြုံးများနေလိုက် သေးတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရေဝတမှာ အသက်ငယ်ငယ်ကလေး ရှိသေးတယ်၊ မပါး, နပ်ဘူးလား ဒကာ ဒကာမတို့ (ပါးပါတယ် ဘုရား) ခင်ဗျားတို့ လည်း ၁၅ နှစ်၊ ၁၆ နှစ် စသည် အိမ်ထောင်ကျတယ်၊ ဒီလိုပဲ ရေခွက်ထဲ လက်ချပြီး သကာလ ဆုတွေ ဘာတွေပေးကြရင် ပြုံး ကြမှာပဲရှိတယ် (မှန်ပါ့) ရေဝတ မေးပုံ ဘယ်လောက် အဖိုးတန် ( သတုံး (တန်ပါတယ် ဘုရား)။

ဒီလမ်းဆိုရင် ငါလိုက်လို့မတော်ဘူး

ခင်ဗျားတို့ပေးတဲ့ဆု ရှင်းပါဦး၊ ဒီတော့ လူကြီးတွေက ရှင်းပေးရတယ် (မှန်ပါ့) ရှင်းလိုက်တော့ ဟောဒီ အဘိုးအဘွား တွေလို မင်းတို့ အိုအောင်မင်းအောင် ပေါင်းကြစေသားဆိုတာ မင်းတို့ တာရှည်နေဖို့ပြောတာ (မှန်ပါ့)။

တာရှည်နေတာ အသာထား၊ ဒီအဘိုး အဘွားကြီးတွေ ကြည့်ရတာက အိုနေပြီ၊ နောက်မကြာမီ လဲကြတော့မှာပဲ၊ အဲဒီ တော့ ဒီလမ်းဆိုလို့ရှိရင် ငါလိုက်လို့မတော်ဘူးတဲ့ (မှန်ပါ့)။

မင်္ဂလာဆု ပေးတယ်ဆိုပေမယ့် စင်စစ်တော့ မင်္ဂလာဆု ကို မဟုတ်ဘူး၊ အခုဟာက အိုအောင် မင်းအောင် ပေါင်းကြစေ သား ဆိုတော့ သူမကြိုက်နိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရေဝတသည် လိမ္မာလှချည့်လား

ရေဝတ သတို့သားဟာ ဆုကို ဘယ်လိုတုံး (မကြိုက်ပါ ဘုရား) ဒီသူငယ်ဟာ လိမ္မာ လှချည့်လား (လိမ္မာပါတယ်) ဒီ ဒကာ ဒကာမတွေ ဘာဖြစ်နေကြသတုံး (မိုက်ပါတယ် ဘုရား)။

အိုအောင်, မင်းအောင် ပေါင်းကြစေသား ဆိုတဲ့အတိုင်း အခု ဘယ့်နှယ်နေကြသတုံး (အိုအောင် မင်းအောင် ပေါင်းရ ပါတယ် ဘုရား) အိုအောင်, မင်းအောင် ပေါင်းနေရတော့ ဒကာ ဒကာမတွေ တစ်ယောက်နဲ့တစ်ယောက် ကြည့်လို့ရှုလို့ကော ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။

တစ်ယောက်ကလည်း မျက်လုံးမွဲမွဲဟုတ်လား (မှန်ပါ့ ဘုရား) တစ်ယောက်ကလည်း ရေအိုးမှ မသယ်နိုင် တွေ့ကြတာ ပေါ့ပဲ၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) အကောင်းပါရဲ့ လား (မပါပါ ဘုရား) ကြောက်စရာကြီးပဲ၊ အဲဒါ ဆုဟာ အကုန် မပြည့်သေးဘူးနော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ပြောသတုံး ဘုန်းကြီးက (ဆုအကုန် မပြည့်သေးပါ ဘုရား) အကုန် မပြည့်သေးဘူးဗျ။ တစ်ယောက် ကျင်ကြီးကို တစ်ယောက် ကျုံးရမည့်ကိစ္စက ပါသေးတယ်၊ ဘယ်သူမှ အနားကိုလည်း မကပ်ဘူး၊ မြေးတွေ၊ သားတွေကလည်း အနားလာမှာမဟုတ်ဘူး၊ ဒီလိုမဟုတ်ဘူး လား (ဟုတ်ပါတယ် ဘုရား) အဲဒါ ပေးတဲ့ဆုကို ပြုံးပြီးယူထား တဲ့ သတ္တိဟာ အခု အကုန် အကျိုးပေး တော့မယ် (မှန်ပါ့) ဦးဝ, ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရေဝတလို မပါးကြဘူး

ကဲ ဒကာ ဒကာမတို့ ဘာကြောင့်တုံးဆိုတော့ ဒီ ကလေးလောက် မပါးလို့ဆိုတဲ့ အဓိပ္ပာယ် ဘယ့်နှယ်ဆိုကြမလဲ (ရောက်ပါတယ် ဘုရား)။

ရေဝတ ကလေးဟာ အသက်ငယ်ငယ်ကလေးပဲ၊ သူ့ အမေက ရှင်သာရိပုတ္တရာတို့လို ဘုရားနောက် လိုက်သွားရင် အိမ်မှာ အမွေခံပြတ်မှာစိုးလို့ အသက်ငယ်ငယ်ကလေးနဲ့ လက်ထပ်ပြီး လက်ထပ်တဲ့နေရာမှာ ပေးတဲ့ဆုကို သဘောမကျ ဘူး (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ပေးတဲ့ဆု ရှင်းပါဦးဆိုတော့ အိုအောင်,မင်းအောင် ပေါင်းကြပါစေသားဆိုတော့ အို မင်္ဂလာဆောင်တဲ့ လမ်းက ဒီသွားမှာပါကလား အနမင်္ဂလာကို သွားမယ်ဆိုတာကို သူက ရိပ်မိတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သပြေပန်းကိုင်ပြီး ဆုပေးရင် ဟုတ်နေတယ်

ခင်ဗျားတို့ကတော့ သပြေပန်းကလေးကိုင်ပြီး ဆုပေးလို့ ရှိရင် ဟုတ်နေတော့တာပဲ (မှန်ပါ့)။

ကဲ ဒီသူငယ်ကလေးဟာ ဒကာ ဒကာမတို့ အလွန် ပညာရှိတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကျုပ်တို့သည်ကား လို့ဆိုရင် အလွန်ထူပိန်းတယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား, ရောက်သလား (ရောက်ပါတယ် ဘုရား)။

ထူပြိန်းလို့ အခု အပြစ်တွေ့ကြပလားလို့ မေးလို့ရှိရင် (တွေ့ပါပြီ ဘုရား)။

ဒီထက်ကြီးတဲ့ ဒုက္ခလာလိမ့်မယ်

သားမနိုင် သမီးမနိုင် စီးပွားရှာရတာက ခက်၊ ရှေ့ဘာ များ ဖြစ်ဦးမှာတုံး၊ အို ဒိထက်ကြီးတဲ့ဒုက္ခ လာလိမ့်မယ် (မှန်ပါ့ ဘုရား)။

ရှေ့ဘာများဖြစ်ဦးမှာတုံး (ဒိထက်ကြီးတဲ့ဒုက္ခ လာဦး မှာပါ ဘုရား) ဒါ ဆုံးပလားလို့ မေးရင် အို မပြည့်သေးဘူး၊ မိစဉ် ဖစဉ် ပေးထားတဲ့ဆု (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ ကလည်း ပယ်ထားသလား၊ ပြုံးယူထား သလား (ပြုံးယူထားပါတယ်) ဒါဖြင့် ပြည့်ပါလိမ့်ဦးမယ် စိတ်သာချ၊ အတော်ဆိုးနေပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒါ အခုကစပြီး သတိထားပါ (မှန်ပါ့) လွန်တဲ့ ပုဂ္ဂိုလ် | ပြောဖို့မလိုပါဘူး၊ လွန်တဲ့ပုဂ္ဂိုလ်ကလည်း အရူးကို လွန်နေပြီ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီသူငယ်ကလေးဟာ တော် တော်လိမ္မာတယ်ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ၊ ဘုရား)။

ဦးခင်မောင် ဒီသူငယ်ဟာ အသက်ဘယ်လောက်ရှိပြီလဲ ၊ (ငယ်ငယ်ကလေးပါ ဘုရား) ဦးဝ အသက်ဘယ်လောက် ရှိပြီ လဲ (၇၂-နှစ်ပါ ဘုရား) သွားပြီ၊ ဒါဖြင့် အတော်ဆိုးနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ဒကာ ဒကာမတို့ ရှင်းကြလင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုဆုမျိုး သဘောမကျ

အဲဒီအချိန်က စပြီးတော့ ဒီသူငယ်ကလေး စိတ်ထဲမှာ ဒီကလေးမလေးနဲ့ ပေါင်းမှာသင်းမှာ ဝေးလို့ ဘယ်နေရာ ခွဲရပါ့ မလဲဆိုတာ ချက်ချင်း အကြံပေါ်နေတယ် (မှန်ပါ့)၊ မင်္ဂလာဆောင်မှာ ဆုတွေဘာတွေ ပေးတာကို လုံးဝသဘောမကျ မနှစ် သက်ဘူး (မှန်ပါ့)။

ဒါနဲ့ သတို့သမီးကို ဆောင်ယူလာပြီး ယာဉ်တွေ ဘာတွေ စီးပြီး ပြန်လာတော့ လမ်းကျတော့ ရေဝတ သတို့သားကလေး ဟာ ဘေးကလူတွေကို အယုံသွင်းပြီး တပိုတပါး သွားချင်တယ် ဆိုပြီး ခေတ္တဆင်းပြီး ချန်နေရစ်လိုက်၊ နောက်ပြီး ပြန်လာလိုက်နဲ့ လုပ်နေတယ်။

ကျောင်းရှိရာကို ပြေးတယ်

ဘေးကလူတွေက တကယ်ပင် တပိုတပါးသွားတယ် တင်နေကြတာ နောက်တစ်ကြိမ် တစ်ပိုတစ်ပါး သွားချင်ဟန်ဖြင့် ဆင်းနေရစ်ခဲ့တော့ ပြန်ကိုမလာတော့ဘူး၊ ပရိသတ်တွေလည်း တော်တော် ဝေးရာ ရဟန်းတော်များ ကျောင်းရှိရာသို့ တစ်ခါတည်း ပြေးတော့တာပဲ။

ဟိုမှာတော့ သတိုးသမီးနဲ့ ပရိသတ်တွေသာ ကျန်နေရစ် ခဲ့တော့တယ်၊ ရေဝတကတော့ ကျောင်းသွားပြီး သာသနာ့ဘောင် ဝင်သွားတယ်၊ ရိပ်မိပလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာက မှာထားတယ်

ရှင်သာရိပုတ္တရာကလည်း ရဟန်းတွေကို မှာထားတယ်၊ သူ့မယ်တော်ကြီးက မိစ္ဆာဒိဋ္ဌိ တဲ့၊ ဒီတော့ အမေခွင့်ပြုချက်ရမှ သင်္ကန်းဝတ်ပေးစရာ မလိုဘူး တဲ့၊ သူဟာ အစ်ကိုအကြီးဆုံး သူခွင့်ပြုရင် ပြီးတာပါပဲ၊ ဒါကြောင့် သူ့နာမည်ကို မေးပြီး လာတဲ့ ရေဝတ ဆိုတဲ့ သူငယ်များ လာခဲ့ရင်ပေါ့တဲ့ ကျောင်းရှိ သံဃာတော် များက သင်္ကန်း ဝတ်ပေးလိုက်ကြပါလို့ ရှင်သာရိပုတ္တရာက မှာ ထားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ကျောင်းသွားတဲ့အခါမှာ ဒကာ ဒကာမတို့ ရွှေတွဲလွဲ ငွေတွဲလွဲ သနပ်ခါး စသည်တွေ လိမ်းကျံလို့ပေါ့ဗျာ (မှန်ပါ့)။

ရှင်ရေဝတ ရဟန္တာဖြစ်သွားတယ်

ဒါနဲ့ ရဟန်းတော်တွေကို သူကလျှောက်တော့ မင်း ဘယ်ကတုံး၊ ရှင်သာရိပုတ္တရာ၏ ညီငယ် ရေဝတ ဆိုတာပါဘုရား ဆိုတော့ဟာ ဒါဖြင့် တို့ကို မှာထားတယ်၊ မင်း သင်္ကန်းဝတ်မလို့ လာတာ မဟုတ်လားဆိုတော့ ဟုတ်ပါတယ် ဘုရားလို့ ပြန်လျှောက်တယ်၊ ဒီတော့ ရဟန်းတွေက ဝတ်ပေးလိုက်ကြတယ်။ ဒကာ ဒကာမတို့အင်မတန် နေရာမကျဘူးလား (ကျပါတယ် ဘုရား)။

ငယ်ငယ်ကသွားတော့ ငယ်ငယ်ကပင် ဒုက္ခသိမ်းပြီး ရဟန္တာဖြစ်သွားတာပဲ ဦးခင်မောင် (မှန်ပါ့)။

အသက်(၇၀)ကျော်တွေ ပါးနပ်ကြပြီလား

ရေဝတ သတို့သားမှာ ဘယ်တုန်းကစပြီး ပါးနပ်တာ တုံး (ငယ်ငယ်ကလေးကပါ ဘုရား) ခင်ဗျားတို့က ၇၀, ကျော် တောင် ပါးနပ်ကြပလား မေးရင် (မပါးပါ ဘုရား) မပါးကြဘူး၊ မပါးကြဘူး၊ ငယ်ငယ်တုန်းကတော့လည်း တစ်ယောက်နဲ့ တစ်ယောက် သနားမှုနဲ့ပြီးနေကြတာပဲ၊ သွားပြန်ပြီပေါ့ ဗျာ (မှန်ပါ့)။

ဒုက္ခညွန်တွင်းက ဘယ်တော့မှ တက်ရတော့မှာမဟုတ် ဘူး (မတက်ရပါ ဘုရား)။

ငယ်ငယ်တုန်းကတော့လည်း ချစ်မှု, ခင်မှုနဲ့တစ်ယောက် နဲ့တစ်ယောက် တွယ်တာငဲ့ကွက် နေကြရတယ်၊ ကြီးတဲ့အခါကျ တော့လည်း အဘိုးကြီးက ကြီး၊ အဘွားကြီးက နေရာမကျနဲ့ ဆိုတော့ သူ့ကို ငါစောင့်၊ ငါ့ကို သူစောင့်နဲ့ပဲ သေပွဲဝင်လိုက်တာပဲ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ခန္ဓာငါးပါး မသိတဲ့ပုဂ္ဂိုလ်၏ ဖြစ်ထွေဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အို, နာ, သေ ခန္ဓာငါးပါးက လာတယ်

ကောင်းပြီ ဒါဖြင့် အို, နာ, သေ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ်) ခန္ဓာငါးပါးက လာတယ်နော်၊ ခန္ဓာငါးပါးက လာတော့ ဒီခန္ဓာငါးပါးကို တစ်ခါ ဘယ်ကလာ သတုံး လို့ပြန်ပြီး သုံးသပ် ပါဦး (မှန်ပါ့)၊ သုံးသပ်ပါဦးတဲ့ ဘုရားက၊ အခု နှစ်ချက်တော့ ဦးဘအုန်း မိပြီနော် (မှန်ပါ့ ဘုရား)။

အို နာ, သေ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာ ပါတယ် ဘုရား)၊ ခန္ဓာငါးပါးဆိုတော့ ဇာတိခန္ဓာ ငါးမျိုးပေါ့ဗျာ(မှန်ပါ့)။

ခန္ဓာငါးပါး၊ တဏှာကလာတယ်

အဲဒီ ခန္ဓာငါးပါးဟာ ဘယ်ကလာသတုံးလို့ ဆက်ပြီး တော့ တွေးပါ တဲ့ ဒကာ ဒကာမတို့၊ အရင်းစစ်တော့ အမြစ်မြေ က ပေါ့ ဗျာ (မှန်ပါ့)။

အဲဒီကဲ့သို့ တွေးလိုက်ပါဦးဆိုတော့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက တဏှာက လာတယ်တဲ့ (မှန်ပါ့) ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အကြောင်းအကျိုးဆက်တဲ့ – ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆိုတော့ အကြောင်း တွေးပါဆိုကာ သုံးဆယ့်နှစ်ကောဋ္ဌာသ တွေးနေတဲ့ ပုဂ္ဂိုလ်က ဘယ်ကျေ နပ်မလဲ၊ ဒါကတော့ သစ္စာရော ပဋိစ္စသမုပ္ပာဒ်ရော ပါလာတယ်၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

နောက်အလုပ်ကျအောင် ပါလိမ့်မယ် ဒကာ ဒကာမတို့ ။ ဒီဥစ္စာ အလုပ်စခန်း ဖြတ်လမ်း ကျအောင် ပါလိမ့်မယ်နော် (မှန်ပါ့)။

ကြပ်ကြပ် ဂရုစိုက်ပြီး နာကြ

ကြပ်ကြပ်ဂရုစိုက်ပြီးတော့ နာကြ၊ ဒီဥစ္စာ အင်မတန် အရေးကြီးတယ်၊ သမ္မသန (သမ္မသ) သုတ်ဆိုတဲ့ဥစ္စာ နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်မှာ ဟောတာ၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးလို့ ရတဲ့ ဉာဏ်တော်ကြီးနဲ့ အကြောင်းရင်း လက်သည်ကို ရှာဖွေပြီး ဟောထားတော်မူတာ (မှန်ပါ့ ဘုရား)။

ဘုရားဖြစ်ကာနီးမှ တွေ့တာ ကဲ ငါတွေ့တဲ့အကြောင်း ကိုတော့ဖြင့် ဝေနေယျသတ္တဝါတွေကို ပေးပါတော့မယ်၊ သူတို့ အို, နာ, သေနဲ့ အိုးစားကွဲအောင် အကြောင်းလက်သည်ကို ပြ ပေးမယ်၊ အဲဒီ အကြောင်းကို ဖြတ်ခိုင်းမယ်၊ ဖြတ်ကြလို့ ရှိရင်ဖြင့် အိုနာ, သေ, ဒုက္ခသစ္စာနဲ့ အိုးစားကွဲပြီး မအိုရာ၊ မနာရာ၊ မသေရာ ဖြစ်တဲ့ နိဗ္ဗာန်ကို သေသေချာချာ ရောက်ကြရလိမ့်မယ်၊ ဒီရည်ရွယ် ချက်နဲ့ ဟောတော်မူတာ (မှန်ပါ့)။

တဏှာနဲ့ ဆုတောင်းလို့ ခန္ဓာရတာ

ကိုင်း ဒကာ ဒကာမတွေ ဘယ်လောက် အဖိုးတန် တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အို, နာ, သေ ဘယ်က လာသတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ခန္ဓာငါးပါးရှိလို့ အို နာ သေ လာရတယ်၊ ဒီခန္ဓာငါးပါးကလည်း ဘယ်ကများ လာပါလိမ့်မတုံးလို့ တစ်ခါ မေးကြည့်ကြစမ်း (တဏှာက လာပါတယ် ဘုရား) တဏှာနဲ့ ဆုတောင်းလို့ ခန္ဓာရတယ်၊ ခန္ဓာရလို့ အို, နာ, သေ ပါလာတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နွယ်ပင်တစ်ပင်ကို အဖျားကနေ လိုက်လာတော့ ဦးခင်မောင် အရင်းကျတော့ အမြစ်တော့ တွေ့ရတော့မယ် (မှန်ပါ့)။

ဒါ အဖျားကနေပြီး ဆွဲလာတာ ဒကာ ဒကာမတို့ ၊ ခင်ဗျားတို့က ဒီလိုမဆွဲဘူး၊ အို, နာ, သေ ဘယ်က လာပါလိမ့် မတုံး၊ ကြီးလို့ပဲ (မှန်ပါ့ ဘုရား) ဘယ်ဟုတ်လိမ့်မတုံးဗျ၊ ကြီးလို့ ဆို လူတိုင်း သိတာပေါ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကံမကောင်းလို့ချည်း ယူတယ်

နာတာ ဘယ့်နှယ်ကြောင့်တုံး၊ နာတာကံလည်း သူက ဝေဒနာသည်သူက ကံမကောင်းလို့ တဲ့၊ ဘယ်ကံမကောင်းလို့ ချည်း ဘယ်ဟုတ်မလဲ၊ သူလည်း အရင်းစစ်တော့ တဏှာကလာ တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ သေသွား တော့လည်း ကံကုန်လို့ပဲ၊ စင်စစ်တော့ ခန္ဓာရလို့ပါပဲ (မှန်ပါ့ ဘုရား)၊ ခန္ဓာမရရင် (မသေပါ ဘုရား)။

တွေးတာဟူသ၍ သစ္စာမဆိုက်

ဒါဖြင့် ဒကာ ဒကာမတို့ တွေးတာဟူသရွေ့ဟာ သစ္စာ တစ်ခုမှမဆိုက်ဘူး (မှန်ပါ့)၊ အိုတာ ကတော့ ကြီးလို့ တဲ့၊ နာတာကတော့ ကံမကောင်း အကြောင်းမသင့်လို့ တဲ့၊ အသက် တိုသွားပြန်လို့ ရှိရင်လည်း သူ့ဟာက ကံကြောင့် တဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ တဏှာနဲ့ ဆုတောင်းလို့ ခန္ဓာရတယ်၊ ခန္ဓာရလို့ အို, နာ, သေ ပါတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာနဲ့ဆုတောင်းတော့ ဘာရသတုံး (ခန္ဓာရပါ တယ် ဘုရား)၊ ခန္ဓာရလို့ ဘာဖြစ်သတုံး (အို, နာ, သေပါတယ် ဘုရား)၊ ဒါဖြင့် ဒီ အို နာ, သေလက်သည် အရင်းကျကျရှာတော့ တဏှာကြောင့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါ ဒီလို အတွင်းကျကျ သုံးသပ်စမ်းသပ်ပါ ဆိုတော့မှ ဦးဘအုန်းရဲ့ လက်သည် ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ လက်သည်ပေါ်လာပြီ ပေါ်လာပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

တဏှာ ဘယ်ကလာသတုံး

ဒါနဲ့ မဆုံးသေးဘူး၊ သုံးသပ်ဦး တဲ့၊ ဒကာ ဒကာမတို့ ဒီတဏှာ ဘယ်ကလာသတုံး လို့ တစ်ခါ လက်သည်ရှာကြဦး၊ ဒီတဏှာ ဘယ်ကလာသတုံးဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ချစ်စရာ ခင်စရာက လာတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ။

ဒီတဏှာ ဘယ်ကလာသတုံး (ချစ်စရာ, ခင်စရာက လာပါတယ် ဘုရား)၊ ချစ်စရာ ခင်စရာကြောင့် တဏှာဖြစ်တယ် (မှန်ပါ့)၊ တဏှာဖြစ်ခြင်းကြောင့် ခန္ဓာငါးပါးရတယ် (မှန်ပါ့)၊ ခန္ဓာငါးပါးရလို့ (အို, နာ, သေရပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီ ချစ်စရာ ခင်စရာဟာ ခင်ဗျားတို့ လက်သည်အရင်းကျပြီ (မှန်ပါ့)။

ဒါက ပေါ်လွင်အောင် ပြောထားတာ၊ တရားကိုယ်ပြော တော့မယ် ဆိုလို့ရှိရင်ဖြင့် စက္ခု၊ သောတ, ဃာန, ဇိဝှါ, ကာယ မနက လာတာ၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗက လာတာ (မှန်ပါ့)၊ ဒီတော့ ဦးခင်မောင်ရေ အာယတန ၁၂, ပါးက လာတာလို့ ဆို လိုက်ပါတော့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အာယတန (၁၂) ပါးက လာတယ်

ဒါဖြင့် ဒီဘက်က အာယကန ဘယ်နှပါးရှိသလဲ (၁၂ ပါး ရှိပါတယ် ဘုရား)၊ ၁၂,ပါးက လာတယ်လို့မှတ်ပါ၊ ဒကာ ဒကာမတွေ ဝိပဿနာ ရှုတတ်အောင်ကို ရှင်းပေးပါ့ မယ်နော်။ အာယတန ၁၂-ပါးက လာတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် အာယတန ၁၂,ပါးကို ခင်မိ မင်မိ ကြင်နာမိလို့ တဏှာလာတယ် (မှန်ပါ့)၊ တဏှာလာလို့ “တဏှာပစ္စယာ ဥပါဒါနံ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ကမ္မဘဝပစ္စယာ ဇာတိ” ဆိုတာ သူလာတာပဲ (မှန်ပါ့ ဘုရား)၊ မလာဘူးလား (လာပါ တယ် ဘုရား)။

အဲဒီ ဇာတိဆိုတာ ခန္ဓာငါးပါးဆိုတာပဲ (မှန်ပါ့)၊ အဲဒါ ခန္ဓာငါးပါး ရမိလို့ ဒကာ ဒကာမတို့ အို, နာ, သေနဲ့ ဇာတ်သိမ်း ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီအတိုင်း ပြောတော့ကို ဒါလောက်မရှင်းဘူး၊ ပဋိလောမ ပြောင်းပြန် ပြန်ပြောမှ ဦးခင်မောင် ပိုပြီးရှင်းလိမ့်မယ် (မှန်ပါ့)။

ကဲ အားလုံး ဖြေကြစမ်းပါ၊ အို, နာ, သေ ဘယ်ကလာ သတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဘယ်က လာသတုံး (တဏှာက လာပါတယ် ဘုရား)၊ တဏှာ ဘယ်က လာသတုံး (အာယတန ၁၂,ပါးက လာပါတယ် ဘုရား)။

ခင်စရာ မင်စရာက လာတယ်

အဲ အာယတန ၁၂,ပါးဆိုတာ ခင်စရာ, မင်စရာကို ဆိုတာ၊ ခင်စရာ, မင်စရာကလာတယ် (မှန်ပါ့)၊ ခင်ဗျားတို့က လည်း လူတွေ ခင်တတ်,မင်တတ် ခက်ပါသေးရဲ့ ထဲက ကျနေ တယ်၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ကျုပ်တို့ မျက်စိမျက်နှာ မှတ် ထားပါ၊ ခင်တတ်တယ်၊ မင်တတ်တယ်ဆိုတော့ ခင်စရာ,မင်စရာ က တဏှာလာမှာပဲ (မှန်ပါ့)၊ တဏှာလာရင် ဘာဖြစ်မတုံး (ခန္ဓာငါးပါး လာပါတယ် ဘုရား)၊ ခန္ဓာငါးပါးလာရင် ဘာဖြစ် မတုံး (အို, နာ, သေ လာပါတယ် ဘုရား)၊ အဲ ခင်ဗျားတို့က လည်း လောကွတ်ကောင်းကောင်းနဲ့တော့ တွေ့ကြပေါ့ ဗျာ (မှန်ပါ့)၊ မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား)။

လောကွတ်က ဒကာ ဒကာမတွေ အင်မတန်ကောင်း ဟယ် ဦးဝတို့ပေါ့ (မှန်ပါ့)။ ။

မျက်စိမျက်နှာများ မှတ်ထားနော် ဟုတ်လား၊ ကျုပ်တို့က ခင်တတ်မင်တတ်တယ် ဆိုတာ မမေ့တတ်ဘူး မျှော်လိမ့်မယ် ဆိုတာ အောက်မေ့သား အစရှိသည်နဲ့ ခင်တတ် မင်တတ်တဲ့ ဥစ္စာလဲ လောကွတ်က များလွန်းတယ် (မှန်ပါ့ ဘုရား)၊

ခင်စရာ မင်စရာကြောင့် ဘာလာသတုံး (တဏှာလာပါတံယ် ဘုရား)၊ ခင်တဲ့ တဏှာ လာတယ်၊ ခင်တဲ့ တဏှာလာလို့ ဘာရသတုံး (ခန္ဓာ ငါးပါး ရပါတယ် ဘုရား)၊ အဲ တဏှာကြောင့် ခန္ဓာဖြစ်တာ (မှန်ပါ့ ဘုရား)၊ ခန္ဓာဖြစ်ရင် ဘာဖြစ်ရမယ်ထင်သတုံး (အို, နာ, သေ လာရပါမယ် ဘုရား)။

ရေသောက်မြစ်တော့ တွေ့ပြီ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရေသောက် မြစ်တော့တွေ့ပြီ၊ ဒီအပင် ရေသောက်မြစ် မသေသရွေ့ ကာလ ပတ်လုံး အို, နာ, သေ အသီးအပွင့်တွေ ဖြစ်တော့ ဘယ်နည်းနဲ့ မှ မျိုးပြုတ် တော့မှာ မဟုတ်ဘူး၊ ပြတ်စရာ မြင်သေးရဲ့ လား (မမြင်ပါ ဘုရား) အို, နာ, သေ အသီးအပွင့် တွေကဖြင့် ရှည်လိမ့် မယ်ပေါ့ဗျာ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ လက်သည်တွေ့ကြ ပလား (တွေ့ပါပြီ ဘုရား) ဘာတွေပါလိမ့် (အာယတန ၁၂,ပါးပါ ဘုရား) မြန်မာလို သိအောင်ပြောတော့ (ခင်စရာ, မင်စရာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်စရာ, မင်စရာ အာရုံကြောင့် ခင်တဲ့ကဏှာလာတယ်၊ ဒီဟာ ခင်နေလို့ရှိရင် ခန္ဓာငါးပါး လာမှာပဲ၊ မလာဘူးလား (လာ ပါတယ် ဘုရား)။

ဒီခန္ဓာငါးပါး မရ,ရအောင် ဆုတောင်းလို့ရှိရင် ဒီ အို, နာ, သေကတော့ ငါလိုက်ခဲ့ဦးမယ်ဆိုတော့ နေရစ်မှာမဟုတ်ဘူး (မနေရစ်ပါ ဘုရား)။

တစ်သံသရာလုံး ဘယ်လိုနေကြသတုံး

ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံးဟာ ဘယ်လို များ နေခဲ့ကြပါလိမ့်မတုံး၊ အို ခင်စရာ မင်စရာနဲ့ ခင်တာနဲ့ ခင်ခြင်းကြောင့် ခန္ဓာငါးပါး ပေါ်လာတယ်၊ ခန္ဓာငါးပါးပေါ်လို့ အို, နာ, သေနဲ့ ဇာတ်သိမ်းခဲ့ရတယ်၊ အို, နာ, သေနဲ့ ဇာတ်သိမ်း ခဲ့ရလို့ နောက်ကျတော့ ခန္ဓာတစ်ခု ပေါ်ပြန်တယ် ဆိုတော့ ဒကာ ဒကာမတွေ ဒီ ပဋိစ္စသမုပ္ပာဒ်သာ လှည့်နေမှာပဲ (မှန်ပါ့ ဘုရား) ဒိပြင် လှည့်စရာ ရှိသေးသလား (မရှိပါ ဘုရား)။

ဦးခင်မောင် ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အရင်းတော့တွေ့ပြီ၊ ဒကာ ဒကာမ တွေ အရင်းတွေ့ပြီနော်၊ ဒကာ ဒကာမတွေ (မှန်ပါ့) အာယတန မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား)။

ဒီအာယတနတွေကို ခင်ဗျားတို့သည် အာယတနဆိုတာ တခြားမှတ်မနေပါနဲ့၊ ခင်ဗျားတို့ ခန္ဓာငါးပါးကို အာယတန ဖွဲ့လိုက်တာပါပဲ (မှန်ပါ့) ခန္ဓာငါးပါးဆိုလည်း သူပဲ၊ အာယတန ၁၂,ပါး ဆိုလည်း (သူပါပဲ ဘုရား) ဓာတ် ၁၈, ပါးဆိုရင်လည်း (သူပါပဲ ဘုရား)။

ခင်တာကြောင့် တဏှာလာတာ

ကောင်းပြီ၊ ဒါဖြင့် ဒီကနေပြီး သကာလ လာတာ တဏှာက ဒီကနေလာတာ၊ ခင်စရာ မင်စရာကြောင့် ခင်တဲ့တဏှာ လာ တယ်၊ ခင်တာကြောင့် ခန္ဓာလာတယ်၊ လာလို့ အို, နာ, သေ တွေ့ရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အို နာ,သေလည်း မကြောက်နဲ့၊ ရှင်းပလား (ရှင်းပါပြီ) ဘာကြောက်ရ မတုံး ဆိုလို့ရှိရင် အို, နာ, သေ မကြောက်ပါနဲ့၊ ဟောဒီ ခန္ဓာငါးပါးလည်း မကြောက်ပါ နဲ့၊ ဒီတဏှာကို ကြောက်ပါ (မှန်ပါ့) ဒီတဏှာကို ကြောက်ပါ၊ သူ့ကြောင့် ဒီခန္ဓာတို့ အို, နာ, သေတို့ ပေါ်နေကြတာပါ (မှန်ပါ့ ဘုရား)။ ။

ခင်လို့ မင်လို့ ခန္ဓာပေါ်တာ

ဒီတဏှာက ခင်လို့ မင်လို့ ဒီခန္ဓာပေါ်တာ (မှန်ပါ့)၊ ဒီ ခန္ဓာပေါ်လို့ အို, နာ, သေနဲ့တစ်ခါ အဖော်လုပ်နေရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အို, နာ, သေပေါင်းနောက်က ဘယ်လောက်ကြုံခဲ့ရပြီတုံး (မရေတွက်နိုင်ပါ ဘုရား) ဘယ်သူ့ လက်ချက်တွေတုံး ဆိုရင်ကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) တဏှာလက်ချက်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး ဥပမာတစ်ခု ရှင်းပြပါ့မယ်၊ ဒီကနေပြီး အင်္ဂလိပ် လက်ထက်က တစ်ခါတလေ နွားရိုး၊ ဆိတ်ရိုးတွေကို တွဲပေါင်း ၄၀, ၆၀ နဲ့ ရန်ကုန် တင်ရတယ် (မှန်ပါ့)။

ဒါလောက်တောင် အရိုးတွေများတဲ့ဥစ္စာ အသေ များလို့ပဲဆိုတာတော့ တွေးဖို့မလိုတော့ဘူး (မလိုပါ ဘုရား) လိုသေးသလား (မလိုပါ ဘုရား)။

အရိုးများတာ နွားသတ်သမားလက်ချက်

ဪ ဒါဖြင့် အရိုးတောင်လိုပုံတာသည်ကားလို့ ဆိုရင် ဖြင့် အသေများလို့ပဲ (မှန်ပါ့) ဒီအသေများတာသည် ဘယ်သူ့ လက်ချက်တုံး ဆိုလို့ရှိရင် နွားရိုးများရင် နွားသတ်ကုလား၏ လက်ချက်၊ ဆိတ်ရိုးများရင် ဆိတ်သတ်ကုလား၏လက်ချက်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီမှာ ကျုပ်တို့ အရိုးတွေ တွဲပေါင်းလေးဆယ်မက ခင်ဗျား တို့ အရိုးတွေဟာ ဘုရားတစ်ဆူ တစ်ဆူကြားမှာ ၄,ရက်တက် ၄- ရက်ဆင်း တောင်လောက်ရှိတယ်၊ တစ်ယောက်တည်းရဲ့ အရိုး ပြောတာ (မှန်ပါ့) ဒကာ ဒကာမတွေ အဲဒါ နွားသတ်ယောက်ျား နဲ့တူတဲ့ တဏှာ၏ လက်ချက်တွေပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခုနင်က အရိုးတွေ တွဲပေါင်းသုံးလေးဆယ်နဲ့ တင်သွား တာ ဒီကုလား၏ လက်ချက်ပဲဆိုတာ ခင်ဗျားတို့ မပြောဘဲနဲ့ သိတယ် (မှန်ပါ့) မသိဘူးလားဗျာ (သိပါတယ် ဘုရား)။

ဒါလောက်တောင် အရိုးတွေ ရန်ကုန် တင်ရတာ များလှချည်းလား ဆိုရင် ဪ သူ့လက်ချက်လေ နွားသတ်သမား၏ လက်ချက် (မှန်ပါ့)။

တဏှာ့လက်ချက်

ဒီမှာလည်း ကျုပ်တို့ ဘုရားတစ်ဆူ တစ်ဆူကြားမှာ သေရတဲ့ ကျုပ်တို့အရိုးတွေကို မဆွေး မမြည့်ဘဲနဲ့ စုပုံထားလို့ရှိ ရင် ၄,ရက်တက် ၄-ရက်ဆင်း တောင်လောက်ရှိမယ် (မှန်ပါ့)။

ဘုရားဉာဏ်တော်နဲ့ချိန်ပြီး ဟောခဲ့တာနော် (မှန်ပါ့) ဒါလောက်များအောင် သေရတာ ဘယ်သူ့ လက်ချက်တုံး (တဏှာလက်ချက်ပါ ဘုရား) ဒီတဏှာက ဘာဖြစ်လို့ပေါ်တာတုံး ဆိုတော့ ဒီ အာယတနတွေ ခင်နေလို့ပေါ်တာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီအာယတနတွေ ခင်ပြီး ဒီတဏှာပေါ်လို့၊ ဒီတဏှာက နေပြီး ဒီခန္ဓာလုပ်လိုက်လို့ ဒီ အို၊ နာ၊ သေ အရိုးတွေ ပေါ်လာတာပဲ၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီ အို, နာ, သေဆိုတဲ့ အရိုးတောင်လိုပုံတဲ့ ဥစ္စာ ဒကာ ဒကာမတို့ သံယုတ်ပါဠိတော်မှာ လာတယ်၊ ၄,ရက်တက် ၄,ရက်ဆင်း ရှိတယ် (မှန်ပါ့) အဲဒါ တစ်ယောက်၏ အရိုးကို ပြောတာ၊ တီတို့ ကျွတ်တို့ မျှောတို့ စတဲ့ အရိုးမရှိတဲ့ သတ္တဝါတွေ ဆွေးသွားတာ မပါဘူး၊ တစ်ယောက်တည်းပြောတာ (မှန်ပါ့ ဘုရား)။

နောက်ထပ် သေချင်သေးသလား ၊ ဒကာ ဒကာမတို့ သေဖို့ရာ အားရလောက်ပြီမဟုတ်လား (အားရ လောက်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ နောက်ထပ် သေချင်သေးသလား (မသေချင်ပါ ဘုရား)။

တော်တော်တော့ နေရာကျလာပြီ၊ ရေဝတကလေး လမ်းစဉ်တော့ တော်တော်နီးလာကြပြီ (မှန်ပါ့) ရေဝတ နည်း နည်း ဆန်လာပြီ (မှန်ပါ့)။

ဒကာ ဒကာမတို့ သူတစ်ယောက်၏ အရိုးဟာ စုပုံထား လို့ရှိရင် ၄-ရက်တက် ၄-ရက်ဆင်း တောင်လောက်ရှိတယ် ဆိုတော့ မန္တလေးတောင်လောက် မကဘူးပေါ့ (မှန်ပါ့)။

တဏှာက ခိုင်းတယ်

မန္တလေးတောင်ဟာ တစ်နာရီတက် တစ်နာရီဆင်း ရောက်ပါတယ်၊ ဘယ်လောက်ပဲ ခြေသေးသေး ဟိုမှာ ၄၄ရက် တက် ၄,ရက်ဆင်းဆိုတော့ ဒကာ ဒကာမတွေ ကိုယ့်အရိုးဟာ ဒါလောက်တောင် များပါတယ် ဆိုတာ စင်စစ်တော့ ဒီတဏှာ လက်ချက်ပဲ (မှန်ပါ့) သူသတ်တဲ့ လက်ချက်ပဲ၊ သူက ဒီဘဝ သွားသေလိုက်၊ ဟိုဘဝ သွားသေလိုက်၊ သူကချည်း ခိုင်းတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ် ကြီး ဉာဏ်တော်နဲ့ကြည့်တာ တီတို့၊ ကျွတ်တို့ ၊ ပျော့တို့ ဖြစ်တဲ့ ဘဝ မထည့်သေးဘူး၊ အရိုးရှိတဲ့ သတ္တဝါဖြစ်တာတင် ထည့်ပြောတာ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ သစ္စာမသိလို့ ဖြစ်နေကြတာ (မှန်ပါ့) ဦးခင်မောင် ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)

သစ္စာမသိတော့ လူဖြစ်ရပါလို၏ သွား သွားပြီး တောင်းတယ် (မှန်ပါ့)။

လူဖြစ်ရပါလို၏ သွားတောင်းတော့ အရိုးက ကျန်ဦးမှာ ပဲ (မှန်ပါ့) နတ်ဖြစ်ရပါလို၏ ဆုတောင်းလည်း (အရိုးကျန်ဦး မှာပါ ဘုရား) နတ်ဖြစ်လည်း အရိုးကတော့ ကျန်ဦးမှာပဲ (မှန်ပါ့) နတ်ပြည်မို့ မကျန်ဘူးဆိုစေကာမူ ဒကာ ဒကာမတို့ အရိုးဟာ သူ့ အချိုးကျတော့ ရှိရမှာပဲ (မှန်ပါ့) မရှိရဘူးလား (ရှိရမှာပါ ဘုရား)။

သစ္စာမသိတဲ့ လက်ချက်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သစ္စာမသိတဲ့ ဒဏ်ချက်ဟာ အတော်ပိနေပြီ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက်ပါပြီ ဘုရား)။

ဒါဖြင့် သစ္စာသိအောင် ဆရာဘုန်းကြီးကလည်း ကယ် တင်ပြီး ခင်ဗျားတို့ကလည်း သစ္စာ မသိသရွေ့ ကာလ ပတ်လုံးဖြင့် ငါတို့ ခက်ပါသေးတယ်၊ အသေချည်း ဆုတောင်းနေ မှာပဲဆိုတာဖြင့် ပြောဖို့ရာ လိုသေးသလား (မလိုပါ ဘုရား)။

အရိုးတောင်လိုပုံရပါလို၏ ဆုတောင်းတာနဲ့ကော ထူးဦး မလား (မထူးပါ ဘုရား) သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အရိုး တောင်လို ပုံရပါလို၏

အရိုးတောင်လိုပုံရပါလို၏ ဆိုတော့ သူများလက်ချက် နဲ့ အသက်ထွက်ရပါလို၏ကော ပါ, မပါ (ပါ,ပါတယ် ဘုရား) ၊ ခန္ဓာမရှိရင်းဘယ်သူ့လက်ချက်နဲ့ အသက်ထွက်စရာ လိုသေးသလား (မလိုပါ ဘုရား)။ ။

ဒီခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခ သစ္စာ ချုပ်ငြိမ်းရင် ဒကာ ဒကာမတို့ နိရောဓသစ္စာ နိဗ္ဗာန်ဟာ ခင်ဗျားတို့ သူများလက်ချက်နဲ့ အသက်မထွက်တဲ့ နိဗ္ဗာန်ဟာ ပေါ်တော့မယ် (မှန်ပါ့)။

ခန္ဓာကို ဒုက္ခသစ္စာဟု မသိသေးသရွေ့ဖြင့် ဒါချည်း လှည့်တောင်းနေဦးမှာပဲ (မှန်ပါ့) ဒါရအောင်ပဲ ကြိုးစားနေမှာပဲ (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ပြန်မေးပါဦးမယ်၊ အို, နာ, သေ ဘယ်ကလာသတုံး (ခန္ဓာက လာပါတယ် ဘုရား) ခန္ဓာ ငါးပါးကလည်း အလိုလိုပေါ်တာလား၊ မိုးပေါ်က ကျလာတာလား တစ်ခါ မေးပါဦး (မဟုတ်ပါ ဘုရား) ဘယ်ကလာသတုံး (တဏှာက လာပါတယ် ဘုရား) ဒီတဏှာ ဘယ်ကလာပါ လိမ့် (အာယတန ၁၂,ပါးက လာပါတယ် ဘုရား)။

မသုံးတတ်ရင် ဘေးသင့်မယ်

ဒါဖြင့် ဒီအာယတန ၁၂ ပါးသည် ဒကာ ဒကာမတို့ သုံးတတ်ရင်လည်း ဆေးပါပဲ၊ မသုံး တတ်ရင်လည်း ဘေးသင့် နေမယ်ဆိုတာတော့ သူ့ကို နှစ်မျိုးမှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။ သုံးတတ်ရင် ဆေးဖြစ်မနော် (မှန်ပါ့) မသုံးတတ်ရင် ဘေးသင့်မယ် (မှန်ပါ့)။

သူ့ကို ခင်မှုနဲ့ ဒီအာယတန ၁၂,ပါးဆိုတာ ခင်ဗျားတို့ ခန္ဓာကိုယ်ပဲ၊ ယောက်ျားခန္ဓာကိုယ်လည်း အာယတန ၁၂,ပါးပဲ၊ မိန်းမခန္ဓာကိုယ်လည်း (၁၂,ပါး ပါပဲ ဘုရား)။

အဲဒါကလေးကို ခင်ဗျားတို့က တဏှာနဲ့သာ ခင်ကြမယ် ဆိုရင်ဖြင့် ဒီတဏှာက လာလို့ရှိရင် နောက်ခန္ဓာ တွေ့ရတော့မှာပဲ။ နောက်ခန္ဓာတွေ့ရင် အို, နာ, သေနဲ့ဖြင့် ဇာတ်သိမ်းရတော့မှာပဲ (မှန်ပါ့ ဘုရား) မသိမ်းပါနဲ့ဆိုလို့ (မရပါ ဘုရား)

မသာဖိတ်စာတွေ လက်ခံနေရတယ်

ကိုင်း ဒကာ ဒကာမတို့ ဘယ်မှာဖြင့် မသာချရပြန် သတဲ့ ဦးဘအုန်းတို့ မကြားကြဘူးလား (ကြားပါတယ် ဘုရား) ခဏခဏ ဖိတ်စာတွေကော မလာဘူးလား (လာပါတယ် ဘုရား) ကို ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ဒီဖိတ်စာတွေ ရနေပါလိမ့်မတုံး ဆိုတော့ ဖိတ်စာရချင်လို့ ရတာ မဟုတ်ဘူး၊ ဒကာ ဒကာမတို့ ဖိတ်စာ လက်ခံတဲ့ ပုဂ္ဂိုလ်ကလည်း သူ့မှာလည်း အို, နာ,သေ ရှိလို့ သူလည်းရတာပဲ၊ ဟိုပုဂ္ဂိုလ်ကလည်း ဖိတ်စာပေးရတာ အို, နာ, သေကြောင့် ဖိတ်စာပေးရတာပဲ (မှန်ပါ့) ဒီက ဖိတ်စာလက်ခံတဲ့ ( ပုဂ္ဂိုလ်ကကော (အို, နာ, သေ ကြောင့်ပါ ဘုရား)။

အို နာ သေ ရှိတာနဲ့ လက်ခံလိုက်ရတာ ဒါဖြင့် ထိုပုဂ္ဂိုလ် ကလည်း ဖိတ်စာမပေးရအောင်၊ ကိုယ်လည်း ဖိတ်စာလက်ခံမှု ကင်းအောင်ဆိုရင်ဖြင့် နိဗ္ဗာန်ပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား) ဦးခင်မောင် သဘောပါပလား (ပါပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဖိတ်စာ လက်ခံလို့ဆုံးမှာ မဟုတ် ဘဲ၊ ဖိတ်စာလက်ခံတဲ့ ပုဂ္ဂိုလ်ကလည်း ဒကာ ဒကာမတွေ ဘာဖြစ်လို့ လက်ခံရတာတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြ မလဲ (အို, နာ, သေ ရှိလို့ပါ ဘုရား) အို, နာ, သေက ကိုယ့်မှာလည်း ရှိတယ် (မှန်ပါ့)။

ဒါဖြင့် ဖိတ်စာလည်း အို, နာ, သေ ရှိလို့ ဟိုက ကျုပ်ဖြင့် ဒီဒုက္ခ ရောက်ပါပြီလို့ဆိုပြီး ဦးခင်မောင်တို့ ဦးဘအုန်းတို့ဆီ စာကလေး လာမှာပေါ့ (မှန်ပါ့)။

ခင်ဗျားတို့ က ဒီစာကလေး လက်ခံပြီး သကာလ ဘယ့်နှယ်ကြောင့် လက်ခံနိုင်တာတုံး မေးလိုက်ပြန်တော့လည်း (အို, နာ, သေရှိလို့ လက်ခံတာပါ ဘုရား)။

ခင်ဗျားလည်း ဒုက္ခသစ္စာလို့ပြောတာ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစား ကြပေတော့ ဒီဥစ္စာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ဖြင့် ကျုပ်ဖြင့် ဒုက္ခသစ္စာပဲ၊ ခင်ဗျားလည်း ဒုက္ခသစ္စာပဲလို့ ပြောတာနဲ့ ဘာမှ မထူးဘူး (မထူးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့က မဖိတ်မှာများတောင် စိုးရိမ်မယ်၊ တို့မှာ ပိုက်ဆံမရှိလို့ အရင်လို မဟုတ်လို့ ဖိတ်စာကလေး များတောင် မလာတော့ဘူးလို့ အောက်မေ့မနေကြနဲ့ ဖိတ်စာမလာတာ က တော်သေးတယ် (မှန်ပါ့) ဖိတ်စာလာတာ အို, နာ, သေ ရှိနေတဲ့ ပုဂ္ဂိုလ်မို့ အို, နာ, သေက လက်ခံတာ (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဘယ်သူက လက်ခံတာတုံး (အို, နာ, သက လက်ခံတာပါ ဘုရား) အို, နာ, သေရှိတဲ့ ပုဂ္ဂိုလ်မို့ ဒါကို လက်ခံ တာ၊ ဟိုကလည်း အို, နာ, သေ ရှိကြောင်းကိုလည်း ကြေညာ ပေးလိုက်တယ် (မှန်ပါ့) ဒီက ကြေညာပေးလိုက်တဲ့ အတိုင်း လက်ခံ နိုင်တဲ့ သတ္တိကလည်း ဘာရှိလို့ လက်ခံတာတုံး (အို, နာ, သေ ရှိလို့ လက်ခံနိုင်တာပါ ဘုရား) ဒါဖြင့် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တဲ့ဇာတ် သိမ်းမှတော်မယ် (မှန်ပါ့)။

ဒါဖြင့် ဖိတ်တဲ့ပုဂ္ဂိုလ်ကလည်း အို, နာ, သေ လမ်းကို မလိုက်ရင် နောက်ထပ် ဖိတ်စရာ မလိုတော့ဘူး၊ လက်ခံတဲ့ပုဂ္ဂိုလ် လည်း ဒါကြီးမြင်ပြီး သကာလ ချစ်ခင်တဲ့ ပုဂ္ဂိုလ်ဖြင့် စိတ်မ

ကောင်း ရမှာပဲ၊ မချစ်ခင်တဲ့ ပုဂ္ဂိုလ်ဖြင့်လည်း သေတာကောင်း တယ်ဆိုတဲ့ ဒေါသ လာချင်လာဦးမှာပဲ (မှန်ပါ့) မလာပေဘူး လား (လာပါတယ် ဘုရား) အမျိုးမျိုးလာမယ်နော် (မှန်ပါ့) အမျိုးမျိုးလာပြီး သကာလ နေတော့ ကိုယ့်မှာလည်း ကျက်သရေ မရှိတဲ့စာ ရောက်လာတာလား၊ ကျက်သရေရှိတဲ့စာ ရောက်လာ တာလား (ကျက်သရေမရှိတဲ့စာ ရောက်လာတာပါ ဘုရား) ဘာဖြစ်လို့ ကျက်သရေ မရှိတဲ့စာ ကိုယ့်ဆီရောက်လာပါလိမ့် (အို နာ သေ ရှိနေလို့ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တို့များ မဖိတ်လို့ဆိုပြီး ဝမ်းမနည်းလိုက်ပါနဲ့၊ ကိုယ် ကျက်သရေမရှိလို့ ရောက်လာတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ခင်ဗျားတို့က ဂုဏ်ကြီးလို့ ရောက်လာတယ် ထင်နေတာနော် (မှန်ပါ့)၊ ဘာဂုဏ်ရှိသတုံး၊ အို, နာ, သေ ဂုဏ်ပဲ ရှိတယ် (မှန်ပါ့) ဒိပြင် ဘာရှိသတုံး ဘာမှ မရှိပါ ဘုရား)

အို, နာ, သေ ဂုဏ်ရှိလို့ ခင်ဗျားတို့ဆီမှာ အို, နာ,သေစာပဲ သေပါ ပေါ့ဆိုတဲ့စာ ရောက်လာတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာသေမှ အေးတော့မယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဖိတ်စာလည်း မရောက်အောင် အသုဘကြီးကိုလည်း လိုက်ပို့တဲ့၊ ဇာတ်သိမ်းရအောင် ဒီတဏှာ သေမှ အေးတော့မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီတဏှာသေမှ ဖိတ်စာလည်း လက်ခံလို့မရတော့ဘူး၊ ဖိတ်စာရလို့ရှိရင်လည်း အသုဘကို လိုက်ပြီး သကာလ ပို့ရလိမ့် ဦးမယ် (မှန်ပါ့)။

ဦးခင်မောင် ဘာလုပ်ရမယ် ထင်သတုံး (အသုဘလိုက် ပို့ရမှာပါ ဘုရား) အသုဘဆိုတာက တင့်တယ်တာလား (မတင့် တယ်တာပါ ဘုရား)။

မတင့်တယ်တာကို မတင့်တယ်တဲ့လူက လိုက်ပို့ရလိမ့် ဦးမယ် (မှန်ပါ့) အသေကို အရှင်က ပို့တာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ကျတော့ ခင်ဗျားတို့ လမ်းမှာပြောတယ်၊ အို သူသေ ငါပို့ပေါ့ပဲ၊ အဲဒီအတိုင်း မပြောကြဘူးလား (ပြောပါ တယ် ဘုရား) သူသေ ငါပို့ပေါ့ပဲ၊ အသုဘ, အသုဘချင်းပါပဲလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

တဏှာသိမ်းမှ နိဗ္ဗာန်

ဒါဖြင့် သူလည်း အသုဘ ဇာတ်သိမ်းလို့ ရှိရင် နိဗ္ဗာန်ပဲ။ ကိုယ်လည်း အသုဘဇာတ်သိမ်းရင် (နိဗ္ဗာန်ပါ ဘုရား) အဲဒီ နိဗ္ဗာန်ဟာကော ဒကာ ဒကာမတို့ ဘယ်သူသိမ်းမှ နိဗ္ဗာန်ရောက် မယ် ဆိုတာကော ယနေ့ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘာပေါ် သတုံး (တဏှာသိမ်းမှ ရောက်မှာပါ) တဏှာသိမ်းမှနော် (မှန်ပါ့)။

ဒီတဏှာသိမ်းနည်းသည် ဒကာ ဒကာမတို့ အလွန် အရေးကြီးတဲ့နည်းပဲဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့) ဒီတဏှာ သိမ်းနည်းလောက် အရေးကြီးတာ မရှိဘူး၊ ဒီတဏှာသိမ်းလိုက် လို့ရှိရင် ခန္ဓာ သိမ်းတယ် (မှန်ပါ့) ခန္ဓာသိမ်းရင် အို, နာ, သေ ငြိမ်းတယ် (မှန်ပါ့) ဘာမှ သံသယ မရှိနဲ့ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီတဏှာ ဘယ်ကလာသတုံး

အဲဒီတော့ ဒီတဏှာ ဘယ်ကလာသတုံး (အာယတန က လာပါတယ်) ဪ အာယတန ၁၂, ပါး ဆိုတာ စာလို ပြောနေတာပါ၊ ခင်ဗျားတို့ ခန္ဓာက လာတာပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်နည်း သားသမီးခန္ဓာက လာတယ် (မှန်ပါ့) ဆွေမျိုးဉာတကာ ခန္ဓာကကော (လာပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ ခင်ရာ မင်ရာက လာတယ်လို့သာ မှတ်ပေတော့ (မှန်ပါ့)။

ဒီတဏှာ ဘယ်ကလာသတုံး (ခင်ရာ မင်ရာက လာ ပါတယ် ဘုရား) ခင်ရာမင်ရာကြောင့် ခင်တာဆိုတဲ့ တဏှာလာ တယ်၊ ခင်စရာ မင်စရာ မရှိရင် ခင်တယ်ဆိုတဲ့ တဏှာက ဘယ့်နှယ်တုံး (မလာပါ ဘုရား)။

ခင်ရာ မင်ရာက လာတယ်

ဒါဖြင့် ကျုပ်တို့က ခင်တတ်တယ်ဆိုရင် ဒီတဏှာ မလာ ဘူးလား (လာပါတယ် ဘုရား) ဒီတဏှာလာရင် ဒါဖြစ်ရတော့ မယ်၊ ခန္ဓာငါးပါးရမယ် (မှန်ပါ့) ခန္ဓာငါးပါးရရင် ဘာတုံး (အို နာ, သေ ရပါတယ်ဘုရား ) အို, နာ, သေဟာ ကိုယ်ပိုင်ပစ္စည်း မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အကြောင်းအကျိုးတော့ဖြင့် ဆက်မိပြီ တဲ့၊ ဒီဥစ္စာ နှစ်မျိုး ဟောရလိမ့်မယ် (မှန်ပါ့ ဘုရား) အို, နာ, သေ မလာအောင် တစ်နည်းဟောရမယ် (မှန်ပါ့ ဘုရား)

အို, နာ, သေ လာတဲ့နည်း ယနေ့ပြီးသွားပြီ၊ အာယတနကြောင့် ဘာလာသတုံး (တဏှာ လာပါတယ် ဘုရား) တဏှာကြောင့် ဘာလာသတုံး (ခန္ဓာလာပါတယ် ဘုရား) ဟောဒါက ဒုက္ခ သစ္စာ လာတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာမရှိမှ ခန္ဓာမရှိမှာ

ကောင်းပြီ ဒါဖြင့် နိရောဓသစ္စာလမ်း ဆိုတာ ရှိသေး တယ် (မှန်ပါ့) နိရောဓသစ္စာလမ်း ဟောရမယ် ဆိုလို့ ရှိရင်ဖြင့် ဒီ အာယတန မလာမှ ဒကာ ဒကာမတို့ ဒီတဏှာမရှိမယ် (မှန်ပါ့ ဘုရား) ဒီတဏှာမရှိမှ (ခန္ဓာမရှိမှာပါ ဘုရား) ဒီခန္ဓာမရှိမှ (အို နာ,သေ မရှိမှာပါ ဘုရား) အဲဒါ နက်ဖြန်မှ နာရမယ် (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။