တရားနာယောဂီများ၏ အလုပ်
(ရက်စွဲမပါ။)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၌ ဟောကြားတော်မူခဲ့သောတရားတော်
တရားနာယောဂီများ၏ အလုပ်
(သဗ္ဗေသင်္ခါရာ အနိစ္စာ)
ကိုယ့်ကိစ္စ၊ သူ့ကိစ္စသိဖို့ သတိပေးပါတယ်လို့ မှတ်ကြ ရမယ်နော်။ ကိုယ့်ကိစ္စ၊ သူ့ကိစ္စသိဖို့ သတိပေးပါတယ်။
ဒီဘက်က ဘုရားကိစ္စ၊ ဟိုဘက်က ဒကာ ဒကာမတွေ ကိစ္စလို့မှတ်ပါ။ ဒီဘက်က ဘယ်သူ့ ကိစ္စပါလိမ့် (ဘုရားကိစ္စပါ) ဒီဘက်က (ဒကာ ဒကာမတွေ ကိစ္စပါ)။ အဲ တရားနာတဲ့ သာဝကတွေ ကိစ္စပေါ့ ဗျာ (မှန်ပါ့)။ ဒီဘက်က ဘယ်သူ့ကိစ္စ ပါလိမ့် (ဘုရားကိစ္စပါ)။ ဟိုဘက်ကကော (သာဝကတွေ ကိစ္စပါ)။ သာဝကတွေ ကိစ္စလို့၊ ဒါ သေသေချာချာ မှတ်ထား ပါနော်။
ကိုယ့်ကိစ္စ သူ့ကိစ္စ ရှိပါတယ်
ဪ ကိုယ့်ကိစ္စ သူ့ကိစ္စဆိုတာ ရှိပါသေးသလား ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ)။
ဘုရားကိစ္စကတော့ ဘာပါလိမ့်မတုံးဆိုတော့
“ဧတ္တက မေဝဟိ အနုကမ္ပကဿ သတ္ထုကိစ္စံ၊ ယဒိဒံ အဝိပရီတ ဓမ္မ ဒေသနာ”
ယဒိဒံ ဓမ္မဒေသနာ- အကြင်တရားကို၊ ဟောခြင်း သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့။ အနုကမ္ပကဿ- အစဉ်သနားလေ့ ရှိသော၊ သတ္ထုနော- ဘုရား၏၊ ဧတ္တကမေဝ- ဤမျှသော၊ ကိစ္စံ- ကိစ္စပဲ။
ဘုရားကိစ္စ
ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ မင်းတို့ မသိ သိအောင် ဟောမှုပြောမှု ကိစ္စက ငါ့ကိစ္စပါကွာလို့ ဘုရားက သံယုတ်ပါဠိတော်မှာ တာဝန်ခံလိုက်တယ် (မှန်ပါ)။
မသိ သိအောင် ပြောမှုက ဘယ်သူ့ကိစ္စပါလိမ့် (ဘုရား ကိစ္စပါ)။ ဒါဖြင့် ဘုရားကိစ္စက မသိ,သိအောင် ပြောမှု၊ ဘုရား ကိစ္စလို့ ဆိုတော့ ဒကာ ဒကာမတို့ ဘုရားကိစ္စက ဟောရုံ ပြောရုံ ကိစ္စပါလားလို့ ဒကာ ဒကာမတို့ မှတ်ကြရမှာ (မှန်ပါ)။
‘‘ဣတော ပရံပန ပဋိပတ္တိနာမ သာဝကာနံ ကိစ္စံ။’’
သည့်နောက်ကျလာတော့ကွာ၊ ပဋိပတ္တိနာမ- ကျင့်ရမည့် အလုပ်သည်ကား၊ သာဝကာနံ- တရားနာတဲ့ သာဝကတွေ၏၊ ကိစ္စံ- ကိစ္စပဲ (မှန်ပါ့)။ ကျင့်ကြံရမည့် ကိစ္စကတော့ (သာဝက တွေ၏ ကိစ္စပါ)။ ရှင်းပလား (ရှင်းပါပြီ)။
ဘုရားကိစ္စကတော့ (ဟောပြောမှုကိစ္စပါ)။ နားမ လည် လည်အောင် ဟောပြောမှုကိစ္စက ဘုရားကိစ္စနော်။ ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့် ကိစ္စကတော့ (သာဝက တွေ၏ ကိစ္စပါ)။
ဪ ဒါဖြင့် ဘုရားက ဒီလိုသေသေချာချာ ပြောတော့ ကျင့်ယူရမှာပါလား ဆိုတာ ရှင်းရှင်းကြီး ပေါ်လာတယ် (ပေါ်ပါ တယ်)။
တရားနာသော သာဝကတွေကိစ္စ
ဆုတောင်းယူရမှာ မဟုတ်ဘူးဟေ့။
‘‘ဣတော ပရံပန ပဋိပတ္တိ နာမ သာဝကာနံ ကိစ္စံ။’’
ဣတော ပရံပန- ငါဟော ပြီးသည့် အခြားမဲ့၌ကား၊ ပဋိပတ္တိ နာမ-ကျင့်ရမည့် အလုပ် ဟူသည်ကား။ သာဝကာနံ- တရားနာသော သာဝကတွေ၊ ကိစ္စံ- ကိစ္စပါပဲလို့ သေသေချာချာ ဘုရားက နှုတ်ကဖွင့်၍ ဟောလေသောကြောင့် ကျင့်ယူရမည့် ကိစ္စက၊ သာဝကတွေ ကိစ္စလို့ မှတ်ကြစမ်းပါ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။
ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့်ကိစ္စ
ဟောမှု ပြောမှုက (ဘုရားကိစ္စပါ)။ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရမည့် ကိစ္စက (သာဝကတွေ ကိစ္စပါ)။ ဪ ဒါဖြင့် ကိုယ့်ကိစ္စ၊ သူ့ကိစ္စ ရှိပါကလား ဆိုတာ ဒကာ ဒကာမတွေ ရှင်းသွားပါပြီ (ရှင်းသွားပါပြီ။)
ဆုတောင်းယူရမှာမဟုတ်ဘူး
ဒါဖြင့် ပေးတော်မူပါဘုရားလို့ တောင်းတဲ့ အလုပ်ဟာ ဒကာ၊ ဒကာမတွေ မကိုက်ဘူး ဆိုတာ မှတ်ပါ။ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် နိဗ္ဗာန် ရရပါလို၏ဘုရား။ အရှင်ဘုရား ပေးရ ကမ်းရတဲ့ အတွက် ဆိုလိုက်တော့ ဒကာ၊ ဒကာမတွေက တောင်းယူတဲ့ သဘော ရောက်နေတယ် (မှန်ပါ)။
အခုသေသေချာချာ သူစပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက-
“ဣတော ပရံ ပန ပဋိပတ္တိ နာမ သာဝကာနံ ကိစ္စ” ဣတော ပရံ ပန ငါဟောပြီးသည့် အခြားမဲ့၌ကား၊ ပဋိပတ္တိ နာမ- ကျင့်ရမည်ဟူသည်ကား၊ သာဝကာနံ- တရားနာသော သာဝကတို့၏ ကိစ္စံ- ကျင့်ရမည့်ကိစ္စပါပဲ။
ငါက ဟောရုံပဲပေါ့။ မင်းတို့က ကျင့်ယူရမည့်ကိစ္စ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။
ဒီလိုကျင့်ယူလို့ ဟောတတ် ပြောတတ်တဲ့ သဘော မရောက်ဘူးလား (ရောက်ပါတယ်)။ ရောက်လို့ ဟောတဲ့ ပြောတဲ့ ကိစ္စက ဘယ်သူ့ကိစ္စပါလဲ (ဘုရားကိစ္စပါ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေကိစ္စက ဘာ, လုပ်ရမှာလဲ (ကျင့်ယူရမည့် ကိစ္စပါ)။ ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့် ကိစ္စလို့ မှတ်လိုက် စမ်းပါ (မှန်ပါ)။
အလွန်သိစေချင်လို့ စေတနာနဲ့ ပြတာ
ဪ ကိုယ့်ကိစ္စ၊ သူ့ကိစ္စ ရှိပါကလား ဆိုတာ ပေါ်လာ တယ် (မှန်ပါ)။ ဆရာဘုန်းကြီးသည် ဒကာ ဒကာမတွေ အလွန် သိစေချင်လိုသော စေတနာနဲ့ ကိုယ့်ကိစ္စ၊ သူ့ကိစ္စကို သေသေချာ ချာ၊ ပါဠိတော်ထုတ်ပြီး သကာလ ပြတယ်လို့ မှတ်စမ်းပါ (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ဘုရားကလည်း မရှိတော့၊ ဘုရား က မရှိတော့ကို၊ ဘုရား၏ တပည့်သား ဖြစ်တဲ့ ဘုန်းကြီးများက ဟောမှု ပြောမှုကိစ္စ (မှန်ပါ)။ ဒကာ ဒကာမတွေက (ကျင့်ကြံရမည့် ကိစ္စပါ)။
နားမလည် လည်အောင်ပြောမှုကိစ္စ
ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့် ကိစ္စသည်ကား တစ်ဆင့်တက်လာပြန်တော့လည်း ဪ တို့ဆရာ ဘုန်းကြီး က၊ တို့နားမလည်လည်အောင် ပြောမှုကိစ္စက ဆရာဘုန်းကြီး ကိစ္စ (တင်ပါ)။ နားလည်ပြီးသည့် နောက်ကို၊ ကျင့်ကြံ ကြိုးကုတ်ပွားများပြီး လုပ်ရမည့် အလုပ်က (သာဝကတွေ အလုပ်)။ တရားနာတဲ့ သာဝကတွေကိစ္စ ဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒီလိုဆိုရင်ဖြင့် နိဗ္ဗာန်မရ မရှိပါဘူးဆိုတာ သေသေ ချာချာမှတ်ပါ (မှန်ပါ)။ ရှင်းကြပလား (ရှင်းပါပြီ)။
ညီတော် အာနန္ဒာ မငိုနဲ့တဲ့
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးက ဘုရား၏ တပည့်သား ဖြစ်သည့်အတွက် ဘုရား၏ ကိုယ်စားလှယ် ဖြစ်ပြီး သကာလ၊ ငါ မရှိသည့်နောက် ငါ၏ တပည့်သား၊ မြေးသည်ကား ဆိုလို့ရှိရင် ဖြင့် ဟောလိမ့်၊ ပြောလိမ့်မယ် ညီတော်အာနန္ဒာ မငိုနဲ့တဲ့။
ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ငါထားခဲ့တယ် ဆိုတဲ့ဥစ္စာအတိုင်းပဲ။ ဘုရားတွေ ရှိလျက်ပဲလို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ အခု ဘုန်းကြီးပြောနေတာသည် ဘုရားဟော သက်သက်ကို ပြောနေတယ်လို့ ဆိုသဖြင့် ဘာမှ သံသယမရှိနဲ့ လို့ မှတ်လိုက်ပါတော့ (မှန်ပါ)။
ကိုင်း ဒါဖြင့် ပြောကြစို့ဆိုတော့ ဒကာ ဒကာမတွေ ယနေ့တော့ အလုပ်စဉ်လေး လွယ်လွယ်နဲ့ ပြပေးပါ့မယ်။ ပြီးတော့ မှ ဒကာ ဒကာမတို့အား “ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ” ကို ဒီနေ့ရှင်းပေးပါ့မယ် (မှန်ပါ)။
အလုပ်စဉ် ဂါထာတော်
အားလုံးရနေကြတဲ့ အလုပ်စဉ်တရားလေးတစ်ခုက ဒကာ ဒကာမတို့
‘‘သဗ္ဗေသင်္ခါရာ အနိစ္စာ၊
ယဒါ ပညာယ ပဿတိ၊
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊
ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။’’
လူတိုင်းရတယ်။ ရတဲ့လူတွေ အများကြီး (မှန်ပါ)။ မရကြဘူးလား (ရပါတယ်)။
သဗ္ဗေသင်္ခါရာ (အနိစ္စာ)။ ပြီးတော့ကော (ယဒါ ပညာယ ပဿတိ)။ ပြီးတော့ကော (အထ နိဗ္ဗိန္ဒတိ ဒုက္ခေ)။ ပြီးတော့ကော (ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ) ရနေတော့ ဘုန်းကြီးက၊ ဒါကို အသေးစိတ် ပြပေးတော့မယ်လို့ ဒကာ ဒကာမတွေ မှတ်ပါ (မှန်ပါ)။
အသေးစိတ်လို့ ဆိုတဲ့ဥစ္စာက ဉာဏ်သုံးဆင့် ဆင်ခြင်ပုံ ကို ပြမယ်။ သေချာအောင်လို့ ဒကာ ဒကာမတို့ ဒီဘက်က ရှုစရာ သုံးခုလို့မှတ်ပါ။ ရှုစရာနော်၊ အရှုခံ သုံးခုပေါ့ ဗျာ။
ရှုစရာ (၃) ခု၊ ရှုဉာဏ်(၃) ခု
ဒီဘက်က ဒကာ ဒကာမတွေက မှတ်စရာက ရှုဉာဏ် သုံးခုလို့မှတ်ပါ။ ဒီဂါထာက လာတာ၊ ဒီဘက်က ဘာပါလိမ့် (ရှုစရာ (၃)ခု)။ ရှုစရာ (၃)ခု၊ ဒီဘက်က (ရှုဉာဏ် (၃)ခု)။
ဪ ဒါ အလုပ်စဉ်ကိုဖြင့် ဉာဏ်သုံးဆင့်နဲ့ တက်တဲ့ ဂါထာပဲလို့၊ ဓမ္မပဒမှာ လာတဲ့ဂါထာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ကျမ်းတိုင်းမှာလည်း ပါပါတယ်။ ဒီဂါထာကနော်။
အဲဒီ တစ်၊ နှစ်၊ သုံး။ ဒီဘက်က ဒကာ၊ ဒကာမတွေ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုတာ တစ်ကို ဆိုတယ်မှတ်ပါ (မှန်ပါ)။ သဗ္ဗေသင်္ခါရာ အနိစ္စာဆိုတာ (တစ်ကို ဆိုတာပါ)။
အရှုခံဘက်က နေတယ်
ဪ ဒါဖြင့် သူသည် စဉ်းစားကြည့်စမ်း ဒကာ ဒကာမတို့။ အရှုခံဘက်က နေသလား၊ ရှုဉာဏ်ဘက်က နေသလား (အရှုခံဘက်က နေပါတယ်)။ ဪ သဗ္ဗေသင်္ခါရာ အနိစ္စာ ဟာ အရှုခံ ဘက်က နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ပြီးတော့ ယဒါ ပညာယ ပဿတိ။ ယဒါ-အကြင်အခါ ၌၊ ပညာယ-ပညာဖြင့်၊ ပဿတိ-ရှုပါ။ ဒီက ပညာနဲ့ ရှုပါလို့ ပြောလိုက်တယ် (မှန်ပါ)။
ဪ သူက ရှုဉာဏ်ဘက်က နေပါလား (တင်ပါ)။ ဒါဖြင့် သဗ္ဗေသင်္ခါရာ အနိစ္စာ ကို ပညာယ ပဿတိ။ ပညာနဲ့ ရှုကွ။ သဘောကျပလား (ကျပါပြီ)။
အရှုဉာဏ်ဘက်က
ဪ ဒါဖြင့် သဗ္ဗေသင်္ခါရာ အနိစ္စာက အရှုခံဘက် က (မှန်ပါ့)။ ယဒါ ပညာယ ပဿတိက (အရှုဉာဏ်ဘက် က)။ ဒီလိုရှုကွ၊ ပထမ ရှေးဦးစွာ ဒါအရင်လုပ်ပါ။ နားမလည်စရာ များ ရှိသေးသလား (မရှိပါဘူး)။
သဗ္ဗေသင်္ခါရာ အနိစ္စာက ဘာတဲ့ (အရှုခံပါဘုရား)။ ယဒါ ပညာယ ပဿတိက (အရှုဉာဏ်ပါ)။ ဪ ဒါနဲ့ ဒါ တွဲကြည့်၊ ကျော်မသွားနဲ့၊ ဒီလေးခု မျက်စောင်းမထိုးနဲ့ (မှန်ပါ့)။ ဒီလေးခု မျက်စောင်း မထိုးနဲ့ လို့ ကိုပေါ် သင်ပေးနေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုစံလှရေ၊ သေသေချာချာပဲ ပုံစံနဲ့ ကြည့်ကြ။ ဒကာ ဒကာမတွေ ပုံစံနဲ့ကြည့်ပါနော်။ ပုံစံနဲ့ ကြည့်ပါ။ အိမ်ကျ တို့ဘယ် လိုလုပ်ရမှတုံး မေးလို့ရှိရင် ဪ သဗ္ဗေ သင်္ခါရာ အနိစ္စာကို ယဒါ ပညာယ ပဿတိနဲ့ ကြည့်ရုံပါပဲလား (မှန်ပါ့)။
အနိစ္စကို ပညာနဲ့ရှုလို့ ပြောတာ
အနိစ္စကို ပညာနဲ့ရှုလို့ပြောတာ (မှန်ပါ့)။ သဘောကျပ လား (ကျပါပြီ)။ အနိစ္စကို (ပညာနဲ့ ရှုရမှာပါ)။
အင်း တစ်နံပါတ် ဒါ စလုပ်လို့ ဘုရားက ဟောတယ်။ တစ်နံပတ် ဘာစလုပ်လို့ ဘုရားက ဟောသလဲ (သဗ္ဗေသင်္ခါရာ အနိစ္စာပါ)။ သဗ္ဗေသင်္ခါရာ အနိစ္စာကို ယဒါ ပညာယ ပဿတိနဲ့ ကြည့်ပါ။
ရွတ်တာ မဟုတ်ဘူး
ရွတ်တာ မဟုတ်ဘူးနော်။ ပဿတိလို့ ပါတော့ ပဿတိက ရှုပါလို့ မဆိုဘူးလား (ဆိုပါတယ်)။ ဒါဖြင့် ဒကာ ဒကာမတို့က ရွတ်နေလို့ ရှိရင်ဖြင့် မြင်ပါ့မလား (မမြင်ပါဘုရား)။
ဒါဖြင့် သဗ္ဗေသင်္ခါရာ အနိစ္စာ ဆိုတာ ရုပ်နာမ်တွေဟာ အနိစ္စချည်းပဲလို့ ပြောလိုက်တယ်။ ဘုရားက ဟောမှုကိစ္စ သူ့ကိစ္စ ချည်းပဲလို့။ ဒါ ဟောမှုကိစ္စ ပြလာပြီ။
အဲဒါကို မင်းတို့ ငါသင်လိုက်ဦးမယ်တဲ့။ ယဒါ ပညာယ ပဿတိ။ ယဒါ- အကြင်အခါ၌၊ သူက ဖြစ်ပျက်ပြတဲ့ အခါ၌ ပညာယ- ပညာဖြင့် ပဿတိ- ရှေးဦးစွာ ရှုပါ။ သဘောကျ ပလား (ကျပါတယ်)။
ဖြစ်ပျက်ပြရင် ပညာနဲ့ရှုပါ
ဒီဘက်က ဘာပါလိမ့် (သဗ္ဗေ သင်္ခါရာ အနိစ္စာ)။ သဗ္ဗေ သင်္ခါရာ အနိစ္စာ။ ဒါ သူဘယ်ဘက်က နေသတုံး ဒကာ ဒကာမ တို့ (အရှုခံဘက်က နေပါတယ်)။ ကဲ သူ့ဘာလုပ်ရမလဲ ဘုရားက (ယဒါ ပညာယ ပဿတိ)။ ယဒါ ပညာယ ပဿတိ တဲ့။ ယဒါ- အကြင်အခါ၌၊ သူက အရှုခံတဲ့အခါကျတော့ ဖြစ်ပျက်ပြတဲ့ အခါ၌တဲ့၊ ပညာယ- ပညာဖြင့်၊ ပဿတိ- ရှုပါကွာလို့ ပြလိုက်ပါတယ်။ ဒါ ဝိဘင်း ပါဠိတော်မှာလည်း ဒီအတိုင်း လာတယ်လို့ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် တစ်၊ တစ်ချင်းတွဲ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ တစ်၊ တစ်ချင်း (တွဲရပါမယ်)။ သဘောပါကြ ပလား (ပါပါပြီ)။
ဒီဂါထာ မရသေးရင် ရအောင်ကျက်ပါ
ဒါမှ မေ့လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီထက် ရှင်းတာ မရှိတော့ဘူး (မှန်ပါ)။ ရပြီးသား ဂါထာကို အလုပ်သင် နဲ့ ပြတာကို သဘောကျပလား (ကျပါပြီ)။ ရပြီးသားဂါထာကို (အလုပ်သင်နဲ့ ပြတာပါဘုရား)။ အလုပ်သင်နဲ့ပြတဲ့အတွက် ခင်ဗျားတို့၊ ဒီဂါထာ မရသေးတဲ့ ပုဂ္ဂိုလ်ကလည်း ရအောင်လုပ် – လိုက်။ ရပြီးရင် ခြောက်ခုသာ ချလိုက်။
ခြောက်ခုချပြီး သကာလ တစ်နံပါတ်က အလုပ်၊ နှစ် နံပါက်က အလုပ်၊ သုံးနံပါတ်က အလုပ်ဆိုတာ ဘုန်းကြီးက အထူးပြောဖို့ မလိုတော့ဘူး (မှန်ပါ့)။
နိဗ္ဗာန်ဝင်တဲ့ အလုပ်စဉ် ဂါထာ
အိမ်ကျ တစ်ခါတည်း သူ့အကွက်ကလေးနဲ့သူ ပြနိုင်အောင် လုပ် တစ်၊ နှစ်၊ သုံး၊ ဒီကလည်း တစ်၊ နှစ်၊ သုံးလို့ တစ်ခါတည်း တည့်အောင်သာ ချလိုက်၊ အဲဒါ အလုပ်စဉ်ပြပြီး သကာလ နိဗ္ဗာန် ဝင်တဲ့ဂါထာသာ မှတ်လိုက်ပါ။ အလုပ်စဉ်ပြပြီး (နိဗ္ဗာန်ဝင်တဲ့ ဂါထာပါဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီဥစ္စာ ခင်ဗျားတို့ အသုံးမချတတ်လို့ ဒကာ၊ ဒကာမတို့ ကျုပ်တို့မှာ နိဗ္ဗာန်မရောက်ဘဲ ဖြစ်ပြီး သကာလ နေလိုက်တာ၊ ခုဖြင့် အသုံးချတတ်ကြတော့မှာပဲဆိုတာ ဒကာ ဒကာမတို့ လေးလေးစားစား မှတ်ပါ။
ကဲ ဒီဘက်က တစ်က ဘာပါလိမ့် (သဗ္ဗေ သင်္ခရာ အနိစ္စာ)။ ဪ မင်းတို့သန္တာန်မှာ ရုပ်တွေ၊ နာမ်တွေဟာ မင်းတို့ ရှုချင်တာ ရှုပျော့တဲ့။ ဖြစ်တာနဲ့ ပျက်တာ အနိစ္စတွေ့ပါလိမ့်မယ် (မှန်ပါ့)။
ဖြစ်တာနဲ့ ပျက်တာ အနိစ္စပဲ ရှိပါလိမ့်မယ် (မှန်ပါ့)။ အဲဒါ ဘာလုပ်ရမလဲ (ယဒါ ပညာယ ပဿတိ)။ ယဒါ- အကြင် ဖြစ်ပျက်ပြသည့်အခါ၌၊ ပညာယ- ပညာဖြင့်၊ ပဿတိ- ရှုပေးပါ။
တစ်၊ တစ်ချင်းတွဲပါ
ဖြစ်ပျက်ပြရင် ဘာနဲ့ ရှုရမလဲ (ပညာနဲ့ ရှုရမှာပါ)။ ပညာနဲ့ ရှုပေးဆိုတော့ သော် တစ်၊ တစ်ချင်း ကိုက်ယူရမယ်။ သဘောကျပလား (ကျပါပြီ)။ ဘာ,ဘာချင်း ကိုက်တာလဲ (တစ်၊ တစ်ချင်း ကိုက်သွားတာ)။ တစ်၊ တစ်ချင်း ကိုက်တာတဲ့။
ဒါဖြင့် အရှုခံနဲ့ ရှုဉာဏ်နဲ့ သွားကိုက်တာ၊ သဘောပါကြ ပြီလား (ပါပါပြီဘုရား)။ အရှုခံနဲ့ (ရှုဉာဏ်နဲ့ပါ)။ ဒါက ဘုန်းကြီးတို့ ဟောတာလည်း များပါပြီ။ သို့သော်လည်း အခု ဒကာ ဒကာမတွေ တချို့ မနာသေးတဲ့ ပုဂ္ဂိုလ်တွေ အတွက် မောင်နိုင်။ သီးသန့်ပြောပေးနေတယ် (မှန်ပါ့)။ သီးသန့်ပြော ပေးနေတယ်တဲ့။
ဒါဖြင့် ဒကာ၊ ဒကာမတို့ တစ်နံပါတ် ဉာဏ်သည် အနိစ္စ ကိုဖြင့်၊ အနိစ္စဆိုတာ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” ဟုတွာ-ဖြစ်၍၊ အဘာဝဋ္ဌေန- မရှိခြင်းသည်၊ အနိစ္စံ- အနိစ္စပဲ။
ရှုဖြစ်အောင် ရှုပါလို့ မှာတော်မူတယ်
ဖြစ်ပြီး မရှိတာ (အနိစ္စပါ)။ အဲဒီ အနိစ္စကို၊ ယထာအကြင်အခါ၌ သူက အနိစ္စပြတဲ့အခါမှ၊ ပညာယ- မင်းတို့ဝမ်းထဲ မှာရှိတဲ့ မဂ်ပညာဖြင့်၊ သိတာ မဂ်ပညာဖြစ်တာပါပဲ။ ပဿတိ- ရှုဖြစ်အောင် ရှုပါကွာ၊ ဆိုတာ ဘုရားသခင်က မှာတော်မူတယ်။ ဘုရား၏ကိစ္စ သဘောကျပလား (ကျပါပြီ)။
အနိစ္စပြရင် ဘာနဲ့ကြည့်မလဲ (ဉာဏ်နဲ့ကြည့်ရမယ်)။ ပညာနဲ့ကြည့်ပေး။ မပြရင် မကြည့်ပါနဲ့တဲ့။ ယဒါ- ပါပါသေး တယ်။ ယဒါ- အကြင်သူ ပြတဲ့အချိန်၌၊ ပညာယ- ပညာဖြင့်၊ ပဿတိ- ရှုပေး။
သူက ပြရင် ကြည့်သာကြည့် (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။ တစ်ကပြရင် တစ်ကကြည့်ပါ။ တစ်ကပြ ရင် (တစ်ကကြည့်ပါ)ပျက်ပြီ။ ဒကာ ဒကာမတွေ ရှုပါများ နေကြသေး သလား (မနေပါဘူး ဘုရား)။
ရှေးတရားတွေ ဖျက်တာမဟုတ်
အင်မတန် ရှင်းနေပြီ ဆိုတာဖြင့်ဘာမျှမလိုတော့ပါဘူး တဲ့။ ရှေးတရားတွေ ဖျက်ပစ်တာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ ဉာဏ်စဉ် ကိုက်ပေးနေတာ။ သဘောကျပလား (ကျပါပြီ)။
ရှေးတရားတွေက မင်းတို့နားလည်လည်၊ မလည်လည် ငါ့တရားဆုံးပြီးရောဆိုတဲ့ အဓိပ္ပာယ် ပါတယ်။ မပါဘူးလား (ပါပါတယ်)။ သူတို့ နားလည်လည်း၊ သူတို့ ကံအလိုက်ပေါ့ကွာ၊ ကိုယ်ကတော့ ဝတ္တရားအတိုင်း ဆိုပြီးသကာလ ဟောသွားတာ၊ နားမလည်လည်အောင် ထပ်မေးပြီး ပြောနေတဲ့ဥစ္စာ အင်မတန် ရှားတယ် (ရှားပါတယ်)။
နားလည်အောင်မေးပြီး ဟောနေတာ
ဟောတဲ့ဘက်က ရှိတယ်။ ဘုရားလက်ထက်ကလည်း ရှိ တယ်။ ဟေ့ ရဟန်းတို့ ရုပ်ဟာ အနိစ္စလား၊ နိစ္စလားကွလို့ မေးလိုက်တယ်။ ရဟန်းတွေက အနိစ္စပါဘုရား ဆိုမှ၊ သူက ရှေ့ ဆက်တယ်။ သဘောကျပလား (ကျပါပြီ)။
နောက်က ခန္ဓာကိုယ် သွားကြည့်ကြည့်၊ ဘယ်ပဲသွား ကြည့်ကြည့်၊ ဘုရားက မေးပြီးမှ အခု ဘုန်းကြီး ဟောတာလို မေးပြီးမှ သူတို့ဆီက အဖြေရတော့မှ ရှေ့ ကိုဆက်တယ် ကိုစံလှ ရေ၊ ဘုရားဟောတာတွေ တွေ့ပြီမဟုတ်လား (တွေ့ပါပြီ – ဘုရား)။
ရုပ်ဟာ အနိစ္စလား၊ နိစ္စလား၊ ရူပံ နိစ္စံဝါ အနိစ္စ ဝါတိ ဆိုတော့ ဟိုက အနိစ္စံ ဘန္တေ လိုက်လာတဲ့ အခါကျတော့မှ သူက အဲဒီ အနိစ္စဟာ ဒုက္ခလား၊ သုခလားလို့ ဆက်ပြီးမေးပြန်တာပဲ။ ဟိုက ဒုက္ခံဘန္တေ ဆိုတော့မှ ဪ သူအဖြေမှန်ပြ ီဆိုမှ အဲဒီ အနိစ္စ၊ ဒုက္ခဖြစ်တဲ့တရားဟာကွာ ဧတံ မမ၊ ဧသော မေအတ္တာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုနိုင်ရဲ့လားဆိုတော့ မဆိုနိုင်ဘူးဘုရား ဆိုတော့မှ ဘုရားကလည်း မှန်သားပဲ၊ နေရာကျပြီဆိုပြီး မေးဖြေ သွားတာ။
ဘုရား၏ ဟောစဉ်အတိုင်း ဟောနေတာ
အဲဒီဟောတဲ့အတိုင်း အခုဟောနေတယ်ဆိုတာ မှတ်ကြ ပါ (မှန်ပါ့)။ ဒါ ခုမှ အသစ် ထွင်တာလား၊ ဘုရား၏ ဟောစဉ်လား (ဘုရား၏ ဟောစဉ်ပါဘုရား)။ အဲ ဒကာ ဒကာမတွေ က ဖြေလိုက်ရတာ ဒီအတိုင်းပဲလို့ မှတ်ကြပါ (မှန်ပါ)။
ကဲ ဒကာ ဒကာမတို့ တစ်၊ တစ်ချင်း တွဲတာပါ (မှန်ပါ့)။ ပထမ တစ်က ပါဠိတော် ဘာတဲ့လဲ (သဗ္ဗေသင်္ခါရာ အနိစ္စာပါ)။ ကဲ ဒါက အရှုခံဘက်က (မှန်ပါ့)။ ရှုဉာဏ်ဘက်က ဘု ရားက ဘယ်လို ဟောလိုက်သလဲ (ယဒါ ပညာယ ပဿတိ)။
ယဒါ ပညာယ ပဿတိ၊ ယဒါ- အကြင်အခါ၌၊ ဖြစ်ပျက်ပြတဲ့ အခါ၌၊ ပညာယ- ပညာဖြင့်၊ ပဿတိ- ရှုပေး ပါကွာ ဆိုတော့ ရှုပ်သေးသလား (မရှုပ်ပါဘူး)။ ဒီကလည်း မပြတဲ့အခါ ရှိသေးသလား (မရှိပါဘူး)။
မဂ်ပညာဖြင့် ကြည့်ပေးပါ
ဒီက မရှုမိမှာစိုးလို့ ဘုရားက ယဒါ- ထည့်ပေးတယ်။ ယဒါ- အကြင်အခါ၌၊ သူပြနေတဲ့အခါ၌၊ ပညာယ- ပညာနဲ့၊ ပဿတိ- ကြည့်ပေးပါကွာ ဆိုတာ မဂ်ပညာဖြင့် ကြည့်ပေးပါလို့ ပြောတာ၊ သဘောကျပြီလား (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် တစ်ဖြင့် ကျေကျေနပ်နပ်ရှိပါပြီ (ရှိပါပြီဘုရား)။ ဒကာ ဒကာမတို့ ဘယ့်နှယ် လုပ်မယ် (ကျေနပ် ပါတယ်)။ တစ်၊ တစ်ချင်းတွဲ ကျေနပ်ပါပြီလား (ကျေနပ်ပါပြီ)။
ဪ တစ် တစ်ချင်းတွဲတာ ကျေနပ်လို့ရှိရင်ဖြင့် နှစ်၊ နှစ်ချင်းတွဲတာ သွားကြဦးစို့ (မှန်ပါ့)။ ဘာပါလိမ့် (နှစ်၊ နှစ်ချင်းတွဲတာ သွားပါမယ် ဘုရား)။
နှစ်၊ နှစ်ချင်းတွဲကြဦးစို့
နှစ်၊ နှစ်ချင်းတွဲတာကို သွားကြဦးစို့ဆိုတော့ ဂါထာဖြစ် နေတဲ့အတွက်တဲ့၊ ဒီဥစ္စာ ဘာပါလိမ့်မတုံး ဆိုတော့၊ ‘‘အထ နိဗ္ဗိန္ဒတိ ဒုက္ခေ’’ လို့ မလာဘူးလား (လာပါတယ်)။
ဒကာ ဒကာမတို့ သူက ဒုက္ခလို့မှတ်ပါနော်။ သူက ရှုပြီးတဲ့ အခါကျလို့ရှိရင် သူ့ကိုကွာ၊ ဒုက္ခသစ္စာလို့ ရှုစမ်းပါ၊ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် သူက နိဗ္ဗိန္ဒတိ မထည့်နဲ့၊ သူက ဒုက္ခလို့ မှတ်ပါ (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ)။ သူက အထ နိဗ္ဗိန္ဒတိ လို့မှတ်ပါ၊ ငြီးငွေ့အောင်ရှုပေး။
ဖြစ်ပျက် ဒုက္ခသစ္စာကို ငြီးငွေ့အောင် ရှုကွ၊ ဖြစ်ပျက်ဒုက္ခ သစ္စာကို (ငြီးငွေ့အောင်ရှုပါ)။
ဒုက္ခေကို နိဗ္ဗိန္ဒတိနဲ့တွဲ
ဒါကြောင့် ဒုက္ခေ၊ ဒီဘက်က နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒတိဆိုတာ နိဗ္ဗိန္ဒဉာဏ်၊ ဒုက္ခကို ဘာလုပ်ရမလဲ (ငြီးငွေ့ အောင် ရှုရပါမယ်)။ ဒါဖြင့် ဒုက္ခကို နိဗ္ဗိန္ဒတိနဲ့တွဲပါ (မှန်ပါ့)။ ဒုက္ခေကို (နိဗ္ဗိန္ဒတိနဲ့ တွဲရမှာပါ)။ သဘောကျပလား (ကျပါပြီ)။
ဪ ဒါဖြင့် နှစ်၊ နှစ်ချင်းတွဲပါ။ နှစ်၊ နှစ်ချင်းတွဲတော့ ဒီဥစ္စာကို ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ ဒီက ငြီးငွေ့လိမ့်မယ်။ ငြီး ငွေ့ တဲ့ဉာဏ်နဲ့၊ ငြီးငွေ့တာကို ရှုပါ၊ သဘောကျပလား (ကျပါပြီ)။
ဒုက္ခကို ဘာနဲ့တွဲရမယ် (ငြီးငွေ့အောင်လုပ်တာနဲ့ တွဲရ ပါမယ်)။ နိဗ္ဗိန္ဒတိနဲ့တွဲပါ၊ နိဗ္ဗိန္ဒတိဆိုတာ ဘာပါလိမ့်မတုံး။ ဒကာ ဒကာမတို့ (ငြီးငွေ့တာပါဘုရာ)။ ကိုင်း ငြီးငွေ့သည့်တိုင် ရှုကွ။
ဒုက္ခသစ္စာကို ငြီးငွေ့အောင်ရှု
အဲဒီ ဖြစ်ပျက်ဒုက္ခသစ္စာကို ငြီးငွေ့လာအောင်ရှု၊ သဘော ကျပလား (ကျပါပြီ)။
ဒုက္ခကို ဘာနဲ့ လုပ်ရမှာတုံး (ငြီးငွေ့ လာအောင် လုပ်ရပါမယ်)။ သဘောကျပလား (ကျပါပြီ)။ ဒုက္ခကို (ငြီးငွေ့လာအောင်ရှုရပါမယ်)။ သဘောကျပလား (ကျပါပြီ)။
ဒါ ပါဠိပြောင်းပြန်လှည့်ထားတာ၊ သဘောကျပလား (ကျပါပြီ)။ ဪ ဒါဖြင့် နှစ်၊ နှစ်ချင်း ပါလား (မှန်ပါ့)။ နှစ်၊ နှစ်ချင်း တွဲပါတဲ့။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ ဒီနေရာမှာ ရှုပေးပါ (မှန်ပါ့)။
ဘယ်လို အခြေအနေရောက်အောင် ရှုရမလဲ ဆိုတော့၊ ငြီးငွေ့သည့်တိုင် ရှုပေး (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ။) ဒါက ဖြစ်ပျက်မြင်အောင်ရှု၊ ဒါက ဒီဥစ္စာက ဒုက္ခသစ္စာ ကို မုန်းအောင်ရှု (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။ ဒါက ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ ဒါက ဘာလုပ်ရမလဲ (မုန်းအောင် ရှုရပါမယ်)။
မုန်းဉာဏ်ဖြစ်ပေါ်လာအောင်ကြည့်
မုန်းအောင်ရှု ဆိုတော့ မုန်းဉာဏ်ဖြစ်ပေါ်လာသည့် တိုင် အောင်ကြည့်ပါ။ ဘယ်လို ကြည့်ရမှာလဲ (မုန်းဉာဏ်ဖြစ်ပေါ်လာ အောင်ကြည့်ရမှာပါ)။
ဪ ဒါဖြင့် အရှုဉာဏ်နဲ့ တိုက်လိုက်တဲ့ အခါကျတော့ ဒီဘက်က ဘာတဲ့ (ဒုက္ခေ)၊ ဒီဘက်က (နိဗ္ဗိန္ဒတိ)။ သဘောကျ ပလား (ကျပါပြီ)။
ဪ ဒုက္ခေနဲ့ နိဗ္ဗိန္ဒတိ တွဲရမှာပါလား (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ ဘာနဲ့ ဘာတွဲရမလဲ (ဒုက္ခနဲ့ နိဗ္ဗိန္ဒတိ တွဲရမှာပါ)။ ရှင်းပြီ ဒကာ ဒကာမတို့နော်။
ဖြစ်ပျက်မြင်အောင်ကြည့်
အင်း ခင်ဗျားတို့ ဒီတုန်းကတော့ ဖြစ်ပျက်မြင်ရင် တော်ပါပြီတဲ့။ ဒီကျတော့ ဖြစ်ပျက်ဟာကွာတဲ့၊ ဒုက္ခသစ္စာ ဆိုတာ မင်းက မှတ်ပြီးသကာလ ငြီးငွေ့အောင်ရှုပါတဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်ဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။ အဲဒါ ဘယ်လိုဖြစ်အောင် ကြည့်ရမှာလဲ (ငြီးငွေ့ အောင်ကြည့်ရမှာပါ)။ ဒါကြောင့် ဒုက္ခေ နိဗ္ဗိန္ဒတိ၊ သဘောကျပြီလား (ကျပါ ပြီ)။ ဒီဘက်ကတော့ (သဗ္ဗေ သင်္ခါရာ အနိစ္စာ)။ ဒီဘက်က (ယဒါ ပညာယ ပဿတိ)။
ဒီကျတော့ ဘယ်လိုပြောရမလဲ (အထ နိဗ္ဗိန္ဒတိ ဒုက္ခေ)။ ဒုက္ခေ ပြောင်းလိုက်၊ ဒီကျတော့ (နိဗ္ဗိန္ဒတိ)။
ဖြစ်ပျက်မုန်းအောင်ကြည့်
ဒုက္ခသစ္စာကို ဖြစ်ပျက်ဒုက္ခသစ္စာကို ငြီးငွေ့အောင်၊ မုန်း အောင်ကြည့်ပေး (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ)။
ဪ ဒါဖြင့် တစ်နံပါတ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်မြင်တဲ့ဉာဏ် (မှန်ပါ့)။ နှစ်နံပါတ်က ဖြစ်ပျက်မုန်းတဲ့ ဉာဏ်၊ ဖြစ်ပျက် ဒုက္ခသစ္စာကို (မုန်းတဲ့ဉာဏ်)။ မုန်းရင်ကြိုက်ပြီ။ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါ ဘုရားဟောတော်မူတဲ့ ဉာဏ်သုံးဆင့်ကို ယနေ့ရှင်း မယ်၊ ဉာဏ်သုံးဆင့်ကို ရှင်းတော့ သံယုတ်ပါဠိတော်မှာလည်း ဒီအတိုင်းပဲ ရှိပါတယ်။ သို့သော် ဒီဂါထာက လူရများလို့ ဘုန်းကြီး က ဒီဂါထာ အသုံးချပေးတယ်နော်။ လူရများလို့လို့ မှတ်ကြပါ။
ကောင်းပြီ ဒကာ ဒကာမတို့။ ဒါဖြင့် မုန်းပြီဘုရား၊ မုန်း လို့ရှိရင်ဖြင့် ဖြစ်ပျက် ဒုက္ခသစ္စာကြီး၊ တပည့်တော်ဖြင့် မုန်းနေပြီဘုရား။ ကြည့်ရတာ မုန်းဉာဏ်ဖြင့် တော်တော့ကို သန်နေပြီ ဘုရား။
မုန်းတဲ့ဉာဏ် အတော်သန်ပါပြီ ဆိုလို့ရှိရင်ဖြင့်ကွာတဲ့၊ မင်း တစ်ဆင့်တက်တာပေါ့။
နှစ်၊ နှစ်ချင်းတွဲတတ်ကြပြီလား (တွဲတတ်ကျပါပြီ)။ ဒကာ ဒကာမတို့-နှစ်၊ နှစ်ချင်း (တွဲရမယ်)။ ဒုက္ခေနဲ့ ဘာနဲ့ တွဲရမလဲ (နိဗ္ဗိန္ဒတိနဲ့ တွဲရမယ်)။
အနိစ္စနဲ့ ယထာပညာယ ပဿတိနဲ့တွဲ၊ ဒုက္ခေနဲ့ (နိဗ္ဗိန္ဒတိနဲ့ တွဲရမယ်)။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲတဲ့၊ အဲဒီဒုက္ခသစ္စာကို နိဗ္ဗန္ဒဉာဏ်ဖြစ်အောင် ပွားပါ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။
ဪ ဒုက္ခေနဲ့ နိဗ္ဗိန္ဒတိနဲ့တွဲ။ ရှင်းကြပလား (ရှင်းပါ ပြီ)။ ဒုက္ခေနဲ့ (နိဗ္ဗိန္ဒတိနဲ့ တွဲရပါမယ်)။ ဒီလိုတွဲကြပါ ဒကာ ဒကာမတို့။
ကဲ ဒါဖြင့် ရှေ့ကိုတက်ကြပါစို့။ ဒီဂါထာ ကုန်သွား အောင်နော်။ ဪ တစ်ပြီးမှ နှစ် လုပ်ရမှာပါလား ဆိုတာကို ဆုံး ဖြတ်ချက်ချပါ (မှန်ပါ့)။
တစ်ကို မရောက်ဘဲနဲ့ နှစ်ကိုမလုပ်ပါနဲ့ (မှန်ပါ့)။ ဖြစ် ပျက် မမြင်ဘဲနဲ့ ဒကာ ဒကာမတို့တဲ့၊ ဒုက္ခသစ္စာကို သွားပြီး ဘယ်တော့မှ မရှုပါနဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်မမြင်ဘဲနဲ့ (ဒုက္ခသစ္စာကို သွားပြီးမရှုပါနဲ့)။ မရှုနဲ့၊ သူ့ပါဠိတော်ကို ကြည့်ပါလား။ သဗ္ဗေ သင်္ခါရာ အနိစ္စာ ဆိုတော့ ဖြစ်ပျက်။ ယဒါ ပညာယ ပဿတိ ဆိုတော့ ပညာနဲ့ရှုနေ ရုံနဲ့ပဲ ဖြစ်ပျက်ကို မင်းအားရပြီလား ဆိုတော့ မဂ်ဉာဏ်ဟာတဲ့၊ အလိုလို တက်ပါလိမ့်မယ်။
ဒုက္ခေ နိဗ္ဗိန္ဒတိ ဖြစ်လာပါလိမ့်မယ်။ သဘောကျပလား (ကျပါပြီ)။ ဒုက္ခဖြစ်ပျက် ဒုက္ခသစ္စာ၌၊ နိဗ္ဗိန္ဒတိ- မင်းငြီးငွေ့ တဲ့ဉာဏ် ပေါ်ပါလိမ့်မယ်ကွတဲ့။ ဘယ်သူက ဟောပါလိမ့် (ဘုရားက ဟောပါတယ်)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဪ ဒါဖြင့် တစ်-ဉာဏ်ရယ်၊ နှစ်-ဉာဏ်ရယ်ဖြင့် တို့ ပိုင်ပြီလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ (ချပါပြီဘုရား)။ မပိုင်ကြသေးဘူးလား (ပိုင်ပါပြီ)။
(၃) နံပါတ်ကျတော့ မဂ်ဆိုက်ပြီ
ပိုင်ပြီလို့ ကဲ သုံးကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ မဂ်ဆိုက်ပြီ လို့ မှတ်ပါ (မှန်ပါ့)။ သုံးကျတော့ (မဂ်ဆိုက်ပါပြီဘုရား)။
အဲဒီတော့ အကြောင်းနှစ်ခုက ပြီးသွားပြီ။ ဝိသုဒ္ဓိယာ ဧသ မဂ္ဂေါ။ ဒီဘက်က ဘာပါလိမ့် (ဝိသုဒ္ဓိယာ)။ ဒီဘက်က (ဧသ မဂ္ဂေါ) ဝိသုဒ္ဓိယာ-ဆိုတာ ကိလေသာမြူမှေး အညစ် အကြေးထဲမှာ စင်ကြယ်တာက ဝိသုဒ္ဓိဆိုတာ နိဗ္ဗာန်ကို ဆိုတာ (မှန်ပါ့)။
ဝိသုဒ္ဓိယာ- စင်ကြယ်သော နိဗ္ဗာန်သို့၊ မဂ္ဂေါ-ရောက် ကြောင်းပဲ။ အဲဒါက မဂ္ဂသစ္စာ လာဖြစ်တယ်။ သဘောကျပြီ လား (ကျပါပြီ)။
ဒါဖြင့် ဒီဘက်က ဘာပါလိမ့် (ဝိသုဒ္ဓိယာပါ) ဝိသုဒ္ဓိယာ ဒီဘက်က (မဂ္ဂေါ)။ ဒီဘက်က (ဝိသုဒ္ဓိယာ)။ဒီဘက်က (မဂ္ဂေါ)။
နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ် ပေါ်တယ်
ဪ- ဒါဖြင့် ဒီဉာဏ်ပြီးလို့ရှိရင်ကွာ မဂ်ဉာဏ်ပေါ် နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ် ပေါ်တာပါပဲတဲ့၊ မင်းတို့ လျှာရှည်မနေပါ နဲ့တော့ သေသေချာချာ ဟောတယ်၊ ဘုရား သေသေချာချာ မဟောသေးဘူးလား (ဟောပါတယ်)။
ဒကာ ဒကာမတို့ ဒီဘက်က ဘာတဲ့ (ဝိသုဒ္ဓိယာ)၊ ဒီဘက်ကကော (မဂ္ဂေါ)၊ ဒါဖြင့် ဝိသုဒ္ဓိယာ- စင်ကြယ်သော နိဗ္ဗာန်သို့၊ မဂ္ဂေါ- ရောက်ကြောင်းတရား ဖြစ်လာပါပြီတဲ့။
မင်းတို့ခန္ဓာကိုယ်၊ မဂ်စစ်ဖြစ်ပါပြီ။ ဒါတွေက မဂ်မစစ် သေးဘူး၊ ဝိပဿနာမဂ် ဒီနှစ်ခုက၊ ဒါက လောကုတ္တရာမဂ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
မဂ်တော့ မဂ်ချည်းပဲတဲ့၊ မဂ်သုံးခုဖြစ်နေတယ်၊ သဘော ပါပြီလား (ပါပါပြီ)၊ ဒါဖြင့် ဘုန်းကြီးက ထောက်ပြမယ်၊ ခင်ဗျားတို့က ပါဠိတော်လိုက်။
ဒီနေ့ည ဒီဥစ္စာဟာ အရေးတကြီးပြောတာပဲ (မှန်ပါ)၊ ဪ ဒီဉာဏ်ပြီး၊ ဒီဉာဏ်တက်ရမယ်၊ ဒီဉာဏ်ပြီးမှ ဒီဉာဏ် တက်ရမယ်ဆိုတဲ့ ဉာဏ်စဉ်လည်း ပါသွားပြီ ဆိုတာ သဘောကျ ပလား (ကျပါပြီ)။
ကဲ ဒီထောက်လိုက်တယ် ဘယ့်နှယ်ရွတ်ကြမလဲ (သဗ္ဗေသင်္ခါရာ အနိစ္စာ)။
ကဲ ဒီထောက်လိုက်တယ် (ယဒါ ပညာယ ပဿတိ)။ ဪ ဒါဖြင့် ဖြစ်ပျက်ကို ပညာနဲ့ကြည့် ပြောတာ။
တစ်နံပါတ်က ဖြစ်ပျက်မြင်အောင်ကြည့်
အနိစ္စကို (ပညာနဲ့ကြည့်ရမယ်)။ ရှင်းသွားပြီ ဒကာ ဒကာမတို့။ ဪ ဒါဖြင့် ဖြစ်ပျက် မြင်အောင်ကြည့်၊ မြန်မာလို ပြန်လိုက်တော့ သဘောကျပလား (ကျပါပြီ)။ ဖြစ်ပျက်ကို (မြင်အောင် ကြည့်ရမှာပါ)။ မြင်အောင်ကြည့် ဆိုတော့ ဒီပါဠိတော်က ရှိတယ်။
ကောင်းကောင်း ကျေနပ်ပါပြီလား (ကျေနပ်ပါပြီ)။ ဒီဘက်က ဘာပါလိမ့် (ဒုက္ခေ)။ ဒုက္ခေ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ ပဲ မဟုတ်လား (ဟုတ်ပါတယ်)။ အားလုံး နားလည်အောင် ပြောတာ။
အဲဒါ ဘယ်လိုတည့်အောင် ကြည့်ရမှာလဲ (မုန်းအောင် ကြည့်ရမယ်)။ ဪ ဖြစ်ပျက်ကို မုန်းအောင်ကြည့်၊ သဘော ကျပလား (ကျပါပြီ)။ တစ်နံပါတ်က ဖြစ်ပျက် မြင်အောင်သာ ကြည့်ရမယ် (မှန်ပါ့)။
နှစ်နံပါတ်က ဖြစ်ပျက်မုန်းအောင်ကြည့်
နှစ်နံပါတ်က ဘာလုပ်ရမလဲ (မုန်းအောင်ကြည့်ရပါ မယ်)။ မုန်းအောင်ကြည့်ရမယ် ဆိုတဲ့ သဘောပေါ်ပြီလား (ပေါ်ပါပြီ)။
အင်း ဘုန်းကြီးက ပြောတာလား၊ ဘုရားက ဟောတာ လား (ဘုရားက ဟောတာပါဘုရား)။ အင်း ပြန်ထောက်ပြ မယ် ဒကာ၊ ဒကာမတို့၊ ဘာတဲ့လဲ (ဒုက္ခေ)၊ ဒီဘက်ကကော (နိဗ္ဗိန္ဒတိ)။
အဲ ဖြစ်ပျက်ဒုက္ခသစ္စာကို ငြီးငွေ့အောင်၊ နိဗ္ဗိန္ဒဉာဏ် ပေါ်အောင် ကြည့်လိုက်၊ ငြီးငွေ့ လာပါလိမ့်မယ်တဲ့။
ဒါဖြင့် ဒီဉာဏ်ပြီးမှ ဒီဉာဏ်တက် (မှန်ပါ့)။ ရှင်းကြပြီ လား (ရှင်းပါပြီ)။ ကောင်းပြီ၊ ဒီဘက်က ဘာတဲ့ (ဝိသုဒ္ဓိယာ)။ ဝိသုဒ္ဓိယာဆိုတာ တရားကိုယ်ကောက်လိုက်တော့ ဘာပါလိမ့် (နိဗ္ဗာန်ပါ)။ နိဗ္ဗာန်ဟာ စင်ကြယ်တဲ့ နိဗ္ဗာန်။
ဒီဘက်က ဘာပါလိမ့် (မဂ္ဂေါ)။ မဂ္ဂါ၊ နိဗ္ဗာန်နဲ့ မဂ်နဲ့ တွဲပါကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ငြီးငွေ့ လာလို့ ရှိရင်တဲ့ နိဗ္ဗာန် မြင်တဲ့မဂ် ပေါ်လာတယ်။
ငြီးငွေ့ပြီးတဲ့အဆုံး မဂ်ပေါ်မယ်
ငြီးငွေ့ပြီးတဲ့အဆုံးကျလို့ရှိရင် ဘာပေါ်မလဲ (မဂ်ပေါ် မယ်)။ နိဗ္ဗာန်မြင်တဲ့မဂ် ပေါ်ပါတယ်။ သဘောကျပလား (ကျ ပါပြီ)။
ကိုင်း ဒါ ဒီဘက်က ဘာပါလိမ့် (ဝိသုဒ္ဓိယာ)။ ဝိသုဒ္ဓိယာ၊ ဒီဘက်ကကော (ဧသ မဂ္ဂေါ)။ မဂ္ဂင်ရှစ်ပါး တစ်ခါတည်း လာဖြစ်တယ်။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီပါဠိတော်နဲ့ ဒီ ယခုပြလာတဲ့ အခြေအနေနဲ့ဖြင့် စိုးရိမ်စရာ ရှိသေးရဲ့လား (မရှိပါဘူး)။
ကိုင်း ဒါဖြင့် ဖောက်ပြန်တာ ဒကာ ဒကာမတို့ ဘာတဲ့ (သဗ္ဗေသင်္ခါရာ အနိစ္စာ)။ ဒီဘက်က (ယဒါ ပညာယ ပဿတိ)။ ကောင်းပြီ ဒါကတော့ သူ့ပါဠိတော်အစဉ်ပဲ။
ဂါထာဖြစ်နေတဲ့အတွက် ဒီဘက်က ဘာတဲ့ (နိဗ္ဗိန္ဒတိ ဒုက္ခေ)။ ဖြစ်ပျက်က (ဒုက္ခသစ္စာ)၊ ဒုက္ခသစ္စာ၊ အဲဒါ ဘာလုပ်ရ မလဲ (နိဗ္ဗိန္ဒတိ) ငြီးငွေ့အောင် ရှုပေးကွတဲ့၊ သဘောကျပလား (ကျပါပြီ)။
ငြီးငွေ့အောင်ရှု၊ ဖြစ်ပျက် ဒုက္ခသစ္စာကို (ငြီးငွေ့ အောင် ရှုရမယ်)။ ငြီးငွေ့ပါပြီဘုရားလို့ ဆိုလို့ရှိရင်ဖြင့်၊ အို ငြီးငွေ့လာ ရင် မင်းတို့ မပူနဲ့တော့၊ ဒီဘက်က ဘာပါလိမ့် (ပိသုဒ္ဓိယာ)။
ဝိသုဒ္ဓိယာဆိုတာ နိဗ္ဗာန်
ဝိသုဒ္ဓိယာ ဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်)။ နိဗ္ဗာန်၊ သဘောကျပလား (ကျပါပြီ)။ ဒီဘက်က ဘာပါလိမ့် (မဂ္ဂေါ)။ မဂ္ဂေါ ဆိုတာ ဪ် နိဗ္ဗာန်မြင်တဲ့မဂ် ပေါ်ပြီလို့ ဆိုတာ။ ငြီးငွေ့ ပြီးလို့ရှိရင် နိဗ္ဗာန်မြင်တဲ့ မဂ်ဟာ မင်းတို့ အလိုလို ပေါ်လာတာပဲ (မှန်ပါ့)။
ငြီးငွေ့လို့ရှိရင် ပေါ်တော့တာပဲ။ ဒါဟာ မင်းတို့ ဆု တောင်းမနေနဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒီဂါထာနဲ့ ဒီအစဉ်ကို တင်ပြဖို့ ရွေးထား လိုက်တာပေါ့ (မှန်ပါ)။
အဲဒါတို့သည် ဘယ်က စလုပ်ရမှာလည်းဆိုတော့ တစ်။ တစ်ကိုစပြီး ရင့်ကျက်လာလို့ရှိရင် ခင်ဗျားတို့က မတက်နဲ့၊ သူ့ဟာသူပဲ နှစ်ဖြစ်လာလိမ့်မယ် (မှန်ပါ့)။
ဒီဟာဖြစ်ပျက်က မုန်းစရာဖြစ်လာပြီးသကာလ သူမုန်း ဉာဏ်ပေါ်လာလိမ့်မယ်။ ဒုက္ခသစ္စာ ဖြစ်ပြီး၊ မုန်းဉာဏ်မပေါ်ပေ ဘူးလား (ပေါ်ပါတယ်)။
အဲဒီ မုန်းဉာဏ်ရင့်သန်လာလို့ရှိရင် ခင်ဗျားတို့က ငါရှေ့ တက်ဦးမယ်မလုပ်နဲ့၊ သူ့ဟာသူ ဉာဏ်က တက်လာပြီး သကာလ၊ နိဗ္ဗာန်ဝင်တဲ့ မဂ်ပေါ်လာလိမ့်မယ် (မှန်ပါ့)။ ခင်ဗျားတို့ဘာမှ မလုပ်နဲ့။
ဒီအတိုင်းသာ လုပ်နေ နိဗ္ဗာန်တွေ့တာပဲ
ဒီအတိုင်းသာလုပ်နေ၊ ဖြစ်ပျက်မြင်အောင်သာလုပ်၊ လုပ်ရင်းမတ္တ ဖြစ်ပျက်ဆုံးတော့တာပဲ။ သဘောကျပလား (ကျပါပြီ)။
ဒါနဲ့ဖြစ်ပျက် မုန်းရင်းမတ္တနဲ့ ပေရှုနေ၊ စိုက်ပြီး ရှု၊ ရှုလိုက် တဲ့အခါကျလို့ရှိရင် ရှုရင်းမတ္တနဲ့ ဒကာ ဒကာမတို့တဲ့၊ ဟောဒီ မဂ်ဉာဏ် ပေါ်လာပြီး နိဗ္ဗာန်တွေ့တာပဲ။
ခင်ဗျားတို့က ဘာမှဂရုမစိုက်ပါနဲ့၊ တစ်ဉာဏ် ရင့်အောင် လုပ်ရင် ဘာဖြစ်မယ်။ နှစ်-ဖြစ်မယ်၊ နှစ်-ဉာဏ် ရင့်သွားရင် သုံးဖြစ် တယ်။
ဒါတော့ ရင့်အောင် ဆိုတာက ဒကာ၊ ဒကာမတို့ပွားများ လိုက်ရင် ပြီးတာပဲ (မှန်ပါ့)။ သဘော ကျပလား (ကျပါပြီ)။ ဒါဖြင့် ဒကာ ဒကာမတို့ ဪ အလုပ်စဉ်ပါကလား ဆိုတာ သဘောကျပြီ (ကျပါတယ်ဘုရား)။ ဘာပါပါလိမ့် (အလုပ်စဉ် ပါပါတယ်)။
ဪ ခင်ဗျားတို့က သူများနောက်လိုက်ဂါထာဖြစ်နေ လို့ ခက်နေတာ သဘောကျပလား (ကျပါတယ်)။ အလုပ်စဉ် ဂါထာသည် (သူများနောက်လိုက် ဂါထာဖြစ်နေတယ်)။
သူများနောက်လိုက်ဂါထာ၊ အောင်မြင်ခြင်းဖြစ်တဲ့ဂါထာ အသုံးချနေတဲ့ အတွက် ခင်ဗျားတို့က တော်တော့ကို ခဲခဲယဉ်းယဉ်း ဖြစ်ပြီး သကာလ နေတာတဲ့၊ စင်စစ် ဒါနဲ့တင် ကျွတ်တယ်။ အထာ ကုန်ထားတာ။ အဲဒါ ဒီအတိုင်းပဲ၊ မကျွတ်ဘူးလား (ကျွတ်ပါတယ်)။
ကဲ ဒါဖြင့် ပြန်ထောက်ကြည့်၊ ဒီဂါထာလည်း ရကြ တယ် (သဗ္ဗေသင်္ခါရာ အနိစ္စာ)။ ဒီဘက်က (ယဒါ ပညာယ ပဿတိ)။ ကောင်းပြီတဲ့ ဒါရွတ်ရင် ဘာဖြစ်မတုံးဆိုတော့ ဘုရားက၊ ဒါ ထောက်လိုက်တယ် (နိဗ္ဗိန္ဒတိ)။ ဒီဒုက္ခသစ္စာ ဖြစ်လာမယ်၊ တဲ့။
ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ အရင်တုန်းက ဖြစ်ပျက်ချည်း ပဲ။ နောက် ဉာဏ်ရင့်လာတော့ ဪ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ ပါလားလို့ သူ့ဟာသူ၊ ဒီဘက်က ဘာလာဖြစ်လဲ (နိဗ္ဗိန္ဒတိ)။ ဟော ငြီးငွေ့တဲ့ဉာဏ် ပေါ်လာတယ်။ ဒါ ဒီဘက်က ဉာဏ် ချည်းမှတ်လိုက်။
အရှုခံသုံးဆင့်၊ ဉာဏ်သုံးဆင့်
ဒီဘက်က ဉာဏ်သုံးဆင့်၊ သဘောကျပြီလား ( ကျပါ ပြီ)။ ဒီဘက်က အရှုခံ သုံးဆင့်၊ ဒီဘက်က (ဉာဏ်သုံးဆင့်)။ ဒီဘက် က (အရှုခံသုံးဆင့်)။ အရှုခံသုံးဆင့်တဲ့။ ဒါ ဘုရား အဆူဆူ မစွန့်တဲ့ သဘောတွေဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီဘုရား)။
ကဲ ထောက်ပြန်ပြီ၊ ဒကာ ဒကာမတို့ (ဝိသုဒ္ဓိယာ)၊ ဝိသုဒ္ဓိယာ ဝိသုဒ္ဓိ-ဆိုတာ စင်ကြယ်တာ (မှန်ပါ)။ စင်ကြယ်တာ ဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ)။ နိဗ္ဗာန်ဆိုတာ ကိလေသာ မြူ အညစ်အကြေးတွေ ပါသေးလား (မပါပါဘူး)။
ဒီဘက်က ဘာပါလိမ့် (မဂ္ဂါ)၊ ဪ စင်ကြယ်တာ ကို မဂ်ဉာဏ်က မြင်ပြီကွ၊ သဘော ကျပြီလား (ကျပါပြီ)။
တရားဟောဖို့ကိစ္စသည် ငါ့ကိစ္စတဲ့
ကောင်းပြီ၊ ဒါဖြင့် သူ့ကိုအားကိုးပြီး ရွတ်လာရင် ဘာ ဖြစ်မယ် (နှစ်ဖြစ်မယ်)။ နှစ်ရွတ်လာရင် ဘာဖြစ်မယ် (သုံးဖြစ် မယ်)။ သုံးဖြစ်မယ်ဆိုတော့ ကျုပ်တို့ အလုပ်က ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဘယ်လိုလဲ ဆိုလို့ရှိရင်ဖြင့်တဲ့
‘‘ဧတ္တက မေဝ ဟိ အနုကမ္ပကဿ သတ္ထု ကိစ္စ ယဒိဒံ အဝိပရီတ ဓမ္မ ဒေသနာ။’’
တရားဟောဖို့ကိစ္စသည် ငါ့ကိစ္စ။
ဣတော ပရံပန- ဟောပြီးသည့်အခြားမဲ့၌၊ ပဋိပတ္တိယာ-ကျင့်ဖို့ကိစ္စသည်၊ သာဝကာနံ- ဤတရားနာသော ဒကာ၊ ဒကာမတို့၏၊ ကိစ္စံ- ကိစ္စပဲ။
တရားနာသူများ၏ကိစ္စ
တစ်-ကျင့်ဖို့ရာ ခင်ဗျားတို့ကိစ္စ၊ နှစ်-ကျင့်ဖို့ကော (တပည့် တော်တို့ကိစ္စ)။ သုံးရဖို့ကော (တပည့်တော်တို့ကိစ္စ)။ ခင်ဗျားတို့ ကိစ္စချည်းပဲတဲ့။ ယနေ့ သုံးကိစ္စဟောပါမယ် (မှန်ပါ့)။
ဒါဖြင့် ဖြစ်ပျက်မြင်အောင်ကြည့်၊ ဖြစ်ပျက်မုန်းအောင် (ရှုရမှာပါ)။ ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်အောင်၊ ဟောဒီမဂ် ကတော့ ဘာဝေတဗ္ဗကိစ္စ (မှန်ပါ့)။ ပွားရမယ်တဲ့။
ဒီမဂ်ကကော (ပွားရမှာပဲ)။ ဒီမဂ်ကကော (ပွားရမှာ ပဲ)။ ပွားရမှာပဲတဲ့၊ သို့သော် ဒီမဂ်ကတော့ တစ်ကြိမ် ပေါ်ရင် ပြီးတာပဲ။ ပွားရမှာပဲ၊ တစ်မှာ ပွားရမယ်၊ နှစ်မှာ ပွားရမယ်၊ သုံး ကျတော့ တစ်ကြိမ် ပေါ်ရင်ပဲ နိဗ္ဗာန် မြင်သွားတာပဲ (မှန်ပါ)။
သုံးကျတော့ မပွားရတော့ဘူး
သုံးကျတော့ မပွားရတော့ဘူး၊ ဒါဖြင့် မဂ္ဂသစ္စာ၊ ဘာဝေတဗ္ဗကိစ္စနဲ့ ဘုရားက ဟောထားတာက ဘယ် မဂ်ဟောပါတုံး မေးတော့မှ ဪ-တစ်နဲ့နှစ် ဟောတာကိုး၊ သုံးနဲ့ရှေ့ကျတော့ ပွားရမှာ တစ်ကြိမ်ပေါ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် မဂ္ဂသစ္စာ တစ်ကြိမ်သာ ဆိုတဲ့အတိုင်း တစ်ကြိမ် သာ ပေါ်တယ်ဆိုတာ သဂြိုဟ်သမားများ ပါရင် သဘောကျသင့် ပါသည် (မှန်ပါ့)။
ပွားရမှာကတော့ တစ်မှာပွားရမယ်။ နှစ်မှာကော (ပွားရ ပါမယ်)။ ဒါဖြင့် ဒကာ ဒကာမတို့ တစ်ပွားရတာလည်း မကြာ ပါဘူး။
သေထည်ကြီး မြင်နေရတယ်
ဥပမာမှာ ဘုန်းကြီး ရှင်းပြပါ့မယ်၊ ခင်ဗျားတို့ အိမ်ရှေ့မှာ မသာအလောင်းကြီး ထမ်းသွားတာ မြင်နေရတယ်၊ သေထည် ကြီး မြင်နေရတယ်။ သေထည်ကြီး မြင်ပြီး၊ တစ်လောင်းပြီး တစ်လောင်း ထမ်းချတာကို ကိုယ့်အိမ်ရှေ့မှာ ကိုယ့်လမ်းကချည်း သွားတယ်။
တော်ကြာချလာချည်း ဆိုတော့ အနိစ္စတွေချည်း မြင်မနေ ဘူးလား ကိုဝရေ (မှန်ပါ့)။ ဆယ်လောင်းလောက် ရှိတဲ့အခါကျတော့ သို့သော်လည်း ကိုယ့်အိမ်ကလည်း လမ်းကိုမျက်နှာမူ ထားပြီး၊ ကိုယ်ကလည်း လမ်းဘက်လှည့်ထိုင်နေတော့ မမြင် ချင်ပေမဲ့ မြင်နေရမှာပဲ (မှန်ပါ့)။
မြင်ရင်းမတ္တနဲ့ ဒီမသာ ကြည့်ရတာ မုန်းလာတယ် (မှန်ပါ့)။ ဒီဥစ္စာ ဘယ့်နှယ်ကြောင့် မုန်းပါလိမ့်မတုံး၊ ဒီမသာကို မုန်းတီးတဲ့ သဘောဖြစ်လာပါလိမ့်မတုံး မေးတော့ ဘယ့်နှယ် ဖြေကြမလဲ (မြင်ပါများလို့)၊ မြင်ပါများလို့။
ဖြစ်ပျက်မြင်ပါများရင် မုန်းတဲ့ဉာဏ်လာတယ်
သဘောကျပလား (ကျပါပြီ)၊ ဘယ်လိုကြောင့်ပါ လိမ့် (မြင်ပါများလို့ပါ)၊ အဲ အပျက် မြင်ပါများရင် မုန်းတဲ့ဉာဏ် လာတာပဲ (မှန်ပါ့)။
ဖြစ်ပျက်မြင်ပါများရင် (မုန်းတဲ့ဉာဏ်လာပါတယ်)၊ မလာပါနဲ့ဆို (မရပါဘူး)၊ မရပါဘူး။
ကောင်းပြီ၊ ဒါဖြင့် နှစ်နံပါတ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကိုယ်ဆုတောင်း ယူရတာလား၊ တစ်ကိုကြည့်လို့ မြင်ပါများလို့ နှစ်ဖြစ်တာလား (တစ်ကိုမြင်ပါများလို့ နှစ်ဖြစ်တာ)။
သေချာလိုက်တာ ဒကာ ဒကာမတို့၊ တစ်ကိုမြင်ပါများ လို့ နှစ်ဖြစ်တာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ် လိုပါလိမ့် (တစ်မြင်ပါများလို့ နှစ်ဖြစ်တာ)။
တစ်ကိုမြင်ပါများလို့ နှစ်ဖြစ်တာ
တစ်မြင်ပါများလို့ နှစ်ဖြစ်တာဆိုတာ သေချာကြပြီလား (သေချာပါပြီ)။
ကိုင်း မုန်းတာမက ဒီမုန်းလျက်နဲ့ပဲ အိမ်ကလည်း လမ်း ဘက်လှည့်ဆောက်တယ်၊ ဒိပြင်လည်း မျက်နှာမူစရာ မရှိတော့၊ မုန်းလျက်နဲ့ပဲ မြင်နေရတယ် (မှန်ပါ့)။
မြင်တော့ ဒီမြင်တဲ့ဉာဏ်သည် ဒကာ ဒကာမတို့သန္တာန် ဝမ်းထဲမှာ ပြောင်းသွားလိမ့်မယ်။ မသာ မရှိတာ ကြိုက်ပါတော့ တယ်၊ ဒီဉာဏ် ဝင်မလာဘူးလား (လာပါတယ်)။
အဲဒီတော့ ဒီမှာ စင်ကြယ်တာလာတယ်၊ မသာ မရှိတော့ ဘူး၊ ဒါဖြင့် အမတံ- မသေရာ အမှန်ပြည်နိဗ္ဗာန် ဖြစ်သော ဆိုတာ မသေတဲ့ဥစ္စာတွေ့တယ်။ မတွေ့သေးဘူးလား (တွေ့ပါတယ်)။
နိဗ္ဗာန်ဆိုတာ အမတံ မဆိုကြဘူးလား (ဆိုပါတယ်)။ ကဲ ဒါဖြင့် မစင်ကြယ်သေးဘူးလား၊ စင်ကြယ်ပြီလား (စင်ကြယ်ပါပြီ)။ ဒါဖြင့် အသုဘလား၊ သုဘလား (သုဘ)။
မဂ်ဉာဏ်က တက်လာတယ်
အဲ သုဘဖြစ်သွားတော့ ဒီကိုက မြင်ရတာ မုန်းနေတဲ့ အတွက် ကြည့်ကို မကြည့်ချင်တော့ ပါဘူး။ ဒါကြီးကို တွေ့ကို မတွေ့ချင်တော့ပါဘူးဆိုတဲ့ ဉာဏ်ကတက်လာတယ်။
အဲဒီ မဂ်ဉာဏ်က တက်လာတယ်၊ မတက်လာဘူးလား၊ တက်လာပါတယ်။ တက်လာသည်နှင့် တစ်ပြိုင်နက်တည်း၊ ဒီဥစ္စာ ဘွားခနဲပေါ်လာတယ်။
ဝိသုဒ္ဓိယာ မဂ္ဂေါ လာဖြစ်တယ်။ ဒကာ ဒကာမတို့ ရိပ်မိ ပြီလား (ရိပ်မိပါပြီ)။ ဝိသုဒ္ဓိယာ ဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ)။ နိဗ္ဗာန်၊ စင်ကြယ်တဲ့ နိဗ္ဗာန်၊ ဝိသုဒ္ဓိယာဆိုတာ (စင်ကြည်တဲ့ နိဗ္ဗာန်)။
မဂ်ဉာဏ်နဲ့နိဗ္ဗာန်နဲ့က တစ်ပြိုင်တည်းပေါ်
စင်ကြယ်တဲ့နိဗ္ဗာန်နဲ့ မဂ္ဂေါနဲ့ သွားတွဲထားတာ။ အဲဒီတော့ , ဒီဉာဏ်ပေါ်ရင် ဒါပေါ်တာပဲ။ ဒီနိဗ္ဗာန်ပေါ်ရင် ဒီဉာဏ် ပေါ်တာပဲ။ ဒီဉာဏ်ပေါ်ရင် နိဗ္ဗာန်ပေါ်တာပဲ။ သူတို့က တစ်ပြိုင်တည်း၊ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဂါထာရကြပြီလား (ရပါ ပြီ)။ သုံးခေါက်ရွတ်ကြ၊ အားလုံး တစ်ပွဲလုံး ကဲ
‘‘သဗ္ဗေသင်္ခါရာ အနိစ္စာ၊
ယဒါ ပညာယ ပဿတိ၊
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊
ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။’’
အတွဲကလေးလိုနေလို့
ဟောဒီ တစ်ပွဲလုံး အကုန်ရ ထားတယ်တဲ့၊ နိဗ္ဗာန်မရတာ ကျုပ် အံ့သြတယ်။ ဘာပြုလို့တုံး ဆိုတော့ တစ်၊ တစ်ချင်း တွဲရ တာ မသိဘူး (မှန်ပါ့)။ နှစ်၊ နှစ်ချင်း တွဲရတာကော (မသိဘူး)။ အင်း သုံး၊ သုံးချင်း တွဲရမယ် ဆိုတာကော (မသိပါဘူး ဘုရား)။
ဪ အတွဲကလေး လိုနေလို့ ဒကာ ဒကာမတို့ အတွဲ ကလေး တည့်သွားရင်ဖြင့်၊ ခင်ဗျားတို့၊ ကျုပ်တို့ ကိစ္စပြီးပါတယ် ဆိုတာကို ဆုံးဖြတ်ချက် ချပါတယ် (မှန်ပါ့)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ တွဲပေးပါ
အခုတော့ဖြင့် အတွဲ တည့်ပြီနော်၊ ဒီဘက်က ဘာတဲ့ (သဗ္ဗေသင်္ခါရာ အနိစ္စာ)၊ ဒီဘက်က (ယဒါ ပညာယ ပဿတိ)၊ အဲဒါ ဘုန်းကြီက ဖြည့်စွက်လိုက်မယ်၊ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့တွဲ တွဲပေး (တင်ပါ့)။
ဖြစ်ပျက်နဲ့မဂ်နဲ့ (တွဲရပါမယ်)။ မဂ်ဆိုတာ ဉာဏ်ပါပဲ နော်၊ ဒါဖြင့် ဖြစ်ပျက်နဲ့ (မဂ်နဲ့) တွဲပေး။ သဗ္ဗေသင်္ခါရာ အနိစ္စာ ယဒါ ပညာယ ပဿတိ၊ ပညာဆိုတာ မဂ် ပညာ၊ အဲဒီတော့ အတွဲပဲဖြစ်တယ်။
နိဗ္ဗာန်ရောက်ဖို့ လှေကားသုံးဆင့်
ဘာမှမပူနဲ့၊ ခင်ဗျားတို့ နိဗ္ဗာန်ရောက်ဖို့ရာ အဲဒီဟာ ဘာမှ မပူနဲ့ လှေကားသုံးဆင့်ပဲရှိတယ်။ နှစ်ဆင့်တက်ပြီး သုံးဆင့် လှမ်းလိုက်ရင် ရောက်တာပဲ၊ သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ပုဂ္ဂိုလ်နဲ့ဖြင့် သုံးမျိုး ဟောရတယ်၊ တချို့ကတော့ နာတာနဲ့ ခန္ဓာထဲ ဉာဏ်ရောက်ပြီး၊ ရတာရှိတယ်။ သဘောကျပလား (ကျပါပြီ)။
တချို့ကတော့ဖြင့် ဝေဖန်ပြီးတော့ နာတဲ့ အထဲကမှ ခန္ဓာ ထဲ ဉာဏ်နဲ့ဝေဖန်ရသေးတယ်။ ဝေဖန်ပြီးမှ ရတဲ့ပုဂ္ဂိုလ်လည်းရှိ တယ်။
ပုဂ္ဂိုလ်သုံးမျိုး
(၁) တချို့ကတော့ နာရုံနဲ့ ဉာဏ်ထိုးထွင်းပြီးသွားတာ ဒီမဂ်ကြောင့် ရသွားတာလည်းရှိတယ်။ အဲဒါ ဥဂါ္ဃဋိတညူ ပုဂ္ဂိုလ်လို့ခေါ်လိုက်တယ်။
(၂) တချို့ကျတော့ နာပြီး အိမ်ကျတော့ ပြန်ပြီးစဉ်းစားတယ် ခန္ဓာကိုယ်ထဲနောက်ထပ်၊ အဲဒါက ဝိပဉ္စိတညူ ပုဂ္ဂိုလ်နော်။
(၃) တချို့ကျတော့ အိမ်ကျတော့ ပွားယူရသေးတယ် ဆိုတော့မှ တစ်ပွား၊ နှစ်ပွား၊ သုံးပွားပြီး ပြီးတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ နေယျ ပုဂ္ဂိုလ်တွေ ရှိတယ်။
ဒီလူတွေတော့ဖြင့် ရှိလိမ့်မယ်။ သို့သော် လူတန်းစေ့ တူလိမ့်မယ်တော့ မအောက်မေ့ပါနဲ့၊ သဘောကျပြီလား (ကျပါ ပြီ)။ မရတော့ မရှိဘူး ဆိုတာတော့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
ဒီအဓိပ္ပာယ် နားလည်နေတယ်တဲ့ ခင်ဗျားတို့က၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအကြောင်း ကောင်းကောင်း နားလည်လား (နားလည်ပါပြီ)။
ဉာဏ်စဉ်သုံးဆင့်
ဒါဖြင့် ဉာဏ်စဉ်နာမည် ပေးပါတော့မယ်၊ သူက ယထာ ဘူတဉာဏ်၊ သူက နွိန္ဒဉာဏ်၊ သူက မဂ်ဉာဏ်။
(၁) ယထာဘူတဉာဏ်
(၂) နိဗ္ဗိန္ဒဉာဏ်
(၃) မဂ်ဉာဏ်
ဟော ဉာဏ်သုံးဆင့်၊ ရှင်းကြပလား (ရှင်းပါပြီ)။
တစ်က (ယထာဘူတဉာဏ်)၊ နှစ်က (နိဗ္ဗိန္ဒဉာဏ်)၊ သုံးက (မဂ်ဉာဏ်)၊ ကောင်းပြီတဲ့။
ဪ ယထာဘူတဉာဏ် ဆိုတာ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်၊ ယထာသဘာဝ၊ ဇာကတဉာဏ် လို့ဆိုသော ကြောင့် သူက ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်သိတဲ့ဉာဏ်ဖြစ်သော ကြောင့်၊ ဟုတ်တိုင်းမှန်စွာ သိ မသိ (သိပါတယ်)။
ခန္ဓာထဲမှာက အနိစ္စသာရှိလို့ အနိစ္စသိတယ်၊ ဒါဖြင့် ဒီ ဉာဏ် ဘာဉာဏ်ခေါ်ကြမလဲ (ယထာဘူတဉာဏ်ပါ)။ ယထာ ဘူတဉာဏ်မြန်မာလိုပြန်လိုက်တော့ ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်။
ဪ ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်သိရင် ဘာဉာဏ်ခေါ်ကြ မယ် (ယထာဘူတဉာဏ်)။ မြန်မာလို ပြန်ကြည့်ပါ (ဟုတ်တိုင်း မှန်စွာသိတဲ့ဉာဏ်)။ ဪ ဟုတ်တိုင်းမှန်စွာ သိတယ်။ အရှိနဲ့ အသိ သွားကိုက်တယ်။ သဘောကျပလား (ကျပါပြီ)။
တိဟိတ်ပုဂ္ဂိုလ် ဒီဘဝမဂ်ရမယ်
အရှိနဲ့ အသိက (သွားကိုက်တယ်)။ အဲ တစ်နံပါတ် ဉာဏ်ပိုင်လို့ရှိရင် ဒကာ ဒကာမတို့ တိဟိတ်ပုဂ္ဂိုလ်လို့ မှတ်လိုက် ပါ၊ ဒီဘဝ မဂ်ရမယ်။ သဘောကျပလား (ကျပါပြီ)။
တစ်နံပါတ်ဉာဏ်ပိုင်လို့ရှိရင် (တိဟိတ်ပုဂ္ဂိုလ်)။ ဒီဘဝ ဘာဖြစ်ရမလဲ (မဂ်ရမယ်)။ သုံးဆင့်မြောက်မှာ သူရမယ် ဆိုတာ ခင်ဗျားတို့ ဘာမှသံသယမရှိနဲ့၊ ဟာဗျာ ဆိုတဲ့ အသုံးတွေမသုံး ပါနဲ့၊ ငါက တေခဲ့တယ်၊ ပေခဲ့တယ်၊ မိုက်ခဲ့တယ် ဆိုတာတွေ မလာနဲ့၊ ဒါတွေခင်ဗျားတို့နဲ့ ဘာမျှ မဆိုင်ဘူး။
ဒါဖြင့် ခင်ဗျားတို့ကို၊ ခင်ဗျားတို့စိတ်က ပေါ်လာရင် ခင်ဗျားတို့ကို သံသရာ လည်ကြောင်း ဖြစ်မှာပဲ (မှန်ပါ့)၊ ခင်ဗျား တို့ကို ဘုန်းကြီးက သိပြီးသား ဘယ်လိုလူတွေလည်း ဆိုတော့ ဪ ဒီလူတွေထဲမှာ တရားနာနေတဲ့ အထဲမှာ လူတွေအများ ကြီး၊ ကံကြီးပြုမိတဲ့ ပုဂ္ဂိုလ် တစ်ယောက်မျှ မပါဘူး (မှန်ပါ့)။ ရမယ် ဒါဖြင့်။
ပဉ္စာနန္တရိယကံနဲ့ ဒိဋ္ဌိ
ပဉ္စာနန္တရိယကံ ဘယ်သူ ကျူးလွန်ထားသလဲလို့ မေးရင် ကဲ ဘယ်သူမှ မကျူးလွန်ပါဘူး)။ ဒိဋ္ဌိကော ရှိသေးသလားလို့ မေးရင် (မရှိပါဘူး)။ ဘယ်ရှိမလဲ၊ ဖြစ်ပျက်မြင်ကတည်းက ဖြစ်ပျက် သာလျှင် အနိစ္စသာရှိတယ် ဆိုတော့ ဒိဋ္ဌိက ရှင်းနေပြီ (မှန်ပါ့)။
အဲဒီတော့ ဒိဋ္ဌိရှင်းပြီး ကြည့်ရမယ် ဆိုတော့ ဒီဘဝရမယ်၊ ဒီခဏရမယ်ဆိုတာကို ဘုန်းကြီး များက ရဲဝင့်စွာတာဝန်ခံတယ် (မှန်ပါ့)။
ပဉ္စာနန္တရိယကံဆိုတာ
ကြောက်ရမယ် ဆိုတာက ပဉ္စာနန္တရိယကံနဲ့ ဒိဋ္ဌိရှိမှသာ ကြောက်ရမှာ၊ ဒီခြောက်ခုရှိရင်တော့ ဘုန်းကြီး မတတ်နိုင်ဘူး။ ဒီခြောက်ချက်က ဘယ်သူမှမရှိဘူး။
ဘယ့်နှယ်ကြောင့် ပဉ္စာနန္တရိယကံဆိုတာ ခင်ဗျားတို့ အမေလည်း မသတ်ဘူး၊ အဖလည်း မသတ်ဘူး၊ ဘုရားမရှိလို့ ဘုရားလည်း သွေးစိမ်းကျအောင် ဘယ်သူလုပ်မှာလဲ (ဘယ်သူ မှ မလုပ်ပါ)။ သဘောကျပလား (ကျပါပြီ)။
သံဃာလည်း သံဃာဆိုတာလည်း လူကခွဲလို့ကို မရဘူး၊ သံဃာ သံဃာချင်းမှ ခွဲလို့ရတယ် (မှန်ပါ့)။ အဲ ခင်ဗျားတို့နဲ့ ဆိုင်သေးရဲ့ လား (မဆိုင်ပါဘူး)။ အဲဒီဥစ္စာနဲ့ ဆိုင်တဲ့ ဘုရား မရှိလို့ ဘုရားသွေးစိမ်းကျအောင် လုပ်စရာတွေရှိရဲ့လား (မရှိ ပါဘူး)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အရဟန္တဃာတကကံဆို တာ ခင်ဗျားတို့ ရဟန္တာ ဘယ်သူမှ မသတ်ပါဘူး၊ သဘောကျ ပလား (ကျပါပြီ)။
နိယတ- မိစ္ဆာဒိဋ္ဌိ၊ ခင်ဗျားတို့ကို၊ နိယတ မိစ္ဆာဒိဋ္ဌိ၊ ဘုန်း ကြီးက ပယ်ပေးနေတာ ခင်ဗျားတို့ သန္တာန်မှာ ဝေဒနာလေးပေါ် တယ်။ ရှိသေးသလားမေးတော့ (မရှိပါဘူး)။ ကိုင်း ဒါဖြင့် ဖြစ်ပြီး ပျက်တာပဲ။
ဖြစ်ပျက်မြင်ရင် ဒိဋ္ဌိက စင်သွားပြီ
ဖြစ်ပျက်မြင်ကတည်းက ဒိဋ္ဌိက စင်သွားပြီ ပူစရာရှိ သေးသလား။ ကိုင်း ဒါဖြင့် ဒိပြင် ဒီခြောက်ခု ရှိရင်သာ မဂ်တား ဖိုလ်တားဖြစ်တာပဲ။ ဒီခြောက်ခုမရှိရင် ဘာမှမပူနဲ့ (မှန်ပါ့)။
မဂ်တားဖိုလ်တားနဲ့ မဆိုင်ပါဘူး
ငါက ဘယ်လို၊ ဟိုကဘယ်လို၊ ငါက ငယ်ငယ်တုန်းက ဘယ်လိုနေခဲ့တာပဲ၊ ဘယ်လို ထိုင်ခဲ့တာပဲ၊ ငါက ဆိုးခဲ့တယ်၊ ငါက လွန်ခဲ့တယ်၊ ဒါတွေမထားနဲ့။
မဂ်တားဖိုလ်တားနဲ့ မဆိုင်ဘူး။ မဂ်တားဖိုလ်တားက ဒီ ခြောက်ခုပဲရှိတယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ ဒါနဲ့ညှိဖို့လိုရဲ့ လား (မလိုပါဘူး)။
အင်္ဂုလိမာလ
ကောင်းပြီ ခင်ဗျားတို့ ယုံကြည် လောက်အောင် ဘုန်းကြီး အကိုးအကားနဲ့ ထုတ်ပြပါမယ်။ အင်္ဂုလိမာလ ဆိုတဲ့ အင်္ဂုလိမာလဟာ လူပေါင်းဘယ်နှထောင် သတ်ခဲ့သလဲ (မရေ တွက်နိုင်ပါ)။ ရေတွက်လို့မရဘူး။
တချို့လက်ညှိုးတွေ၊ ဟိုချိတ်ထား၊ ဒီချိတ်ထားနဲ့ ကျီး စားလို့နေတော့ ဒီလက်ညှိုးတွေဟာ အရေအတွက်ပါသေးရဲ့ လား (မပါပါဘူး)။ အဲ နောက်တစ်ထောင်ပြည့်မှာ တစ်ယောက် ကျန်တော့တယ် ဆိုတော့၊ ဟိုကတစ်ထောင်ကျော် သေထားသူ တွေက နည်းသလား မနည်းပါဘူး (မှန်ပါ့)။
ဉာဏ်သုံးဆင့်နဲ့ ကိစ္စပြီးတယ်
အဲဒီပုဂ္ဂိုလ်ကြီးတောင်မှ ဒီဉာဏ်သုံးဆင့်နဲ့တက်လိုက် တော့ ကိစ္စပြီးတယ်။ ဒီလောက်ဆိုးတဲ့လူ ဒီမှာတစ်ယောက်မှ မပါဘူး (မပါပါဘုရား)။ ပါသေးရဲ့ လား (မပါပါဘူး)။
အဲဒါကြောင့် ခင်ဗျားတို့၊ ကိုယ့်အားကိုတော့ ကိုယ် မလျှော့ပါနဲ့၊ လျှော့မပစ်လိုက်နဲ့တဲ့၊ ဒီအတိုင်း လုပ်ရင်တော့ လူတိုင်း ရမယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
လုပ်ကြည့်လေ၊ မလုပ်ကြည့်ဘဲနဲ့တော့ဖြင့် ခင်ဗျားတို့ ဘယ်လူရလိမ့်မယ်လို့တော့ မဆိုနိုင်ဘူး၊ သူက ပွားရမယ့်ကိစ္စ (မှန်ပါ့)။ ပွားကြည့်တာပေါ့ ရှင်းပြီလား (ရှင်းပါပြီ)။
ပွားကြည့်ပါ သိပါလိမ့်မယ်
ပွားကြည့်ပါ၊ သိပါလိမ့်မယ်ဆိုတာကော သဘောကျပ လား (ကျပါပြီ)။
ကောင်းပြီတဲ့၊ ဒါ အကိုးအကား လုံလောက်ချင်သေး တယ် ဆိုလို့ရှိရင် ဒီအကျင့်မှာဖြင့် သုဘဒ်ရဟန်းကြီး မေးတဲ့ နေရာ ခဏခဏ မပြောဘူးလား (ပြောပါတယ်)။
မဆာဝါသား သုဘဒ်ရဟန်း
ဘုရားပရိနိဗ္ဗာန် စံတော်မူခါနီး ညောင်စောင်းမှာ မှီနေစဉ် အရှင်ဘုရား မရှိရင်ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာတွေများ ကွယ်ကုန်တော့မှာလား၊ သူက စိုးရိမ်လိုက်သေး တယ် (မှန်ပါ့)။
ဟ မကွယ်ဘူးကွ၊ သုဘဒ်ရ၊ ဆာဝါ့သား၊ သုဘဒ်လေ (မှန်ပါ့)။ မကွယ်ဘူးကွ၊ ဟောဒီ ယဒါ ပညာယ ဆိုတဲ့ တစ်နံပါတ် ဉာဏ်က စပြီး၊ နှစ်နံပါတ်၊ သုံးနံပါတ် ကျင့်နိုင်လို့ ရှိရင်၊ ဘယ်အခါမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတာ ဆိတ်သုဉ်းတယ်လို့ မရှိဘူးကွ။ မင်းဟာ တော်ကွာ မေးမ နေနဲ့ ဆိုတဲ့ အဓိပ္ပာယ် သူပြောတယ်၊ သဘောကျပလား (ကျပါပြီ)။
အားငယ်ရင် လှံချက်စူးမယ်
အဲဒီတော့ ဒီအဟောင်းတွေ ပြန်ပြက်ကြည့်ကြလား (မကြည့်ပါဘူး)။ အားငယ်လို့ရှိရင် ခင်ဗျားတို့ လှံချက်နဲ့ ခင်ဗျားတို့ စူးတာသာ မှတ်ပါတော့ (မှန်ပါ့)။ သဘောကျရဲ့လား (ကျပါပြီ)။ ဘာမှအားမငယ်နဲ့၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတဉာဏ်)။ ဒီဉာဏ် ဘာဉာဏ် ခေါ်ကြမယ် (နိဗ္ဗိန္ဒဉာဏ်)။ ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (မဂ်ဉာဏ်)၊ ဒီအတိုင်းသာ ဒီဉာဏ်သုံး ဉာဏ်နဲ့သာ တက်သွားပါ ဆိုလို့ရှိရင် မရမရှိပါဘူးလို့ မှတ်ပါ (မှန်ပါ့)။
ကျန်တဲ့ဉာဏ်(၁၀)ပါး၊ (၁၆)ပါး တွေဆိုတာ ဒီအထဲ အကုန်ဝင်လာတာပဲသာမှတ်လိုက်။ သဘောကျပလား (ကျပါ ပြီ)။ ဒီတော့ ကျန်တဲ့ဉာဏ် (၁၀)ပါး ဟောဟော (၁၆)ပါး ဟောဟော၊ ဟောသ၍ ဒီအထဲဝင်တာပဲ။
ဉာဏ် (၁၀) ပါး၊ ဒီ (၃) ဉာဏ်ထဲဝင်တယ်
တစ်ထဲမှာ (၄)ခုဝင်လိုက်၊ နှစ်ထဲမှာ (၃)ခုဝင်၊ သုံးထဲ (၄)ခုဝင်လိုက်။ ဒီအထဲမှာ အကုန်ပေါင်းပြီး ထည့်လိုက်တာပဲ ဘုရားက။ သဘောကျပလား (ကျပါပြီ)။ အဲဒါ ရှင်သာရိပုတ္တ ရာ ဟောတာ။ ဒါကဘုရား ဟောတာလို့ မှတ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။
အဲဒါ ရှင်သာရိပုတ္တရာကနေ ဟောတာတဲ့၊ ဉာဏ်(၁၀) ပါး၊ ဉာဏ်(၁၆)ပါး ဆိုတာတဲ့။ ဒါက ဘုရား ကိုယ်တော်တိုင်က တိုက်ရိုက်ဟောတာနော်။
နို့ ဟိုဟာ ဘယ့်နှယ်ကြောင့် များလှချည်လား ဆိုတော့ ဒါကတော့ကွာတဲ့၊ အနာကလေး နည်းနည်း လျော့လာပြီ။ နည်း နည်း ပြည်လေး တည်လာတယ်။ နည်းနည်းလျော့သွားပြီ။ နည်းနည်း အသွေးလေး လာပြီ။ ဖောက်ပြန်မှုတွေမှတ်ပြီး ပြား နေတာ စင်စစ်တော့ ဒါပဲ (မှန်ပါ့)။ သဘောကျပလား (ကျပါ ပြီ)။
ဖောက်ပြန်မှုမှတ်နေတော့ များနေတာကွ၊ စင်စစ်တော့ ဒါပဲတဲ့ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။ ဖောက်ပြန် မှုမှတ်နေတော့ကွာ၊ များနေတာ၊ စင်စစ်တော့ဖြင့် ဒါနဲ့ ဒါပဲရှိပါ တယ်။ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ပါဘူး၊ သဘောပါ ပလား (ပါပါပြီ)။
လုပ်တဲ့လူသာ ရတယ်
ကဲ ဒကာ ဒကာမတို့ ဒီဉာဏ်က လုပ်တဲ့လူ ရသလား၊ မလုပ်တဲ့လူ ရသလား (လုပ်တဲ့လူ ရပါတယ်)။ ဒီဉာဏ်ရင့်လာ လို့၊ ဒီဉာဏ် ဝမ်းထဲပေါ်လာတာကော (လုပ်တဲ့လူ ရပါတယ်)။ ဒီဉာဏ် ရင့်လာတာနဲ့ မဂ်ဉာဏ် ဝမ်းထဲပေါ်တာကော (လုပ်တဲ့လူ ရပါတယ်)။
ဒါဖြင့် လုပ်တဲ့လူသာ ရတယ်၊ ယောက်ျားက ဒီအလုပ် လုပ်ရင် ယောက်ျားမှာ ဒီဉာဏ်ရတယ်။ မိန်းမက ဒီအလုပ်လုပ် ရင် (မိန်းမမှာ ဒီဉာဏ်ရတယ်)။
ကောင်းပြီ၊ ဒါဖြင့် ဝေလို့ရမရ (မရပါဘူး)။ ဒါဖြင့် “ပစ္စတံ ဝေဒိတဗော ဝိညူဟိ”။ ဝိညူဟိ- ပညာရှိတဲ့ ပုဂ္ဂိုလ် သည်သာလျှင် သဘောကျပလား (ကျပါပြီ)။
ဥဂ္ဃါဋိတညူ- အစရှိသော ပညာရှိသော ပုဂ္ဂိုလ်အား၊ အတ္တနိ -မိမိသန္တာန်၌၊ ဝေဒိတဗ္ဗော-ရအပ် ခံစားအပ်၏။ ပစ္စတံ- အသီးအသီး၊ ဝေဒိတဗ္ဗော- ရအပ်ခံစားအပ်၏။
ဆိုတော့ ခုနကပြောခဲ့တဲ့၊ လုပ်တဲ့ပုဂ္ဂိုလ် အသီးသီးပိုင် တယ်လို့ ပြောတာ၊ သဘောကျပလား (ကျပါပြီ)။ အဲ ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ ဆိုတာ ဘာတဲ့လဲ (လုပ်တဲ့ပုဂ္ဂိုလ်သာ ခံစား ရ၏)။ လုပ်တဲ့ ပုဂ္ဂိုလ်သာ ပိုင်တယ်ကွ။ မလုပ်တဲ့ပုဂ္ဂိုလ် (မပိုင် ပါဘူး)။ မရဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။
တပည့်ရတာ၊ ဆရာပေးလို့မရ
ဒါနဲ့ အဋ္ဌကထာဆရာက ဥပမာပြလိုက်တယ်၊ တပည့် မှာ ဒီမဂ်ရတယ်၊ ဆရာကိုပေးလို့ရ၊ မရ (မရပါဘူး)။ ဘာပြုလို့ တုံးဆိုတော့ ဒီမဂ်ရတယ်ဆိုတော့ အပါယ် သွားစေတတ်တဲ့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတွေ မပယ်ဘူးလား (ပယ်ပါတယ်)။
ဒါဖြင့် သူသန္တာန်ရှိတာသာ ပယ်နိုင်တယ်၊ ဆရာ့သန္တာန် ရှိတာတွေ (မပယ်နိုင်ပါဘူး)။ အဲဒါကြောင့် ပစ္စတံ- အသီးသီး၊ ဝေဒိတဗ္ဗော -ရတယ်။
အဲ လုပ်တဲ့လူသာ ကိုယ်ပိုင်ရပါတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ် မရပါဘူးတဲ့၊ ဘုရားကဟောတယ်၊ သဘောကျပလား (ကျပါ တယ်)။ လုပ်တဲ့ပုဂ္ဂိုလ်သာ (ရပါတယ်)။ မလုပ်တဲ့ပုဂ္ဂိုလ် (မရ ပါဘူး)။
ဆရာရတာ၊ တပည့်ပေးလို့မရ
ဆရာက မဂ်ရတာ၊ တပည့်ပေးလို့ (မရပါဘူး)။ ဪ ဒါဖြင့် ဘယ်လိုမှတ်ကြမယ် (ကိုယ်လုပ်မှ ကိုယ်ရမယ်)။ ကိုယ်လုပ်မှ ကိုယ်ရမယ်တဲ့၊ ဒီပါဠိတော်ကလာတာ (မှန်ပါ့)။ – သဘောကျပလား (ကျပါပြီ)။
ကိုယ်လုပ်မှ ကိုယ်ရမယ်တဲ့၊ ပါဠိတော်နဲ့ ဘယ်လို သုံးသပ်မယ် (ပစ္စတံ ဝေဒိတဗ္ဗော)။ ပစ္စတံ- အသီးသီး၊ ဝေဒိတဗ္ဗော-သိအပ်၊ ခံစားအပ်၏ (ဝါ) ရ၏။ ကိုယ်လုပ်မှ (ကိုယ်ရ မယ်)။ သဘောကျပလား (ကျပါပြီ)။
အဲဒီလူတစ်ယောက်လုပ်လျှင် ဒီလူတစ်ယောက်ပဲရ တယ်၊ ဟိုဒကာမ တစ်ယောက်က လုပ်ရင် (ဟိုတစ်ယောက်သာ ရမယ်)။ ဒါဖြင့် အသီးသီးသာရတယ်တဲ့၊ သူတို့တော့ မရဘူး ပြောတယ်။
ငါရတဲ့မဂ်၊ မင်းပဲယူတော့
ဘယ်လိုပါလိမ့် (အသီးသီးသာရတယ်)။ ဒီက ယောက်ျားတွေက မဂ်ရသွားတယ်၊ အေး ငါရတဲ့မဂ် မင်းပဲယူ တော့ဟု ဆိုလို့ ရှိရင်တော့ အို အသီးသီးသာ ရတယ်။ တစ်ယောက်စီသာ ရတယ် ဆိုတဲ့ ဥစ္စာပဲတဲ့ ခင်ဗျားတို့က သွား ပေးလို့တော့ မရပါဘူး (မှန်ပါ့)။
သွားပေးလို့ရမယ်ဆိုရင် ဘုရားက တိန္နောဘာသေယျ ငါချီးမြှောက်သလို ချီးမြှောက်ပေးလို့ ရမယ်ဆိုရင် ထမ်းခေါ်သွား တယ် ဘုရားက၊ ဒီလောက်ထိအောင် စိတ်ထား ပြင်းထန်မြင့်မြတ် ပါတယ်။ မပြင်းထန်ပေဘူးလား (ပြင်းထန်ပါတယ်)။
အဲဒီတော့ မခေါ်ဆောင်နိုင်တော့ ရာဟုလာကို ဒါလေး ကျင့်ပါဦးကွ ဆိုပြီး ရာဟုလောဝါဒသုတ် သုံးသုတ်မလာဘူး လား (လာပါတယ်)။ ရာဟုလော ဝါဒသုတ် ဘယ်နှသုတ် လာသလဲ (သုံးသုတ်)။
ရာဟုလာကို ထမ်းမခေါ်နိုင်လို့
ဘာပြုလို့ ကိုယ်တော်ကြီးက ဒါတွေသူကျင့်၊ ဒီသုံးသုတ် တွေကိုဟောပြီး အကျင့်ခိုင်း နေရတာလဲ သူထမ်းမခေါ်နိုင်လို့ ရိပ်မိပလား (ရိပ်မိပါပြီ)။ ဘယ်လိုမှတ်ကြလဲ (ထမ်းမခေါ်နိုင် လို့ပါ)။
ထမ်းခေါ်နိုင်လို့ရှိရင်ဖြင့် ယသော်ဓယာရော၊ ရာဟုလာ ကိုရော တစ်နံပါတ်တွဲလိုက်လိမ့်မယ်၊ မတွဲပေဘူးလား (တွဲပါ တယ်)။ သူ့အရင်ဆုံးလူကို။ ဒကာ၊ ဒကာမတို့ (မှန်ပါ့)။
အဲဒါကြောင့် ‘‘ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ၊’’ သူရ သူသာပိုင်တယ်ဆိုတာ ဘုရားရတာ ဘုရားသာ ပိုင်တယ်၊ ဟိုမှာ နည်းသာ ပေးတာ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။
မဂ်ရကြောင်းနည်းတော့ ပေးနိုင်တယ်
မဂ်ပေးနိုင်ရဲ့လား (မပေးနိုင်ပါ)။ မဂ်ရကြောင်းနည်း တော့ (ပေးနိုင်ပါတယ်)။ ဒါဖြင့် မပေါ်သေးဘူးလား (ပေါ်ပါ ပြီ)။ ဪ ဘုရား၏ ကိစ္စက ဟောဒီကိစ္စပေါ်သွားပြီ၊ သဘော ကျပလား (ကျပါပြီ)။
သာဝက၏ ကိစ္စက (ကျင့်ရမည့်ကိစ္စ)။ ကျင့်ရမည့် ကိစ္စ ဆိုတော့ ခုနကပြောတာနဲ့ တစ်ထပ်တည်း မလာဘူးလား (လာပါတယ်)။ ဒါကြောင့် ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ ဆိုတာ ခင်ဗျားတို့က ချစ်ပါတယ်၊ ခင်ပါတယ်၊ ကြင်နာပါတယ်၊ သားတွေ၊ သမီးတွေကို ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒီအလုပ် လုပ်ပါလို့ တိုက်တွန်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ဘူး (မှန်ပါ့)။
ပေးတယ်၊ မပေးနိုင်ဘူး ကိုယ်ရတာကို (မှန်ပါ့)။ ပေး လို့ရလား (မရပါဘူး)။ ဒီပြင် ဒါနဖြစ်ဖြစ် အမျှယူကြပါ ခင်ဗျား ဆိုတာ ဆိုထိုက်ပါတယ်။ အမျှဆိုတာ ပေးထိုက်တယ်။ သီလဆို ရင် အမျှယူကြပါလို့ ပေးထိုက်တယ်။ သမထ ဆိုရင်တော့ မရဘူး ကိုယ်လုပ်မှ ကိုယ်ရတာ။
အမျှပေးလို့ မရပါဘူး
ဒီဝိပဿနာမဂ် ဆိုတော့ (မရနိုင်ဘူး)။ မရနိုင်တော့ ဒါက အမျှပေးလို့မရပါဘူး။ သဘော ကျပလား (ကျပါပြီ)။ အကယ်၍ အမျှပေးလို့ရမယ် ဆိုရင် ရာဟုလာကို သုံးသုတ်ဟော ပြီး၊ မင်း အဲဒါနဲ့ ကျင့်လို့ပြောဖို့ လိုသေးလား (မလိုပါဘူး)။
ဘာပြုလို့လဲ အမျှပေးမရလို့ သဘောကျပလား (ကျ ပါပြီ)။ အမျှပေးမရလို့ဆိုတော့ ပါဠိတော်က ဘယ်လိုရှိသလဲဆိုတော့ ရွတ်ကြ (ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ) သွက်သွက်ရွတ် ပါ၊ သွက်သွက်ရွတ်ပါ (ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ)။
ကိုယ်လုပ်ရင် ကိုယ်ရတယ်
ဪ ကိုယ်လုပ်ရင် ကိုယ်ရပါတယ် ပြောတယ်။ ဘယ်လိုပြောပါသလဲ (ကိုယ်လုပ်ရင် ကိုယ်ရပါတယ်)။ ကိုယ် လုပ်ရင် ကိုယ်ရပါတယ်ပြောထားတော့၊ အမျှပေးလို့ဖြင့် ခင်ဗျား တို့ ထင်းပုံ ခေါင်းချ ဆိုတဲ့စကား ဒီမှာပယ်ချတယ်။ သဘောကျ ပလား (ကျပါပြီ)။
ထင်းပုံခေါင်းချ မင်းတို့၊ ကြင်နာလိုက်တာ မပြောပါနဲ့ တော့ဆိုတဲ့ သဘောတွေ ဟူသည် ကားလို့ ဆိုရင် အလကားပြော တာ၊ သဘောကျပလား (ကျပါပြီ)။ မဂ်နဲ့ပတ်သက်လာရင် အလကား ပြောတာ။
ဥပမာ-မိန်းမ ထင်းပုံခေါင်းချ၊ မိန်းမက အရင်သေသွား ရင် ယောက်ျား ထင်းပုံခေါင်းချတာများ မောင်နိုင်တွေ့ ဘူးရဲ့လား (မတွေ့ဘူးပါဘုရား)။
အလကား လောကွတ်လုပ်တာတွေ၊ မင်းတို့က အဟုတ် မှတ်လို့ ခက်နေတာကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒိပြင် ဘာများပါလဲ (ဘာမှမပါပါဘူး)။ ဘာမှ မပါဘူး ခင်ဗျားတို့ကသာ လွမ်းဆွေး ဆွေးနေတာ၊ လုပ်နေတာ၊ ရှုပ်နေတာ၊ ဘယ်အလကား ပြောတာတွေ ဒီဥစ္စာတွေ လောကွတ် ပြောတာတွေ။
တဏှာနဲ့ ပြောတာ၊ တစ်လုံးမှ မမှန်ဘူး
တဏှာနဲ့ ပြောတာ တစ်လုံးမှ မမှန်ဘူးလို့ မှတ်ပါ။ တဏှာနဲ့ ပြောတာဟာ (တစ်လုံးမှ မမှန်ပါ ဘုရား)။ ခင်ဗျားတို့ ကောက်ကျစ်တတ်တဲ့ တရားလို့ဆိုထားတော့ သူသည် ချိုတဲ့ အခါ ချိုတာပဲ၊ မချိုတဲ့အခါ မာတာပဲ၊ သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတို့ ပြောပြတယ်လို့ဆိုတဲ့ဥစ္စာ ကို ခင်ဗျားတို့က ဝမ်းထဲမျက်ရည်လေး တလည်လည် လုပ်မနေနဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ပြောပြတယ်ဆိုတဲ့စကား အလွန် ကြောက်စရာ ကောင်းတယ်နော် (မှန်ပါ့)။
ခင်ဗျားတို့က အရေးကြုံလာရင်ဖြင့် ပြောသွားတာ နားထဲက မထွက်သေးဘူးလုပ်မနေနဲ့ အလကား၊ ဒီဥစ္စာ အပိုတွေ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ပစ္စတံ- အသီးသီးသာ ခံစားရတယ်ဆိုတာသာ မှတ်ပေ တော့။ သဘောကျပလား (ကျပါပြီ)။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ဝိညူဟိ- ဥဂ္ဃါဋိတညူ အတ္တနိ အတ္တနိ၊ ဝေဒိတဗ္ဗော အဋ္ဌကထာ ဆရာက၊ ဝိညူဟိဆိုတာ ဘာတုံးဆိုတော့ အို ဥဂ္ဃါတေဟိ၊ ဝိပဉ္စိတ တညု၊ နေယျပုဂ္ဂိုလ်ဆိုတာ သုံးယောက် ရှိပါတယ်ကွာ။
ပုဂ္ဂိုလ်သုံးမျိုး
ကိုယ်လုပ်လို့ရှိရင် အသီးသီး ခံစားကြရတယ်။
(၁) တချို့က နာရုံနဲ့ခံစားပြီး မဂ်ဉာဏ်ရသွားတယ်။ နာပြီး နှလုံးသွင်းလိုက်တာနဲ့။
(၂) တချို့က နာပြီးသကာလ ဝေဖန်တာနဲ့မဂ်ဉာဏ် ရတယ်၊ မဂ်ဉာဏ်ဆိုတာ နိဗ္ဗာန် မြင်တာပေါ့လေ။
(၃) တချို့ကျတော့ နာပြီးအားထုတ်ယူမှရတယ်။ ပုဂ္ဂိုလ်သုံးယောက်ရှိပါတယ်။ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ အသီးသီးရတယ်ဆိုတာလည်း ယောက်ျားလုပ် ယောက်ျားသာရတယ်၊ မိန်းမက (မရပါဘူး)။
အဲဒီသာဓု၊ အလကားသာဓု
အဲဒါ သူဒကာမတွေကလည်း အိုး အသံမစဲဘဲ ယောက်ျားသားတွေ၊ သူတို့သာ သွားပါစေ၊ ကျုပ်တို့ကတော့ အိမ်ကနေပြီး သာဓု ခေါ်ရမယ်။ မရဘူး စိတ်သာချ၊ အဲဒီ သာဓု အလာကား သာဓု၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒါ လုပ်ပြီး သကာလ ခင်ဗျားတို့က ဒီလို မနေလိုက်ပါနဲ့ ဆိုတာ သဘောကျပလား (ကျပါပြီ)။ ခုနတုံးကလည်း တို့တော့ ဖြင့် မလုပ်တတ်ဘူးကွ၊ မင်းတို့ဟာ မင်းတို့ပဲသွားကြပေတော့ လို့၊ တို့တော့ဖြင့် ဒီကနေပြီးတော့ သာဓု ခေါ်ရုံပဲ။ မရဘူး၊ မဂ်ကျတော့ မရဘူး။ ဒိပြင်ဟာကျတော့ ရတယ် (မှန်ပါ့)။
ဒါန၊ သီလက သာဓုခေါ်လို့ရတယ်
ဒါနကိစ္စ၊ သီလကိစ္စကျတော့ သာဓုခေါ်လို့ရတယ်နော် (မှန်ပါ့)၊ မဂ်ဉာဏ်ကျတော့ (မရပါ)။
ဘယ်ပါဠိတော်က ဟောသလဲ (ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ)။ ကျယ်ကျယ်ရွတ်ပါကွ (ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိ)။ ဝိညူဟိ- အားထုတ်တဲ့ ပညာရှိတို့သည်၊ ပစ္စတံ- အသီးသီး (ဝါ) ကိုယ်တိုင်၊ ဝေဒိတဗ္ဗော-ခံစားရ၏ (ဝါ) ရ၏။ သဘောကျပလား (ကျပါပြီ)။
သူလုပ်လို့ သူရတာ၊ ပညာရှိတဲ့ ပုဂ္ဂိုလ်တိုင်း သူလုပ်နိုင် လို့ သူရတာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။ မိန်းမ လုပ်ရင် မိန်းမရတယ်။ ယောက်ျားလုပ်ရင် (ယောက်ျားရတယ်)။ ယောက်ျား ရတယ် ဆိုသဖြင့် ဒီဥစ္စာ ဘုရားက မရဘူးလို့ ဟောသ လား၊ ရတယ်လို့ ဟောသလား (ရတယ်လို့ ဟောပါတယ်)။
ရလို့ရှိရင် ဒီအတိုင်းပဲတင် ဆက်ပါ။ ဒါက ဘာတဲ့တုံး (သဗ္ဗေ သင်္ခါရာ အနိစ္စာ)။ ဒီက (ယဒါ ပညာယ ပဿတိ) ဒီအစဉ်အတိုင်းတက်ရင် ရမယ်ခင်ဗျားတို့။
ဒီဟာက ဘာပါလိမ့် (နိဗ္ဗိန္ဒတိ)။ ဒီဘက်က (ဒုက္ခေ)။ ဒီဘက်က (ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ) ဆိုတော့ ဒီဘက်က ဉာဏ် သုံးဆင့်၊ ဒီဘက်ကရှု အခံသုံးဆင့်၊ သဘောကျပလား (ကျပါပြီ)။
တစ်မှာများများလုပ် နှစ်ဆိုနည်းနည်းလုပ်
ဒါလုပ်ရမှာပဲ၊ တစ်မှာ များများလုပ်၊ နှစ်ဆိုရင် နည်း နည်းပဲ လုပ်ရမယ်။ နှစ်နည်းနည်း လုပ်ပြီး၊ သုံးမကူးပါနဲ့ ဆိုလို့ ရပါ့မလား (မရပါဘူး)။
မရဘူးတဲ့၊ ခင်ဗျားတို့က ကူးပါရစေဆိုလို့ ကူးရတာလား သဘောအတိုင်း ကူးသွားတာလား (သဘောအတိုင်း ကူးသွားတယ်)။ သရက်သီးလေး၊ ဒါအကင်းလေး၊ ဒါက ဝမ်းပျဉ်း ကလေး၊ ဒီဟာက အမှည့်၊ ကိုယ်တော်တို့က အောက်ကနေ ကြည့်နေလို့ ဆုတောင်းနေလို့ ဖြစ်ပါ့မလား၊ သူ့အချိန်နဲ့သူ တက် တာလား (သူ့အချိန်နဲ့သူ တက်လာတာပါဘုရား)။
ဉာဏ်စဉ်ဟာ ဒီအတိုင်းတက်လာတာ
ဉာဏ်စဉ်ဟာ ဒီအတိုင်း တက်လာတာ၊ ခင်ဗျားတို့က လုပ်သာလုပ်၊ သဘောကျပလား (ကျပါပြီ)။ ဒါ သရက်ကင်း ကလေးနဲ့ မတူဘူးလား (တူပါတယ်)။ ဒါက သရက်သီး ဝမ်းပျဉ်းကလေးနဲ့ မတူဘူးလား (တူပါတယ်)။ ဒီဘက်က အမှည့် ကလေးနဲ့ မတူဘူးလား (တူပါတယ်)။
အဲဒီတော့ တွေးကြတဲ့ ပုဂ္ဂိုလ်၏ စိတ်ကူးကြောင့်ဖြစ် တာလား၊ သူ့အချိန်အတိုင်းလာလား (သူ့အချိန်အတိုင်းပါ။) ဒီဉာဏ်ရင့်ရင် ဒီဉာဏ်လာတာပဲ။ ဒီဉာဏ်ရင့်ရင် ဒီဉာဏ်လာတာပဲ ခင်ဗျားတို့က ဘာမှပူမနေနဲ့၊ လုပ်မြဲတိုင်းသာလုပ်၊ ရှင်း ပလား (ရှင်းပါပြီ)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောရှာ တယ်။ ကွာတဲ့ ဒီကနေပြီး သကာလ၊ အနောက်ပိုင်းသွားတဲ့ လမ်းကြီးရှိတယ်၊ သဘောကျပလား (ကျပါပြီ)။
ဒီလမ်းပေါ်ကို အနောက်တည့်တည့်သာ လျှောက်ပါ။ ဆုတောင်းလို့ ရောက်ရတာလား၊ လျှောက်သွားလို့ ရောက်တာလား (လျှောက်သွားလို့ ရောက်တာ)။ ဆုတောင်းနဲ့ အနောက် ပိုင်းရောက်ရပါလို၏ ဆိုပြီး ထိုင်နေ ဘယ်လိုမှမရောက်ဘူး၊ စိတ်သာချ (မှန်ပါ့)။
မော်တော်ကားကြုံတွေကလည်း မတင်ပါဘူး။ ဒါလောက် အရုပ်ဆိုးတဲ့လူကို ခေါ်ကိုမခေါ်ဘူး၊ ရပ်နေလည်း မခေါ်ကြဘူးလား (မခေါ်ပါဘူး)။ ခေါ်စရာအကြောင်းမြင်ရဲ့လား (မမြင်ပါဘုရား)။
ဒါဖြင့် ဒီဥစ္စာ လျှောက်သာသွားရမယ်၊ တစ်ကနေပြီး လျှောက်သွားတော့ ဟိုအဆင့်ဆင့် ဘယ်ရောက်မလဲ (နှစ်-ရောက် ပါမယ်)။ နှစ်-ကနေ အဆင့်ဆင့် လျှောက်သွားရင် (သုံး-ရောက်မှာ ပါဘုရား)။
အလုပ်သာလုပ်ပါ၊ ဓမ္မက ဆောင်သွားတယ်
အလုပ်သာလုပ်ပါ၊ သူ့ဟာသူ ဆောင်သွားတယ်။ မှန်ပါ။ ဒါဖြင့် ဘုရားက ဓါရေတီတိ ဓမ္မော-ကွ သဘောကျပလား (ကျပါပြီ)။ ဓမ္မော- ဓမ္မသည်၊ ဓါရေတိ- ဆောင်တတ်၏။ ဟုတ်လား၊ ဓမ္မ ဆိုတာသည် ခင်ဗျားတို့ကသာ ဝမ်းထဲရောက်အောင်လုပ်၊ သူ့ဟာသူ ဆောင်သွားတယ်။
ဓမ္မဝမ်းထဲရောက်အောင်လုပ်ပါ
ခင်ဗျားတို့က ဖြစ်ပျက်မြင်တဲ့ဓမ္မ ဝမ်းထဲရောက်အောင် လုပ်ပါ၊ ဒီဓမ္မက မုန်းတဲ့ဆီ ဆောင်သွား လိမ့်မယ်၊ သဘောကျ ပလား (ကျပါပြီ)။
အဲဒီ ဓမ္မက မုန်းတဲ့ဓမ္မက ဘယ်ကိုဆောင်သွားမလဲ (ဆုံးတဲ့ဆီ ဆောင်သွားမယ်)။ ဒီမဂ်ဉာဏ် သွားတော့ ဆုံးတဲ့တရား ဆီ အဆုံးမြင်တဲ့ဉာဏ်၊ ဒုက္ခဆုံးတဲ့နိဗ္ဗာန် မြင်တဲ့ဉာဏ်ဆီ မဆောင် ပေဘူးလား (ဆောင်ပါတယ်)။
သူတို့က ဓမ္မတွေဆိုတော့ သူတို့က ဆောင်မှာ ခင်ဗျား တို့က ပူဆာစရာမလိုပါဘူး (မှန်ပါ့)။ လက်တို့ပြီး သကာလဟေ့ ဂရုစိုက်၊ ဒီတရားပဲ အောက်မေ့၊ လျှောက်မပြောနဲ့။ ဒါရင့်ရင် တက်မှာပဲ ဆိုတာ သေသေချာချာ မှတ်ပါ။
ညနေအားထုတ်၊ မနက်ရပါတယ်
အဲဒီတော့ ဒကာ ဒကာမတို့ ထိုင်ပြီးတော့ အားထုတ်ရင် တော့ ရမှာပဲ (မှန်ပါ့)။ ဆင်ခြင်ရင်းနဲ့ ကိုယ့်ဉာဏ်က တက်လာ လို့ရှိရင် ညနေအားထုတ် မနက်ရပါတယ်ဆိုတာ ဗောဓိရာဇ ကုမာရ မင်းသားကို သေသေချာချာ ဟောထားတယ်။
သတိပဋ္ဌာန် ပါဠိတော်ကျတော့ အလွန်(၇)ရက်ကွာ၊ အမြန် (၇)ရက်နဲ့ ရပါတယ်။ အလွန်ပျက် (၇)ရက်ပဲ သဘော ကျပလား (ကျပါပြီ)။ အဲ ငါတို့ကျင့်တော့ (၇)ရက်နဲ့ ရနိုင် တယ်။
အို (၇)ရက်ဖြင့် ဝေးသေးတယ်တဲ့ ဘုရားက။ မနက် အားထုတ်၊ ဆရာသမားကောင်းဆီ အားထုတ် ညနေတောင် ရနိုင်ပါတယ်ကွာ၊ လုပ်ကြည့်ပါ။ သေသေချာချာ ဟောတယ်။ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ အားငယ်စရာရှိသေးလား (မရှိပါဘူး)။ ကျုပ်တို့တော့ဖြင့် နိဗ္ဗာန်နဲ့ ဝေးပြီထင်ပါရဲ့။ အလုပ်လည်းမလုပ်ဘူး။ ဝေးထင်ပါရဲ့ သာ ပြောနေတယ်၊ လုပ်ကာ လုပ်ရဲ့ လား (မလုပ်ပါဘူး)။
ကျုပ်တို့က ကျုပ်တို့ ဒီဖြစ်ပျက် မတွေ့သေးဘူး။ ကိုယ် ရှုရမှာ မရှုဘဲနဲ့၊ ဘယ်ကလာတွေ့မလဲ (မှန်ပါ့)။ သဘောကျ ပလား (ကျပါပြီ)။
ခုမှ ဖြစ်ပျက် စ-တွေ တာ၊ စတွေ့တာ မကြည့်ဘဲနဲ့။ တစ်ကြိမ်၊ နှစ်ကြိမ် စလုပ်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ကိုင်း ဒကာ ဒကာမတို့ ဒီဂါထာတော့ ဒီဉာဏ်စဉ်နဲ့ ဘယ်တော့မေ့ဦးမှာလဲ (မမေ့ပါဘူး)။ မမေ့လို့ ရှိရင်ဖြင့် ဒါ အလုပ်စဉ်လည်း ပါသွားပြီဆိုတာ သဘောကျပလား (ကျပါပြီ)။
ဘုန်းကြီးကိစ္စပြီးပြီ
ဒါဖြင့် ဒီဥစ္စာ ဘုရား၏ ကိစ္စ၊ ဆရာသမား၏ ကိစ္စ ဟောဒီလို ဉာဏ်စဉ်တွေ ပြောပေးလိုက်တယ် (မှန်ပါ့)။ ဒါ ဘုန်းကြီးကိစ္စပြီးရော။
ခင်ဗျားတို့ကိစ္စက ဒီဉာဏ်ပြီး ဒီဉာဏ်ဖြစ်အောင်လုပ်၊ ဒီဉာဏ်ပြီးတော့ (ဒီဉာဏ်တက်ရမှာပါ)။ အင်း တစ်-ပြီးရင် နှစ်-ဖြစ်အောင်လုပ်၊ နှစ်က (သုံးဖြစ်အောင် လုပ်ရပါ့မယ်)။
ပွားများသွားရင် မနက်ရမယ်
ဒီလိုသာ ခင်ဗျားတို့ ပွားများသွားလို့ ရှိရင်၊ ညနေ အားထုတ် မနက်ရမယ်လို့ သေသေချာချာ ဟောပါတယ် ရှင်းပလား (ရှင်းပါပြီ)။