279

ကောင်းတာလုပ် ကောင်းကျိုးပေးတယ်

အသံဖိုင်ခေါင်းစဉ်= သမ္မာဒိဋ္ဌိ (၅) မျိုး

စာအုပ်ခေါင်းစဉ်= ကောင်းတာလုပ် ကောင်းကျိုးပေးတယ်(သမ္မာဒိဋ္ဌိ (၅) မျိုး)

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

ကောင်းတာလုပ် ကောင်းကျိုးပေးတယ်

(သမ္မာဒိဋ္ဌိ (၅) မျိုး)

ဟောကြားသည့်နေ့

(၂၀-၄-၆၀)

ဒီနေ့ အားလုံး ဒကာ ဒကာမတွေ သမ္မာဒိဋ္ဌိငါးမျိုးကို ရှေ့ပိုင်း ပြပေးမယ်လို့ မှတ်ထားရမယ်၊ သမ္မာဒိဋ္ဌိ သည်ငါးမျိုးရှိ တယ်လို့ မှတ်ထားလိုက်စမ်းပါ၊ သမ္မာဒိဋ္ဌိ ဘယ်နှမျိုးရှိပါလိမ့် (ငါးမျိုးရှိပါတယ် ဘုရား)၊

အဲဒီတော့ သမ္မာဒိဋ္ဌိဟာ နိဗ္ဗာန် ရောက်တဲ့ သမ္မာဒိဋ္ဌိလည်းရှိတယ်၊ နိဗ္ဗာန်မရောက်တဲ့ သမ္မာဒိဋ္ဌိ လည်းရှိတယ်လို့ ခွဲခွဲခြားခြား မှတ်ထားရမယ် (တင်ပါ ဘုရား)။

နိဗ္ဗာန်ရောက်တဲ့သမ္မာဒိဋ္ဌိ၊ နိဗ္ဗာန်မရောက်တဲ့ သမ္မာဒိဋ္ဌိ လို့ အင်္ဂုတ္ထို အဋ္ဌကထာ ဆရာက သေသေချာချာ ဖွင့်ပြီးထားတဲ့ အတွက် ဒကာ ဒကာမတွေ ကောင်းသောနားနဲ့ ကောင်းသော ကြားခြင်း ကြားရလိမ့်မယ်လို့ မှတ်ထားရမယ်နော် (မှန်ပါ ဘုရား)။

ကောင်းတာလုပ် ကောင်းကျိုးပေးတယ်

သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတွေ လှူဒါန်းပေးကမ်း နေတဲ့ ကံ-ကံ၏ အကျိုး ယုံကြည်ပါတယ် ဆိုတဲ့ ဉာဏ်ကလေးဟာ လည်း သမ္မာဒိဋ္ဌိပဲ၊ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာ လုပ်ရင် (မကောင်းကျိုးပေးပါတယ် ဘုရား)၊ အဲဒါဉာဏ်နဲ့ သိတာကိုနော် (တင်ပါ့)၊ ကောင်းတာလုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေး တယ်လို့ သိတာကလေးက ဘာပါလိမ့် (ဉာဏ်ပါ ဘုရား)၊ အဲဒီဉာဏ်ဟာ သမ္မာဒိဋ္ဌိပါပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဉာဏ် ဘာခေါ်ကြမယ် (သမ္မာဒိဋ္ဌိပါ ဘုရား)၊ သမ္မာဒိဋ္ဌိလို့ ဒကာ ဒကာမတွေက မှတ်ထား လိုက်တော့၊ ဪ ကမ္မဿကတ သမ္မာဒိဋ္ဌိ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ဘာဒိဋ္ဌိပါလိမ့် (ကမ္မဿကတ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ကမ္မဿကတ သမ္မာဒိဋ္ဌိ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဈာန်ဟာဉာဏ်ဦးစီးတယ်

ဈာန်တရားများ အားထုတ်ပြီးနေတာလည်း ဒကာ ဒကာမတို့ ဉာဏ်စခန်းဖြစ်နေတော့ သူလည်း၊ ဈာန်ဟာလည်း ဉာဏ်ဦးစီးပြီး သကာလ နေတာပါပဲ၊ သမာဓိလည်း ပါတယ်။ သို့သော် ဉာဏ်ကလည်းပါပြီး သကာလ နေတော့ ရူပဘုံ၊ အရူပဘုံရောက်ချင်တဲ့ သဘောနဲ့ ဈာန်ကို အားထုတ်တော့ လည်း၊ ဉာဏ်မပါတဲ့ ဒွိဟိတ်ပုဂ္ဂိုလ်ရမှ မရနိုင်ဘဲကို (မှန်ပါ ဘုရား)။

တိဟိတ်ပုဂ္ဂိုလ်မှ ရနိုင်တယ်ဆိုတာ သိထားတော့ အဲဒီ ဈာနသမ္မာဒိဋ္ဌိ ဆိုပြီး သကာလ အဲဒီဉာဏ်ကိုတော့ ဈာနသမ္မာဒိဋ္ဌိ ဆိုပြီးတော့ (၂) နံပါတ်နော် (တင်ပါ)။

ကောင်းပြီ ဒါဖြင့်

(၁)နံပါတ်က ဘာပါလိမ့် (ကမ္မဿ ကတသမ္မာဒိဋ္ဌိပါ ဘုရား)၊

(၂)နံပါတ်က (ဈာနသမ္မာဒိဋ္ဌိ ပါ ဘုရား)၊ ဈာနသမ္မာဒိဋ္ဌိ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ (၂)နံပါတ်က (ဈာနသမ္မာဒိဋ္ဌိပါ ဘုရား)၊ ဈာန်ရခြင်း၏ အကြောင်းသမ္မာဒိဋ္ဌိပေါ့လေနော် (တင်ပါ့)။

(၃)နံပါတ်က ဝိပဿနာသမ္မာဒိဋ္ဌိ၊ ဒကာ ဒကာမတွေ နေ့တိုင်း ဖြစ်ပျက်ရှုနေတာ ဝိပဿနာ သမ္မာဒိဋ္ဌိ ရှင်းသွားပလား (ရှင်းပါပြီ ဘုရား)၊ (၃)နံပါတ်က ဘာပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိလို့ မှတ်ထား လိုက်စမ်းပါ။

(၄)နံပါတ်က တကယ့်မဂ်စစ်ရတဲ့ မဂ်သမ္မာဒိဋ္ဌိ၊ မဂ်ဉာဏ်သမ္မာဒိဋ္ဌိနော် (တင်ပါ့)။

(၅)နံပါတ်က ဖိုလ်ဉာဏ်ရလို့ ဖိုလ်သမ္မာဒိဋ္ဌိဆိုပြီး သကာလ သမ္မာဒိဋ္ဌိက ဘယ်နှမျိုးရှိရပါလိမ့် (ငါးမျိုးရှိ ပါတယ် ဘုရား)၊ ဒါသိသင့်သိထိုက် သိကောင်းတယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ် (မှန်ပါ)။

ရမ်းပြီး သကာလ သူများပြောသံကြားနဲ့ ဘာလုပ်ရင် ဘာဖြစ်တယ် ဆိုတာမျိုးဟာတော့ အားလုံး ဒကာ ဒကာမတို့ ဒီဥစ္စာသူများပါးစပ်လမ်းဆုံးတဲ့ အလုပ်တာတော့ မကောင်းသေးပါဘူးနော် (မှန်ပါ ဘုရား)။

သူများ ပါးစပ်လမ်းဆုံးတဲ့ အလုပ်တွေ ကျောက်တွင်း သမားတွေကို မွဲဖူးလှပါပြီ၊ သူများက ဒီနေရာ ကျောက်ကြီး ကျောက်ကောင်း မယူနိုင်လို့ ပစ်ထားတယ်ဆိုပြီး ပြောကြဆိုကြ တာနဲ့ သွားတွင်းချ၊ တော်ကြာ မွဲပြန်လာတာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဤကဲ့သို့ သူများပါးစပ်လမ်းဆုံးတဲ့အချက်အလက်တွေ လည်းရှိနေတော့ အခုဟာက ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဧကကနိပါတ်မှာ သမ္မာဒိဋ္ဌိအကြောင်းကို သူသေသေချာချာ ဟောလို့ ဘုန်းကြီးများက ရှင်းလင်းပြတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

၁။ (၁)နံပါတ်ကဘာတဲ့ (ကမ္မဿကတ သမ္မာဒိဋ္ဌိပါ ဘုရား)၊

၂။ (၂)နံပါတ်က (ဈာနသမ္မာဒိဋ္ဌိပါ ဘုရား)၊

၃။ (၃)နံပါတ်က (ဝိပဿနာသမ္မာ ဒိဋ္ဌိပါ ဘုရား)၊

၄။ (၄)နံပါတ်က (မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊

၅။ (၅)နံပါတ်က (ဖိုလ်သမ္မာဒိဋ္ဌိပါ ဘုရား)။

ဪ သမ္မာဒိဋ္ဌိက မောင်နိုင်ရေ ငါးမျိုးတောင် ရှိတယ် ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိ ဉာဏ်အလုပ်ဟာ ဘယ်နှမျိုး ရှိပါလိမ့် (၅-မျိုးရှိပါတယ် ဘုရား)။

ဉာဏ်အလုပ်ဟာ ငါးမျိုးရှိတယ်လို့ဆိုတော့ ဒကာ ဒကာမတွေ သိထားပြီ။ ထိုကဲ့သို့ သိထားတဲ့အခါကျတော့ ကိုယ်လုပ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိဟာ ဘယ်လိုများ အကျိုးပေး မှာပါလိမ့်မလဲ ဆိုတဲ့ တွေးလုံးဟာလည်း လာရတော့မယ် (တင်ပါ ဘုရား)၊ သို့သော် အသာလေး ထားလိုက်ပါဦး၊ သူရှေ့ပိုင်းက လာတာအရင်ပဲပြပါဦးမယ်။

(၁) ကမ္မဿကတသမ္မာဒိဋ္ဌိ

ဟော့ဒီ ကမ္မဿကတသမ္မာဒိဋ္ဌိဆိုတာ ပေးမှုကမ်းမှု ရှိခဲ့သည်ရှိသော် ကောင်းကျိုးပေးတယ်လို့ ဒီဉာဏ်တော့မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)၊ ကောင်းကျိုးပေးတယ်လို့ သိတဲ့ဉာဏ် မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒါကတော့ ဒကာ ဒကာမတို့ သမ္ပတ္တိံ အာဂစ္ဆတိ လူစည်းစိမ်၊ နတ်စည်းစိမ်ကို ပဲရမယ်၊ သဘောကျပြီလား၊ ကမ္မဿကတသမ္မာဒိဋ္ဌိ သက်သက်နဲ့ လုပ်လို့ရှိရင် ဘာရပါမတုံး (လူ့စည်းစိမ်၊ နတ်စည်းစိမ်ရမှာပါ ဘုရား)၊ သဘောပါပြီလား (ပါ, ပါတယ် ဘုရား)။

ဪ ကမ္မဿကတ သမ္မာဒိဋ္ဌိ၏ စွမ်းရည်သတ္တိ ဟာ ဒါပါပဲလားလို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကောင်းတာလုပ် ကောင်းကျိုး ပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုးပေးတယ် လို့ဆိုတဲ့ ဉာဏ်သည် ကမ္မဿကတဉာဏ်ပါပဲ၊ ၎င်းဉာဏ်သည်ကားလို့ ဆိုလို့ရင် ဒကာ ဒကာမတို့ ဘယ်တင်အကျိုးပေးသတုံးဆိုတော့ စဉ်းစားမိကြရောပေါ့ဗျာ (တင်ပါ)။

ဒီဉာဏ်လောက်နဲ့မနေကြပါနဲ့

သမ္ပတ္တိဘဝတွေ အကျိုးပေးတယ်၊ သမ္ပတ္တိဘဝဆိုတာ စာလိုသုံးနေတော့ ဒကာ ဒကာမတွေ မသိဘဲနေမယ်၊ လူ့ပြည် နတ်ပြည် အကျိုးပေးတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)၊ ဘယ်အကျိုးပေး ပါလိမ့် (လူ့ပြည် နတ်ပြည် အကျိုး ပေးပါတယ် ဘုရား)၊ ကမ္မဿကတဉာဏ်လေ၊ အားလုံး ဒကာ ဒကာမတွေ ကမ္မဿကတဉာဏ်၏ စွမ်းရည်သတ္တိ သိကြပလား (သိပါတယ် ဘုရား)၊ ဘယ် အကျိုးပေးတုံး (လူ့ပြည် နတ်ပြည်အကျိုးပေးပါတယ် ဘုရား)၊

ဒါကြောင့် ဒီဉာဏ်ကလေး လောက်နဲ့မနေကြပါနဲ့ဆိုတာ ပြောရတယ်နော် (တင်ပါ)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ဗြဟ္မာပြည်တောင်သူမလိုက်နိုင်ဘူး

လူ့ပြည် နတ်ပြည် အကျိုးပေးတယ်ဆိုတော့ ဗြဟ္မာပြည် တောင် သူမလိုက်နိုင်ဘူး (မှန်ပါ ဘုရား)၊ ဘယ့်နဲ့ကြောင့် မလိုက်နိုင်သတုံး၊ အို ဗြဟ္မာပြည် ရောက်စေတဲ့ဉာဏ် သူ့အထဲမပါဘူး (မှန်ပါ)၊ ပါရဲ့လား (မပါပါဘူး ဘုရား)၊ ဉာဏ်နဲ့ သမ္မာဒိဋ္ဌိ အတူတူလို့ ဒကာ ဒကာမတွေက မှတ်ထား လိုက်တာပေါ့ (မှန်ပါ)။

ကဲ ကမ္မဿကတ သမ္မာဒိဋ္ဌိက သမ္ပတ္တိဘဝတွေ အကျိုးပေးတယ်ဆိုတော့ လူ့ပြည် နတ်ပြည် အကျိုးပေးတယ် ဆိုတော့၊ လူ့ပြည်မှာ လူ့ခန္ဓာ ဖြစ်၍၊ နတ်ပြည် နတ်ခန္ဓာဖြစ် ခဲ့သော် ဒကာ ဒကာမတို့ သစ္စာဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့ အခါကျတော့၊ အင်း လူစည်းစိမ်၊ နတ်စည်းစိမ်၊ လူခန္ဓာ၊ နတ်ခန္ဓာ ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာပဲ။

ဒါကြောင့်၊ ဪ ကမ္မဿကတဉာဏ်လောက်နဲ့ မောင်နိုင်တို့၊ ကိုမြင့်တို့၊ ကိုစံလှတို့ တင်းတိမ်ပြီး မနေလိုက်ပါနဲ့ (မှန်ပါ)။

စိတ်မချရတဲ့နယ်တွေ

တင်းတိမ်နေလို့ရှိရင်ဖြင့်တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ လူပြည် နတ်ပြည်တော့ မရောက်ဘူးလို့ ဘုရားက မဟောဘူး၊ ရောက်ပါတယ်ကွာတဲ့၊ ရောက်ပင် ရောက်ငြား သော် လည်း စိတ်မချရတဲ့ တိုင်းပြည်၊ စိတ်မချရတဲ့ နယ်တွေဖြစ်ပြီး သကာလ နေတဲ့အတွက်၊ ဘာကြောင့် စိတ်မချရသတုံး မေးတဲ့ အခါ သူအကျိုးပေးတာက သေသေချာချာ သစ္စာဉာဏ်နဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ အကျိုးပေးတာ (မှန်ပါ)။

ဉာဏ်နဲ့ကြည့်တော့ ဒုက္ခသစ္စာရနေတယ်

တဏှာနဲ့ကြည့်လိုက်တဲ့အခါကျလို့ရှိရင် လူ့စည်းစိမ်၊ နတ်စည်းစိမ် ရတယ်လို့ဆိုကြမယ် (တင်ပါ)၊ ဉာဏ်နဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ ရနေတယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာပေါ့ဗျာ (မှန်ပါ)။

အဲဒါကြောင့် ဒါနပေးလှူတာ ကမ္မဿကတဉာဏ်၊ တပည့်တော်သည် ဤကဲ့သို့ ဆွမ်းတို့၊ ကွမ်းတို့၊ ကျောင်းတို့၊ ကန်တို့၊ ဘုရားတို့ လုပ်ရတဲ့အတွက် ဒုက္ခသစ္စာမှ လွတ်ရပါလို၏ ဘုရားလို့ လုပ်ပြန်တော့လည်းတဲ့ သစ္စာဦးစီးလိုက်တဲ့အတွက် လူစည်းစိမ်၊ နတ်စည်းစိမ်မရပြန်ဘူး (မှန်ပါ)၊ နိဗ္ဗာန်ရသွား ပြန်တယ် ရှင်းပဲလား (ရှင်းပါပြီ ဘုရား)။

ပြင်ပေးမည့်ဆရာရှိရင်

သူ့ကို ပြင်ပေးမည့်ဆရာ ရှိပြန်တော့လည်း နိဗ္ဗာန် ရောက်တယ် (မှန်ပါ)၊ ပြင်ပေးမဲ့ ဆရာ မရှိဘဲနဲ့ ကောင်းတာ လုပ် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ် မကောင်းကျိုး ပေးတယ်လို့ ဒီဉာဏ်ကလေးမျှနဲ့ အကျိုးပေးရင် လူ့ပြည် နတ်ပြည်မှတပါး ဘယ်မှ မသွားတော့ဘူး၊ ဘာသစ္စာတွေရ နေကြသတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကမ္မဿကတသတ္တိဟာ အင်မတန်မှ ဒကာ ဒကာမတို့ ကြောက်စရာ ကောင်းတယ်၊ ဒါကြောင့် ဆရာသမား အကူအညီ ကင်းမဲ့ခဲ့သော် လုပ်ချင်တာ လုပ်ပြီး သကာလ ရောက်ချင်တာ ရောက်ပြီး သကာလ နေကြမယ် ဆိုတာလည်း အရှင်းသားပဲ (မှန်ပါ)၊ မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

(၂) ဈာနသမ္မာဒိဋ္ဌိ

ကဲ ဒုတိယသမ္မာဒိဋ္ဌိက ဘာတဲ့ (ဈာနသမ္မာ ဒိဋ္ဌိပါ ဘုရား)၊ ဪ ဈာန်တရားတွေများ အားထုတ်လိုက် တဲ့အခါကျတော့ တိဟိတ်ပုဂ္ဂိုလ်မှ ရတယ် ဆိုတော့ ဉာဏ်မပါ ဘူးလား (ပါပါတယ် ဘုရား)။

အင်း သူကတော့ ဒကာ ဒကာမတို့ သူ့သတ္တိ ပြောရမယ်ဆိုရင် အဋ္ဌကထာဆရာက ရူပ၊ အရူပဘုံပဲ အကျိုး ပေးတာပါပဲ၊ မောင်နိုင် ဘယ်အကျိုးပေးတုံး (ရူပ၊ အရူပ အကျိုးပေးပါတယ် ဘုရား)၊ ရူပ၊ အရူပဘုံပဲ အကျိုးပေးတော့ ရူပဗြဟ္မာကြီးဖြစ်လိုက်၊ အရူပဗြဟ္မာကြီး ဖြစ်လိုက်၊ သက်ဆိုးရှည် ဖြစ်နေတာ (မှန်ပါ)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဈာန်လမ်းဟာလည်း ဒုက္ခသစ္စာလမ်း

ဒုက္ခသစ္စာပဲတဲ့ ဒါဖြင့် ဪ ဒကာ ဒကာမတို့ ဈာနသမ္မာဒိဋ္ဌိဈာန်လမ်းဟာလည်း ဒုက္ခသစ္စာ လမ်းပါလား (မှန်ပါ)၊ ကံလမ်းဟာလည်း (ဒုက္ခသစ္စာလမ်းပါ ဘုရား)၊ ဒါကြပ်ကြပ် ရှင်းပါ ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့ အပေါ်မှာ ဒီဆရာသမား ဆိုတာကတော့ဖြင့် မရှင်း ရှင်းအောင် ရှင်းပေးရမည့် ဝတ္တရားဟာကတော့ ရှိတယ်၊ မရှင်း ရှင်းအောင်တော့ဖြင့် ရှင်းရမှာပဲ မောင်နိုင်ရ (မှန်ပါ)။

(၃) ဝိပဿနာသမ္မာဒိဋ္ဌိ

ကိုင်း ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ၊ ဝိပဿနာဆိုတာ က အဖြစ်အပျက်ကလေးတွေ မြင်တယ်ဆိုတာ ဉာဏ်နဲ့မှ မြင်နိုင်တယ် (မှန်ပါ)၊ အဖြစ်အပျက်တွေ မြင်တယ်ဆိုတာ ဘာနဲ့မှ မြင်နိုင် (ဉာဏ်နဲ့မှ မြင်နိုင်ပါတယ် ဘုရား)၊ အင်း ဒါဖြင့် ဒီဉာဏ်ဟာ သမ္မာဒိဋ္ဌိပေါ့ (မှန်ပါ)၊ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ၊ အမှန်အကန်မြင်တဲ့ ဉာဏ်ပဲ၊ ခန္ဓာကိုယ်ထဲမှာ အနိစ္စရှိလို့ အနိစ္စသိတာပဲ၊ ဒုက္ခရှိလို့ ဒုက္ခသိတာပဲ၊ အနတ္တရှိလို့ အနတ္တသိတာပဲ၊ ဒုက္ခသစ္စာရှိလို့ ဒုက္ခသစ္စာသိတာပဲ။

သူကတော့ ဘယ်အကျိုးပေးမလဲ၊ ဒီဉာဏ်ကတော့ ဘယ်အကျိုးပေးမလဲလို့ မေးဖို့ရာ အကြောင်း ပေါ်လာတယ်၊ ဟိုဟာတွေပြောပြီးတော့ သူမပြောလို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)၊ သူကတော့ဖြစ် တိုတိုဖြေရလို့ရှိရင် နောက်ဘဝ ဘာပဋိသန္ဓေမှ မလာဘူး၊ ပဋိသန္ဓေကို ဘာမှမလာ ဘူး၊ ဒါဖြင့် ဝဋ်ပြတ်သွားတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ပဋိသန္ဓေကို (မလာတော့ဘူး ဘုရား)။

ဒါဖြင့် ဇာတိဒုက္ခကို လာသေးရဲ့လား (မလာတော့ ပါဘူး ဘုရား)၊ ဇာတိဒုက္ခမှ မလာလို့ရှိရင် ဇရာ ဗျာတိ မရဏ သောက ပဋိဒေဝ ဒုက္ခ ဒေါမနဿတွေကော ကျုပ်တို့ရှောင်ပြီး သား၊ ရှားပြီးသား ဖြစ်သွားတယ် ဆိုတာကော အရှင်းသားပဲ (ရှင်းပါတယ်)၊ ကိုစံလှရေ သိပ်အားကျစရာ ကောင်းပါ တယ် (မှန်ပါ)၊ ဒကာ ဒကာမတို့ ဝိပဿနာသမ္မာဒိဋ္ဌိ အကြောင်းသိပလား (သိပါပြီ ဘုရား)။

နောက်ဘဝမရှိအောင်အလုပ်ခိုင်းတာ

ဝိပဿနာလုပ်နေတာ ဆရာဘုန်းကြီးက လုပ်ကြစမ်း ပါ၊ လုပ်ကြစမ်းပါ အမိအဖ အရွယ်တွေလည်း အမိအဖအလိုက်၊ ညီအစ်ကို မောင်နှမ အရွယ်တွေလည်း ညီအစ်ကိုမောင်နှမ အလိုက် လုပ်ပါ၊ လုပ်ပါ၊ ဒီဟာပဲ ဆိုပြီး သကာလ အမြဲတမ်း တိုက်တွန်းတာ၊ ခင်ဗျားတို့ နောက်ဘဝ မရှိအောင်လို့ အလုပ်ခိုင်း နေတာ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ ဦးခန့်ဘာတဲ့တုံးဗျ (နောက်ဘဝ မရှိအောင် အလုပ်ခိုင်းတာ)၊ နောက်ဘဝမရှိအောင်လို့ အလုပ်ခိုင်းနေတာသေချာ ပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့်တဲ့ ဒါအင်္ဂုတ္တိုရ်အဋ္ဌကထာမှာ သေသေချာချာ ဖွင့်ပြီးပြောဆိုသောကြောင့်လည်း ဒီဥစ္စာပြောတာပါပဲ။

ကိုင်း ဒါဖြင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များမှာ နောက်ဒုက္ခ ဆိုတာ ပြတ်နေတာ (ပြတ်ပါတယ် ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိကဒုက္ခပြတ်တယ်

ကမ္မဿကတက ဒုက္ခရတယ်၊ အဲ ဈာနသမ္မာဒိဋ္ဌိက လည်း (ဒုက္ခရပါတယ် ဘုရား)၊ အင်း ဝိပဿနာသမ္မာ ဒိဋ္ဌိကတော့ (ဒုက္ခပြတ်ပါတယ် ဘုရား)၊ ဒုက္ခပြတ်တယ်လို့ ဆိုတာသဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒုက္ခပြတ်တဲ့ အလုပ်ဟာဖြင့် တို့တွေ့ပြီ ဟေ့၊ တို့တွေ့ပြီဟဆိုတာဖြင့် ဘာမှ မငြင်းဆန်ကြနဲ့တော့ ဒီအလုပ်ဟာ ကိုးစားလောက်၊ အားထားလောက်တဲ့အလုပ် အစစ်အမှန်ပဲဆိုတာ ဆုံးဖြတ်ချက်ချလိုက်တာပေါ့၊ ဒကာ ဒကာမတို့ တစ်ဘဝတစ်နပ်စာနဲ့ ပြီးပြီး သကာလ မနေကြပါနဲ့ ဒီအလုပ်ဟာ ဘုန်းကြီးများလည်း သာသနာတွင်းမို့သာ ဟောနိုင်ပါတယ်၊ ဒကာ ဒကာမတွေလည်း သာသနာတွင်းနားနဲ့ ထောင်လို့သာ ထောင်နိုင်ပါတယ် (မှန်ပါ)၊ ဒါတောင် လူတိုင်းဖြစ်ပျက်တွေ့ တယ်လို့ ဆိုလို့ မရသေးဘူး (မှန်ပါ)။

ကိုင်း ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ ပဋိသန္ဓေ မဖြစ်စေဘူး၊ နောက်ဘဝဘယ်နဲ့တုံး (မဖြစ်ပါဘူး ဘုရား)၊ နောက်ဘဝပဋိသန္ဓေ ဘယ်နဲ့နေတုံး (မဖြစ်ပါဘူး)၊ မဖြစ်ဘူး ဆိုတော့ ဪ အတော် ကျေးဇူးများပါလား၊ ပဋိသန္ဓေဟာ ဇာတိပိ ဒုက္ခသစ္စာ၊ ဇရာပိ ဒုက္ခသစ္စာ၊ မရဏံပိ ဒုက္ခသစ္စာ ဆိုတာ ဒုက္ခကျွတ်တဲ့ အလုပ်ရှာလိုက်သည် ရှိသော်၊ ဪ ဒီအလုပ်ပါလား ဆိုတာ ပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား)။

အေး ဒါတွေဟာ သိထားတော့မှ ဘယ်အလုပ်မဆို ဉာဏ်ကူလိုက်ရင် ကျေးဇူးများသွားတယ် (မှန်ပါ)။

(၄) မဂ်သမ္မာဒိဋ္ဌိ

မဂ္ဂသမ္မာဒိဋ္ဌိကတော့ ဘာလုပ်ပါလိမ့်မတုံးဆိုတော့ အို မဂ်ရတယ်ဆို မနေ့က ပြောပြီးပေါ့။ မဂ်ဝင်လိုက်တယ် ဆိုလို့ ရှိရင်ဖြင့် ကိလေသာဝဋ်နဲ့ ကမ္မဝဋ် မပြတ်ဘူးလား (ပြတ်ပါ တယ် ဘုရား)၊ ဪ မဂ်သမ္မာဒိဋ္ဌိက ဝဋ်ပြတ်တယ် ဒကာ ဒကာမတို့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိက (ဝဋ်ပြတ်ပါတယ် ဘုရား)၊ ဝဋ်ပြတ်တယ် ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

(၅) ဖိုလ်သမ္မာဒိဋ္ဌိ

ကိုင်း ဒါဖြင့် ဖိုလ်သမ္မာဒိဋ္ဌိကတော့ ဘာလုပ်သတုံး ဆိုရင်ဖြင့် အတူတူပါပဲ ဒကာ ဒကာမတို့ ဘဝတွေကို မဖြစ် စေပါဘူး (မှန်ပါ)၊ ဖိုလ်သမ္မာဒိဋ္ဌိကလည်း (ဘာတွေကို မဖြစ်ပါဘူး ဘုရား)၊ ဘဝတွေ မဖြစ်စေဘူး ဆိုတော့ ဒီ (၃)ခုက တော်တော် အားရှိတဲ့ အဓိပ္ပါယ် ပေါ်လာတယ် (မှန်ပါ)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အင်း ဝိပဿနာသမ္မာဒိဋ္ဌိက ပဋိသန္ဓေကို သူမဖြစ် စေဘူး၊ သူကဝဋ်ဖြတ်တယ်၊ သူက ဘဝဖြတ်တယ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဒကာ ဒကာမတို့၊ ဪ ဒီဥစ္စာသည် ကားလို့ ဆိုရင်ဖြင့်တဲ့ သာမညနားနဲ့ထောင်မယ် ဆိုလို့ရှိရင် ဒီဥစ္စာတယ်လေးနက်တဲ့အဓိပ္ပါယ်ရှိတယ်လို့ ယူစရာ မရှိဘူးပေါ့လေ (မှန်ပါ)၊

တကယ့် ထိုးထိုးထွင်းထွင်းနဲ့ ယူကြတော့မယ်ဆိုလို့ရှိရင်ဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိ ကလည်း ပဋိသန္ဓေမလာ သူက ဝဋ်ကိုဖြတ်တယ်၊ ဘဝကိုဖြတ် ဆိုကတည်း က ဝဋ်ဖြတ်တာလည်း ဉာဏ်ပဲ၊ ဘဝဖြတ်တာလည်း (ဉာဏ် ပါ ဘုရား)၊ ပဋိသန္ဓေမလာအောင်တားမြစ်နိုင်တာလည်း (ဉာဏ်ပါ ဘုရား)။

ကိုးစားအားထားထိုက်ပါတယ်

ဉာဏ်ပဲဆိုတော့၊ ဪ သူတို့သုံးခုဟာ ကိုးစား လောက်တယ်၊ မောင်နိုင် ဘယ်နဲ့ဆိုပါ့မတုံး (ကိုးစား လောက်ပါတယ် ဘုရား)၊ ကိုးစားလောက် အားထားလောက် တယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီလိုဝေဖန်ကြစို့၊ ကျုပ်တို့သည် လူ့ပြည် နတ်ပြည် အကြိမ်ကြိမ်ခံစားဖူးပြီ၊ လူပြည် နတ်ပြည်မှား (အကြိမ်ကြိမ် ခံစားဖူးပါပြီ ဘုရား)၊ ဪ ဒါဖြင့် ကမ္မဿကတ သမ္မာဒိဋ္ဌိ ကအများကြီး လုပ်ဖူးတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

လူပြည် နတ်ပြည် အကြိမ်ကြိမ်ခံစားဖူးတယ် ဆိုတာ ထောက်လိုက်သဖြင့် ကမ္မဿကတ သမ္မာဒိဋ္ဌိဖြင့် ကျုပ်တို့ မိုးမွှန် နေအောင်လုပ်ခဲ့ပြီ (မှန်ပါ)၊ ဆိုထိုက်ပလား (ဆိုထိုက် ပါပြီ ဘုရား)၊ ဈာနသမ္မာဒိဋ္ဌိလည်း မိုးမွှန်နေအောင်လုပ်ခဲ့ပါပြီ (မှန်ပါ)။

ကမ္ဘာ ပျက်တိုင်း ဗြဟ္မာပြည်ရောက်တယ်

ဘယ်နဲ့ကြောင့် လုပ်ခဲ့ပါလိမ့်မတုံး၊ ကမ္ဘာပျက်တိုင်း၊ ကမ္ဘာပျက်တိုင်း ကျုပ်တို့ ကမ္ဘာ မီးလောင်မှာ စိုးတာနဲ့ တစ်ယောက် တစ်ယောက်မေတ္တာထား၊ မေတ္တာဈာန်တွေ မလုပ် ကြဘူးလား (လုပ်ပါတယ် ဘုရား)၊ ကရုဏာဈာန်တွေကော (လုပ်ပါတယ် ဘုရား)၊ အေး အဲဒီဈာန်တွေလုပ်လို့ ကမ္ဘာပျက်တဲ့ အခါမှာ ကျုပ်တို့သည်ကားဆိုရင် ဗြဟ္မာပြည်ချည်း ရောက်နေတာ ဈာနသမ္မာဒိဋ္ဌိကြောင့် ရောက်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အောက်ဗြဟ္မာပြည်တွေမှာဖြင့် နှံ့နေအောင်ရောက်ခဲ့ ပါပြီ (မှန်ပါ)၊ အင်း ဘယ်သူ့ သတ္တိပါလိမ့်မတုံး မေးရင်ကော (ဈာနသမ္မာဒိဋ္ဌိပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အခုဘယ်ရောက်နေကြသတုံး ဒကာ ဒကာမတွေ အခု ဘယ်ရောက်နေကြပါလိမ့်မတုံးလို့ မေးခဲ့ သော်၊ လူ့ပြည် ရောက်နေတယ်ဘုရား (မှန်ပါ)၊ အခု ဒကာ ဒကာမတွေ ဘယ်ရောက်နေတုံး (လူ့ပြည်ရောက်နေ ပါတယ် ဘုရား)၊ အင်း လူ့ပြည်ရောက်ရင် ဒီဒိဋ္ဌိပဲ၊ ဒါပဲ ရှိသေးတယ်၊ လူ့ပြည် ရောက်နေတော့ ဘာ ဒိဋ္ဌိ ဖြစ်နေပါလိမ့် (ကမ္မဿကတသမ္မာဒိဋ္ဌိပါ ဘုရား)၊ ကမ္မဿကတသမ္မာဒိဋ္ဌိ (မှန်ပါ)။

အင်း လူ့ပြည် ပဲရောက်ပြီး သကာလ နေတာ ထောက်လို့ ရှိရင် ကမ္မဿကတ သမ္မာဒိဋ္ဌိတည်း ဟူသော အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)၊ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ဒီသုံးခုဖြင့် မလုပ်ဖူးသေးဘူး

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည် ဒီသမ္မာဒိဋ္ဌိ လည်း အတော်ကိုပဲ ကျင်လည်ခဲ့ပြီ၊ လုပ်ခဲ့လှပါပြီ (မှန်ပါ)၊ ဒီသမ္မာဒိဋ္ဌိလည်း ကမ္ဘာပျက်တိုင်း ပျက်တိုင်း လုပ်ခဲ့ပါပြီ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒီသုံးခုဖြင့် မလုပ်ဖူးသေးဘူး။ ဘယ်လိုဆိုကြမတု (သုံးခုက မလုပ်ဖူးသေးပါဘူး)။

ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ၊ ဖိုလ်သမ္မာဒိဋ္ဌိ ဘယ်နဲ့တုံး (မလုပ်ဖူးသေးပါဘူး)၊ မလုပ်ဖူး သေးတာထောက်လိုက်တော့ အခုခန္ဓာရှိနေတာက သက်သေခံတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကံလမ်း ဈာန်လမ်းဟာ သာသနာပတရား

ဦးဘလေး ပေါ် ပလား (ပေါ်ပါပြီ ဘုရား)၊ အခုခန္ဓာ ဖြစ်နေတာက ဘယ် ဒိဋ္ဌိ ကြောင့်ဖြစ်နေတယ် ဆိုတာလည်း ရိပ်မိ ကြရဲ့လား (ကမ္မဿကတသမ္မာဒိဋ္ဌိကြောင့်ပါ ဘုရား)၊ ကမ္မဿကတဒိဋ္ဌိ ကြောင့်ဖြစ်နေတယ် ဆိုတာလည်း ကိုပေါ်တို့ သေချာပလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒါတွေဟာ သာသနာပတရား ဆိုတာ ဘုန်းကြီးကပြောဖို့ မလိုတော့ဘူး (မှန်ပါ)၊ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)၊ အင်း ကံလမ်း ဈာန်လမ်းဟာဖြင့် ဘာတဲ့ (သာသနာပ တရားပါ ဘုရား)။ နိုင်ငံ မောင်နိုင် ဘယ်နဲ့ဆိုပါ့မတုံး (သာသနာပတရားပါ ဘုရား)၊ ဒီဘက်က ကံလမ်း၊ ဒီဘက်က (ဈာန်လမ်းပါ ဘုရား)၊ နာမည်ပြောင်းလိုက်ရင် အတူတူပါပဲ မောင်နိုင်ရေ (မှန်ပါ)၊ ဈာနသမ္မာဒိဋ္ဌိကို ဈာန်လမ်း ခေါ်လိုက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်း ကျုပ်တို့ မကြုံခဲ့ဘူးဆိုတာ ရှင်းသွားပြီ (ရှင်းပါတယ် ဘုရား)၊ ကြုံပြန် တော့လည်း ဘာတွေများလုပ်နေသတုံးလို့ အမေးထုတ်ပြန် တော့ ဒီနှစ်ခုလှည့်နေတာ (မှန်ပါ)၊ ကိုစံလှ ဒီနှစ်ခုလှည့် နေတာ (မှန်ပါ)။

မဂ်ရရင် ဖိုလ်ရတာပဲ

ကြည့်လေ သူအကျိုးပေးက ဝိပဿနာသမ္မာဒိဋ္ဌိလုပ်ဖူး လို့ရှိရင် ပဋိသန္ဓေ မလာတော့ဘူး ဆိုတော့ နိဗ္ဗာန်ရောက်ပြီ ပြော တာပဲ၊ မဂ်သမ္မာဒိဋ္ဌိ လုပ်ဖူးလို့ ရှိရင်လည်း ဝဋ်ပြတ်တယ်ဆို ကတည်းက ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်တယ် ပြောတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မဂ်ရရင်လည်း ဖိုလ်ရတာပါ ပဲ ဒါကတော့ ရှင်းအောင်လို့သာ ပြောရခြင်းဖြစ်ပါတယ်။

ဖိုလ်သမ္မာဒိဋ္ဌိရတဲ့ပုဂ္ဂိုလ်လည်း ဘဝတားမြစ်ပါတယ်၊ ဘဝမလာတော့ပါဘူးလို့ မဆိုလား (ဆိုပါတယ် ဘုရား)၊ အဲဒါတွေ ထောက်ကြည့်တော့မှ ကျုပ်တို့သည်ကားဆိုရင် ဒီနှစ်ခု လှည့်နေတာ သေချာတယ် (သေချာပါတယ် ဘုရား)။

ဒါဖြင့် သာသနာတွင်းက (၃)၊ ရှင်းပလား (ရှင်းပါပြီ)၊ သာသနာပက (၂- ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ သမ္မာဒိဋ္ဌိ (၅)မျိုးရှိတဲ့ အနက် သာသနာတွင်း က (၃-ပါ ဘုရား)၊ သာသနာပက (၂-ပါ ဘုရား)၊ ဒါမလုပ်ဖူး တာတွေလား လုပ်ဖူးတာတွေလား အမေးထုတ် (လုပ်ဖူး ပါတယ် ဘုရား)၊ အဲ (၂)ဟာဖြင့် မောင်နိုင်ရေ အခုခန္ဓာကြီး က သက်သေခံပါတယ်၊ ကမ္ဘာပျက်ပြီး ကျုပ်တို့ လူ့ပြည်ပြန်ဆင်း တာကလည်း သက်သေခံပါတယ် (မှန်ပါ)။

ဈာနသမ္မာဒိဋ္ဌိကလုပ်ပြီးသား

ကမ္ဘာပျက်ပြီး သကာလ ဗြဟ္မာပြည်က ဆင်းခဲ့ရတယ် ဆိုတာလည်း လူတိုင်းသိပါတယ် (မှန်ပါ)၊ အဲတော့ ဗြဟ္မာ ပြည်ရောက်ခဲ့လို့ ဗြဟ္မာပြည်က ဆင်းနိုင်တာပေါ့၊ အဲတော့ ဈာနသမ္မာဒိဋ္ဌိ ကလည်း လုပ်ပြီးသား (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊

ဒါဖြင့် လုံးလုံးမလုပ်ဖူးတာသည် ဘာပါ လိမ့် ဒကာ ဒကာမတို့ (၃၊ ၄၊ ၅) (မှန်ပါ)၊ (၁) နဲ့ (၂) လုပ်ဖူးတယ်၊ (၃၊ ၄၊ ၅)က (မလုပ်ဖူးပါဘူး ဘုရား)၊ အဲ မလုပ်ဖူးကြောင်းကိုလည်း ခန္ဓာရှိတာက သက်သေခံတယ် (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘယ်သူက သက်သေခံ (ခန္ဓာက သက်သေခံပါ တယ် ဘုရား)၊ ခန္ဓာရှိတာက သက်သေ ခံတယ်၊ ခန္ဓာရှိရင် ကမ္မဿကတ သမ္မာဒိဋ္ဌိ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဗြဟ္မာပြည်က ဆင်းပြီး ကျုပ်တို့ လူ့ပြည်ရောက် ခဲ့ရတော့ ဈာနသမ္မာဒိဋ္ဌိက ကျုပ်တို့မှိုပေါက်အောင် လုပ်ခဲ့ပြီ၊ ကမ္ဘာပျက် ဘယ်လောက် တွေ့ခဲ့တယ်လို့ ဆိုစရာမရှိပါဘူး၊ အများကြီး တွေ့ခဲ့လိမ့်မယ်ဆိုတာ သေချာတယ် (သေချာ ပါတယ် ဘုရား)၊ သဘောကောင်းပါပလား (ပါပါပြီ ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ အင်း ဝဋ်ပြတ်တဲ့ အလုပ်မလုပ်ဖူးသေးပါဘူးဆိုတဲ့ အဓိပ္ပါယ်ဖြင့် ရှင်းသွားပြီ (ရှင်းပါတယ် ဘုရား)၊ အင်း ဘာမလုပ်ဖူးပါလိမ့် (ဝဋ် ပြတ်တဲ့ အလုပ် မလုပ်ဖူးသေးပါ ဘုရား)၊ ဒါဖြင့် ကျုပ်တို့နောက်က ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာ ပြောစရာမလိုဘူး သမ္မာဒိဋ္ဌိငါးမျိုးနဲ့ ဝေဖန်တော့ ဝဋ်ထဲမှာနေခဲ့တယ်ဟေ့ (မှန်ပါ)။ ဒါပဲပြောရုံပဲရှိတယ်၊ ဘယ်မှာနေခဲ့တုံး (ဝဋ်ထဲမှာ နေခဲ့ပါတယ် ဘုရား)၊ ဝဋ်ထဲမှာနေခဲ့တယ်ပေါ့။

ဝိပဿနာမလုပ်ဖူးရင်မဂ်သမ္မာဒိဋ္ဌိမလာ

ဗြဟ္မာပြည် ဝဋ်ထဲမှာနေခဲ့တယ်၊ လူ့ပြည်ဝဋ်ထဲမှာနေခဲ့ တယ်၊ အင်း (၃၁)ဘုံဝဋ်ထဲမှာ (နေခဲ့ပါတယ် ဘုရား)။

ဘယ်နဲ့ကြောင့် နေခဲ့ရပါလိမ့်မတုံးလို့ အမေးကို အကြီးအကျယ် ထုတ်သည်ရှိသော် ဝိပဿနာသမ္မာဒိဋ္ဌိ မလုပ်ဖူးဘူး၊ ဝိပဿနာ သမ္မာဒိဋ္ဌိမှ မလုပ်ဖူးရင် မဂ်သမ္မာဒိဋ္ဌိဘယ်တော့မှ မလာဘူး၊ ဖိုလ်သမ္မာဒိဋ္ဌိကော (မလာပါဘူး ဘုရား)။

ဘယ်တော့မှ မလာဘူးဆိုတာ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒီဟာ၊ ဪ အခု အတွေ့ထူးဖြင့်နေပါပေါ့လား။ ဝိပဿနာသမ္မာဒိဋ္ဌိကို တကယ်တမ်းကြိုးစားလိုက်မှပဲ၊ ဝဋ်ကျွတ် တော့မယ် ဆိုတာဖြင့် သမ္မာဒိဋ္ဌိငါးမျိုး ဝေဖန်ပြလိုက်သဖြင့် ဦးခန့် သိပ်ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ကမ္မဿကတသမ္မာဒိဋ္ဌိလည်းလုပ်ပါ

ရှင်းပြီ၊ ရှင်းပြီ ဒကာ ဒကာမတို့ ဒါ ဪ အရေးကြီးတဲ့အချက်တွေ ဆရာဘုန်းကြီးက တို့ကို ဆွဲဆောင် ခေါ်ငင်နေပါပေါ့လားဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)၊ မလုပ်နဲ့လို့ ကမ္မဿကတ သမ္မာဒိဋ္ဌိ မဆိုဘူး၊ ဟောဒီ ဒုက္ခဝဋ်ကျွတ်ချင်ရင် ကမ္မဿကတဒိဋ္ဌိလည်းလုပ်၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

လုပ်ပါတဲ့၊ လုပ်တော့ ဒီထဲဝင်လာလိမ့်မယ် (မှန်ပါ)၊ သစ္စာမြင်လာရင် ဒီဝင်လာတယ် (မှန်ပါ)၊ တတိယ ထဲဝင်လာတယ်လို့ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ကောင်းကောင်း ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါက အင်္ဂုတ္တိုရ်ကလာတာ၊ အင်္ဂုတ္တိုရ်ပါဠိတော်က နေပြီး ဖွင့်တဲ့ အဋ္ဌကထာ ဖြစ်နေလို့ ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိ ဘယ်နှမျိုးရှိပါလိမ့် (ငါးမျိုးပါ ဘုရား)၊

(၁)နဲ့ (၂)ကဖြင့် ဘုံဘဝအကျိုးပေးတာပဲ (မှန်ပါ)၊ မလုပ် တတ်ရင် မလုပ်တတ်ရင်၊ (၃၊ ၄၊ ၅) တို့ကဖြင့် ဝဋ်ဖြတ်တာပဲ၊ (၁)နဲ့ (၂)ကဖြင့် (ဘုံဘဝအကျိုးပေးပါတယ် ဘုရား)၊ ဘုံဘဝ အကျိုး ပေးတယ်၊ (၃၊ ၄၊ ၅)တို့ကဖြင့် (ဝဋ်ပြတ်ပါ တယ် ဘုရား)။

တကယ်တမ်းအိုနာသေကြောက်ရင်

ဝဋ်ပြတ်တယ်ဆိုတော့ ကိုယ်မလုပ်ဖူးတာကို ဒကာ ဒကာမတွေ ရက်ရက်စက်စက်လုပ်ဖို့ အတော်ကောင်းတယ် (ကောင်းပါတယ် ဘုရား)၊ ဘာကြောင့်တုံး ဝဋ်ကြောက်တဲ့ ပုဂ္ဂိုလ်ဖြင့် လုပ်ဖို့ပဲ (မှန်ပါ)၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ ဝိပါကဝဋ်တွေမဟုတ်လား (မှန်ပါ)။ ( အဲဒီ ဝိပါကဝဋ်တွေကို တကယ်တမ်း ပဋိသန္ဓေကြောက် လို့၊ တကယ်တမ်း အိုမှာကြောက်၊ တကယ်တမ်း နာမှာ လန့်ကြလို့ ရှိရင်ဖြင့်၊ ဒီ (၃)နံပါတ်ကိုဖြင့် အမြဲတမ်းကိုင်ရတော့မယ် (မှန်ပါ)၊ မကိုင်ရပေဘူးလား (ကိုင်ရပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အလုပ်မလုပ်ရင်တော်ပါ့မလား

ကောင်းပြီ၊ ဒါဖြင့် သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိတုံး (ငါးမျိုးရှိပါတယ် ဘုရား)၊ ငါးမျိုးရှိတယ်၊ တစ်သံသရာလုံး ဘယ်နှစ်မျိုးနဲ့ နေခဲ့ပါလိမ့် (နှစ်မျိုးနဲ့နေခဲ့ပါတယ် ဘုရား)၊ နှစ်မျိုးနဲ့သာနေခဲ့တယ်၊ ကျန်တဲ့သုံးမျိုးတော့ဖြင့် နည်းနည်းမှ သီခဲ့သမ်းခဲပုံမရပါဘူး၊ ယခုအစပဲဆိုတဲ့အဓိပ္ပါယ် ရှင်းသွားပြီ (ရှင်းပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် အလုပ် လုပ်ကြရမှာပေါ့ (မှန်ပါ)၊ မလုပ်ရင် တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

မလုပ်လို့ရှိရင်ဖြင့် သူတို့နှစ်ခုက ဒီမှာ ဇာတိ ပဋိသန္ဓေ လာတယ်၊ သူတို့ (၃)ခုက ဇာတိပဋိသန္ဓေ မလာဘူး (မှန်ပါ)။ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)၊

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိဒုက္ခသစ္စာ၊ ဇရာဒုက္ခသစ္စာ၊ ဗျာတိဒုက္ခ သစ္စာဆိုတော့ သူတို့က ဒုက္ခသစ္စာဖြတ်တယ် (မှန်ပါ)၊ သူတို့က ဒုက္ခသစ္စာဆိုတော့ သူတို့က ဒုက္ခသစ္စာဖြတ်တယ် (မှန်ပါ)၊ သူတို့က ဒုက္ခသစ္စာကို အကျိုးပေးတယ် (မှန်ပါ)၊ ကောင်းကောင်းရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒါဘုန်းကြီးက ဟောတယ်လို့ မယူဘဲနဲ့ အင်္ဂုတ္တိလ် ပါဠိတော်မှာ လာတဲ့အတိုင်း မှတ်ထားလိုက်တာပေါ့ (မှန်ပါ)။

အနာထပိဏ်သူဌေးကြီး

အဲဒါကို ဒီနေ့အနာထပိဏ်သူဌေးကြီးက ထောက်ခံ ချက်ပေးပါလိမ့်ဦးမယ်၊ အနာထပိဏ် သူဌေးကြီးက ထောက်ခံ ချက်ပေးပါလိမ့်ဦးမယ် ဒကာ ဒကာမတို့၊ ကိုင်း ဒါဖြင့် ဒီငါးမျိုးကို မမေ့ကြပါနဲ့ ဆိုတာ တောင်းပန်တယ်နော် (မှန်ပါ)။

လှူတတ်ရင် ဝိပဿနာသမ္မာဒိဋ္ဌိ

ကမ္မဿကတသမ္မာဒိဋ္ဌိ လုပ်မယ်ကြံလို့ရှိရင်၊ လှူမယ် တန်းမယ်၊ ပေးမယ်၊ ကမ်းမယ်ကြံလို့ရှိရင် ဟောဒီ ဒုက္ခဖြင့် ဒီပဋိသန္ဓေ အကျိုးတော့ ပဋိသန္ဓေဆိုတာဖြင့် မဖြစ်ပါစေနဲ့ ကြောက်လွန်လို့၊ လှူတော့လှူ (မှန်ပါ)၊ ဟောဒီ ဒုက္ခသစ္စာ တော့ မရပါရစေနဲ့ (မှန်ပါ)။

ဆိုတော့ သုံးနံပါတ်ထဲ ဝင်လာတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ လုပ်တတ်ရင် ဘယ်ထဲ ဝင်လာတုံး (သုံးနံပါတ်ထဲ ဝင်လာပါတယ် ဘုရား)၊

ဝိပဿနာသမ္မာဒိဋ္ဌိထဲ ဝင်လာတယ်၊ ဓမ္မာနုပဿနာ သမ္မာဒိဋ္ဌိထဲ ဝင်လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါနတော့လုပ်ကြ၊ သီလလည်းဆောက်တည် ကြ၊ ဆောက်တည်ပြီးသည့် အခြားမဲ့၌ ဆောက်တည်ရင်းမတ် တတ်နဲ့ ဝဋ်ကျွတ်ချင်လို့ဆောက်တည်ကြ၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)၊ ဘယ်လိုလုပ်ကြရမယ် (ဝဋ်ကျွတ်ချင်လို့ ဆောက်တည်ကြရမှာပါ ဘုရား)။

ဒုက္ခသစ္စာမြင်ပြီးလုပ်

အေး နောက်အကျိုးပေးပြီး ပဋိသန္ဓေအကျိုးပေး မှာ ကြောက်လွန်းလို့ ဒီဝဋ်ကျွတ်ချင်လို့ လုပ်ပါတယ်ဆိုတော့၊ ကမ္မဿကတသမ္မာဒိဋ္ဌိ မဟုတ်တော့ဘူး (မှန်ပါ)၊ ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်သွားတယ် (မှန်ပါ)၊ ဒုက္ခသစ္စာမြင်ပြီး လုပ်လိုက်တာကိုး (မှန်ပါ)၊ ဘယ်ဒိဋ္ဌိထဲဝင်သွားပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိထဲ ဝင်သွားပါတယ် ဘုရား)။

အေး ဒါကြောင့် တောင်ရမ်း မြောက်ရမ်းပြီး သကာလ လုပ်နေကြမယ် ဆိုလို့ရှိရင်ဖြင့် ကြောက်စရာကြီးပါလား (မှန်ပါ)၊ ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)၊ ကိုင်း ဒါဖြင့် သမ္မာဒိဋ္ဌိငါးမျိုး၊ ရှင်းလင်းပြီးလို့ ဒကာမတို့ အနာထပိဏ် သူဌေးကြီး စကြစို့တော့နော်။

အနာထပိဏ်သူဌေးကြီးထောက်ခံတယ်

အနာထပိဏ်သူဌေးကြီးက ထောက်ခံချက်ပေးမယ့်သူ့ ကို၊ ကျန်တဲ့သုံးခုကို မောင်နိုင် ထောက်ခံချက် ပေးလိမ့်မယ် (မှန်ပါ)၊ ကျန်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ၊ ဖိုလ် သမ္မာဒိဋ္ဌိကို သူထောက်ခံချက်ပေးမယ် (မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ကပြောထားတဲ့ အတိုင်းပဲ အနာထပိဏ်သူဌေးကြီးကို ရှင်းသာရိပုတ္တရာက ဒကာကြီး ဘယ်ဟာမှ ဥပါဒါန်နဲ့ မစွဲပါနဲ့လို့ပြောတယ် မဟုတ်လား (မှန်ပါ)၊ အဲ သူလည်း မစွဲဘဲနဲ့ပဲ သောတာပန် အဖြစ်နဲ့ ပဲ ရှင်သာရိပုတ္တရာနဲ့ ရှင်အာနန္ဒာလည်း ဇေတဝန် ကျောင်းပြန် ကြရော၊ သူလည်းလမ်းမှာ ဟိုကိုယ်တော်တွေမှ ကျောင်း မရောက်သေးဘူး သူစုတိစိတ် ကျတယ်၊ စုတိစိတ် ကျပါတယ်၊ သေပါတယ်၊ အနာထပိဏ်သူဌေးကြီးသေတယ်လို့ ဦးခန့်မှတ် လိုက်တာပေါ့ (မှန်ပါ)။

တုသိတာနတ်ပြည်မှာနတ်ဖြစ်တယ်

အဲဒီ အနာထပိဏ်သူဌေးကြီး သေပြီး ဘယ်များ သွားဖြစ်ပါလိမ့်မတုံးဆိုတော့ တုသိတာပြည် သွားဖြစ်တယ်၊ သူ့ခန္ဓာကိုယ်ဟာ သုံးဂါဝုတ်ရှိတယ်ဆိုတော့ ဒကာ ဒကာမတို့ အင်မတန် ကြီးကျယ် တာပေါ့နော် (မှန်ပါ)၊ (၁၃)မိုင်၏ လေးပိုင်းသုံးပိုင်းရှိတယ်လို့ မှတ်လိုက်တာပေါ့နော် (မှန်ပါ)၊ လေးပိုင်းသုံးပိုင်း ရှိတဲ့ ခန္ဓာကြီး ရွှေတုံးကြီး အရောင်ထွက်နေတာ၊ ပုဂ္ဂိုလ်ကြီးပေါ့ဗျာ၊ ဘယ်နဲ့ကြောင့် သွားဖြစ်ပါလိမ့်မတုံး၊

ဒီသောတာပန်ပုဂ္ဂိုလ်ကြီး ဒီတုသိတာပြည်သွားပြီး စွဲလည်းမစွဲ ဘဲနဲ့ အို သူက နဂိုက ဒီလိုရှိတယ်လို့ ကိုပေါ်တို့က မှတ်ရမယ်၊ “ငါသာ သောတာပန်တည်လို့ရှိရင်ကွာ ဗြုန်းခနဲ နိဗ္ဗာန် မယူဘူး သောတာပန်အဖြစ်နဲ့ ငါခုနှစ်ဘဝလောက်တော့ ပျော်လိုက်ဦးမယ်၊ ပါးလိုက်ဦးမယ်”ဆိုတဲ့ သဘောလေးက နဂိုဆုတောင်းက ဆူးနေတယ် (မှန်ပါ)။

အထက်မဂ်မတက်နိုင်တာဘာ့ကြောင့်တုံး

ဝိသာခတို့ သူတို့က (မှန်ပါ)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ သေခါနီး နိဗ္ဗာန်မရဘူး (မှန်ပါ)၊ သေခါနီးမှာ အထက်မဂ်တွေ မတက်နိုင်ဘူး၊ သေခါနီး အထက်မဂ် မတက်နိုင်တာ ဘာကြောင့်ပါလိမ့်မတုံး ဆိုတော့ ဝဋ္ဋဘိရမထ ပုဂ္ဂိုလ်ဝဋ်၌မွေ့လျော်ပြီး သကာလ နဂိုက ဆုတောင်း မှားကြီး လုပ်ထားတဲ့ အတွက် သောတာပန် တည်တဲ့အလုပ်တော့ လုပ် ပါ့မယ်၊

လုပ်ပင်လုပ်ငြားသော်လည်း သောတာပန်အဖြစ်နဲ့ ခုနှစ်ဘဝပျော်ပရစေဦး၊ ဒါပါနေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

ဝဋ်ကိုတောင့်တတဲ့သဘောပါနေလို့

အဲတော့ ဝဋ်ကိုလည်း တောင့်တတဲ့သဘောမပါဘူး လား (ပါပါတယ် ဘုရား)၊ အဲဒါကြောင့် တုသိတာပြည်မှာ နတ်သားသွားပြီး သကာလ ဖြစ်ရတယ် (မှန်ပါ)၊ ဦးခန့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နို့မဟုတ်ရင် သေခါနီး ရှင်သာရိပုတ္တရာဟောတာနဲ့ ရှင်ဆန္ဒလို ဒကာ ဒကာမတို့ ရဟန္တာ ဖြစ်ထိုက်တယ် (မှန်ပါ)၊ ဘာဖြစ်လို့ မဖြစ်ပါလိမ့်မတုံးဆိုတော့ ဝဋ်ထဲမှာ ပျော်ချင်သေးတဲ့သဘောကို သူမှာကျန်နေလို့ ဒကာ ဒကာမတို့ အထက်မဂ် အထက်ဖိုလ်တွေကို တားမြစ်တဲ့ တဏှာပါနေ တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူဒိဋ္ဌိဝီစိကိစ္ဆာသာ ပြုတ်သေးတာ ကျန်တဲ့တဏှာတွေက အများကြီးကျန်သေးတာပဲ (မှန်ပါ)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီး တစ်ချို့ ဒကာ ဒကာမတွေ ကျတော့ ဒီလောက်ဖြစ်ရရင် ကျေနပ်ပါပြီလို့ လာချင်လာတယ် (မှန်ပါ)၊ ဒီလောက်ဖြစ်ရရင်ပဲ ကျုပ်တို့ကျေနပ်ပါပြီ၊ ဝိသာခ၊ အနာထပိဏ်လောက် ဆိုရင်ပဲ အကျေနပ်ကြီးကျေနပ်ပါပြီလို့ လာချင်လည်း လာမယ်ပေါ့ဗျာ (မှန်ပါ)။

ဝိသာခါစိတ်

သူ လာချင် တာလည်းခုနက အနာထပိဏ်စိတ်၊ ဝိသာခါစိတ်တို့လို ရှိနေလို့၊ ဆုံးဖြတ်ချက် ချလိုက်တာပေါ့ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါနဲ့သူသည် တုသိတာပြည်ရောက်တော့ တစ်ခါတည်း ရွှေတုံးရွှေခဲဖြစ်တဲ့ ခန္ဓာကြီးဖြစ်ပြီး ဥယျာဉ် ပန်းမန်ပဒေသာပင် တွေ ကြည့်လိုက်တဲ့အခါ၊ ဪ အင်မတန်မှ ခမ်းနားတဲ့ နေရာပါလား၊ ပျော်စရာ၊ ပါးစရာ၊ မေ့စရာ မောစရာတွေ ကတော့ဖြင့် ပြုံငုံပြီး သကာလ နေပါပေါ့လား၊ တာရှည်နေရင် မေ့လိမ့်မယ် သူ့စိတ်ထဲသတိရလာတယ် (မှန်ပါ)။

တာရှည်နေလို့ရှိရင်ဖြင့် ငါးပါးအာရုံ ကာမဂုဏ်ထဲမှ အပျော်ကြီး မျောပြီး သကာလ နေတော့မှာပဲ (မှန်ပါ)၊ မဖြစ်သေးပါဘူး၊ ငါဒီရွှေတုံးကြီးခန္ဓာနဲ့ ရွှေဘုံရွှေနန်းတွေနဲ့ အလုံးစုံ စည်းစိမ်ခမ်းနား ကြီးကျယ်နေတာဟာ ဘာပါလိမ့်မတုံးဆိုတော့ ဪ ငါသည်ကားလို့ဆိုလို့ရှိရင် ဝိပဿနာ လုပ်ခဲ့တာပဲ။ ပေါ်လာပြီး (မှန်ပါ)။

ဝိပဿနာလုပ်လို့ သောတာပန်တည်ခဲ့ပြီ၊ အင်း ဝိပဿနာသမ္မာဒိဋ္ဌိ၏ အကျိုးတွေပါလား၊ သို့သော် ဝိပဿနာ သမ္မာဒိဋ္ဌိ ပဋိသန္ဓေ အကျိုး မပေးဘူးဆိုပဲ၊ ငါပဋိသန္ဓေနေရတာ လည်း၊ ငါ့အပြစ်ပဲ ဆိုတာလည်း သူသိတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားကို လျှောက်တယ်

ကိုင်း ဒါနဲ့ပဲ သူသည်ကားလို့ဆိုရင်ဖြင့် အမေ့ကြီး မေ့ပြီး နေမှာစိုးတာနဲ့ ညနေသေ ညပဲ ဘုရားဆီ ဆင်းလာတယ်၊ ညနေ သေပြီး ညဇေတဝန်ကျောင်း ပြန်ဆင်းတယ် (မှန်ပါ)၊ သေတာက ညနေနော် ဒကာ ဒကာမတို့ (မှန်ပါ) ညပဲ ဇေတဝန်ကျောင်းပြန်ပြီး သကာလ ဆင်းလိုက်တယ်၊

ဆင်းပြီး သကာလ ဘုရားကို သူလျှောက်ပါတယ်၊ အရှင် ဘုရားတဲ့ တပည့်တော် သည်ကား ဆိုလို့ရှိရင်ဖြင့် နတ်ပြည်က လာတဲ့ အနာထပိဏ်သူဌေးကြီးပါပဲ၊ ၎င်းအနာထပိဏ်သူဌေး ကြီးသည်ကား ဆိုရင်ဖြင့် တပည့်တော်ဉာဏ်ထဲမှာလည်း အမှန် မြင်တာကို အရှင်ဘုရား လျှောက်လို့ ရှိရင်ဖြင့် အရှင်ဘုရား သဘောကျလည်း ဒီအတိုင်း နေလိုက်တာပေါ့၊ သဘောမကျလို့ ရှိရင်လည်း အရှင်ဘုရားကပြန်ပြီး အဖြေပေးတော်မူပါ။ သဘောပါကျပလား (ပါပါပြီ ဘုရား)၊ ဘုရားလာလျှောက် တာနော် (မှန်ပါ)၊

“ကမ္မံ ဝိဇ္ဇာ စ၊ ဓမ္မော စ သီလံ ဇီဝီတ မုတ္တမံ။ ဧတေန မစ္စာ သုဇ္ဈန္တိ၊ န ဂေါတ္တေန ဓနေန ဝါ။ တသ္မာဟိ၊ ပဏ္ဍိတော ပေါသော သမ္ဖဿံ အတ္ထမတ္တနော၊ ယောနိသော ဝိစိနေန ဓမ္မံ၊ ဧဝံ တတ္ထ ဝိသုဇ္ဈတိ။” ဒီဂါထာနှစ်ဂါထာနဲ့ လျှောက်ပါတယ်၊ လိုရင်း ဂါထာဒါပဲ (မှန်ပါ)။

ကိလေသာစင်မှ နိဗ္ဗာန်ရောက်မယ်

အဓိပ္ပါယ် ဘာသိရမလဲလို့မေးတော့- အရှင်ဘုရားတဲ့ လောကကြီးထဲမှာဖြင့် ကိလေသာ စင်ကြယ်အောင် လုပ်တဲ့ နေရာမှာ တပည့်တော်တို့ အမှန်အစစ်ကို လျှောက်ရလို့ရှိရင်၊ ကိလေသာ စင်မှလည်း နိဗ္ဗာန်ရောက်မှာကို (မှန်ပါ)၊

သောတာပန် သကဒါဂါမ်၊ အနာဂါမ်တည်ချင်လို့ ရှိရင် ဆိုင်ရာဆိုင်ရာ ကိလေ သာစင်မှပဲ တည်မယ် ဆိုတာကတော့ အထင်အရှား ပါပဲ (မှန်ပါ)၊

သောတာပန်ဖြင့် သောတာပန်ဆိုင်ရာ ကိလေသာစင်ရ မယ်၊ သကဒါဂါမ်ဖြင့် သကဒါဂါမ်ဆိုင်ရာ ကိလေသာစင်မှ သကဒါဂါမ်ဖြစ်မှာကို (မှန်ပါ)၊ အဲတော့ လောကကြီးမှာ စင်ကြယ်တယ် စင်ကြယ်တယ် ဆိုတာဘုရားတဲ့ မဂ္ဂင်မှပဲ စင်ကြယ်နိုင်တာတော့ အမှန်ပါပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊

ဝိပဿနာမဂ်ဖြစ်ဖြစ်၊ ဒီကမဂ်ဖြစ်ဖြစ်၊ ဖိုလ်ထဲမှာပါတဲ့ – ဖိုလ်ဂင်ဖြစ်ဖြစ်၊ မဂ္ဂင်ဖြစ်ဖြစ်ပေါ့ဗျာ (မှန်ပါ)၊ သူမှသာလျှင် ဘုရားတဲ့ “ကမ္မံ ဝိဇ္ဇာစ၊ ဓမ္မော စ၊ သီလံ ဇီဝိတ မုတ္တမံ၊ ဧတေန၊ ဤမဂ္ဂင်ဆိုတဲ့ တရားဖြင့် မစ္စာ- သတ္တဝါတို့သည် သုဇ္ဈန္တိ- ကိလေသာ စင်ကြယ်ကြကုန်၏။

မဂ္ဂင်မှ ဝဋ်ကိုဖြတ်စေနိုင်တယ်

တပည့်တော် သေသေချာချာ လျှောက်ပါတယ် ဘုရားတဲ့ မဂ္ဂင်မှပဲဝဋ်ကိုလည်း ပြတ်စေ နိုင်တယ်၊ ကိလေသာအညစ် အကြေးကိုလည်း စင်ကြယ်နိုင်တယ်၊

ဒီအပြင် အမျိုးအနွယ် ကောင်းသဖြင့်လည်း ဘာမှမဆိုင်ပါဘူး ဘုရား၊ ပစ္စည်းပေါသဖြင့် လည်း ဘာမှမဆိုင်ပါဘူးဘုရားတဲ့၊ သေသေချာချာ စင်ကြယ်အောင် လုပ်ချင်လို့ရှိရင်ဖြင့် မဂ္ဂင်သာလျှင် စင်ကြယ်အောင် လုပ်ပြီး သကာလ နိဗ္ဗာန်ပို့နိုင်ပါတယ် (မှန်ပါ့)၊ သေသေ ချာချာလာလျှောက် တယ် (မှန်ပါ့)၊ ဦးခန့် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဘယ်ပြည်က လာလျှောက်ပါလိမ့် (နတ်ပြည်ကပါ ဘုရား)၊

ပေါ်လာတဲ့တရားသည်အနိစ္စ

တုသိတာနတ်ပြည်က လာလျှောက်တယ်၊ တုသိတာ နတ်ပြည်ကလာလျှောက်တယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ သီလံ- ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ ခင်ဗျားတို့သိပြီးသား အတိုင်းပဲ ရှင်းပြပါ့မယ်တဲ့၊ ဥပမာ – ဒါလေးဟာ စိတ်ဖြစ်စေ၊ ဝေဒနာဖြစ်စေ၊ ခန္ဓာမှာပေါ်မယ်ဗျာ (မှန်ပါ့)၊ ပေါ်တဲ့ အခါကျလို့ရှိရင်တဲ့ ဒကာ ဒကာမတွေသည်ကားလို့ဆိုရင်ဖြင့် အင်း တရားလေးဟာ ပေါ်လာတဲ့ တရားလေးဟာ အနိစ္စပါ လားတော့ ဘုန်းကြီးသင်ထားလို့ လူတိုင်းပဲ ရှုကြမှာပဲ (မှန်ပါ)။

အိပ်ချင်တဲ့စိတ်ကလေးပေါ်လာလည်း အနိစ္စရှုကြမှာပါ (မှန်ပါ့)၊ ဖြစ်ပြီးပျက်တာ အနိစ္စကို (မှန်ပါ့)၊ အင်း စားချင်တဲ့စိတ်ကလေးပေါ်လာလည်း သတိရတဲ့အခါ မရှုကြပေဘူးလား (ရူပါတယ် ဘုရား)၊

ဝိပဿနာမဂ္ဂင်ငါးပါး

အဲဒီလို ရှုလိုက်တော့ကို ဒီထဲမှာ မဂ္ဂင်က ငါးပါးပါတယ် (မှန်ပါ့)၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတော့ သမာဓိမဂ္ဂင်က (၃)၊ ပညာမဂ္ဂင်က (၂)ပါး သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဝိပဿနာမဂ်နော် (မှန်ပါ)၊

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ဒီငါးခုကို ဆိုပါတယ် (မှန်ပါ့)၊ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ဒကာ ဒကာမတို့ ဒီမဂ္ဂင် ငါးပါးကို ဆိုတာပါ (မှန်ပါ့)၊ သူက ပဋိသန္ဓေ အကျိုးမပေး ဘူးလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)၊ အဲတော့ ဒီဝိပဿနာ ရှုရင်းရှုရင်းနဲ့ ဒကာ ဒကာမတို့သည် ကားဆိုရင် ဒီအဖြစ်အပျက် တွေ့မြင်လို့၊ ဒီအဖြစ်အပျက်တွေမုန်း၊ ဒီအဖြစ် အပျက်တွေဆုံးသွားတဲ့ အခါကျတော့ ဝိပဿနာမဂ္ဂင်ဟာ (၈)ပါးဖြစ်ပြီး သကာလ နိဗ္ဗာန် မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊

နိဗ္ဗာန်မြင်တော့ မဂ္ဂင် (၈) ပါး

မဂ္ဂင်(၈)ပါးဖြစ်ပြီး သကာလ နိဗ္ဗာန်မြင်တော့ နိဗ္ဗာန်မြင် တာသည် ဘာပါလိမ့်မတုံလို့မေးတော့ မဂ်ပဲ (မှန်ပါ့)၊ နိဗ္ဗာန် မြင်တော့ (၈)ပါး ဖြစ်ပျက် မြင်တော့ ((၅)ပါးပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)၊

တစ်ခါသွားလိုက်ပါဦး မဂ်ချုပ်သွားတဲ့အခါ၊ မဂ်ခန္ဓာ ကိုယ်ထဲမှာ တစ်နှစ်ဆိုချုပ်သွားတာ သိပ်ကြာတာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ မဂ်ချုပ်သွားပြီတဲ့အခါကျတော့ ဖိုလ်ဟာ မလာပါနဲ့ဆိုလို့ မနေတော့ဘူး၊ အကာလိကော -အခါမလင့် အကျိုးပေး၏ဆိုတော့ မဂ်ကြောင့် ဖိုလ်မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)၊ ဒါမဂ်ပြီး ဖိုလ်လာတာပဲ၊ အဲ့ဒီဖိုလ်စိတ်ဟာ သောတာပန်ပဲ ဒါကသောတာပတ္တိမဂ် ပုဂ္ဂိုလ်၊ ဒါက သောတာပတ္တိ ဖိုလ်ပုဂ္ဂိုလ် (မှန်ပါ့)။

လောကုတ္တရာဖိုလ်ဂင် (၈)ပါး

အဲတော့ ဒကာ ဒကာမတို့ ရှေ့ပိုင်းက ငါးခုက ဝိပဿနာ မဂ်ပါလား၊ ဒါက လောကုတ္တရာ၊ မဂ္ဂင်ရှစ်ပါးပါလား၊ လောကု တ္တရာ ဖိုလ်ဂင် ရှစ်ပါးပါလား ဆိုတာ မသိသေးဘူးလား (သိပါတယ် ဘုရား)၊ ဒါရှုလို့ ပေါ်လာကြတာ၊ ရှုလို့ သူချုပ်သွားပြီး သူပေါ်လာတယ် (မှန်ပါ)၊ သူချုပ်သွားပြီး သူပေါ်လာ တယ်ဆိုတာ ဒကာ ဒကာမတို့ အရှင်းသားပဲ (မှန်ပါ)၊ မရှင်းကြပေဘူးလား (ရှင်းပါတယ် ဘုရား)၊

အဲဒီ ရှင်းပြီး သကာလ နေတော့ ခုနက အင်္ဂုတ္တိုရ်က ဘယ် လိုဆိုလိုက်တုံးဆိုတော့ ဝိပဿနာမဂ်သည် ဒကာဒကာမတို့ သူ့သက်သက်နဲ့ သေသွားရင် ပဋိသန္ဓေမလာဘူးလို့ပြော တာပဲ၊ သူကလည်း ဝဋ်ဖြတ်တယ်လို့ မဆိုလား (ဆိုပါတယ် ဘုရား)၊ သူသည်ကား ဘဝဖြတ်တယ်လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)၊

ခန္ဓာဒုက္ခသိမ်းတယ်

ဘဝကို သူမစွဲငင်တော့ပါဘူး၊ ဘဝမလာတော့ပါ ဘူးဆိုသဖြင့် သုံးခုစလုံးဟာ ဒကာ ဒကာမတို့ ခန္ဓာဒုက္ခသိမ်းတာ ချည်းပဲ (မှန်ပါ)၊ ဘယ်လိုဆုံးဖြတ်ချက်ချကြမတုံး (ခန္ဓာဒုက္ခသိမ်းပါတယ် ဘုရား)၊ ခန္ဓာဒုက္ခသိမ်းတယ်ဆိုကတည်း က ရေဘေးမီးဘေးတွေဟာ ခန္ဓာရှိလို့ လာတာတွေ (မှန်ပါ)။

ဘေးအတန်တန် (၉၆)ပါးရောဂါသိမ်း (၃၂)ပါးသော ကံကြမ္မာသိမ်း သဘောကျပလား (ကျပါပြီ ဘုရား)၊ (၉၆ပါး ရောဂါဝေဒနာတွေလည်း ခန္ဓာရှိမှလာမှာဖြစ်သောကြောင့် ခန္ဓာသိမ်းရင် (၉၆)ပါး သိမ်းတယ် (မှန်ပါ့)၊ ခန္ဓာသိမ်းရင် (၃၂)ပါးသော ကံကြမ္မာ တွေကော (သိမ်းပါတယ် ဘုရား)၊ ခန္ဓာသိမ်းရင် (၂၅)ပါး သော ဘေးတွေကော (သိမ်းပါတယ် ဘုရား)၊ အင်း အကုန်သိမ်းတယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒီသုံးခုဟာ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ သိမ်းတရား၊ ဒုက္ခသိမ်းတဲ့ တရားသုံးခုပါလား ဆိုတာ ပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား)၊ မနေ့ကပြောတဲ့ အတိုင်း အနာထပိဏ် သူဌေးကြီး ကလည်း အရှင်ဘုရား သူတို့မှ ကိလေသာ စင်ကြယ်စေနိုင်တာ ဘုရား၊ ကိုစံလှရေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊

ဒီသုံးခုမှ ဘာတဲ့တုံး (ကိလေသာစင်ကြယ်နိုင်ပါ တယ် ဘုရား)၊ ကိလေသာဆိုတာ တဏှာ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ အင်း သူတို့သုံးခုမှဘာတဲ့ (ကိလေသာ စင်ကြယ် နိုင်ပါတယ် ဘုရား)၊ ကိလေသာစင် ကြယ်နိုင်တယ် ဆိုတော့ ကိလေသာဝဋ် ကံမဝဋ်ချွတ်တဲ့ တရား သုံးခုပဲလို့ဆိုလို့ရှိရင် ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ဘုရား)၊ ဦးဘလေး သဘောကျပလား (ကျပါပြီ ဘုရား)၊

ဝိပဿနာရှုရင်းသေသွားရင်

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးလည်း အကျိုးများ တာပဲ (မှန်ပါ့)၊ ဝိပဿနာရှုရင်း သေသွား၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဝိပဿနာရှုရင်း သေသွားတဲ့ ပုဂ္ဂိုလ်ဟာ ခုနှစ်ဘဝ ဆိုလို့ ရှိရင်ဖြင့်တဲ့ ကိစ္စပြီးတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

ဝိပဿနာရှုရင် သေတဲ့ပုဂ္ဂိုလ် ဟာ (ခုနှစ်ဘဝနဲ့ ကိစ္စပြီးပါတယ် ဘုရား)၊ ခုနှစ်ဘဝဆိုရင် ကိစ္စပြီးတယ်၊ ရှုရင်းသေတာ ဟောဒီမဂ်မဆိုက်ဘူး (မှန်ပါ)၊ ဒီမဂ်မဆိုက်ဘူး၊ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ သေသွားလို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

ခုနှစ်ဘဝဆိုရင် ကိစ္စပြီးတယ်

ခုနှစ်ဘဝ ဆိုရင်ဘာတဲ့တုံး (ကိစ္စပြီးပါတယ် ဘုရား)၊ ဟာ ဒါဖြင့် ဒကာ ဒကာမတို့ ခုနှစ်ဘဝ ကိစ္စပြီးတယ် ဆိုတော့ ရှင်းပြပါဦးမယ်တဲ့ ဟောဒီ ဝိပဿနာ သမ္မာဒိဋ္ဌိရှုရင် ဒကာ ဒကာမတွေက ဖြစ်ပျက်မြင်ပြီး သကာလ အင်း အထက်မဂ်လည်း မတက်နိုင်တာနဲ့ သေပွဲဝင်ကြတယ် ဆိုကြပါစို့ (တင်ပါ)။

သေပွဲဝင်ကြတဲ့အခါကျလို့ရှိရင် ဖျက်ဆို သူက သုဂတိ တော့ရောက်အောင်ပို့ရမှာကိုဗျ (မှန်ပါ)၊ မပို့ပေဘူးလား (ပို့ပါတယ် ဘုရား)။

သုဂတိရောက်တဲ့အခါကျတော့ နတ်သမီး ရင်ခွင်ထဲမှာ “အိပ်သောယောက်ျား နိုးတဲ့ အလားကဲ့သို့” တစ်ခါတည်း ဒကာ ဒကာမတို့ သောတာပန် သွားတည်တာပဲ၊ ဝိပဿနာ ရှုရင်းသာ သေသွားလို့ ရှိရင် ဒီဘဝမတည် ဒုတိယဘဝသေချာ တည် တာပဲ (မှန်ပါ့)။

ဒုတိယဘဝမှာသောတာပန်တည်လို့

အဲဒါကြောင့် ဒုတိယဘဝ သောတာပန်တည်တော့ ခုနှစ်ဘဝလို့ ဆိုလိုက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါတိပိဋကတ် စူဠနာဂမထေရ်က ဒီလိုဆုံးဖြတ် ချက်ချလိုက်တယ်၊ ဝိပဿနာနဲ့ သေရင် ခုနှစ်ဘဝပါကွာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမဂ်တွေ ဒီဖိုလ်တွေကတော့ဖြင့် ဒါဘဝဆိုစရာမရှိ ဘူးတဲ့ မဂ်လေးတန်တန်းရလို့ရှိရင် ဒီဘဝကိစ္စပြီးတာပဲ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အရှင်ဘုရားတဲ့ အနာထပိဏ်သူဌေးကြီးက “လောကကြီးထဲမှာ ဝိပဿနာမဂ်မှတစ်ပါး၊ လောကုတ္တရာမဂ် မှတစ်ပါး၊ အားလုံးသော ပုဂ္ဂိုလ်တွေမှာဖြင့် ကိလေသာ အညစ် အကြေးမှ စင်ကြယ် စေနိုင်တာဖြင့် ဘာမှမရှိပါဘူး၊ ဒီဝိပဿနာ မဂ်နဲ့ ဒီလောကုတ္တရာမဂ်ပဲရှိတယ် (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်တဲ့ “ကမ္မံ ဝိဇ္ဇာစ ဓမ္မော စ၊ သီလံဇီဝိတမုတ္တမံ” ဆိုတဲ့အတိုင်း၊ သီလဟာလည်း အမြတ်ဆုံးပဲ ဆိုတော့ မဂ္ဂင် ရှစ်ပါးထဲ သီလကလည်း ပါပြီးသားဖြစ်နေတယ် (မှန်ပါ)၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သီလမဂ္ဂင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ က-ပညာမဂ္ဂင်ဖြစ်တော့၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိက သမာဓိတွေ ဖြစ်နေတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း သီလ၊ သမာဓိ၊ ပညာစုံနေတယ် (မှန်ပါ)၊ မစုံဘူးလား (စုံပါတယ် ဘုရား)၊ ဝိပဿနာ မဂ်ထဲမှာတော့ သီလမစုံဘူး သမာဓိ ပညာစုံတယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာမဂ်ကတော့ (သီလမစုံပါ ဘုရား)၊ ဖြစ်ပျက် ကိုမြင်တဲ့ ဒကာ ဒကာမကျတော့ သီလတော့မစုံသေးဘူးတဲ့ (မှန်ပါ)၊ သမာဓိ ပညာကတော့ ကိုင်း ဒုက္ခချုပ်တဲ့ နိဗ္ဗာန်မြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာစုံမတုံး (သီလစုံပါပြီ ဘုရား)၊ သီလ၊ သမာဓိ၊ ပညာစုံတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ဘာတဲ့ (သီလ၊ သမာဓိ၊ ပညာစုံပါတယ် ဘုရား)၊ ဒုက္ခမချုပ်သေးဘူး ဘုရာ့၊ တပည့်တော် တို့က ဖြစ်ပျက်ကလေးတွေပဲ၊ တစ်ခါတစ်ခါ တွေ့နေသေးတယ်လို့ ဆိုတော့ သီလမပါဘူး (မှန်ပါ့)၊ သီလ မစုံသေးဘူး (မှန်ပါ့)၊

မစုံပေမဲ့ လုံးလုံး မပါဘူးလားလို့ ဒီလိုလည်း မယုံလိုက်ပါနဲ့၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇိဝဆိုတော့ ကောင်းတဲ့ အလုပ် လုပ်နေသောကြောင့် ဒီထဲမှာ သမ္မာကမ္မန္တဆိုတဲ့ သီလ ဟာတော့ပါသေးတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဝစီကံနဲ့ ဖြစ်ပျက်ရှုနေ သမ္မာဝါစာ ပါလိုက်ပါတယ် (မှန်ပါ)။

မဂ္ဂင် (၆) ခု (၅) ခုဝင်နေတယ်

သမ္မာအာဇီဝ မပါဘူးဆိုရင်တော့ မပါဘူးသာဆိုတယ် (၆)ခုနဲ့ (၇)ခုလဲပါဝင်နေတယ်၊ သဘောကျပလား (ကျပါ တယ် ဘုရား)။

အဲတော့ ဒီထဲမှာလည်း ထိုက်တန်တဲ့ သီလမပါဘူးလား (ပါပါတယ် ဘုရား)၊ သို့သော် ဘယ်နဲ့ကြောင့် သီလမပါဘူး လို့ဆိုရသတုံးဆိုတော့ မမြဲသေးလို့ (မှန်ပါ)၊ ဝိပဿနာမဂ် သမား ကတော့ဖြင့် မမြဲသေးဘူး သီလ မမြဲသေးဘူး (မှန်ပါ)။

မုသားပြောချင်လည်း ပြောလိုက်လိမ့်မယ်၊ မူးချင်လည်း မူးလိုက်မယ်၊ ရူးချင်လည်း ရူးလိုက်မယ်ဆို ဝိပဿနာမဂ် သမား ကတော့ ဒီလိုရှိသေးတယ်တဲ့ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဟောဒီဘက်က ရှစ်ပါးသာ ပြည့်ပြီးသား ပုဂ္ဂိုလ်ကျတော့ အသက်အသေခံမယ် မုသားလည်း မပြောပါဘူး၊ သေရည် သေရက် လည်း မသောက်ပါဘူး (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်နဲ့ ဒီ လောကုတ္တ ရာဖြစ်တဲ့ မဂ်နဲ့သည်ကားဆိုလို့ရှိရင်ဖြင့် (၆)ပါး၊ (၇)ပါးနဲ့ (၈)ပါးကွာတယ် ဒီဘက်ကတော့ (၆)ပါး၊ (၇)ပါးဖြစ်ချင်လည်း ဖြစ်မယ် (မှန်ပါ)၊ (၈)ပါး ဘယ်တော့မှ မဖြစ်ဘူး၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ဝိပဿနာမဂ်က (၈)ပါး ဘယ်တော့မှ မဖြစ်ဘူး (၅)ပါး၊ (၆)ပါး တစ်ခါတစ်လေ (၆)ပါး (၇)ပါး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အမြင်ချင်းကခြားနားတယ်

ဒီကတော့ကို ဘယ်အခါမဆို သူက (၈)ပါးပဲ၊ ဒါကြောင့် မပြည့်တဲ့အတွက် ဒကာမတို့ ရှေ့မဂ်ကတော့ နိဗ္ဗာန် မမြင်ဘူး၊ သင်္ခါရကိုသာ မြင်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီနောက် (၈)ကတော့ (နိဗ္ဗာန်မြင်ပါ တယ် ဘုရား)၊ နိဗ္ဗာန်မြင်ဆိုတော့ အမြင်ချင်းကလည်း ခြားနား တယ် (ခြားနားပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ချုပ်တာမြင်တာနဲ့ နိဗ္ဗာန်မြင်တာ

ဟိုကချုပ်တာသာမြင်တယ်၊ ဝိပဿနာမဂ်က (မှန်ပါ)၊ သူက နိဗ္ဗာန်ကိုမြင်တယ် (မှန်ပါ)၊ ချုပ်တာမြင်တာနဲ့ နိဗ္ဗာန်မြင်တာနဲ့ ကွာသေးတယ် (ကွာပါတယ် ဘုရား)၊ မကွာဘူးလား (ကွာပါတယ် ဘုရား)၊ အဲဒါတွေ ကြည့်ပြီး စဉ်းစားလိုက်တဲ့ အခါကျတော့မှ ဪ ဝိပဿနာမဂ်လည်း အတော် ခရီးပေါက်တယ် (မှန်ပါ)၊ သူလည်း (၆) (၇) ဖြစ်နေတယ် (မှန်ပါ)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒကာကြီးလှိုင်တို့ ကြိုးစားပါနော် ဆိုတာ တိုက်တွန်း တယ်နော် ဝိပဿနာ ရှုနေရင်း မတ္တနဲ့ပဲ သီလမဂ္ဂင်က ဝင်လိုက်ပါ သေးတယ် (မှန်ပါ)၊ ငါးပါးဆိုတာက ဧကန်ပြောတာပါ၊ တစ်ခါတလေ ကျတော့ ဝိပဿနာ လုပ်နေထိုင်နေတဲ့ အခါကျတော့ သူကောင်းတဲ့ အလုပ်လုပ်တာမဟုတ်ဘူးလား ဟုတ်သလား၊ (ဟုတ်ပါတယ် ဘုရား)၊

ဒါဖြင့် သမ္မာကမ္မန္တ၊ သမ္မာက ကောင်းတာ၊ သမ္မန္တက အမှုလုပ်နေတာ၊ ကောင်းတဲ့ အမှုလုပ် နေတာ၊ ဒါကြောင့် သမ္မာကမ္မန္တ မဂ္ဂင်ဝင်လာတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဒါလေးဟာ မြင်တာလေးဟာ အနိစ္စပါလား၊ တခြားတရား မဟုတ်ပါလားလို့ ပါးစပ်ကများ ဖွင့်လိုက်တဲ့ အခါ ကျတော့ သမ္မာဝါစာ ဝင်လာတယ်၊ မဝင်လာဘူးလား (ဝင်လာပါတယ် ဘုရား)။

မဂ္ဂင်(၈)ပါးသာ သူမပြည့်တာ

အဲဒီတော့ နဂိုငါးပါးရှိတဲ့ အထဲမှာ (၂)ပါးတိုး မလာဘူး လား (တိုးလာပါတယ် ဘုရား))၊ တိုးတော့ (၆)ပါးသော် လည်းကောင်း၊ (၇)ပါးသော်လည်းကောင်း မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အင်း (၆)ပါး (၇)ပါးဖြစ်နေတော့ (၈)သာ သူမ ပြည့်တာ (မှန်ပါ)။ ဒါကြောင့် သူသည်ကား ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သူထဲမှာလည်း သေသေချာချာ စစ်လိုက်တော့ သီလ၊ သမာဓိ၊ ပညာ ပါတယ်၊ သီလမစုံတာ တစ်ခုပဲ ရှိတယ် (မှန်ပါ)၊ သဘောကျပလား ဘာတဲ့တုံး (သီလ၊ သမာဓိ၊ ပညာ ပါပါတယ် ဘုရား) ပါတယ် ဘယ်သူမစုံသတုံး (သီလ မစုံပါ ဘုရား)။

သီလမစုံဘူး၊ စုံရင် လောကုတ္တရာ ဖြစ်တော့မယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ စုံရင် (လောကုတ္တရာ ဖြစ်တော့မှာပါ ဘုရား)၊ ဪ စုံရင် လောကုတ္တရာ ဖြစ်မယ် ဆိုတော့ စုံအောင် ကြိုးစားဖို့ရာ ဆိုတော့ အမြင်ခြင်း မတူဘူးပေါ့ မောင်နိုင်ရာ (မှန်ပါ)၊ ဝိပဿနာမဂ် ကချုပ်သွားတာ လေးတွေသာ မြင်တယ် (မှန်ပါ)။

ဝိပဿနာမဂ်ကချုပ်သွားတာမြင်တယ်

တစ်နေ့က ရှင်ဆန္ဒ ပြောတယ်မဟုတ်လား (မှန်ပါ)၊ ဝိပဿနာမဂ်က ဘာတုံး (ချုပ်သွားတာ မြင်ပါတယ်)၊ ချုပ်သွားတာတွေ၊ စိတ်ကလေး ဖြစ် မရှိပြန်ဘူး၊ ရုပ်ကလေး ရှုတဲ့ပုဂ္ဂိုလ်က ရုပ်ကလေး မရှိတာပဲ သူသိတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဝေဒနာလေးရှုတဲ့ပုဂ္ဂိုလ်က အင်း ခုနက ဒီနေရာ နာတယ် နာတာလေး မရှိဘူးလို့ သိပါတယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)၊ ခုနက ဒီနေရာကောင်း ပါတယ် ကောင်းတာလေး မရှိဘူးလို့ ဒီလိုသိတယ် (မှန်ပါ)၊ နိဗ္ဗာန် တော့မမြင်ဘူး ချုပ်သွားတာမြင်တယ် သူက (မှန်ပါ)၊ သဘောပလား (ပါပါပြီ ဘုရား)။

ဝိပဿနာကဘာမြင်တုံး (ချုပ်သွားတာမြင်ပါတယ် ဘုရား)၊ အင်း ဝိပဿနာ နောက်က လိုက်လာတော့ တကယ့် မဂ်စစ်ဖြစ်ခဲ့တဲ့ အခါကျလို့ ရှိရင်ဖြင့် နိဗ္ဗာန်ကိုမြင်တယ် (မှန်ပါ)၊ ဒါဖြင့် ချုပ်သွားတာ မြင်တာနဲ့ နိဗ္ဗာန်မြင်တာနဲ့ အမြင်ခြားနားတယ် ခြားနားပါတယ် ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

လောကုတ္တရာမဂ်ကနိဗ္ဗာန်မြင်တယ်

အဲ နိဗ္ဗာန်မြင်တယ် ဆိုတာကလည်း ဘယ်လိုမြင်တာ တုံးလို့မေးတဲ့အခါကျတော့ ဪ ဒီဒုက္ခတွေချုပ်တာ ဒါနိဗ္ဗာန်ပဲလို့ ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချမြင်တာ (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချပြီး မိမိတော့ ဖြင့် နိဗ္ဗာန်ရောက်ပါ၏ သေသေချာချာပဲ၊ ဒုက္ခ ဆိုမြူစမှ ရှာမတွေ့ဘူး၊ ကိုယ့်ဟာကို ဆုံးဖြတ်ချက်ချလို့ရှိရင်လည်း နိဗ္ဗာန်မြင်တာ ပါပဲ (မှန်ပါ)၊ သဘောပါကြပလား (ပါပါ ပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က ဝိပဿနာသမ္မာဒိဋ္ဌိ ဒီက မဂ်သမ္မာဒိဋ္ဌိ၊ ဒီက ဖိုလ်သမ္မာဒိဋ္ဌိ ဆိုတော့ ဒါပြန်ရောက် တာပဲ မရောက်ဘူးလားမောင်နိုင် (ရောက်ပါတယ် ဘုရား)။ ကမ္မဿကတ သမ္မာဒိဋ္ဌိ ဈာနသမ္မာဒိဋ္ဌိ ဒီထဲမှာမပါဘူး၊ ပါသေး ရဲ့လား(မပါပါဘူး ဘုရား)။

အဲဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို နတ်သား က အရှင်ဘုရား။

၁။ မဂ္ဂင်မှတစ်ပါး ဒီလောကကြီးထဲမှာဖြင့် ကိလေသာ အညစ်အကြေး စင်ကြယ်ပြီး သကာလ၊ နိဗ္ဗာန် ရောက်တဲ့တရား မရှိပါဘူးဘုရား၊

၂။ အနွယ်ကောင်းလို့လည်း နိဗ္ဗာန်မရောက်နိုင်ပါဘူး၊

၃။ ပစ္စည်းပေါလို့လည်း – (နိဗ္ဗာန်မရောက် နိုင်ပါဘူး)၊ မရောက်နိုင်ပါဘူးဘုရား၊ သေသေ ချာချာ ပြောရလို့ ရှိရင် မဂ္ဂင်မှ ရောက်နိုင်တယ်ဘုရား ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မဟုတ်ရင်လည်း မဟုတ်ဘူးလို့ ပြောရမှာပေါ့လေ (မှန်ပါ)။

တုသိတာနတ်ပြည်ပြန်

ငြိမ်ပြီးခံနေတယ် ဆိုတော့ သူမှန်လို့လား၊ မှားလို့လား (မှန်လို့ပါ ဘုရား)၊ မှားရင် ချက်ချင်း ပြောမှာပေါ့၊ အဲဒီတော့ မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူလျှောက် တာ သဘော တူပြီ အနာထပိဏ်သူဌေးကြီး လျှောက်တာ သဘောတူပြီ ဆိုပြီး သကာလ အနာထပိဏ်သူဌေးကြီး တုသိတာပြည်ပဲ ပြန်သွား တယ်၊ သဘောကျကြပလား၊ အင်း မဂ္ဂင်မှ အညစ်အကြေးကို စင်ပြီး သကာလ နိဗ္ဗာန်ရောက်နိုင်တယ်။

ကျန်တဲ့ အနွယ်ကောင်း၊ ပစ္စည်းပေါသဖြင့် မရောက်နိုင် ပါဘူးဘုရားဆိုတာ သူကိုယ်တိုင် လာလျှောက်တယ် (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ အရေးထားပြီး သကာလ ကျုပ်တို့ပွားများ ရမှာ ဘယ်ဟာပါလိမ့် (မဂ္ဂင်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အရေးထားပြီးပွားများရမှာမဂ္ဂင်

အရေးထားပြီးပွားများရမှာ (မဂ္ဂင်ပါ ဘုရား)၊ ဒါဖြင့် မဂ္ဂင်ပွားများမည့်ကြံတော့ (၆)ကပါး (၇)ပါး မပွားဘဲနဲ့ (၈)ပါး ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ (၆)ပါး (၇)ပါးမပွားဘဲနဲ့ (၈)ပါး ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ (၅)ပါး (၆)ပါးကို မပွားဘဲနဲ့လည်း (၈)ပါး မဖြစ်နိုင်ဘူး၊ (၆)ပါး (၇)ပါးမပွားဘဲနဲ့လည်း (၈)ပါးမဖြစ် နိုင်ပါဘူး ဘုရား)၊ (၈)ပါးမဖြစ်နိုင်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်က စမှသာလျှင် သတိပဋ္ဌာန်တစ်ခုလုံးမှာ သေသေ ချာချာသာ မှတ်ပေတော့၊ ဝိပဿနာမဂ်သာပါတယ်၊ သတိပဋ္ဌာန်စာအုပ်ကြီးတစ်အုပ်လုံး မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တိုက်ရိုက်ဟောတာ၊ လောကုတ္တရာမဂ်ကို မပါပါဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟောဒီတစ်လုပ်တည်းနဲ့ နိဗ္ဗာန်ရောက်တယ်

အဲ သတိပဋ္ဌာန်တစ်ခုလုံးမှာ ဝိပဿနာမဂ်ချည်းပဲ ဆုံးဖြတ်ချက်ချတော့

“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊” ဘိက္ခဝေ- ရဟန်းတို့၊ အယံ မဂ္ဂေါ- မင်းတို့သည် ကားလို့ဆိုရင် အားထုတ်နေတဲ့ ဉာဏ်မဂ္ဂင်သည်၊ ဒါအားထုတ်တဲ့မဂ္ဂင်၊ ဒါရင့် သွားလည်း ဒီမဂ္ဂင်ပေါ့လေ (မှန်ပါ)၊ ဧကာယနော တစ်ခုသော၊ တစ်ကြောင်းတည်းနဲ့ ဟောဒီတစ်လုပ်တည်းနဲ့ နိဗ္ဗာန်ရောက်၏၊ ဘာမှလုပ်မနေနဲ့ ဒီအဓိပ္ပါယ် ရှင်းအောင် ပြောနေတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

“ဧကာယနောအယံ ဘိက္ခဝေ မဂ္ဂေါ” ဆိုတဲ့အတိုင်း ဒါနိဗ္ဗာန်တင် ရောက်သလားကွလို့ မေးလိုက်ပြန်တော့ နိဗ္ဗာန် တင်မကပါဘူး သောက ပရိဒေဝါနံ သမတိက္ကမာယ ဆိုပြီး သောက ပရိဒေဝတွေလည်းကွာတဲ့ သူတို့ကပဲဖြတ်ပါတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ မဂ္ဂင်ကပဲဖြတ်တယ်၊ ဒုက္ခဒေါမနဿတွေကောဘုရာ့ အို သူတို့ကဖြတ်တယ်ကွ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သောကပရိဒေဝလည်း မဂ္ဂင်ကပဲဖြတ်တယ်။

ဒုက္ခဒေါမနဿတွေကော (မဂ္ဂင်ကဖြတ်ပါတယ် ဘုရား)၊ ဉာယဿ အဓိဂမာယတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖို့ရာ လည်း သူတို့ပါပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ တကယ့် ဒုက္ခခပ်သိမ်းကင်းငြိမ်တဲ့ နိဗ္ဗာန်လည်း သူတို့ပဲကွ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘုရားအဆူဆူမစွန့်တဲ့ပါဠိတော်

ဒါက ဘုန်းကြီးက ဆောင်ရွက်နေတဲ့ ပါဠိတော်မဟုတ် ဘူးတဲ့ ဘုရားအဆူဆူမစွန့်တဲ့ပါဠိတော် (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ဘုရားအဆူဆူ ဒီပါဠိတော်ကို ဘယ်ဘုရားမှ မစွန့်ရဘူး ဒီလမ်းကိုပဲ ဟောရတယ်၊ နောက် ဘုရားပွင့်လည်း ဒါပဲ ဟောရမယ် (မှန်ပါ)၊ သဘောကျ ပလား (ပါပါတယ် ဘုရား)။

အဲဒီတင် တုသိတာ နတ်ပြည်ပြန်ပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း သဘောတူတယ်၊ ဝိပဿနာ မဂ်၊ လောကုတ္တရာမဂ်မှ မလုပ်လို့ရှိရင်ဖြင့် အင်း ကိလေသာ အညစ်အကြေး စင်ကြယ်စရာ မရှိဘူးကွာ ဆိုတာ ဘုရားက လည်း သဘောတူတဲ့အတွက် ထောက်ခံ လိုက်တယ် (မှန်ပါ)၊ ဖွင့်တော့ မပြောဘူး ငြိမ်ခံလိုက်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ လျှောက်တဲ့ပုဂ္ဂိုလ်ကလည်း သောတာပန်၊ အလျှောက်ခံရတဲ့ ပုဂ္ဂိုလ်ကလည်း ဘုရားဆိုတော့ ဒကာ ဒကာမတို့ တစ်ယောက်က အဆိုသွင်းရင် တစ်ယောက်က ထောက်ခံတဲ့ တရားဟာ အမှန်ဆုံးတရားမှ တစ်ပါး ဘာမှ ဆို စရာမရှိတော့ဘူး (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ အမှန်ဆုံး တရားအစစ်ပဲဆိုတာ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတင်မှ သူပြန်သွားတော့ ညလည်း ဇေတဝန်ကျောင်း တစ်ခုလုံးလည်း လင်းပြီး သကာလ နေတော့ ရှင်အာနန္ဒာတို့နဲ့ တကွ၊ အတူနေကြတဲ့ ရဟန်းတွေက မြင်ကြတာပေါ့၊ အရှင် ဘုရား မနက် မိုးလင်းတော့ လျှောက်တယ်၊ ညက အရောင် အဆင်း အလင်းတွေ တယ်ထူးခြားတယ် ဘုရား ဘယ်သူများ လာပါတုံးအို အနာတပိဏ်သူဌေးကြီး တုသိတာနတ်ပြည် က လာ တယ်ကွ၊ ဘုရားကပဲ။

ရှင်သာရိပုတ္တရာကို အကြည်ညိုဆုံး

ဘာတွေများ လျှောက်သွားပါသတုံး ဘုရား၊ အို သူ့ကျောင်းမှာ သံဃာတွေနေတာ ဝမ်းသာတယ်လို့ လျှောက် တယ်ကွ၊ မဂ္ဂင်မှတစ်ပါး ကိလေသာ အညစ်အကြေး စင်ကြယ်တာ မရှိဘူးလို့ လျှောက်သွားသေးတယ်ကွ၊ သူအကြည်ညိုဆုံးသည် ကားလို့ဆိုရင် ဘုရားကလွဲ၊ ရှင်သာရိပုတ္တရာ အကြည်ညိုဆုံးလို့ လျှောက်သွားသေးတယ်ကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

လိုရင်းကတော့ ခင်ဗျားတို့ သူ့အကျိုး သူပြောတာ ကတော့ သူကျောင်းဆောက်ထားလို့ သူ့ကျောင်း သံဃာတွေ နေတာ သူဝမ်းသာတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊

ဒါက ကျုပ်တို့ အလုပ်သမားနဲ့ မဆိုင်ပါဘူး၊ ရှင်သာရိပုတ္တရာ သူဘုရားအောက်မှာ သူအကြည်ညိုဆုံးပဲ ဆိုတာ သူ့ကျေးဇူးရှင်ကို (မှန်ပါ)၊ သေခါနီးလာပြီး တရားဟောတော့ ကျေးဇူးရှင်မို့ သိပ်ကြည်ညိုပါတယ်လို့ လျှောက်တာ (မှန်ပါ)။

မဂ္ဂင်လုပ်မှ ကိလေသာစင်ကြယ်မယ် ဆို

လိုရင်းအကျဉ်းချုပ်ကတော့ ဘုရားနဲ့တကွ တညီတ ညွတ်တည်း ဆုံးဖြတ်ချက်ချတာက မဂ္ဂင်အလုပ်မှ ကိလေသာ စင်ကြယ်နိုင်တယ်ဆိုတဲ့ အလုပ်ကို ဘုရားကလည်း သဘောတူ တယ် (မှန်ပါ)၊ သူကလည်း လျှောက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘုရားကလည်း (သဘောတူပါတယ် ဘုရား)၊ သူကလည်း (လျှောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ မလုပ်မဖြစ် သင့်တဲ့ အလုပ်ထဲမှာဖြင့် အကြီးကျယ်ဆုံး ထားရမည့်အလုပ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊

အဘယ်ကြောင့်ဆိုသော် ခုနကစပြီး ဝေဖန်ကတည်းကလည်း ဒက ဒကာမတို့ ခုနက ပြောခဲ့တဲ့ ဒီဟာတွေ အသာထားလိုက်ပါ၊ ငါးပါးပြန်ပြီး ပြလိုက်တဲ့အခါကျတော့ ကမ္မဿကတ သမာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ ဆိုတာ၊ အင်း သာသနာပမှာ ကျုပ်တို့သည် အင်း လူ့ဘဝ၊ ဗြဟ္မာဘဝ၊ နတ်ဘဝတွေ မရကြဘူးလား (ရပါတယ် ဘုရား)။

ငြင်းဖို့မလိုတော့ဘူး

အင်း ဒါမရဖူးဘူးလို့ ဘယ်သူမှ ငြင်းနိုင်စရာရှိရဲ့ လား (မရှိပါဘူး)၊ ဘဝပြတ်ဆိုတဲ့ ပဋိသန္ဓေ တည်ခြင်း၊ အိုခြင်း၊ နာခြင်း ကိစ္စတွေကိုတဲ့ ခုနကပြောခဲ့တဲ့ သုံးခုကမှ သိမ်းတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

သေချာပြီး သကာလ နေတော့ ကျုပ်တို့ မကြုံဖူးတာက ဒီ (၃၊၄၊၅) ကြုံဖူးတာတွေ က ((၁၂)ပါ ဘုရား)၊ ကြုံဖူးတာတွေက (၁၊၂)ဖြစ်ပြီး သကာလ၊ မကြုံဖူးတာတွေက (၃၊၄၊၅)ဆိုတာလည်း ငြင်းဖို့ မလိုတော့ဘူး (မှန်ပါ)၊ ဘယ်သူကသက်သေခံတုံး (ခန္ဓာကသက်သေခံပါတယ် ဘုရား)။

ဒီဘက်ကျတော့ ဗြဟ္မာပြည်ကဆင်းလာတာက သက်သေခံတယ် (မှန်ပါ)၊ ဒီဟာကျတော့ လက်ရှိခန္ဓာက (သက်သေခံပါတယ် ဘုရား)၊ ဒါကျတော့၊ (ကမ္ဘာ ပျက်တိုင်း ကျုပ်တို့ ဗြဟ္မာပြည် များသော အားဖြင့်ရောက်ပြီး သကာလ၊ ဗြဟ္မာပြည်က ဆင်းလာလို့ လူဖြစ်လာကြရတာကို သူက ပွားစည်းလာတာတွေ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲတော့ ဒီနှစ်ခုနဲ့ပဲ တစ်သံသရာလုံး လှည့်ပြီး သကာလ နေတာ ဘယ်အခါကာလမှ ဆားမြည်းခဲ့တဲ့ အခြေအနေ မရောက်ပါဘူး (မှန်ပါ)၊ သေချာပလား (သေချာပါ တယ် ဘုရား)၊

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ တို့သည် ကားလို့ဆိုလို့ ရှိရင် ဘယ်နဲ့ကြောင့် လာကြုံပါလိမ့်မလဲ ဒီဆရာကြီးနဲ့ ဒီအခါနဲ့ ဒီဆရာ ဘုန်းကြီးနဲ့ တို့နဲ့ ဘယ်လိုကြောင့် ကြုံလာပါလိမ့်မတုံး ဆိုတဲ့ တွေးလုံးကို ထုတ်ဖို့ အချိန် အခါရောက်ပြီ (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါ ပြီ ဘုရား)။

တောင်းခဲ့တဲ့ဆုပြည့်တဲ့အချိန်

ခင်ဗျားတို့ တောင်းခဲ့တဲ့ဆု တစ်ခါတည်း ပြည့်တဲ့အချိန် မြို့တွေ့လာတာ (မှန်ပါ)၊ နို့မဟုတ် တွေ့ ကိုမတွေ့ဘူး (မှန်ပါ)၊ တွေ့ပါမလား (မတွေ့ပါဘူး ဘုရား)၊ ဘုန်းကြီးက ရင်လည်း သေနှင့်၊ ခင်ဗျားတို့က ရင်လည်းသေနှင့်၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ တွေ့နိုင်စရာမြင်ရဲ့ လား (မမြင်ပါ ဘုရား)။

သို့မဟုတ် ဘုန်းကြီးက ရင် အငယ်လေး ရင်ဖြစ်ရမယ်၊ ခင်ဗျားတို့က အကြီးဆုံးရင်လည်း ဖြစ်သွားမယ် (မှန်ပါ)၊ ဒီလို အရွယ်တူ၊ တန်းတူ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)၊ အဲဒါတွေ အကုန်စုံပြီး သကာလ ကြည့်လိုက်တဲ့အခါကျတော့မှ တောင်းသောဆု အကုန်ပြည့်တဲ့အချိန်ဟာ ဒီအချိန်ပါလား လုပ်ရုံပဲ လိုတော့တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တောင်းသရွေ့ ဆု (အကုန်ပြည့်စုံပါပြီ ဘုရား)။ အကုန်ပြည့်တာပဲဆိုတော့ ဒီလိုသာသနာတွင်း ကြုံပြီး သကာလ ဝိပဿနာ ဉာဏ်စခန်းတွေနဲ့ တက်လှမ်းနိုင်ပါလို၏ဆိုတော့ ကြုံပြီးသား ခင်ဗျားတို့ (မှန်ပါ)။

ဝိပဿနာဆိုတာ မနောကံနဲ့ရှုရတာ

ကိုယ်က ဝစီကံ၊ ကာယကံလေး၊ မနောကံ ကလေးနဲ့ ဒီကံလေး တစ်ခုတိုးလိုက်ရင်ပြီးတာပဲ (မှန်ပါ)၊ မနောကံ ကလေးတစ်ခု တိုးလိုက်၊ ဝိပဿနာဆိုတာ မနောကံနဲ့ရှုရတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဝိပဿနာ ဆိုတာ (မနောကံ နဲ့ ရှုရမှာပါ ဘုရား)၊ မနောကံနဲ့ရှုရတာ။

ကာယကံနဲ့တော့မရဘူး၊ ဝစီကံနဲ့ ရွတ်လို့ လည်း ဖြစ်ပျက်ကို မမြင်ဘူး၊ ဝစီကံနဲ့ ဖြစ်ပျက်မြင်ပါ့မလား (မမြင်ပါ ဘုရား)၊ အင်း ကာယကံနဲ့ ရှုလို့ကော (မရပါဘူး ဘုရား)၊

ကာယကံနဲ့ရှုတော့ ပထဝီသာတွေ့တယ်၊ ပျက်တာ ဘယ်တော့မှ မတွေ့ဘူး (မှန်ပါ)၊ တေဇောတော့တွေ့တယ် ကိုယ်ထဲ စမ်းကြည့်လိုက်ရင် ပျက်တာကျတော့ (မတွေ့ပါဘူး ဘုရား)၊ မတွေ့ပါဘူး ဆိုတော့ မနောကံနဲ့မှ ရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ကျန်တဲ့ငါးပေါက် ပိတ်ပြီး တစ်ပေါက်တည်း ကနေရှုပါ (မှန်ပါ)၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဆို တဲ့ ငါးပေါက ်ပိတ်ထား မနောပေါက် တစ်ပေါက်တည်းကနေ ပြီး ခန္ဓာကိုယ် လှည့်ကြည့်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်

ဤကဲ့သို့ ခင်ဗျားတို့ လုပ်မယ်ဆိုလို့ရှိရင် ပါရမီပြည့်ပြီး သားပုဂ္ဂိုလ်မှာဖြင့် ရောက်ရုံနဲ့ ရရုံမှတစ်ပါး ဘာမှမရှိတော့ဘူး သဘောပါပလား (ပါပါပြီ ဘုရား)၊ သေချာပြီနော် (သေချာပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓုပါ ဘုရား။