277

“အပေါင်းအသင်းမလွဲပါစေနှင့်”

အသံဖိုင်ခေါင်းစဉ်= အပေါင်းအသင်းမလွဲကြစေရန်

စာအုပ်ခေါင်းစဉ်= “အပေါင်းအသင်းမလွဲပါစေနှင့်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ဟောကြားတော်မူသောတရားတော်

“အပေါင်းအသင်းမလွဲပါစေနှင့်”

ဟောကြားသည့်နေ့

(၂၂-၆-၆၁)

ဘာကြောင့်တုန်း ဆိုတော့နောက်ဘဝ ဒုက္ခသစ္စာ လာဦးမှာပဲ (လာမှာပါ ဘုရား) ဇာတိဇရာ မရဏ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒုက္ခရောက်တဲ့ ကုသိုလ်ရှိတယ်

ဇာတိ၊ ဇရာ၊ မရဏ မလွတ်တော့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿကော (မလွတ်ပါ ဘုရား) မလွတ်တော့ ဒီကုသိုလ် ကို ဒုက္ခရောက်တဲ့ ကုသိုလ်ကို ကောင်းတယ်လို့ ဆရာဘုန်းကြီး က ချီးမွမ်းပြီး မဟောနိုင်ပါဘူး (မှန်ပါ့)။

ဒါဖြင့် ဒီကုသိုလ်သည်ကားလို့ဆိုရင်ဖြင့် ဒုက္ခရောက် တဲ့ကုသိုလ်ရှိတယ်၊ ဒုက္ခလွတ်တဲ့ ကုသိုလ်ကော (ရှိပါတယ် ဘုရား) ကုသိုလ်ကလဲ နှစ်မျိုး (မှန်ပါ့) ရှင်းပါလား (ရှင်းပါပြီ ဘုရား)။

အပါယ်မရောက်တဲ့ အကုသိုလ်ရှိတယ်

အကုသိုလ်ကလဲ အပါယ်ရောက်တဲ့ အကုသိုလ်၊ အပါယ် မရောက်တဲ့ အကုသိုလ်ရှိတယ် (မှန်ပါ့) သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေမှာတဲ့၊ ဒီနှစ်မျိုးကို ကုသိုလ် လဲ စိုးရိမ်တဲ့ကုသိုလ် ရှိပြီး သကာလ နေတော့ ကုသိုလ်လဲ မောင်တို့ ခဏခဏပြောလို့ သိပါ ပြီ (မှန်ပါ့) ဦးဘရှင်း တို့လဲ နားလည်ထားပါပြီ (မှန်ပါ့)။

ကုသိုလ်လဲ ကိုဝ ဒုက္ခရောက်တဲ့ ကုသိုလ်က ရှိသေးတာ ကိုး (မှန်ပါ့)။

အကုသိုလ်လဲ ရှိ တာပဲ၊ အပါယ်ရောက်တဲ့ အကုသိုလ်၊ အပါယ်မရောက်တဲ့ အကုသိုလ် ရှိတာပဲ။

ကုသိုလ်ကလည်း နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်၊ နိဗ္ဗာန်ရောက်တဲ့ ကုသိုလ် ဘယ် နှစ်မျိုး ရှိသတုန်း (နှစ်မျိုး ရှိပါတယ် ဘုရား)

နှစ်မျိုး ရှိ တယ်လို့ မှတ်ထားတော့ ဒီနေ့ပြောရမှာသည် အားလုံး ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ ထောင်ပြီး ရှင်းရှင်းကလေး မှတ်ပါနော် (မှန်ပါ့)။

သာမညဆိုရင်ဖော်နိုင်ဖို့မလွယ်ဘူး

ရှင်းရှင်းကလေး မှတ်ပါနော် ဒီဥစ္စာက သာမညဆိုလို့ ရှိရင် ကိုင်း ဒီဥစ္စာ ဖော်နိုင်ဖို့တောင် မလွယ်ဘူး (မလွယ်ပါ ဘုရား)။

မလွယ်ဘူး။ ဖော်နိုင်ဖို့ကို မလွယ်ဘူး၊ ဦးလှိုင်လည်း သေသေချာချာမှတ်စမ်းပါ၊ အဝေးကြီးက လာကြရတယ် နော်၊ ဒါကြောင့် အဖိုးတန်တာတွေကိုပဲ ဒကာ ဒကာမတွေကို ဪ ဒို့ အနာရှိ ဆေးရှိတယ် ဆိုတဲ့အတိုင်း လုပ်ရမှာပဲ ဆိုတဲ့ ဥစ္စာနည်းမရတော့လဲ ကြောက်စရာ မဟုတ်တာကိုလဲ

ကြောက်၊ ကြောက်စရာဟုတ်တာကိုလဲ မကြောက် (မှန်ပါ့)။

ဦးဘရှင်း ဒီလိုကော မဖြစ်တတ်ဘူးလား (ဖြစ် တတ်ပါတယ် ဘုရား)။

ကြောက်စရာဟုတ်တာကျတော့ မကြောက်ပြန်ဘူး၊ ကြောက်စရာ မဟုတ်တာ ကျတော့လဲ (ကြောက်ပါတယ် ဘုရား)။

အဲဒီတော့ ကိုဝ ဒါ သိမှုလိုလို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ကိုပေါ် ဘယ်လိုမှတ်ကြမယ် (သိမှုလိုလို့ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေကော (သိမှုလိုလို့ ပါ ဘုရား)။

သက်ကြီးစကားသက်ငယ်ကြား

သိမှုလိုတယ်တဲ့၊ ခွဲခြမ်းဝေဖန်တတ်တဲ့ ဆရာ ကောင်း သမားကောင်းကို မတွေ့သေးသရွေ့ ကာလပတ် လုံးဟာဖြင့် မိဘရိုးရာနဲ့ပဲ သက်ကြီးစကား သက်ငယ်ကြား ဆိုပြီး သကာလ ဒကာကြီးလှိုင် ဒါနဲ့ အချိန်ကုန်သွားကြတာ ပဲ (မှန်ပါ့)။

အဲဒါကျတော့ ကိုယ့်လက်ထက်မှ ထိုးထွင်းပေးမည့် ခေါင်းဆောင်ကောင်းက မရှိတော့ ကိုရေ မကြောက် သင့်တာကြောက်၊ ကြောက်သင့်တာ မကြောက် ဒီလိုမဖြစ် ကြဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါလေးတွေကို ယနေ့ သေသေချာချာ ပြောပါ့ မယ် ဒကာ ဒကာမတို့ နားကြီးကြီးနဲ့သာ ဘယ်မှအာရုံမသွား ဘဲနဲ့ နားထောင်ပြီး သကာလ ဒီလိုလုပ်ရင် ဒီလို ဖြစ်တယ် ဆိုတာကလေးဟာ ဦးဘရှင်း ရှင်းတော့မယ် (မှန်ပါ့)။

အဲဒီတော့ကိုတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောခဲ့ပါမယ်ကွာ တဲ့ မင်းတို့ကို အကုသိုလ်လဲ ခုနင်က ပြောခဲ့တဲ့အတိုင်း အပါယ်ကျတာလဲ ရှိတယ်၊ မကျတာလဲ ရှိတယ်၊ ကုသိုလ်လဲ ဒုက္ခရောက်တဲ့ ကုသိုလ်လဲရှိတယ် ဒုက္ခ လွတ်တဲ့ ကုသိုလ်လဲ (ရှိပါတယ် ဘုရား)၊ အဲဒါ အပေါင်း အသင်း လွဲနေလို့ ဖြစ်ပါတယ်ကွာ တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာလွဲနေပါလိမ့် (အပေါင်း အသင်းလွဲနေလို့ပါ ဘုရား)။

အပေါင်းအသင်းဆိုတာ

အပေါင်းအသင်းဆိုတာက လူ-လူချင်း ပေါင်းတာ ယောက်ျားနဲ့မိန်းမ ပေါင်းတာ ဒကာကြီးလှိုင် ဒါက မဆို လိုပါဘူး၊ ကိုယ့်အတွင်းမှာ ပရမတ်နဲ့ ပေါင်းသင်းတာကို ဆိုမယ်ကွ တဲ့ ငါဘုရားကနော်တဲ့ (မှန်ပါ့)။

ကဲ ဒါဖြင့် ဘာနဲ့ပေါင်းသင်းရမှာတုန်းလို့ မေး တဲ့အခါကျတော့

“သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ” သဒ္ဓါ တရားနဲ့ပေါင်းပေးကွ တဲ့ (မှန်ပါ့)။

သဒ္ဓါတရားဆိုတာ

သဒ္ဓါတရားဆိုတော့ ဒကာ ဒကာမတွေက ဘာမှတ် လိုက်သတုန်းဆိုတော့ သဒ္ဓါတရားဆိုတော့ သဒ္ဓါတရားဆိုတာ ဪ ဘယ်သူက ဘယ်သဒ္ဓါတရား ကောင်းတာပဲ၊ ဆိုတော့ လှူလှူတန်းမှုကို မှတ်နေတယ် (မှန်ပါ့) မဟုတ် ဘူး၊ အခုပေါင်းရမည့် သဒ္ဓါတရားက ဒါမှမဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ လေးလေးစားစားမှတ်ပါနော် (မှန်ပါ့)။

ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ မြတ်စွာ ဘုရားအပေါ်၌ လည်းကောင်း၊ တရားအပေါ်၌ လည်းကောင်း ယုံကြည်မှုကို ဒါ သဒ္ဓါ ဆိုပါတယ် (မှန်ပါ့) ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားအပေါ်၌ယုံကြည်မှု

ဘုရားသဗ္ဗညုတဉာဏ်တော်နဲ့ ဟောထားတာကို ယုံကြည်မှု (မှန်ပါ့)။

တရားက လူနတ်နိဗ္ဗာန်သုံးတန်သော ချမ်းသာကို၊ ပေးနိုင်တယ်ဆိုတာကို ရွေးပြီး သကာလ ယုံကြည်ဖို့ (မှန်ပါ့)၊ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပေးဖို့၊ လှူဖို့၊ ကမ်းဖို့ကို သဒ္ဓါတရား ကောင်း တယ်လို့ ကိုဝတို့က တစ်ချက်တည်း ယူထားတာကိုး၊ သဒ္ဓါ ဆိုတာက ဒါမှမဟုတ်ဘဲ (မှန်ပါ့) ဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကြီးကို ယုံကြည်မှု (မှန်ပါ့)။

တရားတော်အပေါ်၌ယုံကြည်မှု

တရားတော်၏ ကိလေသာ သတ်တဲ့ ဂုဏ်စွမ်းရည် သတ္တိကိုယုံကြည်မှု (မှန်ပါ့)၊ မောင်နိုင် သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သဒ္ဓါသည် ပေးကမ်းတာလား၊ ယုံကြည်မှု လား (ယုံကြည်မှုပါ ဘုရား)။

အဲဒါ အရင်ပေါင်းရမယ်ဟေ့ သဒ္ဓါနဲ့ အရင် ပေါင်းပါတဲ့ (မှန်ပါ့)။

ဒကာကြီးလှိုင် ဘာနဲ့ပေါင်းရမှာလဲ (သဒ္ဓါနဲ့ အရင်ပေါင်းရပါမယ် ဘုရား)။

သဒ္ဓါနဲ့ပေါင်းတော့ သဒ္ဓါဆိုတာဟာ ဘယ်လိုစွမ်း ရည်သတ္တိရှိပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက မေးတော့ ဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောထားတာ သဗ္ဗညုတ ဉာဏ်တော်ကြီးဟာ အကုန်သိတယ်ဆိုတာ ယုံ ကြည်တယ် (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ)။

သဗ္ဗညုတဉာဏ်တော်ကြီးဟာ (အကုန်သိပါတယ် ဘုရား)၊ အကုန်သိတယ် ဆိုတာ သူ့အပေါ် ယုံကြည်ရမယ် (မှန်ပါ့)။

ပြီးတော့ သူဟောထားတဲ့ တရားတွေဟာအင်း ချမ်းသာသုံးမျိုးကိုပေးနိုင်တယ်၊ ဒို့ ကျင့်ကြံရင် ချမ်းသာ သုံးမျိုးကိုပေးနိုင်တယ်ဆိုတာ ယုံကြည့်မှုပေါ့ဗျာ (မှန်ပါ့)။

ဒါ ဘယ်သူ့ကိစ္စတုန်း မေးရင် ဒကာ ဒကာမတွေ က ဘယ့်နှယ်ဖြေကြပါ့မလဲ၊ သဒ္ဓါ၏ကိစ္စ (မှန်ပါ့) ရှင်း ကြပလား (ရှင်းပါပြီ)။

ဘယ်သူ့ကိစ္စပါလိမ့် (သဒ္ဓါ၏ကိစ္စပါ ဘုရား)၊ သဒ္ဓါကိစ္စဆိုတာဖြင့် ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒါကိုဖြင့် ဒီတရားကြပ်ကြပ် ပေါင်းပါနော် (မှန်ပါ့) ဘုရားအပေါ်၌ သဗ္ဗညုတဉာဏ်ပေါ်၌ ယုံကြည်မှု၊ တရားအပေါ်၌ယုံကြည်မှု၊ အရိယာ သံဃာတွေအပေါ်၌ ယုံကြည်မှုဒါ ပေါင်းထားပါ (မှန်ပါ့)၊ ဒါကို ပေါင်းထားလို့ ရှိရင်တဲ့ ဘုရားအပေါ်ကို မတုန်မလှုပ် ယုံကြည်လို့ရှိရင် မောင်နိုင် အပါယ်သွားတဲ့ တရားဟာ အကုန်ပယ်တယ် (မှန်ပါ့)။

ဘုရားအပေါ်၌ မတုန်မလှုပ်ယုံကြည်ရင် (အ ပါယ်သွားတဲ့တရား ပယ်ပါတယ် ဘုရား) လောဘတော့ ကျန်ရစ်တာပဲ၊ အပါယ်သွားမည့် လောဘတော့ ကုန်တာပဲ (မှန်ပါ့)။ ယုံကြည်မှု သဒ္ဓါကြောင့် (မှန်ပါ့) ဒကာကြီးလှိုင် ဒါဖြင့် အပေါင်းအသင်းဟာ တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား)။

ယုံကြည်မှုသဒ္ဓါနှင့်ပေါင်းပါ

ပစ္စုပ္ပန် လူ-လူချင်းပေါင်းတာ ယောက်ျားနဲ့မိန်းမ ပေါင်းတာ။ သဒ္ဓါနှင့်ပေါင်းဖို့ဆိုသလား (သဒ္ဓါနဲ့ ပေါင်းဖို့ဆို ပါတယ် ဘုရား)။

အဲဒီတော့ “သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ”

သဒ္ဓါဒုတိယာ = သဒ္ဓါတည်းဟူသော တစ်ယောက် နဲ့၊ ပုရိသဿ= ယောက်ျားမှာ သဒ္ဓါတည်း ဟူသော အဖော် တစ်ယောက်နဲ့ ပေါင်းစမ်းပါတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ) ဘာ နဲ့ ပေါင်းရမှာတုန်း (သဒ္ဓါနဲ့ပေါင်းရမှာပါ ဘုရား)။၊ အဲ သဒ္ဓါတည်းဟူသော အဖော်တစ်ယောက်နဲ့ ပေါင်းစမ်းပါကွာ တဲ့၊ မောင်နိုင် ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

နို့ ဒီတစ်ယောက်ပဲလားဘုရား ဆိုတော့ သဒ္ဓါနဲ့ပေါင်းလို့ရှိရင်

“ပညာစေနံ ပသာသတိ” သဒ္ဓါနဲ့ပေါင်း ပြီး သကာလ ယုံကြည်ပြီ ဆိုမှဖြင့်ကွာ-တဲ့-ပညာနဲ့ တစ်ခါ ပေါင်းပြီး သကာလ ခန္ဓာကိုယ်ကြည့်တာပေါ့တဲ့ (မှန်ပါ့)။

သဒ္ဓါနဲ့ယုံကြည်ပြီး ဘုရားက ခန္ဓာကိုယ်ထဲမှာ ခန္ဓာ ငါးပါးရှိတယ်၊ အဖြစ်အပျက် မှတစ်ပါး ဘာမှမရှိဘူး (မှန်ပါ့) ဘုရားက ဟောထားတယ် (မှန်ပါ့)။

အဲဒါ မောင်နိုင့်က ဘာလုပ်မလဲ (ယုံကြည်ရပါ မယ် ဘုရား)ယုံကြည်ပြီးတော့မှ ဒါဧကန်ရှိ၊ တကယ်ရှိလို့ ဒကာ ဒကာမတွေက ယုံကြည်လိုက်စမ်းပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပညာနဲ့အဖော်လုပ်လိုက်ပါ

ယုံကြည်ပြီး သကာလ မှ ပညာနဲ့တစ်ခါ ဆက်ပေါင်း လိုက်ပါ၊ ကိုဝနဲ့ ပညာနဲ့ အဖော်လုပ်လိုက် (မှန်ပါ့) – ကိုပေါ်နဲ့ ပညာနဲ့ (အဖော်လုပ်ရပါမယ် ဘုရား)။

အဖော်လုပ်လိုက်တဲ့အခါကျတော့ နဂိုကယုံကြည် ထားတဲ့ သဒ္ဓါကလဲ ထက်သန်ပြန်၊ ပညာကဆိုတာ “ပညာ စေနံ ပသာသတိ’၊ ပညာ စ= ပညာသည်ကား၊ နံ= ထို ယောက်ျားကို၊ ပသာသတိ = အမှန်သိမြင်အောင် ဆုံးမ၏။’’

အင်း သဒ္ဓါက နဂိုကရှိမှန်းသိတာကို ယုံကြည်ထားတော့ ပညာနဲ့ကြည့်လိုက်တဲ့ အခါကျတော့ မောင်နိုင် ခန္ဓာ တို့၏ ဖြစ်ပျက်တွေ့-မတွေ့ (တွေ့ပါတယ် ဘုရား) နဂိုက မယုံကြည်ရင်တော့ (မတွေ့ပါ ဘုရား)။

ဒါဖြင့် ဒီလိုနှစ်ယောက်နဲ့ ကိုယ်တို့ ကိုဝတို့က အဖော်လုပ်စမ်းပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လူနဲ့ အဖော်လုပ်ရမှာတုန်း (သဒ္ဓါနဲ့ပညာပါ) အေး , ဒါ သံယုတ် ပါဠိတော်ကြီးမှာ သေသေချာချာ ကိုယ်တော်တိုင် မင်းတို့အကုသိုလ်တွေ ကြောက်နေလို့ ရှိရင် အပေါင်းလွဲလို့သာ ကြောက်တာပေါ့ ကွာ၊ ရှင်းပလား (ရှင်းပါပြီ)။

အပေါင်းလွဲလို့ ရှိရင်ဖြင့် မင်းတို့သည်ကား လို့ ဆိုရင် အကုသိုလ်တိုင်း၊ ကြောက်ရမယ်လို့ ငါဘုရားလဲ မဟောပါဘူး(မှန်ပါ့)။

အပါယ်သွားတဲ့ အကုသိုလ်တော့ ကြောက်ရမှာပေါ့ ဗျာ အပါယ်မသွားတဲ့ အကုသိုလ်က ရှိနေတယ်၊ မရှိ ဘူးလား (ရှိပါတယ် ဘုရား)။

အဖော်နှစ်ယောက်ထားပေးပါ

ကဲ ဒါဖြင့် “သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ ပညာစေနံ ပသာသတိ’’ တဲ့၊

သဒ္ဓါတည်း ဟူသော တရားနဲ့ ရှေးဦးစွာပေါင်းပြီး၊ ပညာနဲ့တစ်ခါ ပြန်ပြီး သကာလ ဒကာ ဒကာမတွေက တွဲပေါင်းလိုက်ပါ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ အဖော်နှစ်ယောက်ထားပေး (မှန်ပါ့ ဘုရား)။

ဒကာကြီးလှိုင် အဖော်ဘယ်နှစ်ယောက် ထားရမလဲ (နှစ်ယောက်ထားရပါမယ် ဘုရား)၊ သဒ္ဓါရယ်၊ ပညာ ရယ်၊ အဖော်လုပ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

“သဒ္ဓါ ဒုတိယာ ပုရိသဿဟောတိ ပညာစေနံ ပသာသတိ” သဒ္ဓါတည်းဟူသော မိတ်ဆွေကောင်း တစ်ယောက် ပညာတည်းဟူသော အဖော်ကောင်းတစ်ယောက် ဒီနှစ်ယောက်နဲ့ ကိုဝတို့က ပေါင်း၊ ကိုယ်ပေါ်တို့က ပေါင်းနော် (မှန်ပါ့)။

ခန္ဓာငါးပါးဟာဖြစ်ပြီးပျက်နေတယ်

သဒ္ဓါက ယုံကြည်နော် (မှန်ပါ့) ဘုရားက သူ ကိုယ်တိုင်သိပြီး မင်းတို့မှာ ခန္ဓာငါးပါးရှိတယ်၊ အဲဒီ ခန္ဓာငါး ပါးဟာ ဖြစ်ပြီးပျက်နေတာကွ၊ ဝေဒနာကြည့်လဲဖြစ်ပျက်၊ မင်းတွေ့မယ်၊ သညာကြည့်လဲ ဖြစ်ပျက်ပဲ ဆိုတော့ သဒ္ဓါက အဟုတ် ယုံထားလိုက် (မှန်ပါ့)။

အဟုတ်ယုံပြီး သကာလ သူကတော့ ယုံတတ်တာပဲ ရှိတယ်၊ မြင်တတ်တာတော့ မပါဘူး (မှန်ပါ့)။

ဒကာကြီးလှိုင် ယုံတတ်တာတော့ (ရှိပါတယ် ဘုရား) မြင်တတ်တာတော့ (မပါပါ ဘုရား)။

မြင်တတ်တာတော့ “ပညာစေနံ ပသာသတိ’’ ကိုး၊ ပညာစေနံ ပသာသတိ ပညာက ထိုယောက်ျားကိုလဲ လိမ္မာအောင်ဆုံးမ၏။ သဒ္ဓါယုံကြည်တဲ့ တရားတွေကိုလဲ သိ၏။ သဒ္ဓါက ခန္ဓာငါးပါး ထဲမှာ ဖြစ်ပျက်ပဲရှိတယ်၊ ခန္ဓာထဲမှာ ငါးပါး-ငါးပါးဟာ ဖြစ်ပျက်ပဲရှိတယ်ဆိုပြီး သကာလ ပညာ ကနေပြီး မောင်နိုင်က ကြည့်ပေးပါ၊ ပညာနဲ့ ကြည့်ပေးပါနော် (မှန်ပါ့)။

“နိဗ္ဗာနာဘိရတော မစ္စော” အဲဒါဟာကွာ တဲ့ ဒီနှစ်ခုပေါင်းမိလို့ရှိရင်ဖြင့် ဒီသတ္တဝါဟာတဲ့၊ နိဗ္ဗာန် မြင်ပါ လိမ့်မယ်တဲ့ (မှန်ပါ) နိဗ္ဗာနာဘိရတော= နိဗ္ဗာန်၌မွေ့လျော်တဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဖြစ်လာတယ် ကွတဲ့ သူတို့နှစ်ခု နဲ့ပေါင်းတာ (မှန်ပါ့)။

ပထမနိဗ္ဗာန်မြင်လာတယ်

ပထမနိဗ္ဗာန်နဲ့ ဦးဘကလေး အပေါင်းအသင်းဖြစ် လာတယ် (မှန်ပါ့)၊ သဒ္ဓါနဲ့ပညာနဲ့ ပေါင်းလိုက်တာနဲ့ပဲ ဒကာ ဒကာမတို့ ပထမနိဗ္ဗာန် မြင်လာတယ် (မှန်ပါ့)။

အဲ့ဒီကျတော့ ဘယ်လိုဟောသလဲ ‘‘သဗ္ဗဒုက္ခာ ပမုစ္စရ’’ တဲ့၊ ကွာ မင်းအပါယ်ဒုက္ခလောက် မဆိုပါနဲ့ အလုံးစုံ ဒုက္ခတောင် ရှင်းပါတယ်၊ ဒီနှစ်ယောက်သာ ပေါင်း ကြည့်စမ်းပါတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်နှစ်ယောက် ပေါင်းရမှာတုန်း (နှစ် ယောက်ပေါင်းရမှာပါ ဘုရား) နှစ်ယောက် ပေါင်းလိုက်စမ်း ပါတဲ့။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့ပေါင်းကြ မယ် (သဒ္ဒါနဲ့ပညာနဲ့ ပေါင်းရပါမယ် ဘုရား)။

ရှေးဦးစွာ ဘယ်သူ့ကို လက်ကိုင်ထားရမလဲ (သဒ္ဓါလက်ကိုင်ထားရပါမယ် ဘုရား) အဲ သဒ္ဓါ လက် ကိုင်ထားပြီး ဘယ်သူ့ကို အဖော်ပြန်လုပ်ရမယ် (ပညာ ကို အဖော်ပြန်လုပ်ရပါမယ် ဘုရား)။

ကဲ သဒ္ဓါက ခန္ဓာငါးပါးရှိတယ် ယုံကြည်နော် (မှန်ပါ့) ဒီခန္ဓာငါးပါးဟာ အနိစ္စမှတစ်ပါး (ဝါ) ဖြစ်ပျက်မှ တစ်ပါး ဘာမှမရှိဘူးလို့ မမြင်ဘဲနဲ့ ယုံကြည်ထားလိုက် မောင်နိုင် (မှန်ပါ့) ဘုရားဟောမို့။

ဘုရားအပေါ်မှာ ယုံကြည်လိုက်စမ်းပါ

ဘုရားအပေါ်မှာ တစ်ခါတည်း မတုန်မလှုပ် ယုံကြည်ထားလိုက်စမ်းပါ (မှန်ပါ့) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။

မတုန်မလှုပ် ယုံကြည်ထားပြီး သကာလ ထားလိုက် တဲ့အခါကျတော့ အဲဒီ ယုံကြည်တဲ့ နောက်က နေပြီး သကာလ မောင်နိုင် ပညာကို တစ်ခါအဖော်လုပ်လိုက် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူ့အဖော်လုပ်မယ် (ပညာအဖော် လုပ်ရပါမယ် ဘုရား)ပညာအဖော် လုပ်လိုက်တဲ့ အခါကျတော့ ယုံကြည်ပြီးသား လူလဲဖြစ်ပြန်၊ ပညာကလဲ အရှိကို သိပြန်ဆိုတော့ ကိုပေါ်တို့ ကိုဝတို့ ဖြစ်ပျက်မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

တွေ့ကတည်းကိုကတဲ့ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ် တွေ့ပြီကွာတဲ့ (မှန်ပါ့)။

မောင်နိုင် ဘာတွေ့တာတုန်း (ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်တွေ့တာပါ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပဒ် ကိုယ်တွေ့ပြီဆိုတော့အင်း လောဘကလေးဖြစ်လာလဲ လောဘကို ဘုရားက မင်းတို့ ဝမ်းထဲမှာ ခန္ဓာထဲ အဲဒါ သင်္ခါရက္ခန္ဓာပဲဟေ့၊ အဲဒါ သင်္ခါရက္ခ န္ဓာကို သဒ္ဓါက ယုံကြည်ထားတယ်၊ သင်္ခါရက္ခန္ဓာ ရှိတယ် ဆို တာ ခန္ဓာငါးပါးကို သင်္ခါရက္ခန္ဓာ အပါအဝင်ပေါ့လေ (မှန်ပါ့) ရှိတယ်ဆိုတာ ယုံကြည်မထားဘူးလား (ယုံကြည်ပါတယ် ဘုရား)။

ကျောက်ဝယ်ချင်တဲ့ လောဘကလေး

ယုံကြည်ထားတော့ ဒကာ ဒကာမတွေက ကျောက် ကလေး ဝယ်ချင်တဲ့လောဘကလေး ဖြစ်လာတယ်၊ မသိပေ ဘူးလား (သိပါတယ် ဘုရား)။

သိလာတဲ့အခါကျတော့ လောဘဖြစ်နေတုန်း သိ တာလား၊ လောဘချုပ်ပြီးမှ သိတာလား (လောဘချုပ် ပြီးမှ သိတာပါ ဘုရား)။

ဟာ ဒါဖြင့် ကိုဝ ဖြစ်ပျက်နဲ့မဂ်နဲ့ သွားကိုက် တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုကိုက်ပါလိမ့် (ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်ပါ တယ် ဘုရား)။

ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်တယ်

ဖြစ်ပျက်နဲ့မဂ်နဲ့သွားကိုက်တယ်၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ သွားကိုက်လိုက်တဲ့အခါကျတော့ ခုနင်က လောဘသည် နဂိုက ကျုပ်တို့ကို နှိပ်စက်မလို့ လာတာပဲ (မှန်ပါ့) သို့သော် ကျုပ်တို့က သူ့ကို လောဘ မယူတော့ဘူး။ ဘုရားအပေါ် ယုံကြည်လိုက်တယ် (မှန်ပါ့)၊ လော့ဘဟာ နာမည်သာ လောဘ ကျုပ်တို့ ကြည့်တော့ ဖြစ်ပျက် (မှန်ပါ့)၊ ကျုပ်တို့ကြည့်တော့ အနိစ္စ သွားဖြစ်တယ်။

ကိုယ်တိုင်ကြည့်လိုက်တော့ ဘာဖြစ်ကြသလဲ (အနိစ္စဖြစ်ပါတယ် ဘုရား)။

ကိုယ်တိုင်ကြည့်လိုက်တော့ အနိစ္စသွားဖြစ်တော့ အနိစ္စကဖြင့် ကိုဝ အပါယ်မပို့ဘူးနော် (မပို့ပါ ဘုရား)၊ လောဘသက်သက်အတိုင်း နေရလို့ရှိရင် (ပို့ပါတယ် ဘုရား)။

လောဘပေမယ့် ကြောက်စရာမရှိ

ငါ့ဖြင့် လောဘပေမယ့် ကြောက်စရာရှိရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် အရှင်ဘုရား တပည့်တော်တို့ သဒ္ဓါ ယုံကြည်ချက်က မင်းတို့သန္တာန်မှာ ပဋိစ္စသမုပ္ပာဒ် ဆိုတဲ့ လောဘပေါ်လိမ့်မယ်ကွာ၊ တဏှာပေါ်လိမ့်မယ်၊ ဥပါဒါန် ပေါ်လိမ့်မယ်၊ ကံပေါ်လိမ့်မယ်ဆိုတာ ပဋိစ္စသမုပ္ပာဒ်ကလဲ ရှိလျက်မဟုတ်လား (ရှိလျက်ပါ ဘုရား)၊ ယုံကော ယုံ ကြည်ရဲ့ လား (ယုံကြည် ပါတယ် ဘုရား) ဒီအစီအစဉ် တိုင်းကော မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ လာတဲ့အခါကျတော့ ဒကာ ဒကာမတွေ က လောဘ လာတယ်။ အင်း ဒါ ဘုရားဟောတော်မူတဲ့ အတိုင်း ဘုရားယုံကြည်တဲ့အတိုင်း မင်းတို့ ခန္ဓာတစ်ခု ပေါ် သတဲ့။ ဝိညာဏက္ခန္ဓာ ဆိုတဲ့ လောဘစိတ်ပေါ်သတဲ့ ထားလိုက်ပါတော့ မောင်နိုင်နော် (မှန်ပါ့)ဆိုတော့ ယုံကြည်တဲ့ အတွက်ကော ဘုရားဟော ယုံကြည်တဲ့ အတွက် ပေါ်တာကိုကော ကျုပ်တို့မသိဘူးလား (သိပါ တယ် ဘုရား)

ရှိတာပေါ်တာပဲလို့ မယုံကြည်ပေဘူးလား ( ကြည်ပါတယ် ဘုရား)ယုံကြည်တဲ့ အချိန်ကျလို့ ရှိရင် ပညာနဲ့ တစ်ခါပြန်ပေါင်းလိုက် ဦးဘရှင်းက (မှန်ပါ့)။

ပညာနဲ့ကြည့်လိုက်တယ်

ပညာနဲ့ ပြန်ပေါင်းလိုက်တဲ့ အခါကျတော့ကိုတဲ့ ပညာနဲ့ကြည့်လိုက်တာပေါ့ (မှန်ပါ့) ခုနင်က ပေါ်တဲ့ လောဘကိုကြည့်လိုက်တော့ ပညာပေါ်နေတော့ လောဘ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ ပညာနဲ့ဘာနဲ့ သွားတွေ့သတုန်းဆိုတော့ မရှိတာနဲ့ပညာနဲ့သွားတွေ့တယ် (မှန်ပါ့)။

ဒကာကြီးလှိုင် (မရှိတာနဲ့ ပညာနဲ့ သွားတွေ့ပါတယ် ဘုရား)။

မရှိတာနဲ့ ပညာနဲ့သွားတွေ့တယ်၊ မရှိတာက အနိစ္စ၊ ပညာက မဂ္ဂသွားဖြစ်တယ် (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပညာက မဂ္ဂဖြစ်သွားတယ်

မရှိတာက (အနိစ္စပါ ဘုရား)ပညာက (မဂ္ဂ ပါ ဘုရား)။

ဒါဖြင့် ဒီလောကသည်၊ ကဲ ကိုဝတို့ပဲ ခင်ဗျားတို့ ခုံတင်ပါ့မယ် လူကြီးပိုင်းကို အပါယ် ပို့ပါဦးမလား (မပို့ပါ ဘုရား)။

လောဘအဖြစ်နဲ့ဆိုရင် (မှန်ပါ့) ကျုပ်တို့က လောဘအဖြစ်နဲ့ သူ့ကိုမြင်သလားတဲ့။ ပညာနဲ့ ပေါင်းလိုက် တဲ့အခါကျတော့ အနိစ္စအဖြစ်နဲ့ သွားမြင်သလား (အနိစ္စအဖြစ်နဲ့ သွားမြင်ပါတယ်) သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဘုရားကလဲ မဟောဘူးလားလို့ မေးတဲ့ အခါကျတော့ “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” မင်းသိအောင်လုပ်တဲ့ (မှန်ပါ့) အဲဒီ ပါဠိ တော်နဲ့ကော ကိုပေါ် ကိုဝ ကိုက်ရဲ့ လား (ကိုက်ပါတယ် ဘုရား)။

သရာဂံ ဝါ စိတ္တံ =လောဘစိတ်ကို၊ သရာဂစိတ္တန္တိ =လောဘစိတ်ဟူ၍ ပဇာနာတိ= မင်းသိအောင်လုပ်တဲ့ (မှန် ပါ့) မင်းပညာနဲ့ သိအောင်လုပ်။

သိအောင်လုပ်လိုက်တော့ မောင်နိုင် လောဘ စိတ် သိတာလား၊ ပညာပေါ်လာတဲ့အချိန် အနိစ္စသိတာလား (အနိစ္စသိတာပါ ဘုရား)။

ဒါဖြင့် ကိုယ်က ဆုံးဖြတ်ချက်ချ၊ ကိုဝတို့က လူကြီးတွေ ဆုံးဖြတ်ချက်ချကြ၊ အနိစ္စကဖြင့် ကျုပ်တို့ကို ဘယ် နည်းနဲ့မှ အပါယ်ပို့ပါ့မလား (မပို့ပါ ဘုရား) လောဘဖြစ်ခဲ့သော် (ပို့မှာပါ ဘုရား)။

နိဗ္ဗာန်ပို့တဲ့လောဘ

ဒီတော့ ကျုပ်တို့မှာ သဒ္ဓါ- ပညာ နှစ်ခုနဲ့ ပေါင်းလိုက် တဲ့အတွက် ဒီလောဘဟာ အပါယ်ကျတဲ့ လောဘတဲ့ ဆိုကြမလား (မဆိုနိုင်ပါ ဘုရား)။ အင်း နိဗ္ဗာန်ပို့တဲ့ လောဘ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်တို့မှာ အပေါင်းအသင်း မှားလို့သာ သဒ္ဓါပညာနဲ့ မပေါင်းမိလို့သာ လောဘက နေပြီး သကာလ လောဘက တဏှာထားပါတော့၊ တဏှာကနေပြီး ဥပါဒါန် ကျေးဇူးပြုတယ်-(မှန်ပါ့) ကျုပ်တို့ သဒ္ဓါပညာနဲ့ မပေါင်းမိဘဲ ကိုး (မှန်ပါ့)။

ဥပါဒါန် ကျေးဇူးပြုလိုက်တော့ ဥပါဒါန်ကနေ ကံကို ကျေးဇူးပြုလိုက်တယ် (မှန်ပါ့) ကံကနေပြီး ကျေးဇူးပြု လိုက်တော့ ကမ္မဘဝ ပစ္စယာ ဇာတိ ဆိုပြီး အပါယ်ဇာတိကြီး ပေါ်-ပေါ်လာတယ် (မှန်ပါ့)။

ဒါဘယ်နှယ်ကြောင့် ဒကာ ဒကာမတွေ ဒီဥစ္စာဖြစ် ပေါ်လာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ယနေ့အဖြေ ထွက်ပါပြီ (ထွက်ပါပြီ ဘုရား) အင်း အပေါင်းလွဲလို့ (မှန်ပါ့ အပေါင်းလွဲလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း ယခုတော့ဖြင့် ဆရာဘုန်းကြီးက ဒါနှစ်ခု ကို မင်းတို့ရှေးဦးစွာ ပေါင်းပါလို့ ဆိုတဲ့ အပေါင်းလဲတဲ့ အတွက် ရန်သူက မိတ်ဆွေဖြစ်ပြီး ရွက်ဆောင် သွားတယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ရန်သူက မိတ်ဆွေဖြစ်ပြီး ရွက် ဆောင်သွားပါတယ် ဘုရား) ရှင်းရဲ့ လား (ရှင်းပါတယ် ဘုရား)။

သဒ္ဓါနဲ့ပညာနဲ့ ပေါင်းပြီးကြည့်

ဘယ်ပါဠိတော်မှာ လာသတုံးလို့ မေးတဲ့အခါကျ တော့ သံယုတ်ပါဠိတော်က ‘‘သဒ္ဓါဒုတိယာ ပုရိသဿ ဟောတိ’’= သဒ္ဓါတည်းဟူသော အဖော်တစ်ယောက်နဲ့ မင်းတို့နေ စမ်းပါကွ တဲ့၊ ‘‘ပညာစေနံ ပသာသတိ’’ တဲ့၊ အဲဒီ ပညာနဲ့ ဒီသဒ္ဓါနဲ့ပေါင်းပြီး သကာလ ပညာနဲ့မင်းတို့ ကြည့် ကြည့် ပေးလိုက်စမ်းပါတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုဆိုရင် ‘‘နိဗ္ဗာနာဘိရတော မစ္စော’’ တဲ့။ နိဗ္ဗာန်၌ မွေ့လျော်တဲ့ မစ္စဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက် လာဖြစ် တယ်ကွာ တဲ့၊ ဟုတ်လား (မှန်ပါ့)။

‘‘သဗ္ဗဒုက္ခာ ပမုစ္စတိ’’ တဲ့၊ မင်း အဲဒီ လောဘ ကြောင့်ကိုပဲ လောဘဖြစ်ပျက်ကိုသိလို့ နိဗ္ဗာန် ရောက်သွား တယ် (မှန်ပါ့)။

ကဲ လောဘအတိုင်း ကြောက်ရမှာလား (မကြောက်ရပါ ဘုရား) လောဘ၊ လောဘအတိုင်း ထားရင်တော့ ကြောက်ကြ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုဆိုပါ့မယ် (လောဘကို လောဘအတိုင်းထားရင် ကြောက်ရမှာပါ ဘုရား)။

အကျိုးကိုဆောင်ရွက်သွားမယ်

ဟာ ဒီလောဘကို ပညာနဲ့ပေါင်းပြီး ကြည့်လိုက် တဲ့အခါကျတော့ (ကြောက်ဖို့မလိုပါ ဘုရား)၊ ကြောက် စရာမရှိတဲ့အပြင် ခင်ဗျားတို့အကျိုးကို ဆောင်ရွက်သွားမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ်တုန်း (တပည့်တော်တို့ အကျိုးကို ရွက်ဆောင်သွားပါမယ် ဘုရား) ခင်ဗျားတို့ကို နိဗ္ဗာန်ရဖို့ မဂ်ပေါ်ပေးတယ် (မှန်ပါ့)။

ကိုထွန်းလှိုင်ကြီးတို့ ကြပ်ကြပ် သတိထားပေးပါ ကြားတယ် မဟုတ်လား (မှန်ပါ့)။

အေး ဒါဖြင့် လောဘကို လောဘအတိုင်း မထားနဲ့လို့ ကိုဝတို့၊ ကိုပေါ်တို့ကို သတိပေး လိုက်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒေါသကလေး

ကောင်းပြီ ဒါဖြင့် အဲဒီလို ဖြစ်ပြီး သကာလ အင်း ဒေါသကလေးဟာလဲ ဦးဘရှင်းတို့က ကြောက် ချင် ကြောက်မှာပဲ၊ ဒေါသဟာကွာ ပစ္စုပ္ပန်လဲ ကောင်း ကျိုး မပေးဘူး၊ သံသရာလဲ ကောင်းကျိုး မပေးဘူး ဆိုတာ တော့ သက်ကြီးစကား သက်ငယ်ကြားနဲ့ အကုန်ပဲ ခင်ဗျားတို့ ကြောက်လန့် နေကြတဲ့တရားပဲ (မှန်ပါ့ ဘုရား)။

ဦးဘကလေး ကြောက်လန့်နေတဲ့တရားပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒီမလွဲတာကို ဘုန်းကြီးက သဒ္ဓါနဲ့ပေါင်းလော့၊ မင်းသန္တာန်ဘုရားက ဟောထားတယ်၊ မင်းတို့ ခန္ဓာထဲမှာ ဒေါသဆိုတဲ့ ဝိညာဏက္ခန္ဓာလဲပေါ်လာမှာပဲ (မှန်ပါ့)။

ဘုရားကိုယုံယုံကြည်ကြည်နဲ့ ဟာ မင်းတို့ခန္ဓာ ထဲမှာဖြင့် ဒီဝိညာဏက္ခန္ဓာဟာ ပေါ်မှာပဲ၊ ဒေါသဝိညာဏ က္ခန္ဓာပေါ်မှာပဲဆိုတာကော ယုံကြည်ရဲ့ မဟုတ်လား (ယုံကြည်ပါတယ် ဘုရား)။

ပေါ်ကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အကြောင်းတိုက်ဆိုင်ရင်ပေါ်တာပဲ ဒေါသဟာ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့အထဲ ခန္ဓာပေါ်လိမ့်မယ် ဆိုတဲ့အတိုင်း အကြောင်းတိုက်ဆိုင်တော့ ပေါ်လာတာပဲ (မှန်)။

ပညာနဲ့ပေါင်းလိုက်စမ်းပါ

ကဲ့ ဒါဖြင့် ယုံကြည်လို့ပေါ်လာပြီ (မှန်ပါ့) ပညာနဲ့ပေါင်းလိုက် ဦးဘရှင်း (မှန်ပါ့) သူပေါ်လာပြီး သည့်နောက် ပညာနဲ့တစ်ခါ ပြန်ပေါင်းလိုက်စမ်းဗျာ (မှန်ပါ) ဘယ့်နှယ်ဖြစ်သွားသလဲ (အနိစ္စ ဖြစ်သွားပါတယ် ဘုရား)။

သူဒေါသက ကျုပ်တို့သန္တာန်ရောက်သွားကတည်း က သူက အနိစ္စရောက်သွားပြီ-(မှန်ပါ့) မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။

အဲဒီတော့ ဒေါသကဖြစ်ပျက်၊ ပညာက မဂ် (မှန်ပါ့) ပို့ဦးမလားမောင်နိုင် (မပို့ပါ ဘုရား) ကိုဝ ပို့ဦးမလား (မပို့ပါ ဘုရား) သေချာပလား (သေချာ ပါပြီ ဘုရား)။

ဪ် ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒီရန်သူနှစ်ယောက် , ဒကာ ဒကာမတို့ မိတ်ဆွေအဖြစ်နဲ့ ရွက်ဆောင် ပေးပါလိမ် မလဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) (တပည့်တော်တို့ အပေါင်း တည့်သွားလို့ ဘုရား) (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အပေါင်းအသင်းအရေးကြီးတယ်

ဘာတဲ့တုန်း (အပေါင်းတည့်သွားလို့ပါ ဘုရား)။

ဒါဖြင့် အပေါင်းအသင်း သိပ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား) ဥပါဒါန်နဲ့ ပေါင်းရင် ခက်ပြီ (မှန်ပါ့) ကံနဲ့ပေါင်းရင်ခက်မယ် (ခက်ပါတယ် ဘုရား)။ အခုတော့ ဉာဏ်နဲ့ပေါင်းလိုက်တာ (မှန်ပါ့)။

ကိုဝ ဘယ်သူနဲ့ပေါင်းသတုံး (ဉာဏ်နဲ့ပေါင်း လိုက်ပါတယ် ဘုရား)။

ဉာဏ်ပညာနဲ့ပေါင်းလိုက်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ရန်သူသည်ပင် ကိုယ့်အကျိုးဆောင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားတယ် (မှန်ပါ့)။

လောဘ၊ ဒေါသဟာ ဘာတုံး နဂိုက (ရန်သူပါ ဘုရား) ရန်သူပဲတဲ့၊ ရန်သူသည်ပင်လျှင် ယခု ကျုပ်တို့က သဒ္ဓါ၊ ပညာနဲ့ပေါင်းလိုက်တဲ့အတွက်တဲ့ ကိုပေါ် ကျုပ်တို့၏ မိတ်ဆွေဖြစ်ပြီး၊ သူကနေ မဂ်ဉာဏ် ပေါ်အောင် ကျေးဇူးပြု တယ် (မှန်ပါ့) ကျေးဇူမပြုဘူးလား (ပြုပါတယ် ဘုရား)။

အပေါင်းအသင်းတည့်ဖို့ အရေးကြီးတယ်

ဒါဖြင့် အကုသိုလ်တိုင်း ကြောက်ရမှာလား အပေါင်းအသင်းတည့်ဖို့ သာ အရေးကြီးသလား (အပေါင်းအသင်း တည့်ဖို့သာ အရေးကြီးပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒို့သည်ကားလို့ ဆိုလို့ရှိရင် သိပ်ပြီး အဖိုးတန်ပါပေါ့လား ဆိုတဲ့ စကားဟာ ဒကာကြီးလှိုင် ကွာ ငါတရား အားထုတ်နေတာ အကုသိုလ်က ဝင်လွန်းလို့ ကြာတော့ စိတ်ကို ပျက်လာတယ်၊ တရားတောင် အား မထုတ်ချင်ဘူး အကုသိုလ်က ဝင်လွန်းလို့တဲ့။

လောဘက ဝင်လာကွာ ဒေါသက ဝင်လာကွာ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ကိုယ်က တရား အားထုတ်နေ တယ် မဟုတ်တာတွေချည်း ဝင်နေတယ် ကို ဒီလို ညည်းပြီး ထပြေးတဲ့ပုဂ္ဂိုလ်များကော တွေ့ဘူးရဲ့ လား (တွေ့ဘူးပါတယ် ဘုရား)။

ဒီလိုပြေးရမှာလားတဲ့၊ သဒ္ဓါပညာနဲ့ ပေါင်းရမှာ လား (သဒ္ဓါပညာနဲ့ ပေါင်းရမှာပါ ဘုရား)။

ဘုရားက မင်းတို့သန္တာန်နဲ့ မဂ်နဲ့မပယ်သေးသရွေ့ ကာလပတ်လုံး ဒီလောဘ၊ ဒေါသ၊ မောဟတွေက လာမှာပဲ ဆိုတာ ခင်ဗျားတို့ကယုံကြည်ထားလိုက် (မှန်ပါ) ယုံ ကြည်ထားတဲ့ အတိုင်းသော ကိုယ့်ခန္ဓာထဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ ပေါ်လာတဲ့အခါကျတော့ ဘာနဲ့ပေါင်းရမ လဲ (သဒ္ဓါ၊ ပညာနဲ့ပေါင်းရပါမယ် ဘုရား)။

ပညာနဲ့တစ်ခါ ပေါင်းပေးလိုက်တဲ့အခါကျတော့ သဒ္ဓါနဲ့ယုံကြည်ပြီး ပေါ်လာပြီဆိုတာ သဒ္ဓါက ယုံ ကြည်လိုက် (မှန်ပါ့)။

ကိုယ်ကြည့်တာ မဂ်ဖြစ်သွားတယ်

ပညာနဲ့ပေါင်းပြီး သကာလ ကျုပ်တို့က ကိုယ့်သန္တာန် ဒါကိုပညာနဲ့ ငါကြည့်ဦးမယ်ဆိုတဲ့ အချိန်ကျတော့ ကိုဝ ဖြစ်ပျက် ဖြစ်သွားရော (မှန်ပါ့) ကိုယ်ကြည့်တာက မဂ် ဖြစ်သွားတယ် (မှန်ပါ့)။

ဒါဖြင့် ကိုပေါ်တို့ ကိုဝတို့ ကြောက်စရာရှိသေး ရဲ့ လား (မရှိပါ့ ဘုရား) မရှိပါဘူး၊ သဘော ပါကြပလား (ပါပါပြီ)။

ကဲ ဘယ့်နှယ်ကြောင့် ဒါလောက်တောင် ခရီး ပေါက်သွားပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် “သဒ္ဓါဒုတိယာ ပုရိဿ ဟောတိ” နဲ့ ပေါင်း လိုက်လို့ဘုရား (မှန်ပါ့)။

နိဗ္ဗာန်ဧကန်ရောက်တယ်

“ပညာစေနံ ပသာသတိ’’ ဆိုတဲ့အတိုင်း ပညာ စ= ပညာသည်၊ နံ= ထိုယောက်ျားကို၊ ပသာသတိ= အမှန် မြင်အောင်ဆုံးမ၏ ဆိုတော့ အပေါင်းက တပည့်တော် တို့က တည့်သွားတယ် ဘုရား ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ “သဒေါသံဝါ စိတ္တံ သဒေါသ စိတ္တန္တိ ပဇာနာတိ” အဲဒါရှုကွ၊ ဒါ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ “ဧကာယနော ယံဘိက္ခဝေ မဂ္ဂေါ” နိဗ္ဗာန် ဧကန် ရောက်တယ်လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒေါသစိတ်ကို ရှုနိုင်လို့ရှိရင်လဲ နိဗ္ဗာန်ဧကန်ရောက် တယ်လို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကဲ ဒါဖြင့် အပေါင်းအသင်းကလေး ပြောင်း လိုက်ရုံပဲ (မှန်ပါ့) ဒေါသနောက်ကနေပြီး ကျုပ်တို့က သောကနဲ့မပေါင်းဖို့၊ ပရိဒေဝနဲ့မပေါင်းဖို့ (မှန်ပါ့) ဒုက္ခ ဒေါမနဿနဲ့ (မပေါင်းဖို့ပါ ဘုရား)။

အပေါင်းအသင်းပြင်လိုက်ရင်ပြီးတယ်

အဲ အပေါင်းကလေးပြင်လိုက်ရင်ပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ တရားဆန်းနေတာလားတဲ့၊ သတိပဋ္ဌာန်ထဲမှာလဲ ပါပြီးသားလား (သတိပဋ္ဌာန်ထဲ ပါပြီးသားပါ ဘုရား)။

တရားဆန်းတယ်လို့ မယူပါနဲ့ တဲ့၊ မင်းတို့ဘုန်း ကြီးက တရားခပ်ဆန်းဆန်း ဟောတတ်တယ်၊ ဒီလိုမယူနဲ့ တဲ့၊ သူ့ပါဠိတော်နဲ့ တန်းဟောတာ (မှန်ပါ့) သဘောပါ ပလား-(ပါပါပြီ ဘုရား)။

သူ့ပါဠိတော်နဲ့ တန်းပြီး သကာလ ဟောလိုက်တော့ ကဲ ဒါဖြင့် ရန်သူတွေသည် ဦးဘရှင်း ဘာလာရွက် ဆောင်ကြသတုန်း (မိတ်ဆွေ အဖြစ် ရွက်ဆောင်ပါတယ် ဘုရား)။

မိတ်ဆွေအဖြစ်နဲ့ ရွက်ဆောင်တော့ သူတို့က မဂ် ပေါ်အောင် ရွက်ဆောင်တဲ့အတွက် မဂ်ဆိုတာ “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ။’’

ကိလေသေ= ကိလေသာ တို့ကို၊ မရေန္တော= သတ်လျက်၊ ဂစ္ဆတိ= နိဗ္ဗာန်သို့ သွားတတ် ၏ဆိုတော့ မောင်နိုင် အပါယ်သွားသေးရဲ့လား (မသွားပါ ဘုရား) မဂ်ပညာနဲ့သွားပေါင်းတယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ပေါင်းတတ်ကြပလား (ပေါင်းတတ်ပါပြီ) ဘာနဲ့ပေါင်းကြမယ် (သဒ္ဓါ၊ ပညာနဲ့ ပေါင်းရပါမယ် ဘုရား)။

သဒ္ဓါ၊ ပညာနဲ့ ပေါင်းစမ်းပါဆိုတာ ယနေ့အပေါင်း အသင်းပြင်ပေးပါတယ် (မှန်ပါ့) ဒကာကြီးလှိုင် ပေါင်းတတ်ပလား (ပေါင်းတတ်ပါပြီ ဘုရား)။

အေး-ပေါ်လာတာ ပေါ်မှန်းသိလို့ရှိရင် အို ပေါ်လိမ့် မယ်လို့ ဘုရားက ဟောထားတာပဲ (မှန်ပါ့) ဒါကသဒ္ဓါ နဲ့ ယုံကြည်လိုက်ပါ (မှန်ပါ့)။

ပြီးတော့မှ သဒ္ဓါနဲ့ယုံကြည်ပြီးတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အင်း- ပညာနဲ့ ကြည့်လိုက်စမ်းပါ (မှန်ပါ့) ကြည့်လိုက်တော့ ဘာတွေ့သလဲ (အနိစ္စတွေ့ ပါတယ်) အနိစ္စတွေ့တာပဲ၊ ဖြစ်ပျက်တွေ့တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်သွားတယ်

အဲဒီလို တွေ့သွားတဲ့အခါကျတော့ကိုတဲ့ ခင်ဗျားတို့ ကျုပ်တို့ကို ပဋိစ္စသမုပ္ပါဒ် တန်းမလို့လာတဲ့ တဏှာ၊ ဥပါဒါန်၊ ကံဆိုတော့ သူက ဥပါဒါန် ကျေးဇူး ပြုနိုင်သေးသလား၊ မဂ် ကျေးဇူးပြုရမယ် (မဂ်ကျေးဇူး ပြုရပါမယ် ဘုရား)။

တစ်ခါတည်း ပဋိစ္စသမုပ္ပာဒ်ပြတ်သွားတယ် (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ပြတ်သွားကတည်းက ကမ္မဘဝပစ္စယာ ဇာတိ ဆိုတာ လာသေးသလား (မလာပါ ဘုရား)။

ဟာ ဒါဖြင့် ဦးဘရှင်းတို့ ဘယ်လိုဆောက်တည် လို့ ဖြစ်သွားပါလိမ့်မလဲဆိုတော့ အဖြေ ထွက်ကြပလား(ထွက်ပါပြီ) ဘယ်လိုကြောင့်ပါလိမ့်၊ (အပေါင်းအသင်း တည့်လို့ပါ ဘုရား) အပေါင်းအသင်း တည့်သွားတယ်၊ ရှင်း ကြပလား (ရှင်းပါပြီ ဘုရား) အပေါင်းအသင်းတည့်သွား တဲ့အတွက် သိပ်ကျေးဇူးများတယ် (မှန်ပါ့)။

ကဲ ကိုထွန်းလှိုင်ကြီး နေရာကျပြီနော် (မှန်ပါ့)။

ဒါ တပည့်တော် ဘယ်အချိန်ရှုရမှာတုံးလို့ မမေးကြနဲ့ (မှန်ပါ့) ကိုဝ မေးဖို့လိုသေးသလား (မလိုပါ ဘုရား)။

ပေါ်တဲ့အချိန်ရှုလိုက်ပါ

ဟ ပေါ်တဲ့အချိန်ပေါ့ကွ (မှန်ပါ့) ဆိုနိုင်ပြီ မဟုတ်လား (ဆိုနိုင်ပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘယ်အချိန် ရှုရမှာ လဲ (ပေါ်တဲ့အချိန် ရှုရမှာပါ ဘုရား)။

အဲ ပေါ်တဲ့အချိန် ရှုလိုက်ပြီးပေါ်တဲ့အချိန် သဒ္ဓါ၊ ပညာနဲ့ပေါင်းလိုက်ပြီးတာပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်နဲ့မွေ့လျော်တဲ့ပုဂ္ဂိုလ်

အဲဒီတော့ ဒီလို အပေါင်းအသင်းတည့်တဲ့ ပုဂ္ဂိုလ်ကျ တော့ကိုတဲ့ “နိဗ္ဗာနာဘိရတော မစ္စော” တဲ့၊ နိဗ္ဗာန်၌ မွေ့လျော်တဲ့ သတ္တဝါကွတဲ့ (မှန်ပါ့)။

ဒီအပေါင်းအသင်း တည့်အောင်ပေါင်းနိုင်တဲ့ ပုဂ္ဂိုလ် ဟာ နိဗ္ဗာန်နဲ့မွေ့လျော်တဲ့ ပုဂ္ဂိုလ်ဆိုတော့ နိဗ္ဗာန်နဲ့ မွေ့လျော်တော့ ဘာဖြစ်သတုံးဆို အို “သဗ္ဗဒုက္ခာ ပမုစ္စတိ” တဲ့၊ အလုံးစုံ ဒုက္ခတွေမှ လွှတ်တာ ပေါ့ကွတဲ့ (မှန်ပါ့)။

အဲဒါ အပေါင်းအသင်းတည့်တဲ့အတွက် မောင်နိုင် ဘယ်လောက် ကျေးဇူးများသလဲ (ဖူးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ထဲ အကုန်ဝင်တယ်

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တစ်နေ့ကိုအထူးအထူးချည့်ပဲ ဦးဘရှင်း မှတ်နေ ရတယ် (မှန်ပါ့) အထူးထူးသာ မှတ်နေရတယ် ကျုပ်တို့ ဖြစ်ပျက်ထဲ ဝင်တာချည့်ပဲ (မှန်ပါ့)။

ဘယ်လိုလဲ ဘုန်းကြီးက ကျမ်းတွေအမျိုးမျိုးကြည့် ပြောပြီး သကာလ နေငြားသော်လဲ ဒို့လုပ်ထားတာနဲ့ ကိုက် တယ်သာမှတ် (မှန်ပါ့)။

ဒို့လုပ်ထားတာနဲ့ ကိုက်တယ်သာမှတ်

ဘယ်လိုမှတ်ကြမယ် (လုပ်ထားတာနဲ့ ကိုက်ပါ တယ် ဘုရား) မိုက်တာပါသေးရဲ့ လား (မပါ-ပါ ဘုရား) မပါ-ပါဘူးတဲ့ ပိုပြီးအားရှိတာပဲထူးတယ် (မှန်ပါ့)။

ကိုဝ ဘယ့်နှယ်တုန်း (ပိုပြီး အားရှိတာပဲ ထူးပါတယ် ဘုရား)။

အားရှိတာပဲ ထူးတယ်ဆိုတော့ ပါဠိတော်လဲ အခု ဟာက သံယုတ်ပါဠိတော်က ဒီလိုပေါင်းလို့ သူဟောတော့ ကျုပ်တို့က သံယုတ်ပါဠိတော်တော့ ဒကာ ဒကာမ တွေက မကြာဖူးဘူး၊ ဘုန်းကြီးက ခေါင်းဆောင် ပြောလို့ အခုဒီနေ့ညကျမှပဲ ကြားကြရတယ်ထားပါတော့ (မှန်ပါ) မဟုတ်ဘူးလား ဒီနေ့မှပဲ ကြားကြရတယ် ထားပါတော့။

ဒါနဲ့လဲကိုက်သားပဲ

သတိပဋ္ဌာန်ကတော့ များသောအားဖြင့် တွေ့ဘူး၊ ကြုံဘူးများတော့ “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” အင်း ဒါနဲ့လဲ အကိုက်သားပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

လောဘစိတ် ပေါ်လာရင် လောဘစိတ်ကို ဖြစ် ပျက်ရှုဆိုတာ မပါဘူးလား (ပါ-ပါတယ်) ဒေါသစိတ် လာရင်ကော (ဒေါသစိတ် ဖြစ်ပျက်ရှုရပါမယ်) သူ့ပါဠိတော်က မလာဘူးလား (လာပါတယ် ဘုရား)။

ယုံကြည်တော့ ပေါ်တာသိတယ်

အဲဒီတော့ ကျုပ်တို့က ဒါ ယုံယုံကြည်ကြည်နဲ့ ခန္ဓာ ကိုယ်ထဲ မပေါ်ဘူးလို့ ဆိုရမှာလား၊ ပေါ်တာကို ယုံကြည်ရမှာလား (ပေါ်တာကို ယုံကြည်ရမှာပါ ဘုရား)။

ပေါ်တာ သူ့မဂ်နဲ့ မပယ်သေးသရွေ့ ပေါ်မယ်ဆိုတာ ယုံကြည်ထားလိုက် (မှန်ပါ့) ယုံကြည်ပြီး သကာလ ယုံကြည်တော့ပေါ်တာသိတယ်မဟုတ်လား (မှန်ပါ့) ပညာနဲ့ပေါင်းလိုက်တော့ ပျက်တာ သိတယ် (မှန်ပါ့)။

ပညာနဲ့ပေါင်းလိုက်တော့ ပျက်တာသိ

ယုံကြည်တော့ကော (ပေါ်တာ သိပါတယ်) ပညာနဲ့ ပေါင်းလိုက်တော့ (ပျက်တာသိပါတယ် ဘုရား)။

ဒါဖြင့် ယုံကြည်တော့ ပေါ်တာ သိတယ်ဆိုတော့ အဖြစ်ကိုသိတယ် (မှန်ပါ့) သဘောကျပလား (ကျ ပါပြီ) ပညာနဲ့ပေါင်းလိုက်တော့ (အပျက်သိပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်သိတာ (မှန်ပါ့) သဒ္ဓါကဖြစ်ပေါ် တာ သိတာကိုး (မှန်ပါ့) ပညာက-(ပျက်တာ သိပါတယ် ဘုရား)။

ဖြစ်ပျက်မြင်တာပဲ

ပျက်တာသိတော့ ကျုပ်တို့ ဟောနေကျ တရားထဲပဲ ဖြစ်ပျက်မြင်တာပဲ (မှန်ပါ့) မှတ်မိကြပလား (မှတ်မိ ပါပြီ ဘုရား)။

ဘာမြင်ပါလိမ့် (ဖြစ်ပျက်မြင်တာပါ ဘုရား)။

ဖြစ်ပျက်ပဲမြင်တော့ ဪ ဒီကိစ္စဟာ ဘုန်းကြီး က ကျမ်းအမျိုးမျိုးတွေကို နိုင်နင်းပြီး ပြောငြား သော်လည်း ဒို့လုပ်တဲ့အလုပ်ကို ထောက်ခံချက် အကြီးအကျယ်ပေးတာမှ တစ်ပါး ဘာမှမပါဘူး (မှန်ပါ့) ဒီလိုဆုံးဖြတ်ချက်ချလိုက် ရင်တည့်တယ် (မှန်ပါ့) မတည့်သေးဘူးလား (တည့်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ အားရှိကြပလား လို့ မေးလိုက်ပါတယ် (အားရှိပါတယ် ဘုရား)။

လောဘ၊ ဒေါသဖြစ်မှာမကြောက်ပါနဲ့

လောဘဖြစ်မှာလဲ မကြောက်ပါနဲ့၊ ဒေါသဖြစ်မှာ ကော (မကြောက်ပါ ဘုရား) အပေါင်းအသင်း လွဲမှာကို (ကြောက်ပါတယ် ဘုရား)။

အေး ဒါမှတ်ရမှာ ဒကာ ဒကာမတို့၊ ကိုဝ သဘောပါပလား (ပါ-ပါပြီ ဘုရား)။

လောဘဖြစ်မှာကိုလဲ (မကြောက်ပါ ဘုရား) မဂ်နဲ့မပယ်ရသေးရင်ဖြစ်မှာပဲ (မှန်ပါ့)။

မဂ်နဲ့မပယ်သေးသရွေ့ အကြောင်းတိုက်ဆိုင်ရင် လောဘဖြစ်မှာပဲ (မှန်ပါ့) ဒေါသကော (ဖြစ်မှာပါပဲ ဘုရား)။

သဒ္ဓါ၊ ပညာနဲ့ပေါင်းချလိုက်ပါ

သို့သော် သူတို့သည်ကားလို့ ဆိုလို့ရှိရင် ကျုပ်တို့က မဂ်နဲ့မပယ်သေးလို့ ဖြစ်ငြား သော်လည်း ကျုပ်တို့က ဥပါဒါန်နဲ့ မပေါင်းနဲ့ သောကနဲ့မပေါင်းနဲ့ (မှန်ပါ့) ပညာနဲ့ပေါင်းချလိုက် (မှန်ပါ့ ဘုရား)။

သဒ္ဓါ၊ ပညာနဲ့ ပေါင်းချလိုက်တဲ့အခါကျတော့ သဒ္ဓါ က အဖြစ်ကိုသိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပညာက (အပျက်ကိုသိပါတယ် ဘုရား)။

ဒါဖြင့် သူတို့နှစ်ခုသည် ဘာကိုသိသတုံးမေးရင် (ဖြစ်ပျက်သိပါတယ် ဘုရား)။

သဒ္ဓါပညာတွေက မဂ္ဂဖြစ်သွားတယ်

ဒါဖြင့် ဖြစ်ပျက်က အနိစ္စ ဟုတ်လား (မှန်ပါ့) သဒ္ဓါပညာတွေက မဂ္ဂဖြစ်သွားတော့ မဂ်ဆိုတာ ဘာလုပ်ပါလိမ့်မတုံး ဆိုတော့ ရှင်းလို့ တဏှာနောက်က ဥပါဒါန်ကံ လာသေးသလား (မလာပါ ဘုရား) အဲဒီ ကိလေသာတွေ ဖြတ်တယ်ကွ (မှန်ပါ့)။

ဒေါသနောက်က သောက၊ ပရိဒေဝ၊ ကိလေသာ တွေလာသေးသလား (မလာပါ ဘုရား) အဲဒီကိလေသာတွေ ဖြတ်တယ်ကွ (မှန်ပါ့) ဟော မဂ်သတ္တိကော မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့်မောင်နိုင် ဒီအလုပ်ဟာဖြင့် အကုသိုလ် ဖြစ်ရင် ဒို့ အပါယ်သွားရတော့မယ်ဆိုတဲ့ စကားဟာ ဒီနေ့ကစပြီး သကာလ သဒ္ဓါ၊ ပညာနဲ့ပေါင်းတဲ့ ပုဂ္ဂိုလ် မသွားရဘူး (မှန်ပါ့) မပေါင်းတဲ့ ပုဂ္ဂိုလ်ဖြင့် (သွားရပါမယ် ဘုရား)။

ဒီလိုခွဲခြားသိတော့ သိပ်အဖိုးတန်ပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဒီလို ခွဲခြားမသိ တော့ ကြောက်စရာ မဟုတ်လဲ ကြောက်တယ် (မှန်ပါ့) ကြောက်စရာ ဟုတ်တာလဲ မကြောက် (မှန်ပါ့)။

ဒကာကြီးလှိုင် ဒါ-ဆရာသမား တာဝန်တွေ အကြီး အကျယ် လိုတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ပါဠိတော်တွေနဲ့ကိုက်တယ်

ကဲ ခုတော့ဖြင့် ဆရာဘုန်းကြီးက သံယုတ်ပါဠိ တော်ကြည့်ပြီး ပြောတာလား၊ သတိပဋ္ဌာန် ပါဠိတော်နဲ့ ကိုက်ရဲ့ လား (ကိုက်ပါတယ် ဘုရား) အနိစ္စာဝတ သင်္ခါရ နဲ့ကော (ကိုက်ပါတယ် ဘုရား)။

ကိုက်တယ် “ယဒါ ပညာယ ပဿတိ” ဆိုတာ နဲ့ကော (ကိုက်ပါတယ် ဘုရား)။

“သဗ္ဗေသင်္ခါရာ အနိစ္စာ” ရှေ့နားပေါ်တာက အနိစ္စ “ယဒါ ပညာယ ပဿတိ” ဆိုတာ ပညာနဲ့ ပေါင်းပြောတာ (မှန်ပါ့)။

မောင်နိုင် အဲဒါပါဠိကကော (ပညာနဲ့ ပေါင်းလို့ပြောတာပါ) ကဲ တစ်ထပ်တည်းမနေဘူးလား (နေပါတယ် ဘုရား)။

ဪ ဒါဖြင့် အကုသိုလ်ဖြစ်မှာ ကျုပ်တို့ ကြောက်ရမှာလား၊ အပေါင်းအသင်း လွဲတာ ကြောက်ရမှာ လား (အပေါင်းအသင်းလွဲမှာ ကြောက်ရတာပါ ဘုရား)

ဒီဥစ္စာမမေ့ကြစမ်းပါနဲ့

အို တယ်အဖိုးတန်ပါလား ဒကာ ဒကာမတို့ မမေ့ကြစမ်းပါနဲ့၊ ဒီဥစ္စာ ခဲခဲယဉ်းယဉ်း သိရတဲ့ အသိပါ (မှန်ပါ့)။

ဒကာကြီးလှိုင် လွယ်လွယ်နဲ့သိတာဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ရှေးတုန်းကတော့ ဒကာကြီးလှိုင်တို့ ပေါင်းသင်း ဆက်ဆံနေတာက တဏှာလာလို့ရှိရင် ဥပါဒါန်နဲ့ ပေါင်း လိုက်တာပဲ(မှန်ပါ့) ဥပါဒါန်နဲ့ ပေါင်းပြီး ကံနဲ့ပေါင်းချလိုက် တယ် (မှန်ပါ့)။

ကံနဲ့ပေါင်းတော့ ကမ္မဘဝပစ္စယာ ဇာတိဆိုပြီး သကာလ သေသည်၏အခြားမဲ့၌ အပါယ်ဇာတိသာ ရ-ရ သွားတယ် (မှန်ပါ့)။

အဲဒါ မောင်နိုင်က ဘယ်နှယ့်ကြောင့် ဖြစ်သွား ပါလိမ့်မလဲလို့ နောက်က ဒကာ ဒကာမတွေက မေးရင် ဘယ့်နှယ်ဖြေကြမလဲ (အပေါင်းအသင်းလွဲလို့ပါ ဘုရား) အပေါင်းအသင်းလွဲတယ်။

ပဋိစ္စသမုပ္ပါဒ်တန်းသွားတယ်

သဒ္ဓါ-ပညာနဲ့ မပေါင်းမိဘူး (မှန်ပါ) မဟုတ်ဘူး လား-(မှန်ပါ့) ဥပါဒါန်ကံတွေနဲ့ (ပေါင်းမိပါတယ်) သောက ပရိဒေဝတွေနဲ့ (ပေါင်းမိသွားပါတယ် ဘုရား)။

ဒါဖြင့် နောက်က ဒကာ ဒကာမတွေ အားလုံး အရင်းအချာတွေဖြစ်နေတော့ ဪ ဒို့အပေါင်းအသင်း လွဲ၊ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တဲ့၊ အပေါင်းအသင်းလွဲ ရင် ပဋိစ္စသမုပ္ပာဒ်က တန်းမြဲတိုင်းတန်းသွားမယ် (မှန်ပါ့) အပေါင်းအသင်း မလွဲလို့ရှိရင် ပဋိစ္စသမုပ္ပာဒ် ပြတ် တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ အင်မတန်မှ ကျေးဇူးများတယ်ဆိုတာ အခု အရှေ့ပိုင်းမှာ ပြောတာနဲ့ပဲ မောင်နိုင် သေပျော်တဲ့တရားပါ (မှန်ပါ့) ကိုဝ သေ ပျော်ပလား (သေပျော်ပါပြီ ဘုရား)။

ပြင်ပြီးပေါင်းလိုက်တော့ မဂ်ရသွားတယ်

သေပျော်ပြီ ဆိုတော့ ချီးမြှောက်ပြောတာ မဟုတ်ပါ ဘူး ဒကာ ဒကာမတို့ ပြင်ပြီး ပေါင်းလိုက်ရင် ပြီးသွားတာပဲ (မှန်ပါ့) ပြင်ပြီး ပေါင်းလိုက်တော့ မဂ်ရသွားတယ် (မှန်ပါ့ ဘုရား)။

မောင်နိုင် ဘယ်နှယ်တုန်း (ပြင်ပြီး ပေါင်း လိုက်ရင် မဂ်ရသွားပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါ ပါဠိတော်နဲ့ကော (ကိုက်ပါတယ် ဘုရား)။

အေး ပါဠိတော်ဆိုတာက သတိပဋ္ဌာန်တော်နဲ့ ကိုက်တယ်ပြောတာ (မှန်ပါ့) သံယုတ် ပါဠိတော်က သူက ခပ်ဆန်းဆန်း ပြောထားတော့ မောင်နိုင်က ဖြုန်းခနဲ အင်းဒီဟာ တစ်မျိုး ပါကလားလို့ ထင်ချင် ထင်နေမယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် အပါယ်သွားတတ်တဲ့ အကုသိုလ် သည်ပင်လျှင် အပါယ်မသွားတာ ကလေးကို ရှေ့တစ်ဆင့် တိုးပါနော် (မှန်ပါ့)။

ရှေ့တစ်ဆင့်တိုးလိုက်တော့ ဥပမာ လောဘ စိတ်ကလေးဖြစ်တယ်၊ သဒ္ဓါက ယုံကြည်တယ်၊ ဪ မပယ်သေးရင် ဒီဥစ္စာဖြစ်ရမှာပဲ သူလဲခန္ဓာကိုး၊ ခန္ဓာမို့ ခန္ဓာပေါ်တာပေါ့ (မှန်ပါ့) မပေါ်လာ ဘူးလား (ပေါ် ပါတယ် ဘုရား)။

ခန္ဓာမို့ ခန္ဓာပေါ်တယ်၊ လောဘခန္ဓာကလေး ပေါ် လာတာပဲ၊ ဒါဖြင့် ဒါကိုမောင်နိုင်က ယုံကြည်ပလား (ယုံ ကြည်ပါတယ် ဘုရား)။

ဘယ်လိုယုံကြည်သတုန်း မဂ်နဲ့မပယ်သေးရင် ပေါ် ရမှာပဲ (မှန်ပါ့)။

မဂ်နဲ့မပယ်သေးရင် (ပေါ် ရမှာပါပဲ ဘုရား) ပေါ် ရမှာပဲ ဒါကိုယုံကြည်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စအဖြစ်နဲ့ အမှုထမ်းတယ်

ကဲ ပညာနဲ့ ပေါင်းလိုက်ပါ ဦးဘရှင်းက ပညာနဲ့ ပေါင်းလိုက်တော့ လောဘဟာ လောဘ အဖြစ်နဲ့ မြင် သလား၊ အနိစ္စအဖြစ်နဲ့ မြင်သလား (အနိစ္စအဖြစ်နဲ့ မြင်ပါတယ် ဘုရား)။

ဒါဖြင့် ပညာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ သူက လောဘအဖြစ်နဲ့ အမှုထမ်းရင် ဥပါဒါန်ကို ကျေးဇူးပြုမယ် (မှန်ပါ့) အနိစ္စအဖြစ်နဲ့ အမှုထမ်းတဲ့အတွက် ပညာကို သွားပြီး ကျေးဇူးပြုတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စအဖြစ်နဲ့ အမှုထမ်းတဲ့အတွက် (ပညာ သွားပြီး ကျေးဇူးပြုပါတယ် ဘုရား)။

ပညာသွားပြီး ကျေးဇူးပြုလိုက်တယ် သူဟာ အနိစ္စမမြင်ရင် ဟိုက ပညာက မပေါ်နိုင်ဘူး (မှန်ပါ့) ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စနဲ့ ဆက်သွားတယ် (မှန်ပါ့) တဏှာနဲ့ ဥပါဒါန်နဲ့ မဆက်ဘူး၊ ဆက်သေးသလား (မဆက်ပါ ဘုရား)။

ဒါနဲ့ ခင်ဗျားတို့ရထားတာက တဏှာပစ္စယာဥပါဒါန်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အခုဟာကတော့ ဒီလိုမဟုတ်ပါဘူးတဲ့၊ အနိစ္စရဲ့ ပညာနဲ့သွားဆက်တယ်(မှန်ပါ့) မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဟာ ဘယ်နှယ်ကြောင့် ဘာလိမ့်မတုံး(အပေါင်း အသင်းတည့်လို့ပါ ဘုရား) အပေါင်းအသင်း မှန်သွားလို့ (မှန်ပါ့)ဆိုနိုင်ကြပလား (ဆိုနိုင်ပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီတစ်လုံးဟာ အင်မတန် အရေး ကြီးပါကလားဆိုတာ ဦးဘရှင်းတွေးမှ အရေးကြီးမှန်း သိ တယ် (မှန်ပါ့)

အပေါင်းအသင်းမှန်ဖို့ အရေးကြီးတယ်

အပေါင်းအသင်းတည့်ဖို့နဲ့ အပေါင်းအသင်းမှန်ဖို့ ဒကာ ဒကာမတို့ အလွန်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ အပေါင်းအသင်း မှန်သွားတော့ အနိစ္စနဲ့ ပညာနဲ့သွားတွေ့တယ် (မှန်ပါ့) အနိစ္စနဲ့ ပညာနဲ့သွား တွေ့တော့ အနိစ္စမြင်တဲ့အခါကျတော့ အင်း ဒါ ငါထင် ပါသေးရဲ့ လား၊ အနိစ္စပဲ ထင်တော့သလား (အနိစ္စပဲ ထင်ပါတော့တယ် ဘုရား)။

ငါထင်ရင်သာ ဒိဋ္ဌိက အပါယ်ပို့မယ်၊ သဘောကျ ပလား-(ကျပါပြီ) အခုတော့ ငါမထင်တဲ့ အတွက် အနိစ္စမို့ အနိစ္စပဲ သိသွားတဲ့အတွက် ဒိဠိက ပြုတ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကဲ ဒါဖြင့် လောဘနဲ့ဒိဠိဟာ အမြဲတမ်းတွဲလျက် ဖြစ်ပြီး သကာလ နေငြားသော်လဲ အပေါင်းအသင်း မှန်သွား တဲ့အတွက် လောဘကလဲ ပြိတ္တာဘုံ မပေးနိုင်ဘူး၊ ဒိဋ္ဌိကလဲ အပါယ် မကျနိုင်ဘူး (မှန်ပါ့)။

လောဘက ပြိတ္တာဘက်သွားတယ် (မှန်ပါ့) ဒိဋ္ဌိက (အပါယ်သွားပါတယ် ဘုရား)။ အပေါင်း အသင်းသာ တည့်အောင် ပေါင်းလိုက် အပါယ်သွားတယ်ဆိုတော့ ဒကာ ဒကာမတွေက အင်း ဒါဖြင့် လောဘဖြစ်လဲ မကြောက်နဲ့ကွ၊ အပေါင်း အသင်းသာတည့်အောင်ပေါင်းလိုက် (မှန်ပါ့) ဒီတော့ ဦးဘကလေးတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ) ဒိဋ္ဌိပါ ပြုတ်သွားတာကော မြင်လိုက်ပလား (မြင်လိုက် ပါပြီ ဘုရား)။

ဖြစ်ပျက်မြင်လိုက်ကတည်းကိုက ခိုင်တယ်၊ မြဲတယ် ကိုဝယူသေးသလား (မယူတော့ပါဘူး) ခိုင်တယ်၊ မြဲတယ် ယူတာက ဘယ်သူက ယူတာတုန်း (ဒိဋ္ဌိက ယူတာပါ ဘုရား)။

အဲ သူမှမလာတော့ ကိုဝတို့က ငါ့ကွာ ခက် လိုက်တာ ဒါတွေကလဲ လို့ ဆိုစရာလိုသေးသလား (မလိုပါ ဘုရား)။

မလိုတော့ပါဘူးတဲ့၊ အပေါင်းအသင်း တည့်သွားပါ ပြီ ဒကာ ဒကာမတို့နော် (မှန်ပါ့)။ – အဲဒီတော့ ဒီပုဂ္ဂိုလ်ဟာ ဘာပုဂ္ဂိုလ်တုန်း- “နိဗ္ဗာနာဘိရတော မစ္စော’’ ပဲကွ တဲ့ဘုရားက၊ နိဗ္ဗာနာဘိရတော =နိဗ္ဗာန်၌ မွေ့လျော်သော၊ မစ္စော= သတ္တဝါ ဖြစ်သွားတယ်တဲ့ (မှန်ပါ့)။

ဒီသတ္တဝါဖြစ်သွားတော့ ဘာဖြစ် သတုံးတဲ့၊ “သဗ္ဗဒုက္ခာ ပမုစ္စတိ”ပေါ့ကွာ ဒုက္ခ အကုန်ချုပ် တာပေါ့တဲ့ ရိပ်မိပလား- (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မောင်နိုင်ရေ အပေါင်းအသင်းတည့်ဖို့ တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ပထမရှေးဦးစွာ သဒ္ဓါ၊ ပညာနဲ့ ဘယ်တရားလာလာ၊ ခန္ဓာကိုယ်ထဲ ဘာနဲ့ ပေါ်လာလာ သဒ္ဓါ၊ ပညာကိုသာ ပေါင်းမိအောင် ပေါင်းလို့ရှိရင်ဖြင့် ဘယ်အကုသိုလ်ကိုမှ မကြောက်နဲ့တော့ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အပေါင်းအသင်းလွဲမှာသာကြောက်ပါ

သဒ္ဓါ၊ ပညာသာ ပေါင်းမိလို့ရှိရင် (ဘယ် အကုသိုလ်မှ ကြောက်စရာမလိုပါ ဘုရား)။

ဘယ်အကုသိုလ်မှ မကြောက်နဲ့တော့၊ အကုသိုလ် ဟူသရွေ့က အနိစ္စချည့် သွားဖြစ်ရမယ် (မှန်ပါ့) မဖြစ်ပါ နဲ့ဆိုလို့ ရရဲ့လား (မရပါ ဘုရား) မရတော့ဘူး ဆိုတာ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကဲ ဒါဖြင့် အကုသိုလ်ဆို ကြောက်ရတာ ချည့်လား၊ အပေါင်းအသင်း လွဲမှာသာ ကြောက်ရတာ ချည့် လား (အပေါင်းအသင်းလွဲမှာသာကြောက်ရတာချည်းပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကုသိုလ်ဆိုရင် ရှေးကတော့ ဘယ့်နှယ်တုန်း(ကြောက်ရတာချည်းပါ ဘုရား)။

အကုသိုလ်ကို မကြောက်နဲ့

အခုတော့ဖြင့် အဲဒီအကုသိုလ်ကို မကြောက်နဲ့ (မှန်ပါ့) အပေါင်းအသင်း မှားမှာသာ (ကြောက်ရပါတယ် ဘုရား)။

အပေါင်းအသင်းတည့်လို့ရှိရင် သူက ရန်သူက မိတ်ဆွေလုပ်လိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

အဲဒီတော့ သူတို့ကလဲ မောင်နိုင်က အကြောင်း တိုက်ဆိုင်အာရုံနဲ့ တိုက်ဆိုင်လာတဲ့အခါ ကိုယ်ဝယ်ချင်တဲ့ ကျောက်နဲ့တွေ့နေတဲ့အခါ ကိုယ့်မှာလဲ အထုပ်ကလေးက မပြည့်သေးတဲ့ အခါကျတော့ လောဘဖြစ်မှာပဲ (မှန်ပါ့) မဖြစ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

မရဘူး အဲ မရတော့ မောင်နိုင်က ဘာနဲ့ပေါင်း မယ်၊ သဒ္ဓါ၊ ပညာနဲ့ပေါင်းလိုက် (မှန်ပါ့)။

သဒ္ဓါက ဪ မပယ်သေးလို့ ပေါ်နေတာကိုး (မှန်ပါ့) မယုံကြည်ဘူးလား (ယုံကြည်ပါတယ်) မဂ်နဲ့မပယ် သေးတော့ သူ လာနေဦးမှာပဲ (မှန်ပါ့) ဒါယုံကြည်ပလား၊ မယုံကြည်ဘူးလား (ယုံကြည်ပါတယ် ဘုရား)။

ပညာနှင့်တစ်ခါဆက်ပေါင်းလိုက်

အဲ-ယုံကြည်တဲ့ သဒ္ဓါနဲ့ပေါင်းပြီး သကာလ ပညာနဲ့ တစ်ခါဆက်ပေါင်းလိုက် (မှန်ပါ့)။

ဒကာကြီးလှိုင် ပညာနဲ့ ဆက်ပေါင်းလိုက်တော့ ဘာဖြစ်သွားသလဲ (မဂ္ဂဖြစ်သွားပါတယ်) အနိစ္စကို မြင်သွား တယ် (မှန်ပါ့) မဟုတ်ဘူလား (မှန်ပါ့)။

အနိစ္စမြင်သွားတော့ ယုံကြည်တဲ့ သဒ္ဓါနဲ့ပညာနဲ့ ပေါင်းလိုက်တာ မောင်နိုင်ရေ၊ မဂ်ဉာဏ်တောင် ရလိုက် သေးတယ် (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (မဂ်ဉာဏ်တောင်ရလိုက်ပါသေး တယ် ဘုရား)။

မဂ်ဉာဏ်တောင်ရလိုက်သေးတယ်

မဂ်ဉာဏ်တောင်ရလိုက်သေးတယ်ဆိုတော့ ကျုပ်တို့ မှာတဲ့အင်မတန်မှ ဝမ်းသာစရာ ကောင်းပါတယ် (မှန်ပါ့)။

အင်မတန်မှ ဝမ်းသာစရာကောင်းတယ်၊ ဒါဟာ အပေါင်းအသင်းတည့်လို့ဆိုတဲ့ အဓိပ္ပာယ် ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒီလိုချည်းပဲ ဒကာ ဒကာမတွေ က ဘာမှမကြောက်နဲ့၊ ဟာ တပည့်တော်တို့ ဝိတက်တွေ များလွန်းလို့ ရှုမဖြစ်ဘူးဆိုလို့ရှိရင်လဲ သဒ္ဓါ၊ ပညာနဲ့ပေါင်း လိုက် (မှန်ပါ့) ဒီဝိတက်ကို ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်။

ဟာ ဒီနေ့တော့ ဘုရား တပည့်တော် အိမ်ကိုက စိတ်မချမ်းသာ လက်မချမ်းသာနဲ့ လာခဲ့ရတဲ့ အတွက် အားထုတ်ရပေမယ့်လဲ မပြောဘူး ဟ ဘာကြောင့် မဖြောင့်တာတုန်း၊ မချမ်းသာတာတွေ ပေါ်နေလို့ အဲဒီ မချမ်းသာတာရှု (မှန်ပါ့)။

မချမ်းသာတာ ဒုက္ခစိတ်တွေ ဒေါမနဿစိတ်တွေ ပဲ (မှန်ပါ့) အဲဒီမချမ်းသာတာတွေကို သဒ္ဓါပညာနဲ့ ပေါင်းလိုက် (မှန်ပါ့)။

ဪ မချမ်းသာတာလဲ မဂ်နဲ့မပယ်သေးတော့ မချမ်းသာတဲ့စိတ်တွေ ပေါ်သေးတာပဲ (ပေါ်ပါတယ် ဘုရား) သဒ္ဓါနဲ့ပညာနဲ့ ပေါင်းလိုက်တော့ မချမ်းသာတဲ့စိတ် ဟာ ဘာဖြစ်သွားသလဲ (ဖြစ်ပျက်ဖြစ်သွားပါတယ် ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်ကိုက်တယ်

ဒါဖြင့် ဖြစ်ပျက်နဲ့မဂ်မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အဲဒီတော့ မချမ်းသာတာလဲ ခင်ဗျားတို့မိတ်ဆွေ ဖြစ်သွားမှာပဲ (မှန်ပါ့) မချမ်းသာတဲ့စိတ်ကလဲ (မိတ်ဆွေ ဖြစ်သွားမှာပါပဲ ဘုရား)။

ဒါဖြင့် ကျုပ်တို့မှာ အရေးအကြီးဆုံးအချက် ဒီနေ့ ဟောတာသည် သဒ္ဓါ၊ ပညာနဲ့ပေါင်းဖို့ပဲ ပါဠိတော်က အရေး ကြီးတယ် (မှန်ပါ့)။

ဒကာကြီးလှိုင် ဘာအရေးကြီးသတုန်း (သဒ္ဓါ၊ ပညာနဲ့ပေါင်းဖို့ အရေးကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ တရားများသလား နည်းနည်း ကလေးရှိသေးသလား (နည်းနည်း ရှိပါသေးတယ် ဘုရား)။

နည်းနည်းကလေး ရှိသေးတယ်၊ နာရီကသာ စေ့လို့ နေတာ ဒီနှစ်လုံးပဲ ပြောနေတယ် (မှန်ပါ့) ဒီပြင် မပါသေးဘူး (မှန်ပါ့)။

ကိုင်း ဒါဖြင့် သဒ္ဓါ၊ ပညာနဲ့ပေါင်းလိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် တဲ့ ခင်ဗျားတို့ ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ် ပြီလို့ မှတ်လိုက် (မှန်ပါ့)။

ဘာတဲ့တုန်း (ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်ပါပြီ ဘုရား)။

ရှေ့ကဖြစ်ပျက်ကိုး၊ နောက်က အမှန်မြင်တဲ့ သမ္မာဒိဋ္ဌိ (မှန်ပါ့) သမ္မာဒိဋ္ဌိမဂ္ဂင်၊ သဘော ကျပလား(ကျပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်သွားပြီ

အဲဒီတော့ သဒ္ဓါ၊ ပညာနဲ့ပေါင်းလိုက်တော့ ကိုဝရေ နေရာကျသွားပြီတဲ့၊ ဘာဖြစ်သွားသတုန်း၊ ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်သွားပြီ (မှန်ပါ့) ဒါက ရှေ့တိုးမှတ်ဖို့။

သဒ္ဓါ၊ ပညာနဲ့ပေါင်းလိုက်တာ ဘာဖြစ်သွားသတုန်း (ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်သွားပါပြီ ဘုရား)။၊

ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်သွားပြီတဲ့၊ ဘာလို့တုန်းဆို တော့ လာသရွေ့ကို သူသည် သဒ္ဓါနဲ့ ပေါင်းပြီး ပညာနဲ့ ရှုပြီတဲ့ (မှန်ပါ့) မရှုသေးဘူးလား (ရူပါပြီ ဘုရား)။

ရှုလိုက်တော့ ရှေ့ပိုင်းကဖြစ်ပျက်၊ နောက်ပိုင်းက မဂ်ဆိုတော့ ကိုဝ ဝိပဿနာ သမ္မာဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ရှေ့က ရှုစရာကိုးဗျ နောက်က အမြင်ကိုးဗျ (မှန်ပါ့) အဲ ရှုစရာနဲ့အမြင်နဲ့ပေါင်းလိုက်တော့ သူက ဝိပဿနာ၊ သူက အမှန်မြင်လို့ သမ္မာဒိဋ္ဌိဆိုတော့ ဝိပဿနာ သမ္မာဒိဋ္ဌိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ပေါ်ကြ ပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ပျင်းနေလဲရှု၊ ပျော်နေလဲရှု

အဲဒါကြောင့် စိတ်ပျက်လဲရှု (မှန်ပါ့ ဘုရား) ပျော် နေလဲ (ရှုရပါမယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။ ပျင်းနေလဲ (ရှုရပါမယ် ဘုရား) ပျင်းရင်ပျင်းစိတ် ရှုပေါ့ (မှန်ပါ့)။

ပျင်းတာ ကိုဝ တခြားတရားလို့ ကိုပေါ်က မှတ်မနေနဲ့ အလိုမကျလို့ပျင်းတယ် (မှန်ပါ့) ဒေါသ အနုစားလို့ မှတ်လိုက်ပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဒေါသအနုစားပါ ဘုရား) ဒါဖြင့် ဒါကလေးဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

အဲ ဖြစ်ပျက်ရှုလိုက်တော့ အလိုမကျ ဆိုတာ ပျင်းစိတ်ကိုး ဒေါသ၊ ဒေါသ ဆိုတာ အနာဂါမ်မှ ပယ်နိုင်တာ၊ အနာဂါမ် မဟုတ်သေးတော့ ပေါ်တာပဲလို့ ယုံကြည်လိုက် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနာဂါမ် မဟုတ်သေးတော့ (ပေါ်တာပါပဲ ဘုရား) အဲဒါဘယ်သူ့ သတ္တိပါလိမ့် သဒ္ဓါသတ္တိနော် (မှန်ပါ့) ယုံကြည်တယ် မဟုတ်လား (မှန်ပါ့)။

မဂ်နဲ့မပယ်သေးတော့ ဘာတဲ့ (ပေါ်မှာပါပဲ ဘုရား) ဒါက ဘယ်သူ့သတ္တိတုံး (သဒ္ဓါသတ္တိပါ ဘုရား)။

ဒါ ယုံကြည်တာပေါ့ မောင်နိုင်ရ (မှန်ပါ့) ဪ မဂ်နဲ့မပယ်သေးတော့ ပေါ် ရမှာပဲ၊ ဒီတရားရှိရ မှာပဲ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ပညာနဲ့ပေါင်းလိုက်ပါ ဖြစ်ပျက်ဖြစ်သွားတယ်

အဲ ဒါဖြင့် ပညာနဲ့ပေါင်းလိုက် မောင်နိုင် ဘယ့်နှယ်တုံး (အနိစ္စဖြစ်သွားတယ်) ဖြစ်ပျက် ဖြစ်သွား တယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်နဲ့မဂ် သွားမကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အဲ ကိုက်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ဝိပဿနာမဂ် ဖြစ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမဂ်တဲ့ (ဝိပဿနာမဂ်ဖြစ်သွားပါတယ်၊ ဘုရား)။

သဒ္ဓါရိုးရိုးမဟုတ်တော့ဘူး

ကဲ ဒါဖြင့် ကျုပ်တို့က ဘယ်ဟာ လာလာ သဒ္ဓါ၊ ပညာဖြင့် လက်မလွှတ်ပါဘူး၊ ပေါင်းသင်း ပါမယ်လို့ ဆိုလို့ ရှိရင် ဒီသဒ္ဓါဟာ သဒ္ဓိန္ဒြေ သွားဖြစ်မယ်၊ သဒ္ဓါရိုးရိုးမဟုတ် တော့ဘူး (မှန်ပါ့)။

သဒ္ဓိန္ဒြေဆိုတာ အစိုးရတယ်

လာတိုင်း ပေါင်းလို့ရှိရင် မောင်နိုင်-သဒ္ဓိန္ဒြေ (ဖြစ်ပါတယ် ဘုရား) သဒ္ဓိန္ဒြေ ဆိုတာ အစိုးရတယ်၊ ဒီပြင် တရားတွေပေါ်မှာ အကုန်အစိုးရတယ် (မှန်ပါ့)။

ပညာကလဲ ဘာဖြစ်မယ်(ပညိန္ဒြေ ဖြစ်ပါတယ်) ပညိန္ဒြေ ဖြစ်မယ် သဘောကျပလား (ကျပါပြီ ဘုရား)။

ပညာကပညိန္ဒြေဖြစ်တယ်

ဒါဖြင့် ကျပ်ကျပ်ရှုပေး။ လာသရွေ့ကို သူတို့နှစ်ခုနှင့် သာ ပေါင်း (မှန်ပါ) ပေါင်းလို့ ရင့်ကျက် လာတဲ့ အခါ သဒ္ဓါကဘာဖြစ်သတုန်း (သဒ္ဓိန္ဒြေ ဖြစ်ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ) ပညာက (ပညိန္ဒြေ ဖြစ်ပါတယ် ဘုရား)။

ကိုင်း ဒီထက်ရင့်တော့မယ် ခင်ဗျားတို့ လာတိုင်း ရှု၊ လာတိုင်းရှု၊ ဒီထက်ရင့်တော့မယ်ဆိုတော့ သဒ္ဓါကလဲ သဒ္ဓါ မဂ္ဂင် သွားဖြစ်တယ်၊ ဗောဓိပက္ခိယထဲ သွားဝင်တာပဲ။ (မှန်ပါ့) ပညာကလဲ ပညာ မဂ္ဂင် သွားဖြစ်တော့ အဲဒီမှာ အပါယ်လေးပါး တံခါးပိတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပညာကပညာမဂ္ဂင်သွားဖြစ်တယ်

ပညာကလဲ ပညာမဂ္ဂင် သွားဖြစ်တော့ ဘာတုံး (အပါယ်လေးပါး တံခါးပိတ်ပါတယ် ဘုရား)။

မဂ်စစ်သွားဖြစ်တယ် (မှန်ပါ့) မဂ္ဂင်ကျအောင် ကိုက်သွားတော့ မဂ်မစစ်သေးဘူးလား (စစ်ပါတယ်) ဝိပဿနာမဂ် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မှတ်ပါတဲ့ သဒ္ဓါ-သဒ္ဓိန္ဒြေ သဒ္ဓါဗိုလ်နော် (မှန်ပါ့) သဒ္ဓါ မဂ္ဂင်၊ ရိပ်မိပလား (မှန်ပါ့) မဂ္ဂင်ရှစ်ပါးသာ ဆိုတာ သူကလဲ ပါရသေးတယ် (မှန်ပါ) မပါရင် မပြီးဘူး၊ သူက သဟဇာတ အဖြစ်နဲ့ ပါရတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တော်တော်ရင့်လာတော့ သဒ္ဓါဗိုလ်

ဒါဖြင့် လုပ်စမှာ သဒ္ဓါလို့ မှတ်ပါနော် (မှန်ပါ့) နည်းနည်းကလေး ရှုပါများလာတော့ သဒ္ဓိန္ဒြေ၊ သဘောကျ ပလား(ကျပါပြီ) တော်တော် ရင့်လာတော့ သဒ္ဓါဗိုလ်သွားဖြစ် တယ် ရှင်းပလား (ရှင်းပါပြီ) နောက် ဒီထက်ရင့်လာတော့ သဒ္ဓါမဂ္ဂင် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီကျတော့ လမ်းမဆုံးသေးဘူးလား (ဆုံးပါပြီ ဘုရား) ဆုံးပြီဆိုတော့ အဲဒါ ခင်ဗျားတို့ ဪ ပထမ ရှုစတော့ သဒ္ဓါပဲလာမှာပဲ (မှန်ပါ့) နောက်ကျတော့ ဘာဖြစ်လာမလဲ (သဒ္ဓိန္ဒြေဖြစ်လာပါမယ် ဘုရား)။

သဒ္ဓိန္ဒြေ ဆိုတော့ ဣန္ဒြေဆိုတော့ သူ အစိုးရလာ ပြီကွ တဲ့ (မှန်ပါ့) ဒီပြင်တရားတွေကို သူတော်တော် နိုင်လာပြီ (မှန်ပါ့) နောက်ကျတော့ သူဖြစ်လာပြီ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဗိုလ်ဆိုတော့ ခေါင်းဆောင်ဖြစ်လာတယ်

ဣန္ဒြေက အစိတ်အပိုင်းသာ ဆိုရတယ်၊ ဗိုလ်ဆို တော့ ခေါင်းဆောင်ဖြစ်လာတယ် (မှန်ပါ့)။

နောက်ကျတော့ ဘာဖြစ်မတုန်း၊ မဂ်ဖြစ်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား) ဗောဓိပက္ခိယ အသင်းအပင်း မဂ္ဂင်မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဖြစ်သွားတဲ့အခါကျတော့ ခင်ဗျားတို့ အပါယ်လေးပါးကျပါဦးမလား (မကျပါ ဘုရား)။

မကျတော့ဘူးဆိုတော့ ဒါဖြင့် ဒို့ဘယ်နှယ့်ကြောင့် ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး မရသေးပါလိမ့်မတုန်း ဆိုတော့ အို သဒ္ဓါရိုးရိုးက ညံ့သေးတယ်ကွာ (မှန်ပါ့) ဣန္ဒြေ ဖြစ်အောင် သွားလိုက်ဦးမယ် ဆိုပြီး ပွားလိုက်ဦးပေါ့ဗျာ (မှန်ပါ့)။

ဣန္ဒြေက ဗိုလ်ဖြစ်အောင် လုပ်လိုက်ဦးဆိုတော့ ကော (ပွားလိုက်ဦး)။

ဗိုလ်က မဂ္ဂင်ဖြစ်အောင် လုပ်လိုက်ဦးဆိုတော့ (ပွားလိုက်ဦးပါ ဘုရား)

ပွားပါများရင် အစဉ်အတိုင်းတက်တယ်

ပွားပါများရင် အစဉ်အတိုင်း တက်တာပဲ (မှန် ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ပွားပါများရင် (အစဉ်အတိုင်း တက်ပါတယ် ဘုရား)။

အဲဒီတော့ ဒီထဲမှာ ဒကာ ဒကာမတွေ အားလုံးပဲ သတိပေး လိုက်ပါတယ်၊ ငါဘယ့်နှယ်ကြောင့် ဒုက္ခမချုပ် သေးပါလိမ့်မတုန်း ဆိုတော့ ဪ သူတို့တက်စရာ ကျန်နေသေးလို့ (မှန်ပါ့)။

ပညာကလဲ ရှေးဦးစွာ ပညာ တစ်မျိုး၊ ပညိန္ဒြေ တစ် မျိုး၊ ပညာဗိုလ်ကော (တစ်မျိုးပါ ဘုရား) ပညာမဂ္ဂင် (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် သူလဲ တက်စရာ လေးဆင့်တက် (မှန်ပါ့)။

ပညာရိုးရိုးက ဖြစ်ပျက်မြင်တယ်၊

ပညာရိုးရိုးက ဖြစ်ပျက်ပဲမြင်တယ် (မှန်ပါ) ပညိန္ဒြေဆိုတော့ ဒီပြင် တရားတွေကို ကန့်ကွက်ပြီး သူ့ချည့် သေသေချာချာမြင်အောင် လုပ်မယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ကိလေသာတွေ တွန်းလှန်နိုင်တဲ့ အခြေအနေပေါ့လေ (မှန်ပါ့)။

ပညာဗိုလ်ဆိုတော့ အနားကိုမသီကြနဲ့ပေါ့ ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပညာမဂ္ဂင်ကျအော့အမြစ်ပါပြတ်ပြီ

ပညာမဂ္ဂင်ကျတော့ သူက မင်းတို့ကိုအမြစ်နဲ့တကွ ပြတ်ပြီဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့ ဘယ့်နှယ်ကြောင့် နိဗ္ဗာန် မရသေးပါလိမ့်မတုန်း၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး မမြင်ရသေးပါ လိမ့်မတုံးဆိုတော့ ပညာရင်လဲ နုလို့၊ ဣန္ဒြေ မထိုက်သေးလို့ (မှန်ပါ့ ဘုရား)။

ဣန္ဒြေ ထိုက်ပြီး ဘာထိုက်ရလဲ (ဗိုလ်ထိုက်ရပါမယ်) ဗိုလ်ထိုက်ပြီး ဘာထိုက်ရမလဲ (မဂ္ဂင် လိုက်ရပါမယ်)

အဲ မဂ္ဂင်လိုက်ရင်ပြီးတာပဲ (မှန်ပါ့)။

လုံ့လစွမ်းရည်ပေါ်မှာမူတည်တယ်

ဒီလိုဆိုတော့ ကျုပ်တို့၏ လုံ့လပယောဂ စွမ်းရည် အပေါ်မှာ အကုန်ရှိတော့တယ် ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အခုရေတွင်းတူး အခုရေသောက်ချင်လို့တော့ မြေထဲကတူးတာ မြေမှုန့်တွေရှိဦးမှာပဲ (မှန်ပါ့)

အခုချက်ချင်း ရေကြည်မရနိုင်ဘူး

နည်းနည်းကြာကြာကလေး စောင့်ပြီး သကာလ ရေငြိမ်သွားတဲ့အခါကျတော့ တစ်နေ့ထက် တစ်နေ့ ရေကြည် လိမ့်မယ်ဆိုတာ ပြောစရာလိုသေးသလား (မလိုပါ ဘုရား)။

ဒုတိယနေ့သွားကြည့်တဲ့အခါက နောက်ရိပ်ကလေး ရှိသေးတယ်။ တတိယနေ့ သွားကြည့်တဲ့ အခါ မနေ့ကထက် ကြည်လာပြီ၊ စတုတ္ထနေ့ သွားကြည့်တဲ့ အခါကျတော့ဟာ အကြည်တန်းကုန်ပြီဟေ့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ အခု ရေတွင်းတူးလို့ အခု ရေကြည်တော့ မသောက်ရဘူး ဒါကလေးတွေ ရင့်ရင့်- ရင့်ရင့်လာမှ (မှန်ပါ့ ဘုရား)။

ဣန္ဒြေရင့်မှ သောတာပန်တည်တယ်

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သွား တရားဟောမည်လို့ စိတ်ကူးလိုက်တဲ့အခါ ဣန္ဒြေတွေ ရင့် မရင့်ကြည့်တယ် (မှန်ပါ့) ပညာပဲ ရှိသေးသလား ပညိန္ဒြေ ထိုက်ပလား၊ ဗိုလ်ထိုက် ပလား မဂ္ဂင် ကျအောင် ထိုက်လုပလား အဲဒါ သွားချိန်တာပဲ (မှန်ပါ့) ဝေနေယျဇ္ဈာသယ ဆိုတာ ဒါပဲ (မှန်ပါ့) သတ္တဝါတွေ ချိန်တယ် ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီလိုချိန်ပြီး သကာလ မဂ္ဂင်ထိုက်ကာနီးမှ သွားကူ လိုက်တာပဲ (မှန်ပါ့) သွားလဲကူလိုက်ရော မောင်နိုင် သောတာပန်လဲတည်ရော ဆိုကြပါစို့ (မှန်ပါ့) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။