269

သစ္စာမသိလို့သံသရာရှည်တာ

အသံဖိုင်ခေါင်းစဉ်= သစ္စာသိဖို့အရေးကြီးပုံ

စာအုပ်ခေါင်းစဉ်= သစ္စာမသိလို့သံသရာရှည်တာ (အလုပ်စဉ်တရားတော်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသောတရားတော်

“သစ္စာမသိလို့သံသရာရှည်တာ”

(အလုပ်စဉ်တရားတော်)

(၁၉-၃-၆၁)

သစ္စာသိအောင်လုပ်ဖို့ဖြင့် အားလုံးသော ဒကာ ဒကာမ တွေ အရေးကြီးပါတယ်လို့ သေသေ ချာချာ မှတ်ကြပါ (မှန်ပါ့) အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စ သံယုတ်များ ဟောထား တာက သစ္စာမသိဘဲနဲ့ သူဟာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်လာတယ် ဆိုရင် မယုံနဲ့ကွာ တဲ့၊ သစ္စာမသိဘဲ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်လာတယ် ဆိုရင် (မယုံပါနဲ့တဲ့ ဘုရား)။

ဘုရားဟောခဲ့သော ဥပမာ

မယုံရဘူးတဲ့၊ လိမ်တာ ဝါတာ ကြွားတာသာ ဖြစ်ပါလိမ့် မယ်ကွာလို့ ဘုရားက ဟောခဲ့ တယ်နော် (မှန်ပါ့) လောကီ ဥပမာ ငါ ဘုရားပြမယ်ဟေ့ တဲ့၊ တိုင်တစ်လုံးမှ မပါဘဲနဲ့ ကောင်းကင်မှာ ငါ ဒိုင်းတင် ခဲ့တယ်ဟေ့-မြားတွေ ရိုက်ခဲ့တယ် ဟေ့ အမိုးတွေ မိုးခဲ့တယ်ဟေ့ ဒကာဝတို့ ဖြစ်နိုင် ပါမလား (မဖြစ်နိုင်ပါဘုရား) ဘာကြောင့် မဖြစ်နိုင်သတုံး ထုံးစံ မရှိလို့ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။

ဘာကြောင့် မဖြစ်နိုင်ပါလိမ့် (ထုံးစံ မရှိလို့ပါ ဘုရား) တည်လို့ ဆောက်လို့ကော ဖြစ်နိုင် ပါမလား (မဖြစ် နိုင်ပါဘုရား) တိုင်ကလေး တစ်လုံးမှ မပါဘဲနဲ့ ဒိုင်းတွေတင်ပြီး သကာလ မြားတွေ တင်ပြီး အမိုးတွေ မိုးခဲ့တယ်လို့ ပြောခဲ့လို့ ရှိရင်ဖြင့် မယုံရသလိုပဲကွ၊

သစ္စာမသိဘဲနဲ့ ငါသည် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ, ပစ္စေကဗုဒ္ဓါ မှ ဘုရား ကျအောင် ငါသည် သစ္စာ မသိဘဲနဲ့ ဖြစ်ခဲ့တယ် ဆိုလို့ ရှိရင်ဖြင့် ဘယ်အခါကာလမှ ယုံကြည်ခြင်း မရှိကြပါနဲ့ ဆိုတဲ့ ဥစ္စာ သစ္စသံယုတ်မှာ သေသေ ချာချာ မှာတော် မူတယ်နော် (မှန်ပါ့)။

အကယ်၍ သူ့မသိလို့ရှိရင်လဲ မင်းတို့ ခက်ကြလိမ့်မယ် ကွာတဲ့ သစ္စာ သိအောင် လုပ်ပါ၊ မသိလို့ရှိရင်လဲ မင်းတို့ တစ်နေ့က ပြောခဲ့သလို ဒကာ ဒကာမတို့ ကောင်းကင် မြှောက် လိုက်တဲ့ တုတ်လိုပဲ အရင်းက ကျမလား အဖျားက ကျမလားဆိုတာ ကိုယ့်အတွက် သေချာပါ့မလား – (မသေချာပါ ဘုရား)။

သစ္စာသိဖို့ အရေးကြီးတယ်

အဲဒီကဲ့သို့ မသေချာပြန်တော့ ေဩျာ် တို့ သစ္စာ မသိသေးသ၍ ကာလပတ်လုံး သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ပစ္စေကဗုဒ္ဓါ ဘုရားလည်း မဖြစ်နိုင်၊ သူ့မသိ သ၍ ကာလ ပတ်လုံးလည်း ကောင်းကင် မြှောက်တဲ့ တုတ်လိုပဲ တို့လားရာ ဂတိ မမြဲသေးပါ ကလား ဆိုတာလည်း သေသေ ချာချာ မှတ်ကြရမယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ် ကိုယ်တိုင် လည်း သစ္စာသိဖို့အလုပ် အရေးကြီး ပါတယ် (မှန်ပါ့ ဘုရား) သစ္စာသိပြီးလို့ ရှိရင်ဖြင့် ကျချင်သလို ကျတဲ့ ဝိနိပါတိက ဘေးဆိုတာ လာနိုင်သေး ရဲ့လား (မလာနိုင်ပါ ဘုရား)။

ဝိနိပါတိကဘေးဆိုတာဘာပါလိမ့်

ဝိနိပါတိကဘေး ဆိုတာလည်း ဒကာ ဒကာမတို့ တခြား မဟုတ်ပါဘူး။ အခုလို တပေါင်း တန်ခူး အစရှိသည်မှာ သစ်ပင်တွေ အရွက်တွေက ခြောက်တဲ့ အခါမှာ အရင်းက နေပြီး လှုပ်နိုင်တဲ့ အပင် ဖြစ်ခဲ့လို့ ရှိရင် ဒကာဝတို့ မောင်ကိုတို့ လှုပ် ကြည့်လိုက် သစ်ရွက်တွေဟာ မကျပေဘူးလား (ကျပါ တယ် ဘုရား) မှန်းခြေပေါက်လား , ကျချင်သလို ကျတာလား (ကျချင်သလို ကျတာပါ ဘုရား)။

ကျချင်သလို ကျတော့ ခုနက ရေအိုင်ထဲ ကျ နွားကျင်ကြီး ပေါ်ကျ လူကျင်ကြီးပေါ်ကျ အမှိုက်ပုံထဲကျ မီးပုံထဲ ကျ၊ အင်း ဒီ သစ်ရွက်ကလေးတွေ အကျ မြဲပါရဲ့ လား (မမြဲပါ ဘုရား) အင်း ပရမ်းပတာ ဘေးသင့်သကိုးဗျ (မှန်ပါ့)။

ပရမ်းပတာဘေး သင့်တဲ့ အခါကျတော့ အကျက မမြဲ ဘဲဖြစ်ပြီး သကာလ နေသလို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လည်း သစ္စာကို မသိသေးလို့ ရှိရင်ဖြင့် ဦးခင်မောင်တို့ ပရမ်းပတာက မလွတ်သေး ပါကလား ဆိုတာ မှတ်ထားပါ (မှန်ပါ့ ဘုရား)၊ ဘာဘေးက မလွတ်သေးပါလိမ့် (ပရမ်းပတာ ဘေးက မလွတ်သေးပါ ဘုရား)။

ငါတို့အရေးတကြီးသိရမှာဘာပါလိမ့်

ပရမ်းပတာဘေးက မလွတ်သေး ဆိုတာ ဪ ငါတို့ဖြင့် အရိုးကျေကျေ အရေ ခြောက်ခြောက် ဆိုသလိုပဲ ဒီသစ္စာဖြင့်သိအောင် လုပ်ရတော့မှာပဲ ငါတို့ အရေး အကြီးဆုံး ဘာပါလိမ့်မတုံး ဆိုတော့ သစ္စာပဲ (မှန်ပါ ဘုရား)။

ငါတို့ အရေးတကြီးသိရမှာ ဘာပါလိမ့် (သစ္စာပါ ဘုရား) အဲဒီ သစ္စာကလည်း တခြားကို ရှာမနေပါနဲ့လို့ ဘုန်းကြီး များက သတိပေးလိုက်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးဟာ ‘‘ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ’’ ဆိုတော့ အကုန် ဒုက္ခသစ္စာ တွေပြောချလိုက်တာ (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ ဆိုတော့ အဝိဇ္ဇာကစပြီး ကျန်တာတွေ ပတ်မိအောင် သွားခဲ့ သည်ရှိသော် ဘာ သစ္စာတွေ ဖြစ်ကုန်ပါလိမ့် (ဒုက္ခ သစ္စာတွေ ဖြစ်ကုန်ပါတယ် ဘုရား)။

ဒုက္ခသစ္စာတွေ ဖြစ်ကုန်တယ် ဆိုတာက သူများပြော လည်း မဟုတ်ပါဘူး၊ ဘုရားဟောက သေချာပြီး သကာလ နေတယ် ဆိုတာ ဒကာသစ်တို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သစ္စာပြောရတော့မယ် ဆိုလို့ရှိရင် ဒကာ ဒကာမ တွေ ဘုန်းကြီးက နာမည် တပ်ပေး ရုံပါပဲ၊ အရှိက ဒကာ ဒကာမ တွေမှာ (မှန်ပါ့ ဘုရား)။

ဘုန်းကြီး ကတော့ ဘာပါလိမ့်(နာမည် တပ်ပေးရုံပါပဲ ဘုရား) အရှိကတော့ဖြင့် (တပည့်တော်တို့ သန္တာန် မှာပါ ဘုရား) အရှိ ကတော့ဖြင့် ဒီ ဒကာ ဒကာမတွေ၏ ရုပ်နာမ်မှာ ရှိတာပါပဲ ဆိုတာ ဘာမှ ငြင်းဆန်နေဖို့ မလိုတော့ ပါဘူးနော် (မလိုပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒါဖြင့် ေဩာ် အရှိက တို့ဆီမှာ၊ အပြောက ဆရာ့ဆီမှာ၊ အကြည့်က လည်း တို့ဉာဏ်နဲ့ ကြည့်ရမှာ ပါကလား ဆိုတာ ကလေး ဆုံးဖြတ်ချက် ချထားဖို့ ဒကာဝတို့ မောင်ကိုတို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား) ဦးခင်မောင် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

သာသနာတွင်းကြုံတုန်း၊ ကြိုးစားလိုက်ကြ

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်း ကြုံတဲ့အခါမှာ ကြိုးစား လိုက်ကြပါ၊ ဒီ အချိန် ကလေးမှ ဒီသစ္စာနဲ့ မတွေ့လိုက်ရတော့ဘူး ဆိုလို့ ရှိရင်ဖြင့် ကိုယ်ကျိုးဖြင့် လှလှကြီး နည်းပြီ (မှန်ပါ့ ဘုရား)။

အဲဒါ ခင်ဗျားတို့ သစ္စာ သိချင်တဲ့ အခါကျလို့ရှိရင် ဖြစ်တဲ့ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ သူ ဘာ လုပ်ပါလိမ့်မတုံး မေးတဲ့ အခါကျတော့ နှိပ်စက်တာ မြင်အောင် ကြည့်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

နှိပ်စက်တာ မြင်အောင်ကြည့်ရလိမ့်မယ် အဲဒီကဲ့သို့ မြင်အောင် ကြည့်နိုင်တဲ့ အခါကျတော့ သစ္စာအနက် ၁၆-ချက် ဆိုတဲ့ အတိုင်း ဒုက္ခဿ ပီဠနဋ္ဌော ဆိုတာကြီးဟာ ပေါ်လာလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် အစေလကဿပကလည်း မဆုံးသေး တော့ သူလည်း သစ္စာသိပြီး နိဗ္ဗာန် ဝင်မည့် ပုဂ္ဂိုလ်ဖြစ်နေတော့ ဒကာ ဒကာမတွေ ရှင်းကြဦးစို့တဲ့ ဒီတရားကိုပဲ ပြန်ရှင်းကြဦးစို့နော် (မှန်ပါ့)

သစ္စာလေးပါးမသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ပရမ်းပတာဘေးသင့်ကြတယ်

ေဩာ် သစ္စာလေးပါး မသိတာ အဝိဇ္ဇာ ဆိုတာ ဒါဖြင့် သူကိန်းနေသ၍ ကာလပတ်လုံး ကျုပ်တို့ဖြင့် သစ္စာမသိတော့ဘူး (မှန်ပါ့ ဘုရား)၊

မသိသရွေ့ကာလပတ်လုံး ကျုပ်တို့မှာဖြင့် သံသရာထဲ ခုနင်က ပရမ်းပတာ ဘေးတွေဟာ ဒီဘဝက စုတေလို့ ရှိရင်ဖြင့် မျော့ဖြစ်လိုက်၊ တီဖြစ်လိုက်၊ ငါးဖြစ်လိုက်၊ နောက်ချေးပိုးထိုး ဖြစ်လိုက်၊ ခွေးဖြစ်လိုက်၊ နွားဖြစ်လိုက်နဲ့ ေဩာ် ဒီဘဝက နေပြီး သကာလ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ပရမ်းပတာဘေး သင့်ပြီး သွားလိုက်တာ သစ္စာမသိလို့ ပရမ်းပတာဘေး သင့်ပြီး သွားလိုက်တာ မိဖုရားကြီးတွေ နွားချေးပိုးထိုး ဖြစ်လို့ ငရဲများ ကျကြလို့ သတပတ္တဇာတ်များ ခွေးကြီးများ ဖြစ်လို့ ဦးတိဿကြီးတို့များ သန်းများ ဖြစ်လို့ ဘာဖြစ်တာပါလိမ့်မလဲ မေးတဲ့ အခါကျတော့ ပရမ်းပတာဘေး သင့်တာကိုး (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒီပရမ်းပတာဘေး သင့်ပါလိမ့်မလဲ လို့ အကဲခတ် ကြည့်တော့ ဒကာ ဒကာမတို့ သစ္စာ မသိလို့ဘဲ (မှန်ပါ့)။

ဘယ်လို မှတ်ကြမယ် (သစ္စာမသိလို့ပါ)၊ သစ္စာ မသိလို့ပါဘဲ ဆိုတာ ပေါ်လာကြပြီနော် (မှန်ပါ့)၊ အဲဒါကြောင့် အခု ပြုံးသလောက် မဲ့ရမှာ စိုးရိမ်တယ် ဆိုတာကော ကိုယ့်ကိုယ်ကိုယ် သိကြပလား (သိပါပြီ ဘုရား)၊

အခု သားခဲ့ပြီး သမီးနဲ့ပြုံး – ပစ္စည်း အရောင်း အဝယ်ကောင်းလို့ ပြီး-ပြီး သလောက် မဲ့ရမည့် ကိစ္စတွေက မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒီတော့ ဆက်တိုက် ပြုံးရအောင် ဒကာ ဒကာမတို့ သစ္စာ သိအောင်လုပ်၊ ပရမ်းပတာဘေး လွတ်အောင် လုပ်ကြ (မှန်ပါ့ ဘုရား)။

ဘာလုပ်ကြမယ် (သစ္စာသိအောင်လုပ် ပရမ်း ပတာ ဘေးလွတ်အောင် လုပ်ကြရမယ်)၊ သစ္စာ သိအောင် လုပ်လိုက်တော့ ပရမ်းပတာဘေး လွတ်သွားတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အခုပြုံးသလောက်မဲ့စရာတွေများလွန်းလို့

အေး ဒါ့ကြောင့် ဝိနိပါတိက ဘေးဟာ အခုပြုံး သလောက် နောက်ကို မဲ့စရာ ငိုစရာ မျက်ရည်ကျ စရာ ကိစ္စတွေ များလွန်းလို့ ဒကာ ဒကာမတို့ မျက်ရည် ဇာတ်သိမ်း ငြိမ်းတဲ့ဆီသာ

“သောက ပရိဒေဝါနံ သမာတိက္ကမာယ” ဆိုတဲ့အတိုင်း သောက ပရိဒေဝတွေ လွန်မြောက်တာ ကဖြင့် သတိပဋ္ဌာန် အလုပ်ပဲ၊ သတိပဋ္ဌာန် ဆိုတာ သစ္စာသိတဲ့ အလုပ်ပဲ (မှန်ပါ့ ဘုရား)။

“ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ” ဆိုတဲ့ အတိုင်း ဒုက္ခ ဒေါမနဿ ချုပ်တာလည်း ဒီ သတိပဋ္ဌာန် အလုပ်လုပ်မှပဲ (မှန်ပါ့ ဘုရား)။

“ဉာယဿ အဓိဂမာယ” ဆိုတော့ နိဗ္ဗာန်ကို ရဖို့ ဉာယ အမည်ရှိတဲ့ နိဗ္ဗာန် (ဝါ) အရဟတ္တဖိုလ် ကိုလည်း အချို့နေရာ ဆိုတယ် (မှန်ပါ့)၊ အဲ ဉာယ အမည်ရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ရဖို့ရာလည်း သတိပဋ္ဌာန် အလုပ်လုပ်မှ သစ္စာ မြင်ပါတယ် (မှန်ပါ့ ဘုရား)၊ မြင်မှပဲ ရနိုင်ပါတယ် ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာကြောင့်ဖြစ်ရတာ

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘဝများစွာ သံသရာက ငါတို့သည်ကားလို့ ဆိုရင် အိုဘေးမကင်း နာဘေးမကင်း သေဘေးမကင်း မွဲဘေးမကင်း မျက်ရည်ကျပွဲတွေ တစ်ခါတည်း ဆက်တိုက် နွှဲပြီး သကာလ ရင်ထုမြေလူး အလုပ် တွေလုပ်ပြီး သကာလ သားကွဲ-သမီးကွဲ-မောင်ကွဲ၊ ဆွေကွဲ၊ လင်ကွဲ၊ မယားကွဲနဲ့ ဖြစ်ပြီး သကာလ အကွဲ ဟူသ၍ကြောင့် မျက် ရည်မျိုးစုံ ကျပြီး သကာလ ကိုယ်မချမ်းသာ စိတ်မချမ်းသာတွေ က များခဲ့ရတာဟာ ဘာပါလိမ့်မတုံး လက်သည်ရှာတဲ့ အခါ ဘယ်သူမကောင်းလို့မှ မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ အဝိဇ္ဇာကြောင့် ဖြစ်တာ (မှန်ပါ့ ဘုရား)။

ဘယ်လို မှတ်မိကြသလဲ (အဝိဇ္ဇာကြောင့် ဖြစ်တာပါ ဘုရား) အဝိဇ္ဇာကြောင့် ဖြစ်တာ ဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

သူက သစ္စာမသိဘူး၊ သစ္စာမသိတဲ့ အခါကျလို့ ရှိရင်ဖြင့် ပရမ်းပတာဘေး ကျုပ်တို့မှာ သင့်လိုက်ပြီ ဆိုမှဖြင့် လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက် ရောက်ရာ ဘဝ-ဘဝ တဏှာတွေက ခင်လိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားက ။

‘‘ဘဝရာဂပရေတေဟိ၊ ဘဝသောတာနုသောရိတိ။

မာရာဓေယျာနုပန္နေဟိ၊ နာယံဓမ္မော သုသမ္ဗုဓော’’

ဆိုပြီး သကာလ ဟောထားတာတွေ အများကြီးပါတယ် တဲ့။

အဲဒါကြောင့် ဒကာ ဒကာမတို့ သစ္စာသိအောင်ဖြင့် လုပ်ပါ ဆိုတော့ သစ္စာသိချင်ရင် အဝိဇ္ဇာက ဝိဇ္ဇာ ဖြစ်ရလိမ့်မယ် (မှန်ပါ့)။

အဝိဇ္ဇာက (ဝိဇ္ဇာဖြစ်ရပါမယ်) ဝိဇ္ဇာဖြစ်ရ လိမ့်မယ်ဆိုတော့ သဘောကျပလား (ကျပါပြီ ဘုရား)။ ကိုင်း ဒါဖြင့် သစ္စာလေးပါး မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာ ရှိလို့ရှိရင်ဖြင့် ပြုချင်သလိုပြုတဲ့ သင်္ခါရ အလုပ် တွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

သင်္ခါရတွေ လုပ်လိုက်ပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

မသိမှုကလာတာ

ခန္ဓာငါးပါး ဘာ သစ္စာတရားတဲ့တုံး (ဒုက္ခသစ္စာ တရားပါ ဘုရား)၊ ဪ ဒီဒုက္ခကြီး လက်သည် ရှာလိုက်တဲ့ အခါ မသိမှုက လာတာပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ ဒီသစ္စာကြီး ပေါ်လာတာ ဘယ်က လာတာ ပါလိမ့် (မသိမှုက လာတာပါ ဘုရား) မသိလို့ပြု- ပြုရာက ပေါ်တာ ပေါ့ဗျာ (မှန်ပါ ဘုရား)။

ဦးခင်မောင်ရေ မသိတာက အဝိဇ္ဇာ၊ ပြုတာက သင်္ခါရ၊ ပေါ်တာက ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။

မသိတာက (အဝိဇ္ဇာပါ ဘုရား)၊ ပြုလုပ်တာက (သင်္ခါရပါ ဘုရား)၊ ပေါ်လာတာက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာ၊

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရော ဘုန်းကြီးတို့ရော အခုခန္ဓာ ဘာများဖြစ်ကြသလဲ လူပဲ ဖြစ်နေကြသလား နတ်ပဲ ဖြစ်နေကြသလား လို့မေးတော့ သမုတိသစ္စာ နယ်က လူတွေက ရဟန်းရယ် ယောက်ျားရယ် မိန်းမရယ်လို့တော့ ဆိုတော့ ဆိုနိုင်ပါရဲ့၊

အစစ်ရင်း အမြစ်ရင်းကို လိုက်-လိုက်တဲ့ အခါကျတော့ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” ဒုက္ခသစ္စာကြီး ရထားတယ် (မှန်ပါ့)၊ ဘာရထားသလဲ (ပဉ္စုပါဒါနက္ခန္ဓာကြီး ရထားပါတယ် ဘုရား)။

ခန္ဓာကိုယ်ကြီးက အကျိုးနဲ့အကန်း

ဒုက္ခသစ္စာကြီး ရထားတယ် ဆိုတာ ဒကာ ဒကာမတွေ – သူများပြောလား ကိုယ်တိုင်လား (ကိုယ်တိုင်ပါ ဘုရား)၊ ဒကာ ဒကာမတို့ သူများပြောတာ မယုံပါနဲ့နော် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီး ရမထားကြဘူးလား (ရထားပါ တယ် ဘုရား) ခန္ဓာကိုယ်ကြီး ရထားတော့ ခန္ဓာကိုယ်ကြီး ကလည်း မနေ့က ပြောခဲ့တော့ အကျိုးနဲ့ အကန်း ရထားပါတယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အကျိုးနဲ့အကန်း ရထားပါတယ် ဆိုတဲ့ဥစ္စာ တခြားမှ မဟုတ်ဘဲ ဒကာ ဒကာမတို့ နာမ်က အကျိုးပေါ့ဗျာ (မှန်ပါ့) ရုပ်က (အကန်းပါ ဘုရား)။

နာမ်က ဘာတဲ့ (အကျိုးပါ ဘုရား) ရုပ်ကတော့ (အကန်းပါ ဘုရား)။

နာမ်တရားကအကျိုး

အေး ဒါဖြင့် ရုပ်က အကန်း နာမ်က အကျိုးဆိုတော့ ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ရုပ်ကား ဒကာ ဒကာမတို့ ခြေလက်အင်္ဂါတော့ စွမ်းနိုင်ပါရဲ့ ဆိုတာ မနေ့က ပြောခဲ့ပြီနော် (မှန်လှပါ ဘုရား)၊ မျက်လုံးတွေ ဘာတွေက မျက်စိနှစ်ကွင်းက မွေးကတည်းက အလင်းမရတဲ့ ဆီးပျက် ဝမ်းပျက် ပုဂ္ဂိုလ်လို့ မနေ့က မပြောဘူးလား (ပြောပါတယ်)။

နာမ်တရားကတော့ ဒကာ ဒကာမတို့ ခြေလက် အင်္ဂါ မစွမ်း သန်တဲ့ ပုဂ္ဂိုလ်လို့ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား) မျက်စိ, နားတွေကတော့ မြင်ပါတယ်၊ သို့သော် ဝမ်းတွင်း ရူးကလေးက ပါသေးတယ် ဆိုတော့ “စိတ္တေန နီယတေ လောကော” က သူက စိတ်က “ဝိစိတ္တရဏံ စိတ္တံ” ဆိုတဲ့ အတိုင်း နာမ်တရားက အရူးကိုးဗျ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ရုပ်တရားကအကန်း

အဲ့ဒီကဲ့သို့ ဒကာ ဒကာမတို့ ရုပ်တရားက အကန်း၊ နာမ်တရားက အရူး ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

အင်း ဒီသားဆိုး နှစ်ယောက်ကို ခင်တဲ့ အမေမိဘသည် အမြဲပြုစုနေတယ်လို့ မနေ့က မဟောလား (ဟောပါတယ် ဘုရား)

ဒါဖြင့် ဒီ-ဒကာ ဒကာမတွေ နေ့တိုင်း ဒီ-ခန္ဓာကိုယ်ကြီး ကိုဖြီးဟယ်, လိမ်းဟယ်, ကျွေးဟယ်, ဆင်ဟယ်, ပြင်ဟယ်, ရေချိုးဟယ်, မိုးချိုးဟယ်နဲ့ လုပ်ပေး နေရတာ ဒကာ ဒကာမတို့ ဘယ် အတွက်ကြောင့် တုံးလို့ မေးလို့ ရှိရင်ဖြင့် သားဆိုး နှစ်ယောက်ကို အပြုကြီး ပြုနေတာလို့ ဦးခင်မောင် ဆိုပါတော့ဗျာ (မှန်ပါ့)။

ဘယ်လို ဆိုကြပါ့မယ် (သားဆိုး နှစ်ယောက်ကို အပြုကြီး ပြုနေရတာပါ ဘုရား)။

သားဆိုး နှစ်ယောက်ကို အပြုကြီး ပြုနေရတယ်၊ အကန်းနဲ့ အကျိုးကို ဒကာ ဒကာမတို့ ပြုချင်သလို ပြုနေရတယ် (မှန်ပါ့ ဘုရား)။

အကန်းကလည်း ဒူလာဝမ်းပျက်လို့ ပြောထားတယ် တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် အရူးကလည်း ဝမ်းတွင်းရူးကလည်း ဒကာ ဒကာမတို့ ဝမ်းတွင်းရူး ဆိုတော့ အကြိုက်က မတူကြတော့ ဟိုဟာကြိုက်- ဒီဟာကြိုက်၊ တော်တော်ကြာ ဟိုလှည့်လာ – ဒီလှည့်လာ၊ အမျိုးမျိုး အဖုံဖုံ ခင်မိ ခင်ရာ ရောက်မိ ရောက်ရာ ခင်ကြတာပဲနော် (မှန်ပါ့ ဘုရား)။

နာမ်ကအရူးပေါ့ဗျာ

ကိုင်း-ဒကာ ဒကာမတို့ ဒါဖြင့် စိတ်ရူးကလည်း အရူး၊ နာမ်က အရူးပေါ့ဗျာ (မှန်ပါ့) ရုပ်က အကန်းပေါ့ (အကန်းပါ) အဲဒီနှစ်ခုကို ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင် ကျုပ်တို့ နေ့တိုင်း ဝတ်ပြုပြီး သကာလ နေရတာ ဘယ်တော့ အားကြသတုံး (မအားပါ ဘုရား)။

ရုပ်နာမ်ကို ဝတ်ပြုရတာ ဘယ်တော့ အားကြသတုံး (မအားပါ ဘုရား)။ ဘယ်တော့မှ မအားဘူး ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ခင်တဲ့ပုဂ္ဂိုလ်ကိုအမြဲနှိပ်စက်တယ်

ဒါဖြင့် ဘဝများစွာ တစ်သံသရာလုံးဖြင့် သူတို့ ကျွန် သပေါက် အဖြစ်နဲ့ ခံခဲ့ရတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူ့ ကျွန်သပေါက် အဖြစ် ခံခဲ့ရသတုံး (သူတို့ ကျွန်သပေါက်ပါ) ရုပ်နာမ် နှစ်ခု တို့၏ (ကျွန်သပေါက် ခံရပါတယ် ဘုရား) ကျွန်သပေါက် ခံနေရတယ် ဆိုတာ ဒကာ ဒကာမတွေ သေချာ ပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် “ဒုက္ခဿ ပီဠနဋ္ဌော” ဒုက္ခဿ = ရုပ်နာမ် ဆိုတဲ့ ဒုက္ခသစ္စာ၏၊ ပီဠနဋ္ဌော – ခင်သော ပုဂ္ဂိုလ်ကို ညှာတာ မဘက် အမြဲ နှိပ်စက်၍ နေ၏ (မှန်ပါ့ ဘုရား)။

မခင်တဲ့ပုဂ္ဂိုလ်တွေနိဗ္ဗာန်ရောက်ကုန်ကြပြီ

ခင်တဲ့ပုဂ္ဂိုလ်ကိုနော် (မှန်ပါ) မခင်တဲ့ ပုဂ္ဂိုလ်တွေ က နိဗ္ဗာန် ရောက်ကုန်ပြီ (မှန်ပါ့ ဘုရား)။

မခင်လို့ “ဝိရာဂေါတိ မဂ္ဂေါ’’ ကိုး။ ဝိရာဂေါ= မခင်တဲ့ ပုဂ္ဂိုလ်သည်၊ မဂ္ဂေါ= မဂ်ပဲ၊ ဝိရာဂေါ မခင်ခြင်းသည် မဂ္ဂေါ မဂ် ပဲ ဆိုတော့ မခင်တဲ့ ပုဂ္ဂိုလ်တွေ ကတော့ဖြင့် သောတာပန်က သကဒါဂါမ်ကူး – အနာဂါမ်ကူး – ရဟန္တာကူးလို့ နိဗ္ဗာန်တိုင် ဆိုက်ရောက် သွားကြတော့ သူတို့မှာဖြင့် ဒကာ ဒကာမတို့ မခင်ခြင်းကြောင့် အနှိပ်စက် လွတ်သွားပြီ (မှန်ပါ့)။

ဒီ ဒကာ ဒကာမတွေတော့ ဘယ်လိုများ နေကြရသတုံး လို့ ဦးဇံရင်တို့ စဉ်းစားကြည့်စမ်းပါ၊ ဘာလုပ်နေကြသလဲ (အနှိပ်စက် ခံနေကြရပါတယ် ဘုရား)။

ခင်တာနဲ့ ဘာလုပ်နေသလဲ (အနှိပ်စက်ခံနေပါ တယ်) ဪ အကျိုးနဲ့ အကန်းနဲ့ နှိပ်စက် နေတယ်နော် (မှန်ပါ့)၊ ကိုယ့်သားတွေကိုးဗျ (မှန်ပါ့)။

ကိုယ်က ခင်မိတဲ့ သားနှစ်ယောက် ဖြစ်နေတယ် (မှန်ပါ့) ကိုယ်က ခင်မိတဲ့ သားနှစ်ယောက် ဖြစ်နေတော့ သူတို့ နှိပ်စက်သလို ခံပြီး သကာလ နေရတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့လည်း မအားပါဘူး (မအားပါ ဘုရား) ညမှာကော (မအားပါ ဘုရား)။

ဘယ်သူ့ အတွက်ပါလိမ့် ဆိုတော့ သားဆိုး နှစ်ယောက်အတွက် (မှန်ပါ့ ဘုရား)။

ဘယ်သူ့ အတွက်ပါလိမ့် (သားဆိုး နှစ်ယောက် အတွက်ပါ)၊ သားဆိုး နှစ်ယောက် အတွက် ဆိုတာ သေချာ ပကား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ေဩာ် တယ်နှိပ် စက်ပါကလား တယ်နှိပ်စက် ပါကလားလို့ မနေ့က သင်လွှတ် လိုက်တယ်နော် (မှန်ပါ့)။

ရုပ်နာမ်တရားက နှိပ်စက်တယ်

ရုပ်က ဟိုဘက်ပြောင်း ပေးပါဦး၊ ဒီဘက် ပြောင်းပေးပါ ဦး၊ ရေကလေး ချိုးပေးပါဦး၊ မိုးကလေး ချိုးပေးပါဦး၊ နာမ်တရား ကလည်း စားစရာရှာ ဟိုဟာ စားချင်တယ်၊ ဒီဟာ စားချင်တယ်၊ ဒီဟာ ဝတ်ချင်တယ်နဲ့ နာမ်တရား ကလည်း နှိပ်စက် လိုက်တာ ဟင် (မှန်ပါ ဘုရား)။

ရုပ်တရားကလည်း နှိပ်စက်လိုက်တော့ ဘာကလေး လုပ်လုပ် သူတော်ကောင်း အလုပ်မှ တစ်ပါး ဦးခင်မောင်ရေ နှိပ်စက်နေတာပဲ (မှန်ပါ့ ဘုရား)။

ဘာလုပ်လုပ် သူတော်ကောင်း အလုပ် လုပ်တာမှ တစ်ပါး ကျန်တာတွေဟာ ရုပ်နာမ်တို့၏ အလုပ်ကို လုပ်ရလို့ ရှိရင်ဖြင့် ဘာဆိုကြပါမယ် (နှိပ်စက်နေတာပါ ဘုရား)။

ဒါဖြင့် “ဒုက္ခဿ ပီဠနဋ္ဌော” (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

“ဒုက္ခဿ ပီဠနဋ္ဌော’’ တဲ့ ။ ကိန်းရာ ပုဂ္ဂိုလ် ခင်ရာ ပုဂ္ဂိုလ်ကို ညှာတာမဘက် အမြဲနှိပ်စက် နေတယ် (မှန်ပါ့) ဘယ်တော့များ ရပ်မှာတုံးလို့ မေးတော့ ဒကာ ဒကာမတို့ သူ့ကို မခင်တဲ့ အခါ ကျတော့မှ သူ့ကို နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာလို့ သိတဲ့ အချိန်ကျတော့မှပဲ ဝဋ်ကျွတ်တော့မယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ကျွတ်နိုင်ပါ့မလား (မကျွတ်နိုင်ပါ ဘုရား)။

နှိပ်စက်တတ်တဲ့ဒုက္ခသစ္စာ

အေး ဒါကြောင့် ဒကာ ဒကာမတို့ ယခု ရထားတဲ့ ခန္ဓာငါးပါးကြီးဟာ နှိပ်စက်တတ်တဲ့ ဒုက္ခသစ္စာလို့ မှတ်ထား လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းကြပါပြီ ဘုရား)။

နှိပ်စက်တတ်တဲ့ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ ဒုက္ခသစ္စာကြီးဟာ ကျုပ်တို့ကလည်း တစ်ခါတည်း အမွှမ်း တင်ပြီး သကာလ ဪ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာနဲ့ ဒီရုပ်နာမ်ကြီး ရ,ထားတာ တော်- တော်သေးရဲ့ ဆိုလေလေ သူက နှိပ်စက်လေလေပဲ (မှန်ပါ့ ဘုရား)။

ခင်လေလေ ဘာတုံးဗျ (နှိပ်စက်လေလေပါ ဘုရား) ခင်လေလေ နှိပ်စက်လေလေပဲ ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဟိုအိမ်က ဒကာမ၊ ဒီအိမ်က ဒကာမ ဒီ ဒကာက တော်အောင် နေတတ်တယ်၊ သူ့ခန္ဓာကြီးသူ ဒီလောက် ဂရုမစိုက်ဘူး ဆိုလို့ရှိရင် သူနည်းနည်း သက်သာတယ် (မှန်ပါ့)။

ဟိုအိမ်က ယုယနေတယ် ဆိုလို့ရှိရင် ယုယနေတဲ့ အိမ်က အားကို အားသေးရဲ့လား (မအားပါ ဘုရား)။

ဟိုက ကာဟယ်၊ ဒီက ဆီးဟယ်၊ ဟိုက ပြုပြင်ဟယ်၊ ဒီက ပြုပြင်ဟယ်နဲ့ ဘယ်သူက နှိပ်စက်လို့ ဒီလောက်ေ တာင်မှ မအားတာပါလိမ့် (ခန္ဓာငါးပါးက နှိပ်စက်လို့ပါ ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာတရားက ပီဠနဋ္ဌောဆိုပြီး သကာလ မောင်ကိုတို့ ဒကာဝတို့ နှိပ်စက် လိုက်တဲ့ဖြစ် ခြင်းဟာ အားသေးရဲ့လား (မအားပါ ဘုရား)။

အိမ်ဆောက်ထားလို့မှ ဦးခင်မောင်ရေ အိမ်နေရရဲ့လား (မနေရပါ ဘုရား)၊ သူက နှိပ်စက် ထားတာကိုးဗျ (မှန်ပါ့ ဘုရား)။

သူက နှိပ်စက်ထားတယ်တဲ့၊ ခန္ဓာကိုယ်ကြီးက နှိပ်စက် တယ်၊ ရုပ်တရားက နှိပ်စက်၊ နာမ် တရားက နှိပ်စက်တယ် မင်းစားဖို့ သောက်ဖို့ ရအောင် လုပ်ပါလား၊ ဘယ်လို လုပ်ပါလား။ ဘယ်လို ကိုင်ပါလား ဆိုလို့ ရှိရင်ဖြင့် အိမ်ဆောက် ထားပြီး အိမ်ပေါ်မနေရ (မှန်ပါ့ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ထမင်းချက်ထား တစ်ခါတလေ အိမ်မှာ ချက်ပြီး ထားငြား သော်လည်း မစားရဘူး (မှန်ပါ့ ဘုရား)၊ အင်း နှိပ်စက်တာ ကိုးဗျ (မှန်ပါ့ ဘုရား)။

နှိပ်စက်တာ ပေမယ့် မစားဘဲနဲ့ လုပ်စရာရှိတာ ပြီးအောင် လုပ်ပါလား ဆိုပြီး နာမ် တဏှာ တွေကလည်း၊ ခိုင်းလိုက်၊ နာမ်ဝေဒနာ တွေကလည်း ခံစားချင်တာနဲ့ ခိုင်းလိုက် ပြီဆိုမှဖြင့် ဦးခင်မောင်တို့ရေ ချက်ပြုတ် ထားတာကလေး တွေ ထားပစ်ခဲ့ရတယ် နော် (မှန်ပါ့)၊ နှိပ်စက် လိုက်တာနဲ့ ကျုပ်တို့မှာဖြင့် ဒုက္ခေ ရာက်မသွားဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ လောကီ ရုပ်နာမ်တွေ သည် ဘာလုပ် တတ်သတုံးလို့ မေးရင် ဘယ့်နှယ် ဖြေကြပါ့မယ် (နှိပ်စက်ပါတယ် ဘုရား)။

နှိပ်စက်တတ်တာကို ဉာဏ်နဲ့မြင်အောင်ကြည့်

နှိပ်စက် တတ်တယ်၊ အဲဒီ နှိပ်စက်တတ်တာကို ကျုပ် တို့က ဉာဏ်နဲ့ မြင်အောင် ကြည့်ရမယ် (မှန်ပါ့) နှိပ်စက် တာကို (ဉာဏ်နဲ့မြင်အောင် ကြည့်ရပါ့မယ် ဘုရား)။

ဉာဏ်နဲ့မြင်အောင် ကြည့်ရမယ်ဆိုတာ မောင်ကိုတို့ ကျေနပ်ပလားကွ (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ နှိပ်စက်တတ်တာ ဉာဏ်နဲ့ မြင်အောင် ကြည့်ရတော့မယ်ဆိုတော့ ဒီအတိုင်း ခိုင်းတိုင်း စေတိုင်းတဲ့ နှိပ်စက်ပြန်ပြီလို့ သိရမယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ထိုင်ပြီး သကာလ ကြည့်တဲ့ အခါကျတော့မှ ရုပ်သင်္ခါရ ကလေးတွေကလည်း ဖြစ်ပျက် (မှန်ပါ့)၊ နာမ် သင်္ခါရ ကလေးတွေကကော (ဖြစ်ပျက်ပါ ဘုရား)။

ဖြစ်ပြီးပျက်တာ ဒုက္ခသစ္စာ

အဲဒါကလေးတွေက ေဩာ် ဖြစ်ပြီးပျက်တာ ဘာသစ္စာပါလိမ့် ဒကာ ဒကာမတို့ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါ မဂ္ဂင်ငါးပါးနဲ့ ဒကာ ဒကာမတွေက ကြည့်ပေးတဲ့၊ ကိုယ့် ခန္ဓာ ငါးပါးကြီးကို၊ ဒါရ, လာတဲ့ ပဝတ္တိ ခန္ဓာငါးပါးကြီး ကိုနော် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးထဲက ဝေဒနာကြိုက်ရင် ဝေဒနာကြည့်ရ လိမ့်မယ်၊ စိတ်ကြိုက်ရင် (စိတ်ကြည့် ရပါမယ် ဘုရား)။

ကြည့်ချင်တာ ကြည့်ပါတဲ့၊ နာမက္ခန္ဓာလေးပါး တစ်ပါး ကြည့်လို့ရှိရင် အတူတူ ဖြစ်လို့ အတူတူ ပျက်တယ် ဆိုတာ ပေါ်လာ ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့က ကြည့်တာပေါ့ တဲ့၊ ကိုယ့်သန္တာန်မှာ ထမင်းစားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ စိတ်ဘက်က လှည့်လိုက်ပါဦး (မှန်ပါ့ ဘုရား)။

စားချင်တဲ့စိတ်ကလေး

စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ် ဒကာ ဒကာမတို့၊ စားရရဲ့လား တဲ့၊ မစားရဘဲနဲ့ပဲ သေသွား သလား (မစားရဘဲနဲ့ သေသွားပါတယ်)၊ စားချင်ပြီး ပျက်သွားတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

စားချင်ပြီး ပျက်စီးသွားတာပဲဆိုတော့ ခင်တဲ့ ပုဂ္ဂိုလ် ကတော့ဖြင့် ထမင်းအိုးဆီ သွားလို့ လာလို့ပေါ့ဗျာ (မှန်ပါ့)

သူကလည်း ဒကာ ဒကာမတို့ နှိပ်စက် လိုက်တဲ့ ဖြစ်ခြင်း သည် ကားလို့ဆိုရင် ဟိုလဲ ခိုင်းထား သေးတယ်၊ သူ့မှာလည်း ဇာတိ ဇရာ မရဏနဲ့ ပျက်စီး ရပြန်တယ် (မှန်ပါ့ ဘုရား)။

စားချင်တဲ့ ဝေဒနာကလေးမှာ စားချင်တဲ့ တဏှာ ကလေးမှာ မပျက်စီးရဘူးလား (ပျက်စီး ရပါတယ် ဘုရား)။

ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရတရား

ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီ ပျက်စီးတာ ကလေးတွေ ကြည့်နေတော့ ဒီ သင်္ခါရ တရားဟာ သင်္ခါရတရား ဆိုတာ ဒါက ပြုပြင်လို့ ဒါပေါ်တာကိုး (မှန်ပါ့ ဘုရား)။

ပေါ်လာတော့ သင်္ခါရတရားလို့ သူကို ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

အဲဒီ သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုကို မြင်လို့ရှိရင် ဒုက္ခ သစ္စာ နှိပ်စက် တတ်တာကို မြင်တော့တာပါပဲ (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာ (နှိပ်စက်တာကို မြင်တော့တာပါပဲ ဘုရား)။

ဒါကြောင့် မနေ့က ဒကာ ဒကာမတွေ အမြဲတမ်း ေဩာ် တို့မြင်တာ ဘာပါလိမ့်မတုံး ဆိုတာ မသိမှာစိုးတဲ့ အတွက် ‘‘ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်’’ (မှန်ပါ့) မြင်လို့ရှိရင်နော် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ကလေးတွေ မြင်ရင် ဘာမြင်တာပါလိမ့် (သင်္ခါရ ဒုက္ခသစ္စာ မြင်တာပါ ဘုရား)။

၁။ ဖြစ်ပျက်သမျှသင်္ခါရ၊ ဒုက္ခသစ္စာမှတ်

အဲဒါကြောင့် ‘‘ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်’’ (မှန်ပါ့) ကဲ အားလုံး ၃-ခေါက် ဆိုကြစမ်း (၃-ခေါက် ဆိုကြသည်)။

“ဖြစ်ပျက်သမျှ သင်္ခါရဒုက္ခသစ္စာမှတ်”

“ဖြစ်ပျက်သမျှ သင်္ခါရဒုက္ခသစ္စာမှတ်”

“ဖြစ်ပျက်သမျှ သင်္ခါရဒုက္ခသစ္စာမှတ်”။

ဪ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာပဲ ရှိ တယ်၊ ဒုက္ခသစ္စာ ဟူသ၍ ဟာလည်း ဘာပါလိမ့်မတုံးလို့ ကြည့် လိုက်တဲ့ အခါကျတော့ ဖြစ်ပျက် နေတာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကိုက်သွားပြီ၊ “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” ပင်ကိုသဘော စွန့်သွားတာကိုး (မှန်ပါ့ ဘုရား)။

ဝေဒနာ ကလေးကလည်း ဝေဒနာသဘော စွန့်သွားပါ တယ် (မှန်ပါ့) စိတ်ကလေး ကကော (စိတ်သဘော စွန့်သွားပါတယ်) စိတ်သဘော စွန့်သွားတော့ ဒုက္ခ ရောက်သွား တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါကြောင့် သံယုတ်ပါဠိတော်ကြီးမှာ ကျတော့

“ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေဟိစ။

နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဇတိ” (သဂါထာဝဂ္ဂသံယုတ်၊ ၁၃၇။)

ဆိုပြီး ဟောထားတာများ ရှိသေးတယ်။

(ဒုက္ခမေဝ – ဒုက္ခ တရားသည် သာလျှင်၊ သမ္ဘောတိ- ဖြစ်၏။) ဖြစ်ပေါ် လာတာကလေးဟာ ဦးခင်မောင် မှတ်လိုက်၊ ဒုက္ခဖြစ်ပေါ်လာတာ မှတ်ပါ (မှန်ပါ့ ဘုရား)။

တည်နေပြန်လို့ ရှိရင်လည်း (ဒုက္ခံ – ဒုက္ခသည်၊ တိဋ္ဌတိ- တည်နေတယ်၊) ခဏကလေး တည်တယ်လို့ ဒီသဘောကြည့်လို့ ရှိရင်လည်း ဒါ ဒုက္ခတည်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

(ဝေတိ စ၊ ပျက်လည်းပျက်၏။) ဒါဖြင့် ဒုက္ခဖြစ် ၍ ဒုက္ခပျက်တာပဲ ရှိတယ် ဝေဒနာ ကလေး တစ်လုံးမှာ (မှန်ပါ့ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခပျက်တယ်

စိတ်ကလေး တစ်လုံးမှာကော (ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာပဲ ရှိပါတယ်) အင်း ဖြစ်လာတာလည်း ဒုက္ခ၊ ပျက် တာကော (ဒုက္ခပါ ဘုရား)။

‘‘နာညတြ ဒုက္ခာ သမ္ဘောတိ’’ တဲ့၊ (ဒုက္ခာ- ဒုက္ခကို၊ အညတြ- ကြဉ်ထား၍၊ သမ္ဘောတိ- ဖြစ်ပေါ်လာတဲ့ တရားသည်၊ နတ္ထိ-မရှိပါဘူးကွာ) (မှန်ပါ့)၊

ဖြစ်ပေါ်လာတာ ဒုက္ခပါပဲကွတဲ့။

‘‘နာညံ ဒုက္ခာ နိရုဇ္ဈတိ’’ တဲ့၊ ဒုက္ခာ- ဒုက္ခမှ၊ အညံ- တစ်ပါးသော တရားသည်၊ နိရုဇ္ဈတိ – ချုပ်သည် မည်သည်၊ နတ္ထိ- မရှိပါဘူးကွာ၊ ချုပ်တာလည်း ဒုက္ခပဲကွတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်တဲ့ဥစ္စာလည်း ဒုက္ခသစ္စာ (မှန်ပါ့) ပျက်တဲ့ ဥစ္စာကော (ဒုက္ခသစ္စာပါ ဘုရား) အဲဒါကြောင့် ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ် (မှန်ပါ့ ဘုရား)။

အေး ဒါကလေးကို မမေ့စေနဲ့၊ ဘာကြောင့် မမေ့စေနဲ့လို့ ဆရာဘုန်းကြီးက ပြောရသတုံးလို့ ဒကာ ဒကာမတွေက တရားတစ်ပွဲလုံးက အမေး ထုတ်ခဲ့သည်ရှိသော် ေဩျာ် ကိုယ်လုပ်နေတာ သစ္စာအလုပ်- လုပ်နေတာ၊ သစ္စာ မြင်နေတာပါကလား ဆိုတာ ဦးခင်မောင် သိအောင် ပြောနေ တယ် (မှန်ပါ့ ဘုရား)။

တစ်ကိုယ်လုံးမှာဖြစ်ပျက်ပဲပေါ်မှာပါ

အဲဒီတော့ တစ်ကိုယ်လုံးထဲမှာ ဘာပဲပေါ်ပေါ် ဖြစ်ပျက်ပဲ ပေါ်မှာပါ (မှန်ပါ့) တစ်ကိုယ်လုံးထဲ ဘာပဲပေါ် ပေါ် ဘယ့်နှယ် ပါလိမ့် (ဖြစ်ပျက်ပဲ ပေါ်ပါတယ် ဘုရား)။

ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဥဒယဗ္ဗယပဲ ရှိမှာပေါ့ဗျာ (မှန်ပါ့) အင်း ဒါတွေ ဘာသစ္စာ တွေ ပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)။

အဲဒါကလေးတွေကို ဒကာ ဒကာမတွေက သားရေး, သမီးရေး စီးပွားရေးထက် ဒုက္ခသစ္စာ အရေး ဂရုစိုက်လိုက်စမ်း ပါ (မှန်ပါ့) ဒုက္ခသစ္စာ မြင်တဲ့ အရေး ဂရုစိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သားရေး သမီးရေး စီးပွားရေးထက် (ဒုက္ခသစ္စာ မြင်တဲ့အရေး ဂရုစိုက်လိုက်ပါ)။

ဒုက္ခသစ္စာမြင်တဲ့ အရေး ဂရုစိုက်လိုက်စမ်းပါ ဆိုတဲ့ ဥစ္စာ သံယုတ် ပါဠိတော်ကြီးများ လာသေးတယ် ဦးခင်မောင်ရေ (မှန်ပါ ဘုရား)။

လှံအချက် (၉) ရာအထိုးခံလိုက်ပါ

ကွာ တဲ့ သစ္စာများ ပြောပေးမည့်သူ- ဟောပေး မည့်သူ ရှိမယ်လို့ ဆိုရင် မင်း တောင်းပန်းပါလို့ ဆိုတာလည်း ဒကာ, မောင်ကိုတို့ ဟောထားတယ်နော် (မှန်ပါ့ ဘုရား)။

မင်း သေသေချာချာ တောင်းပန်ပြီး သကာလ နာပါ ကွာ၊ သိအောင် လုပ်ပါကွာ ဆိုတာ ဟောထားတယ် (မှန်ပါ့ ဘုရား)။

ဟိုပုဂ္ဂိုလ်က ဟောမည့်ပုဂ္ဂိုလ်က ဟောတော့ဟောမယ်၊ မင့်ကို မနက် လှံအချက် သုံးရာ အထိုးခံ ရလိမ့်မယ်၊ နေ့လယ် လှံအချက် သုံရာ အထိုးခံလိမ့်မယ်၊ ညနေ လှံအချက် သုံးရာ အထိုးခံ ရလိမ့်မယ်၊ လှံအချက် ကိုးရာ ထိုးပြီးတော့မှ ညနေကျမှ သစ္စာသိအောင် ငါ ပြောပေးမယ်ဆိုရင် ခံလိုက်ပါကွာတဲ့ (မှန်ပါ့) ဘုရားက-ဘုရားက (မှန်ပါ့ ဘုရား)။

ခံလိုက်ပါ တဲ့၊ ဒီဥစ္စာ မင်းတကယ်လို့ သေလည်း တစ်ဘဝပါပဲတဲ့၊ မသေလို့ ရှိပြန်လို့ ရှိရင်လည်း တစ်ဘဝတည်းနဲ့ သစ္စာ သိပြီး တစ်ဘဝ-အလွန် နှစ်ဘဝနဲ့ ကိစ္စ ပြီးနိုင်ပါတယ်တဲ့။ မသိဘဲနဲ့ သေသွားမယ် ဆိုရင် နွားဖြစ်လို့ လည်လှီးခံရမည့် ဥစ္စာတွေ နည်းသလား (မနည်းပါ)၊ သူများ လှံချက်နဲ့ အသက် ထွက်ရမည့် ဘဝတွေကော (မနည်းပါ ဘုရား)။

ကိုးရာထက် အဆပေါင်း များစွာ ပိုလိမ့်မယ် (မှန်ပါ့) သစ္စာ မသိဘဲနဲ့ သေကြရင်လေ (မှန်ပါ့) ဘဝတွေ ဆုံးနိုင်သေးရဲ့လား (မဆုံးနိုင်ပါ ဘုရား)။

သစ္စာသိအောင် ဟောမယ်ဆိုရင်

အဲဒီကျအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒါ ကြောင့် ဘုရားက အလွန်ဆုံး ဟောလိုက် ပါတယ်၊ ကိုးရာများ အထိုး ခံလိုက်ပါကွာ တဲ့၊ ညနေ သစ္စာသိအောင် ဟောမယ်ဆိုရင် မင်းခံသာ ခံလိုက်၊ မင်းသစ္စာ မသိလို့ ကြုံရ ဆုံရမည့် ဘဝတွေက ကိုးသောင်းလည်းမက ကိုးသိန်း လည်း မကဘူး၊ သူများ လက်ချက်နဲ့ သေရမှာတွေ ၊ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ဒကာ ဒကာမတွေလည်း အကြီးအကျယ် ဟောတယ် ဆိုတာ ဘုရားဟောတာ (ကျေနပ်ပါတယ် ဘုရား)။

ဒါကြောင့် ဘုန်းကြီးများက အတုလိုက်ပြီး သကာလ အခု ပြောရပါတယ်တဲ့ ဒကာ ဒကာမတို့ သစ္စာ သိအောင်လုပ် ပါ (မှန်ပါ့ ဘုရား)။

သစ္စာသိအောင်လုပ်လိုက်ပါ

သစ္စာသိအောင် တခြားမှမဟုတ်ဘဲ ဦးခင်မောင်ရာ ဖြစ်ပျက်မြင်ရင် ဘာတုံးဗျာ (ဒုက္ခသစ္စာပါ ဘုရား)။

အေး ဒါကြောင့် တစ်နေ့ကလည်း ပြောခဲ့ပါတယ်၊ အဋ္ဌကထာတွေ ကိုးပြီး ပြောခဲ့ပြီးပါပြီ၊ ဒါကြောင့် ဒကာ ဒကာမတွေ သစ္စာသိအောင် လုပ်လိုက်ပါ ဆိုတာဖြင့် ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ခန္ဓာကိုယ်ထဲမှာ အိမ်ကျတော့ စိုက်ကြည့်၊ အိမ်ကျတဲ့အခါကျတော့ ထိုင်ကြည့်၊ အခု တရားပွဲထဲလည်း ခင်ဗျားတို့ ကြည့်တာပေါ့ (မှန်ပါ့ ဘုရား)။

ထိုင် ကြည့်ပြီး သကာလ ဟိုကရွရွ၊ ဒီကရွရွ လာလို့ ရှိရင်လည်း ေဩာ် အရင်ကဟာ မဟုတ်ပါကလား၊ ဒါအခုမှ ပေါ်လာတာ ပါကလား ဆိုပြီး အဲဒီ ရွရွကလေးဟာ လည်း ဖောက်ပြန် ပျက်စီးတဲ့ ဒုက္ခသစ္စာပဲ (မှန်ပါ့) ယားတာ ကလေးဟာလဲ (ဖောက်ပြန် ပျက်စီးတဲ့ ဒုက္ခသစ္စာ ပါပဲ)၊ နာတာ ကလေးတွေကကော (ဖောက်ပြန်ပျက်စီး , တာပါ ဘုရား)။

မြင်တာကလေးတွေကလည်း အခုမှမြင်တာ ဒကာ ဒကာမတို့ အရင်မြင်တာတွေ မရှိတော့ ပါဘူး ဒါကလေးကလည်း ဘာပါလိမ့် (ဖောက်ပြန် ပျက်စီးတာပါ ဘုရား)။

ကြားစိတ်

နားထဲ ကြားစိတ် ကလေးတွေ ကလည်း ကြားပြီးတော့ ရှိသေးရဲ့ လား (မရှိပါ ဘုရား) သူလည်း ဘာဖြစ်သွားပါလိမ့် (ဖောက်ပြန် ပျက်စီးတာပါပဲ ဘုရား)။

နှာခေါင်းထဲ နံတဲ့ အနံ့ ကလေးကြောင့် နံတဲ့ စိတ်ကလေး ပေါ်လာတာလည်း နံပြီး ဘာဖြစ် သွားသလဲ (ဖောက်ပြန် ပျက်စီး သွားပါတယ် ဘုရား)။

နံစိတ်

ဖောက်ပြန်ပျက်စီးသွားပြန်တယ် (မှန်ပါ့)၊ မယုံရင် စဉ်းစားကြည့်ပါတဲ့၊ နံတဲ့ဓမ္မကလေးဟာ ဒကာ ဒကာမတို့ “ဖောက်ပြန်ပျက်စီးသွားတယ်ဆိုတာ သေချာလိုက်တာ ဦးခင်မောင် (မှန်လှပါ) အင်မတန်သေချာတယ် (သေချာပါတယ် ဘုရား)။

နှာခေါင်းထဲမှာ ဃာနာပသာဒရုပ် ဆိုတာကလေး မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား) အဲဒါ ကလေးဟာ ခုနင် ကပြောခဲ့တဲ့ ပါဠိတော်နဲ့ ကိုက်ကြည့်မယ် ဆိုလို့ရှိရင် သူဟာ ငကန်းကိုးဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတို့ အဲဒီ ဃာနပသာဒရုပ်ဟာ ဘာဖြစ်သွားပါလိမ့် (ဖောက်ပြန် ပျက်စီး သွားပါတယ်) နှာခေါင်းထဲမှာပဲ ဖောက်ပြန် ပျက်စီးသွားတယ် (မှန်ပါ့ ဘုရား)။

ဒီနေရာ ဗိုင်းဗိုင်းလဲ သေကြတာပဲ (မှန်ပါ့) တခြားမှာ သေကြတာလား၊ နှာခေါင်းထဲမှာ ဗိုင်းဗိုင်း လဲ သေကြတာလား (နှာခေါင်းထဲမှာ ဗိုင်းဗိုင်းလဲ သေကြပါ တယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပင်ကို သဘောကို ရုပ် ကလည်း ရုပ်သဘောစွန့်၊ နာမ်ကလဲ (နာမ်သဘောစွန့်) နာမ်သဘော စွန့်သောကြောင့် ဘာသစ္စာ ဖြစ်သွားကြသလဲ (ဒုက္ခသစ္စာ ဖြစ်သွား ပါတယ် ဘုရား)။

ရုပ်နဲ့နာမ်နဲ့တွဲမရှုပါနဲ့

အဲ အဲဒီတော့ ရုပ်နဲ့နာမ်နဲ့ တွဲမရှုပါနဲ့၊ တစ်ခုခုနာမ် ကိုပဲ ဖိရှုပါ (မှန်ပါ့ ဘုရား)။

ဃာနဝိညာဏ် စိတ်ကလေးပဲ တွဲရှုလိုက်တဲ့ အခါကျ တော့ ဖောက်ပြန်ပျက်စီး သွားကြတယ် ဆိုတာ မပေါ်လာဘူး လား (ပေါ်လာပါတယ် ဘုရား)။

အဲဒါဖြင့် ခုမှ ပေါ်လာတာ ကလေး ပါကလား (မှန်ပါ့) ဒကာ ဒကာမတို့ – နံတဲ့စိတ် ကလေးဟာ အရင်က ပေါ်တာလား၊ ခုမှ ပေါ်တာလား (ခုမှ ပေါ်တာပါ ဘုရား)။

အဲဒါကြောင့် “ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ” ဆိုတော့ သူ သင်္ခါရတရား ကလေးပေါ့ဗျာ (မှန်ပါ ဘုရား)။

ဃာနပသာဒရုပ်နဲ့ ဂန္ဓာရုံပေါင်းပြီး အနံ့နဲ့ ပေါင်းပြီး ပေါ်လာခြင်းကြောင့် နှစ်ခုပေါင်းပြီး ပြုပြင် လိုက်လို့ ပေါ်လာ သောကြောင့် ဃာနဝိညာဏ် စိတ်ကလေး ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ပေါ်ပြီးပျက်သွားတယ်

အဲဒီ ဃာနဝိညာဏ် စိတ်ကလေး သည်ကားလို့ဆိုရင် ပေါ်ပြီး ပျက်သွားတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူ့ ဖောက်ပြန်ပျက်စီးသောကြောင့် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကလေး မြင်လို့ရှိရင်ဖြင့် ေဩာ် သူ့သည်ကား ဖောက်ပြန် ပျက်စီးသွားပြီ၊

ပီဠနဋ္ဌော – ညှာတာ မဘက် အမြဲ နှိပ်စက်တတ်တဲ့ တရားကလေးပါကလား၊ ဖောက်ပြန် ပျက်စီးပြီး သူကိုယ်တိုင် သေပါပေါ့ကလား၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ နဲ့ပဲ ကွဲနေတဲ့ တရားပါကလား၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ တရားပါက လားလို့ဆိုတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကလေးတွေ မြင်အောင် ကြည့်တော့ ဖြစ်ပျက် သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ် (မှန်ပါ့ ဘုရား)။

ဒီမဂ္ဂင်နဲ့ ကြည့်လိုက်တဲ့အခါ ဘာတွေမြင်ကြတာတုံး (ဖြစ်ပျက် ဒုက္ခသစ္စာတွေ မြင်ပါတယ် ဘုရား)၊ ဒုက္ခသစ္စာ တွေမြင်လိုက်တယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီဥစ္စာကိုတဲ့ ဒီလိုအမြဲတမ်း ဒကာ ဒကာမတွေက စိတ်ပေါ်ရာလိုက်ရှု၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာပေါ် ရာ လိုက်ရှု (မှန်ပါ့)၊ ရုပ်ပေါ်တဲ့ ပုဂ္ဂိုလ်က ရုပ်ပေါ်ရာ လိုက်ရှု၊ နိဗ္ဗာန်ဝင်တော့ ဖြစ်ပျက်ချည်း မြင်ပြီး ဝင်ကြမှာပဲ (မှန်ပါ့)၊ သစ္စာမှာ သွားဝင်တာပဲ (မှန်ပါ့ ဘုရား)။

စင်စစ်တော့ဖြစ်ပျက်မြင်စေချင်တာပဲ

ရုပ်ကြည့်တာလည်း ရုပ်ကြည့်ဖို့ မဟုတ်ပါဘူး ဒကာ ဒကာမတို့ ရုပ်ကယ်လို့ ထင်ရှားအောင်လို့ ပြောတာပါ၊ စင်စစ် တွေ့စရာကတော့ ဖြစ်ပျက် မြင်စေချင်တာပဲ (မှန်ပါ့ ဘုရား)။

ဝေဒနာရှုဆိုတာကော (ဝေဒနာဖြစ်ပျက်ကို မြင်စေချင်တာပါ ဘုရား) ဖြစ်ပျက် မြင်စေချင်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သစ္စာမြင်စေချင်တာပေါ့ဗျာ (မှန်ပါ့)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ စိတ်ရှု ဆိုတာလည်း စိတ်ရှုစေချင်တာလား ဖြစ်ပျက် သစ္စာ မြင်စေချင်တာလား (ဖြစ်ပျက်သစ္စာ မြင်စေ ချင်တာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ကြိုက်ရာတစ်ခုခုတော့ ဖြင့် ကာယာနုပဿနာ, ဝေဒနာ နုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ ဆိုတဲ့အတိုင်း အနုပဿနာ လေးပါးကိုလည်း ဘုန်းကြီး ခဏခဏ ပြောလို့ ရှင်းလည်း ရှင်းလောက်ပါပြီ။

ကြိုက်ရာတစ်ခုခု ဖိပြီးရှုပါ (မှန်ပါ့)၊ ရှုလိုက်ရင် သစ္စာဆိုက် သွားတာပဲ (ဆိုက်ပါတယ် ဘုရား)။

ရှုလိုက်ရင်သစ္စာဆိုက်သွားတာပဲ

ရှုလိုက်ရင် ဘယ့်နှယ် ဆိုကြမယ် (သစ္စာဆိုက်ပါ တယ် ဘုရား)၊ သစ္စာဆိုက် သွားတာပဲ ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ခုနင်က သံပေါက်က ဘာတဲ့ (ဖြစ်ပျက်သမျှ သင်္ခါရဒုက္ခသစ္စာမှတ်)၊ ၃-ခေါက်ဆို၊ ၃-ခေါက်ဆို (၃- ခေါက်ဆိုကြသည်)။

“ဖြစ်ပျက်သမျှသင်္ခါရ၊ ဒုက္ခသစ္စာမှတ်”

“ဖြစ်ပျက်သမျှသင်္ခါရ၊ ဒုက္ခသစ္စာမှတ်”

“ဖြစ်ပျက်သမျှသင်္ခါရ၊ ဒုက္ခသစ္စာမှတ်”

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ေဩာ် ငါတို့ ဖြစ်ပျက်ကလေးပဲ မြင်နေသေးတယ် ဆိုမလား သစ္စာဆိုက် နေပြီ ဆိုကြမလား (သစ္စာဆိုက် နေပါပြီ ဘုရား)၊

မကြာတော့ ဘူး မကြာတော့ဘူး၊ ဒကာ ဒကာမတို့ ခရီးပေါက်တော့ မယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် မြင်အောင်သာ ရှုနေ၊ ဖြစ်ပျက် မြင်လာလိမ့်မယ် ဒကာ ဒကာမတို့နော် (မှန်ပါ့)။

၂။ သင်္ခါရတွင် ငါကောင်ထင်ခင်မင်သမုဒယမှတ်

ကိုင်း ဒီလို မြင်နေလို့ရှိရင်တော့ ဒါ ဒကာ ဒကာမတို့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ အေး လောကီ မဂ္ဂသစ္စာပဲ ထားဦးတော့ နောက်တော့ လောကုတ္တရာ ဖြစ်လာမှာ ပေါ့ဗျာ (မှန်ပါ့)၊ ဒါဖြင့် သင်္ခါရတွင် ငါကောင်ထင် ခင်မင် သမုဒယမှတ် (မှန်ပါ့)၊ မနေ့က ဖြစ်ပျက် ရေးလိုက်တယ်၊ ဖြစ်ပျက် ဖျက်လိုက်ကြ ပါ ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ သင်္ခါရတွင် ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်၊ သင်္ခါရချင်း စပ်သွားအောင်လို့ ဦးခင်မောင်ရေ (မှန်ပါ့)။

သင်္ခါရကို ငါထင်ရင် ဘာတဲ့တုံး (ခင်မင်သမုဒယ ပါ ဘုရား)။

ခင်မင်သမုဒယမှတ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

“သင်္ခါရတွင်ငါကောင်ထင်ခင်မင်သမုဒယမှတ်”

“သင်္ခါရတွင်ငါကောင်ထင်ခင်မင်သမုဒယမှတ်”

“သင်္ခါရတွင်ငါကောင်ထင်ခင်မင်သမုဒယမှတ်”

ဘုန်းကြီး သုံးခေါက်ဆိုပြမယ် (သုံးခေါက်ဆို ပြပါသည်)။

ဒါတွေဟာ သင်္ခါရတွေပဲ (မှန်ပါ့)၊ ရုပ်နာမ်ဓမ္မ သင်္ခါရ ဆိုတာ ခင်ဗျားတို့ကြားဖူးပါတယ် (ကြားဖူး ပါတယ် ဘုရား)။

အဲဒီ သင်္ခါရတွေကိုတဲ့၊ ေဩာ် ငါ ဘာဖြစ်ပါလိမ့် မတုံး ငါဘာဖြစ်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် သမုဒယသစ္စာ ဖြစ်ပြီတဲ့ ဒကာ ဒကာမတို့။

သမုဒယသစ္စာကတဏှာ

သမုဒယသစ္စာ ဖြစ်တော့ သမုဒယသစ္စာက တဏှာ မနေလား (နေပါတယ် ဘုရား)၊ တဏှာြ ပီးရင် ဘာလာမယ် (ဥပါဒါန် လာပါမယ် ဘုရား)၊ ဥပါဒါန် ပြီးရင် ဘာလာမယ် (ကမ္မဘဝ လာပါမယ် ဘုရား)၊ ကံလာပြီးရင် နောက် အနာဂတ်ဘဝ ဘာလာမယ် (ဇာတိ လာပါမယ် ဘုရား)။ ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ သစ္စာလည်း ကွယ်ပါရော ဘဝဆက် သွားပြီ (မှန်ပါ့ ဘုရား)၊ သစ္စာ ကွယ်တာနဲ့ ဘာဖြစ် သွားသလဲ (ဘဝဆက်သွားပါတယ် ဘုရား)၊

ဒါကြောင့် ၊ ဪ သင်္ခါရတွင် ငါကောင်ထင် ခင်မင်သမုဒယမှတ် ဆိုတာ သူသာ ပေါ်လာလို့ ရှိရင်ဖြင့် သံသရာ ဆက်ပြီ (မှန်ပါ့ ဘုရား)။

သင်္ခါရကို ငါထင်ရင် ဒိဋ္ဌိနဲ့တဏှာ

မောင်ကိုတို့ ဘယ့်နှယ်နေသတုံးဟေ့ (သံသရာ ဆက်ပါပြီ ဘုရား)၊ ဒီသင်္ခါရကို ငါထင်တယ် ဆိုတော့ ဒိဋ္ဌိနဲ့ တဏှာ ဖြစ်လာပြီကော (မှန်ပါ့ ဘုရား)၊ တဏှာ ပစ္စယာ (ဥပါဒါန်ပါ ဘုရား)၊ ဒိဋ္ဌိ ဖြစ်လည်း ဒိဋ္ဌိပစ္စယာ- ဒိဋ္ဌုပါဒါန်ပဲ (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံကော မလာနိုင်ဘူးလား (လာနိုင်ပါတယ် ဘုရား)၊ ကဲ-ကံကုန်လို့ သေတော့ နောက်အနာ ဂတ်ဘဝ ဘာဖြစ်လာသလဲ (ဇာတိ ဇရာ မရဏ ဖြစ်လာ ပါတယ် ဘုရား)၊ ဇာတိ ဧရာ မရဏ ပရမ်းပတာ ကျပြီ ဦးခင်မောင် (မှန်ပါ့)၊ ကဲ ဒကာသစ်တို့ ဘာဖြစ်ပါလိမ့် (ပရမ်းပတာ ဖြစ်ပါတယ် ဘုရား)။

ဒီ ဇာတိ ဇရာ မရဏဟာ ခွေးဖြစ်မှာလား ငရဲကောင် လား မပြောတတ်ဘူး (မှန်ပါ့ ဘုရား)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဥစ္စာ လာပါလိမ့်မလဲ ခွေးတွေ ငရဲ ကောင်တွေ လာပါလိမ့်မတုံးလို့ မေးတော့ သင်္ခါရ ငါကောင် ထင်ပစ်လိုက်လို့ (မှန်ပါ့ ဘုရား)၊ သင်္ခါရ ငါကောင် ထင်လိုက်တော့ ဒိဋ္ဌိ ဖြစ်သွားတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

အကျိုးပေးကသိပ်ဆိုးတယ်

ဒါကြောင့် သင်္ခါရတွင် ငါ့ကောင်ထင် ခင်မင်သမုဒယ မှတ်ဆိုတာ အပြောက သံပေါက်က လွယ်သလောက် ဒီမှာ အကျိုးပေးက သိပ်ဆိုးတယ် (မှန်ပါ့ ဘုရား)၊ မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ နေ့တိုင်းလိုလိုပဲ ဒါ “ငါ့သား ကလေးပဲ- ဒါငါ့သမီးလေးပဲ၊ သင်္ခါရကို ငါကောင် ချည့် ထင်နေတာပဲ၊ ငါနဲ့ချည်း တွဲနေတယ် (မှန်ပါ့)၊

ဒါကလေး ဘာတော်သတုံး၊ ဒါကလေး ကျုပ်သား ကလေးပဲ။ ကြီးတဲ့ ပုဂ္ဂိုလ်ကဖြင့် ဒါ ငါ့ကလေး ပါကွာ၊ ငါ့သမီး ကလေး ပါ၊ ဒီဘက်က ဘာတော်သတုံး ဒီဟာက ငါ့ခင်ပွန်းမ ပါကွာ၊ အစ ရှိသည်နဲ့ သင်္ခါရတွေ ဘာချည်း ထင်နေသတုံး (ငါချည်း ထင်နေပါတယ် ဘုရား)။

အဲဒီတော့ ဒီမှာ ဘာသစ္စာလာသတုံး (သမုဒယ သစ္စာလာပါတယ် ဘုရား)၊ သမုဒယ သစ္စာ လာတော့ သမုဒယ သစ္စာကို နာမည် ပေးလိုက်တော့ တဏှာဖြစ်ပါတယ် (မှန်ပါ့)။

သစ္စာမသိလို့သံသရာရှည်တာ

တဏှာက ကျေးဇူးပြုလိုက်တော့ (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါန်က ကျေးဇူးပြုလိုက်တော့ (ကမ္မဘဝပါ ၊ဘုရား)၊ ကံကနေ ကျေးဇူးပြုလိုက်တော့ (ဇာတိ ဇရာ မရဏပါ ဘုရား)၊

ဪ သစ္စာ မသိလို့ သံသရာရှည်သွား တာ ယခု ဒီဘဝကနေပြီး အနာဂတ်ဘဝက ဘယ်နှဘဝများ လာမယ်ဆိုတာ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)။ အင်မတန် မများဘူးလား (များပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာ သင်္ခါရတွင် ငါကောင်ထင် ခင်မင်သမုဒယမှတ် ဆိုတာ မဖြစ် ကောင်းတာ၊ ပယ်ရမည့် တရား (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊

ကဲ ၃-ခေါက်ဆိုကြစမ်း (၃-ခေါက်ဆိုသည်)။

အလုပ်ခွင်ကိုမြန်မြန်ဝင်ပါ

အဲဒါက စာရဖို့ထက် ဒကာဝတို့ မောင်ကိုတို့က သြော် အလုပ်ခွင်ကို မြန်မြန်ဝင်မှ ဒီအတိုင်းသာ ဆိုလို့ရှိရင် ခင်ဗျားတို့ ဒါ သားပဲ၊ သမီးပဲ၊ တူမပဲ ဆိုတာ အမြဲထင် နေတာပဲ ဟုတ်မှ ဟုတ်ကဲ့လား မေးလို့ရှိရင် မိုးကြိုးပစ် တောင် ကျိန်လိမ့်ဦးမယ် ခင်ဗျားတို့က (မှန်ပါ့ ဘုရား)။

မကျိန်ပေဘူးလား ကျိန်မလား (ကျိန်ပါတယ် ဘုရား)၊ ဘယ်လောက်ထိအောင် ဒိဋ္ဌပါဒါန် စွဲတယ် ဆိုတာ မိုးကြိုးပစ်နဲ့ ပြောတယ် (မှန်ပါ့ ဘုရား)၊ ဘယ်နေ့ ဘယ်ရက်က မွေးဖွားတာ (မှန်ပါ)၊ တစ်ခါတည်း မိုးကြိုးပစ် ကျိန်လိုက်တယ် ဦးခင်မောင် (မှန်ပါ့)။

မွေးစားတာ ကလေးလားလို့ မေးရင် ကြိုက်ကဲ့လား (မကြိုက်ပါ ဘုရား)၊ ဘာဖြစ်နေသလဲ ဒိဋ္ဌုပါဒါန်ဖြစ် နေတယ် (မှန်ပါ့)၊ ဘာဖြစ်ကြပါလိမ့် (ဒိဋ္ဌုပါဒါန်ဖြစ် နေကြပါတယ် ဘုရား)။

ဒိဋ္ဌုပါဒါန် ဖြစ်နေတော့ ဒိဋ္ဌိက တဏှာပဲ မဟုတ်လား (မှန်ပါ)၊ တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ ဘုရား)၊ ဟော တစ်ခါတည်း လူတစ်ယောက်က မေးလိုက်လို့ ရှိရင် ခင်ဗျားတို့က ကံမြောက်ပြီ (မှန်ပါ ဘုရား)၊ ကံမြောက်ကို ဖြစ်ဖြစ်သွားတယ် (မှန်ပါ့) မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဘာများတော်သတုံး

အဲဒီတော့ သေတော့မှ ဇာတိ ဇရာ မရဏ မလာပေ ဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ကို မမေး ဝံ့ပါဘူးဗျာ မတော် ကံမြောက်သွားမှာ စိုးလို့ (မှန်ပါ့)၊ ဒါ ဘာတော်သတုံးလို့ကို မမေးရဲဘူး (မှန်ပါ့)။

မေးလိုက်လို့ရှိရင် ခင်ဗျားတို့က ကံမြောက်သွားမှာကိုး (မှန်ပါ့)၊ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ မလာပေဘူးလား (လာပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲဒါ သင်္ခါရကို ဘာထင်လိုက်သတုံး (ငါထင် လိုက်တာပါ ဘုရား)၊ အဲ သင်္ခါရကို ငါကောင် ထင်ပစ်လိုက် တာ ဒီတဏှာက (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ)၊ သင်္ခါရတွင် ငါကောင်ထင် ခင်မင်သမုဒယ ဆိုတော့ တစ်ခါ တည်း ပဋိစ္စသမုပ္ပါဒ်က တန်းထွက်သွားတာပဲ (တန်းထွက် သွားပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သစ္စာတရားမနာရလို့

အဲဒါ ဒကာ ဒကာမတွေက အိမ်မှာနေတော့ မသိ တော့ ဒီလို သစ္စာတရားတွေလည်း ဆရာတော် သမားတော်တွေ ဟောတာလဲ မနာရတော့ ဘယ့်နှယ် ဖြစ်နေသတုံး ကျုပ်တို့ အိမ်မှာ ကောင်းကောင်း နေတာ ဘယ်သူ့ပစ္စည်းမှ မခိုးဘူး၊ လိမ်လဲ မလိမ်ဘူး၊ ကောက်လဲ မကောက်ဘူး၊ ကျုပ်တို့တော့ဖြင့် ဘာမှ လုပ်စရာ မလိုပါဘူး။

ဪ ဘာမှတော့ လုပ်စရာ မလိုပါဘူး၊ အပါယ် သွားနေတာကတော့ သေချာတယ်လို့ ပြောရမှာပဲ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာမှတော့ လုပ်စရာ မလိုပါဘူး၊ သူ့ဟာသူ သွားပါလိမ့်မယ် (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

သီလစခန်းနဲ့ပြောနေတာ

ဒါက မနောကံမှာ ဖြစ်နေတာ၊ သူပြောတာက ကာယကံ ဝစီကံကလေး သီလစခန်း ကလေး ပြောနေတာ၊ ဘာဝနာစခန်း က အချိန်တိုင်း အချိန်တိုင်း ဗွက်ပေါက်နေတာ သိရဲ့လား (မသိပါ ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဪ ဒါကြောင့် မသိတော့ ဦးခင်မောင် ကိုယ့် ဟာကလေးနဲ့ ကိုယ်ပြောသံကြားနဲ့ တင်းတိမ် နေတဲ့ အသွား ဟာလဲ အတော် ဆိုးသနော် (ဆိုးပါတယ် ဘုရား)။

အခု ဘာဝနာစခန်းကတော့ ဒါ ဘာတော်သတုံး မေးကြည့်မယ်၊ ဦးခင်မောင် ခင်ဗျားအနားက ကလေး ကလေး ဟာ ဘာတော်သတုံး မေးလို့ရှိရင် တပည့်တော်သားပေါ့ ဘုရား (မှန်ပါ့)။

ဘယ်နေ့ ဘယ်ရက်ကတုံး၊ ဟာ ဘယ်နေ့ ဘယ်ရက် ကပေါ့ဘုရား၊ ဒီကလေး အတွက်များ ခင်ဗျား စိတ်ချလက်ချ ရှိရဲ့လားလို့မေးတော့ မရှိသေးပါဘူး ဆိုတော့ တကယ်တမ်း ခင်နေတာ (မှန်ပါ့)၊ ဘာသစ္စာ ဖြစ်နေသလဲ (သမုဒယ သစ္စာ ဖြစ်နေပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်လည်နေတယ်

ခင်တယ်လေ၊ သမုဒယသစ္စာ ဖြစ်နေတော့ တဏှာ ဥပါဒါန်ကံက မလာဘူးလား (လာပါတယ် ဘုရား)။ အင်း ဥပါဒါန်က ဒီကလေးအတွက် ခက်သေးတယ်လို့ ညည်းလာလို့ ရှိရင် ဥပါဒါန်ကြောင့်ဗျာ (မှန်ပါ)။

စားဖို့ သောက်ဖို့ သူ့ကျောင်းလခ ပြည့်စုံဖို့တော့ဖြင့် တစ်နေရာရာမှ အထည်ကလေးတော့ လုပ်ထားဦးမှပဲ ဆိုတဲ့ ကာယကံ ဝစီကံတွေကော (ပါပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ တကယ် သင်္ခါရကို ငါကောင်ထင်လိုက်ပြီ ဆိုမှဖြင့် ပဋိစ္စသမုပ္ပါဒ် ဖြတ်လို့ ရသေးရဲ့လား (မရပါ ဘုရား)။

သစ္စာသိရင်လက်သည်းပေါ်တင်တဲ့ မြေမှုန့်

ကဲ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လက်သည်းပေါ်တင်တဲ့ မြေမှုန့် ပြလိုက်တယ် ကွာတဲ့၊ သစ္စာသိ တဲ့ ပုဂ္ဂိုလ်များမှာ လက်သည်းမှာမှ ဒကာ ဒကာမတို့ အသား ရှေ့ထွက်နေတဲ့ လက်သည်း ကြားကလေးပေါ့ဗျာ (မှန်ပါ့)။

အဲဒီပေါ်မှာ ဘုရားက တန်ခိုးနဲ့ မြေမှုန့်ကလေး တင်ပြီး ညီတော် အာနန္ဒာ ဒီပေါ်မှာရှိတဲ့ မြေမှုန့်နဲ့ ဘယ်ဟာ များသတုံး ဆိုတော့ (မနှိုင်းယှဉ်လောက်ပါ ဘုရား)။

သစ္စာမသိရင်အောက်ကမြေမှုန့်တွေ

အေး ဒီလိုပဲ သစ္စာမသိလို့ အပါယ်သွားတဲ့ ပုဂ္ဂိုလ် ဟာ အောက်မြေမှုန့်ထက် များတယ်ဆိုတာ ထင်ရှား နေပြီ (မှန်ပါ့)၊ မထင်ရှားသေးဘူးလား (ထင်ရှားပါတယ် ဘုရား)။

အဲဒီတော့ တပည့်တော်တို့ ဘာအပြစ် ရှိသေးသတုံး မေးဦးမလား (မမေးပါ ဘုရား)၊ မေးစရာ များကော လိုသေးသလား (မလိုပါ ဘုရား)။

ဒီအပြစ်တွေရှိတယ် ဒကာ ဒကာမတို့ရဲ့၊ ငါကောင်ထင် တဲ့ အပြစ်တွေက မနည်းဘူး (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြပါ့ မယ် (ငါကောင်ထင်တဲ့ အပြစ်တွေက မနည်းပါ ဘုရား)။

ငါကောင်ထင်တဲ့ အပြစ်တွေက ဒကာ ဒကာမတို့ တစ်နေ့ ဘယ်နှခါ သင့်သတုံး (မရေမတွက် နိုင်ပါ ဘုရား)၊ မရေတွက်နိုင်တော့ ပဋိစ္စသမုပ္ပါဒ် ကံမြောက်အောင် ဘယ်နှခါလာသတုံး (မရေမတွက် နိုင်ပါ ဘုရား)။

ဒီကံတွေ တဏှာကစုထားတယ်

ဒါကြောင့်မို့ တစ်နေ့က ပြောတယ်၊ ဒီကံတွေ ဘယ်သူ စုထားသတုံးလို့ မေးတဲ့အခါ ဒီတဏှာက စုထားတယ် (မှန်ပါ့)၊ ဒီကံတွေ ဘယ်သူက စုထားသတုံး (တဏှာက စုထားပါတယ် ဘုရား)။

အင်း ခင်ဗျားတို့က ဒယ်အိုး တစ်လုံးတည်းမှာ နေလိုက် ကံက ပစ်ချလိုက်တော့နော် (မှန်ပါ့)၊ နောက်က ဟိုကလွတ်ခါနီးတဲ့ အခါကျတော့ ဒီ စုထားတဲ့ တဏှာက ကံတစ်ခု လွှတ်လိုက်ပြန်တာပဲ (မှန်ပါ့)၊ ကျွတ်ရင်း လွှတ်ရင်း လွတ်မြောက်ရေး ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒီတော့ခင်ဗျားတို့ သစ္စာမသိဘဲနဲ့ တိမ်းသွားမယ် ဆိုရင် ကိုယ်ကျိုးလှလှကြီး နည်းပြီ (မှန်ပါ့)၊ မနည်းသေး ဘူးလား (နည်းပါပြီ ဘုရား)။

အမြန်လုပ်မှတော်မယ်

အဲဒီတော့ ဒါ ဖြည်းဖြည်းလုပ်မှ ဆိုလို့တော်မလား၊ အမြန်လုပ်မှ တော်မလား (အမြန်လုပ်မှ တော်ပါ့မယ် ဘုရား)။

ဒါ ဆရာဘုန်းကြီး တိုက်တွန်းတာလို့ ခင်ဗျားတို့ လေး စားစွာမှတ်ပါ၊ ခင်ဗျားတို့ ကိုယ်ခန္ဓာက အသေဘက်ကို ပြေးနေ လို့ (မှန်ပါ့)၊ အနာဘက်ကိုကော (ပြေးပါတယ် ဘုရား)။

အဲဒီတော့ ပြေးနေတဲ့ ခန္ဓာကိုယ်ဟာ နောက်ဆွဲ ထုတ်လို့ တစ်လှမ်းများရရဲ့လား (မရပါ)၊ အဲ မရတဲ့ အတူတူဖြင့် ပြေးရင်း လွှားရင်း မြန်မြန်လုပ် (မှန်ပါ့)။

ခန္ဓာကိုယ်က နေ့တိုင်းသွားတဲ့ အလုပ်က ဘယ်မှာတုံး (သုသာန်ပါ ဘုရား)၊ နေ့တိုင်း သွားတဲ့ အလုပ်က ကိုယ့်အိမ် ပြန်တယ် ဆိုပေမယ့်လဲ ဒီကထက် အိမ်ရောက်တာက သုသာန် နဲ့ နီးတယ် (မှန်ပါ့)။

အဲဒီတော့ ဦးခင်မောင်ရေ သုသာန် သွားတာက မမှန် ဘူးလား (မှန်ပါတယ်)၊ အဲ ခန္ဓာ ကိုယ်ကြီး နေ့တိုင်း အလုပ်က ဘာပါလိမ့် (သုသာန်သွားတဲ့ အလုပ်ပါ ဘုရား)။ အဲဒီသွားရင်း မြန်မြန် လုပ်လိုက်ပေတော့ (မှန်ပါ့)။

သုသာန်သွားရင်းမြန်မြန်လုပ်ပါ

ဘယ်လိုမှာပါလိမ့် (သုသာန်သွားရင်း မြန်မြန် လုပ်ပါ)၊ တားလို့ကလဲ မရဘူး ဦးခင်မောင်ရေ (မှန်ပါ့)။

တားလို့ ကကော (မရပါ ဘုရား)၊ မရတော့ ဘယ်လို အချိန် လုပ်ရမှာပါလိမ့် (သုသာန်သွားရင်း မြန်မြန် လုပ်ရမှာပါ ဘုရား)၊ သုသာန်သွားရင်း လုပ်ရမှာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်အချိန် လုပ်ရမှာတုံး (သုသာန်သွားရင်း လုပ်ရမှာပါ ဘုရား)၊ သုသာန် သွားရင်း လုပ်ရမှာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ပြောနေ တဲ့စကား၊ ဒကာဖြင့် ဒကာနှစ်ယောက်၊ ဒကာမဖြင့် ဒကာမနှစ်ယောက်၊ နှစ်ဦး, နှစ်ဝများ လက်ဆုံကျပြီး စကားပြောနေတာ ဘယ်သွားရင်း စကား ပြောနေတာတုံး (သုသာန်သွားရင်း စကား ပြောနေတာပါ ဘုရား)။

ဟို ပြောစ, ထက် ပြောလယ်က သုသာန်နဲ့ နီးတယ် (မှန်ပါ့)၊ ပြောလယ်ထက် ပြောဆုံးက (နီးပါတယ် ဘုရား)၊ အဲဒါ ဦးခင်မောင်တို့က မကြိုင်ချင်မှနေရော့ ဘယ်သွားရင်း စကားပြောတာတုံး (သုသာန်သွားရင်း ပြောတာပါ ဘုရား)။

သုသာန်သွားရင်းစကားပြောတာ

ညည်းနဲ့ ငါနဲ့ လက်ဆုံကျလိုက်တာဆိုတဲ့ ဒကာ ဒကာမတွေကော စကားပြောနေလို့ ရှိရင်ဖြင့် နေပါဦး ထိုင်ပါဦးလို့ စကားပြောကောင်းတုန်း ရှိသေးတယ် ဆိုတာ ဘယ်သွားရင်း စကားပြော နေတာတုံး (သုသာန် သွားရင်း ပြောတာပါ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒီလောက်သိမှ မြန်မြန်ခွာဖြစ်တယ် (မှန်ပါ့)၊ မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ပြောစ, ထက် ပြောလယ်က သုသာန် နီးပါတယ် (နီးပါတယ် ဘုရား)၊ ပြောလယ်က ပြောဆုံးက (ပိုနီး ပါတယ် ဘုရား)၊ သုသာန် နီးပါတယ်လို့ ဆရာဘုန်းကြီး ဆုံးမ, နေတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါတွေ ပါဠိတော်တွေ ဘာတွေတော့ မရွတ်ပါဘူးတဲ့၊ နောက် တစ်လှမ်းမှ ပြန်မဆုတ် သေးဘူးကွ သွားရင်း ပြောနေတာတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ် မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရကို ငါကောင်မထင်တဲ့ အလုပ် လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

သင်္ခါရတွင် ငါကောင်ထင် ဘာတဲ့ (ခင်မင်သမု ဒယမှတ်) ဟော သမုဒယဆိုတော့ လောဘ မဟုတ်လား (မှန်ပါ့)၊ သမုဒယ တရားကို ထောက်လိုက်တော့ ဘာရသလဲ (လောဘပါ ဘုရား)။

လောဘဆိုရင် တဏှာမဟုတ်လား (မှန်ပါ့)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ (ကမ္မ ဘဝေါ)၊ ဒါ ဘယ်သူ ဖြတ်လို့ရမတုံးဗျ (မရပါ ဘုရား)။ ငါကောင်သာ ထင်ပြီးရင် ရပါဦးမလား (မရပါ ဘုရား)။

ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ေဩာ် တို့ဟာမသိတော့လဲ မသိသလို တို့နေလိုက်ရတယ်၊ သိပြန်တော့ လည်း တို့ပြောသရွေ့ တို့ထင်သရွေ့ဟာဖြင့် သော် ကံမြောက်ချည့် လုပ်နေတယ်၊ ဘဝ ဆက်ဖို့ချည့် လုပ်နေတယ် ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သုသာန် သွားရင်းပဲ ပြင်ကြပါတော့ (မှန်ပါ့)၊ ဘယ်အချိန် ပြင်ရ မတုံး (သုသာန် သွားရင်း ပြင်ရပါမယ် ဘုရား)။

ကြီးလာပြီဆိုတာ သုသာန်နဲ့နီးပြီပြောတာ

ဘာဖြစ်လို့တုံးဆိုတော့ သုသာန်သွားတဲ့ အလုပ်ကလည်း ခင်ဗျားတို့ကလည်း ရပ်လို့မရဘူး (မှန်ပါ့ ဘုရား)၊ ရပ်လို့ ရကြရဲ့လား (မရပါ ဘုရား)၊ ကြီးလာပြီလို့ဆိုတာ သုသာန်နဲ့ နီးပြီလို့ပြောတာ (မှန်ပါ့)။

ကြီးတာ ဘာပါလိမ့် (သုသာန်နဲ့ နီးတာပါ ဘုရား)၊ အဲ ကြီးလာရင် နီးတာပဲ မှတ်လိုက် ပါတော့ဗျာ (မှန်ပါ့)။

ဦးခင်မောင်ရေ ခင်ဗျား ကြီးလှပါပေါ့ ဆိုတာများ ခင်ဗျား သော် ကျုပ်ဖြင့် ကြီးပြီ၊ ကျုပ် လူလားမြောက် လာပြီလို့ ဒီလိုထင်ကြသလား၊ သုသာန်နဲ့ နီးတာကို ပြောကြတာ လား (သုသာန်နဲ့ နီးတာကို ပြောတာပါ ဘုရား)၊ ရှင်းကြပါ ပြီ (ရှင်းပါပြီ ဘုရား)။

ဒီခဏလေးမလွန်ပါစေနဲ့

ဒါဖြင့် ဘုန်းကြီးတို့က အခုတိုက်တွန်းနေရတာက – ဒကာ ဒကာမတို့ ‘‘ခဏော ဝေါ မာ ဥပစ္စဂါ” ဆိုတဲ့ အတိုင်း ဒီ ခဏ ကလေး မလွန်ပါစေနဲ့လို့ ဆိုတဲ့ဥစ္စာ အခုကြားရ, နာရတဲ့ ခဏကလေး မလွန်ပါစေနဲ့ လို့ဆိုတဲ့ဥစ္စာ ခန္ဓာကိုယ်က သုသာန် သွား မြန်လွန်လွန်းလို့ ဦးခင်မောင်ရေ တိုက်တွန်း ရခြင်း ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘယ်လိုမြင်မှ အမြင်မှန် ရောက်ပါ တုံးလို့၊ အမြင်သာ တပည့်တော်တို့ “ဖြစ်ပျက် သမျှ သင်္ခါရ” “ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင် ငါကောင်ထင်ခင်မင်သမုဒယ” မှတ်ဆိုတာ ဖြစ်ပျက် မှုတွင် ငါကောင် ထင်လို့ရှိရင် သမုဒယ သစ္စာ ဖြစ်မှန်းသိလို့ ဒါ ပယ်ရလိမ့်မယ်နော် (မှန်ပါ့)။

အရင် သံပေါက်က ရှုရလိမ့်မယ်နော် (မှန်ပါ့)။ ၊

နောက် သံပေါက်က ဘာပါလိမ့် (ပယ်ရမှာပါ ဘုရား)၊ ပယ်ရမှာ၊ ပဟာတဗ္ဗ ကိစ္စနဲ့ ပယ်ရမယ်၊ မပေါ့စေနဲ့ (မှန်ပါ့)၊ လာလို့ ရှိရင်လည်း မြန်မြန်ဖြစ်ပျက် ပြန်ကောက် (မှန်ပါ ဘုရား)။

ကဲ့ ဒါဖြင့် ရှေ့သွားကြပါဦးစို့၊ နိဗ္ဗာန် ဆိုတာ ဘာတုံးလို့ ဒကာ ဒကာမတွေက မေးတဲ့ အခါကျတော့မှ ဒါက မဂ္ဂင်ငါးပါး ဆိုကြပါစို့ဗျာ (မှန်ပါ့)။

မဂ္ဂင်ငါးပါး ဒကာ ဒကာမတွေက ရှုပြီး ဒါကလေး ဝေဒနာဖြင့် ဝေဒနာ ဖြစ်ပျက်ဖြင့် ဖြစ်ပျက် ဥဒယဗ္ဗယပဲ၊ ဉာဏ်စဉ်တွေနဲ့ သူ့ဟာသူ ကိုယ့်ဟာကိုယ် ဉာဏ်တွေက တက်သွားမှာပေါ့ဗျာ (မှန်ပါ့)။

သောတာပတ္တိမဂ်ရလိုက်တာ

အဲ တက်သွားတဲ့ အခါကျလို့ရှိရင် ဖြတ်ဆို ဒီရုပ် ရော နာမ်ရော ကိုယ်ရှုတာကတော့ နာမ်ရှု နေတယ် ထားပါဦးတော့ (မှန်ပါ့)၊ ရုပ်ရော နာမ်ရော ဦးခင်မောင် တို့ ဒကာဝတို့ မောင်ကိုတို့ ဖျတ်ဆို ချုပ်သွားတယ် (မှန်ပါ)။

ဒီဉာဏ်ကလည်း ရှုလျက်ပဲ၊ ရှုရင်းမတ္တနဲ့ ဉာဏ်အောက်မှာ သူတို့ ပျောက်သွားတယ် (မှန်ပါ့)၊ ဉာဏ်အောက်မှာ သူတို့ ပျောက်သွားတဲ့ အခါကျတော့ ရုပ်နာမ်အားလုံး ချုပ်သုဉ်းမသွား ပေဘူးလား (ချုပ်သုဉ်းသွားပါတယ် ဘုရား)။

အဲဒါ နိရောဓသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲဒါကျတော့ မဂ္ဂင်ရှစ်ပါး ဒီဟာလည်း ချုပ်ပါရော ဒီကအရင် ငါးပါးက ရှစ်ပါး တစ်ခါတည်း ဖြစ်သွား တယ် (မှန်ပါ့)၊ ရှစ်ပါး ဖြစ်သွားတော့ ဒါ သောတာပတ္တိမဂ် ရလိုက်တာပဲ (မှန်ပါ့)။

၃။ ရုပ်နာမ်အားလုံးဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်

ဒါ့ကြောင့် ဒကာ ဒကာမတို့ “ရုပ်နာမ်အားလုံး ဖြစ်ပျက် သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ်” (မှန်ပါ့)၊ ခင်ဗျားတို့ ချုပ်ဆုံးသည့် တိုင်အောင် ရှုရမယ် (မှန်ပါ့ ဘုရား)။

ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်၊ (သုံးခေါက်ဆိုခိုင်းသည်)။

ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်။

ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်။

ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်။

သူနဲ့တွဲနေတဲ့ ရုပ်တွေပါပျောက်သွားတယ်

ဪ တို့ဟာ မသေမခြင်း ရှုရမှာ မဟုတ်ပါလား (မှန်ပါ့)၊ ရှုနေတဲ့ ဝေဒနာကလေးဟာ ဝေဒနာဖြင့် ဝေဒနာ ရှုနေတယ်၊ ရုပ်ဖြင့် ရုပ်ရှုနေတယ်၊ ရှုချင်တာရှု၊ တစ်ခုမှတ်ရှု (မှန်ပါ့)။

ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဒီကိုယ်ရှုနေ တာကလေး ပျောက်သွားတာလို့ မဟုတ်ဘူး၊ သူနဲ့ တွဲနေတဲ့ ရုပ်တွေပါ ပျောက်သွားတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ရုပ်တွေ ပါပျောက်သွား ပါတယ်)၊ ကိုယ်က ရှုနေတာက စိတ်ရှုနေတယ် (မှန်ပါ့)၊ အင်း ကျန်တဲ့ စေတသိတ်တွေ ရုပ်တွေကော (ပျောက် သွားပါတယ် ဘုရား)၊ ပျောက်ထွက် သွားတယ် ဆိုတော့ ရုပ်နာမ် အားလုံး ဖြစ်ပျက် သုဉ်းနေတယ် (မှန်ပါ့)၊ ဖြစ်ပျက်ကို သုဉ်းသွားတယ် (မှန်ပါ့)။

အဲဒါကျလို့ ရှိရင်ဖြင့် ချုပ်ဆုံး နိဗ္ဗာန်မှတ်တဲ့၊ ခင်ဗျားတို့ ရုပ်နာမ်အားလုံး ဖြစ်ပျက် သုဉ်းတာ ကိုသာ မြင်ပစေ၊ မြင်တဲ့ ဉာဏ်ဟာတဲ့ နိဗ္ဗာန်မြင်တဲ့ ဉာဏ်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်မြင်တဲ့မဂ်ဉာဏ်

ဘာဉာဏ်ခေါ်ကြမလဲ (နိဗ္ဗာန်မြင်တဲ့ဉာဏ်ပါ ဘုရား)၊ နိဗ္ဗာန်မြင်တဲ့ မဂ်ဉာဏ် (မှန်ပါ့)၊ ဒါရလို့ ရှိရင် ဂတိမြဲပြီ (မှန်ပါ့)၊ ပရမ်း ပတာဘေး လွတ်ပြီ၊ သစ်ရွက် လှုပ်ချသလို ပရမ်းပတာဘေး မလာ တော့ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ မိလိန္ဒပဉှာမှာလည်း လာပါတယ်တဲ့၊ “ဒုက္ခဿ အန္တံ ကရိဿတိ” ဆို၍ အရုဏဝတီ သုတ်တွေမှာလည်း လာပါတယ်။ ဒါ ပါဠိတော်တွေ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ “ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်” ဆိုတော့ ခင်ဗျားတို့က ၁-နံပါတ်နဲ့ချည့် ရှုနေတယ်နော် (မှန်ပါ့)၊ ၁-နံပါတ်က ရှုမနေဘူးလား (နေပါတယ် ဘုရား)။

ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာလို့ မှတ်ပြီး ရှုနေ (ရှုပါမယ် ဘုရား)။

သင်္ခါရုပေက္ခာဉာဏ်

အဲ ရှုရာကနေပြီး သကာလ ရှုလိုက် ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက် တော်တော်ကြာ အပျက်ချည့် မြင်လိုက် မုန်းလိုက် ရွံစရာကြီး ဖြစ်လိုက်၊ ကဲ သင်္ခါရုပေက္ခာ ဉာဏ်နဲ့ လျစ်လျူ ရှုလိုက်၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ရှုဖန် များလာတော့ ဦးခင်မောင် ရုပ်နာမ်တွေ ဘာဖြစ် သွားသတုံး (သုဉ်းသွားပါတယ် ဘုရား)။

သုဉ်းသွားတယ်၊ ရှုနေတဲ့ ရှေ့နားမှာ မရှိတော့ဘူး (မှန်ပါ့)၊ ကိုယ့်ခန္ဓာကိုယ် မရှိတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်

ကိုယ့်ခန္ဓာကိုယ် မရှိတာ ခန္ဓာငါးပါးစ လုံး ပျောက်တယ် (မှန်ပါ့)၊ အဲဒါ ဘာခေါ်ကြမှာလဲ (နိဗ္ဗာန်ပါ ဘုရား)။ နိဗ္ဗာန်၊ သုဉ်းသွားရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ အဲဒီကျအောင် ရှုရမယ် (မှန်ပါ့ ဘုရား)။

ဒါသုဉ်းသွားမှာလည်း သိပ်မကြာပါဘူး ခင်ဗျားတို့ ရှုသာ ရှုပါ ဒီဥစ္စာကို၊ ရှုသွားလို့ ရှိရင် ချက်ချင်းဟော ဒီ မဂ်ဆိုက်လာပါ လိမ့်မယ် ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ကြိုးစားကြရမယ် (မှန်လှ ပါ ဘုရား)။

ကိုယ်က တိဟိတ်လည်း ဖြစ်မယ်၊ အလုပ်လည်း မှန်မယ်၊ ဝီရိယလည်း မလျှော့ဘူး ဆိုရင် ရပါတယ် (မှန်ပါ့ ဘုရား)။

“ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ဝိဟရေလျံ၊ အသုညော လောကော အရဟန္တေဟိ အဿ’ဆိုပဲ။

သုဘဒ္ဒရဟန်းကမေးလို့ဖြေတာ

ဘုရားမရှိတဲ့ အခါကျတော့ အရိယာတွေများ ကွယ် တော့မှာလားလို့ ဆာဝါရဲ့ သား သုဘဒ္ဒက မေးတဲ့အခါ မကွယ် ဘူးကွ၊ မှန်မှန်သာ လုပ်နေ ဘယ်တော့မှ မကွယ်ဘူး ဆိုတော့ ဘယ်အခါမဆို ရနိုင်တယ် ပြောထားတာက ရှိနေတယ် (မှန်ပါ့ ဘုရား)၊ သဘောပါကြလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် တပည့်တော်တို့ ဘယ်အခြေအနေ ကျအောင် လုပ်ရမှာတုံး ဆိုတော့ ပထမ ဒုက္ခသစ္စာ ဖြစ်ပျက် မြင်အောင်လုပ် (မှန်ပါ)၊ ဒုတိယ ဒုက္ခသစ္စာ ဖြစ်ပျက်တွေ ဆုံးအောင် လုပ်လိုက် (မှန်ပါ)၊ ဒီကြား ဉာဏ်တွေကတော့ သူ့ဟာသူ ပေါ်လာလိမ့်မယ်နော် (မှန်ပါ)။

အဲဒါ အစနဲ့ အဆုံးပဲ ဘုန်းကြီးက သင်ပေးလိုက်တော့ ကြားတွေကတော့ သူ့ဟာသူ ပေါ်ချင်တာ ပေါ်ပါလိမ့်မယ် ဘင်္ဂ, ဘယ, အာဒီနဝ, နိဗ္ဗိန္ဒ, မုဉ္စိတုကမျတာဉာဏ်, သင်္ခါရု ပေက္ခာ ဉာဏ်တွေ ဆိုတာ မီးရထား ရန်ကုန် ရောက်မယ်ကြံတော့ ကြားဘူးတာတွေ တွေ့ကြုံတာ ဆိုတာပါ (မှန်ပါ့ ဘုရား)။

စင်စစ်ကတော့ဖြင့် မန္တလေးဘူတာကြီးက လက်မှတ် ရဖို့ရယ် ရန်ကုန် ဘူတာ ကျတော့ ကိုယ်ဆင်း နိုင်ဖို့ရယ် ဒါပဲ အရေးကြီးပါတယ် (မှန်ပါ့ ဘုရား)။

ကြားဘူးတာတွေတော့ ခင်ဗျားတို့ က ဉာဏ်က ခုတ်သွားတာနဲ့ တွေ့တာပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊

ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးနေတာက ၁-သံပေါက်ရယ် ၃-သံပေါက်ရယ် အတော် အရေးကြီး တယ် (မှန်ပါ့)။

၁-သံပေါက်ရယ် (၃-သံပေါက်ရယ် အတော် အရေးကြီးပါတယ်)၊ ၁-သံပေါက်က ဘာပါလိမ့် (ဖြစ်ပျက် သမျှ သင်္ခါရ ဒုက္ခသစ္စာ မှတ်ပါ ဘုရား)။

အဲဒါ ရှုနေဖို့ အရေးကြီးတယ် (မှန်ပါ့)၊ ဘယ် အချိန်ကျအောင် ရှုရမှာတုံးလို့ အချိန် ကန့်သတ် မေးလို့ ရှိရင်ဖြင့် ၃-နံပါတ် သံပေါက်ရွတ်လိုက် (ရုပ်နာမ် အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်)။

အဲ ဖြစ်ပျက်တာ သုဉ်းသွားပါစေ၊ ဒါ နိဗ္ဗာန်ပဲတဲ့ (မှန်ပါ)၊ မိလိန္ဒ ပဉှာ ပါဠိတော်မှာလည်း လာပါတယ်နော် (မှန်ပါ့ ဘုရား)။

၄။ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်

ကိုင်း ဒါဖြင့် ဒီ ဖြစ်ပျက် သုဉ်းတော့ကို ကိုယ့်ဉာဏ်ဟာ ဘယ်ဉာဏ် ဖြစ်ပါလိမ့်မလဲ ဆိုတာ မေးဖို့ မလို ဘူးလား (လိုပါတယ် ဘုရား)၊ ကိုယ်ရှုနေတဲ့ ဉာဏ်ကလေး ဟာလေ (မှန်ပါ့)။

ခုနင်က ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန် မှတ်၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် ဆိုတာ ဒီ ဉာဏ်ထဲက ချုပ်ဆုံးတဲ့ အထဲ ဝင်သွားတယ်၊ ရှုနေတဲ့ ဉာဏ်က အရင်လို ခန္ဓာထဲ ဝင်သေးရဲ့လား (မဝင်ပါ ဘုရား)။

ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ် (မှန်ပါ့)။

ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် (သိမြင်မဂ်ဟုမှတ်) အဲ အဲဒီ သိမြင်တဲ့ဥစ္စာ မဂ်ပါတဲ့ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

လောကုတ္တရာမဂ်ဖြစ်ပြီလို့မှတ်

အဲဒီတော့ မဂ်မဟုတ်တော့ဘူး၊ ဝိပဿနာမဂ် မဟုတ် တော့ဘူး၊ ဒါ လောကုတ္တရာမဂ် ဖြစ်ပြီလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ချုပ်ဆုံးမှုတွင် (ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်) အဲ သိမြင်မဂ်ဟုမှတ်နော် (မှန်ပါ့ ဘုရား)။

ဘုန်းကြီး (၃)ခေါက်ဆိုပေးပါ့မယ် ဒကာ ဒကာမတို့ နားထောင်ပါ (၃)ခေါက်ဆိုပါသည်။

ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။

ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။

ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင် သိမြင်မဂ်ဟုမှတ်။

ရကြရဲ့ မဟုတ်လား (မှန်ပါ့)၊ တစ်ပြိုင်နက် ၃ခေါက်ဆိုကြစမ်း (၃)ခေါက်ဆိုသည်။

အဲ အဲဒီ ချုပ်ဆုံးမှုသာ မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ မြင်နေတဲ့ ဉာဏ်ကလေးဟာ မဂ်ပါပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့မြင်တဲ့ ဉာဏ်ကလေးဟာ ဘာပါလိမ့် ၊ (မဂ်ပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ တဲ့၊ ရှုနည်းမှာ ဒီ လေးချက်နဲ့ စတုတ္ထ အချက် ဆိုတာ ကိုယ်ဖြစ်နေတာ ဘာမှန်း မသိဘဲနေမှာ စိုးတဲ့အတွက် ဒီဉာဏ်က ချုပ်ဆုံးမှုထဲ သက်ဝင် သွားတယ် (မှန်ပါ့ ဘုရား)။

ချုပ်ဆုံးမှုထဲ သက်ဝင်သွားတယ် ဆိုတာ ဒကာ ဒကာမ တွေက စဉ်းစားလိုက်ပါ ချုပ်ဆုံးမှု မရှိတာ မြင်တယ် (မှန်ပါ့) ဘာတွေ့သေးသလဲ၊ ရုပ်နာမ် တွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)။

ဉာဏ်ကဘာမှမရှိတော့ဘူးလို့သိတယ်

အဲ ချုပ်ဆုံးမှုတွင်, ဉာဏ်သက်ဝင်, သိမြင်မဂ်ဟု မှတ်ဆိုတော့ ေဩာ် ဒီ ကိုယ့်ဉာဏ်က ဘာမှ မရှိတော့ ပါကလား၊ ငါ့မှာ ရုပ်လဲမရှိဘူး၊ နာမ်လဲမရှိဘူး၊ ဒုက္ခသစ္စာတွေ လဲ မရှိတော့ပါကလား “ဒုက္ခဿ အန္တံ ကရိဿတိ’’ ဆိုတဲ့ အတိုင်း ဒုက္ခတွေလဲ ဆုံးသွားပါပေါ့ကလား၊ ဒီဉာဏ်က ဒါသိ တယ် (မှန်ပါ့ ဘုရား)။

ဦးခင်မောင်ရေ ဒီမဂ္ဂင် ရှစ်ပါးဟာ ဘာသိပါလိမ့် (ဒုက္ခဆုံးသွားတာ သိပါတယ် ဘုရား)။

အဲ သိသွားလို့ရှိရင် သူကလဲ ၁-၂ဆို ဒီမဂ္ဂင်ရှစ်ပါး ကလဲ ချုပ်ပြန်တာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒီနေရာမှာ ဖိုလ် လာပြန်တာပါတဲ့၊ မဂ်ပြီး ဖိုလ်လာတာပဲ ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။

ဒါသောတာပန်ဖြစ်သွားတာ

မဂ်ပြီး ဖိုလ်လာတော့ ဒါ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွား တာပဲ (မှန်ပါ့)၊ အဲဒါကျတော့ ဆုတောင်း ရတာ မဟုတ် ဘူး၊ အကာလိကော (မှန်ပါ့)၊ မဂ်ပေါ် ရင် ဖိုလ်ပေါ်တာပဲ (မှန်ပါ့ ဘုရား)။

မဂ်ပေါ်ရင် (ဖိုလ်ပေါ်တာပဲ ဘုရား)၊ ဆုတောင်းရ သေးရဲ့ လား (မတောင်းရပါ) မတောင်း ရတော့ပါဘူး ဆိုတာ သေချာကြရဲ့လား (သေချာပါတယ် ဘုရား)။

အဲ့ဒါကြောင့် အကာလိကော အခါမလင့် အကျိုး ပေး၏ဆိုတာ မဂ်ပြီးရင် ဖိုလ်လာတာကို ဆိုပါတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီသံပေါက် လေးခုကို မပျောက်စေမှ (မှန်ပါ့)၊ မပျောက်စေနဲ့ (မှန်ပါ့ ဘုရား)။

ဪ ဒါ ဘာပါလိမ့်မတုံး၊ အို ဒါအလုပ်စဉ် ပါကလား (မှန်ပါ့)၊

ကဲ ဒကာ ဒကာမတို့ တစ်ခေါက် စီ ရွတ်ကြည့်စမ်းကြပါဦး၊

ဖြစ်ပျက်သမျှ သင်္ခါရကစပြီးတော့ (တစ်ခေါက်စီရွတ်ကြသည်)။

၁။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်

၂။ သင်္ခါရတွင် ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်

၃။ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ်

၄။ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်

အဲ သိမြင်မဂ်ဟုမှတ်ရုံပဲနော် (မှန်ပါ့)၊ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်တွေ့ပါစေ

အဲဒီတော့ ဒကာ ဒကာမတို့ ဒီဥစ္စာသိပြီးသကာလ နေတော့ ဪ ကိုယ်အလုပ်လုပ်ရင်း ဒီသံပေါက်ကလေး ကရ, ထားတော့ ကိုယ့်ခန္ဓာ ကိုယ်ကြည့်၊ ဟိုကရွရွ၊ ဒီက ရွရွရွရွနဲ့ ရေပွက်ပမာ ကိုယ်ခန္ဓာ ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကြီးက တစ်ခါတည်း အစကလေးသာ ဦးခင်မောင်တွေ့ ပါစေနော် (မှန်ပါ့)၊ နောက် အကုန် တွေ့လာတာပဲ (မှန်ပါ့)၊ ဖြစ်ပျက်တွေ အကုန် မတွေ့ပေဘူးလား (တွေ့ ပါတယ် ဘုရား)။

တွေ့တာက မဂ္ဂသစ္စာ

ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်တွေ အကုန်တွေ့၊ ဪ ဖြစ်ပျက် ဒုက္ခသစ္စာ၊ တွေ့တာက လောကီ မဂ္ဂသစ္စာ ဖြစ်သွားတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီဖြစ်ပျက် သင်္ခါရတွေကို ေဩာ် ငါ ဘာဖြစ် ပါလိမ့်မတုံး မရောစေနဲ့ (မှန်ပါ့)၊ ဒီရွရွ ရွရွ ဖြစ်နေတာ ငါ ဘာဖြစ်ပါလိမ့် မတုံးလို့ မရောစေနဲ့ (မှန်ပါ့ ဘုရား)။

ဟိုနေရာကပူ ဒီနေရာကပူလဲ ငါဖျားချင်လို့ ထင်ပါရဲ့ မရောစေနဲ့ (မှန်ပါ့ ဘုရား)။

ဒါ ဖောက်ပြန်ပျက်စီးတဲ့ သဘောတွေ ပြောနေတာ (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ) ထမင်း ဆာတာကော ငါ ထမင်းဆာတယ် မဖြစ်စေနဲ့ (မှန်ပါ့)၊

ဪ ဒါကလေးသည်ကားလို့ ဆာစိတ်ကလေး ပေါ်လာတာလဲ ဆာစိတ်ကလေး ချုပ်မှာပဲလို့ ကြည့်ထား (မှန်ပါ့ ဘုရား)။

ကြည့်ပြီး သကာလ သူ့ဟာသူ ဒကာ ဒကာမတွေ ရှုလိုက် ရှုလိုက်ပြီးသွားလို့ ရှိရင်ဖြင့်တဲ့ သြော် သင်္ခါရတွေ ငါကောင်ထင်သေးရဲ့ လား (မထင်ပါ ဘုရား)။

နို့မဟုတ်လို့ ရှိရင်ဖြင့် စားချင်တာလဲငါ၊ အိပ်ချင်တာလဲ ငါ၊ ပြောချင်တာလဲငါ၊ ဆိုချင်တာလဲ ငါဆိုတော့ တဏှာ ဥပါဒါန် ကံတွေက ဆက်သွားလိမ့်မယ် (မှန်ပါ့)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

သဿတ၊ ဥစ္ဆေဒခွာဖို့ အရေးကြီးသည်

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာကို ရှုမည်ကြံ တော့ကိုတဲ့ ဟောဒီက ရှေ့ပိုင်းက သဿတ ဥစ္ဆေဒ ခွာတာဟာ သိပ်အရေးကြီးတယ် (မှန်ပါ့)၊ သူ့ခွာပြီးမှ ဒီလေးချက်လုပ် ရမှာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါး ဒုက္ခ သစ္စာတရားဟာ မိမိပြုတာလား (မဟုတ်ပါ ဘုရား)၊ အဝိဇ္ဇာ သင်္ခါရက ပြုတာ (မှန်ပါ့ ဘုရား)။

သူတစ်ပါး ပြုတာလား (မဟုတ်ပါ ဘုရား)၊ ဘယ်သူက ပြုတာပါလိမ့် (အဝိဇ္ဇာ သင်္ခါရက ပြုတာပါ ဘုရား)၊ အဲ ငါပါသေးရဲ့ လား (မပါပါ ဘုရား)။

ဒီထဲလဲ ငါမပါဘူး၊ ဒီအထဲမှာတော့ (မပါပါ ဘုရား)၊ အဲဒီလို ဒိဋ္ဌိ စင်ရဦးမှာ (မှန်ပါ့)၊ ဒါကြောင့် ဒိဋ္ဌိကို ဘုန်းကြီးက အစောကြီးက စင်ပြီး သကာလ ပေးထားပါတယ် (မှန်ပါ့)၊ ဒိဋ္ဌိစင်တဲ့နည်းကို ပေးထားတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား (မဟုတ်ပါ ဘုရား)၊ သေချာပလား (သေချာပါပြီ)၊ အဝိဇ္ဇာ သင်္ခါရ ကြောင့်ဖြစ်တာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အလိုလို ဖြစ်တာလားတဲ့ ဟောဒီ ဒုက္ခသစ္စာဟာ (မဟုတ်ပါ ဘုရား)၊ ဘယ်သူ့ကြောင့် ပါလိမ့်ဗျာ (အဝိဇ္ဇာ သင်္ခါရကြောင့်ပါ ဘုရား)။

ဒိဋ္ဌိခွာပြီးလုပ်မှခရီးပေါက်မယ်

ကိုင်း ရှင်းပလား (ရှင်းပါပြီ)၊ ဒါ ဘာခွာနေ တာတုံး ဆိုတာကော သဿတ ဥစ္ဆေဒ ခွာလွှတ် လိုက်တာ၊ သဿတ ဥစ္ဆေဒ ကွာလို့ရှိရင် သက္ကာယ ပြုတ်သွားပြီ၊ ကွာသွားပြီ (မှန်ပါ့ ဘုရား)။

အဲဒီခွာပြီးတော့မှ ခုနင်က ၁-နံပါတ်နဲ့ အလုပ် လုပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

၁-နံပတ်နဲ့ အလုပ် လုပ်တော့ ၃-နံပါတ် မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ၄-နံပါတ်ဉာဏ် မရပေဘူးလား (ရပါတယ် ဘုရား)။

အဲဒါကြောင့် ဒိဋ္ဌိခွာပြီးမှ လုပ်မှသာလျှင် ဦးခင်မောင် တို့ ခရီးပေါက်မယ် ဆိုတာ သဘော ကျပလား (ကျပါပြီ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့ ။

သာဓု သာဓု သာဓု။