263

နိဗ္ဗာန်မရတာ ဘယ့်နှယ်ကြောင့်တုံး (ပဋိစ္စသမုပ္ပါဒ်)

အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက်ကြောင်း

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်မရတာ ဘယ့်နှယ်ကြောင့်တုံး (ပဋိစ္စသမုပ္ပါဒ်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

နိဗ္ဗာန်မရတာ ဘယ့်နှယ်ကြောင့်တုံး

(ပဋိစ္စသမုပ္ပါဒ်)

(၂၈-၁၁-၆၁)

မြတ်စွာဘု ရားသခင်ကိုယ်တော်မြတ်ကြီးသည် တောင်းပန်လို့ ဟောတဲ့တရားတွေလဲ ရှိတယ် (မှန်ပါ့ ဘုရား)၊ တစ်ပါးသော ပုဂ္ဂိုလ်များက တောင်းပန်လို့ ဟောတဲ့တရားလဲရှိ တယ်၊ မတောင်းပန် ဘဲနဲ့ အကြောင်း တိုက်ဆိုင်လို့ ဟောတဲ့ တရားလဲရှိတယ် (မှန်လှပါ ဘုရား)။

ဘုရားကသိစေလို၍ ဟောတော်မူသည်

မတောင်းပန်ဘဲနဲ့ အကြောင်းတိုက်ဆိုင်လို့ ဟောတဲ့ တရားလဲရှိတယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။

ယခုဟောမည့်တရားကတော့ ဒီလိုမမှတ်ပါနဲ့တဲ့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် ဒီအကြောင်းက ပါ တိုက်ဆိုင်လို့မဟုတ်ဘူး၊ တောင်းပန်မည့် ပုဂ္ဂိုလ်လဲရှိသည် မဟုတ်ဘူး သက်သက် မဟာကရုဏာတော်ကြီးနဲ့ပဲ နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းပဲ ဟောမယ်ဆိုပြီး ဟောပါတယ်၊ မည်သူ တစ်ဦးတစ်ယောက်မှ တောင်းပန်တာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ရယ်၊ နိဗ္ဗာန်ရောက်ကြောင်းရယ်ဟောမယ်

မည်သည့်အကြောင်းနဲ့မှ ဆက်သွယ်ပြီးသကာလ ဟောရတဲ့တရားမျိုးလည်း မဟုတ်ပါဘူးတဲ့၊ ငါဒီနေ့ ဟောရမည့် တရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်ရယ်၊ နိဗ္ဗာန် ရောက်ကြောင်းရယ်၊ ဒီနှစ်မျိုး ဟောမယ်ကွာလို့ ပြောလိုက် တယ်နော် (မှန်လှပါ ဘုရား)။

ဒီနေ့ ဘာဟောမှာပါလိမ့် (နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက် ကြောင်းဟောမှာပါ ဘုရား)၊ နိဗ္ဗာန်ရယ်၊ နိဗ္ဗာန်ရောက်ကြောင်း ရယ်လို့ ဒကာ ဒကာမတွေက နှစ်ခုမှတ်တာပေါ့နော် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်းဆိုတာဘာလဲ

နိဗ္ဗာန် ဆိုတာဘာလဲ၊ နိဗ္ဗာန်ရောက်ကြောင်းဆိုတာ ဘာလဲဆိုတဲ့ဥစ္စာကို ကိုယ်တော် မြတ်ကြီးသည် အရေးတကြီး သိစေလိုတဲ့ ဆန္ဒပြင်းပြပြီး သကာလ ဒကာကြွယ် ဒကာသစ် တို့ ဟောနေတယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။

“နိဗ္ဗာနဉ္စဘိက္ခဝေ ဒေသေဿာမိ နိဗ္ဗာနဂါမိဉ္စ မဂ္ဂံ”

ဘိက္ခဝေ-ရဟန်းတို့၊ အဟံ-ငါဘုရားသည်၊ နိဗ္ဗာနဉ္စ- နိဗ္ဗာန်ကိုလည်း၊ ဒေသေဿာမိ- ဟောအံ့၊ နိဗ္ဗာနဂါမိမဂ္ဂံ -နိဗ္ဗာန်သို့ရောက်တဲ့ လမ်းခရီးကိုလည်း၊ ဒေသေဿာမိ -ဟောအံ့။

နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်စေတဲ့ လမ်းကိုတော့ကွာ ရှင်းရှင်း လင်းလင်း ငါယနေ့ မင်းတို့ကိုပြမယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ အလိုရှိတာက နိဗ္ဗာန်၊ အဲဒီ အလိုရှိတဲ့ နိဗ္ဗာန်ကို ဒကာ ဒကာမတို့ လမ်းမပြလို့ ရှိရင်လဲ မသွားတတ ်သောကြောင့် “နိဗ္ဗာန ဂါမိဉ္စ မဂ္ဂံ” ဆိုပြီး နိဗ္ဗာန်သို့ ရောက်တဲ့ခရီးကိုလဲ ငါ သေသေချာချာ ဟောမယ်လို့ ပြောတယ်နော် (မှန်လှပါ)။

‘‘ကတမဉ္စ ဘိက္ခဝေ နိဗ္ဗာနံ၊ ယော ခေါ ဘိက္ခု

ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော။’’

ဪ နိဗ္ဗာန်ဆိုတာ မင်းတို့ တခြားမှတ်မနေပါနဲ့ ကွာတဲ့၊ မင်းတို့ ခန္ဓာမှာရှိတဲ့ ရာဂ၊ ဒေါသ၊ မောဟကုန်လို့ ရှိရင် နိဗ္ဗာန်ပါပဲ (မှန်လှပါ ဘုရား)၊ ရာဂ၊ ဒေါသ၊ မောဟ ကုန်လို့ရှိရင် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟကုန်တော

အဲဒီတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ တခြားလား အောက်မေ့နေတယ်တဲ့၊ ရာဂ၊ မောဟ၊ ဒေါသကုန်တာကို နိဗ္ဗာန်လို့ခေါ်တယ် (မှန်လှပါ)၊ ရာဂ၊ ဒေါသ၊ မောဟကုန်တာကို (နိဗ္ဗာန်လို့ ခေါ်ပါတယ် ဘုရား)။

၁။ ရာဂဆိုတာ နှစ်သက်မှု

၂။ ဒေါသဆိုတာ ပြစ်မှားမှု

၃။ မောဟဆိုတာ မသိမှု (မှန်လှပါ ဘုရား)၊

ဤအမှု သုံးခု တပ်နှစ်သက်မှု၊ ပြစ်မှားမှု၊ မသိမှု (မှန်ပါ့)၊ ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား)၊ တပ်နှစ်သက်မှု ရယ်၊ ပြစ်မှားမှုရယ်၊ မသိမှုရယ် ဒီသုံးခုလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်စမ်း ပါနော် (မှန်လှပါ ဘုရား)။

အာရုံတွေ တပ်နှစ်သက်မှုကို ရာဂလို့ ခေါ်တယ် (မှန်ပါ့)၊ အာရုံတွေတွေ့တဲ့ အခါကျလို့ရှိရင် ပြစ်မှားမှုကို စိတ်တွေ ဘာတွေ မခံ သာမှု ပေါ်ပေါ် လာတာသည် ဒေါသလို့ ခေါ်ပါတယ် (မှန်ပါ့)။

အာရုံတွေ တွေ့တိုင်း တွေ့တိုင်း အနိစ္စလည်းမသိ၊ ဒုက္ခလည်းမသိ၊ အနတ္တလည်းမသိ၊ ဒုက္ခသစ္စာလည်းမသိ၊ အာရုံတွေဟူသ၍ကလည်း နိဗ္ဗာန်မှတစ်ပါး ကျန်းတာ့တွေက ဒုက္ခသစ္စာချည့်ပဲ (မှန်လှပါ ဘုရား)။

အဲဒါတွေ မသိမှုဟာလည်းတဲ့ မောဟလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ အဲ့ဒီ မသိမှုတွေ ကုန်တာသည် နိဗ္ဗာန် (မှန်လှပါ ဘုရား)၊ မသိမှု ကုန်အောင်လုပ်နိုင်လို့ရှိရင်ဖြင့် (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲလို့ ကာ ဒကာမတွေက မှတ်ထား ရမယ်နော် (မှန်လှပါ ဘုရား။)

ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းကတော့ ဘာတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် “ကတမဉ္စဘိက္ခဝေ နိဗ္ဗနဂါမိဉ္စ မဂ္ဂေါ’’ဆိုတော့ သမ္မာဒိဋ္ဌိ (မှန်လှပါ ဘုရား)။

သမ္မာက- မှန်ကန်တာ၊ ဒိဋ္ဌိက- မြင်တာပေါ့ (မှန်လှပါ ဘုရား) အမှန်အကန်မြင်လို့ရှိရင် နိဗ္ဗာန် ရောက်ကြောင်းပါပဲ ကွာ (မှန်လှပါ ဘုရား)။

အနိစ္စကို အမှန်အကန်မြင်၊ ဒုက္ခကို အမှန်အကန်မြင်၊ အနတ္တကို အမှန်အကန်မြင်လို့ရှိရင်ဖြင့် ဒုက္ခသစ္စာကို အမှန် အကန်မြင်လို့ရှိရင် အဲ့ဒါနိဗ္ဗာန် ရောက်ကြောင်းပါပဲကွာ (မှန်လှပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းက ဒကာ ဒကာမတို့မှတ် တာပေါ အမှန်အကန်မြင်မှုက နိဗ္ဗာန်ရောက်ကြောင်း (မှန်လှပါ ဘုရား)၊ အမှန်အကန်မြင်လို့ ဒီတရားအပေါ်၌၊ မြင်တဲ့ တရားအပေါ်၌ ရာဂ၊ ဒေါသ၊ မောဟတို့နဲ့ တပ်နှစ်သက်မှု ပြစ်မှားမှု။ မသိမှုတွေ ကုန်သွားလို့ရှိရင် နိဗ္ဗာန် (မှန်လှပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟကုန်တာလို့ ဒကာကြွယ်က မှတ်လိုက် (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် ရောက်ကြောင်းက အမှန်အကန်သိတဲ့ သမ္မာဒိဋ္ဌိလို့ မှတ်လိုက် (မှန်လှပါ ဘုရား)၊

သံယုတ်ပါဠိတော်ကြီးမှာ ဒီလိုလာပြီး သကာလနေ တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် ဒကာ ဒကာမတို့ မည်သူ့ကိုမှ အကြောင်းပြုပြီး ဟောတာမဟုတ်ပါဘူး။ နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းကိုဖြင့် သိစေလိုသောကြောင့် ဟောတယ် လို့ သေသေချာချာ ဦးလှဘူး- မှတ်ရလိမ့်မယ် (မှန်လှပါ ဘု ရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘာတွေဟောနေ တယ်ဆိုတာ ဒီနေ့ သိရောပေါ့ဗျာ (သိပါတယ် ဘုရား)၊ ဒကာကြွယ် ဘယ်နှစ်မျိုးဟောပါလိမ့် (နှစ်မျိုးဟောပါတယ် ဘုရား)၊ ဘာပါလိမ့် ဒကာ ဒကာမတို့ (နိဗ္ဗာန်နဲ့ နိဗ္ဗာန် ရောက်ကြောင်းပါ ဘုရား) နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းကိုပဲ ဒကာသစ်- ဟောတယ်နော် (မှန်လှပါ)၊ ဒါဖြင့် လိုရင်းနှစ်ခု ဒီနေ့ ဟောတဲ့နေ့ပဲဆိုတာလည်း ဒကာကြွယ် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိက နိဗ္ဗာန်ရောက်ကြောင်း

အဲ့ဒီတော့ ပဋိစ္စသမုပ္ပါဒ်မပြမီ ဒကာ ဒကာမတွေ ရာဂ, ဒေါသ, မောဟကုန်တာ ဘာခေါ် ကြမယ် (နိဗ္ဗာန်လို့ခေါ် ပါတယ် ဘုရား)၊ နိဗ္ဗာန်ရောက်ကြောင်းဆိုတဲ့ အမှန်အကန်မြင် တဲ့သိတဲ့ သမ္မာဒိဋ္ဌိ (မှန်လှပါ ဘုရား)၊ အမှန်အကန်မြင်-သိ တဲ့ (သမ္မာဒိဋ္ဌိပါ ဘုရား)၊ အဲ့ဒီ သမ္မာဒိဋ္ဌိက ဘာပါလိမ့် (နိဗ္ဗာန်ရောက်ကြောင်းပါ ဘုရား)။

အားလုံး, ဒကာ ဒကာမတွေ ဪ -နိဗ္ဗာန်ဆိုတာ ရာဂ, ဒေါသ, မောဟ ကုန်တာ နိဗ္ဗာန်လို့ ခေါ်တယ် (မှန်လှပါ)၊ နိဗ္ဗာန်ရောက်ကြောင်း ဆိုတာ အနိစ္စ, ဒုက္ခ, အနတ္တ ဒုက္ခသစ္စာကို အမှန်အကန် သိတဲ့ သမ္မာဒိဋ္ဌိကို နိဗ္ဗာန်ရောက်ကြောင်းလို့ဆို တယ်လို့ ဒကာသစ်- သေသေချာချာမှတ်ထား (မှန်လှပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့်ဒကာ ဒကာမတို့ နိဗ္ဗာန်လည်းသိပြီ နိဗ္ဗာန်ရောက်ကြောင်းလည်းသိပြီ (မှန်လှပါ ဘုရား)၊ ဒါထက် မြတ်တဲ့ပုဂ္ဂိုလ်တွေကျလို့ရှိရင်ဖြင့် ကြော်-ဒါနှစ်လုံးနဲ့ပဲကျင့်ကြံပြီး သွားဖို့ပါပဲ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် နှစ်မျိုး

ဒီမှာတော့ ဒကာ ဒကာမတို့ ဘုန်းကြီး နေ့တိုင်းဟော ပြီး သကာလ နေတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးဟာက ဘာတုံးလို့ မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ် ဒေသနာက နှစ်မျိုးရှိတယ် (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် သည် နှစ်မျိုးရှိတယ် (မှန်လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ဒေသနာ တော်သည် နှစ်မျိုးရှိတယ်လို့ ဒကာ ဒကာမတွေက မှတ်ထားပါ နော် (မှန်လှပါ ဘုရား)။

ခန္ဓာဖြစ်ကြောင်းပဋိစ္စသမုပ္ပါဒ်

အကြောင်းတွေနဲ့ အကျိုးတွေ ဆက်-ဆက် နေလို့ရှိရင် ဖြင့် ဒါဟာဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား) အကြောင်း အကျိုးတွေ ဆက်နေရင်တော့ (ဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။

အကြောင်းအကျိုး ပြတ်သွားလို့ရှိရင် ချုပ်ကြောင်း နိဗ္ဗာန် (မှန်လှပါ ဘုရား) ချုပ်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်လှပါ ဘုရား) အကြောင်းအကျိုးတွေ ဆက်နေသရွေ့ ကာလပတ်လုံးဖြင့် ဒကာကြွယ်ရေ – ဒါဝဋ်လည်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်လှပါ ဘုရား) ဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ်လို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား) ခန္ဓာ ဖြစ်ကြောင်းပေါ့ဗျာ (မှန်လှပါ)။

ခန္ဓာချုပ်ကြောင်း ပဋိစ္စသမုပ္ပါဒ်

အကြောင်းအကျိုးတွေ ချုပ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကတော့ဖြင့် တဲ့ ဒါ ခန္ဓာချုပ်ကြောင်း ပဋိစ္စသမုပ္ပါဒ်လို့ မှတ်ပါ (မှန်လှပါ ဘုရား) အကြောင်းအကျိုးတွေ ဖြစ်နေတာက ခန္ဓာဖြစ်ကြောင်း ပဋိစ္စသမုပ္ပါဒ် (မှန်လှပါ ဘုရား)။

အကြောင်းအကျိုးတွေ ချုပ်သွားတာက ခန္ဓာချုပ် ကြောင်း ပဋိစ္စသမုပ္ပါဒ် (မှန်လှပါ ဘုရား) ရှင်းသွားပလား၊ (ရှင်း သွားပါပြီ) အဲဒီတော့ ဒီ ပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတွေ ယနေ့ပြရမယ်နော် (မှန်လှပါ)။ – နိဗ္ဗာန်ဆိုတာ ဘာနဲ့တွဲရမယ် (မှန်လှပါ) နိဗ္ဗာန်ဆိုတာ ဘာတုံး-လို့မေးတော့ ဒကာ ဒကာမတွေကို ခုနင်က သင်ထား တယ် (မှန်ပါ့ ဘုရား) ရာဂကုန်တာ ဒေါသကုန်တာ၊ မောဟ ကုန်တာ ဘာခေါ်ကြမယ် (နိဗ္ဗာန်လို့ ခေါ်ပါတယ် ဘုရား)။

ဪ- ဒါဖြင့် နိဗ္ဗာန်ဆိုတာ ရာဂ, ဒေါသ, မောဟ ကုန်တာကို နိဗ္ဗာန်လို့ခေါ်ပါတယ်၊ နိဗ္ဗာန် ရောက်ကြောင်း ဆိုတာ က သမ္မာဒိဋ္ဌိကိုဆိုတယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန်ဆိုတာက ဘာတဲ့ (ရာဂ, ဒေါသ, မောဟ ကုန်တာပါ ဘုရား) ရာဂ, ဒေါသ, မောဟ ကုန်တာကို နိဗ္ဗာန်လို့ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ နိဗ္ဗာန်ရောက်ကြောင်းကတော့ ရာဂ, ဒေါသ, မောဟကို ကုန်အောင် အမှန်အကန်မြင်တဲ့ သမ္မာဒိဋ္ဌိကို ဆိုပါတယ် (မှန်ပါ့ ဘုရား) ဒါဖြင့် ဒကာကြွယ် နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက် ကြောင်း ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဒုက္ခရောက်ကြောင်း

ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြီး ဆက်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒုက္ခရောက် ကြောင်းလို့ မှတ်လိုက်စမ်းပါ၊ (မှန် လှပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် ပျောက်သွားလို့ရှိရင်ဖြင့် နိဗ္ဗာန် ရောက်ကြောင်းလို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)

ဒီနှစ်တွဲကနော် ပဋိစ္စသမုပ္ပါဒ်ဆက်နေရင် ဒုက္ခရောက်ကြောင်း ရှင်းပလား (ရှင်း ပါပြီ) ပဋိစ္စသမုပ္ပါဒ် ပျောက်သွားလို့ရှိရင် နိဗ္ဗာန်ရောက်ကြောင်း (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် ဆက်နေရင် (ဒုက္ခ ရောက်ကြောင်းပါ ဘုရား) ဒုက္ခရောက်ကြောင်းမှတ်လိုက်နော် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း

ပဋိစ္စသမုပ္ပါဒ် ပြတ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်များကျ တော့ နိဗ္ဗာန်ရောက်ကြောင်း (မှန်လှပါ) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် မပါခဲ့သော် ဒကာ ဒကာမတို့ နားမလည်ခဲ့သော် နိဗ္ဗာန်ရောက်ကြောင်းလည်း သိကြမယ် မဟုတ်ဘူး (မှန်ပါ့ ဘုရား) ဒုက္ခရောက် ကြောင်းလည်း သိမယ်မဟုတ်ပါဘူး၊ နိဗ္ဗာန် ရောက်ကြောင်းလည်း သိမယ်မဟုတ် ပါဘူး ဒကာကြွယ်ရာ (မှန်ပါ့)။

ဒါဖြင့် တရားဓမ္မဟောကြားညွှန်ပြ ဆုံးမတဲ့ ဆရာသမား တွေမှာ ဒီပဋိစ္စသမုပ္ပါဒ်ကို လက်ကိုင် မထားလို့ရှိရင် ဒကာ ဒကာမ တို့သည် ဒုက္ခရောက်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း သိကြမယ် မဟုတ်ပါဘူး (မသိပါ ဘုရား) မသိနိုင်ဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတွေ က ကြည့်ပါ (မှန်လှပါ ဘုရား) နိဗ္ဗာန် နိဗ္ဗာန် ဆိုတာသည် ဒကာ ဒကာမတို့ ရာဂ, ဒေါသ, မောဟကုန်တာ နိဗ္ဗာန်လို့ ခေါ်တယ် နော် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်မှာကြည့်

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်မှာ ကြည့် တာပေါ့၊ ပေါ်လာပါလိမ့်မယ်နော် (မှန်ပါ့) ၂-နံပါတ်မှာ သေသေချာချာကြည့်ပါနော်၊ ၂-နံပါတ်ဟာ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ၁-နံပါတ် တည်းဟူသော သမုဒယသစ္စာကြောင့် ၂-နံပါတ်ဒုက္ခသစ္စာဖြစ်ရတယ် (မှန်လှပါ ဘုရား)။

၁-နံပါတ်တည်းဟူသော သမုဒယသစ္စာကြောင့်၊ (၂- နံပါတ် ဒုက္ခသစ္စာဖြစ်ရပါတယ် ဘုရား) ဒါဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဒီအထဲမှာ အဝိဇ္ဇာဆိုတာ လည်း မောဟ၊ သင်္ခါရဆိုတာ စေတနာ၊ တဏှာဆိုတာသည် တဏှာပဲ၊ နှစ်သက်တာ၊ ဥပါဒါန်က စွဲလန်းတာ၊ ဘဝက ကမ္မဘဝတွေ အားထုတ်တာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒုက္ခဖြစ်ကြောင်းတွေဆိုရင် ဒကာကြွယ်-လွဲ ပါ့မလား (မလွဲပါ ဘုရား) ဒါ့ကြောင့် ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား) အင်း-ဒီသမုဒယသစ္စာကလည်း ဒကာ ဒကာမ တို့ ယခု ဒကာ ဒကာမတို့သန္တာန်မှာ ယခုပေါ်တာလား၊ အတိတ် ဘဝက ပေါ်ခဲ့တာလား (အတိတ်ဘဝက ပေါ်ခဲ့တာပါ ဘုရား)။

အတိတ်အကြောင်းငါးပါး

ဒါ့ကြောင့် အတိတ်အကြောင်း ငါးပါးလို့ ပြတယ်(မှန်ပါ့) ဒကာကြွယ် – ဘာတဲ့တုံး၊ (အတိတ်အကြောင်းငါးပါးလို့ပြပါ တယ် ဘုရား) အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝ ဒါ ဘာပါလိမ့်မလဲ (အတိတ်အကြောင်းငါးပါးပါ ဘုရား)။

အတိတ်အကြောင်း ငါးပါး လွန်ခဲ့သော ဘဝတွေက ဒကာ ဒကာမတွေ မှားပြစ်တွေ ငါးခု (မှန်လှပါ) ဘယ်နှစ်ခုပါ လိမ့် (ငါးခုပါ ဘုရား) ဘာအပြစ်တွေပါလိမ့် (မှားပြစ်တွေပါ ဘုရား)။

ဘယ်လိုများ မှားခဲ့ကြပါလိမ့်မတုံးလို့ မေးတဲ့အခါကျ တော့မှ ဒကာကြွယ် သမုဒယသစ္စာတွေ လုပ်ခဲ့ကြတယ် (မှန်လှပါ) ဘယ်လိုမှားခဲ့ပါလိမ့် (သမုဒယသစ္စာတွေ လုပ်ခဲ့ကြပါတယ် ဘုရား) အင်း- ဒကာ ဒကာမတို့ ကျုပ်တို့မှာ မှားပုံသည်ကား လို့ဆိုရင် ဒုက္ခ ဖြစ်ကြောင်းကို လုပ်ခဲ့မိကြတယ် (မှန်လှပါ)။

ကျုပ်တို့မှာ မှားတာဟာ နည်းနည်း မှားတာလား၊ များများ မှားတာလားဆိုတာ ဒီပဋိစ္စသမုပ္ပါဒ်ကို ဘုရားက သေသေချာချာ ပြထားတော့ နည်းနည်းမှားတာ မဟုတ်ပါလား။ ဒို့သည်ကား-ဒုက္ခဖြစ်ကြောင်းတွေ လုပ်ခဲ့ပါကလား (မှန်လှပါ) ဘာတွေလုပ်ခဲ့ကြသလဲ၊ ဒုက္ခဖြစ်ကြောင်းတွေ လုပ်ခဲ့ပါတယ် ဘုရား)။

ဒုက္ခဖြစ်ကြောင်းချည်း လုပ်ခဲ့တဲ့အတွက်တဲ့ အခု လုပ်ခဲ့ တာလား၊ အတိတ်က လုပ်ခဲ့တာလား ဆိုတာ တစ်ခါစဉ်းစားပါဦး (အတိတ်ကလုပ်ခဲ့တာပါ ဘုရား) ဒါကြောင့် အတိတ်အကြောင်း ဒကာ ဒကာမတို့ ငါးပါးဆိုတဲ့ဥစ္စာတွေ့ပါပြီ (တွေ့ပါပြီ ဘုရား)။

သစ္စာလေးပါးမသိတာ အဝိဇ္ဇာ

ကျုပ်တို့နောက်တုန်းက အတိတ်အကြောင်း ငါးပါး တည်း ဟူသော သမုဒယသစ္စာတွေ ကျုပ်တို့ အားထုတ်ခဲ့ကြ တယ် (မှန်လှပါ) အဝိဇ္ဇာ သစ္စာလေးပါး မသိတာလည်း ကျုပ်တို့ နောက်ဘဝကပဲ (မှန်လှပါ)။

ပြုချင်သလိုပြုတဲ့ သင်္ခါရ

ပြုချင်သလိုပြု-တဲ့၊ ကုသိုလ် ပြုပြန်လည်း လူနတ် ဗြဟ္မာ သတ္တဝါဆုတောင်းပြီး ပြုလို့သင်္ခါရ ဖြစ်တယ် (မှန်လှပါ ဘုရား) ပညာဘိသင်္ခါရ ဖြစ်တယ် (မှန်ပါ့) သားရေး သမီးရေး စီးပွားရေး နဲ့ သားမယားများ ဝ,ဖို့ အရေးလုပ်တော့ အကုသိုလ်တွေ လုပ်ပြန် တော့လည်း အပုညာဘိသင်္ခါရ လုပ်ခဲ့ကြတယ် (မှန်လှပါ)၊

ဒါကြောင့် မသိသလို လုပ်ခဲ့ကြတယ်(မှန်ပါ့) မသိတာက အဝိဇ္ဇာ၊ လုပ်ခဲ့ကြတာက (သင်္ခါရပါ ဘုရား) လုပ်ပြီး လုပ်ရုံနဲ့ မပြီး သေးဘူး-တဲ့၊ ခင်ဗျားတို့က လုပ်တာကိုပဲ ကိုယ့်အလုပ် ကိုယ် သာယာတဲ့ တဏှာကလည်း ပါသေးတယ် (ပါ ပါတယ် ဘုရား) ကိုယ့်ဟာကိုယ် စွဲလန်းတဲ့ ဥပါဒါန်ကလည်း (ပါပါတယ် ဘုရား) ကာယကံ ဝစီကံတွေနဲ့လည်း လုပ်ကြသေးတယ် (လုပ်ပါတယ် ဘုရား)။

ဒါကြောင့် အတိတ်က လုပ်ခဲ့တဲ့ ငါးခုဟာ ဒကာ ဒကာမ တို့ သမုဒယသစ္စာပဲ (မှန်လှပါ ဘုရား) အတိတ်က လုပ်ခဲ့တဲ့ ငါးခု ဟာ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာတဲ့ ဒကာ ဒကာမတို့ ဒါကြောင့် အတိတ်အကြောင်း အခြင်းအရာ ငါးပါးလို့ အပေါ်က ဒကာကြွယ် ဆိုင်းဘုတ်ဆွဲထားတယ် (မှန်လှပါ ဘုရား) အတိတ်အကြောင်း ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား) ဒကာကြွယ် ဘာသစ္စာတဲ့ (သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာနော် (မှန်ပါ့)။

ခန္ဓာငါးပါးပေါ်လာတယ်

သမုဒယသစ္စာ ဒကာ ဒကာမတွေက ကြိုးစားခဲ့ကြတော့ စုတေမနေသေလွန်လို့ ၂-နံပါတ် ဒုတိယဘဝ ရောက်တော့မယ် ဆိုတော့ ဘာတွေပေါ်လာသတုံးဆိုတော့ ခုနက ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာဆိုတဲ့ခန္ဓာငါးပါးပေါ်လာ တယ် (မှန်ပါ့ ဘုရား)၊ ၂-နံပါတ်၌ ခန္ဓာငါးပါး ပေါ်လာတယ် (မှန်ပါ့) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါတော့ မရှောင်သာ မလွှဲသာ တွေ့ရလိမ့် မယ် (မှန်ပါ့) မရှောင်သာ မလွှဲသာ တွေ့ရလိမ့်မယ် ဆိုတာ မောင်ဘသော်ကျေနပ်ဖို့ကောင်းပါတယ် (ကျေနပ်ပါတယ် ဘုရား) မိုက်ထားတဲ့ မိုက်ပြစ် သင့်တယ် (မှန်လှပါ) မိုက်ထားတဲ့ (မိုက်ပြစ်သင့်တာပါ ဘုရား)။

မိုက်ထားက သမုဒယသစ္စာ

မိုက်ထားတာက သမုဒယသစ္စာ၊ မိုက်ပြစ်သင့်တာက ဒုက္ခသစ္စာ (မှန်ပါ) မိုက်ထားတာက (သမုဒသစ္စာပါ ဘုရား) မိုက်ပြစ်သင့်တာက (ဒုက္ခသစ္စာပါ ဘုရား) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မိုက်ထားတာက (သမုဒယသစ္စာ ပါ ဘုရား) မိုက်ပြစ်တွေ သင့်ထားတာက (ဒုက္ခသစ္စာပါ ဘုရား)။

ဒီဝိညာဏ်, နာမ်ရုပ်၊ သဠာယတန၊ ဖဿ, ဝေဒနာ, ဒီအတန်းနဲ့ အတူတူပါပဲ (မှန်ပါ့) အဲဒီတော့ ပစ္စုပ္ပန်-ဒုက္ခသစ္စာ တဲ့၊ မိုက်ပြစ်သင့်ထားတော့ ဒကာ ဒကာမတို့ ပစ္စုပ္ပန် အကျိုး တစ်လွှာ (မှန်လှပါ)။

မိုက်ဖြစ်သင့်တာက ဒုက္ခသစ္စာ

ယခု ပစ္စုပ္ပန်ဘဝ ဒကာ ဒကာမတွေ ဘာနဲ့နေသတုံး၊ မေးတော့ မိုက်ပြစ်သင့်တဲ့ ဒုက္ခသစ္စာနဲ့ နေပါတယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ) မိုက်ပြစ်သင့်တဲ့ (ဒုက္ခသစ္စာနဲ့ နေ ရပါတယ် ဘုရား) ဒုက္ခသစ္စာနဲ့ နေရတယ်ဆိုတဲ့ ဥစ္စာသိသွားပြီ (သိသွားပါပြီ ဘုရား)။

ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတွေ မှတ်ပါ၊ ပဋိသန္ဓေ ဝိညာဏ်ဆိုတာလည်း ဒုက္ခသစ္စာပဲ (မှန်ပါ့) ဇာတိဒုက္ခသစ္စာကိုး (မှန်ပါ့) ပဋိသန္ဓေ ဝိညာဏ်ဆိုလို့ရှိရင် (ဒုက္ခသစ္စာပါ ဘုရား)

ဇာတိ-ဒုက္ခသစ္စာပဲ (မှန်လှပါ) ဒီဘက်ဟာတွေက ဇရာ, ဗျာဓိ, ဒုက္ခသစ္စာ ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ခန္ဓာငါးပါး ရထားလို့ ရှိရင် ပဋိသန္ဓေနေမှု၊ အို၊ နာမှု၊ သေမှုဟာ ဒီအထဲမှာပါပြီးသား မနေဘူးလား (နေပါတယ် ဘုရား) ပါပြီးသားနေတော့ခန္ဓာငါးပါးသည် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာခန္ဓာငါးပါး

ဪ ဒကာ ဒကာမတို့ ကံမကောင်း အကြောင်းမသင့် လို့ ရထားတာလား၊ ရှေးအတိတ် ဘဝက မိုက်ခဲ့လို့ မိုက်ပြစ်သင့် တာလား ဆိုတာ အကဲခတ်ကြည့်တာပေါ့ (အတိတ်ဘဝက မိုက်ခဲ့လို့ မိုက်ပြစ်သင့်တာပါ ဘုရား) အတိတ်ဘဝက မိုက်ထားတာနဲ့ ယခုဘဝမှာ ဒုက္ခသစ္စာ-ခန္ဓာငါးပါး၊ ဇာတိ, ဇရာ, မရဏ လည်း ဒီအထဲပါပြီးသားနော် (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ယခုဘာနဲ့ နေကြသတုံး လို့ မေးရင် (ဒုက္ခသစ္စာ – ခန္ဓာငါးပါးနဲ့ နေရပါတယ် ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ) ဦးလှဘူး မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) အင်း-ဟင် ၁-ကအတိတ်ဘဝကမိုက်ခဲ့တာ (မှန်ပါ့)၊ ၂-က ယခုဘဝမှာဖြင့်မရှောင်သာ မလွဲသာ တွေ့ရတဲ့ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ၂-ကို ဘာသစ္စာဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား) သဘောကျပလား (ကျပါပြီ) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ၂-နံပါတ်သည်ကားလို့ဆိုရင် ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် သိထားတော့ ဪ- ဒီဒုက္ခသစ္စာဖြင့် ယခုကိုယ်ပိုင် ကိုယ်ဆိုင် အဖြစ်နဲ့ နေကြရပြီနော် (မှန်လှပါ ဘုရား) ဒီဒုက္ခသစ္စာကြီးတော့ ထားပစ် ခဲ့လို့မဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

အနာပေါက်တယ် ဆိုရင်ဖြင့် ဒီအနာခွာပစ်လို့လည်းမရဘူး (မရပါ ဘုရား) အိုတယ် ဆိုတာ အိုတာနုတ်ပစ်လည်း တစ်ကိုယ်လုံး ပါသွားမှာပဲ (မှန်ပါ့ ဘုရား) နာတယ်ဆိုတာ နာတာ နုတ်ပစ်ရင်လည်း (မရပါ ဘုရား) မရနိုင်တော့ဘူးတဲ့ သေတတ်တဲ့ တရားပါလို့ သေတာ နုတ်ပစ်ရင် လည်း ခန္ဓာပါပြုတ်မှာပဲ (မှန်လှပါ ဘုရား)

ဒကာကြွယ်ရေ ဒါဖြင့် ဒုက္ခသစ္စာ အသုံးမကျတာကြီး ကတော့ ပေါ်နေပြီ (ပေါ် နေပါပြီ ဘုရား) မပေါ်ဘူးလား (ပေါ် ပါတယ် ဘုရား)။

အဲဒါကို ဒကာ ဒကာမတွေက ဪ ဒုက္ခသစ္စာပါကလား ဆိုတာ မသိသေးလို့ရှိရင်ဖြင့်-တဲ့ ဒီခန္ဓာကြီးကို ခင်ဗျားတို့ သည်ကားလို့ ဆိုလို့ရှိရင် ဒုက္ခသစ္စာကို ရောက်တဲ့ ဘဝမှာ မသိလို့ ရှိရင် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ အဝိဇ္ဇာ ပြန်ပေါ်ဦးမှာ ပဲ(ပေါ်ပါမယ် ဘုရား)။

ခန္ဓာကို ဒုက္ခသစ္စာလို့မသိရင်

ရောက်တဲ့ဘဝမှာ ခန္ဓာကို ဒုက္ခသစ္စာ မသိရင် (အဝိဇ္ဇာ ပြန်ပေါ်ဦးမှာပါပဲ ဘုရား) ၎င်းဘဝကြီး ကိုပဲ ရောက်ရာမှာ ဒကာကြွယ်ရေ- ကိုယ့်သားနဲ့၊ ကိုယ့်မယားနဲ့၊ ကိုယ်မသေခင် ကလေး ခပ်ပျော်ပျော် ကလေး နေလိုက်ချင်သေးတာကလည်း ရောက်ရာဘဝ ပျော်တယ်(ပျော်ပါတယ် ဘုရား) ဒါလာပြန်တော့ လည်း တဏှာ လာတယ် (မှန်ပါ့ ဘုရား)။

အင်း ဒုက္ခသစ္စာထဲကနေပြီး ကိုယ့်ဒုက္ခသစ္စာ ကိုယ် မသိတာက အဝိဇ္ဇာ (မှန်ပါ့) ကိုယ့် ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာ လို့ မသိတော့ အရတော်လေစွ ဆိုပြီး သကာလ ပျော်တာက တဏှာ (မှန်ပါ့ ဘုရား)၊ ဒီသား- ဒီမယားတွေနဲ့ ဒီခန္ဓာကြီးနဲ့ မခွဲချင်တာက ဥပါဒါန် (ဥပါဒါန်ပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ ကာယကံ, ဝစီကံတွေနဲ့ ပြုတဲ့ စေတနာတွေ သင်္ခါရတွေ မလာပေ ဘူးလား (လာပါ တယ် ဘုရား)၊ ကာယကံ, ဝစီကံပြုတဲ့ ကမ္မဘဝတွေကော (လာပါတယ် ဘုရား)။

ဪ ဒီ ၂-နံပါတ် ဒုက္ခသစ္စာထဲမှာ ဒကာ ဒကာမတို့ မသိမှုထပ်ပွားပြီး ခင်မင်မှုတွေ တိုးပွား လာတာလည်း၊ ထင်ရှား တယ် (ထင်ရှားတယ် ဘုရား)၊ ဒုက္ခသစ္စာလို့မသိတာက အဝိဇ္ဇာ (မှန်ပါ့)၊ ဒီခန္ဓာကြီး ၂-နံပါတ်ကြီးကိုပင် ခင်မှုပွား တာက တဏှာ (တဏှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီ-ဒုက္ခသစ္စာမျိုးရအောင် အားထုတ်ချင်တာက သင်္ခါရ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒီခန္ဓာကြီးကိုစွဲလန်းနေတာက ဥပါဒါန် (မှန်ပါ့)၊ ဒီခန္ဓာကြီး ကို စွဲလန်းနေတာက ဥပါဒါန် (မှန်ပါ့)၊ ဒီခန္ဓာကြီးကို ကာယကံ, ဝစီကံတွေနဲ့ပြုနေတော့ ကမ္မဘဝ (ကမ္မဘဝပါ ဘုရား)။

သမုဒယသစ္စာပေါက်ပွားလာတယ်

ဪ ဒါဖြင့် ၂-နံပါတ်ထဲမှာ ဒကာ ဒကာမတို့ သမုဒယ သစ္စာ ပေါက်ပွားလာတယ် (ပေါက်ပွား လာပါတယ် ဘုရား)၊ ၂-နံပါတ်ထဲက ဘာတွေပေါက်ပွားသလဲ (သမုဒယသစ္စာတွေ ပေါက်ပွားပါတယ် ဘုရား)၊ ရှင်းပါ- ရှင်းပါ ဒကာ ဒကာမတို့ ပုံစံကြီးကြည့်ပါ။ ဒါ ၂-နံပါတ်ဆိုတာ ပြထားတယ် (မှန်လှ ပါ ဘုရား)။

အဲဒီအထဲမှာ ဒကာ ဒကာမတို့ ကိုယ့်ဒုက္ခသစ္စာကြီး ကိုယ်မသိတာက အဝိဇ္ဇာကလည်း ဒီထဲက ပေါက်ပွားလာတာ (မှန်လှပါ ဘုရား)၊ ဒီခန္ဓာကြီးခင်တဲ့ သမုဒယသစ္စာကလည်း ဒီထဲက ပေါက်ပွားတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီထဲက ပေါက်ပွားတာ ငါးခု ပေါက်ပွားတယ် (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဘယ်နှစ်ခု ပေါက်ပွားသလဲ (ငါးခုပေါက်ပွားပါတယ် ဘုရား)၊ ငါးခုပေါက်ပွားတော့ ဒုက္ခ သစ္စာထဲက သမုဒယ ပေါက်ပွားသဟေ့ (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခသစ္စာထဲက သမုဒယပေါက်ပွား ပါတယ် ဘုရား)။

ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါက်ပွားတယ်လို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဘယ်ထဲက ဘာပေါက်ပွားပါလိမ့် (ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါက်ပွားပါတယ် ဘုရား)။

ဪ- ဘယ်ကာလမှာ ပွားပါလိမ့်မတုံးလို့ ကြည့်လိုက် တဲ့အခါကျတော့ ကိုယ်က ပစ္စုပ္ပန်ကာလ (မှန်ပါ့)၊ ဒီကာလ ထဲမှာပွားတယ် (မှန်ပါ့ ဘုရား)၊ ဒါ့ကြောင့် ဒီ ၃-နံပါတ် မှာ အောက်နား ဖတ်လိုက်တော့ ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးလို့ ပစ္စုပ္ပန်နဲ့ ရေးတယ် (မှန်ပါ့ ဘုရား)။

ပစ္စုပ္ပန်ကာလ

ဒါ-ပစ္စုပ္ပန်ကာလ၊ ဒီထဲကနေပြီး အဝိဇ္ဇာသင်္ခါရ တဏှာ ဥပါဒါန် ဘဝတွေက ဒီအထဲက ပေါ်လာတာ (မှန်လှပါ)။ သဘောကျပလား (ကျပါပြီ)၊ ဒကာ ဒကာမတို့ ၂-ထဲက၊ ၃-ပေါက်ပွား လာတယ် (မှန်ပါ့ ဘုရား)၊ ၂-ထဲက (၃- ပေါက်ပွားပါတယ် ဘုရား)၊ ပစ္စုပ္ပန်ကာလ ထဲက ဒကာ ဒကာမတို့ သမုဒယသစ္စာတွေ ပေါက်ပွားလာပြန်တယ် (မှန်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)။

ပစ္စုပ္ပန်ကာလထဲက (သမုဒယသစ္စာတွေ ပေါက် ပွားလာပါတယ် ဘုရား)၊ ပေါက်ပွားသင့်တယ် ဆိုတာလည်း ဒကာသစ် ယုံဖို့ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။

အခု ဒကာသစ် ခန္ဓာကို ဒကာသစ်တို့ကလည်း ဒိဋ္ဌိသစ္စာလို့ မသိလို့ရှိရင်ဖြင့် ယခုလက်ရှိ ခန္ဓာက ပေါ်လာတဲ့ အဝိဇ္ဇာပဲ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါ တယ် ဘုရား)၊ ကိုယ့်ဘဝ ကလေး ကိုယ်ခင်နေလို့ရှိရင်ဖြင့် ယခု ပစ္စုပ္ပန်ခန္ဓာကြီး ယခုခင်တာပဲ (မှန်ပါ့)၊ တဏှာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒီလောက်ဆိုရင်သိတော့၊ -ဒါဖြင့် ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးပေါ်လာတယ် (ပေါ်လာပါ တယ် ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အင်း ဟင် ဒီပေါ်လာတဲ့ဟာ ဘာသစ္စာဖြစ်မယ် (သမုဒယသစ္စာဖြစ်ပါမယ် ဘုရား)၊ အဲဒါကြောင့် သမုဒယသစ္စာ ၃-နံပါတ်ကို တစ်ခါပြန်ပြတယ် (မှန်လှပါ ဘုရား)။

သူ့ကို မရှင်းမှာစိုးတဲ့အတွက် ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးပြန်ပေါက်ပွားတယ်လို့ ရေးလိုက်တယ် (မှန်လှပါ ဘုရား)၊ တွေ့ကြတယ်မဟုတ်လား (တွေ့ပါတယ် ဘုရား)၊

အင်း ပစ္စုပ္ပန်ခန္ဓာထဲက ပစ္စုပ္ပန်မကောင်းတဲ့ သမုဒယသစ္စာ ဘယ်နှစ်ပါး ပေါက်ပွားလာပါလိမ့် (ငါးပါး ပေါက်ပွားပါ တယ် ဘုရား)၊ ဒကာကြွယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာလို့ မသိတဲ့အချိန်

အဲဒီတော့ အိမ်မှာနေတဲ့ အခါကျတော့ စဉ်းစားကြတာ ပေါ့ (မှန်ပါ့)၊ ဪ ငါသည်ကားလို့ ဆိုရင် ခန္ဓာကြီး ဒုက္ခ သစ္စာရယ်လို့ ငါရှုနေသလား- မရှုဘူးလား (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာလည်း ငါသိနေတဲ့ အချိန်လား- မသိသေးဘူးလားလို့ ကိုယ့်ကိုယ်ကို စဉ်းစား (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာ မသိတဲ့အချိန် သားတွေသမီးတွေ ဆွေတွေ မျိုးတွေနဲ့ အချိန်ကုန်ပြီးသကာလ နေကြတဲ့အခါ ဪ ငါပစ္စုပ္ပန် ယခု ရထားတဲ့ခန္ဓာထဲက အဝိဇ္ဇာဆိုတဲ့ တရားဖြင့် ပေါက်ပွားပေါ့ (မှန်လှပါ ဘုရား)၊ အဝိဇ္ဇာဆိုတဲ့ တရား (ပေါက်ပွားပါ ပြီ ဘုရား)။

ကိုယ့်ခန္ဓာကြီးကို ခလုတ်မထိ, ဆူးမငြိ ခင်ကြတဲ့ဥစ္စာ၊ ယခုခန္ဓာကြီးကို ဒုက္ခသစ္စာမှန်းမသိလို့ ခင်ပြီးနေပြန်လို့ရှိရင်လည်း ဒီ-ခင်လုံးသည် ပစ္စုပ္ပန်ဘဝထဲက ပေါက်ဖွားလာတဲ့ သမုဒယပဲ (မှန်ပါ့)၊ အားထုတ်တာတွေ ဟူသရွေ့ လည်း ထိုအတိုင်းပဲ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာလုပ်ဖြစ်အောင်လုပ်ပါ

ဪ ဒါဖြင့် ဘုန်းကြီးတို့လုပ်ပါ ဒကာ ဒကာမတွေ မှာ သူတော်ကောင်း အလုပ်ဆိုတဲ့ ဝိပဿနာ အလုပ်ကို ဒကာကြွယ်က ခပ်အေးအေးနဲ့ ဖြည်းဖြည်းမှ လုပ်တော့မယ်ဆိုလို့ ရှိရင် ပေါက်ပွားချင်သလောက် ပေါက်ပွားပါစေလို့ ပစ်ထားတာနဲ့ တယ်တူတယ်၊ မတူဘူးလား (တူပါတယ် ဘုရား)၊ ပေါက်ပွား ချင်သလောက် (ပေါက်ပွားပါစေလို့ ပစ်ထားတာနဲ့တူပါ တယ် ဘုရား)။

အဲ ပေါက်ပွားချင် သလောက် ပေါက်ပွားပါစေလို့ ပစ်ထားတာနဲ့တူတော့ ဒကာ ဒကာမတို့ ငါးပါးဟာ ပေါ်လာ မယ် (ပေါ်လာပါမယ် ဘုရား)၊ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ ဒကာသစ်- မလာပေဘူးလား (လာပါတယ် ဘုရား)၊ အင်း ဘယ်ခန္ဓာထဲက ပေါက်ပွားလာတာလဲ ပစ္စုပ္ပန် ခန္ဓာထဲကပါ ဘုရား)။

အဲဒီတော့-ပစ္စုပ္ပန်ခန္ဓာထဲက ပေါက်ပွားပြီး သကာလ လာတဲ့အတွက်တဲ့ ဒကာ ဒကာမတို့ ဒါဟာပစ္စုပ္ပန်အကြောင်း ခြင်းရာငါးပါး နောက်ထပ်ပေါ်လာတယ် (မှန်ပါ့)၊ ဘာသစ္စာ ပေါ်လာသလဲ (သမုဒယသစ္စာပေါ်လာပါတယ် ဘုရား)။ သမုဒယသစ္စာ ပြန်ပေါ်တယ် (မှန်လှပါ ဘုရား)၊ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာသစ္စာတွေ ပြန်ပေါ်ပါလိမ့် (သမုဒယသစ္စာတွေ ပြန်ပေါ်ပါတယ် ဘုရား)။

သမုဒယသစ္စာပြန်ပေါ်တယ် ဒကာ ဒကာမတို့၊ နဂိုအနာမှ မပျောက်သေးဘူး (မှန်ပါ့ ဘုရား)၊ နောက် အနာပေါက်ကြောင်းတွေ ထပ်ပြီး ပေါ်လာတယ် (မှန်ပါ့)၊ နဂို ဒုက္ခသစ္စာ အနာကြီး ပျောက်ပြီးလား (မပျောက် သေးပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာအနာကြီး မပျောက်ခင်က ဒီအနာထဲက မှ ဒကာ ဒကာမတို့ အနာဆိပ်တွေ ပြန်တက်ပြီးသကာလ အင်းဟင်-ကျောက်ပေါက်ပြီးမှ ကျောက်တက်ပြန်ပေါက်သလို ဖြစ် နေတယ် (မှန်လှပါ ဘုရား)။

ကျောက်လည်း မပျောက်သေးဘူး၊ ကျောက်တက် တိုးလာတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်လာတယ် (မှန်လှ ပါ ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ယခုပစ္စုပ္ပန်ထဲက သမုဒယသစ္စာငါးပါးပေါ်လာတယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ပစ္စုပ္ပန် ခန္ဓာထဲက (သမုဒယ သစ္စာငါးပါးပေါ်လာပါတယ် ဘုရား)။

ပစ္စုပ္ပန်အကြောင်းခြင်းရာ

ဪ ဒါဖြင့် ဒီဥစ္စာကို နာမည်ပေးမယ်ဆိုလို့ရှိရင် ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးလည်း ပေးနိုင်ပါတယ် (မှန် ပါ့ ဘုရား)၊ အနာဂတ်အကြောင်း ငါးပါး ပေးလိုက်ရင်လည်း မလွဲ ပါဘူး (မလွဲပါ ဘုရား)၊ အနာဂတ်အကြောင်း ငါးပါးလို့ ပေးလိုက်ရင်ကော (မလွဲပါ ဘုရား)၊ ပေါ်တာတော့ ပစ္စုပ္ပန် ကာလမှာ ပေါ်တာ အမှန်ပဲ (မှန်ပါ့)၊ သို့သော် သူပစ္စုပ္ပန် ကာလမှာ အကျိုးမပေးဘူး (မပေးသေးပါ ဘုရား)။

အနာဂတ်အကြောင်း

အနာဂတ်ကာလမှာ သွားပြီး အကျိုးပေးမယ် ဆိုသောကြောင့် အချို့နေရာမှာ ဒကာ ဒကာမတွေက အနာဂတ် အကြောင်းလို့မှတ်လဲ မလွဲဘူး မှတ်လိုက် (မှန်ပါ့ ဘုရား)၊ ပေါ်တာ ထောက်ရင် ပစ္စုပ္ပန်ခန္ဓာက ပေါ်တယ်၊ သူလုပ်ရမည့်ကိစ္စ ကြည့်လိုက်လို့ရှိရင်ဖြင့် အနာဂတ်မှာ လုပ်မယ် ဆိုတာ မှတ်ထား ပါ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊

အဲဒီတော့ အနာဂတ်အကျိုး ပေါ်မလာပေဘူးလား၊ သေသည်၏ အခြားမဲ့၌ (ပေါ်လာပါတယ် ဘုရား)။

အနာဂတ်ဒုက္ခတွေဆက်တော့မှာ

ဒါကြောင့် ဒီ ၃-နံပါတ်ပြားကလေးက မင်းတို့ပစ္စုပ္ပန် အကြောင်းခြင်းရာတွေ လုပ်လို့ရှိရင်ဖြင့် အနာဂတ်ဒုက္ခတွေနဲ့ ဆက်တော့မှာပဲ ဆိုတဲ့ဥစ္စာ မပြဘူးလား (ပြပါတယ် ဘုရား)၊ မြားကလေးက ဘာပြပါလိမ့် (ပစ္စုပ္ပန်အကြောင်းနဲ့ အနာပတ် ဒုက္ခဆက်မယ် ဆိုတာ ပြပါတယ် ဘုရား)။

အကြောင်းကိုချုပ်အောင်မလုပ်နိုင်ရင်

အနာဂတ်ဒုက္ခသစ္စာနဲ့ဆက်တော့မှာပဲဆိုတဲ့ ဥစ္စာ ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါးကို ဒကာ ဒကာမတွေက ချုပ်အောင် သိမ်းအောင် ငြိမ်းအောင် မလုပ်နိုင်လို့ရှိရင် ဒကာကြွယ် နောက်ထပ်ခန္ဓာဒုက္ခပေါ်မယ် (ပေါ်ပါမယ် ဘုရား)၊ မပေါ်ပေဘူးလား (ပေါ်ပါမယ် ဘုရား)။

နောက်ထပ် ခန္ဓာဒုက္ခသစ္စာ ပေါ်လို့ရှိရင် ဒီဒုက္ခသစ္စာထဲ ကလည်း အရင်လိုပဲ ပွားဦးမှာပဲ (ပါမယ် ဘုရား)၊ ပွားလို့ ရှိရင်ဖြင့် ဆက်လို့ လည်လို့ကို ပြီးနိုင်ကြပါ့မလား (မပြီး နိုင်ပါ ဘုရား)၊ ဒါဖြင့် တောက်လျှောက် လည်တော့မှာပဲ (မှန်ပါ့)၊ မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ လည်ချင်သေးသလား လို့ မေးလို့ရှိရင်ဖြင့် ဘယ်သူမှ မလည်ချင်ဘူး ဆိုတဲ့ဥစ္စာ တစ်ပြိုင် နက် အသံထွက်မယ် (မှန်လှပါ ဘုရား)၊ လည်ချင်သေး သလား မေးရင်း (မလည်ချင်ပါ ဘုရား)၊ မလည်ချင်လို့ ရှိရင် ဖြင့်တဲ့ ဘယ့်နှယ်လုပ်ရမှာတုံးလို့ မေးတဲ့ အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ၂-နဲ့ ၃-မကူးပါစေနဲ့ (မှန်လှပါ ဘုရား)။

၂-နဲ့ ၃-မကူးပါစေနဲ့

ဘာတဲ့တုံး (၂-နဲ့ ၃-မကူးပါစေနဲ့တဲ့ ဘုရား)၊ ၂-နဲ့ ၃ မကူးပါစေနဲ့တဲ့ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) တိုတို ရှင်းရှင်း ဘွင်းဘွင်းပြောရလို့ရှိရင်ဖြင့် ၂-ထဲက ၃-မပေါက် ပွားပါစေနဲ့ (မှန်လှပါ ဘုရား)။

ဘယ်လို မှတ်ကြမယ် (၂-ထဲက ၃-မပေါက်ပွားပါစေ နဲ့ ဘုရား)၊ ဒီစကားဟာ တော်တော် အရေးကြီးတယ် (မှန်လှ ပါ ဘုရား)၊ ၂-ထဲက (၃-မပေါက်ပွားစေနဲ့ ဘုရား)၊ အဲ ၃နံပါတ် ဖြစ်မည့် တရားတွေ မပေါက်ပွားပါစေနဲ့ (မှန်လှပါ)၊ ၂-ထဲက (၃-နံပါတ်ဖြစ်မည့် တရားတွေ မပေါက်ပွားပါစေနဲ့)။

အဲဒီတော့ ၃-နံပါတ်ဖြစ်မည့်တရားပေါက်ပွားလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်အကြောင်း၊ ၃-နံပါတ် ဖြစ်ရမည့် တရားတွေ မပေါက် ပွားလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း (မှန်လှပါ ဘုရား)။

ဒါခန္ဓာချုပ်ကြောင်း

ဒါလေးနှစ်လုံးကို သေသေချာချာ မှတ်ပါ (မှန်လှပါ)။ ၃-ဖြစ်မည့်တရားတွေ မပေါက်ပွားရင်း (ပဋိစ္စသမုပ္ပါဒ် ချုပ်ကြောင်းပါ ဘုရား)၊ ဒါ-ခန္ဓာချုပ်ကြောင်း (မှန်ပါ့ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

အင်း ဟင် ၃-ဖြစ်မည့်တရားတွေ ၂-ထဲက ပေါက်ပွားလာပြန်လို့ရှိရင်ဖြင့် ၄-နံပါတ် ဒုက္ခသစ္စာ ဖြစ်ကြောင်း (မှန်လှပါ ဘုရား)၊ သေချာကြပလား (သေချာပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခုနက စကားနဲ့ ပြန်ပြီးသကာလ ညှိကြပါစို့ (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် ဆိုတာ ဘာပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ရာဂ,ဒေါသ, မောဟ ချုပ်တာပါ ဘုရား)။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်

ရာဂ, ဒေါသ, မောဟ ကုန်တာကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)၊ ဪ-ရာဂ, ဒေါသ, မောဟ ကုန်တာဆိုတာ ၃-နံပါတ်မပေါ်တာပေါ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ၂-ထဲက ၃-မပေါက်ပွားတာပေါ့ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ၂ထဲက ၃-မပေါက် ပွားတာပါ ဘုရား)။

အဲ ၂-ထဲက ၃-မပေါက်ပွားတာသည် ရာဂ, ဒေါသ, မောဟကုန်တော့ကို ဒီဘက်မှာ သမုဒယသစ္စာတွေ သတ်ပြီး သား ဖြစ်သွားတယ် (မှန်ပါ့)၊ ၄-နံပါတ် ဒုက္ခသစ္စာလာသေး ရဲ့လား (မလာပါ ဘုရား)။

ဒုက္ခသမုဒယတို့၏ချုပ်တာနိဗ္ဗာန်

၃-နံပါတ် သမုဒယတွေလည်းချုပ်၊ ၄-နံပါတ် ဒုက္ခတွေ လည်းချုပ်တော့ ဒုက္ခသမုဒယတို့၏ ချုပ်တာ ငြိမ်းတာ သိမ်းတာ နိဗ္ဗာန် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ဆိုတာ ဘာတုံးမေးလို့ရှိ ရင်ဖြင့် ၂-ထဲက ၃-မပေါက်ပွားရင် နိဗ္ဗာန်ပါပဲ (မှန်လှပါ ဘုရား)၊ ၂-ထဲက (၃-မပေါက်ပွားရင် နိဗ္ဗ ဘုရား)။ ဒကာကြွယ် နိဗ္ဗာန်လို့ ထင်ရှားသွားပြီ (မှန်ပင်ရှားပါပြီ)၊ မထင်ရှား သေးဘူးလား (ထင်ရှားပါပြီ ဘုရား)။

အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာ စက်ဝိုင်းကြီးကို ခင်ဗျားတို့ နားလည်အောင်လည်း နေ့တိုင်း ပြုပြီးနေတော့ ဪ သံဝေဂရချင်လည်း သူ့ကြည့်ဖို့ပဲ (မှန်ပါ့)၊ သံသရာ ဖြတ်ချင်ရင်လည်း သူ့ဖြတ်ဖို့ပဲ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ ဒကာသစ် အင်မတန် ရှင်းနေတဲ့ အဓိပ္ပါယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)။

၂-ထဲက ၃-မပေါက်ပွားတာနိဗ္ဗာန်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာတုံး လို့မေးရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ရှုပြီး ဖြေကြလို့ ရှိရင် ၂-ထဲက ၃မပေါက်ပွားတာ နိဗ္ဗာန်ပါပဲ (မှန်လှပါ ဘုရား)၊

ဖြေကြစမ်းပါ ဦး နိဗ္ဗာန်ဆိုတာဘာတုံး (၂-ထဲက ၃-မပေါက်ပွားတာပါ ဘုရား)၊ ၂-ထဲက ၃-မပေါက်ပွားတာပဲ (မှန်ပါ့)၊ ၂-တွင် ရပ်ပြီး လမ်းဆုံးသွားရမယ် (မှန်လှပါ ဘုရား)၊ ၃-နံပါတ်ဆိုတဲ့ဥစ္စာ မပေါ်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (၃- နံပါတ်မပေါ်ဖို့ အရေးကြီးပါတယ်)၊ ၃-နံပါတ် မပေါ်ဖို့ရာ ဒကာသစ် သိပ်အရေးကြီးပါတယ် (ကြီးပါတယ်)၊ ဒကာကြွယ် နိဗ္ဗာန် ပေါ်သွားပြီဗျ (ပေါ်သွားပါပြီ ဘုရား)၊ ၂ထဲက ၃-မပေါ်ရင်ဘာရမယ် (နိဗ္ဗာန်ပါ ဘုရား)၊ သဘောပါ လား (ပါ, ပါပြီ ဘုရား)၊ ၂-ထဲက ၃-ပေါက်ပွားရင် သမုဒယ သစ္စာ (မှန်ပါ့-သမုဒယသစ္စာပါ) ၂-ထဲက ၃-ပေါက်ပွားရင် (သမုဒယသစ္စာပါ ဘုရား)။

အင်း ဟင် ဒါဖြင့် ၃-သမုဒယဆိုရင် ၄-ဒုက္ခက ဖြင့် မလွှဲသာ မရှောင်သာ တွေ့ရမယ် (တွေ့ရပါမယ် ဘုရား) ၄-ဒုက္ခကဖြင့် (မလွှဲမရှောင်သာ တွေ့ရပါမယ် ဘုရား)၊ မလွှဲ မရှောင်သာတွေ့ ရမယ် ဆိုတာ ဒကာ ဒကာမတွေ အတော် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဘုရားကဟောတော်မူတယ်

ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက

“နိဗ္ဗာနဉ္စ-ဘိက္ခဝေ ဒေသေဿာမိ နိဗ္ဗာနဂါမိဉ္စ ပဋိပဒံ၊ ကတမဉ္စ ဘိက္ခဝေ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော ဣဒံ ဝုစ္စတိ ဘိက္ခဝေ နိဗ္ဗာနံ”

လို့ ဟောတဲ့ဥစ္စာ မောင်ဘသော်တို့ ကျေနပ်သွားမလား (ကျေနပ်ပါပြီ ဘုရား)။

အင်း ဒီ ၃-နံပါတ် မလားရင် နိဗ္ဗာန်ဘဲ (မှန်လှပါ)၊ ၃-မလာရင် (နိဗ္ဗာန်ပါ ဘုရား)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ ဒကာကြွယ် သေသေချာချာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ၂-ထဲက ၃-မပေါက်ပွားရင် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်မရတာ ဘယ့်နှယ်ကြောင့်တုံး

ဪ ဒကာ ဒကာမတို့ နိဗ္ဗာန်မရတာ ဘယ့်နှယ် ကြောင့် ပါလိမ့်မတုံးဆိုတော့ ၂-ထဲက ၃-ပေါက်ပွားလို့ (မှန်လှပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ၂-ထဲက (၃ -ပေါက်ပွားလို့ပါ ဘုရား)၊ ၂-ထဲက ၃-ပေါက်ပွားလို့ တဲ့ (မှန်ပါ့ ဘုရား)။

ဪ- ငါ့မှာကံမကောင်း အကြောင်း မသင့်လို့ နိဗ္ဗာန် မရတာလားလို့ ဆိုတော့ ကိုယ့်ကိုယ်ရဲ့ အပြစ်တွေ ကိုယ်ပေါ်ပါ ပြီ (မှန်လှပါ၊) ဒို့က ၂ ထဲက နေ့တိုင်း ၃တွေပေါက်ပွားတာကိုး (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် နိဗ္ဗာန် ဆုတောင်းနေပေမယ့် ၃ပေါက်ပွားရင် မရပါဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဘယ်လို ဆုတောင်း ဆုတောင်း ၃ပေါက်ပွားရင် ၄ သို့ သာသွားရမယ် (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်တော့ မရပါဘူး (မရပါ ဘုရား) ၄သွားရင်လည်း ဒုက္ခသစ္စာပဲရမယ် (မှန်လှပါ ဘုရား)။

ဘာဖြစ်လို့ တုံးလို့ မေးတဲ့အခါ ၃ပေါက်ပွားတာက သမုဒယသစ္စာ တည်ထောင်မိတယ် (မှန်ပါ့)၊ သူ့ကိုတည်ထောင်မိတော့ ၄ ကျတော့ မငြင်းမဆန် ခံရတော့မယ်၊ (ခံရပါမယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန် ရောက်ချင်လို့ရှိရင် နိဗ္ဗာန်ဆိုတာ ဘာတုံးလို့ မသိဘဲနေမှာစိုးလို့ ဘုရားက ရာဂက္ခယော(ပ) နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်လိုက်တော့မှ ဒကာ ဒကာမတို့က ၃ မပေါ်တာကိုပင် ဆိုတာပါကလား၊ (မှန်လှပါ ဘုရား) ဘာမပေါ်တာတုံး (၃ မပေါ်တာဆိုတာပါ ဘုရား) အတော်ကလေးကို သဘောပါသွားပြီ (ပါ, ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒီဥစ္စာ ခင်ဗျားတို့က သူများကိုပြောမယ် ဆိုလဲ ပြောနိုင်ပါတယ် (မှန်ပါ့ ဘုရား) ကိုယ်ကိုယ်တိုင်လဲ ဪ- နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်, မရမည့်ပုဂ္ဂိုလ်ဆိုတာ ကိုယ့်ဟာ ကိုယ်သိတယ် (မှန်ပါ့ ဘုရား)၊ ၂ ထဲမှာ၊ အခု၂-ထဲမှာ နေကြရတာ သေချာပါတယ် (သေချာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ၂ ထဲက ၃-မပေါက် ပွားရအောင် နေနိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ဪ ဒီဘဝဆုံးရင် နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)။

ငါသည်နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်

၂ထဲက ၃ မပေါက်ပွားရင် (နိဗ္ဗာန်ပါ ဘုရား)၊ ငါသည် နိဗ္ဗာန် ရမည့်ပုဂ္ဂိုလ်ပဲ (မှန်ပါ့)၊ ၂ထဲက ၃ပေါက် ပွားခဲ့သည်ရှိသော် ငါသည် ၄ ရောက်မည့်ပုဂ္ဂိုလ် (မှန်လှ ပါ ဘုရား)၊ ၄ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘာဖြစ်လို့ ဒုက္ခသစ္စာဆိုရပါသတုံးလို့ဆိုတော့ ၃ပေါက် ပွားတာက သမုဒယသစ္စာဖြစ်နေတယ် (မှန်ပါ့ ဘုရား)၊ ၃ ပေါက်ပွားတာက (သမုဒယသစ္စာပါ ဘုရား)။

ကြည့်လေ ပစ္စုပ္ပန်အကြောင်းတစ်လွှာ ဆိုပြီး ဒါ သမုဒယသစ္စာ (မှန်ပါ့)၊ ဒီသမုဒယသစ္စာ လုပ်လို့ရှိရင် ဒီဒုက္ခ က တွေ့ရမယ်၊ ဘယ်နည်းနဲ့မှ မတတ်နိုင်ဘူး (မတတ်နိုင် ပါ ဘုရား)၊ ဘယ်နည်းနဲ့မှ မတတ်နိုင်ဘူးဆိုတာ ဒကာသစ် သေချာပါပြီ (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် နိဗ္ဗာန်သိသွားပြီ ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)၊ နောက်က အားလုံး ဒကာ ဒကာမတွေ သိကြ ပလား (သိပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးမေးလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် နဲ့ ပြောစမ်းပါ ဘယ့်နှယ်ပြောကြမယ် (၂ထဲက ၃ မပေါက်ပွားတာပါ ဘုရား) ၂-ထဲက ၃-မပေါက်ပွားလို့ ရှိရင် နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)။

ကြည့်ပါလား ဒီမှာ ရာဂ, ဒေါသ, မောဟတွေ ချုပ်တာ ဒါရာဂတွေပဲ၊ ဒေါသတွေပဲ၊ မောဟတွေပဲ၊ ဒါအဝိဇ္ဇာတွေ (မှန်ပါ့ ဘုရား)၊ နာမည်သာ ပြောင်းတာ အတူတူပဲ (မှန်ပါ့)၊ ၂-ထဲက ၃ ပေါက်ပွားရင် ဘာခေါ်ကြမယ် (နိဗ္ဗာန်ခေါ်ပါ တယ် ဘုရား)။

၂-ပြီးရင် ၃-မလာတာနိဗ္ဗာန်

ဪ နိဗ္ဗာန်ဆိုတာ ၂ထဲက ၃မပေါက်ပွားကာဆို တာပဲ (မှန်လှပါ)၊ ၂-ပြီးရင် ၃-မလာတာ နိဗ္ဗာန် (မှန်လှပါ)၊ ၂-ပြီးရင် (၃မလာတာ နိဗ္ဗာန်ပါ ဘုရား)။

ဪ ဒို့ နိဗ္ဗာန်မရောက်တာ ဘာကြောင့်ပါလိမ့်မလဲလို့ ကိုယ့်ကိုယ်ကို စစ်ဆေးပြန်တော့လဲ ဒို့က ၂ထဲမှာလဲနေပြန် ၃ တွေကလဲ ဗလဗွေထနေပြန်, ကြွနေပြန် ဆိုတော့ ဪ ငါတို့အတွက်ကဖြင့် ဘယ်လို ဆုတောင်းလို့ ဘယ်လိုဆုပေး ပေး၊ ဘယ်လိုပဲ ဘာလုပ်နေနေ မရပါဘူး (မရပါ ဘုရား)၊ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ မချထိုက်ဘူးလား (ချထိုက် ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန်ဆို တာ ရာဂ, ဒေါသ,မောဟ ကုန်တာကို ခေါ်တယ် ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။ ပဋိစ္စသမုပါဒ် အလိုတော့ဘာတဲ့ (၂-ထဲက ၃-မပေါက်ပွားတာပါ ဘုရား) ၂ထဲက၃မပေါက် ပွားဘူးဆိုတော့ ရာဂ, ဒေါသ, မောဟကုန်တာနဲ့ အတူတူပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ပိုင်ပိုင်နိုင်နိုင်သိလျှင်သေပျော်ပြီ

အဲဒီလို ပိုင်ပိုင်နိုင်နိုင် သိလာတော့မှ ဪ နိဗ္ဗာန် ဆို တာသည် တခြားလား အောက်မေ့တယ်။ ၂ထဲက ၃မပေါက်ပွားတော့ နောက်၄နံပါတ် ဒုက္ခမလာဘူး (မှန်လှပါ ဘုရား)၊ အင်း ဒါဖြင့် နိဗ္ဗာန်ဆိုတာ ၃-သမုဒယနဲ့ ၄-ဒုက္ခချုပ်တာ ပါလား (မှန်ပါ့ ဘုရား)၊ ၃-သမုဒယနဲ့ (၄ဒုက္ခ ချုပ်တာပါ ဘုရား)၊ ၄-ဒုက္ခချုပ်တာပဲလို့ ပိုင်ပိုင်နိုင်နိုင် သိရတဲ့အဖြစ် ကလေးဟာ ဒကာကြွယ် သေပျော်ပြီနော် (မှန်လှပါ)။

ကျုပ်တို့က နိဗ္ဗာန်မြို့ကြီး ပြကြီးတွေနဲ့ အမျိုးမျိုးအဖုံဖုံ ထင်ပြီး သကာလ နေငြားသော်လဲ မောင်ဘသော်- အတွေးသာ ဖြစ်တယ် (မှန်လှပါ)။

တိုတိုပြောတော့ ၃-မလာရင် နိဗ္ဗာန်

စင်စစ်တော့ဖြင့် ၃-မပေါက်ပွားလို့ ၄-ဒုက္ခငြိမ်းတာဟာ နိဗ္ဗာန်ပါပဲ (မှန်လှပါ ဘုရား)၊ တိုတို ပြောတော့ ၃မလာရင် လည်း နိဗ္ဗာန်ပဲ (မှန်လှပါ)၊ ၃-မလာကတည်းက ၄ ဘယ်လာတော့ မလဲ (မလာပါ ဘုရား)၊ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

အဲ့ဒါကြောင့် နိဗ္ဗာန်ဆိုတာက “ကတမဉ္စ နိဗ္ဗာနံ၊ ယော ခေါဘိက္ခု ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော” ရာဂ, ဒေါသ, မောဟချုပ်တာ၊ ၃မလာတာပဲဟေ့ (မှန်ပါ့ ဘုရား)။ ဒကာသစ် ကောင်းကောင်း ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဟိုက မပြောတာမှန်းဖြေရမှာပဲ သိတာကတော့ဖြင့် (ကိုယ်က သိပါတယ် ဘုရား)၊ သိတာ ကိုယ့်ဟာကို သိတယ် (မှန်ပါ)။

ဒါဖြင့် ကိုယ့်အသိသူများ မေးရင်အပိုပေါ့ (မှန်လှပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အံမလေး ဒကာ ဒကာမတွေက တပည့်တော်အတွက် စဉ်းစားပေးစမ်းပါဘုရား၊ ဒီဘဝနိဗ္ဗာန် ရမလ်လားလို့ သွားပြီးများ မေးမနေကြနဲ့ (မှန်လှပါ ဘုရား)၊ ကိုယ့်ဟာကိုယ် မေးရင်ပေါ် ပါလိမ့်မယ် (မှန်ပါ့ ဘုရား)၊ သူတစ်ပါး မေးရင် (လွဲပါလိမ့်မယ် ဘုရား) ကိုယ့်ဟာကိုယ်မေးလို့ရှိ ရင် (ပေါ်လာလိမ့်မယ်)။

အဲ ကိုယ့်ဟာကိုယ် မေးလို့ရှိရင် မသွားဘူးကွ ရင်လဲဖြေလိမ့်မယ် (မှန်ပါ)၊ သွားမယ်ကွ ရင်ကော (ဖြေ ပါမယ် ဘုရား)၊ ဖြေမှာပဲဆိုတော့ ဒကာ ဒကာမတို့ ဒါ ဒိဋ္ဌဓမ္မောပဲ (မှန်ပါ့)၊ ကိုယ်တိုင်မြင်တဲ့ တရား (မှန်ပါ့)၊ ရှင်းပလား၊ (ရှင်းပါပြီ) အဲဒီတော့ သန္ဒိဋ္ဌိကောဆိုတာ ဒါပါပဲ (မှန်ပါ့)။

“သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗာ” တဲ့၊ သာမံ- ကိုယ်တိုင်၊ ပဿိတဗ္ဗော- သိပါတယ်ကွာတဲ့ နိဗ္ဗာန်သွားမယ်၊ မသွားဘူး ဆိုတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ကော ကိုယ့်အကြောင်းကိုယ် သိပြီလား (သိပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (သိပါပြီ ဘုရား)၊ တပည့်တော် ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ရောက်မှာလားလို့ ဘယ်သူ့ သွားမေးမလဲ (ကိုယ့်ဟာကို မေးရပါမယ် ဘုရား)၊ ဘာတဲ့တုံး ဒကာ ဒကာမတို့ (ရာဂ၊ ဒေါသ၊ မောဟ ချုပ်တာ နိဗ္ဗာန်ပါ ဘုရား)။

ဒီဘဝနိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်လား

အဲ ရာဂ၊ ဒေါသ၊ မောဟချုပ်တာပဲ နိဗ္ဗာန်ဆိုတာ သိသွားတော့ ဪ တို့ ပဋိစ္စသမုပ္ပါဒ်ထဲ ကြည့်လိုက်တော့ ၂ထဲက ၃မလာတာ ဆိုတာပါကလားဟေ့ (မှန်လှပါ ဘုရား) ဘယ့်နှယ့်တဲ့ (၂ထဲက ၃မလာတာကို ဆိုတာပါ ဘုရား)၊ ၃နံပါတ်ရှိတဲ့တရားတွေ ပေါ်မလာတာ (မှန်ပါ့ ဘုရား)။

အေး ဒီလိုသိထားတော့မှ သော် မိမိသည် ဒီဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်လား၊ မရသေးမည့် ပုဂ္ဂိုလ်လားဆိုတာ ကို ဘယ်ဆရာတော်ကြီး၊ ဘယ်လူပညာရှိမှ သွားမေးမနေပါနဲ့ (မှန်လှပါ)၊ မေးရင် အပိုပဲ၊ ခင်ဗျားတို့ သွားတဲ့ ခရီးစရိတ် ကုန်ရုံပဲ (မှန်ပါ့)။ ကိုယ့်ဟာကိုယ် သိတယ် (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့်ဟာကို သိရပါမယ် ဘုရား)။

ဒကာသစ် ကိုယ့် ဟာကိုယ် သိတယ် ဆိုတာ ယုံပြီလား (ယုံပါပြီ ဘုရား)၊ အခု ဒကာ ဒကာမတွေ နံပါတ် ဘယ်အထဲမှာ ဖြစ်နေကြသတုံး (၂ထဲမှာ ဖြစ်နေပါတယ် ဘုရား)၊ ၂-ထဲမှာနေတုံးပဲ ၃-တွေက သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာတွေ၊ ခန္ဓာခင်တဲ့ တဏှာတွေ၊ မဂ်ဉာဏ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ ခုနကပြောတဲ့ ရာဂ၊ ဒေါသ၊ မောဟတွေ လာမှာပဲ (မှန်ပါ့)။ မလာပေဘူးလား (လာပါမယ် ဘုရား)။

အဲဒီတော့ တပည့်တော်ဘုရား ဒီဘဝနိဗ္ဗာန်များ ရပါ့ မလားလို့ ဆရာတော်ကြီးတွေမေးရင် (မှန်ပါ့)၊ ဟိုက မှန်းဆဖြေလိမ့်မယ် (မှန်ပါ့)၊ သိတာကတော့ ကိုယ်က သိတယ် (မှန်လှပါ ဘုရား)။

ရှုပ်မနေကြနဲ့ ကိုယ့်ဟာကိုယ်မေး

အင်း ကိုယ့်ဟာကိုယ်မေး၊ ရှုပ်မနေကြနဲ့ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ အင်း ဟင် ဘယ်သူ့ကိုမေးကြမယ် (ကိုယ့်ဟာကိုယ် မေးပါမယ် ဘုရား)။

တပည့်တော်များကတော့ ဘုရား-စာကလဲ မတတ် အဲဒီတော့ တပည့်တော်တို့ ဒီဘဝနိဗ္ဗာန် ရောက်နိုင်တဲ့ အခြေ အနေရှိ- မရှိ ပြောကြစမ်းပါလို့ သွားပြီးများ လုပ်မနေနဲ့ (မှန်ပါ့)၊ မလုပ်နဲ့ ဒကာကြွယ်ရေ (မှန်လှပါ)၊ ဟိုက မှန်းဆ ပြောတာ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်တောင်မှ ဒီဟာသိဖို့ မဖြစ်နိုင် ဘူး (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ်ကတော့ ယနေ့ပဋိစ္စသမုပ္ပါဒ် ၂-နဲ့ ၃ကူးမိတယ် (မှန်လှပါ)၊ အင်း ကူးမိရင် မရသေးပါဘူး (မှန်လှပါ)၊ ၂-ကနေ ၃-ကူးမိသကိုး (မှန်လှပါ)၊ မရသေးပါဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူ့မှ မေးမနေနဲ့

ဟာ တပည့်တော် ယနေ့တော့ဖြင့် မကူးပါဘူး ကိုယ်လုပ်နေတဲ့အလုပ်ဟာ မကူးတာချည်းပဲ ဆိုရင်ဖြင့် ဘယ်သူ့မှ မေးမနေနဲ့ ဒကာ ဒကာမတွေ ရမှာ သေချာတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် ဒီစကားဟာ အင်မတန် အဖိုးတန်တဲ့ စကားနော် (မှန်ပါ့ ဘုရား)၊ သူတစ်ပါးကို မေးကြည့်မှ သိရမှာ လား၊ ကိုယ်တိုင်သိရမှာလား (ကိုယ်တိုင်သိရမှာပါ ဘုရား)။

ကိုယ်တိုင် သိရမှာဆိုတဲ့ဥစ္စာ ခင်ဗျားတို့က အရေးကြုံလို့ ရှိရင် ဘယ်ဆရာတော်ကြီး ဘယ်လူပညာရှိ ဘယ်စာအုပ်ကိုမှ မေးကိုမမေးနဲ့ (မှန်လှပါ ဘုရား)။

စာအုပ်ကသိပါ့မလား

မေးချင်လို့ရှိရင်လဲ စာအုပ်ကလဲ သူတစ်ပါးရေးထားတာ နောက်တစ်ခါ မပြင်နိုင်ဘူး (မှန်လှပါ ဘုရား)၊ ပြီးတော့လဲ ဘာမှ မပြောတတ်ဘူး (မှန်လှပါ ဘုရား)။

ဒီတစ်ခါ ရေးထားတာ မှန်ရင်မှန်- မမှန်ရင်နောက်တစ်ခါ မပြင်တတ်ဘူး (မှန်ပါ့ ဘုရား)၊ ဒကာသစ် ပြင်နိုင်ပါ့မလား (မပြင်နိုင်ပါ ဘုရား)၊ မပြင်နိုင်ရင် သူရေးထားတဲ့ အတိုင်း ဖြစ်ရမှာပဲ (မှန်လှပါ ဘုရား)။

နောက်တစ်ခါ သူ့သန္တာန်ပြတ်နေတာကို စာအုပ်သိပါ့ မလား (မသိပါ ဘုရား)။

အဲ မသိတော့ စာအုပ်သွားကြည့်တော့လဲ အမှန် မတွေ (မတွေ့ပါ ဘုရား)၊ လူပညာရှိကြီးတွေ သွားမေးလို့လဲ (အမှန်မတွေ့ရပါ ဘုရား)။

အမှန်တွေ့ရမှာက ဒီ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်နား လည်ပြီးသကာလ အင်း ဟင် ၂-နံပါတ် ဒုက္ခသစ္စာထဲက ၃-နံပါတ် သမုဒယသစ္စာတွေများ ပေါက်ပွားလေရော့သလား၊ မပေါက်ပွားဘူးလား ဒါပဲ အကဲခတ် (မှန်လှပါ ဘုရား)။

၃-မပေါက်ပွားရင်ရမယ်

အကဲခတ်တော့ မပေါက်ပွားဘူးဆိုရင် ရမယ် (မှန်ပါ့)၊ ပေါက်ပွားလို့ရှိရင်ဖြင့် (မရပါ ဘုရား)၊ မရသေးဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ကဲ ဒကာကြွယ် ဘယ်သူ့သွားမေးမလဲ (ကိုယ့် ကိုယ်ကိုယ်မေးရပါမယ် ဘုရား)၊ ဘုရားဆီ သွားမေးရင် ဘုရား သခင် ကိုယ်တော်မြတ်ကြီးက သိတော့သိပါရဲ့၊ သိပင် သိငြားသော်လဲ ဘုန်းကြီး ပြောတဲ့အတိုင်းပဲ အဖြေပေးမှာပဲ (မှန်လှပါ ဘုရား)၊ တခြားအဖြေပေးစရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် အခု ဘုရားသခင်ကိုယ်တော်မြတ်ကြီး က ပုံစံ ၂-ခုပြလိုက်ပါတယ် (မှန်ပါ့)၊ ဘယ်လိုပြလိုက်သတုံး ဆိုတော့ နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း ငါဟောမယ် (မှန်လှပါ ဘုရား)၊ ဒီနေ့ တရားစကတည်းက (မှန်ပါ့ ဘုရား)၊ ဘာဟောမယ်တဲ့ (နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောပါမယ် ဘုရား)။

နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း ငါဟောမယ်လို့ ပြော လိုက်တယ် (မှန်ပါ့ ဘုရား)၊ နိဗ္ဗာန်ဆိုတာ ဟေ့ ရာဂ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းသွားတာကဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)။ အမြင်ပြောစမ်းပါဆိုတော့ ပဋိစ္စသမုပ္ပါဒ်ပြောလိုက် (၂ထဲက ၃-မပေါက်ပွားတာပါ ဘုရား)။

အေး ၂ထဲက ၃တရားတွေမပေါက်ပွားရင် ဒါနိဗ္ဗာန် ပဲ (မှန်ပါ့ ဘုရား)၊ ဟုတ်မှဟုတ်ရဲ့လား ဆိုတော့ ၃မရှိရင် ၄မဖြစ်ဘူး (မဖြစ်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာသိမ်းနိဗ္ဗာန်

ဒါဖြင့် ဒီဘက်က ရာဂ၊ ဒေါသ၊ မောဟချုပ်တာလဲ နိဗ္ဗာန် ပဲ (နိဗ္ဗာန်ပါ ဘုရား)၊ ဒီဘက်က ခန္ဓာသိမ်း တာကော (နိဗ္ဗာန်ပါ ဘုရား)၊ အဲဒီဥစ္စာ တဏှာသိမ်း နိဗ္ဗာန်၊ ခန္ဓာသိမ်း နိဗ္ဗာန် ပေါ်လာတယ်၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ရာဂ၊ ဒေါသ၊ မောဟသိမ်းရင်လဲ (နိဗ္ဗာန်ပါပဲ ဘုရား)၊ ခန္ဓာသိမ်းရင်လဲ (နိဗ္ဗာန်ပါပဲ ဘုရား)၊ ဒါဘယ်သူက ပြောနေသတုံး ခင်ဗျားတို့ကို (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)၊ အေး ပဋိစ္စသမုပ္ပါဒ်က ပြောနေတယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ယခုဘုန်းကြီးများ၊ ဒကာကြီးများက ဒကာ ဒကာမတွေ ကျေးဇူးများ စေချင်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပြီး သိကြပါစေဆိုပြီး ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတွေကို ဒကာသစ် လှူထားတာ (မှန်ပါ့ ဘုရား)။

ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်

သူများဆုံးဖြတ်ချက်ချရင် မှားသည်၊ မှန်သည်ရှိမှာစိုးလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီးသကာလ ကိုယ့်ဟာကိုယ် နိဗ္ဗာန် မရောက်သေးရင် ရောက်အောင်လုပ်ဖို့ကို သူကပဲ ပြတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်မရသေးလို့ရှိရင်လဲ ပဋိစ္စသမုပ္ပါဒ်က မရသေးဘူး ပြောတာပဲ (မှန်လှပါ ဘုရား)၊ ရမယ် ဆိုရင်ကော (ရမယ်ပြောပါတယ် ဘုရား)၊ ၂က ဥမကူးရင်ရမယ် (မှန်ပါ့ ဘုရား)၊ ၃ကူးရင် (မရပါ ဘုရား)။

မရသေးဘူး ဆိုတာ အားလုံး ဒကာ ဒကာမတွေ ကဲ ပဋိစ္စသမုပ္ပါဒ်ဝေတဲ့ ဒကာ ဒကာမတွေ လှူဒါန်းတဲ့ ဒကာ ဒကာမတွေက ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက် ချဖို့ရာ ပေးထားတဲ့ စက်ဝိုင်းတွေပါပဲ (မှန်လှပါ ဘုရား)၊ ဘာပေးထားတာလဲ (ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ဖို့ ပေးထားပါတယ် ဘုရား)။

ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ကြစမ်းပါ

ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချဖို့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်လို ဆုံးဖြတ်ချက် ချမှာပါလိမ့် (ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချရမှာပါ ဘုရား)။

ကဲ ချကြစမ်းပါ ခင်ဗျားတို့ နိဗ္ဗာန်မရသေးတာက ဘယ်ဟာတုံး (ပဋိစ္စသမုပ္ပါဒ် ၂-က ၃ကူးလို့ပါ ဘုရား)၊ ၂ထဲက ၃ပေါက်ပွားလို့ရှိရင် (နိဗ္ဗာန်မရပါ ဘုရား)၊ မရဘူး မရဘူး၊ ၂ထဲက ၃မလာတော့ဘူး (နိဗ္ဗာန်ရပါမယ် ဘုရား)၊ နိဗ္ဗာန်ရမယ် ဒကာကြွယ် (မှန်လှပါ ဘုရား)။

အဲဒါ ဒကာကြွယ် ဆရာတော်၊ သမားတော် မေးချင် သေးသလား (မမေးချင်ပါ ဘုရား)၊ မေးရင် မှန်းဖြေမှာပေါ့ (မှန်ပါ့ ဘုရား)၊ ကိုယ့်ဟာကိုယ်မှ သိရတဲ့ဥစ္စာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ငြင်းနေရင်အပိုပဲ

အဲဒီတော့ ကိုယ့်အိမ်သားချင်း ပြောချင်လဲပဲ ခင်ဗျားတို့ သိပြီ (သိပါပြီ)၊ ကျုပ်ကပဲ နိဗ္ဗာန် အရင် ရောက်မယ် ထင်သလား၊ ဟာ ရှင်က နိဗ္ဗာန်အရင်ရောက်မယ်၊ ကျုပ်က နိဗ္ဗာန်အရင် ရောက်မယ် ငြင်းမနေပါနဲ့ (မှန်လှပါ)၊ ငြင်းနေရင် လဲ အပိုပဲ (မှန်လှပါ ဘုရား)။

ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (ငြင်းမနေကြနဲ့)၊ ဒီ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကို ကိုယ့်ဟာကိုယ် ကြည့်လိုက်တာပေါ့ (မှန်လှပါ ဘုရား)။

မိမိရထားတဲ့ ခန္ဓာက ၂နံပါတ် (မှန်ပါ့)၊ ဒီ ၂နံပါတ် ဆိုတဲ့ ယခုရထားတဲ့ ခန္ဓာကြီးထဲ ၃နံပါတ် ဖြစ်တဲ့ အဝိဇ္ဇာတဏှာ ဥပါဒါန် ကမ္မဘဝတွေ ဒကာသစ် လာမလာ အကဲခတ်ပါ (မလာပါ ဘုရား)၊

မလာလို့ရှိရင်ဖြင့် ယောက်ျားက မလာရင် ယောက်ျားက နိဗ္ဗာန်ရမှာပဲ (မှန်ပါ့)၊ မိန်းမက မလာလို့ရှိရင် လဲ (မိန်းမက နိဗ္ဗာန်ရပါမယ် ဘုရား)၊ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဇွတ်ငြင်းပြီးသကာလ တစ်ယောက် တစ်ယောက် စကားများနေစရာ မလိုပါဘူး၊ လိုသေးသလား (မလိုပါ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်းကသမ္မာဒိဋ္ဌိ

အဲဒီတော့ကိုတဲ့၊ ဒကာ ဒကာမတို့ ၂ထဲက ၃မလာဖို့ အရေးဟာ ဘာတုံးလို့ မေးတဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ကတမောစ ဘိက္ခဝေ နိဗ္ဗာနဂါမိနိ မဂ္ဂေါ” ဆိုတော့ “သမ္မာဒိဋ္ဌိကွ”တဲ့ (မှန်ပါ့ ဘုရား)၊ ဒါပဲ ဟောလိုက် တယ် (မှန်ပါ့)။

နိဗ္ဗာန်ရောက်ကြောင်းက ဘာတဲ့ (သမ္မာဒိဋ္ဌိပါ ဘုရား)၊ နိဗ္ဗာန်ဆိုတာက ရာဂ၊ ဒေါသ၊ မောဟ ချုပ်တာကို နိဗ္ဗာန် ကိုး နိဗ္ဗာန်ရောက်ကြောင်းက (သမ္မာဒိဋ္ဌိပါ ဘုရား)။

အဲ သမ္မာဒိဋ္ဌိက ဟောဒီကြားကို သွင်းနိုင်မှ ဒီအစပ် ကလေးကို ဖြတ်နိုင်မှာပါ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ၂နဲ့ ၃နဲ့ အစပ်ကလေးကို (ဖြတ်နိုင်မှပါ ဘုရား)။

၂နဲ့ ၃ အစပ်မှာ မဂ္ဂင်ဝင်ရမယ်

အဲဒီနေရာမှာ ဘာဝင်ရမှာပါလိမ့် (သမ္မာဒိဋ္ဌိ ဝင်ရမှာပါ ဘုရား)၊ အဲ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင် ဝင်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အဲဒီနေရာ သမ္မာဒိဋ္ဌိ မဂ္ဂင်ဝင်တော့ မောင်ဘသော် ၃-ကူးသေးရဲ့လား (မကူးပါ ဘုရား)၊ မကူးရင် ၄-ဖြစ်စရာ (မရှိတော့ပါ ဘုရား)၊ မရှိဘူး ဆိုတာ ဒကာကြွယ် သိပ်သေချာတယ် (သေချာပါတယ် ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေငါဟာ ဒီအဆက်ကလေး ကို ဖြတ်နိုင်၊ မဖြတ်နိုင် ဒါပဲအကဲခတ် (မှန်လှပါ ဘုရား)၊ အဆက်ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ ငါနိဗ္ဗာန်ရမယ် (မှန်ပါ့ ဘုရား)၊ အဆက်မဖြတ် နိုင်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဆက်ဦးမှာပဲ လို့ အောက်မေ့ရမယ် (မှန်လှပါ ဘုရား)၊ အဆက်မဖြတ်နိုင် တဲ့ ပုဂ္ဂိုလ် (ဆက်ဦးမှာပဲ အောက်မေ့ရတယ်)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။

ရမ်းပြီးချီးမွမ်းနေကြတယ်

အဲဒါခင်ဗျားတို့က တချို့မှာ ဘုန်းကြီးတွေ တွေ့လို့ရှိရင် အရှင်ဘုရားများကတော့ နိဗ္ဗာန် သေချာနေပြီ (မှန်ပါ့)၊ ရမ်း ချီးမွမ်းနေကြတယ် (မှန်ပါ့)၊ မယ်သီလရင်တွေ ဝတ်ပြန်လို့ ရှိရင်လည်း ထို့အတူပဲ အင်း သူတို့ကတော့ဖြင့် နိဗ္ဗာန်ကို သွားကြပြီတဲ့ (မှန်ပါ့ ဘုရား)၊ အင်း ရမ်းပြောပြန်ပြီ (မှန်ပါ့ ဘုရား)။

တချို့ သက်ကြီးအိုမတွေ ကျောင်းကန် ဘုရားနဲ့ နေကြ၊ ထိုင်ကြတဲ့ အခါကျလို့ရှိရင် ဒီအဖိုးကြီး အဖွားကြီးတွေကတော့ အသိတရားရတာနဲ့ နိဗ္ဗာန် တစ်လမ်းတည်းကိုး (မှန်လှပါ ဘုရား)၊ ရမ်းများ ပြောနေလိုက်ကြတာ (ပြောပါတယ် ဘုရား)၊ ပြောသာပြောတယ်။ တစ်လုံးမှ မမှန်ဘူး (မှန်လှပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သူ့တို့ဖြင့်နိဗ္ဗာန်သေချာပြီတဲ့

အင်း သားတွေ၊ မြေးတွေပေါလို့ ဆွမ်းတော်အုပ် ထမ်းလို့ မနက်တိုင်းသွားပြီး သူတို့ဖြင့် နိဗ္ဗာန်သေချာနေပြီ (မှန်လှပါ ဘုရား)။

ဘယ့်နှယ် ဘာတွေပြောနေကြတုံးဆိုတဲ့ဥစ္စာ ခင်ဗျားတို့ အကဲခတ်ဖို့ သိပ်ကောင်းတယ် (မှန်လှပါ ဘုရား)၊ အဝတ် အစားနဲ့ဘာမှမဆိုင်ဘူး (မှန်ပါ့)၊ ဆွမ်းတော်အုပ် ထမ်းတာနဲ့ လဲ (မဆိုင်ပါ ဘုရား)၊ မဆိုင်သေးဘူး ဒကာ ဒကာမတွေနော် (မှန်ပါ့)။

သူ့ဝမ်းထဲမှာ ၂-ခန္ဓာ၊ ဒုက္ခသစ္စာထဲက ဒကာ ဒကာမတို့ သည် ၃-နံပါတ်တွေ ပေါ်နေလို့ရှိရင် ဘာသွားလို့ ဘာလုပ်နေနေ ဘာမှ ချီးကို မချီးမွမ်းပါနဲ့ (မှန်လှပါ)၊ ဘာမှမဖြစ်သေးဘူး သာမှတ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာမှမဖြစ်သေးဘူး (မှန်လှပါ) ကိုယ်ကိုယ်တိုင် လဲ သိပြီလေ ဘာမှမဖြစ်သေးဘူး ဆိုတာ (သိပါပြီ ဘုရား)။

သူများ ကြည့်လိုက်ပြန်လို့ရှိရင် ဘာမှမဖြစ်သေးဘူး ဆိုတာ အကဲခတ်နိုင်တာပေါ့ (မှန်ပါ့ ဘုရား)၊ အခုတော့ ခင်ဗျားတို့ဟာက ရမ်းပြီး သကာလ အင်း သူတို့တော့သေချာ ပြီ၊ တို့တော့ ဝေးပါသေးတယ် (မှန်လှပါ ဘုရား)၊ အလကား ပြောနေကြတာ (မှန်ပါ့ ဘုရား)၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ဒီအပြောတွေအကုန်ဖြုတ်

အဲဒီစကားတွေ ယခုအခါ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ကို ရှင်းရှင်းလင်းလင်း တည်ထောင်ပြီး သကာလ ပြလိုက်သဖြင့် ဒီအပြောတွေ အကုန်ဖြုတ် (ဖြုတ်ပါတယ် ဘုရား)။ ဒါတွေးလုံးတွေ (မှန်ပါ့)၊ သိလုံးဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ တွေးလုံးတွေ ပြောနေတာ ဘာမှမဟုတ်

သေးဘူး (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာကြွယ် – ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက် ချပါ။ ၂-နဲ့ ၃-အဆက်ဖြတ်နိုင် မဖြတ်နိုင် (မှန်ပါ့ ဘုရား)၊ဖြတ်နိုင် ရင် (မဂ်ပေါ်ပါပြီ ဘုရား)။

မဂ်ပေါ်အောင် လုပ်ကြပါစို့

ကဲ ဒါဖြင့် မဂ်ပေါ်အောင် လုပ်ကြပါစို့ -တဲ့၊ ဒကာ ဒကာမတို့နော် (မှန်လှပါ ဘုရား)၊ မဂ်ပေါ်အောင် လုပ်မယ် ဆိုတော့ ၂ ခန္ဓာတွေကို ဒကာ ဒကာမ ဝိပဿနာ ရှုရမယ် (မှန်လှပါ ဘုရား) ၂-ထဲပါတဲ့ ခန္ဓာတွေကို (ဝိပဿနာရှုပါမယ် ဘုရား)၊ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)။

အဲဒီ ဒုက္ခသစ္စာကို မြင်အောင်ကြည့် (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာကို (ဒုက္ခသစ္စာလို့မြင်အောင် ကြည့်ရ ပါမယ် ဘုရား)။

ဒါဖြင့် ဝေဒနာ၏ ဖြစ်-ပျက်ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား) သိတာက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။

ဝေဒနာကဖြစ်ပျက် ရှုတာကမဂ်

အေး – ဒီနေရာမှာ သူဖြတ်တယ် (မှန်လှပါ ဘုရား)၊ ဒီ အနီကလေး ဖြတ်ပစ်တယ် (မှန်လှပါ ဘုရား)၊ မဂ္ဂသစ္စာ ဒီနေရာ ပေါ်တယ် (မှန်ပါ ဘုရား)၊ မပေါ်ဘူးလား (ပေါ် ပါတယ် ဘုရား)၊ ပေါ်တော့ ၃-နံပါတ် လာသေးရဲ့ လား (မလာပါ ဘုရား)၊ ၃-သမုဒယ မလာတော့ ၄-ဒုက္ခငြိမ်းတယ် (ငြိမ်းပါတယ် ဘုရား)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဖြစ်, ပျက်၊ ရူတာက မဂ်ဆိုတာ ဒီမဂ်ဟာ သံသရာ ဖြတ်တယ် ဆိုတာ ဟိုနဲ့ ဒီ မကူးပါ ဘူးပြောတာ (မှန်လှပါ ဘုရား)၊ ဒီအစပ်ကလေးပေါ့ဗျာ။ မကူးပါဘူးလို့ သူက သက်သေမခံဘူးလား (ခံပါတယ် ဘုရား)။

ငါဟာ နိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ်

ဒါဖြင့် ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်ဟာ အင်း- ညလည်း လုပ်ကြတယ်၊ နေ့လည်း အားလပ်ခွင့်ကို လုပ်တာပဲ၊ သွားရင်း လာရင်းလည်း သတိထားလို့ ဘုရားရှေ့လည်း ရှုမိပါတယ် ဆိုတော့ ဒါကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ချက် ချလိုက်တာပေါ့ (မှန်ပါ့ဘရား)၊

ဪ -ငါသည် ၃မကူးဘူး (မှန်လှပါ ဘုရား)၊ ငါဟာနိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

နို့ – ဘာဖြစ်လို့တုံး နိဗ္ဗာန်ရောက်ကြောင်း မဂ်က ဒီမှာ ဖြတ်ထားပြီ (မှန်လှပါ ဘုရား) ဖြစ်-ပျက်ရှုတဲ့ မဂ်က ဒီနေ ရာပေါ်ပါတယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ ဒကာ ဒကာမတို့ ၃ နဲ့ ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)၊ မဆက်တော့ရင် ဘယ်သူ့မှ မမေးနေနဲ့ (မှန်ပါ့) ဘယ်သူ့မှ မေးမနေနဲ့၊ ဒီမဂ်အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် နိဗ္ဗာန် ရောက်ကြောင်း သူ့မှာ ကိုယ်ပိုင်ရှိပြီး (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် ရောက်ကြောင်း သမ္မာဒိဋ္ဌိ ရှိပြီ (မှန်ပါ့)။

သမ္မာက-အမှန်အကန်၊ ဒိဋ္ဌိက မြင်တာ ဆိုတော့ အမှန်အကန် ဒုက္ခသစ္စာ သူမြင်တယ်၊ ဒါ ဒုက္ခသစ္စာပဲဟေ့ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

၃-မဆက်အောင်ဖြတ်နိုင်တာမဂ်ပဲ

အဲဒါသမ္မာဒိဋ္ဌိက ဘယ်ကနေ မြင်သတုံး ဆိုတော့ မြား ဖြတ်ပြီး သကာလမြင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ မြားဖြတ်ပြီးသကာလ မြင်လိုက်တော့ကို မဂ္ဂေါ ဆိုတာဘာတုံး၊ ကိလေသေ ဆိန္ဒန္တော (မှန်လှပါ ဘုရား) ဆိုတော့ ၃-မဆက်အောင် ဖြတ်နိုင်တာ မဂ်ပဲ (မှန်ပါ့ ဘုရား)၊ ၃-မဆက်အောင် ဖြတ်နိုင်တာ (မဂ်ပါ ဘုရား)။

ဒကာကြွယ် သိပ်အဖိုးမတန်ဘူးလား (တန်ပါ တယ် ဘုရား)၊ သူများပြောလား၊ ခင်ဗျားတို့ ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ ကိုယ်ထဲမှာ ဒီလိုရှိလို့ ဒါခင်ဗျားတို့ ကိုယ်ထဲ မဂ်ပေါ်တာလဲ ဒီနေရာမှာ ပေါ်တယ်လို့ သိတယ် (မှန်ပါ့) ဒါခင်ဗျားတို့ ကိုယ်တိုင်သိတယ် (သိပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ၂-နံပါတ်တစ်ခုလုံးဟာ ခင်ဗျားတို့ ခန္ဓာကိုယ်လို့ သိပါ (သိပါတယ် ဘုရား)၊ အား ထုတ်တာ သည် ကားလို့ဆိုရင် ခင်ဗျားတို့ ကိုယ်ထဲမှာ ခင်ဗျား တို့ဉာဏ်နဲ့ခင်ဗျားတို့၏ နောက်ခန္ဓာဖြတ်နေတယ် (မှန် ပါ ဘုရား)။

နောက်ခန္ဓာဖြစ်ကြောင်းဖြတ်တယ်

နောက်ခန္ဓာ ဖြစ်ကြောင်း (ဖြတ်နေပါတယ် ဘုရား) နောက်ခန္ဓာဖြစ်ကြောင်း ဖြတ်လိုက်သဖြင့် နောက်ခန္ဓာဖြစ်ကျိုး ကော လာသေးရဲ့လား (မလာပါ ဘုရား)။

အဲ့ဒီတော့ ဒကာကြွယ်- တပည့်တော် ဒီဘဝနိဗ္ဗာန် ဘယ့် နှယ်နေသတုံး ဘုရား၊ ဟ-ဒကာကြွယ် ဘယ့်နှယ်နေသတုံး ဆိုတာက ဘုန်းကြီးများက အတွေးပဲ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)၊ အင်း အရှိက ခင်ဗျားတို့ဆီမှာ (မှန်ပါ့)။

အဲ့ဒီတော့ ခင်ဗျားဟာ ခင်ဗျား ဆုံးဖြတ်ချက်ချ။ ကျုပ် က ပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီးတော့ ဖြတ်ပုံ ဖြတ်နည်း နားလည်အောင် ပြောပေးမယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘုန်းကြီးက ဘာပြောပေးမှာတုံး၊ ပဋိစ္စသမုပ္ပါဒ်အဝိုင်း ကြီးဖြတ်ပုံ ဖြတ်နည်း နားလည်အောင် ပြောပေးပါ့မယ်၊ ပဋိစ္စ သမုပ္ပါဒ် အဝိုင်းကြီးထဲမှာ ဆက်ပုံတွေ ဖြတ်ပုံတွေသာ ပြပေးမှာ ပဲ (မှန်ပါ့)၊ ပြပေးလိုက်တဲ့ အခါကျတော့ ဒကာကြွယ်ကနေ ပြီး ၂-ထဲက ဘာတွေကို ဖြစ်ပျက် ရှုနိုင်လို့ ရှိရင်ဖြင့် ၃-နဲ့ မဆက်မိတော့ဘူး (မှန်ပါ့ ဘုရား)၊ ဆက်မိသေးရဲ့လား – (မဆက်မိပါ ဘုရား)။

မဆက်မိရင် အိပ်သာနေတော့စိတ်ချတော့

မဆက်မိရင် ဒကာကြွယ် အိပ်သာနေတော့ စိတ်ချတော့ ခင်ဗျားဆက်မှမဆက်ပဲ၊ ခင်ဗျားမှာ သမုဒယသစ္စာ ချုပ်ပြီ (မှန်လှပါ)၊ ဒုက္ခသစ္စာဆိုတာ မလာတော့ဘူး၊ ဒုက္ခငြိမ်းနိဗ္ဗာန် ပဲ၊ သမုဒယ သိမ်းရင် နိဗ္ဗာန်ပဲ (မှန်လှပါ ဘုရား)။

ဒါသူများက ပြောရမှာလား ဒကာသစ်ရ၊ ကိုယ့်ဟာ ကိုယ် သိတာလား (ကိုယ့်ဟာကိုယ် သိတာပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ နေ့ကောင်းလား၊ နေ့မကောင်းဘူးလား ဆိုတာလည်း ခင်ဗျားတို့ ဒါဖြတ်တာကို ပြတ်, မပြတ်ကြည့် (မှန်လှပါ ဘုရား)၊

ကိလေသာပြတ်ရင် ရက်ရာဇာ

ဒီနေ့ ရက်ရာဇာ ပြဿဒါးလား ရွေးမနေနဲ့ (မှန် ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ရက်ရာဇာ ပြဿဒါး မရွေးလိုက်ပါနဲ့ (မှန်ပါ့)၊ ဒီနေ့ကိလေသာ ပြတ်ရင် ရက်ရာဇာသာမှတ် (မှန်ပါ)၊ ကိလေသာဆက်ရင် ပြဿဒါးသာ မှတ်ပေတော့ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

ကိလေသာဆက်ယင် (ပြဿဒါးသာ မှတ်ရမယ်)၊ ပြဿဒါးပေါ့ဗျာ ဒီဘက် ဒုက္ခတွေ့ရတော့မှာ သေချာနေပြီ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရက်ရာဇာဖြစ်အောင် လုပ်ရလိမ့်မယ်

ကဲ ဒါဖြင့် ရက်ရာဇာ ဖြစ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့)၊ ဒါဖြင့် “နိဗ္ဗာနဂါမိနိ မဂ္ဂေါ” ကော ပေါ်သွားပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့)။

ကဲဒီနေ့ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု – သာဓု – သာဓု။