256

ဒုက္ခထဲမှာမပျော်ကြပါနဲ့တော့ (ပဋိစ္စသမုပ္ပါဒ်)

အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ် ပုံစံပြတရားတော်

စာအုပ်ခေါင်းစဉ်= ဒုက္ခထဲမှာမပျော်ကြပါနဲ့တော့ (ပဋိစ္စသမုပ္ပါဒ်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

ဒုက္ခထဲမှာမပျော်ကြပါနဲ့တော့

(ပဋိစ္စသမုပ္ပါဒ်)

(၂၃-၁၁-၁၉၆၁)

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ ဒကာမတို့ မိမိခန္ဓာအစဉ် ကြီးတစ်ဘဝနဲ့ တစ်ဘဝ အကြောင်းအကျိုး ဆက်တာလို့ မှတ် လိုက်စမ်းပါ (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာတုံး

ပဋိစ္စသမုပ္ပါဒ်ဆိုတာ မိမိခန္ဓာအစဉ် တစ်ဘဝနဲ့ တစ်ဘဝ အကြောင်းအကျိုး ဆက်စပ်နေတာကို ပြပါတယ် (မှန်ပါ)။

အဲဒီတော့ ပုဂ္ဂိုလ်သတ္တဝါတော့ မဆက်ပါဘူး။ ပရမတ် အကြောင်းအကျိုး ဆက်တယ်လို့ မှတ်ရမယ် (မှန်ပါ)။

ဒါဖြင့် ဒကာကြွယ်တို့ ပဋိစ္စသမုပ္ပါဒ်ကြီး မြင်ရတော့မှ သော် အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်တယ် ဆိုတာသိနေပြီ (မှန်ပါ)။

အကြောင်းကြောင့်အကျိုးဖြစ်တယ်

အတိတ်အကြောင်းကြောင့် (ပစ္စုပ္ပန်အကျိုးဆက်ပါ တယ် ဘုရား)။

အတိတ်ကပြုခဲ့တာတွေလည်း ခန္ဓာတွေပဲ (မှန်ပါ)၊ အဝိဇ္ဇာသင်္ခါရ ဆိုတာ ခန္ဓာမဟုတ်လား (မှန်ပါ)။ အဲဒီခန္ဓာ တွေကြောင့် ပစ္စုပ္ပန်ဘဝမှာ ပဋိသန္ဓေဝိညာဏ်,နာမ်ရုပ်, မျက်စိ, နား, နှာခေါင်း, လျှာ, စိတ်ဆိုတဲ့ သဠာယတန ခြောက်ခုပေါ့ ဗျာ (မှန်ပါ) ဖဿဝေဒနာ ဆိုတဲ့ အကျိုးတရားတွေ ပေါ်မလာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် သတ္တဝါသေလို့ ရှိရင်ဖြင့် သတ္တဝါ မရှိကြောင်း ကို ခင်ဗျားတို့ နဂိုကတည်းက အဝိဇ္ဇာ သင်္ခါရပဲ ရှိတယ် (မှန်ပါ)၊ အဝိဇ္ဇာသင်္ခါရပဲ ရှိတော့ သူက အကြောင်းအကျိုး ဆက်လိုက်တော့ ဝိညာဏ်,နာမ်ရုပ် စသည်မပေါ်လား (ပေါ်လာပါတယ် ဘုရား)။

ငါဘယ်လိုလူစားတုံး

ဝိညာဏ် နာမ်ရုပ်စသည်ပေါ်လာပြီး သကာလ လာတော့ ဪ ဒီဘဝမှာ ဘယ်လို လူစားတုံးလို့ တွေးဖို့လိုသေးသလား (မလိုပါဘူး)၊ ဘာတွေတုံး မေးရင်ဘယ့်နှယ် ဖြေကြပါ မလဲ၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ (မှန်ပါ)။

ဝိညာဏ်ဆိုတာ စိတ်ပေါ့ဗျာ (မှန်ပါ)၊ နာမ်ရုပ်ဆိုတာ ဒကာ ဒကာမတို့ သွားတဲ့နေရာမှာ သွားချင်တာက နာမ်၊ သွားတာက ရုပ် (မှန်ပါ)။

သဠာယတနဆိုတာ မျက်စိက မြင်တဲ့ရုပ်တွေ၊ နားကကြား တဲ့ ရုပ်တွေ (မှန်ပါ)၊ အဲဒါ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်- ဆိုတော့ ငါးခုမရဘူးလား (ရပါတယ်)၊ စိတ် ဆိုတာနဲ့ ပေါင်းလိုက်တော့ ခြောက်ခု မရဘူးလား (ရပါတယ်)။ အဲဒါ သဠာယတန ဆိုတာ သဠာယတန ခြောက်ခုပါပဲ (မှန်ပါ ဘုရား)၊ အကြောင်းနှစ်ခု ကြောင့်အကျိုး ငါးခုပေါ်လာကြတယ်ဆိုတာ ပေါ်ကြပလား (ပေါ်လာပါပြီ)။

အကျိုးငါးခု ဆိုတာက ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲ။ ဝိညာဏ်, နာမ်ရုပ်၊ သဠာယတန၊ ဖဿ, ဝေဒနာဆိုတာ ဒါအကျိုးငါးခု (မှန်ပါ)။

ဘာဖြစ်လို့တုံး မေးတဲ့အခါ ဒီအတိတ်အကြောင်း အဝိဇ္ဇာ သင်္ခါရတွေကို ဒကာ ဒကာမတွေက နောက်ဘဝကပြုလုပ်ခဲ့ ကြတယ် (မှန်ပါ)။

ဘာတွေများရနေသတုံး

နောက်က ဒကာ ဒကာမတွေက ဘာပြုလုပ်ခဲ့ကြပါ လိမ့် (အဝိဇ္ဇာသင်္ခါရ ပြုလုပ်ခဲ့ပါတယ် ဘုရား)၊ အဝိဇ္ဇာ သင်္ခါရတွေ ပြုလုပ်ခဲ့တဲ့အတွက် ယခုဘဝ ဒကာ ဒကာမတွေ ဘာတွေများ ရနေသတုံး ဆိုတာ ယောက်ျား ဖြစ်သလား မိန်းမ ဖြစ်သလား ဆိုတာ သူများ ပြောသံကြားသာမှတ်ပါ (မှန်ပါ)၊ စင်စစ်တော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာတွေ ပေါ်လာတာပဲ ဆိုတာမှတ်ပါ (မှန်ပါ)။

ဒီလို သိလိုက်ရတော့ ဪ အကြောင်းက နှစ်ပါး (မှန်ပါ)၊ ဒီတော့ ဒါဟောရမယ်နော် (မှန်ပါ)၊ အကြောင်းက အဝိဇ္ဇာသင်္ခါရ၊ အကျိုးက ဝိညာဏ် (ဝိညာဏ်,နာမ်ရုပ်,သဠာယတန၊ ဖဿ, ဝေဒနာပါ)၊ ခန္ဓာနဲ့ သွားလိုက်တော့ ခန္ဓာငါးပါးပေါ့ဗျာ (မှန်ပါ)။

အကြောင်းနှစ်ပါးကြောင့်အကျိုးငါးပါး

အကြောင်း နှစ်ပါးကြောင့် အကျိုးငါးပါး ဖြစ်တယ်ဆို တာ ကိုယ့်စာရွက် ကိုယ်ကြည့်လည်း သိပါပြီ (မှန်ပါ)။

အဲ့ဒီတော့ အားလုံး ဒကာ ဒကာမတွေ သော် ဟို ဘဝက ဒီဘဝကူးလာတာလား။ အကြောင်း အကျိုးက အဝိဇ္ဇာသင်္ခါရက ဒီဘက်ကို လိုက်မှလိုက်ရဲ့လား (လိုက်ပါတယ် ဘုရား)၊ ဒီအကြောင်း နှစ်ခုကြောင့် ဒီအကျိုးငါးခု ပေါ်လာတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အကြောင်းနှစ်ခုကြောင့် (အကျိုးငါးခုပေါ်လာပါ တယ် ဘုရား)၊ အကျိုးငါးခုဖြစ်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊

ဒါဖြင့် ဟိုက အကြောင်းနှစ်ခုက ကျေးဇူးပြုလိုက်တော့ ဒီဘဝမှာ အကျိုးငါးခုဆိုတာကြီး ပေါ်ပြီး သကာလ ဒီအကျိုး ငါးခုကို ဒကာ ဒကာမတွေက ယောက်ျားပဲ၊ မိန်းမပဲလို့ ထင်တာ ပါ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် နောက်ဘဝက ဘာတွေများ ပါလာသတုံးလို့ မေးလို့ ရှိရင် ဘာမှမပါလာဘူး (မှန်ပါ)၊ အဝိဇ္ဇာ သင်္ခါရက ကျေးဇူးပြုလိုက်တာနဲ့ ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ် သဠာယတန ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ပေါ်လာတာပဲလို့ မှတ်ပါ (မှန်ပါ)။

အကြောင်းကအဝိဇ္ဇာသင်္ခါရ

နောက်ဘဝအကြောင်းက ဘယ်နှစ်ခုပါလိမ့် (နှစ်ခုပါ ဘုရား)၊ မသိတဲ့အဝိဇ္ဇာ၊ ပြုလုပ်တဲ့ စေတနာ သင်္ခါရ (မှန်ပါ)၊ အဲဒါတွေကြောင့် ဒီမှာ ဆက်စပ်ပြီး သကာလ ယခုဘဝမှာ ပစ္စုပ္ပန် ပေါ့ဗျာ (မှန်ပါ)၊ ခန္ဓာငါးပါးကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဪ ဒီခန္ဓာငါးပါးဟာ အလိုလိုပေါ်တာလား အကြောင်းကြောင့်ပေါ်တာလား (အကြောင်း ကြောင့် ပေါ်တာပါ)။

အကြောင်းကြောင့် ပေါ်တာသိလိုက်တော့ ဒကာ ဒကာမ တွေမှာ နောက်ဘဝကဘာများ လိုက်လာ သေးသတုံး မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (အဝိဇ္ဇာသင်္ခါရပါ ဘုရား)၊ နောက်ဘဝ ကအကြောင်းနဲ့ ယခုဘဝ အကျိုး ဆက်တာပဲရှိတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ပုဂ္ဂိုလ်သတ္တဝါမပါဘူး

နောက်ဘဝအကြောင်းနဲ့ (ယခုဘဝ အကျိုးဆက် တာပဲရှိပါတယ်)၊ အကြောင်းပြုလုပ်လို့ အကျိုးပေါ်လာတာပေါ့ ဗျာ (မှန်ပါ)၊ အကြောင်းပြုလုပ်လို့ အကျိုးပေါ်လာတာ သိတော့မှ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာက ဒီအထဲ ပါကိုမပါဘူး (မပါ ပါဘူး ဘုရား)။

ပြုလုပ်တဲ့ အကြောင်းထဲလည်း ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့ လား (မပါပါဘူး)၊ ပြုလုပ်လို့ပေါ်လာတဲ့ ယခုဘဝ အကျိုးထဲ မှာကော ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့လား (မပါပါဘူး)၊ ဘာတွေသာရှိနေ သတုံးဆိုတော့ အကြောင်းနှစ်ခုက အတိတ်က (မှန်ပါ)။

အကျိုးငါးခုက (ပစ္စုပ္ပန်ပါ ဘုရား)၊ ပစ္စုပ္ပန်ဘဝ၊ ဒါ သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့၊ ဒီဥစ္စာ အရေးကြီးပါ တယ် (မှန်ပါ)။

ငါဘယ်ကလာပါလိမ့်မလဲ

အဲဒီတော့ ဒါတွေ သိထားတော့ကို ငါဘယ်က လာပါ လိမ့်မလဲဆိုတဲ့ သံသယရှိကြသေးရဲ့လား (မရှိပါဘူး)၊ ဒါဖြင့် ဘယ့်နှယ် ဖြစ်လာတာပါလိမ့် (အကြောင်းနှစ်ခုကြောင့် အကျိုးငါးခု ဖြစ်လာတာပါ)။

နောက်ဘဝက အကြောင်းနှစ်ခုကြောင့် ယခုဘဝ အကျိုး ငါးခုဖြစ်တယ် ဆိုတော့ ငါဘယ်ကလာသလဲ ဆိုတဲ့ ဥစ္စာ သံသယ သေမသွားဘူးလား (သေသွားပါတယ် ဘုရား)။

သံသယဆိုတာ စာလိုသုံးတော့ ဝိစိကိစ္ဆာ လို့ ခေါ်ပါ။ တယ် (မှန်ပါ့ ဘုရား)၊ အဲဒီ ဝိစိကိစ္ဆာ သေသွားတယ်လို့မှတ် ပါ (မှန်ပါ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တယ်

အကြောင်း နှစ်ခုထဲမှာလည်း ယောက်ျား မိန်းမပါသေးရဲ့ လား (မပါပါ ဘုရား)၊ အကျိုးငါးခု ထဲမှာကော (မပါ,ပါဘူး ဘုရား)၊ ဒီလိုသိပြန်တော့လည်းတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးဆိုတော့ သက္ကာယဒိဋ္ဌိပြုတ် တယ် (မှန်ပါ)။

ဒါ့ကြောင့် ဒီပဋိစ္စသမုပ္ပါဒ် အဝိုင်းကြီးကို ဒကာ ဒကာမတွေ အင်မတန်နာစေချင်တယ် (မှန်ပါ) ဪ အကြောင်းကြောင့် အကျိုးဖြစ်နေတာ သိတော့ ဝိစိကိစ္ဆာ သေတယ် (မှန်ပါ)။

အကြောင်းထဲမှာလည်း ပုဂ္ဂိုလ်မပါဘူး (မပါပါဘူး)၊ အကျိုးငါးပါးထဲမှာကော (မပါပါဘူး)၊ မပါဘူးတဲ့၊ ခုနက ပြောခဲ့တဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ သာ ပါတော့ တယ်နော် (မှန်ပါ)။

ဒိဋ္ဌိဝိစိကိစ္ဆာဖြုတ်နည်း

အဲဒါတွေ သေသေချာချာ သိသွားတော့ ပုဂ္ဂိုလ်သတ္တဝါ အကြောင်းထဲမှာလည်း မပါ။ အကျိုးထဲမှာလဲ (မပါပါဘူး)၊ ဒါက ဒိဋ္ဌိဖြုတ်လိုက်တာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် အကြောင်းနဲ့ အကျိုးဆက်တာ သိတော့ ဒကာ ဒကာမတို့ ဘာသေသတုံး (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

အကြောင်းထဲမှာလည်း ယောက်ျား-မိန်းမ မပါ၊ အကျိုးထဲ မှာလည်းယောက်ျား, မိန်းမ မပါလို့ သိသဖြင့် ဘာစင်သွား သတုံး (ဒိဋ္ဌိစင်သွားပါတယ် ဘုရား)။

ဒါကလေးဖြင့် ဒီနေ့ ဒကာကြွယ် ဒိဋ္ဌိ ဝိစိကိစ္ဆာ ဖြုတ်နည်း နိဿရည်းမှာဖြင့် အလွန်ပဲ ကျုပ်တို့မှာ ရှင်းနေအောင်ဖြင့် ဒကာကြွယ် ကြိုးစားပါ (မှန်ပါ)။

နောက်က ဒကာ ဒကာမတွေ ထပ်ပြောပါဦးမယ်နော်၊ နောက်ဘဝက အကြောင်းနှစ်ခု ပြုလုပ်ခဲ့တဲ့ အတွက် ဒီဘဝမှာ ဒကာမတို့သန္တာန်မှာဝိညာဏ်,နာမ်ရုပ် သဠာယတန,ဖဿ,ဝေဒနာ တွေပေါ်လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

ငါဘယ်က လာပါလိမ့်မလဲဆိုတဲ့ သံသယရှိသေးရဲ့ လား (မရှိပါဘူး)၊ ဘယ်လိုဖြေရှင်းကြမယ် (ဝိစိကိစ္ဆာ သေသွားပါတယ်)။

အကြောင်းနှစ်ခုကြောင့် (အကျိုးငါးခု ပေါ်ပါတယ် ဘုရား)၊ အကြောင်းနှစ်ခုကြောင့် အကျိုးငါးခုရတယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အကြောင်းနှစ်ခုကြောင့် (အကျိုးငါးခု ရပါတယ် ဘုရား)၊ ငါဘယ်တော့မှ မလာဘူး၊ဒကာ ဒကာမတွေ အခုအကျိုး ငါးခုနဲ့ နေတာပဲ (မှန်ပါ)၊ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။ –

ကောင်းပြီ၊ အကျိုးငါးခုနဲ့ နေတာ သိတော့ ငါဘယ်က လာပါလိမ့်မလဲ ဆိုတဲ့ သံသယလုံးကလေး မောင်ဘသော်တို့ ရှိသေးသလား (မရှိပါဘူး ဘုရား)၊ ဘာသေသွားသတုံး (ဝိစိကိစ္ဆာ သေသွားပါတယ် ဘုရား)၊ ဝိစိကိစ္ဆာ သေရင်လည်း အပါယ်မကျဘူး (မှန်ပါ)။

ဒကာ ဒကာမတို့၊ ဝိစိကိစ္ဆာသေရင် (အပါယ်မကျ ပါဘူး)။

ဒိဋ္ဌိသတ်ပါဦးမယ်

ကဲ ဒါက ဝိစိကိစ္ဆာသတ်နည်းတော့ဖြင့် ရှင်းသွားပြီ။ ဒိဋ္ဌိကလေး သတ်ပါဦးမယ် (မှန်ပါ)၊ ဒိဋ္ဌိ သတ်တဲ့အခါကျ တော့ နောက်ဘဝ အကြောင်းနှစ်ခုထဲမှာလည်း ယောက်ျား မိန်းမပါရဲ့လား (မပါပါဘူး)၊ အဝိဇ္ဇာ သင်္ခါရပဲ (မှန်ပါ)။

ဒီဘဝ စုတေမနေ သေလွန်လို့ ရတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ ထဲမှာကော ဒကာ ဒကာမတို့ ယောက်ျား-မိန်းမပါရဲ့ လား (မပါပါဘူး ဘုရား)၊ အကျိုးထဲ လည်းမပါဘူး၊ အကြောင်း ထဲလည်း (မပါပါဘူး)။

ဒီလိုသိလိုက်တော့ ငါ-သူ ယောက်ျား-မိန်းမ စင်သွား တယ် (မှန်ပါ ဘုရား)၊ ဒါက ဘာဖြုတ် လိုက်တာပါလိမ့် (သက္ကာယ ဖြုတ်လိုက်တာပါ)၊ အေး သက္ကာယဒိဋ္ဌိ ဖြုတ်လိုက်ပါ ပြီနော် (မှန်ပါ)။

အပါယ်သွားတတ်တဲ့တရားပြုတ်ပြီး

ဒါဖြင့် ဒီနေ့တရားနာတာသည် ဒကာ ဒကာမတို့ ၁၅မိနစ် စေ့သွားတော့ အပါယ်သွား စေတတ်တဲ့ တရားနှစ်ခုပြုတ်သွား ပြီ (မှန်ပါ)။

အပါယ် သွားစေတတ်တဲ့ တရားနှစ်ခု (ပြုတ်သွားပါပြီ ဘုရား)၊ ဘာတွေပါလိမ့် (ဝိစိကိစ္ဆာနဲ့ သက္ကာယဒိဋ္ဌိပါ ဘုရား)။

ဒိဋ္ဌိဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတဲ့ သံသယပြုတ် သွားပြီ၊ အဲဒါ အကုသိုလ်တွေပဲ (မှန်ပါ)၊ ဒကာကြွယ် ဒီနှစ်ခု ပြုတ်သွားပြီ (ပြုတ်သွားပါပြီ)၊ သောတာပန် အစစ်မှာလည်း ဒါပြုတ်တာပဲ (မှန်ပါ)၊ ခင်ဗျားတို့ အခုအသိနဲ့ ပြုတ်နေတာလည်း ဒါပြုတ်တာပဲ (မှန်ပါ)။

အလုပ်နဲ့ဖြုတ်ပါဦး

သောတာပန်ကတော့ဖြင့် အမြင်နဲ့ တကွ ဝမ်းထဲမှာ ရှိတဲ့ အနုသယပါ ပြုတ်တယ် (မှန်ပါ)၊ ကျုပ်တို့ကတော့ အသိနဲ့ ပြုတ်နေသေး သောကြောင့် ဝိပဿနာလုပ်ပြီး အလုပ်နဲ့ ဖြုတ် ပါဦးဆိုတာ တိုက်တွန်းတယ် (မှန်လှပါ ဘုရား)။

အသိနဲ့ ကဖြင့် ဒကာ ဒကာမတွေ ယခုပြလာတဲ့ ရက် လည်းတော်တော်ကလေး ကြာလာတော့ ဒကာကြွယ် ရှင်း ပြီ (ရှင်းပါပြီ)၊ အကြောင်းအကျိုးသာ စပ်တယ်ဆိုတာ မသိရ ဘူးလား (သိရပါတယ်)။

ငါဘယ်ကလာတာတုံးဆိုတာ ရှိသေးရဲ့ လား (မရှိပါ ဘူး ဘုရား)၊ ဘာပြုတ်သွားသတုံး (ဝိစိကိစ္ဆာ ပြုတ်သွားပါ တယ်)၊ အကြောင်းထဲမှာလည်း ယောက်ျား-မိန်းမ ပါ မပါ (မပါပါဘူး)။

အကျိုးထဲမှာလည်း ယောက်ျား-မိန်းမ ပါ-မပါ (မပါပါဘူး)ငါ သူတစ်ပါးတွေကော (မပါပါဘူး) ဒီလိုသိလိုက် ပြန်တော့ ဘာတွေပြုတ်သလဲ (သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ်)။

အသိနဲ့ ဒိဋ္ဌိပြုတ်ရင်

ဒါဖြင့် ဒကာသစ်ရေ ဒါသည် အားမထုတ်ဘဲနဲ့ ဘုန်း ကြီးတို့ ဒကာ ဒကာမတွေက ကံမကောင်း အကြောင်းမသင့်လို့ ဆိုပါတော့၊ ဖျတ်ခနဲ ဝေဒနာရပြီး တရားလည်း မနာနိုင်တော့ဘူး သေသွားပြီ၊ ဒါနှစ်ခုတော့ သိသွားရှာတယ်၊ မကြောက်နဲ့ တဲ့၊ အပါယ်တော့မကျဘူး (မှန်ပါ)၊ အပါယ်လေးပါးတော့ လုံးဝ မကျဘူးလို့ မှတ်လိုက်ပါ (မှန်ပါ)။

ဘာဖြစ်လို့ မကျသတုံး ဆိုတော့ သောတာပန်လည်း ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်လို့ မောင်ဘသော် အပါယ် မကျတာ (မှန်ပါ)၊ အခု ဒကာ ဒကာမတွေ အပါယ်မကျတာလည်း ဘာပြုတ်လို့ တုံး (ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်လို့ပါ ဘုရား)။

အေး သူတို့ ကတော့ အကျင့် နဲ့ပြုတ်တာ (မှန်လှပါ)၊ အခုသေသွားတဲ့ ဒကာ ဒကာမတွေက အသေစောတာနဲ့ အသိနဲ့ ပြုတ်တာ (မှန်ပါ)။

တစ်ဘဝ နှစ်ဘဝ အပါယ်မကျဘူး

အသိနဲ့ ပြုတ်တာတောင် တစ်ဘဝ နှစ်ဘဝ အပါယ်မကျ ဘူး (မှန်ပါ)၊ အင်မတန် အားရှိစရာ ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးက အသိနဲ့ပြုတ်အောင် ပြောတော့ ဒကာ ဒကာမတွေက အကျင့်နဲ့ ပြုတ်အောင် တစ်ဆင့်ကြိုးစား ကြဦး (မှန်ပါ)။

အကျင့်နဲ့ပြုတ်အောင် ကြိုးစား

အကျင့်နဲ့ ပြုတ်အောင် (ကြိုးစားရဦးမှာပါ ဘုရား)၊ တစ်ဆင့်တက်ပြီး အားလုံး ဒကာ ဒကာမတွေ ကြိုးစားကြပါဦး ဆိုတဲ့ဥစ္စာ ပြောလိုက်တယ်နော် (မှန်ပါ)။

အသိနဲ့ ပြုတ်ပြီး သကာလ သွားတော့ တစ်ဘဝနှစ်ဘဝပဲ အပါယ်လေးပါးကို မကျမယ် (မှန်ပါ)၊ နောင်ကျတော့ အမေ မှား အမှားနဲ့ တွေ့တော့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြန်လာတယ် (မှန် ပါ ဘုရား)၊ ဆရာမှားတွေနဲ့ တွေ့လည်းပြန်လာတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဝမ်းထဲမှာ လုံးလုံးမရှိရင် သာကောင်းတယ် (မှန်ပါ)၊ လုံးလုံးမရှိအောင်ကျတော့ ဒကာသစ် ဘာနဲ့ဖြတ်ရ မလဲ (အကျင့်နဲ့ ဖြုတ်ရပါမယ်)။

ဘယ်လိုကျင့်ရမှာတုံး

အကျင့်နဲ့ ဖြုတ်ရမယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ဘယ်လိုများ ကျင့်ရမှာ ပါလိမ့်မလဲ ဆိုတဲ့ အမေးပုစ္ဆာ ထွက်လာတယ်နော် (မှန်လှပါ)။

ခင်ဗျားတို့ ဒီငါးပါးထဲက ဖဿ ကလေး ဖြစ်ပျက် မြင်မြင် ဝေဒနာကလေး ဖြစ်ပျက်မြင်မြင် သဠာယတနထဲက စိတ်ဆိုတာ ပါပါတယ်နော် (မှန်ပါ)၊ အဲ ကိုယ့်စိတ်ကိုဖြစ်ပျက်ကြည့်လို့ မြင်လို့ ရှိရင်လည်းအကျင့်နဲ့ ပြုတ်ပါလိမ့်မယ် (မှန်ပါ ဘုရား)။

ဝေဒနာ ရှူလို့ ဖြစ်ပျက်မြင်ရင်လဲ (အကျင့်နဲ့ ပြုတ်ပါ တယ်)၊ အကျင့်နဲ့ ပြုတ်လိမ့်ဦးမယ်နော် (မှန်ပါ)၊ အဲဒီဖြစ် ပျက်သာ ဆုံးရင်ဖြင့် ဒကာသစ်တို့၊ မောင်ဘသော်တို့ ပြုတ်ပြီလို့ အောက်မေ့ (မှန်ပါ ဘုရား)။

အကျင့်နဲ့ပြုတ်ရင်သောတာပန်အစစ်

အစစ်ဖြစ်ပြီး ဘယ်အခါကာလမှ အပါယ်လေးပါးဆိုတာ စိတ်ကူးကို မထည့်နဲ့။ မရောက်ဘူး ဆိုတာ ကိုယ်တိုင် ဆုံးဖြတ် ချက်ချ (မှန်ပါ)။

နို့ အပါယ်လေးပါး မရောက်တော့ ဘယ်မှာနေရမှာ တုံး ဆိုတော့ လူ့ပြည်က နေပြီး သကာလ သောတာပန် တည်၊ ထပ်ကျင့် ဖြစ်ပျက်တွေကို၊ လေးခါလောက် ဖြစ်ပျက်တွေ ထပ် ကျင့်လို့ ဒုက္ခဖြစ်ပျက်တွေ ဆုံးရင် ရဟန္တာဖြစ်တာပဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါတွေ ဒကာ ဒကာမတွေကို ဘုန်းကြီးများက ကျေးဇူး ပြုရတဲ့အတွက် ဒကာကြွယ် သိပ်ဝမ်းမြောက်တယ် (မှန် လှပါ)။

အသိနဲ့ ပြုတ်ရင်စူဠသောတာပန်

အသိနဲ့ ပြုတ်ရင် စူဠသောတာပန် (မှန်ပါ)၊ အကျင့်နဲ့ ပြုတ်ရင် (မဟာသောတာပန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ကုန်သွားဝယ်တဲ့အခါ ကျတော့ အကောင်း ရွေးကြတယ် (မှန်ပါ)၊ ဒီ ထက်ကောင်း မရှိဘူးလားတောင် မေးကြတယ် (မေးကြပါတယ်)၊ မမေးကြ ဘူးလား (မေးကြပါတယ် ဘုရား)။

ဒီမှာလည်း သောတာပန် အငယ်ကလေးလောက်နဲ့ တင်းတိမ်ကြမလားတဲ့၊ အကောင်းစား ဖြစ်တဲ့ သောတာပန်အကြီး ကျအောင် ကြိုးစားကြမလား (အကောင်းစား ဖြစ်တဲ့သောတာပန် အကြီးကျအောင် ကြိုးစားကြပါမယ်)။

ကြိုးစားရမယ်နော်။ အဲဒီတော့ ဒကာ ဒကာမတို့ အကြီး ဖြစ်အောင် ကြိုးစားတော့မယ်ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ နဂိုက ဘုန်းကြီးဟောပြီးသား ဖြစ်တဲ့ခန္ဓာကိုယ်ထဲ ရုပ် ကြိုက်ရင် ရုပ်ဖြစ်ပျက်ရှုပါ (မှန်ပါ)။

ဖြစ်ပျက်မြင်အောင်

ဝေဒနာကြိုက်ရင် (ဝေဒနာ ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ စိတ်ကြိုက်ရင် (စိတ်ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဓမ္မာနုပဿနာ ဆိုတဲ့ ဖြစ်ပျက်ဒုက္ခသစ္စာ တွေချည်း လျှောက်ရှုနေရင် (ဓမ္မာ နုပဿနာ ဖြစ်ပါတယ် ဘုရား)၊ ဓမ္မာနုပဿနာဖြစ်တော့ ဒကာကြွယ် သတိပဋ္ဌာန်လေးပါးတစ်ပါးပါး ကြိုးစားလိုက် (မှန်ပါ)။

တစ်ပါးပါး ကြိုးစားလိုက်ပြီ ဆိုမှဖြင့် ဖြစ်ပျက်ဟာ မြင်လာ လိမ့်မယ် ကိုယ့်ဉာဏ်ထဲပေါ့ဗျာ (မှန်ပါ)၊ နောင်ကျလာတော့ ဒီဖြစ်ပျက် မုန်းတဲ့ဉာဏ် တက်မလာပေဘူးလား (တက်လာ ပါတယ်)။

ဖြစ်ပျက်ဒုက္ခသစ္စာ

နောင်ကျလာတော့ ဒီဖြစ်ပျက်တွေဟာ ဒုက္ခသစ္စာမှန်းသိ မလာပေဘူးလား (သိလာပါတယ်)၊ သိလာလို့ရှိရင် ဒီဖြစ် ပျက်ဒုက္ခသစ္စာ ချုပ်လိမ့်မယ် (မှန်ပါ)၊ ချုပ်သွားတဲ့အခါ ကျတော့ ဒကာကြွယ်က မှတ်လိုက်တာပေါ့၊ ငါသောတာပန် တည်ပြီလို့ (မှန်ပါ)၊ မဟာသောတာပန် ဖြစ်ပြီ (မှန်ပါ)။

ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မဟာသော တာပန် ဖြစ်ပြီးတဲ့ အခြားမဲ့၌ ဘုန်းကြီး ဘာမှ ကူဖို့ မလိုတော့ ဘူး (မှန်ပါ)။

ဘုန်းကြီးဘာမှ ကူဖို့ မလိုဘူး၊ ခင်ဗျားတို့ဟာ ခင်ဗျား တို့ ကိုပဲ သောတာပန်အဖြစ်နဲ့ ပျော်ပြီး သကာလ ငါ အပါယ် မကျလို့ သား၊ လင်၊ ခင်ပွန်းတွေနဲ့ နေစေကာမူလည်း တော်တော် ကလေးကြာတော့ လုပ်ဦးမှပါပဲ ဆိုတာ ဘယ်သူမှ မတိုက်တွန်း ဘဲနဲ့ အထက်မဂ်တွေ ကိုယ့်ဟာကိုယ် လုပ်ယူတာပဲ (မှန်ပါ ဘုရား)၊ အဲဒီကျတော့လည်း ဘုန်းကြီးတာဝန် ကုန်သွားပြီ (မှန်ပါ)။

ဒုက္ခသစ္စာ ဆုံးတဲ့နိဗ္ဗာန်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပထမ သောတာပန် တည်မှုမှာဖြင့် ဖြစ်ပျက်ဖြင့် ဝေဒနာရှုတဲ့ပုဂ္ဂိုလ်လည်း ဝေဒနာ၏ ဖြစ်ပျက်ကိုမြင်။ ဒုတိယ ဖြစ်ပျက်ကိုမုန်း၊ နောက် ဖြစ်ပျက်ဒုက္ခသစ္စာလို့ သိပြီ။ ဖြစ်ပျက်ရှုလို့ မမြင်တော့ဘူး ဆိုလို့ရှိရင်ဖြင့် ဪ ဒုက္ခဆုံးတဲ့ နိဗ္ဗာန် ဆိုတာ ကိုယ်တိုင် ရောက်ပြီဆိုပြီး သောတာပန် တည်လိုက်တာပဲ (မှန်ပါ)။

အဲဒါကိုဖြင့် ဆရာသမားကလည်း လမ်းပြကောင်း၊ ဒကာ ဒကာမတွေကလည်း ကိုယ့်ကိုယ်ကို အပါယ်လေးပါး သွားမှာ အင်မတန်ကြောက်ကြတယ် (မှန်ပါ)၊ ဒါဖြင့် ဒီအလုပ်ကိုဖြင့် ဖြစ်ပျက်ဆုံးတဲ့ အလုပ်ကိုဖြင့် ငါတို့ သည်ကားလို့ ဆိုရင် ထမင်း စားတာမှ ဟိုကရှာရ ဒီကရှာရ ထမင်းဖြစ်အောင် ငရုတ်ကြက်သွန် အစရှိသည် ဟိုရှာ ဒီရှာနဲ့ အမျိုးမျိုး ရှာပြီး ရှုရတာမှ ပင်ပန်း ပါသေးတယ်၊ အခုဟာက ခန္ဓာရှုလိုက်တာနဲ့ ပြီးသွားတယ် (မှန်ပါ)။

နည်းကောင်းပေးပြီးပြီ ဖြစ်ပျက်မြင်အောင်လုပ်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နည်းကောင်း လည်း ပေးပြီးပါပြီတဲ့။ လေးလေး စားစားကလေး ကိုယ့်ကိုယ်ကို သနားပြီး သကာလ ဖြစ်ပျက်မြင်အောင်လုပ်ပါ (မှန်ပါ ဘုရား)။

ဖြစ်ပျက် မြင်အောင်လုပ်လို့ ရှိရင် ဒီဘဝတွင်ပဲ တပည့်တော် သောတာပန်အစစ်ကြီး ဖြစ်ချင်ပါတယ် ဘုရား။ အပါယ် လေးပါး လုံးဝ မသွားချင်ပါဘူး။ နှစ်ဘဝ သုံးဘဝတောင်မှ ကြာ ပါသေးတယ်။ လုံးဝမသွားရအောင်ဆိုရင်ဖြင့် ဖြစ်ပျက်မုန်းအောင် လုပ်ပါ (မှန်ပါ)။

ဖြစ်ပျက် ဒုက္ခသစ္စာလို့ ဆင်ခြင်

နောင်ကျတော့ ဖြစ်ပျက် ဒုက္ခသစ္စာလို့ ဆင်ခြင်ပြီး ဆုံး အောင် လုပ်လိုက်လို့ ရှိရင်ဖြင့် ဒါ အပါယ်လေးပါးဟာဖြင့် စိတ် ချရပြီ (မှန်ပါ)၊ ရပ်ပြစ်ရှစ်ပါးလည်း မဖြစ်တော့ဘူး (မှန်ပါ)။

အပါယ်လေးပါးလဲ (စိတ်ချရပါပြီ ဘုရား)၊ အပါယ် လေးပါးလည်းမရောက်၊ ရပ်ပြစ်ရှစ်ပါးလည်း မဖြစ်တော့ အဲဒီကျ မှပဲ စိတ်ချလက်ချ နေကြပါဆိုတာ တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား)။

ယခုအချိန်တော့ဖြင့် အထိမခံ ရွှေပန်းကန်ဆိုတဲ့ ရှေးလူ တွေပြောတဲ့ ပုံစံအတိုင်းပဲ တစ်ချက် တိမ်းရင် အပါယ်က ဝုန်းခနဲ ကျကျသွားမယ် (မှန်ပါ)။

မြဲတဲ့မဂ်ကိုရအောင်လုပ်ပါ

ဒါကြောင့် ဒီဟာကလေးကိုဖြင့် အထိမခံ ရွှေပန်းကန်ဇာတ် ကို သိမ်းပြီး သကာလ ခိုင်မြဲတဲ့ သမ္မတ္တနိယတာဓမ္မာ- မဖောက် မပြန်ဘဲနဲ့ မြဲတဲ့မဂ်ကိုဖြင့် မရ-ရအောင် လုပ်ပါဆိုတာ တိုက်တွန်း ပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ တရားနှစ်ခုပဲ ဟောသေးတယ်နော် (မှန်ပါ)၊ အကြောင်းနဲ့ အကျိုးဆက် တာသိရင် ဘာသေသတဲ့ (ဝိစိကိစ္ဆာ သေပါတယ်)၊ အကြောင်းထဲမှာလည်း ယောက်ျား- မိန်းမ မပါအကျိုးပေးတဲ့အခါမှာ လည်း ယောက်ျား-မိန်းမ မပါဘူးလို့ သိပြန်တော့ ဘာသေ သတဲ့ (သက္ကာယဒိဋ္ဌိသေပါတယ်)။

ဖြစ်ပျက်မြင်မှနေရာကျမယ်

ဒါဖြင့် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဖြင့် ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဖူး တို့ သေပါပြီ (သေပါပြီ ဘုရား)၊ ဒါက အသိနဲ့ သေတာနော် (မှန်ပါ)၊ အကျင့်နဲ့ သေတာတော့ ဘုန်းကြီးခုနက ပြောခဲ့ ပြီ၊ ဖြစ်ပျက်မြင်မှပဲ နေရာကျမယ် (မှန်ပါ)။

အဲဒါကြောင့် အသက်တမ်းကလေးကလည်း တိုတိုမှာ ခပ်ခိုခို လုပ်မနေပါနဲ့ ဆိုတာကို တိုက်တွန်းတယ် (မှန်ပါ ဘုရား)။

အသက်တမ်းက ဘာတုံး (တိုပါတယ် ဘုရား)၊ တိုတဲ့ အထဲမှာ ခပ်ခိုခို လုပ်နေမယ်ဆိုလို့ ရှိရင် အသေစောသွားရင် ကိုယ်ကျိုးနည်းပြီ (မှန်လှပါ ဘုရား)၊ ကိုယ်ကျိုးနည်းမှာ စိုးရိမ် တဲ့အတွက် ခင်ဗျားတို့ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ၊ တိုက်တာကိစ္စ၊ မင်းစိုးကိစ္စတွေဟာ အင်မတန်မှလည်း များပါ တယ် (မှန်ပါ)။

ဒုက္ခထဲမှာမပျော်ကြပါနဲ့တော့

အဲဒီဒုက္ခတွေ မရှိတဲ့ဥစ္စာကို ပို့နေတော့ ဒုက္ခထဲလည်း မပျော်ကြပါနဲ့တော့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒကာကြွယ် ဒီတန်ဆောင်မုန်းလအတွင်း ဟိုကဒီကဖိတ်နဲ့ ဟိုဝယ်ခြမ်းပြီး သွားလိုက်ရ၊ ဒီဝယ်ခြမ်းပြီး သွားလိုက်ရ၊ ဟိုမျက် နှာပြလိုက်ရ၊ ဒီမျက်နှာ ပြလိုက်ရနဲ့ မိတ်ဆွေသင်္ဂဟ အဆက်တွေနဲ့ ဟိုကနေလာ အလှူခံ ဒီကနေလာအလှူခံလို့ မကောင်း တရားတွေနဲ့ သဒ္ဓါပါတာလည်း ရှိတယ်။ သဒ္ဓါမပါတာလဲ ရှိ တယ် (ရှိပါတယ် ဘုရား)၊ ရှုပ်လိုက်တဲ့ ကိစ္စတွေနော် (မှန်ပါ)။

ကိစ္စဆိုအာ မဂ်ဖိုလ်တားတယ်

အဲဒီကိစ္စတွေကို အလှူအတန်းကိစ္စလို့ ဆိုငြားသော် လည်း ကိစ္စဆိုတဲ့ ဥစ္စာသည် မဂ်ဖိုလ်တားတာပဲ (မှန်ပါ)၊ ဖြစ်ပျက်မလုပ်ဖြစ်တော့ဘူး (မှန်ပါ ဘုရား)၊ ဖြစ်ပျက် မလုပ် ဖြစ်တော့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါ့မလား (မရနိုင်ပါဘူး)။

အဲဒါတွေ ကိစ္စတွေဟာလည်း ဒုက္ခတွေပဲ ဆိုတာ မှတ်ပြီး သကာလ ကဲ ဒီကိစ္စတွေ တန်ဆောင်မုန်း ကိစ္စဖြင့် ပြီးပြီလို့ ဆိုပြီး တော်တော်ကြာကျတော့ အိမ်ရေးကိစ္စ၊ မင်းရေးကိစ္စ၊ မြူနီစီပါယ်ခွန် ကိစ္စ၊ မီးခွန် ကိစ္စလာပြီး ရှုပ်နေတာပဲ (မှန်ပါ့)၊ အားများ အားကြသေးရဲ့လား (မအားပါဘူး ဘုရား) ရအောင်လည်းရှာ၊ ပေးလည်းပေး၊ ရအောင်လည်းရှာ၊ ပေးလည်းပေးနဲ့။ ဒီလိုနဲ့ပဲ အချိန်ကုန်တယ် (ကုန်သွားပါတယ် ဘုရား)။

အဲဒီကိစ္စပင်လယ်ထဲမှာ မမျောဘဲနဲ့ ကိစ္စတုံးတဲ့ဆီကိုတက် ဖြစ်အောင် တက်ပါ (မှန်လှပါ ဘုရား)။

ကိစ္စပင်လယ်ထဲမမျောပါနဲ့တော့

ကိစ္စပင်လယ်ထဲ မမျောဘဲနဲ့ (ကိစ္စတုံးတဲ့ဆီကို တက် ဖြစ်အောင် တက်ပါ)၊ ကိစ္စတုံးတဲ့ဆီကို လိုက်ဖြစ်အောင် လိုက်ပါ ဆိုတာ ဒကာကြွယ်တို့၊ မောင်ဘသော်တို့ တိုက်တွန်းရ တယ် (မှန်လှပါ ဘုရား)။

ကိစ္စထဲ ပျော်နေတဲ့ဥစ္စာက အမောပျော်တွေ (မှန်ပါ)၊ တချို့ကလည်း မုန်းပြီး သကာလ နင် ဒါလောက်ရှိတဲ့ ဥစ္စာ ဒါလောက်ထည့်ရမလား ဆိုပြီး ထည့်တာတောင် မကျေမနပ်လို့ ပြန်သွားတဲ့ လူတွေလည်း တစ်ပုံကြီးပဲ (မှန်ပါ)၊ တချို့လည်း ပုန်းလျှိုးနေလိုက်ရလို့ မရှိဘူး ပြောလိုက်ရတာ တွေလည်း တစ်ပုံကြီးပဲ (တစ်ပုံကြီးပါ ဘုရား)။

အဲဒါတွေက ပုန်းလို့လျှိုးလို့ ကွယ်လို့ကာလို့ ရသေးတယ် ထားပါဦးတော့ မင်းစိုးကိစ္စ၊ သူခိုးဒဏ် တွေကျတော့ ကာလို့ကွယ် လို့ ကမရဘူး (မရပါဘူး ဘုရား)။

ဘူးသီးနဲ့ ဆူးတွေနဲ့

ဒီကြားထဲမှာ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကိုယ်က ဘူးသီး၊ ကိစ္စတွေက ဆူးတွေ၊ ဒီအထဲမှာ လိမ့်နေတာပဲ (မှန်ပါ)၊ ခန္ဓာကိုယ် ဘူးသီးက ဘေးရန်တွေထဲမှာ လှည့်မျောနေ တာ (မှန်ပါ)၊ ဟိုဘက်စောင်းလည်း စူးတာပဲ၊ ဒီဘက်စောင်း လည်း စူးတာပဲ (မှန်ပါ)၊ တစ်နေ့မှ မစူးတဲ့နေ့တော့ ဒကာကြွယ်မရှိပါဘူး (မရှိပါဘူး ဘုရား)၊ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဘယ်အချိန်ကျရင် ဘာကိစ္စ၊ ဘယ်အချိန်ကျရင် ဘာကိစ္စ ဆိုတာတွေ လာတော့မှာပဲ (မှန်ပါ)၊ မလာပေဘူးလား (လာပါတယ်)။

အဲဒီလို လာတာတွေက မအားဘူး (မှန်ပါ)၊ စောရတော ဝါ တွေကလည်း ညတိုင်ကျရင် တံခါးမှ ပိတ်ကြရဲ့လား ဆိုတာကလည်း နေ့တိုင်းလုပ်နေရတယ် (လုပ်ရပါတယ်)။

မနုဿတော ဝါ ဆိုတာကလည်း လူဝင်လူထွက် အမြဲ ကြည့်နေရတယ် ကိုယ့်အိမ်ကိုယ့်ရာမှာ (မှန်ပါ)၊ မကြည့်ရ ဘူးလား (ကြည့်ရပါတယ် ဘုရား)။

အမနုဿတောဝါ ဆိုတာ ကလေးငိုလာရင်ပဲ အင်း ဘာများဖမ်းစားပါလိမ့်။ လာပြန်ပြီ ခင်ဗျားတို့ဟာ ရှုပ်လိုက်တဲ့ ကိစ္စတွေ (မှန်ပါ)၊ မလာဘူးလား (လာပါတယ် ဘုရား)။

လူးလိမ့်ခံနေရတယ်

အဲဒါတွေကလည်း သိပ်ပေါနေတာ၊ ဒီအထဲမှာ တစ်နေ့မှ ဒီ ကိစ္စတွေထဲကိုပဲ ထွက်ရတယ်ကို မရှိဘူး (မှန်ပါ)၊ ဒီကိစ္စ တွေထဲမှာ လူးလိမ့်ခံနေရတာပဲ (ခံနေရပါတယ် ဘုရား)။

အဲ့ဒါကြောင့် ကိုင်း ဒါ ဒုက္ခတောထဲမှာ ခန္ဓာမျော နေလို့ ရှိရင်ဖြင့် ဘယ်သူကမှလည်း ထွက်ရပ်လမ်း ပေးမည့်သူမရှိ ဆိုတော့ အခု ထွက်ရပ်လမ်း ဒီဒုက္ခတောထဲမှာ လွတ်တဲ့ဥစ္စာရှိပါ သေးတယ် ဆိုပြီး သကာလ ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်တရားပဲ ဖြစ်ပျက်ရှုပြီးသွားပါ (မှန်ပါ)၊ ဆိုတော့ ကိစ္စမပြီးသေးဘူးလား (ပြီးပါပြီ)။

အေး ဒါပေါ့ပေါ့တန်တန်နဲ့ နေလေလေကိစ္စကရှုပ်လေ လေပဲ (မှန်ပါ ဘုရား)။

ပေါ့ပေါ့တန်တန်နဲ့ နေလေလေ (ကိစ္စက ရှုပ်လေလေ ပါ ဘုရား)၊ ကိစ္စက ရှုပ်လေလေပဲဆိုတာ ဒကာသစ် ရှင်းပလား (ရှင်းပါပြီ)။

ဘယ့်နှယ်ကြောင့် ကိစ္စက ရှုပ်သတုံးလို့ မေးတဲ့အခါ တော်တော်ကြာ ဘယ်လိုဖြစ်ပြန်တယ်၊ ညာလိုဖြစ်ပြန်တယ်စတဲ့ ကိစ္စတွေက ရှုပ်လာတာပဲ၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)၊ ခင်ဗျားတို့ ဘယ်လိုပဲနေနေ ကိစ္စတွေက အမျိုးမျိုးနဲ့ စူးနေတာပဲ (မှန်ပါ)၊ မစူးဘူးလား (စူးပါတယ် ဘုရား)။

အရူးပျော်ပျော်နေတယ်

အဲဒါတွေကလည်း ခင်ဗျားတို့ ဒီဘေးတွေ၊ မာန်တွေ၊ ရန် တွေထဲမှာ အလူးအလိမ့်ခံနေရတဲ့ အထဲမှာမှမထွက်ချင်ဘူး ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ လောက် ဆိုးရွားတာ ရှာမတွေ့ပါ ဘူး (မတွေ့ပါဘူး ဘုရား)၊ အရမ်းပျော်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဘာပျော် ပျော်နေကြသလဲ (အရမ်းပျော် ပျော်နေကြ ပါတယ် ဘုရား)။

အရူးပျော် ပျော်နေတယ်၊ နက်ဖြန်သေမှာယနေ့ ပျော် တုန်းဆိုတော့ တော်တော်ရူးလို့ (မှန်ပါ)၊ နက်ဖြန် ဘေးသင့် မှာ ယနေ့ ပျော်နေတုန်း ဆိုရင်ကော (တော်တော်ရူးလို့ပါ ဘုရား)။

အဲဒီ အရူးတွေကိုလည်း ကိလေသာ ရူးတွေ ဖျောက်ပြီး သကာလ မင်းကိလေသာက တို့ အရူးခိုင်းတာ။ သံသရာထဲမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်။ မင်း ကိလေသာကြောင့် ဖြစ်ရတာ (မှန်ပါ)၊ ကိလေသာ ဖြတ်တဲ့ မဂ်ဖြင့် မရ-ရအောင် ယူမယ်ဆိုရင်၊ ဖြစ်ပျက်ရှုရင် သူပေါ်လာတယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်ရှုရင် မဂ်ပေါ်တယ်

ဖြစ်ပျက်ရှုရင် (သူပေါ်လာတယ်)၊ မဂ်ပေါ်လာတာ ပဲဆိုတာ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ကယ်မည့်သူ၊ ယူမည့်လူဟာ ခင်ဗျားတို့ ဘေးတကာ၊ ရန်တကာ၊ မာန်တကာ တွေထဲမှ လွတ်ရေး၊ ကျွတ်ရေး ကို ပေးမည့်သူဟာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့မှာ ဒါပဲရှိ တယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒီအလုပ်ကိုဖြင့် လုပ်ရမှာပဲ၊ ထမင်းစား သလို မှန်မှန်လုပ်ရမယ် (မှန်ပါ)၊ ထမင်းမနက် တစ်ထပ်၊ ည တစ်ထပ်၊ နေ့လယ် ကော်ဖီ ညှပ်သေးတယ် (မှန်ပါ)၊ အဲဒါ တော့ သုံးကြိမ် ခင်ဗျားတို့ က ဝမ်းပြည့်အောင် စားနိုင်တယ် နော် (မှန်ပါ)၊ ကိုယ့်လွတ်လပ်ရေး ကျတော့ ဒီသုံးကြိမ်ထဲ လုပ်ဖို့ရာ နေ့လယ်တော့ မအားဘူးဘုရား ဖြစ်လာတယ် (မှန်ပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အတော်ဆိုးနေတယ် (မှန်ပါ ဘုရား)။

အကျင့်နဲ့သေရင် အပါယ်မလားတော့

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာ အသိနဲ့ သေကြ ပလား (သေပါပြီ ဘုရား)၊ ကိုင်း ဒါဖြင့် ပြောကြပါစို့။ အသိနဲ့ သေတော့ ဒကာ ဒကာမတို့ အပါယ်လေးပါး တစ်ဘဝ၊ နှစ်ဘဝ မလားဘူးပေါ့ဗျာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါ ပြီ)၊ အကျင့်နဲ့ သေရင် ဘယ်တော့မှ လုံးဝမလား (မှန်ပါ)။

အကျင့်နဲ့ သေရင် (လုံးဝဘယ်တော့မှမလာပါ ဘုရား)၊ လုံးဝဘယ်တော့မှမလားဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။

ဘယ်ဟာကျင့်ရမှာတုံး

ကိုင်း ဒါဖြင့် ဘယ်ဟာ ကျင့်ရမှာတုံးလို့ ဒကာ ဒကာမ တွေက မေးတော့ ဒုတိယအကွက်မှာ ရှိတဲ့ ဝိညာဏ်, နာမ်ရုပ် သဠာယတန ဖဿ, ဝေဒနာဟာ ခင်ဗျားတို့ ကျင့်စရာပစ္စည်းလို့ မှတ်လိုက် စမ်းပါ (မှန်လှပါ ဘုရား)။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာဟာ ဘာပါလိမ့် (ကျင့်စရာပစ္စည်းပါ ဘုရား)။

ကျင့်စရာ ပစ္စည်းပဲ ဆိုတော့ ပျော် ဒီအပေါ်မှာပဲ တို့ ဝိပဿနာရောက်အောင် လုပ်ရမှာပါလား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

တစ်ခုခု ဝိပဿနာရှု

ဒီနံပါတ်(၂)ထဲမှာပါတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ,ဝေဒနာ တစ်ခုခုရှုရမယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

၂-နံပါတ်ထဲပါတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာကို တစ်ခုခုဘာလုပ်ရမလဲ (ရှုရပါမယ် ဘုရား)၊ တစ်ခုခုရှု (မှန်ပါ)။ အကုန်ရှုရမယ်လို့ ဒကာ ဒကာမတွေ ဘုန်းကြီးများက အမိန့်လည်း မပေးပါဘူး။ ဘုရားကလည်း ဥပဒေ မထားခဲ့ပါဘူး (မှန်ပါ ဘုရား)။

ပေါင်းလိုက်ရင်ခန္ဓာငါးပါး

ဒီခန္ဓာငါးပါးကွာတဲ့ ပေါင်းလိုက်ရင် ခန္ဓာငါးပါးပဲတဲ့။ ပေါင်းကြည့်ပါလား၊ ဒကာ ဒကာမတို့ ဝိညာဏ်ကလည်း နာမက္ခန္ဓာ (မှန်ပါ)၊ နာမ်က နာမက္ခန္ဓာ၊ ရုပ်က ရူပက္ခန္ဓာ၊ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ က ရူပက္ခန္ဓာ ဟောဒီ မန ဆိုတာကလေး ဟာက ဒကာ ဒကာမတို့၊သဠာယတနထဲမှာ နောက်ဆုံးပိတ် မနာယတန ဆိုတာ ကလေးဟာက ဝိညာဏက္ခန္ဓာ (မှန်ပါ)။ ဖဿက သင်္ခါရက္ခန္ဓာ၊ ဝေဒနာက ဝေဒနာက္ခန္ဓာ ဆိုတော့ ပေါင်းလိုက်တော့ ခန္ဓာငါးပါးပဲပြန်ရတယ် (မှန်ပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ယခု ဘယ်သူနဲ့ နေကြသတုံး မေးရင် တော့ ဘယ့်နှယ်ကြပါ့မလဲ (ခန္ဓာငါးပါးနဲ့ နေကြပါတယ် ဘုရား)။

ခန္ဓာငါးပါးနဲ့ နေတာ ကိုယ့်ဟာကိုယ် သိပြီ။ အတိတ် အကြောင်းကြောင့် ခန္ဓာငါးပါးကြီးနဲ့ ယခုနေရပြီ။ ဒီ ခန္ဓာငါးပါး ကြီးကလည်း ဘာသစ္စာတဲ့ (ဒုက္ခသစ္စာပါ)၊ ဪ ဒါ ဖြင့် ဒီဥစ္စာ ဖြစ်-ပျက် မြင်အောင် ကြည့်လို့ ရှိရင် ဖြစ်-ပျက်ဟာ ဒုက္ခသစ္စာပဲ (မှန်ပါ)၊ ဖြစ်-ပျက် မြင်လာလို့ရှိရင်ဖြင့် ငါ ဒုက္ခသစ္စာ မြင်ပြီလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဖြစ်-ပျက်မြင်ရင် (ဒုက္ခသစ္စာ မြင်ပြီလို့မှတ်ရပါမယ်)၊ မြင်ပြီလို့ မှတ်ပေတော့၊ ဖြစ်-ပျက် မုန်းရင်လည်း ဒုက္ခမုန်းပြီလို့ မှတ်ပေတော့ (မှန်ပါ)၊ ဖြစ်-ပျက် ဆုံးရင်လည်း (ဒုက္ခဆုံးပြီလို့ မှတ်ရပါမယ်)၊ ဒုက္ခဆုံးပြီ ဆိုတာ မှတ်ပေတော့။ ဒုက္ခအဆုံး ဟာလည်း နိဗ္ဗာန်ပါပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခဆုံးတာဟာနိဗ္ဗာန်

ဒုက္ခဆုံးတာဟာ (နိဗ္ဗာန်ပါ ဘုရား)၊ ဪ နိဗ္ဗာန် သည် ဒကာ ဒကာမတို့၊ ဒီအကွက်ထဲက ဟာကို ကျုပ်တို့ ဖြစ်မှုပျက်မှု မြင်ဖို့ ဒကာကြွယ် အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။

၂-နံပါတ် အကွက်ထဲက ဝေဒနာဖြစ်-ပျက်မြင်ဖို့၊ စိတ် ဖြစ်-ပျက်မြင်ဖို့ တစ်ခုခုပေါ့ဗျာ- (မှန်ပါ)၊ အဲဒီအနိစ္စကလေးတွေ ကို ဖြစ်-ပျက်ဆိုတာ အနိစ္စပါပဲ (မှန်ပါ)၊ အဲဒီ အနိစ္စကလေးတွေ ဒကာ ဒကာမတွေက မြင်လာပြီ ဆိုမှဖြင့် ဟောဒီဘက် သွား မည့်တရားတွေ၊ ၃-နံပါတ်သွားမည့်တရားတွေ မသွားနိုင် ဘူး၊ ဒီအဆက်ဟာ ပြတ်သွားတယ် (မှန်ပါ)။

ဒီအဆက်ဘာဖြစ်သွားသတဲ့ (ပြတ်ထွက်သွားပါ တယ်)။

အခုတော့ သံသရာ ခရီးသည်မှာတော့ ဒီလိုဆက်လိမ့် မပေါ့ဆိုပြီး ပြတယ် (မှန်ပါ)၊ သံသရာ ခရီးဆုံးတဲ့ ပုဂ္ဂိုလ်မှာ ဒီအဆက် ပြတ်ပါတယ် (ပြတ်ပါတယ်)၊ ဒီအဆက်ပြတ်ပြီး ဘယ်သွားသတုံး မေးတော့ ဒကာ ဒကာမတို့၊ ဝေဒနာနိရော ဓာ (တဏှာနိရောဓောပါ ဘုရား)

တဏှာနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊ အဲ အဆက်ပြတ်တဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်သွားတယ်။ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ဆိုတာဝေးသလား

အဆက်ပြတ်တဲ့ ပုဂ္ဂိုလ် (နိဗ္ဗာန်သွားပါတယ် ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန် ဆိုတာ အဝေးကြီးလား မှတ် တယ်၊ ဒီအဆက် ပြတ်အောင် ကျုပ်တို့က ဖြစ်-ပျက်မြင်တဲ့ မဂ်နဲ့ ဖြတ်လိုက်ရင် ဒီအဆက်ဟာ ပြတ်ထွက်သွားတယ် (ပြတ်ပါ တယ် ဘုရား)၊ ဒီအဆက် ကလေးဟာ စပ်သေးရဲ့ လား (မစပ် ပါဘူး ဘုရား)၊ မစပ်ဘူးပြတ်တယ် (မှန်ပါ)။

ကိုယ့်ပုံစံစာရွက်ထဲ ကိုယ်ကြည့်ပါ ဒကာ ဒကာမတို့။ အဆက်ကလေး ဘာဖြစ်သွားသတုံး (ပြတ်သွားပါတယ် – ဘုရား)၊ ဒီနေရာ ဘယ်သူဝင်လာပါလိမ့် အဆက်နေရာ မှာ (မဂ်ဝင်လာပါတယ်)၊ ဪ ဒါဖြင့် မဂ်သည် ဖြတ် တယ်ဆိုတာ ပေါ်သွားပြီ (ပေါ်သွားပါပြီ)။

မဂ်သည် တစ်ဘဝနဲ့ တစ်ဘဝ ပြတ်တတ်ပါတယ်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ)၊ ဒီဘက်တွေ ကူးသေးရဲ့လား၊ (မကူးပါ ဘုရား)၊ ၃- နံပါတ်က တရားတွေလည်း မပေါ် လာဘူး၊ ၄-က ခန္ဓာတွေ ကော (မပေါ်လာပါဘူး)၊ မပေါ်လာတော့ ဪ ၃-မှာ ပေါ်သင့်တဲ့ တရားတွေကို လည်းဖြတ်၊ အကြောင်းတွေ ဖြတ်တဲ့အတွက် ဒီအကျိုးဟာ ပေါ်သေးရဲ့လား (မပေါ်ပါဘူး)

ဒီမှာ ပစ္စုပ္ပန်အကြောင်းခြင်းရာ လို့ပြထားတဲ့ အတွက် အနာဂတ်အကျိုးတွေ လာသေးရဲ့လား (မလာပါဘူး)။

မဂ်နဲ့ ဖြတ်မှပြတ်မယ်

ဪ ဒါဖြင့် တို့ ဒီနေရာမှာ မဂ်သွင်းဖို့ နေရာပြတဲ့ အဆက်ပဲ။ မဂ်နဲ့ ဖြတ်မှပြတ်မည့် အဆက်ပဲ ဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ်)။

ဒီအဆက်ကလေးဘာနဲ့ ဖြတ်ကြမယ် (မဂ်နဲ့ ဖြတ်ကြ ရပါမယ် ဘုရား)၊ မဂ်နဲ့ ဖြတ်လိုက်တော့ မောင်ဘသော် သေချာ သွားတယ် (သေချာသွားပါတယ် ဘုရား)။

ဥပမာကြည့်ပါလား။ ဝေဒနာရှုတော့ ဝေဒနာဖြစ်-ပျက်၊ ရှုတဲ့ ဝမ်းထဲက ဒီနေရာ မဂ်ပေါ်မယ် (ပေါ်ပါတယ် ဘုရား)၊ မဂ်ပေါ်တော့ ဒီအဆက်ကလေးသည်ကား ဒီဘက် ကူးသေးရဲ့လား (မကူးပါဘူး)။

ဝေဒနာပစ္စယာ တဏှာကိုး (မှန်ပါ)၊ ဒီတဏှာမှမလာ တော့ ဒီနေရာမှာ မဂ်ကဖြတ်လိုက်လို့ ဒီတဏှာ မလာတာ (မှန်ပါ)။

ဒီတဏှာမလာတော့ ဒီဥပါဒါန် (မလာပါဘူး)၊ ဒီကမ္မ ဘဝ (မလာပါဘူး)၊ ဒီဇာတိ, ဇရာ, မရဏ (မလာပါဘူး)။

၂ မှ ၃ မကူးဖို့ အရေးကြီးတယ်

ဒါဖြင့် ဒကာ ဒကာမတို့၊ ၂-မှ ၃-မကူးဖို့ တယ်အရေးကြီး ပါလား (အရေးကြီးပါတယ် ဘုရား)။

ဘာအရေးကြီးသလဲ (၂-မှ ၃-မကူးဖို့ အရေးကြီးပါ တယ် ဘုရား)၊ ကဲ-၂-မှ ၃-မကူးအောင် ဘာနဲ့ တားကြမယ် (မဂ်နဲ့ တားရပါမယ် ဘုရား)။

အို ဒီစကားကလေး တစ်လုံးကို တစ်ပြိုင်နက် ထွက်ပြီး လာတာ ကိုယ့်အရေး ကိုယ်သိတဲ့ ပုဂ္ဂိုလ်တွေ ဒကာကြွယ် (မှန်ပါ)၊ ၂-မှ ၃-မကူးအောင် ဘာနဲ့ဖြတ်ကြမယ် (မဂ်နဲ့ ဖြတ်ရပါမယ်)။

ဝေဒနာက ဖြစ်ပျက်၊ ရှုတာကမဂ်

ဒါဖြင့် ၂-သည်ကားလို့ ဆိုရင်ဖြင့် ရှုစရာ အနိစ္စတရား ဟုတ်လား (မှန်ပါ)၊ အဆက် ဖြတ်တာ သည် မဂ်တရား (မှန်ပါ)၊ မဂ်က ဝမ်းထဲမှာ ဒီနေရာ ဒီအစပ်ကို ဖြတ်တယ် (မှန်ပါ)၊ ဖဿက ဖြစ်-ပျက်၊ ရှုတာက မဂ်ဆိုတော့ ဒီအဆက် ဘယ့်နှယ်နေသလဲ (ပြတ်ပါတယ် ဘုရား)၊ ဝေဒနာက ဖြစ် ပျက်၊ ရှုတာက မဂ်ဆိုတော့ (အဆက်ပြတ်ပါတယ် ဘုရား)၊

ဘာဖြစ်သွားသတုံး (ပြတ်သွားပါတယ် ဘုရား)၊ ဒါဖြင့် ၂နဲ့ ၃-ဘယ့်နှယ်တုံး (ပြတ်ပါတယ် ဘုရား)၊ ပြတ်သွားတယ်၊ ကူးသေးရဲ့လား (မကူးပါဘူး ဘုရား)၊ ဪ ဒါဖြင့် သံသရာ ပြတ်တယ် (မှန်ပါ)။

ကြည့်စမ်း၊ ပစ္စုပ္ပန်မှာ ယခု ကျုပ်တို့ တဏှာ ဥပါဒါန်ကံ တွေ မလာတဲ့အတွက် အနာဂတ်မှာ ဇာတိ, ဇရာ, မရဏတွေကော လာသေးသလား (မလာပါဘူး ဘုရား)၊ ဇာတိ, ဇရာ, မရဏ, ဥပပတ္တိဘဝ ဆိုတဲ့ ဘဝတွေဟာ (မလာတော့ပါဘူး ဘုရား)။

ဪ ဘယ်သူ့ ကျေးဇူးပါလိမ့် (မဂ်ရဲ့ ကျေးဇူး ပါ ဘုရား)။

မဂ်ရဲ့ ကျေးဇူး

ဒါဖြင့် မဂ်သည် ကိလေသာကိုလည်း ဖြတ်တယ်၊ ဟုတ် လား (မှန်ပါ)၊ အပါယ်ခန္ဓာတွေကိုလဲ (ဖြတ်ပါတယ် ဘုရား)။

အပါယ်ခန္ဓာတွေ ပေါ် ခွင့်လည်း မပေးဘူး (မပေးပါ ဘူး)၊ ဒါဖြင့် ကိလေသာလည်းဖြတ်၊ ခန္ဓာလည်းဖြတ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

အားထုတ်တဲ့ မဂ်သည် (ကိလေသာလည်းဖြတ်၊ ခန္ဓာ လည်း ဖြတ်ပါတယ် ဘုရား)၊ ဒီမှာ တဏှာဟာ ကိလေသာ၊ ဥပါဒါန်ဟာ ကိလေသာ၊ ဒီမှာဖြစ်-ပျက် ဒီနားမှာ ကျုပ်တို့ ဝမ်း ထဲမှာ မဂ်ကလေးနဲ့ ရှုလိုက်တဲ့ အခါကျတော့ ကိလေသာလည်း ပြတ်တယ် (ပြတ်ပါတယ် ဘုရား)။

ကိလေသာပြတ်တဲ့အတွက် ဒီဘက်ခန္ဓာတွေ၊ အပါယ်ခန္ဓာတွေ ဇာတိ, ဇရာ, မရဏလာသေးရဲ့ လား (မလာနိုင်ပါဘူး)၊ ဒါဖြင့်ကိလေသာလည်းပြတ်၊ ခန္ဓာကော (ပြတ်ပါတယ် ဘုရား)။

ဒုက္ခသစ္စာချုပ်တယ်

ဪ ကိလေသာ ပြတ်တာက သမုဒယသေတာ ဟောဒီမှာ (မှန်ပါ)၊ ကိလေသာပြတ်တော့ ဒီသမုဒယသစ္စာ လာသေးရဲ့ လား (မလာပါဘူး)၊ မလာတော့ ဒီခန္ဓာပြတ် ဒုက္ခသစ္စာ ချုပ်တာပဲ (မှန်ပါ)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုပြတော့ ဒကာ ဒကာမတွေ ယခုလို မြင်ပြီး သကာလ နာရတဲ့အတွက် ဒကာကြွယ် အလျင်နာတဲ့ နည်းနဲ့ ပိုမိုပြီး သကာလ ရှင်းလင်းတယ် (ရှင်းပါတယ် ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒီဟာကို ရှင်းလို့ ရှိရင်ဖြင့် ခင်ဗျားတို့ သံသရာက ရှည်လှ ပြီဆိုတာ နောက်လည်း ဘယ်လိုများ စခန်းသတ်မတုံးဆိုတဲ့ ညည်းလုံး မလာပါနဲ့တော့ (မှန်ပါ)။

အလုပ်လုပ်တတ်လို့ ရှိရင်ဖြင့် စိတ်ကို ဖြစ်-ပျက်ရှုလည်း။ ဒီနေရာမဂ်ပေါ်မှာပဲ (မှန်ပါ)၊ ဖဿဖြစ်-ပျက်ရှုကော (မဂ်ပေါ်မှာပါပဲ)၊ ဒီအဆက်ပေါ်မှာ လာပေါ်မယ်၊ ဒီအဆက် ဖျက်ပစ်တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒီအဆက်ဖြတ်ပစ်တယ်

ဒီအဆက် ဖြတ်ပစ်တော့ကို ဒကာ ဒကာမတို့၊ တဏှာ ဥပါဒါန် ကံတွေ လာသေးရဲ့ လား၊ ကမ္မဘဝတွေလေ (မလာပါဘူး)၊ ဒီကမ္မဘဝမှ မလာတော့ ဒီအဆက်ကလည်း ပြတ် သွားတယ် (ပြတ်သွားပါတယ်)၊ ဒီအဆက်ပြတ်ကတည်းက နောက်ဘဝ ဇာတိ ပဋိသန္ဓေ နေဖို့ (မလာပါဘူး)၊ အပါယ် လေးပါး နေဖို့ မလာတော့ဘူး (မလာပါဘူး)၊ ဇရာ, မရဏကော (မလာပါဘူး)။

ဪ ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံးလို့ ဆို တော့ ၂-မှ ၃-ကို မကူးအောင် မဂ်နဲ့ ဖြတ်လိုက်လို့ (မှန်ပါ)။

၂-မှ ၃-ကိုမကူးအောင် (မဂ်နဲ့ဖြတ်လိုက်ပါတယ် ဘုရား)၊မဂ်နဲ့ ဖြတ်လိုက်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေမှာ အပြတ်ကြီး ပြတ်သွားတော့ ဒါ မပြတ်သရွေ့ ငါစိတ်မချရ သေးဘူး ဆိုပြီး အိပ်ကို မပျော်နဲ့ (မှန်ပါ)၊ ဒါကိုဖြင့် ပြတ်အောင်လုပ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါ မပြတ်လို့ရှိရင် ဒကာ ဒကာမတွေ သန္တာန်မှာ ဒီတဏှာ ဥပါဒါန်ကံ ပေါ်-မပေါ် (ပေါ်ပါတယ် ဘုရား)၊ ပေါ်ရင် နောက်ဘဝ ဇာတိ, ဇရာ, မရဏတွေ ဒီအဆက်ကနေ ကူးသွား တာပေါ့ (ကူးပါတယ်)၊ ကူးလို့ရှိရင်လည်း သံသရာ တစ်ပတ် ရသွားမယ် (ရပါတယ်)၊ ဒီဘက် ဆက်ရုံပဲ ရှိတော့တယ် (မှန်လှပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အရေးတကြီး လုပ်ရမှာ ဘယ်နေရာပါ လိမ့်မတုံးလို့ မေးလို့ ရှိရင် ပေါ်ကြပလား (ပေါ်ပါပြီ)၊ ၂-နဲ့ ၃- အဆက်ဖြတ်ရမယ် (မှန်ပါ ဘုရား)။

ဘာတဲ့ ဒကာ ဒကာမတို့ (၂နဲ့ ၃ အဆက်ဖြတ်ရပါ မယ်)၊ ၂နဲ့ ၃အဆက်ကို ဖြတ်ရမယ် ဆိုတာဖြင့် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

အပါယ်လေးပါး လွတ်ပြီ

အဲဒါကြောင့် ၂နဲ့ ၃ကို ဒီအဆက် ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ကျ တော့ စတုဟာပါယေဟိစ ဝိပ္ပမုတ္တော၊ အပါယ်လေးပါးဖြင့် လွတ် ပကွာတဲ့ အပါယ်ဇာတိ အပါယ်ဇရာ အပါယ်မရဏတွေတော့ ဖြင့် ဒီ ၂ နဲ့ ၃ မကူးရတဲ့ အတွက် မလာပါဘူးတဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီ အပါယ်ဇာတိ မလာတော့ဘုရား၊ ဘယ်ဇာတိများ လာဦးမှာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ သုဂတိ ဇာတိတော့ လာလိမ့်မယ်၊ ပထမမဂ်က (မှန်ပါ) ဆက်ကျင့်သွား ရင်တော့ မလာပါဘူး (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဘယ်အချက်ဟာ အရေးကြီးပါ လိမ့် (၂နဲ့ ၃မကူးဖို့ အရေးကြီးပါတယ် ဘုရား)။

၂နဲ့ ၃မကူးအောင်၊ မောင်ဘသော်တို့ လူစု၊ ဒကာကြွယ် တို့ ဦးလှတို့က ဘယ်လိုလုပ်ကြမှာတုံး (မဂ်နဲ့ ဖြတ်ရပါမယ် ဘုရား)၊ မဂ်ကဘယ်နေရာမှာ ပေါ် ရမှာတုံး (၂-နဲ့ ၃ကြား မှာ ပေါ်ရမှာပါ)၊ ၂-နဲ့ ၃အစပ်မှာ ပေါ် ရမယ် (မှန်ပါ)။

ဘယ်ဟာရှုလို့ပေါ်လာပါလိမ့် (ဝေဒနာရှုလို့ပါ ဘုရား)၊ ဝေဒနာရှုရှု စိတ်ရှုရှု သဠာယတနထဲက စိတ်လည်း ပါသေးတာကိုး (မှန်ပါ)၊ အဲဒါရှုလိုက်လို့ ရှိရင်လည်း လာနိုင်သေးရဲ့လား (မလာနိုင် တော့ပါဘူး)၊ ဒကာကြွယ် သူများပြောလား တကယ်ကို ပြတ်သွားတာလား (တကယ်ကို ပြတ်သွား တာပါ ဘုရား)။

နိဗ္ဗာန်မှရောက်ပါ့မလား

ဒါဖြင့် နိဗ္ဗာန် ရောက်မှ ရောက်ပါ့မလားလို့ မေးမနေနဲ့၊ ပြတ်တော့ ဒီဘက်ထွက်သွားတယ် (မှန်ပါ)၊ ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ)၊ တဏှာနိရောဓော နိဗ္ဗာနံ (မှန်ပါ)၊

တဏှာနိရောဓောဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ ဒါဖြင့် ဒီဘက်မသွားဘဲနဲ့ နိဗ္ဗာန် ရောက်သွားတယ်၊ (မှန်ပါ)၊ ဒီဘက်မပတ်တော့ဘူး (မပတ်ပါဘူး)၊ သဘောကျ ပလား (ကျပါပြီ)။

ဪ ဒကာကြွယ် သေပျော်တဲ့တရားဆိုတာဖြင့် ကောင်းကောင်းရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ မြင်လည်းမြင်ကြရဲ့ လား (မြင်ကြရပါတယ် ဘုရား)၊ မမြင်ရလို့ ရှိရင် အဲဒီကိုယ့် စာရွက်ကိုယ်ကြည့် (မှန်ပါ ဘုရား)၊ ဒီက ထောက်ပြတာနဲ့ ဟိုမှာ လိုက်ကြည့်လိုက် ပေါ့ပြီးတာပဲ၊ ဒါကြောင့် အင်မတန် အဖိုးတန်တယ်ဆိုတာ လုံလောက်ပါပြီ (လုံလောက်ပါပြီ ဘုရား)။

အဲဒီတော့ ကိုယ့်အိမ်ကိုယ့်ရာကျတော့ ဒီဟာတွေ နား လည်ပြီးပလား၊ နားလည်ပြီးလို့ ရှိရင် မှန်ဘောင် သွင်းပြီးချိတ် ထား (မှန်ပါ)၊ မှန်ဘောင်သွင်းပြီး ချိတ်ပြီး သကာလ ခဏ ခဏပြန်ကြည့် (မှန်ပါ)၊ ငါသည် ယနေ့၂နဲ့ ၃ဆက်မိ ပလား မဆက်မိဘူးလား၊ ငါ ယနေ့ ၂နဲ့ ၃ဖြတ်တဲ့နေ့လား မဖြတ်တဲ့နေ့လား ဆိုတာ ကိုယ့်ဟာကိုယ်ဝေဖန် (မှန်ပါ)။

ကိုယ့်ဟာကိုယ် ဝေဖန်ပါ

ကိုယ့်ဟာကိုယ် ဝေဖန်တော့ ဘယ်သူကမှ ဆုံးဖြတ်ချက် ချစရာမလိုဘူး၊ ၂နဲ့ ၃ဆက်ရင် ငါ အပါယ်သွားလိမ့်ဦးမယ် (မှန်ပါ)၊ ၂နဲ့ ၃ငါဒီနေ့မဆက်အောင် တော်တော်လုပ်နိုင်တယ်ဆို ရင် ငါယနေ့ နေ့ထူးနေ့မြတ်ပဲ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ၂နဲ့ ၃ဟာ ဒကာ ဒကာမတို့ ဘယ်လောက်ထိ အောင် အရေးကြီးတယ် ဆိုတာ ဒကာသစ်၊ မောင်ဘသော်တို့ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ မပေါ်ကြသေးဘူးလား (ပေါ် ပါပြီ)။

သူများကို မတုကြပါနဲ့

အေး ဒါကြောင့် သူများကိုတော့ မတုကြပါနဲ့ (မှန်ပါ)၊ သိန်းပေါင်းများစွာ ချမ်းသာတဲ့ အလုပ်ကြီး အကိုင်ကြီး သမားတွေကျတော့ မအားဘူးဆိုတာ ဘာမအားကြတာတုံးဆို

တော့ ၂နဲ့ ၃ကူးနေလို့ မအားတာ (မှန်ပါ ဘုရား)၊ ရှင်းပ လား (ရှင်းပါပြီ)။

မအားတာ ဘာဖြစ်လို့မအားတာပါလိမ့် (၂နဲ့ ၃ကူးနေ လို့ပါ ဘုရား)၊ ဒါဖြင့် ၄-ရောက်မှ ရောက်ပါ့မလား (ရောက် ပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ မအားဘူးဆိုလို့ရှိရင် ဒါ ကူးတာပဲ (ကူးတာပါ ဘုရား)။

သံသရာပြတ်တဲ့နေ့

ဒီအချိန်ကလေးဖြင့် ငါ ဖြတ်နေမယ်ဆိုပြီး ကိုယ့် ခန္ဓာ – ဝေဒနာရှုပြီး ဖြစ်ပျက်ရှုနေ၊ စိတ်ကြိုက် စိတ်ဖြစ်ပျက်ရှုနေ၊ ရုပ် ကြိုက် ရုပ်ဖြစ်ပျက် ရှုနေမယ် ဆိုလို့ ရှိရင်ဖြင့် ကြော် ယနေ့ သည်ကား ဆိုလို့ ရှိရင်ဖြင့် သံသရာပြတ်တဲ့နေ့ပဲ (မှန်ပါ)။

ဒါက အရှင်ဘုရား တပည့်တော် ဘယ်လိုနေသတုံး၊ တပည့်တော်အကြောင်း၊ အရှင်ဘုရား တရားဟော နေတာလည်း၊ ကြာပါပြီ၊ တပည့်တော်တို့လည်း ကြည်ညိုနေတာ ကြာပါပြီ။ တပည့်တော်တို့ အကြောင်း ဘယ်လိုပါလိမ့်မတုံးလို့ ဘုန်းကြီး မေးဖို့မလိုဘူး (မှန်လှပါ ဘုရား)၊ လိုသေးသလား (မလို ပါဘူး ဘုရား)။

မလိုတော့ပါဘူးတဲ့၊ ဝေဒနာနောက်က တဏှာမလာရင် ပြတ်တာပဲ (မှန်ပါ)၊ မလာအောင် ဘယ့်နှယ်လုပ်မလဲ၊ ဝေဒနာဖြစ်ပျက်ရှု (မှန်ပါ)၊ တစ်ခါ ဒီဘက် ဖဿတွေ့တဲ့အခါ ဖြစ်ပျက်ရှု (မှန်ပါ)၊ တဏှာလာသေးရဲ့ လား (မလာပါ’ ဘူး)၊ သဠာယတနဆိုတာ စိတ်ပါနေတယ် (မှန်ပါ)၊ အဲဒီ စိတ် ဖြစ်ပျက်ရှုရင်ကော (မလာပါဘူး ဘုရား)။

ဘယ်သူ့မှ သွားမမေးပါနဲ့

မလာတော့ဘူး ဆိုရင်ဖြင့် ကြိုက်တာ ရှုနေရင်ဖြင့် တပည့် တော် ဘယ်လိုနေသတုံး လို့ဘယ်သူ့မှ သွားမေးနေဖို့ မလိုဘူး၊ ကိုယ့် – ဟာကိုယ် ပြတ်မှန်းသိတယ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု ဆရာသမား သင် လွှတ်တဲ့ တရားသည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို အကဲ ခတ်နိုင်တဲ့ တရား (မှန်ပါ)။

ဘယ်လိုများ ဘယ်လိုမှတ်ကြမယ် (ကိုယ့်ကိုယ်ကို အကဲခတ်နိုင်တဲ့ တရားပါ ဘုရား)။

ကျုပ်တို့တော့ သေပျော်ပါပြီလို့ ရမ်းမပြောနဲ့၊ ကျုပ်တို့သေ ပျော်ပါပြီလို့တချို့ဒကာ ဒကာမတွေ ပြောတယ် (ပြောပါတယ်)၊ ရမ်းပြောတာ အဲဒါ (မှန်ပါ)၊ ၂ နဲ့ ၃ ကူး-မကူး ကိုသာ ကြည့် (မှန်ပါ)။

ယနေ့ နည်းပေးလိုက်မယ်

ဥပမာမယ် ဝေဒနာကလေး ယနေ့ နည်းပေးလိုက်ပါ မယ် (မှန်ပါ)၊ ခန္ဓာကိုယ်ထဲမှာ ဝမ်းသာတာ ကလေး ပေါ်လာ တယ်၊ ဝမ်းသာတာ သောမနဿဝေဒနာပဲ (မှန်ပါ)၊ အဲဒါ ဖြစ်ပျက်မရှုလို့ ရှိရင်ဖြင့် သောမနဿ ဝေဒနာပစ္စယာတဏှာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒေါမနဿကလေး ဖြစ်တယ် ဝမ်းထဲမှာ၊ မရှုမိဘူး ဆိုရင် ဒေါမနဿပစ္စယာလည်း ဒေါသ သောက စသည် ကူးမှာပဲ (မှန်ပါ)၊ မကူးပေဘူးလား (ကူးပါတယ်)။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာတွေမှာ ဥပေက္ခာဖြစ်တယ်။ မရှုမိဘူး ဆိုလို့ရှိရင်ဖြင့် ဝေဒနာပစ္စယာ အဝိဇ္ဇာစသည် ကူးမှာ ပဲ (မှန်ပါ)၊ မကူးပေဘူးလား (ကူးပါတယ် ဘုရား)။

အဲဒီတော့ တပည့်တော် ဘယ့်နှယ်နေသတုံး မေးဖို့ မလို ဘူး၊ ဒီဒကာ ဒကာမတွေ ဒုက္ခ သေချာတယ် ပြောရုံပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာသေချာတယ် ပြောမလဲ (ဒုက္ခ သေချာတယ် ပြော ရုံပါပဲ)၊ ဘာ့ကြောင့်တုံး၊ ၂-နဲ့ ၃-ကူးနေလို့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုမှတ်ကြမယ် (၂-နဲ့ ၃-ကူးနေလို့ပါ ဘုရား)။

ဖြစ်ပျက်မရှုမိရင်ကူးမယ်

၂-နဲ့ ဘယ့်နှယ်ကြောင့် ကူးပါလိမ့်မတုံးဆိုတာ ၂-ထဲက ပေါ်တဲ့တရားကို ဒကာ ဒကာမတွေ ဖြစ်-ပျက် မရှုမိလို့ ကူးတာ (မှန်ပါ)။

၂-ထဲရှိတဲ့ တရားတွေကို (ဖြစ်-ပျက် မရှုမိလို့ ကူး တာပါ)၊ ၂-ထဲရှိတဲ့ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း မရှုမိဘူး (မှန်ပါ)၊ စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ စိတ်ပေါ်တိုင်း ပေါ်တိုင်း မရှုမိ လို့ ဘာဖြစ်ရပါလိမ့် (၃-ကူးသွားပါတယ် ဘုရား)၊ ၃-ကူး သွားရင်တော့ ဘုရားတောင် မတတ်နိုင်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

၃-ကူးသွားရင်တော့ (ဘုရားတောင် မတတ်နိုင်တော့ ပါဘူး)၊ ဘာဖြစ်လို့ တုံး ၃-အကြောင်းကို အားထုတ်မိလို့၊ မမြင်ဘူးလား ဒီမှာ ပစ္စုပ္ပန်အကြောင်းလို့ ပါနေတယ် (မှန်ပါ)၊ ပစ္စုပ္ပန်အကြောင်း အားထုတ်မိရင် အနာဂတ်အကျိုး သေသည်၏ အခြားမဲ့၌ ဟော ဆက်မယ်တဲ့ (မှန်ပါ)၊ ဇာတိ ဇရာ မရဏတွေ လာမယ် (လာမှာပါ)၊ ဒီခန္ဓာငါးပါး ရမယ် (ရမှာပါ)၊ ဒီခန္ဓာငါးပါးနဲ့ ဇာတိ ဇရာ မရဏတွဲလိမ့် မယ်တဲ့ (မှန်ပါ)၊ မတွဲပေဘူးလား (တွဲပါတယ်)။

၂ နဲ့ ၃မကူးရင် စိတ်ချရပြီ

ကိုင်း ဒါဖြင့် တပည့်တော်တို့ ယခု စိတ်ချလောက်ပ လား ဘုရားလို့ ဒကာ ဒကာမတွေကလဲ မေးချင်မေးမယ် (မှန်ပါ)၊ ၂-နဲ့၃ မကူးရင် စိတ်ချရတယ် (မှန်ပါ)၊ ရှင်း ပလား (ရှင်းပါပြီ)၊ ပေါ်ကြပလား (ပေါ်ပါပြီ။)

မကူးအောင် နေနိုင်လို့ရှိရင်ဖြင့် စိတ်ချရပါတယ် (မှန် ပါ)၊ ကူးနေသေးလို့ ရှိရင်ဖြင့် လိုသေးသဟေ့ (မှန်ပါ)၊ သူများ မေးရမှာလား ကိုယ့်ဟာကိုယ် သိတာလား (ကိုယ့်ဟာကိုယ် သိတာပါ)။

ဒကာကြွယ် ဒါဖြင့် ဪ ဆရာဘုန်းကြီး ပြနေတာ သည် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းနဲ့ပြပြီး ဘုရားဟော ဒေသနာတော် ကြီးပြနေတာ၊ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်အောင်လို့ ပြနေတာ (မှန်ပါ)။

ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင် နည်းပေးသော

ဘယ်လိုပါလိမ့် (ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင် အောင်လို့ ပြနေတာပါ)၊ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်အောင်လို့ နည်းပေးနေပါတယ် ဆိုတာဖြင့် မောင်ဘသော်တို့ ဒကာကြွယ်တို့ သေချာလောက်ပါပြီ (သေချာလောက်ပါပြီ ဘုရား)။

ခင်ဗျားတို့ သူများမမေးပါနဲ့၊ သက်ကြီးတွေလည်း သွားမမေးပါနဲ့၊ ဆရာတော် သမားတော် တွေကိုလည်း နားရှုပ်အောင် သွားမေးမနေပါနဲ့၊ မဟုတ်ဘူးလား (မှန်ပါ)၊

၂-နဲ့ ၃-မကူးတော့ပါဘူးဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သံသရာ ပြတ်တာပဲ (မှန်ပါ ဘုရား)၊ သံသရာပြတ်လို့ ရှိရင်ဖြင့် ဒီဘက်လှည့်သွားတယ် (မှန်ပါ)၊ မလှည့်ဘူး လား (လှည့် ပါတယ် ဘုရား)၊ နိဗ္ဗာန်ဘက် လှည့်သွားတယ် (မှန်ပါ)။

နိဗ္ဗာန်ဘက် လှည့်သွားတယ်

သံသရာပြတ်ရင် ဘယ်လှည့်ပါလိမ့် (နိဗ္ဗာန်ဘက် လှည့်ပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒီတော့ ဒါက အလွန်ဟောတဲ့တရားလို့ မှတ်လိုက် ပါ (မှန်ပါ)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတွက်ကိုတော့ဖြင့် ဘယ်လိုဟောရမလဲ ဆိုတော့ အခုနကဟာက ရဟန္တာ ကို ဟောတာ (မှန်ပါ)၊

အခု ဒီဒကာ ဒကာမတွေက သောတာပန် မျိုးစေ့လောက်, သောတာပန်လောက် အစရှိသည် ကိုယ့်မှာရောက်နေတဲ့ ပုဂ္ဂိုလ်ကတော့ ဆက်တော့ ဆက်လိမ့် မယ်နော် (မှန်ပါ)၊ ဆက်တဲ့အခါ သူဆက်မှာပဲ (မှန်ပါ)၊ တဏှာဥပါဒါန်ကံ ဆက်ပါလိမ့်မယ် (မှန်ပါ)၊ ဆက်ပင်ဆက် ငြားသော်လည်း ခုနင်က နိဗ္ဗာန်မြင်ပြီးရင် ဒီတဏှာသည် အပါယ် ကျတဲ့တဏှာ မဟုတ်တော့ဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)၊ ဒီ ဥပါဒါန်ကော (အပါယ်ကျတဲ့ ဥပါဒါန် မဟုတ်ပါဘူး)၊ ဒီ ကံကော (အပါယ်ကျတဲ့ ကံ မဟုတ်ပါဘူး)၊ ဒါဖြင့် ဒီ ဇာတိက နတ်ရွာသုဂတိ ဇာတိ ဇရာ မရဏ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

သူ ဆက်တော့ ဆက်သေးတယ်တဲ့ သောတာပန် ဟာ (မှန်ပါ)၊ ဆက်ပေမယ့်လည်း အပါယ်ကျတဲ့ တဏှာ (မဟုတ်ပါဘူး)၊ အပါယ်ကျတဲ့ ဥပါဒါန် (မဟုတ်ပါဘူး)၊ အပါယ်ကျတဲ့ ကမ္မဘဝ (မဟုတ်ပါဘူး)၊ ဒါဖြင့် အပါယ် ဇာတိလို့ဆိုလို့ ရသေးရဲ့ လား (မရပါဘူး)။

ဒါဖြင့် နတ်ဇာတိ လူဇာတိ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခုနင်က ဟာကတော့ ရဟန္တာ ဟောတာ (မှန်ပါ)၊ အခု ဟာကတော့ သောတာပန်ဟောတာ (မှန်ပါ)၊ ရိပ်မိကြပ လား (ရိပ်မိပါပြီ)။

သောတာပန်လောက် တည်ရင်

အဲဒီတော့ သောတာပန်လောက် တည်တယ်ထားပါတော့၊ တပည့်တော်တို့ဖြင့် ဝေဒနာ နိရောဓာ တဏှာနိရောဓော ရောက်ပြီးပြီ ဘုရား၊ ရောက်ပြီးပေမယ့်လည်း သား လင် ခင်ပွန်း နဲ့ နေကြ၊ ရောင်းရေးဝယ်ရေးနဲ့ နေကြတယ်၊ ဒီဘက်ဆက်တော့ ဆက်သေးတယ် (မှန်ပါ)၊ မကုန်သေးတဲ့ ကိလေသာ ပြန် ဆက်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

၄-ပုံတစ်ပုံ ပယ်ထားတော့ ၃-ပုံက ဒီဘက်မဆက်ပေဘူး လား (ဆက်ပါတယ်)၊ အဲ ဆက်ပေမယ့်လည်း မကြောက်နဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီတဏှာ ဘာတဏှာတုံးလို့ မေးတော့ အပါယ်မကျတဲ့ တဏှာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီဥပါဒါန် ဘာပါ လိမ့် (အပါယ်မကျတဲ့ ဥပါဒါန်ပါ)၊ ဒီကမ္မဘဝဟာ ဘာပါ လိမ့် (အပါယ်မကျတဲ့ ကမ္မဘဝပါ)၊ ဒါဖြင့် ဒီဥစ္စာ အပါယ် ဇာတိမဟုတ်ဘူး (မဟုတ်ပါဘူး)၊ အပါယ် ဇရာ မရဏ မ ဟုတ်ဘူး (မဟုတ်ပါဘူး)၊ နတ်ရွာ သုဂတိ ဇာတိ ဇရာ မရ ဏ (မှန်ပါ)၊ ဆိုတော့ အများကြီး သက်သာခွင့်ရတယ် (ရပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အများကြီး သက်သာခွင့် ရတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အတော်သက်သာခွင့်ရပြီ

ဪ ဒါဖြင့် တို့ဟာ အတော်သက်သာခွင့် ရပါပေါ့ လား (မှန်ပါ)။

ဘယ့်နှယ် ဆိုကြမလဲ (အတော်သက်သာခွင့်ရပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဘုရားက ရှင်းပြတယ်၊ ဒီ သက်သာခွင့် ဆိုတာကွာ တဲ့ မင်း သာမည မပြောပါနဲ့တဲ့၊ ငါ ဘုရား ဥပမာနဲ့ ပြောတာကို ဟောတာပါတဲ့ (မှန်ပါ)၊ ဒကာ ဒကာမတွေ နှစ်သိန်းလေးသောင်းရှိတဲ့ မဟာပထဝီမြေကြီးမှာ အမှုန့်ပေါင်း ဘယ်လောက်ရှိပါ့မတုံး (မရေတွက်နိုင်ပါဘူး)၊ အဲဒါတွေ ခုနစ်မှုန့် ပဲ ကျန်တော့တယ်တဲ့၊ ကျန်တာတွေ ခင်ဗျား တို့ မြေကြီးမဟုတ်ဘူး (မှန်ပါ)၊ ခုနစ်မှုန့်ပဲ ကျန်တော့တယ်၊ ကျန်တဲ့ မြေကြီးတွေဖြင့် ခင်ဗျားတို့က အကုန် ကျန်တဲ့ မြေ ကြီးလောက်ရှိတဲ့ ဒုက္ခတွေသိမ်းပြီးပြီ (မှန်ပါ)၊ ခုနစ်မှုန့်လောက် ကျန်တော့တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အပါယ်မကျတော့ဘူး

ကဲ ဘယ်လောက် သက်သာခွင့် ရတယ်ဆိုတာ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဆက် ချင် ဆက်ပေစေတဲ့။ အပါယ်မကျတဲ့ တဏှာ၊ ဒုက္ခချုပ်ပြီးသား ပုဂ္ဂိုလ်များမှာ (မှန်ပါ)၊ အပါယ်မကျတဲ့ (ဥပါဒါန်ပါ)၊ အပါယ်မကျတဲ့ (ကမ္မဘဝပါ)၊ ဒါဖြင့် ဘာဇာတိဆိုမတုံး (နတ်ရွာသုဂတိ ဇာတိပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊

သုဂတိ ဇရာ၊ သုဂတိ မရဏ ဆိုတော့ ဪ မြင်းမိုရ်တောင်ကြီးဟာ သဲတွေကျောက်တွေ ပုံနေတဲ့ဥစ္စာ ဒကာ ဒကာမတို့ အောက် လည်း ရှစ်သောင်း လေးထောင်, အထက်လည်း ရှစ်သောင်းလေးထောင် မြင့်တဲ့ မြင်းမိုရ်တောင်ကြီးဟာ ဇီးစေ့ ခုနစ်လုံးလောက်သာ ကျန်တော့တယ် (မှန်ပါ)၊ ကျန်တဲ့ မြင်းမိုရ်တောင်ကြီးလောက် ဒုက္ခ ရောက်စရာ သူများပါးစပ်ထဲ အသက် ထွက်တာတွေ၊ အပါယ် လေးပါးကျစရာတွေ အကုန်-ကုန်သွားပြီ (မှန်လှပါ)၊ အဲဒီ တော့ အားငယ်စရာ ရှိကြရဲ့လား (မရှိပါဘူး ဘုရား)။

ကြိုးစားဖြစ်အောင် ကြိုးစားပါ

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို အလွန်ပဲ ကယ်တင်နေတယ်ဆိုတာတော့ အားလုံး ပေါ်ကြပါ ပြီ (ပေါ်ပါပြီ ဘုရား)၊ ကဲ ကြိုးစားဖြစ်အောင် ကြိုးစား ပါနော် (မှန်ပါ)၊ ဆက်ပေမယ့် လည်း ဒုက္ခချုပ်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ မကြောက်ရဘူး ဆိုတာလည်း ယနေ့ ရှင်းပြတယ် (မှန်ပါ ဘုရား)။

ဘာဖြစ်လို့ တုံးလို့ မေးတဲ့အခါကျတော့ မြင်းမိုရ်တောင် ကြီးလောက်ဟာတော့ ကုန်ပြီ၊ ခုနစ်ခုလောက် ဒုက္ခကလေးဟာတော့ သူပြန်ဆက်တယ် (မှန်ပါ)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ရဟန္တာကျတော့

အဲဒါကလေးဟာလည်း ဟာ ဒီ ခုနစ်ခုဒုက္ခလည်း မကြိုက်တော့ပါဘူးဆိုရင် ဆက်အားထုတ် (မှန်ပါ ဘုရား)၊ ဆက်အားထုတ်လို့ ရှိရင် ဖြစ်-ပျက် ဆုံးတာကို သေသေချာချာ ဒုတိယပတ် မြင်ပြန်ပြီ၊ ဖြစ်-ပျက်ဆုံးတာ မြင်ပြန်ပြီ၊ ဖြစ်-ပျက်ဆုံးတာမြင်ပြန်ပြီလို့ လေးခါလောက် မြင်ရင် ရဟန္တာဖြစ် တယ် (မှန်ပါ)၊ အဲဒီပုဂ္ဂိုလ် ကျတော့ ဘယ်တော့မှ မဆက်တော့ဘူး (မှန်ပါ)။

ရဟန္တာကျတော့ (ဘယ်တော့မှ မဆက်တော့ပါဘူး)၊ ၂-က ၃-ကို (မဆက်တော့ပါဘူး ဘုရား)၊ ဘယ်တော့မှ မကူး ဘူးဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်ကတော့

သောတာပန်လောက်ကတော့ ကူးသေးတယ် (မှန်ပါ)၊ ကူးငြားသော်လည်း စိုးရိမ်စရာ အကြီးစားလား၊ အသေးစားလား (အသေးစားပါ ဘုရား)။

ဒါကြောင့် ဘာမှပူစရာမလိုပါဘူးဆိုတာကို ဒကာ ဒကာမ တို့ ယနေ့ ရှင်းရှင်းကြီးပြောပါတယ် (မှန်ပါ)၊ သဘောပါကြ ပလား (ပါ-ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒါဟာ ဆုတောင်းနဲ့မှ ဖြတ်လို့ရမှာလား တပည့်တော် ဝဋ်ဘဝတိုတိုနဲ့ မဂ်လေးတန် ဖိုလ်လေးတန် အမြန် ကြီး ရ-ရပါလို၏ ဆိုလို့ ဒီအဆက်က ပြတ်မလား (မပြတ် ပါဘူး)၊ အခုမှ သေသေချာချာ ပေါ်လာတယ် (မှန်ပါ)။

ကဲ ဒကာ ဒကာမတွေ မဟာမြတ်မုနိ တောင်းခဲ့တာ လည်း ကြာပါပြီ (ကြာပါပြီ ဘုရား)၊ တစ်ခါတလေ အားမရတာနဲ့ ရွှေကြက်ယက် ဆုတောင်းပြည့်များ သွားလိုက်ရသေးတယ်၊ ပြည့်အောင် ပြည့်အောင် (မှန်ပါ ဘုရား)၊ သဘောကျပါလား (ကျပါပြီ)၊

ဒီအဆက်က ဖြုံကို မဖြုံဘူး (မှန်ပါ)၊ ဒီအဆက်က မဂ်နဲ့ဖြတ်ရင်ဖြတ် မင်းဆုတောင်းနဲ့ လာမဖြတ်နဲ့ မရဘူးတဲ့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဘာနဲ့ဖြတ်ရမလဲ (မဂ်နဲ့ဖြတ်ရပါမယ်)။

ကိုယ့်ကိုယ်ကို ကယ်ကြပါ

ဒါဖြင့် သူ့ကို ဖြစ်-ပျက်ရှုမှ ဒီနေရာ မဂ်ပေါ်မယ် (မှန်ပါ)၊ သူ့ကို ဖြစ်-ပျက် မရှုကြရင် (မဂ်မပေါ်ပါဘူး)၊ , ဘယ်သူမှ မကယ်နိုင်ဘူး (မှန်ပါ)၊ ကိုယ့်ကိုယ်ကို ကယ်ကြ ပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူ့ ကယ်ရမှာတုံး (ကိုယ့်ကိုယ်ကို ကယ်ရမှာ ပါ)၊ အဲ ဆရာသမား ပေးထားတဲ့နည်းနဲ့ ကိုယ့်ကိုယ်ကို ကယ်ကြပါဆိုတာ ယနေ့ အကြီးအကျယ် ပြောတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒေဝဒတ်

ဘုရားသာ ကယ်နိုင်လို့ ရှိရင် ဒေဝဒတ်ဟာ ဒီလို ဆက် သွားနိုင်တော့မယ် (မှန်ပါ)၊ သူ ဘုန်းကြီးတဲ့ ဝေဒနာပေါ့ ဗျာ (မှန်ပါ)၊ ဘုန်းကံကြီးတဲ့ ဝေဒနာကို သူ သိပ်ပြီးတော့ သာယာတယ်၊ စွဲလမ်းတယ် (မှန်ပါ)၊ အားထုတ်တော့ ဇာတိ ဇရာ မရဏ ဆိုတဲ့ အဝီစိပေါ်လာတယ် (မှန်ပါ)၊ ဘုရားဖြတ် လို့မရဘူး (မရပါဘူး)၊ ရရဲ့လား (မရပါဘူး)။

ဘုရားနဲ့ ဘာတော်ပါလိမ့်

ဟာ ဒေဝဒတ်နဲ့ ဘုရား ဘာတော်ပါလိမ့်မတုံး အို ယသော်ဓရာဟာ ဒေဝဒတ်ရဲ့ နှမပဲ (မှန်ပါ)၊ ဒီထက် ရင်းတာ ရှိသေးသလား (မရှိပါဘူး ဘုရား)၊ အဲဒါကို ဖြတ် မပေးနိုင်ဘူး (မှန်ပါ)၊ သူ့ဟာသူ ဆက်သွားတာနဲ့ (မှန်ပါ)။

ဒီမှာလည်း ဘုန်းကြီးတို့ ဟောတတ်တာ ရှိတာပဲ၊ ခင်ဗျား တို့ ဟာ ခင်ဗျားတို့ ဆက်သွားရင် ဒေဝဒတ်မျိုးသာ မှတ်ပေ ရော့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မဆက်ကြပါနဲ့၊ ဒေဝဒတ်မျိုးထဲလည်း ဒီထဲဝင်ချင်တဲ့ ပုဂ္ဂိုလ်ပါသေးသလား (မပါ-ပါဘူး)။

ဒေဝဒတ်ဟာ ဘာဖြစ်နေသတုံး

ဒေဝဒတ်ဟာ အခု ဘာဖြစ်နေသတုံးဆိုတော့ ထန်းပင်လုံး လောက်ရှိတဲ့ သံလုံးကြီး ခေါင်းကနေ ဒွါရ ထွက်တယ်၊ ရင်ကနေ လျှိုလိုက်တာလည်း ဟို ဘက်ဘေး ဒီဘက်ဘေး ပေါက် တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဒီလို ခံနိုင်ရည်ရှိပါ့မလား (မရှိပါဘူး)၊ သံပူကြီးတွေ ထိုးထားတယ် (မှန်ပါ)။

သို့သော်လည်း ဘယ့်နှယ်ကြောင့် သူ အထိုးခံရပါလိမ့်မ လဲ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ကြီးကျယ်တဲ့ ကံတွေ သူလုပ်တယ် (မှန်ပါ)၊ ကြီးကျယ်တဲ့ တဏှာ ကြီးကျယ်တဲ့ ဥပါဒါန်ကြောင့် ကြီးကျယ်တဲ့ ကံ ဖြစ်တယ် (မှန်ပါ)။

ကြီးကျယ်တဲ့ ကံတွေ လုပ်တယ်

သူက ကြီးကျယ်တဲ့ တဏှာနဲ့ ဘုရား လုပ်ချင်တာ (မှန်ပါ)၊ စွဲစွဲလမ်းလမ်း ဘုရားဖြစ်ချင်တာ (မှန်ပါ)၊ အဲဒီတော့ သူဟာ ကြီးကျယ်တဲ့ ဘုရားသတ်တဲ့ကံတွေ လုပ်လိုက်ပါ တယ် (မှန်ပါ)၊ သွေးစိမ်း တည်တဲ့ ကံတွေ မလုပ်လိုက်ဘူးလား (လုပ်လိုက်ပါတယ် ဘုရား)၊ ဟောဒီကျတော့ ဇာတိ ဇရာ မရဏဆိုတဲ့ဥစ္စာ ထန်းပင်လုံးလောက် သံလုံးတွေနဲ့ လျှို တဲ့ အကျိုးခံရတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဘုရား တတ်နိုင်ရဲ့လား (မတတ်နိုင်ပါဘူး ဘုရား)၊ မတတ်နိုင်ပါဘူးနော် (မှန်ပါ)၊ ဒေဝဒတ်ဟာ ကုမရ တော့ဘူးလို့ ဘုရားကပဲ ဟောလိုက်တယ် (မှန်ပါ)၊ ဘယ်လို ဟောပါလိမ့် (ကုမရတော့ဘူးလို့ ဟောပါတယ်)။

အဲ ခင်ဗျားတို့ ကတော့ ကုရတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါပါ တယ် (မှန်ပါ)၊ ဒေဝဒတ်ကတော့ ကုကို မရဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

တဏှာ၊ ဥပါဒါန်ကြီးလို့ ကံကြီးသွားတာ

ကုလို့ ဘယ်ရတော့မတုံး၊ ဘုရားကို ကျောက်မောင်းဆင် ချတော့ ဘုရားမှာ သွေးစိမ်း ထွက်တယ်၊ သွေးစိမ်းတည်တဲ့ ကံ ပြုတယ်၊ သံဃာ သင်းခွဲတဲ့ကံ ပြုတယ်ဆိုတော့ ဘုရားတားလို့မ ရဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီ တဏှာကြီးလို့ ဒီဥပါဒါန်ကြီးလို့ ဒီ ကံ ကြီးသွားတာ (မှန်ပါ)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ နားလည်တာက ဒကာကြွယ်တို့က ဒေဝဒတ်က ကံကြီးပြုတယ်ဆိုတော့ ဒါတင်မှတ်နေတယ် (မှန်ပါ)၊ မဟုတ်ပါဘူး၊ ဒီ တဏှာ ကြီးကျယ်လို့ ဒီကံကော (ကြီးကျယ်ပါတယ် ဘုရား)၊ ဒီ ဥပါဒါန်ကြီးကျယ်လို့ဘာတုံး (ဒီကံကြီးကျယ်ပါတယ် ဘုရား)၊

ဒီကံကြီးဆိုတာ ကံကနောက်မှ ကြီးရတာ (မှန်ပါ)၊ ဒီတဏှာက သူက ဘုရားလုပ်ချင်တဲ့ တဏှာက အင်မတန် ကြီးကျယ်တယ် (မှန်ပါ)၊ အဲဒီတော့ ဥပါဒါန်ကကော (ကြီးကျယ်ပါတယ် ဘုရား)၊ အဲဒါကြောင့် ဒီကံကြီးသွားတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒီတဏှာ ဖြတ်လို့ ရှိရင် ဒီကံ အလိုလိုပြတ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ)။

ဘယ်ဟာကြောက်စရာကောင်းသတုံး

ဒါဖြင့် တဏှာကြောက်ရမှာလား ကံ ကြောက်ရမှာ လား (တဏှာကြောက်ရမှာပါ ဘုရား)။

အဲ တဏှာကြောက်ရမယ်ဆိုတာ ကြည့်လေ၊ ဝေဒနာ နဲ့ ကံ သူကဆက်ပေးမှဖြစ်တာ (မှန်ပါ)၊ သူက မဆက် ရင် ဒီဘက်ကံဟာ အဝေးကြီး ကျန်သေးတယ် (မှန်ပါ)၊ မကျန် ဘူးလား (ကျန်ပါတယ်)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကံနဲ့ တဏှာ ဘယ်ဟာ ကြောက်စရာကောင်းသတုံး (တဏှာ ကြောက်စရာကောင်း ပါတယ်)၊ နို့ ခင်ဗျားတို့က ဘာကြောက်နေကြသလဲ (ကံကြောက် နေကြပါတယ်)၊ ဟာ လွဲကုန်ပြီ (မှန်ပါ)၊

လွဲကုန်ပြီ ဒီမှာ ပုံစံရှိနေပြီ၊ ဘုရားဟော ပါဠိတော်၊ဝေဒနာပစ္စယာ (တဏှာပါ)၊ ကဲ ဒါကြောင့် ပြောတာ (မှန်ပါ)၊ ဒကာကြွယ်တို့က ဘာကြောက်နေသတုံး (ကံကြောက်နေပါ တယ်)၊ ဟာ ကံက အဝေးကြီး ဒကာကြွယ်၊ ဒီဘက်မှာ(မှန်ပါ)၊ တဏှာက ကျေးဇူးပြုလို့ ဥပါဒါန် ရောက်ရဦးမယ်၊ ဥပါဒါန်က ကျေးဇူးပြုမှ ကံကို ရောက်ရမယ် (မှန်ပါ)၊ ဒီတော့ တဏှာ မပါရင် ဒီကံတွေ ဖြစ်ပါ့မလား (မဖြစ်ပါဘူး)။

တဏှာကြောက်စရာကောင်းတယ်

ဒါဖြင့် တဏှာနဲ့ ကံ ဘယ်ဟာ ကြောက်စရာကောင်းသ တုံး (တဏှာကြောက်စရာ ကောင်းပါတယ်)၊ ပေါ်ပြီ (မှန်ပါ)။

အဲဒါ ခင်ဗျားတို့ ပုံစံထဲလည်း ကြည့်ပါ (မှန်ပါ)၊ ကျုပ် ဖြင့်ဗျာ မကောင်းတဲ့ကံတွေ သိပ်ကြောက်တာပဲ တဲ့၊ ဟာ အဖျားကြောက်နေတာ၊ အရင်းကို ကြောက်တာမ ဟုတ်ဘူး (မှန်ပါ)၊ အရင်းက တဏှာလာတာ၊ ဒီမှာကြည့်လေ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာလာမှ ဥပါဒါန်ကတော့ (လာပါတယ်)၊ ဥပါဒါနပစ္စယာ (ကမ္မ ဘဝေါ)၊ ဟာ အဝေးကြီးပါလား (မှန်ပါ)၊ အဝေးကြီး သူ့ကို ကြောက်နေကြတယ် (မှန်ပါ)၊ တဏှာလုပ်မှဖြစ်တဲ့ ဥပါဒါန် ကံပါ (မှန်ပါ)၊ တဏှာရှိမှ ဖြစ်တဲ့ကံ၊ ဥပါဒါန်ရှိမှ (ဖြစ်တဲ့ကံပါ ဘုရား)။

ဒါဖြင့် ကံကြောက်ရမှာလားတဲ့၊ အရင်းကျကျ တဏှာ ကြောက်ရမှာလား (အရင်းကျကျ တဏှာ ကြောက်ရမှာပါ ဘုရား)။

တဏှာကြောက်ရင် ဝေဒနာဖြစ်ပျက်ရှု

တဏှာ ကြောက်လို့ ရှိရင် ဝေဒနာ ဖြစ်-ပျက်ရှုဆိုတော့ တဏှာကိုမလာဘူး (မှန်ပါ)၊ စိတ် ဖြစ်-ပျက်ရှု ရင်ကော (တဏှာမလာပါဘူး)။

ဒါဖြင့် ကျုပ်တို့က အကြောင်းသတ်တယ်၊ ခင်ဗျားတို့က အကျိုးကြောက်နေတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနေ့ကစပြီး တဏှာကြောက်စရာကောင်းသဟေ့ (မှန်ပါ)၊ ကံ ကြောက် စရာမကောင်းဘူး၊ အဝေးကြီးကိုဗျ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

တကယ် ကျေးဇူးပြုတာက ဘာပါလိမ့် (တဏှာက ကျေးဇူးပြုပါတယ် ဘုရား)၊ ဒါဖြင့် တဏှာ ဖြတ်ချင်ရင် ဖြစ်-ပျက် ရှု (မှန်ပါ)၊ ဖြစ်-ပျက်ရှုလိုက်တော့ ဒီအဆက်ကလေး ဘယ့်နှယ်ဖြစ်သွားသတဲ့ (ပြတ်သွားပါတယ်)၊ သဘောပါ ပလား (ပါ ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာနဲ့ ကံ ဘယ်ဟာအရေး ကြီး ဖြတ်ရမှာတုံး (တဏှာအရေးကြီး ဖြတ်ရမှာပါ)၊ ကံ ကို ပဓာနထားပြီး မဖြတ်ပါနဲ့၊ တဏှာ ဖြတ်လိုက်ရင် ကံ အလိုလို ပြတ်တယ် (မှန်ပါ)၊ ဒါ ပဋိစ္စသမုပ္ပါဒ် နည်းနော် (မှန်ပါ)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကျေနပ် သဘောကျ ပလား (ကျပါပြီ)၊ ကိုယ့်ကိုယ်ကိုကော ချိန်ခွင်ထဲထည့် ချိန် တတ်ပလား (ချိန်တတ်ပါပြီ)၊ ဒီနေ့ ဘယ်နှခါ ဆက်ပါ လိမ့် (မရေတွက်နိုင်ပါဘူး၊ ကိုယ့်ဟာကိုယ် ဘယ်နှခါဆက် ပါလိမ့် ကိုယ့်ဟာကိုယ်တွေး၊ မရေတွက်နိုင်တာတွေနဲ့ သွားလုပ် မနေနဲ့ဦး၊ ကိုယ်ကျိုး နည်းနေဦးမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အလုပ်နဲ့ ဖြတ်မှရမယ် က ဒီနေ့ ဘယ်နှခါ ဆက်ပါလိမ့်ဆိုတာ တွေး၊ ဒီနေ့ ဘယ် နှခါ ပြတ်ပါလိမ့်မလဲဆိုတာ တွေးလုံးထုတ် (မှန်ပါ)၊

အဲဒီတော့ နေ့လယ်က ဆက်ထားတာတွေ ညတော့ဖြတ်မှာပဲ လား (မှန်ပါ)၊ ဆိုပြီး ညကျတော့ ထိုင်လိုက်တာပေါ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဲဒီကဲ့သို့ အလုပ်နဲ့ ဖြတ်မှပဲ ရမယ် (မှန်ပါ)၊ သဘောပါကြပလား (ပါ ပါပြီ)။

ဖြစ်ပျက်ပေါ်တိုင်းမဂ်ကလိုက်ပါ

ဘာနဲ့ ဖြတ်ကြမယ် (အလုပ်နဲ့ ဖြတ်ရပါ့မယ်)၊ အလုပ်နဲ့ ဖြတ်မှရမယ်ဆိုတာက ဟိုက ဖြစ်-ပျက်ရှိမှ ဖြစ်-ပျက် ပေါ်တိုင်းလည်း ဒီက မဂ်လိုက်မှ (မှန်ပါ)၊ မဂ်လိုက်တော့ ဒီအဆက်ဘယ့်နှယ် ဖြစ်သွားသတုံး (ပြတ်သွားပါတယ်)၊ ၂နဲ့ ၃ ဆက်ရေးရှိသေးရဲ့လား (မရှိပါဘူး)။

ဪ ဒါဖြင့် တို့ သည်ကားလို့ ဆိုရင်ဖြင့် ပစ္စုပ္ပန် အကြောင်းတွေ လုပ်ဖြစ်သေးရဲ့ လား (မလုပ်ဖြစ်ပါဘူး)၊ ဒါဖြင့် အနာဂတ်အကျိုး ဘယ့်နှယ်နေသတုံး (မလာပါဘူး)၊ အနာဂတ်အကျိုးတွေ မလာတော့ဘူး (မှန်ပါ)၊ ဪ တယ်ကျေးဇူးများ ပါလားဆိုတာ သူများပြောလား မျက်မြင်လား (မျက်မြင်ပါ)။

မဂ်သည် နိဗ္ဗာန်ဘက်သွားတယ်

အခုတော့ဖြင့် ဝေဒနာ ဖြစ်-ပျက်ရှုလည်း ဒီနေရာ မဂ်ပေါ် တာပဲ (မှန်ပါ)၊ မဂ်ပေါ်ရင် ဒီအစပ်ဟာ ဘာဖြစ်သွား သတုံး (ပြတ်သွားပါတယ်)၊ စိတ်ဖြစ်-ပျက်ရှုရင်လည်း ဒီနေရာ မဂ်ပေါ်တာပဲ (မှန်ပါ)၊ ဒီအစပ်ဘာဖြစ်သွားသတုံး (ပြတ်ပါတယ်)။

ဒီအစပ် ပြတ်တော့ကို ဒီမဂ်ဟာ ဘယ်သွားသတုံးဆိုတော့ ဟောဒီဘက် နိဗ္ဗာန်ဘက် တဏှာနိရောဓော နိဗ္ဗာနံ ဘက်သွား လိုက်တယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ ဒီနေ့ နာရီစေ့ပြီ တော်ကြဦးစို့။

သာဓု သာဓု သာဓု။