ဒိဋ္ဌိမပြုတ်ရင် ပထမနိဗ္ဗာန်မရ (ယမကရဟန်း)
အသံဖိုင်ခေါင်းစဉ်= ပထမနိဗ္ဗာန်ကိုကန့်ကွက်သည့် ဒိဋ္ဌိသုံးမျိုးဖြုတ်ပေးပုံ
စာအုပ်ခေါင်းစဉ်= ဒိဋ္ဌိမပြုတ်ရင် ပထမနိဗ္ဗာန်မရ (ယမကရဟန်း)
မှတ်ချက်။ ။ပထမနိဗ္ဗာန်= သောတာပတ္တိမဂ်ဖြင့် မြင်အပ်သောနိဗ္ဗာန်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးအပေါ် ကျေးဇူးရှင် မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး၏ သဘောထားမှတ်ချက်
၁။ ကောဇာသက္ကရာဇ် ၁၃၃၇ ခု၊ တပေါင်းလပြည့်ကျော် (၁)ရက်နေ့ (၁၉၆၇ ခု၊ မတ်လ)ညတွင် ရန်ကုန်မြို့သာသနာ့ ရိပ်သာ ဖန်ယဉ်ဓမ္မာရုံကြီး၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်ချုပ်ကျေးဇူးရှင် တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာ ဘိဝံသ ဟောကြားတော်မူခဲ့သော တရားတော်မှ ဖြစ်ပါသည်။
မန္တလေးမှာ ဘုန်းကြီးများနဲ့ ရင်းနှီးတဲ့ ဒကာတစ်ယောက် နဲ့ စကားပြောကြတဲ့အခါကျတော့ – ဆရာတော်တဲ့၊ တပည့်တော် တရားပွဲစုံစုံရောက်ဖူးတယ်တဲ့၊ ပြောစမ်းပါဗျာ ဘယ်တရားပွဲတွေလဲ?။
ဟာ ဆရာကြီး ဦးလှသိန်းတရားပွဲကိုလည်း ရောက်တယ်၊ ဘာတွေတွေ့သတုံးဗျာ ? ဟာ ပရိသတ်ကတော့၊ ပြ(၄)ပြလောက် ပရိသတ်ကိုတွေ့တယ်၊ ပြီးတော့ကောဗျာ ?
ပြီးတော့ ဝိဇ္ဇောရဆရာတော်တို့ အနီးစခန်း ဆရာတော်တို့ တရားပွဲတွေ တပည့်တော် ရောက်တယ်၊ အဲ့ဒီကျတော့ မဏ္ဍပ်တစ်လုံးပဲ၊ မဏ္ဍပ်လျှံရုံပဲရှိတယ်။ ပြီးတော့ ကောဗျာ ?
အဲဒီတုန်းကတော့၊ မိုးကုတ်ဆရာတော်က မန္တလေးမှာ စခါစရှိသေးတယ်၊ မိုးကုတ်ဆရာတော် ရဲ့ တရားပွဲကို အောင်တော်မူမှာ တပည့်တော်သွားပြီး တရားနာတယ်ဘုရားတဲ့။ (၁၅)ယောက်၊ အယောက်(၂၀) လောက်ပဲရှိတယ်။
ပြီးတော့ကော ကိုခင်မောင်လို့ ဆိုတော့၊ တပည့်တော် အဲ့ဒီလောက်ပဲ ရောက်ဖူးတယ်တဲ့၊ ပြီးပြီလား ?၊ ပြီးပါပြီ ဘုရားတဲ့။
အေး ကောင်းပြီ၊ ဆရာကြီးဦးလှသိန်းက တရားဟော လိုက်တယ်ဆိုရင် ပရိသတ်ရဲ့ အကဲကို တယ်ပြီး သိတာကိုး၊ ဒီပရိသတ် ခြောက်သွေ့နေတယ် ဆိုရင်၊ ဒီကနေပြီးတော့ ဓမ္မသံဝေဂ လေးချိုးကြီးများ ရွတ်ပြီးတော့ ပေးလိုက်တဲ့အခါ ကျတော့၊ ဟို ရုပ်ရှင်သွားမယ့်လူတွေရော၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ သွားမယ့်လူတွေရော၊ သူတို့ နားထောင်ချင်တာ၊ ဒီမှာ ရှိတယ် ထင်ပြီးတော့၊ အဲ့ဒီ (၄)ပြပေါက်လောက် ရှိလာတာပဲဗျ။
တရားပွဲပြီးတဲ့ အခါကျတော့၊ ရုပ်ရှင်သွားမယ့်လူတွေက လည်း၊ နောက်ရုပ်ရှင် သွားမြဲ သွားတယ်၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ ကိုလည်း သွားမြဲသွားတယ်။
တရားနာရ ကောင်းစေလို့၊ သိလာတဲ့လူ၊ မဏ္ဍပ်တစ်လုံး စာကတော့ ဝိဇ္ဇာစာရ ဆရာတော်တို့၊ အနီးစခမ်း ဆရာတော် တို့၊ ဘုန်းကြီးတို့ တရားပွဲတွေမှာ နာတာပေါ့။
အဲ့ဒီတရားပွဲမှာလည်း၊ ဘုန်းကြီးတွေက အလှူဆို အလှူ ပွဲနဲ့တန်အောင် ဥပုသ်ဆို ဥပုသ်တရားနဲ့ တန်အောင် သင့်လျှော် အောင် တရားတွေ ရွေးပေးပြီးတော့ အမျိုးမျိုးဟောရတယ်။
တရားနာတဲ့ပရိသတ်က၊ ဟာ တို့တော့တရားအား ထုတ်မှဖြစ်မယ် ဒီတော့တရားသက်သက်ကို အားထုတ်ချင် တယ်ဆိုတော့၊ ထိုထိုကမ္မဋ္ဌာန်းဌာနတွေ၊ ရိပ်သာတွေမှာသွားပြီး တရားအားထုတ်ကြလို့၊ မဏ္ဍပ်ကြီး တစ်လုံးထဲက ဆန်ခါတင် လူတစ်ရာလောက်ပေါ့ဗျာ၊ အဲ့ဒီလိုရိပ်သာသွားကြတယ်။
တစ်ခါရိပ်သာ ကျပြန်တော့လည်းပဲ၊ ကျင့်စဉ်အတိုင်း ကျင့်လို့ ပြီးပြီဆိုတော့၊ ဈေးရောင်းတဲ့ ပုဂ္ဂိုလ်ကလည်း ဈေးပြန်ပြီး – ရောင်း၊ ပုတီးလေးနဲ့ပေါ့။
သို့သော် တချို့ကတော့၊ ဈေးကိုမရောင်းချင်တော့ဘူး၊ တစ်ခါတည်းဆက်ပြီးတော့ တရားနဲ့ပဲ၊ နှလုံးသွင်းချင်တဲ့ ပုဂ္ဂိုလ် က ဘယ်သွားပြန်သတုံးဆိုတော့ ဆရာတော်ဦးဝိမလဆီ သွား တာပေါ့၊ အဲဒီလို (၁၅)ဦး၊ ဦး(၂၀)ဖြစ်တာပေါ့။
သို့သော် ကိုခင်မောင်ကို ဘုန်းကြီးပြောချင်တယ်ဆိုတော့ ဘယ်လိုတုံးဘုရားတဲ့။
အေး စာပေ ပရိယတ္တိနဲ့ နေကြတဲ့ မိုးကုတ် ဆရာတော်ဦးဝိမလတို့ နှလုံးသွင်းပုံဟာ၊ အဲဒီပရိသတ်ကို ဟောတဲ့ တရား အထက်နားမှာ၊ တစ်ထွာလောက်၌ ရှိတယ်လို့ မှတ်ပြီး ထားစေချင်တယ်။
ဆရာတော် ဘာပြောတာလည်းဘုရား .. ?၊ ဟ .. စာပေနဲ့နေတဲ့ပုဂ္ဂိုလ်များက တရားနှလုံးသွင်းတယ် ဆိုတာ ဟာ အခုပြောသလိုပဲ ကမ္မဋ္ဌာန်းစီးဖြန်းတော့ စက္ခုံ အနိစ္စံ ဒုက္ခံ အနတ္တံ၊ နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ၊ သောတံ ကာယံ ဇိဝှံ ကာယံ မနံ အနိစ္စံ ဒုက္ခံ၊ အနတ္တာ နေတံ မမ နေသောဟမသ္မိ၊ နမေသောအတ္တာ၊ (မိုးကုတ် ဆရာတော် ဦးဝိမလက) ပါဠိကိုသိသကိုးဗျ။
ဒီလိုသိတော့ သူက ပါဠိက ရွတ်လို့လည်းပဲ၊ သဘာဝ ဝိယုတ္တိဆိုတာ အရသာတစ်မျိုးရှိတယ်၊ ဓမ္မပီတိလည်းဖြစ်တယ်၊ ဒီဓမ္မရသ အတ္ထရသ ပါဠိကပိုပြီး အရသာပေါ်တယ်။
အဲဒါကြောင့် စာချတဲ့ဆရာတော်တွေ နှလုံးသွင်းတာက ဆရာတော်ဦးဝိမလက လူတွေကို နှလုံးသွင်းခိုင်းတာရဲ့ အထက် နားတစ်ထွာလောက်မှာ ရှိတယ်၊ မိုးကုတ်ဆရာတော်က။
*****
၂။ ကောဇာသက္ကရာဇ် ၁၃၃၉ ခု၊ နယုန်လပြည့်ကျော် (၁၃)ရက် (၁၃-၆-၁၉၇၇) တနင်္လာနေ့ ည(၇)နာရီတွင် ကြို့ပင်ကောက်မြို့၊ မဟာလောကသိရီဘုရားကြီး သံတန်ဆောင်းအတွင်း၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင်ချုပ်၊ ကျေးဇူးရှင်တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘဒ္ဒန္တ ဝိစိတ္တသာရဘိဝံသ ဟောကြားတော် မူခဲ့သော တရားတော်မှ ဖြစ်ပါတယ်။
တရားနာပရိသတ်က အကြိုက်(၅)မျိုးရှိကြတယ်။ ဘယ်သူတွေလည်းဆိုတော့။
၁။ သဒ္ဒပသန္ဒဆိုတာ အသံကောင်းတာကိုမကြည်ညိုတာ၊ အသံနေအသံထားကြည်ညိုတဲ့ ပရိသတ်ပေါ့။ နိဗ္ဗာန်မဂ်ဖိုလ်တော့၊ မရနိုင်ပါဘူး။
၂။ ရူပ ပသန္ဒဆိုတာ ရုပ်ရေအဆင်းကိုကြည်ညို တာ၊ ဓမ္မကထိက ကိုယ်တော်ရဲ့ ရုပ်ဆင်းအင်္ဂါ၊ ဥပဓိရှိတာကိုကြည် ညိုတဲ့ပရိသတ်၊ သူလည်းမဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပါဘူး။
၃။ ဂုဏာပသဆိုတာ ဂုဏ်ရှိတဲ့ ဓမ္မကထိကကိုမှကြည်ညို တာ၊ ဘုန်းကြီးကိုပဲ ဆိုကြပါစို့၊ ဒီဘုန်းကြီးက တိပိဋကဓရတဲ့၊ အင်မတန်ဂုဏ်ရှိတယ်ဆိုပြီး ကြည်ညိုတဲ့ပရိသတ်၊ ဒီပရိသတ် မျိုးလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
၄။ လူခ ပသန္ဒဆိုတာ ခြိုးခြိုးခြံခြံ အကျင့်ရှိသူကိုမှ ရွေးပြီး ကြည်ညိုတာ၊ ဒီပရိသတ်မျိုးလည်း မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ဘူး။
၅။ ဓမ္မပသန္ဒဆိုတာ တရားဓမ္မသက်သက်ကို ကြည်ညိုတာ။ အဲ့ဒါမျိုးကျတော့ အသံကိုလည်း ပဓာနမထား၊ ရုပ်အဆင်းကို လည်းမကြည့်၊ ဂုဏ်ကိုလည်းမငဲ့၊ ခေါင်းဆောင်ပါးပါးအကျင့်ကို လည်း ဂရုမစိုက် ဓမ္မသက်သက်ကိုသာ ကြည်ညိုတဲ့ပရိသတ်မျိုး၊
အဲ့ဒီပရိသတ်မျိုးသာလျင် ဒီဘဝမှာ တရားထူးရနိုင်တယ် တဲ့။
အဲဒီ ဓမ္မပသန္ဓပရိသတ်ဆိုတာကတော့ ဦးရေနည်းပါးလှ ပါတယ်။ အခုခေတ်ဥပမာ ပြရမယ် ဆိုရင် မိုးကုတ်တရားနာ ပရိသတ်တို့ကိုပဲပြရမှာပဲ။
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း မိုးကုတ်ဆရာတော် ကြီး ဦးဝိမလ၊ အဲဒီဆရာတော်ကြီး ဟောပြတဲ့ ဓမ္မတို့ကတော့၊ အလွန်အင်မတန်မှ ပီသလှပါပေတယ်၊ တစ်ထိုင်တည်းနဲ့ နိဗ္ဗာန် အရောက် ဦးတည် ပို့ပေးနိုင်တဲ့ တရားတော်များလည်း ဖြစ်ပါတယ်။
အဲဒီတရားတော်များကို ကြည်ညိုတဲ့ ပရိသတ်မျိုးမှပဲ ဓမ္မပသန္ဓ ပရိသတ်မျိုးလို့ ချီးကျူး ကြရမှာပဲ။
ပြီးတော့ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ ဟောတဲ့တရားတော်များကလည်း။ ဘုန်းကြီးတို့ရဲ့ ခေါင်းပေါ် နှစ်တောင်လောက်ကျော်ပြီးသွားတဲ့တရားများ။
ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတို့ အခုပိဋကတ်သုံးပုံ ကို ဆောင်နိုင်တယ်၊ သိနေတယ် ဆိုတာက ဘယ်စာမျက်နှာမှာ ဘယ်အကြောင်းအရာတွေပါတယ်ဆိုတာ မှတ်ထားတာ သညာနဲ့ မှတ်တာပေါ့။
မိုးကုတ်ဆရာတော်ကြီးကတော့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်နေတယ် ဆိုတာကို ပညာဉာဏ်နဲ့ ထိုးဖောက်ပြီး သိတာ၊ ပညာသိ၊ သိတာ။
*****
၃။ ၁၉၈၂ ခုနှစ်ခန့်က မြစ်ဝကျွန်းပေါ်ဟင်္သာတမြို့၌ ကျွန်တော်တာဝန်ကျစဉ် ဆန်စက်ပိုင်ရှင် တစ်ဦးသည် မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး ကြွရောက်လာသောအခါ ဆရာတော်အား မေးခွန်းတစ်ပုဒ် မေးမြန်းလျှောက်ထားခဲ့ ပါသည်။
အမေး။ “အရှင်ဘုရား မိုးကုတ်ဆရာတော်ကြီး မြန်မာလို ဟောကြားထားသော တရားတော် များသည် မြတ်စွာဘုရား ဟောကြားသော တရားတော် စစ်စစ်ဟုတ်ပါရဲ့လားဘုရား”ဟု လျှောက်ထားပါသည်။
အဖြေ။ မင်းကွန်းဆရာတော်ဘုရားက ဖြေကြားတော်မူ သည်မှာ “ဒကာကြီး မိုးကုတ် ဆရာတော် ဦးဝိမလ ဟောကြား ထားသော တရားတော်များထဲမှ ဒကာကြီး သံသယရှိတဲ့၊ မမှန်ကန်ဘူးလို့ ထင်တဲ့ တရားတော်ကို ရွတ်ပြပါတဲ့ ?။ ဘုန်းကြီးက ဘုရားဟောတရားတော် ပါဠိတော်၊ စစ်စစ်ဖြစ်ကြောင်း ကျမ်းဂန်အကိုးအကား ထုတ်ပြပါ့မယ်” ဟု ဖြေကြား တော်မူခဲ့ပါသည်။
*****
၄။ မိုးကုတ်ဆရာတော်ဘုရား၏ ဆုံးမစကား
မိုးကုတ်မြို့တွင် မိုးကုတ်ဆရာတော်ဘုရားသီတင်းသုံး နေစဉ်၊ မန္တလေးမြို့ ရဟန်းပျိုအဖွဲ့မှ သံဃာတော် တချို့ မိုးကုတ်မြို့ သို့ ကြွလာကြပြီး ကန့်ကွက်ဆန္ဒပြုကြပါသည်။ ထိုအခါ မိုးကုတ် မြို့သူ မြို့သား များက မခံမရပ်နိုင်ဖြစ်နေကြသဖြင့် မိုးကုတ် ဝိပဿနာအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးမြင့် နာယက ကျောင်းအစ်မကြီး ဒေါ်သန်းသန်းတို့က ဆရာတော်ထံလျှောက်ထားရာ၊ ဆရာတော် ဘုရားက ဒီကိစ္စမင်းတို့ လုပ်တာလား၊ သူတို့ လုပ်တာလားလို့ မေးရာ၊ သူတို့လုပ်တာပါဘုရားဟု ဖြေကြားပါသည်။
ထိုအခါဆရာတော်ဘုရားက မင်းတို့ဟာ သူများရဲ့ ကုသိုလ်ကိုတော့ ကိုယ့်ကုသိုလ်ဖြစ်အောင် မယူတတ်ဘူး၊ သူများရဲ့ အကုသိုလ်ကို ကိုယ့်အကုသိုလ် ဖြစ်အောင်တော့ ယူတတ်တယ်၊ မင်းတို့ ဟာ မင်းတို့ နေတတ်အောင် နေပါ။ မင်းတို့နဲ့ မဆိုင်ဘူး၊ ကိုယ့်အကုသိုလ် မဖြစ်စေနဲ့ဟု ဆုံးမစကား မိန့်ကြားတော်မူခဲ့ပါသည်။
သူတော်ကောင်းရတနာ (၇)ပါးပြည့်ဝကြပါစေ
၁၂-၁၂-၂၀၀၄။ ဆရာဦးစောလှိုင် အတွင်းရေးမှူး
******
ဒိဋ္ဌိမပြုတ်ရင် ပထမနိဗ္ဗာန်မရ (ယမကရဟန်း)
အသံဖိုင်ခေါင်းစဉ်= ပထမနိဗ္ဗာန်ကိုကန့်ကွက်သည့် ဒိဋ္ဌိသုံးမျိုးဖြုတ်ပေးပုံ
စာအုပ်ခေါင်းစဉ်= ဒိဋ္ဌိမပြုတ်ရင် ပထမနိဗ္ဗာန်မရ (ယမကရဟန်း)
မှတ်ချက်။ ။ပထမနိဗ္ဗာန်= သောတာပတ္တိမဂ်ဖြင့် မြင်အပ်သောနိဗ္ဗာန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၌ ဟောကြားဆုံးမတော်မူသော
ဒိဋ္ဌိမပြုတ်ရင် ပထမနိဗ္ဗာန်မရ
(ယမကရဟန်း)
ဟောကြားသည့်နေ့ ( ၁၉-၅-၆၂ )
ပထမနိဗ္ဗာန်ကို ဒကာ ဒကာမတွေ၊ ပထမနိဗ္ဗာန်သည် အပါယ်လေးပါးတံခါးပိတ်တဲ့ နိဗ္ဗာန်လို့ မှတ်ပါ၊ ပထမနိဗ္ဗာန် သည် အပါယ်လေးပါး တံခါးပိတ်တဲ့ နိဗ္ဗာန်လို့ မှတ်ထား၊ ပထမနိဗ္ဗာန် ဘယ်လို မှတ်ကြမတုံး (အပါယ်လေးပါး တံခါးပိတ်တဲ့နိဗ္ဗာန် ပါ ဘုရား)၊အပါယ်လေးပါး တံခါးပိတ်တဲ့ နိဗ္ဗာန်လို့ ဒကာ ဒကာမတွေ မှတ်ထားကြပါ။
ပထမနိဗ္ဗာန်
အဲ့ဒီအပါယ်လေးပါး တံခါးပိတ်တယ်ဆိုရင်ပဲ အေးအေး နေတော့ ဆိုတာ ဦးအောင်ဇံဝေ သတိပေး လိုက်တယ် နော် (မှန်ပါ) အပါယ်လေးပါး တံခါးပိတ်တဲ့ နိဗ္ဗာန်ဟာ ရှေးဦးစွာနိဗ္ဗာန်ပဲ၊ နိဗ္ဗာန် လေးမျိုး ရှိတယ် (တင်ပါ)၊ အပါယ်လေးပါးတံခါး ပိတ်တဲ့နိဗ္ဗာန်လည်းရှိတယ်။ အဲ့ဒီ နိဗ္ဗာန်သည် ကားလို့ ဆိုရင် (၁)နံပါတ် ပထမနိဗ္ဗာန်လို့ မှတ်ထား လိုက်တော့ ဒီနိဗ္ဗာန်မရတာ ဒီဒကာ ဒကာမတွေ ဘာကြောင့်တုံး၊ အပါယ်လေးပါး တံခါးပိတ် တဲ့ နိဗ္ဗာန်တောင်မရတာ ဘာကြောင့်တုံး မေးဖို့ လိုလာတယ်။
ဒိဋ္ဌိသုံးမျိုး
ဤကဲ့သို့ လိုလာတော့ မနေ့ကပြောခဲ့တဲ့
(၁)ရုပ်နာမ် ငါထင်တဲ့ သက္ကာယဒိဋ္ဌိ
(၂) ရုပ်နာမ်ကို ခိုင်မြဲတယ်ထင်တဲ့ သဿတဒိဋ္ဌိ
(၃) ဒီရုပ်နာမ်ချုပ်ပြီးနောက် ရုပ်နာမ်မပေါ်ဘူးလို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိ သုံးမျိုး ကြောင့် ပထမနိဗ္ဗာန် မရတာလို့ မှတ်လိုက် (တင်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ပထမနိဗ္ဗာန်မရတာ ဒိဋ္ဌိ ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)၊ သုံးမျိုးရှင်းပြပါဦးမယ် ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ။ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးရယ်။ ရုပ်နာမ်တရားရှိတယ်၊ တစ်ခုခုလေးကို ဘုန်းကြီးကဖြစ်စေ ရှုခိုင်းတယ်။ ရှုခိုင်းတဲ့ အခါကျတော့ ဒါလေးဟာငါလေးပဲ ထင်နေလို့ သက္ကာယဒိဋ္ဌိ၊ ငါးလေးထင်နေလို့ရှိရင်လည်းပထမ နိဗ္ဗာန်မရနိုင်ဘူး၊ ဦးအောင်ဇံဝေ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီရုပ်နာမ်လေးဟာ ခိုင်တယ်မြဲတယ်လို့ ထင်ရင်လည်း ပထမနိဗ္ဗာန်မရနိုင်ဘူး၊ ဒီရုပ်နာမ် ချုပ်သွားရင် နောက်ရုပ်နာမ် မပေါ်ဘူးလို့ယူလိုက်ပြန်လည်း ဥစ္ဆေဒဒိဋ္ဌိ ရှိနေလို့ နိဗ္ဗာန်မရဘူး၊ ပထမနိဗ္ဗာန်ကို (တင်ပါ ဘုရား)။
ပထမနိဗ္ဗာန်တားတဲ့ဒိဋ္ဌိ
ပထမနိဗ္ဗာန် တားတဲ့ ဒိဋ္ဌိ ဘယ်နှစ်မျိုးရှိတုံး (သုံးမျိုးပါ ဘုရား) မှတ်ထားပါ။ မှတ်ထားပါ၊ ပထမနိဗ္ဗာန်ထား တဲ့ ဒိဋ္ဌိဘယ်နှမျိုးရှိတုံး (သုံးမျိုးပါ ဘုရား)၊ သုံးမျိုးရှိတယ် လို့မှတ်ထား (တင်ပါ ဘုရား)။
ကောင်းပြီ ဒါဖြင့်ဒီသုံးမျိုးကို ဆရာဘုန်းကြီးက ရှင်းပေး လိုက်မယ် ဒီသုံးမျိုးကို ရှင်းပေး လိုက်မယ် ဆိုရင်ဖြင့်တဲ့ ဒီဒကာ ဒကာမတွေ ပထမနိဗ္ဗာန် မရမခံနိုင်ပါဘူး၊ မုချရရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ပထမနိဗ္ဗာန်ကို ကန့်ကွက်နေသော ဒိဋ္ဌိဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)၊
သက္ကာယဒိဋ္ဌိ၊ ရုပ်နာမ်ငါထင်တဲ့ သက္ကာယဒိဋ္ဌိနော် (တင်ပါ)၊
ရုပ်နာမ်ပေါ်လာတဲ့အခါ မကြည့် တတ်တော့ ခိုင်မြဲတယ်ထင်နေတဲ့ သဿတဒိဋ္ဌိ၊
ရုပ်နာမ် တစ်ခု ချုပ်ပြီးသည့် အခြားမဲ့၌ ရုပ်နာမ်တစ်ခု နောက်ထပ်ပေါ်ဇတာကို လည်း မသိပြန်လို့ရှိရင်လည်းတဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားသောကြောင့် ဒိဋ္ဌိသုံးမျိုးခံနေလို့ရှိရင်လည်း ပထမနိဗ္ဗာန် တားတယ်လို့ မှတ်ကြ စမ်းပါ။
စာပေကျမ်းဂန်တွေဟာဘုရားတွေပေါ့
ပထမနိဗ္ဗာန်တားတဲ့ ဒိဋ္ဌိဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)၊ သေသေချာချာမှတ်ပါ၊ ပထမနိဗ္ဗာန်တားတဲ့ ဒိဋ္ဌိက ဘယ်နှမျိုးတုံး (သုံးမျိုးပါ ဘုရား)၊ သုံးမျိုး၊ အဲတော့ဆရာ ဘုန်းကြီးကကွာ ဒါပူမနေပါနဲ့မင်းတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း ရှိပါသေးတယ်ဟ ဘယ်မှာ တုံးဘုရာ့ ဥပမာ မောင်မြင့်တို့က မေးလို့ရှိရင် အို ငါဘုရား မရှိသည့်နောက်ကွာ အခုငါဟောထားတဲ့ ကျမ်းဂန်စာပေ တွေဟာ ဘုရားတွေပေါ့လို့သူက ညွှန်ထားခဲ့တယ်၊ အဲတော့ ဘုရားတွေက ရှိမနေဘူးလား (ရှိနေပါတယ် ဘုရား)။
နိဗ္ဗာန်တားတဲ့တရားတွေ ငါဖယ်ပေးမယ်
အဲ့ဒီဘုရားတွေကို ဘုန်းကြီးတို့ က ဒီတရားတွေလို့ နားလည်ပြီးထားတော့ ဒီဒကာ ဒကာမတွေမှာ ပထမနိဗ္ဗာန် ကန့်ကွက်နေတဲ့ တရားကို ငါဖယ်ပေးမယ်ဆိုပြီး တရားဟော နေတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမနိဗ္ဗာန်ကို ကန့်ကွက်နေတဲ့ တရားဘယ်နှခုရှိ တုံး (သုံးမျိုးရှိပါတယ် ဘုရား)၊ သုံးခု ရှိတယ်နော်- သက္ကာယ ဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။
အိပ်ချင်တဲ့ စိတ်ကလေး
ဥပမာခန္ဓာကိုယ်ထဲမှာ အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာ တယ်။ ဟာ ငါအိပ်ချင်တယ်ဆိုရင် သက္ကာယဒိဋ္ဌိ (မှန်ပါ ဘုရား)၊ အိပ်ချင်တဲ့ စိတ်ကလေးပေါ်လာတာကို ငါအိပ်ချင် တယ်ဆိုရင် (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ သက္ကာယဒိဋ္ဌိ မှတ်ရ မယ်။
ဒီအိပ်ချင်တဲ့ စိတ်ကလေးကို မပျောက်ဘူး ယူလိုက်လို့ ရှိရင် ဘာဒိဋ္ဌိဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား)၊ သဿ တဒိဋ္ဌိ၊ မပျောက်ဘူးဆိုရင် ခိုင်မြဲနေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ မပျောက်ဘူးဆိုရင် (ခိုင်မြဲနေပါတယ် ဘုရား)၊ ဒါဘာဒိဋ္ဌိ ဆိုကြမတုံး (သဿတဒိဋ္ဌိပါ ဘုရား)။
ဘဝင်စိတ်ဆိုတာ အိပ်တဲ့စိတ်
အိပ်ချင်တဲ့စိတ်ကလေး ပျောက်ပြီးတော့ နောက်စိတ် မလာတော့ဘူး ယူလိုက်ပြန်ရင်လည်း ဘာဒိဋ္ဌိ ဆိုကြမတုံး (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ နောက်စိတ်လာတာပေါ့ အိပ်ချင်တဲ့ စိတ်ချုပ် ပြီးနောက် ဘဝင်စိတ်ဆိုတာ အိပ်တဲ့စိတ်လာတာ ပဲ (တင်ပါ)၊ ဒါမသိပြန်လို့ ရှိရင်လည်း ဥစ္ဆေဒဒိဋ္ဌိ လာဦးမှာ ပဲ (တင်ပါ ဘုရား)။
ဒါဖြင့် ပထမနိဗ္ဗာန်တားတဲ့ ဒိဋ္ဌိဘယ်နှမျိုးရှိတုံး (သုံးမျိုးရှိပါတယ် ဘုရား)၊ အဲဒါယနေ့ ညကို ဒကာ ဒကာမတွေ အပါယ်လေးပါးတံခါးပိတ်တဲ့ ပထမနိဗ္ဗာန်ကို မရောက်နိုင် တာ သူတို့ ကန့်ကွက် တာပဲလို့ ရှင်းလိုက်စမ်းပါ၊ ဦးအောင်ဇံဝေ ဘယ်နှမျိုးတုံး ကန့်ကွက်တာ (သုံးမျိုးပါ ဘုရား)၊ သုံးမျိုး၊
နောက်က ဒကာ ဒကာမတွေ ဘယ်နှစ်မျိုးရှိတုံး (သုံးမျိုးပါ ဘုရား)၊ သုံးမျိုးနောက် ပထမနိဗ္ဗာန်ကန့်ကွက်နေ တာ (သုံး မျိုး)၊ မောင်ဇီဝ ရှင်းပလား ကဲ။
သက္ကာယဒိဋ္ဌိ
ပထမနိဗ္ဗာန်ကန့်ကွက်နေတာ နောက်က ဒကာ ဒကာမ တွေဘယ်သူတုံး ဒိဋ္ဌိသုံးမျိုးလို့ မှတ်လိုက်စမ်းပါနော် မောင်မြ (မှန်ပါ)၊ မောင်မြင့် ဘယ်နှမျိုးတုံးကွ (ဒိဋ္ဌိသုံးမျိုး)၊ ပြန်ပြောမယ် တစ်ခေါက် အရေးကြီးလို့ ပြောနေတယ်လို့ မှတ်လိုက်စမ်းပါနော်။
ဥပမာမယ် စားချင်တဲ့ စိတ်ကလေးပေါ်လာတယ်။ ငါစား ချင်တယ်ဆိုတော့ စိတ်ကိုငါလို့ မထင်လိုက်ဘူးလား (ထင်ပါ တယ် ဘုရား)၊ ဒါဘာဒိဋ္ဌိဆိုတာလဲ (သက္ကာယ ဒိဋ္ဌိပါ ဘုရား)။
သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ
အင်း စားချင်တဲ့ စိတ်ကလေးက မပျောက်ဘူး ခိုင်မြဲ လိုက်တာဆိုရင် ဘာဒိဋ္ဌိဆိုမတုံး (သဿတဒိဋ္ဌိပါ ဘုရား)၊ စားချင်တဲ့ စိတ်ပျောက်ပြီး သကာလ နောက်ဘာ စိတ်မှမလာ
တော့ဘူးလို့ ယူလိုက်ရင်လဲ (ဥစ္ဆေဒဒိဋ္ဌိ ပါ ဘုရား) ရှင်းပြီ သုံးခေါက်ရှိသွားပြီ (တင်ပါ ဘုရား)၊ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီဒိဋ္ဌိသုံးမျိုးသည် ဘယ်သူ့ကို တားမြစ်နေ သတုံးလို့ ဦးအောင်ဇံဝေကို မေးလို့ ရှိရင် (ပထမနိဗ္ဗာန် ပါ ဘုရား)၊ ပထမနိဗ္ဗာန်၊ မဂ်လည်း အတူတူပေါ့နော် ပထမနိဗ္ဗာန် တားမြစ်တာ၊ အပါယ်လေးပါးတံခါးပိတ်တဲ့ နိဗ္ဗာန်ကို တားမြစ်နေ တယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာတားမြစ်တုံး (ပထမနိဗ္ဗာန် တားမြစ်ပါတယ် ဘုရား)။
ဘာ့ကြောင့် နိဗ္ဗာန်မရပါလိမ့်
ပထမနိဗ္ဗာန်တားမြစ်တယ်၊ ပထမနိဗ္ဗာန်ရရင် အပါယ် လေးပါးတံခါးမပိတ်ဘူးလား (ပိတ်ပါတယ် ဘုရား) အဲတော့ ပထမနိဗ္ဗာန်တားမြစ်နေတဲ့ တရားသုံးခုဖြင့် ဒီနေ့ ဖမ်းမိပြီ မမိကြ သေးဘူးလား (မိပါတယ် ဘုရား)၊ မိပြီဖမ်းမိပြီ။
ဒါဖြင့် ဘုန်းကြီးကပဲ မျှော်လင့်ချက်ကြီးကြီးနဲ့ အရှည် မျှော်ပြီးတော့ ဒကာ ဒကာမတွေ မေးလိုက်လို့ ရှိရင် တပည့် တော်တို့ ဘုရား၊ ဘုရားတွေလည်း ဂင်္ဂါသဲမှုန့်မက ပွင့်သွားကြပါ လျက်သားနဲ့ တပည့်တော်တို့ ပထမနိဗ္ဗာန် မရတာ ဘယ်အကြောင်း ကြောင့်ပါလိမ့်မလဲလို့ မေးရင် ဖြေတတ်ကြပလားဘာပါလိမ့် (ဒိဋ္ဌိသုံးမျိုးကြောင့်ပါ ဘုရား)၊ ဒိဋ္ဌိသုံးခုက ဝင်တားတာ (တင်ပါ)။
ဒါနကြောင့် လူဖြစ်လာပြီ
တပည့်တော်တို့ အခုလူဖြစ်လာတာ ဒါနကြောင့်လည်း လူဖြစ်လာကြတယ်၊ သီလကြောင့်လည်း အသက်ရှည် နေကြ တယ်။ ဒါန သီလ လုပ်ဖူးတဲ့သူချည်းပဲ (တင်ပါ ဘုရား)၊ နိဗ္ဗာန် မရောက်ဘူးတဲ့၊ ဒါန သီလတော့ လုပ်ဖူးလို့ပဲ အခုခန္ဓာ ကြီးက သက်သေခံနေတာ၊ မခံဘူးလား (ခံပါတယ် ဘုရား)။
သီလကြောင့် အသက်ရှည်ရပြီ
ဒါနကြောင့်ပဲ အင်း လူဖြစ်လာကြပြီ၊ သီလကြောင့် ပဲ အခုရှည်နေတဲ့ အသက်ဟာ သီလကြောင့်ပဲ ရှည်နေတာပဲ (မှန်ပါ ဘုရား)၊ မရှည်ကြဘူးလား (ရှည်ပါတယ် ဘုရား)၊ မလုပ်ဖူးဘူး ဆိုကြမလား လုပ်ဖူးတယ် ဆိုကြမလား (လုပ်ဖူး ပါတယ် ဘုရား)၊ လုပ်ဖူးတယ်ဆိုတာ ဘယ်သူက သက်သေ ခံတုံး (ခန္ဓာက သက်သေခံပါတယ် ဘုရား)၊ အခုရထားတဲ့ ခန္ဓာကသက်သေခံတယ်၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
နိဗ္ဗာန်ရတာက တခြား
ဘယ့်နဲ့ ကြောင့် နိဗ္ဗာန်မရပါလိမ့်မတုံး၊ အို ခန္ဓာရတာ ကတခြား ဟေ့ နိဗ္ဗာန်ရတာက တခြား (မှန်ပါ ဘုရား)၊ ပေါ် သွားပြီ (မှန်ပါ ဘုရား)၊ ခန္ဓာ ရတာက (တခြားပါ ဘုရား)၊ နိဗ္ဗာန်ရတာက (တခြားပါ ဘုရား)၊ တခြားလို့ မှတ်ထားလိုက်တော့ အင်း ခန္ဓာရချင်လို့ ကျင့်နေတာက တခြား နိဗ္ဗာန်ရောက်အောင် နိဗ္ဗာန် ရလိုတာက တခြားဖြစ်နေ တော့ မောင်မြ ဒါ ဒီနေ့ညပိုရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။
ခန္ဓာရတာက တခြား
ခန္ဓာရတာကတော့ကို မောင်မြင့်တို့ မေးလိုက်မယ် ခန္ဓာ တစ်ကိုယ်လုံးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဒါ ဒုက္ခသစ္စာမို့ အိုမှု၊ နာမှု လာတာပေါ့ကွ မလာကြဘူး လား (လာပါတယ် ဘုရား)၊ ဒါဖြင့် မင်းတို့ သည်ကားဆိုရင် ဖြင့် ဒုက္ခသစ္စာတော့ရတယ်၊ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်တော့ မရဘူး (မှန်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာကြီးတော့ (ရပါတယ် ဘုရား)၊ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်တော့ (မရပါဘူး ဘုရား)၊ မရဘူး ဆိုတော့ ဒါနသီလ ဆိုတဲ့ဥစ္စာလူဘဝ နတ်ဘဝ တွေတော့ဖြင့် ဒုက္ခသစ္စာထဲတော့၊ သူက တော်တော်တွင်ကျယ် အောင် လုပ်ပေးနိုင်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နိရောဓသစ္စာကျတော့ သူက အရောက်မပို့နိုင်ဘဲ ဖြစ်နေ တယ်ဆိုတဲ့ဥစ္စာ တော်တော် ထင်ရှားတယ်၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)၊ ကဲ သေသေချာချာ မှတ်ကြပါဒကာ ဒကာမတို့ (တင်ပါ ဘုရား) ကြားရခဲပါတယ်။
ငါလှူလိုက်တာ
အဲတော့ နိရောဓသစ္စာ မရောက်တဲ့လက်သည်က လည်း ပေါ်သွားပြီ (တင်ပါ)၊ နိဗ္ဗာန် မရောက်ကြတာ၊ ပထမနိဗ္ဗာန် မရောက်ကြတာ ဘယ်သူက တားထားတာတုံး (ဒိဋ္ဌိသုံးမျိုး က တားထားတာပါ ဘုရား)၊
တား၊ မထား ဘုန်းကြီးက ရှင်းပြပါ့မယ်၊ ဒါနပေးလှူလိုက်တယ် အို ငါလှူလိုက်တာ၊ ဒါန၊ စေတနာကို တစ်ခါတည်းငါနဲ့ တွဲလိုက် တော့ သက္ကာယဒိဋ္ဌိကပါ နေတာ၊ မောင်မြင့်မပါဘူးလား (ပါ ပါတယ် ဘုရား)။
ပါနေတော့ သူကတားမှာလား မတားဘူးလား (တားမှာပါ ဘုရား)၊ နတ် ရွာသုဂတိတော့ မတားဘူး (မတားပါဘူး ဘုရား)၊ မတားဘူး ကြပ်ကြပ်သတိထားနား ထောင် ပါ။ ဒါကြောင့် မင်းတို့ အခု လူဖြစ်နေတာ သုဂတိဘုံတော့ ရောက်သားပဲ၊ နိဗ္ဗာန်တော့ (မရောက်ပါ ဘုရား)၊ မရောက်ဘူး ဆိုတော့ ပြုတုန်းက ငါပါနေတယ်၊ မပါဘူးလား (ပါ ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် မောင်မြရေ မင်းမနေ့က မင်းသီလ ရသေးလား မေးလို့ ရှိရင် ဘယ်နဲ့ မတုံး၊ တပည့်တော်ရ တယ်ဘုရား၊ သီလပေါ်မှာလည်း တပည့်တော်ဆိုတဲ့ ငါက တွဲလျက်ပဲ၊ အယဉ် အကျေးသုံးလို့ တပည့်တော်ဖြစ်သွား တာပဲ၊ ငါသီလကြီးနဲ့ ကွ ဒီနေ့ ညစာမစားဘူးပြောတာပဲ (တင်ပါ ဘုရား)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ငါသီလ ဆောက်တည်တယ်
သီလကို ငါကောမထင်လား (ထင်ပါတယ် ဘုရား)၊ သီလဆိုတာ ရှောင်ကျဉ်မှုတရား အဲဒီ ရှောင်ကျဉ်မှု တရားကို ငါထင်နေတယ်၊ ဝိရတီကို ငါထင်နေတယ်၊ စာလိုသုံးတော့ ဝိရတီ၊ ဒီနေ့ညစာ မစားပါဘူး၊ သူများ အသက် မသတ်ပါဘူးဆိုတဲ့ ရှောင်ကျဉ်တဲ့တရားကို ငါလုပ်ပစ်လိုက်တာ၊ ငါသီလ ရှိတယ်။ ဒီနေ့ ငါသီလဆောက်တည်တယ်ဆိုတော့ ဒီငါက ဖြုတ်လို့ မရဘူး၊ ရကြရဲ့ လား (မရပါ ဘုရား)။
မရတော့ သီလထဲ ငါရော မရော (ရောပါတယ် ဘုရား)၊ ရောတော့ သီလကြောင့် မင်းတို့ အသက်တော့ မရှည် ကြဘူးလား (ရှည်ပါတယ် ဘုရား) နိဗ္ဗာန်တော့ရရဲ့ လား (မရပါ ဘုရား)၊ ဟ ဘယ်သူက တားပြန်ပါလိမ့် (ဖြစ်ပျက်မသိလို့ပါ ဘုရား)၊ ပေါ်သွားပြီ သက်သေခံ လုံလောက်အောင် ပြနေပြီ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သမာဓိ ငါလုပ်မှရမှာ
ကောင်းပြီ ဒါကြောင့် သမထတွေ အားထုတ်တော့ ဗြဟ္မာကြီးတွေများ ဖြစ်လိုက်တာ ငါ့သမာဓိလို့ သူက ထင်နေ တာ၊ သမထက သမာဓိပဲကို (မှန်ပါ)၊ ငါ့သမာဓိ ငါလုပ်မှရမှာ ဆိုတဲ့ အသွားနဲ့ လုပ်လိုက်တော့ ဗြဟ္မာတော့ ဖြစ်ပါရဲ့ နိဗ္ဗာန် တော့မရဘူး။
ဒီတရားကို ဆရာဘုန်းကြီးက ဟောနေတာက ဆရာ ဘုန်းကြီးဖို့လို့ မမှတ်ကြပါနဲ့နော်၊ ဒီ ဒကာ ဒကာမတွေ ဖို့လို့ မှတ်ပါ (တင်ပါ ဘုရား)၊ ဆရာဘုန်းကြီးဖို့ ဆိုတာကတော့ ဆရာဘုန်းကြီးကတော့ ဓမ္မဒေသနာကုသိုလ် ပဲရပါတယ် ပုညကရိယာ(၁၀)ပါးထဲက၊ ဒကာ ဒကာမတွေ မှာတော့တဲ့ ပုညကရိယာ (၁၀)ပါးတင်မကဘူးဟေ့ မဂ်သမ္မာ ဒိဋ္ဌိတွေ ဖြစ်ဖြစ် ပြီးသွားတဲ့အတွက် အပါယ်လေးပါး တံခါးပိတ်တဲ့ မဂ်ဉာဏ်ရသွားမယ်၊ အဲတော့ တို့ အဖို့ပြောနေတာ ပါလား ဆိုတာ မှတ်ရ မယ် (တင်ပါ ဘုရား)၊ ဘုန်းကြီးဖို့ မပါဘူးနော်။
ပါတယ် သာမည ကုသိုလ်ဖြစ်နေတယ်၊ ပုညကရိယာ (၁၀)ပါးထဲက ဆိုတော့ ဥတ္တရိမနဿဓမ္မမှ မဟုတ်သေးတော့ လူတိုင်းဖြစ်တဲ့ ကုသိုလ်ပဲရှိသေး တယ်။
အခု ဒကာ ဒကာမတွေကနာလို့ ခန္ဓာဉာဏ်ရောက် သွားမယ်ဆိုတော့ ပုညကရိယာ (၁၀)ပါးကို လွန်ပြီး သကာလ ဥတ္တရိမနဿဓမ္မ ဖြစ်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရတယ်လို့ ဦးမြကြီးမှတ်ရမယ်၊ ကွာဘူးလား (ကွာပါတယ် ဘုရား)၊ ကွာတယ်လို့ မှတ်ရမယ်။
ကိုယ့်အရေးကိုယ်ကာကွယ်တာ
ပြီးတော့ ဒီကိုယ့်အရေး ကိုယ်ကာကွယ်တယ်လို့ လည်း မှတ်ကြစမ်းပါဦးနော် (တင်ပါ ဘုရား)၊ ကိုယ့်အရေးကို ကိုယ်ကာကွယ်တယ်လို့ ဒကာ ဒကာမတွေက မှတ်ကြစမ်းပါ (တင်ပါ ဘုရား)။
ကိုယ့်အရေးကဘာတုံးဆိုတော့ အကုသိုလ်ချေး တွေဟာ မွေးကတည်းက မသိဘဲနဲ့ တင်လာတဲ့ အဝိဇ္ဇာတွေ ကလည်း ကိလေသာ ချေးတွေကလည်း ရှုပ်နေတာပဲ၊ မသိလို့ လုပ်လာတော့ သင်္ခါရအလုပ်တွေကလည်း မနည်းလှပါဘူး။
ဒါစာသံပါနေတယ်တဲ့ မသိလို့ လုပ်လာတဲ့ သင်္ခါရ အလုပ်ကလည်း ဘာတုံးလို့ မေးတဲ့ အခါကျတော့ အို မိန်းမဖြင့် လည်း ငယ်ငယ်ကကြီးလာ၊ အိမ်ထောင်ရေးနဲ့ ငယ်တုန်းလည်း ပညာရေးနဲ့၊ ရှေ့အိမ်ထောင်ရေးနဲ့ ဆိုတော့လည်း အကုသိုလ်တွေချည်းလုပ်တာပဲ။
တစ်ခါ သိ, ကြား, လိမ္မာတဲ့ အရွယ်တော်တော်လေး ရောက် လာပြန်တော့လည်း ဆွမ်းလေးကျွေး၊ သားလေး ရှင်ပြုနဲ့ လုပ်ပြန် တော့လည်း ဦးအောင်ဇံဝေက ဘုံဘဝ ရောက်စေတတ်တဲ့ ကုသိုလ်ပဲ လုပ်တတ်တယ် (မှန်ပါ)၊ မနာဘူးလား (နာပါ တယ် ဘုရား)။
ဘုံဘဝရောက်စေတတ်တဲ့ ကုသိုလ်
ဘုံဘဝရောက်စေတတ်တဲ့ ကုသိုလ်ပဲ လုပ်တတ်တော့ ဒုက္ခသစ္စာပဲ ပြန်ရတာ တစ်ခါ ပြန်လုပ်ပြန်တယ်၊ မသိတုန်းက လည်း ဒုက္ခသစ္စာရတာလုပ်တာပဲ၊ သိပြန်တော့လည်း ဒုက္ခ သစ္စာရတာ လုပ်တာပဲ ဆိုသဖြင့် မောင်မြတို့ ကဲ အမြတ် ထွက်တာပါသေးလား (မပါ ပါဘူး ဘုရား)။
အဲဒါကြောင့် ဒီဝိပဿနာ မပါလို့ ရှိရင်ဖြင့် အားလုံးပဲ မှတ်ကြပါ မောင်အောင်ချီတို့ လူစုတွေနော်၊ ဝိပဿနာမပါတဲ့ ကုသိုလ်ဟူသ၍၊ ဝိပဿနာ ဉာဏ်ဦးမစီးနိုင်တဲ့ ကုသိုလ် ဟူသ၍ ဖြင့် နောက်ခန္ဓာ ဇာတိ၊ ဇရာ မရဏပြန်ရမှာပဲ၊ အဘယ်ကြောင့် ဆိုသော် ခန္ဓာရွံမုန်းငြီးငွေ့တဲ့ ဉာဏ်မလာ သောကြောင့်လို့ မှတ်လိုက်ပါ (တင်ပါ)။
ခန္ဓာကိုယ်ရချင်လို့ လှူတဲ့အလှူ
ဦးမြကြီး ဘယ်လိုမှတ်မတုံး (ခန္ဓာရွံမုန်းငြီးငွေ့တဲ့ ဉာဏ်မလာကြောင့်ပါ ဘုရား)၊ ခန္ဓာ ရွံမုန်း ငြီးငွေ့တဲ့ ဉာဏ်မလာ လို့ (တင်ပါ)၊ ဒီထဲဒကာ ဒကာမတွေပါ ပါတယ်၊ ရှင်ပြုပြီး တာတွေ ခင်ဗျားတို့ ရှင်ပြုတုန်းက ခန္ဓာကိုယ် ရွံမုန်းငြီးငွေ့တဲ့ ဉာဏ်လာသလားလို့ မေးရင် ဘယ်နဲ့ဖြေကြမတုံး (မလာပါ ဘူး ဘုရား)၊ မပါပါဘူး တစ်ယောက်မှ ခန္ဓာကိုယ်မရချင်လို့ လှူတဲ့အလှူမျိုး ပါကြရဲ့လား (မပါပါဘူး ဘုရား)၊ ဒါဖြင့်ရချင် လို့လှူတဲ့ အလှူဖြင့် ဒုက္ခသစ္စာပြန်ရမှာပဲ (မှန်ပါ)၊ ဦးမြငြင်းဖို့ လိုသေးလား (မလိုပါဘူး ဘုရား)၊ မလိုတော့ ဘူးတဲ့။
အဲတော့ မသိလို့ မိုက်ခဲ့တဲ့ အကုသိုလ်ကလည်း တစ်ပုံ ကြီး၊ သိသယောင်နဲ့ လုပ်လာတဲ့ ကုသိုလ် ကလည်းအများကြီး (တင်ပါ)၊ ဒါမဟောရပေဘူးလား ဟောရမှာလား ဒါတပည့်ရင်း ဆရာရင်းတွေ ဆိုတာ ဒါလိုရင်းပြရတော့မှာ (မှန်ပါ ဘုရား)၊ လိုရင်းပြရတော့မယ်လို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ။
ငါလှူမှ ငါရမှာ
ကိုင်း ဒါဖြင့်တဲ့ ဒါဘယ်နဲ့ ကြောင့် လုပ်ဖြစ်ပါ လိမ့်မတုံး လို့ မေးတဲ့အခါကျတော့ ဪ ဒိဋ္ဌိရှိလို့ ငါလုပ်မှ ငါရမှာပဲ ဆိုပြီး ဒိဋ္ဌိနဲ့ လုပ်ချလိုက်တယ် (မှန်ပါ ဘုရား)၊ ငါလှူမှ ငါရမှာ ဘာနဲ့ လုပ်လိုက်ပါလိမ့် (ဒိဋ္ဌိနဲ့ လုပ်လိုက်ပါတယ် ဘုရား)၊ သက္ကာယဒိဋ္ဌိနဲ့ပဲလုပ်လိုက်တယ်။
ငါလှူမှ ငါရမှာ ဒါမှငါ့ဖို့ ပါမှာဆိုတော့ ငါရှေ့သွားဦး မယ်ဆိုတာသေချာတယ် (မှန်ပါ)၊ မသွားဘူးလား (သွားပါတယ် ဘုရား)၊ ဒါမှ ငါ့နောက်လိုက်မှာလို့ဆိုတာ ကကော မယူဘူးလား (ယူပါတယ် ဘုရား) ဒါဖြင့် ငါက ရှေ့ကသွားဦး မှာပဲ (တင်ပါ)၊ ကုသိုလ်တွေက နောက်က လိုက်ဦးမှာပဲ ဘာဒိဋ္ဌိတွေနဲ့ လုပ်နေသတုံးမေးတော့မှ ဦးအောင်ဇံဝေ၊ အခု တော့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)၊ သဿတဒိဋ္ဌိနဲ့ လုပ်နေ တာ (မှန်ပါ)။
ဒါဖြင့်ဒိဋ္ဌိဦးစီးတဲ့ကုသိုလ်လို့ ဦးမြကြီးဆိုပေတော့ (မှန်ပါ)၊ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါဘူး ဘုရား)၊ မရောက်ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်းပါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေနော်။
နိဗ္ဗာန်မရောက်တဲ့ကုသိုလ်
နိဗ္ဗာန်မရောက်တဲ့ ကုသိုလ် ခင်ဗျားတို့ လုပ်ခဲ့ကြတယ် ဆိုလို့ ရှိရင် ဒီထဲငြင်းမည့်သူမပါဘူး (မပါပါဘူး ဘုရား)၊ ဘာကုသိုလ်တွေ လုပ်ခဲ့ကြတုံး (နိဗ္ဗာန်မရောက်တဲ့ ကုသိုလ် တွေပါ ဘုရား)၊ နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်တွေ လုပ်ခဲ့တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာကုသိုလ်တွေများ လုပ်ခဲ့ကြတုံး (နိဗ္ဗာန်မ ရောက်တဲ့ကုသိုလ်တွေ လုပ်ခဲ့ပါတယ် ဘုရား)၊ နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်တွေ လုပ်ခဲ့တယ်ဆိုကတည်းက အင်း အထက်သံသရာ ကျင်လည်ဖို့ လုပ်ခဲ့တယ်ဆိုရုံပဲ သဘောပါပလား (ပါ ပါပြီ ဘုရား)။
နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာပြည်သွားလာဖို့ ကုသိုလ် တွေလုပ်ခဲ့တယ်ဆိုရင်လည်း ဦးမြတို့က ငြင်းဖို့လိုသေးလား (မလိုတော့ပါဘူး ဘုရား)၊ မလိုတော့ပါဘူးတဲ့။
ဒီတစ်ခါ ဒီဆရာနဲ့ လွဲသွားရင် ကိုယ်ကျိုးဖြင့် နည်းပြီ
အဲဒါကြောင့် ဒီတစ်ခါ ဒီဆရာနဲ့ လွဲသွားကြလို့ ဉာဏ်ပေး တာကိုမယူနိုင်ကြဘူး၊ ကိုယ့်ဖို့ မှန်း မသိတော့ဘူး ဆိုရင်ဖြင့် ကိုယ်ကျိုးဖြင့် အကြီးအကျယ်နည်းတာပဲ (မှန်ပါ ဘုရား)၊ ကိုယ်ကျိုး အကြီးအကျယ် နည်းတာပဲ ဆိုတာပေးလည်း ပေးလျက်သားနဲ့ ဒုက္ခခပ်သိမ်း နိဗ္ဗာန်ရောက်ဖို့အလုပ်ကို ပေးလျက်သားနဲ့ မအားလို့ မလပ်လို့၊ ဒိဋ္ဌိအလုပ်လုပ်နေရ လို့ မအားလို့မလပ်လို့ မယူဘူးဆိုလို့ ရှိရင်ဖြင့်ကိုယ်ကျိုးနည်းတာပဲ (နည်းပါတယ် ဘုရား)။
ငါစားဖို့၊ ငါဝတ်ဖို့၊ ငါ့သမီးလေးတွေဖို့ဆိုပြီး လုပ်နေလို့ ရှိရင် ဒိဋ္ဌိနယ်ထဲက မထွက်လို့ ရှိရင်ဖြင့် နာပြီကွ၊ မနာဘူးလား (နာပါတယ် ဘုရား)၊ အင်မတန်နာသွားပြီ ဆိုတာ သဘောကျ ကြပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် မြို့ထဲ ရွာထဲမှာ ဪ ဘုန်းကြီးလည်း အခု ကျန်းမာတာနဲ့ တရားနည်းနည်း ပြောတယ်၊ ရီကော်ဒါ သွင်းနေ တယ်၊ တို့ကလည်း မအားနဲ့ ခက်လိုက်တဲ့ ဖြစ်ခြင်းဆိုတော့၊ ဘာကြောင့် မအားတာတုံး ဆိုတော့ ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ ငါ့မြစ် တွေ စိတ်မချမှုကြောင့် မအားတာဆိုတော့ ဒိဋ္ဌိကြောင့် မအား တာကိုဗျ (တင်ပါ)။
ဒိဋ္ဌိမပြုတ်ရင်၊ ပထမနိဗ္ဗာန်မရ
ငါ့ရစရာ ယူစရာလေးတွေကလည်း စာရင်းတွေ၊ အင်းတွေ ရှင်းစရာရှိသေးတယ်ဆိုရင်လည်း ဘယ်သူ့ကြောင့် မအားတာ တုံး (ဒိဋ္ဌိကြောင့် မအားတာပါ ဘုရား)၊ ဒါဖြင့် အပါယ်ကျမည့် တရားကြောင့် မအားတာကို သူ့ဟာက (တင်ပါ ဘုရား)၊ ဘာလုပ်နေတုံး မေးလို့ ရှိရင်ဖြင့် ဒိဋ္ဌိ အလုပ် လုပ်နေတယ် လို့ ရှင်းတမ်းထုတ်ရုံပဲရှိမယ် (မှန်ပါ ဘုရား)၊ ဒီပြင် ဘာပါသေးတုံး (မပါပါဘူးဘု ရား)၊ မပါဘူးဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။
ဒိဋ္ဌိမပြုတ်ဘဲနဲ့ ပထမနိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ် ဦးအောင်ဇံဝေ တွေ့ဖူးရဲ့လား (မတွေ့ဖူးပါဘူး ဘုရား)၊ ဦးမြကြီး ကော (မတွေ့ပါ ဘုရား)မတွေ့ဖူးဘူး ပထမနိဗ္ဗာန်ဟာ ဒိဋ္ဌိနိရောဓော နိဗ္ဗာနံလို့ မှတ်လိုက်စမ်းပါ (တင်ပါ ဘုရား)၊ ပထမနိဗ္ဗာန်ဟာ ဘာတဲ့ (ဒိဋ္ဌိနိရောဓိနိဗ္ဗာနံပါ ဘုရား)၊ ဒိဋ္ဌိချုပ်မှ နိဗ္ဗာန် ရောက်တယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တရားနာမှားရင် ဒိဋ္ဌိဖြစ်တတ်တယ်
ကိုင်း ဒါဖြင့် ယမကပဲ အစကနေပြီးတော့ သွင်းကြပါ စို့တဲ့ ဘုရားလက်ထက်က၊ ဒီနေ့တော့ ရဟန္တာ ဖြစ်အောင်ဟော ရမည့်နေ့ဖြစ်နေတယ် ဒကာ ဒကာမတို့ ဘုရားလက်ထက်က ဘုရားထံ သွားပြီး တရားနာတဲ့ ယမကဆိုတဲ့ ရဟန်းတစ်ပါးရှိ တယ်လို့ မှတ်လိုက်တာပေါ့နော် (တင်ပါ)။
တရားနာပြီး ပြန်လာပြီး သူက ဗဟုသုတကနည်းတော့ ဦးအောင်ဇံဝေ ဗွေဖေါက်လာတယ် (မှန်ပါ)၊ ဘုရားဟောတာ သူသိပါတယ်တဲ့ ရဟန္တာများ သေရင်ဘာမှ မဖြစ်တော့ ဘူး ဒီအယူ ယူပစ်လိုက်တယ်၊ မနေ့က နာပြီးသားဖြစ်နေလို့ ဘာအယူပါလိမ့် သူ့ အယူက (ဒိဋ္ဌိအယူပါ ဘုရား)။
ဘာ ဒိဋ္ဌိပါလိမ် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိ ယူလိုက်တယ် (ကင်ပါ)၊ ဦးမြ ဘာအယူ ယူသွားပါလိမ့် (ဥစ္ဆေဒဒိဋ္ဌိအယူ ယူသွားပါတယ် ဘုရား)၊
ဒါကြောင့် တရားနာမှား လို့လည်း ဒိဋ္ဌိဖြစ်တတ်တယ် (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆရာကောင်းလိုတယ်
တရားနာမှားလို့ လည်း (ဒိဋ္ဌိဖြစ်တတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိဖြစ်တတ် တယ်ဆိုတာနောက်က ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ပါ (တင်ပါ ဘုရား)၊
ဒါကြောင့် ဆရာ ကောင်း လိုသယ်တာကိုလည်း ဦးမြ အရေးကြီးပါတယ်ဗျာ (မှန်လှပါ ဘုရား)။
မင်းတို့ မရမယ်ဆိုရင် ဘာဒိဋ္ဌိပါကြတယ်ထင်တုံး (သက္ကာယဒိဋ္ဌိပါ ဘုရား)၊ သက္ကာယ ဒိဋ္ဌိ အသေအချာ ပါတာပဲ (မှန်လှပါ ဘုရား) ငါသွားရာ ငါ့နောက်လိုက်မှာပဲဆိုရင်ကော (သက္ကာယ ဒိဋ္ဌိပါ ဘုရား)၊ ဘယ်ကလာ ဒါ ဦးမြ နိဗ္ဗာန်ရောက် ပါ့မလား (မရောက်ပါဘူး ဘုရား)၊ သက္ကာယ ဒိဋ္ဌိတန်း လန်းနဲ့ နိဗ္ဗာန်ရောက်တဲ့ ပုဂ္ဂိုလ်များ တွေ့ဖူးကြရဲ့လား (မတွေ့ဖူးပါဘူး ဘုရား)။
ပထမနိဗ္ဗာန်က ဒိဋ္ဌိဖြုတ်တဲ့ နိဗ္ဗာန်ကို၊ ဒိဋ္ဌိချုပ်မှ ရမည့် နိဗ္ဗာန်ဆိုတော့ ဒကာ ဒကာမတို့ ဒါဆရာ အင်မတန်အရေး ကြီးတော့တယ် ဆိုတာပေါ်လာတယ် (မှန်ပါ ဘုရား)။
ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးတဲ့
ဒါနဲ့ အခုတရားနာရင်း ယမကသည် ဒကာ ဒကာမတို့ ဘုရားတရားကို နာရင်း မတ်တတ်နဲ့ ရဟန္တာများ သေရင် ဘာမှမဖြစ်တော့ဘူး၊ ကျုပ်သိပါတယ်၊ ဘုရားဟောတော်မူတာ တစ်ခါတည်း ဒီအယူ ယူလိုက်တယ်။
ဒီအယူ ယူလိုက်တော့ ဦးအောင်ဇံဝေက ဘေးက ရဟန်းတွေက နားလည်ပြီးသား ရဟန္တာတွေကော ပုထုဇဉ် တွေကော ဝိုင်းပြောကြတယ်၊ ဟာ ယမက ဘုရားဒီလို မဟောပါဘူးကွာ မင်းဟာ ဥစ္ဆေဒဒိဋ္ဌိကြီး ဖြစ်နေပြီကွ၊ ဟာ မစွန့်နိုင်ဘူးတဲ့၊ ဒီလိုဟောတာပဲတဲ့ ရဟန္တာသေရင် ဘာမှမဖြစ် တော့ဘူးတဲ့ ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ကြီးက သေချာမနေဘူး လား (သေချာပါတယ် ဘုရား)။
ဒါနဲ့ ရဟန်းတွေက သူ့ ဝိုင်းပြီးတော့ ပြောကြတယ်၊ ပြောပေမဲ့ သူ့အယူ သူမစွန့်ပါဘူး၊ မစွန့်နိုင်တော့ ရှင်သာရိ ပုတ္တရာဆီ သွားပြီး သကာလ တိုင်ကြတယ်၊ အရှင်ဘုရား တပည့်တော်တို့ အထဲမှာဖြင့် ရဟန်းဆိုး တစ်ယောက် ရဟန်းသာ လုပ်နေတယ် ဒိဋ္ဌိဖြစ်နေပြီဘုရား၊ ဒါဖြင့် ရဟန်း လုပ်တာကတခြား၊ ဦးမြကြီး ဒိဋ္ဌိဖြစ်တာက တခြား ပါလားဗျ (မှန်ပါ) နောက်က ဒကာ ဒကာမတွေ ဘယ်နဲ့ ဆိုမတုံး (တခြားစီပါ ဘုရား)။
မင်းလုပ် မင်းရမှာပေါ့တဲ့
ရဟန်းဖြစ်တာက (တခြားပါ ဘုရား)၊ ဒိဋ္ဌိအယူ ယူ ထားတာက (တခြားပါ ဘုရား)၊ အေး ဒါကြောင့် မလွယ် ဘူး သေသေချာချာမှတ်ပါ၊ တချို့ဘုန်းကြီးတွေ ဟောကြ၊ ပြော ကြ၊ ဆိုကြ၊ ဟာ မင်းလုပ်မင်းရမှာ ပေါ့ကွာ၊ ဟောနေ တဲ့ ပုဂ္ဂိုလ်တွေ ဦးမြကြီး ကြားဖူးမှာပဲ ( ကြားဖူးပါတယ် ဘုရား)
ဘာဒိဋ္ဌိနဲ့ သူဟောနေတာတုံး (သက္ကာယဒိဋ္ဌိနဲ့ ပါ ဘုရား)၊ သက္ကာယဒိဋ္ဌိနဲ့ ဟောနေတာ မဆိုးဝါး ဘူးလား ကဲ (ဆိုးဝါးပါတယ် ဘုရား)၊ ဒါပေမဲ့ မင်းတို့ လူစုတွေ ကလည်း ဉာဏ်က အဲဒီတင်သုံးနေတော့ ဒီဆရာဆီတင် လမ်းဆုံးနေတော့ ဦးအောင်ဇံဝေ ရှေ့တက်သေးလား (မတက်တော့ပါ ဘူး ဘုရား)၊ မတက်တော့ ဒိဋ္ဌိပြုတ်သေးလား (မပြုတ်တော့ ပါဘူး ဘုရား)။
ဒါဖြင့် ဒိဋ္ဌိမပြုတ်တဲ့ ကုသိုလ်လည်း မှတ်လိုက်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပဲ၊ ဒိဋ္ဌိမပြုတ်တဲ့ ကုသိုလ် ဦးမြ ဘယ်နဲ့ ဆိုမယ် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား)၊ အဝိဇ္ဇာကြောင့် ဖြစ်တဲ့ သင်္ခါရ၊ သင်္ခါရ ကုသိုလ်ဖြစ်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခအစုကြီးရမယ်
အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုလို့ ရှိရင် နောက်ဆုံးပိတ် ဦးအောင်ဇံဝေ တို့ ရတဲ့ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဘာရမယ် ( ဒုက္ခ ရမှာပါဘု ရား)၊ ဒုက္ခအစုကြီးရမယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခအစုကြီး ရမယ်ဆိုတာက ဒကာ ဒကာမတွေ သေချာကြပလား (သေချာပါတယ် ဘုရား)၊ အဲဒါ ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာ ပြောနေပါ တယ်တဲ့ ဒိဋ္ဌိဖြုတ်ပြီးမှ ကုသိုလ်လုပ်ပါဆိုတာ ကုသိုလ်က ရှေးကျပြီး ဒိဋ္ဌိဖြုတ်တာက နောက်ကျနေတော့ ဦးအောင်ဇံဝေက ဒီဥစ္စာလည်း ရှေ့နောက်လွဲတဲ့ အဓိပ္ပါယ်ကို မရှင်းရပေဘူးလား (ရှင်းရပါတယ် ဘုရား)။
ဦးမြကြီး ဒါမရှင်းသင့်ဘူးလား၊ ရှင်းသင့်သလား (ရှင်းသင့်ပါတယ် ဘုရား)၊ လူတိုင်းလည်း ရှင်းမပေးနိုင်ဘူး ဆိုတာ နောက်က ဒကာ ဒကာမတွေက မှတ်ဦးမှကောင်းမယ် (တင်ပါ ဘုရား)။
ဘုရားက ဆောင်ဟောထားတာ
သူကိုယ်တိုင်က မရှင်းတော့ ဒီဥစ္စာ စာလာတဲ့အတိုင်း ဘုရားက ဆောင်ဟောထားတဲ့ အဓိပ္ပါယ်ကို သူက တိုက်ရိုက် ဟောထားပြန်လို့ ရှိရင်လည်း ဦးမြ လွဲတယ်နော် (မှန်ပါ)၊ ဘုရားက မင်းလုပ်မင်း ရမှာပေါ့ဆိုတာ ဆောင်ဟောသား တာ (တင်ပါ)၊ တိုက်ရိုက်ကျတော့ မင်းလည်းမရှိဘူး (မရှိပါဘူး ဘုရား)၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။
မင်းလည်းမရှိ ဘူး၊ မင်းရမယ် ဆို တာကော (မရှိပါဘူး ဘုရား)၊ မရှိပါဘူးတဲ့ အကြောင်းနဲ့ အကျိုးဖြစ်ရမယ်၊ သဘောပါပလား (ပါ ပါပြီ ဘုရား)။
အကြောင်းအကျိုး နားမလည်လို့
ကောင်းပြီ ဒါအကြောင်းအကျိုးသိမှ သက္ကာယဒိဋ္ဌိက ပြုတ်တာဖြစ်နေတာဒီယမကမှာ ဒီအကြောင်းအကျိုး နားမ လည်တဲ့အတွက် ခန္ဓာ နိရောဓော နိဗ္ဗာနံဆိုတာ၊ ခန္ဓာနိရောဓော -ခန္ဓာချုပ်သွားလို့ ရှိရင်၊ နိဗ္ဗာနံ- နိဗ္ဗာန်ပေါ်လာ၏၊ နိဗ္ဗာန်ဖြစ် လာ၏ ဆိုတဲ့ အဓိပ္ပါယ်ကို အကြောင်းအကျိုး ဆက်တတ်သေးရဲ့ လား (မဆက်တတ်ပါဘူး ဘုရား)။
မဆက်တတ်တော့ဘူး ဘာဒိဋ္ဌိသွားဖြစ်တုံး ဥစ္ဆေဒ ဒိဋ္ဌိသွားဖြစ်တယ်ဆိုတာ မှတ်လိုက် စမ်းပါနော် (တင်ပါ)၊ အဲတော့ ဒီဒကာ ဒကာမတွေက နောက်တစ်ထစ်ချမှတ်ပါ
ဪ သင်္ခါရဖြစ်တဲ့ တရားတွေ၊ သင်္ခါရချုပ်သွားတာကို ဆိုတာကို မှတ်လိုက်စမ်းပါ (မှန်ပါ)။
သင်္ခါရချုပ်တော့ အသင်္ခတ
ရုပ်နာမ်ဓမ္မက သင်္ခါရမဟုတ်လား (တင်ပါ)၊ ဒီသင်္ခါ ရတွေ အကုန်ချုပ်သွားတာပဲ၊ သင်္ခါရ ချုပ်တော့ ဘာဖြစ်တုံး။
အို သင်္ခါရချုပ်တော့ သင်္ခတာ ဓမ္မာ၊ အသင်္ခတာ ဓမ္မာ၊ ဪ အသင်္ခတဘက် ရောက်သွားတယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ တော်တော်အရေးကြီးတယ် ဒီစကား၊ မကြီးဘူးလား ဒကာ ဒကာမတွေ (ကြီးပါတယ် ဘုရား)။
သင်္ခတာဓမ္မာဆိုတော့ သင်္ခတ ဓမ္မတွေ ချုပ်သွားပြီ၊ ရုပ်နာမ်ဓမ္မဆိုတာ သင်္ခတတွေနော် ပြုပြင်လို့ ပေါ်လာ ခြင်းဟာ သင်္ခတဓမ္မ (တင်ပါ)၊ အဲဒီ သင်္ခတတွေ ချုပ်သွားတော့ သင်္ခတာဓမ္မာ ချုပ်သွားတော့ ဘာလာမတုံးလို့ မေးလို့ရှိ ရင် အသင်္ခတ လာရမယ်။
အသင်္ခတဆိုတာနိဗ္ဗာန်
အသင်္ခတဆို တာ ဘာပါလိမ့်မတုံး (နိဗ္ဗာန် ပါ ဘုရား)၊ ဪ ဒီလိုဆိုလို့ ရှိရင် သင်္ခါရ ချုပ်သွားလို့ ရှိရင် အသင်္ခတ ပေါ်လာတယ်ဆိုတဲ့ ဥစ္စာမသိတော့၊ သင်္ခါရတွေကို ယမက ကမသိတော့ သင်္ခါရကို ရဟန္တာလုပ်ပစ်လိုက်တယ်၊ ဒါကြောင့် ရဟန္တာသေရင်ဘာမှမဖြစ်ဘူး (တင်ပါ)၊ ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)၊
စင်စစ်တော့ဖြင့် ရဟန္တာသေတာလား သင်္ခါရ ချုပ်သွား တာလား (သင်္ခါရချုပ်သွားတာပါ ဘုရား)၊ သင်္ခါရချုပ်သွားတော့ သူဘယ်ကူးသွားတုံး၊ အသင်္ခတဘက် ကူးသွားတယ်၊ တရားက သင်္ခတာဓမ္မာ အသင်္ခတ ဓမ္မကို (တင်ပါ)၊ ဒါလေး လေးစားစားမှတ်ပါ၊ ဓမ္မသိင်္ဂဏီ ပါဠိတော်မှာ လာပါတယ်။
မပြုပြင်ဘဲနဲ့ ရှိနေတဲ့ တရား
သင်္ခတချုပ်ရင် ဘယ်ဘက်ကူးကြမယ် (အသင်္ခတ ဘက်ကူးရမှာပါ ဘုရား)၊ သင်္ခတဆိုတာ ပြုပြင်လိုက်၊ ပျက်လိုက် ဆိုတာ သင်္ခတ (တင်ပါ)၊ အသင်္ခတဆိုတာ ပြုပြင်မှုမရှိ သောကြောင့် ပေါ်လာတယ် မပျက်တော့ဘူး၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
သင်္ခတက ဘာတုံး၊ ပြုပြင်လို့ ပေါ်လာတော့ ဘာဖြစ် မယ် (ပျက်ပါတယ် ဘုရား)၊ ပျက်တယ်နော်၊ အသင်္ခတ ဆိုတာ ဘယ်သူမှ မပြုပြင်ဘဲနဲ့ ရှိနေတဲ့တရား ပျက်စရာလို သေးလား (မလိုပါဘူး ဘုရား)၊ ဒါဖြင့် ပျက်တဲ့တရားကုန် ဆုံးသွားလို့ မပျက်တဲ့ ဘက်ရောက်သွားတာ (တင်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ပျက် တဲ့ တရားကုန်ဆုံးသွားလို့ (မပျက်တဲ့ ဘက်ရောက်သွားတာပါ ဘုရား)၊ အဲဒါ နိဗ္ဗာန် (တင်ပါ ဘုရား)၊ အဲတော့ ပျက်တဲ့အထဲ ဘယ့်နဲ့ ကြောင့် ကုန်ဆုံးသွား တုံးလို့ ဒီဒကာ ဒကာမတွေ ဒီနေရာ အလုပ်တရား လေးသွင်း လိုက်လို့ ရှိရင် ပျက်တာ မြင်တယ်၊ ပျက်တာ မုန်းတယ်၊ ပျက်တာ ကြီးကို ဒုက္ခသစ္စာလို့ ဉာဏ်နဲ့ သိလို့ ဆုံးသွားတယ်၊ ဆုံးသွား တော့ သင်္ခတ ကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။
သင်္ခတ အဆုံးမှာ နိဗ္ဗာန် ( သင်္ခတကုန်တော့ ဘယ်ဘက်ရောက်သွားတဲ့ (အသင်္ခ တဘက် ရောက်သွားပါတယ် ဘုရား)၊
ဒါကြောင့် ဒုက္ခ အဆုံး နိဗ္ဗာန်တာ သင်္ခတအဆုံး နိဗ္ဗာန်နဲ့ အတူတူပဲ (တင်ပါ ဘုရား)။
ဒါဖြင့် အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေနော် ခင်ဗျားတို့ ချုပ်သွားတယ် ဆိုတာ သင်္ခတ ကုန်သွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဒါ ဦးမြကြီး လုပ်ရမယ်၊ ဒါ ကုန်အောင်လုပ်ရမယ်၊ ဦးအောင်ဇံဝေကြီး ခင်ဗျားက ကုန်အောင်လုပ်၊ သင်္ခတ ကုန်သွား ရင် ဘယ်ဘက်ရောက်သွားမယ် (အသင်္ခတ ဘက်ရောက် သွားပါတယ် ဘုရား)။
အဲတော့ ရဟန္တာဆိုတာလည်း ပရိနိဗ္ဗာန်စံတော့ သင်္ခတ ကုန်သွားတာ၊ အသင်္ခတ ဖြစ်သွားတဲ့ဥစ္စာကို သူက သင်္ခတနှင့် အသင်္ခတ မကွဲတော့ ယမက က ရဟန္တာသေရင် ဘာမှမဖြစ်ဘူး ယူချလိုက်တာ၊ ရဟန္တာကောရှိရဲ့လား (မရှိပါ ဘုရား)၊ သင်္ခတတရားသာရှိတာ၊ ရုပ်နာမ်သင်္ခတပဲရှိတာ၊ အဲဒီ သင်္ခတ တွေ ချုပ်ငြိမ်း ရုပ်သိမ်းသွားတော့ ပရိနိဗ္ဗာန်စံတယ်လို့ သမုတိနယ် က ခေါ်တာပေါ့ဗျာ (တင်ပါ)။
ခေါ်ပင်ခေါ်ငြားသော်လည်း ဘယ်ဘက်ကူးသွားတဲ့ (အသင်္ခတဘက် ကူးသွားပါတယ် ဘုရား)၊ ဒါဖြင့် သင်္ခတအဆုံးမှာ အသင်္ခတနိဗ္ဗာန် ရှိတယ်လို့ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ)၊ သင်္ခတအဆုံးမှာ (အသင်္ခတ နိဗ္ဗာန်ရှိပါတယ် ဘုရား)။
ဖြစ်ပျက်တွေဟာ သင်္ခတတွေ
သင်္ခတ ဆိုတာလည်း ဦးမြကြီးတို့၊ ဦးအောင်ဇံဝေတို့ က မောင်မြတို့က တခြားမှတ်မနေနဲ့ မင်းတို့ ရှုနေတဲ့ဖြစ်ပျက် ကလေးတွေက သင်္ခတတွေ (မှန်ပါ)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက် ပါ ပြုပြင်လို့ ပေါ်နေတာ (တင်ပါ)၊ ဒါဘာတရားခေါ် မတုံး (သင်္ခတ တရားပါ ဘုရား)။
အဲဒီ သင်္ခတတရားတွေကို ကျုပ်တို့ က ဒုက္ခသစ္စာ မှန်းသိတော့မလိုချင်တော့ကို ဆုံးမသွားဘူးလား (ဆုံးသွား ပါတယ် ဘုရား) ဆုံးသွားတဲ့အခါကျလို့ ရှိရင် သင်္ခတနယ်က လွန်မသွားသေးဘူးလား (လွန်သွားပါတယ် ဘုရား)၊ ကိုယ်ရှု နေတဲ့ဉာဏ်ဟာ သင်္ခတနယ်က လွန်သွားတယ် (တင်ပါ)၊ ဘယ်ဘက်ကူးသွားတုံး (အသင်္ခတ ဘက်ကူးသွား ပါတယ် ဘုရား)။
ကိုယ့်ဉာဏ်ကမဂ်ဉာဏ်
ဒါဖြင့် အသင်္ခတက နိဗ္ဗာန်၊ ကိုယ့်ဉာဏ်က မဂ်ဉာဏ် သွားဖြစ်တာပေါ့၊ ဦးမြ တော်တော် အရေးမကြီး ဘူးလား ကဲ (ကြီးပါတယ် ဘုရား)၊ အဲတော့ ယမကမှာ ဒိဋ္ဌိဖြစ်တာ တော့ သင်္ခတာဓမ္မာနဲ့ အသင်္ခတဓမ္မာ မကွဲရှာဘူး (မကွဲပါဘူး ဘုရား)။
သင်္ခတကို ရဟန္တာ လုပ်လိုက်တာ (တင်ပါ)၊ သင်္ခတရုပ်နာမ်ကို သူက (ရဟန္တာပါ ဘုရား)၊ အဲတော့ ရဟန္တာ သေရင် ဘာမှမဖြစ်ဘူးလို့ ယူလိုက်တော့ ဘာဒိဋ္ဌိဖြစ် သွားတုံး (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)၊
အဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီဘက်မကူးနဲ့ ဪ သင်္ခတချုပ်လို့၊ သင်္ခတရုပ်နာမ်၊ ဒုက္ခသစ္စာကြီး ချုပ်လို့ အသင်္ခတ ပေါ်လာတာပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။ ဒါကြောင့် သင်္ခတ အဆုံးမှာ အသင်္ခတ ရှိသောကြောင် တဲ့ ပြတ်သွားသလား၊ အသင်္ခတဓမ္မ အထူး ပေါ်လာသလား ဆိုရင် ဘယ်နဲ့ ဖြေကြမတုံး (အသင်္ခတဓမ္မအထူးပေါ်လာ တာပါ ဘုရား)၊
ကဲ ဦးမြကြီး ဒါ အသေအချာမှတ် (တင်ပါ ဘုရား)၊ ဦးအောင်ဇံဝေကော (မှန်ပါ ဘုရား)၊ မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။
ခင်ဗျား အခု ရှိနေတာ သင်္ခတတွေ ရှုနေတာ၊ မဆုံး သေးလို့၊ ဆုံးရင်ဘာလာမယ်ထင်ကြတုံး (အသင်္ခတ လာမှာ ပါ ဘုရား)၊ အသင်္ခတ လာလို့ ရှိရင် ခင်ဗျားရှုနေတဲ့ ဉာဏ်ဟာ
အသင်္ခတ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊
သေသွားလည်း မကြောက်နဲ့တော့
အဲဒါကြောင့် အသင်္ခတဆိုတာ နိဗ္ဗာန် ဒကာ ဒကာမတို့ အဲဒါကြောင့် ဒါလေးမြင်ပြီးလို့ ရှိရင် ခင်ဗျားတို့ သေချင် သေပါတော့ ဘာဖြစ်လို့တုံး မေးတဲ့ အခါကျတော့ ဒါတစ်ခါ မြင်ပြီးသေတော့၊ နေလို့ ရလည်း နေသေးတာပေါ့၊ သေသွား လည်းမကြောက်နဲ့တော့ အပါယ်လေးပါး တံခါးပိတ်သွားပြီ၊ ဦးမြ ဘာတဲ့တုံး (အပါယ်လေးပါး တံခါးပိတ်ပါပြီ ဘုရား)၊
အပါယ်လေးပါး ပိတ်ပြီတဲ့၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ ဆိုတဲ့ ဥစ္စာကော ပယ်ပြီးသား မကျဘူးလား (ကျပါတယ် ဘုရား)၊ ပြီးတော့ ဝိနိပါတိက ဘေးဆိုတာကော၊ အခုတော့ ဒကာ ဒကာမတွေသေလို့ ရှိရင်ဖြင့်တဲ့ အခုကြောက်နေရတာက အခုလိုသစ်ရွက်တွေ ခြောက်တဲ့အချိန်မှာ အပင် ကိုင်လှုပ်လိုက်တဲ့အခါကျတော့ မောင်အောင်ချီရေ ကျချင်သလို သစ်ရွက်တွေမကျဘူးလား (ကျပါတယ် ဘုရား)။
မမြဲတဲ့ ကုသိုလ်တွေကတော့
တချို့က မီးဖိုထဲကျမယ်၊ တချို့က ကျင်ကြီးပုံပေါ် ကျမယ် တချို့က နွားချေးပုံပေါ်ကျမယ်၊ မြဲရဲ့ လား (မမြဲပါ ဘုရား)၊ အဲ အခုအချိန်မှာ ခုနက အသင်္ခတ မမြင်ရ သေးလို့ရှိရင် ခင်ဗျားတို့ သေလို့ရှိရင် ဘယ်သူမှ မကယ်နိုင် ဘူးတဲ့၊ သစ်ပင်လှုပ်ချသလို ကျချင်သလို ကုဋီထဲရင်လည်း ပိုးလောက်ဖြစ်အောင် ကျချင် ကျမယ် ဒယ်အိုးထဲ ရင်လဲ အပါယ်လေးပါး ကျချင်ကျ သွားမယ် ဝိနိပါတိက ဘေးကမလွတ်သေးဘူး (မှန်ပါ)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဝိနိပါတိက ဘေးက (မလွတ်သေးပါဘူး ဘုရား)၊ တပည့်တော်တို့ ပြုထားတဲ့ ကုသိုလ်တွေ မကယ်တော့ဘူး လား ဘုရာ့တဲ့- အို မင်းတို့ လုပ်ထားတဲ့ ကုသိုလ်က မမြဲတဲ့ ကုသိုလ်လုပ်ထားတာ ဦးမြကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
နိယတ ကုသိုလ်လား၊ အနိယတ ကုသိုလ်လား (အနိယတကုသိုလ် ပါ ဘုရား)၊ အနိယတ ကုသိုလ် မမြဲတဲ့ ကုသိုလ် လုပ်ထားတော့ ဒါ ဥပရိမိဖုရားကြီး၊ လှုပ်ချလိုက်တာပေါ့ နွားချေးပိုးထိုး သွားဖြစ်တယ် သေတော့ ဝိနိပါတိက ဘေးသင့် လိုက်တာ (တင်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မလ္လိကာ မိဖုရားကြီး
ပရမ်းပတာ ဖြစ်သွားလိုက်တာ၊ မိဖုရားကြီးက နွားချေး ပိုးထိုးသွားဖြစ်တယ်ဆို တော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)၊ မလ္လိကာမိဖုရားကြီးလည်း တစ်ခါ တည်း လှုပ်ချ လိုက်တာပဲ အသဒိသ ဒါနလှူတဲ့ အလှူကြီး သူ့ထက်ကြီးတာတော့ ဘုရားတစ်ဆူမှ တစ်ခါရှိတာ အဲဒါ လှုပ်ချလိုက်တာ အဝီစိ ရောက်သွားတယ်။
ဘာဖြစ်လို့ တုံးဆိုတော့ ခုနက အသင်္ခတ ဘက်ကို ဉာဏ်က မရောက်သေးသ၍ ကာလပတ်လုံး မမြဲသေးဘူးလို့ မှတ်လိုက်ပါ၊ ရှင်းလား (ရှင်းပါပြီ ဘုရား)၊ အသင်္ခတ ဘက်ကို ဉာဏ်တစ်ချက်မှ မစိုက်လိုက်ရ သေးရင်ဘာတုံး (မမြဲသေး ပါဘူး ဘုရား)၊ ခင်ဗျားတို့ခန္ဓာဟာ သစ်ပင်လှုပ်ချသလို သွားလိမ့် ဦးမယ် ပရမ်းပတာသွားမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီနည်းရအောင်သာပေးပါတော့
တယ်ကြောက်စရာကောင်းပါလား (ကောင်းပါ တယ် ဘုရား)၊ ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးက အရှင်ဘုရား ဒီနည်းရအောင်သာ ပေးပါတော့လို့ တောင်းယုံမှတစ်ပါး ခင်ဗျား ဒိပြင်ဟာ ဘာမှပြောစရာတောင် မလိုဘူး။
ကောင်းပြီ တပည့်တော်တို့ ဒီ ပရမ်းပတာကျတဲ့ ဘေးတော့ လွတ်ပရစေတော့ဘုရားဆိုပြီး အတင်းအဓမ္မသာ ကပ်ရပ်ပြီးတော့လုပ်ပါတော့မယ်ဆိုတာ တာဝန်ခံဖို့ပဲရှိ တယ် (တင်ပါ)၊ ကိုယ့်ကိုယ်ကို သနားရင်လေ (တင်ပါ)။
ကိုယ့်ကိုယ်ကို သနားရင် ဘာတုံး (တာဝန်ခံရမှာပါ ဘု ရား)၊ တာဝန်ခံပြီး လုပ်ပါတော့မယ်ဘု ရား ဒီဘေးကို အခုစားဝါးနေတာတွေလည်း အလကား၊ အခုချမ်းသာနေ တာတွေလဲ (အလကားပါ ဘုရား)၊ အလကား ဘာမှ အသုံးမကျဘူး၊ ဒီပရမ်းပတာဘေး လွတ်မှပဲ ကိစ္စပြီးတော့ တယ်၊ အင်း ဒီနေ့လူ၊ နက်ဖြန်ခွေး ဆိုတော့ ကတပါပဇာတ် မှာလာတဲ့ ဒီနေ့ အဘွားကြီးပဲ၊ နက်ဖြန် ခွေးကြီးပဲ (မှန်ပါ)၊ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။
တစ်ကိုယ်လုံးဟာ သင်္ခတချည်းမှတ်
အဲဒါ ဘာဘေးသင့်တာတုံးဆိုရင် ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဝိနိပါတိက ဘေး (မှန်ပါ)၊ နိဗ္ဗာန်တစ်ခါမှ မမြင်လို့ သင့်တာတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ကြောက်စရာ ဘယ်လောက် ကောင်းတုံး (ကောင်းပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သင်္ခတနယ်အဆုံးလေးလိုက်ဖို့ရာဟာ သင်္ခတ ဘယ်မှာရှိသတုံးဆိုတာလေး ဦးအောင်ဇံဝေ က မေးဖို့လိုလာ တယ်၊ ဟောဒီတစ်ကိုယ်လုံးဟာ သင်္ခတချည်းမှတ်ပါ (မှန်ပါ)၊ တစ်ကိုယ်လုံးဟာ ဘာတုံး (သင်္ခတပါ ဘုရား)။
‘‘စတုဟာပါယေဟိစ ဝိပ္ပမုတ္တော’’ ဆိုတဲ့ အပါယ်လေးပါး ကော (လွတ်ပါတယ် ဘုရား)၊ လွတ်သွားပြီတဲ့၊ နိယတ ဂတိကောတဲ့ သေသည့် အခြားမဲ့၌ မြဲသွားပြီတဲ့ (တင်ပါ) မြဲသွားပြီတဲ့ သဘောပါကြပလား (ပါပါပြီ ဘုရား)။
မြည်တယ်၊ တွန်တယ်လို့ မအောက်မေ့ပါနဲ့
အဲဒါကြောင့် ခင်ဗျားတို့က မြည်တယ်၊ တွန်တယ်လို့ လည်း ဒီဒကာ ဒကာမတွေက မအောက်မေ့ပါနဲ့ ခင်ဗျားတို့ က အရေးမကြီးထိုက်တာကြီးပြီး၊ ကြီးလိုက်တာ မကြီးလို့ ပြောနေပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရေးမကြီးထိုက်တာတော့ (ကြီးနေပါတယ် ဘု ရား)၊ ကြီးထိုက် တာကို (မကြီးပါ ဘုရား)၊ အဲတော့ ဒီပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုသနားတဲ့ပုဂ္ဂိုလ်လား၊ မသနားတဲ့ ပုဂ္ဂိုလ်လား (မသနားတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
ကိုယ့်ကိုယ်ကို မသနားတဲ့ ပုဂ္ဂိုလ်လောက် လောကမှာ အရူးကျတာတော့ ဦးမြကြီး တွေ့ဖူးကြလား (မတွေ့ဖူး ပါဘူး ဘုရား) မရှိတော့ဘူး၊ ကိုယ့်ကိုယ်ကို မသနားတဲ့ ပုဂ္ဂိုလ် မှ လောကကြီးထဲ ဆိုးဝါးတာဖြင့် ဘာမှပြောဖို့ မလိုတော့ပါ ဘူးဆိုတော့ ဒါကြောင့် ကိုယ့်ကိုယ်ကို မသနားတဲ့ ပုဂ္ဂိုလ် ဆိုတာက သင်္ခတနယ်က လွန်တဲ့ ဆီကို အလုပ်ထားတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ် (တင်ပါ)။
မိုက်လုံးသန်နေတယ်
သင်္ခတနယ်ထဲတင်နေမယ်ဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ့်ကိုယ် ကိုမသနားတဲ့ ပုဂ္ဂိုလ်၊ ပရမ်းပတာ ဘေးရှိလျက်နဲ့ ပရမ်းပတာ ဘေးကို သူမရှောင်မကွင်းနိုင်သောကြောင့် မိုက်လုံး သန်နေတယ်လို့ ဦးအောင်ဇံဝေ ဆိုတော့ (ဆိုနိုင်ပါတယ် ဘုရား)။
အေး ဒါကြောင့် တပည့်ဒကာ ဒကာမတွေ အရင်း တွေမို့ ခင်ဗျားတို့ ကြီးတဲ့အရေးဟာ ပရမ်းပတာ ဘေးသင့်ဖို့ အရေး၊ ခင်ဗျားတို့ ကြီးနေတဲ့ အရေးက (ပရမ်းပတာ ဘေးသင့် တဲ့ အရေးပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးက အရေးကြီးတာက ပရမ်းပတာဘေးက လွတ်ဖို့ အရေးကြီးကြလို့ပြောတာ (တင်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ယမက၊ ဥစ္ဆေဒဒိဋ္ဌိဖြစ်နေတယ်
ကဲ ဒါဖြင့် အခု ဒီဘုရားနဲ့ တွေ့ပြီး ဘုရားရဲ့ တရားနာ လျက်နဲ့ တောင်မှ ယမကမှာ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နေတာ၊ မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)၊ ရဟန္တာ သေရင် ဘာမှ မဖြစ် တော့ဘူးဆိုတော့ ရဟန္တာ မရှိတာ သူရဟန္တာလုပ်ထားတော့ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဒါနဲ့ ရှင်သာရိပုတ္တရာသွားတိုင်တော့ ရှင်သာရိပုတ္တရာ က အေး ကွာ၊ ငါပဲရှင်းပါ့မယ်ဆိုပြီး၊ လိုက်လာပြီးပြော တယ်၊ ပြောတဲ့ အခါကျတော့မှ သူတရားဟောတယ်၊ ရှေးဦး စွာ တရားဟော လိုက်တယ်၊ ပြောစမ်းပါဦးကွ၊ မင်းအယူလေး ပြောစမ်းပါဦးကွ၊ တပည့်တော် ဘုရားဆီက တရားနာခဲ့တယ် ဘုရား၊ ရဟန္တာသေရင်ဘာမှ မဖြစ်ဘူးဆိုတာ သဘော ကျတယ်။
ရဟန္တာသေရင် ပျောက်ပျက်သွားတာပဲ ဘာမှမဖြစ် တော့ဘူးဆိုတော့ သင်္ခတ အသင်္ခတ ကွဲရဲ့လား (မကွဲပါ ဘူး ဘုရား)၊ တယ်နာပါလားဗျ (နာပါတယ် ဘုရား)၊ သင်္ခတ အသင်္ခတ မကွဲတာ တယ်နာတယ် (နာပါတယ် ဘုရား)။
ယမက ရဟန်းသောတာပန်တည်တယ်
ကိုင်း ဒါဖြင့် မင်းကွာ ငါမေးစမ်းပါရစေဦး၊ မင်းမှာ – ခန္ဓာဘယ်နှပါးရှိတုံး (ငါးပါးရှိတယ် ဘုရား)၊ အဲဒီငါးပါး ကွာကဲ မင်းဉာဏ်နဲ့ဖြစ်မှု ပျက်မှုလေး ရှူစမ်းပါကွ၊ ရုပ်ဟာ အနိစ္စလား၊ နိစ္စလား မေးလိုက်တယ် (အနိစ္စပါ ဘုရား)၊ သူက ဖြေတာပဲ၊ အဲဒီ အနိစ္စဒိဋ္ဌိလေးဟာ ဒုက္ခလား၊ သုခလားလို့ မေးလိုက်တော့ ဒုက္ခလို့ဖြေတာပဲ။
အဲဒီ အနိစ္စ၊ ဒုက္ခဖြစ်တဲ့တရားကို ရုပ်တရားကို မင်းသည် ကားလို့ဆိုရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါဘူးဘု ရား)၊ အနတ္တပေါ့ ဘု ရား၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီလိုဟောဟောပြီး သကာလ သွားတာနဲ့၊ သညာက္ခန္ဓာ ဉာဏ်စိုက်ပြီး နာလိုက်တာနဲ့ ဦးမြ သောတာပန် တည်သွား ပြီ (မှန်ပါ ဘုရား)၊
ဒါဖြစ်ပျက်လုပ်လိုက်တာနဲ့ သောတာပန် တည်တာ (တင်ပါ ဘုရား)၊ ဉာဏ်သုံးဉာဏ်နဲ့ တက်သွားပြီ၊ ရှင်းပြီနော် (တင်ပါ)။
ရုပ်ကို ရဟန္တာခေါ်မလား
အဲဒီတော့မှ ရှင်သာရိပုတ္တရာက သူ့လူလည်း သောတာ ပန်တည်မှန်း သိတော့မှ မောင်အောင်ချီရေ ကောက်မေးတယ်၊ ယမက ရုပ်ကို ရဟန္တာခေါ်မလားကွ (မခေါ်ပါဘူး ဘုရား)၊ ဝေဒနာ ရဟန္တာခေါ်မလား (မခေါ်ပါဘူး ဘုရား)၊ ငါးပါးလုံး စေ့အောင်မေးလည်း မခေါ်ဘူးလို့ ဖြေတယ်။
ဒါဖြင့်ကွာ ရုပ်မှတစ်ပါး မင်းဟာခေါ်မှာလား (မခေါ်ပါ ဘုရား)၊ ရုပ်မှတစ်ပါးလည်း ခေါ်စရာမှ မရှိတာဘဲ၊ ဝေဒနာမှ တစ်ပါးခေါ်မှာလား ခေါ် စရာလည်းမရှိဘူး၊ ဒါဖြင့် ရုပ်နာမ်ခန္ဓာငါးပါးစလုံး ရဟန္တာခေါ် မလားလို့ မေးပြန်တယ် (မခေါ်ပါဘူး ဘုရား)။
ဒါဖြင့် ရုပ်နာမ်ခန္ဓာငါးပါးမှတစ်ပါး တခြားသော တရားကို မင်းရဟန္တာ ခေါ်မလားလို့ မေးပြန်တော့ ဘယ့်နဲ့ ဖြေကြမ (မခေါ်ပါ ဘုရား)၊ ဒါ ရှင်းသွားပြီ (တင်ပါ)၊ ရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)၊ ဒါသောတာပန်တည် ပြီးမှ အဖြေတွေနော် (မှန်ပါ ဘုရား)။
ဒါဖြင့်ကွာ မင်းနဂိုတုန်းကယူထားတာလေးက ရဟန္တာ သေရင် ဘာမှ မဖြစ်ဘူးဆိုတာလေးဟာ မင်းဘယ့်နဲ့ ပြောနေ တာတုံး၊ ဖွတ်မြီးနဲ့ ဖွတ်ချည် ဆိုပြီး သကာလ ဦးအောင်ဇံဝေ သူပြန်မေးတာပဲ၊ တပည့်တော် အဲဒါ နဂိုက ဒိဋ္ဌိမကွာခင် တုန်းက မိုက်တုန်းက အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ တွေ ရှိနေတုန်းက တပည့်တော် ယူတဲ့ အယူတွေပါဘုရား။
ဒီအယူကို မယူပါဘူး
အခုတော့အရှင်ဘုရားတည်းဟူသော သူတော်ကောင်းကြီး နဲ့ ပေါင်းပြီး တရားထူး တရားမြတ်တွေ နာရပြီး ကိုယ်ကိုယ်တိုင် ဉာဏ်ရောက်ပြီး ကျင့်ရတဲ့အတွက် တပည့်တော် သစ္စာသိတဲ့ သင်္ခတက အသင်္ခတဖြစ်တဲ့ သစ္စာသိတဲ့ ဉာဏ်ရသွားတဲ့အတွက် တပည့်တော်သည် ဒီအယူကိုမယူပါ ဘူးဘုရား၊ ပေါ်သွား ပလား (မှန်ပါ)။
ကိုင်း ဒါဖြင့်ကွာ၊ နေရာကျပြီ မင်း ဒီရဟန္တာမရှိဘူး၊ သို့သော်လည်းကွာတဲ့ မင်းကနဂိုက ဗွေဖေါက် ထားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ ဦးမြကြီး သူနဂိုက ဘာလုပ်ထားတာတုံး (ဗွေဖေါက်ထားတာပါ ဘုရား)၊ ဗွေဖေါက်ထားတာ၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ ဗွေဖေါက်ထားတဲ့ သူဖြစ်နေတာ။
ရဟန္တာသေရင် ဘယ်သွားတုံး
မင်းများ အခုအချိန်မှာ ငါကတော့ မမေးပါဘူးကွာ မင်းသူငယ်ချင်း မိတ်ဆွေတွေက မေးတော့ ရဟန္တာ သေရင် ဘယ်သွားတုံးလို့ မင်းများတိုက်ရိုက် မေးလို့ ရှိရင် အခုအခါမှာ ဘယ်လို ဖြေမတုံး မေးတာဘဲ တပည့်တော်ဖြင့် အခု ဖြေရမှာက တပည့်တော် ဖြေပါ့မယ်ဘုရားဆိုပြီး အဲဒါ သောတာပန်၏ အမြင်နဲ့ ဖြေတော့မယ်လို့ ဦးအောင်ဇံဝေ မှတ်လိုက် (တင်ပါ)။
ခန္ဓာငါးပါးဟာ အနိစ္စတရားပါဘုရား၊ ၎င်းအနိစ္စဟာတဲ့ ဒုက္ခအစစ်ပါပဲ၊ ရှင်းတယ်နော် (ရှင်းတယ်နော်)၊ ခန္ဓာငါး ပါးဟာ အနိစ္စတရားနော် (တင်ပါ)၊ ၎င်းအနိစ္စဟာ ဘာ တဲ့ (ဒုက္ခပါ ဘုရား)၊ ဒုက္ခတရား၊ အဲဒီဒုက္ခဆိုတဲ့ သင်္ခတ တရားတွေ ဆုံးသွားပြီလို့ တပည့်တော်ဖြေမှာပါပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခဆုံးတာ နိဗ္ဗာန်
ဒုက္ခ ဆိုတဲ့ သင်္ခတတရားတွေ (ဆုံးသွားတာ ပါ ဘုရား)၊ ဒါဖြင့်ဒုက္ခဆုံးတာ နိဗ္ဗာန်ခေါ် တာပဲ (တင်ပါ)၊
နောက်က ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမတုံး , (ဒုက္ခဆုံးတာ နိဗ္ဗာန်ပါ ဘုရား)၊ ဒုက္ခဆုံးတာ နိဗ္ဗာန်ခေါ်တယ် ဆိုတာ အားလုံးသေသေချာချာ မှတ်စမ်းပါ (မှန်ပါ)။
မြို့ကြီးလား၊ ကြီးလား ဦးမြကြီး (မဟုတ်ပါ ဘုရား)၊ ဒုက္ခဆုံးတာနော် မရှိဘူးလား၊ ရှိသလား ဆိုတော့၊ ဒုက္ခရှိနေတော့ကိုတဲ့ ဒုက္ခဆုံးတာရှိတာပဲ (တင်ပါ)။
ဖက်ခွက်နာကြီး ပေါက်နေတယ်
ကိုင်း ဒါဖြင့် အားလုံး လူငယ်တွေ နားလည်အောင် ရှင်းပေးလိုက်ပါဦးမယ်၊ ဒုက္ခဆုံးတာဆိုတာ ဒကာ ဒကာမတို့ တခြား မဟုတ်ပါဘူး၊ ဥပမာမယ် မောင်ဇီဝ လက်မှာ ဖက်ခွက်နာ ကြီး ပေါက်နေတယ် ဆိုကြပါစို့၊ အောင့် အင်းခံနေရတယ် မောင်ဇီဝနော် (မှန်ပါ)။
ကဲ ကုဆေးနဲ့ ပလာစတာတွေနဲ့ ကပ်ပြီး ကုလိုက် တဲ့ အခါကျတော့ ပျောက်သွားတယ်၊ ဘယ်နေရာမှာ ပျောက်သ တုံးဆို တော့ နာတဲ့နေရာမှာ ပျောက်ရမယ် (မှန်ပါ)၊ ဘယ်နေရာမှာ ပျောက်တုံး (နာတဲ့နေရာမှာ ပျောက်ပါ တယ် ဘုရား)။
ဒီလက်မောင်းမှာ ဟို ဘက်ကတိုင်းလေးလက်မ၊ ဒီဘက်ကတိုင်းလည်းလေးလက်မ အလယ်မှာ ပေါက်နေတယ် ဆို၊ လေးလက်မ အလယ်မှာပဲ ဒုက္ခရှိတာပဲ (တင်ပါ)၊
ပျောက်တော့ လေးလက်မ အလယ်မှာပဲ ပျောက်တယ် (တင်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီနေရာမှာပဲ ပျောက်သွားတယ် မှ လေးလက်မအလယ်မှာ အနာပေါက်တယ်၊ ပျောက် တော့ကော လေးလက်မအလယ်မှာ ပျောက်တယ်၊ ဟိုဘက် လေးလက်မ ဒီဘက်လေးလက်မ အလယ်မှာပဲ ပျောက်တယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
ဒီမှာလည်း ဒီခန္ဓာထဲမှာပဲ ဖြစ်ပျက် ဒုက္ခတွေရှိတာပဲ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒီခန္ဓာပဲ ပျောက်သွားတာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒီခန္ဓာပဲ ပျောက်သွား တယ်ဆိုတော့ ဪ ဒါဖြစ်ပျက်တရားပဲ ဆိုတဲ့ ဥစ္စာမပေါ် လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဪ ပျောက်သွားတဲ့ သဘောပဲဆိုတာ မသေ ချာဘူးလား (သေချာပါတယ် ဘုရား)၊ ပျောက်တာလည်း ဒီနေရာပဲနော်၊ ပေါက်တာလည်း ဒီနေရာ၊ ပျောက်တာလည်း ဒီနေရာဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။
ဒါဖြင့် ပေါက်တာ ဒုက္ခသစ္စာ (မှန်ပါ)၊ ပျောက်တာ ဒုက္ခဆုံးတာ (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ပေါက်တာ (ဒုက္ခသစ္စာပါ ဘုရား)၊ ပျောက်သွားတာ က (ဒုက္ခဆုံးတာပါ ဘုရား)၊ ဒုက္ခဆုံးတာ။
ဒုက္ခတွေကုန်သွားပြီး ဆုံးသွားပြီ
ဒါကြောင့် ရဟန္တာတွေ၊ သောတာပန်တွေ၊ သက ဒါဂါမ်တွေ အနာဂါမ်တွေ သူတို့ ဆိုင်ရာ ဒုက္ခတွေ ဆုံးပြီး သကာလ နေတော့ ကျုပ်တို့လိုပဲသွားလျက်၊ လာလျက်၊ ဆွမ်းတို့ ဘာတို့ စားလျက်၊ သောက်လျက်ပါပဲ (တင်ပါ)၊ ပျောက်တာက ဒီအထဲတင် ပျောက်နေတာကို (မှန်ပါ)၊ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ဒုက္ခဆုံးတယ်လို့ တပည့်တော် ဖြေပါ့မယ် ဘုရား ခန္ဓာငါးပါး အနိစ္စတရား၊ ၎င်းတရားဟာ ဒုက္ခပဲ၊ အဲဒီဒုက္ခတွေ ကုန်သွားပြီ၊ ဆုံးသွားပြီလို့ တပည့်တော်ဖြေရုံပါ ပဲတဲ့ ရဟန္တာသေ ဘယ်သွားတယ်လို့ သူမပြောတော့ဘူး ပြောသေးရဲ့လား (မပြောပါဘူး ဘုရား)။
ရှုနေတာ ဘယ်တော့ပြီးမှာလဲ
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ယနေ့ သောတာ ပန်မြင်တဲ့ နိဗ္ဗာန် သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒုက္ခဆုံးတာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ရှုကြပါတဲ့၊ ရှကြတဲ့အခါကျလို့ တပည့်တော် ဘယ်တော့ ရှုနေတာပြီးမှာလဲ အရှင်ဘုရား၊ အရှင်ဘုရားဆီက ဘယ်တော့ ပြန်ရမှာတုံး တပည့်တော်တို့ မှာ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ မင့်ခန္ဓာကြီးက ဒုက္ခသစ္စာကြီး၊ ဖြစ်ပျက် ဖြစ်ပျက် အနိစ္စ၊ ဒါဆုံးရင် ပြန်တော့ဟေ့ (တင်ပါ) ဆိုတော့ ဒုက္ခဆုံးပြန်ရုံပဲ ရှိတာ ခုနက ပြောခဲ့တဲ့ ဝိနိပါတိက ဘေးတွေ၊ ပရမ်းပတာကျတဲ့ ဘေးတွေ ဘယ်နဲ့တုံး လွတ်ပလား၊ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)၊ ဒုက္ခဆုံးရင် လွတ်တာပဲ၊ တစ်ခါမြင်ပြီး လွတ်တာပဲ၊ သဘောပါ ကြပလား (ပါပါပြီ ဘုရား)။
ကိုယ့်ဉာဏ်ထဲ ဒုက္ခပျောက်သွားတယ်
ကောင်းပြီ ဒါဖြင့် ရှုနေရင်း မတ်တတ်နဲ့ ခန္ဓာကိုယ် ကြီးဟာလည်း ရှာမတွေ့ဘူး၊ ဆုံးသွားတယ်၊ ရှုရင်းမတ်တတ် နဲ့ ဒါဒုက္ခသစ္စာကြီးပါလားလို့ တိတိကျကျပဲ ဆုံးဖြတ်ချက် ချရော ခန္ဓာပျောက် သွားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါက ကိုယ့် ဉာဏ်ထဲ ပျောက်တာနော်၊ ခန္ဓာကတော့ ရှိလျက် ပဲ (တင်ပါ)။
ခန္ဓာကတော့ရှိလျက်ပဲ ကိုယ့် ဉာဏ်ထဲမှာ ဘယ်နဲ့ တုံး (ပျောက် သွားပါတယ် ဘုရား)၊ ပျောက် သွားတော့ ဉာဏ်ထဲမှာ ဒုက္ခပျောက် သွားတာပဲ တွေ့လိုက်တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
နဂိုက ကိုယ်ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ရှာတွေ့သေးရဲ့လား (မတွေ့ပါဘူး ဘုရား)၊ မတွေ့တော့ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်က မင်းဘာမြင်သတုံး မေးတော့ ဒုက္ခပျောက်တာ မြင်တယ်လို့ သူပြောမှာပဲ (မှန်ပါ)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခပျောက်တာနိဗ္ဗာန်
ဒါဖြင့် ဒုက္ခပျောက်တာ နိဗ္ဗာန် မြင်တာ မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ ပစ္စဝက္ခေနာဉာဏ် သေချာပလား (သေချာပါပြီ ဘုရား)၊ အဲဒါ ကိုယ့်ဟာကို အသိဆုံးလို့ မှတ်လိုက်၊ ဒါနဲ့ ဒကာ၊ ဒကာမတို့ ဒီနေ့ သောတာပန် တည်ပြီးလို့ အဖြေမှန်ထွက် သွားပြီ ဆိုတာလည်း ဦးအောင်ဇံဝေ ရိပ်မိပြီ , (ရိပ်မိပါပြီ ဘုရား)၊ ရိပ်မိသွားပြီနော် ဦးမြကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ ရှေ့တရားဆက်တော့မယ်တဲ့ ဟေ့ ယမက မင်းဖြေပုံ ကွာ၊ မင်းသမ္မာဒိဋ္ဌိဘက် သက်ဝင်လာတဲ့ အတွက် အဖြေမှန်လိုက်တာ၊ ဒုက္ခ ဆုံးသွားတယ်လို့ ဖြေတယ်၊ သာဓု သာဓု၊ ဟေ့ ဆိုပြီး သကာလ ရှင်သာရိပုတ္တရာ က သာဓုခေါ်တယ်။
သုံးမဂ်ကျန်သေးတယ်
သို့သော်လည်း ကရုဏာကြီးတဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ ဪ သူတစ်မဂ်သာ ရသေးတယ်၊ သုံးမဂ် ကျန်သေးတယ်၊ သုံးမဂ်အတွက် ငါရအောင် ဟောဦးမယ်၊ ဒကာ ဒကာမတို့ ဘယ် နှမဂ်ရအောင် ဟောဦးမတဲ့တုံး သုံးမဂ်ရအောင်ဟောဦးမယ်တဲ့။
အဲတော့ ဒီနေရာမှ ဒီလို ကျမ်းဂန်တွေနဲ့ မတွေ့ဘူး ဆိုလို့ ရှိရင်ဖြင့် ဦးမြတို့ ဦးအောင်ဇံဝေတို့ သူဟောချင်ရာ ဟောမှာပဲနော်၊ ကဲ ဒါဖြင့် မနေ့ကလည်း ရှင်းခဲ့ပါတယ်၊
သောတာပန်တည်သွားတာဟာ သူ့ဥစ္ဆေဒဒိဋ္ဌိပြုတ်တာနဲ့ တည်သွားတယ်၊ ဒါဖြင့် ဒိဋ္ဌိပြုတ်တာနဲ့ ဟာတည်သွားတုံး (သောတာပန်တည်သွားပါတယ် ဘုရား)။
သောတာပန်တည်ချင်ရင်ဒိဋ္ဌိပြုတ်အောင်လုပ်
ဒါကြောင့်သောတာပန် တည်ချင်ရင် ဘာမှမလုပ်နဲ့ ဒိဋ္ဌိပြုတ်ဖို့ ပဲအရေးကြီးတယ်၊ ကိုင်း ဒါဖြင့် သက်သေ သာဓက လုံလောက်ပြီးသွားတဲ့ အတွက်တဲ့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတည်အောင် ကျတော့ ဒိဋ္ဌိဖြုတ်ရဦးမှာလား ဆိုတော့ ဦးအောင်ဇံဝေ နဂိုကအမြစ်နှင့်တကွ ပြတ်ပြီးသား၊ သောတာပန် တည် ကတည်းကပြုတ်ခဲ့ပြီ၊ ဒိဋ္ဌိပြန်ဟောနေဖို့ လိုသေးလား (မလိုတော့ပါဘူး ဘုရား)။
တဏှာကျန်နေတယ်
မလိုလို့ ရှိရင်ဖြင့် သူ ကျန်တာ ဟောမှ ကိုက်တော့ မယ် (တင်ပါ)၊ သူကျန်တဲ့ တရားချုပ်နည်း ဟောမှ တော်တော့မယ်၊ ဒါဖြင့်ဒိဋ္ဌိပြုတ်ငြားသော်လည်း တဏှာကျန်နေတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာကျန်နေတုံး (တဏှာကျန်နေပါတယ် ဘုရား)၊
တဏှာ ကျန်နေတယ်တဲ့ အဲဒိတဏှာဖြုတ်တာကို ရှင်သာရိပုတ္တရာ ဟောလိမ့် မယ် (တင်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အင်း ဘာဟော မယ်ထင်တုံး (တဏှာ ဖြုတ်တဲ့တရား ဟောမှာပါ ဘုရား)။
သူဌေးသားနဲ့ လူမိုက်ငါးယောက်
တဏှာဖြုတ်တာဟောလိမ့်မယ်ဆိုတာ သေသေချာချာ မှတ်ပါ၊ ကိုင်း ဒါဖြင့် တဏှာပြတ်တာ ဟောတော့မယ် ဆိုတော့ ရှင်သာရိပုတ္တ ရာ က ဥပမာလေးတစ်ခုပြတယ်၊
ကွာ တဲ့ သူဌေးသား တစ်ယောက် ရှိတယ်ကွတဲ့၊ ဒါ ရှင်သာရိပုတ္တရာ တိုက် ရိုက်ဟော တာနော်၊ သူဌေးသား တစ်ယောက်ကို လူငါးယောက်က သတ်ချင်တယ်၊ ဒီသူဌေးသား တစ်ယောက် ကို လူမိုက် ငါးယောက် က (တင် ပါ)၊ သတ်ချင်တယ်။
သတ်ချင်ပေမဲ့လည်း သူ့အိမ်ကလည်း သူက သူဌေးဖြစ် နေတော့ အစောင့်တွေ အရှောက်တွေ အလုံအခြံတွေက များတော့ ဦးမြ လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)၊ မလွယ်တော့ လူငါးယောက် ကြံကြတယ်၊ ဒီအတိုင်း သတ်လို့ ကတော့ကွာတဲ့ ဘယ်နည်းနဲ့မှ အပြင်က နေမရဘူး၊ သူနဲ့။ ရင်းနှီးအောင်ပေါင်းဖို့ အရေးကြီးတယ်။
ရှင်သာရိပုတ္တရာကဟောတာ
ဒါရှင်သာရိပုတ္တရာဟောနေတယ်မှတ်ပါ ဘုန်းကြီးဟော နေတယ်လို့ မမှတ်ပါနဲ့၊ သူနဲ့ ရင်းနှီးအောင် ပေါင်းဖို့ အရေး ကြီးတယ်ကွာတဲ့ ကဲဒါဖြင့် တို့ ပေါင်းကြစို့ကွာဆိုပြီး သူဌေးသားအိမ် ဦးအောင်ဇံဝေ ဝင်ကြတာပေါ့ဗျာ ငါးယောက်စလုံးနော် (တင်ပါ)။
ဝင်ပြီး သကာလ အရှင်သူဌေးသား ကျွန်တော်တို့ ခင်ဗျားကို ပြုချင်ပါတယ်၊ စုချင်ပါတယ်၊ ခိုင်းချင်တာခိုင်းပါ၊ မကျွေးချင်လည်းနေပါ ဝတ်ပြုချင်လွန်းလို့ လာခဲ့ပါတယ် ဆိုပြီး သကာလ လူငါးယောက်က မကျွေးချင်နေပေါ့လေ (တင်ပါ)။
ကျုပ်တို့ ဝတ်ပြုချင်လို့ ခင်ဗျားကြည်ညိုလေးစားလွန်း လို့ ဝတ်ပြုချင်လို့ လာခဲ့ပါတယ် ဆိုပြီးတော့ အိမ်ထဲဝင်ကြတယ်၊ အိမ်ထဲဝင်တော့ ဟိုကသူဌေးသားက သိမှမသိဘဲကို ဪ အပြုအစု လာကြတယ်လို့ ပဲထင်နေတော့ သူလက်ခံလိုက် တယ် (တင်ပါ)။
အပြုအစုကောင်းတယ်
လက်ခံလိုက်တော့ ဒီလူတွေ ကလည်း အပြုအစု ကောင်းလိုက်တဲ့ လူတွေက သူဌေးက ဘာလိုချင်တယ်ဆို ချက်ပြုတ်ပြီးပြီ၊ အင်း ဘယ်နေရာ၊ တံခါးပိတ်ချိန်ကျရင် သူတို့က ပိတ်ပြီးပြီ၊ ဒီအထဲက နေပြီး သကာလ ဒီငါးယောက်က ဘာများ အလိုရှိသေးတုံး ဆိုတာလည်း ခဏခဏ မေးတယ်၊ ဆိုတော့ တယ်တော်ပါလား လူရိပ်လူခြေ သိပ်ပါးပါလားဆိုတော့ ခင်ယောင်လေးတော့ မလာသေးဘူးလား (လာပါတယ် ဘုရား) ခင်ယောင်လာပြီးတော့ ဒီငါးယောက်ကို (မှန်ပါ)။
ခင်ယောင်လာတော့ ကိုင်း နောက်ကျတော့ ခင်တာက ကြီးကျယ်၊ ကြီးကျယ်ပြီး လာတော့ ထမင်းပွဲတောင် မောင်အောင်ချီ အတူတူစားပြီ ဒီငါးယောက်က၊ မောင်မြဘာ တဲ့တုံးကွ (ထမင်းပွဲ အတူတူစားပါပြီ ဘုရား)။
သူဌေးသားသေတယ်
ထမင်းပွဲတောင် ဒီငါးယောက်က အတူတူ စားပြီ စားတဲ့ အခါကျတော့မှ သူတို့ အကြံ အစည် နဲ့ ဝင်လာတဲ့ ပုဂ္ဂိုလ်ကျတော့ အင်း ဒီအချိန်ဖြင့် တို့ ကိုအတွင်းသူ အတွင်းသားအဖြစ်နဲ့ ပေါင်းပြီတဲ့ တို့ အကြံအစည ်အောင်ပြီ၊ ဆိုပြီး သကာလ ဒီငါးယောက်က သတ်တာပဲ၊ ဦးအောင်ဇံဝေ၊ သူဌေးသား ဘာဖြစ်သွားတုံး (သေပါပြီ ဘုရား)၊ သေပြီ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ သူဌေးသား ဘာဖြစ်သွားတုံး (သေပါပြီ ဘုရား)၊ သေသွားပြီ၊ ဒါဘယ့်နဲ့ ကြောင့်တုံး ဆိုတော့ ခင်မှုကြောင့် သတ်လိုက်တာပဲ ဆိုရင်လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ အဲဒီသူဌေးသားကွာ ငါးယောက်က သတ်လိုက်တာ သေတာပဲဟေ့ တဲ့၊ ပြောလိုက်တယ်နော် (မှန်ပါ)။
ဘယ်နဲ့ ကြောင့် သူတို့ သတ်မိပါလိမ့်မတုံးလို့ ရှိရင် အတွင်းဘယ်လိုကြောင့် ရောက်လာ ပါလိမ့်မတုံး မေးတဲ့ အခါကျတော့သူတို့ ပြောဆိုကောင်းလွန်းလို့နော် (မှန်ပါ)၊ အသတ် ထိအောင်ပဲ ခံရတာ ဘယ်နဲ့ ကြောင့် ပါလိမ့်မတုံး ကိုယ်ခင်မှုကြောင့် မရုန်းနိုင်တဲ့ နေရာရောက်သွားလို့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ရှင်သာရိပုတ္တရာ ပေးတဲ့ဥပမာ
သူတို့ ခင်မှုကြောင့်ကိုယ့်မှာ ပြေးစရာတောင်မှ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ ဪ ဒီမှာလည်း ကွာတဲ့၊ အဲဒါဥပမာလို့ မှတ်လိုက်စမ်းပါ၊ ရှင်သာရိပုတ္တရာပေးတဲ့ ဥပမာလို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်ပါ) ဘယ်သူပေးတဲ့ ဥပမာပါလိမ့် (ရှင်သာရိပုတ္တရာ ပေးတဲ့ ဥပမာပါ ဘုရား)၊ ရှင်သာရိပုတ္တရာပေးတဲ့ ဥပမာလို့ မှတ်လိုက် စမ်းပါ။
ခင်ဗျားတို့မှာလည်းတဲ့ ဟော ဒီခန္ဓာငါးပါးဆိုတာ ခင်ဗျားတို့ ကဆုတောင်းယူတာလား၊ သတ်ဖို့ရာ ခေါ်တာလား၊ ခန္ဓာငါးပါးကိုဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များလူသတ်ငါးယောက် ကို ခေါ်ယူ တာပဲ (တင် ပါ)၊ ဘာတဲ့ (သူ သတ် ငါးယောက်ကို ခေါ်ယူတာပါ ဘုရား)။
နတ် ဖြစ်ရပါလို၏ဆို တာ နတ် ခန္ဓာငါးပါးဆို တဲ့ သူသတ်ယောက်ျား ငါးယောက်ပေါ်ဦးမှာပဲ (မှန်ပါ)၊ တောင်းတဲ့လူသတ်မယ် သဘောကျပလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါး လူသတ်ယောက်ျား
ဗြဟ္မာခန္ဓာ ဖြစ်ရပါလို၏ ဆိုရင်ကော (တောင်းတဲ့ လူသတ်မှာ ပါ ဘုရား)၊ တောင်းတဲ့လူကို ဘယ်သူက သတ်မ တုံး (ခန္ဓာငါးပါးက ပါ ဘုရား)၊ ဗြဟ္မခန္ဓာငါးပါးက သတ် မယ် (တင်ပါ)။
ကိုင်း ဒါဖြင့် ခန္ဓာငါးပါးဟာ သူသတ်ယောက်ျားလို့ မောင်အောင်ချီတို့၊ မောင်မြတို့ မှတ်လိုက် စမ်းကွာ (မှန်ပါ)၊ ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့ သူသတ်ယောက်ျားဆိုတာ မယုံပေဘူး ခင်ဗျားတို့က ဘုန်းကြီးက ချဲ့ပြောရလိမ့်မယ် (တင်ပါ)၊ မပြောရပေဘူးလား (ပြောရမှာပါ ဘုရား)။
ရူပက္ခန္ဓာ
ဒကာ ဒကာမတို့ တချို့ အပူချိန်ကိုပဲ (၁၁၀၊ ၁၁၂)နဲ့ပဲ သေသွားသတဲ့ဆိုတော့ရူပက္ခန္ဓာဆိုတဲ့ တေဇောဓါတ်သတ် လိုက်တာ (မှန်ပါ)၊ ဘယ်သူက လာသတ်တာတုံး (တေဇောဓါတ်က သတ်တာပါ ဘုရား)၊ ရေခဲတွေ ဘာတွေ အုပ်ပါလားမရဘူး၊ တေဇောက ပြင်းထန်တယ်၊ တေဇောဓါတ်နဲ့ ပဲ သေသွားတာ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါရူပက္ခန္ဓာက သတ်တာဆိုရင်လွဲပါ့မလား (မလွဲပါဘူး ဘုရား)။
ဝေဒနာက္ခန္ဓာ
တစ်ခါတလေကျတော့ ရူပက္ခန္ဓာက သတ်ပြီး သကာလ ဝေဒနာရ၊ အင်း ကျောက်ပေါက်တဲ့ ဝေဒနာတွေနဲ့ သေသွားတဲ့ ကလေးတွေလည်း အမျိုးမျိုးမတွေ့ရဘူး လား (တွေ့ရပါတယ် ဘုရား)၊ အင်း ဒီခန္ဓာက သတ်တာပဲ ဆိုရင်ကော (မလွဲပါဘူး ဘုရား)။
သညာက္ခန္ဓာ
ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို (ခန္ဓာက သတ်တာပါ ဘုရား)၊ ဝေဒနာ က္ခန္ဓာက သတ်ပြန်ပြီ၊ တချို့ သညာက္ခန္ဓာနဲ့ အသွားမှာအစားမှားနဲ့ အမှတ်မှား သေတာတွေ ကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ ဒါဘယ်သူက သတ် လိုက်တာတုံး (သညာက္ခန္ဓာက သတ်လိုက်တာပဲ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သင်္ခါရက္ခန္ဓာ
တစ်ခါတလေ ကျတော့ သင်္ခါရက္ခန္ဓာက သတ်တဲ့အခါ ကော မရှိပေဘူးလား (ရှိပါတယ် ဘုရား)၊
တစ်ခါတလေ ကိုယ့်စိတ်က ကိုယ့်ကို သတ်လိုက်တဲ့ အခါကော (ရှိပါတယ် ဘုရား)၊ ကိုယ်ဒေါသ ဖြစ်ရင် ကိုယ်တက်ပြီးသွား တဲ့ အခါ မသေရုံတမယ်ကျန်တာ သူ့စိတ်က သူ့သတ်တာ၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ တက်သွားတာ မပေါ်လာတော့ဘူး ဆိုတော့ ဘယ်သူက သတ်လိုက်တာတုံး၊ စိတ်က သတ်လိုက်တာဆိုတော့ ဝိညာဏက္ခန္ဓက သတ်တာ (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့မှာ ရှိတဲ့ အတွင်း သူအတွင်းသား ခင်ဗျားတို့ ရှိနေတဲ့ ခန္ဓာငါးပါးဟာ ခင်ဗျားတို့ ကို ဘာလုပ်မလို့ လာနေတာတုံးဆိုတာ ခင်ဗျားတို့ ရိပ်မိလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်နဲ့ ကြောင့် တုံး (သတ်မလို့ လာတာပါ ဘုရား)။
သို့သော်လည်း ခင်ဗျားတို့က မသိကြဘူးတဲ့၊ ကိုယ့်ခန္ဓာ ကိုယ်ခင်နေတာ ဘယ်လိုပါလိမ့် (ကိုယ့်ခန္ဓာ ကိုယ်ခင်နေ တာပါ ဘုရား)၊ ခင်နေတာ၊ ကိုယ့်ကိုယ် ကိုယ်မယုယ ဘယ်သူ ယုယမှာတုံး ဆိုတော့ အတော်ခက်နေပါပေါ့လား၊ ခက်ဘူးလား (ခက်ပါ တယ် ဘုရား)၊
ဦးအောင်ဇံဝေ (ခက်ပါတယ် ဘုရား)၊ အပြီးသတ်တော့ သူ့ရည်ရွယ်ချက်က သတ်ဖို့၊ ခင်ဗျားတို့ ဦးအောင်ဇံဝေတို့ ထံမှာ ပဋိသန္ဓေခန္ဓာ ငါးပါး အနေနဲ့ လာကတည်းကို က ခု န က အတွင်းသူ အတွင်းသား အဖြစ်နဲ့ ကျွန်တော်မျိုးထံ ဝင်လာတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။
သတ်ဖို့ဝင်လာတာ
ခန္ဓာငါးပါး သည် ခင်ဗျားတို့ ဦးမြကြီး သန္တာန်၌ ခန္ဓာငါးပါးရောက်လာတယ်ဆိုလို့ ရှိရင်ပဲ အတွင်းသူ၊ အတွင်းသား အဖြစ်နဲ့ သူသည် သတ်ဖို့ ဝင်လာတာပဲဆိုတာ စောစော စီးစီးမှတ်ပါ (တင်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သို့သော် ခင်ဗျားတို့ကို ဒီအတိုင်း မသတ်သေးဘူးတဲ့ သူနဲ့ အတွင်း ခင်သထက်ခင်အောင် လုပ်တော့မှ ဒီခန္ဓာ ငါးပါးကြီးကို ခင်ဗျားတို့ က အဝတ်ဆင်ပေး၊ ရေချိုးပေး၊ အဖိုးထိုက်ဟင်းလျာတွေ ဝယ်ကျွေးပေး၊ မရှိကြဘူးလား (ရှိကြပါတယ် ဘုရား)၊ အဲတော့ အတွင်းသူအတွင်းသား အဖြစ်သို့ ခင်တာ ပိုမလာဘူးလား (ပေါ်ပါတယ် ဘုရား)။
အင်း ဆင်ပြင်ကျွေးပြီ ဒါဖြင့် ဒီသူသတ်ယောက်ျား ငါးယောက်ကိုခင်ဗျားတို့ က သူသတ် ယောက်ျား ငါးယောက် သိလို့ ဆင်ကြ၊ ပြင်ကြ၊ ကျွေးကြ၊ မွေးကြတာလားတဲ့ ဒကာ ဒကာမတို့ မသိလို့ ပြုတာလား (မသိလို့ ပြုတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ သိလို့ပြုကြတာ မသိလို့ပြုကြ တာလား (မသိလို့ပြုတာပါ ဘုရား)။
သတ်မလို့ရည်ရွယ်ချက်နဲ့လာတာ
နဂို ရည်ရွယ်ချက်က သတ်ဖို့လာတာ၊ ခန္ဓာငါးပါး နဂိုရည်ရွယ်ချက်က ဘာလုပ်မလို့လာတာတုံး (သတ်မလို့ ပါ ဘုရား)၊ သတ်မလို့လာတာခင်ဗျားတို့က အတွင်းသူ အတွင်းသား အဖြစ်နဲ့ အဝတ် ဝယ်ပေးလိုက်၊ ရေချိုးပေးလိုက်၊ ဆေးတိုက်ပေးလိုက် ဟုတ်ပလား (မှန်ပါ)။
ကောင်းနိုးရာရာတွေ ဝယ်ကျွေးလိုက်၊ ဆင်ပြင်ပေး လိုက်ဆိုတော့ နဂိုက အတွင်း ရောက်လာ တုန်းက ကျွန်တော်မျိုးခိုင်းသမျှ လုပ်ပေးပါ့မယ်လို့ဝင်လာတယ်။ ယခုတော့ဖြင့် အတွင်းသူ၊ အတွင်းသား အဖြစ်နဲ့ မောင်အောင်ချီ ဆိုတဲ့ပုဂ္ဂိုလ် မောင်မြဆိုတဲ့ပုဂ္ဂိုလ် ခန္ဓာငါးပါး သူသတ် ယောက်ျား တစ်ခါတည်း ဆင်လိုက်၊ ပြင်လိုက်၊ ကျွေးလိုက်၊ မွေးလိုက်၊ သူ့အတွက်သာ လုပ်ရလို့ရှိရင် ကိုယ်သေချင်သေ ပါစေဆိုပြီး သကာလ ဒီလောက်ကျအောင် အတွင်းကျကျ ခင်ပစ်လိုက်တဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။
အင်း ဒကာ ဒကာမတို့ တဏှာနဲ့ ခင်တာဆိုတာ သေချာကြမလား (သေချာပါတယ် ဘုရား)၊ ဘာနဲ့ခင်တာ တုံး (တဏှာနဲ့ခင်တာပါ ဘုရား)၊ တဏှာနဲ့ ခင်တာ သေချာကြပြီနော် (မှန်ပါ)။
သတ်ချင်တဲ့အချိန်သတ်နိုင်ပြီ
အဲဒီလို သူအတွင်း ရောက်ပြီး ခင်လာတဲ့အခါကျတော့ မှတဲ့ ဪ တို့သတ်ချင်တဲ့ အချိန်သတ်နိုင်ပြီ ဆိုတာ သူတို့ဆုံးဖြတ်ချက်ချတယ် (မှန်ပါ)၊ ခန္ဓာငါးပါးက (မှန်ပါ)၊ ခင်ဗျားတို့ အင်မတန် ခင်လာမှ အဝေးကနေသတ်မှာ လားကပ်ပြီး သတ်မှာလား (ကပ်ပြီးသတ်တာပါ ဘုရား)။
နဂိုတုန်းကတော့ ဆုတောင်းပြီး သကာလ ခေါ်တုန်းက တော့ အဝေးက ခင်လိုက်ရတာကို ဦးမြကြီးက (မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဆုတောင်း ပြီးမှ အဝေးကလာခဲ့ရတာ မဟုတ်လား (တင်ပါ)။
အင်း နတ်ခန္ဓာဖြစ်ရပါလို၏ဆိုတော့ ခန္ဓာငါး ပါးကြီးက ခင်ဗျားတို့ တောင်းတဲ့ ပုဂ္ဂိုလ်သန္တာန် လာဝပ် တာပဲ (မှန်ပါ)၊ မဝပ်ဘူးလား (ဝပ်ပါတယ် ဘုရား)။
အဲတော့ ခင်ဗျားတို့က ရောက်တဲ့အခါကျလို့ရှိရင် သတ်မလို့လာတဲ့ ပုဂ္ဂိုလ်ကို ခင်ဗျားတို့က ရေချိုးမိုးချိုး၊ ပြုလိုက် စုလိုက် တာ ဒီလူ့ အတွက် ဆို ဘယ်လောက်ကုန် ကုန် ခင်ဗျားတို့ ရှာထား တာတွေ မပြောကြဘူးလား (ပြောပါ တယ် ဘုရား)။
သူသတ်ယောက်ျားခင်တာ
ဦးမြကြီးခင်ဗျားများ ဝေဒနာဖြစ်မယ်ဆိုရင်ဖြင့် ကုန်ပ စေကွ၊ လူမသေငွေမရှားပေါ့ကွ၊ လာမလား၊ မလာ မလား (လာမှာပါ ဘုရား)၊ ဘာဖြစ်ကြတာတုံး (ခင်လို့ပါ ဘုရား)၊ ခင်တာ ဘယ်သူ့ ခင်တာတုံး (ခန္ဓာငါးပါးပါ ဘုရား) သူသတ်ယောက်ျား ခင်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကျောင်းဟိုဘက်က သုသာန်သွားကြည့်ပါ၊ ဘယ်သူမှ ဓါးထိုးမှု မပါဘဲနဲ့ သေတဲ့မသာဟာ မောင်အောင်ချီ ဘယ်လောက်များမယ် ထင်တုံး (များပါတယ် ဘုရား)၊ အဲဒါ ဘယ်သူသတ်တာတုံး မေးရင် (ခန္ဓာငါးပါး သတ်တာပါ ဘုရား)၊ ခန္ဓာငါးပါးထဲက တစ်ပါးပါးသတ်ချလိုက်တာ (တင်ပါ)။
ဝေဒနာကြီးလို့ သေတဲ့ပုဂ္ဂိုလ်ရှိတယ်နော် အစားမှားပြီး၊ အမှတ်မှားသေတဲ့ ပုဂ္ဂိုလ်ကော (ရှိပါတယ် ဘုရား)၊ သူ့စိတ် သူမနိုင်လို့ သေတဲ့ပုဂ္ဂိုလ်ကော၊ သူ့စိတ်က သတ်သွားတဲ့လူ ကော မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
သူသတ်ယောက်ျားဖိတ်ခေါ်တာ
အဲဒီတော့ ဪ ခင်ဗျားတို့ ခန္ဓာငါးပါးဟာ သူသတ်ယောက်ျား ဒီခန္ဓာငါးပါးများ ခင်ဗျားတို့က ဆွမ်းကုန်၊ ကွမ်းကုန်ခံပြီးမှ တောင်းယူတဲ့ ပုဂ္ဂိုလ်များဟာဖြင့် သူသတ် ယောက်ျား ဖိတ်ခေါ်တာပဲ (တင်ပါ)၊ ဘယ်နဲ့ဆိုကြ မတုံး (ဖိတ်ခေါ်ပါတယ် ဘုရား)၊ သူသတ်ယောက်ျားဖိတ် ခေါ်တဲ့အဓိပ္ပာယ် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဖိတ်ခေါ်ပြီး သကာလ ရောက်လာပြီး၊ ဆုတောင်းက ပြည့်လို့ပဲ၊ ခင်ဗျားတို့ထံ ဦးအောင်ဇံဝေ ထံရောက်လာပြီဆိုတော့ ခင်ဗျားက ယုယမိသလား၊ မယုယမိသလား (ယုယမိပါ တယ် ဘုရား)၊ ယုယမိတော့အတွင်းသူ၊ အတွင်းသား မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဘယ်အချိန်၊ သတ်ဖို့အချိန်ကို ရွေးနေဖို့လိုသေးလား၊ သူတို့ခင်တဲ့ပုဂ္ဂိုလ်ကို ကပ်ပြီးသတ်ဖို့ သေချာတယ် ဆိုတာကော မရှင်းလင်းသေးဘူးလား (ရှင်းလင်းပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
တဏှာသတ်ကိုဟောတယ်
ဒါဖြင့် အဲဒီတရားကိုဒကာ ဒကာမတို့ဟောလိုက်တယ် ဆိုတော့ ခန္ဓာမခင်ဖို့ တဏှာသတ်ကို ဟောချလိုက်တယ် (တင်ပါ)၊ ရှင်သာရိပုတ္တရာက ယမကကို ဘာသတ်ဟောနေတာတုံး (တဏှာသတ် ဟောနေတာပါ ဘုရား)၊ ဒိဋ္ဌိပါသေးလား (မပါ ပါဘူး ဘုရား)။
မင်းရန်သူတွေကွ သူတို့သတ်တာနဲ့ သေရမှာပဲဆိုတော့ သူတရားတွေကို ဖြစ်ပျက်တော့ ရှုတော့ ရှုတာပဲ သို့သော် ဝဓကတော၊ ဝဓကတော ဆိုပြီး ဝဓကတော သူသတ် ယောက်ျား အဖြစ် ရှုရမှာကိုဗျ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီ ကဲ့သို့ အင်း ရူပက္ခန္ဓာကြည့်လိုက်ပြန်လည်း ဖြစ်ပျက်အင်း သူသတ်ယောက်ျားပဲ ဝေဒနာကြည့် လိုက်ပြန် လည်းဖြစ်ပျက်သူလည်း သူသတ်ယောက်ျားပဲ ငါ တစ်နေ့နေ့ ဒီဝေဒနာနဲ့ပဲ သေရမှာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သညာက္ခန္ဓာလေး ကြည့်လိုက်လည်း ဖြစ်ပျက်၊ သူကဘာလုပ်လာတာတုံး (သတ်မလို့ပါ ဘုရား)။
ဒီဉာဏ်လာမှ သစ္စာပေါ်သွားတယ်
အင်း စေတနာလေးကြည့်လိုက်လည်းဖြစ်ပျက်သူ ဘာလုပ်လာတာတုံး (သတ်ဖို့လာတာပါ ဘုရား)၊ စိတ်က လေးကြည့်လိုက်ပြန်တော့ ဖြစ်ပျက်ဘာလုပ်မလို့လဲ (သတ်မလို့ပါ ဘုရား)၊ အေး သတ်မလို့ ဟာကို ကျုပ်တို့က ယုယရမှာလား၊ မင်းနဲ့ ငါနဲ့ အိုးစားကွဲတာကောင်းတယ်လို့ ဆိုမလား (အိုးစားကွဲကောင်းတယ်လို့ဆိုမှာပါ ဘုရား)၊ အဲဒီ ဉာဏ်လာမှ သူချုပ်သွားမယ် (တင်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း သူ သတ်ယောက်ျားအဖြစ်၊ သူ သတ် ယောက်ျား အစစ်ပါလားဆိုတဲ့ ဉာဏ်လာလို့ ရှိရင်ဖြင့် နှိပ်စက် တတ်တဲ့တရားဆိုတဲ့ သစ္စာပေါ်သွားတယ် (ပေါ်ပါတယ် ဘုရား)။
နှိပ်စက်တတ်တာမှဟုတ်မှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ပြုရင်းစုရင်း ယုယရင်းနဲ့ နှိပ်စက်ခံရတာ (တင်ပါ)၊ ဘယ်လိုဆိုကြမယ် (ပြုရင်းစုရင်း ယုယရင်းနဲ့ နှိပ်စက်ခံရတာပါ ဘုရား)၊ ပြုရင်းစုရင်းနဲ့ပဲ သူ့လက် ထဲ ခေါင်းစင်း သေလိုက်ရတယ် (မှန်ပါ)။
နေပူတယ်ဆိုရင် ထီး၊ ဖိနပ်ဝယ်ပေးရ
သူ့ ပြုလိုက်ရတာလည်း ခင်ဗျားတို့ အားကြရဲ့ လား (မအားပါဘူး ဘုရား)၊ ရေချိန်ရေ၊ မိုးချိန်မိုး၊ နေပူ တယ်ဆို ထီးဝယ်ပေး ဖိနပ်ဝယ်ပေး၊ အတော်ကို ချစ်ပစ်လိုက်တာ ကဲ ခင်ဗျားတို့က ချစ်လေလေ သူက အကြံ ပိုင်လေလေပဲ (တင်ပါ)၊ အတွင်းသူ အတွင်းသားအဖြစ်သာပေါင်း ငါသတ် ချင်တဲ့ အချိန် သတ်ဖို့ပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲတော့ သူသတ်လို့ သေတဲ့ မသာပေါင်း ကျုပ်တို့ဘယ်လောက် များခဲ့ပြီလဲ (မရေမတွက် နိုင်ပါဘူး ဘုရား) ရှင်းပ လား (ရှင်းပါပြီ ဘုရား)။
အထက်မဂ်လိုချင်ရင်တဏှာသတ်
အဲဒီကဲ့သို့ ခန္ဓာကြီးကို ဖြစ်ပျက်တွေရှုတဲ့အခါ၊ အထက် မဂ်တွေ တက်ချင်ကြလို့ရှိရင် သူသတ်ယောက်ျား အဖြစ်နဲ့ ရှုပါတဲ့၊ တဏှာသတ်ကို ဟောတာတဲ့ (တင်ပါ)၊ သဘောပါ ပလား (ပါ ပါပြီ ဘုရား)၊ ဘာဟောပါလိမ့် (တဏှာသတ်ကို ဟောတာပါ ဘုရား)။
ယမက၊ ရဟန္တာဖြစ်တယ်
အဲ တဏှာသတ်ဟောလိုက်တဲ့ အခါကျတော့မှ သူသည် တယ်စက်ဆုပ်စရာ ကောင်းပါလား၊ အလွန် နှိပ်စက်တဲ့ တရားကြီးပါလား။ တစ်သတ်တည်းသတ် နေတဲ့ တရားကြီးပါလား ဆိုပြီး၊ ဒါတွေပြီး ဖြစ်ပျက်တာတွေ မြင်ပြီး သကာလ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာကျအောင်၊ သောတာပန် တည်ပြီးသားမို့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ တဏှာသတ်နဲ့ ဟောချလိုက်တော့မှ ရဟန္တာဖြစ်တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အောက်မဂ်လိုချင်ရင် ဒိဋ္ဌိသတ်ရမယ်
ဒါဖြင့် ဒကာ၊ ဒကာမတို့ အောက်မဂ်လို ချင် ရင် ဘာသတ်ရမယ် (ဒိဋ္ဌိ သတ်ရမှာပါ ဘုရား)၊ အထက်မဂ် လိုချင်ရင် (တဏှာသတ်ရမှာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် တစ်တန်းတည်း ဝိပဿနာပေးနေ တယ်လို့ မှတ်ပါ (တင်ပါ)။