252

တရားနာမမှားပါစေနဲ့

အသံဖိုင်ခေါင်းစဉ်= ပဉ္စာနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိကကြောက်စရာကောင်းပုံ အမှတ်(၂)

စာအုပ်ခေါင်းစဉ်= တရားနာမမှားပါစေနဲ့

မှတ်ချက်။ အဋ္ဌကထာအရ မိစ္ဆာဒိဋ္ဌိသည် (အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ) ဟူသော နိယတမိစ္ဆာဒိဋ္ဌိကို ရည်ညွှန်းပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

တရားနာမမှားပါစေနဲ့

ဟောကြားသည့်နေ့

(၂၈-၅-၆၂)

ပဉ္စာနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိအရေးကြီးတယ်လို့ မနေ့က ပြောခဲ့တယ်၊ ပဉ္စာနန္တရိယကံဟာ မိစ္ဆာဒိဋ္ဌိကံလောက် ကြောက် စရာ မရှိဘူး။ မိစ္ဆာဒိဋ္ဌိနဲ့ စာလို့ရှိရင် (မှန်ပါ့)။

ပဉ္စာနန္တရိယကံ

တခြားသော ကံတွေနဲ့ စာလို့ရှိရင် ပဉ္စာနန္တရိယကံက ကြီးတယ်၊

(၁) အမိသတ်တဲ့ကံ

(၂) အဖသတ်တဲ့ကံ

(၃) ရဟန္တာသတ်တဲ့ကံ

(၄) ဘုရားသွေးစိမ်းတည်အောင်ပြုတဲ့ကံ

(၅) သံဃာသင်းခွဲတဲ့ကံ ဒီငါးပါးက တခြားသော ကံတွေနဲ့တော့ နိယာမ ဖြစ်ပါတယ်၊ သို့ရာတွင် သူတို့ကို ဒါလောက် မကြောက်ပါနဲ့။ ဝမ်းထဲမှာကိန်းနေတဲ့ ငါ့ကိုယ်ငါ့ဟာ ထင်နေတာ ကလေးကို ပိုကြောက်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ဘာကိုပိုကြောက်ရမလဲ (ငါ့ကိုယ်၊ ငါ့ဟာထင်နေ တာကို ပိုကြောက်ရပါမယ် ဘုရား)၊ ခန္ဓာကိုယ်ကြီးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်နေတာ ပိုကြောက်ပါ (မှန်ပါ့)၊ ခန္ဓာကိုယ် ကြီးကို ကြည့်လိုက်တဲ့အခါမှာ

‘‘နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ မဟာသာဝဇ္ဇံ ယထယိဒံ, ဘိက္ခဝေ, မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာဒိဋ္ဌိပရာမာနိ, ဘိက္ခဝေ, မဟာသာဝဇ္ဇာနိ’’ (ဧကကနိပါတ်ပါဠိ၊ 35)

မှတ်ချက်။ အဋ္ဌကထာအရ မိစ္ဆာဒိဋ္ဌိသည် (အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ) ဟူသော နိယတမိစ္ဆာဒိဋ္ဌိကို ရည်ညွှန်းပါသည်။

ဘိက္ခဝေ = ရဟန်းတို့၊ အဟံ ငါဘုရားသည်၊ အညံ = တစ်ပါးသော၊ ဧကဓမ္မမ္ပိ = တစ်ခုသော တရားကိုမျှ လည်း၊ န သမနုပဿာမိ = ကြီးကျယ်တယ်လို့ မမြင်ဘူးတဲ့၊ ဧတံ = ဤကြီး ကျယ်သော တရားဟူသည်၊ ယထာ = အဘယ်နည်း ဟူမူကား၊ မိစ္ဆာဒိဋ္ဌိ ငါ, ငါ့ဥစ္စာခိုင်တယ်၊ မြဲတယ်ထင်တဲ့ ဒိဋ္ဌိတည်း၊ ဘိက္ခဝေ = ရဟန်းတို့၊ ဝိဇ္ဇာနိ = အပြစ်တို့သည်။ မိစ္ဆာဒိဋ္ဌိ ပရမာနိ = မိစ္ဆာဒိဋ္ဌိက ခေါင်ကဖုံး၍ အကြီးဆုံးသော အပြစ်ကြီးဖြစ်ပါပေ သတည်းလို့ ကိုယ်တော် တိုင်ဟောတယ် (မှန်ပါ့)။

ဒါဖြင့် ပဉ္စာနန္တရိယကံနဲ့ မိစ္ဆာဒိဋ္ဌိ ဘယ်ဟာကို ကြောက် ရမလဲ (မိစ္ဆာဒိဋ္ဌိကို ကြောက်ရပါမယ် ဘုရား)။

ပဉ္စာနန္တရိယကံက နက်ဖြန် ကမ္ဘာပျက်မယ်၊ ယနေ့ ပဉ္စာနန္တရိယကံကို ကျူးလွန်ထား လိုက်တယ်၊ သဘက်ခါ လွတ်တာပဲ၊ မိစ္ဆာဒိဋ္ဌိလောက် အရေးမကြီးဘူးလို့ သေသေ ချာချာမှတ်ပါနော် (မှန်ပါ့)။

ဟိုကမ္ဘာကိုရွှေ့ပြီးခံရတယ်

နိယတမိစ္ဆာဒိဋ္ဌိက ဒီ ကမ္ဘာ ပျက်ရင် ဟိုကမ္ဘာကို ရွှေ့ပြီး ခံရတယ်လို့ မောင်နိုင်မှတ်ရမယ် (မှန်ပါ့)၊ ဒါဖြင့် ဘယ်သူ က ကြီးပါလိမ့် (နိယတမိစ္ဆာဒိဋ္ဌိက ကြီးပါတယ် ဘုရား)။

အဲဒီတော့ ဒီအထဲ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သာသနာတွင်းမို့ ကြီးကြီးကျယ်ကျယ် စကားပြောလိုက်ပါတယ်။ သာသနာပဆိုရင် ဘယ်သူမှ ပြောမည့်သူရှိမှာ မဟုတ်ပါဘူး (မှန်ပါ့)။

ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်နေကာ ဒီခန္ဓာကိုယ်ကြီး ကို ကြည့်ပြီး ယားတာကလေးလဲ ငါယားတယ်လို့ ထင်တော့ ဝေဒနာကို ငါလုပ်တာပဲ၊ ဝေဒနာက္ခန္ဓာဆိုတဲ့ ခန္ဓာကြီးကို ငါလုပ် တာပဲ (မှန်ပါ့)။

ကျုပ် ဒေါသဖြစ်လိုက်တာ ဆိုလို့ရှိရင်လဲ ဒေါသစိတ် ကလေးကို ကျုပ် ငါလုပ်လိုက်တာပဲ၊ ဦးမြ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒီတော့ ခန္ဓာနဲ့ ငါနဲ့ ရောမနေဘူးလား၊ (ရောနေပါတယ် ဘုရား)၊ ခန္ဓာနဲ့ ငါနဲ့ ရောနေတော့ ဒါ သမ္မာဒိဋ္ဌိလား၊ မိစ္ဆာဒိဋ္ဌိလား (မိစ္ဆာဒိဋ္ဌိပါ ဘုရား)။

မိစ္ဆာဒိဋ္ဌိက ပိုပြီးအရေးကြီးတယ်

ဒါဖြင့် ဒီဒကာ၊ ဒကာမတွေ မိစ္ဆာဒိဋ္ဌိပိုပြီး အရေး ကြီးတယ် ဆိုတဲ့ဥစ္စာ ပဉ္စာနန္တရိယကံထက် အရေးကြီးတယ် ဆိုတာ ပေါ်သွားရောပေါ့ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီဟာကို ဖြုတ်မိအောင် ဖြတ်ပါလို့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သတိပေး လိုက်ပါတယ် (မှန်ပါ့)။

ဖြုတ်တော့ ဒီအတိုင်း ဖြုတ်လို့ရမလားလို့ မေးတဲ့အခါ ကျတော့ မောင်အောင့်ချီတို့ မှတ်ရမယ်နော် (မှန်ပါ့)၊ ခန္ဓာ ကိုယ်ထဲပေါ်လာတဲ့အခု စိတ်အရှုခိုင်းတယ် ဘုန်းကြီးက၊ ကဲ ဝေဒနာကြိုက်လို့ ရှိရင်လဲ ဝေဒနာရှုကြလို့ ခိုင်းထားတယ်။

အဲဒီဝေဒနာလေးကို ဪ ဒါဝေဒနာက္ခန္ဓာ သက်သက်ပဲ၊ အနိစ္စသက်သက်ပဲလို့ ဉာဏ်မြင်မှ သာလျှင် မိစ္ဆာဒိဋ္ဌိက ပြုတ်ထွက်သွားတယ် (မှန်ပါ့)၊ နို့မဟုတ်ရင် မပြုတ်ဘူးဆိုတာ အသေအချာမှတ်ပါ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင်ဖြင့် အလှူပေးနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူတုံးပေါ့၊ ဒါ မပြုတ်ဘဲနဲ့ ဉာဏ်ထဲမှာ ဒါတစ်လုံး တစ်ပါဒမှ မမြင်ဘဲနဲ့ဆို အို မိစ္ဆာဒိဋ္ဌိ အလှူပေးနေတယ် မောင်မြင့် ဆိုသာဆို (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိက အလှူပေးနေတယ် ဦးမြ၊ ဆိုနိုင်-မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာကြောင့်တုံး ဆိုတော့ သူ မိစ္ဆာဒိဋ္ဌိမှ မပြုတ်သေးဘဲကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကျောင်းဒကာမ မိစ္ဆာဒိဋ္ဌိ

ဒါဖြင့် ကျောင်းဒကာ မိစ္ဆာဒိဋ္ဌိ၊ ကျောင်းအမ မိစ္ဆာဒိဋ္ဌိ တွေ ရှိ, မရှိ ဦးအောင်ဇံဝေ အကဲခတ်စမ်း (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဦးမြရေ ဆရာကောင်း သမားကောင်း မတွေ့လို့ ရှိရင်ဖြင့် မောင်နိုင်တို့ သွားရောပေါ့ကွာ (မှန်ပါ့)။

ကိုယ့်ဟာကိုယ် ကျောင်းဒကာ၊ ကျောင်းအမသာ အခေါ်ခံနေတာ မိစ္ဆာဒိဋ္ဌိဖြစ်နေတာ သိမှ မသိဘဲ (မှန်ပါ့)၊ ဦးမြ စကားကြီး သတဲ့လား၊ မှန်သလား၊ အကဲခတ်စမ်း (မှန်ပါတယ် ဘုရား)၊ မှန်တယ် ဆိုတာ သေသေချာချာ မှတ်ပါ ခင်ဗျားတို့နော် (မှန်ပါ့)။

ဒါ သေသေချာချာ ရှင်းရှင်းလင်းလင်း မှတ်ပါ၊ ခန္ဓာထဲ မှာဖြင့် ယားတာကလေး ပေါ်လာလို့ရှိရင် ဝေဒနာပဲဆိုတာမှတ် ထားကြပါ၊ ငါနဲ့ မရောစေနဲ့၊ ငါက အခု ပါးစပ်ထဲက လုပ်တဲ့ငါ၊ ရှိတာက ဝေဒနာ (မှန်ပါ့)။

ရှိတာက ဘာပါလိမ့် (ဝေဒနာပါ ဘုရား)၊ အဲဒီ ) အထဲမှာ ငါယားတယ်လို့ သွားပြီး သကာလ အပြောသာ၊ ပြောတာပါ၊ အထင်မရောက်လိုက်ပါနဲ့ဆိုတာ သတိပေးပါတယ် (မှန်ပါ့)။

အပြောတော့ဖြင့် ပြောနိုင်ပါတယ်၊ သမုတိသစ္စာက ပြောတာ၊ အထင်ကတော့ ဒါကလေး ပေါ်တာ၊ ပျောက်သွား ပြန်လဲ ဝေဒနာကလေး အနိစ္စရောက်တာ၊ ဘယ်သူ့ အနိစ္စ တုံးလို့ မေးလို့ ရှိရင်ဖြင့် ခန္ဓာအနိစ္စရောက်တာ ပေါင်းပြော လိုက်တာ (မှန်ပါ့)။

ပေါင်းပြောလိုက်တော့ (ခန္ဓာ အနိစ္စရောက်သွား တာပါ ဘုရား)၊ ခန္ဓာ အနိစ္စရောက်တာလို့ ဒကာ၊ ဒကာမတွေက မှတ်ထားလိုက်တာပေါ့။

ဪ ဒါဖြင့် ဝေဒနာတောင် အနိစ္စဆိုရင် ဝေဒနာနဲ့ တွဲနေတဲ့ စိတ်ဟာကော ဦးမြကြီး ဘယ့်နှယ်ဆိုမတုံး (အနိစ္စပါ ဘုရား)၊ တွဲလျက်နေကြတာကိုး (မှန်ပါ့)၊ သညာ ကော (အနိစ္စပါ ဘုရား)၊ သူက ရုပ်ပေါ်မှာ မှီပြီး ဖြစ်ရတော့ ဒီရုပ်ကကော (အနိစ္စပါ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး စလုံးဟာ အနိစ္စပဲ မှတ်ထားလို့ အနိစ္စ ပဲသိ၊ အနိစ္စလို့ မြင်လို့ရှိရင်ဖြင့် ဒီဒကာ၊ ဒကာမတွေမှာ မိစ္ဆာဒိဋ္ဌိ ပြုတ်ပါတယ် (မှန်ပါ့)၊ ရှင်းပြီးနော် (ရှင်းပါပြီ)၊ ဒါမသိဘဲနဲ့ စေတနာကို ငါလုပ်ပြီး ငါ့အလှူ လုပ်နေလို့ရှိရင် ဦးမြသွားပြီ (မှန်ပါ့ ဘုရား)။

စေတနာကို ငါလုပ်တဲ့အလှူ

စေတနာကို ငါလုပ်တဲ့အလှူကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီစေတနာကို ငါလုပ်လို့ ရှိရင် ငါ့အလှူဆိုတော့ အလှူရှင်ဟာ ဘာဖြစ်သွားသ (မိစ္ဆာဒိဋ္ဌိ ဖြစ်သွား ပါတယ် ဘုရား)၊ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါက တော်တော့ ဆရာသမားနဲ့ဆိုရင် မောင်နိုင်ခွဲလို့ ရမှာ မဟုတ်ပါဘူး (မှန်ပါ့)၊ တစ်နည်း ခွဲပေးတဲ့လူ ရှိပြန်လဲ ဉာဏ်က ဒီလို ရှုဦးကွဆိုတာမှ ရှုလို့ မတွေ့သေးလို့ရှိရင်လဲ မိစ္ဆာ ဒိဋ္ဌိက မကြုံသေးဘူးလို့ ဦးအောင်ဇံဝေ မှတ်ရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာ့ကြောင့်တုံးဆိုတော့ “ဝေဒနံ အတ္တတော သမနုပဿတိ” ဝေဒနံ =ဝေဒနာကို၊ အတ္တတော = ငါဟူ၍၊ သမနုပဿတိ = ရှု၏။ “အယံ ဝုစ္စတိ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ” တဲ့၊ ကဲ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ယားတဲ့ဝေဒနာလေးကို ငါယားတယ်လို့ ထင်လိုက်လို့ ရှိရင် ဘာဆိုကြပါ့မယ် (မိစ္ဆာဒိဋ္ဌိပါ ဘုရား)၊ ငါအလှူ သာ ပေးနေတာကွ၊ ငါ့မှာ အယားက ထနေသေးတယ်ဆိုလို့ရှိရင် ဘယ့်နှယ် ဆိုမတုံး (မိစ္ဆာဒိဋ္ဌိပါ ဘုရား)၊ မိစ္ဆာဒိဋ္ဌိ ဖြစ်နေ တယ်၊ ဒါလွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဝိပဿနာလုပ်ပြီးသားပုဂ္ဂိုလ်

အဲဒီတော့ ဝိပဿနာလုပ်ပြီးသား ပုဂ္ဂိုလ်ကျတော့ အပြောသာ ရှိတော့တယ်၊ အထင်ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒီလိုပုဂ္ဂိုလ်ကျတော့ အရေးမကြီးတော့ပါဘူးတဲ့၊ ဒါ ပါဠိ တော်တွေကလဲ ရှိပြီးသား ဖြစ်နေလို့ ဦးမြတို့ကို ရဲရဲတင်းတင်းပဲ ဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပဉ္စာနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိအပြစ် ကြီးတယ်ဆိုတာ မောင်နိုင်တို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိတော့ကို မိစ္ဆာဒိဋ္ဌိ ဘယ့်နှယ်ကြောင့် အပြစ်ကြီး သတုံးလို့မေးတော့ ပဉ္စာနန္တရိယကံ ထိုက်သွားတဲ့၊ အဇာတသတ်တို့၊ ဒေဝဒတ်တို့၊ အဇာတသတ်က အဖကိုသတ် လိုက်လို့ ပဉ္စာနန္တရိယကံထိုက်သွားတယ်၊ ငရဲက တက်လာသည် နှင့် တစ်ပြိုင်နက်တည်း ပစ္စေကဗုဒ္ဓဖြစ်မယ် *ဒိဋ္ဌိက ပြုတ်ပြီးသား ဖြစ်နေတယ် (မှန်ပါ့)။

*ဉာတပရိညာနှင့် ဒိဋ္ဌိပြုတ်သည်ကို ဆိုသည်။

ဒေဝဒတ်

မောင်နိုင် ပဉ္စာနန္တရိယကံကြောင့် ကျငြားသော်လဲ တက်လာရင် ဒိဋ္ဌိကပြုတ်သွားပြီး ဖြစ်နေတယ် (မှန်ပါ့ ဘုရား) သူ ပစ္စေကဗုဒ္ဓါ ဖြစ်မယ် (မှန်ပါ့)၊ ဒေဝဒတ် တက်လာလို့ရှိရင် ပစ္စေကဗုဒ္ဓါ ဖြစ်မယ်၊ ဒီငရဲက ကျွတ်လို့ရှိရင် (မှန်ပါ့)၊ မိစ္ဆာ ဒိဋ္ဌိသာ ရှိနေရင် ဘယ့်နှယ်တုံး (မကျွတ်နိုင်ပါ ဘုရား)။

ဒါဖြင့် မိစ္ဆာဒိဋ္ဌိနဲ့ ပဉ္စာနန္တရိယကံဟာ အားလုံး ဒကာ၊ ဒကာမတွေ ဘယ်လောက်ဟာစရာ ကောင်းသတုံး (မိစ္ဆာဒိဋ္ဌိက ကြောက်စရာကောင်းပါတယ် ဘုရား)။

မိစ္ဆာဒိဋ္ဌိကလဲ အခုလို ဖြစ်ပျက်မမြင်တဲ့ ပုဂ္ဂိုလ်များ မှာကဲ ဦးအောင်ဇံဝေတို့ ဦးမြတို့ပဲ ဆုံးဖြတ်ချက် ချကြည့်တာပေါ့၊ မိစ္ဆာဒိဋ္ဌိ ရှိမှာပဲ (ရှိပါတယ် ဘုရား)၊ ရှိနေတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အကြောင်းရှိလို့ မိစ္ဆာဒိဋ္ဌိလာတာ

ဒါဖြင့် ဒီမိစ္ဆာဒိဋ္ဌိကို ပြောတော့မယ်တဲ့ မိစ္ဆာဒိဋ္ဌိဟာ အကြောင်းမရှိဘဲနဲ့ မလာပါဘူး၊ မိစ္ဆာဒိဋ္ဌိဟာ အကြောင်းရှိလို့ လာတာ (မှန်ပါ့)၊ မိစ္ဆာဒိဋ္ဌိဟာ အလိုလိုပေါ်တဲ့တရားလား အကြောင်းရှိတဲ့ တရားလား (အကြောင်းရှိတဲ့ တရားပါ ဘုရား)။

အဲ အကြောင်းရှိတဲ့ တရားဆိုတာ ယနေ့ ရှင်းရှင်းလင်းလင်း ဒကာ ဒကာမတွေ အနာထပိဏ် သူဌေးကြီး ဖြေကြားပုံ၊ ဘုရားက ထောက်ခံချက်ပေးပုံ၊ ဒါတွေကို ယနေ့ ရှင်းပြတော့မယ်ဆိုတာ အောက်မေ့ လိုက်ပါတော့၊ မနေ့က တစ်ဝက် ဟောထားလို့ ရှေ့ပိုင်းမှာ ခပ်ကျဲကျဲ သွားမယ်၊ နောက်ပိုင်းကျမှ စိပ်မယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီ ဒကာ၊ ဒကာမတွေ့၌ မိစ္ဆာဒိဋ္ဌိ ဘယ်ကလာတယ်ဆိုတာ သိရအောင် ဝတ္ထုကလေး တစ်ခု ထုတ်လိမ့်မယ်လို့ ဦးအောင်ဇံဝေတို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

အနာထပိဏ်သူဌေးကြီး

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဘုရား သီတင်းသုံးနေတယ်၊ မွန်းတည့် ၁၂ နာရီလောက်မှာ အနာ ထပိဏ်သူဌေးကြီးက ကျောင်းသွားနေကျဖြစ်လို့ သွားတယ်၊ ခါတိုင်းထက် နည်းနည်း စောနေတာနဲ့ ဘုရားလဲ ဒီအချိန် ခဏတစ်ဖြုတ် ကျိန်းစက်တဲ့ အချိန်၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လဲ ကျိန်းစက်တဲ့ အချိန်၊ တစ်ပါးသော ပုဂ္ဂိုလ်တွေကလဲ ကျိန်းစက်တဲ့အချိန်၊ ငါ ကျောင်းထဲဝင်လို့ မတော်သေးပါဘူးဆိုပြီး သကာလ မောင်နိုင် ကျောင်းနားမှာရှိတဲ့ တိတ္ထိကျောင်းမှာ ခဏဝင်ပြီး နားပါတယ် (မှန်ပါ့)၊ တိတ္ထိကျောင်းမှာ ခဏဝင်ပြီးနားပါတယ်လို့ မှတ်လိုက်ပါ။

နားတော့ တိတ္ထိတွေက တိရစ္ဆာနကထာတွေ ပြောနေ တယ် ဦးမြကြီးရေ (မှန်ပါ့ ဘုရား)၊ *တိရစ္ဆာနကထာ ဆိုတာ မချဲ့တော့ပါဘူး၊ သားရေး၊ သမီးရေး၊ စီးပွားရေးလို စကားမျိုးတွေ ပြောနေတယ် ဆိုကြပါစို့။

မှတ်ချက်။*မဂ်ဖိုလ်နဲ့ မဆိုင်၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော စကားမျိုးကို တိရစ္ဆာနကထာဟု ခေါ်သည်။

တိတ္ထိခေါင်းဆောင်

အဲဒီလို ပြောနေတော့ တိတ္ထိခေါင်းဆောင်ကြီးက ဟေ့ ဂေါတမ၏ တပည့်သား လူထဲကပေမယ့် လူချွန်ကွ၊ သော တာပန် ဆိုတာ တည်ပြီးသားတဲ့၊ ဆိတ်ဆိတ်နေကြကွ၊ ဆိတ်ဆိတ်နေတာကို ဂေါတမလဲ ကြိုက်တယ်၊ ဂေါတမ၏ တပည့်သားလဲ ကြိုက်တယ်ဆိုပြီး အမိန့်ပေးလိုက်တာနဲ့ ဆိတ် ဆိတ်နေကြတယ်။

ဆိတ်ဆိတ်နေတုန်းပဲ အနာထပိဏ်သူဌေးကြီးက ထိုင်စရာရှိတဲ့နေရာ ဝင်ထိုင်တယ်၊ ထိုင်တော့ တိတ္ထိတွေက လာကြပါတယ်၊ လာပြီး သကာလ ဒကာကြီး လာတာ ကောင်း တယ်၊ ဝမ်းသာတယ် အစရှိသည်နဲ့ အလာပ သလ္လာပ စကားတွေ ပြောပြီး သကာလ ဒကာကြီးကို ကျုပ်တို့ မေးချင် တယ်၊ ဒကာကြီး ဂေါတမဘုရား ဘယ်အယူရှိသတုံးတဲ့၊ မေးပြီ။ တစ်နံပါတ်နော် (မှန်ပါ့ ဘုရား)။

ဂေါတမဘယ်အယူရှိသတုံး

ဒကာကြီး ကိုးကွယ်ဆည်းကပ်နေတဲ့ ဂေါတမ ဘယ်အယူရှိသတုံး၊ ဟာ အရှင်ဘုရားတို့ မြတ်စွာဘုရား အယူတွေက အများကြီးဘုရား တပည့်တော် ဘယ်သိမလဲ။

ကဲ ရှိပါစေဗျာ၊ ဂေါတမဘုရား အယူမသိလို့ရှိရင် ဂေါတမဘုရား၏ တပည့်သားဖြစ်တဲ့ ရဟန်းတွေ ဘယ်အယူ ရှိတယ်ဆိုတာ ကျုပ်တို့ကို ပြောစမ်းပါတဲ့။

ရဟန်းတွေလဲ ဘုရား ၂၇၇-သွယ်သော သိက္ခာပုဒ်တွေ နဲ့ သမထ ဝိပဿနာတွေနဲ့ အများကြီးဘုရာ့၊ အဲဒီတော့ ဒါလဲ တပည့်တော် အကုန်မသိနိုင်ဘူး။

ကဲ ရှိပါစေဗျာ၊ ခင်ဗျားမသိလို့ရှိရင် ခင်ဗျားအယူ ကို ပြောရမယ်၊ မောင်နိုင် မေးပြီ (မှန်ပါ့)၊ ခင်ဗျား ဘယ်အယူရှိတယ်ဆိုတာ ပြောရမယ်ဆိုတော့ တပည့်တော် အယူကို ပြောဖို့ ဝန်မလေး ပါဘူးတဲ့၊ သူက သောတာပန် တည်ပြီးသားကိုးဗျ (မှန်ပါ့)။

အဲဒီတော့ ယနေ့ သောတာပန်က ဟောတဲ့တရားကို ဒကာ၊ ဒကာမတွေ ကြားရလိမ့်မယ်၊ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘယ်သူက ဟောတာ ကြားရမှာတုံး (သောတာ ပန်ကဟောတာ ကြားရမှာပါ ဘုရား)၊ သောတာပန်က ဟောတဲ့ တရားကို ကြားရလိမ့်မယ်လို့ သေသေချာချာ မှတ်ထားပါ (မှန်ပါ့)။

တိတ္ထိတွေ၏အယူ

ဒါနဲ့ တပည့်တော်ပြောဖို့ ဝန်မလေးပါဘူးတဲ့၊ သို့သော် အရှင်တိတ္ထိတွေ ယူတဲ့အယူကို တပည့်တော် အရင်ကြားချင် ပါတယ်၊ ကြားပြီးရင် တပည့်တော်အယူကို နောက်ဆုံးပိတ် ပြောမယ်ဆိုတော့ တိတ္ထိတွေက ရုပ်နာမ်ဓမ္မသည် မြဲတယ်၊ သဿတော လောကောနဲ့ သူပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

တစ်ခါတစ်ယောက်က လာပြန်တယ်၊ ရုပ်နာမ်ဓမ္မသည် မမြဲဘူးတဲ့၊ ပြတ်သွားတာပဲ မောင်နိုင်၊ ဥစ္ဆေဒတွေ ပြောတယ် (မှန်ပါ့)၊ သဿတ ဥစ္ဆေဒတွေ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ရုပ်နာမ်ဓမ္မ မြဲသည်လည်းမဟုတ်၊ မမြဲသည်လည်း မဟုတ်တဲ့၊ အမရာဝိက္ခေပဒိဋ္ဌိတွေ ပြောပြန်ပြီ (မှန်ပါ့)၊ သတ္တဝါသေရင် မဖြစ်ဘူး၊ ဥစ္ဆေဒဒိဋ္ဌိပြောတာပဲ (မှန်ပါ့)။

သတ္တဝါမှ မရှိဘဲ ဖြစ်စရာဘယ်ရှိမလဲ (မှန်ပါ့)၊ သတ္တဝါသေရင် ဖြစ်သေးတယ်၊ မြဲသေးတယ်၊ သဿတဒိဋ္ဌိပဲ၊ ပြောတာပဲ၊ သတ္တဝါနဲ့ပြောရင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ မှတ်ပါနော် (မှန်ပါ့)။

သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့်၊ မဖြစ်ချည် တစ်လှည့်ဆိုတာလဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)၊ ‘ဧကစ္စသဿတဒိဋ္ဌိ အမရာဝိက္ခေ ဒိဋ္ဌိ’ တွေ ဖြေလိုက်တော့ ဆယ်မျိုး စေ့သွားပြီလို့ ပြောလိုက်ပါတော့၊ ဒါတွေ မချဲ့တော့ပါဘူး ကိုပေါ် (မှန်ပါ့ ဘုရား)။

ဒီတွင်မှ ကျုပ်တို့အယူတွေ အသီးသီးကျုပ်တို့အခု ၁၀ မျိုးတောင် ပြောပြီးပြီ၊ ခင်ဗျားအယူ ပြောပေတော့တဲ့၊ ဒကာ ဒကာမတို့ ဒါမှတ်ရမယ်၊ ခင်ဗျားအယူ ပြောပါတဲ့၊ ဒကာ၊ ဒကာမတို့နော် (မှန်ပါ့)။

ဒီပုဂ္ဂိုလ်ဟာ သောတာပန် မဟုတ်လား (မှန်ပါ့)၊ သောတာပန် အယူကို ပြောလိမ့်မယ်၊ တပည့်တော်အယူကို မပြောမီတဲ့ အရှင်တွတို့ကို စွဲချက်တင်လိုက်ဦးမယ်တဲ့ (မှန်ပါ့)၊ ဦးအောင်ဇံဝေ သူတို့ပဲ စွဲချက်တင်ဦးမယ်တဲ့နော် (မှန်ပါ့)။

ဒီအယူတွေမှားတယ်

အရှင်တိတ္ထိတို့ဟာတဲ့ ခန္ဓာငါးပါး ရှိတယ်တဲ့၊ ခန္ဓာငါးပါး ဟာ အနိစ္စတရားပဲ၊ ၎င်းအနိစ္စ တရားဟာ ဒုက္ခတရား၊ အဲဒီ ဒုက္ခတရားကို အရှင်တိတ္ထိတို့က ငြိတွယ်နေတယ်၊ စွဲလမ်းနေတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို တဏှာဥပါဒါန်နဲ့ စွဲလမ်းနေ တာပဲ၊ ဒါကြောင့် အရှင်တိတ္ထိတို့ဟာ မှားတယ် (မှန်ပါ့)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဘာနဲ့ စွဲနေသတဲ့လဲ (တဏှာဥပါဒါန်နဲ့ စွဲနေပါတယ် ဘုရား)၊ တဏှာ၊ ဥပါဒါန်စွဲနေတဲ့ အယူကို အရှင်တိတ္ထိတို့ ယူတယ်တဲ့။

(၁) နှလုံးသွင်းမှားလို့ယူတာ

ဒီအယူကိုလဲ အရှင်ဘုရားတို့ ဘာကြောင့် ယူတယ်ဆို တာ အကြောင်းပြလိုက်ဦးမယ်တဲ့ ဆိုတော့ အရှင်တိတ္ထိတို့နှလုံး သွင်းမှားလို့ ယူတဲ့အယူ အနိစ္စကို နိစ္စလို့ နှလုံးသွင်းလိုက်လို့ (မှန်ပါ့)၊ ဒုက္ခကို (သုခလို့ နှလုံးသွင်းလိုက်လို့ပါ ဘုရား)၊ အနတ္တကို (အတ္တလို့ နှလုံးသွင်းလိုက်လို့ပါ ဘုရား)။ အသုဘကို (သုဘလို့ နှလုံးသွင်းလိုက်လို့ပါ ဘုရား)။

အရှင်ဘုရားတို့ တစ်နံပါတ်မှာ နှလုံးသွင်းမှားလို့ အခု ပြောခဲ့တဲ့ သဿတ၊ ဥစ္ဆေဒတွေ ယူတာပဲတဲ့ (မှန်ပါ့) ဘုရား)။

(၂) တရားနာမှားလို့ယူတာ

တစ်နည်း တရားနာမှားလို့ အရှင်ဘုရားတို့ ယူတာပဲတဲ့ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းနှစ်ပါးလို့ ဒကာ၊ ဒကာမတွေ လေးလေးစားစား မှတ်လိုက် စမ်းပါ (မှန်ပါ့)။

နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်တယ်၊ အတိုကောက် ရေးရမယ်၊ တရား နာမှားလို့ (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)၊ ကိုသောင် သိပ် ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

နောက်က ဒကာ၊ ဒကာမတွေဖြေစမ်း ဘာတဲ့တုံး (နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)၊ တရားနာမှားလို့လဲ (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

အဲ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းဟာ နှစ်ပါးတဲ့၊ အရှင်ဘုရားတို့ ဒီနှစ်ခုကြောင့် အခုသဿတ အယူတွေ၊ ဥစ္ဆေဒ အယူတွေ ယူနေတာတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကြောင့်တဲ့တုံး (နှလုံးသွင်းမှားလို့ တရားနာ မှားလို့ပါ ဘုရား)။

စာလိုတော့ ပရတောဃောသ – သူတစ်ပါးအသံကြား ရလို့ဆိုတော့ တရားဆိုတာပါပဲ (မှန်ပါ့)၊ ဒီတော့ မောင်မြင့် တို့ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

တရားနာပေမယ်လို့ နာတတ်ဦးမှ

ဒါဖြင့် ဒကာ၊ ဒကာတို့ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက ခေါင်းဆောင်လုပ်ပြီးတော့ ဆုံးမ, နေတာ ဪ တရားနာပေမယ့်လဲ နာတတ်ဦးမှကိုး (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

တရားနာပေမယ့်လဲ (နာတတ်ဦးမှပါ ဘုရား)။ နာတတ်ဦးမှပဲဆိုတော့ အဓိပ္ပါယ် မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ တရားနာပေမယ့် နာတတ်ဦးမှဆိုတော့ မနာတတ်ရင် ဦးမြကြီး ဒိဋ္ဌိဖြစ်ဦးမှာ (မှန်ပါ့)၊ မနာတတ် ရင် ဒိဋ္ဌိဖြစ်ဦးမယ် ဒကာ ဒကာမတို့ ဘာဒိဋ္ဌိဖြစ်ဦး မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် မင်းသေလို့ ရှိရင်ဖြင့် မင်းရောက်ရာ မှာ မင်းပစ္စည်းတွေနဲ့ မင်းစားရုံပဲ (မှန်ပါ့ ဘုရား)။

မင်းရောက်ရာမှာ ဖြေစားဖို့

ဟော မင်းသေလို့ရှိရင်တဲ့ မင်းရောက်ရာမှာ ဟုတ်လား (မှန်ပါ့)၊ မင်းထားတဲ့ အထုတ်တွေဟာ ဖြေစားဖို့ ပေါ့ကွာ၊ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဦးမြကြီး စဉ်းစားစမ်း၊ မင်းသေလို့ရှိရင် မင်းရောက်ရာ မှာဆိုတော့ မင်းသွားတဲ့ အဓိပ္ပါယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

မင်းအထုပ် မင်းစားရတာပေါ့ဆိုတော့ အထုတ် ကလဲ ထမ်းသွားရတဲ့ အဓိပ္ပါယ်ပါတယ် (မှန်ပါ့)၊ မပါဘူးလား (ပါ, ပါတယ် ဘုရား)၊ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဒီဒိဋ္ဌိရှိနေတဲ့ဥစ္စာ ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ရောက်ပါ့ မလား (မရောက်ပါ ဘုရား)။

ကဲ ဒါနတရားလောက်ကို နာရလို့ရှိရင် ဒကာ၊ ဒကာမတို့ ဒိဋ္ဌိပြုတ်, မပြုတ် (မပြုတ်ပါ ဘုရား)၊ မပါဘူးလား (ပါ, ပါတယ် ဘုရား)၊ ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

ဒီဒိဋ္ဌိရှိနေတဲ့ဥစ္စာ ဒကာ၊ ဒကာမတို့ နိဗ္ဗာန်ရောက်ပါ့ မလား (မရောက်ပါ ဘုရား)။

ကဲ ဒါနတရားလောက်ကို နာရလို့ရှိရင် ဒကာ၊ ဒကာမတို့ ဒိဋ္ဌိပြုတ်, မပြုတ် (မပြုတ်ပါ ဘုရား)၊ ဦးမြကြီး စဉ်းစားစမ်း (မပြုတ်ပါ ဘုရား)၊ မပြုတ်ဘူးတဲ့။

မပြုတ်တော့ ဒီအယူကိုပဲ သေသည့်တိုင်အောင်ပဲ ကိုယ့်ဆရာကလဲ ဒါဟောတယ်၊ ဒါနဲ့ပဲ သေသွား တော့ကို နတ်ရွာသုဂတိရောက်၊ သူ့အထုတ်သူစားတော့ စားရပါရဲ့။ နိဗ္ဗာန်တော့မရတော့ဘူး (မှန်ပါ့)၊ မရနိုင်တော့ဘူး၊

မောင်အောင်ချီဘယ့်နှယ့်တုံး (မရနိုင်ပါ ဘုရား)၊ ဘာခံ နေပါလိမ့် (သဿတဒိဋ္ဌိ ခံနေပါတယ် ဘုရား)၊ မိစ္ဆာဒိဋ္ဌိ ခံတယ်ဆိုလိုက်ပါတော့ (မှန်ပါ့)။

ဘာခံနေကြသလဲ (မိစ္ဆာဒိဋ္ဌိခံနေပါတယ် ဘုရား)။ ဒီအယူဟာ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ အထဲမှာကိုပဲ အခုတရားမျိုးမနာရသေးလို့ ဘုန်းကြီးပြောတဲ့တရားကို ရှင်းရှင်း လင်းလင်း နားမလည် သေးလို့ရှိရင် ဒီအယူဟာ ရှေးကရှိတယ် (မှန်ပါ့)၊ ကိုပေါ် မရှိဘူးလား (ရှိပါတယ် ဘုရား)။

မင်းလုပ်မင်းရမှာပေါ့

မင်းလုပ် မင်းရမှာပေါ့ကွာ၊ မင်းပစ္စည်း ဘယ်သွား မတုံးကွ၊ မင်းနောက် လိုက်မှာပေါ့ဆိုတော့ မင်းက ရှေ့က သွားတာ၊ အထုပ်က နောက်ကလိုက်မယ်၊ ဒီအဓိပ္ပါယ် မယူဘူးလား၊ တရားနာတဲ့ ပုဂ္ဂိုလ်က (ယူပါတယ် ဘုရား)။

ဒါဖြင့် ဒီတရားနာမှားတာနဲ့ သူဘာဒိဋ္ဌိဖြစ်သတုံး (သဿတဒိဋ္ဌိဖြစ်ပါတယ် ဘုရား)၊ မိစ္ဆာဒိဋ္ဌိ၊ သဿတဒိဋ္ဌိ ဦးမြသေချာပြီ၊ သေချာပြီ (မှန်ပါ့)။

ကဲ ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ပြုတဲ့ ကုသိုလ် ဟာ ဒီအတိုင်းပဲ ပြုကြလို့ရှိရင်ဖြင့် ကုသိုလ်ရတယ် မောင်နိုင် မှတ်လိုက် (မှန်ပါ့)၊ နိဗ္ဗာန်မရဘူး (မရပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကုသိုလ်တော့ရပါတယ်နိဗ္ဗာန်တော့မရ

ဘာတဲ့တုံး နောက်က ဒကာ၊ ဒကာမတွေ (ကုသိုလ်တော့ ရပါတယ်ဘုရား၊ နိဗ္ဗာန်မရပါ)၊ ဘာခံနေသတုံး (သဿတဒိဋ္ဌိခံနေပါတယ် ဘုရား)၊ မိစ္ဆာဒိဋ္ဌိ၊ သဿဒိဋ္ဌိ မခံဘူးလား (ခံပါတယ် ဘုရား)၊ ဦးမြရေ ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

ဒါက သူကမ္မဿကတဉာဏ်လောက် ဟောပြီး သကာလ ထားတာလဲ တစ်မျိုး တစ်နည်း အားဖြင့်လဲ ဘုရားက ဆောင်ဟောထားတဲ့တရား (မှန်ပါ့)၊ သူက တိုက်ရိုက်ယူပြီး သကာလ ဆရာလုပ်တဲ့ ပုဂ္ဂိုလ်က ဟောလိုက်တော့ နောက်က ပုဂ္ဂိုလ်တွေအကုန် ယောင်မကုန်ဘူးလား (ယောင်ကုန်ပါ တယ် ဘုရား)။

ဒါဖြင့် ဆောင်ဟောတဲ့ တရားကို တိုက်ရိုက်ယူပြီး ပြောလိုက်တဲ့အတွက် မမှားဘူးလား မှားသလား (မှားပါတယ် ဘုရား)။

ဒါကြောင့် တရားဟောမယ်ကြံလို့ ရှိရင် နိယျတ္တ ဒေသနာကို ဟောထားလို့ရှိရင် နားလည်မှာ မဟုတ်လို့ ဟောရတာ၊ စင်စစ်တော့ ဒီက ရုပ်နာမ် မလိုက်ဘူး၊ လိုက်သေး ရဲ့ လား (မလိုက်ပါ ဘုရား)၊ အဲ မလိုက်တာကို အလိုက်လုပ်ဟောတာသည် နားလည်အောင်လို့ ဆောင်ထားတာ (မှန်ပါ့)။

မောင်မြင့် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)၊ ဒီက လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား)၊ ဒီမှာရှိတဲ့ ရုပ်နာမ် ကိုယ်တိုင် ရှုကြည့် မောင်အောင်ချီ၊ ဒီနေရာဖြစ် ဒီနေရာကကို ရွှေ့နိုင်ရဲ့လား (မရွှေ့နိုင်ပါ ဘုရား)၊ ကဲ လိုက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ လိုက်ရင် ဘာဒိဋ္ဌိဖြစ်မလဲ (သဿတဒိဋ္ဌိ ဖြစ်ပါမယ် ဘုရား)။

ရုပ်နာမ်သည်ဒီမှာဖြစ် ဒီမှာပဲချုပ်တယ်

ကဲ မလိုက်နိုင်တာကြီးကို လိုက်တယ်လို့ ဓမ္မပဒ များ ဟောထားချက်ရှိပါတယ်၊ အဲဒါများ မင်းတို့ကို ဆောင်ပြီး သကာလ ဟောထားတာကွ တဲ့၊ မင်းတို့ နားလည်မှုကြောင့် စင်စစ်တော့ဖြင့် ဒီအတိုင်းသာ မှတ်ပါတဲ့၊ ဒီမှာဖြစ်တဲ့ ရုပ်နာမ်သည် ဒီနေရာက ဘယ်နေရာမှ မရွေ့ဘဲနဲ့ ဒီတွင် ချုပ်သွားတာပဲကွ၊ ဟိုမှာ အသစ်သာ ထပ်ပြီးပေါ်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ လိုက်တာပါ သေးရဲ့လား (မပါ, ပါ ဘုရား)။

ဦးမြ ရှင်းပလား (မှန်ပါ့)၊ အလားတူပေါ်တာသာ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒီမှာ ရုပ်နာမ်နဲ့ လုပ်လို့ ဒီရုပ်နာမ် ကတော့ ဘာမှ မလိုက်ဘူး၊ ဟိုမှာ ရုပ်နာမ်တစ်ခု ပေါ်တာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ပါဠိတော်ကလာတာတုံး

အဲဒါ ဘယ်ပါဠိတော်က လာသတုံးလို့ မေးတော့မှ “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာဓမ္မာ ပဋုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော” ပဋ္ဌာန်းပါဠိ တော် (မှန်ပါ့)၊ အနန္တရ ဆိုတာ ရှေးစိတ်ချုပ်ပြီးမှ နောက်စိတ်ပေါ်တာ (မှန်ပါ့ ဘုရား)။

ရှေးစိတ်ချုပ်ပြီးမှ (နောက်စိတ်ပေါ်တာပါ ဘုရား)၊ အဲဒီတော့ နောက်စိတ်ဟာ ရှေ့စိတ်နဲ့တော့ မတူဘူးလား၊ စိတ်ပဲ မဟုတ်လား (မှန်ပါ့)။

သို့သော် အရင်ချုပ်သွားနှင့်တဲ့စိတ် ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် အလားတူ ပေါ်တာပေါ့ (မှန်ပါ့)၊ ဦးမြ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘာပေါ်တာပါလိမ့် (အလားတူပေါ်တာပါ ဘုရား)၊ ဒီကလိုက်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ နို့မဟုတ်ရင် ‘‘အနန္တရနိရုဒ္ဓါ =အခြားမဲ့ ဖြစ်၍ ချုပ်လေ ကုန်ပြီးသော’’ လို့ကို ဟောဖို့ရာ လိုသေးသလား (မလိုပါ ဘုရား)၊ ချုပ်ပါတယ်လို့ ဟောထားတာ ဘုရားက (မှန်ပါ့)။

တိုက်ရိုက်ဟောဒါအမှန်ယူပါ

အဲဒါက တိုက်ရိုက်ဟောတဲ့ ဒေသနာ (မှန်ပါ့)၊ တိုက်ရိုက်ဟောတဲ့ ဒေသနာကို အမှန်ယူ၍ ဆောင်ဟောတဲ့ ဒေသနာက သဒ္ဓါဖြစ်အောင် ဟောထားတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆောင်ဟောတဲ့ ဒေသနာ (သဒ္ဓါဖြစ်အောင် ဟောထားတာပါ ဘုရား)၊ သဒ္ဓါပွားအောင်လို့ ဟောထားတာ (မှန်ပါ့ ဘုရား)။ တိုက်ရိုက်ဟောတဲ့ ဒေသနာကျတော့ အနန္တရနိရုဒ္ဓါ = ယခုဖြစ် သွားသော တရားသည် ယခုချုပ်ကုန်သော၊ ယခု ဖြစ်၍ ယခုချုပ်ပဲတဲ့၊ စိတ္တိစေတသိကာ တဲ့ စိတ်စေတသိက အကုန်ချုပ်တာပဲ (မှန်ပါ့)။

ပဋုပ္ပန္နာနံ = မိမိနဲ့အလားတူဖြစ်၍ ပေါ်ကုန်သော တဲ့၊ နောက်ပေါ်လာတာက အလားတူပေါ်လာတာ၊ ဒီကဟာကတော့ ချုပ်လျက်ပဲတဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေ့တရားက (ချုပ်လျက်ပါ ဘုရား)၊ နောက်ဆက် ပေါ်လာတာက (အလားတူပေါ်တာပါ ဘုရား)၊ အလားတူ ပေါ်တာတဲ့၊ ဒီက လိုက်တာဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ အဲဒီတော့ မင်းသွားရာ လိုက်လိမ့်မယ်ဆိုတာနဲ့တော့ ကန့်လန့် ကြီးဖြစ်နေတယ် (မှန်ပါ့)။

ဒါလဲခန္ဓာနှစ်ခုကို ပြတာပဲ (မှန်ပါ့)၊ ရှေ့ချုပ်သွား တဲ့ ခန္ဓာ၊ နောက်ပေါ်လာတဲ့ခန္ဓာ၊ ခန္ဓာပြတာပဲ (မှန်ပါ့)၊ ဦးမြ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် “အနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော” ဆိုတဲ့ အနန္တရနိရုဒ္ဓါ ရှေးဖြစ်၍ ချုပ်လေကုန်ပြီးသော မင်းတို့ လှူတုန်း တန်းတုန်းက စေတနာတွေ အကုန်ချုပ်သွား တာပဲ၊ ရုပ်ရော နာမ်ရေးချုပ်တာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အလားတူဖြစ်၍ ပေါ်တဲ့တရား

စိတ္တစေတသိကာတဲ့ စိတ်စေတသိက်တွေ အကုန် ချုပ်ပါ တယ်တဲ့၊ ပဋုပ္ပန္နာနံ = အလားတူ ဖြစ်၍ ပေါ်ကုန်သော တဲ့၊ ဟိုဘက်သွားပေါ်တာက ဘာတဲ့တုံး (အလားတူ ပေါ်တာပါ ဘုရား)၊ တေသံဓမ္မာနံ ထိုအလားတူဖြစ်၍ ပေါ်ကုန်သော တရားတို့အား အနန္တရပစ္စယေန = အနန္တရ ပစ္စယ သတ္တိဖြင့်၊ ပစ္စယော ဥပကာရကော= ကျေးဇူးပြုသည်။ ဟောတိ = ဖြစ်၏ ဆိုတော့ ဒါယ နိတတ္ထဒေသနာ (မှန်ပါ့)။

ဒါ ခွဲသိရမယ် (မှန်ပါ့)၊ ခွဲမသိဘဲနဲ့ ခင်ဗျားတို့ ဒီအတိုင်းလမ်းဆုံးနေကြမယ်ဆိုရင် ကိုယ်သွားပေါ့ (မှန်ပါ့)၊ ခင်ဗျားတို့ နဂိုက ဒီအတိုင်း လမ်းဆုံးနေတာပဲ (မှန်ပါ့)။

ဦးမြတို့ ကော (ဒီအတိုင်းလမ်းဆုံးနေပါတယ် ဘုရား)၊ အခု ဆုံးသေးရဲ့လား (မဆုံးတော့ပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဒိဋ္ဌိပယ်ပြီ (မှန်ပါ့)၊ ဒိဋ္ဌိပယ်သွားပြီ မောင်အောင်ချီပယ်ပလားကွ (ပယ်ပါပြီ ဘုရား)။

ဒီကကျေးဇူးပြုချက်တော့မကင်းဘူး

ဒီကနာမ်ရုပ်ဟာ ဘယ်လိုက်သေးသတုံး (မလိုက် တော့ပါ ဘုရား)၊ နို့ ဟိုမှာနာမ်ရုပ်တစ်ခု နိဗ္ဗာန်မရသေးရင် ပေါ်တော့ကော ( အလားတူပါ ဘုရား)၊ အလားတူပေါ် တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီက ကျေးဇူးပြုချက်တော့ ကင်းရဲ့ လား (မကင်းပါ ဘုရား)၊ လိုက်တော့ မလိုက်ဘူး ကျေးဇူးတော့ပြုတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လိုက်တော့ (မလိုက်ပါ ဘုရား)၊ ကျေးဇူးတော့ (ပြုပါတယ် ဘုရား)၊ ပြုတယ်တဲ့၊ လောကီဥပမာ ပြောမယ်ဆိုလို့ ရှိရင် ဖယောင်းတိုင် တစ်တိုင်ကို ဦးမြကြီး မီးထွန်းလိုက်စမ်းနော် (မှန်ပါ့)။

မီးတွေတောက်နေတယ်ဆိုကြပါစို့၊ မောင်နိုင်က ညှိလိုက်တော့ မီးတိုင်တစ်တိုင် ဟိုဘက် ပွားလိုက်တော့ မရောက် ဘူးလားကွာ (ရောက်သွားပါတယ် ဘုရား)။

ဒီက မီးလိုက်သွားရင်လဲ ဒီမှာငြိမ်းရမယ် (မှန်ပါ့)၊ ဟိုမှာလဲ မီးတစ်ပွင့်တော့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပေမယ့် ဒီက မီးက လိုက်သလားလို့မေးရင် လိုက်ရင် ငြိမ်းရမယ် (မှန်ပါ့ ဘုရား)။

လိုက်ရင်ငြိမ်းရမယ်ဆိုကတည်းက ဪ သူ အကြောင်းအကျိုးမကင်းလို့ သူနဲ့အတူ ပေါ်တာကိုး ဆိုတာကော (ထင်ရှားပါတယ် ဘုရား)၊ ဦးမြ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အကြောင်းအကျိုးတော့ ဆက်တယ် (မှန်ပါ့)၊ ဒီကတော့ (မလိုက်ပါ ဘုရား)၊ လိုက် ရင် ပထမမီးတိုင်ပါ ငြိမ်းရမယ် (မှန်ပါ့)။

ဟာ ဒီမီးတိုင်ဟာ လိုက်သွားပဟေ့ ဆိုလို့ရှိရင်ဖြင့် ငြိမ်းရမယ် (မှန်ပါ့)၊ မောင်နိုင် ငြိမ်းရမှာပဲ ဆိုတော့ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

အထည်မလိုက်ဘူး

ဟိုမှာလည်း ဒီလိုပဲ ပေါ်တယ်ဆိုတော့ ဒီမီးတိုင်၏ သတ္တိလဲမကင်း၊ ဒီမီးတိုင်ကလည်း မလိုက် (မှန်ပါ့)၊ ဒီလိုယူပါ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီမီးတိုင်ကလည်း (မလိုက်ပါ ဘုရား)၊ ဒီမီးတိုင် သတ္တိလည်း (မကင်းပါ ဘုရား)၊ ဒီမှာလည်း ခင်ဗျားတို့ ဟိုဘဝ နောက်ရုပ်နာမ်ပေါ်တယ်ဆိုတာ ဒီက အကြောင်း အကျိုး သတ္တိလည်း မကင်းပါဘူး (မှန်ပါ့)၊ အထည်လည်း မလိုက်ပါ ဘူး (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိပြုတ်တယ်

ဒီလိုဆိုတော့ ဘာဒိဋ္ဌိပြုတ်သွားသတဲ့ (သဿတ ဒိဋ္ဌိပါ ဘုရား)၊ သဿတဒိဋ္ဌိမပြုတ်ဘူးလား (ပြုပါတယ် ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)၊ ဥစ္ဆေဒ ဒိဋ္ဌိလည်း ပြုတ်တယ် မလိုက်ဘူးယူမှ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)။

ဟိုမှာ မီးက လင်းလျက်ဖြစ်နေတယ်၊ အဲဒီတော့ ဥစ္ဆေဒ ကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊ သဿတဒိဋ္ဌိ ဆိုတာ ဒီမှာတွင် ခိုင်နေတယ်၊ ဘယ်မှမရွေ့ဘူးကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

သူ ဒီနေရာတွင် ချုပ်တာပဲ၊ ဖယောင်းတိုင် ကုန်ရင် သူသေမှာပဲ၊ ဟိုမှာ ကျန်နေမှာပဲ (မှန်ပါ့)၊ မကျန်ဘူးလား (ကျန်ပါတယ် ဘုရား)။ – ဒါဖြင့် သဿတနဲ့ ဥစ္ဆေဒကို ဖယောင်းတိုင်နှစ်တိုင် ကူးတာနဲ့ ရှင်းပြလိုက်သဖြင့် ဦးအောင်ဇံဝေတို့ ဦးမြကြီးတို့ မရှင်း သေးဘူးလား (ရှင်းသွားပါပြီ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ခုနက ဘယ့်နှယ်ကြောင့် ဘုန်းကြီး ဒီတရားကို ဒီဥပမာနဲ့ပြပြီး ဟောရပါလိမ့်မတုံး ဆိုတော့ ခုနက တရားနာလွဲထားတဲ့ ဒကာ၊ ဒကာမတွေက ငါ့နောက် အကုန် လိုက်မယ်လို့ ထင်နေလို့ (မှန်ပါ့)။

ငါလည်းသွားမယ်လို့ အဓိပ္ပာယ်ရတယ် (မှန်ပါ့)၊ ငါ့နောက်လည်း အကုန်လိုက်မယ်လို့ (အဓိပ္ပာယ် ရပါတယ် ဘုရား)၊ ဒီအတိုင်း ယူထားတဲ့ အဓိပ္ပာယ်က ဦးအောင်ဇံဝေ ရှင်း မနေဘူလား (ရှင်းနေပါတယ် ဘုရား)။

တရားဟောတဲ့လူကမှားတာ

အဲဒီဟာ အယူမှန်ပဲလား၊ အယူမှားပဲလား (အယူ မှားပါ ဘုရား)၊ အဲဒီအယူမှားက ဘယ်သူ့ကြောင့် မှားတာတုံး မေးတော့ (နှလုံးသွင်းမှားကြောင့်ပါ ဘုရား)၊ မဆိုင်ဘူး နှလုံး သွင်းနဲ့ (မှန်ပါ့)၊ ဒါက နှလုံးသွင်းနဲ့ မဆိုင်ဘူး၊ ဦးမြ စဉ်စား စမ်း၊ ဘာကြောင့် မှားတာတုံး (တရားနာမှားလို့ပါ ဘုရား)။

ခေါင်းဆောင်က မှားတာကိုးဗျ။ ခေါင်းဆောင်တရား ဟောတဲ့လူက မှားတာနဲ့ ခင်ဗျားတို့ မှားချက် ပြင်းထန်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ့နောက်ပါအောင်လုပ်မှပဲ

နဂိုတုန်းက မွေးတုန်းက ဘာမှမပါခဲ့ဘူးဗျ (မှန်ပါ့)။ ဒီတရားနာမိတာနဲ့ပဲ ဟာ ဟုတ်တယ်ဟေ့၊ ငါလုပ်မှပဲ ငါသွားရာ ငါ့နောက်ပါအောင်တော့။

ဟော ဒီအသံဟာ တရားမနာခင်က ထွက်တဲ့ အသံလား၊ တရားနာပြီးမှ ထွက်တဲ့အသံလား (တရားနာပြီးမှ ထွက်တဲ့အသံပါ ဘုရား)၊ ဟာ တရားနာတာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါ ဘုန်းကြီးက ပြောတာလား၊ အနာထပိဏ် သူဌေးကြီးက ပြောတာလား (အနာထပိဏ်သူဌေးကြီးက ပြောတာပါ ဘုရား)။

အရင် ခင်ဗျားတို့ ယူထားတဲ့ဥစ္စာက နှလုံးသွင်းမှား၍ သော်လည်းကောင်း၊ တစ်ချက် (မှန်ပါ့)၊ တရားနာမှား၍ သော်လည်းကောင်း၊ ဒီဒိဋ္ဌိကို ယူထားတာ (မှန်ပါ့)၊ ဆိုတော့ တန်းမနေဘူးလား (တန်းနေပါတယ် ဘုရား)၊ အင်မတန် မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဒကာ၊ ဒကာမတွေ အထူးတလည် ပါရမီရှိပါပေတယ်လို့ ဦးမြ ချီးမွမ်းတော့ (မှန်ပါ့)၊ ဒီလိုဆရာ ပါရမီရှိပါပေတယ်လို့ ဦးမြ ချီးမွမ်းတော့ (မှန်ပါ့)၊ ဒီလိုဆရာကောင်း သမားကောင်း မတွေ့ရင် မောင်နိုင် မင်းလည်း ဒီအတိုင်းသွားတော့မှာပဲ (မှန်ပါ့)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ငါလုပ်ငါရမှာပေါ့

ဟေ့ ငါလုပ် ငါရမှာပေါ့၊ မင်းတို့တစ်အိမ်လုံး ဘာမှ မလုပ်ချင်နေကြ၊ ဒါ ငါ့နောက်မှာ၊ ငါလုပ်မှ ငါရမှာ၊ ထင်ကော မထင်ဘူးလား (ထင်ပါတယ် ဘုရား)။

ဒါဘယ့်နှယ်ကြောင့် မောင်နိုင်မှာ ဒီဒိဋ္ဌိသံကြီးထွက်နေ ပါလိမ့်မတုံးလို့မေးလို့ရှိရင်တော့ တရားနာ ထားပြီ (မှန်ပါ့)။ တရားနာထားပြီ။

နောက် ဒကာ၊ ဒကာမတွေ (တရားနာထားပါပြီ ဘုရား)၊ တရားနာထားပြီ၊ ဘာတရားနာ ထားသတုံးဆိုတော့ နေယျတ္ထ ဒေသနာ နာထားတယ် (မှန်ပါ့)၊ နိတတ္ထ = တိုက်ရိုက်ဟောတာကို သူနားမလည်တော့ဘူး (မှန်ပါ့)၊ တိုက်ရိုက်ဟောတာက မလိုက်ဘူးဟေ့တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မလိုက်ဘူးကွ၊ အလားတူပေါ်တာပဲရှိ တယ်ကွနော် (မှန်ပါ့ ဘုရား)။

မင်းသွားရာမလိုက်ဘူးဟ၊ အလားတူပေါ်တာပဲရှိတယ် ကွ၊ ဒါဆိုတိုက်ရိုက်ဟောတာ (မှန်ပါ့)၊ လိုက်တယ်ဆိုတာက ဆောင်ဟောတာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်မရတဲ့အလှူတွေ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီနှစ်ချက်မှ ကောင်းကောင်းမွန်မွန် မရှင်းတော့ပါဘူး ဆိုရင်ဖြင့် နိဗ္ဗာန်မရတဲ့ အလှူတွေနဲ့ပဲ သေကြမှာပဲ (မှန်ပါ့ ဘုရား)။

ဗုဒ္ဓဘာသာတွေတောင်မှ ဦးမြ ဆုံးဖြတ်ချက်ချ၊ ဘယ် အလှူတွေများမယ်ထင်သတုံး (သက္ကာယဒိဋ္ဌိ အလှူတွေပါ ဘုရား)၊ မိစ္ဆာဒိဋ္ဌိအလှူတွေ လှူကြမှာများတယ် (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ စကားကြမ်းကို နိဗ္ဗာန်မရတဲ့ အလှူတွေကို လှူကြတော့မှာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် မောင်နိုင် နိဗ္ဗာန်မရတဲ့အလှူတွေ လှူပါလိမ့်မတုံးဆိုတော့ သုဂတိ တော့လည်း ရောက်သေးတာ ကိုး (မှန်ပါ့)၊ နိဗ္ဗာန်ကို ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး ဆိုတော့ သူ့မှာ ဒိဋ္ဌိက မပြုတ်လို့ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဆိုတာ နိဗ္ဗာန်တားတယ်

ဦးမြ ဘယ့်နှယ်တုံး (ဒိဋ္ဌိမပြုတ်လို့ပါ ဘုရား)။ မပြုတ်တော့ ဒိဋ္ဌိဆိုတာ ဘာတားတာတုံး၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်တားတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဆိုတာ ဘာတားပါလိမ့် (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန် တားပါတယ် ဘုရား)၊ ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယနေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခုနကပြောတဲ့စကားလေးက သေသေချာချာ မှတ်ပါ (မှန်ပါ)၊ အရှင်ဘုရားတို့ တရားနာမှားလို့ ဒိဋ္ဌိဖြစ်ပါလိမ့် မယ်တဲ့၊ အရှင်ဘုရားတို့ ယူတဲ့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဟာ တရားနာ မှားလို့ဖြစ်တာတဲ့၊ အနာထပိဏ် သူဌေးကြီးက စွဲချက်တင်နေ တယ် (မှန်ပါ့ ဘုရား)။

ဦးအောင်ဇံဝေ တင်ပြီနော် (မှန်ပါ့)၊ ဘယ်သူက တင်တာတုံး (အနာထိပိဏ်သူဌေးကြီးက တင်တာပါ ဘု ရား)၊ သူက ဘာတုံးဗျ (သောတာပန်ပါ ဘုရား)၊ သူကတော့ ဒိဋ္ဌိတွေပြုတ်ပြီးသားဗျ (မှန်ပါ)၊ ဒိဋ္ဌိအကြောင်း လည်း သိပြီးသားဖြစ်နေတယ်၊ သူကိုယ်တိုင်ကတော့ ပြုတ်ပြီး သားနော်၊ ဘုရားနဲ့ တွေ့လျှင်တွေ့ချင်း သောတာပန်တည်တဲ့ ပုဂ္ဂိုလ်ကိုးဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါလုပ်ရင်ငါခံရမှာ

ဒါဖြင့် ဒီ ဒကာ၊ ဒကာမတွေ တရားနာမှားလို့လည်း ဒိဋ္ဌိဖြစ်ခြင်းဆိုတာ အခု ကုသိုလ်နေရာ ဟောတာ (မှန်ပါ့ ဘု ရား)၊ အကုသိုလ်နေရာကျတော့ ငါလုပ်၊ ငါခံရမှာပဲ လာတာပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး (ငါလုပ်၊ ငါခံရမှာပါ ဘုရား)၊ ဒီ ငါပဲ သွားခံရမည့်အဓိပ္ပာယ်ပေါ့ (မှန်ပါ)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဘာဒိဋ္ဌိနဲ့ ပြောပါလိမ့် (သဿတ ဒိဋ္ဌိနဲ့ပြောပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဥစ္စာလည်း ခုနကဟာနဲ့ တယ်ထူးတာ မဟုတ် ဘူး (မှန်ပါ့)၊ ကိုယ်လုပ်လို့ ကိုယ်ရတယ် ဟုတ်လား၊ ကိုယ် မလုပ် ကိုယ်မရရုံပေါ့ အစရှိသည်နဲ့ လာတာနဲ့ ဘာထူးသေးတုံး (မထူးပါ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီဒိဋ္ဌိဟာဖြင့် ယနေ့ ဘုန်းကြီးက ဟာတာလား၊ အနာထပိဏ် သောတာပန်ကြီးက ဟောနေတာလား၊ တရားနာမှားလို့ ဒိဋ္ဌိ ဆိုတာ (အနာထပိဏ် သောတာပန်က ဟောတာပါ)၊ ဘုရားကလည်း ဟောပါလိမ့်မယ် တော်တော်ကြာကျတော့ (မှန်ပါ့ ဘုရား)။

အင်မတန် သနားလို့ဟောပေးနေတာ

ဒါ့ကြောင့် ခင်ဗျားတို့အတွက် အင်မတန် သနားလို့ ဒီတရားကို ဟောပေးနေတာ၊ မောင်အောင်ချီမင်း- သေသေချာချာ သိပလား (သိပါပြီ ဘုရား)။

ဦးမြ နားကြီးကြီးနဲ့ထောင်မှ အဖိုးကတန်မှန်းသိတယ် နော် (မှန်ပါ့)၊ နားသေးသေးနဲ့ ထောင်လို့ရှိရင် ဘယ့်နှယ် ပြောနေပါလိမ့်မတုံးလို့ ထင်တတ်တယ်၊ တို့သိဖူးတာနဲ့ တခြားစီ လို့ ထင်တတ်တယ်၊ တို့သိဖူးတာက နေယျတ္ထ နာထားတာ (မှန်ပါ့ ဘုရား)။

ဆောင်ဟောထားတာကို နာထားတာ (မှန်ပါ့)၊ တိုက်ရိုက်ဖြစ်စဉ်ကိုက် ဟောထားတာ ဟုတ်ပါရဲ့ လား (မဟုတ်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ဦးအောင်ဇံဝေတို့လည်းကြီးပြီ၊ ဦးမြတို့လည်း ကြီးပြီ၊ ကိုပေါ်တို့လည်း ကြီးကုန်ပြီ (မှန်ပါ့)၊ နောက်ကို ဒီလိုနှစ်ခုခွဲပြီး ဟောပေးမည့်သူ မရှိလို့ရှိရင် မောင်နိုင် ခက်သေး တယ်ကွ (ခက်ပါတယ် ဘုရား)၊ မခက်ဘူးလား (ခက်ပါ တယ် ဘုရား)။

ဆရာနဲ့မတွေ့ရင်

နှစ်ခုခွဲပြီးတော့ ပြတတ်တဲ့ ဆရာနဲ့ မတွေ့တော့ဘူး ဆိုရင် ခင်ဗျားတို့ လှူသရွေ့၊ ပေးသရွေ့၊ ကမ်းသရွေ့ဟာဖြင့် ဒုက္ခသစ္စာသာရ၍ နိရောဓသစ္စာ မရ (မှန်ပါ့)၊ ဦးမြ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာတော့ (ရပါတယ် ဘုရား)၊ ဒုက္ခသစ္စာ တော့ လူဒုက္ခသစ္စာ၊ နတ်ဒုက္ခသစ္စာ၊ ဗြဟ္မာ ဒုက္ခသစ္စာတော့ ရမှာပဲ (မှန်ပါ့)၊ ဒုက္ခငြိမ်းတဲ့နိဗ္ဗာန်ကျတော့ (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါတွေ သေသေချာချာ ရှင်းတော့မှ ဦးမြရေ ဒီဟာ အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး (ဒီဟာတွေ အရေးကြီးပါတယ်)၊ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

နားလည်မှုကြည့်ဟောတာ

အခုတော့ မင်းတို့ ဘယ်ပဲသွားတရားနာနေနေ၊ သော် ဒီဟာက လူသွားရာ အရိပ်ပါသလို လိုက်တာပဲလို့ ဟောတော့ ဟောတာပဲ၊ ဟောပေမယ့်လည်း ဒါက ဘုရားက သတ္တဝါတွေ၊ နားလည်မှု ကြည့်ဟောတာ (မှန်ပါ့)၊ စင်စစ်တော့ မလိုက်ပါဘူး၊ အကြောင်းနဲ့ အကျိုးတော့ ဆက်မှာပေါ့လေ (မှန်ပါ့)၊ ဒီလိုယူတတ်ပြီ အခုတော့ (မှန်ပါ့)၊ ဝေဖန်တတ်ပြီ မဟုတ်လား (ဝေဖန်တတ်ပါပြီ ဘုရား)။

ဒီလိုဝေဖန်တတ်တော့ ဒါဒိဋ္ဌိပြုတ်လို့ ဝေဖန်တတ်တာ (မှန်ပါ)၊ ဒိဋ္ဌိမပြုတ်ရင် (မဝေဖန်တတ်ပါ ဘုရား)၊ မဝေဖန် တတ်ဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကလည်း ဒီနေ့မှစပြီး ဝေဖန်တတ်ပြီ သုံးရတာကိုးဗျ (မှန်ပါ့)၊ ရှေးက ဒီလိုနှစ်ခု ဝေဖန်ပါမယ်လို့ အို နာရတာ ကောင်းတာပဲ၊ ဝေဖန်တာလား ကောင်းတယ် လို့ ပြောနေတာလား (ကောင်းတယ်လို့ ပြောနေတာပါ ဘုရား)။

ဟာ သွားပြီ၊ အဲဒါ (မှန်ပါ့)၊ သွားပြီ-သွားပြီ ကိုပေါ် (မှန်ပါ့)၊ မောင်နိုင် ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် ဒီအရေးကလည်း ပဉ္စာနန္တရိယကံ ထက် ကြီးသေးတယ်လို့ ပြောလိုက်တယ် (မှန်ပါ့)၊ စကားကြီး သလား မောင်နိုင် (မကြီးပါ ဘုရား)။

ပဉ္စာနန္တရိယကံထက် သူပြုတ်ဖို့ရာ အရေးကြီးတယ်တဲ့ (မှန်ပါ့)၊ ပဉ္စာနန္တရိယကံက လွတ်ရက်၊ ကျွတ်ရက် ရှိသေး တယ်၊ သူက လွတ်ရက်၊ ကျွတ်ရက် (မရှိပါ ဘုရား)၊ ဒါဖြင့် မောင်မြင့် သူ့ကို ပိုကြောက်ပါ (မှန်ပါ့)။

အကြောင်းအကျိုး ဆက်တယ်၊ မလိုက်ဘူး

ကဲ ဒါဖြင့် အခုတော့ဖြင့် ဆရာကောင်းတပည့်တွေ ဖြစ်နေတဲ့အတွက် မျှော် တို့သွားရာ အရိပ်ပါတယ်၊ နွား သွားရာကို နောက်ကလှည်းဘီးပါတယ်ဆိုတဲ့ဥစ္စာ ဆောင်ဟော တာကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တကယ် တော့ဖြင့် တစ်ခုနဲ့တစ်ခုဟာ အကြောင်းအကျိုးသာ ဆက်တယ် မလိုက်ဘူး (မှန်ပါ့)။

ဦးမြ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (အကြောင်း အကျိုးသာ ဆက်ပါတယ်ဘုရား၊ မလိုက်ပါ ဘုရား)၊ မလိုက်ဘူး ဆိုတော့ ကိုက်မနေဘူးလား (ကိုက်နေပါတယ် ဘုရား)။

မလိုက်မှလည်း ခင်ဗျားတို့ သဿတပြုတ်မယ် (မှန်ပါ့ ဘုရား)၊ အကြောင်းအကျိုး ဆက်မှလည်း ဥစ္ဆေဒ ပြုတ်မယ် (မှန်ပါ့)၊ ဒါ သေသေချာချာမှတ် (မှန်ပါ့)။

မလိုက်ဘူးဆိုမှ ဘာပြုသတုံး (သဿတပြုတ်ပါ တယ် ဘုရား)၊ အကြောင်းအကျိုး ဆက်တယ်ဆိုမှ (ဥစ္ဆေဒ ပြုတ်ပါတယ် ဘုရား)။

ဒါကလေးဟာ ဘယ်လောက်အရေးကြီးတဲ့ စကားနှစ် လုံးဆိုတာ ကိုသောင်ကြီး ဘယ်လောက် ပေါ်လာမလဲ ကဲ (ပေါ်လာပြီ ဘုရား)၊ ဒါ တော်တော်အရေးကြီးတယ် ဦးမြရဲ့ (မှန်ပါ့)။

တရားနာမမှားပါစေနဲ့

ကိုင်း ဒကာ၊ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်းနှစ်ပါး ရှိတော့ ခင်ဗျားတို့ နှလုံးသွင်းလည်း မလွဲပါစေနဲ့ (မှန်ပါ့)၊ တရားနာ လည်း မမှားပါစေနဲ့ (မှန်ပါ့)၊ ဒီနှစ်ခု လုံလောက်ရင် ဒိဋ္ဌိလွတ်ပါတယ်၊ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့)။

ဒီနှစ်ခုကို ခင်ဗျားတို့ နှလုံးသွင်းလည်း မှားမယ်ဆို လည်း ဒိဋ္ဌိဖြစ်မှာပဲ (မှန်ပါ့)၊ အနိစ္စကို နိစ္စထင်တော့ နိစ္စဒိဋ္ဌိဖြစ်မှာပဲ (မှန်ပါ့)။

ဒုက္ခကို သုခထင်တော့လည်း မှားတဲ့မိစ္ဆာဒိဋ္ဌိ မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား)၊ အနတ္တကို အတ္တ – ခိုင်တယ်၊ မြဲတယ် ထင်လိုက်ပြန်တော့လည်း (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)၊

အဲဒါကတော့ ဦးမြကြီး တရားနာမှားလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ဘယ်နှစ်ပါးပါလိမ့် (နှစ်ပါးပါ ဘုရား)၊ ဘယ်သူ ဘယ်သူပါလိမ့် (နှလုံးသွင်းမှားနဲ့ တရားနာမှားမှုပါ ဘုရား)၊ ဒါ ရှင်းသွားပြီ (မှန်ပါ့)။

တော်တော်အရေးကြီးတယ်ဆိုတာကိုဖြင့် ခင်ဗျားတို့ဖြင့် မပြောတတ်ဘူး၊ အမြင်ကျယ်ကျယ်နဲ့ မြတ်စွာဘုရားသခင် ဟောတာတွေကို ကြည့်တဲ့ ဆရာဘုန်းကြီးကဖြင့် သော် ဒါမှမသိရင် ဒီ ဒကာ၊ ဒကာမတွေ သွားပေါ့ဟ (မှန်ပါ့)၊ ဆိုနိုင်ပါလား (ဆိုနိုင်ပါတယ် ဘုရား)။

ဦးမြ ဆိုနိုင်, မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)၊ ဆိုနိုင်တယ်တဲ့၊ ဒီဥစ္စာ အင်မတန် အရေးကြီးတဲ့ တရား ဆိုတာ ခင်ဗျားတို့မှတ်ဖြစ်အောင် မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဘယ်ဟာကိုအမှန်ယူရမှာလဲ

နေယျတ္ထဒေသနာ မောင်နိုင်၊ နိတတ္ထဒေသနာတို့တွင် ဘယ်ဟာ အမှန်ယူရမလဲ (နိတတ္ထ ဒေသနာ အမှန်ယူရ ပါမယ် ဘုရား)၊ နေယျတ္ထကို ပြင်ပြီးတော့ နိတတ္ထဘက် ဆွဲယူ ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆောင်ဟောထားတော့ တကယ်ဖြစ်စဉ်ကို ကိုယ်က ယူရမယ် (မှန်ပါ့)၊ ဆောင်ဟော ထားတာကို ဆောင်ထား တဲ့အတိုင်း ယူလို့ရှိရင်ဖြင့် ဥပမာကို အဟုတ်ထင်ပြီး သကာလ ဥပမေယျကို မရောက်ဘဲ ဖြစ်ပါလိမ့်မယ် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် နောက်က ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ ဝမ်းမြောက်ကြပလား (ဝမ်းမြောက်ပါပြီ ဘုရား)၊ ဪ ငါတို့ သည် သမ္မာဒိဋ္ဌိ ဘက် ကို ဒီနေ့ည နာရတာဖြင့် သက်ရောက်ပါပြီဆိုတော့ ဘာလှူလှူ၊ ဘာတန်းတန်း ခင်ဗျား တို့က ဝိပဿနာဉာဏ် လုပ်ပြီးသား ပုဂ္ဂိုလ်က မမှားတော့ဘူး (မှန်ပါ့)၊ ဦးမြမှားသေးလား (မမှားပါ ဘုရား)။

ဝိပဿနာဉာဏ် လုပ်ပြီးသား ပုဂ္ဂိုလ်က ခန္ဓာကိုယ်ကြီး ကြည့်လိုက် ဖြစ်ပျက်ရှိတာပဲ၊ နောက်ရမည့် ခန္ဓာကိုယ်လည်း အကြောင်းညီညွတ်လို့ အကြောင်းအကျိုးဆက်ပေါ်မည့်ဥစ္စာ လည်း ဖြစ်ပျက်ရှိမှာပဲဆိုတာ မလာသေးဘူးလား (လာ ပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်တဲ့ဒါန

အဲဒီတော့ ဖြစ်ပျက်ကို ဖြစ်ပျက်မှန်းသိတဲ့ပုဂ္ဂိုလ်ကဖြင့် လှူလိုက်ပေမယ့်လည်း ဟိုဖြစ်ပျက် တော့ မရချင်ပါဘူးဆိုကတည်း ကိုက ဖြစ်ပျက်သင်္ခါရသိမ်းတဲ့ နေရာကို သူညွတ်ပြီး (မှန်ပါ)။ သင်္ခါရက ဖြစ်ပျက်ကိုး (မှန်ပါ့)။ သင်္ခါရသိမ်းတဲ့ နေရာသူမညွတ်ပေဖူးလား (ညွတ်ပါ တယ် ဘုရား)။

အဲဒီညွတ်မှလဲ ဒါက နိဗ္ဗာန်ရောက်တဲ့ဒါနဖြစ်မယ် (မှန်ပါ့) နို့ မဟုတ်ရင် (နိဗ္ဗာန်မရောက်ပါ ဘုရား)။

ဒါဖြင့် ဦးမြကြီးတို့က နက်ဖြန်သွားမှာဖြစ်လို့ သေသေ ချာချာ မှတ်လိုက်စမ်း၊ အခုစကား ကလေး အထူးပြောလိမ့်မယ်နော် (မှန်ပါ့)။

အယုတ်ဒါနဆိုတာ

ဒါနဟာ ဝိပဿနာ မခြံရံလို့ ရှိရင် အယုတ်ဒါန၊ အဋ္ဌကနိပါတ်အင်္ဂုတ္တိုရ် ပါဠိတော်လို့ မှတ်ပါ (မှန်ပါ)။ ဝိပဿနာ မသိသေးတဲ့ ပုဂ္ဂိုလ်လှူတဲ့ဒါနဆိုတာ အယုတ်ဒါန ချည့်ပဲ (မှန်ပါ့)။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာ ရှုထားတဲ့ပုဂ္ဂိုလ်ကတော့ ဝိပဿနာ ခြံရံတဲ့ ဒါနကတော့ မောင်နိုင်ရေ ဖြစ်ပျက်လည်း သူမြင်တာပဲ (မှန်ပါ)။ နောင်လည်း ဘာရမယ် မထင်သတုံး (ဖြစ်ပျက် ရမှာပါ ဘုရား)။ နိဗ္ဗာန်မရောက်သေးရင် ဖြစ်ပျက်ရမယ် (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ အင်း ဒီဒုက္ခသစ္စာပြီး ဟိုဒုက္ခသစ္စာတော့ မလို ချင်တဲ့ လူအဖို့လာမှာမဟုတ်တော့ဘူး (မှန်ပါ့)၊ လာဦးမလား (မလာပါ ဘုရား)။

အဲဒါကို ဝိပဿနာခြံရံပြီး လှူတဲ့ပုဂ္ဂိုလ်ကတော့ ဒီဖြစ် ပျက်ပြီး ဟိုဖြစ်ပျက်လာမှာကို မလိုချင်ပဲနဲ့ ဖြစ်ပျက်ချုပ်ငြိမ်း ရာကို ရည်မှန်းပြီးတော့ နိဗ္ဗာန်နပစ္စယောဆိုပြီး လှူလိုက်တယ် (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာခြံရံအမြတ်ဆုံးဒါန

ဒါဖြင့် ဒါနဟာ ဝိပဿနာ ခြံရံတဲ့ဒါနမှ အမြတ်ဆုံးကွ လို့ ဘုရားက သေသေချာချာ ဟောလိုက်တယ် (မှန်ပါ့)၊ ဦးမြကြီး ဒါ အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်လို့မှတ်လိုက် (မှန်ပါ့)၊ နားလည် ကြပလား (နားလည်ပါပြီ ဘုရား)။

ပြန်ပြီး တစ်ခေါက်ပြောလိုက်ပါဦးမယ်၊ ခင်ဗျားတို့က နေ့စဉ်လိုပဲ ဆွမ်းလောင်း၊ ဆွမ်းကျွေး လုပ်နေကြတော့ကို ဖြစ်ပျက် သိပြီးသားပုဂ္ဂိုလ်ကတော့ အခုချက်ပြုတ်နေတဲ့ ခန္ဓာကိုယ်ကြီးဟာလည်း ဖြစ်ပျက်ပဲ (မှန်ပါ့)၊ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ ဘုရား)။ အကယ်၍ နတ်ပြည်၊ ဗြဟ္မာ ပြည် အကျိုးပေး လိမ့်မယ်လို့ ဆိုပြန်တော့လည်း ဘာရမယ်လို့ ထင်ကြသလဲ (ဒုက္ခသစ္စာပဲ ရမှာပါ ဘုရား)။

ခန္ဓာကိုယ်ကို ဉာဏ်မြင်ထားလို့

ဖြစ်ပျက် ဒုက္ခသစ္စာပဲ ရလိမ့်မယ်ထင်တဲ့ ပုဂ္ဂိုလ်ကျ တော့ ကိုင်း နတ်ပြည်ရရပါလို၏။ ဗြဟ္မာပြည် ရ, ရပါ လို၏ တောင်းဦးမလား၊ မတောင်းဘူးလား(မတောင်းပါ ဘုရား)၊ ဘာ့ကြောင့်တုံး ဝိပဿနာကို သူ ခြံရံထားလို့ (မှန်ပါ့)၊ အလုပ်လုပ်ရင်း ခန္ဓာကိုယ် ဉာဏ်မြင်ထားလို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလုပ်လုပ်ရင်း (ခန္ဓာကိုယ် ဉာဏ်မြင်ထားပါ တယ် ဘုရား)၊ အဲဒီခန္ဓာကို ဉာဏ်မြင်ထားတဲ့ဒါန ဖြစ်လေ သောကြောင့် ဟိုခန္ဓာကို မလိုချင်တဲ့ ဒါနဖြစ်သွားတယ် (မှန်ပါ့)၊ ဝိပဿနာ ခြံရံလိုက်လို့ (မှန်ပါ့)။

ဒါနလုပ်ရင်း ဝိပဿနာနဲ့ ခန္ဓာလှည့်လိုက်တဲ့အတွက် မောင်အောင်ချီလို့ မောင်မြင့်တို့ ဟိုဘက်မှာ ဒီလိုဖြစ်ပျက်ရချင် သေးသလား (မရချင်ပါ ဘုရား)။

မရချင်တော့လှူလဲ လှူတယ် (မှန်ပါ့)၊ ဖြစ်ပျက် ဒုက္ခသစ္စာမရချင်လို့ လှူတယ်ဆိုတော့ ဒုက္ခ ချုပ်ရာ နိဗ္ဗာန်ကို ရချင်တဲ့ အဓိပ္ပာယ် သေချာသွားတယ် (မှန်ပါ့)။

ဒါဖြင့် ဒါနရှစ်မျိုးရှိတဲ့အနက်က နောက်ဆုံးပိတ် ဒါန လို့ ဦးမြကြီး မှတ်လိုက်နော် (မှန်ပါ့)၊ ဒါနမှာ ရှစ်မျိုးဟော ထားသည့်အနက်က ဒီဒါနမှသာလျှင် နိဗ္ဗာန်ရောက်တယ်။

ကျန်တာတွေ မရောက်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မှတ်လိုက် (မှန်ပါ့)။

ကျန်တာ ဝိပဿနာ မခြံရံဘူး (မှန်ပါ့)၊ ခြံရံသေး ရဲ့ လား (မခြံရံပါ ဘုရား)၊ မခြံရံတော့ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ ကို လိုချင်လာတာပဲ (မှန်ပါ့)၊ လိုချင်လာတော့ နိဗ္ဗာန် ပါသေးရဲ့ လား (မပါ, ပါ ဘုရား)။

အဆုံးစွန်သော ဘဝ၊ ဆိုတာ

ထည့်တော့ ထည့်ပါရဲ့၊ အဆုံးစွန်သောဘဝ၌၊ ဆုံးမှာ လည်းမဟုတ်ပါဘူး (မှန်ပါ့)၊ ဆုံးစရာကော (မရှိပါ ဘုရား)။ လူ၊ နတ်၊ ဗြဟ္မာ ဖြစ်ကတည်းက ဟိုမှာ လူ၊ နတ်၊ ဗြဟ္မာအဖြစ်နဲ့ ဖောက်ဦးမှာတွေက နည်းသလား (မနည်း ပါ ဘုရား)။

အဲဒီ ဖောက်နေကတည်းက ဦးမြကြီး ရှေ့ဆက်ပြီး နိဗ္ဗာန်အဆုံးစွန်သော ဘဝဆုံးစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါတွေ သေသေချာချာမှတ်ပါ ဦးနေဖူးကလည်း နော် (မှန်ပါ့)၊ မှတ်တယ်မဟုတ်လား (မှန်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီနေ့ ဒါနကို ထည့်ပြီး တိုးပေးလိုက်တယ်၊ ဦးမြကြီး ကိုယ့်ဟာကိုယ် ပြီးလို့ ရေစက်ချရင်လည်း ဝိပဿနာမခြံရံရင် လုပ်ကိုမလုပ်နဲ့ဦး၊ ရက်ဆိုင်း ထားလိုက်နော် (မှန်ပါ့ ဘုရား)၊ ဝိပဿနာ ခြံရံ လို့ ခန္ဓာဉာဏ်မြင်ပြီး သကာလ မှာ ခင်ဗျား တန်ဆောင်းရေစက် ချချင်ချ၊ ဒီအတိုင်းဆိုရင် ချိတ်သာထားလိုက်ဦး (မှန်ပါ့ ဘုရား)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အနာထပိဏ် သူဌေးကြီးက ဖြေ – တယ်၊ အရှင်တိတ္ထိတို့ အခုယူတဲ့ အယူ ဆယ်မျိုးဟာ အယူ ဆယ်မျိုးသာဆိုတယ် ဒိဋိကတော့ လေးမျိုးတည်းရယ် သူ့ဟာ က သဿတ ဒိဋ္ဌိနဲ့ သူမေးတယ်၊ တိတ္ထိတွေကနော် (မှန်ပါ့)၊ ဥစ္ဆေဒ ဒိဋ္ဌိနဲ့ (မေးပါတယ် ဘုရား)၊ တစ်စိတ်တစ်ဒေသ ဒိဋ္ဌိနဲ့ မေးတယ်။ အမရာဝိက္ခေပဒိဋ္ဌိနဲ့ မေးတယ်၊ လေးမျိုး တည်းနဲ့ မေးရတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ လေးမျိုး အရှင်တိတ္ထိတို့ ဖြစ်ခြင်းဟာဖြင့် နှလုံး သွင်းမှားလို့၊ တရားနာမှားလို့ ဖြစ်တာပါ ဘုရား တဲ့၊ ဒါ နေရာမကျပါဘူး တဲ့။

အနာထပိတ်သူဌေး၏ အယူ

ဒါဖြင့်ဒကာကြီးအယူ ရှင်းပေတော့တဲ့၊ အကျွန်ုပ်အယူ – ကတော့ ဘုရား၊ ဥပမာ ဝေဒနာကလေး ခန္ဓာကိုယ်ထဲပေါ်ပါ တယ်၊ ဝေဒနာလေးဟာ “ဖျပ်” ဆိုတဲ့ အာရုံနဲ့ တိုက်ဆိုင်တဲ့ အခါ ဒေါမနဿကလေး ဖြစ်လိုက်ပါတယ်တဲ့၊ ဒေါမနဿဝေ ဒနာ ဖြစ်တယ်ထားလိုက်တော့ (မှန်ပါ)၊ ဒါကလေး “ဖျပ်” ဟာ အနိစ္စပဲ၊ ပျောက်သွားတာကလေးဟာ အနိစ္စပဲတဲ့။

ပျောက်သွားတာကလေးကို တစ်ခါ ဒုက္ခဆိုရင်ကော လွဲသလား (မလွဲပါ ဘုရား)၊ ပျောက်သွားတာ ဒုက္ခသစ္စာကိုးဗျ (မှန်ပါ့)။

ပျောက်သွားတာလည်း အနိစ္စ၊ ပျောက်သွားလည်း ဒုက္ခပဲဆိုတော့ အဲဒီ ဒုက္ခဖြစ်နေတော့ တပည့်တော် ဒီဥစ္စာကို “နေတံ မမ၊ နေသော ဟမသ္မိ၊ နမေသော အတ္တာ” ငါ့ကိုယ်ငါ့ ဟာ ငါ့ဥစ္စာ မလုပ်ဘူး ဘုရား၊ ဒီအယူကို ယူတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကျွန်ုပ်ကတော့ဖြင့် ဘယ်ခန္ဓာကြည့်လိုက် ကြည့် လိုက် အနိစ္စတရား၊ ဒုက္ခတရား၊ ဒီဒုက္ခတရားဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စ မဟုတ်ဘူးလို့ ယူပါတယ် (မှန်ပါ့)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

တဏှာနဲ့ကော ယူသေးရဲ့လား (မယူပါ ဘုရား)။ မာနနဲ့ကော (မယူပါ ဘုရား)၊ ဒိဋ္ဌိနဲ့ကော (မယူပါ ဘုရား)။

အဲ ပျောက်သွားတဲ့ တရားကို မင်းတို့ ရှုလို့ ရှိရင် ဒါကလေးဟာ ဪ ငါကိုယ်မဟုတ်လို့ ပျောက်တာပဲ။

ငါ့ဟာ မဟုတ်လို့ ပျောက်တာပဲ၊ ငါ့ဥစ္စာမဟုတ်လို့ ပျောက်တာ ပဲ၊ ရှုလိုက်ရုံပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဦးမြပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါက ဘယ်သူ့အယူပါလိမ့်ဗျာ (အနာထပိဏ် သူဌေးကြီး အယူပါ ဘုရား)၊ အနာထပိဏ် သူဌေးက ဘာပါလိမ့် (သောတာပန်ပါ ဘုရား)၊ အဲ သောတာပန် ယူတာတဲ့ (မှန်ပါ)၊ ကြပါလား (ပေါ်ပါပြီ ဘုရား)။

သောတာပန်၏အယူ

သောတာပန်အယူသည်ကားလို့ ဆိုရင် ဒီတရား ကလေးဟာ အနိစ္စပဲ၊ ဥပမာ ရုပ်ကလေး ပေါ်လာတယ်၊ ပူတဲ့ ရုပ်ကလေးပေါ်လာတယ်၊ တေဇောရုပ်ကလေး ဒါကလေးဟာ တော်တော်ကြာ ခဏရှိ ပျောက်သွားတာပဲ၊ အဲဒါ ပျောက်သွား တာပဲတဲ့၊ ပျောက်သွားခြင်းကြောင့် ဒုက္ခပဲ တဲ့၊ အဲဒါ ကလေး တပည့်တော်က ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ကြောင်း ကောင်းကောင်းသိတယ် တဲ့၊ ဒီလိုသိလားတဲ့ အယူဟာ အကျွန်ုပ်အယူပါတဲ့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်မြင်လိုက်တော့ ဖြစ်ပျက်ဟာ ငါ့ဟာလား (မဟုတ်ပါ ဘုရား)၊ ငါ့ကိုယ်လား (မဟုတ်ပါ ဘုရား)၊ အဲဒီလို ဪ ဒါ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါလား လို့ ကြည့်ကြည့်ပေးစမ်းပါ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင် ပြီးတာပဲ

သို့သော် ဖြစ်ပျက်တစ်လုံး မြင်လိုက်ရင် ပြီးတာပါပဲ၊ တဏှာဟာ ဒိဋ္ဌိသိမ်းတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်လိုက်ကတည်းက ငါ့ကိုယ်မဟုတ်တာလဲ ပါသွားပြီ (မှန်ပါ့)၊ ငါ့ဟာ မဟုတ်တာကော (ပါသွား ပါပြီ ဘုရား)၊ ငါ့ဥစ္စာ မဟုတ်တာကော (ပါသွားပြီ ဘုရား)။ အဲ ဖြစ်ပျက် မြင်လိုက်ကတည်းက ပါသွားပြီ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်တစ်လုံးဟာ ဦးအောင်ဇံဝေ ဘယ် လောက် အရေးကြီးသတုံး (ကြီးပါတယ် ဘု ရား)၊ သောတာပန် အလုပ်တဲ့ (မှန်ပါ့ ဘုရား)၊ အကျွန်ုပ်တို့ အယူဟာ ဒါပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒါနဲ့ တိတ္တိတွေက နားမှ မလည်ပဲ ကိုးဗျ၊ စကားတုန့် ပြန်တာပေါ့ (မှန်ပါ့ ဘုရား)၊ ခင်ဗျားလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တကို တဏှာ၊ ဥပါဒါန်နဲ့ စွဲနေတာပဲတဲ့၊ သူတို့က ဒီလို ချေလိုက်တယ် (မှန်ပါ့)။

မစွဲဘူးတဲ့၊ အကျွန်ုပ် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ် ဘူးယူထားတာ (မှန်ပါ့)၊ ငါ့ကိုယ် မဟုတ်ဘူးဆိုတော့ တဏှာပါသေးရဲ့ လား (မပါ, ပါ ဘုရား)၊ ငါ့ဥစ္စာ မဟုတ် ဘူးဆိုတော့ကော (မပါ, ပါ ဘုရား)၊ ငါမဟုတ်ဆိုတော့ကော (မပါ, ပါ ဘုရား)၊ မပါ, ပါဘူးတဲ့၊ တပည့်တော် အထဲမှာ မပါ, ပါဘူးတဲ့၊ သူတို့က မတတ်လို့ ပြောတာကိုးဗျ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သူတို့က ပြန်ပြီး ဒကာကြီးလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဥစ္စာ လုပ်နေတာပဲတဲ့၊ သူတို့ ခုနက ပြောထားတာကို ဦးမြရဲ့ (မှန်ပါ့)၊ ဒါကြောင့် သူတို့ လက်စားချေတာ (မှန်ပါ ဘုရား)။

အရှင်တိတ္တိတို့ဟာတဲ့ ဒီသင်္ခါရတရားတွေ၊ ဖြစ်ပျက် တရားတွေကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ လုပ်နေတဲ့အတွက် အရှင်တတ္ထိတို့ ဒိဋ္ဌိဖြစ်နေတာတဲ့၊ ဒါ သူတို့ကို အနာထပိဏ် သူဌေးက ပြောထားပြီးပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အနိစ္စတရားကို သူတို့က ခိုင်တယ်၊ မြဲတယ် ယူတော့ ငါ့ကိုယ်ငါ့ဟာ ယူမနေဘူးလား (ယူပါတယ် ဘုရား)။

တရားမှာမှားတာ

အဲဒါ အရှင်တိတ္ထိတို့ အယူက တရားနာမှားတာနဲ့ ငါကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ အနိစ္စတရား၊ ဒုက္ခတရားတွေကို ယူထားတာလို့ အနာထပိဏ်သူဌေးက တိတ္တိတွေကို စွဲချက်တင် လိုက်ပြီ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့လည်း ဒါရှုဖြစ်အောင် ရှုပါ။ မရှုလို့ ရှိရင် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ ထင်ချင် ထင်ဦးမယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် မမြင်သေးတဲ့ ပုဂ္ဂိုလ် မောင်အောင်ချီတို့၊ မောင်မြင့်တို့ ဘယ့်နှယ်ထင်သတုံး (ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်ပါတယ် ဘုရား)။

ထင်မှာပဲ၊ ဒါ ငါ့ကိုယ်ကွ၊ ဒါ ငါ့ဟာကွ၊ ဒါ ငါ့ဥစ္စာကွ၊ ထင်, မထင် (ထင်ပါတယ် ဘုရား)၊ ထင်နေသေးသရွေ့ ကာလ ပတ်လုံးဖြင့် သူပြုတဲ့ဒါန၊ သူပြုတဲ့သီလ၊ သူပြုတဲ့ သမထ ဦးမြသွားပြီ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)၊ သုဂတိတော့ (ရောက်ပါတယ် ဘုရား)၊ နိဗ္ဗာန်တော့ (မရောက်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှေ့ထား၊ ဒါနနောက်ထား

ကောင်းပြီ၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ မနေ့ကပြောတဲ့ အတိုင်းပဲ ပြန်မှတ်လိုက်တာပေါ့၊ ဝိပဿနာရှေ့ထားပြီး ဒါန နောက်ထားရင် ခင်ဗျားတို့ မမှားဘူးနော် (မှန်ပါ့)၊ ဦးမြ (မမှားပါ ဘုရား)၊ နို့မဟုတ်ရင် (မှားပါတယ် ဘုရား)၊

မှားရမယ်ဆိုတဲ့ အဓိပ္ပာယ် (မှန်ပါ့)၊ မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာကလည်း ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်ရောက်မှ ရမှာ (မှန်ပါ့)၊ ဒီပြင်နေရာ ဉာဏ်ရောက် လို့တော့ ဦးမြ (မရပါ ဘုရား)၊ ခန္ဓာကိုယ်ပေါ် ဉာဏ်ရောက်မှ ခန္ဓာငါးပါးက ပြောမှ ဝိပဿနာ ဖြစ်မှာကိုး (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးက ကျုပ်ဟာ ခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးကို လည်း ခန္ဓာတော့ ငါးပါးပဲ၊ သို့သော် အနိစ္စခန္ဓာပါ၊ ဒုက္ခ ခန္ဓာပါ။ အနတ္တခန္ဓာပါလို့ သူကပြောမှ (မှန်ပါ့)၊ ကိုယ့်ဉာဏ်က လည်းယုံလိုက်ဦးမှ (မှန်ပါ့)၊ ရှင်းပါပလား (ရှင်းပါပြီ ဘုရား)၊ ခန္ဓာကပြော ကိုယ့်ဉာဏ်က ယုံမှသာလျှင် ဒိဋ္ဌိပြုတ် တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သနားလွန်းလို့ ပြောနေတာ

ခန္ဓာကပြော (ကိုယ့်ဉာဏ်က ယုံမှပါ)၊ ကိုယ့်ဉာဏ် က အဓိမောက္ခနဲ့ ဆုံးဖြတ်ချက်ချမှ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)၊ နို့မဟုတ်ရင် ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)။

အဲဒီတော့ ဒကာ၊ ဒကာမတွေအတွက်ဟာ အင်မတန် သနားလွန်းလို့ ပြောနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာဖြင့် ဦးအောင်ဇံဝေ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)၊ နို့မဟုတ် ရင် လုပ်သရွေ့ အမှားကို (မှန်ပါ ဘုရား)။

ခုနက ပြောခဲ့တယ်မဟုတ်လား၊ ကျောင်းဒကာ ဒိဋ္ဌိပါ ကွ၊ ကျောင်းအမ ဒိဋ္ဌိပါကွ၊ ဦးမြ မကြီးဘူးဆိုမလား၊ ကြီးသေး သလား (ကြီးပါတယ် ဘုရား)။

ဘယ်လှူတန်းနေတာ ဒိဋ္ဌိဟုတ်ရမတုံးတဲ့ (မှန် ပါ့)၊ အထဲမှာရှိတဲ့ ဒိဋ္ဌိကိုမှ မသိပဲ (မှန်ပါ့)၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ အထင်က ပျောက်တဲ့ လား (မပျောက်ပါ ဘုရား)၊ မပျောက်လို့ ရှိရင် ဒိဋ္ဌိပဲ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အနာထပိဏ်သူဌေးကြီးက ပြောပြန်တယ်၊ အရှင်တိတ္ထိတို့က အခု လက်စား ချေတယ် တဲ့၊ ဒကာကြီးလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တကို တဏှာနဲ့ စွဲနေ တာပဲ၊ ဥပါဒါန်နဲ့ စွဲနေတာပဲဆိုပြီး လက်စားချေတယ်၊ မဟုတ် ဘူးတဲ့၊ အကျွန်ုပ်တို့ ပြောတာ အရှင်တိတ္တိတို့ နားထောင်ကြဦး တဲ့။

အနိစ္စတရား ဒုက္ခရောက်သွားတယ်

တစ်ခုသော ဝေဒနာလေးဖြစ်တယ်၊ ခန္ဓာငါးပါးထဲက တစ်ပါးပါးပေါ့ကွာ၊ မင်းတို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ အဲဒါကလေးဟာ အနိစ္စတရား၊ ဒီအနိစ္စတရားကလေးဟာ ပျောက်ပျက် သွားတော့ ဒုက္ခရောက်သွားတယ်လို့ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ ဒုက္ခရောက်သွားတဲ့ တရားဟာ ငါ့ကိုယ် မဟုတ်ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ငါဟာကော (မဟုတ်ပါ ဘုရား)၊ ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ငါ့ကိုယ်၊ ငါ့ဥစ္စာ၊ မဟုတ်ဘူးဆိုတဲ့ ဥစ္စာ အကျွန်ုပ်မှာ တဏှာ၊ မာန၊ ဒိဋ္ဌိ ကုန်နေတာတဲ့ ကုန်ပြီး ရှုတာတဲ့ (မှန်ပါ့ ဘုရား)။

ပျက်တဲ့တရားဟာ ငါ့ကိုယ့် ငါ့ဟာမဟုတ်

ဦးနေဖူး ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ပျက် တဲ့ တရားကလေးဟာ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ တပည့်တော် ယူပါတယ်တဲ့၊ အရှင်တိတ္ထိတို့ သေသေချာချာသာ မှတ်ကြပေတော့တဲ့၊ ဒီထက် ယထာဘူတကျတဲ့ တရား မရှိဘူး တဲ့ (မှန်ပါ့)၊ ဟောပြီ အနာထပိဏ် သူဌေးက (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးဟာ ဖြစ်ပြီး ပျက်တာပဲ၊ ပျက်တာလည်း ဒုက္ခပဲ၊ အဲဒီဒုက္ခတွေကို “နေတံမမ၊ နေသောဟမသ္မိံ၊ နမေသော အတ္တာ” ဆိုတဲ့ ငါ့ကိုယ့်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတဲ့ မြန်မာလို ပြန်လိုက်တာပေါ့ဗျာ (မှန်ပါ့ဘရား)။

ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ မြန်မာလိုပြန် လိုက်တဲ့ အဓိပ္ပာယ်မှတစ်ပါး အရှင်တိတ္ထိတို့ သေသေချာချာ မှတ် ဘာမှမရှိဘူး။ ဒါ ယထာဘူတအကျဆုံး၊ ဒီထက်လွန်ပြီး ရှုစရာ နိဗ္ဗာန်ရောက်ကြောင်း မရှိဘူးလို့ မှတ်လိုက် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီထက်လွန်ပြီးတော့ကို (နိဗ္ဗာန်ရောက်ကြောင်း မရှိပါ ဘုရား)၊ မရှိဘူးတဲ့၊ ဒါလမ်းဆုံးပဲတဲ့၊ ဒါယထာဘူတအကျ ဆုံးဆိုတာ သောတာပန်က ပြောတာ (မှန်ပါ့ ဘုရား)။

ဒကာ၊ ဒကာမတို့ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်က ပြောတာလား မတည်သေးတဲ့ ပုဂ္ဂိုလ်က ပြောတာလား (တည်ပြီးသားပုဂ္ဂိုလ်ကပြောတာပါ ဘုရား)၊ ဒါဖြင့် သူများပြောလား ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား)။

ဒါနဲ့ပဲ တိတ္ထိတွေလည်း အကုန်ကြံမှိုင် တွေးဆပြီး ဘယ့်နှယ်မှ အဖြေမထုတ်နိုင်တော့ဘူး၊ ဒါနဲ့ အနာထပိဏ် သူဌေးကြီးကလည်း ဘုရားကျိန်းစက်ရာက နိုးချိန်ရောက်ပါပြီ ဆိုပြီး ထ, သွားတယ်၊ ထ, သွားပြီး သကာလ ဘုရားနဲ့ တွေ့တဲ့ အခါကျတော့ ဒကာကြီး ဘယ်က လာသတုံး၊ ဒီကိုလာတာ စောသေးတာနဲ့ ဘုရား၊ တိတ္ထိကျောင်း ခဏဝင်နေခဲ့ရပါတယ်၊ ဘာတွေများ ပြောဆိုရသတုံး၊ ဘုရားကတော့ သိပြီပေါ့လေ (မှန်ပါ့ ဘုရား)။

တိတ္ထိတွေနဲ့ ဘုရား ပြောရပါတယ်။ သူတို့ယူတာတွေ က သဿတ၊ ဥစ္ဆေဒ၊ ဧကသစ္စသဿတ၊ အမရာဝိက္ခေပဆိုတဲ့ လေးမျိုးဒိဋ္ဌိချည်းပဲ ယူထားတာဘုရား (မှန်ပါ့ ဘုရား)။

အဲဒါနဲ့ အရှင်တိတ္ထိတို့ အယူတွေဟာ နှလုံးသွင်းမှား လို့ တရားနာမှားလို့ ဤနှစ်ခုကြောင့် ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ခန္ဓာကိုယ်ကို အရှင်တိတ္ထိတို့ က တဏှာ၊ ဥပါဒါန်နဲ့ စွဲလမ်းနေခြင်းကြောင့် မှားပါတယ်လို့ ပြောလို့ သူတို့ မှိုင်ပြီး ကျန်ရစ်ကြတယ်ဘုရား။

ဘုရားက သာဓု၊ သာဓု ခေါ်တော်မူတယ်၊ အသက် ခြောက်ဆယ်၊ ခုနှစ်ဆယ်ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ဟုတ်သော နည်းလမ်းနဲ့ အယူမဖြောင့်သေးတဲ့ ပုဂ္ဂိုလ်များ ဖြောင့်ပေးဖို့ရာ ငါတိုက်တွန်းတယ်ကွာတဲ့ ဘုရားက (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အသက် ဘယ်လောက်ကြီးကြီး ကိုယ်တတ်တဲ့ပညာနဲ့ အယူမှန်ကလေးရဖို့ရာ ငါတိုက်တွန်း တယ်တဲ့၊ ဒီလိုမှမကိုက် တွန်းလို့ရှိရင်ဖြင့် ခုနကပြောတဲ့ ကျောင်းဒကာ မိစ္ဆာဒိဋ္ဌိ ကျောင်းအစ်မ မိစ္ဆာဒိဋ္ဌိ ဒါတွေဖြစ်တော့မှပဲတဲ့၊ မဖြစ်ပေဘူး လား (ဖြစ်ပါတယ် ဘုရား)၊ ဘယ်လောက်များ ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)

အို တချို့ ဘုန်းကြီးများကျတော့ ဦးအောင်ဇံဝေ တို့ ဦးမြတို့ အကုန်တွေ့ ရတာပေါ့၊ ဝမ်းသာလိုက်တာ ဘုရား၊ တပည့်တော် ဒီအထုပ်ကြီး ထုတ်လိုက်ရတော့တဲ့၊ အံမာ သေသေချာချာ ပြောတာ မောင်နိုင် (မှန်ပါ့)။

ဒီအထုပ်ကြီး ထုတ်လိုက်ရတာ တပည့်တော်ဖြင့် ဝမ်း သာလိုက်တာ တပည့်တော်ဖြင့် သွားလေရာ မပူတော့ဘူး တဲ့။

အင်း သဿတဒိဋ္ဌိကသွားပြီ သွားလေရာရာ တဲ့။ မသွားဘူးလား သွားသလား (သွားပါတယ် ဘုရား)၊ သွားရင် ဘာဒိဋ္ဌိတုံး (သဿတဒိဋ္ဌိပါ ဘုရား)။

အခုမှ ရင်အေးသွားပေတော့တယ် တဲ့၊ ဒိဋ္ဌိ ရောက်မှ အေးတာကိုး (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာလာမှ အေးတာတုံး (ဒိဋ္ဌိလာမှ အေးတာပါ ဘုရား) အင်း သူကတော့ ဒိဋ္ဌိရောက်မှန်း မသိရှာဘူး။ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဖြုတ်ဖြစ်အောင်ဖြုတ်ပေးကြပါ

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကကွာ တဲ့ အသက်ခြောက်ဆယ်ပင် ရှိငြားသော်လည်း တရားသော နည်း လမ်းနဲ့တော့ဖြင့် အယူကို ဖြောင့်ပေးဖို့ ဝတ္တရားဟာဖြင့် ငယ် တာ ကြီးတာ မရွေးကြနဲ့ ဖြောင့်ပေးကြပါ တဲ့။ သေသေ ချာချာ ဘုရားဟောတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါနဲ့ အနာထပိဏ်သူဌေးကြီးလည်း ပြန်သွားရော ရဟန်းတွေကို ဒါတွေခေါ်ဟောတာပဲ၊ ရဟန်းတို့ အသက် ခြောက်ဆယ် ခုနှစ်ဆယ် ရှိချင်ရှိပါစေ၊ တရားသောနည်းနဲ့ မှန်ကန်သော နည်းနဲ့ ဒိဋ္ဌိ ဖြုတ်တဲ့အရေးကို ဖြုတ်ဖြစ်အောင် ဖြုတ်ပေးကြပါ။

ဘုရားဒကာ ဒိဋ္ဌိဖြစ်မှာစိုးရိမ်လွန်းလို့

နို့ မဟုတ်လိုရှိရင် ကျောင်းဒကာဒိဋ္ဌိ ဘုရားဒကာ ဒိဋ္ဌိ ဒါတွေဖြစ်မှာ စိုးရိမ်လွန်းလို့ သေသေချာချာ ဖော်ဟောတာပဲ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါ -ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။