231

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောကြားဆုံးမခဲ့သော တရားတော်များမှာ အလွန် များပါသည်။ လက်လှမ်းမီသ၍ စာရင်းပြုစုထားရာတွင်ပင် ပုဒ်ရေ (၁၅၀၀) ကျော်ရှိကြောင်း တွေ့ရပါသည်။

၁၉၅၄ ခုနှစ်မှ တိတ်ခွေကြီးများပေါ်၍ အသံတော်သွင်း ယူထားနိုင်ရာ၊ (၁၈. ၃. ၅၄) နေ့တွင် ဟောကြားသော ဤတရားတော်သည် အစောဆုံးတရားတော် တစ်ပုဒ်ဖြစ်ပါသည်။

ဤတရားတော်တွင် ဘုရားလက်ထက်က စ၍ လူတိုင်း သိချင်သော ‘‘သတ္တဝါ ဘယ်ကစသလဲ?’’ ဆိုသော မေးခွန်းကို မိုးကုတ်ဆရာတော်ဘုရားကြီးက မြတ်စွာဘုရား ကိုယ်တော်တိုင် ဖြေကြားခဲ့သည့်အတိုင်း ဖြေဆိုတော်မူထားပါသည်။

ဤတရားတော်တွင် ဘုရားလောင်း သုမေဓာရသေ့ ဘဝက စပြီး အို နာ သေ လွတ်ရေးကို ရှာခဲ့ပုံကို ဟောတော်မူ ထားပါသည်။

ဤတရားတော်တွင် နိဗ္ဗာန်သွားမည့် မဂ္ဂင်လမ်းမတော် ကြီးကို အသေအချာ ရှင်းပြထားပြီး ဒီလမ်းပေါ်တွင် သွားတတ်အောင်၊ လျှောက်တတ်အောင် သင်ပေးထားသဖြင့် ယောဂီများ အတွက် ကျေးဇူးများမှာ အမှန်ပင်ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇) ပါး ကိန်းနိုင်ကြပါစေ။

၂၂-၁၁-၂၀၀၂

အလုပ်အမှုဆောင်အဖွဲ့။

——

ဟောဟိုကနိဗ္ဗာန်ကို ဟောဒီမဂ္ဂင်လမ်းကသွားပါ

အသံဖိုင်ခေါင်းစဉ်= သတ္တဝါတို့၏လာခဲ့ရာလမ်းကိုပြ၍ နိဗ္ဗာန်လမ်းသို့ညွှန်ပြပုံ

စာအုပ်ခေါင်းစဉ်= ဟောဟိုကနိဗ္ဗာန်ကို ဟောဒီမဂ္ဂင်လမ်းကသွားပါ

မှတ်ချက်။ အသံမကြည်ပါ။ ပါဠိစာလုံးပေါင်းတချို့ပြင်ရန်ရှိသည်။ မူရင်းပါဠိတော်ကို ဆဋ္ဌမူနှင့်အညီပြင်ပေးထားပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသောတရားတော်

ဟောဟိုကနိဗ္ဗာန်ကို ဟောဒီမဂ္ဂင်လမ်းကသွားပါ

(၁၈-၃-၅၄)

‘‘အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာကောဋိ န ပညာယတိ၊ အဝိဇ္ဇာနီဝရဏာနံ တဏှာသံယောဇနာနံ သတ္တာနံ သန္ဓာဝတံ သံသရတံ။’’

လို့အနမတဂ္ဂ သံယုတ်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောတယ်။

ရဟန်းတွေက မေးကြတယ်၊ အရှင်ဘုရားတဲ့ သတ္တဝါ တွေဟာ ဘယ်က စပြီး သကာလ ဘယ်လို ဖြစ်ခဲ့ကြလို့၊ ယခုတိုင်ပဲ ရှိပြီး သကာလ နေကြပါသလဲလို့ ရဟန်းတွေကမေးတော့ သတ္တဝါ အစ ပြောဖို့ အရေးဟာဖြင့်၊ အင်မတန်မှ ခဲယဉ်းတဲ့အရေးပဲ တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေကြားတယ် (တင်ပါ့)။

သတ္တဝါအစကိုပြောရရင်

သတ္တဝါအစကို ပြောဖို့အရေးဟာဖြင့် အလွန်ခဲယဉ်းတဲ့ အရေးပဲလို့ ပြောပြတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်။

အဲဒါကြောင့် သတ္တဝါအစကို ငါဘုရားသခင်ကိုယ်တော် မြတ်ကြီးသည်၊ ဘုရားဖြစ်တဲ့နေ့ကစပြီး ဒကာစိန်၏ ဖြစ်စဉ်ကို နောက်ဆုတ်ပြီး ပြောခဲ့သည်ရှိသော် ဆုံးနိုင်ရန်မရှိဘူး (မှန်လှပါ ဘုရား)။

နောက်ဆုတ်ပြီးတော့၊ ဒီဘက်ဘဝကဘာဖြစ်ခဲ့တယ်၊ ဟိုဘက်ဘဝက ဘာဖြစ်ခဲ့တယ် ဟိုဘက်ဘဝက ဘာဖြစ်ခဲ့တယ် ဆိုတာ ဘုရားဖြစ်တဲ့နေ့ကစပြောရင်၊ သတ္တဝါတစ်ယောက်၏ အဆုံးဟာ ကုန်လိမ့်မယ် မဟုတ်ဘူး (တင်ပါ့)။

သံသရာအင်မတန်ရှည်တယ်

အင်မတန်သံသရာရှည်တယ် ဆိုတာ ပေါ်လာကြပလား -(ပေါ်ပါပြီ ဘုရား) အဲဒီတော့ ဘယ်လောက် ထိအောင် ရှည်မယ် ဆိုတာတော့ဖြင့် ငါဥပမာပဲ ပြလို့ရှိရင်ဖြင့် မင်းတို့ဥပမာနဲ့ နှိုင်းချိန်ပြီး သကာလ သိကြပေတော့ (တင်ပါ့)။

ဥပမာသာ ငါပြမယ်၊ အရှေ့တစ်ယူဇနာ၊ တောင်တစ် ယူဇနာ၊ အနောက်တစ်ယူဇနာ၊ မြောက်တစ်ယူဇနာ၊ လေးထောင့်တိုင်ကြီးပေါ့ဗျာ၊ မြေကြီးထဲမှာလည်း တစ်ယူဇနာမြှုပ် တယ်၊ အပေါ်မှာလည်း တစ်ယူဇနာကျောက်တောင်လောက် ရှည်တယ်ပေါ့ဗျာ။

ကျောက်တောင်ကြီးဥပမာ

အဲဒီလောက်ရှိတဲ့ ကျောက်တောင်ကြီးအထဲမှာ အခေါင်း မပါစေနဲ့ဟေ့ (မှန်ပါ့ ဘုရား)၊ အခေါင်း မပါစေနဲ့ တဲ့နော် (တင်ပါ့)၊ ကျောက်တောင်ကြီးဟာ အင်မတန်ပဲ တစ်ယူဇနာ ပတ်လည်ကြီးဆိုတော့ အလွန်မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

မြေကြီးထဲ မြှုပ်ထားတာက တစ်ယူဇနာ မြေပေါ်ပေါ်နေ တာက (တစ်ယူဇနာပါ ဘုရား)၊ လေးထောင့် ပတ်လည်ကြီး ကကော တစ်ဘက် တစ်ယူဇနာဆိုတော့ (တင်ပါ့)၊ အဲဒီ ကျောက်တောင်ကြီး ကိုကွာတဲ့၊ အနှစ်တစ်ရာ တစ်ရာကြာမှ အင်မတန် နုလှစွာတဲ့ ကာသိက ရာဇ်တိုင်းက ဖြစ်တဲ့ ကတ္တီပါနဲ အနှစ်တစ်ရာ တစ်ရာမှ တစ်ကြိမ် တစ်ကြိမ် သုတ်ပြီးချထား

ကျောက်တောင်ကြီးသာကုန်ချင်ကုန်မယ်

အဲဒါကြီးသာ ကုန်တန်ရင်ကုန်ရမယ်၊ ဒါ မင်းတို့ အစ သံသရာကြီးကဖြင့် မဆုံးသေးဘူး၊ ဒီတိုင်ကြီး အနှစ်တစ်ရာမှ တစ်ကြိမ်ပွတ်၊ ဒီတိုင်ကြီးသာ ကုန်ဖို့ရာ အကြောင်းရှိတယ်။ သတ္တဝါတွေ အစနေရ၊ ကြုံတွေ့ရတဲ့ ဘဝတွေဟာ မဆုံးတော့ ဘူး။

ဒကာ ဒကာမတွေ ဘယ်လောက်ကြာခဲ့ပြီဆိုတာတော့ မပြောနိုင်တော့ဘူးတဲ့ ဘုရားက၊ အဲဒီ ဥပမာနဲ့သာ မှတ်ပေတော့ (တင်ပါ့)။

ဒီကျောက်တောင်ကြီး ဒါလောက်မြင့်လှတဲ့အထဲမှာ အနှစ်တစ်ရာမှ တစ်ကြိမ် ပွတ်ပါ၊ အဲဒါ ကုန်နိုင်စရာ များရှိရဲ့လား (မရှိပါ ဘုရား)။

ကုန်နိုင်စရာ မရှိအောင်လည်း သူက ခိုင်ခန့်နေတဲ့ ကျောက်တောင်ကြီး၊ အဲ့ဒါကြီး ကုန်မယ် ဆိုလို့ရှိရင်တော့ ကုန်နိုင် စရာရှိသေးတယ်ကွတဲ့။

မင်းတို့ဘဝအဆုံးကိုမပြောနိုင်ဘူး

မင်းတို့သည် အိုခဲ့၊ နာခဲ့၊ သေခဲ့ရတဲ့ ဘဝတွေကဖြင့် ငါ အဆုံးမပြောနိုင်ဘူးတဲ့၊ ဘယ်လောက် တောင်ရှည်သတုံး (မှန် လှပါ ဘုရား)၊ ဒကာ ဒကာမတွေက ရှည်ပုံတော့ဖြင့် နားလည် ကြပလား (တင်ပါ့)။

ဒီအထဲရောက်နေပြီး သကာလ နောက်ထပ်များ ရှည်ဖို့ အရေးကိုဖြင့် မတွေးကြပါနဲ့တော့ ဆိုတာကို ဘုန်းကြီးက မေတ္တာ ရပ်ပါတယ် (မှန်ပါ့)၊ နောက်ထပ်ရှည်ဖို့အရေဖြင့် ဒကာစိန်ရေ မလုပ်ပါနဲ့တော့ (မှန်လှပါ ဘုရား)။

ဘာကြောင့်တုံးဆိုတော့ နောက်ကရှည်ခဲ့ရတာတော့ မပျော်မွေ့ခဲ့တာတွေက အင်မတန် များတယ် (များပါတယ် ဘုရား)။

ခုနကကျောက်တောင်ကြီးက ဒကာစိန် ကုန်နိုင်စရာမြင် သေးသလား (မမြင်ပါ ဘုရား)၊ နုလှစွာတဲ့ အဝတ်နဲ့ ပွတ်လိုက် တယ်ဆိုရင် နုလှစွာတဲ့အဝတ်နဲ့ပွတ်လို့ရှိရင် အနှစ်တစ်ရာမှလည်း တစ်ကြိမ် ပွတ်တယ်။

အနှစ်တစ်ရာရှိတော့ တစ်ကြိမ်ပွတ်လိုက်၊ အနှစ်တစ်ရာ ရှိတော့ တစ်ကြိမ်ပွတ်လိုက်၊ ကုန်ပါ့မလား (မကုန်နိုင်ပါဘူး ဘုရား)။

နောက်ကဟာတွေဟောလို့မကုန်နိုင်

မာလိုက်တဲ့ကျောက်တောင်၊ ကြီးလိုက်တဲ့ကျောက် တောင်၊ အတွင်းမှာ အခေါင်းမပါတဲ့ ကျောက်တောင်။ ဒါကြီး အနှစ်တစ်ရာမှ တစ်ကြိမ်ပွတ်တယ် ဆိုတော့ ကုန်နိုင်စရာများရှိ သေးရဲ့လား (မရှိပါဘူး ဘုရား)။

အဲ မင်းတို့လည်း နောက်တုန်းက နေခဲ့ရတာ၊ အိုနာ သေခဲ့၊ အိုနာသေခဲ့၊ အိုနာသေခဲ့တွေနဲ့ နေခဲ့ရတာဟာ၊ အဲဒီ ကျောက်တိုင်ကြီးကုန်ရင် ကုန်မှာတဲ့၊ နောက်ကဟာတွေ ငါဟော လို့မကုန် နိုင်ဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်လောက်များကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)၊ အဲ သံသရာရှည် လျားခဲ့တယ်ဆိုတာလည်း ဒကာ ဒကာမတွေပြောဖို့မလိုတော့ ဘူး၊ ဘုရားက ညည်းရင်း ကြည့်ပြီး ပြောလိုက်တယ်။

မုန်းကြပါတော့ ဇာတ်သိမ်းကြပါတော့

အဲဒီတော့ ညည်းရစ်ကြပါတော့၊ မုန်းကြပါတော့ ရွံ့ကြ ပါတော့၊ ဇာတ်သိမ်းကြ ပါတော့လို့ ဆိုတာ ဆရာဘုန်းကြီးကပြော တယ် (မှန်ပါ့)၊ အညည်းကြီး ညည်းဖို့ မကောင်းသေးဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါကြီးဖြစ်ခဲ့တာမျိုး ကိုလည်း ရွံစရာ၊ တွေးတိုင်း တွေး တိုင်းလည်း ရွံ့စရာပဲပေါ် ဖို့ကောင်း တယ်၊ အဲတော့ ဘယ်လောက် ရှည်ခဲ့ရတယ် ဆိုတာကြီး၊ ယခု စခန်းသတ်နိုင်တဲ့ဘဝ ဆရာကောင်း သမားကောင်း ကြုံလို့၊ ကာလ ဒေသကောင်းကြုံလို့။ ကိုယ်ချမ်းသာကြီးနဲ့ ကြုံတဲ့နေရာမှာ စခန်းသာ သတ်လိုက်ကြပါတော့၊ နောက် ငိုပွဲတွေ၊ ယိုပွဲတွေ မရှည်ကြပါနဲ့တော့ဆိုတာ ပြောရတယ် (မှန်ပါ့ စခန်းသတ် ပါတော့မယ် ဘုရား)။

စခန်းသတ်ကြစမ်းပါ

စခန်းသတ်စမ်းပါ၊ သတ်စမ်းပါဟေ့၊ စခန်းသတ်ကြပါ တော့ ဆိုတာ အသေအချာ ပြောပြီ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ စခန်းသတ်ဖို့ အချိန်ကော မရောက်သေးဘူးလား (ရောက် ပါပြီ ဘုရား)၊ နောက်ထပ်များ ဒကာ ဒကာမတွေ ပတ်ချင်သေးသလား (မပတ်ချင်တော့ပါ ဘုရား)။

နောက်ထပ် လှည့်ပတ်ချင်သေးလို့ ရှိရင်တောင်မှပဲ ပျင်းစရာမကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား)၊ အေး အဲဒီလောက် ဆိုတော့ သံသရာကြီးထဲမှာ ဆိုတော့ ဪ ဒါဘယ်ကို ရောက်နေသလဲလို့ မေးလို့ရှိရင် ဘယ်လိုမှ မမေးနဲ့တော့ ဒကာ ဒကာမတို့၊ အိုနာသေခဲ့ရတာချည်းပဲ လို့သာ ဆုံးဖြတ်ချက် ချလိုက်ပါတော့ (မှန်လှပါ ဘုရား)။

နောက်တုန်းကဘယ်လိုနေခဲ့ရသတုံး

နောက်တုန်းက ဘယ်လိုနေခဲ့ရသတုံးလို့ မေးရင်လည်း အိုနာသေ မျက်ရည်နဲ့ ပွဲဆင်ခဲ့ရတာ ချည်းပဲ၊ မဟုတ်ဘူးလား။ အဲဒါနဲ့ ရှာကြည့်လိုက်တဲ့ အခါကျတော့မှ ဘုရားတပည့်တော်တို့ အမေ့ နို့ရည်တွေ စို့ခဲ့ရတာ၊ သမုဒ္ဒရာရေ လေးစင်းလောက် တောင်မကဘူး။

ဒီလိုသေလို့ ငိုခဲ့ရတာလည်း သမုဒ္ဒရာရေ လေးစင်းထက် တောင် မကဘူးဆိုတာ အဲဒီက လာတာတွေ၊ အနမတဂ္ဂ သံယုတ် က လာတာတွေ။

ဘုန်းကြီးပေးတဲ့နည်း

အဲဒါကြောင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ၊ ဆရာ ဘုန်းကြီးပေးတဲ့နည်းဟာ၊ တစ်ခါတည်း ဇာတ်သိမ်းငြိမ်းတဲ့ တရား ဖြစ်ပြီးနေ သောကြောင့်၊ အရှည်မသွားဘဲနဲ့၊ အင်း ဒီလမ်းက နေပြီ ဒီလမ်းကို ရှုပြီး သကာလ ၊ ဒီတဏှာနဲ့ ဒီအဝိဇ္ဇာ သတ်လိုက် လို့ရှိရင်ဖြင့် မိမိငိုပွဲတွေ ဇာတ်သိမ်း အိုပွဲတွေ ဇာတ်သိမ်းတဲ့ မွဲပွဲ၊ ကွဲပွဲတွေ ဇာတ်သိမ်းတော့မှာပဲ၊ ငြိမ်းရာပဲလိုက်ပါတော့မယ်ဟ (မှန်လှပါ ဘုရား)။

နောင်ရေးဖြင့် ပြန်ပြီး သကာလ တွေးကြည့်လေလေ၊ ကြောက်လေလေဖြစ်သောကြောင့် ရှေ့ရေးကိုဖြင့် ရှည်တဲ့အရေး ကိုဖြင့် မလိုက်တော့ပါဘူးလို့ဆိုပြီး သကာလ မြန်မြန်လုပ်လိုက် သဖြင့် မြန်မြန် ဇာတ်သိမ်းတော့ အေးချမ်းတဲ့ နိဗ္ဗာန်နေကြပါ (မှန်ပါ့)၊ ဒကာစိန် ဇာတ်သိမ်းရမယ်နော် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေတဲ့၊ ဘုန်းကြီးပြောတာ ဘုရားဟော ပါဠိတော်တွေနော်၊ ဘုရားဟော ပါဠိတော်တွေ ဖြစ်တော့၊ ခင်ဗျား တို့က ဒီဘဝမှာ လူတွေဖြစ်တော့ အပျက်ပဲ မှတ်နေတယ်။

ဒီနာမည်နဲ့ ငါးရာလောက်ဖြစ်ခဲ့ပြီ

အပျက်မဟုတ်ဘူး ဒကာ ဒကာမတွေ၊ ဒီလိုနာမည်နဲ့ ဒီလို ဒီလို သေခဲ့ရတဲ့ဘဝတွေ၊ အိုခဲ့ရတဲ့ ဘဝတွေ၊ မျက်ရည်ကျ ခဲ့ရတဲ့ဘဝတွေ၊ ဒီနာမည်နဲ့ကို ငါးရာလောက်ဖြစ်ခဲ့ရတယ်၊ နည်း သလား (မနည်းပါဘူး ဘုရား)။

အဲဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်း ကိုယ်ကောင်းကောင်း သိကြပလား (သိကြပါပြီ ဘုရား)။

အဲဒါနောက် နောက်ကနေခဲ့ရ၊ သေခဲ့ရတယ်ဆိုတာ ပြော နိုင်ကြပလား၊ အင်မတန် များတယ် လို့သာ ပြောနိုင်ကြ တော့ (မှန်ပါ့ ဘုရား)၊ အဲဒါဖြင့် နောက်ထပ်များချင်သေး သလားလို့ (မများချင်တော့ပါ ဘုရား)၊ များချင်စရာလည်း မရှိတော့ပါဘူး (မရှိတော့ပါ ဘုရား)။

မီးခိုးမဆုံး မိုးမဆုံး

နောက်ဘဝ လာမယ်ဆိုရင် ဒီလိုနေကြလို့ ဒီလိုအိမ် ထောင်ကျကြလို့ ဒီလိုသားတွေ သမီးတွေ၊ ဒီလိုဆွေတွေ မျိုးတွေ၊ အိုပါစေ၊ မွဲပါစေ၊ မဆုံးနိုင်အောင် မီးခိုးမဆုံး မိုးမဆုံးသွားပြီး နေတာ ကြည့်ရင်လည်း လန့်စရာ ကောင်းလိုက်တဲ့ ဖြစ်ခြင်း ဆိုတာ ဉာဏ်နဲ့ တွေးကြစမ်းပါ။

ဒီဘဝသာသနာနဲ့ ကြုံလို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့မှ ကိလေသာအယုတ်တမာတရားတွေကို မဂ်ဉာဏ် ဖိုလ်ဉာဏ် တည်းဟူသော တရားတွေနဲ့မှ ဖြတ်ထားခြင်းအလုပ်ကို မလုပ် လိုက်သည်ရှိသော် ဒကာ ဒကာမတို့ နောက်နောင်တွေမှာလည်း သမုဒ္ဒရာ ရေလေးစင်းမက ငိုပွဲဆင်ကြရဦးမယ်၊ ကောင်းနိုင်စရာ မြင်သေးရဲ့ လား (မြင်ပါ ဘုရား)။

အင်း ဒါက ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အေး ဒါကြောင့် သတ္တဝါတွေ မနေရစ်ကြပါနဲ့၊ စားတာသောက်တာ၊ ပြင်ဆင်တာ၊ ရောင်းတာ ဝယ်တာနဲ့၊ သားရေး သမီးရေး စီးပွားရေးအလုပ်နဲ့ အချိန်ကုန်ပြီး သကာလ သေပွဲကြီး နွှဲကြဦးမလို့ နေကြတာလားလို့ ဘုန်းကြီးက မေးသင့်တယ် (တင်ပါ့)။

သေပွဲကြီးမဲကြဦးမလို့နေတာလား

သေပွဲကြီး နွှဲကြဦးမလို့ ပေါ့ပေါ့နေတာလားလို့ မေးဖို့ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ မျက်ရည်ကြီး ငယ်ကျတဲ့ ပွဲကြီးကို နောင်တဖန်နွှဲချင်သေးလို့၊ ဒီလိုနေကြတာ လားလို့ မေးဖို့ကော (ကောင်းပါတယ် ဘုရား)၊ ဒကာစိန် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အနမတဂ္ဂသံယုတ်တော် ကြီးမှာနော်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အင်မတန်မှ ကြောက်စရာကောင်းလို့ ဒကာစိန် (တင်ပါ့)၊ တောင်ကြီးဟာ ကုန်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒါမကပါဘူးတဲ့ မင်းတို့ အိုခဲ့၊ နာခဲ့၊ သေခဲ့ရတာ (မှန်ပါ့ ဘုရား)။

အထည်အဖြစ်နဲ့ သတ္တဝါအစမမြင်နိုင်

အဲဒီတော့ ဘယ်မှာ အဆုံးကိစ္စကို မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အဲဒီတော့ မင်းတို့ ပုဂ္ဂိုလ်သတ္တဝါ အထည် အဖြစ် နဲ့ဖြင့် အဆုံးအစလိုက်ကြည့်မယ်ဆိုရင် ငါဘုရားသည်၊ မမြင်နိုင် အောင်ပဲ ရှည်လျားပြီး နေတယ်၊ တွေးခြင်းကြောင့်လည်း ကျေးဇူး မရှိတော့ဘူးကွတဲ့။

အဝိဇ္ဇာနှင့် တဏှာကစတယ်

အဲဒီတော့ မင်းတို့အစကို ကာမနယ်ကနေ ပြရလို့ရှိရင် ဖြင့် အဝိဇ္ဇာနဲ့တဏှာပဲ (မှန်ပါ့)၊ သူမသေ သ၍ သွားမှာပဲတဲ့၊ အမယ်လေး သွားမှာပဲတဲ့၊ သူသေရင်ဖြင့် (မသွားတော့ပါ ဘုရား)။

အေး နောက်တုန်းက ခန္ဓာတွေ တည်ထောင်ပြီး အိုပွဲ နာပွဲတွေ ဆင်ခဲ့ရတာ မပြီးသေး၊ ဒီအတိုင်းချည့် ကြည့်နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ငါ့အိုပွဲ နာပွဲ သေပွဲတွေဟာလည်း ကိုယ်ကိုယ်တိုင် ခံခဲ့ရတဲ့ပွဲတွေ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ လက်သည်အနီးကပ်က ဖြင့် ဒကာ ဒကာမတို့ မမိသေးဘူး၊ အင်း သတ္တဝါ အိုပွဲ နာပွဲ သေပွဲ နွှဲအောင်လုပ်လေသမျှ အဝိဇ္ဇာ၊ တဏှာက ဆိုတာကော ပေါ်လာ ကြပလား (ပေါ်လာပါပြီ ဘုရား)။

ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်

အေး အဝိဇ္ဇာ တဏှာကဆိုတာ ဒကာ ဒကာမတို့ ရှင်းကြပါတော့ (မှန်ပါ့)။ ယခုဘဝမှာလည်း ခင်ဗျားတို့ မရခင် ကလည်း မသက်သာပါဘူး၊ သူများ အလိုလိုက်ပြီး၊ သူများ အကြိုက်နဲ့နေခဲ့ရတယ်၊ ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း သားတွေ သမီးတွေ ခင်ပွန်းမတွေ အတွက် စိတ်ချမ်းသာပါ စေတော့ လို့ဆိုပြီး အစားလျှော့၊ အဝတ်လျှော့၊ အပြောအဆို သည်းခံပြီး သကာလ အောက်ကျ နောက်ကျ နေခဲ့ရတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ထားခဲ့ရတယ်၊ ပြောချင်တာလည်း မပြောရ၊ ဆိုချင်တာလည်း မဆိုရ၊ ကိုယ့်စိတ်တိုင်းကျ မနေရဆို တာတွေ ယောက်ျားလုပ်တဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခမျိုးစုံ အကုန်လုပ်တယ်။

မိန်းမလုပ်တဲ့ပုဂ္ဂိုလ်

မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ဒီယောက်ျားနဲ့ သူ စိတ်ကျေ နပ်လောက်အောင် ဆိုပြီး ဆွေတွေ မျိုးတွေ အကုန်ငဲ့စောင်းပြီး မျိုသိပ်ရတာနဲ့ပဲ ကိုယ်မှာတစ်ခါတည်း အကုန် မျိုသိပ်ပြီး သကာလ ဒုက္ခမျိုးစုံဟာ ဟေ့- တစ်ယောက်တည်းပဲ ခံပါတော့မယ်၊ သူတို့ မသိစေတော့ပါဘူး (မှန်ပါ့)။

ဆိုပြီး သကာလ ဒကာ ဒကာမတို့ မျိုသိပ်ပြီး သကာလ နေရတာ ဒါကိုဖြင့်လည်း ရှိပါစေတော့၊ ဟိုဟာကိုဖြင့်လည်း ရှိပါ စေတော့၊ သားနှိပ်စက်လည်း ရှိပါစေတော့၊ သမီးနှိပ်စက်လည်း ရှိပါစေတော့၊ ညီမနှိပ်စက်လည်း ရှိပါစေတော့ ဆိုပြီး သကာလ ဒုက္ခမျိုးစုံ ရှိပါစေတော့ဆိုတဲ့ ခန္ဓာကိုယ်ကြီးနဲ့ လိုင်စင် ယူပြီး ခံထားတာ။

ဒီလောက်တောင် ခင်ဗျားတို့ဖြစ်စဉ်ကဖြင့် မဆိုးလားဗျာ (ဆိုးပါတယ် ဘုရား)၊ ကဲ ဒကာ ဒကာမတို့ နေရကာဖြင့် ချမ်းသာတာများ ပါကြရဲ့လား (မပါပါ ဘုရား)။

အနာခံတဲ့ဘက်ကနေတယ်

သားရေး သမီးရေးတွေနဲ့ ရောင့်ရဲလွယ်တယ်ဟေ့၊ သူက သာ အနာခံမယ်၊ မိန်းမလုပ်တဲ့ လူကလည်း အနာခံတဲ့ဘက်က ချည့် မနေဘူးလား (နေပါတယ် ဘုရား)။

ခင်ပွန်းကလာပြန်တော့ကော (အနာခံတဲ့ဘက်က ချည်းပါ ဘုရား)၊ အေး- သူတို့သာ စိတ်ချမ်းသာ ပါစေ၊ တို့ကတော့ ဘယ်လိုပဲ ဝတ်ရ ဝတ်ရ၊ ဘယ်လို စားရ စားရ၊ ပြောသာပြော ရတယ် အတွင်းက ထွက်လာတယ်၊ ရှိပါစေတော့ဆိုတာလည်း ပါရဲ့ (တင်ပါ့)။

အကုန်တစ်ခါတည်း၊ ဒုက္ခမျိုးစုံဟူသ၍ သူသာလျှင် သိမ်းယူမယ် သိမ်းခံမယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်သန္တာန်မှာ ရနေ – တယ်၊ အဲဒီဒုက္ခမျိုးစုံဆိုတာ ဒကာတွေမှာလည်း အကုန်ရ၊ ဒကာမတွေမှာ လည်း (အကုန်ရပါတယ် ဘုရား)။

ဒုက္ခပင်လယ်ဝေခဲ့ရ

အကုန်ရပြီး သကာလ ထားတော့ ဒီအထဲကနေပြီး ခင်ဗျားတို့ ဒုက္ခပင်လယ်ဝေပြီး သကာလ ဘယ်လိုနေခဲ့ရသလဲ။ သူများအလိုလိုက်ပြီး ကိုယ့်အကြိုက်တစ်ခုမှမပါဘဲနဲ့ နေတဲ့အထဲ ကများ ပျော်သေးတယ်ဆိုတာက၊ ဟယ် ငြီးငွေ့ ရမှန်း မသိမှုတွေနဲ့ သာလျှင် ပျော်နေကြတယ် ဆိုတာ သေချာရောက်တယ်။ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ မတော်တော့ပါဘူး၊ ဇာတ်သိမ်း လိုက်ပါတော့၊ ဒီအတွင်းက လွတ်ကင်းအောင်ပဲ ကျင့်လိုက်ပါတော့လို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါ တယ် ဘုရား)။

ဒီဟာသည် ဒီအဝိဇ္ဇာ တဏှာမှ မပယ်လို့ရှိရင် နောက် ဘဝမှာလည်း ဟိုလိုသားနဲ့တွေ့ပြီး၊ ဟိုလို လုပ်ပြီး၊ ဟိုလူ့အကြိုက် ပဲမျိုးသိပ်တဲ့ အလုပ်ကြီးနဲ့ပဲ နေရဦးတော့မှာပဲ၊ အပျက်သဘော ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်မှာလည်း ကိုယ့်သဘောပါသေး ရဲ့ လား (မပါပါ ဘုရား)။ ဒီလို ဒီလို မျိုသိပ်ပြီး သကာလ ဒီလို ဆိုပြီး ဆင်းဆင်းရဲရဲနဲ့ ဘဝင်မကျဘဲနဲ့ကော ကိုယ်ပြောလို့မရ၊ ဒီလိုပဲ နေတယ် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ ကိုယ်တိုင်ပဲ မျိုသိပ်ပြီး တွေ့ထားတာ သိလျက်သားနဲ့ဖြင့် ဪ ဝဋ်မကျွတ် ချင်ဘူး ဆိုတာ အတော် ကြီးအံ့စရာကောင်းတယ် (မှန်ပါ့)၊ အတော်ကြီးအံ့စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဝဋ်ဆိုတဲ့အလုပ်ဟာ ကိလေသနော်၊ အင်း ကိလေသ ကျမှ ခင်တတ်လာခဲ့ရတယ်၊ ခင်တာနဲ့ပဲ သုံးတာ ဖြုန်းတာတွေ ကြည့်နေလိုက်ရတယ် (တင်ပါ့)။

ခင်လွန်းလို့ပေါ့

ခင်တာနဲ့ပဲ ကိုယ့်မှာတစ်ခါတည်း သူတို့ဝေဒနာကပ် တယ်ဆို ကိုယ်ဖိ ရင်ဖိလုပ်လိုက်ရတယ်၊ ခင်လွန်း လို့ပေါ့ဗျာ (တင်ပါ့)။

သားတွေကခင်၊ သမီးတွေကခင်၊ ဆွေတွေမျိုးတွေက ရော ခင်တာတွေရောက်တယ်၊ နည်းအမျိုးမျိုး ကြွေးတွေဆပ်နေ တာက သူကိုယ်က သည်းခံစိတ်၊ သည်းခံပြီးကြည့်တယ်၊ သည်း ခံပြီး လုပ်ပေးတယ်၊ သည်းခံပြီး ကျွေးမွေးတယ် (မှန်ပါ့)။

လာလိုက်ရတဲ့ဖြစ်ခြင်း၊ ဒုက္ခဝေဒနာမျိုးစုံက မသက်သာ လို့ ပြုံးပြီးခံနေရတဲ့ဥစ္စာတွေဟာ ဘဝတိုင်းမှာ ဆုံးသာဆုံးသွား တယ်၊ တစ်နေ့မှ မမြုံခဲ့ရတဲ့နေ့ပါသေးသလား (မပါပါ ဘုရား)။

ရှိပါစေတော့၊ သုံးပါစေတော့၊ ဖြုန်းပါစေတော့၊ သူက ချည်းပဲသွားပါစေတော့၊ ဒီလို ဒီလိုဖြစ် လာတော့ မတတ်နိုင်ဘူး။ ရှိပါစေတော့၊ ဒါနဲ့အချိန်ကုန်နေတာ ယောက်ျားလုပ်တဲ့လူက လည်း ဒါနဲ့ အချိန်ကုန်တာပဲ၊ မိန်းမလုပ်တဲ့လူကကော (ဒါနဲ့ အချိန်ကုန်ပါတယ် ဘုရား)။

ဒီအထဲကနေပြီး သကာလ နောက်တဖန်များ သံသရာ ရှည်ချင်တဲ့လူဟာ နောက်ဘဝ ရချင်သေးတယ် ဆိုရင် ဒုက္ခမျိုးစုံ ယူရစ်ချင်သေးလို့ပေါ့ဗျာ (တင်ပါ့)၊ ဒီအဓိပ္ပါယ်ပဲ မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)၊ ကိုထွန်းအောင်၊ ပေါ်ရဲ့လား (ပေါ်ပါတယ် ဘုရား)။

အရမတော်ကြောင်းပြောနေရတာ

ဒုက္ခချည်း ပြောနေတာ ဒကာ ဒကာမတို့ ခင်ဗျားတို့က အရတော်လှပြီဆိုတော့၊ အရ မတော် ကြောင်း ပြောနေတာ (မှန်လှပါ ဘုရား)၊ အရတော်တယ်ဆိုတာ ဒီအထဲမှာ ထုတ်ပြစမ်းပါ ဘယ်သူများ ပါသတုံး (မပါပါဘူး ဘုရား)။

သားကြောက်နေရတာနဲ့ သမီးကြောက်နေရတာနဲ့ ခင်ပွန်းကြောက်နေရတာနဲ့ (တင်ပါ့ ဘုရား)၊ ပြုံးကြောက် ကြောက်နေရတာနဲ့၊ မဲ့ကြောက ်ကြောက်နေရတာနဲ့ ဒီလိုမလာ ဘူလား (လာပါတယ် ဘုရား)။

တစ်ခါတလေ ကျတော့ မဲ့ပြီး သကာလ သူ သွားချင်တဲ့ လမ်း မသွားရဘူးလို့ မျက်ရည်တွေ ကျပြီး၊ မဲ့ပြီး ပြောရသေးတယ်၊ မတတ်နိုင်ဘူးပေါ့တဲ့၊ လွှတ်လိုက်ရမှာပဲ ဒီလိုကောမလာဘူးလား၊ စွန့်လို့ရရဲ့ လား။

အပါယ်အကျခံပြီး အော်ရတယ်

အဲဒီအထဲမှာ အော်လိုက်၊ ငေါက်လိုက်နဲ့ အပါယ်အကျ ခံပြီး သကာလ ၊ ဒီလိုဖြင့် မပြတ်နိုင်ဘူး ဆိုပြီး မပြောချင်ဘဲနဲ့လည်း ပြောလိုက်ရတယ်၊ အပါယ်ကျခံပြီးလည်း တားလိုက်ရတဲ့အလုံး တွေကော (ပါပါတယ် ဘုရား)။

အမလေး ဒကာ ဒကာမတို့ ငိုလိုက်ရတာတောင် အပါယ် ရိုးရိုးနဲ့ လိုက်ရတာတောင်၊ ကိုယ်ကိုယ်တိုင် အပါယ်အကျ ခံပြီး ပြောလိုက် ဆိုလိုက်ရတာကကော (ပါပါတယ် ဘုရား)။

အမလေး ဒကာ ဒကာမတို့ ဘယ်ဟာများ ခင်ဗျားတို့ ကိုယ့်အလိုလိုက်၊ ကိုယ့်အကြိုက်များ နေရတဲ့ အချိန်ပြောစမ်းပါ ဦး (မရှိပါဘူး ဘုရား)။

သူများအလိုလိုက်၊ သူများအကြိုက် သူများအလိုက် ကြည့်ပြီးနေခဲ့ရတယ်၊ ကျွန်သပေါက် ဘဝက နေပြီး သကာလ ပျော်တော့ အရှင်ပျော်မဟုတ်ဘူး၊ ကျွန်ပျော်တော့ကို ကျွန်ပျော်တာ ဒကာ ဒကာမတွေမှာ အရှင့် အကြိုက်နေခဲ့ရတယ်၊ ဒီပြင် ဘာရသေးသလဲ (မရပါ ဘုရား)၊ အဲဒါ ခင်ဗျားတို့က မရိပ်မိတော့ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ရှေ့ဘာဖြစ်ချင်ကြသေးသတုံး (ဘာမှမဖြစ်ချင်ပါဘူးဘုရား၊ ဒီတရားနဲ့သာ မှီပြီး သကာလ ကောင်းမွန်စွာကျင့်ပါတော့မည် ဘုရား)။

မရှည်ချင်ပါနဲ့တော့

မှတ်ထားပါတော့ ဒကာစိန်၊ မရှည်ချင်ပါနဲ့တော့၊ မရှည် ချင်ပါနဲ့တော့ ဒကာ ဒကာမတို့ ရှည်ချင်ကြသေးလား (မရှည် ချင်ပါဘူး ဘုရား)။

ရှည်ချင်ရင် ခင်ဗျားတို့ဖြင့် ကျွန်သက်ရှည်လေလေ၊ သပေါက်သက်ရှည်လေလေ၊ အပါယ်သက် ရှည်လေလေ၊ အပါယ်သက် ရှည်လေလေ မျက်ရည်ကြီးငယ် ကျ သက်ရှည်လေလေ (မှန်လှပါ ဘုရား)၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

အလောင်းခင်းပြီး၊ မြေကြီး၊ ကြီးပွားရေးဖြစ်လေလေ၊ မြေ ကြီး ကြီးပွားရေးဆိုတာ ကိုယ့်အလောင်းတွေ ဟုတ်လား၊ မြေကြီး ကသာ တိုးလာတယ်၊ နောက်တစ်ခါ ပြန်ဖြစ်လိုက် မြေကြီးထဲ မြှုပ်လိုက်၊ မြေကြီး ကြီးပွားရေးသာ ဖြစ်တယ်။

ဆရာကောင်းနဲ့ကျမှ

ကိုယ့်ကြီးပွားရေးက ပါရဲ့ လား (မပါပါဘူး ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ သံသရာ ဒီလောက်ရှည်တဲ့ အထဲ မှာ ဘယ်တော့မှ စခန်းသတ်ဖို့ နည်းကိုမရခဲ့ဘဲနဲ့၊ အခု ဆရာ ကောင်း သမားကောင်းနဲ့ ကျမှ ဟောဒီလို စခန်းသတ်ရမယ်၊ ဟောဒီက ကျွန်တွင်းက လွတ်ကင်းပြီး သကာလ မျက်ရည်ကြီး ငယ်ကျနေတာ အကုန်ပျောက်ပြီး သကာလ ၊ အအေးဓာတ် အကုန်ရောက်ပါလိမ့်မယ်၊ မယုံရှုကြည့်ပါ ဆိုတာဟာ ဘုန်းကြီးက သေသေချာချာ တာဝန်ခံပါတယ်။

ရှုကြည့်လို့ရှိရင် အကုန်ပါမှာပါ ဒကာ ဒကာမတို့ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အေး- ဒါကြောင့် ဒကာ ဒကာမတို့ အခုပြောနေတဲ့ စကားကလည်း ခင်ဗျားတို့ကသာ အိုတဲ့ဆီ ပြေးနေတာ၊ မအိုချင် ဘူးလို့ မလုပ်ပါနဲ့နော်၊ အိုမှ ဘုန်းကြီးနား ကပ်လာလို့ရှိရင်လည် ဒကာ ဒကာမတို့ အဓိကလိုရင်းပြောတာက ဘယ်လိုပင် အားထုတ်ဖို့ ပြောငြားသော်လည်း ခင်ဗျားတို့ မကျင့်ကြဘူး။ ကြိုးစားပြီး ကျင့်ဦးမှ။ ဒီလို ပြောသော်လည်း နားထောင်အောင် ပြောငြားသော်လည်း ရှင်းသေးလား (မရှင်းပါ ဘုရား)။

သေခါနီးမှလာတာ

နာမှလာတော့လည်း ကိုယ့်အနာကို ဂရုစိုက်နေရတာ ဒီအလုပ်ကြီး တရားနာ သူတော်ကောင်း အလုပ်ကြီး၊ အနာလွတ် ရေးကို ဂရုစိုက်နိုင်သေးရဲ့လား (မစိုက်နိုင်ပါ ဘုရား)၊ သေမှ သေခါနီးမှ လာတော့ကော ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

အဲဒီတော့ ရှေ့ရေးကိုဖြင့် တို့ဘာဖြစ်မှာတုံး၊ မတွေးလိုက် ပါနဲ့၊ တို့သူတော်ကောင်းတရား လက်လွတ်ဖို့ အရေးသာများတော့တယ် (မှန်လှပါ ဘုရား)။

အမှားတော်ကြီးပေါ့

ဒါဖြင့် ဒကာ ဒကာမတွေက ရှေးက၊ ဟေ့- အရွယ်လေး ထောက်မှ ကြိုးစားဦးမယ် ဆိုတဲ့ဥစ္စာ အမှားတော်ကြီးပေါ့ဗျာ၊ ဒကာစိန် မမှားဘူးလား (မှားပါတယ် ဘုရား)။

ကိုယ်ကိုယ်တိုင်မြို့ ဒကာစိန် အသက်ကြီးမှ ဆရာကောင်း သမားကောင်း တွေ့မှ အင်း မနည်းကြိုးစားပြီး အားထုတ်ရ တယ်၊ မနည်းမှတ်ရတယ် မဟုတ်လား (မှန်လှပါ ဘုရား)။

မိုးကုန်မှထွန်ချ

အေး မှတ်ပြီး၊ ကိုယ်ကိုယ်တိုင် လုပ်ကိုင်ကြည့်တော့ လည်း မလွယ်ဘူးနော် (မှန်လှပါ ဘုရား)၊ ခန္ဓာက မခံနိုင် နာလိုက်တာတွေကများ၊ အပျက်မများဘူးလား (များပါ တယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ မိုးကုန်မှ ထွန်ချ လို့ ဘယ်မှာသစ်စေ့ရမှာလဲ ဆိုတဲ့ ဥပမာအတိုင်း၊ မိုးကုန်မှ ထွန်ချ ပြီး သကာလ မဂ်ဉာဏ် ဖိုလ်ဉာဏ်အလုပ်ကို လုပ်ရင်ဖြင့် ဘယ်မှာ သာလျှင် ဖွံ့ဖြိုး၍ မဂ်ရေစင်ကို သောက်နိုင်စရာရှိသေးရဲ့ လား မရှိပါဘူးဘုရား။

အချိန်ရှိခိုက် လုံ့လစိုက်

ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်ဆိုတဲ့စကားဟာ ဒကာစိန် ဖြည့်ယူခဲ့ရတဲ့ သံသရာ ရှည်တာကို ဖြတ်ပါဗျာ၊ ဆက်ရှည်မှာလည်း ဘုန်းကြီးများက စိုးရိမ်တယ် (မှန်လှပါ ဘုရား)။

ရှည်လို့ရှိရင်ဖြင့် ဘာတွေနဲ့ရှည်ကြမှာလဲဆိုရင် ငိုပွဲ အိုပွဲနဲ့ ရှည်ကြမယ်၊ သေပွဲနဲ့ ရှည်ကြမယ်၊ အဲဒီတော့ ခင်ဗျားတို့ ကိုယ်တိုင်လည်း ဉာဏ်နဲ့ဝေဖန်ကြည့်တဲ့အခါ နောက်ဘာလာမှာ တုံးဆိုတော့ သူ့ကိုယ်သာ ပြောလိုက်ပါ၊ အိုတာလာပါလိမ့်မယ်၊ နာတာလာပါလိမ့်မယ်၊ သေတာလာပါလိမ့်မယ် ဆိုတာ သူကိုယ် တိုင် မပြောဘူးလား (ပြောပါတယ်)။

အဲ ဖြတ်လမ်း မတွေ့သေးလို့ မဂ်လမ်းနဲ့သာ မဖြတ် သေးလို့ရှိရင် နောက်လာမှာတွေ၊ စုတေပြီး နောက်လာမှာ ဘာ တွေတုံးဆိုတော့ အိုနာသေလာမှာ (မှန်ပါ့)။

တစ်ခါ မဂ်လမ်း၊ ဖြတ်လမ်း မတွေ့ပြန်ဘူးဆိုရင် နောက် လာမှာကော (အို၊ နာ၊ သေ လာမှာပါ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဥစ္စာ ဘယ် မှာသာလျှင် ခင်ဗျားတို့ချမ်းသာစစ်၊ ကျန်းမာစစ် ဆိုတဲ့ အရေးဟာ အရှည်တွေးလေလေ မပေါ်လေပဲ (မပေါ်ပါဘူး ဘုရား)။

ဖြတ်လမ်းလိုက်ကြပါစို့

ဒါဖြင့် မဂ်လမ်းဖိုလ်လမ်းကို သာလျှင် ဖြတ်လမ်းလိုက် ကြပါစို့ ဒကာ ဒကာမတို့ (လိုက်မှာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘယ်လို ဟောလိုက်သတုံးလို့ ဆိုလို့ရှိရင် သံယုတ်ပါဠိတော်မှာတဲ့ စိတ်ကူးကြည့်တယ် (မှန်ပါ့)၊ ဘယ်လို စိတ်ကူးကြည့်လိုက် သလဲလို့ ဆိုလို့ရှိရင်

ကိစ္ဆံ ဝတာယံ လောကော၊ အာပန္နော ဇာယတိ စ ဇီယတိ စ မီယတိ စ စဝတိ စ ဥပပဇ္ဇတိ စ။’’ (မဟာဝဂ္ဂ၊ နိဒါနဝဂ္ဂ၊ ဆဋ္ဌမူ။)

မှတ်ချက်။ အဖွဲ့ချုပ်ထုတ်စာအုပ်စာလုံးပေါင်း ဆဋ္ဌမူနှင့်အညီပြင်လိုက်သည်။

ကိစ္ဆော စ အယံလောကော – ဤရုပ်နာမ်ကြီး၊ စိတ်မချမ်းမသာ ပင်ပန်းလှချေစွတကား၊ တယ်ပင်ပန်းပါတယ်၊ ပင်ပန်းခြင်းသို့၊ အာသံနော – ရောက်လေချေစွတကား၊ အယံ လောကော – ဤရုပ်နာမ်ကြီး စိတ်ချမ်းသာမပါ၊ ပင်ပန်းခြင်းသို့၊ အာပန္နော – ရောက်လေစွတကား၊ ဇာတိစ – အချည်းနှီး ဖြစ်တယ်၊ ဇင်္ဂတိစ – အိုလည်း အိုတယ်၊ မင်္ဂတိစ – သေလည်း သေတယ်၊ စရတိစ – စုလည်း စုတိတယ်ကွ၊ ဥပစရတိစ – နောက်လည်း ပြန်ဖြစ်ပြန် တယ်။

ယော – သူတို့နေရတဲ့ အခြေအနေ တွေးလိုက်တဲ့အခါကျ လို့ရှိရင် ဒီလိုပဲ လောကကြီးမှာ လူအပေါင်း တွေဟာ ပင်ပန်း လိုက်တာ၊ အိုနာသေနဲ့ချည်းပဲ နေရတယ်ကွ (မှန်လှပါ ဘုရား)။

အို နာ သေနဲ့ချည်း နေခဲ့ရတယ်

အိုလိုက် နာလိုက် သေလိုက်ဖြစ်လိုက် (တင်ပါ့)၊ အိုလိုက် နာလိုက် သေလိုက်ဖြစ်လိုက်၊ ဖြစ်ပြီး သကာလ အိုလိုက် နာလိုက် သေလိုက်၊ သေပြီးဖြစ်လိုက်၊ ဖြစ်ပြီးတော့ အိုလိုက် နာလိုက် သေလိုက် (တင်ပါ့)။

ဒီလိုချည်းလှည့်ပြီး သကာလ နေတော့ ဪ လူ အပေါင်းဟာ ပင်ပန်းလိုက်တာကွာ၊ သူတို့ အတွက်ကဖြင့် အို နာ သေကြီးကလည်း ပြီးပလား အောက်မေ့တယ်၊ မပြီးဘူး ဖြစ်ပြန်တာပဲ (မှန်ပါ့)။

ဖြစ်ပြန်ပြီး ဘာတွေလိုက်လာသလဲဆိုတော့ တွေးပြန် တော့ အို နာ သေ လိုက်လာတယ်။

ဘုရားလောင်းသုမေဓါရသေ့

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားအလောင်း သုမေဓါရှင်ရသေ့အဖြစ်က တွေးလိုက်တယ်၊ သတ္တဝါတွေ ပင် ပန်းလိုက်တာ အိုနာသေပြီးတော့ တဖန် အိုစရာ နာစရာဖြစ်ရ ပြန်တယ်၊ သဘောကျပလား (ကျပါပြီ)။

အို နာ သေပြီးတော့ ဘာလာပြန် (အို နာ သေလာပြန် ပါတယ်)၊ အို နာ သေပြီးတော့ တစ်ခါ အို နာ သေဆုံးသွားလို့ ရှိရင်ပြီးရော့လို့ အောက်မေ့တယ်၊ မပြီးဘူးတဲ့၊ အိုစရာ နာစရာ သေစရာ ခေတ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ ဘဝတစ်ခုပေါ် လာတယ်။

ဘဝတစ်ခုပေါ်လာတာ ဘာတွေလိုက်လာသတုံးဆို တော့ အို နာ သေပြန်လိုက်လာတယ်၊ အဲဒီ အို နာ သေဆုံး တော့၊ အင်း ကိစ္စငြိမ်းသလားလို့ကြည့်လိုက်ပြန်တော့ နောက် တစ်ခါ အိုဖို့ နာဖို့ဖြစ်လာ ပြန်တယ် (မှန်လှပါ ဘုရား)။

ဆင်းရဲလှချေတကား

ဘယ်မှာတုံး ဒကာ ဒကာမတွေရဲ့ ကိစ္ဆော အယံလော ကော၊ အယံ လောကော – ဤလောကကြီးသည်၊ ကိစ္ဆော – ဆင်းရဲလှချေစွတကား (ဝါ) ဆင်းရဲခြင်းကို အာသံနော -ရောက် လေစွတကား၊ သုမေဓါရသေ့က ကြည့်လိုက်တယ်။

အနိစ္စ ဘာဝနံ ဣမဿ နိဿရဏံ န ဇာနာတိ။

အနိစ္စ ဘာဝနံ -သူတို့သည် အို နာ သေအဖြစ်ကို သူတို့ သန္တာန်နားနေငြားသော်လည်း၊ ဣမဿ – ဤအိုမှုသေမှု၏။ နိဿဋံ -ထွက်မြောက်ရာကို၊ န ပဇာနာတိ-သူတို့က မသိပြန်ဘူးကွာ။

အို နာ သေအဖြစ်ကို ရပ်ကဲ့လား ။ အို နာ သေ ဖြေးဖြေးဖြစ်ဖြစ်ပြီးနောက် ဘာလာသလဲ (အိုနာသေပါ ဘုရား)။ အို နာ သေပြီး ဘာလာမလဲ (အိုနာသေပါ ဘုရား)၊ ဖြစ်ပြန်ရော၊ ပဋိသန္ဓေနေမြဲ၊ ဖြစ်ခြင်းပေါ့ဗျာ၊ ပြီးတော့ ဘာလာ သလဲ (အိုနာသေပါ ဘုရား)။

အမလေး ဒါတွေပဲလှည့်ပြီး သကာလ နေတော့ ဒါတွေ ကိုလည်း ကျုပ်တို့က မမြင်တော့၊ အထ စရနာ – အိုနာသေခေတ် ကို လှည့်၍ နေငြားသော်လည်း၊ ဇရာမရဏဿ – အိုနာသေ တို့၏ နိဿဋံ -ထွက်မြောက်ရာ အရပ်ကိုလည်း နဇာနာတိ- သူတို့က မသိ။

နဂိုကလည်း နေရတာက အနေဆိုး (မှန်ပါ့)၊ အနေ ကောင်းထွက်ပေါက်ရှာမတွေ့ဘူး၊ အမလေး ဘယ်လောက်များ ဆိုးလိုက်သလဲ ဒကာ ဒကာမတို့ နဂိုက ဘယ်လိုနေရသလဲ (အိုနာသေပါ ဘုရား)၊ အိုနာသေခေတ်ကိုဗျ (မှန်ပါ့)၊ နေကောမနေရဘူးလား (နေရပါတယ် ဘုရား)။

အနေဆိုးနေရပြီး သကာလ ဒီအထဲရောက်လာပြီး၊ အိုပွဲ နာပွဲ သေပွဲ ပြေးလိုက်၊ ဖြစ်လိုက် ပျက်လိုက်ပြီး အိုနာသေနဲ့ လှည့်လိုက် လှည့်ပြီးတစ်ခါပြန်ဖြစ်လိုက်၊ ဖြစ်ပြီးတစ်ခါ ဘာလာ ပြန်သတုံး (အိုနာသေ လာပြန်ပါတယ် ဘုရား)။

အိုနာသေလွတ်ရာမသိကြဘူး

အိုနာသေပြီး တစ်ခါဖြစ်ပြန်တာပဲ (မှန်ပါ့)၊ အဲဒါ မပြတ်ဖြစ်နေတာ (မှန်ပါ့)၊ ဖြစ်ပြန်တော့ ဘယ်မှာ ဖြစ်ရမယ်၊ တိုးတက်လာပြန်တော့၊ အထောက်အပံ့က ပြင်ဘက်ကို အိုနာ သေခေတ်ကို လှည့်၍ နေငြားသော်လည်း၊ ဇရာ မရဏဿ-အိုမှု သေမှုကို နိဿရဏံ- ထွက်မြောက်ရာ အရပ်ကလည်း၊ အိုနာသေ မှ လွတ်မြောက်ရာအရပ်ကိုလည်း နပဇာနာတိ-သူတို့ကမသိနိုင် ဘူးတဲ့ (မှန်ပါ့)။

အင်း-နေရတာက ဆင်းရဲ ထွက်ပေါက်ကရှာမတွေ့၊ ဘယ်လောက်များဆိုးသလဲ၊ နေရတာက ဘယ်လိုနေရသလဲ (ဆင်းရဲပါတယ် ဘုရား)၊ အိုနာသေ ဆင်းရဲထဲမှာနေရတယ်၊

နောင်တဖန်ပြန်ဖြစ်တယ်၊ ဖြစ်ပြန်တော့လည်း အိုနာသေနောက် က လိုက်ပြန်တယ်၊ နောက်တစ်ဖန် ပြန်ဖြစ်ပြန်တယ်။

ထွက်ပေါက်ရှာမတွေ့ဘူး

အဲဒီလိုဖြစ်နေတဲ့အထဲ လွတ်မြောက်ရာထွက်ပေါက်က လည်း ရှာမတွေ့ဘူး (မှန်ပါ့)၊ ညည်းတော့ ညည်းကြတယ် ဒကာ ဒကာမတွေက အမလေး ဒီအပူမီး ဘယ်အခါ ငြိမ်းပါ မတုံး။

ဒီမီး ဘယ်အခါမှ ငြိမ်းပါ့မတုံးလို့ဆိုပြီး သကာလ အော် သာအော်တယ် ဘယ်လိုငြိမ်းရမယ် ဆိုတာလည်း မသိဘူး (မသိပါဘူး ဘုရား)။

ဒီအပူ ဘာအပူနဲ့မှ မတူဘူးတဲ့

ဒီမီးတွေ ဘယ်တော့ငြိမ်းပါ့မလဲလို့ အော်နေတာ၊ အော် သာအော်တယ် ဘယ်လိုငြိမ်းရမယ် ဆိုတာလည်း သိသလား (မသိပါဘူး ဘုရား)။ သူအော်ပုံကြည့်ပါလား၊ ဒီအပူ ဘာအပူနဲ့မှ မတူဘူးတဲ့၊ အင်မတန် ပူလှချည့်ရဲ့၊ ဘယ်တော့မှ ငြိမ်းပါ့မလဲ၊ မအော်လား (အော်ပါတယ် ဘုရား)။

အော်သာအော်တယ် ဘယ်လိုငြိမ်းရမယ် သူသိသေးရဲ့ လား (မသိပါ ဘုရား)၊ မသိတော့ တစ်ခါတည်း အိုနာသေ ထဲ ပြန်တွေ့ပြီး သကာလ ၊ ဪ သူ ဒီသား၊ ဒီမယားနဲ့ အတူတူ ပြန်ပြီး အားထုတ်လိုက်တယ် (မှန်ပါ့)။

ပြန်အားထုတ်လိုက်ပြန်တော့ ပြန်ပြီး ဖြစ်ပြန်တော့၊ အိုနာ သေကြီးဖြစ်ပြန်တော့၊ နောက်တစ်ခါ ဒီအမေတွေနဲ့ ဒီလာဖြစ် ရင် ဒီအပူတွေ ဘယ်သူငြိမ်းပါ့မလဲဆိုတာ လာပြန်တာပဲ (တင်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သုမေဓာ ဘဝမှာဖြစ်ဖူးတယ်

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါ ဘုရားလောင်း သုမေဓါရှင်ရသေ့ ဘဝမှာ ဤကဲ့သို့ ဖြစ်ဖူးတယ်၊ အင်း- အိုနာ သေဖြစ်ပြီး ငိုပွဲတွေဆင်ပြီး သကာလ နေငြားသော်လည်း ထွက် မြောက်ရာအရပ်ကိုလည်း သူတို့က မသိရှာဘူး ခက်လိုက်တဲ့ ဖြစ်ခြင်း (တင်ပါ့)။

ခက်လိုက်တဲ့ဖြစ်ခြင်း၊ အိုနာသေတွေနဲ့ချည်း နေငြား သော်လည်း ထွက်မြောက်ရာ အရပ် ကိုလည်း သူတို့ မရှာနိုင်ဘူး။

ခက်လိုက်တာ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်၊ ဘုရားအလောင်းတော် သုမေဓါဆိုတာ အငယ်လေး ရှိသေးတာ ပဲ၊ ဒီပင်္ကရာဘုရား ဆိုတော့ဗျာ၊ အများကြီး ဝေးသေးတာပေါ့။ ဂေါတမဘုရား ဖြစ်ဖို့က (မှန်ပါ့ ဘုရား)။

သူကိုယ်တိုင်ညည်းတာ

အဲဒီအခါတုန်းက ကတည်းက အိုနာသေတွေလှည့်ပတ် ပြီးနေတော့ အိုနာသေတွေ၏ ထွက်မြောက်ရာ ကိုလည်း သူမသိ၊ ခက်လိုက်တာ၊ ငါကိုယ်တိုင် ဘယ့်နှယ်လုပ်ရပါ့မတုံး၊ သူကိုယ် တိုင်ညည်းတာ၊ သူကိုယ်တိုင်ညည်းနေတယ်။ သူကိုယ်တိုင်တွေ့ ကြုံပြီး အိုနာသေနဲ့လှည့်နေတယ်။

ထွက်မြောက်ရာလည်း သူကရှာမတွေ့ဘူး၊ ထွက် မြောက်ရာလည်း ရှာမတွေ့ခဲ့ဘူးတဲ့ အကန်းလမ်း လိုက်နေတာ ကိုတဲ့။

မဂ်လမ်းဖိုလ်လမ်း ဆိုတာကတော့ အခုလို သာသနာ တွင်း ဆရာကောင်း သမားကောင်းကြုံမှ ထွက်မြောက်ရာ သိမှာ (မှန်ပါ့ ဘုရား)။

အဲဒီ သုမေဓါရသေ့ကိုယ်တိုင် စိတ်မချမ်းသာတဲ့နောက် တော့ အာသံနော ဇဂတိ ဇင်္ဂတိ မင်္ဂတိ စရတိ ဥပစရတိ။

ဪ သတ္တဝါတွေ အိုနာသေနဲ့နေလိုက်တာ အတော်ပင် ပန်းပြီ၊ ပင်ပန်းလွန်းတော့ လှည့်ပြေးနေတုန်းကိုပင်လျှင် ထွက် ပေါက်ကလည်း ရှာမတွေ့၊ ဘယ်လောက်ဝဋ်ကြီးတယ် ဆိုတာ (ကြီးပါတယ် ဘုရား)။

အိုနာသေနဲ့နေရတယ်၊ ဖြစ်လိုက် အိုလိုက် နာလိုက် သေ လိုက်၊ သေပြီးတစ်ခါပြန်ဖြစ်လိုက် အိုလိုက် နာလိုက် သေလိုက် ဖြစ်ပြီး ဘာဖြစ်ပြန် (အိုနာသေပါ ဘုရား)။

ဖြစ်လိုက်ပြီးတဲ့နောက်ကော (အိုလိုက် နာလိုက် သေလိုက်ပါ ဘုရား)၊ အမလေး အလောင်းပြေး ကြီးပါလား (မှန်ပါ့)၊ အလောင်းရွေးသေးလား ဒကာ ဒကာမတို့ (မရွေး ပါ ဘုရား)၊ အိုလိုက်ပြီး ဘာတုံး (သေပါတယ် ဘုရား)။ အလောင်းမရွေးတော့ အလောင်းကောင်မှတစ်ပါး ဘာဖြစ်ဦးမှာတုံး (ဘာမှမဖြစ်ပါ ဘုရား)။

ဒီ အိုနာသေတွေထဲမှာလှည့်ပြီး နေချင်သေးသလား (မနေချင်ပါဘူး ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

န ပဇာနာတိ၊ အထစ ပန ဣမဿ ဒုက္ခဿ နိဿရဏံ နပဇာနာတိ၊ ဇရာ မရဏဿ။

ဇရာမရဏဿ – အိုနာသေမွဲကွဲတို့၏၊ နိဿရဏံ- ထွက် မြောက်ရာအရပ်ကို၊ အထစပန – ထိုသို့တည့်နေငြား သော်လည်း၊ နပဇာနာတိ – သူတို့မသိဘူးကွာတဲ့။

သူကိုယ်တိုင်လည်း ရှာမတွေ့ဘူးတဲ့

အမှားကြီးတွေ့နေတယ် မကောင်းတာကြီး လွတ် အောင်ရုန်းမှာပဲဆိုတော့ လမ်းလည်း ရှာမတွေ့ဘူး (မှန်ပါ့)၊ သနားလိုက်တဲ့ဖြစ်ခြင်းမှမပြောနဲ့၊ သူကိုယ်တိုင်လည်း ရှာမတွေ့ ဘူး၊ ငါ့ကိုယ်တိုင်လည်း ရှာမတွေ့သေးဘူးတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ သုမေဓါရသေ့သည်တဲ့၊ သုမေဓါရသေ့ ကိုယ်တိုင် ပင်ပန်းတာတော့သိတယ်၊ ဒီပင်ပန်းတဲ့နေရာက ဘယ်လိုထွက်ရပါ့မလဲလို့ (မှန်ပါ့ ဘုရား)။

“ ဥဒါသိ ပန ဇရာမရဏဿ နိဿရဏံ ပညာဝိသုဒ္ဓိ။’’

ဥဒါသိ ပန – ဘယ်အခါကာလကျမှ ငါသွားရမှာ၊ ဇရာ မရဏဿ – အိုခြင်း သေခြင်း၏၊ နိဿရဏံ – ထွက်မြောက်ရာ ကို၊ န ပညာယတိ – ထင်နိုင်ပါ့မလဲ။

ငါသွားလမ်းသည်ကားလို့ဆိုလို့ရှိရင် ဘယ်တော့မှ ဒီဥစ္စာကြီးကို ထွက်မြောက်ရာလမ်းကြီးကို မြင်နိုင်ထင်နိုင်ပါ့မလဲ ဆိုတာ သူ့ဟာသူကို တောင့်တရတယ် (မှန်လှပါ ဘုရား)။

နုစဉ်တုန်းကပြောခဲ့တဲ့စကား

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားလောင်းကိုယ်တိုင် မလွယ်ပေဘူးနော် (မလွယ်ပါ ဘုရား)၊ မလွယ်ဘူး၊ သူ နုစဉ် အခါတုန်းကပြောနေတဲ့အချက် (တင်ပါ့ ဘုရား)၊ ပြောနေတဲ့ စကား ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အခုတော့ သူ ဘုရား ဖြစ်လို့ ဘုန်းကြီးများက အမွေခံပြီးတော့ ဟောဒါ ထွက်ရလမ်းပဲ ဒကာ ဒကာမတို့ အိုနာသေမွဲကွဲဇာတ်သိမ်းဉာဏ်ဟာ ဟောဒီ ဉာဏ်ပဲ (မှန်ပါ့)။

ပေါ့ပေါ့မနေလိုက်ပါနဲ့

ဟောဒီဉာဏ်ကပင် ဟောဒီလို ဇာတ်သိမ်းပြီး၊ ဟောဒီလို အေးပါတယ်ဆိုတာ ဘုန်းကြီးက ပြနေတာ (မှန်ပါ)၊ တင်ပြ နေတာ တင်ပြနေတာ။

အဲဒီတော့ ဒကာစိန်တို့ အထူးလိုက်သင့်တယ်၊ မလိုက် သင့်ဘူးလား (လိုက်သင့်ပါတယ် ဘုရား)၊ အေး-ဒါကြောင့် ဒကာ ဒကာမတို့ ပေါ့ပေါ့တန်တန် မနေလိုက်ပါနဲ့ (တင်ပါ့ ဘုရား)။

ခေတ္တခဏလေးလာနေကြတာ

အေး လူဖြစ်တဲ့ဘဝဟာလည်း ရမ်းပြီးမအောက် မေ့နဲ့ ခေတ္တလေးနော် (မှန်ပါ့)၊ ခေတ္တလေး ခဏလေး ယာယီလေးနော် (မှန်ပါ့)၊ မင်းတို့အသက်ဟာ ယာယီမို့လား (ယာယီ ပါ ဘုရား)။

ဘုန်းကြီးဆီမှာ ဟန်နဲ့ပန်နဲ့ ပြတာဖြင့်၊ နက်ဖြန်ညနေကျ တော့ ဟိုက ထစ်ခနဲချုပ်၊ ဒီက ထစ်ခနဲချုပ် ဘာကျန်သေးလဲ၊ ယာယီမဏ္ဍမ်ကို ကျုပ်တို့လာနေကြတာပဲ၊ ယာယီပဲဆိုတာ သဘောကျ ကြပြီလား ကျပါပြီဘုရား၊ အခုတော့ စုနေကြတာ ဘာပါလိမ့် (ယာယီပါ ဘုရား)၊ နက်ဖြန် မင်္ဂလာဈေး ဖြစ် နိုင်တယ်ဗျ (မှန်ပါ့ ဘုရား)။

မဏ္ဍပ်ပျက်ကြီး ဖြစ်နိုင်တယ်၊ ယနေ့ စုရုံးတာဟာ နက် ဖြန် မင်္ဂလာဈေး ဖြစ်နိုင်တယ်၊ ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဘဝမှ ကိုယ်မသယ်နိုင်တဲ့အခြေကို ရောက်နိုင်တယ်။

နိဗ္ဗာန်ကိုသာ အရလှမ်းလိုက်ပါ

နက်ဖြန် မဏ္ဍပ်ပျက်ကော မဖြစ်နိုင်ဘူးလား (ဖြစ်နိုင် ပါတယ် ဘုရား)၊ အဲဒီလောက် နီးကပ် နေတာ ဖြစ်နေသောကြောင့် ယာယီအဖြစ်ကို မြန်မြန်ဇာတ်သိမ်းပြီး သကာလ ခိုင်မြဲတဲ့နိဗ္ဗာန်ကို သာ အရလှမ်းလိုက်ပါဆိုတာ မတိုက်တွန်းသင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား)။

အေး တိုက်တွန်းသင့်တယ် ဒကာစိန်ရ (မှန်ပါ့)၊ တိုက်တွန်းသင့်တယ်။

ကဲ- ဒကာ ဒကာမတို့ တော်တော်သံဝေဂယူဖို့ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)၊ ခင်ဗျားတို့ တစ်တွေ နေကြရတာ ယာယီမဏ္ဍပ်တွေပါ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ယာယီမဏ္ဍပ်တွေမို့ ကွဲထွက်ပြီး ကိုယ့်အဘိုးတွေ အဘွား တွေဟာ ယာယီ မဏ္ဍပ်ပျက် တွေဖြစ်ပြီး၊ မဏ္ဍပ်စကိုရှာမတွေ့ဘူး (မှန်ပါ့)၊ သုသာန်မှာ သည်မြေတွေဖြစ်ကုန်ကြလို့။

ယာယီတွေကမွေးတာ

ဒီမှာလည်း သူတို့က မွေးလာတာတွေဖြစ်သောကြောင့် ယာယီတွေက မွေးလို့ ယာယီဖြစ်ဦးမှာပဲ ဆိုတာတွေးလို့ တယ်ကောင်း (ကောင်းပါတယ် ဘုရား)၊ သဘောကျပလား ၊ (ကျပါပြီ ဘုရား)၊ ယာယီတွေက မွေးတာမဟုတ်လား (မှန်ပါ့)။

ဒီအထဲ အမေ အဖေသေ၊ အဘိုးသေ အဘွားသေတွေ သဘောကျပလား (ကျပါပြီ ဘုရား)၊ ခင်ဗျားတို့ အဘိုးတွေ အဘွားတွေက ယာယီတွေဖြစ်လို့ ယာယီဖြစ်သွားကုန်ပြီ (တင်ပါ့)။

ခင်ဗျားတို့ သူတို့ကမွေးတော့ အမြဲဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘုရား၊ ယာယီပါပဲ)၊ ယာယီပဲ၊ အဲဒီယာယီကိုဖြင့် အဟုတ်ထင်ပြီး သကာလ တစ်ပြည်လုံးအပျက်တွေထဲမှာ တစ်ခါ တည်း နိစ္စထင်ပြီး မြဲတယ် ခိုင်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ အားလုံးပါပဲ၊ မယူလိုက်ကြပါနဲ့ (မယူပါ ဘုရား)၊ မယူနဲ့။ မယူနဲ့နော်။

ယူမည့်ကြံရင် သူတို့ဟာ သူတို့မြေထဲကျသွားလို့ ဘယ်သွားကုန်သတုံးဆိုတော့၊ ယာယီသုံးမို့ ပျက်စီးကုန်တယ် (မှန်ပါ့)၊ သူတို့ဟာ ဘယ်သူက မွေးတာတုံးဆိုတော့ (ယာယီ က မွေးတာပါ ဘုရား)၊ ယာယီက မွေးတော့ ယာယီပဲဖြစ်မှာပဲ ဆိုပြီး သကာလ ၊ ကျုပ်တို့ဘယ်မှာသာလျှင် ယာယီမဖြစ်တဲ့နိစ္စ နိဗ္ဗာန်သာလျှင် ရှာဖို့လိုတော့တယ် (မှန်ပါ့ ဘုရား)။

ယာယီမဖြစ်ခင် ဇာတ်သိမ်းပါ

ယာယီမဖြစ်ခင် ဇာတ်သိမ်းမှပဲဟ ဆိုတော့ ဒကာစိန် သိမ်းဖို့မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အေးဒါကြောင့် သေသေချာချာ ပြောနေတယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ သေသေချာချာပြောနေတယ် ဒကာစိန်ရ (တင်ပါ့)၊ သဘောပါပလား (ပါပါတယ် ဘုရား)။

အဲဒီတင် ဘုရားလောင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ ဇရာ မရဏတွေမှ ထွက်စရာ လွတ်မြောက်ရာ ရတယ်၊ လွတ်မြောက်ရာ အိုနာသေအပြစ်တို့မှ လွတ်မြောက်ရာကို ငါသည် ဘယ်သောအခါမှ ထင်နိုင်ပါ့မလဲလို့ဆိုပြီး သကာလ ဒီပင်္ကရာ ဘုရားလက်ထက်က ပါရမီတွေ ဖြည့်လိုက်တယ်၊ အသားတွေ၊ အရိုးတွေ အရိုးစုတွေပေါ့ဗျ (တင်ပါ့)။

ပါရမီဖြည့်ပြီးလမ်းရှာတယ်

သားတွေ၊ သမီးတွေ ဒီဉာဏ်ရအောင် ဘယ်နေရာက ထွက်ရမလဲဆိုတာ လမ်းရှာတာကို (တင်ပါ့)၊ လမ်းရှာတဲ့ဉာဏ် ကြီးရှာရတာကို နည်းသလားဗျာ (မနည်းပါဘူး ဘုရား)၊ ဒီပင်္ကရာ၊ မေတက်ရာ တဏှင်္ကရာ ဆိုတဲ့ဘုရားတွေ၊ နောက် ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဘုရားတွေ အတွင်းမှာ သူက ပါရမီဖြည့်ဆည်းဖို့၊ အသားတွေကော အသွေးတွေကော ဟုတ်လား၊ အရည်တွေတော၊ သားတွေ သမီးတွေ အစုံပေါ့ဗျာ၊ လမ်း ရှာကြတာလေ၊ လမ်းရှာကြတာ (တင်ပါ့)။ လမ်းထွက်ရှာတာ။

နောက်ကျလာတော့ ဒီလို ပါရမီတွေဖြည့်ပြီး သကာလ ကျုပ်တို့ သိဒ္ဓတ္ထမင်းသားဘဝကို ရောက်ပြီး သကာလ ဖြစ်လာတဲ့ အခါကျတော့မှ မဖြစ်ဘူး၊ အိုနာသေတွေကို ပြရပြန်တာကိုဗျ (မှန်ပါ့)။

နိမိတ်ကြီးလေးပါး

နတ်တွေကလေ အိုနာသေတွေ ပြတဲ့အခါ၊ အိုနာသေ ရဟန်းတွေပြတဲ့အခါကျမှ၊ အင် အိုနာသေတွေဟာ ရှေးတုန်းကလည်း နေဘူးခဲ့ပြီ (မှန်ပါ့)။

ယခု သိဒ္ဓတ္ထမင်းသားတစ်ဘဝတည်းနဲ့ လွတ်ချင်လို့ ပြော နေပေမယ့် ဒီ အိုနာသေလွတ်မှာ မဟုတ်ဘူး။

လွတ်လမ်းတွေ့ပြီ

ဒီဘက်က ရဟန်းလို သံသရာ လွတ်လမ်း၊ မဂ်လမ်းကို တစ်ခါတည်း အမြဲတမ်း ရောက်ပါမှ သာလျှင် အေးမှာပဲ ဆိုပြီး၊ အိုနာသေ နောက်တုန်းက တွေးလိုက်လို့ လွတ်ချင်တဲ့လမ်းစ ရထားလို့ မဂ္ဂင်ရှစ်ပါး တွေ့တယ်၊ လမ်းတွေ့ပြီ၊ လမ်းတွေ့ပြီ၊ လမ်းတွေ့ပြီ (တင်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါ ဘယ်လောက်ရှာရသတုံး၊ လွတ်လမ်းက ဘယ်လောက် ရှာရသတုံး။

မွေးတာတွေရော အိုတာတွေရော နာတာတွေရော လွတ်တဲ့လမ်းတွေ့ပြီဟဆိုပြီး သကာလ ၊ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ် မှာ မနည်း ဒုက္ကရစရိယာကျင့်ပြီး အားထုတ်လိုက်တော့မှ လွတ် လမ်းကြီးကို မြင်လာတယ်။

မဂ္ဂင်ရှစ်ပါးလမ်း

မဂ္ဂင်ရှစ်ပါးတည်းဟူသော ဝမ်းထဲရောက်လာတော့မှ ဟာ ဒီလမ်းက အိုနာသေ၊ မွဲကွဲ လွတ်တဲ့ လမ်းပါလား ဆိုပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဘုရားအဖြစ်သို့ ရောက်မှ မြင်လာတဲ့ အခါကျတော့ ကိုင်း- မြင်ပြီဟဲ့!

မြင်လို့ရှိရင် ငါမသွားသေးဘူး၊ ငါတို့တပည့်သားတွေ အကုန်၊ ငါသည်ကားဆိုလို့ရှိရင် သူတို့ကို ပို့ဦးမယ်၊ ဒီလမ်းကနေ ပြီး သကာလ နိဗ္ဗာန်ဘက်ကိုပို့မယ်။

ပဉ္စဝဂ္ဂီငါးဦးတရားဟော

ဆိုပြီး သကာလ ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နဲ့ ရွှေပလ္လင်ကို အောင်တဲ့ပြီး သကာလ ၊ ပဉ္စဝဂ္ဂီငါးဦးကို စပြီး တရားဟောတယ် (တင်ပါ့)။

တရားဟောလိုက်တော့ အညာသိကောဏ္ဍညကို တစ်ခါတည်း နိဗ္ဗာန်အရင်ပြတယ်၊ မင်းမြင်ပြီလားဟေ့ (တင်ပါ့)၊ မဂ္ဂသစ္စာ အရင်ရအောင် လုပ်ပေးလိုက်တယ်၊ ဖြစ်ပျက် ရှုပြီးတော့ (မှန်ပါ့)။

ဗြဟ္မာတွေအရင်ပို့တယ်

ဖြစ်ပျက်ရှုပြီး မဂ္ဂသစ္စာပြပေးလိုက်တဲ့အခါကျတော့မှ အင်း မြင်ပြီဆိုပြီး အဲဒီမှာ (၁၈) ကုဋေဗြဟ္မာတွေ အရင်ပို့ချ လိုက်တယ်၊ (တင်ပါ့ ဘုရား)။ သူတို့လည်း အကုန် ရဟန္တာတွေ ဖြစ်ကုန်တယ်၊ အဲဒီ ဗြဟ္မာတွေ အရင်ပို့လိုက်တယ်။

ခုနက သူမြင်တဲ့လမ်းကနေပြီး ဒီလမ်းကနေပြီး သွားကြ ဟေ့! နိဗ္ဗာန်မြို့ထဲမှာ တံခါး လေးပေါက် ရှိတဲ့မြို့၊ မဂ္ဂင်လေးပေါက် ရှိတဲ့မြို့ (တင်ပါ့)။

ကိုယ်ကတော့ ဘယ်အချိန်သွားသွား

အင်မတန်ရှေးကျတဲ့ ဘုရားပေါင်း သူတော်ကောင်းတွေ ၊ ဒီလမ်းကချည့်သွားတာပဲကွဆိုပြီး သူမသွားသေးဘူး၊ သူမြင်သာ မြင်ထားတယ်၊ လမ်းလည်း တွေ့နေတယ်၊ ကိုယ်ကတော့ ဘယ် အချိန်သွားသွား၊ ဒိပြင်လူတွေ အရင်ပြပြီး၊ ပို့ဦးမဟဆိုပြီး သကာလ ၊ ပဉ္စဝဂ္ဂီငါးဦး အရင်ဟော လိုက်တယ်။

(၁၈) ကုဋေ ဗြဟ္မာတွေအရင် ပို့ချလိုက်တယ်၊ အိုနာသေ လွတ်တဲ့လမ်းအရင်ပို့လိုက်တယ်၊ ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

အဲ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သည် ကားဆိုရင်ဖြင့် သူကိုယ်တိုင် တောင်မှ၊ မြင်ပါရက်သားနဲ့ မသွားသေးဘူးကွာ၊ သူတို့အရင်လွှတ်ဖြစ်အောင် လွှတ်လိုက် ဦးမယ်ကွ။

ဓမ္မစကြာတရားဦး

ဒီလောက်တောင် အိုနာသေကြီးနဲ့ ဘဝများစွာ ဆင်းရဲပြီး၊ ပင်ပန်းနေတဲ့ အလုပ်ကို အရင်က လမ်းမသိလို့ မပြရဘူး၊ ယခု လမ်းသိတဲ့နေ့စပြီး သကာလ ၊ တစ်ခါတည်း လမ်းပြပါတော့မယ် ဆိုပြီး သကာလ ၊ ကိုယ်တိုင် ဓမ္မစကြာတရားဦး ဟောတော်မူပြီး သကာလ ၊ ဟိုမှာဟေ့၊ ဟော ဒီမဂ္ဂင်လမ်း ကသွား၊ ရှေ့မှာပေါ့ မအိုမသေ အမြဲနေတဲ့နေရာ မြို့သစ်၊ သွားကြပေတော့ဆိုပြီး ပဉ္စဝဂ္ဂီငါးဦးထဲက ကောဏ္ဍညကိုတော့ အရင်ပြပြီး (၁၈) ကုဋေတော့ သူကအကုန်ပို့လိုက်တယ် (တင်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း – ဒကာ ဒကာမတို့ ကိုယ်တော်မြတ်ကြီးဟာ ဘယ်လောက်ထိအောင် လမ်းတွေ ရှာရတယ် ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမွေရလို့လမ်းပြနိုင်တာ

အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးများ ကလည်း အမွေရလို့ ဒီလမ်းများ ပြနိုင်တယ်၊ သူတို့ရှာခဲ့ရတာ၊ ကိုယ်က ဒီလမ်းမျိုးလိုက်သွားရုံကလေး၊ ခင်ဗျားတို့က ချေးထူ နေလို့ ခက်တယ် (တင်ပဘုရား၊ ဒီလမ်းအတိုင်း သွားမှာပါ ဘုရား)။

ခင်ဗျားတို့ ဒကာ ဒကာမတွေက အတော်ရှည်တယ်။ ဟိုလမ်းရှာရတဲ့လူမှာ ဒီပင်္ကရာ လက်ထက်က ရှာခဲ့ရတာ၊ အသားတွေလှူ၊ အသွေးတွေလှူ။ ဒီလမ်းကလေးရပါမယ်၊ ဒီမြင် ရပါမယ် အကြောင်း ရှာလိုက်ရတာ၊ ကိုစောမောင် နည်းသလား (မနည်းပါဘူး ဘုရား)။

ဟောဟိုကနိဗ္ဗာန်ကို၊ ဟောဒီမဂ္ဂင်လမ်းကသွားပါ

အဲဒါ သူကလမ်းပြပြီး သကာလ ၊ တရားတွေဟောပြီး ဓမ္မစကြာတွေဟော၊ သစ္စာလေးပါးတွေ ဟောပြီး သကာလ ၊ ဟော ဟိုဟာ နိဗ္ဗာန်ပဲ ဟော ဒီမဂ္ဂင်လမ်းကသွားပါတော့ (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုယ်တိုင်ပြပြီး ကိုယ်တိုင်လုပ်ပြီးညွှန်ရတာ (ညွှန်ပါတယ် ဘုရား)။ (၁၈) ကုဋေ ဗြဟ္မာတွေ ရောက်မသွားဘူးလား (ရောက်သွားပါ ပြီ ဘုရား)။

အဲဒီကဲ့သို့ ရောက်သွားတော့၊ ကိုယ်တော်မြတ်ကြီးက မသွားသေးဘူး၊ ငါသွားလို့ရှိရင်ဖြင့် ငါသာတစ်ယောက်တည်း ရောက်ပြီး သကာလ ဒီပြင့်လူတွေ လမ်းသိမှာမဟုတ်ဘူး။ သူတို့ အရင်ပို့မှ (တင်ပါ ဘုရား)၊ ဆိုပြီး သကာလ တရားလည် ဟောတယ်ဆိုတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိုင်း-ဘုန်ကြီးတို့ ဒကာ ဒကာမတွေက ကိုယ်တော် မြတ်ကြီး ရှာကြံခဲ့ရတဲ့လမ်းသည် ကားလို့ ဆိုရင် ဒကာ ဒကာမတို့ ဘယ်လောက်ရှာခဲ့ရတယ်ဆိုတာ သိပြီလား (သိပါပြီ – ဘုရား)။

အိုနာသေ မဂ္ဂင်လမ်းရှာခဲ့ရတယ်၊ မဂ္ဂင်လမ်းကြီးပေါ့ဗျာ (မှန်ပါ့)၊ မဂ္ဂင်လမ်းကြီးကလျှောက်မှ၊ မအိုမသေ အမြဲနေ တဲ့-နိဗ္ဗာန်ကြီးဆိုတဲ့ မြို့တော်ကြီး ရောက်မှာကိုဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ၊ သူဒီလောက်ရှာရတဲ့ လမ်းကို၊ ကိုယ်တော်မြတ်ကြီးက၊ တရားတွေ ဟောလိုက်ပြီး၊ ဟော – တရားအတိုင်ပဲ ဒီလမ်းကသွားစမ်းဟေ့။

ဟောဒီလမ်းကနိဗ္ဗာန်သွားဟေ့

ဟော ဒီဝေဒနာတွေကြည့်ပြီး ဟော ဒီမဂ္ဂင်ပေါ်ပြီး သကာလ ဟော့ဒီလမ်းက၊ နိဗ္ဗာန်သွားဟေ့၊ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်၊ မင်းတို့ပင်ပန်းစရာ မရှိပါဘူး၊ ဟောဒီ လမ်းကသွားပေါ့။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် (၄၅) ဝါ မောင်းနှင်ထုတ်တယ်၊ သွားကြ၊ သွားကြ၊ သွားကြ၊ သူသာ တစ်ယောက်တည်း သွားတော့မယ်ဆိုရင်၊ ဒီလူတွေကို လမ်းပြ ခေါ်နိုင်တဲ့လူ၊ တစ်ယောက်မှမရှိဘူး ချွေးသာပြန်မယ်၊ ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ကျားပိန်တွယ်၊ တွယ်လို့တော်ပါ့မလား

အဲဒီလောက် ငဲ့ကွက်ပြီး ထားတဲ့လမ်း၊ ဒကာ ဒကာမတွေ က ပေတေတေ၊ ကပ်တတ်တတ် လုပ်ပြီး သကာလ ၊ ကျားပိန် တွယ်တွယ် နေရင်တော်ပါ့မလား (မတော်ပါဘူး ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ – ကိုထွန်းအောင်ရေ – ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။ ဘယ်လောက်ထိအောင် ကရုဏာပေါ်လာတယ် ဆိုတာကော (ပေါ်လာပါပြီ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ ဒါကြောင့် ဒကာ ဒကာမတို့ ကိုယ်တော် မြတ်ကြီးသည် ကားလို့ဆိုရင်၊ သူတိုယ်တိုင် မသွားသေးဘူးနော်၊ လမ်းလည်းမြင်တယ်၊ မြို့လည်းမြင်တယ်။ သို့သော် သူသွားလိုက်လို့ရှိရင်ဖြင့် နောက်လမ်းပြ ပျောက် မှာသိပ်စိုးရိမ်တယ်၊ သဘောကျပလား (ကျပါပြီ)။

နောက်ဆုံးပိတ်မှ သူ့ဝင်တယ်

အဲဒါကြောင့် လမ်းပြ မပျောက်အောင်လို့ (၄၅) ဝါ ကာလပတ်လုံး တစ်ခါတည်း၊ သွင်းတာ မပြည့် ပြည့်အောင်ကို သွင်းခဲ့တယ် (မှန်လှပါ ဘုရား)။

သွားကြပေတော့၊ သွားကြပေတော့ဆိုပြီး (၄၅) ဝါ တရားတွေဟောပြီးပို့တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) နောက်ဆုံးပိတ်မှ သူဝင်တာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်လောက်များ ကရုဏာအားကြီးသလဲ (အား ကြီးပါတယ် ဘုရား)။

ဒါဖြင့် အခုတရားနာတဲ့ ဒကာ ဒကာမတွေနဲ့ တရား ဟောတဲ့ ဘုန်းကြီးတွေ အတွက် ကတော့ဖြင့် ဘယ်လိုများစဉ်းစား ရမှာတုံး၊ ဒီလမ်းပေါက်ကို နောက်ဆုံးပိတ်သူ၊ ကိုယ်တော်မြတ်ကြီး ဝင်သွားပြီ (တင်ပါ့)။

မျက်ရည်ကျစရာမလိုပါဘူး

ကျန်ပုဂ္ဂိုလ်တွေ ဒီလမ်းလိုက်ဖို့ အရေးတော့ဖြင့် ဝေးတော့တာပဲလို့ဆိုပြီး မျက်ရည်ကျစရာ မလိုဘူး (တင်ပါ့)၊ မလိုပါဘူး၊ မျက်ရည်ကျစရာမလိုပါဘူး ဒကာ၊ ဒကာမတွေရ (မှန်ပါ့ ဘုရား)။

‘‘ယောဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။’’(မဟာဝဂ္ဂပါဠိ၊126)

ညီတော်အာနန္ဒာ မငိုနဲ့ဟေ့

ညီတော်အာနန္ဒာ မငိုနဲ့ဟေ့၊ ငါလမ်းပြကြီးသည်ကားလို့ ဆိုလို့ရှိရင်၊ ငါကိုယ်တိုင်ရွှေပြည် နိဗ္ဗာန်ဝင်စံတော့မယ်ဆိုပြီးသွား တယ်၊ သို့သော်လည်း ငါ-လမ်းတွေ အကုန်ထားခဲ့တယ်။ – ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် တည်းဟူသော ဓမ္မက္ခန္ဓာနဲ့ မဂ္ဂင်လမ်းကို နည်းနည်းနောနောထားခဲ့တာ မဟုတ်ဘူး၊ အဲဒီလမ်း အတိုင်းမင်းတို့က၊ နောက်ယောင်ခံပြီး သကာလ ဒီလမ်းက မဂ္ဂင်အကျင့် ကျင့်ပြီးလိုက်ခဲ့ကြ (တင်ပါ့ ဘုရား)၊ ဆိုပြီး သာသနာတော်ငါးထောင် (တင်ပါ့ ဘုရား)။

ဒီလမ်းကလိုက်ရင်ရတယ်

ငါးထောင်အတွင်း လိုက်နိုင်သေးသကွာ ဆိုတော့ ကျုပ်တို့အတွက်တွေကလည်း လမ်းတွေကို အမျိုးမျိုးပြထား တယ်၊ မဂ္ဂင်လမ်းတွေဗျ (တင်ပါ့)၊ ဒီလမ်းကလိုက်လည်း ရသဟ၊ ဒီလမ်းက လိုက်လည်း ရသဟ၊ အနိစ္စလမ်းက လိုက်လည်း ရသဟ၊ ဒုက္ခလမ်းက လိုက်လည်းရသဟ၊ သစ္စာလမ်းက လိုက်လည်း (ရပါတယ် ဘုရား)။

အဲဒီကဲ့သို့လမ်းတွေ အပျို၊ အပျို၊ အဖွားအဖွားနဲ့ ကိုယ်တော်မြတ်ကြီးသည် လက်စသတ် သွားတာလား၊ လမ်းဖွင့် ထားခဲ့သေးသလား (လမ်းဖွင့်ထားခဲ့ပါတယ် ဘုရား)။

အဲဒီ ဖွင့်ထားတဲ့လမ်းကတော့ ကျုပ်တို့က အဲဒီအခါမှာ လူလည်းမဖြစ်၊ ဘာလည်းမဖြစ်၊ ဘယ်ချောင် ထိုးလို့ ဘယ်လိုနေ ကြတယ်ဆိုတာ မသိရဘူးဟုတ်လား (မှန်လှပါ ဘုရား)။

အခုမှသာသနာတွင်း ကြုံပြီး သကာလ ၊ ကိုယ်တော်မြတ် ကြီး ပရိနိဗ္ဗာန်စံပြီး နှစ်ထောင့်ငါးရာ ပြည့်ခါနီးမှ၊ ကျုပ်တို့မှာ လူလားမြောက်ပြီး သကာလ နေပြန်တယ် (မှန်ပါ့)။

နေပြန်တော့လည်း၊ လူလားသာမြောက်ခဲ့တယ်၊ သား ရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ခုနက လမ်းပြ ရှာလွတ်ရေး၊ တွေးကို မတွေးနိုင်ဘူးတဲ့ (မှန်လှပါ ဘုရား)။

ဆရာကောင်းကြုံလို့တော်သေးရဲ့

ခုမှတစ်ခါ ဆရာကောင်း၊ သမားကောင်းနဲ့ ကြုံပြီး သကာ လ တွေ့ပြန်လည်း အကြောင်း ညီညွတ်လို့ ခင်ဗျားတို့ကလည်း၊ မှီခိုတတ်လာတာနဲ့၊ ဟာ တော်သေးရဲ့ တော်သေးရဲ့၊ တော်သေးရဲ့ (တင်ပါ့)။

ခင်ဗျားတို့ လမ်းစရှာတဲ့အထဲ၊ ခင်ဗျားတို့ပါလာသေး တယ်၊ လမ်းကလည်းမပိတ်သေးဘူး၊ တော်သေးတယ် (မှန်ပါ့)၊ အခုဝင်လာလည်းတော်သေးတယ်။

သား သမီးရေး၊ စီးပွားရေးနဲ့ အိမ်ကြို၊ အိမ်ကြားမှာ ပျော်ချင်သလိုပျော်၊ ရူးချင်သလို ရူးနေမယ် ဆိုရင်တော့ အိုပွဲ၊ နာပွဲ၊ သေပွဲတွေဟာ ခင်ဗျားတို့ပဲ နှုတ်ဆက်ခံရင်းသေတော့ (မှန်ပါ့)၊ ဒါ မရောက်ဘူးလား၊ ရောက်ပါတယ်ဘုရား။

လမ်းမပိတ်ခင်ရောက်လာကြတယ်

အခုတော့တော်သေးတယ်၊ လမ်းမပိတ်ခင် ရောက်လာ ကြတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ကဲ ဒကာစိန် ကိုယ့်အတွက်လေး စဉ်းစားလိုက်တော့၊ လမ်းမ ပိတ်ခင် ရောက်လာ သေးတယ် (မှန်ပါ့)၊ တော်သေးတယ်ဗျ။

တော်သေးတယ်၊ တော်သေးတယ် ကိုထွန်းအောင်ရ (အလွန်ဝမ်းမြောက်စရာ ကောင်းပါတယ် ဘုရား)။

အလွန်ဝမ်းမြောက်စရာကောင်းပါတယ်၊ အားလုံး ဒကာ ဒကာမတွေအတွက် ကိုယ့်အတွက်ပါ စဉ်းစားလိုက်တဲ့အခါ ကျတော့၊ အင်း ကံကြွင်းလေးရှိသေးသဟနော် (ရှိပါတယ် ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အိုနာသေပွဲလွတ်သေးတယ်

အဲဒါကြောင့် အခု ဆရာဘုန်းကြီးနဲ့ တွေ့လာတော့ ဒကာ ဒကာမတွေဟာ တော်သေးတယ်၊ လမ်းမပိတ်ခင် ဒီကလမ်း ပြလိုက်တဲ့ ကိုယ်စားလှယ်လမ်းပြနဲ့တွေ့နေသေးလို့၊ အင်းဒီ ဒကာ ဒကာမတွေ တော်သေးတယ်၊ နောက်အိုပွဲ နာပွဲ သေပွဲနဲ့ လွတ်သေးသဟနော် (ဟုတ်ပါတယ် ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

နို့မို့လို့ရှိရင် ဒီလမ်းပြမှ မတွေ့တော့ဘူးဆိုရင်ဖြင့်၊ ခုနက မြင့်မိုရ်တောင်ကြီး၊ အနီးအနားမှာရှိတဲ့ ကျောက်တောင်ကြီးကို အဝတ်နဲ့ပွတ်တာ၊ မကုန်သလိုပေါ့၊ မကုန်တဲ့မျက်ရည်တွေနဲ့ မကုန်တဲ့ငိုပွဲတွေ၊ ရဦးမှာပေါ့ (မှန်လှပါ ဘုရား)၊ မလာပေ ဘူးလား (လာမှာပါ ဘုရား)။

သေပွဲတွေကောဗျာ (လာမှာပါ ဘုရား)၊ အဲဒါလာမှာ တွေကို ဧကန်သိ၊ တကယ်သိဆိုရင်တော့၊ နောက်ပွဲမနွှဲတော့ ဘူးဟေ့၊ တို့ဆရာဘုန်းကြီး ပြတဲ့လမ်းသည်ကားလို့ဆိုရင် ဘုရားဖွင့်ထားတဲ့ လမ်းဖြစ်သောကြောင့် ညီတော်အာနန္ဒာ ငိုရင်းနဲ့ ငါလမ်းတွေ ထားခဲ့တယ် ဆိုတဲ့အတိုင်း ဒီလမ်းတွေ ကိုလည်း ဆရာဘုန်းကြီးက တစ်ဆင့် ပြုပြီးဟောဒီကသွား၊ ဟောဒီကသွား ခင်ဗျားတို့ အိုပွဲ၊ နာပွဲ၊ သေပွဲတွေ ဇာတ်သိမ်းလိုက်ပါ။ ချမ်သာပွဲကြီးက နိဗ္ဗာန်မှာမှ ရှိတယ် (တင်ပါ့)၊ ဟောဒီ မဂ္ဂင်လမ်းက သွားလိုက်စမ်းပါဦး (မှန်ပါ့)။

တို့ကံကောင်းသေးတယ်

လမ်းမပိတ်ခင် ပြောရလို့ ခင်ဗျားတို့ကံကောင်းသေးတယ် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

တော်သေးတယ်၊ တော်သေးတယ်၊ ကိုယ့်အတွက်ဝမ်း သာကြဦး (ဝမ်းသာပါတယ် ဘုရား)၊ ဝမ်းသာစရာ အလွန်ကောင်းတယ်နော် (ကောင်းပါတယ် ဘုရား)၊ ဒေါ်သောင်းရေ အဖိုးတန်အောင် ပေးတော့မှ အဖိုးတန်လာတယ် (မှန်ပါ့)။

သာမည သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ကိုယ့်ဟာ လေးနဲ့ကိုယ် တင်းတိမ် နေကြမယ် ဆိုလို့ရှိရင်လည်း၊ အိုပွဲ၊ နာပွဲ၊ သေပွဲတွေဟာ ကိုယ့်ဟာချည့်ပဲ (မှန်ပါ့)၊ မသိပဲကိုးဗျ။ မသိပဲကို

နောက်ဒီဇာတ်မခင်းရတော့ဘူး

အခုတော့လေ့လာတာ၊ အင်း ဒီတစ်ခါ အိုပွဲ၊ နာပွဲ၊ သေပွဲ ပြီးရင်ကိစ္စပြီးပဟ၊ နောက်ဒီဇာတ် မခင်းရတော့ဘူးဟ၊ ဘာပြုလို့လဲ ဆိုတော့၊ မဂ္ဂင်လမ်းမတော်ပေါ်လျှောက်နေတော့၊ ရောက်ပေတော့ နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့ ဒီဇာတ်မခင်းရတော့ဘူး၊ (ဒီအတိုင်းအားခဲထားပါတယ် ဘုရား)၊ ဒီအတိုင်း ကျင့်ရမှာပဲ ဒကာစိန်ရေ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့၊ ကိုယ်တော်မြတ်ကြီး ရှာခဲ့တဲ့လမ်းပဲ တော်တော်ခုတ်ထွင်ပြီး ရှာခဲ့ရတယ် (မှန်လှပါ ဘုရား)။ ခင်ဗျားတို့က သူများထွင်ထားတဲ့လမ်းမကြီးကို ပေါ့ပေါ့နဲ့ အသာ တကြည် ယူလို့၊ ဝိပဿနာလေး ရှုလိုက်ပြီး မနေချင်သေးဘူးလား။

မအားလို့ဆိုရင်တော့

မအားလို့ပဲ၊ မလပ်လို့ပဲ၊ ဟုတ်လား၊ မအားလို့ပဲ၊ မလပ် လို့ပဲလို့ ဆင်ခြေများလဲလိုက်မယ်ဆိုရင် အိုပွဲ၊ နာပွဲ မကြိုက်လို့ပဲဟေ့၊ ဒီအဓိပ္ပါယ်ပဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဘုန်းကြီးကပင်ပန်းခံပြီးပြနေတာ

အဲဒီလောက် ခင်ဗျားတို့မှာ ဆိုးရွားဖို့ အရေးတွေမြင်လို့ ဆရာဘုန်းကြီးကလည်း ပင်ပန်း ခံပြီးတော့ နေ့တိုင်း၊ နေ့တိုင်း ဒီလမ်းမတော်ကြီးကို ပြပေးနေတာ။

မပိတ်သေးပါဘူး သွားကြစမ်းပါဦး၊ နိဗ္ဗာန်မဂ်ဖိုလ်ဖြင့် မပိတ်သေးပါဘူး၊ ဒီလမ်းကြီး ပွင့်နေပါသေးတယ်။

မဂ္ဂါနံ အဋ္ဌင်္ဂိကော သေဋ္ဌော။

မဂ္ဂင်လမ်းမတော်မှတစ်ပါး ဘယ်ဟာမှ နိဗ္ဗာန်ဝင်တဲ့လမ်း မရှိဘူးတဲ့ ဒကာ ဒကာမတို့ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒီ လမ်းကြီးပြတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လမ်းတော့မြင်ပါပြီ

အဲ ခင်ဗျားတို့ လမ်းမသွားတတ်သေးပါဘူး၊ သင်ရဦး မှာပါ (တင်ပါ့)၊ လမ်းတော့မြင်ပါပြီ၊ ဘယ်လို လှမ်းရမှာတုံး၊ ဆိုတဲ့အရေးသင်ပေးဦးမှာပါ။

ခင်ဗျားတို့က ခြေတုန်၊ လက်တုန်ဖြစ်နေတယ်၊ ဟုတ်ပ လား၊ ခင်ဗျားတို့က (၄၀) ကျော်၊ (၅ဝ) တွေ၊ (၆ဝ) တွေ (၇၀) တွေ ဒကာစိန်တို့က (မှန်လှပါ ဘုရား)။ လမ်းမသွားတတ် သေးဘူး။

ခင်ဗျားတို့က လမ်းမသွားတတ်သေးဘူး၊ လမ်းတွေ့ငြား သော်လည်း၊ ခင်ဗျားတို့က လမ်းမသွားတတ်သေးဘူး၊ သင်ပေးရ ဦးမယ်။

ကဲ ဒကာထွန်းအောင်ရ သင်မပေးရင် ဘယ့် နှယ့်လဲ၊ (မရပါ ဘုရား)၊ သင်ပေးရမယ် ခင်ဗျားတို့က ဆန်ကုန်မြေလေး၊ ကြီးနေတယ် (မှန်ပါ့)။

မအိုမသေအမြဲနေတာ သွားတတ်ကဲ့လားမေးတော့ (မသွားတတ်သေးပါဘူး ဘုရား)၊ မသွားတတ် သေးရင် သင်ပေး ရဦးမယ် (သင်ရမှာပါ ဘုရား)။

လမ်းသွားတတ်ဖို့သင်ပေးမယ်

အေး ဒါကြောင့် လူကြီးတာလိုရင်းမဟုတ်ဘူး ဒကာ စိန်ရေ (မှန်ပါ့)၊ လမ်းသွားတတ်ဖို့ အရေးက ကြီးတယ် (ဟုတ်ပါတယ် ဘုရား)၊ အဲဒါ ဒကာ ဒကာမတို့လမ်းသွားတတ်တဲ့ အရေး ယခု ဟောပါတော့မယ် (မှန်လှပါ ဘုရား)။

လမ်းသွားတတ်တဲ့အရေးတို့၊ မဂ္ဂင်လမ်းပေါ်လျှောက် နည်းတွေကို ပြောပါတော့မယ်။

ဇာတိရလို့အိုနာသေလာတာ

ကိုင်း ဒါနဲ့ ဘုရားလောင်းဘဝကကြည့်တော့ –

ကိသ္မိံ သတိ ဇရာမရဏံ။

အော် အိုနာသေမွဲကွဲဆိုတာ ဘယ်ကလာပါလိမ့် မတုံး (တင်ပါ့)၊ ဒါဘယ်က လာပါလိမ့်မတုံး ဆိုတော့ ဇာတိ (တင်ပါ့)၊ အင်း ဇာတိ၊ ပဋိသန္ဓေနေမှုရှိလို့ အိုနာသေလာတာကိုး (တင်ပါ့)။

ဘဝရှိလို့ဇာတိလာတာ

ဘုရားက လိုက်တယ်၊ ဇာတိဘယ်ကလာပါလိမ့်ဆိုတော့ ဘဝကလာတာ၊ ဘဝပစ္စယာ ဇာတိ ကိုဗျ၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဘဝဘယ်ကလာတုံးလို့နောက်ဆုတ်သွားလိုက် ပြန် တော့ ဥပါဒါန်ကလာတယ်၊ ဥပါဒါန်၊ ဘယ်က လာသတုံးဆို တော့ တဏှာက လာတယ်၊ တဏှာဘယ်က လာသတုံးဆိုတော့ (ဝေဒနာကပါ ဘုရား)၊ ဝေဒနာကလာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း တစ်ခါဝေဒနာဘယ်ကလာသတုံးဆိုတော့၊ ဖဿ ကလာပါတယ်၊ ဖဿ ဘယ်က လာသတုံးဆိုတော့ သဠာယတန ကလာပါတယ်၊ သဠာယတနပစ္စယာ ဖဿာကိုး။

ဒီသဠာယတန ဘယ်ကလာသတုံးလို့ မေးတဲ့အခါကျ တော့နာမရူပ-ပစ္စယာ သဠာယတနံ၊ သဘောကျပလား (ကျပါပြီ ဘုရား)။ နာမ်ရုပ်ကလာတာ၊ သဘောကျပလား၊ နာမ်ရုပ် ဘယ်က လာပါလိမ့်မတုံးလို့ စဉ်းစားတော့ ဝိညာဏ ပစ္စယာ နာမရူပံ (တင်ပါ့)။

ဪ ဒါဖြင့် ဝိညာဏ်နာမ်ရုပ်ရှိလို့ အိုနာသေလာ တာကိုး (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရှေ့ဆက်လက် တွေးတော့ ဝိညာဏ်၊ သူနဲ့ ယှဉ်ဖော် ယှဉ်ဖက်ဖြစ်တဲ့ ဒီရုပ်တွေရှိလို့ အိုနာသေ လာတာကိုး (တင်ပါ့)။

နာမ်ရုပ်ရှိလို့အိုသေလာတာ

ဘုရားကတစ်ခါတည်း၊ ဇရာမရဏတည်း ဟူသော တရားကိုနောက်ဆုတ် တွေးတာကိုး (တင်ပါ့)၊ နာမ်ရုပ်ရှိလို့ အိုသေလာတာဟေ့ (တင်ပါ့)၊ သိပြီ၊ သိပြီ၊ ဒကာ ဒကာမတို့။

နာမ်ရုပ်ရှိလို့ အိုလာတာတဲ့ ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဪ အိုသေဘယ်ကလာ (နာမ်ရုပ်ရှိလို့ပါ ဘုရား)၊ နာမ်ရုပ်မရှိတော့ အိုသေလာနိုင်ပါ့မလား (မလာနိုင် ပါ ဘုရား)၊ အဲဒီတော့ အဲဒီနာမ်ရုပ်ဘယ်ကလာသတုံး ဝိညာဏပစ္စယာ၊ နာမရူပံ (မှန်ပါ့ ဘုရား)။

ပေါင်းလိုက်တော့နာမ်ရုပ်ပဲ

ဝိညာဏ်ကြောင့် နာမ်ရုပ်၊ ရတာလည်း နာမ်ရုပ်ကြောင့် ဝိညာဏ် အတူတူပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဝိညာဏ် ကြောင့်ဘာဖြစ်သလဲ (နာမ်ရုပ်ဖြစ်ပါတယ် ဘုရား)၊ နာမ်ရုပ်ကြောင့် ဘာဖြစ်သလဲ (ဝိညာဏ်ဖြစ်ပါတယ် ဘုရား)။ အင်းပေါင်းလိုက်တော့ နာမ်ရုပ်ပဲ သဘောကျပလား (ကျပါပြီ)။

အဲဒီကဲ့သို့ နာမ်ရုပ်ရှိလို့ အိုသေလာတာဆိုတာ ဘုရားက ဖွတ်ကိုဖမ်းတဲ့ အခါကျလို့ရှိရင် ထွက်ပြေးတဲ့ဆီသူက လိုက်လိမ့် မယ်၊ ပြီးတော့မှ သူတို့က တောင်ဘို့ထဲဝင်သွားတဲ့အခါကျတော့ ဖွတ်ရှာတာ တောင်ဘို့ဆုံးရင်တွေ့တာပေါ့ဗျာ (တင်ပါ့)။

ဒီမှာလည်း ဇရာမရဏတည်းဟူသော ဖွတ်ကောင်ကို လိုက်တဲ့အခါကျတော့ နာမ်ရုပ် သွားတွေ့တယ်၊ သူက ဒီဖွတ်ဒီက လာတာပဲဆိုတာ သေချာသွားတွေ့တယ်။

အို၊ နာ၊ သေ ရုပ်နာမ်ကလာတာ

ဒီအိုနာသေ ဘယ်ကလာတာလဲ၊ နာမ်ရုပ်ကလာတာပဲ (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘယ်ကလာတာလဲ (နာမ်ရုပ်ကလာတာပါ ဘုရား)၊ ဟာ ဒါဖြင့် ဒီနာမ်ရုပ်ရှိလို့ အိုနာသေ၊ မွဲကွဲတာ (မှန်ပါ့ ဘုရား)။

ဒီနာမ်ရုပ်မရှိရင် အိုနာသေမွဲကွဲ လာနိုင်ပါမလား (မလာ နိုင်ပါ ဘုရား) ဒါဖြင့် ဒီနာမ်ရုပ်ကို ဇာတ်သိမ်း ငြိမ်းလိုက်ရလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်မှာသာလျှင် ခုနက အိုနာသေမွဲ ကွဲကြီးတွေ အတွဲလိုက်၊ အပြုံလိုက်ပြုတ်ရတော့မယ်၊ မပြုတ် ပေဘူးလား (ပြုတ်မှာပါ ဘုရား)။

အဲဒါကြောင့် နာမ်ရုပ် ဝိပဿနာ ရှုရလိမ့်မယ်ဆိုတာဖြင့် သဘောကျရုံပဲ (ကျပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ)။

နာမ်ရုပ်ကိုဝိပဿနာရှုကြပါဦး

ကိုင်း ဒကာ ဒကာမတို့ ဒီနာမ်ရုပ်ကိုပင်လျင် ဝိပဿနာ ရှုကြပါစို့နော်၊ ဝိပဿနာရှုကြပါစို့လို့ ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ရှိတာတင်ပြရုံပဲ၊ (တင်ပါ့)။

ခင်ဗျားတို့မှာ စားချင်တာလေးက နာမ်လို့ ဘုန်းကြီးက ပြောတယ်၊ စားတာလေးက (ရုပ်ပါ ဘုရား)၊ (စားချင်တာက နာမ်ပါ ဘုရား)၊ အေး စားချင်တာကနာမ်၊ စားတာကရုပ်၊ ဝတ်ချင်တာကနာမ်၊ ဝတ်တာကရုပ်၊ (တင်ပါ့)၊ အင်း နာမ်ရုပ်ရှိလို့ အိုတာကို မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

နာမ်ဆိုတာလည်းဝေဒနာပဲ

ကိုင်း ဒကာ ဒကာမတို့၊ ခင်ဗျားတို့ စားချင်တာ ကလေးကလည်း သုခဝေဒနာ၊ နာမ် ဆိုတာလည်း၊ ဝေဒနာပါပဲ။ မထူးပါဘူး၊ စားချင်တာကလေးဟာ စားချင်စိတ် ကလေးပေါ် လာတယ်ဆိုတာ- စားမှာပဲ၊ တဏှာရာဂ စားမှာပဲ။

စားချင်စိတ်က လေးပေါ်လာတယ်ဆိုတာ သုခဝေဒနာ ပေါ်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အဲဒီသုခဝေဒနာ ကလေးဟာ စားချင်စိတ်ကလေးပဲ၊ (တင်ပါ့)၊ အဲဒီစားချင် စိတ်ကလေး ပေါ်တော့ စားချင်တဲ့ရုပ်ကလေးဟာ တစ်ခါတည်း မျက်စိ မျက်နှာကလေးက ကြည်လင်လို့။

ဒီနေ့ဖြင့် ထမင်းကို ဆာလာလိုက်တာဆိုပြီး ပြုံး ပြောတယ်၊ မပြောဘူးလား (ပြောပါတယ်)၊ အဲ စားချင်တဲ့သုခဝေဒနာ ပေါ်လို့ရှိရင်၊ သုခစိတ်ကလေးတွေ တစ်ခါတည်းပေါ်လာတယ်။

ဒီနာမ်ရုပ်ကလာတာပဲ

အင်း စားချင်တဲ့စိတ် သုခဝေဒနာကနာမ်၊ ပြုံးပြုံးရွှင်ရွှင် ပေါ်လာတာကရုပ်၊ ဒီနာမ်ရုပ်က လာတာပဲ ဆိုတာကော ရိပ်မိပါလား (ရိပ်မိပါပြီ)၊ အဲ နာမ်ရုပ်ကလာတာပဲ။

အဲဒီတော့ ဒကာ ဒကာမတို့ စားချင်တာ၊ စားချင်တဲ့ သုခဝေဒနာကနာမ်၊ ပြုံးပြုံးရွှင်ရွှင် ကလေးက (ရုပ်ပါ ဘုရား)၊ အင်း အဲဒီနာမ်ရုပ်စွဲတယ်ဆိုတော့ ဒကာ ဒကာမတွေ နေရာကျပြီ မစား ချင်တာကလေးကို စားနေလျှက်နဲ့ပဲ မစားချင်တာက ဒုက္ခဝေဒနာ မျက်နှာကို တစ်ခါတည်း ပြောင်းသွားတယ်၊ မျက်စိမျက်နှာမှာ ပျက်လာတယ်။

မစားချင်စိတ်ပေါ်လာပြီ၊ ဒါဖြင့် မစားချင်တာက ဒုက္ခ ဝေဒနာ၊ မျက်နှာပျက်တာက ဒုက္ခဝေဒနာ ကြောင့်ဖြစ်တာ (မှန်ပါ့)၊ မစားချင်တာက ဒုက္ခဝေဒနာဆိုတဲ့နာမ်၊ မစားချင် တဲ့အမူအရာတွေက (ရုပ်ပါ ဘုရား)။

အဲဒီနာမ်ရုပ်တွေက လာတာကို၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)၊ ပြောချင်တာက သုခဝေဒနာ၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလာတဲ့ရုပ်က (ရုပ်ပါ ဘုရား)၊ ရုပ်ပဲဆိုတော့ ဪ ဒီနာမ် ရုပ်ကလာတာပဲဆိုတော့၊ ဒီနာမ်ရုပ်ရှိနေလို့ အိုနာသေ လိုက်တာ ဟ (မှန်လှပါ ဘုရား)။

ဒီနာမ်ရုပ်မရှိရင်တော့ အိုနာသေလိုက်စရာကြီး၊ ဘယ်လို တွေးတွေး မရပါဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝေဒနာရှုရင်ရုပ်ပါတွဲလာတယ်

ကိုင်း ဒကာ ဒကာမတို့ ဒီနာမ်ရုပ်ကို ဝေဒနာအ တိုင်း ရှုလိုက်လို့ရှိရင်ရုပ်ပါတွဲလာလိမ့်မယ်၊ ဝေဒနာရှုလိုက်လို့ရှိရင် ရုပ်ပါတွဲလာလိမ့်မယ်၊ အမှန်ဝေဒနာကိုဗျ။

အဲဒါကြောင့် ဒကာ ဒကာမတို့ မျက်လုံးမှာ ဘာ ဝေဒနာပေါ်သလဲ (ဥပေက္ခာဝေဒနာပါ ဘုရား)၊ အဲ နား၊ နှာခေါင်း၊ လျှာ (ဥပေက္ခာဝေဒနာပါ ဘုရား)။

ငါကြား၊ သူကြားမလာစေနဲ့

အင်း မြင်တယ်ဆို ဥပေက္ခာဝေဒနာ၊ ကြားတယ်ဆို (ဥပေက္ခာဝေဒနာ)၊ ငါကြားသူကြား မလာစေနဲ့၊ (မှန်ပါ ဘုရား)၊ နံတယ်ဆို ဥပေက္ခာဝေဒနာ၊ စားတယ်ဆို (ဥပေက္ခာ ဝေဒနာ) သူ့နေရာနဲ့ သူသွားပြီးပေါ်တာပဲ။

မျက်လုံးကပေါ်၊ နားကပေါ်၊ နှာခေါင်းကပေါ်၊ လျှာပေါ် မှာပေါ်၊ အမလေးယားလိုက်တာဆိုရင် ကိုယ်ပေါ်မှာ ဒုက္ခ ဝေဒနာပေါ်ပြီ၊ အင်း နေလို့ကောင်းလိုက်တာဆိုတော့ ကိုယ် ပေါ်မှာ ဘာတုံး (သုခ ဝေဒနာပါ ဘုရား)။

ဝေဒနာသုံးမျိုး

အင်း စိတ်ထဲမှာ ချမ်းသာလိုက်တာ ဆိုတော့ ဝမ်းမြောက်တယ် (သုခဝေဒနာပါ ဘုရား)၊ စိတ်ထဲမျက်ရည်စီးပြီ ဆိုရင်ဖြင့် (ဒုက္ခဝေဒနာပါ ဘုရား)၊ အင်း ဖြစ်သည့် အကြောင်း အကောင်းချည်းပဲ ဆိုတာ လာလိုက်တာရှိသေးတယ် (ဥပေက္ခာဝေဒနာပါ ဘုရား)။

အဲဒီဝေဒနာပေါ်တိုင်း အနီးကပ် လိုက်တာပဲ၊ မယုံအကဲ ခတ်ကြည့်ပါလား လိုက် မလိုက် မြင်စမ်းလို့ မရဘူးဆိုတာ အတွင်းဒုက္ခဝေဒနာ ဝေဒနာလေးပေါ်မလာဘူးလား၊ အတွင်းက ရုပ် အပြင်က နာမ်၊ အပြင်ဘက်မှာအမူအရာပြောင်းတာတွေက (ရုပ်ပါ ဘုရား)။

နာမ်ကိုပဿနာရှုကြပါစို့

အေး ဒါကြောင့် ဒီနာမ်ရုပ်ကြောင့် အိုနာသေလာ တာဆိုတာဘုရားက လက်သည်သိတယ်၊ ဒါမျိုးမလိုချင်တဲ့ ဉာဏ်ရအောင် ရှုလိုက်ရလို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေသည် ကားလို့ဆိုရင် လိုရာ ခရီးလမ်းကို ဖြောင့်အောင်ရောက်တယ် ဆိုပြီး သကာလ ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက၊ ကဲ ဒါဖြင့် နာမ်ကိုဝိပဿနာရှုကြပါစို့ နာမ်ရှုလိုက်လို့ နာမ်ဖြစ်ရင်ရုပ် ကလည်း နောက်ကလိုက်ဖြစ်တာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ။)

ကိုင်း ဒကာ ဒကာမတို့ အပြုံးသည် ပြုံးတယ်ဆို တော့ အပြုံးဟာ သုခဝေဒနာ၊ သဘော ကျပလား (ကျပါပြီ)။

အပြုံးဘာဝေဒနာပေါ်ပါလိမ့်

ဒီသဘောကျတာလေး ခင်ဗျားတို့က ပြီးလို့ရှိရင်ဖြင့် ပြင်ဘက်အမှုအရာကြည့်လိုက်တော့ ပြုံးရုပ်ကလေး ပေါ်လာ တယ်၊ အင်းအပြုံးဘာဝေဒနာပေါ်ပါလိမ့် (သုခဝေဒနာပါ ဘုရား)။

ဘယ်အချက်ကြည့်ပြီး ခင်ဗျားတို့က သိပါလိမ့် (ပြုံးရုပ် ကလေးပေါ်လို့သိပါတယ် ဘုရား)၊ အဲပြုံးရုပ် ကလေးထပ်ကြည့် လိုက်တော့ သုခဝေဒနာအဖြစ်ရှိတာသိတယ်။

မဲ့ရုပ်ဘာဝေဒနာပါလိမ့်

တစ်ခါတစ်လေကျတော့ ဒကာ ဒကာမတွေ မျက်နှာကြီး များ တင်းလို့ မဲရုပ်ကြီးနဲ့နေတဲ့အခါ ဘာဝေဒနာပါလိမ့် (ဒုက္ခဝေဒ နာပါ ဘုရား)၊ အဲဒီတော့ စဉ်းစားလိုက်၊ စဉ်းစားလိုက်စမ်းပါ။

အကြောင်းအကျိုး စချုပ်တော့ ပြုံးရုပ်ချုပ်တယ်၊ (တင်ပါ့)၊ အတွင်းမဲ့တဲ့ သဘောမကျတဲ့ စိတ်ကလေး ချုပ်တော့ (ဒုက္ခချုပ် တယ်)၊ မဲ့တာ၊ ရွဲ့တာတွေချုပ်မသွားဘူးလား (ချုပ်ပါတယ် ဘုရား)၊ အဲဒါကြောင့် ဒုက္ခလည်း ချုပ်မသွားဘူးလား။

အဲဒါကြောင့် ဝေဒနာရှုလိုက်ရင် ကျန်တာတွေဟာ ချုပ်တယ်ဆိုတာ ဉာဏ်နဲ့စူးစမ်းရင်၊ ဉာဏ်စိတ် မြင်တယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

မြင်တာဥပေက္ခာဝေဒနာ

အဲ ဒကာ ဒကာမတို့ ရှုကြစမ်းပါဆိုတာ မျက်လုံးမြင် တယ်ကဘာဝေဒနာပေါ်လဲ (ဥပေက္ခာ ဝေဒနာပေါ်ပါတယ်)၊

အေးဒါလေးနဲနဲကြည့်ပြီး သကာလ ကြည့်ကိုကြည့်ပေးပါ၊ ရှိသေး ရဲ့လား (မရှိတော့ပါ ဘုရား)။

အင်းမြင်တာကို မမြင်တော့တာပါ၊ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ မြင်တာက (၁)နံပါတ်၊ မြင်တာလေး ရှာတာက (နှစ်နံပါတ်ပါ ဘုရား)၊ အဲဒါ (၁)နံပါတ်ကို (၂)နံပါတ် ကရှာလို့ ဘုန်းကြီးက ဟောတယ်။

(၁)နံပါတ်က မျက်စိကမြင်မယ်၊ အဲဒီမြင်တာလေးကို ဒကာ ဒကာမတို့က ဪ ဥပေက္ခာ ဝေဒနာ ပေါ်တယ်လို့ ရှုပေး၊ ရှုတော့ မရှိတော့ဘူး၊ မရှိတော့ဘူး (တင်ပါ့)။

ဖြစ်ပျက်ဒုက္ခသစ္စာလို့ရှု

ဘယ်လိုဖြစ်သွားလဲ၊ မြင်တုန်းကစိတ်၊ အခုပြန်ကြည့် တော့ စိတ်မရှိတော့ဘူး၊ အင်း အဲဒါဖြစ်ပျက် ဒုက္ခသစ္စာလို့ရှု (တင်ပါ့)။

ဖြစ်ပျက်ကလေးကိုရှု၊ ရှုပါများတော့ ဒုက္ခသစ္စာဖြစ်လိမ့် မယ်နော်၊ ငြီးငွေ့လာလိမ့်မယ် (တင်ပါ့)၊ မြင်တာလေးက ဘာပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)။

အေး (၁)နံပါတ်က ဥပေက္ခာဝေဒနာလေးပေါ်နေ တယ်၊ (၂)နံပါတ်နဲ့ ဒါလေးပြန်ကြည့်စမ်း (မရှိပါဘူး ဘုရား)၊ ဉာဏ်နဲ့ပြန်ကြည့်လိုက်တော့ တစ်ယောက်တည်းကိုးဗျ၊ တစ်ယောက်တည်း ဆိုတော့ ဒကာ ဒကာမတို့ (၁)နံပါတ် (၂) နံပါတ်သွားတော့မယ်၊ (၁)နံပါတ်သွားရင် ဒီဘက်နံပါတ် ရှိသေး ရဲ့လား (မရှိတော့ပါ ဘုရား)၊ တစ်ယောက်တည်းမှာ နှစ်ဝေဒနာ မပေါ်ကောင်းဘူး၊ (တင်ပါ့ ဘုရား)။

နှစ်စိတ်မပေါ်ကောင်းဘူး၊ မျက်လုံးမှာ ဝေဒနာပေါ်ရင် ဝမ်းထဲမှာမပေါ်ရဘူး (တင်ပါ့)၊ ခုတော့ မျက်လုံးမှာ (၁)နံပါတ်၊ ဥပေက္ခာဝေဒနာမြင်တယ်ဆိုရင် ဥပေက္ခာဝေဒနာ ပေါ်ပြီ။

သတိထားလို့မရှိမှန်းသိတာ

အဲ ဒကာ ဒကာမတွေအဲဒါလေး (၁)နံပါတ် ထားလိုက်၊ (၂)နံပါတ်ကို ဉာဏ်နဲ့ကြည့်စမ်း (မရှိတော့ပါ ဘုရား)။ မရှိပါဘူး ဖြစ်ပျက်ပြီးတဲ့ သဘောသာရှိတယ်။

အင်း ဖြစ်ပျက် ဒုက္ခသစ္စာလေးက (တင်ပါ့)၊ မရှိမှန်းသိတာ လေးက ဒကာ ဒကာမတို့ သတိထား လို့သိတာ၊ သတိမဂ္ဂင်၊ သမာဓိရှိလို့သိတာ၊ သမာဓိမဂ္ဂင်၊ ဝီရိယစိုက်နေလို့သိတာ ဝီရိယ မဂ္ဂင် (တင်ပါ့ ဘုရား)။

မဂ္ဂင်ရှစ်ပါး တစ်ခါတည်းခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာ အနေနဲ့ ပေါ်မလာဘူးလား (ပေါ်ပါတယ် ဘုရား)။

ဖြစ်ပျက်ကဒုက္ခသစ္စာ

ဒါဖြင့် (၁)နံပါတ်က ဖြစ်ပျက်ဒုက္ခသစ္စာ၊ (၂)နံပါတ်က မဂ္ဂသစ္စာ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ (၂)နံပါတ်က ပြန်ကြည့်တာကိုး၊ မျက်လုံးထဲဘာများ ရှိသေးသလဲလို့ ကြည့် လိုက်တော့ မြင်တာလေးများရှိသေးလားလို့ ကြည့်လိုက်တော့ ရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

သိတာကမဂ္ဂသစ္စာ

အင်း ပျက်သွားပြီ၊ ပျက်သွားတာက ဒုက္ခသစ္စာ၊ ပျက်သွားမှန်းသိတဲ့ (၂)နံပါတ်က (မဂ္ဂသစ္စာပါ ဘုရား)၊ အင်း ဒကာ ဒကာမတွေလမ်းရပြီ၊ ဒီလမ်း၊ အခုရနေတဲ့လမ်း၊ မဂ္ဂသစ္စာ ဆိုတဲ့လမ်းရပြီ (တင်ပါ့)။

တို့ဝမ်းထဲမှာ ပေါ်လာပြီ (တင်ပါ့)၊ မဂ္ဂသစ္စာဆိုတဲ့ ပျက်သွားတာသိလိုက်တဲ့ဉာဏ်ကလေးတွေ သတိတွေ၊ ဝီရိယ ကလေးတွေဟာ မဂ္ဂင်လမ်းကလေးရတာ (တင်ပါ့)။

ဒီလမ်းကလိုက်ရမှာ

အဲဒီလမ်းဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီလမ်းက လိုက်ရမှာ၊ ဒီလမ်းက နိဗ္ဗာန်ကြီးသွားရမှာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လမ်းတွေ့ပြီ၊ လမ်းတွေပြီ ဒကာ ဒကာမတို့ တစ်နံပါတ် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ မရှိတာကို ခင်ဗျားတို့ သတိ၊ ဝီရိယ၊ ပညာနဲ့မသိဘူးလား (သိပါတယ် ဘုရား)၊ အဲဒါသတိ၊ ဝီရိယ၊ ပညာဟာ ဘာတဲ့ (မဂ္ဂသစ္စာပါ ဘုရား)။

မဂ္ဂသစ္စာဆိုတာ လမ်းမတော်ကြီးပဲ (တင်ပါ့)၊ အင်း ဒကာ ဒကာမတို့ ရှုလိုက်ပြန်တော့ မဂ္ဂင် လမ်းမတော် ပေါ်ရောက်လာတယ် (တင်ပါ့ ဘုရား)။

အိုနာသေလွတ်တဲ့နိဗ္ဗာန်သွားမလို့

ဒီလမ်းပေါ်ရောက်ကတည်းက ဒကာ ဒကာမတို့ ဘယ် သွားကြမှာလို့ မေးဖို့မလိုဘူး၊ အိုနာသေ လွတ်တဲ့ နိဗ္ဗာန်သွားမလို့ (တင်ပါ့ ဘုရား)။

ဒီလမ်းမှန် မရောက်လို့ ခက်နေတာ၊ ဒီလမ်းကိုယ်တိုင်မရ လို့ခက်နေတာ၊ ဒီလမ်း ကိုယ်တိုင် ရတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်တိုင် သွားကုန်ပြီ (တင်ပါ့)။

ဒီလမ်းကိုယ်တိုင်ရတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်သွားမှာတုံး (နိဗ္ဗာန်သွားမှာပါ ဘုရား)၊ အိုနာသေ လွတ်တဲ့ နိဗ္ဗာန်သွားမယ် (တင်ပါ့)။

လျှောက်ပြီးသားရောက်ပြီးသားဖြစ်ပြီ

ဪ ဒါဖြင့် ဒီလမ်းကိုယ်တိုင်ရလို့ ဒီလမ်းပေါ် အခု တွေနေတဲ့ပုဂ္ဂိုလ်ဖြင့်၊ ဒကာ ဒကာမတို့ ဒီလမ်းပေါ်လျှောက်ပြီးသား ရောက်ပြီးသား မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

ဒါကြောင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မျက်လုံးဖြစ်ပျက်က ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါကို (၂)နံပါတ်နဲ့ ရှာလိုက်တဲ့အခါမတွေ့တော့ဘူး (တင်ပါ့)၊ မတွေ့တာကို သတိထားရှာလည်း မတွေ့ဘူး၊ ဝီရိယနဲ့ ရှာလည်း (မတွေ့ပါ ဘုရား)၊ သမာဓိနဲ့ကြည့်ပြန်တော့ (မတွေ့ပါ ဘုရား)။

ပညာနဲ့ကြည့်ပြန်တော့ (မတွေ့ပါ ဘုရား)၊ မဂ္ဂင်ရှစ် ပါးလုံးနဲ့ကြည့်လိုက်တယ် တွေ့ကို မတွေ့ဘူး (မတွေ့ပါ ဘုရား)၊ တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ ကြည့်လည်း မတွေ့ဘူး၊ ရှစ်ပါးနဲ့ ကြည့်တော့ ကော (မတွေ့ပါ ဘုရား)၊ မတွေ့တော့၊ အင်းဒီလမ်း (၁)နံပါတ်က ဒုက္ခသစ္စာလမ်း သဘောကျပလား (ကျပါပြီ ဘုရား)။ အဲဒါ ဒုက္ခသစ္စာ၊ မြင်တာကမဂ္ဂသစ္စာ၊ အေး (၂)နံပါတ်အမြင်ကလေးက မဂ္ဂသစ္စာ (တင်ပါ့ ဘုရား)။

နိဗ္ဗာန်သွားမယ့်လမ်းပေါ်ရောက်ပြီ

အဲဒါဒကာ ဒကာမတို့ လမ်းပေါ်ရောက်ပြီ အောက်မေ့ ပေတော့ (မှန်ပါ ဘုရား)၊ မဂ္ဂသစ္စာ လမ်းပေါ် ရောက်ပြီ၊ ဒကာ ဒကာမတို့။

ဘယ်သွားမယ့်လမ်းပေါ်ရောက်တာတုံး၊ (နိဗ္ဗာန်သွား မယ့်လမ်းပေါ်ရောက်တာပါ ဘုရား)၊ အမလေး ဒကာစိန်၊ နေရာ ကျပြီ အိုနာသေလွတ်တဲ့ လမ်းပေါ်တက်မိပြီ၊ ဒကာ ဒကာမတို့ (မှန်ပါ့)၊ အဲ နောက်ပြန် မဆုတ်နဲ့၊ (တင်ပါ့ ဘုရား)။

နောက်ပြန်မဆုတ်နဲ့

နောက်ပြန်မဆုတ်နဲ့၊ ဒီလမ်းပေါ်ရောက်ဖို့ ဘုန်းကြီး အတော်ပြောခဲ့ရတယ်၊ ဟုတ်ပလား (တင်ပါ့)၊ ဒီလမ်းပေါ် ရောက်ဖို့ရာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဒီလမ်း ဘယ်လောက် ရှာခဲ့ရသလဲ၊ (အတော်ရှာခဲ့ရပါတယ် ဘုရား)။

အဲဒီလို ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဒီလမ်းကိုယ်ပိုင်မရဘူးလား (ရပါတယ် ဘုရား)၊ အဲကိုယ်ပေါ် မှာလည်း ဒီဥစ္စာတွေ ဖြစ်တဲ့မဂ္ဂင် ရထားကြီး ခန္ဓာပေါ်မှာတစ်ခါတည်း၊ မဂ္ဂင်လမ်း မတော်ကြီးကိုယ်တိုင် ကိုယ်ပိုင် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒီလမ်းကမဂ္ဂသစ္စာ။

ကြပ်ကြပ်ရှုတာ၊ ကြပ်ကြပ်လျှောက်တာပဲ

ဒါ့ကြောင့် ဒီလမ်း သည်ကားလို့ဆိုရင်ဖြင့် ဒကာ၊ ဒကာမ တို့ ခင်ဗျားတို့ ဘယ်သွားကြမှာတုံးလို့ မမေးပါနဲ့၊ အိုနာသေ လွတ်တဲ့ နိဗ္ဗာန်သွားမှာပါ။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီလမ်းက မဂ္ဂသစ္စာ၊ (မှန်ပါ့) ဒီလမ်းအတိုင်း လျှောက်သွားလို့ ကြပ်ကြပ်ရှုပြီး၊ ကြပ်ကြပ်ရှုကြမယ် ဆိုရင် ကြပ် ကြပ်လျှောက်တာပဲ။ (တင်ပါ့)။ လျှောက်ပါများလာတဲ့ ပုဂ္ဂိုလ် ဟာ ဒကာ၊ ဒကာမတို့ ဝိပဿနာမဂ္ဂင်က နေပြီး သကာလ တကယ့်မဂ္ဂင်အစစ် ဖြစ်လာတော့ နိဗ္ဗာန်ကြီး၊ ကိုယ်တိုင်မြင်လို့ ကိုယ်တိုင်သွားရတယ်။

သွားပါများမှရောက်မယ်

ဒါဖြင့် သွားပါများမှရောက်မယ်၊ (တင်ပါ့) တစ်နေ့ကို တစ်နာရီလောက်သွားကြည့်၊ နှစ်နာရီ လောက် သွားကြည့်၊ နောက်နေ့တွေ ငါးနာရီလောက်သွားကြည့်။ နက်ဖြန်လည်း သွားကြည့်ပါ။

သွားပါများတဲ့အခါကျတော့ ဝိပဿနာမဂ္ဂင်က တကယ့် အစစ်ဖြစ်လာမယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ဖြစ်တဲ့ အခါကျတော့ တကယ့်မဂ္ဂင် အစစ်လည်းဖြစ်ရော၊ ဟာမြို့ကြီးကို မြင်ရပြီ ဆိုတာကတော့၊ လေး၊ ငါး၊ ခုနစ်ရက်နဲ့ရပါတယ် (မှန်ပါ့ ဘုရား)။

မြို့ကြီးတွေကို မြင်ရပါလိမ့်မယ်၊ မမြင်ရပေဘူးလား (မြင်ရ ပါတယ် ဘုရား)၊ အဲဒါဘာဖြစ်လို့ မြင်ရပါသတုံးလို့ ဆိုရင်တော့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါအုံး၊ ဒီအမြင်ဘာ့ကြောင့် မြင်သတုံး၊ ရှေးကမမြင်အခုမှ အခုမှရှုပါများလာလို့ (နိဗ္ဗာန်မြင် – ပြီ ဘုရား)။

နိဗ္ဗာန်မြင်ပြီ

ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်မြင်ပြီဘုရား ဆိုတော့ အို ဒကာ ဒကာမတို့ ကိလေသာ အမှောင်ဓာတ် မရှိလို့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာ အမှောင်ဓာတ်၊ သမုဒယသစ္စာ၊ ချုပ်ငြိမ်း၊ ရုပ် သိမ်းတဲ့ခင်ဗျားတို့ မြို့တော်ကြီးမြင်ပြီ မဟုတ်လား (မြင်ပါပြီ ဘုရား)၊ နို့မို့မြင်ပါ့မလား (မမြင်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဖြစ်ပျက်ကဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က လေးက (မဂ္ဂသစ္စာပါ ဘုရား)၊ အမှောင်ဓာတ်ကြီး ပျောက် သွားတာက၊ သမုဒယချုပ်တာ၊ အမှောင်ဓာတ် ပျောက်သွားတော့၊ အမှောင်မှာ မြို့တော်ကြီးမြင်ရတဲ့၊ အမြင်ခံရတဲ့ မြို့တော် ကြီးက ဘာတဲ့လဲ (နိရောဓသစ္စာပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ တစ်နေ့တစ်လံ ရောက်ချင်မှ ရောက်တာ အခုတော့ မြို့တော်ကြီး တစ်ခါမတွေ့သေးရင် မျက်စိ လည်းရှု၊ နားလည်းရှု၊ ကိုယ်လည်း ရှုပေါ့ဗျာ၊ ဟဒယဝတ္ထုပေါ် ဝေဒနာ သုံးမျိုး ဆရာဘုန်းကြီးသင်ထားပြီ။

သွားသာသွားပါသေချာပါပြီ

အဲဒါပေါ်တိုင်းပေါ်တိုင်းသာရှုနေရင်၊ မဂ္ဂင်လမ်းမတော် ကို တစ်နေ့တစ်နာရီပဲ၊ တစ်နာရီ လောက်သာတွက်၊ ကြာတော့ သွားပါများ လို့ရှိရင် မြို့တော်ကြီးနဲ့ ကပ်နေတယ်၊ မကပ်ပေဘူး လား (ကပ်ပါတယ် ဘုရား)။

မဂ္ဂင် လမ်းမတော်ကြီးသည်၊ ဘုန်းကြီးကလည်း တစ်ခါ၊ တစ်ဆင့်ပြပြန်တယ်၊ သွားသာသွား ဒီတစ်ခါခင်ဗျားတို့ မအိုမသေအမြဲနေတဲ့ မြို့တော်ကြီး ရောက်မယ်ဆိုတာ သေချာပြီ (သေချာပါတယ် ဘုရား)။

သွားတတ်ပြီလား (သွားတတ်ပါပြီ)၊ ရှူရမယ်နော် (တင်ပါ့)၊ မရှုရင်မဂ္ဂင်ပေါ်မလား၊ (မပေါ်ပါ ဘုရား) ရှုတာ သည်ပင်လျှင် သွားတာကို ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

အသက် (၇၀) မှ သွားတတ်တယ်

အဲဒါဒကာစိန် သွားတတ်ပြီလား (သွားတတ်ပါပြီ)၊ အသက် ဘယ်လောက်ရပြီလဲ (ခုနစ်ဆယ်ပါ ဘုရား)၊ ခုနစ် ဆယ် (၇၀)မှ သွားတတ်တယ်၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

တချို့သွားကို မသွားတတ်သေးဘူး၊ ဒကာစိန် (တင်ပါ့)၊ သွားတတ်ပလား (မသွားတတ်ပါဘူး)၊ အသက် ကြီးပေမယ့်သွားတတ်ပလား၊ (မသွားတတ်ပါဘူး ဘုရား)၊ ကဲ ရိပ် မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကြာတော့နိဗ္ဗာန်နားကပ်သွားပြီ

ဒါဖြင့်ဝေဒနာပေါ်တိုင်း ပေါ်တိုင်းရှုပါ၊ ရှုတာက ဒုက္ခ သစ္စာ မြင်တာက မဂ္ဂင်လမ်းမတော် ပေါ်တာ (မှန်ပါ့ ဘုရား)၊ အဲ ဒီလမ်းမတော် ပေါ်မှာ တစ်နေ့တစ်နာရီလောက် လျှောက် လျှောက်၊ လျှောက်လျှောက် လိုက်နေလိုက်လို့ရှိရင်၊ ကြာတော့ နိဗ္ဗာန်မဂ်ဖိုလ်မြို့ကြီးနား ကပ်မသွားပေဘူးလား (ကပ်သွားပါ တယ် ဘုရား)။

မှတ်ချက်။ ။နိဗ္ဗာန်ကို မြို့နှင့်တင်စား၍ဟောခြင်းဖြစ်ပါသည်။

ပြန်ပါဆိုလို့မပြန်တော့ဘူး

ကပ်သွားရင်ဖြင့် ခင်ဗျားတို့သည်ကား၊ ပြန်ပါဆိုလို့ပြန်ဦး မှာလား (မပြန်တော့ပါ ဘုရား)၊ အို သူတို့အတွက် ချမ်းသာမှုတွေ အကုန်ရနေတဲ့၊ နေရာဌာနကြီး ဘယ်တော့ပြန်ဦး မှာတုံး (မပြန်တော့ပါ ဘုရား)။

ဒါကြောင့် ဘယ်ဘုရားတွေ၊ ဒီပင်္ကရာ၊ မေဓင်္ကရာ၊ တဏှင်္ကရာဘုရားတွေ၊ သူတို့နောက်က လိုက်တဲ့၊ ကုဋေရှစ်ဆယ်၊ ဗိုလ်ခြေတစ်သိန်းတွေ ပြန်ပါဦးမလား (မပြန်ပါ ဘုရား)။

အဲဒီလို တရားနဲ့ကို ချမ်းသာ နေကြတယ်၊ ဘယ်သူမှ ပြန်မလာဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ သွားတတ် ပြီနော် (သွားတတ်ပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတင်တော်ကြဦးစို့

သာဓု သာဓု သာဓု။