216

ဝိပဿနာရှုနေတာ၊ ဘာကျေးဇူးရှိသတုံး ? ရှေ့ပြေးနိဗ္ဗာန်ရပြီ

အသံဖိုင်ခေါင်းစဉ်= တရားအားထုတ်တဲ့ပုဂ္ဂိုလ်အတွက်အင်္ဂါနှစ်ရပ်

စာအုပ်ခေါင်းစဉ်= ဝိပဿနာရှုနေတာ၊ ဘာကျေးဇူးရှိသတုံး ? ရှေ့ပြေးနိဗ္ဗာန်ရပြီ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဝိပဿနာရှုနေတာ၊ ဘာကျေးဇူးရှိသတုံး ?

ရှေ့ပြေးနိဗ္ဗာန်ရပြီ

ဟောကြားသည့်နေ့

(၂၁-၄-၆၂)

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်များဟာ အင်္ဂါနှစ်ခု ညီညွတ် အောင် လုပ်ရမယ်၊ မညီညွတ်လို့ရှိရင် တရားအားထုတ်ငြား သော်လည်း မရနိုင်ဘူးတဲ့၊ တရားမရခြင်း၏ အကြောင်းဖြစ်တဲ့ မညီညွတ်ခြင်း နှစ်ပါးရှိတယ်လို့ ဘုရားက ဟောတယ်။

ဒီဘဝ မဂ်ရထိုက်သော်လည်း မရနိုင်

မညီညွတ်ခြင်းနှစ်ပါးဆိုတာ တခြားမဟုတ်ဘူး

(၁) တရားကို အဆုံးမလိုက်လို့လဲ မညီညွတ်မှု တစ်မျိုး၊

(၂) မကောင်းသော မိတ်ဆွေနဲ့ ပေါင်းမိလို့လည်း မညီညွတ်မှုတစ်မျိုး၊ ဒီဘဝ မဂ်ရထိုက်ငြား သော်လည်း မရနိုင်ဘူး တဲ့။

တရားအဆုံးမလိုက်လို့ မရတာတစ်မျိုး၊ မကောင်းသော မိတ်ဆွေနဲ့ ပေါင်းမိလို့ မရတာတစ်မျိုး (မှန်ပါ့) ရဖို့ အကြောင်း ညီညွတ်ပြီးသားကို ဖျက်တဲ့နှစ်ခုလို့ မှတ်လိုက်ပါ (မှန်ပါ့)။

ရဖို့ညီညွတ်ပြီးသား၊ ဒီဘဝ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရမှာ ပဲလို့ ဆိုငြား သော်လည်း တရားအဆုံး မလိုက်လို့ မရဘူး (မှန်ပါ့ ဘုရား) အပေါင်းလွဲသွားတာနဲ့လဲ မရဘူး (မှန်ပါ့)။

အဲဒီနှစ်ခုလို့ ဘုရားက မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဟောပါ့တယ် (မှန်ပါ့)၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ဘယ်လို ဟောလိုက်သတုံးဆိုတော့ ပေဿ ဆိုတဲ့ ဒကာတစ်ယောက် ရှိ တယ်၊ သူက ဘုရားဆီမှာ အရှင်ဘုရား တဲ့ တရားနာပါရ – စေဆိုပြီး တရားနာတယ်၊ နှလုံးသွင်းရင်း သူက တရားနာတယ်။

လောကမှာ အလုပ်လေးမျိုးရှိတယ်

ထိုကဲ့သို့ တရားနာနေတော့ ဘုရားက ဟောလိုက်တယ်၊ ကွာတဲ့ လောကကြီးမှာ အလုပ် လေးမျိုး ရှိတယ်ပေါ့တဲ့၊

၁။ ကိုယ့်ကိုယ်ကို ပူပန်စေတဲ့အလုပ်တစ်မျိုး

၂။ သူတစ်ပါးကိုပူပန်စေတဲ့အလုပ်တစ်မျိုးကွတဲ့

၃။ မိမိ သူတစ်ပါး နှစ်ဦးသားလုံး ပူပန်တဲ့ အလုပ်တစ်မျိုးကွတဲ့

၄။ မိမိ သူတစ်ပါး နှစ်ဦးသားလုံး မပူပန်တဲ့ အလုပ် တစ်မျိုးကွတဲ့ အလုပ်လေးမျိုး (မှန်ပါ့ ဘုရား)။

ဒါ ပေဿကို ဟောနေတာ (မှန်ပါ) မိမိကို ပူပန် စေတဲ့ အလုပ်တစ်မျိုး၊ သူတစ်ပါးကို ပူပန်စေတဲ့ အလုပ်တစ်မျိုး၊ မိမိ သူတစ်ပါး နှစ်ဦးသားကို ပူပန်စေတဲ့ လောကအလုပ် တစ်မျိုး၊ မိမိ သူတစ်ပါး နှစ်ဦးသားကို ပူပန်ခြင်းမှ လွတ်စေတဲ့ အလုပ် တစ်မျိုး ခင်ဗျားတို့ လုပ်ထားတာ လေးမျိုး (မှန်ပါ့ ဘုရား)။

မိမိကို ပူပန်စေတဲ့ အလုပ်က ဘယ်ဟာတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် မိမိကို ပူပန်စေတဲ့ အလုပ်ဆိုတဲ့ ဥစ္စာက ကိုယ့်ဟာကိုယ် မကျေနပ်တဲ့ အလုပ်နဲ့ အချိန်ကုန်နေတာဟာ မိမိကိုယ်ကို ပူပန်စေတတ်တဲ့ အလုပ် (မှန်ပါ ဘုရား)။

မိမိကိုယ်ကို ပူပန်စေတဲ့အလုပ်

အဲဒီတော့ မိမိကိုယ်ကိုပူပန်စေတဲ့ အလုပ်ဆိုတာက တခြားမဟုတ်ဘူး၊ ကိုယ့်မှာ လောဘတွေ, ဒေါသတွေ, မောဟတွေ အားကြီးပြီး သကာလ ကိုယ့်ဟာကိုယ် မကျေနပ်တဲ့ သဘောတွေ တစ်ခါတစ်ခါ ပေါ်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ်ပဲ မကျေနပ်ဘူး၊ သားနဲ့ မယားနဲ့ ဘာမှ မဆိုင် မိတ်ဆွေသင်္ဂဟတွေနဲ့ ဘာမှမဆိုင်ဘဲနဲ့ ကိုယ့်ဟာကိုယ် မကျေနပ်တဲ့ အလုပ်နဲ့ အချိန်ကုန်ပြီး သကာလ နေတာဟာ မိမိကိုယ်ကို ပူပန်စေတဲ့အလုပ် (မှန်ပါ့)။

လောကီ ဥပမာရယ်လို့ ဆိုလို့ရှိရင်ဖြင့် တိတ္ထိတွေ ကျင့်နေတဲ့ ဆောင်းတွင်းရေချိုး, နွေကျတော့ မီးလှုံ အဝတ်အစား မကပ်နဲ့ ပြာတွေလူးပြီး သကာလ အဆင်းရဲခံတဲ့ အလုပ်၊ ဒါဟာ မိမိကိုယ်ကို ပူပန်စေတဲ့ အလုပ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သူတစ်ပါးကို ပူပန်စေတတ်တဲ့အလုပ်

သူတစ်ပါး ပူပန်စေတဲ့ အလုပ်ဆိုတာ ကတော့ဖြင့် သားကောင် ငါးကောင်တွေ သတ်ပြီး သကာလ အသက်မွေးတဲ့ ပုဂ္ဂိုလ်များဟာ သူတစ်ပါးကို ပူပန်စေတယ် (မှန်ပါ့)။

နှစ်ဦးစလုံးကို ပူပန်စေတဲ့အလုပ်

မိမိ, သူတစ်ပါးနှစ်ဦးသားကို ပူပန်စေတဲ့ အလုပ်ဆို တာကတော့ နတ်တွေ, ဘာတွေယုံပြီး သကာလ နေတဲ့ ပုဂ္ဂိုလ် များ ကိုယ့်မှာလဲ ဘယ်ဟာ ခြိုးခြံရတော့မလိုလို ဘယ်ဟာ မှီဝဲ ရတော့ မလိုလိုနဲ့ ကိုယ့်မှာလည်း ချို့တဲ့၊ ပြီးတော့ကို သူတစ်ပါး ကိုလည်း သတ်ဖြတ်ပြီး သကာလ နတ်တင်တယ် (မှန်ပါ့)။

ကိုယ်မှာလည်း ပူပန်စေတယ်တဲ့ ကိုယ့်မှာလည်း ချို့ချို့ တဲ့တဲ့နဲ့ ပူပန်စေတယ်၊ သူတစ်ပါးကိုလည်း သတ်ဖြတ်ပြီးတော့ ယဇ်နတ်ပူဇော်တယ် ဆိုတော့ ဟို ကောသလ မင်းကြီး လိုပေါ့လေ (မှန်ပါ့ ဘုရား)။

သူဟာ နောက်က ဒု-သ-န-သော တို့က အော်တဲ့အခါ ကျတော့ သူလဲ ပူပန်နေတယ် (မှန်ပါ့)။

ဒါဖြင့် ယဇ်နတ်ပူဇော်မှပဲဆိုတော့ သားကောင်တွေ ကိုလည်း ပူပန်စေတယ် (မှန်ပါ့) ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ မိမိ သူတစ်ပါးနှစ်ဦးသားတို့ကို ပူပန်စေတဲ့ အလုပ်လည်း ရှိတယ်ကွ တဲ့၊ ဒါ ပေဿကို ဟောတာ (မှန်ပါ့) ပေဿဆိုတဲ့ ဒကာကို ဟောနေတာ (မှန်ပါ့)။

နှစ်ဦးစလုံးကို မပူပန်စေတဲ့အလုပ်

စတုတ္ထက မိမိ, သူတစ်ပါးနှစ်ဦးသားကို မပူပန်စေတဲ့ အလုပ်ဆိုတာက သတိပဋ္ဌာန်အလုပ် (မှန်ပါ့) မိမိကိုယ် ကိုလည်း မပူပန်ရဘူးတဲ့၊ သူ သမာဓိရပြီးနေတဲ့ အချိန်ကျတော့ မိမိပူပန်တယ် လို့ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) သူတစ်ပါးနဲ့လည်း မစပ်တဲ့အတွက် သူတစ်ပါး ပူပန်စေတဲ့ အလုပ်ကော (မဟုတ်ပါ ဘုရား)။

အဲ သတိပဋ္ဌာန်အလုပ်ကတော့ဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားကို ပူပန်စေတဲ့ အလုပ် မဟုတ်ပါဘူးလို့ မှတ်ထားကြ ပါ (မှန်ပါ့)။

ပေဿ၊ မင်းဘယ်အလုပ်ကြိုက်သတုံး၊

ဒါဖြင့် အလုပ် ဘယ်နှစ်မျိုးပါလိမ့် (လေးမျိုးပါ ဘုရား) အဲ လူမှာ ဒီလေးမျိုးရှိတယ်ကွာ တဲ့၊ အဲဒါကြောင့် ပေဿ မင်းဟာ ဘယ်အလုပ် ကြိုက်သတုံးလို့ မေးတော့ တပည့်တော် မိမိပူပန်တဲ့ အလုပ်လည်း မကြိုက်ပါဘူးဘုရား၊ သူတစ်ပါးကို ပူပန်စေတဲ့ အလုပ်လဲ မကြိုက်ပါဘူး၊ မိမိသူတစ်ပါး နှစ်ဦးသားကို ပူပန်စေတဲ့အလုပ်လဲ တပည့်တော် မကြိုက်ပါဘူး၊ မိမိသူတစ်ပါး နှစ်ဦးသားကို မပူပန်တဲ့ အလုပ်ကို တပည့်တော် ကြိုက်တယ်၊ အင်း ကြိုက်ပုံကလေး ကတော့ မှန်နေတယ် (မှန်ပါ့)။

ဒါဖြင့်ကွာ မင့်ကို အကျယ်တရားဟောမဟေ့ တဲ့။ ဒီဟာကို ချဲ့ဦးမှာကိုးဘုရားက (မှန်ပါ့)။

ဒီဥစ္စာကို မင်းသေသေချာချာ နားထောင် တဲ့၊ အကျယ်တရားကဦးမယ်ဆိုပြီး သကာလ ဘုရားက အကျဉ်း ဟောပြီးသည့်နောက် အကျယ်ဟောမည့် အချိန်ကျတော့မှ တပည့်တော်တို့မှာ များစွာသော ပြုဖွယ်ကိစ္စတွေ ရှိပါသေးတယ် ဆိုပြီး မြတ်စွာဘုရားကို ရှိခိုးပြီး ပြန်သွားတယ် (မှန်ပါ့)။

တရားနာရင်းများစွာ ပြုဖွယ်ကိစ္စရှိသေးတယ်ဆိုပြီး သကာလ ဦးဘသော် သူပြန်သွားတယ် (မှန်ပါ့ ဘုရား) ပြန်သွားတော့ သူ အကျယ်နာရသေးရဲ့လား (မနာရပါ ဘုရား)။

ပေဿ၊ အရှုံးကြီးရှုံးသွားတယ်

အကျယ်မနာရတော့ သူလည်းသွားရော ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနားရှိတဲ့ သူနဲ့အတူ တရားနာဖက် တွေကို ဟောလိုက်တယ်၊ ပေဿတော့ ရှုံးပြီဟေ့ တဲ့။ ပေဿတော့ ရှုံးပြီ၊ ဒီတရား အကျယ်ဆုံးအောင် နာလိုက်ရင် သောတာပန် တည်မယ်တဲ့ (မှန်ပါ့)။

အခုတော့ ဒီတရားဆုံးအောင် သူ အကျယ်မနာလိုက် ရတဲ့အတွက် အရှုံးကြီး ရှုံးသွားတယ်တဲ့ (မှန်ပါ့) သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။

ဘယ်လောက်ထိအောင် ရှုံးတယ်ဆိုတဲ့ဥစ္စာ မောင်ထွန်း အောင် မှတ်ထားကွ (မှန်ပါ့) ဒီဘုရား လက်ထက်မှာ သူ သောတာပန်တည်ပြီး ကိစ္စပြီးရမည့် အလုပ်ဟာ ဥပမာ ကဿပ ဘုရားက ဟောတာ ဆိုပါတော့ (မှန်ပါ့) ကျုပ်တို့ ဘုရား လက်ထက်ကျမှ လာပြီး ကျွတ်တမ်းဝင်ရမယ် (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒီတော့ ဦးဘသန်းတို့ မှတ်လိုက် ဘုရားတစ်ဆူနှင့် တစ်ဆူကြားမှာ မြေကြီး ၁၃-မိုင် ပျမ်းမျှကြေး တက်တယ်၊ အဲဒီလောက် ထိအောင် စောင့်ရတယ် (မှန်ပါ့) ဒီကြားမှာ အိုလိုက်, နာလိုက်, သေလိုက်နဲ့ အပါယ် ရောက်လိုက် (မှန်ပါ့) ဘယ်လောက် နာသွားသတုံးဆိုတာ အရှုံးကြီးဖြင့် ဒီထက်ရှုံးစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဘာတဲ့တုံး “ကိရိယ ပရိဟာနိ” တဲ့၊ စာလိုသုံး တော့ ကိရိယ, က = ပြုရတာ၊ ပရိဟာနိက = ဆုတ်ယုတ်တာ၊ ပြုရမည့် အလုပ် ဆုတ်ယုတ်သွားလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်ရမည့်အလုပ်ကို အပြည့်အစုံလုပ်

ပြုရမည့်အလုပ် ဆုတ်ယုတ်သွားခြင်းကြောင့်လည်း တရားထူး မရနိုင်တဲ့ (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ ဒီလာပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်များ တရားအဆုံးလိုက်ပါ (မှန်) တရား အဆုံး မလိုက်လို့ အိမ်ပြန် သွားကြမယ်၊ အင်း ရောဂါကလေးက နှိပ်စက်လို့ ဆိုပြီး ဦးဘသန်းတို့ ပေါ့လေ (မှန်ပါ့)။

ဒီလိုဆိုရင် ခင်ဗျားတို့ မြေကြီးဆယ့်သုံးမိုင် နာချင် နာသွားမယ် (မှန်ပါ့) ဆယ့်သုံးမိုင် မြေကြီး ပျမ်းမျှကြေး တက်တယ်ဆိုတာ နည်းတာ မဟုတ်ဘူး၊ ဒါ ဘုရားတစ်ဆူ တစ်ဆူကြားကို ပြောတာ (မှန်ပါ့ ဘုရား)။

ပျမ်းမျှကြေးနော် (မှန်ပါ့) ဇမ္ဗူဒိပ် ကျွန်းတစ်ကျွန်း လုံးကို ပျမ်းမျှကြေး ပြောတာ၊ အဲဒါ သူသေတဲ့ အရိုးတွေ, သူသေ တဲ့ အသားတွေက ဖြစ်တာ ဒီထဲ အပါအဝင်လို့ မှတ်လိုက် (မှန်ပါ့)။

ဦးဘသန်း မနာဘူးလား (နာပါတယ်) ဒါဖြင့် တရားအဆုံး မသတ်တဲ့ သတ္တိဟာလည်း ခင်ဗျားတို့ ကျုပ်တို့မှာ အတော်ဆိုးရွားတယ်ဆိုတာ ယနေ့ည ပေါ်သွားပြီ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ ဘုရား တစ်ဆူတစ်ဆူကြားမှာ အိုလိုက်, နာလိုက်, သေလိုက်, အိုလိုက်, နာလိုက်, သေလိုက်၊ သူတစ်ပါး ပါးစပ်ထဲသေလိုက်၊ ကိုယ့်ဟာကိုယ် ရောဂါဖြစ်သေလိုက်၊ အဲဒီ အသေမျိုး အလောင်းပေါင်းကို ရေတွက်နိုင်ပါ့မလား (မရေတွက် နိုင့်ပါ) သိပ်မနာဘူးလား (နာပါတယ် ဘုရား)။

အဲဒါ လုပ်ရမည့် အလုပ်ကို အပြည့်အစုံ မလုပ်လိုက် တဲ့အတွက် ကိရိယပရိဟာနိ (မှန်ပါ့)။

လုပ်ရမည့် အလုပ်ကို အပြည့်အစုံ မလုပ်လိုက်တဲ့ အတွက် မောင်ထွန်းအောင် နာသွားတယ် (မှန်ပါ့) မနာ ဘူးလား (နာပါတယ် ဘုရား)။

အဲဒါ အလောင်းပေါင်းထပ် အသေချင်း စပ်နေတာပဲ (မှန်ပါ့) အင်မတန် ကြောက်ဖို့ ကောင်းတယ် ဆိုတာ မပေါ်လာ ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒီဟာနဲ့ကြုံရင် ကိုယ်ကျိုးနည်းပြီ

အဲဒါ မှတ်လိုက်စမ်းပါတဲ့၊ ဪ တို့လည်း ဒီဟာ နဲ့များ ကြုံသွားရင် ကိုယ်ကျိုးနည်းပါ ပေါ့လားလို့ ဆိုတော့ ဦးဘသန်း စောင်းဟောနေတယ်လို့ မယူနဲ့ (မှန်ပါ့ ဘုရား)။

ခင်ဗျား တစ်နေ့က ပြန်သွားမယ်ဆိုလို့ရှိရင် ဒါပဲ၊ လုပ်ရမည့် အလုပ် ဆုတ်ယုတ်သွားတာပဲ (မှန်ပါ့, ဆုတ်ယုတ်ပါတယ် ဘုရား)။

ဆုတ်ယုတ်သွားတော့ကို ဟိုကျတော့ အကြောင်း ညီညွတ်မယ် မညီညွတ်မယ် မသိဘူး၊ သေချင်လည်း သေမယ် (မှန်ပါ့) ကိစ္စကြီးကြီး တွေကိုလည်း မလွှဲသာတာတွေလည်း တွေ့ချင် တွေ့မယ် (မှန်ပါ့) တွေ့ရင် သွားပြီ (မှန်ပါ့ ဘုရား)။

အဲဒါ ရထိုက်တဲ့ အကြောင်းပါပြီးသားတောင် ပျက်နိုင် တယ် ကွတဲ့၊ ဒါ ဟောတာ (မှန်ပါ့ ဘုရား)။

ပေဿတရားဆုံးရင် ရမယ်ဆိုတာ အကျယ်ဟောတာ ဆုံးလို့ရှိရင် သူသောတာပန် တည်ရမယ် (မှန်ပါ့) အခုတော့ဖြင့် ပေဿလည်း သွားရော ဘုရားက ပေဿဆုံးရှုံးပြီဟေ့တဲ့ အရှုံးကြီး ရှုံးသွားပြီတဲ့၊ ဘုရားကိုက ဖွင့်ချလိုက်တာ (မှန်ပါ့) အားကြီး မနာဘူးလား (နာပါတယ် ဘုရား)။

ဘုရား တစ်ဆူတစ်ဆူကြားဆိုတာ ခင်ဗျားတို့ နည်းနည်း နောနော မဟုတ်ဘူးနော် (မနည်းပါ) ပျမ်းမျှကြေး မြေကြီး ဆယ့်သုံးမိုင်ဆိုတော့ နည်းသလားဗျ (မှန်ပါ့) တစ်ယူဇနာ ခေါ်တာကိုးဗျ၊ တစ်ယူဇနာဟာ ဆယ့်ဆုံးမိုင် ဖြစ်ရမယ် (မှန်ပါ့ ဘုရား)။

ကဲ ဘယ်လောက်နာသတုံး၊ အကြီးအကျယ် နာတယ်လို့ ကျုပ်တို့ အဖြေထွက်ရုံပဲ ရှိမယ် (ထွက်ပါတယ် ဘုရား)။

ဒါဖြင့် ရထိုက်တဲ့ ပါရမီ ဆရာကောင်း သမားကောင်း နဲ့ သူ ဘုရားနဲ့ကို အခု ဘုရားနဲ့ကို သေသေချာချာ တွေ့တာ (မှန်ပါ့) တွေ့လို့ပဲ တရားကို အကျဉ်းနာပြီးပြီ (မှန်ပါ့ ဘုရား) အကျယ်ကလေး နာရုံပဲ ကျန်တော့တယ် (မှန်ပါ့ ဘုရား)။

နှမြောစရာကောင်းတယ်

အဲဒီမှာ အကျယ်ဟောမည့် အချိန်ကလေးမှာ တရား နာရင်း ပြုဖွယ်ကိစ္စ ရှိသေးတယ်ဆိုပြီး ပြန်သွားတယ်၊ ဘယ်လောက် နှမြောစရာကောင်းသလဲ (နှမြောစရာကောင်း ပါတယ်) သိပ်နှမြောစရာ ပေါ့၊ အရှုံးကြီးရှုံးသွားတာပဲ (နာရီပိုင်းလောက်ပဲ ဘုရား)။

အင်း နာရီပိုင်းလောက်ပဲ နာသွားတာ (မှန်ပါ့) ဘုရားက တစ်ခါတည်း သူလည်းသွားရော ဖွင့်ပြောတာပဲ သွားပြီဟေ့ တဲ့ ပေဿတော့ (မှန်ပါ့ ဘုရား)။

ကဲ ခင်ဗျားတို့ကိုလည်း သတိပေးလိုက်တာပဲ (မှန်ပါ့) ဪ လုပ်ရမည့် အလုပ်ကို အဆုံးမလုပ် လို့ရှိရင် လည်း အတော်နာပါကလားဆိုတာ ပေါ်သွားတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာ့ဒုက္ခဆုံးအောင်၊ နိဗ္ဗာန်မြင်အောင်လုပ်

အဲဒီတော့ ခင်ဗျားတို့ ဒုက္ခဆုံးသည် တိုင်အောင် လုပ် ရမယ် (မှန်ပါ့) ကျန်းမာသလောက် လုပ်ပေါ့ (မှန်ပါ့) မဟုတ် ဘူးလား ရောက်ရာမှာလုပ် ဒါ တရားဆုံးတာပဲ (မှန်ပါ့ ဘုရား)။

ဦးဘသန်း နားလည်ပြီ (နားလည်ပါပြီ ဘုရား) ခန္ဓာ့ ဒုက္ခဆုံးအောင် နိဗ္ဗာန်မြင်အောင်ပေါ့ဗျာ (မှန်ပါ့) ခန္ဓာ့ဒုက္ခ ဆုံးရင် နိဗ္ဗာန်ဟာ ပေါ်လာတာကိုး (မှန်ပါ့) ကဲ ဒါဖြင့် တစ်ချက် ပြီးသွားပြီ (မှန်ပါ့)။

မကောင်းတဲ့ပုဂ္ဂိုလ်နဲ့မပေါင်းနဲ့

နောက်တစ်ချက်က မကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းလို့ရှိရင် ရထိုက်တဲ့အကြောင်း ပြည့်စုံပြီးသား ဖြစ်အောင် ဆုတ်ယုတ်သွား တယ် (မှန်ပါ့) သူကလဲ တစ်ချက် (မှန်ပါ့) သူကလဲ နာတာပဲ (မှန်ပါ့ ဘုရား)။

သူကလဲ ရထိုက်တဲ့ အကြောင်းပါပြီးသား၊ ဒီဘဝ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်ထိုက်တဲ့ အကြောင်းပါပြီးသား၊ သို့သော် အပေါင်းလွဲသွားတာနဲ့ သူကလည်း နာသွားပြန်တယ်တဲ့ (မှန်ပါ့ ဘုရား)။

အဇာတသတ်နဲ့ဒေဝဒတ်

အဲဒါက ဘယ်သူ့ ထုတ်လိုက်သတုံးဆိုတော့ အဇာတသတ် ထုတ်လိုက်တယ် (မှန်ပါ့) အဇာတသတ်က ဒီဘဝ သူ သောတာပန် တည်ရမယ် (မှန်ပါ့ ဘုရား)။

ဒေဝဒတ်နဲ့ ပေါင်းပြီး သကာလ မင်းအဖ သတ်မှ မင်းရှင် ဘုရင်ဖြစ်မယ် ပြောတာကို ယုံတာနဲ့ အဖသတ်တယ် (မှန်ပါ့)။

ဗိမ္ဗိသာရမင်းကြီးကို သတ်လိုက်တော့ ဒီကံကြီးက ထိုက်သွားတယ်၊ နောက်မှ တရားနာတော့ နာတဲ့ တရားက တော့ ရဖို့တရား သာမည ဖလသုတ်နော် (မှန်ပါ့) သို့သော်လည်း ကံကြီးက ရှေ့က ဆီးထားတဲ့အတွက် မဂ်ဉာဏ် ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)။

အဲဒါကျတော့ ရထိုက်တဲ့ အကြောင်းက ပြည့်စုံပြီးသား ပါရမီတွေလည်း ပြည့်စုံပြီးသား (မှန်ပါ့) ပါပမိတ္တ ဆိုးရွား တဲ့ ပုဂ္ဂိုလ်, မလိမ္မာတဲ့ ပုဂ္ဂိုလ် စကားကို နားထောင်ပြီး သူ အပေါင်း လွဲသွားတာနဲ့ ဆုတ်ယုတ်သွားတယ် (မှန်ပါ့) မနာဘူးလား သူ (နာပါတယ်) ပေါ်မလား (ပေါ်ပါပြီ ဘုရား)။

တရားမရခြင်း၏ အကြောင်းနှစ်ချက်

ဒါဖြင့် တရားမရခြင်း၏ အကြောင်းဒီနှစ်ချက် မှတ်လိုက် စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

၁။ တရားအဆုံးမလိုက်လို့ ဆုံးရှုံးခြင်း တစ်မျိုးနော် (မှန်ပါ့)။

၂။ အပေါင်းအသင်းလွဲလို့ (ဆုံးရှုံးခြင်းတစ်မျိုးပါ) ဆုံးရှုံးခြင်းတစ်မျိုး ဆိုတော့ ဦးဘသန်း ဘယ်နှစ်မျိုး ရှိသလဲ (နှစ်မျိုးပါ ဘုရား)။

အဲဒီနှစ်မျိုး တစ်မျိုးမျိုးရှိနေလို့ ရှိရင် ခင်ဗျားတို့ ဘာမှ မအောက်မေ့နဲ့တော့ ငါတော့ အရှုံးကြီးရှုံးပြီ (မှန်ပါ့) ဆိုတော့ ဒါက ဆုံးရှုံးပုံနှစ်မျိုးကို ဘုရားက ဟောတာ (မှန်ပါ့ ဘုရား)။

ဆရာဘုန်းကြီးက သတိပေးလိုက်ပါတယ်

အဲဒီတော့ ခင်ဗျားတို့ကို ဆရာဘုန်းကြီးက အခု သတိ ပေးလိုက်ပါတယ်၊ ဘယ်လို သတိပေးသတဲ့ ခင်ဗျားတို့ မနုဿတ္တဘာဝ ဒုလ္လဘလည်း ရတယ်၊ မရဘူးလား (ရပါတယ် ဘုရား)။

ဘုရားသာသနာနဲ့ မကြုံဘူးလား (ကြုံပါတယ်) ဒါ တကယ့် ထွက်ရပ်လမ်းပေါက်အောင် ဟောနိုင်တဲ့ ဆရာသမား တွေနဲ့လည်း ကြုံတယ် (ကြုံပါတယ် ဘုရား) ကိုယ်ကလည်း ကျင့်တယ် (မှန်ပါ့ ဘုရား)။

ဒီဘဝ ပြီးနိုင်တဲ့လူတွေချည်းမှတ်

အဲဒီတော့ အဆုံးထိအောင် ကျင့်လိုက်လို့ရှိရင် ခင်ဗျား တို့ ဒီဘဝ ပြီးနိုင်တဲ့ လူတွေချည်း မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီတရားကို ဆုံးအောင် လိုက်နိုင်ရင်လေ (မှန်ပါ့) သဘော ပါပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ အဆုံးကျင့်တစ်ခုပဲ လိုတော့တယ် (မှန်ပါ့) ဘုရားသာသနာနဲ့ ကြုံပြီး ထောင်တတ်တဲ့ နားရှိ ပြီး၊ ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ပြည့်စုံပြီ ဟုတ်လား (မှန်ပါ့)။

အဲဒီတော့ ကျင့်တဲ့အခါကျလို့ ရှိရင်ဖြင့် တရားဆုံးအောင် ကျင့်ရမယ် (မှန်ပါ့) ဆုံးအောင် ကျင့်ဆိုတာက ဥပမာ စိတ္တာနုပဿနာ ဆရာဘုန်းကြီးက ပေးထားတယ်၊ စိတ္တာနုပဿနာ အဆုံးကို။

တရားဆုံးအောင်ကျင့်ရမယ်

စိတ္တာနုပဿနာ ဘယ်ကျမှ ဆုံးမှာတုံးဆိုတော့ စိတ္တာနုပဿနာဟာ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာ ဆုံးသွားလို့ရှိရင် နိဗ္ဗာန် တွေ့တာပဲ (မှန်ပါ့) သူ့အဆုံးလိုက်ဖို့ပဲ၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

စိတ်ချုပ်ရင် ရုပ်လည်းချုပ်တာပဲ ၊ ကျန်ရစ်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ ဒါဖြင့် ကိုယ့်မှာ တစ်ချက်တည်း လိုတဲ့ ပုဂ္ဂိုလ်ဖြင့် တစ်ချက်နဲ့တော့ဖြင့် မြေကြီး ဆယ့်သုံးမိုင် တက်အောင် တို့မစောင့် တော့ဘူး (မှန်ပါ့)။

အသေတွေ များအောင်ဖြင့် မစောင့်တော့ဘူး၊ နေဖို့ လည်း မလိုဘူး၊ ကြောက်လည်း ကြောက်စရာကြီး ဆိုတာ ပေါ်ရောပေါ့ဗျာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီသုံးချက်မှတ်လိုက်စမ်းပါ

အဲဒီတော့ကို ခင်ဗျားတို့ကို ယနေ့ည အထူးတလည် သတိပေးပြီး သကာလ အလုပ်စကား ပြောရမှာက ဒီသုံးချက် မှတ်လိုက်စမ်းပါ (မှန်ပါ့)။

၁။ အနိစ္စတစ်မျိုး

၂။ အနိစ္စလက္ခဏာတစ်မျိုး

၃။ အနိစ္စဉာဏ်တစ်မျိုး (မှန်ပါ့) ဘယ်နှစ်မျိုး ရှိသတုံး (သုံးမျိုးပါ ဘုရား) သုံးမျိုး။

ဒါက ခင်ဗျားတို့ အလုပ်ခွင်သွင်းပြီ၊ အနိစ္စတစ်မျိုး၊ အနိစ္စ လက္ခဏာတစ်မျိုး၊ အနိစ္စဉာဏ် တစ်မျိုး (မှန်ပါ့)။

ဦးအောင်ဇံဝေ ဘယ်နှစ်မျိုးရှိသွားပလဲ (သုံးခုပါ ဘုရား) ၁-နံပါတ်က ဘာပါလိမ့် (အနိစ္စတစ်မျိုးပါ) – နံပါတ်က (အနိစ္စလက္ခဏာတစ်မျိုးပါ) ၃-နံပါတ်က (အနိစ္စဉာဏ်တစ်မျိုးပါ) အနိစ္စဉာဏ်တစ်မျိုး ဆိုတော့ ဒီသုံးမျိုးကို ဘုန်းကြီး ဒီနေ့ည ဟောရမယ် တဲ့။

ဟောတော့မှ ဪ ငါတို့ ရှုနေတဲ့ဥစ္စာ အနိစ္စရှုနေ တာပဲ ဆိုတော့ ဘယ်ဟာ အနိစ္စမှန်း မသိမှာ စိုးရိမ်ရတယ် (မှန်ပါ့ ဘုရား)။ စိုးရိမ်ရတိုင်း အနိစ္စကိုရှင်းပြပါ့မယ် (မှန်ပါ့)။

အနိစ္စကိုရှင်းပြပါ့မယ်

အနိစ္စ ရှင်းပြတော့ ပေါ်ပါတယ်တဲ့၊ ဘယ်လိုပေါ်လာသ တုံးဆိုတော့၊ ဉာဏ်ထဲမှာ ဘယ်လိုပေါ်ရမလဲ ဆိုတော့ ဪ ခင်ဗျားတို့ သန္တာန်မှာ ဥပမာမယ် – ရှူစိတ်ကလေးကို ဦးအောင်ဇံဝေက ဉာဏ်နဲ့ထည့်ထား၊ ဒါကလေး လာရင်တော့ မမေ့ဘူး၊ ဒါကလေးလာရင်တော့ သတိထားမယ် ဆိုပြီး သတိထားနေတယ် ဆိုပါတော့ဗျာ (မှန်ပါ့)။

သတိထားနေတုန်းပဲ ဖျတ်ခနဲ ဆိုသူက ပေါ်လာတယ် ရှူစိတ်ကလေး၊ တစ်နည်း ရှိုက်စိတ်ကလေး ပေါ်ချင်တာ ပေါ်မှာပေါ့ဗျာ (မှန်ပါ့)။

ပေါ်လာလို့ရှိရင် အဲဒီပေါ်လာတဲ့တရားကို အနိစ္စတရား ကလေးလို့ မှတ်လိုက်ပါ (မှန်ပါ့)။

ပေါ်လာတဲ့တရားကလေးဟာ (အနိစ္စတရားက လေးပါ) ဘာဖြစ်လို့တုံးဆိုလို့ရှိရင် ခန္ဓာငါးပါးဟာ အနိစ္စတရားကို (မှန်ပါ)။

သူက ဝိညာဏက္ခန္ဓာကိုး ဝိညာဏက္ခန္ဓာ ဖြစ်နေတော့ သူ့ကို အနိစ္စတရားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဪ ပေါ်လာတဲ့ တရားဟာ အနိစ္စတရားပဲလို့ မှတ်လိုက် ပါ (မှန်ပါ့)။

ဒါဖြင့် ၁, နံပါတ်ဆိုတော့ ဪ ပေါ်လာတဲ့တရား ဟာ အနိစ္စဆိုပဲ ဆိုတာတော့ ရှင်းသွားပါပြီ၊ အနိစ္စလက္ခဏာ ဆိုတဲ့ ၂, နံပါတ်က ဘယ်ဟာလဲ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

အနိစ္စလက္ခဏာကို ရှင်းပြပါ့မယ်

ပေါ်လာတဲ့တရားဟာ အနိစ္စမှတ်လိုက်၊ ပေါ်လာတဲ့ တရားကလေးဟာ ပျောက်ပျက် သွားတဲ့ အခါကျတော့ ရှိသေး ရဲ့လား (မရှိတော့ပါ) အဲ ပေါ်ပြီး ပျောက်ပျက်သွားတဲ့ မရှိတဲ့ လက္ခဏာ တွေဟာက အနိစ္စလက္ခဏာ (မှန်ပါ့)။

မရှိတဲ့ လက္ခဏာကလေးဟာက (အနိစ္စလက္ခဏာ ပါ)၊ အေး မရှိတဲ့ သဘောကလေးဟာ အနိစ္စလက္ခဏာ၊ သဘော ကျပလား (ကျပါပြီ ဘုရား)

ပေါ်ပြီးပျောက်သွားတာလက္ခဏာ

ပေါ်လာတဲ့ တရားက အနိစ္စ (မှန်ပါ့) ပေါ်ပြီး ပျောက်သွားတဲ့ လက္ခဏာကလေးက (အနိစ္စ လက္ခဏာပါ ဘုရား)။

ကောင်းပြီ အဲဒီ အနိစ္စလက္ခဏာ နောက်ကမှ ဉာဏ်က လိုက်နိုင်တယ်တဲ့၊ အနိစ္စနဲ့တော့ မတည့်နိုင်ဘူး (မှန်ပါ့) အနိစ္စနဲ့တော့ ပြိုင်နေတာဘဲ (မှန်ပါ့) ရှုတဲ့ဉာဏ်နဲ့ သူပေါ်တာနဲ့ ပြိုင်မနေ ဘူးလား (ပြိုင်နေပါတယ် ဘုရား)။

ပြိုင်နေလို့ရှိရင်လဲ အနိစ္စနဲ့ပြိုင်နေလို့ မဖြစ်နိုင်တော့ဘူး လက္ခဏာနဲ့သာ ခင်ဗျားတို့ပြိုင်ရမယ် (မှန်ပါ့) ဒါကို သေသေချာချာ မှတ် (မှန်ပါ့)။

ဘာနဲ့ပြိုင်ရမလဲ (လက္ခဏာနဲ့ ပြိုင်ရပါမယ်) ၊ လက္ခဏာနဲ့ ဉာဏ်နဲ့ ပြိုင်ရမယ် (မှန်ပါ့)။

လက္ခဏာကတော့ မရှိတာကိုးဗျ (မှန်ပါ့ ဘုရား) မရှိတဲ့ လက္ခဏာက အနိစ္စလက္ခဏာ၊ သိတာကဉာဏ် (မှန်ပါ့ ဘုရား) ဆိုတော့ ဒါနဲ့မှ ပြိုင်နိုင်တဲ့ ဉာဏ်က၊ လက္ခဏာနဲ့မှ ပြိုင်နိုင်ကယ်၊ ဟိုကအနိစ္စနဲ့ မပြိုင်နိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စနဲ့တော့ (မပြိုင်နိုင်ပါ ဘုရား) မပြိုင်နိုင်ဘူးတဲ့။ ပြိုင်မဖြစ်နိုင်ဘူး၊ နှစ်ခု မပြိုင်ဘဲကိုး (မှန်ပါ့) မပြိုင်ကောင်းလို့၊ ဦးဘသန်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

လက္ခဏာမိအောင်ကြည့်ပါ

လက္ခဏာနဲ့တော့ (ပြိုင်နိုင်ပါတယ် ဘုရား) ပြိုင်နိုင် တယ်ဆိုတော့ ဪ ဒါဖြင့် ခင်ဗျားတို့ အလုပ်၊ လုပ်နေတဲ့ – ပုဂ္ဂိုလ်တွေဟာ လက္ခဏာ မိအောင်ကြည့် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာမိအောင်ကြည့်ရမတုံး (လက္ခဏာမိအောင် ကြည့်ရပါမယ် ဘုရား)။

ဒါကဘယ်မှာလာသတုံး လို့ မေးတဲ့အခါ မူလပဏ္ဏာသ အဋ္ဌကထာမှာ သေသေချာချာချာ လာတယ် (မှန်ပါ့)။ အနိစ္စလက္ခဏာ မိအောင် ကြည့်ရမှာကိုးဗျ (မှန်ပါ့)။

ဟိုဟာက အနိစ္စရောက်မည့် တရားသာဖြစ်နေသေးတာ ကိုး၊ လက္ခဏာ မပြရသေးဘူး (မှန်ပါ့)။

ဦးဘသန်းရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) အနိစ္စ ရောက်မည့် တရားတော့ဟုတ်တယ်၊ သို့သော် လက္ခဏာ မပြသေးဘူးသူက (မပြသေးပါ ဘုရား)။

နောက်သူ ချုပ်ပျောက်သွားတော့မှ သူ့လက္ခဏာ ပေါ်လာတယ် (မှန်ပါ့ ဘုရား) သူ့သဘော ဟာ ဒါကိုး၊ သူ့သဘောဟာ မရှိတဲ့ လက္ခဏာဘဲ (မှန်ပါ့)။

ဦးဘသန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒီမရှိတဲ့ လက္ခဏာနဲ့မှ ခင်ဗျားတို့က ဉာဏ်နဲ့ ပြိုင်နိုင်ပါတယ်၊ ရှုတဲ့ဉာဏ်နဲ့ ပြိုင်နိုင်တယ် (မှန်ပါ့ ဘုရား) ရှိနေရင် မပြိုင်နိုင်ဘူး (မှန်ပါ့ ဘုရား)။

လက္ခဏာနဲ့ဉာဏ်နဲ့ပြိုင်နိုင်တယ်

ဒါဖြင့် အနိစ္စနဲ့ မပြိုင်နိုင်၊ လက္ခဏာနဲ့သာ ဉာဏ်နဲ့ ပြိုင်နိုင်တယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စနဲ့ (မပြိုင်နိုင်ပါ) လက္ခဏာနဲ့တော့ (ပြိုင်နိုင်ပါ တယ်) ပြိုင်နိုင်တယ် ဆိုတော့မှ အဲ လက္ခဏာနဲ့ ပြိုင်လို့ရှိရင် ဖြင့်၊ လက္ခဏာသိတဲ့ ဉာဏ်ကလဲ သိပစ်လိုက်တာဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဟိုကလည်း လက္ခဏာအပြ၊ ဒီကလည်းလက္ခဏာ ကိုအသိ (မှန်ပါ့) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

အပြနဲ့အသိနဲ့ ကိုက်ပါစေ ၊ ဟိုကလဲ ဓမ္မက လက္ခဏာ အပြ၊ ဉာဏ်က လက္ခဏာ ကို အသိ (မှန်ပါ့) အဲဒီအပြနဲ့ အသိနဲ့ ကိုက်သွားလို့ရှိရင် အဲဒီ သောတာပန်စခန်းဟာ အလွယ်ကလေးနဲ့ ပြီးသွားတာပဲ (မှန်ပါ့) ဒါသာ ကိုက်သွားပစေ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ အနိစ္စလက္ခဏာဆိုတာ ဓမ္မရှိ နေတုန်းကို ဆိုတာမဟုတ်ဘူး၊ အရှုခံတဲ့ ဓမ္မရှိနေတုန်း ဆိုတာ မဟုတ်ဘူး၊ အရှုခံတဲ့ဓမ္မ မရှိတဲ့ သဘောကို သူ့လက္ခဏာကိုးဗျ (မှန်ပါ့) ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

အရှုခံတဲ့ဓမ္မမရှိမှ အနိစ္စလက္ခဏာ

အရှုခံတဲ့ ဓမ္မမရှိမှ အနိစ္စလက္ခဏာ မဟုတ်ဘူး လား (မှန်ပါ့ ဘုရား)။

ဒါဖြင့် အနိစ္စနဲ့ အနိစ္စလက္ခဏာ ကွဲသွားပြီ (မှန်ပါ့) ကွဲသွားပါပြီတဲ့၊ အနိစ္စက ထင်ရှား ရှိတုန်း ဆိုတာပါ၊ လက္ခဏာက မရှိတဲ့ အခါကျမှ ပေါ်လာတာပါ (မှန်ပါ့ ဘုရား)။

လောကီဥပမာ ပြောကြပါစို့ဆိုတော့ ဦးအောင်ဇံဝေ အသက်ကြီးလို့ သေသွားတယ်၊ သူ့ဒကာမ တွေက ကျန်နေ ရစ်တယ် သားတွေနဲ့၊ (မှန်ပါ့) သူ့ခြေရာ လက်ရာကလေးတွေ ကျုပ်တို့ဖြင့် မမေ့သေးပါဘူး (မှန်ပါ့)။

အဲ သူကတော့ မရှိတော့ဘူး (မှန်ပါ့ ဘုရား) ခြေရာလက်ရာပဲ ရှိတော့တယ် (မှန်ပါ့) သူရှိသေးရဲ့ လား (မရှိတော့ပါ ဘုရား)။

အဲဒါမှ ဒီသေခြင်း၏ လက္ခဏာကို သွားသိတာကိုးဗျ (မှန်ပါ့) သေနေတာကတော့ အထည်ပေါ့ဗျာ အထည် ရှိနေသေးတယ် (မှန်ပါ့ ဘုရား)။

ဪ သေတယ်ဆိုတာ ပျောက်ပျက်ရမယ်၊ ပျောက်ပျတ်တဲ့ လက္ခဏာမှ လက္ခဏာကိုးဗျ (မှန်ပါ့) ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် သေတာဟာ အထည်ရှိတယ် (မှန်ပါ့) ပျောက်ပျက်တဲ့ လက္ခဏာကတော့ အထည် မရှိမှ (မှန်ပါ့ ဘုရား) သဘောပါကျပလား (ပါ၊ ပါပြီ ဘုရား)။

ဒါဖြင့် အနိစ္စလက္ခဏာသည် အထည်ရှိတုန်း ဆိုတာ လား၊ အထည် မရှိမှလား (အထည် မရှိမှပါ ဘုရား) အထည်မရှိမှ၊ အထည်မရှိမှ လက္ခဏာ ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

ရှိရာက မရှိတဲ့လက္ခဏာ ရှုပါ

ဒါဖြင့် ခင်ဗျားတို့ အနိစ္စလက္ခဏာ သိသွားပြီ၊ ဪ တို့အရှုခိုင်းတာဟာ မရှိတဲ့လက္ခဏာကို အရှုခိုင်းတာ ပါကလား (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်ဟာအရှုခိုင်းတာတုန်း (မရှိတဲ့လက္ခဏာ အရှုခိုင်းတာပါ ဘုရား) ရှိရာကမရှိတဲ့ လက္ခဏာကို အရှုခိုင်းတာ ဒါမှတ်လိုက် (မှန်ပါ့)။

ရှိရာက (မရှိတဲ့လက္ခဏာကို အရှုခိုင်းတာပါ ဘုရား)။

အေး နဂိုတုန်းက ဘာမှမရှိတဲ့ ပညတ်ကိုလဲဆိုတာ မဟုတ်ဘူး (မှန်ပါ့) အဘာဝပညတ်ဆိုတဲ့ နဂိုက မရှိတာကိုဆို တာလည်း မဟုတ်ဘူး (မှန်ပါ့) ရှိရာက မရှိတဲ့လက္ခဏာကို ဆိုတယ်၊ ဒါကို ဆိုတယ်၊ ဒါကို မြင်အောင် ကြည့်ရမယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ရှိရာက(မရှိတဲ့လက္ခဏာကိုဆိုပါတယ်) မရှိတဲ့လက္ခဏာ ကို ဉာဏ်နဲ့မြင်အောင် ကြည့်ရမယ် (မှန်ပါ့)။

ဒီလိုဆိုတော့ ဪ ဘယ်သူ သေသွားတယ်၊ ဘယ် ဟာ ပျက်စီးသွားတယ် ဆိုတဲ့ ဥစ္စာကို ဉာဏ်က လိုက်အကဲခတ် နိုင်မှ (မှန်ပါ့ ဘုရား) ဘယ်သူ ဆိုတဲ့ စွဲစရာကလေး ပါသေးသကိုးဗျ (ပါ, ပါတယ် ဘုရား)။

လုံးဝမရှိတာ မဟုတ်ဘူး (မှန်ပါ့) ရှိရာက မရှိတဲ့ လက္ခဏာကို ကြည့်ရမယ်နော် (မှန်ပါ့)။

မရှိတဲ့လက္ခဏာကိုမြင်အောင်ကြည့်

ရှိရာက (မရှိတဲ့လက္ခဏာကိုကြည့်ရပါမယ် ဘုရား) မရှိတဲ့ လက္ခဏာကို မြင်အောင်ကြည့်ပါမှ ပညတ်ရှုလဲ မဟုတ် ဘူး တဲ့ ပရမတ်ရှုတာ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် မရှိတာ ရှုတယ်ဆိုရင် ပညတ် ဘက် ပါသွားမှာစိုးလို့ ပညတ်နဲ့ ခွဲပေးလိုက် တယ် (မှန်ပါ့)။

လုံးဝမရှိတာလား ရှိရာက မရှိတာလား (ရှိရာက မရှိ တာပါ ဘုရား)။

အဲ ရှိရာက မရှိတာရှုမှ ဦးအောင်ဇံဝေ မှန်တာ (မှန်ပါ့) နို့မဟုတ် မရှိတာကြီး ကြည့်နေလို့ရှိရင် ဒါ မဟုတ်သေးဘူး (မှန်ပါ့)။

အဲဒါက အနိစ္စမဟုတ်ဘူး၊ အနိစ္စလက္ခဏာ မဟုတ်ဘူး ဦးဘသန်း ကျေနပ်ကဲ့လား (ကျေနပ် ပါတယ် ဘုရား) လက္ခဏာဟုတ်ကဲ့လား အဲဒါ (မဟုတ်ပါ ဘုရား)။

ရှိရာက မရှိလို့ဆိုရင်ဖြင့် ဘယ်သူသည် သေသွားတယ် ဆိုတဲ့ အဓိပ္ပာယ် ရတယ်နော် (မှန်ပါ့) ဟိုကတော့ ဘယ်သူ သည်လို့ စွဲစရာရှိရဲ့လား (မရှိပါ ဘုရား) အဲဒါကွာသွား တယ်။

ပရမတ်ရှုမှ နိုဗ္ဗာန်ရမှာ

ဒါ့ကြောင့် စကားတတ်မှလည်း ဖြစ်တယ်နော် (မှန်ပါ့) အဲဒီတော့ကို ပရမတ်လား တပည့်တော်တို့ ရှုနေတဲ့ဥစ္စာ ခင်ဗျားတို့က မေးရမယ် (မှန်ပါ့) လက္ခဏာကို ရှုဆိုတဲ့ဥစ္စာ ပရမတ်လား ဘုရား, ပညတ်လား ဘုရား၊ ပညတ်ရှုလို့ ရှိရင်လည်း နိဗ္ဗာန် မရနိုင်ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) ပရမတ်ရှုမှ လည်း နိဗ္ဗာန်ရမှာကိုး (မှန်ပါ့)။

အဲဒီတော့ ဒီဟာက ရှိရာက မရှိတာကို ရှုတဲ့အတွက် ပညတ် မဟုတ်ပါဘူး (မှန်ပါ့)။

ရှိရာက (မရှိတာ ရှုတဲ့အတွက်) ဘေးရှိရာကမှ မရှိတာကို သိလိုက်တဲ့အတွက် ဒါ ပညတ် မဟုတ်ပါဘူး (မဟုတ် ပါ ဘုရား) မဟုတ်ဘူးတဲ့၊ ပညတ် ဆိုတာ နဂိုက လုံးဝမရှိတာကို ဆိုတာ (မှန်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

အခုဟာက မရှိတာကို ရှုရငြား သော်လည်း ပညတ် မဟုတ်ဘူး (မှန်ပါ့) မရှိတာကိုတော့ အရှုခိုင်းတာပဲ၊ မရှိတာ သိအောင် လုပ်နော်၊ မရှိတာသိအောင် လုပ်နော်လို့ သတိမပေးဘူး လား (ပေးပါတယ် ဘုရား)။

ရှိရာက မရှိတာသိအောင်လုပ်

သို့သော်လည်း လုံးဝမရှိတာကို ဆိုတာလား (မဟုတ်ပါ ဘုရား) ရှိပြီးသား မရှိတာကို ဆိုတာပါ (မှန်ပါ) ရှိရာက မရှိတာ သိအောင်လုပ်ဖို့ အရေးကြီးတယ် (မှန့်ပါ့) သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ရှိရာကမရှိတာကို ဉာဏ်နဲ့သိအောင် လုပ်ရတဲ့ အတွက် တပည့်တော် ရှုနေတာ ပညတ် မဟုတ်ဘူးလို့ ဆိုတာ သူများမေးလည်း ပြောနိုင်ရမယ်၊ ကိုယ်လည်း ဆုံးဖြတ်ချက်ချ -ရလိမ့်မယ် (မှန်ပါ့) သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဘာကို ရှုရမှာတုံး (ရှိရာက မရှိတာကို သိအောင် လုပ်ရပါမယ် ဘုရား) အေး အခုပေါ်လာတဲ့ တရားကလေး ရှိရာက မရှိတာကို သိအောင်လုပ်ရမယ် (မှန်ပါ့)။

ပေါ်လာတဲ့တရားကလေးကို (မရှိတာ သိအောင် လုပ်ရပါမယ် ဘုရား) ဦးဘသန်းက ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား)။

ဒါပညတ်မဟုတ်ဘူး

အဲဒီတော့ကို ဒီဟာ ပညတ်လို့ ဆိုမလားဆိုတော့လည်း ဒါပညတ် မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား) မရှိတာ ရှငြားသော် လည်း ပညတ် မဟုတ်ဘူး (မှန်ပါ့)။

ဒါက သူတစ်ပါး ဝင်လာမှာစိုးလို့ တစ်ခါတည်း ခင်ဗျား တို့ကို ထိန်းပေးထားတာ (မှန်ပါ့ ဘုရား) သူတစ်ပါးက မင်းတို့ဟာက မရှိတာ ရှုနေရင် ပညတ်ပေါ့ကွ (မှန်ပါ့) ဆိုချင် ဆိုပစ်လိုက်မယ် (မှန်ပါ့, ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်တယ် တဲ့၊ အဲဒီတော့ ဒီအဆိုကို ခင်ဗျားတို့ ကိုယ့်ဉာဏ်ထဲ ဆုံးဖြတ်ချက် ချနိုင်ပလား (ချနိုင်ပါပြီ ဘုရား)။

ဟေ့ လုံးဝမရှိတာကို တို့ရှုတာ မဟုတ်ဘူး၊ တို့ရှေ့ တွင် ပေါ်ပြီး သကာလ တို့ရှုစရာ သူပေါ်လာတယ်၊ ပေါ်လာတဲ့ အချိန်လည်း တို့က မရှုနိုင်သေးဘူး၊ ဘာဖြစ်လို့တုံး, ခန္ဓာပြိုင်နေ လို့ (မှန်ပါ့)။

သင်္ခါရက္ခန္ဓာနဲ့ရှုတာ

သူက ဝိညာဏက္ခန္ဓာ၊ ဒီက သင်္ခါရက္ခန္ဓာ၊ ရှုတာက သင်္ခါရက္ခန္ဓာနဲ့ ရှုတာကိုးဗျ (မှန်ပါ့) အရှုခံတာက ကျုပ်တို့ က စိတ်ကိုပေးထားတော့ ဝိညာဏက္ခန္ဓာ (မှန်ပါ့) ဝိညာဏက္ခန္ဓာ နဲ့ သင်္ခါရက္ခန္ဓာ ပြိုင်နေတယ် (မှန်ပါ့)။

ခန္ဓာပြိုင်လို့ကော ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား) မဖြစ်တော့ကို တဲ့ ဟိုခန္ဓာမရှိမှ ဒီခန္ဓာ ပေါ်မှာကိုး (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ရှိတာကို ရှုလို့ရှိရင် ရှုတဲ့ဉာဏ်ကို မလိုက်နိုင်သေး ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှိတာရှုနေရင် ပြိုင်နေတယ် (မှန်ပါ့) မပြိုင်ဘူးလား (ပြိုင်ပါတယ် ဘုရား)။

ပြိုင်နေလို့ရှိရင်ဖြင့် ဒီဟာ ဘယ်နည်းနဲ့မှ မဖြစ်တဲ့အလုပ် ပဲလို့ မှတ်လိုက် (မှန်ပါ့) ပြိုင်ပေါ်ကောင်းရဲ့လား (မပေါ်ကောင်းပါ ဘုရား)။

ဝိညာဏက္ခန္ဓာပါနေတယ်

ပြိုင် မပေါ်ကောင်းဘူးတဲ့၊ ဟိုဘက်က ဝိညာဏက္ခန္ဓာ, ဒီဘက်က ခန္ဓာနဲ့ကော ပြိုင်နိုင်ရဲ့လား (မပြိုင်နိုင်ပါ) ဒီထဲ လည်း မဂ်နဲ့ တွဲနေတဲ့ ဥစ္စာကလည်း ဦးဘသန်းတို့ မှတ်လိုက်၊ ဝိညာဏက္ခန္ဓာလည်း ပါနေတယ် (မှန်ပါ့) မပါဘူးလား (ပါ, ပါတယ်) ဝိပဿနာမဂ် ကာမဝစရ ကုသိုလ်စိတ် ပါနေတယ် (မှန်ပါ့)။

အဲဒါကြောင့် စိတ်နှစ်ခု မပြိုင်ကောင်းတဲ့အတွက်လည်း လက္ခဏာ မတွေ့နိုင်ဘူး (မှန်ပါ့) ရှိရာက မရှိတာရှုမှ လက္ခဏာ တွေ့နိုင်တယ် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တ လက္ခဏာ ဆိုပြီး သကာလ လက္ခဏာကို ဘုရားက အရေးကြီး တယ် (မှန်ပါ့ ဘုရား)။

ဉာဏ်ကနောက်ကလိုက်ပေးရမယ်

ဘာအရေးကြီးသလဲ (လက္ခဏာအရေးကြီးပါတယ် ဘုရား) အဲ လက္ခဏာ ရှုရမယ်၊ အဲဒီတော့ ပျောက်ပျက်သွား တိုင်း ဪ ဒါ လက္ခဏာတွေပါကလား (မှန်ပါ့) ဒါ မရှိတဲ့ လက္ခဏာတွေပါလား၊ ဒါ မရှိတဲ့ လက္ခဏာတွေပါလား လို့ ခင်ဗျားတို့က ဉာဏ်ကလေး နောက်က လိုက်ပေးရမယ် (မှန်ပါ့ ဘုရား)။

အဲဒီလို လိုက်ပေးလို့ ရှိရင်ဖြင့်တဲ့ ရှိတာက အနိစ္စ၊ ရှိရာ က မရှိတာက လက္ခဏာ၊ သိတာက ဉာဏ်၊ သုံးချက်ပြီးသွား တယ် (မှန်ပါ့) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

အနိစ္စဉာဏ်

ရှိတာက (အနိစ္စပါ) ပျောက်ပျက် သွားတာက (လက္ခဏာပါ) သိတာက (ဉာဏ်ပါ) ဉာဏ်ဆိုတော့ အနိစ္စ, အနိစ္စလက္ခဏာ အနိစ္စဉာဏ် သွားပြီးတယ် (မှန်ပါ့) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ ဒီအလုပ်တော့ဖြင့် ဒီလိုဆိုရင် သံသယ မရှိလောက် အောင်ဘဲ ရှင်းသွားပြီ၊ သံသယ မရှိတော့ဘူး (မရှိပါ ဘုရား)။

ဪ လက္ခဏာမိမှကိုး၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) လက္ခဏာ မမိရင် ဦးဘသန်း (မှန်ပါ့) မခက် ဘူးလား (ခက်ပါတယ်) အနိစ္စကျတော့ မမိနိုင်ဘဲကိုးဗျ (မှန်ပါ့) လက္ခဏာကျတော့ (မိနိုင်ပါတယ်) လက္ခဏာကို မိနိုင်တယ်နော် (မှန်ပါ့ ဘုရား)။

လက္ခဏာသိတဲ့ဉာဏ်လာတယ်

ဒါကြောင့် ခင်ဗျားတို့ကို အရင်းကျကျ ပြောနေတယ်တဲ့ ဒီဥစ္စာ ဪ လက္ခဏာသိမှလည်း လက္ခဏာဉာဏ် လာမှာ ပဲ (မှန်ပါ့) လက္ခဏာ မသိရင် (မလာပါ) လက္ခဏာ သိတဲ့ဉာဏ် လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် လက္ခဏာသိတဲ့ ဉာဏ်မလာလို့ ရှိရင်ဖြင့် အနိစ္စ သိတဲ့ဉာဏ် သွားဖြစ်နေလိမ့်မယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) အနိစ္စနဲ့လည်း သူနဲ့ သိနိုင်ရဲ့ လား (မသိနိုင်ပါ) ပြိုင်ဖြစ်နေလိမ့် မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် အနိစ္စ ဉာဏ်ဟာ လက္ခဏာသိတဲ့ ဉာဏ်ဖြစ် မှ ခင်ဗျားတို့ သေသေချာချာ သိမယ် (မှန်ပါ့) သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။

ဒီဉာဏ်ဖြစ်တော့ဘာကျေးဇူးရှိသလဲ

ကောင်းပြီ ဒါဖြင့် လက္ခဏာသိတဲ့ ဉာဏ်ဖြစ်မှ ကိစ္စ ပြီးမယ် ဆိုတာ သိသွားတော့ ကဲ ဘုရား တပည့်တော်တို့ ဒီဉာဏ် ဖြစ်ပါပြီ၊ ဒီဉာဏ်ဖြစ်တော့ တပည့်တော်တို့ ဘာကျေးဇူး ရှိသလဲ၊ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဒီဉာဏ်ဖြစ်ပြီး တပည့်တော်တို့ လက္ခဏာသိတဲ့ ဉာဏ် တော့ ပိုင်ပါပြီဘုရား ပိုင်နေတုန်းမှာ တပည့်တော်တို့ အကျိုးကျေးဇူး ဘာခံစားရမလဲ မေးရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာနဲ့ တဏှာစွန့်ပါတယ်

အကျိုးကျေးဇူး ဘာခံစားရသလဲလို့ မေးတဲ့အခါကျတော့ ကွာ တဲ့၊ ဒီဥစ္စာ ခန္ဓာနဲ့တဏှာ စွန့်ပါတယ်တဲ့ (မှန်ပါ့) ဒါခံစားရတာပဲ (မှန်ပါ့ ဘုရား)။

ရှေ့က ခန္ဓာကော ရှိသေးရဲ့လား (မရှိပါ) နောက် တဏှာကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ) အဲ ခန္ဓာနဲ့ တဏှာစွန့်ခြင်း ကျေးဇူးရှိပါတယ်တဲ့ (မှန်ပါ့) သဘော ပါပလား (ပါ,ပါပြီ ဘုရား)။

ဘာတဲ့တုံး (ခန္ဓာနဲ့တဏှာ စွန့်ခြင်းကျေးဇူး ရှိပါ တယ်) ဒီရှေ့ကကော ခန္ဓာရှိသေးရဲ့လား (မရှိပါ) နောက်က တဏှာကကော လာနိုင်သေးရဲ့လား (မလာနိုင်ပါ) ဝိပဿနာမဂ် ဝင်နေတဲ့ အတွက် ဦးဘသန်း တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)။

ခဏနိဗ္ဗာန်ရနေတာ

ဒါဖြင့် ခင်ဗျားတို့ အခုရှုနေတဲ့ဉာဏ်သည် ဪ ခန္ဓာနဲ့ တဏှာစွန့်ပါကလားလို့ ဆိုတာ ခန္ဓာငြိမ်းလည်း နိဗ္ဗာန်၊ တဏှာငြိမ်းလည်း နိဗ္ဗာန်ဆိုပြီး ခဏနိဗ္ဗာန် ရနေတာကွတဲ့ (မှန်ပါ့)။

ခန္ဓာကလည်း စွန့်ပြီးသားဖြစ်နေတယ် ဦးဘသန်း (မှန်ပါ့) တဏှာကကော (စွန့်ပြီးသား) စွန့်ပြီးသား ဖြစ်နေတယ်၊ အမြစ်သာ မပြတ်သေးတာ၊ ခဏနိဗ္ဗာန်ကွတဲ့ (မှန်ပါ့) လက္ခဏာရှုနေတဲ့ ပုဂ္ဂိုလ်ဟာ ခဏနိဗ္ဗာန်ရနေတာပဲ (မှန်ပါ့ ဘုရား)။

ဒါ အင်မတန် သဘောပါတဲ့ စကားတွေလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) ဦးဘသန်းကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ဝိပဿနာရှုနေတာ ဘာကျေးဇူးရှိသတုံး

ဒါတောင် သူများကို ပြောနိုင်မယ်လို့ ထင်သလား (မထင်ပါ ဘုရား) မလွယ်ဘူး ဒီဥစ္စာ (မှန်ပါ့) ဒါဟာ သံယုတ် အဋ္ဌကထာမှာ လာတယ်၊ ဒီစကားတွေနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာရှုနေတာ ဘာကျေးဇူးရှိသတုံး ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ) ဘာပေါ်လာသတုံး (ခန္ဓာနဲ့ တဏှာကိုစွန့်ပါတယ် ဘုရား)။

ခန္ဓာစွန့်တာလည်း နိဗ္ဗာန်ပဲ (မှန်ပါ့) တဏှာစွန့် တာကော (နိဗ္ဗာန်ပါပဲ ဘုရား)။

ရှေ့ပြေးနိဗ္ဗာန်ရပြီ

အဲ အစစ်သာမရသေးတာ၊ ခဏနိဗ္ဗာန်တော့ ရပြီ (မှန်ပါ့) ရှေ့ပြေး နိဗ္ဗာန်ရပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဪ တပည့်တော်တို့ အလုပ် ဟာ အလွန်ကျေးဇူးများပါကလား၊ လုပ်ထိုက်တယ် (မှန်ပါ့ လုပ်ထိုက်ပါတယ်) လုပ်ထိုက်တယ်ဆိုတဲ့ ဉာဏ်ဟာ ခင်ဗျားတို့ မှာ ပိုမိုပြီး သကာလ အားရှိသွားတယ် (မှန်ပါ့) ဦးဘသန်း အားမရှိဘူးလား (ရှိပါတယ်) ဘာစွန့်သလဲ (ခန္ဓာနဲ့ တဏှာ စွန့်ပါတယ် ဘုရား)။

ခန္ဓာငြိမ်းနိဗ္ဗာန်၊တဏှာသိမ်းနိဗ္ဗာန်

အဲ လက္ခဏာသိတဲ့ ဉာဏ်က လက္ခဏာသိနေ ကတည်းက ခန္ဓာက ရှိသေးရဲ့လား (မရှိပါ) ရှုတဲ့ခန္ဓာ ရှိသေးရဲ့ လား (မရှိပါ) နောက်ကကော တဏှာလာနိုင် သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်တဲ့အတွက် ခန္ဓာနဲ့ တဏှာစွန့်ပါတယ် (မှန်ပါ့) ဒါဖြင့် ခန္ဓာငြိမ်းနိဗ္ဗာန် တဏှာသိမ်းနိဗ္ဗာန် ဆိုတာ တဒင်္ဂ နိဗ္ဗာန်ရပြီ (မှန်ပါ့) တဒင်္ဂဆိုတာ ခဏနိဗ္ဗာန်ပေါ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုရားက ဒါက ဝိပဿနာဉာဏ်ကို ဒါ့ကြောင့် သူ့ခန္ဓာနဲ့ တဏှာကို သိမ်းတယ်၊ တဏှာသိမ်းတယ် ဆိုတာ တပည့်တော်တို့ ယုံကြည်ပါပြီ၊ ဝိပဿနာ ဉာဏ်ကလည်း တယ် ကျေးဇူးများ ပါကလား (မှန်ပါ့) ခန္ဓာဒုက္ခသစ္စာကလဲ သိမ်း သွားတယ်၊ တဏှာ သမုဒယသစ္စာကော (သိမ်းသွားပါ တယ် ဘုရား)။

ဒါဖြင့် ဒီဟာ အဆုံးလိုက်လိုက် ဦးအောင်ဇံဝေတို့နော် (မှန်ပါ့) အဆုံးလိုက်လိုက်တဲ့ အခါကျတော့ ခန္ဓာက ဘယ်တော့မှ မလာတော့ဘူး ဆိုကြပါစို့နော် (မှန်ပါ့)။

လောကုတ္တရာမဂ်

ခန္ဓာကမလာတဲ့အခါကျတော့ တကယ့် လောကုတ္တရာ မဂ်ဖြစ်မလာဘူးလား (ဖြစ်ပါတယ် ဘုရား) ဖြစ်လာတဲ့ အခါကျတော့ သူ့ကျတော့ ခန္ဓာလည်းစွန့် တဏှာလည်းစွန့် နိဗ္ဗာန်လည်း မျက်မှောက် ပြုတယ်၊ သူက ဒီတစ်ခုပဲ လိုတော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တကယ့် မဂ်စစ်ကျတော့ ခန္ဓာလည်းစွန့်၊ တဏှာလည်း စွန့်၊ နိဗ္ဗာန်လည်းမြင် (မှန်ပါ့ မျက်မှောက်ပြုပါတယ် ဘုရား) မျက်မှောက်ပြုတယ်၊ ဒါပဲ ထူးတော့တယ် (မှန်ပါ့)။

မဂ်စစ်ကျတော့နိဗ္ဗာန်မြင်

ခုနင်ကတော့ ခန္ဓာစွန့်၊ တဏှာစွန့်တယ် (မှန်ပါ့ ဘုရား) တကယ့်မဂ်စစ်ကျတော့ (နိဗ္ဗာန် မျက်မှောက် ပြုပါတယ် ဘုရား)။

ခန္ဓာလည်း ထည့်ပါဦး (ခန္ဓာလည်းစွန့်၊ တဏှာ လည်းစွန့်၊ နိဗ္ဗာန်လည်း မျက်မှောက်ပြုပါတယ် ဘုရား)။

နိဗ္ဗာန်လည်း မျက်မှောက်ပြုတယ်ဆိုတော့ ဒီမဂ်နှစ်ခု ဒီလိုထူးပါကလားဆိုတာ ပေါ်သွားတယ် (မှန်ပါ့)။

ဝိပဿနာမဂ်နဲ့ ခုနင်က သောတာပတ္တိမဂ်ဆိုတဲ့ လော ကုတ္တရာမဂ်နဲ့ဟာ ဦးဘသန်း ဒါ ထူးခြား သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။