208

အပါယ်လေးပါး ငါမသွားဘူး အသေစိတ်ချရပြီ

အသံဖိုင်ခေါင်းစဉ် = ဆားတလျက်ဖြင့် သံသရာကြွေး အကျေဆပ်နည်း

စာအုပ်ခေါင်းစဉ်= အပါယ်လေးပါး ငါမသွားဘူး အသေစိတ်ချရပြီ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သောတရားတော်

အပါယ်လေးပါး ငါမသွားဘူး အသေစိတ်ချရပြီ

ဟောကြားသည့်နေ့

( ၇ – ၁၂ – ၆၁)

ဝိပ္ပလ္လာသဟာ အင်မတန် အရေးကြီးတယ်လို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီး ဟောတယ်နော် (မှန်ပါ့)။

သတ္တဝါတွေမှာ ဝိပ္ပလ္လာသကြောင့် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ထွက်လာတယ်ဆို တာလဲ တစ်နေ့က ပြောခဲ့ပြီနော် (မှန်ပါ့) သညာဝိပ္ပလ္လာသကြောင့် မာနက စတဲ့ ပဋိစ္စသမုပ္ပါဒ် ထွက်လာတယ်၊ မာနဆိုတာလဲ တဏှာပဲ မှတ်နော် (မှန်ပါ့) တဏှာ၊ ဥပါဒါန်၊ ကံ (မှန်ပါ့)။

မှတ်ချက်။ ။မာနသည် လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်မှာ ယှဉ်သဖြင့် မာနဖြစ်လျှင် တဏှာပါသည်ကို ရည်ရွယ်၍ ဆိုပါသည်။

သညာဝိပ္ပလ္လာသ

သညာ ဝိပ္ပလ္လာသကြောင့်လဲ မာနဆိုတာ တဏှာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ ဒီဘက်ချည်း လှည့် လှည့်သွား တယ်။

နိစ္စသညာသာ လုပ်လိုက်လို့ရှိရင် မာန လာတာပဲ အခု ရုံးပြင်ကနား ရောက်နေတဲ့ အမှုတွေဟာ နိစ္စသညာက လာတာလို့ မှတ်ကြရမယ် (မှန်ပါ့)။

ရုံးပြင်ကနား ရောက်နေတဲ့ အမှုတွေ ဘယ့်နှယ်ဆို ကြမယ် (နိစ္စသညာက လာပါတယ်) နိစ္စသညာ ကနော် (မှန်ပါ့)။

ဘယ်ဟာဖြစ်ဖြစ် ဒါအမြဲနေမှာ၊ အမြဲသုံးဆောင်ရမှာ၊ ဒါကြောင့် အထိမခံနိုင်ဘူးဆိုတော့ ဒါဘာဆိုကြ မယ် (နိစ္စသညာပါဘုရား)။

နိစ္စသညာက မာနကျေးဇူးပြုတယ်

နိစ္စသညာက လာတယ်၊ ဘာကျေးဇူးပြုသလဲ၊ မာန ကျေးဇူးပြုပါတယ် (မှန်ပါ့)၊

နိစ္စသညာက မာနကျေးဇူးပြုသောကြောင့် မာန ဆိုတာ ဒိဋ္ဌိနဲ့ မယှဉ်တဲ့ မာနဖြစ်လေ သောကြောင့် လောဘ ပါပဲတဲ့ (မှန်ပါ့)။

လောဘဆိုတော့ကို မာနနဲ့ ယှဉ်တဲ့ လောဘဖြစ် လေသောကြောင့် တဏှာပဲ ယူလိုက်တော့ကို တဏှာ၊ ဥပါဒါန်၊ ကံ ဘက်ကို လှည့်တယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဟာ နိစ္စသညာ ကြောင့်လဲ မာန ပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတွေမှာ ဖြစ်စေတယ် ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့)၊

တစ်ခါ သုဘသညာကြောင့်လဲ တဏှာ လာပြန် တယ်၊ ဘယ်သူဖြင့် တင့်တယ်၊ တယ်တယ်၊ တင့်တယ် လို့ရှိရင် ဝယ်ချင်တယ်၊ ရချင်တယ်၊ ခင်ချင်တယ်။ သုဘသညာ မရှိကြဘူးလား (ရှိပါတယ် ဘုရား)၊

အဲ သုဘသညာကြောင့်တော့ ခုနင်က မာန မလာဘဲနဲ့ တဏှာရိုးရိုးလာတယ် (မှန်ပါ)။

သုဘသညာကလာတာ

တဏှာရိုးရိုး လာပြန်တော့ ဈေးသည်တွေ ရောင်း ကောင်းတာဟာ ကုန်အလှအပ ပြင်ထားတယ်၊ အဆင်က လေးတွေ ကျကျနန လုပ်ကြတယ် (မှန်ပါ)။

အဲဒါ ကြည့်တဲ့ လူအပေါင်းက လှတယ်ဆိုတဲ့ သဘောနဲ့ပဲ၊ တဏှာ၊ ဥပါဒါန်ဖြစ်လို့ သူ ကာယကံ၊ ဝစီကံနဲ့ ဝယ်သွားတာပဲ (မှန်ပါ့) ဒါက သုဘသညာကလာတဲ့ ပဋိစ္စသမုပ္ပါဒ် လို့ မှတ်ပါ (မှန်ပါ)။

ဈေးသည်တွေ ကုန်မှာ အလှအပပြင်ကြတာတွေ ဟာ သုဘတင့်တယ်အောင်လုပ်တာ၊ တင့်တယ်အောင် လုပ်ထားတဲ့ အခါကျတော့ ဟို တဏှာသမားတွေက ဦးသံဒိုင် ဝယ်သွားတယ် (မှန်ပါ့ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ဒီကုန်တော့ ရချင်တယ်၊ တကယ့် လိုလိုချင်ချင်ပဲ ဥပါဒါန်ဖြစ်လာတယ်၊ ကာယကံ၊ ဝစီကံနဲ့ မေးပြီးသကာလ ဝစီကံနဲ့ မေး၊ ကာယကံ နဲ့ ဝယ်သွားတယ် (မှန်ပါ) ဒါ ဘယ်သညာက လာသတုံး (သုဘသညာက လာပါတယ်)။

အဲဒီတော့ ဈေးသည်တွေ ရောင်းကောင်းတယ်၊ အဆင်အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးဆိုတာ သုဘသညာ က လာတာ (မှန်ပါ့)။

အဲဒီတော့ လောကကြီးထဲမှ ရုံးပြင် ကနားရောက် လာတာက နိစ္စသညာ၊ ဈေးသည်တွေ ရောင်းကောင်းတာက (သုဘသညာပါ) သုဘသညာနော် (မှန်ပါ့)။

အတ္တသညာကြောင့် ဒိဋ္ဌိလာတယ်

တစ်ခါသွားပါဦး တဲ့၊ အတ္တသညာကြောင့် တော့ ဒိဋ္ဌိလာတယ် (မှန်ပါ့)။

အတ္တသညာကြောင့်တော့ (ဒိဋ္ဌိလာပါတယ်) ဒိဋ္ဌိ လာတယ်လို့ မှတ်ထားကြပါ တဲ့။

ဒိဋ္ဌိလာတော့ ဘာဖြစ်သတုံးလို့ မေးတဲ့အခါကျ တော့ ဆိုလို့ရှိရင် အတ္တသညာက ဥပမာမယ် တောင် မြို့မှာ အထည်တွေ လုပ်ကြတယ်၊ ခိုင်တဲ့ အထည်လုပ်လိုက် တယ်၊ ခိုင်တဲ့ အထည် လုပ်လိုက်တော့ကို ဘေးက ပုဂ္ဂိုလ် တွေကလဲ ဟိုအထည်တွေက ညံ့တယ်၊ ဒီအထည်တွေက ခိုင်တယ်၊ ခိုင်မှသာလျှင် တို့မှာ အမြဲဝတ်ရမှာ (မှန်ပါ)။ ဒီလိုလာတာ။

အမြဲဆိုသော အတ္တက

အမြဲဝတ်ရမယ် ဆိုတော့ အမြဲဆိုတာက အတ္တက (မှန်ပါ) အဲဒီတော့ကျတော့လဲ သူဘာဖြစ်ပြန်သတုံးလို့ မေး တဲ့အခါကျတော့ အတ္တဒိဋ္ဌိက အင်း ဒီဟာ ငါတို့နဲ့ ဆင်းရဲသားနဲ့ သိပ်တော်တယ်၊ ဆင်းရဲသားက အထည် တစ်ခုကို လေးငါးခြောက်လ တစ်နှစ် ဆိုသလို ဝတ်ရမှာ ဆိုတော့ ခိုင်မြဲတဲ့ဘက် သူ သွားတယ် (မှန်ပါ ဘုရား)။

အတ္တသညာ ခိုင်မြဲတဲ့ဘက် သွားပြန်တော့ ဒိဋ္ဌိဒိဌ ပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံတွေ လာပြန်တော့ ပဋိစ္စသမုပ္ပါဒ် ဆက်မသွားဘူးလား (ဆက်သွားပါတယ်ဘုရား)။

အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်း စားရမယ်၊ ဒီသညာတွေဟာ နိစ္စသညာကလဲ မာန ပဋိစ္စသမုပ္ပါဒ်၊ သုဘသညာက တဏှာ ပဋိစ္စသမုပ္ပါဒ်၊ အတ္တ သညာက ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ် ဆိုတော့ ဒါသံသရာချဲ့တယ်၊ ချဲ့တယ်ဆိုတဲ့ ဥစ္စာဟာ သညာက စ ခဲ့တာလို့ မှတ်လိုက် စမ်းပါ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (သညာက စ ချဲ့ပါတယ် ဘုရား)။

သညာတွေမဖြုတ်ရင် နိဗ္ဗာန်မရ

နိစ္စသညာက မာန ပဋိစ္စသမုပ္ပါဒ်ကို ချဲ့ထွင်သွား တယ်၊ သုဘသညာက တဏှာ ပဋိစ္စသမုပ္ပါဒ်ကို (ချဲ့ထွင် သွားပါတယ်) ချဲ့ထွင်သွားတယ်လို့မှတ်ပါ၊ အတ္တသညာက ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ် ကို ချဲ့ထွင်သွားတယ်လို့ မှတ်လိုက်တော့ ဪ ဒီသညာတွေ မပြုတ်သရွေ့ နိဗ္ဗာန်မရနိုင်ပါကလား ဆိုတာလဲ မောင်သစ်တို့ ဦးသံဒိုင်တို့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

ပပဉ္စဆိုတာ သံသရာချဲ့တဲ့တရား

ဒီသညာတွေ မပြုတ်ရင် (နိဗ္ဗာန်မရနိုင်ပါ ဘုရား)။

ဘာ့ကြောင့်တုံးဆိုတော့ ပပဉ္စကျေးဇူးပြုလို့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီဘုရား)။ ဘာကျေးဇူး ပြုလို့တုံး (ပပဉ္စ ကျေးဇူးပြုလို့ပါ ဘုရား)။

ပပဉ္စဆိုတာ ဘာတုံးလို့မေးတော့ “သံသာရဒုက္ခံ ပပဉ္စန္တိ ဝိတ္တာရေန္တီတိ ပပဉ္စာ ” သံသာရဒုက္ခံ =သံသရာ၌ ဖြစ်တဲ့ ပဋိသန္ဓေ နေဘေး၊ အိုဘေး၊ နာဘေးကို၊ ပပဉ္စန္တိ ဝိတ္ထာရေန္တိ = ချဲ့တတ်ကုန်၏။ ဣတိတသ္မာ – ထို့ကြောင့်၊ ပပဉ္စာ = ပပဉ္စလို့ မည်ကုန်၏ ဆိုတော့

ဒီမာန ပဋိစ္စသမုပ္ပါဒ်လဲ ချဲ့သွားတာပဲ၊ ဟိုဘက်ဘဝတွေ မကူးဘူးလား (ကူးပါတယ်ဘုရား) တဏှာ ပဋိစ္စသမုပ္ပါဒ် ကကော (ကူးပါတယ်ဘုရား) ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်ကကော (ကူးပါတယ် ဘုရား)။

ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက တဏှာ၊ မာန၊ ဒိဋ္ဌိကို သံသရာ ချဲ့တတ်တဲ့ နေရာ ခေါင်းဆောင်ကြီးဖြစ်ပြီး သကာလ နေပြန် သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုရားက ပပဉ္စ တရားဟေ့ လို့ ဆိုင်းဘုတ်ဆွဲပေးထားတာ (မှန်ပါ)၊ ဆွဲသင့်သလား (ဆွဲသင့်ပါတယ် ဘုရား)။

အနိစ္စမြင်ရင် သံသရာချုပ်တယ်

ဒါဖြင့် ခင်ဗျားတို့ နိစ္စသညာကို ဖျောက်ချင်လို့ရှိ ရင် နှလုံးသွင်းမှန်တဲ့ အနိစ္စမြင်ဖို့ အရေးကြီးတယ် (မှန်ပါ) အနိစ္စမြင်ရင် မာနသံသရာဟာချုပ်တာပဲ (မှန်ပါ) သဘော ကျပြီ (ကျပါပြီ ဘုရား)။

သုဘသညာဆိုတာ တင့်တယ် တယ်လို့ ထင်တာကို ခင်ဗျားတို့က အနိစ္စပဲရှုရှု၊ အသုဘပဲရှုရှု၊ ရှုချင်တာရှုပါ။ ရှုလိုက်လို့ ရှိရင် တဏှာသံသရာဟာ ကွင်းလုံးကျွတ်သလို ပဲ လွတ်သွားတယ် (မှန်ပါ)။

ဒိဋ္ဌိသံသရာဆိုတာက အတ္တ သညာ၊ အဲဒီ အတ္တ သညာက လာပြီဆိုမှဖြင့်လဲ ဒိဋ္ဌိသံသရာကြီး အပါယ်လေးပါး ပို့လိုက်တယ်၊ အပါယ်လေးပါး ပို့လိုက်တဲ့ အခါဆိုလို့ရှိရင်လဲ အတ္တသညာကနေပြီး ဒိဋ္ဌိ ကျေးဇူးပြုလိုက်တယ်၊ ဒိဋ္ဌိပပဉ္စ ကို ကျေးဇူးပြုလိုက်တယ်ဆိုတော့ မောင်သစ် လွတ်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် သညာတွေ မပယ်ဘဲနဲ့ ခင်ဗျားတို့ အားကိုး နေတဲ့ ဒါနကလေး အားကိုးလိုက်၊ သီလကလေး အားကိုး လိုက်၊ သမထကလေး အားကိုးလိုက်၊ သညာက မဖြူဘူး (မှန်ပါ့) ဖြူပါ့မလား (မကြုံပါ ဘုရား)။

ဒါန သီလ က ဆရာကောင်းတွေ့ဖို့ ကျေးဇူးပြုတယ်

မကြုံနိုင်ဘူး၊ အဲဒီတော့ သူ့ကို လုပ်ရဦးမယ်၊ ဟို ဟာတွေလဲ ကျေးဇူးပြုမှာပဲ၊ ဟိုဟာတွေက ဒီလို ဆရာကောင်း၊ သမားကောင်းနဲ့ တွေ့ဖို့ သူအားပေးမယ် (မှန်ပါ့)။

အားပေးတဲ့အခါကျတော့ ဦးသံဒိုင်တို့ လူစုက ဪ ဒီဟာက မုန်းဝင် ပါလား၊ ဟို ဟာတွေက အခြံအရံပါကလား ဆိုတာ မှတ်ရမယ် (မှန်ပါ) မုန်းဝင်ပန်း ဆွတ် ကတော့ လက္ခဏာရေးသုံးပါးပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါနသီလတွေက အကူအညီ

မုန်းဝင်ပန်းဆွတ်ကတော့ (လက္ခဏာရေး သုံးပါးပါ ဘုရား) အဲ ဘေးက လှော်တာတွေ ဒါန၊ သီလတွေ ကတော့ အကူအညီ ပေးလိုက်တာ (မှန်ပါ)။

သူတို့က ဥပနိဿယပစ္စယော၊ သဘောကျပလား (မှန်ပါ) ဝိပဿနာက မဂ္ဂပစ္စယော၊ (မှန်ပါ့) ဒါကလေးနှစ် ခု ခွဲခြားဝေဖန်မှတ်ပါ (မှန်ပါ)။

သူတို့က ဥပနိဿယပစ္စယောလို့ ဒါန၊ သီလ၊ မဂ်ဖိုလ်ကျေးဇူး ပြုတာက ဥပနိဿယပစ္စည်း၊ ဝေးသော အကြောင်းဖြစ်ပြီး ကျေးဇူးပြုတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုတာက ထွက်မြောက်ကြောင်း

အခု ဝိပဿနာရှုလိုက်တော့ တို့ဖြစ်ပျက်တွေမြင်လို့ ရှုလိုက်တော့ မဂ္ဂပစ္စယော၊ သူက ထွက်မြောက်ကြောင်း ဖြစ်ပြီး ကပ်ပြီး ကျေးဇူးပြုလိုက်တယ် (မှန်ပါ) မကွာကြဘူးလား (ကွာပါတယ် ဘုရား)။

အဲဒီတော့ ဝေးသောအကြောင်းက ဥပနိဿယ ပစ္စယော၊ ဒါန သီလ သမထတွေက (ဥပနိဿယ ပစ္စယော ပါ ဘုရား) ဝိပဿနာ ရှုတဲ့မဂ်က (မဂ္ဂပစ္စယောပါ ဘုရား)။

ဒါကိုခွဲခြားသိရမယ်

ဒါကိုခွဲခြားသိရမယ်၊ ဒါမသိလို့ရှိရင် ဒကာ ဒကာမ တွေမှာ ကိုယ်လုပ်တဲ့ဥစ္စာက ဥပနိဿယ ပစ္စယေနဲ့ချည်း ရောက်လိမ့်မယ်လို့ ယူကြလိမ့်မယ် (မှန်ပါ့) အခုပဋ္ဌာန်းပါဠိတော် သေသေချာချာ ဉာဏ်စခန်းနဲ့ ဝေဖန်လိုက်တော့ မဂ္ဂပစ္စယော မပါရင် မရောက်ဘူး (မှန်ပါ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဥပနိဿယပစ္စယောလဲ မလွတ်ရဘူး၊ မဂ္ဂ ပစ္စယောလဲ (မလွတ်ရပါဘုရား) မလွတ်ရဘူး၊ ရှင်း ပလား (ရှင်းပါပြီ)။

အဲဒီတော့ အချို့သော သုတ္တန် ပါဠိတော် များကျတော့ ပန်းတစ်ပွင့်နဲ့ပဲ လူ့ပြည်၊ နတ်ပြည် အကြိမ် ကြိမ် ခံစားပြီး သကာလ နောက်ဆုံးပိတ် နိဗ္ဗာန်ဝင်တယ်၊ ဒါမဂ္ဂပစ္စယော မပါဘဲနဲ့ ဝင်တဲ့ အဓိပ္ပါယ်မျိုးကို ဒကာ ဒကာမတွေက ယူလိမ့်မယ်တဲ့ (မှန်ပါ့) စင်စစ် မဂ္ဂပစ္စယော မပါလို့ ရှိရင် ဝင်ကို မဝင်နိုင်ဘူးလို့ မောင်သစ်တို့ ဦးသံဒိုင်တို့က မှတ်ရလိမ့်မယ် (မှန်ပါ) ခွဲခြားတတ် ကြပလား (ခွဲခြားတတ်ပါပြီ ဘုရား)။

ဥပနိဿယပစ္စယော

ဒါန၊ သီလ၊ သမထတွေက ဘာပါလိမ့် (ဥပနိဿယ ပစ္စယောပါ ဘုရား) အားကြီးသော အကြောင်း၊ ဝေးသော အကြောင်းဖြစ်ပြီး ကျေးဇူးပြုတယ် (မှန်ပါ့)။

ဖြစ်ပျက်ရှုတာက မဂ္ဂပစ္စယော

ဖြစ်ပျက်ရှုနေတဲ့ ဝမ်းထဲရှိတဲ့ မဂ်ကတော့ (မဂ္ဂပစ္စ ယောပါ) တဲ့၊ မဂ္ဂပစ္စယောနဲ့ ဥပနိဿယ ပစ္စယော ကွာ တယ် (ကွာပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဥပနိဿယပစ္စယောလဲ လွှတ်လို့ မဖြစ်ဘူး။ မဂ္ဂပစ္စယောလဲ (လွှတ်လို့မဖြစ်ပါ ဘုရား)။

လှေလှော်လာသလိုပေါ့၊ ပန်းဆွတ်မှာ ညံ့လို့လဲ မဖြစ်ဘူး၊ နောက်က မလှော်ခဲ့လို့လဲ ပန်းဆွတ်တဲ့ဆီ မရောက်ဘူး (မရောက်ပါ ဘုရား)။

ဒါဖြင့်နောက်ကလှော်ခဲ့တာက ဥပနိဿယပစ္စယော (မှန်ပါ့) ပန်းဆွတ်တာက (မဂ္ဂပစ္စယောပါ) ဒီလို ယူရမယ်တဲ့၊ သဘောပါကြပလား (ပါပါပြီ)။

မဂ္ဂပစ္စယာကျမှ သညာသေတာ

ဒါဖြင့် မဂ္ဂပစ္စယောကျမှ သညာသေတာကိုးဗျ (မှန်ပါ့)။ ဟို ဒါန၊ သီလ၊ သမထတွေက သညာကို မပယ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

အနိစ္စကို နိစ္စထင်တဲ့သညာဝိပ္ပလ္လာသ၊ အသုဘကို သုဘ ထင်တဲ့ သညာ ဝိပ္ပလ္လလာသ၊ အနတ္တကို အတ္တ ထင်တဲ့ သညာ ဝိပ္ပလ္လာသ မပယ်နိုင်ဘူးတဲ့ သူက (မှန်ပါ) ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ ဘုရား)။

ဒါတွေကတော့ အဖြစ်အပျက်မြင်မှ ခင်ဗျားတို့ ဪ အနိစ္စပါကလား၊ ရုပ်နာမ်ဓမ္မတွေ ဖြစ်ပျက်နေ တဲ့ အနိစ္စပါကလား၊ သဘောကျပလား (ကျပါပြီ) ဒုက္ခပါကလား အနတ္တပါကလား လို့ မလာပေဘူးလား (လာပါ တယ် ဘုရား)။

လာတဲ့အခါကျတော့ ခုနင်က သညာတွေက နိစ္စ သညာလဲပြုတ်၊ သုဘသညာကလဲပြုတ် (ပြုတ် ပါတယ်) ဒုက္ခရှုလိုက်ရင် သုဘသညာက ပြုတ်တာပဲ (မှန် ပါ့) အနတ္တရှုလိုက်ရင် အတ္တသညာက (ပြုတ်ပါတယ် ဘုရား)။

ပြုတ်သွားတာပဲ၊ အဲဒီသညာပြုတ်မှ စိတ်ကပြုတ် မှာ (မှန်ပါ့) စိတ်ပြုတ်မှ ဒိဋ္ဌိကလဲ (ပြုတ်မှာပါ ဘုရား)။

မဂ္ဂပစ္စယောက အလုပ်လုပ်ယူရမယ်

ပြုတ်မှာ ဖြစ်ပြီး သကာလ နေတော့ ဪ ဒါကတော့ အလုပ်လုပ်ယူရမည့် သဘောပါကလား (မှန်ပါ) မဂ္ဂပစ္စယောက အလုပ်လုပ်ယူရမယ် (မှန်ပါ့) ဟိုဟာတွေက လှူဒါန်း ပေးကမ်း သမထ အားထုတ်ပြီး သကာလ ဥပနိဿယပစ္စယော က အကူအညီပေးရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဥပမာမယ် တိရစ္ဆာန်ဘဝရောက်နေတဲ့ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် နိဗ္ဗာန်တော့ သူ မရောက် နိုင်တော့ဘူး။

မရောက်နိုင်တော့ ဒါန သီလ သမထတွေနဲ့ သူ လူ့ဘုံ ရောက်အောင် မလုပ်ရပေဘူးလား (လုပ်ရပါတယ်)။

လုပ်ရမယ်တဲ့၊ ဘာကြောင့်တုံး ဆိုလို့ရှိရင် အဟိတ် ပုဂ္ဂိုလ်ဖြစ်နေလို့ (မှန်ပါ့)။

အဟိတ်ပုဂ္ဂိုလ်ဖြစ်နေတော့ ဒါန၊ သီလတွေက ဒွိဟိတ်တိဟိတ်ဖြစ်အောင် တင်ပေးရဦးမယ် (မှန်ပါ) မတင် ရပေဘူးလား (တင်ရပါတယ် ဘုရား) သူက ဘာသတ္တိနဲ့ တင်လိုက်သတုံး (ဥပနိဿယ သတ္တိနဲ့ တင်လိုက်ပါတယ်) ဥပနိဿယပစ္စယောဆိုတဲ့ သတ္တိနဲ့ တင်ပေးရမယ် (မှန်ပါ့)။

ဘယ်ဟာမှ မပယ်နဲ့

ကဲ တစ်ခါ ဥပနိဿယပစ္စယောနဲ့ တင်ပေး လို့ လူ့ဘဝရောက်လာပြန်တော့ ဆရာကောင်း၊ သမားကောင်းတွေနဲ့ တွေ့အောင်လဲ ခုနင်က ဒါန၊ သီလတွေ တင်ပေးရတော့မယ် (မှန်ပါ) တင်ပေးပြီးတဲ့အခါကျတော့ ခင်ဗျားတို့က အိပ်နေလို့မဖြစ်သေးဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဘာလုပ်ရမတုံး (မဂ္ဂပစ္စယော လုပ်ရပါ မယ်) မဂ္ဂပစ္စယောဖြစ်အောင် လုပ်ရဦးမယ်(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘယ်ဟာမှ မပယ်နဲ့ ဆိုတဲ့ အဓိပ္ပါယ်ပေါ် လာပြီ (ပေါ်လာပါပြီ)။

လှေလှော်သလိုပဲ

လှေလှော်သလိုပဲလို့ ပြောထားတယ် (မှန်ပါ့) ပန်းဆွတ်တဲ့နေရာမှာ မဂ္ဂပစ္စယော၊ နောက်က လှော်ပြီး သကာလ ပန်းတိုင်နား ကပ်ပြီးအထိ ရောက်အောင်က (ဥပနိဿယပစ္စယောပါ) ဥပနိဿယ ပစ္စယော။

ဒီ နှစ်ပစ္စည်းကို နားမလည်လို့ရှိရင် အယူဖောက် ကုန်မှာပဲ (မှန်ပါ့) မဖောက်ပေဘူးလား (ဖောက်ပါတယ်)။

အဲဒီတော့ ဆရာသမားက အကြောင်းအကျိုးဆက် တာတွေ မနိုင်တဲ့ တရားမျိုးကို ဒကာ ဒကာမတွေက သူများ ပါးစပ် လမ်းဆုံးနေပြန်တော့လဲ အတော်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

အတော်ကြောက်စရာကောင်းတယ်၊ ဥပနိဿယ ပစ္စယောကိုပဲ တချို့က မဂ္ဂပစ္စယော လုပ်ထားတယ် (မှန်ပါ့) ဟာ သူနဲ့ပဲ ရောက်နိုင်တယ်ဆိုတော့ အဲဒါကလဲ ချို့ယွင်းချက် တစ်ခုရှိတယ် (မှန်ပါ့)။

ဥပနိဿယ ကူမှရမယ်

မဂ္ဂပစ္စယောချည်း သက်သက်ရောက်နိုင်ပါတယ် လို့ ယူလိုက်ပြန်တော့လဲ ဟို တိရစ္ဆာန်တွေက တက်ဖို့ ရာက မရှိတော့ဘူး (မှန်ပါ့) ရှိနိုင်သေးရဲ့လား (မရှိနိုင်ပါ ဘုရား)။

မရှိနိုင်တော့လဲ အင်း ဥပနိဿယကလဲ ကူရ မှာပဲ (မှန်ပါ့) မဂ္ဂကော (ကူရမှာပါဘုရား) မကူရင်တော့ မရနိုင်ဘူး (မှန်ပါ)။

ကိုင်း ဒါဖြင့် ကဲ လူ့ဘဝရောက်လာ ပြီ၊ တပည့်တော်တို့ စင်စင်ကြယ်ကြယ်ပဲ ရောက်လာခဲ့ပြီ ဘုရား ဆိုတော့ ဒီအချိန်မှာ မဂ္ဂပိုအရေးကြီးတယ် (မှန်ပါ)။

ဒီအချိန်မှာ မဂ္ဂ မလုပ်ပြန်လို့ရှိရင်လဲ နောက် ခင်ဗျားတို့ ဥပနိဿယတွေ ပြန်ပြီး သကာလ ဥပနိဿယ တွေကလဲ နီးကပ်အောင်တော့ ပို့လိုက်တာပဲ၊ ပို့ပေမယ့် သူမှ ပန်းမဆွတ်တတ်ဘဲကိုး (မှန်ပါ) ပန်းမဆွတ်တတ် တော့ အောင်ပွဲရပါ့မလား (မရပါ ဘုရား)။

မရပြန်တော့လဲ အင်း ခင်ဗျားတို့၏ ချို့ယွင်း ချက်ကြောင့် သံသရာထဲမှာ လည်သွားပြန်တယ် (မှန်ပါ့)။

အဲဒီတော့ ဒီလိုယူတဲ့ ဒါန၊ သီလ၊ သမထက သံသရာလည်တာ မဟုတ်ဘူး၊ အကူးအဆက် နားမလည် လို့ လည်တာ။

ဒါနသီလက သံသရာရှည်တာလား

နားလည်ကြပလား (နားလည်ပါပြီ ဘုရား) ဒါန၊ သီလ က သံသရာရှည်တာလား၊ ကိုယ်က အကူးအဆက် နားမလည်တာလား (အကူးအဆက် နားမလည်လို့ပါ ဘုရား)၊

အဲဒါ နားမလည်တာကိုပင်လျှင် အားလုံးသော ပုဂ္ဂိုလ်တို့က မရှင်းဘဲဖြစ်နေတယ် (မှန်ပါ) မရှင်းတော့ တစ်ခါတည်း တစ်ဇွတ်ထိုး မဂ္ဂပစ္စယောသာ အရေးကြီး တယ်တဲ့၊ ဥပနိဿယ ပစ္စယော အရေးကြီးပါသော်ကော၊ ဒီဆရာကောင်း သမားကောင်းနဲ့ တွေ့ဖို့ ဒွိဟိတ်ကနေပြီး တိဟိတ်ဖြစ်ဖို့ ဥပနိဿယက တင်မပေးလို့ရှိရင်ဖြင့် ခင်ဗျား တို့ မဂ္ဂပစ္စယောက ဝင်လို့ကို မရဘူး (မှန်ပါ့ ဘုရား) ရပါ့ မလား (မရပါ ဘုရား)။

ဘယ်ဟာမှ မလျှော့နဲ့

မရတော့ကို အားလုံး ဒကာ ဒကာမတွေက ဒါန သီလ ကိုလဲ မပယ်ပါနဲ့၊ ဥပနိဿယကိုလဲ မပယ်နဲ့၊ မဂ္ဂ ကိုလဲ မလျှော့နဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဥပနိဿယလဲ (မလျှော့ပါ ဘုရား) မလျှော့ရဘူး၊ မဂ္ဂလဲ (မပယ်ရပါ ဘုရား) မဂ္ဂလဲ မပယ်ရဘူး၊ လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အဲဒီလိုမလုပ်လို့ရှိရင်ဖြင့် ဒါတချို့တရားမဟော တတ်ပြီ ဆိုမှဖြင့် ဦးသံဒိုင် တစ်ဖက်စောင်း သွားတယ် (သွားပါတယ်) မသွားဘူးလား (သွားပါတယ်)။

ဒါက ပဌာန်းနားမလည်လို့ဖြစ်ရတာ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ)။

ဘာနားမလည်လို့လဲ (ပဋ္ဌာန်း နားမလည်လို့ဖြစ်ရ တာပါ ဘုရား)။

ပဌာန်းနားမလည်လို့တဲ့၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက –

“သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာ ဒိယတိ၊ ဈာနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ ” တောင်ဟောထားတယ် (မှန်ပါ့)။

ကိုယ်က ဖြစ်စေချင်မှ ဖြစ်တာ

သို့သော်လဲ သူက မဂ္ဂံ ဥပ္ပါဒေတိ ဆိုတော့ မဂ်ဖြစ်စေ တယ် ဆိုတော့ ကိုယ်ကဖြစ်ချင်ဖြစ်တာ သူက ဖြစ်စေတာ မဟုတ်ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ကိုယ်က အားထုတ်ယူရဦးမယ်၊ ဟိုက ဒါနက မဂ်ကို ဖြစ်စေတာ မဟုတ်ဘူး၊ ကိုယ့်အားထုတ်မှုက မဂ် ကို ဖြစ်စေတာ (မှန်ပါ့)။

ကိုင်း အဲဒီတော့ ဘယ့်နှယ်ကြောင့် မဂ်ကို အားထုတ်နိုင်ပါလိမ့်မတုံး၊ အို ကျုပ်က လူ့ဘဝရလာ လို့၊ နတ်ဘဝရလာလို့ ဘာမှမရသေးတဲ့ ပုဂ္ဂိုလ် ဥပနိဿယ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။ ကြီးတယ်။

ရပြီးသားပုဂ္ဂိုလ်မှာ ဘာအရေးကြီးနေသတုံး (မဂ္ဂ အရေးကြီးပါတယ်) မဂ္ဂပစ္စယော အရေးကြီးတယ် ဆိုတော့ ဪ ဒါတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အသုံးမကျလို့ ဒီဟာတွေကို အကျိုးအကြောင်း ဒီလိုဆက် ပြီး မယူလို့ရှိရင် ဘာမှ ဥပနိဿယလဲ ဟောဖို့မလိုဘူး၊ မဂ္ဂကော (ဟောဖို့မလိုပါ ဘုရား)။

မဂ္ဂ လဲ ဟောဖို့မလိုတော့ဘူး (မှန်ပါ့) အခု ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မဂ္ဂင်မပါဘဲနဲ့လဲ နိဗ္ဗာန်ကို မရောက်နိုင်ဘူး (မှန်ပါ) မဂ္ဂင် ဖြစ်အောင် ကျေးဇူးပြုတဲ့ တရားနဲ့ မဆက်သွယ်မိလို့ရှိရင်လဲ မဂ္ဂင်နား မသိနိုင်ဘူး (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဥပနိဿယက မဂ္ဂကို ကူရမှာ

ဒါဖြင့် ဘာအရေးကြီးသတုံးဆိုရင် ဘယ့်နှယ်ပြော ကြမလဲ (ဥပနိဿယနဲ့ မဂ္ဂ အရေးကြီး ပါတယ် ဘုရား) ဥပနိဿယလဲ အရေးကြီးတယ် (မှန်ပါ)၊ ဥပနိဿယနဲ့ အိပ်နေရင်လဲ (မဖြစ်ပါ ဘုရား) မဖြစ်ဘူး၊ ဥပနိဿယက ဘာကူရမလဲ (မဂ္ဂကို ကူရပါမယ်) မဂ္ဂပစ္စယောကို ကူရ မယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဥပနိဿယက သညာပယ်သလား၊ တစ်ခါ ဒီမှာ စစ်တမ်းထုတ် (မှန်ပါ ဘုရား)။

မဂ္ဂပစ္စယောက သညာ၊ ခုနင်က ပဋိစ္စသမုပ္ပါဒ် သုံးမျိုး ပယ်သလားလို့ တစ်ခါစဉ်းစားကြည့် (မဂ္ဂပစ္စယော က ပယ်ပါတယ် ဘုရား) ဒါဖြင့် သူမပါလဲ မပြီးဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာမှားကို ကြောက်ရတယ်

ဒါ အင်မတန် သဘောပါတယ်ဆိုတာကို မှတ်ကြရ မယ် (မှန်ပါ ဘုရား) နို့မဟုတ်ရင် တစ်ဇွတ်ထိုး တစ်ကြောင်း၊ တိုက် တစ်ခါတည်း တချို့ဆရာသမားကလဲ တစ်ဇွတ်ထိုး တစ်ကြောင်းတိုက် ဟောထားတော့ ဦးသံဒိုင် သွားရော (မှန်ပါ့ ဘုရား) ဒါကြောင့် ဆရာမှား ကြောက်ရတယ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာမှား (ကြောက်ရတယ် ဘုရား) ကြောက်ရမယ် ဆိုတဲ့ဥစ္စာသည် ကိုယ်ကတော့မသိလို့ ဆရာ နည်းခံပါတယ် အမှားနဲ့ တွေ့မယ်ဆိုရင် ဦးသံဒိုင် ကျွမ်းထိုးမှောက်ခုံသွား ပြီ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား) အင်မတန် ကြောက်စရာကောင်းပါတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အနာထပိဏ်သူဌေးကြီး

ကောင်းပြီ၊ ဒါဖြင့် မနေ့က အနာထပိဏ်သူဌေးကြီး ဆက်ကြစို့။ ခင်ဗျားတို့ ဝိပ္ပလ္လာသတွေ ဘယ်က လာတယ် ဆိုတဲ့ဥစ္စာ အနာထပိဏ် သူဌေးကြီး ဘုရား လျှောက်ပုံတွေကို ပြောကြပါစို့။ အနာထပိဏ် သူဌေးကြီး တစ်နေ့ သုံးခေါက် ကျောင်းရောက်တယ်။

တစ်နေ့သ၌ ကျတော့ နေ့လယ်ထွက်လာတဲ့အချိန် စောနေတာနဲ့ တိတ္ထိတို့ဆီ ဝင်လိုက်ပါတယ်၊ တိတ္ထိကျောင်း တိုက်ကလဲ ဘုရားကျောင်းနားမှာ ရှိတာနဲ့ ဝင်လိုက်တော့ အနာထပိဏ် သူဌေးကြီး လာတယ်ဆိုပြီးသကာလ ဝိုင်းပြီး တော့ မေးကြတယ်။

ဂေါတမဘုရား ဘယ်အယူ သတုံး

ခင်ဗျားကတော့ ဒကာအရင်းဖြစ်တယ်၊ ဂေါတမ ဘုရားဘယ်အယူ ယူသတုံး၊ ရှေးဦးစွာ မေးလိုက်တယ်။

ဂေါတမဘုရားအယူတော့ တပည့်တော်မသိဘူး ဘုရား၊ သူက ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ ဘယ်ဟာ ကိုယူတယ်လို့ သူ့အယူကိုတော့ တပည့်တော်က သဗ္ဗညုတ ဉာဏ်နေရာမှာ သောတာပန် ဉာဏ်လောက်နဲ့ မွှေနှောက် လို့ သိပါ့မလား (မသိပါ ဘုရား) မသိနိုင်လို့ ဘုရား အယူတော့ တပည့်တော် မသိဘူး ဘုရား တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သဗ္ဗညုတဉာဏ်နေရာကို သောတာပန် ဉာဏ်ကလေးနဲ့ ဘုရား ဘာယူပါတယ်လို့ ပြောလို့ ဘယ်ကလာ ရမလဲ (မရပါ ဘုရား)။

မရနိုင်တော့ (ဘုရားဘယ်အယူ ယူတယ်တော့ တပည့်တော်မပြောနိုင်ပါ ဘုရား)။

ကိုင်း ရှိပစေဗျာ ဘုရားဆီမှာနေတဲ့၊ သူ ရဟန်းခံထားတဲ့ သူ့ တပည့် သားမြေးတွေ အယူ ခင်ဗျား ပြောရမယ်တဲ့။ ဟာ ဒါလဲ မပြောနိုင်ပါဘုရာ့၊ သူ တို့ကံ၊ သူတို့ ဉာဏ် တွေက အမျိုးမျိုး ရှိတယ်။

တိတ္တိတွေရဲ့ အယူ

ဒါဖြင့် ရှိပစေဗျာ ခင်ဗျားအယူ ပြော တဲ့၊ ကပ်တော့တာပဲ၊ (မှန်ပါ့) ခင်ဗျားအယူပြောပါလို့ ဆိုတော့ တပည့်တော် အယူပြောဖို့တော့ ဝန်မလေးပါဘူး၊ တပည့်တော် အယူပြောဖို့တော့ ဝန်လေးစရာ အကြောင်းမရှိ ပါဘူး၊

သို့သော် အရှင်တို့က ပြောပြီးလို့ ရှိရင်တော့ဖြင့် ပြောပါမယ် ဆိုတော့ ရုပ်နာမ်ကို ကျုပ်တို့က မြဲတယ်လို့ယူ တယ်၊ တစ် ယောက်သော တိတ္ထိက (မှန်ပါ) ပြီးတော့ ကျုပ်ယူတာ ပြီး တော့ ရုပ်နာမ် မြဲတယ်လို့ယူရင် ကျပ်အယူ သာ မှန်တယ်လို့ ကျုပ်စိတ်ထဲမှာ ဆုံးဖြတ်ချက်ချထားတယ် တဲ့၊ ဒါတိတ္ထိ တစ်ယောက် (မှန်ပါ)။

တိတ္ထိဆယ်ယောက် အယူဆယ်မျိုး

တစ်ယောက်သော တိတ္ထိကတော့ ကျုပ်အယူ ရုပ် နာမ်သည် မမြဲဘူးလို့ ကျုပ်က ယူလိုက်တယ် (မှန်ပါ) သူကလဲ ယူသာ ယူတာကိုး၊ မမြဲတာသာ မှန်နေတာ ဥစ္ဆေ ဒဘက်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အချို့တိတ္ထိက ရုပ်နာမ် မြဲချည်တစ်လှည့်၊ မမြဲချည် တစ်လှည့် ယူတယ်။

တချို့ တိတ္ထိကတော့ အသက်နဲ့ကိုယ် အတူတူပဲလို့ ယူကြတယ်(မှန်ပါ)အသက်နဲ့ ကိုယ် အတူတူပဲလို့ ဆိုတဲ့ဥစ္စာ ကလေးဟာ တော်တော် အရေးကြီးပါတယ် (မှန်ပါ)။

တချို့ ဒကာ ဒကာမတွေမှာ စိတ်ဆိုးတဲ့အခါကျ တော့ အသက်နဲ့ကိုယ် ကွဲချင်သလားလို့ မေးတာရှိသေး တယ် (မှန်ပါ့) ရှိတယ် ဒီအတိုင်း (ရှိပါတယ် ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အသက်နဲ့ ခန္ဓာ အိုးစားကွဲချင်သလား

အသက်နဲ့ ခန္ဓာ အိုးစားကွဲချင်သလားကွ တဲ့၊ ဒေါသအလိုက် ပြောတယ် (မှန်ပါ) မပြောဘူးလား (ပြော ပါတယ် ဘုရား)။

သူ ဘာထင်သတုံး ဆိုလို့ရှိရင်ဖြင့် တဲ့ ဧကစ္စသဿတဒိဋ္ဌိ၊ သူက တစ်ပိုင်း ဒိဋ္ဌိယူထားတယ် (မှန်ပါ့ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဗုဒ္ဓဘာသာထဲမှာရှိတယ်

အဲဒီလို အယူတွေလဲ ရှိပြီးတော့ ဗုဒ္ဓဘာသာထဲမှာ ကို ဒီအပြော ဒီအထင်တွေက မရှိဘူးလား (ရှိပါတယ် ဘုရား) ရှိလို့ရှိရင် ဒါကြောင့် ဒီဟာလဲ အမှားပဲလို့ မှတ်ပါ (မှန်ပါ)။

တံ ဇီဝံ၊ တံ သရီရံ၊ ဒါ အသက်နဲ့ ကိုယ် အတူ တူပဲလို့ ယူလိုက်ပြန်တော့လဲ အသက်သေရင် ကိုယ်သေ တယ် ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိဘက် သွားပြန်တာပဲ (မှန်ပါ) ဒါ လဲ လွဲတာပဲနော် (မှန်ပါ)။

သတ္တဝါသေသည်၏ အခြားမဲ့၌ ကျုပ်တို့က ဖြစ် တယ်လို့ ယူလိုက်တယ် တိတ္ထိတစ်ယောက်က (မှန်ပါ) အင်း သတ္တဝါမှ မရှိတာ သူက သေရင် ဖြစ်သေးတယ် ဆိုတော့ သူကလဲ တိတ္ထိပဲ (မှန်ပါ့) သဿတဒိဋ္ဌိ ပဲနော် (မှန်ပါ့)။

သတ္တဝါသေရင် မဖြစ်တော့ဘူး လို့ သူယူ လိုက်တယ်၊ သူကလဲ ဥစ္ဆေဒဒိဋ္ဌိပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သတ္တဝါသေရင် တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး လို့ ကျုပ်တို့က ယူတယ်၊ ဒီလိုယူတဲ့ တိတ္ထိကလဲ ရှိသေးတယ် (မှန်ပါ့) အဲဒါက တစ်ပိုင်းကြောင် တိတ္ထိ လို့ခေါ်တယ် (မှန်ပါ့)။

သတ္တဝါသေရင် မဖြစ်တယ် မဟုတ်၊ ဖြစ်တယ်လို့ ဖြစ်သယောင်ယောင်ရှိတယ်လို့ ယူတယ် ဆိုတာကတော့ အမရာဝိက္ခေပဒိဋ္ဌိ လို့ ခေါ် တယ် (မှန်ပါ့)။

အမရာဝိက္ခေပဒိဋ္ဌိဆိုတာ

အမရာဝိက္ခေပဒိဋ္ဌိတော့ ယနေ့ည ရှင်းပေးပါ့မယ်၊ ဘယ်လိုရှင်းရမလဲလို့ မေးတော့ အမရာဝိက္ခေပဒိဋ္ဌိ ဆိုတာက ဥပမာမယ် ဦးသံဒိုင်က ရှိတယ်၊ ကိုယ်က မပိုင်ဘူး၊

ကိုယ်က ဒီဒိဋ္ဌိ ဉာဏ်စခန်းတွေ မပိုင်ဘူး၊ ဆိုကြပါစို့ (မှန်ပါ့) မပိုင်တော့ ကိန်းသေပြောရင် မှားမှာစိုးလို့ပဲ (မှန်ပါ့) ကိန်းသေပြောလိုက်ရင် (မှားမှာစိုးလို့ပါ ဘုရား)။

မပြောဘဲနေတော့လဲ မကောင်းဘူး (မှန်ပါ့) ကိန်းသေ ပြောလိုက်ပြန်တော့လဲ သူက ဉာဏ်မပိုင်ဘူး၊ မပြော ဘဲနေပြန်တော့လဲ မကောင်းဘူး (မှန်ပါ့)။

အဲဒါကြောင့် ဒီ အမရာဝိက္ခေပတိတ္ထိ ဆိုတာက တော့ သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ မဖြစ်သည် မဟုတ်ဘူးလို့လဲ သူမယူဘူး၊ ဖြစ်တယ်လို့လဲ သူမယူဘူး၊ ဘယ်ဟာရယ်လို့ သူ့ကို ဖမ်းရတာ မခက်ဘူးလား (ခက် ပါတယ် ဘုရား)။

မဖြစ်သည် မဟုတ်လို့လဲ (မယူပါ ဘုရား) ဖြစ် တယ်လို့လဲ မယူဘူးတဲ့ (မှန်ပါ့) အဲဒီလို တိတ္ထိကလဲ ရှိသေး တယ်၊ အဲဒါ အမရာဝိက္ခေပဒိဋ္ဌိလို့ ခေါ်တယ် (မှန်ပါ့) အဖမ်းခက်တဲ့ ငါးလိုပဲလို့ စာများက ဥပမာ ပြကြတယ် (မှန်ပါ့)။

အဲဒီ ဒိဋ္ဌိ ဆယ်မျိုးကို တိတ္ထိဆယ်ယောက်ကလာ ပြီး အနာထပိဏ်သူဌေးကြီးကို ပြောကြတယ်။

ဪ ဒါ အရှင်တို့က ဒီအယူ, ယူသကိုး၊ ဒီအယူ၊ ယူတာသည် အကဲခတ်ဖို့ ကောင်းပါတယ်တဲ့၊ ဒီတိတ္ထိ ဆိုတဲ့ဥစ္စာ ဉာဏ်ထဲက ယူထားတဲ့ အယူကလေးဟာ ဒိဋ္ဌိပဲ၊ ကိုယ့်စိတ်ထဲက ယူထားတဲ့ အယူကလေးဟာပေါ့လေ ဘာခေါ်ကြမယ် (ဒိဋ္ဌိအယူပါ ဘုရား)။

အဲဒီ ဒိဋ္ဌိဟာတဲ့ မတွေးလို့ ပါတဲ့၊ သူဟာသူ့ကိုက အနိစ္စဖြစ်နေတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီ ဒိဋ္ဌိက နာမ်ဓမ္မကိုး (မှန်ပါ) နာမ်ဓမ္မဆိုတော့ သူကိုက ဘာတုံး (အနိစ္စပါ ဘုရား) အနိစ္စတရားတဲ့၊ သင်္ခတ တရား တဲ့၊ သူလဲ ပြုပြင်လို့ ပေါ်လာတဲ့ တရားတဲ့ (မှန်ပါ့)။

ပျက်စီးတဲ့တရားလို့ မသိတဲ့အတွက်

အဲဒီ အနိစ္စတရား သင်္ခတတရား မမြဲတဲ့တရားကို ကိုယ်ယူထားတဲ့ တရားကို ကိုယ်မသိလို့၊ ကိုယ်ယူထားတဲ့ တရားဟာ ဘယ်လိုတရားတုံး အနိစ္စတရား သင်္ခတ တရား ဟုတ်လား (မှန်ပါ့) အင်း ပျက်စီးတဲ့ တရားလို့ မသိကြတာနဲ့ ဒီအယူတွေ ဖြစ်လာတာ (မှန်ပါ့) အခြေကို ကိုင်တာ သူက (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ကိုယ်ယူထားတဲ့ ဒိဋ္ဌိကလေးကိုက အနိစ္စတရား သင်္ခတ တရား၊ သဘောကျပလား (ကျပါပြီ) ဖောက်ပြန် ပျက်စီးတတ်တဲ့တရား (မှန်ပါ့)။

အဲဒါ မသိတာနဲ့ အရှင်တို့ အယူဟာတဲ့ နှလုံးသွင်း မှားပြီးတော့ တရားနာကလဲ လွဲနေတော့ နှလုံးသွင်းမှားမှု၊ တရားနာမှားမှုကြောင့် နှလုံးသွင်းလွဲပြီး တရားနာမှားမှုကြောင့် ကိုယ်ယူထားတဲ့ အနိစ္စ ကိုယ့်သန္တာန် ပေါ်လာတဲ့ အမှားကလေးသည်ပင်လျှင် အနိစ္စတရား သင်္ခတ တရား ဖောက်ပြန်တဲ့ တရားလို့ မသိဘူး (မှန်ပါ့)။

တရားနာမှား နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်တယ်

အဲဒီမသိတဲ့အတွက်တဲ့ တရားနာကလဲ မှား၊ နှလုံး သွင်းကလဲ မှားနေလို့ အရှင်တို့အယူဟာ ဒိဋ္ဌိ ဖြစ်ပါတယ်တဲ့ (မှန်ပါ)။

တယ် ဖြေပုံကောင်းတယ် (ကောင်းပါတယ် ဘုရား) အင်မတန် ပုံကောင်းတယ်ဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ ဘုရား)။

ကိုယ်ယူထားတဲ့ နာမ်ဓမ္မကလေးကို ကိုယ်မသိဘူး၊ ဘယ်သူက ပြောနေတယ်လို့ သူ မသိဘူး (မှန်ပါ)။

ဒါကလေးဟာ အခု အကြောင်းတိုက်ဆိုင်မှ အခု ပေါ်တဲ့ သင်္ခတ တရားကလေး (မှန်ပါ)။

သင်္ခတ တရားဆိုရင် အနိစ္စတရား၊ အနိစ္စတရား ဆိုရင် ဖောက်ပြန် ပျက်စီးတတ်တဲ့ တရား၊ ဒါကို ကိုယ့်ဟာ ကလေးကိုပဲ ကိုယ်ဘယ်လိုဖြစ်နေတယ်လို့ နှလုံးသွင်းမှားပြီး သကာလ သူတစ်ပါး ပြောသံ ကြားတာကလဲ ဒီလို ကြားထား ပြန်တော့ အရှင်တို့မှာ ဒိဋ္ဌိဖြစ်နေတယ်ဆိုတာ ဒါပါပဲ (မှန်ပါ) သိပ်ပုံကောင်းတယ်နော် (ဖြေပုံကောင်းပါတယ်) ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။

ဖောက်ပြန်တတ်တဲ့တရားလို့ မသိကြဘူး

ဖြေပုံကောင်းပါတယ် တဲ့၊ အရှင်တို့မှာတဲ့ ကိုယ်ယူထားတဲ့ အယူဆိုတဲ့နာမ်ဓမ္မကလေးကို အနိစ္စတရား သင်္ခတတရား ဖောက်ပြန်တတ်တဲ့ သင်္ခတတရားလို့ ကိုယ့် ဟာကလေး ကိုယ်မှ ကိုယ်မသိတော့ နှလုံးသွင်းက မှားနေ တယ်တဲ့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီအထဲမှာ ဆရာမှားနဲ့ တစ်ခါတွေ့တော့ တိတ္ထိဖြစ် ရတော့တာပဲတဲ့ (မှန်ပါ့)။

ဒါဖြင့် အခု တရားနာတဲ့ ဒကာ ဒကာမတွေမှာ နှလုံးသွင်းမှားနဲ့ ဆရာမှားဟာ ကြောက်စရာ အကောင်း ဆုံးပဲ (မှန်ပါ ဘုရား)။

ဘာကြောက်စရာ အကောင်းဆုံးလဲ

ဘာကြောက်စရာ အကောင်းဆုံးလဲ (နှလုံးသွင်းမှားနဲ့ ဆရာမှားဟာ ကြောက်စရာ အကောင်းဆုံးပါ ဘုရား)။

နှလုံးသွင်းမှားနဲ့ ဆရာမှားဟာ ကြောက်စရာ အကောင်းဆုံး၊ အယောနိသောမနသိကာရနဲ့ ပရတောဃောသ ကို ဆိုလိုက်တယ် စာလိုသုံးတော့ (မှန်ပါ့)။

အယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှား တာ (မှန်ပါ့) ပရတောဃောသ ဆိုတာ သူတစ်ပါးအသံနဲ့ ကိုယ့်နားထဲ ကြားပြီးသကာလ ကိုယ့်မှာ အမှားဖြစ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ အရှင်တို့မှာ ဒီနှစ်ခု ခေါင်းဆောင်နေ တယ်တဲ့၊ နားလည်ကြရဲ့လား (နာလည်ပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိ ဖြစ်ခြင်း၏ အကြောင်း ဒီနေရာ နှစ်ပါး တည်း သူဟောလိုက်တယ်၊ နှလုံးသွင်းမှားမှုနဲ့ တရားနာ မှားမှု (မှန်ပါ) ဒါကို အဖတ်တင်အောင် ခင်ဗျားတို့ ယနေ့ည မှတ်ပါ (မှန်ပါ့) ဘာမှားမှုလဲ (နှလုံးသွင်းမှားမှုနဲ့ တရားနာ မှားမှုပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နှလုံးသွင်းမှားမှုဆိုတာ

နှလုံးသွင်းမှာမှုနဲ့ (တရားနာမှားမှုပါ ဘုရား)။ နှလုံးသွင်းမှားမှု ဆိုတဲ့ ဥစ္စာကတော့ဖြင့် သူတစ်လုံး ကို မှားလိုက်လို့ရှိရင် ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

နှလုံးသွင်း မှားလိုက်လို့ရှိရင် (ဝိပ္ပလ္လာသ ဆယ့် နှစ်ပါး လာပါတယ် ဘုရား) ဆယ့်နှစ်ပါးစလုံး လာတယ်၊ မလာနိုင်တာရယ်လို့ မရှိဘူး၊ နှလုံးသွင်းသာ မှားလို့ရှိရင် (မှန်ပါ) သဘောပါကြပလား (ပါ , ပါတယ် ဘုရား)။

အဲဒီတော့ ဒီ ဒကာ ဒကာမတွေ ဘက်လှည့်၊ နှလုံးသွင်း မှားလို့ ခင်ဗျားတို့ ဒဏ်သင့်နေတာ၊ ခင်ဗျားတို့ အတွက်ပဲ ပြန်စဉ်းစားပါ (မှန်ပါ) ခင်ဗျားတို့ အခုများသော အားဖြင့် အိမ်ထောင်ကျတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်နော် (မှန်ပါ)။

အိမ်ထောင်ဘာဖြစ်လို့ကျတာတုံး

အိမ်ထောင် ဘာဖြစ်လို့ ကျတာတုံးလို့ မေးလို့ ရှိရင် အဲဒီက စပြီး မောင်သစ် အဖြေ ထွက်လာတယ် (မှန်ပါ) အိမ်ထောင် ဘာဖြစ်လို့ ကျတာတုံးလို့ မေးလို့ရှိရင် နှလုံးသွင်း မှားကြတာ (မှန်ပါ ဘုရား)။

ယောက်ျား၊ မိန်းမ ရှိမှ တော်မယ် (မှန်ပါ) အင်း နှလုံးသွင်းမှားပုံက (မှန်ပါ ဘုရား)။

ယောက်ျား ကလဲ ယောက်ျား၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ယောက်ျားလဲ မသိဘူး (မှန်ပါ)။

သူကိုယ်တိုင် အိမ်ထောင်ပြုမည့် ယောက်ျားကိုက သူဟာ ယောက်ျားသာ မှတ်နေတာပဲ၊ သူ့ခန္ဓာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို သူနှလုံးသွင်းသေးရဲ့ လား (မသွင်းပါ ဘုရား)။

စီးတဲ့ရေ ဆည်တဲ့ကန်သင်း

မသွင်းမိတော့ ကိုယ့်ကိုယ် ကို ယောက်ျား လုပ်ပစ် လိုက်တယ်၊ ယောက်ျား လုပ်တော့ကို မိန်းမ ရှိမှလဲ စီးတဲ့ ရေ ဆည်တဲ့ ကန်သင်းတဲ့၊ ဘယ်ကများ ခင်ဗျားတို့ ဒီဥစ္စာ လုပ်ထားတယ် မပြောတတ်ဘူး (မှန်ပါ့ ဘုရား)။

ဒါတွေ ဘယ်က တတ်ထားတယ် လို့ မပြော တတ်တော့ကို မိန်းမရှိမှ တော်မယ်ဆိုပြီး သကာလ ရှာကြ တယ်၊ ရှာကြတော့ အကြောင်း တိုက်ဆိုင်တာနဲ့ တွေ့တော့ အိမ်ထောင်ကျ ကြတယ်နော် (မှန်ပါ)။

ယောက်ျားရှိမှ တင့်တယ်တယ်

မိန်းမကလဲ သူ့ဟာသူ တစ်ကိုယ်ရေ တစ်ကာယနဲ့ နေမယ်ဆိုရင် သူဟာ သူများကျွန် ဖြစ်စရာ အကြောင်းမရှိ ဘူး (မှန်ပါ့ ဘုရား) သူကလဲ နှလုံးသွင်းမှားတာပဲ (မှန်ပါ့)။

သူကလဲ နှလုံးသွင်းမှားတယ်၊ ဟာ လူမလေး ခွေးမခန့် ဖြစ်တယ်၊ အထိန်းအကြောင်း မရှိဘူး ဆိုပြီး ယောက်ျားရှိမှ တင့်တယ်တယ်လို့ နိစ္စသညာ အားကိုးတယ်၊ အတ္တသညာလဲ ပါသွားတယ် (မှန်ပါ့)။

ချောတယ်၊ လှတယ်

သုဘသညာ တင့်တယ်တယ်၊ ဒီလူဟာ ချောတယ် လှတယ်၊ စိတ်ကောင်းတယ် အစ ရှိသည်နဲ့ သုဘသညာ တွေ အကုန်လာတော့တာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ်)။

လာတဲ့အခါကျတော့ မိန်းမတွေကလဲ တည်ထောင် ပစ်တယ်၊ ယောက်ျားတွေကလဲ ဒီ ဒကာမနဲ့ပဲ တည်ထောင် ပစ်တယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက ဘယ်ကလာတာတုံးလို့မေးတော့ သညာ သုံးပါးက လာတာ (မှန်ပါ) ရိုးမြေကျ ပေါင်းရမှာ ဆို တော့ နိစ္စသညာ (မှန်ပါ့)။

ရိုးမြေကျပေါင်းရမှာ

ရိုးမြေကျပေါင်းရမှာဆိုတော့ (နိစ္စသညာပါ ဘုရား)။ ခင်ဗျားတို့ ရှေ့သွားနောက်လိုက် ညီတယ် ဆိုတော့ သုဘ သညာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း သူနဲ့ နေရတာဖြင့် စိတ်ချမ်းသာတယ် ဆိုတော့ သုခသညာ (မှန်ပါ့) တစ်ခါတည်း သညာတွေ အကုန်လာတော့တာပဲ (မှန်ပါ) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် အဲဒီအမှားကြီးကို အခုပြင်ကြပလား၊ မှား လက်စ သတ်ပလားလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မသတ်သေးပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်သုံးမျိုးလာပြီ

မသတ်သေးဘူး (မှန်ပါ့) မသတ်သေးဘူး၊ ပဋိစ္စ သမုပ္ပါဒ် သုံးမျိုးမှ လာပါ့မလား (လာပါတယ် ဘုရား)။

လာတယ်၊ သုံးမျိုးမကပါဘူး တဲ့ခင်ဗျားတို့ မှာ၊ ခုနင်က ပြောတာ တဏှာ ပဋိစ္စသမုပ္ပါဒ်၊ မာန ပဋိစ္စသမုပ္ပါဒ်၊ ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်၊ သုံးမျိုးတည်းလာတာ (မှန်ပါ့) တည်ထောင်မိတဲ့ အခါကျတော့ ဒါတွင် မကပါဘူး တဲ့၊ ဒီပြင် ပဋိစ္စသမုပ္ပါဒ်တွေ လာရဦးမယ် (မှန်ပါ့)။

တစ်ယောက်နဲ့ တစ်ယောက် စိုးရိမ်တယ်၊ ရှေ့ စိတ် မချ နောက်စိတ်မချဆိုတော့ သောက၊ ပရိဒေဝ လာ မလာ (လာပါတယ် ဘုရား)။

တစ်ခုထပ်တိုးတယ်

လာတော့ ဒေါသ ပဋိစ္စသမုပ္ပါဒ်ကလဲ တစ်ခါတည်း သောက ပရိဒေဝကနေပြီး အဝိဇ္ဇာ ပြန်မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) လှည့်တော့ ပဋိစ္စသမုပ္ပါဒ် တစ်ခု တိုး မတိုး (တိုးပါတယ် ဘုရား)။

ကောင်းပြီ နဂိုက သုံးခုအပေါ်မှာ တစ်ခု ဆင့်လာတယ် (မှန်ပါ့)။

သုံးခုအပေါ်မှာ (တစ်ခုဆင့်လာပါတယ်) တစ်ခု ဆင့်တော့ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပြန်ပေါ်တယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဝိပ္ပလ္လာသ သုံးချက်

အဲဒါ ဒီ ပဋိစ္စသမုပ္ပါဒ် ဘယ်သူများ တည်ထောင် လိုက်လို့ အခု တစ်ခု ပေါ်လာပါလိမ့်မတုံး လို့ မေးတဲ့ အခါကျတော့ကို ခုနင်က ဝိပ္ပလ္လာသ သုံးချက်က လာတယ်၊ သုဘ သညာ၊ သုခ သညာ၊ နိစ္စ သညာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒီကလာတော့ကို အခုတော့ ဦးသံဒိုင်တို့ မေးကြည့် မောင်သစ် တို့ မေးကြည့်၊ မရှူနိုင် မကယ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဖြစ်နေသတုံး (မရှူနိုင်၊ မကယ်နိုင်၊ ဖြစ်နေပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် လေးမျိုးတန်းပြီ

မရှူနိုင်၊ မကယ်နိုင် ဖြစ်နေတယ်၊ ဖြုတ်ရမှာလဲ မလွယ်ဘူး ဘုရား၊ ဖြတ်ရမှာကော (မလွယ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် လေးမျိုးတန်းမှန်းလဲ အခု တရားနာ တော့ သိပြီ (မှန်ပါ့ ဘုရား)။

တရားနာတော့ လေးမျိုးတော့ တန်းနေပြီပေါ့၊ ဒီလေးမျိုးဟာ တစ်နေ့ ဘယ်နှစ်ကြိမ် တန်းသတုံး မေးပြန်တော့ ဦးသံဒိုင် စမ်း (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ပြုထားတဲ့ ဒါနကလေးက ဪ နံနက်ကျရင် ဘုရားကလေး ရှိခိုးလိုက် ဆွမ်းတော် ကလေး တင်လိုက်၊ အဲဒီ ပဋိစ္စသမုပ္ပါဒ် နဲ့ ခင်ဗျားတို့ တစ်နေ့ တစ်နေ့ မှားနေတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ရေတွက်လိုက်လို့ ရှိရင် မနှိုင်းယှဉ်လောက်ဘူး (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (မနှိုင်းယှဉ်လောက်ပါ ဘုရား)။

တစ်နေ့ဒါနနဲ့ မနှိုင်းယှဉ်နိုင်ဘူး

မနှိုင်းယှဉ်လောက်ပါဘူး၊ ဘာကြောင့်တုံးလို့ မေး တဲ့အခါကျတော့ ကြည့်လိုက်လဲ မှားတာပဲ၊ မြင်လိုက်လဲ (မှားတာပါပဲ) မှားတာပဲ၊ ပြုံးလိုက်ရင် (မှားပါတယ်) မှားတာ ပဲ၊ စိတ်ဆိုးလိုက်ရင် (မှားပါတယ် ဘုရား)။

တစ်နေ့ အမှားပေါင်း ဘယ်နှစ်ထွေဖြစ်နေသတုံး (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူး ဆိုတော့ ကျုပ်တို့ အားကိုး လောက်အောင် ဒါတော့ တစ်ခုတော့ ရှိပါတယ်ဗျာလို့ ဘယ် ဟာမှ ခင်ဗျားတို့ အားမကိုးနဲ့၊ မရသေးဘူး (မှန်ပါ့)။

ဒီဟာက တန်း တန်းနေတယ် (မှန်ပါ့) မျက်လုံး ပေါက်က တန်းလိုက် (မှန်ပါ့) မနောပေါက်က သာ ယာလိုက် (တန်းပါတယ်) နားပေါက်က ကြားပြန် သာယာ လိုက် (တန်းပါတယ်) ဒီလိုပဲ မရှိဘူးလား (ရှိပါတယ်) နှာခေါင်း ပေါက်က ရှူလိုက်၊ ရိုက်လိုက် မဟုတ်ဘူးလား (မှန်ပါ) စားပြန် သောက်ပြန် လို့ရှိရင်လဲ သူတို့ ချက်ပုံ ကလေးကောင်းတယ်၊ ပြုတယ် အစရှိသည်နဲ့ ရသ၊ ပေါက်ကလဲ ဇိဝှာဝိညာဏ် ဆိုပြီး သကာလ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒွါရခြောက်ပါးကလဲ မလာပေဘူး လား (လာပါတယ်) ပဋိစ္စသမုပ္ပါဒ် ခြောက်မျိုး မလာပေ ဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ရှိရင်းက ခြောက်မျိုး၊ အပို လုပ်ထားတာက လေးမျိုး၊ ခြောက်နဲ့ လေးနဲ့ပေါင်း (တစ် ဆယ်ပါ ဘုရား)။

ဒီတစ်ဆယ်ဟာ တစ်နေ့မှာ တစ်ဆယ် ဘယ်နှစ် လီတုံးလို့ မောင်သစ်တို့ ဦးသံဒိုင်တို့ကို မေးလိုက်ရင် ဘယ် နှယ်ကြမလဲ (မရေတွက်နိုင်ပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဖြူစင်တဲ့တရားက ဖြူစင်တဲ့ အကျိုးပေးမှာ

ဪ ဒါတွေက အပါယ်လေးပါး ရောက် မှ ရောက်ပါ့မလားလို့ သံသယမရှိနဲ့တဲ့၊ မည်းနက်တဲ့ တရား လုပ်ရင် မည်းနက်တာ အကျိုးပေးရမယ် (မှန်ပါ) ဖြူစင်တဲ့ တရားလုပ်ရင် (ဖြူစင်တာ အကျိုးပေး မှာပါ ဘုရား)။

အဲဒီတော့ ကိုယ်က တစ်နေ့လုံး ဘာတွေ လုပ်နေ ကြသတုံးလို့ မေးလို့ရှိရင်ဖြင့် ဖြေကြစမ်းပါဦး (မည်းနက်တဲ့ တရားချည်း လုပ်နေပါတယ် ဘုရား)။

မည်းနက်တဲ့ တရားကို အလုပ်များတယ်

မည်းနက်တဲ့တရားချည်း အများဆုံး လုပ်နေပါ တယ်ဆိုတာဖြင့် ငြင်းနေဖို့ မလိုပါဘူး (မလိုပါ ဘုရား)။

အဲဒီတော့ အကျိုးပေးတော့ကို ခင်ဗျားတို့က စေတနာကလေး တစ်လုံးတော့ ယူထားတယ်၊ အင်း ကောင်းတဲ့ စေတနာ၊ မကောင်းတဲ့ စေတနာ နှစ်မျိုးရှိတာ ပဲ (မှန်ပါ)၊ ဒါက လူပြိန်းပြောနေတာ (မှန်ပါ)။

ကောင်းတဲ့စေတနာ၊ မကောင်းတဲ့စေတနာ (နှစ် မျိုးရှိပါတယ်) ဘယ်မှာ ကောင်းမတုံး တဲ့၊ မာန ဖြစ်လာတော့လဲ မာန ပဋိစ္စသမုပ္ပါဒ်၊ တဏှာ ဖြစ်လာပြန်တော့ (ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်)။

ဒွါရ ခြောက်ပါးက ပဋိစ္စသမုပ္ပါဒ်က ဘယ်နှစ်မျိုး တုံး (ခြောက်မျိုးပါ) အဲ ခြောက်နဲ့လေးနဲ့ပေါင်း (ဆယ်မျိုးပါ) ဆယ်မျိုး၊ တစ်နေ့ ဘယ်နှယ်ဆယ်တုံး မေးတော့ (မရေတွက်နိုင်ပါ ဘုရား)။

ကံတွေက ခန္ဓာလုပ်မှာပဲ

မရေတွက်နိုင်ဘူးဆိုတော့ အဲဒီမရေတွက်နိုင်တဲ့ ကံပေါင်း အနန္တဟာ ခင်ဗျားတို့ ဘာနဲ့ ဆပ်ကြမတုံးတဲ့၊ ဒီဥစ္စာ ကံ တွေ အကျိုးပေးမှာကို သူက ဒီကံတွေက ခန္ဓာလုပ်မှာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီကံတွေက (ခန္ဓာလုပ်မှာပါ ဘုရား) ခန္ဓာလုပ်လို့ရှိရင် ခန္ဓာနဲ့ အဆပ်ခိုင်းတာ (မှန်ပါ့) ရှင်းကြပလား (ရှင်း ပါပြီ)။

ခန္ဓာလုပ်လို့ရှိရင် (ခန္ဓာနဲ့ အဆပ်ခိုင်းတာပါ ဘုရား)။ ဒါက ငြင်းဖို့ကို မလိုတော့ဘူး၊ ကံ ဇာတိ၊ ကံ ဇာတိ (မှန်ပါ့) ဘယ့်နှယ့်တုံး (ကံ ဇာတိပါ ဘုရား) ဒီအ တိုင်း သွားရမယ်ဆိုတာ မောင်သစ် ငြင်းချင်သေးသလား (မလိုပါ)။

ဒါကြောင့် ဘုန်းကြီးတစ်ခါတစ်ခါ ပြောတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ လူ့ပြည် အလည် လာကြတာ နောက် ပင်ရင်း ပြန်ကြမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လူ့ပြည် (အလည်လာကြတာပါ) နောက် ဘယ်ပြန် ကြမလဲ (ပင်ရင်းပြန်ကြပါမယ်)။

အပါယ်ဘုံသည် အမြဲနေရာ

ပင်ရင်းဆိုတာ “စတ္တာရော အပါယာ သကဂေဟသဒိသာ ” ကို စတ္တာရော -လေးပါးကုန်သော၊ အပါယာ – အပါယ်ဘုံတို့သည်၊ သကဂေဟ သဒိသာ – အမြဲနေထိုင်ရာ မိမိအိမ်ဂေဟာကြီးနဲ့ တူပါကလား၊ အဲဒါ အမြဲနေတာ (မှန်ပါ့)။

လူ့ပြည်မှာ ခေတ္တအလည်လာတာ၊ နတ်ပြည်မှာ (ခေတ္တ အလည်လာတာပါ)။

ဟုတ်ထိုက်၊ မဟုတ်ထိုက် ပဋိစ္စသမုပ္ပါဒ်နဲ့ တွေး လိုက်ရင် (ဟုတ်ပါတယ် ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဟုတ်ထိုက်၊ မဟုတ်ထိုက်ကို ခင်ဗျားတို့ အခု ပြောတာနဲ့တွေး ဒွါရခြောက်ပေါက်နဲ့ တွေးလိုက်ရင် မောင်သစ် ခုနင်က တဏှာမာန ဒိဋ္ဌိအဝိဇ္ဇာနဲ့ တွေးလိုက် (မှန်ပါ) တွေးလိုက်တော့ အကြိမ်ပေါင်း တစ်နေ့ရေတွက် နိုင်ရဲ့ လား (မရေတွက်နိုင်ပါ ဘုရား)။

ကံတွေက လေလိုလွင့်မသွားဘူး

ဒါဖြင့် အဲဒီ အကြိမ်တွေက အပါယ်လေးပါးပဲ အကျိုးပေးမယ်၊ ကံမြောက် မြောက်သွားတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ ပါပြီ)။

ကံမြောက် မြောက်သွားတယ်၊ ဒါတွေက ဒီကံတွေ လေလိုလွင့်မသွားပါဘူးလို့လဲ အရင်က ဟောပြီးပါပြီ (မှန်ပါ)။

လေထဲမှာရှိတဲ့ ဖုန်တွေလို လွင့်သွားတာမဟုတ်ဘူး (မှန်ပါ) တဏှာမချုပ်သေးတဲ့ ပုဂ္ဂိုလ် တဏှာက စုထားပါ တယ်လို့ ပြောတာ (မှန်ပါ ဘုရား)။

ကမ္မသမင်္ဂီ ဆိုတာရှိပါတယ်၊ ကံတွေ စုထားတဲ့ တရား ရှိတယ်၊ သဘောပါပလား (ပါ ပါပြီ)။

ဒါဖြင့် ဓမ္မပဒလာတဲ့ ခုနင်က စတ္တာရော အပါယာ သကဂေဟသဒိသာဆိုတဲ့ အပါယ်လေးဘုံဟာ မင်းတို့ အမြဲ နေရာပဲဆိုတာကော သဘောကျပလား (ကျပါပြီ)။

ဘာနဲ့ အကဲခတ်ရမတုံး (ပဋိစ္စသမုပ္ပါဒ်နဲ့ အကဲခတ် ရပါမယ်) အဲ ပဋိစ္စသမုပ္ပါဒ်နဲ့ အကဲခတ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။

ဘာအပြစ်ရှိသတုံးတဲ့

အဲဒါ ဘာမှမသိတဲ့ ပုဂ္ဂိုလ်ကတော့ ကျုပ်တို့ ဘာအပြစ်ရှိသတုံး ပြောနေမှာပဲ (မှန်ပါ့)။

သူဘာကို လက်ကိုင်ထား ပြောပါလိမ့်မတုံး ဆို တော့ ခုနင်က ဝိပ္ပလ္လာသကို ဘာမှမပယ်နိုင်တဲ့ သီလ ကလေးလောက်ကို အဓိကထားပြောတာ (မှန်ပါ) ဒါန ကလေးလောက်ကို (အဓိက ထားပြောပါတယ် ဘုရား)၊

အဓိကထားပြောတော့ သူခန္ဓာထဲက ပဋိစ္စသမုပ္ပါဒ် က ဆယ်ဦးဆယ်ကြိမ်ကလဲ တစ်နေ့ အကြိမ်ပေါင်း များစွာ ဒါကို သူ လုံးဝ နားမလည်လို့ ပြောနေတာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ခုတော့ နားလည်ကြ ပလား (လည်ပါပြီ ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့မှာ ကြွေးများစွာ ရှိပြီး သား ပုဂ္ဂိုလ်တွေပဲဆိုလို့ရှိရင် အပါယ်ကျဖို့ ကြွေးတွေများ စွာ ရှိပြီးသား ပုဂ္ဂိုလ်တွေပဲလို့ စွဲချက်တင်လိုက်လို့ရှိရင် ဟုတ် ပါပေတယ်၊ မှန်ပါ ပေတယ်ပဲ ဝန်ခံရမယ် (မှန်ပါ ဘုရား)။

ဝိပဿနာမှ လုပ်နိုင်တယ်

အဲဒါ ခင်ဗျားတို့ ဝိပဿနာ အလုပ်ကို ပျင်းမနေကြ မယ်၊ ဖျင်းမနေကြမယ် ဆိုလို့ရှိရင် သူဟာ ဝိပဿနာဟာ ဒါတွေအဟောသိကံ ဖြစ်အောင် သူလုပ်နိုင်တယ် (မှန်ပါ့)

ဒိပြင် တရားကတော့ မလုပ်နိုင်ဘူး (မှန်ပါ့)။

ဒါနကလဲ ကဲ သုဂတိ သွားလိုက်ကွာ၊ ပြန်မှ ကြွေးဆပ်၊ သီလကလဲ သွားလိုက်ကွာ၊ ပြန်မှ ကြွေးဆပ် (မှန်ပါ့) သူကတော့ ကြွေးပြန်ဆပ်ရမှာ ချည်းပဲ (မှန်ပါ့) အဟာသိကံ ဖြစ်အောင် မလုပ်နိုင်ဘူး (မလုပ်နိုင်ပါ ဘုရား) မဂ်ကတော့ (လုပ်နိုင်ပါတယ် ဘုရား)။

မဂ်က အဟောသိကံဖြစ်အောင်လုပ်နိုင်တယ်

မဂ်က အဟောသိကံဖြစ်အောင် လုပ်နိုင်တယ် (မှန်ပါ့) အဲဒီတော့ကို ခင်ဗျားတို့ကို ဝိပဿနာ အားထုတ်စေချင်လို့ ဘုန်းကြီးက ဟောနေတယ်လို့ ဒီလိုမယူပါနဲ့ (မှန်ပါ) ကြွေးကို ခန္ဓာနဲ့ ဆပ်ရမည့် ဥစ္စာကို ခင်ဗျားတို့ ပြန်ရက်မရှိလို့ ဉာဏ်နဲ့ ဆပ်ကြ ပြောလိုက်တယ် (မှန်ပါ)။

ဘာနဲ့ဆပ်ကြရမလဲ (ဉာဏ်နဲ့ဆပ်ရပါမယ်) ဝိပဿ နာဉာဏ် မဂ်ဉာဏ်နဲ့ ဆပ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ကြွေးကို မဂ်ဉာဏ်နဲ့ဆပ်ပါ

ဘာနဲ့ဆပ်ရမယ် (ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့ ဆပ်ကြရပါမယ်)။

ဘာဖြစ်လို့ ဘုန်းကြီးက ဒါလောက် အရေးတကြီး ပြောပါလိမ့်မတုံး (ကြွေးများလို့ပါ ဘုရား)။

ကြွေးက ဒီဘဝကြွေးကလဲ မနည်းတင်ထားတယ် (မှန်ပါ) အပါယ်ကိုကျဖို့ကြွေး (မှန်ပါ့) နောက်ဘဝ အကျိုး မပေးရသေးတာတွေကလဲ စုထားခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

နောက်ကလဲ ဘဝပေါင်း ဘယ်လောက်ဆိုတာ မရေတွက်နိုင်ဘူး၊ အဲဒါတွေကလဲ အခွင့်အရေး ကြည့်နေ တယ် (မှန်ပါ ဘုရား) ရှင်းပလား- (ရှင်းပါပြီ) အခုကြွေးတွေ ကကော နောက်ထပ် တင်သေးသလား (တင်ပါတယ် ဘုရား)။

ဒါ့ဖြင့် ကြွေးနဲ့ ခင်ဗျားတို့ ဆပ်ရမည့် ပုဂ္ဂိုလ်နဲ့ အရည်အချင်း ကြည့်ပါ (ကြွေးက များပါတယ် ဘုရား) ကြွေး ကများတယ် (မှန်ပါ့)။

အလုပ်က ဗျတ်ထိုးခေါင်းရွက်

ဆပ်မည့်ဥစ္စာက တစ်ယောက်တည်းက ဆပ်ရမှာ (မှန်ပါ) ကြွေးက သိန်းပေါင်းများစွာ (မှန်ပါ)၊ အလုပ် က ဗျတ်ထိုး ခေါင်းရွက် (မှန်ပါ့ ဘုရား) သဘောကျ ပလား (ကျပါပြီ) အလုပ်က ဘာတုံး (ဗျတ်ထိုးခေါင်းရွက်ပါ ဘုရား) ကြွေးက သိန်းပေါင်းများစွာ (မှန်ပါ့) ကျေပါ့မလား (မကျေနိုင်ပါ ဘုရား)။

မကျေနိုင်တော့ဘူး ဆိုတော့ ကျေတဲ့နည်းပေးဖို့ ဘုရားပွင့်လာတာ (မှန်ပါ) ကျတဲ့နည်းပေးဖို့ ပွင့်လာတာ (မှန်ပါ့) ဘုရားပွင့်လာတာ (ကျေတဲ့နည်းပေးဖို့ ပွင့်လာတာ ပါ ဘုရား)။

ကျေတဲ့နည်းပေးဖို့ ပွင့်လာတာ ခင်ဗျားတို့က ကိုင်း မဆပ်တော့ပါဘူးဆိုလို့ရှိရင် ဘုရားက ဪ သူ့ဝါသနာကလဲ ဒီလိုရှိတာကိုး ဆိုပြီး ပရိနိဗ္ဗာန်စံ ရမှာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ကျေတဲ့ နည်းတော့ ယနေ့တွေ့ပါပြီ၊ နောက်ကပါလာတဲ့ ကြွေးတွေလဲ ကျေနိုင်တယ် (မှန်ပါ) ယခုဘဝတင်နေတဲ့ ကြွေးပေါင်းအနန္တလဲ (ကျေနိုင်ပါတယ် ဘုရား)။

အင်္ဂုလိမာလကိုကြည့်ပါ

ကျေနိုင်တယ်ဆိုတော့ ဘဝပေါင်းများစွာ မုဆိုးလုပ် စားတဲ့ ဝတ္တုတွေကြည့် (မှန်ပါ့) ဘဝပေါင်းများစွာ လူသတ် သမားကြီးဖြစ်လာတဲ့ အင်္ဂုလိမာလကို ကြည့်လိုက် (မှန်ပါ) မဂ်တစ်ချက် ပေါ်လိုက်တော့လဲ ကြွေးတွေ အကုန်ကျေ သွားတာပဲ (မှန်ပါ့)။

အပါယ်လေးပါးသွားတဲ့ ကြွေးတွေ မကျေဘူးလား (ကျေပါတယ် ဘုရား) ဒီဘဝ လူသတ်မှု ပေါင်း အနန္တတွေကော (ကျေပါတယ် ဘုရား)။

မဂ်နဲ့ဆပ်တယ်

ဟော ဘယ်သူပါလိမ့်မတုံး၊ လက်သည်ရှာ (ဝိပဿနာပါ) ဝိပဿနာမဂ်နဲ့ သူက ဆပ်ပြီး လောကုတ္တ ရာမဂ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီးလဲ ခဏ ခဏ ပြောရတာ ခင် ဗျားတို့က နားမလည်တော့ ခန္ဓာနဲ့ ဆပ်ဖို့ဘက်ကို ခင်ဗျား တို့က သန်နေတယ် (မှန်ပါ့) ဉာဏ်နဲ့ ဆပ်ဖို့ဘက်ကို ခင်ဗျား တို့ (မသန်ပါ ဘုရား)။

ဒါ ဝိပဿနာမလုပ်သေးတဲ့ ပုဂ္ဂိုလ်မှာ ခန္ဓာနဲ့ ဆပ်ဖို့ပဲ သန်တယ် (မှန်ပါ့) ဉာဏ်နဲ့ဆပ်ဖို့ ဘက်ကို (မသန်ပါ ဘုရား)။

ခန္ဓာနဲ့ဆပ်ဖို့ဆိုတာ ဘယ်တော့ကျေမှာတုံး (မကျေ နိုင်ပါ ဘုရား) မကျေနိုင်ပါဘူး၊ ခန္ဓာနဲ့ဆပ်ဖို့ ဆိုတာ ဘယ်တော့မှ မကျေနိုင်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) ဉာဏ် နဲ့ဆပ်မယ်ဆိုရင် (ကျေပါတယ် ဘုရား)။

ကြွေးဆပ်နည်း နိဿရည်း

အဲဒီအသံကလေးဟာ အခု ခင်ဗျားတို့ ဘုန်းကြီးနဲ့ တွေ့တဲ့ အချိန်မှာ ဪ ကြွေးဆပ်နည်း နိဿရည်း ဟာ ဒီအရေးက အကြီးဆုံးပါကလား ဆိုတာ အခုပြောတာ ကြားရတာပဲ (မှန်ပါ့ ဘုရား) ဒိပြင် နေရာမှာ သွားမယ်ဆို လို့ရှိရင် ဒါနဲ့ ဆပ်မှ ကျေမယ်လို့ ပြောတဲ့ပုဂ္ဂိုလ်မရှိဘူး (မရှိ ပါ ဘုရား)။

မရှိပေဘူး တဲ့၊ မင်းလုပ်နေတာ အဟုတ်သားပဲ ကွ၊ မင်းလှူဒါန်းပေးကမ်းပြီး သကာလ နေတာ အမှန်သား ပဲ၊ ခုနင်က ပဋိစ္စသမုပ္ပါဒ်တွေက မပေါ်လာဘူး (မှန်ပါ) သိမှမသိဘဲ (မှန်ပါ) သိသေးရဲ့ လား (မသိပါ ဘုရား)။

မဂ်ဆိုက်အောင်မှ တို့မလုပ်ရင်

မသိသာ မသိတယ် ဖြစ်နေတာကတော့ ဧကန် (မှန်ပါ ဘုရား) မသိသာ မသိတယ် (ဖြစ်နေတာ ကတော့ ဧကန်ပါ ဘုရား) အဲဒီတော့ကို အဲဒါ တရားနာ လွဲလို့ရှိရင် ခင်ဗျားတို့ ငါးပါးမှောက်မယ် (မှန်ပါ့ ဘုရား) အခုဟာက တရားနာ တည့်ပေးတာ (မှန်ပါ)

ဪ တို့မှာ ကံတွေ အနန္တပါကလား၊ အနန္တ ဆိုတာ အရေအတွက် မရှိပါကလား၊ ဒီမဂ် ဆိုက်အောင်မှ တို့မလုပ်လိုက်လို့ရှိရင် တော့ဖြင့် မြုပ်လမ်းနဲ့ မျောလမ်းသာ ရှိတော့တယ်၊ ဆန် လမ်နဲ့ တက်လမ်းဆိုတာ လုံးဝ မပါပါကလား (မှန်ပါ့) ကယ်မည့်လူ ယူမည့်လူရှာပါဦးမှပဲ ဆိုတော့မှ ဟာ ဒါရှိသေးတယ် ဆိုတာ အခု သာသနာတွင်းမို့ ဒါလဲ ခင်ဗျားတို့က မှီခိုကပ်ရပ်တဲ့ ဆရာသမားက ကောင်းလို့ ဒါကလေး လာတွေ့တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကလေးမှ မတွေ့လိုက်တော့ဘူး ဆိုလို့ရှိရင် ခင်ဗျားတို့ ပြောထားတဲ့ ကြားဖူးနားဝနဲ့ ဆိုလို့ ရှိရင်တော့ ဒီပဋိစ္စသမုပ္ပါဒ်ကလဲ မြုပ်သွားပြီ (မှန်ပါ) မြုပ်သာသွားတယ် သူက ဗိုလ်လုပ်ပြီး အရင် အကျိုးပေးမယ် (မှန်ပါ့) သဘော ကျပလား (မှန်ပါ့)။

ဘယ်သူအရင် အကျိုးပေးမယ် (သူကအရင်အကျိုး ပေးပါမယ်) သူဆိုတာ ဘယ်သူပါလိမ့် (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် (မှန်ပါ)။

ဆယ်မျိုး အကြိမ်ပေါင်းများစွာလေ (မှန်ပါ) အဲဒါ – ခင်ဗျားတို့ကလဲ မျက်လုံးမဖွင့်ဘဲ နေတဲ့လူတွေက မဟုတ် ဘူး (မှန်ပါ) မျက်လုံးဖွင့်လို့ရှိရင် လှကတည်းက လာမှာပဲ (မှန်ပါ) လှရင် လိုချင်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်က သွား ပြီ (မှန်ပါ)။

သူ့ကြည့်ရတာ အချိုးမကျလိုက်တာ၊ ကျပ်ဖြင့် စိတ် များပျက်တယ်ဆို သွားပြီ၊ ပဋိစ္စသမုပ္ပါဒ်က ဒေါသ၊ သောက ပရိဒေဝ အဝိဇ္ဇာ (မှန်ပါ ဘုရား)။

သူ့ကြည့်ရတာဖြင့် တော်တော့်ကို ခိုင်ခံ့တယ် အစ ရှိသည်နဲ့ စီးပွားရေးလဲ ခိုင်ခံ့၊ လူလဲခိုင်ခံ့ ဆိုရင် အင်း ဒိဋ္ဌိက နေပြီး သွားပြန်ပြီ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ ဘုရား) မသွား ဘူးလား (သွားပါတယ် ဘုရား)။

အဲဒီတော့ ဘယ်သူ့မေးနေစရာ ရှိသတုံး ကိုယ့်ဖြစ် စဉ်ပဲ ဆိုတာကော ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

မုန်းတာရယ် ခင်တာရယ် အားကိုးတာရယ်

ကြည့်ပါ ခင်ဗျားတို့ မျက်လုံးဖွင့်ကြည့်ပါ၊ ဒီ ပဋိစ္စ သမုပ္ပါဒ်က မလာဘူးဆိုတော့ကို (လာပါတယ် ဘုရား) ဧကန် လာပြီ (မှန်ပါ) မုန်းတာရယ်၊ ခင်တာရယ်၊ အားကိုးတာရယ်၊ မလာပေဘူးလား (လာပါတယ်) သာယာတာရယ် (လာပါတယ် ဘုရား)။

ဒါတွေက ဘာတွေတုံးမေးတော့ (ပဋိစ္စသမုပ္ပါဒ် တွေပါ) ဖြတ်ဖူးရဲ့ လားလို့မေးတော့ (မဖြတ်ဖူးပါ ဘုရား)။

မဖြတ်ဖူးပါဘူးတဲ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဖြတ်ရမှာကိုးဗျ (မှန်ပါ့)။

ဖြတ်ဖူးရဲ့ လားလို့ မေးတော့ (မဖြတ်ဖူးပါ ဘုရား)။ မဖြတ်ဖူးတော့ ကံမြောက်တယ် (မှန်ပါ ဘုရား)။ မဖြတ်ဘူးတော့ (ကံမြောက်ပါတယ် ဘုရား)။

ဘယ်သူ့မှ မကယ်နိုင်ဘူး

ကံမြောက်တယ်ဆိုတော့ ကံမြောက်သွားလို့ ရှိရင် ဖြင့် ဒါဘယ်သူမှ မတတ်နိုင်တော့ဘူး၊ (မှန်ပါ့) သိကြားလဲ မကယ်နိုင်ဘူး ဘုရားလဲ မကယ်နိုင်ဘူး (မှန်ပါ့) တရား ကတော့ ကယ်နိုင်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သိကြားနဲ့ဘုရား မကယ်နိုင်ဘူး (မှန်ပါ) ဘယ်သူ က ကယ်နိုင်သတုံး (တရားက ကယ်နိုင် ပါတယ် ဘုရား)။

တရားက ကယ်နိုင်တယ်

တရားကယ်နိုင်တယ်ဆိုတော့ တရားမှာလဲ ခုနင်က မုန်းဝင် တရားကမှ ကယ်နိုင်မှာ (မှန်ပါတယ် ဘုရား)။

မုန်းဝင်ပန်းဆွတ်တရားကမှ (ကယ်နိုင်မှာပါ ဘုရား) ဒီပြင် တရားကတော့ဖြင့် ခင်ဗျားတို့ တစ်ပတ်တော့ သုဂတိ ပြလိုက်မှာပဲ (မှန်ပါ) နောက်တစ်ပတ်ကျရင်တော့ဖြင့် ခုန် ဆင်းကြပေတော့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ ခဏခဏ ပြောနေတယ်၊ ကြွေးသိန်းပေါင်းများစွာ တင်တာကို ကြွေးယူ ထားတဲ့လူက ဆားတစ်လျက်နဲ့ ကြွေးရှင်ကပြေပါ့မယ်ဆိုတာ ခင်ဗျားတို့ က ဆားတစ်လျက် မပေးတာက အတော်ခက်နေတယ် (မှန် ပါ) မဂ်ဟာ တစ်ကြိမ်တည်းပေါ်လာရင် ပြီးတာပဲ (မှန်ပါ့ ဘုရား)။

မဂ်စစ်တစ်ကြိမ်ပေါ်ရင်ပြီးတယ်

မဂ်ဟာ တစ်ကြိမ်တည်းပေါ်လာရင် (ပြီးပါတယ် ဘုရား)။ သူ့ကိုကလဲ မဂ်စစ်က တစ်ကြိမ်တည်း ရှိတယ် (မှန်ပါ)။ နှစ်ကြိမ် မပေါ်ရပါဘူးတဲ့၊ ဘယ်လောက်ဖြစ်ဖြစ် မင်းတို့ အကုသိုလ်တွေ အပါယ် သံသရာကြီး သွားမည့်ဥစ္စာတွေ သိန်းပေါင်းများစွာ စုထားပါတဲ့၊ ငါတစ်ချက်တည်း ဖြတ်မယ်တဲ့ (မှန်ပါ ဘုရား)။

ဒီလိုဆိုတော့ အားကိုးထိုက်၊ မကိုးထိုက် (ကိုးထိုက် ပါတယ် ဘုရား)။

အသေစောရင် ခန္ဓာနဲ့ဆပ်ရမယ်

အခု သေသေချာချာ သိပလား (သိပါပြီ) သိလို့ရှိ ရင် ခင်ဗျားတို့ ပေါ့ပေါ့တန်တန် မနေနဲ့၊ အသေစောလို့ ရှိရင် ခန္ဓာနဲ့ ဆပ်ရလိမ့်မယ် (မှန်ပါ့) မဂ်စောလို့ ရှိရင် အကုန်ပျောက် (မှန်ပါ့ ဘုရား)။

မဂ်စောရင် (အကုန်ပျောက်ရပါမယ် ဘုရား)အသေ စောရင် (ခန္ဓာနဲ့ဆပ်ရပါမယ် ဘုရား)။

ဘုရားဟောတဲ့ ဥပမာ

ခန္ဓာနဲ့ ဆပ်လို့ရှိရင်ဖြင့် ဘုရားက ပြောလိုက်တယ် ကွာတဲ့၊ မင်းတို့ လူ့ပြည်လာတာ မဂ်ကို မလုပ်တော့ပါဘူး ဆိုရင်ဖြင့်တဲ့ ကောင်းကင် မြှောက်လိုက်တဲ့ခဲ၊ ဦးသံဒိုင်၊ မှတ်လိုက်စမ်းပါ (မှန်ပါ့) ကောင်းကင် မြှောက်လိုက်တဲ့ ခဲဟာ မြေကြီးပေါ်က နေပြီး လူတစ်ယောက်က ဒီခဲကိုမြေကြီး ပေါ်က ကောက်မြှောက်ရမှာ ဘယ်မှ မရှိဘူး၊ မြေကြီး ပေါ်မှာ ရှိတဲ့ခဲကို လူတစ်ယောက်က မြှောက်လိုက်တယ်၊

မြှောက်ပြီးသကာလ သွားတော့ခဲ အရှိန် ရှိသလောက်တော့ ကောင်းကင်တက်မယ် (မှန်ပါ့) သို့သော် အထက်မှာ မကျခင် ဘယ်လောက်ကြာခဲ့သတုံး လို့ မေးလို့ ရှိရင်ဖြင့် အထက်မှာ တည်ခဲ့တဲ့ဥစ္စာ ဟင် ပြောပလောက် ရဲ့ လား (မပြောပလောက်ပါဘု ရား) ခဲကလေး အရှိန် သတ်တာလေ (မှန်ပါ့)။

အဲ ခင်ဗျားတို့ ရှိတဲ့ ကြွေးနဲ့ ခင်ဗျားတို့ လူ့ပြည်လာပြီး သကာလ နေတာဟာ ခဲကလေး အရှိန်သတ် သလောက် ပါကွာတဲ့၊ နောက် ဒီခဲဟာ အောက်ပြန်ကျ ရမယ်တဲ့ (မှန်ပါ ဘုရား)။

အောက်ပြန်ကျတော့ မြေကြီးပေါ် အမြဲနေတယ် (မှန်ပါ့) မနေဘူးလား (နေပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး မြေကြီးပေါ်က ခဲကိုး (မှန်ပါ့) ဘယ် မှာအမြဲနေသတုံး (မြေကြီးပေါ်မှာ အမြဲနေပါတယ်)။

ဒါဖြင့် လူ့ပြည်လာရတာဟာ အရှိန်သတ်တာ (မှန် ပါ) ကောင်းကင် အရှိန်သတ်သလောက်ပဲ ကြာတယ်တဲ့၊ ငရဲမှာ နေရမည့် အသက်နဲ့တွက်လိုက်ရင် (မှန်ပါ) ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ငရဲကို ရှင်မောဂ္ဂလာန်ကြွတော်မူတယ်

ဒါဖြင့် ခင်ဗျားတို့ အဲဒါလောက် မြေကြီးပေါ်မှာ ဆိုတဲ့ အပါယ်လေးပါးမှာ နေရမှာကို ဘယ်သူမှ ခင်ဗျားတို့ ကိုလဲ ကယ်မည့် သူယူမည့်လူ မရှိဘူး၊ ငရဲဆိုတာ ရှင်မောဂ္ဂလာန် ပဲ တစ်ခါကြွတယ်၊ ဘုရားဆိုတာ ကြွသွားတော်မူတာ မဟုတ်ဘူး (မှန်ပါ့)။

ဘယ့်နှယ်လုပ် ကျွတ်တမ်းဝင်မတုံးလို့ မေးရင် (မဝင် နိုင်ပါ ဘုရား) ဘယ်သူက တရားနာချိန် ပေးမတုံးလို့ မေး ရင် (မပေးနိုင်ပါ ဘုရား) ဘယ်သူက ကျင့်ချိန်ပေးမတုံးလို့ မေးရင် (မပေးနိုင်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒါ ခင်ဗျားတို့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က အင်မ တန်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေကို ကြီးကျယ် လှစွာသော သတိပေး နေတာပဲ (မှန်ပါ) မဂ်နဲ့မဆပ်လို့ ရှိရင်တော့ဖြင့် မရဘူး (မှန်ပါ)။

ဘယ့်နှယ် ဆုံးဖြတ်ချက်ချကြမလဲ (မဂ်နဲ့မဆပ်ရင် မရပါ ဘုရား)။

ဆားတစ်လျက်အလုပ်တော့လုပ်ဖို့သင့်ပြီ

ဒါဖြင့် မဂ်ဟာ ဆားတစ်လျက်ပါပဲ (မှန်ပါ ဘုရား) သိန်းပေါင်းများစွာ တင်တဲ့ဟာ ဆားတစ်လျက် လာပေးတာ နဲ့ ကျေပါမည် ဆိုတဲ့ဥစ္စာ ဆားတစ်လျက်အလုပ်တော့ လုပ် ဖို့သင့်ပြီ (မှန်ပါ့) မသင့်ဘူးလား (သင့်ပါပြီ)။

အဲဒါ ခင်ဗျားတို့က ဘယ်နေ့လဲ မအားသေးဘူး၊ ဘယ်ဟာတော့ ဘယ်ကိစ္စတွေနဲ့ တဲ့၊ ခင်ဗျားတို့ ကိစ္စ ဟူသရွေ့ကို မြည်တယ်၊ တွန်တယ်လို့တော့ မအောက်မေ့ ပါနဲ့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ကိစ္စချည်းပဲ (မှန်ပါ)။

ဘယ်လိုဆိုကြမယ် (ပဋိစ္စသမုပ္ပါဒ် ကိစ္စချည်းပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ် ကိစ္စဆိုတာက တဏှာ၊ ဥပါဒါန်၊ ကံ၊ ကိစ္စ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အလုပ်ကောင်းမှန်းတော့သိတယ်

ခင်ဗျားတို့က တစ်နေ့လဲ မအား၊ နောက်တစ်နေ့ လဲ မအား၊ ဘယ်အချိန်မှ အားတယ်လို့မရှိဘူး၊ ကိစ္စက သိပ်များနေတာ၊ ဒါကြောင့် ဒီအလုပ်ဟာ ကောင်းမှန်းတော့ သိတယ်၊ သိပေမယ့် ကိုယ်က မအားတဲ့ အချိန်က သိပ်များတာ၊ ခင်ဗျားတို့ချင်း ပြောတော့ ခေါင်းညိတ်လိုက်မှာပေါ့ (မှန်ပါ့) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ခုနင်က အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ် ဘုရားသခင် ကိုယ် တော်မြတ်ကြီးတို့လို ထိုးထိုးထွင်းထွင်း သိတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဪ သူဟာ ပဋိစ္စသမုပ္ပါဒ်ကိစ္စကိုး (မှန်ပါ) အပါယ်သွားမည့်ကိစ္စကိုး (မှန်ပါ) သွားရမှာ မအားဘူးပြော တာကိုး (မှန်ပါ) ဒါပဲရှိတယ်၊ ဒီပြင် အဖြေမရှိဘူး (မှန်ပါ)။

ကိုယ့်ရှေ့နေက ကိုယ့်ထောင်ချတာ

ဒီပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား) ဘာမှ မရှိဘူးတဲ့၊ အဲဒါကြောင့် ခင်ဗျားတို့ လဲသရွေ့ ဆင်ခြေဟာ ကိုယ့်ရှေ့နေက ကိုယ့်ထောင်ချတဲ့ ဆင်ခြေပဲ (မှန်ပါ)။

ကိုယ်ငှားထားတဲ့ ရှေ့နေ လဲတဲ့ ဆင်ခြေက (ကိုယ့် ထောင်ချတာပါ ဘုရား) သဘောပါပလား (ပါ ပါပြီ)။

ကိုယ့်ကိုယ်ကို လဲလိုက်တဲ့ ဆင်ခြေဟာ ကိုယ့် အပါယ်ချလိုက်တဲ့ဆင်ခြေပဲ (မှန်ပါ) ပေါ်ပလား (ပေါ် ပါပြီ)။

အဲဒါကြောင့် ဘယ်သူမြှောက်လို့မှ မမြောက်နဲ့၊ ဘယ်သူခြောက်လို့မှ မကြောက်နဲ့၊ ကိုယ့်ဟာကိုယ် သိပြီး – သကာလ ကိုယ့်ဟာကိုယ် သိမ်း (မှန်ပါ ဘုရား)။

ခန္ဓာဟာ ဖြစ်မှု ပျက်မှုသာရှိတယ်

ဘာတဲ့တုံး (ကိုယ့်ဇာတ် ကိုယ်သိမ်းရပါမယ် ဘုရား) ကိုယ့်ဇာတ် ကိုယ်သိမ်းရမယ် (မှန်ပါ) ကိုယ့်ဇာတ် သိမ်းတော့ကို ဖျတ်ဆို ဥပမာမယ် ကိုယ့်စိတ်ကလေး ကိုယ်ရှု လိုက်၊ ကိုယ့်ဝေဒနာကလေး ကိုယ်ရှုလိုက်၊ ရှုလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပျက်မြင်တယ် (မှန်ပါ)။

ရှုလိုက်လို့ရှိရင် စိုက်သာကြည့်၊ ဪ ခန္ဓာ ဟာ ယောက်ျားလဲ မဟုတ်ဘူး၊ မိန်မလဲ မဟုတ်ဘူး၊ ဖြစ်မှု ပျက်မှုသာ ရှိပါလား၊ ဥဒယဗ္ဗယသာ ရှိပါလားဆိုရင် သွား တိုးတာပဲ (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ် ပြတ်ပြီ

တိုးလိုက်တဲ့အခါကျလို့ရှိရင် တိုးတဲ့အချိန်ကစပြီး ပဋိစ္စသမုပ္ပါဒ်က ပြတ်ပြီ (ပြတ်ပါပြီ)။ တိုးတဲ့အချိန်ကစပြီး (ပဋိစ္စသမုပ္ပါဒ်ပြတ်ပါ တယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ပြတ်ပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့ အင်း ဒီတရားက အနိစ္စကိုး၊ သိနေတာက လေးက မဂ္ဂပစ္စယော လာဖြစ်တယ် (မှန်ပါ)။

ဖြစ်ပျက်နဲ့ မဂ်နဲ့သာကိုက်နေပါ

မဂ္ဂပစ္စယော လာဖြစ်တော့ကို တခြားသော စိတ် တွေ ဝင်ခွင့် ပေးသလား၊ ဒီဟာနဲ့ဒီဟာပဲ ဖြစ်နေရမလားလို့ မေးတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့သာ ကိုက်နေလို့ရှိရင် ခုနင်က ဘယ် ပဋိစ္စသမုပ္ပါဒ်မှ ဝင်ခွင့်မပေးဘူး မဂ်က (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) မဂ်က (ဘယ်ပဋိစ္စသမုပ္ပါဒ်မှ ဝင်ခွင့်မပေးပါ ဘုရား)။

ဘယ်ပဋိစ္စသမုပ္ပါဒ်မှ ဝင်ခွင့်မပေးဘူး၊ ဖြစ်ပျက် နဲ့ ရှုတဲ့မဂ်နဲ့သာ ကိုက်နေလို့ရှိရင် ဒါ လောကုတ္တရာမဂ်ကို မဟောသေးပါဘူး (မှန်ပါ့) လောကုတ္တရာမဂ် နက်ဖြန် ညကျမှ ဟောမှာပါ (မှန်ပါ့)

ဒါလောက်နဲ့ကို ဟို ပဋိစ္စသမုပ္ပါဒ်တွေက အကုန်ရပ်ကုန်ပြီ (မှန်ပါ့) မရပ်သေးဘူးလား (ရပ်ပါ ပြီ ဘုရား)။

ရပ်သွားတော့ ဪ သူ့ သတ္တိဟာ မသေးပါ ကလား (မှန်ပါ့) တို့ ခါတိုင်း ဒီအချိန် မျက်လုံး ဖွင့်လိုက်ရင် ပဋိစ္စသမုပ္ပါဒ် တန်းသွားတာပဲ၊ နားကြားလဲ အပါယ်သွားတာပဲ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါတွေကိုဇာတ်သိမ်းရမယ်

ကြားတယ်ဆိုရင်၊ နားခါးလိုက်တာ ဆိုရင် သွားပြီ ကွ၊ ဒေါသ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ သင်္ခါရ၊ မဟုတ်ဘူးလား (မှန်ပါ့) ကြားရတာ သိပ်နားဝင်ချိုတာပဲဆို ရင် တဏှာ၊ ဥပါဒါန်၊ ကံ မသွားသေးဘူးလား (သွား ပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ဘုန်းကြီးတို့ တရားနာရတာ လွန့်စရာ လူးစရာ မရှိဘူးလို့လဲ ဒီလိုမငြင်းနဲ့ (မှန်) ခင်ဗျား တို့က ဘာဖြစ်လို့ လွန့်စရာ၊ လူးစရာ မရှိဘူးလို့ ပြောရသတုံး ဆို လွန့်ချင်၊ လူးချင်တဲ့ ပုဂ္ဂိုလ်မို့ ဒီအသံထွက်တာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဒါကို ဇာတ်သိမ်းရမယ် (မှန်ပါ့) ဒါကို ဇာတ်သိမ်းရမယ်၊ ကိုယ့်ကိုယ်အရေး ကိုယ်ကြီးပစ်ရမယ် (မှန်ပါ)။

ဒါဖြင့် ကြွေးဆပ်နည်း နိဿရည်းကိုတော့ ယနေ့ ပေါ်သွားတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် တုံးလို့ မေးတော့ သညာကိုလဲ သူဖျက်နိုင်တယ်၊ သညာကြောင့်ဖြစ်တဲ့ ပဋိစ္စ သမုပ္ပါဒ်၊ နိစ္စသညာ ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်လဲ ဖြစ်တာ နဲ့ ပျက်တာကို ခန္ဓာသာကြည့်လိုက်၊ မခိုင်ဘူးဆိုတာသိ တယ် (မှန်ပါ)။

သိတဲ့မဂ်က ဖျက်ချတယ်

မခိုင်ဘူးလို့ သိတဲ့မဂ်က တစ်ခါတည်း သညာ ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖျက်ချတယ် (မှန်ပါ့)။

တစ်ခါ ချောတယ် လှတယ်လို့ ယူမယ်ဆိုတော့ ခန္ဓာ ကြည့်လိုက်ပြန်တော့ ဖြစ်ပျက်မြင်တယ်၊ ဖြစ်ပျက် မြင်တဲ့ အခါကျတော့ ဘယ်မှာတုံး သေနေတာပဲ၊ ချောတာ၊ လှ တာ မဟုတ်ပါဘူးဆိုတော့ တဏှာ ပဋိစ္စသမုပ္ပါဒ် ပြတ် ထွက်သွားတယ် (ပြတ်ပါတယ်)။

ဖြစ်ပျက်မြင်တော့ ခိုင်တယ်ဆိုတာ ယူသေးရဲ့လား (မယူပါ ဘုရား) မယူတော့ ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်ကော (ပြတ်ပါတယ်)။

ဖြစ်ပျက်ထဲမှာပဲ ဉာဏ်ကစိုက်ပါ

ဖြစ်ပျက် မြင်သဖြင့် ခင်ဗျားတို့သည် ဒေါသ၊ သောက လာသေးရဲ့လား (မလာပါ ဘုရား) မလာပြန်တော့ ဒေါသ၊ သောက လာမည့် စတုတ္ထ ပဋိစ္စသမုပ္ပါဒ်ကော (ပြတ်ပါတယ် ဘုရား)။

ဒီဖြစ်ပျက်ထဲမှာပဲ ဉာဏ်ကစိုက်ပြီး၊ မဂ်စစ်မလာနဲ့ ဦး ဒီပြင် မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ်၊ နားပေါက်က ပဋိစ္စသမုပ္ပါဒ် အကုန်မရှိဘူး (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ဆယ် မျိုးစလုံး အကုန်မရှိဘူး၊ အဲဒီ ဆယ်မျိုးစလုံးကို သူက ဖြတ်ထားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆယ်မျိုးစလုံးကို သူကဖြတ်တယ်

ဘယ်နှစ်မျိုးဖြတ်ပါလိမ့် (ဆယ်မျိုးစလုံးကို ဖြတ်ပါတယ်)။

ဒါ ဝိပဿနာ မဂ်ပဲရှိသေးတယ်နော် (မှန်ပါ့) လောကုတ္တရာမဂ်ဆိုလို့ရှိရင် ဒီထက် ကြီးကျယ် လိမ့်မယ်(မှန်ပါ)။

ဒီနေ့ နာရီလဲ နီးနေလို့ ဝိပဿနာမဂ်သာ ဟောနိုင်တယ် (မှန်ပါ့)။

ဒါဖြင့် အနိစ္စတစ်လုံး၊ ဒုက္ခတစ်လုံး၊ အနတ္တတစ် လုံး၊ သုံးလုံးရှိငြား သော်လဲ ဖြစ်ပျက်ထဲမှာ အားလုံး ဝင် လာတယ်ဆိုတာလဲ မနေ့က ပြောပြီးပြီ (မှန်ပါ့) အနိစ္စ၊ ဒုက္ခ၊ အနတ္တ ချုံးလိုက်တဲ့ အခါကျတော့ ဘာတွေ့သလဲ (ဖြစ်ပျက်ပဲ တွေ့ပါတယ် ဘုရား)။

ဒါ ဒုက္ခသစ္စာမြင်နေတာ

ဒီအထဲ အကုန်ဝင်လာတာပဲ (မှန်ပါ) ဘာကြောင့် ဝင်လာရသတုံးဆိုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ ဆိုတော့ ဒုက္ခသစ္စာ ဆိုတာ ခင်ဗျားတို့က ဒီလို မှတ်လိုက်ပါတဲ့၊ ဒုက္ခ သစ္စာ ဘုရားက ဟောလိုက်တဲ့ နေရာ ဟတ္ထိပဒေါပမသုတ် ဆိုတာရှိတယ် (မှန်ပါ့)။

ဟတ္ထိပဒေါပမသုတ် ဆိုတာ သားကောင်တွေ အ များကြီးရှိတဲ့အနက်က ခြေလေးချောင်းရှိတဲ့ အနက်က ဆင် ခြေရာထက်ကြီးတာတော့ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူးနော် (မှန်ပါ) ဆင်ခြေရာ အကြီးဆုံးပဲ။

ဆင်ခြေရာထဲ အကုန်ဝင်တယ်

ဆင်ခြေရာအကြီးဆုံးကို နောက်က သားကောင် တွေက ဆင်ခြေရာအုပ်မိအောင် နင်းနိုင်တဲ့ သားကောင်တော့ ရှိမယ် မဟုတ်ဘူး၊ ဆင်ခြေရာထဲသာ သူတို့ ထောက်တွေ ထောက်သွားရမယ် (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ့)။

ထို့အတူပဲ တဲ့၊ ဖြစ်ပျက် ဒုက္ခသစ္စာထဲကို ခင်ဗျားတို့ ဉာဏ်ကလေးက မြင်နေတော့ ဒါ ဒုက္ခသစ္စာ မြင်နေတာပဲ (မှန်ပါ့) ဒီပြင် တရားတွေ မလိုတော့ ဘူး တဲ့၊ ဆင်ခြေရာထဲ ဝင်လာတာပဲ (မှန်ပါ့)။

ဖြစ်ပျက်တစ်လုံးမြင်ရင် အကုန်ဝင်တာပဲ

ဒီ ဖြစ်ပျက် တစ်လုံးတည်း ရှုနေရင် ဒါ ဒုက္ခသစ္စာ ပိုင်ပိုင် မြင်နေတာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်တစ်လုံးတည်းမြင်ရင် အနိစ္စလဲ ဒီထဲ ဝင် တာပဲ၊ ဒုက္ခကော (ဒီထဲဝင်ပါတယ်) အနတ္တကော (ဒီအထဲဝင်ပါတယ်) အသုဘကော (ဒီထဲဝင်ပါတယ် ဘုရား)

ဒီအထဲမှာ အကုန်ဝင်တာပဲကွတဲ့၊ ဆင်ခြေရာထဲ မှာ ဒီပြင် သားကောင် ဝင်ရသလို၊ ဒီဖြစ်ပျက် တစ်လုံးကို ကိုယ့်သန္တာန်၊ ကိုယ့်ဉာဏ်နဲ့ ကြည့်ပြီးသကာလ ဪ ဟုတ်ပါကလားဆိုတဲ့ တစ်လုံးကျလို့ရှိရင် ခုနင်က ပဋိစ္စသမုပ္ပါဒ်တွေလဲ အကုန်ပြတ် (မှန်ပါ) သစ္စာလဲ မြင်လာ တယ် (မှန်ပါ့)။

မဂ္ဂသစ္စာမြင်သွားတယ်

သစ္စာမြင်တော့ သူက ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂ သစ္စာ သွားဖြစ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်က (ဒုက္ခသစ္စာပါ) မြင်တာက (မဂ္ဂသစ္စာ သွားဖြစ်ပါတယ် ဘုရား)

အဲဒါ မဂ္ဂသစ္စာသည် ပဋိစ္စသမုပ္ပါဒ်အပေါင်း ဘယ်လောက်ဖြတ်လိုက်သတုံးလို့ မေးလို့ရှိရင် မြင်တဲ့အချိန် မှာဖြင့် အကုန်ပြတ်နေတာပဲ (မှန်ပါ့)။

ဒီဘဝမှားတာတွေသူကပဲ ကယ်တယ်

မြင်တဲ့ အချိန်မှာ (အကုန်ပြတ်နေပါတယ် ဘုရား) အကုန်ပြတ်နေတော့ကို ပစ္စုပ္ပန်မှာ ဒီဘဝမှာမှ မှားလုံးတွေဟူသရွေ့လဲ သူပဲကယ်တယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်ပစ္စုပ္ပန်ဘဝကယ်တာကတော့ ဒီမဂ်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လောကုတ္တရာမဂ်ဖြစ်မယ်

နောက်ကျတော့ ဒီမဂ်သည် ရင့်ကျက်ပြီး ပွားများ လာတော့ အင်း ဖြစ်ပျက်ဟာ မုန်းစရာကြီးပဲ ဆိုရင် ဉာဏ်ထက်ပြီ အောက်မေ့တော့ (မှန်ပါ) ဖြစ်ပျက်သည် ဒုက္ခသစ္စာ အစစ်ပဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြစ်ချက် ချ လိုက်လို့ ဖြစ်ပျက်များချုပ်သွားမယ် ဆိုလို့ရှိရင်ဖြင့် ဒါ လောကုတ္တရာမဂ် ဖြစ်မယ် (မှန်ပါ့)။

လောကုတ္တရာမဂ်ဖြစ်တော့ ဒီဘဝ ပွားတဲ့ ပဋိစ္စ သမုပ္ပါဒ် ဖြတ်တာ မဟုတ်တော့ဘူး၊ နောက်က ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကံတွေကိုပါ ဖြတ်ချလိုက်တယ် (မှန်ပါ)။

ဟို မဂ်ကတော့ အတိတ်ကတာပါဖြတ်တယ် (မှန်ပါ) အတိတ်က ပါလာတာလဲ ဖြတ်တယ်။ ပစ္စုပ္ပန်မှာကော (ဖြတ်ပါတယ် ဘုရား)။

လောကုတ္တရာမဂ်က သုံးချက်ဖြတ်တယ်

နောက် မိုက်လတ္တံ့၊ မဲလတ္တံ ပဋိစ္စသမုပ္ပါဒ်တွေဘဝတွေ လာလို့ရှိရင်လဲ အဲဒါတွေလဲ လှမ်းဖြတ်တယ် (မှန်ပါ့) သူက သုံးချက် ဖြတ်ချလိုက်တယ်၊ လောကုတ္တရာမဂ်က (မှန်ပါ) ခုနင်က ဖြစ်ပျက်ကို မြင်တဲ့ မဂ်ကတော့ ဒီဘဝဟာတွေသာ သူဖြတ်နိုင်တယ်(မှန်ပါ့)။

ဒါ့ကြောင့် ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ဟာ အတော် ခြားနားတယ် (ခြားနားပါတယ် ဘုရား) လောကုတ္တ ရာမဂ်က သုံးချက်ဖြတ်တယ်၊ ဝိပဿနာမဂ်က တစ်ချက် ဖြတ်တယ် (မှန်ပါ) ယခုဖြစ်မည့် ဟာတွေတော့ ဖြစ် ပျက်မြင်တဲ့ ဝိပဿနာမဂ်က ဖြတ်လိုက်တယ် (မှန်ပါ့)။

လောကုတ္တရာမဂ်ကတော့ သူ့ထက် သတ္တိထက် တယ် (မှန်ပါ့) အတိတ်ကပါလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကံ တွေ (ပြတ်ပါတယ် ဘုရား) အနာဂတ် မိုက်လတ္တံ့၊ မဲ့လတ္တံ့ ကံတွေ (ပြတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကီနဲ့ လောကုတ္တရာမဂ် ဘာထူးသတုံး

ဒါဖြင့် လောကုတ္တရာမဂ်နဲ့ အခုရှုနေတဲ့ မဂ်နဲ့ ဘာ ထူးခြားသတုံးဆိုတော့ ဟိုက ကာလ သုံးပါးစလုံး ဖြတ်တယ်၊ သူက ပစ္စုပ္ပန် ကာလကလေး တစ်ခုတည်းသာ ဖြတ်နိုင် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကုတ္တရာမဂ်ကတော့ (ကာလသုံးပါးလုံး ဖြတ် ပါတယ် ဘုရား) ဖြတ်နိုင်တယ်၊ အခုရှုနေတဲ့ ဝိပဿနာမဂ် ကတော့ (ပစ္စုပ္ပန်ကာလသာ ဖြတ်ပါတယ်) ပစ္စုပ္ပန်ကာလ မှာပေါ်ဆဲ ပဋိစ္စသမုပ္ပါဒ်တွေ ဒါတွေ အကုန်ဖြတ်ချတယ် ဆိုတော့ ဝိပဿနာမဂ် မပါဘဲနဲ့ လောကုတ္တရာမဂ်က ဖြစ် ကို မဖြစ်နိုင်ဘူး (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာမဂ်မပါရန် မဂ်စစ်မရ

ဝိပဿနာမဂ်မပါဘဲနဲ့ (လောကုတ္တရာမဂ် မဖြစ်နိုင်ပါ ဘုရား)။ မဖြစ်နိုင်ဘူးတဲ့ သူက တစ်ခါ ရှုလိုက်ရင် မဂ္ဂင်ငါးပါး ဖြစ်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တစ်ခါရှုလိုက်ရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာ ဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့၊ မဂ္ဂင်ငါးပါးတစ် ခါတည်းဝင်လာတယ် (မှန်ပါ့) ငါး မှ မရှိတဲ့ ပုဂ္ဂိုလ်ဟာ ရှစ် မဖြစ်နိုင်ဘူး (မှန်ပါ့) ငါးမှ မရှိတဲ့ ပုဂ္ဂိုလ်ဟာ (ရှစ်မဖြစ် နိုင်ပါ ဘုရား)။

ရှစ်ဆိုတာက ဒီအထဲမှာက ဖျတ်ဆို ရှုလိုက်လို့ရှိရင် သမာဓိ မဂ္ဂင်နဲ့ ပညာမဂ္ဂင်နဲ့ ဒီအထဲ ပါသွားပြီ (မှန်ပါ) သီလမဂ္ဂင်ကလေး တစ်ခုပဲ ကျန်နေတယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

သမာဓိ မဂ္ဂင်နဲ့ ပညာမဂ္ဂင်နဲ့ ဒီအထဲပါသွားပြီ (မှန်ပါ) သီလမဂ္ဂင်ကလေး တစ်ခုပဲ ကျန်နေတယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာမဂ်နဲ့ ဘာများထူးခြားသတုံး

ဒါဖြင့် ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ် ဘာထူး သတုံးဆိုတော့ လောကုတ္တရာမဂ်က သီလမဂ္ဂင်နဲ့ တကွ ရှစ်ပါး (မှန်ပါ့) ဝိပဿနာမဂ်ကတော့ သမာဓိ၊ ပညာ မဂ္ဂင် ရှိနေလို့ သူက ငါးပါး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

လောကုတ္တရာမဂ်က သီလမဂ္ဂင် ဖြည့်လိုက်လို့ရှိရင် (ရှစ်ပါးပါ ဘုရား)။

လောကီမဂ်ကတော့ကို သီလကို မြဲတဲ့ သီလကို သူမှ ကျေးဇူးမပြုနိုင်သေးလို့ သူက ငါးပါးပဲ ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီငါးပါးမရှိဘဲနဲ့ ရှစ်ပါးက (မဖြစ်နိုင်ပါ ဘုရား)။ ရှစ်ပါးလဲ ပြည့်စုံပါရောတဲ့ အတိတ် ပဋိစ္စသမုပ္ပါဒ် လဲပြတ်၊ သဘောကျပလား (ကျပါပြီ) ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် လဲ (ပြတ်ပါတယ်) အနာဂတ် မိုက်လတ္တံ့၊ မဲလတ္တံ့ ပဋိစ္စသမုပ္ပါဒ် (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာ ရှေ့ထားရမတုံးလို့ မေးလို့ရှိရင်ဖြင့် ဝိပဿနာမဂ် ရှေ့ထား (မှန်ပါ့) ပြီးတော့ လောကုတ္တရာမဂ ်လာလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသေစိတ်ချရတာ ရှေ့ထားပါ

ဒါဖြင့် ခင်ဗျားတို့ လမ်းကလေး နည်းနည်း ပြောင်း ရုံပဲ ရှိတယ် (မှန်ပါ့) ဘုန်းကြီးတို့ ဆုံးမတာကနော် (မှန်ပါ့)။

ဦးမြကြီး ဆုံးမသလိုပေါ့ ဦးသံဒိုင်ရ (မှန်ပါ့) ဦးမြကြီး ခင်ဗျား အလကား နာမည်ကြီးနေတာ၊ ဘာမှ အသုံး ကျတဲ့လူ မဟုတ်ဘူး၊ ရှေ့နောက်မှ သိတဲ့လူမဟုတ်ဘူး၊ ဘုန်းကြီးကျောင်းမှာလာတော့ ပြောရတယ် (မှန်ပါ့)။

သေသွားရင် ငါးပါးမှောက်လိမ့်မယ်

ဘာတုံးဘုရား တဲ့၊ အို ခင်ဗျား အသေ စိတ်ချရတာ ရှေ့ထားတာ မဟုတ်ဘူး၊ အသေ စိတ်မချရ တာတွေချည်း ရှေ့ထားလုပ်နေတယ်၊ တော်တော်ကြာ သေသွားရင် ငါးပါးမှောက်လိမ့်မယ် (မှန်ပါ့ ဘုရား)။

အပါယ်လေးပါး ငါမသွားဘူး

မင်းတို့လဲ ဒီအတိုင်းပဲ၊ အားလုံး ဒကာ ဒကာမတွေ လဲ မှတ်ဖို့ပဲ (မှန်ပါ့) ဝိပဿနာမဂ်က ရင့်ကျက်အောင် လောကုတ္တရာမဂ် တစ်မဂ်ရလောက်အောင် လုပ်ထားလိုက်၊ အဲဒါ အသေစိတ်ချရပြီ၊ အပါယ်လေးပါး ငါမသွားဘူး (မှန်ပါ)။

နို့မဟုတ်လို့ရှိရင် ဒါတစ်မဂ်မှ မရလို့ရှိရင်တော့ ဘာ လုပ်ထားထား အာသန္နကံတို့ အာစိဏ္ဏကံ တို့က တွန်း ချမှာပဲ (မှန်ပါ) ဒီကကံတွေက တွန်းမချရင် အတိတ်က ကံတွေက တွန်းချမှာပဲ (မှန်ပါ့) အားကိုးစရာ ရှိရဲ့ လား (မရှိပါ ဘုရား)။

အသေစိတ်ချရတဲ့ မဂ်ကို အရင်လုပ်ရမယ်

ကဲ ဒါဖြင့် ရှေ့နောက်ကလေး ပြောင်းလိုက် (မှန်ပါ့) ဘာတဲ့တုံး (ရှေ့နောက် ပြောင်းရမှာပါ) ရှေ့နောက် ပြောင်းရမယ်၊ ရှေ့နောက်က ဘာတဲ့တုံး အသေစိတ်ချရတဲ့ မဂ်ကို (အရင်လုပ်ရပါမယ်) အရင်လုပ်ရမယ်၊ အသေစိတ် မချရတဲ့ဘက်ကို (နောက်မှ လုပ်ရပါမယ် ဘုရား)။

နောက်မှ လုပ်ဆိုတော့ သူက တားမြစ်ပြီးသား ဖြစ်နေတော့ အပါယ်လေးပါးဟာ လွတ်သွားတယ် (မှန်ပါ့)။ သဘောပါပလား (ပါ ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။