205

ပင်ပန်းတဲ့အထဲက အရယူကြစမ်းပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ပင်ပန်းတဲ့အထဲက အရယူကြစမ်းပါ

ဒကာ ဒကာမတွေ တရားနာတဲ့အခါမှာ ခန္ဓာကိုယ်၌ သုတမယဉာဏ် ရအောင် နာပါလို့ဆိုတာ သတိပေး နေတယ်နော်။ (မှန်ပါ့)၊ သုတမယဉာဏ် ဆိုတာ သုတက ကြားတာ၊ မယက ပြီးတာ၊ အကြားအမြင်နဲ့ ပြီးတဲ့ ဉာဏ်နဲ့သိတာ၊ အကြား အမြင်ကို ပြီးမြောက်တဲ့ ဉာဏ်ရအောင်လုပ်ပါ။ (မှန်ပါ့)။

အကြားအမြင် ပြီးမြောက်တဲ့ဉာဏ်

ဘာဉာဏ်ခေါ်ကြမလဲ။ (အကြားအမြင် ပြီးမြောက် တဲ့ ဉာဏ်ပါ ဘုရား)၊ ပါဠိလိုသုံးတော့ သုတမယဉာဏ်လို့ ခေါ်တယ်နော်။

အကြားအမြင်ပြီးမြောက်တဲ့ ဉာဏ်ရအောင် လုပ် စမ်းပါဆိုတော့ အကြားအမြင်နဲ့ ဘယ့်နှယ် ပြီးနိုင်ပါ့မတုံးဘုရား။

ဆရာဘုန်းကြီးပြောတာကို တပည့်တော်တို့က အကြားအမြင် ရပါတယ်။ ကြားတာနဲ့ ပြီးမြောက်ရမယ် ဆိုတဲ့ဥစ္စာ ပြီးမြောက် တဲ့ ဉာဏ် ဆိုတာ ဘယ်ဉာဏ်ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ဘုန်းကြီးများ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ပေါ်လာတဲ့ ဓမ္မ ကလေးတို့ကို သစ္စာလို့ ဟောလိုက်လို့ရှိရင် ဝေဒနာကလေးဟာ ဒကာ ဒကာမတို့ ဝေဒနာလို့ မှတ်မနေနဲ့နော်။ ဖြစ်ဒုက္ခ ပျက်ဒုက္ခ ကလေး။ သေမလို့ ပေါ်လာတာနဲ့ သေတာပဲလို့ ဟောလိုက် မယ်။ (မှန်ပါ့)။

သေမလို့ ပေါ်လာတာနဲ့ သေတာပဲဆိုတော့ ဒုက္ခချည်း ကျမနေဘူးလား။ (ကျနေပါတယ်)၊အဲဒါ ဒုက္ခသစ္စာ ပဲတဲ့။ ဒုက္ခသစ္စာကို ဘုန်းကြီးက ဟောလိုက်တယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဝေဒနာလေး ပေါ်လာတဲ့နဲ့ ဘာလုပ် မလို့ ပေါ်လာတာပါလိမ့်။ (သေမလို့ ပေါ်လာတာပါ ဘုရား)

သေမလို့ ပေါ်လာတဲ့အတိုင်းပဲ။ ဖြစ်ပြီးတော့ ပျက်မသွားဘူးလား။ (ပျက်သွားပါတယ် ဘုရား)၊ ဒါဖြင့် သေကော မသေဘူးလား။ (သေပါတယ်)။

သေမလို့ ပေါ်တာနဲ့ သေတာ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ရူပက္ခန္ဓာ လို့ ဆိုကြတယ်။ ဝေဒနာက္ခန္ဓလို့ ဆိုကြတယ်။ ခန္ဓာငါးပါးလို့ ဆိုကြတယ်။

အမှန်ကတော့ သေမလို့ပေါ်တာနဲ့ သေတာတွေသာ ရှိတယ်။ (မှန်ပါ့)။ ရူပက္ခန္ဓာ ကြည့်လိုက်ပြန်တော့လဲ သေမလို့ ပေါ်တာရယ်၊ သေတာရယ်။ ဒါပဲရှိတယ်။ (မှန်ပါ့)၊ ဝေဒနာ က္ခန္ဓာ ကြည့်လိုက်ပြန်တော့လဲ (သေမလို့ပေါ်တာရယ်၊ သေ တာရယ်ပဲ ရှိပါတယ်)၊ သညာခေါ်တဲ့ မျက်လုံး ကလေးကြည့်လိုက် ပြန်တော့လဲ (သေမလို့ပေါ်တာရယ်၊ သေတာရယ်ပဲ ရှိတယ်)

ဝေဒနာကလေးကကော (သေမလို့ပေါ်တာရယ်၊ သေတာ ရယ်ပဲ ရှိပါတယ်)။ စိတ်ကံလေးတွေ ဘယ်စိတ်ပေး ပေါ်ပေါ် ကြည့် လိုက်ပြန်တော့ကော။ (သေမလို့ ပေါ်တာရယ်၊ သေတာ ရယ်ပဲ ရှိပါတယ်)။

ဒုက္ခသစ္စာပဲ စုနေတယ်

ဒါဖြင့် ငါးပါးစလုံး ပေါ်ချင်ရာပေါ်၊ ဉာဏ်ထဲမှာ တွေ့ချင် ရာတွေ့ သေမလို့ ပေါ်တာလဲ ဒုက္ခ၊ သေသွားတာလဲ (ဒုက္ခ ပါ ဘုရား)၊ ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာတွေများ စုနေပါလိမ့်မလဲလို့ အကဲခတ်ကြည့်တော့ (ဒုက္ခချည်း စုနေပါတယ်)၊ ဒုက္ခသစ္စာပဲ စုနေတယ် (မှန်ပါ့)။

ဒါကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားလို့ ပေါင်းပြော လိုက်တဲ့အခါကျတော့ ဒီအဓိပ္ပာယ်ရတယ် (မှန်ပါ့)။

ဒီလိုကြားရတော့ ဒကာ ဒကာမတွေ နှလုံးသွင်းလိုက်။ အင်း တို့ခန္ဓာထဲမှာ သေမလို့ ပေါ်တာရယ်၊ သေတာရယ်၊ ဒါမှတစ်ပါး ဘာမှမရှိဘူး။ နတ်ခန္ဓာ ကြည့်လိုက်ပြန်ရင်လဲ (သေမလို့ ပေါ်တာရယ်၊ သေတာရယ်၊ ဒါပဲရှိပါတယ်)။ ဗြဟ္မာခန္ဓာ ကြည့်လိုက်ပြန်တော့လဲ (သေမလို့ ပေါ်တာရယ်၊ သေတာ ရယ်၊ ဒါပဲရှိပါတယ်)။

ခန္ဓာရတော ဘာများပါလိမ့်မတုံး

ဒါဖြင့် ခန္ဓာရတဲ့ ပုဂ္ဂိုလ်များဟာ ဘာများပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သေမလို့ ပေါ်တာရယ်၊ သေတာရယ် ဆိုတဲ့ ဒုက္ခသစ္စာပဲ ရတော့တယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ခန္ဓာဟာဖြင့် ဒုက္ခသစ္စာလို့ ဆရာဘုန်းကြီးက အတိအလင်း ဘုရား ဟောတော်မူတဲ့အတိုင်း ဟောလို့ သိကြရတော့ ဘယ်အခါကာလမှာ ခန္ဓာကိုယ်ဖြင့် မလို ချင်ကြပါနဲ့၊ သေမလို့ ပေါ်တာနဲ့ သေတာပဲ ရှိတဲ့ဥစ္စာကြီးဖြင့် တော်တော်ကြာ ကျတော့ ဗိုင်းဗိုင်းလဲ ဆိုတဲ့ သေပွဲကြီးကလဲ လာလိုက် သေးတယ် (မှန်ပါ့)၊

အခု ရှင်တုန်းကျပြန်တော့လဲ သေမလို့ ပေါ်တာနဲ့ သေသွားတာတွေသာ စုနေတယ်၊ (မှန်ပါ့) – နောက် အရှင်းမလာတော့ဘူးဆိုတော့ ဗိုင်းဗိုင်းလဲ သေပွဲကြီးဆို တဲ့ မရဏပွဲကြီး မခံလိုက်ရဘူးလား။ (ခံလိုက်ရပါတယ်)

ဒါဖြင့် အစဖြစ်တုန်းကလဲ သေမလို့ ပေါ်တာရယ်၊ သေတာရယ် ဒါပဲရှိတယ်။ (မှန်ပါ့)၊ နောက်ဆုံးပိတ် ကျတော့၊ သေပွဲဝင်လိုက် တဲ့အခါကျတော့လဲ အသက်မရှိတော့ ဗိုင်းကနဲလဲပြီး သကာလ ရွာပြင်ထုတ် သုသာန်မှာ မြေမြှုပ်ရတယ်ဆိုတာပဲ သိပြီးသားပဲ။ (မှန်ပါ့)။

ဒါဖြင့် ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာ အစမှာလဲ ဒုက္ခသစ္စာ။ (မှန်ပါ့)၊ ကာလသား အရွယ်မှာလဲ ဒုက္ခသစ္စာ။ ကာလသမီးအရွယ် မှာလဲ (ဒုက္ခသစ္စာပါပဲ)၊ နို့ ဘယ်အချိန်မှာ သုခ ပါ ပါလိမ့်။ (မပါ-ပါ ဘုရား)။

သုတမယဉာဏ်ဆိုတာ

အေး ဒါကြောင့် ဒါကတော့ တရားနာရင်း မတ္တနဲ့ ခန္ဓာကိုယ်ထဲကို ဘုန်းကြီးက ဟောနေတော့ ဒကာ ဒကာမတွေ ဪ ဒါဟာ ဘာကလေး ပေးလာလာ ဒုက္ခသစ္စာပါကလား လို့ဆိုတော့ သုတက ကြားနေတယ်။ (မှန်ပါ့)၊ ဘုန်းကြီးပြော တဲ့အသံ မကြားဘူးလား။ (ကြားပါတယ် ဘုရား)၊ မယ-ဆို တာက ပြီးစီးတာနော်။ ဉာဏ် ဆိုတာက သိတာ (မှန်ပါ့)၊ အကြားအမြင်နဲ့ ပြီးတဲ့ဉာဏ်ကို ရကြပါစေ ဆိုပြီး သကာလ နာကြ ပါ။ (မှန်ပါ့)၊ ပါဠိလိုကျတော့ ဘယ်လိုလဲ။ (သုတမယ ဉာဏ်)၊ မြန်မာလို ကျပြတော့ကော (အကြားအမြင်နဲ့ ပြီးတဲ့ဉာဏ်ပါ ဘုရား)။

အကြားအမြင်နဲ့ ပြီးတဲ့ ဉာဏ်

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုတ မယဉာဏ် ဟောလိုက်, ပဋိသမ္ဘိဒါမဂ်က ပြောလိုက်နဲ့၊ သုတမယ ဉာဏ် ဆိုတာ ယနေ့ဖြင့် အကြားအမြင်နဲ့ ပြီးတဲ့ဉာဏ်လို့ပဲ တစ် ထစ်ချ မှတ်လိုက်ပါ။ (မှန်ပါ့)။

ဘာဉာဏ်တဲ့တုံး။ (အကြားအမြင်နဲ့ ပြီးတဲ့ဉာဏ်ပါ ဘုရား)။

ဘာများ ပြီးပါလိမ့်မတုံး

ဪ သူ့ဟာက အပြီးကလေးကလဲ ပါနေတော့ ဘာများ ပြီးပါလိမ့်မတုံး။ အကြားအမြင်နဲ့ ပြီးတဲ့ ဉာဏ်ရတာနဲ့ ဘာများ ပြီးဆုံးသွားပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ၊ မနေ့က တရားကို ပြန်ပြီး သတိထား လိုက်တော့မှ အကြား အမြင့်နဲ့ ပြီးဆိုတာ တရားနာရင်းမတ္တနဲ့ သစ္စာတရားတွေပါကလား လို့ သိနေပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိလေသာ ခန်းခြောက်နေတယ် (မှန်ပါ့)၊

ဒါ အကြားအမြင်ကြောင့် သိ၊ သွားတာနော်။ (မှန်ပါ့)၊ ကိလေသာ ဘာဖြစ်သွားသတဲ့။ (ခန်းခြောက် သွားပါတယ်)၊ မပျောက်ရုံ တမယ်ပဲ ကျန်တော့တယ်၊ ခြောက်တော့ ခြောက်နေပြီ။ (မှန်ပါ့)၊ ခြောက်တာကလေး ပျောက်သွားလို့ ရှိရင်ဖြင့် သောတပန်တည်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာ ဖြစ်ဖို့ဟာ အင်မတန်မှ နီးကပ်နေပေါ့လို့ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ် ဘုရား)။

ကိလေသာ ခန်းခြောက်တယ်

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သုတမယ ဉာဏ်ရအောင် ဘုန်းကြီးက ရှေ့ပိုင်းက ပေးပါတယ်။ (မှန်ပါ့)။ ပါဠိလိုတော့ ဘယ်လိုခေါ်ပါလိမ့်။ (သုတမယဉာဏ်)၊ ဘယ် လိုများ ပြီးစီး သွားပါလိမ့်။ (အကြားအမြင်နဲ့ ပြီးစီးပါတယ်)၊ အကြားအမြင်နဲ့ သိတဲ့ဉာဏ်ကလေး ရလိုက်တာ ဒကာ ဒကာမတို့ , သန္တာန်မှာ ဘာများ ပြီးဆုံးသွားသလဲလို့ မေးပြီ (ကိလေသာ ခြောက်ခန်းသွားပါတယ်)၊

တရားနာရင်း ဘာဖြစ်သွားပါလိမ့်။ (ကိလေသာ ခန်းခြောက်ပါတယ်၊) အဲဒီလိုနာကြဆိုတဲ့ ဥစ္စာကိုဖြင့် လေးလေးစားစား မှတ်ကြပါ။ (မှန်ပါ့)။

တရားမှာတော့ ဘယ်ဉာဏ်ရပါလိမ့်

တရားနာတော့ ဘယ်ဉာဏ်ရပါလိမ့်။ (သုတမယ ဉာဏ်ရပါတယ်)၊ မြန်မာလို ပြန်လိုက်တော့ (အကြားအမြင်နဲ့ ပြီးစီးတဲ့ ဉာဏ်ပါ ဘုရား)၊ ဘာတွေများ ပြီးဆုံးသွားပါလိမ့်။ (ကိလေသာ ခန်းခြောက် ပါတယ်)၊ ကိလေသာ ခန်းခြောက်ခြင်း ပြီးဆုံးသွားမယ်၊ တယ်လဲ အဖိုးတန်ပါတယ်နော်။ (မှန်ပါ့)၊

ဒါကြောင့် ဒကာ ဒကာမတို့ ဉာဏ်ကလေးက ကိလေသာ ခန်းခြောက်စေတယ် ဆိုတာကော ရိပ်မိကြမလား။ (ရိပ်မိပါပြီ)၊ သစ္စာတရားကို နာတယ်ဆိုတာ ဒါပဲနော်။ (မှန်ပါ့)။

စိန္တာမယဉာဏ်ဆိုတာ

ကောင်းပြီး၊ ဒါဖြင့် ဒီလို အကြားအမြင်နဲ့ ပြီးဆုံးသွားတော့ နောက်ကျတော့ တွေးကြ ကြံကြနဲ့ ပြီးဆုံး သွားတာတွေလဲ ရှိတယ်။ စိန္တာမယဉာဏ်။ (မှန်ပါ့)၊ စိန္တာက ကြံတာကိုးဗျ။ ကိုယ့် ခန္ဓာကိုယ် ကြည့်ပြီး ကြံနေတာ၊ ဆရာက ဒုက္ခသစ္စာလို့ ဟောလိုက်တယ်။

ဒုက္ခသစ္စာ ဟုတ်မဟုတ်ကို ကြံလိုက်တယ် ကြံလိုက်တိုင်း ပြီးသွားတဲ့ဉာဏ်ကျတော့ ဘာဉာဏ် ခေါ်ကြမလဲ။ (စိန္တာမယ ဉာဏ်ခေါ်ပါတယ်)၊

အို ဒကာ ဒကာမတွ၊ ဒီနှစ်လုံးနဲ့ပဲ ကြံ လည်းကြံကြ၊ ပြီးအောင်ကြံကြလို့ ပြောလိုက်တယ်နော်။ (မှန်ပါ့)၊ အပြီးအစီးသို့ ရောက်တဲ့ဉာဏ်က ဘာဉာဏ်ခေါ်ကြမလဲ။ (စိန္တာမယဉာဏ်)၊

အဲ စိန္တာက ကြံတာ၊ မယက ပြီးတာ၊ ဉာဏ်က သိတာ၊ ဒါဖြင့် အကြံနဲ့ အပြီးအစီးသို့ ရောက်တဲ့ဉာဏ်။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကိလေသာပျောက်လို့ သောတပန်တည်

ဘာတဲ့ (အကြံနဲ့ အပြီးအစီးရောက်တဲ့ဉာဏ်ပါ ဘုရား)၊ အဲဒီဉာဏ်ရတော့ ဘယ်လိုများ ပြီးဆုံးသွားပါလိမ့်မတုံး ဆိုတော့ ကိလေသာ ခန်းခြောက်ရုံတင်မကဘူး။ ကိလေသာ ပျောက် သောကြောင့် သောတပန်တည်ပါပေါ့။ (မှန်ပါ့)၊ တယ်လဲ အဖိုးတန်ပါကလား။ (တန်ပါတယ် ဘုရား)။

ဂရုစိုက်ကြစမ်းပါ-ဂရုစိုက်ကြစမ်းပါ၊ ဆရာဘုန်းကြီး တိုတို နဲ့ ပြောနေတယ်။ ဆရာဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးလေးစားစားနဲ့ ခံယူပါဆိုတဲ့ ဥစ္စကိုလဲ ပြောနေတယ်။ (မှန်ပါ့)၊ မပြောထိုက်ဘူးလား။ (ပြောလိုက်ပါတယ်)။

ပဋိစ္စသမုပ္ပါဒ်အလယ်က ပြတ်တယ်

တစ်သံသရာလုံး၊ တစ်သက်လုံး ဆိုသလိုပဲ ဒီစကားနှစ်လုံး နဲ့ပဲ ဪ သုတမယဉာဏ်က အကြားအမြင်နဲ့ ပြီးတဲ့ဉာဏ် က ကိလေသာ, ခန်းခြောက်တယ်။ (မှန်ပါ့)၊

ကြံစည်ပြီး သကာလ ကိုယ်ကြံစည်တဲ့အတိုင်း ပြီးဆုံးကြောင်းသို့ရောက်တဲ့ ဉာဏ်က ကိလေသာ ပျောက်တယ် ဆိုသဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် အလယ်က ပြတ်တယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (ပဋိစ္စသမုပ္ပာဒ်ပြတ်ပါတယ် ဘုရား)၊ အလယ်က ပြတ်တယ်ဆိုတော့ ဥပမာမယ် တဏှာဒိဋ္ဌိ က ပြတ်တယ်၊ သူက ပြတ်သွားတော့ ဒီဘက်က ဥပါဒါန်ကတော့ (ပြတ်ပါတယ် ဘုရား)၊

နောက်လာမည့် ဇာတိ ဇရာ မရဏက ကော (ပြတ်သွားပါတယ် ဘုရား)၊

ဪ ဒကာ ဒကာမတို့ အကြားအမြင်ပြီးတဲ့ဥစ္စာကက သူ ခန်းခြောက်တယ်နော်။ (မှန်ပါ့)၊ စိန္တာမယဉာဏ်ကလေး အကြံအစည်နဲ့ ကြံစည်ပြီး ရှေ့လျှောက်ပြီး ပြီးဆုံးအောင်လုပ်တဲ့ ဉာဏ်ကတော့ သူ ပျောက် တယ်။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ် အလယ်က ပြတ်ထွက်သွား တယ်။ (မှန်ပါ့)၊

ပျောက်တော့ ဒီဘက်ကဟာတွေကတော့ ကျုပ်တို့က ပြီးပြီးသားမို့ ပယ်စရာလိုသေးသလား။ (မလိုပါ ဘုရား)၊ ဒီဘက်ကသာ ကြောက်ရတယ်။ (မှန်ပါ့)၊ ဒီဘက်က ကြောက်စရာ ရှိရဲ့လား။ (မရှိပါ ဘုရား)။

ပင်ပန်းတဲ့အထဲက အရယူကြစမ်းပါ

ကြပ်ကြပ် နားထောင်ပါ-ကြပ်ကြပ် နားထောင်ပါ။ လေး လေးစားစားနဲ့ ဒကာ ဒကာမတွေ နားထောင်ကြပါ။ ပင်ပန်းဆင်း ရဲ လူက ကျပ်ပါဘိသနဲ့၊ ချွေးတဒီးဒီးနဲ့၊ မလှည့်သာ မပတ်သာနဲ့၊ တရားနာ နေကြရတော့ ဒီအထဲမှာ အရယူကြစမ်းပါဆိုတာကိုလဲ သတိပေးလိုက်ပါတယ်။ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပာဒ် လောဘကလေး ကိုယ်ခန္ဓာမှာ ပေါ်လာလို့ ရှိရင် ဥပါဒါန်ခန္ဓာ ပေါ်တော့မယ်။ (မှန်ပါ့)၊ ဥပါဒါန်ခန္ဓာပေါ်ရင် ကံခန္ဓာပေါ်တော့ မယ်။ (မှန်ပါ့)၊ ကံခန္ဓာ ပေါ်လို့ရှိရင် သေသည်၏ အခြားမဲ့၌ ဇာတိ ဇရာ မရဏတို့ ပြေးလို့ လွတ်ပါ့မလား။ (မလွတ်ပါ ဘုရား)။

တရားနာတုန်း ကိလေသာခြောက်တယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ သုတမယဉာဏ်ရတော့ တရားဟောလို့ သိတဲ့ သုတမယ ဉာဏ်ကလေး၊ သစ္စာလေး ရတဲ့ ဉာဏ်ကလေးရတော့ ဟောဒီ စသည့် ပဋိစ္စသမုပ္ပာဒ်ခန္ဓာထဲ မှာ ကိန်းနေတဲ့ အနုသယ ကိလေသာဟာ ဒကာ ဒကာမတို့ ခန်းခြောက်ပါတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ပွားများရင် ကိလေသာ ပျောက်တယ်

နောက် ကိုယ့်ဟာကိုယ် ခန္ဓာကလေး ဒုက္ခသစ္စာပါကလား၊ ဖြစ်ပြီး ပျက်နေတာ ဟုတ်သားပဲ၊ ဆရာဘုန်းကြီး ပြောတဲ့အတိုင်း ကိုယ်ကြံစည်လုံးနဲ့ကိုယ် လိုက်ထွက်သွားကာပဲ ဆိုတော့ စိန္တာမယ ကြံစည်လုံးနဲ့ ပြီးတဲ့ ဉာဏ်မရဘူးလား။ (ရ ပါတယ်)၊ အဲဒီ ကြံစည်လုံးကစပြီး ပွားများရင် ဟော်ဒီ ကိလေသာဟာ ပျောက်ပါတယ် (မှန်ပါ့)၊

ခုနင်ကတုန်းက တရားနာတုန်း ကတော့ ခြောက်တယ်။ (မှန်ပါ့)၊ ကိုယ်တိုင် အားထုတ်တော့ (ပျောက်ပါတယ် ဘုရား)၊ ပျောက်တယ် ဆိုတာကို သေသေချာချာ သိတော့မှ ဪ ဆရာကလဲ အရေးကြီးပါလား။ ကိုယ်ကလဲ အရေးကြီးပါလား။ (မှန်ပါ့)၊ နှစ်ယောက် အရေးကြီးလိုက်ရင် ပြီးသွားတာပဲ။ (မှန်ပါ့)။

သစ္စာဟောတတ်တဲ့ဆရာလိုတယ်

ဆရာ အရေးကြီးတာက သစ္စာတရား ဟောတတ်တဲ့ ဆရာ အရေး ကြီးတာဟာလဲ အင်မတန် အရေးပါတယ်၊ ဒကာ ဒကာမတွေကလဲ ဒီသစ္စာကြံလုံးနဲ့သိဖို့ရာ ဆိုတော့ ဆရာ အပေါ်မှာ အကုန်မှီ နေတယ်။ ခင်ဗျားတို့ကတော့ အိမ်ကလာ တုန်းကကော ဗလာလာ တာ၊ ဘာမှ မပါဘူး။ (မှန်ပါ့)၊ ဒီကျမှ ဆရာက အညွန့်ကလေး၊ အခက်ကလေးတပ်ပြီး သကာလ – အကုန် တန်ဆာဆင်ရတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ။)

ကိုင်း ဒါဖြင့် သုတမယဉာဏ်ရတုန်းက ပဋိစ္စသမုပ္ပာဒ် အလယ်ပိုင်းက တဏှာဆိုတဲ့ ပဋိစ္စသမုပ္ပာဒ်ဟာ မောင်နိုင် ဘာဖြစ် သွားသလဲ။ (ခြောက်သွားပါတယ်)။ သဘောကျပလား။ (ကျပါပြီ)။

ကိုစံလှတို့ ကိုယ်တို့ နောက်ကျတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ အိမ်မှာ စဉ်းစား လိုက်တာပေါ့။ အိမ်မှာ စဉ်းစားလိုက် တဲ့အခါ ဆရာဘုန်းကြီးဆီက ကြားရတာနဲ့ ကိုယ့်ဉာဏ်နဲ့ ကြံစည် ပြီး ခန္ဓာ တွေ့လိုက်ပြီ ဆိုတော့ ဟုတ်သားပဲရယ်လို့လဲ ဆုံးဖြတ်ချက် ချပါရော။ ဒီပဋိစ္စသမုပ္ပာဒ် အလယ်က ပြတ်ထွက်သွားတယ်။ (မှန်ပါ့)။

ကဲ ဒီလိုဆိုတော့ ဒီဘက် အနာဂတ် ဘာကြောက် – စရာရှိသေးသတုံး။ (မရှိတော့ပါ ဘုရား)၊ ဪ အိုနာ သေဘေး ဒုက္ခဘေးတို့မှ ကင်းဝေးပါပေါ့လားဆိုပြီး သကာလ ဝမ်းသာတယ်။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)။

ပေါ်တိုင်းပေါ်တိုင်း အသိပေးပါ

အဲဒီလို သုတမယဉာဏ်နဲ့ အလယ်ကိလေသာကို ဒီဘက် ကတော့ အဝိဇ္ဇာသင်္ခါရတွေကတော့ မလိုပါဘူး။ အတိတ်ကဟာတွေ (မှန်ပါ့)၊ ဒီဘက်က ဒကာ ဒကာမတို့ သိတဲ့အတိုင်း တရားနာနေတဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာငါးပါး (မှန်ပါ့)၊ ဘယ်သူပါလိမ့်။ (တရားနာနေတဲ့ ခန္ဓာငါးပါး)၊ ဝိညာဏ်၊

နာမ်ရုပ်၊ သဠာယတန၊ ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး။ – (မှန်ပါ့)၊ ဒီထဲက ဘာကလေး ပေါ်ပေါ် ဝေဒနာ ပေါ်လဲ ဒီက ဉာဏ် ကလေးနဲ့ ဒကာ ဒကာမတွေက ဪ ဒါဟာ ပေါ်တာလဲ ဒုက္ခ ပျက်တာလဲ ဒုက္ခပါကလားလို့ ခန္ဓာထဲက ပေါ်တိုင်း ပေါ်တိုင်း သိသိပေးပါ၊ သိပေးရင် ဟောဒီ ကိလေသာက ခြောက်သွားတယ်။ (မှန်ပါ့)။

ဒီ ကိလေသာ ဘာဖြစ်သွားသလဲ။ (ခြောက်သွားပါ တယ် ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။

ကြံစည်တဲ့ဉာဏ်နဲ့ အသုံးချလိုက်စမ်းပါ

နောက်ကျတော့ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေ ခင်ဗျားတို့ ကြုံလဲ ကြုံကြိုက်ခဲ ပါတယ်နော်၊ လိပ်ကန်း ထမ်းပိုးစွပ် မိသလို လူ့ဘဝ ရခဲတယ် ဆိုတာလဲ သိပြီးသား ဖြစ်နေလို့ အသုံးချ လိုက်စမ်းပါ၊ သူ့ဉာဏ်ကလေး ကြံစည်တဲ့ ဉာဏ်ကလေးနဲ့ အသုံး ချလိုက်စမ်းပါ၊ မဟောဘူးလား။ (ဟောပါတယ် ဘုရား)၊

အဲဒီ ကဲ့သို့ ဟောတော့ ဆရာဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကြံစည် တဲ့ ဉာဏ်ကလေးနဲ့ အသုံးချလိုက်တော့ စိတ်ကလေး ပေါ်လာ တယ်။ ပေါ်ပြီးရင် ဒကာ ဒကာမတွေ ဘာဖြစ်သွားသတဲ့။ (ပျောက်သွားပါတယ်)၊ ပေါ်တာက ဘာသစ္စာတုံး။ (ဒုက္ခ သစ္စာပါ)၊ ပျောက်တာကကော (ဒုက္ခသစ္စာပါပဲ)၊

ဒီက ကြံလုံး ကလေး။ ဒကာ ဒကာမတွေ ဝမ်းထဲမှာရှိတဲ့ ဉာဏ်ကလေးက သိသွားတော့ အဲဒီ ကိလေသာ ဘာဖြစ်သွားသတဲ့။ (ပျောက် သွားပါတယ်)၊ ကြံလုံးနဲ ဆက်လက် သိသွားတော့။ ဆုံးခန်းတိုင် ရောက်တော့ ပျောက်သွားတယ်။ (မှန်ပါ)၊ ကြားလုံးနဲ့ သိတော့ ကိလေသာ အစေး ခြောက်တယ်။ (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေပြတဲ့ နည်းကောင်း နေလို့။ (မှန်ပါ့)၊ ကိုယ်ကလဲ မရှာဘူး၊ တစ်နည်းအားဖြင့်လဲ ကိုယ်ကိုယ်တိုင် နှလုံးသွင်းမှုကလေးကလဲ ညံ့ဖျင်းနေလို့။ (မှန်ပါ့)၊ နို့မဟုတ်လို့ ရှိရင်တော့ သာဝကပါရမီဉာဏ်မှာ ဒါနဲ့ပြီး နိုင်တာပါပဲ။ (မှန်ပါ့)။

ဦးပြန့်ကြီးတို့ လူကြီးပိုင်းကလူတွေအားလုံး ဒကာ ဒကာ မကွေ့ ခဲယဉ်းသလားဗျာ။ (မခဲယဉ်းပါ ဘုရား)။

ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ကြံစည်ပွားများပါ

သစ္စာကိုကြားကတည်းက ကြားလို့ပြီးတဲ့ ဉာဏ်သည် ဟောဒီ ဝမ်းထဲရှိတဲ့ ကိလေသာကို ခြောက်စေပါတယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ-ပါပြီ)၊ နောက်ကျတော့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် ကြံစည် ပွားများလို့ ပြီးသွားတဲ့အခါကျတော့ ဘယ့်နှယ်ဆိုကြမတုံး။ (ပျောက်သွားပါတယ်)၊

ပျောက်သွားတော့ တဏှာနိရောဓာ (ဥပါဒါနနိရောဓော) တဲ့ ဥပါဒါန်ချုပ်သွားပြီ၊ ဘာလုပ်မယ်၊ ဥပါဒါနနိရောဓာ (ကမ္မဘဝနိရောဓော)၊ ကမ္မဘဝနိရောဓာ (ဇာတိနိရောဓော)၊ ဇာတိဇရာမရဏ နိရောဓော ပေါင်းကြစို့ ဆိုတော့။ (မှန်ပါ့)၊ ကိုင်း-ကိုယ့် ဒုက္ခသိမ်းသွားပြီ၊ မသိမ်းသေးဘူးလား။ (သိမ်းသွားပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ တရား နာနည်းကိုကလဲ ကိလေသာ ခန်းခြောက် အောင် နာတတ်မှနော်။ (မှန်ပါ့)၊ ကြံစည်နည်းက ကိလေသာ ပျောက်အောင် ကြံစည်တတ် မှ ကိစ္စပြီးတယ် ဆိုတာကိုဖြင့် လေးစားစွာနဲ့ မှတ်ပါတော့။ (မှန်ပါ့)။

ဘယ်လောက်အရေးကြီးတဲ့ စကားတုံး ဒကာ ဒကာမတို့။ (ကြီးပါတယ် ဘုရား)၊ အင်မတန် အရေးကြီးတော့တယ် ဆိုတာဖြင့် ဘာမှ သံသယမရှိနဲ့။ (မှန်ပါ့)။

တစ်ကြိမ်ပျောက်တော့ ဒိဋ္ဌိပါ ပျောက်သွားတယ်

ကိုင်း ဒါဖြင့် ဒီလိုများ ပျောက်သွားတဲ့အခါကျတော့ ဒါဟာ တစ်ကြိမ်ပျောက်ပါတယ်ဆိုတော့ ဒိဋ္ဌိပါ ပျောက်သွားတော့ တဏှာနဲ့ ဒိဋ္ဌိက တွဲလျက်ကို မောင်နိုင် (မှန်ပါ့)၊ တဏှာ ဒိဋ္ဌိပျောက်သွားတော့ ဒီက ဒိဋ္ဌုပါဒါန်ကော မပျောက်ဘူးလား။ (ပျောက်ပါတယ်)၊ ဒိဋ္ဌိကြောင့် ဖြစ်တဲ့ကံကော။ (ပျောက်ပါ တယ်)၊ ဒါကြောင့် ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိကြောင့်ဖြစ်တဲ့ကံ၊ ပဋိစ္စသမုပ္ပာဒ် ဒီလိုသွားပါ (မှန်ပါ့)။

သောတာပန်တည်သွားတာ

အားလုံး ရထားတာကတော့ တဏှာဥပါဒါန်တဲ့။ (မှန်ပါ့)၊ ဒီမှာတော့ ဒိဋ္ဌိနဲ့ ပတ်သက်တာ ပေါ်လွင်အောင် ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ (မှန်ပါ့)၊ သဘောပါပလား။ (ပါ ပါပြီ)၊ ဒီလိုဆိုတော့ ဒိဋ္ဌိချုပ်သွားတော့ ဒိဋ္ဌုပါဒါန်က (ချုပ် ပါတယ်)၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံက (ချုပ်ပါတယ်)။ ချုပ်သွားတော့ ဒကာ ဒကာမတို့က ဒိဋ္ဌိပြုတ်လို့ ဒီဘက်မှာ အပါယ်လေးပါးတည်း ဟူသော ဇာတိ ဇရာ မရဏတွေ မရှိဘူး။ (မှန်ပါ့)၊

သုဂတိ ဘဝတွေသာ ရှိတော့တယ်ဆိုတော့ ဪ ခုနင်က သုတမယ ဉာဏ်- စိန္တာမယဉာဏ်နဲ့ပဲ တစ်ဆင့် တက်လာတာနဲ့ အပါယ်လေး ပါး လွတ်သွားပြီ။ (မှန်ပါ့)၊ သောတာပန် တည်သွားတာကိုး (မှန်ပါ့)၊ သဘောပါပလား။ (ပါ ပါပြီ)။

ခန္ဓာထဲမှာ ဘာသစ္စာရှိပါလိမ့်

အဲဒီမှာ ဘုရားက ရှင်အာနန္ဒာကို အာနန္ဒာ- မင့်ဆွေမျိုး တွေ၊ မင့် ဒကာ ဒကာမတွေကို သနားလို့ရှိရင် သစ္စာစကားကိုသာ ပြောပြပါတဲ့။ (မှန်ပါ့)၊ မင့်ဆွေမျိုးတွေ၊ မင့်ဒကာ ဒကာမတွေ ကို သနားလို့ရှိရင် ဘာမှ မကြံစည်နဲ့၊ ခန္ဓာထဲမှာ ဘာသစ္စာရှိပါလိမ့် မတုံးသာ ကြံစမ်း။ (မှန်ပါ့)၊ ဒီပြင်ဟာ ကြံစည်မနေ နဲ့၊ အဲဒါ ချမ်းသာ အစစ်ရတာတဲ့၊ သေသေချာချာ မြတ်စွာဘုရား က ဟောတော်မူတယ်။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ ပါပြီ)၊ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိကြပလား။ (သိပါပြီ)။

ကိုင်း ဒကာ ဒကာမတို့ အိမ်ရောက်လို့ ကြံစည်ကြလို့ ရှိရင် ခန္ဓာထဲမှာ ဘာသစ္စာရှိပါလိမ့်မတုံး ကြံလိုက်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ကြံလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဪ ဖြစ်ပြီး ပျက်တဲ့ ဒုက္ခသစ္စာသာ ရှိပါကလားလို့ ဆုံးဖြတ်ချက်လဲ ကျပါရော။ ဒကာ ဒကာမတို့ သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်လာပြီး သောတပန် ဖြစ်သွားတာပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။

ကြိုးစားစမ်းပါ ဂရုဏာနဲ့တိုက်တွန်းနေတာ

ကြိုးစားစမ်းပါ- ကြီးစားစမ်းပါ ဆိုတာကိုလဲ အင်မတန် ကရုဏာကြီးနဲ့ ဒကာ ဒကာမတွေ တိုက်တွန်းနေတယ် ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒီလိုများ ရှုနိုင်လို့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံချုပ် သွားမယ်ဆိုရင် အပါယ်လေးပါး တည်းဟူသော ဒုက္ခကြီးမှ လွတ် သွားပြီ။ (မှန်ပါ့)၊ အပါယ်လေးပါးမှာလဲ ဇာတိဇရာမရဏ ရှိ တာကိုး။ (မှန်ပါ့)၊ ကဲ ဒီတော့ တိရစ္ဆာန် ဇာတိ ဇရာ မရဏရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ပြိတ္တာ ဇာတိ ဇရာမရဏကော (မရှိပါ ဘုရား)။ အသူရကာယ် ဇာတိဇရာမရဏကော (မရှိပါ ဘုရား)။ ငရဲရောက်မည့် ဇာတိဇရာမရဏကော (မရှိပါ ဘုရား)။

ဪ ဒါဖြင့် သုတမယဉာဏ်, စိန္တာမယဉာဏ်, ဉာဏ် နှစ်ခုကိုဖြင့် အခြေပြုပြီး သုတမယ ဉာဏ်ကို ဘုန်းကြီးက ပေးတာ၊ စိန္တာမယဉာဏ်က ခင်ဗျားတို့ ကြံတာ၊ ဒီနှစ်ခု ပေါင်းစပ်ရင် ပြီးတာ ပါပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ယူဇနာငါးဆယ်ပတ်လည်ရေကန်

ဒါကြောင့် သေသေချာချာ ကြိုးစားဖြစ်အောင် ကြိုးစားပါ ဆိုတာကိုလဲ တိုက်တွန်းပြန်တယ်။ (မှန်ပါ့)၊ နို့ ဒီလိုဖြစ်သွားတဲ့ အခါကျတော့ ကွာတဲ့ ကျေးဇူးခံစားရပုံကို သစ္စာသံယုတ်မှာ ဟော ပြန်တယ်၊ ဘယ်လိုဟောလိုက်ပြန်သတုံးဆိုတော့ ဒကာ ဒကာမ တို့ ယူဇနာ ငါးဆယ်ပတ်လည်ရှိတဲ့ ရေကန်ကြီး (မှန်ပါ့)၊ တစ် ယူဇနာမှာ ၁၃မိုင်ခန့် ရှိတော့ ဟိုဘက်ဒီဘက် ၁၃မိုင်ပေါင်း ငါး ဆယ်ချည့် လှည့်လိုက် မောင်နိုင်။ အနက်ကလဲ ၁၃မိုင် ငါးဆယ်။ အဲဒီမှာ ရေအပြည့်ထည့်ပါ၊ ရေကလဲ ကမ်းပေါ်က နေပြီး ကျီးကန်း ကို နားပြီးသောက်နိုင်တဲ့ ရေအပြည့်ဖြစ်ပါစေ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကျီးသောက်နိုင်တဲ့ရေအပြည့်

ယူဇနာပေါင်း ဘယ်လောက်တဲ့တုံး။ စတုရန်းငါး – ဆယ်ပတ်လည်။ အနက်ကတော့ (ငါးဆယ် ပါပဲ)၊ ရေကလဲ နှုတ် ခမ်းရေနဲ့ ညီနေရမယ်နော်။ အဲဒီမှာ ကျီးကို သောက်နိုင်အောင် ရှိရမယ်၊ ကျီးက ရေထဲဆင်း မသောက်ဘဲနဲ့ ကမ်းပေါ်က သောက် နိုင်ရမယ်ဆိုတော့ ရေပြည့်လျှံပြီး ရေမဝေးလို့ဆိုတာ မသေချာ ဘူးလား။ (သေချာပါတယ်)။

သမန်းမြက်နဲ့တို့ပြီးခါပါ

အဲဒါလောက် ရေကန်ကြီးထဲမှာ ဥပမာ-ကိုပေါ်တို့၊ ကို စံလှတို့က သမန်းမြက်ကလေးတစ်ခု ယူခဲ့တာပေါ့ဗျာ။ အဲဒီ မြက် ကလေးနဲ့ ရေကို တို့ပါ၊ တို့ပြီးတော့ ဒီဘက်သွားထား၊ နည်းနည်း ကလေးတော့ ရေပါသွားပြီး ကျသွားမှာပေါ့။ (မှန်ပါ့)၊ တစ်ခါ တို့ပါဦး၊ ခုနှစ်ခါတို့ပြီး ခုနစ်ခါခါပါ၊ ဟိုမှာ ကျန်တဲ့ရေနဲ့ မြက်ဖျား မှာ ပါလာတဲ့ ရေနဲ့ ဒကာ ဒကာမတို့ ဘယ်ရေက များပါ့မတုံး။ (ကျန်တဲ့ ရေတွေက များပါတယ် ဘုရား)၊ နှိုင်းချိန်လို့ကို (မရနိုင်ပါ ဘူး ဘုရား)၊ အင်မတန် များပြားတော့တယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ဘယ်လောက်အဖိုးတန်သတုံး

အဲ သုတမယဉာဏ်၊ စိန္တာမယဉာဏ်စသည်တို့ဖြင့် ကိလေသာ အစေးပျောက်ခဲ့သော် မင်းတို့ခံရမည့် ဒုက္ခတွေဟာ ရေကန်ထဲမှာ ကျန်နေတဲ့ ရေမှုန်နဲ့အမျှ ပျောက်ပါပြီတဲ့။ မြက်ဖျားနဲ့ ပစ်လိုက်တဲ့ ရေမှုန်လောက်ပဲ ကျန်ပါတော့တယ်တဲ့။ (မှန်ပါ့)၊ ကဲ ဒကာ ဒကာမတို့ ဘယ်လောက် အဖိုးတန် , သတုံး။ (တန်ပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊

ကြံစည်ပွားများခြင်းကို မလျှော့လိုက်ပါနဲ့

ဒါကြောင့် ဒကာ ဒကာမတို့ သုတမယဉာဏ်တော့ ဘုန်း ကြီးက ပေးထားတယ်။ စိန္တာမယဉာဏ်နဲ့ ကြံစည်ပွားများခြင်းကိုတော့ ဘယ်အခါ ကာလမှ မလျှော့လိုက်ပါနဲ့ဆိုတာ ပြောရတယ်။ (မှန်ပါ့)၊ မပြောထိုက်ဘူးလား။ (ပြောလိုက်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အများကြီး ရေမှုန်တွေ ဟာ ခုနင်က တို ထားတာက တစ်မှုန်ကိုး။ (မှန်ပါ့)၊ အဲဒါ တွေဟာ ခင်ဗျားတို့ အိုရ နာရ သေရတဲ့ဒုက္ခ ထားစမ်းပါ။ တစ်မှုန် မှာ အိုနာသေ၊ တစ်မှုန်မှာ အိုနာသေ၊ အပါယ်ငရဲကျ တိရစ္ဆာန် ဖြစ်လိုက်၊ အဲဒါလောက် ဖြစ်ရမည့် ဒုက္ခတွေ အကုန် ချုပ်ပါတယ်။ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကြိုးစားထိုက်၊ မကြိုးစားထိုက်။ (ကြိုးစားထိုက်ပါတယ် ဘုရား)။ သေသေချာချာ စဉ်းစားပါ။ သစ္စာ သံယုတ်မှာ ဒီဥစ္စာ ဘုရား ကိုယ်တော်တိုင် ဟောလို့ ဟောတာပါ။ (မှန်ပါ့)၊ အားငယ်စရာများ ရှိကြရဲ့လား။ (မရှိပါ ဘုရား)၊

သစ္စာတရားနာဖို့ အရေးကြီးတယ်

အဲဒီတော့ ရှေးဦးစွာ သစ္စာတရားကို သုတမယဉာဏ်နဲ့ နာဖို့ သိပ်အရေးကြီးတယ်။ (မှန်ပါ့)၊ နောက်ကျတော့ ကိုယ့် အရေးက ဘာတဲ့ (စိန္တာမယဉာဏ်ပါ ဘုရား)၊ ကိုယ့်ခန္ဓာထဲ ကြည့်ပြီး စိန္တာမယဉာဏ်နဲ့ အထမြောက်အောင် လုပ်လိုက်လို့ရှိ ရင် သုတမယဉာဏ်နဲ့ ခန်းခြောက်အောင် ဘုန်းကြီးကလဲ လုပ် ပေးပါ့မယ်။ (မှန်ပါ့)၊

စိန္တာမယဉာဏ်နဲ့ ခင်ဗျားတို့က ပျောက်အောင် လုပ်လိုက်လို့ရှိရင် ခုနင်က ယူဇနာငါးဆယ်ရှိတဲ့ ရေကန်ထဲ မှာ ရေမှုန်တွေ အများကြီးလောက် အိုရ နာရ သေရမည့် ဒုက္ခ၊ ကုဋီထဲ ပိုးလောက်ဖြစ်ရမည့် ဒုက္ခတွေ အကုန်သွားတာပဲ။ (မှန်ပါ့)၊ လုပ်ထိုက်၊ မလုပ်ထိုက် (လုပ်ထိုက်ပါတယ် ဘုရား)၊ ကြိုးစားကြစမ်းပါ၊ ကြိုးစားကြစမ်းပါ ဆိုတာကိုဖြင့် အင်မတန်မှ တိုက်တွန်းတယ်ဆိုတာ မောင်နိုင် သိရောပေါ့ (မှန်ပါ့)။

မောဃရာဇရဟန်း

ကိုင်း ဒါဖြင့် ဒီကြိုးစားနည်းကလေး ပြောစမ်းပါဦး ဘုရား ဆိုတော့ မောဃရာဇရဟန်း ဆိုတာ ရှိတယ်။ ဘုရားလက် ထက်တော်မှာ (မှန်ပါ့)၊ အဲဒီရဟန်းက ဒကာ ဒကာမတို့ ဘုရားကို မေးတယ်။ သုတ္တနိပါတ ်ပါဠိတော်မှာ လာတယ်။

ဘယ်လိုမေးလိုက်သတုံးဆိုတော့

ဤလောကကြီးထဲမှာ ဘုရားတဲ့၊ သေ မင်းမရှိတဲ့နေရာရယ်လို့ မရှိပါဘူး။ လူ့လောကမှာလဲ သေတာပဲ။ နတ်လောကမှာလဲ သေတာပဲ၊ တိရစ္ဆာန်လောကမှာလဲ သေတာ ပဲ။ အပါယ်လောကမှာလဲ သေတာပဲ၊ လောကသုံးပါးမှာဖြင့် အသေချည့်ဆိုတော့ တပည့်တော် သိတန်သလောက် သိနေပါပြီ။ (မှန်ပါ့)။

လောကသုံးပါးကြီးဟာ ဘာတဲ့။ (သေမင်းနိုင်ငံတွေ ပါ ဘုရား)၊ ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် “သမင်မွေးရင်း ကျား စားရင်း’’ ဆိုတဲ့ လောကီပုံပြင်စကားကို လူတိုင်းပါးစပ်က ထွက်ဖူး ပါတယ် (မှန်ပါ့)၊ ဒီမှာပဲ ခန္ဓာရတိုင်း သေမင်းပါးစပ်ထဲမှာ လမ်းဆုံးတယ်။ (မှန်ပါ့)။

ခန္ဓာရတိုင်း သေရမယ်

ခန္ဓာရတိုင်း ဘာတုံး။ (သေမင်းပါးစပ်ထဲမှာ လမ်းဆုံး ပါတယ် ဘုရား)၊ နတ်ဆုတောင်းတာလဲ သူ့ အစာဖြစ်ဖို့ (မှန် ပါ)၊ ဗြဟ္မာဆုတောင်းလိုက်တာကော (သူ့အစာဖြစ်ဖို့ပါ)၊ သေ မင်းအစာဖြစ်ဖို့ပဲ။ တောင်းကောင်း မကောင်းကောင်း (မတောင်းကောင်းပါ ဘုရား)၊ ကျုပ်တို့ သမင်ကလေး ဖြစ်ပြီးတော့ ကျားစားခံရပါလို၏ ဆိုတော့ ဘယ်ကောင်းတော့မတုံး။ (မှန်ပါ့) ကောင်းသေးရဲ့လား။ (မကောင်းပါ ဘုရား)၊ သမင် ဖြစ်ပြီး ကျားစားခံရပါလို၏ ဆိုတော့ ဒီသမင်လောက်မိုက်တဲ့ သမင်တော့ မရှိတော့ဘူး (မှန်ပါ့)။

ကျုပ်တို့လဲ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏၊ နတ်ဖြစ် ရပါလို၏ဆိုရင် သေမင်းကို နတ်ခန္ဓာကြီးနဲ့ ထွက်ရပါလို၏ (မှန်ပါ့)၊ ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)၊ ဗြဟ္မာ ဖြစ်ရပါလို၏ ဆုတောင်းတယ်၊ ဒကာ ဒကာမတွေလဲ နဂိုတုန်းက၊ သစ္စာမသိခင် တုန်းကပေါ့ဗျာ (မှန်ပါ့)၊ ဗြဟ္မာခန္ဓာကြီးနဲ့ သေမင်းအခွန်ဆက်ရပါလို၏၊ လှလှပပ ဖြစ်ရပါလို၏။ ကောင်းသေးရဲ့လား။ (မကောင်းပါ ဘုရား)၊ ပေါ်ကြပလား (မှန်ပါ့)။

သစ္စာမသိခင်တုန်းက

သစ္စာမသိတုန်းက ဖြစ်ထွေတွေပေါ့ဗျာ (မှန်ပါ့)၊ မကြီးကျယ်ဘူးလား။ (ကြီးကျယ်ပါတယ် ဘုရား)၊ သစ္စာမသိ တုန်းက မိုက်ချက်သန်လိုက်တဲ့ ဖြစ်ခြင်းတော့ဖြင့် ဘယ်လောက် မိုက်တယ်ဆိုတာ ဒကာ ဒကာမတို့ပြောတာက နည်းတယ်။ မိုက် တာက ပိုတယ်သာ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊ ဘာမသိခင် တုန်းကတုံး။ (သစ္စာမသိခင်တုန်းကပါ ဘုရား)။

မရဏမ္ပိ ဒုက္ခံ ဆိုတဲ့ ဒုက္ခသစ္စာကို မသိခင်တုန်းကတော့ ဒါတွေချည့် ဆုတောင်းတယ်၊ သမင်ဖြစ်ရပါလို၏ ဆိုရင် ကျားစား ခံရပါလို၏ (မှန်ပါ့)။

အဲဒါ သစ္စာမသိတဲ့ ပုဂ္ဂိုလ်များ အမှားတော်ပုံကဖြင့် အားလုံး တရားတစ်ပွဲလုံး အကြီးဆုံးသော ဆုံးဖြတ်ချက် ချကြပါ။ (မှန်ပါ့) ရှင်းပြီနော်။ (ရှင်းပါပြီ)။

သေမင်းနိုင်ငံကထွက်တဲ့တရား သနားပါ

ကိုင်း ဒါနဲ့ ဘယ်ကဲ့သို့ သေမင်းနိုင်ငံက လွတ်အောင်၊ သေမင်းနိုင်ငံက ထွက်တဲ့တရားကို တပည့်တော်အား သနားပါ ဘုရားလို့ မောဃရာဇရဟန်းက လျှောက်တာနော် (မှန်ပါ့)။

လောကကြီးထဲမှာဖြင့် သေမင်းနိုင်ငံကို အကုန် ခန္ဓာထိုး အပ်ရတာပဲ။ အခု ခင်ဗျားတို့ ဝအောင် ကျွေးနေတာလဲ သူ့ ကို ဝဝအပ်ဖို့သာ မှတ်ပါ။ (မှန်ပါ့)။ အခု ခင်ဗျားတို့ ခန္ဓာ ကိုယ်ကြီးကို ပြုပြုပြင်ပြင်နဲ့ ချောချောမောမော ဖြစ်အောင်လုပ်နေ တာလဲ ချောချောအပ်ဖို့ပါပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊

အခု ဒီခန္ဓာကိုယ်ကို ပြင်ကြဆင်ကြတာလဲ ဘာလုပ်ဖို့ ပါလိမ့်။ (သေမင်းအပ်ဖို့ပါ ဘုရား)။

ဪ ဒါနဲ့ သူ့အပ်ဖို့အလုပ်ကလဲ သူစားတဲ့၊ ဝါးတဲ့ အခါ ကောင်းကောင်းမွန်မွန် မျိုသိပ်ဖို့ဆိုတဲ့ အဓိပ္ပာယ် ရောက်မရောက် (ရောက်ပါတယ် ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ခန္ဓာရတဲ့ ပုဂ္ဂိုလ်၏ လမ်းဆုံးသိပလား။ (သိပါပြီ ဘုရား)၊ သေမင်းပါးစပ်မှာ လမ်းဆုံးပါတယ်။ ဘယ်လိုဆိုကြပါ့မလဲ။ (သေမင်းပါးစပ်မှာ လမ်းဆုံး ပါတယ်)။

ဪ ဒါဖြင့် သေမင်းပါးစပ် လမ်းဆုံးတာဟာ ကျပ် တို့မှာဖြင့် သေခြင်းဆိုးချည်းမှတ်။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (သေချင်းဆိုးချည်းပါ ဘုရား)၊ သေခြင်းဆိုးချည်း မှတ်လိုက်စမ်းပါ။ သူများ ပါးစပ်ထဲ လမ်းဆုံးရ တယ်ဆိုတော့ ငါးကလေးဖြစ်တော့ လူ့ပါးစပ်ထဲ လမ်းဆုံး၊ ငါး ငါးချင်းစားလို့ လမ်းဆုံး ဆိုတော့ မောင်နိုင် ကြည့်လို့ကို ကောင်းရဲ့ လား။ (မကောင်းပါ ဘုရား)၊ ဘာဖြစ်လို့ မကောင်းသတုံးလို့ မေးတဲ့အခါကျတော့ မချိမဆံ့ရရှာတာ။ (မှန်ပါ့)၊ မဆိုနိုင် ကြဘူးလား။ (ဆိုနိုင်ပါတယ်)။

ဒီမှာလဲ ခင်ဗျားတို့ ကျုပ်တို့ သေခါနီးများ ကြည့်စမ်းပါ။ သေမင်း ဝေဒနာက္ခန္ဓာကြီးက နှိပ်စက် လိုက်လို့ ဟိုအကြောဆွဲ၊ ဒီ အကြောဆွဲလိုက်၊ ဟိုရှုံ့လိုက်၊ ဒီမဲ့လိုက်။ ဪ သေမင်းက ဖြင့် စားနေပြီ။ သူကဖြင့် ရှုံ့မဲ့ပြီး ခံရတုန်းပဲ ရှိသေးတာဆိုတာ ဝေဒနာသေမင်းက စားနေတယ်။ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သေမင်းဆိုတာ ခန္ဓာငါးပါး

ဘယ်သူက စားသတုံး။ (ဝေဒနာသေမင်းက စားပါ တယ်)၊ အဲ သေမင်းဆိုတာကလဲ တခြား မမှတ်နဲ့၊ ခန္ဓာငါးပါး ပဲ။ ဝေဒနာက သေမင်းလုပ်ပြီးတော့ စားလိုက်တော့၊ ဘေးက ကြည့်နေတော့ သေမင်းရယ်လို့ မသိတော့ ဪ ဝေဒနာ နှိပ်စက်လို့၊ အခံရခက်ရှာလွန်းလို့နဲ့ ကျွတ်များထိုးလို့၊ ဘေးကလာ ပြီးတော့ သေမင်းစားနေတာ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါတွေ မသိရှာတော့ ဆရာရယ် ဒိပြင်ဆေးသတ္တိ ကုန်ပလား ဒီထက်ကောင်းတဲ့ဆေးများ ထိုးစရာ၊ သောက် စရာ ရှိသေးသလား တဲ့။ မရဘူး။ သေမင်းက စားလို့ မချိမဆုံ ကိုပဲ ခံနေရပြီ။ သေမင်းပါးစပ်ထဲရောက်လို့ မချိမဆံ့ခံ့နေရ တယ်။ ဝေဒနာသေမင်း ပါးစပ်ထဲရောက်လို့။ (မှန်ပါ့)။

ဒါကြောင့် ရာဓကိုဟောတော့ – ဝေဒနာမာရော တဲ့။ ဝေဒနာ – ဝေဒနာသည်၊ မာရော – သေမင်းကွတဲ့။ (မှန်ပါ့)။

အကြောတွေကတောင်ဆွဲမြောက်ဆွဲ

အဲဒီမှာ သေခါနီးကျတော့ ဒကာ ဒကာမတွေသိတဲ့ အတိုင်း မချိမဆံ့ကြီးဖြစ်ပြီး သကာလ ဝိညာဉ်က မချုပ်နိုင်၊ အကြောတွေက တောင်ဆွဲ-မြောက်ဆွဲ၊ လူက ဟိုလှိမ့်ချင်, ဒီလှိမ့် ချင်နဲ့ ဘာဖြစ်တာတုံး မေးတော့ ဝေဒနာသေမင်းစားလို့ မချိမဆံ့ ခံရတာပါ (မှန်ပါ့)။ ပေါ်ပလား။ (ပေါ်ပါပြီ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။

အဲဒီလို သေမင်းနိုင်ငံကြီးမှ လွတ်တဲ့နေရာကလေး တပည့်တော်ကို အမိန့်ရှိတော်မူပါဘုရားလို့ လျှောက်တယ်။ (မှန်ပါ့)၊ တော်တော်ပညာရှိတဲ့ မောဃရာဇ ရဟန်းပဲ (မှန်ပါ့)။

ဒီနေ့ ဒီတရားသာ လုပ်တော့

အဲဒီတရားကို ဒကာ ဒကာမတွေ ယနေ့ ဒါသာလုပ် တော့၊ တရားအရှည် မလိုက်ပါနဲ့၊ ဒီဟာကိုသာ သိမ်းပိုက်ပါတော့ ဆိုတာကို အတိအလင်းပြောလို့နော် (မှန်ပါ့)။ မနေ့ကလဲ ဒီနှစ်လုံးတည်းပဲ ပြောတယ်။ ဒီနေ့တော့ သုံးလုံးပြောရလိမ့်မယ်။ (မှန်ပါ့)၊ ဘုန်းကြီးက တစ်နာရီ ကြာကြာ ပြောတာ ဒကာ ဒကာမတို့နော်။ (မှန်ပါ့)၊

အနှစ်ကျကျ မှတ်စရာကတော့ နှစ်လုံးရယ်၊ တစ်ခါတစ်လေ သုံးလုံးရယ် ဒါပဲပါတယ်။ (မှန်ပါ့)၊ ဒီပြင်မပါလှပါဘူး။ ဒါကို တန်ဆာဆင်ပြီး သကာလ ခင်ဗျားတို့ နား လည်မှုတန်ဆာဆင်ရတာက များနေတယ်။ (မှန်ပါ့)။

ပြော ချင်တာတတော့ ထမင်းလေးချက် ပြောချင်တာပဲ၊ ကလေးက နား မလည်တော့ ထမင်းဆိုတာဟေ့ ဆန်ကိုချက်တာ၊ ဆန်ဆိုတာ စပါးက ဖြစ်တာ၊ စပါးရအောင် မြေကို နွားနဲ့ထွန်ပြီး စိုက်ရတယ် စသည်နဲ့ ထမင်းဖြစ်အောင် ပြောနေရတော့ ကြာနေတာပေါ့ဗျာ။ (မှန်ပါ့)၊ မကြာဘူးလား (ကြာပါတယ်)။

အဲဒါလောက်ထိအောင် ခင်ဗျားတို့ကို ပြောနေရတော့ ကြာနေတာ။ နဂိုက ထမင်း နားလည်ပြီးသား ဖြစ်ရင် အလွယ် ကလေးနဲ့ ပြီးတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ မောဃရဟန်း ဆိုတာက သေမင်းနိုင်ငံ လွတ်တဲ့နေရာကို တပည့်တော်ကို ဟောတော်မူပါတဲ့ (မှန်ပါ့)၊ သေမင်းနိုင်ငံ လွတ်တဲ့တရားကိုပဲ အားထုတ်ချင်တယ်။ မောင်နိုင် လျှောက်ပုံ သဘောကျပလား။ (ကျပါပြီ)။

ဘယ်တရားအားထုတ်ချင်ပါလိမ့်

ဘယ်တရား အားထုတ်ချင်ပါလိမ့်။ (သေမင်းနိုင်ငံက လွတ်တဲ့တရားကို အားထုတ်ချင်ပါတယ်)၊ သေမင်းနိုင်ငံ လွတ်တဲ့ တရားကို အားထုတ်ချင်တယ်ဆိုတော့ ဒကာ ဒကာမတွေ ခုနင်က သေပုံမှာ မချိမဆံ့ ခံနေရတာမြင်ရတော့ သေမင်းက စားနေတာ၊ ဝေဒနာက စားနေတာ မဟုတ်လား (မှန်ပါ့)။ ဝေဒနာက စား ပြီး သကာလ နေတော့ ဒကာ ဒကာမတွေမှာ ဟိုလှိမ့် ဒီလူးနဲ့ ရေတောင်းချင် ရတာနဲ့၊ ဘာနဲ့ ညာနဲ့ မောင်နိုင် ဒီအတိုင်း မနေဘူး လား။ (နေပါတယ်)။ အဝတ်တွေ ကန်ပစ်ချင်ပစ်၊ အဝတ်တွေ ဆွဲဖုံးချင်ဖုံး၊ ဘာဖြစ်တာတုံးမေးတော့ သေမင်းစားနေလို့ မချိမဆုံ နေရတာ (မှန်ပါ့)။

ဘယ်လိုဆုံးဖြတ်ချက် ချမလဲ။ (သေမင်းစားနေလို့ မချိမဆံ့ခံနေရတာပဲ ဘုရား)၊ စဉ်းစားပါ- စဉ်းစားပါ။ ဝေဒနာသေ မင်းက စားနေတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျ ပါပြီ ဘုရား)။

ခန္ဓာဆုတောင်းတာ

ဒီအဖြစ်မျိုး ဘယ်နှစ်ခါ တွေ့ဖူးကြပလဲလို့ မေးလို့ရှိရင် ဂဏန်းတော့ မပြပါရစေနဲ့တော့။ မရေမတွက် နိုင်တော့ဘူး။ (မှန်ပါ့)၊ ဒါဟာ သစ္စာမသိလို့ ခန္ဓာဆုတောင်းယူတာ။ (မှန်ပါ့)၊ မရဏမ္ပိဒုက္ခံ ဆိုတဲ့ မရဏဒုက္ခသစ္စာကို မသိလို့။ (မှန်ပါ့)။ ဝေဒနာဟာ ဒုက္ခသစ္စာပဲဆိုတော့ ဝေဒနာက္ခန္ဓာ သွားတော့မှာကိုး ဗျ။ (မှန်ပါ့)။ နတ်ချမ်းသာဖြစ်ရပါလို၏ ဆိုတော့ နောက် ဝေဒနာက္ခန္ဓာ သွားတယ် (မှန်ပါ့)၊ ဗြဟ္မာချမ်းသာ ဖြစ်ရပါလို ၏ဆိုတော့ (နောက်ဝဒနာက္ခန္ဓာသွားပါတယ်)၊ ဒါဟာ သေမင်း သွားတောင်းတာပါလား။ (မှန်ပါ့)။

ပါးစပ်ကထွက်ရက်တာ လွန်လွန်းတယ်

ဘယ်လိုဆိုကြပါ့မလဲ။ (သေမင်းသွားတောင်းတာပါ ဘုရား)။ သေမင်း သွားတောင်းတာ ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာက ပါးစပ်က ထွက်ရက်တာပဲ လွန်လွန်းတယ်။ (မှန်ပါ့)။ ဉာဏ်က ဘိတ်ဘိတ်တုံး၊ ကန်းနေတာက ပြောစရာ မရှိအောင် မိုက်တယ်။ (မှန်ပါ့)၊

ဆိုထိုက်-မဆိုထိုက်- (ဆို ထိုက်ပါတယ် ဘုရား)၊ ဦးပြန့် ဆိုထိုက်-မဆိုထက် (ဆိုထိုက်ပါတယ် ဘုရား)။ ဆိုလိုက်တယ်နော်။ ဘယ့်နှယ် လူချမ်းသာဖြစ်ရ ပါလို၏ဆိုတော့ ဝေဒနာက္ခန္ဓာ တောင်းတာပဲ၊ ချမ်းသာဆိုတာ သုခဝေဒနာမဟုတ်လား။ (မှန်ပါ့)။

ကဲ ဝေဒနာဆိုတာ ဒကာ ဒကာမတို့ သေမင်းပါကလား။ (မှန်ပါ့)၊ ဝေဒနာနဲ့ မသေတဲ့ ပုဂ္ဂိုလ် ဘယ်သူများ ရှိသတုံး။ (မရှိပါ ဘုရား)။ ဒါဖြင့် သေမင်း ဟုတ်-မဟုတ်။ (ဟုတ်ပါတယ် ဘုရား)၊ သဘောပါပလား။ (ပါ-ပါပြီ)။

အဲဒါပဲ လူချမ်းသာ ဖြစ်ရပါလို၏ ဝေဒနာက္ခန္ဓာ သေမင်း၏ စားဖတ်ဝါးဖတ်အဖြစ် ကျုပ်ဖြစ်ရပါ လို၏ ပဲ။ (မှန်ပါ့)၊ ဆိုးဝါးလိုက်တဲ့ဖြစ်ခြင်း။ (ဆိုးပါတယ် ဘုရား)။

ဒကာဒကာမတို့ အခု နားထောင်ကြည့်စမ်း၊ အခု သစ္စာ သဘောနားလည်ပြီးမှ နားထောင် ကြည့်တော့ ခင်ဗျားတို့ ပါးစပ် က ထွက်ရက်သေးရဲ့လား။ (မထွက်ရက်ပါ ဘုရား)၊ သေမင်း နိုင်ငံ ရောက်ရပါလို၏လို့။ (မှန်ပါ့)၊ ကောင်းကြသေးရဲ့လား။ (မကောင်းပါ ဘုရား)။

အဲဒါ အခု အင်မတန် ဉာဏ်ကြီးလာကြပြီမို့ တရားတစ်ပွဲ လုံး မကောင်းပါဘူးဘုရားဆိုတာ ဒီအသံကြီး ထွက်လာတာ။ (မှန်ပါ့)။ ရှေးတုန်းကလိုဖြင့် ဘာ ဒီလိုရမလဲ ဒကာ ဒကာမတို့။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ် ခံစားပြီး ၍ဆိုရင် အကြိမ်ကြိမ် တစ်ကြိမ်တည်း စာဖတ် ဝါးဖတ်ပြီးပြီး၍ ဆိုတာ သိကိုမသိဘူး။ (မှန်ပါ့)။ သိပါ့မလား။ (မသိပါ ဘုရား)၊

အဲဒါလောက်ထိအောင် ကျုပ်တို့ အရုပ်ဆိုး အကျည်းတန်ခဲ့တယ် ဆိုတာဖြင့် ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲ။ (မှန်ပါ့)။

ဘယ်လို ဆိုကြပါ့မယ်။ (ကိုယ့်အကြောင်းကိုယ် အသိဆုံးပါ ဘုရား)။ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

တရားသုံးလုံးပြောမလို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပြောပါတော့မယ်။ တရားသုံးလုံးတည်း ပြောပါတော့မယ်။ (မှန်ပါ့)။ တရားကို ဒကာ ဒကာမတို့ စာလာတဲ့အတိုင်း ခင်ဗျားတို့ နားလည်မှုကို တန်ဆာ ဆင်ပြောတော့ ၁-၂-၃ ဒီသုံးလုံးကို ပြောပါတယ်။(မှန်ပါ့)၊

၁-က ဘာတုံးဆိုတော့ ငါ (မှန့်ပါ့)၊ ၂-က ဘာတုံး ဆိုတော့ ငါ့ဥစ္စာ (မှန်ပါ့)။ ၃-က ဘာတုံး ဆိုတော့ ငါ့ဥစ္စာ မဟုတ်။ (မှန်ပါ့)။

ငါ, ငါ့ဥစ္စာ

၃-က ဘာတုံးဆိုတော့ (ငါ, ငါ့ဥစ္စာမဟုတ်)။ ၁-က ဘာ တုံး (ငါ-ပါ ဘုရား)၊ ၂ က ဘာတုံး (ငါ့ဥစ္စာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒါ မောဃရာဇရဟန်းကို ဟောတာ။ (မှန်ပါ့)။

၁-က ဘာတဲ့ (ငါပါ)၊ ၂-က (ငါ့ဥစ္စာ)၊ ၃-က (ငါ့ဥစ္စာ မဟုတ်တာကို)၊ ဒီရောက်မှ ပြီးမယ်။ (မှန်ပါ့)။ ငါ, ငါ့ဥစ္စာ မဟုတ်တဲ့ဆီ ရောက်ပါမှ သစ္စာတွေဖက် (မှန်ပါ့)၊ နို့ မဟုတ်ရင် မတွေ့သေးပါဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ် ချက်ချပြီး မှတ်လိုက်တာပေါ့။ (မှန်ပါ့)။

ငါ, ငါ့ဥစ္စာ မဟုတ်တာ

ဒါ တရားသားပဲ ဒကာ ဒကာမတို့ တရားသားပဲ သေသေ ချာချာမှတ်ပါ။ ၁-က ဘာတုံး (ငါ-ပါ ဘုရား)၊ ၂-က ဘာတုံး (ငါ့ဥစ္စာပါ)၊ ၃-က ဘာတုံး (ငါ, ငါ့ဥစ္စာမဟုတ်တာပါ)၊ ဒီငါ, ငါ့ဥစ္စာ မဟုတ်တာ ရောက်လာလို့ရှိရင် မောဃရာဇ ရဟန်း မပူနဲ့တော့၊ သေမင်းနိုင်ငံက လွတ်ပြီတဲ့ (မှန်ပါ့)၊ ၁-နဲ့၂-က ဖြင့် သေမင်းနိုင်ငံတရားလို့ မှတ်ပါ။ ၃-ဟာ သေမင်းနိုင်ငံက လွတ်တဲ့တရားလို့သာ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

သေမင်းနိုင်ငံကလွတ်တဲ့တရား

၁နဲ့ ၂က သေမင်းနိုင်ငံထဲမှာ စာဖတ် ဝါးဖတ်ဖြစ်ရတဲ့ တရားနှစ်ခု။ ၃ကျမှ သေမင်းနိုင်ငံက လွတ်တယ် ဆိုတာ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

၁နဲ့၂က သေမင်းင်ငံမှာ ကျင်လည်ကျက်စားနေရတဲ့ စားဖတ် ဝါးဖတ်ဖြစ်ရတဲ့အလုပ် (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ)။ ၃ကတော့ ဘာတဲ့ (သေမင်းနိုင်ငံမှလွတ်တဲ့ တရား ပါ)။

အဲ သူက မေးထားတာ ကြည့်ပါလား။ သေမင်းနိုင်ငံ မှ လွတ်တဲ့တရားကို တပည့်တော် လိုချင်ပါတယ် ဆိုတော့ ဘုရား ကမင်း ၁နဲ့၂ကို ရှောင်ပြီး ၃ဖြစ်အောင် လုပ်ကွာ ဒီလိုပြော တဲ့ အဓိပ္ပာယ်ပဲ။ (မှန်ပါ့)။

သုံး ဖြစ်အောင်လုပ်ရမယ်

၁နဲ့၂ရှောင်ပြီးတော့ ဘာတဲ့ (၃ဖြစ်အောင် လုပ်ရပါ မယ်)။

ဒကာ ဒကာမတွေ နားလည်ပြီးသားပါ။ သို့သော် မြတ် စွာဘုရား ဟောတော်မူတာ ဒေသနာ ဆန်းကြယ်လွန်းလို့ ဆန်း ကြယ်ပုံကို ဟောပြနေတာ (မှန်ပါ့)။ ဒီ ဒကာ ဒကာမတွေလဲ နိဂုံးချုပ် လိုက်ရင် အကုန် နားလည်တယ်။ (မှန်ပါ့)။ ဒီတရားတွေက နားရည်ဝနေပြီ၊ လေးငါးခုနှစ်လပတ်လုံး ဟောထားလို့။ (မှန်ပါ့)။

မောဃရာဇရဟန်းက လောကကြီးထဲမှာ သေမင်းနိုင်ငံ နဲ့ လွတ်တာ မရှိပါဘူးတဲ့။ အဲဒီတော့ သေမင်းနိုင်ငံ လွတ်တာကို တပည့်တော် ရချင်ပါတယ်ဆိုတော့ ၁-၂ကို ရှောင် ၃ကို ဆောင်ဆို တဲ့ အဓိပ္ပာယ် ရောက်တဲ့တရားကို ဟောပါတယ်။ (မှန်ပါ့)။ ဒါလဲ ဒကာ ဒကာမတို့ ဒီနေ့ ဒီဥစ္စာ အင်မတန် အဖိုးတန်သွားပါတယ်။ (မှန်ပါ့)။

အဲဒါကလေးသာ သေသေချာချာ မှတ်ထား ကြပါ။ ဒါကတော့ဖြင့် မမေ့ပါနဲ့။ လွယ်အောင် ပြောထားပါတယ်။ (မှန်ပါ့)၊ ၁-၂ကိုရှောင်၊ ၃ကို ဆောင်ပြီးတာပဲ။ ဒါဟာ သေမင်း နိုင်ငံ လွတ်သွား တာပဲ။ (မှန်ပါ့)၊ ၃ကိုဆောင်နိုင်ရင် သေမင်း နိုင်ငံက လွတ်တာပါပဲ။ (မှန်ပါ့)။

တစ်နဲ့နှစ်ကို ရှောင်ရမယ်

၁-၂ကို ဘာလုပ်ရမလဲ (ရှောင်ရပါမယ်)။ ၃ကိုတော့ (ဆောင်ရပါမယ်)၊ ဆောင်သည်နှင့် တစ်ပြိုင်နက်တည်း သေမင်းနိုင်ငံက လွတ်ပြီလို့ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)။ ဒါ ဘုရားဟောတော် မူတာပါပဲ (မှန်ပါ့)။

သို့သော် ဘုရားဟောတော်မူတဲ့ အတိုင်း ပါဠိတွေ ပါဌ်သားတွေနဲ့ ဆိုရင် ဒကာ ဒကာမတွေ နား လည်မှုရှိမှာ မဟုတ်လို့ ပါဠိတော်ကို ဘုန်းကြီးများက နားလည်အောင် တန်ဆာဆင်ပြီး အဓိပ္ပာယ် နားလည်ရင် ပြီးရော ဆိုပြီး ပြောရတာ (မှန်ပါ့)။ အဓိပ္ပာယ်က ကိုးစားရာလို့ မှတ်ကြပါ။ (မှန်ပါ့)။ ခင်ဗျားတို့သိတဲ့ အဓိပ္ပာယ်ဟာ ခင်ဗျားတို့၏ ကိုးစားရာ ဖြစ်ပါတယ်။ (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ၁-၂ကိုရှောင်၊ ၃ကို ဆောင်ဆိုတဲ့ တရား ကို ဟောမယ်။ သဘောကျပလား။ (ကျပါပြီ)။

သုံးက တဏှာနဲ့ ဒိဋ္ဌိစွဲပြုတ်တယ်

၁-၂ကို ဘယ့်နှယ်ကြောင့် အရှောင်ခိုင်းရသတုံး။ ၃ကို ဘယ့်နှယ်ကြောင့် အဆောင် ခိုင်းရသတုံးလို့ ဆိုရင်ဖြင့် ၁-ကငါ၊ ဒိဋ္ဌိဖြစ်နေတယ်။ ၂-က ငါ့ဥစ္စာ တဏှာစွဲ ဖြစ်နေတယ်။ (မှန်ပါ့)။ ၃-က ငါ့ဥစ္စာ မဟုတ် ဆိုတာ တဏှာနဲ့ ဒိဋ္ဌိစွဲပြုတ်သွားတယ်။ (မှန်ပါ့)။ ဒိဋ္ဌိပြုတ်တော့ သောတပန်၊ တဏှာ အကုန်ပြုတ်တော့ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့)၊ သဘောကျပလား။ (ကျ ပါပြီ)၊

အဲဒါကြောင့် ၁-၂ကိုရှောင်၊ ၃ကို ဆောင်ဆိုတဲ့ အဓိပ္ပာယ် ကို ဘုရားဟောတော်မူတာ။ (မှန်ပါ့)။

တရားထူးတရားမြတ်တွေနဲ့ ကြုံရတယ်

ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ အင်မတန်ကို ကံကောင်း တော့ ဉာဏ်ကောင်းသလို သုံးစမ်းပါ ဆိုတဲ့ အဓိပ္ပာယ်ဟာဖြင့် ခဏခဏ သတိပေးရတယ် (မှန်ပါ့)။ ကံကတော့ဖြင့် အင်မ ဟန်ကောင်းလို့ တွေ့ကြဆုံကြရတယ်၊ တရားထူး တရားမြတ်တွေ နဲ့ ကြုံ၊ ခင်ဗျားတို့မှာလဲ ကျန်းမာမှုကလဲရှိ၊ ထောင်တတ်တဲ့ နား ကလဲရှိ၊ လာနိုင်တဲ့ ဝီရိယ ကလေးကလဲရှိလို့ အင်မတန်မှ ထူး ခြားနေတဲ့အခါမှ ကံကောင်း သလောက် ဉာဏ်ကောင်းအောင် အသုံးချလိုက်ပါ (မှန်ပါ့)။

ကံကောင်းသလောက်ဉာဏ်ကောင်းအောင်

ဘယ်လိုမှာပါလိမ့်။ (ကံကောင်းသလောက် ဉာဏ် ကောင်းအောင် အသုံးချလိုက်ပါ)။ ခင်ဗျားတို့ ဉာဏ်ကလေး အသုံးချလိုက်စမ်းပါ (မှန်ပါ့)။ သံသရာ စခန်းသတ်တဲ့ ဉာဏ် ကလေး အသုံးချ လိုက်စမ်းပါ ဆိုတာကို တိုက်တိုက်တွန်းတွန်းနဲ့ပဲ သတိပေးလိုက်တယ်။ (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးက ဒီ ဒကာ ဒကာမတွေ နှမြော တယ်။ ဒီ ဒကာ ဒကာမတွေ အားလုံး အတွက် နှမြောတယ်။ တချို့ အသက် အရွယ်ကြီးတော့ ကံကောင်း ဉာဏ်ကောင်း အချိန်တွေ ကျတော့ တဏှာ ခိုင်းရာ သုံးပစ်ခဲ့တယ်။ ကံမွဲဉာဏ်မွဲ ကျမှ ရိပ်သာ ရောက်လာတယ်။ အတော် ခက်နေတယ် (မှန်ပါ့)။ မခက်ဘူး လား။ (ခက်ပါတယ် ဘုရား)။

ဉာဏ်ကောင်းတွေ သုံးပစ်ခဲ့ပြီ

ကံကောင်း, ဉာဏ်ကောင်းတွေကျတော့ တဏှာခိုင်းတာ နဲ့ အရောင်းနဲ့ အဝယ်နဲ့ သွားမှု၊ လာမှုနဲ့ ရောင်းမှု, ဝယ်မှု, သားရေး, သမီးရေးကျွေးမှု, သား၊ သမီးတွေကို ကြံဖန်ပြီး ပြုစုမှုဆိုတော့ ကံကောင်း, ဉာဏ်ကောင်းတွေကို အဲဒီမှာ သုံးပစ်ခဲ့တယ်။ ရိပ်သာ အားထုတ်ဖို့ ရောက်လာတော့၊ အသက်အရွယ်က ကြီးတော့ ကံမွဲ ဉာဏ်မွဲ ဖြစ်နေတယ်။ (မှန်ပါ့)။ အဲဒီမှာ တစ်ခါ ဆရာဘုန်းကြီးက ထပ်ပြီး တွေ့ရပြန်တော့ နဂိုက ထက်ထက်နဲ့ လာခဲ့ရင် ဒါလောက် မပင်ပန်းဘူးပေါ့ဗျာ။ (မှန်ပါ့)။ ရှင်းပါ လား။ (ရှင်းပါပြီ)။

အခုတော့ဖြင့် ဒကာ ဒကာမတွေက ကံတွေ၊ဉာဏ်တွေ က အတော်တုံးလာခဲ့၊ တဏှာ ခိုင်းထားလို့ လူမှ လူစဉ်မမီတဲ့ အခြေအနေ၊ စိတ်သာကဝိတက်တွေကလဲ များတဲ့အချိန်၊ ရုပ်တွေ ကလဲ ညှိုးနွမ်းတဲ့အချိန်၊ ပူစရာ ပင်စရာတွေကတော့ (များပါ တယ် ဘုရား)။ စိုးရိမ်စရာ၊ ကြောင့်ကြစရာ တွေကကော (များတဲ့အချိန်ပါ)၊

ဒီတော့ ဒီအချိန်ကျတော့ ဒုက္ခတွေက များမနေဘူးလား။ (များနေပါတယ် ဘုရား)၊ အဲဒီတော့ ဒုက္ခများတယ် ဆိုကတည်းက ကံမွဲ၊ ဉာဏ်မွဲလို့ ဒုက္ခများတာပေါ့။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)၊

အဲဒီအချိန်ကျတော့မှ ကယ်တော်မူပါဦးဘုရား။ ယူတော်မူပါဦးဘုရား ဆိုပြီး ရိပ်သာရောက် ကကြတာ ခက်လိုက်တဲ့ဖြစ်ခြင်းမျှ မပြောပါနဲ့တော့။ (မှန်ပါ့)။

ကံမွဲဉာဏ်မွဲမှရောက်လာတာ

ဒကာ ဒကာမတွေ ခင်ဗျားတို့ နှိပ်ချပြောတာလား။ အမှန် ပဲလား ပြောစမ်းပါဦး။ (အမှန်ပါ ဘုရား)၊ အမှန်ပါပဲ၊ ကံကောင်း, ဉာဏ်ကောင်းတွေ ဘယ်အထဲ သုံးခဲ့ကြသလဲ။ (တဏှာခိုင်းရာ သုံးခဲ့ပါတယ်) ကံမွဲ ဉာဏ်မွဲကျတော့ ဘယ်ရောက် လာသတုံး။ (ရိပ်သာ ရောက်လာပါတယ်)။ ဟာ ဖြစ်မှ ဖြစ်ရလေဗျာ ဘုန်းကြီးကံပဲ။ (မှန်ပါ့)။ မဆိုထိုက်ဘူးလား။ (ဆိုထိုက်ပါတယ်)၊ ဆိုကို ဆိုလိုက်တယ် ဆိုတာဖြင့် ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါလို့ သတိပေးရတယ်နော်။ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီနေ့ဟောမည့်တရား ဂဏန်း ဘယ်နှစ် လုံးပါလိမ့်။ (သုံးလုံးပါ ဘုရား)၊ မောင်နိုင် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးတဲ့ရတဲ့ ပါရမီကြောင့် ရတဲ့ ဉာဏ်တော်ကြီးနဲ့ ဒီသုံးလုံးနဲ့ ကိစ္စပြီးရမယ် ဟောတော်မူထားတာ (မှန်ပါ့)။ ၁-၂ကို ရှောင်ပြီး ၃ကို ဆောင်ရင် ကိစ္စပြီးပါ တယ်။

ကိုင်း ဒါဖြင့် ၁-၂-၃ကို ဒီမှာထားလိုက်ပါဦး။ (မှန်ပါ့)။ ခန္ဓာငါးပါးထဲ ၁ ၂ကို ခင်ဗျားတို့က ဝင်ဝင်ရှုပ်တယ်။ (မှန်ပါ့)။

ခန္ဓာငါးပါးထဲ ဘယ်သူက ဝင်ရှုပ်သလဲ။ (၁-၂ က ဝင်ရှုပ်ပါတယ်)၊ ၁-၂ ဝင်ဝင်ရှုပ်နေတယ် ဆိုတော့ ဒါကလေးက ဥပမာမယ် မောင်နိုင်တို့ ကိုပေါ်တို့၊ ကိုစံလှ ခန္ဓာငါးပါး။(မှန်ပါ့)။

ဒီဟာကလေးက ဒီခန္ဓာငါးပါးနေဖို့ ထိုင်ဖို့ ဆောက်ထားတဲ့အိမ်။ (မှန်ပါ့)။ ဒါကလေးက သားကလေး, သမီးကလေး (မှန်ပါ့)။ ဒီလို မရှိပေဘူးလား။ (ရှိပါတယ်)။

လူတစ်ယောက်က ဝင်မေးလိုက်တယ်၊ ဒီဟာ ဘယ်သူ တုံးလို့ဆိုတော့ ဒီဟာ ကျွန်တော် ပါပဲဗျာ။ ကျုပ်ပါပဲ။ ငယ်တဲ့ လူတွေကျတော့ ငါပေါ့ကွာတဲ့။ ခန္ဓာငါးပါးကို ဘာလုပ်ထားသလဲ။ (ငါလုပ်ထားပါတယ်)။

ဒီပစ္စည်းဟာ ဘယ် သူ့ပစ္စည်းလဲ၊ ငါ့ပစ္စည်းကွ။ ဒီ ငါရှိလို့ ငါ့ပစ္စည်းဟာ ဘယ်သူ့ ပစ္စည်းလဲ၊ ငါ့ပစ္စည်းကွ။ ဒီငါရှိလို့ ငါ့ပစ္စည်း ထွက်လာတာ (မှန်ပါ့)။ အိမ်ကလေးက ဘယ်သူ့အိမ် ဖြစ်သွားသတုံး။ (ငါ့ အိမ်ဖြစ်သွားပါတယ်)၊ ဒီခန္ဓာထဲမှာလဲ ငါရှိနေလို့ ငါ့အိမ်ဟာ ငါ့ အိမ်လာဖြစ်တယ်။ (မှန်ပါ့)။ ငါလို့ ထင်နေတာက ခန္ဓာငါး ပါးကို ငါလို့ထင်နေတဲ့ ဒိဠိ (မှန်ပါ့)။

အဲဒီဒိဋ္ဌိက ကြီးပွားလာတာနဲ့ ဒီအိမ်ကလေးဟာ ဘယ်သူ့အိမ်တုံးဆိုတော့ ငါ့အိမ်ဆိုပြီး သိမ်းပိုက်တဲ့ အတွက် တဏှာဖြစ်လာတယ်။ (မှန်ပါ့)။ သဘောကျပလား။ (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိက ငါမဟုတ်လား။ (မှန်ပါ့)၊ တဏှာက ငါ့ဥစ္စာ။ ရှင်းပလား။ (ရှင်းပါပြီ)။

နှိပ်စက်တဲ့တရားတွေ့ တွေ့ပြီ

ဒကာ ဒကာမတွေ တစ်သံသရာလုံး နှိပ်စက်တဲ့တရား တွေ့ပြီ။ (မှန်ပါ့)။ တွေ့ပြီ-တွေ့ပြီ။ ခန္ဓာ ကိုတော့ ဘာဆို သတုံး။ (ငါပဲ)၊ အိမ်နဲ့ သားသမီးတွေကျတော့ (ငါ့ဥစ္စာပါ)။ ရွှေငွေ ကျောက်သံတွေ ကျတော့ (ငါ့ဥစ္စာပါ)၊ ဪ ဒါ နှိပ်စက်နေတာကိုး။ (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ)

တစ်သံသရာလုံး နှိပ်စက်တဲ့တရား

တစ်သံသစရာလုံး နှိပ်စက်တဲ့ တရားသည် ငါနဲ့ ငါ့ဥစ္စာ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ ဘယ်သူနဲ့ ဘယ်သူ ရန်ဖြစ်တယ် ဆိုလို့ရှိရင်လဲ ငါ့ထိရင် မခံဘူး။ မလာဘူးလား။ (လာပါ တယ်)၊ ဪ သူ့ကြောင့် ဒုက္ခဖြစ်ရတာပဲ (မှန်ပါ့)။

ငါ့ဥစ္စာ ထိရင်လဲ မခံဘူးကွ၊ တဏှာကလဲ ထိရင် မခံတဲ့ ဘက်ကပဲ။ (မှန်ပါ့)။ ဒိဋ္ဌိကကော (မခံတဲ့ဘက်ကပါပဲ)။ ဒီဘက် ချည့် သွားမနေကြဘူးလား။ (သွားပါတယ် ဘုရား)။

အဲဒါကြောင့် သံသရာမှာဖြင့် သူတို့ ချဲ့နေတာ၊ ပပဉ္စ တရားတဲ့၊ သံသရာ ရှည်အောင် လုပ်တဲ့အထဲ သူတို့ဗိုလ်ပဲ။(မှန်ပါ့)။

တဏှာနဲ့ ဒိဋ္ဌိပဲ၊ မာနဆိုတာကတော့ သူက နောက်လိုက် ပါ၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ တဏှာပြုတ်ရင် မာန အထူးသတ်စရာမရှိပါဘူး။ မာနရော ပါသွားတာပဲ။ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြည့်လိုက်တဲ့ အခါ ငါထင်တယ် (မှန်ပါ့)။ အထည်အလိပ်တွေ ဝတ်ဆင် ထားတာကျတော့ ငှားဝတ်သလားလို့မေးတော့ ဘယ်လိုပြော သတုံး။ (ငါ့အဝတ်ပါ ဘုရား)။ သူတို့မို့ မေးရက်ပါပေတယ်။ ကျုပ်ဥစ္စာပါ။ ကျုပ်ဘယ်တုန်းက ဘယ် ပန်းထိမ်ဖိုမှာ လုပ်ထား တာပါ၊ ငါ့ဥစ္စာအစစ်ပါ၊ မရှက်ဘူး။ မျက်နှာမှ မငဲ့ဘဲနဲ့ မေးတယ် ဆိုတော့ ငါ့ဥစ္စာ မဟုတ်မှာကို သိပ်ကြောက်နေတာကိုး။ (မှန်ပါ့)။ ငှားဝတ်လာတာလားလို့ မေးရမှာကို အင်မတန် ကြောက် နေတယ်။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)၊

ခင်ဗျားတို့ ခေါင်းက ပဝါတွေဘာတွေ ကိုယ်ပိုင်မှ ဟုတ်ကြရဲကလား ဆို တော့ အရှင်ဘုရား တပည့်တော်တို့ ဒါလောက်တော့ ဝတ်နိုင်ပါ သေးတယ် မလာဘူးလား။ (လာပါတယ်)၊ ငါ့ဥစ္စာပျောက် သေးရဲ့လား။ (မပျောက်ပါ ဘုရား)၊ အဲဒါ ငါ့ဥစ္စာ ဘယ်က လာပါလိမ့်မတုံး။ (ငါကလာပါတယ်)၊ ရှင်းပြီနော် ဒကာ ဒကာမတို့။

ဒါဖြင့် ငါဆိုတာက -၁၊ ငါ့ဥစ္စာဆိုတာက -၂ အဲဒီနှစ်ခုကို ရှောင်ပြီး သကာလ ငါ, ငါ့ဥစ္စာ မဟုတ်ဘူးဆိုတဲ့ ဉာဏ်ရောက်လာ လို့ရှိရင် ပစ္စည်းကတော့ ရှိချင်ရှိပေစေ၊ ခန္ဓာက ရှိချင် ရှိပေစေ။ အိမ်က ရှိချင်ရှိပေစေ။ သားသမီး ရှိချင်ရှိပေစေ၊ ငါ, ငါ့ဥစ္စာသာ ဉာဏ်ထဲမှာပျောက်ရင် သောတပန် တည်၏။ ရဟန္တာကျအောင် သွားနိုင်၏။ သဘောကျပလား (ကျပါပြီ)။

ငါပြုတ်ချင်ရင် အလုပ်လုပ်

ကိုင်း ဒါဟာ အလုပ်မပြဘဲနဲ့တော့ ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ ဒီစခန်းဟာ မရောက်နိုင် တော့ဘူး။ (မှန်ပါ့)။ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)၊ အလုပ်ကိုပြမှ ရောက်မယ် (မှန်ပါ့)။ ဒါဖြင့် ငါပြုတ်ချင်ရင်လဲ အလုပ်လုပ်၊ ငါ့ဥစ္စာပြုတ်ချင်ရင်ကော (အလုပ် လုပ်ရပါမယ်)။

သုညဖြစ်မှ ပြီးမယ်

ဒါ့ကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ၁-ကငါ၊ ၂-ကငါ့ ဥစ္စာ၊ ၃-က ငါ့ဥစ္စာ မဟုတ်ဆိုတော့ ၁-လဲ မဖြစ်စေနဲ့၊ ၂-လဲ မဖြစ်စေနဲ့၊ သုညဖြစ်မှ ပြီးမယ် (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)။

ဘာဖြစ်မှ ပြီးမလဲ။ (သုညဖြစ်မှ ပြီးပါမယ်)၊ အို ဒီသုညကတော့ အဖိုးတန်တယ်၊ သိပ် အဖိုးတန်ပါတယ် ဒကာ ဒကာမတို့၊ ဘာမှ မစုံတဲ့ ဖိုးသုညကိုမဟုတ်ဘူး။

ဖိုးသုညကတော့ ဘာမှ အသုံးမကျတဲ့လူကို ဆိုတာ။ (မှန်ပါ့)။ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ဒီသုညကတော့ သိပ်ပြီး အဖိုးတန်တယ်၊ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သုည၊ သုညတဖြစ်ပါတယ်။ (မှန်ပါ့)။ သုည တနိဗ္ဗာန် ဆိုတာ ဒါပါပဲ၊ သူက နိဗ္ဗာန်ဘက် သွားနိုင်တယ်ဆိုတဲ့ ဥစ္စာ၊ သဘော ကျပလား (ကျပါပြီ)။

သိတဲ့ဉာဏ်ကလေး ကျန်ရမယ်

ဪ ဒါဖြင့် ၁-လဲ ပြုတ်ရလိမ့်မယ်၊ ၂-လဲ ပြုတ်ရ မယ် ဆိုတော့မှ ကိုယ့်သန္တာန်မှာ သုညဆိုတာ သိတဲ့ဉာဏ်ကလေး ကျန်ရမယ်။ (မှန်ပါ့)၊ ၁-လို့ မှတ်ထားတဲ့ သဘောကို ဖြုတ်၊ ၂-လို့ မှတ်ထားတဲ့ သဘောကော (ဖြုတ်ရပါမယ်)၊ သုညမှတ် တဲ့ သဘောကလေးကျန်နေရင် ကိစ္စပြီးပြီ။ (မှန်ပါ့)။ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)။

အင်မတန်မှ အရေးကြီးပါတယ်ဆိုတာ ဒကာ ဒကာမတို့ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဒါဖြင့် ၁-၂ကိုရှောင်၊ သုညကို ဆောင်ရတော့မယ် (မှန်ပါ့)။

၁-၂ကိုရှောင်- ဘာတုံး။ (သုညကို ဆောင်ရပါမယ်) အဲ ခုနင်ကတုန်းက ၃နံပါတ်ကို ဆောင်ပြောတာ ၃-နံပါတ်ဟာ သုည (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

သုညတနိဗ္ဗာန်ဆိုတာ

၃-နံပါတ်ဆိုတာ ဘာပါလိမ့်။ (သုညပါ ဘုရား)၊ သုညဆိုတော့ သုညတဆိုက်သွားပြီနော်။ (မှန်ပါ့)။ ဒါကြောင် သုညတနိဗ္ဗာန်ဆိုတာ ဪ ၁-၂ဖြုတ်လိုက်လို့ပါကလား။ (မှန်ပါ့)။ ပေါ်ကြပလား။ (ပေါ်ပါပြီ)။

အခု ဒကာ ဒကာမတွေ ဘယ်သူနှိပ်စက်နေတယ်ဆိုတာ ဖြင့် သိကြပါပြီ။ (သိပါပြီ ဘုရား)၊ အင်း ဘယ်သူပါလိမ့်။ (၁-နဲ့ ၂ပါ ဘုရား)၊ ၁-က ဘာပါလိမ့် (ငါ)၊ ၂-ကကော (ငါ့ဥစ္စာပါ)၊ ဪ ဒကာ ဒကာမတွေ ဒါတွေနှိပ်စက်ပြီး သကာလ နေသောကြောင့် သုညကို တစ်ခါမှ မဖြစ်ခဲ့တဲ့အတွက် အပါယ် လေးပါးဟာ ကိုယ့်အိမ်ဖြစ်နေရတယ် (မှန်ပါ့)။

အပါယ်လေးပါးဟာ ဘာဖြစ်နေရသလဲ။ (ကိုယ့်အိမ် ဖြစ်နေရပါတယ်)၊ ဘာမဖြစ်ခဲ့လို့ပါလိမ့် (သုည မဖြစ်ခဲ့လို့ပါ ဘုရား)၊ သုညမဖြစ်ခဲ့ကတည်းက သောတာပန် မတည်နိုင်ဘူး။ (မှန်ပါ့)။ တည်နိုင်ပါ့မလား။ (မတည်နိုင်တော့ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် သုညဆိုတာ အနတ္တလို့လဲ ဆိုနိုင်တယ်။ သုည သုညတလို့ ဆိုနိုင်တယ်။ သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါနဲ့ မောဃရဟန်းက သေမင်းနိုင်ငံက ထွက် ချင်တယ်၊ သေမင်း၏ စားဖတ်, ဝါးဖတ် မဖြစ်ချင်ဘူး ဆိုတဲ့ဥစ္စာ၊ မေးပြန်တော့ ငါ ဖြေပါတော့မယ်ဆိုတော့

“သုညတော လောကံ အဝေက္ခဿု

မောဃရာဇ သဒါသတော။

အတ္တာနု ဒိဋ္ဌိံ ဦဟစ္စ။

ဧဝံ မစ္စုတရော သိယာ။

ဧဝံ လောကံ အဝေက္ခန္တံ၊

မစ္စုရာဇာ နပဿတိ တဲ့။

ငါဘုရားကိုယ်တော်တိုင် ဟောသွားတာ။ (မှန်ပါ့)။ မောဃရာဇ- မောဃရာဇရဟန်း။ လောကံ- မင်းတို့ခန္ဓာ ရုပ် နာမ်နှစ်ခုကို။ သုညတော – ၃နံပါတ် ဖြစ်အောင် (ဝါ) သုညဖြစ် အောင်၊ အဝေက္ခဿု- ရှုပေးပါတဲ့။ သဘောကျပလား၊ (ကျပါပြီ)။

သုညဖြစ်အောင် ရှုပေးပါ

ခန္ဓာကြီးကို ဘယ်လိုရှုပေးရမလဲ (သုညဖြစ်အောင် ရှုပေးရပါမယ်)။ သုညဖြစ်အောင်ရှု။ ရှုနည်းကိုလဲ သင်ပါ့မယ် ဒကာ ဒကာမတို့။ (မှန်ပါ့)။ သဒါ- အခါခပ်သိမ်း။ သတော- သတိရှိသည်ဖြစ်၍။ လောကံ -ရုပ်နာမ်လောကကြီးကို။ သုညတော -၃နံပါတ် သုညဖြစ်အောင်။ အဝေက္ခဿ- ရှုလိုက်စမ်းပါကွ။ (မှန်ပါ့)။

ငါ၊ ငါ့ဥစ္စာ ပြုတ်အောင်ပါ

အဲဒီသုညဟာ ဘာတုံးဆိုတော့ ‘‘အတ္တာနုဒိဋ္ဌိံ ဦးဟစ္စ’’ -တဲ့။ သုည မဖြစ်နိုင်တာက ငါ, ငါ့ဥစ္စာ ရှိနေလို့ပါ။ အတ္တာနုဒိဋ္ဌိ ရှိနေလို့ ထုတ်ပစ်ပါတဲ့။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)။ ဧဝံ မစ္စုတရော သိယာ- ခုနင်က ၁နဲ့ ၂ကို ဖြုတ်လိုက်လို့ရှိရင် သေမင်း စားဖတ်, ဝါးဖတ်အဖြစ်မှ လွတ်ပါတယ်တဲ့၊ သဘောကျ ပလား။ (ကျပါပြီ။)

သေမင်းမမြင်တဲ့နေရာရောက်ပြီ

ဧဝံ-ဤသို့။ လောကံ-ရုပ်နာမ်ကို။ အဝေက္ခန္တံ- ရှုကဲ့ပုဂ္ဂိုလ် ၁ ကို (ဝါ) ၁နဲ့ ၂ကို ပြုတ်အောင် ရှုတဲ့ပုဂ္ဂိုလ်ကို၊ န ပဿတိ -မြင်တောင် မမြင်ရဘူးတဲ့။

စားရာမှာ, ဝါးရမှာ ဝေးလို့ သူမမြင်တဲ့နေရာ ရောက်သွားပြီ။ (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ အင်မတန် အဖိုးမတန်ဘူးလား။ (တန်ပါတယ် ဘုရား)

အဲဒါ သုတ္တန်နိပါတ်ပါဠိတော်မှာ ဟောပါတယ်။ (မှန်ပါ့)၊ ပါဠိတော် ဆိုတာ ကိုယ်တော်တိုင် ဟောတာ ပါကလားဆိုတာ ရှင်းကြ ပလား။ (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ရှုကြပါဦးစို့။ ဒကာ ဒကာမတို့ အခေါ်မို့ ခေါ်ရတယ်၊ ရှိတာက ဘယ်နှစ်ပါးပါလိမ့်။ (ငါးပါး ပါ ဘုရား)၊ ငါးပါးထဲမှာ ၁နဲ့၂ မဝင်အောင် လုပ်ကြပါစို့။ ၁ ဝင်မှာလဲ ကြောက်ရ၊ ၁ရှိရင် ၂ရှိတော့မယ် (မှန်ပါ့)။ အဲ ၁နဲ့၂သာ ရှိနေလို့ရှိရင် ပဋိစ္စသမုပ္ပာဒ် စ,ပေါ့လို့ အောက်မေ့လိုက်ပါ။ (မှန်ပါ့)။ ၁နေရင်လဲ ပဋိစ္စသမုပ္ပာဒ် စတာပဲ၊ ၂ရှိနေ ရင်ကော (ပဋိစ္စသမုပ္ပာဒ် စ,တာပါပဲ)။

ဝေဒနာရှုရှု စိတ်ရှုရှု

ဒကာ ဒကာမတို့ ဝေဒနာရှုရှု စိတ်ရှုရှု ကြိုက်တာရှု။ (မှန်ပါ့)။ စိတ်ကလေး တစ်ခုကိုပဲ မူတည်ကြပါစို့။ အသက် ကလေး မှန်မှန်ရှူနိုင်လို့ တော်ပဲ တော်သေးတယ်။ မပြောကြဘူး လား။ (ပြောပါတယ်)။ အသက်ကလေး မှန်မှန်ရှုနိုင်သေးလို့ တော်ပဲ တော်သေးရဲ့။ ပြီးတော့ ဒီတင်ဆုံးတာ မဟုတ်ဘူး။ ငါ့မှာ တဲ့- ဒီလိုလာတာဗျ။ (မှန်ပါ့)။

စစ်စစ် – လေကို အပြင်ဘက်ထုတ်တဲ့ စိတ်ကလေးက လေကို လုပ်လိုက်တယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)

စိတ်ကလေးကို အပြင်ဘက်ထုတ်လိုက်တယ်

လေကို လုပ်လိုက်တယ် ဆိုတော့ ဒကာ ဒကာမတွေ သင်္ကြန်ချိန်ကို ကလေးတွေ သံပြွတ် ကလေးတွေနဲ့ ရေမပက်ကြ ဘူးလား။ (ပက်ပါတယ်)၊ အဲဒီပြွတ်ထဲ နောက်ကနေပြီး သကာလ၊ ရေစုပ်ပြီး သကာလ လေထိုးလိုက်တဲ့ အခါကျလို့ရှိရင် ရေလေးတွေ အပြင်ဘက် မထွက်ဘူးလား။ (ထွက်ပါတယ်)၊ အဲ နောက်က ထိုးတံ၏ စွမ်းရည်သတ္တိကြောင့် လေကနေ မှုတ်ထုတ်လိုက်တယ်ဆိုရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ ဒီမှာလဲ စိတ်ကနေပြီး ရေနဲ့တူတဲ့လေကို အပြင်ဘက် ထုတ်လိုက် ကယ်။ (မှန်ပါ့)၊ ထိုးတံနဲ့တူတဲ့ စိတ်ကနေ လုပ်လိုက်တယ်။ (မှန်ပါ့)။

စိတ်ကနေပြီး လေကို လုပ်လိုက်တယ်

ရေဟာ သူ့အလိုလို ထွက်လာတာလား။ ထိုးတံ၏ စွမ်း ရည်သတ္တိလား။ (ထိုးတံ၏ စွမ်းရည်သတ္တိပါ ဘုရား)၊

အဲဒီ အတိုင်းပါပဲ ဒကာ ဒကာမတို့ စိတ်ကလေးကနေပြီး လေကို လုပ် လိုက်ပါတယ်။ (မှန်ပါ့)။ ပြန်ပြီး ဆွဲယူပြန်တော့လဲ ဘယ်သူက ဆွဲယူသလဲ။ (ထိုးတံနဲ့ ဆွဲယူပါတယ်)။

ထိုးတံကနေ ဆွဲယူ လိုက်တော့ ရေတွေဟာ ဝုန်းဝုန်းပါလာတယ်။ (မှန်ပါ့)။ ဒါဖြင့် ထိုးတံအပေါ်မှာ အကုန်မှီနေတယ်။ ဆွဲထုတ်တာလဲ သူပဲ။ (မှန်ပါ့)။ ရေအပြင်ထွက်ချင်ရင်လဲ သူပဲ။ ရေအတွင်း ဆွဲချင် ရင်ကော (သူပါပဲ)။ အဲဒီထိုးတံ ဖိုတံနဲ့ ခင်ဗျားတို့ ထမ်းထမ်း သွားတာကလေး မတွေ့ဘူးလား။ သားရေပတ်ကလေးတွေ မရှိ ဘူးလား။ (ရှိပါတယ်)၊ အဲဒီ သားရေပတ်ကလေးနဲ့ စိတ်နဲ့တူ တယ်။ ရေနဲ့ လေနဲ့ တူတယ်နော်။ (မှန်ပါ့)။

အာရုံဒွါရကြောင့်ဖြစ်တာ

အဲဒီစိတ်ကလေးဟာ ဒကာ ဒကာမတို့ ဘယ်သူ့ကြောင့် ဖြစ်သတုံးဆိုတော့ အာရုံဒွါရကြောင့် ဖြစ်တယ်။(မှန်ပါ့)။ ရှင်း ပလား။ (ရှင်းပါပြီ)၊ အာရုံကြောင့်ဖြစ်တဲ့ စိတ်ကလေးပါ ဆိုသဖြင့် ဒီစိတ် ကလေးဟာ ငါလားလို့လဲ မေးလိုက်ရင် စိတ်လို့သာ ဆိုပေတော့ ငါက ဒီအထဲမှာ ဝင်လို့ကို ရသေးရဲ့လား။ (မရပါ ဘုရား)။

စိတ်နဲ့ငါနဲ့ မရောစေနဲ့

အဲဒါ စိတ်နဲ့ငါနဲ့ မရောစေနဲ့ (မှန်ပါ့)။ စိတ်ဟာ စိတ် ပဲ။ အဲဒီစိတ်ကို ငါက သွားရောတယ်။ (မှန်ပါ့)။ သဘောကျပ လား။ (ကျပါပြီ)၊ မရောစေနဲ့။ ဪ ဒါဟာစိတ်၊ ဪ ဒါဟာစိတ်၊ ဒါဟာစိတ်၊ သတိပဋ္ဌာန်မှာ သရာဂစိတ္တံ သာရာဂစိတ္တန္တိ ပဇာနာတိ ဝီတရာဂစိတ္တံ ဝီတရာဂစိတ္တန္တိ ပဇာ နာတိ- စိတ်ကို စိတ်မှန်းသိအောင် လုပ်စမ်းပါကွာတဲ့။ မလာ ဘူးလား။ (လာပါတယ်)။

စိတ်ကို စိတ်မှန်းသိအောင်လုပ်ဆိုတာ ဘာတုံး။ (သတိပဋ္ဌာန်ပါ)၊ စိတ်ကလေး ပေါ်လာတယ်၊ ဘယ်စိတ်ပေါ်ပေါ် စိုက်ကြည့်။ မြွေမှန်ရင် တွင်းထဲဝင်လိမ့်မယ် ဆိုတဲ့အတိုင်း တော်တော်ကြာ ပျောက်ပျောက် သွားလိမ့်မယ်။ မပျောက်ဘူးလား။ (ပျောက်ပါတယ် ဘုရား)၊ ပျောက်တဲ့ အခါကျတော့ ဪ ပျောက်တဲ့ဓမ္မာ ဝမ်းထဲရှိတယ် (မှန်ပါ့)။

ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်လို့ ရှုပေး

ဒါဖြင့် ငါဟုတ်ရဲ့လား။ (မဟုတ်ပါ ဘုရား)၊ ငါ့ဥစ္စာ ဟုတ်ရဲ့လား။ (မဟုတ်ပါ ဘုရား)၊ အင်း ဒီစိတ်သည်ကား လို့ဆိုရင် ငါလဲ မဟုတ်လို့ ပျောက်တယ်။ (မှန်ပါ့)၊ ရှင်းပ လား။ (ရှင်းပါပြီ ဘုရား)၊ ငါ့ဥစ္စာမဟုတ်လို့လဲ တားလို့ ဆည်း လို့ ရရဲ့လား။ (မရပါ ဘုရား)၊ ဒါဖြင့် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ် လို့သာ ရှုပေး (မှန်ပါ့)။

ပြောချင်သလိုပြောပါ

အဲဒီလို ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်လို့ သိတဲ့အခါကျတော့ ဒီအဝတ်တွေလဲ ငါမဟုတ်, ငါ့ဥစ္စာ မဟုတ်၊ အိမ်ရာတွေ, သား သမီးတွေကော (ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်ပါ ဘုရား)၊ အပြောတော့ ပြောချင်သလို ပြောပါ။ ဘုရား ရဟန္တာ များတောင် ငါ့ သပိတ်၊ ငါ့သင်္ကန်း စသော ဝေါဟာရ ပြောရ သေးတာပဲ။ (မှန်ပါ့)၊ ဉာဏ်မှာပျောက်ရင် ပြီးတာပဲ။ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ငါရှိရင် ငါ့ဥစ္စာရှိလိမ့်မယ်။ (မှန်ပါ့)။

ဖြစ်ပြီးမှ ပျောက်တာချည်းပဲ

ဒါဖြင့် ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်များမှာ ငါကော ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ ငါ့ဥစ္စာကော (မရှိပါ ဘုရား)၊ ဘယ်စိတ်ရှုရှု ပေါ်တဲ့စိတ်ရှု ခင်ဗျားတို့သန္တာန်မှာ အရိယာစိတ်လဲ မပေါ်သေးပါဘူး (မှန်ပါ့)၊ ပုထုဇဉ် စိတ်တွေပဲ ပေါ်မှာပါပဲ။

ပေါ်တဲ့စိတ်ဟာလဲ ဖြစ်ပြီး ပျက်တာပဲဆိုပြီး သကာလ ပါးစပ်နဲ့ မရှုနဲ့၊ ဉာဏ်နဲ့ကြည့်ပြီး သကာလ ဪ် ပျောက်သွားပြီ၊ ပျောက် သွားပြီ ဆိုရင် ဖြစ်ပြီးမှ ပျောက်တာချည်း မှတ်လိုက်။ (မှန်ပါ့)။

အဲဒီကဲ့သို့ မှတ်လိုက်တော့ ငါဟုတ်သေးရဲ့ လား။ (မဟုတ်ပါ ဘုရား)၊ ငါ၊ ငါ့ဥစ္စာမဟုတ်ရင် သူတစ်ပါးလားမေးတော့ သူတစ်ပါးလဲ မဆိုနဲ့။ (မှန်ပါ့)၊ သူတစ်ပါးရှိနေရင် မိမိရှိနေဦး မယ်။ (မှန်ပါ့)၊ မရှိပေဘူးလား (ရှိပါတယ်)။

ငါ ငါ့ဥစ္စာဆိတ်သုဉ်းတဲ့ သုညလို့မှတ်

အဲ သူတစ်ပါးရှိနေရင် မိမိရှိမှာပဲ ဖြစ်နေတော့ ငါလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး။ ငါ၊ ငါ့ဥစ္စာ ခေါ်စရာမရှိတဲ့၊ ငါ၊ ငါ့ဥစ္စာ ဆိတ်သုဉ်တဲ့ သုညလို့ မှတ်လိုက်ကြပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သုညပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာက သုည၊ သိတာက မဂ္ဂ

အဲဒီကဲ့သို့ပေါ်တိုင်း ခေါ်စရာ မရှိဘူး သုညဆိုတာ ဒါပဲ။ ငါလို့လဲ ခေါ်စရာမရှိဘူး။ ငါ့ဥစ္စာလို့လဲ ခေါ်စရာမရှိဘူး။ ငါ၊ ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ သုညဆိုတာ ဒါပဲလို့ သိပေးသည်နဲ့ “ တစ်ပြိုင်နက်တည်း ခန္ဓာက သုည၊ သိတာက မဂ္ဂသွားဖြစ်တယ်။ (မှန်ပါ့)။

ခန္ဓာက ဘာတုံး။ (သုညပါ)၊ သိတာက (မဂ္ဂပါ)၊ မဂ္ဂဖြစ်နေတော့ ခန္ဓာခင်တတ်တဲ့ ငါဟုတ်လား။ (မှန်ပါ့)၊ ငါ ရှိနေလို့ရှိရင်၊ ငါ့ဥစ္စာရှိနေလို့ရှိရင် ငါစွဲလမ်းရမှာပဲဆိုတဲ့ တဏှာ ဥပါဒါန်တွေ ဘယ့်နှယ် နေသတုံး။ (ချုပ်သွားပါတယ် ဘုရား)။ ငါ၊ ငါ့ဥစ္စာ ဆိတ်သုဉ်းတယ်လို့ သိတဲ့ပုဂ္ဂိုလ်မှာ တဏှာဥပါဒါန် တွေ ချုပ်ပါတယ်။ (မှန်ပါ့)။

အပယ်လေးပါး အကုန်ချုပ်တယ်

အဲ ဆိတ်သုဉ်းတာက သုည။ ဆိတ်သုဉ်းမှန်း သိတာ က (မဂ္ဂပါ ဘုရား)။ သေတာက တဏှာ ဥပါဒါန် ကံ၊ အပါယ် လေးပါး ဇာတိ ဇရာ မရဏ အကုန်ချုပ်။ (မှန်ပါ့)၊ သဘောပါ ကြပလား။ (ပါ ပါပြီ)။

ဒါဖြင့် ၁-၂ကို ရှောင်။ (၃ကို ဆောင်ရပါမယ်)၊ ၁ -၂ ရှောင် သဘောကျပလား။ (ကျပါပြီ)။

အဲဒီ သုညဆိုက် လိုက်လို့ရှိရင် ငါ, ငါ့ဥစ္စာ မဟုတ်တော့ ဘူး။ ဒုက္ခသစ္စာသာ ဟုတ်တော့တယ် ဆိုတာ အလိုလို ပေါ်လာ တယ်။ (မှန်ပါ့)၊ မပေါ်လာဘူးလား။ (ပေါ်လာပါတယ် ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။