197

ဘာပါရမီမှမစောင့်နဲ့ မဂ္ဂင်သာဝမ်းထဲရောက်ပါစေ

အသံဖိုင်ခေါင်းစဉ်= မသေရာ အမတနိဗ္ဗာန် တရားတော်

စာအုပ်ခေါင်းစဉ်= ဘာပါရမီမှမစောင့်နဲ့ မဂ္ဂင်သာဝမ်းထဲရောက်ပါစေ

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

“ဘာပါရမီမှမစောင့်နဲ့ မဂ္ဂင်သာဝမ်းထဲရောက်ပါစေ”

(၁၀-၅-၆၁)

ဘုရားသခင်ကိုယ်တော်မြတ်ကြီး မေးတယ်၊ အရှင် ဘုရား အမတ – အမတ ဆိုတာ ဘာပါလိမ့်မလဲ၊ အမတ ဆိုတာ အားလုံးမှတ်ထားကြ ဒကာ ဒကာမတို့ မသေရာကိုဆို သည် (မှန်ပါ ဘုရား)။

အမတဆိုတာဘာပါလိမ့်

အမတဆိုတာ ဘာပါလိမ့် (မသေရာကို ခေါ်ပါ တယ် ဘုရား)။ မသေရာကို အမတလို့ခေါ် သည်လို့ အသေ အချာမှတ်ပါ။

“အမတံ အမတံ ဘန္တေဝုစ္စတိ၊ ကတမံ နု ခေါ ဘန္တေ အမတံ။”

အရှင်ဘုရားတဲ့ ဘယ်ဟာသည် မသေရာ မသေရာ လို့ခေါ်ပါလိမ့်မတုံး မေးတော့ “ကတမံ နု ခေါ ဘန္တေ အမတံ” အရှင်ဘုရား ဘယ်ဟာသည် မသေရာပါလိမ့်မလဲ လို့ဆိုတော့ “ယော ခေါ ဘိက္ခု ရာဂက္ခယော၊ ဒေါသက္ခယော၊ မောဟက္ခယော ဣဒံ ဝုစ္စတိ ဘိက္ခု အမတံ” လို့ သံယုတ် ပါဠိတော်မှာ ဟောတော့၊ ကွာ တဲ့ အမတသည်ကား လို့ဆိုလို့ရှိရင် မြန်မာလိုပြောရင် နိဗ္ဗာန်ပဲ၊ စာလိုသုံးရင် မသေရာပဲ။

မြန်မာလိုပြောရင်နိဗ္ဗာန်

မြန်မာလိုပြောရင် (နိဗ္ဗာန်ပါ ဘုရား)၊ မြန်မာလို ပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ပါပဲ။ ဒိထက် ရှင်းရှင်း လင်းလင်း ပြောပါဆိုလို့ရှိရင်ဖြင့် မသေရာဘဲလို့ အားလုံးမှတ် ထားကြပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မသေရာ ဆိုတဲ့ဥစ္စာ ရှိတာပေါ့ (မှန်ပါ့)။ မသေရာ ရှိတယ်လို့ ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားကြပါ (မှန်ပါ)။

အဲတော့ မသေရာတော့ ရှိပြီဘုရား၊ မသေရာကို သွားရာလမ်းကို တပည့်တော်များအား အမိန့်ရှိပါဦး မေးထိုက် ပြီ (မေးထိုက်ပါတယ် ဘုရား)။

မသေရာလမ်းကိုအမိန့်ရှိပါ

မသေရာလမ်းကိုလည်း တပည့်တော်များ အမိန့်ရှိပါ ဦးလို့ ပြောတဲ့ အခါကျတော့၊ မသေရာ လမ်းသည်ကား “အမတဂါမိမဂ္ဂေါ” ပဲ၊ “အမတဂါမိ မေဂ္ဂေါ” ဆိုတာ မသေရာသို့ ရောက်အောင် သွားတတ်တဲ့ လမ်း၊ ဘယ်သူပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ “အယမေဝ အဋ္ဌင်္ဂိကော မဂ္ဂေါ” မဂ္ဂင်ရှစ်ပါး ပဲ (မှန်ပါ)။

ဒါဖြင့် မဂ္ဂင်ရှစ်ပါးက မသေရာ သွားတဲ့လမ်း၊ အမတ ဆိုတာက နိဗ္ဗာန်၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသေရာလည်းရှိ၊ မသေရာသွားတဲ့လမ်းလည်းရှိတယ် (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား)။

မသေရာကော (ရှိပါတယ် ဘုရား)၊ မသေရာ သွားတဲ့လမ်းကော (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်း- ဒီခန္ဓာကြီးကဖြင့် နေ့လား၊ ညလား မသိဘူး၊ သူဖောက် ပြန်လို့ ရှိရင်ဖြင့် အင်း- ခေါင်းထဲ ရောက်မှာပဲလို့၊ ကျုပ်တို့ ဒကာ ဒကာမတွေ တွေးလုံး ထုတ်ပြီး နေကြရတယ် (မှန်ပါ)။

သေတတ်တာကြီးပါလာလို့

ဒါ – ဘယ့်နှယ်ကြောင့်လဲ မေးလို့ရှိရင်ဖြင့် အင်း သေတတ်တာပါလာလို့၊ သေတတ်တာကြီး ပါပြီး သကာလ နေတဲ့ အတွက်၊ သေမှာကို စဉ်းစားနေကြရတယ် ဆိုလို့ရှိရင် လည်း မလွဲဘူးပေါ့ (မလွဲပါဘူး ဘုရား)။

အဲဒါ ဉာဏ်နဲ့ ဒကာ ဒကာမတွေက သေသေချာချာ စဉ်းစားတော့မှ၊ ဪ ဘုရားက ကိုယ်တော်တိုင် ဟော ထားတော့ မသေရာလည်း ရှိတယ်၊ မသေရာလမ်းလည်း ရှိတယ်လို့ ဒကာ ဒကာမတွေ မှတ်ထား (မှန်ပါ)။

မသေရာ (ရှိပါတယ် ဘုရား)၊ မသေရာသွားတဲ့ လမ်း (ရှိပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် မသေရာလည်းရှိတယ်၊ မသေရာ သွားတဲ့လမ်းလည်း ရှိတယ်ဆိုသဖြင့်၊ ကျုပ်တို့မှာတဲ့ ပူစရာ မလိုပါဘူး (မှန်ပါ့)၊ ပူစရာ မလိုပါဘူး ဒကာ ဒကာမတို့ ဘာမှ မကြောင့်ကြပါနဲ့၊ ဒီလမ်းပေါ် ရောက်အောင်တက်ဖို့ရာ အရေးဟာ၊ ကိုယ်ဂရုစိုက်ဖို့ အရေးပဲလို့ မှတ်ထားကြလို့ ရှိရင်ဖြင့် ဒါဘာမှ ပူစရာမရှိတော့ဘူး။

ဒီလမ်း မရောက်သေးလို့ရှိရင် ရောက်အောင်တက်ဖို့ရာ ကျုပ်တို့ အရေးပေါ့ဗျာ (မှန်ပါ)။ ဒီလမ်းပေါ် ရောက်မိလို့ ရှိရင်လည်း ဒီလမ်းက လျှောက်သာသွားပါ ကိုဝတို့၊ မောင်နိုင် တို့၊ ကိုမြင့်တို့၊ မသေရာ အမတ ဆိုတဲ့ နေရာဌာန ရောက်ပါ တယ်လို့ မှတ်ထား (မှန်ပါ ဘုရား)။

ကံထူးဉာဏ်ထူးရှိလို့သိရ

ကောင်းပြီ ဒါဖြင့် မသေရာလည်း သိပြီ၊ မသေရာသွား တဲ့လမ်းလည်း သိတဲ့ ဒကာ ဒကာမ တွေသည်၊ ဒါ-ဘုန်းထူး၊ ကံထူး၊ ဉာဏ်ထူးရှိလို့ ဒီဘဝမှာ သိကြရတယ်လို့ မှတ်ထား – လိုက်စမ်းပါ (မှန်ပါ့)။

တစ်သံသရာလုံးမှာ မသေရာလည်း မတွေ့ခဲ့ဘူး၊ မသေရာကို သွားတဲ့ လမ်းလည်း ပြောပေးမည့်သူ၊ ဆုံးမပေး မည့်သူ မရှိတော့ ကိုယ်ကိုယ်တိုင်လည်း မသွားတတ်၊ မလာ တတ် ဖြစ်ပြီး သကာလ နေသောကြောင့်၊ ဘာလေးလှူလှူ၊ ဘာလေးတန်းတန်း အင်း နောက်ဘဝ လူချမ်းသာ ဖြစ်ရပါ လို၏ ဆိုတော့ သေရာ ဆုတောင်း လိုက်ပြန်ပြီ (မှန်ပါ)။

နတ်ချမ်းသာ ဖြစ်ရပါလို၏ဆိုတော့ (သေရာဆု တောင်းလိုက်ပါတယ် ဘုရား)။ အဲ – ဗြဟ္မာပဲ ဖြစ်ရတာက တော်သေးရဲ့ ထင်ပြန်ရဲ့ ဆိုတော့ (သေရာဆုတောင်းပါ တယ် ဘုရား)။

သြော်-တစ်သံသရာလုံးဟာ မသေရာလည်း မတွေ့ခဲ့၊ မသေရာ သွားတဲ့လမ်းလည်း မတွေ့ ခဲ့ဘဲနဲ့၊ ကျုပ်တို့သည် သေရာကိုသာ ဦးတည်ပြီး သကာလ တလျှောက်ထဲ လျှောက်ပြီး သကာလ နေကြတော့၊ မသေရာလမ်းလည်း မတွေ့ခဲ့။ မသေရာလမ်းကို မတွေ့ခဲ့တဲ့ဖြစ်ထွေကဖြင့်၊ တစ်သံသရာ လုံး ကျုပ်တို့မှာ အနာကြီး နာခဲ့တဲ့ဖြစ်ထွေပဲ ဆိုလို့ရှိရင်၊ ဒကာ ဒကာမတို့ သေသေချာချာ မလွဲတော့ဘူး (မှန်ပါ)။ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါးသည် မသေရာသွားတဲ့လမ်း

ဒါဖြင့် ယနေ့ညမှာ ဆရာဘုန်းကြီးက ဒကာ ဒကာမတို့ မသေရာလည်း ရှိသတဲ့၊ အမတံ-အမတံလို့ ဆိုတော့ အမတ ဆို တာက မသေတာပဲတဲ့၊ “အမတ ဂါမိ မဂ္ဂေါ” ဆိုတာကလည်း မဂ္ဂင် ရှစ်ပါးပဲ၊ မသေရာ သွားတဲ့ လမ်းပဲ (မှန်ပါ)။

ဒီလိုသိပြီး သကာလနေတော့၊ သြော်-တော်သေးရဲ့ တော်သေးရဲ့၊ ကလျာဏမိတ္တ ဆိုတဲ့ ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြီး သကာလ နေတဲ့အတွက် မသေရာလည်း သိရ ပြီ၊ မသေရာ သွားတဲ့ လမ်းလည်း သိရပြီဆိုတော့၊ သြော် -ဖြည့် လာတဲ့ ပါရမီဟာ ဒီဘဝ ပြည့်တဲ့အချိန်ရောက်လို့ ဒါတွေ့တာပဲ (မှန်ပါ)။

ဖြည့်လာတဲ့ ပါရမီပြည့်တဲ့ အချိန်ရောက်တာနဲ့ (လာတွေ့ပါတယ် ဘုရား)၊ ဒီဟာ လာတွေ့တယ်၊မောင်နိုင်တို့ ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ရှေးက ရှာခဲ့တာတွေကဖြင့် အလွဲနဲ့အချော်၊ အမှောက်နဲ့ အမှားချည့်ပဲ ဆိုရင်၊ ကိုဝ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

ရှေးကကို မဆိုထားပါနဲ့လို့ ဒကာ ဒကာမတွေသတိ ပေးလိုက်ပါတယ်၊ အခု ဆရာကောင်း သမားကောင်း မကြုံခင်ကကိုပဲ၊ အင်း- နိဗ္ဗာန် မရမီ စပ်ကြား ဆိုပြီး သေရာ စကားဟာ မထည့်ဘဲကို မနေရဲဘူး (မှန်ပါ)။

နိဗ္ဗာန်မရမီစပ်ကြားဆိုတာ

နိဗ္ဗာန်မရမီစပ်ကြား ဆိုတာ သေရာ စကားလို့မှတ်ပါ (မှန်ပါ)၊ နိဗ္ဗာန် မရမီစပ်ကြား ဆိုတာ (သေရာစကား ပါ ဘုရား)။ သေရာစကားတဲ့ ဒကာ ဒကာမတို့၊ နိဗ္ဗာန် မရမီ စပ် ကြား ဆိုတဲ့ဥစ္စာ ဒီထည့်ချင်တဲ့ ပုဂ္ဂိုလ်ဟူသ၍ သည်ကားလို့ဆိုလို့ ရှိရင်ဖြင့်၊ သေသေချာချာ ဉာဏ်နဲ့သာ ကိုဝတို့၊ မောင်နိုင်တို့၊ ကိုမြင့်တို့ တွေးကြည့် ကြမယ်ဆိုရင်၊ သြော် သေပါရစေဦး လို့ ထည့်လိုက်တာ (မှန်ပါ)။

သေပါရစေဦးအဓိပ္ပါယ်

ဒိပြင် ဘာပါသေးသတဲ့ (မပါပါဘူး ဘုရား)။ သေပါရစေဦး ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ နိဗ္ဗာန် မရောက်မီ စပ်ကြား လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ အကြိမ်ကြိမ် ခံစား ပြီး၍ ဆိုတော့ သူခံစားတာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန် ချမ်းသာမပါပါဘူး (မပါပါဘူး ဘုရား)။

ဝေဒနာ ခံစားတာတွေသာ ပါနေတယ် (မှန်ပါ)။ ဝေဒနာ ခံစားလို့ ရှိရင်ဖြင့် အင်း-သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာနဲ့ ဆိုတော့၊ ဝေဒနာက္ခန္ဓာကြီး ချည့် ဆုတောင်း နေတယ် (မှန်ပါ)။

ဝေဒနာက္ခန္ဓာချည့် သူဆုတောင်းပြီး ထားတော့၊ သတ္တဝါတွေ သည်ကားလို့ ဆိုရင်ဖြင့်၊ ဘယ်အချိန်မှ ဝေဒနာ မကင်းသောကြောင့်၊ ဝေဒနာနဲ့ သေဖို့ ဆုတောင်းတာ (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ဝေဒနာနဲ့သေဖို့ဆုတောင်းတာ

ဘယ်အချိန်မှ ဝေဒနာ မကင်းသောကြောင့် သူဘာ ဆုတောင်းဖြစ်ပါလိမ့် (ဝေဒနာနဲ့သေဖို့ပါ ဘုရား)။ ဝေဒနာနဲ့ သေဖို့ ဆုတောင်းတာ အဲဒါ လူချမ်းသာ ဆိုတာလည်း ဝေဒနာနဲ့ ဆုတောင်းတာ (မှန်ပါ)။

နတ်ချမ်းသာဆိုတာ (ဝေဒနာဆုတောင်းယူတာ ပါ ဘုရား)။ ဗြဟ္မာချမ်းသာ ဆိုတာ (ဝေဒနာ ဆုတောင်းတာပါ ဘုရား)။

ဒါကြောင့် ဒီဝေဒနာတွေနဲ့ သေရပါလို၏ (မှန်ပါ)။ ဒကာ ဒကာမတို့ ဒီဝေဒနာတွေနဲ့ သေရပါလို၏ ဆိုတဲ့ အဓိပ္ပါယ် မရဘူးလား (ရပါတယ် ဘုရား)။

အဲ့ဒါ ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေသည် ဝေဒနာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခဝေဒနာလည်း သတ် တတ်တဲ့ ဝေဒနာပဲ၊ သုခဝေဒနာလည်း သတ်တတ်တဲ့ ဝေဒနာပဲ၊ ဥပေက္ခာ ဝေဒနာလည်း သတ်တတ်တဲ့ ဝေဒနာပဲ။

လူချမ်းသာနတ်ချမ်းသာဆိုတာ

ဝေဒနာဆိုလို့ ရှိရင်ဖြင့် ခန္ဓာသတ်တတ်တဲ့ ဝေဒနာချည့် ဖြစ်ပြီး သကာလ နေတာကို၊ ဒကာ ဒကာမတွေကလည်း – မသိတော့၊ နိဗ္ဗာန် မရမီစပ်ကြား၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ဆိုပြီး၊ ဝေဒနာတွေ ဆုတောင်း လိုက်တဲ့ဖြစ်ခြင်း ကလည်း မပြောနဲ့တော့၊ သေမင်းချည့် တောင်းလိုက် တာပဲ (မှန်ပါ)။

ဘာများတောင်းလိုက်ပါလိမ့် (သေမင်းချည့် တောင်းပါတယ် ဘုရား)။ သေမင်းချည့် တောင်းလိုက် တာပဲ ဆိုတာ ဒကာ ဒကာမတွေ ငြင်းဆန်နေဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

ဆရာကောင်းသမားကောင်းမကြုံလို့

ကဲ-ဒါဖြင့် ဒကာဒကာမတို့ ဘာ မတွေ့လို့ သေမင်း ဆုတောင်းဖြစ်ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ဆရာကောင်း သမားကောင်း မကြုံတော့ မသေရာကိုလည်း ဟောပေးမယ့် ဆရာကိုလည်း မတွေ့ဘူး (မှန်ပါ)၊ မသေရာ လမ်းပြပေးမယ့် ဆရာလည်း မတွေ့ဘူး (မှန်ပါ) သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

မသေရာကိုလည်း ဟောပေးမယ့်ဆရာလည်း (မတွေ့ခဲ့ပါ ဘုရား)၊ မသေရာ လမ်းပြပေးမယ့် ဆရာလည်း (မတွေ့ခဲ့ပါ ဘုရား)။

မတွေ့တာနဲ့ဘဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နိဗ္ဗာန် မရမီ စပ်ကြားမှာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဆိုတဲ့ ဝေဒနာတွေကို ကိုဝတို့ ဆုတောင်း ယူတာတွေ ကြားဖူး ကြ ပါလိမ့်မယ် (မှန်ပါ ဘုရား)။

ဝေဒနာသည်ဘာလုပ်တတ်ပါလိမ့်

ဒီ ဝေဒနာတွေဟာ ဘာလုပ်တတ်ပါလိမ့် မတုံးလို့မေး ရင် ဘယ့်နှယ် ဖြေကြမတုံး (သေတတ် ပါတယ် ဘုရား)၊ ဝေဒနာသည် ကားလို့ဆိုရင် သတ်တတ်သည်လို့ မှတ်ထား (မှန်ပါ)။

ဝေဒနာ ဘာလုပ်တတ်ပါလိမ့် (သတ်တတ်ပါ တယ် ဘုရား)။ နို့ သတ်တတ်တဲ့ ဝေဒနာကို ဝေဒနာက သတ်တာ လားတဲ့၊ အသတ်ခံချင်တဲ့ ပုဂ္ဂိုလ်က ဝေဒနာကို အရယူတာလား လို့ တစ်ခါ မေးလိုက်ပြန်တော့လည်း ဘယ့်နှယ်ဖြေကြ (အသတ်ခံချင်တဲ့သူက ဝေဒနာအရယူတာပါ ဘုရား)။

ဪ မသိလိုက်တဲ့ဖြစ်ထွေသည်ကားလို့ဆိုလို့ရှိ ရင်ဖြင့်၊ ဒကာ ဒကာမတွေ လွန်ကုန်ပြီလို့ ဆိုရတော့မယ် (မှန်ပါ)။ ဝေဒနာကို ဒကာ ဒကာမတွေ စဉ်းစားကြည့် ဝေဒနာ သည်ကားလို့ဆိုရင် ဘာသစ္စာ ဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ဝေဒနာကိုဘာသစ္စာဖွဲ့မှာလဲ

ဒါဖြင့် “ဒုက္ခဿ ပိဠနဋ္ဌော”၊ ဒုက္ခဿ – ဒုက္ခသစ္စာ ၏ (ဝါ) ဝေဒနာဒုက္ခတို့၏၊ ပိဠနဋ္ဌော – ညှာတာ မဖက်အမြဲ နှိပ်စက်တတ်သော တရားသည် လည်းကောင်းလို့ ဘုရားက ဟောမထား ဘူးလား (ဟောထားပါတယ် ဘုရား)။

အင်း-ဝေဒနာ ဆိုတာသည် ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ ဆို တာ ကိန်းရာ ပုဂ္ဂိုလ်ကို ညှာတာ မဖက် အမြဲ နှိပ်စက်တယ် (မှန်ပါ ဘုရား) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ကိန်းရာပုဂ္ဂိုလ်ကိုနှိပ်စက်တယ်

အဲ – ကိန်းရာပုဂ္ဂိုလ်ကို ဘာလုပ်ပါလိမ့် (ညှာတာ မဖက် အမြဲနှိပ်စက်ပါတယ် ဘုရား)။ ကိုင်း- ဒကာ ဒကာမတို့ နိဗ္ဗာန် မရောက်မီ စပ်ကြား လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ဆိုတာ ဝေဒနာက္ခန္ဓာ မဟုတ်လားဗျာ (မှန်ပါ ဘုရား)။

သစ္စာဖွဲ့ကြည့် (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာ ဖြင့် ဘာလုပ်မလဲလို့ မေးလို့ ရှိရင်ဖြင့် “ဒုက္ခဿ ပိဠနဋ္ဌော” လို့ ဘုရားက ဟောလိုက်ပြန်တယ် (မှန်ပါ)။

ဒုက္ခဿ- ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ၏၊ ပိဠနဋ္ဌော- သတ္တဝါကို ညှာတာ မဖက် အမြဲနှိပ်စက် တတ်သော သဘော သည်လည်းကောင်း၊ ကိုင်း ကောင်းကြသေးရဲ့လား (မကောင်းပါဘူး ဘုရား)။

ဒကာ ဒကာမတွေ ဒီလောက်တောင်တော့ မယောင် ကြပါနဲ့ဆိုတဲ့ဥစ္စာကို ပြင်ပေးမည့်သူ မရှိလည်း ကိုဝ ယောင် နေမှာပဲ (မှန်ပါ)။ အခု သေသေချာချာ ဒီနေ့ အကွက်စေ့အောင် ဒကာ ဒကာမတွေ နားလည်မှု ရှိအောင် သေသေ ချာချာ ရှင်းပြီး သကာလ လာတော့မှ၊ နိဗ္ဗာန် မရမီ စပ်ကြားမှာ ဒုက္ခသစ္စာ ပင်လယ်ဝေပြီး သကာလ၊ သေပွဲ အမျိုးမျိုးနဲ့ ကြုံရပါလို ၏ ဆိုတာ ပါသွားတယ် (မှန်ပါ)။ ပါ-မပါ စဉ်းစားကြစမ်း (ပါ-ပါတယ် ဘုရား)။

အမတကနိရောဓသစ္စာ

ဒါ-ဘာမသိတာတုံး ဆိုတော့ ခုနက အမတ ဆိုတဲ့ နိရောဓသစ္စာလည်း မသိဘူး (မှန်ပါ)။ အမတ-က ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။

“အမတ ဂါမိမဂ္ဂေါ” တဲ့ ဒကာ ဒကာမတို့၊ နိဗ္ဗာန်သွား တဲ့လမ်း ဆိုတာ မဂ္ဂင်ရှစ်ပါး (မှန်ပါ)။ မဂ္ဂသစ္စာ (မှန်ပါ)။ သိသေးရဲ့ လား (မသိပါဘူး ဘုရား)။ မသေရာ နိဗ္ဗာန်ကော (မသိပါဘူး ဘုရား)။

ဒါဖြင့် နိရောဓသစ္စာလည်း မသိဘူးပေါ့ (မှန်ပါ) မဂ္ဂသစ္စာကော (မသိပါဘူး ဘုရား)။ သြော်-ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ဒုက္ခသစ္စာမှလည်း ဒုက္ခသစ္စာမှန်းမသိ၊ နိရောဓသစ္စာ လည်းမသိ၊ မဂ္ဂသစ္စာလည်း မသိ ဆိုတော့ တဏှာနဲ့ ဆုတောင်း ဒုက္ခဝေဒနာရ (မှန်ပါ)။

ဉာဏ်နဲ့စဉ်းစားပါ

သေလိုက်၊ ဒုက္ခဝေဒနာ သတ်လို့ (မှန်ပါ)၊ ဒီပဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ ဉာဏ်နဲ့ စဉ်းစားပါ၊ ဉာဏ်နဲ့ စဉ်းစားပါ ဒကာ ဒကာမတို့၊ သေသေ ချာချာ တွေးကြည့်တော့မှ၊ သြော်-အရုပ်ဆိုး အကျည်းတန်တဲ့ အထဲမှာဖြင့် ဒို့ဟာဖြင့် မသိ မလိမ္မာမှုမှာဖြင့် တကယ့် စုံလုံးကန်း ဆိုတဲ့ အဓိပ္ပါယ်ဟာ အသေအချာ ရှင်းတယ် (ရှင်းပါတယ် ဘုရား)။ မရှင်းကြဘူးလား (ရှင်းပါတယ် ဘုရား)။

အားကြီး အရုပ်ဆိုးပါလား ဒကာ ဒကာမတို့၊ ဆရာ ကောင်း၊ သမားကောင်းနဲ့ မတွေ့ပြီဆိုမှဖြင့်၊ အဆိုးမှာဖြင့် တန်းကုန်တော့တာပဲ ဆိုတာဖြင့် ငြင်းစရာ မရှိအောင်ဘဲ မှန်နေတော့တယ် ဆိုတာဖြင့် ငြင်းလည်း လွဲရုံပဲရှိကြတော့မယ် (မှန်ပါ ဘုရား)။

မောင်နိုင် ဒီသစ္စာနှစ်ပါး မသိဘူးကွ (မှန်ပါ)။ နိရောဓသစ္စာရယ် (မဂ္ဂသစ္စာပါ ဘုရား)။ နိရောဓသစ္စာက မသေရာ မဟုတ်လားဗျာ (မှန်ပါ)။ အမတ လို့ ဘုရားက ဟောထားတယ်။

မဂ္ဂင်ရှစ်ပါးက မသေရာသွားတဲ့လမ်း

မဂ္ဂင်ရှစ်ပါးက မသေရာ သွားတဲ့လမ်းလို့ ဘုရားက ဟောမထားဘူးလား (ဟောထားပါတယ် ဘုရား)။ အဲ့ဒါ တွေ ဟောထားပါရဲ့ သားနဲ့၊ နိဗ္ဗာန် မရမီစပ်ကြား လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ အကြိမ်ကြိမ် ခံစား၍ ဆိုတော့၊ ခံစား ဆိုတာ ဝေဒနာကို ဆုတောင်းတာ (မှန်ပါ)။ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဝေဒနာ ဘာသစ္စာဖွဲ့ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခ သစ္စာဖြင့် ဒကာ ဒကာမတို့ ကိန်းရာ ပုဂ္ဂိုလ်ကို ညှာတာ မဖက် အမြဲ နှိပ်စက်တော့မယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန် မရောက်မီစပ်ကြား အဖန်ဖန် ဒုက္ခရောက် ပြီးသကာလ၊ အဖန်ဖန်ပဲဘုရား တပည့်တော်တို့ သေရ ပါလို၏ (မှန်ပါ) သေချာ ရောက်သွားတယ် (ရောက် ပါတယ် ဘုရား)။ နာလိုက်တဲ့ ဖြစ်ခြင်း ဒကာ ဒကာမတို့၊ ကဲ ကိုဝ နာပုံသိပြီလား (သိပါပြီ ဘုရား)။

သို့သော် ခင်ဗျား ပါးစပ်ထဲ ထည့်နေတာဟာ မသိလို့ ထည့်နေတာကိုးလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါ တယ် ဘုရား)။

ဃောသကနဲ့တူနေပြီ

အဲဒါ ခင်ဗျားတို့ ဘယ့်နှယ်ဖြစ်နေတုံးလို့ မေးတဲ့ အခါကျတော့၊ ဟိုဃောသကတို့နဲ့ တူနေပြီ။

ဃောသက သည်ကားလို့ ဆိုရင် သူ့ကို သူဌေးက မွေး ထားတယ်၊ နောက် သူဌေးမှာ သူ့ရင်သွေး သားလေး တစ်ယောက် ရတဲ့အခါ ဃောသကကို သတ်ချင်တယ်။

အမျိုးမျိုးသော သတ်လို့ မရတာနဲ့ သူ့သူငယ်ချင်း သူ ဆီ ကို ဃောသက လာလို့ ရှိရင် သတ် ပါဆိုတဲ့ စာလေး သူ့ပဲ အပေးခိုင်း လိုက်တယ် (မှန်ပါ ဘုရား)။

သူ့ကိုသတ်ဖို့စာ၊ သွားပေးတယ်

အဲဒီစာကလေးကိုပဲ တရိုတသေ သူကသွားပြီး သကာလ၊ သူ့သတ်ဖို့ စာကိုပဲ သူသွားပေး လိုက်တယ်၊ ဟိုက မိတ်ဆွေ သူဌေးသမီးက မသိရှာဘူး၊ မသိရှာဘူး ဆိုပြီး သကာ လ ဒီစာကို ပြောင်းပြန် ပြန်ရေးတော့မှပဲ သူချမ်းသာခြင်း ရတယ် (မှန်ပါ)။

ကျုပ်တို့ ခင်ဗျားတို့သည် ဃောသက စာထုပ်သွား လို လုပ်သွားနေတာ(မှန်ပါ)။

ကိုယ့်သတ်ဖို့ စာကို ကိုယ်က လက်ဆောင် အဖြစ်နဲ့ ပေးခိုင်း လိုက်လို့ သွားပေးတော့၊ ဒီစာထဲအလို ဟိုကသာ သမုဒယ မရှိရင် ဒီဃောသက သေဖို့ပဲ (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ရောက်ရင်သတ်ပါဆိုတဲ့စာမျိုး

အဲဒါ ခင်ဗျားတို့ နိဗ္ဗာန် မရောက်မှီ စပ်ကြား လူချမ်း သာ၊ နတ်ချမ်းသာ အကြိမ်ကြိမ် ခံစားပြီး၊ ပါးစပ်ထဲများ ထည့်ပြီး တောင်းတဲ့ အဓိပ္ပါယ်သည်၊ ဃောသက ရောက်ရင် သတ်ပါ ဆိုတဲ့ စာကလေးလို ခင်ဗျားတို့ ပါးစပ်ထဲ ထည့်ယူသွားတာနဲ့ တူလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ ဘုရား) သဘော ပါပြီလား (ပါပါ တယ် ဘုရား)။

အရုပ်ဆိုးအောင် ပြောတာ မဟုတ်ပါဘူး (မှန်ပါ)။ ဖြစ်ထွေ တူနေတာကို ပြောတာပါ (မှန်ပါ) ဖြစ်ပုံက ဘယ့်နှယ် နေတုံး (တူပါတယ် ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား)။

အမလေး! ဒကာ ဒကာမတို့ တော်တော် အရေးကြီး တာပါလား (ကြီးပါတယ် ဘုရား)။ မောင်နိုင် အရေးကြီးပုံ သိပြီလား (သိပါပြီ ဘုရား)၊ ကိုမြင့်တို့ကော (သိပါပြီ ဘုရား)။

မသိလို့လုပ်မိပါတယ်

အားလုံး ဒကာ ဒကာမတွေ ကြည့်စမ်း၊ တပည့်တော် တို့ ဘုရား ဘယ်လိုကြောင့် တောင်းဖြစ် ပါလိမ့်မတုံး ဆိုတာလည်း စဉ်းစားမိကြရဲ့လား (မစဉ်းစားမိပါ ဘုရား)။ နိဗ္ဗာန်လည်း မရောက်သေးဘူး၊ မရောက်သေးလို့ ရှိရင်လည်း ကြား ဆင်းရဲ မနေမှာစိုးသောကြောင့် ဆင်းရဲပဲ ပြန်ထည့်လိုက်တယ် (မှန်ပါ)။

ကြားဘာတုံး (ဆင်းရဲပဲ ပြန်ထည့်ပါတယ် ဘုရား) ဆင်းရဲ မနေမှာစိုးတာနဲ့ ဘာလုပ်လိုက်တုံး (ဆင်းရဲ ပြန်ထည့် ပါတယ် ဘုရား)။

အံမလေး! ဒကာ ဒကာမတွေ နစ်နာလှချည်လားလို့ ဆိုလို့ရှိရင် ခင်ဗျားတို့ တာဝန်ခံ ကြရလိမ့်မယ် (မှန်ပါ ဘုရား)။ နစ်နာတဲ့ အလုပ် လုပ်မိပါသလားလို့ မေးလို့ ရှိရင်လည်း မသိလို့ လုပ်မိပါတယ် ဘုရား (မှန်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

စာမတတ်လို့ “အ” တယ်

မသိလို့ လုပ်ပါတယ် ဆိုကတည်းက ခုနက ဃောသက စာကလေး ပုဆိုးစွန်း ထုပ်ပြီး သကာလ ဟိုသွားပေးတာနဲ့ တူကြလား မတူလား (တူပါတယ် ဘုရား) သဘော ပါကြပြီလား (ပါပါတယ် ဘုရား)။

အဲတော့ ဃောသက က စာမတတ်လို့ အ,တယ်၊ ခင်ဗျားတို့က သစ္စာမသိလို့ န, တယ် (မှန်ပါ) သဘောကျ ပြီလား (ကျပါတယ် ဘုရား)။

သစ္စာမသိလို့ “န” တယ်

ဃောသက က စာမတတ်လို့ အ,တယ်၊ ခင်ဗျားတို့က သစ္စာ မသိလို့ န,တယ်၊ တယ်မထူးပါဘူး အ-တာနဲ့ န-တာနဲ့ (မှန်ပါ)။ ထူးသေးရဲ့ လား (မထူးပါဘူး ဘုရား)၊ ကိုဝ ပေါ်ပြီလား (မှန်ပါ)။

ဒါမကျသေးဘူး ဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ အင်း-မိုက် လက်စ မသတ်သေးဘူး ဆိုတဲ့ အဓိပ္ပါယ် ထဲကို မိမိပါဝင်သွား တယ် (မှန်ပါ)။ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါ တယ် ဘုရား)။

တယ်လည်း ကြောက်စရာ ကောင်းပါလား ကိုဝတို့ (မှန်ပါ)၊ လောကကြီးထဲ မရှိတာထက် မသိတာ ခက်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်သူ့ထက် ဘယ်သူခက်ပါလိမ့် (မရှိတာထက် မသိတာ ခက်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်မရမီဝေဒနာဆုတောင်းတာ

နိဗ္ဗာန်မရမီစပ်ကြားဆိုတာ မောင်နိုင် ဝေဒနာ ဆုတောင်းတာလို့ ဘုန်းကြီး ပြောတယ် (မှန်ပါ)။ လူချမ်းသာ ဆိုတဲ့ ချမ်းသာဟာ သုခဝေဒနာ မဟုတ်လား (မှန်ပါ)။

နတ်ချမ်းသာ ဆိုတော့ (သုခဝေဒနာပါ ဘုရား)။ အဲ- သုခဝေဒနာ၊ ဗြဟ္မာချမ်းသာ ဆိုတော့ (သုခဝေဒနာ ပါ ဘုရား)၊ သုခဝေဒနာ ပါလို့ရှိရင် ဝေဒနာက္ခန္ဓာပဲ ဒုက္ခဝေဒနာ ပဲ လာရမယ် (မှန်ပါ)။

ဥပေက္ခာဝေဒနာကော (လာရမှာပါ ဘုရား)။ လာရမှာ ဖြစ်တော့ ဝေဒနာသုံးပါးဟာ သူသတ် ယောက်ျားများ ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

အဖန်ဖန်သေပွဲဝင်ရပါလို၏

ဒါဖြင့် နိဗ္ဗာန်မရမီ စပ်ကြားမှာ ဒီဝေဒနာတွေက သတ် ချင်သလို သတ်ပြီး သကာလ၊ တပည့်တော်တို့ ဘုရား အဖန်ဖန် သေပွဲဝင်ရပါလို၏ ဆိုတော့၊ အကြိမ်ကြိမ် ဖြစ်ရပါလို၏နဲ့ အဖန်ဖန် သေပွဲဝင်ရပါလို၏ ဆိုတာနဲ့ ထူးခြား သေးသလား (မထူးခြားပါဘူး ဘုရား)။

တယ်လည်း ခင်ဗျားတို့ဟာ လွန်လွန်းအောင် ဆိုးနေပြီ လို့ အပြစ်တင်လို့ ရှိရင်လည်း၊ တပည့်တော်တို့ မသိတာကတော့ ဘုရား လွန်နေပါပေါ့လား (မှန်ပါ)၊ ကိုပေါ် ဆိုထိုက် မဆိုထိုက် (ဆိုထိုက် ပါတယ် ဘုရား)။

သစ္စာနှစ်ပါးကွယ်နေတယ်

ဘာမသိတာတုံးလို့ လက်သည်ရှာကြ၊ ဟောဒီ- အမတ မသိတာ (မှန်ပါ)။ နိရောဓ သစ္စာကို (မသိတာပါ ဘုရား)။ နိဗ္ဗာန် ရောက်ကြောင်း မဂ္ဂသစ္စာကို (မသိတာပါ ဘုရား)။

ဟောဒီ သစ္စာနှစ်ပါး ကွယ်နေတယ် (မှန်ပါ)၊ ဒီသစ္စာနှစ်ပါး အသေအချာ ကွယ်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ) သဘောပါရဲ့လား (ပါပါတယ် ဘုရား)။

တယ်လည်း ဆိုးဝါးနေပါလား (ဆိုးပါတယ် ဘုရား)။ ဒကာ ဒကာမတွေ ဒါဖြင့် ဘုန်းကြီးများ ခုပြောဆိုပြီး သကာလ နေတဲ့ဥစ္စာ ကိုဝ ငြင်းစရာလည်း မရှိဘူး၊ မှန်နေတာ လည်း လွန်လို့ (မှန်ပါ)။

ကိုယ့် မှားချက်ကြီးကလည်း သန်လိုက်တာလည်း ပြော စရာ မရှိဘူး (မှန်ပါ)၊ ဒီ အဓိပ္ပါယ် ရောက်နေပြီ (ရောက်ပါတယ် ဘုရား)။

ထွက်ရပ်လမ်းသစ္စာမသိတာ

ကိုင်း-ဒါ ဘာမသိတာတုံး ဆိုတော့ ထွက်ရပ်လမ်း သစ္စာ၊ ထွက်ရပ်လမ်း ဝိဝဋ္ဋ သစ္စာနှစ်ခု မသိမှု (မှန်ပါ)။ ဒီဘက် က ဘာသစ္စာပါလိမ့်မတုံး (နိရောဓ သစ္စာပါ ဘုရား)။ ဒီဘက်ကဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)၊ အဲဒါ မသိဘူး။

မသိတော့ သူသည် တစ်ခါ ဒုက္ခသစ္စာ သူသိပါသလား ဆိုတော့၊ ဒုက္ခသစ္စာ မသိလို့ ဝေဒနာတွေ တောင်းယူတာ (မှန်ပါ) ဒုက္ခသစ္စာ မသိလို့ ဘာတွေ တောင်းယူသတုံး (ဝေဒနာတွေ တောင်းယူ ပါတယ် ဘုရား)။

ကဲ – ဝေဒနာတွေ တောင်းတော့ ဝေဒနာ အသာထား စမ်းပါဦး၊ တောင်းတာ ဘယ်သူတုံးလို့ မေးပြန်တော့ တဏှာ၊

တောင်းတာက (တဏှာပါ ဘုရား)။ ရတာက သူသတ် သမား (မှန်ပါ)၊ သူသတ်ယောက်ျား။

တောင်းတာက (တဏှာပါ ဘုရား)၊ ရတာက (သူသတ် ယောက်ျားပါ ဘုရား)။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ပြန် ရတယ် (မှန်ပါ)၊ သမုဒယသစ္စာနဲ့တောင်း၊ ဒုက္ခသစ္စာဟူသော သူသတ် ယောက်ျား မရဘူးလား (ရပါတယ် ဘုရား)။

ကဲ ကိုဝ ဆိုးပုံပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ကိုင်း သစ္စာလေးပါးမှာ လေးပါးစလုံး မသိပုံ (မှန်ပါ)။ ဘယ့်နှယ်တုံး ဒကာ ဒကာမတွေ (သစ္စာလေးပါး စလုံး, မသိတာပါ ဘုရား)၊ တယ်နာချက် ဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ မဆိုးဝါးဘူးလား (ဆိုးပါတယ် ဘုရား)။

တစ်ဆင့်ကြားစကားလမ်းဆုံးတယ်

အဲဒီတော့ ခုလို နက်နက်နဲနဲနဲ့ ထိုးထိုးထွင်းထွင်းနဲ့၊ ဒီလို ပါဠိတော်ကြီးတွေကို ခင်ဗျားတို့ ဆရာကောင်း သမားကောင်း မကြုံပြီဆိုမှဖြင့် ပြောမည့်သူကမရှိ၊ ဆုံးမမည့်သူ မရှိတော့၊

ကိုင်း – ဒို့အမေမိဘလည်း ဒီအတိုင်း တောင်းတာပဲ။ ဒို့လည်း ဒီလို တောင်းမှပဲ၊ ဒို့အမေ မိဘလည်း သေပြီ၊ ဒို့လည်း ဒီလိုပဲ သေဖို့ပဲ ဆိုတာနဲ့လည်း၊ ဒကာ ဒကာမတို့ တစ်ဆင့်ကြား စကားမှာ လမ်းဆုံး မသွားဘူးလား (သွားပါတယ် ဘုရား)။

တစ်ဆင့်ကြား ဆိုတာ တစ်ခါတည်း အဆက်အဆက် လာခဲ့တဲ့ စကားတွေပေါ့ဗျာ (မှန်ပါ ဘုရား)။ အမှန်တော့ ကျပါရဲ့လား (မကျပါဘူး ဘုရား)၊ တယ်နာချက် ဆိုးပါ လား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပြောကြပါစို့တဲ့ အမတလို့ အမတ-ဆိုတာ မသေရာ နိဗ္ဗာန် (မှန်ပါ)။ “အမတ ဂါမိ မဂ္ဂေါ” ဆိုတာ မဂ္ဂသစ္စာ၊ မဂ္ဂင်ရှစ်ပါး (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဘယ်လမ်းကသွားရမှာတုံး

ဘယ်လမ်းက သွားရမှာတုံး မေးမနေနဲ့၊ မဂ္ဂင်ရှစ်ပါး အလုပ် လုပ်လို့ရှိရင် ဒီလမ်းသွား နေတာ သာ မှတ်ပေတော့ (မှန်ပါ)။ မဂ္ဂင်ရှစ်ပါး အလုပ် လုပ်လို့ ရှိရင် (ဒီလမ်း သွားနေတာပါ ဘုရား)။

ဘယ်လမ်းသွား နေတာ ပါလိမ့်မတုံး (မသေရာ လမ်းပါ ဘုရား)၊ မသေရာ အမှန် ပြည် နိဗ္ဗာန် သွားနေတယ် ဆို တာဖြင့် လေးလေးနက်နက်ပဲ မှတ်ပါတော့ (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒီလို သွားချင်လို့ရှိရင် ဘုရား၊ မဂ္ဂင် ရှစ်ပါး လမ်းတော့ သိပါပြီ၊ မဂ္ဂင်ရှစ်ပါး ဝမ်းထဲ ရောက်အောင် တပည့်တော်တို့ ဘာလုပ်ရမှာတုံး ဘုရား၊ ဒီအတိုင်းပဲ မဂ္ဂင်ရှစ်ပါး က မဂ်ရရပါလို၏ ဆိုလို့လည်း ဝမ်းထဲသူက ရောက်လာတာ မဟုတ်ဘူး (မှန်ပါ ဘုရား)။

ဆုတောင်းလို့ရောက်တဲ့တရားမျိုးမဟုတ်ဘူး

ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ မဂ်ရရပါ လို၏။ ဖိုလ်ရရပါလို၏ ဆိုလို့လည်း သူက ရောက်တဲ့ တရားမျိုးလား (မဟုတ်ပါဘူး ဘုရား)။

ဒါဖြင့် ပွားများမှ ရောက်မည့် တရားပေါ့ဗျာ (မှန်ပါ)၊ ဘယ့်နှယ် ဆိုကြမယ် (ပွားများမှ ရောက်မှာပါ ဘုရား)၊ ပွားများမှ ရောက်မယ့် တရားဆိုတာ သေချာကြပြီ (သေချာပါပြီ ဘုရား)။

ဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့ပွားပါ

ဘာကို ပွားများရမှာတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ အဲတော့ကွာတဲ့ ပွားများရမယ့် တရား၊ ဘာပွားများရမတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့၊ ဒုက္ခသစ္စာ ကို မဂ္ဂသစ္စာနဲ့ ပွားများ (မှန်ပါ)။

ဒုက္ခသစ္စာကို (မဂ္ဂသစ္စာနဲ့ ပွားများရမှာပါ ဘုရား) ကိုင်း ဒကာ ဒကာမတို့ ပေါ်လာပါပြီ (မှန်ပါ)၊ ဒုက္ခသစ္စာ ကို (မဂ္ဂသစ္စာနဲ့ ပွားများရမှာပါ ဘုရား)။

အဲ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ပွားများလိုက်တော့ ကိုး၊ မဂ္ဂသစ္စာတည်း ဟူသော တရားက ဝမ်းထဲက၊ ဒုက္ခသစ္စာက အပြင်ဘက်ကပဲ ထားလိုက်ပါတော့၊ အဲ ပြင်ဘက်က ဒုက္ခသစ္စာကို ဝမ်းထဲက မဂ္ဂသစ္စာနဲ့ ပွားများလိုက်ပြီ ဆိုမှဖြင့်၊ အင်း “အမတဂါမိ မဂ္ဂေါ” ဆိုတာ မဂ္ဂင်ဟာ ဝမ်းထဲ ရောက် လာတယ် (ရောက်ပါတယ် ဘုရား)။

မဂ္ဂင်ဝမ်းထဲရောက်ရင်စိတ်အေးရပြီ

အဲ ဝမ်းထဲရောက်လာတဲ့ အခါကျတော့၊ သြော် လမ်းမတော် ပေါ်ရောက်ပြီဟ လို့ ယောဂီ ပုဂ္ဂိုလ်တွေက မဆိုနိုင် ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ဒီလမ်းထဲက “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဘိက္ခဝေ-ရဟန်းတို့၊ အယံ မဂ္ဂေါ- ဤမဂ္ဂင် လမ်းမတော်ကြီးသည်၊ ဧကာယနော – တစ်ဖြောင့်တည်းနဲ့၊ တစ်ကြောင်းတည်းနဲ့ မသေရာ ရောက်၏လို့ ဟောထားတော့၊ ဪ သူဝမ်းထဲရောက်ရင် စိတ်အေးရပေါ့လို့ မှတ်လိုက် (မှန်ပါ ဘုရား)။

မဂ္ဂသစ္စာနဲ့ပွားများပါ

သူ ဝမ်းထဲ ရောက်ရင် (စိတ်အေးရပါပြီ ဘုရား)။ မဂ္ဂင် လမ်းမတော်ပေါ် ရောက်တဲ့ အတွက် စိတ်အေး ရပြီတဲ့။ နိဗ္ဗာန်မှ တစ်ပါး သူကလည်း ဘယ်မှ ကွေ့ကောက် လျှောက်နေ တဲ့ သဘောသတ္တိ မရှိပါဘူး (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကွေ့ကောက်လျှောက်နေတဲ့ သဘောသတ္တိ (မရှိ ပါဘူး ဘုရား)၊ မရှိပါဘူး ဆိုသဖြင့် ဒကာ ဒကာမတို့ ဒီအလုပ် ဟာ လုပ်ဖို့ပဲ၊ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ပွားများတဲ့ အလုပ် လုပ်ရလိမ့်မယ် (မှန်ပါ ဘုရား)၊ သဘောကျရဲ့လား၊ (ကျပါတယ် ဘုရား)။

တရားကဆောင်သွားလိမ့်မယ်

ကောင်းပြီ ဒါဖြင့် ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ပွားများ မှသာလျှင်၊ ဒကာ ဒကာမတို့ သည်ကားလို့ ဆိုရင် မဂ္ဂသစ္စာ လမ်းမတော်ကြီး၊ နိဗ္ဗာန် ရောက်ကြောင်း တရားကောင်း ဆိုတဲ့၊ မဂ္ဂင်ရှစ်ပါး ဝမ်းထဲမှာ ဧကန် ရောက်တော့မယ် ဆိုတာ သိတော့ မှ၊ သူရောက်လို့ ရှိရင် နိဗ္ဗာန် ရောက်ရပါလို၏လို့ ဆုမတောင်းနဲ့ “ဓါရေတီတိ ဓမ္မော” ဆိုတဲ့ အတိုင်း သူက ဆောင်ပို့ပြီး သကာလ၊ ဒီလမ်းပေါ် တက်မိလို့ ရှိရင် ဒီလမ်းကပဲ တစ်ခါတည်း နိဗ္ဗာန် အရောက် သွားတော့တယ်၊ ဆိုက်တော့တယ် ဆိုတာ ကိုဝတို့၊ မောင်နိုင်တို့၊ ကိုမြင့်တို့ မှတ်ဖို့ပေါ့ဗျာ (မှန်ပါ) သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။

မဂ္ဂသစ္စာပိုင်အောင်ဘာလုပ်ကြမလဲ

ဒါဖြင့် မဂ္ဂသစ္စာပိုင်အောင် ဘာလုပ်ကြမလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။ အင်း-ဒုက္ခသစ္စာကို မဂ်နဲ့ပွားရလိမ့်မယ် (မှန်ပါ ဘုရား)၊ မပွားရင်တော့ (မရပါဘူး ဘုရား)။ မရနိုင်ဘူး ဆိုတာ သေချာကြပြီလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒါက သံယုတ် ပါဠိတော်နော်။ အခု ပြောတဲ့ဥစ္စာက သံယုတ် ပါဠိတော်မှာ လာတာတွေကို ရှင်းပြောနေတာ (မှန်ပါ ဘုရား)။

ဥဒါန်း ပါဠိတော်က ဘယ်လိုလာသတုံးလို့ မေးတဲ့အခါ ကျတော့ “အတ္ထိ ဘိက္ခဝေ နိဗ္ဗာနံ”၊ အတ္ထိ ဘိက္ခဝေ-ဘိက္ခဝေ ရဟန်းတို့၊ နိဗ္ဗာနံ – နိဗ္ဗာန်ဆိုတဲ့ တရားသည်၊ အတ္ထိ-ရှိ၏။

ဖြစ်ပြီးပျက်တဲ့သဘောကိုပွားများပါ

နိဗ္ဗာန်ဆိုတဲ့ တရားဟာ ရှိနေတာပဲတဲ့ ဒကာ ဒကာမ တွေ၊ မသေရာ နိဗ္ဗာန်ဟာ ဘာတဲ့ (ရှိနေပါတယ် ဘုရား)၊ မသေရာ နိဗ္ဗာန် ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ၊ ဒုက္ခသစ္စာကို ပွားများတော့ ဘယ်လို ပွားများ ရမှာတုံး လို့မေးလို့ရှိရင်၊ ဒုက္ခသစ္စာ ဆိုတာကွာတဲ့ တခြားမဟုတ်ပါဘူး၊ ဒုက္ခသစ္စာ ဆိုတာ ဒကာ ဒကာမတွေ “ဇာတဘူတ” ပါပဲတဲ့၊ ဖြစ်ပြီး ပျက်တဲ့ သဘောလေး ရှိတာပါပဲတဲ့ (မှန်ပါ)။

ဒုက္ခသစ္စာ၏ သဘောဟာ ဘာပါလိမ့် (ဖြစ်ပြီး ပျက်တဲ့ သဘောလေးပါ ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ သဘော လေးရှိ တယ်။

အဲဒီတော့ ဖြစ်ပြီးပျက်တဲ့ သဘောလေးကို မင်းတို့သည် ကားလို့ဆိုရင် ပွားများ ရလိမ့်မယ် (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဘာပွားများရမှာတုံး (ဖြစ်ပြီးပျက်တဲ့ သဘော လေးပါ ဘုရား)၊ ဖြစ်ပြီးပျက်တဲ့ သဘောလေးကို ပွားများလို့ ရှိရင်တဲ့ ငါရှင်းပြမယ်တဲ့၊ ဥဒါန်း ပါဠိတော် ဘုရားကိုယ်တော် တိုင်က ဥဒါန်း ကျူးခဲ့တယ် နော် (မှန်ပါ)။

ဉာဏ်သည်ဖြစ်ပျက်ကထွက်ပြီး နိဗ္ဗာန်ရောက်တယ်

ငါဟာတဲ့ ဒီဖြစ်ပျက်က နေပြီး သကာလ၊ ဉာဏ်ဟာ တဲ့ ထွက်ပြီး သကာလ နိဗ္ဗာန် ရောက်တယ် (မှန်ပါ)။ ဖြစ်ပျက်က ထွက်ပြီး နိဗ္ဗာန် ရောက်တယ် (မှန်ပါ)။

ဘုရား ဉာဏ်သည်ကား လို့ဆိုရင် ဘယ်ကထွက်ပြီး နိဗ္ဗာန် ရောက်သတုံး (ဖြစ်ပျက်က ထွက်ပြီး နိဗ္ဗာန်ရောက် ပါတယ် ဘုရား) ဖြစ်ပျက်က ထွက်ပြီး နိဗ္ဗာန် ရောက်သွားတယ် (မှန်ပါ)၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်ကနေပြီးထွက်သွားကြတာချည့်ပဲ

အဲတော့ ငါတင် မဟုတ်ပါဘူးကွာတဲ့၊ ဥဒါန်း ပါဠိ တော်မှာ ဘုရားက ဟောလိုက်ပြန်တယ်၊ ဂင်္ဂါဝါဠု- သဲစုမက ဘုရားတွေ၊ သူ့နောက်လည်း ကုဋေ ရှစ်ဆယ် ဗိုလ်ခြေ တစ်သိန်းတွေ၊ အဲဒီ “ဇာတ ဘူတ” ဆိုတဲ့ဖြစ်ပျက်က နေပြီး သကာလ ထွက်သွား ကြတာချည့်ပဲတဲ့ (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒီဉာဏ်ထွက်ပါမှမဂ္ဂင်ရှစ်ပါးဖြစ်မှာ

ဘယ်ကနေ ထွက်ပြီး သကာလ မသေရာ အမှန်ပြည် နိဗ္ဗာန်သွားကြပါလိမ့် (ဖြစ်ပျက်ကနေ သွားတာပါ ဘုရား) အဲ ဖြစ်ပျက်ကနေ ထွက်သွားကြတယ်လို့ သေသေချာချာ ဟောပြန်တယ် (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါ တယ် ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်က နေပြီး သကာလ ဒီဉာဏ်ဟာ ထွက်ပါမှ မဂ္ဂင် ရှစ်ပါး ဖြစ်မှာ (မှန်ပါ)၊ ဖြစ်ပျက်ထဲမှာတင် ဒီဉာဏ်နေသေးလို့ ရှိရင်ဖြင့် ဝိပဿနာမဂ်လို့မှတ် (မှန်ပါ)။

ဖြစ်ပျက်မမြင်ရင်ဒီဉာဏ်ထွက်ပြီ

ဖြစ်ပျက်က ထွက်သွားပါပြီဘုရား၊ ဒီဉာဏ်ဟာ ဖြစ်ပျက် ဖြင့် မမြင်တော့ပါဘူးလို့ ဆိုလို့ရှိရင် ဒီဉာဏ် ဖြစ်ပျက်က ထွက် ပြီ (မှန်ပါ)။

ထွက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အမတ-ဆိုတဲ့နေရာ ဌာနရောက်ပြီ (မှန်ပါ)၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်ထဲမှာတင် ရှုပွားနေရသေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မှတ်လိုက်၊ မဂ္ဂင် မပြည့်စုံ သေးတဲ့ အတွက် လမ်းငယ် ကလေးရောက်စ၊ လမ်းမကြီး ရောက်ဖို့ရာ လမ်းမြောင်ကလေး တက်မိရုံ ရှိသေးတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ရှစ်ပါးရှိတဲ့ လမ်းမကြီး တက်ဖို့ရာ မရောက်သေးဘဲနဲ့ လမ်းမြောင်ကလေးသာ ရောက်သေး တယ် လို့မှတ်ပါ (မှန်ပါ)။

ဖြစ်ပျက်မြင်နေတဲ့ ပုဂ္ဂိုလ်များ ဘယ်ရောက်သတုံး (လမ်းမြောင်ကလေးပဲ ရောက်ပါသေးတယ် ဘုရား)၊ ဘယ်သွား တဲ့ လမ်းမြောင်ကလေး ပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက အမေး ထုတ်ခဲ့သည် ရှိသော်၊ ဒီလမ်းမြောင် ကလေးဟာ လည်း မညံ့ပါဘူး (မှန်ပါ)၊ လမ်းမကြီးပေါ် ပို့တဲ့လမ်းမြောင် (မှန်ပါ)။

မဂ္ဂင်ငါးပါးကလမ်းမြောင်

ငါးပါးရှိသေးတာ ကိုးဗျ (မှန်ပါ)၊ မဂ္ဂင်ငါးပါးက လမ်းမြောင်၊ မဂ္ဂင်ရှစ်ပါးက လမ်းမကြီး၊ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

မဂ္ဂင်ငါးပါးက (လမ်းမြောင်ပါ ဘုရား)၊ မဂ္ဂင် ရှစ်ပါးက (လမ်းမကြီးပါ ဘုရား)၊ လမ်းမြောင် လေးဖြစ်တဲ့ ဖြစ်ပျက်ကို ဒကာ ဒကာမတွေ ဒုက္ခသစ္စာ ဖြစ်ပျက်ကို ပထမ မဂ္ဂင်ငါးပါးနဲ့ကွ၊ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ရှုပေးပါ

မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ကို ရှုပေးပါတဲ့၊ ရှုပါများလာလို့ တစ်ခါတည်း ဒီလမ်းမြောင်ကလေး ဆုံးအောင် လိုက်သွားပြီ ဆိုမှဖြင့်၊ မဂ္ဂင်ငါးပါးနဲ့ ဖြစ်ပျက်ကလေးရှုလို့ ဖြစ်ပျက်ကလေး ဆုံးခါနီး လာပြီ ဆိုလို့ရှိရင် တစ်ခါတည်း ဒကာ ဒကာမတို့ မဂ္ဂင် ရှစ်ပါး လမ်းမတော်ပေါ် ရောက်ပါပြီ (မှန်ပါ)။

မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။ ထိုလမ်းမတော်ပေါ် ရောက်တဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ဒကာ ဒကာမတွေက ဘာမှ မစဉ်းစားနဲ့တော့ “ဧကာ ယနော အယံ ဘိက္ခဝေ မဂ္ဂေါ” နဲ့ တစ်ဖြောင့် တည်းနဲ့ပဲ မသေရာ အမှန် ပြည်နိဗ္ဗာန်ကို ဧကန် မြင်တော့တာပဲ (မှန်ပါ)။ သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)၊ ဧကန် မြင်တော့တာပဲ ဆိုတာ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ်များ ဘယ်လိုပါလိမ့်မတုံး ဆိုတာ မဂ္ဂင်ရှစ်ပါး လမ်းကသွားတာ (မှန်ပါ)။

မဂ္ဂင်ရှစ်ပါးလမ်းက သွားတာ သဘောကျလို့ မဂ္ဂင်ရှစ် ပါးကလည်း ဗြုန်းခနဲ ပြည့်တာမျိုးလား၊ ငါးပါးက ရှစ်ပါးပြည့်ရ တာလား (ငါးပါးက ရှစ်ပါးပြည့်ရတာပါ ဘုရား)။

ဒါဖြင့် ငါးပါးနဲ့ ဖြစ်ပျက်ရှု ပြီးတော့မှ ရှစ်ပါးက မသေရာ ကို ပို့တာပဲ (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။

ဝိပသနာမပါဘဲနဲ့မဂ်မဆိုက်နိုင်

ဒါဖြင့် ဝိပဿနာ မပါဘဲနဲ့ မဂ်မဆိုက်နိုင်ဘူး (မှန်ပါ)။ သဘောကျရဲ့ လား (ကျပါတယ် ဘုရား) ဝိပဿနာ မပါဘဲနဲ့ (မဂ်မဆိုက်နိုင်ပါဘူး ဘုရား) သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဝိပဿနာမပါဘဲနဲ့ (မဂ်မဆိုက်နိုင်ပါဘူး ဘုရား)၊ မဂ်မဆိုက်နိုင်ဘူးဆိုတာ ကို ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

မုန်းဉာဏ်ကျအောင်တက်လိုက်

ဝိပဿနာမဂ်က မဂ္ဂင်ဘယ်နှစ်ပါးတုံး (ငါးပါးပါ ဘုရား)၊ ဟုတ်ပြီ၊ အဲဒီ ငါးပါးက ဖြစ်ပျက်ကို ကျကျနန မြင်ပြီ ဆိုလို့ရှိရင်ဖြင့်၊ ဖြစ်ပျက်ကို သူသည် ဉာဏ်စဉ် အတိုင်းတက်ပြီး သကာလ ဥဒယ ဘင်္ဂ ဘယ မုန်းဉာဏ် ကျအောင် တက်လိုက် တာပေါ့လေ (မှန်ပါ)။

တက်လိုက်ပြီဆိုမှဖြင့် တစ်ခါတည်း ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ မလိုချင် လွတ်ချင်တဲ့ ဉာဏ်ရအောင် တက်လိုက်၊ ဖြစ်ပျက် ခန္ဓာကြီးမှ လွတ်ချင်ပါတယ် ဆိုလို့ ရှိရင်၊ ဖျတ်ဆို သူလည်း လွတ်ပြီးသကာလ မဂ္ဂင်ရှစ်ပါး ပြည့်တာ ပဲ (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်ကထွက်သွားတဲ့ ပုဂ္ဂိုလ်ချည်းပဲ

“သင်္ခါရုပေက္ခာ”ကျအောင် တက်လိုက်ပေါ့ဗျာ (မှန်ပါ)၊ အဲဒီကဲ့သို့ တက်တော့ ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေ၊ အင်း ဖြစ်ပျက်က ထွက်သွားကြတယ်လို့ မှတ်ပေတော့ (မှန်ပါ ဘုရား)၊ ဖြစ်ပျက်က နေပြီး ထွက်သွားတဲ့ ပုဂ္ဂိုလ်ချည့်ပဲ (မှန်ပါ)။

နို့မဟုတ်လို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဒီခန္ဓာကြီး ဟာ တစ်ကိုယ်လုံးမှာ ဘယ်လိုပဲ ကြည့်ကြည့် ဥဒယနဲ့ ဝယပဲ ရှိ တယ်။ ဒီဖြစ်ပျက်က နေပြီး ထွက်ရမှာပဲ ဆိုတာဖြင့် သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ ဝိပဿနာဉာဏ် ရှေ့ပြေး မရှိဘဲနဲ့ မဂ်ဉာဏ် မလာနိုင်ဘူး (မှန်ပါ)။

ဝိပဿနာဉာဏ်ရှေ့ပြေးရှိမှမဂ်ဉာဏ်လာ

ဝိပဿနာဉာဏ် ရှေ့ပြေး မရှိဘဲနဲ့ (မဂ်ဉာဏ် မလာနိုင် ပါဘူး ဘုရား) မဂ်ဉာဏ် မလာနိုင်ဘူး ဆိုတာ မယုံရင် ရှုကြည့်ကြ။ ဖြစ်ပျက်တွေ ရှု-ရှု ရှုပြီး သကာလ ဖျတ်ဆို ကိုဝရေ ဖြစ်ပျက်တွေ ပျောက်ထွက် သွားတယ် (မှန်ပါ)။

ပျောက်သွားလို့ရှိရင်ဖြင့် ချက်ချင်းပဲ ဖြစ်ပျက် မရှိတော့ ဘူး၊ ဒုက္ခတွေဖြင့် ဆုံးပြီ ဆိုတာ သူ့ဟာသူ သိလာတယ် (မှန်ပါ)၊ မသိဘူးလား (သိပါတယ် ဘုရား)။

ဒုက္ခဆုံးတယ် ဆိုတော့ ပူတာလည်း ဒုက္ခ၊ နာတာလည်း ဒုက္ခ၊ သေတာလည်း ဒုက္ခတွေ ဒါတွေရှာကို မတွေ့တာ (မှန်ပါ)။

သြော် ငါတော့ဖြင့် အိုမှု နာမှု ဒုက္ခတွေဖြင့်၊ ဖြစ်ပျက် ဒုက္ခဟာ အကြီးဆုံးဒုက္ခပဲ ဆိုတာ သိပြီး သကာလ၊ သူရှိ လို့ အို၊ သူရှိလို့နာ၊ သူရှိလို့သေ ဆိုတော့ ဖြစ်ပျက် ဆုံးသွားတဲ့ ပုဂ္ဂိုလ်ဟာ၊ ငါ့မှာ ဒုက္ခ ဟူသ၍ မြူစမျှ မရှိတော့ပါလားလို့၊ သူ့ဉာဏ်ထဲမှာ မထင်ပေဘူးလား (ထင်ပါတယ် ဘုရား)။

ဒုက္ခမရှိတာနိဗ္ဗာန်

ဒါဖြင့် ဒုက္ခဟူသ၍ မြူစမျှ မရှိပါဘူးဆိုလို့ သူ့ဟာသူ ထင်ပြီး သကာလ လာတော့၊ သူ့သန္တာန် မှာကို နဂိုက ဒုက္ခ ပင်လယ်ဝေ နေတာ ဒုက္ခရှာမတွေ့လို့ သူပြောတာ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခရှာမတွေ့တာ ဒုက္ခမရှိတာပဲ (မှန်ပါ) – ဒုက္ခ မရှိတာ နိဗ္ဗာန် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒုက္ခ မရှိတာကိုပင်လျှင် သိတာ မဂ်ဉာဏ် လို့ဆိုရင်ကော (မလွဲပါဘူး ဘုရား)။

အဲဒီတော့ ဒုက္ခမရှိတာကဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား)၊ ဒုက္ခ မရှိတာက နိဗ္ဗာန်၊ ဒါကြီးကို မြင်ပြီး သကာလ နေတာက မဂ်ဉာဏ် (မှန်ပါ)။

နိဗ္ဗာန်သည်ရှိတဲ့တရား

ဒါဖြင့် နိဗ္ဗာန်သည် ကိုဝရေ ရှိတဲ့တရားလား၊ မရှိတဲ့ တရားလား (ရှိတဲ့တရားပါ ဘုရား)၊ ဒါကြောင့် “အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ” ဆိုပြီး သကာလ ဥဒါန်း ပါဠိတော်မှာ နိဗ္ဗာန်ဆိုတဲ့ တရားဟာကွာတဲ့ ဘယ်သူမှ မလုပ်ဘဲနဲ့၊ ဘယ်သူမှ မပြုပြင်ဘဲနဲ့ အသင်္ခတ တရား အဖြစ်နဲ့လည်း ရှိပါတယ်လို့ ယူလိုက်စမ်းပါ (မှန်ပါ)။

နိဗ္ဗာန်ကို ဒကာ ဒကာမတွေ ဖြစ်ပျက်တွေ ဆုံးသွားတဲ့ ပုဂ္ဂိုလ်၊ နိဗ္ဗာန် ရှိကြောင်းကို သေသေချာချာ တွေ့ရတဲ့ အခါကျ မှ၊ နိဗ္ဗာန်ဟာ ဘာပစ္စည်းတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ပါတဲ့၊ အာရမ္မဏအဓိပတိပစ္စည်း။

နိဗ္ဗာန်သည်ဘာပစ္စည်း

နိဗ္ဗာန်သည် ဘာပစ္စည်းတဲ့ (အာရမ္မဏ အဓိပတိ ပစ္စည်းပါ ဘုရား)၊ မှတ်ထား၊ မှတ်ထား နိဗ္ဗာန်သည် ဘာပစ္စည်း – တဲ့ (အာရမ္မဏ အဓိပတိ ပစ္စည်းပါ ဘုရား)။

အဲတော့ နိဗ္ဗာန်ဟာ အာရမ္မဏ အဓိပတိ ပစ္စည်း ဆိုသဖြင့် အာရုံလည်း ဖြစ်တယ် မောင်နိုင်ရေ၊ အဓိပတိလည်း ဖြစ်တယ် (မှန်ပါ)။

အာရုံကော (ဖြစ်ပါတယ် ဘုရား)၊ အဓိပတိကော (ဖြစ်ပါတယ် ဘုရား)၊ အဲဒါ သူ့ကို နိဗ္ဗာန် သည်ကားလို့ ဆိုရင် အာရမ္မဏ အဓိပတိ ပစ္စည်းလို့၊ သေသေချာချာ ဋီကာကျော် ဆရာများလည်း ဆိုပြီး သကာလ ထားသောကြောင့်၊ သူဟာ ဘယ်လို အာရမ္မဏအဓိပတိ ပစ္စည်း ဖြစ်ပါလိမ့်မတုံးလို့ “အတ္တနိ အနဝဇ္ဇဓမ္မေ”၊ အတ္တနိ =မိမိသန္တာန်၌၊ အနဝဇ္ဇဓမ္မေ= အပြစ် မရှိတဲ့ မဂ္ဂင်ရှစ်ပါးတို့ကို၊ အနဝဇ္ဇ ဖြစ်တဲ့၊ ကိလေသဉာဏ် မရောမယှက်တဲ့ မဂ္ဂင်ကို သူကနေပြီး သကာလ အာရုံလည်းဖြစ်၊ အဓိပတိ လည်းအဖြစ်နဲ့ ကြီးစိုး လိုက်တယ် (မှန်ပါ)။

အာရုံကော၊ အဓိပတိကောဖြစ်တယ်

သူက မဂ္ဂင်ရှစ်ပါး အပေါ်မှာ အာရမ္မဏ အဓိပတိ အဖြစ်နဲ့ အဓိပတိ အဖြစ်နဲ့ ကြီးစိုးလိုက်တယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ ဪ မဂ္ဂင်ရှစ်ပါး အပေါ်၌ အာရုံလည်းဖြစ်၍၊ အဓိပတိကော (ဖြစ်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် အာရမ္မဏ အဓိပတိပစ္စည်း အဖြစ်နဲ့ ကျေးဇူးပြုတယ်၊ ဘယ်လို ကျေးဇူးပြုသတုံး ဆိုတော့ ကိလေသာ နဲ့ နေတဲ့ ပုဂ္ဂိုလ် ကျတော့ သူက အာရမ္မဏ အဓိပတိ ပစ္စည်း အဖြစ်နဲ့ အာရုံ အပြု မခံဘူး (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကိလေသာမပါမှ အာရုံအပြုခံတယ်

ကိလေသာမပါတဲ့ ပုဂ္ဂိုလ်ကျတော့ (အာရုံ အပြု ခံပါတယ် ဘုရား)၊ အာရုံ အပြုခံတယ်၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

အာရမ္မဏ အဓိပတိဆိုတာ ကိလေသာ ကင်းတဲ့တရား ကိုတော့ သူက အတွေ့ခံတယ် (မှန်ပါ)။ ကိလေသာ မကင်းတဲ့တရားကို (အတွေ့မခံပါဘူး ဘုရား)။

ဒါကြောင့် တဏှာ၊ ဆန္ဒတို့နဲ့ တောင်းတာမျိုး ကျတော့ နိဗ္ဗာန်က အတွေ့ကို မခံဘူးတဲ့ အသေအချာ မှတ် (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်သည်နာမ်တရား

“အတ္တနိ အနဝဇ္ဇဓမ္မေ နာမေတီတိ နာမံ” ဆိုတဲ့ အတိုင်း၊ အတ္တနိ – မိမိ၌၊ အနဝဇ္ဇဓမ္မေ- အပြစ် မရှိတဲ့ မဂ္ဂင်တရား တို့ကို။ နာမေတိ – ညွတ်စေတတ်၏။ ဣတိ-ထို့ကြောင့်၊ နိဗ္ဗာနံ-နိဗ္ဗာန် သည်၊ နာမံ-နာမ်ဖြစ်သည် နိဗ္ဗာန်ဟာ နာမ်တရားကွတဲ့။

အပြစ်မရှိတဲ့ တရားတွေကိုသူက တစ်ခါတည်းသူ့ကို ညွတ်စေပါတယ်ကွာ၊ အပြစ်ရှိတဲ့တရား လောဘနဲ့ မလာခဲ့နဲ့ တဲ့၊ သူက အတွေ့ကိုမခံဘူး (မှန်ပါ)။

ဒေါသနဲ့ဆိုရင် (အတွေ့မခံပါဘူး ဘုရား)။ မောဟနဲ့ ဆိုရင် (အတွေ့မခံပါဘူး ဘုရား)။

ဒါကြောင့် “နိဗ္ဗာနံ အာရမ္မဏ အဓိပတိ ပစ္စယတာယ – အတ္တနိ အနဝဇ္ဇဓမ္မေ နာမေတီတိ နာမံ” လို့ အဋ္ဌသာလိနီ အဋ္ဌကထာ ဆရာများ၊ သေသေချာချာ ဆိုထား တာ (မှန်ပါ)။

အပြစ်မရှိတဲ့တရားမှ အတွေ့ခံတယ်

အပြစ်မရှိတဲ့ တရားဆိုရင်ဖြင့် သူအတွေ့ခံတယ် (မှန်ပါ)။ အပြစ်ရှိတဲ့၊ ကိလေသာ အညစ် အကြေး တရားတွေ နဲ့ဆိုရင် (မတွေ့မခံပါဘူး ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အားထုတ်တဲ့ အခါကျလို့ရှိရင် ဖြင့်၊ တပည့်တော်ဖြင့် ဒီနေ့ အင်း ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မရောက်ပါဘူး ဘုရားလို့ ဆိုလို့ရှိရင်၊ အပြစ်ရှိတဲ့ တရားတွေမို့ ဟိုက အတွေ့ကို မခံဘူး (မှန်ပါ)၊ သဘောပါကြရဲ့လား (ပါ,ပါတယ် ဘုရား)။

အပြစ်ရှိတဲ့ တရားတွေမို့ (အတွေ့မခံပါဘူး ဘုရား) အင်း လောဘ ရှုပ်နေလို့၊ ဒေါသ ရှုပ်နေလို့၊ ဣဿာ ရှုပ်နေလို့၊ ဝိတက် ရှုပ်နေလို့ ဆိုတဲ့ပုဂ္ဂိုလ်မျိုး ကျလာပြီ ဆိုမှဖြင့်၊ ဒီနေ့ဖြင့် ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို တွေ့ကို မတွေ့နိုင်ဘူးလို့ ကိုဝတို့၊ မောင်နိုင်တို့၊ ကိုမြင့်တို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိလေသာမရောမှ ညွှတ်စေနိုင်တယ်

အပြစ်မရှိတဲ့တရားမှ “နိဗ္ဗာနံ အာရမ္မဏ အဓိပတိ ပစ္စယတာယ”၊ နိဗ္ဗာနံ – နိဗ္ဗာန်သည်။ အာရမ္မဏ အဓိပတိ ပစ္စယတာယ- အာရမ္မဏ အဓိပတိပစ္စည်း ဖြစ်လေသော ကြောင့်၊ အတ္တနိ – မိမိ၌ (ဝါ) မိမိတည်း ဟူသော၊ အနဝဇ္ဇဓမ္မေ= အပြစ်မရှိတဲ့ တရားတို့ကို သာလျှင် (ဝါ) ကိလေသာ မရောတဲ့ တရား၊ နာမေတိ- ညွတ်စေနိုင်တယ် (မှန်ပါ)။

တော်တော် အရေးကြီးပါလား (ကြီးပါတယ် ဘုရား)။ ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟတွေ ရှုပ်ပွေ လိမ်နေ တဲ့နေ့ ဆိုလို့ရှိရင်ဖြင့်၊ တပည့်တော်တို့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မရောက်ပါဘူး ဆိုတာ၊ ဪ လက်မခံတဲ့ တရားကိုး ဆိုတဲ့ ဥစ္စာ၊ အညစ်အကြေး ရှိရင် လက်မခံဘူးဆိုတဲ့ ဥစ္စာ နိဗ္ဗာန်က ပြောနေတယ် (မှန်ပါ) သဘောကျပြီလား (ကျပါ တယ် ဘုရား)။

အဲ ဒီစကားလေး တစ်လုံးဟာ ဒကာ ဒကာမတို့ အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် မောင်နိုင် သိပါတယ် (မှန်ပါ)၊ မသိဘူးလား (သိပါတယ် ဘုရား)။

ဒီနေ့ဖြင့် ဒုက္ခချုပ်တဲ့ဆီ တပည့်တော်တို့ဖြင့် မရောက် ပါဘူး ဘုရား၊ အင်း ဘာပြုလို့ မရောက်ပါလိမ့်မတုံး ဆိုတာ ကိုမြင့်တို့ မောင်နိုင်တို့ ကိုဝတို့ သိပြီလား (သိပါပြီ ဘုရား)။

လောဘ၊ ဒေါသ အညွှတ်မခံဘူး

ခုနက လောဘ၊ ဒေါသ၊ မောဟတွေ အပြစ် အနာ အဆာရှိတဲ့ တရားတွေ ကျတော့ သူက အညွှတ်မခံဘူး (မှန်ပါ)။ ငါ့လာပြီး ဦးမတိုက်လာနဲ့ မရဘူး (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ငါ့လာပြီး ဦးမတိုက်လာခဲ့တဲ့ (မရပါဘူး)၊ မရပါ ဘူးတဲ့၊ အပြစ်မရှိတဲ့ မဂ္ဂင်ပေါ်တဲ့နေ့ကျတော့ လာခဲ့ဆိုပြီး သူက လက်ခံတယ် (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။

ဘာမှ စင်းလုံးချော မဂ္ဂသစ္စာ ဆိုတာ “အကဏှအသုက္က ကံ” ဖြစ်နေတော့၊ အင်မတန် ဒကာ ဒကာမတို့ မငြူစူတဲ့ မဂ္ဂင် ဖြစ်ပြီး သကာလ နေတော့၊ ဒါကျတော့ ညွှတ်တဲ့၊ ညွှတ်တဲ့လို့ နိဗ္ဗာန်က အာရမ္မဏ အဓိပတိ ပစ္စည်းအဖြစ်နဲ့ ငါ့ဆီကို၊ ငါ့အာရုံ ပြုတဲ့၊ ငါ့အာရုံပြုတဲ့လို့ သူက ခေါ်နေတယ် (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကိလေသာနဲ့နည်းနည်းမှမဆက်စပ်

ကဲ ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ကိလေသာနဲ့ နည်းနည်းမှ မဆက်စပ်ပါလား ဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။ နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ကိလေသာနဲ့ ဘယ့်နှယ် နေတုံး (နည်းနည်းမှ မဆက်စပ်ပါ ဘုရား)။

ကိလေသာနဲ့ လုံးလုံး မဆက်ဆံဘူး (မှန်ပါ)။ ဒါဖြင့် သူသည် စင်းလုံးချော တရားဆိုရင် လက်ခံတယ် (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိလေသာ ရောထွေးခဲ့သော် (လက်မခံပါဘူး ဘုရား)။ လက်မခံဘူး၊ သူက ဘာကြောင့်လည်း ဆိုတော့ အာရမ္မဏ အဓိပတိပစ္စည်း ဖြစ်နေတယ်တဲ့၊ အပြစ်မရှိတဲ့ တရား ဆိုရင် သူလက်ခံမယ်တဲ့ (မှန်ပါ)။ အပြစ်ရှိတဲ့ တရားဆို ရင် (လက်မခံပါဘူး ဘုရား)၊ လက်မခံပါဘူးတဲ့ ဒကာ ဒကာမတို့။

ယနေ့ ဘာဖြစ်ပါလိမ့်မတုံးလို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေ မလဲနဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ယနေ့တပည့်တော်တို့ ရှုလိုက်တာဘုရား၊ နာရီကို အတော်ကြာတယ်ဘုရား၊ ခါတိုင်း ရှုနေကျ နေရာများ မရောက် ပါဘူး ဘုရား၊ ဘယ့်နှယ်များ ဖြစ်တယ် မပြောတတ်ပါဘူးလို့ ဒီလို စကားတွေ မသုံးပါနဲ့တော့၊ သဘောကျပြီလား (ကျပါ တယ် ဘုရား)။ ဒီလိုစကားတွေ မသုံးကြနဲ့နော် (မှန်ပါ)။

အပြစ်ရှိတဲ့တရားမို့လက်မခံ

ယခုသိသွားပြီ မဟုတ်လား (သိပါပြီ ဘုရား)။ သြော် အပြစ်ရှိတဲ့ တရားမို့ နိဗ္ဗာန်က လက်မခံဘူး (မှန်ပါ) သဘောပါကြပြီလား (ပါပါတယ် ဘုရား)။

အပြစ်ရှိတဲ့တရားတွေ ဝမ်းထဲမှာရှိနေလို့ နိဗ္ဗာန်က (လက်မခံပါဘူး)။ အပြစ်မရှိတဲ့တရား ဆိုရင် (လက်ခံပါ တယ် ဘုရား)။ ကဲ ဒါဖြင့် မောင်နိုင် ကောင်းကောင်း ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။ မပေါ်ကြ သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဝမ်းထဲမှာ အပြစ်တရားတွေရှိနေလို့

ဘယ်သူ့ ဟောနေတာတုံးလို့ ကိုဝ မေးဖို့ လိုလာတယ် (မှန်ပါ)။ အလုပ် လက်ရှိ သမားတွေမှာ ဒီလို ဘယ့်နှယ်ကြောင့် ဒုက္ခချုပ်တဲ့ဘက် မကူးမသန်း ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့မှ၊ မိမိမှာ အပြစ်ရှိတဲ့ တရားတွေ ရှိနေလို့ ဟိုက လက်ကိုမခံဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

အပြစ်မရှိတဲ့ တရားတွေဆိုရင်ဖြင့် (လက်ခံပါ တယ် ဘုရား)။ ဒါကြောင့် “နိဗ္ဗာနံ အာရမ္မဏ အဓိပတိ ပစ္စယ တာယ အတ္တနိ အနဝဇ္ဇဓမ္မေ နာမေတီတိ နာမံ” ကွာ၊ နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ အာရမ္မဏ အဓိပတိ ပစ္စယ တာယ- အာရုံလည်း ဖြစ်၊ အဓိပတိလည်း ဖြစ်လေ သောကြောင့်၊ အတ္တနိ- မိမိကို ညွှတ်တဲ့ တရား၌၊ အနဝဇ္ဇဓမ္မေ- အပြစ်ကို မရှိမှ လက်ခံတယ် (မှန်ပါ)။

အပြစ်မရှိတဲ့တရားသာ သူ့ဘက် အလှည့်ခံမှာတဲ့ (မှန်ပါ)။ အပြစ်ရှိတဲ့ တရားတွေ ဆိုရင် (အလှည့်မခံပါဘူး ဘုရား)။ အလှည့်မခံဘူး ဆိုတာ သဘောကျကြပြီလား (ကျပါတယ် ဘုရား)။

ဣဿာ၊ မစ္ဆရိယရှိနေလို့

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတစ်လုံးနဲ့ပဲ ခင်ဗျားတို့ ဪ-ဘာဖြစ်လို့၊ ဒီနေ့ ဘာဖြစ်ပါလိမ့် မတုံး ဆိုတာ အဖြေထွက် သွားပြီလား (မှန်ပါ)။ သဘောကျကြပြီလား (ကျပါ တယ် ဘုရား)။

ဒုက္ခ- ဒီနေ့ကော ဘာကြောင့် မချုပ်ပါလိမ့်မတုံး ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)၊ အင်း ဘယ်လို သေချာပါလိမ့်၊ အပြစ်ရှိတဲ့ ကိုယ့်မှာ လောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆေရ အစ ရှိသော မဟုတ်တဲ့ တရားတွေက ဒီထဲမှာ ရှိနေလို့၊ အင်း ဒုက္ခချုပ်ရာ နိဗ္ဗာန်က အာရမ္မဏအဓိပတိ ပစ္စည်းဖြစ်ပြီး၊ ငါ့မညွှတ်လာနဲ့ အပြစ်ကင်းတဲ့ တရားသာ ငါအညွှတ်ခံမယ် (မှန်ပါ)။

အပြစ်ကင်းမှ ဦးတိုက်ခံမယ်

အပြစ်ကင်းတဲ့ တရားသာ ငါ့ဦးတိုက်ခံမယ်ပေါ့လေ (မှန်ပါ)။ အပြစ်မကင်းတဲ့ တရားဆိုရင် (ဦးတိုက် မခံပါဘူး ဘုရား)။

ဦးတိုက်မခံဘူးဆိုတာ သူ့တွေ့ဖို့ရာကို အခွင့်ပေးသေးရဲ့ လား (မပေးပါဘူး ဘုရား) ကဲ သဘော ပါပြီလား (ပါပါပြီ ဘုရား)။

သြော် တယ်လည်းခက်တဲ့ မသေရာ တရားက သေတတ်တဲ့ တရား လက်ခံလို့ တော်ပါ့မလား (မတော်ပါ ဘူး ဘုရား)။ ခုနက လောဘရှိတဲ့ ပုဂ္ဂိုလ်ဟာ အဖန်ဖန် သေရလိမ့်ဦးမယ် (မှန်ပါ)။

ဒေါသရှိတဲ့ ပုဂ္ဂိုလ် (အဖန်ဖန်သေရမှာပါ ဘုရား) အင်း-ဣဿာ၊ မစ္ဆေရ၊ မာနရှိတဲ့ ပုဂ္ဂိုလ် (အဖန်ဖန်သေရ ဦးမှာပါ ဘုရား)။ အဲဒီတရားတွေနဲ့ သူ့ဝိပဿနာ လုပ်ပြီး သကာ လ ကြိုကြား ကြိုကြား ဝင်နေမယ် ဆိုလို့ရှိရင်ဖြင့် အို-ငါက မသေတတ်တဲ့ ပစ္စည်း၊ သေရာ တရားတွေက ငါ့ဆီလှမ်းမျှော်ပြီး သကာလ မကြည့်နိုင်ပါဘူး၊ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

သေတတ်တဲ့တရားတွေကိုအကပ်မခံ

သေတတ်တဲ့ တရားတွေက သူ့ဆီ ညွတ်လို့၊ ကိုင်းလို့ ရှိုင်းလို့ ရရဲ့လား (မရပါဘူး ဘုရား)၊ ဒကာ ဒကာမတွေ ကြပ်ကြပ် စဉ်းစားပါ။ ကြပ်ကြပ်စဉ်းစားပါ၊ ကြပ်ကြပ်စဉ်းစားပြီး မှ နားထောင် တော့မှ၊ ဪ နိဗ္ဗာန်ဆိုတဲ့ တရားသည်ကား လို့ဆိုရင်ဖြင့် မသေရာ တရားပါလား၊ မသေရာ တရားက သေတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟတွေ တော့ဖြင့် အနားကို အကပ်မခံဘူး (မှန်ပါ)။

“အတ္တနိ အနဝဇ္ဇဓမ္မေ” အတ္တနိ – မိမိသန္တာန်၌၊ အနဝဇ္ဇဓမ္မေ- အပြစ်ကင်းတဲ့ တရားသာလျှင်၊ နာမေတိ – ညွှတ်စေ မယ်ကွ၊ ငါ့ကို အာရုံပြု၊ ငါအာရုံ အပြုခံမယ်ကွ၊ အပြစ်ရှိတဲ့ တရားတွေတော့ ဖြင့် သေတတ်တဲ့ တရားတွေ၊ အသေ တွန်းနေတဲ့ တရားတွေတော့ ငါက ငါ့ဆီကို ဦးတိုက်ကိုမခံဘူး၊ အညွှတ်ကို မခံဘူး ဆိုတော့ သူ့ကိုက ပင်ကိုသဘော (မှန်ပါ)။

နိဗ္ဗာန်၏ သဘော ပေါ်လာကြပြီလား (ပေါ်လာ ပါတယ် ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သည် ကားလို့ဆိုရင် အမတ ဆိုတာ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

မဂ္ဂင်ဖြစ်ရတော့မယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဟိုက တစ်ခါတည်း အတွေ့ခံတယ် (မှန်ပါ)။ မဂ္ဂင် မဖြစ်ခဲ့သော် (အတွေ့မခံပါဘူး ဘုရား)။

နိဗ္ဗာန်သည် လူရွေးတယ်

အတွေ့မခံဘူး ဆိုတော့ နိဗ္ဗာန်သည် ဒကာ ဒကာမတို့ လူရွေးတယ် ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ နိဗ္ဗာန်ဟာ ဘာပါလိမ့် (လူရွေးပါတယ် ဘုရား)။

လူရွေးတယ်တဲ့ ဒကာ ဒကာမတို့၊ အပြစ်ရှိတဲ့လူ ဆိုရင် လက်မခံဘူး (မှန်ပါ)၊ အပြစ်မရှိတဲ့ ပုဂ္ဂိုလ်ဖြင့် (လက်ခံပါတယ် ဘုရား)၊ လက်ခံပါတယ် ဆိုတော့ ငါဒီနေ့ ဘာ ဖြစ်ပါလိမ့်မတုံး၊ ရှုလိုက်တာ ကလည်း အချိန်ကြာလှပြီ၊ ဘယ့် နှယ်ကြောင့် ဖြစ်ပျက်ဒုက္ခတွေ မချုပ်ဘဲနဲ့ နေပါလိမ့်မတုံး ဆို ရင် အို အပြစ်တွေ ရှိနေလို့ (မှန်ပါ)၊ ကိုဝ ကျေနပ် ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်နိုင်တဲ့တရား

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချတဲ့ တရားကို ယနေ့ ဟောနေ ပါတယ် (မှန်ပါ)၊ ဘာဟောနေပါလိမ့် (ကိုယ့်ဟာကိုယ် ဆုံးဖြတ် ချက်ချတဲ့ တရားကို ဟောနေတာပါ ဘုရား)။

ဒီနေ့ ရောက်ပြီးသား နေရာတောင် မရောက်ဘူး၊ မရောက်သေးတဲ့ နေရာကို ဝေးစွ (မှန်ပါ)။ ဘယ့်နှယ် များ ဖြစ်နေပါလိမ့်မတုံး မာနများ တက်နေသလား၊ အင်းပယောဂတွေများ ဝင်နေသလား၊ ဒိပြင်ဟာတွေ ဘာမှ မတွေးနဲ့ (မှန်ပါ)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိုယ့်သန္တာန်မှာ ဘာမဟုတ်တဲ့ ဝိတက်တွေလည်း ဝင်နေလိမ့်မယ် (မှန်ပါ)၊ ဘာမဟုတ်တဲ့ အကြံအစည်တွေ လည်း ဝင်နေလိမ့်မယ် (မှန်ပါ)။ အဲ့ဒါတွေကြောင့် နိဗ္ဗာန် က လက်ခံပါရဲ့လား (လက်မခံပါဘူး ဘုရား)။

ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ ဆိုရင် ဒကာ ဒကာမတို့၊ စင်စင်ကြယ်ကြယ် တရားသည်သာလျှင် သူ့ကို အာရုံအပြုခံ တယ် (မှန်ပါ)။ မစင်ကြယ်တဲ့ တရားသူက အတွေ့ကို မခံဘူး (မှန်ပါ)။

သူက အာရမ္မဏ အဓိပတိ ပစ္စည်းကိုဗျ (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ရှေးဦးစွာဝိပဿနာမဂ်နဲ့ရှင်း

ကဲ – ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ကြပါစို့တဲ့၊ ဒီအလုပ် မလုပ်လို့ရှိရင်ဖြင့် မဖြစ်ဘူးဆိုတော့ ရှေးဦးစွာ ဝိပဿနာမဂ်နဲ့ ရှင်းထား (မှန်ပါ)။

ဒကာ ဒကာမတွေ ရှေးဦးစွာ ဝိပဿနာမဂ်နဲ့ ကိလေသာကို အရင်ရှင်းထား ရမယ် (မှန်ပါ)။ ရှေးဦးစွာ ဘာတုံး (ဝိပဿနာမဂ်နဲ့ ကိလေသာကို အရင်ရှင်းထားရ မှာပါ ဘုရား) ကိလေသာ အရင်ရှင်း။

အဲဒီလို ရှင်းပြီးသား သူရှင်းလို့ တော်တော် ကိလေသာ တွေ အပုံကြီး စုမိပြီဆိုမှဖြင့် မဂ်ကနေပြီး မီးရှို့ ပစ်လိုက်တယ် (မှန်ပါ)။ ကိလေသာတွေကို မဂ်က မီးရှို့ပစ် လိုက်တော့၊ ကိလေသာတွေ ကျန်သေးရဲ့လား (မကျန်ပါဘူး ဘုရား)။

ကိလေသာ မကျန်တော့ သဘောကျပြီလား (ကျပါတယ် ဘုရား) အဲဒီလို မကျန်တဲ့ မဂ်ကိုတော့ အညွှတ်ခံ တယ် (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ရှင်းတုန်းကိုနိဗ္ဗာန်မတွေ့နိုင်

ဒါဖြင့် ရှင်းတုန်း လင်းတုန်း ကိုဖြင့် နိဗ္ဗာန် မတွေ့နိုင်ဘူး – (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ ရှင်းပြီး လင်းပြီးသား ဖြစ်ခဲ့သော် (တွေ့နိုင်ပါတယ် ဘုရား)။

တွေ့နိုင်တယ်ဆိုတော့ ဒါဖြင့် ဝိပဿနာသည် ရှင်းတုန်း လင်းတုန်းလို့မှတ် (မှန်ပါ)။ မဂ်သည် ရှင်းပြီးတဲ့ တရားလို့ မှတ် (မှန်ပါ)။

ရှင်းပြီးတဲ့တရားမှ နိဗ္ဗာန်တွေ့မယ်

ကိုင်း ရှင်းပြီးတဲ့တရားမှ နိဗ္ဗာန်တွေ့မယ် (မှန်ပါ)။ ရှင်းနေတဲ့တရားက (မတွေ့နိုင်ပါဘူး ဘုရား) မတွေ့နိုင်သေးဘူးဆိုတော့ ဒကာ ဒကာမတို့၊ ယနေ့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး သကာလ အလုပ်စဉ် ပြရသည် ဖြစ်လေ သောကြောင့် ဝမ်းလည်းသာစရာ ကောင်းပါတယ်၊ ဒါရှင်းတုန်းမို့ နိဗ္ဗာန် မတွေ့တာပဲ (မှန်ပါ)။

ဒါဖြင့် ဘယ်ဟာရှုလိုက် ရှုလိုက်၊ ဒကာ ဒကာမတွေ သန္တာန်မှာ ဖြစ်ပြီးပျက်တာ လေးတွေ၊ ဖြစ်ပျက်ကလေးတွေကို တွေ့တွေ့ တွေ့တွေ့နေလို့ ရှိရင်ဖြင့်၊ ကိုဝတို့ မောင်နိုင်တို့က ဪ ဒါ ကိလေသာ ရှင်းတုန်း ပါလား မှတ်လိုက် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (ကိလေသာ ရှင်းတုန်းပါ ဘုရား)။ ဖြစ်ပျက်တွေ တွေ့နေရင် ဘယ်လို မှတ်ကြမယ် (ကိလေသာရှင်းတုန်းပါ ဘုရား)။ ကိလေသာရှင်းတုန်းပဲ။

စုပုံပြီးမှ မဂ်ကမီးရှို့တယ်

ဒါဖြင့် စုပုံတဲ့ အခြေအနေ ရောက်အောင် ပဏ္ဏာသက လည်း စုပုံတဲ့ အခြေအနေ ရောက်အောင် ဥပမာပြတယ်၊ စုပုံတဲ့ အခြေအနေ ရောက်အောင် ဥပမာပြပြီး၊ စုပုံပြီးတာကို ကိုင်း အကုန် ရှင်းပြီးပြီ၊ လယ်ထဲမှာဖြင့် အကုန် ရှင်းပြီးပြီ ဘာမှ မရှိတော့ဘူး၊ အလယ်ခေါင် အကုန်ပုံပြီးပြီ ဆိုပြီး မဂ်ကနေပြီး မီးရှို့ လိုက်လို့ရှိရင် ဒီကိလေသာ ကျန်သေးရဲ့ လား (မကျန်ပါ ဘူး ဘုရား)။

အဲ မကျန်တော့ မီးရှို့တတ်တဲ့ မဂ်ကိုတော့ နိဗ္ဗာန်က ဒကာ ဒကာမတို့ လာခဲ့ လာခဲ့လို့ ခေါ်ပါတယ် (မှန်ပါ)၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်က လာခဲ့ လာခဲ့လို့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သည် ကားလို့ဆိုလို့ ရှိရင်၊ အာရမ္မဏ အဓိပတိ ပစ္စည်းဖြစ်လေ သောကြောင့် အပြစ်ရှိတဲ့ တရား လက်မခံ (မှန်ပါ)။

ဝိပဿနာဉာဏ်ကကိလေသာရှင်းတုန်း

ကိလေသာ အပြစ်ရှိခဲ့သော် (လက်မခံပါဘူး ဘုရား)။ ကိလေသာ အပြစ်မရှိခဲ့သော် (လက်ခံ ပါတယ် ဘုရား)။ လက်ခံတယ် ဆိုတော့ ဝိပဿနာဉာဏ် လောက်ဟာ ကိလေသာ ရှင်းတုန်း လင်းတုန်း ဖြစ်နေလို့၊ ကိလေသာနဲ့ လုံးထွေး နေသေးတဲ့ အတွက် လက်မခံသေးဘူး (မှန်ပါ)။

မဂ်ဉာဏ်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ,အပါယ ဂမနိယ ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ငါးခုတွေ ရှင်းပြီးသား ဖြစ်တဲ့ မဂ်ဉာဏ် ကျတော့ နိဗ္ဗာန်က လက်ခံ တယ် (မှန်ပါ) သဘော ပါပြီလား (ပါပါတယ် ဘုရား)။

ရှင်းလင်းတဲ့အလုပ်က ဝိပဿနာဉာဏ်

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်မှ သာလျှင်လည်း ရှင်းတဲ့ အလုပ်လုပ်၊ လက်ခံတဲ့ တရား ဖြစ်အောင်လုပ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ရှင်းပြီးတဲ့အလုပ်ကမဂ်ဉာဏ်

ကိလေသာရှင်းပြီးတဲ့ အလုပ်က (မဂ်ဉာဏ်ပါ ဘုရား)၊ ကိလေသာရှင်းလင်းတဲ့ အလုပ်က (ဝိပဿနာ ဉာဏ်ပါ ဘုရား)။ အဲ ကိလေသာ ရှင်းဆဲ အလုပ်က ဝိပဿနာဉာဏ်၊ ရှင်းပြီးတဲ့ အလုပ်က (မဂ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ရှင်းပြီးတဲ့ အလုပ်ဆိုရင် နိဗ္ဗာန်က လက်ခံတယ် (မှန်ပါ)၊ ရှင်းဆဲ အလုပ် ဆိုရင် (လက်မခံ သေးပါဘူး ဘုရား) ကဲ ကိုဝကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ရှင်းဆဲအလုပ်သည် သူရှင်းနိုင် သ၍ ရှင်းပြီးလို့ရှိရင် မဂ်က ဒါတွေ မီးရှို့ပစ်မယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ မီးနဲ့ရှို့တာ ဆိုတာ မဂ်နဲ့ ပယ်ပစ် တာပဲ (မှန်ပါ)။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့၊ -ရှင်းဖို့ရာ အလုပ် တောင်မှ မလွယ်ဘူးဗျ (မှန်ပါ)။ ရှင်းပြီး မီးရှို့တဲ့ တရား လာဖို့ ဆိုရင်သာ၍ပင် မဝေးပေဘူးလား (ဝေးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နည်းပေးလမ်းပြ မကောင်းခဲ့ သော် ဘယ့်နှယ် ဖြစ်နိုင်ပါ့မလဲ (မဖြစ်နိုင်ပါဘူး ဘုရား) ဖြစ်နိုင်စရာ အကြောင်းကိုရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

ပြောင်အောင်လုပ်တာလောကုတ္တရာမဂ်

သေသေချာချာသာ ဘုန်းကြီးတို့ ဒကာ ဒကာမ အရင်း တွေပဲ စဉ်းစားကြပေတော့၊ ကိလေသာ ရှင်းတာ ဝိပဿနာမဂ် (မှန်ပါ)၊ ကိလေသာ ပြောင်အောင် လုပ်တာက လောကုတ္တရာ မဂ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိလေသာ ရှင်းတာက (ဝိပဿနာမဂ်ပါ ဘုရား) အဲ ကိလေသာကို ရှင်းပြီး ပြောင်အောင် လုပ်နိုင် တာက (လောကုတ္တရာ မဂ်ပါ ဘုရား)။

အဲဒီ လောကုတ္တရာမဂ် ဆိုတော့မှ ဒကာ ဒကာမတို့ ဒီမဂ်ကမှ ကဲ နိဗ္ဗာန်သို့ သွားရာ လမ်းခရီး ဆိုတာကြီးဟာ ချက်ချင်း ပေါ်လာတယ် (မှန်ပါ)။

ပေါ်လာလို့ရှိရင်ဖြင့် ဒီမဂ်ပေါ်လာလို့ ရှိရင် ဒီနိဗ္ဗာန်က လက်ခံတယ် (မှန်ပါ)။ သဘော ကျရဲ့လား (ကျပါ တယ် ဘုရား)။ ဒီမဂ် မပေါ်သေးရင် လက်မခံသေးဘူး ဆိုတော့၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ် ဟာ တယ်ခြားနားပါလား (ခြားနားပါတယ် ဘုရား)။

မခြားနားဘူးလား (ခြားနားပါတယ် ဘုရား) ဝိပဿနာမဂ်က ကိလေသာ ရှင်းဆဲ (မှန်ပါ)၊ သဘောကျ ပြီလား (ကျပါတယ် ဘုရား)။

ဝိပဿနာရှုနေတုန်း နိဗ္ဗာန်မမြင်

မဂ္ဂ – သည်ကားလို့ ဆိုရင် ကိလေသာရှင်းပြီး (မှန်ပါ) ရှင်းဆဲကို လက်မခံဘူး နိဗ္ဗာန်က (မှန်ပါ)။

ဒါကြောင့် ဝိပဿနာရှုနေတုန်း နိဗ္ဗာန် မမြင်ရဘူး (မှန်ပါ) ဖြစ်ပျက်တွေပဲ မြင်နေရသေးတယ် (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဖြစ်ပျက် မဂ်ဆိုတော့ ဘာတွေ့ရတုံး (ဖြစ်ပျက် တွေ့ရပါတယ် ဘုရား)။ ဒါဖြင့် ရှင်းဆဲက နိဗ္ဗာန်မတွေ့နိုင်တာသည် ကိလေသာနဲ့ သူနဲ့ လုံးထွေးထွေး ဖြစ်နေသေးတယ် (မှန်ပါ)၊ သဘော ကျရဲ့လား (ကျပါတယ် ဘုရား)။

ရှင်းပြီးတဲ့ တရား ဆိုတော့ သူက မီးရှို့ပစ်လိုက်တော့ ပြာတွေ ကျကုန်တော့၊ ကိလေသာတွေ ပျောက်ပျက် ကုန်တော့ အဲဒီမဂ်ကိုတော့ဖြင့် နိဗ္ဗာန်က ကဲ ငါ့ညွှတ်တော့ ဆိုပြီး လက်ခံ ပါတယ် (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် ဝိပဿနာမဂ် ရှေ့ပြေးမရှိ ဘဲနဲ့ လောကုတ္တရာ မဂ် မဖြစ်ဘူး ဆိုတာ ယနေ့ သေသေချာချာ မှတ်ပါ (မှန်ပါ)။ ဝိပဿနာမဂ် မရှိဘဲနဲ့ (လောကုတ္တရာမဂ် မရှိပါ ဘုရား)။

ဖြစ်ပျက်မှမတွေ့ရင်၊ နိဗ္ဗာန်နဲ့ဝေးတယ်

ကိုင်း ဖြစ်ပျက်ကို မမြင်ဘဲနဲ့ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန် ကို ဘယ်နည်းနဲ့မှ မမြင်နိုင်ဘူး (မှန်ပါ)။

ဒါဖြင့် ဖြစ်ပျက်မှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန် နဲ့ အတော်ဝေးတယ် (ဝေးပါတယ် ဘုရား)၊ မဝေးဘူးလား (ဝေးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှေးဦးစွာ ဘာတွေ့ဖို့ အရေး ကြီးပါလိမ့် (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား)၊ အဲ ဖြစ်ပျက်တည်းဟူသော လမ်းမြောင်ကလေးကို အရင်တက်မိဖို့ အရေး ကြီးပါတယ် (မှန်ပါ)။

ပြီးတော့မှ ဖြစ်ပျက် အဆုံးဖြစ်တဲ့ အဆုံးမြင်နိုင်တဲ့ မဂ္ဂင်ရှစ်ပါး လမ်းမတော် ပေါ်ရောက်ဖို့ရာ ဒုတိယ အရေးလို့ မှတ် ပါ (မှန်ပါ)၊ သဘောပါပြီလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ဟာ မောင်နိုင်။ တို့ ကိုဝတို့ ထူးခြားပြီလား (ထူးခြားပါတယ် ဘုရား)။

ဝိပဿနာမဂ်က ကိလေသာရှင်းဆဲ

ဝိပဿနာမဂ်က ကိလေသာရှင်းဆဲ (မှန်ပါ)၊ မဂ်က ရှင်းပြီး (မှန်ပါ)၊ လောကုတ္တရာမဂ်က (ရှင်းပြီး ပါ ဘုရား) ရှင်းပြီးက နိဗ္ဗာန်ကို တွေ့နိုင်တယ် (မှန်ပါ)။

ရှင်းဆဲက နိဗ္ဗာန် မတွေ့နိုင်သေးဘူး ဆိုတာ ကောင်း ကောင်းရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သို့သော်တဲ့ နာမရူပ ပရိစ္ဆေဒကျမ်း ကတော့ ဆိုရှာပါတယ်၊ နာမရူပပရိစ္ဆေဒ ကျမ်းဆိုတာ ရှင်အနုရုဒ္ဓါ ရေးတာ၊ သူက ဘယ်လို ဆိုလိုက်သတုံး ဆိုတော့၊ ကွာ ရှင်းဆဲ ကိုပဲ ရှင်းဆဲ တရား၊ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာမဂ် ငါးပါးပေါ် လာရင်ပဲ ဒီ ပုဂ္ဂိုလ်ဟာ အရုဏ်တက်ပါပေါ့လို့ အသေအချာ ဟောတာ (မှန်ပါ)။

အရုဏ်တက်ရင်နေထွက်တော့မယ်

“ဥဂ္ဂစ္ဆတိ ယထာဒိစ္စော ပုရက္ခတွာ ရုဏံ တထာ”၊ ဥဂ္ဂစ္ဆတိ ယထာဒိစ္စော= တဲ့ နေထွက်မယ် ဆိုလို့ ရှိရင်ဖြင့် အရုဏ်တက် ဟာ ရှေ့ပြေး ဆိုတာ ကိုဝတို့ မှတ်မိမှာပါ (မှန်ပါ)။

အရုဏ်နဲ့ နီးလာလို့ရှိရင် နေထွက်တော့မယ် ဆိုတာက မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် “ဥဂ္ဂစ္ဆတိ ယထာဒိစ္စော”တဲ့ အာဒိစ္စော=က နေ၊ ဥဂ္ဂစ္ဆတိက- တက်တာ၊ “ဥဂ္ဂစ္ဆတိ ယထာဒိစ္စော ပုရက္ခတွာ ရုဏံ တထာ”။

ပူရက္ခိတွာ= ရှေ့သွားကတော့၊ အရုဏံ – အရုဏ်တက် တာပါပဲကွ (မှန်ပါ)။

ဖြစ်ပျက်တွေ့ရင်သေပျော်ပြီ

ဝိပဿနာမဂ်နဲ့ ဖြစ်ပျက်တွေ့ရင်ပဲ ဒီ ဒကာ ဒကာမ တွေ သေပျော်ပြီလို့မှတ် (မှန်ပါ)။ အရုဏ် တက်ပြီးဟ (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

“ဝိပဿနာ ပူရက္ခိတွာ မဂ္ဂဓမ္မော ပဝတ္တိ”၊ ဝိပဿနာ ရှေ့သွားလို့ရှိရင်၊ မဂ္ဂဓမ္မော – ဆိုတဲ့ မဂ္ဂင်ဟာ အသေအချာ ဖြစ်မယ် (မှန်ပါ)။

ဒီရှေ့သွားသာရှိပစေတဲ့ လောကုတ္တရာ မဂ္ဂင်ဘယ့်နှယ် တုံး (ရှစ်ပါးဖြစ်မှာပါ ဘုရား) ဖြစ်ရမယ် ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ဖြစ်ပျက်မြင်ရင် အရုဏ်တက်ပြီ

ကိုင်း ဒါဖြင့် ဟောဒိ ဖြစ်ပျက်မြင်လို့ရှိရင် ဒကာ ဒကာမတို့ အရုဏ်တက်ပါပေါ့ (မှန်ပါ)၊ နေထွက်ဖို့ မသေချာ သေးဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဝိပဿနာရှေ့သွားရှိတဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လောကုတ္တရာမဂ်ဟာ လာရမယ်၊ ဘာပါရမီမှ မလိုတော့ဘူး (မှန်ပါ)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဖြစ်ပျက်ကို ပဓါနထားတယ်

ဒါဖြင့် ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီး ဟောတာ ပဓာနိယင်္ဂတရား ငါးပါးနဲ့ ပြည့်စုံလို့ ရှိရင်ဖြင့် ရရယ် ဆိုတဲ့ဥစ္စာ၊ ဒီဖြစ်ပျက်တွေကို သူပဓာန ထားတာပဲ (မှန်ပါ) သဘောကျ ရဲ့လား (ကျပါတယ် ဘုရား)။

“ဥဒယဗ္ဗယ ဂါမိနိယာ ပညာယ” လို့ သေသေ ချာချာ ပဓာနိယင်္ဂတရားမှာ ဘုရားသခင် ကိုယ်တော်မြတ် ကြီးဟောထားတော့၊ ယုံကြည်၊ ကျန်းမာ ဟုတ်လား၊ ပြီးတော့မှ ဖြစ်ပျက်ကို မြင်မှု အရေးမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။

အဲဒီဥစ္စာ ပဓာနိယင်္ဂတရား ငါးပါးထဲမှာ သူအရေး ကြီးဆုံးပဲ ဆိုတာ ပေါ်မလာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

အသေအချာမှတ်ပေတော့

ဒါကြောင့် သာမည ခင်ဗျားတို့ အဖြစ်အပျက် ဆိုတဲ့ “ဥဒယဗ္ဗယ” ကို မမြင်ဘဲနဲ့ ဘယ်နည်းနဲ့မှ လောကုတ္တရာမဂ် မရနိုင်ဘူးဆိုတာ ယနေ့ အသေအချာ မှတ်ပေတော့ (မှန်ပါ) မမှတ်ထိုက်ဘူးလား (မှတ်လိုက် ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သည်ကားလို့ ဆိုရင် ကိလေသာ မပါတာကို လက်ခံ တယ်နော် (မှန်ပါ) ကိလေသာ မပါတဲ့ တရားတွေကို (လက်ခံပါတယ် ဘုရား)။

ကိလေသာ ရှင်းနေရတဲ့ တရားတွေကို (လက်မခံ ပါဘူး)၊ လက်မခံသေးဘူးတဲ့၊ ပထမမဂ် မဂ္ဂင်ငါးပါးက ကိလေသာတွေကို ရှင်းလင်း နေရတော့၊ အင်း-ကိလေသာနဲ့ သူနဲ့က လုံးထွေးထွေး ဖြစ်ပြီး သကာလ၊ နိုင်ချည်တစ်လှည့်၊ ရှုံး ချည်တစ်လှည့် ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

ထိုသို့ ဖြစ်တဲ့ အခါကျလို့ရှိရင် နိဗ္ဗာန်က လက်ခံသလား (မခံပါဘူး ဘုရား)၊ ဒါကြောင့် ဝိပဿနာ ဉာဏ်သည် နိဗ္ဗာန်သို့ အာရုံ မပြုနိုင်ပါဘူး ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဝိပဿနာက နိုင်သွားပြီ၊ ကိလေသာကို နိုင် သွားပြီ ဆိုတော့ မဂ်ကလည်း၊ အဲ မင်းနိုင်တဲ့ ကိလေသာတွေ မင်းပုံထားတာ ငါမီးရှို့ပါတော့မယ် ဆိုပြီး မဂ်က မီးရှို့လိုက်တဲ့ အခါကျတော့၊ မဂ္ဂင်ကျတော့ ဒကာ ဒကာမတွေ အသေအချာ လက်ခံတယ် (မှန်ပါ)။ လက်မခံဘူးလား (လက်ခံ ပါတယ် ဘုရား)။

ဒါဖြင့် မသေရာ အမှန် ပြည်နိဗ္ဗာန်က အမတ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ မဂ္ဂင်အစစ် ဖြစ်လာတော့ “အမတ ဂါမိ မဂ္ဂေါ” သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဘာပါရမီမှ မစောင့်ပါနဲ့

အဲ ဒါက မသေရာ၊ ဒါက မသေရာ သွားတဲ့လမ်း၊ ဒါဖြင့် မဂ္ဂင်ရှစ်ပါး ပြည့်စုံအောင် ဒကာ ဒကာမတို့ ငါးပါးကစ ပြီး ကြိုးစားကြမယ် ဆိုလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ မရောက်မရှိ ဘူးဆိုတာ ဘာပါရမီမှ မစောင့်ပါနဲ့ (မှန်ပါ)။

ဖြစ်ပျက်တွေ့ရင် ပါရမီတော့ဖြင့် ပြည့်ပြီးသားပုဂ္ဂိုလ် လို့ ဆုံးဖြတ်ချက်ချပြီး လုပ်မြဲတိုင်းသာ လုပ်ပါ (မှန်ပါ)။ သဘော ပါကြပြီလား (ပါပါတယ် ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြပါဦး။

သာဓု သာဓု သာဓု။