196

ဒီအလုပ်မလုပ်ရင် ကိုယ်ကျိုးနည်းပြီ

အသံဖိုင်ခေါင်းစဉ်= အသိလိုက်ရန်တရားတော်

စာအုပ်ခေါင်းစဉ်= ဒီအလုပ်မလုပ်ရင် ကိုယ်ကျိုးနည်းပြီ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

ဒီအလုပ်မလုပ်ရင် ကိုယ်ကျိုးနည်းပြီ

ဟောကြားသည့်နေ့

(၁ – ၁ – ၆၀)

နိဗ္ဗာန်လိုချင်ကြလို့ရှိရင် အရေးကြီးဆုံးအချက်ကို ယနေ့ပြောရလို့ရှိရင် ဒိဋ္ဌိကွာပြီး နိဗ္ဗာန်သိမှ နိဗ္ဗာန်အကြောင်းကို လဲသိမှ၊ ဒိဋ္ဌိလဲကွာ မှလို့ ဒကာကြွယ်၊ ဒကာသစ်တို့ မှတ်ထား ပါနော်။ (မှန်ပါ့)။

နိဗ္ဗာန်သိမှ ဒိဋ္ဌိကွာမယ်

နိဗ္ဗာန်ကို သဘောမကျလို့ ရှိရင်လည်း ဒိဋ္ဌိက မကွာဘူး။ နိဗ္ဗာန် သဘောမကျရင် (ဒိဋ္ဌိက မကွာပါ ဘုရား)။ အဲတော့ ဒိဋ္ဌိမကွာတဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်လိုချင်လို့ရှိရင်၊ နိဗ္ဗာန်ရချင်လို့ရှိရင် အားလုံးဒကာ ဒကာမတွေမှတ်ကြပါ၊ မရဘူးလို့ မှတ်ထား (မှန်ပါ ဘုရား)။

ဒိဋ္ဌိမကွာတဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်လိုချင်ပါတယ်။ ရချင်ပါ တယ်လို့ ပြောတာဟာ နိဗ္ဗာန် အကြောင်းကိုလည်း ဒိဋ္ဌိမကွာတဲ့ အတွက် မသိပါဘူး။ မသိတဲ့အတွက်လည်း ဒကာကြွယ်၊ ဒကာသစ်တို့ မရဘူးလို့မှတ် (မှန်လှပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကိုလည်း ကျကျနန သိရမယ်။ ဒိဋ္ဌိလည်း ဖြုတ်ရမယ်။ ဒိဋ္ဌိဖြုတ်မှ နိဗ္ဗာန် ရမယ်။ နိဗ္ဗာန်သိမှ ဒိဋ္ဌိပြုတ်မယ် (မှန်ပါ ဘုရား)။ ဒီနှစ်လုံး ကို အသေအချာ မှတ်ပါတဲ့။ ဒီနှစ်လုံးပဲ ဟောမှာပဲ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်သိမယ်

ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်သိမယ်နော် (မှန်ပါ ဘုရား)။ နိဗ္ဗာန်ကို ကျကျနန သိထားမှလည်း ဒိဋ္ဌိပြုတ်မယ် (မှန်ပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ခြင်း၏ အကြောင်းဟာ နှစ်ကြောင်းပေါ့ (မှန်ပါ ဘုရား)။

နိဗ္ဗာန်သိမှု တစ်နံပါတ် အရေးကြီးတယ်။ နိဗ္ဗာန်သိမှ လည်း ဒိဋ္ဌိကိုဖြုတ်နိုင်တယ်။ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်မှလည်း နိဗ္ဗာန်ကို သိနိုင်တယ်။ ဒကာကြွယ် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား)။ နှစ်ချက်၊ ဒကာသစ်တို့ကော (နှစ်ချက်ပါ ဘုရား)။

နိဗ္ဗာန်သိမှလည်း ဘာတုံးဗျာ (ဒိဋ္ဌိပြုတ်မှာပါ ဘုရား) ဒိဋ္ဌိပြုတ်မှာပဲ၊ ဒိဋ္ဌိပြုတ်မှလည်း (နိဗ္ဗာန်သိပါတယ် ဘုရား)။

ဪ ဒါဖြင့် အရေးကြီးပါလား ဒီနှစ်ချက်ဟာဖြင့် ဒီပြင် ဟာတွေထက် ပိုမိုပြီး သကာလ အရေးကြီးပါလားဆိုတာ ဒကာ ကြွယ်၊ ဒကာသစ်တို့ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ခုကို ဆရာဘုန်းကြီးက ရှင်းရှင်းလင်းလင်း မပြလို့ရှိရင်ဖြင့် ဒိဋ္ဌိလည်း ပြုတ်တော့မယ် မဟုတ်ဘူး။ ဒိဋ္ဌိမပြုတ်သဖြင့်လည်း နိဗ္ဗာန်လည်း သဘောကျမယ် မဟုတ်ဘူး။ နိဗ္ဗာန်သဘောကျအောင် ပြောပြန်လို့ရှိရင်လဲတဲ့ ဒိဋ္ဌိပြုတ်မှပဲ နိဗ္ဗာန်သဘောကျမယ် (မှန်ပါ ဘုရား)။

နိဗ္ဗာန်နဲ့ ဒိဋ္ဌိဟာ စပ်နေတယ်

ဒါကြောင့် နိဗ္ဗာန်နဲ့ ဒိဋ္ဌိဟာ စပ်နေတယ်လို့ မှတ်ရမယ် (မှန်ပါ ဘုရား)။ ယမက ဆိုတဲ့ ရဟန်း အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဒကာကြွယ်၊ ဒကာသစ် လုပ်တယ်နော်၊ အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒ ဒိဋ္ဌိရှိနေလို့ အားထုတ်ငြား သော်လည်း ယမကမှာ မရဘူး (မှန်ပါ ဘုရား)။ ယမကဆိုတဲ့ ရဟန်းဟာ အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ရှိနေသောကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ လုပ်ငြားသော် လည်း နိဗ္ဗာန်မရဘူး (မှန်ပါ ဘုရား)။ သဘောပါပြီလား (ပါ,ပါပြီ ဘုရား)။

ယမကရဟန်း

ယမက-မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေတော့ မလုပ်ဘူး လား (လုပ်ပါတယ် ဘုရား)။ အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ရှိနေတဲ့ အတွက် နိဗ္ဗာန်မရဘူး (မရပါ ဘုရား)။ ယမက-ရဟန်းမှာ ဘာရှိနေလို့ နိဗ္ဗာန် မရပါလိမ့် (အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။ အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒဌိရှိနေတယ် (မှန်ပါ ဘုရား)။

အဲဒါကြောင့်သူသည် နိဗ္ဗာန် မရဘူး၊ ဒကာကြွယ် အရေးကြီးတာပေါ့။ မနေ့က ဟောပြီးသား ဖြစ်တဲ့ သုံးရက်တိုင်တိုင် ဟောလာတဲ့ ဆန္ဒ၊ မြင်းမြီးဆွဲ – ဆန္ဒမှာတော့ ဒကာ ဒကာမတို့ အတ္တဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိ ရှိနေလို့ သူအနိစ္စ၊ ဒုက္ခ၊ အနတ္တတွေလုပ်ငြားသော်လည်း သူလည်း နိဗ္ဗာန်မရောက်ဘူး (မှန်ပါ ဘုရား)။

ရှင်အာနန္ဒာကြောင့် ရှင်ဆန္နရသွားတယ်

နောက်ဒါတွေ ဖြုတ်ပေးမှ ရောက်သွားတယ်။ ရှင်အာနန္ဒာ ဖြုတ်ပေးလို့ရောက်သွားတယ် (မှန်ပါ့ ဘုရား)။ နဂိုမရောက်တာ ရှင်ဆန္နမှာတော့ အတ္တဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိရှိ နေလို့မရောက်ဘူး (မှန်ပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိသည် ဒကာ ဒကာမတို့ နိဗ္ဗာန်ကန့်ကွက်နိုင် တဲ့ တရားမှာဖြင့် အကြီးဆုံး ကန့်ကွက် နိုင်တဲ့ တရားလို့ မှတ်ပါ (မှန်ပါ ဘုရား)။ ယနေ့ ဟောရမည့် ယမကမှာတော့ အတ္တ ဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ရှိနေလို့ နိဗ္ဗာန်မရဘူး (မှန်လှပါ ဘုရား)။

ဪ သူတို့နှစ်ပါးထူးခြားပါလားဆိုတာ ဒကာ ဒကာမ တွေ မှတ်ထားပါ .(မှန်ပါ့ ဘုရား)။

မြင်းမြီးဆွဲဆန္နမှာတော့ ဘာရှိနေတယ် (အတ္တဒိဋ္ဌိ နဲ့ သဿတဒိဋ္ဌိပါ ဘုရား)။ အတ္တဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိ ရှိနေလို့ မရဘူး။ နိဗ္ဗာန်မရဘူး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အားထုတ်တယ်နော် (မှန်ပါ)။

ဒီနေ့ဟောမည့် ယမကဆိုတဲ့ ရဟန်းမှာတော့တဲ့ အတ္တ ဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ရှိနေလို့ နိဗ္ဗာန်မရဘူး (မှန်ပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ကန့်ကွက်တဲ့ နေရာမှာ ဒိဋ္ဌိဟာ အရေးကြီးဆုံး အချက်ပဲ။ သူကန့်ကွက်ဆုံးပဲ ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိမပြုတ်ရင် နိဗ္ဗာန်သဘောမကျ

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ပိုင်းမှာ ဘာလုပ် ပေးရမှာတုံးလို့ မေးတော့ ခုနက တရားစခဲ့ ကတည်းက ဒက ဒကာမ တို့ နိဗ္ဗာန် သဘောကျအောင် ပြောရလိမ့်မယ် (မှန်ပါ ဘုရား) ဒိဋ္ဌိဖြုတ်ပေး ရလိမ့်မယ်လို့၊ နိဗ္ဗာန်သဘော မကျရင်လည်း ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့ ဘုရား)။ ဒိဋ္ဌိမပြုတ်ဘဲ နဲ့လည်း နိဗ္ဗာန် သဘောမကျဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒီအရေးဟာ ကြီးပေါ့ဗျာ (ကြီးပါတယ် ဘုရား) ဒကာကြွယ်ရေ ဒါဖြင့် ဒိဋ္ဌိဟာ နိဗ္ဗာန် ကန့်ကွက်တဲ့ တရားထဲမှာဖြင့် အကြီးဆုံးသော ကန့်ကွက်တဲ့ တရားလို့ဆိုတာ ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်၊ တစ်ထောင့်ငါးရာ ကိလေသာတို့၏ သိမ်းတဲ့ နိဗ္ဗာန်၊ ဒီနိဗ္ဗာန်ကို တကယ်တမ်း ဒကာ ဒကာမတို့ ရောက်ချင်ကြပါတယ်၊ ရချင်ကြပါတယ်ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိဖြုတ်ရ မှာပဲ (မှန်လှပါ ဘုရား)။

ဘာအရေးကြီးတုံး (ဒိဋ္ဌိဖြုတ်ဖို့ အရေးကြီးပါတယ် ဘုရား)။ ဒိဋ္ဌိဖြုတ်ဖို့ အရေးကြီးတော့ တယ်ဆိုတာ ဒကာ ဒကာမ တွေမှတ်ပါ။ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိအရင်ဖြုတ်မှ သာလျှင် နေရာမယ်ဆိုတဲ့ဥစ္စာကို ဒကာသစ်၊ ဒကာကြွယ်တို့ ရှေးဦးစွာ မှတ်ထားရလိမ့်မယ် (မှန်ပါ ဘုရား)။

နိဗ္ဗာန်တော့မရ၊ နတ်ပြည်တော့ရောက်မယ်

ဘယ်လိုပဲ လှူလှူ၊ ဘယ်လိုပဲ တန်းတန်း၊ ဘယ်လိုပဲ ကျောင်းကန်ဘုရားတွေတည်ပြီး သကာလ နေငြား သော်လည်း ဒိဋ္ဌိ မပြုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်တော့မရဘူး။ သုဂတိ နတ်ပြည်တော့ ရောက်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။ သုဂတိ နတ်ပြည်တော့ (ရောက်ပါတယ် ဘုရား)။

သုဂတိနတ်ပြည်တော့ ရောက်ပါလိမ့်မယ်လို့ ဆိုတာ သေသေချာချာမှတ်ပါ။ နိဗ္ဗာန်တော့ ရောက်ပါ့မလားဆိုတော့ ဒိဋ္ဌိခံနေလို့ မရောက်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ကြောင်းမှာဖြင့် ဘယ်သူပြုတ်ဖို့ အရေးကြီးဆုံး အကြောင်း လာဖြစ်လာတယ် ဆိုတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။ ဘာဖြုတ်ရမှာတုံး (ဒိဋ္ဌိ ဖြုတ်ရမှာပါ ဘုရား)။

ဒိဋ္ဌိဖြုတ်ရမယ် ဆိုတော့ ဒကာ ဒကာမတွေ လေးစားစွာ နဲ့ပဲ ယနေ့မှတ်ကြရတော့မယ်။ ကိုင်း စောစောစီးစီးပဲ ယမက၏ နိဗ္ဗာန်မဂ်ဖိုလ်တားတဲ့ ဒိဋ္ဌိကို မပြမီရှေ့အဖို့ကာလ၌ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေ့ပိုင်းက ဖြုတ်နှင့်ထားလို့ရှိရင် ကောင်းပါ တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပာဒ်သိရမယ်

ရှေ့ပိုင်းက ဖြုတ်နှင့်ထားလို့ရှိရင် ကောင်းပါတယ်လို့ဆို တော့ ဒိဋ္ဌိဖြုတ်ဖို့ရာ ဆိုတော့ မနေ့ကလည်း ဟောခဲ့တယ်။ ဟေ ခန္ဓာပဋိစ္စသမုပ္ပာဒ် သိဖို့အရေးကြီးတယ်။ ဘာသိဖို့အရေး ကြီးပါလိမ့် (ခန္ဓာ့ပဋိစ္စသမုပ္ပာဒ် သိဖို့အရေးကြီးပါတယ် ဘုရား) ခန္ဓာပဋိစ္စသမုပ္ပါဒ် သိဖို့ အရေးကြီးတယ်။

သေသေချာချာ မှတ်ပါ၊ ဒီတစ်လုံး တစ်လုံးကိုပဲ လိုရင်း ပြောနေတော့ ထပ်ပြန်တလဲလဲ ပြောတယ်လို့ ဒကာကြွယ်တို့က မအောက်မေ့နဲ့ (မှန်ပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာပဋိစ္စသမုပ္ပာဒ် သိဖို့ အရေးကြီးတယ် (မှန်ပါ ဘုရား)။ ခန္ဓာပဋိစ္စသမုပ္ပာဒ်က စာမှာသိဖို့ အရေးကြီးသလား၊ ဖြစ်ဆဲခန္ဓာမှာသိဖို့ အရေးကြီး သလား (ဖြစ်ဆဲခန္ဓာမှာ သိဖို့ အရေးကြီးပါတယ် ဘုရား)၊ ဪ ဒါဖြင့် စာရလို့ ဒကာ ဒကာကြွယ် မပြီးသေးဘူး။

ဖြစ်ဆဲ ပဋိစ္စသမုပ္ပာဒ်၊ ဖြစ်ဆဲခန္ဓာ ပဋိစ္စသမုပ္ပာဒ် နားလည်မှ ဒကာ ဒကာမတို့ ဒိဋ္ဌိကို ဖြုတ်ပေးလို့ ရတယ် (မှန်လှပါ ဘုရား)။ ဖြစ်ဆဲခန္ဓာ ပဋိစ္စသမုပ္ပာဒ်ကိုမှ ဆရာကလည်း မပြ၊ ယောဂီပုဂ္ဂိုလ် တို့ကလည်း နည်းမရကြဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ဘယ်လိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုငြားသော်လည်း ဆန္နနိဗ္ဗာန် မရသလို၊ ယမက နိဗ္ဗာန်မရသလိုပဲ ဖြစ်ကြမှာပဲ (မှန်ပါ ဘုရား)။

ရှုမှုထက် ဒိဋ္ဌိဖြုတ်မှုအရေးကြီး

ဒါဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုမှုထက် ဒိဋ္ဌိဖြုတ်မှုက အရေး ကြီးတယ် (မှန်ပါ ဘုရား)။ ဟိုပုဂ္ဂိုလ် နှစ်ပါးသည် ဆန္ဒလည်း ရှုသားပဲ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရရဲ့ လား (မရပါဘူး ဘုရား)။ ယနေ့ ဟောလတ္တံ့ဖြစ်တဲ့ ယမက, ကလည်း ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုနေပါတယ် (မှန်ပါ)၊ မရဘူး။ ဘာခံနေတယ်ဆိုတဲ့ လက်သည် အကြောင်းရင်းပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ ဘုရား)။

အဲ ဘာခံနေတုံး (ဒိဋ္ဌိခံနေပါတယ် ဘုရား)။ ဪ ဒိဋ္ဌိခံနေတယ်ဆိုတော့ ဒကာကြွယ်ရေ သူရှိလျက် နဲ့ လုပ်နေလို့ရှိရင်ဖြင့် နိဗ္ဗာန်လည်းမရဘူး (မရပါဘူး ဘုရား)။ ဒါန၊ သီလတွေ ဆောက်တည်နေ ငြားသော်လည်း သုဂတိပဲရမယ်။ နိဗ္ဗာန်ကျတော့ (မရပါဘူး ဘုရား)။

မရနိုင်ဘူး ဆိုတာကို လေးစားစွာနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်တော့၊ တစ်နံပါတ် ဒိဋ္ဌိ ဖြုတ်ဖို့ အရေးကြီးပါလားဆိုတာဖြင့် ပေါလောကြီးပေါ်လာ တယ် (ပေါ်ပါတယ် ဘုရား)။ ကိုင်း ဒါဖြင့် ဒိဋ္ဌိဖြုတ် ကြပါစို့။

ပဋိစ္စသမုပ္ပါဒ်ကြည့်ကြစို့

ခန္ဓာပဋိစ္စသမုပ္ပာဒ် ကြည့်ကြစို့နော်၊ ခန္ဓာပဋိစ္စသမုပ္ပာဒ် ကြည့်ကြပါစို့ဆိုတော့ ဒကာ ဒကာမတွေ ယခုအခါမှာ ဘုန်းကြီးက တရားဟောနေတယ်။ တရားဟောတာ ကလည်း ဒီအတိုင်း မြုံဟောတာ မဟုတ်ဘူး။ အသံထုတ်ပြီး ဟောနေရ တယ် (မှန်လှပါ ဘုရား) အသံထုတ်ပြီးဟော နေရတော့ ဒကာ ဒကာမတွေကလည်း ကြားကြတာပေါ့ဗျာ။

ဒကာကြွယ်ကြားရဲ့ မဟုတ်လား (ကြားပါတယ် ဘုရား)။ ပြီးတော့ကို နားထဲမှာ ဒကာ ဒကာမတွေ သိတဲ့ အတိုင်း မသေသေးတဲ့ ကြားတတ်တဲ့ ရုပ်ကလေးကလည်း နားထဲမှာ ရှိတယ်။ မသေသေးလို့နော် (မှန်ပါ့ ဘုရား)။ ကဲ သုသာန်ရောက်တဲ့ ပုဂ္ဂိုလ်ဘယ်လို အော်အော် မကြားဘူးပေါ့ ဗျာ (မှန်ပါ့)။

အသံနဲ့ကြားရုပ်

မသေသေးတဲ့အတွက် သောတ ပသာဒရုပ်ဆိုတဲ့ ကြားရုပ်ကလေးကလည်း ရှိတယ်ပေါ့ဗျာ (မှန်ပါ ဘုရား)။ အဲဒီကြားရုပ်ကလေးက ဒကာကြွယ်တို့ ဒကာသစ်တို့ နားထဲမှာ ကံကြောင့်ဖြစ်တဲ့ ကြားတတ်တဲ့ ရုပ်ကလေးက ရှိနေတော့ ဘုန်းကြီးကလည်း ဒီကနေပြီး တရားဓမ္မဟောတဲ့ အသံတွေ လွှတ်လိုက် ပြန်တော့ အသံနဲ့ ကြားရုပ်နဲ့ သွားတိုက်တယ် (မှန်လှပါ ဘုရား)။

ကြားတဲ့စိတ်

အသံနဲ့ဘာနဲ့ သွားတိုက်သတုံး (ကြားရုပ်နဲ့ သွား တိုက်ပါတယ် ဘုရား)။ အသံနဲ့ ကြားတတ်တဲ့ ရုပ်နဲ့ သွားတိုက် တယ်၊ တိုက်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ကြားတတ်တဲ့ စိတ် တစ်ခါတည်း ပေါ်တယ် (မှန်ပါ ဘုရား)။ ကြားတတ်တဲ့စိတ် (ပေါ်လာပါတယ် ဘုရား)။

အင်း ကြားတာ အကောင်းအဆိုးရွေးတဲ့ ဝေဒနာ၊ တရားသံပါလားလို့ မှတ်တဲ့ သညာ၊ ကြားလိုတဲ့ တောင်းတနေ တဲ့ စေတနာ၊ တစ်ခါတည်း နာမက္ခန္ဓာလေးပါး ပေါ်တယ် (မှန်ပါ့)။ နာမက္ခန္ဓာ လေးပါး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

နာမ်တရားလေးပါး

ဪ ဒါ ကြားရုပ်နဲ့ အသံနဲ့ သွားတိုက်လိုက်တာ ဒကာကြွယ်ရေ နာမ်တရားလေးပါး ပေါ်လာတယ် (မှန်လှ ပါ ဘုရား)။ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဪ နာမ်တရားလေးပါးတော့ ဒကာသစ် သံသယရှိ သေးသလား (မရှိပါဘူး ဘုရား)။

ကြားစိတ်လည်း ပေါ်တယ်။ ကြားလို့ ကောင်းမကောင်း ခံစားတဲ့ ဝေဒနာလည်း (ပေါ်ပါတယ် ဘုရား)။ ဪ တရားသံပါလားလို့ မှတ်တဲ့ သညာကော (ပေါ်ပါတယ် ဘုရား)။ ကြားလိုလို့ တောင်းတနေတဲ့ စေတနာလေးကော (ပေါ်ပါတယ် ဘုရား)။ အင်း နာမက္ခန္ဓာ ဘယ်နှစ်ပါး ပေါ်ပါလိမ့် (လေးပါး ပေါ်ပါတယ် ဘုရား)။

နာမ်တရားလေးခု တစ်ပြိုင်တည်းပေါ်

လေးပါးပေါ်တယ်လို့ ဆိုတော့ ဪ ယခု ပဋိစ္စ သမုပ္ပာဒ် အစပါလားလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။ နာမက္ခန္ဓာ လေးပါး အသံကြားမှ ယခုကြားရုပ်အပေါ်မှာ ဖျတ် ခနဲပေါ်လာတဲ့ နာမ်တရား လေးခု တစ်ပြိုင်တည်း ပေါ်တယ်ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါ ဒကာကြွယ် ဒကာသစ်တို့ ပဋိစ္စသမုပ္ပာဒ် အစပါလား ဗျ (မှန်ပါ ဘုရား)။ ခင်ဗျားတို့ ရွတ်နေတာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ မပါ,ပါဘူး၊ ယခုဖြစ်ဆဲ ပဋိစ္စသမုပ္ပာဒ်ကို နားလည်မှ ကိုးဗျ (မှန်ပါ ဘုရား)။

ကိုယ့်သန္တာန် ခုစဖြစ်တဲ့ ပဋိစ္စသမုပ္ပာဒ်လို့ ဆိုတာ သဘောကျရမယ် (ကျပါတယ် ဘုရား)။ ကောင်းပြီ၊ ဒါဖြင့် ဒီပဋိစ္စသမုပ္ပာဒ် ဒကာ ဒကာမတို့ နားထဲမှာ နာမ်တရား၊ ရုပ် တရားတွေဖြင့် ဖြစ်ကြပေါ့။ ကြားရုပ်က ရုပ်ပေါ့ဗျာ (မှန်လှ ပါ ဘုရား)။ သူ့အပေါ်မှာ ကပ်ပြီးပေါ်တဲ့ နာမက္ခန္ဓာ လေးပါးက နာမ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။

ပဋိစ္စသမုပ္ပန္နတရား

အင်း နာမ်တရား၊ ရုပ်တရားပေါ်ပြီ၊ ဒါ အိမ်က ယူလာတာလား၊ ခုမှ ဒီကျမှ ပေါ်တာလား (ခုမှပေါ်တာပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပန္နတရား၊ အကြောင်းစွဲပြီး ဖြစ်ပေါ်လာတဲ့ ပဋိစ္စသမုပ္ပန္န တရား ဆိုတာ ပေါ်လာပါတယ် (မှန်လှပါ ဘုရား)။

ဒါက ပဋိစ္စသမုပ္ပာဒ်လို့ ဒကာကြွယ် ဒကာသစ်တို့က မမှတ်လိုက်ပါနဲ့၊ ပဋိစ္စသမုပ္ပန္နလို့ မှတ်လိုက်ပါ။ ပဋိစ္စသမုပ္ပာဒ်လို့ မမှတ်လိုက်နဲ့၊ ပဋိစ္စသမုပ္ပန္နလို့ မှတ်လိုက်ပါ။

အခုပေါ်လာတဲ့ နာမက္ခန္ဓာလေးပါးဟာ ပဋိစ္စသမုပ္ပာဒ် လား၊ ပဋိစ္စသမုပ္ပန္နလား (ပဋိစ္စသမုပ္ပန္နပါ ဘုရား)။ ပဋိစ္စသမု ပ္ပန္နလို့မှတ်လိုက်ပါ။ သူက ဘာကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် ယခု အသံနဲ့ ကြားရုပ်နဲ့ တိုက်လို့ ခုပေါ်လာတော့ သူက အသံနဲ့ ကြားရုပ်က အကြောင်းတရားကိုးဗျ (မှန်ပါ့)။

အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား

ပေါ်လာတဲ့နာမက္ခန္ဓာလေးပါးက (အကျိုးတရား ပါ ဘုရား)။ ဒီအကျိုးတရားဆိုတော့ ဪ အကြောင်း ကြောင့်ဖြစ်တဲ့ အကျိုးတရားဆိုတာ အကြောင်းကို ပဋိစ္စ သမုပ္ပာဒ်ခေါ်တယ် (မှန်ပါ ဘုရား)။ အကျိုးကို ပဋိစ္စသမုပ္ပန္န လို့ခေါ်တယ် (မှန်ပါ ဘုရား)။

အကြောင်းကို ဘာခေါ်ကြမယ် (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ်၊ အကျိုးကို ဘာခေါ်ကြမယ် (ပဋိစ္စ သမုပ္ပန္နပါ ဘုရား)။ ပဋိစ္စသမုပ္ပန္နလို့ ခေါ်လိုက်ပါ။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ သူ အကြောင်း မဖြစ်ခင် နာမက္ခန္ဓာလေးပါး အကြောင်း မဖြစ်ခင် ပဋိစ္စသမုပ္ပန္န ဖြစ်နေတယ်။ သူက ဆက်ပြီး ကျေးဇူး မပြုသေးရင် အကျိုးတရား ဖြစ်လေ သောကြောင့် ပဋိစ္စသမုပ္ပန္နလို့ မှတ်လိုက်ပါတော့ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါ ပဋိစ္စသမုပ္ပန္န အစကလေးဖြင့် တရားသံ လေး ကြားတဲ့အချိန်ဟာ နာမက္ခန္ဓာ လေးပါးဆိုတဲ့ နာမ်တရား၊ နားပေါ်မှာ၊ နားအတွင်းမှာ ပေါ်လာလို့ရှိရင် ပဋိစ္စသမုပ္ပန္န တရားလေးပေါ်ပြီ။ ဒီအထဲမှာ ကြားတဲ့ စိတ်ကလေးလည်း မရှိ ဘူးလားဗျာ (ရှိပါတယ် ဘုရား)။ သူက ဝိညာဏက္ခန္ဓာ။

ကြားလို့ကောင်း မကောင်းလေးက ဝေဒနာက္ခန္ဓာ တရားသံလေးပါလားလို့ မှတ်တာက သညာက္ခန္ဓာ၊ တရားနာ ဖို့ရာကို တိုက်တွန်းနှိုးဆော်တာလေးကလည်း ဒီအထဲပါတော့ စေတနာ သင်္ခါရက္ခန္ဓာ၊ နာမက္ခန္ဓာ ဘယ်နှစ်ပါး ပေါ်ပါလိမ့် (လေးပါးပါ ဘုရား)။

ကြားတာဒီလေးခုက ကြားတာ

နာမက္ခန္ဓာ လေးပါးပေါ်နေတော့ အဲဒါလေးဟာ နာမက္ခန္ဓာလေးပါး ပေါ်တယ်လို့ပဲ မှတ်လိုက်ပါတော့ (မှန် ပါ ဘုရား)။ ငါ ကြားတယ်လို့ မထင်လိုက်ပါနဲ့ (မှန်လှပါ ဘုရား)။ ဒီလေးခု ပေါ်တာကို မှတ်လိုက်ပါ။ ပြီးတာ ဒီလေးခုက ကြားတယ် ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အင်း ငါကြားတာလား၊ သူကြားတာလား (မဟုတ်ပါဘူး ဘုရား)။ ဒီ နာမက္ခန္ဓာလေးပါးက ကြားတယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အင်း ဒီလိုသိထားပြန်တော့ သော် ဒါဖြင့် ဒကာ ဒကာမတို့ ငါကြား သူကြားဆိုတဲ့ သက္ကာယဒိဋ္ဌိဟာ ရှိသေး သလား (မရှိတော့ပါဘူး ဘုရား)။ အင်း ဒါ နာမက္ခ န္ဓာလေးပါးက ကြားတာ ကိုးလို့ ဆိုသဖြင့် ယောက်ျား ကြားတာလား၊ မိန်းမကြားတာလား၊ ငါသူတစ်ပါး ကြားတာလားလို့ မေး လိုက်လို့ ရှိရင် ဒကာကြွယ်၊ ဒကာသစ်တို့ ဘယ်လိုဖြေကြပါ့ ဪ နာမ်ခန္ဓာတွေ အသစ်ပေါ်ပြီး၊ ကြားတာလေး အသစ် ပေါ်တာပဲ (မှန်လှပါ ဘုရား)။

ကြားတတ်တဲ့ တရားသစ်ပေါ်တယ်

ကြားတတ်တဲ့ တရားလေးအသစ် ပေါ်တယ်လို့ မှတ် လိုက်တာပေါ့၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ကောင်းပြီ၊ ကြားတတ်တဲ့ တရားလေး အသစ်ပေါ်တော့ကို ဪ ဒီတရားလေး သည်ကားလို့ ဆိုလို့ရှိရင် ကြားတတ် တဲ့တရားလေးပဲလို့ သိတော့ သက္ကာယဒိဋ္ဌိက ပြုတ်တယ် (မှန်ပါ ဘုရား)။

ငါ ကြားတာမဟုတ်ဘူး၊ သူကြားတာမဟုတ်ဘူး၊ မိန်းမ တွေက ကြားတာမဟုတ်ဘူး၊ ယောက်ျား တွေက ကြားတာ မဟုတ်ဘူး။ ဒီနာမက္ခန္ဓာလေးပါးက ကြားတာ၊ သူပေါ်လာတာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိ ဖြုတ်နေတာ

ဒီလိုသိသွားတော့ ဒကာကြွယ်၊ ဒကာသစ်တို့က ဆရာဘုန်းကြီး ဘယ်နှယ်ကြောင့် ဒါလေး တစ်နံပါတ် ကိုင်ပြီး အရေးတကြီး ပြောနေပါလိမ့်မတုံးဆိုတော့ သက္ကာယဒိဋ္ဌိဖြုတ် နေတာ (မှန်လှပါ ဘုရား)။ အတ္တဒိဋ္ဌိဖြုတ်နေတာ (မှန်လှပါ ဘုရား)။

သက္ကာယဒိဋ္ဌိနှင့် အတ္တဒိဋ္ဌိဆိုတာ အတူတူပဲ (မှန်လှပါ ဘုရား)၊ အတ္တဒိဋ္ဌိက ငါ ဆိုတဲ့ ဥစ္စာ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကလည်း ထိုနည်းတူပဲတဲ့၊ ဒီတရားလေး ငါထင် နေတာ သက္ကာယဒိဋ္ဌိပဲ (မှန်လှပါ ဘုရား)။

အဲဒီနှစ်ခုက မထူးပါဘူး။ အတ္တဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိဆို တာ အသာပြောင်းတာ၊ စင်စစ်တော့ နာမက္ခန္ဓာ လေးပါး ကို ငါထင်တာဆိုတာပါပဲ (မှန်လှပါ ဘုရား)။ သဘောပါ ကြပြီလား (ပါ,ပါတယ် ဘုရား)။

အင်း ဒါဖြင့် ဘယ်သူကများ ကြားပါလိမ့်မတုံး ဒကာ ဒကာမတို့ (နာမက္ခန္ဓာလေးပါးက ကြားတာပါ ဘုရား)။ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမက ကြားတာမဟုတ် ပါလား (မှန်ပါ ဘုရား)။

အင်း ကြားတတ်တဲ့ နာမ်လေးက ကြားတာပါလား ဆိုတာ မြဲမြဲစွဲစွဲလေး မှတ်ထားလိုက်တာပေါ့ (မှန်လှပါ ဘုရား)။ ကြားပြီး သကာလ ဒကာ ဒကာမတွေက ကြားတဲ့အခါ ကျလို့ရှိရင်ဖြင့် ကြားပြီး ဘာဖြစ်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် အင်း ကြားရတာ ကုသိုလ် ဖြစ်လိုက်တာ၊ ကြားရတာ ကုသိုလ် ဖြစ်လိုက်တာဆိုတော့ ဒီ နောက်ကနေပြီး ကုသိုလ်စိတ်လေး တွေကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကုသိုလ်စိတ်သက်သက်ပေါ် တာ

အင်း ကြားလို့ ကုသိုလ်ဖြစ်တယ်လို့ ဆိုပြန်သဖြင့် ဒါ ကုသိုလ်စိတ်ပေါ် တာပဲရှိတယ် (မှန်ပါ ဘုရား)။ ကုသိုလ် စိတ်ပေါ်လာပြန်တော့လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ငါ့ကုသိုလ်လား၊ ကုသိုလ်စိတ် သက်သက်ပဲလား (ကုသိုလ် စိတ်သက်သက်ပါ ဘုရား)။ ကုသိုလ်စိတ် သက်သက်ပေါ်တာပဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကုသိုလ်-သောမနဿတွေ၊ မဟာကုသိုလ် သောမန ဿတွေ ဒီလိုဟာတွေပေါ်ပြီး သကာလ နေပြန်တော့ ဒကာ ဒကာမတို့ ကြားတတ်တဲ့ စိတ်ကလေးပေါ်ပြီး သကာလ အင်း ကုသိုလ်စိတ်တွေ ဆက်ပြီးပေါ်ပြန်တော့လည်း အင်း ဒီဥစ္စာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ ကုသိုလ်ဖြစ်တာ လား၊ ကုသိုလ်စိတ် သက်သက်ပေါ်တာပဲလား (ကုသိုလ် စိတ်သက်သက် ပေါ်တာပါ ဘုရား)။

ကုသိုလ်စိတ် သက်သက် ပေါ်တာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးစားစွာနဲ့ မှတ်ထားလိုက်ပါ (မှန်လှပါ ဘုရား)။ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

အင်း – ဒါဖြင့် ကြားပြီး ကုသိုလ်ဖြစ်ရတယ်ဆိုတော့ ဪ ကြားတဲ့ နာမက္ခန္ဓာလေးပါး လေးကလည်း ကြားပြီး ပျောက်သွားတာပဲ (မှန်လှပါ ဘုရား)။ ကုသိုလ်လေးဖြစ် တဲ့ စိတ်လေး ကျန်နေရစ်တယ်။ မကျန်ရစ်ဘူးလား (ကျန်ရစ်ပါတယ် ဘုရား)။

ကျန်ရစ်တဲ့ အခါကျတော့ ကုသိုလ်စိတ်ကလေး ကလည်း ဒကာ ဒကာမတို့ ဘယ်သူ့ကြောင့် ပေါ်လာတုံးဆို ဪ ကြားလို့ဖြစ်တာပေါ့ ကုသိုလ် (မှန်ပါ ဘုရား)၊ မကြား ရင် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ကုသိုလ်ကို ငါမထင်လိုက်ပါနဲ့

ဒါဖြင့် ကြားတတ်တဲ့ နာမက္ခန္ဓာလေးပါး အကြောင်း ချုပ်သွားလို့ ဝမ်းထဲ ကုသိုလ်စိတ် ကလေး ပေါ်ပြန်တာပဲ (မှန်လှပါ ဘုရား)။ ဒါလည်း ငါကုသိုလ်ဖြစ်တာလား၊ ကုသိုလ် စိတ်ပေါ်တာလား (ကုသိုလ်စိတ် ပေါ်တာပါ ဘုရား)။ တရားနာလို့ ငါ ကုသိုလ်ရတယ်လို့ ဒီလို မယူလိုက်ပါနဲ့တဲ့ ကုသိုလ်ကို ငါမထင်လိုက်ပါနဲ့၊ ကုသိုလ်စိတ်သည် ကြားတတ် တဲ့စိတ်က ကျေးဇူးပြုလို့ ကုသိုလ်စိတ် ပေါ်လာတာ (မှန်လှ ပါ ဘုရား)။

ကြားတတ်တဲ့စိတ်က အကြောင်းပြုလိုက်တာနဲ့ ကုသိုလ်စိတ် ပေါ်လာတယ်ဆိုတာ ကျေနပ်ပြီလား (ကျေ နပ်ပါတယ် ဘုရား)။ ကြားတတ်တဲ့ စိတ်က ချုပ်သွားတာနဲ့ ကြားတတ်တဲ့စိတ် ချုပ်သွားတဲ့ နေရာမှာ ကုသိုလ်စိတ်က ပေါ် လာတယ် (မှန်လှပါ ဘုရား)။ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

တစ်ခါ ဒီပေါ်လာတဲ့ စိတ်ကလေးတွေဟာလည်း ဒကာ၊ ဒကာမတို့ ကုသိုလ်စိတ်ကလေးဟာ အင်း အကြောင်းကြောင့် ပေါ်လာပြီး သကာလ ချုပ်သွားပြန်တာပဲ။ မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။

ကြားတဲ့သဘောနဲ့ ကုသိုလ်သဘောတွေ

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်ကြားလိုက်၊ ကြားတဲ့ စိတ်ပေါ်လိုက်၊ ကုသိုလ်စိတ်ဖြစ်ပြီး ချုပ်သွားလိုက် (မှန်လှ ပါ ဘုရား)။ နောက်တစ်ခါ ကြားတဲ့စိတ် ဘုန်းကြီးက တရားဟောပြန်တော့ ကြားတဲ့ နာမက္ခန္ဓာလေးပါးပေါ်လိုက် ကုသိုလ် ဖြစ်ပြီး သကာလ ချုပ်သွားလိုက်တော့ကို ဒီနေရာမှာ ယောက်ျား တွေလား၊ မိန်းမတွေလား၊ ကြားတဲ့သဘောနဲ့ ကုသိုလ်သဘော တွေလှည့်ဖြစ်ပြီး ချုပ်နေကြတာလားလို့ မေးရင် ဘယ့်နှယ် မတုံး (ကြားတဲ့သဘောနဲ့ ကုသိုလ်သဘောတွေ လှည့်ဖြစ် ပြီး ချုပ်နေတာပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါတယ် ဘုရား)။

ကြားတဲ့တရားပေါ်လိုက်၊ ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးပေါ် လိုက်။ ကြားတတ်တဲ့ ဓမ္မဆက်ပေါ်လိုက်၊ ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးပေါ်လိုက် ဒီတရားတစ်ပွဲလုံး တစ်နာရီ ဟောနေတော့ ကြားတတ်တဲ့ ဓမ္မလည်း ချုပ်လိုက်၊ ကုသိုလ်ဓမ္မတွေလည်း ပေါ် လိုက်၊ ပေါ်ပြီးချုပ်လိုက်။

တစ်ခါ နောက်ထပ်တဖန် ဘဝင်တွေပါတွေခြားပြီး ကြားတတ်တဲ့ ကုသိုလ် ပေါ်လိုက် ဒီလိုပဲ မနေဘူးလား (နေပါတယ် ဘုရား)။ အင်း ပုဂ္ဂိုလ်သတ္တဝါအလုပ်ကို ပါသေးရဲ့ လား (မပါ,ပါဘူး ဘုရား)။ ပဋိစ္စသမုပ္ပန္န တရားတွေ ဆက်ဆက် ဆက်ဆက်ပေါ်တယ် (မှန်လှပါ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါမပါဘူး

ကြားတတ်တဲ့ တရားကြောင့် အင်းကြားလို့ ဖြစ်ရတဲ့ ကုသိုလ်စိတ်တွေလည်း ပေါ်ကြတယ် (မှန်လှပါ ဘုရား)။ ဒါဖြင့် ဒီအထဲမှာ တရားနာနေတဲ့ အထဲမှာ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ မပေါ်ပါဘူး (မပေါ်ပါဘူး ဘုရား)။

ကြားတတ်တဲ့ တရားလေးကလည်း ကြားတတ်တဲ့ နာမက္ခန္ဓာဓမ္မပဲ (မှန်လှပါ ဘုရား)။ ပုဂ္ဂိုလ် သတ္တဝါလားလို့ မေးရင် (မဟုတ်ပါဘူး ဘုရား)။ နာမ်ဓမ္မ (မှန်ပါ့)။ သူ ချုပ်သွားပြန်တော့ ကုသိုလ်လေး ပေါ်လာပြန်တယ်။ ကုသိုလ် စိတ်ကလေး ပေါ်လာပြန်တယ်။ ကုသိုလ်စိတ် ကလေး ပေါ်လာ ပြန်တော့လည်း ၎င်းကုသိုလ် စိတ်ကလေး ကလည်း နာမ်ဓမ္မပဲ (မှန်လှပါ ဘုရား)။ နာမ်တရားပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကြားလို့ဖြစ်တဲ့ ကုသိုလ်လေးပေါ့ဗျာ (မှန်လှပါ ဘုရား)။ အင်း ဒီကုသိုလ် လေးကလည်း ဒကာ ဒကာမတို့ သန္တာန်ပေါ်ပြီး ပျောက်သွားပြန်တယ် (မှန်လှပါ ဘုရား)။ နောက်တစ်ခါ ကြားပြန်တော့ ကြားတတ်တဲ့ နာမက္ခန္ဓာပေါ် ပြန်တယ်။

နောက်တစ်ခါကြားပြီး ကုသိုလ်လေးဖြစ်ပြန်တော့ လည်း ကြားတတ်တဲ့ နာမက္ခန္ဓချုပ်ပြီး ကုသိုလ်နာမက္ခန္ဓာတွေပဲ ပေါ်ပြန်တာပဲ၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ဒီလို ချည်းလှည့် မနေဘူးလား (လှည့်နေပါတယ် ဘုရား)။

လှည့်နေတော့ ကုသလံ-အနဝဇ္ဇသုခဝိပါက လက္ခဏံ – ကြားတတ်တဲ့ ဓမ္မကတော့ အဗျာကတာပဲ၊ နိဿတ္တ နိဇီဝ . သဘာဝါပဲ၊ အင်း ကြားတတ်တာလည်း သတ္တဝါ အသက်ဟုတ် ပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။ ကုသိုလ်စိတ် ကလေးကကော သတ္တဝါအသက် ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါအသက်မပါ

ဪ ပုဂ္ဂိုလ်သတ္တဝါအသက်ဆိုတာ ပါ,ပါရဲ့ လား (မပါ, ပါဘူး ဘုရား)။ သော် မပါတော့ ဒီထဲကပဲ ဒကာ ဒကာမတွေက သက္ကာယဒိဋ္ဌိပြုတ်နေပြီ၊ ကြားတတ်တဲ့ ဓမ္မလေး ချုပ်သွားပြီ၊ ကြားလို့ ကုသိုလ်ဖြစ်တာလေး ပေါ်လာ ပြန်ပြီ (မှန်လှပါ ဘုရား)။ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကြားလို့ ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးချုပ်သွားပြန်ပြီဆို တော့ နောက်တစ်ခါ ဘုန်းကြီးက အသံအော်ပြီး ဟောလိုက် ပြန်တော့၊ အသံထုတ်ပြီး ဟောလိုက်ပြန်တော့ ကြားတတ်တဲ့ ဓမ္မ ပေါ်ပြန်တာပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ကြားတတ်တဲ့ ဓမ္မရယ်၊ ကုသိုလ်ဖြစ်တဲ့ဓမ္မရယ်၊ ဒါလှည့်နေတာပဲ (မှန်လှပါ ဘုရား)။ ဘာလှည့်နေတာပါ လိမ့် (ကြားတတ်တဲ့ဓမ္မနဲ့ ကုသိုလ်ဖြစ်တဲ့ ဓမ္မလှည့်နေတာ ပါ ဘုရား)။ ဒါလှည့်နေတာပဲ တစ်ပွဲလုံး (မှန်ပါ)။

ယောက်ျား၊ မိန်းမတွေပါသေးလား (မပါ, ပါဘူး ဘုရား)။ မပါတော့ဘူးလို့ဆိုတော့ ဪ ဆရာဘုန်းကြီး ဒါ ဘာရည်ရွယ်ချက် ထားပြီး ဒီလောက်တောင် ဒီနှစ်လုံးကို လှည့်ပတ်ပြီး ပြောဆို နေပါလိမ့်မလဲ၊ ဖြစ်စဉ် ကိုက်ပြောဆိုနေ ပါလိမ့်မလဲလို့ ဒကာကြွယ်၊ ဒကာသစ်တို့က မေးရင် ပုဂ္ဂိုလ် သတ္တဝါ မရှိအောင်လို့ ဟောနေတာ (မှန်လှပါ ဘုရား)။ သဘောပါကြပြီလား (ပါ, ပါပြီ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါ (မရှိအောင်လို့ ဟောနေတာပါ ဘုရား)။ ရှိကောရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ကြားတတ်တဲ့ နာမ်ဓမ္မ၊ ကုသိုလ်ဖြစ်တဲ့ နာမ်ဓမ္မ၊ ဒါတွေ ပဲလှည့်ပြီး ဖြစ်နေတာပဲ၊ ဒီပဋိစ္စသမုပ္ပာဒ်နဲ့ အသက်ရှင်နေတာ ပေါ့ (မှန်လှပါ ဘုရား)။ တစ်နံပါတ်တတ်တဲ့ နာမ်နဲ့ အသက်ရှင်တယ်၊ နောက်ကုသိုလ်နဲ့ အသက်ရှင်နေတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီလိုရှင်နေတဲ့ဟာတွေ သိလိုက်တဲ့အခါ ကိုယ့်အသက် တမ်းဟာက ဪ ကြားတတ်တဲ့ ဓမ္မချုပ်ပြန်လည်း ဒကာကြွယ်၊ ဒကာသစ်တစ်ယောက် သေပြန်တာပဲ (မှန်လှပါ ဘုရား)။

ကုသိုလ်ဖြစ်တဲ့ဓမ္မကလေး ဇော (၇)ကြိမ်နဲ့ ချုပ်သွား ပြန်လည်း ဒကာကြွယ်၊ ဒကာသစ်တို့ ကုသိုလ်ဖြစ်တဲ့ နာမ်ဓမ္မ သေပြန်တာပဲ၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးလား (မပါ,ပါဘူး ဘုရား)။

ဒါဖြင့် ဖြစ်တိုင်းဖြစ်တိုင်း ဒကာ ဒကာမတို့ ဪ ကြားပြန်လည်း ဒီအတိုင်း၊ နံပြန်လို့ ရှိရင်လည်း ဒီအတိုင်း၊ အထည်အလိပ်တွေနဲ့ ခန္ဓာကိုယ်တွေ့ပြန်လည်း ဒီအတိုင်း၊ မြင် ပြန်ရင်လည်း ဒီအတိုင်း (မှန်ပါ ဘုရား)။

နာမက္ခန္ဓာလေးပါး ဖြစ်လိုက်၊ ကုသိုလ်ဖြစ်လိုက်၊ ဒီ့ပြင်နေရာကျတော့ ဆဲသံကြားလိုက်တဲ့ အခါကျတော့ ကြားတာက နာမက္ခန္ဓာလေးပါး (မှန်ပါ ဘုရား)။ မခံချင်တာ က ဒေါသ (မှန်လှပါ ဘုရား)။

ဒေါသ

အင်း ဒါဖြင့် ကြားတဲ့နာမက္ခန္ဓာလေးပါး ချုပ်ပြီး၊ မခံချင်တဲ့ဒေါသ နာမက္ခန္ဓာ မဖြစ်ဘူးလား (ဖြစ်ပါ တယ် ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီလိုချည်းပဲ လှည့်ပြီး သကာလ နေတော့ ဘာပဲကြား ကြား ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပာဒ် ဖြစ်ပေါ်အောင် ဖြစ် ပျက်ပဲ လာတာပဲ (မှန်ပါ ဘုရား)။ ကြားတဲ့ဓမ္မဖြစ်ပျက်ပြီး ကုသိုလ်ဖြစ်တဲ့ ဓမ္မလာပြန်တာပဲ (မှန်လှပါ ဘုရား)။ ကုသိုလ်ဓမ္မဖြစ်ပျက်ပြီး သကာလ ကြားတတ်တဲ့ဓမ္မ လာပြန်တာပဲ (မှန်လှပါ ဘုရား)။

ကြားတတ်တဲ့ဓမ္မက အသံက မကောင်းတော့ ဆဲသံ၊ ဆိုသံကြားရပြန်တဲ့ အခါကျလို့ရှိရင်ဖြင့် အဲဒီကြားတတ်တဲ့ ဓမ္မ ချုပ်ပြီး သကာလ ဇော (၇)ကြိမ်ဆိုတဲ့ ဒေါသစိတ်တွေ ပေါ် ပေါက်လာတယ် (မှန်လှပါ ဘုရား)။ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

မောဟ

ကြားတာကို ကြားတော့ ကြားရဲ့ ဆိုတော့ နာမက္ခန္ဓာ လေးပါးလာပြန်တာပဲ (မှန်လှပါ ဘုရား)။ ကြားတာ မကွဲ ဘူးလို့ဆိုပြန်တော့လည်း မောဟပေါ်လာပြန်တယ် (မှန်လှ ပါ ဘုရား)။ ကြားတာ မကွဲဘူး၊ မကွဲတော့ ဘာမှမသိဘူးပြော တာပေါ့။ ဘာမှန်း မသိတော့ ကြားတာ မကွဲတာက၊ ကြားတာ ကတော့ ကြားတဲ့ နာမက္ခန္ဓာ၊ မကွဲတာက ဝိစိကိစ္ဆာမောဟ (မှန်လှပါ ဘုရား)။

ကြားတာက ဘာတုံး ကြားတဲ့ နာမက္ခန္ဓာလေးပါး ပါ၊ မကွဲတာက (ဝိစိကိစ္ဆာပါ ဘုရား)။ ဝိစိကိစ္ဆာဇော (၇) ကြိမ်ဖြစ်ပြန်တာပဲ (မှန်လှပါ ဘုရား)။ ဒါပဲလှည့်နေကြတာ ပဲ (မှန်လှပါ ဘုရား)။

အဲတော့ ပုဂ္ဂိုလ်သတ္တဝါ ဒီအထဲပါသေးသလား (မပါ, ပါဘူး ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ကြားတာရယ်၊ ကုသိုလ်ဖြစ်တာရယ်၊ ကြားတာရယ်၊ အကုသိုလ်ဖြစ်တာရယ် (မှန်လှပါ ဘုရား)။ ကြားတာရယ်၊ မောဟဆိုတဲ့ တရားဖြစ်တာရယ်၊ သဘောကျပြီလား (မှန်ပါ ဘုရား)။

အင်း-သီချင်းသံလေး ကြားပြန်တော့လည်း ကြားတာ က နာမက္ခန္ဓာလေးပါး၊ သာယာတာက တဏှာ လာပြန်ပြီ (မှန်လှပါ ဘုရား)။ ဒါဖြင့် တဏှာဇော (၇) ကြိမ်လာပြန်တော့ ကြားတာလည်း နာမ်တရား၊ ဪ ကြားလို့ သဘောကျ တာလည်း နာမ်တရားပဲ၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးလား (မပါ, ပါဘူး ဘုရား)။

ဒါဖြင့် ဒီလိုချည်းပဲ တစ်နေ့လုံးဟာဖြင့် ဒါတွေ လှည့် နေတာပဲဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ၊ ငါသူတစ်ပါး ပါသေးသလား (မပါ, ပါဘူး ဘုရား)။ အဲဒီကဲ့သို့ မပါဘူးဆိုတာ ဒကာကြွယ် ဒကာသစ်တို့က ဒီအတိုင်း ဪ ဒါက အသိဉာဏ်နဲ့ ဒီ အတိုင်းထားလိုက် သူတို့လှည့်နေတာပဲ။ ပေါ်လာကြပြီလား (ပေါ်လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ ပေါ်လာတာ ရှင်းလင်းပြီးသွားတော့မှတဲ့ ကြားတတ်တဲ့ ဓမ္မကလေး၊ နာမက္ခန္ဓာလည်း ချုပ်ပါရော၊ ကုသိုလ် ဖြစ်တဲ့ ဓမ္မပေါ်လာပြန်တယ် (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးချုပ်သွားပြန်တော့ နောက်ထပ် အင်း ဆဲသံကြားပြန်တယ်ဆိုတော့ ဘာပေါ်လာပြန်သတုံး ကြားတတ်တဲ့ဓမ္မပေါ်တယ်၊ ရှေးဦးစွာ ကြားရဦးမှာကိုး ဗျ (မှန်လှပါ ဘုရား)။

ပြန်ပြောရဦးမယ်၊ ခင်ဗျားတို့ တရားသံလေး၊ တရား ဟောနေတဲ့ အသံကလေးကြားတယ်၊ နားထဲ နာမက္ခန္ဓာ ဘယ် နှစ်ပါးပေါ်တုံး (လေးပါးပါ ဘုရား)။ အင်း ကြားပြီး သကာ လ ခင်ဗျားတို့ ဝမ်းထဲမှာပဲ ကုသိုလ်စိတ် ကလေးကော ကြားစိတ် ကလေးချုပ်သွားပြီး တရားနာရတာ ကုသိုလ် ဖြစ်တယ် ဆိုတာလေး မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ ကုသိုလ်ဖြစ်တယ် ဆိုတဲ့ စိတ်ကလေးဟာလည်း ဖြစ်ပြီးပျက်သွားတော့ ချုပ်သွားပြန်တာပဲ (မှန်ပါ့ ဘုရား)။ တစ်ခါ အင်း ကလေးငိုသံကြားပြန်တယ်ဆိုတော့ ကြားတတ် တဲ့ နာမက္ခန္ဓာလေးပါး ပြန်ပေါ်တယ် (ပြန်ပေါ်ပါတယ် ဘုရား)။

အင်း သူ့ ငိုသံကြားရတာ စိတ်မချ၊ လက်မချ ဖြစ် လာတယ်ဆိုတော့ ကြားပြီးတဲ့စိတ် ချုပ်သွားတော့ ဒေါသဇော (၇) ကြိမ်လာပြန်တာပဲ (မှန်လှပါ ဘုရား) သဘောကျပြီ လား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ကိုယ့်ကလေးလား၊ နောက်တစ်ခါ ကြားပြန် တော့ ကိုယ့်ကလေးလား၊ သူ့ကလေး လား မသိဘူး၊ ကြားတော့ ကြားတယ် ဆိုတော့ ဘာပေါ်ပြန်သတုံး၊ ကြားတဲ့ နာမက္ခန္ဓာ ပေါ်ပြန်တယ်၊ ကြားတဲ့ နာမက္ခန္ဓာပေါ်ပြီး သကာလ သူ စဉ်း စားခန်းလေးကော မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။

ဒါတွေပဲ လှည့်နေတာ

ကိုယ့်ကလေးလား၊ သူများကလေးလား ဆိုတဲ့ ဝိစိကိစ္ဆာဇောမလာဘူးလား (လာပါတယ် ဘုရား)၊ ဒီလိုလှည့် မနေဘူးလား (လှည့်နေပါတယ် ဘုရား)။ ဒါဖြင့် ကြားလိုက် ကုသိုလ်ဖြစ်လိုက်၊ ကြားလိုက် အကုသိုလ်ဖြစ်လိုက်၊ ကြားလိုက် မောဟဖြစ်လိုက်၊ ဒီလိုပဲမနေဘူးလား (နေပါတယ် ဘုရား)။

ဒါတွေပဲ လှည့်နေတာနော် (မှန်လှပါ ဘုရား)၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးသလား (မပါ, ပါဘူး ဘုရား)။ ပဋိစ္စသမု ပ္ပာဒ်တွေ၊ ပဋိစ္စသမုပ္ပန္န တရားတွေ ပြည့်နေတယ်ဆိုရင် လွဲပါ့ မလား (မလွဲပါဘူး ဘုရား)။

အဲ့ဒါတွေ သိထားတော့မှ ဘယ်အချိန်မဆို အင်း ကြား တတ်တဲ့ဓမ္မလေး ပေါ်လိုက် ပျောက်လိုက်၊ ကုသိုလ်ဖြစ်တဲ့ ဓမ္မ လေးပေါ်လိုက် ပျောက်လိုက်၊ ကြားတတ်တဲ့ ဓမ္မပေါ်လိုက်၊ ပျောက်လိုက်၊ ဒေါသဖြစ်တဲ့ အကုသိုလ်လေး ကောပေါ်လိုက် (ပျောက်လိုက်ပါ ဘုရား)။

ကြားတတ်တဲ့ ဓမ္မပေါ်လိုက် ပျောက်လိုက်၊ ဒေါသဖြစ် တဲ့ ဓမ္မလေးပေါ်လိုက် (ပျောက်လိုက်ပါ ဘုရား)။ ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ သန္တာန်မှာ ဒါတွေပြည့်နေတာ (မှန်လှပါ ဘုရား)။

တရားတွေလှည့်နေတာ

တစ်နေ့လုံး ပဋိစ္စသမုပ္ပာဒ်၊ ပဋိစ္စသမုပ္ပန္နတရားတွေ လှည့်မနေဘူးလား (လှည့်နေပါတယ် ဘုရား)။ ဘယ်မှာ တုံးဗျ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမတွေ လှည့်နေတဲ့ အထဲ ပါသေးသလား (မပါ, ပါဘူး ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တယ်

အဲဒါမပါတာသိတော့မှ အင်း ပေါ်လာတာ ပုဂ္ဂိုလ် သတ္တဝါ ဒီအထဲမှာ လုံးဝကို မပါတာသိတော့ ငါ သူဆိုတာ ဆိတ်သုဉ်းသွားတယ် (မှန်လှပါ ဘုရား)။ ဒီအထဲ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ပြုတ်ထွက်သွားတယ် (မှန်လှပါ ဘုရား)။

အင်း ကြားတတ်တဲ့ ဓမ္မလေးချုပ်ပြီး သကာလ ကုသိုလ် ဖြစ်တဲ့ ဓမ္မလေးပေါ်ပြန်တယ် ဆိုတော့လည်း ဒကာ ဒကာမတို့ သဿတဒိဋ္ဌိ ပြုတ်ထွက်သွားတယ် (မှန်လှပါ ဘုရား)။ ကြား တတ်တဲ့ ဓမ္မလေးက ခိုင်မြဲရဲ့ လား (မခိုင်မြဲပါ ဘုရား)။ ချုပ် သွားတာသိသဖြင့် သဿတ စင်သွားတယ် (မှန်လှပါ ဘုရား)။

အင်း သူချုပ်သွားပြီး ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးပေါ် ပြန်တယ်လို့ မလာဘူးလား (လာပါတယ် ဘုရား) ပေါ်ပြန် တယ်ဆိုတော့ အကြောင်းသာချုပ်သွားတယ် အကျိုးက ပေါ်လျက်မနေဘူးလား (နေပါတယ် ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်

ပေါ်ပြန်တော့လဲ ဥစ္ဆေဒဒိဋ္ဌိပြတ်သွားတာမျိုး ဟုတ်ကဲ့ လား (မဟုတ်ပါဘူး ဘုရား)။ အကြောင်း ချုပ်သွားပြီး အကျိုးပြန်ပေါ်ပြန်တယ် (မှန်လှပါ ဘုရား)။ ပေါ်ပြန်တော့ လည်း ဒကာ ဒကာမတွေက စဉ်းစားတာပေါ့။ အင်း ပြတ်သွား ပြီ အောက်မေ့တယ်လို့ မယူဘဲနဲ့ ဪ အကြောင်းချုပ် ပေမယ့် အကျိုးပေါ်တော့ကို အင်း ဒါသည် ပြတ်သွားတဲ့ သဘောကော ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒိဋ္ဌိ သုံးမျိုးလှည့်ရှင်းပေးနေတယ် (မှန်လှပါ ဘုရား)။ ကြပ်ကြပ် သတိထားပါ၊ ဘာလှည့် ရှင်းပေး နေတာတုံး (ဒိဋ္ဌိသုံးမျိုး လှည့်ရှင်းပေးနေတာပါ ဘုရား)။ ဒိဋ္ဌိသုံးမျိုး လှည့် ရှင်းပေးနေတယ် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိမကွာရင် နိဗ္ဗာန်မရ

ဒီ ဒိဋ္ဌိမကွာဘဲနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လုပ်ခဲ့သော် ဘယ် နည်းနဲ့မှ နိဗ္ဗာန်မရ (မရပါဘူး ဘုရား)။ ဒိဋ္ဌိမကွာဘဲနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလုပ်ခဲ့သော်၊ (နိဗ္ဗာန်မရဘူး ဘုရား)၊ ဒိဋ္ဌိမကွာဘဲနဲ့ ဒါန၊ သီလတွေ လုပ်ခဲ့သော် (နိဗ္ဗာန်မရပါဘူး ဘုရား)။ နိဗ္ဗာန်မရ။

သုဂတိ နတ်ပြည်တော့ (ရပါတယ် ဘုရား)။ ရယ်တယ်။ ဒီလိုခွဲပြီး သကာလ ရှင်းရှင်း လင်းလင်းလေး မှတ်ထားပါဦး (မှန်လှပါ ဘုရား)။ သဘောပါကြပြီလား (ပါ, ပါတယ် ဘုရား)။

နတ်ရွာသုဂတိတော့ ရောက်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနယ်သည်ကားလို့ ဆိုရင် တယ်ကျယ်ပါလားဆိုတာ နတ်ရွာ သုဂတိတော့ ရောက်တယ် တဲ့၊ ဒိဋ္ဌိမပြုတ်ငြား၊ ငါလုပ်လို့ ငါရတယ်ဆိုတာ ငါက ပြုတ်ရဲ့လား (မပြုတ်ပါဘူး ဘုရား)။

ငါပါပင်ပါငြားသော်လည်း နတ်ရွာသုဂတိတော့ ရပါ တယ် (မှန်ပါ)။

သို့သော် နိဗ္ဗာန်ကျတော့ (မရပါဘူး ဘုရား)။ ဘာခံနေလို့ပါလိမ့် (ဒိဋ္ဌိခံနေလို့ပါ ဘုရား)။ ဒိဋ္ဌိ ခံနေလို့ဆို တာကော ကောင်းကောင်းကျေနပ်ပါပြီလား (ကျေနပ်ပါ တယ် ဘုရား)။

ဪ ဒါဖြင့် ဒိဋ္ဌိဖြုတ်ဖို့ အရေးသည်ကားလို့ဆို ရင်ဖြင့် တော်တော်ကြီးတဲ့ အရေးပါလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။ ဒီနေ့ဟောလတ္တံ့ဖြစ်တဲ့ ယမက သည် ဒကာ ဒကာမတို့ အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိရှိနေလို့ နိဗ္ဗာန်မရ ဘူး (မှန်လှပါ ဘုရား)။

ဒီနေ့ဟောလတ္တံ့ ယမကမှာ ဘယ်ဒိဋ္ဌိရှိနေပါလိမ့်။ (အတ္တဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိရှိနေပါတယ် ဘုရား)။ နောက် ဝတ္တုထုတ်လာတော့ ပေါ်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။

နောက်ဝတ္ထု ထုတ်လာတဲ့အခါ ဒကာ ဒကာမတို့ လေး လေးစားစား ဉာဏ်ထဲမှာ ဪ တယ်ခံတဲ့ ဒိဋ္ဌိပါလား၊ ဒါ့ကြောင့် ယမကမှာ နိဗ္ဗာန်မရတဲ့အပြင် ဥစ္ဆေဒဒိဋ္ဌိတောင် ဖြစ်သွားသေးတယ် ဆိုတာ ပေါ်လာပါလိမ့်မယ် (မှန်လှပါ ဘုရား)။

သို့သော် သူ့ဝတ္ထု အသာထားပြီး ဒကာ ဒကာမတွေ ချက်ချင်း ဒိဋ္ဌိပြုတ်ဖို့ အရေးကို ကြီးနေလို့ ဖြုတ်ပေးနေတာ (မှန်လှပါ ဘုရား)။ နေရာကျကြပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ပဋိစ္စသမုပ္ပန္ဒတရားတွေ လှည့်မနေဘူးလား (လှည့်နေပါတယ် ဘုရား)။ အင်း တစ်နေ့လုံး မသေမချင်း ဘာတွေများ လှည့်နေကြပါလိမ့် (ပဋိစ္စသမုပ္ပန္နတရားတွေ ပြည့်နေပါတယ် ဘုရား)။

ကြားတတ်တာလေး ပေါ်လာလိုက်၊ ကြားတတ်တဲ့ နာမက္ခန္ဓာလေးပေါ်လိုက်၊ တော်ကြာ ကုသိုလ်လေး ကကော (ပေါ်လာပါတယ် ဘုရား)။ ကြားတာကချုပ် ကုသိုလ်က ပေါ် (မှန်ပါတယ် ဘုရား)။

ကြားတာကော ပုဂ္ဂိုလ်သတ္တဝါ ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။ အတ္တဒိဋ္ဌိ မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)၊ အတ္တဒိဋ္ဌိပြုတ်သွားပြီတဲ့၊ နှစ်ခွန်းပြော တတ်တဲ့ ဓမ္မလေးကကော ချုပ်မသွားဘူးလား (ချုပ်သွား ပါတယ် ဘုရား)။

ချုပ်သွားတာကို သိလိုက်သဖြင့်လည်း ကြားတာလေးဟာ ကြားတာပဲလို့ သိတုန်းက ကြားတတ်တဲ့ နာမ်ဓမ္မက ကြားတာပဲလို့ သိတုန်းက အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ် (မှန်လှပါ ဘုရား)။

ကြားတတ်တဲ့ ဓမ္မလေးကကြားပြီး ချုပ်တာပဲလို့ သိလိုက်သဖြင့် ခိုင်မြဲတယ်ဆိုတာ ယူလို့ရသလား (မရပါ ဘူး ဘုရား)။ သဿတဒိဋ္ဌိပြုတ်ပြီပေါ့၊ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ကြားတတ်တဲ့ဓမ္မလေး ကြားတတ်တဲ့တရားသံ ဓမ္မလေး ချုပ်သွားပြီး နောက်က ဘာပေါ် လာသတဲ့ (ကုသိုလ်ပေါ်လာပါ တယ် ဘုရား) ကုသိုလ်ပေါ်လာတယ်၊ တရားနာတဲ့ ကုသိုလ်စိတ် ကလေးနော် (မှန်လှပါ ဘုရား)။

ကုသိုလ်စိတ်ကလေး ပေါ်လာတာ မြင်သဖြင့်လည်း အလိုလိုပေါ်တာလား၊ ကြားတတ်တဲ့ ဓမ္မက ကျေးဇူးပြုလိုက်လို့ ပေါ်လာတာလား (ကြားတတ်တဲ့ဓမ္မက ကျေးဇူးပြုလိုက် လို့ ပေါ်လာတာပါ ဘုရား)။ ဪ အကြောင်းအကျိုးက တော့ မဆက်လား (ဆက်ပါတယ် ဘုရား)။

ဆက်တာ ထောက်လိုက်သဖြင့် ဥစ္ဆေဒဒိဋ္ဌိကော ယူလို့ ရသေးရဲ့လား (မရပါဘူး ဘုရား)။ ဒိဋ္ဌိသုံးမျိုး ခွါသွားတာကို ခင်ဗျားတို့ ကြပ်ကြပ်စဉ်းစားပါ။ ဒီအတိုင်း ဒကာ ဒကာမတွေက သဘော သုံးမျိုး ပါတယ် ဆိုတာ ဒကာကြွယ် ဒကာသစ်တို့ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိသုံးမျိုးခွါ ပေးနေတယ်

ပြန်ပြောပါဦးမယ် ဒကာကြွယ် တစ်ခေါက်ရှင်းအောင်၊ ဒိဋ္ဌိသုံးမျိုးကို ခွါပေးနေတာ (မှန်ပါ ဘုရား)။ ဒိဋ္ဌိသုံးမျိုးခွါ ပေးနေတယ် ဆိုတော့ ကိုင်း ဘုန်းကြီးက တရားသံလေး၊ တရားသံကို ဒကာ ဒကာမတွေ ကြားလောက်အောင်ပဲ ကျေး ဇူးပြုလိုက်တော့ ခင်ဗျားတို့ ကြားတတ်တဲ့ နာမက္ခန္ဓာလေးပါး နားထဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အင်း ပုဂ္ဂိုလ်သတ္တဝါကြားတာလား သူပေါ် တာလား (သူပေါ်တာပါ ဘုရား)။ သူက ကြားတာ မဟုတ် လား၊ ကြားတတ်တဲ့ဓမ္မလေး ပေါ်လာတယ်လို့ မဆိုနိုင်ဘူး (ဆိုနိုင်ပါတယ် ဘုရား)။

ငါကြား သူကြား ဘယ့်နှယ်နေတုံး (မဟုတ်ပါဘူး ဘုရား)။ ငါကြား သူကြားမဟုတ်ဘူး ဆိုကတည်းက အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိပြုတ်ပါပြီ (ပြုတ်ပါပြီ ဘုရား)။ မပြုတ်သေး ဘူးလား (ပြုတ်ပါပြီ ဘုရား)။

ဒါ မှတ်ထား၊ မှတ်ထားနော်၊ ငါကြားသူကြား ဟုတ် သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)။ ကြားတတ်တဲ့ ဓမ္မလေး ပေါ်လာတာ သက်သက်ပဲ၊ နိဿတ္တနိဇီဝ သတ္တဝါမဟုတ်၊ အသက်မဟုတ်တဲ့ ဓမ္မလေး ပေါ်လာတာပဲ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

၎င်း ကြားတတ်တဲ့ဓမ္မလေးလည်း ဖျတ်ဆို ချုပ်သွား တော့ တရားသံကြားရတဲ့ ဒကာ ဒကာမတွေက ကုသိုလ်စိတ် ကလေးတွေများ ဖြစ်လိုက်ကြတာ (မှန်လှပါ ဘုရား)။ ကုသိုလ်စိတ် ကလေးဟာ အလိုလို ဖြစ်လာတာလား၊ ကြား တတ်တဲ့ ဓမ္မလေး ချုပ်သွားလို့ ပေါ်လာတာလား (ကြား တတ်တဲ့ဓမ္မလေးချုပ်သွားလို့ပါ ဘုရား)။

ကြားတတ်တဲ့ဓမ္မလေးချုပ်သွားလို့ ပေါ်လာတော့ ကြား တတ်တဲ့ဓမ္မက မချုပ်ရင်လည်း သူပေါ်ပါ့မလား (မပေါ်ပါ ဘူး ဘုရား)။ ဒါဖြင့် ကြားတတ်တဲ့ဓမ္မက ကျေးဇူးပြုလိုက်တာနဲ့ ကြားလို့ဖြစ်တဲ့ ကုသိုလ်စိတ်ကလေးဟာ ပေါ်လာတာ (မှန်လှပါ ဘုရား)။

ပေါ်လာတော့ ဒကာ ဒကာမတွေက ဪ ကြား ပြီးချုပ်သွားတာပဲ ဆိုငြားသော်လည်း ကုသိုလ် စိတ်ကလေးက နောက်ထပ်ပေါ်လာတာ ထောက်လိုက်ပြန်တော့ အရင်ဟာ မခိုင်တာလည်း သိတယ်၊ ကြားတတ်တဲ့စိတ် မခိုင်တာကော (သိပါတယ် ဘုရား)။

မခိုင်တာသိတုန်းက ပျက်သွားတာ သိလိုက်ခြင်းကြောင့် ဘာဒိဋ္ဌိစင်သွားတုံး (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား) သဿတဒိဋ္ဌိ စင်သွားတယ်၊ လေးလို့မရဘူး။ ဒါပိုင်တဲ့ သူမှ ပြော တတ်တာ (မှန်ပါ့ ဘုရား)။

ကြားတတ်တဲ့ ဓမ္မလေးချုပ်သွားလို့ ဒကာ ဒကာမတွေ ကုသိုလ်စိတ်ကလေး နောက်ထပ် ပေါ်လာတာ (မှန်လှပါ ဘုရား)။ ကြားတတ်တဲ့ ဓမ္မလေးချုပ်သွားတာသိလိုက်သဖြင့် ဘယ်ဒိဋ္ဌိစင်တုံး (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)။

ကြားတတ်တဲ့ ဓမ္မလေးချုပ်သွားတာနဲ့ပဲတဲ့ ကုသိုလ် ဓမ္မ လေး နောက်ထပ်ပေါ်လာတယ်လို့ မသိရဘူးလား (သိရ ပါတယ် ဘုရား)။ ဒီလို ကုသိုလ်ဓမ္မပေါ်လာတယ်လို့ သိပြန်တော့လည်း ဘယ်ဒိဋ္ဌိ စင်သွားတုံး (ဥစ္ဆေဒိဋ္ဌိစင်ပါတယ်) ရမ်းလို့မရဘူး။ ရမ်းလို့မရဘူး။ ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ ဟို သီလရှင် တွေက လူလောက်မှ မဟန်ဘဲ ဖြစ်နေလိမ့်မယ်။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အဖြေ မနေ့က ရှင်းနေအောင် ပြောခဲ့ပါတယ်။ အဖြစ်မြင်ရင် ဥစ္ဆေဒစင်တယ်၊ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)။

အပျက်မြင်ရင် သဿတစင်တယ်၊ အဲဒါနှစ်ခုက မမေ့စေရဘူး (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါ တယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ မဂ်ဖိုလ် အားထုတ်တဲ့အခါမှာ ဒါတွေကို သဘောမကျဘဲနဲ့ အလကား နေရင်းဖြစ်ပြီ၊ ပျက်ပြီ၊ ဖြစ်ပြီ၊ ပျက်ပြီလို့ လုပ်နေလို့ ရကိုမရတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီ ဒိဋ္ဌိက အပင်းခံနေတယ်။ (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။ ရှင်ဆန္န အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ နားလည်လျက်သားနဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန် မရဘူးလို့ မနေ့က ဟောခဲ့တယ်၊ အင်းအတ္တဒိဋ္ဌိနဲ့ ဘာတုံး၊ သဿတ ဒိဋ္ဌိငြိနေတယ်။

ဒီနေ့ ယမက မှာတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ လုပ် လျက်သားနဲ့ မရပြန်ဘူး။ အတ္တဒိဋ္ဌိနဲ့ (ဥစ္ဆေဒ ဒိဋ္ဌိပါ ဘုရား)။ အဲ အဲ ခုဖြေတဲ့ အထဲမှာလည်း ဒီလို ကန့်လန့် ကိုယ် သဘောမကျဘဲနဲ့ အဖြေထုတ်ပြီး ကိုယ့်ဉာဏ်ထဲမှာ ဝိပဿနာ ဉာဏ်မပါဘဲနဲ့ သဘောမကျဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်မှာ သူ့မှာ ဒိဋ္ဌိ ရှိနေတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဘာရှိတယ် (ဒိဋ္ဌိရှိပါတယ် ဘုရား)။ ဒိဋ္ဌိရှိနေလို့ ရှိနေရင်ဖြင့် ဘယ်လိုပဲလုပ်နေနေ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ အာပေါက်အောင် အားထုတ်၊ သဘောကျပြီလား (ကျပါ တယ် ဘုရား)။ မရဘူး။

ရပါ့မလား (မရပါဘူး ဘုရား)။ အဲဒါ အသေအချာ မှတ်ပါ။ ကိုယ့်အရေးထက် ကိုယ်ကြီးတာကို ကြပ်ကြပ်သတိ ထားစမ်းပါ။ ဒကာသစ်တို့ ဒကာကြွယ်တို့၊ ဒီ ဒိဋ္ဌိရှိနေရင် ဘယ်တော့မှ (မရနိုင်ပါဘူး ဘုရား)။ မရနိုင်ဘူး။

နိဗ္ဗာန်လည်း ဘယ်တော့မှ မသိဘူးတဲ့။ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ် ဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်လည်း မရနိုင်ပါဘူး (မရနိုင်ပါ ဘူး ဘုရား)။ နိဗ္ဗာန်ကော (မရနိုင်ပါ ဘုရား)။ နိဗ္ဗာန်ကို လည်း သိကို မသိဘူးတဲ့ (မှန်လှပါ ဘုရား)။

ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်သိတယ်လို့ကို မရှိဘူးတဲ့။ (မှန်လှပါ ဘုရား)။ ရမှာဝေးလို့ သိကို မသိပါဘူး (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိုယ်လုပ်ထားတာ မသေချာလို့

အဲဒီတော့ ကိုယ့်အရေးဟာ ဒကာ ဒကာမတို့ အဖြေ ထွက်လာတာကို ကြည့်လိုက်လို့ရှိရင်ပဲ ကိုယ်မစင်သေးတာ ကိုယ်ပေါ်လာတယ် (မှန်လှပါ ဘုရား)။ သေသေ ချာချာ စဉ်းစား၊ ဒီအထဲမှာကို ပုဂ္ဂိုလ်တွေက အမျိုးမျိုးပါလာတယ် (မှန်လှပါ ဘုရား)။ ကြပ်ကြပ် ဒကာကြွယ်တို့ စဉ်းစားနော်။

ကိုယ်လုပ်ထားတာ မသေချာသေးလို့ရှိရင် ဒီဥစ္စာကိုယ့် ဒိဋ္ဌိသံထွက်လာတာပဲ (မှန်လှပါ ဘုရား)။ ကိုယ်လုပ်ထား တာ မသေချာရင် (ကိုယ့်ဒိဋ္ဌိသံထွက်လာပါ တယ် ဘုရား)။

အင်မတန် ရှက်စရာကောင်း

အဲ ကိုယ့်သန္တာန် ဒိဋ္ဌိရှိတာကို အခု အပြောကပဲ သက်သေ မခံဘူးလား (ခံပါတယ် ဘုရား)။ အဲ့ဒါ ကြပ်ကြပ် စဉ်းစားပါ။ အင်မတန် ရှက်စရာကောင်းတယ်လို့ မှတ်လိုက်စမ်း ပါ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ပြန်ပြောမယ် ဒကာ ဒကာမတို့ ရှင်း အောင် ပြောပေးမယ်၊ ကဲ ဒကာကြွယ် ဒကာသစ်တို့ ဘုန်းကြီးက တရားသံလေး လွှတ်လိုက်တဲ့အခါကျတော့ နားထဲ ကြားတတ်တဲ့ နာမက္ခန္ဓာ လေးပါးမပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါလား (မဟုတ်ပါဘူး ဘုရား)။ ဘာလေးတွေပါလိမ့်ဗျာ (ကြားတတ်တဲ့ နာမ်ဓမ္မလေး တွေပါ ဘုရား)။ ကြားတတ်တဲ့ နာမ်ဓမ္မလေးတွေ မဟုတ်လား (မှန်လှပါ ဘုရား)။ ဒီလို သိလိုက်သဖြင့် ဒကာ ဒကာမတွေ ငါသူတစ်ပါး ယောက်ျား၊ မိန်းမဆိုတဲ့ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိရှိ သေးသလား (မရှိပါဘူး ဘုရား)။

မရှိတော့ဘူးနော်၊ ကြားတတ်တဲ့ နာမ်ဓမ္မပေါ်တာ သက်သက်ပဲ (မှန်လှပါ ဘုရား)။ ကောင်းပြီ၊ ဒီနာမ်ဓမ္မလေး က ဒကာ ဒကာမတို့ ဖျတ်ဆို ချုပ်သွားတယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

တစ်မှာဖြစ်ပြီး နှစ်မှာချုပ်တယ် (မှန်လှပါ ဘုရား)။ ချုပ်သွားတာလေးကို ဪ ချုပ်သွားပြီလို့ ဒီဓမ္မဟာ ချုပ် တတ်တဲ့ ဓမ္မပဲလို့ သိလိုက်သဖြင့်တဲ့ ခင်ဗျားတို့ သန္တာန်မှာတဲ့ ချုပ်တာမြင်သဖြင့် ဘယ်ဒိဋ္ဌိ စင်ရမှာတုံး (သဿတဒိဋ္ဌိပါ ဘုရား)။ သဿတဒိဋ္ဌိစင်ရမယ်။

ချုပ်တာမြင်ကတည်းက ခိုင်မြဲသေးရဲ့လား (မခိုင် မြဲပါ ဘုရား)။ မခိုင်မြဲကတည်းက ဪ ဒါ သဿတဒိဋ္ဌိ စင်သွား တာပဲ (မှန်ပါ ဘုရား)၊ ကြားတတ်တဲ့ ဓမ္မလေးချုပ်သွားပါ ရော ဒကာသစ်၊ ဒကာကြွယ်ရေ ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးပေါ် လာတယ် (ပေါ်လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ် အစဉ်အတိုင်းပေါ့ဗျာ (မှန်လှပါ ဘုရား)။ ကုသိုလ်ဖြစ်တဲ့ ဓမ္မလေးပေါ်လာတာ သိလိုက်ပြန်တော့လည်း ဘယ်ဒိဋ္ဌိ စင်သွားတုံး (ဥစ္ဆေဒ ဒိဋ္ဌိစင်ပါတယ် ဘုရား)။ ဪ ဟုတ်တယ် ဟုတ်တယ်၊ ဟိုဓမ္မချုပ်ပေမယ့် ဒီဓမ္မကအကြောင်းအကျိုးက ဆက်လျက် မနေဘူးလား (နေပါတယ် ဘုရား)။

ဒါဖြင့် ဥစ္ဆေဒဒိဋ္ဌိ ပြတ်သွားတယ်လို့ ယူသေးရဲ့ လား (မယူပါဘူး ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုနှစ်ခု ဆက်ပြီး ပြလိုက်သဖြင့် ပေါ်တာပြလိုက်၊ ချုပ်တာပြလိုက်၊ နောက်ပေါ်တာ ဆက်ပြလိုက်၊ ဒီသုံးခုကို လည်လည် မဟော နိုင်တဲ့ ဆရာသမားလည်း ဖြစ်မယ်၊ ခင်ဗျားတို့ အားထုတ်တဲ့ အခါမှာလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရမ်းပြီး အားထုတ်နေမယ် ဆိုရင် ဘယ်နည်းနဲ့မှ ဒိဋ္ဌိမကွာလို့ မှတ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိုယ်သန္တာန် ဒိဋ္ဌိရှိနေရင် မဝေဖန်နိုင်

ကိုင်း-သုံးခေါက် စေ့အောင်တော့ ပြောရလိမ့်မယ် ဒကာကြွယ်ရေ၊ ခင်ဗျားတို့ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာတော့ဖြင့် ဪ နိဗ္ဗာန်ရမှု အသာထား၊ ဒိဋ္ဌိဉာဏ်ထဲမှာ ကိုယ့် သန္တာန်ဖြစ်တဲ့ တရားမှာ ဖြစ်နေရင် ဘယ်ဒိဋ္ဌိစင်တယ်၊ ပျက်ရင် ဘယ်ဒိဋ္ဌိစင်တယ်၊ နောက်တဖန် ပေါ်လာတာ သိလိုက်ရင် ဘယ်ဒိဋ္ဌိစင်တယ် ဆိုတာမှ မသိလို့ ရှိရင်ဖြင့် ကိုယ့်သန္တာန်ဒိဋ္ဌိရှိ သေးလို့သာ မဝေဖန်နိုင်တာပဲ (မှန်လှပါ ဘုရား)။ သေချာ ပြီလား (သေချာပါပြီ ဘုရား)။

ဂဏန်းတစ်ခု ပုစ္ဆာထုတ်ပြီး အတွက်ခိုင်း လိုက်တဲ့အခါ အမှားချည်း တွက်မယ် ဆိုရင်ဖြင့် ဒီပုဂ္ဂိုလ်ဂဏန်းမှာ မကျင်လည် သေးလို့ဘဲဆိုတဲ့ အဓိပ္ပါယ်ဟာ သူ့ပင်ကိုကတည်းက ဂဏန်း ကို မကျင်လည်တာ သေချာတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဂဏန်း မကျင်လည်ခဲ့သည်ရှိသော် ဂဏန်းအပေါ်၌ သူ့မှာ မတွက်တတ်တဲ့ အမှားရှိတယ် ဆိုရင်ကော (မလွဲ ပါဘူး ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိရှိတာပေါ့ (မှန်လှပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ သန္တာန်မှာ ခု ဆရာဘုန်းကြီး ပြောတာကို ခင်ဗျားတို့ ကျကျနန နားထောင်ပြီး အဖြေမှန် မထွက်သေးဘူးဆိုရင် အလုပ်မှာလည်း အဖြေမှန်မထွက်ဘူး (မထွက်ပါ ဘုရား)။

အပြောကို နားထောင်ပြီးမှ အဖြေမှန် မထွက်သေးလို့ ရှိရင် ကိုယ်တိုင် လုပ်တဲ့အခါလည်း အဖြေမှန်မထွက်နိုင်ဘူး (မှန်လှပါ ဘုရား)။ ဒကာကြွယ် ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား)။ မထွက်နိုင်ဘူးဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကြားတာလေးတစ်ခု မူတည်ပါ

ကောင်းပြီ၊ တစ်ခေါက်တော့ဖြင့် ပြန်ပြောရအောင် ဒကာ ဒကာမတို့၊ ဒါကြားတာလေး တစ်ခုကို မူတည်လိုက်သဖြင့် ဘုန်းကြီးက တရားသံလေး လွှတ်လိုက်တဲ့အခါမှာ ဒကာကြွယ်၊ ဒကာသစ်တို့ နားထဲမှာ ကြားတတ်တဲ့ နာမ်ဓမ္မမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

နာမ်ဓမ္မပဲ ပေါ်တယ်နော် (မှန်ပါ ဘုရား)။ ငါကြား သူကြား ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)။ အင်း ငါကြား သူကြား မဟုတ်ဘူး၊ နိဿတ္တနိဇီဝ ဆိုတဲ့ သတ္တဝါ မဟုတ် အသက် မဟုတ်တဲ့ တရား နာမ်ဓမ္မလေးက ကြားတာပဲ (မှန်ပါ့ ဘုရား)။ မသိဘူးလား (သိပါတယ် ဘုရား)။

ဘာဒိဋ္ဌိစင်သွားတုံး (အတ္တဒိဋ္ဌိနဲ့ သက္ကာယဒိဋ္ဌိပါ ဘုရား)။ ဟုတ်တယ်၊ ဒါ သေသေချာချာသာ မှတ်လိုက်ပေတော့ ဒကာ ဒကာမတို့၊ ငါလည်း မဟုတ်ဘူးဆိုတော့ အတ္တဒိဋ္ဌိ က မစင်ဘူးလား (စင်ပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိ ဆိုတာလည်း ဒကာ ဒကာမတို့ အတူတူ ပါပဲ (မှန်ပါ ဘုရား)။ ဒီ ခန္ဓာငါးပါးကို ငါထင်နေတာ သက္ကာယဒိဋ္ဌိပါပဲ (မှန်ပါ ဘုရား)။ အဲဒီ နာမက္ခန္ဓာလေးပါး ကို ငါလည်းမဟုတ်၊ သူလည်း မဟုတ်၊ ကြားတတ်တဲ့ ဓမ္မလေးပဲ၊ သတ္တဝါမဟုတ်၊ ဇီဝ မဟုတ်တဲ့ ဓမ္မလေးပဲ သိသွားတော့ အတ္တ ဒိဋ္ဌိက စင်သွားတယ်။

သက္ကာယဒိဋ္ဌိ ကကော (စင်ပါတယ် ဘုရား)။ စင်သွားပြီ၊ ကိုင်း ဒါဖြင့် ကြားတတ်တဲ့ ဓမ္မလေးဟာ ဖျတ်ဆို ချုပ်သွားတယ်၊ ဒါဖြင့် အရှင်ဘုရားလက်ထက်မှ ပေါ်လာတဲ့ တရားပဲလို့ ဒကာ ဒကာမတွေက စွဲချက် တင်ချင်ရင်လည်း တင် လိမ့်မယ်။

လောဘဆိုတာ တစ်သံသရာလုံး ဘုရားတွေက ကြောက်ရမယ်ချည်း ဟောနေတာ။ အရှင်ဘုရားက လောဘ ဖြစ်တာ မကြောက်နဲ့၊ မောဟဖြစ်တာကြောက်လို့ ဟောနေ တယ်။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဲတော့ ဒီဟာ ဆန်းမနေဘူးလား၊ ဆန်းပြီးတော့ နေ တယ်လို့ ထင်တော့ကို ဟောဒီက အသိ လိုက်လိုက်လို့ရှိရင် ဒကာ ဒကာမတို့ လောဘရယ်လို့ မဟုတ်တော့ဘူးတဲ့၊ ဘာပြု လို့တုံး၊ သတ္တဝါ သန္တာန်မှာ ဒကာသစ် နှစ်စိတ်ဖြစ်ကောင်းရဲ့လား (မဖြစ်ကောင်းပါဘူး ဘုရား)။

လောဘစိတ်ဖြစ်ပြီး ပျက်သွားတယ်

ဒကာကြွယ် လောဘစိတ်ဖြစ်တုန်းလည်း အသိမဖြစ် ပါဘူး။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဒါဖြင့် လောဘ စိတ်ဖြစ်ပျက်ပြီးသွားမှ ဪ လောဘစိတ်ကလေးဖြင့် ဖြစ်ပြီးပျက်သွား လေရဲ့ ဒီက အသိလိုက်လိုက် (မှန်လှပါ ဘုရား)။

လိုက်လိုက်တော့ လောဘစိတ် သိတာလား၊ ဥပယဗ္ဗ ယ သိတာလား (ဥဒယဗ္ဗယ သိတာပါ ဘုရား)။ ဒါကြောင့် အရှုံးမပေးနိုင်ဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လောဘစိတ် သိတာလား ဖြစ်ပျက်သိတာလား (ဖြစ်ပျက်သိတာပါ ဘုရား)။ ဖြစ်ပျက်သိတော့ ဖြစ်ပျက်က အနိစ္စ သိတာက မဂ္ဂ သွားဖြစ်တယ်။ ဖြစ်ပျက်က (အနိစ္စ)၊ သိတာက (မဂ္ဂပါ ဘုရား)။

ဖြစ်ပျက်မသိမှာသာ ကြောက်ပါ

ဒါကြောင့် လောဘမကြောက်နဲ့၊ ဖြစ်ပျက် မသိတာ ကြောက်၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ လောဘကို (မကြောက်ရပါဘူး ဘုရား)။ ဖြစ်ပျက်မသိမှာကို (ကြောက်ရမှာပါ ဘုရား)။

ကိုင်း ဒကာကြွယ်တို့ ကြောက်နေတာက ဒကာသစ်တို့ ကြောက်နေတာက လောဘ ကြောက်တယ်၊ ဖြစ် ပျက် မသိမှာကိုတော့ မကြောက်ဘူး၊ ဒါဖြင့် တဏှာသာကြောက် တာ၊ အဝိဇ္ဇာကို မကြောက်ဘူး (မှန်လှပါ ဘုရား)။ ဒီလို ဖြစ်နေတယ်။

တဏှာသာ ကြောက်နေတယ်။ အဝိဇ္ဇာကို ( မကြောက်ပါဘူး ဘုရား)။ အခုတော့ ဟေ့ တဏှာ လောဘ စိတ်ဖြစ်တယ်၊ ပျက်တယ်တို့ နောက်က အသိလိုက်လိုက်လို့ ရှိရင် လောဘလား၊ အနိစ္စလား (အနိစ္စပါ ဘုရား)။

သိတာက မဂ္ဂဖြစ်တယ်

ဒါဖြင့် သူက အနိစ္စ၊ သူက မဂ္ဂ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဖြစ်ပျက်က (အနိစ္စ)၊ သိတာက (မဂ္ဂပါ ဘုရား)၊ သေသေချာချာ မှတ်နော်၊ ခင်ဗျားတို့ သေသေ ချာချာမှတ်ပါ ဒကာ ဒကာမတို့၊ မဂ်ချက်ချင်း ဆိုက်နိုင် လို့ ပြောတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သေသေချာချာမှတ်ကြပါ ဒကာ ဒကာမတို့၊ ခုဟာက လက်တွေ့ပြတာ (မှန်လှပါ ဘုရား)၊ လောဘစိတ်ဟာ ဖြစ်ပျက် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဖြစ်တာပဲ ရှိတာပဲ။ ဖြစ်ပြီး သူ့ သက်တမ်းက ပျက်တာပဲ ရှိတာပဲ (မှန်လှပါ ဘုရား)။

သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်သွားတယ်

လောဘစိတ် မရှိဘူးလို့ သိတာက မဂ်ဖြစ်သွားတယ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်သွားတယ်။ နို့မဟုတ်လို့ ရှိရင် ဘုရားသွား တရားစွဲ ခင်ဗျားတို့ဘုရားက လောဘစိတ်ဖြစ်တာ လောဘစိတ် ဖြစ်တယ်လို့ သိရမှာပေါ့တဲ့ (မှန်လှပါ ဘုရား)။

လောဘစိတ်ဖြစ်တာ လောဘစိတ်ဖြစ်တယ်လို့ သိရ မယ်လို့ ဟောထားတာ (မှန်လှပါ ဘုရား)။ ဒကာကြွယ် မဟော ဘူးလား (ဟောပါတယ် ဘုရား)။ ဒီအထဲ သတိပဋ္ဌာန် ထိုက်တန်သလောက် ရဖူးတဲ့ ပုဂ္ဂိုလ်မှန်ရင် သရာဂံ ဝါ စိတ္တံ့ သရာဂံ စိတ္တန္တိ ပဇာနာတိ။

ဘာတုံး စိတ္တာနုပဿနာ သတိပဋ္ဌာန် ပါဠိတော်၊ ဘယ်သူ ဟောတာတုံး၊ ဘုရားအဆူဆူ မစွန့်တာ (မှန်ပါ့)။ ဘုရားအဆူဆူ ဟောတဲ့တရား (မှန်ပါ)။

ကဲ လောဘစိတ်ဖြစ်တာ ကြောက်ရမှာလား၊ မသိတာ ကြောက်ရမှာလား (မသိတာ ကြောက်ရမှာပါ ဘုရား)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

လောဘစိတ်ကို ကြောက်နေကြတယ်

ဒါဖြင့် ဒကာ ဒကာမတို့ အခုစပြီး တရားဟောပါတယ်။ နာရီဝက်ရှိသွားပြီ၊ ဪ တို့ သည်ကား မိဘရိုးရာက လာပြီး သကာလ စာအုပ်တွေ တောင်ဖတ်၊ မြောက်ဖတ်ပြီး သကာလ လောဘစိတ်ကို တို့ ကြောက်နေတယ်။ လောဘ ဟာ သမုဒယသစ္စာ၊ သူ့မပယ်နိုင် ခက်တယ်ဆိုပြီး ခင်ဗျားတို့က ညည်းလုံးထုတ်နေတယ် (မှန်ပါ့)။

အခုဟာက လောဘစိတ်က သူ့ချည်းသက်သက် အကျိုးပေးနိုင်သလားလို့မေးတော့ လောဘဟာ သူချည်းသက် သက် အကျိုးမပေးနိုင်ဘူး။ ဒကာ ဒကာမတို့ လောဘဟာ သူ ချည်းသက်သက် (အကျိုးမပေးနိုင်ပါဘူး ဘုရား)။

ရှင်းပြဦးမယ် ဒကာ ဒကာမတို့၊ လောဘစိတ်ဖြစ်တဲ့ နောက်က ခင်ဗျားတို့က အသိမလိုက်ဘူး ဆိုကြပါစို့ ဒကာကြွယ် ဒကာသစ်က လောဘစိတ်ကို တဏှာ, ပဋိစ္စသမုပ္ပာဒ်အလို မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

တဏှာ ပစ္စယာ (ဥပါဒါနံပါ ဘုရား)။ ဟော အသိ မလိုက်လို့ ဥပါဒါန်လိုက်လာတာ (မှန်ပါ့)။ ဥပါဒါန ပစ္စယာ (ဘောပါ ဘုရား)။ ကမ္မဘဝေါ ကံလိုက်လာလို့ ကံကမှ အကျိုးပေးမှာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (မှန်ပါ)။

ကံလိုက်လာတော့ ခင်ဗျားတို့ ပြင်လို့ရသေးရဲ့ လား (မရပါဘူး ဘုရား)။ မရတော့ ကြောက်ရမှာလား သူ့အဆက်အနွယ်တွေ ကြောက်ရမှာလား (သူ့အဆက် အနွယ်တွေ ကြောက်ရမှာပါ ဘုရား)။

အဲ ခင်ဗျားတို့က သူ့ကြောက်နေလို့ ခက်နေတာ (မှန်ပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား) သူ့ကြောက်နေလို့ ခက်နေတာ၊ သူ့အဆက်အနွယ် ခွေးမ ကြီးသာ ကြောက်တယ်၊ ခွေးမကြီးက မွေးတဲ့ ခွေးသူခိုးလေးတွေ ကျတော့ ခင်ဗျားတို့က အိမ်ခွေးလုပ်ပြီး မွေးရင် ခိုးဦးမှာပဲ (မှန်လှပါ ဘုရား)။ မခိုးပေဘူးလား (ခိုးမှာပါ ဘုရား)။

ခွေးသူခိုးမကြီးက မွေးတာပဲ၊ သူ့အမေကသာ ဆိုးတာ သူ့သားသမီးလေးတွေ ကတော့ တို့ဝအောင်ကျွေးရင် ယဉ်ကျေး မှာပဲလို့ အောက်မေ့ရင် ဒီခွေးသူခိုးကလည်း ဒီမျိုးပဲ (မှန်လှ ပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ အဲဒါ သေသေ ချာချာ လေးလေးနက်နက် မှတ်ပါ။

အသိလိုက်လိုက်စမ်းပါ

ဒါဖြင့် သူ့နောက်က အဆွယ်အပွားကို ဘုန်းကြီးက ဖြတ်လိုက်မယ်။ လောဘစိတ်ဖြစ်တာ ဒကာကြွယ်၊ ဒကာသစ် အသိလိုက်လိုက်စမ်း ဆိုတော့ အဆွယ်အပွားတွေ ဘာဖြစ်သွား တုံး (ချုပ်သွားပါတယ် ဘုရား)။ အဆွယ်အပွား ချုပ်တယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အဆွယ်အပွားချုပ်တော့ ကံချုပ်တော့ ဒီဘက်က ဇာတိကော (ချုပ်ပါတယ် ဘုရား)။ ဇရာ မရဏ (ချုပ်ပါတယ် ဘုရား)။

ဇရာမရဏချုပ်တော့ ဇရာမရဏ ချုပ်တာ နိဗ္ဗာန် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကံချုပ်တာလည်း “ကုသလာကုသလံ ဇဟံ” ငါ ကုသိုလ်နဲ့ အကုသိုလ်စွန့်လို့ ဘုရားဖြစ်လာတယ် ဆိုတော့ ကံ ချုပ်တာလည်း နိဗ္ဗာန် (မှန်ပါ ဘုရား)။ ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဘုရားဟောတရားတော်တွေ လုံလောက်တယ်

တဏှာနိရောဓော နိဗ္ဗာနံလို့ ငါကိုယ်တိုင်ဟောတယ် ဆိုသောကြောင့် ဥပါဒါန်ဆိုတာ တဏှာ အရင့်ကို ဆိုတယ် (မှန်လှပါ ဘုရား)။ သူလည်း ချုပ်သွားတာပဲ (မှန်ပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါတယ် ဘုရား)။

အဲဒါတွေနဲ့ ရှင်းလိုက်တော့မှ ဪ ဆရာဘုန်း ကြီး ပြောတာက သူ့ဟာသူ ဘုရား ဟောတော်မူတဲ့ အကြောင်းတွေ တယ်လုံလောက်ပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)။ မပေါ်သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဘုန်းရှိကံရှိတဲ့ ပုဂ္ဂိုလ်တွေမို့

သာမညနားနဲ့ မထောင်နဲ့လို့ ခင်ဗျားတို့ အင်မတန် ဘုန်းရှိ ကံရှိတဲ့ ပုဂ္ဂိုလ်တွေမို့ ဆရာကောင်း သမားကောင်းနဲ့ တွေ့တာနော် (မှန်လှပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့သည် ဘယ်နေရာက ဖြတ် ရမယ်လို့ကို မသိတော့ဘူး (မသိပါဘူး ဘုရား)။ အင်မတန် နစ်နာသွားမယ်နော်၊ အင်မတန်နစ်နာသွားမယ်။ အခုတော့ ဘုန်းကြီးလက်ထက်မှ ဟောတာလား၊ ဘုရားအဆူဆူ မစွန့်တဲ့ တရားဟောတာလား (ဘုရားအဆူဆူ မစွန့်တဲ့ တရား ဟောတာပါ ဘုရား)။

ကြည့်လေ “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ” ဆိုတော့ ဒီရောက်ရမှာ (မှန်လှပါ ဘုရား)၊ သူက သရာဂစိတ်၊ သူက ပဇာနာတိသိအောင်လုပ်ရမယ် (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါတယ် ဘုရား)။

သိအောင် လုပ်လိုက်တော့ ဘာကျေးဇူးရှိသတုံးလို့ မမေးနဲ့၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏပြတ်တဲ့ တရား (မှန်လှ ပါ ဘုရား)။

ဒါဖြင့် ဇာတိ၊ ဇရာ၊ မရဏတို့၏ ချုပ်ရာငြိမ်းရာ သိမ်းရာ ကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။ ကံတို့၏ ကုန်ရာကော (နိဗ္ဗာန်ပါ ဘုရား)။ ဥပါဒါန်ပြတ်ရာကော (နိဗ္ဗာန်ပါ ဘုရား)။

အကုန် နိဗ္ဗာန်သုံးခုကြီး ပေါ်နေတဲ့ဥစ္စာ ဒါ သံသယရှိ နေဖို့ ဒကာကြွယ်က လိုသေးသလား (မလိုပါဘူး ဘုရား)။ အကြောင်းလုံလောက်ပြီလား (လုံလောက်ပါပြီ ဘုရား)။

ထိုးထိုးထွင်းထွင်းပြောတဲ့ဆရာ၊ သိစေချင်လွန်းလို့ ပြောတဲ့ဆရာ

အဲဒါ ထိုးထိုးထွင်းထွင်းပြောတဲ့ဆရာ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ကို နည်းမှီပြီး သကာလ ခင်ဗျားတို့ သိစေချင်လွန်းလို့ ပြောတဲ့ဆရာမို့ ဒကာသစ် တွေ့တယ်၊ နို့ မဟုတ်ရင် တွေ့ကို မတွေ့ဘူး (မှန်လှပါ ဘုရား)။

နို့မဟုတ်ရင် ဥပုသ်စောင့်ရင်း ခင်ဗျားတို့ သေလမ်းကြီး ကို တန်းပြီးရွတ်နေမှာပဲ (မှန်ပါ ဘုရား)။ ဥပုသ်စောင့်ရင်း၊ ဥပုသ်စောင့်ရင်း သေလမ်းကြီး တန်းရွတ်တာပဲ။

“အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” ဘုရားက ဟောသားပဲ၊ အဲဒါ ငါ့သွားလမ်း၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ငါ့သွားလမ်းသာ ရွတ်နေတာပဲ။ ငါ့ ဖြတ်လမ်း မပါလာဘူး (မှန်လှပါ ဘုရား)။ ပါသေးရဲ့လား (မပါ, ပါဘူးရား)။

အဲဒါကြောင့် ခက်နေတာ၊ ရွတ်ဖို့ မဟုတ်ပါဘူးတဲ့။ ဖြတ်ဖို့ပါ (မှန်လှပါ ဘုရား)။ သဘော ပါကြပြီလား (ပါ, ပါတယ် ဘုရား)။

ရူးလိုက်တဲ့ဖြစ်ခြင်း

ရွတ်ဖို့လား၊ ဖြတ်ဖို့လား (ဖြတ်ဖို့ပါ ဘုရား)။ ဖြတ်ဖို့ ကို ခင်ဗျားတို့က နှုတ်တက်ဆောင် ထားတယ်၊ ဒါမှ သွားလမ်း မမှားရအောင်လို့၊ အံမလေး ရူးလိုက်တဲ့ဖြစ်ခြင်းတော့ မပြောပါ နဲ့တော့၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကို ဘုရားရှိခိုးလိုက်သေးတယ်

အဲဒါ ရှေးကျကျဖြစ်လေ မှားလုံး သန်လေလေပဲ (မှန်လှပါ ဘုရား)။ ဒကာကြွယ်ယုံပြီလား (ယုံပါတယ် ဘုရား)။ အဲဒါ ဘုရားရှိခိုး လိုက်သေးတယ် ခင်ဗျားတို့က၊ တပည့်တော် လမ်းမပျောက်အောင် မမေ့အောင်တော့ လုပ်ဦးမှပဲ။ ဘုရားများ ထည့်ရှိခိုးလိုက်သေးတယ်။ နာလိုက်တဲ့ဖြစ်ခြင်းတော့ မပြောပါနဲ့တော့၊ ဒါဒီလိုဖြတ်မယ်လို့ သွားရမှာ (မှန်ပါ ဘုရား)။

ဖြတ်တဲ့ပါဠိကျတော့ “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော–” လျှောက်ရွတ်ပြန်ပြီ၊ ဟ ခုအဝိဇ္ဇာ ဖြစ်တာ ခု နိရောဓဖြစ်အောင် လုပ်ပါလားဆိုတော့ ဟောဒီက အဝိဇ္ဇာလာတယ်၊ ဝိစိကိစ္ဆာ လာတယ် ထားလိုက်ပါတော့၊ ဝိစိကိစ္ဆာဟာ အဝိဇ္ဇာပဲ (မှန်ပါ့)။

သံသယရှိနေရင် အဲဒီ သံသယရှိတဲ့ အလုံးကလေး ဖြစ်ပျက်ရှုလိုက်၊ အဝိဇ္ဇာပြတ် ထွက်သွားတယ် (မှန်ပါ ဘုရား)။ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

အဝိဇ္ဇာ ချုပ်တော့ကို ဒီဘက်သင်္ခါရလာသေးရဲ့ လား (မလာပါဘူး ဘုရား)။ ဝိညာဏ် လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

ဒါကြောင့် ဘုရားက “သမောဟံဝါ စိတ္တံ သမောဟံ စိတ္တန္တိ ပဇာနာတိ” နောက်ကလိုက်ကွ၊ ကဲ-မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီလောက် သေချာအောင် ဘုရားက ဟောပါလျက် သားနဲ့ ခင်ဗျားတို့က အဟောမလုပ်ဘဲနဲ့တဲ့ အလကား ရွတ်ဖတ်တဲ့ အလုပ်လုပ်နေတော့ ဓမ္မသရဇ္ဈာယ် ပုဂ္ဂိုလ်သာဖြစ်ပြီး ဓမ္မဓရ ပုဂ္ဂိုလ်မဖြစ်ဘူးလို့ အင်္ဂုတ္တိုရ်ပါဠိတော်က ဟောလိုက် တယ် (မှန်လှပါ ဘုရား)။

ဓမ္မကိုသာ သရဇ္ဈာယ်တာတဲ့ (မှန်ပါ ဘုရား)။ ဓမ္မကို ဖြတ်တာ မဟုတ်ဘူး၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဓမ္မဖြတ်မှ ဓမ္မဓရ ပုဂ္ဂိုလ်ဖြစ်မယ် (မှန်ပါ ဘုရား)။

ဓမ္မဖြတ်တဲ့တရားဆိုတော့ မဂ္ဂင်က ဝမ်းထဲရောက်မ လာပေဘူးလား (ရောက်လာပါတယ် ဘုရား)။ ရောက်လာတော့ သူက မဂ္ဂင်ဓမ္မကို ဆောင်ပြီးသား ဖြစ်နေတယ် (မှန်လှပါ ဘုရား)။ ဒါကြောင့် သူ့ကျတော့ ဓမ္မဓရပုဂ္ဂိုလ်လို့ ငါဟောလိုက်တယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် လောဘလည်း မကြောက်နဲ့၊ ဒေါ သလည်း (မကြောက်နဲ့ပါ ဘုရား)။ မောဟကော (မကြောက်နဲ့ပါ ဘုရား)။ ဣဿာ၊ မစ္ဆရိယကော (မကြောက်နဲ့ပါ ဘုရား)။

နောက်က မသိလိုက်မှာကြောက်

နောက်က မသိလိုက်မှာ ကြောက် (မှန်လှပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာကြောက် ရမှာတုံး (မသိလိုက်မှာ ကြောက်ရမှာပါ ဘုရား)။

ဒါ ခင်ဗျားတို့ အင်မတန်ဘုန်းရှိ ကံရှိတဲ့ ပုဂ္ဂိုလ်တွေမို့ ဒီအကြောင်းသိရတာ (မှန်လှပါ ဘုရား)။ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ရိုးရာဒကာကြွယ်အမေ မိဘများက ဆုံးမထားတယ် သူတတ်သလောက် မှတ်သလောက်၊ ဒကာသစ် အမေ မိဘ များက မင်းလောဘ၊ ဒေါသ၊ မောဟ သိပ်မများစေနဲ့နော်၊ ဒါတွေဟာ လောကကြီး နှိပ်စက်တဲ့တရား၊ မင်းတို့သည် ကားလို့ ဆိုရင် အမေ မိဘစကား နားမထောင်လို့ ရှိရင်ဖြင့် မင်းတို့ ကိုယ် ကျိုးနည်းမှာစိုးလို့ပါ အစရှိသည်နှင့် လှည့်နိုင်သလောက် လှည့်ပြီး ယဉ်ကျေးအောင် သုံးသွားတာပဲ (မှန်လှပါ ဘုရား)။

သုံးသာသုံးတယ်၊ သူ့ဟာက အကြောက်သာ ခိုင်းတယ်၊ ကြောက်ရင် ကျွန်တော်တို့ ဆေးပေးခဲ့ပါ ဆိုတော့လည်း ဆေး မပေးခဲ့ဘူး (မှန်လှပါ ဘုရား)။ ကြောက်ရစ်လို့သာ မှာပစ် ခဲ့တယ်။ ဒီဆေးနဲ့ ကုလို့မမှာဘူး (မမှာပါဘူး ဘုရား)။

မှာရဲ့ လား (မမှာပါ ဘုရား)။ ခုတော့ ဆရာဘုန်း ကြီးက ခင်ဗျားတို့ကို အာစရိယဂုဏော အနန္တောနဲ့ ဒကာ ဒကာမတို့ ဒီဟာကို လောဘ၊ ဒေါသ၊ မောဟကို မကြောက်နဲ့၊ ဟောဒီနောက် ဆေးမလာမှာကြောက် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာကြောက်ရမှာတုံး (နောက်ဆေးမလာမှာ ကြောက်ရမှာပါ ဘုရား)။ နောက်ဆေးက ဘာပါလိမ့်မတုံး (အသိမလိုက်မှာပါ ဘုရား)။ အသိမလိုက်မှာကြောက်၊ သဘော ကျပြီလား (မှန်ပါ)။

ဘာကြောက်ရမှာတုံး (အသိမလိုက်မှာ ကြောက် ရမှာပါ ဘုရား)။ အသိမလိုက်မှာ ကြောက်ရမှာ၊ ဒကာ ဒကာမ တွေက ဖြစ်တာကိုတော့ ကြောက်တယ်၊ အသိမလိုက်မှာကို မကြောက်ဘူး (မှန်လှပါ ဘုရား)။

တည့်နိုင်သလောက်တည့်ပေးနေတာ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဒကာကြွယ် တည့်နိုင်သလောက် တည့်ပေး နေတယ် (မှန်လှပါ ဘုရား)။ တည့်နိုင်သလောက် တည့်ပေးနေတယ်ဆိုတော့ ရှင်းပြပါဦးမယ် ခင်ဗျားတို့၊ ဒါ လောဘစိတ်ကလေးပဲ ပြန်ထားကြ၊ ဒကာ ဒကာမတို့ ဒါဘာစိတ်ပါလိမ့် (လောဘ စိတ်ပါ ဘုရား)။

ဝမ်းထဲပေါ်ပြီ၊ ဟဒယဝတ္ထုပေါ်မှာ လောဘစိတ် ကလေးပေါ်ပြီ၊ လိုချင်တယ် (မှန်ပါ ဘုရား)။ သူများဆီက ငွေကလေးကို ရချင်တယ်။ လိုချင်တယ်၊ ဒကာသစ် ဘာစိတ် ပေါ်ပြီတုံး (လောဘစိတ်ပါ ဘုရား)။

ဟ လိုချင်တဲ့စိတ် ရှိ မရှိတွေးလိုက်စမ်း (မရှိပါ ဘူး ဘုရား)။ မရှိတော့ဟာ လိုချင်တဲ့စိတ် ကလေးဟာ လည်း လိုချင်တဲ့စိတ် မဟုတ်ပါလား၊ ဖြစ်ပြီးပျက်တဲ့ သဘောပါ လားလို့ နောက်စိတ်က မသိဘူးလား (သိပါတယ် ဘုရား)။

သိတော့ သူက အနိစ္စ၊ သူက မဂ္ဂ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ “တေသံ ဝူပသမော သုခေါ” ဆိုတဲ့အတိုင်း ဒီဖြစ်ပျက်များ ချုပ်သွားမယ် ဆိုရင် နိဗ္ဗာန် ရောက်တော့မယ်။ (မှန်လှပါ ဘုရား)။ သဘောကျ ပြီလား (ကျပါတယ် ဘုရား)။

တေသံ- ထိုဖြစ်ပျက်နှစ်ပါးတို့၏ ဝူပသမော- ချုပ်ရာ နိဗ္ဗာန်သည်၊ သုခေါ- ချမ်းသာတယ်၊ ဒီနေရာ နိဗ္ဗာန်ပေါ်မယ်တဲ့ (မှန်လှပါ ဘုရား)။ ဒီလောဘချုပ်တဲ့နေရာ နိဗ္ဗာန်ပေါ် မယ်တဲ့ (မှန်လှပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါတယ် ဘုရား)။

ဘာစိတ်ပေါ်ပေါ် သိအောင်လုပ်

ဒါဖြင့် အားလုံးတရားနာကြတဲ့ ဆင်းရဲခံပြီး ဆရာသမား ကို ကြည်ညိုလေးစားလို့ ကိုယ့်အရေး ကိုယ်သိပြီး လာကြတဲ့ ဒကာ ဒကာမမှန်လို့ရှိရင် မှန်လည်း မှန်တဲ့ ဒကာ ဒကာမတွေ ဖြင့် ဘာစိတ်ဖြစ်ဖြစ် သိအောင်လုပ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာစိတ်ပေါ်ပေါ် (သိအောင်လုပ်ရမှာပါ ဘုရား)။ သိအောင်လုပ်လို့ရှိရင် ဘာစိတ်ရယ်လို့ ခင်ဗျားတို့က မတွေးနဲ့တော့၊ ဘုရားက အဲဒီပါဠိတော်မှာ အောက်နား သွားကြည့် လိုက်တော့ “သမုဒယဓမ္မာနုပဿီဝါ၊ ဝယဓမ္မာနုပဿီဝါ” ဒါပဲ တွေ့မယ်တဲ့ မင်းတို့ (မှန်ပါ ဘုရား)။

ကိုင်း လောဘတွေ့သလား၊ ဖြစ်ပျက်တွေ့သလား (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။ ဖြစ်ပျက် တွေ့တယ်လို့ ဒကာကြွယ် ဘုရားကိုယ်တိုင်က ဖော်ပြထားတယ် (မှန်ပါ)။

ခင်ဗျားတို့ ကိုယ်တိုင် ရှုကြည့်တော့လည်း စိတ်တွေ ရှုကြည့်တော့လည်း အင်း-ထိနမိဒ္ဓ တွေ့သလား၊ လောဘတွေ့ သလား၊ ဖြစ်ပျက် တွေ့သလားဆိုတာ ဒကာကြွယ် တာဝန်ခံ ကြည့် (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)။

ဘာမှမတွေ့ဘူး၊ ဖြစ်ပျက်ပဲတွေ့မယ်၊ သဘောကျပြီ လား (ကျပါတယ် ဘုရား)။ ဘာများ တွေ့ကြတုံး (ဖြစ်ပျက်ပဲတွေ့မှာပါ ဘုရား)။

စိတ်စောင့်ရှောက်ပါဆိုတာ

ဖြစ်ပျက်တွေ့တော့ ဖြစ်ပျက်ဆိုတာက လောဘလား၊ အနိစ္စလား (အနိစ္စပါ ဘုရား)။ အနိစ္စတွေ့တဲ့ ပုဂ္ဂိုလ်ဖြင့် ဒါက အနိစ္စ၊ တွေ့တာကမဂ္ဂ (မှန်ပါ ဘုရား)။ မဂ်တောင် ရနေသေးတယ် ဒကာ ဒကာမတို့ ကြောက်စရာ မကောင်းတဲ့ အပြင်၊ သဘောပါပြီလား (ပါ,ပါတယ် ဘုရား)။

အဲဒီတော့ စိတ်စောင့်ရှောက်ပါဆိုတာ ပေါ်တိုင်းပေါ် တိုင်း ဒကာ ဒကာမတွေက သိပေး (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပေါ်တိုင်းပေါ်တိုင်း (သိပေးရမှာပါ ဘုရား)။ အဲဒါ ဒကာ ဒကာမတွေ ဘုရားစိုးရိမ်တော်မူတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ မသိမှာ စိုးရိမ်တယ် (မှန်လှပါ ဘုရား)။ ဘာစိုးရိမ်တုံး (မသိမှာ စိုးရိမ်ပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝမ်းထဲမှာ နိဗ္ဗာန်ရောက်ကြောင်း တရား ပေါ်ပါလျက်သားနဲ့ နိဗ္ဗာန် မရောက် တာ မသိလို့နိဗ္ဗာန်မရောက်တာ (မှန်လှပါ ဘုရား)။ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်ကြောင်း တရားမယ်လို့ မရောက်တာ လား၊ ပေါ်တာကိုမသိလိုက်လို့ မရောက်တာလား (ပေါ် တာကို မသိလိုက်လို့ မရောက်တာပါ ဘုရား)။

ပေါ်တယ်ပျက်တယ်

ဒါဖြင့် ပေါ်တာသိတော့ ပေါ်လိုက်၊ ပျက်လိုက်၊ ပေါ်တာသိရင်ပျက်တာသိတာပဲ (မှန်လှပါ ဘုရား)။ ရှင်း ပြီလား (ရှင်းပါပြီ ဘုရား)။ ပေါ်တာသိရင် (ပျက်တာ သိပါတယ် ဘုရား)။

ဒါဖြင့် ပေါ်တယ် ပျက်တယ်၊ ဒါပြီးသွားပြီ၊ နောက်က သိတယ်လို့ ဒကာ ဒကာမတွေက ပေါ်ပြီး ပျက်သွားလေပေါ့လို့ ဒီက မဂ္ဂင်နဲ့ မသိဘူးလား (သိပါတယ် ဘုရား)။

သိတော့ ဒကာ ဒကာမတွေ အနိစ္စ၊ မဂ္ဂ၊ ဒီလိုသွားဖြစ် တယ် (မှန်လှပါ ဘုရား)။ အနိစ္စ (မဂ္ဂပါ ဘုရား)။ ပေါ် ပျက်က (အနိစ္စပါ ဘုရား)။ သိတာက (မဂ္ဂပါ ဘုရား)။ ပေါ်ပျက်က (အနိစ္စပါ ဘုရား)၊ သိတာက (မဂ္ဂပါ ဘုရား)။

သစ္စာလေးပါး တန်းသွားတယ်

ဪ သေတာက သမုဒယ၊ ဇာတိဇရာ မရဏ ချုပ်တာက နိရောဓ၊ သစ္စာလေးပါးကို တန်းထွက်တယ် (မှန်လှပါ ဘုရား)။ ဘာပူစရာလိုသေးတုံး ခင်ဗျားတို့ (မလိုတော့ပါဘူး ဘုရား)။ ဒကာကြွယ်၊ လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒီအလုပ်မလုပ်ရင် ကိုယ်ကျိုးနည်းပြီ

ဒီတရားကို မနာလိုက်ရလို့ ဒီ အလုပ်ကို မလုပ်လိုက်ရ လို့ရှိရင်တော့ဖြင့် အဲဒါ ခင်ဗျားတို့ ကိုယ်ကျိုးနည်းပြီ (မှန်လှ ပါ ဘုရား)။ သေသေချာချာ ကိုယ်ကျိုးနည်းတာ (မှန်လှပါ ဘုရား)။

ဘုရားကို မပွင့်ဘူး ခင်ဗျားတို့ သန္တာန်မှာ၊ ဘုရားက သစ္စာလေးပါး ဟောချင်လို့ ပွင့်တာ (မှန်လှပါ ဘုရား)။ တရားဦးကို သွားကြည့်၊ ဘာဟောတုံး (သစ္စာလေးပါးပါ ဘုရား)။ ဒကာကြွယ် ဘာဟောတုံး (သစ္စာလေးပါးပါ ဘုရား)။

သစ္စာလေးပါးဟောချင်လို့

ဘုရားပွင့်ကတည်းက သစ္စာလေးပါးမှ တစ်ပါး သူရည် ရွယ်ချက် အကြီးဆုံးရှိတာ ဘာတစ်ခုမှ မရှိဘူး (မှန်လှပါ ဘုရား)။ သစ္စာလေးပါးကို ဟောချင်တာ။

အာဠာရ ရသေ့ကြီး

ဒါကြောင့် ဘုရားပွင့်ပွင့်ချင်း ငါ ဘယ်သူ့ကို တရားဦး ဟောရပါ့မတုံး၊ သစ္စာလေးပါးတော့ အာဠာရ ဟောမယ်၊ ဒါနဲ့ ဘေးကနတ်တွေကလည်း ဘုရားလာလျှောက်တယ်၊ အာဠာရ ခုနစ်ရက် လောက် ကတည်းက သေနှင့်ပြီဘုရား၊ ဘုရား၏ ဆရာ၊ ဪ ရှုံးပြီဟေ့။

ဒီပြင် တရားရှုံးပြီ ပြောတာလား၊ သစ္စာမနာရလို့ ရှုံးပြီ ပြောတာလား (သစ္စာမနာရလို့ ရှုံးပြီပြောတာပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။

ဥဒကရသေ့ကြီး

တစ်ခါ စဉ်းစားလိုက်ပြန်တော့ ဪ ငါ့အရူပ ဈာန်တရားတွေကို သင်ပေးလိုက်တဲ့ လောကီ ဆရာ ရှိပါသေး ကလား၊ ဥဒက ရှိသေးတယ်။ ဥဒက ဟောရလို့ရှိရင် သမာဓိက အားကြီးပြီးသား၊ အပ္ပနာ ဆိုက်နေတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီ ပုဂ္ဂိုလ်တွေ ဒီသစ္စာဟောလိုက်ရလို့ရှိရင်တော့ ချက်ချင်း ရဟန္တာ ဖြစ်မယ် ဆိုတာ သူသိတယ်။

နတ်က လာလျှောက်တယ်။ အရှင်ဘုရား မနေ့ညက ဥဒက (သေပြီ ဘုရား)၊ ဟ ရှုံးပြီဟေ့ ဒါမှ အရှုံးကြီး ရှုံးတာ (မှန်လှပါ ဘုရား)။ ဒီပြင်တရား မနာရလို့ ရှုံးတာလား၊ သစ္စာတရားမသိလို့ ရှုံးတာလား (သစ္စာတရား မသိလို့ ရှုံးတာပါ ဘုရား)။

ပဉ္စဝဂ္ဂီငါးဦး

အဲဒီတော့မှ ပဉ္စဝဂ္ဂီငါးဦးက ငါ့ဝေယျာဝစ္စပြုနေတာ၊ သူတို့ သွားဟောဦးမှပဲဆိုတော့ ဘာတရားမှမပါဘူး။ သစ္စာ လေးပါးပဲ ဟောတာပဲ (မှန်ပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ ဆိုတာက သစ္စာမချုပ်ရရင် နိဗ္ဗာန်ကို မရောက်ဘူး။ (မရောက်ပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မြက်တံမြက်စည်းနဲ့ ကြက်မွေးတံမြက်စည်း

ဟိုဟာတွေက ကိလေသာ အညစ်အကြေးကို တံမြက်စည်းကြမ်းနဲ့ ရှင်းနေတာ၊ နောက်မှ မြက်တံမြက်စည်း ဆိုတဲ့ ဝိပဿနာနဲ့ ရှင်းရတယ် (မှန်လှပါ ဘုရား)။ နောက်မှ ကြက်မွေး တံမြက်စည်း ဆိုတဲ့ သစ္စာဟောယူရတယ်။ အဲဒီကျမှ ကိလေသာ ပြောင်ထွက်သွားတယ်။ (မှန်လှပါ ဘုရား)။ ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ အသေအချာ မှတ်ရတယ်။ ဒကာကြွယ်ရေ (မှန်လှပါ ဘုရား)။ ယောင်ချာချာတွေ လုပ်မနေကြပါနဲ့၊ (မှန်လှ ပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။ အင်မတန် အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရား မများသေးဘူးနော်။ (မများပါ ဘုရား)။ ဘယ် စိတ်ဖြစ်ဖြစ် ခင်ဗျားတို့က ဘယ်လို လုပ်ရမှာတုံး (သိအောင်လုပ်ရမှာပါ ဘုရား)။

သိအောင်လုပ်တော့ ခင်ဗျားတို့ သိတဲ့အချိန်မှာ စိတ်ကို သိတာလား အနိစ္စကို သိတာလား (အနိစ္စကို သိတာပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ သိတာဟာ မဂ္ဂဟုတ် မဟုတ် (ဟုတ် ပါတယ် ဘုရား)။

ဆုတောင်းတွေ ရှည်လည်းမရဘူး

ဒါဖြင့် ဆုတောင်းယူတာလား။ သိလို့ဖြစ်တဲ့မဂ်လား။ (သိလို့ဖြစ်တဲ့ မဂ်ပါ ဘုရား)။

လုပ်မှမလုပ်ဘဲ သူက “ဘာဝေတဗ္ဗကိစ္စ” ပွားယူပါလို့ ဆိုတာ တောင်းယူလို့ရှိရင်တော့ ခက်ပါသေးရဲ့ (မှန်လှ ပါ ဘုရား)။ ထမင်းချက်တဲ့ အခါကျတော့ ပွားတတ်တဲ့ ဆန်တွေ၊ ဒကာသစ်၊ ဒကာကြွယ် ရှိတယ်။ မီးထိုးပြီး မချက်လို့ရှိရင်တော့ ဒီဆန်တွေ ပွားကို မပွားဘူး၊ စိတ်သာချ (မှန်လှပါ ဘုရား)။

ပွားပါ့မလား (မပွားပါဘူး ဘုရား)။ ဘယ်နည်းနဲ့ မှ မပွားဘူး။ ဆန်၊ ဆန်အတိုင်းတော့ ပွားပါ့မလား။ (မပွားပါ ဘူး ဘုရား)။ မပွားတဲ့အပြင် ပိုးကျပြီး လျော့သွားလိမ့်ဦးမယ် (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မီးထိုးပြီး ရေနဲ့ပွားအောင် လုပ်လိုက်ရင် ဘာဖြစ်မတုံး (ပွားမှာပါ ဘုရား)။ ပွားရင် ခင်ဗျားတို့ အလိုရှိတဲ့ တစ်အိမ်သားလုံး စားလောက်ပြီး မှန်းခြေကိုက်သွားဖြစ်မယ် (မှန်လှပါ ဘုရား)။ မဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)။

မဂ်ဆိုတာ ပွားယူရမှာ

အဲဒါတွေ ထောက်ကြည့်တော့ ပွားယူရမှာ ပွားယူရ တယ်။ တောင်းယူရမှာ တောင်းယူရတယ်။ (မှန်ပါ ဘုရား)၊ မဂ်ဆိုတာ ကလုပ်ယူရမှာတုံး (ပွားယူရမှာပါ ဘုရား)။

ပွားဆိုတာ တစ်ခြား မဟုတ်ပါဘူး။ ပေါ်တိုင်းပေါ်တိုင်း အဖန်ဖန် သိတာကို ပွားတယ်လို့ ဆိုတယ်။ (မှန်လှပါ ဘုရား)။ ပေါ်တိုင်း ပေါ်တိုင်း အဖန်ဖန်သိတာကို (ပွားတယ်လို့ ဆိုတာပါ ဘုရား)။

ကဲ-ပွားတတ်ပြီလား (ပွားတတ်ပါတယ် ဘုရား) တပည့်တော်တို့ဘုရား ဒါဖြင့် ပွားတော့ ပွားမယ်ဘုရား။ မလျော့ ဘူး ဘုရား။ ဒကာကြွယ်ကလည်း တင်းတော့နော် (မှန်လှပါ ဘုရား)။ ဒီဘက်က ဒကာ ဒကာမတွေကော (တင်းမှာပါ ဘုရား)။

မဟုတ်ဘူးဘုရား။ ပွားဆိုတာလည်း တပည့်တော်တို့ မှန်းခြေပေါက်ကလေးတော့ ပြောဦးမှ၊ ဘယ်လောက် ပွားရမှာ တုံး။ သေတောင် ပွားတုန်းပဲလား မေးဦးမှာ ခင်ဗျားတို့က (မှန်ပါ ဘုရား)။

တစ်နံပါတ်အပွား

ဟာ ဒကာ ဒကာမတို့ ဒါ မေးခွင့်ရှိရင် မေးရမှာပဲ ဒကာကြွယ်ရ (မှန်ပါ)။ မဟုတ်ပါဘူး ဒကာ ဒကာမတို့ မပြီးခင်ပွားတာပေါ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါ ဘယ်လိုမှာပါလိမ့် (မပြီးခင် ပွားရမှာပါ ဘုရား)။ ဒါဖြင့် ပြီးတဲ့ကိစ္စရှိသေးတယ် (မှန်ပါ)။ ပွားတာ ပြီးတဲ့ကိစ္စ ရှိသေးတယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပွားတာပြီးတဲ့ကိစ္စက ဖြစ်ပျက်ကို ဒီက နောက်ကပွား လို့သိလို့ရှိရင်ဖြင့် ဖြစ်ပျက်မြင်ပြီးလို့ ရှိရင်ဖြင့် ဒါ တစ်နံပါတ် အပွားပြီးပြီ (မှန်လှပါ ဘုရား)။

နှစ်နံပါတ်အပွား

နောက်တစ်ခါ နှစ်နံပါတ် ပွားပါဦး။ ဒီဖြစ်ပျက်ဟာ မိမိခန္ဓာ၏ အသေကိုမြင်တာ။ မိမိဝေဒနာ ရှိရင် ဝေဒနာက္ခန္ဓာ သေတာပဲ (မှန်ပါ)။ ဝေဒနာက္ခန္ဓာ သေရင် နာမက္ခန္ဓာလေး ပါးရော သေတယ် (မှန်ပါ)။ နာမက္ခန္ဓာလေးပါးရော သေလို့ရှိရင် နာမက္ခန္ဓာလေးပါးကို မှီနေတဲ့ ရုပ်တရားပါ ရောသေတော့ ခန္ဓာငါးပါးသေတာ (မှန်ပါ)။

မုန်းသည့်တိုင်အောင်ပွားပါ

ဒါဖြင့် ကိုယ့်အသေကိုယ်မြင်တော့ မမုန်းပေဘူးလား။ (မုန်းပါတယ် ဘုရား)။ အဲဒီ မုန်းသည့် တိုင်အောင် ပွားပါ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ် (မှန်ပါ)။ ကိုယ့်အသေ ကိုယ်မြင်ရင် ကြည့်ပါများလို့ မုန်းရင် နိဗ္ဗိန္ဒဉာဏ်ဖြစ် ပြီ (မှန်ပါ ဘုရား)။ ပွားလိုက်တာ ဘယ်ရောက်လာတုံး (နိဗ္ဗန္ဒဉာဏ် ရောက်လာ ပါတယ် ဘုရား)။

သုံးနံပါတ်အပွား

ကဲ ဒါဖြင့် ဆက်ပြီး ပွားပါဦး ဆိုတော့ ဆရာဘုန်း ကြီးက သုံးချက်ပဲ ဟောလိုက်တယ်။ ဘုရားကလည်း အနတ္တ လက္ခဏသုတ်မှာ ဉာဏ်သုံးဆင့်ပဲ ဟောလိုက်တယ် နော် (မှန်ပါ)။

ဒီ ဒုက္ခကြီးဖြင့် ရလဲ မရချင်တော့ပါဘူး။ လိုလည်း မလို ချင်တော့ပါဘူး။ အကြီးဆုံးဒုက္ခ ဆိုတာ ဒါပဲလို့ သိပါပေါ့လို့ ဒီက မဂ္ဂင်က ခင်ဗျားတို့ အကြီးဆုံး တစ်ခါတည်း ဒုက္ခလို့ ပိုင်းခြားပြီး သိတော့ သူက ချုပ်ထွက်သွားတယ် (မှန်ပါ)၊ မပွားနဲ့တော့ မပွားနဲ့တော့ (မှန်ပါ)။

ဒုက္ခချုပ်ရင် မပွားနဲ့တော့

ဒုက္ခနိရောဓော နိဗ္ဗာနံမြင်ပြီ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ မပွားနဲ့တော့ ဒီကျတော့။ ဒါဖြင့် မသေမချင်း ပွားရမှာလား။ ဒုက္ခပိုင်းခြားပြီးလို့ ဒုက္ခချုပ် ရင် မပွားနဲ့တော့ (မှန်လှပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။

မှန်းခြေပေါက်ရှိပါတယ် (မှန်လှပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါတယ် ဘုရား)။ အရှင်ဘုရား အရှင်ဘုရားဆီ အားထုတ်ရတာ တစ်ပွားတည်း ပွားရလို့ရှိရင် ဖြင့် အမောဆိုက်ပြီးများ သေရမလား ဆိုတာ ခင်ဗျားတို့က ပြောချင်ပြောဦးမယ်။ ဟုတ်ပြီလား (မှန်ပါ)။

အဲဒီတော့ အမောမဆိုက်ရပါဘူး ဒကာ ဒကာမတို့ မှန်ခြေပေါက် ရှိပါသေးတယ် (မှန်လှပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဉာဏ်စဉ်သုံးခုနဲ့သာ တက်

ဒီကနေ မန္တလေးသွားတယ်ဆိုတော့ အရမ်းသွားနေရ ရင်တော့ မောမှာပဲ (မှန်လှပါ ဘုရား)။ ဟာ ဘုရားကြီး ကွေ့ရောက်ရင် မန္တလေးပါပဲ (မှန်ပါ)။ အဲဒါလေး ရောက်အောင်သာ သွားလိုက်ပါတော့ ဆိုတော့ ဪ ဒါဖြင့် အနီးလေးပဲဆိုတဲ့ ဥစ္စာ မှန်းခြေတော့ ရှိပါတယ် (မှန်ပါ)။ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒီမှာလည်း မှန်းခြေရှိတယ်၊ ခင်ဗျားတို့ ဉာဏ်မှာ ဉာဏ် စဉ်သုံးခုနဲ့သာ တက်လိုက် (မှန်လှပါ ဘုရား)။ ဉာဏ် တစ်ဆယ့်ခြောက်ပါး၊ ဉာဏ်ဆယ်ပါးတို့ ဒီသုံးခုထဲ အကုန် ဝင်လာတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

တရားဦးမှာ ဉာဏ်သုံးဉာဏ်ပဲဟောတယ်

ဒါ ဘုရားက အနတ္တလက္ခဏသုတ်မှာ ဟောတော့ သူ ဉာဏ်ဆယ်ပါး။ ဉာဏ် တစ်ဆယ့်ခြောက်ပါး ပါသလား။ ဒီ သုံးဉာဏ်ပဲ ပါသလားလို့ မေးကြည့် (ဒီသုံးဉာဏ်ပါ ဘုရား)။

“ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗ” ဆို ယထာဘူတ ဉာဏ်ပါတယ် (မှန်ပါ ဘုရား)။ ဧဝံပဿ ဘိက္ခဝေတဲ့ ယထာဘူတဉာဏ်မြင်ပြီး၍ “ဝေဒနာယပိ နိဗ္ဗိန္ဒတိ” တဲ့။ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာ ငြီးငွေ့လာတာပဲ၊ နိဗ္ဗိန္ဒတိ နိဗ္ဗိန္ဒဉာဏ်တက်တယ်လို့ ပြောတာ (မှန်ပါ)။

နိဗ္ဗိန္ဒံ နိဗ္ဗန္ဒန္တာ ငြီးငွေ့ပြီးသည်ရှိသော်၊ ဝိရဇ္ဇတိ မလိုချင်တဲ့ ဒုက္ခကို မလိုချင်တဲ့ မဂ်ပေါ်၏ ဆိုတော့ သုံးဉာဏ်ပဲ ဟောတာ (မှန်လှပါ ဘုရား)။ အနတ္တလက္ခဏသုတ် တရားဦး တရားဦး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူများပြောတာ ယောင်မနေနဲ့

အဲဒီတော့ သူများပြောတာ ယောင်မနေနဲ့ ဘုရားက ဒီသုံးဉာဏ်ပဲဟောတာ (မှန်ပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ သဘောပါပြီနော် (ပါ, ပါပြီ ဘုရား)။

ဒီသုံးဉာဏ်ပဲဟောတယ်

ဒီသုံးဉာဏ်ပဲသိတယ် (မှန်ပါ ဘုရား)။ ဪ ဖြစ်ပျက်မြင်ရင် ဘာဉာဏ် (ယထာဘူတဉာဏ်ပါ ဘုရား)။ ဖြစ်ပျက်မုန်းရင် (နိဗ္ဗန္ဒဉာဏ်ပါ ဘုရား)။ ဟာ ဖြစ်ပျက်ဟာ ရှုရင်းဆုံးသွားရင် (မဂ်ဉာဏ်ပါ ဘုရား)။ လူတိုင်း သိတယ်။ ဒီဥစ္စာ (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီသုံးဉာဏ်ပဲ ဟောတယ်လို့ ဆုံးဖြတ်ချက်ချလိုက် ဒကာကြွယ် (မှန်ပါ ဘုရား)၊ သဘော ကျပြီနော် (မှန်ပါ)။

စိတ်ပေါ်တိုင်းသိတာ ပညာရှိ

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ စိတ္တံ့ရက္ခထ မေဓာဝီဆိုတာ စိတ်ပေါ်တိုင်း ပေါ်တိုင်း သိတာဟာ ပညာရှိပါ (မှန်လှ ပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ စိတ်ပေါ် တိုင်း ပေါ်တိုင်း သိရင် (ပညာရှိပါ ဘုရား)။

စိတ်ပေါ်တိုင်း ပေါ်တိုင်း သိရင် ပျက်တိုင်း ပျက်တိုင်းလဲ သိပါတယ် (မှန်ပါ ဘုရား)။ ဒါလေး လိုက်လိုက်၊ ပေါ်တိုင်း ပေါ်တိုင်းသိရင် (ပျက်တိုင်း ပျက်တိုင်းသိပါတယ် ဘုရား)။

အို ပေါ်တာနဲ့ ပျက်တာနဲ့က ထူးတာမှ မဟုတ်ဘဲ ဒကာကြွယ် (မှန်လှပါ ဘုရား)။ သူ့ သက်တမ်းက တစ်မှာ ဖြစ်၊ နှစ်မှာပျက်ဆိုတော့ တစ်မှာပေါ်၊ နှစ်မှာပျက်တော့ ခင်ဗျား တို့ကို မသိဘူး (မှန်ပါ)။

နောက်ဆုံးပိတ် ရှုလိုက်တဲ့အခါ ဪ မရှိဘူးပဲ သိတယ် (မှန်လှပါ ဘုရား)။ ဒါပဲသိတယ်။ ဒီပြင် ဘာမှမသိ ဘူး (မှန်ပါ့ ဘုရား)။ သိတာက ဘယ်လိုသိသွားတုံး ဆိုတော့ ဘုရားက ဥဒယဗ္ဗယ ဉာဏ်လို့ ဟောထားပါတယ်။

အေး ဟောတော့ ဟောတယ်။ ဟောပေမဲ့ မင်းတို့မြင်တဲ့ ဥဒယ မဟုတ်ဘူး။ မင်းတို့မြင်တဲ့ ဝယ မဟုတ်ဘူး။ သူ့ဟာ သူ ဖြစ်သွားတာ၊ သူ့ဟာသူ ပျက်သွားတယ်လို့ မင်းတို့က ဒီကမှန်းပြီးတော့ မရှိဘူးလို့ သိရုံပဲ (မှန်လှပါ ဘုရား)။ သဘောပါပြီ လား (ပါ, ပါတယ် ဘုရား)။

အဲဒီတော့ တစ်ခြားမှာ ဆိုထားတာ တထစ်ချမှတ်ထား လို့ မဖြစ်ဘူး (မှန်လှပါ ဘုရား)။ ကိုယ့် ဒိဋ္ဌဓမ္မာကို အတည်ပြုရတယ် (မှန်လှပါ ဘုရား)။ ဟိုဟာက သုတ ဓမ္မာ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌဓမ္မာက ဖြစ်တာလည်း တပည့်တော် မတွေ့လိုက် ဘူးဘုရား။ ဘုရားက ဥဒယလို့ ဆိုတော့ ဖြစ်တာပဲ။ ဝယလို့ ဆိုတော့ ပျက်တာပဲ။ အဲဒါ တပည့်တော်ဉာဏ်နဲ့ ကြည့်လိုက်တော့ တစ်ခုမှ မတွေ့ဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သူကိုယ်တိုင်တောင်မှ နှစ်စိတ် မဖြစ်တာ၊ မင်းတို့က တစ်နံပါတ် စိတ်ကို နှစ်နံပါတ်နဲ့ သိရတာ မင်းတို့ ဝေးပါသေးရဲ့လို့ ဟောရုံပဲ (မှန်လှပါ ဘုရား)။

သိကို မသိနိုင်ဘူး (မှန်လှပါ ဘုရား)။ သဘောကျ ပြီလား (ကျပါတယ် ဘုရား)။ ဪ ဖြစ်ပြီး မရှိဘူးလို့ သိရင် ပြီးတာပါပဲ (မှန်လှပါ ဘုရား)။ သဘောပါပြီလား (ပါ, ပါတယ် ဘုရား)။

စိတ်ကိုစောင့်ရှောက်တတ်ပြီလား

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေရာကျပါပြီတဲ့၊ စိတ်ကို စောင့်ရှောက် တတ်ပြီလား (စောင့်ရှောက်တတ်ပါပြီ ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း သိရင် စောင့်ရှောက်တာပဲ။ ပေါ်တိုင်း ပေါ်တိုင်းသိရင် (စောင့်ရှောက်တာပါ ဘုရား)။

စောင့်ရှောက်ပြီး သကာလ ဒါဖြင့် ဒကာကြွယ်ရေ “စိတ္တံ့ ရက္ခထ မေဓာဝီ” ဆိုတာ ကိုက်သွားပြီ၊ စိတ်ကိုစောင့်ရှောက်ပြီ (မှန်ပါ့)။

ပေါ်တိုင်း ပေါ်တိုင်း သိရင် စိတ်စောင့်ရှောက်တာပဲ (မှန်လှပါ ဘုရား)။ စိတ္တံ ဂုတ္တံ သုခါဝဟံ၊ စိတ္တံ -စိတ်ကို၊ ဂုတ္တံ -လုံခြုံအောင် စောင့်ရှောက်ခဲ့သည်ရှိသော် သုခါဝဟံ -နိဗ္ဗာန် သို့ဆောင်၏။

ဒါဖြင့် ဒုတိယအချက် ကျန်သေးတယ်။ ဒုတိယအချက် ကျန်သေးတယ် ဒကာ ဒကာမတို့၊ တရားနှစ်လုံးတည်း ဟောနေတာ၊ မများသေးပါဘူး (မှန်လှပါ ဘုရား)။

စိတ်ပေါ်တိုင်း ပေါ်တိုင်းသိပါ

ပထမဟောတာက “စိတ္တံ ရက္ခထ မေဓာဝီ” ပဲ ဟော တယ်။ စိတ်ပေါ်တိုင်း ပေါ်တိုင်းသိရင် ဘာပါလိမ့် (စိတ်စောင့်ရှောက်တာပါ ဘုရား)။ အဲ ပါဠိရွတ်လိုက်စမ်း (စိတ္တံ ရက္ခထ မေဓာဝီ)။ ဒါပဲ စိတ်ကို စောင့်ရှောက်တာ ပညာရှိ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါ ဓမ္မပဒပါဠိတော် စိတ္တဝဂ်မှာ သွားကြည့်၊ သူ့အရင် တွေ့လိမ့်မယ်။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာကြွယ်ရေ “စိတ္တံ့ ဂုတ္တံ သုခါ ဝဟံ” စိတ္တံ =စိတ်ကို၊ ဂုတ္တံ =လုံခြုံအောင် စောင့်ရှောက်ခဲ့သည် ရှိသော်၊ သုခါဝဟံ =နိဗ္ဗာန်ကိုဆောင်သည်၊ ဟောတိ = ဖြစ်၏။

နိဗ္ဗာန်ကိုဆောင်မယ်

ဒါဖြင့် စိတ်ကို လုံခြုံအောင် စောင့်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ကိုဆောင်မယ် (မှန်လှပါ ဘုရား)။ မဟော ဘူးလား (ဟောပါတယ် ဘုရား)။

စိတ်ကို လုံခြုံအောင် စောင့်လို့ရှိရင် (နိဗ္ဗာန်ကို ဆောင်ပါမယ် ဘုရား)။ ဒါဖြင့် ဒီစိတ်ထဲမှာ လုံခြုံအောင် စောင့် ပါဆိုကတည်းက သူခိုးရှိနေလို့ လုံခြုံအောင် စောင့်ခိုင်းတာ (မှန်လှပါ ဘုရား)။

ပေါ်ပြီ ပေါ်ပြီ ခင်ဗျားတို့က ဒီလောက်ထိအောင်လည်း မလာဘူး။ လူတွေက သိပ်ခက်တာ (မှန်လှပါ ဘုရား)။ စိတ်ကို စောင့်ရှောက်ရမတဲ့ဆို ဪ သူခိုး ရှိတယ်လို့ မသိဘူး (မသိပါဘူး ဘုရား)။ ခက်လိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့။ ခေါင်းတုံးထားတဲ့ ဒီသီလရှင်တွေ သွားမေးကြည့် မသိဘူးပဲ (မှန်ပါ)။

“စိတ္တံ့ ဂုတ္တံ သုခါဝဟံ” စိတ္တံ့စိတ်ကို၊ ဂုတ္တံ လုံခြုံ အောင် စောင့်ရှောက်ခဲ့သည်ရှိသော်၊ သုခါဝဟံ =နိဗ္ဗာန်ကို ဆောင်၏၊ ဒါ လုံခြုံအောင် စောင့်ရှောက်ရမယ် ဆိုကတည်းက ဒီကြားထဲမှာ ခိုးနေတာ ရှိတယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ခင်ဗျားတို့ လုံခြုံအောင် စောင့်ရှောက်ကြနော်ဆို ကတည်းက ခင်ဗျားတို့ လောကီတော့ ခင်ဗျားတို့က ပါးတယ်။ လောကုတ္တရာကျတော့ လှည့်မကြည့်မိလို့ မသိပါဘူး (မှန်လှပါ ဘုရား)။

လောကီကျတော့ ဟေ့ မင်းတို့အိမ် သတိဝီရိယနဲ့ လုံခြုံ အောင် ထားလေကွာ။ ဟိုဘက်နားက ကောင်က ဘိန်းစားကွ။ ဒါကျတော့ ခင်ဗျားတို့သိတယ်။ မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒါကျတော့ ခင်ဗျားတို့က သိတယ်တဲ့။ ခု စိတ်ကို လုံခြုံအောင် စောင့်ပါဆိုတော့ အင်း ခင်ဗျားတို့က ဘယ်ဘိန်း စားက ဝင်ခိုးမတုံးဆိုတာ မတွေးမိဘူး။ တွေးမိရဲ့လား (မတွေး မိပါဘူး ဘုရား)။

အတော်ထူသေးတာပဲဗျ။ အတော်ကို အ, သေးတယ် လို့ ဒကာကြွယ်ရေ အမြည်တွန် ခံရတာကိုလည်း ခင်ဗျားတို့ စိတ်မဆိုးပါနဲ့ (မှန်လှပါ ဘုရား)။

စိတ်ကို လုံခြုံအောင် စောင့်ပါလို့ ဆိုကတည်းကိုက ဘာရှိလို့ စောင့်ခိုင်းတာတုံး (သူခိုးရှိလို့ပါ ဘုရား)။ အဲဒီမှာ သူခိုးရှိနေတယ်တဲ့ အဲဒါ ကြပ်ကြပ် သတိထားပါ။

ဒါ တစ်သက်နဲ့ တစ်ကိုယ် ကြားရတဲ့စကားပါပဲ (မှန်လှပါ)။ ဒကာကြွယ်ရေ တစ်သက်နဲ့ တစ်ကိုယ်ကြားရ တယ်။ ဟောဒီ စိတ်ကလေးဟာ ဘာစိတ်ဖြစ်ဖြစ် ဒကာ ဒကာမ တို့ ဖြစ်ချင်တာဖြစ်၊ ဖြစ်ချင်တာဖြစ်ပါ။ ခင်ဗျားတို့ သန္တာန်မှာ မဂ်လည်း မဖြစ်သေးပါဘူး၊ ဖိုလ်လည်း မဖြစ်သေးပါဘူး၊ အဘိညာဉ်လည်း မဖြစ်ပါဘူး။

ခင်ဗျားတို့နဲ့ တန်တဲ့စိတ်ကတော့ ဖြစ်ချင်တာ ဖြစ်နေ မှာပဲ (မှန်လှပါ ဘုရား)။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဟာ ပုထုဇဉ်က အရူးကွ။ ဖြစ်ချင်တာ ဖြစ်တာ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

ပုထုဇဉ်ဆိုတာ ဘာတဲ့တုံး (အရူးပါ ဘုရား)။ အရူး ဆိုတော့ ပေါ်ချင်တာ ပေါ်နေတာပဲ။ မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)။ ဟိုဟာ အရုပ်ဆိုးပြီးနေတာ။ အံမယ် သနားစရာ ကောင်းတယ်လို့ ပေါ်ချင် ပေါ်နေတာ (မှန်လှပါ ဘုရား)။

ရူးပုံကတော့ မပြောပါနဲ့တော့ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဟိုမှာ ပြည်တွေ ကျပြီး နူစွဲနေတဲ့ ပုဂ္ဂိုလ်ကို မြင်လိုက်ပြန်လို့ ရှိရင်ဖြင့် အင်း- သူ့ကြည့်ရတာက ခြေလက်တွေကသာ မဟန်တာ၊ မျက်နှာကတော်သား လာချင်လာတာ။ ပုထုဇဉ်စိတ်က ဒီလောက်ရူးတာ (မှန်လှပါ ဘုရား)။

မရူးဘူးလား (ရူးပါတယ် ဘုရား)။ ကိုယ့်သား၊ သမီးလေး နှပ်တွဲလောင်းလေးပေမယ့် အံမယ် ချစ်စရာ ကောင်း လိုက်တာ ပြောချင် ပြောတာ၊ နှပ်ကတွဲလောင်း (မှန်ပါ)။ သို့သော် ခင်ဗျားတို့က ဘယ့်နှယ်ဖြစ်နေတုံး (ချစ်စရာကောင်း ပါတယ် ဘုရား)။

ဖြစ်မှ ဖြစ်ရလေဗျာ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။ ဒါဖြင့် ပုထုဇဉ်စိတ်ဟာ ဘယ်စိတ် မဆို ရှုရလိမ့်မယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

နှပ်တွဲလောင်းကလေး ချစ်လည်း ရှုရမှာပဲ။ ဒီကောင် လေးက ဒီအရွယ်ရောက်ပြီးနှပ်က မသုတ်သင်တတ်သေးဘူးလို့ မုန်းတဲ့စိတ်ဝင်လာရင်လည်း (ရှုရမှာပါ ဘုရား)။

ပေါ်ချင်တာ ပေါ်လိမ့်မယ် (မှန်လှပါ ဘုရား)။ ပေါ်ရင် ဘာလုပ်ရမှာတုံး ရှုရမှာပါ ဘုရား)။ ပေါ်ချင်တာ ကို ပေါ်တိုင်း ပေါ်တိုင်း သိရလိမ့်မယ် (မှန်လှပါ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိ၊ သူခိုးသုံးယောက်

ဒါဖြင့် သိတော့ သိတာပဲ။ စိတ်စောင့်ရှောက်လို့ ဘယ် စိတ်၊ ဘယ်စိတ်သိတယ်လို့ဆိုတော့ သိတော့ ဒီအထဲမှာ တဏှာ မာနနဲ့ ဒိဋ္ဌိဆိုတဲ့ သူခိုးသုံးယောက်ရှိတယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ သူခိုး ဘယ်နှစ်ယောက်ရှိသတုံး (သုံး ယောက်ရှိပါတယ် ဘုရား)။ ဘယ်သူပါလိမ့်ဗျာ (တဏှာ၊ မာန၊ ဒိဋ္ဌိပါ ဘုရား)။ တဏှာ၊ မာန၊ ဒိဋ္ဌိ သူခိုးသုံးယောက်ရှိတယ် လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးစားစွာ မှတ်ပါ (မှန်လှပါ ဘုရား)။

တဏှာ၊ မာန၊ ဒိဋ္ဌိ သူခိုးသုံးယောက်၊ သူခိုးသုံးယောက် ခင်ဗျားတို့ သန္တာန်မှာ ခိုးနေတာ သိပ် ထင်ရှားတယ် (ထင်ရှားပါတယ် ဘုရား)။

ဟောဒီ လောဘစိတ်ကလေး တစ်လုံးပဲထား။ လောဘ စိတ်ကလေးကို ခင်ဗျားတို့က လောဘစိတ် ကလေးဖြစ်တယ်လို့တော့ သိတော့သိရဲ့။ လောဘစိတ်ဖြစ်သွားပြီလို့ မသိဘူးလား (သိပါတယ် ဘုရား)။

သိပင်သိငြား သော်လည်း ငါ လောဘရှိလို့ ငါရလိုက် ပါတယ်။ တဏှာက ဒီဥစ္စာ အနိစ္စကို ငါလုပ်ပြီး ခိုးယူသွားတာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ငါ လောဘရှိလို့ ငါ့အခု ငါးရာတစ်ထောင်လေး ဒါ အပြောလေးနဲ့ ကိုယ့်လောဘကလေးနဲ့ စမ်းပြီး တို့ကြည့်လိုက်တော့ ဒီလောက်ပို ပေးသွားတယ်။ တော်တော်သေးတယ်။

ကဲ ငါ့လောဘလေးဟာ ဘယ်လောက် နေရာကျ သတုံးဆိုတော့ အိမ်ပေါ်မှာ ကြွားလုံး ထုတ်လိုက် သေးတယ် (မှန်လှပါ ဘုရား)။ မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား)။

ရှင့် အလိုဖြင့် ဒီ ငါးရာတစ်ထောင်ဟာ ပါသွားမှာ အား နာတာနဲ့ ဒီလောက်တော့ မဖြစ်နိုင်ဘူး ဆိုပြီး ကိုယ်က ဝင်ပြော တာ ငါးရာတစ်ထောင် ကိုယ့်လက်ထဲ ကျန်ရစ်သေးတယ်။

ကျုပ်စိတ်ကလေး ဘယ်လောက် နေရာကျသတုံးဆိုပြီး တဏှာကလည်း ဒါကြောင့် ကိုယ့်စိတ် ကလေးကို နှမြောတယ်။ ကိုယ်သေသွားခက်တယ်။ ဒီလိုချည်း ရှုံးနေမှာပေါ့လေ။ ဒီစိတ် ကလေးကို ခင်နေတာနဲ့ ဒီတဏှာက မလာဘူးလား (လာပါတယ် ဘုရား)။

မာနကလည်း (လာပါတယ် ဘုရား)။ လာတယ် တဲ့။ ငါအပြောကောင်းလို့။ ငါအပြော ကောင်းလို့ ဆိုတော့ ဒီစိတ်ဟာ ငါဖြစ်မသွားဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

ဒိဋ္ဌိကလည်း ငါ့စိတ်နဲ့ နေစမ်းပါရစေ။ မင်းတို့ အသာ နေစမ်းပါ။ ဒီအရောင်းအဝယ်စကား ပြောနေရင် ဘေးနေစမ်း ပါ။ ဒိဋ္ဌိကလည်း ငါ့စိတ်နဲ့ငါ ပြောစမ်းပါရစေ (မှန်ပါ)။

ဒီတဏှာကို စိတ်လုပ်ပြန်တယ်။ (မှန်ပါ)။ အဲဒီတော့ ဖြစ်ပျက်ကို တဏှာ၊ မာန၊ ဒိဋ္ဌိက ငါ့စိတ်လုပ်ပြီး သကာလ ခိုးသွားတဲ့စိတ်ကိုတော့ဖြင့် လုံခြုံအောင် စောင့်ပါ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

အမယ်လေး မလွယ်ဘူး။ မလွယ်ဘူး။ တစ်လုံး တည်း ဟောနေလို့၊ လေးလုံးဟောရင် ခင်ဗျားတို့ သေတယ် (မှန်လှပါ ဘုရား)။ နှစ်လုံးတည်းဟောတာကို မလွယ်ဘူး (မှန် ပါ)။ သဘောကျပြီလား (ပါ ပါတယ် ဘုရား)။

ဒီစိတ်ကို အနိစ္စသာဖြစ်ပါစေ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီစိတ်ကလေးကို ငါ့ကိုယ်ငါဟာ ငါ့ဥစ္စာ မဖြစ်စေနဲ့ (မှန်လှပါ ဘုရား)။ အနိစ္စသာဖြစ်ပစေ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီစိတ်ကလေးကို (အနိစ္စသာဖြစ်ရမှာပါ ဘုရား)။ ငါ့ ကိုယ် (မဖြစ်ရပါ ဘုရား)။ ငါ့ဟာ (မဖြစ်ရပါ ဘုရား)။ ငါ့ဥစ္စာ (မဖြစ်ရပါ ဘုရား)။ မဖြစ်စေနဲ့ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့က ဖြစ်နေလို့ ပြောရတာ (မှန်လှပါ ဘုရား)။ ငါအပြောကောင်းလို့ ငါဟန်ကိုယ့်ဖို့ ဆိုပြီး ငါ လုပ်လိုက် တာ၊ ဟန်ကိုယ်ဖို့ဆိုပြီး ငါလုပ်လိုက်တာဆိုတော့ လောဘ ငါလုပ်လိုက်တယ် (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါကြောင့် ငါ့စိတ်ကလေး ငါနှမြောတယ် ပြောတာပေါ့ ဆိုတော့ ဒိဋ္ဌိကလည်း ဝင်လာတယ်။ မဝင်လာဘူးလား (ဝင်လာပါတယ် ဘုရား)။

အဲဒီတော့ ဒါဖြစ်ပျက်ဆိုတဲ့ သဘော ရောက်သေး သလား။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ သဘောရောက်သွားသလား (တဏှာ၊ မာန၊ ဒိဋ္ဌိသဘော ရောက်သွားပါတယ် ဘုရား)။

အဲဒါ မဝင်စေနဲ့။ အဲဒီသူခိုး ဝင်မှာတော့ စိုးရိမ်တယ် တဲ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဒီသူခိုးက ခဏခဏ ဝင်နေတာ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

ငါ့စိတ်ဟုတ်လား။ “ဧတံ မမ၊ ဧတံ-ဤခုနက လောဘ လေးဟာ၊ မမ-ငါ၏၊ သကံ-ဥစ္စာပဲ၊ ဟော-ငါ့ဥစ္စာပဲတဲ့နော်။

“ဧသောဟမသ္မိ” တဲ့။ ဧသော -ဤခုနက လောဘစိတ် ကလေးဟာ အဟံ – ငါသည်၊ အသ္မိ -ဖြစ်၏။ ဒါလေးဟာ ငါ၊ ငါ ဖြစ်နေတယ်။

“ဧသောမေအတ္တာ” ဧသော-ဤခုနက လောဘစိတ် ကလေးဟာ၊ မေ အတ္တာ-ငါ၏ ငါလေးပဲတဲ့။ ငါ့ကြောင့် ငါဖြစ် သွားတာ ငါ့ကြောင့် ငါ အကျိုးရှိသွားတာ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

တစ်ခါတည်း တဏှာ၊ မာန၊ ဒိဋ္ဌိ မဝင်ဘူးလား (ဝင်ပါတယ် ဘုရား)။ အဲဒီ သူခိုးတော့ မဝင်စေနဲ့တဲ့ (မှန် လှပါ ဘုရား)။ ဖြစ်ပျက်သာ ဒီမဂ်နဲ့ ကိုက်နေအောင် လုပ်၊ သူ ခိုးသုံးယောက် ဒီကြားဝင်တတ်တယ် (မှန်လှပါ ဘုရား)။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အဲဒီ သူခိုးသုံးယောက် ရှောင်လိုက်လို့ ရှိရင်ဖြင့် ဒီ ဒကာ ဒကာမတို့ ဒန္တီ-ယဉ်ကျေးတဲ့ မဂ္ဂင်ဖြစ်ပြီ။ သူခိုးသုံးယောက် အဝင်မခံရင် ဒကာ ဒကာမတို့ ရှုတာဟာ ဘာဖြစ်သွားသတုံး (မဂ္ဂင်ဖြစ်ပါတယ် ဘုရား)။

ဒန္တီ-အယဉ်ကျေးဆုံးမဂ္ဂင်ဖြစ်ပြီ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ယဉ်ကျေးတာ ဘာခေါ်ကြမယ် (မဂ္ဂင်ပါ ဘုရား)။ “နဟိ ဧတေဟိ ယာနေဟိ” လို့ ဘုရားက ဒီဟာ မဂ္ဂင်ယာဉ်ကွ (မှန်ပါ့)။ ဒီအတိုင်း ခြေလျင်၊ လှေနဲ့ သွားလို့ နိဗ္ဗာန်မရောက် ဘူး။ မဂ္ဂင်ယာဉ် ရထားနဲ့မှ ရောက်မယ် (မှန်လှပါ ဘုရား)။ အသေအချာ မဟောဘူးလား (ဟောပါတယ် ဘုရား)။

သူခိုးသုံးယောက်မဝင်စေနဲ့

ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကို စောင့်ရှောက်ပါလို့ ဆိုတာ သူခိုးဘယ်နှစ်ယောက် မဝင်စေနဲ့ ပြောတာတုံး (သူခိုးသုံးယောက်ပါ ဘုရား)။ ဘယ်သူပါလိမ့်ဗျာ (တဏှာ၊ မာန၊ ဒိဋ္ဌိပါ ဘုရား)။

ဪ ဒီစိတ်ကလေး ခင်တယ်ဆိုတာက တဏှာ၊ ဒီစိတ်ကလေးဟာ ငါပဲလို့ ယူတာက မာန (မှန်လှပါ ဘုရား)။ ဒီစိတ်ကလေးဟာ အင်း ငါ့ပစ္စည်းလေး ငါ့စိတ် ကလေး ငါ့စိတ် ငါပိုင်ပိုင် ပြောလိုက်လို့ နေရာကျသွားတာ။ ဒီစိတ်ကလေး ငါ့ဥစ္စာ လုပ်ပစ်လိုက်တယ် (မှန်လှပါ ဘုရား)။ မလုပ်ကြဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီသူခိုးသုံးယောက် မဝင်စေနဲ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် စိတ်ပေါ်တိုင်း ပေါ်တိုင်း စိတ်ကို မကြောက်နဲ့ သူခိုးသုံးယောက်ကို ကြောက် (မှန်လှပါ ဘုရား)။ တဏှာ ဝင်တော့ ဒီစိတ်ကလဲ လောဘ၊ နောက်တဏှာဝင်လာတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဟေ ဇာတိ ဇရာ မရဏ လာမှာပဲ (လာမှာပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား) ဒီ စိတ်ကလေးကို မာနဝင်တဲ့အခါကျတော့ မာနဆိုတာလဲ ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘပဲ (မှန်လှပါ)၊ တဏှာ ဥပါဒါန် ကံ ဇာတိ၊ ဇရာ၊ မရဏ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။ ဒိဋ္ဌိဆိုတာလဲ ဒိဋ္ဌိဂတ သမ္ပယုတ်ဟာ လောဘပဲ (မှန်လှပါ ဘုရား)။ တဏှာ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏပဲလာတယ် (မှန်လှပါ ဘုရား)။

သူခိုးသုံးယောက် ဝင်ရင် သံသရာဆက်တယ် (မှန်လှ ပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။ သူခိုးကို ရှင်းလင်းနိုင်တဲ့ မဂ်သာ ဝင်ကြပစေ၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်ပျက် သိပါတယ်( မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း (သိပါတယ် ဘုရား)။ ဖြစ်ပျက် သိပါပြီ ဆိုတာ ကောင်းကောင်းကျေနပ်ပလား၊ (ကျေနပ်ပါတယ် ဘုရား)။ .

အင်း ဖြစ်ပျက်သိလို့ရှိရင် ဖြစ်ပျက်က အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား) သေတာက တဏှာ မာနဒိဋ္ဌိ၊ သေတာ က ဘာပါလိမ့် (တဏှာမာန ဒိဋ္ဌိပါ ဘုရား)။

ဒါဖြင့် သံသရာကျေးဇူးပြုတဲ့ တဏှာ မာန ဒိဋ္ဌိက နောက်က မသေလား (သေပါတယ် ဘုရား)။ လာသေလား၊ မလာသေလား (မလာသေပါ ဘုရား)၊ မလာသေ (မှန်လှပါ ဘုရား) သေချာမှတ်ပါ၊ လာသေလား၊ မလာသေလား (မလာသေပါ ဘုရား)။

အဲ ရှေ့က ဟာက လာသေ၊ နောက်က ဟာက (မလာသေးပါ ဘုရား)၊ ဒါပဲ ခွဲရတယ် (မှန်လှပါ ဘုရား)။ သဘော ကျပလား (ကျပါတယ် ဘုရား)။ ရှေ့ကဟာက လာပြီးတော့မှ သူ လောဘအဖြစ်နဲ့ အမှုမထမ်းဘဲနဲ့ အနိစ္စအဖြစ်နဲ့ အမှုထမ်း သွားတယ် (မှန်လှပါ ဘုရား)။

နောက်က ဟာကတော့ မလာပဲနဲ့ သေရရှာတယ် (မှန်လှပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။ နောက်က ဟာကဘယ့်နှယ် (မလာဘဲနဲ့ သေရရှာပါတယ် ဘုရား)။ ဪ လာတာက ဒုက္ခသစ္စာ၊ ချုပ်သွားတာက သမုဒယသစ္စာ၊ ဒီမှာ ပေါ်လာတယ်၊ လာတာက (ဒုက္ခသစ္စာပါ ဘုရား)။ မလာတာက (သမုဒယသစ္စာပါ ဘုရား)။

အင်း ကျန်ရစ်တာက ဟောဒီ မဂ္ဂသစ္စာ (မှန်လှပါ ဘုရား)။ ပေါ်တာက နိရောဓသစ္စာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ သဘောပါပလား (ပါ ပါတယ် ဘုရား)။

အဲဒါ သုခါဝဟံ-နိဗ္ဗာန်ကို ဆောင်၏ ဆိုတော့ သမုဒယလဲချုပ်တယ်၊ ဒီ ကဒုက္ခ၊ ဇာတိ၊ ဇရာ၊ မရဏလဲ ချုပ် တယ်ဆိုတော့ တဏှာနိရောဓော နိဗ္ဗာနံ၊ တဏှာနိရောဓော နိဗ္ဗာနံဆိုတော့ ဒီက နိဗ္ဗာန် ချမ်းသာနှစ်ခု သွားပေါ်တယ် (မှန် လှပါ ဘုရား)။ ဟောဒီ မဂ်နောက်က မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟောလို့တော့ ကောင်းတယ်။ နာရီကစေ့နေပြီ။

ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။