သေခါနီးဆရာက၊ သေခါနီးတရားဟောနေတာ
အသံဖိုင်ခေါင်းစဉ်= အချိန်ကာလ၏ စားဖတ်ဝါးဖတ်မဖြစ်ရေး၊ အာသဝဖြုတ်ရန်တရားတော်
စာအုပ်ခေါင်းစဉ်= သေခါနီးဆရာက၊ သေခါနီးတရားဟောနေတာ
အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူသော တရားတော်
သေခါနီးဆရာက၊ သေခါနီးတရားဟောနေတာ
ဟောကြားသည့်နေ့
(၇-၁-၅၉)
ဘုရားက ဟောထားတယ်၊ ဒကာ ဒကာမတွေတဲ့ နေ့တွေလည်း ကုန်ခဲ့ကြပြီ၊ ညဉ့်တွေလည်း အတော်ကုန်ခဲ့ကြပြီ | လို့ဆိုရင် လူတိုင်း လက်ခံရမှာပဲ (မှန်ပါ့)။ နေ့တွေလည်း အတော်ကုန်ခဲ့ကြပြီ၊ ညတွေလည်း ကုန်ခဲ့ကြပြီဆိုလို့ရှိရင် အားလုံး ဒကာ ဒကာမတွေ ဘယ်သူမှ ငြင်းစရာမရှိဘူး (မရှိပါဘူး ဘုရား)။
နေ့တွေညတွေကုန်တာဘာတုံး
အဲဒါ ဘာတုံးလို့ နေ့တွေကုန်တာ၊ ညတွေ ကုန်တာ ဘာတုံးလို့ ဒကာ ဒကာမတွေက ဆရာဘုန်းကြီးကို မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ နေဖို့ကုန်တာလို့ အဖြေ ထွက်လာတယ်။
ဘယ်လိုအဖြေထွက်လာတုံး (နေဖို့ကုန်တာလို့ အဖြေထွက်လာပါတယ် ဘုရား)။
ဪ နေဖို့ကုန်တာ၊ အင်း ဒကာ ဒကာမတွေ မနက်မိုးလင်းဘာလုပ်ရဦးမယ်လို့ ခင်ဗျားတို့ ကတော့ဖြင့် စိတ်ကူး ကူးခဲ့ပါတယ်။
မိုးချုပ်လို့ရှိရင်ဖြင့် ထမင်းစားပြီး အမောအပန်းဖြေ အိပ်ရမယ်လို့ ကူးတာပဲ၊ ကူးပင် ကူးငြား သော်လည်း သေသေ ချာချာ တွေးလုံးကို ထုတ်လိုက်တဲ့အခါကျတော့မှ နေတဲ့အထဲ နေစရာထဲက နှုတ်ယူသွားတာပဲလို့ မှတ်ပါ။
နေစရာထဲကနှုတ်ယူသွားတာ ဘယ်လိုမှတ်ကြမယ် (နေစရာထဲက နှုတ်ယူသွား တာပါ ဘုရား)။ နေစရာထဲက နှုတ်ယူသွားတာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်တယ် (မှတ်ထိုက် ပါတယ် ဘုရား)။
မှန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား) နေစရာထဲကမှ ထုတ်နှုတ်ပြီး သကာလ ကျုပ်တို့၏ ဆုံးရှုံးခြင်း တစ်မျိုးဘယ်လိုမှတ်ကြမယ် (ဆုံးရှုံးခြင်းတစ်မျိုးပါ ဘုရား)။
ဪ ဦးခင်မောင်တို့ လူစု ဒီဆုံးရှုံးခြင်းကို နှမြောလိုက်လေခြင်းလို့ မလာဘူး (မှန်ပါ့) မလာဘူး၊ မလာဘူး။
ခင်ဗျားတို့ဖြစ်စဉ်က ဒီဆုံးရှုံးခြင်းဟာ အင်မတန်မှ နှမြောလိုက်လေခြင်းလို့ ဒို့မှာ သူတော်ကောင်း စိတ် မဝင်ဘဲနဲ့ ဆုံးရှုံးသွားရတာ နှမြောလိုက်လေခြင်းလို့ ဘယ်သူမှ မျက်ရည် ကျ တငိုတဲ့ပုဂ္ဂိုလ်မပါဘူး။ (မပါပါဘူး ဘုရား)။
နေ့နှင့်ညကသက်တမ်းကို နှုတ်နေတာ
သို့သော်လည်း အသက်တမ်း နှုတ်တာကတော့ သူက ဘယ်အခါမဆို နှုတ်တာပဲ၊ သူတို့နှစ်ခု နှုတ်နေတာပဲ နေ့နဲ့ ညက နှုတ်သွားတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ သက်တမ်းကို ဘယ်သူက နှုတ်ယူသွားတာ တုံး (နေ့နဲ့ညက နှုတ်ယူသွားတာပါ ဘုရား)။
ဪ ဒါ ကိုယ်အကျိုးယုတ်တာ သေချာပလား (သေချာပါတယ် ဘုရား)။
ကိုယ်အကျိုးယုတ်တာတောင် ဘုန်းကြီးတို့ ဒကာ – ဒကာမတွေကလည်း ဖော်ပြောမှပဲ ကိုယ်အကျိုး ယုတ်ပြီကိုးလို့ သိတယ် (မှန်ပါ့)။
ဖော်မပြောလို့ရှိရင်ဖြင့် မနက်ဖြန် ဘာလုပ်မယ်၊ သန်ဘက်ဘာလုပ်မယ်၊ ဘယ်လိုကုန် ကလေး တွေ ဘယ်လို လှောင်ထားတယ်၊ ဘယ်လို အရှုံးရှိမလား၊ အမြတ်ရှိမလားဆို တာသာ ကုန်များ ရှုံးမလား၊ မြတ်မလားသာ တွက်နေတာပဲ။
ကိုယ့်အထဲက ရှုံးခြင်းမက ရှုံးပြီး ဘယ်တော့မှ ပြန်မ လာတဲ့ ရှုံးခြင်းကြီးကိုတော့ ဒကာ ဒကာမတွေက ဂရုမစိုက်ကြ ဘူး (မှန်ပါ့)။
ဦးဘအုန်း ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။ ကဲ ဦးဘတင်တို့ ဆိုထိုက်ပလား (ဆိုထိုက်ပါ တယ် ဘုရား)။
ဒါဖြင့် ဒီဥစ္စာက ကိုသစ်တို့လူစု အင်း ပြန်ရတဲ့အရှုံး လား၊ လုံးလုံးရှုံးသွားတာလား (လုံးလုံး ရှုံးသွားတာပါ ဘုရား)။
ဪ ဘာရှုံးသွားတာတုံး မေးတော့ နေစရာ ထဲက ထုတ်နှုတ်သွားတာ၊ နေစရာထဲကနေ ထုတ်နှုတ်ပြီး ရှုံးရတာ (မှန်ပါ့)။
နိဗ္ဗာန်ကူးနိုင်တဲ့လူ့ဘဝကြီး
ဦးခင်မောင် ဒါအနာဆုံးပေါ့ဗျာ (မှန်ပါ့) ဒါအနာဆုံးပါပဲလို့ ဒကာ ဒကာမတွေ တရားမဟောမီ ခင်ဗျား တို့ သံဝေဂစကားမသိလို့ ဖော်ပြောနေတယ်လို့ဆိုတာ မှတ် လိုက်စမ်းပါ (မှန်ပါ့)။
ဆုံးရှုံးမက ဆုံးရှုံးထဲမှာ အချိန်မရွေး ခင်ဗျားတို့နေ့နဲ့ ညသည်ကားလို့ဆိုရင်ဖြင့် ခင်ဗျားတို့၏ အဖိုးတန် လူ့ဘဝကြီး နိဗ္ဗာန်ကူးနိုင်တဲ့ဘဝကြီးကို လိုရာကိစ္စပြီးနိုင်တဲ့ ဘဝကြီးထဲက နေပြီးသကာလ သူတို့က ထုတ်နှုတ်ယူတယ်။
နေချိန်နည်းပြီးသေချိန်နီးလာတာ
ကျုပ်တို့မှာ နေစရာနည်းပြီး သကာလ သေစရာနီး တာသာ သေချာသောကြောင့် ဒီအရှုံးဟာ အရှုံးကြီးလို့ မှတ်စမ်း ပါ (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နေ့နဲ့ညသည် ဒကာ ဒကာမတွေ ဘာလုပ်ပါသတုံး ဆိုတော့ နေဖို့ရာထဲက နှုတ်ယူ သွားတယ်ဘုရား ဘယ်လိုဖြေ ကြမတုံး (နေဖို့ရာထဲက နှုတ်ယူသွားပါတယ် ဘုရား)။
ဟာ ဦးဝင်း သိပ်နာပြီ (မှန်ပါ့) နာတယ်၊ နာတယ် ဒကာ ဒကာမတွေရ အင်းစိတ်မပျက်ဘူး၊ စိတ်မပျက်ကြဘူး။
အဲဒီ မပျက်တဲ့နည်းလောက် မှားတာဖြင့် ဦးခင်မောင် ရှာမတွေ့ဘူး (မရှိပါဘူး ဘုရား)။
တကယ့် နေစရာထဲကနေပြီးသကာလ သေလွယ် အောင် နှုတ်သွားတယ်ဆိုတော့ ဘယ်မှာ သာလျှင် ကျုပ်တို့ သည် ဝမ်းမြောက်စရာပါသေးရဲ့ လား (မပါ ပါဘူး ဘုရား)။
တွေးမိကြရဲ့လား
တွေးမိကြရဲ့ လား၊ အခုဒီနေ့ တစ်နေ့ဆိုရင်ဖြင့် ခုတရားနာတဲ့ အချိန်ကလေးကတော့ ကိုယ်ပိုင် အချိန်ထားပါတော့၊ ကျန်တဲ့အိပ်တဲ့အချိန်နဲ့ အိမ်ကျလို့ရှိရင် သားအကြောင်း ပြောရမယ့်အချိန်။
အသုံးမကျတဲ့စကားတွေပြောကြမယ့်အချိန်တွေ ဆို တာတွေက နှုတ်ပြီးသကာလ သွားမယ် ဆိုလို့ရှိရင်လည်း၊ အင်း လူ့ဘဝရတဲ့အမြတ်တနိုး ဘဝထဲက နှုတ်သွားတာပဲ ဆုံးဖြတ် ချက်ချပါ (မှန်ပါ) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။
ဘယ်ထဲက နှုတ်တာတုံး (အမြတ်တနိုးဘဝထဲက နှုတ်တာပါ ဘုရား)။ အမြတ်တနိုး ဘဝထဲက နေပြီး နှုတ်သွားတာ လို့ ဒကာ ဒကာမတွေက ခု သေသေချာချာ ဘုန်းကြီးပေးတဲ့ ဉာဏ်နဲ့ စဉ်းစားတော့မှ။
အတော်ကြိုးစားခဲ့ရတဲ့လူ့ဘဝ
ဪ လူ့ဘဝရဖို့ရာ အတော် ကြိုးစားခဲ့ရတဲ့ အထဲကမှ တစ်ခါ ပြန်နှုတ်တယ်ဆိုတော့ ကြိုးစား ခဲ့ရ တာနဲ့ မကာမိသေးဘူး၊ နှုတ်တာများနေတယ်လို့ စာရင်းတွက် မယ်ဆိုရင် ဒီအနှုတ်ဂဏန်းပဲ ပေါ်နေမှာပဲ (မှန်ပါ့) မပေါ် ကြပေဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ဘုန်းကြီးများက ဒကာ ဒကာမတို့ ခင်ဗျား တို့မသိလို့ရှိရင် ဖော်ပြောနေပါတယ်၊ ခင်ဗျားတို့မှာ အရှုံးကြီး ရှုံးနေတာ နေ့တွေ ညတွေ ကုန်တာဟာ အရှုံးဆုံးပဲ။
သူတော်ကောင်း အလုပ်မပါဘဲနဲ့ နေ့တွေ၊ ညတွေက ကုန်ကုန် ကုန်ကုန်သွားတာဟာ ခင်ဗျားတို့ ကတော့ နေ့ည အလိုလို ကုန်သွားတယ်လို့ ထင်တယ်။
ကိုယ့်အသက်တမ်း ပါသွားတာ၊ နေမည့်ရက်တွေ ပါသွားတာ၊ နေစရာရက်တွေ မရှိတော့တာ၊ နေစရာလတွေ မရှိတော့တာ နှုတ်သွားတော့။
ဒီနေ့တွေ ညတွေ ချည့်ပဲ သူခိုးကြီးက ခင်ဗျားတို့၏ အသက်တမ်းထဲက အဖိုးတန်လူ့ဘဝ ရတနာတွေ ခိုးယူသွားတာ သူပဲပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)
နေ့တွေ၊ ညတွေပဲ နေ့တွေ ညတွေက ခင်ဗျားတို့ လူ့ ဘဝ မရစဖူး အရထူးပြီးသကာလ အင်မတန် ဒုလ္လဘထဲက နေပြီး ခိုးယူသွားတဲ့ တရားတွေ ဆိုလို့ရှိရင်ဖြင့် ကိုမြရွှေတို့ အသေ အချာ ရှုံးတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့စီးပွားရေးလုပ် နေတာလည်း ဪ အဖိုးတန်ရှုံးတာပဲ ဆိုထိုက်ကြပလား (ဆိုထိုက်ပါတယ် ဘုရား)။
သားရေး၊ သမီးရေး၊ စီးပွားရေး
သားရေး၊ သမီးရေး၊ ဂရုစိုက်နေတာ (အဖိုးတန် ရှုံးတာပါ ဘုရား) အဖိုးတန်ရှုံးတာ ဒကာ ဒကာမတို့ စီးပွားရေး လိုက်နေတာ (အဖိုးတန်ရှုံးတာပါ ဘုရား)။
သားရေး၊ သမီးရေး လိုက်နေတာ (အဖိုးတန် ရှုံးတာပါ ဘုရား)၊ လူမမာတွေလျှောက်ပြီး ကုနေရတာ (အဖိုးတန်ရှုံးတာပါ ဘုရား)။
အဖိုးတန် ရှုံးတာပဲဆိုတော့ အင်း အိမ်က ရွှေတွေ ငွေတွေ ထွက်တာကတော့ တစ်နေ့နေ့ ပြန်ရနိုင်သေးတယ်လို့ ဆိုနိုင်ကြတယ်နော် (ဆိုနိုင်ပါတယ် ဘုရား)။
ဘယ်လိုပဲ ပျောက်သွားသွား အင်း တစ်နေ့နေ့ကျလို့ ရှိရင်ဖြင့် ပြန်ရနိုင်သေးတယ်ဆိုတာက သေချာတယ်၊ အဲဒီထဲက သေချာပါရဲ့ သားနဲ့ ပြန်မရနိုင်တဲ့ အရှုံးကြီး ရှုံးတာက ပိုမနာဘူး လား (ပိုနာပါတယ် ဘုရား)။
ပြန်မရနိုင်တဲ့ဆုံးရှုံးခြင်း
ပြန်မရနိုင်တဲ့ ရှုံးဆုံးခြင်းက အသက်ထဲကနေပြီး သကာလ၊ နေရမယ့် အသက်တန်းကြီးကို နှုတ်ယူ သွားတဲ့ အတွက်၊ အားလုံး ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန် မနေ လိုက်ပါနဲ့၊ ခင်ဗျားတို့မှာ အတွင်းသူခိုး ခိုးနေတာ ခင်ဗျားတို့ မရိပ်မိဘူးလို့၊ ဘုန်းကြီးများက ကောက်နှုတ်ချက်ချပြီး ခင်ဗျား တို့အတွက် စဉ်းစားလိုက်တယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။
ဘယ်လောက် နာခဲ့ကြတုံး (နာပါတယ် ဘုရား) အင်မတန် နာတယ်ဆိုတာ ဒကာ ဒကာမတွေ အသေအချာ မှတ်စမ်းပါနော် (မှန်ပါ့)။
အသက်တမ်းကြီးထဲကနေ နှုတ်သွားတာလောက် ကိုယ်ပိုင်ပစ္စည်း ဆုံးတာလည်း ရှိသေးရဲ့ လား (မရှိပါ ဘူး ဘုရား)။
ဒိပြင် ခင်ဗျားတို့ ရှိတဲ့ပစ္စည်းတွေကလည်း ဘုံဆိုင်ဆို တော့ အင်း ဘုံဆိုင်တော့ ရှာမှီး ယူကြပေါ့၊ အင်း ဘုံဆိုင်က နှုတ်တာကတော့ ကိစ္စမရှိလှပါဘူး ထားပါဦးတော့ ဦးခင်မောင် (မှန်ပါ့)။
ကိုယ်ပိုင်က နှုတ်တော့ (နာပါတယ် ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။
သူတော်ကောင်းအလုပ် မလုပ်တဲ့အချိန်
ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့၏ နစ်နာမှုကြီးသည် သူတော်ကောင်း ရတနာ သူတော်ကောင်း အလုပ် မလုပ်တဲ့ အချိန်ဟူသ၍ ဖြင့် ကျုပ်တို့မှာဖြင့် ဆုံးရှုံးနေတဲ့ အချိန်ထဲကိုပဲ သွင်းရတော့မှာပဲ (မှန်လှပါ)။
ဘယ်လို သွင်းရမှာတုံး (ဆုံးရှုံးနေတဲ့ အချိန်ထဲ ကို သွင်းရမှာပါ ဘုရား)။
အဲတော့ကို စားဖို့လုပ်နေတာဟာလည်း ဆုံးရှုံးနေတာ ပဲ (မှန်ပါ့) ကြွားဖို့ လုပ်နေတာကော (ဆုံးရှုံးနေတာပါ ဘုရား)။
ဪ ခက်လိုက်တာ သားတွေ၊ သမီးတွေ လူလားမြောက်အောင် စောင့်နေတာကကော (ဆုံးရှုံးတာပါ ဘုရား)။
အင်း-ဒါဖြင့် ရှေ့အိမ်ကလေး ဆောက်ရအောင်၊ တိုက်ကလေးတည်ရအောင်ဆိုပြီးသကာလ စီးပွားရေး လိုက်ပြီး စုနေတာကော (ဆုံးရှုံးနေတာပါ ဘုရား)။
နို့ – ခင်ဗျားတို့က ဘယ်နှုန်း အမြတ်ကိုပါသေးသလား (မပါ ပါဘူး ဘုရား)။ လူ့ပြည်က အပ်တစ်စင်း၊ ဗြဟ္မာပြည်က အပ်တစ်စင်း အပ်သွားချင်း ထိစရာ ရှိသေးတယ်၊ လူ့ဘဝ ဒါထက် ရခဲ့တယ် ဆိုတော့။
ဟ မရမနေပါဘူးဆိုပြီး လူ့ဘဝအရယူလာကြတော့ လူ့ဘဝရောက်နေတာ သေချာနေပြီ (မှန်ပါ့) မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
လက်နဲ့ရေးပြီး ခြေနဲ့ဖျက်နေတာ
သေချာတဲ့အထဲက ခင်ဗျားတို့ အရှုံးခံပြီးသကာလနေ တော့ ဪ ကိုယ် အားထုတ် လာတာတွေကို လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက်နေတာနဲ့တူလိုက်တာ (မှန်လှပါ)။
ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (လက်နဲ့ရေးပြီး ခြေနဲ့ဖျက်နေတာပါ ဘုရား) ဒါမကောင်းဘူးဗျာ (မှန်ပါ့)။
ဒီထဲမှာ ဒါ ကောင်းတယ်လို့ ထောက်ခံမယ့် ပုဂ္ဂိုလ်များ ပါသေးသလား (မပါ ပါဘူး ဘုရား)။
လူ့ဘဝ မရ ရအောင် တက်ခဲ့ရတဲ့ အတက်ဟာ ဘုရားက အင်မတန်ခဲယဉ်းပါတယ်ကွာလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။ နို့ ခဲယဉ်းတဲ့အထဲကပဲ ခင်ဗျားတို့ပဲ အားစိုက်တက်လာ လို့ ဦးဝင်းတို့လူစု၊ ဦးခင်မောင်တို့လူစု ရလာတာတော့ သေချာနေပြီ (မှန်လှပါ)။
ဒီအထည်ကြီးမြင်သဖြင့် လူ့ဘဝ ရလာတာ သေချာ ပလား မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အလွဲသုံးစားသုံးတာအနာဆုံး
ဒီအထဲက နေပြီးသကာလ ရတာကို ကောင်းကောင်း မွန်မွန် အသုံးချမဟဲ့၊ ဒီကနေပြီး နိဗ္ဗာန်ကူးတဲ့ အလုပ် ဒုက္ခသိမ်း တဲ့အလုပ်ကို ငါအရယူတော့မယ်လို့ ဒီလိုမယူဘဲနဲ့၊ နေ့တွေ ညတွေ ကုန်ကုန်ပြီး သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီးသကာလ၊ မရစဘူး အရထူးတဲ့ ပစ္စည်းကြီးထဲက နေပြီး အလွဲသုံးစားနှုတ်သုံးတဲ့ဥစ္စာ အနာဆုံးပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်လို နှုတ်သုံးနေတာ (အလွဲသုံးစား နှုတ် သုံးနေတာပါ ဘုရား)။
ခု သေသေချာချာ ကိုယ်အလွဲသုံးစားကျတော့ ကိုယ် မဖမ်းကြဘူးဗျ (မှန်ပါ့)။ ဒါလူတိုင်း အတွက်ပါ။ (မှန်လှပါ)။
ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) ကိုယ်ကော သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်နေကြရင် ဘာလုပ်နေတုံး (အလွဲသုံးစား လုပ် နေတာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်အတက်ကြီးတက် ပြီး အစုကြီးစုလာတဲ့ လူ့ဘဝကြီး၊ မရစဘူး အရထူးလာတာကြီး ကို ဒကာ ဒကာမတို့ လက်နဲ့ ကုပ်တက်လာပြီး ခြေထောက်နဲ့ လွှတ်ချ လိုက်တယ်ဆိုတော့ ကောင်းသေးရဲ့ လား (မကောင်း ပါဘူး ဘုရား)။
ဉာဏ်နဲ့တွေးမှသိတယ်
အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) အဲဒါ ဉာဏ်နဲ့တွေးမှ ဆုံးရှုံးခြင်းကို ကောင်းကောင်း သိတယ်နော် (မှန်ပါ့)။
ဉာဏ်နဲ့ မတွေးရင် (မသိပါဘူး ဘုရား) ဒါဖြင့် ခင်ဗျား တို့ မဆုံးရှုံးအောင် ဘုန်းကြီးပြောတဲ့ ဝိပဿနာအလုပ်ကို အချိန်တိုင်း သတိထားမှသာလျှင် ခင်ဗျားတို့ လူ့ဘဝ ရောက်ရကျိုးနပ်မယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။
နို့မဟုတ်ရင် လူ့ဘဝရောက်ကျိုး နပ်ပါ့မလား (မနပ်ပါဘူး ဘုရား) အင်း တပည့်တော်တို့ အလွဲသုံးစားလုပ် မလို့ လာခဲ့တယ်ဘုရားလို့ ဆိုလို့ရှိရင်လည်း မှန်တော့တာပဲ (မှန်ပါ့)။
မမှန်ဘူးလား (မှန်ပါတယ် ဘုရား)၊ အလွဲသုံးစား လုပ်မလို့ တပည့်တော်တို့သည်ကားလို့ဆိုရင် လာခဲ့တာပဲလို့ မပြောသော်လည်း အလုပ်သွားက ဒီအတိုင်း ဖြစ်နေတယ် (မှန်ပါ့)။
မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီတော့ ဒကာ ဒကာမတွေ ယနေ့ကစပြီးသကာလ ဒီအချိန် ဘာအချိန် ပါလိမ့်၊ ဪ အလွဲသုံးစားလုပ်နေတာ၊ ထိုအချိန် ဘာအချိန် ပါလိမ့်မတုံး သူတော်ကောင်းအလုပ် မလုပ်လို့ရှိရင် အလွဲ သုံးစားလုပ်နေတာ (မှန်ပါ့)။
ကိုယ့်ပစ္စည်းကိုယ်ဖြုန်းတာ
အင်း ဘယ်သူ့ပစ္စည်း ဘယ်သူသုံးတာတုံးလို့မေး၊ ကိုယ့် ပစ္စည်း ကိုယ်ဖြုန်းတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ပစ္စည်းက လွယ်လွယ်နဲ့ ရတာလား၊ အတော်စုခဲ့ ရတာလား (အတော်စုခဲ့ရတာပါ ဘုရား)။
အတော်စုခဲ့ရတာ အရမ်းသုံးတယ်ဆိုတော့ အင်း ငါလောက်မိုက်တဲ့လူတော့ ရှိမယ် မထင်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူက မိုက်တယ်ဆိုမတုံး (အရမ်းဖြုန်းတဲ့ သူက မိုက်ပါတယ် ဘုရား) ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)။
အံမာလေး ! ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် ဆုံးရှုံး တာ ကိုယ်အလွဲသုံးစား လုပ်နေတာ ကိုယ်မတွက်တတ်လို့ တရားမဟောမှီ ရှေ့အဖို့ကာလက ဦးဘတင်ရေ ပြောနေရ တယ် (မှန်ပါ့)။
ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။ ဘာပြုလို့ မသိရင် ပြောရမှာပဲလို့ ဒကာ ဒကာမတွေ ဉာဏ်ကထိုးထွင်းတဲ့ဉာဏ် မရှိတော့ ဦးခင်မောင် ပြောရမှာပဲ (မှန်လှပါ)။
ကဲ ဦးစံရင် ပြောလိုက်ပလား (ပြောထိုက်ပါ တယ် ဘုရား)၊ ပြောထိုက်ပါတယ်တဲ့၊ ကိုယ်စု လာတဲ့ လူ့ဘဝကြီး မရ၊ ရဖို့ အလုပ်ဟာ ဒကာ ဒကာမတို့ လွယ်လွယ်ကူကူနဲ့ ရတာလား အသက်ကြီးပြီး စားချင်လို့ စုဆောင်းလို့ ရတာလား (အသက်ကြီးပြီး စားချင်လို့ စုဆောင်းလို့ရတာပါ ဘုရား)။
လူ့ဘဝရဖို့ အလွန်ခဲယဉ်းတယ်
ဒါကတော့ သေချာတယ်၊ ဘုရားကလည်း မနုဿတ္တ ဘာဝေါဒုလ္လဘောတဲ့ (မှန်လှပါ)။
မနုဿတ္တဘာဝေါ လူ့ဘဝရခြင်းသည်၊ ဒုလ္လဘော အလွန်ခဲယဉ်းတယ်ကွ (မှန်ပါ့) ဘယ်လောက်များ ခဲယဉ်း သတုံးဆိုရင် ဒီကနေပြီး ထွန်တုံးကြီး တစ်ပေါက်ဖောက်ပြီး ဧရာဝတီ မြွေလိုက်၊ ထွန်သန်လေးတွေ မျှောလိုက်။
ပင်လယ်ထဲကျတော့ အရှေ့အနောက် မျှောလိုက် ဘယ်တော့ စွပ်မိစရာရှိသေးတုံး မေးရင် ဘယ့်နှယ် ပြောမတုံး (ဘယ်တော့မှ မစွပ်မိပါဘူး ဘုရား)။
ဒီထွန်သန်နဲ့ ထွန်တုံး ဘယ်တော့ တွေ့ပြီးသကာလ စွပ်မိစရာ အကြောင်းမြင်ကြသေးရဲ့လား (မမြင်ပါဘူး ဘုရား)။
အဲ့ဒါ စွပ်မိချင် စွပ်မိလိမ့်ဦးမယ်ကွာ၊ မင်းတို့ လူ့ဘဝ ဒိထက်ခဲယဉ်းတယ်လို့ ဟောတယ် (မှန်လှပါ) ရိပ်မိကြ ပလား (ရိပ်မိပါတယ် ဘုရား)။
အဲတော့ အဲဒီ ခဲယဉ်းတာကြီးကို ခင်ဗျားတို့ အရကုပ်ပြီး လူ့ဘဝတက်မလာခဲ့ဘူးလား (တက်လာပါတယ် ဘုရား)။
တက်လာခဲ့လို့ပဲ ခု လူချင်းတူတူ၊ သူချင်းမျှမျှ သူများလို ပဲ ခြေလက်နား နှာခေါင်း အင်္ဂါကြီးငယ် အစုံနဲ့ပဲ မနေကြဘူးလား (နေရပါတယ် ဘုရား)။
လက်ကလက်အုပ်ချီဖို့
နေကြရတော့၊ ဪ – ဒါဖြင့် ခြေလက် အင်္ဂါစုံပြီး တော့ကော တခြားမဟုတ်ဘူး လက်အုပ် ချီဖို့၊ ဘုရားနဲ့တွေ့ တယ်၊ တရားနဲ့တွေ့တယ်၊ လက်အုပ်ချီဖို့ ဆိုပြီး လက်အစုံပေး လိုက်တယ် (မှန်ပါ့)။
ခြေထောက်က ဘုရားဖူးသွားဖို့၊ တရားနာသွားဖို့ ဆိုပြီး ပေးလိုက်တယ် (မှန်ပါ့)။
နားကသစ္စာတရားနာနိုင်ဖို့
နားကလည်း သစ္စာတရားတွေ နာနိုင်ဖို့ဆိုပြီး သကာလ ခင်ဗျားတို့ အတော်ကို ကြိုးစား တက်လာတာ သစ္စာတရားနာ နိုင်တဲ့ နားကြီးကို ပါလာတာ (မှန်ပါ့) မပါလာဘူးလား (ပါလာပါတယ် ဘုရား)။
ပါလာတယ်တဲ့ မျက်လုံးကလည်း ခင်ဗျားတို့သည်ကား လို့ ဆိုလို့ရှိရင် ကြည်ညိုတတ်ဖို့၊ လေးစား တတ်ဖို့ ဒါတွေကို လူ့ဘဝထဲမှာ အကုန်အစုံကိုပဲ အမြတ်အစွန်းတွေနဲ့တက်မလာခဲ့ ဘူးလား (တက်လာ ပါတယ် ဘုရား)။
အဲ့ဒါတွေကို ခင်ဗျားတို့ အသုံးမချဘဲနဲ့ ဒီကျမှ ယောင် ချာချာ လုပ်ပြီးသကာလ သားရေး ကြောင့်၊ သမီးရေးကြောင့်၊ စီးပွားရေးကြောင့် သူတော်ကောင်းအလုပ် မလှည့်နိုင်သေးဘူး လို့ဆိုတော့ ဟိုက ထည့်ပေးလိုက်တဲ့ပစ္စည်းက အဖိုးတန်တွေ ကို အသုံးချဖို့ ထည့်ပေးလိုက်တယ်။
အဖိုးတန်တဲ့ဘက်မှာသုံးပါ
ကံက ပေးတဲ့ ပစ္စည်းတွေကို ခင်ဗျားတို့က အဖိုးမတန် တဲ့ ဘက်ကို သွားသုံးတယ် (မှန်ပါ့) သဘော ပါပလား (ပါပါတယ် ဘုရား)။
ဦးဘတင်တို့ သဘောပါပလား (ပါ ပါတယ် ဘုရား) ပေးလို့ရှိရင် မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာတွေဟာ အဖိုးတန်တဲ့ဘက်ကို သုံးဖို့မဟုတ်လား (မှန်ပါ့)။
ခုတော့ ခင်ဗျားတို့က ဘယ်ဘက်သုံးနေတုံးဆိုလို့ရှိရင် ဖြင့် အင်း သားရေးအတွက်၊ သမီးရေး အတွက် ဆိုတော့ အပါယ် ကျရေးအတွက် အသုံးချနေတယ် (မှန်ပါ့)။
ဘုရားဖူးဖို့၊ တရားနာဖို့အတွက် သုံးသေးသလား (မသုံးပါဘူး ဘုရား)။
တရားကျင့်ဖို့လို့ကော (မသုံးပါဘူး ဘုရား) သော် ခင်ဗျားတို့ အသုံးလည်းမတတ်ပါလား၊ ဒကာ ဒကာမတွေ၊ ဘယ်လိုဆိုကြမတုံး (အသုံးလည်းမတတ်ပါ ဘုရား)။
အရွယ်တွေ ကြီးကြပြီ
ဟုတ်ပြီ၊ အရွယ်တွေ ကြီးကြပြီဗျ၊ အသုံးအစွဲလည်း နားလည်ဖို့တော့ ကောင်းပြီ၊ ဘယ့်နှယ် ဆိုကြမတုံး ကြီးပြီဗျ၊ ဒီထဲ လူငယ်တွေများ ပါနေသေးသလား (မပါပါဘူး ဘုရား)။မပါပါဘူး အသုံး အစွဲကာ သုံးစွဲတတ်ပလား (မသုံးစွဲတတ်ပါဘူး ဘုရား)၊ ဟာ မဟုတ်သေးဘူး ဦးခင်မောင် ရ အလွဲချည့် သုံးနေတာ များနေသေးတယ် (မှန်လှပါ)။
ဘုရားဘက် မသုံး၊ တရားဘက်မသုံး ဟုတ်ပလားဗျာ – အလကား သားရေး၊ သမီးရေး၊ စီးပွားရေးဘက်ကိုပဲ အချိန်တွေ အများကြီးကုန်ပြီ၊ လက်ကလည်း အဲဒီဘက်ပဲရေးတာ၊ မှတ်တာ ဘက်သုံး။
ဘုရား ရှိခိုးတဲ့ဘက်ဒီလောက်သုံးတာမဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဘုရားရှိခိုးဆိုတာ တစ်နေ့တစ်ကြိမ်တောင်မှ လကအုပ် ချီတာလေးဟာ ပါချင်မှ ပါ ပါတယ်၊ ဟို ရောင်းတဲ့ဝယ်တဲ့ ဘက်ကျတော့ ဟိုကနှိုက်၊ ဒီကမ္ဘောနဲ့၊ ဒီလိုချိန်၊ ဒီလိုတွယ်နဲ့ ဖြင့် သုံးလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်လှပါ)။
ဟိုဘက် အသွားမများကြဘူးလား (များပါတယ် ဘုရား)၊ဒါဖြင့် လူ့ဘဝတက်တုန်းက ဘယ်သုံး ဖို့လို့ ရည်ရွယ်ချက် ပါရဲ့လား (မပါ ပါဘူး ဘုရား)။
ဒါ ခင်ဗျားတို့က ခက်နေပြီ ဒကာ ဒကာမတွေ ရည်ရွယ်ချက်တခြား၊ အသုံးတခြားဖြစ်နေပြီ (မှန်လှပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ အခုဒီထဲမှာ ဆရာဘုန်းကြီး က ဆုံးမပြန်တယ်၊ အရင်းတွေမို့၊ ဘယ်လို ဆုံးမလိုက်သတုံး ဆိုတော့ မင်းတို့ဟာကွာ နောက်က မသိတုန်းကတော့ဖြင့် ကိုယ့် အဖိုးတန်ပစ္စည်း ကိုယ်ဖြုန်းခဲ့တာ ရှိပါသေးတယ်။
ဒီကရှေ့မဖြုန်းပါနဲ့တော့
ဒီကရှေ့ မဖြုန်းပါနဲ့ကွာ တော်ကြပါတော့၊ ရပ်ကြပါ တော့၊ တန်ကြပါတော့ ဘုန်းကြီးက မေတ္တာ ရပ်တယ် (မှန်ပါ့) မရပ်သင့်ဘူးလား (ရပ်သင့်ပါတယ် ဘုရား)။
ရပ်သင့်တယ်တဲ့၊ ရပ်သင့်တော့ခင်ဗျားတို့ အထုံကြီး က ပါလာတယ် (မှန်ပါ)၊ အထုံကြီးက ပါလာတယ်။
နက်ဖြန်ကျလို့ရှိရင် ဒီဈေးဆိုင်သွားပြီး၊ ဒီအလုပ်လုပ်ရ မှာပဲ၊ သန်ဘက်ခါကျတော့ ဒီကျောင်းသွား၊ ဒီလိုပြရမှာပဲ ဦးဝင်း (မှန်ပါ့) သန်ဘက်ခါ၊ ဖင့်နွဲခါကျတော့ ဒီဆိုင်တွေက ဒီလိုပဲ ရောင်းရမှာပဲ။
ဟ! ဒီအလုပ်တွေ ဒီပါးစပ်တွေက ဘယ်ဘက်လှည့် သွားသုံးနေတုံး (အလွဲချည့်သုံးနေပါတယ် ဘုရား)၊ အလွဲ ချည့်သုံးနေတဲ့ အဓိပ္ပာယ် သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် နဂို ရည်ရွယ်ချက်ဆုတောင်းနဲ့ ကိုယ်ဒီဘဝရလို့ သုံးပုံနဲ့ ဦးခင်မောင်ချိန် စမ်းဗျာ (မကိုက်ပါဘူး ဘုရား)၊ ဒကာ ဒကာမတွေ ဘယ်လိုဆိုကြမယ် (မကိုက်ပါဘူး ဘုရား)။
မကိုက်တာ သေချာကြပလား (သေချာပါပြီ ဘုရား)၊ -ဒို့ဟာသည်ကားလို့ ဆိုလို့ရှိရင် သူများကို မကိုက် အောင် လုပ်တာလား၊ ကိုယ့်ဟာကိုယ် မကိုက်အောင်လုပ်တာ လား (ကိုယ့်ဟာကိုယ် မကိုက်အောင် လုပ်တာပါ ဘုရား)။
ဒီလူထက်မိုက်တာမရှိတော့ဘူး
ဒီလူထက်မိုက်တာ မရှိတော့ဘူး ဒါဖြင့် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (ဒီလူ့ထက် မိုက်တာမရှိပါဘူး ဘုရား)။
ဘယ်သူ့မှ အပြစ်တင်စရာကော လိုသေးသလား (မလိုပါဘူး ဘုရား)။ ကိုယ့်ရည်ရွယ်ချက်က တစ်မျိုး၊ ကိုယ်နေ တဲ့အသုံးအနှုန်းက (တစ်မျိုးပါ ဘုရား)။
တစ်မျိုးဆိုတော့ ကိုယ့်ရည်ရွယ်ချက် ကိုယ်ဖျက်တယ်၊ ကိုယ့်အဖိုးတန်ပစ္စည်း ကိုယ်ဖြုန်းတယ်၊ တယ်လည်းမသိတတ် ပါလား (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုယ့်အဖိုးတန်ပစ္စည်းက လူ့ဘဝနော် (မှန်ပါ့) ကိုယ့်အဖိုးတန်ပစ္စည်း ကိုယ့်အလွဲသုံးစားကြီးထဲ သုံးနှုန်းပစ် လိုက်မယ်ဆိုလို့ရှိရင်ဖြင့်။
မနည်းရှာထားတဲ့ပစ္စည်း
သူများပစ္စည်း ဖြုန်းတာကတော့ဖြင့် ဒီလောက်ကိစ္စ မရှိဘူး၊ ဟုတ်လား၊ ကိုယ့်ပစ္စည်းကိုယ် မနည်းရှာထားတဲ့ ပစ္စည်းကို အလကား ဖြုန်းပစ်လိုက်တာကတော့ဖြင့် နာတယ်ဗျာ၊ | ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။
မနည်းရှာထားတဲ့ပစ္စည်းဆိုတာ ကိုမြရွှေ သေချာပလား (သေချာပါတယ် ဘုရား)၊ ဒုလ္လဘ တရားပဲကြည့်။ – (မှန်လှပါ)။
ဒုလ္လဘတရားက ရခဲတယ် ပြောသလား ရလွယ်တယ် ပြောသလား (ရခဲတယ်လို့ ပြောပါတယ် ဘုရား)။
ဒါဖြင့် မနည်းရှာလို့ရတာပေါ့ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)၊ မနည်းရှာလို့ရတဲ့ ပစ္စည်းကို အလကားသုံးတယ်ဆိုလို့ရှိရင်ဖြင့် မင်းအစတုန်းက အပင်ပန်းခံ သလောက် မင်းသုံးတာ၊ ဖြုန်းတာကဖြင့် မင်းမိုက်တွင်းနက်လို့သာ ဒီလိုသုံးတာပဲ (မှန်ပါ့) ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကို ဆုံးမစေချင်တယ်
အဲဒီလို ကိုယ့်ကိုယ်ကို ဒကာ ဒကာမတွေက ဘုန်းကြီး များက ဆုံးမစေချင်တယ်၊ ဒကာ ဒကာမတွေကလည်း ဆုံးမ စေချင်တာသာ ဒီတရားနာတုန်းပဲ ကြားလိုက်တာပဲ၊ နက်ဖြန် ကျတော့ ခုနက တဏှာခိုင်းတဲ့အလုပ်ပဲ ပြန်ဝင်ဦးမှာပဲ မဝင်ကြ ဘူးလား (ဝင်ပါတယ် ဘုရား)။
အဲတော့ ဘာလုပ်တာတုံး မေးလို့ရှိရင် ဘယ့်နှယ် ကြမတုံး (အလွဲသုံးစားလုပ်တာပါ ဘုရား)။ ဘယ်သူ့ပစ္စည်း ဘယ်သူ အလွဲသုံးစားလုပ်တာတုံး (ကိုယ့်ပစ္စည်း ကိုယ် အလွဲသုံးစားလုပ်တာပါ ဘုရား)။
ဟာ ကိုသစ် လွန်တယ်ဗျာ (မှန်ပါ့) ဒကာ ဒကာမတွေ ကိုယ်မိုက်တာ ဒေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ကိုယ်မိုက်တာကော နောက်က ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူ့ပစ္စည်း ဘယ်သူသုံးတာတုံး (ကိုယ့်ပစ္စည်း ကိုယ်သုံးတာပါ ဘုရား)။ အလွယ်နဲ့ ရတာလား၊ ခဲခဲယဉ်းယဉ်း ရတာလား (ခဲခဲ ယဉ်းယဉ်းရတာပါ ဘုရား)။
နို့ ခုတော့ အလွယ်နဲ့ ဖြုန်းကြတယ် (မှန်လှပါ)၊ ခဲခဲယဉ်းယဉ်းရတာဘာနဲ့ဖြုန်းတုံး (အလွယ်နဲ့ဖြုန်းပါ တယ် ဘုရား)။
မသိတတ်တာခင်ဗျားတို့ပဲ
ကဲ ဒါဖြင့် မသိတတ်တဲ့အထဲ ခင်ဗျားတို့ပဲ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဒါနဲ့ နက်နက်နဲနဲတွေးမှ ဦးဝင်း ဒါပေါ်တယ်နော် (မှန်ပါ့) နက်နက်နဲနဲ မတွေးရင်တော့ (မပေါ်ပါဘူး ဘုရား)။
ခင်ဗျားတို့က ရှာတာက ခက်တာက ဘုရားက ဧကန် သိတဲ့လူ ပြောတဲ့စကားနဲ့ မရှာဘူး၊ ဟိုအိမ်၊ ဒီအိမ်ရှာနေတယ် သူတို့အိမ်လည်း ဒီလိုလုပ်ထားတာ၊ ဒို့အိမ်လည်း ဒီလိုလုပ်ထားတာ။
သူလည်း မနက်မိုးလင်းလာရင် ဆန်ချက်စားတာပဲ။ ငါလည်း မိုးလင်းလာရင် ဆန်ယူပြီး ဘယ့်နှယ်လုပ်မယ်၊ အံမာလေး ခွကျလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့၊ ဒီဒကာ ဒကာမတွေ နမူနာယူတာကိုက အိမ်နီးချင်းသွား နမူနာယူ တယ်၊ ဘုရား လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းခဲ့လို့ရတဲ့ ဉာဏ်နဲ့ အမှန်ပြောတာကို နမူနာ မယူဘူး (မှန်ပါ့)။
အိမ်နီးချင်းသွား နမူနာယူတယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်သူ့ နမူနာ ယူနေတုံး (အိမ် နီးချင်း နမူနာယူပါတယ် ဘုရား)။
အိမ်နီးချင်း ပတ်ဝန်းကျင် ဟုတ်လားဗျာ (မှန်ပါ့) ဒါတွေပဲ ခင်ဗျားတို့ နမူနာ မယူကြဘူးလား (ယူပါတယ် ဘုရား)။
ဪ -ဒါတွေ နမူနာ ယူမလို့ လူ့ဘဝ တက်လာခဲ့တာ လား (မဟုတ်ပါဘူး) ကျွတ်တမ်း အင်မတန် လွဲကုန်ပါပေါ့လား (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကျုပ်တို့ ကိုယ်တိုင်လုပ်တာ ကိုယ်တိုင်သိပလား (သိပါပြီ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ ဘယ်လိုသိရမှာ တုံး (ကိုယ်တိုင်လုပ်တာ ကိုယ်တိုင်သိရမှာပါ ဘုရား)။
ကိုယ်တိုင်လုပ်တာ ကိုယ်သိမှ လူလိမ္မာဖြစ်မှာကိုးဗျ (မှန်လှပါ)၊ ကိုယ်မိုက်တာ ကိုယ်မသိရင် ကိုမြရွှေ (လူလိမ္မာ မဖြစ်ပါဘူး ဘုရား)။
ကိုယ်မိုက်တာကိုယ်မသိဘူး
ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)၊ မဖြစ်နိုင်ဘူး၊ သူတစ်ပါးမိုက်တာသာ သိတယ်၊ ကိုယ်မိုက်တာ ကိုယ်မသိဘူးဆိုလို့ရှိရင် ဒီလူဟာ သူများထက် ပိုမိုက်တယ်လို့ ဆိုရမှာပဲ (မှန်ပါ့)၊ ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ကစပြီးတော့ သော် အလွဲသုံးစားအလုပ်တော့ဖြင့် ရပ်စဲဖို့ပဲ၊ ဘာကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် ရှေးတုန်းကလည်း အလွဲသုံးစားလုပ်ခဲ့လို့ လူ့ဘဝ မရနိုင်ဘူး တိရစ္ဆာန် အပါယ်လေးဘုံပဲ လှည့်နေခဲ့ရတယ်။
ခု မရစဖူး အထူးပြီး မနည်းကြိုးစားပြီး လူ့ဘဝရောက် အောင် ကြိုးစားလာခဲ့တဲ့အထဲက၊ အလွဲသုံးစား မင်းလုပ်တာကို ရှေးကမသိလို့နေတော့၊ ဒီကရှေ့ဖြင့် ကိုယ်ပိုင်ပစ္စည်းဖြစ်တဲ့ သက်တမ်းကြီး ကိုဖြင့် အလွဲသုံးစားနဲ့ဖြင့် မဖြုန်းတော့ပါဘူးဆိုပြီး အချိန်တိုင်း သတိရပြီးသကာလ ဝိပဿနာ ကြိုးစားကြပါ (မှန်လှပါ)။ ‘ ဒါမှ အလွဲသုံးစားကိစ္စဟာ ငြိမ်းသွားမယ် (မှန်ပါ့) နို့မဟုတ်ရင် ငြိမ်းပါ့မလား (မငြိမ်းပါဘူး ဘုရား)၊ သဘောပါပလား (ပါပါတယ် ဘုရား)။
ဘယ်အချိန်ပဲဖြစ်ဖြစ် အားလပ်ခွင့်ယူပြီးသကာလ နေ လိုက်ဦးမယ်လေ၊ အမော အပန်း ဖြေတယ်၊ အား မင်းဘာ အလွဲသုံးစားလုပ်နေပါလိမ့် ကိုယ့်ကိုယ်ကို မေးပါ။
ဘယ်သူ့မေးရမှာတုံး (ကိုယ့်ကိုယ်ကိုမေးရမှာပါ ဘုရား)။ ကိုယ့်ကိုယ်ကို မေးပါ၊ သွားစရာ ကိစ္စကလေး ရှိတယ် သွားပါ၊ ဘုန်းကြီးက မသွားနဲ့မဆိုဘူး။
ဝိပဿနာလေးနဲ့သွားပါ
သွားရင်း မတ္တနဲ့ လမ်းမှာဝိပဿနာလေးနဲ့သွားပါ၊ ဟိုကျတော့ ခင်ဗျားတို့ လုပ်နေကြ လုပ်တာပေါ့ (မှန်ပါ့) မဟောထိုက်ဘူးလား (ဟောလိုက်ပါတယ် ဘုရား)။
နို့ နောက်ကျတော့လည်း ဟို ကိစ္စရှိသေးတယ် ကျုပ် တရားချည့် အားမထုတ်နိုင်ဘူး ဆိုတယ်၊ အလွယ်တရားတွေ ပါသွားတောင် ဘာဖြစ်သတုံး၊ ကုသိုလ်တော့ ဖြစ်တာပဲ၊ တရားပါသွား အဖိုးတန် တာပဲလို့ ဆိုထိုက် မဆိုထိုက်။ (ဆိုထိုက်ပါတယ် ဘုရား)။
ခုတော့ သွားဆို ချွတ်ခနဲ ထသွားတော့တာပဲ ဦးခင်မောင် အတော်ဆိုးနေတယ် (မှန်လှပါ) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ရေအိုင်ထဲကငါးပမာ
အဲတော့ကို ခင်ဗျားတို့ဟာ ဘယ်လိုလုပ်သိသတုံးဆို တော့ ဘုရားက ဟောလိုက်တယ်တဲ့၊ နွေအခါမှာ ရေအိုင်လေး တစ်ခုထဲမှာ ငါးကလေးတွေ ပျော်ပြီးသကာလ အမြီးလေးခတ်၊ အတောင်လေး ခတ်နဲ့ ပျော်ပါးနေတဲ့၊ ငါးကလေးနဲ့တူတယ်၊ နွေအခါမှာ နွေအခါမှာ (မှန်ပါ့)။
နက်ဖြန်၊ သန်ဘက်၊ နွေအခါဆိုတော့ ဒီရေက ခန်းလိမ့်မယ် (ခန်းမှာပါ ဘုရား)၊ သူက ခန်းမှာ မသိတော့ ပျော်လို့နေတယ် (မှန်ပါ့)။
ရေခန်းမှာမသိလို့ပျော်နေတာ
ဦးဘအုန်း သူက ခန်းမှာမသိတော့ (ပျော်နေပါတယ် ဘုရား) ဪ -ကျုပ်တို့က ကမ်းပေါ်က နေကြည့်လိုက်တော့ ဪ တိရစ္ဆာန်မိုက်တာ၊ နက်ဖြန် သန်ဘက် ဒီရေခန်းရင် ငါးလိပ် မကန်းတို့ စွန့်တို့၊ သားရဲတို့၊ ကျီးတို့၊ တောခွေးတို့ အိမ်ခွေးတို့ အစာဖြစ်ရှာတော့မယ်။
မသိတော့ ပျော်ရှာတယ်၊ ကိုယ်က ကမ်းပေါ်ကနေ ကြည့်တယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။
ဘုရားကလည်း ကုန်းပေါ်ကနေကြည့်တော့ ခင်ဗျားတို့ ပျော်နေတာများ နက်ဖြန် သန်ဘက် သေမှာကိုတောင် မသိလို့ ပျော်နေတာလို့ ငါးမြင်သလို မြင်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုမြင်ပါလိမ့် (ငါးမြင်သလို မြင်ပါတယ် ဘုရား) ခင်ဗျားတို့ကလည်း ငါးကြည့်ပြီးတော့ ပြောတာပဲ ဪ ငါးကလေးတွေ ဒီထဲပျော်နေလိုက်ကြတာ နွေအခါကြီး ပဲ။
နက်ဖန်၊ သန်ဘက်သရှာတော့မယ်
နက်ဖြန်၊ သန်ဘက်ဆိုလို့ရှိရင်ဖြင့် ဒီငါးကလေးတွေ ပြေးပေါက်လည်းမရှိ၊ သေရှာတော့မှာပဲ တိရစ္ဆာန်မို့ ကြည့်ပါဦး ပျော်နေလိုက်တာ ဟိုပြေးလိုက်၊ ဒီလွှားလိုက် တစ်ကောင် တစ်ကောင် လိုက်ကြ၊ ပြေးကြ။
အင်း ပျော်နေလိုက်တာဆိုတော့ ခင်ဗျားတို့လည်း ကုန်းပေါ်ကနေ ကြည့်တော့ တိရစ္ဆာန်မို့ ပျော်နိုင် ရှာတာလို့ ခင်ဗျားတို့ပဲမပြောပေဘူးလား (ပြောမှာပါ ဘုရား)။
ဘာဖြစ်လို့တုံး ရေနည်းပြီ (မှန်ပါ့) တစ်နေ့တခြား ခန်းမယ်မဟုတ်လား (ခန်းမှာပါ ဘုရား)။
နို့ အဲဒီခန်းတဲ့ ငါးကလေးတွေကိုကြည့်လိုက်တော့ ဦးဝင်းတို့က ငါးအကြောင်းတော့ အသိသားဗျ (မှန်ပါ့) ကိုယ်ခန်းနေတာတော့ (မသိပါဘူး ဘုရား)။
ခက်တယ် ခင်ဗျားတို့ ဥစ္စာက အတော်ကို ခက်နေ တယ်ဆိုတဲ့ အဓိပ္ပာယ် ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
ကိုယ်ကလုပ်နေတာ ဘယ့်နှယ်နေကြတုံး ခန်းနေ တယ် (ခန်းနေပါတယ် ဘုရား) သဘောကျပလား (မှန်ပါ့)။
ကိုယ့်အသက်နေ ခန်းတာက နေ့တွေ ညတွေကို လွန် လွန်သွားတဲ့ကိုယ်က ဒကာ ဒကာမတွေ ကိုယ်နေဖို့ သေသေ ချာချာ အသက်တန်း ခန်းတာပဲ ဆိုတာက ဘာမှပြောစရာ မလိုဘူး၊ ငြင်းစရာမလိုဘူး (မှန်ပါ့)။
လိုသေးလား (မလိုပါဘူး ဘုရား) ဒကာ ဒကာမ တွေခု တစ်နေ့တခြား ဘာဖြစ်နေတုံး၊ သေဖို့ နီးနေတယ် ဘုရား (မှန်ပါ့)။
ကံတည်းဟူသောရေတွေခန်းကုန်ပြီ
ကဲ ဖြေကြစမ်းပါ ဘယ့်နှယ် (သေဖို့နီးပါတယ် ဘုရား)။ ဘာဖြစ်လို့တုံး ဆိုလို့ရှိရင်ဖြင့် ကန်ရေတွေ ခန်းကုန်ပြီ ဘုရား။
ကိုယ့်ပေးမယ့် အသက်ရှည်မယ့် ကံတွေက ခန်းခန်း လိုက်တယ် (တင်ပါ့)၊ သဘော ကျပလား(ကျပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ နေဖို့ နည်းပါလိမ့် (ကံရေခန်းလို့ပါ ဘုရား) ကံရေဆိုတာ ဟိုရေကို ဆိုတာမဟုတ် ဘူးနော် (မှန်ပါ့)။
ခင်ဗျားတို့ အသက်ရှည်ဖို့ ကံတည်းဟူသော ရေတွေ တစ်နေ့တခြား ခန်းပါတယ် (မှန်ပါ) သဘောကျပလား (မှန်ပါ့)။
ခင်ဗျားတို့ ကံကြောင့်အသက်ရှည်နေကြတာကိုး (မှန်ပါ့) အဲဒီကံတွေက ဘယ့်နှယ်နေတုံး (ခန်းပါတယ် ဘုရား)
ဪ ခန်းတာတောင်မှ ခင်ဗျားတို့ သားနဲ့ သမီးနဲ့ ဆွေနဲ့ ပစ္စည်းနဲ့ ပြုံးတုန်းရှိသေးတယ် ဆိုတော့ အင်း .. ငါးပျော် ပျော်နေတာ (တင်ပါ့)။
ဦးဝင်း ဘယ့်နှယ်ဆိုတုံး (ငါးပျော် ပျော်နေပါတယ် ဘုရား)။ ငါးဟာ လူလား၊ တိရစ္ဆာန်လား (တိရစ္ဆာန်ပါ ဘုရား)။
တိရစ္ဆာန်ပျော် ပျော်နေတယ်
နို့ လူ ခင်ဗျားတို့ ဘာပျော်နေပါလိမ့် (တိရစ္ဆာန် ပျော် ပျော်နေပါတယ် ဘုရား)၊ တိရစ္ဆာန်ပျော် ပျော်တယ် ဆိုတော့ အားနာပေမယ့်လည်း ဟုတ်နေလို့ ပြောရတာ (မှန်ပါ့)။
ဦးစံရင် ခင်ဗျားအားနာလို့ ဟောတယ်လို့ အောက်မေ့ မနေနဲ့နော် (မှန်ပါ့)။ ရိပ်မိကြပလား (ရိပ်မိပါ တယ် ဘုရား)။
ဒီဒကာ ဒကာမတွေလည်း ဟာ ဘုန်းကြီးက ပြော ရက်လိုက်တာ အားနောင်မနာဘူး ဆိုလို့ ရှိရင်ဖြင့် မသေရင်တော့ မပြောပါဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီလို အပြောခံရပါလိမ့် (သေ မှာမို့လို့ပါ ဘုရား) ဟုတ်ကော ဟုတ်ရဲ့လား (ဟုတ်ပါ တယ် ဘုရား)။
ဒကာ ဒကာမတွေ အခုနက တိရစ္ဆာန်တွေ ကြည့်တော့ ခင်ဗျားတို့ ရိပ်မိတာလည်း အထင်အရှာ းမြင်သားပေါ့ဗျာ (မှန်ပါ့) ကိုယ်ပိုင် ဒီဥစ္စာ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပျော်ပြီး သကာလ နေတော့ ကိုယ့်ကံတွေကလည်း ခန်းပါရဲ့ သားနဲ့။
အဇ္ဈေဝ သုဝေဝ ဆိုတာလည်း ဘုရားကလည်း ဟော ပါရဲ့ သားနဲ့ ခန်းဖို့ကလည်း သေချာတယ်၊ နက်ဖြန် သန်ဘက် လည်းသေနိုင်တယ်လို့ နှစ်ချက်ဖြစ်နေတယ် (မှန်ပါ့)။
နက်ဖန်၊ သန်ဘက်လည်းသေနိုင်တယ်
ကံ၊ ရေခန်းတာကလည်း မသေချာဘူးလား (သေ ချာပါတယ် ဘုရား) နက်ဖန်၊ သန်ဘက်ပဲ ရောဂါဥပါဒ် အန္တရာယ်တွေ၊ ကပ်တွေနဲ့ မသေနိုင်ကြဘူးလား (သေနိုင်ပါတယ် ဘုရား)။
ကိုယ့်ခန္ဓာကိုယ်ထဲ ကြည့်ပြန်တော့ သေမင်းချည့် စုနေ တယ် (မှန်ပါ့)၊ ခန္ဓာက ဝေဒနာက္ခန္ဓာ (မှန်ပါ့)။
ခင်ဗျားတို့ခန္ဓာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ ဘုရား)၊ ဝေဒနာက္ခန္ဓာဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဝေဒနာ ဘယ် တော့မှ မကင်းတဲ့အတွက် ဒီဝေဒနာသတ်မှာပဲ (မှန်ပါ့)။
သူကလည်း အတွင်းမှာနေသလား၊ အပြင်မှာနေသ လား (အတွင်းမှာနေပါတယ် ဘုရား)၊ အတွင်းမှာပဲနေ တယ်ဆိုတော့ သူသတ်ယောက်ျားကြီးနဲ့လည်း နေရသေးရဲ့ ပြုံးလည်း ပြုံးသေးရဲ့ ဟ! ဘာဖြစ်တာတုံး သစ္စာမသိလို့ မဟုတ်သေးဘူး တိရစ္ဆာန်စိတ်ပေါက်နေလို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဘယ်လိုကြောင့်ပါလိမ့် (တိရစ္ဆာန်စိတ်ပေါက်နေ လို့ပါ ဘုရား)။ ဦးခင်မောင်ရေ ဒီအရွယ် ကြီးတွေ လည်း မကောင်းဘူးဗျနော် (မှန်ပါ့)။
ကောင်းရဲ့လား (မကောင်းပါဘူး)၊ မကောင်း ပါဘူး၊ သို့သော်လည်း အရွယ်ကြီးသလောက် ကျုပ်တို့မှာ သတိ ပညာဝေးလို့သာ ဒီဆုံးမချက်ခံရတာပေါ့ဗျာ (မှန်လှပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
အရွယ်ကြီးတာ မငဲ့လို့လား၊ အရွယ်ကြီးသလို မကြီးလို့ ပြောရတာလားသာ မေးကြပါတော့ (အရွယ်ကြီး သလို မကြီးလို့ပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ စကားတတ်လို့ လှည့်ပတ်ပြီး ပြောနေတယ်လို့ မယူနဲ့ (တင်ပါ့)၊ ကိုယ့်ဖြစ်စဉ်နဲ့ အကိုက် ပြောနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒေါ်ရီတို့ ဘယ်လိုမှတ်ကြမယ် (ဖြစ်စဉ်ကိုက် ပါ ဘုရား) ကိုယ့်ဖြစ်စဉ်နဲ့ ကိုယ်အကိုက် နှုတ်လာတာ ဘယ်လောက် များပြီတုံး (များပါပြီ ဘုရား)။
သေခါနီးပြုံးဆိုရင်အရူးပဲ
ခု ငါးဆယ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ၊ ငါးဆယ်တိတိနှုတ်တော့ ခုနှစ်ဆယ့်ငါးနှစ်တန်း၊ နှစ်ဆယ့်ငါးနှစ် ကျန်တော့တယ်ဘုရား ဒါတောင် ပြုံးတုန်းဆိုလို့ရှိရင်ဖြင့် အင်း သေခါနီးပြုံးပြပါလား (မှန်ပါ့)။
ဘယ့်နှယ် ဆိုကြမယ် (သေခါနီးပြုံးပါ ဘုရား) ဟ သေခါနီးပြီးဆိုရင် အရူးပဲ (မှန်ပါ့) ဘယ့်နှယ် ဆိုကြမတုံး (အရူးပါ ဘုရား)။
သေခါနီးနေတဲ့ ဥစ္စာတောင် ပြုံးတုန်းဆိုတော့ကို ခင်ဗျားတို့ မရူးရင် မပြုံးနိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကိုယ်ပြုံးမယ့်ကြံရင် ဦးခင်မောင် သတိထား လိုက်ပါဦးနော် (မှန်ပါ့) ဘယ်လို စိတ်ကူး မတုံး (သေခါနီး ပြုံးပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီပြုံးသေမှာ ကံရေက ခန်းနေတာလား (ကန်ရေက ခန်းနေတာပါ ဘုရား) ကန်ရေက ခန်းလို့ ရှိရင်ဖြင့် ခင်ဗျားတို့ လွတ်ရာ ရှာဖို့သာ ဝတ္တရား ရှိတော့တယ် (မှန်ပါ့)။
အသေလွတ်ရာရှာ
အသေလွတ်ရာ ရှာဖို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အသေလွတ်ရာ ရှာတော့ကို ခင်ဗျားတို့ ကိလေသာ ချုပ်လို့ရှိရင် အသေလွတ်မှာပဲ (တင်ပါ့)။
ဟုတ်ပလား (မှန်ပါ့) ကိလေသာ မချုပ်လို့ရှိရင် နောင်တဖန် သေဖို့ ခန္ဓာကြီးတစ်ခု ပြန်မရပေ ဘူးလား (ရပါတယ် ဘုရား)။
အဲတော့ ကိလေသာချုပ်တဲ့အလုပ်ကို လုပ်ပြီးလို့ ရှိရင်တော့ ပြုံးပါတဲ့ အသေလွတ်လို့ ပြုံးပါ (မှန်ပါ့)။
ခုတော့ သေစရာကြီးက နီးလေလေ ပြုံးလေလေ ဆိုတော့ ဦးဘတင် ဒီဥစ္စာ အတော် ရူးချက်သန်တယ် (မှန်ပါ့) ကိုမြရွှေ ဘယ့်နှယ်ဆိုကြမတုံး (ရူးချက်သန်ပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒီလောက် ဆုံးမလို့ရှိရင်ဖြင့် သော် ပြုံးဆိုတာ မသိရှာလို့ ပြုံးရှာတာပဲ၊ ကံရေခန်းနေတာကလည်း သေချာသားပဲလို့ ဉာဏ်ရောက်ကြ (မှန်ပါ့)။
ပြုံးရင်တော့တိရစ္ဆာန်
နောက် မပြုံးကြနဲ့ (တင်ပါ့)၊ ဒကာ ဒကာမတို့ သားနဲ့လည်းသွားမပြုံးနဲ့၊ သမီးနဲ့လည်း သွားမပြုံးနဲ့၊ ခင်ပွန်း သည်နဲ့လည်း သွားပြီးမဖြီးပါနဲ့ဆိုတဲ့ အဓိပ္ပါယ်ကို ကန့်ကွက်တာကော ကိုယ်က ကံရေခန်းလို့ ငါးတိရစ္ဆာန်တွေပျော်သလို တိရစ္ဆာန်ဖြစ်သွားမှာစိုးလို့ မပြုံးပါနဲ့ပြောတာ (မှန်ပါ့)။
ဦးဝင်း ဘယ့်နှယ်ကြောင့် ဒီလောက် ပိတ်ပင်ပါလိမ့် ပြီးရင်တော့ တိရစ္ဆာန်ပဲ (မှန်ပါ့)။
ဘာကြောင့်တုံးဆိုတော့ မနေ့ကနဲ့ ဒီနေ့ ကံရေ ဒီနေ့ ပိုခန်းတယ် (မှန်ပါ့)၊ မနက်ဖြန်ကျတော့ (ပိုခန်း ပါတယ် ဘုရား)။
အင်း နေသာကြီးပဲ ဒကာ ဒကာမတွေ နေပူလေ ခန်း လေပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒီဟာလည်း ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ရှိ ရင်ဖြင့် တစ်နေ့ထက်တစ်နေ့ ခန်းလာတယ် ဆိုတဲ့ဥစ္စာက ဦးခင်မောင် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီ ကန်ရေခန်းခါနီးတောင်မှ ဒီငါးနဲ့တူတဲ့ သတ္တဝါ လေးတွေက ပျောတုန်း၊ ပါးတုန်း၊ ပြုံးတုန်း၊ ရွှင်တုန်းဆိုလို့ ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ သော် ဒို့ဟာ တိရစ္ဆာန်နဲ့ မထူးပါဘူး (မှန်လှပါ)။
စွဲချက်တင်ထိုက် မတင်ထိုက် (တင်ထိုက်ပါတယ် ဘုရား)၊ တင်ထိုက်ပါတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘယ့်နှယ်တုံး ပြုံးရဲသေးရဲ့ လား (မဝံ့ရဲပါဘူး ဘုရား)။
ဦးခင်မောင် ဘယ့်နှယ်တုံးဗျ ခုကို ပြုံးနေပြန်ပြီလား ခုကို ပြုံးနေပြန်ပြီ၊ ဖြစ်စဉ်က ဆိုးလွန်းလို့ပါ (မှန်ပါ)။
ဖြစ်စဉ်က ဆိုးလွန်းလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်းတွေမို့ ဒီတရားမျိုးက ဒီလို ဖော်မပြောလို့ ရှိရင် ခင်ဗျား တို့မှာ သဿတဒိဋ္ဌိ ကပ်နေမှာစိုးလို့ (မှန်လှပါ)။
ခိုင်တယ်မြဲတယ်ဆိုတာမရှိဘူး
ခိုင်တယ်၊ မြဲတယ်ဆိုတာ ဒိဋ္ဌိကိုးဗျ (မှန်လှပါ)၊ အဲဒီ သဿတဒိဋ္ဌိကို ပယ်လိုက်တာပါပဲ (တင်ပါ့)။
တရားကို အနှစ်သာရ ထုတ်လိုက်တော့ ခိုင်တယ် မြဲတယ်ဆိုတာမရှိဘူး။
မနက်ဖြန်၊ သန်ဘက်ပဲ အနိစ္စရောက်နိုင်တယ်၊ ဒုက္ခ ရောက်နိုင်တယ်၊ အနတ္တ ရောက်နိုင်တယ် ဆိုတာကို ဒကာ ဒကာမတွေက မရဏာ နုဿတိ ကနေပြီး သကာလ အနိစ္စ ဉာဏ်ရောက်အောင် သတိပေးတာပဲ (မှန်လှပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
မသိပြုံး၊ အရူးပြုံး
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပြုံးနေတဲ့ ပုဂ္ဂိုလ်ကို တွေ့တိုင်း တွေ့တိုင်း၊ ဪ -မသိပြုံး အရူးပြီးမှ တစ်ပါးဖြင့် သူ့ဘာမှ မရှိဘူးလို့ သံဝေဂရပြီးသကာလ၊ ဒို့ဖြင့် ပြီးချိန်မဟုတ် ဘူး ကံရေတွေ ခန်းပေါ့ဆိုပြီး သကာလ၊ သေခါနီးနေတဲ့ဥစ္စာဖြင့် အသေလွတ် မရှာလို့ရှိရင်၊ ငါ့ထက်မိုက်တာ မရှိဘူးလို့ ဆိုပြီး သူတော်ကောင်းအလုပ်ကိုလုပ်ပါ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဝင်းတို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒါက ပေါ် ရုံတင်ပေါ်လို့မဖြစ်ဘူး နေရာတိုင်း၊ နေရာတိုင်း သတိထား ကြပါ (တင်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲတော့ ခင်ဗျားတို့ သတိထားတာက အရောင်း အဝယ်ပါးတယ်၊ အင်း ခွကျကုန်ပြီ၊ သတိထား ရင်တော့ တစ်မျိုး ဖြစ်နေတယ် (မှန်ပါ့)။
သဿတဒိဋ္ဌိဝင်တယ်
အရောင်းအဝယ်ကပါးတော့ နေရာမကျဘူး ချွေသုံးမှ ထင်ပါရဲ့ နေစရာက အများကြီး ကျန်သေးတယ်၊ အဲ သဿတ ဒိဋ္ဌိက ဝင်လာပြီး (မှန်ပါ့) မဝင်ကြဘူးလား (မှန်လှပါ)။ –
ချွေသုံးမှဆိုတော့ ဘာတုံး (သဿတဒိဋ္ဌိပါ ဘုရား)၊ ချွေသုံးမှဆိုတော့ သူအများကြီး နေရဦးမယ် ဆိုတဲ့ ခိုင်မြဲ တဲ့ ဒိဋ္ဌိပါတယ် (မှန်ပါ့)။
အဲ့ဒါသာ ခင်ဗျားတို့က ဒိဋ္ဌိဘက်သာ လှည့်သွားတာပဲ ဒကာ ဒကာမတို့ အင်း-အသေလွတ် ရှာမယ်ဆိုတဲ့ ဉာဏ်ပိုင်းကို လှည့်ရဲလား (မလှည့်ပါဘူး ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ဘုန်းကြီးနဲ့တွေ့လို့တော် တော် သေးတာဗျာ (မှန်ပါ့) တော်တော်သေးတာ။
ဪ်-ဒို့တွက်တာက အတွက်မှားချည့် တွက်နေတာ။ ကိုး (မှန်ပါ့) ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ကဲ အတွက်မှန်ကြပလား (မှန်ပါပြီ ဘုရား)။
ကဲ သေခါနီးလေလေ အသေလွတ်ရှာဖို့ကောင်း လေလေ၊ ဘာတဲ့ (သေခါနီးလေလေ အသေလွတ် ရှာဖို့ ကောင်းလေလေပါ ဘုရား)။
သေခါနီးက ရက်တွေ နည်းကုန်ပြီတဲ့ (မှန်ပါ့) သန်ဘက်ခါကျတော့ နေရပြန်တော့ကော ပိုမနီးဘူးလား (ပိုနီးပါတယ် ဘုရား)။
ပိုနီးရင်ဘာလုပ်ရမှာတုံး (ပိုရှာရပါတယ် ဘုရား) သန်ဘက်ခါပိုရှာ၊ ဖင့်နွှဲခါကျတော့ ဘာဖြစ်ပြန်တုံး (ပိုနီး ပါတယ် ဘုရား)။ ပိုနီးရင် ဘယ့်နှယ်တုံး (ပိုရှာရပါတယ် ဘုရား)။
ပိုရှာရမယ် အသေလွတ်ကို (မှန်ပါ့) ဒါမှလည်း မသေရာအမှန်ကိုးဗျ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ အံမာလေး တရားဟောရတယ်မရှိဘူး သတိပေးနေရတာနဲ့ကို မနည်းလှဘူး။
ဒါ တရားဟောတာ မဟုတ်သေးဘူး သတိပေးတုန်း – ရှိသေးတယ် ရိပ်မိပလား (မှန်ပါ့)။
ဒီနေ့သတိပေးတာမမေ့ကြနဲ့
ကဲ-ဒီနေ့ သတိပေးချက်ဟာဖြင့် ခင်ဗျားတို့ တစ်သက် လုံး မမေ့ကြပါနဲ့ (မှန်ပါ့)၊ ကံရေကဖြင့် ခန်းပြီ၊ တစ်နေ့ တခြား ခန်းတာပဲ၊ ငါးတွေ ပျော်သလို ပျော်မနေနဲ့တော့။
ကုန်းပေါ်ကနေ ကြည့်တော့ ကိုယ်လည်း ငါးကလေး တွေ ကိုယ်သိသားဗျ။ တိရစ္ဆာန်၊ တိရစ္ဆာန်နဲ့ ခင်ဗျားတို့ကများ ပညာရှိများ လုပ်ပြီးသကာလ တိရစ္ဆာန်များဖြစ်ရင် ကြောက်ပါ တယ်။
နက်ဖြန်၊ သန်ဘက် စွန်တို့၊ သားရဲတို့၏ အစာဖြစ်မှာ တောင် ဒါတောင်ပျော်တုံး၊ ဒါတောင် ပျော်တုံး တိရစ္ဆာန်တော့ သွားမြင်တယ်။
ကိုယ့်မှာ ဒီအတိုင်း ကံရေခန်းနေတာတော့ (မမြင်ပါဘူး ဘုရား)၊ မမြင်ဘူးဆိုကတည်းကိုက သူလည်း တိရစ္ဆာန်ပဲ ငါလည်း ဘာပါလိမ့်မတုံး မေးရုံရှိတော့တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ငါလည်း ဘာပါလိမ့် (တိရစ္ဆာန်ပါ ဘုရား)၊ အဲဒီ အချိန်မှာ ဒီ သူတော်ကောင်းအလုပ် မရှာတဲ့အချိန်မှာ တိရစ္ဆာန် စိတ်ပေါက်နေပြီသာ မှတ်ပေတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဉာဏ်ရောက်ကြပလား (ရောက်ပါတယ် ဘုရား)၊ ဘုရားဟောတော်မူလို့ ဘုန်းကြီးက ဟောရတာပါတဲ့ ခင်ဗျားတို့ အလွဲသုံးစား ခင်ဗျားတို့ တပည့်တော်တို့ ကျန်းမာ တယ်ဘုရားလို့ ဆိုမှာစိုးလို့ ကိုယ့်သက်တမ်းကြီး အင်မတန် အဖိုးတန်တာကြီးကို အလွဲသုံးစားလုပ်နေကြတာဟာ ခင်ဗျား တို့ပါပဲလို့ ပြောလိုက်တယ်။
ပြောထိုက် မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ နေပါဦး တပည့်တော်တို့က ဒီလို ဆရာကောင်း သမားကောင်းနဲ့မှ တွေ့ရင် တွေ့ပါစေဘုရား။
အဲ – မတွေ့ရင်လည်း အဲဒါရှောင်လိုက်ပါတော့၊ တွေ့တဲ့အချိန်ကစ အလွဲသုံးစား ရှောင်ပါ (မှန်ပါ့) ဟုတ်ဖူးလား (ဟုတ်ပါတယ် ဘုရား)။
မတွေ့တုန်းက မသိလို့ မရှောင်တတ်တာပါ၊ ဘယ်သူမှ အပြစ်ဆိုစရာ မလိုပါဘူး (မှန်ပါ့ ဘုရား) ခုတော့ သိပြီမို့လား (သိပါပြီ ဘုရား)။
အသေလွတ်ရာရှာဖို့အချိန်
အင်း ဘယ်အချိန်မဆို နက်ဖြန်သေခါနီးလည်း နက်ဖြန်အသေလွတ်ရှာမယ် (မှန်ပါ့)၊ သန်ဘက်ခါ အသေနီးတယ်၊ ဪ – သန်ဘက်ခါကျလို့ရှိရင် ဘာ အရေးကြီးတာက အသေလွတ် ရှာတာ ပိုအရေးကြီးရမယ်။
ဒီလိုချည့် ဉာဏ်ကတက်သွားရမယ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဉာဏ်တက် တတ်ပလား (တက်တတ်ပါပြီ ဘုရား)။
အခုတော့ ခင်ဗျားတို့ဟာက ငယ်တုန်းမိုက်ကြီးတော့ မလိမ္မာဆိုတော့ ဘယ်ဟာများ ဘာပါသေး သတုံး (မပါပါ ဘုရား)။ ပါသေးသလား (မပါ ပါဘူး ဘုရား)။
ငယ်တုန်းတော့ ဘယ့်နှယ်တုံး (မိုက်ပါတယ် ဘုရား)။ ကြီးတော့ ဘာတုံး (မလိမ္မာပါ ဘုရား)။
အဲ ဒီထက်ကြီးတော့ ဆိုးဝါးလာဦးမယ်၊ မဆိုးဝါးပေ ဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒီ သုံးချက်က ခင်ဗျားတို့က ရေလဲနဲ့သုံးနေတာ (မှန်ပါ့)၊ ငယ်တုန်း မိုက်တယ်၊ ကြီးတော့ (မလိမ္မာပါ ဘုရား)၊ ဒီထက် အိုတော့ (ဆိုးဝါးပါတယ် ဘုရား)။
ဟ – ဘာကောင်းသေးတုံးဗျ (မကောင်းပါဘူး ဘုရား)၊ ကောင်းတာကို ပါသေးရဲ့ လား (မပါ ပါ ဘူး ဘုရား)၊ အဲဒီသုံးချက်မှတ်ထားစမ်းပါ။
ငယ်ငယ်တုန်းက မိုက်တယ်၊ ပြီးတော့ မလိမ္မာဘူး၊ အိုတော့ ဆိုးဝါးတယ်ဆိုတော့ ဘယ့်နှယ်တုံး တွက်လို့ကိုရသေး ရဲ့လား (မရပါဘူး ဘုရား)။
ဦးစံရင် တွက်လို့ကို ဒီထဲ အမြတ်ပါသေးသလား (မပါ ပါဘူး ဘုရား)၊ အဲဒီထဲမှာ ဒါတောင် အင်မတန်သတိပေးတဲ့သူ ရှိလို့ ခင်ဗျားတို့ နည်းနည်းတော်သေးတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ကို တရားရှည်ရှည်နဲ့ ကျင့်မှ ကြံမှ ဆိုတော့လည်း ခင်ဗျားတို့ ကံရေက ခန်းသည် (တင်ပါ့)။
သေခါနီးဆရာက သေခါနီးတရားဟောနေတာ
ခု ဘယ်သူ့တရား ဟောနေတာတုံး သေခါနီးတရား ဟောနေတာ၊ ဘာတရားပါလိမ့် (သေခါနီး တရားပါ ဘုရား)၊ သေခါနီးတရားဗျ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဟေ ကိုမြရွှေတို့ ဘာတရားဟောနေတာတုံး (သေခါနီးတရားပါ ဘုရား)၊ အင်း ဒို့ ဒကာ ဒကာမတွေ သေခါနီးတရားဟောနေတယ်၊ ဘယ်သူကဟောတုံး အို သေခါနီးဆရာက ဟောနေတာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဘယ်သူက ဟောတာတုံး (သေခါနီး ဆရာက ဟောတာပါ ဘုရား)။ သေခါနီး ဆရာက ဘယ်သူ့ဟောနေတာ တုံး (သေခါနီး ဟောနေတာပါ ဘုရား)။
ပျာပျာသလဲလုပ်ရမယ်
သေခါနီးကို ဟောနေတယ်ဆိုတော့ ဒီကလည်း ပျော်ပျော ပဲ ပြောရမယ် (မှန်ပါ့)၊ ခင်ဗျားတို့ ကကော (ဖျာပျား သလဲ လုပ်ရမှာပါ ဘုရား)၊ ပျာပျာသလဲပဲ လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးကလည်း (ဖျာပျာသလဲပါ ဘုရား)၊ တရားရှည်ကြီးဟောနေလို့ မရဘူး (မှန်ပါ့)၊ ဖျာပျာသလဲ လိုရင်းကို ဟောရမယ် (မှန်ပါ့)။
ခင်ဗျားတို့ကလည်း အချိန်ဆွဲပြီး နာနေလို့ မဖြစ်ဘူး၊ အချိန်ဆွဲပြီးမှ လုပ်မယ်ဆိုတော့ကာ (မဖြစ်ပါဘူး ဘုရား)။
ဘယ်လိုလုပ်ရမတုံး (ဖျာပျာသလဲကို လုပ်ရမှာ ပါ ဘုရား)။ အဲ ဒီတစ်ခါတော့ မြန်မြန် ခုပ္ပာမှ ဖြစ်တော့မယ် (တင်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဒီကလည်း တိုတိုနဲ့ မိတဲ့တရားပဲ ဟောရမယ် (မှန်ပါ့)၊ ကိုသစ်ရေ (မှန်ပါ့) တိုတိုနဲ့မိတဲ့ တရားဟောမှ ရမှာကို (မှန်ပါ့)။
ဘုန်းကြီးဘာကြောင့်လောရသတုံး
ဘာကြောင့် ဒီလောက် ဘုန်းကြီး လောရသတုံးဆိုတာ ကော ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) သေခါနီးကို ဟောနေရလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာပြုလို့တုံး (သေခါနီးနေလို့ပါ ဘုရား)၊ ဟုတ် ကော ဟုတ်ရဲ့လား နက်ဖြန် ပိုနီးသလား၊ မနီးလား (နီးပါ တယ် ဘုရား)၊ သန်ဘက်ခါ (နီးပါတယ် ဘုရား)။
ဒါကြောင့် တရားက ဒိထက်မြန်တဲ့တရား ဒိထက်မြန် တဲ့တရားချည့် ဟောသွားရမယ် (မှန်ပါ့)။
မြန်မြန် အသေလွတ်တရားတွေ ဟောရမှာကိုးဗျ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဟောတဲ့ ပုဂ္ဂိုလ် ကလည်း ဒီလိုချည့်ဟောနေမှာပဲဆိုတော့ သူလည်း သေခါနီးပဲ ပြော (မှန်လှပါ)။
သေခါနီး ဟော ဟောနေရတော့ ဒကာ ဒကာမတွေ ဟ! အသေဆိုးကြီးနဲ့ ဒို့ဆရာနဲ့တော့ အင်မတန် အချိုးကျနေ တယ်လို့ အောက်မေ့မနေနဲ့ အသေချည့် တွေ့နေမှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
သေမည့်ဘက်ပြေးရင်းဟောနေတယ်
ဒီဘုန်းကြီးကလည်း သေမယ့်ဘက် ပြေးရင်း ဟောနေ တယ်၊ ဒကာ ဒကာမတွေကကော (သေမယ့် ဘက်ပြေး ရင်း နာနေပါတယ် ဘုရား)။
ဪ ဒါဖြင့် အသုဘဆီသွားရင်း ခင်ဗျားတို့ သည်ကားလို့ဆိုရင် သုသာန်သွားရင်း တရားနာ တရားဟော နေကြတာ (မှန်ပါ့)။
သုသာန်သွားတဲ့အခါ တစ်ယောက်က တရားဟော တစ်ယောက်က နာသွားသလိုပေါ့ဗျာ (မှန်ပါ့)၊ ဒီအတိုင်း ဖြစ်နေတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။
သုသာန်သွားရင်းနာနေတာ
ဘုန်းကြီးကလည်း ဘယ်သွားရင်း ဟောနေတုံး (သုသာန်သွားရင်းဟောနေပါတယ် ဘုရား) ခင်ဗျားတို့က ဘယ် သွားရင်း နာကြတုံး (သုသာန်သွားရင်းနာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အံမာလေး တော်တော် နေရလိမ့်ဦးမယ်လို့ အောက်မေ့မနေကြနဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးက ဘယ်သွားရင်း ဟောပါလိမ့် (သုသာန်သွားရင်းဟောပါတယ် ဘုရား)၊ ခင်ဗျားတို့က (သုသာန် သွားရင်းနာပါတယ် ဘုရား)။
ဪ ဒါ၊ လမ်းကြုံလို့ တစ်ယောက် တစ်ယောက် ကျေးဇူးရွက်ဆောင်ကြတာပဲတူတယ်၊ လမ်းက တော့ တစ်လမ်း ထဲပါလား (မှန်ပါ့) တစ်ဘူတာပဲဆိုက်မယ် (မှန်ပါ့)။
သုသာန်တစ်ဘူတာထဲပဲ ဆိုက်မယ် (မှန်ပါ့)၊ ဘုန်းကြီးကလည်း ဟောရင်း အဲဒီဆိုက်ရမှာပဲ (မှန်ပါ့) ဒကာ ဒကာမတွေနာရင်း (အဲဒီ ဆိုက်ရမှာပါ ဘုရား)။
အဲဒီဆိုက်ရမှာပဲ ဆိုတော့ ခင်ဗျားတို့သည် ဘုန်းကြီးတို့ သည် မလွတ်လပ်သေးတဲ့ပုဂ္ဂိုလ်၊ သေမင်း မတ္တ လိုက်နေတဲ့ ပုဂ္ဂိုလ်၊ ကံရေခန်းနေတဲ့ပုဂ္ဂိုလ်တွေ။
အင်း သူဟောတာပဲ လိုက်နာမှပဲ ဟောတဲ့ ပုဂ္ဂိုလ် လည်း ဟောရင်း ကျင့်၊ လိုက်နာတဲ့ ပုဂ္ဂိုလ် ကလည်း လိုက်နာ ရင်း ကျင့် ဒီလိုယူမှရမယ် (မှန်ပါ့)။
ဟောတဲ့ ပုဂ္ဂိုလ်ကကော (ဟောရင်းကျင့်ပါ ဘုရား)၊ ဟောရင်းကျင့် သဘောကျပလား (ကျပါတယ် ဘုရား)၊ လိုက်နာတဲ့ပုဂ္ဂိုလ်ကကော (လိုက်နာရင်းကျင့်ပါ ဘုရား)။
တရားနာရုံနဲ့မပြီးဘူး
အဲ တရားနာရုံနဲ့ မပြီးဘူး (မှန်ပါ့) တရားနာ လည်းနာ ကျင့်လည်းကျင့် (မှန်ပါ့)၊ ဟောတဲ့ပုဂ္ဂိုလ် ကလည်း ဟောလည်းဟော ကျင့်လည်းကျင့် (မှန်ပါ့) ဒီလိုမှရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီနည်းကို အသေအချာ မှတ်ထားစမ်းပါ (မှန်ပါ့) ဟောတတ်တဲ့ဆရာ ဘယ်လိုလုပ် ဟောရမယ် (ဟော ရင်း ကျင့်ရမှာပါ ဘုရား)၊ ဟောရင်းကျင့်ရမယ်။
တရားနာတဲ့ ပုဂ္ဂိုလ်ကကော (တရားနာရင်း ကျင့် ရမှာပါ ဘုရား)၊ အဲ ဒါ ကိုယ့်ဖို့၊ သူ့ဖိုဟာဖြင့် ဒါ ဦးခင်မောင် အသေအချာ မှတ်ဖို့ပဲ (မှန်ပါ့)။
တရားနာရင်းကျင့်ရမယ်
ဦးဝင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဟောတဲ့ပုဂ္ဂိုလ်က (ဟောရင်းကျင့်ရမှာပါ ဘုရား)၊ နာတဲ့ ပုဂ္ဂိုလ်က နာရင်း ကျင့်ရမှာပါဘုရား။
ဟ သူတို့တရားပွဲက ပျာလှချည့်လားလို့ ခင်ဗျားတို့ က ဆိုလိမ့်မယ်၊ သူတို့တရားပွဲက သိပ်ပျာတဲ့ တရားပဲလို့ ဆိုလိမ့်မယ် သူမသိလို့ ပြောရှာတာ။
မသိလို့ ပြောတော့ ကျုပ်တို့ ခင်ဗျားတို့ အသေအချာ တရားက အကွက်ကျအောင် နာကြည့်တဲ့ အခါကျတော့ မပျာ ရမယ့်လူက တစ်ယောက်မှ မပါဘူး (မှန်လှပါ)။
ဘာပြုလို့တုံး (သေခါနီးလို့ပါ ဘုရား)၊ အင်း ဆေးချက်လက်လွှတ်ဖို့ကတော့ နီးနီးကျန် တော့တယ် (မှန်ပါ့) ဆေးဆရာဝန် လက်လွှတ်ဖို့ နည်းနည်း ကျန်တော့တယ်။
နာတဲ့ ပုဂ္ဂိုလ်ကလည်း နည်းနည်းကျန်တော့တယ်၊ ဆရာဝန်လက်လွှတ်ဖို့ရာ၊ ဟောတတ်တဲ့ ပုဂ္ဂိုလ်ကကော (နည်းနည်း ကျန်ပါတော့တယ် ဘုရား)။
သေခါနီးတရားပွဲ
အဲတော့ နည်းနည်းကျန်တော့ သေခါနီးတရားပွဲဖြစ် နေကြတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဘာတရားပွဲပါလိမ့် (သေခါနီး တရားပွဲပါ ဘုရား)
ဪ သေခါနီးတရားပွဲဖြစ်တယ်တဲ့ ဟောတဲ့ပုဂ္ဂိုလ်ကလည်း ခပ်သုတ်သုတ်ကျင့်လည်းကျင့်၊ ဟောလည်းဟော၊ နာတဲ့ ပုဂ္ဂိုလ် ကလည်း ခပ်သုတ်သုတ်နာ၊ ခပ်သုတ်သုတ်ကျင့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီထဲကတောင်မှ တော်တော်ကြာ ဒီနေ့ အားသားပဲ။ နောက်နေ့ ဘယ်သူမပါဘူးလို့ရှိနေတယ် (မှန်ပါ့) မရှိဘူး လား ကဲ (ရှိပါတယ် ဘုရား)။
ရှိနေတော့ ဘုန်းကြီးမိုးကုတ်မှာတရားဟောတယ်၊ ဒီနေ့ည ခုနှစ်နာရီမှာ ဟောတယ်၊ ရှစ်နာရီမှာ သိမ်းတယ်၊ မနက် လေးနာရီသေတယ်၊ ညတရားနာလာသေးတယ် (မှန်ပါ့) ကားနဲ့ ဘာနဲ့ မနက်လေးနာရီကျတော့ မရှိဘူးတဲ့ ကဲ ဒီလိုဟာတွေကော မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား)။
လေနာနဲ့သေနိုင်တယ်
ဘာပြုလို့တုံး ဝမ်းထဲမှာ လေမရှိဘူးလား (ရှိပါ တယ် ဘုရား) လေရှိ လေနာနဲ့ သေမှာပဲ (မှန်ပါ့)။ မဟုတ် ဘူးလား (ဟုတ်ပါတယ် ဘုရား) လေရှိရင် ဘာတုံး (လေနဲ့သေမှာပါ ဘုရား)။
နို့ လေမရှိရင်တော့ဖြင့် လေနာမရှိပေဘူးပေါ့ဗျာ (မှန်ပါ့) လေရှိရင်တော့ (လေနာရှိပါတယ် ဘုရား)။
လေနာရှိရမယ်၊ ဆူးရှိနေလို့ရှိရင် (ဆူနဲ့သေမှာ ပါ ဘုရား)၊ အင်း ဆူးနာနဲ့သေမှာပဲ၊ အဲဒါ ထောက်လိုက် ရင် သေမင်းတွေက ရှိနေတာ ဖျာပျာသလဲ မလုပ်ရင် ဒီတရားလည်း မကိုက်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။
ဝမ်းထဲမှာသေမင်းရှိတယ်
ဝမ်းထဲ ဘာတွေရှိနေတုံး (သေမင်းတွေရှိနေပါ တယ် ဘုရား)၊ ဝမ်းထဲမှာ သေမင်းတွေက ရှိတယ် ဝမ်းထဲ မီးရှိတယ်တဲ့ တေဇောဓါတ် အစာကိုချက်တဲ့မီး (မှန်ပါ့)။
အဲ့ဒီ မီးသေသွားရင်လည်း ဒီနေ့ည သေတာ (မှန်ပါ့)၊ ဒီနေ့ညသေတာ (မှန်ပါ့) အချိန်ရွေးသေး သလား (မရွေးပါဘူး ဘုရား)။
မီး ဓါတ်တွေ လောင်လို့ရှိရင်လည်း သူလောင်ချင်တာ အကုန် လောင်ပစ်တာပဲ သေပြန်တာပဲ (တင်ပါ့) သဘောကျပလား (မှန်ပါ့)။
အဲဒီမီးကိုဖြင့် နေစမ်းပါလို့ ဘယ်သူတားနိုင်တုံး (မတားနိုင်ပါဘူး ဘုရား)။
လူတွေစမ်းကြည့်ပါလား သေတဲ့ပုဂ္ဂိုလ်ကျတော့ မီးသေသွားတော့ အေးသွားတာ မီးတောက် နေတာ (မှန်ပါ့)၊ နောက်ကျတော့ သိပ်ပူလာတဲ့ ပုဂ္ဂိုလ် သေဦးမှာပဲ (မှန်ပါ့)။
အဲ့ဒီမီးက ဝမ်းထဲ ရှိ မရှိ (ရှိပါတယ် ဘုရား)၊ အဲတော့ မီးက လိုက်နေတာကို ဘယ်သူ တောင်းပန် နိုင်တုံး ( မတောင်ပန်းနိုင်ပါဘူး ဘုရား)။
ပျာပျာသလဲအလုပ်လုပ်
အဲ ဒါဖြင့် သေမင်းဝမ်းထဲရှိလို့ ဖျာပျာသလဲလုပ် (တင်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။
အံမာလေး ခင်ဗျားတို့ ဖြုတဲ့အထဲမှာ သေမင်းပြနေ တာကိုလည်း မပေါ်နိုင်လို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ခုတော့ဖြင့် သေချာသဘောပါပလား (ပါပါ တယ် ဘုရား)၊ ကဲပျောသင့် မပျောသင့် (ပျားသင့်ပါတယ် ဘုရား) ရှင်းပြီးနော်။
ဪ ဒီလောက်တောင် အတွင်းကော အပြင် ကော ဟောထားတာ ကံ, ရေက အပြင်ဘက်က ခန်း၊ အတွင်း က လူသတ်ယောက်ျားက ရှိတယ်။
အတိတ်ကံကခန်းသွားပြီ
ကံ၊ ရေကလည်း အတိတ်ကံကလည်း ခန်းသွားပြီ တစ်နေ့တခြား မခန်းဘူးလား (ခန်းပါတယ် ဘုရား)။
ဪ ကံ၊ ရေခန်းတော့လည်း ဒီကိုယ်တွေ့ပဲ ဒီကံတွေ ကုန်သေမှာပဲ (တင့်ပါ့)၊ အင်း ကံကုန်အောင် မစောင့်ဘူး တဲ့ အတွင်းမီးတွေက နေပြီးသကာလ တေဇောဓါတ်သော် လည်းကောင်း၊ ဝါယောဓါတ် သော်လည်းကောင်း ဟုတ်လား ဗျာ (တင်ပါ့)။
သူတို့ ကလည်း သေမင်းတွေမဟုတ်လား (သေမင်းတွေပါ ဘုရား)၊ သံယုတ်ပါဠိတော်မှာ ဘုန်းကြီး ခဏ ခဏဟောတယ် သေမင်းတွေလို့ ဒါတွေ မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲတော့ သေမင်းကလည်း အတွင်းကလည်းရှိ၊ အပြင် ဘက်ကကော (ရှိပါတယ် ဘုရား)၊ ဒီထဲကမှ ဓါး ဂုတ်ပေါ် ဝဲပြီးသကာလ နေတဲ့အထဲကမှ ပြုံးနေသေးလို့ရှိရင်တော့ဖြင့် သာမည အရူး မဟုတ်ဘူး (မှန်ပါ့)။ အ ဘယ့်နှယ်ဆိုကြမတုံး (သာမည အရူးမဟုတ်ပါ ဘူး ဘုရား)။ သာမညအရူး မဟုတ်ဘူး ဟုတ်လား (မှန်ပါ) “မီးနဲ့ရွှေစင်၊ မစင်နဲ့ စန္ဒကူးတဲ့ မထူးအောင် ရူးတဲ့အရူး” လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
မီးနဲ့ ရွှေလည်း မကွဲဘူးတဲ့ (မှန်ပါ့) မစင်နဲ့ စန္ဒကူး လည်း သူ မထူးဘူးတဲ့ (တင်ပါ့)။
စန္ဒကူးဆိုတာ မွှေးတယ်၊ မစင်ဆိုတာ နံတယ် အဲဒါ တောင် သူမထူးဘူးဆိုတော့ ဒီအရူး အရူးသေးလား၊ အရူးကြီး လား (အရူးကြီးပါ ဘုရား)။
အရူးပျောက်အောင်ဆေးကုနေတယ်
ကျုပ်တို့ ဘယ်ထဲရောက်နေတုံး (အရူးကြီးထဲ ရောက်နေပါတယ် ဘုရား) ဟာ ဒါဖြင့် မြန်မြန်လုပ်ပါဗျ၊ ခု အရူးပျောက်အောင် ဆေးကုနေတယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ထက် ယနေ့တရားကို တိုတို တုတ်တုတ်ဟောရလိမ့်မယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ မနေ့ကထက် ဘာတုံး (တိုတို တုတ်တုတ် ဟောရမှာပါ ဘုရား)၊ ဘာဖြစ်လို့တုံး ဘုန်းကြီးက လည်း နှမြောလို့လားလို့ မေးရင်မြန်းရင် (သုသာန်သွား နေလို့ပါ ဘုရား)။
ဒီကလည်း သုသာန်သွားရင်း ဟောနေတာ။ (တင်ပါ့) ခင်ဗျားတို့ကကော (သုသာန်သွားရင်း နာနေတာပါ ဘုရား)။
ဒါဖြင့် သေခါနီး ဆရာဟောတာကို သေခါနီး ဒကာ ဒကာမတွေ မြန်မြန်လုပ်မှပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါက ဉာဏ်ပေါက်မှ ဒီအသံထွက်နိုင်တယ် (မှန်ပါ့)၊ ဉာဏ်မပေါက်ရင် ခင်ဗျားတို့ပဲ မြို့ သုံးသုံး နေရင်တော့ မပေါက်ပါဘူး (မှန်ပါ့)။
မြို့ သုံး သုံးလို့ရှိရင် အံမယ် နာလိုက်တာ အတော်နေရ ဦးမှာ ကြည့်ရတာဖြင့် မြို့သုံးက မြှောက်ပေး နေတာပဲ ရိပ်မိပါလား (ရိပ်မိပါတယ် ဘုရား)။
အံမယ် ဝ, လိုက်တာ အသားအရေတွေ မနှစ်က အရွယ်တုန်းကထက် ခုကြည့်ကောင်းနေ ရှုပ်ကုန်ပြီ တစ်ခါ တည်း တစ်ခါတည်း မြို့သုံးတွေက အတော်မရှုပ်ဘူးလား (ရှုပ် ပါတယ် ဘုရား)။
အဲတော့ ဘာတုံးလို့ မေးတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ကို နဂိုက ကိုယ်က မိုက်ရတဲ့အထဲ ပိုပြီးမြှောက်တယ်။
နဂိုက ရူးချင်ရတဲ့အထဲ ပိုပြီး မြှောက်တော့ တစ်ခါ တည်း က, တော့တာပဲ ဒီလိုကျ မနေဘူးလား (ကျနေပါ တယ် ဘုရား)။
ကဲ ခုတော့ဖြင့် ဒီလို က,စရာလားတဲ့၊ ကြောက်စရာ လားတဲ့ (ကြောက်စရာပါ ဘုရား)။
ဘာကြောင့်တုံးဆိုလို့ရှိရင် ကိုယ့်မှာ အသေလွတ် ကလေးကလည်း မရဘူး၊ အသေကလည်းနီး (မှန်လှပါ)၊ ဒီလို ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။
နိဗ္ဗာန်ကိုကိုယ်တိုင်မမြင်ရသေး
အသေလွတ်ကလည်း ကိုယ်တိုင်က နိဗ္ဗာန်က မမြင်ရ သေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အင်း အသေလွတ်တဲ့ တရားအလုပ်ကလည်း မရသေး တော့ နိဗ္ဗာန် မမြင်ရသေး၊ သေမှာ ကလည်း ကံရေတွေကခန်း (တင်ပါ့) အတွင်းက လူသတ်ယောက်ျားကလည်းရှိ (တင်ပါ့)။
ခက်ပြီ ခက်ပြီ မြန်မြန်ရှာမှဆိုတဲ့ဥစ္စာ ဒါမှအခက်ဆုံး မှတ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ရှာချင်တဲ့စိတ်ကော များလာပလား (များလာပါပြီ ဘုရား)။
ဒါ ဒီနေ့ သံဝေဂမှာ သဘောအပါဆုံးပြောတာပဲ (မှန်ပါ့) ဘုရားဟောတော်မူတာ။
ရေခန်းနေတဲ့ ကန်ကလေးတွေပဲကွ နေ့တွေ ညတွေ နှုတ်သွားလိုက်တာ တစ်ခါတည်း အကောင်းတွေ ကုန်ပါပေါ့တဲ့ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တရား သုတ်သုတ်ဟောရ မှာပဲလား၊ ဖြေးဖြေးပဲလား (သုတ်သုတ် ဟောရမှာပါ ဘုရား)၊ ခင်ဗျားတို့ကကော (သုတ်သုတ် နာရမှာပါ ဘုရား)။
တရားကိုသုတ်သုတ်ကျင့်
နို့ နာရုံတင် မပြီးသေးဘူးလေ သုတ်သုတ်နာ၊ သုတ်သုတ်ကျင့် (မှန်ပါ့) ဟုတ်ဘူးလား ဒီကလည်း သုတ်သုတ်ဟော သုတ်သုတ်ကျင့်ပဲ (တင်ပါ့)။
ဒကာ ဒကာမတို့ ဘယ်သူ့ ဘယ်သူ တားနိုင်တုံး (မတားနိုင်ပါဘူး ဘုရား) အဲ့တော့ကိုး ဒိပြင် တရားပွဲနဲ့ ခင်ဗျားတို့ သွားစာမနေနဲ့ (တင်ပါ့) ခု ကိုယ်တိုင်သိကြပြီ (မှန်ပါ့)။
ဒိပြင် တရားပွဲတော့ဟေ့ ငါဘယ်တော့ တရား နာလာ လိမ့်ဦးမယ်၊ မင်းတို့ လာခဲ့ကြဦးဆိုတော့ ရက်ကအတော် ဝေးသွားတယ် (မှန်ပါ့) ဟုတ်လား ဒီပရိသတ်က လာနိုင် မလာနိုင် သေချာရဲ့လား (မသေချာပါဘူး ဘုရား)။
အင်း ငါဘယ်နေ့ကျတော့ မင်းတို့ကျေးဇူးလာဆပ်ဦး မယ်လို့ ဆရာဘုန်းကြီးကလည်း ပြောပြန်တယ် မယုံနဲ့ ဒါ အရူး ပြောပြောတာ ဟုတ်ဖူးလား (တင်ပါ့)။
မှန်ရဲ့လား ဒီစကား (မမှန်ပါဘူး ဘုရား) မမှန်ဘူး တဲ့ ဒီတရားနာပြီး ခင်ဗျားတို့လည်း နောက်ကျေးဇူး များအောင် ကျေးဇူးရှိအောင် တပည့်တော်တို့လည်း ကြိုးစားပြီး ကျင့်တယ် နားဦးမယ် ဘုရား အဲ အရူးပြော ပြောပြန်ပြီ (မှန်ပါ့)။
အတွင်းသေမင်းမမြင်နိုင်
ဟုတ်ဖူးလား (မှန်ပါ့) အတွင်းသေမင်းကို မြင် သေးရဲ့လား (မမြင်ပါဘူး ဘုရား)၊ အေး ဒါတွေ လျှော့ လိုက်ပါတော့ကွ ဒါ လူမိုက်စကားချည့်မှတ်ပေတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးက ပြောလည်း လူမိုက်စကား (မှန်ပါ့) ဒကာ ဒကာမတွေက မျှော်လင့်ချက်နဲ့ ပြောရင်းကော (လူမိုက် စကားပါ ဘုရား)။
ဘာကြောင့်တုံးဆိုတော့ သုသာန်သွားရင်းကိုက ဘာ စိတ်ချလက်ချ ပြောနေတာတုံး သွားတာက ဘယ်သွား နေတာတုံး (သုသာန်သွားနေတာပါ ဘုရား)၊ ပြောတဲ့အသံက (စိတ်ချလက်ချ) စိတ်ချလက်ချ။
သွားနေတာက (သုသာန်ပါ ဘုရား) ပြောတဲ့ အသံက (စိတ်ချလက်ချပါ ဘုရား) ဟာ ဒါဟုတ်မှ မဟုတ်တဲ့ ဥစ္စာကြီးပဲ ဦးဘတင် ချင့်နားထောင်မှပေါ့ (မှန်လှပါ)။
ကဲ ကိုမြရွှေ (ချင့်နားထောင်ရမှာပါ ဘုရား)၊ ချင့်နား ထောင်ရမယ်ဆိုတော့ သော် မင်းတို့နဲ့ကွာ ဘာဖြစ်ဖြစ် ရေစက် မကုန်သေးပါဘူး၊ တွေ့ကြဦးမှာပါပဲဆိုရင် ဪ ဒါချင့်ဟော တာချည့် ပြောနေတာ (မှန်လှပါ) ရိပ်မိပလား (ရိပ် မိပါတယ် ဘုရား)။
ကဲ ခုတော့ဖြင့် သေချာကြပလား (သေချာပါပြီ ဘုရား)၊ ကိုယ်ကလည်း သုသာန်သွားရင်း ရပ်ပြီးနာရတာလား၊ သွားရင်းနာရတာလား (သွားရင်းနာရတာပါ ဘုရား)။
ဪ ဒါဖြင့် မရောက်ခင်ပဲ နာနိုင်တယ် (တင်ပါ့)၊ ဟောတဲ့ဘုန်းကြီးကလည်း ရပ်ပြီး ဟောနေ တာလား၊ သွားရင်းဟောနေတာလား (သွားရင်း ဟောနေတာပါ ဘုရား)။
အင်း ဒါဖြင့် မရောက်ခင်ပဲ ဟောနိုင်တာပဲ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီမူကို မဖျောက်နဲ့
အဲတော့ ဒီ ဒကာ ဒကာမတွေမှာ ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေဟာ ဒီမူကို မဖျောက်နဲ့ (မှန်ပါ့) ဒီမူဖျောက် ရင် ဒိဋ္ဌိဝင်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီမူဖျောက်ရင် (ဒိဋ္ဌိဝင်မှာပါ ဘုရား) ခိုင်တယ် မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိဝင်လာမယ် (မှန်လှပါ) မဝင်ပေဘူးလား (ဝင်ပါတယ် ဘုရား)။
ဒါ သာမည သဘောလို့ ကိုမြရွှေတို့ ကိုသစ်တို့ မမှတ် နဲ့နော် (မှန်ပါ့) အင်မတန်အရေးကြီးလို့ (မှန်လှပါ) သဿတဒိဋ္ဌိ ဝင်ပြောနေတာ (တင်ပါ့)။
ဒါကြောင့် ဘယ်လောက်နေရပါလိမ့်ဦးမယ်၊ ဘယ် တော့ ဘာပါဆိုတာ လွဲပါလိမ့်ဦးမယ်ဆိုတာ မလုပ်နဲ့ တာ (တင်ပါ့) မတားဘူးလား (တားပါတယ် ဘုရား)။
အဲတော့ ဒါ ဘယ်ဒိဋ္ဌိ ဝင်လာတုံး (သဿတဒိဋ္ဌိဝင် လာပါတယ် ဘုရား) သော် သဿတဒိဋ္ဌိကို ဖယ်ရှားနေတာ (မှန်ပါ့)။ ခုဟောတဲ့တရား ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
သဿတဒိဋ္ဌိဖယ်ရှားနေတာ
ဘာ ဖယ်ရှားနေတာတုံး (သဿတဒိဋ္ဌိဖယ်ရှား နေတာပါ ဘုရား)၊ အဲ သဿတဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဘယ်နည်းနဲ့မှ သူသည် မဂ်ဖိုလ်မဆိုက်ဘူး (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိက မဂ်ကန့်ကွက်တာကိုး (မှန်လှပါ) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သုတ်သုတ်ပဲ ပြောကြပါစို့ ဆိုတော့ ဘုရားက
‘‘ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊’’
ဘိက္ခဝေ =ငါ၏ချစ်သား တပည့်များတို့၊ ဇာနတော= သိသော၊ ပဿတော= ရှုသော ပုဂ္ဂိုလ်ဟာ၊ အာသဝါနံ= အာသဝေါတရားတို့၊ ခယံ =ကုန်၏ ဟူ၍ (ဝါ) နိဗ္ဗာန်ရောက် ၏ ဟူ၍၊ အဟံ =ငါဘုရားသည်၊ ဝဒါမိ =ဟော၏။
သိတဲ့ပုဂ္ဂိုလ်၊ ရှုတဲ့ပုဂ္ဂိုလ်မှ နိဗ္ဗာန်ရတယ်
သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ်ဟာ အာသဝေါကုန်တယ်လို့ ငါဟောတယ်ကွ (တင်ပါ့) ဘယ်လိုတဲ့ ဒကာ ဒကာမတို့ (သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ် အာသဝေါ ကုန်ပါတယ် ဘုရား)။
ဪ – သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ် အာသဝေါကုန်တယ် တဲ့ ဒကာ ဒကာမတို့ နော အပဿတော၊ နော အဇာနတော တဲ့။
အင်း မသိတဲ့ပုဂ္ဂိုလ် မရှုတဲ့ပုဂ္ဂိုလ်ဖြင့် အာသဝေါတရား မကုန်ဘူးဟေ့၊ သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ်ဖြင့် ဘာတဲ့ (အာသဝေါကုန်ပါတယ် ဘုရား)။
ဪ ဒါဖြင့် အာသဝေါကုန်ဆိုတာ ခင်ဗျားတို့ က ရိုးရိုးလေး မမှတ်လိုက်ပါနဲ့တဲ့ အာသဝေါ ကုန်တယ် ဆိုတာ နိဗ္ဗာန်ကိုယ်ပိုင်ရတယ်ပြောတာ။
အာသဝေါကုန်တယ်ဆိုတာဘာပါလိမ့်
အာသဝေါကုန်ဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ကိုယ် ပိုင်ရတာပါ ဘုရား)၊ အဲ နိဗ္ဗာန်ကိုယ်ပိုင် ရတယ်လို့ ဟောတာပါ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အာသဝေါကုန်ဆိုတာ ဘာတုံး (နိဗ္ဗာန်ကိုယ်ပိုင် ရတာပြောတာပါ ဘုရား)၊ အဲတော့ ခင်ဗျား တို့က နိဗ္ဗာန်သံ မပါလို့ရှိရင်ဖြင့် အာသဝေါတော့ ကုန်တယ်လို့ ထင်ချင် ထင်နေ ဦးမှာ အာသဝေါ ကုန်တာဟာ နိဗ္ဗာန်ရတယ်လို့ ပြောတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။
အာသဝေါကုန်တာ ဘာပါလိမ့် (နိဗ္ဗာန်ရတာပါ ဘုရား)၊ အဲ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ဆိုတာ မအို မသေ အမြဲနေရတာ ဖြစ်တာကို ဆိုတာပါ။
မအို မသေ အမြဲနေတဲ့သဘော ရောက်သွားတာဟာ နိဗ္ဗာန်ရတယ်လို့ ဆိုတာပါ၊ ဒါဖြင့် အာသဝေါကုန်တာနဲ့ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ရတာနဲ့ဟာ တစ်ထပ်တည်းလို့မှတ် (မှန်ပါ့)။
အာသဝေါကုန်ရင် မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အာသဝေါကုန်ရင် (မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ပါ ဘုရား)၊ ရှင်းပြီနော် ဒကာ ဒကာမတို့။
ဆုတောင်းတဲ့ ပုဂ္ဂိုလ်မပါဘူး
ဒါဖြင့် သိတဲ့ ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ်မှ (တင်ပါ့) ဆုတောင်းတဲ့ ပုဂ္ဂိုလ် မပါဘူး (တင်ပါ့) ပါသေးသလား (မပါပါဘူး ဘုရား)။
သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ်မှ ဘာတဲ့ဗျာ (နိဗ္ဗာန် ရောက်ပါတယ် ဘုရား) အဲ အာသဝေါ ကုန်တဲ့ နိဗ္ဗာန်ရတယ်။ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။
နော အဇာနတော၊ နော အပဿတော မသိတဲ့ပုဂ္ဂိုလ် မရှုတဲ့ပုဂ္ဂိုလ်ဟာ အာသဝါနံ ခယံ နဝဒါမိ တဲ့ အာသဝေါ ကုန်တယ်လို့ ငါဘုရား ဘယ်တော့မှ မဟောဖူးဘူးကွတဲ့။
မရှုတဲ့ပုဂ္ဂိုလ် နိဗ္ဗာန်မရောက်
သိလည်း မသိဘူး၊ ရှုလည်း မရှုတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် အာသဝေါ ကုန်တယ်လို့ ငါဘယ်တော့မှ မဟောဖူးဘူးတဲ့၊ ငါက မဟောတာ မဟုတ်ဘူးတဲ့ ဘုရားတွေလည်း မဟော ဘူးတဲ့ သဘောကျပလား (ကျပါတယ် ဘုရား)။
နောက်ပွင့်လတ္တံ့ဘုရားတွေကော (မဟောပါဘူး ဘုရား) မဟောဘူးတဲ့ ဒို့ဘုရားဆိုတာ တစ်ထပ်ထဲတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။
ဒါဖြင့် သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ်မှ ဘာတုံး (အာသဝေါ ကုန်တဲ့နိဗ္ဗာန်ရပါတယ် ဘုရား) အာသဝေါ ကုန်တဲ့ နိဗ္ဗာန်ရတယ် (မှန်ပါ့)။
မသိတဲ့ပုဂ္ဂိုလ် မရှုတဲ့ပုဂ္ဂိုလ် (အာသဝေါကုန်တဲ့ နိဗ္ဗာန် မရပါဘူး ဘုရား)။
သိအောင်ဟောဖို့က ဆရာဘုန်းကြီးအလုပ်
အဲ ဒါဖြင့် သိအောင်လည်း ဆရာဘုန်းကြီးက ပြောမယ် ရှုဖို့ရာ ခင်ဗျားတို့ အလုပ် (မှန်ပါ့) သိအောင်က (ဆရာ ဘုန်းကြီး အလုပ်ပါ ဘုရား) ဆရာဘုန်းကြီးတာဝန်၊ ရှုတဲ့ အလုပ်က (တပည့်တော်တို့ တာဝန်ပါ ဘုရား)။
ဒကာ ဒကာမတွေ၏ အလုပ်ဆိုတော့ ဘုရားက နဂိုက တည်းက ဟောထားတာဗျ၊ အင်း သိအောင်လုပ်ဖို့ ဆရာ့ တာဝန်၊ ရှူဖို့ရာက ဒကာဒကာမတွေ၏ တာဝန်ဆိုတော့ နိဂိုကတည်းက ပါတယ်။ မပါဘူးလား (ပါပါတယ် ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘုရားသည် ဘုရားဖြစ်လာတာ ဟောဖို့ ရာ ငါဘုရား အလုပ်ကွ၊ ဟောတဲ့အတိုင်း လိုက်နာဖို့ရာက မင်းတို့အလုပ်ကွ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။
လိုက်နာကျင့်ကြံဖို့က ကိုယ့်အလုပ်
ဟောတဲ့အလုပ်က (ဘုရားအလုပ်ပါ ဘုရား) အဲ ဟောတဲ့အတိုင်း လိုက်နာဖို့ ကျင့်ကြံဖို့ အလုပ်က (တပည့် တော်တို့ အလုပ်ပါ ဘုရား)။ အဲတော့ ကိုယ့်တာဝန် သူ့တာဝန် ဟောထားတာဗျ (တင်ပါ့) အရေးရှိ ဘုရားကယ်တော်မူပါဦး ငါမကယ်နိုင် ဘူးတဲ့ မင်းလုပ်တဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဘုရားကယ်တော်မူပါ
ခင်ဗျားတို့ အရေးကြုံလာပြီဆိုမှဖြင့် အရင်ဗုံးတွေ ကျတုန်းကလို အိမ်နားဆူဆူ ဆူဆူ ဖြစ်လို့ရှိရင် ဘုရား ကယ်တော်မူပါ။ အင်း တရားကယ်တော်မူပါ သံဃာ ကယ်တော်မူပါ ဆိုတော့။
ဟ! ငါက ပြောဖို့အလုပ်၊ ကျင့်ကြံဖို့အလုပ်က၊ ငါက ပြောတဲ့အလုပ် မင်းတို့ဟာမင်းတို့ ကျင့်ကြံမှ ငါက ကယ်တင် တာတော့ မဟုတ်ဘူးတဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ကယ်နိုင် ရဲ့ လား (မကယ်နိုင်ပါဘူး ဘုရား) ကယ်နိုင်ရင် ရာဟုလာထမ်းပြီး ဘုရားသည် ကားလို့ ဆိုရင် နိဗ္ဗာန်ပို့မှာပေါ့ဗျ ပို့နိုင်ရဲ့လား (မပို့နိုင်ပါဘူး ဘုရား)။
ဟ! ရာဟုလာ ဒီပါဠိကို ရအောင်ကျက်ဦးကွ ဟောဒီ အတိုင်း ခန္ဓာထဲမှာ ရှုဦးကွ၊ အဲ့ဒါနဲ့ လိုက်ခဲ့ပြောတာ။ (တင်ပါ့)။
ထမ်းခေါ်တာလား (မဟုတ်ပါဘူး ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေလည်းတဲ့ သိတဲ့ပုဂ္ဂိုလ် ရှုတဲ့ပုဂ္ဂိုလ်မှ အာသဝေါ ကုန်မယ်နော် (မှန်ပါ့)။
ဒါဖြင့် သိအောင် ဆရာ့တာဝန်၊ ရှုတာက (တပည့်တော်တို့ တာဝန်ပါ ဘုရား)။
ဟောတဲ့ပုဂ္ဂိုလ်က ဓမ္မဒါနု
အဲ အဲဒီလို ဆိုလို့ရှိရင်ဖြင့် ဆရာသမားလည်း အဖိုးတန်သွားပြီ၊ ခင်ဗျားတို့ ကလည်း ကျေးဇူး ဆပ်ရာ ရောက်သွားပြီ (မှန်ပါ့)။
ဆရာသမားက သိအောင် ဟောတော့ကိုး သူ့ ဓမ္မဒါန အဖြစ်နဲ့ (မှန်လှပါ) မြတ်သွားပြီ (မှန်လှပါ)။ ခင်ဗျားတို့က သိအောင်လုပ်တဲ့အတွက် ခင်ဗျားတို့က အာသဝေါ ကုန်တဲ့အတွက် နိဗ္ဗာန်ရောက်ပြီ (မှန်ပါ့)။
ဘုန်းကြီးက ဒါန၊ ခင်ဗျားတို့က နိဗ္ဗာန်ရတယ်ဆိုတော့ ခင်ဗျားတို့ အမြတ်ထွက်ပြီ (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
အဲတော့ ကိုယ့်အမြတ် များများပေးနေတာတောင်မှ အို ဒီဥစ္စာ မလိုချင်ဘူးဆိုရင်တော့ဖြင့် အဲ တော်တော် ရူးသေးတာပဲ (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက် ပါတယ် ဘုရား)။
ကျင့်ကြံတဲ့ပုဂ္ဂိုလ်က နိဗ္ဗာန်
ဒါကြောင့် ဟောတဲ့ပုဂ္ဂိုလ်က ဓမ္မဒါန သိတဲ့ပုဂ္ဂိုလ်က နိဗ္ဗာန်ရ (တင်ပါ့) ကျင့်ကြံတဲ့ပုဂ္ဂိုလ်က ဘာတဲ့ (နိဗ္ဗာန်ရပါ ဘုရား)။
ဟောတဲ့ပုဂ္ဂိုလ်ကလည်း ဟောကျင့် ကျင့်မှ ဆိုတော့ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) အဲ အခု ကိုယ်တိုင် ဒါ အကျင့်ကျင့်မှ ဆိုတာကော (ပေါ်ပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ကဲ ဒါဖြင့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျင့်တဲ့ပုဂ္ဂိုလ်မှ နိဗ္ဗာန်ရောက်တယ်
ဒါဖြင့် သိသော ပုဂ္ဂိုလ် ကျင့်သောပုဂ္ဂိုလ်မှ အာသဝေါ ကုန်တဲ့ နိဗ္ဗာန်ရောက်သည်၊ သိသော ပုဂ္ဂိုလ် ကျင့်သော ပုဂ္ဂိုလ် မဟုတ်တဲ့ ပုဂ္ဂိုလ်က ဘာတဲ့ (နိဗ္ဗာန်မရောက်ပါဘူး ဘုရား)။
အဲ့ ဒါဖြင့် သိအောင်လုပ်မှု တစ်နံပါတ် ဟုတ်လား ကျင့်မှု နှစ်နံပါတ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိအောင်လုပ်မှု (တစ်နံပါတ်ပါ ဘုရား) ကျင့်မှုက (နှစ်နံပါတ်ပါ ဘုရား)။
အဲ တစ်နဲ့ နှစ်နဲ့ မပါရင် ရကိုးမရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) တစ်နဲ့နှစ်မပါရင် (မရ ပါဘူး ဘုရား)။
တစ်က ဘာပါလိမ့် သိအောင်လုပ်မှု (သိအောင် လုပ်မှုပါ ဘုရား) နှစ်က (ကျင့်မှုပါ ဘုရား) ကျင့်ဖို့။
တစ်က (သိအောင်လုပ်မှုပါ ဘုရား) သိဖို့ နှစ်က (ကျင့်ဖို့ပါ ဘုရား) တစ်က (သိဖို့) နှစ်က (ကျင့်ဖို့ ပါ ဘုရား)။
တစ်မဟုတ် နှစ်မဟုတ်ရင် သုည
အဲ ခင်ဗျားတို့လည်း တစ်နဲ့နှစ် မသိရင်တော့ဖြင့် သွားပြီ၊ ခုတော့ ဒကာ ဒကာမတွေ ကြည့်ရတာ တစ်လည်း မဟုတ် နှစ်လည်းမဟုတ် သုညချည့်ဖြစ်နေတော့ အတော် ခက်နေတာဗျ ဟောရတာ။
ကိုမြရွှေ ဘယ့်နှယ်တုံး (အတော်ခက်ပါတယ် ဘုရား) ဘာဖြစ်နေတုံး (တစ်လည်းမဟုတ်၊ နှစ်လည်း မဟုတ်ပါ ဘုရား) တစ်လည်းမဟုတ် နှစ်လည်းမဟုတ်ဘူး ဆိုရင် ဘယ့်နှယ်လုပ် ဖတ်ကြမယ် (သုညပါ ဘုရား) သုည။
ဪ ခက်ပြီ ဒါဖြင့် သုညဆိုတော့ ဘာမှ အသုံးချလို့ မရဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဘအုန်းကြီး ဘယ်ထဲကတုံး ခင်ဗျား (သုညထဲ ကပါ ဘုရား) သုညထဲကပဲ။ ကဲ ဒကာ ဒကာမတို့ ဒါဖြင့် တစ်နေ့ နှစ်ကိုဖြင့် လက်စွဲလုပ်ကြပါ (မှန်ပါ့)။
လက်စွဲ စာအုပ်လုပ်ကြပါနော် (မှန်ပါ့) တစ်က သိအောင်လုပ်မယ် နှစ်က ကျင့်မယ် (မှန်ပါ့) သဘောကျ ပလား (မှန်ပါ့)။
တစ်က (သိအောင်လုပ်မှာပါ ဘုရား) နှစ်က (ကျင့်မှာပါ ဘုရား) အဲ ပါဠိတော်ထဲ မပါသေးဘူးလား (ပါ ပါတယ် ဘုရား)။
ဇာနတော ပဿတော၊ ဇာနတောက သိတယ်၊ ပဿတောက ကျင့်ရမယ် ဟုတ်လား၊ အဲတော့ ဘုန်းကြီး ခဏခဏ ဟောနေတော့ ဒကာ ဒကာမတွေ သန္တာန်မှာ တစ်ကို နှစ်က ရှုဆိုတော့ တစ်ကိုသိမှ နှစ်က ရှုလို့ဖြစ်တယ် (တင်ပါ့) သဘောကျပလား (မှန်ပါ့)။
တစ်ဖြစ်တာသိမှ နှစ်က (ရှုလို့ရပါတယ် ဘုရား) နှစ်က ရှုနိုင်တယ်ဆိုတော့ ဒကာဒကာမတို့ တစ်ဖြစ်တာသိမှ နှစ်က ရှုနိုင်တယ်။
တစ်ဖြစ်တာ မသိရင် (နှစ်က မရှုနိုင်ပါဘူး ဘုရား) ဒါ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။
သိမှ ကျင့်မှ နိဗ္ဗာန်ရတယ်
ဘုရားကကော ဘယ်နှစ်ချက်ဟောတုံး (နှစ်ချက် ဟောပါတယ် ဘုရား) သိမှ ကျင့်မှ ဘာတဲ့ (အာသဝေါ ကုန်တဲ့ နိဗ္ဗာန်ရပါတယ် ဘုရား) နိဗ္ဗာန်ရမယ် အာသဝေါ ကုန်မယ် (မှန်ပါ့)။
ခင်ဗျားတို့ကလည်း ပထမ ဖြစ်တာလည်း သိမှ (တင်ပါ့) နောက်ကလည်း ဒီအတိုင်း အင်း သူ့ကို ဖြစ်ပျက်ရှုတဲ့ အလုပ်ကျင့်မှ မကျင့်ရင် (မရပါဘူး ဘုရား) မရဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားဟောနဲ့ ခင်ဗျားတို့ကို ပေးထားတဲ့ အလုပ်နဲ့ တစ်ထပ်ထဲ သွားပြီ (မှန်ပါ့) မသွားသေး ဘူးလား (သွားပါ တယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဘုရား ဟောနဲ့ ခင်ဗျားတို့ ပေးထားတဲ့ အလုပ်နဲ့ (တစ်ထပ်တည်းပါ ဘုရား) တစ်ထပ်တည်း သွားတယ် ဘုရား ကလည်း သိတဲ့ပုဂ္ဂိုလ် ကျင့်တဲ့ပုဂ္ဂိုလ်မှ အာသဝေါ ကုန်တဲ့ နိဗ္ဗာန်ရတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဘုန်းကြီးက အလုပ်ပေးထားတာက တစ်နံ ပါတ်ကို သိ၊ နှစ်နံပါတ်နဲ့ရှဆိုတော့ တစ်နံပါတ် ဖြစ်တာမှ မသိတဲ့ ပုဂ္ဂိုလ်ဟာ နှစ်နံပါတ်ကို ဘယ့်နှယ်လုပ် ရှုမတုံး (မရှုနိုင်ပါဘူး ဘုရား)။
ဒါဖြင့် နှစ်နံပါတ်နဲ့ ရှုလိုက်တော့ တစ်နံပါတ် ရှိသေး ရဲ့လား (မရှိတော့ပါဘူး ဘုရား)။
ဪ မရှိတာသည်ကား နဂိုက ရှိတယ်လို့ သူ သိထားလို့ မရှိဘူးပြောတာ (မှန်ပါ့) နို့မဟုတ်ရင် ပြောပါ့ မလား (မပြောပါဘူး ဘုရား)။
အတော်မိပါလား ဆိုတာ ပေါ်လာတယ် (ပေါ်ပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သာမညမိတဲ့ စကားလား၊ အလွန့်အလွန် ကျေးဇူးများတဲ့ စကားလား (အလွန့်အလွန် ကျေးဇူး များတဲ့ စကားပါ ဘုရား) ပါဠိတော်နဲ့ကော (ကိုက်ပါတယ် ဘုရား)။
ဘုရားအဆူဆူဟောတဲ့တရား
အဲ ဇာနတောဟံ ဘိက္ခဝေ၊ ပဿတော အာသဝါနံ ခယံ အဟံဝဒါမိ။
ဇာနတော= သိသောပုဂ္ဂိုလ်၊ ပဿတော = သိတာကို ရှုသောပုဂ္ဂိုလ်ဟာ၊ အာသဝါနံ = အာသဝေါတရားတို့၊ ခယံ = ကုန်၏ ဟူ၍ (ဝါ) အသေလွတ်၏ဟူ၍၊ အဟံ -ငါဘုရားသည်၊ ဝဒါမိ= ဟော၏ ဆိုတော့ ဘုရားအဆူဆူ ဟောတဲ့တရား (တင်ပါ့)။
ဦးဝင်း ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား) ဒါဖြင့် တစ်ဖြစ်တာကို သိ (မှန်ပါ့) နှစ်နဲ့ ပြန်ပြီး ရှိ မရှိကြည့် (မှန်ပါ့)။
တစ်ဖြစ်တာကိုသိ (နှစ်နဲ့ ပြန်ကြည့်) အဲ အဲဒီတစ်ကို နှစ်ကနေရှိမရှိ (ကြည့် ရမှာပါ ဘုရား) ကြည့်ရမယ်။
ဒါဖြင့် တစ်ဖြစ်တာကို သိ ဟုတ်လား (မှန်ပါ့) နှစ်ဖြစ်တာကို ရှိမရှိ ကြည့်။ ကြည့်လိုက်တဲ့ အခါကျတော့မှ ဘယ့်နှယ်ဖြစ်နေတုံး (မရှိပါဘူး ဘုရား) မရှိဘူး။
မရှိတာသည် ရှိတာသိမှ မရှိတာလည်း သိတယ် (မှန်ပါ့)။
ဒါကြောင့် တစ်ကို အသိဘက်မှထား (မှန်ပါ့) သဘောကျပလား (မှန်ပါ့) နှစ်ကိုတော့ (အရှုဘက် ကပါ ဘုရား) အရှုဘက်ကထား သဘောကျပလား (မှန်ပါ့)။
တစ်ကို (အသိဘက်ကထားပါ ဘုရား) နှစ်ကို (အရှုဘက်က ထားရမှာပါ ဘုရား) အဲ သူက ဇာနတော သူက ပဿတော ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူက ဘာတုံး (ဇာနတောပါ ဘုရား) သူက (ပဿတောပါ ဘုရား)။
အဲ ဒီပဿဖြစ်လို့ရှိရင် ဒီက အာသဝ လာသေးရဲ့ လား (မလာတော့ပါဘူး ဘုရား) မလာတော့ဘူး ဆိုတော့ ခင်ဗျားတို့ သော် ဒို့ဘုန်းကြီးနဲ့ ဒို့ဆရာတော့ ကိုက်ပြီ။
တိုလိုက်တဲ့တရား
တိုလိုက်တဲ့တရား ဟုတ်လား (မှန်ပါ့) သေခါနီးကို ဟောနေရလို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် တိုသွားပါလိမ့် (သေခါနီးကို ဟောနေလို့ပါ ဘုရား) အဲ ဟောတဲ့ ဘုန်းကြီး ကလဲ တိုတိုလွန်း တယ်လို့ ဆိုဦးမလား (မဆိုပါဘူး ဘုရား)။
မဆိုနဲ့ သေခါနီး ဟောနေလို့ သိပ်ပြီး လောကွတ် မချော်ကြနဲ့ မရဘူး (တင်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ခင်ဗျားတို့ကလည်း ဘယ်လို နာနေတာတုံး (သေခါနီး နာနေတာပါ ဘုရား) အဲ ဘုရား အဆူဆူ ဟောလို့ မရဘူး (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)
ဒါဖြင့် သိတာကို ရှု (မှန်ပါ့) ခု ပထမ ဖြစ်တာကို အသိ သိရမယ် (မှန်ပါ) သိတဲ့တရားကို (ရှုရမှာပါ ဘုရား)။
မရှိတာအနိစ္စ၊ သိတာမဂ္ဂ
ရှုတဲ့အခါကျတော့ သိတဲ့တရား ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) ကဲ မရှိတာ အနိစ္စ သိတာမဂ္ဂပဲ (မှန်ပါ့) ကုန်တာအာသဝ (တင်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မရှိတာက (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂ ပါ ဘုရား) ကုန်တာက (အာသဝပါ ဘုရား) သဘောကျ ပလား (ကျပါတယ် ဘုရား)။
ကဲ ဒါက မရှိတာက ဘယ့်နှယ် (အနိစ္စပါ ဘုရား)။ သိတာက (မဂ္ဂပါ ဘုရား) ကုန်တာက (အာသဝပါ ဘုရား) သဘောကျပလား (မှန်ပါ့)။
အာသဝဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာအာသဝ၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် အစက စပြတ်တယ် (တင်ပါ့)။
ခန္ဓာမလာရင် နိဗ္ဗာန်
ဘယ်ကစပြတ်တုံး (အစက စပြတ်ပါတယ် ဘုရား) ဪ ဒါဖြင့် ဒီဘက်လာမယ့် ခန္ဓာတွေ လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)။
အဲဒါ ခန္ဓာမလာလို့ရှိရင် ခန္ဓာ နိရောဓော နိဗ္ဗာနံ (တင်ပါ့) အာသဝ နိရောဓောကော (နိဗ္ဗာနံပါ ဘုရား) နိဗ္ဗာနံ။
ဒီတရားဟာ အကိုက်ဆုံးပဲ
တဏှာနိရောဓောကော (နိဗ္ဗာနံပါ ဘုရား) ဪ ဒါဖြင့် ဒို့ ဆရာဘုန်းကြီးကလည်း တိုတို ဟောတယ်၊ ဒို့ကလည်း တိုတို ကျင့်ပြီး သကာလ အချိန်စောလို့ မရတဲ့ လူချင်းတော့ ဒီတရားဟာ အကိုက်ဆုံးပဲသာ မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။