177

နှုတ်ချိုသလောက်မဂ်ဖိုလ်တားတယ် (ကာမခြောက်မျိုး)

အသံဖိုင်ခေါင်းစဉ်= ကာမခြောက်မျိုး

စာအုပ်ခေါင်းစဉ်= နှုတ်ချိုသလောက်မဂ်ဖိုလ်တားတယ် (ကာမခြောက်မျိုး)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

နှုတ်ချိုသလောက်မဂ်ဖိုလ်တားတယ်

(ကာမခြောက်မျိုး)

(၈-၁၂-၅၉)

ဆုတောင်းပါရမီနဲ့ အလုံးစုံ အကုန် ပြည့်စုံတဲ့ ပုဂ္ဂိုလ်မိုလို့ မုန့်တွေ ဘာတွေနဲ့ ကျောင်းဒကာ ဒကာမတွေ ကြားဖူးတဲ့ အတိုင်း မရှိတဲ့မုန့်ပဲ ပေးပါ ဆိုတော့၊ ဒါနဲ့ နတ်တွေက ကြားတာနဲ့ နတ် ဩဇာတွေ ထည့်ပြီး ပေးလိုက်တော့၊ မရှိမုန့်ဟာ သာပြီး ကောင်း တယ် ဆိုတဲ့ (အနုရုဒ္ဓါ) မင်းသားဟာ နောက် ရဟန်း ဝတ်ပြီး သကာလ ဘုရားနောက် လိုက်တဲ့ အခါမှာတဲ့၊ လောကီဘက်က သမထ တွေမှာဖြင့် အဘိညာဉ် အကုန်ရတယ်လို့ မှတ်ကြပါ (မှန်ပါ့)။

ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဣဒ္ဓိဝိဓ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာ နုဿတိ၊ ယထာကမ္မူပဂ အဘိညာဉ် ခြောက်ပါးကိုရပါတယ်။

နောက်ဘ၀ ဘာဖြစ်ခဲ့တယ်ဆိုတာအကုန်မြင်တယ်

အဘိညာဉ် ခြောက်ပါးရပြီး သကာလ နေတာ၊ သူ့စိတ် ထဲမှာ အဘိညာဉ်နဲ့ ကြည့်လိုက်တယ်၊ ရှေ့ လည်း ကမ္ဘာတွေ ကြည့်လိုက်တယ်၊ အင်း ငါ ဘာဖြစ်ခဲ့တယ် ငါဘာဖြစ်ခဲ့တယ်၊ သူ ဥပမာမယ် ကိုမြင့်တို့ မောင်နိုင်တို့ ခန္ဓာကိုယ်ထဲ နောက် ဆုတ်ဆုတ် ဆုတ်ဆုတ် ကြည့်လိုက်ရင် ဘာဖြစ်ခဲ့တယ်၊ ဘယ် ဘဝက ဘာဖြစ်ခဲ့တယ်။ ဘယ်လို သေခဲ့တယ် ဘယ်လို ကြေခဲ့ တယ်၊ ဘယ်လို ကောင်းစား ခဲ့တယ် ဆိုတာတွေ လျှောက်ပြီး သကာလ ကြည့်တယ်။

ကြည့်ပြီး သကာလမှ သူဟာ ငါလည်းပဲ လောကီနဲ့တော့ မပြီးသေးဘူး၊ လောကီ မှာတော့ဖြင့် ငါဟာ ကမ်းကုန်အောင်ပဲ မြင်တာပဲဆိုတော့ မာနလေးက ပါလာတယ် (မှန်ပါ့)။

လောကီမှာတော့ သူကမ်းကုန်မြင်တဲ့ အတွက် မာနက လေး ပါလာတယ်၊ အဲဒီ မာနပါကြောင်း သူက မသိဘူး မသိဘဲနဲ့ သူသည် တစ်ခါတည်း ခန္ဓာကိုယ်တို့၏ အဖြစ် အပျက်တွေကို ကြိုးစား လိုက်တယ်။

ကြိုးစားလိုက်တဲ့ အခါကျတော့ ငါ့လို အမြင်ကျယ်တဲ့ ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့် မရဘဲရှိရမလဲ၊ ဒီလောက်တောင် ရှေ့ကမ္ဘာ နောက်ကမ္ဘာတွေကို ပုဂ္ဂိုလ် သတ္တဝါတိုင်း ကြည့်လိုက် မယ်ဆိုရင် မြင်တာ ချည့်ပဲ။

နိဗ္ဗာန်ကို ဉာဏ်နဲ့ မမြင်သေးဘူး

ကိုယ့်အကြောင်း ကြည့်ပြန်လည်း နောက်ပိုင်းက ဘာဖြစ် ခဲ့တယ် ရှေ့ဘာဖြစ် လိမ့်ဦးမယ် ဆိုတာလည်း အကုန် သိနေတာပဲ။ ဒီလို အမြင်ကျယ်တဲ့ ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့် အာသဝေါ ကုန်ခန်းပြီး နိဗ္ဗာန်ကို ဉာဏ်နဲ့ မလှမ်းနိုင်ဘဲ ရှိရမလဲလို့၊ သူ့စိတ် ထဲမှာ အောက်မေ့ပြီး သကာလ အားထုတ် လိုက်တယ်၊ ဖြစ်ပျက် တွေပဲ အားထုတ်လိုက်တယ်လို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ့)။

အားထုတ်ရတာလည်း ဖြစ်ပျက်ချည့်ပဲ ဘယ်သူ ဘယ် ပုဂ္ဂိုလ် မဆိုပေါ့လေ (မှန်ပါ့) ဘယ်ပုဂ္ဂိုလ် မဆို ရှုရင် ခန္ဓာ ကိုယ်၏ အဖြစ်အပျက်ပဲ အားထုတ်ကြရတာ ချည့်ပဲ၊ အဲ့ဒီလို အားထုတ် လိုက်တယ်။

အားထုတ်လိုက်တဲ့ အခါကျတော့ အာသဝေါကုန်ခန်းတဲ့ နိဗ္ဗာန်ကို သူမျက်မှောက်ကို မပြုနိုင်ဘူး၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး သူမမြင်ဘူး၊ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး သူမမြင်တာ ဒကာ ဒကာမ တွေက စောစော စဉ်းစားစမ်း၊ လောကီ မာန်တက်ပြီး သကာလ နေတဲ့အတွက် မရတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

လောကီမာန်တက်နေရင် မရဘူး

လောကီမာန် တက်နေပြန်လို့ရှိရင်လည်း မရဘူးလို့ မှတ်ပါ (မှန်ပါ့) အဲ မာနသည် မဂ်ဖိုလ် တားမြစ်တဲ့ အထဲ ပါတယ်လို့ပဲ မှတ်တာပေါ့ (မှန်ပါ့)။

ကာမစ္ဆန္ဒနီဝရဏ ဆိုတာ လောဘ၊ လောဘ ဆိုတာ မာနနဲ့ လည်း တွဲနေတာပဲ (မှန်ပါ့) အဲ့ဒါကြောင့် သြော် မာနလည်း မာန်ကလေးနဲ့ အားထုတ်လို့ ရှိရင်ဖြင့် မရပါလား ဆိုတာလေးလည်း ဒီအချက် မှတ်ပါ (မှန်ပါ့)။

ဒါဖြင့် မာနနဲ့ အားထုတ်လည်း (မရပါဘူးဘုရား) အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားထုတ် စေချင်တာက ဒီပုဂ္ဂိုလ် မရတာ ထောက်လိုက်တော့၊ ရှင်အနုရုဒ္ဓါဟာ ပါရမီပြည့် ပြီး သား တောင်မှ မာန ခံနေလို့၊ လောကီမှာ အမြင်ကျယ်ပြီး သကာလ နေတာနဲ့ မာန ခံနေလို့ မရတာလည်း တိကနိပါတ် အင်္ဂုတ္တိုရ်မှာ သေသေချာချာ ဟောထားတယ် (မှန်ပါ့)။

အဲ့ဒါ အလုပ်လုပ်တဲ့ အခါကျလို့ ရှိရင်ဖြင့် ခန္ဓာကိုယ် ဖြစ်ပျက်တွေ ရှုပြီး ကြိုက်တာ ရှုနေတဲ့ အခါမှာ မာန မပါကြပါစေ နဲ့ ဆိုတာကိုလည်း ပြောလိုက်တယ် (မှန်ပါ့)။

ငါကဲ့သို့ ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့် မရဘဲ ရှိမတုံးဆိုပြီး သကာလ မာနနဲ့ လုပ်လို့ရှိရင်လည်း မရဘူးလို့ မှတ်ပါ (မှန်ပါ့)။

ဒါ ရှင်သာရိပုတ္တရာ သူလျှောက်နေတာ တပည့်တော်ဟာ ဘုရားတဲ့၊ ကမ္ဘာတွေ လျှောက်ပြီး သကာလ ကြည့်ပြီး သကာလ၊ အဘိညာဉ်လေးနဲ့ ကြည့်ပြီး သကာလ ကိုင်း ဒါနဲ့ မပြီးသေးဘူး၊ ရုပ်နာမ် ဖြစ်ပျက်တွေ ငါရှုဦးမှပဲ ဆိုပြီး ရှုလိုက်တဲ့ အခါမှာ၊ တပည့်တော်ဟာ အာသဝေါ ကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို မမြင်ရပါဘူး ဘုရား ဆိုတော့ မရဘူး ပြောလိုက်တာပေါ့လေ (မှန်ပါ့)။

ဒုတိယတစ်ခါ တပည့်တော်ဟာ ဒါမရရင် ဘယ့်နဲ့ နေပါ့မတုံး ဆိုပြီး၊ တပည့်တော် ပိုမိုပြီး သကာလ ကြိုးစား လိုက်ပြန်ပါတယ် ဘုရားတဲ့၊ ခုနကထက် ပိုမိုပြီး သကာလ ကြိုးစား လိုက်ပြန်တဲ့ အခါ တပည့်တော် သတိလည်း ရှိပါတယ်၊ သမာဓိ လည်း ရှိပါတယ်တဲ့၊ ပဿဒ္ဓိဆိုတဲ့ ကိုယ်ငြိမ်း စိတ်ငြိမ်းလည်း ရှိပါတယ်တဲ့။

ဝီရိယလွန်လည်း မရဘူး

ထိုကဲ့သို့ လုံ့လ ဝီရိယ ပြင်းပြင်းထန်ထန်နဲ့ သတိ၊ သမာဓိ ကြိုးစားလိုက်တာ၊ ဝီရိယတွေ လွန်လွန်မင်းမင်းနဲ့ ကြိုးစားလိုက် ပြန်လည်း တပည့်တော်ဟာ မရဘဲ ဖြစ်ပါတယ်ဘုရား။

ခုနက မာနကြောင့် မရဘူးနော် (မှန်ပါ) ခု ဝီရိယ – လွန်လို့ မရဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ ဒါနဲ့ တပည့်တော် ဆက်ပြီး စဉ်းစား ပြန်ပါတယ် ဘုရား တဲ့၊ ဪ ငါကဲ့သို့ ပုဂ္ဂိုလ်ဟာ ဘယ့်နှယ် ကြောင့် အာသဝေါ ကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို ဉာဏ်အားဖြင့် မမြင်ပါလိမ့်မလဲ၊ မလှမ်း နိုင်ပါလိမ့် မလဲ လို့ ဆိုပြီး၊ တပည့်တော် ဆက်ပြီး ကြိုးစားပြန် တယ် ဘုရားတဲ့၊ ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့် မလဲ ဆိုပြီး ဆက်ကြိုးစား ပြန်လည်း မရပြန်ဘူး။

ဒါ ကုက္ကုစ္စခံနေတယ် (မှန်ပါ့) ဘယ့်နှယ် ကြောင့် မရပါလိမ့်မလဲ ဆိုတဲ့ ကုက္ကုစ္စ ခံနေတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး ဆိုတာကိုလည်း မထည့်ရ ပေဘူးလား (မှန်ပါ့)။

ဒီသုံးချက်ကို အသေအချာမှတ်ပါ၊ ဒါ ရှင်အနုရုဒ္ဓါ အား ထုတ်လို့ မရတာ (မှန်ပါ့)။ အဘိညာဉ် တွေကို ရပြီးသကာလ ေဩာ် ငါကဲ့သို့ သော ပုဂ္ဂိုလ်ဟာ ဘယ့်နှယ်ကြောင့် မရဘဲ ရှိရမတုံး ဆိုပြီး သကာလ၊ ငါလောကီအမြင် အင်မတန် ကျယ်နေ တဲ့ ပုဂ္ဂိုလ်ပဲ ဆိုပြီး၊ လောကီဈာန်တွေ မာန တက်ပြီး သကာလ ဝိပဿနာဘက်ကို ကူးလိုက်ပါတယ်။

မာနခံနေလည်းမရဘူး

သမထကနေ ဝိပဿနာဘက် ကူးလိုက်ပြန်တော့ ဟိုမာန်က တန်းလန်းကြီး ပါပြီး သကာလ နေတဲ့ အတွက်လည်း တစ်နံပါတ်မှာလည်း မရဘူးလို့ မှတ်လိုက်ပါ (မှန်ပါ့)။

ဒါဖြင့် မာနခံနေလည်း (မရပါဘုရား) အားထုတ် တဲ့ပုဂ္ဂိုလ်တွေ အတွက်မှာဖြင့်၊ အရေးကြီးတဲ့ အသုံးအနှုန်းတွေ သင်ပေးပြီ ဆိုတာ မှတ်ပါ (မှန်ပါ့)။

အထက်တက်မည့် ပုဂ္ဂိုလ်များလည်း ထို့အတူပဲ၊ ဒါပါရင် မရဘူး ဆိုတာ မှတ်ပါနော် (မှန်ပါ့) အောက်ဉာဏ်လည်း မရနိုင် အထက်ဉာဏ်လည်း မရနိုင်လို့ မှတ်လိုက်ပါ(မှန်ပါ့)။

နောက်ကျတော့ ဝီရိယညံ့တယ် ထင်ပြီး သကာလ ကိုမြင့်တို့ မောင်နိုင်တို့ ဝီရိယ ပိုပြီး ကြိုးစား လိုက် ပြန်တယ်နော် (မှန်ပါ့)။

ကြိုးစား လိုက်ပြန်တော့လည်း အင်း ဒီဖြင့် သတိတွေက နေရာကျပါရဲ့၊ သမာဓိတွေလည်း နေရာ ကျတယ်လို့ သူ့စိတ် ထဲမှာ ထင်ပါရဲ့၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိတွေ လည်း ရပါရဲ့။

သို့သော် အာသဝေါ ကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို အာရုံပြု နိုင်တဲ့ အခြေအနေ ရောက်အောင် မရပြန်ဘူး (မှန်ပါ့) ဒါ ဝီရိယ လွန်သွားလို့ လို့ မှတ်လိုက်စမ်း (မှန်ပါ့)။

ဒါနဲ့ သူ့စိတ်ထဲ တွေးပြန်တယ်တဲ့၊ ရှင်အနုရုဒ္ဓါက ရှင်သာရိပုတ္တရာကို လျှောက်နေတာနော်။ ဒကာ ဒကာမတို့ (မှန်ပါ)။

ဘယ့်နှယ်ကြောင့်မရပါလိမ့်မလဲ၊ ကုက္ကုစ္စ ဝင်လာတယ် မောင်နိုင် (မှန်ပါ့) ဘယ့်နှယ်ကြောင့် မရပါလိမ့်မလဲ ဒါဘာပါလိမ့် (ကုက္ကုစ္စပါ ဘုရား)

ကုက္ကုစ္စဝင်လည်း မရဘူး

ကုက္ကုစ္စ ဝင်လာပြီး တစ်ခါဆက်ပြီး ကြိုးစားလိုက် ဘယ့်နှယ်ကြောင့် မရတာပါလိမ့်မလဲ ဆိုပြီး ဆက်ကြိုးစား ပြန်တော့လည်း ကုက္ကုစ္စ ခံနေတာနဲ့ပဲ အာသဝေါ ကုန်ခန်းတဲ့ နိဗ္ဗာန်ကို ဉာဏ်အားဖြင့် မမြင်နိုင်ဘဲ ဖြစ်ပြန်တယ် (မှန်ပါ့)။

ဘယ်နှစ်ခု ရှိပြီတုံး (သုံးခုရှိသွားပါပြီ ဘုရား) သုံးခု ရှိသွားပြီ။ ဒါဖြင့် မာန ဥဒ္ဓစ္စ ကုက္ကုစ္စ ဘယ်နှစ်ခု ပါလိမ့် (သုံးခုပါ ဘုရား)။

မာနပါလည်း မရဘူးနော် ဒကာ ဒကာမတွေ (မှန်လှပါ) ဥဒ္ဓစ္စ ဖြစ်နေရင်လည်း (မရပါဘူး ဘုရား) ကုက္ကစ္စဝင်လာရင် လည်း (မရပါဘူး ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မဂ်ဖိုလ်တားမြစ်တဲ့ တရားသုံးခု မာန ဥဒ္ဓစ္စ ကုက္ကုစ္စလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)

ငါကဲ့သို့ သော ပုဂ္ဂိုလ် ဘယ့်နှယ်ကြောင့် မရဘဲ ရှိရမလဲလို့ မာနတွေ ထောင်နေပြန်လည်း လောကီဈာန်ကို အားကိုးပြီး မာနတက် ပြန်လည်း မရဘူး (မှန်ပါ့)။

ဝိပဿနာ ကူးလို့မရဘူးတဲ့ (မှန်ပါ့) ဝီရိယတွေလွန် ပြီးသကာလ ပိုကြိုးစားလိုက်မဟဲ့ဆိုပြီး သူတစ်ခုတည်း ပိုလိုက်ပြန်လို့ ရှိရင်လည်း ဒကာ ဒကာမတွေ မရဘူး (မှန်ပါ့)။

ဝီရိယချည့် အစွန်းထွက်နေလည်း မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ေဩာ် ဘယ့်နှယ်ကြောင့် မရပါလိမ့်မလဲလို့ ဆိုတဲ့ ဘယ်အကြောင်းကြောင့်များ ဘယ်လိုဖြစ်လို့ မရပါလိမ့်မလဲ ဆိုတော့ ကုက္ကုစ္စကလည်း မလာပါစေနဲ့တော့ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့်မရဘဲ ဖြစ်နေပါလိမ့်မလဲ ဘယ့်နှယ် ကြောင့် ဆိုကတည်းက ကုက္ကုစ္စ မရှိသေး ဘူးလား (ရှိပါတယ် ဘုရား) အဲ့ဒီ ဘယ့်နှယ်ကြောင့် မရဘဲ ရှိနေပါလိမ့် မလဲလို့ ကုက္ကုစ္စ ဝင်နေ ပြန်လို့ ရှိရင်လည်း ဖြစ်ပျက်တော့ တွေ့မှာ ပဲတဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်တော့ မရဘူးတဲ့ (မှန်ပါ့)။

ဘယ်နှစ်ခု ရှိသွားပြီတုံး (သုံးခုရှိပါပြီ ဘုရား) ကဲ တစ်နံပါတ်က ဘာတဲ့ (မာနပါ ဘုရား) နှစ်နံပါတ်က (ဥဒ္ဓစ္စပါ ဘုရား) သုံးနံပါတ်က (ကုက္ကုစ္စပါ ဘုရား) ကုက္ကုစ္စ။

အောက်မဂ်လည်း မရနိုင်၊ အထက်မဂ်ကို ရချင်လို့ လာပြန်တော့ဖြင့်၊ ဒီသုံးခု တစ်ခုခု လွန်ကဲ နေပြန်လို့ ရှိရင်လည်း မရနိုင်ဘူးဆိုတဲ့ ဥစ္စာကိုလည်း၊ ယနေ့ရှေ့ပိုင်းမှာ ဒကာ ဒကာမတွေ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ေဩာ် မရလို့ ရှိရင်ဖြင့် ဒီသုံးခု တစ်ခုခုဖြင့် အနှောင့်အယှက် ရှိပေါ့ဆိုတာ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစားစွာနဲ့ပဲ မှတ်သားထားရမယ် (မှန်ပါ့)။

ဝီရိယလွန်ရင် ပျံ့လွင့်သွားတယ်

မာနရယ် (ဥဒ္ဓစ္စရယ်၊ ကုက္ကုစ္စရယ်ပါ ဘုရား) မာန က ထောင်လွှားတာနော် (မှန်ပါ့) ဥဒ္ဓစ္စက တစ်ခါ ဝီရိယ လွန်ပြန်တော့ ပျံ့လွင့်သွားတယ် (မှန်ပါ့)။

မာနက သူသည် သူ့ကိုယ်သူ အထင်ကြီးမှုကို မာန (မှန်ပါ့) သူ့ကိုယ်သူ အထင်ကြီးမှုကို (မာနပါ ဘုရား) မာန အထင်ကြီးလျက်နဲ့ မရပြန်တော့ ဝီရိယက ပိုလုပ်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အထင်ကြီးလျက်နဲ့ မရပြန်တော့လည်း (ဝီရိယက ပိုလုပ်ပါတယ် ဘုရား) ဝီရိယက ပိုလုပ် လိုက်တော့လည်း သမာဓိ ဘက်က ညံ့သွားမှာပဲ(မှန်ပါ) မညံ့ပေဘူးလား (ညံ့ပါ တယ် ဘုရား)။ တယ် ဘုရား)။

ထိုကဲ့သို့ ညံ့သောကြောင့်လည်း မောင်နိုင် ခုနက ရှင်အနုရုဒ္ဓါမှာ ကိုမြင့်တို့ မရဘူးတဲ့ (မှန်ပါ့) ပါဠိတော် ပါဠိတော် ဒကာ ဒကာမတို့ ဒါလေးလေးစားစား မှတ်စမ်းပါ (မှန်ပါ့)။

နောက်ကျတော့လည်း ဒကာ ဒကာမတွေက အားထုတ် ရင်းလည်း ဒီစိတ်ပေါ်တတ်တယ်နော် (မှန်ပါ့) ဘယ့်နှယ်ကြောင့် သူများတော့ ရကြတယ်၊ ဘယ့်နှယ်ကြောင့် မရပါလိမ့် မလဲ ဘာထင်ကြတုံး (ကုက္ကုစ္စပါ ဘုရား)။

သူများတွေ ရရသွားကြတယ်၊ ဘုန်းကြီးဆီမှာ နည်းယူ ပြီး အားထုတ်တာ အင်း ဒုက္ခချုပ် သွားကြသတဲ့၊ ငါ့တော့ ဘယ့်နှယ် ကြောင့် မချုပ်ပါလိမ့်မလဲ ဆိုပြီး၊ အဲ့ဒီ ဘယ့်နှယ်ကြောင့် မချုပ်ပါ လိမ့်မလဲ ဆိုပြီး သကာလ အားထုတ်နေပြန်လို့ ရှိရင်လည်း ဒီကုက္ကုစ္စက ဝမ်းထဲမှာ အပင်း သဖွယ် ခံပြီး သကာလ နေသောကြောင့်လည်း မရဘူး (မှန်ပါ့)။

ဘယ်နှစ်ခု ရှိသွားတုံး (သုံးခုပါ ဘုရား) ေဩာ် ဒါဖြင့် ဒကာ ဒကာမတို့ တစ်နံပါတ် ဘယ်သူ ပါလိမ့် (မာနပါ ဘုရား) နှစ်နံပါတ်က (ဥဒ္ဓစ္စပါ ဘုရား) သုံးနံပါတ်က (ကုက္ကုစ္စပါ ဘုရား)။

ရှင်အနုရုဒ္ဓါ ဆရာရှာတယ်

ဒါနဲ့ ရှင်အနုရုဒ္ဓါ သူ့ဟာသူ အားထုတ်လိုက်တယ် ဒီသုံး ခု လွန်နေတယ် ဒီသုံးခု ဝင်နေတယ် ဆိုတာ ကိုမြင့်တို့ မောင်နိုင် တို့ သူမရိပ်မိဘူး (မှန်ပါ့)။

ရှင်အနုရုဒ္ဓါ မရိပ်မိဘူး မရိပ်မိတော့ ေဩာ် ဆရာတော့ ရှာဦးမှတော်တော့မယ် ဆိုပြီး သကာလ ရှင်သာရိ ပုတ္တရာဆီ သွားလိုက်တယ် (မှန်ပါ့)။

ဆရာတော့ ရှာဦးမှပဲဆိုပြီး ဘယ်သွားတုံး (ရှင် သာရိပုတ္တရာဆီ သွားပါတယ် ဘုရား) ရှင်သာရိပုတ္တရာ ဆီသွားတော့ ရှင်သာရိပုတ္တရာ ကလည်း သူကဲ့သို့ အဘိညာဉ်က ရပြီးသား ပုဂ္ဂိုလ် ဖြစ်နေတယ် (မှန်ပါ့)။

ရှင်သာရိပုတ္တရာက သိနေတယ်

ငါ့လူ အနုရုဒ္ဓါ အားထုတ်နေလိုက်တာ မာနက တစ်ချက် ခံလိုက်၊ ဥဒ္ဓစ္စက တစ်ချက်ခံလိုက် အင်း ကုက္ကုစ္စက တစ်ချက်ခံလိုက် သူဘယ်ရမလဲ ဆိုတာ ဟိုက အဘိညာဉ်နဲ့ ကြည့်တော့လည်း မောင်နိုင် သိတယ် (မှန်ပါ့)။

ဒါနဲ့ သူက သွားလျှောက်တဲ့ အချိန်မှာ၊ အရှင်ဘုရားတဲ့ တပည့်တော် အဘိညာဉ်တွေနဲ့ လျှောက်ပြီး သကာလ ကြည့် တယ်၊ ကြည့်လိုက်တဲ့ အခါကျတော့ အကုန်မြင်တာပါပဲ ဘုရား ပုဂ္ဂိုလ် သတ္တဝါတွေ အကုန်ပဲ ဘယ်သူဘာဖြစ်ခဲ့တယ် ဘယ်သူ ဘယ်လိုသေလို့ ဘယ်သူ ဘယ်လို ကြေခဲ့တယ် ဘယ်သူဟာ စကြဝတေးမတ်မင်း ဘယ်နှစ်ခါဖြစ်ခဲ့တယ်။

ဘယ်သူဟာ ဘယ်တုံးက ပါရမီဆုထူး ဘယ်လိုပန် ခဲ့တယ်၊ ဒါတွေ တပည့်တော် အကုန်မြင်ပြီး သကာလ တော်ကြာ ဒါနဲ့ မပြီးသေးပါဘူးလေ၊ ဝိပဿနာဘက် လှမ်းပါဦးမယ်ဆိုပြီး လှမ်းလိုက်တဲ့ အခါမှာ၊ ငါကဲ့သို့သော ပုဂ္ဂိုလ် ဒီလောက် အမြင် ထူးခြားနေတဲ့ ပုဂ္ဂိုလ်၊ ဘယ့်နှယ်ကြောင့် မရသလဲ ဆိုပြီး တပည့်တော် သတိလည်း ထားပါတယ်၊ သမာဓိလည်း ထားပြီး သကာလ ကိုယ်ငြိမ်း၊ စိတ်ငြိမ်း ဆိုတာလည်း ထားပါတယ်။

ထိုကဲ့သို့ ထားပြီးသကာလ ကြိုးစားသော်လည်း တပည့်တော် မရပါဘူးဘုရား၊ ရှင်သာရိပုတ္တရာကို လျှောက်နေ ပြီနော် (မှန်ပါ)

နောက်တစ်ခါလည်း တပည့်တော် ဘယ့်နှယ်ကြောင့်မရ ရမတုံး၊ ဝီရိယနဲ့ ကြိုးစားလို့ရှိရင် ရမှာပေါ့ ဆိုပြီး တပည့်တော် ဆက်လက်ပြီး သကာလ ဝီရိယ တစ်ခါ သဲသဲမဲမဲနဲ့ ခတ်လွန်လွန်လေးနဲ့ ကြိုးစား လိုက်ပြန်လည်း။ တပည့်တော် မရဘဲဖြစ်နေပါတယ်၊ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ဘူး။

ဒါနဲ့ တပည့်တော်ဟာ တပည့်တော် ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး ဆိုပြီး သကာလ၊ စိတ်ထဲမှာ ပေါ်လာ ပေါ်လာပြီးမှ ဆက် အားယုတ်ဦးမယ် ဆိုပြီး၊ ဆက် အားထုတ်တော့လည်း မရ ပါဘူး ဘုရား ဆိုတော့ ရှင်သာရိပုတ္တရာ အဖြေ ပေးလိုက်တယ်။

အလုပ်သမားမှာ အရေးကြီးလို့ သတိပေးတရား

မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ မင်း ခံနေတယ်ကွ ဒါတွေ လာသ၍ မင်းဘယ်တော့မှ ရမှာမဟုတ်ဘူး (မှန်ပါ့)။

ဟော ရှင်သာရိပုတ္တရာ အဖြေပေးပြီ ဒကာ ဒကာမတို့ (မှန်ပါ့) မာနရယ် (ဥဒ္ဓစ္စရယ် ကုက္ကုစ္စရယ်ပါ ဘုရား)။

အဲ့ဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတရားကို ဟောရခြင်းသည်၊ ဒီတရားကို ရှေ့ပိုင်းက ထားပြီး သကာလ ဟောရခြင်းသည်၊ ဒကာ ဒကာမတို့ အလုပ်သမားမှာ အရေးကြီး လို့ သတိပေး တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မာနရှိလည်း (မရပါဘူး ဘုရား) ဥဒ္ဓစ္စ ရှိနေလည်း (မရပါဘူး ဘုရား) ကုက္ကုစ္စ ရှိနေလည်း (မရပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ အားထုတ်တဲ့ အချိန် ဒီသုံးခု ပယ်ပြီး သကာလ အားထုတ်ပါလို့ ရှင်သာရိပုတ္တရာက ဟောတယ် (မှန်ပါ့) ဒီသုံးခု ဖယ်ပြီး အားထုတ်တဲ့ (မှန်ပါ့)။

မာနလည်း မပါပါစေနဲ့ (မှန်ပါ့) ဥဒ္ဓစ္စ စိတ်ပျံ့လွင့် တာလည်း (မပါရပါဘူး ဘုရား) အဲ့ဒါ ဝီရိယ လွန်လို့ ဖြစ်သွား တာနော် (မှန်ပါ့)။

ကုက္ကုစ္စက အားထုတ်ရဖန်များတော့ ဘယ့်နှယ်များ ၊ ဖြစ်ပြီး သကာလ ဘယ်ပါရမီ ဘယ်လို များ ဘယ့်နှယ်ကြောင့် ပါလိမ့် မတုံး ဆိုတာလည်း မလာစေနဲ့ (မှန်ပါ့)။

ဒါလာနေလို့ ရှိရင်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကုက္ကုစ္စက နီဝရဏ တရားလေး ဖြစ်ပြီး သကာလ နေတော့ နီဝရဏ ဆိုတဲ့ ဥစ္စာသည်တဲ့ နိဗ္ဗာန် မြင်ရမယ့် နေရာဌာန ပိတ်ပင်ဆီးတား တတ် သောကြောင့် နီဝရဏလို့ ဆိုထိုက်ပါတယ် ဘုရားက နော် (မှန်ပါ့)။

ခန္ဓာကိုယ်က ပြတာကြည့်ဖို့ပဲ

အဲ့ဒါတွေ သိထားတော့မှ ေဩာ် တို့ ဒီသုံးခု ရှောင်ကြဉ် ရမယ့်တရား သုံးခုပါလား၊ တို့ဟာ တို့ခန္ဓာ ကိုယ်စိုက်ပြီး သကာလ ခန္ဓာကိုယ်က ဖြစ်တာကို ပြတယ် ဖြစ်တာကြည့်ပဲ၊ ပျက်တာလေး မြင်နေလည်း ပျက်တာ စိုက်ကြည့်ဖို့ပဲ၊ ဒီပျက်တာလေးတွေ ဖြစ်တာလေးတွေကို မုန်းနေလည်း၊ မုန်းလျက်နဲ့ ကြည့်ရုံပဲ လွတ်ချင်လည်း လွတ်ချင်သလိုနဲ့ လွတ်ချင်တဲ့ စိတ်နဲ့ပဲ ဒါလေးတွေ လွတ်ရင် ကောင်းလေစွ ဆိုပြီး ဒါလေးပဲ ကြည့်ရုံပဲ။

ဒါလေးတွေ တစ်ခါ အင်း ရှေ့မှောက်မှာ ရောက်နေတာ လေးပဲ သူက ပြနေတာပဲ၊ ဒီလို ရှင်သာရိပုတ္တရာ ဉာဏ်နဲ့ပဲ မင်းဟာမင်း ဖြစ်စမ်းကွာ မင်းဟာမင်း ပျက်စမ်းကွာ ဆိုပြီး မှန်မှန် သာကြည့်နေစမ်းပါ (မှန်ပါ့) သဘောကျပလား – (ကျပါပြီ ဘုရား)။

ဘယ်လို လုပ်ရမယ် (မှန်မှန် သွားကြည့်ရမှာပါ ဘုရား) မှန်မှန်သာ ကြည့်နေ မာနတွေ မပါစေနဲ့ ဥဒ္ဓစ္စကော (မပါပါနဲ့ ဘုရား)။

ကောင်းပြီ ဥဒ္ဓစ္စကော မပါစေနဲ့၊ ကုက္ကုစ္စကော (မပါပါစေနဲ့ ဘုရား) ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး ဆိုဟာများ တရားအားထုတ်ရင် သုံးကို မသုံးလိုက်ပါနဲ့တဲ့။ (မှန်ပါ့) ကုက္ကုစ္စ ဝင်ပြီး ခုပါတယ် (မှန်ပါ့ ဘုရား) သဘော ပါပလား (ပါပါတယ် ဘုရား)။

ဒီသုံးခုမပယ်ရင်မရဘူး

ဒါနဲ့ ရှင်သာရိပုတ္တရာ လျှောက်လိုက်၊ ရှင်သာရိပုတ္တရာက မင်းဒီသုံးခု မပယ်သေးသ၍ကွာ ဘယ်မှာ သာလျှင် ရနိုင်ပါ့ မလဲ၊ ရှင်သာရိပုတ္တရာ ကလည်း ကိုမြင့်တို့ မောင်နိုင်တို့ သူက အဘိညာဉ်ရ ဆိုတော့၊ သူက ရဟန္တာဖြစ်ပြီးသား ပုဂ္ဂိုလ် ဆိုတော့ ရှင်အနုရုဒ္ဓါ အားထုတ်နေတာ ဒီသုံးခု သူမပယ် ဘဲနဲ့ အားထုတ် နေတာကိုးလို့ သူက သိတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီသုံးခု မပယ်ရင် မရဘူးဆိုတာ လည်း၊ ပါဠိတော်မှာ သေသေချာချာ ဟောထားတဲ့ အတွက် အားထုတ်တဲ့ အချိန်မှာ ဒကာ ဒကာမတို့ ဘယ်လို အားထုတ်မှ သင့်ပါ့မတုံးလို့၊ ဘုန်းကြီးဆီကို ဒကာ ဒကာမတွေ အကြံဉာဏ် ပေးပါလို့ တောင်းခဲ့သည် ရှိသော်၊ ဒကာ ဒကာမတို့ သူပြတဲ့ ဓမ္မကို ဓမ္မာနုဓမ္မပဋိပတ္တိ အလုပ်နဲ့ပဲ လုပ်ပါလို့ဆိုတာ သတိပေးလိုက် တယ် (မှန်ပါ့)။

ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတဲ့အတိုင်း၊ တရားနဲ့ လျှော်အောင် သာ ကြည့်နေလို့ ပြောလိုက်တယ် (မှန်ပါ့)။

တရားက အပျက်ပြပြန်လည်း အပျက်မြင်တဲ့ ဉာဏ်နဲ့ ပဲ လျှော်နေတာပဲ (မှန်ပါ့) အပျက် ပြတော့ ဉာဏ်ကလည်း အပျက်ကြည့်တော့ အင်း အပျက်နဲ့ ဉာဏ်မဂ်နဲ့ဟာ လျှော် မနေ ဘူးလား (လျှော်နေပါတယ် ဘုရား)။

အဲ့ဒီ ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတဲ့အတိုင်း၊ ရှေ့တရားက ပြ လိုက်၊ ဖြစ်ပျက်ကို လျှော်အောင် နောက်က မြင်တဲ့ အကျင့် မဂ်ဉာဏ်ပဲ ဆိုသဖြင့်၊ ရှေ့က ပြလိုက်တာကို နောက်က ကြည့်ရုံ လေးသာ ခင်ဗျားတို့ အလုပ်လို့ မှတ်ပါ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ရှေ့ကပြတာကို (နောက်က ကြည့်ရမှာပါ ဘုရား) ကြည့်ဖို့ အလုပ် ကလေးပဲလို့ ဒီပြင်တရား မနှောစေပါနဲ့၊ မရောစေပါနဲ့၊ မာနလည်း မရောပါစေနဲ့၊ ဥဒ္ဓစ္စလည်း ဝီရိယလွန်ပြီး ဥဒ္ဓစ္စလည်း မရော စေပါနဲ့၊ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံးလို့ ဆိုတာလည်း မပါပါစေနဲ့ (မှန်ပါ့)။

တရားနဲ့ လျှော်အောင်ကျင့်

ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတဲ့အတိုင်း ဓမ္မက ပြတဲ့ တရား ရှုပြီး လျှော်သော သတိပဋ္ဌာန် မဂ်ဉာဏ် အကျင့်ကို ဝိပဿနာ မဂ်ဉာဏ် အကျင့်ကိုသာ ကျင့်ပေးပါ (မှန်ပါ့)။

ဒါဖြင့် ရေလိုက်ကြာလိုက်နေ ဆိုတဲ့ အဓိပ္ပာယ် ကျတယ် (မှန်ပါ့) လောကီ အလိုပေါ့လေ (မှန်ပါ့) လောကီအလို တော့ ဒကာ ဒကာမတွေ ရေမြင့် ကြာမြင့်ပေါ့ဗျာ (မှန်ပါ့)။

ရေမြင့် ကြာမြင့်၊ ရေမြင့်ကြာမြင့် ဆိုသလို ဒီမှာလည်း သူပြတာလေး ကိုယ်က မနေမနားဘဲ ကြည့်နေရုံပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သူပြတာကို (မနေမနား ကြည့်နေရမှာပါ ဘုရား) မနေမနားဘဲ ကြည့်ပြီး သကာလ တရားက ပြတယ်၊ မိမိက ဉာဏ်နဲ့ကြည့်တယ်၊ တရားက ပြတယ်၊ မိမိက ဉာဏ်နဲ့ကြည့် တယ်၊ တရားက ပျောက် ပြတယ် ပျောက်ပြတော့ ပျောက်ပြီလို့ ကြည့်နေရုံပဲ မုန်းစရာ ပြလည်း မုန်းပြီး မုန်းစရာ ပါလားလို့ပဲ ကြည့် နေရုံပဲ ဟုတ်လား (မှန်ပါ့)။

အင်း ဒိပြင် ရှုစရာ မပြပြန်လို့ရှိရင်လည်း ကိုယ်က လျစ်လျူရှုတဲ့ ဉာဏ်နဲ့ပဲ ကြည့်နေရုံပါပဲ (မှန်ပါ့)။

သမ္မပ္ပဓါန်လေးပါး

ဒါဖြင့် တရားအားထုတ်တဲ့ ဥစ္စာမှာ၊ ဒကာ ဒကာမတွေ အရိုးကြေကြေ အရေပျောက်ပျောက် တစ်ချက်မြင်အောင် သမ္မပ္ပဓါန် လေးပါး ဘုရားက ဟောလိုက်တာ ခင်ဗျားတို့ သမ္မပ္ပဓါန်လေးပါး ဟောလိုက်တာကလည်း

(၁) မဖြစ်သေးသော ကုသိုလ်ကို ဖြစ်အောင်။

(၂) ဖြစ်ပြီးသော ကုသိုလ်ကို ပွားများ ရအောင် ဆိုတာ လွန်တာ မပါပါဘူး သူ့ဟာ (မှန်ပါ့)။

(၃) မလာသေးတဲ့ အကုသိုလ်ကို ပယ်ရအောင်။

(၄) ရှိပြီးသား ကိလေသာကိုလည်း တစ်ခါတည်း ပယ်ဖြတ်ရအောင်။ မဖြစ်သေးတဲ့ အကုသိုလ် ကိုလည်း မဖြစ်ရအောင် ဆိုတာလည်း မျှအောင် လုပ်တာပါ (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ တရားအားထုတ် နည်း ရကြပါပြီလားလို့ ဒီကနေ မေးတယ် (ရပါတယ် ဘုရား) တရားက အမှန်ပြတာကို ကျုပ်တို့က အမှန်လေး ရေ လိုက်ကြာလိုက် ကြည့် နေပါလို့ သတိပေး လိုက်တယ် (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

တရားက သူ့ဟာသူ ပြနေတာကို ခင်ဗျားတို့က ထူးထူး ထွေထွေ ကြံစည်လို့လည်း မကြည့်နဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

စိတ်တွေလည်း မပျံ့လွင့်စေနဲ့၊ အင်း အားထုတ်တာ မြင်တာလည်းကြာပြီ၊ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး ဆိုတာလေးကိုလည်း ကြားမထိုးစေနဲ့ (မှန်ပါ့)။

ဖြစ်ပျက်တွေ မြင်တာလည်း ကြာပြီ၊ ကြည့်လိုက်ရင် ဖြစ်ပျက်လည်း မချုပ်သေးဘူး၊ ဖြစ်ပျက် မချုပ်သေးတဲ့ အတွက် နိဗ္ဗာန်ဟာလည်း မပေါ်လာသေးဘူး ဘာများဖြစ်နေတုံး ဒါနဲ့လည်း ကြားမထိုး လိုက်ပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဤကဲ့သို့ ကြားမထိုးပဲနဲ့ မှန်မှန်လေး ဓမ္မဿ အနုပ္ပဋိတံ သတိပဋ္ဌာန် ဆိုတာလေးကိုဖြင့် မမေ့ပါနဲ့ (မှန်ပါ့)။

ဓမ္မဿ-ရှေ့ကပြတဲ့ တရား၏၊ အနုပ္ပဋိတံ- လျှော်သော သတိပဋ္ဌာန် နောက်ကျင့်လုံး လေးကို သူနဲ့ လျှော်အောင် ကျင့်တဲ့ ကျင့်လုံးလေး တစ်လုံးဟာ အရေးကြီးဆုံးပဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ရှေ့ကအပျက်ဆိုရင် ဉာဏ်ကအပျက်ကြည့်

ရှေ့က အပျက်ဆိုလို့ရှိရင် နောက်က ဉာဏ်ကလည်း အပျက်ကြည့်ရုံပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား) ရှေ့က ဖြစ်ပျက်က ရွံစရာ မုန်းစရာ ကြောက်စရာ ပြပြန် လို့ရှိရင်ကော (ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာကို ကြည့်ရ မှာပါ ဘုရား)။

ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာလို့ ကြည့်ရုံပဲ (မှန်ပါ့) အပျက်ကလည်း ဒကာ ဒကာမတို့ သူ့ကို ဥပေက္ခာရှုပါလို့ ဥပေက္ခာ ထားပြီး ခင်ဗျားတို့ ကြည့်နေပါ ဆိုလို့ရှိရင် ဥပေက္ခာ ထားပြီး ခင်ဗျားတို့က ကြည့်နေရုံပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ ကြည့်နေပြီ ဆိုမှဖြင့် ဘယ့်နှယ်ကြောင့် မချုပ် သေးပါလိမ့်မတုံး ဆိုတာတွေ မလာစေနဲ့ (မှန်ပါ့)။

ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တချို့ တရားအားထုတ် တာ ကြာနေတာနဲ့ သူများ ရကုန်ပြီ ငါဖြင့် မရသေးဘူး မာနခံနေပြီ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ငါဖြင့်မရသေးဘူး၊ အဲ နောက်ကျတော့ ဘာများဖြစ် နေလို့ ပါလိမ့်မတုံး၊ ဘာများဖြစ်နေ ပါလိမ့်မတုံး ဆိုတဲ့ ကုက္ကုစ္စ လာပြန်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ခင်ဗျားတို့ အတွေးရယ် ခင်ဗျားတို့ဟာ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ်က ရိုက်လိုက်တာ ကို ခင်ဗျားတို့၏ မပေါ်ကောင်းတဲ့ စိတ်တွေက ပေါ်ပြီး ကန့်ကွက် တာလို့ မှတ်ကြဖို့ပဲ (မှန်ပါ့) သဘော ပါပလား (ပါပါ ပြီ ဘုရား)။

ဒါဖြင့် အားထုတ်ဆဲပုဂ္ဂိုလ်များ အထက်တက်ပြီး သကာလ တပည့်တော်တို့ ရသထက်ရအောင် ကြိုးစားချင်ပါ တယ် ဆိုတဲ့ ပုဂ္ဂိုလ်များဟာလည်း ရှင်သာရိပုတ္တရာက ဒီသုံးခု ရှောင်ကွာ (မှန်ပါ့) သတိပေး လိုက်တယ်နော် (မှန်ပါ့)။

မာနလည်း ရှောင် (မှန်ပါ့) ပြီးတော့ကော (ဥဒ္ဓစ္စလည်း ရှောင်ပါ ဘုရား) ကုက္ကုစ္စလည်း (ရှောင်ပါ ဘုရား) ကုက္ကုစ္စလည်း ရှောင်၊ ဒီရှောင်စရာ သုံးခုကို ရှောင်တယ် အဲ့ဒီလို ရှင်အနုရုဒ္ဓါ က သွားပြီး သကာလ တပည့်တော် ဒီလို အားထုတ်ပါလျက် သားနဲ့ မရတာ အရှင်ဘုရား အမိန့် ရှိစမ်းပါအုံး ဆိုတော့ အို မင်း ဒီသုံးခု ပယ်လိုက်ရင် ရပါတယ်ကွာ (မှန်ပါ့)။

အသေအချာ သတိပေးတာ (မှန်ပါ့) မာနလည်း ပယ်၊ ဥဒ္ဓစ္စလည်း ပယ်၊ ကုက္ကုစ္စလည်း (ပယ်ရမှာပါ ဘုရား) ကုက္ကုစ္စ ဆိုတာက ဒကာ ဒကာမတို့ လာတယ်နော် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ (လာပါတယ် ဘုရား)။

ဘာများဖြစ်နေပါလိမ့် ဘာများ ဖြစ်နေပါလိမ့်မတုံး ဆိုတာ ဘာပါလိမ့် (ကုက္ကုစ္စပါ ဘုရား) သဘော ကျကြလား (ကျပါတယ် ဘုရား)။

သူ့ဟာသူလိုက်သာကြည့်နေ

ဘာများဖြစ်နေပါလိမ့်၊ အရွယ်များ ကြီးသွားလို့လား၊ အင်း ဒကာကြီးလှိုင် ဒီလိုလည်း မအောက်မေ့ နဲ့နော် (မှန်ပါ့) ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး သူ့ဟာသူ လိုက်သာ ကြည့်နေ (မှန်ပါ့)။

သူ့ဟာသူ လိုက်သာကြည့်နေလည်း၊ လှေသွားတာကို ကုန်းပေါ်က လူက ကြည့်နေရုံပဲ၊ လူမပါလည်း မျောလာတဲ့ အမှိုက်ကလေး သစ်ရွက်ကလေး မျောမျော၊ လှေလေးမျောမျော၊ တုံးလေး မျောမျော၊ ဝါးလေး မျောမျော ခင်ဗျားတို့က ကွေ့ မျောရင်ကွေ့မျောတာ ကြည့်နေရုံပဲ ရှုရုံပဲ (မှန်ပါ့)။

ဖြောင့်ဖြောင့်မျောနေရင်ကော (ဖြောင့်ဖြောင့်မျောနေ တာကို ကြည့်ရမှာပါ ဘုရား) အမြီးပြန် ခေါင်းပြန် မျောနေရင်ကော (အမြီးပြန်ခေါင်းပြန် မျောနေတာကို ကြည့်ရမှာပါ ဘုရား)။

သူမျောနေတာ ကိုယ်ကြည့်ရုံပဲ၊ ကိုယ်က ဘာမှ အစီ အစဉ် ကိုယ်က လုံ့လဝီရိယ စိုက်နေစရာ လိုသေးသလား (မလိုပါဘူး ဘုရား)။

အဲ့ဒီလို ခန္ဓာကိုယ်ကြီးကို ဉာဏ်နဲ့လှည့်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သူပြောသလို သူပြောသလို ကြည့်နေမယ် ဆိုလို့ရှိရင်ဖြင့် မကြာပါဘူးတဲ့ ရမှာ (မှန်ပါ့)။

သူပြောသလို ကြည့်နေရင် (မကြာပါဘူး ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာက ပြောလိုက်တော့ လေးမဂ်တန်းရတယ်

အဲ့ဒါ ဘုန်းကြီးက ဟောတယ်လို့ မယူလိုက်ပါနဲ့နော် (မှန်ပါ့) ရှင်သာရိပုတ္တရာက ရှင်အနုရုဒ္ဓါ မင်းကွာ ဒီသုံးခု မင်းရှုပ်နေလို့ မရတဲ့ဥစ္စာ ဒီသုံးခု မဝင်ဘဲနဲ့ မင်းအား ထုတ်ကြည့်စမ်းပါကွာဆိုလို့ ချက်ချင်း ရတယ် (မှန်ပါ့)။

မဂ်လေးတန် ပေါ်တယ်၊ တစ်ခါတည်း တန်းရတယ် (မှန်ပါ့) ဒကာ ဒကာမတွေ မလွယ်လား (လွယ်ပါတယ် ဘုရား)။

အဲ့တော့ ရှိပြီးသား ပုဂ္ဂိုလ်ပြောတဲ့ အပြော ဖြစ်နေ ပြန်တော့ ဒကာ ဒကာမတွေက ဒီဟာမျိုး ကလည်း တစ်ခါတလေ မာနကလည်း ဟို သူများ ခုနှစ်ရက်နဲ့ ရရင် ငါ-ငါးရက်နဲ့ – ရအောင် ကြိုးစား မယ် (မှန်ပါ့)။

ဒီလိုနဲ့လည်း မရဘူးတဲ့ မာနပါရင် (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား) သူများ ဝီရိယနဲ့ ကြိုးစားတာပဲ ငါပိုကြိုးစား လိုက်မယ်ဆိုရင် မရဘူးတဲ့ (မှန်ပါ့)။

ပိုကြိုးစား လိုက်မယ်ဆိုတော့ ဝီရိယ မလွန်သွားပေဘူး လား (လွန်သွားပါတယ် ဘုရား) အဲ့ဒီတော့လည်း ဥဒ္ဓစ္စဘက် ပြေးသွားမယ် (မှန်ပါ့)။

နောက် ပိုကြိုးစားလျက်နဲ့မှ ရက်သာ ကုန်တယ် မရဘဲ ဖြစ်နေပြန်တယ်၊ ငါဘာဖြစ်နေပါလိမ့် မတုံးဆိုတော့ ကုက္ကုစ္စက ဝင်ခုလိုက်ပြန်တယ် (မှန်ပါ့) မနေဘူးလား (ခုပါတယ် ဘုရား)။

အဲ့ဒီကဲ့သို့ ခုလိုက်ပြန်လို့ ရှိရင်လည်း မဂ်တား၊ ဖိုလ်တာ၊ နိဗ္ဗာန်တားတွေက မလာပေဘူးလား (လာပါတယ် ဘုရား)။

အထက်မဂ်တက်မည့်သူတွေ ဒီသုံးခုမပါပါစေနဲ့

ဒါဖြင့် ကဲ အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ အားထုတ်မယ့် ပုဂ္ဂိုလ်တွေကို အားထုတ်ဆဲ လည်း ရှိနေကြ တာပဲ။ အားထုတ်ပြီးသားလည်း ရှိနေကြတာပဲ၊ အောက်က အထက် တက်မယ့် ပုဂ္ဂိုလ်တွေလည်း ဒီအတိုင်း ဒီသုံးခုကို မြဲပါပါစေနဲ့လို့ သတိပေး လိုက်တယ်နော် (မှန်ပါ)။

ဟာ အောက်အဆင့်အောင်လို့ အထက်ဆင့် တက်ချင်ပြန်တယ်လို့ ကိုယ့်စိတ်ကူး ရှိပြန်လို့ ရှိရင်လည်း ဒီသုံးခု ရှောင်ပါ (မှန်ပါ) သဘောပါကြပလား (ပါပါတယ် ဘုရား)

အဲတော့ ေဩာ် တချို့က လာတော့ ငါပထမအဆင့် တော့ဖြင့် ဒုက္ခချုပ်တဲ့ဆီ ငါအာရုံ ပြုနိုင်တာ၊ ဒုတိယ အဆင့် ကျတော့ ငါဆက်ပြီး အားထုတ် လိုက်တာ အတော်ကြာပြီ ဘာများ ဖြစ်ပါလိမ့်မတုံး ဘယ်သူ ဝင်လာတုံး (ကုက္ကုစ္စ ဝင်လာပါတယ် ဘုရား)။

မရဘူး၊ မရဘူး၊ ဒါဖြစ်ပျက်ရှု၊ (မှန်ပါ့) သူ့ဟာသူ ပထမအဆင့် အောင်လို့ ဒုတိယအဆင့် တက်ချင်တက် ဒုတိယ အဆင့် တက်နိုင်ပါစေ ဆိုပြီး သကာလ ကြိုးစားပြီး သကာလ သတိပဋ္ဌာန် လေးသာ လုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှေ့၌ပြတဲ့ ခန္ဓာဓမ္မ၏ သူနဲ့ လျှော်သော သတိပဋ္ဌာန် မဂ်ဉာဏ် အကျင့်ကို သာလျှင်တဲ့၊ ပဇာနေယျ- သိရာ၏ ကျင့်ရာ၏ သဘော ကျပလား (ကျပါပြီ ဘုရား)။

သူက ပြတာလေးသာ အစဉ်အတိုင်း လိုက်ပြီး ကြည့်သာ နေလို့ရှိရင်ဖြင့်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လိုရာခရီး ပေါက်ပါလိမ့်မယ် ဆိုတာ ကန့်ကွက်တဲ့ တရားတွေ မပါပါဘူး (မှန်ပါ့) ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါလုပ်နည်းတစ်ဆင့်တက်လိုက်တာ

ဒါဖြင့် ေဩာ် ဒါလုပ်နည်းတစ်ဆင့် တိုးပေးလိုက်ပြန် တာပဲ၊ အကိုးအကား အလုံအလောက်နဲ့ ရှင်အနုရုဒ္ဓါက မဖြစ်နိုင်လို့ ရှင်သာရိပုတ္တရာ သွားပြောတဲ့အခါ၊ မင်းဟာလည်း အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်၊ မင်းခပ်ကြွားကြွား အားထုတ်တော့ မင်းက မာနလေးကလည်း ပါတယ်၊ ဒါကြောင့် မင်းမရတာ နောက် မင်းဆက်ပြီး အားထုတ်၊ ငါကဲ့သို့သော အဘိညာဉ် ရတဲ့ ပုဂ္ဂိုလ်ဟာ ဘယ့်နှယ်ကြောင့် မရဘဲ ရှိရမတုံး ဆိုတော့၊ မင်းက ဝီရိယ လွန်ကဲပြန်တော့လည်း ဥဒ္ဓစ္စက မင်း မနိုင်ပြန်ဘူး ဒါကြောင့် မင်းမရဘူး။

တစ်ခါ ဥဒ္ဓစ္စကို ကြည့်တော့ မရဘဲ နေပြန်တော့လည်း ငါဘယ့်နှယ်ကြောင့် မရ၊ အာသဝေါ ကုန်ခန်းတဲ့ နိဗ္ဗာန်ကြီးကို ဘာများ ဖြစ်နေလို့ မရပါလိမ့်မတုံး ဆိုတဲ့ မင်းကုက္ကုစ္စ ကလည်း လာပြန်တယ် (မှန်ပါ့)။

ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်သွားတယ်

မင်း ဒီသုံးခုကို မနိုင်တဲ့အတွက် မင်းမရတာ၊ ဒီသုံးခုကို မလာဘဲနဲ့ ကြိုးစားရင် မင်းရမယ် ဆိုတော့၊ ရှင်အနုရုဒ္ဓါက ဒီသုံး ခု ရှောင်ပြီး ကြိုးစား လိုက်တော့လည်း ရဟန္တာ ထိအောင် ဖြစ်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲ ပယ်ရမယ့်တရား ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စပါ ဘုရား) အဲ အဲ့ဒါ ပါဠိတော်ပါတဲ့ ပါဠိတော်မှာ အသေအချာ ပါတယ်လို့ မှတ်ပါတဲ့ (မှန်ပါ့)။

အင်္ဂုတ္တိရ်ဆိုတော့ သုံးခုကန့်ကွက်ရင် သုံးခုပဲ ဟောတာ ပဲ (မှန်ပါ့) ကဲ မောင်နိုင်တို့ လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ယနေ့ တရားပွဲ ရှေ့ပိုင်းမှာ အတော် အရေးကြီးတယ် ဆိုတာကော သဘောကျပလား။ (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာ ဤအတိုင်း လုပ်ပါ ဆိုတာကိုဖြင့် ဒီအပိုင်းကို ဒီအတိုင်း မှတ်ထားတာပေါ့နော် (မှန်ပါ့)။

မမေ့ကြစေနဲ့နော် (မှန်ပါ့) မမေ့စေနဲ့ အရေးကြီးတယ်။

ကိုင်း မနေ့ကတရား ဆက်ကြပါစို့၊ မနေ့ကတရားက နိဗ္ဗဓိက အရိယာယသုတ်၊ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်မှာလည်းဟောတယ် (မှန်ပါ့) ဒါက ဒီဃ နိကါယ် အင်္ဂုတ္တိုရ် သုံးခု။ က ဆက္ကနိပါတ် အင်္ဂုတ္တိုရ် မှာက ဟောစရာ ဒကာ ဒကာမ တွေ ကျန်နေတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေမှာ ဘယ့်နှယ်ကြောင့် သံသရာထဲမှာ ရှည်ပြီး သကာလ အိုဘေး၊ နာဘေး၊ သေဘေး တွေကိုပဲ အဖော်လုပ်ပြီး သကာလ အပေါင်းအသင်းနဲ့ အရင်းအနှီးဆုံး ဖြစ်နေပါလိမ့်မလဲ ဆိုတဲ့ စကားဟာ မေးဖို့ လိုလာတယ် (မှန်ပါ့)။

ကွာ ထိုးထွင်းရမယ့် အကြောင်းတရား မင်းတို့ မသိ ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ထိုးထွင်း သိရမယ့် အကြောင်းတရားကို (မသိပါ ဘုရား)။

အဲ့ဒါဖြင့် ငါဘုရားက ထိုးထွင်းသိရမယ့် အကြောင်းကို ငါ သေသေချာချာ ဟောပါ့မယ်။ (မှန်ပါ့) ထိုးထွင်း သိရမယ့် အကြောင်းကို မင်းတို့က ထိုးထွင်းပြီး သကာလ မသိတဲ့အတွက် အိုဘေး၊ နာဘေး၊ သေဘေး၊ ငရဲဘေးတွေ၊ ကိုးဆယ့်ခြောက်ပါးသော ဘေးဘယာတွေကို မင်းတို့သည်ကားလို့ ဆိုလို့ ရှိရင် မင်းတို့ ကိုယ်ပိုင် ပစ္စည်းဖြစ်ပြီး သကာလ နေတော့တယ် ဆိုတဲ့ဥစ္စာ (ဘုရားက ဟောလိုက်တယ် (မှန်ပါ့)။

ကာမခြောက်မျိုး

အဲဒါဖြင့် ယနေ့ ခြောက်ချက်တော့ ဟောရလိမ့်မယ် ဒကာ ဒကာမတို့၊ ဘာဟောရမတုံးလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့

ကာမခြောက်မျိုး

(၁) ကာမကိုလည်း သိရမယ်နော် (မှန်ပါ့)။

(၂) ကာမဖြစ်ကြောင်းကိုလည်း (သိရမှာပါ ဘုရား)

(၃) ကာမ၏ ထူးခြားပုံကိုလည်း (သိရမှာပါ ဘုရား)။ ကောင်းပြီး

(၄) ကာမ၏ အကျိုးပေးကော (သိရမှာပါ ဘုရား)။

(၅) ကာမ၏ ချုပ်ရာကော (သိရမှာပါ ဘုရား)။

(၆) ကာမ၏ ချုပ်ရာချုပ်ကြောင်း အကျင့်ကော (သိရမှာပါ ဘုရား)။

သိရမယ်ဆိုတော့ ဒါ ရက်ပေါင်းများစွာ ဟောလာတာ ဒီခြောက်ချက်ဟာ အစဉ်ကတော့ ဒါချည့်ပဲ သွားမှာပဲ (မှန်ပါ့)။

မင်းတို့ဟာ ကွာတဲ့ ကာမလည်း သိဖို့ အရေးကြီးတယ် (မှန်ပါ့) ကာမဆိုတာ မင်းတို့ မှတ်ထား စမ်းပါတဲ့ ကာမဆိုတဲ့ ဥစ္စာ မင်းတို့ သန္တာန်ထဲမှာ ကာမေတိတိ ကာမော။

ကာမေတိ-မင်းတို့ သန္တာန်၌ လိုချင်တတ်တဲ့ သဘော လေး၊ ခင်တတ်တဲ့ သဘောလေး၊ မင်တတ်တဲ့ သဘောလေးဟာ ကာမလို့ မှတ်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ခင်မင်တဲ့သဘောဟာ ကာမ

ခင်မင်တဲ့ သဘောလေးဟာ (ကာမပါ ဘုရား) အဲ့ဒီ အဲ့ဒီ ကာမဟာ ဪ ခင်မင်တဲ့ သဘောလေးဟာ ခင်ဗျား တို့ကတော့ ဘယ်လို ယူကြသတုံးလို့၊ ခုတရားနာ ဒကာ ဒကာမတွေ ကလည်း ဘယ်လို ယူလေ့ရှိတုံးလို့ အမေးထုတ်လို့ရှိ လျှင် ။

ခင်တတ်မင်တတ်တဲ့ စိတ်ဟာ စိတ်ကောင်း၊ တချို့က လည်း လူမြင်ရင် မျက်စောင်းထိုး၊ လူမြင်ရင် မျက်စောင်း ထိုး၊ အင်း ကျုပ်တို့ကတော့ ဒီလိုစိတ်ထား မရှိပါဘူး ခင်တတ် မင်တတ်ပါတယ်။

ဒီလိုမပြောကြဘူးလား (ပြောပါတယ် ဘုရား) အဲ့ဒါ ကာမပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

ခင်တတ် မင်တတ်တဲ့ စိတ်ကလေးက ဘာပါလိမ့် (ကာမပါ ဘုရား) ကာမပဲတဲ့ အဲ့တော့ ဒကာ ဒကာမတို့ ဒီကာမ ကိုလည်း သိထားရမယ် (မှန်ပါ့)။

ေဩာ် ခင်တတ် မင်တတ်တဲ့ စိတ်ကလေးဟာ ဘာ ပါလိမ့် (ကာမပါ ဘုရား) ကောင်းပြီ ဒီကာမ လေးတွေ မပြုတဲ့ အတွက် အင်း ခင်ဗျားတို့က ဒါ စိတ်ကောင်းလေးပဲလို့ အောက်မေ့လိမ့်မယ် (မှန်ပါ့) မအောက်မေ့ပေဘူးလား (အောက်မေ့ပါတယ် ဘုရား)။

နှုတ်ချိုသလောက် မဂ်ဖိုလ်တားတယ်

အင်း စိတ်ကောင်းလေးပဲလို့ အောက်မေ့လို့ရှိရင်၊ ကာမ ဆိုတာ အလိုရှိတတ်တာ၊ ကာမ ဆိုတော့ သူက ခင်ဗျားတို့ တစ်ယောက် တစ်ယောက် မြင်လည်း ချစ်ပါတယ်၊ ခင်ပါတယ်။ ကြင်နာ ပါတယ်ဆိုတဲ့ အသွားတွေဟာ အင်း နှုတ်ချိုသလောက် မဂ်ဖိုလ်တော့ တားတယ်ကွာ (မှန်ပါ့)။

ကာမကိုး (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား) ကာမဆိုတာ နှုတ်ချိုပြီး ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား) မဂ်ဖိုလ် ကျတော့ ဘာဖြစ် (တားပါတယ် ဘုရား)။

အဲဒီကာမကို မင်းတို့က မသိတော့၊ ဟို ဒီဥစ္စာ တရား အားထုတ် တာတောင်မှ ဘယ်သူနဲ့မှ ကျုပ်နဲ့ ခင်တယ်၊ သူနဲ့ တွဲပြီး အားထုတ်ရမယ် ဆိုတော့၊ ကာမက ဝင်ပြီး လာချင် လာပစ်လိုက် တာ (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။

အင်း ဘယ်ဇရပ် ကလေးမှ ကျုပ်က အားထုတ်ချင်တာ ဒိပြင် ဇရပ်ဆိုရင် ကျုပ်က တယ်ပြီး စိတ်က ကျေနပ်တာ မဟုဘ် ဘူး။ ခြေဦးတောင် တယ်မလှည့်ချင်ဘူး၊ ဟို ခင်တဲ့အချိန် ကာမက လှည့်နေတယ် (မှန်ပါ့) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

အဲဒီကာမကလည်း အတော်ဆိုး (ဆိုးပါတယ် ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) အဲတော့ ကာမကိုလည်း သိရမယ်ဆိုတာ၊ ဪ သူမဂ်ဖိုလ် တားတဲ့ တရားပဲလို့ ဆိုတာကိုလည်း စောစောစီးစီး သိထားရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ ခင်ဗျားတို့ ခု အားလုံး ဒကာ ဒကာမတို့ ဥပုသ် စောင့်သွားကြတယ်၊ အင်း တရား အားထုတ် သွားကြတယ် ဆိုလို့ ရှိရင်၊ ဒီကာမလေး မြှောင်လိုက် နေတာ သိမှ မသိပဲ (မှန် ပါ) သိကြရဲ့လား (မသိပါဘူး ဘုရား)။

၁။ ကာမက မြှောင်ပြီးလိုက်နေတယ်

ကာမလေး မြှောင်ပြီး သကာလ လိုက်တယ်၊ ခင်တဲ့ ပုဂ္ဂိုလ် ရှာရဦးမယ်၊ သူနဲ့မှ တရား အားထုတ်မှ ကျုပ်နေရာ ကျမယ် ဆိုတော့ ဒီခင်မင်တဲ့ ပုဂ္ဂိုလ် ကာမက ဦးခန့်ရေ ! ဝမ်းထဲ ရောက်နေတယ် (မှန်ပါ့)။

ကာမ ဆိုတာကလည်း ခင်တဲ့ ပုဂ္ဂိုလ်ကို ခင်တဲ့ တရားကို ဆိုတာကိုး (မှန်ပါ့) အလိုရှိတတ်တဲ့ တရား ကာမကိုး။

အဲ့ဒါလေးနဲ့ အားထုတ်နေပြန်လို့ရှိရင်လည်း၊ ဒကာ ဒကာမတွေ ကိုယ်ကတော့ မသိဘူးတဲ့။

အားထုတ်တဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ တစ်ယောက် တစ်ယောက်ငဲ့ပြီး ခင်နေတာနဲ့ပဲ မရပါဘူး ဒီဥစ္စာ (မှန်ပါ့) ကာမ ဝင်ရှုပ်နေတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ အသေအချာ တွေးမှနော် (မှန်ပါ့) ဖြစ်စဉ် ကိုက်ကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) ကျုပ်က သူနဲ့ ဒီဝါမဝင်ဘူး၊ အားမထုတ်ချင်ဘူး၊ လာချင် လာသေးတာဟ တရား အားထုတ်တဲ့ အခါ ကိုယ့်ခန္ဓာကြည့်ပြီး တရားအားထုတ်မှ ဘယ်သူနဲ့မှ အရောဝင်ဖို့ရာ မလိုပါဘူး (မှန်ပါ့)။

ဘယ်သူနဲ့ တွဲနေဖို့ကော (မလိုပါဘူး ဘုရား) ခုတော့ သူက အတွဲလေးနဲ့ (မှန်ပါ့) ခင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မှ ဟုတ်လား သူကမှ ကျုပ်ဝံ့တာ ကျုပ်မူးဝေနေ အော့အံနေ သူကမှ နှိပ်ပေးမှာ၊ သူက နောက်ကြော ထိုးပေးမှာ၊ ဒီလို ပုဂ္ဂိုလ် ငဲ့နေ၊ ရကို မရဘူး ကာမပါတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အတော့်ကို မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) အေး ဒါကြောင့် ကာမလေးကိုလည်း သိထား ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

၂။ ကာမဖြစ်ကြောင်း

ကာမဖြစ်ကြောင်းကိုလည်း သိရဦးမယ် (မှန်ပါ့) ကာမဖြစ်ကြောင်း ခု ကာမတော့ လောဘ ဆိုပြီး သိပြီနော် (မှန်ပါ့)။

ခင်မှု လောဘ ကလေးကို ဘာခေါ်ကြမယ် (ကာမ ပါ ဘုရား) ကာမဖြစ်ကြောင်း သိရဦးမယ် မောင်နိုင်ရ (မှန်ပါ့) ထိုးထွင်း သိရဦးမယ် (မှန်ပါ့)၊

ဒကာ ဒကာမတို့ ဘာသိရမယ် (ကာမဖြစ်ကြောင်း ထိုးထွင်း သိမှာပါ ဘုရား) ကာမ ဖြစ်ကြောင်း ထိုးထွင်း သိရမယ် ဆိုတော့၊ မတွေ့ခင်က ဖြစ်တဲ့ ကာမလားတဲ့၊ သူ့ဘက် လှည့် လိုက်မှ အာရုံ၊ အာရမ္မဏိက ထိခိုက်မှ ဖြစ်တဲ့ ကာမလားလို့ မေးပါ (အာရုံ၊ အာရမ္မဏိက ထိခိုက်မှ ဖြစ်တဲ့ ကာမပါ ဘုရား)။

ဒါဖြင့် ထိခိုက်တာက ဖဿ (မှန်ပါ့) ဖဿကြောင့် ကာမဖြစ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖဿကြောင့် (ကာမဖြစ်တာပါ ဘုရား) မင်း ဥပုသ် စောင့်မလား၊ ဒီနေ့ မစောင့်သေးဘူး၊ ဒါဖြင့် ကျုပ်လည်း မစောင့် သေးဘူး ဆိုလို့ရှိရင် မကိုက်သေးဘူးကွ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဆုံးအောင် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်ဒုက္ခ ကိုယ်သိမ်း တာပဲ၊ ဟိုလူပါမှ ကိုယ်သိမ်း ဖြစ်မယ် ဆိုတော့ ဟိုလူပါတယ် ဆိုကတည်းက ဘယ်ဖြစ်တော့မတုံး (မှန်ပါ့) ဖြစ်နိုင်ပါ့ မလား (မဖြစ်နိုင်ပါဘူး ဘုရား)။

ကာမဖြစ်ကြောင်းက ဖဿ

အဲ့ဒါတွေ လိုက်စဉ်းစားတယ် ဒကာ ဒကာမတွေရ။ ကိုင်း ဒါဖြင့် ကာမဖြစ်ကြောင်းက ဖဿ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောဘဖြစ်ကြောင်း (ဖဿပါ ဘုရား) ဖဿ။ လောဘဟာ ကာမပါပဲ နော် (မှန်ပါ့)။

အဲ့ အဲဒိ ဖဿနဲ့ ဖဿ ဆိုတာက ခင်တာ ဒကာ ဒကာမတို့ စိတ်ထဲမှာ တွေ့လို့ ခင်တာလည်း ရှိတယ် (မှန်ပါ့) လူကိုယ်တိုင် တွေ့လို့ (ခင်တာလည်း ရှိပါတယ် ဘုရား)။

တွေ့တဲ့ ဖဿက ရှေ့သွား ခင်တာက နောက် လိုက် (မှန်ပါ့) ဒါဖြင့် ကာမဟာ ဘယ်သူ့ ကြောင့် ဖြစ်တုံး (ဖဿကြောင့်ပါ ဘုရား) ရှင်းပလား ( ရှင်းပါပြီ ဘုရား)။

ဪ ကာမဆိုတာ ဒကာ ဒကာမတွေ မေးကြည့် ချင်တယ် ဘုန်းကြီးတို့က အင် နောက် ဘဝက မွေးခဲ့တဲ့ သား သမီးတွေများ ခင်ကြရဲ့လားလို့မေးရင် ဘယ့်နှယ်ပြောမတုံး (မခင်ပါဘူး ဘုရား)။

ဖဿက ဆက်မပေးဘူး (မှန်ပါ့) ဖဿက ဆက် မပေးဘူး၊ ဆက်ပေးလို့ရှိရင် ခင်ဗျားတို့ အားတောင် မအားဘူး (မှန်ပါ့)။

နောက်ဘဝက သားသမီးပေါင်း ဘယ်လောက်များ မွေးဖွားခဲ့ကြသတုံး ဆိုတော့ သံသရာနဲ့ အမျှပဲ ကိုမြင့်၊ မောင်နိုင်ရ ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါဘူး ဘုရား)။

အဲတော့ ဖဿက ဆက်သွယ်မပေးတော့ အဝိဇ္ဇာက ဖုံးတော့ ဖဿက ဆက်သွယ်ချိန် ရသေး ရဲ့လား (မရတော့ ပါဘူး ဘုရား) နို့ မရတဲ့အတွက် ခင်ပါရဲ့လားလို့ မေးတော့ ဘယ့်နှယ်ဖြေကြမတုံး (မခင်ပါဘူး ဘုရား)။

ခု တွေ့တဲ့ သားသမီး လေးတွေ ကျတော့ ဆိုးလည်းမပစ် နိုင်၊ ကောင်းလည်း မပစ်နိုင် မလာကြ ဘူးလား (လာပါ တယ် ဘုရား)။

ဖဿက ဆက်သွယ်ပေးတယ်

အခု တွေ့တာတွေ ကျတော့ ဒါကတော့ ဖဿက တွေ့ ပေးထားတာကိုး (မှန်ပါ့) ဖဿက တွေ့ပေး ထားတော့ ဆိုးလည်းပစ်နိုင်ရဲ့လား (မပစ်နိုင်ပါဘူး ဘုရား) ကောင်း ရင်ကော (မပစ်နိုင်ပါဘူး ဘုရား)။

အဲ့ဒါ ဘယ်သူ တွေ့ထိ ပေးလို့တုံး (ဖဿတွေ့ထိ ပေးလို့ပါ ဘုရား) အဲဒါ မပစ်နိုင်တဲ့ တဏှာ၊ မပစ်နိုင်တဲ့ လောဘ သည် ဒကာ ဒကာမတွေ ဖဿ လက်ချက်ပဲ (မှန်ပါ့)။

ဖဿ ဆက်သွယ်ပေးတဲ့ လက်ချက်ပဲဆိုတာ ကောင်း ကောင်း ကျေနပ်ပါရဲ့လား (ကျေနပ် ပါတယ် ဘုရား) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကာမလည်း သိပြီ၊ ကာမဖြစ်ကြောင်းကော (သိပါပြီ ဘုရား)။

ကာမထူးခြားပုံတွေဆိုတာ ပြောပါဦးမယ် (မှန်ပါ့) ကာမဟာ တော်တော် ထူးထူးခြားခြားပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။

၃။ ကာမထူးခြားချက်ငါးမျိုး

ကာမသည်ကားလို့ ဆိုရင်ဖြင့် တချို့က အဆင်းကြောင့် အဆင်း ခင်တာ ကာမတစ်မျိုး (မှန်ပါ့) အသံကို ကြိုက်နေ တဲ့ ကာမက (တစ်မျိုးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ အနံ့ကြိုက်နေတဲ့ ကာမက (တစ်မျိုးပါ ဘုရား) အရသာကြိုက်နေတဲ့ ကာမက (တစ်မျိုးပါ ဘုရား)။ အတွေ့အထိ ကြိုက်နေတဲ့ ကာမက (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာမထူးခြားတာ ငါးမျိုး (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကာမထူးခြားတာ အဆင်းကာမက အဆင်းကြိုက်တဲ့ ကာမကတစ်မျိုး (မှန်ပါ့) အသံကြိုက်တဲ့ (ကာမက တစ်မျိုးပါ ဘုရား) သဘောကျပလား အနံ့ကြိုက်တဲ့ ကာမ ကကော (တစ်မျိုးပါ ဘုရား)။

အရသာကြိုက်တဲ့ ကာမကကော (တစ်မျိုးပါ ဘုရား) အထည်လေး အနုအညံ့ ကြိုက်တဲ့ ကာမက (တစ်မျိုးပါ ဘုရား) ကာမ ဘယ်နှစ်မျိုး ရှိတုံး (ငါးမျိုးရှိပါတယ် ဘုရား)။

အဲ ကာမကလည်း ဒကာ ဒကာမတို့ ကာမ ထူးထူး ခြားခြား သိထားပါတဲ့၊ ကာမခြောက်မျိုး ရှိတယ်လို့ မှတ်ထားလိုက် တာပေါ့ (မှန်ပါ့) ကာမ ဘယ်နှစ်မျိုး ရှိတုံး (ခြောက်မျိုး ရှိပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် အင်း ဒါဖြင့် ကာမထူးခြားတာ သိရမယ် ဆိုသောကြောင့်လည်း၊ ထိုးထွင်းပြီး ဒကာ ဒကာမတွေ သိရအောင်လို့ သော် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံငါးပါးဟာ ကာမ၏ ထူးခြားချက်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ရှင်းကြပါပလား (ရှင်းပါပြီ ဘုရား)။

၄။ ကာမ၏အကျိုးပေး

ဒါဖြင့် သုံးနံပါတ် ပြီးသွားပြီနော် (မှန်ပါ့) ကောင်းပြီ ဒကာ ဒကာမတို့ ကာမ၏ အကျိုးပေးကို သိရဦးမယ် (မှန်ပါ့) ကာမ၏ ဘာတုံး (အကျိုးပေးပါ ဘုရား)။

အဲ ကာမ၏ အကျိုးပေးလည်း သိရဦးမယ်ဆိုတော့ ဒီကာမဆိုတဲ့ လောဘလေး ရှိနေပြီဆိုမှဖြင့် အိုး ကျုပ်က စုတေမနေ သေလိုက်လို့ရှိရင်ဖြင့် လူပြန်ဖြစ်ပဲ ကျေနပ်ပါပြီး၊ နတ်ပြန်ဖြစ်ပြီး ကျေနပ်ပါပြီ ဆိုပြီး သကာလ လူဖြစ်ချင်တဲ့ ကံ၊ နတ်ဖြစ်ချင်တဲ့ ကံတွေဟာ ဒီကံတွေဟာ နဂိုက ပေါ်လာတာလား၊ ကာမကြောင့် ပေါ်လာတာလား (ကာမကြောင့် ပေါ်လာ တာပါ ဘုရား)။

လူဖြစ်စေချင်တဲ့ ကံတွေ ကြိုးစားတာ၊ နတ်ဖြစ်စေချင်တဲ့ ကံတွေ ကြိုးစားတာ (ကာမကြောင့်ပါ ဘုရား) ကာမကြောင့် ပေါ်လာတာ ဆိုတာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဪ ဒါ ကာမ၏အကျိုးပေးတဲ့ (မှန်ပါ့) ဒီကံ တွေလုပ်ဖြစ်တာ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ လူ့ပြည်ရောက်ကြောင်း၊ နတ်ပြည်ရောက်ကြောင်း ကံတွေဟာ ဘယ်သူ့ ကြောင့် လုပ်ဖြစ် တာတဲ့ (ကာမကြောင့် လုပ်ဖြစ်တာပါ ဘုရား) အဲ့ဒါ ကာမ၏ အကျိုးပေးကွ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အင်း လူ့ပြည်ရောက်ကြောင်း နတ်ပြည် ရောက် ကြောင်း၊ အင် လူ့ပြည် ရောက်ကြောင်း ဆိုတာ ဒီသား ဒီသမီးနဲ့ မခွဲအောင် လုပ်တဲ့ကံတွေ ဟူသ၍ ဟာ ကာမကြောင့် လုပ်တာ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်မရမှီ စပ်ကြားမှာ အပါယ်လေးပါး လွတ်ပြီး သကာလ ဖြစ်ချင်တဲ့ ဘဝတွေကလည်း ကာမကြောင့် လုပ်တာ ကွ (မှန်ပါ့)။

ကာမ၏ အကျိုးပေး (မှန်ပါ့) ကာမီမရှိ ကာမဆိုတဲ့ လောဘ မရှိတဲ့ပုဂ္ဂိုလ်မှာ ဒီကံတွေ လုပ်ဖြစ် ပါ့မလား (မလုပ်ဖြစ်ပါဘူး ဘုရား)။

ဒါဖြင့် ဒီကံတွေက အကျိုးပေး မနေဘူးလား (နေပါ တယ် ဘုရား) ကာမက အကြောင်းကံတွေ၊ လုပ်ဖြစ်တာက (အကျိုးပေးပါ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ ဝဋ္ဋကံတွေဟာ အလွန် အရုပ် ဆိုးတော့တယ် ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကာမကြောင့် လုပ်တာကွ (မှန်ပါ့) ဒီလိုသိထား ပါ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

၅။ ကာမတို့၏ ချုပ်ရာကိုသိရမယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ရှေ့ဆက်လက်ပြီး သကာလ ငါးနံပါတ်ပြောကြပါစို့၊ ငါးနံပါတ် ပြောကြပါစို့ ဆိုတော့ ကာမတို့၏ ချုပ်ရာကိုလည်း သိရမယ် (မှန်ပါ့)။

ဪ ဒါဖြင့် ကာမတို့၏ ချုပ်ရာဆိုတော့ အာရုံ ငါးပါးချုပ်တဲ့ နေရာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့) ကာမတို့၏ ချုပ်ရာ (နိဗ္ဗာန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာမတို့၏ ချုပ်ရာကို သိတော့ ကာမတို့၏ ချုပ်ရာကို ဘယ်လိုကျင့်မှ ချုပ်မယ်ဆိုတဲ့ အကျင့်ကို လည်း သိရလိမ့်မယ် (မှန်ပါ့) မသိရပေဘူးလား (သိရ မှာပါ ဘုရား)။

သိရတဲ့ အခါကျတော့ မဂ္ဂင် အလုပ်လုပ်ပါ (မှန်ပါ့) ဒါပဲ နိဂုံးချုပ်တယ် ဘုရားက (မှန်ပါ့) ကာမ တို့၏ ချုပ်ရာ အကျင့်ဟာ ဘာပါလိမ့် (မဂ္ဂင်အလုပ်ပါ ဘုရား)။

မဂ္ဂင်သည် ဘယ်ဟာလုပ်ရမှာတုံး

ဒါဖြင့် မဂ္ဂင်သည် ဘယ်ဟာ လုပ်ရမှာပါလိမ့် မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) မဂ္ဂင်ဘယ်ဟာ လုပ်ရမတုံး ဆိုတော့ ဒကာ ဒကာမတို့ ကာမကိုလည်း ရှုနိုင်တယ် ကာမ၏ အကျိုးပေး ကိုလည်း ရှုနိုင်တယ်၊ ကာမကြောင့် ဖြစ်တဲ့ အထည်တွေကိုလည်း ရှုနိုင်တယ် (မှန်ပါ့)။

မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး တရားသည် ကားလို့ ဆိုလို့ရှိရင် ငါးပါး အာရုံ ကာမဂုဏ်ဟာ ဒီခန္ဓာငါးပါးထဲ အပြည့်အစုံ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ခန္ဓာငါးပါးနော် (မှန်ပါ့) ခန္ဓာငါးပါး သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်တဲ့ ကာမိစ္ဆိတဗ္ဗံ- အလိုရှိတာက ကာမ၊ ကာမိစ္ဆိတဗ္ဗော- ဆိုတဲ့ အလိုရှိအပ်တာက ဟောဒီ ဒကာ ဒကာမတို့ ခန္ဓာငါးပါး (မှန်ပါ့)။

အလိုရှိတတ်တာက တဏှာ (မှန်ပါ့) တဏှာကာမ (မှန်ပါ့) ဒါက ဝတ္ထုကာမ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား) ဒါက ကိလေသာကာမ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝတ္ထုကာမဆိုတာ

ဒါက ဝတ္ထုကာမ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား) ဝတ္ထုကာမ ဆိုတာကတော့ အထည် ဝတ္ထု ရှိလို့ (မှန်ပါ့) ခန္ဓာငါးပါး ဆိုတဲ့ အထည် ဝတ္ထုကြီးဟာ ဝတ္ထုကာမ (မှန်ပါ့)။

ကိလေသာကာမဆိုတာ

ကိုယ့်သန္တာန်မယ် ဒါကလေး ခင်မင်တဲ့ စိတ်ကလေး ကံတော့ ကိလေသာ ကာမ (မှန်ပါ့) ဒီကာမနဲ့ ဒီကာမ တခြားစီနော် (မှန်ပါ့)။

ခန္ဓာငါးပါးဟာ ဘာတဲ့ (ဝတ္ထု ကာမပါ ဘုရား) ဝတ္ထု ကာမ ခန္ဓာငါးပါး ခင်တွယ်နေတဲ့ စိတ်ကလေးက (ကိလေ သာကာမပါ ဘုရား)။

အဲ ကွဲသွားပါပြီတဲ့ ဒကာ ဒကာမတို့ နော် (မှန်ပါ့) အဲတော့ ကိလေသာ ကာမဟာ ဘယ်တွယ် နေတုံးမေး လို့ရှိရင် ဝတ္ထုကာမကို တွယ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိလေသာကာမဟာ ဘယ်မှာတွယ်ကပ်နေပါလိမ့်

ကိလေသာ ကာမဟာ ဘယ်တွယ်ကပ်နေပါလိမ့် (ဝတ္ထုကာမ အပေါ်မှာ တွယ်ကပ် နေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူ့မကပ်စေချင်လို့ ရှိရင်ဖြင့် ဒီဥစ္စာသည် ကိလေသာ တရား၊ ကိလေသာ ဆိုတဲ့ လောဘ တရား၊ ဒီလောဘ တရားသည် ခန္ဓာငါးပါးတည်း ဟူသော ဝတ္ထု ကာမမှာ သူကပ်ပြီး သကာလ နေတော့တယ် ဆိုတာတော့ မှန်ပါ ပြီ (မှန်ပါ့)။

တချို့က ရုပ်ကိုခင်တယ် (မှန်ပါ့) တချို့က ကောင်း စားတာလေးကို (ခင်ပါတယ် ဘုရား) တချို့ကလည်း ပညာဆိုတဲ့ ကျောက်ပညာ အမှတ်အသားလေးကို (ခင်ပါတယ် ဘုရား) ခင်တယ်။

တချို့ကလည်း ကိုယ်က စေတနာကောင်းလေးပဲ၊ ကျုပ် ကတော့ဖြင့် ဒီဘဝ စေတနာ ကောင်းတာ အမှန်ပါပဲ၊ ကျုပ် စေတနာလို ကောင်းတာ လည်ရှာဦး ဆန်ထုပ်နဲ့ရှာ ဆန်ကုန် စရာသာ ရှိတယ်။ ကျုပ်စေတနာ လောက် ကောင်းတာ မရှိဘူး သူ့စေတနာလေး သူ ခင်တယ် (မှန်ပါ့)။

ကျုပ် စိတ်ကောင်းလို့ကော မပြောကြဘူးလား (ပြောပါတယ် ဘုရား) အင်း သူက ဝိညာဏက္ခန္ဓာ ခင်ပြန်တယ် ဆိုတော့၊ ေဩာ် ခင်ဗျားတို့ ခင်လုံး ကလေးကလည်း ခင်ဗျားတို့ ခန္ဓာငါးပါးထဲမှာ ဘယ်မှာများ ခြွင်းချက် ထားသေးတုံး (မထားပါဘူး ဘုရား)။

အလိုရှိအပ်တဲ့အာမ၊ အလိုရှိတတ်တဲ့ကာမ

ဒါကြောင့် သူအလိုရှိအပ် သောကြောင့် ကာမ ဒါက အလိုရှိတတ်တဲ့ ကာမ (မှန်ပါ့) သူက အလိုရှိအပ်တဲ့ ကာမ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ေဩာ် ဒီ ကာမဆိုတဲ့ ကိလေသာ အလိုရှိတတ်တဲ့ ကာမတွေ ဘယ်မှာ တွယ်တာ နေပါလိမ့် မလဲလို့ လက်သည် ရှာ (ဝတ္ထုအပေါ်မှာ တွယ်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ ဝိပဿနာရှုတော့ ဝတ္ထုကာမကို ရှု (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဘယ်ဟာကို ရှုရပါမယ် (ဝတ္ထုကာမကို ရှုရမှာပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ခန္ဓာငါးပါးထဲက တစ်ပါးပါး ကြိုက်တာ ရှုစမ်းပါလို့၊ ဆရာဘုန်းကြီးက နေ့တိုင်း နေ့တိုင်း သတိပေးပြီး သကာလ နေတာ၊ ဝတ္ထုကာမမှာ ကိလေသာ ကာမ က ကပ်နေတယ် (မှန်ပါ့) မကပ်ဘူးလား (ကပ်ပါတယ်။ ဘုရား)။

အဲဒါကြောင့် နောက်ကနေပြီး သကာလ ကိလေသာ ကာမမလာရအောင်၊ ဒကာ ဒကာမ တွေက ဝိပဿနာမဂ်တွေနဲ့ ဝိပဿနာမဂ် ရင့်အောင် မရှုရပေဘူးလားဗျာ (ရှုရပါတယ် ဘုရား)။

ဝတ္ထုကာမကိုသာဝိပဿနာရှု

အဲ ရှုတဲ့အခါကျတော့ မောင်နိုင်တို့ ကိုမြင့်တို့က ဘယ်ဟာ ရှုရမှာတုံးဆိုတာ ယနေ့တော့ ရှင်းပြီ (ရှင်းပါပြီး ဘုရား) ဝတ္ထုကာမသာ ရှုဟေ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာရှုကြမယ် (ဝတ္ထုကာမသာ ရှုရမှာပါ ဘုရား) အဲ – ဝတ္ထုကာမဆိုတာ တရားကိုယ် ကောက်လိုက်တော့ ဘာရ တုံး (ခန္ဓာငါးပါး ရပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ ခန္ဓာငါးပါးကိုသာ ခင်ဗျားတို့ ရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ခင်ဗျားတို့ အခင်ဆုံး ကို ရှာလို့ရှိရင်လည်း၊ ‘‘အတ္တသမံပေမံ နတ္ထိ’’ ဆိုတဲ့ ခင်ဗျားတို့ နှုတ်တက်နေတဲ့ ပါဠိ ကလေးလည်း ရှိပါတယ် (မှန်ပါ့)။

ကိုယ့်ကိုယ်ကို အချစ်ဆုံး

ဟုတ်လား အတ္တသမံ- မိမိနဲ့တူသော၊ ပေမံ- ချစ်တဲ့ ပုဂ္ဂိုလ်သည်၊ နတ္ထိ- မရှိဘူးကွ (မှန်ပါ့) ကိုယ့်ကိုယ် အချစ်ဆုံး ကွ (မှန်ပါ့) ဆိုတော့ သြော် ဝတ္ထုကာမကို ကိလေသာ ကာမနဲ့ အတွယ်ဆုံးလို့ ပြောတာ (မှန်ပါ့)။

အငြိဆုံး အကပ်ဆုံးပဲ ဆိုရင်ကော ဒကာ ဒကာမတွေ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် နိဗ္ဗာန် မရတာသည် ဒကာ ဒကာမတို့ ဝတ္ထုကာမနဲ့ ဝတ္ထုကာမကို ကိလေသာ ကာမနဲ့ မခွဲနိုင်တာနဲ့ မရတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာကြောင့် နိဗ္ဗာန်မရကြသလဲ (ဝတ္ထုကာမကို ကိလေသာ ကာမနဲ့ မခွဲနိုင်လို့ ပါ ဘုရား) ရှင်းပြီလား (ရှင်း ပါပြီ ဘုရား)။

ဒါဖြင့် တရားကိုယ် ကောက်ကြပါစို့ဆိုတော့ သမုဒယ သစ္စာဆိုတဲ့ ကိလေသာ ကာမဟာ မောင်နိုင် သေသေချာချာသူ မဂ်တားဖိုလ်တားပဲ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

မပေါ်သေးဘူးလား (ပေါ်လာပါတယ် ဘုရား) အဲ့ဒီ တော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုင်း ဒါဖြင့် သူဟာ တွယ်စရာ ရှိလို့ ကပ်နေတာ (မှန်ပါ့) ရှင်းကြလား (ရှင်းပါတယ် ဘုရား)။

ဘယ်လိုမှတ်ကြမယ် (တွယ်စရာရှိလို့ ကပ်နေတာ ပါ ဘုရား) ကဲ တွယ်စရာ ဖြုတ်လိုက်ကြစို့ (ကပ်စရာ မရှိပါဘူး ဘုရား) ကပ်စရာ ဘယ့်နဲ့တုံး (မရှိပါဘူး ဘုရား)။

သူတို့ကို ဖြစ်ပျက်ရှု

ဒါကြောင့် သူတို့ကို ဖြစ်ပျက်ရှုလို့ ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) သူတို့ ဖြစ်ပျက် ရှုလိုက် တဲ့အခါ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်ပြီး ပျက် သွားပြီလို့ ခင်ဗျားတို့က မဂ္ဂင်ကလေးနဲ့ ကြည့်နေတော့၊ ခုနက တွယ်ချင်ကပ်ချင်တဲ့ တဏှာလေးက ဝင်ခွင့်လာသေးရဲ့ လား (မလာပါဘူး ဘုရား)။

မလာတော့ ဘယ့်နှယ်ကြောင့် မလာပါတုံးဆိုတော့ အို ဝတ္ထုကာမ သူအလိုရှိတဲ့ ကာမ အာရုံတွေ မဟုတ်တော့ ဘူးတဲ့ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်၏ အာရုံ ဖြစ်သွား ပြီ (မှန်ပါ့)။

သူ အလိုရှိတဲ့ အစိုင်အခဲ ဟုတ်သေးရဲ့ လား (မဟုတ်တော့ပါဘူး ဘုရား) သူအလိုရှိတဲ့ အလှအပကော (မဟုတ်တော့ပါဘူး ဘုရား) သူအလိုရှိတဲ့ သုဘတွေကော (မဟုတ်တော့ပါဘူး ဘုရား)။

သူလည်း ဒီတဏှာတွေရှိတဲ့ သုခတွေကော (မဟုတ်တော့ပါဘူး ဘုရား)။

အင်း သားလေးမျက်နှာ ကြည့်နေရတာ စိတ်ချမ်းသာ လိုက်တာ၊ သမီးလေး မျက်နှာ ကြည့်နေ ရတာ အမောကို ပြေသွား တာပဲ အစ ရှိသည်နဲ့၊ ဒါ ဝတ္ထုတွေ ဖြစ်နေတာ သားသမီးတွေ ဖြစ်နေတုန်း ကတော့ ဒီဥစ္စာကို ကိလေသာ ကာမက ရှိနေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ဖြင့် မိမိ ခန္ဓာကိုယ်ကြီးကို ပင်လျှင် တစ်ခါတည်း အနိစ္စ၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စတွေ၊ အင်း ခဏခဏ ဆင်းရဲတဲ့ ဒုက္ခ၊ အင်း ဘယ်သူမှ မပိုင်တဲ့ ဖြစ်ပျက် အနတ္တတွေ၊ ဒါတွေကိုသာ ဆရာ ဘုန်းကြီး ကလည်း ကြည့်ခိုင်း၊ ဘုရားကလည်း ကြည့် ခိုင်းတဲ့ အခါကျတော့ ဒီဝတ္ထုကာမကို ရှိသေးရဲ့ လား (မရှိတော့ပါဘူး ဘုရား)။

အင်း ဝတ္ထုကာမ မရှိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိလေသာ ကာမ နင်သွားတော့လို့ နှင်ရသေးရဲ့ လား (မနှင်ရတော့ပါဘူး ဘုရား)။

ဝတ္ထုကာမဟာ ဘယ်ကလာသတုံး

ဘာပြုလို့တုံး (ဝတ္ထုကာမ မရှိလို့ပါ ဘုရား) ဝတ္ထု ကာမ မရှိဘူး၊ ဒါကြောင့် ဝတ္ထုကာမဟာ ဘယ်က လာသတုံး ဆိုတာလေး ယနေ့ ထူးထူးခြားခြား သာ ဒကာ ဒကာမတွေကို ပြောလိုက်ပါဦးမယ် နော် (မှန်ပါ့)။

ဝတ္ထုကာမဟာ ဘယ်က လာသတုံး ဆိုတော့၊ ဒကာ ဒကာမတွေ ဒါတွေကို နိစ္စထင်နေလို့ လာတာပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါတွေ ဘာထင်နေသတုံး (နိစ္စထင်နေပါတယ် ဘုရား) နိစ္စထင်နေလို့ သူ ဝတ္ထုကာမ ဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ဘယ်လိုထင်နေတုံး (နိစ္စထင်ပါတယ် ဘုရား) နိစ္စ ထင်နေလို့ ခိုင်တယ်၊ မြဲတယ်လို့ ထင်နေလို့ ဒကာ ဒကာမတွေ ရဲ့ ဝတ္ထုကာမ ဖြစ်နေတာ (မှန်ပါ့)။

မခိုင်မမြဲတဲ့ ဘက်ကို ဘုန်းကြီးက ကြည့်ခိုင်း ဘုရားက ကြည့်ခိုင်းလို့ ခင်ဗျားတို့ ဉာဏ်နဲ့ ကြည့်လို့ မြင်လို့ ရှိရင်ဖြင့်တဲ့ အနိစ္စဟာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတော့ ဝတ္ထုကာမ ဖြစ်သေးရဲ့ လား (မဖြစ်တော့ပါဘူး ဘုရား) ဝတ္ထုကာမမှ မရှိဘဲနဲ့ ကိလေသာ ကာမ မသေပါနဲ့ဆိုလို့ ရဦးမလား (မရပါဘူး ဘုရား)။

ဝတ္ထုကာမ ပြုတ်မှ ကိလေသာကာမ ပြုတ်မယ်

အဲဒါကြောင့် ယနေ့ တရားမှာ ဝတ္ထုကာမ ဖြုတ်ပြီး ပြုတ်မှ ကိလေသာ ကာမ ပြုတ်မယ် ပြောတာ (မှန်ပါ့) ဝတ္ထုကာမ ပြုတ်မှ (ကိလေသာ ကာမ ပြုတ်မှာပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဝတ္ထုကာမ ပြုတ်မှ (ကိလေသာ ကာမ ပြုတ်မှာပါ ဘုရား) အဲ ဝတ္ထုကာမ ပြုတ် ဆိုတာ ဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ် ပြုတ်ပြီ (မှန်ပါ)။

အဲ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဝေဒနာကြည့်လို့ ဖြစ်ပျက် မြင်တယ်၊ စိတ်ကြည့်လို့ ဖြစ်ပျက် မြင် တယ်၊ ရုပ်ကြည့်လို့ ဖြစ်ပျက် မြင်တယ်၊ မြင်ချင်တာ မြင်ပါ ဒကာ ဒကာမတို့ မြင်တာသည် ဝတ္ထုကာမ ပြုတ်တာ (မှန်ပါ့)။

ဝတ္ထုကာမ ပြုတ်တဲ့ အခါကျတော့၊ ကိလေသာတည်း ဟူသောတရား အထူး ပယ်ရသေး သလားလို့ ဆိုတော့၊ တွယ်စရာ မရှိလို့ အတွယ် ပြုတ်ပါပြီ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

တွယ်စရာ မရှိလို့ (အတွယ်ပြုတ်ပါပြီ ဘုရား) သေသေချာချာ မရှင်း မလုပ်နဲ့ ဒကာ ဒကာမတွေ (ရှင်းပါ တယ် ဘုရား)။

အဲ့ဒါကြောင့် ခုနက ပြောခဲ့တဲ့ စကားလေး တစ်လုံးကို အသေအချာ ဝတ္ထုကာမသည် နိစ္စက လာတာ (မှန်ပါ့) ဝတ္ထု ကာမဟာ နိစ္စထင်လို့ လာတာနော် (မှန်ပါ့) နိစ္စ မထင်ခဲ့သော် (မလာပါဘူး ဘုရား)။

အဲဒါဖြင့် ခင်ဗျားတို့ နိစ္စက နိဗ္ဗာန် ရောက်တဲ့ အကြောင်း ဟာလည်း ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

သားတော်ရာဟုလာ

ဒါကြောင့် ရာဟုလာ ဟောတယ်၊ ရာဟုလာမှာ ရာဟု လာက ဘုရားက ရှေ့က ဆွမ်းခံ ကြွတယ်၊ ဆွမ်းခံ ကြွတော့ ရောင် ခြည်တော်တွေ ဘာတွေနဲ့ ကြည့်လိုက်တယ်၊ ရောင်ခြည်တော် တွေ ဘာတွေနဲ့ ကြည့်လိုက်တော့ ေဩာ် ငါ၏ဖခင် ခမည်း တော်ဟာ ခုကြည့်စမ်း တင့်တယ် လိုက်တဲ့ ဖြစ်ခြင်း မပြောနဲ့တော့ (မှန်ပါ့)။

ဒါ ခု သာသနာ ဘောင်မှာ ဒီလို ဖြစ်နေတာ၊ လူအဖြစ် နဲ့သာဆို စကြဝတေး မင်းကြီးလည်း ဒီလိုပဲ တင့်တယ် နေမှာပဲ။

ဘယ်လောက်များ နေရာကျမတုံး သူ့ဖခင်၏ ရုပ်သဏ္ဍာန်ကို သူလမ်းဆုံးပြီး သကာလ တစ်ခါတည်း သူက နောက်က နေပြီး ငါလည်း အဲ့ဒီအချိန်မှာ ကြည့်စမ်း စကြဝတေး မင်းကြီး၏ သားတော်ကြီး ဆိုတာ ဖြစ်ရတော့မယ် (တင်ပါ့)။

ဖောက်ပြန်နေတာ နိစ္စနိမိတ်

ဖောက်ပြန် နေတာကိုး နောက်က (မှန်ပါ့) ဆွမ်းခံ သွားရင်း ဖောက်ပြန်နေတာ နိစ္စ နိမိတ်နော် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခိုင်တယ် မြဲတယ်လို့ ထင်တဲ့နိမိတ် ဘုရား၏ အနိစ္စ သူရှု ဖြစ်သေးရဲ့လား (မရှုဖြစ်ပါဘူး ဘုရား) မရှုဖြစ်တဲ့ အတွက် သူဟာ အခုဘုရား ဖြစ်နေလို့ သာသနာ ဘောင်ဝင်လာ လို့သာ ခု တင့်တယ်တာ မြင်ရတယ်။

စကြဝတေးမင်းကြီးသားတော်ကြီး

လူဖြစ်ခဲ့လို့ရှိရင် စကြဝတေးမင်းကြီး သေသေချာချာ တင့်တယ်မှာပဲ၊ တင့်တယ်ခဲ့လို့ရှိရင် သူတင့်တယ်လို့ ရှိရင် ငါက လည်း သားတော်ကြီး အဖြစ်နဲ့ ဆိုတော့၊ လေးကျွန်း အုပ်စိုးရတဲ့ သားတော်ကြီးထဲ အပါအဝင် ဖြစ်မှာပဲ၊ ဘုရားက သိတယ်။ ရာဟုလာ ဖောက်နေပြီ ဆိုတာ ဒကာ ဒကာမတို့ (မှန်ပါ့) မသိလိုက်ဘူးလား (သိပါတယ် ဘုရား)။

ရာဟုလာ ဖောက်ပြီ ဆိုတာ ဆွမ်းခံသွားရင်း ငှက်သင့် တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆွမ်းခံသွားရင်း သူ့ ဖခမည်းတော်က ရှေ့ကသွားလို့ တင့်တယ်နေတာနဲ့၊ သူက နေပြီး သကာလ အင်း ငါလည်း ဒီအရွယ်ဖြင့် ဒီလိုပဲ သားတော် အဖြစ်နဲ့ အင်မတန် တင့်တယ် မှာပဲ ဆိုပြီး နိစ္စ နိမိတ် ကြောင့် သူမာန တက်နေတယ် (မှန်ပါ့)။

အဲ့ဒီတင် ဘုရားက ရာဟုလာ ထိုင်ဦးကွ ဘုရားကလည်း သစ်ပင် အခြေရင်းမှာ နေကထိုင် ခင်းဟေ့ ဆိုပြီး ထိုင်ပြီးတော့ ရာဟုလာ ဟောရရှာသေးတယ် (မှန်ပါ့)။

ခန္ဓာကြီးကို အနိစ္စဖြစ်ပျက်ရှု

ရာဟုလာကို သက် သက် ဟောတာ (မှန်ပါ့) ရာဟုလာ ချစ်သား ရာဟုလာ၊ နိစ္စ မထင်ဘဲနဲ့ အနိစ္စဆိုတဲ့ နိမိတ်ကို မင်းပွားလိုက်စမ်းပါ။

အနိစ္စ ရှုလိုက်စမ်း၊ ငါ့ခန္ဓာ အနိစ္စရှု၊ မင်းခန္ဓာ အနိစ္စရှု သဘောကျပလား (ကျပါပြီ ဘုရား)။

ခုနက နိစ္စ နိမိတ်ကြောင့် သူမာန ဖြစ်လာတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် အနိမိတ္တ အမည်ရတဲ့ အနိစ္စနုပဿနာကို ဘာဝေဟိ မင်းဒီနေရာပွားတော့ (မှန်ပါ့)။ ဒီနေရာ မပွားရင် – သွားတော့မယ် (မှန်ပါ့)။

ဒီအချိန် သူ ရဟန္တာမှ မဖြစ်သေးတော့ သူပေါ်နေသေး တာကိုး (မှန်ပါ့) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နိစ္စနိမိတ် ကြောင့် ခုနက ကိလေသာ ကာမ လာတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဘယ်ကြောင့် လာပါလိမ့် (နိစ္စနိမိတ်ကြောင့်ပါ ဘုရား) နိစ္စထင်နေတာနဲ့နော် (မှန်ပါ့) သူ့အဖေ ခန္ဓာကြီးကို လည်း သူအနိစ္စ မမြင်၊ သူ့ခန္ဓာ ကိုယ်ကော (အနိစ္စ မမြင်ပါဘူး ဘုရား)။

မမြင်တဲ့အတွက် သူသာ စကြဝတေးမင်း ဖြစ်လို့ရှိရင် ငါသားတော်ကြီး ဖြစ်ပြီး ဘယ်လောက် များ နေရာကျမတုံး ဆိုတဲ့ တစ်ခါတည်း ကိလေသာ ကာမတွေ မာနတွေ တွဲမလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတင်မှ ဘုရားက ရာဟုလာ ဆွမ်းခံသွားရင်း ဖောက် နေပြီဟ ထိုင်ဦးကွ ဆိုပြီး နေကထိုင် ခင်းခိုင်းပြီး ဟောရရှာတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့လည်း တစ်ခါတလေ ကျတော့ သားလေး ကြီးပြင်း သူ လူလား မြောက်လို့ ရှိရင် လိမ္မာပုံနဲ့ ဆိုရင် ကြိုးစားရ မှာပါပဲ နိစ္စနိမိတ် (မှန်ပါ့)။

သမီးလေးကြီးပြန်လို့ ချက်ချက်ချာချာ ရှိပြန်တော့ မိန်းမ လို ခင်ဗျားတို့ ယောက်ျားလို အားကိုး ရမှာပါပဲ အင်း လာချင် လာပစ် လိုက်တာ (မှန်ပါ့)။

ခက်လိုက်တဲ့ဖြစ်ခြင်း ဖောက်နေတာက အိပ်မက်နဲ့ ဖောက်နေကြတာ (မှန်ပါ့) မဖောက်ဖူးလား (ဖောက် ပါတယ် ဘုရား)။

အဲဒီလို ဖြစ်ပြီး သကာလ နေတော့၊ မလိမ္မာတာ ကြည့် လိုက် ပြန်တော့၊ ခု သာမလိမ္မာတာ ၊ အရွယ်လေး ရောက်လာတော့ သူ့ဟာသူ လိမ္မာ လာဦးမှာပဲ ဆိုပြီး၊ နိစ္စ နိမိတ်ချည့် သွားနေတာပဲ ဘယ်ကို လျော့ကို မလျော့ဘူး (မှန်ပါ့)။

လျော့သေးရဲ့လား (မလျော့ပါဘူး ဘုရား) တော် တော်ဆိုးပါလား ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။

အဲဒီမှာတင် ခင်ဗျားတို့သည် ဒီခန္ဓာကြီးအပေါ်မှာ ခုနက အလိုရှိတတ်တဲ့ ကာမဟာ မောင်နိုင် ခွဲကို မခွဲတော့ဘူး (မှန်ပါ့) ကိုမြင့် ခွဲသေးရဲ့လား (မခွဲတော့ပါဘူး ဘုရား)။

ဝိပဿနာဉာဏ်ဟာ နေရာတိုင်းသတိထား

အဲဒါကြောင့် ခင်ဗျားတို့ အကြည့် အရှုကိုပဲ ဝိပဿနာ ဉာဏ်ဟာ နေရာတိုင်း သတိထား ကြရလိမ့်မယ်နော် (မှန်ပါ့) မထားလို့ရှိရင် ခင်ဗျားတို့ အိမ်ထဲ တွင်လည်း ဖောက်နေ တာပဲ။ (မှန်ပါ့)။

အမေ့မျက်နှာကို သားသမီးက ကြည့်လိုက်ပြန်တော့၊ အို ဒို့အမေ တစ်ခါတည်း ရှားမှရှား အားကိုး ရတယ်၊ အင်း နိစ္စ နိမိတ်နဲ့ ပြောလိုက်ပြန်ပြီ (မှန်ပါ့)။

အားကိုးရတယ်ဆိုတဲ့ မာနတဏှာ မလာဘူးလား (လာပါတယ် ဘုရား) သားသမီးတွေ ကြည့်လိုက် ပြန်တော့ အင်း သူတို့သည်ကား လို့ဆိုရင် ချက်ချက်ချာချာ ကလေးတွေနဲ့ သူတို့ ဟာ သူတို့တော့ဖြင့် အလုံအလောက်ပါပဲ၊ သူတို့ အတွက်ဖြင့် မပူပါဘူး အစရှိသည်နဲ့၊ ခင်ဗျားတို့သည် နိစ္စနိမိတ် ကြည့်ပြီး သကာလ အားကိုးလိုက်တဲ့ အခါလည်း အားကိုးလိုက်တယ်၊ ခင်တာ ပိုတဲ့ အခါလည်း ပိုလိုက်ကြတယ် (မှန်ပါ)။

ခန္ဓာငါးပါးကို နိစ္စထင်လို့ လာတာတွေ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) သုဘ ထင်လို့ လာတယ် နိစ္စထင်လို့ လာတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ အိမ်မှာ နေလို့ရှိရင်ဖြင့် ဒါပဲ လှည့်ကြည့် နေမှာပဲ (မှန်ပါ့) မကြည့်ပေဖူးလား (ကြည့်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဥစ္စာ အနိစ္စ နိမိတ်ထင်အောင်ကို ဘုရားက ရာဟုလာ နောက်က ဗွေဖောက် နေလို့ ချက်ချင်း ဟောပစ်ရတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါ ဘာဖြစ်တာတုံးဆိုတော့ ကိလေသာ ကာမ ဖြုတ်ခိုင်း တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရာဟုလာကို ဆုံးမတော်မူတယ်

မာန၊ အနုသယတွေကို လွန်မြောက်နိုင်မှ သာလျှင် ကိလေသာ မီး၊ ခန္ဓာမီးတွေ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မင်း မျက်မှောက်ပြု၍ ရောက်နိုင်လတ္တံ့။

ဒီလို ဟောလိုက်တော့ ရာဟုလာ သည်ကားလို့ ဆိုရင် ပြန်ပြီး သကာလ မာနကျပြီး သကာလ၊ ခုနက ဝိပဿနာဉာဏ် ပြန်ဆက်ရတယ် (မှန်ပါ့)။

သို့သော် ရဟန္တာ ဖြစ်တယ်လို့တော့ မဆိုလိုပါဘူး နောက် သူ့ ရာဟုလာသုတ် သီးသန့် ဟောရဦးမယ်၊ ဓာတ်လေးပါး တွေ ဘာတွေနော် (တင်ပါ့)။

ကဲ ဒကာ ဒကာမတို့၊ ဒီမှာက ကိလေသာ ကာမဟာ သိပ်ကြောက်စရာ ကောင်းတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးကို ခင်ဗျားတို့ သေသေချာချာ တစ်ခု စီပေါ်အောင် ရှုတဲ့အချိန်မှာ မရော စေနဲ့လို့ ပြောလိုက်ပါတယ် (မှန်ပါ့)။

နာမ်နှင့်ရုပ်ရောမရှုနဲ့

နာမက္ခန္ဓာ နာမက္ခန္ဓာချည့်ရှု၊ ရူပက္ခန္ဓာကော (ရူပက္ခန္ဓာချည့် ရှုရမှာပါ ဘုရား) နာမ်နဲ့ရုပ် ရောရှုလိုက်လို့ ရှိရင် ခန္ဓာငါးပါး ပေါင်းသွားလိမ့်မယ် (မှန်ပါ့)။

ပေါင်းသွားလို့ရှိရင်ဖြင့် အလိုရှိအပ်တဲ့ ကာမကြီးဖြစ်ပြီး သကာလ ဝိပဿနာဉာဏ် မဆိုက် ပေဘူး (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် တစ်ခုခုသာ ဧကော ဓမ္မော လုပ်ပြီး သကာလ စိတ်ကြိုက်ရင် စိတ်ရှုပါ (မှန်ပါ့) ဝေဒနာ ကြိုက်ရင် (ဝေဒနာရှုရမှာပါ ဘုရား) သညာကြိုက်ရင် (သညာရှုရမှာ ပါ ဘုရား)။

ရုပ်ကလေးကြိုက်ရင် (ရုပ်ကလေး ရှုရမှာပါ ဘုရား) ရှုပါတဲ့ အဲဒီလို ရှုလိုက်လို့ရှိရင် သူတို့ ဖြစ်ပျက် မြင်လို့ရှိရင်ဖြင့် ခုနက ကိလေသာ ကာမဟာ နေနိုင်သေးရဲ့ လား (မနေနိုင် ပါဘူး ဘုရား)။

ဒါဖြင့် သူတို့က ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ (မှန်ပါ့) သေသွားတော့ ကိလေသာ ကာမဟာ နေနိုင်သေးရဲ့ လား (မနေနိုင်ပါဘူး ဘုရား)။

ဒါဖြင့် သူတို့က ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ (မှန်ပါ့) သေသွားတော့ ကိလေသာ ကာမဟာ သမုဒယ ချုပ်တာ (မှန်ပါ့) အင်း ဘယ်သူ့ကြောင့် ချုပ်ပါလိမ့်မတုံး ဆိုတော့ ဖြစ်ပျက်မြင်တဲ့ မဂ်ကြောင့် ချုပ်တာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီမဂ်သည်ကားလို့ဆိုရင်၊ ကိလေသာကာမကို သတ် လိုက်တဲ့ အတွက်၊ တဏှာနောက်က ဥပါဒါန် လိုက်သေးရဲ့ လား (မလိုက်တော့ပါဘူး ဘုရား)။

ကံကော (မလိုက်တော့ပါဘူး ဘုရား) မလိုက်လို့ရှိ ရင် နောက်ဘဝ ဇာတိ၊ ဇရာ၊ မရဏဆိုတာ (မရှိတော့ပါဘူး ဘုရား)

သစ္စာလေးပါးကို အားထုတ်စမ်းပါ

မလိုက်နိုင်တော့ နောက်ဘဝ ဇာတိ၊ ဇရာ၊ မလိုက်မှု သည် နိရောဓ သစ္စာလို့မှတ်ပါ (မှန်ပါ့) အားထုတ်စမ်းပါ သစ္စာလေးပါး (မှန်ပါ့)။

ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) သေ တာက (သမုဒယ သစ္စာပါ ဘုရား) အင်း သေအောင် လုပ်တဲ့တရားက (မဂ္ဂသစ္စာပါ ဘုရား)။

အင်း သူကနေပြီး သမုဒယ ဖြတ်လိုက်တဲ့ အတွက် နောက်က ကံတွေ ဇာတိ၊ ဇရာ၊ မရဏတွေ ချုပ်တာက (နိရောဓ သစ္စာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ တစ်ခုတစ်ခုစီ ရှိရင် နိစ္စ နိမိတ်တွေ ပျောက်ပြီး၊ အနိစ္စ နိမိတ်တွေ ထင်ပါလိမ့်မယ် အသေအချာ မဂ်ရမယ်လို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။