အမှန်ဆိုပေမယ့်လို့ ကုန်းတိုက်တာဖြစ်တတ်တယ်
အသံဖိုင်ခေါင်းစဉ်= အမှန်ပြောသလိုလိုနှင့် ကောက်ကျစ်ကုန်းတိုက်ခြင်းဘက်ရောက်သွားပုံ
စာအုပ်ခေါင်စဉ်= အမှန်ဆိုပေမယ့်လို့ ကုန်းတိုက်တာဖြစ်တတ်တယ်
မှတ်ချက်။ ။အသံမကြည်ပါ။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌
ဟောကြားတော်မူအပ်သောတရားတော်
အမှန်ဆိုပေမယ့်လို့ ကုန်းတိုက်တာဖြစ်တတ်တယ်
ဟောကြားသည့်နေ့
( ၆. ၃. ၅၉ )
ပိသုဏော သစ္စဝါရမ္ပိ၊ သစ္စာဝါရမ္ပိ- အမှန်ကိုပြော သလိုလိုနှင့်၊ ပိသုဏော- ချောပစ် ကုန်းတိုက် တတ်သည်၊ ဟောတိ ဖြစ်၏၊ သစ္စာဝါရမ္ပိ- အမှန်ကို ပြောသလိုလိုနှင့်၊ ပိသုဏော- ချောပစ် ကုန်းတိုက်တဲ့ ဘက်ကို သွားတတ်သည်၊ ဟောတိ- ဖြစ်၏။
အမှန်ပြောသလိုလိုနဲ့ ချောပစ်ကုန်းတိုက်တဲ့ဘ က်ကို သွားတယ်၊ အမှန်ပြောတာပဲတဲ့၊ သို့သော် ဟိုပုဂ္ဂိုလ်တစ် ယောက်ဆီ လူတစ်ဦး တစ်ယောက်က သွားပြီး ကြားသ လောက် အမှန် ပြောတာ အဲဒါ ဟိုပုဂ္ဂိုလ် မှာတော့ဖြင့် တစ်ယောက်သောပုဂ္ဂိုလ် အတွက် ဟာ စိတ်ဆိုးပြီး သကာလ သွားတယ်။
အမှန်ပြောပေမယ့် ကုန်းတိုက်သလို
ဘာဖြစ်လို့တုံး ဒီကအမှန်ပြောလိုက်ပေမယ့် ဟိုမှာ ချောပစ်ကုန်းတိုက်သလို သွားဖြစ်တယ်၊ အမှန်ပြောသလိုလို နှင့် ချောပစ်ကုန်းတိုက်တဲ့ဘက်ကို ကူးသွားတယ်၊ မောင်ထွန်းလှိုင် သဘောကျရဲ့လား (တင်ပါ ဘုရား)။
အမှန်ပြောသလိုလိုနဲ့ ဘယ်ဘက်လှည့်တုံး (ချောပစ်ကုန်းတိုက်ခြင်းဘက်ရောက်သွားပါတယ် ဘုရား) ဒကာ ဒကာမတွေက ဘယ်လိုသုံးသပ်သလဲ မေးတဲ့အခါ ကျုပ်ကတော့ကြားရင် မနေတတ်ဘူး၊ ပြောလိုက်တာပဲ ဒီအိမ် ကပြောတဲ့စကားကို ဟိုအိမ်ကိုကြားတာနဲ့ သွားပြောတယ်၊ သွားပြောတော့ ဟိုအိမ်နဲ့ ဒီအိမ်မတည့်ဘူး။
မတည့်တာသည် သူကသွားပြောတာနဲ့ မတည့်တာ ဖြစ်တာ၊ အဲတော့ ပြောတဲ့ပုဂ္ဂိုလ်ကလည်း မဆင်ခြင်ဘူးတဲ့။ သူတို့ မကြိုက်လို့ လဲသေသေ ကျုပ်ကတော့ ကြားရင်ပြော တတ်တယ်၊ ဘွင်းဘွင်းပဲ၊ ကျုပ်က မျိုသိပ်ပြီး မထားတတ်ဘူး၊ ဆိုပြီး သကာလ ပြောလိုက်တယ်။
အမှန်တော့ပြောတာပဲ
ပြောလိုက်တော့ကိုတဲ့ သူ့ဟာသူတော့ သစ္စဝါစာလို့ ထင်နေတယ်၊ အမှန်ပြောတာပဲတဲ့၊ ဒီကကြားတဲ့စကား ဟို သွားပြီးတော့ အမှန်ပြောလိုက်ပေမဲ့ ဟိုအိမ်ကဘာဖြစ်တုံးဆို ရင်ဖြင့် တစ်ယောက်နဲ့ တစ်ယောက် မတည့်မှု မောင်ကို သွား ဖြစ်တယ် (မှန်ပါ ဘုရား)။
အဲတော့ ဒီဟာ အမှန်ပြောတာလား ချောပစ် ကုန်းတိုက်တာလား (ချောပစ်ကုန်းတိုက်တာပါ ဘုရား) အဲတော့ သူစိတ်ထဲမှာ ဒါကမသိဘူး ဒီဥစ္စာပြောလိုက်လို့ ရှိရင်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်တော့ တည့်ကြတော့မှာ မဟုတ်ဆိုတာ မမြင်ဘူး၊ ကျုပ်က အမှန်ပြောတာပဲဗျ။ ခင်တတ်တယ်။
သူကိုအမှန်ပြောတာပဲ၊ ကျုပ်ကအမှန်ပြောတာပါပဲ၊ ဆိုပြီး သကာလ သူကတော့ သစ္စဝါစာ၊ သစ္စကမှန်တာ ဝါစာကစကား၊ သမ္မာဝါစာလိုလိုနဲ့ မောင်စိန်ထွန်း ချောပစ် ကုန်းတိုက်ခြင်းဘက် လှည့်သွားတယ် (တင်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
စင်စစ်တော့ကုန်းတိုက်တာ
သမ္မာဝါစာလိုလိုနဲ့ (ချောပစ်ကုန်းတိုက်ခြင်း ဘက်လှည့်သွားပါတယ် ဘုရား)၊ အဲဒါပြောတဲ့ ပုဂ္ဂိုလ်က မသိ ဘူးတဲ့၊ သူ့ဟာသူ ကျုပ်ကအမှန်ပြောတာပါ၊ မုသားတစ်လုံး မှမပါပါဘူး။ အမှန်ပြောတတ်တဲ့ ဝါသနာရှိလို့ အမှန်ပဲပြော လိုက်တာပဲ သူ့ဟာသူတော့ သစ္စဝါစာ ဆိုတော့ သမ္မာဝါစာ လို့ထင်နေပါတယ်၊ သူကိုယ်တိုင်က မသိဘူးတဲ့၊ စင်စစ်တော့ သူချောပစ်ကုန်းတိုက်တာပဲ (တင်ပါ ဘုရား)။
အဲဒါသူကဘယ်နဲ့ ထင်နေတုံး (သမ္မာဝါစာလို့ ထင်နေပါတယ်) အမှန်ပြောတတ်တော့ သမ္မာဝါစာ ထင်နေ တယ်၊ သစ္စာဝါစာ ထင်နေတယ်၊ ထင်ပင်ထင်ငြား သော်လည်း အလုပ်သွားက ဘယ်နဲ့ ဖြစ်နေတုံး (ချောပစ်ကုန်းတိုက် တာ ဖြစ်နေပါတယ် ဘုရား) ချောပစ်ကုန်းတိုက်တာ ဖြစ်ပြီး သကာလ သွားပါတယ်။
သို့ သော် ပြောတဲ့ပုဂ္ဂိုလ်ကိုယ်ကလည်း မသိပါဘူး၊ သူတာဝန်ခံတာ ကြည့်ပါလား၊ ကျုပ်က အမှန်မှ ပြောတတ် တယ်၊ အမှားဆို တစ်လုံးမှ မပါဘူး ဆိုပြီး သစ္စဝါစာလို့ပဲ ထင်နေတယ်၊ သမ္မာဝါစာလို့ပဲ ထင်နေတယ်၊ ထင်ပေမယ့် လည်း အဓိပ္ပါယ် သက်ရောက်သွားတာကတော့ ချောပစ် ကုန်းတိုက်လို့ ဒီလူ နှစ်ယောက်မှာ ဒီလိုပြောသလား၊ ဒီလိုပြောသလား ဟိုက နှစ်ကြိမ်သုံးကြိမ် ထပ်မေးတယ်။
ကျုပ်ကလိမ်မပြောတတ်ဘူးတဲ့
အကယ်၍ ထပ်မေးလည်း ဒီလိုပဲပြောပါတယ်၊ ကျုပ် ကလိမ်မပြောတတ်ဘူး၊ ဟော ဒီလိုကော မအုပ်ဘူးလား (အုပ်ပါတယ် ဘုရား) အုပ်တော့ ဟိုက ဒီလိုပြောသလား ဒီလိုပြောသလား ဆိုကတည်းက သူစိတ်ထဲ ကောင်းသေး ရဲ့လား (မကောင်းပါဘူး ဘုရား)။
မကောင်းပင် မကောင်းငြာ းသော်လည်း ကျုပ်ကလိမ် တယ်လို့များ အောက်မေ့မနေနဲ့၊ ခင်ဗျားက ထပ်ထပ်မေးနေ တယ်၊ ကျုပ်ကမလိမ်တတ်ဘူး၊ ကြားရရင်ကြားတဲ့အတိုင်း အမှန် ပြောလိုက်တာပဲ၊ မှန်တာပြော သစ္စာပဲ၊ ဒါသစ္စဝါစာ ပြောလိုက်တာပဲ၊ သူကဒီလိုများတောင်ထပ်ပြီး သကာလ မောင်အုန်းလှိုင်ရဲ့ ပြောလိုက်သေးတယ် (တင်ပါ ဘုရား)။
ကိုယ်က မေးနေတဲ့ ဥစ္စာကတော့ဖြင့် ဒီလိုပဲပြော သလား၊ ဒိပြင်ကော ဘာပြောသေးသတုံး ဆိုတော့ ဟိုက တည့်ဖို့ ရာ အကြောင်းမြင်သေးလား၊ သူမေးပုံကြည့် ပါလား (မမြင်တော့ပါ ဘုရား) ဒါပြောလိုက်လို့ ဖြစ်သွားတယ်၊ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သစ္စဝါစာ လို့ ပဲထင် နေ တယ် တဲ့၊ တစ် ဖက်ကကြားရတာ၊ တစ်ဖက်ကို စကားယူပြောတဲ့ ပုဂ္ဂိုလ်ကနော် (တင်ပါ ဘုရား)။
ဒီစကားမျိုးရှိတတ်တယ်
အခုပြောတဲ့စကားဟာ သစ္စဝါစာဟုတ်ကဲ့လား၊ သမ္မာဝါစာ ဟုတ်ကဲ့လား၊ ချောပစ် ကုန်းတိုက်တဲ့ ဘက်ကို ရောက်သွားသလား (ချောပစ် ကုန်းတိုက်တဲ့ ဘက်ကို ရောက်သွားပါတယ် ဘုရား) ချောပစ်ကုန်းတိုက်တဲ့ဘက် ရောက်သွားတာကို သူကချောပစ်ကုန်းတိုက်တဲ့ စိတ်မပါပါဘူး လို့ သူကတော့ ဖုံးလိုက် ဖိလိုက်တာပဲတဲ့၊ အဲဒါမပြောခင်က မစဉ်းစားတဲ့အတွက် သူ့စိတ်ကိုပဲ ချောပစ် ကုန်းတိုက်တဲ့စိတ် ကို သူမသိတဲ့အတွက် ကြားသ၍ အကုန်ပြောလိုက်တာပဲ။
ကြားသ၍ အကုန်ပြောလိုက်တော့ ဟိုအိမ်နဲ့ ဒီအိမ် ဟာတည့်သလား မောင်ကို (မတည့်ပါဘူး ဘုရား) ကြားဝင်တာနဲ့ အဲတော့ ဒီပြောတဲ့ပုဂ္ဂိုလ်ကတော့ကို မောင်အေးရ အကောင်းပြောတယ်လို့ ပဲထင်နေတာ မထင် ဘူးလား (ထင်ပါတယ် ဘုရား)။
သတိထားစေချင်လို့တဲ့
ကျုပ်က အကောင်းပြောတာ မေတ္တာရှိလို့ပြောတာ တစ်ခုမှလည်း အပိုမပါပါဘူး၊ မေတ္တာ သက်သက်နဲ့မို့ မင်း တို့ ကြားစေချင်လို့ သိစေချင်လို့၊ သတိထားစေချင်လို့ ပြောတာပါ။ အောင်မယ် ဒီလိုများတောင် သစ္စာသဘော နဲ့တောင် အုပ်လိုက်သေးတယ် (မှန်ပါ ဘုရား)။
အပြီးသတ်တော့ကိုတဲ့ ချောပစ်ကုန်းတိုက်တဲ့ဘက် ကိုရောက်သွားတာပဲတဲ့၊ အဲတော့ သူ့စိတ်ကို သူနားမလည် တဲ့အတွက်၊ တစ်နည်း နားလည်ပြန်လည်း ဖုံးဖိတဲ့အတွက် စင်စစ်တော့ ကုန်းတိုက်တာပဲ၊ ပိသုဏဝါစာ ဖြစ်တာ (တင်ပါ ဘုရား)။
ပိသုဏဝါစာကို မောင်စိန်ထွန်း သမ္မာဝါစာထင် နေတာ (မှန်ပါ) သမ္မာဝါစာထင်နေတာ သဘောကျ ပလား ဘာကဘာဝင်လုပ်တယ်ဆိုတာ မင်းတို့ ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)၊ ပိသုဏဝါစာ က (သစ္စ ဝါစာလုပ်နေတာပါ ဘုရား) သစ္စဝါစာဝင်ပြီး သကာလ လုပ်လိုက်ပါတယ်တဲ့။
ဒီစကားမျိုးရှိရင်မသုံးရဘူး
အစ်မတို့ ဒီစကားမျိုးဟာ ရှိတတ်တယ်နော် (ရှိတတ်ပါတယ် ဘုရား)၊ ရှိရင် မသုံးရဘူးကွ .(တင်ပါ ဘုရား) ရှိရင်မသုံးရဘူး၊ စကားတော့ရှိနေတာ ဦးမြအမှန်ပဲ (တင်ပါ ဘုရား)။
သို့ သော်လည်းတဲ့ သူ့ဟာသူ မသိတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ သိပ်ကို မဝေဖန်တတ်တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကျလာတော့ ဒီဟာသည် ငါ့စိတ်ထဲ ပေါ်နေတာ ကိုက ဒီလိုပြောလိုက်လို့ ရှိရင် သူတို့ တော့မတည့်ဘူး ဆိုတဲ့ ဥစ္စာကို သူမသိဘူး (တင်ပါ ဘုရား)။
မသိတော့ကိုတဲ့ အမှန်ပြောတယ်လို့ ပဲထင်နေကယ် တဲ့၊ သူ့ဟာသူလည်း အမှန်ထင်နေတယ်၊ ချောပစ်ကုန်းတိုက် တာကော မသေချာဘူးလား (တင် ပါဘု ရား)၊ သူကလည်းအမှန်ထင်တုန်းပဲ၊ ချောပစ်ကုန်းတိုက်တာလည်း မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ သူက ဘယ် လိုထင်နေတုံး (အမှန် ထင်နေပါတယ် ဘုရား)။
အမှန်ပြောတယ်လို့ ထင်နေတယ်
သူကတော့ အမှန်ပြောတယ်ထင်နေတယ်၊ ဟိုမှာ အဓိပ္ပါယ်ကတော့ ချောပစ် ကုန်းတိုက်တဲ့ ဘက် ရောက်သွား တယ်၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင်ပြောတဲ့ ဘက်ရောက် သွားတယ်၊ မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။
ပြောတဲ့ပုဂ္ဂိုလ်ကလည်း ကျုပ်တို့ကတော့ မှန်တာ ပြောသစ္စာပါပဲ မဟုတ်တာလုပ်ကြံပြီး သကာလ မပြောတတ်ပါဘူး၊ ကြားတာကြားတဲ့ အတိုင်းပဲ ပြောတတ်တာပါပဲ၊ ဆိုပြီး သကာလ ဖုံးရဖိရ ငြားသော်လည်း ဟိုပုဂ္ဂိုလ်မှာ ထပ်မေးတဲ့ စကားတွေထောက်ကြည့်ရင် အစ်မဘာဖြစ်သွားတုံး (ချောပစ် ကုန်းတိုက် တာဖြစ်သွားပါတယ် ဘုရား)၊ ချောပစ်ကုန်းတိုက်တဲ့တရား ဖြစ်မသွားဘူးလား မိနု (ဖြစ်ပါတယ် ဘုရား)။
သီလပျက်နေတာ
သူ့ဟာသူကော သိရဲ့လား (မသိပါဘူး ဘုရား) သူသိနေတာကတစ်မျိုး (မှန်ပါ) သူသိ နေတာက သစ္စဝါစာ၊ သမ္မာဝါစာ၊ ကျုပ်ကိုယ့်သီလကိုယ်အပျက်ခံပြီး မဟုတ်တာတော့ အဟုတ်လုပ်ပြီး မပြောပါဘူး၊ သီလမပျက် ဘူး၊ ဘယ်သီလ မပျက်ရမတုံးကွ သီလကပျက်နေတာ၊ ဟို လူတည့်သေးရဲ့ လား (မတည့်ပါဘူး ဘုရား)။
မတည့်တော့ သူ့ကြောင့် မတည့်ရတာ မဟုတ်လား (တင်ပါ ဘုရား)၊ သူ့ကြောင့် မတည့်ရတော့ ဦးညွန့် သီလက မပျက်သေးဘူးလား (ပျက်ပါတယ် ဘုရား)၊ ပျက်ပေမယ့် သူက ကျုပ်ကကိုယ့် သီလအပျက်ခံပြီး မဟုတ်တာတော့ လုပ်ကြံ မပြောဘူးတဲ့၊ ဒီလိုဆိုလေ့ရှိတယ်၊ မောင်ချစ်ဆွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကျပ်ခင်ဗျားတို့နဲ့ နေတာ တစ်သက်လုံးပဲ၊ ဘယ်အခါ ကာလမှ မဟုတ်တာကို မပြောတတ်တဲ့ လူတစ် ဦး တစ်ယောက်ပဲ၊ ကျုပ်အကျိုးကို အယုတ်ခံပြီး သကာလ ခင်ဗျားတို့ ကို မပြောပါဘူး၊ ကြားရင်ကြားတဲ့ အတိုင်း ပြောလိုက်တာပဲ၊ ကြားတာတော့ မျိုသိပ်မထားတတ်ဘူး၊ ဆိုပြီး သကာလ သူ့စိတ်ထဲမှာ သစ္စဝါစာ၊ သမ္မာဝါစာ မောင်စိန်ထွန်း ထင်ပါတယ် (တင်ပါ)။
သူကိုယ်တိုင်မသိလို့ ပိသုဏဝါစာ ဖြစ်သွားတာ (တင်ပါ ဘုရား)၊ မောင်အုံးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဝါစာက ဘာဝါစာဖြစ်တာတုံးကွ (သစ္စဝါစာ က ပိသုဏဝါစာ ဖြစ်သွားတာပါ ဘုရား)။
ကုန်းတိုက်တဲ့ဘက်ရောက်သွားတယ်
အဓိပ္ပါယ်က မင်းတို့ သေသေချာချာကြည့်၊ ဟိုပုဂ္ဂိုလ် က သဘောမကျတာ တွေ့လိုက် ကတည်း ကိုက သူပြောတဲ့ စကားဟာက ချောပစ် ကုန်းတိုက်တဲ့ဘက် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ရောက်ပင် ရောက်ငြားလည်း သူ့အထင်ကတော့ သစ္စဝါစာ၊ သမ္မာဝါစာ ဒီလိုပဲ ထင်ပစ် လိုက်ပါတယ်၊ မောင်စိန်ထွန်း မထင်တတ်ဘူးလား (ထင်တတ်ပါတယ် ဘုရား)။
အဲတော့ ဒီပြောတဲ့ပုဂ္ဂိုလ်ကို စဉ်းစားပါတဲ့၊ စိတ်နှစ်ခု ဝေဖန် သိသေးရဲ့လား (မသိသေးပါဘူး ဘုရား)၊ မသိတော့ စိတ်နှစ်ခုဝေဖန် မသိတဲ့အတွက် ကိုထွန်းအောင် ဒီ ပုဂ္ဂိုလ်ဟာ ထင်မိထင်ရာပြော၊ ထင်မိထင်ရာ ပြောဆိုတော့ မကောင်းတဲ့ဘက်သာ ပြောမိကြတာပေါ့၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။
ဒါဖြင့် ပိသုဏဝါစာ ချောပစ်ကုန်းတိုက်တဲ့အထဲက၊ (၁) မုသာဝါဒ၊ (၂) ပိသုဏဝါစာ၊ (၃) ဖရုဿဝါစာ၊ (၄) သမ္ဖပ္ပလာပဝါစာ ဆိုတဲ့ ဝစီကံလေးပါး ချောပစ်ကုန်းတိုက်တဲ့ ဘက်ဆီ ရောက်သွားတော့ ကိုယ့်ခင်စေချင်တဲ့ သဘောလေး ပါသွားတယ် (တင်ပါ ဘုရား)။
လောဘနဲ့ပြောသော
ချောပစ်ကုန်းတိုက်လိုက်တဲ့ အခါကျတော့ ဟိုပုဂ္ဂိုလ် နဲ့ပျက်ပြီး ကိုယ်နဲ့ ဆက်မိအောင် (တင်ပါ ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ အဲတော့ သူလောဘနဲ့ ပြောနေ တာ (မှန်ပါ)၊ သစ္စာနဲ့ ပြောတာလား၊ လောဘနဲ့ ပြောတာ လား (လောဘနဲ့ ပြောတာပါ ဘုရား)။
လောဘနဲ့ပြောတာကို သူက မောင်ကို ဘယ်နဲ့ ထင် နေတုံးကွ (သစ္စာနဲ့ ပြောနေတယ် ထင်နေပါတယ် ဘုရား)၊ အပြီးသတ်တော့ ဒီ၊ အပြီးသတ်ပြီကော (မှန်ပါ ဘုရား)။
ဟိုတစ်ယောက်သော ပုဂ္ဂိုလ်ပြတ်၊ မိမိနဲ့ ဆက်၊ မောင်အေးက ဒီလိုမရှိဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီ ကတည်းက သူဟာက သူ့စိတ်သူသိသေးရဲ့ လား (မသိ ပါဘူး ဘုရား)၊ သူနဲ့ ဆက်မိအောင် ဆိုကတည်းက လောဘ ပါတယ်၊ ဟိုမှာလည်း ချောပစ်ကုန်းတိုက်တဲ့ ဘက်ပါတယ်။ ဆိုသဖြင့် သူ့ အသုံးအနှုန်းဟာ ဘယ်လောက်ပဲစကား တာရှည်သုံးနေစေကာမူ ပိသုဏဝါစာပဲ သွားဖြစ်တယ်၊ ချောပစ်ကုန်းတိုက်တာပဲ သွားဖြစ်ပါတယ်၊ သဘောကျပါ လား (ကျပါပြီ ဘုရား)။
ဘယ်ပုဂ္ဂိုလ်မျိုးဖြစ်တတ်သတုံး
ဒါဖြင့် ဒီဥစ္စာသည် ဘယ်ပုဂ္ဂိုလ်မျိုးဖြစ်တတ်ပါသတုံး ဆိုတော့ လုံးဝဗူးလုံး နားမထွေး၊ လောကီတော့ နားလည်ပြီး လောကုတ္တရာက မဝေဖန်တတ်တဲ့ပုဂ္ဂိုလ်မှာ ဒီဥစ္စာအများကြီး ဖြစ်တယ် (မှန်ပါ)။
ဒါကြောင့် များသောအားဖြင့် မောင်စိန်ထွန်း လော ကုတ္တရာစိတ်နှစ်ခုကို ဝေဖန်တတ်တဲ့ ပုဂ္ဂိုလ်က ရှားတယ်၊ မရှား ဘူးလား (ရှားပါတယ် ဘုရား)၊ သစ္စဝါစာက သစ္စဝါစာ တစ်မျိုး၊ ပိသုဏဝါစာက ပိသုဏဝါစာ တစ်မျိုး၊ သစ္စဝါစာဆို သီလမပျက်ဘူး (မှန်ပါ)၊ ပျက်သေးရဲ့လား (မပျက် ပါဘူး)။
ပိသုဏဝါစာ ဆိုတော့ (သီလပျက်ပါတယ် ဘုရား)၊ သီလပျက်တာနဲ့ သီလမပျက်တာဆိုတာက အတော်ပဲ ခြားနားနေတဲ့ဥစ္စာ သူ့စိတ်ထဲမှာ အတူတူပဲ ထင်လိုက်တယ် (မှန်ပါ)၊ မထင်ဘူးလား (ထင်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
သုံးကော မသုံးတတ်ကြဘူးလား (သုံးကြပါ တယ် ဘုရား)၊ သုံးတဲ့အတိုင်းလည်း ကိုယ့်ဟာ ကိုယ်တော့ အမှန်ပြောတာပါပဲလို့ မထင်ဘူးလား (ထင်ပါ တယ် ဘုရား) ၊ နောက်ဆုံးပိတ် တစ်နေ့ ကျတော့ သူအဖြေ ထွက်လာပါတယ်၊ သူ့ဟာ ပိသုဏဝါစာဖြစ်ကြောင်း မဖြစ် ကြောင်းကို ပြောတဲ့ပုဂ္ဂိုလ်က အဖြေထွက်သွားတယ်။
တိုးတိုးပြောပါ၊ တိုးတိုးပြောပါ တစ်ယောက်သော ပုဂ္ဂိုလ်က အိမ်ရှင် ဆိုပါတော့ အို မခံနိုင်လို့ လဲသေသေ ကျုပ်ကကြားတာ ပြောတာ၊ သေတာပါလာတယ် (တင် ပါ ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ပါလာ ကတည်းက ချောပစ်ကုန်းတိုက်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျုပ်က ဘွင်းဘွင်းပဲတဲ့ မဟုတ်တာပြောလို့ ရှိရင် တော့ ကျုပ်ပါးလာရိုက် ကိစ္စမရှိဘူး၊ အခုဟာက ကျုပ်ကို ပြောလို့ကျုပ်ကြားတာ အကုန်ပြောတဲ့ဥစ္စာပဲ၊ တိုးတိုးမပြော နိုင်ပါဘူး၊ ကျုပ်က ခပ်ကျယ်ကျယ်ပဲ ပြောတတ်တယ်။ ဝါသနာကိုက ဒီလိုပဲ၊ ဟား ရှုပ်နေတာပဲ မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား)၊ မိနုကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီလို အဖြစ်တွေလူတွေမှာ ရှိတယ် ဆိုတာလည်း ဘုရားဟောတော်မူတာ မလွဲပါဘူး (မှန်ပါ ဘုရား)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)၊ အင်း မောင်ကိုတို့များ အာ ကျယ်ကျယ်နဲ့ ပြောတာဆိုတာ ရှိသလားကွ (ရှိပါတယ် ဘုရား)။
အမေမွေးကတည်းက
ပြောတတ်ပါတယ်တဲ့ ဒီဥစ္စာ ကျုပ်ကအမေက မွေး ကတည်းက မဟုတ်တာတော့ အဟုတ် လုပ်မပြောတတ်ဘူး၊ လာမှာပဲကွ (တင်ပါ ဘုရား)၊ မွေးစဉ်က စကိုင်တာပဲ (မှန်ပါ)၊ ဟိုလူယုံအောင် မွေးစဉ်က စကိုင်မှ ဖြစ်တော့မယ် ဆိုတော့ (မှန်ပါ ဘုရား)၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။
မွေးစဉ်က စမကိုင်လို့ ရှိရင် မောင်စိန်ထွန်း ဒီဥစ္စာ ဟိုပုဂ္ဂိုလ်ဟာ အယုံလွဲမှာကိုဗျ (မှန်ပါ အယုံလွဲမှာပါ ဘုရား)၊ အယုံလွဲမှာ စိုးတဲ့အတွက် ခုနမွေးစဉ်က စကိုင်ပြီးတော့ ပြောတာ (တင်ပါ)၊ ဦးမြရေ အတော်ဆိုးပါလားဗျ (မှန်ပါ ဘုရား)။
မွေးစဉ်က စကိုင်ပြီး သကာလ တစ်ခါတည်း ဟိုပုဂ္ဂိုလ် မယုံယုံအောင် ပြောလိုက်တော့ ကြားရတဲ့ စကားကလည်း မကောင်းပြန်တော့ ဒီလိုပြောသလား၊ ဟိုလိုပြောသလား ကျုပ် အကဲခတ်ဦးမှ၊ နောက် ကျုပ်နဲ့ မျက်နှာချင်းဆိုင်တဲ့အခါ ကျုပ်မျက်နှာ မကြည့်ပဲနေမှာမဟုတ်ဘူး တွေ့ပစေကွ မဆူ သေးဘူးလား (ဆူပါတယ် ဘုရား)။
ဆူတဲ့အခါကျလို့ရှိရင် ဒီအဆူဟာ သူ့နဂိုကဆူနေ တာလား ကိုယ့်စကားကြောင့်ဆူတာလား (ကိုယ့်စကားကြောင့် ဆူတာပါ ဘုရား)၊ ဒါဖြင့် သူ့ဘာဆိုမတုံးကွ (ချောပစ်ကုန်းတိုက်တာပါ ဘုရား)၊ ပိသုဏဝါစာပေါ့။ ပါဠိလိုတော့ ပိသုဏဝါစာပေါ့၊ မြန်မာလိုတော့ ချောပစ်ကုန်းတိုက် – တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မှန်တိုင်းပြောလို့ ဘယ်ဖြစ်မတုံး
ကျုပ်ကမှန်တာပြောတာ မှန်တိုင်း ပြောလို့ ဘယ်ဖြစ် မတုံးကွ၊ မပြောပဲ ငြိမ်နေတာနဲ့ ပြောလိုက်လို့ အပြစ်ရှိမှာနဲ့ ဘယ်ဟာကောင်းတုံး (ငြိမ်နေတာက ကောင်းပါတယ် ဘုရား) ပြီးတော့ မမြုံနိုင်ဘူး ဝမ်းထဲမှာ မြုံစိမြုံစိ ဖြစ်နေတာ၊ ပြောချင် နေတာကြာလှပြီတောင် လာလိုက်သေးတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဦးမြရေ လူ့ပြည်ကအတော်ရှုပ် တယ်နော် (တင်ပါ ဘုရား)။
ဒါဝေ့လည်ကြောင်ပတ် လုပ်တဲ့စိတ်တွေလို့ မောင် စိန်ထွန်း မှတ်ကွ (မှန်ပါ ဘုရား)၊ ကိုယ့်ဟာကိုယ်ကို မသိဘူး (မသိပါဘူး ဘုရား)၊ ကိုယ့်ဟာကိုယ်မသိဘူးတဲ့ ဟိုပုဂ္ဂိုလ် အမျိုးမျိုးအဖုံဖုံ၊ ဒေါသနဲ့ မေးမြန်းနေတာတောင်မှ သူက လေရှည်တုန်းရှိသေးတယ်၊ မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)။
အကျိုးအကြောင်းတွေ ပြောပြီး သကာလ ကျုပ် အကြောင်းတော့ သိသားပဲ ဘယ်တုန်းကမှ ထောက်ခံခဲ့တဲ့ သဘော မရှိပါဘူး၊ တကယ့်ကို မှန်မှန် ပြောတတ်ပါတယ်။ မှန်မှန်ဆိုတတ်ပါတယ်၊ အင်း သူ့ဟာသူတော့ ဖုံးလျက် ဖိလျက်ပဲ ဟိုမှာတော့ ဒေါသတွေဆူနေပြီကွ။
လူနှစ်ဦးကွဲစေချင်တဲ့စိတ်
ဒေါသထတာ (ထပါတယ် ဘုရား)၊ ထပေမယ့် လည်းသူကပြောလျက်ပဲ၊ စကားမရပ်တာ ထောက်လိုက်လို့ ရှိရင် သက်သက်ဒီလူနှစ်ဦးကို ကွဲပြားစေချင်တဲ့စိတ်ကပါ မပါ (ပါပါတယ် ဘုရား)။
ဟိုက ကြပ်ကြပ် ဆူလေလေ သူကပင့်ပြီး ကြည့်ပြီ ပြောလေလေပေါ့ကွာ၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) ဒါက ဘယ်လို ပုဂ္ဂိုလ်တုံးဆိုလို့ ရှိရင်ဖြင့်တဲ့ ကိုယ့် အကျိုးကိုသာ ငဲ့ပြီး ဟိုနှစ်ယောက် အကျိုးပျက်အောင် သူ တစ်ယောက်တည်း အကျိုးငဲ့ပြီး ဟိုနှစ်ယောက်ကွဲလို့ ရှိရင် ဖြင့်၊ သူဟာ ကြားဝင်တဲ့ဆီကို ရောက်တယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါ မျှော်ကိုး၊ မမျှော်ကိုး (မျှော်ကိုးပါတယ် ဘုရား)၊ ရှင်းပလား မိနုရ (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် ဘယ့်နဲ့လုပ်မတုံး ဒီစကား ပြောရမလား မပြောရဘူးလား (မပြောရပါဘူး ဘုရား)၊ မပြောပဲနေတာ ကောင်းတယ် (မှန်ပါ ဘုရား)။
ကုန်းတိုက်တဲ့ဘက်ရောက်သွားတယ်
အဲတော့ မပြောခင်က သူကြားထားတာတွေပြော တော့ပြောတာပဲ၊ ပြောလိုက်လို့ရှိရင် ချောပစ် ကုန်းတိုက်တဲ့ ဘက်ကို သေချာသွားတော့မှာပဲ၊ ကိုယ်ကလည်း ပထမ စေတနာနဲ့ အကောင်း ပြောတယ် ထားဦး၊ နောက်ကျလို့ရှိရင် ကိုယ့်စကား အမှားအယွင်းတွေကလည်း ပါမလာဘူးလား (ပါလာပါတယ် ဘုရား)။
အဲဒီကျအောင်ပဲ မဆင်ခြင်ပဲ ဆက်ပြီးပြောသွားမယ် ဆိုရင်ဖြင့်တဲ့ ဒါသေသေချာချာ ပိသုဏဝါစာ ဆိုတဲ့ ချောပစ် ကုန်းတိုက်တဲ့သဘော သေချာသက်ရောက်တာပဲလို့ အစ်မတို့က မှတ်ရမယ် (တင်ပါ ဘုရား)။
ပြောမည်ကြံရင်ဂရုစိုက် သူ့ပြောမယ်ကြံလို့ ရှိရင် ပိသုဏဝါစာ ဟုတ် မဟုတ် ကို သေသေချာချာ ကြည့်၊ ပထမ ခပ်တိုးတိုးလာတယ် (တင်ပါ)၊ ချောပစ်ကုန်းတိုက်တော့မယ် ဆိုတဲ့လူဟာ ဖြုန်းခနဲ ကျယ်ကျယ်ကြီး မပြောဘူး (တင်ပါ ဘုရား)၊ ဘယ်လို ပြောလေ့ရှိတုံး (တိုးတိုး ပြောလေ့ရှိပါတယ်)။
တိုးတိုး ပထမ ပြောလေ့ရှိတယ်၊ နောက်ဟိုပုဂ္ဂိုလ်က အားလုံးကြားကုန်မယ် သိလည်း တိုးတိုး ကောင်းတယ်၊ မသိလည်း တိုးတိုးကောင်းတယ်၊ ဟာ မတိုးနိုင်ဘူး သူက ချဲ့လာတာ၊ ပိသုဏဝါစာ ဆိုတာမောင်စိန်ထွန်း ဘယ်ကနေ စတုံး (တိုးတိုးကနေစပါတယ် ဘုရား)၊ နောက်ကျတော့ ဟိုက အကြောင်းလေး ပြလိုက်တော့ သူကျယ်လာတယ် (တင်ပါ)၊ ဒီကတည်းက သစ္စဝါစာဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။
ရန်ဖြစ်လေ ကျေနပ်လေ
အမှန်ပြောတာလို့ ဆိုလို့ရသေးလား (မရပါဘူး ဘုရား)၊ သမ္မာဝါစာကော ဟုတ်သေးရဲ့ လား မဟုတ်ဘူး၊ ဟိုလူ တွေရန်ဖြစ်လေလေ သူကကျေနပ်လေလေ ဒီလိုမနေဘူး လား (နေပါတယ် ဘုရား)။
အဲတော့ ဒီစိတ်နှစ်ခုကို ဝေဖန်ပြီး သကာလ မသိဘူး တဲ့ သစ္စဝါစာအစစ်၊ အမှန်ပြောတဲ့ သစ္စဝါစာ အစစ်ဆိုလို့ ရှိရင်ဖြင့် ဒါပြောသင့်ပါတယ်နော် ဟိုပုဂ္ဂိုလ်မှာ ချောပစ် ကုန်းတိုက်တာဘက် ရောက်သွားလို့ ရှိရင် မောင်ကို မပြော ထိုက်ဘူးပေါ့ (မပြောထိုက်ပါဘူး ဘုရား)။
အဲတော့ မပြောထိုက်ပေမယ့် သူဆက်လက်ပြီး သကာလ ထောက်လိုက်လို့ ရှိရင် မောင်အုန်းလှိုင်က ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (မသိလို့ပါ ဘုရား)၊ ဘာကို ဘာမသိတာတုံး သစ္စဝါစာနဲ့ (ပိသုဏဝါစာ မသိလို့ပါ ဘုရား)။
ဒါဖြင့် ပယ်ရမည့်တရား၊ ပွားရမည့်တရား သိသေး ရဲ့လား (မသိပါဘူး ဘုရား)၊ မသိတော့ သူ့စိတ်သူ မသိဘူး အရူးပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်လိုဆိုကြမတုံး၊ (အရူးနဲ့တူပါတယ် ဘုရား)၊ အရူးနဲ့တူတယ်။
ခွဲခြားမသိဘူး
ဘာနှစ်ခုခွဲခြားဝေဖန်မသိတာလဲ (ပိသုဏ ဝါစာနှင့် သစ္စဝါစာ ခွဲခြားဝေဖန်မသိတာပါ ဘုရား)၊ ခွဲခြား မသိဘူး (တင်ပါ)၊ မောင်စိန်ထွန်း ဟုတ်ပလား (မှန်ပါ ဘုရား)၊ ဒါသိတဲ့လူနဲ့ မသိတဲ့လူနဲ့ ဘယ်ဟာများတုံး (မသိတဲ့လူကများပါတယ် ဘုရား)၊
ဘယ်သူ့ မသိတာတုံးတဲ့ သူ့သန္တာန်ဖြစ်တဲ့ စိတ်သူ မသိဘူး (တင်ပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)၊ ဘယ်သူ့သန္တာန်ဖြစ်တာ ဘယ်သူမသိတာတုံး (သူ့သန္တာန် ဖြစ်တာ သူမသိတာပါ ဘုရား)၊ ဒီလိုဖြင့် ဒီလူ ဘယ့်နဲ့လုပ် အသုံးချမတုံး ခင်ဗျားတို့ စဉ်းစားကြည့်၊ သူ့သန္တာန် ဖြစ်နေတာ သူမသိဘူး ဆိုတော့ သူ့ဟာ အမှားလုပ်နေတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ပိသုဏဝါစာ လုပ်နေတာကွ (မှန်ပါ ဘုရား)၊ သူ့ သန္တာန်ဖြစ်တာ သူသိလို့ ရှိရင် ဒါဟာ ကိုယ့်စိတ် ကိုက မကောင်းဘူး၊ ကိုယ့်စိတ်ကမကောင်းတာ သူများသွားပြောလို့ သူများလည်း မကောင်းဖြစ်မှာပဲလို့ သိသေးရဲ့ လား (မသိပါဘူး ဘုရား)။
အရူးစကားကြောင့်ကွဲကြရတယ်
ဒါဖြင့် သူ့စိတ်မကောင်းတာလည်း သူမသိဘူး၊ သူများ မကောင်းမှာကော (သူမသိပါဘူး ဘုရား)၊ ဒါဖြင့် သူ့အတွက်ကို ဘယ်လို စဉ်းစားကြမတုံး ဆိုလို့ရှိရင် အရူးစကားကြောင့် လူနှစ်ယောက် ကွဲရတဲ့ အဓိပ္ပါယ် ရောက်တယ် (တင်ပါ ဘုရား)။
မောင်ကို ဘယ့်နဲ့ရောက်တုံး (အရူးစကား ကြောင့် လူနှစ်ယောက်ကွဲရတယ်) အရောင်း အဝယ်ချင်း တူနေသော် လည်းကောင်း၊ မတူသော်လည်းကောင်း၊ မတည့် ကြတာသည်ကား ဆိုလို့ရှိရင် ဒီကြားတစ်ယောက် ရှိနေလို့ (တင်ပါ ဘုရား) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီပုဂ္ဂိုလ်ဟာ သူ့စိတ်သူမသိတဲ့ ပုဂ္ဂိုလ်က ဝင်ပြော နေတာကွ၊ ဟုတ်လား (တင်ပါ ဘုရား)၊ သူ့စိတ်သူ မသိတဲ့ပုဂ္ဂိုလ်က ဝင်ပြောနေတာ မောင်စိန်ထွန်းရေ၊ ဒါသိတဲ့ ပုဂ္ဂိုလ် နှစ်ယောက်ကလည်း ဝေဖန်နိုင်တဲ့ အခြေအနေ မရောက်လို့ရှိရင် သိတဲ့ပုဂ္ဂိုလ် နှစ်ယောက်ကလည်း မသိတဲ့ဘက် ဝင်သွားတာ (တင်ပါ ဘုရား)။
မဝင်ဘူးလား (ဝင်ပါတယ် ဘုရား) ဒါကြောင့် မသိတဲ့လူ မီးရှို့ တာနဲ့ ဟိုသိတဲ့ ပုဂ္ဂိုလ်လည်း မသိသလို ထတောက် ကုန်တာပဲ (တင်ပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
မသိတဲ့လူကမီးရှို့တယ်
ဘယ်သူက ဝင်မီးရှို့ တုံး (မသိတဲ့လူကဝင်မီးရှို့ ပါတယ် ဘုရား) မသိတဲ့ပုဂ္ဂိုလ်က မီးရှို့တော့ ဒီကမီးထ တောက်ပါတယ်ဆိုတော့ ဒီနှစ်ယောက်စလုံးဟာ သိတဲ့ဘက် ရောက်သလား မသိတဲ့ဘက် ရောက်သလား (မသိတဲ့ ဘက်ရောက်ပါတယ် ဘုရား) ဘယ်သူကောင်းသေးတုံး (ဘယ်သူမှ မကောင်းပါဘူး ဘုရား)။
အင်း ဘယ်သူမှသာ မကောင်းတယ်၊ ဒီလိုဖြစ်နေတာတွေကတော့ တစ်ပုံကြီးပဲ (မှန်ပါ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။
မောင်အုံးလှိုင် ဒီဥစ္စာမှတ်ထားကွ၊ မသိတဲ့ပုဂ္ဂိုလ် မီးရှို့လို့ သိတဲ့ပုဂ္ဂိုလ်နှစ်ယောက် မသိတာထဲ ရောက်သွား တယ်၊ မသိတဲ့ပုဂ္ဂိုလ် မီးရှို့လို့ သိတဲ့ပုဂ္ဂိုလ်နှစ်ယောက် (မသိတာထဲကို ရောက်သွား ပါတယ် ဘုရား) မသိတဲ့ပုဂ္ဂိုလ်ထဲ အပါအဝင်ဖြစ်သွားတယ်၊ ဦးညွန့်ပါသေးဘူးလား (ပါပါတယ် ဘုရား) သဘောကျပလား (တင်ပါ ဘုရား)။
သိတဲ့လူနှစ်ယောက်မီးထတောက်
မောင်ချစ်ဆွေက မင်းဘယ်နဲ့ အောက်မေ့တုံး (မသိတဲ့ပုဂ္ဂိုလ်ကမီးရှို့လို့ သိတဲ့ပုဂ္ဂိုလ် နှစ်ယောက် မီး ထတောက်ပါတယ် ဘုရား) သူလည်းမသိတဲ့ဘက် ရောက်သွားတယ် (ရောက်သွား ပါတယ် ဘုရား) မရောက်ဘူး လား (ရောက်ပါတယ် ဘုရား)။
သူကတော့ပြောတာပဲ ကျုပ်ကတော့ တစ်ဖက်ကြား တစ်ဖက်နားထားတာပါပဲ၊ တစ်ဖက်နား ကတော့ဖြင့် အမှန် ထားတာ တစ်ဖက်နားကလည်း ထားလိုက်ကြတာပေါ့၊ ဘယ် လိုပဲပြောပြော စိတ်ထဲမထားပါဘူး၊ အောင်မယ် အုပ်တော့အုပ်တယ် သို့သော် ဝမ်းထဲကတော့ ပူနေတယ် ဒေါသ က (တင်ပါ ဘုရား)။
ဝမ်းထဲကတော့ ပူနေတယ်ကွ မောင်စိန်ထွန်းရ (မှန်ပါ ဘုရား) တစ်ဖက်နား ထားတယ်လို့ သာပြောတာ ဝမ်းထဲက အလုံးအခဲက ကြေရဲ့လား (မကြေပါဘူး ဘုရား) ဒါပါးစပ်မို့ သုံးတာပါတဲ့ တစ်ဖက်နား ထားတယ်ဆိုတာက။
သင်ပြောတာ ပြောတာတွေ ကြားပါရဲ့ ကြားတဲ့ အတိုင်းလည်း ကျုပ်ယုံကြည်ပါရဲ့၊ သို့သော်လည်း ပွင့်လိမ့်မယ် လို့တော့ အောက်မေ့မနေနဲ့ တစ်ဖက်နား ထားလိုက်တာပဲ။ ဒီလိုက လာသေးတာ (မှန်ပါ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။
တစ်ဖက်နားထားတယ်လို့ သူ့ဟာသူ ကြားတဲ့ပုဂ္ဂိုလ် ကအုပ်လိုက်တာ (တင်ပါ ဘုရား)၊ အုပ်သာ အုပ်တယ် သူ့ စိတ်ထဲကျေနပ်ကဲ့လား၊ မကျေနပ်တာလား (မကျေနပ် တာပါ ဘုရား) မကျေနပ်တာရယ်၊ တစ်ဖက်နား ထားပါတယ် ဆိုတော့ လှောင်ထားတာပေါ့ကွ (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဝဿကာရပုဏ္ဏား
ကဲ ဘယ့်နဲ့လုပ်ကြမတုံး ဒါတွေမသိလို့ရှိရင် တစ် တိုင်းတစ်ပြည်လုံးဟာ ဝဿကာရပုဏ္ဏား ဝင်မီးရှို့လိုက်တဲ့ဥစ္စာ ဝေသာလီပြည်ကြီး ပျက်တယ် ဆိုတာ၊ မပျက်ဘူးလား၊ ပျက်လား (ပျက်ပါတယ် ဘုရား)။
မောင်အုန်းလှိုင် ဘယ်နဲ့ကြောင့်တုံးကွ (ရမ်းပြီး ရှို့လို့ပါ ဘုရား) ရမ်းပြီးရှို့ လိုက်တော့ အရှို့ခံရတဲ့ ပုဂ္ဂိုလ် ကလည်း ဉာဏ်ပါသေးရဲ့ လား (မပါပါဘူး ဘုရား) ရှို့တဲ့ ပုဂ္ဂိုလ်ကတော့ကို သူ့စိတ်သူမသိတာဟာ ဉာဏ်မပါတာ ထင်ရှားပါတယ်တဲ့၊ အရှို့ခံရတဲ့ပုဂ္ဂိုလ်က နဂိုကစိတ်မရှိပဲနဲ့ သူရောက်လာမှ ဒီစိတ်ပေါ်လာတာ ဟုတ်ဘူးလား (မှန် – ပါ ဘုရား)။
အဲတော့ ရှို့တဲ့ပုဂ္ဂိုလ်နဲ့ အရှို့ခံရတဲ့ ပုဂ္ဂိုလ်သည် ဘယ် သူကသာပြီး မသိသတုံးလို့ ဆိုလို့ ရှိရင် ဘယ့်နဲ့ဖြေကြမတုံး (ရှို့တဲ့လူကသာမသိပါဘူး ဘုရား) ဘာဟုတ်မတုံးကွ၊ အရှို့ခံရတဲ့ပုဂ္ဂိုလ်က နဂိုက သူစိတ်ကောင်းကွ (မှန်ပါ)။
သူ့ပင်ကိုစိတ်ပျောက်သွားတယ်
နဂိုကစိတ်ကောင်း၊ ဒီလူရောက်တာနဲ့ ဒီလူ့စိတ် ချည်းရောက်သွားတာ၊ သူ့ပင်ကိုယ် စိတ် ပျောက်သွားတာ (တင်ပါ) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) မောင်အုန်းလှိုင်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ဘာပျောက်တာတုံး (ပင်ကိုယ်စိတ် ပျောက်သွား တာပါ ဘုရား) ပင်ကိုယ်စိတ်ကအကောင်း ဒီလူက မပြောခင် တုန်းက သူ့ဘာစိတ်မှမရှိဘူး၊ ရိုးရိုးပဲရှိတယ် (တင်ပါ ဘုရား) အင်း ဒီလူ ရှို့လိုက်တဲ့မီးက ထ မတောက်ဘူးလား (တောက်ပါတယ် ဘုရား)။
ဘယ်သူကပိုမိုက်သတုံး
တောက်တဲ့ အခါကျလို့ ရှိရင်ဖြင့် နဂိုကလိမ္မာနေတာ သူကပြောတာ (မှန်ပါ ဘုရား) ဟိုက လိမ္မာနေတဲ့လူက မလိမ္မာ သွားဖြစ်ရတယ် နားလည်ရဲ့လား (လည်ပါတယ် ဘုရား) ဒါဖြင့် ဘယ်သူက ပိုမိုက်သတုံး (အရှို့ခံရတဲ့ လူက ပိုမိုက်ပါတယ် ဘုရား)။
အရှို့ခံရတဲ့လူဟာ တိုတိုပြောကြပါစို့ ဆိုလို့ ရှိရင်ဖြင့် ဒီက မီးရှို့ပေမဲ့ သူကလောင်စာ မရှိလို့ရှိရင်တော့ မောင်ထွန်းလှိုင် ထ တောက်ပါ့မလား (မတောက်ပါဘူး ဘုရား) ဟုတ်ဘူးလား (တင်ပါ ဘုရား)။
အဲတော့ ရှို့တဲ့ပုဂ္ဂိုလ်မီးနဲ့ တောက်တဲ့ပုဂ္ဂိုလ်မီးနဲ့ တစ် ထပ်တည်း၊ ဘယ်သူကသာ ကြီးသတုံး (အရှို့ခံရတဲ့ ပုဂ္ဂိုလ်ကကြီးပါတယ် ဘုရား) အဲအရှို့ခံရတဲ့ ပုဂ္ဂိုလ်က ပိုမကြီး ဘူးလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့် သူကတော့ မမြင်အောင်လို့ မီးပွားလေးခပ် သေးသေးထည့်ပေးတာ ဟိုကတော့ မီးကို ထတောက်တာ၊ မတောက်ဘူးလား (တောက်ပါတယ် ဘုရား)။
နှစ်ခုပါမှဖြစ်တာ
စစ်ပွဲတွေ ဘာတွေဖြစ်တာ ဒါတွေပဲ (တင်ပါ)။ စစ်ပွဲတွေလေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကမ္ဘာစစ်တွေ ဘာတွေဖြစ်တယ်ဆို အခုဟာ နှစ်ခု မပါပဲနဲ့ ဖြစ်ကိုမဖြစ် ဘူး၊ သူတို့ လက်သည်ပဲ (တင်ပါ ဘုရား) မိနုကမ္ဘာစစ်၏ လက်သည်တွေ့ပလား (တွေ့ပါပြီ ဘုရား)။
ဘာတွေတုံး (ချောပစ် ကုန်းတိုက်တာပါ ဘုရား) အေး ချောပစ်ကုန်းချောတာပဲ သို့ ပေမယ့် သူက မောင်ထွန်းလှိုင်ရ သိပ်ကြမ်းကြမ်းကြီး မဟုတ်ဘူး (တင်ပါ) ကြားတာပြော တာပါပဲ၊ နေရာ ကျပလား (ကျပါပြီ ဘုရား) တိုးတိုးပြောတော့ သိပြီးနေပြီကိုကွ (မှန်ပါ ဘုရား) ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။
တိုးတိုးပြောလေ သိချင်လေ
တိုးတိုးပြောလေလေ သိချင်တဲ့စိတ်က များလေလေ ရှေ့ဆက်စကားနှိုက် တောင်းလေလေပဲ (တင်ပါ ဘုရား) ဘာဖြစ်လို့တုံး မီးမတောက်ရလို့ (မှန်ပါ) အကုန်သာ ပြောပါတဲ့ရှိတာကို ဒီလို မလာဘူးလား မောင်ချစ်ဆွေ (လာပါတယ် ဘုရား)။
တကယ် မေတ္တာရှိရိုးမှန်လို့ ရှိရင် ချန်ချက်တော့ မထားနဲ့ အကုန်သာပြော၊ ပြောသွားတော့ ဘယ်လိုမှကျုပ်က စိတ်မထားဘူး၊ ခင်ဗျားတော့ကျုပ်က ဘယ့်နဲ့မှသဘောမထား ဘူး၊ ခင်ဗျားတော့ အကောင်း ဆိုတာ ယုံကြည်တယ်၊ နဂိုက လည်း မလိမ်တတ် မကောက်တတ်ပါဘူး၊ ဟား သူ့စကား ရအောင် အကုန်တောင်းတော့တာပဲ (မှန်ပါ ဘုရား)။
ဟိုကပြောချင်လို့ လာတာ သူကမတောင်းမှာစိုး နေတာ (တင်ပါ ဘုရား) အဲတော့ ဟိုက မတောင်း၊ တောင်းအောင်ကို စကားသုံးလာတာ မသုံးဘူးလား (သုံးပါတယ် ဘုရား) ဒီကခပ်တိုးတိုးနဲ့ ပြောပြီး သကာလ နေတော့ စကားအကုန်တောင်း၊ အကုန်တောင်းတဲ့အခါကျမှ ဖွင့်ချ၊ ဖွင့်ချမှ ဒီလို နှစ်ယောက်မတည့်၊ မတည့်မှကိုယ်နဲ့ နေရာ ကျမှာကိုကွ (တင်ပါ ဘုရား) မောင်ကို (တင်ပါ ဘုရား)။
ချိန်ဆမှအမှန်ရောက်တယ်
အဲတော့ အခုမင်းတို့ နှစ်ယောက်ပြောတဲ့ အနက်က ဟိုလူနှစ်ယောက်မှာ ပိုမိုပြီး သကာလ ဆိုးဝါးတော့တယ် ဆိုတာ ဒီပုဂ္ဂိုလ်ကတော့မီးလေးပဲ ဟိုမှာမီးကြီးသွားဖြစ်တယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) မီးလေး မီးကြီးချိန်မှ မောင်ထွန်းလှိုင်က အမှန်ရောက်လာတာ (တင်ပါ ဘုရား)။
ကြားတဲ့ပုဂ္ဂိုလ်ကလည်း ထောင်းခနဲထလာတာဆိုတဲ့ ဥစ္စာပြောနေကြတာပဲကွ (တင်ပါ) မောင်အုန်းလှိုင် (ပြောပါတယ် ဘုရား) ဒါဘာတုံးကွ (ပိသုဏဝါစာပါ ဘုရား) ပိသုဏဝါစာကြောင့် ဖြစ်ရတဲ့မီး မဟုတ်လား (တင်ပါ ဘုရား)။
ပိသုဏဝါစာမှာ ဟိုပုဂ္ဂိုလ်က ဒေါသ၊ ပြောတဲ့ပုဂ္ဂိုလ် ကလောဘ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အပြောခံရတဲ့ ပုဂ္ဂိုလ်ကကြမ်းသွားတာ (မှန်ပါ ဘုရား) မင်းတို့ နေရာကျ ပလား (ကျပါတယ် ဘုရား)။
အပြောခံရတဲ့ပုဂ္ဂိုလ်ကတော့ (ကြမ်းပါတယ် ဘုရား) ဒေါသ သဘောနဲ့ ကြမ်းသွားတယ်၊ ပြောတဲ့ပုဂ္ဂိုလ်တော့ လောဘသမားမို့ သူကချိုတယ်၊ အဲဒါအကဲခတ်ကြည့် ပါလား သူဟာနဂိုတည်းက သူ့စိတ်သူသိသေးရဲ့လား (မသိပါဘူး ဘုရား) ကြားလို့ ပြောတာပါ ဘယ်လိုမှတော့ မအောက်မေ့နဲ့ ဟိုကအုပ်လိုက်၊ ဖွင့်လိုက်၊ အုပ်လိုက် ဖွင့် လိုက် ဒီလိုချည်နေတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။ ပိသုဏဝါစာသမား၏ အလုပ်ကျတော့ မောင်အုန်းလှိုင် အုပ်လိုက် ဖွင့် လိုက် ဒီအတိုင်းလာတာပဲ (တင်ပါ ဘုရား)
နောက်ကျတဲ့ အခါကျတော့ အုပ်လိုက်ဖွင့်လိုက်သာ ဆိုတယ် သူဟာက ဟိုကဟာ ထက်တောင် ပိုချင် ပိုလာသေးတယ် (တင်ပါ ဘုရား) ဦးမြ ပိုလာသေးတယ် မပိုဘူးလား (ပိုပါတယ် ဘုရား)။
ဒါတွေ အခုပြောတာရှိသေးတယ် နောက်ကဟာ သူပြောတာတွေ အများကြီး ကျန်သေးတယ် လာချင်လာ နေမှာ (တင်ပါ ဘုရား)။
မစားသောက်ရဘဲရှုပ်နေတာ
ဒါတွေကတဲ့ မစားရမသောက်ရဘဲနဲ့ မောင်ထွန်းလှိုင် က ရှုပ်နေတာ (တင်ပါ ဘုရား) ဘယ်နှယ်ဖြစ်နေတုံး ၊ (မစားရမသောက်ရဘဲနဲ့ ရှုပ်နေတာပါ ဘုရား) ဟိုလူနဲ့ ဒီလူ ရှုပ်နေတာ ကြားကလူက စားရတယ်ကွ၊ ကြားကလူက စားရ တယ် (တင်ပါ) ဟိုလူနဲ့က ပျက်သွားပေါ့ကွ (တင်ပါ)
ပျက်သွားတော့ ပိသုဏဝါစာ သမားကတော့ လောဘနဲ့လုပ်တာ ဟိုကစကားယူလာတဲ့ အိမ်ရှင်ကလည်း အကျိုးပျက်သွားပြီ ဒီကနားထောင်ရတဲ့ ပုဂ္ဂိုလ်အိမ်ကကော (ပျက်သွားပါပြီ ဘုရား) အကျိုးပျက်သွားပြီးတဲ့ သူ တစ်ယောက်ကတော့ ထိုက်တန်သလောက် ကျေးဇူးရှိတယ်။
ကုန်းတိုက်တဲ့လူကကျေးဇူးရှိတယ်
ကုန်းတိုက်တဲ့လူကတော့ ထိုက်တန်သလောက် ကျေးဇူးရှိတယ် မရှိဘူးလား (ရှိပါတယ် ဘုရား) အချင်း ချင်းပဲ စားပါဦး သောက်ပါဦးလို့ သူလုပ်ခံရတာပဲ၊ နေပါဦး ထိုင်ပါဦးလို့ အခုပဲ သွားမှာလို့ ပြောချင် ပြောနေမှာကွ၊ သူက ကြားချင်တာနဲ့ ဧည့်ခံချင်တာကို (တင်ပါ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။
သူ့အတွက်ကတော့ ဖြင့် လက်ဆောင်ပဏ္ဏာ ရင်လည်းရမယ် သူ့စိတ်ထဲလည်း စားပါဦး သောက်ပါဦး လည်းဖြစ်မယ်၊ သူကိုယ်တိုင်ဖောက်သည်အရင်းလည်း ဖြစ်ချင်ဖြစ်သွားမယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
သူတို့မှာတော့ အကျိုးပျက်တယ်
ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် လူနှစ် ယောက်မှာ အကျိုးပျက်တယ်၊ သူတစ်ယောက်မှာ အကျိုး ထိုက်တန်သလောက် ရှိတယ်၊ မောင်ချစ်ဆွေ ဘယ့်နဲ့ တုံးကွ (မှန်ပါ ဘုရား)။
ကိုယ့်စိတ်ကိုယ်သိမှုဟာအရေးအကြီးဆုံး
မောင်စိန်ထွန်း လူ့ပြည်နေချင်သေးရဲ့လားကွ မင်း၊ မောင်အုန်းလှိုင်ရေ အသေအချာ စဉ်းစားတော့ ကိုယ့်စိတ် ကိုယ်သိမှုဟာ မောင်စိန်ထွန်းတို့ အရေးကြီးဆုံးပဲကွ (တင်ပါ ဘုရား) ကိုယ့်စိတ်ကိုယ်မှ မသိတဲ့ လူတစ်ဦး တစ်ယောက်ဟာဖြင့် မောင်ထွန်းလှိုင် အမှန်သွားလိမ့်မယ်လို့ ထင် သလား (မသွားပါဘူး) အမှန်မသွားပါဘူး။
ဒါကြောင့် စိတ္တာနုပဿနာသည် သောတာပန်တည် တဲ့အခါကျလို့ ရှိရင် စိတ္တာနုပဿနာမှ တည်ငြိမ်တယ် ဆိုတဲ့ ဥစ္စာဟာ သူ့စိတ်သူသိလို့ စိတ်ကိုငါစွဲမစွဲဘူး (တင်ပါ ဘုရား)။
စိတ်ဖြစ်တိုင်း သိရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ်
စိတ်ဟာတယ် ဆိုတဲ့စိတ်ပါလား၊ အကောင်းထား လည်း အကောင်း မဖြစ်ဘူး၊ အဆိုးထားလည်း အဆိုးပဲဖြစ်နေ တာပဲ ဆိုပြီး စိတ်ဖြစ်တိုင်း သိနေတဲ့ ပုဂ္ဂိုလ်ဟာ သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ) မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား) စိတ်ဖြစ်တိုင်းသိတော့ သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ)။
ဝင်းမောင်ကောကွ နားလည်ရဲ့ လားမင်း (နား လည်ပါတယ် ဘုရား) နားလည်အောင် ဘယ့်နဲ့လုပ်ကြမတုံး (စိတ်ဖြစ်တိုင်း သိအောင်လုပ်ရမှာပါ ဘုရား) စိတ်ဖြစ်တိုင်း သိအောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ် ဆိုရင်တော့ နေရာကျပြီ၊ သိအောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ် ဆရာကလည်း နည်းပေးထားပြီ၊ သတိပဋ္ဌာန် ဘုရားက နည်းပေးထားတော့ ရှုရမှာနဲ့ ပွားရမှာ ဒီနှစ်ခုလာမှာပဲ မောင်စိန်ထွန်းရ (မှန်ပါ ဘုရား)။
သိတဲ့ပုဂ္ဂိုလ်ကျတော့ ရှု၊ ပွား နှစ်ခုတော့လာတော့မှာ (တင်ပါ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား) လုံးဝမသိတဲ့ပုဂ္ဂိုလ်ကျတော့ ရှုမှု ပွားမှု ကိုထွန်းအောင် ဘယ့်နဲ့နေတုံး (မရှိပါဘူး ဘုရား)။
ပွားမှုပါပျက်တယ်၊ မကောင်းတာပွားတယ်၊ ဒီလို မနေဘူးလား (နေပါတယ် ဘုရား) မကောင်းတာမှ ပွားပြီး သကာလ နေတာထောက်လို့ ရှိရင် မောင်အုန်းလှိုင် သူ့စိတ် သူမသိတော့ဘူး (တင်ပါ ဘုရား) ပြောရင်းပြောရင်းနဲ့ လှည့်သွားတာကွ ကိုယ့်ဟာကို (တင်ပါ) မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။
ကျုပ်ကတော့ အမေအဖေကို ပြောချင်တဲ့အခါကျ တော့ အမှန်ပြောလိုက်တာပဲ၊ အမှန် ပြောတာက သူဟိုမှာ ချောပစ်ကုန်းတိုက်တာ လှည့်သွားတာပဲ (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါဘာမှ ခင်ဗျားတို့က ဈေးရောင်း ဈေးသည်တောင်မှ ဒီဈေးသည်က ကောင်းတယ်ကွ ရောင်းတဲ့ပုဂ္ဂိုလ် ကလည်း ရောင်းပြီးပြီးတာပဲ၊ ကိုယ့်အရပ်ထဲက ကိုယ့်အကျိုး စီးပွားအလိုရှိသလိုလိုနဲ့ ကိုယ်ကလည်းသူ့ကျမှ စကားကောင်းတွေက လာသေးတာဗျ (မှန်ပါ ဘုရား) ဒိပြင်လူ ကျတော့ ဒီစကား လာလား (မလာပါဘူး ဘုရား) လာရဲ့လား ဦးဝင်း (မလာပါဘူး ဘုရား)။
ဒေါသဖြစ်ချင်လို့ မေတား
ဒီနီးနီးနားနား ဆိုရင်ဖြင့် ဘာများကြားသေးတုံး၊ ဘယ် သူများဘာဖြစ်သေးတုံး ဆိုတာ ကိုယ့်ကိုယ် ကလည်း ဒေါသ ဖြစ်ချင်လို့မေးတာ (တင်ပါ ဘုရား) ဘာများကြားသေးတုံး မမေးတတ် ဘူးလား (မေးတတ်ပါတယ် ဘုရား)။
မေးတတ်တော့ သူမေးတာထောက်ကြည့်လို့ ရှိရင် သူဘာဖြစ်ချင်လို့ တုံး၊ ကောင်းတာ ကြားချင်လို့ လား၊ မကောင်းတာ ကြားချင်လို့လား (မကောင်းတာကြားချင် လို့ပါ ဘုရား) ဒေါသဖြစ်ချင်လို့ မေးတာ၊ မေးကတည်းက ဒီ ကိုယ်နဲ့ အရောင်းတူသော်လည်းကောင်း၊ ကိုယ့် အပေါ်မှာ မစ္ဆေရ ရှိတဲ့ လူအပေါ်လည်းကောင်း ဒါတွေမေးနေတာ များတယ် (များပါတယ် ဘုရား)။
ဘယ်လိုနေတာကောင်းသတုံး
ကျန်းမာပါရဲ့ လား ချမ်းသာပါရဲ့လားဆိုတာ အဝေး သွားမေးတာ ဟုတ်ဘူးလား၊ အဝေးကိုသာ မသိရတဲ့ပုဂ္ဂိုလ် ကိုသာ ကျန်းမာပါရဲ့လား ချမ်းသာပါရဲလား လာတာ၊ သိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာပြောသတုံး မင်း ၊ (တင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား) ဒါဖြင့် ဘယ်လိုနေတာ ကောင်းသတုံး (ကိုယ့်စိတ်ဖြစ်တာ သိအောင်လုပ်တာ ကောင်းပါတယ် ဘုရား)။
သူကတော့ ကောက်ကျစ်ပြီးလာတော့ သဘော ကိုက ကောက်ကျစ်လာတဲ့ သဘော၊ အဖြောင့်လာတဲ့ သဘောလည်း အဖြောင့်လာတဲ့သဘော၊ အဖြောင့်လာတဲ့ သဘောလည်းကွာ ဖြစ်ပျက်သာရှုပစ်လိုက်၊ သူပေါ်လာ ဖြစ် ပျက်သာရှု၊ သူကနဂိုဖြစ်ပျက်ကိုကွ (တင်ပါ ဘုရား)
နဂိုဖြစ်ပျက်ဆိုတော့ မောင်ကိုကဘာလုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အင်း အဖြောင့် လာတဲ့ တရားလည်း သူလည်းဖြစ်ပျက်ပါလို့ တစ်တန်းတည်းထားလိုက်ပါ၊ ဦးဝင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနုပက္ခာဉာဏ်
အဖြောင့် လာတဲ့ တရားကို လည်းဖြစ်ပျက်ရှု၊ အကောက်လာတဲ့ တရားကော (ဖြစ်ပျက် ရှုရမှာပါ ဘုရား) ဖြစ်ပျက် ရှုလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် နှစ်ခုစလုံး ဖြစ်ပျက်ချင်း တူမသွားဘူးလား (တူသွားပါတယ် ဘုရား) တူသွားတော့ ဒီဉာဏ်သည်တဲ့ မင်းတို့ တစ်ခါတည်း ဝိပဿနုပက္ခာဉာဏ် ဖြစ်သွားတယ်၊ ဝိပဿနာရှုတုန်းကို တစ်တန်း – တည်းထားတယ်၊
ကောင်းတဲ့စိတ် မကောင်းတဲ့စိတ်ကို တစ် တန်းတည်း ထားနိုင်သောကြောင့် သင်္ခါရုပက္ခာ ဆိုတဲ့ဉာဏ် ကို ကပ်သွားတယ်၊ မင်းနောက်က သွားလို့ပြောတာပဲ (တင် ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။
အဖိုးတန်လို့ ပြောရတာ
မောင်စိန်ထွန်း ဘယ်ကပ်သွားတုံး၊ သင်္ခါရုပက္ခာ ဉာဏ် ဖြစ်သွားတာပေါ့ကွာ၊ ဒါအင်မတန် အဖိုးတန်လို့ ပြော ရတာကွ (တင်ပါ ဘုရား) ဘုရားက ဝိတရာဂစိတ္တံ၊ ဝိတ ရာဂစိတ္တန္တိ၊ ဝိတရာဂစိတ္တ ကောင်းတဲ့ စိတ်ကိုလည်း ဝိတရာဂ စိတ္တန္တိ ကောင်းတဲ့စိတ်လို့ ပဇာနာတိ သိအောင်လုပ်ရ မယ် (တင်ပါ ဘုရား)။
ဒါ ရာဂကင်းတဲ့ စိတ်ပဲတဲ့ ရာဂကင်းတဲ့စိတ်ပေမယ့် သိအောင်သာ လုပ်ပစ်တာ အေးပါတယ် (တင်ပါ ဘုရား) မသိရင် သူ့နောက်က အဝိဇ္ဇာက လိုက်ဦးမှာ၊ အဲတော့ မောင်စိန်ထွန်း ကောင်းတဲ့ စိတ်လည်း မသိပြန်ဘူးကွ၊ အဝိဇ္ဇာ ကမလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) အဲတော့ စိတ်ဖြစ်တာ သိသေးရဲ့လား (မသိပါဘူး ဘုရား) နေရာကျ ပလားကွ (နေရာကျပါပြီ ဘုရား)။
ကောင်းတဲ့စိတ်လဲရှု
ဒါဖြင့် ဘုရားက ဘယ်စိတ်မရှုနဲ့ လို့မပါဘူး (တင်ပါ ဘုရား) မောင်ကို ရှုတာအကောင်းဆုံးပဲ (တင်ပါ ဘုရား) ကောင်းတဲ့စိတ်လည်းရှ၊ မကောင်းတဲ့စိတ်လည်းရှု ဆိုရင်ဖြင့်၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ပဋိစ္စသမုပ္ပါဒ်ဆက်မှု၊ ပဋိစ္စသမုပ္ပါဒ်စမှုကို အင်မတန်ကြောက် တယ် မဟုတ်ဘူးလား (တင်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အစလည်း ကောင်းတဲ့စိတ်ကို မရှုမိလို့ ရှိရင်လည်း မင်းတို့ အဝိဇ္ဇာက လာပစ်လိုက်တာ (တင်ပါ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား) အဲတော့ ပဋိစ္စသမုပ္ပါဒ် အစပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) မောင်အုန်းလှိုင် (တင်ပါ ဘုရား) ဘာဖြစ်တုံး၊ (ပဋိစ္စသမုပ္ပါဒ် အစပေါ်ပါတယ် ဘုရား)။
မကောင်းစိတ်လဲရှု
ဘာမရှုမိလို့တုံး (ကောင်းတဲ့စိတ်ကို မရှုမိလို့ပါ ဘုရား) ကောင်းတဲ့စိတ်ကို မရှုမိလို့ ပဋိစ္စသမုပ္ပါဒ် အစပေါ်တာ မကောင်းတဲ့စိတ်၊ မရှုမိရင်ဖြင့် နဂိုက မကောင်းတော့ အလယ်က ပဋိစ္စသမုပ္ပါဒ် ဖောက်ထွက်သွားတာ အလယ်က နေပြီး ပဋိစ္စသမုပ္ပါဒ် အဆုံးကျအောင်သွားပစ်တော့ မကောင်းတဲ့ စိတ်ကို မရှုမိလို့ (တင်ပါ ဘုရား)။
မကောင်းတဲ့စိတ်က လောဘနဲ့ ဒေါသ လာမှာကိုကွ၊ လောဘ ဒေါသပဲလာမယ်၊ အဲတော့ လောဘ ဒေါသဆို တော့ ပဋိစ္စသမုပ္ပါဒ်အလယ်က မလာဘူးလား (လာပါ တယ် ဘုရား) အလယ်က နေပြီး ဟိုဘက် အဆုံးသွားပစ်လိုက်တာ မသွားဘူးလား (သွားပါတယ် ဘုရား) ကဲ မှတ်မိ ပလားကွ (မှတ်မိပါပြီ ဘုရား)။
ကောင်းတဲ့စိတ်ကိုမရှုလို့ ပဋိစ္စသမုပ္ပါဒ် စတယ်၊ မကောင်းတဲ့စိတ်ကို မရှုမိလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် အလယ်ကနေ စပြီး အဆုံးကျအောင် သွားတယ် (တင်ပါ ဘုရား) ကဲ ဦးညွန် ဘယ်ဟာ ကောင်းသေးတုံး (ဘယ်ဟာမှ မကောင်းပါဘူး ဘုရား)။
ဘယ်စိတ်လာလာဖြစ်ပျက်
ဒါဖြင့် ဘယ့်နဲ့ လုပ်မတုံး ဘယ်စိတ်လာလာ ခင်ဗျား တို့ ဖြစ်ပျက်ရှု ဟုတ်ဘူးလား (မှတ်ပါတယ် ဘုရား) ဘယ်စိတ်လာလာ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဒါဖြင့် သတိပဋ္ဌာန်လွတ်လို့ မရဘူးပေါ့ကွ (မရပါဘူး ဘုရား)။
ကောင်းတဲ့စိတ်လာရင်လည်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) မရှုမိဘာဖြစ်မတုံး၊ ပဋိစ္စသမုပ္ပါဒ် အစပေါ်လာတယ်၊ အစပေါ်လာတော့ အဆုံးကျအောင် သွားမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မကောင်းတဲ့စိတ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်အလယ်ကနေ ဖောက်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပဲ (တင်ပါ ဘုရား) ဒါရှုဖြစ် အောင်ရှုပါ၊ ရှုလို့ ရှိရင် အလယ်က စပြတ်သွားတယ်၊ မရှု တော့ပါဘူးဆိုရင် အဆုံးကျအောင် သွားမယ် (တင်ပါး ဘုရား) ဒါမျိုးတွေစာထဲရေးထားလို့ မဖြစ်ဘူးနော် (မှန် ပါ ဘုရား) ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုပစ်ရမှာပါ ဘုရား)။
ပေါ်လာရင်သိအောင်လုပ်
ပေါ်လာလို့ရှိရင် သိအောင်လုပ်ရမယ်၊ ကောင်းတဲ့ စိတ်လာလဲ အို ရှုသာရှု၊ ရှုတော့ ကောင်းသထက် ကောင်း တယ်၊ ကောင်းတဲ့စိတ် လာတုန်း ပထမကုသိုလ်၊
ဥပမာမယ် ကောင်းတဲ့စိတ်ကလေး လာတယ်၊ သူတစ်ပါးကြေးစည်သံ ကြားလို့ သာဓု ခေါ်နေတယ်၊ ကောင်းတဲ့ စိတ်ကလေး ဆိုကြပါ စို့ (တင်ပါ ဘုရား) လာနေတဲ့ကောင်းတဲ့ စိတ်ကလေးကို မရှုမိတော့ ဘာဖြစ်သွားတယ်သိသေးရဲ့လား (မသိပါဘူး ဘုရား) မသိတော့ အဝိဇ္ဇာ လိုက်နေတယ် မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ကြေးစည်က တောက်လျှောက်ထုနေမှာမှ မဟုတ်ပဲ (တင်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) တောက်လျှောက် ထုနေရင်လည်း သာဓု ဆက်သွားရင်လည်း ကောင်းသားပေါ့။ ခုဟာက သာဓုဆက်ကဲ့လား (မဆက် ပါဘူး ဘုရား)။
သာဓု မဆက်တော့ ပထမသာဓုပြီး နောက်ကိုယ့်ဟာ ကိုယ်ဘာဖြစ်တယ်လို့ သိသေးရဲ့လား (မသိပါ ဘုရား) မေ့ သွားတယ်၊ မေ့သွားတာ အဝိဇ္ဇာပဲကွ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
အဲတော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ မောင်စိန်ထွန်း ဒါအစဉ်တိုင်းတော့ သွားရမှာပဲ၊ ဘုရားပွင့်လည်း ပါသွားရမှာပဲ (တင်ပါ ဘုရား) ဘုရား မပွင့်လည်း (သွားရမှာပါ ဘုရား)။
ရှုတတ်တဲ့စိတ်ဟာဘုရားပွင့်တာပဲ
ဒါ ဘုရားပွင့်မပွင့်ဆိုတာ ကိုယ့်စိတ်မှာရှုတတ်တဲ့စိတ် ဟာ ဒါဘုရားပွင့်တာပဲ (မှန်ပါ ဘုရား) ဟုတ်ဘူးလား (တင်ပါ ဘုရား) ဘုရားမပွင့်ခင်တော့ ကိုယ့်ဟာကို ပဋိစ္စသမုပ္ပါဒ်တန်းနေတော့ မပွင့်တာ ပေါ့ကွ၊ မောင်အုန်းလှိုင် ပွင့်သေးရဲ့ လား (မပွင့်ပါဘူး ဘုရား)။
ကိုယ့်စိတ်ထဲမဂ်ပေါ်အောင်လုပ်ပါ
အဲတော့ မင်းတို့က ဘုရားပွင့် မပွင့်ကို အချိန်ဆွဲမနေ ပါနဲ့ ကိုယ့်စိတ်ထဲ ပွင့်အောင်လုပ်ပါ၊ ကိုယ့်စိတ်ထဲ မဂ်ပေါ်အောင် လုပ်လိုက်ရင် ဒါဘုရားပွင့်တာပဲ၊ ဖြစ်ပျက်ရှုလို့မဂ်ပေါ် ရင် ဘုရားပွင့်တာပဲ (တင်ပါ ဘုရား)။
ကိုယ့်စိတ်ထဲ မဂ်မယ်လို့ ရှိရင်ဘယ့်နဲ့ ဆိုကြမတုံး (ဘုရားမပွင့်ပါဘူး ဘုရား) ဘုရားလည်း အနားမရှိဘူး (တင်ပါ ဘုရား) ဘုရားလည်းမပွင့်ဘူး၊ မောင်ချစ်ဆွေ ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား) အဲတော့ကို ဒါရှင်း ရှင်းလင်းလင်းသိထားမှ နေရာကျမယ် (မှန်ပါ ဘုရား)။
မောင်စိန်ထွန်း ဒီဥစ္စာတွေကို မင်းသေချာမှတ်မှနော် (မှတ်ပါတယ် ဘုရား) သေချာမှတ်မှ ဆိုတဲ့ ဥစ္စာလည်း ခန္ဓာကိုယ်ထဲမှာပင် မင်း ချောချောမောမော စိတ်ဟာ တယ် လာခဲတယ်၊ ဝင်နှောက်တဲ့ စိတ်တွေချည်း လာတယ်၊
ဖြောင့်ဖြောင့်တင်းတင်း စိတ်က မိနု တယ်မလာဘူး၊ ဘယ် ဒီနား လေးဖြောင့် ဟိုကောက် ပြီးတော့ သွားတယ် (တင်ပါ ဘုရား) ဘယ့်နဲ့ တုံး အစမှာဖြောင့်တယ်၊ ကြာရှည် ကျတော့ ကောက်သွားတယ်။
အစမှာတော့ဖြောင့်ပါတယ်
အစမှာတော့ (ဖြောင့်ပါတယ် ဘုရား) ကြာရှည် ကျတော့ (ကောက်သွားပါတယ် ဘုရား) ဒါဖြင့်သူ့ဟာက အကောက်ဘက်ချည်းလှည့်နေတယ် (တင်ပါ ဘုရား) အကောက်ပဲများနေတယ် ကိုထွန်းအောင်က (မှန်ပါ ဘုရား)။
အဲတော့ ခင်ဗျားတို့ကလည်းမသိတော့ ကြာတော့ လူပါအကောက်နောက် ပါသွားတယ် (မှန်ပါ ကိလေသာ လွှမ်းမိုးနေပါတယ် ဘုရား) ကိလေသာ လွှမ်းမိုးနေတော့ ကိလေသာ ဆွဲချရာကို ကျန်တဲ့ ရုပ်နာမ်ကြီးက ပါသွားတာပဲ (ပါပါတယ် ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။
အဲဒါကို ကောက်သမှ တချို့အကောက် ကျတော့ကို ဒီထွန်တုံး အပေါ်မှာ စိုက်ပြီးကောက်တဲ့ အကောက် အတိုင်းပဲ (တင်ပါ ဘုရား) ဒီထွန်တုံးပေါ်မှာ ကောက်ထားတဲ့ထွန် တုံးကောက် ဆိုတာ ရှိတယ် (တင်ပါ) အဲဒီ အကောက်က တစ်မျိုး၊ ဒီနွားများလမ်းမှာ ကျင်ငယ် စွန့်သွားတဲ့အခါကျတော့ ဒီကျင်ငယ်ကြောင်းဟာ အဆစ်ကလေးလို ကောက်သွားတာ မရှိဘူးလား (ရှိပါတယ် ဘုရား) သဘောပါပလား (ပါ ပါတယ် ဘုရား)။
ကောက်ပုံကအမျိုးမျိုးရှိတယ်
အဲဒီအကောက်က တစ်မျိုးတဲ့၊ ကောက်ပုံကိုရှင်းပြ မလို့ ရယ်မနေနဲ့ဦး၊ တော်ကြာကျလို့ ရှိရင် ကောက်ပုံက အမျိုးမျိုး ရှိတယ် (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား) ဒီထွန်တုံးကောက် ကောက်တာကော (တစ်မျိုးပါ ဘုရား) နွားကျင်ငယ် သွားသလို ကောက်တာကော (တစ်မျိုးပါ ဘုရား) အဲဒီအကောက်က သာမစိပ်ဘူးလား (စိပ်ပါတယ် ဘုရား) သဘောကျလား။
ဒီပြင်လည်း ကောင်းပြီတဲ့ ထွန်တုံးကောက်ကတော့ ဒီလိုကောက်တယ်၊ ပြီးတော့ လ ခုံးကြီး ကောက်တာလည်း ရှိသေးတယ်၊ လ ခုံးက ထွက်စမှာ ခပ်ဖြောင့်ဖြောင့်လေး ကောက်တာ ရှိသေးတယ် မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီလ၏ အရိပ်ကောက်သလို ကောက်တာကလည်း ရှိသေး တယ်၊ အကောက် ဘယ်နှစ်မျိုးရှိတုံး (သုံးမျိုးပါ ဘုရား)။
ဒေါသကောက်
အဲဒီ အကောက် သုံးမျိုးဟာတဲ့ ဒကာ ဒကာမတို့ မှတ် စရာက ဒေါသကောက် သည်ကားလို့ ဆိုရင်ဖြင့် လရေးကောက်သလိုပဲ သူကတော့ နည်းနည်းလေး ကောက်တယ် သဘောကျပလား (သဘောကျပါပြီ ဘုရား)။
မောဟကောက်
မောဟအကောက်ကတော့ ခုနင်က ထွန်တုံးတိုင်း ကောက်သလိုကောက်တာ၊ လောဘ ကျတော့ကော နွားကျင်ငယ် ကောက်သလို ကောက်တာ (တင်ပါ ဘုရား) သူကသာ အဆိုးဆုံးပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လောဘကောက်
လောဘကောက်တာ အဆိုးဆုံးပဲ၊ ချက်ချင်း ကောက်ကောက်ပစ်တာ (တင်ပါ ဘုရား) အခုမျက်နှာ ကြည်နေတယ်၊ အခုမျက်နှာ ပြောင်းသွားတယ်၊ လောဘနဲ့ ပတ်သက်တာက ဒီလို မရှိဘူးလား (ရှိပါတယ် ဘုရား)။
အခုပဲ မျက်နှာ တည်တည်ဖြစ်နေတာ တော်ကြာ မချိုမချဉ် ဖြစ်လာပြန်ပြီ၊ လောဘ ကောက်က၊ အဲဒီလောဘ နဲ့ပတ်သက်တာ ကောက်တာကတော့ ခုနင်က နွားကျင်ငယ် သွားတဲ့အခါ ကောက်သလို ကောက်တာပေါ့ (တင်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် မင်းတို့ ဘယ်အကောက်က များတုံး (လောဘကောက်ကများပါတယ် ဘုရား) ဒေါသကောက်က ပြေလွယ်တယ်တဲ့ နဂိုကမှ လ ရေးရေးလေးလိုပဲ၊ ကောက်နေ တာက ဖြောင့်လိုက်လို့ ရှိရင် ဒေါသကောက်က လွယ်တယ် (တင်ပါ) မောဟကောက်ကျတော့ ဒေါသထက်တော့ ခက်တယ် (တင်ပါ ဘုရား) သူကတော့ ထွန်တုံးကိုင်းလို ကောက်နေတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ထွန်တုံးတိုင်းလို ကောက်တယ် ဆိုတော့ ခုနင်က လ ရေးကောက်လောက် အဖြောင့်လွယ်ရဲ့ လား (မလွယ် ပါ ဘုရား) သူကတော်တော် မူသေနေပြီ (တင်ပါ) ခုနင်က နွား လမ်းသွားရင်း ကျင်ငယ် စွန့်တော့ ကောက်သလိုကောက် တာက သာခက်တယ်၊ တောက်လျှောက်ကြီးပဲ၊ ဒီလိုမနေဘူး လား (နေပါတယ် ဘုရား) အဲဒိ အကောက်သုံးမျိုးတို့တွင် ဘယ်အကောက် ကြောက်စရာ ကောင်းတုံး (လောဘ အကောက်ကြောက်စရာ အကောင်းဆုံးပါ ဘုရား)။
လောဘအောက်ကအဆိုးဆုံး – ပြီးတော့မှ မောဟကောက် (တင်ပါ ဘုရား) ပြီး တော့မှ (ဒေါသကောက်ပါ ဘုရား) ဒေါသကောက် ကြောက်စရာ ကောင်းတယ်ဆိုတော့ အဆိုးဆုံးကတော့ လောဘကောက်က အဆိုးဆုံးပဲ (တင်ပါ ဘုရား) ရှင်းပ လား (ရှင်းပါပြီ ဘုရား)။
လောဘကောက်ကဘယ့်နဲ့ ကြောင့်တုံးဆိုတော့ သူက ကြည့်ကောင်းသလိုလိုနဲ့ ကောက်တာ၊ လူတွေဒီ လုံကွင်းတွေ ဘာတွေဝတ်တဲ့ အခါကျရင် အချိပ်ကလေးတွေ ဘာလေးတွေပါရင် အင်မတန် ကြိုက်တယ်ကွ မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား) ရိပ်မိပလား လောဘကောက်ကို ကြိုက်ချင်ကြတယ်။
ဒေါသကောက်ဆိုလို့ ရှိရင် ဒီလောက်မကြိုက်ဘူး၊ မောဟကောက်ဆိုရင်လည်း သူမသိလို့ ကြိုက်တယ်၊ ဘယ် အကောက်ပိုကြိုက်တုံး (လောဘကောက်ကို ပိုကြိုက် ပါတယ် ဘုရား) လောဘ အကောက်ကို ပိုကြိုက်တယ်ဆိုတာ မောင်အုန်းလှိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)
ကောင်းပြီ ဒါဖြင့် ဪ တကယ့်ကို သမုဒယ သစ္စာဆိုတဲ့ လောဘကောက်က အဆိုးဆုံး၊ အဆိုးဆုံးကို မခွဲနိုင်တာကများတယ်၊ ဦးမြ ဆိုထိုက်မဆိုထိုက် (ဆို ထိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်အကောက်များသတုံး
ဒါဖြင့် ဘယ်အကောက်များသတုံး မေးလို့ ရှိရင် ခင်ဗျားတို့က ဘယ့်နဲ့ဖြေမတုံး (လောဘ ကောက်က များပါတယ် ဘုရား) လောဘကောက်ကများပါတယ်၊ ဒေါသ နဲ့ ကောက်တာက နည်းတယ် (နည်းပါတယ် ဘုရား) မောဟနဲ့ ကောက်တာကတော့ အလတ်စားများတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) မောင်အုန်းလှိုင် ဘယ်အကောက်များတုံး (အားလုံးပဲများပါတယ် ဘုရား)။
တချို့နေရာကျတော့လည်း ဒေါသကောက်ပေါ့ကွာ၊ ရောင်းချင်လျက်နဲ့ မရောင်းချင်ဘူး၊ ဟန်လုပ်နေတဲ့ ဒေါသ ကောက်က ရှိသေးတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါကျတော့ ဖြောင့်လို့ လွယ်တယ် (တင်ပါ) ဟုတ်လား နောက်တစ်ခွန်း ပြောရင် တည့်တော့မှာပဲကွ သူဟာက၊ ဒေါသ ကောက်က တည် လွယ် တယ်၊ မတည် လွယ် ဘူး လား (တည့်လွယ်ပါတယ် ဘုရား) အလကား ဟန်လုပ် နေတာကိုကွ ဒေါသကောက်က။
မောဟကောက်
မောဟကောက်ဆိုလို့ ရှိရင်ဖြင့် တော်တော်ပဲဆွဲယူ ပြီးစကားတွေ တစ်ဖက် အစီအစဉ် ချပြောနေရတယ် (တင်ပါ)
လောဘကောက်ကတော့ဖြင့် ဘယ်နည်းနဲ့ မှဖြေလို့မရဘူး၊ တော်တော်နဲ့ သူဖြေလို့မရဘူး၊ သူကလည်း သူ့ဘက် ရအောင် ဆွဲနေတာပဲ၊ ကိုယ်ကလည်း ကိုယ့်ဘက် ရအောင် ဆွဲနေတာပဲ (တင်ပါ ဘုရား) အဲတော့ လျှာက လျှာရှည် သွားတာပဲ၊ မရှည်ဘူးလား (ရှည်ပါ တယ် ဘုရား)။
လောဘကောက်ကကြောက်စရာအကောင်းဆုံး
ဒါဖြင့် လောဘကောက်က အချိန်အများဆုံးဖြုန်း တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်အကောက်က သာပြီး ကြောက်စရာကောင်းတုံး (လောဘအကောက် က သာ ကြောက်စရာ ကောင်းပါတယ် ဘုရား) မင်းတို့ကလည်း ဒါလေးအဖော်မရှိရင် နေမှမနေတတ်ပဲ (တင်ပါ ဘုရား) ဒီအကောက်လေးနဲ့ လှနေတတ်တယ် (တင်ပါ ဘုရား)။
ဘာနဲ့ နေတတ် တုံး (လောဘအကောက် ကလေးနဲ့ လှနေတတ်ပါတယ် ဘုရား) လောဘ အကောက်နဲ့ သာနေတတ်တယ်၊ ဒေါသအကောက်နဲ့ဆိုလို့ ရှိရင်ဖြင့် ဆိုင်ကိုမထိုင်ဖြစ်ဘူး၊ လောဘ အကောက်နဲ့ဆိုရင် နေဖြစ် တယ် (တင်ပါ) သဘောကျပလား (သဘောကျပါ ပြီ ဘုရား)။
ထိုင်ချင်တဲ့အခါကျတော့ကြည့်ပါတဲ့၊ သူတို့ဆီက ငွေလိုချင်တာကိုပင်လျှင် လောဘက ငွေလိုချင်တာပေါ့လေ၊ ဒီမှာ အမြင်ခံပါ တစ်ခါတည်း အမျိုးမျိုးအဖုံဖုံ ကောက်ကွေ့ ထားတာတွေက မရှိဘူးလား (ရှိပါတယ် ဘုရား)။
တံဆိပ်ပြောင်းတပ်လိုတပ်၊ အမျိုးအမည်ပြောင်းလို ပြောင်း၊ လောဘ ကောက်ထားလိုက်တဲ့ ဆိုင်မှာ ရှုပ်နေတာပဲ။ မရှိဘူးလား (ရှိပါတယ် ဘုရား) အပေါ်က ဖုံးထားတာက တစ်မျိုး၊ အောက်က ရှိတာက တစ်မျိုး တစ်နည်း အောက်က ကောင်းတာက တစ်မျိုး၊ အပေါ်ကဖုံးထားတာက တစ်မျိုးနဲ့၊ ဒါ ဘယ်သူ ကောက်ထားတာတွေထင်တဲ့ (လောဘကောက် ထားတာပါ ဘုရား) အတော် အဖြေ ခက်နေတာ (မှန်လှပါ ဘုရား)။
ဒေါသကောက်
တစ်ဆိုင်လုံးမှာ ဘယ်သူခြယ်လှယ်နေတာတုံး (လောဘခြယ်လှယ်နေတာပါ ဘုရား) လောဘခြယ်လှယ်နေ တယ်၊ လောဘ ခြယ်လှယ်နေတော့ ခင်ဗျားဟာ ထားပုံ သိုပုံ ကတော့ သေချာကြည့်တဲ့ အခါမှ အကုန် တစ်သဘောတည်း တော့ မဟုတ်ဘူးဆိုမှ ဒေါသကောက်က ဝင်လာတာ (တင်ပါ ဘုရား) မဝင်လာဘူးလား (ဝင်လာပါတယ် ဘုရား)။
တစ်ခါတလေကျတော့ မဟုတ်ပါဘူး၊ ဒီလိုမပြောပါ နဲ့ ဒီလိုမဆိုပါနဲ့ဆိုတော့ ဒေါသကောက်က ဝင်လာတာ (တင်ပါ ဘုရား)၊ ကောက်တော့ ကောက်ထားတာပဲ၊ ကောက် ပင်ကောက်ငြား သော်လည်း ဒေါသက ဖြစ်လာသေးတာပဲကွ၊ ကဲ မောင်စိန်ထွန်း ကုန်သည်လုပ်ရတာ လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။
ဆုတ်ကပ်ကာလကျတော့
အကောက်မပါရင်လည်း ဘယ့်နဲ့ တုံး (မဖြစ် ပါဘူး ဘုရား) ခက်နေပြီကောကွ၊ မိနု အင်မတန် ကျပ်နေပြီကောဟင် (တင်ပါ ဘုရား) အဖြောင့်က ဒီလိုဖြစ်နေ တာကိုကွ၊ တက်ကပ်ကာလ ကျတော့ တစ်ယောက်က တစ် ယောက် ပိုဖြောင့်သွားတာ၊ ဆုတ်ကပ်ကာလ ကျတော့ တစ် ယောက်က တစ်ယောက် ပိုကောက်သွားတာ (တင်ပါ ဘုရား) လောဘက ဒီလိုကွ။
ဆုတ်ကပ်ကာလကျတော့ ဘယ့်နဲ့ တုံး (တစ် ယောက်နဲ့ တစ်ယောက် ပိုကောက်သွားပါတယ်) ဥပမာ ကိုထွန်းအောင်နဲ့ ကိုထွန်းအောင်သား၊ ကိုထွန်းအောင်ရဲ့မြေး ပိုမိုပြီး သကာလ ကောက်တယ်၊ ဆုတ်ကပ်မှာ (တင်ပါ ဘုရား)။
တက်ကပ်ကာလကျတော့
တက်ကပ်ကာလကျတော့ကို အရင်လူထက်နောက် လူက ပိုပြီးဖြောင့်တယ် (တင်ပါ ဘုရား) ဟိုပုဂ္ဂိုလ် အသက် တိုသွားတာ ဒါကြောင့်တိုသွားတာ၊ ငါဒီထက်ရှည်အောင် လုပ်မယ်ဆို ပြီးတော့ အဖြောင့်ချည်း လိုက်လိုက်သွားတာ (တင်ပါ ဘုရား) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)
တက်ကပ်ကာလကျတော့ ဘယ့်နဲ့ဆိုမတုံး (အဖြောင့်လိုက်ပါတယ်) အဖြောင့်များတယ်၊ တစ်ယောက်ထက် တစ်ယောက် ပိုဖြောင့်တယ် (တင်ပါ ဘုရား)။
ဆုတ်ကပ်မှာအကောက်များတယ်
ဆုတ်ကပ်ကာလကျတော့ (အကောက်များပါ တယ် ဘုရား) တစ်ယောက်ထက် တစ်ယောက် ကောက်သွား တယ် (တင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဆုတ်ကပ်လူဖြစ်ရတာ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ဆိုးဝါးတယ်တဲ့၊ ဆိုးဝါးပေမယ့်လည်း ဆရာကောင်း သမားကောင်းတွေ့မယ်ဆိုရင် ဆုတ်ကပ်က မဂ် ဖိုလ်ရတယ် (တင်ပါ ဘုရား) တက်ကပ်က မဂ်ဖိုလ်မရဘူး၊ အေးလေ အဲဒါသာ ဝေဖန်ပြန်တော့ (တင်ပါ ဘုရား)။
ဆုတ်ကပ်မှာမှမဂ်ဖိုလ်ရတယ်
ဆရာကောင်း သမားကောင်းနဲ့တွေ့ရင် ဆုတ်ကပ်က မဂ်ဖိုလ်ရတယ်၊ တက်ကပ်ကမရဘူး၊ တက်ကပ်ကတရား အားထုတ်မရဘူး၊ သူ့မှာဘာဖြစ်ဖြစ် အတက်ချည်း ဖြစ်နေတာကိုကွ၊ အနိစ္စဝင်လို့ မရဘူး (တင်ပါ ဘုရား) ရပါ့မလား (မရပါ ဘုရား) အတက်ချည်းဖြစ်နေတာကို (မှန်ပါ)။
အရင်မွေးတဲ့ လူက(၁ဝဝ) ဆိုရင် နောက်မွေးတဲ့လူက (၁၁၀) (တင်ပါ ဘုရား) ဆိုတော့ အနိစ္စက ကွယ်ကွယ် မသွားဘူးလား (ကွယ်ပါတယ် ဘုရား) အဲတော့တက်ကပ် မှာဘုရားမပွင့်ဘူး၊ ဆုတ်ကပ်မှာ (ဘုရားပွင့်ပါတယ် ဘုရား) ဘုရားပွင့်ရတယ် ဆိုတာ တရားဟောလွယ်လို့ ပြစရာတွေက များတယ်၊ သူ့အမြင်ကလည်း များတယ်။
တက်ကပ်မှာဘုရားမပွင့်ဘူး
ဘုရားက လက်ညှိုးညွှန်ပြတာလည်း နဂိုကသိပြီး သားတွေက များတော့ ညွှန်လို့ လည်း လွယ်တာပေါ့ (တင်ပါ ဘုရား) မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်များ တက်ကပ် ဘယ်တော့မှမပွင့်ဘူး၊ ဆုတ်ကပ်မှာ ပွင့်တယ်၊ ဆုတ်ကပ်ပေမယ့်လည်း ရာတန်းလောက်ကျမှ ပွင့်မှာကို၊ ရာတန်းက စပွင့်တာ (တင်ပါ ဘုရား) သဘောပါပလား (သဘောပါပြီ ဘုရား)။
နိဗ္ဗာန်ကျတော့ဆုတ်ကပ်ကကောင်းတယ်
ဒါဖြင့် ဘုရားပွင့်လာတာ ထောက်လိုက်ပြန်လို့ ရှိ ရင်လည်း ဆုတ်ကပ်က ကောင်းတယ်၊ ကျွတ်တမ်း ဝင်ဖို့ရာနီး တယ် (တင်ပါ ဘုရား) နတ်ပြည်၊ ဗြဟ္မာပြည်လောက် အဲဒီလောက်ဆိုရင် တက်ကပ်က ကောင်းတယ် (တင်ပါ) နိဗ္ဗာန်ကျတော့ ဆုတ်ကပ်က ကောင်းတယ်။
သူက သံဝေဂရစရာများတယ်၊ တက်ကပ်ကျ သံဝေဂ ရစရာနည်းတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့်ဘယ် ဟာမင်းတို့ကြိုက်တုံး (ဆုတ်ကပ်ကြိုက်ပါတယ် ဘုရား) ဒါ ဆုတ်ကပ် ကြိုက်ပေမယ့် ရာတန်းအောက် သွားမကြိုက်နဲ့ (တင်ပါ ဘုရား)။
ရာတန်းအောက်ကြိုက်လို့ကတော့ တရားဟောလို့ မဖြစ်တော့ဘူး (တင်ပါ ဘုရား) လောဘ၊ ဒေါသ သိပ်လွန်ကဲ သွားပြီ၊ ဒီကရှေ့ဆိုရင် ဒီထက်ဆိုးမယ် (တင်ပါ ဘုရား)။
တရားလက်ခံနိုင်မှုနည်းလာပြီ
အမျိုးမျိုး အဖုံဖုံစိတ်တွေက ဖောက်ပြန်မလာပေဘူး လား (လာပါတယ် ဘုရား) တရား လက်ခံနိုင်တဲ့ အခြေ အနေဟာ အခုမနည်းဘူးလားဗျာ (နည်းပါတယ် ဘုရား) တရား လက်ခံနိုင်မှု (နည်းပါတယ် ဘုရား) တစ်နေ့က အချိန်နဲ့ အခုအချိန်နဲ့ကို ကွာသွားတယ် (မှန်လှပါ ဘုရား)။
ဒီထက်ဆိုးချင်ဆိုးမယ်
နောက်ဆို ဒီထက်ဆိုးချင်လည်းဆိုးမယ် (ဆိုး မှာပါ ဘုရား) အဲတော့ ဆုတ်ယုတ်တာက မများဘူးလား (များပါတယ် ဘုရား) သူဘယ်လမ်းကသွားရင် ငါဘယ်လမ်း ကနေ ရှောင်မယ်ဆိုတဲ့ ဥစ္စာ အခုသာ တစ်ယောက် တစ်ယောက်ကောင်းနေသေးလို့ ရှောင်လုံးပေလုံး မလုပ်ကြသေးတာ ကိုကွ (တင်ပါ ဘုရား)။
နောက်ကျတော့ သူက ဟိုလမ်းလိုက်ရင် ငါဟိုလမ်း သွားရင်လွတ်တယ်ဆိုပြီးတော့ ရှောင်လုံး ပေလုံးတွေ တစ်ယောက်စိတ်ကို တစ်ယောက်သိလာပြီဆို ဖောက်လာ တယ် (တင်ပါ) မဖောက် ပေဘူးလား (ဖောက်ပါ တယ် ဘုရား) သဘောပါကျပလားကွ (ပါပါပြီ ဘုရား)။
နိဗ္ဗာန်နဲ့ပတ်သက်ရင်ဆုတ်ကပ်ကောင်းတယ်
ဒါဖြင့် ဘယ်ဟာ ကောင်းသတုံး၊ ဆုတ်ကပ်နဲ့ တက် ကပ် (ဆုတ်ကပ်က ကောင်းပါတယ် ဘုရား) ဆုတ်ကပ် ရာတန်းအထက်မှာကောင်းတယ်၊ ရာတန်းကစပြီးတော့နော် (တင်ပါ ဘုရား)။
ကောင်းပြီ ဒါက နိဗ္ဗာန် နဲ့ပတ်သက်ရင် ဆုတ်ကပ် ကောင်းတယ် (တင်ပါ ဘုရား) ဗြဟ္မာပြည်၊ နတ်ပြည် လောက်မှန်းတဲ့ ပုဂ္ဂိုလ်ဆိုရင် တက်ကပ်က ကောင်းတယ်၊ ဟုတ်ပလား (တင်ပါ ဘုရား) နိဗ္ဗာန်မှန်းတဲ့ ပုဂ္ဂိုလ်မှာ (ဆုတ်ကပ် ကောင်းပါတယ် ဘုရား)။
နတ်ပြည်မှန်းရင်တက်ကပ်ကောင်းတယ်
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်လောက်မှန်းတဲ့ ပုဂ္ဂိုလ်ကျတော့ တက်ကပ်ကောင်းတယ်တဲ့ အဲတော့ ကောင်းတဲ့ ကပ်ကို ရှာတော့ကို ဆုတ်ကပ်မှာ ဆရာကောင်း သမားကောင်း တွေ့တဲ့ပုဂ္ဂိုလ်က ကံကောင်းတယ် (တင်ပါ ဘုရား)။
မောင်စိန်ထွန်း ဆုတ်ကပ်ဆိုတော့ တရားဟောရတာ မလွယ်ဘူးလားကွာ (လွယ်ပါတယ် ဘုရား) အဲဒီမှာလည်း ဆရာကောင်းသမားကောင်း မတွေ့လို့ ရှိရင်လည်း ဆုတ်ကပ် မှာ လောဘ ပိုသွားတယ် မပိုဘူးလား (ပိုပါတယ် ဘုရား) တွေ့တဲ့ ပုဂ္ဂိုလ်ကျလည်း သံဝေဂ ရစရာများလို့ သူဟာ မဂ် ဖိုလ်နဲ့ နီးသွားတယ်၊ မိနု သဘောကျပလား (ကျပါတယ် ဘုရား)။
ကဲ ဝင်းမောင်တို့ကောကွ (သဘောကျပါ တယ် ဘု ရား) အဲဒါဝေဖန် သိထားကွ၊ မောင်ကို ဝေဖန်သိထားမှ (တင်ပါ ဘုရား)
လူ့ပြည်မှာလူဖြစ်ရတာ ကောင်းတယ်၊ ဘာကြောင့်ကောင်းသတုံး၊ ကိုယ့်အဖေ၊ အမေ တွေ သေသွားပြီ၊ ဟုတ်ဘူးလား (တင်ပါ ဘုရား) ဒီလို ထိုးထိုးထွင်းထွင်း ဖြတ်လမ်းတွေကို မနာရဘူး (တင်ပါ ဘုရား) သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဆရာကောင်းနဲ့ မတွေ့လို့
သူတို့က ကိုယ့်ထက် အသက်ကလေး နည်းနည်း သာသေးတယ် (မှန်ပါ ဘုရား) သာပေမယ့် သူတို့ အတွက်တော့ သုဂတိ နတ်ပြည်လောက် ရောက်သွားတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) နိဗ္ဗာန်ရောက်အောင် သွားရဲ့ လား (မသွားပါဘူး ဘုရား) အဲတာ ဆရာကောင်း သမားကောင်း မတွေ့လို့၊ ဆုတ်ကပ်ချင်းတော့ အတူတူပါပဲ (တင်ပါ ဘုရား)။
သို့သော် ကိုယ်နဲ့စာရင် သူတို့က အသက်တော့ကြီး တယ် (တင်ပါ ဘုရား) အချိန်ပိုင်းနဲ့ တွက်ရင်နော်၊ လပိုင်း ရက်ပိုင်းနဲ့ တွက်ရင် မောင်စိန်ထွန်း မရှိဘူးလား (ရှိပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။
ဆရာသမားအပေါ်မှီတယ်
ဒါဖြင့် ဘယ့်နဲ့လုပ်ကြမတုံးကွ၊ ဆရာသမားအပေါ် မှီတာပဲ (မှီပါတယ် ဘုရား) မောင်ချစ်ဆွေ (မှန်ပါ ဘုရား) တက်ကပ်လည်း ဆရာသမားအပေါ် (တင်ပါ) – ဆုတ်ကပ်မှာကော (ဆရာသမား အပေါ်မှီ ပါတယ် ဘုရား)။
ဆရာသမားအပေါ် မှီတယ် ဆိုတော့ တက်ကပ်မှာ မှီရတာနဲ့၊ ဆုတ်ကပ်မှာမှီရတာနဲ့ တက်ကပ်မှာ ကျတော့ကို ခုနထွက်ရာလမ်း တရားရှားတယ် (တင်ပါ ဘုရား)။
သုဂတိလောက်နဲ့ တင်းတိမ်နေတယ်
ဒီထက်ကောင်းဖို့၊ သူ့ထက်ကောင်းဖို့ဆိုပြီး၊ ခန္ဓာ ကောင်းဖို့ပဲကြိုးစားနေကြတယ် (တင်ပါ) ခန္ဓာပြတ်ဖို့ တော့ကြိုးစားသလား (မကြိုးစားပါဘူး) အင်း အစ်မ တို့ အမေအဖေ၊ မိနုတို့ အမေအဖေ အဘိုး အဘွားတွေတုန်း ကတော့ တက်ကပ်တော့ တက်ကပ်ပဲ၊ ဘာဖြစ်လို့တုံး အခုလူတွေနဲ့ စာရင် သူတို့ကတက်ကပ်၊ ဟုတ်ဘူးလား (တင်ပါ ဘုရား)။
သို့သော်လည်း သူတို့မှာတဲ့ ဆရာကောင်းသမား ကောင်းမတွေ့တဲ့အတွက် ခုနင်က သုဂတိလောက်နဲ့ တင်းတိမ် မသွားကြဘူးလား (တင်ပါ ဘုရား) ဘာဖြစ်လို့ တုံးဆိုတော့ တက်ကပ် သဘော ပြနေတာကို (မှန်ပါ ဘုရား)။
ကုန်းတိုက်တာထင်ရင်မပြောနဲ့တော့
အခု ဆုတ်ကပ်မှာ ဆရာကောင်းသမားကောင်း တွေ့တဲ့အခါကျတော့ တော်ပြီကွာ၊ ဒီလမ်း မသွားချင်တော့ ဘူး၊ ဒီလမ်းဟာ သိပ်ကြမ်းတယ် (မှန်ပါ ဘုရား) မလာ ပေဘူးလား (လာပါတယ် ဘုရား) အဲဒီလို ဉာဏ်တွေက ထိုးထွင်းသွားတယ်၊ သဘောကျပလား (သဘောကျပါ ပြီ ဘုရား)။
ဒါဖြင့် မင်းတို့ သည် စကားပြောမယ့်ကြံလို့ ရှိရင်၊ ကိုယ်က ဒီစကားကို အကောင်း ပြောမည့် ကြံလို့ ရှိရင်၊ အကောင်း ပြောမှာကိုပင်လျှင် ဟိုမှာကုန်းတိုက်တာ ဖြစ်လိမ့် မယ်ထင်လျှင် မပြောနဲ့တော့ (တင်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကောင်းပြောမည့်စိတ်ဖြစ်ပျက်ရှု
ဟိုပုဂ္ဂိုလ်မှာ ကုန်းတိုက်တာဖြစ်မယ် ထင်လို့ရှိရင်ဖြင့် ကိုယ်အကောင်း ပြောမည့် စိတ်ကလေးကိုပဲ ကိုယ့်ဟာကိုယ် မျိုသိပ်လည်း မထားနဲ့ ဖြစ်ပျက်ရှုပစ်လိုက် (တင်ပါ ဘုရား)။
တကယ့်ကို မပြောပဲမနေနိုင်လို့ အကောင်းပြောလို့ ရှိရင်လည်း ဟိုပုဂ္ဂိုလ်ကို မင်းတို့ တစ်ခါတည်း ရန်မဖြစ်အောင် လုပ်ပြီးတော့မှပြောပါ (တင်ပါ ဘုရား) ဟုတ်လား (တင်ပါ) ရန်ဖြစ်မှာ ကိုယ့်ကိုယ်ကို သိနေလို့ရှိရင် ကိုယ်ရှို့မီး မဖြစ်ပေဘူးလား၊ ဖြစ်သလား (ဖြစ်ပါတယ် ဘုရား) အဲဒါ ဆိုရင် မပြောကို မပြောနဲ့ (တင်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
မပြောတာကောင်းပါတယ်
အဲတော့ မပြောတာကောင်းပါတယ်တဲ့၊ ဒါဖြင့် ပြောလို့ ရှိရင်လည်း ကိုယ့်စိတ် ကိုယ်သိပြီး ပြောလို့ ရှိရင် ကိုယ့်အတွက်က အပြစ်လွတ်သေးတယ် (တင်ပါ ဘုရား)။
ဖြစ်ပျက်ရှုနေတာအကောင်းဆုံးပါပဲ
ပြောတဲ့ပုဂ္ဂိုလ်ကလည်း ကိုယ့်စိတ်ကိုတယ်သိခဲတယ် (တင်ပါ ဘုရား) ချောပစ် ကုန်းတိုက် တာလား အမှန်လား ဆိုတာ သူဝေဖန်ပြီး သကာလ သိခဲပါတယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။
ဒါဖြင့် မင်းတို့ ကိုယ်မင်းတို့ သာသိပြီး ဝေဖန်ပြီး သကာလ ဖြစ်ပျက်ရှုနေတာ အကောင်းဆုံး ပါပဲကွ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီတွင်တော်ဦး။
သာဓု သာဓု သာဓု။