168

ခန္ဓာမှာ တရားရှာပါ အပါယ်မကျတာ တာဝန်ခံပါတယ်

အသံဖိုင်ခေါင်းစဉ်= ခန္ဓာမှာ တရားရှာပါ၊ ဘုရားပရိနိဗ္ဗာန်မစံသေးပုံတရားတော်

စာအုပ်ခေါင်းစဉ်= ခန္ဓာမှာ တရားရှာပါ အပါယ်မကျတာ တာဝန်ခံပါတယ်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ခန္ဓာမှာ တရားရှာပါ အပါယ်မကျတာ တာဝန်ခံပါတယ်

ဟောကြားသည့်နေ့

(၂-၁၀-၆၁)

အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ၊ ဘုန်းကြီး က ဟောတဲ့ တရားတော့ နာကြပါ ဆိုတာ မေတ္တာရှေ့ထား ပြောတယ်နော် (မှန်ပါ့)၊ ဉာဏ်ကတောဖြင့် ခန္ဓာကိုယ် လှည့်ပါလို့ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

နားက ဘုန်းကြီးဟောတဲ့တရားနာပါ

တရား ဘယ်ကနာရမလဲ (နားကနာရပါမယ်)။ နားက နာပြီး သကာလ သိတဲ့ ဉာဏ်ကလေးက ဘယ်လှည့် ရမတုံး (ခန္ဓာလှည့်ရပါမယ် ဘုရား)။

ခန္ဓာလှည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်က အမှန် ပြောပါလိမ့်မယ် (မှန်ပါ့)၊ ခန္ဓာကိုယ်က အမှန်ပြောလာတဲ့ တစ်နေ့ကျတော့၊ ဒကာ ဒကာမတွေ အထင်အမြင်နဲ့ ခန္ဓာကိုယ် က ပြောတာနဲ့ဟာ၊ ေဩာ် တခြားစီပါလား ဖြစ်လာလိမ့် မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်က ပြောတာနဲ့ ကိုယ့် ပင်ကိုယ်က မိဘမျိုးရိုး သင်လို့ အမြင်တွေနဲ့ ဆိုလို့ရှိရင် တခြားစီ ဖြစ်လာလိမ့်မယ် (မှန်ပါ့)။ တခြားစီ ဖြစ်လာတော့ သြော် မိဘက သင်လိုက် တာက တစ်မျိုး၊ ရပ်ရွာက သင်လိုက်တာက တစ်မျိုး၊ ခန္ဓာကိုယ် ဉာဏ်လှည့်ပြီး ကြည့်လိုက်တော့ ခန္ဓာက ပြောတာက တစ်မျိုး ဆိုတော့၊ ဒကာ ဒကာမတွေ ခန္ဓာက ပြောတာကို အတည်ယူ ကြရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောတာ အတည်ယူပါ

ဘယ်ဟာ အတည် ယူကြမလဲ (ခန္ဓာကိုယ်ကပြော တာ အတည်ယူကြရပါမယ်)၊ ခန္ဓာက ပြောတာ အတည်ယူကြ ပါလို့ သတိပေး လိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ခန္ဓာကတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ ကိုယ် ရထားတဲ့ ဆုတောင်းပြည့် ခန္ဓာကိုးဗျ (မှန်ပါ့)၊ ကိုယ် ရထားလို့ ဆုတောင်းပြည့်တဲ့ ခန္ဓာဆိုရင် ဒကာကြွယ် ငြင်းဖို့ လိုသေး သလား (မလိုပါဘူး ဘုရား)။

အဲဒီတော့ နဂိုက သံသရာတုန်းကလည်း ကိုယ်က မျက်စိမှားပြီး ခန္ဓာရအောင် ဆုတောင်း ခဲ့ကြတယ် (မှန်ပါ)၊ ခန္ဓာ ရအောင် ဆုတောင်းခဲ့တော့ကို၊ အခု ခန္ဓာကို ဆရာ ဘုန်းကြီးက အရိယာ မျက်လုံး ဆိုတာကြီး တပ်ပေးလိုက်တယ် (မှန်ပါ့)၊ အရိယာမျက်လုံးကလေး တပ်ပေးလိုက်တော ခန္ဓာက ပြောတာမြင်ရတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောတာ မြင်ရတော့ကို ေဩာ် တစ် သံသရာလုံးက လူပြော သူပြောနဲ့ လမ်းဆုံး လာခဲ့လို့ ဒုက္ခပင် လယ်ဝေခဲ့ ရတယ် (မှန်ပါ့)၊ ခန္ဓာက ပြောတာ နားမယောင် မိလို့ နိဗ္ဗာန်နဲ့ ဝေးခဲ့ ရတယ် (မှန်ပါ့)၊ လူပြော သူပြော လမ်း ဆုံးတာနဲ့ ဒကာ ဒကာမတို့ ဒုက္ခပင်လယ်ဝေရတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောတာကို ယခုကဲ့သို့ နားမထောင်မိလို့ ဒကာ ဒကာမတွေမှာ ကိုယ်ကျိုးနည်းခဲ့ရတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ကိုယ်ကျိုးနည်းခဲ့ရမှုကို ယခုအခါမှာ နားက တရား နာ၍၊ ဉာဏ်က ခန္ဓာ လှည့်လိုက်တော့ ခန္ဓာကိုယ်က ပူပြန်ပြီ ပြောလိုပြော၊ အေးပြန်ပြီ ပြောလိုပြော (မှန်ပါ့)။ ညောင်း ပြန်ပြီး ပြောလိုပြော၊ အိုက်ပြန်ပြီ ပြောလိုပြော (မှန်ပါ)၊ ခန္ဓာက ပြောတာကဖြင့် သူ့ပင်ကိုယ် သဘောက ပြောတာပဲ (ပြောပါတယ် ဘုရား)။

အဲဒီတော့ သူ့ကြည့်တိုင်း ကြည့်တိုင်းလည်း ဒကာ ဒကာမတွေက ကောင်းတဲ့ ရုပ်တွေက ပျောက်၊ အိုက်တဲ့ ရုပ်တွေ က ပေါ်ပေါက် လာပြန်တယ် (မှန်ပါ့) ဆိုတော့ ခန္ဓာက အမျိုးမျိုး ပြောင်းလွဲ ပြနေတယ် (ပြပါတယ် ဘုရား)။

အေးတဲ့ရုပ်တွေ ပျောက်ပြီး ညောင်းတဲ့ ရုပ်တွေပေါ် ပေါက်လာတယ် (မှန်ပါ့)၊ အင်း ခန္ဓာက ပြောတာကဖြင့် ဒကာ ဒကာမတို့ အကောင်းပျောက် အဆိုးရောက်၊ အကောင်း ပျောက် အဆိုးရောက်နဲ့ ပြောလေ့ ရှိတယ် (မှန်ပါ့)၊ ခန္ဓာက ပြောတာကဖြင့် ဖြစ်လိုက် ပျက်လိုက်ချည့်ပဲ ပြောတာလို့ တိုတို ဆိုကြပါစို့ (မှန်ပါ့ ဘုရား)။

ခန္ဓာက ဘာတွေပြောပါလိမ့်

ခန္ဓာက ဘာတွေပြောပါလိမ့် (ဖြစ်လိုက် ပျက် လိုက်ချည့် ပြောပါတယ် ဘုရား)။

ဖြစ်လိုက်ပြန်ပြီ၊ ပျက်လိုက်ပြန်ပြီ၊ ဖြစ်လိုက်ပြန်ပြီ ပျက် လိုက်ပြန်ပြီ၊ ရိုးရိုးပြောတော့ မွေးလိုက် ပြန်ပြီ၊ သေလိုက်ပြန်ပြီ လို့ပြောတာပဲ (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာက ပြောတာ ကြည့်လိုက်တော့မှ တစ်သံသရာလုံးက တို့ကို လူချမ်းသာထက် နတ်ချမ်းသာ ကောင်းတယ်၊ နတ်ချမ်းသာထက် ဗြဟ္မာချမ်းသာ ကောင်းတယ် လို့၊ တို့ အထင်မှားပြီး ဒိဋ္ဌိစွဲနဲ့ တဏှာစွဲနဲ့ စွဲနေတာကြီး၊ ယခု ဉာဏ်မျက်လုံးနဲ့ လူချမ်းသာ ကောင်းတယ် ဆိုပြီး သကာလ၊ နားက တရားနာပြီး သကာလ၊ ဉာဏ်က ခန္ဓာကိုယ် အလှည့်ခိုင်း လို့ အရိယာမျက်လုံး တပ်ပေးပြီး၊ ဆရာဘုန်းကြီးက တပ်ပေးပြီး လှည့်လိုက်တဲ့ အခါကျတော့၊ ခန္ဓာ အပြောကဖြင့် နည်းနည်းမှ မကောင်း ပါလား ဆိုတာ ပေါ်လာလိမ့်မယ် (မှန်ပါ့ ဘုရား)။

ခန္ဓာအပြောကဖြင့် (နည်းနည်းမှ မကောင်းပါ)၊ နည်းနည်းမှ မကောင်းတာတွေ ပေါ်လာ ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ နည်းနည်းမှ မကောင်းတာတွေ ပေါ်လာလို့ ရှိရင်ဖြင့်၊ ေဩာ် တစ်သံသရာလုံးက လူပြော သူပြောနဲ့ လမ်းဆုံးပြီး၊ ဆရာကောင်း သမားကောင်း မတွေ့ခဲ့တဲ့ အတွက်၊ ဉာဏ်က ခန္ဓာကိုယ် မလှည့်မိ လှည့်မိတဲ့အခါ တကယ်ကြည့် လိုက်တဲ့ အခါကျတော့၊ အကောင်း ဟူသရွေ့ တစ်စက်မှမပါ ပါကလား ဆိုပြီး သကာလ၊ ဒီလို နာကြလို့ရှိရင် ခန္ဓာကိုယ်ကြီးဟာ ပျက်လိုက် အစားထိုးလိုက်၊ ပျက်လိုက် အစားထိုးလိုက်၊ ပျက် လိုက် အစားထိုးလိုက်၊ ဒီလိုချည့် နေတာပဲ (မှန်ပါ့ ဘုရား)။

ဒီဟာတွေ ကြည့်လိုက်တဲ့ အခါကျတော့ ကြည့်ရင်း ကြည့်ရင်း မတ္တနဲ့ ခန္ဓာကိုယ်ကြီးကို ယထာဘူတ ဉာဏ်ရတယ် (မှန်ပါ့)။

ယထာဘူတဉာဏ်ဆိုတာ

ယထာဘူတဉာဏ် ဆိုတာ “ယထာသဘာဝ ဇာနဉာဏံ” ပါပဲ (မှန်ပါ့)၊ ဟုတ်တိုင်း မှန်စွာ ဒကာ ဒကာမတွေ သိနေတဲ့ ဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဟုတ်တိုင်းမှန်စွာ သိနေတဲ့ဉာဏ်နဲ့ ဘာခေါ်ကြမယ် (ယထာဘူတဉာဏ်ပါ ဘုရား)။

အဲဒါကြောင့် နားက ဘုန်းကြီးပြောတာ နားထောင်ပါ။ ဉာဏ်က ယထာဘူတဉာဏ်နဲ့ ကြည့်ပါလို့ တရားတစ်ပွဲလုံး ဆုံးမ ပါတယ် (မှန်ပါ ဘုရား)။

နားကတော့ ဘုန်းကြီးဟောတာ နားထောင်ပါ။ ဉာဏ် ကတော့ဖြင့် ယထာဘူတဉာဏ်နဲ့ ခန္ဓာကိုယ်ထဲကို ကြည့်ပေးပါ (မှန်ပါ့)၊ ကြည့်ပေးလိုက်တဲ့ အခါကျတော့ ပူပြန်ပြီဆိုရင် မပူတဲ့ ရုပ်ပျောက်သွားလို့ ပူတဲ့ ရုပ်ပေါ်တာပဲ (မှန်ပါ့ ဘုရား)။

ညောင်းပြန်တယ်ဆို မညောင်းတဲ့ရုပ် ပျောက်သွားလို့ ညောင်းတဲ့ ရုပ်ပေါ်လာတာပဲ (မှန်ပါ့)၊ ဆိုတော့ ခန္ဓာကိုယ် က တရားနာတဲ့ အခိုက်အတန့်ကိုပဲ ခဏခဏ “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ဆိုတဲ့ အတိုင်း ဖောက်ပြန်ပျက်စီး နေတဲ့ ဒုက္ခသစ္စာကြီး ခန္ဓာကပြောတယ် (မှန်ပါ ဘုရား)။

ဘယ်သူကပြောပါလိမ့် (ခန္ဓာကပြောပါတယ်)၊ ခန္ဓာက ပြောတာကို ဒကာ ဒကာမတွေက ဉာဏ်ကလေးနဲ့ ခေါင်းညိတ် လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒီဉာဏ်သည် အမှန်သိတဲ့ဉာဏ်

ခန္ဓာက ပြောတာကို (ဉာဏ်ကလေးနဲ့ ခေါင်းညိတ် လိုက်ပါ)၊ ဉာဏ်ကလေးနဲ့ ခေါင်းညိတ်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လိုက်ပြီ ဆိုမှဖြင့် လူပြော သူပြော လမ်းဆုံးတာ လား ကိုယ်ပိုင် အရိယာ မျက်လုံး အမြင်နဲ့ မြင်ရတာလားလို့ မေးလို့ရှိရင် (ကိုယ်ပိုင်ပါ ဘုရား၊)

“သုတဝါ အရိယာသာဝကော” ဖြစ်သောကြောင့်၊ အကြားအမြင် များတဲ့ ဉာဏ်နဲ့ တပည့်တော် တို့ကြည့်လိုက်တဲ့ အတွက်၊ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာကြီး တွေ့ ပါတယ် ဆိုတဲ့ဥစ္စာ၊ ဒကာ ဒကာမတို့ ဒီဉာဏ်သည် အမှန်သိတဲ့ ဉာဏ်ပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမလဲ (အမှန်သိတဲ့ဉာဏ် ပါ)၊ အမှန်သိတဲ့ ယထာဘူတဉာဏ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ အဲဒိဉာဏ်ရတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တရားကို နားက ထောင်လို့ ကြားတော့ ကြားနေတာပဲ၊ ကြားပေမယ့်လည်း တရားနာရင်း ကိုယ့်ဉာဏ်ကို လက်မလွှတ် လိုက်ပါနဲ့ (မှန်ပါ့)။

တရားနာရင်း ကိုယ့်ဉာဏ်ကို (လက်မလွှတ်လိုက် ပါနဲ့)၊ လက်မလွှတ်ဘဲနဲ့ နားကတော့ဖြင့် ကြားချင် ကြားနေမှာ ပဲ (မှန်ပါ့ ဘုရား)။

ဉာဏ်က ခန္ဓာလှည့်ထားပါ

ကိုယ့်ဉာဏ် လက်မလွှတ်ဘဲနဲ့ ဒကာ ဒကာမတွေက ကြည့်မြဲတိုင်း ကြည့်နေ၊ အို ဖောက်ပြန် ပြန်ပြီ၊ ပျက်စီး ပြန် ပြီ၊ ဖောက်ပြန် ပြန်ပြီ၊ ပျက်စီး ပြန်ပြီလို့ ခန္ဓာလှည့်ထား (မှန်ပါ့ ဘုရား)။

ဦးမာဒင် ခန္ဓာ လှည့်ထားရမယ်နော် (မှန်ပါ့)၊ ဒကာကြွယ်တို့ ဘယ်လှည့်ထားရမတုံး (ခန္ဓာလှည့်ထားရ ပါမယ်)၊

ခန္ဓာကို ဉာဏ်ကလှည့်ထားပါလို့ ဒကာ ဒကာမတွေ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာကို ဉာဏ်ကလှည့်ထားတော့၊ ခန္ဓာက ဒကာ ဒကာမတွေ အရင်တုန်းက မမြင်တာ တွေတောင်၊ ခုနင် က အစ တွေ့သွားတော့ ဆက်ပြီး မြင်လာတယ် (မှန်ပါ့)။

ဆက်ပြီး မြင်လာတဲ့အခါ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာမှ တစ်ပါး၊ ဆင်းရဲတာအမှန် မှတစ်ပါး ဘာမှမရှိပါ ကလား ဆိုတဲ့ဉာဏ်ဟာ တစ်ခါတည်း သူများ ပြောလား၊ ကိုယ်တိုင်မြင်လား ဆိုတာ အကဲခတ်ကြည့် (ကိုယ်တိုင် မြင်ပါတယ် ဘုရား)။

ကိုယ်တိုင်မြင် ရောက်လာတယ် (မှန်ပါ့)၊ ကိုယ်တိုင် မြင်ရောက်လာတော့မှ၊ ဪ ဒီကိုယ်တိုင် မြင်တဲ့ ဥစ္စာက ရှေ့က စာအုပ်ဖတ်ပြီး လမ်းဆုံးတယ် (မှန်ပါ့)၊ စာအုပ်ဖတ် ပြီး လမ်းဆုံးတယ်၊ တရားဟောတဲ့ ဘုန်းကြီးက ဟောတော့ သူ့ တရားဆီမှာ လမ်းဆုံးတယ် (မှန်ပါ့)၊ ကိုယ်တိုင်မြင် မရောက် ခဲ့ဘူး (မရောက်ခဲ့ပါဘူး ဘုရား)။

အဲဒီတော့ ဘုရားကလည်း ငါ့အပြော ငါ့အကြိုက်ကွာ တဲ့၊ ဒိဋ္ဌဓမ္မော နာတဲ့ ပုဂ္ဂိုလ်၏ ဒိဋ္ဌဓမ္မ ဖြစ်စေချင်တယ်ကွ (မှန်ပါ့ ဘုရား)။

ဘုရားက ဘယ်ဟာကြိုက်သတုံး

ဘုရားကကြိုက်တာက ဘာကြိုက်သတုံး (ဒိဋ္ဌိဓမ္မ ဖြစ်စေချင်ပါတယ် ဘုရား)၊ ဒိဋ္ဌိဓမ္မော ကြိုက်တယ် (မှန်ပါ့)။

ဒိဋ္ဌဓမ္မော ဆိုတာက ဒကာ ဒကာမတွေ အကဲခတ်ကြည့် ပါ။ ကိုယ်တိုင်မြင်တာ ကြိုက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘုရားက ဘယ်ဟာကြိုက်သတုံး (ကိုယ်တိုင်မြင်တာ ကြိုက်ပါတယ် ဘုရား)။

ဘုရားက ကိုယ်တိုင်မြင်တာ ကြိုက်တယ်၊ ဒါ့ကြောင့် ဘုန်းကြီးကလည်း မြတ်စွာဘုရား၏ တပည့် သားမြေး အရင်း အချာ ဖြစ်နေတော့၊ ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ တရားနာ ပါဟု သတိပေး ပါတယ် (မှန်ပါ့)၊

ကြည့်လိုက်တဲ့ အခါကျတော့ ကိုယ်တိုင်မြင် ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။ ဘယ်လိုဖြစ်ကြမယ် (ကိုယ်တိုင်မြင် ဖြစ်မှာပါ ဘုရား)။

ေဩာ် ဒါဖြင့် ဒီနေ့တရားသည် ဒကာ ဒကာမ ကိုယ်တိုင် မြင်တရား ဟောရလိမ့်မယ် (မှန်ပါ့)၊ ကိုယ်တိုင် မြင်တရားကို ကိုယ်တိုင်မြင်လာပြီ ဆိုတော့၊ အရင်တော့ ဦးမာဒင်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ အားလုံးသော ပုဂ္ဂိုလ်တို့ ဘယ်လိုဖြစ်နေသတုံး ဆိုတော့ စာက ဒီလိုဆိုတယ် (မှန်ပါ့)၊ ဟင် စာဘက် လှည့်သွားတယ် ဒကာကြွယ်ရေ (မှန်ပါ့)၊ ကိုယ်တိုင်မြင်ကျသေးရဲ့လား (မကျပါ ဘုရား)။

သူများပါးစပ်လမ်းဆုံးတယ်

ဟာ ဘယ်ဆရာတော်က ဘယ်လိုဟောထား တယ် ဆိုတော့ သူများပါးစပ် လမ်းဆုံးတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။

ဒါဖြင့် သူများပါးစပ်နဲ့လည်း နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်ပါ့)၊ သူများပါးစပ်နဲ့လည်း နိဗ္ဗာန် မရောက်နိုင်ဘူး ဒကာ ဒကာမတို့ (မှန်ပါ့)၊ စာနဲ့တင် နိဗ္ဗာန် မရောက်နိုင်ဘူး (မရောက်နိုင်ပါ)၊ စာက မှတ်တမ်းကိုးဗျ (မှန်ပါ့)၊ မှတ် တမ်းထဲ ငွေမရှိသလိုပဲ။ တကယ် ဒုက္ခသစ္စာ ရှိတာက ခန္ဓာမှာရှိ တယ် (မှန်ပါ့)။

အဲဒီတော့ နားက ဘုန်းကြီးပြောတဲ့ တရားကို ဦးမာဒင် တို့က နာ၊ ဒကာကြွယ်တို့က နာ၊ ဦးလှဘူးတို့က နာပြီး ဉာဏ်က ခန္ဓာစိုက်ထားပါ (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ ဒါ အရေးအကြီးဆုံး အချက်ကို ပြောနေပါတယ် (မှန်ပါ့)၊ အရေး အကြီးဆုံး အချက်ကို ပြောနေတယ်ဆိုတာကို တရားတစ်ပွဲလုံး သေသေ ချာချာမှတ်ပါ (မှန်ပါ့)၊ သာမည မနာပါနဲ့ဆိုတာကို လေး စားစွာနဲ့ အားလုံးကို ကယ်တင်နေတဲ့ ဆရာဖြစ်နေလို့ ဦးမာဒင် လေးလေးစားစားပဲ မေတ္တာထားပြီး ပြောနေတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် နားက ဘုန်းကြီး ပြောတာ နာ၍ ဉာဏ်က ခန္ဓာကိုယ်လှည့်လိုက်တော့ ကိုယ်တိုင် မြင်တွေ့ရပါ လိမ့်မယ် (တွေ့ရပါတယ် ဘုရား)၊ ကိုယ်တိုင် မြင်တွေ့ရတော့ သူများပါးစပ် လမ်းဆုံး တာတွေ ပျောက်ပါတယ် (မှန်ပါ့)။

ကိုယ်တိုင်မြင်တွေ့ရတော့ ဘာတွေပျောက်သလဲ (သူများပါးစပ် လမ်းဆုံးတာတွေ ပျောက် ပါတယ် ဘုရား)။

ဪ သူများပါးစပ် လမ်းဆုံးတာတွေ ပျောက် တယ်ဆိုတော့၊ ဘာတွေများ ပျောက်သွား ပါလိမ့်မတုံး ဆိုတော့ ယောက်ျားလို့ အမေက ဆုံးမ ထားတာလည်း၊ ကိုယ်တိုင်မြင်ကျ တော့ ယောက်ျား မဟုတ်ဘူး (မှန်ပါ့)၊ နင်ဟာ မိန်းမ၊ မိန်းမပီပီ နေတာ မဟုတ်ဘူး လို့ အမေ အဖေက ဆုံးမထား တာလည်း အဖေ အမေက မိန်းမတဲ့၊ အရပ်က ပြောကြတယ်။ ကျုပ်မိန်းမလို့ သမုတ် ကြတယ်။ ကျုပ်ကိုယ်တိုင် ကိုယ်တိုင်မြင် တာကတော့ ဖောက်ပြန် ပျက်စီးတဲ့ ဒုက္ခသစ္စာပဲ တွေ့တယ် (မှန်ပါ့) ဆိုတော့ အရပ်ပြောတွေပျောက် ကိုယ့်ကိုယ်ကိုယ် ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ ထင်တာတွေ ပျောက် (မှန်ပါ့)။

နားကတရားနာ၊ ဉာဏ်ကခန္ဓာစိုက်

ဒါဖြင့် နားကတရားနာပြီး ဉာဏ်က ခန္ဓာစိုက်လိုက်တာ ဦးမာဒင်ရေ ဒိဋ္ဌိ ကွာထွက်သွားတယ် (မှန်ပါ့)။

နားက တရားနာပြီး ဉာဏ်က ခန္ဓာစိုက်လိုက်တာ ဘာ ဖြစ်သွားသတုံး (ဒိဋ္ဌိကွာပါတယ် ဘုရား)၊ ဪ အဖိုး တန်လိုက်တဲ့ဖြစ်ခြင်း ဒကာကြွယ်ရေ (မှန်ပါ့)၊ အင်မတန် အဖိုးတန် သွားပြီနော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒကာသစ်တို့ ဒီအတိုင်းသာ ဉာဏ်စိုက် စိုက်, စိုက်စိုက်ပြီး သကာလ ခန္ဓာ ကြည့်ကြမယ် ဆိုလို့ ရှိရင်ဖြင့် ကြည့်တာနဲ့ တစ်ပြိုင်နက်တည်း ဒိဋ္ဌိ ကွာတယ် (မှန်ပါ့)၊ ဪ အများ ပြောတာတွေနဲ့ မတူပါလား ဆိုလို့ရှိရင် ဒိဋ္ဌိ ကွာလို့သာမှတ် (မှန်ပါ့)။

အများပြောနဲ့ မတူပါလား ဆိုတာ (ဒိဋ္ဌိကွာလို့ပါ ဘုရား)၊ အင်း ကိုယ်တိုင် ဆုံးဖြတ်ချက် ချလာတာကိုးဗျ (မှန်ပါ့)၊ အများပြောနဲ့ မတူပါကလား ဆိုတာ ဦးမာဒင် ဘယ်သူ ဆုံးဖြတ်ချက် ချတာတုံး (ကိုယ်တိုင် ဆုံးဖြတ်ချက် ချတာပါ ဘုရား)။

ဒိဋ္ဌိခွာပေးနေတာ

နေရာကျလိုက်တာ (မှန်ပါ့)၊ အားလုံး ဒကာ ဒကာမတွေ မပျင်းကြနဲ့နော် ဒီနေ့ တရားဟာ အင်မတန် ကြီးတဲ့ အရေးကို စကတည်းက နားသွင်း နေတယ် သတိထား ပါ (မှန်ပါ့)၊ တရားပွဲ အဆုံးမှာ သောတာပန် တည်တဲ့ဉာဏ် ရောက်အောင် ဖြစ်စေချင်လွန်းလို့၊ ခင်ဗျားတို့ ဝမ်းထဲက အခု သေရင် အခု အပါယ်သွားမှာ ချက်ချင်း ပျောက်ပါစေလို့ တရား စကတည်းက ဒိဋ္ဌိ ခွာပေးနေတာ (မှန်ပါ့)။

တရားစ,ကတည်းက ဘာခွာပေးနေသလဲ (ဒိဋ္ဌိ ခွာ ပေးနေပါတယ် ဘုရား)။

သေသေချာချာ ဂရုစိုက်ကြပါ။ ဒါဖြင့် ဒိဋ္ဌိခွာနည်း နိဿရည်းက၊ စာထဲက ရုပ်နာမ်ကွဲရင် ဟောဒါ ရုပ်, ဟောဒါ နာမ်လို့ သိလို့ ရှိရင်ဖြင့်၊ ဒိဋ္ဌိကွာတာပဲလို့ စာက ရေးငြားသော် လည်း ခန္ဓာက အပြော မဟုတ်တော့၊ ကပ်တာက ခန္ဓာမှာ ကပ်တာ စာမှာကပ်နေတာ မဟုတ်ပါဘူး (မှန်ပါ့)။

ဘယ်မှာကပ်နေတာတုံး (ခန္ဓာမှာကပ်နေတာပါ ဘုရား)၊ ခန္ဓာမှာ ကပ်နေတဲ့ ဒိဋ္ဌာနုသယကို ခန္ဓာကိုယ် ယထာ ဘူတဉာဏ်နဲ့ ခွာလိုက်တော့မှ ဒိဋ္ဌာနုသယက ကွာထွက်သွား တယ် (မှန်ပါ့ ဘုရား)။

ဉာဏ်နားနဲ့ထောင်ပါ

ဒကာကြွယ်ရေ သိပ်အဖိုးတန်ပါကလား (တန်ပါတယ် ဘုရား)၊ ကြပ်ကြပ် ဒကာ ဒကာမတွေ ဉာဏ်နား နဲ့ထောင်ပါ၊ ဉာဏ်မျက်လုံးနဲ့ ခန္ဓာကြည့်ပါ (မှန်ပါ့)။

ဉာဏ်နားနဲ့ ထောင်၍ ဉာဏ်မျက်လုံးနဲ့ ခန္ဓာကြည့်ပေး ပါဆိုတာကို ကပ်ကြီး သုံးပါးကလည်း နီးကပ်နေတာက တစ်ကြောင်း၊ ဒကာ ဒကာမတွေမှာလည်း အခုလို တရားထူး တရား မြတ်ကြီး ခန္ဓာ ဉာဏ်စိုက်ရတော့ ဒီကပ်ဟာ ခန္ဓာရှိလို့ လာတဲ့ ကပ်ကိုးဗျ (မှန်ပါ့)၊ ခန္ဓာသိမ်းရင် ကပ်သိမ်းတာပဲ (မှန်ပါ့)။

ခန္ဓာသိမ်းရင် (ကပ်သိမ်းပါတယ် ဘုရား)၊ အဲဒါ ကြောင့် ကပ်ကိုလည်း ဘာမှမကြောက်ဘဲနဲ့ ဒကာ ဒကာမတွေ က အခုအချိန် ပြီးအောင်လုပ်လိုက် (မှန်ပါ့)။

သက္ကာယဒိဋ္ဌိခွာတဲ့နည်း

အခုအချိန် ပြီးအောင် လုပ်လိုက် ဆိုတော့၊ ဒီတရား ပွဲမှာလည်း အားလုံး ဒကာ ဒကာမတွေ နားက ဘုန်းကြီးပြော တာကို သက္ကာယဒိဋ္ဌိ ခွာတဲ့နည်းကို ပြောတာ နားထောင်ပါ (မှန်ပါ့)၊ ဉာဏ်က ခန္ဓာ ကြည့်လိုက်တဲ့ အခါကျတော့ ဖောက်ပြန် နေတယ်၊ ပျက်စီး ပြန်တယ်၊ ဖောက်ပြန်ပြီ ပျက်စီး ပြန်ပြီ ဆိုတာတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

ထိုင်စက ဒကာ ဒကာမတွေ ဒါလောက်မပူဘူး၊ အောက်ပိုင်းမှာ ကြည့်လိုက်လို့ ရှိရင်ဖြင့် နည်းနည်း ပူလာပြီ (မှန်လှပါ)။

အဲဒါ ဖောက်ပြန်တာပဲ (မှန်လှပါ)၊ နဂိုက ပျက်စီး သွားတယ်၊ ထိုင်စကဟာ ပျက်စီးပြီး အခု ဖောက်ပြန်တာနဲ့ နေလိုက်တယ် (နေပါတယ် ဘုရား)။

ဖောက်ပြန်တာနဲ့ ပျက်စီးတာ

ထိုင်စ,ကဟာက (ပျက်စီးသွားပါပြီ ဘုရား)၊ အခု ဘာနဲ့ အတူနေသလဲ (ဖောက်ပြန်တာနဲ့ အတူ နေပါတယ်)၊ ဟာ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သူများက ယောက်ျားလို့ ပြောကြတယ်၊ ခန္ဓာကိုယ်ထဲတော့ ဖောက်ပြန်တာ နဲ့ ပျက်စီးတာ တွေ့တယ် (မှန်ပါ့)။

အင်း ခန္ဓာကိုယ်ထဲတော့ ဘာတွေ့ပါလိမ့် (ဖောက်ပြန်တာနဲ့ ပျက်စီးတာပဲ တွေ့ပါတယ် ဘုရား)။

လှည့်ပါ လှည့်ပါ ဒကာ ဒကာမတို့ ခန္ဓာလှည့်ပါ၊ ဉာဏ် လှည့်ပါဆိုတာ အများကြီး တိုက်တွန်း တယ်၊ ဒကာကြွယ် (မှန်လှပါ ဘုရား)။

ဘယ်လှည့်ရမတုံး (ဉာဏ်လှည့်ရပါမယ်)၊ ဉာဏ်နဲ့ လှည့်ပေး ဉာဏ်နဲ့လှည့်ပေး ဆိုတာကို သတိပေးပါတယ် (မှန်ပါ့)၊ ဉာဏ်နဲ့ လှည့်ပေးကြစမ်းပါ ဦးမာဒင်တို့ (မှန်ပါ့ ဘုရား)။

ထိုင်စတုန်းကတော့ ဒါလောက် မပူသေးပါဘူး၊ မညောင်းသေးပါဘူး၊ နည်းနည်း ပူသလိုလို, နည်းနည်း ညောင်း သလိုလို လာတာတွေဟာ ဒကာ ဒကာမတို့ မပူတာတွေက ပျောက်တယ်၊ ပူတာတွေက ဖောက်ပြန် လာတယ် (မှန်ပါ့ ဘုရား)။

မပူတာတွေက (ပျောက်ပါတယ်)၊ ပူတာတွေက (ဖောက်ပြန်ပါတယ် ဘုရား)။

ဒါဖြင့် မပူတာက ပျက်စီးတာ၊ ပူတာက ဖောက်ပြန် လာတယ် (မှန်ပါ့)၊ ပျက်စီးတဲ့ နေရာမှာ ဖောက်ပြန်တာ အစားထိုးတယ် (မှန်ပါ့)။

အနိစ္စနဲ့ သင်္ခါရ

ဒကာသစ် ဘာတဲ့တုံး (ပျက်စီးတဲ့ နေရာမှာ ဖောက်ပြန်တာ အစားထိုးပါတယ် ဘုရား)။

ဒါဖြင့် ပျက်စီးတာကအနိစ္စ ဖောက်ပြန်တာက သင်္ခါရ (မှန်ပါ့ ဘုရား)။

ပျက်စီးတာက (အနိစ္စပါ ဘုရား)၊ ဖောက်ပြန်တာ က (သင်္ခါရပါ ဘုရား)။

ဒီဖောက်ပြန် တာကလေးဟာလည်း ဒီထက်ဖောက်ပြန် လာတော့၊ နည်းနည်း ပူတာက များများ ပူတာ ဖြစ်လာပြန်တော့ လည်း မူလ ဖောက်ပြန်တာ ကလေးက ပျက်စီးပြန်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အခု နည်းနည်း ကြီးကျယ်တာက ဖောက်ပြန် ပြန်ပြီ (မှန်ပါ့)၊ ဒါဖြင့် ဖောက်ပြန်ကလေး ပျက်စီးပြီး ဖောက်ပြန် ကြီးနဲ့ နေရပြန်တယ် (မှန်ပါ့)၊

ခန္ဓာလှည့်ပါ ခန္ဓာလှည့်ပါ ဆိုတာ ဒကာ ဒကာမတို့ သေသေချာချာ သတိပေးနေတယ် (မှန်ပါ့)၊ ဉာဏ် ဘယ်မှ မပြေးပါနဲ့ ဒီအထဲတွင် နေကြပါစေ (မှန်ပါ့ ဘုရား)။

ဉာဏ်ဒီအထဲတွင် နေကြပါစေ ဆိုတော့ ခန္ဓာက ပျက်စီး တာရယ်၊ ဖောက်ပြန်တာရယ် ပြောပါ လိမ့်မယ် (မှန်ပါ့)။

ခန္ဓာက ဘာပြောသတုံး

ခန္ဓာက ဘာပြောမတုံး (ပျက်စီးတာရယ်၊ ဖောက် ပြန်တာရယ် ပြောပါတယ် ဘုရား)။

ပျက်စီးတာရယ်၊ ဖောက်ပြန်တာရယ် ဒါ ဘယ်သူက ပြောတာပါလိမ့် (ခန္ဓာကပြောတာပါ)၊ ဪ ခန္ဓာက ပြောတယ် ဒကာ ဒကာမတို့ လူပြော သူပြောလား၊ ခန္ဓာက ပြောတာလား (ခန္ဓာက ပြောတာပါ ဘုရား)။

နေရာကျလိုက်တာ နေရာကျလိုက်တာ ဒကာ ဒကာမ တို့ ဘယ်လို နေရာကျသလဲ ဆရာ ဘုန်းကြီးက ချီးမွမ်း ထောပနာ ဩဘာ ပေးနေရပါလိမ့်မလဲလို့ ဒီ တရားတစ်ပွဲလုံး က အမေး ထုတ်လို့ ရှိရင်ဖြင့် တဲ့ လူပြော သူပြောနဲ့ လမ်းဆုံး လာခဲ့ရလို့ ဒုက္ခပင်လယ် ဝေခဲ့ကြရတယ် (မှန်ပါ့ ဘုရား)။

သူများက ယောက်ျားရှိ၊ မိန်းမရှိမှ ဆိုလို့ ဒုက္ခပင်လယ် ဝေခဲ့ပြီ (မှန်ပါ့)၊ မိန်းကလေး အပျို အရွယ် ကလေးကလည်း ယောက်ျားရှိမှ တင့်တယ် တယ် ထင်ပြီး လူများ သူများပြောတာနဲ့ ဒုက္ခ ပင်လယ်ဝေလို့ အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးထဲ ပြေးကြရတာတွေက များတယ် (များပါတယ် ဘုရား)။

အဲဒိ လူပြော သူပြောတွေကို မယုံဘဲနဲ့ ခန္ဓာပြောကို ဉာဏ်ကလှည့်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ ပျက်စီးဖောက် ပြန်နှစ်ခုပဲ တွေ့တယ် (မှန်ပါ ဘုရား)။

ဘာတွေ့ကြသတုံး (ပျက်စီး, ဖောက်ပြန်နှစ်ခုပဲ တွေ့ပါတယ် ဘုရား)။

အင်း ပျက်စီးတာရယ်, ပျက်စီးမှုကုန်သွားတော့ ဖောက်ပြန်တာနဲ့အတူ နေရစ်ရတယ် (မှန်ပါ့)။

ပျက်စီးမှုကုန်သွားတော့ (ဖောက်ပြန်တာနဲ့အတူ နေရစ်ရပါတယ် ဘုရား)။

အဲဒီ ဖောက်ပြန်တာ ကလေးကလည်း ပျက်စီးသွားပြန် တော့ ဒိထက် ဖောက်ပြန်တာနဲ့ နေရတယ် (နေရပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာတစ်ကိုယ်လုံး ဒကာကြွယ်တို့ ဦးမာဒင်တို့ ဒကာသစ်တို့က စဉ်းစားကြည့်တော့ ဖောက်ပြန် ပျက်စီးနဲ့ပဲ ခေါင်းထဲ ဝင်ရတော့တာပဲ (ဝင်ရပါတယ် ဘုရား)။

နှစ်ခုလှည့်နေတာ

ဖောက်ပြန်ပျက်စီးနဲ့ပဲ (ခေါင်းထဲဝင်ရပါတယ်)၊ ခေါင်းထဲ ဝင်သည့်တိုင်အောင် ဒီနှစ်ခု လှည့်နေတာပဲ (မှန်ပါ့)။

ခေါင်းထဲ ဝင်သည့် တိုင်အောင် (ဒီနှစ်ခု လှည့်နေပါ တယ် ဘုရား)။

ဪ ဒါဖြင့် လူပြော သူပြောနဲ့ ခန္ဓာပြောဖြင့် အကွာကြီးကွာ၍ အခြားကြီး ခြားနေပါပေါ့လား ဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ်)၊ လူပြော သူပြောနဲ့ ခန္ဓာပြောဖြင့် အတော် မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

အဲဒီ ခြားနားတာသည် ဦးမာဒင်တခြား မမှတ်ပါနဲ့ ဒိဋ္ဌိကွာသွားတယ် (မှန်ပါ့)၊ ခြားနားတာသည် ဘာပါလိမ့် (ဒိဋ္ဌိကွာသွားတာပါ ဘုရား)။

ဒကာကြွယ်ရေ တရားနာတာ အခု နာရီဝက် တောင်မှ မပြည့်သေးပါဘူး ဆိုကြပါစို့နော် (မှန်ပါ့)၊ ဒီ ဒိဋ္ဌိ တစ်လုံးကို ယခုကဲ့သို့ ေဩာ် ခန္ဓာထဲမှာခုနင်က ထိုင်စနဲ့ အခု တော်တော်ကလေး ထိုင်မိတဲ့ အချိန်မှာ ပျက်စီးတာတွေက ပျက်စီးပြီး ဖောက်ပြန်တာတွေနဲ့ တရားနာ နေရတယ် (မှန်ပါ့)။

တော်တော်ကြာ ဖောက်ပြန်တာကလေးတွေ ပျက်စီး ပြီး ဖောက်ပြန်ကြီးနဲ့ပဲ တရားနာနေတယ် (မှန်ပါ့)။

ဉာဏ်အမြင်နဲ့ ခန္ဓာအစဉ်ကြည့်

ဤခန္ဓာထဲမှာ လူပြော သူပြော မဟုတ်ဘဲနဲ့ ဉာဏ် အမြင်နဲ့ ခန္ဓာအစဉ်ကို ကြည့်လိုက်လို့ ရှိရင်ဖြင့် ခန္ဓာ အစဉ်ကဖြင့် ဖောက်ပြန် ပျက်စီးမှုတွေပဲ တွေ့တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာအစဉ်က ဘာတွေ့ပါလိမ့် (ဖောက်ပြန်ပျက်စီး မှု တွေ့ပါတယ် ဘုရား)။

ဖောက်ပြန် ပျက်စီးမှုပဲ ပြောတယ်ဆိုတဲ့ဥစ္စာ ဦးမာဒင် တို့၊ ဒကာကြွယ်တို့၊ ဒကာသစ်တို့က လူပြော သူပြောဟာ ပယ် ချလိုက်ပါ (မှန်ပါ့)။

ဒကာသစ် ဘာပယ်ရမတုံး (လူပြော သူပြော ပယ် ရပါမယ် ဘုရား)။

လူပြော သူပြောက မင်း ယောက်ျား၊ မင်း မိန်းမဆိုတာ သူပြော လူပြောနဲ့ နဂိုက မှတ်ထားတာ (မှန်ပါ့)၊ ယခု အချိန်ကျတော့လည်း ဒီခန္ဓာကြီးပဲ သူတို့က ယောက်ျားလို့၊ မိန်းမလို့၊ ချစ်စရာလို့၊ ခင်စရာလို့ သူများက ပြောထားကြတယ် (မှန်ပါ့)။

ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် ကြည့်ပါတော့မယ် ဆိုပြီး၊ ဆရာသမားစကား နားထောင်ပြီး သကာလ နားကနာပြီး ဉာဏ် က ခန္ဓာ လှည့်လိုက်တဲ့ အခါကျတော့၊ လူပြော သူပြောပျောက် သွားတယ် (ပျောက်သွားပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဘာပျောက်သွားသတုံး (လူပြော သူပြော ပျောက်သွားပါတယ်)၊

လူပြော သူပြော ပျောက်ပြီး သကာလ ဘာကို လက်ကိုင်မိလို့ပါလိမ့်မတုံး မေးတော့မှ ဖောက်ပြန်တာနဲ့ ပျက်စီးတာ တွေ့လိုက်တယ် (မှန်ပါ့)။

ဘာများ တွေ့လိုက်ပါလိမ့် (ဖောက်ပြန်တာနဲ့ပျက် စီးတာ တွေ့ပါတယ် ဘုရား)။

ဖောက်ပြန်တာနဲ့ ပျက်စီးတာတွေ့လိုက်တော့မှ ေဩာ် လူပြော သူပြောတွေ အကုန် သွားကြတော့ဟေ့၊ တစ်လုံး မှ မမှန်ဘူးဟ၊ ခန္ဓာက ပြောတာမှ အတည်ပဲ (မှန်ပါ့ ဘုရား)။

ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခ

ဒကာကြွယ် ဘာတဲ့ဗျာ (ခန္ဓာက ပြောတာမှ အတည်ပါ)၊ ခန္ဓာပြောတာကို အတည် ပြုလိုက်တဲ့ အခါကျတော့ မှဖောက်ပြန်တာနဲ့ ပျက်စီးတာပဲ ရှိတယ် ဆိုတော့ ဖြစ်ဒုက္ခ၊ ပျက် ဒုက္ခပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား)။

ဘာရှိပါလိမ့် (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ ရှိပါတယ်)၊ ဖြစ်တာကလည်း ပျက်စီးမလို့ (မှန်ပါ့)၊ ပျက်တာကလည်း ပျက်စီးလို့ (မှန်ပါ့ ဘုရား)။

ဖြစ်တာကလည်း ပျက်စီးမလို့၊ ပျက်တာကလည်း ပျက်စီးခြင်းသို့ ရောက်တယ် (မှန်ပါ့ ဘုရား)။

အင်း ဖြစ်တာကလည်း ပျက်မလို့ ဒကာ ဒကာမ တို့ (မှန်ပါ့)၊ ပျက်တာကလည်း ပျက်ခြင်းသို့ ရောက်တာပဲ ရှိတယ် (မှန်ပါ့)၊ ဪ ဒါဖြင့် သေမှာနဲ့ သေတာပဲ နှစ်ခုသာ ရှိပါကလား (မှန်ပါ့ ဘုရား)။

သေမှာနဲ့သေတာ

ဖြစ်ပေါ်လာတာက သေမှာ (မှန်ပါ့)၊ ပျက်သွား တာက သေတာ (မှန်ပါ့)၊ ခန္ဓာကိုယ်ထဲမှာ သေမှာနဲ့ သေတာ နှစ်ခုသာ ရှိပါကလား (မှန်ပါ့)၊ ဘာများရှိပါလိမ့် (သေမှာနဲ့ သေတာနှစ်ခုပဲ ရှိပါတယ် ဘုရား)။

ဒကာကြွယ် ဒါကလေး ဉာဏ် ဦးတည်လိုက်စမ်းပါ (မှန်ပါ့)၊ တရားနာတဲ့ ဒကာ ဒကာမတွေ သေမှာနဲ့ သေတာကို ဉာဏ်ဦးတည်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သေမှာနဲ့ သေတာကို (ဉာဏ်ဦးတည်လိုက်စမ်းပါ ဘုရား)၊ သေမှာလည်း ဒုက္ခသစ္စာပဲ (မှန်ပါ့)၊ မသေသေး ဘူး၊ သေမှာပဲ (မှန်ပါ့)၊ သေမှာ တရားသည် သေတာသို့ ရောက်သွားတဲ့ အခါ ကျတော့လည်း ဒုက္ခသစ္စာပဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် “ဒုက္ခမေ၀ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ” သံယုတ်ပါဠိတော်မှာ (မှန်ပါ့)၊

ဒုက္ခမေဝ= သေမယ်လို့ ပေါ်လာတဲ့ တရားသည်သာလျှင်၊ ဥပ္ပဇ္ဇမာနံ – ဖြစ် ဆဲဖြစ်၍၊ ဥပ္ပဇ္ဇတိ = ဖြစ်၏။ ဒုက္ခမေဝ= ဒုက္ခတရားသည်သာ လျှင်၊ နိရုဇ္ဈမာနံ= ချုပ်ဆဲဖြစ်၍၊ နိရုဇ္ဈတိ= ချုပ်၏ (မှန် ပါ့)၊

ဪ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ဆဲ ဒုက္ခ နဲ့ ပျက်ဆဲဒုက္ခ ရှိပါကလား (မှန်ပါ့ ဘုရား)။

ဘာများရှိကြပါလိမ့် (ဖြစ်ဆဲဒုက္ခနဲ့ ပျက်ဆဲဒုက္ခ ရှိ ပါတယ်)၊ ဖြစ်ဆဲ ဆိုတာလည်း ဒုက္ခ ရောက်မလို့ဖြစ်တာ (မှန်ပါ့)၊ ပျက်ဆဲ ဆိုတာက ဒုက္ခရောက်သွားတာ (မှန်ပါ့)၊ ဒါဖြင့် ဦးမာဒင်တို့ ဒုက္ခရောက်မှာနဲ့ ဒုက္ခရောက်တာပဲ ရှိတယ် (မှန်ပါ့ ဘုရား)။

စာပြောတွေအကုန်ပျောက်

ဒကာကြွယ် ဘာရှိပါလိမ့် (ဒုက္ခရောက်မှာနဲ့ ဒုက္ခ ရောက်တာပဲ ရှိပါတယ်)၊ ဒကာသစ် ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)။

ဒါ ခန္ဓာကို ဉာဏ်နဲ့ကြည့်လိုက်တော့ လူပြော သူပြော တွေ အကုန်ပျောက် (မှန်ပါ့)၊ စာပြောတွေ အကုန်ပျောက် (မှန်ပါ့)၊ ကိုယ့်ဉာဏ်ထဲ ရောက်လာတာကဖြင့် ဖောက်ပြန်တာနဲ့ ပျက်စီးတာ ဤနှစ်ခုပဲ ရောက်လာတယ် (မှန်ပါ့ ဘုရား)။

ဖောက်ပြန်တာနဲ့ ပျက်စီးတာ ဤနှစ်ခုသာ ရောက်လာ တော့ ဒုက္ခသစ္စာ ရောက်တယ် (မှန်ပါ့)၊ ဖောက်ပြန်တာ ကလည်း ဒုက္ခသစ္စာ၊ ပျက်စီးတာ ကလည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါတွေ ရောက်လာတော့ ဪ ဒါဖြင့် ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ခပ်ကျဉ်းကျဉ်း ဖြင့်ကွာ မင်းတို့ ခန္ဓာ ဒုက္ခသစ္စာ (မှန်ပါ့)၊ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” ကိုး (မှန်ပါ့)၊ ခပ်ကျဉ်းကျဉ်း ပြောပါရစေကွာ ရှည်မနေပါနဲ့၊ မင်းတို့ခန္ဓာထဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ ရှိပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ခန္ဓာထဲ ဘာရှိပါလိမ့် (ဖြစ်ဒုက္ခ, ပျက်ဒုက္ခပဲ ရှိပါတယ် ဘုရား)။

လူပြော သူပြောတွေပျောက်ပြီ

ဟာ ဦးမာဒင် လူပြော သူပြော ပျောက်ပြီ (မှန်ပါ့)၊ ဒကာကြွယ် ဘာတုံး (လူပြော သူပြော ပျောက်ပါ ပြီ ဘုရား)။

လူပြော သူပြောပျောက်သွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဉာဏ်လှည့်ပါ ဉာဏ်လှည့်ပါ ဒကာ ဒကာမတို့၊ ခန္ဓာ ဉာဏ်လှည့်တော့ ဘာပျောက်သွားသတုံး (လူပြော သူပြော ပျောက်သွားပါတယ် ဘုရား)။

လူပြော သူပြော ဆိုတာက ယောက်ျား ထင်တဲ့အမှတ်၊ မိန်းမထင်တဲ့ အမှတ် (မှန်ပါ့)၊ မင့်ကိုယ် ကျားကိုးစီးစားလို့ မကုန်နိုင်ဘူး ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့)၊

အခုတော့ဖြင့် ဖောက်ပြန်တာနဲ့ ပျက်စီးတာ ချည့် တွေ့ရတဲ့ အတွက်တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌၊ ဪ အကျဉ်းတရား ဟောတော့ ဒုက္ခသစ္စာလို့ ပြောတာ၊ အရင်ကတော့ ဘုရားဟော စာထဲတွင် အောက်မေ့နေတာ၊

ယခုတော့ဖြင့် ခန္ဓာက ပြောပါပေါ့လားလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ခန္ဓာက ဒုက္ခသစ္စာလို့ ပြောတယ်

ဘယ်သူက ပြောပါလိမ့် (ခန္ဓာက ပြောပါတယ်)၊ ခန္ဓာက ပြောပြီ (မှန်ပါ့)၊ ခန္ဓာက ပြောတော့ ဘာလို့ပြော သတုံး (ဒုက္ခသစ္စာလို့ ပြောပါတယ်)၊ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ (မှန်ပါ့ ဘုရား)။

ဒုက္ခက-ဒုက ဆင်းရဲတာ၊ ခ,က အသုံးမကျတာ၊ သစ္စာက မှန်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ စက်ဆုပ်စရာ အသုံးမကျတာ၊ အမှန်ပဲ သွားဖြစ်တယ် (မှန်ပါ့)၊ ဒုက, ဒု-ကုစ္ဆိတံ ကိုး၊ စက် ဆုပ်အပ်တဲ့ တရား၊ ခ-က အသုံးမကျတာ (မှန်ပါ့)၊ သစ္စာက မှန်တာ (မှန်ပါ့)၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲ တွေ့တယ် ဘုရား (မှန်ပါ့ ဘုရား)။

ခန္ဓာဉာဏ်လှည့် လိုက်တော့ ဘာတွေ့သတုံး (စက် ဆုပ်စရာ အသုံးမကျတာ အမှန် တွေ့ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဉာဏ်လှည့်မှ တွေ့သနော် (မှန် ပါ့)၊ ဘာနဲ့လှည့်ရမတုံး (ဉာဏ်နဲ့ လှည့်ရပါမယ်)၊ ဉာဏ်နဲ့ လှည့်လိုက်တော့မှ စက်ဆုပ်စရာ အသုံးမကျတာ အမှန်လာ တွေ့တယ် (မှန်ပါ့ ဘုရား)။

နေရာကျပြီ၊ ဒါတွေ့ကတည်းကိုက ဒကာကြွယ်တို့၊ ဦးလှဘူးတို့၊ ဦးမာဒင်တို့က စဉ်းစားပေး၊ လူပြော သူပြော ပျောက်ပြီဘုရား (မှန်ပါ့)။

လူပြော သူပြော ပျောက်ပြီ (မှန်ပါ့)၊ လူပြော သူပြော အတိုင်း ကိုယ့်ကိုယ်က ငါသူလို့ ထင်နေတဲ့ အထင်လည်း (ပျောက်ပါတယ်)။

သညာနဲ့ဒိဋ္ဌိပျောက်တယ်

ဟာ ဒါဖြင့် ဒကာ ဒကာမတို့ သညာလည်း ပျောက်၊ ဒိဋ္ဌိလည်း ပျောက် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ယမိုက်ကျမ်းများကျတော့ ဒိဋ္ဌိသညာ-ဒိဋ္ဌိ၊ နှစ်မျိုးလာတယ် (မှန်ပါ့)၊ ဒိဋ္ဌိသညာလို့ ရှိသေးတာကိုး၊ ဒိဋ္ဌိ ချည့်သက်သက်လည်း ရှိတာပဲ (မှန်ပါ့)၊ အဲဒီတော့ သညာ လည်းပျောက် ဒိဋ္ဌိလည်း ပျောက် (မှန်ပါ့ ဘုရား)။

သညာဆိုတာက လူပြောသူပြော မှတ်ထားတာ၊ (မှန်ပါ့)၊ ဒိဋ္ဌိက မှတ်တဲ့အတိုင်း စွဲနေတာက ဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

လူပြော သူပြော မှတ်ထားတာက (သညာပါ)၊ မှတ် ထားတဲ့အတိုင်း တကယ် စွဲစွဲမြဲမြဲ ယူလိုက်တာက (ဒိဋ္ဌိပါ)။ အဲဒီတော့ သညာရော ဒိဋ္ဌိရော ပျောက်တယ် (မှန်ပါ့)၊ အဖိုးတန် လိုက်တာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ တရားနာတာ နာရီဝက် ရှိသွားပြီ (မှန်ပါ့)၊ ဘာပျောက်သွားသတုံး (သညာရော၊ ဒိဋ္ဌိရော ပျောက်ကွယ်သွားပါတယ် ဘုရား)။

အဲ ဒါကြောင့် စာသင်ဖူးတဲ့ ကိုယ်တော်တွေ ယမိုက်တွေ ဆိုဖူးတဲ့ ကိုယ်တော်တွေ “ဒိဋ္ဌိသညာ- သညာ၊ န သညာက္ခန္ဓော” ဆိုတာတွေဟာ ဒိဋ္ဌိသညာရော- ဒိဋ္ဌိရော အကုန် ပျောက် သွားတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေဟာ ဘယ်လိုဖြစ်သွား သတုံးလို့မေးတော့ ပဋိစ္စသမုပ္ပါဒ် ကလေးနဲ့ နားထောင်လိုက် (မှန်ပါ့)၊ ဒီကျတော့မှ ပိုရှင်းသွားမယ် (မှန်ပါ့ ဘုရား)။

ဘယ်လို ပိုရှင်းသွားသတုံး ဆိုတော့ ဒိဋ္ဌိသညာက ၁နံပါတ် ဒါ ဒိဋ္ဌိရိုးရိုး (မှန်ပါ့)၊ တော်တော် ကြာကျတော့ သူက ကြီးထွားလာတော့ ဒိဋ္ဌုပါဒါန် ဖြစ်မလာဘူးလား (ဖြစ်ပါတယ်)၊ အင်း ဒိဋ္ဌိသညာက ဒိဋ္ဌုပါဒါန် ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌပါဒါန်က ကြီးထွားလာတဲ့ အခါ သူကနေပြီး “ဥပါဒါနပစ္စယာ ကမ္မဘဝေါ” ဆိုပြီး ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံဖြစ်လာတယ် (မှန်ပါ့)၊

ကမ္မဘဝပစ္စယာ အပါယ်ဇာတိဆိုပြီး အပါယ်ကောင်ကြီး ပေါ်လာတယ် (မှန်ပါ့)၊ ဒီ ဒိဋ္ဌိ မပြုတ် လိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေ နားက၊ ဘုန်းကြီးပြော တာ နာလို့ ဉာဏ်က ခန္ဓာကိုယ် လှည့်လိုက်တာ ဒိဋ္ဌိသညာ လည်းပြုတ်၊ ဒိဋ္ဌုပါဒါန် လည်းပြုတ်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံလည်း ပြုတ်သွား သောကြောင့် တို့အပါယ် လေးပါးမှာဖြင့် ဇာတိမဖြစ်တော့ဘူးလို့ မှတ်လိုက် (မှန်ပါ့)၊ သိပ် အဖိုးတန်ပါတယ် (တန်ပါတယ် ဘုရား)။

အပါယ်လောက်မဆိုးပါဘူး

အားလုံး ဒကာ ဒကာမတွေ အပင်ပန်းခံ၊ အဆင်းရဲခံ ပြီး သကာလ လာကြရတယ်၊ တိုးတိုး ကြိတ်ကြိတ်နဲ့ မလှည့်သာ မပတ်သာနဲ့ နာကြရပေမယ့်လည်း အပါယ်လောက် မဆိုးဘူး ဆိုတာလည်း သိကြပါပြီ (သိပါပြီ ဘုရား)။

အဲဒီတော့ အဲဒီ အပါယ်ကို သွားဖို့ ကိစ္စဟာလည်း ဒိဋ္ဌိ ရှိမှသွားမယ် (မှန်ပါ့)၊ ယခုတော့ဖြင့် ခန္ဓာ ဉာဏ်လှည့်လိုက်တော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဖောက်ပြန် ပျက်စီးပဲ တွေ့ရမယ်၊ ယောက်ျားလည်း မတွေ့ဘူး၊ မိန်းမလည်း မတွေ့ဘူး (မှန်ပါ့)၊ သူများ ပြောထားတဲ့ အမှတ်တွေလည်း ပြုတ်ပြီ (မှန်ပါ့)။

အဲဒီ အမှတ်အတိုင်းကို ယူထားတဲ့ အယူကော (ပြုတ်ပါပြီ ဘုရား)၊ ကိုယ်ယူထားတဲ့ အယူက ဒိဋ္ဌိအယူ (မှန်ပါ့)၊ သူပြောတာ မှတ်ထားတာက အမှတ်ကိုး (မှန်ပါ့)။

အဲဒီတော့ ဒိဋ္ဌိသညာရော- ဒိဋ္ဌိရော ပြုတ်သွားပါပြီ (မှန်ပါ့) ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ် ကြည့်စမ်းပါ၊ ဖောက်ပြန် ပျက်စီးတာ မှတစ်ပါး ဘာများတွေ့သေးသလဲ (ဘာမှ မတွေ့ ပါ ဘုရား)။

နာကောင်းအောင်လို့ဟောတဲ့တရားမဟုတ်ဘူး

ဉာဏ်နဲ့ကြည့်စမ်းပါ၊ ဉာဏ်နဲ့ကြည့်စမ်းပါ၊ အားထုတ် နေတာ အခုဟာ (မှန်ပါ့ ဘုရား)၊ အားထုတ် နေတာ တရား ပွဲ အဆုံးမှာ ကိစ္စပြီးအောင်လို့ ဟောနေတဲ့ တရားပါ၊ နာကောင်းအောင်လို့ ဦးမာဒင် ဟောတဲ့တရား မဟုတ်ပါဘူး (မှန်ပါ့)။

ခန္ဓာဉာဏ်လှည့်ပြီး သကာလ ဒီအထဲတွင် အခု နာရီ ဝက်ရှိပါသေးတယ်။ အခု ဘုန်းကြီး ပြောတဲ့ အတိုင်း ဒကာ ဒကာမတွေက တရားနာပြီး ဉာဏ်က ဖောက်ပြန် နေတာ၊ ဪ ပျက်စီးနေ ပြန်ပါပေါ့လားလို့ အချက် ကလေးတွေ ထင်လိုက်လို့ ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝမ်းထဲမှာရှိတဲ့ ဒိဋ္ဌာနုသယဆိုတဲ့ ငရဲမျိုးစေ့ မရှိတော့ဘူး (မှန်ပါ့)။

ကျေးဇူးများပါတယ်

ဒိဌာနုသယဆိုတဲ့ ငရဲမျိုးစေ့(မရှိတော့ပါဘုရား)၊ ဪ တို့ဆင်းရဲခံရတာ နာရီဝက်တည်းနဲ့ပဲ ဆင်းရဲကလေး ပိုးစုန်းကြူးလောက် ခံရတာနဲ့ မြင်းမိုရ်တောင်လောက် ဆင်းရဲ ကြီးတွေ မရှိတော့ဘူး (မှန်ပါ့)၊ ဒါလောက်ထိအောင် ကျေးဇူးများ ပါတယ် (များပါတယ်ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဪ တို့အတွက်ဖြင့် တော်တော်ကြီးတဲ့ ဘုန်းကံ ပါရမီနဲ့မို့ ဒီအခြေအနေ ဒီအကြောင်း လာဆိုက်တာပဲ ဆိုတာ ကိုယ့်ဟာကိုယ် ဝမ်းသာ လိုက်စမ်းပါ (မှန်ပါ့)။

ဒီ ဝမ်းသာမျိုးကတော့ဖြင့် ဒကာ ဒကာမတို့သာ ကောင်းတယ်လို့ မှတ်ပါ (မှန်ပါ့)၊ အပါယ် လေးပါး ဘဝ ကျွတ်လို့ ဝမ်းသာရတာ ဦးမာဒင်ရေ (မှန်ပါ့)၊ ဒကာကြွယ် သိပ်အဖိုးတန်တယ်နော် (တန်ပါတယ်ဘုရား)။

အားလုံး ဒကာ ဒကာမတွေက နားက နာပါနော် (မှန်ပါ့)၊ ဉာဏ်က ဘယ်လှည့်မတဲ့ (ခန္ဓာ လှည့်ရပါမယ် ဘုရား)၊ ခန္ဓာ လှည့်တော့ ခန္ဓာက ဘယ်လိုများ ပြောပါလိမ့် (ဖောက်ပြန် ပျက်စီးတာ ပြောပါတယ်)၊ ဖောက်ပြန်တာနဲ့ ပျက်စီးတာပဲ ပြောမယ် (မှန်ပါ့)။

မူလကပျက်စီးတယ်၊ နောက်ဖြစ်လာတာက (ဖောက်ပြန်ပါတယ်ဘုရား)။

တော်တော်ကြာ အဲဒီဖောက်ပြန်တာကလေးက မူလဖြစ်ပြီး သကာလ မူလဟာ ဘာဖြစ်ပြန် သတုံး- (ပျက်စီးပါတယ်) နောက် ဒိထက် ဖောက်ပြန်တာက လာပြန်ရော (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ တစ်ကိုယ်လုံးမှာ ဖောက်ပြန် တာနဲ့ ပျက်စီးတာပဲ လှည့်နေတယ် (မှန်ပါ့) ဖောက်ပြန် တာက ဒုက္ခသစ္စာ၊ ပျက်စီးတာကလည်း ဒုက္ခသစ္စာ (မှန်ပါ့)။

ဪ ဒါဖြင့် ဘုရားက ငါ ရှည်ရှည်မပြော ပါရစေနဲ့ အကျဉ်းသာ ပြောရလို့ရှိရင်ဖြင့် မင်းတို့ခန္ဓာ ဒုက္ခသစ္စာတဲ့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မင်းတို့ခန္ဓာဟာဒုက္ခသစ္စာ

မင်းတို့ခန္ဓာ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ခြွင်းချက် မရှိ အမြင်အကျယ်ဆုံး ပုဂ္ဂိုလ် ပြောတာနဲ့ ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့် လိုက်တော့ တစ်သားတည်း ဖြစ်သွားတယ် (မှန်ပါ့)။

ခြွင်းချက်မရှိ အမြင် အကျယ်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားက အကျဉ်း ပြောမယ်၊ မင်းတို့ ခန္ဓာဟာ ဒုက္ခသစ္စာ (မှန်လှပါ)။

အကျဉ်း ပြောမယ် ဒုက္ခသစ္စာ လို့ ကိုယ်တော်ကြီး က ဓမ္မစကြာမှာ မိန့်ထားတာနဲ့ ကျုပ်တို့ ခန္ဓာကိုယ် ဉာဏ်လှည့် ကြည့်လိုက်တာနဲ့ ဟပ်သွားတယ် (မှန်ပါ့) တစ်သားတည်း မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

တစ်သားတည်း သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လူပြော- သူပြော ဒိဋ္ဌိသညာလည်း ကုန်၍ ဒိဌာနုသယလည်း ချုပ် ပါပြီ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိသညာလည်း ကုန်ပါပြီ (မှန်ပါ) ဒိဌာနုသယ လည်း (ချုပ်ပါပြီ ဘုရား) ဒကာသစ်ရေ သေပျော်ပြီ (မှန်ပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဘယ်လို စိတ်ကူးကြမလဲ (သေပျော်ပါပြီ) သေပျော်တဲ့ တရားလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

အပါယ်ခန္ဓာ ဟူသရွေ့ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ တရားလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

အကယ်၍ ဒီတရားပွဲက ပြန်သွားတော့ တပည့်တော် တို့ ဘု ရား လောဘတွေ၊ ဒေါသတွေ၊ မောဟတွေက အိမ်ကျပြန်တော့ လာတာပဲဘုရာ့၊ အို ဒါကတော့ မကုန် သေးတာလာတာပဲ (မှန်ပါ့)။

မကုန်သေးတာ လာတာပဲ၊ ဒီအတိုင်းသာ ခင်ဗျားတို့ ဆက် အားထုတ်လို့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး မြင်လိုက်လို့ ရှိရင်၊ ကျန်တာတွေ လာတာဟာလည်း အပါယ်သွားဖို့ လာတာ မဟုတ် ပါဘူး ဒကာ ဒကာမတို့၊ ကိုယ်ရ, ထားတဲ့ မဂ်က မနိုင်သေးတာတွေ လာတာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်အရေးမို့လို့ပြောပါတယ်

အဲဒါကြောင့် ဒုက္ခဆုံးတဲ့ နိဗ္ဗာန် ရောက်အောင်ဖြင့် အားလုံး တိုက်တွန်း လိုက်ပါတယ်၊ မရောက်- ရောက်အောင် လုပ် ပါ၊ ကိုယ့်အရေးမို့ ပြောပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ထမင်းချက်တာသည် ေဩာ် ကိုယ့်အရေး မဟုတ် ပါဘူး၊ ဧည့်သည်လာလည်း စားဖို့ ဆိုတော့ ဧည့်သည်လည်း ပါ- ပါသေးတယ် (မှန်လှပါ) ဒီအသုဘ ကောင်ကြီး, ကြီးပွားရေးလည်း ပါပါသေးတယ် (မှန်ပါ့) ကိုယ့်အရေးက မပါ, ပါဘူး (မပါပါ ဘုရား)။

ထမင်းချက်တာသည် ဒကာ ဒကာမတွေ ဘယ်သူ့ဖို့ ချက်သတုံး၊ ကိုယ့်ဖို့လည်း ပါ-ပါတယ်၊ ဧည့်သည် စောင်သည် လာလည်း ကျွေးဖို့ပါပဲ ဆိုတော့ သြော်- ထမင်းချက်နေတဲ့ ဒကာ ဒကာမကို မေးရတာ သူ့အရေးကို မပါသေးဘူး (မပါသေးပါ ဘုရား)။

အသုဘကောင် ကြီးပွားရေးရယ်, ဧည့်ဝတ် စောင်ဝတ် ကျေရေးရယ် ဒါပဲ ရှိသေးတယ် (မှန်ပါ့)။

အခု ခဏကလေး နှလုံးသွင်းလိုက်ရတာက ကိုယ့် အရေး ချည့် မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အပါယ်မှကယ်တင်တဲ့အရေး

ကိုယ့်ကိုယ်အပါယ်လေးပါးမှ ကယ်တင်တဲ့အရေး (မှန်ပါ့ ဘုရား) ရောက်တာ ကယ်တင်တာ လားတဲ့ ရောက်မည့် တရားတွေ ဖျက်ဆီးပြီး ကယ်တင်တာလား (ရောက်မည့် တရားတွေ ဖျက်ဆီးပြီး ကယ်တင်တာပါ ဘုရား)။

တယ်လည်း အဖိုးတန်ပါကလား ဒကာကြွယ်ရေ အင်မတန် အဖိုးတန်တယ်နော် ဒကာ ဒကာမတို့ (မှန်ပါ့)။

ဉာဏ်လှည့်တော့ ခန္ဓာထဲ ဘာတွေ့ကြပါလိမ့် (ဖောက် ပြန်ပျက်စီးတာတွေ့ပါတယ် ဘုရား)။

စဉ်းစားပါ-စဉ်းစားပါ ဒကာ ဒကာမတို့၊ ပူလာတာဟာ နဂိုတုန်းက ကာလား၊ အခုမှ ပူတာလား။ (အခုမှပူတာပါ ဘုရား)။

ဒါဖြင့် ပူတာသည်ကားလို့ဆိုရင် ဖောက်ပြန်လာတော့ ခုနင်က နဂိုက အေးနေတာ ကလေးဟာ ပျက်စီးတာပဲ (မှန်ပါ့ ဘုရား)။

အေးတာ ပျက်စီးပြီး ပူတာဖောက်ပြန် (မှန်ပါ့) အင်း ခန္ဓာကိုယ်ထဲ မျက်စိ, နား, နှာခေါင်း လျှာတွေ့သလား ဖောက်ပြန် ပျက်စီးတာပဲ တွေ့နေသလား (ဖောက် ပြန်ပျက်စီးတာပဲ တွေ့နေ ပါတယ် ဘုရား)။

ဖောက်ပြန်ပျက်စီးတာပဲ တွေ့တယ် (မှန်ပါ့) လောကီ ဥပမာ ပြောကြပါစို့ ဆိုလို့ရှိရင်ဖြင့် တဲ့

ဒကာ ဒကာမတွေက ရေးပုံးကြီးထဲ ရေတွေထည့်ပြီး သကာလ၊ ဟိုဘက်စောင်းလိုက် ဒီဘက် စောင်းလိုက် ဆိုတော့ ဒကာ ဒကာမတွေ ဘာတွေ တွေ့ သတုံးလို့ မေးတဲ့ အခါကျတော့ အဲဒီ အထဲမှာဖြင့် စောင်းတာနဲ့ တည့်တာပဲ ဆိုတဲ့ အဓိပ္ပာယ် မရ ပေဘူးလား (ရပါတယ် ဘုရား)။

ဟိုဘက်စောင်းလိုက်, ဒီဘက်တည့်လိုက်၊ ရေတွေ လှုပ်နေတော့လေ (မှန်ပါ့) ဒကာ ဒကာမတွေ ရေတွေ တွေ့သလား။ စောင်းတာနဲ့ တည့်တာ တွေ့သလား မေးရင် ဘယ့်နှယ်ပြောမှတုံး (စောင်းတာနဲ့ တည့်တာပဲ တွေ့ပါတယ် ဘုရား)။

ဒီမှာလည်း ယောက်ျား, မိန်းမပျောက်ပြီး ဖောက်ပြန်တာနဲ့ ပျက်စီးတာပဲ ဆိုတဲ့ စောင်းတာနဲ့ တည့်တာပဲ တွေ့တယ် (မှန်ပါ့) ရေပျောက်နေတယ် (မှန်ပါ့ ဘုရား)။

ထို့အတူပဲ ယောက်ျား၊ မိန်းမပျောက်ပြီး သကာလ ဖောက် ပြန်တာနဲ့ ပျက်စီးတာ နှစ်ခုပဲ လာတွေ့တယ်။ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာလာတွေ့ပါလိမ့် (ဖောက်ပြန်တာနဲ့ ပျက်စီး တာ နှစ်ခုပဲ လာတွေ့ပါတယ်) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အို ဒကာ ဒကာမတို့ တညီတညာတည်း ထွက်လာတဲ့ ဒီအသံကလေးဟာက ပြီးပြီးသား ပါရမီရှိတဲ့ ပုဂ္ဂိုလ်မို့ ပြိုင် ထွက်လာတာ (မှန်ပါ့ ဘုရား)။

ပြီးပြီးသားပါရမီရှိတဲ့ပုဂ္ဂိုလ်တွေ

ပြီးပြီးသားပါရမီရှိတဲ့ ပုဂ္ဂိုလ်မို့ ပြိုင်ထွက်လာတဲ့ အတွက် ဪ ဘုရားက မှာထားခဲ့တာနဲ့ ကိုက်လေခြင်းလို့ အောက် မေ့စမ်းပါ (မှန်လှပါ ဘုရား)။

ရှင်အာနန္ဒာက အရှင်ဘုရား ပရိနိဗ္ဗာန် စံရင် သာသနာ ကြီးဖြင့်ဘုရား ကိုယ်ကျိုးနည်း ပေါ့တဲ့ (မှန်ပါ့) အကွယ်ကြီး ကွယ်တော့မှာပဲတဲ့ (မှန်လှပါ)။

ဟာ အာနန္ဒာ မင်းလွဲတာပေါ့ကွတဲ့ (မှန်ပါ့)

“ယော ဝေါ အာနန္ဒာ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော သော ဝေါ မမစ္စယေန သတ္ထာ” ဆိုတော့ ငါဟာ သုတ် အဘိဓမ္မာတွေ ထားပစ်ခဲ့တယ်။ ဝိနည်းတွေ သီလတွေ ထားပစ် ခဲ့တယ်၊ သီလပညာတွေ ထားပစ်ခဲ့တယ်၊ အဲဒီဆရာ တွေက ချွတ်ဦးမှာကွတဲ့ (မှန်ပါ့)။

အခုဟာကို ရိပ်မိကြပလား (ရိပ်မိပါပြီ) ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။

အဘိမ္မာတွေကချွတ်နေတာ

ဪ ဒီဆရာတွေက ခုဒို့ကို ချွတ်နေတာကိုး (မှန်ပါ့) အဘိဓမ္မာတွေ, သုတ္တန်တွေက ချွတ်နေတာ (မှန်ပါ့) အဲဒါ တွေ ဘုရားလုပ်ပြီး သကာလ ချွတ်နေတာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ဉာဏ်ကလည်း အဘိဓမ္မာပဲ (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကလည်း အဘိဓမ္မာပဲ (မှန်ပါ့) အဲဒါကို ဘုန်းကြီး က ဒီအဘိဓမ္မာနဲ့ ဒီအဘိဓမ္မာကို ကြည့်စမ်းပါ (မှန်ပါ့)။

ဉာဏ်အဘိဓမ္မာက နေပြီး ခန္ဓာအဘိဓမ္မာ ကြည့်စမ်းပါ (မှန်ပါ့) ကြည့်လိုက်တော့ ဘာတွေ တွေ့သလဲ (ဖောက် ပြန်တာနဲ့ ပျက်စီးတာတွေ တွေ့ပါတယ် ဘုရား)။

ဖောက်ပြန်ပျက်စီးတာပဲ တွေ့တယ် ဆိုတော့ဉာဏ် အဘိဓမ္မာကလည်း အင်း ဘုရားပေးတဲ့ ဆရာပဲ (မှန်ပါ့) ခန္ဓာ အဘိဓမ္မာကလည်း ထို့အတူပဲ ခန္ဓာကြည့်ကြလို့ ပြောထားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်အဘိဓမ္မာနဲ့ ခန္ဓာအဘိဓမ္မာ ကြည့်လိုက်တာ တစ်ခါတည်း ဖောက်ပြန် ပျက်စီးတဲ့ ဒုက္ခသစ္စာကြီး နှစ်ခု ဖြိုင်ဖြိုင်ကြီး တွေ့တာပဲ (မှန်ပါ့) မတွေ့ လားဗျာ (တွေ့ပါတယ် ဘုရား)။

ဘုရားမရှိရင်၊ ဒါဆရာတွေပေါ့

အင်း ထိုကဲ့သို့ တွေ့တာ ထောက်လိုက်လို့ ရှိရင်ဖြင့် ငါဘုရား မရှိရင် ဆရာတွေ, ဒါတွေ ပေါ့ကွာတဲ့ (မှန်ပါ့) မမှန် ဘူးလား (မှန်ပါ့ ဘုရား)။

ဘုရားမရှိမှ ဦးမာဒင် ကျွတ်တမ်းဝင်လိုက်တာ မရေ တွက်နိုင်ဘူးနော် (မှန်ပါ့) ဓမ္မာသောကမင်း မတိုင်ခင်ကကော (မနည်းပါ) မိလိန္ဒတို့ခေတ် နှစ်ပေါင်း နှစ်ရာကျော်မှာ လည်း မနည်းပါဘူး (မှန်ပါ့ ဘုရား)။

အဲဒါတွေဟာ ဘုရားမရှိမှ ကျွတ်တာတွေ “ယော ဝေါ အာနန္ဒာ မယာ ဓမ္မောစ ဝိနယောစ’’ ဆိုတဲ့ ဓမ္မဝိနယက ဆရာ လုပ်သွားတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားတွေရှိတုန်းပါပဲ

အဲဒီတော့ ဒကာ ဒကာမတွေက ဆရာကောင်း သမား ကောင်းနဲ့၊ ကိုယ့်ဉာဏ် ဝီရိယ ကောင်းကောင်းနဲ့ ခန္ဓာကို ကြည့် တတ်အောင်၊ ပြောတတ်တဲ့ ဆရာနဲ့ ခင်ဗျားတို့ကလည်း လုံ့လ ဝီရိယ မလျှော့ဘဲနဲ့ ကြည့်ကြမယ် ဆိုရင်ဖြင့် ခင်ဗျားတို့ သန္တာန်မှာ ဘုရားတွေ ရှိတုန်းပါပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘုရားတွေ ကွယ်ပလား ဘုရားတွေ ရှိတုန်းပဲလား (ရှိတုန်းပါ ဘုရား)။

အဲဒီတော့ ဪ ဒကာ ဒကာမတွေက မသိကြ တော့ဘုရား ကလည်း ပရိနိဗ္ဗာန်စံတာ စောလိုက်တာ၊ ဒို့ကလည်း ဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၂၅၀၀-အတွင်း ရောက်မှ ၂၅ဝဝ ကျော် လောက်မှ လူလား မြောက်တယ်၊ တို့ကံများ ခေလိုက် တာလို့ မအောက်မေ့ပါနဲ့ (မှန်ပါ)

ဘုရားက ခင်ဗျားတို့ကို ချွတ်ဖို့ မလိုဘူး (မှန်ပါ့) ငါချွတ်ရမည့် ပုဂ္ဂိုလ်က ပဉ္စဝဂ္ဂီအစ သုဘဒ် အဆုံး ဆိုတော့ အဲဒါ ငါ့လူတဲ့ (မှန်ပါ့)။

ရှင်အာနန္ဒာကို ဓမ္မ, ဝိနယနဲ့ သူ့ဆရာနဲ့ သူကျွတ်လိမ့် မယ်ကွတဲ့ (မှန်ပါ) ဒါကို ခင်ဗျားတို့က ဒီလို မတွက်တတ်တော့ ေဩာ်-ပါရမီများ သေးသိမ် မှေးမှိန်လိုက်တာ (မှန်ပါ့)။

ဘုရားရှိတယ်လို့ ဆုံးဖြတ်ချက်ချပါ

ပါရမီသေးသိမ် မှေးမှိန်လိုက်တာ၊ ဘုရားအဆူဆူနဲ့ လွဲခဲ့ ကြရသလို ဂေါတမဘုရားလည်း နောက်ဆုံးပိတ် အသံသာ ကြားလိုက်ရတယ်၊ အလွဲကြီး လွဲနေသေးတယ်လို့ မျက်ရည်ကြီး ငယ်တော့ မကျလိုက်ပါနဲ့ (မှန်ပါ့) ဘုရား ရှိတယ်လို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့ ဘုရား)။

“ယောဝေါအာနန္ဒ (၂)သတ္ထာ” လို့ သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာန သုတ်မှာ သေသေချာချာ ပါလာတယ်။ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဘုရားရှိသလား မရှိဘူးလား (ရှိပါတယ်) ရှိတယ်တဲ့ ခင်ဗျားတို့ သန္တာန်ကို ဟောပြောနေတာ (မှန်ပါ့) ဒါတွေက ဘုရားတွေပဲ မှတ်လိုက် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် တရားနာတာလည်း တော်တော် ကလေးကြာသွားတော့ နားက ဘာလုပ်ကြရမယ် (တရား နာရပါမယ်) နားကတရားပဲ နာကြမယ် (မှန်ပါ့) ဉာဏ်က ဘယ်လှည့်ရမလဲ (ခန္ဓာလှည့် ရပါမယ် ဘုရား)။

ခန္ဓာကဘာတွေများပြောပါလိမ့်

ခန္ဓာလှည့်တော့ ခန္ဓာက ဒကာသစ်ရေ ဘာတွေများ ပြောပါလိမ့်မလဲ (ဖောက်ပြန် ပျက်စီး တာတွေ ပြောပါ တယ်) ဖောက်ပြန်ပျက်စီးတာပဲ ပြောတယ် (မှန်ပါ့)။

ဒကာကြွယ် ဘာတွေများ ပြောသလဲ (ဖောက်ပြန် ပျက်စီးတာပဲ ပြောပါတယ်) ယောက်ျားလို့ လည်း (မပြောပါဘူး- မပြောပါ ဘုရား) မိန်းမလို့ကော (မပြော ပါ) ငါလို့လည်း (မပြောပါ ဘုရား) သူလို့လည်း (မပြောပါ) ဘယ်လိုများ ပြောပါလိမ့် (ဖောက်ပြန် ပျက်စီးတာပဲ ပြော ပါတယ် ဘုရား)။

ဖောက်ပြန် ပျက်စီးတာက ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ) ဟာ သူက ဒုက္ခသစ္စာလို့ ပြောနေပါကလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဘာလို့ ပြောပါလိမ့် (ဒုက္ခသစ္စာလို့ ပြောပါတယ်) အင်း ဒါဖြင့် သူများ ပြောတာတွေ အကုန် ရှင်းသွားပြီ (ရှင်း ပါပြီ)။ သူများ ပြောတာတွေ ဘယ့်နှယ် ဖြစ်ကြသတုံး (အကုန်ရှင်း ပါပြီ ဘုရား)။

အကုန်ရှင်းသွားတာ ထောက်လိုက်တဲ့ အခါကျတော့ သူများပြော ဆိုတဲ့ အမှတ်မှား (မှန်ပါ့) ကိုယ့်အယူဆိုတဲ့ အထင် မှား (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

သူများပြောက အမှတ်မှား (မှန်ပါ့) သူများပြော တဲ့အတိုင်း ကိုယ်ယူထားတဲ့ အယူမှား (မှန်ပါ့) ဟာ- ဒါဖြင့် ဒကာ ဒကာမတို့ အမှတ်မှား အယူမှား ပြုတ်ပြီ၊ ခန္ဓာကပြော လိုက်တာနဲ့ (မှန်ပါ့ ဘုရား)။

ခန္ဓာကပြောလိုက်တာနဲ့ ဘာတွေများ ပျောက်သွား သတုံး (အမှတ်မှား, အယူမှား ပျောက်သွား ပါတယ်) ဒါဖြင့် သညာဝိပ္ပလ္လာသ ပျောက်၍ ဒိဋ္ဌိဝိပ္ပလ္လာသ ချုပ်တာပဲ (မှန်ပါ့ ဘုရား)။ အင်မတန် အဖိုးတန် ပါကလား ဒကာကြွယ်ရေ (အဖိုးတန်ပါတယ် ဘုရား)။

ဟောတဲ့ပုဂ္ဂိုလ်က ပိုဝမ်းသာတယ်

နာရတဲ့ပုဂ္ဂိုလ်ဝမ်းသာတာထက် ဟောတဲ့ပုဂ္ဂိုလ်က အမှန်အကန်ကြီး ပြောဆိုပြီး သကာလ နေရတဲ့ အတွက် ဒကာ ဦးမာဒင်ရေ ပိုဝမ်းသာတယ် (မှန်ပါ့) အင်မတန် ဒကာ ဒကာမတွေ အတွက် လည်း ဝမ်းသာတယ်၊ ခင်ဗျားတို့ကလည်း ေဩာ် ဒုက္ခခပ်သိမ်း ငြိမ်းဆိုတာ အမှန်မြင်ရင် ငြိမ်းတာကိုး လို့သာ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒုက္ခခပ်သိမ်းငြိမ်း ဆိုတာ (အမှန်မြင်ပြီး ငြိမ်းတာ ပါ ဘုရား)။ အမှန်မြင်လို့ ရှိရင်ဖြင့် နောက်အမှားတွေ လာသေးရဲ့လား (မလာပါ)

ဒါဖြင့် အမှားမှ မလာတော့ အမှားနိုင်ငံ ဆိုတဲ့ အပါယ်လေးရွာ ကျုပ်တို့ သွားစရာရှိသေးရဲ့ လား (မရှိပါ ဘုရား) အဲဒါကြောင့် ဘုန်းကြီးလည်း ပိုမိုဝမ်းသာပါတယ် (မှန်ပါ့ ဘုရား)။

ပိုမိုဝမ်းသာတယ် ဆိုတာ ရွာထဲ ရပ်ထဲ ရောက်တော့ဖြင့် သူပဲ ငါပဲ ယောက်ျားပဲ၊ မိန်းမပဲတော့ ထင်ကြဦးမှာပဲ (မှန်ပါ့) ထင်ပင်ထင်ငြား သော်လည်း မပူပါနဲ့ ဉာဏ်ဝင် ကြည့် လိုက်ရင် အကုန်ရှင်း သွားမှာပါ (မှန်ပါ့ ဘုရား)။

အထင်ကို ဉာဏ်ဝင်လိုက်ရင် (ရှင်းသွားပါမယ်) အကုန်ရှင်းသွားလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေတဲ့ ဒါသည် သမ္မာဒိဋ္ဌိ မျက်လုံး ရတာပဲ (မှန်ပါ့ ဘုရား)။

ဘယ်မျက်လုံးရပါလိမ့် (သမ္မာဒိဋ္ဌိမျက်လုံး ရပါတယ် ဘုရား) သမ္မာက- မှန်ကန်တာ၊ ဒိဋ္ဌိက-မြင်တာ (မှန်ပါ့) အမှန်မြင်ပေါ့ဟေ့ ဆိုတော့ အမှန်မြင်ရင် မဂ္ဂင်ပဲ (မှန်ပါ့)

အမှန်မြင်ရင် မဂ္ဂင်ဖြစ်ခဲ့လို့ ရှိရင်ဖြင့် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဘိက္ခဝေ = ရဟန်းတို့၊ အယံ မဂ္ဂေါ =ဤအမှန်မြင်မဂ္ဂင်ရတဲ့သူသည်၊ ဧကာယနော = တစ်ကြောင်း တည်းနဲ့ နိဗ္ဗာန် ရောက်၏ (မှန်ပါ့ ဘုရား)။

ဘာမှပူမနေပါနဲ့

ဪ အမြင်မှန်လို့ ခင်ဗျားတို့ နိဗ္ဗာန်ရောက်ပါ တယ်၊ ကဲ- ဘာမှ ပူမနေပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ကိုယ့်ခန္ဓာ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တော့ လူပြော သူပြော ပျောက်ပါရဲ့လား (ပျောက်ပါတယ်) လူပြော သူပြောနဲ့ ကိုယ်စွဲနေတဲ့ ဒိဋ္ဌိစွဲကြီးကော (ပျောက်ပါတယ်) ဟာ ဒါဖြင့် သညာဒိဋ္ဌိ ပြုတ်တာပဲ (မှန်ပါ့) တယ်လည်း အဖိုးတန်တယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် သေပျော်ပြီ မဟုတ်လား (သေပျော် ပါပြီ) အားလုံးနောက်က ဒကာ ဒကာမတွေ နားကြီးလေလေ ဪ တကယ့် အကြုံကြီးကြုံတာပဲ ဆိုတာ ပေါ်လေလေပဲ (မှန်ပါ့) နားကြီးမှ- နားကြီးမှ (မှန်ပါ့ ဘုရား)။

နားကြီးလေလေ အဖိုးတန်လေလေ

နားကြီးလေလေ အဖိုးတန်လေလေပဲ (မှန်ပါ့) သဘော ပါကြပလား (ပါ-ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယခုနားက ဘုန်းကြီး ပြောတဲ့တရားနာလို့၊ ဉာဏ်က ခန္ဓာကိုယ် လှည့်လိုက် တာ ဒိဋ္ဌိ ပျောက်တယ်၊ ဝိစိကိစ္ဆာ ကတော့ အထူး ပယ်စရာ မရှိဘူးတဲ့ အင်္ဂုတ္တိုရ်က (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိနိရောဓော ဖြစ်လို့ရှိရင် ဝိစိကိစ္ဆာနိရောဓော ဖြစ်တာ ပဲ (မှန်ပါ့) ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ ပြုတ်တာပဲ ဟေ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အပါယ်မကျတာ တာဝန်ခံပါတယ်

အဲဒီတော့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တယ် ဆိုတော့ ဒကာ ဒကာမတို့ တစ်ခါတည်း စူဠသောတာပန် သေချာ သွားတယ် (သေချာပါတယ်) ကဲ အပါယ် မကျတာဖြင့် အခုနာရီ သုံးမတ်နဲ့ပဲ တာဝန်ခံပါတယ် (မှန်ပါ့) တစ်ဘဝ, နှစ်ဘဝ အပါယ် မကျဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ကိုင်း လုံးလုံး မကျတဲ့နည်းကို ယူဦးမလားလို့ မေးရင် ခင်ဗျားတို့ အကုန် လက်ခံရမယ် (လက်ခံ ရပါမယ်) လုံးလုံးမကျတဲ့ နည်းလည်း ကျန်သေးတယ်၊ ဒါပေးရဦးမယ် (မှန်ပါ့ ဘုရား)။

အခုဟာလည်း တစ်ဘဝ နှစ်ဘဝသာဖြင့် ဘုန်းကြီးက အခုနာရီ သုံးမတ် ဟောတာနဲ့ပဲ ခင်ဗျားတို့ကလည်း ဖောက်ပြန် ပျက်စီးမှတစ်ပါး ဘာမှ မရှိဘူး၊

ဒုက္ခသစ္စာ တစ်ခုတည်း ရှိတယ်လို့ (ခင်ဗျားတို့ ဉာဏ်ထဲမှာလည်း ဆုံးဖြတ်ချက် ချလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်ဘဝ, နှစ်ဘဝ အပါယ်မကျဘူး ဆိုတာသေချာတယ် (မှန်ပါ့ ဘုရား)။

နတ်သုဂတိရောက်တယ်

တစ်နည်းအားဖြင့်လည်း အင်္ဂုတ္တိုရ် ပါဠိတော်အလို ပြော ရမယ်ဆိုရင် ဘုရားဟောထားတဲ့ သဘော ဆိုလို့ရှိရင်ဖြင့်၊ ဒီဘဝ က – စုတေ နတ်သုဂတိရောက်၊ နတ်သုဂတိ ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း၊ အိပ်သော ယောက်ျား နိုးသောလားကဲ့သို့၊ နတ်ဘုံ ဗိမာန်ထဲမှာ ငါသည် လူ့ပြည်မှာ တရားအားထုတ် လာပါကလား ဆိုတာ ချက်ချင်း သတိပေါ်ပြီး၊ နတ်ဉာဏ်နဲ့ ခန္ဓာ ကြည့်လိုက်တော့၊ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ တစ်ခါတည်း နတ်မျက်လုံးနဲ့ ဆိုတော့ ကျုပ်တို့ အမြင်ထက် ရှင်းသွားတယ် (မှန်ပါ့ ဘုရား)။

သောတာပန်အစစ်တည်တယ်

ဖောက်ပြန် ပျက်စီးတာ မြင်လာတယ် (မှန်ပါ့) အဲဒီ ဗိမာန် ထဲမှာ သောတာပန် အစစ် တည်တယ် (မှန်ပါ့) ဘယ်လောက် ကျေးဇူးများတယ် ဆိုတာပေါ် ပလား (ပေါ်ပါပြီ) အဲဒါက ဒုတိယ ဘဝ ရောက်ပြီး တည်ပုံ ပြောပါတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒီဘဝတည်ပုံကလေး အမြင်မှန် ပြောကြ ပါဦးစို့ (မှန်ပါ့) ဒီဘဝ တည်ပုံကလေး အမြင်မှန် ပြောကြပါဦးစို့ ဆိုတော့ ဒကာကြွယ် ဒီဟာလည်း တော်တော် အရေးတကြီး နားထောင်ရမယ် (မှန်ပါ့ ဘုရား)။

ဒီဟာ တော်တော် အရေးတကြီးနားထောင်ရမယ် ဒကာ ဒကာမတို့ (မှန်ပါ့) ခုနင်က အမြင် ပေါ်မှာ အမြင်ဆုံး ရလိမ့်ဦးမယ် (မှန်ပါ့) ခုနင်က အမြင်မှန်သာ ရတယ် အမြင်မဆုံးသေးဘူး (မှန်ပါ့ ဘုရား)။

အမြင်မဆုံးသေးဘူး

အမြင်တော့ (မဆုံးသေးပါဘူး) အမြင်မှန်တော့ ရထားပြီတဲ့ အမြင်မှန်၏ လမ်းဆုံး ရောက်ပလားလို့ မေးတော့ မဆုံးသေးဘူး (မဆုံးသေးပါ ဘုရား)။

ဒါဖြင့် အမြင်မှန်က နေပြီး အမြင်မှန်လမ်းဆုံးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တက်ပါဦး (မှန်ပါ့ ဘုရား)။

အမြင်မှန်က နေပြီး (အမြင်မှန်လမ်းဆုံးကို တက် ရပါမယ်) အမြင်မှန် လမ်းဆုံး တက်ပါဦး ဆိုတာကိုလည်း ဒကာကြွယ်ပြောရလိမ့်မယ် (မှန်ပါ့)

ဘာ့ကြောင့်ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးက ဒါရုစီရိယတို့လို ဖြစ် မှာစိုးရတယ် (မှန်ပါ့ ဘုရား)။

ဒါရုစီရိယ

ဒါရုစီရိယဟာ အခုတရားနာလို့ အခုပဲ သောတာပန် သကဒါဂမ်၊ အနာဂါမ်, ရဟန္တာ ဘုရား ခြေဖမိုး ကိုင်ရင်း ဖြစ်သွားတယ် (မှန်ပါ့)

တပည့်တော် သင်္ကန်းဝတ်ပါရစေတော့ ဘုရားတဲ့၊ သူက သင်္ကန်း မလှူဖူးတဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ မင်းကွာ သင်္ကန်း ရှာချေဦး၊ သုသာန်တို့ ဈေးတို့မှာ အဝတ်စုတ်တွေ သွားရှာချေဦး (မှန်ပါ့) ဟာ ရှာချေဦးမယ်ဘုရာ့ ဆိုပြီး ရှာရင်းမတ္တနဲ့ နွားဝှေ့ သေရတယ် (မှန်ပါ့ ဘုရား)။

သင်္ကန်းဝတ်မလို့ သင်္ကန်း ရှာသွားတာ ဒကာကြွယ် ဝတ် လိုက်ရသလား၊ အသေက စောသွား သလား (အသေက စောသွားပါတယ် ဘုရား)။

အမြင်လမ်းဆုံးလိုက်မှအေးမယ်

ခန္ဓာကိုယ်ဆိုတာက ဒကာ ဒကာမတို့ အသေနေရာ ရွေးသလားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မရွေးပါ ဘုရား)။

အဲဒီတော့ သူဒီအထဲမှာပဲ ကျန်းမာတုံး ဒီထဲမှာပဲ အမြင်လမ်းဆုံး လိုက်တာက အေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီထဲမှာ အမြင်မှန်ရတဲ့ ဥစ္စာ ဘုရား နောက်မှ လမ်း ဆုံးပြပါ ဆိုလို့ရှိရင် မတော်ဘူး (မတော်ပါ ဘုရား)။

အဲဒီတော့ နာရီကလည်း ကျန်နေသေးတဲ့ အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အမြင်မှန် လမ်းဆုံးကလေး လိုက်ပါဦး (မှန်ပါ့) အမြင်မှန် လမ်းဆုံးကလေး လိုက်ပါဦး (မှန်ပါ့) အမြင်မှန် လမ်းဆုံးကလေးလိုက်ပါဦး ဆိုတာ ကဲ ဖောက်ပြန် ပျက်စီးတာကို ကြည့်လိုက်ပါဦး (မှန်ပါ့)။

ဒကာ ဒကာမတို့ ယောက်ျားတွေ, မိန်းမတွေ တွေ့သေး သလား ဖောက်ပြန်ပျက်စီးတာ ဧကန်ပဲလား (ဖောက်ပြန် ပျက်စီးတာ ဧကန်ပါ ဘုရား)။

ဖောက်ပြန်ပျက်စီးတာ ဧကန်ပဲလို့ မျက်လုံးမှိတ်ပြီး ဉာဏ် ကလေးနဲ့ကြည့် (မှန်ပါ့ ဘုရား) ဆက်ကြည့် ဆက်ကြည့်၊ ဆက်ကြည့်ရင်း မတ္တနဲ့ ဖောက်ပြန် ပျက်စီးမှုကြီး သည်ကားလို့ ဆိုလို့ရှိရင် တခြားသော တရားမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ရုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု- နာမ်တို့၏ ဖောက်ပြန် ပျက်စီးမှု မှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

ဪ ဒါဖြင့် -ဖောက်ပြန်ပျက်စီး နေတာကို ကိုယ်က စောင့်ပြီး ကြည့်နေရတော့ နားကလည်း တရား နာလျက် ဉာဏ်ကလည်း စောင့်ကြည့် နေလျက် ခန္ဓာပေါ်မှာ (မှန်ပါ့) ဖောက်ပြန် ပျက်စီးမှုကြီး ကလည်း လမ်းဆုံးရဲ့လား (မဆုံးပါ ဘုရား)။

တော်တော်နေ ဖောက်ပြန်, ပြန်ပြီ၊ ခဏကလေး ဖောက်ပြန် ပျက်စီး၊ ဖောက်ပြန် ပျက်စီး- ဖောက်ပြန် ပျက်စီးနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒါနဲ့ပဲ နေရတယ် ( နေရပါတယ်) ဉာဏ်ကလည်း ကြည့်လျက်ပဲ ဒကာသစ် ဖောက်ပြ ပျက်စီးကလည်း မရပ်မစဲ (မရပ်ပါ ဘုရား)။

ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုးပဲ

ဖောက်ပြန် ပျက်စီးကဘာတဲ့ (မရပ်မစဲပါ ဘုရား) ဉာဏ်ကလည်း ကြည့်လျက်ပဲ (ကြည့်လျက်ပါ ဘုရား)

ေဩာ်- ဒီအဖြစ်မျိုးကြီးဟာဖြင့် အဖြစ်ဆိုးပဲ (မှန်ပါ့)။ ေဩာ် ဒီအဖြစ်မျိုးဟာဖြင့် (အဖြစ်ဆိုးပါ ဘုရား) သြော် ဒီအဖြစ်မျိုးဟာဖြင့် အဖြစ်ဆိုးပဲလို့ သိလာရင် ဒါ ပါဠိလိုသုံးရင် နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့) မြန်မာလိုတော့ဖြင့် ဒီအဖြစ်မျိုးဟာ အဖြစ် ဆိုးပဲ ဆိုရင် ဒါ ပြီးတာပါပဲ (မှန်ပါ့)။

ဒီအဖြစ်မျိုးဟာ (အဖြစ်ဆိုးပါ ဘုရား) အဖြစ်ဆိုးလို့ပဲ ဆိုတာလည်း စာလိုသုံးတော့ နိဗ္ဗိန္ဒဉာဏ် ခေါ်တယ် (မှန်ပါ့) မြန်မာလိုတော့ ေဩာ်- ဒီအဖြစ်ကြီးဟာ တယ်ဆိုးပါကလားလို့ ကိုယ့်ခန္ဓာ ကိုယ် ကြည့်ပြီး ဆိုးမှန်း သိတာ နိဗ္ဗိန္ဒဉာဏ် တက်တာ မှတ်လိုက်ပါ (မှန်ပါ့)။

တယ်ဆိုးပါလား

ဒီအဖြစ်မျိုးဟာ တယ်ဆိုပါကလားလို့ ကိုယ့်ဉာဏ် ထဲမှာ ပေါ်လာရင် စာလို ဘာတဲ့တုံး (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) မြန်မာလို ပြောပါဆိုတော့ ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုး ပါကလားလို့ ဆုံးဖြတ်ချက် ချလိုက်တာ ဒါ နိဗ္ဗိန္ဒဉာဏ် ဖြစ် သွားတာပဲ (မှန်ပါ့)။

ဒကာကြွယ် ပါဠိမတတ်ပေမယ့် အရေးမကြီးဘူး (မှန်ပါ့) ကိုယ့်ဘာသာနဲ့ ကိုယ်နားလည်မှု အရေးကြီး ပါတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ဟာကိုယ်နားလည်ကြတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဟောတဲ့ အခါ ကျတော့၊ လူမျိုး တစ်ရာ့တစ်ပါး လာပြီး နားထောင်ကြငြား သော်လည်း၊ ကိုယ့်ဘာသာနဲ့ ကိုယ်န ားလည်ကြတယ် (မှန်ပါ) ကိုယ့် ဘာသာ နဲ့ကိုယ် ကျွတ်တမ်း ဝင်ကြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ တဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဖြစ် မျိုးဟာ အဖြစ်ဆိုးကြီးပါကလား ဆိုတာ ဘာဉာဏ်တုံး (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။

ကြည့်ပေးပါ ကြည့်ပေးပါ၊ ဒါကြပ်ကြပ်ကြည့်ပေး ပါ ပေါ်လာတိုင်း ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုး ကြီးပဲ- ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုးကြီးပဲ ဖောက်ပြန်ပျက်စီး နေတာကြီးဟာ ဒီအဖြစ် မျိုးဟာ အဖြစ်ဆိုးကြီးပဲ၊ ဒိထက် အဖြစ်ဆိုး မရှိတော့ဘူး (မှန်ပါ့)။

နိဗ္ဗိန္ဒဉာဏ်

ဒီလိုများ မြင်မြင် -မြင်မြင် လာလို့ရှိရင်ဖြင့် ပါဠိလို နိဗ္ဗိန္ဒဉာဏ်၊ မြန်မာလိုတော့ ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုးလို့ သိမှုပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒီအဖြစ်မျိုးဟာ (အဖြစ်ဆိုးပါ ဘုရား) အဲ ဒီ အဖြစ်မျိုးဟာ အဖြစ်ဆိုးလို့ သိလို့ရှိရင် တော်ပြီ (မှန်ပါ့)။

ကိုင်း ဒီလိုနဲ့ပဲ ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုးပဲ ဆိုပြီး သကာလ ဒကာ ဒကာမတွေက ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ လိုချင် စရာ၊ ရချင်စရာ မရှိပါကလား ဆိုတဲ့ဥစ္စာ ဆက်ပြီး ဒီဉာဏ်ဟာ လာမလား၊ မလာဘူးလား၊ အကဲခတ် ကြည့်စမ်း (လာပါတယ် ဘုရား)။

ဒီအဖြစ်မျိုးဟာ အဖြစ်ဆိုးကြီးပဲလို့ မြင်တိုင်း မြင်တိုင်း ဒီအဖြစ်ဆိုးကြီးဖြင့် လိုချင်စရာ, ရချင်စရာ လုံးဝ မရှိပါကလား ဆိုတဲ့ ဉာဏ်သည် တက်မလား – မတက်ဘူးလား (တက်ပါ တယ် ဘုရား) ဆက်သာကြည့် တက်ရမယ် (မှန်ပါ့)။

ဆက်သာ ကြည့်ပါ ဒကာ ဒကာမတို့ မတက်မရှိပါဘူး၊ ဆက်သာ ကြည့်ပါ တက်ရမှာ ဧကန်ပဲ ဆိုတာ ဒကာကြွယ် မှန်တယ် မဟုတ်လား (မှန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဦးမာဒင်တို့ ဒကာသစ်တို့ဘက်ကလည်း ဒီအဖြစ်မျိုးနဲ့ ဒီအဖြစ်ဆိုးကြီးတို့ တွေ့လေလေ မရှောင်တမ်း ကြည့်လေလေ ကြည့်စမ်းပါ (မှန်ပါ့)။

စားရင်းနဲ့ မစားချင်တာပေါ်လိမ့်မယ်

ကြည့်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး ရှင်းပြ ပါ့မယ် (မှန်ပါ့) ဝက်သား၊ ကြက်သား၊ ဒံပေါက်၊ ထောပတ် ထမင်းသည် စားရင်းနဲ့ မစားချင်တာ ပေါ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

စားရင်းနဲ့ (မစားချင်တာ ပေါ်လာမှာပါ) ရော စားရင်းနဲ့ မစားချင်တာ ပေါ်လိမ့်မယ် ဆိုတဲ့ဥစ္စာ ဟုတ်သားပဲ ဦးမာဒင်ရ စားရင်းနဲ့ပဲ တော်ပြီကွာ ဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

စားရင်းနဲ့ (တော်ပြီကွာဖြစ်လာပါတယ်) ဒါဖြင့် ပထမ စားစကတော့ဖြင့်တဲ့ ကောင်းသလိုလိုနဲ့ တော်တော် အလယ်ပိုင်း ကျလာတဲ့ အခါ ခပ်အီတောက် တောက်ဖြစ်လာတယ် (မှန်ပါ့)၊ ခပ်အီ တောက်တောက် ဖြစ်လာတာသည် နိဗ္ဗိန္ဒဉာဏ် ဝင်လာတာ မစားချင်တော့ဘူး (မှန်ပါ့ ဘုရား)။

နောက်ကျတော့ တော်ပြီကွာ၊ ထည့်တဲ့လူက သုံး ဆောင်ပါဦး ဆိုပြီး ထည့်ငြားသော်လည်း ခင်ဗျားတို့က လက်ကာ တယ် (မှန်ပါ့)။

တော်ပြီ ကျုပ်ဒုက္ခဖြစ်လိမ့်မယ်

တော်ပြီ-တော်ပြီ ကျုပ်ဒုက္ခ ဖြစ်လိမ့်မယ်တဲ့ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒုက္ခဖြစ်ရမှာတုံး စားမှုကြောင့် ဒုက္ခဖြစ်လိမ့်မယ် ပြောတာ (မှန်ပါ့ ဘုရား)။

အဲဒီကျတော့ တော်ပြီလို့ ပြောတာ ဒုက္ခအစ မြင်လို့ မလိုချင်တော့ဘူး ပြောတာ (မှန်ပါ့) စားရင်းက မစားချင်တော့ဘူး (မှန်ပါ့ ဘုရား)။

ဒီမှာလဲရှုရင်း မရှုချင် လာတာသည် ဒကာ ဒကာမတို့ စားရင်းတော်ပါပြီ၊ မရချင်တော့ပါဘူး ဆိုတာ ထမင်း ကောင်းကောင်း စားရင်းနဲ့ မစားချင်တဲ့ဉာဏ်လို၊

ဒီမှာလည်း ကြည့်ရင်းမတ္တနဲ့ ရှုရင်းမတ္တနဲ့ မရချင်ဘူး ဖြစ်လာတာသည် မဂ်ဉာဏ်ပဲ (မှန်ပါ့) အီတောက်ကြီး ဖြစ်လာတာက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ၊ နိဗ္ဗိန္ဒ ဖြစ်လာ တယ် နိဗ္ဗိန္ဒ (မှန်ပါ့) မစားချင်တဲ့စိတ် လုံးလုံး ပေါ်လာတာ ကမဂ်ဉာဏ် (မှန်ပါ့ ဘုရား)။

မလိုချင်တာဘာခေါ်ကြမယ်

ဒီမှာလည်းကြည့်ရင်း မတ္တနဲ့ မုန်းလာတာက နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့) မစားချင် သလို မလိုချင်တာက ဘာခေါ်ကြ မယ် (မဂ်ဉာဏ်ပါ ဘုရား)။

ဒါဖြင့် ပထမကြည့်ပြီး အီတောက်ကြီး ဖြစ်အောင် စားသလို၊ မစားချင်ဘဲနဲ့ ရွံရွံနဲ့ပဲ ဝမ်းပြည့် သိပ်နေတဲ့ ဥစ္စာသည် ဒကာကြွယ် နိဗ္ဗိန္ဒ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

နောက်ကျတော့ ဘယ်လိုပဲ ရှာလပတ်ရည်သောက်ပါဦး အင်း ဘိလပ်ရည် အမျိုးမျိုးနဲ့ပဲ ဖျော်ရည်တွေ သောက်ပါ ဦး တော်ပြီ တော်ပြီ မရတော့ဘူးဗျာ အစရှိသည်နဲ့ လက်ကာ ပါးစပ်က လည်းပြော (မှန်ပါ့)။

ဦးမာဒင် ဒါ ဘယ်သူ့ မစားချင်တာတုံး ဆိုတော့ ခုနင်က ကြိုက်တဲ့ ထောပတ် ထမင်းကို မစားချင်တာ၊ ဒံပေါက် ထမင်းကို မစားချင်တာ (မှန်ပါ့ ဘုရား)။

ဒီလိုပဲ နဂိုက ခင်နေတဲ့ ခန္ဓာကြီးကိုပင်လျှင်၊ မုန်းရာက နေပြီး မလိုချင်တာ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

မလိုချင်တောမဂ်ဉာဏ်

မုန်းရာကနေပြီး ဘာပါလိမ့် (မလိုချင်တာပါ) မလိုချင်တာ မဂ်ဉာဏ် မှတ်လိုက် (မှန်ပါ့ ဘုရား)။

မလိုချင်တာ (မဂ်ဉာဏ်ပါ) အဲဒီတော့ ထောပတ် ထမင်းဟာ သူ့ဟာသူ ပန်းကန်ပြားနဲ့ နေငြား သော်လည်း ကျုပ်တို့နဲ့ အဆက်အသွယ် ကင်းတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကျုပ်တို့နဲ့တော့ (အဆက်အသွယ် ကင်းပါတယ်) ဒီခုံကြီးနဲ့ စားပွဲခင်းဖြူးဖြူးနဲ့ ရေမွှေးတွေ ပက်လို့ လက်သုတ် ပဝါတွေ မှာ အမျိုးမျိုး အဖုံဖုံ ပြင်ဆင်ထား လိုက်တာ ယင်တစ်ကောင် မသန်းပါဘူး (မှန်ပါ့ ဘုရား)။

ဒါလောက်ပဲ ဟိုတယ်မှာ သန့်ရှင်းသလောက်ပဲ သန့် ရှင်းအောင် လုပ်ထား သော်ငြားလည်း ဦးမာဒင် ဒီထမင်းပွဲပြန် ကြည့်ချင်သေးရဲ့ လား (မကြည့်ချင်ပါ ဘုရား)။

ဟ နဂိုက စားနေတာ၊ စားရာကမုန်း၊ မုန်းရာက မကြည့်ချင် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နဂိုက ယထာဘူတဉာဏ်နဲ့ ကြည့်လိုက်ကတည်းက ဒကာ ဒကာမတွေ အမှန်သိတယ် (မှန်ပါ့) အမှန်သိလို့ ဆက် ကြည့်တော့ မုန်းတယ် (မှန်ပါ့) မုန်းရာက နေပြီး မလိုချင် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ယထာဘူတဉာဏ်ရရင် နိဗ္ဗိန္ဒဉာဏ် ရလိမ့်မယ် (မှန်ပါ့) နိဗ္ဗိန္ဒဉာဏ် ရရင် မလိုချင်တဲ့ ဉာဏ်ဟာ (ရမှာပါ ဘုရား)။

ရတော့ကို ခုနင်က ထမင်းစားပွဲ ပြန်ကြည့်ပါဦးဆိုတော့ ဒကာကြွယ် – ကြည့်ချင်သေးရဲ့လား (မကြည့်ချင်ပါ ဘုရား)။

မဟုတ်ပါဘူးဗျ ဟိုမှာ ခင်ဗျားတို့နဲ့ ထိုင်စားမှ ကောင်းမည့် ဧည့်သည်က လာတယ်၊ ခင်ဗျားတို့ ထိုင်ရုံကလေး ထိုင်စမ်း ပါဦး ဆိုတာတောင် ဒကာကြွယ် အားနာပါးနာ ထိုင်ဦးမလား၊ မထိုင် တော့ဘူးလား (မထိုင်တော့ပါ ဘုရား)။

ဘာဖြစ်လို့ မထိုင်တာတုံး၊ လုံးဝ မဆက်သွယ် ချင်တော့ ဘူး (မှန်ပါ့) သူနဲ့ တွေ့ရရင်ပဲ ဥပါဒ် ရောက်တော့မယ် ကိုယ်မှာ (မှန်ပါ့) ဒီအခြေအနေ မဆိုက်သေးဘူးလား (ဆိုက်ပါတယ် ဘုရား)။

ဒီခန္ဓာကြီးကိုမရချင်တဲ့ဉာဏ်

အဲဒီအတိုင်းပါပဲ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးကိုပဲ မရ ချင်တဲ့ဉာဏ်ဟာ ဘာဉာဏ်တုံး (မဂ်ဉာဏ်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာကြီးနဲ့ကိုယ် မဆက်သွယ်ချင်တဲ့ ဉာဏ်သည် (မဂ်ဉာဏ်ပါ ဘုရား) ဒါဖြင့် မဆက်သွယ် ချင်တော့ ခုနင်က ထောပတ် ထမင်းကတော့ လူက မရွေ့တော့ စားပွဲကြီး ကျန်နေ ရစ်သေးတယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့မှာ အားထုတ်ရင်း မတ္တနဲ့ ဒီခန္ဓာကြီး တကယ် မလိုချင်ဘူး ဆိုတော့ စားပွဲကျန်သလို မကျန်ဘဲနဲ့ ကျန်တဲ့ ရုပ်နာမ်ဟာ အကုန် ပျောက်လိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရုပ်နာမ်ဆုံးရင်နိဗ္ဗာန်

ဘာပျောက်မတုံး (ကျန်တဲ့ ရုပ်နာမ် အကုန် ပျောက်ပါတယ်) ဒကာကြွယ် ရုပ်နာမ်တွေ အကုန် ပျောက်လိမ့် မယ်ဆိုတာ သေချာပလား (သေချာပါပြီ) ဒါဖြင့် ရုပ်နာမ် ဆုံးရင် နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

ရုပ်နာမ်ဆုံးရင် (နိဗ္ဗာန်ပါ) ဪ နိဗ္ဗာန်ဆို တာ တခြားလား မှတ်တယ်၊ ကိုယ်ရွံမုန်းနေတာကြီး ပျောက်သွား တာကိုး (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်

ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ကိုယ် ရွံ့မုန်းနေတာကြီး ပျောက်သွားတာပါ ဘုရား)။

ဒါဖြင့် ရွံမုန်းနေတာ ပျောက်လို့ရှိရင် အန္တရာယ်ကင်းလို့ ဘေးရှင်းတာ ဆိုရမယ် (မှန်ပါ့)။

ရွံမုန်းနေတာကြီး ရှာမတွေ့ပါဘူး ဆိုကတည်းက ဒကာ ကြွယ်ရာ ဝဋ်ကျွတ်တာပဲ (မှန်ပါ့) အိမ်နားမှာ ခွေးသေ ကောင်ပုပ်ကြီး မရှိတာများ တို့အကျေနပ်ကြီး မကျေနပ်ဘူးလား (ကျေနပ် ပါတယ်) နဂိုရှိတုန်းက ရွံမုန်းနေတာကိုး (မှန်ပါ့) အခုတော့ မရှိတော့ ဘယ့်နှယ်ဖြစ်နေကြသလဲ (ကျေနပ်ပါတယ် ဘုရား)။

ထို့အတူပဲ ဒီခန္ဓာကြီးဟာ အဲဒီအချိန် ကျလာတော့ ဒုက္ခ သစ္စာ ခွေးသေကောင်ပုပ်ကြီး ဖြစ်ပြီး သကာလ သူလည်း မရှိဘူး ဆိုတော့ အေးပေပေါ့ဟေ့ ချမ်းသာပေပေါ့ဟေ့လို့ ဝမ်းထဲ မှာ ဟဒယ သုသီတလ ဆိုတဲ့ နှလုံးအေးတဲ့ မဂ္ဂင် ပေါ်လာတယ် (မှန်ပါ့) မပေါ်ကြလား (ပေါ်ပါတယ် ဘုရား)။

ဘာပေါ်ပါလိမ့် (နှလုံးအေးတဲ့ မဂ္ဂင် ပေါ်လာပါ တယ်) နှလုံးအေးတဲ့ မဂ္ဂင် ပေါ်လာတယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ မစားချင်အောင်, မလိုချင်အောင် ခန္ဓာကို ဒကာ ဒကာမတို့ ခုနင်က ဖောက်ပြန် ပျက်စီးတာကို မလိုချင် သည့်တိုင်အောင် ကြည့်လိုက်လို့ ရှိရင် ခန္ဓာပျောက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခပျောက်တော့ ရင်ထဲအေးသွားတယ်

ခန္ဓာပျောက်တော့ ခွေးသေကောင်ပုပ် အိမ်နားမှာ ပျောက်သွားတော့ ဦးမာဒင်တို့ ဝမ်းသာတယ် (ဝမ်းသာ ပါတယ်) ဒီမှာလည်း ဒုက္ခပျောက်တော့ ရင်ထဲ အေးသွားတယ် (မှန်ပါ့)။

ရင်ထဲအေးသွားတာသည် တခြားမဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ပဏ္ဏာသအဋ္ဌကထာ မှာလည်း လာပါတယ်။

ရေအိုးတစ်ထောင်နဲ့ လောင်းလို့အေးဘိသကဲ့သို့ အေးသွား ပါတယ်ကွာ (မှန်ပါ့) နိဗ္ဗာန် မြင်တဲ့ အခါ ဒုက္ခချုပ်တာ မြင်တဲ့ အခါ ဒီအတိုင်း အေးသွားပါလိမ့်မယ် (မှန်ပါ့)

ရေခဲအေးသလို အေးတာလားလို့ ဆိုတော့ မဟုတ်ဘူး၊ ဝန်ကျတဲ့ အအေးမျိုး မှတ် (မှန်ပါ့ ဘုရား)။

ဘယ်လို အအေးမျိုးပါလိမ့် (ဝန်ကျတဲ့ အအေးမျိုး ပါ) ဝန်ကျတဲ့ အအေးမျိုးလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဒါဖြင့် ခင်ဗျားတို့ ဖောက်ပြန် ပျက်စီးတာကို ၁-နံပါတ် မြင်အောင်ကြည့်ပါ (မှန်ပါ့) ၂နံပါတ်က ဖောက်ပြန် ပျက်စီးတာကို မုန်းအောင်ကြည့်နေပါ (မှန်ပါ့ ဘုရား)။

၃-နံပါတ်က ဖောက်ပြန်ပျက်စီး နေတာကြီးကို ဒကာ ဒကာမတွေ ရုပ်ကြိုက်, ရုပ်ကြည့်၊ ဝေဒနာကြိုက်, ဝေဒနာကြည့်၊ စိတ်ကြိုက်, စိတ်ကြည့် (မှန်ပါ့) ကြိုက်တာ ကြည့်၊ တွေ့တော့ဖြင့် ဖောက်ပြန်ပျက်စီး တာပဲ တွေ့ရမယ် (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ တွေ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက မလိုချင်တော့ဘူး ဆိုရင်ဖြင့် မဂ်ဆိုက်ပြီလို့ အောက်မေ့ (မှန်ပါ့ ဘုရား)။

မလိုချင်တဲ့အချိန်မဂ်ဆိုက်တယ်

မလိုချင်တဲ့အချိန်မှာ မဂ်ဆိုက်တယ် သေသေချာချာ ပြောလို့ရှိရင်ဖြင့် ရှေ့မှာ ခန္ဓာ ပျောက် ပါတယ် (မှန်ပါ့) ရှေ့ ခန္ဓာ ပျောက်လို့ရှိရင် မလိုချင်တဲ့ မဂ်ဉာဏ် ရောက်လို့သာ မှတ်ပေတော့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တရားဘယ်က နာကြရမယ် (နားကနာရပါမယ်) ဉာဏ်က ဘယ်လှည့်ရမယ် (ခန္ဓာ လှည့်ရပါမယ်) သုံးခါ လှည့်ရင် နိဗ္ဗာန် ရောက်ပါတယ် (မှန်ပါ့ ဘုရား)။

သုံးခါအတိုင်း ဉာဏ်ရင့်ပြီး လှည့်လိုက်လို့ ရှိရင် နိဗ္ဗာန် ရောက်ပါတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘုရားမရှိငြား သော်လည်း ဉာဏ်လှည့်တာ လိုရင်း ပါပဲ (မှန်ပါ့ ဘုရား)။

ဘုရား မရှိငြားသော်လည်း (ဉာဏ်လှည့်တာ လိုရင်းပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားဘယ်မှာရှာရမှာတုံး

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရား ဘယ်ရှာ ရမတုံးလို့ မမေးပါနဲ့တော့ ခန္ဓာ၏ မပူရာက ပူလာတယ် (မှန်ပါ့) မညောင်းရာက (ညောင်းလာပါတယ်) မကိုက်ရာက (ကိုက်လာပါတယ်) မပေါ်သေးတဲ့ စိတ်က ပေါ်လာတယ်၊ (မှန်ပါ့) မပေါ်သေးတဲ့ ဝေဒနာပေါ်လာတယ် (မှန်ပါ့)

ဒါတွေ ဘာတွေ ပါလိမ့်မတုံး (တရားပါ) တရားတွေပဲ (မှန်ပါ့) သူ့ကြည့်လိုက်တော့ တရား တွေပဲလို့ ကြည့်လိုက်တော့ ဖောက် ပြန်ပျက်စီးတာ သွားတွေ့တယ် (မှန်ပါ့ ဘုရား)။

တရားတွေရယ်လို့ ကြည့်လိုက်တဲ့အခါ (ဖောက် ပြန်ပျက်စီးတာ သွားတွေ့ပါတယ် ဘုရား)။

ဝမ်းသာတဲ့ဉာဏ်ရောက်ရင်မဂ်ဆိုက်ပြီ

အဲ-ဖောက်ပြန် ပျက်စီးတာ တွေ့ရင် ဒိဋ္ဌိကွာပြီ (မှန်ပါ့)။ ဖောက်ပြန် ပျက်စီးတာတွေ ကြည့်ပါ များလို့ မုန်းလာရင် နိဗ္ဗိန္ဒဉာဏ် တက်ပြီ (မှန်ပါ့) ဖောက်ပြန် ပျက်စီးတာတွေဟာ ခွေးသေ ကောင်ပုပ် ကဲ့သို့ တွေ့လို့ အနားမှာ မရှိရင် ကြိုက်လို့ အနားမရှိ ရင် ကောင်းလေစွာ့ ဆိုတဲ့ ဉာဏ်လာရင် ခွေးသေ ကောင်ပုပ် လည်း ပျောက် (မှန်ပါ့) ဝမ်းသာတဲ့ ဉာဏ်လည်း ရောက်ရင် မဂ်ဆိုက်ပြီလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။