167

သေနာပေါ်၍သေသည်

အသံဖိုင်ခေါင်းစဉ်= ဝိမုတ္တာယတနသုတ် သေနာပေါ်၍သေသည်

စာအုပ်ခေါင်းစဉ်= သေနာပေါ်၍သေသည်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားဆုံးမတော်မူသောတရားတော်

သေနာပေါ်၍သေသည်

( ၁၄-၂-၆၀ )

ဘုန်းကြီး အသံကို ဒကာ ဒကာမတွေကြားကြမှာပဲ ကြားကြတယ်မို့လား (ကြားပါတယ် ဘုရား) အဲဒိကြား တာသည် ကားလို့ ဆိုရင် မည်သူက ကြားသလဲလို့ မေးလို့ ရှိ ရင်ဖြင့် ယ္ခုဘဝ၊ ယခုခဏမှာ ပဋိစ္စသမုပ္ပါဒ် အစလို့ မှတ်ကြ စမ်းပါ။

ကြားတဲ့စိတ်ကလေးကဘာပါလိမ့်

ကြားတဲ့စိတ် ကလေးက ဘာပါလိမ့် (ပဋိစ္စသ မုပ္ပါဒ် အစပါဘုရား) ဒါကြားတဲ့ စိတ်ကလေး ဒါ အခုတိုက်ဆိုင်လို့ အခုပေါ်တာကို အခုမှ အင်း သဒ္ဒါရုံ ရယ် သောတ ပသာဒရယ် တိုက်ဆိုင်လို့ ကြားစိတ် ဆိုတဲ့ သောတဝိညာဏ်စိတ် (ဝါ) ကြားစိတ်ကလေး ပေါ်သည် ဆိုတော့

ဪ ဒီပေါ်ရုပ်မှစတဲ့ ပဋိစ္စသမုပ္ပါဒ်လို့ မှတ် လိုက်ကြစမ်းပါ (မှန်ပါ) ဒီပေါ် ရုပ်မှစတယ်နော်။

အဲတော့ သူချည့်ဖြစ်သလားလို့ မေးတဲ့အခါကျလို့ ရှိရင် ဒကာ ဒကာမတွေက သူချည့်ဖြစ်တာ မ ဟုတ်ဘူး ကြားတဲ့ စိတ်တင် ဖြစ်တာ မဟုတ်ဘူး။

သူနဲ့ယှဉ်ဖော် ယှဉ်ဖက် ဖြစ်တဲ့၊ ဖြစ်ဖော် ဖြစ်ဖက် ဖြစ် တဲ့ နာမ်ရုပ်တွေနဲ့ လည်း ဖြစ်တာပဲ ဆိုတာ မှတ်ထားလိုက် စမ်းပါ၊ ဒါဖြင့် ဝိညာဏ် နာမ်ရုပ်ပေါ့လေ သဘောကျကြပလား (ကျပါတယ် ဘုရား)။

ဝိညာဏ်ပြီး ဘာလာတုံး (နာမ်ရုပ်လာပါတယ် ဘုရား) အဲ ကြားစိတ်ပြီးရင် ကြားတဲ့သူနဲ့ အတူတကွ ဖြစ် ဖော်ဖြစ် ဖက် ဖြစ်တဲ့ နာမ်ရုပ်တွေ လာတယ်လို့ မှတ်ထားပါ။

ပေါ်မှန်းသိဖို့အရေးကြီးတယ်

ဒီလိုမှတ်ထားတော့မှ ဝိပဿနာ အစ ရလိမ့်မယ် ခုတော့ မေးစရာ မလိုပါဘူးလို့ ဒကာ ဒကာမတွေ မှတ်ပါ။

ကြားတဲ့စိတ် ကလေးက စပေါ်လို့ ရှိရင် အင်း ကြားတဲ့ ကိုယ့်ဟာ ကိုယ်သာ ပေါ်မှန်းသိဖို့ သာ အရေးကြီးပါတယ်။

ပျက်မှန်းကတော့ သူ့ဟာသူ ပရမတ်က ပြောသွား လိမ့်မယ်ဆိုတာ စဉ်းစားထားပါ၊ နာမ်ရုပ်ပြီး သကာလ သဠာယတန ဆိုတာလာမှာပါပဲ၊ ဓမ္မနိယာမ ပေါ့နော် (မှန်ပါ)။

ဓမ္မက တရား၊ နိယာမက အမြဲတမ်း၊ သဠာ ယတန လာလို့ ရှိရင် ဖဿက လာမှာပဲဆိုတာ ဒကာ ဒကာမတွေ မှတ်ထားဖို့ပဲ။

သုတ္တန်နည်း

ဖဿပစ္စယာ (ဝေဒနာပါဘုရား) ဝေဒနာလို့ ဆိုတဲ့ဥစ္စာ ပြတော့ဖြင့် ဒါ သုတ္တန်နည်းနဲ့ ပြလို့ ငါမျိုး ဖြစ်နေ တယ်လို့ ဒကာ ဒကာမတွေမဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ်ဘုရား)။

ဒါက သုတ္တန်နည်း၊ သုတ္တန် ဆိုတာက ဒကာ ဒကာမ တွေ ဒီလိုတန်းပြီး သကာလ ဖြစ်နေလို့ ပန်းများကို သီထားသလို ငါးပွင့်ကြိုးလေးနဲ့ သံထားတော့ကိုတဲ့ ပန်းကလေး ငါးပွင့် တန်းနေသလို တန်းနေတာ ဒါ သုတ္တန်လို့ ခေါ်တယ်။

အဘိမ္မာနည်း

အဘိဓမ္မာနဲ့ ပြောစမ်းပါ ဘုရားလို့ ဆိုတော့ ဒီ ငါးခု ဟာ တစ်ပြိုင်တည်း ဖြစ်တယ်လို့ မှတ်ရမယ်၊ တစ်ပြိုင်တည်း ဖြစ်၍ တစ်ပြိုင်တည်း ပျက်တယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ)။

တစ်ပြိုင်တည်း ဖြစ်၍ (တပြိုင်တည်း ပျက်ပါ တယ် ဘုရား) တစ်ပြိုင်တည်း ပျက်တယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားပါ၊ ဒါက ဘယ်နှယ်ကြောင့် တန်းပြပါလိမ့်မတုံး အို ဒါက သုတ္တန်နည်းနဲ့ တန်းပြတာ။

ဘယ်လိုနည်းနဲ့ တန်းပြတုံး (သုတ္တန်နည်းနဲ့ တန်း ပြတာပါဘုရား) အဘိဓမ္မာနည်းနဲ့ ဆိုတော့ ဒီငါးခုက ဘာပါ လိမ့် (တစ်ပေါင်းတည်းပါ ဘုရား) တစ်ပေါင်းတည်း ဖြစ် တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားစမ်းပါ။

သုတ္တန်နည်းမို့ တန်းပြပါတယ် အဲတော့ကို သုတ္တန် နည်းနဲ့ အဘိဓမ္မာနည်း ကိုလည်း ဒကာ ဒကာမတွေက ကွဲကွဲ ခြားခြား ကလေး မှတ်ထားပါလို့ ဝိပဿနာ အလုပ်မှာ စပြီး မူတည်နေလို့ သေသေချာချာ ပြောတယ်လို့ မှတ်ကြ ရမယ်နော် (မှန်ပါ)။

ဝိပဿနာမပါဘဲနဲ့ ဒကာ ဒကာမတွေ၏ ဒုက္ခဟူသ ၍ သိမ်းတဲ့ ဝိပဿနာ ဉာဏ်မပါပဲနဲ့ ဒုက္ခ သိမ်းတယ်ဆို မယုံကြနဲ့ မယုံကြနဲ့။

ဝိပဿနာဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ်မရ

ဘယ်သူက ဘာပြောပြော မယုံနဲ့ ဟုတ်ကို မဟုတ် သေးဘူး၊ ဒီဥစ္စာက ဘုရား ခြွင်းချက်နဲ့ ဟောတာကို နာနေ ရတယ်လို့ မှတ်ရမယ်၊ ခြွင်းချက် မရှိဘဲနဲ့ ဟောတာကို ပြောရ လို့ ရှိရင် ဝိပဿနာ မပါပဲနဲ့၊ ဝိပဿနာ ဉာဏ်မပါပဲနဲ့ မဂ်မရ နိုင်ဘူးလို့ ဆုံးဖြတ်ချက်ချ။

ဝိပဿနာ ဉာဏ် မပါဘဲနဲ့ (မဂ်မရနိုင်ပါဘူး ဘုရား) မဂ်ဉာဏ်မရနိုင်ဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် စစ်စစ်ချပါ။

ဪ ဒါ ဒို့ အရေးတကြီး လုပ်ရမယ့် အလုပ်ဟာ ဘာပါလိမ့်မလဲဆိုတော့ ရှေ့သွား ဝိပဿနာ၊ သူ့ကို လုပ်လို့ ရှိရင် နောက်က မဂ်ဉာဏ် လိုက်လာ လိမ့်မယ်ဆိုတာ မှတ်ပါ၊ ဝိပဿနာမဂ် မရှိဘဲနဲ့ လောကုတ္တရာမဂ် ဘယ်တော့မှ လာလိမ့်မယ် မဟုတ်ပါဘူး ဆိုတာ ဆုံးဖြတ်ချက် ချပါ၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကြားတဲ့စိတ်ကနေ စလိုက်တာ ခု ငါးခု ရောက်မလာဘူးလား (ရောက်လာပါ တယ်ဘုရား) ငါးခုရောက်တော့ကို သူ့နောက်က ထုံးစံ အတိုင်း နိယာမ ဆိုလို့ ရှိရင်ဖြင့် တဏှာရယ် ဥပါဒါန်ရယ် ကံရယ် မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ကောင်းပြီ ဒီလိုလိုက်တော့ သြော် ဒီဥစ္စာ ကြား တယ်ဆိုရင် နှစ် ကျအောင် သွားတာပဲလို့ မှတ်လိုက် တာပေါ့ (မှန်ပါ) ကြားတယ် ဆိုလို့ ရှိရင် တစ် ကစပြီး ရှစ် ကျအောင် သွားတယ်။

မြင်တယ် ဆိုရင်ကော (ရှစ်ကျအောင် သွား ပါတယ်ဘုရား) ရှစ်ကျအောင် သွားတာပဲလို့ သြော် ဒါဖြင့် တဏှာ ဥပါဒါန် ကံ ကျအောင်ပဲ၊ ကြားလိုက်တယ် နံလိုက်တယ် မနေ့က ပြောတဲ့ အတိုင်း ကြံလိုက်တယ် စည်လိုက်တယ် ဆိုလို့ရှိရင် ဒီရှစ်ကျအောင် သွားတာချည့်ပဲ။

တစ်နေ့ကံပေါင်းဘယ်လောက်များသလဲ

သွားတော့ ဒကာ ဒကာမတွေ ဒီကံပေါင်းဟာ တစ်နေ့ တစ်နေ့ကို အနန္တ ရှိလိမ့်မယ်ဆို တော့ ယုံကြဖလား (ယုံပါတယ်ဘုရား) ကံဘယ်လောက် များမယ် ဆိုတာ ရေတွက်နိုင်ပါ့မလား (မရေတွက် နိုင်ပါ ဘုရား)။

မရေတွက်နိုင်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ မှာ ကြားလိုက်တယ် ဆိုလို့ ရှိရင် ရှစ်ခုဖြစ်ပြီလို့ မှတ် နံ လိုက်တယ် ဆိုရင် (ရှစ်ခု ဖြစ်ပါပြီဘုရား)။

ဪ ဒါ ထုံးစံနော် ထုံးစံ ထုံးစံ ဒကာ ဒကာမ တွေ ကတော့ မသိဘူးပေါ့ဗျာ ခု ဆရာ ဘုန်းကြီး က ပြောတော့ ဒါ ဖြစ်စဉ်ကိုက်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဆုံးဖြတ် ချက်ချပါ။

ကြံလိုက်တယ်ဆိုရင်လည်း (ရှစ်ခုပါဘုရား) ရှစ် ခုပဲလို့ ဆုံးဖြတ်ချက် ချပါ ကောင်းပြီ ဒီဥစ္စာ ဪ ဒီလို ဆိုလို့ ရှိရင် သတ္တဝါတွေဟာ အပါယ် လေးပါးက တက်စရာ မရှိဘူး။

ဒီ တဏှာ ဥပါဒါန် ကံ၊ ကြားလိုက်တယ်ဆိုရင်ပဲ ကံ ရောက်သွားပြီ အင်း နံ လိုက်တယ် ဆိုရင် ကံရောက်သွား ပြီ မွှေးလိုက်တယ် ဆိုရင် ကံရောက်သွားပြီ။

စားလိုက်တယ်ဆိုရင် စားစိတ်ကလေး ဒီမှာပေါ် တယ် တော်ကြာ အစဉ်အတိုင်း သွားပြန်ပြီ ကံရောက်တာပဲ၊ တစ်နေ့ ကံပေါင်း ဘယ်လောက် စုမိကြသလဲလို့ မေးလို့ ရှိ ရင် တစ်နေ့တော့ မမေးပါနဲ့ ဘုရား။

မျက်လုံးပေါက်က ဖွင့်တိုင်းဖွင့်တိုင်း ဒီကံရောက် အောင် သွားနေတယ်လို့ ဆုံးဖြတ်ချက် ချကြစမ်းပါ (မှန်ပါ) မျက်လုံးပေါက်က ဖွင့်တိုင်း ဖွင့်တိုင်း (ဒီကံရောက်အောင် သွားနေပါတယ် ဘုရား)။

ဒီကံရောက်အောင် သွားနေတာပဲဆိုတာ သေချာ ကြပလား (သေချာပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် ဒီ ကံရောက်အောင် သွားနေကြလို့ ရှိရင်ဖြင့် ကမ္မံ ဝိပါကဿ၊ ကမ္မံ ကံသည်၊ ဝိပါကဿ အကျိုးပေးအား ဆိုတော့

ဪ ကံလုပ်ထားလို့ ရှိရင် သေသည်၏ အခြား မဲ့၌ အကျိုး မပေးရဘူးလား (ပေးရမှာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေက ဒီဘဝ ကံ စုလာကြတာပေါ့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီဘဝ ဘာလုပ်လာကြ (ကံစုလာပါတယ် ဘုရား) ကံစုလာတယ် ဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နောက်ဘဝ အင်း အကျိုးပေး တွေ လာတော့မယ် မလာပေဘူးလား (လာပါတယ်ဘုရား)။

အကျိုးပေးလာတော့ အကျိုးပေးဟာ ဘာတုံးဆိုလို့ ရှိရင်ဖြင့် ဇာတိ၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိ ပစ္စယာ (ဇရာမရဏ) အင်း ဒါတွေက အနာဂတ်မှာ အကျိုးမပေး ပေဘူးလား (ပေးပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

အနာဂတ်မှာ ဘာဖြစ်မယ် (အကျိုးပေးမှာပါ ဘုရား) မျက်လုံးပေါက်ကနေ အကျိုးပေး၊ နား ပေါက်ကနေ အကျိုးပေး၊ နှာခေါင်း ပေါက်ကနေ အကျိုးပေး၊ မနော ပေါက်ကနေ အကျိုးပေး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေတဲ့ အပါယ် လေးပါးက တက်စရာများ မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)။

အပါယ်ဖျောက်ဖျက်တဲ့နည်းကောင်း

မစိုးရိမ်နဲ့တဲ့ ဒီဥစ္စာ ဘုန်းကြီးက အားပေးသလားလို့ သူ့ဒကာ ဒကာမတွေမို့ အားပေးတာလို့ ဒီလိုမယူနဲ့ ဖျောက် နည်းကောင်းလို့ မစိုးရိမ်နဲ့ ပြောတာ (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ်လိုကြောင့် ပါလိမ့် (ဖျောက်နည်းကောင်း လို့ပါဘုရား) ဖျောက်ဖျက်တဲ့ နည်းမှန်ရှိလို့ မစိုးရိမ်နဲ့ လို့ပြော ပါတယ် (မှန်ပါ) အဲတော့ ဒကာ ဒကာမတွေ ဖျောက် ဖျက်တဲ့ နည်းက ဘာတုံးလို့ မေးဖို့ လိုလာ ပါတယ်တဲ့။

အဲတော့ ဒီတရားတွေဟာ ဒကာ ဒကာမတွေ တာတရားတွေတုံး မေးလို့ ရှိရင် ဒါတွေဟာ ဒါမြင်တာ ဘယ်သူတုံး ဆိုတော့ မြင်တာ ဘယ်သူမှ မဟုတ်ဘူး၊ ဒကာ ဒကာမတို့ ဒါမြင်စိတ်ပဲ မြင်စိတ် ပြီးတော့ နာမ်ရုပ် လာတာပဲ။

နာမ်ရုပ်လာပြီး သဠာယတနလာ၊ သဠာယတနပြီး ဖဿ၊ ဖဿ ပြီးတော့ ဝေဒနာ၊ ဝေဒနာ ပြီးတော့ တဏှာ၊ တဏှာပြီးတော့ ဥပါဒါန်၊ ဥပါဒါန်ပြီးတော့ ကံ၊ တော်ကြာ ပြန်လှည့်ပြန် ပြီး ဒီရောက်ပြန် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်တော့ တစ်နေ့ အပတ်ပေါင်းဟာ ရေတွက် နိုင်ပါ့မလား (မရေတွက် နိုင်ပါဘူး ဘုရား) မရေတွက်နိုင် တော့ကို ဒကာ ဒကာမတို့ သည် မရေတွက် နိုင်တာက ဒါတွေ ဘာဖြစ် နေပါလိမ့်မတုံး လို့ဆိုတော့ ငါမြင်လိုက် ကွာ မြင်လိုက်လည်း ငါဟာဖြင့် အင်း လိုချင်ရချင်ရှိ တာပဲ။

သွားပြီး ပြောချင် ဆိုချင်ရှိတာပဲ၊ လိုချင် ရချင် ပြောချင် ဆိုချင် ဆိုတော့ ဒါတွေပါပဲ (မှန်လှပါ ဘုရား) လိုချင်တယ် စွဲလန်းတယ် ပြောချင် ဆိုချင်တယ်ဆိုတာ ကာယကံ၊ ဝစီကံ (မှန်ပါ) သဘောကျ ပလား (ကျပါတယ် ဘုရား)။

အဲတော့ မျက်လုံးပေါက် ကလည်း ဒကာ ဒကာမ တို့ ကံပေါင်း အနန္တ လာမှာပဲ (မှန်ပါ) နားပေါက် ကကော (ကံပေါင်း အနန္တပါ ဘုရား) နှာခေါင်း ပေါက်ကကော (ကံပေါင်း အနန္တပါဘုရား)။

လူ့ပြည်အလည်လာကြတာ

ကံပေါင်း အနန္တလာမယ် ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ကယ်မည့်ယူမည့်သူ မရှိဘူးဆိုရင်ဖြင့် ဘုရားမပွင့်လို့ ဆရာကောင်း သမားကောင်း မကြုံရင်တော့ဖြင့် ဒကာ ဒကာမတွေ ဒီဘဝ အလည် လာကြတာ သာမှတ်ပေတော့ လူ့ပြည်နော် (မှန်လှပါ)။

တစ်ခါတည်း အပါယ်ဆင်းသွားမယ် ဒီဘဝ စုတေ မနေ သေလွန်လို့ ရှိရင် ဆရာကောင်း သမားကောင်းလည်း မတွေ့ဘူး ကယ်မည့်သူ ယူမည့်သူလည်း မတွေ့ဘူး ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ကံတွေသည် တဏှာ ဥပါဒါန် အုပ်ချုပ် တဲ့ကံတွေ ဖြစ်လေ သောကြောင့် အပါယ် မှတစ်ပါး သွားစရာ မရှိဘူး (မှန်လှပါ ဘုရား)။

အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား။) မသိတဲ့လူမှာ ဒီလောက်မကြောက် ပါဘူး ဒကာကာမတို့၊ သိတဲ့ပုဂ္ဂိုလ်မှာ စကား တစ်လုံး၊ပြာ လိုက်တယ် ပြောချင်တဲ့ စိတ်ကလေး ပေါ်လာတယ် ဆိုလို့ ရှိ ရင်ပဲ ကံရောက်အောင် သွားတော့တာပဲ၊၊ (မှန်လှပါ)။

အင်မတန် မဆိုဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ဒီအသံကြားလို့ ပြောချင်လိုက်တာ၊ ဒီအနံ့လေးနံ့လို့ ပြောချင်လိုက်တာ ဆိုလို့ ရှိရင်ဖြင့် အနံ့နံ တဲ့စိတ်ကြောင့်လည်း ပြောချင်တဲ့ ဝစီကံ လာတာပဲ။

ဒီဟာလေးစားပြီး သကာလ၊ ပြောချင်လိုက်တာ စား လို့ကောင်းတာလေး၊ အင်း ဝစီကံက လာပြီ စားတာကတော့ ဒီက စားတာပဲ ပြောတာက ဝစီကံကနေ ပြောတာ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ တစ်ခု စားလိုက်လည်း ကံမြောက်၊ နှစ်ခု စားလိုက်လည်း (ကံမြောက်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီကံတွေကသာ အကျိုးပေး နေမယ်ဆိုလို့ ရှိရင် ဖြင့် ကျွတ်ရေး လွတ်ရေး မြင်ကြသေးရဲ့လား (မမြင်ပါဘူး ဘုရား)။

တရားကြိုးစားပြီးနာပါ

အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်ဘုရား) အဲဒါကြောင့် တရား ကြိုးစား နာပါ ဘုန်းကြီးတရားက ဒကာ ဒကာမတို့ကို နားလည် စေချင်တော့ တစ်ရက်တည်းနဲ့လည်း ဘယ်နည်းနဲ့ မှအကုန် မပြောနိုင်ဘူး (မှန်လှပါဘုရား)။

ဒီလိုပဲ ဖြေးဖြေးစုသွားရမှာပဲ (မှန်ပါ) ဖြေးဖြေးစု ပြီး ဖြေးဖြေးရှု ရမှာပဲ ဆိုတာဖြင့် လေးလေး စားစားနဲ့ မှတ်ကြ ပါ (မှန်လှပါ)။

ဘုရား (၄၅)ဝါ ဟောတာ ဒကာ ဒကာမတို့ ဒီတစ် ရက်နဲ့ ဘုန်းကြီးတို့က ဘုရားလောက်လည်း သွက်တာ မဟုတ်ဘူး၊ အဲဒါကြောင့် အကုန်အစင် မပြောနိုင်တော့ ဖြေး ဖြေး ဖြေးဖြေးပဲ ပြောရတယ်။

ပြောတတ်တယ် ဒကာ ဒကာမတွေ မယူနိုင်ဘူး ဆို တာ သိတယ် မယူနိုင်ပါဘူးတဲ့ ကလေး ပါးစပ်က ကျဉ်းကျဉ်း ကလေး ထမင်းလုပ်ကြီးကြီး ဆိုရင် ရပါ့မလား (မရပါဘူးဘုရား)။

အဲဒီလို မရမှာ မြင်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို နားလည်မှု ရှေ့ရှုပြီး သကာလ မှန်မှန်ပဲ ပြောနေတယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ)။

၁။ သစ္စာတရားနာဖို့အရေးကြီးတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို လုပ်ကြပေတော့ ဝိမုတ္တာ ယတနသုတ် ဆိုပြီး အင်္ဂုတ္တိုရ်မှာ ဟောတယ် ဝိမုတ္တာယတန သုတ်ဆိုတာက တခြား မဟုတ်ပါဘူးတဲ့ ပထမ(၁)နံပါတ် မင်း တို့ အရေးကြီး တယ်ကွာတဲ့ သစ္စာတရားနာဖို့ အရေးကြီးတယ်။

ဒကာ ဒကာမတို့ ပထမ ဘာအရေးကြီးတုံး (သစ္စာ တရားနာဖို့ အရေးကြီး ပါတယ်ဘုရား) သစ္စာ တရားနာဖို့ အရေးကြီး သတဲ့နော် (မှန်လှပါ) ပထမ ဘာအရေးကြီး ပါလိမ့် (သစ္စာတရား နာဖို့ အရေးကြီး ပါတယ်ဘုရား)။

သစ္စာတရားနာဖို့ အရေးကြီးတယ် ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (သစ္စာတရား နာဖို့ အရေးကြီးပါ တယ်ဘုရား) သြော် ဒီတရားဟာ ဒကာ ဒကာမတို့ သစ္စာ တရား နာဖို့ အရေးကြီးတယ် ဆိုတာက ဦးဝတို့ ရှင်းရှင်းပဲ ပြောပါ့မယ်။

ဘုရားသာသနာ ရှိတုန်းပဲ သစ္စာဆိုတာ သိတယ် (မှန်ပါ) သာသနာလည်း မရှိတော့ဘူး၊ ဘုရားလည်း မပွင့်တော့ဘူး ဆိုရင် သစ္စာဆိုတာ မကြားရတော့ဘူး စိတ်ချ သာနေ(မှန်ပါ)။

သစ္စာမကြားရတဲ့ နောက်မှာ ဘာကျင့်နေနေ နိဗ္ဗာန် မရောက်ဘူးဆိုတာ စိတ်သာချ၊ သစ္စာ မကြားရတဲ့ အဆုံး မှာဖြင့် နိဗ္ဗာန် မရောက်ဘူးဆိုတာ အသေအချာ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ)။

သစ္စာမကြားရရင်၊ နိဗ္ဗာန်မရောက်

သစ္စာမကြားရတဲ့ အချိန်ဟာ ဒို့ နိဗ္ဗာန် မရောက်တဲ့ အချိန်ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

သစ္စာမကြားရတဲ့အချိန်ဟာ နိဗ္ဗာန်ကွယ်တဲ့ အချိန် လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ) သစ္စာ မသိရတဲ့ အချိန်ဟာ (နိဗ္ဗာန်ကွယ်တဲ့ အချိန်ပါ ဘုရား)။

အဲဒါကြောင့် ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ သစ္စာ ပြောတော့မယ် ရှေးဦးစွာ သစ္စာတရား နာမှုဟာ အရေးကြီး တယ် (၁)နံပါတ်နော် (မှန်လှပါ) (၁)နံပါတ် ဘာ အရေးကြီးပါလိမ့် (သစ္စာ တရားနာမှု အရေးကြီး ပါတယ် ဘုရား)။

၂။သူတစ်ပါးပြောနိုင်ဖို့အရေးကြီးတယ်

(၂)နံပါတ်က သစ္စာတရားကို ပါးစပ်က ကိုယ့်ကိုယ် ထဲမှာ သိပြီး သကာလ သူတစ်ပါးကို ပြောနိုင်ဖို့ ဒုတိယ အရေး ကြီးတယ်။

(၁)နံပါတ်က သစ္စာတရားကို ကိုယ်တိုင် နာမှု အရေး ကြီးတယ် နာပြီး သူတစ်ပါးကို ပြောနိုင်ဖို့ ဒုတိယ အရေးကြီး တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာတရား ဘာတုံး (၁)နံပါတ်က (သစ္စာတရား နာမှုက အရေးကြီး ပါတယ် ဘုရား) သိအောင် နာမှု အရေးကြီးတယ်။

နောက်သိပြီး သကာလ ပြောမှု (၂)နံပါတ် အရေးကြီးတယ် သဘောကျပလား (ကျပါတယ် ဘုရား) နောက် ကျတော့ကို (၃)နံပါတ်က ဒကာ ဒကာမတို့တဲ့ ဒီသစ္စာတရား ကို (၁)နံပါတ်က နာ၊ (၂)နံပါတ်က ဘာလုပ်ရမှာတုံး (သူ တစ်ပါး ပြောတတ် ရမှာပါ ဘုရား)။

အဲသူတစ်ပါး ပြောတတ်ရမယ်၊ သဘောကျပြီနော် (မှန်ပါ) (၁)မိမိ ကိုယ်တိုင် ဉာဏ်ထဲ သိထားရမယ်၊ (၂) နံပါတ်က ဘာပါလိမ့် (သူတစ်ပါးကို ပြောတတ်ရမှာ ဘုရား)။

၃။ ရွတ်ဖတ်သရဇ္ဈယ်

သူတစ်ပါးကို ပြောရ ဟောရမယ် ဆိုတာ ရှင်း ပလား (ရှင်းပါပြီဘုရား) အားလပ်တဲ့အချိန်မှာ ခန္ဓာကြီး သည် ဘာသစ္စာလို့ ရွတ်ဖတ် နေရမတုံး အားလပ်တဲ့ အချိန်မှာနော် ခုနက နှစ်လုပ်ကို မလုပ်တဲ့ အချိန်

ဪ ဒါ ဒုက္ခသစ္စာပါလား ကြွချင်တာလေးက သမုဒယ သစ္စာ ပါလား အင်း ခု သွားချင် တာလေးက ဒုက္ခသစ္စာ ပါလား၊ ဒါလေးတွေ ပေါ်တိုင်း ပေါ်တိုင်းလဲ ဒကာ ဒကာမတွေတဲ့ နှလုံးသွင်း ရမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် သရဇ္ဈာယ် ပေးရမယ် (မှန်လှပါ ဘုရား) သရဇ္ဈာယ် ပေးရမယ် ဒါဖြင့် (၁)နံပါတ်က နာမှုပေါ့ဗျာ၊ (၂)နံပါတ်က သူတစ်ပါးကို (ပြောမှုပါဘုရား)၊ (၃)နံပါတ်က ဘာပါလိမ့် (ရွတ်ဖတ် သရဇ္ဈာယ်မှု)

၄။သစ္စာမြင်အောင်လုပ်

(၄) နံပါတ်က ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို ပေါ် တိုင်း ပေါ်တိုင်း ဒါ ဒုက္ခသစ္စာ ပေါ်တာ ဒုက္ခသစ္စာ ပါလားလို့ မြင်အောင် လုပ်ရမယ်၊ သမုဒယ သစ္စာ ပေါ်လာရင်လည်း သမုဒယ သစ္စာ ပါလားလို့ မြင်အောင် လုပ်ရမယ် ရှင်းပြီနော် ( ရှင်းပါပြီ ဘုရား)။

၅။မသိသေးရင်ဆရာထံပေးမှု

(၅)နံပါတ်က သစ္စာ အလုပ်လုပ်ရင်း ကိုယ်မကွဲပြားလို့် ရှိရင်ဖြင့် ဆရာကောင်း သမားကောင်း ဆီ လာပြီး ဒီ ခု တပည့်တော် လုပ်နေတာ ဟုတ်ပါရဲ့လား၊ မဟုတ်ဘူးလား လို့ မေးဖို့ အရေးကြီးတယ်။

ဒီငါးခု အောင်မြင်လို့ ရှိရင်ဖြင့် ဒီငါးခုထဲက ဒကာ ဒကာမတို့ အောင်မြင်ကြပါမူကား ကိလေသာ မှလွတ် တဲ့ နိဗ္ဗာန်ကို ဧကန်ရတယ် ငါဘုရားက တာဝန်ယူတယ်။ဒီငါးခုပြည့်စုံရင် တာဝန်ယူသတဲ့။

ဒါကြောင့် သစ္စာတရားနာမှု၊ သစ္စာတရားကို သူတစ်ပါးကို ဟောပြောမှု၊ ကိုယ့်ဟာကိုယ် သရဇ္ဈာယ်မှု သဘောကျပလား။

နိဗ္ဗာန်ရောက်ဖို့ တာဝန်ခံတယ်

နှလုံးသွင်းမှု၊ နားမလည်လို့ ရှိရင် ဆရာ့ထံ သွားမေးမှု ဒီငါးခု ရှိလို့ ရှိရင်ကွာတဲ့ သေသေချာချာ ဝိမုတ္တာယတနသုတ် ဆိုတာ ဝိမုတ္တာ ဆိုတာ ကိလေသာမှ လွတ်တဲ့ သုတ်ပါပဲတဲ့ ဒီဥစ္စာ မင်းတို့ ဒီငါးခုနဲ့ ပြည့်စုံလို့ ရှိရင် သေသေချာချာ မင်းတို့ သည် နိဗ္ဗာန် မဂ်ဖိုလ်၊ ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့၊ အပါယ်လေးပါး မရောက်နိုင်တဲ့၊ အိုနာသေ ဒုက္ခဘေးတို့မှ ကင်းဝေးရာ နေရာ ဌာန ရပါတယ် ဆိုတာ ဘုရားက တာဝန်ခံ လိုက်တယ်၊ သဘောကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ဒီငါးချက်ကို ဒကာ ဒကာမတွေ သန္တာန် အရောက်ပို့ပေးမယ် ဒကာ ဒကာမတွေ သန္တာန် အရောက်ပို့ပေးတော့မယ်။

ကိုင်း ဒါဖြင့် ငါးချက်သိပြီနော်၊ သိပြီတဲ့ ငါးချက် သိတာကို မှတ်ထားလိုက်စမ်းပါ၊ ကိုင်း သစ္စာတရားနာမှု ဆိုတော့ သစ္စာတရားကို အနာ ခိုင်းပါပြီ။

ဘာတုံး မေးတဲ့အခါကျလို့ ရှိရင် သစ္စာဆိုတဲ့ ဥစ္စာ မှန်ကန်တာ သစ္စာနော် (မှန်ပါ) ဒုက္ခသစ္စာဆိုရင် ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဆင်းရဲတာ အမှန်ကို ဒုက္ခ သစ္စာ၊ ဆင်းရဲတာ အမှန်ကို (ဒုက္ခသစ္စာပါ ဘုရား)

ဒုက္ခဖြစ်ကြောင်းအမှန်ကသုံးခု

ကောင်းပြီ ဒုက္ခဖြစ်ကြောင်း အမှန်ကို သမုဒယသစ္စာ၊ ဒုက္ခဖြစ်ကြောင်း အမှန်ကို (သမုဒယ သစ္စာပါ ဘုရား) ဒုက္ခ ဖြစ်ကြောင်း အမှန်က ဒီနောက်က သုံးခု။

ဒုက္ခအမှန်ကရှေ့ကငါးခု

ဒုက္ခအမှန်က ရှေ့ကငါးခု၊ ရှေ့ကငါးခုကဘာတဲ့ (ဒုက္ခအမှန်ပါ ဘုရား) နောက်သုံးခုက ဒုက္ခဖြစ်ကြောင်း အမှန် ဒါဖြင့်သူက ဒုက္ခသစ္စာ ရှေ့ငါးခုက ဒုက္ခသစ္စာ၊ နောက်သုံးခု က သမုဒယ သစ္စာ။

မြန်မာလိုမှတ်လို့ ရိုးရိုးရှင်းရှင်းနဲ့ ဒကာ ဒကာမတို့ သစ္စာတရား ဟောနေလို့ လေးလေးစားစား မှတ်လိုက်စမ်းပါ၊ ရှေ့က ငါးခုက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နောက်သုံးခုက (သမုဒယ သစ္စာပါ ဘုရား)။

မြန်မာလိုပြန်တော့ ဒါသည် ဆင်းရဲတာအမှန် ။ (မှန်ပါ) ဒါက ဆင်းရဲကြောင်းအမှန် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ရှေ့ငါးခုက (ဆင်းရဲတာပါ ဘုရား) အင်း နောက်သုံးက (ဆင်းရဲကြောင်း အမှန်ပါ ဘုရား)။

ဆင်းရဲတာအမှန်လို့သိပေးပါ

ဆင်းရဲကြောင်း အမှန်လို့ဆိုတော့ ဒါ ဒကာ ဒကာမ တွေက ရှေ့ကငါးခု ဘာပဲ ပေါ်ပေါ် ဒါ ဆင်းရဲတာ အမှန်ချည့်ပဲလို့ သိသိ ပေးရမယ်၊ ရှေ့ ငါးခု ပေါ်တိုင်း ပေါ်တိုင်း ဘယ်လို သိရမတုံး (ဆင်းရဲတာ အမှန်ပါ ဘုရား)။

အဲမြင်စိတ် ကလေး ပေါ်လာလည်း (ဆင်း ရဲတာ အမှန်ပါ ဘုရား) ဆင်းရဲတာ အမှန်လို့ သိပေးပါတဲ့ ဝေဒနာလေး ပေါ်လာလည်း (ဆင်းရဲတာ အမှန်ပါ ဘုရား) အင်း ဖဿလေး ပေါ်လာလည်း (ဆင်းရဲတာ အမှန် ပါ ဘုရား)။

သိတာအမှန်

ဒါဖြင့် ရှေ့ကဆင်းရဲတာ အမှန် နောက်က သိတာ အမှန် မဂ်လိုက်သွားတယ် မလိုက်ဖူးလား (လိုက် ပါတယ် ဘုရား) ဒကာ ဒကာမတို့ ဒီထုံးဘူးလေး ချထားတာ မဂ္ဂင်ငါးပါးလို့ မှတ်လိုက်ပေတော့ (မှန်ပါ)။

ရှေ့ ငါးခုကို ဆင်းရဲတာ အမှန်လို့ ဟောဒီ ထုံးဘူးနဲ့ တူတဲ့ဉာဏ်က သိတယ် အဲတော့ ဒကာ ဒကာမတွေ ရှေ့ ငါးခုကဘာတဲ့ (ဆင်းရဲတာ အမှန်ပါ ဘုရား) ကြားစိတ် ကလေး ပေါ်ပေါ် မြင်စိတ် ကလေး ပေါ်ပေါ် ဆင်းရဲတာ အမှန်ပဲ။

ကြားစိတ်ပေါ်ရင်လည်း (ဆင်းရဲတာ အမှန်ပါ ဘုရား) ကောင်းပြီ စားစိတ် ကလေး ပေါ်လာ ရင်ကော (ဆင်းရဲတာ အမှန်ပါ ဘုရား) ဟုတ်သားပဲ ဒကာ ဒကာမတွေက ဖြစ်ပြီးပျက်သွားတာ အသေဆိုးသေရတာ။

ဖြစ်တာကလည်း ဒကာ ဒကာမတို့ ဘုန်းကြီးပြော နေကျအတိုင်း ပြောရလို့ ရှိရင်၊ ဘုရားဟော နေကျအတိုင်း ဟောရလို့ ရှိရင် ဖြစ်တာဟာ အနာပေါက် တာပဲ (မှန်ပါ) သဘောကျပလား (မှန်လှပါ ဘုရား)။

ဖြစ်တာဟာ ဘာတုံး (အနာ ပေါက်တာပါ ဘုရား) အင်း ပျောက်တာဟာ အနာပေါက်လို့ သေတာပဲ ဖြစ်တာဟာ ဘာတုံး (အနာပေါက် တာပါဘုရား) ပျက်တာက (အနာပေါက်လို့ သေတာပါ ဘုရား)။

ဒုက္ခမှတစ်ပါးဘာမှမရှိ

ဒါဖြင့် အနာပေါက် တာရယ်၊ သေတာရယ်၊ အနာပေါက်တာရယ်၊ သေတာရယ်ဆိုတော့ ဒီနှစ်ခုဟာ ဒုက္ခမှ တစ်ပါး ဘာရှိသေးတုံး (မရှိပါဘူးဘုရား)။

ဖြစ်တာက အနာပေါက်တာ၊ ပျောက်ပျက် သွားတာ က (သေတာပါဘုရား) သေတာ ဆိုတော့ အနာပေါက် ပြီးသေလေရဲ့ဆိုတော့ အနာပေါက်တာ ကြိုက်လား သေတာ ကြိုက်လား (မကြိုက်ပါဘူး ဘုရား) ဘယ်ဟာကြိုက်သ တုံး (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား)။

ဒါဖြင့် ဒုက္ခချည့်ပဲ (မှန်ပါ) ဒါဖြင့် ဖြစ်တာက လည်း ဒုက္ခပဲ (မှန်လှပါဘုရား) ပျက်တာလည်း (ဒုက္ခပါဘုရား) အဲ ပေါ်လာတဲ့စိတ်ကို ဖြစ်တာလည်း ဒုက္ခပဲ၊ ပျက်တော့လည်း ဒုက္ခပဲလို့ ဒီက နောက်က နေ သိပေး သဘောကျ ပလား (ကျပါတယ် ဘုရား)။

အဲတော့ သစ္စာတရား နာတဲ့ ပုဂ္ဂိုလ်ကျတော့ ရှေ့က ပေါ်လာတာ ဟူသ၍ သည် ဒုက္ခနဲ့ သစ္စာချည်းပဲ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီကဲ့သို့ ဒါက အလုပ်စ ပေးပါပြီတဲ့ ဒကာ ဒကာမ တို့ သန္တာန် ပေါ်လာတဲ့ စိတ်ဟာ ဖြစ်တာ လည်း အနာ ပေါက်တာပဲ၊ ပျောက်တာလည်း သေပွဲ ဝင်တာပဲ။

ဖြစ်တာကဘာတဲ့ (အနာပေါက် တာပါဘုရား) ပျက်တာက (သေပွဲဝင် တာပါဘုရား) ဒါဖြင့် အနာ ပေါက်တာရယ်၊ အနာပေါက်လို့ သေသွားတာရယ် ဒကာ ဒကာမတို့ ဘယ်ဟာများ ကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား)။

ဒုက္ခသစ္စာတွေချည်းပဲ

အဲ ခန္ဓာကိုယ်ထဲမှာ ဘယ်တရားပေါ်ပေါ် အနာ ပေါက်တာရယ် အနာပေါက်လို့ သေတာရယ် ဒါပဲရှိတယ်၊ ဒါဖြင့် အနာ ပေါက်တာ လည်း ဒုက္ခသစ္စာ၊ အနာပေါက်လို့ သေသွားတာလည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတော့ ဒါတွေက ဒကာ ဒကာမတွေ အကုန် ခန္ဓာငါးပါးတွေ ပဲ၊ ဒုက္ခသစ္စာ တွေချည်းပဲ သဘောကျပလား (ကျပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ရှေ့ပိုင်းငါးခုကို ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါဘုရား) အင်း ဘယ်သူက သိတာပါလိမ့် (ဉာဏ် မဂ်က သိတာပါ ဘုရား) ဉာဏ်မဂ်က သိတာ ဟောဒီကြားက နေသိတာ ဝေဒနာနဲ့ တဏှာကြားက မသိကြဘူးလား (သိပါတယ် ဘုရား)။

ထိုကဲ့သို့ သိတော့ ရှေ့ပိုင်းက ဘာပေါ်ပေါ် ဒကာ ဒကာမတို့ ပေါ်တာရော ပျောက်တာရော၊ အနာပေါက်တာ နဲ့ အနာပေါက်ပြီး သေတာချည်းလို့ ဉာဏ်နဲ့ သာ နှလုံးသွင်းလိုက်။

မဂ္ဂသစ္စာ

ဉာဏ်နဲ့ နှလုံးသွင်းလိုက်တဲ့ အခါကျတော့ ရှေ့ပိုင်းက နှလုံးသွင်းခံတာ ဟူသ၍က ဒုက္ခသစ္စာ (မှန်ပါ) နှလုံးသွင်းနိုင်တဲ့ ဉာဏ်ကလေးက (မဂ္ဂသစ္စာပါဘုရား)

မဂ္ဂသစ္စာလေး ဖြစ်နေတော့ ဒီဘက်က တဏှာ၊ ဥပါ ဒါန်၊ ကံတွေ အကုန် ဖြတ်ချတယ်၊ ဘာတွေ ဖြတ်ချတုံး (တဏှာ၊ ဥပါဒါန်၊ ကံတွေ အကုန် ဖြတ်ချပါတယ် ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံတွေ တစ်ခါတည်းဖြတ်ချလိုက် တော့ ဪ ဒကာ ဒကာမတို့ သန္တာန်၌ ဒီဘက်က တဏှာ နိရောဓောကိုပဲ နိဗ္ဗာန် ဖြစ်နေတယ်။

တဏှာချုပ်လို့ နိဗ္ဗာန်ရောက်တာ

ဒီမဂ်ပေါ်လာလို့ ရှိရင်လည်း တဏှာ ချုပ်လို့ နိဗ္ဗာန် ရောက်တာပဲ သဘောကျပလား (ကျပါတယ် ဘုရား)

ကောင်းပြီ ဒါတဏှာ၊ ဥပါဒါန် ချုပ်သွားတော့လည်း “တဏှာ နိရောဓော နိဗ္ဗာနံ” ဖြစ်တယ်။

သူတို့ မှမရှိပဲနဲ့ နောက်လာမဲ့ ဒကာ ဒကာမတွေ အနာဂတ် ဇာတိ ဇရာ မရဏ ဆိုတဲ့ ဒုက္ခတွေကော လာပါ့ မလား (မလာပါဘူး ဘုရား) အဲဒါက “ခန္ဓာနိရောဓော နိဗ္ဗာနံ” တဲ့။

ရှေ့ပိုင်းက တဏှာချုပ်တော့ ဘာနိဗ္ဗာန်တဲ့ (တဏှာ နိရောဓော နိဗ္ဗာနံ ပါဘုရား) တဏှာချုပ် သွားတဲ့အခါ ကျတော့ တဏှာနဲ့ ကံနဲ့ ဟာ တဏှာ မရှိရင် ကံချုပ်ရတာပဲ အဲဒါကြောင့် ကံကို ထည့်မပြော တော့ဘူး ဦးဝ ဦးဘအုံး တို့နော် (မှန်ပါ)

တဏှာရှိတဲ့ ပုဂ္ဂိုလ်မှာသာ ကံက အလုပ် လုပ်တာကိုး၊ တဏှာ မရှိတဲ့ ပုဂ္ဂိုလ်မှာ ကံဟာ ထုံးစံ အတိုင်းသာ ဖြစ်နေရ တယ် အလုပ် မလုပ်နိုင်ဘူး (မှန်လှပါဘုရား) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီတဏှာ ဥပါဒါန် ချုပ်သွားပြီ၊ ရှေ့ ပိုင်းကဟာ ဒုက္ခသစ္စာ ဒီမဂ်က နေပြီး သိလိုက်တဲ့ အတွက် ဒီ ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒီ(၁)၊ (၂) ဆိုတဲ့ နောက်ပိုင်းက (၃) ကျအောင် ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူး ဘုရား)။

မပေါ်နိုင်တော့ သူ့ကို ဘယ်လို ဆိုကြမတုံးလို့ မေး တော့ တဏှာ နိရောဓော (နိဗ္ဗာနံပါ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

တဏှာ နိရောဓော (နိဗ္ဗာနံပါ ဘု ရား) သဘောကျပြီ တဏှာ နိရောဓော (နိဗ္ဗာနံပါဘူရား)

ဪ ဟုတ်ပြီ ဒကာ ဒကာမတို့ ဒါဖြင့် သစ္စာတရားနာ ရတဲ့အတွက် အလုပ် လုပ်တတ်ပလား (လုပ်တတ်ပါပြီ ဘုရား)။

ဘာစိတ်ပေါ်ပေါ် ဒုက္ခသစ္စာ

လုပ်တတ်တော့ ရှေ့ပိုင်းက ဘယ်စိတ်ပေါ်ပေါ် ဘာ လုပ်ကြမတုံး (ဒုက္ခသစ္စာ ရှုရမှာပါ ဘုရား) ပေါ်ချင်တဲ့ စိတ် ပေါ်ကြ (ဒုက္ခသစ္စာ) ဣဿာစိတ် ပေါ်ပေါ် မစ္ဆရိယစိတ် ပေါ်ပေါ် ပေါ်ချင်တာ ပေါ် ဝိညာဏ်က စတာပဲ အဲဒါတွေသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အင်းပေါ်တာက အနာပေါက်တာ ဟုတ်လား (မှန်ပါ) ပျောက်တာက သေတာ ဒါသာ မှတ်ထား၊ ပေါ်တာ က (အနာပေါက်တာ) ပျောက်တာက (သေတာပါ ဘုရား)။

ဒါဖြင့် ဖြစ်တာက အနာပေါက်တာ၊ ပျက်တာက သေတာ ဒါဖြင့် အနာပေါက်တာ ကြိုက်သလား သေတာ ကြိုက်သလား (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား)။

အဲဒီလိုဘယ်ဟာမှ မကြိုက်တော့ဘူး ဆိုတာက ဆင်းရဲတာ အမှန်ကို သိလို့ မကြိုက်တာ ဒါဖြင့် ဆင်းရဲတာ အမှန်က ဒုက္ခသစ္စာ မကြိုက်တာက (မဂ္ဂသစ္စာပါ ဘုရား)။

သမုဒယကိုလာခွင့်မပြု

မဂ္ဂသစ္စာဖြစ်သွားတော့ ဒကာ ဒကာမတို့ ဒီမဂ္ဂသစ္စာ သည် ဒုက္ခသစ္စာကို သာလျှင် သူသိ သလားလို့ မေးတော့၊ နောက်က သမုဒယတွေ လာခွင့် ပေးသေးရဲ့လား (မပေး ပါဘူးဘုရား)။

ဝေဒနာပစ္စယာ တဏှာ လာသေးရဲ့လား (မလာ တော့ပါဘူး ဘုရား) ဥပါဒါန် (မလာပါဘူး ဘုရား) ကံ (မလာပါဘူး ဘုရား) ဒါဖြင့် ဒါတွေ ချုပ်မသွားဘူးလား (ချုပ်သွား ပါတယ် ဘုရား)

ဒါတွေ ချုပ်သွားတဲ့ အတွက်လည်း တဲ့ ဒကာ ဒကာမတို့ တဏှာ နိရောဓော နိဗ္ဗာနံ၊ သဘောကျပလား (ကျပါတယ် ဘုရား) တဏှာ နိရောဓော (နိဗ္ဗာနံပါ ဘုရား) တဏှာ၊ ဥပါဒါန်၊ ကံမချုပ် ဘူးလား (ချုပ်ပါ တယ် ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံချုပ်တယ်

ချုပ်တဲ့အတွက် ဘာခေါ်ကြမတုံး (တဏှာနိရောဓော နိဗ္ဗာနံပါ ဘုရား) တဏှာ နိရောဓော နိဗ္ဗာန် ဆိုတော့ ဪ ဒါဖြင့် ဒို့သည် တဏှာချုပ်တဲ့ နိဗ္ဗာန်ရလို့ ရှိရင် ဖြင့်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံမှ မရှိပဲနဲ့ ဒကာ ဒကာမတို့ နောက် ဘဝ ဇာတိ ဇရာ မရဏဆိုတဲ့ ခန္ဓာ ပေါ်ဦးမလား (မပေါ် ပါဘူး ဘုရား)။

ဒါဖြင့် အဲဒါတွေ မပေါ်တဲ့ အတွက်လည်း အဲဒါဟာ ခန္ဓာတွေ ဖြစ်နေတော့ ခန္ဓာ နိရောဓော နိဗ္ဗာနံလည်း ရတယ် တဏှာ နိရောဓော နိဗ္ဗာနံ ရရင် ခန္ဓာ နိရောဓော (နိဗ္ဗာန် ရပါတယ် ဘုရား)။

တဏှာနိရောဓော နိဗ္ဗာနံ ရ၍ (ခန္ဓာ နိရောဓော နိဗ္ဗာနံ ရပါတယ် ဘုရား) အဲ ခင်ဗျားတို့ ဖြစ်နေတဲ့ စိတ်ထဲမှာ ဒီလိုလေး ဝင်ဝင် ပေးရမယ်။

အိမ်မှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ်၊ ဘယ်မှာဖြစ်ဖြစ် ဒါလေး ဝင်လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သံသရာ အဆက်ပြတ်တယ်လို့ မှတ်လိုက်ရင်း (မှန်လှပါ)။

သံသရာအဆက်ပြတ်တယ်

ဘယ်လိုမှတ်ကြမယ် (သံသရာ အဆက်ပြတ်ပါ တယ်ဘုရား) ဪ ဒကာ ဒကာမတွေက နဂိုသိထားတာ က သံသရာကြီးဟာ ရှည်လှတယ် သံသရာကြီး ဟာ ရှည်ခဲ့ပြီ၊ ရှေ့ကိုလဲ ရှည်ဦးမှာပဲ အဲဒါကြီးကို လေပြေ ထိုး ပြီး သကာလ စကား မရှုပ်နေပါနဲ့ သဘောကျပလား (မှန်ပါ)။

အဲဒါကို ဘာမှမစဉ်းစားပါနဲ့၊ လျှံပေါ်တဲ့ သံသရာ ပြတ်ရင်ပြီးတာပဲ (မှန်ပါ) ခုပေါ်တာက (၁) (၂) (၃) (၄) (၅) ဒီဘက်က သံသရာက (၆) (၇) (၈) ဒါမဂ်မဝင်လို့ ရှိရင်း သံသရာ ရှစ်ခု ရှိတယ်။

မဂ်မဝင်ရင် (သံသရာရှစ်ခု ရှိပါတယ်ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)

သံသရာရှစ်ခု ဆိုတော့ ယခု ပစ္စုပ္ပန် သံသရာ၊ ယခုခဏ သံ သ ရာကို ဖြတ်ရင် တစ်ခါတည်း သစ္စာသိတဲ့ သစ္စာ တရားနာ ရတဲ့ ဒကာ ဒကာမတွေ ဖြစ်နေ သောကြောင့် ရှေ့ပိုင်းက ဟာတွေဟာ ဖြစ်ပြီး ပျက်တာချည့်ပဲ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။

မယုံလို့ ရှိရင် လက်မောင်းကို ကိုယ့်လက်သည်း ကလေးနဲ့ ကုပ်ကြည့် ဟုတ်လား နာစိတ် ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား ဒါလေးဟာလည်း အင်း နာစဟာလည်း အနာပေါက် တာပဲ သဘောကျ ပလား (ကျပါတယ်ဘုရား)။

နောက်တော့ ဒီအနာကလေးက ရှိသေးရဲ့ လား (မရှိတော့ပါဘူး ဘု ရား) အင်း အနာ လေးဟာ ပေါက်လည်း ပေါက်တယ်၊ ဒီ အနာလေး သည်ကား ဆိုရင်ဖြင့် အင်း ဝေဒနာက္ခန္ဓာလေး ဖြစ်ပါတယ်၊ ဝေဒနာက္ခန္ဓာ သမား တစ်ယောက် သေလည်း သေပါတယ် သဘောကျ ပလား (ကျပါတယ် ဘုရား)

ဝေဒနာက္ခန္ဓာ သမား တစ်ယောက် ဝေဒနာ တစ်ခု လည်း ရောက်ပါတယ် ဒီ ဝေဒနာက္ခန္ဓာလို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက ပြောချင်တာက အခု တရားနာနေတဲ့ ဒကာ ဒကာမတွေဟာ ဒကာ ဒကာမတွေ ဆိုတာ ဟောမဖြစ် လို့ ဟောတာ စင်စစ်တော့ သူတို့ မှာ ဝေဒနာချည့်ပဲ သဘောကျပလား (ကျပါတယ် ဘုရား)။

စိတ်နဲ့ဝေဒနာနဲ့တွဲလျက်နော်

စိတ်တွေချည့်ပဲ စိတ်နဲ့ ဝေဒနာနဲ့ တွဲလျက်နော် (မှန်ပါ) အဲတော့ စိတ်တစ်လုံး ပေါ်လာတယ် ဆိုရင် ဒီစိတ်နဲ့ အသက်ရှင် နေတယ် သဘောကျပလား။

စိတ်တစ်လုံး ပေါ်လာရင် (ဒီစိတ်နဲ့ပဲ အသက်ရှင် ပါတယ်ဘုရား) ဒီစိတ်နဲ့ အသက်ရှင်တယ် ဆိုတော့ ဒီစိတ် ကလေး ပေါ်လာတာသည် အနာ ပေါက်တာပဲ ဒီစိတ်ကလေး ပျောက်သွား တာသည် သေတာပဲ ဆိုတော့ ဒါဘုန်းကြီးတို့ ဒကာ ဒကာမတစ်ယောက် သေတာပဲ သဘောကျပလာ (မှန်လှပါ)။

ဘယ်သူ သေတာပါလိမ့် (ဒကာ ဒကာမတစ် ယောက်ပါဘုရား) အင်း ဝိညာဏက္ခန္ဓာ ဆိုတဲ့ ဒကာ တစ်ယောက် ဆိုင်းဘုတ်ဆွဲလို့ ရှိရင် ဒကာမ တစ်ယောက်သေ တာပါပဲ သဘောကျ ပလား (မှန်ပါ)။

ဘယ်သူ သေတာပါလိမ့် (ဝိညာဏက္ခန္ဓာပါ ဘုရား) အင်း ဝိညာက္ခန္ဓာဆိုတဲ့ ဒကာတစ်ယောက် ဒကာမ တစ်ယောက် သေတယ်လို့ ဟောဒီကနေ သိသိပေး စမ်းပါ သဘောကျပလား။

ကိုယ့်သစ္စာကိုယ်သိတာ

သိပေးတော့ကို ဒါ ကိုယ်ဒုက္ခ ရောက်တာကို ကိုယ် မသိဘူးလား (သိပါတယ်ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ဒုက္ခ ရောက်တာ ကိုယ်သိလို့ ရှိရင် ကိုယ့်သစ္စာကို ကိုယ်သိတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဘယ်သစ္စာ သိတာပါလိမ့် (ကိုယ့်သစ္စာ ကိုယ် သိတာပါဘုရား) အဲဒါကို မသိသေးလို့ ရှိရင် ဒါမှမသိသေး လို့ ကိုယ်ဒုက္ခရောက်တာ ကိုယ့်စိတ်ကလေးဟာ ပေါ်လာ တာဟာ အနာပေါက်တာ ဘုန်းကြီးက ရှင်းအောင် ပြောပြီ (မှန်ပါ)။

အင်း ပျက်စီးသွားတာသည် ဒီအနာနဲ့ သေသွား တာ ဒါ ဒကာသစ် တစ်ယောက် ဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး ဘုရား) ဒကာအုန်း တစ်ယောက် ဆိုရင်ကော (မလွဲပါဘူး ဘုရား) ဦးစံရင် တစ်ယောက် ဆိုရင်ကော (မလွဲပါဘူး ဘုရား)။

မလွဲပါဘူးတဲ့ ဒကာ ဒကာမတွေ ကျေနပ်ပါပလား (ကျေနပ်ပါတယ် ဘုရား) ဒါကိုယ်သေတာ၊ မိမိကိုယ်တိုင် သေတာ သဘောကျပလား (ကျပါတယ် ဘုရား)

မိမိကိုယ်တိုင် သေတာတဲ့၊ ဘယ်နှယ် ကြောင့် သေတုံး လို့ မေးတဲ့အခါ နဂိုတုန်းကလည်း ကြားတဲ့စိတ် ဝိညာဏ် ကလေး ပေါ်လာတယ် အင်း ကြားတဲ့စိတ် ဝိညာ ကလေးဟာ ဘာလုပ်ဖို့ ပေါ်လာတာတုံး ဆိုတော့ သေမလို့ ပေါ်လာတာ၊ နောက်ကြည့်လိုက်တဲ့ အခါကျတော့ သေ လည်း သေသွားတယ် သဘောကျပလား (ကျပါတယ် ဘုရား)။

သေမလို့ပေါ်တာနဲ့ သေတာ

သေမလို့ ပေါ်လာတာရယ် သေတာပဲ ရှိတယ် (မှန်လှပါ) ဒိပြင် ဘာရှိသေးလဲ (မရှိပါဘူး ဘုရား) မရှိတော့ ကို ဒကာ ဒကာမ သန္တာန်မှာ ဒါမိမိ တစ်ယောက် သေတယ်လို့ ဆုံးဖြတ်ချက်ချပါ။

ဒါဖြင့် မိမိတစ်ယောက် သေတယ်လို့ သိထားခြင်း သည် ကိုယ့်စိတ်ကို ပြန်ရှူရှု၊ ကိုယ့် ဝေဒနာကို ပြန်ရှုရှု မိမိ တစ်ယောက် သေတာချည့်မှတ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်စိတ် သေပြန်တော့လည်း ဒါကိုယ်တစ် ယောက် သေတာပဲ အင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာလေး ရှုတဲ့ ပုဂ္ဂိုလ်က လည်း ဒီဝေဒနာလေးဟာ ပေါ် လည်း ပေါ်တယ် ပျောက်လည်း ပျောက်တယ် မိမိ တစ်ယောက် သေတာလို့ မှတ်လိုက်။

ကိုယ်ဒုက္ခရောက်တာကိုယ်မြင်ပါစေ

စိတ်ကလေး ပေါ်လည်း ပေါ်ပါတယ်၊ ပျောက်လည်း ပျောက်တယ် ဆိုရင် ဒါဖြင့် မိမိသေတာကို မိမိဉာဏ်ဖြင့် မြင် ပါစေ ဒါဖြင့် ကိုယ် ဒုက္ခ ရောက်တာ ကိုယ်မြင်ပါစေ ရှင်းပါစေ (ရှင်းပါပြီဘုရား)။

ဘာမြင်ရမယ် (ကိုယ်ဒုက္ခ ရောက်တာ၊ ကိုယ် မြင်ရမှာ ပါ ဘုရား) ကိုယ်ဒုက္ခ ရောက်တာ ကိုယ်မြင်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှာ ဘယ် နှယ် ဖြစ်လာတုံးဆို တော့ စကြာ ဝတေး မန္ဓာတ်မင်းကြီးများ ဖြစ်ချင်သေးသလား (မဖြစ် ချင်ပါဘူးဘုရား) ကိုယ်ဒုက္ခ ရောက်တာ ကိုယ်မြင်ပေါ့ (မှန်ပါ)။

စိတ်တစ်လုံးနဲ့ အသက်ရှင်နေတာ ဒီစိတ်တစ်လုံးဟာ ခဏခဏ အနာပေါက်၊ ခဏခဏသေ ဒီလိုမနေ ဘူးလား (နေပါတယ် ဘုရား)။

ဗြဟ္မာဖြစ်တော့လည်း ဒီစိတ်မျိုး ပေါ်ပြီး၊ ဒီလို သေ ရမယ် နတ် ဖြစ်တော့ လည်း ဒီ အနာပေါက် ပြီး ဒီလို သေရဦးမှာပဲ။

ကိုယ့် အသေ ကိုယ်မြင် တာ သည် ဒုက္ခသစ္စာ သဘောကျပလား (ကျပါတယ်ဘုရား) ကိုယ့်အသေ ကိုယ်မြင်တာသည် (ဒုက္ခသစ္စာပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာ တရားနာ ကြ၊ ဘယ်ကနေ မြင်တုန်း ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြီး ခန္ဓာ ကြီးတန်းမလို့ ထုံးစံ အတိုင်း တန်းမလို့ လာတာကို အတန်း မခံပဲနဲ့ ကျုပ်တို့က ဝေဒနာ နောက်ကနေပြီး လှမ်းကြည့် လိုက်တယ်။

ရှေ့ပိုင်းက စိတ်တွေ ဝေဒနာတွေကို ကြိုက်ရာကြည့် လိုက်တယ်၊ ပေါ်ရာကို ထိုးကြည့် လိုက်တယ် သဘောကျ ပလား (ကျပါတယ်ဘုရား)။

ပေါ်ရာကို ကြည့်လိုက်တဲ့ အခါကျတော့ ဘာမြင်ပါ လိမ့်မတုံး ကိုယ်ဒုက္ခ ရောက်တာကို ကိုယ်မြင်တယ် သဘောကျပလား (ကျပါတယ်ဘုရား)။

သံသရာဖြတ်တဲ့တရား

ဘာမြင်ပါလိမ့် (ကိုယ်ဒုက္ခရောက်တာ ကိုယ်မြင် ပါတယ်ဘုရား) စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့ ကောင်းအောင်ဟောတဲ့ တရားမဟုတ်ဘူး တစ်ခါတည်း သံသရာ ဖြတ်တဲ့တရား (မှန်ပါ)။

ဘာဟောနေတာ (သံသရာ ဖြတ်တဲ့တရားပါ ဘုရား) သံသရာ ဖြတ်ပေးနေတဲ့ တရားဖြစ် သောကြောင့် ဒကာ ဒကာမတို့ သံသရာဆိုတာ နောက် သံသရာလည်း ဖြတ်ဖို့ ခင်ဗျားတို့ မလိုပါဘူး။

ပြီးခဲ့ပြီ ခင်ဗျားတို့ ခံခဲ့ရပြီ (မှန်လှပါ) ယခု သံသရာ ကို ယခု ဖြတ်လိုက်လို့ ရှိရင်ဖြင့် ပစ္စုပ္ပန် တဏှာဟာ သံသရာကို ဖြတ်လိုက်လို့ ရှိရင်ဖြင့် အနာဂတ် သံသရာဆိုတာ လာပါဦး မလား (မလာပါဘူး ဘုရား)။

ပစ္စုပ္ပန် သံသရာ ဖြတ်လိုက်ရင် အနာဂတ် သံသရာ (မလာပါဘူး ဘုရား) မလာဘူးဆိုတာ သဘောကျ ပလား (ကျပါတယ် ဘုရား) ကြည့်လေ ဒီဝိညာဏ်က အစ ကံရောက်လိုက်၊ တော်ကြာ ဝိညာဏ်ကစ (ကံရောက် လိုက်ပါဘုရား)။

ဒီလို လှည့်မနေ ဘူးလား (လှည့်နေပါတယ် ဘုရား) ဒါဖြင့် ပစ္စုပ္ပန်တွင်ကို လှည့်နေတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ကဲ ပစ္စုပ္ပန်ကို အလှည့်မခံ ဘူးဟေ့၊ ဒကာ ဒကာမတွေ ဘာအလှည့်မခံတုံး (ပစ္စုပ္ပန်ကို အလှည့်မခံပါဘူး ဘုရား)။

ပစ္စုပ္ပန်ကို အလှည့်မခံဘူး၊ ဘာဖြစ်လို့တုံး သစ္စာသိ လို့ ကြားစိတ်ကလေး ပေါ်လာတယ် ဒကာ ဒကာမတို့ ဒီကနေ ကြည့်စမ်း ဒုက္ခသစ္စာပဲ မဟုတ်လား (မှန်ပါ)။

သိတာကမဂ္ဂသစ္စာ

ကြည့်လိုက်ရင် ဒုက္ခသစ္စာပဲ (မှန်လှပါ) ဒုက္ခ သစ္စာလို့ သိလိုက်တဲ့ အတွက် ရှေ့ပိုင်းက ဒုက္ခသစ္စာ သိတာက (မဂ္ဂသစ္စာပါဘုရား) ဟော သေတာက သမုဒယသစ္စာ။

သေတာကဘာတုံး (သမုဒယသစ္စာပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ သံသရာဟာ ပြတ်တယ်။

အတော်အဖိုးတန်ပြီ ဒကာ ဒကာမတို့ ဉာဏ်ကြီး ကြီးနဲ့ နားထောင်စမ်းပါလို့ ဘုန်းကြီးက သတိပေး လိုက်တယ် အင်မတန် အရေးကြီးလို့ပါ သာမည အရေးကြီးတာ မဟုတ်ဘူး။

သံသရာကြီး ဘယ်လိုများ ဖြတ်ရမှာတုံးလို့ ဆိုတဲ့ ဥစ္စာ ခင်ဗျားတို့ ညည်းနေမှာ သိပ်စိုးရိမ်တယ် မညည်းနဲ့တော့ ဒီဥစ္စာ တစ်နေ့ အပတ်ပေါင်း လည်နေတဲ့ ဥစ္စာ ဒီတစ် ပတ်ထဲတင် ဖြတ်လိုက်လို့ ရှိရင် ပြီးတာပဲ အပတ်လာတိုင်း လာတိုင်းသာ ဖြတ်ပေး ကြာတော့ မလာတော့ဘူး၊ (မှန်ပါ)။ လာပါ့မလား (မလာပါဘူးဘုရား)

အဲတော့ ပစ္စုပ္ပန်သံသရာဖြတ်မှ အနာဂတ် သံသရာလည်း ဖြတ်မယ် (မှန်လှပါ) ပစ္စုပ္ပန် သံသရာဖြတ်မှ (အနာဂတ်သံ သရာ ပြတ်မှာပါဘုရား) အနာဂတ် သံသရာ ပြတ်မယ်ဆိုတာ သဘောကျ ပလား (ကျပါတယ်ဘုရား)။

တစ်နည်း ဤကဲ့သို့ သံသရာ ဖြတ်ပုံကလည်း သြော် ဒို့ဖြင့် သစ္စာသိမှ ဖြတ်နိုင်သကိုး ဆိုတာ ပေါ်လာတယ် (မှန်လှပါ) ဘယ်လိုမှ ပေါ်လာပါတုံး (သစ္စာသိမှ ဖြတ်နိုင်မှာပါ ဘုရား)။

သစ္စာသိမှ ဖြတ်နိုင်တယ် ဆိုတာ ဒကာ ဒကာမတို့ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး ဘုရား) မလိုဘူးနော် ဒါ ခု ခင်ဗျားတို့ သစ္စာ သေနာ ပေါ်တာနဲ့ သေတာမှ မသိ လို့ ရှိရင်တော့ဖြင့် သစ္စာကော သိပါဦးမလား (မသိပါ ဘူးဘုရား)။

သေနာပေါ်တယ် ဆိုတာ သူဖြစ်လာတာ သေတယ် ဆိုတာ ပျောက်သွားတာ အဲတော့ တစ်ခုသော ဓမ္မမှာ ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ ဘယ်ဓမ္မ ပေါ်ပေါ် သေနာ ပေါ်တာရယ် သေတာရယ် ဒါပဲရှိတယ် (မှန်ပါ) ရှင်းပလား (ရှင်း ပါပြီဘုရား)။

ခန္ဓာကိုယ်ထဲ ဘယ်ဓမ္မ ပေါ်ပေါ် ဘာရှိသတုံး – (သေနာ ပေါ်တာနဲ့ သေတာပဲ ရှိပါတယ် ဘုရား) ဒါဖြင့် သေနာပေါ်တာ ကြိုက်သလား၊ သေတာ ကြိုက်သလား (ဘယ်ဟာမှ မကြိုက်ပါဘူး ဘုရား)။

ဒုက္ခသစ္စာပိုင်းခြားတာ

ဘယ်ဟာမှ မကြိုက်လို့ ရှိရင် သူ ဒုက္ခချည်းပဲလို့ သိတယ် ဒါ ဒုက္ခသစ္စာ ပိုင်းခြားတာ (မှန်လှပါ ဘုရား) သေ နာ ပေါ်တာကလည်း ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သေတာကလည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့်ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ဓမ္မဟူသ၍ ဟာ သေနာပေါ်တာနဲ့ သေတာပဲ ရှိတယ် (မှန်လှပါ ဘုရား) ဒိပြင် ဘာများရှိ သတုံး (မရှိပါဘူး ဘု ရား) ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိတယ် (ဝါ) ပိုင် ပိုင်နိုင်နိုင် သိတယ် ဆိုတာ သေနာ ပေါ်တာလည်း မကြိုက် သေတာလည်း (မကြိုက်ပါ ဘုရား) တော်ပြီ တော်ပြီ နောက်တော့ဖြင့် ဘယ်ခန္ဓာမှ မဖြစ်ချင်ဘူး။

ခန္ဓာဖြစ်ရင် သေနာ ပေါ်တာနဲ့ သေတာပဲ ရှိတယ် (မှန်လှပါဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ခန္ဓာဖြစ်ရင် (သေနာပေါ်တာနဲ့ သေတာပဲ ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ဒီဘဝကို အားထုတ် တတ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံတို့ လာပါဦး မလား (မလာ ပါဘူးဘုရား) သေချာပလား (သေချာပါတယ် ဘုရား)။

သေနာပေါ်တာ

ဘယ်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ တရားနာတာ နာရီဝက်သာသာ ကလေးပဲ ရှိသေးတယ် ဒီ တဏှာ၊ ဥပါဒါန်၊ ကံ တွေ ဘယ်နှယ်ကြောင့် ချုပ်ရပါလိမ့်မတုံး အို ဘယ် ဓမ္မပေါ်ပေါ် ကိုယ့်သန္တာန် စားချင်တဲ့ စိတ်ပေါ်လည်း သေနာ ပေါ်တာနဲ့ သေတာပဲ၊ ဒုက္ခသစ္စာပဲ ပေါ်တယ် (မှန်လှပါ)။

အိပ်ချင်တ ဲ့စိတ်ကလေး ပေါ်လည်း (ဒုက္ခ သစ္စာပဲ ပေါ်ပါတယ် ဘုရား) အင်း ပြောချင်တဲ့ စိတ်ကလေး ပေါ်လည်း (ဒုက္ခသစ္စာပဲ ပေါ်ပါတယ် ဘုရား) ကြံတဲ့ စိတ်ကလေးပေါ် (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒုက္ခသစ္စာ ချည့်လို့ ခင်ဗျားတို့ နောက်ကသာ လိုက် လိုက်တယ် လိုက်ပြီးတော့ ရှေ့ပိုင်းက ဒုက္ခသစ္စာ မလာဘူး လား (လာပါတယ် ဘုရား) ဪ ဒီလောက် သိသွား တော့ ဒကာ ဒကာမတို့ ဘာများ ဖြစ်ချင် သေးသတုံး ဆိုတော့။

ထပ်ဖြစ်ချင်လည်း ဒီခန္ဓာငါးပါးပဲလာမှာပဲ (မှန် လှပါဘုရား) ဒီပြင် ဘာလာမှာတုံး (မလာပါဘူး ဘုရား) ဒီခန္ဓာငါးပါးကလည်း အသေအချာ တွက်လိုက်တော့ သေနာပေါ်တာနဲ့ သေတာမှတစ်ပါး ဘာမှမရှိဘူး (ဘာမှ မရှိပါဘူး ဘုရား)။

ဘာရှိသေးတဲ့ (ဘာမှမရှိပါဘူးဘုရား) သေနာ ပေါ်တာနဲ့ သေတာမှတစ်ပါး (ဘာမှမရှိပါဘူး ဘုရား) ဒါ ဖြင့် ဒကာ ဒကာမတို့ ဟောတာ စကြဝတေး မင်းကြီးပဲဆို တော့ကော ဒီငါးခုက စကြဝတေး မင်းကြီးပဲ ဆိုတော့လည်း ဒါပဲ ဒကာ ဒကာမတို့ (မှန်လှပါ)။

ဗြဟ္မာမင်းကြီးလဲ (ဒါပါပဲဘုရား) ဒါဖြင့် ဗြဟ္မာ မင်းကြီးလဲ သေနာ ပေါ်တာနဲ့ သေတာ သေတယ် ဆိုတဲ့ ဒုက္ခ သစ္စာပဲ ရှိတယ် (မှန်ပါ) စကြဝတေး မင်းကြီးမှာကော (သေနာပေါ်တာနဲ့ သေတာပဲ ရှိပါတယ် ဘုရား)။

ဒါဖြင့် “သဗ္ဗေသင်္ခါရာ ဒုက္ခာ၊ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာ” အင်း ဒုက္ခသစ္စာကြီးလို့ ဘုရားကဟော ထားတာ ခုတော့ဖြင့် ဟုတ်ပြီ ကိုယ့်သန္တာန်မှာ ဖြစ်တာတောင်မှ ဒုက္ခသစ္စာပဲ ရှိတာပဲ တခြားဘာများ ရှိသေး သတုံး (မရှိသေးပါဘူး ဘုရား)။

ဖြစ်တာပျက်တာပဲရှိတယ်

ဖြစ်ပျက်ပဲ ရှိတယ် (မှန်လှပါ) ဖြစ်တာက သေနာ ၊ ပေါ်တာ၊ ပျက်တာက သေတာ ဒါဖြင့် သေနာ ပေါ်တာနဲ့ သေတာမှတစ်ပါး ကျပ်တို့ သန္တာန် ဘယ်တရားများ ထူးထူး ခြားခြား ရွှေတုံး ရွှေခဲများ ထွက်လာတာ ရှိသတုံးလို့ မေးချင်တယ် (မရှိပါဘူးဘုရား)။

ရှိကြသေးရဲ့လား (မရှိပါဘူးဘုရား) မရှိဘူးဆို တာ သေချာပလား (သေချာပါတယ်ဘုရား)။

နောက်ကနေသာကြည့်

အဲဒါ ကိုယ့်စိတ်ကလေးကို စိုက်ပြီး ပထမပေါ်တာ လေးကို နောက်ကနေ သာကြည့် ရှိသေးလား မရှိဘူးလား သာကြည့် (မရှိပါဘူး ဘုရား)။

မရှိကတည်းက ဪ သေချင်လို့ပေါ်လာပြီး သေရှာတာပဲကိုး ဘယ့်နှယ်ဆိုကြ (သေချင်လို့ ပေါ်ပြီး သေပါတယ်ဘုရား) သေချင်လို့ ပေါ်ပြီး သေတာပဲ ဒါပဲရှိ တယ် ဒကာ ဒကာမတို့ တခြား ဘာရှိ သေးသတဲ့ (မရှိ ပါဘူးဘုရား) သဘောပါကြပလား (ပါပါတယ်ဘုရား)။

ဪ သေချင်လို့ ပေါ်တာရယ်၊ သေသွားတာ ရယ် ဒါပဲရှိတော့ စကြဝတေးမင်း ဆိုတာလည်း ဒီငါးခု ဒီသေနာ ပေါ်တာနဲ့ သေတာပဲရှိတာ ဗြဟ္မာမင်းကြီး ဆိုတော့ (သေနာပေါ်တာနဲ့ သေတာပဲ ရှိပါတယ် ဘုရား)။

ဪ ဒါကြောင့် သစ္စာသိလို့ သံသရာပြတ် တယ်ဆိုတာ ဒီဘက်က သံသရာ အားထုတ်မည့် တရားတွေ ပြတ်ထွက်သွားတယ် (မှန်လှပါ) ဦးဘ အုံး ကောင်းကောင်း ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

ဦးစံရင်တို့ ကော သြော် ဘယ့်နှယ်ကြောင့် ဒီဘက်ကသုံးခု မပေါ်နိုင်ပါလိမ့်မတုံး မေးလို့ ရှိရင် ဒကာ ဒကာမတွေ သစ္စာသိလို့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒီဘက်ကဟာ ဘာတုံး (သစ္စာပါဘုရား) ဒီဘက် ကဟာ (သိလို့ပါဘုရား) ဪ သစ္စာသိလို့ ဘယ်လောက် အဖိုးတန်သွားတဲ့ ဒကာ ဒကာမတို့ သစ္စာသိလို့ ရှင်းပြီနော် (ရှင်းပါပြီဘုရား) ကိုမြရွှေတို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

သစ္စာ (သိလို့ပါဘုရား) ဒါက သစ္စာ ဒီဘက်က (သိလို့ ပါဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ပေါ်တိုင်းပေါ်တိုင်း ခင်ဗျားတို့ သေနာပေါ်တာနဲ့ သေတာပဲ ရှိတယ်လို့ သိသိပေးနေလို့ ရှိရင်ဖြင့် ယခု သံသရာက စပြတ် ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်သည် ဆုတောင်းအလုပ် လား၊သံသရာကို ဒုက္ခသစ္စာကို သိရမဲ့ အလုပ် လားလို့ မေး လို့ ရှိရင် ဒုက္ခသစ္စာ သိလို့ ရှိရင် နိဗ္ဗာန် ရောက်တယ်၊ (မှန်လှပါဘုရား)။

ဒုက္ခသစ္စာမသိရင် (မရောက်ပါဘူးဘုရား) ဘယ်နည်းနဲ့မှ မရောက်ဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ပါ။

သေနာပေါ်တာနဲ့သေတာပဲရှိတယ်

ရှေ့ပိုင်းက ငါဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) မြန်မာလို နာနာ ပြောစမ်းပါ ဆိုတော့ သေနာပေါ်တာ နဲ့ သေတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား)။

သေနာ ပေါ်တာနဲ့ (သေတာပါ ဘုရား) သေနာ ပေါ်တာနဲ့ သေတာပဲ ရှိတယ် ဆိုတော့ ပေါ်လာတာ သေဖို့ ရာပေါ်လာလို့ သေတယ် ပြောတာ (မှန်လှပါ) နောက်ကျတော့ ကြည့်လိုက်တော့ ရှိသေးရဲ့လား (မရှိပါဘူးဘုရား)။

မရှိတော့သေသွားရှာတယ် သဘောကျပလား (ကျပါတယ်ဘုရား) အဲဒိကဲ့သို့ သေနာပေါ်တာနဲ့ သေတာဟာ ဒကာ ဒကာမတွေ၏ ဆု တောင်းပြည့် ထားတဲ့ ခန္ဓာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူချမ်းသာ ခန္ဓာလည်း သေနာ ပေါ်တာနဲ့ သေတာ ပဲရှိတယ် (မှန်လှပါဘုရား) လူဆင်းရဲ ခန္ဓာကော (သေနာပေါ်တာနဲ့ သေတာပါ ဘုရား) ဒါပဲရှိတယ် (မှန်လှပါ ဘုရား)။

ဒါပဲရှိတော့ အင်း (၃၁)ဘုံထဲမှာဖြင့် ဘယ်သူနဲ့ ဘယ်သူ ဘာထူး သေးသတုံးလို့ မေးလို့ ရှိရင် ဘယ့်နှယ်ဖြေကြ မတုံး (မထူးပါဘူး ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ (၃၁)ဘုံထဲမှာဖြင့် သေနာပေါ်တာနဲ့ သေတာမှတစ်ပါး ဦးဘအုံး ဘာများ မျှော်လင့်ချက် ရှိသေးသတဲ့ (ဘာမှ မျှော်လင့်ချက် မရှိပါဘူး ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးက ယခု သစ္စာတရားကို ဟောနေပါတယ် သေနာပေါ်တာနဲ့ သေတာက (ဒုက္ခ သစ္စာ) သိတာက (မဂ္ဂသစ္စာပါ ဘုရား) သစ္စာ နှစ်ပါး အသေအချာ ဟောနေတယ် သဘောကျ ပလား (မှန်ပါ)။

သစ္စာနှစ်ပါး အသေအချာ မဟောပေဘူးလား (ဟောပါတယ် ဘုရား) ကောင်းပြီ ရှေ့ပိုင်းက ဘာတွေပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အင်းနောက်ပိုင်းက (မဂ္ဂ သစ္စာပါ ဘုရား) အဲ မဂ္ဂသစ္စာ သိတာက မဂ္ဂသစ္စာ သဘောကျ ပလား (မှန်လှပါ)။

ဒါဖြင့် သေနာပေါ် တာနဲ့ သေတာက (ဒုက္ခ သစ္စာပါဘုရား) ဪ သေနာ ပေါ်တာနဲ့ သေတာမှ တစ်ပါး ဘာမှအကောင်း မရှိပါလား ဆိုတာ (မဂ္ဂသစ္စာ ပါဘုရား)။

ဒုက္ခ ပိုင်ပိုင်နိုင်နိုင် သိတယ် ဆိုတော့ သေနာပေါ်တာနဲ့ သေတာမှ တစ်ပါး ဘာမှမရှိဘူးလို့ သိတာဟာ ဒါ ပိုင်ပိုင် နိုင်နိုင်သိတာပဲ သဘောကျပလား (မှန်ပါ)။

ကောဏ္ဍည သိသွားပြီ

အဲတော့ “အညာသိ ကောဏ္ဍညာ” ကောဏ္ဍညော- ကောဏ္ဍညသည်၊ အညာသိ- သေနာပေါ် တာနဲ့ သေတာကို သိ၏။ သဘောကျပလား (ကျပါတယ်ဘုရား)။

ဓမ္မစကြာ ကောဏ္ဍညော- ကောဏ္ဍညသည် အညာ သိ- သေနာပေါ်တာနဲ့သေတာတော့ သိပြီကွာ ကောဏ္ဍည သိသွားပြီ ကောဏ္ဍည သိသွားပြီ ဆိုတော့ မဂ်ရပြီ ပြောတာ၊ ခင်ဗျားတို့လည်း ဒီအတိုင်း ဘုန်းကြီးပြောတဲ့ အတိုင်း အိမ် ရောက်တော့ ဘယ်စိတ်ကလေး ပေါ်လာလာ၊ ဘယ်ဝေဒနာ ပေါ်လာလာ သြော် ပျောက်သွားပြီ။

ပျောက်မှာပဲတဲ့ လာကတည်းက သေမလို့ လာပြီး သေသွားရှာတာ သေမလို့ လာတာရယ် သေတာရယ် ခန္ဓာ ကိုယ်ထဲ ဒိပြင် ဘာရှိသေးလဲ (မရှိပါဘူး ဘုရား)။

ပညာလေးနဲ့လိုက်ပါ

အဲဒါ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ကို မြင်ရမယ် ထိုကဲ့သို့ သေနာ ပေါ်တာနဲ့ သေတာလေးကို ဒကာ ဒကာမတွေက လာတိုင်း လာတိုင်း မရှိဘူး မရှိဘူး သေဖို့ ရာ ပေါ်လာလို့ သေသွားပြီ၊ သေဖို့ ရာ ပေါ်လာလို့ သေသွားပြီလို့ ပညာလေးနဲ့ သာ လိုက်လိုက် တော့နော် (မှန်ပါ)။

ဘယ်တရား ပေါ်ပေါ် ဝေဒနာပေါ် ဒီအတိုင်း၊ စိတ် ပေါ်လာရင်ကော (ဒီအတိုင်းပါဘုရား) ရုပ်ပေါ်လာရင်ကော (ဒီအတိုင်းပါ ဘုရား) ဒီအတိုင်း ရှုလိုက်တော့ သေတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

အဲ အဲဒီနှစ်ခုစလုံးဟာ တစ်ခုမှ အကောင်း မပါဘူးလို့ သိတာက (မဂ္ဂသစ္စာပါ ဘုရား) ဪ မဂ္ဂသစ္စာ သည် ဒါတွေဟာ ရှေ့ပိုင်းမှာ ဒုက္ခမှ တစ်ပါး ဘာမှ မရှိဘူး အကောင်း တစ်ခုမှ မရှိဘူးလို့ ဆိုတော့ ခင်ဗျားတို့ ဒုက္ခ ပိုင် ပိုင်နိုင်နိုင် မသိဘူးလား (သိပါတယ်ဘုရား)။

ဒါဖြင့် ပိုင်ပိုင်နိုင်နိုင် သိတာက (မဂ္ဂသစ္စာ) ရှေ့ ပိုင်းက ဒုက္ခသစ္စာ။ ပိုင်ပိုင်နိုင်နိုင် သိတာက (မဂ္ဂသစ္စာပါ ဘုရား) ဪ တဏှာ၊ ဥပါဒါန်၊ ကံ ဆက်ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး ဘုရား)။

အင်း မင်းတို့ ချုပ်တော့လို့ ဆိုရတာလား ဒကာ ဒကာမတို့ မဂ်ပေါ်လို့ သူ့ သဘောနဲ့ သူချုပ်သွားတာလား (မဂ်ပေါ်လို့ သူ့ သဘောနဲ့ သူ ချုပ်သွားတာပါ ဘုရား)။

သူ့အလိုလိုပယ်ပြီးသား

ဪ ဒါဖြင့် သမုဒယသစ္စာ ပဟာတဗ္ဗနဲ့ ပယ်ရမယ် ဆိုတာ ဒကာ ဒကာမတို့ စာမို့ ဟောတာ ပါ သေနာ ပေါ်တာနဲ့ သေတာ သိနေလို့ ရှိရင် သမုဒယသစ္စာ သူ့ အလိုလို ပယ်ပြီးသား ဖြစ်သွားတယ် (မှန်ပါ)။

ဘယ်လိုပါလိမ့် (သူ့အလိုလို ပယ်ပြီးသား ဖြစ် သွားပါတယ်ဘုရား) သူ့အလိုလို ပယ်ပြီးသား ဖြစ်သွားတယ် ဒကာ ဒကာမတွေ စဉ်းစားမိကြပလား။

ဒါဖြင့် မယုံရင် စဉ်းစားကြည့်ပါ ဒိပြင်ခတ်ကြမ်းကြမ်း နဲ့ ပြောလိုက်တယ်နော် ခွေးကလေး တစ်ကောင်ကို ဒကာ ဒကာမတွေက ပထမ ရှင်စဉ် အခါတုန်း ကတော့ အမွေးလေး အရောင် အဆင်းလေး ကောင်းတုန်းက တစ်အိမ်လုံး ဝိုင်းပြီး ခင်ကြတာပေါ့နော်။

ဒီခွေးလေးဟာ နောက် နှစ်ရက် သုံးရက်နေပြီး သေသွားတယ် သေသွားပြီးနောက် ပုပ်လာတဲ့ အခါကျတော့ တစ်အိမ်လုံးကပဲ ဒီခွေးကလေးကို ဒကာ ဒကာမတို့ သိတဲ့ အတိုင်းတဲ့ ခွေးပူဇော်ပွဲ လုပ်ချင်သလား၊ လွှင့်ပစ်တဲ့ပွဲ လုပ်ချင် သလား (လွှင့်ပစ်တဲ့ပွဲ လုပ်ချင်ပါတယ် ဘုရား)။

ဘာဖြစ်လို့ လုပ်ချင်တာတုံး (ပုပ်သွားလို့ ပါ ဘုရား) အသုဘမှန်း သိလို့ (မှန်ပါ) သဘောကျ ပလား (မှန်လှပါ ဘုရား) အသုဘမှန်း သိသွားတယ်။

ခန္ဓာကိုယ်မလိုချင်တော့ဘူး

အသုဘမှန်း သိသွားတဲ့အခါကျတော့ စွန့်ချင်တယ် နော် (မှန်လှပါဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ ဒီအတိုင်း ပါပဲတဲ့ မိမိခန္ဓာကို သေနာ ပေါ်တာနဲ့ သေတာသိရင် ဖြင့် ခန္ဓာကိုယ် စွန့်ပစ်တယ်၊ ခန္ဓာကိုယ် မလိုချင် တော့ဘူး။

လိုချင်သေးလား (မလိုချင်ပါဘူး ဘုရား) လိုချင် တာက နောက်ကလာမှ လိုချင်တာ၊ တဏှာ ဥပါဒါန်လာမှ လိုချင်တာ (မှန်ပါ) သူလာသေးရဲ့လား (မလာပါ ဘူး ဘုရား)။

အဲဒါကြောင့် သေနာပေါ်တာနဲ့ သေတာကို သာ ဒကာ ဒကာမတွေက ကြည့်နေကြမယ် ဆိုလို့ ရှိရင်ဖြင့်တဲ့ ဘုံဘဝ နှစ်သက်တဲ့ တဏှာတွေ၊ ကံတွေ လာသေးရဲ့လား (မလာပါဘူးဘုရား)။

မလာတော့ ဒကာ ဒကာမတို့ သမုဒယ သစ္စာလည်း ချုပ်သွားပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အင်း ဘယ်သူ့ကြောင့် ချုပ်ပါလိမ့် မတုံးလို့ ဟောဒိ မဂ္ဂသစ္စာ သေနာပေါ်တာနဲ့ သေတာကို ရှေ့ပိုင်းက ဆုံးဖြတ်ချက် ချနေတာနဲ့ နောက်က အလိုလို သေနေတယ် မသေဘူးလား (သေပါတယ် ဘုရား)။

နောက်က အလိုလိုသေတော့ အင်း ငါစုတေ မနေသေလို့ရှိရင် ဘယ်များ သွားရဦးမှာတုံး အို စီမံမည့် တရားတွေတောင် မရှိဘဲနဲ့ ဘယ်သွားစရာ ရှိသေးသတဲ့ (မရှိပါဘူးဘုရား)။

ဇာတိ ဇရာ မရဏ ဒုက္ခလွတ်တဲ့ ဆီသွားမယ် (မှန်လှပါ) ဒိပြင် ဘယ်သွားစရာ ရှိသေးသတဲ့ (မရှိပါဘူး ဘုရား) ဇာတိ ဇရာ မရဏ လုပ်တဲ့တရားရှိသေးရဲ့လား (မရှိပါဘူးဘုရား)။

မရှိဘူးလို့ သိဖို့အရေးကြီးတယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အမြင်သန်ဖို့ရာက ပရမတ်ကလေး တစ်ခု ခန္ဓာကိုယ် ထဲမှာ ပေါ့ဗျာ စိတ်ကလေး ပေါ်ပေါ်၊ ဝေဒနာကလေးပေါ်ပေါ် မရှိဘူးတွေးလိုက်၊ တွေးလိုက်တဲ့ အခါ မရှိဘူး မရှိဘူးလို့ သိဖို့ အရေးကြီးတယ် သဘောကျပလား (မှန်ပါ)။

ဘယ်လို သိရမှာပါလိမ့် (မရှိဘူးလို့ သိရမှာပါ ဘုရား) မရှိဘူးလို့ သိရမယ်၊ မရှိဘူး ဆိုတာ ဘာတုံးလို့ မေး တဲ့အခါကျတော့ ဪ ခုနက ဖြစ်တဲ့တရားလေး အခု အခါမှာဉာဏ်နဲ့ ရှာလိုက်တဲ့ အခါမှာ မရှိရှာဘူး ဟုတ်လား (မှန်လှပါ)။

မရှိရှာတာ သေသွားလို့ပေါ့ ဘယ်နှယ် ကြောင့်သေ သွားပါလိမ့်မတုံး လို့ မေးတဲ့အခါ သေမလို့ လာလို့ သေသွား ရှာတယ်၊ ဘယ့်နှယ် ဆိုကြမတုံး (သေမလို့ လာပြီး သေသွားပါတယ် ဘုရား)။

သေမလို့ လာပြီး သေသွား ရှာတာ သဘောကျပလား (ကျပါတယ် ဘုရား) ဘယ်လိုကြောင့် ပါလိမ့် (သေ မလို့လာပြီး သေသွားတာပါ ဘုရား)။

အဲတော့ ခင်ဗျားတို့ ကြားတဲ့ စိတ်ကလေးဟာ လည်း တောက်လျှောက်သေမလို့ ပေါ်လာလို့ သေသွားတာ စားတဲ့ စိတ်ကလေး ဟာလည်း (သေမလို့ လာပြီး သေ သွားတာပါ ဘုရား)။

အင်း ဘယ်သူ သေတာတုံး ဆိုတော့ စားတဲ့သူ သေတာ (မှန်လှပါ) သဘောကျ ပလား (ကျပါတယ် ဘုရား) စားတဲ့သူ သေတယ် ဆိုတော့ ဘယ်မှာတုံး အသုဘလို့ ပြောဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

အင်း ခင်ဗျားတို့က ရုပ်ဘက်က လှမ်းမေးနေတာ နာမ်ဘက်က အသုဘက မှိုပေါက်နေပြီ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) ရုပ်ဘက်က လှမ်းမေးတော့ ဘယ်မှာတုံး အသုဘလို့ ဆိုတာ မေးမယ် (မှန်ပါ)။

လိုရင်းတော့ ရုပ်ဆိုတာကတော့ ဒကာ ဒကာမတို့ အထည်ကြီးမို့ ခင်ဗျားတို့က အင်း ထင်ထင် ရှားရှား မြင်ရလို့ ရှင်းပါတယ် ဒီရုပ်ကို စိတ်က စောင့်နေတယ်။

ဒီစိတ်ရှိလို့ အသက်ရှင်နေတာ ဒီစိတ်မရှိရင် (အသက်မရှင်ပါဘူး ဘုရား) စိတ်သေ ကတည်းက သူနဲ့တွဲ တဲ့ရုပ်ဟာကော (သေပါတယ် ဘုရား)။

စိတ်သေတာမြင်အောင်ကြည့်

သေတာပဲဆိုတာကျတော့ စိတ်သေတာသာ မြင် အောင်ကြည့်ရင် ရုပ်သေတာဟာ သူ့ဟာသူ အတွဲလိုက်ပါ သွားတယ် ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန် ဘယ်စိတ်ပေါ်ပေါ် နောက်က နေပြီး ကြည့်စမ်း ရှိမရှိ ကြည့်စမ်း (မရှိပါဘူး ဘုရား) ဘယ့်နှယ်ကြောင့် မရှိပါလိမ့်မတုံး ဆိုတော့ သေဖို့ရာ ပေါ်လာလို့ သေသွားပြီ သဘောကျ ပလား (မှန်ပါ)။

အဲဒီ သေဖို့ရာပေါ်လာတာ ဘယ်သူတုံးလို့ မေး တော့ ဦးဝ စိတ်ဖြစ်ခဲ့လို့ ရှိရင် ဦးဝသေတာ (မှန်ပါ) ဒေါ်ရွှေတို့ စိတ်ဖြစ်ခဲ့လို့ ရှိရင် (ဒေါ်ရွှေ သေတာပါ ဘုရား) ဒေါ်ရွှေ သေတာပဲ သဘောကျ ပလား (မှန်ပါ)

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကြီး ကိုယ်ပြန် ကြည့်လိုက်တော့ ဘာသစ္စာတွေ့တုံး (ဒုက္ခသစ္စာ တွေ့ ပါတယ် ဘုရား) အင်း ဒုက္ခက ဆင်းရဲတာ သစ္စာက (မှန်တာပါ ဘုရား)။

ဪ ဒါဖြင့် သစ္စာက အမှန်ဆိုတော့ ကိုယ့် သန္တာန်မှာ ဆင်းရဲတာ အမှန်မှ တစ်ပါး ဘာမှ မရှိဘူး (မရှိပါ ဘူးဘုရား) ဆင်းရဲတာ အမှန်သည် ဒုက္ခသစ္စာ (မှန်လှပါ) ဆင်းရဲတာ အမှန်ရယ်လို့ ဆုံးဖြတ်ချက် ချနိုင်တာက အဲဒီနှစ်ခုစလုံးဟာ ဆင်းရဲတာ အမှန်ချည်း မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) သေနာပေါ်တာလည်း ဆင်းရဲတာပဲ (မှန်ပါ) သေသွားတာလည်း သေခြင်း ဆင်းရဲနဲ့ကြုံတာပဲ (မှန်ပါ)။

ဒိပြင်ဘာရှိသေးသတဲ့ (မရှိပါဘူးဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာ ဆိုတာ ခင်ဗျားတို့ လက်ကိုက်တာ၊ ခြေကိုက်တာ၊ နောက်ကြော တက်တာ၊ ဘေးကြောထိုးတာကို ဆိုတာ မဟုတ်ဖူး အဲဒါ တိရစ္ဆာန် သိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

သေဖို့ရာပေါ်လာလို့ သေသွားပြီ

အခုပေါ်လာတဲ့ စိတ်ကလေး၊ ခု ပေါ်လာတဲ့ ဝေဒနာလေးဟာ အခုမရှိဘူး ဆိုတာကို ဘုန်းကြီး ပြောတဲ့ အတိုင်း ဆုံးဖြတ်ချက်ချ (မှန်ပါ) ဪ သေဖို့ရာ ပေါ်လာလို့ သေသွားပြီ(မှန်ပါ)။

ဒါသူများသေတာလား မိမိသေတာလား (မိမိ သေတာပါ ဘုရား) သြော် မိမိဒုက္ခ ရောက်တာ၊ ဒါဖြင့် မိမိ ဒုက္ခကို မိမိသိတယ် (မှန်ပါ)။

မိမိဒုက္ခ ရောက်တာကို (မိမိ သိပါတယ် ဘုရား) ဒါဖြင့် မိမိဒုက္ခ ရောက်တာက ဒုက္ခသစ္စာ၊ မိမိသိတာက (မဂ္ဂသစ္စာပါ ဘုရား) သူများပြောလား (ကိုယ်တိုင်သိပါ) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဘာများဖြစ်ချင်သေးသတုံး

ဒီလိုဆိုတော့ ဒကာ ဒကာမတို့က ယခု ခန္ဓာကိုယ်ကြီး ဆင်းရဲတာ အမှန်ကြီး သိနေပြီ ဆိုမှဖြင့် နောက်ဘာများ ဖြစ်ချင် သေးသတုံးလို့ မေးလို့ ရှိရင် ဘယ့်နှယ်ကြမတုံး (ဘာမှ မဖြစ်ချင်ပါဘူး ဘုရား)။

ဘာမှမဖြစ်ချင်ဘူး ဒကာ ဒကာမတို့ ဘာများဖြစ်ချင် သတုံး (ဘာမှမဖြစ်ချင်ပါဘူးဘုရား) ဘာမှ မဖြစ်ချင်ဘူး လို့ ဆိုတဲ့ဥစ္စာက အထည်ဟူသ၍ ဘာမှမဖြစ်ချင်ဘူး (မှန်ပါ) သဘောကျပလား။

အထည်ဟူသ၍ ဖြင့် (ဘာမှမဖြစ်ချင်ပါဘူး ဘုရား) ဘာမှမဖြစ်ချင်ဘူးတဲ့ ဘာပြုလို့ တုံးဆိုတော့ တပည် တော် ဉာဏ်နဲ့ သိပြီ တဲ့ သဘောကျပလား (မှန်ပါ)။

ဉာဏ်နဲ့ သိပြီတဲ့ ဆင်းရဲတာ အမှန်မှတစ်ပါး ဘာမှမ ရှိပဲနဲ့ ဘာဖြစ်ချင်စရာ လိုသေးသတဲ့ မလာဘူးလား (လာပါတယ်ဘုရား) ဒါဖြင့်ခင်ဗျာတို့ ဆင်းရဲတာအမှန်ကို ဖြင့် သေသေချာချာ ဆရာဘုန်းကြီးက ရှင်းပေးနေတော့ – ဘယ်စိတ် ပေါ်ပေါ်၊ ဘယ်ဝေဒနာ ပေါ်ပေါ် ဆင်းရဲတာ အမှန် ချည့်ပဲလို့ ကြည့်ပေးစမ်း (မှန်လှပါဘုရား)။

ဆင်းရဲတာ အမှန်က (ဒုက္ခသစ္စပါဘုရား) ဆင်းရဲတာအမှန်လို့ သိလိုက်တာက (မဂ္ဂသစ္စာပါဘုရား) အဲဒီ မဂ္ဂသစ္စာကတော့ မဂ်ဆိုတာ ဆုတောင်းအလုပ်လား ဆင်းရဲတာအမှန်သိဖို့ အလုပ်လား (ဆင်းရဲတာအမှန် သိဖို့ အလုပ်ပါဘုရား)။

ဪ သိပ်အဖိုးတန်ပါလား ဒကာ ဒကာမတို့ ဆင်းရဲတာအမှန်သိဖို့ အလုပ်ဟာ မိမိတို့၏ ကိုယ်ဘဝကိုယ် ခု လက်ရှိဘဝကော ခင်သေးရဲ့လား (မခင်ပါဘူးဘုရား) လက်မဲ့ဘဝကော (မခင်ပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပစ္စုပ္ပန် တဏှာသေလို့၊ အနာဂတ် တဏှာ ချုပ်ရတယ် (မှန်လှပါဘုရား) ပစ္စုပ္ပန်တဏှာ သေလို့ (အနာဂတ် တဏှာသေပါတယ် ဘုရား)။

အနာဂတ်ခန္ဓာမလာဘူး

ကိုင်း ဒါဖြင့် ပစ္စုပ္ပန်တဏှာက ယ္ခုဘဝပေါ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံ (မှန်လှပါ) ဒါကို ပေါ်ခွင့်ရ သေးလား (မရပါဘူး ဘုရား) ဒါဖြင့် ပစ္စုပ္ပန် တဏှာသေတဲ့ အတွက် အနာဂတ်ခန္ဓာက လာပါဆိုလို့ (မလာပါဘူး ဘုရား)။

လာရင် ဘာခန္ဓာ လာမှာတုံးလို့ မေးရင် ဒုက္ခသစ္စာခန္ဓာ လာမယ် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) သူလာချင်ပေမယ့် သူလုပ်ပေးတဲ့ တရား ရှိဦးမှ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဘယ်နှယ်ကြောင့် မရှိပါလိမ့်မတုံး နောက်ဆုတ်သွား တော့ လက်ရှိကို ဆင်းရဲတာ အမှန်သိ နေလို့ (မှန်လှပါ ဘုရား) လက်ရှိကို (ဆင်းရဲတာ အမှန်သိ နေလို့ပါ ဘုရား)။

လက်ရှိခန္ဓာကို (ဆင်းရဲတာအမှန် သိနေလို့ပါ ဘုရား) ဒါဖြင့် နိဗ္ဗာန် ရောက်ဖို့ ဒကာ ဒကာမတို့ မဝေးပါ ဘူး အင်မတန် ကံကောင်းတဲ့ ဒကာ ဒကာမတွေပါ။

ကိုယ့်စိတ်ကလေး၊ ကိုယ့်ဝေဒနာကလေး၊ ကိုယ့် သညာကလေး၊ ဪ ဒါလေးဟာ မရှိဘူး မရှိဘူး မိမိသေတာပဲ ဝေဒနာက္ခန္ဓာ ဆိုတာလည်း ခင်ဗျားတို့ ပဲ မဟုတ် လား (မှန်လှပါ)။

ဝိညာဏက္ခန္ဓာဆိုတာ (တပည့်တော်တို့ ပါ) ခင်ဗျားတို့ ပဲ ဆိုနေတာပဲ၊ အဲတော့ ကိုယ့်အသေ ကိုယ်သိပြီး သကာလ နေတဲ့ ဒကာ ဒကာမတွေဟာ အင်း ဘယ်မှာ သာလျှင် ဒကာ ဒကာမတို့ ဒါမျိုး နောက်ထပ် ဖြစ်ချင်သေးလား လို့ မေးဖို့လိုသေးလား (မလိုပါဘူးဘုရား)။

မလိုတော့ဘူးနော် (မှန်ပါ) ဘယ်နှယ်ကြောင့် မလိုပါလိမ့်မတုံးလို့ မေးတော့ ကိုယ့်ခန္ဓာ လက်ရှိ ခန္ဓာကြီးဟာ – သေနာပေါ်တာနဲ့ သေသွားတာပဲ ရှိတယ်။ ကိုယ်တိုင်သိ သဘောကျပလား (မှန်ပါ)။

သူများပြောလား ကိုယ်တိုင်သိလား (ကိုယ်တိုင် သိပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး တရားဆုံးအောင် မဟောနိုင်ငြား သော်လည်း ခင်ဗျားတို့ ဒီဥစ္စာ ယနေ့ ကစပြီး လုပ်ကြည့်စမ်းပါနော် (မှန်ပါ)

ဆုံးအောင် မဟောနိုင်ဘူးလေ နက်ဖြန် သဘက်ဒီလို ဆက်ဟောသွားရမှာပဲ (မှန်ပါ)။

သစ္စကပရိဗိုဇ်

ကောင်းပြီ ဒါဖြင့် ဒီလိုသိနေလို့ ရှိရင်တဲ့ သစ္စကပရိ ဗိုဇ်က မေးတယ် ဒကာ ဒကာမတို့ သစ္စက ပရိဗိုဇ်က မေးတယ် တခြားသော သာသနာတော်မှာတော့ ဘုရား ဘာ သာတစ်ခုက တစ်ခုကို ကူးချင်ကူး လိုက်ရှိတယ်။

အခု သစ္စကပရိဗိုဇ်က အရှင်ဘုရား ရှိတုန်းမှာ အရှင် – ဘုရား၏ တပည့်သားတွေ ဘယ်သာသနာ ဘက်မှ မပြောင်း တာ ဘာကြောင့်တုံး တစ်ခါတည်း မေးတာ၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

အရှင်ဘုရား ရှိတုန်းမှာတဲ့ အရှင်ဘုရား တပည့်သား သမီးတွေဟာ တစ်ပါးသော တိတ္ထိတွေ ဘာသာဘက်ကို မပြောင်းဘူးတဲ့ အဲဒါ ဘာကြောင့်တုံးတဲ့ သစ္စက ပရိဗိုဇ်က မေးတယ် (မှန်ပါ) သဘောကျ ပလား (ကျပါတယ် ဘုရား) ၊

ဘယ်သူက မေးတာတုံး (သစ္စကပရိဗိုဇ်က မေး တာပါဘုရား) ဪ ငါ့ဘုရား သာသနာ ထဲမှာကွာ ဒီလို ပါကွတဲ့ မပြောင်းတာ ငါရှင်းရှင်းလင်းလင်း ပြောရလို့ ရှိရင်ကွ တဲ့ မင်းတို့ စဉ်းစား ကြည့်ပါတဲ့ သေနာ ပေါ်တာနဲ့ သေတာ မှတစ်ပါး ဘာမှ မရှိဘူး ဆိုတာလေးကို တစ်ခါတည်း ငါလည်း မဟုတ်ဘူး ငါ့ဥစ္စာ လည်း မဟုတ်ဘူး။

ဒါ သေနာပေါ်တာနဲ့ သေတဲ့ ဒုက္ခသစ္စာပဲ၊ ငါလည်း မဟုတ်ဘူး ငါ့ဥစ္စာလည်း မဟုတ်ဘူး၊ ဒိဋ္ဌိ ဝင်သေးရဲ့လား (မဝင်ပါဘူး ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါမရှိ

ဘာရှိတုံး (သေနာပေါ်တာနဲ့ သေတာပဲရှိပါ တယ်ဘုရား) ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီလို သေနာ ပေါ်တာနဲ့ သေတာမှ တစ်ပါး ပုဂ္ဂိုလ် သတ္တဝါလည်း မရှိဘူး၊ ငါလည်းမရှိဘူး၊ ငါ့ဥစ္စာလည်း မရှိဘူး ဆိုတဲ့ဥစ္စာ သူ့ ဉာဏ်ထဲ ရှင်းနေတယ်ကွတဲ့။

သူ့ဉာဏ်ထဲမှာ ရှင်းပြီး သကာလ နေတော့ ဒီဥစ္စာ သူ တစ်ပါးက ဘာပြောပြော ဘယ်နေရာ ကောင်းပါတယ် ပြော ပြော မယုံဘူးဟေ့ တဲ့ ဘယ်သာသနာက ကောင်းပါတယ် ဒိဋ္ဌဓမ္မ အကျိုးပေး ပါတယ် ဆိုလည်း မယုံတော့ဘူးတဲ့ သဘော ကျပလား (မှန်လှပါ)။

အင်း ဘယ် ဘု ရားက ဘယ်လို ကယ်တင် နိုင်တယ် ဆိုတာတောင် မယုံဘူးကွတဲ့ သူ့မှာလည်း သေနာ ပေါ်တာနဲ့ သေတာပဲ ရှိတာပဲတဲ့ ငါ ငါ့ဥစ္စာ လုံးဝ မရှိတာကြီး သူက ဖန်ဆင်း နိုင်တယ် ဆိုတာ ငါဘယ်နည်းနဲ့ မှ ဒီပုဂ္ဂိုလ်ဟာ ငါဘုရား သာသနာတော်မှာ ဒီသစ္စာ ဆိုက်ထားတဲ့ ပုဂ္ဂိုလ်ဟာ မပြောင်းတော့ဘူးတဲ့ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

သစ္စာဆိုက်မှအယူမြဲတယ်

သစ္စာ ဆိုက်ထားတဲ့ ပုဂ္ဂိုလ်ဟာ (မပြောင်းတော့ ပါဘူး ဘုရား) အဲဒါကြောင့် ခင်ဗျားတို့ မှာလည်းတဲ့ ဒီသစ္စာ မဆိုက် သေးလို့ ရှိရင်ဖြင့် အယူဝါဒ မမြဲ သေးဘူး (မှန်လှပါဘု ရား) သစ္စာဆိုက် ရင် တော့ (အယူဝါဒ မြဲပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အရေးတကြီး ဟောနေတယ် ဆိုတာကော သိပြီလား (သိ ပါပြီဘုရား) သစ္စာဆိုက်တဲ့ အချိန်ကစပြီး ခင်ဗျားတို့ သောတာပန် တည်တော့မယ် ဆိုတာ အသေအချာ မှတ် (မှန်လှပါ)။

ကောင်းပြီ သစ္စာဆိုက်တဲ့ အချိန်ကစပြီး သောတာပန် တည်တော့မယ် ဆိုတော့ အိမ်ကျတော့ စဉ်းစား လိုက်တာပေါ့ ဖျပ်ဆို စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ် နောက်ကနေ ပြီး ရှိမရှိ တွေးစမ်း (မရှိပါဘူး ဘုရား)။

ဘယ်နှယ်ကြောင့် မရှိပါလိမ့်မတုံး ဒကာ ဒကာမတို့ (သေသွားလို့ပါဘုရား) သေသွားလို့ မသေခင်က ဘာဖြစ်နေ တုံး (သေနာပေါ်ပါတယ် ဘုရား) သေဖို့ရာ ပေါ်လာတယ်။

နောက်တော့ ဘာဖြစ်သွားတဲ့ (သေသွားပါ တယ်ဘုရား) မိမိ ခန္ဓာဟာ စားချင်တဲ့ ခန္ဓာဟာ မစားဘဲနဲ့ သေနာပေါ်ပြီး သေရရှာတယ် (မှန်ပါ) စားတဲ့ ခန္ဓာကလည်း စားရင်းနဲ့ပဲ သေနာပေါ်ပြီးတော့ (သေရရှာပါတယ် ဘုရား)။

စားမလို့ သွားတဲ့ခန္ဓာကလည်း မရောက်ခင် (သေနာပေါ်ပြီး သေရပါတယ် ဘုရား) သေနာ ပေါ်ပြီး သေရတော့ ဒီအတိုင်းပဲ ဒုက္ခမှတစ်ပါး ဘာရှိသေးသတဲ့ (မရှိ ပါဘူး ဘုရား)။

အဲ ငါဘုရား သာသနာမှာ မပြောင်းဘူး ဆိုတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဒီအမြင်မျိုး ရတဲ့ ပုဂ္ဂိုလ် ဘယ်တော့မှ မပြောင်းတော့ဘူးတဲ့ (မှန်ပါ) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဘယ်တော့မှမပြောင်းတော့ဘူး

ဒီအမြင်မျိုးရတဲ့ ပုဂ္ဂိုလ်ဟာ (ဘယ်တော့မှ မပြောင်းတော့ပါ ဘုရား) ဘယ်တော့မှ မပြောင်း တော့ဘူးကွ သစ္စက မှတ်ထားတဲ့ ဒီအမြင်မျိုး ရတဲ့ ပုဂ္ဂိုလ်ဟာ တိဏ္ဏ ဝိစိကိစ္ဆော ကွတဲ့ တစ်ခါတည်း လွန်မြောက် သွားပြီတဲ့ ဒီတင် ပုဂ္ဂိုလ် သတ္တဝါ ရှိလေလား မရှိလေလား သူက ဘာလုပ်သေး သတုံး ဆိုတာတွေ ဘယ်သူက ပြုပြင် ပေးနိုင် သေးသတုံး ဆိုတာတွေလည်း သူတို့မှာ မရှိတော့ဘူးကွ။

(၃၁)ဘုံမှာ သေနာပေါ်တာနဲ့ သေတဲ့ ဒုက္ခသာရှိတယ် ဆိုတာ သူ့မှာ သံသယကို ရှင်းပြီး သိနေတဲ့ အတွက် ဘယ် သာသနာက ကောင်းတယ် ဘယ်သူက ပြုပြင်ပေးတာ ကောင်း တယ် ဘယ်အယူဝါဒက လိုက်နာရင်ဖြင့် အကျိုး ကျေးဇူး ရှိမှာပဲ ဆိုတာ မရှိတော့ဘူးတဲ့။

ဗုဒ္ဓသာသနာမှမရွေ့တဲ့မြင်နည်း

(၃၁)ဘုံမှာ သေနာပေါ်တာနဲ့ သေတာ ချည့် မြင်ထား တယ် ဒါကြောင့် သူမရွေ့တော့ဘူးတဲ့ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား) ဒါ ဆုံးအောင် မဟောပါဘူးတဲ့ ဒီ သာသနာမှ မရွေ့တဲ့မြင်နည်း ကို ဒကာ ဒကာမတွေ ဟောနေတာပါ (မှန်လှပါ)။

ခင်ဗျားတို့ ဒီသာသနာက မရွေ့တဲ့မြင်နည်း သဘော ကျပလား (မှန်ပါ) ကိုယ့်ခန္ဓာ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဘယ်စိတ် ပေါ်ပေါ် ဘာတွေ့ရမယ်၊ သေနာပေါ်တာနဲ့ သေတာပဲ တွေ့မယ်။

ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အင်း နောက်တစ်ခါ ပေါ်မှာကလည်း ဘာများ စိတ်ကောင်း စိတ်မွန် ကလေး ပေါ်ဦးမှာပဲလား (မဟုတ်ပါဘူး ဘုရား)။

ဘာပေါ်မတုံး (သေနာပေါ်တာနဲ့ သေမှာပါ ဘုရား) ဘုရားရှိခိုးတဲ့ စိတ်ကလေးမို့ ဒကာ ဒကာမတို့ အင်း ကျုပ်စိတ်ကောင်း လိုက်တာ စိတ်ကောင်းလေး ပေါ် လာ လိုက်တာ ကျုပ်ဝမ်းသာ လိုက်တာလို့ လုပ်မနေနဲ့ သူလည်း သေနာ ပေါ်တာနဲ့ သေတာပဲ။

ဒိပြင် ဘာရှိသေးသတဲ့ (မရှိတော့ပါဘူး ဘုရား) ဘာမှ မရှိဘူး ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဒါဖြင့် အဲဒိကဲ့သို့ မြင်နေတဲ့ ပုဂ္ဂိုလ် ဟာ သစ္စာဆိုက် နေတဲ့ ပုဂ္ဂိုလ် ကျလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမ တို့ ဘယ်သာသနာမှ မပြောင်း တော့ဘူး (မှန်လှပါ ဘုရား) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ဘယ်သာသနာမှမပြောင်းတော့ဘူး

ဘယ်သာသနာမှ (မပြောင်းတော့ပါဘူး ဘုရား) မပြောင်းဘူး ဆိုတာ ခြောက်ချက် ဟောလိမ့်မယ်နော် ခြောက် ချက် ဟောလိမ့်မယ် ခု ဟာက သစ္စာမြင်လို့ မပြောင်းပုံကလေး ကိုသာ ခတ်ရှင်းရှင်း ပြောနေတယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီထဲမှာ ဘာများ အားကိုး စရာ ရှိသေးသတဲ့ မေးရင် ဘယ့်နှယ်ပြောတုံး (အား ကိုးစရာ မရှိပါဘူးဘုရား) ရှေ့ပိုင်းကလည်း အားကိုးစရာ (မရှိပါဘူးဘုရား)။

နောက်ပိုင်းကလည်း သေနေလို့ အားကိုးစရာ မရှိဘူး ဘယ်နှယ်ကြောင့် အားကိုးစရာ မရှိသတုံးလို့ မေးတဲ့အခါကျ တော့ ဒကာ ဒကာမတို့ ရှေ့ပိုင်း ကြည့်ပြန်လည်း ဒုက္ခသစ္စာ။

ကောင်းပြီ ဒါဖြင့် ရှေ့ပိုင်း ဒုက္ခသစ္စာတွေ ရှင်းကြပလား (ရှင်းပါပြီဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေက ခုမှ တရားစပြီး အားထုတ်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ တပည့်တော်တို့ ဟာ ဘုရား နည်းနည်း ခဲယဉ်းတယ် ဘုရား။

ဒီကျအောင် သွားသွား နေတယ်၊ သွားချင်သွား နောက်က ဒါလိုက်၊ သဘောကျပလား (မှန်လှပါဘုရား) သွားချင်သွားပါ၊ နောက်က ဘာလိုက်ရမတုံး (မဂ်ဉာဏ် ပါဘုရား) နောက်က မဂ်ဉာဏ် လိုက်ရမယ်။

ဖြစ်ပျက်ဒုက္ခသစ္စာ

တဏှာလေး ပေါ်လာလို့ရှိရင် တဏှာပဲလား ခင်ဗျားတို့ သေနာ ပေါ်တာနဲ့ သေတာပဲလား ကြည့် (သေနာ ပေါ်တာနဲ့ သေတာပါ ဘုရား) ဖြစ်ပျက်ပဲ မဟုတ်လား (မှန်ပါ)။

ဒါဖြင့် သေဖို့ရာပေါ်လာတာနဲ့ သေတာပဲရှိတော့ သူလည်း ဒုက္ခသစ္စာ၊ ဥပါဒါန်လေး ပေါ်လာလည်း (ဒုက္ခ သစ္စာပါ ဘုရား) အဲ ကံလေး ပေါ်လာရင်ကော (ဒုက္ခသစ္စာပါ ဘုရား)။

အင်း ဒါလေးကို အမှန်အကန် သိနေတာက (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် သူလည်းအခေါ် သာ သမုဒယပါ စင်စစ် ဒုက္ခပါ၊ အခေါ်တော့ သမုဒယ အသေအချာ ဖြစ်စဉ် ကတော့ (ဒုက္ခသစ္စာပါ ဘုရား)။

အခေါ်မှာတော့ (သမုဒယပါ ဘုရား) အင်း အဖြစ်ကြည် လို က် တော့ (ဒု က္ခ သစ္စာပါ ဘု ရား) အဖြစ်ကြည့်တော့ ဒုက္ခသစ္စာပဲ ဆိုတာ သဘောကျပလား (ကျပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် သစ္စာဟာ ဒကာ ဒကာမတို့ အသေအချာ ဝေဖန်ရင် နှစ်ပါး ရှိပါတယ်တဲ့၊ သို့သော်လည်း ဒါကို မချဲ့သေးပါဘူး၊ ဒါပေါ် လာလည်း သူတို့ သေနာပေါ်တာနဲ့ သေတာလို့ကြည့်ပေး။

ကြည့်ပေးလို့ ဆိုတော့ သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ ကလာတယ်၊ သဘောကျပလား (မှန်ပါ)။

ပဟီယတိ ရူပသန္ဓေတနာလောကေ၊ဧတ္တေသာ တဏှာ ပဟီဒမာနာ ဆိုသောကြောင့် နောက်ကလည်း ရှုရ မှာပဲ (မှန်ပါ)။

အင်း ဒါဖြင့် တဏှာ ပေါ်လာလည်း ခင်ဗျားတို့ ဖြစ်ပျက်ရှု၊ သေနာပေါ်တာနဲ့ သေတာပဲရှ၊ ဥပါဒါန်ပေါ် လာရင်ကော (သေနာပေါ်တာနဲ့ သေတာပါ ဘုရား)။

အင်း ကံကလေး ပေါ်လာရင်ကော (သေ နာပေါ်တာနဲ့ သေတာပါဘုရား) အင်း ခုနက ထသွားတဲ့ ကာယကံ ကလေးလဲ မရှိဘူး၊ ပြောဆိုတဲ့ ဝစီကံ ကလေးဟာကော (မရှိပါဘူး ဘုရား)။

မဂ်က ကံကိုဖြတ်တယ်

ဘာပြုလို့ တုံး (သေနာပေါ်တာနဲ့ သေတာပါ ဘုရား) အင်း ဒါတွေလည်း ဒုက္ခသစ္စာ တွေပဲလို့ ခင်ဗျား တို့ က ရှုပေးတော့ ကံ နောက်က မဂ်လိုက် လိုက်ပြန်တော့ လည်း မဂ်က ကံဖြတ် ဖြစ်သွား တယ် (မှန်ပါ)။

ကံဖြတ်ဖြစ်သွားတော့ ဒီဘက်က ဇာတိ ဇရာ မရဏ လာသေးရဲ့ လား (မလာပါဘူးဘုရား) ဪ ဒါဖြင့် မဂ်သည် ဒကာ ဒကာမတို့ ဒုက္ခလည်း ပိုင်းခြားတယ် ကံ ကို လည်း ဖြတ်တယ် (မှန် လှပါ)။

ဒုက္ခလည်း (ပိုင်းခြားပါတယ် ဘုရား) မကောင်း တဲ့ကံတွေလည်း (ဖြတ်ပါတယ် ဘုရား) ဒုက္ခကော (ပိုင်းခြားပါတယ်ဘုရား) ဒုက္ခကိုလည်း ပိုင်ပိုင်နိုင်နိုင် သိတယ် သဘောကျပလား (မှန်ပါ)။

ကံ တွေကိုလည်း (ဖြတ်ပါတယ်ဘုရား) အရင်တုန်းက ဟောနေတာကတော့ ဒီလိုအကွက်ကျဲ မပြောတော့၊ မဂ်က ကံဖြတ်တယ် ဆိုတော့ သြော် ခင်ဗျား တို့ နောက်ကံ မပေး နောက် အကျိုးပေး မပေးတာပဲလို့ မှတ်ထင် နေတယ်။

မဟုတ်ဘူးတဲ့ ဘုရားက ဒါတွေ ရှုလိုက်လို့ ရှိရင် ဒီကံ တွေ ရှုလိုက်လို့ ရှိရင် ကံနောက်က မဂ်ဝင်လာတော့ ကံ မဖြတ် ဘူးလား (ဖြတ်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိ ပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာတွေ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှုလိုက်တော့ ဒုက္ခသစ္စာ (မှန်ပါ) မရှုပဲ ထားလိုက်တော့ သမုဒယသစ္စာ၊ မရှုပဲ ထားရင် (သမုဒယ သစ္စာပါ ဘုရား)။

ဪ ရှုလိုက်ရင် (ဒုက္ခသစ္စာပါ ဘုရား) မရှုပဲ ထားလိုက်လို့ ရှိရင် သမုဒယသစ္စာ ဖြစ်သောကြောင့် ဒကာ ဒကာမတွေ ဒုက္ခသစ္စာ လာမယ် (မှန်လှပါဘုရား)။

ရှုလိုက်လို့ ရှိရင် ဒုက္ခသစ္စာ ဖြစ်သောကြောင့် ဒီဘက်က လာလတ္တံ့ ဒုက္ခသစ္စာတွေဘာတုံး (ချုပ် သွားပါတယ် ဘုရား) မချုပ်ပေဘူးလား (ချုပ်ပါတယ် ဘုရား)။

မရှိဘူးလို့ သိအောင်လုပ်ပါ

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ လော ဘပေါ်လာလည်း မရှိဘူး သိအောင်လုပ် ဟုတ်လား၊ ဣဿာ ပေါ်လာရင်ကော (မရှိဘူး သိအောင် လုပ်ပါဘုရား)။

မစ္ဆရိယ ဝန်တိုတဲ့စိတ်ကလေး ပေါ်လာရင်ကော (မရှိဘူး သိအောင်လုပ်ပါဘုရား) မရှိဘူး သိအောင်လုပ် လိုက်တဲ့ အခါကျတော့ သေနာ ပေါ်တာနဲ့ သေတာမှ တစ်ပါး ဘာများ ရှိသေးသတဲ့ (ဘာမှမရှိပါဘူး ဘုရား)။

ဪ အလုံးစုံ ဒုက္ခသစ္စာကြီးလို့ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား) ဒါဖြင့် ဒုက္ခသစ္စာ က ဆင်းရဲတာ အမှန် (မှန်ပါ) မဂ္ဂသစ္စာက ဆင်းရဲတာကို အမှန်သိတဲ့ တရားအမှန် သဘောကျပလား (ကျပါတယ် ဘုရား)။

ဆင်းရဲစစ်ကို ဘာတုံး (အမှန် သိတာပါဘုရား) ဆင်းရဲစစ်ကို အမှန်သိတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဆင်းရဲတာက (ဒုက္ခသစ္စာ) ဆင်းရဲကြောင်းကို အမှန် သိတာက (မဂ္ဂသစ္စာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သိတာလေးလိုက်လိုက်ပေး

အဲဒီတော့ ဒကာ ဒကာမတို့ ဆင်းရဲတာကို အမှန် သိတာက (မဂ္ဂသစ္စာပါ ဘုရား) ဆင်းရဲနေတာက (ဒုက္ခသစ္စာပါ ဘုရား) ဆင်းရဲတာ အမှန်သိတာက (မဂ်သစ္စာပါ ဘုရား)။

အဲတော့ ခန္ဓာထဲမှာ ဘာပေါ်ပေါ် ဆင်းရဲတာ အမှန်ပေါ်ရမယ် အဲဒါ ခင်ဗျားတို့ ဆရာ ဘုန်းကြီးက စိုးရိမ် လို့ သတိ ပေးချင်တာက ဆင်းရဲတာ အမှန် ပေါ်တိုင်း ပေါ် တိုင်း ဆင်းရဲတာ အမှန်လို့ သိတာလေး လိုက်လိုက်ပေး၊ သဘောကျ ပလား (ကျပါတယ်ဘုရား)။

သောတာပတ္တိမဂ်ဆိုတာ

ဆင်းရဲတာ အမှန် ပေါ်တိုင်း ပေါ်တိုင်း၊ ဆင်းရဲတာ အမှန်သိတာလေး လိုက်လိုက်ပေး (မှန်လှပါ) ထိုကဲ့သို့ လိုက်ပေးလို့ ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ ဒီသစ္စာတွေလည်း အကုန်သိတဲ့ အတွက်တဲ့ ဒီသောတာပတ္တိမဂ် ဆိုတာသူ့ကို ဆိုတာပဲ။

ဆင်းရဲတာ အမှန်သာ တကယ်တမ်း ဆုံးဖြတ်ချက်ချ။ သူဟာ မဂ်ပဲ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) အပါယ်လေးပါး တံခါးပိတ်တယ်လို့ မဟောဘူးလား (ဟောပါ တယ်ဘုရား)။

ဒီဇာတိ ဇရာ မရဏမှမလာပဲ ခန္ဓာမှ မပေါ်ဘဲနဲ့ အပါယ်ဒယ်အိုး တွေဟာ ဟောင်းလောင်း ဖြစ်ရုံပဲ ရှိမယ် ခန္ဓာက ကျစရာ မရှိဘူး (မှန်လှပါဘုရား) ရှိသေးရဲ့ (မရှိပါဘူး)။

သူက ဖြတ်ထားပြီ(မှန်လှပါ) ရှင်းပလား (ရှင်းပါပြီဘုရား) အဲတော့ ဒယ်အိုးတွေ ရှိတယ် ထားပါဦး၊ ဒယ်အိုးတွေထဲမှာ ကျုပ်တို့ သွားမယ့် ပုဂ္ဂိုလ်ကော ရှိပါသေး ရဲ့လား (မရှိပါဘူးဘုရား)။

ဟိုထမင်းချက်မလို့ စောင့်နေတာ၊ ဆန်မှ မရှိတဲ့အိမ် ရေနွေး ဆူနေနေ အလကားပါပဲ (မှန်လှပါ) သဘောကျ ပလား (မှန်လှပါ)။

ဆန်မရှိရင်ထမင်းမဖြစ်

ဆန်မရှိတော့ကို ထမင်းချက်ဖို့ ရေနွေး ဆူနေငြား သော်လည်း ဒကာ ဒကာမတို့ ထမင်း ဖြစ်ပါ့မလား (မဖြစ် ပါဘူးဘုရား) ဘာဖြစ်လို့ မဖြစ်တာတုံး (ဆန်မရှိလို့ပါ ဘုရား)။

ဒီမှာလည်း ဆန် ဆိုတဲ့ ခန္ဓာက မရှိတော့ဘူး၊ ရှိသေး ရဲ့ လား (မရှိပါဘူး ဘုရား) ဆန် ဆိုတဲ့ ခန္ဓာမရှိတော့ ဒယ်အိုးတွေက ဘယ်လိုပဲ ရှိနေနေ၊ ငရဲမီးတွေ တဟုန်းဟုန်း တောက်ပြီး သကာလ ရှိနေစေကာမူ ခင်ဗျားတို့ ဆန် တည်းဟူသော ခန္ဓာက မလာတဲ့ အတွက် အင်း ဒီ အပါယ်လေးပါး တံခါး ပိတ်ပြီဆိုတာ မသေချာဘူးလား (သေချာပါတယ်ဘုရား)။

မဂ်သည် (၄)ကိစ္စလုပ်တယ်

ကိုင်း မဂ်သည် ဒုက္ခလည်း ပိုင်းခြားတယ်၊ သမုဒယလည်း ပယ်တယ်၊ ကံလည်း ဖြတ်တယ် ရှင်းပလား (မှန်လှပါ)။

နောက်ဟာတွေ နိရောဓ ဆိုတော့ ဒုက္ခတေ ွကောလာ သေးရဲ့ လား (မလာပါဘူးဘုရား) ဒါဖြင့် ဒုက္ခနိရောဓော ကော မဂ်က မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် မဂ် ဘယ်နှယ် ကိစ္စတုံး မေးရင် လေးကိစ္စ၊ ဒုက္ခ ပိုင်းခြားတာလည်း သူပဲ၊ သမုဒယ ပယ်တာလည်း (သူ့ ကိစ္စပါ ဘုရား) သူ့ကိစ္စပဲ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

သူဟာ သူကိုယ်တိုင် ခဏခဏ လိုက်နေရသည် ဖြစ် လေသောကြောင့် သူပွားများတဲ့ ကိစ္စ၊ ဒီနောက်ကလည်း သူလိုက်တာပဲ၊ ဒီနောက်ကလည်း သူလိုက်တာပဲ သူဟာ ခဏခဏ ပေါ်တတ်တဲ့ သဘော မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါ ပွားများခြင်း ကိစ္စ ဆိုတာဒါပဲ၊ ဒီမှာလည်း ပေါ် လိုက်တယ် ဒီမှာလည်း ပေါ်လိုက်တယ် မပေါ်ပေဘူးလား (ပေါ်ပါတယ်ဘုရား)

မဂ်ကပွားတော့ခန္ဓာချုပ်တယ်

ဒါပွားများတဲ့ ကိစ္စဆိုတာ သေချာပလား (သေ့ ချာပါတယ် ဘုရား) အင်း သူပွားများ လိုက်တဲ့ အတိုင်း နောက်က ခန္ဓာနိရောဓော မလာဘူးလား (လာပါ တယ်ဘုရား) ခန္ဓာကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲဒါ နိရောဓသစ္စာလေ (မှန်လှပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ဝိမုတ္တာယတနသုတ် ကိုဟောလိုက် သဖြင့် ဒိဋ္ဌိကလည်း ပြုတ်ပြီးသား ဖြစ်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီဘုရား)

ကဲ ယနေ့ ဒီတွင်နားပါဦး။

သာဓု သာဓု သာဓု။