166

ဝိပဿနာရှုပွားနည်း

အသံဖိုင်ခေါင်းစဉ်= ဝိပဿနာရှုပွားနည်း အမှတ်(၂)

စာအုပ်ခေါင်းစဉ်= ဝိပဿနာရှုပွားနည်း

အသံမကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ဟောကြားဆုံးမတော်မူသောတရားတော်

ဝိပဿနာရှုပွားနည်း

ဟောကြားသည့်နေ့

( ၁၈ – ၁ – ၅၉ )

မိလိန္ဒမင်းကြီးက မေးလို့ ဝိပဿနာယောဂီပုဂ္ဂိုလ် များ အဆုံးရောက်အောင်ရှုချင်လို့ ရှိရင် ဘယ်လိုဉာဏ်နဲ့၊ ဘယ်လိုသတိနဲ့၊ ဘယ်လိုပညာနဲ့ ထားရှုရမတုံးလို့ မိလိန္ဒ မင်းကြီးကမေးတဲ့အခါ ရှင်နာဂသိန်က အငှါးခတ်ပြီး သကာလ စားတဲ့ လှေသမားဆိုတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူထားပြီး သကာလ မနေ့ကဟောတယ်။

လှေကလှေသမားကိုထမင်းကျွေးလို့

ခန္ဓာကိုယ်ကြီးကို၊ လှေသမားသည်ကားဆိုလို့ရှိရင် ဒကာဒကာမတို့ ဒီလှေကို အမှီပြုပြီး နေရတဲ့ အတွက် ဒီလှေ ကိုမပေါက်အောင်၊ မပဲ့အောင်၊ မတိုက်အောင်၊ မကွဲအောင်၊ မရှအောင် လှေအမြဲကြည့်နေရတယ် ဘယ်နှယ်ကြောင့် ဒီ လှေသမား လှေကို အမြဲကြည့်နေ ရပါလိမ့်မလဲလို့ မေးလို့ရှိရင် လှေကပဲ သူ့ကိုထမင်းကျွေးလို့ ဆိုနိုင်ကြရဲလား (ဆိုနိုင် ပါတယ် ဘုရား)။

လှေကထမင်းကျွေးနေတယ်ဆိုတာ မသေချာဘူး လား (သေချာပါတယ် ဘုရား) အဲတော့ ဒီလှေသမား သည် ဘုန်းကြီးတို့ ဒကာဒကာမတွေ သူ့ လှေကိုပဲ သတိ ပညာနဲ့ ဂရုစိုက်လိမ့်မယ် ဆိုတာ ကတော့ဖြင့် ယုံမှားစရာ မရှိ ပါဘူး (မှန်ပါ)။

ဘာပြုလို့ ယုံမှားစရာမရှိသလဲဆိုတော့ လှေက ထမင်းကျွေးနေတယ်၊ လှေကပဲရပြီး သူစားသောက် ရတယ် အဲတော့ လှေဂရုစိုက်လိမ့်မယ်ဆိုတာ ငြင်းဖို့လိုသေးလား (မလိုပါဘူး ဘုရား) အဲယောဂီပုဂ္ဂိုလ်လဲတဲ့ ဒီအတိုင်းပဲ ခန္ဓာကိုယ် သတိပညာနဲ့ ဂရုစိုက်နေပါ။ ရှင်းကြလား (ရှင်းပါတယ် ဘုရား)။

ခန္ဓာကိုယ်ကိုဘာလုပ်နေရမှာတုံး

ခန္ဓာကိုယ်ကို သတိပညာနဲ့ ဘာလုပ်နေရမှာတုံး (ဂရုစိုက်နေရမှာပါ ဘုရား) ခန္ဓာကိုယ်ကို ဘာလုပ်နေရမှာ တုံး (ဂရုစိုက်နေရမှာပါ ဘုရား) အဲ သတိ၊ပညာနဲ့ ဂရု စိုက်ပြီးနေလိုက်လို့ ရှိရင်ဖြင့် ခန္ဓာကိုယ်ကဖြင့် အမြဲတမ်းသူ သည် ရုပ်ဘက်ကလည်း ဒကာဒကာမတွေကို ဖောက်ပြန် ပျက်စီးတာ ပြောမှာပဲ၊ ဝေဒနာဘက်ကကော (ပြောမှာ ပါ ဘုရား)။

အင်း သညာဘက်ကကော (ပြောမှာပါဘု ရား) အင်း သင်္ခါရဆိုတဲ့ စေတနာ ဘက်ကကော (ပြောမှာပါ ဘုရား) စိတ်တွေဘက်ကကော (ပြောမှာပါ ဘုရား) အဲဒါပြောတာတွေကို ဒကာဒကာမတွေက သတိထား ပညာနဲ့ ကြည့်။ – ခန္ဓာကိုယ်လှေကြီးကို ယောဂီပုဂ္ဂိုလ် အခစား လှေသမားက ကြည့်ပြီး သကာလ နေကြမယ်ဆို ခန္ဓာကိုယ်ကပြော တာကို ခင်ဗျားတို့က သတိ၊ပညာနဲ့ ကြည့်နေလို့ ရှိရင်ဖြင့် ခန္ဓာကိုယ်ကလဲ အထူးပြောစရာ ဘာမှမရှိဘူး ဒီခန္ဓာကိုယ် ကြီးဟာ ကျုပ်တို့ဟာ အစဉ်လိုက် ဒုက္ခရောက်နေပါတယ်လို့ ပြောမှု မှတစ်ပါး ဘာမှမရှိဘူး (မှန်လှပါ) သဘောကျ ပလား (ကျပါတယ် ဘုရား)။

ခန္ဓာကဘာပြောမယ်ထင်ကြတုံး

ဘာပြောမယ်ထင်ကြတုံး (ဒုက္ခရောက်နေ တယ်လို့ ပြောမှာပါ ဘုရား) ဒုက္ခရောက်နေတယ်လို့ ပြော လိမ့်မယ် ဒကာဒကာမတို့ မပြောပေဘူးလား (ပြောပါ တယ် ဘုရား) အကယ်၍ ဒုက္ခရောက်တယ်လို့ မပြောလို့ ရှိရင် ကျုပ်တို့ အနိစ္စ ရောက်နေပါတယ်လို့ လဲ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီပြောတာကိုသာ သတိ၊ပညာနဲ့ လျှောက်ကြည့် နေမယ်ဆိုလို့ ရှိရင် ဒီခန္ဓာကိုယ်ကြီးဟာ အင်း အနိစ္စ တွေပြော၊ ဒုက္ခတွေပြော ပြောတဲ့အတွက် ကြည့်နေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ အနိစ္စဉာဏ်၊ ဒုက္ခသစ္စာဉာဏ်ကို မရပေဘူးလား (ရပါတယ် ဘုရား)။

လှေခါးထစ်တက်မိပြီ

အင်း ဘယ်သူကပြောလို့များ ရပါလိမ့်မတုံး (ခန္ဓာကပြောလို့ပါ ဘုရား) ဪ ဒါဖြင့် ခန္ဓာကပြောလို့ ရတယ် ခန္ဓာကပြောလို့ ရတယ်ဆိုတော့ ဪ ခန္ဓာ ကိုယ်ကြီးဟာ အနိစ္စလက္ခဏာ၊ ဒုက္ခသစ္စာ ကိုချည့်ပြောနေ ပါလားလို့ ဉာဏ်ကရလို့ ရှိရင် ဒါ ဒကာဒကာမတို့ မအိုရာ၊ မနာရာ၊ မသေရာ၊ မငိုရာ၊ မမွဲရာ၊ မကွဲရာဖြစ်တဲ့ နိဗ္ဗာန်ကို လှေခါးသုံးထစ် ရှိတဲ့အနက်က တစ်ထစ်တက်မိပြီလို့ မှတ်ပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကိုယ်ကြီးက ပြောတာကို အနိစ္စလက္ခဏာ၊ ဒုက္ခ သစ္စာတွေချည့်ပဲ ပြောနေပါလိမ့်မယ် ပြောတာကို ခင်ဗျား တို့ကလဲသတိ၊ပညာနဲ့ ကြည့်လို့ တွေ့ရှိပြီဆိုမှဖြင့် ဒီဒကာ ဒကာမ တွေသည် ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဟုတ်တိုင်းမှန်စွာ သိတဲ့ တစ်နံပါတ်ဖြစ်တဲ့ လှေခါးထစ်နဲ့ တူတဲ့ ယထာဘူတ ဉာဏ် ရပါပြီလို့ဆုံးဖြတ်ချက်ချပါ။ သဘောကျပလား (ကျပါတယ် ဘုရား)။

အသေဆိုးနဲ့မသေရတော့ဘူး

ဘာဉာဏ်ရပါလိမ့်မတုံး (ယထာဘူတဉာဏ် ပါ ဘုရား) အေး ယထာဘူတဉာဏ် ရပါတယ်ဆိုလို့ ရှိ ရင် နိဗ္ဗာန်သွားမယ့် လှေခါးသုံးထစ်၊ နိဗ္ဗာန်မြင်ရမဲ့ လှေခါး သုံးထစ်၊ တစ်ထစ် တက်မိတဲ့ အတွက် ဒကာဒကာမတို့ အသေဆိုးဖြင့်မသေနိုင်တော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ၊ (မှန်ပါ) ဖြစ်ပျက်တစ်လုံးတွေ့ရင် အသေဆိုးမသေဘူးလို့ ဆုံးဖြတ်ချက်ချပါ။

ဖြစ်ပျက်တွေ့ဖို့အရေးကြီးတယ်

အသေဆိုးဟာ ဘယ်လိုမှမသေတာပါလိမ့် (ဖြစ် ပျက်တစ်လုံးတွေ့ရင်ပါ ဘုရား) ဖြစ်ပျက်တစ်လုံးတွေ့ဖို့ အရေးကြီးတယ်၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲလို့ သိလို့ တစ်လုံး တွေ့ရင်ဖြင့် ခင်ဗျားတို့ သံသရာစခန်းပြတ်ပေါ့၊ ပြတ်ဖို့ရာ မျိုးစေ့ရလို့ ပေါ့ အောက်မေ့ကြပါ။ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒီခန္ဓာကြီးက ပြဖန်များလာလို့ရှိရင် အနိစ္စ လက္ခဏာ၊ ဒုက္ခသစ္စာတွေချည့် ပြပြီးသကာလ နေပြန်တော့ လည်း၊ အင်း ဒီကြည့်နေရတဲ့ လှေအခစား ခတ်လှော်နေ တဲ့ ပုဂ္ဂိုလ်နဲ့ လှေသမားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကြည့်နေပြီဆိုမှဖြင့် ကိုယ့်ခန္ဓာတည်း ဟူသော လှေကို ပင်လျှင် ကိုယ် သည် ရွံတဲ့ဉာဏ်၊ မုန်းတဲ့ဉာဏ် ရလာလိမ့်မယ်ဆိုရင် ဒုတိယ လှေခါးထစ်၊ တက်မိ ပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ)။

ဒုတိယလှေခါးထစ်တက်ပြီ

ခန္ဓာကိုယ် မုန်းလာလို့ရှိရင်ပေါ့ဗျာ (မှန်ပါ) တစ် ကိုယ်လုံးကို အသုဘ မုန်း မုန်းတယ်လို့ မယူလိုက်ပါနဲ့၊ ဒါ သတိထားပါ။ အသုဘမုန်း မုန်းတာက အလကားပါ သမထ မုန်းကြီးနော် (မှန်ပါ)။

ခန္ဓာကိုယ်ကြီးက ရွံစရာကြီး ကြောက်စရာကြီး ဒီအ မုန်းမျိုးကို မကြိုက်ဘူး မုန်းတယ်ဆိုတာ ဘာမှမထိခိုက်ပဲနဲ့ ဪ သက်သက် ဒုက္ခရောက်နေလို့ မုန်းတာကိုမှ အမုန်း မှန်လို့ မှတ်ကြပါ ရှင်းပလား (မှန်လှပါ ဘုရား)။

ဒုက္ခရောက်တဲ့အမုန်းကို ဒုက္ခရောက်တဲ့ မုန်းစရာကို မြင်တဲ့အမုန်းမှ ဘာဆိုကြပါ (အမုန်းမှန်ပါ ဘုရား) အဲဒီ လိုဆိုကြလို့ ရှိရင်ဖြင့် ဒုတိယ “ဧဝံ ပဿံ နိဗ္ဗိန္ဒတော” ဖြစ်လာပြီလို့ မှတ်ပါတော့ ဤတရားဟာ နိဗ္ဗန္ဒဉာဏ် တက်လာတာပဲလို့ ဆုံးဖြတ်ချက်ချ။

ဒုတိယဉာဏ်ရလာပြီ

ဘယ်သူ့ငြီးငွေ့တာတုံးလို့ဆိုရင် ကိုယ့်ခန္ဓာကိုယ်ငြီးငွေ့တာလို့မှတ်ပါ သတိပညာနဲ့ ကြည့်လို့နော် ဒုတိယဉာဏ် မရသေးဘူးလား (ရပါတယ် ဘု ရား) ဒုတိယ ဉာဏ်ရလာပြီလို့ ဒကာဒကာမတွေ ဆုံးဖြတ်ချက်ချပါ။

“ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယာ သာဝကော” ဆိုတဲ့အတိုင်း နိဗ္ဗန္ဒဉာဏ်ဖြင့် ရပါပြီ နိဗ္ဗန္ဒဉာဏ် ရလာလို့ရှိ ရင်ဖြင့် အားလုံးသော ဒကာဒကာမတို့ မပူပါနဲ့တော့ ဒီလှေ နဲ့ တူတဲ့ ခန္ဓာ ကိုယ်ကြီးကို သတိပညာနဲ့ ကြည့်နေပြီဆိုမှဖြင့် ရွံစရာမုန်းစရာတွေ ပိုမိုပြီးသကာလ ဉာဏ်ထဲမှာ ထင်မလာပေဘူးလား (ထင်လာပါတယ် ဘုရား)။

ထိုကဲ့သို့ ထင်လာလို့ ရှိရင်ဖြင့် စွန့်ချင်တဲ့ သဘောတော့ မလာပေဘူးလား လာသလား (လာပါတယ် ဘုရား) စွန့်ချင်တဲ့ သဘောလာလို့ ရှိရင်ဖြင့် မလိုချင်တာပဲ မလိုချင်လို့ စွန့်ချင်တဲ့ သဘောလည်း လာပါရော ခင်ဗျားတို့ ရှုနေတဲ့ အနိစ္စလက္ခဏာ ဒုက္ခသစ္စာကြီးဟာ ဦးခင်မောင် ပျောက်သွားတယ် (မှန်လှပါ) သဘောကျပလား (မှန်ပါ)။

ဒုက္ခပျောက်၍သုခနိဗ္ဗာန်ရောက်

ပျောက်သွားပြီးသကာလ ဒီနေရာမှာ တစ်ခုပျောက် ရင် တစ်ခုအစားထိုးရောက်သလို ဒုက္ခပျောက်၍ သုခနိဗ္ဗာန် ပေါ်ပေါက်တယ်လို့ မှတ်လိုက်ပါ သဘောကျပလား (မှန်ပါ)။

ဒါဖြင့် နိဗ္ဗာန်သွားဖို့ရာ အလုပ်ဟာ ခင်ဗျားတို့ အလှူ ကြီး အတန်းကြီးပေးသည်ထက် လွ ယ် ပါသေးလား။ နိဗ္ဗာန်သွားတဲ့ အလုပ်ဟာဘာတဲ့ (အလှူကြီး အတန်းကြီး ပေးသည်ထက် လွယ်ပါတယ် ဘုရား) အလှူကြီး အတန်းကြီး ပေးသည်ထက် လွယ်သေးတယ် ဆိုတာကော သဘောကျပလား (ကျပါတယ် ဘုရား)။

ယထာဘူတဉာဏ်

ကောင်းပြီဒါဖြင့် တစ်နံပါတ် ယထာဘူတဉာဏ် ခန္ဓာကို သတိပညာဖြင့်ကြည့်နေလို့ ရှိရင်ဖြင့် လှေသမားနှင့်တူစွာ ကိုယ့်လှေကိုယ်ကြည့်ပေါ့ဗျာ တစ်နံပါတ်ကြည့်ရင် ဘာဉာဏ်ရတယ် (ယထာဘူတဉာဏ်ပါ ဘုရား)။

နိဗ္ဗိန္ဒဉာဏ်

နှစ်နံပါတ် ခန္ဓာကိုယ်လှေကြီးဟာ ရွံစရာမုန်းစရာတွေ အဖြစ်နဲ့ ဉာဏ်က ပြောင်းလွဲပြီး မြင်လာလို့ ရှိရင် ဘာဉာဏ်တဲ့ ( နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)။

အင်း ဒါကြီးနဲ့ နေမနေချင်ပါဘူးဆိုတဲ့အချိန်လိုပဲ မလိုချင် တော့ပါဘူး ရတာ နောက်ဆုံးပိတ် ရခြင်းပါပဲ ဒီဒုက္ခကြီး ဖြင့် လွယ်ပိုက်ပြီး သိမ်းပိုက်ပြီးသကာလ မနေလိုတော့ပါဘူး ဆိုရင် ခုနက လှေကြီးပါ ပျောက်သွားတယ် ခန္ဓာကိုယ်ကြီး ပါပျောက်သွားတယ် (မှန်ပါ) သဘောကျပလား (မှန်ပါ)။

နိဗ္ဗာန်ပေါ်လာပြီ

နိဗ္ဗာန်ပေါ်လာပြီလို့ မှတ်လိုက်တော့ (မှန်ပါ) အဲဒါကျတော့ မဂ်ဉာဏ်လို့ မှတ်လိုက်တော့ (မှန်လှပါ ဘုရား) ဒုက္ခပျောက်ပြီး သုခ ပေါ်ပေါက်တာ မြင်ရရင် ဘယ့်နှယ် ဆိုကြပါ (မဂ်ဉာဏ်ပါ ဘုရား) ရှင်းပြီလား ((မှန်ပါ)။

ဒါက မိလိန္ဒပဉှာ မှာလာတဲ့ ယောဂီပုဂ္ဂိုလ်၏ ဒုက္ခ၏ အဆုံးကိုမြင်နည်းလို့ မှတ်လိုက်စမ်းပါ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မိလိန္ဒပဉှာထဲမှာ ဘုန်းကြီးများက အနတ္တလက္ခဏာ သုတ် ဖြည့်စွက်ပြီးသကာလ ဉာဏ် သုံးဉာဏ်နဲ့ ဆင့်တက်ပေးလိုက်တယ်လို့ မှတ်ရမယ်နော် (မှန်လှပါ ဘုရား) ရှုတတ်ကြပြီလား ဒကာဒကာမတို့ (ရှုတတ်ပါ ပြီ ဘုရား)။

အားလုံး ဒကာဒကာမတွေ မနေ့ကရှုနည်းကို အ ကောင်းဆုံးဘဲ သင်လွှတ်လိုက်တယ် ဆိုတာကော သဘော ကျပြီလား (ကျပါတယ် ဘုရား) ထိုင်ပြီး ခန္ဓာကိုယ်ကြည့် နေတော့ ခန္ဓာကိုယ်က ဘာမှ အမူအရာ မပြလို့ရှိရင်ဖြင့် ကြည့် ရတာ ဘာမှမမြင်ဘူးလို့ခင်ဗျားတို့ မမြင်တဲ့စိတ်ကလေးတော့ ပေါ်လာမှာပဲ (မှန်ပါ) မပေါ်လာပေဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဘာမှမမြင်တဲ့စိတ်

ကြည့်ရတာ ဘယ်နှယ်တဲ့ (ဘာမှ မမြင်တဲ့စိတ် ပေါ်ပါတယ် ဘုရား) ဘာမှမမြင်တဲ့စိတ် ဘာမှ ရုပ်လဲမမြင် ဝေဒနာလဲမမြင် ကာယာနုပဿနာဆိုတဲ့ ကိုယ်လဲမမြင်၊ စိတ္တာ နုပဿနာ စိတ်လဲမမြင်၊ ဝေဒနာနုပဿနာ မမြင်၊ ဓမ္မာနုပဿနာဆိုတဲ့ သစ္စာတွေလဲမမြင်၊ မမြင်တဲ့စိတ်ကလေးနဲ့ ကြည့်ပြီး သကာလ နေကြသော်လည်း မမြင်ဘူးတဲ့ ဒကာ ဒကာမတို့ နော်။

အဲတော့ မနေ့က ဆရာဘုန်းကြီးက ဘယ့် နှယ်လုပ်သင် လိုက်သတုံး မမြင်တဲ့စိတ်ဟာ ခင်ဗျားတို့ သန္တာန် ခု အသစ်ပေါ်လာတာ ပဲ ရှင်းပြီလား (မှန်ပါ)။

မမြင်တဲ့စိတ်ဟာ မမြင်ဘူးလို့ ပြောတာ ဘယ်သူ ပြောတာတုံး (မမြင်တဲ့ စိတ်ကပါ ဘုရား) မမြင်တဲ့စိတ် က ပြောတယ်ဆိုတာ ကောင်းကောင်း ရိပ်မိပြီလား (မှန်ပါ)။

မောဟစိတ်

မမြင်ဘူးလို့ပြောတာ ဘယ်သူကပါလိမ့် (မမြင် တဲ့စိတ်ပါ ဘုရား) မမြင်တဲ့စိတ်က ပြောတယ်ဆိုတာ ကောင်းကောင်း ရိပ်မိပြီလား (မှန်ပါ) အဲဒိ မမြင်တဲ့စိတ်ကလေး ဟာ ဘာစိတ်တုံးလို့ ဘုန်းကြီးက မနေ့က ဝေဖန်ပေးလိုက် တယ် မမြင်တဲ့စိတ်ကလေးဟာဖြင့် ဒကာဒကာမတို့ အဝိဇ္ဇာ ပဲ၊ မောဟစိတ်ကလေး ဝင်လာတာ။

သူကြည့်တော့ ကြည့်တယ်တဲ့ မမြင်ဘူးတဲ့ အဲဒိ မမြင် တဲ့စိတ်ကလေးကို ခင်ဗျားတို့က မမြင်တဲ့စိတ်ကလေးဟာလဲ မြဲသလား ခိုင်သလားသာ ကြည့်လိုက် (မမြဲပါ ဘုရား)။ ဒါဖြင့် မမြင်တဲ့အခါကျတော့ မမြင်တဲ့စိတ်ကလေး မြဲသလား ခိုင်သလားလို့ နောက်ကနေ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ကျတော့ ဘာပြောသွားတဲ့ (အနိစ္စပြောပါတယ် ဘုရား)။ အနိစ္စ ပြောသွားတယ်။

ဝိပဿနာအရှုခံတဲ့စိတ်

ဘယ်သူကပြောသွားတာတုံး သူရှုနေတဲ့ စိတ်က လေးက ကျုပ်ဘာမှမမြင်ဘူးတဲ့၊ မမြင်တဲ့စိတ်ကလေးကပဲ ဒကာဒကာမတို့ ဘုန်းကြီးက မမြင်တဲ့စိတ်ဟာ ဝိပဿနာ အရှုခံစိတ် မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)။

မမြင်တဲ့စိတ်ကလေးက ဘာတဲ့ (ဝိပဿနာ အရှုခံတဲ့စိတ်ပါ ဘုရား) ဝိပဿနာ အရှုခံတဲ့စိတ်လို့ ရှုစရာအာရုံစိတ် စာလိုသုံးလို့ ရှိရင် အဲဒီစိတ်ကလေးကိုပဲ ခင်ဗျားတို့က ဘုန်းကြီး သင်ထားတဲ့ အတိုင်း ဒီစိတ်ကလေး၏ အသက်တမ်းဟာ တစ်နဲ့ နှစ်ပဲရှိတယ်လို့ သင်မထားဘူးလား (သင်ထားပါတယ် ဘုရား)။

မမြင်တဲ့စိတ်ရှိမရှိဉာဏ်နဲ့ကြည့်

အဲဒီစိတ်ကလေးကို မမြင်တဲ့ စိတ်ကလေးကို နောက်ကနေပြီး ဉာဏ်နဲ့ ကြည့်စမ်း မမြင်တဲ့စိတ်ကလေး ရှိ မရှိ (မရှိပါဘူး ဘုရား) မရှိတာက အနိစ္စ၊ အနိစ္စလက္ခဏာ ဒုက္ခသစ္စာ ရှင်းပြီလား (မှန်ပါ)။

အနိစ္စလက္ခဏာကော သူပြောမသွားဘူးလား (ပြောသွားပါတယ် ဘုရား) ဒုက္ခသစ္စာလို့ လဲ ကျုပ်ဖြင့်အနှိပ် စက်ခံရလို့ ပျောက်ပါပေါ့၊ သေခြင်းဆိုး သေပါပေါ့ ဒီစိတ်က လေးက ပြောမသွား ဘူးလား (ပြောသွားပါတယ် ဘုရား) ပြောသွားတော့ ဪ သူဒီလိုဖြစ်သွားသည်လို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)။

သိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အဲဒိမမြင်တဲ့စိတ်က လေးက ဝိပဿနာရှုစရာ အာရုံ။ ရှုစရာရဲ့ နောက်က ဉာဏ် လို့ ဆုံးဖြတ်ချက်ချလိုက် ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဆရာဘုန်းကြီး သင်တာ ခင်ဗျားတို့ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

ဘယ်စိတ်စပေါ်လာတုံး

ဘယ်လိုများရိပ်မိကြတုံး (ပေါ် တာရှုပါ ဘုရား) ပေါ် တာရှုလာတာပဲ ဘယ်စိတ်ကလေး စ,ပေါ်လာတုံး ဖြစ်ပျက်မမြင်တဲ့ စိတ်ကလေး စ ပေါ်လာတယ်၊ ဪ စ, ပေါ်လာလို့ရှိရင် မနေ့က တရားဂုဏ်တော်နဲ့ တွန်းပြီး မပြောလိုက်ဘူးလား (ပြောပါတယ် ဘုရား)

ဧဟိပဿိကော မပြောဘူးလား (ပြောပါတယ်ဘု ရား) ဧဟိ လာခဲ့ပါ ပဿ ရှုပါ ကျုပ်ဟာဘာမှမမြင်တဲ့ စိတ်ကလေး အသေခံလာတာပါလို့ ပြောတာ မပြောဘူးလား (မှန်ပါ) ကျုပ်ဟာ ဘာတဲ့ (အသေခံလာတာ ပါ ဘုရား)။

သေမှန်းသိတာမဂ္ဂသစ္စာ

အသေခံလာတာပါလို့ ပြောတော့ ကျုပ်တို့က သူ အသေခံလာတာကို သေလား၊ မသေလား ကြည့်ပေါ့ဗျာ၊ ကြည့်လိုက်တော့ သူဘာတွေ့ရတုံး (သေတာတွေ့ရပါ တယ် ဘုရား) သေတာ အနိစ္စပေါ့၊ သေတော့ ဒုက္ခပေါ့ ဒကာ ဒကာမတို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သေမှန်းသိတာက (မဂ္ဂ) မဂ္ဂမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သေမှန်းသိတာက (မဂ္ဂ) သေတာ က (အနိစ္စပါ ဘုရား) အဲ မဂ္ဂဖြစ်သွားပြီတဲ့ အနိစ္စ နောက်က မဂ္ဂ လိုက်သွားပြီဆိုမှဖြင့် ဒကာဒကာမတို့ ဒီဥစ္စာ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဝိပဿနာ စရှုတဲ့ပုဂ္ဂိုလ်၏ အ လုပ်လို့ သာမှတ်လိုက်။

ဝိပဿနာရှုတတ်ကြပြီလား

ဝိပဿနာ စရှုတတ်ကြပြီလား (ရှူတတ်ပါပြီ ဘုရား) တချို့က ဝိပဿနာရှုတာ မရှုတတ်မှာစိုးလို့ ကြပ် ကြပ်သင်နေတာနော် (မှန်ပါ) ဝိပဿနာရှုတယ်ဆို ရှုတယ်ဘုရား ဘာမှမတွေ့ဘူး ဘုရား၊ ဒါနဲ့ ဆင်ခြေကိုင်တာ ပဲ၊ ဘယ့်နှယ် ကိုင်ကြသတုံး (ဘာမှမတွေ့ဘူး နဲ့ပါ ဘုရား)။

ဘာမှမတွေ့ဘူးဆိုတာ သည်စိတ်ကလေးနဲ့ ကြည့်တော့ မကြည့်ဘူးလား (ကြည့်ပါတယ် ဘုရား) ကြည့်ပင် – ကြည့်ငြားသော်လည်း တွေ့ရဲ့လား (မတွေ့ပါဘူး ဘုရား) မတွေ့တော့ဒီစိတ်ကို ပြန်ပြီးခင်ဗျားတို့က ရှိမရှိပြန်ကြည့် လိုက် ပြန်ကြည့်တော့သူကဘာပြောသွားတုံး (မရှိဘူးလို့ ပြောပါတယ် ဘုရား)။

ဒါဖြင့် မတွေ့တဲ့စိတ်ကလေးက ဘာမှမတွေ့တဲ့စိတ် ကလေးက မတွေ့တာနဲ့ ပဲ အနိစ္စ ရောက်သွားတယ် (မှန်လှပါ ဘုရား) သဘောကျပြီလား (မှန်လှပါ ဘုရား) ဘာမှမတွေ့တဲ့စိတ်က ဘာဖြစ်သွားတုံး (အနိစ္စရောက် သွားပါတယ် ဘုရား)။

မတွေ့တော့ သေသွားတော့ အာရုံနဲ့ သူမတွေ့ဘူး၊ မတွေ့တော့ မတွေ့တာနဲ့ပဲ သူအနိစ္စ ရောက်သွားတယ် အဲဒိ အနိစ္စရောက်တဲ့စိတ်ကို ကျုပ်တို့က မတွေ့တဲ့စိတ်ကလေးကို ဉာဏ်နဲ့ နောက်ကနေကြည့်၊ သဘောကျပြီလား (မှန်ပါ)။

မတွေ့တဲ့စိတ်ကလေးကို (နောက်ကဉာဏ်နဲ့ ကြည့်ရမှာပါ ဘုရား) ဉာဏ်နဲ့ နောက်က ကြည့်ပေးပါ၊ ရှင်းပြီ လား (မှန်ပါ) ဉာဏ်နဲ့ နောက်က ကြည့်ပေးလိုက်တော့ မတွေ့တဲ့ စိတ်ကလေးကလည်း သက်တမ်းကုန်သွားတယ် (မှန်ပါ) ဘာဖြစ်သွားတုံး (သက်တမ်းကုန် သွားပါတယ် ဘုရား)။

သက်တမ်းကုန်သွားတော့ သူ့ဘာကြမယ် (အနိစ္စ) သက်တမ်း ကုန်သွားမှန်း သိတာက (မဂ္ဂပါ ဘုရား) သက်တမ်းကုန်တာ သာ သိအောင်လုပ်နေ ကဲ အားလုံး ဒီအထဲက ဒကာဒကာမတွေ ဝိပဿနာ မရှုတတ်ဘူးဆို ရင် မရှုတတ်တဲ့စိတ်ကိုရှု မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။

ဝိပဿနာမရှုတတ်ဘူးဆိုရင်

ဝိပဿနာမရှုတတ်ပါဘူးဆိုရင် ဘယ်လိုလုပ်မလဲ (မရှုတတ်တဲ့စိတ်ကို ရှုရမှာပါ ဘုရား) အံမယ်! အတော်ဆန်းတဲ့ စကားပါလားလို့ ခင်ဗျားတို့က အောက်မေ့ချင် အောက် မေ့နေမယ် ဦးဝင်းတို့ ဦးဘအုန်းတို့ (မှန်ပါ) ဆန်းသလား ရိုးရာဘဲလား (ရိုးရာပါ ဘုရား)။

အားလုံး ဒကာဒကာမတွေ ဆန်းတယ် ထင်သလား ရိုးရာပဲလား (ရိုးရာပါ ဘုရား) သို့သော် ခင်ဗျားတို့ က ဝိပဿနာတွေ့လျက်နဲ့ ဝိပဿနာ မရှာတတ်လို့ ကိုသင် ရတာပါ ရှင်းပြီလား (မှန်ပါ) ဝိပဿနာရှုစရာ တွေ့လျက်နဲ့ဘာတုံး (မရှာတတ်လို့ပါ ဘုရား)။

ဪ တွေ့ရက်နဲ့တဲ့ ရှုစရာအာရုံ ပေါ်ပါလျက် သားနဲ့ ခင်ဗျားတို့က မရှုတတ်ဘူး ပြောနေလို့ ရှေ့ သာရှာနေတယ် ကိုယ်ရှာတာ ပျက်တာမသိဘူး၊ ဘယ့်နှယ်ဆိုကြမတုံး (မတွေ့တာ ရှာပါတယ် ဘုရား)။

ကိုယ်ရှာတာ ပျက်တာမသိတော့ ဒကာဒကာမတို့ ဒီဥစ္စာလောက် ခင်ဗျားတို့ တွေဝေတဲ့ သဘောရှိတာ ဘယ်ရှာ တွေ့တော့မတုံး၊ သဘောကျပြီလား (မှန်ပါ) အခုဉာဏ် ပါကြရဲ့လား (ပါပါတယ် ဘုရား) ဝိပဿနာရှုတဲ့အခါ ရှေး ဦးစွာ ဘယ်စိတ်လာတတ်တဲ့ (မတွေ့တဲ့စိတ်ပါ ဘုရား) မတွေ့တဲ့စိတ် လာတတ်တယ်။

ရှုစရာရှာမတွေ့တဲ့စိတ်

ဝိပဿနာကို ရှာမတွေ့ဘူး ရှုစရာကိုရှာမတွေ့တဲ့စိတ် လာတတ်တယ် မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒီလာတော့ အဲဒိလာတဲ့စိတ်ကို နောက်ဉာဏ်နဲ့ ရှုပေး၊ လာ တဲ့စိတ်ကို ရှိမရှိ (နောက်ဉာဏ်က ရှုရမှာပါ ဘုရား)။

ရှုလိုက်တဲ့အခါကျတော့ နောက်ဉာဏ်ဝင်လာရင်ပဲ သူရှိသေးရဲ့လား (မရှိပါဘူး ဘုရား) မရှိတော့ မရှိတဲ့စိတ် ရှာတဲ့စိတ်ကလေးဘာဆိုကြမယ် (အနိစ္စပါ ဘုရား) အင်း ရှာတဲ့စိတ်ကလေး မရှိတာတွေ့လိုက်ရတော့ (မဂ္ဂပါ ဘုရား)။

ဒါဘာရှုတာတုံးလို့မေးတော့မှမနေ့ကဒကာ ဒကာမ တွေ မှတ်မိကြသေးရဲ့ လား ဘယ်စိတ်ရှုတာ ဘာလိမ့်မတုံး မေးတော့မှ အင်း “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” လုပ်ခိုင်းတာ ဆရာဘုန်းကြီးက ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မောဟစိတ်ကိုပဿနာအာရုံလုပ်

ပထမရှုလို့ဘာမှမပေါ်ဘူးဆိုတာ မောဟစိတ်ပေါ် နေတာ (မှန်ပါ) အဲဒီ မောဟ စိတ်ကလေးကိုပဲ ဘုန်းကြီး တို့ တစ်ခါတည်း ဝိပဿနာ အာရုံ လုပ်ပစ်လိုက်တဲ့ အခါကျတော့၊ ဘာကိုမှ မသိတဲ့စိတ်ကလေး ဝိပဿနာရှုစရာ ရှာမတွေ့ တဲ့စိတ်ကလေးက ဘာစိတ်တဲ့ (မောဟစိတ်ပါ ဘုရား)။

အဲဒီ မောဟစိတ်ကလေးကလည်း သူ့အသက်တမ်း ဘယ်လောက်တုံး (တစ် နှစ်ပါ ဘုရား) သြော် တစ် နှစ် ဆိုရင် သူချုပ်သွားပြီ အဲဒိ ရှုစရာမရှိတဲ့စိတ်ကလေးကို နောက်ကပြန် ဉာဏ်နဲ့ ကြည့်၊ ခုနက ရှာနေတဲ့စိတ် ရှိမရှိ (မရှိပါ ဘူး ဘုရား)။

မရှိတာဘာဆိုမယ် (အနိစ္စပါ ဘုရား) အင်း ရှာတဲ့စိတ်က (မဂ္ဂပါ ဘုရား) သဘောကျပြီလား (မှန်ပါ) မရှိတာက (အနိစ္စပါ ဘုရား) ရှာတဲ့စိတ်က (မဂ္ဂပါ ဘုရား) အဲဒီလိုလုပ်ပြီးသကာလ နေကြလို့ ရှိရင်ဖြင့် နောက်တစ်ခါ ပြန်ကြည့်ပြန် မတွေ့၊ မတွေ့ ဒါပဲရှုပေး(မှန်လှ ပါ) ရှင်းပြီလား (မှန်ပါ)။

အာရှုနေရမှာတုံး (မတွေ့တာရှုနေရမှာပါ ဘုရား) မတွေ့တာပဲရှုနေတော့၊ မတွေ့တဲ့ စိတ်ကလေး ကိုသာ ဆိုရ တယ် ကျုပ်တို့ ဉာဏ်ကတော့ တွေ့နေတယ်၊ သူကတော့ဖြင့် မတွေ့ဘူးလို့ သာထင်ရတယ် သူရှေ့ရှာလို့ သာမတွေ့တာ သူသေတာကို ကျုပ်တို့က တွေ့တယ် ရှင်းပြီလား (မှန်ပါ)။

စိတ္တာနုပဿနာ

သူရှေ့ရှာတော့ ဘယ်နှယ်တုံး (မတွေ့ပါဘူး ဘုရား) သူသေတာကျတော့ (တွေ့ပါတယ် ဘု ရား) ဒါဖြင့် ကျုပ်တို့ ဘာနုပဿနာ ဖြစ်သွားတုံးလို့ မေးတော့ စိတ္တာနုပဿနာ ဖြစ်သွားတယ်၊ ဓမ္မာနုပဿနာ ဖြစ်သွားတယ် ဆို တာပေါ့ဗျာ (မှန်ပါ)။

စိတ်ကလေး ချုပ်ပျက်တာသိသွားရင် စိတ္တာ နုပဿနာ၊ ဟုတ်လား စိတ်ကလေး ဒုက္ခ ရောက်သွားတာသိ ရင် , ဓမ္မာနုပဿနာ၊ ရိပ်မိပြီလား (မှန်ပါ) စိတ်ကလေး ဒုက္ခရောက်သွားတာ သိရင် (ဓမ္မာနုပဿနာပါ ဘုရား) စိတ်ကလေး ပျက်သွားတာသိရင် (စိတ္တာနုပဿနာပါ ဘုရား)။

ဓမ္မာနုပဿနာ

စိတ်ကလေး ဒုက္ခရောက်သွားတာသိရင် (ဓမ္မာနုပဿနာပါ ဘုရား) အကုန်ပါမသွားဘူးလား မပါဘူးလား ဒကာဒကာမတို့ (ပါပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာရှုတတ်ပြီလား (ရူတတ်ပါပြီ ဘုရား) ရှု ရှုချင်း ဘယ်စိတ်ပေါ်တတ်တဲ့ (ဘာမှ ရှာမတွေ့တဲ့စိတ် ပေါ်တတ်ပါတယ် ဘုရား) ဘာမှရှာမတွေ့တဲ့စိတ်လာတတ် တယ်နော် (မှန်ပါ) ရိပ်မိပြီလား။

နောက်ဉာဏ်နဲ့ရှုပေးစမ်းပါ

ဝိပဿနာ ယောဂီများရှေးဦးစွာလာတတ်တဲ့ (ဘာမှရှာမတွေ့တဲ့ စိတ်ပါ ဘုရား) ဘာမှ ရှာမတွေ့တဲ့ စိတ်လာပြီ၊ အဲဒိ ဘာမှရှာမတွေ့တဲ့ စိတ်ကို ဘာလုပ်ရမှာတုံး နောက် ဉာဏ်နဲ့ ရှုပေးစမ်းပါ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

ရှုတတ်ပြီလား (ရှုတတ်ပါပြီ ဘုရား) နောက် ဉာဏ်နဲ့ ကြည့်တော့ ဘာမှရှာမတွေ့တဲ့စိတ်က ဘာဖြစ်သွား တုံး (အနိစ္စဖြစ်သွားပါတယ် ဘုရား) အင်း နောက် ဉာဏ်က ဘာဖြစ်သွားအုံး (မဂ်ဉာဏ် ဖြစ်သွားပါတယ် ဘုရား)။

အဲတော့ ဘာရှုတာတုံးလို့ မေးလို့ ရှိရင်ဖြင့် “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” လုပ်တာလို့ မှတ်လိုက် သဘောကျပြီလား (မှန်ပါ) ဘာတဲ့ ( သမောဟစိတ္တ သမောဟစိတ္တန္တိ ပဇာနာတိ ပါ ဘုရား) အင်း ခင်ဗျားတို့ ဆေးတွေ့ရဲ့ သားနဲ့ မစားတတ်လို့ ခက်သွားတာကိုး (မှန်ပါ)။

သမားတော်ကြီးဆရာပို

ဘာတဲ့ (ဆေးတွေ့ပြီးမစားတတ်တာပါ ဘုရား) ဆေးတွေ့လျက်နဲ့ မစားတတ်လို့ ခက်သွားတယ်ဆိုတော့ ဘုန်းကြီးတို့ ဒီနန်းတော်ထဲမှာ ရှေးအခါတုန်းက မင်းတုန်းမင်းကြီး ရှိတယ် အဲဒီ မင်းတုန်းမင်းကြီးလက်ထက်က ဦးခင်မောင်ဆို့ မှီတဲ့ပုဂ္ဂိုလ်တွေ သမားတော်ဆရာပိုဆိုတာ ကြားဖူးကြမှာပေါ့။

အဲဒိဆရာပိုဆိုတာက ဟိုအမရပူရက အဲဒိဆရာပိုက တောင်သမန်တံတားကိုဖြတ်ပြီး မန္တလေးတောင်မြို့ဆိုတဲ့ ဒီ တောင်မြို့ကိုသွားဖို့ သူရှင်ဘုရင်ဆီနန်းတော်ဝင်ဖို့သွားတော့ လူတစ်ယောက်ဟာ သခွားသီးတောင်းကြီးထမ်းပြီးသကာလ တောင်သမန် တံတား ဇရပ်ကလေး ရှိတယ်။

အဲဒီဇရပ်ပေါ်မှာ သူထိုးအိပ်တယ် သူကလည်း တပည့်တွေနဲ့ လာတယ် ဟ ဟိုလူ ကြည့်ကြပါဦးကွ ဘာများ ဖြစ်နေသတုံး ထိုးအိပ်နေရှာတယ်၊ သူ့ကြည့်ရတာလဲ မသက် သာဘူးထင်တယ် သွားမေးစမ်း တပည့်တွေဆိုတော့ သွားမေး တော့ ဒကာဒကာမတို့ လေနာထတယ်လို့ ပြောလိုက်တယ်။

လေနာထလို့သခွားသီးကျွေးတယ်

ခုနက သခွားသီးထမ်းတဲ့သူဟာ ဘာဖြစ်နေတဲ့၊ (လေနာထ နေပါတယ် ဘုရား) လေနာထတော့ သူထမ်းနိုင် သေးရဲ့လား (မထမ်းနိုင်ပါ ဘုရား) မထမ်းနိုင်ပဲ အိပ်နေတော့ ဪ မသိတော့ သိပ်ခက်တာပဲဟေ့ ဆိုပြီးသကာလ သူထမ်းလာတဲ့ သခွားသီးကျွေးလိုက်စမ်းပါ ခွဲပြီးတော့ လေအားများလို့ နာနေတာ သခွားသီးက လေဖြည့်ပေးလိုက်တော့ သူခဏလေးပဲ လေနာပျောက်ပြီး သူ့တောင်း သူထမ်းသွားတာပဲ သဘောကျပြီလား (မှန်ပါ)

ဘာပြုလို့ တုံး (ဆေးတွေ့လျက်နဲ့ မသိလို့ ပါ၊ ဘုရား) ရှုစရာတွေ့လျက်သားနဲ့ (မသိလို့ပါ ဘုရား) ရိပ်မိ ပြီလား (မှန်ပါ) ဒီမှာလဲ ဆေးပါရဲ့ သားနဲ့ မသောက်မိဘူး ဒါကြောင့် သူလေနာဝေဒနာ ခံစားနေရတာ ရိပ်မိပြီလား (မှန်ပါ) ဘယ်လိုကြောင့်ပါလိမ့် (ဆေးပါလျက်သားနဲ့ မသိလို့ ပါ ဘုရား)။

ဆေး ဘယ်သူထမ်းလာတာတုံး (သူထမ်းလာတာပါ ဘုရား) အင်း သူထမ်းပြီး သူပဲ လေနာထနေတယ် သူပဲလေနာထနေတာ ဒိပြင်ဆေးပဲ ရှာရဦးတော့မလို ကျမနေ ဘူးလား မသိတဲ့အတွက်က (ကျပါတယ် ဘုရား)

အခုတော့ ဆရာပိုက လာတော့ သူ့ပါတဲ့သခွားသီး လေးခွဲပြီး ကျွေးလိုက်ပါဆိုတော့ လေအားပြည့်သွားတဲ့ အခါကျတော့ လေက ပိသွားပြီးတော့ တစ်ခါတည်းသူ့ သခွားသီးတောင်းကြီး ထ ထမ်းသွားတာပဲ ဒါဖြင့် သူ့ဆေးနဲ့ သူပျောက်တာပေါ့ (မှန်လှပါ ဘုရား) ဟုတ်ဘူးလား (မှန်ပါ)။

နိဗ္ဗာန်ရောက်တဲ့ဆေး

မသိတော့ ဆေးမှန်းသိသေးရဲ့လား (မသိပါဘူး ဘုရား) သိတော့တစ်ခါတည်း ရောဂါမပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) အင်း ခင်ဗျားတို့လဲ ရှုတော့ရှုတယ်ဘုရား ဘာမှမတွေ့ ရှုစရာမရှိဘူး ဆိုလို့ ရှိရင်ဖြင့် အဲဒီ ဘာမှမတွေ့တဲ့ဥစ္စာ ခင်ဗျားတို့၏ နိဗ္ဗာန်ရောက်တဲ့ဆေးဘဲ (မှန်ပါ) ရိပ်မိပြီလား (မှန်ပါ)။

ဘာမှမတွေ့တဲ့စိတ်ကလေးဟာ ဘာပါလိမ့် (နိဗ္ဗာန်ရောက်တဲ့ ဆေးပါ ဘုရား) အဲဒီစိတ်ကလေးကို ခင်ဗျားတို့က ဘာမှမတွေ့တဲ့ စိတ်ရှာတော့ ရှာမိတာပဲ၊ ရှာမိတဲ့ စိတ် ကလေးဟာ ဘာမှမတွေ့ဘူး၊ မတွေ့ တဲ့စိတ်ကလေးဟာ ဒကာဒကာမတို့ သူ့ အသက်တမ်း ကြည့်လိုက် ဘယ့်နှယ်ဆိုကြမတုံး (တစ် နှစ်ပါ ဘုရား)။

တစ် နှစ်ဆိုတာ ဖြစ်ပျက်ပဲမနေဘူးလား (နေပါ တယ် ဘုရား) အဲဒီဖြစ်ပျက်ကို ခင်ဗျားတို့က နောက်ကနေ ဘာလုပ်ရမတုံး (ဉာဏ်နဲ့ ကြည့်ရမှာပါ ဘုရား) ဉာဏ်နဲ့ ကြည့်လိုက်တော့ မတွေ့တဲ့စိတ်က အနိစ္စဟုတ်လား ရှုတာ က (မဂ္ဂပါ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့ သည် ဝိပဿနာအစ မတွေ့တဲ့ စိတ်က မှတ်ပေတော့ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား) ဘယ်လိုမှတ်ကြ (ဝိပဿနာအစ မတွေ့တဲ့စိတ်ကပါ ဘုရား) အေး မတွေ့တဲ့စိတ်က စရှု၊ ဝိပဿနာအစ ဘယ် ကစ ရှုကြမလဲ (မတွေ့တဲ့ စိတ်ကပါ ဘုရား)။

ဆေးကိုဆေးမှန်းမသိလို့

အံမယ် တော်တော်ဆန်းတယ်လို့ များ ခင်ဗျားတို့ အောက်မေ့နေသလား ဆန်းတာလား ဒီဥစ္စာခင်ဗျားတို့ ဆေး ဆေးမှန်းမသိလို့ ခုနက သခွားသီးခွဲကျွေးနေရတာလား သာ မေးပေတော့ (ဆေး ဆေးမှန်းမသိလို့ပါ ဘုရား) ဆေး ဆေးမှန်းမသိလို ပေးနေ ရတယ် ဆို တာ ရိပ်မိပြီလား (ရိပ်မိ ပါတယ် ဘုရား)။

သြော် ဒါကြောင့် ခင်ဗျားတို့ သံသရာရောဂါ သည်တွေဆိုတာ ဆေးပါတာကို ဆေးပါမှန်း မသိလို့ ခက်နေတာ (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား) ကဲဒါဖြင့် ခုဆေးမှန်း သိပြီလား (သိပါပြီ ဘုရား)။

ခင်ဗျားတို့ ဝိပဿနာ ထိုင်လိုက်တယ် ဘုရားလေး ရှိခိုး၊ မေတ္တာလေးပို့ပြီး ဝိပဿနာ ထိုင်လိုက်တော့ ဘာမှ ရှု စရာမတွေ့ဘူးဗျ အဲဒိဘာမှမတွေ့ဘူးဆိုတာသည် ဘယ်သူ ပါလိမ့်မတုံး အဝိဇ္ဇာ မောဟ သဘောကျပြီလား (ကျပါ တယ် ဘုရား) အဝိဇ္ဇာ မောဟမဟုတ်လား (မှန်ပါ)။

မောဟကအနိစ္စ

အဲဒါလေး ဘာလုပ်ပစ်ရမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား) အဲဒါရှုပစ်လိုက်တဲ့၊ နောက်ဉာဏ်နဲ့ ရှုပစ်လိုက်တော့ မောဟက အနိစ္စ (မှန်ပါ) ရှုတာက ပညာမဂ္ဂ (မှန်ပါ) ဒီလို မသွားဘူးလား (သွားပါတယ် ဘုရား)။

အဲတော့ ဒကာဒကာမတို့ ရှေ့မောဟကလည်း မ ချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) အင်း နောက်က မဂ္ဂကလဲ ဒကာဒကာမတို့ မောဟနောက်ကလိုက်မဲ့ အဝိဇ္ဇာ နောက်ကလိုက်မဲ့ သင်္ခါရ ဝိညာဏ်တွေကော ဖြတ်မပစ်လိုက် ဘူးလား (ဖြတ်ပစ် လိုက်ပါတယ် ဘုရား)။

အစကဖြတ်တဲ့တရား

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အစကဖြတ်တဲ့တရားပါလား (မှန်ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား) ရှာလို့ မတွေ့တဲ့စိတ် ရှုရတာ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေပြတ်တုံး (အစကနေ ပြတ်ပါတယ် ဘုရား) ဪ ဒါဖြင့်မတွေ့တဲ့ လူကသာ အဖိုးတန်ပါသေးလား ဘယ့်နှယ်ဆိုကြမတုံး (မတွေ့တဲ့သူက အဖိုးတန်ပါတယ် ဘုရား) နောက်ဝိပဿနာ ရှုတိုင်းရှုတိုင်း မတွေ့လို့ရှိရင် ဘာလုပ်ကြမယ် ( မတွေ့တဲ့ စိတ်ကို ရှုရမှာပါ ဘုရား)။

မတွေ့တာဘယ်သူကပြောတာတုံး (သူကပြော တာပါ ဘုရား) အဝိဇ္ဇာကပြောနေတာ (မှန်ပါ) ကျပ်ဖြင့် ရှုတော့ ဘာမှမတွေ့ဘူး ဘယ်သူက ပြောနေတာတုံး (အဝိဇ္ဇာက ပြောနေတာပါ ဘုရား) အဝိဇ္ဇာက ပြောတော့ အဝိဇ္ဇာ ထင်ရှားရှိတယ်ဆိုတာ ခင်ဗျားတို့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဝိဇ္ဇာဖြစ်မှန်းကော မသိဘူးလား (သိပါတယ် ဘုရား) အဝိဇ္ဇာဖြစ်ပြီးသကာလ မတွေ့တဲ့စိတ် ရှိမရှိ ဒီနေ့တော့ ဆရာက ကူပေးတော့ နောက်ကလိုက်လိုက် နောက် ကလိုက်လိုက်တဲ့ အခါကျတော့ ဘယ့်နှယ် နေတုံး (မရှိ ပါဘူး ဘုရား) မရှိတာပဲ မဟုတ်လား (မှန်ပါ ဘုရား)။

ရှုတဲ့ဉာဏ်ကသိတဲ့မဂ္ဂ

ဒါဖြင့်အဝိဇ္ဇာက မရှိအနိစ္စဟုတ်လား နောက်ကရှုတဲ့ ဉာဏ်က (သိတဲ့မဂ္ဂ) သဘောကျပြီလား (မှန်ပါ) အဝိဇ္ဇာက (မရှိတဲ့ အနိစ္စပါ ဘုရား) နောက်ဉာဏ်က (သိတဲ့မဂ္ဂပါ ဘုရား)။

သြော် ဝိပဿနာအစဆိုတဲ့ ဥစ္စာက မသိတာက စရမှာပဲ ရိပ်မိပြီလား (မှန်ပါ) ဒိထက်တော့ ဘယ်သူမှ မဟောနိုင်တော့ဘူးလို့ ဆုံးဖြတ်ချက်ချ ဘယ်သူမှမဟောနိုင်ဘူး ဒိပြင်ဟာတွေ စာအုပ်ကြည့်ပြီး ဟိုဟာဒီဟော ဟောမှာ ပဲ ရိပ်မိပြီလား (မှန်ပါ)

သူ့သခွားသီးနဲ့ သူ့ကျွေးတာ

မင်းကွာ မတွေ့ဘူးလား မင်းရှေ့ကဟာကြီးက ဘာတုံး ရှေ့ကသာထိုးပြနေမှာ ဟုတ်ဖူးလား ခုတော့ ရှေ့ကဟာ ထိုးပြတာလား၊ သူ့ထဲကဟာ ထိုးပြတာလား (သူ ထဲက ဟာထိုးပြတာပါ ဘုရား) သူ့ သခွားသီးသူ့ကျွေးတာပါ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာ ကျွေးတာတဲ့ (သခွာသီးကျွေးတာပါ ဘုရား) ပျောက်ကဲ့လား ရောဂါ (ပျောက်ပါတယ် ဘုရား) ခင်ဗျားတို့ လဲပျောက်ကဲ့လား (ပျောက်ပါတယ် ဘုရား) ဘာရောဂါပျောက်သွားတဲ့ ပဋိစ္စသမုပ္ပါဒ် အစရောဂါကို ပျောက်သွားတယ် သံသရာရဲ့ အစ ရောဂါကြီးကိုပျောက်သွား တယ် မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား) အဝိဇ္ဇာ က အနိစ္စ၊ ဝိဇ္ဇာက မဂ္ဂ ရှင်းပြီလား (မှန်ပါ) အဝိဇ္ဇာက (အနိစ္စပါ ဘုရား) ဝိဇ္ဇာက (မဂ္ဂပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်တုံး (အစက ပြတ်ပါတယ် ဘုရား)။

အစကပြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြင့် အားလုံးပဲ ဦးဝင်းတို့ လူစု ဦးဘအုန်းတို့လူစု စဉ်းစား အစက ပြတ်လို့ရှိရင်ဖြင့် ဒို့ ဒုက္ခအစကသိမ်းတာပဲ ဆိုနိုင်ပြီလား (ဆိုနိုင်ပါတယ် ဘုရား) ဒုက္ခဘယ်ကနေ သိမ်းတာတုံး (အ စကနေသိမ်းတာပါ ဘုရား)

ဪ ဒါဖြင့် ဒီအရေးဟာ ဒကာဒကာမတို့ သိပ် အဖိုးတန်ပါလားဆိုတာ ပေါ်လာပြီလား (ပေါ်လာပါပြီ ဘုရား) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား) ဝိပဿနာ ရှုတဲ့အခါ ဘယ်ကစကြမယ် ဘယ်ကစမှာတုံး အသေ အချာရှင်းအောင်ပြော (ဘာမှမတွေ့တဲ့စိတ်ကပါ ဘုရား) ဟာ မတွေ့တဲ့စိတ်ကစရှု။

မတွေ့တဲ့စိတ်ကိုရှုပါ

ဝိပဿနာအစဟာ ဘယ်သူပဲဖြစ်ဖြစ် မတွေ့ဘူးပဲ ပြောမှာချည့်ပဲ အဲဒိမတွေ့တဲ့စိတ်သာရှုချ၊ ဝိပဿနာစရှုတဲ့ ပုဂ္ဂိုလ်များ ဘယ့်နှယ်ဖြစ်တတ်တုံး (မတွေ့တဲ့စိတ်ဖြစ်ပါ တယ် ဘုရား) အင်း တပည့်တော်ဖြင့် အနိစ္စလဲမတွေ့ ဘူး ဒုက္ခလဲမတွေ့ဘူးဆိုလို့ရှိရင် ရှေ့နားကဟာတွေ လျှောက်ရှာ နေတာကိုးဗျာ (မှန်ပါ) မျက်စိအောက်ရောက်နေတာ ဝမ်းထဲ ရောက်နေတာတော့ သူမရှုမိဘူး ရှေ့ပိုင်းသာလျှောက် ကြည့်နေတယ် တကယ်ဖြစ်တဲ့နေရာ ရောက်ကဲ့လား (မရောက်ပါဘူး ဘုရား)။

အခုတော့ ပြောတာက ဘယ်ရောက် သွားတုံး၊ တကယ် ခင်ဗျားတို့ သန္တာန် ပေါ်လာတဲ့ တရားကို ဧဟိ ပဿိကော ဟောနေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါ ပြီဘု ရား) ဘာဟောနေတာတုံး (ဧဟိ ပဿိကော ဟောနေတာပါ ဘုရား)။

ဧဟိ လာခဲ့ ပဿ ရှုပါတဲ့၊ မသိတဲ့စိတ်က ကျပ်ရှုပါ တဲ့ ခင်ဗျားတို့ ဒိပြင်ဟာရှာနေ ခင်ဗျားတို့ မောနေမယ်တဲ့ သဘောကျပြီလား (မှန်ပါ) တခြားဟာရှာနေရင်ဘာတဲ့ (မောနေမှာပါ ဘုရား)။

အဝဇ္ဇာကဘယ့်နှယ်ခေါ်လိုက်သတုံး

အင်း တခြားဟာ ရှာနေရင် မောနေမယ်တဲ့ အဝိဇ္ဇာက ဘယ့်နှယ် ခေါ်လိုက်သတဲ့ (ဧဟိ ပဿိကော) ဧဟိ ပဿိကော (မှန်လှပါ ဘုရား) ကျပ်ပဲရှု၊ ခင်ဗျားတို့ ဒီပြင်ဟာရှာနေလို့ရှိရင် သံသရာရှည်နေမယ် သဘောကျပြီလား (မှန်ပါ)။

ဒီထက်မှန်တဲ့တရားတော့ ဒကာဒကာမတို့ ဝိပဿ နာအစမှာဖြင့် မရှိတော့ဘူး၊ ကဲရှုတတ်ကြပြီလား (ရှုတတ် ပါတယ် ဘုရား) ဒါသနားလို့ အသေအချာ ပြောနေတာနော်

ဒါ ဘာနုပဿနာတုံးလို့ မေးတဲ့အခါကျတော့ကို “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” သဘောကျ ပြီလား (မှန်ပါ) သမောဟစိတ္တံ သမောဟစိတ်ဖြစ်ပျက်ကို ပဇာနာတိ နောက်ကပညာနဲ့ သိ၊ စိတ္တာနုပဿနာပဲ ပြန်ဟောတာပဲတဲ့ (မှန်ပါ)။

တွေ့သယောင်ယောင်ဆိုလို့ ရှိရင် ဟိုစိတ်ကိုသွား ရှုမနေနဲ့ တွေ့သယောင်ယောင် စိတ်ကိုရှု (မှန်ပါ) ရှေ့က ဟာမရှုနဲ့ နော် ဦးဘတင် အဇ္ဈတ္တ နေစမ်းပါ ဒကာဒကာမတွေ ဘယ်မဂ်ကြောင့် (အဇ္ဈတ္တမဂ်ကြောင့်ပါ ဘုရား)။

အဇ္ဈတ္တမဂ်က တွေ့သယောင်ယောင်မလာဘူးလား (လာပါတယ် ဘုရား) လာတော့ ဘာရှုမယ် (တွေ့ သယောင်ယောင်စိတ်ပါ ဘုရား) တွေ့သယောင်ယောင်က ဘာစိတ်ပါလိမ့် (ဝိစိကိစ္ဆာစိတ် ပါ ဘုရား) အေး တွေ့သယောင်ယောင်က ဝိစိကိစ္ဆာစိတ်။

ဝိစိကိစ္ဆာစိတ်ဆိုတဲ့ဥစ္စာ ဝိစိကိစ္ဆာ ဝိစိကိစ္ဆာလို့ရှုပေး နေလို့ ရှိရင်လဲ ဒါ ခင်ဗျားတို့ ဝိစိကိစ္ဆာက ဝိစိကိစ္ဆာအဖြစ်နဲ့ မပြတော့ဘူး ဝိစိကိစ္ဆာက အနိစ္စလက္ခဏာ ဒုက္ခသစ္စာပြတယ် မပြဘူးလား (ပြပါတယ် ဘုရား) နောက်ကရှုတာက မဂ္ဂ သစ္စာ မပြဘူးလား (ပြပါတယ် ဘုရား)။

ရှုစရာကအနိစ္စ၊ ရှုတာကမဂ္ဂ

ကိုင်းဒါဖြင့် ရှုစရာက အနိစ္စ၊ ရှုတာကမဂ္ဂ၊ ရှုစရာက (အနိစ္စ) ရှုတာက (မဂ္ဂပါ ဘုရား) ဒါကြောင့် ဝိပဿနာ ရှုတဲ့အခါ ဪ နည်းနည်း နေရာကျပြီထင်တယ် ဆိုရင် နည်းနည်း နေရာကျတဲ့စိတ်ကို ရှုပစ် သဘောကျပြီလား (မှန်ပါ)။

နည်းနည်းနေရာကျပြီထင်တယ်ဆိုတော့ ဘာစိတ် လာတုံး နည်းနည်းနေရာကျပြီလို့ ထင်တာပဲ ဆုံးဖြတ် ချက်ကျတာ မဟုတ်ဘူး သဘောကျပြီလား (မှန်ပါ)။

အဲတော့ ဘာဆိုကြမယ် (နည်းနည်းနေရာကျပြီ ထင်တဲ့စိတ်ကိုရှုရမှာပါ ဘုရား) အဲဒီစိတ်ကိုရှုပါ (မှန်ပါ) ဦးဝင်း ဘယ်စိတ်ရှုမှာပါတော့ နောက်က ဒကာဒကာမတွေ ကော ဘယ်စိတ်ရှုရမှာတုံး (နည်းနည်း နေရာကျတဲ့စိတ် ကိုရှုရမှာပါ ဘုရား)။

နည်းနည်းနေရာကျတဲ့စိတ်ရှု အံမယ် နည်းနည်းနေ ရာကျတယ်ဆိုတာ ဘယ်သူက များပြောတာထင်တုံး ဝိစိကိစ္ဆာ ကဝင်လုပ်နေတာ မပြောဘူးလား (ပြောပါတယ် ဘုရား) ဝိပဿနာရှုရတာဘုရား နည်းနည်းနေရာကျလာတယ်ထင် ရတယ်ဘုရား ဆိုရင် ဟိုရှုမနေနဲ့ အဲဒိ နည်းနည်းနေရာကျ လာတဲ့စိတ် ရှိမရှိသာ အကဲခတ်၊ ရှင်းပြီလား (မှန်လှပါဘု ရား) အကဲခတ် တတ်ပြီလား (ခတ်တတ်ပါပြီ ဘုရား)။

ဝိပဿနာအစသည် မတွေ့တာက

ဝိပဿနာအစသည် မတွေ့တာကအစ၊ နည်းနည်း နေရာကျတာက စ (မှန်ပါ) ခင်ဗျားတို့ ဝိပဿနာစချင်တဲ့ ပုဂ္ဂိုလ် ဒီကသာစပေတော့၊ မတွေ့ပဲနေသေးသလား တွေ့သလား (တွေ့လာပါတယ် ဘုရား) အံမလေး အတော် ဟောရပါလားဗျ။

နို့ မဟုတ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့က ပါရမီရှိတယ် တပည့်တော် မထင်ပါဘူးဆိုတော့၊ အဲဒီ ပါရမီမရှိဘူးထင်တဲ့ စိတ်ကိုရှုပစ်ရမှာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဟာရှုရမှာတုံး (ပါရမီမရှိဘူးထင်တာပါ ဘုရား) ပါရမီမရှိဘူးလို့ ထင်တယ်ဆိုတာ အဝိဇ္ဇာကပြောနေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်သူကပြောတာတုံး (အဝိဇ္ဇာက ပြောတာပါဘု ရား) ဒါဖြင့် အဝိဇ္ဇာ ရှုလိုက်ပါလားဗျ (မှန်ပါ)။

အဝိဇ္ဇာက အနိစ္စ ရှုတာက (မဂ္ဂပါ ဘုရား) အဲတော့ ခင်ဗျားတို့ ရှေးကပြောတဲ့ စကားတွေနဲ့တော့ အားကြီးကွာသွားပြီ (မှန်ပါ) မကွာဘူး လား (ကွာပါတယ် ဘုရား) ဒါလုံလောက်ကဲ့လားလို့ မေးတော့ သေသေ ချာချာ ပါဠိတော်ထဲမှာ လုံလောက်တယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပါဠိ တော် က မလုံ လောက် ဘူးလား (လုံ လောက်ပါတယ် ဘုရား) သူလဲ သမောဟစိတ်ပဲ၊ ဝိစိကိစ္ဆာ ပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ကိုင်း ဒကာဒကာမတို့ ခန္ဓာကိုယ် သုံးသပ် လိုက်တော့ ဆိုတော့ ခန္ဓာကိုယ် သုံးသပ်ပါ ဆိုတာ အပြင်ဘက်လျှောက်ပြီး သုံးသပ်နေလို့ ရှိရင်တော့ လွဲ လိမ့်မယ် အဇ္ဈတ္တ သုံးသပ်လိုက် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပင်ပန်းတာကဒေါသစိတ်

အတွင်းသုံးသပ်လိုက်တော့ လိုရင်းမတွေ့ပေဘူလား (တွေ့ပါတယ် ဘုရား) ကိုင်းဒါဖြင့် ဒကာဒကာမတို့ ဝိပဿနာရှုရင်း မတ္တနဲ့ တပည့်တော်တော့ စိတ်ကိုပျက်လာ တာပဲ၊ ဘာဖြစ်လို့ စိတ်ပျက်တာတုံး၊ စိတ်ပျက်တာပေါ့ဘုရား ပင်ပန်းလို့သာနေတယ် ဘာမှမတွေ့ဘူးဆိုရင် ပင်ပန်းတာရှု။

ဘယ်သူ့ ရှုရမှာတုံး (ပင်ပန်းတာရှုရမှာပါ ဘုရား) ပင်ပန်းတာက ဒေါသကိုးဗျ (မှန်ပါ) သဒေါသစိတ်၊ ပင်ပန်းတာ ဘာမှတ်ကြမတုံး (သဒေါသစိတ်ပါ ဘုရား) အဲဒီဒေါသစိတ်ကို ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ဪ ဒကာ ဒကာမတွေက ခက်လိုက်တာ ခင်ဗျားတို့ က ရှေ့ကိုသာ အသေအလဲ ကြည့်နေကြတာကိုး ဝိပဿနာက ဒီနားကပ်နေတယ် ရိပ်မိပြီလား (မှန်ပါ)။

ရှေ့လောကြီးနေတယ်

ခင်ဗျားတို့ က ဘယ်လောကြီး နေသတုံး (ရှေ့လောကြီး နေပါတယ် ဘုရား) ရှေ့လောကြီး နေတယ် ဝိပဿနာက နောက်နားမှာ ခင်ဗျားတို့က ရှေ့ကြည့်နေတယ် ရှေ့ကြည့်တော့ မတွေ့ဘူးဘုရား စိတ်ကိုပျက်နေတာပဲ။

ခင်ဗျားတို့ လောက အသုံးအနှုံးနဲ့ ဖြစ်စဉ်နဲ့ ရှင်း အောင်မလုပ်တတ်လို့သာ ဝိပဿနာရှုရတာ သိပ်ခက်တာပဲ ထိုင်သာနေရတာ တပည့်တော်တို့ဖြင့် နာရီဝက်လောက်ရှိပြီ ဘာမှမတွေ့ဘူး အံမယ်လေး ခက်လိုက်တာ ခုတော့သဘော ကျပြီလား (မှန်ပါ)။

ဘာမှမတွေ့ဘူးလား တွေ့သလား (တွေ့ ပါတယ် ဘုရား) ဘာတွေ့တုံး (မတွေ့တဲ့စိတ်ပါ ဘုရား) မတွေ့တဲ့စိတ်သာရှု ဒကာဒကာမတွေရ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာရှုကြမှာတုံး (မတွေ့တဲ့စိတ် ရှုမှာပါ ဘုရား) မတွေ့တာ ဘယ်သူကမတွေ့တာလုံး ပြောပါဦး (အဝိဇ္ဇာ ပါ ဘုရား) ဒီအဝိဇ္ဇာ ဖြစ်ပျက်ရှု လိုက်ပါလားဗျ (မှန်လှပါ) ဟုတ်ဘူးလား။

ဘုရားကလဲ ရှုရမယ်ပြောလား၊ မရှုရဘူးပြောလား (ရှုရမှာပါ ဘုရား) အင်း “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” ကဲ သူ့ပါဠိတော်ထဲဝင် မဝင် (ဝင်ပါတယ် ဘုရား) ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

အံမယ်လေး ဒီဥစ္စာ မနေ့ကလဲ ရေရေလည်လည် ပြောတယ်နော် (မှန်လှပါ) ဒီနေ့လဲ အိမ်ကျတော့ ခင်ဗျား တို့ ထိုင်ကြည့်စမ်းပါ အားလုံးဒကာဒကာမတွေ အိမ်ကျတော့ ဘုရားရှေ့မှာ ထိုင်နော် ထိုင်တဲ့အခါကျလို့ ရှိရင် ရှေးဦးစွာ ဘာလာမယ်ထင်တဲ့ (မတွေ့တဲ့စိတ်လာမှာ ပါ ဘုရား)။

မတွေ့တဲ့စိတ်လာရင် ခင်ဗျားတို့က ဘယ်လိုလုပ်မှာတုံး (ဖြစ်ပျက်ရှုမှာပါ ဘုရား) မတွေ့တဲ့စိတ်သာရှု (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ က နောက်တစ်ခါ ရှာပြန်တော့ မတွေ့ပြန်ဘူး၊ ဘယ့်နှယ် ဆိုမယ် ထပ်ရှု သြော် မတွေ့လေကောင်းလေ ဘယ့်နှယ် နေကြတုံး (မတွေ့လေ ကောင်းလေပါ ဘုရား) မတွေ့လေ ကောင်းလေပဲ မတွေ့ လေ သူ သည်ကားရှုစရာပေါ် လေလေပဲ။

တွေ့နေလို့ ရှိရင် ဟိုလိုက်လိုက် လိုက်နေရဦးမယ် ခုဟာက မတွေ့တဲ့စိတ်ချည့်ရှုနေတော့ ဘယ်ပြေးဦးမတုန်းဗျ (မပြေးပါဘူး ဘုရား) ကိုမြရွှေ ပြေးသေးရဲ့လား (မပြေးပါဘူး ဘုရား) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ခန္ဓာကိုယ်အတွင်းသုံးသပ်ပါ

ဒါဖြင့် ခန္ဓာကိုယ်ကိုသုံးသပ်ပါဆိုတော့ ခင်ဗျားတို့က အပြင်ဘက်ကနေသုံးသပ်တာ အတွင်းမသုံးသပ်ပဲကိုးဗျ (မှန်ပါ) ဘယ်သုံးသပ်နေတုံး (အပြင် သုံးသပ်နေပါတယ် ဘုရား) အပြင်သုံးသပ်နေတယ်။

သုံးသပ်ရမှာက (အတွင်းသုံးသပ်ရမှာပါ ဘုရား) ဒါကြောင့် “အဇ္ဈတ္တံဝါ ဗဟိဒ္ဓဝါ” အဇ္ဈတ္တ အရင်သုံးသပ်ကွ၊ ဗဟိဒ္ဓ နောက်မှသုံးသပ် ဆိုတော့ ခင်ဗျားတို့က ဗဟိဒ္ဓ သုံးသပ် နေတာကိုးဗျ (မှန်ပါ)။

ဘုရားက ဘယ်အရင်သုံးသပ်ရမှာတုံး (အဇ္ဈတ္တ အရင်သုံးသပ်ရမှာပါ ဘုရား) အဲဒီကစပြီး ကမ္မဋ္ဌာန်းက လွဲနေတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သဘောပါကြရဲလား (ပါပါတယ် ဘုရား)။

ခင်ဗျားတို့ဘုရားက အဇ္ဈတ္တ နဲ့ ဗဟိဒ္ဓ ဘယ်ဟာ အရင် သုံးသပ်ရမှာတုံး (အဇ္ဈတ္တပါ ဘုရား) ခင်ဗျားတို့က ကမ္မဋ္ဌာန်းရှာနေတယ်ဆိုတော့ ဘယ် သုံးသပ်နေတုံး (ဗဟိဒ္ဓပါ ဘုရား) အဲဒီကတည်းက ငါးပါးမှောက် တာပဲ၊ မမှောက်သေးဘူးလား (မှောက်ပါတယ် ဘုရား)။

ရှက်လို့တွေ့တယ်ပြောပြီးပြန်ခဲ့တယ်

အဲဒါကြောင့် ခင်ဗျားတို့ အမှားဆရာတွေနဲ့ တွေ့မှာ ဆရာကောင်းနဲ့ မတွေ့ဘူးဆိုရင်ဖြင့် ကျုပ်ဖြင့် ခုနစ်ရက်သာ နေခဲ့ရတာ ဘာမှမတွေ့ဘူးဗျာ၊ မေးတာ ရှက်တာနဲ့ တွေ့ တယ် ပြောပြီး ပြန်ခဲ့တာပဲ အင်း ဒီလိုကရှိသေး ရိပ်မိပြီလား (မှန်ပါ)။

ကဲ ဒါဖြင့် ခု ဒီလိုရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ ခုဘာရှုမယ် (မတွေ့တာရှုမှာပါ ဘုရား) မတွေ့တာရှု မတွေ့တော့၊ တွေ့သယောင်ယောင်လေး ဖြစ်ပြန်တယ် ဆိုတာကော မလာဘူးလား (မှန်ပါ) တွေ့သယောင် ယောင်စိတ်ကိုရှု (မှန်ပါ) သဘောကျပြီလား (မှန်ပါ)။

ဘာရှုမယ် (တွေ့သယောင်ယောင်စိတ် ရှုရမှာ ပါ ဘုရား) တွေ့သယောင်ယောင်ဆိုတာ ဝိစိကိစ္ဆာ ပေါ်လာတာ ဒါပဲလား အနိစ္စဆိုတာ ဟုတ်မှဟုတ်ကဲ့လား အဲဒီစိတ် ရှုပစ်လိုက် (မှန်ပါ) ရှင်းပြီလား (မှန်ပါ)။

ဝိစိကိစ္ဆာစိတ်ဖြစ်ပျက်ရှု

မတွေ့တဲ့စိတ်ရှုပြီးလို့ ရှိရင် တွေ့သယောင်ယောင် လာတယ် ဘယ်စိတ်ရှုမှာတုံး (တွေ့သယောင်ယောင် လာတဲ့စိတ်ကိုရှုမှာပါ ဘုရား) တွေ့သယောင်ယောင်စိတ်က ဘာစိတ်ဆိုကြမယ် (ဝိစိကိစ္ဆာပါ ဘုရား) ဝိစိကိစ္ဆာစိတ်တဲ့ ရိပ်မိပြီလား (မှန်ပါ)။

တွေ့သယောင်ယောင်စိတ် ဘာစိတ်ခေါ်ကြမှာတုံး (ဝိစိကိစ္ဆာစိတ်ပါ ဘုရား) အဲဒီ ဝိစိကိစ္ဆာစိတ် ကို ဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှု လိုက်တော့ ဝိစိကိစ္ဆာက အနိစ္စ ဖြစ်ပျက်ရှုတာက (မဂ္ဂပါ ဘုရား)။

ပျော်လာရင် ကော (ပျော်တဲ့စိတ် ရှုရမှာပါ ဘုရား) ထပြန်ချင်ရင်ကော (ထချင်တဲ့စိတ် ရှုရမှာ ပါ ဘုရား) ထချင်တဲ့စိတ်ရှုတဲ့ ရိပ်မိပြီလား အကုန်ရှုရမှာပဲ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဆန်းလွန်းလှတဲ့ပဿနာ

ဒါဖြင့် ဒကာဒကာမတွေ ဝိပဿနာ အစဟာ ဘယ်ကတုံး (မတွေ့တာကပါ ဘုရား) မတွေ့တာကစ သြော် မင်းတို့ ဝိပဿနာဆန်း ဆန်းလွန်းလှတယ်လို့ ကာရံ ရွေးနေလို့ရှိရင် အကုန်လုံးနဲ့ ရန်ဖြစ်ရလိမ့်မယ် သဘောမပါရင်လေ (မှန်ပါ)။

သဘောပါတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ သြော်ဟုတ်ပေသား ပဲလို့ လိုက်မှာပဲ၊ သဘောမပါရင်တော့ ဝိပဿနာအစ မတွေ့ တာက စတယ်ဆိုတော့ တယ်ဆန်းပါလားလို့ ဆိုချင် မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)

မတွေ့တဲ့စိတ်ကလေး ဘယ်စိတ်တုံး (အဝိဇ္ဇာပါ ဘု ရား) အဝိဇ္ဇာပေါ်လာတော့ အဝိဇ္ဇာရှုခိုင်းတော့ ပဋိစ္စသမုပ္ပါဒ် အစကနေ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါကအဝိဇ္ဇာထားပါတော့ ဒါမတွေ့တဲ့စိတ်ကလေး ဝမ်းထဲပေါ်နေတယ် ဒကာဒကာမတွေ သန္တာန် ဒကာဒကာမတွေက ရှေ့ရှုနေတာကိုဗျ ရှေ့သာလျှောက်ကြည့်နေတယ်။

ရှုတော့ဒီအထဲက ဖြစ်ပျက်ကလဲ မတွေ့တော့ ဘယ် သူက မတွေ့တာတုံးဆိုတော့ အဝိဇ္ဇာက မတွေ့တာ ဟုတ်လား (မှန်ပါ) အဲတော့ ဒီအဝိဇ္ဇာလေး ရှုလိုက်ပါ အဝိဇ္ဇာကို နောက်ဉာဏ်က ရှုလိုက်တဲ့ အခါကျတော့ ဘယ် နှယ် နေကြတုံး အဝိဇ္ဇာက အနိစ္စ။ ရှုတာက (မဂ္ဂပါ ဘုရား)။

သင်္ခါရနိရောဓော ဆိုတာမဂ်

ရှုတာက ဒီဘက်ကလာတော့ အဝိဇ္ဇာပစ္စယာ သင်္ခါ ရာလုပ်သေးရဲ့လား (မလုပ်ပါဘူး ဘုရား) အဝိဇ္ဇာ နိရောဓာ သင်္ခါရနိရောဓော ဆိုတော့ မဂ်ပဲပေါ်တာ သင်္ခါရ ဖြတ်တာဒီမဂ်ပဲ “ကုသလာကုသလံ ဇဟံ” ဆိုတာသူပဲ၊ ရိပ် မိပြီလား (ရိပ်မိပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနိရောဓာ ဘယ့်နှယ်ဆိုမတုံး (သင်္ခါရနိရောဓောပါ ဘုရား) အဝိဇ္ဇာနိရောဓာ ဆိုတာက ဖြစ်ပျက်၊ သင်္ခါရနိရောဓောဆိုတာက မဂ်၊ ဒိထက်တော့ ခိုင်လုံတာမရှိတော့ဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာနိရောဓကဖြစ်ပျက်၊ အင်း သင်္ခါရနိရောဓော ကမဂ်၊ ခင်ဗျားတို့ လျှောက်သာ ရွတ်နေတာကိုး ခက်နေ တာကိုး ဒီလိုဖြစ်နေတာကို ရှုမှမရှုပဲနဲ့ အင်း ဘုရားကတော့ ဗောဓိပင်နှင့် ရွှေပလ္လင် အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော၊ ဒို့လဲသူ့လိုဖြစ်အောင်လုပ်ဦးမယ်၊ ရွတ်သာနေတယ် လုပ်ကို မလုပ်ဘူး (မှန်ပါ) ဟုတ်လား။

ရွတ်ဖို့လား လုပ်ဖို့လား

ရွတ်ဖို့ရာလား၊ လုပ်ဖို့ရာလား (လုပ်ဖို့ပါ ဘုရား) သူက အဝိဇ္ဇာချုပ်မှ သင်္ခါရချုပ်မှာကွ ဆိုတော့ ကျုပ်တို့က အဝိဇ္ဇာကို တစ်ခါတည်းကိုပဲ ဝိပဿနာရှုတဲ့စိတ် ဘာမှမတွေ့ တဲ့စိတ်ကို ရှုချလိုက်တယ်။

ရှုချလိုက်တော့ အဝိဇ္ဇာဘာဖြစ်သွားတုံး (ချုပ် သွားပါတယ် ဘုရား) အဝိဇ္ဇာချုပ်သွားတယ် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)

ချုပ်သွားတာ ဖြစ်ပြီးပျက်သွားတာ သူမချုပ်သေးဘူး လား (ချုပ်ပါတယ် ဘုရား) ချုပ်တာ သူကမသိဘူးလား (သိပါတယ် ဘုရား) သိတာဘာဆိုကြမယ် (မဂ္ဂပါ ဘုရား)

မဂ္ဂဆိုတော့၊ အဝိဇ္ဇာနိရောဓာ (သင်္ခါရနိရောဓောပါ ဘုရား) အဝိဇ္ဇာနိရောဓာက အဝိဇ္ဇာချုပ်တာကိုးတဲ့ (မှန်လှပါ) သင်္ခါရနိရောဓောဆိုတော့ ဒီနေရာသင်္ခါရ လာသေးသလား မလာဘူးလား (မလာပါဘူး ဘုရား)။

မလာတော့ သင်္ခါရနိရောဓော မဂ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သင်္ခါရဆုံးအောင် လုပ်တာ (မဂ်ပါ ဘုရား) ခင်ဗျားတို့က ဒီဉာဏ်လုပ်ရမှာ တောင်ရမ်းမြောက်ရမ်း ရမ်းနေလို့ခက်နေတာ ကဲ ဒီနေ့ ရမ်းချင်သေးလား (မရမ်း ချင်ပါဘူး ဘုရား)။

ကိုမြရွှေကော (မရမ်းချင်ပါဘူး ဘုရား) နောက်က ဒကာဒကာမတွေကော ရမ်းချင်သေးရဲ့လား (မရမ်းချင်ပါဘူး ဘုရား) မရမ်းချင်ရင် ဝိပဿနာရှုရင်ဘယ်က စကြမယ် (မတွေ့တာက စရမှာပါ ဘုရား)။

မတွေ့တာဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) မတွေ့တဲ့စိတ်ကို နောက်ကဉာဏ်နဲ့ ကြည့်ရမယ် ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ မတွေ့တဲ့စိတ်က ဘာပြောသွား တုံး (အနိစ္စ ပြောသွားပါတယ် ဘုရား)။

ဖြစ်ပြီးပျက်သွားတာအနိစ္စ

အင်း ဖြစ်ပြီး ပျက်သွားတော့ အနိစ္စ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား) ရှုတာက ဘာဆိုကြမယ် (မဂ္ဂပါ ဘုရား) အဲ ပါဠိတော်ထဲသွင်း အဝိဇ္ဇာနိရောဓာ (သင်္ခါရနိရောဓောပါ ဘုရား)။

အဝိဇ္ဇာနိရောဓာက အဝိဇ္ဇာချုပ်တာ (မှန်ပါ) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ခုဖြစ်ပြီး ပျက်ရတာ ချုပ်တာပေါ့ဗျာ (မှန်ပါ)။သဘောကျပြီလား (မှန်ပါ)။

မတွေ့တဲ့ပုဂ္ဂိုလ် ဘာဖြစ်တုတ်တုံး (စိတ် ပျက်တတ်ပါတယ် ဘုရား) အဲတော့ဘာရှုမတုံး စိတ်ပျက် တာသာရှု ဒေါသတွေ ဘာတွေ လုပ်မနေပါနဲ့ ဦး ရှုပ်ကုန်ဦးမယ် ဘာရှုကြမတုံး (စိတ်ပျက်တာရှုမှာပါ ဘုရား) စိတ်ပျက် တာရှု။

“သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ” ပဲ ဒါနုတဲ့ ဝိပဿနာဆိုတာ ဒကာဒကာမတွေ မှတ်ထားစမ်းပါ နုသလား (နုပါတယ် ဘုရား)။

နိဗ္ဗာန်သွားမည့်လမ်းမမြင်

စိတ်ပျက်တယ် ဝိပဿနာရှုရတာ တပည့်တော်တို့ ပါရမီကလဲ ဘာမှန်းလဲမသိဘူး စိတ်သာ ပျက်နေတာပဲတဲ့ လို ချင်တာကလဲ နိဗ္ဗာန်အလွန်ပဲ ရှုနေတာပဲ တပည့်တော်တို့က နိဗ္ဗာန် သွားမည့်လမ်းကို မမြင်ဘူးဗျ အိုမမြင်ရင် မမြင်တာရှုပါ။

ဒီလိုမဟုတ်လား (မှန်ပါ) မမြင်ရင် မမြင်တာဟာ အဝိဇ္ဇာပဲ (မှန်လှပါ) သဘောကျပြီလား ရှုရင်းမတ်တတ် နဲ့ စိတ်ကို ပျက်နေတယ်ဆိုရင်ကော (စိတ်ပျက်တာကို ရှုရမှာပါ ဘုရား) စိတ်ပျက်တာရှု။

အံမယ် ဒကာဒကာမတွေ ယနေ့တရားထူးတော့ ခင်ဗျားတို့ အသေအချာရပြီ မရပဲခံနိုင်သေးလား (မခံနိုင်ပါဘူး ဘုရား) ဘယ်သူ့ သန္တာန်ရှုတာတုံး (ကိုယ်သန္တာန် ကိုယ်ရှုတာပါ ဘုရား)။

ကျုပ်ရှုပါ ကျုပ်ရှုပါလို့ ခေါ်နေတာ

ကိုယ်သန္တာန် ရှုတော့လဲ ဘုရားက ဒီတရားတွေဟာ တခြားတရားတွေ မဟုတ်ပါဘူးတဲ့ကွ ဧဟိပဿိကော တွေပါ တဲ့ (မှန်ပါ) သူတို့ ကလာလာပြီး အဝေးရှုမနေနဲ့ ကျုပ်ရှု မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)

ခေါ် ရဲ့ သားနဲ့ မကြားချင် ယောင်ဆောင်နေလို့ ခက် နေတာ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ကဲမောင်မြရွှေတို့ ရှုတတ်ပြီလား (ရှုတတ်ပါပြီ ဘုရား)။

စိတ်ပျက်တာရှု

ဘယ်ဟာရှုမတုံး စိတ်ပျက်ရင် (စိတ်ပျက်တာရှု ရမှာပါ ဘုရား) အဲ စိတ်ပျက်တာရှု သဘောကျပြီလား (ကျပါတယ် ဘုရား) ဒီနေ့တော့ ဝိပဿနာရှုရတာဖြင့် တရားကတော့ဖြင့် ဘယ်လိုနေမယ်မသိဘူး ဒီစိတ်ကတော့ ဖြင့် ခတ်ပျော်ပျော်နဲ့ ရှုလိုက်တာပဲ ဟုတ်ဖူးလား (မှန်ပါ)။

ပျော်တဲ့စိတ်ရှု

အင်း ပျော်တဲ့စိတ် ရှုပစ် (မှန်လှပါ) ဘာလုပ်ရမှာတုံး (ပျော်တဲ့စိတ် ရှုပစ်ရမှာပါ ဘုရား) ပျော်တဲ့စိတ်ရှု ပျော်တဲ့စိတ်ရှုတော့ကို ဝိပဿနာ ဟုတ်မဟုတ်ကို ခင်ဗျား တို့ ပျော်တဲ့စိတ် ရှုလိုက်တဲ့ အခါကျတော့ ပျော်တဲ့ စိတ်က လောဘ သောမနဿ အင်း ဒီစိတ်ကဖြစ်ပျက် ရှုတာကမဂ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပျင်းတဲ့စိတ်ရှု

ဟာ ဝိပဿနာရှုရတာ ပျင်းလာပြီဘုရားဆိုရင် ပျင်းတဲ့စိတ်ကိုရှု၊ ဘယ့်နှယ်လုပ်မယ် (ပျင်းတဲ့စိတ် ရှုရမှာ ပါ ဘုရား) ကဲ ခင်ဗျားတို့ ဝိပဿနာ မရှုတတ်တဲ့ပုဂ္ဂိုလ် ဒီအထဲ ပါသေးသလား (မပါပါဘူး ဘုရား)။

နာကျင်လာပြီ ဘု ရား ထိုင်ရတာ ကြာလွန်းလို့ တပည့်တော်တော့ ဝိပဿနာရှုလို့ကိုမရဘူး မလုပ်နဲ့လေ နာကျင်တာ ဝိပဿနာ (မှန်ပါ)။

ဒေါသ ဖြစ်ပျက်ရှု

နာကျင်တော့ ဒုက္ခ ဒေါမနဿဝေဒနာ မလာပေဘူး လား (လာပါတယ် ဘုရား) အဲဒါဘာလုပ်ရမှာတုံး (ဖြစ်ပျက်ရှုရမှာ ဘုရား) အဲဒါ ဖြစ်ပျက်ရှုလိုက်တော့၊ နာကျင်လို့ ထမသွားပါနဲ့ ဝိပဿနာ ပေါ်နေတာ ခင်ဗျားက ဝိပဿနာ မတွေ့လို့ ထချင်တာ၊ ဝိပဿနာကပေါ်နေပြီ ပြန်ထိုင်ပါ ပြန်ရှုပါ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

မနည်းကို သင်ရပါလား ဒကာဒကာမ တွေ ရ၊ ဘာပြုလို့ သင်ရတာတုံးလို့ မေးတဲ့ အခါကျတော့မှ ခင်ဗျားတို့ က မရှုတတ်တာကို။ ရှုစရာပေါ်လာတာကို မရှုတော့ဘူး ဖြစ်နေလို့ ဘယ်လိုဆိုကြပါ (ရှုစရာပေါ်လာတာကို မရှုတော့ဘူး ဖြစ်နေလို့ပါ ဘုရား)။

ခက်လိုက်တာကိုသစ် အားကြီးခက်တယ် (မှန်ပါ) ရှုစရာပေါ်လာတာ ဘယ့်နှယ်ဖြစ်နေတုံး (မရှုတော့ဘူး ဖြစ်နေပါတယ် ဘုရား) ဟ! ဘာဖြစ်ကြတာတုံး ရှုစရာလဲ ပေါ်သေးတယ် မရှုတော့ဘူးလဲ ပြောသေးတယ် ဒါပဲ အဖြေထွက်စရာရှိတာပဲ၊ ဒိပြင်ဟာ အဖြေထွက်စရာ ရှိသေးလား (မရှိပါဘူး ဘုရား) သဘောပါပလား (ပါပါ တယ် ဘုရား)။

အစစ်ဆုံးဝိပဿနာ

ဒါဝိပဿနာမှာဖြင့် အစစ်ဆုံးပဲဆိုတာ သဘောကျ ပြီလား (ကျပါတယ် ဘုရား) ထင်ကော ထင်ရှားရဲ့ လား ဆိုတော့ သူကိုယ်တိုင် ပြောနေတာ ကျုပ်ဖြင့်ပျင်းလာပြီတဲ့ ပျင်းလာရင် ဘာလုပ်ရမှာတုံး (ပျင်းတဲ့စိတ်ကို ရှုရမှာပါ ဘုရား) ပျင်းတဲ့စိတ်ကိုရှု။

မှတ်ချက်။ ။စာအုပ်၌ စာမျက်နှာကျော်သွားသည်။

သင်္ခါရနိရောဓော ဆိုတော့၊ အဝိဇ္ဇာရှိနေရင် ဒီနေရာ မှာ ပုညာဘိ သင်္ခါရနဲ့ အပုညာဘိ သင်္ခါရ လာရမယ်၊ လာသေး သလား မလာဘူးလား (မလာပါဘူး ဘုရား)၊ ဒီသင်္ခါရ မချုပ်ဘူးလား ချုပ်သလား (ချုပ်ပါတယ် ဘုရား)။

သင်္ခါရချုပ်တော့ နောက်ပဋိသန္ဓေ၊ ဝိညာဏ်လာ သေးသလား (မလာပါဘူး ဘုရား) အင်မတန်လုံလောက် နေပြီ သေပျော်တဲ့တရားဗျ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဦးဘအုန်းတို့ ကိုစံရင်တို့ သေပျော်ပြီလား (သေပျော်ပါပြီ ဘုရား) ဒီအတိုင်းလဲ မသေလိုက်နဲ့ဦး ဒါတွေ့ အောင်ရှာဦး ရိပ်မိကြပြီလား (ရိပ်မိပါတယ် ဘုရား)။

တွေ့အောင်ရှာပါဦးတဲ့ တွေ့အောင်ရှာလို့ ရှိရင်ဖြင့် ဦးခင်မောင် ဒီဟာလောက် တွေ့လွယ်မှာတော့ဖြင့် မရှိတော့ဘူး (တွေ့ ရင်လဲလွတ်ပါတယ် ဘုရား)။

ပုတီးလည်ပင်းစွပ်ပြီးသွားနေရင်

ဒီလိုဗျ ရှာတာက တခြား၊ ရှိတာက တခြား၊ သဘော ကျပြီလား (မှန်လှပါ ဘုရား) ပုတီးလည်ပင်းစွပ်ပြီး သွား နေရင်တော့ တွေ့ပါ့မလား (မတွေ့ပါဘူး ဘုရား) အဲ လိုဖြစ်နေကြတာ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

အဲ နောက်က ဒကာဒကာမတွေက ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား) ဝိပဿနာရှုတာ ဘယ်ကစရမယ် (မတွေ့တဲ့စိတ်ကပါ ဘုရား) မတွေ့တဲ့စိတ်ကစရှု။

မတွေ့တဲ့စိတ်ကို စရှုကတည်းကိုက ဘာချုပ်တုံး (အဝိဇ္ဇာချုပ်ပါတယ် ဘုရား) အဝိဇ္ဇာချုပ် ကတည်းကိုက သင်္ခါရလာသေးသလား (မလာပါဘူး ဘုရား)။

ဘယ့်နှယ်သင်္ခါရမလာတာတုံး (အဝိဇ္ဇာချုပ်လို့ ပါ ဘုရား) အဝိဇ္ဇာချုပ်တော့ ဟောဒိမဂ်လာပြီ (မှန်ပါ) သင်္ခါရမလာတာ အလိုလိုမလာတာလား သူရှုတဲ့စိတ်က မဂ် ဖြစ်နေလို့ သင်္ခါရပေါ်ခွင့်မရတာ (မှန်ပါ) ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရ လာသေးရဲ့လား (မလာပါဘူး ဘုရား) ပဋိသန္ဓေမနေရာ အဇာတိ နိဗ္ဗာန် (မှန်ပါ)။

တစ်ချက်တည်းနဲ့နိဗ္ဗာန်ရတာ

ဒီဘက် အိုတာ နာတာ သေတာတွေကော (မရှိတော့ပါ ဘုရား) မရှိတာဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား) တစ်ချက်တည်းနဲ့ နိဗ္ဗာန်ရတာ ခင်ဗျားတို့က ဝေးဝေး ရှာနေလို့ မတွေ့တာ (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒကာဒကာမတွေ သဘောပါပြီလား (ပါပါ ပြီ ဘုရား) အဲဒါ ခန္ဓာကိုယ် သုံးသပ်ပါဆိုတာ ဒါပဲ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား) ဒိပြင်ဟာတွေဘာမှ မလုပ် နဲ့ ဘယ်သမာဓိမှ ဖမ်းမနေနဲ့တော့ ဒီအထဲတွဲပြီးဝင်သွားပြီ (မှန်ပါ)။

ဝိပဿနာထိုင်ပြီး ခန္ဓာကိုယ်ကို စိုက်ပြီးသကာလ ကြည့်နေရင် ကြည့်နေတော့ ဘာမှမတွေ့တဲ့စိတ်ဟာ အရင် လာမှာပဲ ဘယ်သူ အရင်လာမယ်ထင်တုံး (ဘာမှမတွေ့ တဲ့စိတ် အရင်လာမှာပါ ဘုရား) အဲဒီစိတ်ကိုကြည့် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တွေ့သယောင်ယောင်လာရင်ကော (တွေ့သယောင် ယောင်စိတ်ကို ရှုရမှာပါ ဘုရား) တွေ့သယောင်ယောင်စိတ်ကို ရှု ဟုတ်လား ဟာ ရှာလို့ကိုမတွေ့ဘူး ပျင်းလာတာပဲဆိုရင် (ပျင်းတဲ့စိတ်ကို ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

ပျင်းတဲ့စိတ်ရှု ဒကာဒကာမတွေရဲ့ နေရာကျပြီလား (ကျပါပြီ ဘုရား) ဟာ ပျင်းတာတင် မကဘူး ဘုရား၊ တပည့်တော်တို့ နာကျင်လာပြီဘုရား (နာကျင်တာကို ရှုရမှာပါ ဘုရား) နာကျင်တာရှု။

ဘုရားရှိခိုးမဟုတ်ဘူး

ဧဟိပဿိကော ခေါ်လိုက်တာ ခုမှပဲ ခင်ဗျားတို့ ဧဟိပဿိကောကို သဘောကျပေတော့တယ်၊ နဂိုက ဘုရားရှိခိုးမှတ်တာ၊ ဘုရားရှိခိုးမဟုတ်ဘူးဗျ တရားအားထုတ် ဖို့ ဒီလိုခွဲခြားဖို့ ပြောပေးခဲ့တယ်။

ခင်ဗျားတို့က သူ့ပူဇော်သာနေဟာ ကိုယ်ပိုင်မလုပ်ဘူး ဒါဖြင့် ပူဇော်တာနဲ့ ကိုယ်ပိုင်ရတာနဲ့ ဘယ်ဟာက သာအဖိုးတန်တုံး (ကိုယ်ပိုင်ရတာက အဖိုးတန်ပါတယ် ဘုရား)။

ကိုယ်ပိုင်မှမလုပ်တတ်ပဲ ခင်ဗျားတို့က တဏှာစီမံတာ လုပ်နေတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အဲတော့ တရားကို ကိုယ်ကဆောင်ရမှာ၊ တရားကို ဘယ်သူကဆောင် ရမှာတုံး (ကိုယ်က ဆောင်ရမှာပါ ဘုရား)။

ဘုရားကယ်တော်မူပါဆိုတယ်

ကိုယ်ကဆောင်ရမှာကို ကိုယ်ကမဆောင်ဘူးတဲ့ သူ့ကိုသာဆောင်ပေးပါခိုင်းနေတယ် ခင်ဗျားတို့က ကိုယ့်ဝမ်း ထဲမှာဆောင်ထားရမှာ ဘုရားကယ်တော်မူပါဆိုတော့ သူက လာကယ် ရတော့မည့်ပုံ ဟုတ်ပြီလား (မှန်ပါ)။

သူကဝမ်းထဲရောက်မှ ဘုရားက ကယ်မှာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဝိပဿနာရှုတဲ့အခါ ကျတော့ ဧဟိပဿိကောတော့ မမေ့ကြပါနဲ့၊ ဘယ်ဟာမမေ့ နဲ့ (ဧဟိပဿိကောပါ ဘုရား)။

ဧဟိပဿိကောဆိုတော့ ပေါ်တဲ့စိတ်ကလေးက မတွေ့တဲ့စိတ်ကလေး ကျုပ်ရှုတော့ ခင်ဗျားတို့ ရှာမနေနဲ့ မပြောဘူးလား (ပြောပါတယ် ဘုရား) ဘယ်သူရှုတာတုံး (ကျုပ်ရှုတော့ပါ ဘုရား) တဲ့ သဘောကျပြီလား (ကျပါတယ် ဘုရား) အဲဒါဘယ်သူကခေါ်တာတုံး (ဧဟိ ပဿိကောက ခေါ်တာပါ ဘုရား)။

ခုနက မတွေ့တဲ့စိတ်က ဧဟိပဿိကောတဲ့ ကျုပ် သာရှု ခင်ဗျားတို့ လျှာရှည်မနေနဲ့ အင်မတန် မောသွားလိမ့် မယ် ခင်ဗျားတို့ လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ ဘုရား)။

အခုမှတရားတွေ့တော့တယ်

ဦးခင်မောင်ကြီးတို့ ခုမှပဲ ဒကာဒကာမတွေ တရား တွေ့ပေတော့တယ်ဆိုတာ မှတ်ဖို့ ကောင်းတယ် ဟုတ်ဖူးလား (မှန်ပါ) နဂိုက တရားရှာနေကြတယ်မို့လား (မှန်ပါ) ခင်ဗျားတို့ ရှာတာကြာပြီပေါ့ဗျာ တရားဟာစိတ်ကြိုက်ကို မတွေ့သေးဘူး အံမာ့ သွေးကြီးမွေးကြီးရှိလိုက်တာ။

တရားဟာ ဟောနေကြတာပဲဘုရား၊ အမျိုးမျိုးအဖုံဖုံ ရိပ်သာတွေလဲ အမျိုးမျိုးဟောနေတာပဲ စိတ်ကြိုက်က မတွေ့ သေးဘူး ဪ ခက်ပြီ ဒကာဒကာမတို့ သူ့စိတ်ကြိုက် သူရှုရမယ့်ဥစ္စာ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာရှုရမှာတုံး (သူ့စိတ်ကြိုက်သူရှုရမှာပါ ဘု ရား) သူကြိုက်တဲ့ စိတ်ကလေးကို နောက်ကနေရှု သဘောကျပြီလား၊ သူမကြိုက်လို့ ရှိရင် မကြိုက်တဲ့စိတ်ကလေးကို (ရှုရမှာပါ ဘုရား)။

ဟိုဆရာကဲ့ရဲ့ ဒီဆရာကဲ့ရဲ့

မကြိုက်တဲ့စိတ်ကလေးကိုရှု အတော်လွဲနေတာဗျ ဟိုဆရာကဲ့ရဲ့ ဒီဆရာကဲ့ရဲ့ ဘယ်နှယ် ဖြစ်နေတုံးဗျ ဒကာဒကာမတွေ ကိုယ်ကလွဲတာ ရိပ်မိပြီလား (ရိပ်မိ ပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့ ဆရာတွေပြစ်မှား၊ ဂွကျကုန်တာ ပေါ့ အပြညံ့ ထင်ပါရဲ့၊ အပြညံ့လို့ ဒီလိုမယူပါနဲ့ သဘောကျ ပြီလား (မှန်လှပါ ဘုရား) ကိုယ်ဖျင်းတာ ကိုယ်သိပါ၊ ဘယ်လိုဆိုကြမတုံး (ကိုယ်ဖျင်းတာကိုယ်သိပါ ဘုရား)။

တရားဟာ ဆရာတွေဆီမှာမရှိဘူး

အဲ ကိုယ်ဖျင်းတာ ကိုယ်သိပါတဲ့ တရားဟောဆရာတွေ ဆီမှာ ရှိကိုမရှိပါဘူး ရှိရဲ့လား (မရှိပါဘူး ဘုရား) မိမိ သန္တာန်မှာ ပေါ်လာမှတရား (မှန်ပါ)။

မိမိသန္တာန် ပရမတ္တတရား(၄)ပါးရှိတယ် မဟုတ်လား (မှန်ပါ) ဘယ်သူ့ သန္တာန်ရှိတာတုံး (မိမိသန္တာန်ရှိတာပါ ဘုရား) ဆရာ့ထံမှာ အပြောသာ ရှိတယ် (မှန်ပါ) တရားရှိရဲ့လား (မရှိပါဘူး ဘုရား)။

တရားကဘယ်မှာရှိသတုံး

တရားကဘယ်မှာရှိသတုံး (မိမိသန္တာန်မှာ ရှိပါ တယ် ဘုရား) ခုရှုတတ်ကြပြီလား (ရှူတတ်ပါပြီ ဘုရား) တရားရှုရင်း ပျင်းလာတယ် ဘယ်နှယ်လုပ်မတုံး ဒကာဒကာမတွေ (ပျင်းတဲ့စိတ် ရှုရမှာပါ ဘုရား)

အင်း ပျင်းတဲ့စိတ်ဟာ သဒေါသစိတ်ပဲ (မှန် ပါ) “သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ” လုပ်တတ် ကြပြီလား (လုပ်တတ်ပါပြီ ဘုရား) ပျင်းရင် ဘယ်စိတ်ရှုမယ် (ပျင်းတဲ့စိတ် ရှုရမှာပါ ဘုရား)။

ပျော်ရင်ကော (ပျော်တဲ့စိတ် ရှုရမှာပါ ဘုရား) ပျော်တဲ့စိတ်ကိုရှုတဲ့၊ တရားနာရတာ တရားရှုရတာကြာပြီ ညောင်းလာပြီဆိုရင်ကော (ညောင်းတဲ့စိတ်ကို ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

ညောင်းရင်ညောင်းတဲ့စိတ်ရှု

ညောင်းတဲ့စိတ်ရှုရင် မထတော့ဘူးဗျ ဦးခင် မောင်တို့ တော့ “ဂွ” ကျတာပဲ ညောင်းတဲ့စိတ် ရှုလိုက်တော့ ညောင်းတာ ဒုက္ခဝေဒနာ ပေါ်လာတာပဲ။

အဲဒိဒုက္ခစိတ်ကို ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရ မှာပါ ဘုရား) ရှုပစ်လိုက်တော့၊ နောက်တစ်ဖန် ညောင်းပြန်တာ့ကော (ညောင်းတာပြန်ရှုရမှာပါ ဘုရား)။

ကဲညောင်းတာ နေကိုမနေနိုင်ဘူး ထဖြစ်အောင်ထ ဦး မယ်ဆိုရင်ကော ထဖြစ်အောင်ထတဲ့ စိတ် ဘာလုပ်ပြစ် ရမှာတုံး (ရှုပြစ် ရမှာပါ ဘုရား) ရှုတတ်ကြပြီးလား (ရှုတတ်ပါတယ် ဘုရား)။

တရားရှာခန္ဓာမှာတွေ့

ဒါဖြင့် ဒကာဒကာမတို့ တရားရှာ ခန္ဓာမှာတွေ့တယ် ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) တရားရှာရင် ဘယ်တွေ့ မှာတုံး (ခန္ဓာမှာ တွေ့မှာပါ ဘုရား)။

အဲတော့ ခင်ဗျားတို့က ဟိုရှာဒီရှာ ရှိတာကတခြား ရှာတာကတခြား ဆိုတော့ တွေ့ဖို့ကော မြင်သေးလား (မမြင်ပါဘူး ဘုရား) အဲဒါကြောင့် ခင်ဗျားတို့ သံသရာရှည်နေ တယ်ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲဒီနေ့ သံသရာရှည်စရာ ရှိသေးရဲ့လား (မရှိ ပါ ဘုရား) ခန္ဓာကိုယ်ကိုသာ ဒီအတိုင်း သုံးသပ်ကြစမ်းပါဆိုတာ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဝိပဿနာအစ ဘယ်ကစကြမယ်

ဝိပဿနာအစ ဘယ်ကစကြမယ် (မတွေ့တဲ့စိတ်ကပါ ဘုရား) မတွေ့တဲ့စိတ်က စရှု အံမလေး နေရာကျ လိုက်တာ ခင်ဗျားတို့ အိမ်နီးချင်း မိတ်ဆွေတွေက ပြောတော့ ဘုန်းကြီးနဲ့ တကွ တရားနာသူတွေဟာ မတွေ့တဲ့စိတ် ရှုရမယ်ဆိုတော့ ရူးများလာကြသလား ဆိုတော့ဆိုလိမ့် မယ် မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။

သဘောက မပါသေးပဲကိုးဗျ (မှန်ပါ) ရှင်းပြီလား ဒကာဒကာမတို့ (ရှင်းပါပြီ ဘုရား) ပြောရဲကြပါ့မလား (မပြောရဲပါ ဘုရား) ပြောရဲရင်သူတို့ကအရူးဗျ ကိုယ်ကရူးတာ မဟုတ်ဘူး (မှန်ပါ)။

မတွေ့တဲ့စိတ်ကဘာတုံး (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာ မောဟ အဲဒါကျုပ်ဖြင့် မတွေ့တဲ့စိတ်က စရှုရမယ်ဆိုတော့ ထိုင်ထိုင်ခြင်းတော့ ဘယ်သူမှ ဘာမှမတွေ့ဘူးဗျ (မှန်ပါ) တွေ့ပါ့မလား (မတွေ့ပါဘူး ဘုရား)။

ထိုင်ပြီးခဏကြာမှ ခန္ဓာကပြမှာကိုးဗျ (မှန်ပါ) အဲ အဲဒီလိုပြနေတာကတော့ ကြာနေလိမ့်ဦးမယ် မကြာပေဘူးလား (ကြာပါတယ် ဘုရား) သမာဓိနဲ့ ဖမ်းရ၊ ဘာနဲ့ ဖမ်းရ မကြာပေဘူးလား (ကြာပါတယ် ဘုရား)။

မတွေ့တဲ့စိတ်က အရင်ပေါ်တယ်

ခုတော့ကြာစရာရှိသေးလား (မရှိပါဘူး ဘုရား) ထိုင်ထိုင်ခြင်းဘာတွေ့တုံး (မတွေ့တဲ့စိတ် တွေ့ပါတယ် ဘုရား) မတွေ့တဲ့စိတ်က အရင်ပေါ်မှာ မတွေ့တဲ့စိတ်ရှု ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

မတွေ့တဲ့စိတ်ရှုပစ်လိုက်တဲ့အခါကျတော့ မတွေ့တဲ့ စိတ်က အနိစ္စ၊ ရှုတာက မဂ္ဂဆိုတော့၊ အဝိဇ္ဇာနိရောဓာ (သင်္ခါရနိရောဓောပါ ဘုရား)။

အဝိဇ္ဇာနိရောဓာက အဝိဇ္ဇာမချုပ်သေးဘူးလား , (ချုပ် ပါတယ် ဘု ရား) သင်္ခါရနိရောဓော ဆို တော့ သင်္ခါရလာသလား မဂ်လာသလား (မဂ်လာပါတယ် ဘုရား)။

မဂ်လာလို့ သင်္ခါရချုပ်တယ် (မှန်ပါ) ဦးဝင်း (မှန်ပါ) ဘာလာလို့ပါလိမ့် (မဂ်လာလို့ပါ ဘုရား) သင်္ခါရ နိရောဓာ ခင်ဗျားတို့ရတဲ့ ပါဠိကလေးရွတ်ပါဦး (ဝိညာဏ နိရောဓောပါ ဘုရား)။

ပဋိသန္ဓေမလာတော့ဘူး

ဝိညာဏနိရောဓော ဆိုတာ ပဋိသန္ဓေလာသ လား (မလာပါဘူး ဘုရား) ပဋိသန္ဓေ မလာတော့ဘူးတဲ့ ဒကာဒကာမတွေရ ပဋိသန္ဓေမလာလို့ ရှိရင်ဖြင့် ဝိညာဏ်မှ မလာဘဲနဲ့ နာမ်ရုပ် ဒုက္ခသစ္စာပေါ်ချင်လို့ (မရပါဘူး ဘုရား)။

သဠာယတန ခြောက်ပါး ပေါ်ချင်လို့ (မရပါဘူး ဘုရား) ရှင်းပြီလား (မှန်ပါ) အဲဒါ မတွေ့တဲ့စိတ် ရှုနည်းဟာ ဘယ်လောက်အဖိုးတန်တုံး (တန်ပါတယ် ဘုရား) ရှင်းကြပြီလား။

ဖြစ်ကြောင်း၊ ကုန်ကြောင်းကို ဘုရားကသိတယ်

ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်တာတုံး (အစက ပြတ်ပါတယ် ဘုရား) ဪ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလည်း

“ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော၊ ဈာယတော ဗြဟ္မဏဿ။

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတုဓမ္မံ”။

ငါ ဖြစ်ကြောင်းလဲသိပါပြီကွာတဲ့။ “ယတောခယံ ပစ္စယာနံ အဝေဠိ”- ပါဠိတော်က ဒါကုန်ကြောင်းကိုလဲ ငါသိတယ်ဟေ့တဲ့။

သူဟာဒုက္ခသစ္စာမို့ ဖြစ်ပြီး၊ ပျက်ပြီး၊ ဆုံးတာပဲ။ သူ ဆုံးတာကို ငါမြင်လိုက်လို့ ရှိရင် အဝိဇ္ဇာချုပ်တာပဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

အဝိဇ္ဇာကို အဝိဇ္ဇာအဖြစ်နဲ့ မထားတော့ဘူး ဖြစ်ပျက် ဒုက္ခသစ္စာ အဖြစ်နဲ့ ထားလိုက်တော့ သူကဒုက္ခသစ္စာ သိတာက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

ဘုရား၏ကိုယ်စားဟောနေတာ

မဂ္ဂသစ္စာဖြစ်သွားတော့ အဝိဇ္ဇာ မဆုံးသေးဘူးလား (ဆုံးပါတယ် ဘုရား) အဝိဇ္ဇာဆုံးတာကို ငါသိတယ်ဆိုတော့ ခင်ဗျားတို့ မှတ်ထား အခုဟာ ဘုန်ကြီးက ဘုရား၏ ကိုယ်စားလှယ်လုပ်ပြီး ဟောနေတာ (မှန်လှပါ) သဘောကျပြီလား (မှန်ပါ)။

ဘုရားက မရှိတော့ပဲကိုးဗျ အဲတော့ သတ္တဝါအစ အဝိဇ္ဇာက ခင်ဗျားတို့ သဘောကျပြီလား (ကျပါပြီ ဘုရား) သတ္တဝါအဆုံး ဘုရားပွင့်မှဆုံးတယ် ဆရာသမား အကူအညီ ကောင်းမှ ဆုံးတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါသတ္တဝါအစတဲ့ ကဲ ခင်ဗျားတို့ သတ္တဝါအစ မဆုံးသေးဘူးလား (ဆုံးပါပြီ ဘုရား) ရှုတတ်ပြီလား (ရှုတတ်ပါတယ် ဘုရား) နည်းနည်း အဖိုးတန်တဲ့တရားလား ခင်ဗျားတို့ စဉ်းစားကြည့်စမ်း (အဖိုးတန်လှပါတယ် ဘုရား)။

သိပ်ကောင်းတဲ့ဝိပဿနာ

အဲဒါ ဘယ်ကစကြည့်လို့ အဖိုးတန်သွားတာတုံး မတွေ့တာကစကြည့်လို့ အဖိုးတန် သွားတာ (မှန်ပါ) အံ မယ်လေး ဝိပဿနာ၊ သိပ်ကောင်းတဲ့ ဝိပဿနာ ဒကာဒကာ မတို့၊ ဪ ဒီလိုများ ရှေ့က ဟောမယ့် ပြောမယ့်လူရှိ မယ်ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ မတွေ့လေလေ ဟန်ကျလေလေပဲ (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမှာတုံး (မတွေ့လေလေ ဟန်ကျ လေလေပါ ဘုရား) မတွေ့လေလေ ဟန်ကျလေလေပဲဗျ ဒကာ ဒကာမတွေရ မတွေ့တဲ့စိတ် ရှုလိုက်ရုံပဲ ရှိမှာပဲ (မှန်ပါ) ဟုတ်ဘူးလား။

ကဲဒကာဒကာမတွေ ကလေးကအစ နားလည်မလည် (နားလည်ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)။

မတွေ့တာနဲ့ ပျင်းလာတယ်ဆိုရင်ကော (ပျင်းတဲ့စိတ်ရှုရ မှာပါ ဘုရား) တွေ့ပြန်တော့လဲ ဝိပဿနာပဲ ပြန်တွေ့တယ် ပျင်းရင် ဒကာကြီး ညောင်းလာတယ် ဆိုရင်ကော (ညောင်းတဲ့စိတ် ရှုရမှာပါ ဘုရား)။

ညောင်းတဲ့ဒုက္ခဝေဒနာ ရှုပေး သဘောကျပြီလား (မှန်ပါ) ညောင်းရင်းက ထချင်တယ် ဆိုရင်ကော (ထချင် တဲ့စိတ် ရှုရမှာပါ ဘုရား) ထချင်ရင်းက စကြံသွားချင်တယ် ဆိုရင်ကော (စကြံသွားချင်တဲ့စိတ် ရှုရမှာပါ ဘုရား)။

စကြံသွားချင်တဲ့စိတ်ရှုလိုက်ရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား) စင်္ကြံသွားရတာကြာပြီ ထိုင်ချင်တယ် ဆိုရင်ကော (ထိုင်ချင်တဲ့စိတ် ရှုရမှာပါ ဘုရား)။

ဘယ်နှယ်ဗျ အကုန်ကိုမလွတ်တော့ဘူး လွတ်သေး ရဲ့လား (မလွတ်ပါဘူး ဘုရား)။

အဲတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ယထာ ယထာ ဝါ ပနဿကာယော၊ ယထာ ယထာ ဝါ ပနဿ ကာယော” နဲ့ နေရာတိုင်းလုပ်ပါ၊ နေရာတိုင်း လုပ်ပါနဲ့ မပါဘူးလား (ပါပါတယ် ဘုရား)။

နို့ ခင်ဗျားတို့က နေရာရွေးနေတာနဲ့ မလုပ်ဖြစ်ဘူး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား) ခင်ဗျားတို့က ဘာရွေးနေတုံး (နေရာရွေး နေပါတယ် ဘုရား)။

ဘာပြုလို့ ရွေးနေကြတာတုံးဗျ ကမ္မဌာန်းတွေ့မှာစိုး လို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘာပြုလို့နေရာရွေး နေကြတာတုံး (ကမ္မဋ္ဌာန်းတွေ့မှာ စိုးလို့ပါ ဘုရား)။

ကျုပ်ကသီးသန့် သီးသန့်နေရာလေးမှ သွားပြီးထိုင် ချင်တာ ဟာ ဂွကျကုန်ပြီကော သီးသန့်နေရာလေးမှ ဆိုတော့ သူသွားနေတာနဲ့ သွားနေတာနဲ့ သီးသန့် နေရာရောက်မှ သူ့အလုပ်လုပ်မှာကိုး (မှန်ပါ)။

အဲတော့ ခင်ဗျားတို့ ဟာက အင်မတန်ကိုပဲ ဘုရား ရှိခိုးပါလို့ ဆိုလို့ ရှိရင်ဖြင့် “ဣတိပိသော” စ ဆိုပါဆိုရင် ဖြင့် ဦးခင်မောင်က မရဘူး။

ဘာပြုလို့ တုံးဆိုတော့ “သြကာသ”က စရမှ ကျုပ် က ဒီလိုဖြစ်နေတာ မဖြတ်တတ်တော့ အစကတည်းက ကမ္မဋ္ဌာန်းကို မဟုတ်ဘူး ဒီဥစ္စာ ကျုပ် ကမ္မဋ္ဌာန်းလို့မထင်သေး ဘူး၊ ဘုရားရှိခိုးအစ မဖြစ်သေးဘူး သဘောကျပြီလား (မှန်ပါ)။

အဇ္ဈတ္တမရှာတတ်လို့ ဒုက္ခရောက်တယ်

အဲတော့ ကမ္မဋ္ဌာန်းရှာတာ ခင်ဗျားတို့ ရှေ့ ဗဟိဒ္ဓ ကိုသာရှာပြီး အဇ္ဈတ္တ မရှာတတ်ကြတဲ့ အတွက် ဒုက္ခရောက်နေတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခု ဘယ်ရှာရမှာတုံး (အဇ္ဈတ္တကို ရှာရမှာပါ ဘုရား) ရှာရင် ဘယ်အချိန်မဆို (တွေ့ပါတယ် ဘုရား) ရှာတဲ့စိတ် ရှုလိုက်ရုံပဲ (မှန်ပါ) သဘောကျပြီလား (မှန်ပါ)။

ရှာတဲ့စိတ်ကို ရှုလိုက်ရင်လဲ ဒီကမ္မဋ္ဌာန်းစတွေ့တာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာဒကာမတို့ ကျုပ်ဖြင့် ကမ္မဋ္ဌာန်းရှုရ တာဖြင့် သိပ်ဝမ်းသာတာပဲ ဆိုလို့ရှိရင် ဘာလုပ်ကြမတုံး (ဝမ်းသာတဲ့စိတ်ကို ရှုရမှာပါ ဘုရား) ဝမ်းသာတဲ့စိတ်ကလေး ရှု ဝမ်းသာတဲ့စိတ်က အနိစ္စ ရှုတာက (မဂ္ဂပါ ဘုရား) သဘောကျပြီလား။

အဲတော့ ဝမ်းသာတဲ့စိတ်က တဏှာပဲထားပါဦးတော့ မသိလိုက် မသိဖာသာဝင်လာတဲ့ တဏှာ၊ ကောက်ကျစ်တဲ့ တဏှာ ဝင်ချင်ဝင်လာတယ် (မှန်ပါ)။

အဲတော့ ဒကာဒကာမတွေ စဉ်းစားကြည့်ပါလားတဲ့ တဏှာနိရောဓာ ဘယ်နှယ်ဆိုကြမတုံး ဥပါဒါန နိရောဓော။ ရဲရဲသာဆို တဏှာနိရောဓာ (ဥပါဒါန နိရောဓော ပါ ဘုရား)။

တဏှာချုပ်တော့ ဥပါဒါန်ချုပ်တယ်ဆိုတာ

ဪ တဏှာကချုပ်သွားတော့ ဥပါဒါနနိရောဓော ဆိုတာက ခင်ဗျားတို့ ဥပါဒါန်ချုပ်သွားတာ မဟုတ်ဘူး။ မဂ်ဝင်တာပြောတာ (မှန်ပါ) ရှင်းပြီလား (ရှင် ပြီ ဘုရား)။

ခင်ဗျားတို့ ဥပါဒါန်ချုပ်သွားတာပဲဆိုတော့ သြော် မီးကလေးရှိပြီး ငြိမ်းသွားတယ်လို့ ထင်နေတယ် (မှန်ပါ) မဟုတ်ဘူးတဲ့ မဂ်ဝင်လာတာကို ဆိုလိုတာ ရိပ်မိပြီလား (မှန်ပါ ဘုရား)။

ဥပါဒါန်ပေါ်ပြီးမှ ချုပ်တာလား (မဟုတ်ပါဘူး ဘုရား) ပေါ်ပြီးမှချုပ်တယ်ဆိုရင် ဥပါဒါန ပစ္စယာ ဘဝေါ လုပ်တော့မှာပေါ့။ ပေါ် ခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

ကဲ ဒါဖြင့်တဏှာနိရောဓာ (ဥပါဒါန နိရောဓော ပါ ဘုရား) ဥပါဒါန နိရောဓာဆိုတာ ပေါ်ပြီလား (ပေါ် ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်တယ်

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်တယ် (မှန်ပါ) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခုနက ပျော်ပျော်ရှုပြန်လို့ ရှိရင်လဲ ပျော်တဲ့စိတ်ကို ရှု လိုက်ပါ ဟုတ်လား မတွေ့ရင်ကော (မတွေ့တဲ့စိတ် ရှု ရမှာပါ ဘုရား) မတွေ့တဲ့စိတ် ရှုလိုက်ရင် ပဋိစ္စသမုပ္ပါဒ် အစက ပြတ်တယ် (မှန်ပါ)။

ပျော်ပျော်ပါးပါးရှုလိုက်လို့ ရှိရင် (အလယ်ကပဲ ပြတ်ပါတယ် ဘုရား) အလယ်ကပြတ်တယ်တဲ့ ရှုရတာတစ်နေ့လုံးပဲ ကြာတော့လည်း ကျုပ်ပျင်းလာတယ် မရှုချင်တော့ ဘူး မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ညောင်းလာတယ် ပျင်းလာတယ် စိတ်ပျက်လာတယ် မရှိပေဘူးလား (ရှိပါတယ် ဘုရား) အဲ စိတ်ပျက်လာတယ် ဆိုလို့ ရှိရင် ပျက်တဲ့စိတ်က ဒေါသ (မှန်ပါ) အဲဒိ ပျက်တဲ့ စိတ်က ဘာလုပ်ရမှာတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အဆုံးကဖြတ်တယ်

ပျက်တဲ့စိတ်ကိုရှုလိုက်တော့ကို ဒကာဒကာမတို့ အင်း ပျက်တဲ့စိတ်ကအနိစ္စ၊ ရှုတာက ဘာတုံး (မဂ္ဂ ပါ ဘုရား) ဒေါသချုပ်တဲ့အတွက် ဒီဘက်က သောကတွေကော လာသေးရဲ့လား (မလာပါဘူး ဘုရား)

ပရိဒေ၀ (မလာပါဘူး ဘုရား) ဥပါယာသ (မလာပါဘူး ဘုရား) အင်း ဟိုဘက် အဝိဇ္ဇာ (မလာ ပါဘူး ဘုရား) အင်း သင်္ခါရ (မလာပါဘူး ဘုရား)။

ဪ ဒါပဋိစ္စသမုပ္ပါဒ် အဆုံးကပြတ် တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အစကပြတ်တယ်

ဒါဖြင့် ဒီနေ့ သုံးချက်ပြပါတယ်တဲ့ ဒကာဒကာမတွေ ဝိပဿနာစထိုင်ရင် ဘယ်ဟာက စရှုရမတုံး (မတွေ့တာ ကပါ ဘုရား) မတွေ့တာဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် အစကပြတ်တာပဲ (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ် အစက စပြတ်တယ် မပြတ်ဖူးလား (ပြတ်ပါတယ် ဘုရား) အင်း နောက်ကျတော့ ရှုရတာ ပျော်လာပြန်တယ် ဆိုတော့ကော ပျော်တဲ့စိတ်ကို ဘာ လုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အဲဒါကျတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်တုံး (အလယ်ကပါ ဘုရား) တဏှာနိရောဓာ ဥပါဒါနနိရောဓော ဖြစ်ပြီ သဘောကျပြီလား (မှန်ပါ)။

ပျင်းတဲ့စိတ်ကိုဖြစ်ပျက်ရှု

အင်း ရှုရတာကြာတော့ ပျင်းလာတယ် ပျင်းတဲ့ စိတ် ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) အင်း ပျင်းတဲ့စိတ်ရှုတော့ ပျင်းတဲ့စိတ်က ဒေါသ၊ ဒေါသကလည်း အနိစ္စမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အင်း ဒေါသနောက်က ဘာလိုက်လာတုံး (မဂ္ဂလိုက်လာပါတယ် ဘုရား) မဂ္ဂလိုက်တော့ သောက လာနိုင်သေးရဲ့ လား (မလာနိုင်ပါဘူး ဘုရား)။

အင်း သောကချုပ်တာ ဘယ်သူတုံး (မဂ်ပါ ဘုရား) မဂ် အင်း “သောကပရိဒေဝါနံ သမတိက္ကမာယ” ပါဠိတော်ထဲ အကုန်ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။

သဘောပါပြီလား (ပါပါတယ် ဘုရား) တရား ဟောမလို့ စိတ်ကူးတယ် ခင်ဗျားတို့ သင်နေရတာနဲ့ အချိန် ကုန်သွားတယ် ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။

ကဲ ဒီနေ့ ဒီတွင် တော်ကြပါဦး။

သာဓု သာဓု သာဓု။