165

ပညာလေးနဲ့ ရှုနေစမ်းပါ (ဂီလာနရဟန်း)

အသံဖိုင်ခေါင်းစဉ်=ဂီလာနရဟန်းအားဝေဒနာပြ၍ဟောကြားပုံတရားတော်

စာအုပ်ခေါင်းစဉ်= ပညာလေးနဲ့ ရှုနေစမ်းပါ (ဂီလာနရဟန်း)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ပညာလေးနဲ့ ရှုနေစမ်းပါ

(ဂီလာနရဟန်း)

(၂၈-၁၁-၁၉၅၉)

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဝေသာလီပြည်မှာ သီတင်းသုံးတယ်။ ဝေသာလီ ပြည်မှာ သီတင်းသုံး ပြီး နေတဲ့ အခါကျတော့ ရဟန်းတစ်ပါးက မမာဘူးလို့ မှတ်ကြ – ရမယ် (မှန်ပါ)။

ဘုရားက လူမမာမေးကြွတယ်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝေသာလီ ပြည်မှာ သီတင်းသုံးတယ်။ သီတင်းသုံး နေတုန်းပဲ ရဟန်းတစ်ပါးက မမာတဲ့ အခါကျတော့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သွားပြီး သကာလ မေးတယ်။

မင်း ဝေဒနာ ဘယ့်နှယ်နေတုံး၊ ပြောစမ်းပါကွာဆို တော့၊ တပည့်တော် ဝေဒနာ ခံစား နေရပါတယ် ဘုရားလို့ အဲဒီ လိုပြောတဲ့ အခါကျတော့၊ ဝေဒနာခံစားရတဲ့ ပုဂ္ဂိုလ်ကို

‘‘သဘော ဘိက္ခဝေ ဘိက္ခု သမ္ပဇာနော ကာလံ ခယေယျ’’ လို့ ဟောလိုက် တယ်။

သတော= သတိရှိသည်ဖြစ်၍၊ ဝေဒနာ ခံစားတဲ့ပုဂ္ဂိုလ် များ သတိရှိရမယ်ကွ။

‘‘ဘိက္ခဝေ = ရဟန်းတို့၊ သတော =သတိရှိသည်ဖြစ်၍၊ သမ္ပဇာနာ = ပညာရှိသည်ဖြစ်၍၊ ကာလံ = ဝေဒနာခံစားတဲ့ ကာလကို၊ ခယေယျ= ကုန်စေရာ၏၊ သတိနဲ့ ပညာနဲ့နေတဲ့။

သတိပညာနဲ့နေပါ

ဝေဒနာခံစားပြီး သကာလ နေတဲ့ အခါကျလို့ ရှိရင်၊ သတိ ပညာနဲ့ နေပါလို့ ဘုရားက ဝေဒနာသည်ကို သတိ ပေးလိုက်သည် (မှန်ပါ)။

ဝေဒနာသည် ဘာနဲ့နေရမယ် (သတိပညာနဲ့နေရ မှာပါဘုရား)။ သတိပညာနဲ့ နေရမယ်လို့ ဆိုတော့၊ ဝေဒနာသည် မှာတော့ မောင်နိုင်တို့ သိတဲ့အတိုင်း ကိုမြင့်တို့ သိတဲ့အတိုင်း ဝေဒနာနဲ့ပဲ သူနေမှာပဲ (မှန်ပါ)။

အဲတော့ သတိနဲ့ နေပါဆိုတာ၊ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဒါ ဝေဒနာပါပဲ၊ ဒါ ဝေဒနာပဲလို့ သိနေလို့ရှိရင် ဒါ ဝေဒနာ သတိ ရှိတဲ့ ပုဂ္ဂိုလ်မို့ ဝေဒနာပေါ် တိုင်း ပေါ်တိုင်း ဝေဒနာတွေ သိနေတာ (မှန်ပါ)။

ဘုရားက သတိတင် ဟောတာမှ မဟုတ်ဘဲ ‘‘သတော ဘိက္ခဝေ ဘိက္ခု သမ္ပဇာနော ကာလံ ခယေယျ’’ ဆိုတဲ့ ပညာ ထည့်ဦးကွ (မှန်ပါ)။

ဝေဒနာပေါ်တိုင်း သတိထားပါ

သတိကတော့ဖြင့် မောင်နိုင်တို့ မှတ်စရာက၊ အင်း ဘယ်ဝေဒနာ ဘယ်ဝေဒနာ ဘယ်ဝေဒနာ ရယ်လို့ ဝေဒနာပေါ် တိုင်း ပေါ်တိုင်း သတိထားတာသည် သတိလို့ မှတ်ကြစမ်းပါ (မှန်ပါ)။

ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိထားတာက (သတိပါ ဘုရား)၊ သမ္ပဇာနာ ဆိုတာက ပညာ၊ သမ္ပဇာန ဘာ ပါလိမ့်မလဲလို့မေးရင် (ပညာပါ ဘုရား)။

‘‘သတော ဘိက္ခဝေ ဘိက္ခု သမ္ပဇာနော ကာလံ ခယေယျ၊’’ မင်းတို့ သတိနဲ့တင် နေလို့တော့ မတော်သေးဘူးကွ၊ ပညာနောက်က လိုက်ဦး (မှန်ပါ)။

ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိ ထားမိတာ ကတော့ သတိ ပေါ့လေ (မှန်ပါ)၊ ပညာ နောက်က လိုက်ဦးကွ၊ ဘုရား က သတိပေး လိုက်တယ် ဒကာ ဒကာမတို့ (မှန်ပါ)။

သတိနောက်ကဘာလိုက်ရမှာတုံး

သတိနောက်က ဘာလိုက်ရမတုံး (ပညာလိုက်ရ မှာပါ ဘုရား)၊ ပညာ လိုက်ရဦးမယ်လို့ သတိပေး လိုက်ပါတယ်။

အဲတော့ ဒကာ ဒကာမတွေ ဘုန်းကြီးများက သင်ထား တာက ခန္ဓာကိုယ်ထဲ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာ ဝေဒနာလို့ ဝေဒနာ သုံးမျိုး ပေါ်တာ ပေါ်တိုင်း သိရင် သတိပဲ (မှန်ပါ)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဒါ သုခပဲ၊ ဒါ ဒုက္ခပဲ၊ ဒါ ဥပေက္ခာပဲလို့ ပေါ်တိုင်း ပေါ်တိုင်း သိနေရင် ဘာဆိုကြမယ် (သတိပါ ဘုရား)၊ သတိ လို့ မှတ်ကြ။

ပေါ်တိုင်း ပေါ်တိုင်း သိနေရင် (သတိပါ ဘုရား)၊ ကောင်းပြီ၊ ‘‘သတော ဘိက္ခဝေ သမ္ပဇာနော ကာလံ ခယေယျ’’ ဟောသောကြောင့် ပညာလေးလည်း လိုက်ဦးမှ တော်မယ်ကွ။

ပညာလည်းလိုက်ရဦးမယ်

မောင်နိုင် ဘာလိုက်ရမတုံး (ပညာလိုက်ရမှာပါ ဘုရား)၊ ပညာလည်း လိုက်ရဦးမယ်တဲ့ ဒကာ ဒကာမတို့၊ ဝေဒနာ ခံစားနေတ ဲ့ပုဂ္ဂိုလ်မှာ သတိလည်း လိုက်ရမယ်၊ ပညာ လည်း လိုက်ရမယ်လို့ ပြောထားတော့။

ပညာလိုက်တော့ ဘယ်လို လိုက်ရမှာတုံးလို့ မေးတော့၊ ပညာလိုက်ပုံ ငါရှင်းပြမယ်ကွာ၊ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိရင် ဘာဆိုကြမယ် (သတိပါ ဘုရား)။

သတိပဲ ရှိသေးတယ် (မှန်ပါ)၊ ပညာက ဘယ်လို လိုက်ရမှာတုံးလို့ မေးတဲ့ အခါကျတော့မှ၊ ဒကာ ဒကာမတွေ ဒီနေ့ ရှင်းပေးမယ်တဲ့၊ ဒါ လူမမာကို ဟောနေတာလို့ ဒကာ ဒကာမတွေက မှတ်ကြစမ်းပါ (မှန်ပါ့)။

ဘယ်သူ့ ဟောနေတာပါလိမ့် (လူမမာ ဟောနေ တာပါ ဘုရား)၊ လူမမာ ဟောနေတာလို့ ဒကာ ဒကာမတွေက မှတ်ပါ။

ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိနေရင်ဘာတဲ့ (သတိ ပါ ဘုရား) ဘုရားက သတိတင် တော်ပါရဲ့လား၊ ‘‘သတော ဘိက္ခဝေ ဘိက္ခု သမ္ပဇာနော’’ လို့ မပါဘူးလား (ပါပါတယ် ဘုရား)။

‘‘ကာလံ ခယေယျ’’ ပညာလေးလဲ လိုက်ပေးပါဦး ရဟန်းရာ၊ သတိလေးတင် မတော်နဲ့ကွ ပညာပါ လိုက်ပေးပါလို့ ဒကာ ဒကာမတွေ နှစ်ချက် ဆုံးမတယ် (မှန်ပါ)။

ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိရင် ဘာဆိုကြမယ် (သတိပါ ဘုရား)၊ သတိလို့ မှတ်လိုက် ကြစမ်းပါ။ ပညာ လိုက်ပေးပါဦး ဆိုတာလေးကိုလည်း ဘုရားက ဖြည့်စွက်လိုက် ပြန်တယ် (မှန်ပါ)။

ပညာဘယ်လိုလိုက်ရမှာလဲ

ဘာလိုက်ရမှာတုံး (ပညာ လိုက်ရမှာပါ ဘုရား)။ ပညာ လိုက်ပေးရဦးမယ် ဆိုတော့၊ ကိုင်း တဲ့၊ ဝေဒနာ သုံးပါး ရှိတာ ငါဘုရား ရှင်းပြမယ်၊ မင်းတို့ အသေအချာ နားထောင် ဆိုပြီး လူမမာကို ဘုရားက ဟောရှာတယ် (မှန်ပါ့)။

ဒီဝေဒနာလေး ဟာကွာတဲ့၊ ပညာလိုက်ချက်က ဒီလိုယူ ပါကွတဲ့၊ ဥပမာမှာ ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်တယ်၊ မောင် နိုင်တို့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဪ ဒီဝေဒနာလေးဟာ ဘယ်သူ့ကြောင့် ဖြစ်ပါ လိမ့်မလဲလို့ မေးတဲ့ အခါကျတော့ ကိုယ်ပေါ်မှာ မှီဖြစ်ရသောကြောင့် ‘‘ကာယံ ပဋိစ္စ ဝေဒနာ’’ (မှန်ပါ)။

ကိုယ့်ကြောင့် ဖြစ်တဲ့ဝေဒနာ (မှန်ပါ)၊ ကိုယ် မရှိတဲ့ ပုဂ္ဂိုလ်မှာ (မဖြစ်ပါဘူး ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ကိုယ်မရှိတဲ့ပုဂ္ဂိုလ်မှာ (မဖြစ်ပါဘူး ဘုရား)၊ ဝေဒနာ ပေါ်ကိုး မပေါ်နိုင်ဘူး (မှန်ပါ)၊ သဘော ကျပလား (ကျ ပါတယ် ဘုရား)၊ ကိုယ် မရှိတဲ့ ပုဂ္ဂိုလ်မှာ (ဝေဒနာ မပေါ်နိုင် ပါဘူး ဘုရား)။

ဘယ်သူ့ကြောင့် ဝေဒနာပေါ်လဲ

ဝမ်းထဲမှာ ပေါ်တာ ဟဒယဝတ္ထု ရှိလို့ပေါ်တာ (မှန် ပါ)၊ ပြင်ဘက်မှာ ပေါ်လည်း ကိုယ်ရှိလို့ ပေါ်တာ (မှန်ပါ)။

အဲတော့ ‘‘ကာယံ ပဋိစ္စ သုခဝေဒနာ’’၊ ေဩာ် ကိုယ်ကို အမှီပြုပြီး ဟောဒါက ဒကာ ဒကာမ တွေ၏ ခန္ဓာငါး ပါး ဆိုတဲ့ ကိုယ်ကြီးလို့ မှတ်ထား လိုက်တာပေါ့ (မှန်ပါ)။

ဒီ ခန္ဓာငါးပါး အပေါ်မှာတဲ့ ဒီခန္ဓာ ရှိပြီး သကာလ နေတော့၊ ဒီခန္ဓာငါးပါး ထဲမှာ လည်းတဲ့ ဒကာ ဒကာမတွေက ကိုယ် ခန္ဓာလို့ မှတ်ထား လိုက်တာပေါ့၊ ဒီတစ်ခုလေးက (မှန်ပါ)။

ဒါ ဒကာ ဒကာမတွေ တစ်ကိုယ်လုံး ပေါ့လေ (မှန်ပါ)၊ အဲဒီ တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတွေ ကိုယ်ရှိခဲ့ သည်ရှိသော်၊ ဟောဒီ ဝေဒနာလေးဟာ ကိုယ်ပေါ်မှာ ပေါ် ရပါ တယ် (မှန်ပါ)။

ဝေဒနာကိုယ်ပေါ်မှာပေါ်တယ်

ဝေဒနာလေးက ဘယ်ပေါ်မှာပေါ်ပါလိမ့် (ကိုယ် ပေါ်မှာပေါ် ရပါတယ် ဘုရား)၊ ဪ ကိုယ်ပေါ်မှာ ပေါ်ရ တယ်။

ကိုယ်ပေါ်မှာ ပေါ်ရတော့ ကိုယ်အစွဲပြုပြီး ပေါ်ရတဲ့ ဝေဒနာ (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုယ်ကို မစွဲလို့ရှိရင် (မဖြစ်ပါဘူး ဘုရား)၊ ကိုယ် တည်းဟူသော မှီရာ မရှိခဲ့သော် (မဖြစ်နိုင်ပါဘူး ဘုရား)၊ မဖြစ်နိုင်ဘူး ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် သုခဝေဒနာ လေးဟာ ဒကာ ဒကာမတွေ ပဲ စဉ်းစားပါတော့၊ ဒကာ ဒကာမတွေပဲ စဉ်းစားပါတော့တဲ့။ ကိုယ်ရှိလို့ သုခဝေဒနာ ပေါ်သည် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ကိုယ်ရှိလို့ သုခဝေဒနာပေါ် တာပါ ဘုရား)၊ ဪ ကိုယ်ပေါ်မှာ ပေါ်တယ် ဆိုတာ ရိပ်မိ သွားပြီ (ရိပ်မိပါပြီ ဘုရား)။

ကိုယ်ရှိလို့ ဝေဒနာသုံးပါးပေါ်တယ်

ကိုယ်ရှိလို့ ဘာပေါ်ပါလိမ့် (သုခဝေဒနာပေါ်ပါတယ် ဘုရား)၊ ကိုယ်ရှိလို့ သုခဝေဒနာ ပေါ်တယ်၊ စုပြီး မှတ် လိုက်ပေတော့၊ ကိုယ်ရှိလို့ ဒုက္ခဝေဒနာ ပေါ်တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ်ရှိလို့ ဥပေက္ခာဝေဒနာ ပေါ်တယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊

ဒါဖြင့် ကိုယ်ရှိလို့ ဝေဒနာ သုံးပါး မပေါ်နိုင်ဘူးလား (ပေါ်နိုင်ပါတယ်)။

ဒါ ဘုရားက သမ္ပဇာန ပညာနဲ့ ရှုရမယ့် နေရာဌာနကို ကွက်ဟောသည်လို့ ဆုံးဖြတ်ချက် ချပါနော် (မှန်ပါ)။

ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိရင် သတိကိုးဗျ (မှန်ပါ)၊

သမ္ပဇာန ဆိုတဲ့ ပညာ ဝင်ရတော့မယ် ဆိုတော့၊ ဒကာ ဒကာမတွေ ဒီလို ရှင်းလိုက်ပါတဲ့။ ကိုယ်ရှိလို့ ဝေဒနာ ပေါ်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်က ကိုယ့်ရုပ်ကိုက ကာယပသာဒဆို တဲ့ ကိုယ့်ရုပ်ကိုက ကိုမြင့်တို့ မောင်နိုင်တို့က စဉ်းစားလိုက် သူ့ ကိုက အနိစ္စတရား (မှန်ပါ့)။

ကိုယ့်ရုပ်က ဘာပါလိမ့်

ကိုယ့်ကိုယ်က ဘာတုံး (အနိစ္စတရားပါ ဘုရား)၊ ကိုယ့်ရုပ်ကိုက ဘာပါလိမ့် (အနိစ္စတရားပါ ဘုရား)။

ဒါဖြင့် အနိစ္စ အပေါ်မှာ မှီပြီး ပေါ်ရတဲ့ တရားကို အားလုံး ဒကာ ဒကာမတွေက ဘယ်လို ဆုံးဖြတ်ချက်ချ (အနိစ္စလို့ပဲ ဆုံးဖြတ်ချက်ချပါတယ် ဘုရား)၊ သဘော ကျပလား (ကျပါ တယ် ဘုရား)။

အနိစ္စပေါ်မှာ ပေါ်တဲ့တရားကို ဘယ်လိုဆုံးဖြတ်ချက် ချ (အနိစ္စပါ ဘုရား)၊ နေရာကျပြီ။

ဒါကြောင့် ေဩာ် ပညာနဲ့လည်း ရှုပါဦး ဆိုတော့။

ဒါက ပညာပါလာတယ်

ဒါက ပညာလေး ပါလာတယ် (မှန်ပါ)။

ေဩာ် ကိုယ်ရှိလို့ ဝေဒနာပေါ်တယ်။ ကိုယ်အနိစ္စ ရောက်လို့ ဝေဒနာ (အနိစ္စ ရောက်ပါတယ် ဘုရား)၊ ဒီလို ပညာလေးထည့်ပေးပါဦးကွတဲ့။

ဪ ဝေဒနာပေါ်လာရင် ဒကာ ဒကာမတို့ ကိုယ်ရှိလို့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ကိုယ့်ကိုယ်က ဒကာ ဒကာမတို့ သိတဲ့ အတိုင်း ကိုယ့်ရုပ် ကိုယ်က အနိစ္စတရား (မှန်ပါ)။

အနိစ္စအပေါ်မှာ ပေါ်ရတဲ့တရားကို ဘယ်လို ဆုံးဖြတ် ချက်ချ (အနိစ္စတရားလို့ ဆုံးဖြတ်ချက် ချပါတယ် ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အနိစ္စအပေါ်မှာပေါ်တဲ့တရား

အနိစ္စ အပေါ်မှာ ပေါ်တဲ့တရားကို (အနိစ္စတရား)။ အဲဒါကြောင့်တဲ့၊ အဲဒီလို ပညာလေး ထည့်ပေး လိုက်တဲ့ အခါကျ တော့၊ ဪ အနိစ္စ အပေါ်မှာ ပေါ် ရတဲ့ တရားဖြစ်သော ကြောင့် အနိစ္စပဲ (မှန်ပါ)။

ခယဓမ္မ ပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ကုန်တတ်တဲ့ ဓမ္မပဲ၊ ဝယဓမ္မပဲ ပျက်တတ်တဲ့ ဓမ္မပဲ ဆိုရင်ကော (မလွဲပါဘူး ဘုရား)။

နိရောဓ ဓမ္မပဲ ချုပ်တတ်တဲ့ဓမ္မပဲ ဆိုရင်ကော (မလွဲ ပါဘူး ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ခယဝယ နိရောဓဖြစ်ရပါလိမ့်မတုံး ဆိုတော့၊ အို သူမှီနေတဲ့ တရားကိုက အနိစ္စမို့ သူ့ဘာဆိုကြမတုံး (အနိစ္စပါ ဘုရား)။ ။

သူ အမှီခံရတဲ့ တရားကိုက (အနိစ္စပါ ဘုရား)၊ အနိစ္စမို့ မှီတတ်တဲ့ဝေဒနာ ဘယ့်နှယ်ဆိုကြမတုံး (အနိစ္စပါ ဘုရား)။

ဖြစ်ထိုက်လို့ဖြစ်တဲ့အနိစ္စ

ဪ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သံသယ မရှိတဲ့ အနိစ္စပါလား (မှန်ပါ)၊ ဖြစ်ထိုက်လို့ ဖြစ်တဲ့ အနိစ္စပါလား (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

အိမ်အိုလို့ အိမ်ပြိုတာ မောင်နိုင်တို့ သံသယ ရှိသေး သလား (မရှိပါဘူး ဘုရား)၊ အိမ်အိုလို့ (အိမ်ပြိုတာပါ ဘုရား)။

အဲ အိမ်အိုလာတော့ ဒကာ ဒကာမတို့ လေတို့ ဘာတို့ တိုက်ရင်ပြိုမှာပေါ့ (မှန်ပါ့)၊ ဘာပြုလို့တုံး (အိမ် အိုလို့ပါ ဘုရား)။

အိုတဲ့ ဥစ္စာပဲ ပြိုကျတဲ့ အလုပ်ဟာ ဒကာ ဒကာမတို့က ေဩာ် အံ့အားများ သင့်စရာ လိုသေးသလား (မလိုပါဘူး ဘုရား)၊ လိုကြသေးသလား (မလိုပါဘူး ဘုရား)။

မလိုတာ ဘယ့်နှယ်ကြောင့် ပါလိမ့်ဗျာ (အိမ်အိုလို့ ပါ ဘုရား)၊ အိုဆွေးပြီး သကာလနေလို့ ပြိုပျက်တာ (မှန်ပါ့)၊ အိုဆွေးပြီး သကာလ နေလို့ (ပြိုပျက်တာပါ ဘုရား)။

ဒီမှာလည်း အနိစ္စအပေါ်မှာ မှီဖြစ်ရတဲ့ဝေဒနာမို့ ဘာ ဆိုကြမယ် (အနိစ္စပါ ဘုရား)၊ ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

အနိစ္စ ခန္ဓာအပေါ်မှာ တည်တံ့ပြီး အကြောင်း တိုက် ဆိုင်လို့ဖြစ်ပေါ်လာရတဲ့ အတွက် မောင်နိုင်တို့ သိတဲ့ အတိုင်းတဲ့ သူ ဒုက္ခဝေဒနာ ပေါ်နေတယ် (မှန်ပါ)။

ပညာလေးနဲ့ရှုနေစမ်းပါ

ဘယ်အပေါ်မှာ ပေါ်နေတာတုံး (ကိုယ်အပေါ်မှာ ပေါ်နေတာပါ ဘုရား)၊ ကိုယ့်ကိုယ်က အနိစ္စမို့ ဒုက္ခဝေဒနာ လည်း (အနိစ္စပါ ဘုရား)။

အဲဒီလို မင်းပညာလေးနဲ့ ရှုနေစမ်းပါကွ၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ကိုယ့်ကိုယ်က ဘာတဲ့ (အနိစ္စပါ ဘုရား)၊ မှီတတ်တဲ့ တရားလေးကရော (အနိစ္စပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေလည်း ဒီနည်းယူ ပြီး သကာလ ကိုယ်ပေါ်မှာ ဝမ်းထဲမှာပေါ်ပေါ်၊ ဝမ်းထဲမှာဆို တာလည်း ကိုယ်ပဲ၊ အင်း ကျောပေါ်မှာပေါ်လည်း ကိုယ်ပဲ (မှန်ပါ)။

လက်ထဲပေါ်လည်း (ကိုယ်ပါ ဘုရား)၊ ကိုယ်ပဲတဲ့။ ကိုယ့်ကိုယ်က ဘာပါလိမ့် (အနိစ္စပါ ဘုရား)။

ကိုယ့်ကိုယ်က အနိစ္စမို့၊ မှီရုပ်ကလေး ပေါ်လာတဲ့ ဝေဒနာကလေး ယားတယ်၊ နာတယ်၊ ကိုက်တယ်၊ ကောင်းတယ် ဆိုတာ ကလေးကကော (အနိစ္စပါ ဘုရား)။

ဪ ဒီလိုဆိုတော့ အကြောင်း သိမ်းဆည်းပြီး သကာလ ရှုတဲ့ အနိစ္စ ဖြစ်လေ သောကြောင့်တဲ့၊ ဒီအကြောင်း ပျက်လို့ ဒီအကြောင်းကိုက အနိစ္စမို့ ဒီပေါ်တဲ့ ဝေဒနာဟာလည်း (အနိစ္စပါ ဘုရား)။

သံသယ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ သံသယ မရှိဘူးတဲ့ သံသယကိုလည်း သတ်ပြီးပါပြီ (မှန်ပါ)။

ဒီတရားလေးဟာလည်း ပျက်သင့်လို့ ပျက်တယ်၊ ငါ့ ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတဲ့ ဥစ္စကော ဆုံးဖြတ်ချက် ကျပလား (ကျပါတယ် ဘုရား)။

ဒီလိုဆုံးဖြတ်ချက် ကျပြန်တော့ မောင်နိုင်တို့ ကိုမြင့်တို့ ဒိဋ္ဌိ သေတယ် (မှန်ပါ့)၊ ဒီ ပျက်သင့်လို့ ပျက်တယ်လို့ သိ လိုက်တော့ ဝိစိကိစ္ဆာ သေတယ် (မှန်ပါ)။

ပျက်သင့်လို့ပျက်တယ်

ဒီပညာနဲ့ ရှုလို့ (မှန်ပါ့)၊ ပညာနဲ့ ဖြစ်ပျက် ရှုလိုက်တာ ဒကာ ဒကာမတို့ ပျက်သင့်လို့ ပျက်တယ်လို့ ယူနိုင်ကြပါရဲ့ လား (ယူနိုင်ပါတယ် ဘုရား)။

ဘယ်လိုယူကြမတုံး (ပျက်သင့်လို့ ပျက်တာပါ ဘုရား)။ ပျက်သင့်လို့ပျက်တာ (မှန်ပါ့)။ မပျက်သင့်ဘဲနဲ့ ပျက်တာလို့ ဆိုကြမလား (မဆိုနိုင်ပါဘူး)၊ ဘယ်လိုဆိုကြ ပါ့ (ပျက်သင့်လို့ ပျက်သွားတာပါ ဘုရား)။

ဪ သူ့အကြောင်းကိုက ပျက်လို့ သူ့အကျိုးက (ပျက်သွားတာပါ ဘုရား)၊ ဒီလိုဆိုတော့ ဝိစိကိစ္ဆာသေ တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာသေတဲ့နည်း

ဒီအကြောင်းကိုက မခိုင်လုံလို့ ဒီအကျိုးလေးဟာလည်း ပျက်ရပါတယ်လို့ ဒကာ ဒကာမတွေ ဆိုနိုင်ကြပလား (ဆို နိုင်ပါတယ် ဘုရား)။

ထိုကဲ့သို့ ဆိုနိုင်တဲ့ အခါကျလို့ရှိရင်၊ အကြောင်းနဲ့တကွ သိမ်းဆည်းပြီး သကာလ အပျက်လို့ မြင်တဲ့အတွက်၊ အကြောင်း သိမ်းဆည်းတာက ဝိစိကိစ္ဆာ သေပါတယ် (မှန်ပါ)၊

ပျက်တာ မြင်တာက ဒိဋ္ဌိ သေပါတယ် (မှန်ပါ့)၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေတဲ့ရှုနည်း (မှန်ပါ့)၊ နားလည်ကြပလား (နားလည်ပါတယ် ဘုရား)။

ဘယ်လိုရှုနည်းပါလိမ့် (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေတဲ့ရှု နည်းပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာဉာဏ် ကတည်းက ဒကာ ဒကာမတွေက ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပြီး ရှုတဲ့အတွက်၊ အင်း ဒီ ဒကာ ဒကာမတွေ မဂ်စစ်ပေါ်မှ ပေါ်ပါ့မလားလို့ ဆိုတဲ့ အတွေး ဘယ်တော့မှ မတွေးနဲ့ (မှန်ပါ့)။

သူများရှုနည်းနဲ့မတူဘူး

ရှုကတည်းကကိုက ကျုပ်တို့ရှုနည်းက သူများရှုနည်းနဲ့ မတူဘူး (မှန်ပါ)၊ အကြောင်းနဲ့တကွ အကြောင်း ပျက်လို့ အကျိုး ပျက်တာပဲ လို့ဆိုသဖြင့်၊ အကြောင်း ပျက်သင့်လို့ အကြောင်းကိုက ပျက်ထိုက်တဲ့ အကြောင်းဖြစ်လို့၊ အကျိုးဟာ ပျက်ရတယ် (မှန်ပါ့)။

ကိုယ့်ကိုယ်က အနိစ္စမို့၊ ကိုယ်ပေါ်မှာ မှီတဲ့ဝေဒနာဟာ (အနိစ္စပါ ဘုရား)။

ဒါဖြင့် အကြောင်းပျက်လို့ အကျိုးကော (ပျက်ပါ တယ်)၊ ဒါဖြင့် အကြောင်းပျက်လို့လို့ သိလိုက် သဖြင့် ဝိစိကိစ္ဆာ သေတယ် (မှန်ပါ)။

အကျိုးတရားဟာ ဘယ်နည်းနဲ့မှ မခိုင်ဘူး ဆိုတာကော မသိဘူးလား (သိပါတယ် ဘုရား)၊ ထိုကဲ့သို့ သိတော့ ဘယ့်နှယ် ဆိုကြမတုံး (ဒိဋ္ဌိသေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုဉာဏ်ကလေး ထည့်ပြီး ရှုလိုက်လို့ရှိရင်၊ ရှုတဲ့ အချိန်ကျတော့ ဖြစ်ပျက်တော့ မြင်တော့ မြင်မှာပဲတဲ့၊ မြင်ပေမယ့်လည်း ဒကာ ဒကာမတွေက၊ ေဩာ် ပျက်သင့်လို့ ပျက်တာကိုး လေးတော့ ဘယ်အခါမဆို ဒကာ ဒကာမတွေက ဆုံးဖြတ်ချက် ချပြီး ရှု (မှန်ပါ)။

အင်မတန်ကျေနပ်ပါတယ်

မပျက်သင့်ဘဲနဲ့ ပျက်တာလား၊ ပျက်သင့်လို့ ပျက်တာ လား (ပျက်သင့်လို့ပျက်တာပါ ဘုရား)၊ အဲဒီလို ပျက်တာ လေးချည့် ရှု ရှုနေတာကို၊ ဘုန်းကြီးတို့က အင်မတန်ကျေနပ် ပါတယ် (မှန်ပါ)။

သို့သော်လည်း တကယ်လို့ သံသယ ရှိလာလို့ရှိရင် ဆရာဘုန်းကြီး ခုဟောတဲ့အတိုင်း ဘုရား ဟောတော်မူတဲ့ အတိုင်း ကာယံ ပဋိစ္စ သုခဝေဒနာ ဆိုတဲ့ အတိုင်း ကိုယ်ကို အမှီ ပြုပြီး သုခဝေဒနာ ဆိုတာ ပေါ် ရတယ် (မှန်ပါ)။

ကိုယ်ပျက်တော့ (သုခဝေဒနာ ပျက်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ကိုယ်ပျက်တော့ (သုခဝေဒနာ ပျက်ပါတယ် ဘုရား)။

အင်း ပျက်တဲ့အပေါ်မှာ ပေါ်လို့ပျက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ပျက်တဲ့ အပေါ်မှာ ပေါ်လို့ (ပျက်ပါတယ် ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာသေတယ်

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ အကြောင်းနဲ့တကွ သိမ်း ဆည်းပြီး သကာလ၊ အပျက်ကိုမြင်တဲ့ ပုဂ္ဂိုလ်များမှာ၊ ဒိဋ္ဌိဝိစိကိစ္ဆာ သေပြီး သကာလ ရှုနေတဲ့ ဝိပဿနာမဂ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာသေပါလိမ့် (ဒိဋ္ဌိဝိစိကိစ္ဆာ သေပါတယ် ဘုရား)၊ ရှုရင်းမတ္တနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ရှိသေးရဲ့လား (မရှိပါ ဘူး ဘုရား)၊ ကျေနပ်ပါသလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့ အခါကျတော့ကိုးတဲ့၊ ဒကာ ဒကာမတွေ ဒီဝေဒနာကလေး သုခဝေဒနာ လေးဟာ ချမ်းသာ တဲ့ ဝေဒနာလေးဟာ ဖြစ်ပျက်တာပဲ၊ ဖြစ်ပျက်၊ ဖြစ်ပျက်လို့ ပါးစပ်က မမြည်ဘဲနဲ့ ရှုနေနေ ဒီဥစ္စာ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပြီးတော့ ရှုနေတာ (မှန်ပါ့)။

ပျက်သင့်လို့ ပျက်တယ် (မှန်ပါ့)၊ ပျက်သင့်လို့ကို သိတာသည် ဘာသေသတုံး (ဒိဋ္ဌိ ဝိစိကိစ္ဆာ) ဒီလိုမပြော နဲ့၊ ပျက်သင့်လို့လို့ သိရင် ဘာသေသတုံး (ဝိစိကိစ္ဆာ သေပါ တယ်)။

ဝိစိကိစ္ဆာတင် သေတယ်၊ ပျက်သင့်လို့ကိုးဗျ (မှန်ပါ)၊ ပျက်တယ်လို့ သိရင် (ဒိဋ္ဌိပါတယ် ဘုရား)။

ပျက်သင့်လို့လို့ သိရင် (ဝိစိကိစ္ဆာ)၊ အင်း ပျက် တာ သိလိုက်ရင် (ဒိဋ္ဌိသေပါတယ် ဘုရား)။

အကြောင်းသိနဲ့ အကျိုးသိ

အဲဒါ ပျက်သင့်လို့ဆိုတော့ အကြောင်းကို သိတာ (မှန်ပါ)၊ ပျက်တယ် ဆိုတာ အကျိုးသိ (မှန်ပါ)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ပျက်သင့်လို့ဆိုတာက (အကြောင်းသိပါ ဘုရား)၊ ပျက်တယ် ဆိုတာက (အကျိုးသိပါ ဘုရား)။

အဲဒီကဲ့သို့ ေဩာ် ပျက်သင့်လို့ ပျက်တာပဲလို့ ခန္ဓာ ထဲမှာ ပိုင်ပိုင်နိုင်နိုင် သာရှု (မှန်ပါ)။

သုခပေါ်လည်းဖြစ်ပျက်

သုခဝေဒနာလေး ပေါ်လည်း ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဘာပြုလို့တုံး ပျက်သင့်လို့ပျက်တာ (မှန်ပါ)၊ ပျက်သင့်လို့ သိရင် (ဝိစိကိစ္ဆာ) ပျက်တာသိရင် (ဒိဋ္ဌိသေပါတယ် ဘုရား)။

ဪ ပျက်သင့်တယ်လို့ဆိုလို့ရှိရင်ဖြင့် မောင်နိုင်ရ အကြောင်းကို သိမ်းဆည်း သိတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

ပျက်သင့်လို့ဆိုတာ ဘာသိတာပါလိမ့် (အကြောင်း သိတာပါ ဘုရား)၊ ပျက်တယ်လို့ သိတာက (အကျိုးသိတာ ပါ ဘုရား)၊ အကျိုး ပျက်တာကို သိတာ (မှန်ပါ)။

ပျက်သင့်လို့ကို သိတုန်းက ဘာသေတုံး (ဝိစိ ကိစ္ဆာသေ ပါတယ် ဘုရား)၊ ပျက်တယ်လို့ သိတော့ (ဒိဋ္ဌိ သေပါတယ် ဘုရား)၊ ဒါကို ကွဲအောင် ခင်ဗျားတို့ အရေးကြီး နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ပျက်သင့်လို့လို့ သိရင် (ဝိစိကိစ္ဆာသေပါတယ် ဘုရား)၊ ပျက်တာကို သိလိုက်ရင် (ဒိဋ္ဌိ သေပါတယ် ဘုရား)။

အဲတော့ ပျက်သင့်လို့ ပျက်တာပဲလို့ ခင်ဗျားတို့ လောကီစကား သုံးကြငြား သော်လည်း ခုလောက် မထိမိ သေး ဘူး (မှန်ပါ့)၊ ထိမိကြရဲ့လား (မထိမိပါဘူး ဘုရား)။

ခုတော့ အကြောင်းကိုက ပျက်တဲ့တရား၊ ပျက်တဲ့တရား အပေါ် မှီနေတဲ့တရား မပျက်ချင်ပါဘူး ဆိုလို့ (မရပါဘူး ဘုရား)။

တုံးပေါ်မှာပေါက်တဲ့မှို

တုံးပေါ်ပေါက်တဲ့မှိုဟာ တုံးဆွေးတဲ့အခါ၊ ဪ မှိုချည့် ကျန်ရစ်ဦးမှာလား (မကျန်ရစ်ပါဘူး ဘုရား)၊ မှိုလည်း ပျက်ရမယ် (မှန်ပါ)။

ဘာကြောင့်၊ ကိုက အဆွေးပျက်ကိုး (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ)၊ တုံးကိုက အဆွေး ပျက် ဖြစ်ပြီး သကာလ နေတော့ မှိုဟာက ကျုပ်ချည့်နေရစ်ဦးမယ် ဆိုလို့တော့ (မရပါဘူး ဘုရား)။

ဒါဖြင့် တုံးက အကြောင်း၊ မှိုက အကျိုး (မှန်ပါ့)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)၊ တုံးက ဘာတဲ့ (အကြောင်းပါ ဘုရား)၊ မှိုက ဘာတဲ့ (အကျိုးပါ ဘုရား)။

တုံးပျက်လို့ မှိုပျက်တဲ့ ဥစ္စာ၊ မှိုပျက်သွားတာ၊ မှိုပျောက် သွားတာ ခင်ဗျားတို့က အင်း အံ့အားများ သင့်ချင်သေး သလား (မသင့်ချင်ပါဘူး ဘုရား)။

ဘယ် အံ့အားသင့်ချင်ပါ့မလဲ အကြောင်းကိုက ဘာတုံး (အပျက်ပါ ဘုရား)၊ အပျက်ပေါ်မှာ မှီပြီး သကာလ နေတဲ့ အပျက်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ပျက်သင့်လို့ကို သိရင် (ဝိစိကိစ္ဆာ သေပါ တယ်)၊ ပျက်တာကို သိရင် (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ေဩာ် ပျက်သင့်လို့ပဲ ဆိုတဲ့ဟာက ဝိစိကိစ္ဆာ သေနေတာ မောင်နိုင် (မှန်ပါ့)၊ ပျက်သွားတဲ့ အခါကျတော့ (ဒိဋ္ဌိသေပါတယ် ဘုရား)။

ငါ့ဥစ္စာမဟုတ်လို့ပျက်သွားတာ

ငါ ငါ့ဥစ္စာ မဟုတ်လို့ ပျက်သွားတာ (မှန်ပါ)၊ ပျက် သင့်လို့ ဆိုတာက အကြောင်းသိလို့ သဘော ကျပလား (ကျ ပါတယ် ဘုရား)၊ ပျက်တယ်လို့ သိတာက (အကျိုးသိတာ ပါ ဘုရား)။

အသေအချာရှင်းပါ၊ ရမ်းဖြေလို့မရဘူး။ သေသေချာချာ ရှင်းရတယ်။ ပျက်သင့်လို့ ဆိုတာ ဘာသိတာတုံး (အကြောင်း သိတာပါ ဘုရား)၊ အကြောင်း သိတာနော်၊ အကြောင်းသိကတည်းက ဝိစိကိစ္ဆာက (သေပါပြီ ဘုရား)။

ပျက်တာလေး မြင်လိုက်ပြီ (ဒိဋ္ဌိသေပါတယ်)၊ ပျက် ပြီး ဘာသေတုံး (ဒိဋ္ဌိသေပါတယ် ဘုရား)။

ပျက်သင့်လို့လို့သိရင် အကြောင်းသိ (မှန်ပါ့)၊ အကြောင်းသိတော့ ဘာသေတုံး (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)၊ ပျက်တာကို မြင်လိုက်ပါပြီ (အကျိုးသိပါ ဘုရား)။

အကျိုးလည်းသိတယ်၊ ဒိဋ္ဌိလည်း သေတယ်၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)၊ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတိနဲ့ မပြီးဘူး၊ ပညာ လိုက်ပါဦး ဆိုတဲ့ နေရာမှာ မောင်နိုင် ဒါ ထည့်တယ် (မှန်ပါ့)။

ပျက်သင့်လို့ပျက်တာသိမှ

ဝေဒနာပေါ်တာ ပေါ်နေပြီ ပေါ်နေပြီလို့ သိရင် သတိ၊ ပျက်သင့်လို့ ပျက်တာသိမှ သမ္ပဇည (မှန်ပါ)၊ သတိနဲ့ သမ္ပဇည ကွဲပလား (ကွဲပါပြီ ဘုရား)။

ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိနေတာ ဘာဆိုကြမတုံး (သတိပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တာ သိတာက (သမ္ပဇညပါ ဘုရား)။

ဒါဖြင့် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိတာက ဘာပါလိမ့် (သတိပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တာပဲလို့ သိတာက (သမ္ပဇည)၊ အဲ သတိ သမ္ပဇည ဆိုတာ ဒါပါပဲ (မှန်ပါ့)။

ခင်ဗျားတို့ကတော့ လုံးပြီး ပြောတာပေါ့လေ (မှန် ပါ့)။ သတိ သမ္ပဇည ရှိဖို့ အရေးကြီးတယ်၊ သတိ သမ္ပဇည ရှိဖို့ အရေးကြီးတယ်လို့ ပြောနေကြငြား သော်လည်း ခွဲမသိဘူးတဲ့ (မှန်ပါ)။

ဂီလာနရဟန်းကို ဟောနေတာ

ခုတော့ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခွဲ သိဖို့ အဓိပ္ပာယ်ကို ဂီလာန ရဟန်းကို ဟောနေတာ (မှန်ပါ)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဘယ်သူ့ဟောပါလိမ့် (ဂီလာနရဟန်းကို ဟောတာ ပါ ဘုရား)၊ ပြန်ပြောတယ် ဒကာ ဒကာမတို့၊ ဟောဒါ ကိုယ့် ကိုယ်ဆိုတာ တစ်ကိုယ်လုံးပေါ့ဗျာ (မှန်ပါ)။

ကိုယ့်ကိုယ်က အနိစ္စ

ဝမ်းထဲလည်း ကိုယ်ပဲ (မှန်ပါ)၊ အဲဒီ ကိုယ်ပေါ်မှာ တစ်ခါတလေ ကျတော့ ဝမ်းထဲက နာတယ် ဆိုလို့ရှိရင် ဝမ်းထဲက ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ ပေါ်တာပဲ (မှန်ပါ့)။

ခေါင်းထဲက ကိုက်တယ်ဆိုရင်ကော ခေါင်းမှာ ဒုက္ခ ဝေဒနာ ပေါ်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကျောထဲက ယားတယ်ဆိုရင်ကော (ကျောမှာ ဒုက္ခဝေဒနာပေါ်တာပါ ဘုရား)၊ ကိုယ်ပေါ်မှ လွတ်တာ ပါသေး ရဲ့ လား (မပါပါဘူး ဘုရား)။

ဒါဖြင့် ကိုယ့်ကိုယ်က အနိစ္စမို့၊ ဒုက္ခဝေဒနာလည်း (အနိစ္စပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီလို ရှုလို့ရှိရင်ဖြင့်တဲ့၊ ဪ ပျက်သင့်လို့ ပျက်တယ် ဆိုတာ လာပါတယ် (မှန်ပါ့)၊ မလာ သေးဘူးလား (လာပါတယ် ဘုရား)၊ ကိုယ့်ကိုယ်က ဘာတရားပါလိမ့် (အနိစ္စတရားပါ ဘုရား)။

အနိစ္စတရား၊ အနိစ္စအပေါ်မှာ ပေါ်နေရတဲ့ တရားကို ဘယ့်နှယ် ဆိုကြမတုံး (အနိစ္စတရားပါ ဘုရား)။

ဘုရား ပြိုသွားတယ်၊ ထီးချည့် ကျန်နေရစ်တယ်လို့ တော့ မရှိပါဘူး (မှန်ပါ့)၊ ရှိပါ့မလား (မရှိပါဘူး ဘုရား)၊ ဘုရား ပြိုသွားတယ်၊ ထီးချည့် ကျန်နေရစ်တယ် ဆိုတာတော့ (မရှိပါဘူး ဘုရား)။

ဘုရားပြိုရင်၊ ထီးလည်းကျမှာပဲ

ဘုရားမှီ နေတဲ့ထီးကိုး (မှန်ပါ)၊ ဘုရားပြိုရင် (ထီးကော ပြိုပါတယ် ဘုရား)၊ ထီးလည်း အောက်ကျရမှာပဲ ဆိုတာ ဒကာ ဒကာမတွေ သံသယ ရှိသေးလား (မရှိပါဘူး ဘုရား)။

အဲဒီအတိုင်းပါပဲ၊ ကိုယ်ပေါ်မှာမှီနေတဲ့ ဒုက္ခဝေဒနာ ဟာ ကိုယ်အနိစ္စမို့ ဒုက္ခဝေဒနာကော (အနိစ္စပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ ဒုက္ခဝေဒနာ ရှုပြန်လို့ ရှိရင်လည်း ပျက်သင့်လို့ ပျက်တာပဲ၊ ဒီလို ဉာဏ်ကလေးနဲ့ ကြည့်ပေးပါ (မှန်ပါ)။

ဘယ်လိုကြည့်ကြမယ် (ပျက်သင့်လို့ပျက်ပါတယ် ဘုရား)၊ ပျက်သင့်လို့ ပျက်တာပဲလို့ မောင်နိုင် ဟောဒီက မဂ်ငါးပါးနဲ့ ကြည့်ပေးပါ (မှန်ပါ)။

ဒုက္ခဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ခေါင်းကိုက်တဲ့ ဝေဒနာကလေးလည်း ပျက်သင့်လို့ ပျက်တယ်လို့ ရှုပါ (မှန်ပါ့)။ ကျောပေါ်ယားတဲ့ ဝေဒနာလေးလည်း (ပျက်သင့်လို့ ပျက်တာပါ ဘုရား)။

ဝမ်းထဲမှာ နှလုံးမသာယာခြင်း ဒေါမနဿ အကြီး အကျယ် ဖြစ်နေတာကော (ပျက်သင့်လို့ ပျက်တာပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တာ၊ ကိုယ်ပေါ်မှာ မှီတာကိုး (မှန်ပါ)။

ဟဒယဝတ္ထုပေါ် မှီတော့ ဟဒယဝတ္ထု ကိုယ်ကလည်း အနိစ္စမို့ ဒီအပေါ်မှာ ပေါ်တဲ့ ဒေါမနဿကကော (အနိစ္စ ပါ ဘုရား)၊ အဲ ဒေါမနဿ ဆိုတဲ့ ဒုက္ခကလေ (မှန်ပါ)။ အနိစ္စပဲဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)။

မဂ္ဂင်ငါးပါးနဲ့ရှု

ဒါက သမ္ပဇည ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခဝေဒနာကို ဤကဲ့သို့ ပျက်သင့် လို့ပျက်တယ်လို့ နောက်က မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်ပြီ ဆိုမှဖြင့်၊ အင်း ပဋိယာနုသယ ဆိုတဲ့ ဒေါသ လာသေးသလား (မလာ ပါဘူး ဘုရား)။

ဘယ့်နှယ်ကြောင့် မလာပါလိမ့် မောင်နိုင် (ပျက် သင့်လို့ပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တယ် ဆိုတဲ့ မဂ္ဂင်ငါးပါးက ရှုတယ် (မှန်ပါ)

မဂ္ဂင်ငါးပါးထဲမှာ ဘယ်လိုရှုပါလိမ့်၊ ပျက်သင့်လို့ ပျက် တယ် ဆိုတာ မဂ္ဂင်ငါးပါးက သိတယ် (မှန်ပါ့)၊ မပျက်သင့် ဘဲနဲ့ ပျက်တာ မဟုတ်ပါဘူး (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပျက်သင့်လို့ ပျက်တာပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တယ်လို့ မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ မှတ်တော့ ပျက်သင့်လို့ သိတော့ ဘာသေ သတုံး (ဝိစိကိစ္ဆာပါ ဘုရား)၊ ပျက်တာ သိတော့ (ဒိဋ္ဌိ သေပါတယ် ဘုရား)၊ ဂီလာန သုတ်ကျတော့ ဒီလိုဟောတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)။

ဘုရားက လူမမာကိုဟောတာ

ဒါ ဘယ်သုတ်မှာ ဟောတာပါလိမ့် (ဂီလာနသုတ် ပါ ဘုရား)၊ ဂီလာန လူမမာကို ဟောတဲ့နေရာမှာ၊ ဘုရားက သမ္ပဇည ဆိုတာ ဒါကွ (မှန်ပါ)။

သတိကတော့ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိတာက (သတိပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တယ်လို့ သိတာက (သမ္ပဇည) သမ္ပဇည သဘောကျပလား (ကျပါတယ် ဘုရား)။

အင်း ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိတာက (သတိပါ ဘုရား)၊ ပျက်သင့်လို့ ပျက်တယ်လို့ သိတာက (သမ္ပဇညပါ ဘုရား) သမ္ပဇည ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မကျန်းမာတဲ့အခါ ဒေါမနဿဖြစ်တဲ့ အခါမှာလည်းတဲ့ သူ့ကိုရှုရမယ် (မှန်ပါ)၊

ဪ ပျက်သင့်လို့ ပျက်တာပဲလို့ နောက်က မဂ္ဂင် (၅)ပါး နဲ့ ရှု ရှုပေးရမယ် (မှန်ပါ့)။

ဖြစ်ပျက်ကလေး ရှုပေးပါ (မှန်ပါ)၊ ရှုတော့ကို ဒကာ ဒကာမတွေ မပြားစီပါနဲ့၊ စကားသာ ထူးအောင်ပြောတာပါ (မှန်ပါ)၊ ရှုတော့ ခင်ဗျားတို့ ဖြစ်ပျက်ပဲ ရှုတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ရှုတော့ ဘာရှုရမတုံး (ဖြစ်ပျက်ပဲ ရှုရမှာပါ ဘုရား)။ အင်း ရှုတော့ ဖြစ်ပျက်ပဲ ရှုပါတဲ့၊ သို့သော်လည်း ဒကာ ဒကာမတွေက ဘယ့်နှယ်ကြောင့်များ ပျက်ပါလိမ့်မလဲများ၊ လာ တဲ့အချိန်၊ တစ်ခါတလေ ကြားထိုးလာတော့ ဝိစိကိစ္ဆာ လာချင် လာမယ် (မှန်ပါ့)။

အကြောင်းပျက်လို့ အကျိုးပျက်တာ

ဪ ပျက်သင့်လို့ ပျက်တာပဲ၊ အကြောင်းကိုက အနိစ္စမို့ အကျိုးက (အနိစ္စပါ ဘုရား)၊ ဒါ သံသယ ဝင်လာရင် ဒါလေးနဲ့ ဖြေလိုက် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သံသယဝင်လာရင် ဒါနဲ့ဖြေလိုက်၊ ပျက်သင့်လို့ (ပျက် တာ)၊ အေး အကြောင်း ပျက်လို့ (အကျိုး ပျက်တာပါ ဘုရား)။ ဪ ဒီလိုဆိုတော့ သမ္ပဇည ရှုနည်းဟာ ကိုက် တယ် (မှန်ပါ)။

ကဲ ပြန်မေးတယ် ဒကာ ဒကာမတို့ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိရင် ဘာဆိုကြမယ် (သတိပါ ဘုရား) ပျက်သင့်လို့ ပျက်တာလေးကို ဉာဏ်ထဲ ရှင်းနေရင် (သမ္ပဇညပါ ဘုရား) သမ္ပဇည။

သမ္ပဇည ဆိုတာ ပညာ (မှန်ပါ့) သတိက သတိစေတသိက်၊ သမ္ပဇညက ပညာစေတသိက် မကွာဘူးလား (ကွာပါတယ် ဘုရား)။

သတိက (သတိစေတသိက်ပါ ဘုရား) ပညာက (ပညာစေတသိက်ပါ ဘုရား) သတိက သတိပဲ ရှိတယ် (မှန်ပါ)။

ေဩာ် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိထားလို့ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိတာပဲ (မှန်ပါ့) ပျက်သင့်လို့ ပျက်တာလို့ သတိက ဒီလိုမရှုဘူး။

ဘယ်သူက ရှုနိုင်ပါလိမ့် (ပညာက ရှုနိုင်ပါတယ် ဘုရား) သမ္ပဇည ဆိုတဲ့ပညာကမှ ရှုနိုင်တယ်တဲ့၊ ဒီနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အင်း ဒါဖြင့် ဒကာဒကာမတွေ ဘုန်းကြီးက ဟေ့၊ ကမ္မဋ္ဌာန်း ကျောင်းမှာ ရှုကြဟေ့၊ ရှုကြဟေ့၊ ဒကာတွေလည်း – ရှုကြဟေ့ ရှုကြဟေ့ အပျက်ကလေး တွေ့တယ်ဘုရား။

ဘယ့်နှယ်ကြောင့် ပျက်ပါလိမ့်

အေး- အပျက်ကလေးတွေ့လို့ရှိရင်ဖြင့်ကွာ နေရာကျပြီ၊ ဖြစ်ပျက် ကလေးတွေ တွေ့ပြီ ဖြစ်ပြီး ပျက်တာကလေးတွေ တွေ့တွေ့ အပျက် ကလေးတွေပဲ တွေ့တွေ့ တွေ့ချင်တာတွေ့ ဘယ့်နှယ်ကြောင့် ပျက်ပါလိမ့်မတုံး လာတဲ့အချိန်မှာ ဒါလေး ဖြည့်စွက်လိုက် (မှန်ပါ့)။

ပျက်သင့်လို့ (ပျက်တာပါ ဘုရား) ဘာပြုလို့ အကြောင်းကိုက အနိစ္စမို့ (အကျိုးဟာ အနိစ္စပါ ဘုရား) မှီရာက အနိစ္စမို့ မှီတတ်တဲ့တရားဟာ (အနိစ္စပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီလို သမ္ပဇညလေးနဲ့ သွင်းရှုလိုက်မယ် ဆိုလို့ရှိရင်ဖြင့် ကွာတဲ့ သာလို့ပင် နေရာကျတယ်၊ ဘယ်လို နေရာကျသတုံးကို ငါဘုရား ဟောပြမယ်ကွာ ဆိုတော့၊ ဒီဒုက္ခဝေဒနာလေးဟာ ကိုယ်ပေါ်မှာ မပေါ်လား (ပေါ်ပါတယ် ဘုရား)။

အဲဒီ ဒုက္ခဝေဒနာလေးဟာ ပျက်သင့်တော့ ဖျတ်ဆို ပျက်မသွားဘူးလား (ပျက်သွားပါတယ် ဘုရား) ပျက်သွားတဲ့ အခါကျတော့ကို ပျက်တာလေးကို ဒီကနေပြီး ဒကာ ဒကာမ တွေက မဂ္ဂင်နဲ့ မမြင်လိုက်ရဘူးလား (မြင်လိုက်ရပါတယ် ဘုရား)။

မဂ္ဂင်ကဝင်ပြီးမြင်လိုက်တယ်

အင်း ဤကဲ့သို့ မြင်လိုက်တဲ့ အခါကျတော့၊ အင်း မဂ္ဂင်က ဝင်ပြီး မြင်လိုက်တဲ့ အတွက်တဲ့၊ ဒုက္ခဝေဒနာ နောက်က ကျုပ်မကျေနပ်နိုင်ပါဘူး ဆိုတဲ့ ဒေါသတို့ သောကတို့ လိုက်သေးရဲ့လား (မလိုက်ပါဘူး ဘုရား)။

ဪ ဒေါသပဋိဃ ဆို တဲ့ အနု သယလို့ ဟောတော့ ပဋိယာနုသယ လိုက်သေးရဲ့လား (မလိုက်ပါ ဘူး ဘုရား)။

သမ္ပဇည က ဒါသတ်တာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ သမ္ပဇည ကတော့ (သတ်နိုင်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ်ပေါ်မှာ ဒုက္ခ ဝေဒနာပေါ်လာလို့ ရှိရင်လည်း ပျက်သင့်လို့ ပျက်တယ်။ ဖြစ်ပျက်ကလေးရှုတိုင်းရှုတိုင်း သော် ဒီဥစ္စာလေးဟာ ပျက်ပြီ ပျက်ပြီလို့သာ ရှုနေ (မှန်ပါ့)။

ဘယ့် နှယ်ကြောင့် ပျက်ပါလိမ့်မတုံးလာတဲ့ အခါ ပျက်သင့် လို့ ပျက်တယ်သာရှု (မှန်ပါ့) အကြောင်းကိုက ပျက်တဲ့ တရားမို့ (အကျိုးကလည်း ပျက်ပါတယ် ဘုရား)။

ဖြစ်ပေါ်တဲ့ အကျိုးကလည်း ပျက်ရတယ်ဆိုတော့ ရှင်းမသွားဘူးလား (ရှင်းပါတယ် ဘုရား) ဒါဖြင့် ဒီရှုနည်း သည် ဒကာ ဒကာမတို့ ဘာရှုနည်းတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

သောတာပန်ရှုနည်း

ဒိဋ္ဌိ၊ ဝိစိကိစ္ဆာသတ်ပြီးရှုတဲ့ ရှုနည်း ဖြစ်သောကြောင့် သောတာပန်ရှုနည်း (မှန်ပါ)။

ဘယ်သူ ရှုနည်းပါလိမ့် (သောတာပန်ရှုနည်းပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို ရှုလိုက်လို့ ရှိရင်ဖြင့်၊ သောတာပန်ရှုနည်းဖြင့် ဒီပုဂ္ဂိုလ်ဟာ သောတာပန် ငယ် မဖြစ်သေးတောင် သောတာပန်မျိုးစေ့ ဖြစ်တယ် (မှန်ပါ့)။

ဆိုနိုင်ပလား (ဆိုနိုင်ပါတယ် ဘုရား) သောတာပန် မျိုးစေ့ဖြစ်ပြီလို့ ဦးခန့်တို့ ဦးဘကလေးတို့ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်လို့ရှိရင် ဒါရင့်သွားလို့ရှိရင် သောတာပန်လေးက သောတာပန်ကြီး ဖြစ်ရမယ် (မှန်ပါ့) မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား) ကောင်းကောင်း သဘောပါပလား (ပါပါပြီ ဘုရား)။ ဒါဖြင့် မောင်နိုင်- ဒုက္ခဝေဒနာလည်း ရှုတတ်ပလား (ရှုတတ်ပါပြီ ဘုရား) ပျက်သင့်လို့ (ပျက်သွားတာပါ ဘုရား) ကိုယ်ရှုတာဖြင့် အဲဒါတွေ လိုက်မနေပါနဲ့။

ပျက်ပြီလို့သိနေရင်ပြီးတာပဲ

ဪ ပျက်ပြီ ပျက်ပြီလို့ သိရင်ပြီးတာပဲ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ပျက်ပြီ ပျက်ပြီလို့ သိနေရင် (ပြီးတာပါပဲ ဘုရား)။

ပြီးတာပါပဲတဲ့၊ တကယ်လို့ ဆရာက မဟောထားလို့ ရှိရင် ခင်ဗျားတို့မှာ လာလိမ့်မယ် (မှန်ပါ) အပျက်တွေက များလိုက်တာ၊ ဘယ့်နှယ်ကြောင့် ဒီလောက် ပျက်ပါလိမ့် လာမယ်၊ မလာဘူးလား (လာမှာပါ ဘုရား)။

အပျက်တွေက များလိုက်တာ ဘယ့်နှယ်ကြောင့် ဒီလောက် ပျက်ပါလိမ့်မတုံး၊ ဘယ့်နှယ် ကြောင့် ဒီလောက်ပျက် ပါလိမ့်မတုံး ဆိုကတည်းက အကြောင်း မသိမ်းဆည်းမိဘူး (မှန်ပါ)။

ဝိစိကိစ္ဆာပါပြီ (မှန်ပါ့) ရှုတာ ရှင်းရှင်းလင်းလင်း ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ဘာပါနေသတုံး (ဝိစိကိစ္ဆာ ပါနေပါတယ် ဘုရား) သံသယဝိစိကိစ္ဆာ မပါဘူးလား (ပါပါတယ် ဘုရား)။

အဲတော့ ဘုန်းကြီးက ရှင်းပေးလိုက်တယ်၊ ဘုရားက ရှင်းပေးလိုက်တယ်၊ အကြောင်းကိုက အနိစ္စမို့၊ မှီတဲ့ အကျိုး ကလေးကကော (အနိစ္စပါ ဘုရား)။

ကိုယ့်ကိုယ်က အနိစ္စမို့ ကိုယ်ပေါ်မှာပေါ်တဲ့ မမာ မကျန်းတဲ့ ဒုက္ခဝေဒနာလေး ဘာဆိုမယ် (အနိစ္စပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီလိုကြည့်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ သမ္ပဇည ပါတယ် (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် သမ္ပဇည ပါတယ်လို့ ဆရာဘုန်းကြီးက ဟောရ၊ ဘုရားက ဟောရသတုံး ဆိုတော့ ကိုမြင့်တို့၊ မောင်နိုင်တို့က မေးလို့ရှိရင် ဝေဒနာပေါ်လို့ ဝေဒနာမှန်း သိတာက သတိပဲ ရှိတာပဲ (မှန်ပါ)။

သမ္မာဒိဋ္ဌိက ဝိစိကိစ္ဆာသတ်တယ်

ခုဟာကတော့ မဟုတ်ဘူးတဲ့၊ ပျက်သင့်လို့ လို့ သိ ကတည်းကိုက ဟောဒီထဲမှာ သမ္မာဒိဋ္ဌိ မဂ္ဂင်က ပျက်သင့်လို့လို့ သူက ထွက်လာတာမို့လား (မှန်ပါ)။

ဒီထဲက သမ္မာဒိဋ္ဌိက ဝိစိကိစ္ဆာ သတ်တယ် (မှန်ပါ)၊ မသတ်သေးဘူးလား (သတ်ပါတယ် ဘုရား)။

ပျက်တယ်ဆိုတော့ ဒိဋ္ဌိသတ်တယ်

ပျက်တယ် ဆိုကတည်းက ဒီမဂ္ဂင်ငါးပါးက ဒကာ ဒကာမ တို့ ဒိဋ္ဌိသတ်တယ် (မှန်ပါ)၊ မသတ်ဘူးလား (သတ်ပါ တယ် ဘုရား)၊ ဒါဖြင့် ပျက်သင့်လို့ ဆိုကုန်းက မဂ္ဂင်းငါးပါးက ဝိစိကိစ္ဆာ သတ်တယ် (မှန်ပါ)။

ပျက်တာလေး မြင်လိုက်တဲ့အခါ (ဒိဋ္ဌိသတ်ပါတယ် ဘုရား)၊ ဒိဋ္ဌိသတ်တယ် ဆိုတော့ ဒီမဂ္ဂင်ငါးပါးသည် ဒကာ ဒကာမ တို့ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ရင်း ရှုနေတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာကိုရှုနေတာပါလိမ့် (ဒိဋ္ဌိဝိစိကိစ္ဆာသတ်ရင်း ရှု ပါတယ်)၊ ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ရင်း ရှုနေတာ ဆိုတော့ ဒကာ ဒကာမတို့ သံသယရှိဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။ ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်ဆိုပြီး ရှုသာ ရှု၊ ရှုသာရှု နေနော်၊ အင်း ကိုယ်ပေါ်မှာ ခေါင်းကိုက်လည်း ဖြစ်ပျက်ပဲရှု၊ လည်နာရင်ကော (ဖြစ်ပျက်ပဲရှုရမှာပါ ဘုရား)။

လေအောင့်ရင်ကော (ဖြစ်ပျက်ပဲရှုရမှာပါ ဘုရား)။ အင်း ယားရင်ကော (ဖြစ်ပျက်ပဲရှုရမှာပါ ဘုရား)၊ ဖြစ် ပျက်ပဲရှုနေပါ။ မနေနိုင်အောင်ဖြစ်နေတယ် ဆိုရင်ကော (ဖြစ် ပျက်ပဲရှုရမှာပါ ဘုရား)။

အင်း ဖြစ်တဲ့နေရာလေးကိုသာ ဒကာ ဒကာမတွေ က ဖြစ်ပျက်ရှုနေ၊ ဒီလို ရှုပြီး သကာလ နေတဲ့ အခါကျတော့၊ ဒကာ ဒကာမတွေ သန္တာန်မှာ ရှင်းပြီး သကာလ ပြောပါ့မယ်၊ ဖြစ်ပုံ ကလေးကို ခင်ဗျားတို့က ဝေဒနာက၊ ဝေဒနာဖြစ်ပျက် မရှူနိုင်လို့ ရှိရင် မောင်နိုင်က စဉ်းစား။

ဝေဒနာက သိပ်နာတာပဲဘုရား၊ ဒါကြောင့် မခံမရပ် နိုင်အောင် ဖြစ်နေတယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဝေဒနာ နာလို့ မခံမရပ်နိုင်အောင် ဖြစ်နေတယ် ဆိုတဲ့ဒေါသ (မှန်ပါ့)။

ဝေဒနာကြောင့် ဒေါသဖြစ်

ဒါဖြင့် ဝေဒနာကြောင့် ဒကာ ဒကာမတွေ ဘာဖြစ် နေတုံး ဆိုတော့ မခံမရပ်နိုင်တဲ့ ဒေါသ ဖြစ်နေတယ်။ ဝေဒနာ နောက်က သောက၊ ပရိဒေဝ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနာက နာတာလား၊ သူ့ကုရတာ ဒေါသ ဒေါမနဿကုရတာက ခက်နေတာလား။

ဦးခန့်တို့ ပြောကြတယ်၊ သက်သာမှု ရအောင် ခင်ဗျား ဝေဒနာ ဘာမှမဖြစ်ဘူး၊ ကျုပ် ဆေးတစ်ခွက် သောက်ရင် ပျောက် တယ်လို့ ဆိုတော့၊ ဒီဝေဒနာ သေမယ် ထင်နေတာလေးဟာ၊ ခင်ဗျားက ဒီဝေဒနာ ဘာမှမဖြစ်လောက်ဘူး ဆိုတော့၊ ဒီ ဒေါ မနဿ ချုပ်လိုက်တော့ သက်သာ သွားတာပေါ့ဗျ (မှန်ပါ့)။

ဒီမှာလည်း ခက်တာက သူ့ဒေါမနဿက ခက်နေတာ လား (ဒေါမနဿက ခက်နေတာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မြွေကိုက်တာလို့ပြော

ဝေဒနာက ခက်တာလား၊ ဒေါမနဿက ခက်တာလား (ဒေါမနဿက ခက်တာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ မယုံရင် တို့ကြည့်တဲ့၊ ခင်ဗျားတို့ သမန်းမြက်ကလေး ရှကြည့်၊ အမှောင်ထဲမှာ ဘေးက လူကပြော မြွေကိုက်တာလို့သာပြော၊ ဟောဒီလူဟာ အသေအချာ ကြောက်တယ် (မှန်ပါ့)။

ဘာပြုလို့တုံး ဝေဒနာကြောင့်လား၊ ဒေါမနဿကြောင့် လား (ဒေါမနဿကြောင့်ပါ ဘုရား)၊ မင်းဟာ သမန်းမြက်ကွ မင်းမြွေဆိပ်ကို လုံးဝ မရှိဘူး ဆိုရင် ထထိုင်တယ် (မှန်ပါ့)။

မထိုင်ဘူးလား ထိုင်လား (ထိုင်ပါတယ် ဘုရား)၊ ဒါ ကြောင့် ဝေဒနာက ခက်တာလား၊ သူ့နောက်က လိုက်တဲ့ ဒေါသ သတ္တိက ခက်တာလား (ဒေါသ သတ္တိကခက်တာပါ ဘုရား)။

ဝေဒနာဟာ အလွယ်လေးရယ် (မှန်ပါ)၊ ဘာခက် နေတုံး (ဒေါသခက်နေပါတယ် ဘုရား)၊

ဒါကြောင့် ဘုရားက အဲဒီလို မင်းတို့ အကြောင်းပျက်လို့ အကျိုးပျက်တယ်လို့ ရှုလိုက် လို့ရှိရင် ဒီက မဖြစ်ဘူးကွ။

အနိစ္စသာ တွေ့တော့တယ်တဲ့၊ ဒီက ဒေါမနဿက ချုပ် တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ် မှာ ဒေါမနဿ ပဋိဃ လိုက်ရဲ့လား (မလိုက်ပါဘူး ဘုရား)၊ ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်သာတွဲနေပါစေ

ကောင်းပြီ ဒါဖြင့် ဖြစ်ပျက် မဂ်၊ ဖြစ်ပျက်မဂ်၊ ဒါသာ တွဲ နေပစေ။ ဒကာ ဒကာမတွေ ရှုတဲ့ အခါကျတော့ (မှန်ပါ့)၊ ဒီက ဖြစ်ပျက် ဒီကဖြစ်ပျက် သိတာ (မှန်ပါ)။

ဒီ အာရုံက ဘာတုံး (ဖြစ်ပျက်ပါ ဘုရား)၊ အင်း ရှုတာက (မဂ်ပါ ဘုရား)၊ ဖြစ်ပျက်လို့ သိတာ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အာရုံက ဘာပါလိမ့် (ဖြစ်ပျက်ပါ ဘုရား)၊ အင်း ရှုတာက (ဖြစ်ပျက်သိတာပါ ဘုရား)၊ အင်း ဖြစ်ပျက်လို့ သိတာ၊ အဲဒီဖြစ်ပျက်နဲ့ ဖြစ်ပျက်လို့သိတာနဲ့တင်ဆိုတော့၊ ဒီကြား ထဲမှာ မခံမရပ် နိုင်တာတွေ လာသေးသလား (မလာတော့ ပါဘူး ဘုရား)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် လူမမာ ကု ခက် တာလား၊ သူ့ အကုခတ်တာလား၊ သူ့စိတ် အကုခတ်တာလား (သူ့စိတ် အကုခတ်တာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ်ကိုအရင်ကုပေးပါ

ဒါဖြင့် လူမမာဟာ ဘာမှမခက်ဘူး (မှန်ပါ့)၊ သဘော ကျပလား (ကျပါတယ် ဘုရား)၊ ဘာအကုခက် နေတာတုံး (စိတ် အကုခက်နေပါတယ် ဘုရား)၊ သူ့ ဒေါမနဿစိတ် အကုခက် နေတယ်၊ ဦးခန့် နားလည်လား (နားလည်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ဆရာလုပ်တဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာ အရင်မကုနဲ့၊ စိတ်ကို အရင်ကုပေး (မှန်ပါ့)၊ ဝေဒနာခဏလေး ကုရတယ်၊ ဝေဒနာ? ပေးလိုက်ရင် မပျောက် ဘူးလား (ပျောက်ပါတယ် ဘုရား)။

သူ့စိတ်က သေမယ်ထင်နေတာလေးကို သေမယ်မထင် အောင် လုပ်ပစ်မှ၊ သေမယ်ထင်နေတဲ့ ဒေါမနဿလေး မရှိဘူး လား (ရှိပါတယ် ဘုရား)။

အဲဒါ အရင်ကု၊ ဒါ အရင် ကုလိုက်လို့ရှိရင် ခင်ဗျား ဒီဥစ္စာ ကုဖို့ အလွယ်လေးရယ် (မှန်ပါ့)၊ သူ ရောက်နေတဲ့ ခေါင်း ကိုက်၊ လေနာ၊ ရင်နာဟာလေ (မှန်ပါ့)၊ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

ဘုရားက လူမမာကိုကုတာ

အခု ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ဘုရားက ဂီလာနကို ကုတာ သဘော ကျပလား (ကျပါတယ် ဘုရား)။

မင်းကွာတဲ့ အကြောင်းပျက်လို့၊ ကိုယ်တည်းဟူသော အကြောင်းက အနိစ္စမို့၊ ကိုယ်ပေါ်မှာ ပေါ်တဲ့ မမာတဲ့ ဝေဒနာ ဟာလည်း အနိစ္စပါပဲလို့ မင်းရှုစမ်းပါ (မှန်ပါ)။

အဲဒီလို ရှုလိုက်တော့ လူမမာမယ် ဒီဝေဒနာနဲ့ ဒီတောင်က တက်ပါ့မလားဆိုတဲ့ ဒေါမနဿ ရှိသေးလား (မရှိပါဘူး ဘုရား)၊ မရှိတော့ သေလည်း ဒေါမနဿ မပါဘူး (မှန်ပါ)။

အနိစ္စ မဂ္ဂနဲ့သာ သေတယ် (မှန်ပါ)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)၊ ဘာနဲ့သေတုံး (အနိစ္စမဂ္ဂပါ ဘုရား)၊ အနိစ္စဉာဏ်နဲ့ သေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာနဲ့သေတုံး (အနိစ္စဉာဏ်နဲ့သေပါတယ် ဘုရား)၊ ဒီလိုမှ ဝိပဿနာဉာဏ် မပါဘူးဆိုတော့ ဒီဝေဒနာနဲ့ မသေဘူး၊ သူ့ ဒေါမနဿနဲ့သေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဦးဘလေး ဘာနဲ့ သေတုံး (ဒေါမနဿနဲ့ သေပါတယ် ဘုရား)၊ ဒေါမနဿနဲ့ သေတော့ ဒေါမနဿ၊ သောက၊ ပရိဒေဝ၊ အဝိဇ္ဇာ၊ ဇာတိ၊ ဇရာ၊ မရဏ ဟိုဘက် သံသရာ မရှည်သွားဘူး လား (ရှည်သွားပါတယ် ဘုရား)။

ဘုရားရဟန္တာများမှာတော့

ဒါကြောင့် ဒီနေ့ ပိုမိုပြီး ရှင်းပေးပါ့မယ် ဒကာ ဒကာမတွေ နော်၊ ဘုရား, ရဟန္တာများမှာ ကိုယ်လည်း ရှိတာပဲ၊ အနာဆိုတဲ့ ဒုက္ခဝေဒနာကော (ရှိပါတယ် ဘုရား)၊ ရှိတယ်တဲ့။

ကိုယ်ရှိရင် ဒုက္ခဝေဒနာလည်းရှိရမယ် (မှန်ပါ့)၊ သို့သော် ပုထုဇဉ်တွေလို နောက်က ဒေါမနဿ မလိုက်ဘူး (မှန်ပါ့)၊ ဒေါမနဿ ပဋိဃတွေ လိုက်ပါသတဲ့လား (မလိုက်ပါဘူး ဘုရား)။

ကာယိကဒုက္ခသာရှိတယ်

မလိုက်တဲ့အတွက် သူတို့မှာ ကာယိက ဒုက္ခသာရှိ တယ်။ စေတသိက ဒုက္ခမရှိဘူး (မှန်ပါ့)၊ စိတ်ထဲမှာ ပေါ်တဲ့ ဒုက္ခ (မရှိပါဘူး ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကာယိက ဒုက္ခကော (ရှိပါတယ် ဘုရား)၊ စေတသိက ဒုက္ခတော့ (မရှိပါဘူး ဘုရား)၊ အဲဒါကြောင့် သူတို့မှာ သံသရာ စခန်းသိမ်းတယ် (မှန်ပါ)။

ပုထုဇဉ်များမှာတော့

ပုထုဇဉ်မှာ သံသရာစခန်းလည်တယ် ဆိုတာ ဒကာ ဒကာမတွေ အသေအချာမှတ်ပါ။ ကိုယ်ပေါ်မှာ ဒုက္ခ၊ ဝမ်းထဲမှာ ဒေါမနဿ အဲဒါကြောင့်သွားတာ။

ဒါဖြင့် ဝေဒနာက အပါယ်ချတာလား၊ ဝေဒနာနောက် က ဒေါမနဿက အပါယ်ချတာလား (ဝေဒနာနောက်က ဒေါမနဿပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဝေဒနာလည်းရောက်၊ အပါယ် လည်းရောက် (မှန်ပါ့)၊ ဘယ့်နှယ် ဖြစ်နေကြတုံး (ဝေဒနာ လည်းရောက်၊ အပါယ်လည်း ရောက်ပါ ဘုရား)။

ဒါဖြင့် ဒီလို ဝေဒနာနုပဿနာကို သမ္ပဇည ပေးမယ့် ဆရာ မရှိဘဲနဲ့ သေသွားတဲ့ ဒကာ ဒကာမတွေ မောင်နိုင်တို့ ကိုမြင့်တို့ ဘယ်များ သွားကြပါလိမ့်မတုံး (အပါယ် သွားပါ တယ် ဘုရား)။

ဒီနည်းမရရင် အပါယ်သွားမယ်

အကုန် အပါယ်သွား (မှန်ပါ့)၊ ဒီနည်းကို မရဘူးဆို ရင် ဘယ့်နှယ် ဆိုကြမတုံး (အပါယ်သွားပါ ဘုရား)၊ အကုန် အပါယ် သွားတယ် ဒကာ ဒကာမတို့ ဘယ်သူမှ တားလို့မရဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို အရိယာ ဖြစ်တာ မဖြစ်တာ နောက်မှ ဝေဒနာ ကိုယ်ပေါ်မှာပေါ်တဲ့ ဝေဒနာကို အင်း အကြောင်း ပျက်လို့ အကျိုးပျက်တာပဲ ရှိပါစေ (မှန်ပါ့)။

ရှုလို့ရှိရင် ဒီ ဒေါမနဿ လာသေးရဲ့လား (မလာပါ ဘူး ဘုရား)၊ ဒါဖြင့် သူသည် အနိစ္စဇောနဲ့ သေသွားလေရဲ့ (မှန်ပါ)၊ ဆိုနိုင်ပလား (ဆိုနိုင်ပါတယ် ဘုရား)။

သူက ဖြစ်ပျက်၊ ဝိပဿနာမဂ်က အနိစ္စဇော၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒီလို သေသွားတော့ကို သူ သုဂတိပဲ သွားရမယ်၊ မသွားရပေဘူးလား (သွားရပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါးပြည့်သွားရင်နိဗ္ဗာန်

အကယ်၍ မဂ္ဂင်ရှစ်ပါး ပြည့်သွားလို့ရှိရင်လည်း ဒကာ ဒကာမတို့ နိဗ္ဗာန်ပဲ သွားမယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ- ဒါဖြင့် ပုထုဇဉ်နှင့် အရိယာ ဘာကွာတယ် ဆိုတာ ကော ယနေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုထုဇဉ်က ကိုယ်ပေါ်မှာ ဒုက္ခ၊ ဝမ်းထဲက ဒေါမနဿ (မှန်ပါ)၊ ဦးခန့် သွားပြီ၊ ကိုယ်ပေါ်မှာ (ဒုက္ခ)၊ ဝမ်းထဲမှာ (ဒေါမနဿ)။

ကိုယ်ပေါ်က ဒုက္ခ၊ ဝမ်းထဲက မဂ္ဂ

အဲ အရိယာကတော့ ကိုယ်ပေါ်မှာ ဒုက္ခ ဟုတ်လား၊ အင်း ဝမ်းထဲက မဂ္ဂ၊ မကွာဘူးလား (ကွာပါတယ် ဘုရား)၊ ကိုယ်ပေါ်မှာ (ဒုက္ခ)၊ ဝမ်းထဲက (မ)၊ ဒီလိုသွား တယ် ဒေါမနဿ မဟုတ်ဘူး။

ကာယိကဒုက္ခသာ ရှိတယ်၊ စေတသိကဒုက္ခ မရှိဘူးတဲ့။ ကောင်းကောင်း ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)၊ လုပ် တတ်ကြပလား (လုပ်တတ်ပါပြီ ဘုရား)။

ဒါဖြင့် ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက်ရှုလိုက် တဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဘယ်သူ့ သတ်တာပါလိမ့်မတုံး ဆိုတော့၊ အို ဒေါမနဿ သတ်တာ (မှန်ပါ)၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ကဲ- အားလုံး ဒကာ ဒကာမတွေ နေရာကျပြီ (ကျ ပါပြီ ဘုရား)၊ ဒါဖြင့် ဥပေက္ခာ သွားကြဦး စို့နော်၊ ဥပေက္ခာ သွားကြ ဦးစို့ဆိုတော့။

ဥပေက္ခာဆိုတာလည်း ဒါ ဥပေက္ခာ ဝေဒနာလို့ မှတ်တာ ပေါ့၊ ကိုယ်ပေါ်မှာ ပေါ်တာပဲတဲ့ (မှန်ပါ)၊ မျက်လုံးဆိုတာ လည်း ကိုယ်ပဲ၊ နားဆိုတာကော (ကိုယ်ပါပဲ ဘုရား)။

နှာခေါင်းဆိုတာကော (ကိုယ်ပါ ဘုရား)၊ လျှာကော (ကိုယ်ပါ ဘုရား)၊ အင်း ဒကာ ဒကာမတို့ ဝမ်းထဲက ဟဒယဝတ္ထု ပေါ်မှာကော (ကိုယ်ပေါ်မှာပါ ဘုရား)၊ ကိုယ်ပဲ ဆိုကြပါစို့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စပေါ်မှာမှီနေလို့ အနိစ္စဖြစ်တာ

အဲဒီအပေါ်မှာ ဥပေက္ခာဝေဒနာ ပေါ်မှာပဲ (မှန်ပါ)၊ ပေါ်တဲ့ အခါကျလို့ရှိရင် ကိုယ်ဟာ အနိစ္စမို့ ပေါ်တဲ့ဥပေက္ခာ ဝေဒနာကော (အနိစ္စပါ ဘုရား)၊ သဘောကျပလား (ကျ ပါတယ် ဘုရား)။

ဒါဖြင့် ပျက်သင့်လို့ ပျက်တာ (မှန်ပါ)၊ အနိစ္စအပေါ် မှာ မှီနေလို့ အနိစ္စဖြစ်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

အနိစ္စပေါ်မှာမှီနေလို့ (အနိစ္စဖြစ်တာပါ ဘုရား)။ အနိစ္စဖြစ်တာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ အနိစ္စပေါ်မှာ မှီနေလို့ရှိရင် ဘာသေသတုံး (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ဒါကြောင့် အနိစ္စ ဖြစ်တာပဲလို့ ဆုံးဖြတ်ချက်ချရင် (ဒိဋ္ဌိပါတယ် ဘုရား)၊ ရှုနည်းကိုက ရှုလိုက် ကတည်းကိုက ဒကာ ဒကာမတို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပြီးသား (မှန်ပါ့)။

သောတာပန်ဘာကြောင့်ဖြစ်တုံး

သောတာပန် ဘာကြောင့်ဖြစ်တုံး ဒိဋ္ဌိ ဝိစိကိစ္ဆာ သေလို့ သောတာပန်ဖြစ်တာ (မှန်ပါ)၊ ခင်ဗျားတို့လည်း ရှုဆဲမှာ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ခု ဒီနေ့ပြောတဲ့နည်းဟာ မသေဘူးလား (သေပါ တယ် ဘုရား)။

ပျက် သင့်လို့ သိရင် (ဝိစိကိစ္ဆာသေပါတယ် ဘုရား)။ ပျက်တာကို သိရင် (ဒိဋ္ဌိသေပါတယ် ဘုရား)၊ ပျက်သင့်လို့ လို့သိရင် (ဝိစိကိစ္ဆာသေပါတယ် ဘုရား)၊အင်း ပျက်တာကို သိရင် (ဒိဋ္ဌိ သေပါတယ် ဘုရား)။

ဖြစ်ပျက်ကိုပဲ ရှုပါ

အဲ- အဲတော့၊ ခင်ဗျားတို့ ရှုတော့ကို ဖြစ်ပျက်ကိုပဲ ရှုပါ လို့ ဆရာဘုန်းကြီးက ထပ်ပြန်တလဲလဲ သတိပေးတယ် (မှန် ပါ့)။

သို့သော် ဘယ့်နှယ်ကြောင့် ဒီဥစ္စာ ခဏခဏ ဖြစ်ပေါ် ပြီး ပျက်နေပါလိမ့်မတုံး ဆိုတဲ့ အခါကျတော့၊ ကိုယ် ကိုယ်က အနိစ္စမို့၊ ကိုယ်မှီတဲ့ တရားက အနိစ္စဖြစ်တာပေါ့လို့ ခင် ဗျားတို့က ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ချတတ်ကြပလား (ချတတ်ပါတယ် ဘုရား)၊ အဲဒီကဲ့ သို့ ချတတ်တော့ကိုး၊ ဪ ရှုရင်းမတ္တနဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ သေ တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောပြီ ဂီလာနကို မင်း ဒီလို ရှုတတ်ပလား၊ ပျက်သင့်လို့ ပျက် တယ်လို့ မင်းရှုတတ်ပလား။

သုခဝေဒနာလည်း ပျက်သင့်လို့ ပျက်တယ်၊ ဒုက္ခ ဝေဒနာလည်း (ပျက်သင့်လို့ ပျက်ပါတယ် ဘုရား)၊ ဥပေက္ခာ ဝေဒနာကော (ပျက်သင့်လို့ ပျက်ပါတယ် ဘုရား)။

အဲ ဝေဒနာ သုံးပါးပဲ ရှိပါတယ် ဒကာ ဒကာမတို့ များများ ရှိပါရဲ့လား (မရှိပါဘူး ဘုရား)၊ အင်း ရှိတဲ့ ဝေဒနာ လည်း ဘယ်လိုပါလိမ့် (ပျက်သင့်လို့ပျက်တာပါ ဘုရား)။

ပျက်သင့်လို့ပျက်တာချည့်ပဲ

ပျက်သင့်လို့ ပျက်တာချည့်ပဲ၊ မပျက်သင့်ဘဲ ပျက်တာ တစ်ခုမှ မပါဘူး (မှန်ပါ)၊ ပါကြရဲ့လား (မပါပါဘူး ဘုရား)၊ ဘယ်လိုပါလိမ့် (ပျက်သင့်လို့ပျက်တာပါ ဘုရား)၊ သေချာပြီနော် (သေချာပါပြီ ဘုရား)။

ဒါ ဂီလာနရဟန်းကို ဘုရားက ဝေဒနာသံယုတ်မှာ ဟောနေတာ (မှန်ပါ့)၊ ဝေဒနာသံယုတ်မှာ ဂီလာန ရဟန်းကို ဟောနေတယ်ဆိုတာ အသေချာအမှတ်ပါ (မှန်ပါ့)။

ပျက်သင့်လို့ ပျက်တာကို ဒါမှ သမ္ပဇညကွတဲ့ (မှန် ပါ့)၊ ဝေဒနာပေါ်တယ်လို့ သိတာက သတိ (မှန်ပါ့)၊ ပျက်သင့် လို့ ပျက်တယ်လို့သိရင် (သမ္ပဇည)။

အဲ သမ္ပဇည ဆိုတာ ပညာပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေက ရှုလိုက်တော့ ‘‘သတော ဘိက္ခဝေ ဘိက္ခု သမ္ပဇာနော ကာလံ ခယေယျ။’’

ပညာဝင်အောင်လုပ်စမ်းပါ

ဘိက္ခဝေ = ရဟန်းတို့၊ သတော = သတိရှိသည်ဖြစ်၍၊ ဘိက္ခု= ရဟန်းသည်၊ သမ္ပဇာနော = ပညာရှိသည်ဖြစ်၍၊ ကာလံ – ရှုတဲ့ကာလကို၊ ခယေယျ – မင်းတို့သည်ကားလို့ ဆိုရင်ဖြင့်တဲ့ ပညာနဲ့ရှုပြီး သကာလ နေကြစမ်းပါ၊ ပညာ ဝင်အောင် လုပ်စမ်းပါလို့ ပြောတယ် (မှန်ပါ့)။

ရှုတဲ့အခါ ပညာဝင်အောင် လုပ်စမ်းပါ၊ သတိချည့် လုပ်မနေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ရှုတဲ့အခါမှာ (ပညာဝင်အောင် လုပ်ရမှာပါ ဘုရား)။

သတိချည်းလုပ်မနေနဲ့

သတိချည့် (လုပ်မနေရပါဘူး ဘုရား) သတိချည့် လုပ်မနေနဲ့ကွတဲ့၊ ပညာလေးနဲ့ပါ လုပ်စမ်းပါ (မှန်ပါ့) မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ယနေ့တရားဟာ ခင်ဗျားတို့ အင်မတန် အဖိုးတန်တဲ့တရား (မှန်ပါ့) ရှုရင်း ဘာသေသတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ရှုရင်းဘာပါသေသတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ သေပါ တယ်) ဒိဋ္ဌိ ဝိစိကိစ္ဆာသေတယ် ကောင်းပြီ ရှုရင်းမတ္တနဲ့ ဘာသေသတုံး (ဒိဋ္ဌိဝိစိကိစ္ဆာ သေပါတယ် ဘုရား)။

ကောင်းပြီ ဒါတင်မကသေးဘူး မောင်နိုင်ရ၊ ရှုရင်း မတ္တနဲ့ ပျက်သင့်လို့ ပျက်တာကို ရှုနိုင်တဲ့ ဒကာ ဒကာမတွေသည် ဒိဋ္ဌိ ဝိစိကိစ္ဆာ သေတယ်ဆိုတာ ဟောဒီမဂ်က သတ်တာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီမဂ်ဝင်တဲ့ အတွက် ဒါက ကိုယ်ပေါ်မှာ ဒါက သုခ ဝေဒနာလေး အပျက်ကို ဒီကမြင်တယ် ဆိုလို့ရှိရင် သူ့နောက်က လိုက်မယ့် တဏှာလည်း သေတယ် (မှန်ပါ့)။

လောဘ၊ ဒေါသ၊ မောဟ သေတယ်

ကိုယ်က ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ ပေါ်တယ်၊ ဒါလေး ပျက်သင့်လို့ ပျက်တယ် ရှုရင်၊ သူ့နောက်က လိုက်တဲ့ ဒေါမနဿကော (သေပါတယ် ဘုရား)။

ေဩာ် (၁) နံပါတ်တုန်းကတော့ လောဘသေ ခဲ့တယ် (မှန်ပါ့) (၂) နံပါတ်ကျတော့ကော (ဒေါ မနဿ) ဒေါမနဿ သေတယ်။

ကဲ တစ်ခါ ပျက်သင့်လို့ ပျက်တယ်လို့ ဥပေက္ခာဝေဒနာ လေးကို ရှုလိုက်ပြန်တော့လည်း ဒီက အဝိဇ္ဇာ သေတယ် (မှန်ပါ့)။

ဒါဖြင့် လောဘ၊ ဒေါသ၊ မောဟပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) အလယ်မှာ ဘာသေသတုံး (လောဘ၊ ဒေါသ၊ မောဟပါ ဘုရား)။

ဟောဒီ မဂ္ဂင်ပေါ်တဲ့ အခိုက်အတန့်မှာ မဂ္ဂင်နဲ့တွဲပြီး သကာလ ပြိုင်သေတာက ဒိဋ္ဌိ ဝိစိကိစ္ဆာ (မှန်ပါ့) အလယ် မှာ သေတာက (လောဘ၊ ဒေါသ၊ မောဟပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိစ္စကို ပြီးပြီ (ပြီးပါပြီ ဘုရား) အလယ်မှာ သေတာက (လောဘ၊ ဒေါသ၊ မောဟပါ ဘုရား)။

ဟောဒီ မဂ္ဂင်ပေါ်လာလို့ သူ့အောက်မှာ သေရတာက (ဒိဋ္ဌိ ဝိစိကိစ္ဆာ သေတာပါ ဘုရား) ဒိဋ္ဌိ ဝိစိကိစ္ဆာ အပါယ်သို သွားစေတတ်တဲ့ လောဘ၊ အပါယ်သို့ သွားစေတတ်တဲ့ ဒေါသ၊ အပါယ်သို့ သွားစေတတ်တဲ့ မောဟက (ကြားထဲမှာ ဝင်သေ တယ် (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတို့ ဘယ်လောက် အဖိုးတန်သတုံး (တန်ပါတယ် ဘုရား) ဒါ ဂီလာန ဟောနေတာ (မှန်ပါ့) အင်မတန် သဘောပါတယ်နော် (ပါ ပါတယ် ဘုရား)။

ကိလေသာငါးမျိုးသေတယ်

ကိလောသာ ဘယ်နှစ်မျိုးသေပါလိမ့်မလဲဆိုတော့ ငါးမျိုး သေတယ်ဘုရား (မှန်ပါ့) ဒိဋ္ဌိကိလေသာ၊ ဝိစိကိစ္ဆာ ကိလေသာ၊ လောဘ ကိလေသာ၊ ဒေါသ ကိလေသာ၊ မောဟ ကိလေသာ (မှန်ပါ့)။

ဘယ်နှစ်မျိုး သေပါလိမ့် (ငါးမျိုးသေပါတယ် ဘုရား) အင်း ဒကာ ဒကာမတို့ ပျက်သင့်လို့ ပျက်တယ်လို့ သမ္ပဇည ဆိုတဲ့ မဂ္ဂင်ငါးပါးသာ ထည့်ပေးစမ်းပါ (မှန်ပါ့)။

သုခဝေဒနာ ရှုလို့ရှိရင်လည်း ဒကာ ဒကာမတို့ သုံးမျိုး သတာပဲ (မှန်ပါ) ဒုက္ခဝေဒနာ ရှုတော့ကော (သုံးမျိုးပါ ဘုရား)။

သုံးမျိုး ဆိုတော့ အလယ်သုံးနဲ့ ဒီက နှစ်နဲ့ပေါင်း (ငါးပါ ဘုရား) မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား)။

တယ်နေရာကျပါလား

ဪ ဒါဖြင့် ဒို့ ဝိပဿနာရှုနေတဲ့ အလုပ်ဟာ တယ်နေရာကျပါလားလို့ ဆိုတဲ့ဥစ္စာ ဘုန်းကြီးက မပြောရတော့ဘူး (မှန်ပါ့)။

အလယ်သေကိုလည်း သိလိုက်တယ် (မှန်ပါ့) မဂ်ပေါ်လို့ မဂ်အောက်မှာ သေတာလည်း (သိလိုက် ပါတယ် ဘုရား) မဂ်အောက်မှာ သေတာက ဘာတုံး (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပါ ဘုရား)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ မဂ်ကသတ်ပြီး သကာလ ထားတဲ့အတွက် လာခွင့်မရလို့ ဟုတ်လား၊ ပဋိစ္စသမုပ္ပါဒ် အစ မပေါ်လာတာ လည်း ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

လောဘတည်း ဟူသော ပဋိစ္စသမုပ္ပါဒ် အလယ် ကလည်း မစဘူး (မစပါဘူး ဘုရား) ဒေါသတည်း ဟူသော ပဋိစ္စသမုပ္ပါဒ်က အဆုံးကလည်း မစဘူး (မှန်ပါ) မောဟ တည်းဟူသော ပဋိစ္စသမုပ္ပါဒ်က အစကလည်း (မစပါဘူး ဘုရား)။

ကိုင်း ပဋိစ္စသမုပ္ပါဒ်ကလည်း ဘယ်နှစ်ချက်ပြတ်သတုံး (သုံးချက် ပြတ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

ေဩာ် မောင်နိုင် သေပျော်ပြီဟေ့ (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ မသေပျော်သေးဘူးလား (သေပျော် ပါပြီ ဘုရား)။

ကိလေသာ ဘယ်နှစ်မျိုးသေသတုံး ပေါင်းလိုက်စမ်း (ငါးမျိုးသေပါတယ် ဘုရား) ကဲ လောဘ၊ ဒီကိလေသာဟာ ဘယ်သွားမယ့် ကိလေသာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အပါယ် သွားစေတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟက အလယ်မှာ သေတာ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ် ဘုရား)။

အင်း သောတာပန် ဘယ့်နှယ်ကြောင့် ဖြစ်ရပါလိမ့် မတုံး ဆိုတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်လို့ (မှန်ပါ့) ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာလည်း မသေလား (သေပါတယ် ဘုရား)။

လောဘ၊ ဒေါသ၊ မောဟကော (သေပါတယ် ဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိလေသာ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုး သေပါလိမ့် (ငါးမျိုးသေပါတယ် ဘုရား) နေရာကျပြီ။

ဒါ ဂီလာန ရဟန်းကို ဘုရားသခင် ကိုယ်တော်မြတ် ကြီး အကျယ်ချဲ့ပြီး ဟောတာ (မှန်ပါ့) နောက်တော့ နိဂုံးချုပ်တယ် နိဂုံးချုပ်တယ် ဒကာ ဒကာမတို့။

ဒီလိုနေရစ်ပါလို့လူမမာကိုမှာတယ်

မင်းကွာတဲ့ မင်းကိုလည်း သနားလို့ ငါကိုယ်တိုင်လည်း မင်းကို လူမမာ အဖြစ်နဲ့ လာမေးတယ်၊ မင်းနေရစ်စရာ လေးတော့ ငါသတိပေးပရစေ။ ဒီလိုလုပ်ပြီး နေရစ်စမ်းပါဆို တာ သတိပေးတယ် သဘောကျပလား (ကျပါတယ် ဘုရား)။

နေရစ်မှုလေး နည်းပေးတယ်နော် (မှန်ပါ့) နေရပ် ဖို့လေး နည်းပေးတာက ဒီလိုကွာတဲ့၊ ဒီ ဥပမာမယ် ဒါက ကိုယ် ပေါ်မှာ သုခဝေဒနာ ပေါ်တယ် အစက ပြန်လိုက်တာပေါ့နော် (မှန်ပါ့)။

ကိုယ်ပေါ်မှာ ဘာပေါ်တုံး (သုခဝေဒနာ ပေါ်ပါ ဘယ် ဘုရား) အဲ- သုခဝေဒနာ ပေါ်တဲ့ အခါကျတော့ ကွာတဲ့၊ ‘‘ဝိသညုတောနံ ပဇာနာတိ’’ လုပ်လိုက်စမ်းပါတဲ့၊ သူ့နောက်က တဏှာ မလာအောင် မင်းနေရစ်။

ဝေဒနာနောက်က တဏှာမလာအောင်နေရစ်ပါ

ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်လို့ရှိရင်ဖြင့် အဲဒီသုခ ဝေဒနာနောက်က တဏှာမလာအောင် မင်းနေရစ် (မှန်ပါ့) ၊ ဘုရားက သတိပေးလိုက်တယ်။

အဲတော့ မောင်နိုင်တို့၊ ကိုမြင့်တို့ နေတတ်ပလား (နေတတ်ပါပြီ ဘုရား) ဘယ်လိုလုပ် နေမတုံး (ဖြစ်ပျက် ရှုနေမှာပါ ဘုရား)။

ဖြစ်ပျက်ရှုနေတော့ ဒီတဏှာ ကြားခိုနိုင်သေးရဲ့လား (မခိုနိုင်ပါဘူး ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဖြစ်ပျက်ရှုနေတော့ (တဏှာကြားမခိုနိုင်ပါဘူး ဘုရား) ကိုင်း ‘‘ဝိသညုတောနံ ပဇာနာတိ။’’

‘‘ဝိသညုတော’’= တဏှာသိမ်းပြီးဖြစ်၍၊ ‘‘ပဇာနာတိ’’ = မင်း ဟောဒါလေးနဲ့ သိနေရစ်ပါ (မှန်ပါ့) ငါခု သွားတော့ မယ် မင်းနေရစ်ဖို့ ဒီလိုပါ၊ သဘောပါပလား (ပါပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ တစ်ခါ၊ ကိုယ်ပေါ်မှာ မောင်နိုင်၊ ကိုမြင့် ဒုက္ခ ဝေဒနာ ပေါ်ပြန်ပြီ (မှန်ပါ့) ဝိသညုတောနံ ပဇာနာတိ ပါဠိလိုပေါ့ကွာ (မှန်ပါ့) ဒီလို နေရစ်စမ်းပါဆိုတော့၊ မင်းသည် ဒုက္ခဝေဒနာပေါ်တိုင်း ပေါ်တိုင်းလည်း ဒေါမနဿ ဟာ လာတတ်ပါတယ်ကွာ ၊ ဘုရားကနော် (မှန်ပါ့)။

ဒေါမနဿမလာအောင်နေရစ်ပါ

အဲ့ဒါတွေ မလာဘဲနဲ့ မင်းနေရစ်ပါ (မှန်ပါ့) ဦး ခန့် ဘယ်လောက် ပိုင်သတုံး (ပိုင်ပါတယ် ဘုရား)၊ မလာအောင် နေရစ်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အင်း ဒီကိုယ်ပေါ်မှာ လူမမာဆိုတော့ ဒုက္ခဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အင်း နောက်က ဒေါမနဿ မလိုက်အောင် မင်းနေရစ်ပါ (မှန်ပါ) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

မင်းနေရစ်ပါဆိုတော့ သူဘယ်လို လုပ်နေရစ်မယ် ထင်တုံး (ဖြစ်ပျက် ရှုနေမှာပါ ဘုရား) အင်း ဒုက္ခဝေဒနာ ကို ဘာလုပ်နေရစ်မတုံး (ဖြစ်ပျက် ရှုနေမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်ရှုပြီးနေရစ်ပါ

သုခဝေဒနာတုန်းကတော့ လောဘ မလာအောင် နေရစ်ပါ (မှန်ပါ) ဘယ်လို နေရစ်ရမှာတုံး (ဖြစ်ပျက် ရှုနေရမှာပါ ဘုရား) ဒုက္ခဝေဒနာပေါ်တဲ့ အချိန်ကျလို့ရှိရင်လဲ ကွာတဲ့ ဒေါသမလိုက်အောင် နေရစ်ပါ ဆိုတော့ (ဖြစ်ပျက် ရှုနေရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုနေမှ သူမလာမှာပဲ (မှန်ပါ့) ကောင်း ကောင်း သဘောပါပလား (ပါပါတယ် ဘုရား)။

ကဲ ကိုယ်ပေါ်မှာ ဥပေက္ခာဝေဒနာ ပေါ်တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ ဝိသညုတောနံ ဝေဒယတိ မင်းသည်ကားလို့ ဆိုရင် ဝေဒနာ မခံစားဘဲနဲ့ ဟောဒီမဂ်နဲ့သာ ခံစား (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီက အဝိဇ္ဇာနဲ့ မခံစားနဲ့ (မှန်ပါ့) ဥပေက္ခာ ဝေဒနာ မရှုမိရင် အဝိဇ္ဇာ လာမယ်မို့လား (မှန်ပါ့) အဲတော့ ဥပေက္ခာဝေဒနာနဲ့ မခံစားနဲ့ကွ ဟောဒီမဂ်နဲ့သာ ခံစား သဘော ကျပလား (ကျပါတယ် ဘုရား)။

မဂ်နဲ့ခံစားဆိုတော့ မဂ်နဲ့ရှု (မှန်ပါ့) မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား) မဂ်နဲ့ရှုလို့ ခိုင်းလိုက်တဲ့ အခါကျတော့ ဒါလေးက ဘာမြင်ကြမယ် ထင်တုံး (ဖြစ်ပျက် မြင်မှာပါ ဘုရား)။

လောဘမလာအောင်နေရစ်ပါ

အင်း ဖြစ်ပျက်နဲ့ မဂ်ဆိုတော့ ဒီကြားထဲမှာ လောဘ မလာအောင် နေရစ်ကွ (မှန်ပါ့) ဒေါသ မလာအောင် (နေရစ်ပါ ဘုရား) မောဟ မလာအောင် (နေရစ်ပါ ဘုရား)။

နေရစ်လို့ဆိုတော့ ရဟန်းလေးက ဒီအတိုင်း နေရစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားက မေးပြီးသကာလ နေရစ်စရာ တရားက ဒီကြားထဲမှာ သုခနောက်က လောဘ မလာစေနဲ့ (မှန်ပါ့) ဒုက္ခဝေဒနာနောက်က (ဒေါသမလာပါစေနဲ့ ဘုရား)။

မောဟမလာအောင်နေရစ်ပါ

အင်း ဥပေက္ခာဝေဒနာ နောက်က (မောဟ မလာရပါ ဘုရား) မောဟ မလာစေနဲ့၊ မင်း ဒီလို နေရစ်လို့ ရှိရင်ဖြင့်ကွာတဲ့၊ ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကျေနပ်ပါပြီ ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ကြွသွားတယ်။ (မှန်ပါ့)။

ရဟန်းလေးက ဒီအတိုင်းနေရစ်တယ် ဝေဒနာသုံးမျိုး ကတော့ လှည့်ရမှာကိုး (မှန်ပါ့) မလှည့် ပေဘူးလား (လှည့်ပါတယ် ဘုရား)။

ဘယ်၊ ဒုက္ခချည် ဘယ်ဟုတ်မလဲ၊ သုခချည်ကော (မဟုတ်ပါဘူး ဘုရား) ဥပေက္ခာချည်ကော (မဟုတ် ပါဘူး ဘုရား)။

ကိုယ်ရှိရင် ဒီသုံးခုပေါ်မှာပဲ

မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ အင်း ကျပန်း ပေါ်ချင်သလို ပေါ်တာပါ (မှန်ပါ့) မပေါ်ပေ ဘူးလား (ပေါ်ပါတယ် ဘုရား) အာရုံဒွါရ တိုက်သလို ကိုယ်ရှိရင် တော့ ဒီသုံးခုဟာ ဒကာ ဒကာမတို့ ကိုယ်ရှိနေလို့ ရှိရင်ဖြင့် မိုးစိုတဲ့ အခါလည်း ပေါ်မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

နေပူတဲ့အခါကော (ပေါ်မှာပါ ဘုရား) ဖုံတွေက သူ့အပေါ် ငြိတော့ကော (ပေါ်မှာပါ ဘုရား)။

အင်း ကိုယ်ရှိနေလို့ရှိရင် ဒကာ ဒကာမတို့ နေပူ လည်း ပေါ်မှာပဲ၊ မိုးစိုလည်း ပေါ်မှာပဲ၊ ဖုံတင်လည်း ပေါ်မှာပဲ ခလုပ် တိုက်တာလည်း (ပေါ်မှာပါ ဘုရား)။

ကိုယ်သာရှိနေမယ်ဆို ဒါတွေ မလာပါနဲ့ဆိုလို့ (မရပါဘူး ဘုရား) ဒါဖြင့် ကိုယ်ရှိနေတဲ့ ပုဂ္ဂိုလ် ဝေဒနာမပေါ် ပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)။

ဒါဖြင့် ပေါ်လည်း ပေါ်တဲ့ဝေဒနာတိုင်း၊ ဝေဒနာတိုင်း ကို ဒကာ ဒကာမတွေက သုခပေါ် လောဘ မလာစေနဲ့ (မှန်ပါ့)။

ဖြစ်ပျက်ရှုပြီးနေပါလို့ဟောတယ်

ဒုက္ခပေါ်ရင် (ဒေါမနဿ မလာစေနဲ့ပါ ဘုရား) ဥပေက္ခာပေါ်ရင် (မောဟမလာစေနဲ့ပါ ဘုရား) မောဟ မလာစေနဲ့ဆိုတော့ မင်းတို့ ဝေဒနာ ငါမခံစားနဲ့လို့ မဟော ပါဘူးကွတဲ့ မဂ်နဲ့ ခံစားပါ (မှန်ပါ့)။

ဖြစ်ပျက်ရှုပြီးနေပါ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လို မှာပါလိမ့် (ဖြစ်ပျက်ရှုပြီး နေရမှာပါ ဘုရား) ဖြစ်ပျက်ရှုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နေပါလို့ အသေအချာ မဟော ဘူးလား (ဟောပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီရဟန်းလေးက ဒီအတိုင်း နေတယ် (မှန်ပါ့) ဒီအဆုံးအမ သိပ်ကောင်း တယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘုရား ဆုံးမပုံ သိပ်မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) ပျက်သင့်လို့ ပျက်တယ်၊ ပျက်သင့်လို့ ပျက်တယ်၊ ပျက်သင့်လို့ ပျက်တယ်လို့သာ မင်းရှုနေ။ ကြားထဲ လောဘ၊ ဒေါသ၊ မောဟ ဘာတဲ့တုံး (မလာစေနဲ့ပါ ဘုရား) မလာစေနဲ့ကွတဲ့၊ ဒီလိုနေစမ်းပါ ဒီလိုနေ စမ်းပါဆို ဘုရားက ငါသွားတော့မယ်ပေါ့လေ (မှန်ပါ့)။

ဒီလိုနေနိုင်ရင် ကောင်းတယ်၊ ခုတော့ ငါ ဥပမာလေး တစ်ခု မင်းပြောခဲ့ဦးမယ် ဘုရားက မကြွသေးဘူး နေတော့ ဒီလို နေရမှာပေါ့လေ (မှန်ပါ့)။

ဘုရားပေးတဲ့ဥပမာ

ငါ ဥပမာလေးတစ်ခု ပြောခဲ့ဦးမယ်ကွတဲ့ မင်းနားလည် အောင် ဥပမာမှာတဲ့ ဒါလေးက ဒကာ ဒကာမတို့ အောက်ဆီမှာ လည်း ရှိပါတယ် ဒီမှာလည်း ရှိပါတယ်။

မြေခွက်ကလေးထဲမှာ ရှေးက တချို့ ဆီကလေး ထည့်မထွန်းကြဘူးလား (ထွန်းပါတယ် ဘုရား) ဂွမ်းကလေး ဒီနားတပ်ပြီးတော့လေ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မြေခွက်ထဲမှာ ဆီထည့်၊ ဆီထည့်ပြီး ဝါဂွမ်းကလေး လိပ်ပြီး သကာလ ဒီအထဲထား နှုတ်ခမ်းနား ထားပြီး မီးရှို့ပေါ့ဗျာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဆီမီးခွက်ဥပမာ

အဲတော့ မြေခွက်ဆိုတာ ခိုင်သလား၊ မခိုင်ဘူးလား (မခိုင်ပါဘူး ဘုရား) မခိုင်ဘူး မီးရှို့ ထားတော့ မြေခွက်ကလည်း မခိုင်၊ မခိုင်တဲ့ မြေခွက် (မှန်ပါ့)။

ဆီကလည်း မီးရှို့ထားပြန်တော့ ကုန်ရမယ့် ဆီ (မှန်ပါ့) မီးစာကလည်း မီးရှို့ထားပြန်တော့ ကုန်ရမယ့် မီးစာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ မီးလေးတစ်ခုက ဒကာ ဒကာမတွေက အမြဲ နေချင်လို့တော့ (မရပါဘူး ဘုရား)။

ကွဲတတ်တဲ့မီးခွက်

ကွဲတတ်တဲ့မီးခွက် (မှန်ပါ့) ခမ်းတတ်တဲ့ဆီ ဟုတ်လား၊ အလောင်ခံရတဲ့ မီးစာမှာ တောက် နေတဲ့ မီးလေး ဟာ ခိုင်ချင်ပါတယ်ဆိုလို့တော့ ရဟန်း မရဘူးကွ (မှန်ပါ့)။

ဘုရားဥပမာပြတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သဘောပါပလား (ပါပါတယ် ဘုရား) မီးခွက် ကလည်း ကွဲတတ်တယ် (မှန်ပါ့) ဆီကလည်း မီးရှို့ထားတော့ (ခန်းတတ် ပါတယ် ဘုရား)။

ကျွမ်းတတ်တဲ့မီးစာ

အင်း မီးစာကလည်း ကျွမ်းတတ်ပါတယ် ဆိုကြပါစို့ (မှန်ပါ့) ကျွမ်းပြီး သကာလ သူလည်း ကုန်ရမှာ ပေါ့ဗျာ (မှန်ပါ့)။

ဒါဖြင့် ကွဲတတ်တဲ့ မီးခွက်၊ ကုန်တတ်တဲ့ဆီ၊ ဟုတ်လား ဒါဖြင့် ဒကာ ဒကာမတို့ ကျွမ်းတတ်တဲ့ မီးစာသည် ဒကာ ဒကာမ တို့ မီးထွန်းထားပေါ့။ ဒီသုံးခုဟာ ဒကာ ဒကာမတို့ သုံးခုကိုက မမြဲလို့၊ မီးကျမှတော့ မြဲချင်လို့တော့ မရဘူးပေါ့တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

မီးကျမမြဲချင်လို့မရ

သုံးခုကိုက ဘယ့်နှယ်တုံး (မမြဲပါဘူး ဘုရား) မီးကျမှ မြဲချင်လို့တော့ (မရပါဘူး ဘုရား) မီးလေးကျမှ မပျက်ချင် ပါဘူး၊ မီးလေး တာရှည်နေစေချင်ပါတယ်လို့ ခင်ဗျားတို့ ငိုတောင်းတော့ (မရပါဘူး ဘုရား)။

မရဘူးကွတဲ့ သဘောပါပလား (ပါပါတယ် ဘုရား) ဒီမှာလည်း ခန္ဓာကလည်း အနိစ္စ သဘော ကျပလား (ကျပါတယ် ဘုရား) ကိုယ်ကလည်း (အနိစ္စပါ ဘုရား)။

ကိုယ်ကလည်း အနိစ္စ၊ သူ့ထိတဲ့ ဖောဋ္ဌဗ္ဗအာရုံကကော (အနိစ္စပါ ဘုရား) အင်း ‘‘ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ’’ ဆိုတဲ့ ကာယဝိညာဏ် ကကော (အနိစ္စပါ ဘု ရား)။

ဝေဒနာလည်း အနိစ္စ

အင်း ဒါဖြင့် သူတို့ သုံးခုကကော (အနိစ္စပါ ဘုရား) အနိစ္စတွေ ဖြစ်နေတော့ သူတို့ သုံးခု မှီပေါ်တဲ့ ဝေဒနာက မီးအရောင်နဲ့တူတဲ့ ဝေဒနာက ကျုပ်ချည်း နေဦးမယ်၊ ခိုင်ဦးမယ် မြဲဦးမယ် ဆိုလို့ ရပါ့မလား (မရပါဘူး ဘုရား)။

ဒါကိုလာပြတာ (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) ဪ ‘‘ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ’’ သဘောကျပလား (ကျပါပြီ ဘုရား)။

‘‘တိဏ္ဏ သင်္ဂတိ ဖဿာ ဖဿပစ္စယာ ဝေဒနာ’’ ဆိုတော့ ဖဿနဲ့ ဝေဒနာက တွဲမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

တွဲပေါ်တော့ ဖဿနဲ့ ဝေဒနာနဲ့ တွဲပေါ်တော့ ဖဿချုပ် ရင်လည်း ဝေဒနာက (ချုပ်ပါတယ် ဘုရား)။

ဝေဒနာချုပ်ရင်ကော ဖဿက (ချုပ်ပါတယ် ဘုရား) ဒါဖြင့် သူတို့ မီးအလင်းနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

ဒါဖြင့် မီးခွက်ကလည်း အနိစ္စ၊ သဘောကျပလား (ကျပါတယ် ဘုရား) ဆီကလည်း (အနိစ္စပါ ဘုရား) အင်း မီးစာကလည်း (အနိစ္စပါ ဘုရား)။

ဝေဒနာဟာမီးနဲ့တူတယ်

မီးကျတော့ မင်းတို့က အနိစ္စ မဖြစ်ချင်ဘူး ဆိုလို့ (မရပါဘူး ဘုရား) အဲ ဝေဒနာဟာ မီးနဲ့ တူတယ်ကွတဲ့ သူ့ပေးတဲ့ ကိုယ်ကလည်း အနိစ္စ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ကိုယ်ကို ဖြစ်စေ၊ သူ့ကိုယ်နဲ့ တိုက်တဲ့ ဖောဋ္ဌဗ္ဗအာရုံ ဆိုတဲ့ အမာဓာတ်ကကော (အနိစ္စပါ ဘုရား)။

အင်- သူ့နဖူးပေါ် တိုက်မိလို့ ပေါ်လာတဲ့ ဝိညာဏ်လေး ကကော (အနိစ္စပါ ဘုရား)။

အဲဒီ အနိစ္စတွေ အပေါ်မှာ ပေါ် ရတဲ့ ဝေဒနာက ကျုပ်က ခိုင်ချင်ပါသေးတယ်၊ မြဲချင် ပါသေးတယ်၊ တည်တံ့ချင်ပါသေး တယ်ဆိုလို့ ရပါ့မလား (မရပါဘူး ဘုရား)။

ဒီအတိုင်းရှုရင် ကိစ္စပြီးတယ်

ဘာကြောင့်တုံး ဆိုတော့ ဥပမာပြလိုက်တယ် မီးခွက် ကလည်း (အနိစ္စပါ ဘုရား) ကွဲတတ်တဲ့ ပစ္စည်းမို့ အနိစ္စ (မှန်ပါ့)။

ဆီကလည်း ခန်းတတ်တဲ့ပစ္စည်းမို့ (အနိစ္စပါ ဘု ရား) မီးစာကလည်း ကျွမ်းတတ်တဲ့ ပစ္စည်းမို့ (အနိစ္စပါ ဘုရား)။

ဒါဖြင့် မီးလေး ခိုင်ပါ့မလား (မခိုင်ပါဘူး ဘုရား) အဲဒီလို မင်းတို့ ဝေဒနာအပေါ်မှာ ဒီအတိုင်း ရှင်းရှင်းလင်းလင်း ရှုလို့ရှိရင်ကွာတဲ့ ကိစ္စပြီးပါတယ် (မှန်ပါ့)။

ဘုရားက ဒီလိုနေရစ်လို့မှာတယ်

ဘု ရားက သွားတော့ မလို့ ဥပမာပြနေတာ (မှန်ပါ့) အဲဒီလိုပြပြီး ဒီရဟန်းလေး ဝေဒနာမေးပြီး မင်းဒီလို နေရစ်၊ ဒီလို နေရစ်၊ ဒီလိုရှုလို့ရှိရင် သူတို့က ကုန်တတ်တဲ့ ပစ္စည်းတွေ မင်းသိပြီ။

ရဟန်းလေး ရဟန္တာဖြစ်သွားတယ်

မင်းသိတော့ ဒီကြားထဲမှာ လောဘ၊ ဒေါသ၊ မောဟ၊ မလာဘူး ဆိုလို့ရှိရင် မင်းဒီအတိုင်းသာ မလာအောင် နေရစ် ဆိုပြီး ဟောတော့ မမာလည်း မမာ၊ ရဟန္တာလည်း ဖြစ်တယ်၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ဖြစ်ထိုက်ကဲ့လား (ဖြစ်ထိုက်ပါတယ် ဘုရား) လောဘ၊ ဒေါသ၊ မောဟလည်း သေတယ် (မှန်ပါ) ဒီက ဒိဋ္ဌိ ဝိစိကိစ္ဆာကော (သေပါတယ် ဘုရား)။

သေတော့ ဒီဝေဒနာလေးဟာ ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ပေါ်တဲ့ဝေဒနာလေးဟာ တစ်ခါတည်း ကိုယ် လည်း ရှင်းထားတဲ့ အတိုင်းတဲ့၊ ဝေဒနာ အနိစ္စရောက်သွားတော့ ကို၊ ဝေဒနာ၏ မှီရာကလည်း အနိစ္စပဲလို့ခုနက ဟောပြီးပြီ (မှန်ပါ့)။

အဲတော့ အကုန်အနိစ္စတွေ ဒကာ ဒကာမတွေတဲ့ ဖြစ်ပျက်တွေ မြင်ပြီး ဒီအနိစ္စတွေဟာ အကုန် မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား)။

ဝေဒနာကုန်အောင်သာရှု

အင်း ဆုံးသွားတော့ ‘‘ဝေဒနံခယော ဘိက္ခုနိ ပရိနိဗ္ဗုတော’’ ဆိုတဲ့အတိုင်း ဒါကုန်အောင်သာရှု ဒကာ ဒကာမတွေ ဝေဒနာကုန်ရင် ဝေဒနာမှီရာ ကုန်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာကုန်ရင် (ဝေဒနာမှီရာ ကုန်ပါတယ် ဘုရား) အကုန် ရောကုန် ကုန်တာပဲ ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကဲ ဒါဖြင့် အဲဒီကဲ့သို့ ဝေဒနာကုန်အောင် လိုက်လိုက်လို့ ရှိရင်ဖြင့် ခန္ဓာကိုယ်ပါ ပျောက်ပါ လိမ့်မယ် (မှန်ပါ့) ဝေဒနာ လည်းပျောက် (ခန္ဓာလည်း ပျောက်ပါ ဘုရား)။

ခန္ဓာလည်း ပျောက်ဆိုတော့ ဒါဖြင့် ဝေဒနာက္ခန္ဓာ အကုန်ပျောက်ပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဝေဒနာက္ခန္ဓာ အကုန်ပျောက်ဆိုတော့ ဝေဒနာလည်း ပျောက်၊ ခန္ဓာလည်း ပျောက်ဆိုတော့ ဒကာ ဒကာမတို့ မီးစာလဲ ၊ မရှိ (မှန်ပါ့)။

ခန္ဓာလည်းသိမ်း၊ မီးလည်းငြိမ်း

မီးခွက်လည်း (မရှိပါ ဘုရား) အင်း မီးစာကော (မရှိပါ ဘုရား) မီးကော (မရှိပါ ဘုရား) အင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာလည်း သိမ်း၊ မီးလည်း ငြိမ်းပေါ့ (မှန်ပါ့)။

ခန္ဓာလည်းသိမ်း၊ မီးလည်း (ငြိမ်းပါ ဘုရား) အဲ ကျန် ခန္ဓာလေးပါးကလည်း သိမ်း၊ ဝေဒနာက္ခန္ဓာ မီးကလည်းငြိမ်း (မှန်ပါ့)။

ဒါနိဗ္ဗာန်ရောက်တာ

ခန္ဓာငါးပါးရှိတဲ့ အနက်က ကျန်ခန္ဓာလေးပါးလည်း သိမ်း၊ အင်း ဝေဒနာဆိုတဲ့ မီးကကော (ငြိမ်းပါတယ် ဘုရား) ငြိမ်းပေါ့၊ ေဩာ် ခန္ဓာလည်းသိမ်း၊ မီးလည်းငြိမ်း ဆိုတော့ ဒကာ ဒကာမတွေသည် ဒါ နိဗ္ဗာန်ရောက်တာ (မှန်ပါ့)။

ဒီကလည်း မဂ္ဂင် (၈) ပါးသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ပါနဲ့ဆိုလို့ ရသေးရဲ့ လား (မရပါဘူး ဘုရား) ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီမှာတင် လူမမာ အမေးလာရင်း ဘုရားဟောတဲ့ ။ တရားဟာ သိပ်အဖိုးတန်တယ် ဆိုတာ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား) ဒီအတိုင်း အားထုတ်ပါ။

ယနေ့ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။