162

သတိပဋ္ဌာန်ကင်းရင် ပဋိစ္စသမုပ္ပါဒ်ဖြစ်တယ်

(သစ္စဉာဏ်)

အသံဖိုင်ခေါင်းစဉ်= သစ္စဉာဏ်မရ၍ သံသရာရှည်ခဲ့ပုံ

စာအုပ်ခေါင်းစဉ်= သတိပဋ္ဌာန်ကင်းရင် ပဋိစ္စသမုပ္ပါဒ်ဖြစ်တယ်(သစ္စဉာဏ်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားဆုံးမတော်မူသော တရားတော်

သတိပဋ္ဌာန်ကင်းရင် ပဋိစ္စသမုပ္ပါဒ်ဖြစ်တယ်(သစ္စဉာဏ်)

ဟောကြားသည့်နေ့

(၃-၁-၅၉)

ဒကာ ဒကာမတို့ ဒု-ရယ်၊ ခ-ရယ်၊ သစ္စာရယ်လို့ မှတ်ထားပါ။ ဒီဘက်က ဘာပါလိမ့် (ဒု-ပါ ဘုရား) ဒီဘက်က (ခ-ပါ ဘုရား)။ ဒီဘက်က (သစ္စာပါ ဘုရား) သစ္စာ။

ဒု-ဆိုတာက ဘာပါလိမ့် (စက်ဆုပ်စရာပါ ဘုရား) ခ-ဆိုတာက (အသုံးမကျတာပါ ဘုရား)။ သစ္စာက (အမှန်ပါ ဘုရား)။ ပေါင်းလိုက်တဲ့အခါ (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)။

ဪ စက်ဆုပ်စရာအသုံးမကျတာ အမှန်ဟာ ဘယ်မှာ နေပါလိမ့်မလဲလို့၊ ဒကာ ဒကာမတွေက မေးခွန်းထုတ် လို့ရှိရင်ဖြင့်၊ ဪ ဒို့ သန္တာန်ဖြစ်တဲ့ စိတ်၊ ဒို့သန္တာန်စိတ်နဲ့ ယှဉ်ဖော် ယှဉ်ဖက် ဖြစ်တဲ့ စေတသိက်၊ ဒို့ သန္တာန်မှာရှိတဲ့ ရုပ်တွေဟာ ဒါပေါင်းပြီး ခေါ်လိုက်လို့ ရှိရင်ဖြင့်၊ အားလုံး ဒကာ ဒကာမတွေ သိတဲ့အတိုင်း စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲ။

ရုပ်နာမ်ကိုဘာခေါ်ကြမယ်

ဒကာ ဒကာမတွေ သန္တာန်၌ ရုပ်နာမ်ပေါ့ဗျာ၊ ရုပ်နာမ် ဘာခေါ်ကြမယ် (စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ပါ ဘုရား)။ စက်ဆုပ်စရာ အသုံးမကျတာ အမှန်။

ကောင်းပြီ၊ ဒါက စက်ဆုပ်စရာ အသုံးမကျတာ အမှန်လို့ သိပြီး သကာလ ထားကြတော့၊ အရင်ဟောဖူးတဲ့ အတိုင်း အရှိနဲ့ သူ့နာမည်နဲ့ ဒါမှ ကိုက်တယ်လို့ မှတ်ထား ကြပါနော် (မှန်ပါ့)။

အရှိကလည်း စက်ဆုပ်စရာပဲ၊ အသုံးမကျတာပဲ၊ ဘယ်လိုကြည့်ကြည့် မှန်တာပဲ။

ဒါဖြင့် ဒကာ ဒကာမတွေက ကြည့်တဲ့အချိန်မှာ၊ ဒီအကြည့် စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ကို မမြင်သေး သ၍ ကာလပတ်လုံး၊ သံသရာ ရှည်လိမ့်ဦးမယ်လို့ မှတ်ရမယ်။ သဘောကျပလား (မှန်ပါ့ ဘုရား)။

စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကို မမြင်သေး သ၍ ကာလပတ်လုံး ဘာဖြစ်နေတုံး (သံသရာရှည်ဦးမည် ဘုရား)။ ကဲ-ဘယ်အတွက်ကြောင့် သံသရာ ရှည်လိမ့်မလဲလို့ အမေးထုတ်လို့ ရှိရင်ဖြင့်၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကို ကိုယ့်ဉာဏ်နဲ့ မမြင်သေးရင်၊ ဒီခန္ဓာကြီးသည် လူခန္ဓာ ကိုလည်း လူအဖြစ်နဲ့ ခင်တွယ်မှာပဲ။

ကိုယ်ရတဲ့ခန္ဓာကို ခင်တွယ်ကြတယ်

နတ်ခန္ဓာကော (နတ်အဖြစ်နဲ့ ခင်တွယ်မှာပါ ဘုရား)။ ဗြဟ္မာခန္ဓာကော (ဗြဟ္မာ အဖြစ်နဲ့ ခင်တွယ်မှာပါ ဘုရား)။

ဪ- ဒါဖြင့် ဇာတိ ဇရာ မရဏတွေ ဆုတောင်းယူဦး မှာလား (ယူမှာပါ ဘုရား)။ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘာဆုတောင်း ယူမှာတုံး (ဇာတိ-ဇရာ-မရဏ ဆုတောင်းယူမှာပါ ဘုရား)။

ကောင်းပြီ ဇာတိ-ဇရာ-မရဏတွေရယ်လို့ မသိတာ လည်း ဒု-ဆိုတာ၊ ခ-ဆိုတာ၊ သစ္စာဆိုတာ မသိတာပဲ၊ ဆိုနိုင်ကြ ပလား (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ သစ္စာမသိ သံသရာ ရှည်တယ်ဆိုတာ ကျေနပ်ကြပြီ။

ဒါဖြင့် ဒကာ ဒကာမတို့သည်၊ ဒု-ဆိုတာ၊ ခ-ဆိုတာ၊ သစ္စာဆိုတာကို သေသေချာချာ၊ ကိုယ့်ခန္ဓာထဲမှာ ဆရာဟောတဲ့ဉာဏ်က မနေ့ကသင်လွှတ်လိုက်တယ်၊ အနုဗောဓ ဉာဏ်။

ကိုယ်တိုင် အားထုတ်လို့ သိမှာက (ပဋိဝေဓဉာဏ် ပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟာ ဪ အနုဗောဓဉာဏ်နဲ့လည်း မဆိုင်ဘူး၊ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

ပဋိဝေဓဉာဏ်နဲ့ဆိုတော့ (မဆိုင်ပါဘူး ဘုရား) လာပြီးမဆိုင်ဘူး သဘောကျပလား (မှန်ပါ့)။

အနုဗောဓဉာဏ်နဲ့မှ မဆိုင်လို့ရှိရင် ဦးခင်မောင် ပဋိဝေဓဆိုတာ ထိုးထွင်းသိနိုင်ပါ့မလား (မှန်ပါ့)။

သစ္စာအခြေပြုတရား

မသိနိုင်တော့ ဒကာ ဒကာမတွေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟာ သစ္စာ အခြေပြုတရားလို့ မှတ်ထားကြပါ (မှန်လှပါ) ဘယ်လိုမှတ်ကြမယ် (သစ္စာအခြေပြုတရားပါ ဘုရား)။

သစ္စာအခြေပြု တရားလို့ အသေအချာမှတ်ပါ။ ဘာတရားပါလိမ့် (သစ္စာအခြေပြုတရားပါ ဘုရား)။

ဪ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဟောရခြင်းသည် ဘယ်အတွက်ကြောင့်ပါလိမ့်မတုံး ဆိုလို့ရှိရင်၊ သစ္စာရအောင် အခြေပြုပေးတဲ့တရားလို့ အားလုံးမှတ်ထားကြပါ (မှန်လှပါ)။

ဘယ်လိုမှတ်ကြမယ် (သစ္စာရအောင် အခြေပြု ပေးတဲ့တရားပါ ဘုရား)။

အနိစ္စ၊ ဒုက္ခကို ပုတီးစိပ်နေကြတယ်

အဲတော့ ရှေးတုန်းက ဦးခင်မောင်တို့ လူစု၊ ကိုမြစိန်တို့လူစု၊ အားလုံး ကိုသစ်တို့ လူစုတွေ အင်း- အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပုတီးစိပ်နေတာပဲ။

သစ္စာစိပ်တဲ့လူပါရဲ့လား (မပါပါဘူး ဘုရား)။ မပါဘူး ဒါဖြင့် အခြေပြုနဲ့ သေသွားတာပဲ (တင်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (အခြေပြုနဲ့ သေသွားတာပါ ဘုရား)။ နောက်ဘဝကျတော့ ဘာလုပ်တုံး၊ ဒီအခြေပဲ ပြန်ပြုတယ်၊ နောက်ဘဝကျတော့ ဘာလုပ်ပြန် (ဒီအခြေပဲ ပြန်ပြုပါတယ် ဘုရား)။

အခြေပြုနဲ့ပဲနေကြ၊ သေကြတယ်

ဒါဖြင့် အခြေပြုနဲ့ပဲ သေ၊ အခြေပြုနဲ့ပဲ နေ၊ ဒီအဓိပ္ပါယ် မှ တစ်ပါး ဘာရသေးသတုံး (မရပါဘူး ဘုရား)။ သဘော ပါကြပလား (ပါပါတယ် ဘုရား)။

ကောင်းပြီ ဒါက ပင်ကိုယ်အရင်းနာမည်သာ ဘုန်းကြီး တို့ ဟောနေပါတယ်တဲ့၊ အဲ့တော့ ဒီနာမည်သည် ဘယ်က လာတာတုံး ရုပ်၊ နာမ်က လာတယ် ရှင်းကြပလား (မှန်လှပါ)။

ဒီ-နာမည် ဘယ်ကလာတုံး (ရုပ်နာမ်က လာပါ တယ် ဘု ရား)။ ဒု-ရယ်၊ ခ-ရယ်၊ သစ္စာ-ရယ် ဆိုတော့ ဘယ်ကလာတုံး (ရုပ်နာမ်က လာပါတယ် ဘုရား)။

ရုပ်နာမ်က ဘယ်အချိန်လာတာတုံး ဆိုတာ မေးဖို့ လို လာတယ်၊ ရုပ်နာမ်သည် ဘယ်အချိန်မှာ ဒု-ရယ်၊ ခ-ရယ်၊ သစ္စာရယ်ကို ဟောလိမ့်၊ ပြောလိမ့် ရှိပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဒုက္ခသစ္စာကို ဘယ်အချိန်ဟောသတုံး

အဲတော့ ရုပ်နာမ် ပေါ်တဲ့အချိန်မှာလည်း ဟောပါ တယ်၊ ရုပ်နာမ်ပျက်တဲ့ အချိန်မှာလည်း ပါတယ်လို့ မှတ်ရ မယ်၊ ဘယ်လို ဆိုကြမယ် (ရုပ်နာမ် ပေါ်တဲ့အချိန်မှာလည်း ဟောပါတယ်၊ ပျက်တဲ့ အချိန်မှာလည်း ဟောပါတယ် ဘုရား)။

အဲ-ဒုက္ခသစ္စာကို တရားက ဟောပါတယ်၊ ခန္ဓာ တရားက ဟောပါတယ်၊ ဘယ်အချိန် ဟောတုံးလို့ မေးရင် ဘယ့်နှယ့်ဖြေကြပါ့ (ပေါ်တဲ့အချိန်နဲ့ ပျက်တဲ့အချိန်မှာ ဟောပါတယ် ဘုရား)။

အဲ-ဖြစ်ပေါ်တဲ့ အချိန်မှာ လေ့ ရှိ တယ်။ ပျက်သွားတဲ့အချိန်မှာ (ဟောလေ့ရှိပါတယ် ဘုရား) ရှင်းကြ ပလား (မှန်ပါ့)။

ဘယ်အချိန်ဟောလေ့ရှိတုံး (ဖြစ်တဲ့အချိန်နဲ့ ပျက် သွားတဲ့ အချိန်မှာ ဟောလေ့ရှိပါတယ် ဘုရား)၊ အဲ-ဖြစ်တဲ့အချိန် မှာလည်း ဟောလေ့ရှိ၊ ပျက်တဲ့အချိန်မှာကော (ဟောလေ့ ရှိပါတယ် ဘုရား) ဟောလေ့ ရှိတယ်လို့ အသေအချာ မှတ်ထား ကြပါ။

ကောင်းပြီ ဒါဖြင့် ခုလို အပေါင်းအစိပ် အပေါင်းကြီး က ဟောသလား၊ အစိပ် အစိပ်က ဟောသလား ဆိုတာလည်း တစ်ခါပြန်ဝေဖန်ပါဦး (အစိပ် အစိပ်က ဟောပါတယ် ဘုရား)။ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဘယ်လိုပါလိမ့် (အစိပ် အစိပ်က ဟောပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးလို့ ဆိုငြား သော်လည်း ဒီခန္ဓာကြီးထဲမှာမှ အစိပ် အစိပ်က ဟောလေ့ ရှိတယ်လို့ ဆိုတာ အသေအချာ မှတ်ပါနော်။

အစိပ် အစိပ်က ဟောလေ့ရှိတယ်၊ အစိပ် အစိပ် ကလည်းဘယ်အချိန် ဟောလေ့ရှိသလဲ တစ်ခါဆက်မေး ကိုမြစိန်တို့၊ အာရုံဒွါရ တိုက်တဲ့ အချိန်မှာ ဟောတယ်။

အာရုံဒွါရတိုက်တဲ့အချိန်မှာဟောတယ်

ဦးဘတင် ဘယ်အချိန်ဟောတုံး (အာရုံဒွါရတိုက် တဲ့အချိန်မှာ ဟောပါတယ် ဘုရား)။ ဒါအသေအချာ မှတ်ဗျ (မှန်ပါ့)။

ဒီပြင့်အချိန် ဟောကို မဟောဘူး၊ အာရုံဒွါရတိုက်တဲ့ အချိန်မှာ ဘာဖြစ်ပါလိမ့် (ဟောပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အချိန့် ဟောပါလိမ့် (အာရုံဒွါရ တိုက်တဲ့ အချိန်မှာ ဟောပါတယ် ဘုရား)။ ဒီအချိန်မှလည်း ရုပ်နာမ်က အသစ်ပေါ်တာကိုး။

အဲဒိ အသစ်ပေါ်တာကို ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ဖြစ်တာလည်းမြင်မှ၊ ပျက်တာလည်း မြင်မှ ဦးခင်မောင် ရေ နေရာကျမယ် (မှန်လှပါ)။

ဒီအတိုင်း ကြည့်နေလို့ရှိရင် အပေါင်းဂဏ ပညတ်ပဲ ကိုမြစိန်တို့ မြင်မယ်၊ သဘောကျပလား၊ ဘယ်အချိန်မှ မြင်မလဲ (အာရုံဒွါရ တိုက်ဆိုင်တဲ့အချိန်) အာရုံဒွါရတိုက်တဲ့အချိန် မှာ ပေါ်လိမ့်မယ်။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒကာ ဒကာမတို့၊ တစ်ခါ တလေမှာ အစကစတဲ့ အချိန်ရှိတယ်၊ သဘောကျပလား (မှန်ပါ့)၊ ဒါဖြင့် ဒါ-သစ္စာသိမ်းလိုက်။

သစ္စာ ဘယ်နေတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှာ နေတယ် လို့ဆိုတာ ကူးလိုက်တော့၊ သစ္စာ ဘယ်နေပါလိမ့် (ပဋိစ္စ သမုပ္ပါဒ်မှာ နေပါတယ် ဘုရား)။ ပဋိစ္စသမုပ္ပါဒ်မှာနေတယ်၊ ရှင်း ပြီနော် (တင်ပါ့)။

သစ္စာသည် ပဋိစ္စသမုပ္ပါဒ်မှာနေတယ်

သစ္စာ ဘယ်နေပါလိမ့် (ပဋိစ္စသမုပ္ပါဒ်မှာ နေပါတယ် ဘုရား) ဟုတ်ပြီ ဒါဖြင့် ဦးခင်မောင်တို့ ပဋိစ္စသမုပ္ပါဒ် နဲ့ သစ္စာ၊ တစ်ခြားစီလားလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ့် ဖြေပါ့ မတုံး (မဟုတ်ပါဘူး) မဟုတ်ပါဘူး။

ပဋိစ္စသမုပ္ပါဒ်ကလည်း သစ္စာပဲ သဘောကျပလား (မှန်လှပါ) ပဋိစ္စသမုပ္ပါဒ်ကို နာမည် တတ်လိုက်လို့ ရှိရင်ဖြင့် သစ္စာထွက်လာမှာပဲ (မှန်ပါ့)။

မထွက်ပေဘူးလား (ထွက်ပါတယ် ဘုရား)။ ဒါအသေအချာ မှတ်ထားပါ၊ ကိုင်း- ဒါဖြင့် တစ်ခါတလေ ပဋိစ္စသမုပ္ပါဒ်က အစကလာတယ်၊ တစ်ခါတလေ ခင်ဗျားတို့ အလယ်ကလာတယ်၊ တစ်ခါတလေ အဆုံးကလာတယ် (မှန်လှပါ)။

ဒါ သုံးချက်မိအောင်ကြည့်ရမယ် (မှန်ပါ့)၊ ပဋိစ္စ သမုပ္ပါဒ် အစကလာတာလည်း မိအောင်ကြည့် ရမယ် အလယ်ကလာတာကော (မိအောင်ကြည့်ရမှာပါ ဘုရား)၊ အဆုံးကလာတာကော (မိအောင် ကြည့်ရမှာပါ ဘုရား)။

ဘယ်နှစ်ချက်ကြည့် ရမတုံး (သုံးချက်ကြည့် ရမှာပါ ဘုရား)။ ကောင်းပြီ ဘယ်လိုကြည့် ရမှာပါလိမ့်၊ သုံးချက်။

အစဆိုတာ အဝိဇ္ဇာ

အစကလာတာလည်း (မိအောင်ကြည့်ရမှာပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အစ ဆိုတာ အဝိဇ္ဇာနော် (မှန်ပါ)၊

ကောင်းပြီ ဒကာ ဒကာမတို့ တစ်ခါတလေ ပဋိစ္စသမုပ္ပါဒ် အလယ်က လာတာကော မလာဘူးလား (လာပါတယ် ဘုရား)။ အဲ့ဒါလည်း ဘာလုပ်ရမတုံး (မိအောင်ကြည့်ရမှာ ပါ ဘုရား)။ တစ်ခါတလေ ပဋိစ္စသမုပ္ပါဒ် အဆုံးကလာတာ ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ အဲဒါလည်း ဘာလုပ်ရမတုံး (မိအောင်ကြည့်ရမှာပါ ဘုရား)။ မိအောင် ကြည့်ရမယ်။

အင်း-ဒါဖြင့် သစ္စာတွေ့မယ်၊ ကိုသစ် ဒါမှ သစ္စာတွေ့ မယ် သဘောကျပလား၊ ကောင်းပြီ ဘယ်အချိန် ပဋိစ္စသမုပ္ပါဒ် အစကလာပါလိမ့်မလဲလို့ မေးဖို့မလိုဘူးလားဗျာ (လိုပါတယ်)။

ပဋိစ္စသမုပ္ပါဒ်အစကစပုံ

ကိုင်း-ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စပုံကို ပြောမယ်၊ အင်း-ဒီဘက်က နောက်ပိုင်းက ဘယ်သူတွေ ပါလိမ့်မတုံးလို့ မေးလို့ ရှိရင် ဦးခင်မောင်က- ဒကာမတွေ ဘု ရား (မှန်လှပါ)။

ရှေ့ပိုင်းက ဘယ်သူတွေတုံးဆိုတော့ ဒကာတွေဘုရား မဖြေကြပေဘူးလား (ဖြေရမှာပါ ဘုရား)။ နောက်ပိုင်းက ဘယ်သူတွေ (ဒကာမတွေပါ ဘုရား)။ ရှေ့ပိုင်းက (ဒကာတွေပါ ဘုရား)။

ဪ- ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် စပြီလို့ အောက်မေ့ပါ စပြီ။ နောက်ပိုင်းက ဘယ်သူတဲ့ (ဒကာမတွေပါ ဘုရား)၊ ရှေ့ပိုင်း က (ဒကာတွေပါ ဘုရား)။

ဘာဖြစ်ကြတာတုံး ဒါ-ခင်ဗျားတို့ မြင်တာက အဆင်းကို မြင်တာ မဟုတ်လား (မှန်ပါ့)၊ တစ်ခါတည်းပဲ ဒကာမတွေ ရေမရောပါဘူး (မှန်ပါ့)။

ဒီဘက်က ဒကာတွေပဲဘုရား ရေမရောပါဘူး၊ မပြောကြပေဘူးလား (ပြောပါတယ် ဘုရား)၊ ပြောသည်နဲ့ တစ်ပြိုင်နက်တည်း၊ အဆင်းကိုပင်လျှင် ဒကာ ဒကာမတွေ ဖြစ်သွားတဲ့ အဓိပ္ပါယ်က ရောက်၊ မရောက် (ရောက်ပါ တယ် ဘုရား)။

ရောက်သွားတော့ သိလို့ရောက်တာလား၊ မသိလို့ ရောက်တာလား (မသိလို့ရောက်တာပါ ဘုရား)၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် စပြီ (မှန်ပါ့)။

ဘယ်သူစတာတုံး (ပဋိစ္စသမုပ္ပါဒ် စတာပါ ဘုရား) ဒါဖြင့် သူ ဘယ့်နှယ်နာမည်ပေးပါ့မယ် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာ (မှန်လှပါ)၊ ဦးခင်မောင်ကြီး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ခါတလေ စပေါ်တယ်လို့ ပြောထားတယ် (မှန်ပါ့)၊ ပေါ်ပုံ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

အခုဘယ်ကစတုံး (အစံက စပါတယ် ဘုရား)။ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိမ်မှာနေတဲ့ အခါကျလို့ ရှိရင်ဖြင့် တစ်ခါတလေ အစကပေါ်လာတယ်။

ဟိုဟာ ဘာတော်တုံး၊ သမီးလေးဘုရား၊ ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်ပါတယ်ရှင့်၊ ဘယ်နေ့ ဘယ်ရက်က မွေးဖွား လာတာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဝိဇ္ဇာကစတယ်

ဘယ်ကနေစတုံး (အစကနေ စပါတယ် ဘုရား) အဝိဇ္ဇာကစတယ် ဟုတ်လား၊ အဝိဇ္ဇာက စတယ်၊ တစ်ခုလေး ပစ္စည်းလေး မြင်လိုက်တဲ့အခါကျတော့၊ ဦးခင်မောင်က ဒါလေးတော့ ရချင်တယ် ဘုရား၊ လိုချင်တယ်ဘုရား လာပြီ (လာပါတယ် ဘုရား)။

ဒီကျတော့ အလည်ကနေစတယ် (မှန်ပါ့)၊ ဘယ်ကနေစပါအုံး (အလည်ကနေ စပါတယ် ဘုရား)။ အင်း ခင်ဗျားတို့ သန္တာန် ပဋိစ္စသမုပ္ပါဒ်ကလည်း တစ်ခါတလေ အစက စလိုက်တယ်၊ အစက စတော့ ဒီဘက်တန်းတာပဲ အောက်မေ့ရမယ် (မှန်ပါ့) အလယ်က စရင်ကော (ဒီဘက်တန်းပါတယ် ဘုရား)၊ ရိပ်မိပလား။

အင်း ဦးခင်မောင်ရေ အတော်ခက်နေပြီ မသိဘူး ခင်ဗျားတို့က (မသိပါဘူး ဘုရား)။ မသိဘူး။

မသိတာကို ဘာလို့ မသိလဲဆိုတော့ အမေးထုတ်လို့ ရှိရင်ဖြင့် သတိပဌာန်မရှိလို့ မသိတာ (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)။

သစ္စာဉာဏ်မရှိလို့ မသိတာပဲ၊ မသိတာ ဘယ်လိုပါလိမ့် (သစ္စာဉာဏ် မရှိလို့ပါ ဘုရား)၊ ပေါ်လာတာက သစ္စာပေါ် လာတာ (မှန်ပါ့) ရှင်းပလား၊ ပေါ်လာတာက ဘာတုံး (သစ္စာပေါ်လာတာပါ ဘုရား)။

သစ္စာပေါ်လာတာ ခင်ဗျားတို့က မသိပါဘူး ဒါဖြစ်ပျက် ဖို့ ပေါ်လာတဲ့တရား၊ ဒါကော (ဖြစ်ပျက်ဖို့ ပေါ်လာတဲ့ တရားပါ ဘုရား)။

နှလုံးမသွင်းတတ်ရင် ပဋိစ္စသမုပ္ပါဒ်

ပေါ်လာတဲ့တရားကတော့ ဒုက္ခသစ္စာ ပေါ်လာတာ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ပေါ်လာတဲ့တရားက ဘာပါလိမ့် (ဒုက္ခသစ္စာ ပေါ်လာတာပါ ဘုရား)၊ သို့သော် ခင်ဗျားတို့ အတွက်က ဘာဖြစ် နေတုံး၊ ပဋိစ္စသမုပ္ပါဒ် အစပေါ်လာတယ်ဘုရား (မှန်ပါ့)။ ဒါပဲရှိတယ်။

ပဋိစ္စသမုပ္ပါဒ် (အလယ်ပေါ်လာပါတယ် ဘုရား) အလယ်ပေါ်လာတယ်၊ ဒါသဘော မကျဘူးလား၊ အတော် ခက်နေပါပေါ့လား ဦးခင်မောင် (မှန်လှပါ)။

ပေါ်တာက သစ္စာ၊ ခင်ဗျားတို့အတွက် ပဋိစ္စသမုပ္ပါဒ်၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို နှလုံးသွင်း တတ်ရင် သစ္စာ (မှန်ပါ့) နှလုံးမသွင်းတတ်ရင် (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။ အသေအချာမှတ် ဒီဥစ္စာ။

နှလုံးသွင်းတတ်ရင်သစ္စာ

နှလုံးသွင်းတတ်ရင် (သစ္စာပါ ဘုရား) နှလုံးမသွင်း တတ်ရင် (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။ ကွဲပလား ဦးခင်မောင်ရေ ဒီနေ့တရားဟာ သာအဖိုးတန်လိမ့်မယ် (မှန်လှပါ)။

သာအဖိုးတန်လိမ့်မယ်၊ နှလုံးသွင်းတတ်ရင် (သစ္စာပါ ဘုရား) သစ္စာပေါ်လာတယ်။

ဒါလည်း ခန္ဓာပဲကိုးဗျ။ ဒါလည်း ခန္ဓာပဲ ဒါသင်္ခါရက္ခန္ဓာ တွေပဲ၊ ဒါလည်း သင်္ခါရက္ခန္ဓာတွေပဲ (မှန်လှပါ)။

အဝိဇ္ဇာလည်း သင်္ခါရက္ခန္ဓာ၊ တဏှာကော (သင်္ခါ ရက္ခန္ဓာပါ ဘုရား) အင်း-ခန္ဓာပေါ်တာပဲ မဟုတ်လား (ပေါ်တာပါ ဘုရား)။

ခန္ဓာဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘု ရား) အဲ ပေါ်တာကတော့ ဒုက္ခသစ္စာပေါ်တာ၊ ခင်ဗျားတို့က ပဋိစ္စ သမုပ္ပါဒ် ဖြစ်နေလို့ ခက်နေတာ။

ပဋိစ္စသမုပ္ပါဒ်ဆိုတော့ ခင်ဗျားတို့သည် လည်တော့မလို့ စတာပဲ (မှန်လှပါ) ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ရှင်းကြပလား။

ပဋိစ္စသမုပ္ပါဒ်အဆုံးကပြန်စတယ်

တစ်ခါတလေကျတော့ ဦးခင်မောင်တို့က ပဋိစ္စ သမုပ္ပါဒ် အဆုံးကပြန်ပေါ်လိုက်သေးတယ်၊ ကလေးတွေ ငိုသံကြားတဲ့ အခါကျတော့ကွာ၊ ငါ့-ကျောင်းမှာနေရတာ အေးသေးတယ်၊ မင်းတို့အိမ်လာ ရတာ စိတ်ပျက်လိုက်တာ။

ငိုသံကြားတာနဲ့ ဘာဖြစ်တုံး (စိတ်ပျက်ပါတယ် ဘုရား)။ ဒေါသဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ ပြန်စတယ်။ ဘယ်ကနေစတုံး (အဆုံးကနေစပါတယ် ဘုရား)။

အင်း- အိမ်ဘာလုပ်နေကြတုံး ဆိုလို့ရှိရင် ဘယ့်နှယ်ဖြေ ကြမတုံး (ပဋိစ္စသမုပ္ပါဒ်လည်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် စတယ်ဘုရား။

တစ်ခါတလေကျတော့ (အလယ်က) အလယ်က ဖောက်ပြီး တပည့်တော်တို့ ဖြစ်တယ်ဘုရား၊ တစ်ခါတလေ ကျတော့ (အဆုံးက) အဆုံးကနေပြီး အစသတ်မလို့ဘုရား။

ဒီလိုလျှောက်ပါ။ ဒါမှ တည့်တယ် ရှင်းပလား (မှန်ပါ့) တယ်လည်း ဆိုးပါလား (ဆိုးပါတယ် ဘုရား)။

ယောက်ျားတွေ မိန်းမတွေလို့ မြင်တာက အဆင်း၊ ယောက်ျားတွေ မိန်းမတွေလို့ သိနေပြန်လို့ ရှိတော့ ပဋိစ္စသမုပ္ပါဒ် အလယ်ကစတယ်၊ ဟုတ်ဖူးလား၊ အစက စလိုက်။

ပဋိစ္စသမုပ္ပါဒ်အလည်ကစတယ်

နောက်ကျတော့ကို ခင်ဗျားတို့ သားလေး၊ သမီးလေး တွေက ပြေးလာတဲ့ အခါကျလို့ရှိရင်ဖြင့် ခင်စိတ်ကကော မလာဘူးလား (လာပါတယ် ဘုရား)။

ဒီကျတော့ ဘယ်ကနေစတုံး (အလယ်ကနေ စပါတယ် ဘုရား)။ ပဋိစ္စသမုပ္ပါဒ်အလယ်ကနေ စပါတယ်။

တစ်ခါတလေကျလာတော့ အိမ်ရောက်လာတဲ့အခါ စိတ်ပျက်စရာတွေ ကြားရတဲ့အခါကျတော့ ဘယ်ကစတုံး (အဆုံးကစပါတယ် ဘုရား)။

ဒါဖြင့် အဆုံးဆိုတော့ ဒေါသပေါ့ (မှန်ပါ့) ဒေါသ ပြီးတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဝိဇ္ဇာ (မှန် လှပါ)၊ ဒီပြန်လှည့်တယ်၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

အလယ်ကနေစတော့ ခင်တာကိုးဗျ တဏှာ၊ ဥပါဒါန် ကံ၊ မလာဘူးလား (လာပါတယ် ဘုရား)။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿကနေ ဘယ်သွား မတုံး (အဝိဇ္ဇာဘက်သွားပါတယ် ဘုရား)၊ သဘောကျပလား။

တစ်ခါတလေကျ ဘာမှမသိပဲနဲ့ နေတဲ့အချိန်ကျ တော့ ပဋိစ္စသမုပ္ပါဒ် အစ နေ စနေတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီကျတော့ ပဋိစ္စသမုပ္ပါဒ် အစကနေ စလိုက်တော့ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် သွားဦးမှာပဲ (မှန်ပါ) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

သတိပဋ္ဌာန်ကင်းရင် ပဋိစ္စသမုပ္ပါဒ်ဖြစ်တယ်

ဒါဖြင့် ဒကာ ဒကာမတွေ၊ အိမ်မှာ ဘာပဲပေါ်ပေါ် ခင်ဗျားတို့ သတိပဋ္ဌာန် ကင်းလို့ရှိရင်ဖြင့်၊ သစ္စာတွေဟာ ပေါ်ငြားသော်လည်း ပဋိစ္စသမုပ္ပါဒ် ဖြစ်ရတာပဲလို့ မှတ်လိုက် (မှန်လှပါ)။

ဒါ အင်မတန် လေးနက်တဲ့စကားပါ အင်မတန် လေးနက်တဲ့ စကားလို့ မှတ်လိုက်၊ ပေါ်လာတာက ဘာပေါ် လာတုံး (သစ္စာပေါ်လာပါတယ် ဘုရား) ခင်ဗျားတို့အတွက် ဘာလာဖြစ်တုံး (ပဋိစ္စသမုပ္ပါဒ် လာဖြစ်ပါတယ် ဘုရား)။

ဘာကင်းလို့ ဖြစ်ရတာတုံးဆိုတော့ (သတိပဋ္ဌာန် ကင်းလို့ပါ ဘုရား) ဒီသုံးချက်ကို အသေအချာ မှတ်ပါ ဦးဘတင် ဘယ်လောက် အရေးကြီးတုံး (ကြီးပါတယ် ဘုရား)။

ပေါ်လာတာက ဘာပေါ်လာကြတုံး (သစ္စာပေါ် လာတာပါ ဘုရား)။ ခင်ဗျားတို့အတွက် ဘာဖြစ်တုံး (ပဋိစ္စ သမုပ္ပါဒ် ဖြစ်ပါတယ် ဘုရား)။ ပဋိစ္စသမုပ္ပါဒ်တပည့်တော်တို့ အတွက် အစဖြစ်တယ်၊ အလယ် ဖြစ်တယ်၊ အဆုံးဖြစ်တယ်။ ဒါပဲပြောစရာရှိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အစ၊ အလယ်၊ အဆုံး တစ်ခုခုမလာ ဘူးလား (လာပါတယ် ဘုရား)။ ပေါ်တာက (သစ္စာ ပေါ်တာပါ ဘုရား)။

သစ္စာဆိုတာ နိဗ္ဗာန်ပို့မလို့ပေါ်လာတာ

သစ္စာဆိုတာကိုက ဒကာ ဒကာမတွေက မှတ်ထား၊ သစ္စာဆိုတာ ခင်ဗျားတို့အတွက် သေသေချာချာ သူသည် နိဗ္ဗာန်ပို့မလို့ အာရုံအဖြစ်နဲ့ ပေါ်လာတာ (မှန်ပါ့ ဘုရား)။

မပါလာဘူးလား (ပေါ်လာပါတယ် ဘုရား)။ သို့သော်ခင်ဗျားတို့ က သစ္စာမသိလိုက်ဘူး၊ မသိလိုက်တော့ ဘာဖြစ်တုံး (ပဋိစ္စသမုပ္ပါဒ် ဖြစ်သွားပါတယ် ဘုရား)။

ဖြစ်သွားတော့ သံသရာလည်ဖို့ ဖြစ်သွားတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်အတွက် ဖြစ်သွားတုံး (သံသရာလည်ဖို့ဖြစ်သွားပါတယ် ဘုရား)။

သံသရာလည်ဖို့ ဖြစ်သွားတယ်တဲ့၊ ဘာဖြစ်လို့တုံးလို့ ဆိုတော့ တပည့်တော်တို့က သစ္စာ ပေါ်တာကို သတိပဋ္ဌာန်နဲ့ သစ္စာလို့ နှလုံးမသွင်းမိဘူးဘုရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုနှလုံးမသွင်းမိလို့တုံး (သစ္စာပေါ်တာကို သစ္စာနဲ့ နှလုံးမသွင်းမိလို့ပါ ဘုရား)။ တယ်လည်း နစ်နာပါလား၊ သိပ်နစ်နာပါလား၊ ဒကာ ဒကာမတို့ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

ပေါ်လာတာက ဘာပါလိမ့် (သစ္စာပေါ်လာတာပါ ဘုရား) ခင်ဗျားတို့က နှလုံးမသွင်းလိုက်လို့ သူက ဘာဖြစ်သွား (ပဋိစ္စသမုပ္ပါဒ် ဖြစ်သွားပါတယ် ဘုရား)။

ဪ ပေါ်လာတာက သစ္စာ၊ နှလုံးမသွင်းလိုက်မိ တဲ့ အတွက် ပဋိစ္စသမုပ္ပါဒ် ဆိုတော့ ဒကာ ဒကာမတွေ သတိပဋ္ဌာန် လွတ်ကင်းလို့ ပဋိစ္စသမုပ္ပါဒ် ဖြစ်ရတာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လိုကြောင့်ပါလိမ့် (သတိပဋ္ဌာန် လွတ်ကင်းလို့ ပါ ဘုရား)။ မယုံလို့ရှိရင် ခင်ဗျားတို့ ယောက်ျားတွေလား၊ မိန်းမ တွေလား ယောက်ျားတွေ၊ မိန်းမတွေဆိုတော့ ယောက်ျားတွေ၊ မိန်းမတွေ ဆိုတဲ့ ဥစ္စာ မသိလို့ ပြောတာပဲလို့ ဒီ အဝိဇ္ဇာပဲ (မှန်လှပါ)။

အဝိဇ္ဇာပေါ်ရင်ဖြစ်ပျက်ရှုပါ

ဟုတ်ပြီလား (မှန်လှပါ) အဲ့ဒီ အဝိဇ္ဇာပေါ်ပေါ်ခြင်း သူ့ကို ဖြစ်ပျက်ရှုပါ။ သဘောကျပလား (မှန်ပါ့) ဘယ်လို လုပ်ပစ်ရမတုံး (ဖြစ်ပျက်ရှုပစ်ရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုပစ်လိုက်တော့ သမောဟစိတ္တံ၊ သမောဟ စိတ္တန္တိ၊ ပဇာနာတိ သွားဖြစ်တယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဘယ်လိုဖြစ်သွားပါလိမ့် (သမောဟစိတ္တံ သမောဟ စိတ္တန္တိ ပဇာနာတိ)။

သမောဟစိတ်၊ ဒီမောဟ ဖြစ်တာကိုးဗျ (တင်ပါ့)။ မောဟဖြစ်တာ မောဟဖြစ်မှန်း သိတဲ့ အခါကျ ဒီကနေ ပဇာနာ တိက ပဇာနာတိက နောက်လိုက်လိုက်တယ် (တင်ပါ့)။ သဘောကျပလား။

ဘယ်သူလိုက်လိုက်တုံး (ပဇာနာတိပါ ဘုရား)။ ဪ ပဇာနာတိဆိုတာ ပညာနောက်က လိုက်တာ ရှင်းပလား။

ဘာလိုက်ပါလိမ့် (ပညာနောက်ကလိုက်ပါတယ် ဘုရား) ပညာနောက်လိုက်တော့ သူဟာ အဝိဇ္ဇာလား၊ ဟုတ်လား ဒုက္ခသစ္စာဖြစ်သွားသလား (ဒုက္ခသစ္စာ ဖြစ်သွား – ပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူဘာဖြစ်သွားတုံး (ဒုက္ခဖြစ်သွားပါတယ် ဘုရား) ဖြစ်ဒုက္ခ ပျက်ဒုက္ခဖြစ်သွားတယ်၊ ဖြစ်ပျက် မြင်လိုက်ပြီပေါ့ဗျာ မြင်လိုက်တော့ သူဘာသစ္စာ ဖြစ်သွားတုံး (ဒုက္ခသစ္စာ ဖြစ်သွားပါတယ် ဘုရား)။

ဖြစ်ပျက်ရှုရင် မဂ္ဂသစ္စာလာဖြစ်တယ်

ဒုက္ခသစ္စာ ဖြစ်သွားတော့ သူက ဘာသစ္စာတုံး (မဂ္ဂသစ္စာလာဖြစ်ပါတယ် ဘုရား) မဂ္ဂသစ္စာ လာဖြစ်တယ် (မှန်လှပါ) ရိပ်မိပလား။

ဪ ဒါဖြင့် ဆရာကောင်းမတွေ့ရင် ခင်ဗျားတို့ ကိုယ်ကျိုးနည်းတာပဲ (မှန်ပါ) မနည်းဘူးလား (နည်းပါတယ် ဘုရား)၊ သေသေချာချာ ခုဟာ ဦးခင်မောင် အင်မတန်မှ ဆရာသမားက ဉာဏ်စိတ် ပြောလို့၊ နို့မဟုတ်ရင် ခင်ဗျားတို့က နှစ်ပတ်သုံးပတ် လှည့်ပြီးတော့မှ တစ်ခါတလေ ဒါလာတာ (မှန်လှပါ)။

တစ်ခါတလေ တစ်နေ့လုံး မလာဘူး၊ လာသေးရဲ့လား (မလာပါဘူး ဘုရား)။ မလာတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ် ပတ်လှည့်သွားတုံး (တစ်နေ့လုံးပါ ဘုရား)။

တစ်နေ့လုံး လှည့်နေတယ်ဆိုတော့ ဒကာ ဒကာမတွေ ဘာလုပ်နေတုံးဆိုတော့ သံသရာလည်ဖို့ တပည့်တော်တို့ ရိက္ခာ စုနေတယ် (တင်ပါ့) ရှင်းပလား။

ဘယ်လိုဆိုကြမတုံး (သံသရာလည်ဖို့ ရိက္ခာစုနေ ပါတယ် ဘုရား)။

ဘာပြုလို့တုံး ပဋိစ္စသမုပ္ပါဒ် မဖြတ်တတ်လို့၊ ခုဖြတ် တတ်ပလား (ဖြတ်တတ်ပါပြီ ဘုရား)။

ဘယ်လို ဖြတ်ကြမယ်၊ မသိတဲ့ အဝိဇ္ဇာလာရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ဖြစ်ပျက်ရှု လိုက်တော့ ကိုမြစိန် သူကဖြစ်ပျက် သူက မဂ်သွားဖြစ်တယ် (မှန်လှပါ ဘုရား)။

ဒီဘက်ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါဘူး ဘုရား) သော် အစကပေါ်လည်း ခင်ဗျားတို့ ဒီလိုဖြတ်ပါ။ အစက ပေါ်လည်း ဘာလုပ်ရမတုံး (မဂ်ဆိုက်အောင် ရှုရမှာပါ ဘုရား)။

မဂ်နဲ့ ဖြတ်နော် (မှန်လှပါ) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလယ်က ပေါ်လည်း ခင်ဗျားတို့ မြင်တာလေး တစ်ခုလို့ ချစ်တယ်၊ ခင်ချင်တယ်၊ အလယ်ကတော့ ပေါ်ပြီ (မှန်ပါ)။

ပေါ်လို့ရှိရင် ခင်ဗျားတို့ သတိပဋ္ဌာန်လည်း လွတ်ကင်း မယ်ဆိုရင် သူကတော့ ဒုက္ခသစ္စာဖြစ်ဖို့ ပေါ်လာတာပဲ (မှန်လှပါ)။

သို့သော် ခင်ဗျားတို့က မရှုဖြစ်ဘူး (မှန်ပါ့) မရှုဖြစ်ရင် သူက တဏှာ၊ ဥပါဒါန်၊ ကံထိအောင် သွားမယ်၊ မသွားပေ ဘူးလား (သွားပါတယ် ဘုရား)။

ဟိုဘက်ဘဝကော မဆက်ဘူးလား ဆက်လား (ဆက်ပါတယ် ဘုရား)။ ဒါဖြင့် ဘဝပြတ်အောင် လုပ်ကြပါစို့လို့ ဆရာဘုန်းကြီးက နည်းပေးလိုက်တယ်။

ဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ဒါဖြင့် သရာဂစိတ္တံ သရာဂစိတ္တန္တိပဇာနာတိ နောက်ကလုပ်ပြ ခုမှ ပေါ်လာတယ် (မှန်လှပါ) ရိပ်မို့ပလား (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် ဘယ်ကဖြတ်ပစ်လိုက်တုံး၊ အလယ်က ဖြတ်ပစ်လိုက်တယ်၊ ရှင်းပလား (မှန်ပါ့)။

ခုနက ဘယ်ကဖြတ်ခဲ့တုံး (အစက ဖြတ်ခဲ့ပါတယ် ဘုရား)။ ခုဘယ်ကနေ ဖြတ်တုံး (အလယ်က နေ ဖြတ်ပါ တယ် ဘုရား)။ အလယ်ကနေဖြတ်တယ်။

ဒီလို ဆိုလို့ ရှိတော့လည်း၊ ဒီကဖြတ်မှ အနာဂတ်ပြတ်မယ် မဟုတ်လားဗျ (မှန်လှပါ) ဒီက မဖြတ်လို့ ရှိရင်ဖြင့် ကိုမြစိန် အနာဂတ်က ဘယ့်နှယ်နေတုံး (မပြတ်ပါ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံလာမယ် မလာပေဘူးလား (လာမှာပါ ဘုရား)။ ကံလာလို့ရှိရင်ဖြင့် အနာဂတ် အကြောင်း မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

မနေ့က ဟောခဲ့ပြီ (မှန်လှပါ) ဒါတွေကို ကျဲတာနဲ့ ခုဒီနေ့ စိပ်ပေးတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဖြတ်တတ်ကြပလား အလယ်ကကော (ဖြတ်တတ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ပေါ်ချင်ရာကပေါ်တယ်

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခင်ဗျားတို့ ရွတ်နေသလို ပေါ် တယ်လို့ အောက်မေ့မနေနဲ့ (မှန်ပါ့) ဦးဘတင် (မှန်ပါ့) အားလုံး ဒကာ ဒကာမတွေ ဘယ်လို အောက်မေ့ကြမတုံး၊ ရွတ်နေသလို မပေါ်ပါဘူးဘုရား (မှန်ပါ့)။

ပေါ်ချင်ရာက ပေါ်ပါတယ် ရှင်းပလား (မှန်ပါ့) ဘယ်လိုများ ပေါ်ပါလိမ့် (ပေါ်ချင်ရာက ပေါ်ပါတယ် ဘုရား) တစ်ခါတလေ ဘယ်ကပေါ်တုံး (အစက ပေါ်ပါတယ် ဘုရား)။

တစ်ခါတလေကျတော့ (အလယ်ကပေါ်ပါတယ် ဘုရား)။ အင်း-တစ်ခါတလေကျတော့ (အဆုံးကပေါ်ပါတယ် ဘုရား)။

အင်း-အစကပေါ်လည်း ခင်ဗျားတို့ ဝိုင်းမှာပဲ (မှန်ပါ့) မဖြတ်တတ်ရင် (မှန်ပါ့)၊ အလယ်က ပေါ်ရင်ကော (ဝိုင်းမှာပါ ဘုရား)၊ အဆုံးက ပေါ် ရင်ကော (ဝိုင်းမှာ ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တစ်နေ့လုံးဟာ အဝိုင်းပြေး ပြေးနေ တယ်လို့ ဆိုရမယ် (မှန်ပါ့)။ မဂ်မညှပ်ရင် (မှန်ပါ့)။

ဘာအကုသိုလ်များရှိပါသတုံး

မဂ်မညှပ်ရင် ဘယ့်နှယ်ဆိုကြမတုံး (အဝိုင်းပြေး ပြေးနေပါတယ် ဘုရား)။ တပည့်တော်တို့ ဘုရား ဘာများ အကုသိုလ်ရှိသတုံးလို့ မေးလို့ရှိရင် ပုံလို့ လို့ပဲဖြေရုံပဲ ရှိမှာပဲ (မှန်ပါ)၊ ရိပ်မိပလား (မှန်ပါ့)။

ဒကာ ဒကာမတွေက မသိတော့ မေးလိမ့်မယ်၊ တပည့်တော်တို့ ဘာအကုသိုလ်များရှိတုံး ဘုရား၊ ကောင်းသော ရောင်းခြင်း၊ ကောင်းသောဝယ်ခြင်း။

မိဘရိုးရာပဲဘုရား၊ ဒီလောက်တော့လည်း တပည့်တော် တို့ စင်ကြယ်အောင် လုပ်ပါတယ်၊ ဟုတ်တယ်၊ သီလစခန်းက ဟုတ်တယ်၊ ဘာဝနာ စခန်းကဖြင့် ဗွက်ပေါက် နေတယ်လို့ ဟောရမယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

အကုသိုလ်ဗွက်ပေါက်နေတယ်

ဘယ်လို ဟောကြမယ်၊ ဗွက်ပေါက်နေပါတယ်ဘုရား၊ ဘာဝနာစခန်းက ဘယ့်နှယ်နေကြတုံး (ဗွက်ပေါက် နေပါတယ် ဘုရား)။

အဲဒီဗွက်ပေါက်နေတော့ ဒကာ ဒကာမတို့ သီလစခန်း က သူ့နိုင်ပါ့မလား (မနိုင်ပါဘူး ဘုရား)၊ သမာဓိစခန်းက (မနိုင်ပါဘူး ဘုရား)၊ မနိုင်ဘူး ရိပ်မိကြပလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က ဘုရားပွင့်မှ ပေါ်တာလား၊ ပင်ကိုယ်အရှိ သဘောလား လို့ မေးရင် ဘယ့်နှယ့် ပြောမတုံး (ပင်ကိုယ်အရှိ သဘောပါ ဘုရား)။

နို့-သတ္တဝါတွေကလည်း ပဋိစ္စသမုပ္ပါဒ် အဆက်တိုင်း မသွားရဘူးလား (သွားရပါတယ် ဘုရား)။ ဖြတ်တတ်ရင် မသွားရဘူး (မှန်လှပါ)။

မဖြတ်တတ်ရင် (သွားရမှာပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဟော စောင့်မနေပါနဲ့၊ ကိုယ့်အဖြတ်ကို အရင် စောစောဖြတ်ပါ။ ရှင်းပလား (မှန်ပါ့)။

ဘာလုပ်ရမယ် (စောစောဖြတ်ရမှာပါ ဘုရား) စောစောဖြတ်မယ် ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခုသော ဝတ္ထုပစ္စည်းတွေ မြင်တာနဲ့ပဲ စိတ်ပျက်လာတယ်။

ဘယ်ကစတုံး (အဆုံးကစပါတယ် ဘုရား)။ အဆုံး ကစတယ် အဆုံးက စလို့ရှိရင်လည်း သူ ဒေါသက စတယ် ဆိုပါစို့ သူ့နောက်က သောက ပရိဒေဝ အဝိဇ္ဇာတွေ ကျအောင် မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

ဘယ်ကနေစလိုက်တာတုံး (အဆုံးကနေစတာပါ ဘုရား)။ အဆုံးကစပြီး ဘယ်ပြန်ပတ် လိုက်တဲ့ (အစပြန်ပတ် ပါတယ် ဘုရား)၊ အစနဲ့ ဆက်မိအောင် လုပ်ပစ်လိုက်တယ်။

ဒါဘာကင်းလို့ တုံးလို့ မေးလို့ရှိရင် ဘယ့်နှယ် ပြောကြ မတုံး (သတိပဋ္ဌာန် ကင်းလို့ပါ ဘုရား) သတိပဋ္ဌာန်ကင်းလို့ ဆိုတာ အဓိပ္ပာယ်ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သတိပဋ္ဌာန်ကို သွင်းလိုက်ပါပြီ ဒီကနေ ပြီး သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ လုပ်ပါ။

ဟင်း-ပြတ်သေးဘူးလား (ပြတ်ပါတယ် ဘုရား) ဘယ်ကနေဖြတ်လိုက်တုံး (အဆုံးကနေ ဖြတ်လိုက်ပါတယ် ဘုရား) အဲ-အဆုံးပေါ်လာလို့ အဆုံးကနေဖြတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဘယ်ကလာလာ ဘာလုပ်ရမတုံး (ဖြတ်ရမှာပါ ဘုရား)။ မဖြတ်ရင် ဘာလုပ်မလဲ ဝိုင်းမယ် (လည်သွားမှာပါ ဘုရား)။

ဦးဘတင် မဖြတ်ရင် ဘာဖြစ်မယ် (အဝိုင်းလှည့် မှာပါ ဘုရား) အဝိုင်းလှည့်နေမှာပဲဆိုတာ ရိပ်မိပလား (ရိပ် မိပါတယ် ဘုရား)။

အရောင်းအဝယ်မကောင်းရင်

ဪ ငါတို့ တစ်နေ့လုံး ဘာများဖြစ်နေကြပါလိမ့် မတုံးလို့ ကိုမြစိန် အကဲခတ်ကြည့်စမ်း၊ တစ်ခါတလေ တပည့်တော် အစက စနေတယ်ဘုရား (တင်ပါ့) ရှင်းပလား (မှန်ပါ့)။

အရောင်းအဝယ်မကောင်းတဲ့အခါ အစက စနေတယ် ဘုရား ရိပ်မိပလား (မှန်ပါ့)၊ အရောင်းအဝယ် မကောင်းတဲ့ အခါ အခုလို အခါပေါ့ဗျာ ဘယ်ကစနေတုံး (အစက စပါ တယ် ဘုရား)။

အရောင်းအဝယ်ကောင်းရင်

အရောင်းအဝယ်ကောင်းတော့ အလယ်ကစတယ်၊ ရိပ်မိပလား (မှန်ပါ့)၊ အရောင်းအဝယ် ကောင်းတော့ ဘယ်ကစသတုံး (အလယ်ကစပါတယ် ဘုရား)။

ဈေးသည်နဲ့ အကြောင်းအကျိုး မညီညွတ်တဲ့ အခါကျ တော့ (အဆုံးက စပါတယ် ဘုရား)။ အဆုံးကစတယ် ရိပ် မိပလား (မှန်ပါ့)။

စောင်းဟောတယ်များ၊ အောက်မေ့မနေနဲ့ အကုန် ဟောတာဗျ ရိပ်မိပလား။

ကောင်းပြီ ဒါဖြင့် အရောင်းအဝယ်မကောင်းတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီအတိုင်း အခက်သားပဲ ဟုတ်လား (မှန်ပါ့)၊ တာရှည်နေလို့ရှိရင်ဖြင့် ဒီသား၊ ဒီသမီးတွေ ထမင်းအိုး တွေ ပေါ်လာတာက မသိလို့ ပေါ်လာတာ (မှန်ပါ့) ရိပ်မိပလား (မှန်ပါ)။

အဝိဇ္ဇာပစ္စယာသင်္ခါရာ

ဒါ ဘာပေါ်လာတာတုံး (အစက စပေါ်လာတာပါ ဘုရား) စပေါ်လာတော့ ဦးခင်မောင်ကလည်း မဖြတ်တော့ဘူး ဆိုပါတော့ အဝိဇ္ဇာပစ္စယာ ဘယ့်နှယ်ဆိုမတုံး (သင်္ခါရာပါ ဘုရား)။

အင်း-ဒါဖြင့် အလုပ်တစ်ခုတော့ ပြောင်းဦးမှပဲဆိုတော့ သင်္ခါရ လာတာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါ မပြောင်းပဲနဲ့ ဘယ်သူမှ မဖြစ်တော့ဘူး ဦးခင်မောင် ရိပ်မိပလား (ဟုတ်နေပြီ)။ ဟုတ်နေပြီ ဒါကိုယ်ကိုယ်တိုင်ပဲ ခင်ဗျား ရိပ်မိပလား (ရိပ်မိပါတယ်)။

သင်္ခါရပစ္စယာဆိုတာ ဝိညာဏီက မလာဘူးလား (လာပါတယ် ဘုရား)။ ကဲ ပဝတ္တိ ဝိညာဏ် လာမှာပေါ့ဗျာ (မှန်ပါ့)။

ဝိညာဏ ပစ္စယာဆိုတော့ (နာမရူပံ) နာမ်ရုပ်တွေ က တစ်ခါတည်း အရင်နာမ်ရုပ် ဟုတ်သေးလား၊ ဒီသင်္ခါရနဲ့ ဆက်သွယ်တဲ့ နာမ်ရုပ်တွေလို့ ဆိုရင်ကော လွဲသလား (မလွဲပါဘူး)။

နာမရူပပစ္စယာ သဠာယတနံ

နာမရူပ ပစ္စယာ သဠာယတနံ ဆိုသဖြင့် သဠာယတန ခြောက်မျိုးတွေကလည်း အရင် မျက်လုံးမျိုး ဟုတ်သေးရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

ရှေးမျက်လုံးမဟုတ်ဖူးဟေ့၊ ခုဟာက အလုပ်က တစ်မျိုး ထွင်ရတယ်၊ တစ်မျိုးကို မျက်လုံးပြောင်း ရတယ်လို့ ခင်ဗျားတို့ ကိုယ်က ပြောနေတယ် (ပြောပါတယ် ဘုရား)။ မပြော ဘူးလား (ပြောပါတယ် ဘုရား) ပြောတယ်၊ ပြောတယ်၊ သဘောကျပလား (မှန်ပါ့)။

ဒါ ပဋိစ္စသမုပ္ပါဒ် စလိုက်တယ်လို့ ဘယ်ရောက်အောင် သွားကြမယ့် စိတ်ကူးတုံး (အဆုံး ရောက်အောင် စိတ်ကူးပါတယ် ဘုရား)။

အနာဂတ်အကြောင်းကျအောင်သွားတယ်

ဒီလိုဆို၊ ဒီလိုဆို၊ ကံကျအောင် သွားမယ်ဘုရား၊ အနာဂတ်အကြောင်းကျအောင် သွားမယ် (မှန်ပါ့)၊ ဘယ်ကျအောင်သွားမတုံး (အနာဂတ် အကြောင်းကျအောင် သွားမှာပါ ဘုရား)။

အေး တဏှာ၊ ဥပါဒါန်၊ ကံကျအောင် သွားမယ်၊ ဟို ဘက်တော့ ပဋိသန္ဓေ မနေရသေးလို့ မသေသေးလို့ထားပါ တော့ ရိပ်မိပလား (မှန်ပါ့)။

အင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတွက် မှာဖြင့် ဒီလို ကယ်တင်မဲ့လူ ပုဂ္ဂိုလ်နဲ့ မတွေ့လို့ရှိရင်ဖြင့် ဆုံးဖြတ် ချက်ချ (မှန်လှပါ)။

ဘယ့်နှယ်စမတုံး ဦးခင်မောင်လတ်တို့ (စချင်ရာက စပါတယ် ဘုရား)၊ ပေါ်တဲ့စိတ်က စတဲ့စိတ် ချည်းကိုးဗျ (မှန်ပါ့)၊ ဒီပြင်ဟာ ဦးဘတင် ဘာစိတ်ပါသေးသတုံး (မပါ ပါဘူး ဘုရား)။

ဒါက မောဟစိတ်၊ ဒါက လောဘစိတ်၊ ဒါက (ဒေါသစိတ်ပါ ဘုရား)၊ ဒီကပဲ စတယ် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

တစ်ခါတလေကျလာတော့ ဒကာ ဒကာမတို့ ဒါ အလုပ်လုပ်ဖို့ကို ပြောနေတာနော် (မှန်ပါ့)၊ ခင်ဗျားတို့ ဒီအတိုင်း အလုပ်လုပ်ပါလို့ ပြောတာ ပေါ်တာရှုပါလို့ ပြောတာ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အဆုံးကစယ်

တစ်ခါတလေကျတော့ နှုတ်ခမ်းလေးစူ ယောက်ျားက ဖြစ်စေ၊ မိန်းမကဖြစ်စေ၊ စီးပွားရေးက အကြောင်း မညီညွတ်ဘူး (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

စီးပွားရေး အကြောင်းမညီညွတ်တော့ ပြောရဆိုရတာ မတည့်ကြဘူး (မှန်ပါ့) ဘာလုပ်ကြတုံး (နှုတ်ခမ်းစူပါ တယ် ဘုရား)။

နှုတ်ခမ်းစူတော့ နှုတ်ခမ်းစူတဲ့ဥစ္စာကို နှုတ်ခမ်းစူတာက ရုပ်ပဲ ဒီဘက်က နာမ်က စူခိုင်းတယ် (မှန်လှပါ) ဟုတ်ဖူးလား (မှန်ပါ့)။

ဘယ်သူက ခိုင်းတာတုံး (နာမ်က ခိုင်းတာပါ ဘုရား)။ အဲဒိနာမ်လေးဟာ နှုတ်ခမ်းစူတယ် ဆိုတာ ဣဿဖြစ် လာတာ (မှန်ပါ့)၊ နှုတ်ခမ်းစူတယ်ဆိုတာ ဣဿ ဖြစ်လာတာ (မှန်ပါ့) ဟုတ်ဖူးလား (မှန်ပါ့)။

ဣဿဆိုတဲ့ဥစ္စာ ဒေါသဖြစ်လာတာ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် အဆုံးကနေ စတာ (မှန်ပါ့)၊ မစဘူးလား (စပါတယ် ဘုရား)။

အဲ-နှုတ်ခမ်းစူရင် မြန်မြင်ရှုမှ ရိပ်မိပလား (မှန်ပါ့)၊ – နှုတ်ခမ်းစူရင် ဘယ့်နှယ်လုပ်ကြမတုံး (မြန်မြန် ဖြစ်ပျက် ရှုရ မှာပါ ဘုရား)။

ဒေါသဖြစ်ရင် မြန်မြန်ဖြစ်ပျက်ရှု

စူစူချင်း မြန်မြန်ရှုနော်၊ မရှုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒေါသပြီးတော့ နောက်က သောက (သောက) ဟုတ်လား နောက် ပရိဒေဝ ဥပါယာသ မလာပေဘူးလား (လာပါ တယ် ဘုရား)။

ဥပါယာသတွေဆိုတာ သိလို့လာတာလား၊ မသိလို့ လာတာလား (မသိလို့လာတာပါ ဘုရား)။ မသိလို့လာရင် အဝိဇ္ဇာ။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ ဪ အဆုံးကနေ စလိုက်တယ် (တင်ပါ့)၊ ခင်ဗျားတို့ဟာ နှုတ်ခမ်းလေး စုရုံများနာသတဲ့။

နှုတ်ခမ်းစူးတာတော့ နာတာ ဘယ်ရှိမတုံး ဒီရောက် အောင်သွားပေါ့ဗျာ (မှန်ပါ့)၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

အဲ့ဒါ ယောက်ျားတွေဘက်က နည်းတတ်ပါတယ်။ သဘောကျပလား မိန်းမတွေဘက်က များပါတယ် ဘုရား) များတယ်။

ဘာဖြစ်လို့တုံး သူ့စရိုက်ဖြစ်နေလို့၊ သဘောကျပလား အဲဒါ ပဋိစ္စသမုပ္ပါဒ် စလိုက်ပြီလို့ အောက်မေ့ပါ။ ဘာဖြစ်ကြ တာတုံး (ပဋိစ္စသမုပ္ပါဒ် စပြီလို့ အောက်မေ့ရမှာပါ ဘုရား) စလိုက်ပြီ။

အဆုံးကစရင်၊ အစပြန်ပတ်မလို့

ဘယ်ကနေ စလိုက်တဲ့ (အဆုံးကနေ စပါတယ် ဘုရား) အဆုံးကနေစရင်ဖြင့် အစပြန်ပတ်မလို့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ရိပ်မိကြပလား ဒကာ ဒကာမတို့ (ရိပ်မိပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ သန္တာန်ပေါ်လာတဲ့ စိတ်ကို ချမ်းသာမပေးပါနဲ့၊ ချမ်းသာပေးလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် စတာချည့်ပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ တစ်ခါတလေ ကျတော့ ကိုင်းအကြောင်းတော့ မညီညွတ်ပါဘူး၊ မညီညွတ် ပေမယ့် အများဖြစ်ကြတာဖြစ်တော့ အားလုံးပဲ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ မေတ္တာပို့ နေရတာပဲ၊ အရောင်းအဝယ်နဲ့ ပတ်သက်လို့ အကုန်က အကြောင်း မညီညွတ်ကြပဲကိုး၊ ဒီလိုကော မေတ္တာပို့တဲ့စိတ် ကလေးက မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အေး ဒီအတိုင်းတော့ဖြင့် မနေပါစေနဲ့၊ နောက် တစ်မျိုးတစ်ဖုံတော့ ကောင်းစားတာလေး ပေါ်လာပြီ၊ အားလုံး ပဲ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ မေတ္တာစိတ်ကလေး များကော မလာကြ ဘူးလား (လာပါတယ် ဘုရား)။

မေတ္တာစိတ်လာတယ်

အင်း မေတ္တာစိတ်ကလေးကလာတော့ ဒါ ‘ကုသိုလ်စိတ်ပေါ့ဗျာ (မှန်ပါ့)၊ အဒေါသစိတ်ပေါ့ဗျာ (မှန်ပါ့)၊ အဒေါသစိတ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဒေါသစိတ် အဲဒိ အဒေါသစိတ်ကလေး မေတ္တာသာ ပို့နေတယ် ဦးခင်မောင်ရေ (မှန်လှပါ)။ မေတ္တာပို့ပြီး သကာလ သူဘာလုပ်နေတယ် မေတ္တာပို့ ရပ်သွားပြီ (မှန်ပါ)။

ရပ်သွားတော့ သူမေတ္တာပို့တဲ့စိတ်ကလေး၏ ဖြစ်ပျက် ဒုက္ခသစ္စာပေါ်လာတာ သိသေးရဲ့လား (မသိပါဘူး ဘုရား) မသိတော့ အဲဒီ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ဟာ မေတ္တာပို့တဲ့ စိတ်ကို မသိလိုက်တဲ့ အတွက် တစ်ခါအဝိဇ္ဇာက ပြန်စတယ် (မှန်ပါ့) သွားပြီ ရိပ်မိပလား (တင်ပါ့)။

ဘာပေါ်လာတာတုံး ဒကာ ဒကာမတွေ (အဝိဇ္ဇာ ပေါ်လာတာပါ ဘုရား) အဝိဇ္ဇာက ပြန်စတယ်၊ အဝိဇ္ဇာပြန် စတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့ သမထနောက်က နေပြီး သကာလ အကုသိုလ် လိုက်လာတာ မသိကြဘူး ရိပ်မိပလား (မှန်ပါ့)။

ခု ဘယ်နောက်က ဘာလိုက်လာပါလိမ့် (သမထ နောက်က အကုသိုလ် လိုက်လာပါတယ် ဘုရား)။

သို့သော် ဒကာ ဒကာမတွေက အကုသိုလ်သာ လိုက် လာတာ ဟိုနားကျတော့ သူက အမျှ အမျှ ဝေလိုက်တော့ ကျုပ်ဖြင့် သဗ္ဗေသတ္တာ အကုန်လုံး မေတ္တာပို့ခဲ့တယ်။

အမျှသာ ယူကြပေတော့၊ သူများယူတဲ့ အချိန်ကျတော့ ဒါရောက်နေပြီ (မှန်ပါ့) သူ-အမျှပေးတဲ့ အချိန်ကျတော့ ဘာရောက်နေတုံး (အဝိဇ္ဇာရောက်နေပါတယ် ဘုရား)။ ရိပ်မိပလား။

သူအမျှပေးတဲ့ အချိန်မှာ အဝိဇ္ဇာက သူ့ဟာသူမှ မသိ ခဲ့တော့ပဲကိုးဗျ (မှန်ပါ)၊ အဝိဇ္ဇာ ဖြစ်ခဲ့ပြီ ဆိုတာကော သဘောကျပလား (မှန်ပါ)။

အတော်မဆိုးဘူးလား (ဆိုးပါတယ်)၊ အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ကိုယ်လုပ်နေတာလေးကို တင်းတိမ် မနေကြပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ့)။

သားရှိလို့ တစ်ခါလှူတာလေးနဲ့ပဲ သေပျော်ပြီလို့ အောက်မေ့မနေပါနဲ့၊ ဒီအကြားမယ် ပဋိစ္စသမုပ္ပါဒ် ဗွက်ပေါက် နေတာကြည့်ရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သားရှိလို့ တစ်ခါလှူတာက ကိုမြစိန် နည်းသေးတယ် (မှန်ပါ့) ကြည့်စမ်း၊ ပဋိစ္စသမုပ္ပါဒ်က အစက စလို့၊ အလယ်ကစလို့၊ အဆုံးကစလို့ ဆိုတာတွေက နည်းသလား (မနည်းပါဘူး ဘုရား) ရှင်းပလား။

ဒါက ဒီလိုဗျ စိတ္တာနုပဿနာ နားလည်မှ ရှင်းတာ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)၊ စိတ္တာနုပဿနာ နားလည်ရင်တော့ ဘယ့်နှယ်တုံး (ရှင်းပါတယ် ဘုရား)။

လူဘဝပြန်ရဖို့ခဲယဉ်းတယ်

ဪ ဒို့က ပဋိစ္စသမုပ္ပါဒ်က များနေတယ်၊ ဖြတ် တာကနည်းနေတယ်၊ ဆက်တာက (များပါတယ် ဘုရား)။ ဆိုတော့ လူဘဝပြန်ရဖို့ရာ ခဲယဉ်းတယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

လူ့ဘဝပြန်ရဖို့ ဒကာ ဒကာမတွေ ဘယ့်နှယ်နေတုံး ? (ခဲယဉ်းပါတယ် ဘုရား)၊ ဘာဖြစ်လို့ ခဲယဉ်းတာတုံး (ပဋိစ္စသမုပ္ပါဒ်ကများနေလို့ပါ ဘုရား)။

ကုသိုလ်လေးလုပ်ပြီးလို့ လည်ပြန်ပြီတစ်ပတ်၊ မေတ္တာ လေးပို့ပြီးပြန် (လည်ပြန်ပြီ) လည်ပြန်ပြီတဲ့။

သားလေး၊ သမီးလေးတွေ ကရုဏာရှိပြီး သကာလ ကော (လည်ပါတယ် ဘုရား)၊ ကရုဏာလေး ရှိတုန်းတော့ ကုသိုလ်ပေါ့ဗျာ (မှန်ပါ)။

တော်ကြာကျတော့ ဘာဖြစ်သွားပြန်တုံး (အဝိဇ္ဇာ ထဲရောက်ပါတယ် ဘုရား)။ အဝိဇ္ဇာ သင်္ခါရတွေက လှည့် မလာပေ ဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ဒုက္ခ သစ္စာပေါ်တာ မသိဘူးလို့ ဆိုတဲ့ဥစ္စာ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လို ရိပ်မိကြပါလိမ် (ဒုက္ခသစ္စာပေါ်တာ မသိပါဘူး ဘုရား) ပေါ်တာကတော့ ဘာသစ္စာ ချည့်ပေါ်တုံး (ဒုက္ခသစ္စာချည့်ပေါ်ပါတယ် ဘုရား)။

ပေါ်ပင် ပေါ်ငြားသော်လည်း (မသိပါဘူး ဘုရား) ဒါဖြင့် သံသရာရှည်တယ်ဆိုတာ အဲဒီပေါ်တာမသိလို့ ရှည်တာ (တင်ပါ့) ဒိကျမှ ရှင်းသွားတော့တယ် (မှန်ပါ့)။ သဘောကျပလား (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ပေါ်တာမသိလို့ ရှည်တာပါ ဘုရား)၊ ရှေ့နားက ဒုက္ခသစ္စာပေါ်တယ်၊ နောက်က မသိတာ (မသိပါ ဘုရား)၊ ရှင်းပလား (မှန်ပါ့)။

မသိတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား) နို့ အဝိဇ္ဇာပစ္စယာဖြင့် သင်္ခါရနဲ့ ဖြေရုံရှိတော့တယ်၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

သူများ ပြောတာက စာပြောကိုဗျ၊ ဦးဘတင် (မှန်ပါ့) ဒါ စာပြောဟုတ်ကဲ့လား (မဟုတ်ပါဘူး ဘုရား)။ ဖြစ်စဉ်ပြောနေတယ် (ဖြစ်စဉ်ပြောပါတယ် ဘုရား)။

သစ္စာမသိတော့ သံသရာရှည်တယ်

ကဲ ကိုမြစိန်တို့ ကျေနပ်ပလား၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သံသရာ ရှည်တဲ့ အကြောင်းဟာ ကောင်းကောင်း ရိပ်မိပလားယနေ့ (ရိပ်မိပါတယ် ဘုရား)။

ပေါ်တာကဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ်၊ ပေါ်တာ ကို ဘယ့်နှယ်နေတုံး (သိလိုက်ရမှာပါ ဘုရား)၊ ဒါဖြင့် ဒီပုဂ္ဂိုလ် သစ္စာမသိဘူး (မှန်ပါ)။

သစ္စာမသိတော့ သံသရာရှည်တယ်ကွ၊ ဘုရားကဟော လိုက်တယ် (မှန်ပါ့)၊ ဟုတ်လား (မှန်ပါ့)၊ သူဟောချင် တာ ဟောပစေ၊ ကျုပ်တို့ ဖြစ်စဉ်နဲ့ ပြန်ကိုက်ကြည့် ကိုက်ရဲ့ လား (ကိုက်ပါတယ် ဘုရား)။

ကဲ ကျုပ်တို့ သန္တာန် လောဘစိတ်ကလေး ပေါ်လာ တယ်၊ လောဘစိတ်ဖြစ်ပျက် သိသေးရဲ့ လား (မသိပါဘူး ဘုရား) မသိတော့ မသိတာ ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရ ပစ္စယာ (ဝိညာဏံပါ ဘုရား) ကဲ ခင်ဗျားတို့ ရွတ်လို့ ဆုံးပါဦးမလား (မဆုံးပါဘူး ဘုရား)။

ဒါ ဘာမသိတာတုံး (သစ္စာမသိတာပါ ဘုရား)။ ဒီကသစ္စာ၊ ဒီကမသိတာ မသိလို့ ဒီဘက် ရှည်ထွက် တယ်ကွလို့ ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာတဲ့ (သစ္စာမသိလို့ သံသရာရှည်တာပါ ဘုရား) သံသရာဆိုတာ ခင်ဗျားတို့က ဟိုဘဝ၊ ဒီဘဝမှတ်၊ ဟင် (မှန်ပါ့) ဟိုဘ၀ ဒီဘဝလားခုကိုက သူ့အကြောင်းတွေ ရှည်တာပြောတာလား (သူ့အကြောင်းတွေ ရှည်တာ ပြောတာပါ ဘုရား)။

အကြောင်းရှည်လို့ အကျိုးရှည်တာ

ဒီအကြောင်းရှည်လို့ ဟို အကျိုးရှည်တာပေါ့၊ ဒီ အကြောင်းမရှိရင် ဟိုအကျိုးရှည်စရာ (မရှိပါဘူး)။

ဒါဖြင့် သံသရာ ရှည်ဆိုတာက ဪ ဒို့စိတ်ထဲမှာ ကို အကြောင်းရှည်နေတာ ပြောတာကိုးလို့ မှတ်လိုက်ပါ။ ဘယ် လိုမှတ်ကြမယ် (စိတ်ထဲမှာ အကြောင်းရှည်နေတာပါ ဘုရား)။

ဒီကနေပြီး သကာလ နှုတ်ခမ်းလေးစူတဲ့ ဒေါသ ဖြစ်လိုက်ပါတယ်တဲ့ ဒကာ ဒကာမတွေနော်၊ ဒေါသစိတ် ကလေးကို ခင်ဗျားတို့က ဖြစ်ပျက်မရှုမိတော့ဘူး၊ မရှုမိဘူး (မှန်ပါ့)၊ ဟုတ်ဖူးလား။

မရှုမိတဲ့အခါကျတော့ ဒေါသ မရှုမိတော့ကို သောက မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒီဘက်က ပရိဒေ၀ (လာပါတယ် ဘုရား)၊ ဒီဘက်က ဥပါယာသ၊ ဒီဘက်က အဝိဇ္ဇာမှလာပေဘူးလား (လာပါတယ် ဘုရား)။

အင်း သူ့ကို မသိတဲ့အတွက် ဘာဆိုကြမယ်၊ သံသရာရှည်တယ်လုပ်ပါ (သံသရာရှည်ပါတယ် ဘုရား)။ သဘောပါကြပလား (မှန်ပါ့)။

ဒါ သံသရာတွေမို့လား (မှန်ပါ့)၊ သူပြီးမှ သူဖြစ်ရ မှာကိုး (မှန်ပါ့) သူပြီးမှ သူဖြစ်ရမှာ သူပြီးမှ သူဖြစ်ရမယ် ဆိုတော့ ဒါကြီးက ဘယ်လောက်ရှည်သွားတုံး၊ မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)။

ကိုင်း အားလုံး ဒကာ ဒကာမတွေ သံသရာရှည်ပုံဟာ သူများပြောလား၊ ခင်ဗျားတို့ အဖြစ်ကိုက်လား (အဖြစ် ကိုက်ပါ ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

နေ့တိုင်းဘာလုပ်နေသတုံး

ဪ ဒို့ နေ့တိုင်း ဘာလုပ်နေပါလိမ့်မတုံးလို့ အကဲခတ်စမ်း (သံသရာရှည်အောင် လုပ်နေပါတယ် ဘုရား) သံသရာရှည်အောင် လုပ်နေတယ်။

မဟုတ်ဘူးဗျ၊ တပည့်တော်တို့ ဘာလေးလှူလှူ၊ နိဗ္ဗာန်မှ တစ်ပါး တပည့်တော်တို့ ဘယ်မှ အာရုံမပြုဘူး၊ အဲတော့ တပည့်တော်တို့ တော့ သံသရာမှာပဲ ပြောတဲ့လူက မပြောကြပေဘူးလား (ပြောပါတယ် ဘုရား)။

ဦးဘတင် (ပြောပါတယ် ဘုရား)၊ ဗဟုသုတရှိတဲ့ လူက အဲ့ဒါက သူလှူတုန်းပြောတာ၊ နေ့တိုင်းရှည်တာ သူပြောတာ မဟုတ်ဘူး ဘယ့်နှယ်မတုံး (နေ့တိုင်းရှည်ပါတယ်)။

နို့ ဟိုဟာလေးက တစ်ကြိမ်တလေနဲ့ ခင်ဗျားဖြေလို့ ရပါ့မလား (မရပါဘူး ဘုရား)၊ သဘောပါကြပလား။

ကဲ့ ဟိုတစ်ကြိမ်တလေလေး လှူတာနဲ့ ဦးဘတင် အသားယူပြောနေတယ် (မှန်ပါ့)။ မှန်ရဲ့လား (မမှန်ပါဘူး ဘုရား)။

သူက တစ်ကြိမ်တလေသာ ရှည်တယ်လို့ ပြောတာ၊ တစ်ကြိမ်တလေသာ ဝဋ်ကျွတ်တယ်လို့ ပြောတာ၊ နေ့တိုင်း ဖြစ်စဉ်က ဘယ့်နှယ်နေတုံး (ရှည်ပါတယ် ဘုရား)၊ နေ့တိုင်း ဖြစ်စဉ်က ရှည်တယ်နော် (မှန်ပါ့)။ သဘောပါပလား။

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ့်နှယ်လုပ်မတုံး နေ့တိုင်း ဖြစ်စဉ် မရှည်မှ ဟိုဟာမရှည်မှာ (တင်ပါ့) ဘဝမရှည်မှာ ကိုး။

နေ့တိုင်း ဖြစ်စဉ် ရှည်နေရင်တော့ (ဘဝရှည် ပါတယ် ဘု ရား)၊ ဘဝလည်း ရှည် ရမယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

သတိပဋ္ဌာန်ကို လက်မလွှတ်နဲ့ – ကိုင်း ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး၊ သတိပဋ္ဌာန်ကို လက်မလွှတ်မှ၊ ဘယ်လိုမှတ်ကြမယ် (သတိပဋ္ဌာန်ကို လက်မလွှတ်မှပါ ဘုရား)။

လက်လွှတ်ရင် ဘာဖြစ်မယ်ထင်တုံး (သံသရာ ရှည်မှာပါ ဘုရား) သတိပဋ္ဌာန် လက်လွှတ် လိုက်ရင် သစ္စာကလည်း ပျောက် (မှန်ပါ့) မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။

သစ္စာပျောက်တော့၊ သစ္စာမသိတော့ အဝိဇ္ဇာတို့ တဏှာတို့က ဘယ့်နှယ်နေတုံး (လာပါတယ် ဘုရား)။

လာရင် သူတို့က ပဋိစ္စသမုပ္ပါဒ် အစနဲ့ အလယ်နဲ့က နေပြီး သကာလ တန်းတော့မှာပဲ (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လူ့ဘဝပြန်ရဖို့များ မြင်ကြသေး ရဲ့လားလို့ မေးလိုက်တယ် ဘယ့်နှယ်လဲ ဦးဘလေး (မမြင် ပါဘူး ဘုရား)။

ဘာဖြစ်လို့ မမြင်တာတုံးဆိုတော့ တပည့်တော်တို့က ဘုရား၊ စလို့လည်း စမှန်းမသိဘူး (မှန်ပါ့) ဟင် အလယ် လည်း မသိဘူး၊ အဆုံးကော (မသိပါ ဘုရား)။

ဘာမသိသတုံး (သစ္စာမသိတာပါ ဘုရား)၊ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ် (သတိပဋ္ဌာန်နဲ့ နေရမှာပါ ဘုရား) ဒါပဲ အားကိုးရာရှိတော့တယ်၊ သတိပဋ္ဌာန်ဆိုတာ မဂ်ပဲဗျ (မှန်ပါ့)။

သတိပဋ္ဌာန်ဆိုတာ မဂ္ဂင်ငါးပါး

သတိပဋ္ဌာန်ဆိုတာ ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးကို ဆိုတာ (မှန်လှပါ) သတိပဋ္ဌာန်ဆိုတာ ဘာပါလိမ့် (မဂ္ဂင် ငါးပါး ဘုရား)။

မဂ္ဂင်ငါးပါးကိုဆိုတော့ ဘယ်စိတ်ပေါ်ပေါ် ခင်ဗျားတို့ ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက် ရှုတိုင်း ရှုတိုင်းလည်း သံသရာက ပြတ်ပြတယ် (မှန်ပါ) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ရှေ့က လောဘပါလည်း ဒီက ဖြစ်ပျက်ရှု၊ ဥပါဒါန်ဘက် သွားသေးရဲ့လား (မသွားပါဘူး ဘုရား)၊ တဏှာပြီး ဥပါဒါန် လာသေးရဲ့လား (မလာပါဘူး ဘုရား)။

ဥပါဒါန်မလာရင် ကံကကော (မလာပါဘူး ဘုရား) ဒါဖြင့် သံသရာ ဘယ့်နှယ်ဖြစ်တုံး (ပြတ်ပါတယ် ဘုရား)။

ဒါဖြစ်ပျက် ဒုက္ခသစ္စာလို့ သူက သိလိုက်လို့ ပြတ်ထွက် သွားတာ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဖြစ်ပျက်ဒုက္ခသစ္စာလို့ သူက သိလို့ ပြတ်တယ်နော် (မှန်ပါ့)။

ကဲ ဦးခင်မောင် ဘယ်လောက်အရေးကြီးတုံး (ကြီး ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဪ တပည့်တော်တို့တော့ ဘုရား၊ ဒီလို ဆရာ ကောင်း၊ သမားကောင်းနဲ့သာ မတွေ့တော့ ဘူးလို့ ဆိုလို့ရှိရင်၊ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေစတယ်လို့လည်း ပေါ်ပါဦးမလား (မပေါ်ပါဘူး ဘုရား)။

အလယ်က စတယ်လို့ကော (မပေါ်ပါဘူး ဘုရား)၊ အဆုံးက စတယ်လို့ကော (မပေါ်ပါဘူး ဘုရား)။

မပေါ်တော့ ဒီအတိုင်းသာ တစ်နေ့လုံး လှည့်နေတာပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းသောရောင်းခြင်းဝယ်ခြင်းဆိုတာ အောက်တန်းတရား

ဒါဖြင့် ကောင်းသော ရောင်းခြင်းကောင်းသော ဝယ်ခြင်း၊ ဆိုတာက ဒကာ ဒကာမတွေ အဲ့ဒါအောက်တန်း တရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဦးခင်မောင် ဘယ်လိုမှတ်မယ် (အောက်တန်း တရားပါ ဘုရား) ဘာကြောင့် တရားပဲဘုရား အောက်တန်း၊ အထက်တန်းတွေ ရွေးရသေးသလားဟင် မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။

သူ သီလလေး လုံတယ်ပြောတာ (တင်ပါ့) သမထ တို့ ဝိပဿနာတို့ မလုံဘူးပြောတာ (မလုံပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ သီလနဲ့ သမထ ဝိပဿနာနဲ့ ဘယ်သူက အထက်တန်းအောက်တန်းဆိုကာ ဦးခင်မောင် ရွေးတတ်ပလား (ရွေးတတ်ပါပြီ ဘုရား)။

ဝိပဿနာက၊ အထက်တန်းတရား

သီလက ဘာတုံး (အောက်တန်းပါ ဘုရား) သမထ က (အထက်တန်း) အလယ်တန်း (အလယ်တန်းပါ ဘုရား)၊ ဝိပဿနာက (အထက်တန်းပါ ဘုရား)၊ သဘောကျ ပလား (မှန်ပါ့)။

အဲ့ဒါသူ အောက်တန်းနဲ့ စကားပြောတာလို့ မှတ်ပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လို မှတ်ကြမယ် (အောက်တန်းနဲ့စကားပြောတာပါ ဘုရား)။

အဲ့ဒါနဲ့များ တချို့က သေပျော်ပြီလို့များ ပြောလိုက် သေးတယ်၊ ဦးခင်မောင်တို့ ကြားဖူးမှာ ပေါ့ဗျာ (ကြားဖူးပါ တယ် ဘုရား)၊ ဦးဘတင်တို့ကော (ကြားဖူးပါတယ် ဘုရား)။

ပြောနေတာပဲ ကိုယ်ကိုယ်တိုင်ကို ရိပ်မိကြပလား (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ ဆရာဘုန်းကြီးက ပြင်ကြပါဦး၊ ဆင်ကြပါဦးလို့ ဟောတယ်။

ဘယ်လိုဟောတုံး (ပြင်ကြပါဦး ဆင်ကြပါဦးလို့ ဟောပါတယ် ဘုရား) ဟ တပည့်တော်တို့ ဘာပြင်စရာရှိသေး သတုံးလို့ ကိုမြစိန်က တုံးကိုင်ချင်သေးသလား (မကိုင်ချင် ၊ ပါ ဘုရား)။

အကုန်ပြင်ရမှာ

အကုန်ပြင်ရမှာ (အကုန်ပြင်ရမှာပါ ဘုရား) ဟုတ်ဖူး လား (မှန်ပါ့) အကုန်ပြင်ရမှာတဲ့။

ကိုယ်ထမင်းစားချင်လဲ စိတ်ကလေးကို ကိုယ်က ဒီထမင်းစားချင်တဲ့ စိတ်ကလေး ဖြစ်ပျက်ကို မသိတော့ဘူး (မှန်ပါ့)။

မသိလို့ရှိရင် သူအဝိဇ္ဇာက လာတော့မယ် (မှန်ပါ့)။ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဝိဇ္ဇာလာရင် သင်္ခါရကဖြတ်လို့ ရပါ့မလား (မရပါဘူး ဘုရား)။

ဪ ခက်ပါဘိ ဒုက္ခသစ္စာ ပေါ်တာကို ခင်ဗျား တို့အတွက်က ပဋိစ္စသမုပ္ပါဒ် စဖို့ချည့် ဖြစ်နေတယ် (မှန်လှပါ)။

ဒါလေးမှတ်ထားစမ်းပါ

ဒါလေးမှတ်ထားစမ်းပါ (မှန်လှပါ) ပေါ်တာက ဘာပေါ်တုံး (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား) ခင်ဗျားတို့ အတွက်က (ပဋိစ္စသမုပ္ပါဒ် စဖို့ချည့်ဖြစ်နေပါတယ် ဘုရား) တယ်ခက်ပါလား။

ဒါဖြင့် ခင်ဗျားတို့ ဘာဖြစ်နေတဲ့ လူတွေလည်းလို့ မေးလို့ကောင်းတယ်နော်၊ ဘာဖြစ်နေတဲ့ လူတွေတုံးလို့ မေးဖို့ ကောင်းတော့၊ တရားဂုဏ်တော်တွေ ဖျက်နေတဲ့ လူတွေလို့ ဆုံးဖြတ်ချက်ချ။ ရှင်းပလား (မှန်ပါ့)။

ဦးဘတင် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (တရားဂုဏ် တော်တွေ ဖျက်နေတဲ့ လူတွေပါ ဘုရား)။

တရားက ဧဟိပဿိကော လာပါရှုပါလို့ ခန္ဓာကိုယ်ထဲ ပေါ်လာတယ် (မှန်ပါ့) ဧဟိပဿိကော ဘာတဲ့တုံး ဦးခင်မောင် (ဧဟိပဿိကောပါ ဘုရား)။

ဧဟိ= လာခဲ့၊ ပဿ = ရှုပါလို့ ခန္ဓာကိုယ်ထဲမှာတရား တစ်ခု မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

လောဘပေါ်ပေါ်၊ ဒေါသပေါ်ပေါ် သူက ဘာလုပ် တတ်တုံး လာပါရှုပါလို့ (လာပါရှုပါလို့ ခိုင်းပါတယ် ဘုရား)။ လာပါ ရှုပါလို့ ခိုင်းတယ် (မှန်လှပါ)။

ခင်ဗျားတို့က မရှုဘူးကွာ၊ အဝိဇ္ဇာနဲ့ ခံတယ် (အဝိဇ္ဇာနဲ့ ခံပါတယ် ဘုရား)၊ အဝိဇ္ဇာနဲ့လေ (မှန်လှပါ)။

မရှုဖြစ်သော ဘယ်သူတုံး

မရှုဘူးလို့ ဆိုတာက ဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)၊ အပြောဖြစ်ပေါ်လာတာက အဝိဇ္ဇာပဲ၊ သို့သော် ဘုန်းကြီး က စကားထည့်ပြောလိုက်လို့ မရှုဘူးကွာလို့ လုပ်နေတာ ခင်ဗျား တို့ပဲ (မှန်ပါ့)။

ဒီစိတ်ကလေး ပေါ်တာမှ သိသေးရဲ့ လား (မသိ ပါဘူး ဘုရား)။ မသိတော့ မရှုဘူးကွ ဖြစ်လာတယ် (မှန်ပါ့) မရှိတော့ ဘာတုံး (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) အင်း သွားပြန်ပြီ တစ်ဘဝ၊ မသွားသေးဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘာဂုဏ်တွေ ဖျက်နေကြသလဲလို့ မေးခွန်းထုတ်ပါ (တရားဂုဏ်တွေ ဖျက်နေပါတယ် ဘုရား)။

ဪ ခက်ပြီ ဒီဒကာ ဒကာမတွေက၊ တရား တောင်ဖျက်နေတဲ့ ဒကာ ဒကာမတွေပဲ စွဲချက်တင် ပြန်ပြီ (မှန်ပါ့) မတင်ထိုက်ဖူးလား တင်ထိုက်လား (တင်ထိုက်ပါ တယ် ဘုရား)။

တရားက ဘာတဲ့တုံး (ဧဟိပဿိကောပါ ဘုရား) လာပါ ရှုပါ သူပေါ်လာတာ ဘာလုပ်ဖို့ ပေါ်လာတာတုံး (ရူဖို့ပေါ်လာတာပါ ဘုရား)၊ ခင်ဗျားတို့က မရှုဘူးကွာ ဘာဖြစ်နေတုံးဟင် (ပေခံနေပါတယ် ဘုရား) ပေခံနေတယ်။

မရှုဘူး ဒကာ ဒကာမတွေ မသုံးဘူးလား (သုံးပါ တယ် ဘုရား) မရှုမိတော့ ဘယ့်နှယ်ဆိုတုံး (အဝိဇ္ဇာလာပါတယ် ဘုရား) အဲ မရှုမိတဲ့ ပုဂ္ဂိုလ်ဟာ မရှုဘူးကွာနဲ့ကော ထူးသေးရဲ့လား (မထူးပါဘူး ဘုရား)။

မထူးတော့ အဝိဇ္ဇာမလာဘူးလား (လာပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။ သင်္ခါရပစ္စယာ (ဝိညာဏံ)။

ဒါဖြင့် ဘုရား၊ ဘုန်းကြီးတရား နာရတာ နေစရာမရှိဘူး ခင်ဗျားတို့က လာတော့မယ်၊ ဘုန်းကြီးတရားကို မဟုတ်သေး ဘူး ဒီဥစ္စာ၊ ခင်ဗျားတို့ ဖြစ်နေတဲ့တရား၊ ရိပ်မိပလား (မှန်လှပါ)။

ကိုယ့်သန္တာန်ပေါ်တဲ့တရား

ဘယ်သူ့တရားတုံး ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့တရား၊ ဘုန်းကြီးတရား မဟုတ်ဘူး၊ ဒီဥစ္စာ (မှန်ပါ့)၊ ဦးဘတင် ဘယ့်နှယ်ဆိုမတုံး (ခန္ဓာမှာ ဖြစ်တဲ့တရားပါ ဘုရား)။

တပည့်တော်တို့ တရားကို တပည့်တော်တို့ မရှုဘူးဆို ရင်တော့ ကိုက်တယ် (တင့်ပါ) ဘုန်းကြီး တရားနာလို့တော့ မပြောနဲ့နော် နောက်ကို ရိပ်မိပလား (မှန်ပါ့)။

ဘယ်လို ပြောကြမတုံး (ကိုယ့်တရားကို ကိုယ်မရှု ချင်တော့ဘူး ဘုရား) ကိုယ့်တရားကို ကိုယ်မရှုချင်တော့ဘူး ဘုရား၊ မရှုချင်တော့ဘူး ဆိုကတည်းက အဝိဇ္ဇာက စပြီ (မှန်ပါ့)။

မစသေးဘူးလား (စပါတယ် ဘုရား)၊ အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)။ သင်္ခါရပစ္စယာ (ဝိညာဏ် ပါ ဘုရား)။ ဝိညာဏပစ္စယာ (နာမရူပံပါ ဘုရား)။

ကဲ ဘယ်လောက်ထိအောင် သွားမယ်ထင်တုံး (တစ်ပတ်လုံးပါ ဘုရား)။ တစ်ပတ်လုံး လည်မယ်၊ မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။

အသိထူးလာတယ်လို့ အောက်မေ့ပါ

အဲတော့ ဪ ဒို့တော့ အသိထူးလာတယ်လို့သာ အောက်မေ့ပါ (မှန်ပါ့)၊ ဘုန်းကြီးတရားလို့ မထည့်နဲ့ နောက်ကို (မှန်ပါ့)။

နို့ ကွယ်ရာကျတော့ ပြောမှာဗျ၊ ကွယ်ရာကျတော့ ဘုန်းကြီးတရားသိပ်ခက်တယ်၊ ကွယ်ရာ ကျတော့ ဘုန်းကြီး တရားဖြစ်နေတာ၊ ရိပ်မိပလား (မှန်ပါ့)။

ဒီတရားကတော့ ဘယ်သူ့ သန္တာန်ပေါ်တာတုံး (ကိုယ့်သန္တာန်ကိုယ်ပေါ်တာပါ ဘုရား)။ အင်း ဘုန်းကြီးတရား မဟုတ်တော့ဘူး၊ ဟာ မလုပ်ပါနဲ့၊ ရိပ်မိကြပလား။

ဘုန်းကြီးတရား ဟုတ်သလား၊ ခင်ဗျားတို့ သန္တာန် ဖြစ်ပေါ်တဲ့ တရားလား (တပည့်တော်တို့ သန္တာန်ဖြစ်ပေါ် တဲ့ တရားပါ ဘုရား)။

အင်းကိုယ့်တရား ကိုယ်မရှုဘူးဆိုရင်ဖြင့် ပြောင်ခံရင် ကြိုက်ပါတယ် (မှန်ပါ့) ဘုန်းကြီးဆီ သွားပြီး တရားနာရတာ ဘုန်းကြီးတရား သိပ်ခက်တယ်ဆိုရင်တော့ ခွ ကျတာပဲ (မှန်လှပါ)။ မဆိုထိုက်ဖူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဦးခင်မောင် ကွယ်ရာကျတော့ ကျုပ်ထည့်မပြောပါနဲ့ ဗျာ ပြောလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကို ပြောတာပါပဲ (မှန်လှ ပါ)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဧဟိပဿိကော လာပါ ရှုပါ ဆိုတဲ့ခင်ဗျားတို့ သန္တာန်ပေါ်လာတဲ့ တရားဟူသ၍က ရှုပါချည့်ခိုင်းတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေက မရှုဖြစ်တဲ့ အခါကျလို့ရှိရင်ဖြင့် အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) မရှုဘူးကွာ ဆိုတာသည် မရှုမိလို့ရှိရင် အဝိဇ္ဇာချည့်မှတ် (မှန်ပါ့)။

ရှုမိရင် ဝိဇ္ဇာ

ရှုမိရင်၊ ဝိဇ္ဇာ (မှန်ပါ့) မရှုမိရင် (အဝိဇ္ဇာပါ ဘုရား) ရှုမိရင် (ဝိဇ္ဇာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ကတော့ ဝိဇ္ဇာဥဒပါ ဒီတော့ဖြင့် ရွတ်လိုက်တာ ဓမ္မစကြာ၊ ရှုမိရင် ဝိဇ္ဇာဥဒပါဒိ ဖြစ် နေတယ်။

ဘယ့်နှယ် ဆိုကြမတုံး (ရှုမိရင် ဝိဇ္ဇာဥဒပါဒိပါ ဘုရား) မရှုမိရင် (အဝိဇ္ဇာပါ ဘုရား) ဟုတ်လား အဝိဇ္ဇာဥဒပါဒိပဲ ထည့်လိုက်တော့ မထူးပါဘူး ရိပ်မိပလား (မှန်ပါ့)။

ရှုမိရင် ဘယ့်နှယ်ဆို (ဝိဇ္ဇာဥဒပါဒိပါ ဘုရား) မရှုမိရင် (အဝိဇ္ဇာဥဒပါဒိပါ ဘုရား)။

သောတာပန်မှာ ဒီ ဥဒပါဒိ မပါလို့ ရှိရင်ဖြင့် ဝိဇ္ဇာဥဒပါဒိ မပါပဲနဲ့ တရားဦးတိုင်း တရားဦးတိုင်းမှာ ဘယ်သူသောတာပန် တည်သတုံးဗျ (မတည်ပါဘူး ဘုရား)။

တည်ကြရဲ့လား (မတည်ပါဘူး ဘုရား)၊ ဘုရား တိုင်း တရားတိုင်း ဝိဇ္ဇာဥဒပါဒိမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ အလောကော ဥဒပါဒိဆိုတာ သောတာပန်က စဖြစ် တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာနဲ့ နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နိုင်စရာ အကြောင်းမြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ဒီကရှေ့ ကိုယ့်တရားကိုယ်ပြင်ကြပါဦး (မှန်ပါ့) ဘယ်လိုဆိုကြမယ် (ကိုယ့်တရား ကိုယ်ပြင်ရ မှာပါ ဘုရား)။ ကိုယ့်တရားကိုယ်ပြင် ခုမှပဲ အချိုးကျသွားတယ် (မှန်လှပါ)။

ဒီပြင် ကိုယ်တော်တွေ ဟောတာကတော့ လွယ်လိုက် တာ နိဗ္ဗာန်များ ချက်ခြင်း ရောက်တော့မယ့်ပုံ ဟုတ်ပလား၊ အင်း ဒီဘုန်းကြီး ဝိမလ တရားကတော့ဖြင့် မလွယ်ဘူး ဟုတ်ပြီလား (မှန်ပါ) ညည်းချင်လည်း ညည်းကြမယ်ပေါ့ ဗျာ ညည်းပေဘူးလား (ညည်းပါတယ် ဘုရား)။

ဘုန်းကြီးရဲ့ တရားမဟုတ်ဘူး

မလွယ်တာ၊ မလွယ်တာ ဘုန်းကြီး ဝိမလ တရားလဲ မဟုတ်ဘူး ကိုယ့်ဖြစ်စဉ်ကို ကိုယ်မသိတာပဲ (မှန်ပါ့) ဘယ်လို ဆိုကြမယ် (ကိုယ့်ဖြစ်စဉ်ကို ကိုယ်မသိတာပါ ဘုရား)။

ကိုယ့်ဖြစ်စဉ်ကို ကိုယ်မသိဘူးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ကိုယ့်ကိုယ်မှာ ချေးရှိမှန်းလည်း မသိဘူး၊ ညှော်ရှိမှန်းလည်း မသိဘူး (မှန်လှပါ) အကွက်ရှိမှန်းလည်း မသိဘူး ဟုတ်လား (မှန်ပါ့)။

တင်းတိပ်၊ မှဲ့ရှိမှန်းကော (မသိပါဘူး ဘုရား)။ ဒါ ဖြင့် ကိုယ့်ကိုယ်မှ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်ဟာ အရူးပဲ (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒီမှာလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခဏ ခဏ ဟောပါတယ်၊ မင်းတို့ သူများစိတ်တော့ အကဲမခတ်ချင်နေ (မှန်ပါ့) ဟောဘူးလား (ဟောပါတယ် ဘုရား)။

ကိုယ့် စိတ်တော့ (အကဲခတ် ရမှာပါဘု ရား)၊ သဘောကျပလား (မှန်ပါ့) သူများစိတ် (အကဲမခတ်ချင်ဘူး) အကဲမခတ်ချင်နေ မှားတတ်တယ်၊ ကိုယ့်စိတ်တော့ (အကဲခတ်ရမှာပါ ဘုရား)။

ကိုယ့်စိတ်ကိုတော့ လောဘဖြစ်လာတယ် ဒကာ ဒကာမတို့ စားချင်တယ်လို့ ပါးစပ်ကိုက ထွက်လာတယ် (မှန်ပါ့)။

ဝတ်ချင်တယ်လို့ကော (ထွက်လာပါတယ် ဘုရား) ကျုပ်စိတ်ပျက်လိုက်တာ ဆိုတာကော (ထွက်လာပါတယ် ဘုရား) ဒေါသကော ထွက်မလာဘူးလား (ထွက်လာပါ တယ် ဘုရား)။

ကိုယ့်စိတ်ကိုသိသိပေးပါ

အဲတော့ ကိုယ့်စိတ်ကို နောက်ကနေပြီး သိသိပေးပါ ခုနက စိတ်ဟာ လောဘဖြစ်ပျက် (မှန်ပါ့) ဒုတိယ စိတ်က (ဒေါသဖြစ်ပျက်ပါ ဘုရား)။

ဒီလို သိသိပေးမယ်ဆို ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် အလည်ကလည်း ပြတ်ပါတယ် (ပြတ်ပါတယ် ဘုရား) အဆုံး ကကော (ပြတ်ပါတယ် ဘုရား) အစကကော (ပြတ်ပါတယ် ဘုရား)။

အသေအချာပြတ်တယ်၊ မပြတ်ဘူးလား (ပြတ် ပါတယ် ဘုရား) ဒါဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ (မှန်ပါ့)၊ ဒီသွားတော့ (မှန်ပါ့) မသွားနိုင်ဘူးလား (သွားနိုင်ပါတယ် ဘုရား)။

ဒုက္ခအစုကြီး ဘာဖြစ်သွားတုံး (ပြုတ်ထွက်သွားပါ တယ် ဘုရား)။

ဪ ဒုက္ခအစု ဖြုတ်ချင်တော့လည်း ကိုမြစိန် အလွယ်သားလား (မှန်ပါ့) ဒီ တစ်လုံးမိ လိုက်ရင် ပြီးတာပဲ (မှန်ပါ့) မိလိုက်ရင် (မှန်ပါ့)။

လောဘစိတ် ဖြစ်တာကိုလည်း ဖြစ်ပျက်ရှုနိုင်ရင်လည်း ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒေါသလေးဖြစ်တာ ဖြစ်ပျက်ရှုနိုင်ရင်ကော (ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိပါ ဘုရား) အလကားသာ ရွတ်နေတာကိုးဗျ၊ ကိုယ်တိုင်တော့ လုပ်မှမယူပဲ ခင်ဗျားတို့ဟာက (တင်ပါ့)။

ရွတ်ရမှာလား၊ အလုပ်လုပ်ရမှာလား

ဘုရားရှိခိုးထဲပါတော့ အလကားပဲရွတ်တယ် (မှန်ပါ့) ဟုတ်ပလား (မှန်ပါ့) အလကား ရွတ်ရမှာလား၊ လုပ်ယူရမှာ ဦးခင်မောင် (လုပ်ယူရမှာပါ ဘုရား) ကဲ ကိုမြစိန်တို့ ကော (လုပ်ယူရမှာပါ ဘုရား) နို့ ခင်ဗျားတို့က ဘာလုပ် နေတုံး (ရွတ်နေပါတယ်)။

ခက်တယ်၊ ခင်ဗျားတို့ ဟာက အားကြီးခက်တယ်၊ လုပ်ယူရမယ့်တရားကို ဘာတုံး ရွတ်ယူတယ်၊ ဒါကြောင့် မနေ့က ပြောတဲ့ စကား မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဟဲ့ တောင်းယူရမယ့် ဥစ္စာကို တောင်းယူ (မှန်ပါ့)။ ဟုတ်လား၊ လုပ်ယူရမှာ (လုပ်ယူရမှာပါ ဘုရား) မနေ့က မသင်ခဲ့ဘူးလား (သင်ခဲ့ပါတယ် ဘုရား)။

လူပြည် နတ်ပြည်ကျတော့ ဘာတဲ့တုံး (တောင်းယူ ရမှာပါ ဘုရား)။ နိဗ္ဗာန်ကျတော့ (လုပ်ယူရမှာပါ ဘုရား)။

ကဲ ခင်ဗျားတို့ လိုချင်ရင်းက ဘယ်ဟာတုံး (နိဗ္ဗာန်ပါ ဘုရား) အဲ့ဒါ ဘာလုပ်နေကြတုံး (တောင်းယူ နေပါတယ် ဘုရား)၊ တောင်းယူတယ် (မှန်ပါ့)။

အတော်ဆိုးသွားတယ် (တင်ပါ့) မဆိုးဘူးလားကဲ (ဆိုးပါတယ် ဘုရား)။

ဒါကြောင့် တောင်းရမယ့်နေရာတောင်းပေါ့ဗျာ။ မတောင်းရမယ့်နေရာ၊ မောင်းထုတ်မယ့်နေရာ ခင်ဗျားတို့က တောင်းနေလို့ရှိရင် ခက်တယ် (မှန်ပါ့)။

အာစိတ်ပေါ်ပေါ်ဖြစ်ပျက်ရှု

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘာစိတ်ပေါ်ပေါ် ဘာလုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်တာသည် ဒုက္ခ (မှန်ပါ့)၊ ပျက်တာ (ဒုက္ခပါ ဘုရား)။

ဒါဖြင့် ဘာပေါ်လာလာ ခင်ဗျားတို့ သန္တာန်မှာ နဂိုက လည်း ဒုက္ခသစ္စာပဲ ရှိတယ်လို့ ရှိထားပြီးပြီ (မှန်ပါ့) အကြောင်းတိုက်ဆိုင်လို့ ပေါ်လာရင်လည်း ဘာပေါ်လေ့ရှိတုံး (ဒုက္ခသစ္စာပဲ ပေါ်ပါတယ် ဘုရား)။ ရှင်းပလား (မှန်ပါ့)။

အကြောင်း တိုက်ဆိုင်လို့ ပေါ်လာရင်လည်း (ဒုက္ခ ပါ ဘုရား)။ ဒုက္ခပဲ ပေါ် ရမယ် (မှန်ပါ့) ရှိတာကကော (ဒုက္ခပါ ဘုရား)။

ရှိတာက ဒုက္ခရှိလို့ ရှိရင်ဖြင့် သုခကတော့ မပေါ်နိုင် ပေဘူးဗျာ (မှန်ပါ့) ခင်ဗျားတို့ သန္တာန်မှာလေ (မှန်လှပါ)။

ဘာပေါ်ကြမလဲ (ဒုက္ခပေါ်ပါတယ် ဘုရား) ဒုက္ခပဲ ပေါ်တယ်။ ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ပေါ်လာတဲ့ ဓမ္မကို ရှုလို့ ရှိရင်ဖြင့် သစ္စာဉာဏ်ရပြီလို့ ယနေ့ည ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

သစ္စာဉာဏ်ရပြီး (မှန်ပါ)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခမြင်ပြီ (မှန်ပါ့)။

သစ္စဉာဏ်

ကဲ ဒါတစ်နံပါတ်မှတ်ပါ (မှန်ပါ့) ဒီနေ့ နောက် သစ္စ၊ ကိစ္စ၊ ကတ ကျအောင် ပြောလိမ့်မယ် (မှန်ပါ့)။

နာရီနဲနဲ ကျန်ပါသေးတယ်၊ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ကို မိအောင် ရှုနိုင်လို့ ရှိရင်ဘာဉာဏ်ရတုံး (သစ္စဉာဏ်ရပါတယ် ဘုရား) သေချာမှတ်၊ သေချာမှတ်။

ကိစ္စဉာဏ်ဆိုရင် သောတာပန် တည်တော့မယ်နော် ကတဉာဏ်ဆိုရင် သောတာပန် အစစ် ဖြစ်သွားပြီ။

ဦးခင်မောင် (မှန်လှပါ) ပေါ်လာတဲ့ တရားလေးကို ခင်ဗျားတို့ သန္တာန်မှာ ဖြစ်တာနဲ့ ပျက်တာလေး တွေ့လို့ တွေ့ တွေ့ တွေ့တွေ့နေပါပြီဘုရား ဆိုရင်တော့ ပဋိစ္စသမုပ္ပါဒ် ပြတ် တယ်လို့ ဘုန်းကြီး ပြောဖို့ မလိုတော့ဘူး (မလိုပါဘူး ဘုရား)။

ပြတ်သွားပါပြီ (ပြတ်ပါပြီ) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) သို့သော် ခင်ဗျားတို့ ဖြစ်ပျက်ကို သိရတဲ့ အတွက် ဖြစ်ဒုက္ခ ပျက်ဒုက္ခ သိရပါတယ် (မှန်ပါ့)။

ဒုက္ခသိတဲ့ဉာဏ်

ဒါဖြင့် ဒုက္ခပိုင်းခြားသိတယ် (မှန်လှပါ) မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား) ဒုက္ခသိတဲ့ ဉာဏ်မရသေးဘူး လား (ရပါတယ် ဘုရား)။

ဒီဉာဏ် ဘာဉာဏ် ခေါ်ပါ့မတုံး (သစ္စဉာဏ်ပါ ဘုရား) သစ္စဉာဏ်လို့ မှတ်လိုက်ပါ။

ဪ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန် ပေါ်လာတဲ့ စိတ်ကလေးကို ခင်ဗျားတို့ ကြိုးစားသာ ရှုနော် (မှန်ပါ့) ဘာရှုကြ (ကြိုးစား ရှုရမှာပါ ဘုရား)။

ဘာရှုမလဲ (ပေါ်လာတဲ့စိတ်ကိုပါ ဘုရား) ပေါ်လာတဲ့ စိတ်ကို (ကြိုးစားရှုရမှာပါ ဘုရား) ကြိုးစားရှု။

ဒါဖြင့် ဂဏန်းလိုပြော တစ်ကို နှစ်နဲ့ ဖမ်းပါ (မှန်ပါ့) သဘောကျပလား (မှန်ပါ့) တစ်ကို (နှစ်နဲ့ဖမ်း ရမှာပါ ဘုရား)။

တစ်ကို နှစ်နဲ့ ဖမ်းလိုက်တဲ့အခါကျတော့၊ နှစ်ဆိုတာ နောက်မှ ပေါ်သောကြောင့် တစ်ဆိုတာ သည်ကားလို့ ဆိုရင် တစ်စိတ်သည်ကားလို့ဆိုရင် မရှိတော့ဘူး (မရှိတော့ပါဘူး) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဝိပဿနာအစစ်

မရှိတော့ အင်း တစ်ကမရှိတာ၊ နှစ်က သိတာ၊ တစ်က (မရှိတာပါ ဘုရား) နှစ်က (သိတာပါ ဘုရား)။ အဲဒါ ဝိပဿနာအစစ်မှတ်။

တစ်နဲ့ နှစ်သာ မှတ်ထား၊ ဝိပဿနာ သူများက ခက်တယ် ဆိုရင် မယုံနဲ့ (မှန်ပါ့) တစ်ကို နှစ်က ဘယ့်နှယ်ဆိုကြမယ် (တစ်ကို နှစ်က လိုက်နိုင်ရင် ပြီးပါတယ် ဘုရား) တစ်ကို (နှစ်ကလိုက်နိုင်ရမယ်)

နောက်က ဒကာ ဒကာမတွေ (တစ်ကို နှစ်က လိုက်နိုင်ရမှာပါ ဘုရား)။

ဒါဖြင့်ဗျာ ခဲယဉ်းသေးသလား (မခဲယဉ်းပါဘူး၊ ဘုရား) တစ်က လောဘစိတ်၊ နှစ်က ဝိပဿနာစိတ် ဖြစ်ပါစေ (တင်ပါ့) တစ်က ဒေါသစိတ်၊ နှစ်က ဘာတုံး (ဝိပဿနာစိတ်ပါ ဘုရား)။

ကုသိုလ်စိတ်လည်းရှုရမယ်

တစ်က ကုသိုလ်စိတ် (နှစ်က ဝိပဿနာစိတ်ပါ ဘုရား) နှစ်က ဝိပဿနာစိတ်လည်း တချို့ကုသိုလ်လည်း ရှုမှရ တယ် (မှန်ပါ့) မရှုရင် မဖြစ်ဘူး။

ဘာဖြစ်လို့ မရှုမိတုံး၊ ပုညာဘိ သင်္ခါရကုသိုလ်တွေ ကျ တော့ ဦးခင်မောင်ရေ (မှန်လှပါ) လူ့ပြည်၊ နတ်ပြည်၊ ဒုက္ခတွေ ပေးဦးမှာ (ပေးဦးမှာပါ ဘုရား)။

ပေးလည်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ရှုပစ်ပါ သူ့ယူပစ်လိုက်လို့ရှိရင် မဂ်က တားလိုက်တယ် (တင်ပါ့) မတားဘူးလား (စားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တစ်ကို ဘာတုံး (နှစ်နဲ့ရှုရမှာပါ ဘုရား)။ ဪ လွယ်လိုက်တာ ဘုရား မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဦးခင်မောင် (မလွယ်ပါဘူး)၊ မလွယ်ဘူး၊ နောက်က ဒကာ ဒကာမတွေကော ဘယ့်နှယ်နေကြတုံး (မလွယ်ပါဘူး ဘုရား)၊ မလွယ်ဘူး။

ဪ ခင်ဗျားတို့က ခက်လိုက်တာ၊ ဘုန်းကြီး ကလည်း စကားတတ်တတ်နဲ့ ပြောရမယ်ဆိုရင်၊ ဖြစ်တော့ ဖြစ်တတ်တယ် ဖျက်တော့ မဖျက်တတ် ဘူးလားလို့ မေးချင်တယ်။

ရေးတော့ ရေးတတ်တယ် မဖျက်တတ်ဘူးလားလို့ ဆိုတော့ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

ဂဏန်းလေးတစ်ခု ရေးတော့ ရေးတတ်တယ် ခုနေ မင်းဟာ မှားတယ် ဖျက်လိုက်ပါဆိုတော့ (မဖျက်တတ် ပါဘူး)။

ဘာလို့ မဖျက်တတ်တာတုံး၊ ကိုယ်ရေးထားတာ ဘယ့်နှယ်ဆိုကြမတုံး (ကိုယ်ရေးထားတာ ဖျက်တတ်ရမှာ ပါ ဘုရား) သဘောကျပလား (မှန်ပါ့)။

ကိုယ်ရေးတာတော့ဖြင့် (ဖျက်တတ်ရမှာပါ ဘုရား) နို့ ကိုယ့်သန္တာန် ပေါ်တဲ့စိတ်ကို မကောင်းလို့ ရှိရင်ဖြင့် ကိုယ့်သန္တာန်ကနေ နောက်က ဝိပဿနာနဲ့ ဖျက်ပစ်ရမှာ ခင်ဗျားတို့က ဝန်လေးစရာ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဝန်လေးတဲ့ အလုပ်လား၊ ဝန်မလေးတဲ့ အလုပ်လား (ဝန်မလေးတဲ့ အလုပ်ပါ ဘုရား)။ အံမလေး ဒီဘက်ရောက်အောင် မနည်းဆွဲယူရတယ်၊ မနည်းဆွဲရတယ်။

သတိပဋ္ဌာန်ကမလာဘူး၊ ပဋိစ္စသမုပ္ပါဒ်ကချည့်လာ ဟုတ်လား (တင်ပါ့) ဒါကြောင့် ခက်တာ။

တစ်ကိုနှစ်ကရှုရင် ဝိပဿနာဉာဏ်

ကိုင်း ဒကာ ဒကာမတို့ တစ်ကို နှစ်က ရှုရင် ဘာဉာဏ် ဖြစ်တုံး (ဝိပဿနာဉာဏ်ဖြစ်ပါတယ် ဘုရား)။ ဒီလိုဆိုတော့ ဦးဘတင်ရေ သစ္စာဉာဏ်ဖြစ်တယ်။

တစ်ကို နှစ်က လိုက်နိုင်ရင် (သစ္စာဉာဏ်ပါ ဘုရား) ကိုယ်ရှေ့မှာ ဘာတွေချည့် တွေ့နေတုံး၊ နှစ်ရှေ့မှာ ဘာတွေ ချည့် တွေ့နေတုံး၊ နှစ်ရှေ့မှာ တစ်အဖြစ်အပျက်တွေ မတွေ့ဘူး – လား (တွေ့ပါတယ် ဘုရား)။

ကိုင်း ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) ဒါဖြင့် နှစ်ကို ဘာဉာဏ် ခေါ်ကြမယ် (သစ္စဉာဏ်လို့ ခေါ်မှာပါ ဘုရား)။

ဘယ့်နှယ်ကြောင့် သစ္စဉာဏ်လို့ ဘုန်းကြီးက နာမည်ပေး ရသတုံးလို့ ဒကာ ဒကာမတွေ အမေးထုတ်လို့ ရှိရင်ဖြင့်တဲ့ တစ်ဖြစ်တာကိုလဲ ဪ ဖြစ်လို့ ပျက်တာပဲ။ ဒီဉာဏ်က နောက် နှစ်က မသိဘူးလား (သိပါတယ် ဘုရား)။

ဘယ်လိုသိပါလိမ့် (ဖြစ်လို့ပျက်တာပါ ဘုရား) ဖြစ်လို့ ပျက်တာပဲလို့ ဒကာ ဒကာမတို့ မသိပေဘူးလား (သိပါတယ် ဘုရား)။

မဖြစ်ရင် (မပျက်ပါဘူး ဘုရား)၊ ဪ ဒါဖြင့် ဖြစ်လို့ပျက်တာပဲ ဆိုသဖြင့် ဖြစ်ခြင်းလည်းဒုက္ခ၊ ပျက်ခြင်းလည်း (ဒုက္ခပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်က ဒုက္ခ၊ နှစ်က မဂ္ဂ သွားဖြစ်တယ် (မှန်ပါ့) ဘာဉာဏ်ခေါ်မယ် နှစ်ကို (မဂ် ဉာဏ်ပါ ဘုရား) မဂ်ဉာဏ်။

သစ္စာကိုသိလို့သစ္စဉာဏ်

သို့သော် သစ္စာကို သိတဲ့အတွက် နာမည် မဂ်ဉာဏ်လို့ မဆိုနဲ့ (သစ္စဉာဏ်) သစ္စဉာဏ် ပြောင်းပေး (မှန်လှပါ)၊ ဒါ ဘုရားက သစ္စဉာဏ် ဟောပြန်တာ (မှန်ပါ့) ရိပ်မိပလား။ (ရိပ်မိပါတယ် ဘုရား)။

ဘာဉာဏ်ပါလိမ့် (သစ္စဉာဏ်ပါ ဘုရား) ရှင်းပလား ဒကာ ဒကာမတွေ တစ်ကို နှစ်က သိတာသည် ဘာဉာဏ် ပါလိမ့် (သစ္စဉာဏ်ပါ ဘုရား) နေရာကျပလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ၊ သစ္စာသိဖို့ အလုပ်ဟာ ဘုန်းကြီးကလည်း ရက်ပေါင်းများစွာဆိုသလို၊ လေးငါးရက်သယ် လာခဲ့တဲ့အတွက်၊ သော် ဒီဥစ္စာသည် ကိုယ့်ဝမ်းထဲမှာ မွေးပြီး ကိုယ့်ဝမ်းထဲမှာ သေတဲ့တရား၊ ဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိုယ့်သန္တာန်မွေးပြီး ကိုယ့်သန္တာန်သေ (မှန်ပါ့) မသေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်မျက်မှောက်တင် မွေးပြီး၊ ကိုယ့်မျက်မှောက် တင်သေတာကို ကိုမြစိန်တို့က၊ ဪ တယ်လဲ ဒုက္ခစစ်ပါ လားဆိုတာ သူများ ပြောနေဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။

ဒါ ဘာဆိုကြမယ် (ကိုယ်တိုင်သိပါ ဘုရား)၊ ကိုယ်တိုင်သိတာ သဘောကျပလား (မှန်ပါ့)၊ ဘာသိတာ တုံး (သစ္စာသိတာပါ ဘုရား)။

ဘာသစ္စာသိတာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမတုံး (သစ္စ ဉာဏ်ပါ ဘုရား)။ ရှင်းနေတာပဲ (မှန်ပါ့) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဒါဖြင့် တစ်ကို နှစ်က ရှုတိုင်း ရှုတိုင်း ဘာဉာဏ်ရတုံး (သစ္စဉာဏ်ရပါတယ် ဘုရား) သစ္စဉာဏ် အသေအချာ ရတယ်နော် (မှန်ပါ့)။

သစ္စဉာဏ်ရရင်ပဲ ခင်ဗျားတို့ စဉ်းစားကြည့်ပါတော့တဲ့၊ တစ်က လောဘထားပါတော့ (မှန်ပါ)၊ ဖြစ်ပျက်က သိတာက သစ္စဉာဏ်ပဲ ထားပါတော့။

ဒီလောဘ နောက်ကလိုက်မယ့်သူဟာ လောဘအဖြစ် နေသေးသလားတဲ့ (မနေပါဘူး ဘုရား)။ သူ ဘာဖြစ်နေတုံး (ဒုက္ခသစ္စာဖြစ်နေပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာ ပစ္စယာ ဥပါဒါနံလို့တော့ မလာ တော့ဘူး (မလာတော့ပါဘူး ဘုရား) တဏှာ အဖြစ်နဲ့ ခင်ဗျားတို့က ထားရင်တော့ (တဏှာပစ္စယာ ဥပါဒါန) တဏှာပစ္စယာ ဥပါဒါန (မှန်ပါ့)။

ဒါမှ မဝင်နိုင်တော့ပဲ (မှန်ပါ့) မဂ်ဝင်နိုင်သေးရဲ့ လား (မဝင်နိုင်ပါဘူး ဘုရား) မဝင်နိုင်တော့ တဏှာနောက်က ဥပါဒါန် (ဥပါဒါန်)၊ ဥပါဒါန်နောက်က (ကမ္မဘဝ)။

ကာယကံ၊ ဝစီကံ (မှန်ပါ့)၊ ကမ္မဘဝ မလာဘူး လား (လာပါတယ် ဘုရား)၊ ဘဝပစ္စယာသည် (ဇာတိ ပါ ဘုရား)။

ဪ ဒါက ခင်ဗျားတို့ ဒုက္ခသစ္စာကို သေသေ ချာချာ မရှုနိုင်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (ဆက်သွားတယ်) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခမြင်အောင်ကြည့်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ဖြစ်အောင် ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်အောင် ကြည့်စမ်းပါ (မှန်ပါ့) ဖြစ် ပျက် မြင်အောင် ကြည့်စမ်းပါ ဆိုလိုက်ပါတော့ (မှန်ပါ့)။

ဘာပြတ်သွားတုံး ဒီဉာဏ် ဘာဉာဏ် ခေါ်မတုံး (သစ္စဉာဏ်ပါ ဘုရား) သစ္စဉာဏ်ဖြစ်တာလည်း ဘာတုံး (ဒုက္ခပါ ဘုရား)။ ပျက်တာ (ဒုက္ခပါ ဘုရား) ဒီဉာဏ် ဘာဉာဏ်ခေါ်မတုံး (သစ္စဉာဏ်ပါ ဘုရား)။

သစ္စဉာဏ်ရတော့ သံသရာပြတ်တယ်

ဪ သစ္စဉာဏ် သစ္စဉာဏ်ရတော့ ဒီဘက် သံသရာ ဘယ့်နှယ်နေတုံး (ပြတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီသစ္စဉာဏ်မရလို့ ကျုပ်တို့ သံသရာရှည်ခဲ့တာပဲ (မှန်ပါ့)။ သစ္စဉာဏ်ရတဲ့ အချိန်က စပြီးတော့ (သံသရာပြတ်ပါတယ် ဘုရား)။ သဘောကျပလား (မှန်ပါ့)။

ကိစ္စဉာဏ်က ဒီထက်ကျယ်တယ်ဗျ၊

နက်ဖြန်မှ ဟော ကြစို့ နာရီက စေ့သွားပြီ။

သာဓု သာဓု သာဓု။