156

တောင်းလို့ရတာက (၃၁) ဘုံ ပွားမှရမှာက နိဗ္ဗာန်

အသံဖိုင်ခေါင်းစဉ်= ကြက်မကြီးဥပမာပြ ကတဉာဏ်အကြောင်းရှင်းပြပုံတရားတော်

စာအုပ်ခေါင်းစဉ်= တောင်းလို့ရတာက (၃၁) ဘုံ ပွားမှရမှာက နိဗ္ဗာန်

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

တောင်းလို့ရတာက (၃၁) ဘုံ ပွားမှရမှာက နိဗ္ဗာန်

(၆ – ၁ – ၅၉)

ဒကာ ဒကာမတွေ မှတ်စရာက၊ မဂ္ဂင်ဆိုတာ ဘာကိစ္စ ရှိသတုံးလို့ မေးလို့ရှိရင်ဖြင့် အားလုံး နားရည်ဝပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်နေတော့၊ ဪ ပွားရတဲ့ ကိစ္စရှိတယ်လို့ မှတ်ထားကြပါ။

မဂ္ဂင်မှာ ဘာကိစ္စရှိတုံး (ပွားရတဲ့ကိစ္စ ရှိပါတယ် ဘုရား) ပွားရတဲ့ကိစ္စရှိတယ် မပွားပဲနဲ့ ဘယ်လိုမှ မရဘူးဆိုတာ မှတ်ကြရလိမ့်မယ် (မှန်ပါ့)။

မဂ္ဂင်ဆိုတာ ပွားရတဲ့ကိစ္စ

မဂ္ဂင်ကိစ္စသည် ပွားရတဲ့ကိစ္စ၊ ပွားတယ်ဆိုတဲ့ဥစ္စာသည် ကားလို့ဆိုလို့ရှိရင်ဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မကပါဘူး၊ ခပ်များများ ပွားနိုင် ပွားသလောက် ကောင်းပါတယ်လို့ မှတ်ရမယ်။

အဲတော့ မပွားပဲနဲ့ မရဘူး။ ပွားမှရမယ်ဆိုတာ ဒကာ ဒကာမတွေ ဒါမဂ်ကိစ္စလို့ မှတ်ကြစမ်းပါ (မှန်ပါ့)။

မဂ်ကိစ္စဟာ ဘယ်လိုလုပ်ယူရမှာတုံး (ပွားယူ ရမှာပါဘုရား) ပွားများယူရမယ်ဆိုတော့ သော် ပွားများ တာတော့ တပည့်တော်တို့ အကြိမ်ကြိမ် ပွားများနိုင်ပါရဲ့ ဘယ်သူ့ အပေါ်မှာ ပွားများရမှာလဲ ဆိုတဲ့ မေးခွန်းထွက်လာတယ်။

ဘယ်အပေါ်မှာ ပွားများရမလဲ

ဘယ်သူ့အပေါ်မှာ ပွားရမှာလဲဆိုတဲ့ မေးခွန်းသည် အားလုံး ဒကာ ဒကာမတွေ ခန္ဓာငါးပါး တစ်ပါးပါး အပေါ်၌လို့ မှတ်ပါ (မှန်ပါ)။

ဘယ်အပေါ် မှတ်ကြမယ် (ခန္ဓာငါးပါး တစ်ပါးပါး အပေါ်၌ပါဘုရား) ခန္ဓာငါးပါး တစ်ပါးပါး အပေါ်၌ ပွားရ မှာ လိမ့်မယ်။

ဪ ဒါဖြင့် မဂ်ပေါ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ခန္ဓာငါးပါး တစ်ပါးပါးအပေါ်၌ ပွားရလိမ့်မယ်လို့ မှတ်ထားတော့ ဪ ပွားစရာလဲသိပြီ၊ ပွားတာလဲ သိပြီလို့ မှတ်ထားကြရလိမ့်မယ်။

ပွားစရာက ခန္ဓာငါးပါး တစ်ပါးပါး၊ ပွားတာကမဂ်၊ ပွားစရာက ဘယ်သူပါလိမ့် (ခန္ဓာငါးပါး တစ်ပါးပါးပါ ဘုရား)။

ခန္ဓာငါးပါး တစ်ပါးပါးတဲ့၊ ပွားတာက ဘယ်သူပါလိမ့် (မဂ်ပါဘုရား)။

ဪ ပွားစရာက ခန္ဓာငါးပါး တစ်ပါးပါး၊ ပွားတာက မဂ်ဆိုသဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင် အသုံးချတတ်လို့ရှိရင်လည်း အဖိုးတန် ပစ္စည်းပါပဲ။

အသုံးမချတတ်လို့ရှိရင် ဒကာ ဒကာမတို့ မြုပ်ရာမျောရာ ပို့တတ်တဲ့ ခန္ဓာကြီးပဲ ဆိုတာ မှတ်ထားရမှာပေါ့ဗျာ။

ပွားများတဲ့ပုဂ္ဂိုလ်

ပွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီခန္ဓာကြီးကပဲ လှေကြီး သဖွယ် ဟိုမှာ ဘက်ကမ်းဆိုတဲ့ အိုနာသေကင်းတဲ့ နိဗ္ဗာန်ပို့နိုင် တဲ့ စွမ်းရည်သတ္တိရှိတယ်။

မပွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာကြီးကြောင့်ပဲ အပါယ် လေးပါး နစ်မြုပ်ရတယ်ဆိုတာ မှတ်ထားရမယ်။

ဒါဖြင့် ခန္ဓာကြီး အသုံးချတတ်တဲ့ ပုဂ္ဂိုလ်သည် အကျိုးရှိ အသုံးမချတတ်တဲ့ ပုဂ္ဂိုလ်သည် အကျိုးမဲ့၊ သဘောကျကြလား (ကျပါတယ် ဘုရား)။

အသုံးချတတ်တဲ့ ပုဂ္ဂိုလ်မှာ (အကျိုးရှိပါတယ် ဘုရား) အသုံးမချတတ်တဲ့ ပုဂ္ဂိုလ်မှာ (အကျိုးမဲ့ပါတယ် ဘုရား)။

အကျိုးမဲ့ ဖြစ်ရပါတယ်လို့ ဆိုသဖြင့် ဆရာကောင်း သမားကောင်း ကိုးကွယ်ဆည်းကပ်နေတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော့၊ ဘုန်းကြီးများကလည်း အကျိုးရှိတဲ့ ဒကာ ဒကာမ တွေ ဖြစ်နေတော့ ဘုန်းကြီးများကလည်း အကျိုးရှိတဲ့ဘက်ကို ကယ်တင်လိမ့်မယ်ဆိုပြီး သကာလ အကျိုးရှိတာကိုပဲ ပြရမှာပဲ။

ပွားတော့ ဘာဖြစ်မှာတုံး

အဲတော့ ဒကာ ဒကာမတို့ ပွားပါ၊ ခန္ဓာငါးပါးတစ်ပါးပါး အပေါ်ကို ပွားပါ။ ပွားတော့ ဘာဖြစ်မှာတုံး ဘုရာ့၊ ပွားတော့ ဘာဖြစ်မှာတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့ သန္တာန်မှာ အဝိဇ္ဇာလဲရှိ၊ တဏှာလဲရှိ။

ဒကာ ဒကာမတို့ အဝိဇ္ဇာလဲရှိ တဏှာလဲရှိ သဘောကျ ကြလား (ကျပါတယ် ဘုရား)။

ခန္ဓာထဲ ဘာတွေများ ရှိပါတုံး (အဝိဇ္ဇာလဲရှိ တဏှာလဲရှိပါတယ် ဘုရား)။

အဝိဇ္ဇာလဲရှိ၊ တဏှာလဲရှိပြီး သကာလနေတော့ ပွားဖန် များလို့ရှိရင်ဖြင့် အဝိဇ္ဇာ တဏှာသည် အဝိဇ္ဇာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပါးလိမ့်မယ်၊ တဏှာသည် ခန်းခြောက်လိမ့်မယ် မှတ်ရမယ်။

အဝိဇ္ဇာက (ပါးမှာပါ ဘုရား) တဏှာက (ခန်းခြောက်မှာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာချုပ်လည်း အာသဝေါ ကုန်တာပဲ အဝိဇ္ဇာ အာသဝပဲ။

အာသဝေါကုန်တယ်

တဏှာချုပ်လည်း ကာမာသဝ၊ ဘဝါသဝ ကုန်တာပဲ ဆိုတော့ အာသဝေါ ကုန်မှာပါလား ဒကာ ဒကာမတို့ ဘာဖြစ်မှာတုံး (အာသဝေါကုန်မှာပါ ဘုရား)။

ဪ ခန္ဓာငါးပါး တစ်ပါးပါးအပေါ် ပွားလိုက်ခြင်း သည် ဦးခင်မောင်တို့ အားလုံးတို့ အာသဝေါ ကုန်လိမ့်မယ်နော် (မှန်ပါ့)။

ခန္ဓာငါးပါး တစ်ပါးပါး ပွားရင် ဘာဖြစ်ဖို့ (အာသဝေါ ကုန်မှာပါ ဘုရား)။

အဲ အာသဝေါ ကုန်မယ်ဆိုတော့၊ ခန္ဓာငါးပါး တစ်ပါးပါးကို အနိစ္စမြင်လည်း အနိစ္စပေါ့၊ ဒုက္ခမြင်လည်း ဒုက္ခပေါ့၊ အနတ္တမြင်လည်း အနတ္တရာယ်လို့ ပွားလိုက်ပြီဆိုမှဖြင့် အာသဝေါ ကုန်ပါတယ်ဆိုတော့။

ဘယ်တော့ကုန်မှာတုံး

ဘယ်တော့ ကန်မှာတုံး ဘုရားလို့ ဒကာ ဒကာမတွေ အချိန်ကာလကိုလဲ မေးချင် မေးကြ လိမ့်မယ်၊ အချိန်ကာလ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ကိုယ့်ထုအလိုက် ကုန်ကြလိမ့်မယ်လို့ ဖြေရုံပဲ ရှိမှာပဲ။

ကိုယ့်ထု အလိုက်ဆိုတော့ ဗြုန်းခနဲ မရိပ်မိမှာ စိုးရတယ်၊ ကိလေသာထု တဏှာထု ကြီးပြန်လို့ ရှိရင်လဲ ဖြေးဖြေးချင်း ရမယ်။

ပါးပြန်လို့ ကိလေသာထု၊ တဏှာထု နည်းပြန်လို့ ရှိရင်လည်း မြန်မြန်ရမယ်လို့ အဖြေထုတ် ရမယ်။ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဘယ်တော့ ရမှာတုံးဆိုတော့ မမေးနဲ့တဲ့ ကိုယ့် ကိလေသာထု၊ တဏှာထုကို ကြည့်၊ ရှင်းကြလား (မှန်ပါ့)။

အဲဒါ များတဲ့ပုဂ္ဂိုလ်မှာ ဖြေးဖြေးမှ ရမယ်။ ဒါနည်းတဲ့ ပုဂ္ဂိုလ်မှာ (မြန်မြန်ရမှာပါ ဘုရား)။

မြန်မြန်ရမယ်ဆိုတော့၊ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက သံယုတ်ပါဠိတော်မှာ၊ ဝါသိဇဋသုတ် ဆိုပြီးတော့ ဟောလိုက်တဲ့ ဒကာ ဒကာမတွေက မှတ်စရာက လက်သမား များ ကိုင်တဲ့။

လက်သမားများကိုင်တဲ့ လက်ရိုက်ဆိုတာ အားလုံးတော့ မြင်ဖူးကြမယ် (မှန်ပါ့) ဆောက်တွေ ဘာတွေ ရိုက်တဲ့ လက်ရိုက် (မှန်ပါ့)။

လက်ရိုက်ဥပမာ

အဲဒီ လက်ရိုက်ဟာတဲ့ အရိုးလေးကိုင်ကိုင်ပြီး လက်သမားတွေက ရိုက်ကြ၊ ပန်းပုသမားတွေက လက်ရိုက်လေး ကိုင်ကိုင်ပြီး ရိုက်ကြတဲ့အခါကျတော့၊ လက်ကနေပြီးသကာလ တစ်ခါတည်း ခုနက လက်ရိုက်ရိုးကို စားစား စားစား သွားတာတော့ဖြင့် ရိုက်တိုင်း စားတယ်လို့တော့ ဆိုကြပေတော့နော် (မှန်ပါ့)။။

ရိုက်တိုင်း မစားဘူးလား (စားပါတယ် ဘုရား) လက်ရာကလေးတွေ ထင်ထင်လာတယ်၊ လက်ရာကလေးတွေ ကြာတော့ အရောင်ကလေးတွေထွက်၊ ကြာတော့ ချိုင့်ကလေး တွေဖြစ်၊ ဒီလိုကော မလာဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးရင်၊ အို-ရိုက်ပါများလို့ ဒီအဖြေပဲ ထွက်ရမယ်၊ ဘယ့်နှယ် ဆိုကြမတုံး (ရိုက်ပါများလို့ ပါ ဘုရား)။

ရိုက်ပါများတာနဲ့ လက်သန်းရာ၊ လက်မရာထင်မလာ ဘူးလား (ထင်လာပါတယ် ဘုရား)။

လက်မကလည်း နှိပ်ပြီး ထားရတာပဲ၊ လက်လေးချောင်းကလည်း ဆုပ်ပြီး ထားရတော့၊ ကိုမြရွှေတို့ ကိုသစ်တို့ မထင်ပေဘူးလား (ထင်ပါတယ် ဘုရား)။

အဲ့ဒါ မစားကောင်းလို့ ထင်တာလား၊ စားလို့ ထင်တာ လား (စားလို့ ထင်တာပါ ဘုရား)။

လက်က လက်ကိုင်ရိုး စားသွားတယ်၊ လက်က လက်ကိုင်ရိုး စားသွားတဲ့အခါကျတော့၊ အင်း ဒီဥစ္စာသည်ကား လို့ ဆိုလို့ရှိရင်ဖြင့် နေ့တိုင်း ရိုက်ဖန်များလို့ရှိရင်ဖြင့်၊ ဒီအရိုးဟာ ဖြင့် ဦးခင်မောင် ကုန်မှာပဲ ထင်တယ် (မှန်ပါ့)။။

ဒကာ ဒကာမတွေ ဘယ့်နှယ်ထင်တုံး (ကုန်မှာပါ ဘုရား) ကုန်မှာပဲ ဆိုတာ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘူး ဘုရား)။

မလိုပါဘူးတဲ့ အဲတော့ကိုတဲ့ ဘယ်နေ့က ဘယ်လောက် စားတယ် ဆိုတာတော့ မပြောနိုင်ကြဘူး ပေါ့ဗျာ (မှန်ပါ့ ကုန်တာကတော့ (အမှန်ပါ ဘုရား)။

ကုန် တာက သေချာတယ်၊ ဒကာ ဒကာမတို့ ကုန်တာကတော့ (သေချာပါတယ် ဘုရား)။

ဘယ်နေ့က ဘယ်လောက်စားတယ်လို့တော့ (မရှိပါဘူး ဘုရား)။

ရိုက်ပါများရင် လက်ရာထင်တယ်

သို့သော် ရိုက်ပါများလာတော့ဖြင့် ဒီလက်ကိုင်ရိုးမှာဖြင့် လက်ချောင်းရာ၊ လက်မရာတွေ ထင်ပြီး သကာလ အသားတွေ လက်က စားသွားတာတော့ဖြင့် ဒကာ ဒကာမတို့ အထင်အရှား ပဲ (မှန်ပါ့)။

ဦးခင်မောင် ထင်ရှားလား (ထင်ရှားပါတယ် ဘုရား) ဘုရားပေးတဲ့ ဥပမာနော် သံယုတ် ပါဠိတော် ဘုရားပေး တဲ့ ဥပမာလို့ မှတ်ထားပါ။

ဒီဟာပဲ ဟောမှာပါပဲ ဒီနေ့၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဪ ရိုက်ဖန်များစား ဆိုတာ ကတော့ သက်သေခံ လုံလောက်ပလား (လုံလောက်ပါပြီ ဘုရား)။

အဲ လက်ကိုင်ရိုးကိုင်ပြီးသကာလ ဒကာ ဒကာမတွေက ရိုက်ပါ များလာတဲ့အခါ၊ လက်ချောင်းရာ လက်မရာတွေက အခွက်ကြီးတွေ ဖြစ်ပြီးသကာလ မြင်ရတာတွေဟာ ဒကာ ဒကာမတို့ နေ့တိုင်းစားလို့ပဲဆိုတာတော့ ရှင်းရောပေါ့ (ရှင်းပါတယ် ဘုရား)။

နေ့တိုင်း စားလို့ရှိရင် ဒီလက်ချောင်းရာ၊ လက်မရာ တွေ ထင်ပါ့မလား (မထင်ပါဘူး ဘုရား)။

အဲ ဒီတွင်လဲ ဒကာ ဒကာမတွေ ခင်ဗျားတို့ အဝိဇ္ဇာ ပါးပြီး တဏှာ ခန်းခြောက်တယ်ဆိုတော့၊ ဗြုန်းခနဲ တော့ဖြင့် မခန်းခြောက်နိုင်ဘူးတဲ့။

ပွားဖန်များရင်း အဝိဇ္ဇာထုပါးမယ်

ဖြေးဖြေးချင်း အဝိဇ္ဇာထုကလဲ ပါးသွားမယ်၊ တဏှာရေ ကလဲ ခန်းခြောက်သွား၊ ဘာဖြစ်လို့လို့ အမေးထုတ်ခဲ့သော် – ဒကာ ဒကာမတို့ နေ့တိုင်း ပွားဖန်များလို့ (မှန်လှပါ) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဦးဘအုန်း ဘယ်လိုဖြေပါ့မတုံး (နေ့တိုင်း ပွားဖန် များလို့ပါ ဘုရား)။ ရန်

အဲတော့ ဒကာ ဒကာမတို့ ဘာဝေတဗ္ဗ ကိစ္စ ဘုရား ဟောသင့်သဗျ (မှန်ပါ့) ပွားရမယ် ဆိုတဲ့ ကိစ္စ ဒကာ ဒကာမ တွေ ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဒီအထဲ ဒကာ ဒကာမတွေ ဘယ်သူ သောတာပန် အရင်တည်မှာပါလိမ့်၊ ဘယ်သူ သည်ကားလို့ ဆိုလို့ရှိရင် ထွက်ရပ်လမ်း အရင်ပေါက်မှာပါလိမ့်မတုံးလို့ ဆိုတဲ့ တော်ကြာ အမေး မထုတ်ပါနဲ့တော့။

ပွားဖန်များရင်သောတာပန်တည်တယ်

တည်နေပြီတဲ့ မတည်သေးဘူးလား (တည်ပါတယ် ဘုရား)။

ပွားဖန်များတဲ့ ပုဂ္ဂိုလ်ဟာ (သောတာပန်လဲ တည်ပါတယ် ဘုရား) အာသဝေါတရားလဲ ကုန်မှာပဲ။ (မှန်ပါ့) တဏှာ အစေးကော (ကုန်မှာပါ ဘုရား)။

တဏှာ အစေးက ခန်းခြောက်၊ အာသဝေါဆိုတဲ့ အဝိဇ္ဇာသဝ ဥခွံကြီးက ပါးပေါ့ဗျာ ဆိုတော့ ဒါ ဆုတောင်း အလုပ်လား၊ ရိုက်ပါများလို့ လက်ချောင်း လက်ရာထင်ရ တာလား၊ ပွားဖန်များလို့ အဝိဇ္ဇာ ဥခွံပါးပြီး တဏှာအစေး ခန်းခြောက်တာလားလို့ မေးခွန်းထုတ်ပါ။ (ပွားဖန်များလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူ့အပေါ်မှာ မှီတုံး (ပွားမှုအပေါ်မှာ မှီပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေကလည်း ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏ တောင်းလိုက်တဲ့ဆု၊ ဘုရားကလည်း ပွားတဲ့၊ ဒကာ ဒကာမတွေကလည်း တောင်းလိုက်တဲ့ဆု ဘုရား ကလည်း ပွားတဲ့ ဆိုတော့။

ကိုယ်တော်တိုင်ဟောတာ

ဒီကလည်း ကိုယ်တော်တိုင် ဟောတယ်ဆိုတာ ထင်ရှား တယ်၊ ဝါသိဇဋ သုတ်တဲ့ သံယုတ် ပါဠိတော် ဒကာ ဒကာမတို့ ပဲခွပ်သမား၏ ပဲခွပ်ရိုးကို ဥပမာပြပြီး ငါဟောမယ်ကွ ဆိုပြီး သကာလ ပြတော့ အင်မတန် မခိုင်လုံဘူးလား (ခိုင်လုံ ပါတယ် ဘုရား)။ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်လိုလုပ်မှ အဝိဇ္ဇာဥခွံပါး၍ တဏှာအစေး ခန်းခြောက်မယ် ဆိုတာဖြင့် ဒကာ ဒကာမတွေ ယနေ့စပြီး ဟောတာပဲတဲ့။

ဘယ်လိုလုပ်ကြမတုံး (ပွားရမှာပါ ဘုရား) ဘယ်လောက် ပွားရမှာပါလိမ့် (ထပ်ပြန်တလဲလဲပါ ဘုရား) ထပ်ပြန်တလဲလဲပေါ့ဗျာ။

အားလုံး ဒကာ ဒကာမတွေ ဘယ်လိုလုပ်ကြမယ်။ (ထပ်ပြန် တလဲလဲပါ ဘုရား)။

အဲ့ဒါလေးကို မပျင်းမရိဘဲနဲ့ လုပ်နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ အဝိဇ္ဇာဥခွံက ပါးပြီး တဏှာ အစေးက ခန်းခြောက်မယ် ဝမ်းထဲမှာနော် (မှန်ပါ့)။

ဝမ်းထဲမှာ ရှိတဲ့ အဝိဇ္ဇာတွေက ဘာဖြစ်သတဲ့ (ပါးပါတယ် ဘုရား) တဏှာအစေးတွေက (ခန်းခြောက်ပါ တယ် ဘုရား)။

အင်း ဉာဏ်တွေက အစွန်းအစ ထွက်လာတယ်၊ | သုံးချက် ဉာဏ်က အစွန်းအစ ပိုပိုထက်လာတယ်တဲ့ (မှန်ပါ့)။

အင်း ဉာဏ်ကတော့ ဘာတဲ့ (အစွန်းအစ ပိုပိုထက်လာပါ တယ် ဘုရား) အဲဒါ တော်တော် နေရာကျတဲ့ အလုပ်ပါလား ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဉာဏ်ထက်လာတယ်

အဝိဇ္ဇာဥခွံကတော့ (ပါး ပါတယ် ဘုရား) တဏှာ အစေးကတော့ (ခန်းခြောက်) အဲ – နေရာကျ လိုက်တာ၊ ကိုင်း ဉာဏ်တည်းဟူသော တရားကတော့ (ထက်မြက်လာ ပါတယ် ဘုရား)။

ထက်မြက်လာတယ် ထက်မြက်မှပဲ အားလုံး ဒကာ ဒကာမတွေ ထက်မြက်ရမှာပဲ၊ ထက်မြက်တော့ အဝိဇ္ဇာဥခွံ ပါးတယ် ဆိုလို့ရှိရင်တော့ အဝိဇ္ဇာအမှောင် ထုကြီးက ပါးသွား တယ်။

ဥခွံထုကြီးက ပါးသွားတယ်ဆိုတော့ မြင်စရာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဒုက္ခသစ္စာ တွေတော့ ပါးလေ၊ မြင်လွယ်လေပေါ့ဗျာ (မှန်ပါ့)။

အဝိဇ္ဇာဥခွံ ရှေ့က ပိတ်နေတာကြီးက ပါးမသွား ဘူးလား (ပါးသွားပါတယ်)။ ပါးသွားလေလေ၊ ဟိုက ဉာဏ်က ထိုးဖောက် နိုင် လေလေ ဆိုတော့၊ ဉာဏ်ထက်လာတာကော မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဉာဏ်ထက်လာလေလေ၊ ဒီခန္ဓာကိုယ်ကြီး၌ သာယာ နှစ်သက် ခင်တွယ်တဲ့ လောဘက ခန်းခြောက် လေလေ မလာဘူးလား (လာပါတယ် ဘုရား)။

အဲ့ဒါတွေ သဘောကျပြီး ထားတော့မှ၊ ဪ ဒို့ ဆရာဘုန်းကြီးက ဒီနေ့ လမ်းကို ပြောင်းပြီး သကာလ အားတက် တဲ့ လမ်း၊ ကိစ္စပြီးမဲ့လမ်းကို ဒို့အလုပ်စဉ်နဲ့တကွ ယနေ့ဖြင့် ရှင်းရှင်းလင်းလင်းကြီး ခရီးပေါက်တဲ့ဥစ္စာကို ဒို့ပြောတော့ မှာပဲလို့ ဆိုတော့။

ပါရမီကို လွှဲချမနေနဲ့

ပါရမီလွှဲချမနေနဲ့လို့ ပြောလိုက်တယ် ရှင်းကြလား (ရှင်းပါပြီ ဘုရား) လက်ရိုက်ကြည့်လေဗျာ (မှန်ပါ့)။

ဦးဘတင် လက်ရိုက်က ဘုရားက ပုံတင်ဟောပကော ဗျ (မှန်ပါ့) လက်ရိုက်ကို ပုံပမာ ထားဟောတဲ့ အခါကျ တော့ ပါရမီချနေလို့ ရပါ့မလား (မရပါဘူး ဘုရား)။

အေး ရိုက်ပါများတဲ့လူက လက်ရိုက်မှာ လက် ချောင်းရာ လက်မရာများများ ထင်မှာပဲ ဆိုထိုက်ကြပလား။ (ဆိုထိုက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေလဲ များများပွားများတဲ့ ပုဂ္ဂိုလ်ဟာ အဝိဇ္ဇာဥခွံက (ပါးပါတယ်) တဏှာ အစေးက (ခန်းခြောက်ပါတယ်) ဉာဏ်အသွားတွေက (ထက်မြက် ပါတယ် ဘုရား)။

ဪ သုံးချက်ပြီးသွားတယ် (မှန်လှပါ) အင်မတန် အဖိုးတန်တဲ့ တရားပါလား ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တဲ့ တရားတွေ သဘောပါပလား (ပါပါပြီ ဘုရား)။

အဲ ဒီဥစ္စာ ဒကာ ဒကာမတို့ အင်မတန် ထောင်နိုင်တဲ့ နားနဲ့၊ အင်မတန် နားလည်စေချင်တဲ့ စေတနာနဲ့ ရှင်းရှင်း လင်းလင်း ပြောလို့သာလျှင် ဒီဥပမာတွေနဲ့ နောက်ခင်ဗျားတို့ မဂ်ဖိုလ်ဆိုက်တာ အသေအချာကိုက်မယ် (မှန်ပါ့)။

အသေအချာ ကိုက်မယ်တဲ့ ဒကာ ဒကာမတို့ သုံးချက် နော် (မှန်ပါ့) သုံးချက်၊ သုံးချက်။

ပွားလိုက်တာ ဒို့ ဘယ်နှစ်ကျိုး ပြီးပါလိမ့်မလဲဆိုတဲ့ အဓိပ္ပာယ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။ ခန္ဓာငါးပါး တစ်ပါးပါးကို ပွားလိုက်တော့ အကျိုးသုံးခု ပြီးသွားတယ် (မှန်ပါ့)။

ပွားဖန်များရင်အကျိုးသုံးခုပြီးတယ်

အဝိဇ္ဇာဥခွံက (ပါးပါတယ် ဘုရား) တဏှာအစေးက (ခန်းပါတယ် ဘုရား)၊ ဉာဏ်သွားတွေက (ထက်မြက် ပါတယ် ဘုရား)။

ကဲ ဒါ ပွားတဲ့အလုပ်တွေ ဒကာ ဒကာမတို့ ပွားများဖန် များလို့ ဖြစ်လာတဲ့ ကိုယ့်အကျိုးသုံးခု ကိုယ်ပိုင်ရတဲ့အကျိုး သုံးခု ၊ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါတွေ သိရတော့မှ၊ ဒို့သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့်၊ နိဗ္ဗာန် ဘယ်လိုလုပ်ရမှာပါလိမ့် တဏှာအစေး ခန်းခြောက်အောင် ဘယ်လို လုပ်ရမှာတုံး။

ဘဝ ရေသောက်မြစ်နှစ်ခုက -အဝိဇ္ဇာနဲ့ တဏှာကိုးဗျ (မှန်ပါ့) ဒီရေသောက်မြစ်နှစ်ခုကို ပြတ်အောင် လုပ်နေ ကြတော့။

အဲ ဘယ်လိုများ လုပ်ရမှာတုံး၊ ဆုတောင်းနဲ့ပဲ ဖြတ်ရမှာပဲလား၊ လှူမှု၊ တန်းမှု၊ ပေးမှု၊ ကမ်းမှုတွေနဲ့ပဲ ဖြတ်ရမှာပဲလား၊ သို့တည်းမဟုတ် ဘယ်လိုလုပ်ရမှာတုံး ဆိုတာ ခင်ဗျားတို့ သံသယ ယနေ့ ရှင်းသွားတယ် (ရှင်းသွား ပါတယ် ဘုရား)။

ပွားမှနော် ဒကာ ဒကာမတွေ ခန္ဓာငါးပါး တစ်ပါးပါးကို (ပွားများရမှာပါ ဘုရား)။

ပွားများတဲ့အခါကျလို့ရှိရင်ဖြင့် အဝိဇ္ဇာဥခွံက (ပါးပါတယ် ဘုရား) တဏှာအစေးက (ခန်းခြောက်ပါတယ် ဘုရား)။

ဪ ဘယ့်နှယ်ကြောင့် ဒီအကျိုးသုံးခု ရကြပါလိမ့် (ပွားများလို့ပါ ဘုရား) ဪ ပွားများတယ်၊ ပွားများတဲ့ကိစ္စက ဘာကိစ္စတဲ့ (မဂ်ကိစ္စပါ ဘုရား) မဂ်ကိစ္စ။

မဂ်ကိစ္စ ဘာဝေတဗ္ဗကိစ္စ (မှန်လှပါ) မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒို့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင်ဖြင့် ခရီးပေါက်ဖို့ မပေါက်ဖို့ဟာ သူများဆီ မမှီဘူး၊ ဘုရားဆီလည်း မမှီဘူး။

ဘုရားတောင် မမှီဘူး၊ ဘုရားကို မှီနေတဲ့ အသွားမျိုး မဟုတ်ဘူး (မှန်ပါ့)၊ ဘုရားနဲ့ ဘာမှမဆိုင်ဘူး ဆိုင်သေးရဲ့လား (မဆိုင်ပါဘူး ဘုရား)။

ဘုရားဆီက နည်းယူရုံပဲ

ဘုရားဆီက နည်းယူရုံမျှပဲ ဆိုင်တယ် (မှန်ပါ့) သဘောကျကြလား (မှန်ပါ့) ဘုရားဆီက ဘာပါလိမ့် (နည်းယူရုံမျှပဲ ဆိုင်ပါတယ် ဘုရား)။

နည်းယူရုံပဲ ဆိုင်ပါတယ်တဲ့ သူက သူပွားရင် သူရမှာပဲ ဘုရားကလဲ (မှန်ပါ့) ခင်ဗျားတို့ ပွားရင် (တပည့်တော် တို့ ရမှာပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ဘုရားရှေ့သွားပြီး ဆုတောင်းလို့ နိဗ္ဗာန် ရရပါလို၏။ နိဗ္ဗာန် ပေးတော်မူပါလို့ ဆိုတော့ ခင်ဗျားတို့ကို ပေးလဲ မပေးနိုင်ဘူး၊ ငါလည်း ပွားယူခဲ့ရ တယ် မင်းတို့လဲ ပွားယူကြ။ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဘုရားက ဘယ်လိုအမိန့်ရှိပါလိမ့်

ဘုရားက ဘယ်လိုအမိန့် ထုတ်ပါလိမ့် (ပွားယူ ရမှာပါ ဘုရား)။

ငါလည်းပွားလို့ရတာတဲ့၊ မင်းတို့ကော (ပွားယူ ရမှာပါ ဘုရား)။

အဲတော့ ဒကာ ဒကာမတွေ ပွားများပြီး ပွားများဆိုတာ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာငါးပါး တစ်ပါးပါး အပေါ်မှာ ပွားများရုံပါပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပွားများပြီး နေလိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ခုနက ပြောခဲ့တဲ့ အကျိုးသုံးခုဟာ ကိုယ်ပိုင် အဖြစ် မရလား (ရပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ လမ်းစဖြင့် တွေ့ပေါ့ဘုရား၊ ရှေ့ကအမှားတော်ပုံတွေ အကုန်ဖျက်ဖို့ အချိန် ရောက်ပေါ့ ဆိုထိုက်ပြီ (ဆိုထိုက်ပါပြီ ဘုရား)။

တောင်းလို့ရတာက (၃၁) ဘုံ

ရှေးက အမှားတော်ပုံကတော့ တောင်းကွ၊ တောင်းပြည့် တယ်၊ တောင်းကွ၊ တောင်းပြည့်တယ်၊ ရှေ့က အမျိုးမျိုး ပြောဆို နေကြတယ်။

ဒီသုတ်ကို မတွေ့သေးတော့ကို ဒါပြောချင်လဲ ပြောကြ မှာပဲ၊ တနည်း ဘုန်းကြီးလဲ ရှင်းပြခဲ့တာ တစ်ကြောင်း (ဝါ) တောင်းလို့ ရတာက သုံးဆယ့်တစ်ဘုံလို့ ပြောလိုက်တယ် (မှန်ပါ့)။

ပွားလို့ရမှာကနိဗ္ဗာန်

ပွားလို့ ရမှာက နိဗ္ဗာန် (နိဗ္ဗာန်) သို့သော် ခြားနား ပေးပြီ၊ ခြားနားပေးပြီးပြီ မဟုတ်လား (မှန်ပါ့)။

ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ် ပါပြီ ဘုရား) တောင်းလို့ရတာက (သုံးဆယ့်တစ် ဘုံပါ ဘုရား) ပွားလို့ရတာက (နိဗ္ဗာန်ပါ ဘုရား)။

အဲ သူ့လမ်းနဲ့သူကိုး၊ ဘယ့်နှယ်ပါလိမ့် (သူ့လမ်းနဲ့သူပါ ဘုရား) အင်း သူ့လမ်းနဲ့သူကို ခင်ဗျားတို့ကတစ်လမ်းထဲ လိုက်နေရင်တော့ သွားပါပြီ။

ဘယ့်နှယ်တုံး (သွားပါပြီ ဘုရား) လမ်းက နှစ်လမ်း ရှိနေတယ် မဟုတ်လား (ရှိပါတယ် ဘုရား)။

မသာတွေစုနေတဲ့ (၃၁) ဘုံ

နှစ်လမ်းက ခင်ဗျားတို့က ဘယ်လမ်းချည့် ဖိလိုက် နေတုံး (တစ်လမ်းတည်းပါ ဘုရား) တစ်လမ်းတည်းပဲ (၃၁) ဘုံ လမ်းချည့် လိုက်နေတယ် (မှန်လှပါ)။

ဘယ်လမ်းလိုက်နေတုံး (၃၁ ဘုံ လမ်းပါ ဘုရား) (၃၁) ဘုံ အကြောင်း မသိလို့ လိုက်နေတာ ဒကာ ဒကာမတို့(၃၁) ဘုံမှာ ဘာတွေ စုနေတုံးလို့ သေသေချာချာ ပြောလို့ရှိ ရင်ဖြင့် ခတ်ကြမ်းကြမ်းနဲ့ ခတ်မာမာ ပြောရင် မသာတွေ စုနေတယ် ပြောရမှာ။

အသေထည်တွေစုနေတယ်

(၃၁) ဘုံမှာ ဘာတွေ စုနေ (မသာတွေ စုနေပါတယ် ဘုရား) အသေထည်တွေ စုနေတယ်။

ဒကာ ဒကာမတို့ (၃၁) ဘုံထဲမှာဖြင့် ဘာတွေစုနေတုံး (အသေထည်တွေ စုနေပါတယ် ဘုရား)။

အသေထည်တွေ စုမှာပဲတဲ့ မရဏမ္ပိ ဒုက္ခသစ္စာ ဆိုတော့ သူ ဒုက္ခသစ္စာ နယ်ကြီးကိုးဗျ သဘောကျပလား (ကျပါတယ် ဘုရား)။

မရဏမ္ပိ ဒုက္ခသစ္စာ ဆိုသောကြောင့် ဒုက္ခသစ္စာစုနေတယ် ဆိုတဲ့ အဓိပ္ပာယ်က မရှင်းလား (ရှင်းပါတယ် ဘုရား)။

အဲတော့ (၃၁) ဘုံမှာ ဘုန်းကြီးပြောတာက ကြမ်း သလား ရှိတာကမှန်သလား (ရှိတာက မှန်ပါတယ် ဘုရား)။

အဲ့ဒါကို ဉာဏ်ရောက်ကြစမ်းပါ။ သစ္စာမသိလို့ရှိရင် တောင်းနေမယ်နော်၊ တောင်းလိုက်ရင်လဲ အသေထည်ပြန်ရ မယ် (မှန်ပါ့)။

တောင်းလိုက်ရင် (အသေထည် ပြန်ရမှာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အသေထည် ပြန်ရရင် ဘုန်းကြီးက ဒကာ ဒကာမတွေ စွဲချက်တင်ချင်တယ် ဟား ခု အသေတောင်မှ မသေရ သေးဘူး မင်းက ရှေ့ အသေထည်ကြီးကွာ အပိုအမို ရအောင် လုပ်ထားပြန်ပြီ။

မင်းဟာ ဆန်ပိုလှောင်သလို ဖြစ်နေပြီ၊ ဆန်ဖြင့် ပိုလှောင် ရင် ဘုန်းကြီးက ကျေနပ်ပါရဲ့၊ နက်ဖြန် အသက်ရှင်စားဖို့၊ ခုဟာက အသေထည် ပိုလှောင်သလို ဖြစ်နေတယ်၊ ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

တောင်းတဲ့ ပုဂ္ဂိုလ်များလေ (မှန်ပါ့) ခု ၊ အသေထည်ဟာ လက်ရှိ (လက်ရှိပါ ဘုရား) အင်း နောက် အသေထည်တောင်းထားပြန်တော့ ဆုက ပြည့်နေ မယ်ဆိုတော့ အသေထည်တွေ ပြန်စုထားသလို အဓိပ္ပာယ် ဘယ့်နှယ်တုံး (ရောက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေးစကားတွေမယုံပါနဲ့

အဲဒါ ရှေးစကားတွေ မယုံပါနဲ့၊ အခု ဘုန်းကြီးပြောတဲ့ သစ္စာကိုသာ ယုံပါ (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။ သစ္စာ ယုံထိုက်ပလား (ယုံလိုက်ပါတယ် ဘုရား)

တောင်းတဲ့ပုဂ္ဂိုလ်ကို ဘာသစ္စာတွေရတုံး (ဒုက္ခသစ္စာတွေ ရပါတယ် ဘုရား)။

အသေထည် ဒုက္ခသစ္စာတွေပဲ ရမယ် ဒိပြင် ဘာရမတုံး (မရပါဘူး ဘုရား) ဘာမှ မရနိုင်ဘူးဆိုတာ သေချာပြီမို့လား (သေချာပါပြီ ဘုရား)။

ပွားယူနေလို့ရှိရင် မသေရာ နိဗ္ဗာန်ရမယ် (မှန်ပါ့) တောင်းယူရင် အသေထည် ဒုက္ခသစ္စာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပွားယူမှ မသေရာနိဗ္ဗာန်

ပွားယူရင် မသေရာ နိဗ္ဗာန်၊ မသေတဲ့ နိဗ္ဗာန်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။။

ဒါဖြင့် လမ်းလေးတော့ ပြောင်းကြပါဦးဗျ၊ ဘုန်းကြီးက ပြပေးနေတယ်၊ ခင်ဗျားတို့ ရှေးရိုး လမ်းကြောင်းကြီးကိုလည်း စူးနေတဲ့ ပုဂ္ဂိုလ်များ ပါလို့ရှိရင်လည်း ဖျောက်ကြပါဆိုတဲ့ ဥစ္စာ အမှန် ပြနေလို့၊ ဖျောက်သင့်တယ်လို့ လိုက်ပြီး ဖျောက်စမ်းပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။

မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား) ဒီလာတဲ့ ဒကာ ဒကာမတွေကတော့ အင်း အမှန်ပြတတ်တဲ့ ဒို့ဆရာပဲ ဒို့အမှန်ပြလိမ့်မယ်။

ဒို့မသိလို့ လိုက်နာနေတဲ့ဥစ္စာဖြင့် ဒို့ အမှန်ယူပါ့မယ် ဆိုရင်ဖြင့် နှစ်လမ်းမလိုက်နဲ့ တစ်လမ်း လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။။

ပွားများတဲ့လမ်းလိုက်

ဦးခင်မောင် ဘယ်လမ်းလိုက်မယ် (ပွားများတဲ့လမ်း လိုက်ရမှာပါဘုရား ပွားများတဲ့လမ်း လိုက်လို့ရှိရင်ဖြင့် အသေ ထည်ရတဲ့လမ်း မဟုတ်တော့ဘူး (မှန်ပါ) ရှင်းကြပလား (မှန်ပါ့)။

ဒါ တော်တော့နားဆိုလို့ရှိရင်တော့ ရှေးက နားကြီးနဲ့ ဆိုလို့ရှိရင်ဖြင့် ဦးဘတင် စူးချင်လည်း စူနေမာ နော် (မှန်ပါ့)။

စူးလည်း ဖျက်ချ (မှန်ပါ့) ဒကာ ဒကာမတွေ ဘာလုပ်ချရမတုံး (ဖျက်ချရမှာပါ ဘုရား) ဖျက်ချပါ မကောင်းအစဉ် ပြင်ခဏပေါ့ဗျာ။

မကောင်းတော့ (အစဉ်ပါ ဘုရား) အစဉ်ဖြစ်သွား မှာစိုးလို့ ပြင်လိုက်တော့ ခဏနဲ့ နိဗ္ဗာန် ရောက်သွားမယ်၊ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီလောက်တောင် ဘုန်းကြီးတို့က ကရုဏာမေတ္တာတွေနဲ့ ပြောနေတဲ့ အထဲက၊ ဒီ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးက မင်းတို့ဟာ တစ်ဆင့်ကြားလမ်းဆုံးနေတာ။

တစ်ဆင့်ကြားမှာ လမ်းဆုံးနေတယ်

တစ်ဆင့်ကြား ငါမကြိုက်ဘူးတဲ့ ဘုရားက ခင်ဗျားတို့ ရှေးလူကြီးတွေ ပြောတဲ့ တစ်ဆင့်ကြား လမ်းဆုံးနေတာ (မှန်လှပါ) ဟုတ်လား (မှန်လှပါ)။

တစ်ဆင့်ကြား နိဗ္ဗာန် မရောက်ဘူးကွတဲ့၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) အနုသသိဆိုတာ အနုသဝဆိုတာ တစ်ဆင့်ကြား၊ အဲဒါ နိဗ္ဗာန်မရောက် ဘူး၊ ငါပယ်တဲ့ထဲက ဟာကွတဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

နို့ အရှင်ဘုရား ဘာပြုလို့ ဟောခဲ့တုံး၊ အို တိရစ္ဆာန်ဘုံ တောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ လူ့ပြည် ကယ်တင် ရတာပေါ့ကွာ၊ သနားလို့ ဆိုတော့ အောက်တန်းတရားကို ပြောတာ ရိပ်မိပလား (မှန်ပါ့)။

ဘာတရားတဲ့ (အောက်တန်းတရားပါ ဘုရား) အဲအောက်တန်းတရားခင်ဗျားတို့က ဒီဆရာဆီ လာယူလို့တော့ မရဘူး။

ခင်ဗျားတို့ က အောက်တန်းပဲ ကြိုက်သလား၊ အထက်တန်းပဲ ကြိုက်သလား (အထက်တန်းပဲ ကြိုက်ပါ တယ် ဘုရား)။ အဲ သိပ်လဲ မကြွားနဲ့နော်။

တောင်းတဲ့အလုပ်က အောက်တန်းတရား

အထက်တန်း ကြိုက်ပါတယ် ဆိုလို့ရှိရင်ဖြင့် ပွားတဲ့ အလုပ်က အထက်တန်း (မှန်ပါ့) တောင်းတဲ့ အလုပ်ဟာ (အောက်တန်းတရားပါ ဘုရား)။

အဲ ဒါကြောင့် ဒကာ ဒကာမတွေ ပါဠိတော်တွေ မကိုးတော့ပါဘူး ဒီနှစ်ခု ကွဲရင်ပဲ အတော်ကျေနပ်ပါပြီ၊ ခင်ဗျား တို့ ဒီနှစ်ခု ကွဲရင်ပဲ သံသရာ စခန်းသတ်ဖို့ လမ်းစတစ်ခုကို , သေသေချာချာ စနင်းမိပြီ၊ လျှောက်မိပြီ ဆိုတဲ့အဓိပ္ပာယ် ဦးစံရင် တို့ ရပြီဗျ နော် (မှန်ပါ့)။

ရပြီ-ရပြီ ဒကာ ဒကာမတွေ ကဲ ပွားယူရမယ့်လမ်း တောင်းယူရမယ့်လမ်း ကွဲကြပလား (ကွဲပါပြီ ဘုရား)။

ပွားယူရမယ့်လမ်းက နိဗ္ဗာန်

အဲ ပွားယူရမယ့်လမ်းက (နိဗ္ဗာန်) တောင်းယူရမယ့် လမ်းက အသေထည် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တောင်းယူလို့ ရမှာက (အသေထည်ပါ ဘုရား) အဲဒီပြင် တော့ဖြင့် ကြားထဲမယ် နတ်ဖြစ်လိမ့်မယ်၊ မထည့်နိုင်ဘူး။ နတ်လဲသေဦးမှာမို့ အဆုံးပဲ ပြောလိုက်ပါတယ်။

ဗြဟ္မာဖြစ်လိမ့်မယ်လို့လည်း မဟောတော့ပါဘူး။ (မှန်ပါ့) ဟုတ်လား အသေထည်ကြီးက သေချာနေလို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နတ်လည်းမဖြစ်ချင်ပါနဲ့

အဲတော့ ခင်ဗျားတို့သည် နတ်လည်း မဖြစ်ချင်ပါနဲ့၊ နတ်ဖြစ်ချင် နတ်သေ သေချင်လို့၊ ဗြဟ္မာဖြစ်ချင်တော့ (ဗြဟ္မာသေ သေချင်လို့ပါ ဘုရား)။

ဒါဖြင့်ဗျာ ဒီလူတွေ သေရတာ အားမရလို့လားလို့ပဲ မေးဖို့ပဲရှိတယ် ခွပြောရင်တော့လေ (မှန်ပါ့) ဘယ့်နှယ်ဖြေ မလဲ။

ဦးဘအုန်း ခင်ဗျားတို့ ခွပြောမယ်ဆို ဒါပြောဖို့ ရှိမှာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်လိုသေချင်ကြတုံး (ဘယ်လိုမှ မသေ ချင်ပါဘူး ဘုရား) အေး ကိုက်ပြီ။

ဘယ်လိုမှ မသေချင်ဘူးဆိုမှ ဒကာ ဒကာမတွေ နေရာကျမယ်နော် (မှန်ပါ့) ဘယ်လိုမှ မသေချင်တော့ဘူး ဆိုတော့ မသေရာလမ်း လိုက်ရုံပေါ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မသေရာလမ်းကလုပ်ယူရမယ်

ဘယ်လိုက်ရမယ် (မသေရာလမ်း လိုက်ရမှာပါ ဘုရား) မသေရာလမ်းက ဘာနဲ့ လုပ်ယူရမှာတုံး (ပွားမှုနဲ့ လုပ်ယူရမှာပါ ဘုရား)။

အဲ ပွားယူ၊ ပွားယူ ဒကာ ဒကာမတို့ ပွားယူလို့ရှိရင် အဝိဇ္ဇာ ဥခွံက ဘာတဲ့ (ပါးပါတယ် ဘုရား) တဏှာအစေးက (ခန်းခြောက်ပါတယ် ဘုရား)။

ဉာဏ်ဓါးက (ထက်မြက်ပါတယ် ဘုရား) အဲဉာဏ် သွားတွေက အကုန်ထက်လာတယ်၊ အသွားတွေ ဟူသ၍ အကုန်ထက်လာတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးဘအုန်းရေ သိပ်အဖိုးတန်ပါလား (အဖိုး တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်တယ် ဆိုတာ ဒကာ ဒကာမတွေ ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေ ဆရာကောင်း၊ သမားကောင်းနဲ့ ကြုံလို့ဆုံလို့သာ ဒီအဓိပ္ပာယ် ကြားရတာနော် (မှန်ပါ့)။

ခင်ဗျားတို့ ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေ

မလွယ်ဘူး၊ မလွယ်ဘူး၊ အင်မတန် ရှင်းဖို့ လင်းဖို့ရာ ကိုမြရွှေ လွယ်ပါ့မလား (မလွယ်ပါဘူး ဘုရား)။

မလွယ်ဘူး၊ မလွယ်ဘူး ခင်ဗျားတို့ အဲတာ ခင်ဗျားတို့က ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးခွန်း ထုတ်လို့ရှိရင်ဖြင့် ဪ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဆုံးဖြတ်ချက်ချ။

ဘာကြောင့်တုံး ကျွတ်တမ်း တရားနဲ့လည်း – တွေ့တယ် (မှန်ပါ့) ကျွတ်ချင်တဲ့ စိတ်ဥပါဒ် တွေနဲ့မို့လည်း ခင်ဗျားတို့ ထောင်နိုင်တဲ့နား ရှိတယ် (ရှိပါတယ် ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကို အို သည်းခြေက ကြိုက်လာတာဗျ မကြိုက်ဘူးလား (ကြိုက်ပါ တယ် ဘုရား)။

အဲ သည်းခြေက ကြိုက်လာတာဆိုတာ၊ သည်းခြေ ဆိုတာ တဏှာသည်းခြေပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဒါဖြင့် ဒီလိုလုပ်ပါကွာတဲ့၊ ငါဥပမာအရင် ပြောမယ်ကွာတဲ့ ပြီးမှ မင်းတို့ တရားနာ ကြပေတော့တဲ့ ဘုရားက။

ဥပမာအရင်ပြောမယ်ကွတဲ့၊ တရားက နောက်မှ မင်းတို့ တရားနဲ့ ဟပ်ယူပါတော့ ဆိုပြီး၊ ဘုရားက ဒီနားက ဒကာ ဒကာမတွေ ကြက်ဥတွေ ဆိုကြပါစို့နော်။

ကြက်မကြီးဥပမာ

ဒါတွေက ဘာတွေပါလိမ့် (ကြက်ဥတွေပါ ဘုရား) ဪ ဒါ ကြက်မကြီးက ဥထားလို့ ကြက်ဥတွေဆိုတာတော့ သေချာပေါ့ဗျာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကြက်ဥတွေ တစ်နေ့ တစ်လုံး၊ တစ်နေ့တစ်လုံး၊ တစ်နေ့ တစ်လုံး ဥတော့ ဥပမာ အဆံချောင် မပါ ကြက်ဥသုံးလုံး အစရှိသည်တဲ့ ကြက်မကြီးမှာ ဖြစ်ချင်ဖြစ်ရမယ် (မှန်ပါ့)။

မဖြစ်ရဘူးလား (ဖြစ်ပါတယ် ဘုရား) သို့သော် ကြက်မကြီးဟာ ဒီအနားကနေ “ကတော် ကတော်၊” နဲ့ အော်နေတယ် ဝပ်လည်းမဝပ်ဘူး။။

ဒီကြက်ကလေးတွေ ဒီထဲက ဟာလေးတွေ ကြက် အကောင်လေးတွေ ပေါက်ပါစေ၊ ဟုတ်လား ခြေသည်း၊ လက်သည်း ကလေးတွေလဲ ထက်လာပါစေ ဟုတ်လား။

မေတ္တာပို့တယ်

အထဲထဲက ဥထားတဲ့အထဲက အရေတွေလည်း ခန်းပါစေ။

ဒီကနေ မေတ္တာပို့တယ် (မှန်ပါ့) ရပါ့မလားတဲ့ ပုပ်ကုန်မှာပဲ (မရပါဘူး ဘုရား) ဘာဖြစ်လို့တုံး (ပုပ် ကုန်လို့ပါ ဘုရား)။

ပုပ်ကုန်တယ်

ပုပ်ကုန်တယ် ကြက်ထုံးစံအတိုင်း မလုပ်လို့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း သူကတော့ တောင်းတနေတယ်တဲ့ ဒီကြက်မ ကြီးက ဒကာ ဒကာမတို့ ဥခွံထဲမှာရှိတဲ့ အရေတွေလည်း ခန်းခြောက်ပါစေ။

၎င်းဥခွံကြီးလဲ ပါးပြီးသကာလ အပြင်ဘက် အလင်းလဲ မြင်ပါစေ၊ မြင်တော့ မြင်ပြီးသည့် အခြားမဲ့၌၊ သူတို့ ခြေသည်း လက်သည်းကလေးတွေ ရင့်လာပြီး၊ ဒီဥခွံပါးလေး ခွဲနိုင်ပါစေ လို့ ဒီကနေ မေတ္တာပို့ရတယ် ကြက်မကြီးက။

သူ့ ဥထဲမှာတဲ့ သူ့သားငယ်ကလေးတွေ၊ သမီးငယ် ကလေးတွေကို ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။

ဘာဖြစ်သွားမယ် ထင်တုံး (ပုပ်သွားမှာပါ ဘုရား) ဒါဖြင့် ဆုတောင်းမပြည့်ဘူး (မပြည့်ပါဘူး ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီကနေ လုပ်နေလို့တော့ မရဘူးတဲ့ (မှန်ပါ့) ကိုင်း သဘောပါကြပလား (ပါပါတယ် ဘုရား)။

ဒါ ဘုရားပေးတဲ့ဥပမာ

ဘုရားပေးတဲ့ ဥပမာနဲ့ ဘုန်းကြီးက ကြံဖန်ပြီးတန်ဆာ ဆင်ဟောတယ် ဆိုလို့ရှိရင် ခင်ဗျားတို့ ဘုန်းကြီးလဲ အဓမ္မ ဖြစ်မှာပဲ ဓမ္မမဟုတ်ပါဘူး (မှန်ပါ့)။

ခုဟာတော့ ဘုရားကိုက သေသေချာချာ ဝါသိဇဋသုတ် ဆိုပြီး သံယုတ်ပါဠိတော် သေသေချာချာ ဟောလို့ ဒါ သေသေ ချာချာ ကိုင်ပြီး ပြတာပါပဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြက်မကြီးက သူကနေပြီး ဒီဥခွံကလေးတွေ ပါးပါစေ တော့၊ သူကတင် ဒီကနေပြီးတော့ သူ့သားသမီးဆိုတော့ ကြက် ကောင်ကလေးတွေတော့ မြင်နေမှာပေါ့ဗျာ (မှန်ပါ့)။

အင်း ဒီထဲပါတဲ့ ကြက်ဥထဲပါတဲ့ အရည်တွေလည်း ခန်းပါစေတော့၊ သူတို့လည်း အကောင် ကလေးတွေ ဖြစ်ပြီး ခြေသည်း၊ လက်သည်းတွေက ရင့်ကျက်ပြီး ကြက်ဥခွံကလေးကို ခွာနိုင်ပါ စေတော့။

ဒီကနေ ကြက်မကြီးက သူတို့ ထုံးစံအတိုင်း အော်နေ တယ် ရ မရ .(မရပါဘူး ဘုရား)။

ဆုတောင်းနေရင်တော့

ဘာဖြစ်သွားမယ်ထင်တုံး (ပုပ်သွားပါမယ် ဘုရား) အင်း ဒါဖြင့် သူလုပ်နေတာဟာ ဖြစ်ပါစေ ဖြစ်ပါစေ ဆုတောင်းနေတာ (မှန်ပါ့)။

ပုပ်သွားတယ် ဖြစ်ပါစေ၊ ဖြစ်ပါစေ၊ ဆုတောင်းနေတာ ဘယ့်နှယ် ဖြစ်သွားတုံး (ပုပ်သွားပါတယ် ဘုရား)။

အင်း နိဗ္ဗာန်ရရပါလို၏ နိဗ္ဗာန်ရရပါလို၏ ဆုတောင်းတော့ ခန္ဓာကိုယ်သာ ပုပ်သွားတယ်တဲ့ မရဘူးတဲ့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အံမာလေး ပြင်ကြစမ်းပါဦး ကဲ ပြင်သင့်၊ မပြင်သင့် (ပြင်သင့်ပါတယ် ဘုရား) ဘုရားပေးတဲ့ ဥပမာနော် ဒကာ ဒကာမတို့ ကြံဖန်ဟောတဲ့ တရားမဟုတ်ဘူး။

အားလုံး ဒကာ ဒကာမတွေ ဒါ ဘယ်သူဟောနေတာ ပါလိမ့် (ဘုရားဟောနေတာပါ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့က ဆွမ်းတော်ခွက်ကိုင်ပြီး သကာလ နိဗ္ဗာန် ဘာနိဗ္ဗာန်နဲ့ ဟုတ်လားဗျာ (မှန်ပါ့)။

ကြက်မကြီးလို “ကတော်” အော်နေတယ်

သူ့အလုပ်တော့လည်း မလုပ်ဘူး ဘေးကနေတော့ ကြက်မကြီးလို ကတော် ကတော် နဲ့ လုပ်နေတာ ကြက်ဥ ကတော့ ပုပ်မှာ သေချာနေပြီ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ့်နှယ်တုံးဗျာ (ပုပ်မှာသေချာနေပါပြီ ဘုရား) ပုပ်မှာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာလဲ ဘယ်နည်းနဲ့မှ သံသရာထဲမှာ အပုပ်အဆွေးသာ ဖြစ်ရမယ်တဲ့၊ ကြက်အကောင် လေးရှင်ပြီးသကာလ၊ ကြက်ကောင်လေးအဖြစ်နဲ့ ဥခွံထဲမှာ လွတ်ကင်းပြီး၊ အစေးတွေမှ ခန်းခြောက်ပြီးသကာလ ခြေသည်း၊ လက်သည်းတွေ ထက်ပြီးသကာလ၊ လိုရာခရီး သွားနိုင် လိမ့်မယ်လို့ ကြက်ကလေးတွေ မဖြစ်သလို ခင်ဗျားတို့ လုပ်သင့်လုပ်ထိုက်တာ မလုပ်လို့ ရှိရင်ဖြင့် သွားကြပေတော့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်သင့် လုပ်ထိုက်တာ မလုပ်ရင် (သွားရမှာပါ ဘုရား) တော်သေးတယ်ဗျာ ခင်ဗျားတို့ ဪ ဒီလိုလုပ်ရမှာကိုး ဆိုတာ ပေါ်လာသေးတယ် (မှန်ပါ့ ဘုရား)။

ကိုသစ်တို့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ နို့မဟုတ်ရင်ဖြင့် ခင်ဗျားတို့ ကြက်“ကတော်” အော်နေသလို ခင်ဗျားတို့လဲပဲ ဘာလုပ်ကြတုံး (ဆုတောင်း နေမှာပါ ဘုရား)။

ဒီလို အော်နေမှာပဲ၊ ဆုတောင်းပြည့်ဘုရားသွားလိုက်၊ အော်လိုက်၊ ရိပ်မိပလား ဘယ်သွား အော်ကြတုံး (ဆုတောင်းပြည့်ဘုရားပါ ဘုရား)။

ကျောက်ကို မပြီး ဆုတောင်းတယ်

အဲ ဆုတောင်းတော့ ပြည့်မှ ပြည့်ပမလားလို့ ကျောက် ကြီးများ မလိုက်သေးတယ်၊ ကျောက် ဆိုတာ လေးတာပေါ့ဗျ ဟုတ်ဘူးလား ကိုယ်က ပေါ့ချင်ရင်လည်း ပေါ့လာတာပဲ (မှန်ပါ့)။

မပေါ့ချင်လို့ရှိရင်လည်း (လေးလာပါတယ် ဘုရား)။ စိတ်အေးလက်အေးနဲ့ မကြည့်၊ ကျောက်ဟာ လေးလာတာပဲ။

စိတ်ကိုက အားမငယ်၊ ငါအကျိုးပေးလိမ့်ထင်ပြီးတော့ ပေါ့လိမ့်မယ် ထင်ရင်တော့ ပေါ့ကို လာတာပဲ (မှန်ပါ့)။

အားစိုက်တာချင်းက ကွာသွားတာကိုးဗျ။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

မိန်းမတွေရူးတာ

အဲ့ဒါ မိန်းမတွေ ရူးတာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ယောက်ျားတွေက အနည်းငယ်လောက်ပဲ ယောက်ျားတွေကတော့ ဒီလောက် မ, မတတ်ဘူး၊ သူက ရှက်တတ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ရှက်တယ်တဲ့ ကွယ်ရာမှ မမှာပေါ့ဗျာ လူရှေ့တော့ မ, မဘူးတဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီ အဓိပ္ပါယ်သည် ကားလို့ဆိုလို့ရှိရင် ကြက်မကြီး အော်နေလို့ ဒီထဲက ဥခွံမပါးဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဥခွံ မပါးဘူး အရည်ကော (မခန်းခြောက်ပါဘူး ဘုရား)၊ ခြေသည်းလက်သည်းတွေလည်း ထက်လာပါ့မလား (မထက်လာပါဘူး ဘုရား)။

အို – ကြက်ကောင်ကို မဖြစ်ဘူး ရှုပ်မနေနဲ့၊ ဖြစ်သေးရဲ့ လား (မဖြစ်ပါဘူး ဘုရား)၊ ကြက်အကောင်မှ မဖြစ်တဲ့ အဓိပ္ပါယ်ပဲဆိုတော့ ခင်ဗျားတို့ ဘယ်မှာသာလျှင် လိုရင်းဆိုက် မလဲ (မဆိုက်ပါဘူး ဘုရား) မဆိုက်တာပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဘုရားက ဒီလိုလုပ်နေလို့တော့ မရဘူးကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တဏှာ လှည့်တဲ့နည်း ပြောဦးမယ်တဲ့၊ ဒါ ဥပမာပဲ ပြောနေသေးတယ် (မှန်ပါ့)။

ကြက်အောင်ပေါက်တဲ့နည်း

ကြက်ကောင် ပေါက်တဲ့နည်းလဲ ငါပြောဦးမယ်တဲ့ဆို တော့ ကြက်မကြီးက ဒီအပေါ်မှာ ဝပ်ပေးရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အတောင်ဖြန့်ပြီး ဝပ်ပေးရမယ်၊ လေလုံအောင် လေတိုက်ရင် ပုပ်မှာ၊ ဒါဖြင့် အတောင်ဖြန့်ပြီး ဝပ်တာက ဒကာ ဒကာမတို့ မှတ်ထားတဲ့။

၁။ အတောင်ဖြန့်ဝပ်ရမယ်

ကြက်ဥကို ပေါက်စေချင်ရင် အတောင်ဖြန့်ဝပ်တာက တစ်နံပါတ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အတောင်ဖြန့်ဝပ်တာက (တစ်နံပါတ်ပါ ဘုရား) အတောင်ဖြန့်ပြီးဝပ်နေရုံနဲ့လည်း မပြီးသေးဘူးတဲ့ ကြက်မကြီးက အသက်မှန်မှန် ရှုပြီးသကာလ သူ့အပူဓာတ်ကိုလည်းပေးရသေး တယ်။

၂။ အပူဓာတ်ပေးရမယ်

အပူဓာတ် ပေးတာက နှစ်နံပါတ် ဘယ်နှစ်ချက်ရှိသွား ပြီတုံး (နှစ်ချက်ရှိသွားပါပြီ ဘုရား)။ ဘုရားဟောတာနော်။

ဘုရား ဟောတာခင်ဗျားတို့ ကြက်ပေါက်လာတာသာ သိတာ ဘယ်လိုကြောင့် ဆိုတာ မသိပါဘူး၊ ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ခု ဘုရားကတော့ သဗ္ဗညုတဉာဏ်ဆိုတာ အလုံးစုံ အကုန်သိလို့၊ သူ ကြက်မဥပမာပြပြီး သူကိုယ်တိုင် ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်တက်ပြီး၊ သဗ္ဗညုတ ဉာဏ်ရကတည်းက ဘယ်အကောင် ဘယ်လို ပေါက်တယ် ဆိုတာသိတယ်။

ဒါကြောင့် ဟောတာ ရိပ်မိကြပလား (ရိပ်မိ ပါတယ် ဘုရား)။

တစ်နံပါတ်က ဘာလုပ်ရမတုံး (အတောင်ဖြန့် အုပ်မူပါ ဘုရား) နှစ်နံပါတ်က ဘာတုံး (အပူဓာတ် ပေးရ မှာပါ ဘုရား)။

အဲ အပူဓာတ်ပေးရုံနဲ့လည်း မပြီးသေးဘူးကွတဲ့၊ ဒါနဲ့ လည်း ကြက်အကောင်ကလေးတွေ ဖြစ်လာအောင် ဥခွံပါးပြီး သကာလ၊ အရည်ခြောက်ပြီးသကာလ ခြေသည်း လက်သည်း ထက်လာ လိမ့်မယ်လို့ ငါ ဘုရားမဆိုလိုသေးဘူးတဲ့။

၃။ ကြက်၏အနံ့ကို ပေးရမယ်

ကြက်တို့၏ အနံ့ကိုလည်း ပေးရဦးမယ်တဲ့ သူတို့ သဘာဝအလိုက် ဘာတဲ့ ဒကာ ဒကာမတို့ (ကြက်တို့၏ အနံ့ကိုပေးရဦးမှာပါ ဘုရား)။

ကြက်တို့၏ အနံ့ကိုလည်း ပေးရဦးမယ်ဆိုတော့ သုံးခု ကွ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြက်နံ့ ပေးရင် ကြက်ကောင်ဖြစ်တယ်၊ ခွေးနံ့ပေးရင် ခွေးကောင်ဖြစ်တယ်၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သူ့အနံ့ကိုလိုက်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကြက်အနံ့ပေးရင် (ကြက်အကောင်ပါ ဘုရား) ကြက်အကောင် , လေးတွေ ဖြစ်လာတာပဲတဲ့။

ခွေးတွေ အနံ့ပေးရင် ခွေးကောင်ပဲလာဖြစ်လာတာပဲ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ပဋိသန္ဓေနေတာ လျှောက်ကြည့်ပါတဲ့ ဒီအတိုင်းပါပဲတဲ့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ကြက်ဥကလေး ခုရှေ့ပိုင်းက ပြထားတဲ့ အစိမ်းကြက်ဥ လေးတွေ ကို ပေါက်စေ ချင်လို့ရှိရင်၊ ကြက်မကြီး အလုပ်ဘယ်နှစ်လုပ် လုပ်ရတုံး (သုံးလုပ် လုပ်ရပါတယ် ဘုရား)။

အတောင်ဖြန့်အုပ်မှု တစ်နံပါတ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပူငွေ့ပေးမှု (နှစ်နံပါတ်ပါ ဘုရား) ကောင်းပြီ အနံ့ပေးမှု (သုံးနံပါတ်ပါ ဘုရား)။

အဲဒီ သုံးခု အလုပ်လုပ်လို့ ရှိမှသာလျှင်တဲ့ ဒကာ ဒကာမတို့ အတောင်ဖြန့်ပေးလိုက်တဲ့အတွက် အပြင်ဘက်က လေတွေလုံမသွားဘူးလား (လုံသွားပါတယ် ဘုရား)။

အပူဓာတ်ပေးလို့အစေးတွေခြောက်တယ်

ကောင်းပြီ၊ အပူဓာတ် ပေးလိုက်တဲ့အတွက် အစေးတွေ ခန်းခြောက်မသွားဘူးလား (ခန်းခြောက်ပါတယ် ဘုရား) ခန်းခြောက်သွားပါတယ်တဲ့။

ကြက်အနံ့ပေးလိုက်တဲ့အတွက် ကြက်အကောင်လေး တွေ ဖြစ်လာတယ်။

ဒီက အပူဓာတ်နဲ့ ကြက်အနံ့ပေးတော့ ကြက်အကောင် ဖြစ်ပြီး ဒီက အပူဓာတ်ကလေးတွေ ပေးလိုက်တဲ့အခါကျတော့ ဟိုထဲမှာ ရှိတဲ့ အကောင်ကလေးက ခြေသည်း လက်သည်းတွေ ရင့်လာမယ် (တင်ပါ့)။

နှုတ်သီးလေးတွေလည်း မာလာတယ် (မှန်လှပါ) ခြေဖျား၊ လက်ဖျားကလေးတွေလည်း တစ်ခါတည်း ဒကာ ဒကာမတို့ ရင့်သန်လာတယ် ဆိုတာကော သဘောကျပလား (ကျပါတယ် ဘုရား)။

မာလာတယ် (မှန်ပါ့) ကြက်မကြီးဟာ “ကတော်” လုပ်တုန်းက ဖြစ်တာလား၊ ခု ကြက်တို့၏ ထုံးစံ အလုပ်သုံးမျိုး ကို လုပ်လိုက်တာနဲ့ပဲ ဒီကြက်ကလေးတွေနဲ့ ကြက်ကလေးတွေ သည်တဲ့ ခုနက ဥခွံကြီးကလည်း ပါးသွားတယ် သဘောကျ ပလား (ကျပါတယ် ဘုရား)။

အစေးတွေကလည်း (ခန်းခြောက်ပါတယ် ဘုရား) အဲ-အကြောင်းကလေးတွေဖြစ်ပြီး ခြေသည်း လက်သည်း ကလေးတွေကလည်း ရင့်ကျက်လာတယ်။

ရင့်ကျက်လာတာ၊ ပါးတာမဟုတ်ဘူး၊ ရင့်ကျက်လာ တော့မှ ဥခွံကို ခွာမှာကိုး၊ သူ ခြေနဲ့ ကန်ထုတ်တယ်၊ ကြက်ခွံ ကလေးတွေ သွားကြည့်ပါ။ ခင်ဗျားတို့ ပေါက်တဲ့အချိန်ကျတော့ နှစ်ခြမ်း၊ နှစ်ခြမ်းကွဲနေတယ် (မှန်ပါ့)။

မကွဲဘူးလား (ကွဲပါတယ် ဘုရား) အဲဒါ ကန်ထုတ် လိုက်တာ၊ လည်ပင်း ဆန့်လိုက်တာနဲ့ ဖြန်းခနဲ ကွဲသွားတာ။

လည်ပင်းဆန့်ပြီး ခြေထောက်လေး နှစ်ခုက ကန်လိုက် တာကိုး၊ ကန်လိုက်တဲ့အခါကျတော့ အို အခွံ ကလေးကျန်နေ တဲ့ပြီးတော့ တစ်ခါတည်း ကြက်အကောင်ကလေးတွေ အပြင်ဘက် ထွက် လာတယ် ရိပ်မိပလား (မှန်ပါ့)။

အဲဒါ ကြက်ကောင်ကလေးတွေဖြစ်ခြင်း၏ အကြောင်း ဒကာ ဒကာမတို့ အမေသည် ဘယ်နှလုပ် လုပ်ရတုံး (သုံးလုပ် လုပ်ရပါတယ် ဘုရား)။

အမေသည်ဘယ်နှလုပ်လုပ်ရတုံး

သုံးလုပ် လုပ်ရတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ ကြက်အကောင်ကလေးတွေ ခုနက ဥခွံပါးတာလည်း အမေ၏ စွမ်းရည်သတ္တိ သဘောကျပလား (ကျပါတယ် ဘုရား)။

အစေးခန်းခြောက်တာလည်း (အမေ၏ သတ္တိပါ ဘုရား) ခြေသည်း လေးတွေရော၊ နှုတ်သီးလေးတွေရော ရင့်ကျက်မာပြီး ဥဖောက်နိုင်တဲ့ အခြေအနေ ရောက်အောင်ဟာရော (အမေ့စွမ်းရည် သတ္တိပါ ဘုရား)။

ဪ အမေ့သတ္တိကြောင့် ကြက်ကောင်ဖြစ်ရတယ် ဆိုတာဖြင့် အသေချာပေါ့ဗျာ။

အင်း ကျွတ်တမ်းဝင်မည့်ပုဂ္ဂိုလ် ကြက်ဘယ်ကပေါက် လာတယ်လို့ မသိဘူး၊ ခက်လိုက်တဲ့ ဖြစ်ခြင်း ရှင်းပလား (ရှင်းပါတယ် ဘုရား)။

အဲဒါ ဘုရားကဟောလို့ ဟောရတာဆိုတာကော သူ့အကြောင်းနဲ့ ဒကာ ဒကာမတို့ ဖြစ်ပုံနဲ့ ကိုက်ပလား (ကိုက်ပါတယ် ဘုရား)။

အတောင်ဖြန့်ဝပ်ရတာက အမေ့အလုပ်နော် (မှန်ပါ့) ကောင်းပြီ ကြက်တို့၏ အပူဓာတ် ပေးရတာကော (အမေ့ အလုပ်ပါ ဘုရား)။

မပူရင်လည်း ခန်းခြောက်တဲ့ကိစ္စမလာဘူး (မှန်ပါ့). ခန်းခြောက်တဲ့ကိစ္စ မပူရင်တော့ ဘယ်နည်းနဲ့မှ အစေး တွေက ခန်းခြောက်ပါ့မလား (မခန်းခြောက်ပါဘူး ဘုရား)။

မခြောက်နိုင်ဘူးဆိုတာ ဒကာ ဒကာမတို့ အထင် အရှားပဲ နောက်မှ မခြောက်ရင် အတောင် ကလေးတွေ ရင့်မှုကော (မဖြစ်နိုင်ပါဘူး ဘုရား)။

မဖြစ်နိုင်တော့ ကြက်မကြီးသည် ဒကာ ဒကာမတို့ အလုပ်ဘယ်နှစ်လုပ် လုပ်ရ (သုံးလုပ် လုပ်ရပါတယ် ဘုရား)။

သုံးလုပ် လုပ်ရတော့ ကြက်အကောင်လေးတွေဟာ ဘယ်လို ဖြစ်လာတုံးဆိုတော့ သူ့စိတ်ထဲမှာ ဪ -အပြင်ဘက် ကလည်း အလင်းတွေမြင်ရပြီ။

ပါးသွားတော့ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပြင်ဘက်က အလင်း ဘာတုံး (မြင်ရပါတယ် ဘုရား)။ မြင်ရတယ် ဒို့နေရတာလည်း အင်မတန် ကျဉ်းတယ်။ အစေးကလည်း ခန်းခြောက်တော့ သူတို့ ကန်ဖို့၊ကျောက်ဖို့ရာ လည်း နေရာပေါ်လာတယ် (မှန်ပါ့)။

အစေးကလည်း ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား) အဲဒီတော့ အပြင်ဘက်က အလင်းကိုလည်း မြင်ရတော့ ဒို့နေရ တာလည်း ဒီထဲမှာ ခေါင်းကလေး ကွေးနေရတာလည်း ကြာပြီ။

ခြောက်ထောက်ကလေးတွေ ကုပ်နေရတာလည်း ကြာပြီ ညောင်းလှတယ်ဆိုပြီး ဆန့်တာပဲ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကြက်ကောင်ကလေး ဝဋ်ကျွတ်သွားတယ်

ဆန့်လိုက်တဲ့အတွက် ဥခွံပါးကလေးက ဘာဖြစ်သွား တုံး (ပေါက်ထွက်သွားပါတယ် ဘုရား) ပေါက်ထွက်သွားတော့ ဒီကြက်အကောင်ကလေး အပြင်ဘက်ရောက်လို့ ဝဋ်ကျွတ်သွားတယ် (မှန်ပါ့)။

အဲ ခင်ဗျားတို့ ဝဋ်ကျွတ်ချင်လို့ရှိရင်လည်းတဲ့ ဒီအတိုင်း လုပ်ရမှာပဲ (မှန်ပါ့)။

ကြက်အကောင်ကလေး အပြင်ဘက်ဝဋ်ကျွတ်ချင်တော့ ကြက်မကြီးက အတော်လုပ်ရတယ် (မှန်ပါ့)

လုပ်ပြီး သူ့ဟာသူ မထွက်ရဘူးလား (ထွက်ရပါ တယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလို မထွက်နိုင်လို့ရှိရင်လည်း အမေက နှုတ်သီး ကလေးနဲ့ ပေါက်ပေးတယ် ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

မထွက်နိုင်လို့ ရှိရင်တော့ (နှုတ်သီးကလေးနဲ့ ပေါက်ပေးပါတယ် ဘုရား) နှုတ်သီးကလေးနဲ့ ပေါက်ပေးလိုက်တဲ့ အခါကျတော့ သူတို့ အပြင်ဘက် ဘွားခနဲ ထွက်မလာ ကြဘူးလား (ထွက်လာပါတယ် ဘုရား)။

သူတို့ဟာ သူတို့ ထွက်နိုင်ဖို့လည်းရှိတယ်၊ အမေ အကူအညီနဲ့ ထွက်နိုင်ဖို့လည်း ရှိတယ်ဆိုတာတော့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘုန်းကြီးဟောလို့ ကျွတ်တမ်းဝင်တာက

ဒါကြောင့် တရားတော့ ဘုန်းကြီးဟောလို့ ခင်ဗျားတို့ ကျွတ်တမ်းဝင်တာက အမေကူလို့ ပေါက်တာနဲ့ တူတယ်

ကိုယ့်ဟာကို ပွားများပြီးသကာလ တရားဟောတဲ့ ဘုန်းကြီးနည်းကို ယူပြီးသကာလ ကိုယ့်ဟာကိုယ် ထွက်လာ တာလည်း ရှိတာပဲကွ (မှန်ပါ့)။

ကိုယ့်ဟာကိုယ်သောတာပန်တည်တယ်

ကိုယ့်ဟာကိုယ် အိမ်တွင် သောတာပန် တည်နေတာ လည်း ရှိတာပဲတဲ့ (မှန်ပါ့) တရားဟောတဲ့ ပုဂ္ဂိုလ် သွားဟော ပေးမှလည်း သောတာပန်တည်တာလည်း ရှိတာပဲတဲ့။

သို့သော် အတွင်းက ဒီသုံးလုပ် လုပ်ထားတာက သေချာပြီးသားလူ ဖြစ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီသုံးလုပ်မှ လုပ်မထားရင်တော့ သေချာတဲ့ ကိစ္စဖြစ်နိုင် ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။

ဪ ဘုရားက တယ်ပြီး မြင်ပါသလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)

ဒကာ ဒကာမတို့ သေပျော်တဲ့ တရားဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သေပျော်တဲ့ တရားလို့ တစ်သက်နှင့် တစ်ကိုယ် ကြားရခဲတဲ့ တရားမျိုးကိုဗျ (မှန်ပါ့)။

ခု ကိုမြရွှေတို့က အလုပ်လုပ်မှ ဆိုတဲ့ဥစ္စာ တယ် သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။

အလုပ်လုပ်လို့ ဟိုမှာ ခရီးပေါက်လာတာကော (သေချာပါတယ် ဘုရား) မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

အပြင်ဘက်ရောက်လာလို့ ဝဋ်မှ ကျွတ်လာတာကော (သေချာပါတယ် ဘုရား) မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။

ဝိပါကဝဋ်ဆိုတာ

အဲတော့ ခင်ဗျားတို့ဟာကို ဝိပါကဝဋ်နဲ့ နေတဲ့ပုဂ္ဂိုလ်တွေ ဝိပါကဝဋ်ဆိုတာ ဘုန်းကြီး ရှင်းပြပါ့မယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ နောက်ဘဝက ကိလေသာနဲ့ ဆုတောင်းလိုက်လို့ ဟုတ်လား။

ကိလေသာက လူ့ဘဝလိုချင်တော့ကို ကိလေသဝဋ် လူ့ဘဝလိုချင်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူ့ဘဝလိုချင်တော့ ကိလေသာချည်း သက်သက် ကလည်း လူကောင်ဖြစ်အောင် မလုပ်နိုင်တော့ ခင်ဗျားတို့က ဒါနကံ၊ သီလကံကလေး ကူလိုက်ပြန်တယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိလေသာနဲ့ဆုတောင်း

ဘယ်နှခု ရှိသွားတုံး (သုံးခု) နှစ်ခုရှိသေးတယ် ကိလေသာက ဘာလိုချင်တဲ့ (လူ့ဘဝ လိုချင်ပါတယ် ဘုရား)။

လူ့ဘဝလိုချင်တော့ ကိလေသာက လူဖြစ်အောင် လုပ်နိုင်ရဲ့လား (မလုပ်နိုင်ပါဘူး ဘုရား) မလုပ်နိုင်တော့ လူဖြစ်ကြောင်း ဖြစ်တဲ့ ဆွမ်းကျွေး ကွမ်းကျွေး၊ ဟုတ်လား၊ ဒီလို ကံတွေကော မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါကြောင့် ကိလေသဝဋ်ကြောင့် ဘာဖြစ်နေတုံး ကမ္မဝဋ်၊ ကမ္မဝဋ် ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ကုသိုလ်ကံတွေ ပြုလုပ်

ကိလေသဝဋ်အကြောင်းပြုပြီး ဒီနှစ်ခုနဲ့ ဒါန၊ သီလလုပ်တဲ့ ကံတွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ဒီကံတွေ ပေါ်ပါလိမ့် (ကိလေသာ) ကိလေသာကြောင့် လူ့ပြည် လိုချင်တာကအစကိုး၊ နတ်ပြည်လိုချင်တာက အစကိုး။

အဲတော့ လိုချင်တာက ကိလေသာ ဟုတ်လား၊ လိုချင် တော့ ကိလေသာချည့် သက်သက်က လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင် ဖြစ်အောင် လုပ်နိုင်ရဲ့လား (မလုပ်နိုင်ပါဘူး ဘုရား)။

သူချည့် သက်သက်ဆို အပါယ်သွားမယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

အဲတော့ သူက ဒကာ ဒကာမတွေက လိုချင်တာကတော့ လူ့ပြည်ရောက်ကြောင်း လုပ်ဦးမှပဲဆိုပြီး ဒါနစေတနာ၊ သီလ စေတနာဆိုတော့ ကံတွေ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

အင်း ဒီကံတွေလာတာ ဘယ်ကလာတာတုံး (ကိလေသာကပါ ဘုရား) ဒါဖြင့် ကိလေသာ ကြောင့် ဒကာ ဒကာမတို့ ကံဖြစ်တယ်။

ဝိပါကဝဋ်ကောင်

ဒါက ကိလေသာ၊ ဒါကကံရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီကံကနေပြီးတော့လည်း ဟောဒီမှာ ခုထိုင်နေတဲ့ ဒကာ ဒကာမတွေ ခန္ဓာငါးပါး လူထည်ကြီး ဖြစ်လာတယ် (မှန်ပါ့)။

ဒါ ဝိပါကဝဋ်ကောင်၊ ဒါကြောင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ခင်ဗျားတို့က ဘာဝဋ်တွေတုံး (ဝိပါကဝဋ်တွေပါ ဘုရား)။

ဝိပါကဝဋ် ဘယ်ကလာတုံး ကံကလာတယ်၊ ကံဘယ်က လာတုံး . .(ကိလေသာက လာပါတယ် ဘုရား)။

ဒါဖြင့် ကိလေသဝဋ်ကြောင့် ဘာဖြစ်တုံး (ကံဖြစ် ပါတယ် ဘုရား) ကံကြောင့် (ဝိပါကဝဋ် ဖြစ်ပါတယ် ဘုရား)။

တော်ကြာ နေထိုင်နေတဲ့ ဒကာ ဒကာမတွေ ဆရာဘုန်း ကြီးက အခု ဘယ်ထဲ ရောက်နေတုံး (ဝိပါကဝဋ်ထဲ ရောက်နေပါတယ် ဘုရား)။

ဒါဆို ခန္ဓာငါးပါးကိုး၊ ဒီဘက်က ဒကာတွေလည်း လူခန္ဓာငါးပါး ဒီဘက်က ဒကာမတွေလည်း လူခန္ဓာငါးပါး၊ ဟောနေတဲ့ ပုဂ္ဂိုလ်လဲ ခန္ဓာငါးပါး၊ သဘောကျပလား (မှန်ပါ့)။

ဝိပါကဝဋ် ဟုတ်ပါရဲ့လား

ဪ ကျုပ်တို့သည် ဝိပါကဝဋ် ဟုတ်မဟုတ် ကဲ စဉ်းစားကြစို့ ဒကာ ဒကာမတို့ မအိုချင်ပဲနဲ့ ဘာလုပ်နေရတုံး (အိုနေရပါတယ် ဘုရား)။

မနာချင်ပဲနဲ့ (နာရပါတယ် ဘုရား) မသေချင်ပဲနဲ့ (သေရပါတယ် ဘုရား) အင်း မသွားချင်ပဲနဲ့ (သွားရ – ပါတယ် ဘုရား)။

မထိုင်ချင်ပဲနဲ့ (ထိုင်ရပါတယ် ဘုရား) အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဝဋ်ထက် ကြီးတာများ ရှိသေးသလား – (မရှိပါဘူး ဘုရား) ခွဲလို့ ခွာလို့ကော (မရပါဘူး ဘုရား)။

အဲတော့ ဒါ ဥခွံထဲမှာတင် ခင်ဗျားတို့ အုပ်နေတာတဲ့ ဒီဝဋ်သင့်နေတာက (မှန်ပါ့)။

ကိလေသာအစေး၊ ဒီကိလေသာ အစေးကလည်း မခန်းခြောက်၊ သဘောကျပလား (မှန်လှပါ) ကိလေသာ အစေးကလည်း မခန်းခြောက်၊ ထွက်ရပ်လမ်းကိုလည်း မမြင်တော့ အဝိဇ္ဇာတည်းဟူသော ဥခွံကြီးကလည်း ထူနေတယ်။

ကိလေသာ အစေးကလည်း (မခန်းခြောက်) မခန်းခြောက်ဘူးတဲ့ ကိလေသာ အစေးကလည်း မခန်းခြောက် ဆိုတော့ ဉာဏ်ကလဲ ဒီထဲ ဝိပါကဝဋ်ထဲမှာ ဉာဏ်ပေးမယ့် ဆရာ နဲ့လည်း မတွေ့ဘူး (တင်ပါ့)။

အဲတော့ ခင်ဗျားတို့ ဉာဏ်သွားထက်ဖို့ကော (မထက်ပါဘူး ဘုရား) မထက်တော့ ဝိပါကဝဋ်ထဲမှာ ခင်ဗျားတို့ ဥခွံထဲ နေသလို ဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာငါးပါးဟာ ဘယ်ထဲနေသတုံး (ဝိပါကဝဋ်ထဲ ပါ ဘုရား)။ နောက်က ခင်ဗျားတို့ ကိလေသာ အစေးများကော ရှိကြရဲ့လား (ရှိပါတယ် ဘုရား)။

အဲ သစ္စာသိတဲ့ တရားကော ခု ခင်ဗျားတို့ကောင်း ကောင်း မရသေးတော့ အဝိဇ္ဇာက ဖုံးလွှမ်းနေတယ် (မှန်ပါ့) ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဉာဏ်ကတုံးနေတယ်

အဝိဇ္ဇာက ဖုံးလွှမ်း ကိလေသာအစေးက ပျံ့ပျူးတုန်း မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဉာဏ်က လုံးဝ တုံးနေတယ်။

ခြေသည်းလက်သည်းနဲ့တူတဲ့ဉာဏ်က ဘယ့်နှယ်နေတုံး (တုံးနေပါတယ် ဘုရား)။

အဲ့ဒါကို ခင်ဗျားတို့ ဪ ဒါကြောင့် ဒီခန္ဓာငါးပါး ကြီးဟာ ခုနက ကြက်ကလေး ကြက် အကောင် ကလေး ဖြစ်မယ့် သန္ဓေလေးဟာ အကုန် တစ်ခါတည်း သူ့မှာ ရန်သူတွေက အကုန် အုပ်နေသလို ဖြစ်နေပါတယ်၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ဘယ်သူတွေက အုပ်နေတုံး (ရန်သူတွေက အုပ်နေပါတယ် ဘုရား) ရန်သူတွေက ကိလေသာ အစေးကလဲ အုပ်တယ် (မှန်ပါ) ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

အဲ အဝိဇ္ဇာ ဥခွံကြီးကလည်း ထူနေတယ် ဟုတ်လား ဉာဏ်တွေကလည်း မပါတော့ ခြေသည်း လက်သည်း တည်းဟူသော ဉာဏ်တွေက တုံးနေတယ် မတုံးဘူးလား (တုံးပါ တယ် ဘုရား)။

တုံးနေတော့ ဒီဟာ ဝဋ်ကျွတ်ဖို့ ဝိပါကဝဋ်ကျွတ်ဖို့ မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။

ကြက်ဥလို အပြင်ထွက်ဖို့ ကြက်အကောင်လေးဖြစ်ပြီး အပြင်ဘက်ထွက်ဖို့ လွယ်သေးရဲ့လား (မလွယ်ပါဘူး ဘုရား)။

ဝဋ်ကောင်တွေ

ဒါဖြင့် ခင်ဗျားတို့ ဘာကောင်တွေလို့ ဆိုကြမတုံး (ဝိပါကဝဋ်ကောင်တွေပါ ဘုရား) ဝဋ်ကောင် တွေလို့ ဆိုကြပါစို့ဗျာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အင်း ဘာဝဋ်ပါလိမ့် (ဝိပါကဝဋ်ကောင်) အင်း ဒါ ခင်ဗျားတို့က ခင်ဗျားတို့တည်းဟူသော ပုဂ္ဂိုလ်က ခု ဆရာကောင်း သမားကောင်းတွေ့လို့ရှိရင်ဖြင့် ခုနက ပွားများသလိုပေါ့ဗျာ။

ဒကာ ဒကာမတွေ ကြက်မကြီး သုံးလုပ် လုပ်သလို ခင်ဗျားတို့လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးခုကို လုပ်ပါ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ပွားပါ

ဘာလုပ်ရမှာတုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တလုပ်ရမှာ ပါ ဘုရား) ခန္ဓာကိုယ်ကြီးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ ပွားပါ (မှန်ပါ့)။

ပွားလိုက်တဲ့အခါကျတော့ သုံးလုပ် လုပ်ရာမကျဘူးလား (ကျပါတယ် ဘုရား)။

သုံးလုပ် လုပ်ရာကျတဲ့ အခါကျတော့ကို ဝိပါကဝဋ်ထဲ မှာ ရှိတဲ့ ကိလေသာ အစေးက ဘာဖြစ်မယ်ထင်တုံး (ခန်းခြောက်မှာပါ ဘုရား)။

အဝိဇ္ဇာ ဥခွံက (ပါးမှာပါ ဘုရား) ဟို အနိစ္စဉာဏ် တွေက လာဗျ (မှန်လှပါ) ဟုတ်ဘူးလား (မှန်ပါ့)။

အနိစ္စက လာတော့ တဏှာအစေးက ဘယ့်နှယ်တုံး (ခန်းခြောက်ပါတယ် ဘုရား)။

အဲ ပွားများတဲ့ ဉာဏ်ကလေးကလည်း ခု ဒကာ ဒကာမ တို့ တစ်နေ့တခြားဆိုသလိုပဲ ရင့်ကျက်ပြီး မလာဘူးလား (လာပါတယ် ဘုရား)။

ကိုယ့်ဟာကိုယ်ဖောက်ထွက်

သူ ခြေသည်းလက်သည်းမထက်သေးဘူးလား (ထက်ပါတယ် ဘုရား) အဲဒီမှာ ကိုယ့်ဟာကိုယ် ဖောက်ထွက်တာပဲဗျ။

နိဗ္ဗာန်ရတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ဟာကိုယ် ဒီခန္ဓာထဲက ထွက်သွားတာပဲ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

နိဗ္ဗာန်ရရင် ခန္ဓာထဲက ထွက်သွားတယ်

နိဗ္ဗာန်ရရင် ဘယ်က ထွက်ပါလိမ့် (ခန္ဓာက ထွက်ပါတယ် ဘုရား) အဲ ခန္ဓာက ထွက်သွားတယ် ခန္ဓာထားပစ် ခဲ့တာ နိဗ္ဗာန်ချည့်ပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာထဲက ထွက်သွားတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။ ခန္ဓာ့ဝဋ်မှ ကျွတ်သွားတယ် ဟုတ်လား နိဗ္ဗာန်မို့လား (ဟုတ်ပါတယ် ဘုရား)။

ကိလေသဝဋ်မှ ကျွတ်သွားတာကော (နိဗ္ဗာန်ပါ ဘုရား) အေး အဝိဇ္ဇာ တဏှာတည်းဟူသော ကိလေသဝဋ် မှ ကျွတ်သွားတာကော (နိဗ္ဗာန်ပါ ဘုရား)။

အေး အဝိဇ္ဇာတဏှာတည်းဟူသော ကိလေသဝဋ်မှ ကျွတ်သွားတာကော မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ခန္ဓာကြီး သယ်ပိုးနေရတဲ့ ဝဋ်မှကော (ကျွတ်ပါ တယ် ဘုရား)။

ဒါဖြင့် ကြက်အကောင်ကလေးတွေဟာ တဏှာအစေး ခန်းခြောက်လို့လည်း ကြက်ဖြစ်ရတယ်၊ အဝိဇ္ဇာ ဥခွံ ပါးလို့လဲ (ကြက်ဖြစ်ရပါတယ် ဘုရား)။

ခြေသည်း လက်သည်းထက်လို့လည်း (ကြက်ဖြစ် ရပါတယ် ဘုရား) အပြင်ဘက် ထွက်နိုင်တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ခင်ဗျားတို့လည်း ခန္ဓာအပြင်ဘက် ထွက်အောင် လုပ်ပါတော့၊ ဥခွံ သုံးခု အုပ်နေတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တော်တော် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) အင်း ဒကာ ဒကာမတွေ ဒီဥစ္စာက ဥပမာ ဥပမေယျနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလို့သာ ဦးခင်မောင် ဒီလောက်ရှင်းတာနော် (မှန်လှပါ)။

ကဲ ဒကာ ဒကာမတွေ အင်မတန် အဖိုးတန်ပြီ ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်ချင်ရင် ပွားရမယ်

ဒါဖြင့် ဆရာဘုန်းကြီးက အစက ပြောခဲ့တယ် ဒကာ ဒကာမတို့ နိဗ္ဗာန် ရောက်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ပွားရမယ်လို့ ပြောတယ် (မှန်လှပါ)။

ဘယ်သူ့ကို ပွားရမှာတုံးလို့ မေးတော့ ဘာတဲ့ (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါးတစ်ပါးပါးပွား (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ တစ်ပါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးခုနဲ့ ပွားပေါ့ဗျာ (မှန်ပါ့)။

အနိစ္စတစ်ခုပွားရင် ဒုက္ခ၊ အနတ္တပါတာပဲ

ပွားလိုက်တဲ့အခါကျလို့ရှိရင် အနိစ္စ တစ်ခုပွားလိုက် လည်း ဒုက္ခအနတ္တပါတာပဲ။ ဒုက္ခ တစ်ခုတည်း ပွားလိုက်ရင် (အနိစ္စ၊ အနတ္တ) အနတ္တ တစ်ခုတည်း ပွားနေရင်ကော (အနိစ္စ၊ ဒုက္ခ) ၊ အကုန်ပါတာပဲတဲ့။

အဲတော့ ပွားတဲ့အချိန် သုံးခုပါသွားတာချည့်ပဲ မှုတ်ပါတဲ့၊ သို့သော် ဘုရားကတော့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ ရှိနေတဲ့ လက္ခဏာရေး သုံးပါးမို့ ကြက်မကြီး သုံးခု အလုပ်လုပ်ရတယ်ကွလို့ ဟောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အခု ဘယ်ထဲ ရောက်နေကြ သတုံး ဆိုလို့ရှိရင်ဖြင့် တပည့်တော်တို့ ဘုရား ဥခွံထဲ ရောက်နေ ပါတယ်ဘုရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့အတွက်ဟာ ပုပ်မလား အပြင် ထွက်နိုင်မလား ဒါကို အကဲခတ် (မှန်လှပါ)။

ပုပ်မယ် ဆိုလို့ရှိရင်လည်း ခင်ဗျားတို့ သေခြင်းဆိုး ဖြစ်မှာပဲ (မှန်ပါ့) ဟုတ်လား ထွက်နိုင်လို့ ရှိရင်လည်း လွတ်မြောက်သွားမှာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ပုပ်မည့်လူလား လွတ်မြောက်မည့်လူလား

အဲတော့ ခင်ဗျားတို့ ဟာ ငါပုပ်မည့် လူလား၊ လွတ်မြောက်မည့် လူလား ကိုယ့်ဟာကိုယ် ချိန် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ပုပ်မည့်လူ ဆိုလို့ရှိရင် အပါယ်လေးပါး ဒီ နေရမှာပဲ။ (မှန်လှပါ) ကြက်အကောင် ဖြစ်လိုက် ရတယ် လို့ မရှိဘူး၊ ပုပ်သွားတာနဲ့ ပြီးမှာပဲ (မှန်လှပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်တော့မှ နိဗ္ဗာန်ရောက်နိုင်ပါ့မတုံး (မရောက်နိုင် ပါဘူး ဘုရား)။ ဘာဖြစ်လို့တုံး (ပုပ်သွားလို့ပါ ဘုရား) ပုပ်သွားတာ။

လုပ်သင့်လုပ်ထိုက်တဲ့ သုံးလုပ်က ဘယ့်နှယ်တုံး (မလုပ်ခဲ့ပါဘူး ဘုရား)။

အဲ ကြက်မကြီးတောင် မဝပ်တော့ ခုနက အကုန်ပဲ ကြက်အကောင်ကလေးတွေဟာ မဖြစ်ရပဲနဲ့ ဥထဲမှာ ဒီအတိုင်းပဲ သေခြင်းဆိုးသေသွားရတယ် (မှန်ပါ့)။

ကြက်ဖြစ်မယ်လို့ လာတာတောင် ကြက်မဖြစ်လိုက် ရဘူး၊ (မှန်ပါ့) လူဖြစ်မယ်လို့ လာတာကော (လူမဖြစ်လိုက် ရပါဘူး ဘုရား) နတ်ဖြစ်မယ်လို့ လာတာကော (နတ်မဖြစ် လိုက် ရပါဘူး ဘုရား)။

ကဲ ဘယ်လောက်ကြောက်စရာကောင်းတုံး ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲတော့ ခင်ဗျားတို့သည်၊ ခု ဆရာဘုန်းကြီးနဲ့တွေ့တဲ့ အခါမှာ၊ ခင်ဗျားတို့ ကိုယ်တည်းဟူသော ဉာဏ်ကလေးကို၊ ကိုယ်တည်းဟူသော လုံ့လဝီရိယတို့ဖြင့်၊ ကိုယ်ပွားများမှု သုံးခုနဲ့ ရှာမှာသာလျှင် ရမယ်၊ မိမိလုံလ ဝီရိယနဲ့၊ သား၊ လင်၊ ခင်ပွန်း မကယ်နိုင်ဘူး (မကယ်နိုင်ပါဘူး)။

ကယ်နိုင်ပါ့မလား (မကယ်နိုင်ပါဘူး ဘုရား) ၊ အားလုံး ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

ဘယ်သူမှ မကယ်နိုင်ဘူး ပွားရမှာကိုး ကိုယ့်ကိစ္စနဲ့ ကိုယ့် ဉာဏ်နဲ့ ပွားရမှာကို၊ သူများက လာပွားပေးလို့ (မရပါဘူး ဘုရား)။

ရော့ အမျှဆိုတာ ဒါနပေးတဲ့အခါ ရပါတယ် (မှန်ပါ့) သီလဆောက်တည်တဲ့အခါ အမျှပေးလို့ ရတယ် (ရပါတယ် ဘုရား)။

ဝိပဿနာကအမျှပေးလို့မရဘူး

ကျန်တာ ဝိပဿနာက အမျှပေးလို့ကို မရဘူး (မရပါဘူး ဘုရား) မဂ်ဉာဏ်နဲ့က (မရပါဘူး ဘုရား) အမျှပေးလို့ မရဘူး။

အဲတော့ ခင်ဗျားတို့ အိမ်မှာ မိန်းမဆွမ်းလောင်းလို့ရှိရင် ယောက်ျားက ငါရှာထားတာပဲ၊ အို တစ်ဝက် ရတယ်၊ ဟောပါတယ် ဘုန်းကြီးတို့ ဒီဥစ္စာ မှန်လည်း မှန်ပါတယ်။

မိန်းမက ဆွမ်းလောင်းတယ်၊ ယောက်ျားက မလောင်း ဘူး ထိုင်နေတယ်၊ သို့သော် သူရှာထားတဲ့ ဆန်တွေ၊ တစ်ဝက် ရတယ် (မှန်ပါ့) ဒါကတော့ အမျှပေးလို့ ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အင်း ဒီဥစ္စာသာ အမျှပေးကြည့်စမ်းပါ (မရပါဘူး ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမျှကြိုက်နေတဲ့ပုဂ္ဂိုလ်

အဲတော့ ခင်ဗျားတို့ ဘုန်းကြီးက ရင့် ရင့်သီးသီး ဟောတယ်လို့လည်း မအောက်မေ့ပါနဲ့တဲ့၊ အမျှယူချင်နေတဲ့ လူကိုက၊ ဪ အမျှပေးလို့ရှိရင် အမျှကြိုက်နေတဲ့ ပုဂ္ဂိုလ်ဟာ၊ ခင်ဗျားတို့ပဲ ပေးနေတဲ့ ဥစ္စာ အမေ အဖေ သေပြန်ပြီ အမျှ အမျှ။

လာပြီ ခင်ဗျားတို့က (တင်ပါ့) အမေအဖေ သေတော့ (အမျှ အမျှ ပါ ဘုရား) အင်း ခင်ပွန်းလင် သေပြန်တော့ (အမျှ အမျှ ပါ ဘုရား)။

အင်း ပြိတ္တာဖြစ်လို့ ပေးတာ၊ ရပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဘယ်လိုကြောင့် ပေးတာတုံး (ပြိတ္တာဖြစ်လို့ ပေးတာပါ ဘုရား)။

အင်း ဒီမယ်လဲ ဒကာ ဒကာမတို့ အမျှပေး အမျှဝေနေလို့ ရှိရင် ပြိတ္တာစခန်း ဖွင့်နေတာ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ဘာစခန်းတုံး (ပြိတ္တာစခန်းပါ ဘုရား) ဒီအမျှနဲ့ ကျေနပ်နေတဲ့ ပုဂ္ဂိုလ် ပြောတာပါ၊ ဟုတ်လား (မှန်ပါ့)။ ဒါက အမျှပေးလို့ ရမှာလား (မရပါဘူး ဘုရား)။ အဲတော့ ဒကာ ဒကာမတို့က အမျှပေးလို့ ရတာက သုံးဆယ်တစ်ဘုံ နယ်ထဲပဲ ရှိသေးတယ် (မှန်ပါ့)။

ပြိတ္တာဖြစ်မှအမျှပေးလို့ရတာ

ဒါတောင် အထက်ဘုံမှာ အမျှပေးလို့မရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) လူဖြစ်နေမယ် ဆိုရင် အမျှမယူဘူး၊ နတ်ဖြစ်နေရင် (မယူပါဘူး ဘုရား)။

ဗြဟ္မာဖြစ်နေရင် (မယူပါဘူး ဘုရား) ပြိတ္တာ ဖြစ်မှ အမျှပေးလို့ရတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာဖြစ်မှတုံး (ပြိတ္တာဖြစ်မှပါ ဘုရား) ပြိတ္တာတောင်မှ အိမ်နားကပ်နေတဲ့ ပြိတ္တာမှ ရတာ (မှန်ပါ့)။

ဟိုမှာ တစ်ခါတည်းထွက်ရက်မရှိဆိုတဲ့ ပြိတ္တာတောင်မှ အိမ်နားကပ်နေတဲ့ ပြိတ္တာမှရတာ (မှန်ပါ့)။

သူများမြှောက်ပေးတာနဲ့ ကျေနပ်နေတယ်

ကိုင်း ဒါဖြင့် ခင်ဗျားတို့သည်၊ သူများ မြှောက်ပေး တာနဲ့ ခင်ဗျားတို့ ကျေနပ်နေတဲ့ ပုဂ္ဂိုလ်တွေမို့ ဒီအမျှ ရုပ်ဆိုးပုံကိုလဲ ဒီနေ့တော့ ဖော်ပြတယ် (မှန်ပါ့)။

မပြောထိုက်ဘူးလား (ပြောလိုက်ပါတယ် ဘုရား)။ နို့မဟုတ်ရင် ခင်ဗျားတို့ ကျေနပ်နေမှာပဲ၊ အို ဒီအိမ်ကနေ လုပ်ရှိခိုး ရနေတာပဲ၊ အင်း ဘာရနေတုံး အမျှ။ အမျှ ဆိုရင်တော့ ဒို့ သာဓုခေါ်ရလိမ့်မယ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အမျှခန်းနဲ့ မကျေနပ်ပါနဲ့

ကောင်းပြီ ဒါဖြင့် အဲ့ဒိ အမျှခန်းနဲ့ မကျေနပ်ပါနဲ့လို့ ပြော လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ မကျေနပ်နဲ့တုံး (အမျှခန်းနဲ့ မကျေနပ်ပါနဲ့ ဘုရား)။

အဲတော့ အို ယောက်ျားတွေကလည်း ကြိုးစားနေ တော့ ကျုပ်တို့ အိမ်ကနေပြီးသကာလ သူတို့ ထမင်းပို့လို့ အဆင်သင့်ချက်ကျွေးနေရတော့ ကျုပ်တို့က ဘယ်မရပဲ နေမတုံး အမျှကိုး (မှန်လှပါ)။

နိဗ္ဗာန်မရဘူး၊ အမျှပဲရမယ် (မှန်ပါ့) ဘယ့်နှယ့်တုံး (နိဗ္ဗာန်မရပဲ အမျှပဲ ရပါမယ် ဘုရား)။

အဲဒါ မိန်းမတွေကလည်း ဇွတ်ကန်မှိတ်နေတာ ရှိသေးတယ် မရှိဘူးလား (ရှိပါတယ် ဘုရား)။

အင်း သူတို့ ယောက်ျားများသာ ကြိုးစားရှာကြ ပါသည်။ ကိုယ်ကလဲ ပါရမီဖြည့်ဖက်ပေါ့၊ အင်းရလိမ့်ဦးမယ် ထင်နေတယ်။

ဝိပဿနာဟာ အမျှစခန်းမဟုတ်ဘူး

မိန်းမတွေ ကြိုးစားပြန်တော့၊ ယောက်ျားတွေက သူတို့ ကတော့ မိန်းမသားဖြစ်ပါတယ် သွားပါစေ၊ ကိုယ်တော့ ဖြည်းဖြည်းပေါ့။

ဖြည်းဖြည်းပေါ့၊ ရပ်များနေဦးမှာလား ဖြည်းတာတင် ကမှာလား (မရပါဘူး ဘုရား) မရပါဘူးဗျ၊ ဖြည်းရုံတင် မကပါဘူး ရပ်ထွက်သွားမှာပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဝိပဿနာ စခန်းဟာ ဒကာ ဒကာမတို့ အမျှစခန်းမဟုတ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်လုပ်မှကိုယ်ရတဲ့စခန်း

ဘာတဲ့ (အမျှစခန်းမဟုတ်ပါဘူး ဘုရား) ဒါဖြင့် ကိုယ်လုပ်မှ ကိုယ်ရတဲ့စခန်း (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လင်မယား ရန်တိုက်တာလို့လဲ အောက်မေ့မနေနဲ့ဦးနော် ရှင်းပလား (ရှင်းပါပြီ ဘုရား) လင်မယားရန်တိုက်တာ လို့လဲ အောက်မေ့နေရင် ခက်တယ်။

ရန်တိုက်တာလား၊ ဝေမရလို့ ပြောတာလား (ဝေမရလို့ ပြောတာပါ ဘုရား)။

အဲဝေမရလို့ ပြောတာကတော့၊ ခုနက ပြိတ္တာ ဖြစ်မဲ့ဟာမျိုးရတယ်၊ အမျှဆိုတာလေ (မှန်လှပါ) ဒိပြင်ဟာ ကတော့ (မရပါဘူး ဘုရား)။

အမျှကြိုက်တဲ့ ပုဂ္ဂိုလ်၊ ဗြိတ္တာဗျာဒိတ်ရနေတာ

အဲတော့ ဒကာ ဒကာမတွေ အမျှကြိုက်နေတဲ့ ပုဂ္ဂိုလ်ဟာဖြင့်၊ အင်း ရောက်ရာဘဝ အမျှပေးပါဆိုတဲ့ အဓိပ္ပာယ် ကဖြင့် ကိုယ့်ပြိတ္တာ ဗျာဒိတ် ရနေတာနဲ့ တယ်တူတယ် (မှန်ပါ့)။

မတူဘူးလား (တူပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ခင်ဗျားတို့ မိန်းမတွေကလည်း အင်း – ချိုချိုသာသာနဲ့ လုပ်မနေနဲ့လို့ ပြောလိုက်တယ် (မှန်ပါ့)။

သူတို့ပဲ ကြိုးစားရှာကြပါစေ ဒီလိုမျိုးသာမလာခဲ့နဲ့၊ ကြိုးစားရှာကြပါစေ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

အင်း ယောက်ျားတွေကလည်း သူတို့ မိန်းမသားမို့ ကြိုးစားရှာကြပါစေ၊ ကိုယ်ကဖြင့် လုပ်ရင် လုပ်တော့လုပ်မှာပါပဲ၊ လုပ်ပေမယ့်လဲ သူတို့ အထမြောက်တော့ သာ၊ ပိုစိတ်အေး ရတာပေါ့။

ဘယ့်အေးပါ့မတုံး ကိုယ့်မှာ ကိလေသာ တောထ နေတာ (တင်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒါဖြင့် ဒါ အမျှပေးလို့မရတာ ယနေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမယ် (ပွားများရမှာပါ ဘုရား) ဘယ်သူပွားများရမှာတုံး (ကိုယ်ကိုယ်တိုင်များ ရမှာပါ ဘုရား)။

အဲ ကိုယ်ကိုယ်တိုင် ကြက်မကြီးလို လုပ်ပြီးကြက်ဥ ကလေးတွေဥ ဥပြီးသကာလ ကိုယ့်ဟာကိုယ် ပေါက်အောင် လုပ်မှရမှာ (မှန်ပါ့) ကြက်မကြီး (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိမ်ကနေလောကွတ်ချော်မနေနဲ့

အေး သူတို့ ကျန်းမာပါစေ၊ သူတို့ ချမ်းသာပါစေ၊ သူတို့ တရားပေါက်ပါစေလို့တော့ အိမ်ကနေ လောကွတ်ချော် မနေနဲ့ မရဘူး (မှန်ပါ) ရပါ့မလား (မရပါဘူး ဘုရား)။

အဲ ယောက်ျားကလဲ သူတို့ တော့ မိန်းမသား ဖြစ်ပါတယ်၊ သွားလာ အနေအထိုင်က ဒီကြားထဲ ကြုံကြိုက်တဲ့ အခါ၊ သူတို့ကပဲ ဦးအောင်လုပ်ပါစေ၊ သူတို့ ဒီလိုပဲ ၊ မေတ္တာထားနေရတာပဲလို့ မလုပ်ပါနဲ့တဲ့။

ရန်တိုက်တဲ့တရားလား

ဒါ အပိုသုံးတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) .ဒါ လင်မယား ရန်တိုက်တဲ့တရားလား ဒကာ ဒကာမတို့၊ – မဟုတ်ပါဘူး မဟုတ်ပါဘူးဗျ၊ ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အံမာလေး၊ ဘုန်းကြီးတို့ စကားတတ်လို့ ပြောတယ် လို့များ တော်ကြာကျတော့ ခင်ဗျားတို့က ပြောမနေနဲ့၊ မရလို့ မရဘူး ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒီကြက်မကြီး သူ့ဥကလေးတွေ ပေါက်ချင်တော့ သူများလုပ်ရတာလား သူလုပ်ရတာလား (သူလုပ်ရတာပါ ဘုရား)။

ကိုယ့်အဝိဇ္ဇာ ဥခွံထဲကကိုယ်ထွက်ချင်ရင် ဘယ်သူ လုပ်ရမှာတုံး (ကိုယ်လုပ်ရမှာပါ ဘုရား) ကိုယ့်တဏှာ အစေးခန်းခြောက်အောင် ကိုယ်ပဲ ပွားများရမယ်၊ သဘောကျပလား (မှန်ပါ့)။

ကိုယ့်ဉာဏ်ထက်အောင် (ကိုယ်ပဲပွားများရမှာပါ ဘုရား) ဒါဖြင့် ဘယ်သူက ကူလို့ရတုံး (မရပါဘူး ဘုရား)။

အဲ သာဓုတန်းကလည်း မနေပါနဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်အတန်းကမနေပါနဲ့ (သာဓုတန်းကမနေပါနဲ့ ဘုရား) သူများက အမျှပေးရင် ခင်ဗျားတို့က သာဓု၊ သာဓု ဟုတ်ပလား (မှန်ပါ့)။

အဲဒိ သာဓုတန်းက လူကတော့ ရကိုမရဘူး ရိပ်မိပလား (မှန်ပါ) ဘယ့်နှယ်ဆိုကြမယ် (သာဓုတန်းကတော့ မရပါဘူး ဘုရား)။

သာဓုတန်းကမရဘူး

သာဓုတန်းက မရဘူး ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) ခင်ဗျားတို့ ဘယ်ထဲက များတုံး (သာဓုတန်းက များပါတယ် ဘုရား)။

ဟာ ခွကျတာပဲ၊ မရတဲ့ ဘက်ကများနေတယ်။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သာဓုတန်းကမလုပ်ပါနဲ့၊ ကိုယ်တိုင်လုပ်တဲ့အတန်းက သွားစမ်းပါ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လို လုပ်ရမယ် (ကိုယ်တိုင်လုပ်တဲ့ အတန်းကပါ ဘုရား)။

အဲ ကိုယ်တိုင်လုပ်တဲ့၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဘုန်းကြီးကလည်း အမျိုးမျိုး အဖုံ ဖုံ ခင်ဗျားတို့ ပြောစရာတွေကလည်း နည်းတာမဟုတ်ဘူး၊ ခင်ဗျားတို့က အပြစ်က များလို့ ပြောစရာ များတယ်လို့ မှတ်နော် (မှန်ပါ့)။

အပြစ်များတာရှက်မနေနဲ့

တော်ကြာ ခင်ဗျားတို့က ရှက်မနေနဲ့ ရိပ်မိပလား (မှန်ပါ့) ဘုန်းကြီး ပြောစရာများတာ ဘာဖြစ်လို့ ပါလိမ့် (အပြစ်များလို့ပါ ဘုရား)။

ဘယ်သူက အပြစ်များတာတုံး (တပည့်တော်တို့က ပါ ဘုရား) နာတဲ့ ပုဂ္ဂိုလ်က အပြစ်များလို့ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

အင်း ဒို့ကျက်သရေမရှိတာ ဒီတရားပွဲကျမှဟုတ်ပေ တော့တယ်လို့ ဒီလိုလဲ အောက်မေ့ မနေပါနဲ့ဦးတဲ့၊ အပြစ်များတဲ့ ပုဂ္ဂိုလ်မို့ လုပ်ထားတဲ့ အပြစ်တွေကများတော့ အကုန်ဖော်ပေးနေရတာ (မှန်ပါ့)။

ဒါတွေ မဟုတ်သေးဘူး၊ ဒါတွေမဟုတ်သေးဘူး၊ ဒါတွေ မဟုတ်သေးဘူး (မဟုတ်တာချည့်ပါ ဘုရား) မဟုတ်တာ ချည့်ပါပဲတဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကုသိုလ်တော့ဖြစ်တယ်

ဒါဖြင့် ဒကာ ဒကာမတို့ မဟုတ်တာတွေကို ပြောရတယ် ဆိုတဲ့ ဥစ္စာ၊ ခင်ဗျားတို့သာဓု သာဓုလို့ ခေါ်နေသဖြင့်တဲ့၊ ဒီဥစ္စာ သည် သူ ပတ္တာနုမောဒနာ ကုသိုလ်တော့ ဖြစ်တော့ ဖြစ်ပါရဲ့ နိဗ္ဗာန်က မရောက်တာက ခက်တယ် (မှန်လှပါ)။

ကုသိုလ်တော့ ဖြစ်ကဲ့၊ နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်တော့ – မဟုတ်ဘူး (မဟုတ်ပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက် ကုသိုလ်ကမဟုတ်တော့ ဒကာ ဒကာမတို့ အင်မတန် မနစ်နာပေဘူးလား (နစ်နာပါတယ် ဘုရား)။

အဲတော့ ဒီတရားမှာ ဒကာ ဒကာမတို့ ကိုယ်လုပ်မှ ကိုယ်ရမယ်မှတ် (မှန်လှပါ) ဘယ့်နှယ်ဆိုကြမတုံး . (ကိုယ်လုပ်မှကိုယ်ရမှာပါ ဘုရား)။

အသေခံမိုက်တယ်

မင်းတို့သွားနှင့်လေကွာ မလုပ်နဲ့နော် (မှန်လှပါ) မင်းတို့ ကြိုးစားနှင့်ဟေ့၊ မလုပ်နဲ့၊ အဲဒါ အသေခံ မိုက်တာလို့ အောက်မေ့ပေတော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

ဒါယောက်ျားတွေက မသုံးဘူးလား (သုံးပါတယ် ဘုရား) ဒါ ဘာမိုက်တဲ့တုံး (အသေခံ မိုက်တာပါ ဘုရား)။

အသေခံမိုက်တာဆိုတော့ ဒီကရှေ့ ခါးတောင်းကြိုက် မဖြုတ်နဲ့၊ ခင်ဗျားတို့ ကိုယ့်အလုပ် ကိုယ်လုပ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

မိန်းမတွေကော (ကိုယ့်အလုပ်ကိုယ်လုပ်) သူများ လုပ်တာတွေ ကိုယ်ရလိမ့်မယ်လို့ ထင်မနေနဲ့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

မတော်တဲ့ အကြောင်းကော သေချာပလား။ (သေချာပါပြီ ဘုရား)။

ကို ယ့် ကြက် ဥ ပေါက်စေချင်၊ ကိုယ့်ဟာကိုယ် ကြက်တို့၏ ကိစ္စသုံးခု ကိုယ်ကိုယ်တိုင် လုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါသူ့ ခန္ဓာကိုယ်က ကြက်ဥကိုဗျ (မှန်ပါ့) ဒီထဲမယ် အဝိဇ္ဇာကလည်း ပါနေတယ် (ပါနေတယ် ဘုရား) တဏှာ ကကော (ပါနေပါတယ် ဘုရား)။

ဉာဏ်ကလည်း မထွက်သေးဘူး (မှန်လှပါ) ထက်ရဲ့လား (မထက်ပါဘူး ဘုရား)။

အဲတော့ ကိုယ့်ကြက်ဥ ကိုယ်ပေါက်ချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ကြက်မကြီး ကိုယ်က ကြက်မကြီး သဖွယ် ထားပြီး။

ခန္ဓာပေါ်ပဲဝပ်ရမယ်

ကိုယ်လုပ်ချင်တဲ့ သုံးခု အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ကိုယ့်ဟာ ကိုယ် ဒီအပေါ်မှာ ဝပ်ပေးပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာအပေါ်ပဲ ဝပ်ရမယ် ဒိပြင်နေရာ ဝပ်လို့လဲ မရဘူး (မရပါဘူး ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ကိုယ့်ကြက်ဥ ကိုယ်ပေါက်ချင်ရင် ကိုယ့်ဟာကိုယ် ဝပ် (မှန်ပါ့) ဟုတ်လား (မှန်ပါ့)။

ဒကာ ဒကာမတွေမှာလဲ ကိုယ့်ကြက်ဥ၊ ကိုယ့်ဉာဏ် ကြက်ဥကလေး ကိုယ်ပေါက်ချင်လို့ရှိရင် (ကိုယ့်ဟာကိုယ် ခွာရမှာပါ ဘုရား) ကိုယ်ဟာကိုယ်ခွာ။

ဒကာတွေကလည်း ကိုယ့်ဉာဏ်ကြက်ဥကလေးကို ကိုယ်သည်ကားလို့ ဆိုရင် အဝိဇ္ဇာ ဥခွံလဲ ပါးချင်တယ် တဏှာအစေးလဲ ခန်းခြောက်ချင်တယ်။

ဉာဏ်လဲ ထက်ချင်တယ်၊ နိဗ္ဗာန်မြင်တဲ့ ဉာဏ်လဲထက်ချင် တယ် ဆိုရင် ကိုယ့်ဟာကိုယ် (ပွားပါ ဘုရား) ပွား ဟုတ်လား။

ဘယ်သူ့အားကိုး ကြမတုံး ဒါဖြင့် (ဘယ်သူ့မှ အားမကိုးပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကီတော့ ခင်ဗျားတို့ ဘုန်းကြီးတို့က မဆိုလိုပါဘူး တဲ့၊ ယောက်ျားက မိန်းမကို ထိုက်တန် သလောက် အားကိုးတယ်၊ မိန်းမကလည်း ယောက်ျားကို ထိုက်တန် သလောက် အားကိုးတယ်။

ယောက်ျားကလဲ မိန်းမကို နောက်ပိုင်းအစရှိသည်တော့ လုံခြုံရေး အစရှိသည်နဲ့ အမျိုးမျိုး၊ အဖုံဖုံ အားကိုးတာကို ဘုန်းကြီးတို့က အပြစ်မဆိုပါဘူး (မှန်ပါ့)။

ဒီနေရာကတော့ ဒီလိုနဲ့မရလို့ ရှင်းပလား (ရှင်းပါပြီ) ဒီနေရာက ဒီလိုနဲ့ရပါ့မလား (မရပါဘူး ဘုရား)။

ကိုယ့်ဝန်ကိုယ်ထမ်းရမယ်

အဲတော့ကို ကိုယ်ဝန်ကိုယ်ထမ်းရမှာနော် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘယ့်နှယ် (ကိုယ်ဝန် ကိုယ်ထမ်းရမှာပါ ဘုရား)။

ကိုယ်ဝန်ကိုယ်ထမ်းရမှာဆိုတော့ ကိုယ့်သန္တာန် မပေါက်တဲ့ ကြက်ဥကို ကိုယ်ပေါက်အောက် လုပ်ရမှာကိုးဗျ (မှန်လှပါ)။

ကိုယ့်ခန္ဓာကိုယ်ကြီးဟာ ကြက်ဥထဲကို ရောက်နေတာ အဝိဇ္ဇာတွေကလည်း ဖုံးမနေဘူးလား (ဖုံးနေပါတယ် ဘုရား)။

တဏှာအစေးတွေကလည်း များမနေဘူးလား။ (များနေပါတယ် ဘုရား) အင်း ဉာဏ် ခြေသည်း လက်သည်း တွေကလဲထွက်နိုင်ရဲ့လား (ဖုံးနေပါတယ် ဘုရား)။

ဖုံးနေတဲ့အခါကျလို့ ရှိရင်ဖြင့် ဒါကိုယ့်ဟာကိုယ် အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ သုံးချက်နဲ့ ဝပ်ပေးရမှာပဲ (မှန်ပါ့) ဝပ်မှပဲ နေရာကျမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဒီကရှေ့ ခင်ဗျားတို့ ဘယ်သူကအမျှပေးပေး ဟေ့ လောကီတော့ ရတယ်ကွ၊ လောကုတ္တရာ မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ) ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချ (လောကီတော့ရပါတယ်။ လောကုတ္တရာတော့ မရပါဘူး ဘုရား)။

ရှေးအယူဝါဒတွေ

အဲတော့ ခင်ဗျားတို့တဲ့၊ ရှေးအယူဝါဒတွေက အင်း သူလုပ်သူရတယ်၊ ကိုယ်လုပ်ကိုယ်ရတယ်၊ ဒီလိုမဟုတ်ဘူး၊ အင်း လင်နဲ့ မယားရယ်လို့ ဖြစ်လာကြတယ်၊ သားနဲ့ အမိရယ် ဖြစ်လာကြတယ် ဆိုတော့။

အင်း၊ ဒီလူ့ဘဝမှာဖြင့် အကုန်ပဲ ရတာပါပဲ၊ ဟုတ်တယ် အလှူပွဲတွေတော့ရတယ်၊ မငြင်းပါဘူး ဒီဟာတွေကျတော့ သဘောကျပလား (မှန်ပါ့)။

ခုနက အလှူပွဲရတာတော့ ဟုတ်ပါရဲ့၊ နိဗ္ဗာန်ရတဲ့နေရာ ကျတော့ (မရပါဘူး ဘုရား) မရပြန်ဘူး ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ယသော်ဓရာနဲ့ဒေဝဒတ်

ယသော်ဓရာနဲ့ ဒေဝဒတ်ဟာ မောင်နှမ အရင်း ရိပ်မိကြ ပလား (မှန်ပါ့) ယသော်ဓရာနဲ့ (မောင်နှမအရင်းပါ ဘုရား)။

ယသော်ဓရာကတော့ ရဟန္တာမ ဧတဒဂ်ရ၊ သူ့ဟာ သူလုပ်ယူရတာ (မှန်လှပါ) ဒေဝဒတ်က သူမလုပ်တော့ (မရပါဘူး ဘုရား)။

ဟာ မောင်နှမချင်းပဲ အမျှပေးပါ့လား သူတို့ အတော်ခင်တာဗျ (တင်ပါ့) အမျှပေးလို့ ရသလား (မရပါဘူး ဘုရား)။

နိဗ္ဗာန်နဲ့အဝီစိ

မရလို့ ဒေဝဒတ်က အဝီစိ ဟုတ်လား ဟိုက နိဗ္ဗာန် မကွာဘူးလား (ကွာပါတယ် ဘုရား)။

ဒါ ဘာပြုလို့တုံး အမျှပေးလို့မရလို့၊ ကဲ ခင်ဗျားတို့ အကြင်လင်မယား ချစ်တာတော့၊ မောင်နှမက ပိုပြီးသကာလ ငယ်ရွယ်စဉ်ကတည်းက ချစ်လာတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲ့ဒါ ဘာဖြစ်သွားကြတုံး ကိုယ့် လမ်းနဲ့ ကိုယ် သွားကြလေရဲ့၊ ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (ကိုယ့်လမ်းနဲ့ ကိုယ်သွားကြပါတယ် ဘုရား)။

ကိုယ့်လမ်းနဲ့ကိုယ်သွားကြတာ

ကိုယ့်လမ်းနဲ့ ကိုယ်သွားကြတာ ဒကာ ဒကာမတို့ ဝိပါကဝဋ် ကြည့် ဝိပါကဝဋ်ထဲမှာ အဝိဇ္ဇာ အစေးတွေက ရှိနေတယ်။

အဝိဇ္ဇာ ဥခွံက ထူနေတယ်၊ တဏှာအစေးကလဲ ရှိနေတယ်၊ ဝိပါကဝဋ်ဆိုတာ ခန္ဓာကိုးဗျ (မှန်ပါ့)။

ခန္ဓာထဲမှာ ဘာရှိနေတုံး (တဏှာအစေးတွေရှိနေ ပါတယ် ဘုရား) တဏှာအစေးလဲ ရှိတယ်၊ အဝိဇ္ဇာဥခွံကကော (ရှိပါတယ် ဘုရား)။ ဉာဏ်ကကော ထက်ရဲ့လား (မထက်ပါဘူး ဘုရား)။

ဘယ်ထက်လိမ့်မတုံး၊ ဒီက အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးက ခင်ဗျားတို့ကမှ မလုပ်ပဲ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

မလုပ်တော့ ခင်ဗျားတို့ ကိုယ်ကျိုးနည်းလေခြင်းဆိုတော့ ဒီကျမှ ရှုံးပွဲချ ငိုဖို့ကောင်းတယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒိပြင် သားတွေ ခင်ပွန်းသည်ကို ကိုယ်ကျိုးနည်းပေါ့ လက်မောင်းကြီး ပြုတ်ပေါ့၊ တိုင်ကြီးပြိုပေါ့ မလုပ်ပါနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒီဟာမှ ကိုယ်ကျိုးကြီးလှလှနည်းပါပေါ့လို့ အော်ငို ဒါတည့်တယ်၊ မတည့်ဘူးလား၊ တည့်လား (တည့်ပါတယ် ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဒါဖြင့် ဘာ ဘယ်လို လုပ်ရမယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ်တိုင်ပွားမှ (တင့်ပါ့) ဒါဖြင့် ဘာကို ပွားမယ် (ခန္ဓာငါးပါးကိုပါ ဘုရား) ဘာနဲ့ ပွားရမယ် (မဂ်နဲ့ ပွားရမှာပါ ဘုရား)။

မဂ်က ဘာကိစ္စ (ပွားများခြင်းကိစ္စပါ ဘုရား) ပွားများခြင်းကိစ္စ၊ ဘယ်လောက် ပွားများရမှာတုံး (ထပ်ပြန် တလဲလဲပါ ဘုရား) အဲ ပဲခွပ်ရိုးကိုင်သလိုမှတ် (မှန်လှပါ) ရိပ်မိပါလား (ရိပ်မိပါတယ် ဘုရား)။

ကဲ ပွားများပုံတော့ နက်ဖြန်မှ ဟောကြစို့။

ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။