152

ယောဂီပုဂ္ဂိုလ်၏ အမြင်မှန်

အသံဖိုင်ခေါင်းစဉ်= ပဋိဝေဓအသိရောက်မှကိစ္စပြီးနိုင်မည်

စာအုပ်ခေါင်းစဉ်= ယောဂီပုဂ္ဂိုလ်၏ အမြင်မှန် အယူလွဲမှာစိုးလို့ မြင်ပေးတာပါ

မှတ်ချက်။ ။မဂ်ကျချိန်အမြင်ကိုသေချာဝေဖန်၍ဟောကြားထားပါသည်။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားသော တရားတော်

ယောဂီပုဂ္ဂိုလ်၏ အမြင်မှန်

အယူလွဲမှာစိုးလို့ မြင်ပေးတာပါ

(တရားထိုင်သူများအတွက်)

(၂-၁-၁၉၅၉)

လက်ရှိ ခန္ဓာကိုယ်ကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)၊ ဒုက္ခသစ္စာ၊ ဒု-ဆိုတာက ဘာတဲ့ (စက်ဆုပ်စရာပါ ဘုရား)၊ ခ-ဆိုတာက (အသုံးမကျတာပါ ဘုရား)၊ သစ္စာက (အမှန်ပါဘုရား)။

ပေါင်းလိုက်တော့ ဘယ့်နှယ်ရပါတုံး (စက်ဆုပ် စရာ၊ အသုံး မကျတာ အမှန်ပါဘုရား)။

အခွန်ဆက်နေရလို့

ဒါ ဘယ်သူ့ဆိုပါလိမ့်မတုံး (ခန္ဓာကိုယ်ပါဘုရား) ခန္ဓာကိုယ်ကြီး ဆိုတာနော်၊ စက်ဆုပ်စရာ ဆိုတာက ဒကာ ဒကာမတွေ မှတ်စရာ က၊ ဒွါရ ခြောက်ပေါက်ကို ဘယ်အခါ ကာလမဆို အခွန်ဆက်နေရတာ မပြီးနိုင်တဲ့အတွက်၊ ပြီးနိုင်တဲ့ အလုပ်မျိုး ခန္ဓာကိုယ်ထဲမှာ ရှိပါရဲ့လား (မရှိပါဘူးဘုရား)။

မျက်လုံးပေါက်က အခွန်ဆက်လို့ကော (မပြီးနိုင် ပါဘူးဘုရား)၊ နားပေါက်ကို အခွန်ဆက် လို့ကော (မပြီးနိုင် ပါဘူးဘုရား)၊ နှာခေါင်းပေါက်အခွန်ဆက်လို့ (မပြီးပါဘူး ဘုရား)။

လျှာပေါက် အခွန်ဆက်လို့ (မပြီးနိုင်ပါဘူးဘုရား)၊ ကိုယ်ပေါက် အခွန်ဆက်လို့ (မပြီးနိုင်ပါဘူးဘုရား)၊ မနောပေါက် (မပြီးပါဘူးဘုရား)။

ခန္ဓာ့အလုပ်ဟာဘာပါလိမ့်

ဒါဖြင့် မပြီးတဲ့ အလုပ်ကို လုပ်နေရသောကြောင့် ခန္ဓာ့ အလုပ်ဟာ ဘာပါလိမ့် (စက်ဆုပ်စရာပါဘုရား)၊ စက်ဆုပ်စရာ ရှင်းကြလား (ရှင်းပါပြီဘုရား)။

မပြီးတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဘာပါလိမ့် (စက်ဆုပ် စရာပါဘုရား)၊ ရှင်းပြီ၊ စက်ဆုပ်စရာဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါ စက်ဆုပ်စရာမို့ စက်ဆုပ်ရမှာပဲ၊ ခ- ဆို တာက ဘာတဲ့ (အသုံးမကျတာပါ ဘုရား)၊ အသုံးမကျတာ၊ ခန္ဓာကိုယ်ကြီးက တင့်တယ် တယ်လို့ ထင်ချင်တယ်၊ မတင့် တယ်တာ တွေချည်း ပြနေတယ်။

ချမ်းသာတာ ထင်ချင်တယ် (မချမ်းသာပါဘူး ဘုရား)၊ ခိုင်မြဲတယ်လို့ ထင်ချင်တယ် (မခိုင်မြဲပါဘူးဘုရား)၊ အားကိုးစရာလို့ ထင်လျက်နဲ့ (အားမကိုးရပါဘူးဘုရား)။

ဒါဖြင့် သူ့ဘယ့်နှယ်ဆိုကြမယ် (အသုံးမကျတာပါ ဘုရား)၊ ဪ အသုံးမကျဘူး၊ ဘယ်နေရာမှ အသုံးချလို့ မရဘူးဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ကောင်းပြီ ဒါဖြင့် စက်ဆုပ်စရာ၊ အသုံးမကျတာ မှားသလား၊ မှန်သလားလို့ ကိုယ့်ဉာဏ်နဲ့ ဝေဖန်ကြည့် (မှန်ပါတယ်ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီဘုရား)။

ကိုယ့်ဉာဏ်နဲ့ ဝေဖန်လိုက်တော့ ဘယ့်နှယ်ဖြစ်နေတုံး (အမှန် ပါဘုရား)၊ ဪ ဒီလိုသိမှ သစ္စာသိပါလားလို့ မှတ်ထားကြပါ။ ဘယ်အသိမျိုးမှ ပါလိမ့် (ဒီလိုသိမှ သစ္စာ သိပါဘုရား)။

ပုထုဇဉ်အသိနဲ့အရိယာအသိ

ဒါ ပုထုဇဉ်အသိ၊ အရိယာအသိလို့ နှစ်မျိုးခွဲပါဦး (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ ပုထုဇဉ်အသိ၊ အရိယာ အသိလို့ ဒကာ ဒကာမတွေ နှစ်မျိုးခွဲ ပါဦး။

ပုထုဇဉ်အသိက ဘာပါလိမ့်မလဲလို့ အကဲခတ်လို့ရှိရင်၊ ဆရာပြောတာ မှတ်ပြီးသကာလ၊ ဪ ဒီခန္ဓာကြီးက စက်ဆုပ် စရာ၊ အသုံးမကျတာ အမှန်ပဲ။

တစ်ခါတလေ သြော် စက်ဆုပ်စရာသာပြလို့၊ စက်ဆုပ် စရာသာ တွေ့ရ၊ အသုံးမကျတာပြလို့ အသုံးမကျတာတွေ့ရ။ အဲဒိ အမှန်တွေတော့ တွေ့တော့ တွေ့ပါတယ်တဲ့။

အနုဗောဓဉာဏ်

သို့သော်လည်း တကယ်တမ်း ဆရာပြောတာနဲ့ နားလည်မှုရှိလို့ တွေ့တဲ့အတွေ့ဟာ အနုဗောဓ သိလို့မှတ်လိုက် စမ်းပါ (တင်ပါ့) နိဗ္ဗာန် မရောက်သေးဘူး။

ဘာအသိပါလိမ့် (အနုဗောဓ အသိပါဘုရား)၊ နိဗ္ဗာန် ရောက်ပလား (မရောက်သေးပါဘူး ဘုရား)။

ဒါဖြင့် အနုဗောဓသိနဲ့ နိဗ္ဗာန်မရောက်လို့ရှိရင်ဖြင့် တပည့်တော်တို့ ဘယ်အသိတက်ရမှာတုံး မမေးထိုက်ဖူးလား (မေးထိုက်ပါတယ် ဘုရား)။

ဘယ်အသိတက်ရမှာတုံး ဆိုတဲ့ မေးခွန်းဟာ ထွက်လာ ပါတယ်၊ အဲတော့ ကိုယ်တိုင် အလုပ်ထိုင်ပါ၊ ဒကာ ဒကာမတို့ ဘာလုပ်ရမှာတုံး (ကိုယ်တိုင် အလုပ်ထိုင်ရမှာပါဘုရား)။

ကိုယ်တိုင်အလုပ်ထိုင်တဲ့ အခါကျတော့ ဒု-ဆိုတာက လည်း စက်ဆုပ်စရာ၊ ခ-ဆိုတာက အသုံးမကျတာ၊ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ မှန်သွားရမယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒု-ဆိုတာကဘာတုံး (စက်ဆုပ်စရာပါဘုရား) ခ-ဆိုတာက (အသုံးမကျတာပါဘုရား)၊ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တော့ (အမှန်ပါဘုရား)။

ပဋိဝေဓဉာဏ်

အဲဒါ ပဋိဝေဓဉာဏ်လို့ မှတ်လိုက်စမ်းပါ၊ ဒု-ဆိုတာက (စက်ဆုပ်စရာပါဘုရား)၊ ခ-ဆိုတာက (အသုံးမကျတာပါ ဘုရား)၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ (အမှန်ပါဘုရား)။

အဲဒါ ဘာဆိုကြမယ် (ပဋိဝေဓပါဘုရား)၊ ပဋိဝေဓ အသိ ရှင်းကြ ပလား (ရှင်းပါပြီဘုရား)၊ ဘာအသိပါလိမ့် (ပဋိဝေဓ အသိပါ ဘုရား)။

သြော် ဒါဖြင့် သစ္စာသိကလည်း ဒီနှစ်မျိုးရှိပါလားလို့ မှတ်လိုက် စမ်းပါ၊ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါဘုရား)။

ဆရာပြောတာ အစဉ် လျှောက်သိတဲ့ အသိတစ်မျိုး၊ အလုပ်ထိုင်ပြီး သိတဲ့ အသိက (တစ်မျိုးပါ ဘုရား)၊ ဘယ်နှစ်မျိုး ပါလိမ့် (နှစ်မျိုးပါဘုရား)။

ပဋိဝေဓ အသိမှကိစ္စပြီးမယ် ၊

ဘယ်အသိမှသာလျှင် ဒကာ ဒကာမတို့ ကိစ္စပြီးမလဲ (အလုပ် ထိုင်ပြီး သိတဲ့ အသိမှ ပါဘုရား)၊ အဲဒိအသိ ဘာအသိခေါ်တုံး ဘုရားက (ပဋိဝေဓ အသိပါဘုရား)။

ကောင်းပြီ ဒါဖြင့် ပဋိဝေဓအသိဆိုတာဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးကလည်း ပေးလို့မရဘူး၊ ဘုရားကလည်း ပေးလို့မရဘူး (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဘုန်းကြီးကကော (ပေးလို့မရပါဘူးဘုရား)၊ ဘုရားက (ပေးလို့ မရပါဘူးဘုရား)၊ ဘယ်အသိပါလိမ့် (ပဋိဝေဓ အသိပါဘုရား)။

အဲ ဘုန်းကြီးပေးလို့ ရတာ၊ ဘုရားပေးလို့ ရတာက အနုဗောဓ အသိ၊ ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ဘုန်းကြီးပေးလို့ရတာ (အနုဗောဓ အသိပါဘုရား)။ ဘုရားပေး လို့ရတာ (အနုဗောဓ အသိပါဘုရား)။

သစ္စာနှစ်ပါးသိတာ အနုဗောဓအသိ

ဒါဖြင့် ဒကာ ဒကာမတို့ အဲ့ဒါက အနုဗောဓသိက ဒုက္ခနဲ့ သမုဒယလောက်ပဲ သိတာ၊ ဪ သမုဒယကြောင့် ဒုက္ခဖြစ်နေတဲ့ တရားပါလားလို့ သိတယ်၊ အနုဗောဓ သိက (မှန်ပါ့)။

ပဋိဝေဓ အသိက လေးပါးစလုံးသိတယ်(မှန်ပါ့)၊ အနုဗောဓ အသိက ဘာပါလိမ့် (နှစ်ပါး သိပါတယ် ဘုရား)၊ နှစ်ပါးပဲ သိတယ်။

ဒုက္ခနဲ့ သြော် ဒုက္ခချုပ်ရင် နိရောမပဲလို့ မှန်းသိတယ်၊ ဒုက္ခသိနဲ့ နိရောဓအသိ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီဘုရား)။

အနုဗောဓ အသိက သစ္စာဘယ်နှစ်ပါးသိပါလိမ့် (နှစ်ပါးသိပါ တယ်ဘုရား)၊ နှစ်ပါးပဲသိတယ်၊ နှစ်ပါးက ဘယ်သူ ဘယ်သူပါလိမ့် (ဒုက္ခသိနဲ့ နိရောဓ အသိပါဘုရား)။

ပဋိဝေဓက သစ္စာလေးပါသိတယ်

ဪ ဒုက္ခချုပ်ရင်ဖြင့် နိဗ္ဗာန်ပဲလို့ အနုဗောဓအသိက ဒါပဲသိတယ်၊ သေချာမှတ်ပါ ဒကာ ဒကာမတို့၊ ပဋိဝေဓ အသိကတော့ ဒကာ ဒကာမတို့ လေးပါးစလုံး တစ်ပြိုင် နက်တည်း သိတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပဋိဝေဓ အသိက ဘယ်လိုသိပါလိမ့် (လေးပါး စလုံးတစ်ပြိုင်နက်တည်း သိပါတယ်ဘုရား)၊ တစ်ခါတည်း ဒုက္ခချုပ် နိဗ္ဗာန်ပေါ်၊ သမုဒယသေ၊ မဂ္ဂသစ္စာ ခန္ဓာကိုယ်ထဲက မြင်နေတာ။

အဲ့ဒါတွေ မြင်နေတဲ့အခါကျလို့ရှိရင်ဖြင့် သြော်ဒို့သည်ကားလို့ ဆိုရင်ဖြင့် အပါယ်လေးပါး တံခါးပိတ်ပေါ့လို့ အသေအချာ မှတ်ပါ။

ဒါဖြင့် ဘယ်အသိကျမှ ကိစ္စပြီးမယ် (ပဋိဝေဓအသိ ကျမှပါဘုရား)၊ နောက်က ဒကာမတွေ ဘယ်လိုပါလိမ့် (ပဋိဝေဓ အသိရောက်မှပါဘုရား)။

ပဋိဝေဓ အသိရောက်မှ ကိစ္စပြီးမယ်၊ အနုဗောဓ အသိ ဆိုလို့ရှိရင် (ကိစ္စ မပြီးသေးပါဘူး ဘုရား)၊ သူက ဘယ်နှစ်ပါး သိတုံး (နှစ်ပါးပဲ သိပါတယ်ဘုရား)။

ဘာပါ ပါလိမ့် (ဒုက္ခအသိနဲ့ နိရောဓ အသိပါ ဘုရား)၊ ဪ ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာ သိတယ်၊ ဪ ဒုက္ခသစ္စာဆိုတာက ဒူးဆိုတာ၏ အနက်ကိုလည်း သိတယ်၊ ခဆိုတာ၏ အနက်ကိုကော (သိပါတယ်ဘုရား)။

သူတို့ နှစ်ခုမရှိရင် (နိရောဓပါဘုရား)၊ နိရောဓ ရှင်းပလား၊ ဒု-လည်း သိတယ်၊ ခ-လည်းသိတယ်၊ သူတို့ နှစ်ခုမရှိ ရင် ဘယ့်နှယ်ဆိုကြမယ် (နိရောဓပါဘုရား)။

သြော်-ဒါဖြင့် အဲ့ဒါက အနုဗောဓအသိ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီဘုရား)၊ ပဋိဝေဓ အသိကတော့ ဘာတဲ့ (ကိုယ်ပိုင်အသိပါဘုရား)။

ဒါဖြင့် အနုဗောဓ အသိ က ဆရာပေးတဲ့ အသိ၊ ရှင်းပလား (ရှင်းပါပြီဘုရား)၊ ပဋိဝေဓအသိက ဘာပါလိမ့် (ကိုယ်ပိုင်အသိပါဘုရား)၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပြီး သိတဲ့ ပစ္စက္ခ အသိလို့မှတ်ပါ၊ သဘောကျပလား (မှန်ပါ့)။

ဘယ်လိုမြင်မှပဋိဝေဓအသိလဲ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအသိတွေကိုဖြင့် ရှင်းသွားပြီ၊ ရှင်းသွားတဲ့ အခါကျတော့၊ တပည့်တော်တို့ ဝိပဿနာအားထုတ် တဲ့ ယောဂီပုဂ္ဂိုလ်မှာ၊ ဘယ်လိုမြင်မှသာလျှင် ပဋိဝေဓအသိ ရောက်မလဲ၊ တပည့်တော်တို့ ခန္ဓာကိုယ်တော့ ကြည့်တော့မှာပဲ။

ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် ဘယ်လိုမြင်မှ ပဋိဝေဓဖြစ် မယ်ဆိုတာကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ရယ်လို့ လေးမျိုးရှိတယ် (မှန်ပါ့)။

ပစ္စုပဋ္ဌာန် ဆိုတာက ဒကာ ဒကာမတွေ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာကြည့်လိုက်တဲ့အခါကျတော့ ဒီလိုထင်မှ အမှန်ဆိုတာ ကို ဆုံးဖြတ်ချက် ချပေးမယ်၊ သဘောကျပလား။

ပါကဋ ဒုက္ခဆိုတာ

ဘာ ဘယ်လိုချမှာပါလိမ့် (ကိုယ့်ဉာဏ်ထဲထင်မှ)၊ ကိုယ့်ဉာဏ်ထဲမှာ ထင်တဲ့ထင်ပုံက နာလည်းဒုက္ခ၊ ယားလည်း ဒုက္ခ၊ စားမကောင်းတဲ့ ဒုက္ခမျိုး ထင်လို့မရဘူးတဲ့။

အဲတာ ပါကဋဒုက္ခတွေနော်၊ ပါကဋဒုက္ခဆိုတာ ဒကာ ဒကာမတို့ ထင်ရှားတဲ့ ဒုက္ခလို့ဆိုပါတယ်၊ အဲဒါ ဒီနေ့ဘယ်လို ပြရမှာတုံးလို့ မေးတဲ့အခါကျတော့၊ အပါကဋ ဒုက္ခတွေ ခင်ဗျား တို့ အလုပ်မလုပ် ခင်တုန်းက မသိရတဲ့၊ အလုပ်လုပ်မှ သိရတဲ့ ဒုက္ခကို ယနေ့ပြမယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

အပါကဋ ဒုက္ခဆိုတာ

အလုပ်မလုပ်ခင်တုန်းက သိတဲ့ဒုက္ခသည် ပါကဋဒုက္ခ၊ အလုပ်လုပ်မှ သိရမယ့်ဒုက္ခသည် အပါကဋဒုက္ခ၊ အဲ့ဒါသိမှ နေရာကျမယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဘယ်ဒုက္ခမြင်မှတုံး (အပါကဋဒုက္ခ မြင်မှပါဘုရား)၊ ပါကဋ ဒုက္ခကတော့ လူလည်းသိတယ်၊ တိရစ္ဆာန်လည်း သိပါတယ်တဲ့။

အပါကဋ ဒုက္ခဆိုတော့ကို ဝိပဿနာယောဂီ ပုဂ္ဂိုလ်မှ သိနိုင်မယ်၊ တစ်ပါးသော ပုဂ္ဂိုလ်တို့ မသိနိုင်ဘူးဆိုတဲ့ဥစ္စာ၊ ယနေ့ ရှင်းပြမယ်နော်။

ရှင်းပြတော့ ဒကာ ဒကာမတွေ သစ္စာကို ရှင်းရမယ်ဆိုလို့ ရှိရင်၊ သစ္စာရှိတဲ့ နေရာသိမှ သစ္စာရှင်းလို့ ဖြစ်မှာပေါ့၊ သဘောကျလား (ကျပါတယ်ဘုရား)။

သစ္စာဘယ်မှာရှိပါလိမ့်

သစ္စာရှင်းရတော့မယ်ဆိုတော့ ဘယ်နေရာ ရှင်းရမှာ ပါလိမ့် (သစ္စာရှိတဲ့ နေရာကို ရှင်းရမှာပါ ဘုရား)၊ သစ္စာ ရှိတဲ့နေရာမှာ သစ္စာရှာမှ သစ္စာတွေ့မှာပေါ့။ သစ္စာမရှိတဲ့ နေရာ သစ္စာရှာလို့ တွေ့ပါမလား (မတွေ့ပါဘူးဘုရား)၊ မတွေ့ ဘူး ဆိုတာ သဘောကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာသစ္စာရှိတယ်ဆိုတော့ အရမ်းပြောလိုက်တော့ ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ပြောလိုက် တယ်၊ သဘောကျပလား (ကျပါတယ်ဘုရား)။

အရမ်းပြောလိုက်တော့ (ခန္ဓာကိုယ်ထဲမှာရှိပါတယ် ဘုရား)၊ ကောင်းပြီး ခန္ဓာကိုယ်ထဲမှာ ရှိတာတော့ဖြင့် ကောင်းကင် လက်ညှိုးထိုးသလိုပဲ ဘယ်ထိုးထိုး တွေ့မှာပဲ၊ ကောင်းကင်တော့ (မှန်လှပါ)။

မတွေ့ပေဘူးလား (တွေ့ပါတယ်ဘုရား)၊ သို့သော် လည်း အစစ်ကောင်းကင်ကို ရှာလိုက်တဲ့ အခါကျတော့ အထက်ထိုးမှ တွေ့မှာပဲ။

ခန္ဓာကိုယ်တစ်ခုလုံး ဒုက္ခသစ္စာ

ဒီမှာလည်း ထိုနည်းအတူပဲတဲ့၊ သူရှိရာ ရှာမှ တွေ့မှာပဲ ခန္ဓာကိုယ်တစ်ခုလုံး ဒုက္ခသစ္စာလို့ ဆိုတာကတော့ ဒါ ပေါင်းပြောတဲ့ စကားပါလို့ မှတ်လိုက်ပါ၊ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ခန္ဓာကိုယ်ထဲက အစစ်သိမှ ကိုက်မှာပေါ့ (မှန်ပါ့)၊ ဘာသိမှတုံး (အစစ်သိမှပါ ဘုရား)၊ အစစ်သိမှ ကိုက်မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။

ဘယ်လိုဆုံးဖြတ်ချက်ချမယ် (အစစ်သိမှပါဘုရား)၊ အစစ် သေသေချာချာသိမှ ကိုက်မှာလို့ ဆုံးဖြတ်ချက်ချပါ။ ကောင်းပြီ ဒါဖြင့် သစ္စာပြရတော့မယ်လို့ ဆိုလို့ ရှိရင် ဦးခင်မောင်ရေ ပဋိစ္စသမုပ္ပါဒ် ပြမှ ဖြစ်မယ် (မှန်ပါ့)။

သစ္စာပြမယ်ကြံရင်

သစ္စာ ပြရင် ဘာပြရမတုံး (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) အဲ သစ္စာပြမယ် ကြံလို့ရှိရင် ဒကာ ဒကာမတို့ ဘာပြရမယ် (ပဋိစ္စသမုပ္ပါဒ်ပါဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ပြရမယ်။

သူမပြရင် နေရာကျပါ့မလား (မကျပါဘူးဘုရား)၊ မကျသေးဘူးဆိုတော့၊ ကိုင်း စကြစို့။

ဒကာ ဒကာမတို့ ဒီဘဝမှာ ဘယ်ကစသတုံးလို့ မေးလို့ ရှိရင် ဒီခန္ဓာဘယ်ကစတုံး မေးကြစို့နော် (တင်ပါ့)။

ဒီဘဝ၊ ဒီခန္ဓာဘယ်ကစပါလိမ့်

ဒီဘဝ ဒီခန္ဓာ ဘယ်ကစပါလိမ့်မတုံးဆို တော့ ဝိညာဏ်က စတယ်လို့ ဖြေကြရလိမ့်မယ် (မှန်ပါ့)၊ ဘယ့်နှယ်ဖြေကြမတုံး (ဝိညာဏ်ကစပါတယ်ဘုရား)။

ဝိညာဏ်ဆိုတော့ စိတ်နော် (မှန်ပါ့)၊ ပြီးတော့ အစဉ်တိုင်း လျှောက်လာတော့ ဘယ်ရောက် ပါလိမ့် (နာမ် ရုပ်ပါဘုရား)။

ဪ ဒါ ဒီဘဝ ဒီဘဝ လက်ရှိပေါ့ဗျာ(မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ပြီးတော့ ဘာလာပါလိမ့် (သဠာယတနပါဘုရား)။

ဒွါရ-စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန ဆိုတဲ့ အတွက် ဒီဒကာ ဒကာမတွေ ရှိမရှိ အကဲခတ် (ရှိပါတယ် ဘုရား)။

သြော် – ဒီဘဝတွေ့ရတယ်နော်၊ သဠာယတန – ပစ္စယာဇဿာကော (ရှိပါတယ်ဘုရား)၊ ရှိတယ်။ ဟိုတွေ့ ချင်၊ ဒီတွေ့ချင် ခင်ဗျားတို့ မတွေ့ချင်ဘူးလား (တွေ့ချင် ပါတယ်ဘုရား)။

အဲ့ဒါ ဖဿ သဘောတွေ၊ ဖဿပစ္စယာ (ဝေဒနာ ပါဘုရား)၊ ဝေဒနာလည်းတွေ့မှာပဲတဲ့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ မရှိပေ ဘူးလား (ရှိပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါတွေသည်ကားလို့ ဆိုရင် ဘာတွေ့တုံးလို့ မေးရလိမ့် မယ်နော်၊ မေးတဲ့ အခါကျတော့ မဆုံးသေးတဲ့အတွက် သူ့ကိုပဲ ဆက်ကြည့်လိုက်ပါဦး။

ဝေဒနာပစ္စယာ (တဏှာပါဘုရား)၊ တဏှာ ပစ္စယာ (ဥပါဒါနံပါဘုရား)၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝေါ၊ ကာယကံ၊ ဝစီကံ၊ မနောကံ ဒါရှိ မရှိ (ရှိပါတယ်ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ရှစ်မျိုး

ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ရှိမရှိ အကဲခတ်စမ်းပါ (ရှိပါတယ်ဘုရား)။ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိတုံး (ရှစ်မျိုးရှိပါတယ်ဘုရား)။

ဒီပြင် အပိုရှိသေးလားလို့မေး(မရှိပါဘူးဘုရား) ရိပ်မိပလား (ရိပ်မိပါတယ်ဘုရား)။

အမြဲတမ်းရှိတာသည် ဘယ်နှစ်မျိုးရှိပါလိမ့်(ရှစ်မျိုး ပါဘုရား)။ ကောင်းပြီ ဒီ ရှစ်မျိုးကို နားလည်ချင်တော့ကိုးတဲ့ ဒီရှစ်မျိုးဟာ ဒကာ ဒကာမတွေ ဗြုန်းခနဲ တွေးလိုက်တဲ့ အခါကျတော့ ဖြစ်စဉ်ပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

ဒီဘဝဖြစ်စဉ်

ဒီဘဝဖြစ်စဉ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာဖြစ်စဉ်ပါလိမ့် (ဒီဘဝဖြစ်စဉ်ပါ ဘုရား) ဒီဘဝ ဖြစ်စဉ်ပဲဆိုတာ သေချာပလား။

ကောင်းပြီ ဘုရားက ဘယ်လိုဟောသတုံးဆိုတော့ မနေ့က သင်ထားတယ် ဒကာ ဒကာမတွေ ဘယ်လိုဟောတုံး ဒုက္ခက္ခန္ဓဿ။

ဘုရားက ဘယ်လိုဟောပါလိမ့် (ဒုက္ခက္ခန္ဓဿပါ ဘုရား)။ ဒုက္ခက္ခန္ဓဿဆိုတော့ ဒါတွေဟာကွာတဲ့ အသေ အချာတွေး မင်းတို့ ရှစ်ခုဟာ ဒုက္ခအစုကြီးပဲ ရှင်းပလား (မှန်ပါ့)။

ဘုရားက ဘယ့်နှယ်ဟောတုံး

ဘုရားက ဘယ့်နှယ်ဟောတုံး (ဒုက္ခအစုကြီးပါ ဘုရား)။ ဒုက္ခအစု၊ ပါဠိလို ဘယ်လိုပါလိမ့် (ဒုက္ခ က္ခန္ဓဿ)။ ဒုက္ခက္ခန္ဓဿ။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ဘာအစုရှိတုံးလို့မေးရမယ် (ဒုက္ခအစု ရှိပါတယ် ဘုရား)။

ဪ ဘုရားကလည်း ဒုက္ခအစုလို့ဟောပြန်၊ ဒါတွေဟာ အကုန်စုနေသလားလို့ ခင်ဗျားတို့က သံသယ ရှိလိမ့်ဦးမယ်၊ ဦးဝတို့ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

တဏှာမဖြစ်တဲ့အခါမဖြစ်ဘူး

မစုဘူးတဲ့ စုတော့၊ ဒါတွေဟာ စုနေတယ်လို့ ကိုမြစိန် ယူရင်လွဲမယ်၊ တဏှာ ဖြစ်ချင် လည်း ဖြစ်တယ်၊ မဖြစ်တဲ့အခါ (မဖြစ်ပါဘူးဘုရား)။

ဒါဖြင့် အမြဲစုတယ်လို့ဆိုလို့ ရရဲ့လား (မရပါဘူး ဘုရား)၊ မရသေးလို့ရှိရင် ဒီဥစ္စာ ဪ- ဆရာသမား ကူဦးမှ ရမှာပဲ (မှန်လှပါဘုရား)၊ မကူထိုက်ဘူးလား (ကူထိုက်ပါတယ်ဘုရား)။

ဆရာ မကူရင်လွဲလိမ့်မယ်

ကူမှရမယ် ဒကာ ဒကာမတို့၊ မကူရင်လွဲလိမ့်မယ်၊ ဘုရားကတော့ဖြင့် ဒုက္ခအစုကြီးလို့ ဟောလိုက်တာပဲ၊ သို့သော် ဝေဒနာတော့ဖြင့် အခါတိုင်း ဖြစ်တယ်လို့ ထားပါတော့၊ တဏှာက အခါတိုင်း ဖြစ်ရဲ့လား (မဖြစ်ပါဘူးဘုရား)။

ဥပါဒါန်က (မဖြစ်ပါဘူးဘုရား) မဖြစ်ဘူးတဲ့၊ ကာယကံ၊ ဝစီကံ၊ မနောကံတို့ကလည်း တစ်ခါတလေ ကာယကံ၊ တစ်ခါတလေကျတော့ ဝစီကံ၊ တစ်ခါတလေကျ တော့ ဘယ့်နှယ် ဆိုကြမတုံး (မနောကံပါဘုရား) မနောကံ ဆိုတာ သဘောကျပလား (ကျပါတယ်ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဥစ္စာ ဒီခန္ဓာကိုယ်ထဲမှာ ဒကာ ဒကာမတို့ ဖြစ်နေတဲ့အဖြစ်ဟာ အစုလို့ဆိုငြားသော်လည်း အစုတွေ့ ရဲ့ လား (မတွေ့ပါဘူးဘုရား) မတွေ့ဘူး။

ဒုက္ခအစုလို့ဟောတယ်

ဘုရားက ဘယ့်နှယ်ဟောတုံး (အစုလို့ဟောပါ တယ် ဘုရား)။ ဒုက္ခအစု ဘုရားက ဘယ့်နှယ် ဟောပါလိမ့် (ဒုက္ခအစုပါဘုရား)။

ခင်ဗျားတို့ သန္တာန်ဖြစ်နေတာက ဒီလိုပဲဖြစ်နေသလား တဲ့ တစ်ခါတလေဖြစ်တယ်၊ တစ်ခါ တလေ မဖြစ်ဘူး ရှင်းပလား (ရှင်းပါပြီဘုရား)။

တစ်ခါတလေတော့ ဘယ့်နှယ်ပါလိမ့် (ဖြစ်ပါ တယ်ဘုရား) တစ်ခါတလေ (မဖြစ်ပါဘူး ဘုရား) မဖြစ် ဘူး၊ ဒါဖြင့် ဘယ့်နှယ်ပါလိမ့်မလဲ အကဲခတ်စရာမလိုဘူးလား (လိုပါတယ်ဘုရား)။

လိုတဲ့အခါကျလို့ရှိရင် ဝိညာဏ်ဆိုတဲ့စိတ်ဟာ သူ့သက် တန်းကို ကြည့်လိုက် ရှင်းပလား (ရှင်းပါပြီဘုရား)။

သူ့သက်တန်းကြည့်တော့ စိတ်ဟူသ၍ဟာ တစ်နဲ့နှစ်ပဲ မှတ်ပါ (မှန်ပါ့) စိတ်ဟူသ၍ ဟာ ဘယ့်နှယ့်မှတ်မယ် (တစ်နဲ့နှစ်ပါဘုရား)။

မွေးတာနဲ့သေတောပဲရှိတယ်

ဒါဖြင့် တစ်နဲ့နှစ်ဆိုသဖြင့် ဒကာ ဒကာမတို့ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ် (မှန်ပါ့) မြန်မာစကားလို ပြောမယ်ဆို ရင် မွေးတာနဲ့ သေတာပဲရှိတယ်၊ ဒါပဲပြောရမယ်။

ဒီပြင် ဘာပြောစရာရှိတုံး (မရှိပါဘူးဘုရား) မွေးတာ ဘာဖြစ်လို့ မွေးပါလိမ့်မတုံးလို့ မေးရင် ဘယ့်နှယ် ပြောကြမတုံး ဘယ့်နှယ်ဖြေကြမတုံး (သေဖို့ပါ ဘုရား) သေမလို့မွေးလာတာ။

ဒါဖြင့် ဒီအမွေး ဘယ်သူမွေးချင်တဲ့ (မမွေးချင် ပါဘူးဘုရား)။ မွေးချင်စရာများ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) သဘောကျပလား (ကျပါတယ်ဘုရား)။

သေမလို့လူဖြစ်လာတာ

ဒါဖြင့် လူ၏ဖြစ်မှုသည် ဪ သေမလို့ ဖြစ်လာ တာပဲလို့ ဒကာ ဒကာမတွေ ဉာဏ်ထဲ မထင်နိုင်ဘူးလား (ထင်နိုင်ပါတယ်ဘုရား)။

ထင်နိုင်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါလူဖြစ်ရတာဟာ ဦးခင်မောင်က ဆုံးဖြတ်ချက်ချ။ လူဖြစ်ရတာ ချမ်းသာဖို့ ဖြစ်လာ တာလား (ဆင်းရဲဖို့ဖြစ်လာတာပါဘုရား)။

ဒါဖြင့် သူဟာဖြစ်ကတည်းက ဖြစ်ဆင်းရဲ (မှန်ပါ့) ရှင်းပလား (မှန်ပါ့) ဘယ့်နှယ် ဆိုကြမလဲ (ဖြစ်ဆင်း ရဲပါဘုရား)။

နောက် ဖြစ်ဆင်းရဲပြီးတော့ သူဘာလမ်းဆုံးပါလိမ့် (ပျက်ဆင်းရဲပါဘုရား)။ ပျက်ဆင်းရဲမှာ လမ်းဆုံးတယ် သဘော ကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် ဝိညာဏ်လေးဟာ ဒုက္ခအစုလေးပဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)၊ ဖြစ်ဒုက္ခ၊ ပျက် ဒုက္ခ အစုလေးပဲဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ်ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခအစုလေး

ဝိညာဏ်လေး ဘယ့်နှယ်ဆိုကြမလဲ (ဖြစ် ဒုက္ခ၊ ပျက်ဒုက္ခပါဘုရား)၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ အစုလေးပဲ ဆိုတော့ သြော် ဒါကြီးတစ်ခုလုံး စုနေတာဆိုတာ မဟုတ် ပါလား (တင်ပါ့) ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

ဦးဘတင် ဘယ်လိုပေါ်ပါလိမ့် (ဒါကြီးတစ်ခုလုံး စုတာမဟုတ်ပါ၊ တစ်ခု တစ်ခု) တစ်ခု တစ်ခု (မှန်ပါ့)၊ ဥပမာ ဝိညာဏ်ဆိုတော့ စိတ် မဟုတ်လားဗျာ (မှန်လှပါ)။

တစ်ကိုယ်လုံးကိုဆိုတာမဟုတ်ပါ

စိတ်ဆိုတော့ ဝေဒနာပါမယ်၊ သညာပါမယ်၊ သင်္ခါရ ပါမယ်ဆိုတော့ အစုကလေး မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲဒါဆိုတာ (မှန်ပါ့) ရှင်းပလား။

ဒါဖြင့် တစ်ကိုယ်လုံးကို ဆိုတာမဟုတ်ဘူး (မှန်ပါ့) သဘောပါ ကြရဲ့လား (ပါပါတယ် ဘုရား) ဘယ်လိုများ ပါပါလိမ့်။

ယှဉ်ဖော်ယှဉ်ဖက်စေတသိက်တွေ

စိတ်ကလေး တစ်ခုရှိတယ်။ ဒကာ ဒကာမတို့ ဘယ်စိတ်ဖြစ်ဖြစ်ပေါ့ဗျာ၊ စိတ်ဖြစ်တယ်ဆိုတော့ ယှဉ်ဖော် ယှဉ်ဖက် စေတသိက် ဝေဒနာတို့၊ သညာတို့၊ သင်္ခါရတို့ မပါ ဘူးလား (ပါ ပါတယ်ဘုရား)။

ဖြစ်တုန်းကလည်း အတူတူပဲမဟုတ်လား (မှန်ပါ့) ပျက်တော့ကော (အတူတူပါဘုရား)၊ ဒါဖြင့် အပေါင်း ပျက်လား၊ အစုပျက်လား (အစုပျက်ပါဘုရား)။ အစုပျက်။

ဖြစ်တော့ကော (အစုဖြစ်ပါဘုရား) အစုဖြစ်ပဲ၊ ပျက်တဲ့အခါ (အစုပျက်ပါဘုရား) အစုပျက်ပဲ ဆိုသဖြင့် သူ ဒုက္ခအစုဖြစ်၍ ဒုက္ခအစုပျက်တယ်၊ သဘောကျပလား (ကျပါတယ်ဘုရား)။

သာမညဆရာနဲ့ဆိုရင်

ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခအစုဖြစ်၍ ဒုက္ခအစု ပျက်ပါတယ်ဘုရား) အဲ့ဒါ ခင်ဗျားတို့ သာမညဆရာနဲ့ တွေ့လို့ ရှိရင်ဖြင့် ဒါတွေကိုဟောမယ် (မှန်ပါ့)။

ဒါ ဒုက္ခအစုကြီးလို့ဟောမယ်၊ ဦးဘဒင် ဘယ်လောက် ကွာသွားသတုံး မကွာဘူးလား (ကွာပါတယ်ဘုရား)

တစ်ကိုယ်လုံးဆိုရင်ပညတ်ခံမယ်

သာမညဆရာဖြင့် ဦးခင်မောင်တို့က သြော်- တစ်ကိုယ်လုံးဟာ ဒုက္ခအစုပေါ့ဘုရား (မှန်လှပါ)၊ ရှုတော့ ဒီ တစ်ကိုယ်လုံးဆိုရင် ပညတ်ခံမှာပေါ့ဗျ (မှန်ပါ့) ပရမတ် တွေ့ပါ့မလား (မတွေ့ပါဘုရား)။

ခန္ဓာပညတ်ခံနေမယ်၊ ခန္ဓာဆိုတာ အပေါင်း၊ ပညတ်ဆို တာက တင်စားခေါ်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာထဲကအစိတ်ကလေးတစ်ခု

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်လိုဆုံး ဖြတ်ချက်ချရမတုံး ဆိုလို့ရှိရင်ဖြင့် ခန္ဓာထဲက အစိတ်ကလေး တစ်ခု တစ်ခု ခန္ဓာထဲက တစ်ခုပေါ်လာလို့ရှိရင်ဖြင့် သူဒုက္ခတွေ အများကြီးနဲ့ စုစုပြီး ယှဉ်ဖော်ယှဉ်ဖက်နဲ့တကွ ဒုက္ခတွေ စု၊ ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)။

ပျက်တဲ့အခါ (စု ပျက်ပါတယ်ဘုရား) ဒါဖြင့် အတူတကွဖြစ်၍ အတူတကွပျက်တယ်လို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

အတူတကွပျက်တယ်ဆိုရင်

ကောင်းပြီ ဒါဖြင့် အတူတကွဖြစ်၍ အတူတကွပျက် တယ်လို့ဆိုသဖြင့် တစ်ခုတည်းလား အများကြီးလား။ အများကြီးပေါ့ဗျာ။

ကောင်းပြီ ဒါဖြင့် အများကြီးဖြစ်၍ ဘယ့်နှယ်ဆိုကြမ တုံး (အများကြီး ပျက်ပါတယ်ဘုရား) ဒါဖြင့် ဒုက္ခ အစုဖြစ်၍ (ဒုက္ခအစု ပျက်ပါတယ်ဘုရား)။

ဝိပဿနာယောဂီက ဒီလိုမြင်ရမယ်

ဒါကို မြင်အောင်ကြည့်ရမယ်၊ ဝိပဿနာယောဂီက ရှင်းကြပလား (ရှင်းပါပြီဘုရား) ဝိပဿနာ ယောဂီအမြင် က ဒီလိုမြင်ရမှာ ခန္ဓာကိုယ် တစ်ခုလုံးကို မြင်လို့မရဘူး၊ ဦးခင်မောင် (မှန်လှပါ)။

ဘယ်လိုဟာ ကြည့်ရမတုံး ကိုယ့်ရှေ့ရောက်လာ တဲ့ ဒုက္ခအစုလို့ (တင်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (ကိုယ့် ရှေ့ရောက်လာတဲ့ဒုက္ခ အစုပါဘုရား)။

ဉာဏ်ရှေ့ရောက်လာတာရှုရမှာ

ဉာဏ်ရှေ့ရောက်လာတဲ့ ဒုက္ခအစုကလေး (မှန်လှ ပါ) သဘောပါကြပလား (ပါပါတယ် ဘုရား) ဘယ်သူ့ရှုရ မယ် (ဉာဏ်ရှေ့ရောက်လာတာ ရှုရမှာပါဘုရား)။

ဒါဖြင့် ဘယ်တရားပဲ ဉာဏ်ရှေ့ရောက်ရောက် ခင်ဗျား တို့က ဆုံးဖြတ်ချက်ချ ဘာအစုရောက်တုံး (ဒုက္ခအစု ရောက်ပါတယ်ဘုရား)။

သြော်-ဘယ်တရားပဲ ဉာဏ်ရှေ့ရောက်ရောက် ဒုက္ခ အစုရောက်တာပဲဆိုတာ သဘောပါပလား (ပါပါ တယ်ဘုရား) ဒါဖြင့် အရင်ဖြစ်တာ၊ ပျက်တာလည်း ဒုက္ခအစု၊ အခု ဉာဏ်ရှေ့ ရောက်လာ တာကော (ဒုက္ခအစုပါဘုရား)။

ဘယ်ဟာလာလာ၊ ဒုက္ခအစုချည်းပဲ

နောက် ရှုဖန်များလို့ တွေ့မှာတွေကော (ဒုက္ခ အစုတွေပဲ တွေ့မှာပါဘုရား)။ ဪ ဒါဖြင့် ခင်ဗျားတို့ ဒုက္ခပိုင်းခြားနိုင်ပြီ၊ ဘယ်ဟာလာလာ ဘယ်လိုဆုံးဖြတ်ချက်ချ မလဲ (ဒုက္ခအစုပါဘုရား) သဘောပါကြပလား (ပါ ပါတယ်ဘုရား)။

ဘယ်ဟာလာလာ ဘာဆိုကြမတုံး (ဒုက္ခအစုချည့် ပါဘုရား) ဒုက္ခအစုချည့်ပဲဆိုတာ ငြင်းနိုင်သေးသလား (မငြင်းနိုင်ပါဘူးဘုရား)။

ဒုက္ခအစုကိုမြင်နေဖို့အရေးကြီးတယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခအစုကိုမြင်နေ ဖို့အရေးကြီးတယ်၊ ဘာအရေးကြီး ပါလိမ့် (ဒုက္ခအစုကို မြင်ဖို့ပါဘုရား)။

ဒုက္ခအစုဆိုတော့ ရှုတိုင်း ရှုတိုင်း ဘာတွေတွေ့ရမတုံး (ဒုက္ခအစု တွေ့မှာပါဘုရား) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ဖြစ်တယ်ဆိုလည်း ဒုက္ခစုဖြစ်၍ ဒုက္ခအစုပျက်တာပဲ (မှန်ပါ့)။

ဒီဘက်က နာမ်ဖြစ်တယ်ဆိုတော့ (ဒုက္ခအစုဖြစ် ၍ ဒုက္ခအစုပျက်တာပါဘုရား) အင်း-ဒီဘက်က ရုပ်ဖြစ်တယ် ဆိုတော့ (ဒုက္ခအစုဖြစ်၍ ဒုက္ခအစုပျက်တာပါဘုရား) ရုပ်က အဋ္ဌကလာပ်ကိုး (မှန်ပါ့) ဒသက-ကလာပ်ကိုး (မှန်ပါ့)။

အစုဖြစ်၍ ဘာတုံး(အစုပျက်ပါတယ်ဘုရား) ကောင်းပြီ သဠာယတနဆိုတော့လည်း ကြည့်ပါလား၊ သဠာယတန ဆိုတော့ သောတ ဒသက ကလာပ်၊ ဥပမာမယ် စက္ခု ဒသက ကလာပ်။

ကလာပ်ဆိုတော့ ရုပ်တွေကမများဘူးလား (များ ပါတယ်ဘုရား) ဒါဖြင့် အစုဖြစ်၍ (အစုပျက်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခအစုဖြစ်၍ (ဒုက္ခအစုပျက်ပါတယ် ဘုရား) ဒီလိုမြင်ရမှာ (မှန်ပါ့) သဘောကျ ပလား (ကျပါတယ်ဘုရား)။

ကောင်းပြီ ဖဿကြည့်လိုက်ပြန်တော့ ဖဿဟာ အပြောသာတစ်ခုတည်း၊ အပြောသာ တစ်ခုတည်းပါတဲ့၊ ဖဿနဲ့ ယှဉ်ဖော်ယှဉ်ဖက် တရားတွေ အကုန်ပါတာပဲ (မှန်ပါ့)။

မပါဘူးလား (ပါ ပါတယ်ဘုရား) အဲတော့ ဘယ့်နှယ်ဆိုမတုံး ဒုက္ခအစုဖြစ်၍(ဒုက္ခအစု ပျက်ပါ တယ်ဘုရား)။

ဝေဒနာရှုတဲ့ပုဂ္ဂိုလ်

ဪ ဒါဖြင့် နေရာကျပြီ၊ ဝေဒနာဆိုတာ သူချည့် ဖြစ်ပါသလားလို့ မေးလိုက်ပြန်တယ်၊ ယှဉ်ဖော်ယှဉ်ဖက်နဲ့ဖြစ် နေတယ် (မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ်ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲဗျ (ဒုက္ခအစုဖြစ်၍ ဒုက္ခအစု ပျက်ပါတယ်ဘုရား) ဒါဖြင့် ဝေဒနာ ရှုတဲ့ပုဂ္ဂိုလ်လည်း ဒုက္ခအစု ဖြစ်၍ ဒုက္ခအစုပျက်တာမြင်ရမယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာရှုတဲ့ပုဂ္ဂိုလ်

တဏှာဆိုတော့ သူချည့်ဖြစ်ပါသလားလို့ မေးလိုက် တယ်၊ တဏှာဆိုတော့ လောဘ (မှန်ပါ့) လောဘ ယှဉ်ဖော်ယှဉ်ဖက် စေတသိက်နဲ့တကွ မဖြစ်ပေဘူးလား (ဖြစ် ပါတယ်ဘုရား)။

သူနဲ့အတူတကွဖြစ်တဲ့ ရုပ်တွေနဲ့ကော (ဖြစ်ပါ တယ်) ဒါဖြင့် သူလည်းအစုပေါ့ဗျာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခအစုဖြစ်၍ ဒုက္ခ အစုပျက်ပါတယ်ဘုရား)၊ ဒုက္ခအစုဖြစ်၍ ဒုက္ခအစုပျက်တယ်၊ ဒါပဲဆုံးဖြတ်ချက်ချ၊ တဏှာရှုတဲ့ပုဂ္ဂိုလ်က။

ဥပါဒါန်ရှုတဲ့ပုဂ္ဂိုလ်

ဥပါဒါန် ရှုတဲ့ပုဂ္ဂိုလ်ကကော သူချည့်သက်သက်လား၊ အပေါင်းနဲ့လား (အပေါင်းနဲ့ပါဘုရား)၊ ဒါ ဦးခင်မောင် ဘယ့်နှယ်ဆိုမတုံး (ဒုက္ခအစုဖြစ်၍ ဒုက္ခအစု ပျက်ပါတယ် ဘုရား) ရှင်းပလား။

ကာယကံ၊ ဝစီကံ၊ မနောကံတွေက ကံချည်းဖြစ်ပါ သလား၊ ယှဉ်ဖော်ယှဉ်ဖက်တွေနဲ့တကွ ဖြစ်သလား (ယှဉ်ဖော်ယှဉ်ဖက် တွေနဲ့ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခအစုဖြစ်၍ ဒုက္ခအစု ပျက်ပါတယ်ဘုရား) သဘောကျပလား (ကျပါတယ်ဘုရား)။

တစ်ကိုယ်လုံးကိုယူရင် ခန္ဓာက ခံတယ်

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒုက္ခအစုဆိုတာ သူများနဂိုတုန်းက ခင်ဗျားတို့ နာထားတဲ့ တရားတွေက တစ်ကိုယ်လုံးကိုယူမယ် (မှန်ပါ့) မယူကြဘူးလား (ယူပါတယ်ဘုရား)။

တစ်ကိုယ်လုံး ဒုက္ခသစ္စာပဲ၊ ဉာဏ်ထင်တော့ အဲဒီအပိုင်း ကြီးက အပိုင်းကြီးဆိုတော့ ပြတ်နိုင်ပါ့မလား (မပြတ်နိုင် ပါဘူးဘုရား)။ ခန္ဓာခံတယ် မခံဘူးလား (ခံပါတယ် ဘုရား)။

ဉာဏ်အောက်ရောက်တာတစ်ခုကိုပါ

တစ်ခု တစ်ခု ဉာဏ်အောက်ရောက်တာ ရှုမယ်ဆိုတော့ ဘယ့်နှယ်တုံး အပျက်တွေ့မလား (တွေ့ပါတယ်ဘုရား)။

တွေ့တဲ့အခါကျတော့ကော ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခတွေ့ မယ်၊ တခြား ဘာတွေ့စရာရှိသေးတုံး (မရှိပါဘူးဘုရား)၊ ကဲ ဦးခင်မောင် ဘာတွေ့မတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခ) အနောက်က ဒကာ ဒကာမတွေ ဘာတွေ့မတုံး (ဖြစ်ဒုက္ခ နဲ့ ပျက်ဒုက္ခပါဘုရား)။

ဘာတွေချည်းတွေ့ရတုံး

ကိုင်း- ဉာဏ်အောက်ရောက်လာတော့ ဘာတွေချည်း တွေ့ရတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခတွေ့ရပါတယ်ဘုရား)။

ဒါဖြင့် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့် လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဖြစ်တဲ့ဒုက္ခ ပျက်တဲ့ဒုက္ခမှတစ်ပါး ဘာများတွေ့သေးတုံး (ဘာမှမတွေ့ပါဘူးဘုရား)။

ဒါဖြင့် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချစမ်း၊ ကိုယ့်ခန္ဓာ ထဲ ဘာတွေရှိတုံး (ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရှိပါတယ်ဘုရား) ဖြစ်ဒုက္ခ ပျက်ဒုက္ခအစုသာရှိတယ် သဘောပါပလား (ပါ ပါတယ်ဘုရား)။

ဘာရှိပါလိမ့် (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခရှိပါတယ် ဘုရား)၊ နောက်လာမှာကော (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခလာ မှာပါဘုရား)။

နောက်ကလွန်ခဲ့တုန်းက ချုပ်သွားတာတွေကော (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပါဘုရား)။

တစ်ခုတည်းပဲပိုင်းခြားနိုင်ရင် မဂ်ရလိမ့်မယ်

အဲတော့ ဒီအသံဟာ ဘာသံတုံးလို့ မေးလို့ရှိရင် ဒုက္ခ ပိုင်းခြားတဲ့အသံ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။ ဘာသံပါလိမ့် (ဒုက္ခပိုင်းခြားတဲ့ အသံပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ၊ ယောဂီပုဂ္ဂိုလ်တွေဟာ ရှုတဲ့ အချိန်ကျလို့ရှိရင် တရားလေးတော့ဖြင့် တစ်ခုတည်းပဲ ဒုက္ခအစု လို့ပိုင်းခြားနိုင်ရင် ဒါမဂ်ရလိမ့်မယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အပိုင်းကြီးမမြင်ရဘူး

ဒုက္ခအစုလို့ ပိုင်းခြားနိုင်ရင် (မဂ်ရမှာပါဘုရား) ရှေ့ကချုပ်တာလည်း ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခအစု) ယခု ဉာဏ်အောက်ရောက်နေတာကော (ဒုက္ခ အစု) နောက်ရှိလတ္တံ့တွေကော (ဒုက္ခအစုတွေပါဘုရား)။

ဒီလို ယောဂီပုဂ္ဂိုလ်မှာ မြင်ရမယ် တစ်ခုတစ်ခု၊ တစ်ခု တစ်ခု သဘောကျပလား (မှန်ပါ့)၊ အပိုင်းကြီး မမြင်ရဘူး ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဘယ်လိုမြင်မှကိုက်မှာလဲ

ဘယ်လိုမြင်မှကိုက်မှာပါလိမ့် (တစ်ခုတစ်ခုစီ မြင်မှပါဘုရား)၊ ဒါဖြင့် ဒုက္ခ က္ခန္ဓဿ မနေ့ကပြောတာက ကျဲ တယ်၊ ဒီနေ့ပြောတာက စိတ်တယ် (စိတ်ပါတယ်ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။

မနေ့ကပြောတာက ဒါကြီး ဒုက္ခက္ခန္ဓဿလို့ပြောလိုက် တယ်(မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဉာဏ်ထဲဘယ်လိုထင်ရမှာလဲ

ယောဂီပုဂ္ဂိုလ်၏ဉာဏ်ထဲ ဘယ်လိုထင်ရမှာပါလိမ့် (တစ်ခုတစ်ခု အစုပါဘုရား)။ တစ်ခု တစ်ခု အစုကိုမြင်ရမယ် (မှန်ပါ့)။

ဒါကြီး အကုန် ထင်နိုင်ကြပါ့မလား (မထင်နိုင်ပါ ဘူး)။ မထင်နိုင်ဘူးတဲ့ တစ်ခု တစ်ခုသာ ဧကန်ထင်မှာပါပဲဆို တာ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အစဉ်အတိုင်းပဲပြောကြပါစို့ ဥပမာမှာ စိတ်ရှုတဲ့ပုဂ္ဂိုလ်မှာ၊ ဥပမာမယ် ဖဿ၊ ဝေဒနာ၊ ဝေဒနာ ရှုလိုက်မယ် ဝေဒနာကြည့်လိုက်တော့ ဝေဒနာတွေ့လား၊ ဘာတွေ့တုံး (ဒုက္ခအစုတွေ့ပါတယ်ဘုရား)။ ဒုက္ခအစုတွေ့တယ်(မှန်လှပါ) ရှင်းပလား (မှန်ပါ့)။

ဘာတွေ့ကြတုံး (ဒုက္ခအစုတွေ့ပါတယ်ဘုရား)။ ဝေဒနာတွေ့လား၊ ဒုက္ခအစုတွေ့လား (ဒုက္ခအစုတွေ့ပါ တယ်ဘုရား)။ နောက်တစ်ခါကျတော့ ကိုယ့်သန္တာန် တဏှာ ပေါ်လာတယ်။

ဒုက္ခအစုချည်းတွေ့တယ်

ဝေဒနာချုပ်သွားတော့ တဏှာပေါ်ချင် မပေါ်ပေဘူး လား (ပေါ်ပါတယ်ဘုရား) အကြောင်း တိုက်ဆိုင်ရင်ပေါ့ ဗျာ (မှန်ပါ့)၊ ပေါ်လာတဲ့အခါကျတော့ တဏှာမတွေ့စေ နဲ့ (မှန်ပါ့)။

ဘာတွေ့ရမတုံး (ဒုက္ခအစုတွေ့ရမှာပါဘုရား)၊ ကြော် နေရာကျပြီ တဏှာကချုပ်သွားတဲ့အခါ တစ်ခါတလေ ဥပါဒါန် ရှုမိတဲ့အခါလည်း လာဦးမှာပဲ(မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ်ဘုရား)။

လာတော့လည်း ဘာတွေ့မတုံး(ဒုက္ခအစုတွေ့မှာ ပါဘုရား)၊ အင်း-နေရာကျပြီ၊ နေရာကျပြီ၊ ကိုင်း-နေရာကျပြီ။ ဒကာ ဒကာမတို့ ကံတွေစုမိတဲ့အခါကျတော့လည်း၊ သော်ဒါက ကာယကံ၊ ဒါက ဝစီကံ၊ ဒါက မနောကံ ရှုကြည့်စမ်းပါတဲ့ ဘာတွေတွေ့မတုံး (ဒုက္ခအစုတွေ့မှာပါဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါလား၊ ငါ တို့ သန္တာန်ပေါ်နေသမျှ ဒုက္ခအစုချည့်ပဲ ပျက်လေသမျှကော (ဒုက္ခအစုချည့်ပါဘုရား)။ ဖြစ်လေသမျှ (ဒုက္ခအစုချည့်ပါဘုရား)။

ယောဂီပုဂ္ဂိုလ်၏အမြင်မှန်

ပျက်လေသမျှ (ဒုက္ခအစုချည့်ပါဘုရား)၊ အင်း-ပျက်လေ သမျှ (ဒုက္ခအစုပါဘုရား)၊ ဖြစ်လေသမျှ (ဒုက္ခအစုပါ ဘုရား)၊ ဒီလိုချည်းမြင်ရမယ် သဘောကျပလား (မှန်ပါ့)။

ဒါက အမြင်မှန်ကိုပြတာတဲ့၊ ယောဂီပုဂ္ဂိုလ်၏အမြင် မှန်ကိုပြတာ၊ ဘာပြပါလိမ့် ဦးခင်မောင် (အမြင်မှန်ပြတာ ပါဘုရား)။

ဘယ်သူ၏အမြင်မှန်တုံး (ယောဂီပုဂ္ဂိုလ်၏ အမြင် မှန်ပါဘုရား)။ အဲဒါ ပဋိဝေဓဉာဏ်၊ ဘာဉာဏ်ပါလိမ့် (ပဋိဝေဓဉာဏ်ပါဘုရား)၊ ပဋိဝေဓဉာဏ်ဆိုတာ သဘောကျ ပလား (ကျပါပြီဘုရား)။

မဂ္ဂင်ရှစ်ပါးနဲ့မြင်တဲ့ဉာဏ်

ဒါက သူများပြောလား၊ ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ် ချက်ချတာလား (ကိုယ့်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချတာ ပါဘုရား)။

အဲဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ပဋိဝေဓဉာဏ် ပါဘုရား)၊ အဲ-ပဋိဝေဓဉာဏ်ဖြစ်လို့ရှိရင် မဂ္ဂင်ရှစ်ပါးနဲ့ မြင်တဲ့ ဉာဏ်လို့မှတ်ရမယ် (မှန်လှပါ)။

ဘယ်နှစ်ပါးနဲ့မြင်တာတုံး (မဂ္ဂင်ရှစ်ပါးနဲ့မြင်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။ မဂ္ဂင်ရှစ်ပါးနဲ့ မြင်တဲ့ ဉာဏ်ဆိုလို့ရှိရင်ဖြင့်၊ ဦးခင်မောင် ဒီပုဂ္ဂိုလ်သူမြင်နေတာက မဂ္ဂင် ဟုတ်လား၊ သူပိုင်းခြားတာက ဒုက္ခ (ဒုက္ခပါ)။

ဘယ့်နှယ်ဆိုကြမတုံး (မြင်နေတာက မဂ္ဂ၊ ပိုင်း ခြားတာက ဒုက္ခပါဘုရား) သူပိုင်းခြားတာက (ဒုက္ခ) သူမြင်တာက (မဂ္ဂင်ပါဘုရား)။

မဂ်သည်ဒုက္ခပိုင်းခြားတယ်

သြော်-မဂ်သည် ဒုက္ခပိုင်းခြားတာ ရှင်းပလား (ရှင်းပါပြီဘုရား)။ မဂ်သည် ဘာလုပ်ပါလိမ့် (ဒုက္ခပိုင်းခြား ပါတယ်ဘုရား)၊ ဒုက္ခပိုင်းခြားတယ်ဆိုတော့ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)။

ကောင်းပြီ-ဒါဖြင့် မဂ္ဂင်မှ ဒုက္ခပိုင်းခြားနိုင်တယ်၊ မဂ္ဂင် မှာ ဘာကိစ္စရှိသတုံးမေး၊ ဘာဝေတဗ္ဗ ကိစ္စ (မှန်ပါ့)၊ ရှင်းပလား (မှန်ပါ့)။

မဂ္ဂင်က ပွားတယ်ဆိုတာ

မဂ္ဂင်ကဘာကိစ္စရှိတုံး (ဘာဝေတဗ္ဗကိစ္စရှိပါတယ် ဘုရား)၊ ဘာဝေတဗ္ဗကိစ္စဆိုတော့ သူကတော့ ခဏ ခဏ ပွား မှာပဲ၊ ဒီကဒုက္ခတွေ ဆက်ပြမှ သူက အပွားဖြစ်တာ (မှန်လှပါ)။

ဒီက ဒုက္ခတွေ ဆက်မပြရင် (အပွားမဖြစ်ပါဘူး ဘုရား)။ ဒီကအပွားလို့ဆိုလို့ရရဲ့ လား (မရပါဘူး) ဒါဖြင့် ဘယ့်နှယ်ဆိုကြမယ် ရှေ့ကအဆက် ဆက်ပြီးတော့မြင်ရမယ် (မှန်ပါ့)။

ဒုက္ခချည်းဆက်လာရမယ်၊ ဒုက္ခချည်းဆက်တာကို မဂ္ဂင် က လာတိုင်း လာတိုင်း မြင်နေရမယ်၊ မြင်ရင်သူကို ဘယ့်နှယ် ဆိုကြမတုံး (ပွားပါတယ်)။

အယူလွဲမှာစိုးလို့ပြင်ပေးတာ

တစ်ခုတည်းပွားတာလား၊ ဆက်ဆက်လာတာကို တွေ့ လိုက်တာလား (ဆက်ဆက် လာတာကိုတွေ့တာပါဘုရား) အဲဒါ အယူလွဲမှာစိုးလို့ ပြင်ပေးတာ။

မဂ်နဲ့ပွားများနေရမယ်ဆိုတော့ တစ်ခုတည်း မှတ်နေ မယ်၊ ရှင်းပလား (ရှင်းပါပြီဘုရား)။ တစ်ခုတည်း ဟုတ် ပါရဲ့ လား (မဟုတ်ပါဘူးဘုရား)။

တစ်ခုတည်းကိုပွားလို့ဖြစ်ကဲ့လား

တစ်ခုတည်းသော ပွားလို့ဖြစ်ရဲ့လား (မဖြစ်ပါ ဘူး) သို့သော် တစ်ခုတည်းတော့ မဟုတ် ဘူးတဲ့၊ သဘောတော့ တူတယ်၊ တော်ကြာကျတော့ ဝေဒနာဒုက္ခ၊ တော်ကြာ တဏှာ ဒုက္ခ၊ ဥပါဒါန်ဒုက္ခ၊ ကံဒုက္ခမလာပေဘူးလား (လာပါ တယ်ဘုရား)။

အဲ-လာတာဟူသရွေ့ ခင်ဗျားတို့က ဘာလုပ်ရမတုံး (ဆက်ဆက်ပွားရ မှာပါဘုရား)၊ ဆက်ဆက်ပွားဆိုသဖြင့် မဂ္ဂတော့ဖြင့် ပွားတာအမှန်ပဲတဲ့၊ ရှေ့ကဒုက္ခကတော့ ပြောင်း တယ် (မှန်ပါ့)။

တစ်ခုချုပ်ပြီးတော့ ဘာတုံး (တစ်ခုပေါ်ပါတယ်) တစ်ခုပေါ်ပါတယ်၊ အဲဒီတစ်ခုပေါ်တာ ချုပ်ပြီးတော့ ဘာလုပ် ကြတုံး (နောက်တစ်ခုပေါ်ပါတယ်ဘုရား)။

ဆက်လာတဲ့ဒုက္ခကို စဉ်တိုက်ပွားပါ

နောက်တစ်ခုမပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ ပွားများ ရမယ်၊ မဂ္ဂသစ္စာနဲ့ ဒုက္ခသစ္စာ ပွားများရမယ်လို့ဆိုတော့ ဒုက္ခ တစ်ခုတည်းကို ပွားများမနေပါနဲ့ ဆက်လာတဲ့ဒုက္ခတွေကို စဉ်တိုက်ပွားပါ။

ဘယ်လိုဆိုကြမယ် (ဆက်လာတဲ့ဒုက္ခတွေကို စဉ်တိုက်ပွားရမှာပါဘုရား)၊ ဆက်လာတဲ့ဒုက္ခတွေကို စဉ်တိုက် ပွားရမယ်။

ပွားလိုက်တဲ့အခါကျတော့ ဘာလာလာ ရှေ့မှာလာ တာ ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (ဒုက္ခအစု လို့ပါဘုရား)။ ဒုက္ခအစုပဲလို့ မဆိုနိုင်ဘူးလား (မှန်ပါ့)။

ဖြစ်တာလည်း (ဒုက္ခ)၊ ပျက်တာကော (ဒုက္ခ ပါဘုရား)၊ သြော် နေရာကျပြီ ဒကာ ဒကာမတို့၊ ဒုက္ခအစုလည်း နားလည်သွားပြီ၊ ဖြစ်တာလည်း ဒုက္ခအစုဆိုတာ သေချာပြီ၊ ပျက်တာကော (ဒုက္ခအစုပါဘုရား)။

ဘာလာလာဒုက္ခအစုလို့ဆုံးဖြတ်

နောက်လာမှာကော (ဒုက္ခအစုပါဘုရား)၊ နောက်တစ်ဖန်လာမှာကော (ဒုက္ခအစု)၊ ဒါဖြင့် ခင်ဗျား တို့ ကိုယ့်ခန္ဓာ ဘယ်လိုဆုံးဖြတ်ချက်ချကြမတုံး (ဒုက္ခ အစုပါဘုရား)။

သူများက မင်းခန္ဓာထဲမှာကွာ သုခဝေဒနာပါပါသေး တယ်လို့ ပြောရင်ကော၊ ခင်ဗျားတို့ ဘယ်လိုဆုံးဖြတ်ချက်ချ ကြမတုံး (မပါပါဘူးဘုရား)၊ ပါသေးလား (မပါပါဘူး ဘုရား)။

သုခဝေဒနာဖြစ်တော့လည်း ဖြစ်ဒုက္ခ (မှန်ပါ့)၊ ပျက်သွားတော့ကော (ပျက်ဒုက္ခပါဘုရား)။

ပဋိဝေဓ အမြင်

ဒါ ဘယ်သူ့အမြင်ပါလိမ့် (ပဋိဝေဓအမြင်ပါဘုရား)၊ ပဋိဝေဓအမြင် (မှန်ပါ့)၊ ယောဂီ ပေမယ့် အနုဗောဓအမြင်၊ ပဋိဝေဓအမြင် မြင်ပုံဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ် ဘုရား)။

နှစ်မျိုးရှိတော့ အခုပြောတဲ့ အတိုင်း ဒုက္ခချည်း ဆက်လာတာမြင်ရင် ဘယ့်နှယ်ဆိုကြမတုံး (ပဋိဝေဓ အမြင်ပါဘုရား)။

နိဗ္ဗာန်လိုချင်ရင် ဒါကိုမြင်အောင်လုပ်ပါ

ဒါဖြင့် ဒကာ ဒကာမတွေ နိဗ္ဗာန်လိုချင်လို့ရှိရင် ဒါမြင်အောင်လုပ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်လိုချင်ရင် (ဒါပဲမြင်အောင်လုပ်ရမှာပါ ဘုရား)၊ ဒါကိုမြင်အောင်လုပ်ပါ၊ ဒါမမြင်ရင် နေရာကျပါ့မလား (မကျပါဘူးဘုရား)၊ မကျသေးဘူး။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခမြင်တော့ကို မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဉာဏ်ဘယ်လို တက်သွားမယ် ဆိုတာလည်း သတိထားပါဦးနော်။

ဉာဏ်ဘယ်လိုတတ်သွားမတုံးဆိုတော့၊ သြော် ငါကြည့်နေရတာ ဘာတွေ ကြည့်နေရ ပါလိမ့်မတုံးလို့ ကိုယ့် ဟာကိုယ် အကဲခတ်ကြည့်စမ်း (ဒုက္ခတွေချည်းပါဘုရား)။

ဒုက္ခတွေချည်းကြည့်နေရတယ်

ဒုက္ခတွေချည်းကြည့်နေရတယ်၊ ဒကာ ဒကာမတွေ ဘာတွေကြည့်နေလဲ (ဒုက္ခတွေချည်း ကြည့်နေတာပါ ဘုရား)။ ဒုက္ခတွေချည်း ကြည့်နေရတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ကြည့်ဖန်များနေတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် သစ်သီးတစ်ခုကို ဒါချည်းပဲ ရွေးစား နေရင်၊ ဒါချည်းပဲစားသုံး နေရတယ်ဆိုလို့ရှိရင်ဖြင့် မုန်းဦးမှာပဲ (မှန်လှပါ)။

မုန်းပေဘူးလား (မှန်းမှာပါဘုရား)၊ ဒါဖြင့် ဆက် ကြည့်စမ်း၊ မုန်းမှာပဲ (မှန်ပါ့)၊ မုန်းပေဘူးလား(မုန်းပါတယ်ဘုရား)၊ ဆက်ကြည့်ရင်ဘာဖြစ်မယ်ထင်တုံး (မုန်းပါတယ် ဘုရား)။

ဒုက္ခကိုမုန်းလာတယ်

ဪ ဒါ ဘာမုန်းတာပါလိမ့် (ဒုက္ခ မုန်း တာပါဘုရား)၊ ခုနတုန်းက ဒုက္ခသိတယ်၊ ခုဟာက (ဒုက္ခ မုန်းတာပါဘုရား)။

ဒါဖြင့် ဉာဏ်ထဲမှာ ဖြည့်ပြီး တက်လိုက်စမ်းပါတဲ့၊ ကိုယ့် ဉာဏ် ဘယ်လိုဖြစ်လာမယ်ဆိုတာ အကဲခတ်ကြည့်စမ်းပါဦး မမုန်းဘူးလား၊ ဒီ ဒုက္ခကြီးနဲ့ဖြင့် ကင်းချင်တယ်၊ ဝေးချင်တယ်၊ မတွေ့ချင်တော့ဘူး၊ လာမလား၊ မလာဘူးလား (လာပါ တယ်ဘုရား)။

မဂ်ဉာဏ်

အဲ့ဒါ ဘာဉာဏ်ခေါ်ကြမတုံး (မဂ်ဉာဏ်ပါဘုရား) မဂ်ဉာဏ် ဒီဒုက္ခနဲ့ မတွေ့ချင်တာ ဘာဆိုကြမယ်(မဂ် ဉာဏ်ပါဘုရား) ဒီဒုက္ခနဲ့ အိုးစားကွဲချင်တာ (မဂ်ဉာဏ်ပါ ဘုရား)။

မဂ်ဉာဏ်လို့ ခင်ဗျားတို့က အိုးစားကွဲချင်တဲ့ဉာဏ်လည်း လာပါရော ဒကာ ဒကာမတို့နော် ဒီ ဒုက္ခတန်းကြီး တစ်တန်းလုံးဟာ ခန္ဓာတစ်တန်းထဲမှာ အကုန်ပျောက်သွားတယ် ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဦးဘတင် ဘာဖြစ်နေတုံး (ခန္ဓာတစ်တန်းလုံး ပျောက်နေပါတယ်ဘုရား) ခန္ဓာတစ်တန်းလုံး ပျောက်နေတယ်၊ ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)။

ဒုက္ခပျောက်သွားတယ်

ဘာပျောက်ပါလိမ့် (ခန္ဓာတစ်တန်းလုံးပျောက်ပါ တယ်ဘုရား)၊ ခန္ဓာတစ်တန်းလုံး ပျောက်တာလား ခင်ဗျားတို့ ရှုနေတဲ့ ဒုက္ခပျောက်တာလား (ဒုက္ခပျောက်တာပါ ဘုရား)။

ဒါဖြင့် ဒီနေရာ ဘာရှိမတုံးတဲ့ ဒါမဂ္ဂင်ထားပါတော့၊ ဒီနားမှာ တစ်တန်းလုံပျောက်နေတယ်၊ ဒီနေရာမှာ ဘာရှိမယ် ထင်ကြတုံး (နိရောဓသစ္စာပါဘုရား)။

ဒုက္ခနိရောဓ ရှိတယ် နိဗ္ဗာန်မရှိဘူး

ဘာနိရောဓတုံး (နိဗ္ဗာန်) မဟုတ်ဘူးတဲ့ ဒီဥစ္စာ၊ ဒုက္ခ နိရောဓရှိတယ်၊ နိဗ္ဗာန်မရှိဘူး၊ ဘာရှိတုံး (ဒုက္ခ နိရောဓပါဘုရား)။

ဦးဘတင် မလွဲနဲ့နော် ဒီဥစ္စာ သိလွဲဖြစ်သွားတယ်၊ ဘာနိရောဓပါလိမ့် (ဒုက္ခနိရောဓပါဘုရား)။

အလွယ်ခေါ်တော့ နိဗ္ဗာန်ဖြစ်သွားတယ်

ဒုက္ခ နိရောဓကိုမှ စု ခေါ်လိုက်တဲ့အခါ အလွယ်ခေါ် လိုက်တဲ့အခါကျတော့ နိဗ္ဗာန် ဖြစ်သွားတယ် (မှန်ပါ့) စင်စစ်ကတော့ ဒီလိုကော ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။

စင်စစ်က ဒုက္ခနိရောဓ

စင်စစ်က ဘာပါလိမ့် (ဒုက္ခနိရောဓပါဘုရား) ဒီလိုဆိုတော့ ယောဂီပုဂ္ဂိုလ်မှာ ဆုံးဖြတ်ချက် ချနိုင်တယ်၊ ငါ မြင်တာ ပထမ ဒုက္ခ၊ ခု ဒုက္ခမရှိဘူး (မှန်ပါ့) မကွဲဘူးလား၊ ကွဲလား (ကွဲပါတယ်ဘုရား)။

ဒီမြင်တာက (ဒုက္ခ) ခု ရှာမတွေ့တာက (ဒုက္ခနိရောဓ) ဒုက္ခနိရောဓ ရှင်းပလား (ရှင်းပါပြီဘုရား)။

ဒုက္ခက ဒုက္ခသစ္စာ၊ ဒုက္ခနိရောဓက (နိရောဓ သစ္စာ) နိရောဓသစ္စာ၊ ဒုက္ခက (ဒုက္ခသစ္စာ) ရှင်းပလား (မှန်ပါ့)။

မတွေ့ချင်၊ မလိုချင်လို့ ချုပ်သွားတာကြီးက (နိရောဓသစ္စာပါဘုရား) သာမညမဆိုနဲ့ (ဒုက္ခနိရောဓ ပါဘုရား) ဒါမှ မှန်တယ် ပြောတာ။

သူမြင်တာက နဂိုက ဒုက္ခ၊ ဒုက္ခဖျောက်ပစ်လို့ရပါ မလား (မရပါဘူးဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခနိရောဓပါ ဘုရား)။

နဂိုက ဘာတွေမြင်နေတုံး (ဒုက္ခအစု မြင်နေပါ တယ်ဘုရား)၊ ဒုက္ခအစုတွေ မြင်တယ်၊ သဘော ကျပလား (မှန်ပါ့)၊ ခုမလိုချင်တဲ့ ဉာဏ်လည်းလာပါရောတဲ့ မဂ္ဂင်ရှစ်ပါး မလိုချင်တဲ့ ပဋိဝေဓ ဉာဏ်လည်း လာပါရော ဦးခင်မောင် ဘာတွေသူမြင်ပါလိမ့်မတုံး (ဒုက္ခနိရောဓမြင်ပါတယ် ဘုရား)။

နိဗ္ဗာန်မြင်တယ်ဆိုရင်လွဲတယ်

ဒုက္ခနိရောဓကို သူသွားမြင်တယ်၊ ဒါ အမြင်မှန်ပဲတဲ့ နိဗ္ဗာန်မြင်တယ်ဆိုရင် လွဲတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါတယ်ဘုရား)။

နဂိုက ဘာတွေ့ထားတုံး (ဒုက္ခတွေ့ထားပါတယ် ဘုရား)၊ နောက် ဦးခင်မောင်တို့က မလိုချင်ပါဘူးလို့ ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်လှပါ)။

ပေါ်လာတော့ သူဘာဖြစ်သွားတုံး (ဒုက္ခ နိရောဓဖြစ်သွားပါတယ်ဘုရား) မလိုချင်ပါဘူးလို့ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်လှပါ)။

ပေါ်လာတော့ သူဘာဖြစ်သွားတုံး (ဒုက္ခ နိရောဓဖြစ်သွားပါတယ်ဘုရား)၊ မလိုချင်ပါဘူးဆိုတော့ ဒိဋ္ဌိ ရောပြီးကွာသွားတယ်၊ သက္ကာယဒိဋ္ဌိ၊ ဒိဋ္ဌိဆိုတာ လောဘပဲ မဟုတ်လား (မှန်လှပါ)။

သောမနဿ သဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ မလာဘူး လား (လာပါတယ်ဘုရား)၊ အဲတော့ ဒိဋ္ဌိနဲ့ယှဉ်တဲ့ လောဘချုပ်သွားတော့ သူ့မလိုချင်တဲ့ဉာဏ်ဖြစ်လာတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမဂ္ဂင်ရှစ်ပါး ကလာ့လည်း လာပါရော၊ သူ့ရှေ့ကို မဂ္ဂင်ရှစ်ပါးက မင်းဘာများ မြင်နေသတုံး လို့ မဂ္ဂင်ကိုမေးကြည့်၊ ခင်ဗျားတို့က သူဘာမြင်တယ်ပြောလိမ့် မတုံး (ဒုက္ခ နိရောဓပါဘုရား)၊ သဘောကျပလား (မှန်ပါ့)။

ဒုက္ခနိရောဓ မြင်မှကိုက်တယ်

နိဗ္ဗာန် မြင်တယ်ဆိုရင် လွဲပါတယ် (မှန်ပါ့)၊ ဘာမြင်မှ ကိုက်မတုံး (ဒုက္ခ နိရောဓမြင်မှ ကိုက်ပါတယ် ဘုရား)။

ဉာဏ်စဉ်နဲ့ ကိုက်ကြည့်ပါတဲ့ ဒကာ ဒကာမတွေ၊ ဉာဏ် စဉ်နဲ့ ကိုက်ကြည့်တဲ့အခါ၊ သူနဂိုက ဒုက္ခမြင်တဲ့ဉာဏ်နဲ့ လာခဲ့ တယ် (မှန်လှပါ) ဟုတ်လား (မှန်လှပါ)။

နောက် သူမလိုချင်တဲ့အခါကျတော့ သူဘာဖြစ်သွား သတုံး (ဒုက္ခ နိရောဓ ဖြစ်ပါတယ် ဘုရား)၊ ဒုက္ခနိရောဓ သူမြင်တယ် မင်းနိဗ္ဗာန်မြင်သလား၊ ဒုက္ခချုပ်တာကိုမြင်သလား၊ ဒုက္ခ မရှိတာကို မြင်သလားလို့ မေးရင် ဒီပုဂ္ဂိုလ်ကို အရင်မေးကြည့် (ဒုက္ခမရှိတာကို မြင်ပါတယ်ဘုရား)။

ဘယ်သူ့ဒုက္ခမရှိတာ မင်းမြင်သတုံးလို့ တစ်ခါဆက် မေးဦး ဘယ့်နှယ်ဖြေကြမတုံး (ကိုယ့်ဒုက္ခ) ဒါဖြင့် ကိုယ့်ဒုက္ခချုပ်တာသည် ဘာခေါ်ကြမတုံး (ကိုယ့်ဒုက္ခ နိရောဓပါဘုရား) ကိုယ့်ဒုက္ခ နိရောဓပဲ (မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

ခန္ဓာပျောက်တာ

သူများ ဒုက္ခ နိရောဓလား၊ ကိုယ့်ဒုက္ခနိရောဓလား (ကိုယ့်ဒုက္ခနိရောဓပါဘုရား)။ ကိုယ့်ဒုက္ခ နိရောဓဆိုသဖြင့် ဒကာ ဒကာမတို့ သြော်ခန္ဓာ ပျောက်တာပါလားလို့ မှတ်ရမယ် (မှန်ပါ့) ဝိပဿနာ အဆုံးရောက်ပြီဆိုတော့ ဘယ့်နှယ်ဆိုကြမယ် (ခန္ဓာအဆုံး ရောက်ပါပြီဘုရား)။

ဘာပြုလို့? ခန္ဓာပျောက်လို့ ခန္ဓာက ဒုက္ခကိုး၊ ခန္ဓာဒုက္ခ တွေ ဘာဖြစ်သွားတုံး (ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီရှေ့နားမှာ ခု ရှိနေတာလေးဟာ ရှေ့နားမှာ အထည်ရှိသလား၊ အထည် မရှိဘူးလား ဆိုတာ ခင်ဗျားတို့က အကဲခတ်ဦး။

ဒုက္ခချုပ်သွားတော့အထည်ရှိသလား

ဒုက္ခချုပ်သွားတဲ့အခါမှာ အထည်ရှိသလား၊ မရှိဘူး လား (မရှိပါဘူးဘုရား) အထည်ရှိ ပျက်ဦးမယ်နော် (မှန်ပါ့)။

ဒါကို သတိထား (မှန်လှပါ) အထည်ရှိရင် (ပျက် ဦးမှာပါဘုရား) ကိုမြစိန် သဘော ကျရဲ့လား (မှန်ပါ့) အထည်ရှိရင် (လက်ရှိအထည်ကိုဖြုတ်)။

အထည်ရှိရင်တော့ အိုတယ်၊ ဆွေးတယ်၊ ကုန်တယ်၊ ပျောက်တယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

နိဗ္ဗာန်ကိုကြိုက်မှကြိုက်ပါ့မလား

ဒါဖြင့် နိဗ္ဗာန်ဟာ အထည်ရှိသလားလို့မေးရင် (မရှိပါဘူးဘုရား) ကြိုက်မှ ကြိုက်ပါ့မလား ဒီနေ့တရားတော့ တိုးတော့ တိုးလိုက်တယ်၊ ဟင် ကြိုက်မှ ကြိုက်ပါ့မလား ဒကာ ဒကာမတွေ နောက်များ ဆုတ်ကုန်မလားဆိုတာ မေးခွန်းတော့ ထုတ်ရတော့မယ် မထုတ်သင့်ဘူးလား၊ ကဲ (ထုတ် သင့်ပါတယ်ဘုရား)။

နိဗ္ဗာန်အထည် ရှိပါရဲ့ လား ဒကာ ဒကာမတို့ (မရှိ ပါဘူးဘုရား)၊ ကဲ ဘယ်သူကဟောတုံး မေးတော့ “အနိမိတ္တ ပစ္စုပ္ပဋ္ဌာနံ” နိဗ္ဗာန်မြင်လို့ရှိရင်ပေါ့တဲ့ လုံးရပ်သဏ္ဍာန် ပုံဟန် နိမိတ် ကင်းဆိတ် တယ်။

နိဗ္ဗာန်ဆိုတာ

လုံးရပ်လည်း မရှိဘူးတဲ့၊ ပုံဟန်ပန်လည်းမရှိဘူးတဲ့၊ သဏ္ဌာန်လည်းမရှိဘူးတဲ့ (မှန်ပါ့) နိမိတ်လည်း မရှိဘူးတဲ့ နိဗ္ဗာန်ဆိုတာ လုံးရပ်သဏ္ဌာန်၊ ပုံဟန်နိမိတ် ကင်းဆိတ်တာ၊ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါဘုရား) ရှိသေးရဲ့ လား (မရှိပါဘူးဘုရား)။

ဒါကြီး မလိုချင်လို့ မလိုချင်တဲ့ မဂ်ဉာဏ်လည်းလာပါ ရော ဒုက္ခတွေ ဘာဖြစ်သွားတုံး (ချုပ်သွားပါတယ် ဘုရား)။

ချုပ်သွားတော့ သူ့နာမည်ပေးလိုက် (ဒုက္ခ နိရောဓပါဘုရား)၊ ဒါဖြင့် အထည်ရှိတာက ဒုက္ခ (မှန်လှ ပါ) ရိပ်မိပလား (ရိပ်မိပါတယ်ဘုရား)။

အထည်ရှိတာက (ဒုက္ခပါဘုရား) ဪအထည်မရှိလို့ ပျက်စရာမရှိတာက (ဒုက္ခနိရောဓ) ဒုက္ခ နိရောဓ သဘောကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘယ်များသွား နေပါလိမ့်မလဲ (ဒုက္ခချုပ်ရာပါဘုရား) ရှင်းပလား (ရှင်းပါပြီ)။

နိဗ္ဗာန်ကိုမကြိုက်မှာ ဘုန်းကြီးကစိုးရိမ်တယ်

ဒါဖြင့် ဒီလိုလုပ်ကြစို့ရဲ့၊ ခင်ဗျားတို့ နိဗ္ဗာန်မကြိုက်ပဲ နေမှာလည်း ဘုန်းကြီးက သိပ်စိုးရိမ်တယ် ဦးခင်မောင်ရ၊ အထည်မရှိဘူးဆိုတော့ ဒကာ ဒကာမတွေ ဘာစားမလို့ မေးချင်မေးမှာကိုး၊ ဟင်း-စားမယ့်လူလည်းမရှိ၊ စားစရာလည်း မရှိဖြစ်နေတယ်၊ ဒီလိုမနေပေဘူးလား။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ နိဗ္ဗာန်ဟာ ရှိသလား၊ မရှိဘူးလားဆိုတော့၊ ဣတိဝုတ် ပါဠိတော် က ဣတိဝုတ်ဆိုတာက ဣတိ ဤသို့၊ ဝုစ္စတိ ဟော၏။

ဘယ်သူဟောတာတုံး ငါဟောတာလို့ပြောတာ၊ ဣတိဝုတ်ဆိုတာ ဘယ့်နှယ်တဲ့တုံး (ငါဟောတာလို့ ပြောတာပါဘုရား) ငါဟောတာလို့ ပြောတာ သဘော ကျပလား (မှန်ပါ့)။

နိဗ္ဗာန်ရှိတယ်တဲ့

ဣတိဝုတ်ဆိုတဲ့ နာမည်က ဘာပါလိမ့် (ငါဟော တာလို့ပြောတာပါဘုရား)။ ငါဟောတာလို့ဆိုတယ်၊ အဲဒီပါဠိ တော်သွားကြည့်တော့ နိဗ္ဗာန်ရှိတယ်ကွတဲ့။

ဦးခင်မောင်ဘာတဲ့ (နိဗ္ဗာန်ရှိပါတယ်ဘုရား) နိဗ္ဗာန်ရှိတယ်၊ ခု ဆရာဘုန်းကြီးက ဒုက္ခတွေချုပ်သွားတာပြ လိုက်တဲ့ အခါကျတော့၊ ခင်ဗျားတို့ အမြင်က ဘယ့်နှယ်ဖြစ်နေ တုံး၊ ကဲ-နိဗ္ဗာန်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေပဲ ထားပါတော့၊ ဒါတွေ ဝမ်းထဲရောက်နေတဲ့ ပုဂ္ဂိုလ်တွေ။

ဘာတွေပျောက်သွားတုံး (ဒုက္ခ တွေပျောက်သွား ပါတယ်ဘုရား)။ အင်း သူ့ဘာသစ္စာ ဆိုကြမတုံး (ဒုက္ခနိရောဓသစ္စာပါဘုရား)၊ ဒုက္ခနိရောဓသစ္စာ။

ဒုက္ခနိရောဓသစ္စာဆိုတော့ ယခုပြောရိုးပြောစဉ် အတိုင်း ပြောကြမယ်ဆိုလို့ရှိရင် နိဗ္ဗာန်၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်ဘုရား)။

ရုပ်နာမ်အထည်မရှိဘူး

ကြည့်လိုက်တော့ အထည်မရှိဘူး (မှန်လှပါ ဘုရား) ဘယ့်နှယ်ဆိုကြမတုံး (အထည် မရှိပါဘူးဘုရား) အထည်မရှိဘူး။

ဒီ ရုပ်နာမ် အထည်မရှိဘူးဆိုတော့ ဒကာ ဒကာမတွေ သည်ကားလို့ ဆိုလို့ရှိရင်၊ ဒါဖြင့် တပည့်တော်တို့ နဂိုက လူကြီး များ ပြောသံကြားတဲ့ ဆေးလိပ်အခိုးလိုပျောက်သွားတာ ယူချင် ယူပစ်လိုက်မှာ မယူပေဘူးလား (ယူပါတယ်ဘုရား)။

ဆေးလိပ်အခိုးလိုပဲ ပျောက်ချင် ပျောက်သွားတယ်။ မယူပေဘူးလား (ယူပါတယ်ဘုရား) ယူရင် အသေအချာ လွဲတယ် (မှန်လှပါ) အသေအချာလွဲတယ်။

ဒကာ ဒကာမတို့ ဆေးလိပ်ခိုးလိုပဲလားလို့ မေးတယ် (မဟုတ်ပါဘူးဘုရား)။ ဣတိဝုတ်ပါဠိတော်က ရှိတယ်လို့ ဟောတယ်။

ဘယ်လိုများ ဟောပါလိမ့် (ရှိတယ်လို့ ဟောပါ တယ်ဘုရား)၊ ရှိတယ်လို့ ဟောတယ်တဲ့ အားလုံး ဒကာ ဒကာမတွေ ဘုရားကဘယ်လိုဟောသတုံး (ရှိတယ်လို့ ဟောပါ တယ်ဘုရား) ရှိတယ်။

နိဗ္ဗာန်ဟောရမှာ ဝန်လေးတယ်

ဒါဖြင့် ဘုန်းကြီးက ဥပမာ ပြမယ်ပေါ့၊ ဘုန်းကြီးက ဥပမာပြပါ့မယ် ဒကာ ဒကာမတွေ နားလည်အောင်၊ ခင်ဗျားတို့ နိဗ္ဗာန်ဟောရမယ်ဆိုရင် ဘုန်းကြီးများလည်း အတော်ဝန်လေး ပါတယ်။

ဦးဘလေး (မှန်ပါ့) တော်တော်ဝန်လေးတယ်။ ဘာဖြစ်လို့ ဝန်လေးသတုံးဆိုတော့ ရောက်လည်းရောက်စေ ချင်တယ်၊ သေသေချာချာ သူတို့ မကြိုက်မှာလည်းစိုးရတယ် (မှန်ပါ့)။

ဒုက္ခတွေငြိမ်းစေချင်တယ်

စေတနာက အဲဒီလို ဖြစ်နေတယ် (မှန်ပါ့) မပြော ထိုက်ဖူးလား (ပြောထိုက်ပါတယ်ဘုရား) ခင်ဗျားတို့ ဒုက္ခတွေငြိမ်းစေချင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကောင်းပြီ ငြိမ်းချင်သလို မကြိုက်မှာစိုးရိမ်တယ်။ ဒီကြားထဲမှာ သွားနေတယ်၊ ဒုက္ခလည်း ဆရာဘုန်းကြီးက ဘာတုံး (ငြိမ်းစေချင်ပါတယ် ဘုရား)။

မကြိုက်မှာလည်း စိုးရိမ်တယ်

ငြိမ်းတာ ကြိုက်လိုက်ရင်လည်း မကြိုက်မှာလည်းစိုး တယ် (မှန်ပါ့) ဘယ်လောက် အဟောကပ်တုံး မကပ်ဖူးလား ဒကာ ဒကာမတို့ (ကပ်ပါတယ်ဘုရား)။

ခုနက သုတ္တန်ထဲကလို မင်း နိဗ္ဗာန် ရောက်လိမ့်မယ် ကွ၊ နိဗ္ဗာန်ရောက်လို့ရှိရင် အိုဘေး၊ နာဘေး၊ သေဘေး၊ ကင်းတယ်လို့ ပြောရတာကတော့ အရေးမကြီးပါဘူး၊ သူ့ဟာသူ မှန်းမျှော်မှာကိုးဗျ။

ခုဟာက လက်တွေ့ပြရမှာ (မှန်ပါ့) နဂိုက ဒုက္ခ ချုပ်တာ လက်တွေ့ ပြထားပြီကောဗျ (မှန်လှပါ) မပြသေးဘူးလား (ပြပါတယ်ဘုရား)။

နဂိုက ရှေးအမှတ်မှာ ဒုက္ခတွေ ဒုက္ခတွေချည်းပဲမြင်နေ တယ် (မှန်ပါ့)ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခတွေချည်းပဲမြင်နေတယ်။

ဒုက္ခတွေချုပ်တော့မဂ်ပေါ်တယ်

မြင်ရက်ကနေပြီး ဖျပ်ဆို ဒါဖြင့် မလိုချင်ပါဘူးဆိုတော့ မဂ်ကပေါ်လာတယ် (တင်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား)။

ပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဒါတွေက ဘာဖြစ် သွားတုံး (ချုပ်သွားပါတယ်ဘုရား) ချုပ်သွားတော့ ဒီနေရာ ဘာကျန်ရစ်သတုံးလို့မေးတော့ ဘာမှမကျန်ရစ်ဘူး ဘုရား၊ ဒုက္ခချုပ်သွားတာရှိတာပဲ။

ဦးခင်မောင် (မှန်လှပါ) ဦးဘလေး ဘယ့်နှယ် ဖြေမတုံး (ဒုက္ခချုပ်သွားတာပါဘုရား)။

ဒုက္ခတွေတော့ ချုပ်သွားတာ ရှိတာပဲဘုရား၊ တပည့် တော်တို့ဖြင့် ဒီလို ဒီနေရာကို ရောက်ရမှာ တပည့်တော် မုချ မကြိုက်ဘူး မရှိတဲ့နေရာ ရောက်ရမှာကိုး၊ ရိပ်မိပလား (ရိပ်မိပါတယ်ဘုရား)။

အဲဒီတော့မှ ခင်ဗျားတို့က ဉာဏ်ကမပါသေးတော့ ဘုန်းကြီးက ရှင်းပြောရတယ်၊ ဒေါ်ရီတို့ ကျေနပ်ပလား (ကျေနပ်ပါတယ်ဘုရား)။

မဂ္ဂင်သည်နာမ်တရား

ဒါဟာ ဒါဘယ်သူတုံးမေး ဒါမေးမှ ရှင်းမှာ (မှန် ပါ့)၊ ဒါမေး မဂ္ဂင် မဂ္ဂင်ဟာ နာမ်လား ရုပ်လားလို့မေး (နာမ်တရားပါဘုရား) နာမ်တရား။

ကောင်းပြီ မဂ္ဂင်သည် ခင်ဗျားတို့ သန္တာန် ဒီလိုရှစ်ပါး ရှေးက ဖြစ်ဖူးရဲ့ လားလို့မေး, (မဖြစ်ဖူးပါဘူးဘုရား)။

အင်း ဘယ်အချိန်မှ သူဖြစ်လာတုံး (ဒုက္ခ နိရောဓ) ဒုက္ခနိရောဓကိုပေါ်တဲ့အချိန်မှာ သူဖြစ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရား)။

နိဗ္ဗာန်ဘယ်အချိန်ပေါ်လဲ

သူဘယ်အချိန်ပေါ်ပါလိမ့် (ဒုက္ခ နိရောဓ အချိန်မှာ ပေါ်ပါတယ် ဘုရား)။ ဒုက္ခနိရောဓ မြင်တဲ့အချိန်မှ သူပေါ်တာ (မှန်ပါ) နဂိုက ပေါ် နှင့်တဲ့တရားလား (မပေါ် ပါဘူးဘုရား)။

ဒါဖြင့် “နိဗ္ဗာနံ မဂ္ဂဿ” ကိုးဗျ ဘုရားက ပဋ္ဌာန်း ပါဠိတော် က (မှန်ပါ့)

“နိဗ္ဗာနံ ဖလဿ၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏပစ္စယေန ပစ္စယော” တဲ့ အာရမ္မဏပစ္စည်းဆိုတာ ရှိ တယ်။

အာရမ္မဏပစ္စည်းလည်းဟုတ်တယ်တဲ့၊ အတ္ထိလည်း ဟုတ်တယ် သဘောကျပလား (ကျပါတယ်ဘုရား)။

အာရုံအဖြစ်နဲ့ရှိတယ်

ဒကာ ဒကာမတို့ ပဋ္ဌာန်းရတယ်မို့လား(မှန်ပါ့)၊ အာရမ္မဏပစ္စယော (တင်ပါ့) အာရုံရှိတယ်၊ သဘောကျ ပလား (တင်ပါ့ဘုရား)။

အတ္ထိပစ္စယော ရှိတယ်ကွ၊ ဘယ်လိုဆိုကြမတုံး ဒီနှစ်ခု မှတ်ထားလိုက်စမ်း၊ ပထမပစ္စည်း ဘာပါလိမ့် (အာရမ္မဏ ပစ္စယော) နောက်ပစ္စည်းက (အတ္ထိပစ္စယောပါဘုရား) အဲဒါ နိဗ္ဗာန်ကွ။

တကယ်တမ်းရှိတယ်

အာရုံအဖြစ်နဲ့လည်းရှိတယ်၊ တကယ်တမ်းလည်း ရှိ တယ်၊ ရိပ်မိပလား (ရိပ်မိပါတယ်ဘုရား) အာရုံပြုကြည့် ရင်ဘာတဲ့ (ရှိပါတယ်ဘုရား) ရှိတယ်။

ရှိတာကိုး ဒီမဂ်က မမြင်ဘူးလား (မြင်ပါတယ် ဘုရား)၊ မြင်ရတယ်၊ သူဘာမြင်သတုံး မေးတော့၊ သြော်-ဒီခု ငါမြင်တဲ့သဘောဟာတော့ဖြင့် ဒုက္ခမရှိတဲ့သဘောမြင်တာပဲလို့ သူမပြောပေ ဘူးလား (ပြောပါတယ်ဘုရား)။

ဒါဖြင့် ဒုက္ခရှိတဲ့သဘောနဲ့ ဒုက္ခမရှိတဲ့သဘော ခွဲပြီးသူ သိတယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

အရင် မဂ္ဂင်ငါးပါးတုန်းကတော့ ဒုက္ခရှိတဲ့သဘောသာ သူသိတယ်၊ မဂ္ဂင်ငါးပါးက နိဗ္ဗာန် မတွေ့သေးပဲကိုး (မှန်ပါ့)တွေ့ပလား (မတွေ့ပါဘူးဘုရား)။

နောက်ကျတော့ ဒါကြီး ရှေ့က ဒုက္ခတွေမလိုချင်တော့ ပါဘူး၊ မလိုချင်တော့ပါဘူး လို့ဆိုတဲ့အခါကျတော့ မလိုချင် တော့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့မဂ္ဂင်က သုံးပါးဝင်လာတယ်။

မဝင်ဘူးလား (ဝင်ပါတယ်ဘုရား) အဲတော့ သူ့ အမြင်က ဘယ်လိုမြင်ပါလိမ့်မတုံး ဒကာ ဒကာမတွေ အကဲ ခတ်စမ်း။

ဒုက္ခမရှိတဲ့သဘောမြင်တယ်

ဒါဖြင့် ဒုက္ခချုပ်တာ သူမြင်လိုက်တယ်၊ သဘောကျ ပလား (မှန်ပါ့) ဦးခင်မောင် ဘာမြင်ပါလိမ့် (ဒုက္ခ ချုပ်တာ သူမြင်ပါတယ်ဘုရား)။

သြော် ဒီနေရာက ဘာနေရာပါလိမ့်မတုံးလို့ သူ့ မေးကြည့်တော့ သူဘယ်လိုပြောတုံး (ဒုက္ခနိရောဓ ပါဘုရား)။

သြော်-အရင် သူ့ရှေ့ရောက်နေတာတွေက (ဒုက္ခပါဘုရား) အရင် သူ့ရှေ့ရောက်တာက ဒုက္ခ၊ ခုသူ့ရှေ့ ရောက်တာက (ဒုက္ခနိရောဓ) ဒုက္ခမရှိတာ ရောက်နေတယ် (မှန်လှပါ)။

ဒါဖြင့် သူ့ကျမှ ခင်ဗျားတို့ ပိုရှင်းမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား) ဘယ်လိုရှင်းပါလိမ့် (ဒုက္ခချုပ်ရာ နိရောဓပါဘုရား)။

သူ့အမြင်က နဂိုတုန်းက မဂ္ဂင်ငါးပါးက ဘာတွေချည့် မြင်နေတုံး (ဒုက္ခတွေချည်း မြင်နေပါတယ်ဘုရား)။

ဪ- နောက်ကျတော့ ဒီဉာဏ်က ထက်လာတဲ့အခါ ကျတော့ ဒီဒုက္ခတွေကိုကော မလိုချင်တော့ပါဘူးလို့ဆိုတော့ မဂ္ဂင်က ဘယ်နှစ်ပါးပြည့်တုံး (ရှစ်ပါးပြည့်ပါတယ်ဘုရား)။

သုံးပါးဖြည့်လိုက်တော့ ရှစ်ပါးပြည့်တယ် (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ရှစ်ပါးပြည့်တဲ့ အချိန်ကျတော့ သူ့အမြင်က ဘာတွေမြင်နေသတုံး (ဒုက္ခချုပ်တာတွေ မြင်နေပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်မတုံး

ဒုက္ခချုပ်တာကိုမြင်တယ်၊ ဒါဖြင့် သူဟာ ဒုက္ခချုပ်တာ သာ မြင်တာဗျ ဟုတ်ပလား (မှန်ပါ့)၊ ဒုက္ခမရှိတာသော့ မှတ်ပါတဲ့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးလို့မေးလို့ရှိရင် ဖြင့်၊ သူ့အမြင်ကဖြင့် ဒုက္ခမရှိတာချည့် သူမြင်နေတယ်။

ဒါဖြင့် မြင်တယ်ဆိုရင် ဒီမယ် ကြည့်နေရမယ် (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့) မြင်တယ်ဆိုရင် ဘယ့်နှယ်တုံး (ကြည့်နေရမှာပါဘုရား)။

ဘာရှိနေတုံး (ဒုက္ခချုပ်တာ ရှိနေပါတယ်ဘုရား) ဒုက္ခချုပ်တာ တစ်ခုရှိနေမယ် (မှန်ပါ့) ဒုက္ခချုပ်တာတစ်ခု ရှိနေမယ် ဒုက္ခချုပ်တာတစ်ခုရှိတယ်။

နဂိုက ဘာရှိတုံး (ဒုက္ခအစုပါဘုရား) အခု သူ မြင်တာက (ဒုက္ခချုပ်တာ တစ်ခု မြင်ပါတယ် ဘုရား) ဒုက္ခ ချုပ်တာ တစ်ခုရှိတာ သူမြင်တာ (မှန်ပါ့)။

မဂ္ဂင်ရှစ်ပါးပြည့်တော့

နဂိုအမြင်က ဒုက္ခကိုမြင်တာ (မှန်ပါ့) နောက် မဂ္ဂင်ရှစ်ပါးပြည့်တော့ ဘာမြင်ပါလိမ့် (ဒုက္ခချုပ်တာကို – မြင်ပါတယ်ဘုရား)။

ဒါ ရှိလို့မြင်တာလား၊ မရှိပဲနဲ့မြင်တာလား (ရှိလို့ မြင်တာပါဘုရား) ဒါဖြင့် နိဗ္ဗာန်ဟာ အတ္ထိပစ္စည်း (မှန်ပါ့)။

နိဗ္ဗာန်ဟာ အတ္ထိထဲကပဲ (မှန်ပါ့) သဘောကျပလား (မှန်ပါ့)၊ နိဗ္ဗာန်ဟာ ဘာပါလိမ့် (အတ္ထိထဲကပါ ဘုရား)။

နိဗ္ဗာန်ဟာ ဘာပါလိမ့် (အတ္ထိပါဘုရား) သြော် ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့တရားဟာ ရှိတဲ့တရား ပါလား (မှန်ပါ့)။

ဒါဖြင့် ဘယ်အချိန် တပည့်တော်တို့တတွေ တွေ့ရမှာ လဲဆိုရင် ဒကာဒကာမတွေ ရှစ်ပါးကို ပြည့်အောင်လုပ်၊ သဘောကျပလား (ကျပါတယ်ဘုရား)။

ဆင်းရဲကင်းတာမြင်ရမယ်

ဘာပြည့်အောင် လုပ်ရမှာတုံး (ရှစ်ပါးပြည့်အောင် လုပ်ရမှာပါဘုရား) ရှစ်ပါးပြည့်အောင် လုပ်လို့ရှိရင်ဖြင့် ဆင်းရဲ ကင်းတာ မြင်တော့မှာပဲ (မှန်ပါ့)။

ရှစ်ပါး မရှိသေးတဲ့ ပုဂ္ဂိုလ်ကဖြင့် ဆင်းရဲကင်းတာမမြင် ရသေးတဲ့အတွက် ဒကာ ဒကာမတို့ နိဗ္ဗာန်မကြိုက်သေးဘူး (မှန်ပါ့) သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ တာဝန်က ဘာပါလိမ့်မတုံး ရှိတာ၊ မရှိတာသိဖို့ အရေးကြီးနေတယ် (မှန်ပါ့)။

ဒုက္ခရှိလို့ရှိရင် သုခဟာ ဘယ့်နှယ်တုံး (ရှိပါတယ် ဘုရား) ရှိရမယ်၊ နို့-တပည့်တော်တို့ ဘာလို့မတွေ့တုံး၊ ဟောဒီ က မဂ္ဂင်ရှစ်ပါး မပြည့်လို့ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ဘာမပြည့်သေးတာပါလိမ့် (မဂ္ဂင်ရှစ်ပါးမပြည့် သေးတာပါဘုရား)၊ မဂ္ဂင်ရှစ်ပါးပြည့်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာတွေ တွေ့ရမယ်ထင်တုံး (ဒုက္ခ နိရောဓပါ ဘုရား)။

ကဲကဲ ဒီလိုဆိုကြပါစို့၊ ခင်ဗျားတို့ အကြိုက်အတိုင်း နဲ့ ပြောရမယ်ဆိုရင် ဒုက္ခမရှိတာ တွေ့ရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

ပုထုဇဉ်တုန်းက ဘာတွေတွေ့နေတုံး

ဘာတွေ့ရမတုံး (ဒုက္ခမရှိတာ တွေ့ရမှာပါဘုရား) အင်း-ဒီပုဂ္ဂိုလ်ပဲ ပုထုဇဉ်တုန်းက ဘာတွေတွေ့နေတုံး (ဒုက္ခအစုပါဘုရား)။

အင်း တစ်ခါတည်း ခုတော့ ဘယ်လိုသက်ဝင်ပါတုံး၊ ဘာတွေများ တွေ့ပါတုံး (ဒုက္ခချုပ်တာ တွေ့ပါတယ် ဘုရား)။

အင်း ဒါဖြင့် သူပြောတာလည်း ယုံပါတော့၊ ပုထုဇဉ် ပြောတဲ့ မဂ္ဂင်ငါးပါးက ပြောတာလည်း ယုံပါတော့ (မှန်ပါ့)။

မဂ္ဂင်ငါးပါးက ဘာရှိတယ်ပြောတုံး (ဒုက္ခအစု ရှိတယ်လို့ပြောပါတယ်ဘုရား) မဂ္ဂင်ရှစ်ပါးက ဘာပြောတုံး (ဒုက္ခမရှိတာ ပြောပါတယ်ဘုရား) ဒုက္ခမရှိဘူးလို့ ပြောတယ်။

ဒါဖြင့် ဒီယောဂီဟာ နဂိုက ခုနက ခွဲတာ ပြန်ခွဲလိုက် ဦးခင်မောင်တို့ကနော် (မှန်လှပါ) အနုဗောဓဉာဏ်နဲ့ တုန်းက ဒုက္ခတွေ့တယ် (တွေ့ပါတယ်ဘုရား)။

ဒါ ချုပ်ရင် နိဗ္ဗာန်လို့ သူနဂိုတုန်းက နှစ်ချက်သိထား တယ် (မှန်ပါ့ဘုရား) သို့သော် သူချုပ်တာ မမြင်သေးဘူး (မှန်ပါ့) မြင်ပလား (မမြင်သေးပါဘူးဘုရား)။

အနုဗောဓဉာဏ်တုန်းကမမြင်သေးဘူး

အနုဗောဓဉာဏ်တုန်းကလေ (တင်ပါ့)၊မမြင်သေး တော့၊ သူ ဒုက္ခသာ တွေ့ရတယ်၊ နိဗ္ဗာန်ကျတော့ မှန်းပြီးတော့ သိတယ် (မှန်ပါ့)။

နိဗ္ဗာန်ကျတော့ သူဘယ်လိုသိပါလိမ့် (မှန်းပြီး တော့ သိပါတယ်ဘုရား) သြော် သူက နှစ်ချက် တော့ သိတော့ သိတယ်၊ သိပေမယ့် တကယ်သိတာက ဒုက္ခသိ၊ ဟိုဟာက မှန်းသိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။

မဂ္ဂင်ရှစ်ပါးပြည့်သွားတော့ဘာတွေ့သတုံး

ဒါ မဂ္ဂင်ရှစ်ပါးပြည့်သွားတော့ ဦးခင်မောင် ဘယ့်နှယ် ဆိုမယ် (ဒုက္ခချုပ်ပါတယ်ဘုရား) ဒုက္ခချုပ်တာလည်းသိတယ်၊ မသိဘူးလား (သိပါတယ်ဘုရား)။

ဒုက္ခချုပ်တာသိတော့ ဒီပုဂ္ဂိုလ်ကို သူ့မေးကြည့်၊ ခင်ဗျား ဘာတွေ့သတုံးလို့ မေးကြည့် (ဒုက္ခမရှိတာတွေ့ပါတယ် ဘုရား)။ ဒုက္ခမရှိတာကို ကျုပ်တွေ့တယ်။

ဒါဖြင့် လက်ဝတ်လက်စားတစ်ခုမှာ၊ အင်း ဒီလက်ဝတ် လက်စားသည်ကားလို့ဆိုရင်၊ ပထမ ချေးတွေ ညှိတွေ တက်နေ တာတွေ့တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

နောက်ကျတော့ ပွတ်ပါများတော့ ပြောင်တဲ့အခါကျ တော့ကို ချေးညှော်တွေမရှိတာ တွေ့တယ်၊ မပြောပေဘူးလား (ပြောပါတယ်ဘုရား)။

ဒါဖြင့် ဘာကွာသတုံးလို့မေးရင် ဘယ့်နှယ်ပြောကြ မတုံး (ချေးညှော် မရှိ တာကွာပါတယ် ဘုရား) အဲ ချေးညှော်ရှိတာနဲ့ မရှိတာပဲကွာတယ်။

နိဗ္ဗာန်မကြိုက်တာ ဘယ့်နှယ်ကြောင့် ? ။

ရှိတော့ ရှိတာချည့်ပဲ (မှန်ပါ့) ရှေ့က အာရုံအဖြစ် နဲ့တော့ (ရှိပါတယ်ဘုရား)၊ ရှိတာချည့်ပဲ။ သို့သော် ဘယ့်နှယ်ကြောင့် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန် မကြိုက်နိုင်သေးသတုံး မေးတဲ့အခါကျတော့မှ ရှစ်ပါးမပြည့်လို့ မကြိုက်တာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

နိဗ္ဗာန်မကြိုက်တာဘယ့်နှယ်ကြောင့် (ရှစ်ပါး မပြည့်သေးလို့ပါဘုရား)။ ရှစ်ပါးပြည့်ရင် ဘယ့်နှယ်တုံး (ကြိုက်ပါတယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်လိုမှ စိတ်ကူးမလွဲနဲ့၊ ရှစ်ပါးပြည့် အောင် အရင်စမ်းလိုက် (မှန်ပါ့) ဟင် ဘယ့်နှယ်ဆိုကြ မတုံး (ရှစ်ပါးပြည့်အောင် အရင်စမ်းရမှာပါဘုရား)။

ရှစ်ပါးပြည့်အောင် အရင်စမ်းရလိမ့်မယ်နော် (မှန်ပါ့) စမ်းလိုက်လို့ရှိရင်တော့ဖြင့်၊ ခင်ဗျားတို့ ပြန်နိုင်သေးရဲ့လား (မပြန်နိုင်ပါဘူးဘုရား)။

ဆပြီးသိတာတစ်မျိုး

မပြန်နိုင်တော့ဘူး အဲဒီကျတော့၊ ဒါဖြင့် ပုထုဇဉ်ဉာဏ် ဟာ ဆပြီးသိတာပေါ်ပလား (မှန်ပါ့)၊ အရိယာဉာဏ်က မျက်မှောက်ပြုတာ၊ ဆသိနဲ့ ပစ္စက္ခသိ (မှန်ပါ့)၊ နှစ်မျိုးစွဲ လိုက်ပါတယ် (မှန်ပါ့)။

ကိုယ်တိုင်သိတာတစ်မျိုး

သိတာက နှစ်မျိုး၊ ဟုတ်လား ကိုယ်တိုင်သိက (တစ်မျိုးပါဘုရား)၊ ဆသိက (တစ်မျိုးပါဘုရား)၊ ကိုယ်တိုင်သိက(တစ်မျိုးပါဘုရား)။

ဒါဖြင့် ဆသိက အနုဗောဓဉာဏ် (မှန်ပါ့)၊ သဘောကျပလား (မှန်ပါ့)၊ ကိုယ်တိုင်သိက (ပဋိဝေဓဉာဏ်ပါဘုရား)။

ကိုယ်တိုင်သိက ပဋိဝေဓဉာဏ်

ဆ သိက (အနုဗောဓ) အနုဗောဓ ပုထုဇဉ်ဉာဏ် ရှင်းပလား (ရှင်းပါပြီဘုရား)၊ ကိုယ်တိုင်သိက (မဂ်ဉာဏ်)၊ မဂ်ဉာဏ် ပဋိဝေဓဉာဏ်လို့ ဆိုဆို၊ မဂ်ဉာဏ်လို့ ဆိုဆို (မှန်ပါ့)။

အဲဒိ ပုဂ္ဂိုလ်သွားမေးတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင် ရောက်လို့ရှိရင်လည်း ကိုယ်ကိုယ်တိုင် နိဗ္ဗာန်မြင်ရမှာပဲ (မှန်ပါ့)၊ မဟုတ်ဘူးလား။

သူတစ်ပါးရောက်တာ မပြန်ချင်တဲ့သဘော ထောက်ပြန် တော့လည်း ဒါရှိတာ သေချာတာပဲ (မှန်ပါ့)၊ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဦးခင်မောင် မေးကြစို့၊ ဥပမာ ကိုမြစိန်မေးပါတော့၊ ဦးမြစိန် တစ်ကိုယ်လုံးကျောက်တွေ ပေါက်နေတယ်၊ အပ်ချစရာမရှိဘူး (မှန်လှပါ)။

ကိုမြစိန် ဘာအလိုရှိတုံးမေးရင် ဘယ့်နှယ်ဖြေပါ့မတုံး (ပျောက်ချင်ပါတယ်ဘုရား)၊ ပျောက်ချင်တာပဲလို့ ဖြေ (မှန်ပါ့)၊ သဘောကျပလား။

ဘာအလိုရှိတုံး (ပျောက်ချင်တာ အလိုရှိပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘာအလိုရှိတုံး (ပျောက်ချင်တာပဲ အလိုရှိပါတယ်ဘုရား)၊ ပျောက်ချင် တာပဲ အလိုရှိတယ်။

ကိုင်း ဘုန်းကြီးတို့ စေတနာ မေတ္တာနဲ့ ဆေးကောင်း ဝါးကောင်းနဲ့ ကုလိုက်တယ်၊ တစ်ခါတည်း စင်ကြယ်သွားတယ်။ စင်ကြယ်သွားတော့ သွားမေးတဲ့အခါ ဘယ့်နှယ်နေတုံး မေးတော့ ဘယ့်နှယ်ပြောမတုံး (မရှိလို့ဘုရား)၊ မရှိလို့ ဘုရား (မှန်ပါ့)။

အနာပျောက်သွားပြီ

မရှိတော့ဘူး ပျောက်သွားပြီ ( မှန်လှပါ)၊ ဘာ ပျောက်တာတုံး မေးလို့ရှိရင် အနာပျောက်တာ (မှန်လှပါ)။ အထည်ရှိ၊ မရှိ (ရှိပါတယ်ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဟာလည်း ရှိတာပဲတဲ့ အနာဒုက္ခ အနာသာ ပျောက်သွားတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ့်နှယ် မှတ်ကြမတုံး (ဒုက္ခ အနာပျောက်သွား ပါတယ်ဘုရား)၊ အထည်ကတော့ (ရှိပါတယ်ဘုရား)။

အဲ နိဗ္ဗာန်သည် ဒါကြောင့် “အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ” ဆိုပြီး ဣတိဝုတ် ပါဠိတော်က အသေအချာ ဟောတယ်၊ သဘောကျပလား (မှန်ပါ့)၊ နိဗ္ဗာန်ဟာ ရှိတယ်နော် (မှန်ပါ့)။

ဘယ်လို ရှိတာတုံးမေးတော့၊ အနာမရှိဘဲနဲ့ပင်ကိုယ် ကောင်းနေတာရှိတာ၊ ခန္ဓာက အနာရှိတဲ့ သဘောနဲ့ ရှိတာ (တင်ပါ့)။

နိဗ္ဗာန်ကအနာမရှိဘဲနဲ့ရှိတာ

နိဗ္ဗာန်က (အနာမရှိဘဲနဲ့ပင်ကိုယ်ကောင်းတာပါ ဘုရား)၊ အနာမရှိပဲနဲ့ရှိတာ သဘောကျပလား (မှန်ပါ့)။

ခန္ဓာကတော့ ဘယ်လိုဆိုကြမတုံး (အနာရှိ ပါတယ်ဘုရား)၊ အဲ ဒုက္ခအနာကြီးလို့ ဘုရားက နေရာတိုင်း မှာ ဒုက္ခအနာလို့ ဟောလေ့ရှိတယ်၊ မရှိဘူးလား (ရှိပါတယ်ဘုရား)။

ဒါဖြင့် ဒီမဂ်နဲ့မြင်တဲ့ အမြင်က ဘယ်လိုမြင်ပါလိမ့် အနာမရှိတာမြင်တယ် (မှန်ပါ့)၊ ဒီ အနုဗောဓဉာဏ် အမြင်က ဘာပါလိမ့် (အနာရှိတာမြင်ပါတယ်ဘုရား)၊ အနာရှိတာမြင်တယ်။

အနာရှိတဲ့ ဒုက္ခကိုမြင်တယ်၊ သူက ဘာမြင်ပါလိမ့် (အနာရှိတာကို မြင်ပါတယ်ဘုရား)။

ဒါဖြင့် အထည်မရှိဘူးလို့တော့ ဆိုလို့ရရဲ့လား (မရပါဘူးဘုရား)၊ အင်း တစ်မျိုး အထည် တော့ ရှိတယ်၊ သေချာ ပလား (မှန်ပါ့)။

ခန္ဓာအထည်ဆိုရင်ဒုက္ခ

ခန္ဓာ အထည်မရှိဘူး (မှန်ပါ့)၊ ခန္ဓာအထည် ဆိုရင်တော့ ဒုက္ခကိုးဗျ (မှန်ပါ့)၊ ခန္ဓာအထည် ဆိုတော့ ဘယ့်နှယ် ဆိုကြမတုံး (ဒုက္ခပါဘုရား)။

ဒါဖြင့် ဒုက္ခခန္ဓာမရှိဘူးကွ (မှန်ပါ့)၊ သုခတော့ ရှိတယ်၊ ခန္ဓာတော့ သွားမထည့်နဲ့ (မှန်ပါ့)၊ ခန္ဓာထည့်ရင် သူက ဝင်တိုးတာ (မှန်ပါ့)။

သုခသက်သက်ရှိတယ်

ဘယ့်နှယ်ဆိုကြမတုံး (သုခပဲ ရှိပါတယ်) သုခသက်သက်ရှိတယ်ဟေ့ (မှန်ပါ့)၊ ဒုက္ခတော့နှင့် ၊ (မရှိပါဘူးဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သည် ခင်ဗျားတို့ အနုဗောဓဉာဏ် ကနေစတက် သဘော ကျပလား (မှန်ပါ့)။

ပြီးတော့ ဘယ်ကျအောင် တက် ရမတုံး (ပဋိဝေဓရောက်အောင်ပါဘုရား)၊ ပဋိဝေဓဆိုတဲ့ ရှစ်ပါး ပြည့်အောင်တက်၊ တက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒုက္ခချုပ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ချုပ်သည်နဲ့ တစ်ပြိုင်နက်တည်း ဒုက္ခနိရောဓက တွေ့လား မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

နိရောဓမျက်မှောက်ပြုတယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ မဂ္ဂင်ရှစ်ပါးပြည့်တဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဒုက္ခလည်း ပိုင်းခြားနိုင်တယ်၊ နိရောဓကော (ပိုင်းခြားနိုင်ပါတယ်ဘုရား)၊ မျက်မှောက်ပြုတယ် (မျက်မှောက်ပြုပါတယ်ဘုရား)။

ဒုက္ခကိုကော (ပိုင်ခြားပါတယ်ဘုရား)၊ နိရောဓ ကျတော့ (မျက်မှောက်ပြုပါတယ်ဘုရား)။

အဲ သူဘယ် နှယ်ကြောင့် မျက်မှောက်ပြုပြီး မြင်ပါလိမ့်မတုံးဆိုတော့၊ ဒီဘက်က ခါတိုင်း ကွယ်ကာနေတဲ့ တိမ်သလာနဲ့ တူတဲ့ ခုနက သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတွေ စင်သွားတယ် (မှန်ပါ့)။

ဒိဋ္ဌိ ဝိစိကိစ္ဆာ စင်သွားလို့ သမုဒယ ပယ်လိုက်တာပေါ့ (မှန်ပါ့)၊ ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ က သမုဒယလို့ မှတ်ပါ။

အဲ့ဒါ ချုပ်သွားတာနဲ့ သူက ဒုက္ခချုပ်တာ မြင်တာ ရှင်းပလား (ရှင်းပါပြီဘုရား)၊ ဒါသူတို့ ခံနေရင် မြင်ပါ့မလား (မမြင်ပါဘူးဘုရား)။

သစ္စာလေးပါးတစ်ပြိုင်နက်မြင်တယ်

ဒါဖြင့် ဒီမဂ္ဂသစ္စာ ဒီ ပဋိဝေဓဉာဏ်နဲ့ သိတဲ့အခါကျ လို့ရှိရင် လေးပါး တစ်ပြိုင်နက် မြင်တယ်ဆိုတာကော သဘော ကျပလား (ကျပါတယ်ဘုရား)။

ဒီဘက်က ဒုက္ခချုပ်တယ်၊ ဒုက္ခချုပ်တာလည်း သူသိ လိုက်တယ် (မှန်ပါ့)၊ ဒုက္ခမရှိတာလည်း (သူသိပါတယ် ဘုရား)။

သူ့ကွယ်နေတဲ့ တရားတွေ မရှိလို့ သူမြင်တယ်ဆိုတာ ကော (သိပါတယ်ဘုရား)။

ဒါဖြင့် သမုဒယလည်း ချုပ်နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (မှန်ပါ့)။

ကိုင်း ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။