151

ဆရာ့အပြောနဲ့ ခန္ဓာ့အဟောကိုက်အောင်လုပ်ပါ

အသံဖိုင်ခေါင်းစဉ်= သစ္စာကိုမပိုင်းခြားနိုင်သ၍ ဘဝတဏှာထဲမှမလွတ်နိုင်ပုံတရားတော်

စာအုပ်ခေါင်းစဉ်= ဆရာ့အပြောနဲ့ ခန္ဓာ့အဟော ကိုက်အောင်လုပ်ပါ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသောတရားတော်

ဆရာ့အပြောနဲ့ ခန္ဓာ့အဟော ကိုက်အောင်လုပ်ပါ

( ၁-၁-၅၉ )

ဒု က- စက်ဆုပ်စရာ၊ ခ က- အသုံးမကျတာ၊ သစ္စာက- အမှန်လို့ ပြောထားတယ်၊ ပေါင်း ခေါ်လိုက်တဲ့ အခါကျလို့ ရှိရင် ဖြင့် စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်လို့ မှတ်ထားလိုက်ပေါ့ (မှန်ပါ့)။

ဒုက္ခသစ္စာဆိုတာ

ပေါင်းခေါ်ရင် ဘယ့်နှယ်ခေါ်ကြမတုံး (စက်ဆုပ် စရာ၊ အသုံးမကျတာ အမှန်ပါ)။ အဲ- ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ နားလည်နေတာနဲ့ ကိုယ့်ဘာသာနဲ့ကိုယ် နားလည်တာနဲ့ ဘယ် ဟာက ပိုရှင်းတယ် ဆိုတာ ပေါ်လာ ကြပါလိမ့်မယ် (မှန်ပါ့)။

ဘယ်ဟာက ပိုရှင်းတုံး (ကိုယ့်ဘာသာနဲ့ ပိုရှင်းပါ တယ်)။ ကိုယ့်ဘာသာနဲ့ ကိုယ် နားလည် တာက ပိုရှင်းတယ်။ ကိုယ့်ဘာသာနဲ့ ကိုယ်နားလည်တော့ ဒကာ ဒကာမတွေ ကျတော့ ကိုး၊ ကိုယ့်ဟာကို ကိုယ့်ဉာဏ်နဲ့ ကိုယ်ကြည့်ပြီး ကိုယ့်ဖြစ်စဉ်နဲ့ ကိုယ် ကိုက်ကြည့်လိုက်တဲ့ အခါကျတော့ကို ချက်ချင်းပဲ မလိုချင် တဲ့ဉာဏ် ပေါ်လာတယ် (မှန်ပါ့)။

နာမည်ကြားတာနဲ့ မလိုချင်တာ ပေါ်လာတယ်။ နဂိုက ဒီဉာဏ်နဲ့ကို မကြားဖူးကြဘူး။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက (မကြားဖူးပါဘူး ဘုရား)။

ဒုက္ခသစ္စာ ကြားဖူးလား (မကြားဖူးပါဘူး ဘုရား)၊ ခုပြောခဲ့တဲ့ ကိုယ့်ဘာသာနဲ့ မကြားဖူးဘူး၊ ခုတော့ ကိုယ့်ဘာသာ နဲ့ ကြားဖူး ကြပြီနော်၊ ဘယ်လိုများ ကြားဖူးကြလဲ (စက် ဆုပ်စရာ၊ အသုံးမကျတာ အမှန်ပါ ဘုရား)။

ပင်ကိုအရင်းကို သိထားလို့

ဒါ ကိုယ့်ဘာသာနဲ့ ကြားလုံး၊ ကိုယ့်ဘာသာနဲ့ ပြီးတော့ ဒီ ခန္ဓာကြီးသည် စက်ဆုပ်စရာ၊ အသုံး မကျတာ အမှန်လို့ သိထားတော့ကိုး၊ စောစောစီးစီးက ဟိုဘဝ သိခဲ့လို့ ရှိရင်လည်း ဒီ စက်ဆုပ်စရာ၊ အသုံးမကျတာ ယခု ခန္ဓာကြီး ယူကြမယ် မဟုတ်ပါဘူး (မယူပါဘူး)၊ ယူကြပါ့မလား (မယူ ပါဘူး ဘုရား)

ယ္ခုဘဝပြီးရင် နောက်ဘဝ ယူပါဦးမလား (မယူကြ ပါဘူး ဘုရား) မယူကြတော့ဘူး၊ အဲ့ဒါ ဘာဖြစ်လို့ မယူကြ သတုံးလို့ မေးတော့ ပင်ကို အရင်းကို သိထားလို့ မဆိုထိုက် ဖူးလား (ဆိုထိုက် ပါတယ် ဘုရား)။

ပင်ကိုအရင်းကို ပါဠိဘာသာကလာဖုံးတယ်

ပင်ကို အရင်းကို သိထားလို့ပါတဲ့၊ ပင်ကိုအရင်းက နဂို ကတော့ ပါဠိဘာသာ လာဖုံးပြီး သကာလ ကိုယ့်အမှတ်နဲ့ဟာ ပါဠိဘာသာနဲ့ ဖုံးလိုက်တာ မြန်မာလို နာလည်မှု ဦးခင်မောင် ပျောက်သွားတယ် (မှန်လှပါ)၊ ကိုမြစိန်တို့ ပျောက်သွား တယ်။

ပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)၊ ဘာ ပျောက်သွားသတုံး (ကိုယ့်ဟာနဲ့ကိုယ် နားလည်မှု ပျောက် သွားပါတယ်)၊ ကိုယ့်ဘာသာနဲ့ ကိုယ် နားလည်မှု ပျောက်ပြီး သကာလ သွားတော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပဲ ဆိုတာကြီး ပျောက်သွားတော့ကိုး ဒကာ ဒကာမတွေသည် ဒါကြီးဟာက ဒုက္ခသစ္စာကြီးလို့သာ သိပြီး သကာလ နေတော့ ဒုက္ခသစ္စာကြီးလို့ သိရင် ဒုက္ခသစ္စာကြီး ပင်ကို သဘောဖြစ်တဲ့ အနက် သဘောတွေ ဖြစ်စဉ် သဘောတွေ ဦးဘတင်တို့ သိသေး ရဲ့လား (မသိပါဘူး ဘုရား)။

သမုတိသစ္စာကလည်းဖုံးတယ်

မသိကြဘူး မသိကြတော့ ဒီဒကာ ဒကာမတွေ ဘာဖြစ်လာတုံး ဆိုလို့ရှိရင်ဖြင့် လူဆိုတာ သမုတိသစ္စာက ဖုံးသွားတာက တစ်မျိုး၊ မနေ့ကပြောတဲ့ အမေမိဘက ချစ်ခင်လို့ မှည့်ထားတဲ့ နာမည်ကကော (ဖုံးပါတယ် ဘုရား)။

ဒီတော့ စက်ဆုပ်စရာ အသုံးမကျတာကြီး လာလာ ဖုံးတာပဲ (မှန်ပါ့) သဘောကျကြလား (ကျပါတယ် ဘုရား) ဘာလာဖုံးတုံး (စက်ဆုပ်စရာ၊ အသုံးမကျတာကြီး လာလာ ဖုံးပါတယ် ဘုရား)။

ပြီးတော့ ကိုကို မမ ဆိုတဲ့ သဘောတွေကကော (ဖုံးပါတယ် ဘုရား)၊ ဒါတွေကော ဘာပျောက် သွားသတုံး (သစ္စာ ပျောက်သွားပါတယ် ဘုရား)၊ ပင်ကို နှစ်လုံးပျောက် (မှန်လှပါ)၊ ပင်ကို အရှိပျောက်၊ ဒီလို မနေကြဘူးလား။

အဲဒါသည် ဒုက္ခသစ္စာဟာ ကိုယ့် ဘာသာနဲ့ကိုယ် – နားလည်ပါလို့ ဘုန်းကြီးက ပြောတယ် (မှန်ပါ့)၊ ကိုယ့်ဘာသာ ကိုယ် နားလည်ထားလို့ ရှိရင်ဖြင့် ဒီ ဒကာ ဒကာမတွေဟာ ဘယ်နည်းနဲ့မှ ဘဝတဏှာ မလာတော့ဘူး၊ ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဘာမလာတာတုံး (ဘဝတဏှာ မလာတာပါ ဘုရား)၊ ဘဝတဏှာ မလာတော့ဘူး၊ ဘဝတဏှာ မလာတော့ ဘူးဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘဝတဏှာဆိုတာ

ဘဝတဏှာ ဆိုတာက ကိုယ့်ခန္ဓာ ကိုယ့်ဘဝကို ကိုယ် ခင်တွယ်တဲ့ တဏှာ၊ ကိုယ့်နာမည်က အရင်းမသိလို့ လာတဲ့ တဏှာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာမသိလို့ လာတာတုံး (ကိုယ့်နာမည် အရင်းမသိ လို့ပါ ဘုရား)၊ ကိုယ့်နာမည် အရင်း ကိုယ်မသိလို့ လာကြတာ ဒကာ ဒကာမတွေ အသေအချာ မှတ်စမ်းပါ။

ကိုယ့်နာမည် အရင်းကို သိပါ။ သေသေချာချာ သိပါ။ ခရေစေ့တွင်းကျ သိလာပြီဆိုမှဖြင့် ဦးခင်မောင် ကိုယ်တိုင်ပဲ ဒီ နာမည်နဲ့ ဒီအဖြစ်တော့ မရချင်ပါဘူး ဘုရား ဆိုတာ လာမှာပဲ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒီ နာမည်နဲ့ ဒီအဖြစ် ဘယ့်နှယ့်နေကြတုံး (မလိုချင်ပါ ဘုရား)၊ ရှင်းကြလား (မှန်ပါ့)၊ ဒါဖြင့် ဒီနာမည်နဲ့ ဒီအဖြစ်ကို ယနေ့ ဒကာ ဒကာမတွေ ရှင်းပြမယ်တဲ့။

အဖုံးသုံးချက်

အဲတော့ မနေ့က ပြောခဲ့တာလေးလည်း ပြန်မှတ်လိုက် ပါဦး၊ မနေ့က ပြောခဲ့တာက

(၁) သမုတိသစ္စာကြောင့်လည်း ဒုက္ခသစ္စာပျောက်တယ် (မှန်ပါ့)၊ သဘောကျပလား။

(၂) အမေ၊ အဖေ ချစ်ခင်တဲ့ နာမည်ကြောင့်လည်း (ဒုက္ခသစ္စာ ပျောက်ပါတယ် ဘုရား)၊

(၃) အလုပ်ဂုဏ်၊ ပစ္စည်း ဂုဏ် ဝိုင်းမြှောက်လိုက်တာနဲ့ကော (ဒုက္ခသစ္စာ ပျောက်ပါ တယ် ဘုရား)။

အဲဒီ သုံးချက် ဖုံးနေတဲ့ အတွက် ဒုက္ခသစ္စာ ပျောက်တယ် လို့ပြောတယ်။ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာပျောက် တုံး (ဒုက္ခသစ္စာ ပျောက်ပါတယ် ဘုရား)။

ဒုက္ခသစ္စာ ဖုံးနေတာ ဘယ်နှစ်ချက်ပါတဲ့ (သုံးချက် (ပါ ဘုရား)၊ သုံးချက် မှတ်ထားစမ်းပါတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေနော်၊ အဲတော့ကို ဘုရားက ဟောထားတာက သစ္စာ မသိရင် သံသရာ ရှည်မယ် (မှန်ပါ့)၊ ဟောထားတာ သဘောကျကြလား (ကျပါတယ် ဘုရား)။

သစ္စာမသိရင် (သံသရာရှည်ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေက ဖုံးထား လိုက်တော့ အဖုံးသုံးချက် ကြောင့် တစ်ခါတည်း အပျောက်ကြီး ပျောက်သွားတာကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန် ခန္ဓာကိုယ် ဒေါ်ရီ တို့ သဘောကျပလား (ကျပါတယ် ဘုရား)၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်၊ အဲဒါ ဘာဖြစ်သွားသတုံးလို့ မေးတော့ ပျောက်ထွက် သွားတယ်၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)

မသိတဲ့တရားနဲ့ ပျောက်တဲ့တရား

ဒါဖြင့် မသိတဲ့တရားနဲ့ ပျောက်တဲ့တရား သတ္တဝါမှာ ဘယ်သူက ပိုမို နစ်နာစေသလဲ (ပျောက်တာ တွေက နစ်နာ စေပါတယ် ဘုရား)၊ ပျောက်တဲ့တရားက နစ်နာစေတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒို့ သံသရာထဲမှာ သေခဲ့တာ မသိလို့ သေခဲ့တာလား၊ ပျောက်ကို နေလို့ သေခဲ့တာလား (ပျောက်ကို နေလို့ သေခဲ့တာပါ ဘုရား)။

အံမလေး၊ အတော် ကြောက်စရာ ကောင်းပါလား၊ ပေါ် ကြပလား၊ ဦးမောင်နက်တို့ ပေါ်ပလား၊ မသိလို့ ရှည်တာလား ပျောက်နေလို့ကို ရှည်တာလား (ပျောက်နေလို့ကို ရှည်တာ ပါ ဘုရား)။

ကဲ-ရှည်သင့် မရှည်သင့် (ရှည်သင့်ပါတယ် ဘုရား)၊ ဪ ဒီတစ်ခါဖြင့် ဆရာကောင်း၊ သမားကောင်းလည်း တွေ့တဲ့ အခါကျတော့ ပျောက်လည်း မပျောက်စေကြပါနဲ့လို့ သတိပေး လိုက်တယ်။

ရှိလျက်နဲ့ ပျောက်နေတယ်

ရှိတာ ပျောက်နေတာနော် (မှန်ပါ့)၊ ရှိလျက်နဲ့ ပျောက်နေတယ်၊ မရှိလို့ ပျောက်တာလား၊ ရှိလျက်နဲ့ ပျောက် တာလား (ရှိလျက်နဲ့ ပျောက်တာပါ ဘုရား)။

ရှိလျက်နဲ့ ပျောက်ပြီး သကာလ နေတာကို သေသေချာချာ သတိထားပါ။ ကောင်းပြီ၊ ဒု တစ်စိတ်၊ ခ တစ်စိတ်၊ သစ္စာ တစ်စိတ် ပေါင်းလိုက်တော့ ဒုက္ခသစ္စာ။

ဒုက (စက်ဆုပ်စရာ) ခက (အသုံးမကျတာ)၊ သစ္စာက (အမှန်ပါ ဘုရား)၊ ပေါင်းတော့ (စက်ဆုပ် စရာ၊ အသုံးမကျတာ အမှန်)။

အဲဒါဟာ ခု ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်မှာ အစစ် ဒါပဲရှိတာပဲ။ အစစ် ဒါပဲ ရှိတယ်။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ အစစ်က ဒါပဲနော်။

ရှိလျက်နဲ့ မတွေ့ရင် ပျောက်သွားလိမ့်မယ်၊ ဒါ ပျောက်ရင် ဦးခင်မောင်တို့ ကျွမ်းထိုး မှောက်ခုံ သွားလိမ့်မယ် (မှန်ပါ့)။

ကဲ- မောင်သစ်တို့ ကျေနပ်ပလား (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေကော ကျေနပ် ကျပလား ၊ (ကျေနပ်ပါတယ် ဘုရား)၊ ဘာပျောက် သွားတာတုံးလို့ ဆိုလို့ရှိရင် နာမည်နဲ့တကွ အထည်ပါ ဉာဏ်နဲ့ မယှဉ်လာတော့ဘူး၊ ပျောက်ထွက် သွားတယ်၊ သဘောကျတယ်နော် (မှန်ပါ့)။

ဒုက္ခသစ္စာကြီး ပျောက်သွားတယ်

ကောင်းပြီ၊ ဒါဖြင့် စက်ဆုပ်စရာ အသုံးမကျတာ အမှန်ကို၊ ဒကာ ဒကာမတွေ တစ်သံသရာလုံး ဖျောက်ပစ်ခဲ့တဲ့ အတွက်၊ ကိုယ့်ခန္ဓာကြီးကို လူခန္ဓာ ဆိုလို့ရှိရင်လည်း လူနဲ့တူမှ၊ နတ်ခန္ဓာ ဆိုလို့ ရှိရင်လည်း နတ်ချမ်းသာမှ၊ ဗြဟ္မာခန္ဓာ ဆိုရင် ဗြဟ္မာချမ်းသာမှ တစ်ခါတည်း ဒုက္ခသစ္စာ ပျောက်ထွက် သွား တယ်။

မပျောက်ကြဘူးလား (ပျောက်ပါတယ် ဘုရား)၊ ပျောက်တဲ့ အခါကျတော့ လူ့ဘဝရရင် ကောင်းလေစွ ဆိုတဲ့ ဘဝ တဏှာကြီးက လာမယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

နောက်ဘဝရ ကောင်းလေစွ၊ ဘဝတဏှာ (လာပါ တယ် ဘုရား)၊ ဗြဟ္မာဘဝ ရောက် ကောင်းလေစွ ဘဝတဏှာ (လာပါတယ် ဘုရား)။ )

ဘာပျောက်လို့ ဘဝတဏှာလာတာတုံး

ကိုင်း ဘာပျောက်လို့ ဒီ တဏှာ လာတာတုံးသာ အကဲခတ်တော့ ဒုက္ခသစ္စာ ပျောက်နေတယ်၊ ဟုတ်လား။ ဒုက္ခသစ္စာ ပျောက်သွားလို့ ဘဝတဏှာက ပေးဝင်တာပေါ့ (မှန်ပါ့)။

ဦးမောင်နက်တို့ မင်းတို့ တိုးနိုင်ပါ့မလား (မတိုးနိုင် ပါဘူး)၊ မတိုးနိုင်ပါဘူး၊ သဘောကျ ကြပလား (ကျပါတယ် ဘုရား)၊ ဘဝတဏှာ တိုးလာတာသည် သူဘာလို့ တိုးတက် ကျယ်လာတုံး ဆိုတော့ သစ္စာပျောက်လို့ တိုးတက်လာတာ။

သစ္စာမပျောက်ရင် သူ တိုးတက်စရာရှိသေးလား (မရှိပါဘူး)၊ သစ္စာ ပျောက်သွားလို့ ရှိရင်ဖြင့်တဲ့ ဘဝ တဏှာဆိုတဲ့ သမုဒယသစ္စာက ထင်သလို ချယ်လှယ် တာပဲလို့ မှတ်၊ သစ္စာ မပျောက်ရင် မချယ်လှယ် နိုင်ဘူးတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာ မပျောက်ရင် (မချယ်လှယ်နိုင်ပါဘူး ဘုရား) ဒီတော့ သစ္စာပျောက်သွားတော့ ဘယ့်နှယ် နေတုံး (ချယ်လှယ်ပါတယ် ဘုရား)။

ချယ်လှယ်တော့ကို ခုကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်စဉ်း စားလိုက် ဒီဒကာ ဒကာမတွေ့ ခုလို သစ္စာကို ခုဘုန်းကြီး မဟောသေးပါဘူး နာမည်ပဲ တပ်တုန်း ရှိပါသေးတယ် (မှန်ပါ့)။

သစ္စာကိုမဟောသေးဘူး

နာမည်ပဲ တပ်တုန်းရှိပါသေးတယ် မဟောသေးပါဘူး ခုနာမည် အရင်းလေးကို ခင်ဗျားတို့ နဂိုက ပျောက်နေလို့ ဖော်တုန်း ရှိပါသေးတယ်၊ ဆိုးပုံဝါးပုံတွေကို မဟောသေးပါဘူး။ ဆိုးပုံဝါးပုံ ပင်ကို သဘောကို မပေါ်ကို မပေါ်သေးဘူး၊ ပြော ကိုး မပြောရသေးဘူး ဖြစ်နေတယ်။

အဲဒါနဲ့တောင်မှ နာမည်ရင်း သိတာနဲ့တောင်မှ၊ ဒီ ဉာဏ် အမြင်မျိုးနဲ့ ဒီအဖြစ် ကြုံချင် သေးသလားလို့ ဒီ ဒကာ ဒကာမတွေ အကုန်ပဲမေးတယ်၊ စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန် ဆိုတဲ့ နာမည်နဲ့ ဘာဖြစ်ချင်ကြတုံး (ဘာမှမဖြစ်ချင်ပါ ဘုရား)။

နတ်ဆိုင်းဘုတ်ဆွဲချင်သေးလား

စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ဆိုတဲ့ နာမည်နဲ့ ကဲ နတ်ဆိုင်းဘုတ် ဆွဲချင်သေးသလား မေးတော့ကော (မဆွဲချင်ပါ ဘုရား)။

ဗြဟ္မာဆိုင်းဘုတ် (မဆွဲချင်ပါဘူး ဘုရား)၊ သြော် လူဆိုင်းဘုတ် (မဆွဲချင်ပါဘူး ဘုရား)၊ စကြဝတေး မာရ်နတ် ဆိုင်းဘုတ် (မဆွဲချင်ပါဘူး ဘုရား)။

ဘာပြုလို့မဆွဲချင်ပါတုံးဆိုတော့ သြော် တပည့် တော်တို့ သူ့နာမည်အရင်း သိပြီဘုရား (မှန်ပါ့)၊ နာမည် အရင်းသိတာနဲ့ ဘဝတဏှာက ကွယ်နေပြီ၊ သစ္စာ မပိုင်းခြားရ သေးပါဘူးလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

သစ္စာ မပိုင်းခြားရသေးပဲနဲ့ ခု တရားဆိုတဲ့ ဆိုသလို ခု စပြီး နာတာနဲ့ပဲ ဒီနာမည်နဲ့ ဒီအဖြစ်တော့ ဘုရား မရချင်ပါဘူး ဆိုတာ လူတိုင်း ဉာဏ်ထဲမှာ လာမယ် (မှန် ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒီနာမည်နဲ့ ဒီအဖြစ် ဘယ်သူ ကြိုက်သတုံး (မကြိုက်ပါဘူး ဘုရား)၊ ဘာပြုလို့ မကြိုက်တုံး ဆိုတော့ ဒါ သစ္စာ သိသွားတာနဲ့ သစ္စာကို ဒါ ထိုးထွင်းဉာဏ်နဲ့ သိပါသလား။

သူ့ သစ္စာ၏ ပင်ကိုသဘော နာမည် ဆိုသလောက် သိ သေးတာလားလို့ မေးကြည့်လိုက် ခင်ဗျားတို့ (နာမည် ဆိုသလောက် သိသေးတာပါ ဘုရား)၊ နာမည်လေးလောက်ပဲ သိသေးတယ် (မှန်ပါ့)။

ဒါတောင် ဘဝတဏှာက ဘယ့်နှယ်နေတုံး (ပြတ် ပါတယ် ဘုရား)၊ သစ္စာသိမှ သံသရာ ပြတ်တယ် ဆိုတော့ အဲတော့ ဘဝတဏှာက ဒီဘက်က ထားလိုက်စမ်းပါဦး၊ ဘဝ တဏှာ ဒီဘက်က ထားလိုက်တော့၊ ဘဝတဏှာက ခု ဒကာ ဒကာမတွေ ဒုက္ခသစ္စာ ဆိုတာကို စက်ဆုပ်စရာ အသုံးမကျတာ အမှန် လို့လည်း ဘယ်အခါမဆို ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်ခန္ဓာ ရချင်သေးသတုံး

ဒါဖြင့် ဘယ်ခန္ဓာကိုရချင်၊ သုံးသပ် ချင်သေးသတုံး လို့မေးလိုက်မယ် (ဘယ်ခန္ဓာမှ မရချင်ပါ ဘုရား)။

ဒါဖြင့် ဒီတဏှာသေတယ်၊ မသေဘူးလား (သေပါ တယ် ဘုရား)၊ ဒီ တဏှာသေရင် သူ့နောက်က “တဏှာပစ္စယာ ဥပါဒါနံ” ကကော (သေပါတယ် ဘုရား)၊ သေရမယ်၊ သဘောကျပလား (မှန်ပါ့)။

ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဆိုတော့ ကာယကံ၊ ဝစီကံ ရောက်ကြောင်းကံတွေ ဘယ့်နှယ် နေတုံး (သေပါတယ် ဘုရား)။ နောက်ကြောင်းကံတွေ သေရမယ် မဟုတ်လား (မှန်ပါ့)၊ ကျေနပ် ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ဒါဟာ ထိုးထွင်းသိမဟုတ်ဘူးတဲ့ (မှန်ပါ့)၊ ထိုးထွင်းသိ မဟုတ်ပဲနဲ့ သေသွားတာ (မှန်ပါ့)၊ သစ္စာသိတာနဲ့ သေသွားတာ သစ္စာနာမည်နဲ့ သြော် အတော်ဆိုးပါလား၊ ဒီတစ် လုံးနဲ့ပဲ၊ တဏှာ၊ ဥပါဒါန်၊ ကံတွေ သေသွားတာ မသေဘူးလား (သေပါတယ် ဘုရား)။

တကယ်တမ်း ထိုးထွင်းသိမယ် ဆိုရင်ဖြင့် ဒကာ ဒကာမ တို့ ချက်ချင်း အရိယာ ဖြစ်မယ် ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

သစ္စာသိတာနဲ့ ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်

သူ နာမည်သိတာနဲ့တောင် ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက် သွားတယ်၊ တဏှာ မချုပ်ဘူးလား၊ ဒီဘက်က (ချုပ်ပါတယ်)၊ ဘဝတဏှာ ချုပ်တယ်၊ တဏှာ ချုပ်တော့ သူ့နောက်က လိုက်တဲ့ ဥပါဒါန်က (ချုပ်ပါတယ် ဘုရား)။

ဥပါဒါန်က ချုပ်တော့ ကမ္မဘဝဆိုတဲ့ ကံတွေက (ချုပ်ပါတယ် ဘုရား)၊ ကံတွေ မရှိတော့ ဒီဘက်က ဇာတိ၊ ဇရာ၊ မရဏတွေက လာဦးမလား (မလာတော့ပါဘူး ဘုရား)။

ကြည့်စမ်း ဒကာ ဒကာမတို့ ခု တရားနာရတဲ့သဘော လေး မကြာသေးပါဘူးတဲ့၊ မနေ့က တစ်နာရီ၊ ဒီနေ့ တစ်ဆယ့် ငါးမိနစ် ထားပါဦးတဲ့နော် (မှန်ပါ)။

ဒါနဲ့တောင် ခင်ဗျားတို့ ဘဝပြတ် နေပြီဗျ။ နောက်ဒုက္ခ ပြတ်နေပြီ (မှန်ပါ့)၊ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

ဘယ်လောက် ဒီဘုရားဟာ သစ္စာဟောမှ ဘယ်သူဖြစ် ဖြစ် ကျွတ်တမ်းဝင်တယ်၊ သစ္စာ မဟောဘဲနဲ့ ဘယ်သူမှ ကျွတ်တမ်း မဝင်ဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ သစ္စာဦးတိုက် ပြီးမှဝင်တာ၊ ရှင်းပလား (ရှင်းပါပြီ)။

သစ္စာမပါရင် (မဝင်ပါဘူး ဘုရား)၊ မဝင်ဘူး ဆိုတာ အသေအချာ မှတ်ပါ၊ ကဲ သဘောကျပလား မောင်မြစိန်တို့ (သဘောကျပါတယ် ဘုရား)၊ အဲ ဦးမောင်နက် တို့ကော

နာမည်သိလိုက်တာနဲ့ တဏှာသေတယ်

ဒါဖြင့် နာမည်လေး သိလိုက်တာနဲ့ ဘာသေသွား (တဏှာ သေသွားပါတယ် ဘုရား)၊ တဏှာသေတော့ သူ့နောက်က လိုက်တဲ့ ဥပါဒါန်ကော (သေပါတယ် ဘုရား)၊ ဥပါဒါန် သေတော့ နောက် အားထုတ်လတ္တံ့ ကံတွေကော (သေပါ တယ် ဘုရား)။

ကဲ- အဟုတ် ထိုးထွင်းသိပလားလို့ မေးလိုက်တယ် (မသိသေးပါဘူး ဘုရား)၊ မသိသေးပါဘူး၊ ကိုယ်အရုပ် ဆိုးတာလေး၊ ကိုယ်သဘော မကျတာလေး ရှိပါသေးတယ်၊ တကယ် အရုပ်ဆိုးတာကို မှန်ထောင် မကြည့်ရသေးပါဘူး (မှန်ပါ့)။

တရား မနာရင် သောတာပန် မတည်ဘူး

သူများ ပြောသံကြားနဲ့ အရုပ်ဆိုးတာ သိတာနဲ့ပဲ (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အဲ့ဒါကြောင့် တရား မနာရင် သောတာပန် မတည်ဘူး ဆိုတာ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။

တရားနာတော့ ကိုယ် အရုပ်ဆိုးတာ ကိုယ်သိတယ်။ နောက် ကိုယ် ကိုယ်တိုင် ကိုယ့်ခန္ဓာမှန်နဲ့ ယူကြည့်လိုက်တဲ့ အခါ ကျတော့မှ အဖြစ်ကို သိတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နာသိနဲ့ ဉာဏ်သိပါမှ သောတာပန်တည်မယ်

တရားနာတော့ နားကသိတယ်၊ ကိုယ်ကိုယ်တိုင် ဝိပဿနာရှုတဲ့ အခါကျတော့ ဉာဏ်က သိတယ်၊ အဲဒီ နာသိ၊ ဉာဏ်သိ နှစ်ခုမပါရင် ဘယ်သူမှ သောတာပန် မတည်ဘူးလို့ မှတ် (မှန်လှပါ)၊ ဦးသာဒင် ဒါ အသေအချာမှတ်စမ်း (မှန်ပါ့)။

တရားနာမှုနဲ့ တရားအားထုတ်မှုမရှိရင် မရဘူးတဲ့၊ သောတာပန်စခန်း မည်သူမှ မတက်လှမ်း နိုင်ဘူးတဲ့ (မှန်ပါ့)၊ ကဲ ကိုမြစိန်တို့ ဦးမောင်နက်တို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ကြော် ဒါ လိုရင်းတရားပါ လား ဆိုတာ ဦးခင်မောင်တို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ကဲမောင်သစ်တို့ ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (လိုရင်းတရား ပါ ဘုရား)၊ လိုရင်းတရားပဲ ဟုတ်လား (မှန်ပါ့)။ ၊

ဒါက ဘယ်တရားကို နာခဲ့နာခဲ့ နာရင် ကောင်းတယ်၊ သို့သော် လမ်းမဆုံးသေးဘူးလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်တရား နာခဲ့နာခဲ့ သူမပါသေးရင် (လမ်းမဆုံး , သေးပါဘူး ဘုရား)၊ လမ်းမဆုံးသေးဘူး၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

လမ်းဆုံးတရားက သစ္စာတရား

ဒါဖြင့် လမ်းဆုံးတရားသည် ဘယ်သူတုံးဆိုရင် သစ္စာတရား ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ လမ်းဆုံးတရား ကတော့ (သစ္စာတရားပါ ဘုရား)၊ သစ္စာတရားတဲ့၊ သစ္စာတရား။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်နာမည်အရင်း သိလိုက်တာ ဘဝတဏှာတော့ဖြင့် သေသွားပြီ၊ တဏှာသေတော့ ဥပါဒါန် ချုပ်၊ ဥပါဒါန်ချုပ်တော့ ကံချုပ်ပြီဆိုတာ နာမှုပဲ၊ ချုပ်တာရှိသေးတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ချုပ်တုံး (နာမှုနဲ့ ချုပ်တာပဲ ရှိပါသေးတယ် ဘုရား)၊ ကိုယ့်ခန္ဓာ မှန်လုပ်ပြီး သကာလ ကိုယ့်မျက်နှာ ကိုယ် ပြန်ကြည့်ရလိမ့်ဦးမယ် (မှန်ပါ့)၊ မကြည့်ရပေဘူးလား (ကြည့်ရပါတယ်)။

ကြည့်လိုက်တဲ့အခါကျတော့မှ ဒီနေ့ ကြည့်နည်းပြော တော့မယ်တဲ့၊ မနေ့က နာမည်ကို စပ်ပြောတာ (တင်ပါ့)၊ ဒီနေ့ ဘာပြောမယ်ထင်တုံး (ကြည့်နည်း ပြောမှာပါ ဘုရား)။

ခန္ဓာက မှန်၊ ဉာဏ်က အကြည့်သမား

ကိုယ့်ခန္ဓာက မှန်၊ ကိုယ့်ဉာဏ်က အကြည့်သမား၊ ခန္ဓာ က မှန်လို့ မှတ်ထားရမယ်၊ ဉာဏ်က ကြည့်သမား၊ ခန္ဓာက ဘာတုံး (မှန်ပါ ဘုရား)၊ ဉာဏ်က (ကြည့်သမားပါ ဘုရား)။

သြော် ဝိပဿနာဆိုတာ ဒီလို မှတ်ထားစမ်းပါ၊ ခန္ဓာ က မှန်၊ ဉာဏ်က အကြည့်သမား၊ ခန္ဓာက ဘာတုံး (မှန်ပါ ဘုရား)၊ ဉာဏ်က (ကြည့်သမားပါ ဘုရား)။

အဲ့ဒါ နှစ်ခုတည့်ရမယ်၊ ခန္ဓာက မှန်၊ ဉာဏ်က အကြည့် သမား ဆိုတော့ ခန္ဓာ စစ်ဆေး ရမှာ ပေါ့ဗျာ၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ခန္ဓာက မှန်၊ ဉာဏ်က ဘာတုံး (အကြည့်သမားပါ ။ ဘုရား)၊ အကြည့်သမားလို့ အသေအချာ မှတ်ထားပါ၊ ဦးမောင်နက်တို့ လူစုတွေ အိပ်နေလို့ မဖြစ်ဘူး၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ကဲ- ခန္ဓာက ဘာလုပ်ကြတုံး (မှန်ပါ ဘုရား)၊ ဉာဏ် က (အကြည့်သမားပါ ဘုရား) ကိုယ့်ကိုယ်ကို မှန်လုပ်ပြီး ကိုယ့်ဉာဏ်နဲ့ ကြည့်တာ၊ ပြီးတော့ ခန္ဓာက ပြော လိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ခန္ဓာကပြော လိမ့်မယ်။

ဘယ်သူဟောလို့ နိဗ္ဗာန်ဝင်သတုံး

ကိုင်း ဒါဖြင့် နိဗ္ဗာန်ဝင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒုက္ခခပ်သိမ်း ငြိမ်း တဲ့ နိဗ္ဗာန်ဝင်မယ့် ပုဂ္ဂိုလ်တွေ ဘယ်သူ တရားဟောလို့ နိဗ္ဗာန် ဝင်သတုံးလို့ မေးလို့ရှိရင်ဖြင့် ပထမတော့ဖြင့် ဓမ္မကထိက၊ ဓမ္မ ကထိက က အစပဲ (တင်ပါ့)၊ နောက် ခန္ဓာက ဟောတယ်။

ဓမ္မကထိက,က ဖော်ပေးတယ်၊ ခန္ဓာမှာ ဒီလို ရှိတယ်လို့ သဘောကျရဲ့လား (ကျပါတယ် ဘုရား)၊ တကယ် အစစ် ဟောလိုက်တာကတော့ ခန္ဓာကပဲ သွားပြလိုက်တယ်၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

တကယ် အစစ်ဟောတော့ ဘယ်သူကနေ ဟောတုံး (ခန္ဓာက ဟောပါတယ် ဘုရား)၊ ဒါဖြင့် ခန္ဓာက ဟောတာနဲ့ ဒီဘုရားက ဟောဟော၊ ဘုန်းကြီးကပဲ သစ္စာဟောဟော ဆိုတာ ဒီက ပထမဆရာ၊ ခန္ဓာက ဒုတိယဆရာ၊ ရိပ်မိပလား (မှန်ပါ့)။

အဟောက ပထမဆရာ မရှိဘဲနဲ့ ဒုတိယဆရာ၏ အဖြစ်ကို မသိဘူး၊ သိပါ့မလား (မသိပါဘူး ဘုရား)၊ အဲဒုတိယဆရာက သေသေချာချာ ပြောတဲ့ အခါကျတော့မှ ဟုတ်သားပဲ ဆိုပြီး ဉာဏ်ပါ ခေါင်းညိတ် ပေတော့၊ ဉာဏ်နဲ့သာ ခေါင်း ညိတ်တော့ သစ္စာသိတယ် (မှန်ပါ့)။

ဉာဏ်နဲ့ခေါင်းညိတ်ရင် သစ္စာသိတယ်၊ သိပ်ခက်တယ် လို့များ ထင်နေကြသလား၊ မထင်နဲ့၊ အားလုံး ဒကာ ဒကာမ တွေ ဒီဆရာကောင်း၊ သမားကောင်း မတွေ့ရင်တော့ဖြင့် ထိုင် လို့ကိုမရဘူး၊ ဘာလုပ်ရမှန်းကို မသိဘူး။

ဆရာကောင်း သမားကောင်းတွေ့တဲ့အခါကျတော့ ခန္ဓာ မှန်တပ်ပြီး ဉာဏ်နဲ့ပဲ ကြည့်၊ ခန္ဓာကပြောလိမ့်မယ်ဟေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာကပြောထားနှင့်မှ ခန္ဓာကဟောမှာ

ဘယ်သူက ပြောလိမ့်မတုံး (ခန္ဓာကပြောမှာပါ ဘုရား)၊ ခန္ဓာက ပြောမယ်၊ ခန္ဓာက ပြောလိမ့်မယ် ဆိုတာလည်း ဆရာက ဟောထားနှင့်မှ ခန္ဓာက ပြောတာ (မှန်ပါ့)။

ဆရာက ပြောမထားနှင့်လို့ ခန္ဓာက ဘယ်လိုဟောဟော မသိဘူး၊ ခန္ဓာက ဟုတ်လေ သူက ဒေါသဖြစ်လေ၊ ဆရာ ကပြောမထား နှင့်လို့ရှိရင် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိ ပါတယ် ဘုရား)။

ဆရာက ပြောမထားနှင့်ရင် ခန္ဓာက ဟောလေ ကိုယ် က ဒေါသဖြစ်လေ၊ ဆရာက ပြောထားနှင့်လို့ ရှိရင် ခန္ဓာကဟောလေ ကိုယ်က မဂ်ဆိုက်လေပဲ၊ သိပ်ကွာတယ်။

ဒါကြောင့် သောတာပန်တည်နည်း အကြောင်းက တရားကို မနာရလို့လည်း မတည်နိုင်ဘူးကွ၊ ခန္ဓာက အပြောကို မနာရလို့လည်း မတည်နိုင်ဘူးတဲ့ ဒီနှစ်ချက်ပဲရှိတယ်။

ဓမ္မာနု ဓမ္မ ပဋိပတ္တိဆိုတာ ဒါပဲ သဘောကျကြလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် သောတာပန် တည်နည်း အကြောင်း ဘယ်နှစ်ကြောင်းလည်း (နှစ်ကြောင်းပါ ဘုရား)။

ဒီနှစ်ခုကိုက်ရင် သောအာပန်တည်တယ်

ဆရာပြောနဲ့ ခန္ဓာပြော၊ ဒီနှစ်ခုကို ကိုက်လို့ရှိရင် ဆိုက်အောင် ဉာဏ်ထဲက ဆုံးဖြတ်ချက် ချနိုင်လို့ ရှိရင် သောတာပန် တည်တာပဲ။

ဆရာပြောရယ်၊ ခန္ဓာပြောရယ် နှစ်ချက် ဉာဏ်ကနေ ကြည့်လိုက်တဲ့အခါ ဆရာက ပြောတာနဲ့ ခန္ဓာက ပြောတာနဲ့ ထပ်ပြီဆိုလို့ရှိရင် ဒါ သောတာပန်တည်ပြီ၊ ဦးဘတင် ဘယ်လောက် သဘောပါတဲ့ စကားတုံး (မှန်ပါ့)၊ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အကျိုးတရားတွေနဲ့ ဦးခင်မောင် အများကြီးကွာသွား ပြီ၊ အများကြီးကွာသွားပြီ၊ မောင်သစ်တို့ မကွာဘူးလား (ကွာပါတယ် ဘုရား)။

ခုတော့ကြည့်လေ ဆရာက ပြောတာရယ်၊ ခန္ဓာက ပြောတာရယ် နှစ်ချက်ထပ်ရင် သောတာပန် တည်မယ်၊ ရှင်း – ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဆရာက ပြောတာကလည်း တရားဟောတာ၊ ခန္ဓာက ပြောတာကလည်း တရား ဟောတာ ဒီတရား နှစ်ချက် ကို တစ်ထပ်တည်း သွားပြီး ဉာဏ်က ဆုံးဖြတ်ချက် ချလိုက်တယ်၊ တစ်ထပ်တည်းပဲ။

ခန္ဓာက ပြောတာနဲ့ ဆရာက ပြောတာနဲ့ တစ်ထပ် တည်းပဲဆိုရင် သောတာပန် တည်တာ ရှင်းပလား၊ ဒါဖြင့် ပေဋကောပဒေသနဲ့ သွားဟုတ်တယ်၊ ခုပြောတဲ့စကားနဲ့က (မှန်ပါ့)။

သစ္စာတရား နာရသည် ဖြစ်စေဆိုတာ ဆရာက ပြော တာဟုတ်လား (မှန်ပါ့)၊ သစ္စာတရားကို ကိုယ်တိုင်ကျင့်ကြံ သည်ဖြစ်စေ ဆိုတာက ခန္ဓာကပြောတာ။

ဤနှစ်ပါးသိလို့ရှိရင် သာဝကပါရမီဉာဏ် ပြည့်ပြီကွလို့ ဘာမှ ပါရမီတွေ ဖြည့်မနေနဲ့၊ ကဲ- ဘယ်လောက် နီးကပ်တုံး (နီးကပ်ပါတယ် ဘုရား)၊ မနီးကပ်ဘူးလား (နီးကပ်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ (နီးကပ်ပါတယ်)၊ သောတာပန်တည်ဖို့ ဝေးသလား (မဝေးပါဘူး ဘုရား)၊ သစ္စာတရား နာရသည် ဖြစ်စေ ဆိုတော့ ဆရာပြောတာကို နာရတာ သဘောကျပလား (မှန်ပါ့)။

ဒီနှစ်ချက်ညီရင် ကိစ္စပြီးတယ်

ခန္ဓာက ပြောတာကိုပဲ ခင်ဗျားတို့ ဆရာပြောတာနဲ့ ကိုက်အောင် မြင်နေလို့ရှိရင်ဖြင့်တဲ့ ခင်ဗျားတို့ ဒီနှစ်ချက်ညီရင် ကိစ္စပြီးတာပါပဲတဲ့။

ဆရာဟောတာရယ်၊ ခန္ဓာကပြောတာရယ်၊ နှစ်ချက် သာ ကိုက်ပစေ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်လို မှတ်ကြမယ် ဒီနေ့ (ဆရာဟောတာရယ် ခန္ဓာပြောတာရယ် ပါ ဘုရား)။

ခန္ဓာ ဟောတာရယ် ဆရာကလည်း သူပြောတာပဲ (တင်ပါ့)၊ ခန္ဓာက ဟော၊ ဆရာက (ပြောပါလိမ့်မယ်)၊ ခန္ဓာ က (ဟောပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အဲ- ဆရာပြောနဲ့ ခန္ဓာဟော ကိုက်ရင် သောတာပန် တည်ရမယ် သဘောကျပလား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်လိမ့်မယ် ပြောတာလား၊ ဆရာပြောနဲ့ ခန္ဓာဟောကိုက်လို့ရှိရင်ဖြင့် ကိစ္စပြီးပြီလို့ ပြောတာလား (ကိစ္စပြီးပါတယ်)။

ကိစ္စပြီးတယ်ဆိုတာ ကိလေသာ သေတယ်ပြောတာ၊ ကိလေသာ သေရင် နိဗ္ဗာန် ရောက်တယ် ပြောတာပဲ ဦးခင်မောင် ရ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနှစ်ချက်ဟာ ဒီဥစ္စာ မှတ်ရတော့မယ်၊ အလွန် အရေးကြီးတဲ့ နှစ်ချက်ဆိုတာ မှတ်စမ်းပါ။ ဘယ်လို မှတ်ကြမယ် ဆရာပြောရယ် (ခန္ဓာပြောရယ်ပါ ဘုရား)၊ နှစ်ချက် ကိုက်ရမယ်။

နှစ်ချက်ကိုက်လို့ ခင်ဗျားတို့ဉာဏ်ထဲက ဒီနှစ်ချက် တယ်ညီတယ် ဆိုလို့ရှိရင် သောတာပန် တည်တဲ့ အချိန်လို့သာ မှတ်ပေတော့။

ဒို့ဆရာလည်း ဟောရဲ့ သားနဲ့ဗျာ ဒို့ဘာနဲ့များ ဒို့ဆရာ ပြောထားတာနဲ့ ဒို့ခန္ဓာက ဟောထား တာနဲ့ သိပ်ကိုက်ပါလား ဆိုရင် ဒါ ဒုက္ခပိုင်းခြား ပြလိုက်တာပဲ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာ့အပြောနဲ့ ခန္ဓာ့အဟောကိုက်အောင်လုပ်ပါ

ဘယ်နှစ်ချက်တုံး (နှစ်ချက်ပါ ဘုရား) ဘာတုံး ဘာတုံး နှစ်ချက် လုပ်ပြစမ်းပါဦး (ဆရာပြောနဲ့ ခန္ဓာဟော ကိုက်ရမှာပါ ဘုရား) ကိုက်အောင်လုပ်လိုက်။

ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါမှာ ဆရာပြောနဲ့ ခန္ဓာဟောနဲ့ သိပ်ကိုက်ပါလားဟေ့ဆိုရင် ဒါ ဒုက္ခပိုင်းခြား လိုက်တဲ့ ပရိညာကိစ္စ ပေါ်လာတယ် (မှန်ပါ့) ပရိညာ ကိစ္စပြီးသွားတာပဲ (မှန်ပါ့)။

ကိုအုန်းမောင်၊ ကိုနက်တို့ ဘယ်လောက် လွယ်တုံး (လွယ်ပါတယ် ဘုရား) အလကား ဝေ့သွား နေတာနဲ့ ဝေးနေ ကြတာ (မှန်ပါ့) ဝေ့သွားနေကြတာ။

တစ်စ တစ်စဆိုရင် ဘယ်ကလာရမှာတုံး

မင်းတို့ နိဗ္ဗာန် ရောက်လိမ့်မယ် တစ်စတစ်စတော့ သေချာတယ်ကွ။ အင်း တစ်စ တစ်စ ဆိုရင်ဖြင့် စ,နေတာနဲ့ပဲ ဆုံးမှာ မဟုတ်ပါဘူး။ တစ်စတစ်စ ဆိုတာက ဟိုတစ်စ ဒီတစ်စ ပြောတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဟိုတစ်စ ဒီတစ်စနဲ့ ဘယ်က လာရမှာတုံး (တင်ပါ့) တစ်စ တစ်စလား ခုဥစ္စာက (မဟုတ် ပါဘူး) ဆရာပြောနဲ့ ခန္ဓာဟော ကိုက်လို့ ရှိရင် ခင်ဗျားတို့ ကိစ္စပြီးပြီ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဆရာက ပြောတာက ဒု-ရယ်၊ ခ-ရယ် သစ္စာရယ် ဆရာပြောတာက (မှန်ပါ့) ဘယ်လို ထိအောင် ပြောတုံး စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန် ဆရာပြောထား တာ၊ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့်၊ စက်ဆုပ်စရာလည်း တွေ့မယ် ဆိုရင် ပြီးတာပဲ။ အသုံးမကျတာလည်း တွေ့ရမယ်၊ အမှန်လည်း တွေ့မယ် ဆိုရင် ပြီးတာပဲ။

ဘာမှ ရှာမနေနဲ့ ဘာမှ ရှာမနေနဲ့တော့ ရှင်းပလား မောင်မြစိန်က (ရှင်းပါတယ် ဘုရား) အို ဦးမောင်နက် တို့က။

ကိုင်း ဒါဖြင့် ဆရာပြောတာကဖြင့် လမ်းဆုံးပါပြီတဲ့၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဟာဖြင့် ဒီဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ပါပဲ ဟောလိုက်တယ်။

ကြည့်နည်းပေးရဦးမယ်

ကိုယ့်ဉာဏ်နဲ့ ကိုယ်ပြန်ကြည့်ရမယ်။ သို့သော် ကိုယ့် ဉာဏ်နဲ့ ကိုယ်ပြန်ကြည့်တာဟာ ဆရာနဲ့လည်း ရှုဉာဏ်လေး လည်း ကူရလိမ့်ဦးမယ် (မှန်ပါ့) ရှုဉာဏ် မကူရင်လည်း မရ သေးဘူး။ ခင်ဗျားတို့ ကိုယ်မှာ ရှုဉာဏ် မပါလို့ရှိရင်လည်း မဖြစ်သေးပါဘူး။ ကြည့်နည်းကို ပေးရဦးမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကြည့်နည်းပေးတော့ စက်ဆုပ်စရာက စပေးပါ့မယ်။

ဒု၊ ကတံ- ဒု၊ ကုစ္ဆိတံ လို့ ဟောလိုက်တယ်၊ ကုစ္ဆိတံ ဆိုတာ စက်ဆုပ်တာ။

ဘယ့်နှယ်ကြောင့် စက်ဆုပ်စရာလို့ ကိုယ်ပိုင်ဉာဏ်နဲ့ မြင်ရမှာတုံးလို့ မေးတဲ့ အခါကျတော့ သြော် ဟုတ်တယ် ဒကာ ဒကာမတွေရ၊ ခင်ဗျားတို့က ဉာဏ်နဲ့ တိုက်ရိုက်သာ သူ့ဆီကို မတည့်လို့ သေသေချာချာ သူက စက်ဆုပ်စရာ ပြောပြီ၊ ခန္ဓာက ခန္ဓာက။

ခန္ဓာက ဘာတုံး၊ သေသေချာချာ ဘာတုံး (စက် ဆုပ်စရာ)၊ ကဲ- စက်ဆုပ်စရာ ဟုတ် မဟုတ် ကြည့်ကြပါစို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့က စက်ဆုပ်စရာကို စက်ဆုပ်စရာလို့ မမြင်ဘူး၊ ခက်နေတာက စက်ဆုပ်စရာကို မမြင်လာဘူး။

ကဲ- မြင်အောင် ပြောတော့မယ် ဆိုတော့၊ စက်ဆုပ်စရာ ကို မြင်အောင် ပြောပါတော့မယ် ဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ သန္တာန်မှာ စိတ်တွေကလည်း ပုထုဇဉ် စိတ်တွေက အကုသိုလ် စိတ်ကလည်း သုံးခုစလုံး ပြည့်နေတာပဲ။

လောကီစိတ်က ရှစ်ဆယ့်တစ်

ကဲ- တိုတိုပြောကြပါစို့ဆိုတော့ လောကီစိတ်က လောကီစိတ်ပိုင်းက ခင်ဗျားတို့ စားချင်၊ သောက်ချင်၊ နေချင်၊ ထိုင်ချင်၊ ကုသိုလ်ယူချင်တဲ့ စိတ်တွေက လောကီစိတ်က ရှစ် ဆယ့်တစ်စိတ် ရှိတယ်၊ သဘောကျပလား (မှန်ပါ့)။

ဘယ်လောက်ရှိတုံး (ရှစ်ဆယ့်တစ်ပါ ဘုရား)၊ လောကီစိတ်က ရှစ်ဆယ့်တစ် ရှိတယ်၊ ဒါက ရှစ်၊ ဒါက တစ်လို့ မှတ်တာပေါ့၊ ရှစ်နဲ့တစ်နဲ့ ပေါင်းတော့ ရှစ်ဆယ့်တစ်နော် (မှန်ပါ့)။

စေတသိက်က ငါးဆယ့်တစ်

ရှစ်ဆယ့်တစ်မနေဘူးလား အဲဒီထဲမှာ အသာထား၊ ခင်ဗျားတို့မှတ်တာထား၊ လောဘ သူနဲ့ ယှဉ်ဖော် ယှဉ်ဖက် စေတသိက်က ငါးဆယ်နဲ့တစ်ခု သဘောကျပလား (ကျပါ တယ် ဘုရား)။

ရှစ်ဆယ့်တစ်နဲ့ ငါးဆယ့်တစ် ကဲ- ဦးမောင်နက်တို့ ပေါင်းလိုက် ဘယ်လောက်ရတုံး (တစ်ရာ သုံးဆယ့်နှစ်ပါ ဘုရား)၊ ဟုတ်ပလား ရှစ်ဆယ့်တစ်နဲ့ ငါးဆယ့်တစ်နဲ့ ပေါင်းရင် ဘယ်လောက်တုံး (တစ်ရာ သုံးဆယ့်နှစ်ပါ ဘုရား)။ (၈၁ + ၅၁ = ၁၃၂)

အဲဒီကျမှ ခင်ဗျားတို့ ခန္ဓာထဲမှာကတော့ ဒါ ခင်ဗျားတို့ ခန္ဓာထဲ ရှိတယ်၊ ဒါက စိတ်ကိုပြောတာ၊ ဒါက သူနဲ့ ယှဉ်ဖော် ယှဉ်ဖက် စိတ် စေတသိက်ကို ပြောတာ၊ သူက ခွဲလို့ကို မရဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်က နှစ်ဆယ့်ရှစ်

ကဲ- ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးက ကိုင်တွယ်ရတာကြီး ရုပ်က နှစ်ဆယ့်ရှစ် ပေါင်းပါ။

(၁၃၂ + ၂၈ = ၁၆၀) (တစ်ရာ့ခြောက်ဆယ်ပါ ဘုရား)၊ တစ်ရာ့ခြောက်ဆယ် ကိုက်နေတာပဲ (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)၊ ရှင်းပြီနော် (မှန်ပါ့)။

ဘယ်လောက်ရှိတုံး (တစ်ရာ့ခြောက်ဆယ်ပါ ဘုရား)၊ အဲဒါ ခင်ဗျားတို့ ခန္ဓာ ကျန်တဲ့ခန္ဓာတွေ အကုန်ပေါင်း လိုက်တာပဲ၊ ခင်ဗျားတို့၏ သက်သက် မဟုတ်တော့ဘူး၊ လောကီမှာ ဒါအကုန် ပေါင်းလိုက် တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လောကီမှာ ဒါပေါင်းလိုက်တာနော်၊ လောကီမှာ ဒါတွေပေါ့ဗျာ၊ လောကုတ္တရာ အရိယာပုဂ္ဂိုလ် ချန်ပြီးတော့ လောကီ ဆိုင်ရာ ပေါင်းလိုက်တော့ ဘယ်လောက် ရှိသွားတုံး (တစ်ရာ့ခြောက်ဆယ်ပါ ဘုရား)။

ပေါင်းလိုက်တော့ ရုပ်နဲ့နာမ်ပဲရှိတယ်

တစ်ရာ့ ခြောက်ဆယ်တိပဲ မို့လား (မှန်ပါ့)၊ ကိုင်း တစ်ရာ့ ခြောက်ဆယ် မှတ်ထား၊ ကိုင်း ခင်ဗျားတို့ သန္တာန်မှာ တစ်ရာ့ ခြောက်ဆယ် ခုရှိတဲ့ဥစ္စာကို ဒီက တစ်ရာနဲ့ ခြောက်ဆယ် ထားပါတော့ ခင်ဗျားတို့၊ ခင်ဗျားတို့ ဒီ တစ်ရာ့ခြောက်ဆယ်ကို ဪ ရုပ်နဲ့နာမ်ကိုးဗျ၊ ပေါင်းလိုက်တော့ ရုပ်နဲ့နာမ် ပဲ ရှိတော့တယ်၊ သဘောကျပလား (မှန်ပါ့)။

ပေါင်းလိုက်တော့ ဘာရှိတုံး (ရုပ်နဲ့နာမ်ပဲရှိပါတယ် ဘုရား)၊ ရုပ်နာမ်ရှိနဲ့ ဒါက ပင်ကိုရှိ၊ ဟိုဘက်က ဦးမောင်နက် တို့လူစုက ဒါ ငါပဲ ငါ့ဥစ္စာပဲ လုပ်တာ။

ဒါ သိမ်းပိုက်တယ်၊ ဒီတစ်ရာ့ခြောက်ဆယ်ကို ဘာလုပ် ထားတုံး (ငါပဲ ငါ့ဥစ္စာပဲ လုပ်ထား ပါတယ် ဘုရား)၊ ငါပဲ ငါ့ဥစ္စာပဲလို့ သိမ်းပိုက်လိုက်တယ်၊ မသိမ်းပိုက်ဘူးလား (သိမ်းပိုက် ပါတယ် ဘုရား)။

ဒါ ဘယ်သူတုံး ဒါ တပည့်တော်၊ ဟိုဘက်က ဘယ်သူတုံး ကိုညီတို့ လူစုတွေပဲ၊ တို့လူစုတွေပဲ အစ ရှိသည်ပေါ့လေ၊ မသိမ်းပိုက်ကြဘူးလား (မှန်ပါ့)၊ တပည့်တော်ပဲ။ တပည့်တော်မပဲ မဆိုကြ ဘူးလား (ဆိုကြပါတယ် ဘုရား)။

ဒါဖြင့် တဏှာဒိဋ္ဌိက ဒီတစ်ရာ့ခြောက်ဆယ်ကို ငါ့ ပစ္စည်း လုပ်ထားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တဏှာ ဒိဋ္ဌိက ဘာလုပ်ထားတုံး (ငါ့ပစ္စည်း လုပ်ထားပါတယ် ဘုရား)။

တဏှာဒိဋ္ဌိ

ငါ့ပစ္စည်း လုပ်ထားတော့ ဒီတစ်ရာ့ ခြောက်ဆယ်တည်း ဟူသော တရားကို၊ တဏှာဒိဋ္ဌိ တည်းဟူသော တရားက ငါ၊ ငါ့ဥစ္စာ လုပ်ပြီး သကာလ ထားတော့ ဒီတစ်ရာ့ခြောက်ဆယ် တည်းက ဒါက အမေထားပါ၊ ဒါက မွေးတဲ့သား ရှင်းပလား (မှန်ပါ့)။

ဒီ တဏှာဒိဋ္ဌိက အမေထား ဦးခင်မောင် (မှန်ပါ့)၊ တစ်ရာ့ခြောက်ဆယ်က (မွေးတဲ့သားပါ ဘုရား)၊ မွေးတဲ့ သားတွေ၊ သားပေါင်း ဘယ်လောက်ရှိတုံး (တစ်ရာ့ခြောက် ဆယ်ပါ ဘုရား)။

အမေကတော့ တဏှာဒိဋ္ဌိ (မှန်ပါ့)၊ သဘောကျ ပလား (မှန်ပါ့)၊ ဘာပြုလို့ တဏှာဒိဋ္ဌိကို ဘုန်းကြီးက အမေ လို့ ဥပမာ ပေးလိုက်ရ သတုံးလို့ ကိုမြစိန်တို့လူစု ဦးမောင်နက်တို့ က မေးလို့ ရှိရင်ဖြင့် ဒါ ဘယ်သူတုံး ဆိုရင် ငါလို့ စွဲတာ၊ ဒါ ဘယ်သူ တုံးဆိုရင် ငါ့ဥစ္စာလို့ပြောတာ၊ သူမွေးတဲ့ သားလို့ သူပြောတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ငါ၊ ငါ့ဥစ္စာ လုပ်ထားတယ်

ငါ၊ ငါ့ဥစ္စာလို့ မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊ ခန္ဓာကိုယ်ကြီး ငါ၊ ခြေကလေးတွေ လက်ကလေးတွေ ဘယ်သူ့ ဥစ္စာတုံး ဆိုတော့ ငါ့ဥစ္စာ၊ ဟုတ်လား တစ်ခါ မျက်လုံး ကလေးတွေ၊ နှာခေါင်း ကလေးတွေ ကျတော့ ဘယ်သူ့ဟာတုံး မေးတော့ (ငါ့ဥစ္စာပါ ဘုရား)၊ ဆံပင်လေး တွေကျတော့ (ငါ့ဥစ္စာပါ ဘုရား)။

သြော် ဒီလိုလုပ်ထားကြတာ ရှင်းကြပလား ၊ (ရှင်းပါပြီ ဘုရား)၊ ငါ၊ ငါ့ဥစ္စာ လုပ်ထားတော့ ဝေဒနာက ခံစားချင်တယ်၊ သဘောကျပလား (မှန်ပါ့)။

တဏှာက လိုချင်တယ် ဒီထဲမှာ ပါနေတာက မပါဘူး လား (ပါ ပါတယ် ဘုရား)၊ ဒေါသက စိတ်ဆိုး ချင်တယ်၊ ကဲ သားသမီးတွေက အတုယူကြရဲ့လား၊ ဝါဒတူကြရဲ့ လား၊ အစပ်တူကြရဲ့လား (မတူပါဘူး ဘုရား)။

ဒါဖြင့် ဒီအမေလုပ်တဲ့ပုဂ္ဂိုလ် ဒီသုံးယောက် နိုင်အောင် ထိန်းရတယ်၊ ထိန်းနိုင် ကြပါ့မလား (မထိန်းနိုင် ပါဘူး ဘုရား)။

တစ်ယောက်က ရေချိုးချင်တယ်၊ လောကီဥပမာပြော ရရင် တစ်ယောက်က ကျင်ကြီး စွန့်ချင်တယ်၊ သဘောကျရဲ့လား။

ဒီအမေ တစ်ယောက်တည်း တဏှာဒိဋ္ဌိ အမေက ဘယ်လို လုပ်ပြီး သူ့အတွက် ခင်ဗျားတို့ ယဉ်ကျေးအောင် အလို လိုက်အောင် မပင်ပန်းဘဲနဲ့ မြင် နိုင်ပါ့မလား၊ သူတို့ အလိုကျ လိုက်ရေ တာ့မှာပဲ။

ငါ၊ ငါ့ဥစ္စာလို့ လက်သည်ထားတာကို လိုက်ရမှာပဲ မဟုတ်လား (မှန်ပါ့)၊ သို့သော် လိုက်နိုင်စရာ အကြောင်းရှိ မရှိ (မရှိပါဘူး ဘုရား)။

သူတို့က အကြိုက်တူပါ့မလား (မတူပါဘူး ဘုရား)၊ သားပေါင်း တစ်ရာ့ခြောက်ဆယ်ကလေ (မတူပါဘူး ဘုရား)၊ မတူတော့ ဒါကို ခင်နေတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အတွက် အားစရာများ ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။

အမောလေးများ ဖြေစရာ (မရှိပါဘူး ဘုရား)၊ ဘာ ဖြစ်လို့တုံးဆိုတော့ တစ်ရာ့ခြောက်ဆယ်မှာ တစ်ယောက်နဲ့ တစ်ယောက် အလို မတူဘူးတဲ့ (မှန်ပါ့)။

အကြိုက်မတူကြ

တစ်ယောက်က ရေချိုးချင်တယ်၊ တစ်ယောက်က ကျင်ကြီး စွန့်ချင်တယ်၊ တစ်ယောက်က ဟင်း လိုချင်တယ်၊ တစ် ယောက်က ဆေးသောက်ချင်တယ်၊ တစ်ယောက်က ဟုတ် လား ချွေးသုတ် ပေးစေချင်တယ်၊ ဘယ့်နှယ့် လုပ်မှာတုံးတဲ့ ဒီဥစ္စာ ကဲ လိုက်နိုင်ကြပါ့မလား (မလိုက်နိုင်ပါဘူး ဘုရား)။

မလိုက်နိုင်တော့ ဒါတွေဟာ မလိုက်နိုင်လို့ ဘုထိုင် ထိုင်နေရမှာလဲ ခင်ဗျားတို့က မထိုင်နိုင် ဘူးဗျ၊ ငါ၊ ငါ့ဥစ္စာ လုပ် တယ် (မှန်ပါ့)၊ သက္ကာယ ဒိဋ္ဌိက မကွာဘူး (မကွာပါ ဘူး ဘုရား)၊ ကွာသေးရဲ့ လား (မကွာပါဘူး ဘုရား)။

မကွာတော့ ဘာလုပ်ထားကြတုံး (ငါ၊ ငါ့ဥစ္စာ လုပ် ထားပါတယ် ဘုရား)၊ ဪ သေပါ လိမ့်မယ် ခင်ဗျားတို့ (မှန်လှပါ)၊ သေပါလိမ့်မယ်၊ သေပါလိမ့်မယ်၊ အမောဆိုက် ပြီးတော့ကို သေစေ ရမယ်၊ မသေဘူးလားဗျ (သေမှာပါ ဘုရား)။

ဒါကြောင့် သတ္တဝါတွေ သေတဲ့အခါကျလို့ရှိရင် ကိစ္စ ပြီးပြီး သေသလား၊ တန်းလန်း သေသလား သာ ဆုံးဖြတ်ချက်ချ (တန်းလန်း သေပါတယ် ဘုရား)။

ဘယ်လိုများသေကြသတုံး

ဒါဖြင့် သေခြင်းဆိုး ချည့်ပဲပေါ့ဗျ(မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)၊ ဘယ်လိုများ သေကြတုံး (သေခြင်းဆိုးပါ ဘုရား)၊ ကိစ္စ ပြီးပြီ ဟော သူ့ကိစ္စပြီးပလား သူ့ကိစ္စသေပလား တစ်ရာ့ ခြောက်ဆယ် စလုံး ကိစ္စ ရွက်ဆောင် ပြီး သကာလ သူတို့ကျေနပ်ပြီး သေသွားတာလားလို့ မေးကြည့် လိုက်စမ်း (မကျေနပ်ပါဘူး ဘုရား)။

မကျေနပ်ဘူး မကျေနပ်ဘူး ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား)၊ ဪ ဒါဖြင့် အဲ့ဒါကို သြော် ဒီလောက်တောင် အလိုမလိုက် အကြိုက်မပါ ဒကာ ဒကာမတွေက စဉ်း စားတော့ ပြီးတော့ သူတို့က ဘာလုပ်တတ်သတုံး ဆိုတော့ ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါ အကုန်လက်ခံတယ်။

ခန္ဓာကိုယ်က (မှန်ပါ့)၊ ခန္ဓာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါ ဘာတုံး (လက်ခံပါတယ် ဘုရား)၊ လက်ခံတယ်။

ကျွေးရှင် မွေးရှင်များ ငဲ့သေးသလား (မငဲ့ပါဘူး ဘုရား)၊ အင် ငါ ငါ့ဥစ္စာ လုပ်တာက အမေပြန် ပြန်ပြီး သကာလ ကျွန်တော်တို့၊ အမေအကြိုက်နေပါ့မယ်လို့များ ပြောသေး သလား (မပြောပါဘူး ဘုရား)။

ကိုးဆယ့် ခြောက်ပါးသော ဘေးရောဂါ၊ နှစ်ဆယ့် ခြောက်ပါးသော ဝဋ်၊ ကိုးဆယ့် ခြောက်ပါးသော ဝေဒနာ၊ နှစ် ဆယ့် ခြောက်ပါးသော ဘေးနော်၊ နှစ်ဆယ့်ငါးပါးသော ဘေး မလာဘူးလား (လာပါတယ် ဘုရား)။

ကံကြမ္မာတွေ ရွက်ဆောင်နေတယ်

သုံးဆယ့်နှစ်ပါးသော ကံကြမ္မာတွေ သူတို့က ဘာလုပ် နေတုံး (ရွက်ဆောင်နေပါတယ် ဘုရား)၊ အံမလေး ၊ ခင်ဗျားတို့ ကျုပ်တို့က ငါ့ကိုယ်၊ ငါ့ဟာများ လုပ်ပြီး ထားလိုက် တာ သူတို့က ထင်သလို အကုန် လက်ခံပြီး သကာလ ထိန်းချုပ် လို့လည်း မခံဘူးလား၊ ခံလား (ခံပါတယ် ဘုရား)။

ခင်ဗျားတို့က ငါ့ကိုယ် ငါ့ဟာ ဆိုပြီး အပြေးကလေးနဲ့ပဲ တရား ဆုံးတယ် (တင်ပါ)၊ ခုမှ သတိရစရာ တွေ့လို့ ဒီလိုမှန်း သိတော့သိကြပြီ (သိပါတယ် ဘုရား)။

သိတော့ သိကြပေမယ့် ငါ့ကိုယ် ငါ့ဟာ ဆိုပြီး သိတော့ သိတာပဲ၊ သူတို့က ငါ့ကိုယ်ငါ့ဟာ မဟုတ်တဲ့ အတွက်၊ ကိုးဆယ့် ခြောက်ပါး ဘေးရောဂါတို့၏ တည်ရာ ဌာနကြီး အကုန်ဖြစ်လေ သောကြောင့်၊ ကိုးဆယ့် ခြောက်ပါးသော ဘေးရောဂါတို့ကို လက်ခံ တတ်တဲ့ သဘောသတ္တိ ရှိလေ သောကြောင့်၊ သူတို့ဟာ စက်ဆုပ်စရာသာ ခင်ဗျားတို့ မြင်ရတယ်၊ တွေ့ပြီကွ။

ဘယ်လိုမြင်ရတုံး (စက်ဆုပ်စရာသာ မြင်ရပါ တယ် ဘုရား) သေသေချာချာ မြင်ရတယ်၊ သဘောကျပလား (သဘောကျပါတယ် ဘုရား)။

ဘယ်လိုမြင်မှ အမြင်မှန်တုံး

ဘယ်လိုမြင်မှ အမြင်မှန်ပါလိမ့် (စက်ဆုပ်စရာ မြင်မှပါ ဘုရား)၊ ကိုးဆယ့် ခြောက်ပါးသော ဘေးရောဂါတို့ကို ဦးသာဒင်က အသေအချာ လက်မခံဘူး ဆိုတော့ ရောဂါ ပြော ကြစမ်းပါဦး, (မတွေ့ပါဘူး ဘုရား)။

တစ်ရာ့ ခြောက်ဆယ်က ဘာငြင်းစရာရှိတုံး (မရှိပါ ဘူး ဘုရား)၊ ဘယ်ဟာမှ မငြင်းပယ် ဘူးနော် (မငြင်းပါ ဘုရား)၊ ငြင်းပယ်တော့ကို ဒီက ထင်နေတဲ့ ငါ့ကိုယ် ငါ့ဟာ သမားက သြော် ကြည့်လိုက်ရ ရှုလိုက်ရတာလည်း လွန်လို့ ကျုပ်တို့ကလည်း မတည့်ပါဘူး။

ဒါ မအားရင်လည်းနေ ဒါ ဝေဒနာတွေချည်းပဲ။ မကောင်းတာတွေနဲ့ ပေါင်းသင်းပြီး ဆက်ဆံ နေတဲ့ ဥစ္စာ တော်ပါပေါ့၊ တန်ပါပေါ့လို့ ခင်ဗျားတို့က မလာဘူး။

စက်ဆုပ်စရာကြီး ကျုပ်တို့ ပေါင်းသင်း နေရတာ (မှန်လှပါ)၊ ကိုယ့်အလို ကိုယ့်အကြိုက် ဆိုတာ ပါတယ်၊ လိုက်တယ် ဆိုတာ ရှိရဲ့လား (မရှိပါဘူး ဘုရား)။

သူတို့ ပေါင်းချင်ရာနဲ့ ပေါင်းနေတာ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီ စက်ဆုပ်စရာကြီးကို ခင်ဗျားတို့က စက်ဆုပ်စရာ ဆိုတာ မမြင်ရှာဘူး၊ ငါ့ကိုယ် ငါ့ဟာပဲ လုပ်တုန်း ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်မတန်နက်တဲ့စကားတွေ

အဲတော့ ဒု-ဆိုတာကို သူက မမြင်ဘူးတဲ့ (မှန်ပါ့)၊ မြင်သေးရဲ့ လား (မမြင်ပါဘူး ဘုရား)၊ အတော် သဘောပါ တယ်နော် ကြပ်ကြပ် သတိထားပါ။ အင်မတန် နက်တဲ့ စကားတွေ လို့လည်း အောက်မေ့ပါ၊ မနက်ဘူးလား (နက်ပါတယ် ဘုရား)။

ခု ဒု-ဆိုတာ လေးတစ်လုံးတည်း ဟောနေတာ (မှန် လှပါ)၊ သူက ကိုးဆယ့် ခြောက်ပါးသော ဘေးရောဂါတို့ကို တမဟုတ်ချင်း အမြဲလက်ခံပြီး သကာလ နေတာ၊ ကာယိက ဒုက္ခ လာရင်လည်း လက်ခံတာပဲ၊ စေတသိက ဒုက္ခလာရင်ကော (လက်ခံပါတယ် ဘုရား)။

ကိုးဆယ့် ခြောက်ပါး လာရင်ကော (လက်ခံပါ တယ် ဘုရား)၊ နှစ်ဆယ့် ငါးပါးသော ဘေးဥပါဒ် လာရင်ကော (လက်ခံပါတယ် ဘုရား)၊ သုံးဆယ့် နှစ်ပါးသော ကံကြမ္မာ တွေ လာရင်ကော (လက်ခံ ပါတယ် ဘုရား)။

ဒါဖြင့် ကျွေးချင် မွေးချင် ငါ ငါ့ဥစ္စာသမား ပေါင်းသင်း စရာရှိရဲ့လား၊ စက်ဆုပ်စရာလား မေးကြည့် (စက်ဆုပ်စရာ ပါ ဘုရား)၊ တော်ပြီလား ခင်ဗျားတို့က တော်ပြီ ငါ၊ ငါ့ဥစ္စာ မလုပ်တော့ဘူး ခွာပြီလား။

ဘယ့်နှယ်တုံး ခွာနိုင်ကြရဲ့လား ခင်ဗျားတို့ (ခွာနိုင် ပါတယ် ဘုရား)၊ ဒု- ကလည်း စက်ဆုပ် စရာ ချည့်လုပ်နေတယ် (မှန်ပါ့)၊ မလုပ်ဘူးလား လုပ်လား (လုပ်ပါတယ် ဘုရား)။

ကိုးဆယ့် ခြောက်ပါးက ဘာလုပ်နေတုံး (စက်ဆုပ် စရာ လုပ်နေပါတယ် ဘုရား)၊ စက်ဆုပ်စရာ လုပ်ပြီး သကာလနေတော့ ခင်ဗျားတို့က ပူစရာတွေ့ ခဏပဲတွေ့၊ အနွေးထည် အကျီ တွေ အမျိုးမျိုး ဆင်ပြီး၊ အမျိုးမျိုး ကျွေးပေး၊ အမျိုးမျိုး မွေးပေး။

သူက ခင်ဗျားတို့ကို ကြည်ညိုစရာ တစ်ခု လုပ်သလားလို့ မေးကြည့် (မလုပ်ပါဘူး ဘုရား)၊ မအိုပါနဲ့ မောင်နိုင် မနာပါ နဲ့၊ မရှိပါဘူး တောင်းပန်ကြည့် (မလွယ်ပါဘူး ဘုရား)။

ဘယ်အနာမှ လက်မခံနဲ့နော် မင်း ငါအင်မတန် ကျေးဇူး တင်လွန်း၍ အောက်မေ့ပြီး ပြုခြင်း၊ ရှူခြင်းမက ပြုထား ပါတယ်၊ တောင်းပန်လို့ ရကြရဲ့လား (မရပါဘူး ဘုရား)။

သူဖြစ်ချင်သလို ဖြစ်နေတာ

သူဖြစ်ချင်သလို ဖြစ်နေတာ၊ မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား)၊ အဲတော့ သူ့ကို ခင်ဗျားတို့က ဘယ်လိုမြင် ရမှာတုံးတဲ့ (စက်ဆုပ်စရာလို့ မြင်ရမှာပါ ဘုရား)။

စက်ဆုပ်စရာလို့ မြင်ရမယ်၊ အဲဒါက သူက ခန္ဓာက အမှန်၊ ခင်ဗျားတို့က စက်ဆုပ်စရာလို့ မြင်နေရမယ်၊ ခန္ဓာက အမှန်နော် (မှန်ပါ့)၊ ဉာဏ်က စက်ဆုပ်စရာလို့ မြင်နေရ မယ် (မှန်ပါ့)။

ခန္ဓာက အမှန်ပြောနေတာ

ခန္ဓာက အမှန်သဘောနဲ့ ပြောနေတာ (မှန်ပါ့)၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)၊ ကြည့်တဲ့သူက ဘယ်လိုမြင်ရမယ် (စက်ဆုပ်စရာလို့ မြင်ရမှာပါ ဘုရား)။

စက်ဆုပ်စရာလို့ မြင်ရမယ်၊ ဪ ခြေ နာလာပြန် လို့ရှိရင်လည်း သြော် စက်ဆုပ်စရာပဲ မနာအောင်လို့ကို ဆေးတွေ ဝါးတွေ ရေတွေ မိုးတွေနဲ့ အမျိုးမျိုး အန္တရာယ်ကင်း ဘေးရှင်းပါစေတော့ မေတ္တာရေ တွေတောင် “အဟံ အဝေရော ဟောတု” လုပ်ထားတာ၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အော်ပြီး မေတ္တာပို့ပေးပါ

အဟံ- အကျွန်ုပ်သည်၊ အဝေရာ- ရန်မရှိ၊ ဟောတု- ဖြစ်ရပါလို၏၊ အံမလေး ဒါ လုပ်ထား တာတွေ၊ နည်းတာတွေ မဟုတ်ဘူး၊ သဘောကျပလား (ကျပါတယ် ဘုရား)။

သူ့အတွက် ခတ်အော်အော်လေး ပို့ပေးပါ (ရယ်သံများ) (အော်ပါတယ် ဘုရား)၊ အော်ပေ မယ့်လို့ သူက ကြားမှ မကြားတဲ့ ဥစ္စာ၊ ကြားသေးရဲ့လား (မကြားပါဘူး ဘုရား)၊ ဒီ အမေလုပ်တဲ့ သူကသာ အော်နေတာပဲ (တင်ပါ့)။

ဟိုလူက အလယ်ပိုင်း တာဝန် မင်း မင်း မေတ္တာပို့ နေတယ်၊ မေတ္တာပို့ပေမယ့် ငါက ထော်လော် ကန့်လန့်ချည့် ၊ လုပ်ချ လိုက်မယ် (မှန်ပါ့)။

မေတ္တာပို့ရင်း ဒုက္ခဝေဒနာ

မင်း မေတ္တာပို့ရင်းကို ဒုက္ခဝေဒနာ ရရမယ်၊ မင်းနေရာရွေ့ရမယ်၊ ကိုင်း စက်ဆုပ်စရာ လုပ်ပြ နေတာ၊ ဘာအကြောင်းပဲ ခင်ဗျားတို့ ကလည်း မောင်နိုင်ရေ၊ ဖြုန်းခနဲတော့ ဖြင့် ဒီလို မလုပ်ပါနဲ့၊ ကျုပ်က ဖြေးဖြေး ကြွပြီး၊ မ,ပေးပါ့မယ် ဆို ပြီး သာသာ ထိုးထိုးများ လုပ်နေသေးတယ်၊ ဘယ် လောက်များ အရုပ်ဆိုး နေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ပို့လိုက်တဲ့မေတ္တာလည်း မပြောပါနဲ့၊ တားလိုက်တဲ့ ပရိတ် ဒီကြားထဲက ကန့်လန့် လုပ်နေတာပဲ သူကလည်း (မှန်ပါ)၊ ခင်ဗျားတို့ ပို့လိုက်တဲ့ မေတ္တာတွေကလည်း နေ့မအား ညမအား မလုပ်ကြ ဘူးလား (လုပ်ပါတယ် ဘုရား)။

ဟာ အော်ကြီး ဟစ်ကြီး လောကကြီးက အန္တရာယ် ဘေးက များလေလေ ဟုတ်လား၊ ကြီးလေလေ သာကြီးကျယ် လေလေ၊ အဟံ အဝေရာ ဟောတု မလုပ်ဘူးလား လုပ်လား (လုပ်ပါတယ် ဘုရား)။

လုပ်သာလုပ်တယ် သူက ဟောဒီ လုပ်ရင်းမတ္တနဲ့ ကာယိကဒုက္ခ နှိပ်စက်လိုက် ပြန်တယ်၊ နာလို့ ပြင်လို့ ပြောင်းရပြီ ဘယ့်နှယ် အန္တရာယ် ကင်းကြရဲ့လား (မကင်းပါဘူး ဘုရား)။

အဗျာပဇ္ဇော ဟောမိ- ကြောင့်ကြခြင်း ကင်းရပါလို၏။ အို ကြီးကျယ် လျက်ပါ ဆိုကတည်းက ကြောင့်ကြလျက်ပါ။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကဲ- ဘာဖြစ်နေနေ၊ ကာယိက ဒုက္ခ၊ စေတသိက ဒုက္ခက လက်ခံမလား၊ မခံဘူးလား (လက်ခံပါတယ် ဘုရား)၊ ခံနေပြီသူက ခင်ဗျားတို့က မေတ္တာပို့တုန်း။

ဓာတ်စာနဲ့ကျွေးရ

မောင်နိုင်တို့ ဦးလှဘော်တို့ ဒီတစ်ခါ ဥတုရာသီက မကောင်းဘူး၊ ကြိုက်တာလေး ချက်ကျွေး နေပါ့မယ် ဆိုပြီး ဓာတ်စာ သဘောနဲ့ ကျွေးနေလိုက်သေးတယ်၊ မကျွေးဘူးလား (ကျွေးပါတယ် ဘုရား)။

ကျွေးတော့ သူက အံမာ ဝမ်းနာတယ်၊ ခါးနာတယ်၊ ရင်နာတယ်၊ ရင်ကျပ်တယ်နဲ့ လုပ်ပြီ၊ မဖောက်ဘူးလား၊ ဖောက်လား (ဖောက်ပါတယ် ဘုရား)။

ဖောက်ချင်လို့ ဖောက်တာလား၊ သူက သေသေချာချာ လက်ခံလို့ဖောက်တာလား (လက်ခံလို့ ဖောက်တာပါ ဘုရား)၊ အဲတော့ ကျွေးရှင် မွေးရှင် ကန့်လန့် လုပ်တာတောင် ခင်ဗျားတို့က မစက် ဆုပ်ဘူး၊ မက်နေတယ်၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာတုံးဗျ (ကျွေးရှင် မွေးရှင် ကန့်လန့် လုပ်နေတာ ပါ ဘုရား)၊ ကန့်လန့် လုပ်နေတာ ခင်ဗျားတို့ တော်ပြီကွာ၊ စက်ဆုပ်ပြီကွာ၊ ဒီသား ဒီသမီး မမွေးချင်ဘူးကွာ၊ ဒီလို လာရမှာ၊ ဒီအမြင် မြင်ရမှာ မမြင်နိုင်ရှာဘဲ ဖြစ်နေတာက ထူလိုက်တာ အလိုက်တာက လွန်နေတာပဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ သစ္စာ မမြင်ဘူး ဆိုတာ ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ လွှဲချတယ်၊ ဘယ်သူ မကောင်းလို့ ကျုပ် ဒီလို ဖြစ်ရတာ လွှဲချတာ သူမကောင်းလို့ကို မပါဘူး (တင်ပါ့)။

သူ့ကျတော့ လွှဲလိုက်တာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဆွေမကောင်းလို့၊ မျိုးမကောင်းလို့၊ ဆေးမကောင်းလို့ ဥတု မကောင်းလို့ လွှဲချတာပဲ၊ သူမကောင်းလို့ကို တစ်ခါမှ မပါဘူး (မှန်လှပါ)။

သူ့တော့ တစ်ခါတည်း အိမ်ဦးခန်းကထား ကိုးကွယ် တော့မယ့်ပုံပေါ့ဗျာ (တင်ပါ့)၊ ဒီခန္ဓာကြီးတော့ တစ်ရာ ခြောက်ဆယ်က သားဆိုး သမီးဆိုး တစ်ရာ့ ခြောက်ဆယ်က အိမ်ဦးခန်း ကထား ကိုးကွယ်တော့မယ့် ပုံလုပ်နေ။

ဘယ်သူ့စက်ဆုပ်ရမှာတုံး

သူ့ စက်ဆုပ်ရမယ် စက်ဆုပ်ရမှာက ကဲ ကိုမြစိန် ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)၊ ဘယ်သူ့ စက်ဆုပ်ရမှာတုံး (ခန္ဓာငါးပါး စက်ဆုပ်ရမှာပါ ဘုရား)၊ ပေါင်းလိုက်တော့ တစ်ရာ့ခြောက်ဆယ် (မှန်ပါ့)။

ဒီတော့ ဘယ့်နှယ့်ကြောင့် စက်ဆုပ်စရာတုံး ဆိုတော့ ကိုးဆယ့်ခြောက်ပါးသော ဘေးရောဂါတို့ ဦးခင်မောင် ဝေဒနာ က္ခန္ဓာ (မှန်ပါ့)။

ပြီးတော့ ကျွေးရှင် မွေးရှင်များ ငဲ့သေးသလား (မင့် ပါဘူး ဘုရား)၊ မငဲ့ပေမယ့် ခင်ဗျားတို့က မစက်ဆုပ်တာ ခက် တယ်။

သူ့နာမည် အရင်းက ဘာတုံး (စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ပါ ဘုရား)၊ စက်ဆုပ်စရာ တင် ထားပါဦးတော့၊ ဒီနေ့ စက်ဆုပ်စရာနဲ့ပဲ ဇာတ်သိမ်းမှာပါပဲ (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အသုံးမကျတာ မထည့်နိုင်ဘူး၊ နာရီက စေ့သွားမှာကိုး၊ ကဲ စက်ဆုပ်စရာကိုပဲ ကဲ မောင်မြစိန်တို့ ဦးမောင်နက်တို့က အကဲခတ်ကြည့် ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ကိုယ်က အင်း မျက်စဉ်းနဲ့ မျက်လုံးနဲ့ ဟုတ်လား၊ ရေခွက်နဲ့ အမျိုးမျိုး အဖုံဖုံ လုပ်ပေးရတယ်။

ဒီထဲက မျက်လုံးမွဲလာတယ်၊ ဒီထဲက ငါ့အလို လိုက် လား၊ လက်ခံ လိုက်တာ သူက ဟုတ်လား။

သူ့ဟာနဲ့သူ မင်းတို့ မင်းတို့နဲ့ ငါနဲ့တည့်အောင် နေပါ့ မယ်လို့ ပါသလား (မပါ ပါဘူး ဘုရား)၊ စက်ဆုပ်စရာချည့် မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အမှန်သဘောနဲ့ ဉာဏ်သဘော

အဲဒီ စက်ဆုပ်စရာကို ခင်ဗျားတို့က ခန္ဓာက စက်ဆုပ် စရာလို့ အမှန်သဘောနဲ့ ပြနေတယ်၊ ဒီက ဉာဏ်သဘောက ခင်စရာ၊ မင်စရာ ဖြစ်နေတယ်၊ မအိုသေးပါဘူး ထင်နေတယ်။ အရွယ် တင်ပါသေး ဖြစ်မှ ဖြစ်ရပလေ။

အင်း သွားလို့ လာလို့လည်း ပေါ့ပေါ့ပါးပါး ရှိသေး တယ်၊ ဒီလိုဖြစ်နေတာပဲ၊ ညောင်းတာ ညာတာလည်း အကုန်ပျောက်၊ ဟုတ်လား။

ဟိုက လဲတော့မယ်လို့ သေမလို့ ခဏခဏ ပြောတာ ပျောက်များ နေသေးတယ်၊ ဟိုက ပင်ကိုက ခဏ ခဏ မပြော ဘူးလား (ပြောပါတယ် ဘုရား)၊ ပြောတယ်။

ထမင်းဆာလှပြီ ကျွေးရင်ကျွေး၊ မကျွေးရင် ထိုးလှဲမယ် ပြောတယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ရေဆာ လှပြီ၊ တိုက်ရင် တိုက် မတိုက်ရင် ဒီနေရာတင် ခံလိုက်တော့ မယ် မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခဏ ခဏ တောင်းပန် မနေရဘူးလား (တောင်းပန်နေရပါတယ် ဘုရား)၊ ဘယ်လောက် စက်ဆုပ်စရာ ကောင်းတုံး (ကောင်းပါတယ် ဘုရား)။

အဲဒီ စက်ဆုပ်စရာ ခင်ဗျားတို့က မမြင်ဘူး၊ ဦးခင် မောင်ကြီးတို့ ထူပုံပြောတာပါ (မှန်လှပါ)၊ မထူဘူးလား (ထူပါတယ် ဘုရား)။

ဒီကြားထဲ ပါသေးသလား (မပါပါ ဘုရား)၊ အို ဒီကြားဖြင့် မပြောလောက်ပါဘူး ဆိုပြီး ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

စက်ဆုပ်စရာလို့ မြင်အောင်ကြည့်

ဒါဖြင့် ဒီ အကဲခတ် ဆိုတာ အမှန် ဟုတ်လား၊ ယောဂီ သမားက ဒီဉာဏ်နဲ့ ကြည့်ရမယ်၊ ဉာဏ်နဲ့ ကြည့်တဲ့အခါ စက် ဆုပ်စရာ မြင်အောင် ကြည့်ရမယ်၊ သစ္စာ သဘောက (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လိုကြည့်ရမတုံး (စက်ဆုပ်စရာ ဖြစ်အောင် ကြည့်ရမှာပါ ဘုရား)၊ စက်ဆုပ်စရာလို့ မြင်အောင် ကြည့်ရမယ်၊ စက်ဆုပ်စရာလို့ မြင်အောင် ကြည့်ရမှာ ခင်ဗျားတို့က ချစ်စရာ၊ ခင်စရာ၊ မင်စရာ၊ အားကိုးစရာ လုပ်နေတယ်။

အပါယ်တံခါးနဲ့ တည့်တာချည်းပဲ

မမြင်နိုင်သေးလို့ မကယ်နိုင်သေးပါဘူး၊ နောက်ဘဝကံ တွေကလည်း တော်တော်များ ထင်ပါရဲ့၊ လုပ်လိုက် အပါယ် တံခါးနဲ့ တည့်တာချည့်ပဲ၊ အံမယ် ဖြစ်လိုဖြစ်ငြား ကျေနပ်နေ လိုက်တာ၊ စိတ်ထဲမှာ မပြောပါနဲ့တော့၊ သဘောကျပလား (ကျပါတယ် ဘုရား)။

သေချာ စဉ်းစားတော့ သူ့ဘယ်လို မြင်ရမှာတုံး (စက်ဆုပ်စရာလို့ မြင်ရမှာပါ ဘုရား)၊ စက်ဆုပ်စရာလို့ မြင်ရ မယ်။

ခင်ဗျား သားလေး တစ်ယောက် ဦးခင်မောင် သားလေး တစ်ယောက်ဖြစ်စေ၊ ကိုမြစိန် သားလေး တစ်ယောက်ဖြစ်စေ၊ ဆိုးလိုက်တာလည်း တေလို့၊ ခိုးလိုက်တာကလည်း လွန်လို့၊ အမေ မိဘကလည်း ထော်လော် ကန့်လန့်ပဲ၊ ကဲ- စက်ဆုပ်စရာ ကောင်းလိုက်တာ သွားတော့ကွာ (တင်ပါ့)။

ဒီလိုမြင်နိုင်တဲ့ အချိန် ဉာဏ်က လာရမှာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ တော်ပြီ ဆိုတော့ သွားတော့ကွာ ဆိုတော့ မင်းနဲ့ မပေါင်းတော့ဘူး ပြောတာ (မှန်ပါ့)။

ဒုက္ခပိုင်းခြား ချလိုက်တာ ဒီလိုလုပ်ရမှာ ဒုက္ခသစ္စာပိုင်း ခြားတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာနဲ့ ဉာဏ်နဲ့ ကွဲနေရမယ်

ခန္ဓာနဲ့ ဉာဏ်နဲ့ကို အခုကိုက ကွဲနေရမှာ (တင်ပါ့)၊ ခန္ဓာက သူ့သဘော ဟုတ်လား (တင်ပါ့)၊ ဉာဏ်က သူ့ သဘောအတိုင်း သူနေတဲ့ အတွက် ဂရုမစိုက်တဲ့ သဘောနဲ့ နေရ မယ် (မှန်ပါ့)။

ကဲ- ဒါ ဒကာ ဒကာမတွေက ထုံလိုက်တဲ့ ဖြစ်ခြင်း၊ ထူလိုက်တဲ့ ဖြစ်ခြင်းက ဟိုက ကန့်လန့် လုပ်လေ၊ ကိုယ်က ဦးတင်လေ ဖြစ်နေတယ် (မှန်ပါ့)၊ ဗြုန်းခနဲဆို ထိုးမလှဲလိုက် ပါနဲ့။

ဒီသား ဒီ သမီးနဲ့ မခွဲပါရစေနဲ့ ဟုတ်လား (မှန်ပါ့)၊ အံမာ သူက ထိုးလှဲမယ် ဆိုပေမယ့် ဦးတင်သလို ဖြစ်နေတာ၊ စက်ဆုပ်စရာလို့ ယူသေးရဲ့ လား (မယူပါဘူး ဘုရား)။

ကိုးကွယ်စရာလို့ ယူထားတယ်

ကိုးကွယ်စရာလို့ ယူထားတယ် (မှန်ပါ့)၊ ဖြစ်မှဖြစ် ရလေ၊ ဦးဘတင် ဘယ်လိုများ ယူထားတုံး (ကိုးကွယ်ရာ အဖြစ်ပါ ဘုရား)။

ပင်ကို သဘောက ဘာတုံး (စက်ဆုပ်စရာပါ ဘုရား)၊ ကိုယ့်အယူက (ကိုးကွယ်စရာပါ ဘုရား)၊ သွားပါပြီ သွားပြီ၊ ဒါကြောင့် သံသရာ ရှည်တာကိုး ဆိုတာ မပေါ်သေးဘူး လား (ပေါ်ပါတယ် ဘုရား)။

ရှည်သင့် မရှည်သင့် (ရှည်သင့်ပါတယ် ဘုရား)၊ ဘုရားက ဘာတဲ့ (စက်ဆုပ်စရာပါ ဘုရား)၊ စက်ဆုပ်စရာ ခင်ဗျားတို့က (ကိုးကွယ်ရာပါ ဘုရား)။

ဟာ ကိုယ့်ကိုယ်ကို အားကိုး ရတာပဲ ဆိုတာ၊ ကိုး ကွယ်တာဗျ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ ကိုယ့်ကိုယ် ကို အားကိုးရတာပေါ့ ဆိုတော့ ဘာတုံး (ကိုးကွယ်တာပါ ဘုရား)၊ ကိုးကွယ် တာပဲ။

ကိုယ့်ကိုယ်ကို အားကိုးတာပဲ ဆိုတာကိုးဗျ၊ ဟုတ်ဘူး လား ကိုယ့်ကိုယ်ကို ကိုးကွယ်နေတာ (တင်ပါ့)၊ ဒါကြောင့် ကိုယ်မရှိ အမိတော်ခဲ သားတော်ခဲ၊ ကိုယ့်ကိုယ်ကို ကိုးကွယ်နေတာ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သူ့ပင်ကိုနာမည်အရင်းက ဘာတဲ့

ဘယ်လောက် ထိအောင် ဆိုတော့ သူက သူ့ပင်ကို သဘောက နာမည်အရင်း မေးကြည့်ပါဦး ဘာတဲ့ (စက် ဆုပ်စရာပါ ဘုရား)၊ စက်ဆုပ်စရာတင် မကပါဘူး၊ ဦးခင်မောင် ကြီးရ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

စက်ဆုပ်စရာ ဆိုလို့ရှိရင် စွန့်ပစ်စရာ မှန်လှပါ၊ ဉာဏ်က စက်ဆုပ်စရာ သူက ပြနေရင် ကိုယ်က ဘယ့်နှယ့် လုပ်ရမတုံး (စွန့်ပစ်စရာပါ ဘုရား)၊ စွန့်ပစ်စရာ အဖြစ် ဒုက္ခပိုင်းခြား လိုက်တာပဲ (တင်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စက်ဆုပ်စရာ ဆိုတဲ့ သဘောသည်ကားလို့ ဆိုရင်၊ ကဲ ဒီ လောက်တောင် စက်ဆုပ်စရာ ဆိုလို့ ရှိရင်ဖြင့် နှပ်ကလေး နှာ ခေါင်းထဲက ထွက်လာတယ်၊ အင်း စက်ဆုပ်စရာ ဆိုလို့ရှိရင် ဖျပ်ခနဲ ပစ်လိုက် တယ်၊ မပစ်ကြဘူးလား (ပစ်ပါတယ် ဘုရား)။

ကျင်ကြီး စွန့်ပြီးပြီဆိုရင် ချက်ချင်း ဒီအိမ်သာထဲက ထွက်ချင်တယ်၊ ဘာပြုလို့တုံး (စက်ဆုပ်စရာ မို့လို့ပါ ဘုရား)။ ဒီလို သွားရမှာကိုး။

ခင်ဗျားတို့က သိမ်းပိုက် နေတော့ ဘယ့်နှယ် ဖြစ်နေကြ တုံး၊ ဒုက္ခပိုင်းခြား စွန့်ပစ်သေးရဲ့လား၊ ဒုက္ခသိမ်းပိုက် နေသလား လို့ (ဒုက္ခသိမ်းပိုက် နေပါတယ် ဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်မရတာ

ကဲ- ကိုမြစိန်တို့ ဦးမောင်နက်တို့ အဲ့ဒါကြောင့် နိဗ္ဗာန် မရတာ၊ ဒုက္ခ ပိုင်းခြားရမှာ၊ ဒုက္ခသိမ်းပိုက် နေလို့ သဘောပါကြ ပလား (ပါပါတယ် ဘုရား)။

ဘယ်လိုများ ပါကြတုံး (ဒုက္ခသိမ်းပိုက် ထားပါတယ် ဘုရား)၊ သိမ်းပိုက် ထားတယ်၊ ဒါဖြင့် ဒုက္ခသိမ်းပိုက်တဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင် ဘဝတဏှာ သေသေးရဲ့ လားလို့ မေးရင် (မသေပါဘူး ဘုရား)၊ မသေတော့ဘူး။

ဒီဟာကြီးနဲ့ မခွဲပါရစေနဲ့ ဟုတ်လား၊ အိုအောင် မင်း အောင် နေပါရစေ၊ အိုအောင် မင်းအောင်တဲ့ (မှန်ပါ့)၊ သူ့အသံလေးက မသာလားဗျာ သေတတ်တယ် ပါဖူးသလား (မပါဘူးပါ)။

သေတတ်တာနဲ့ပဲ ပေါင်းပါရစေ၊ အတော် လောကွတ် ကောင်းနေ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အိုအောင် မင်းအောင် နေပါရစေ ဆိုတာ အိုတတ်တာနဲ့ ပေါင်း ပါရစေ၊ နာတတ် တာနဲ့ကော (ပေါင်းပါရစေပါ ဘုရား)၊ သေတတ်တာနဲ့ကော (ပေါင်းပါရစေပါ ဘုရား)။

ဘယ့်နှယ့် အကောင်းများ ရှိတုံးဗျ၊ ခင်ဗျားတို့က အို နာသေဆိုတော့ စွန့်ပစ် ရမယ်နော်၊ ကြောက်ရမယ်၊ လန့်ရမယ်၊ ဒါမျိုးဖြင့် မတွေ့ပါရစေနဲ့ ဒီလိုလုပ်ရမယ် (မှန်ပါ့)။

ခင်ဗျားတို့က အိုအောင် မင်းအောင် (ပေါင်းပါရ စေ)၊ ပေါင်းပါရစေ၊ နေပါရစေ ဟုတ်လား၊ အသက်တိုတော့ ကံဆိုးရှာတယ်၊ ခက်လိုက်တဲ့ ဖြစ်ခြင်းမှ သူ့သဘောက ဘယ်လို နည်းနဲ့မှ အိုတတ် မင်းတတ်တဲ့ သဘော သူ စွန့်ရဲ့လား (မစွန့်ပါဘူး ဘုရား)။

အိုတတ်၊ နာတတ် သေခါနီး ဖြစ်တတ်တဲ့ သဘော ကလေး သူစွန့်ရဲ့ လား (မစွန့်ပါဘူး ဘုရား)၊ ဒါက သူ့ပင်ကို သဘောနော် (မှန်ပါ့)။

ကိုးဆယ့်ခြောက်ပါး ဘေးရောဂါကို ဘယ်ဟာကို သူ ငြင်းပယ်တယ်လို့ ထုံးစံရှိရဲ့လား (မရှိပါဘူး ဘုရား)၊ ဒီ တစ် ရာ့ခြောက်ဆယ်က ရှိကြရဲ့လား (မရှိပါဘူး ဘုရား)။

အဲဒါတွေက အကုန်လက်မခံဘူးလား (လက်ခံပါ တယ် ဘုရား)၊ လက်ခံရုံတင် မကဘူး သူ့အထဲကကိုက လော ကွတ်ချော်ပြီး ပေါက်ပွား လာသေးတယ်။

သူက အနာပေါက်လို့ရှိရင် ဘေးက အော်ကနေပြီး ကူနေတာ သူ ထပ်ပေါက်လာတဲ့ အနာကိုးဗျ (မှန်ပါ့)၊ သွေးစုနာ ဘယ်က ပေါက်လာတုံး သွေးတွေ စုပေါက်တာပေါ့ ရိပ်မိပလား (မှန်ပါ့)။

တစ်ရာ့ခြောက်ဆယ်ထဲက ဒါတွေပေါက်တာ

သွေးစုနာ ဘယ်ကပေါက်တုံး (သွေးတွေ စုပေါက် ပါတယ် ဘုရား)၊ သွေးတွေ စုပေါက်တယ်၊ အင်း ဒါ ဘယ်အထဲ က ပါလိမ့်မတုံး ဒီတစ်ရာ့ ခြောက်ဆယ် ထဲက စုပေါက်တယ် (တင်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဝက်ခြံ ဘယ်ထဲကနေပြီး ပေါက်ပါလိမ့် (ဒီ သွေး တွေထဲကပါ)၊ ဒီတစ်ရာ့ ခြောက်ဆယ်ထဲက စုပေါက်တာပဲ (မှန်ပါ့)၊ ကြွက်နို့တွေ ဘယ်ထဲကနေ ပေါက်ပါလိမ့် (တစ်ရာ့ ခြောက်ဆယ်ထဲကပါ ဘုရား)၊ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် သူက စက်ဆုပ်စရာ ဟုတ် မဟုတ် (ဟုတ် ပါတယ် ဘုရား)၊ သဘောကျပလား (တင်ပါ့)၊ စက်ဆုပ် စရာ ဟုတ်ပါလျက်နဲ့ ခင်ဗျားတို့က စက်ဆုပ်စရာ ပြောလေလေ၊ ကိုယ်က ဦးတင်ပြီး သကာလ ဆေးရှာ လေလေ၊ ပူဇော်ချင်လေလေ ဖြစ်လာတာပဲ (မှန်ပါ)။

ပူဇော် ပသချင်ကြတယ်

စက်ဆုပ်စရာဘက် သွားသလား၊ ပူဇော်ချင် ပသချင် တဲ့ဘက်က များနေသလား (ပူဇော်ချင်၊ ပသချင်တဲ့ဘက် က များနေပါတယ် ဘုရား)။

တယ်လဲ ကြည်ညိုရင်းစွဲ ဖြစ်နေတာကိုးဗျ (မှန်လှ ပါ)၊ မတတ်နိုင်ဘူး ဘယ့်နှယ့် ဖြစ်နေကြတုံး၊ မိဘရိုးရာဖြင့် ကြည် ညိုရင်းများ ဖြစ်နေကြလား၊ ခင်ဗျားတို့ လူစု ဘယ့်နှယ့်ဖြစ်နေ ကြတုံး (ကြည်ညို ရင်းစွဲပါ ဘုရား)။

ကြည်ညိုရင်းစွဲ ဖြစ်နေ ခက်နေလိုက်တာ အဲတော့ စက် ဆုပ်စရာလို့ မြင်ရမယ်လို့ ဘုရားက ဟောတယ် (မှန်ပါ့)။ ဦး ခင်မောင် မဟောဘူးလား (ဟောပါတယ် ဘုရား)။

ကဲ- ကိုမြစိန်တို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊ ဦးမောင်နက်တို့ ဘယ့်နှယ့် ဟောထားတုံး (စက် ဆုပ်စရာလို့ ဟောပါတယ် ဘုရား)။

ဒု- ကုစ္ဆိတံ တဲ့ ဘုရားက ဒု- ဆိုတာသည် စက်ဆုပ်စရာ တဲ့၊ စက်ဆုပ်စရာကို စက်ဆုပ်စရာလို့ မြင်ရမှာ ခင်ဗျားတို့က စက်ဆုပ်စရာပြလည်း မစက်ဆုပ်တဲ့ အပြင်မှာ ပိုကြည်ညိုနေ တယ် (တင်ပါ့)။

ဟင် ငိုတတ်တဲ့ ကလေး နို့စို့ရတယ် ဆိုသလိုပဲ သူက အနာပေါက်လေလေ၊ ကိုယ်က ကြည်ညိုရင်း စွဲသန်လေလေ ဖြစ်နေတယ် ဟုတ်ဘူးလား (မှန်ပါ့)။ ။

အို လူမသေ ငွေမရှားပေါ့ ကိုယ်မွဲချင် မွဲပါစေ မနှမြောပါဘူး၊ သူ့နှမြောနေတယ်၊ ဘယ်သူ့ နှမြောနေတုံး (သူ့နှမြောနေပါတယ် ဘုရား)၊ သူ့ဆိုတာ ဘယ်သူပါလိမ့် (တစ်ရာ့ခြောက်ဆယ် ပါ ဘုရား)။

နှမြောတာနဲ့ စက်ဆုပ်စရာ

တစ်ရာ့ခြောက်ဆယ် သားဆိုးကြီးကို (မှန်ပါ့)၊ နှမြောနေတယ် (မှန်ပါ့)၊ အဲ စက်ဆုပ်စရာ ရယ်လို့ ယူသေး ရဲ့လား (မယူပါဘူး ဘုရား)၊ နှမြောတာနဲ့ စက်ဆုပ်တာနဲ့ တခြားစီကိုး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နှမြောတာက သိမ်းပိုက်ချင်တာ (မှန်ပါ့)၊ စက်ဆုပ် စရာက စွန့်ပစ်ချင်တာ (မှန်ပါ)။

ခင်ဗျားက ဒီဥစ္စာကို စက်ဆုပ်စရာ ဆိုတော့ စွန့်ပစ်ချင် တဲ့သဘော ရှိရမယ်လို့ ပြောတာ၊ စွန့်ပစ်ချင်တယ် ဆိုတော့ ဒုက္ခပိုင်းခြား ပစ်လိုက်တာ၊ ဒုက္ခနဲ့ မနေတော့ဘူး၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီလိုသုံးရမှာ ခင်ဗျားတို့က သူက ဝေဒနာ အမျိုးမျိုး လက်ခံလေလေ ခင်ဗျားတို့က ကန်တော့ပွဲ ရှာလေလေ ဆိုတော့ ဦးခင်မောင် ဘယ့်နှယ်ဖြစ်နေတုံး (ကန့်လန့်ကြီးပါ ဘုရား)၊ ကန့်လန့်ကြီး။

ဒါ အပြစ်က မသိသေးဘူးကွ၊ သိပလား (မသိသေး ပါဘူး ဘုရား)၊ သစ္စာသိရင် တစ်ခါတည်း ကိစ္စပြီးတာပေါ့ (မှန်ပါ့)၊ သစ္စာမသိသေးဘူး မောင်သစ်တို့ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ကန်တော့ပွဲရှာလေလေ

သူက ခုနက ဝေဒနာတွေက အမျိုးမျိုး၊ သူက ဒုက္ခ သဘော စက်ဆုပ်စရာ သဘော သူက ပြောလေလေ၊ ဟို ကိုမြစိန်တို့ လူစုက ကန်တော့ပွဲ ရှာလေလေ ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)။

ဒီ ဆရာဝန်မှ တော်မယ် ထင်တယ် ဟုတ်လား (မှန်ပါ့)၊ ဘယ်ဆေးနဲ့ ဘယ်ဆရာနဲ့မှ တော်မယ် ထင်တယ်။ မလာဘူးလား လာလား (လာပါတယ် ဘုရား)။

သူ့ စက်ဆုပ်သလား၊ ပူဇော်ချင်သလားတဲ့ (ပူဇော် ချင်ပါတယ် ဘုရား)၊ နိဗ္ဗာန် ရောက်မှာက သူ့စက်ဆုပ်မှ (တင်ပါ့ ဘုရား)၊ ဘာဖြစ်တုံး (နိဗ္ဗာန် ရောက်မှာပါ ဘုရား)။

သူ့စက်ဆုပ်မှ တဏှာသေမယ်

စက်ဆုပ်မှ သူ့ခင်တွယ်တဲ့ တဏှာသေမယ်၊ တဏှာချုပ် မှ ဥပါဒါန်ချုပ်မယ် (မှန်ပါ့)၊ ဥပါဒါန် ချုပ်တော့ ကံတွေကော ဘယ့်နှယ်နေတုံး (ချုပ်ပါတယ် ဘုရား)။

စက်ဆုပ်တဲ့ ပုဂ္ဂိုလ်တွေတော့ ချုပ်မယ်တဲ့ (မှန်ပါ့) ပူဇော်ချင်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ (မချုပ်ပါဘူး ဘုရား)။

ပူဇော်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ခင်လွန်းလို့ ပူဇော်တော့ တဏှာ၊ ဥပါဒါန်၊ ကာယကံ၊ ဝစီကံ၊ ဇာတိ နောက်က ခန္ဓာပြန်လာတယ် (မှန်ပါ)၊ မလာဘူးလား၊ လာလား (လာပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကိုယ့်ခန္ဓာက အမှန်ပြလို့ရှိရင် ကိုယ့် ဉာဏ် အရှုသမားက ချော်နေတယ်၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခန္ဓာက အမှန်သဘောပြောတယ်

ခန္ဓာက အမှန်သဘောတော့ ပြောတယ် (ပြောပါတယ် ဘုရား)၊ မပြဘူးလား (ပြပါတယ် ဘုရား)၊ သူက မှန်တာ အမှန်ပြောတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။

အမှန်ဆိုတာ ခင်ဗျားတို့ နာမည်ပေးထားတဲ့ အတိုင်း သူက ဘယ်နေရာ ဘာရှိတယ်လို့ သူ့သဘော အကုန်ပြောတာ ပဲ (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခန္ဓာကတော့ အမှန်ပြောတာပဲတဲ့ အကြည့်သဘောက သူက အမှန် ပြောလေလေ ကိုယ်က မကျေနပ် လေလေ၊ ပူဇော် ချင်လေလေ နှမြောလေလေ ဒီခန္ဓာကြီးကို ဒီလို မလာကြဘူးလား (လာပါတယ် ဘုရား)။

အဲ့တာကြောင့် ဒါမမြင်သေးရင် ဒီ အနိစ္စနဲ့၊ ဒုက္ခနဲ့၊ အနတ္တနဲ့ နိဗ္ဗာန် မရောက်သေးဘူးလို့၊ သူ့ စွန့်ပစ်ချင်တဲ့ ဉာဏ်ကို လာမှ ဒုက္ခပိုင်းခြားမှာကိုး (မှန်ပါ့)။

စွန့်ပစ်ချင်တဲ့ဉာဏ် မလာသေးရင် (မပိုင်းခြားနိုင် သေးပါ ဘုရား)၊ မပိုင်းခြား နိုင်သေးဘူး၊ မပိုင်းခြား နိုင်သေးတော့ သောတာပန် စခန်းကို ဘယ်လို လုပ်တက်မတုံး (မတက်နိုင် ပါဘူး ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြောဆရာနဲ့ ဟောဆရာနှစ်ခုကိုက်ပါစေ

ဪ ဒီ သူ့စိတ်အထင်ကဖြင့် နာမည်နဲ့သူနဲ့ အလိုက် ဖြစ်အောင်ကို ဒါကြောင့် ခုနက စကားနှစ်ခွန်း တင် ထားခဲ့တယ်။ ဟုတ်လား ပြောဆရာနဲ့ ဟောဆရာ နှစ်ခုကိုက် ပါစေနော် (မှန်ပါ)၊ မပြော ထိုက်ပေဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ပြောတာက ဘုန်းကြီး၊ ဟောတာက ခန္ဓာ

ပြောတာက ဘုန်းကြီး (မှန်ပါ့)၊ ဟောတာက (ခန္ဓာပါ ဘုရား)၊ ခုတော့ ခင်ဗျားတို့က ပြောတာ တော့ ဘုန်း ကြီးတော့ သဘောကျတယ်၊ ဟောတဲ့ ခန္ဓာကျတော့ တပေါက် တလွဲမြင်တယ် (မြင်ပါတယ် ဘုရား)။

စွန့်ပစ်ရမယ်၊ စွန့်ပစ်ရမယ့် ဥစ္စာ ခင်ဗျားတို့က ဒီပဲ ပြန် လာတယ် (မှန်ပါ့)၊ ဘယ့်နှယ့် ဖြစ်နေတုံး (ပြန်လာပါ တယ်)၊ ပြန်ပြန်ဖြစ်နေတယ်။

ဒုက္ခဆိုတာ ပိုင်းခြားပြီးတော့ ညီညီညွတ်ညွတ် လုပ်ရ မှာ (မှန်ပါ့)၊ အသေခံကို မပေါင်း တော့ဘူး ချည်း ဉာဏ်နဲ့ ဒီလို ထားရမှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါ တယ် ဘုရား)။

အခုတော့ အတူနေလေ အိုအတူနေ ဆိုတော့ ယုယတယ်၊ သားတောင် မြေးဘက်က ပိုခင်တယ်၊ ဒီထက်နီးတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် သူ့အခင်ဆုံးပေါ့ (မှန်ပါ့)၊ ဒါဖြင့် အတ္တသမာ ပေမံ နတ္ထိ ဒီ ပါဠိ ဆိုက် လာတာကိုးဗျ၊ ရိပ်မိပလား။

အတော်ဆိုးနေတာ (ဆိုးပါတယ် ဘုရား)၊ ဉာဏ် များလှည့်မိကြရဲ့လား (မလှည့်မိပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကြိုက်တာ သိတယ် ဆိုတာ စာဖတ် တတ်တာသိတာ၊ ဉာဏ်သိ မဟုတ်ဘူး (မှန်ပါ့)။

ခန္ဓာပြောတဲ့အသိက ကျန်နေတယ်

ဆရာ့တာဝန်သည် ဆရာဟောလို့ သိတာက တစ်သိ၊ ခန္ဓာက ပြောလို့အသိ ကျန်နေတယ်၊ ခင်ဗျားတို့ (ကျန်ပါ တယ် ဘုရား)။

ဆရာပြောတဲ့ အသိကတော့ တော်တော် နေရာကျနေ ပါပြီ (မှန်ပါ့)၊ ခန္ဓာက ပြောတဲ့ အသိက (ကျန်နေပါတယ် ဘုရား)။

ကျန်တယ်တဲ့ အဲဒီ အသိကလေး တစ်ချက်ကို ဖြည့်ပါ တော့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီအသိတည့်ရင် ခရီးပေါက်တယ်

ဒီအသိကလေး တစ်ချက် တည့်ရင် ခရီးပေါက်တယ်နော် (မှန်ပါ့)၊ ဒီ အသိကလေးက သစ္စာတရား နာရ၊ သစ္စာ တရား ကိုယ်တိုင် သိရတော့ သောတာပန် တည်မှာ ကိုးဗျ၊ နှစ် ချက်တည်းကိုး (မှန်ပါ့)။

သစ္စာတရား နာရတာက ဘုန်းကြီးက ဟောလို့နာရပြီ၊ သစ္စာခန္ဓာက ဟောတာကိုး၊ ဓမ္မာနု ဓမ္မ ပဋိပတ္တိ ဆိုတာက ခန္ဓာ က ပြောတာကို ကိုယ်က သိရဦးမယ်။

အဲ့ဒါသိမှသာလျှင် နေရာကျမယ်ဆိုတော့ ခု ဒကာ ဒကာမတွေ ဘာကျန် နေတယ် ဆိုတဲ့ အချက်ဟာ သိကြရဲ့လား (သိပါတယ် ဘုရား)

လိုရင်းကျန်နေတယ်

ဆရာဟောတာတော့ဖြင့် သိပါပြီ၊ ခန္ဓာက ဟောတာ ဖောက်ပြန် နေသေးတယ်ဘုရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆရာ ဟောတာတော့ (သိပါပြီ ဘုရား)၊ ခန္ဓာက ပြောတာ (ဖောက်ပြန် နေပါတယ် ဘုရား)၊ ဒါဖြင့် လိုရင်း ကျန်နေတာပေါ့။ ဘာဖြစ် နေတာတုံး (လိုရင်း ကျန်နေတာ ပါ ဘုရား)။

စိန်ပြုတ်ကျနေတာခက်တယ်

လိုရင်း ကျန်နေတယ် ဆိုတော့ ဒကာ ဒကာမတွေ နားကပ်မှာ စိန်ပွင့်တပ်ပြီး သကာလ ဝတ်တော့ စိန်ပွင့် ဝတ် တယ် ဆိုတော့ ရွှေက ဘယ်လောက်မှ အဖိုးတန်တာ မဟုတ်ပဲ ကိုးဗျ (မှန်ပါ့)၊ စိန် ပြုတ်ကျ နေတာက ခက်နေတယ် ။ (တင်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘာပြုတ်ကျနေတုံး (စိန်ပြုတ် ကျနေပါတယ် ဘုရား)၊ ရွှေပြုတ်ကျရင် တော်သေးတယ်ဗျ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

တကယ့် အဖိုးတန် ပြုတ်ကျနေတာ၊ ဪ ခင်ဗျားတို့ ဘာပြုတ်နေလို့ နိဗ္ဗာန် မရောက်တယ် ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ် ဆရာ ဟောတာတော့ဖြင့် ခင်ဗျားတို့သိ တယ်၊ ခန္ဓာ ဟောတာ ကျန်ရစ်တယ်၊ ခန္ဓာဟောကို ခင်ဗျားတို့ အကြည့် မမှန်သေးဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြည့်မှန်ရင် ကိစ္စပြီးပြီ

အကြည့်မှန်တဲ့ တစ်နေ့ ကိစ္စပြီးပြီလို့ ဆုံးဖြတ်ချက် ချကြ မယ် (အကြည့်မှန်တဲ့ နေ့ပါ ဘုရား)၊ အဲ အကြည့်မှန်တာတဲ့။

သူက စက်ဆုပ်စရာချည့် ဖြစ်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သားပေါင်း တစ်ရာ့ ခြောက်ဆယ်က ဒီအမေကို ဘယ်လို ပြောမယ်ထင်တုံး (စက်ဆုပ်စရာလို့ ပြောမှာပါ။ အဲ့ဒါကို ခင်ဗျားတို့က စက်ဆုပ်စရာ စက်ဆုပ်စရာလို့သာ မြင်အောင် ကြည့်။

သူက ဖြစ်ပျက် ပြလည်း စက်ဆုပ်စရာပဲ၊ ဒုက္ခဝေဒနာ ပြလည်း (စက်ဆုပ်စရာပါ ဘုရား)၊ အင်း- ကြောက်လို့ အလို လိုက်တာလည်း (စက်ဆုပ်စရာပါ ဘုရား)။

တော်ပြီတန်ပြီလို့ ဉာဏ်ကလာလိမ့်မယ်

အလို မလိုက်တာ ပြနေရင်ကော (စက်ဆုပ်စရာ ပါ ဘုရား)၊ စက်ဆုပ်စရာချည့် မြင်နေပြီ၊ တော်ပြီ တန်ပြီလို့ ခင်ဗျားတို့ ဉာဏ်ကလာလိမ့်မယ်၊ သဘောကျပလား (ကျပါ တယ် ဘုရား)။

တော်ပြီ တန်ပြီလို့ လာတော့ သူ့ကို ဒုက္ခချည်းပဲလို့ သဘော မထားသေးဘူးလား (ထားပါတယ် ဘုရား) အဲဒီ ပိုင်းခြားပြီး ကြတဲ့ အခါကျတော့ ဒုက္ခကို ပိုင်းခြားတဲ့ဉာဏ် ရလာလို့ ရှိရင်ဖြင့် ဒီဉာဏ်ဟာ မဂ္ဂင်ရှစ်ပါး သွားတွေ့တယ် သဘောကျပလား (ကျပါတယ် ဘုရား)။

မဂ္ဂင်ရှစ်ပါးသွားတွေ့တယ်

ဘယ်နှစ်ပါး သွားတွေ့တုံး (မဂ္ဂင်ရှစ်ပါး သွားတွေ့ ပါတယ် ဘုရား)၊ မဂ္ဂင်ရှစ်ပါး သွားတွေ့ တယ်။

ဒါဖြင့် သူတစ်ပါး ဟောရုံနဲ့လည်း မပြီးဘူး၊ ဒါကြောင့် ဘုရားက နှစ်ချက် ထားခဲ့တာ ကိုးဗျ ဘုရားဉာဏ်နဲ့နော် (တင်ပါ့)။

ဒီနှစ်ချက်ကိုက်ရင် သောတာပန်

သစ္စာတရားကိုလည်း ဟောတဲ့ ပုဂ္ဂိုလ်နဲ့လည်း ကြုံရမယ် ခန္ဓာကလည်း သစ္စာ ပြောတဲ့အခါ ပိုင်းခြားရမယ် (တင်ပါ့) ရှင်းပလား (ရှင်ပါပြီ ဘုရား)။

ဤနှစ်ချက် ကိုက်ရင် ဘာတဲ့တုံး (သောတာပန်ပါ ဘုရား) သောတာပန် ဖြစ်ရမယ် ဆိုတော့ သောတာပန် ခရီးဟာ ဝေးသလား နီးသလားလို့ ဆိုတာ ခင်ဗျားတို့ ယနေ့ သိသွားပါပြီ ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား) နီးတယ်။

စိန်ပြုတ်ကျတာအနာဆုံးပဲ

နီးပေမယ့်လည်း ခုနက လိုရင်း ပြုတ်ကျနေတယ် (လိုရင်း ပြုတ်နေပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ။

ဘာပြုတ်ကြနေတုံး (လိုရင်း ပြုတ်ကျနေပါတယ် ဘုရား) စိန်ပြုတ် မကျနဲ့ စိန်ပြုတ်ကျတာ အနာဆုံးပဲ ဒီဥစ္စာ မှာ ရွှေပြုတ်ကျနေလို့ ရှိရင် ရွှေဈေးနဲ့ စိန်ဈေးက အများ ကြီးကွာ သေးတာကိုး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲ့တော့ ဘာပြုတ်ကျနေတုံး (စိန်ပြုတ်ကျ နေပါ တယ် ဘုရား) ကဲအခက်ဆုံးပဲ အမွှန်းတင်လို့ ပြုတ်ကျ နေတာ။

ဆရာ ဟောတာတော့ ဟောရှာတယ်၊ ဟောရှာတယ် လို့ပါးစပ်က ထွက်ထွက် နေတယ်၊ ခန္ဓာက ဟောတဲ့ အခါကျတော့ စက်ဆုပ်စရာ ကြီးပါလား သွားတော့တဲ့ လာသလား (မလာပါဘူး ဘုရား)။

လိုရင်း ဟာနေတယ်

ဒါဖြင့် လိုရင်း ဟာနေသေးတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာဟာနေတုံး (လိုရင်း ဟာ နေပါတယ် ဘုရား)။

ဒါဖြင့် အိမ်မှာ ဒီပြင် လူစုတွေကတော့ ပြည့်စုံပါရဲ့ အတွင်းပစ္စည်း မရှိဘူး ဆိုရင် သွားရုံပဲ ရှိတော့တယ်။

အင်း – အတွင်းပစ္စည်း မရှိဘူးဆိုရင် ဦးခင်မောင် ဘယ့်နှယ်တုံး (သွားရုံပါ ဘုရား) အိုတော်ရာ သွားနေမယ်၊ အတွင်းပစ္စည်းက ဘာမှမရှိဘူး ဆိုလို့ရှိရင်ဖြင့် ဒီအိမ်ဘယ့်နှယ့် လုပ်မတုံး (တန်ဖိုးမရှိပါဘူး ဘုရား)။

တန်ဖိုး မရှိဘူး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ကိုင်း ဒါဖြင့် ခင်ဗျားတို့မှာ ဘယ် အခြေအနေ ရောက်နေတုံး (တန်ဖိုးမရှိပါ ဘုရား) တန်ဖိုးမရှိဘူး ဟုတ်ပ။

ဦးမောင်ငယ်ရ သိပ်ခက်နေပြီ ကဲ ကိုမြစိန် ဘယ့် နှယ်နေတုံး၊ ဒါဖြင့် ကြည့်တိုင်း ကြည့်တိုင်း ဘယ်လို မြင်ရမတုံး ။ (စက်ဆုပ်စရာ အဖြစ်မြင်ရမှာ ပါ ဘုရား)။

ဖြစ်ပျက်မြင်တဲ့ အခါတော့ ဖြစ်ပြီး ပျက်နေတယ်၊ ဖြစ်ပျက်ချုပ်၊ ဖြစ်ပျက်ချုပ်၊ ဖြစ်ပျက် ပျက်ချင်တာ ပျက်နေသူ သူမြင်ချင်တာလောက် မြင်မှာပဲ။

အဲဒါ ဪ တကယ် စက်ဆုပ်စရာပါလား၊ တကယ့် စက်ဆုပ်စရာ ပါလား၊ တကယ့် ဒုက္ခသစ္စာ စက်ဆုပ် စရာပါလားလို့ ခင်ဗျားတို့ ဒီလိုသာ မြင်နေလို့ရှိရင် မကြာခင် ပိုင်ခြားတော့မယ် မပိုင်းခြားပေဘူးလား (ပိုင်းခြားပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပိုင်းခြားတဲ့ဉာဏ်ကမဂ္ဂသစ္စာ

အဲဒီ ပိုင်းခြားပြီးတော့မှ ခင်ဗျားတို့လိုရာ ခရီးကိုရောက် မှာကိုးဗျ (မှန်လှပါ့) ပိုင်းခြား လိုက်တယ် ဆိုလိုက်တော့ အပိုင်း အခြား ခံရတာက ဒုက္ခသစ္စာ၊ ပိုင်းခြားတဲ့ ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

သေတာက (သမုဒယ သစ္စာပါ ဘုရား) သမုဒယ သစ္စာ၊ ပေါ်လာတာက (နိရောဓ သစ္စာပါ ဘုရား) တစ်ခါ တည်း ပြီးသွားတာ၊ ဒီတစ်ခု မြင်တာနဲ့ အကုန်ပြီးတယ် (မှန်လှပါ) မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ဟာလေး လိုရင်းလေး တစ်ချက် ဖြည့်လိုက်ဦး တစ်ပြည့်စုံပြီး နှစ်ကလေး ထည့်လိုက်ဦး ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကိုယ့်အကျိုးပြီးအောင်လုပ်ပါ

တစ်ပြည့်စုံပြီ ဆိုတာလည်း ဆရာက အာပေါက် အောင် ပြောလို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

နှစ်-ကိုယ်တိုင် ကျတော့ကို ဂွကျနေ၊ ဒီဉာဏ် မထည့် နိုင်ဘူး၊ နှစ်ကို တစ်ခါ လိုနေတာဗျ (မှန်ပါ့)။

တစ်အတွက် ကတော့ အင်း ဆရာ တာဝန်ယူ သွားပြီ၊ နှစ်အတွက် ကိုယ့်တာဝန် ကျပြန်တော့ ကိုမြစိန်တို့ လူစု က ဂွကျနေတယ် (မှန်ပါ့)။

ခုဟာ တစ်က ဘယ်သူ့ တာဝန်တုံး (ဆရာ့တာဝန် ပါ ဘုရား)၊ နှစ်က ဘယ်သူ့တာဝန်တုံး (ကိုယ့်တာဝန်ပါ ဘုရား)။

အဲတော့ သူ့တာဝန်၊ ကိုယ့်တာဝန် ရှိနေတဲ့ အနက်က ကိုယ့်တာဝန်က မကျေလို့ ရှိရင်ဖြင့် ဒါ ကိုယ့်အကျိုး မပြီးရုံပဲ ရှိမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ကိုယ့်အကျိုးပြီးအောင် လုပ်ပါ (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ ဟောကြစို့။

သာဓု သာဓု သာဓု။