147

ဘုရားက ဘယ်သူ့ကိုးကွယ်ပါလိမ့်

အသံဖိုင်ခေါင်းစဉ်= ကတဉာဏ်မှမဂ်ဆိုက်နိုင်ကြောင်းတရားတော်

စာအုပ်ခေါင်းစဉ်= ဘုရားက ဘယ်သူ့ကိုးကွယ်ပါလိမ့်

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသောတရားတော်

ဘုရားက ဘယ်သူ့ကိုးကွယ်ပါလိမ့်

ဟောကြားသောနေ့

( ၈-၁-၅၉ )

ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို အားကိုးကြ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုလည်း ကယ်နိုင်တယ်လို့ ထင်ပြီး သကာလလည်း အားကိုးကြတယ်။

သိုသော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို အားကိုး ရတာ အားမကိုးနဲ့လို့ ဆရာသမားက မဆုံးမဘူး ဘုရားဘယ်သူ့ ကိုးကွယ်သတုံးဆိုတာက စသိဖို့ အရေးကြီးတယ် (မှန်လှပါ)။

ဘုရားက ဘယ်သူ့ကိုးကွယ်ပါလိမ့်

ဘုရားက ဘယ်သူ့ကိုကိုးကွယ်ပါလိမ့် (တရားကို ကိုးကွယ်ပါတယ် ဘုရား)။ အဲဒါတွေ မပျောက်စေနဲ့။ တရား ကိုးကွယ်တယ် ဆိုတာ မပျောက်စေနဲ့။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားကိုးကွယ်တယ် တရားကိုးကွယ်တော့ ဘုရားဖြစ်ပြီးမှ တရားကိုပဲကိုးစားရာအား ထားရာအဖြစ်နဲ့ လုပ်သောကြောင့်၊ ဪ ဘုရားသခင် ကိုယ်တော်မြတ် ကြီးဟာ ငါ့ထက်အရေးကြီးတာ တရားပါလား ဆိုတာ သူကိုယ်တိုင် သက်သေခံသွားတယ်လို့ တစ်နံပါတ် မှတ်ထားပါ။ (မှန်လှပါ)။

ဘုရားထက်အရေးကြီးတာ ဘာပါလိမ့်

သူ့ထက်အရေးကြီးတာ ဘာပါလိမ့် (တရားပါ ဘုရား)။ သူသည်တရားကြောင့် မဂ်တရား ဖိုလ်တရားကြောင့် သူဘုရားဖြစ်ပြီး သကာလ လာတော့၊ ဒီတရားပဲ ကျေးဇူး ရှင်ဆိုတာ ဒကာ ဒကာမတွေ နှစ်ရက် သုံးရက်က ပြောခဲ့တဲ့ အတွက် သိလောက်ပါပြီ (မှန်လှပါ ဘုရား)

သို့သော် ဒါဖြင့် ဘုရားက တရားကို ကိုးကွယ်တာတော့ဖြင့်၊ တရားပဲ ဘုရားက ကိုးကွယ်ရာရှိတယ် ဆိုတာသိသဖြင့်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ဘုန်ကြီးတို့ ဟောလတ္တံ့၊ ပြောလတ္တံ့ဖြစ်တဲ့ သစ္စာတရားပဲ။ ခင်ဗျားတို့ ကိုးစားရာ၊ အားထားရာ ရှိတယ်လို့ မှတ်ပါ (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

သစ္စာတရားပဲ ကိုးစားရာ၊ အားထားရာ

သစ္စာတရားပဲ ကိုးစားရာ၊ အားထားရာ ရှိတယ်လို့ အသေအချာမှတ်ပါ (မှန်ပါ့) တစ်ခါ ဆက်မေး ပြန်တယ် ဘုရားက၊ တရားကိုးကွယ်တယ် ဆိုတာတော့ သဘောကျပါပြီ ဘုရား ပါဠိတော်မှာလဲ ကိုယ်တော်တိုင် ဟောထားတဲ့အတွက်၊

ဘုရား ဘယ့်နှယ့်ကြောင့် ဘုရားဖြစ်လာပါလိမ့်မတုံးလို့ မေးချင်တယ် ဒကာ ဒကာမတွေ၊ ဘယ်သူ့ကြောင့်ပါလိမ့် (တရားကြောင့်ပါ ဘုရား)။

ဘယ်တရားကြောင့် ပါလိမ့် (သစ္စာတရား ကြောင့်ပါ ဘုရား) ဘယ်သစ္စာပါလိမ့်မတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အေး ဒုက္ခသစ္စာထဲကလည်း ကောက်နှုတ်ချက်ထုတ် – ပြန်တော့ ဇရာ၊ မရဏကြောင့် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမ တို့ ဘုရားဆုကိုပန်တယ်၊ ဘုရား အဖြစ်ကို ရချင်တာ သူ့ဇရာ၊ မရဏကို သူစက်ဆုပ်လွန်းလို့ ဘုရားအဖြစ်ကို မရအရ ယူတာပဲ (မှန်ပါ့) သုဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားဖြစ်တဲ့၊ ဘုရားဖြစ်ချင်တဲ့စိတ် ပေါ်ပေါက်ပြီး သကာလ လာတာကိုက ဒကာ ဒကာမတို့ ဇရာ မရဏ ဒုက္ခ သစ္စာကြောင့် ဘုရားအဖြစ်ကိုဖြင့် ရမှ အကုန်သိမှ ဇရာ မရဏ ကျော်နိုင်မှာပဲ လွှားနိုင်မှာပဲ ဆိုတာ သူသိတယ်။

ဒါကြောင့် သဗ္ဗညုတဉာဏ်ကို မရ အရယူတယ်၊ ဒါဖြင့် သဗ္ဗညုတဉာဏ်တော်ကို မရအရ ယူခြင်းသည် အကြောင်းရင်း ကို ရှာလိုက်လို့ ရှိရင် ဪ ဇရာ မရဏက မူလဘူတ အစပါလား ဆိုတာ ပေါ်လာတယ် (တင်ပါ့)။

သစ္စာကြောင့် ဘုရားဖြစ်လာတယ်

ဒါဖြင့် သစ္စာကြောင့် ဘုရားဖြစ်လာတယ် ။ (မှန်လှပါ) ဒကာ ဒကာမတွေ ဘယ့်နှယ့် မှတ်ကြမယ်။ (သစ္စာကြောင့် ဘုရားဖြစ်လာပါတယ် ဘုရား)။

သစ္စာကြောင့် ဘုရားဖြစ်လာတယ် ဆိုတာကို ဒကာ ဒကာမတွေ မှတ်ပါ။ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာကြောင့် ဘုရားဖြစ်လာတယ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ပါရမီဆယ်ပါး အပြားသုံးဆယ် ဆိုတာ နောက်မှ ဖြည့်တဲ့ ပါရမီလို့ မှတ်ပါ (မှန်လှပါ)။

စင်စစ်တော့ သူ ဘုရားအဖြစ်ကို ရချင်တာက သူ့ကိုယ်ကြီးဟာ ဇရာ မရဏတွေ နှိပ်စက် နေတော့ ဒီဘဝ လည်း ဇရာ မရဏ၊ နောက်ဘဝ ရပြန်လည်း ဇရာ မရဏ အိုသေနဲ့ပဲ၊ ခွဲလို့မရနိုင်ဘူး။

ဒါကြီး ကျော်အောင်၊ လွှားအောင်၊ လွတ်မြောက် အောင် ဘယ်လို လုပ်ရပါ့မတုံးလို့ သူလိုက်ရှာတဲ့ အခါကျလို့ရှိ ရင်လည်း မတွေ့တော့ ဉာဏ်ရင့်မှ ဖြစ်မှာပဲ (မှန်လှပါ)။

သဗ္ဗညုတဉာဏ်ရင့်မှ ဖြစ်မှာပဲဆိုတာ သဘောကျကြ ပလား (ကျပါတယ် ဘုရား) အဲတော့ သဗ္ဗညုတဉာဏ်ရင့်မှ ဘုရားဖြစ်မှာကို သူသိတော့ သဗ္ဗညုတဉာဏ်ကို မရ အရ ကြိုးစားတာသည် ဇရာ မရဏကြောင့် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဇရာ မရဏ၊ ဒုက္ခသစ္စာမြင်လို့

ကောင်းပြီ ပါရမီ ဆယ်ပါး အပြားသုံးဆယ်၊ စွန့်ခြင်းကြီး ငါးပါးကြောင့်ဆိုတာက ဒကာ ဒကာမတို့ ဒါက အကြောင်း တရားလို့ မှတ်ပါနော် (မှန်ပါ့)။ အကြောင်း အရင်းဆုံး ကတော့ ဇရာ မရဏ ဒုက္ခသစ္စာ သူမြင်လို့ သဗ္ဗညုတဉာဏ် ရချင်တဲ့ဆန္ဒပြင်းပြလာတယ်လို့မှတ်ပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုရားဖြစ်လာတဲ့အကြောင်းလည်း သိပြီ၊ ဘုရားဖြစ်လာတော့လည်း တရား ဟောချင်လာတယ် (မှန်လှပါ) ဆိတ်ဆိတ် မနေချင်ဘူး တရားဟောချင် လာပြန်တယ်။

ဘယ့်နှယ်ကြောင့် တရားဟောချင်လာပြန်ပါလိမ့်မလဲ လို့ မေးခွန်းထုတ်ပြန်တော့လည်း ဦးခင်မောင်ကြည်လည်း အင်း အိုသေနဲ့ပဲ (မှန်လှပါ)။

ဦးစံရင်တို့ကြည့်လည်း (အိုသေနဲ့ပါ ဘုရား) ဒီဘက်က ဒကာ ဒကာမတွေ ကြည့်ရင်ကော (အိုသေနဲ့ ပါ ဘုရား) အိုသေနဲ့ချည်းပဲ နေကြတယ်။

ဒီဟာတွေ ကျုပ်တို့လည်း ဒီအိုသေကိုလွတ်အောင် ဘယ်နည်းနဲ့မှ ရုန်းနိုင်ကြမှာမဟုတ်ဘူး တော်တော်ကြာ ဒီချောက်ထဲပဲ ကျကြမှာပဲ။

ငါသာ ပစ်ထားလို့ရှိရင်ဖြင့် သူတို့သည်ကား အိုသေ ချောက်ကို ဒီတစ်ချောက်ပြီး ဟိုတစ်ချောက် ကျဖို့ပဲ၊ တစ်ခါ စုတေပြီး ဟိုတစ်ချောက် ဆက်ကျဖို့ပဲဆိုတော့ ဒီချောက်ပဲ ဒကာ ဒကာမတို့ လက်စသတ်နိုင်စရာ အကြောင်းမြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။

အကန်းတွေအရူးတွေဖြစ်နေကြတယ်

အဲဒီကဲ့သို့ လက်စသတ်စရာအကြောင်းမမြင်တော့၊ ငါမှ မကယ်တင် ဘယ်သူ ကယ်တင်တော့မှာတုံး၊ သူတို့ဟာ သူတို့တော့ဖြင့် ဘယ်နည်းနဲ့မှ အကန်းတွေ၊ အရူးတွေ ဖြစ်နေတဲ့ အတွက် လမ်းစ ကမ်းစမှ မတွေ့တော့ပဲ။

လမ်းစ ကမ်းစ တွေ့တဲ့ပုဂ္ဂိုလ်ကမှ မကယ်ယူလို့ရှိရင် လည်း၊ ဘယ်မှာသာလျှင် သူတို့ ဆယ်ယူမဲ့ပုဂ္ဂိုလ် ပေါ်စရာမရှိ ဘူး၊ ငါကယ်မှပဲ ဆိုပြီး သကာလ တရားဟောတာပဲ ရှင်းပလား – (ရှင်းပါပြီ ဘုရား)။

တရားဟောတာ ဘယ်သူ့ကြောင့်ပါလိမ့် (ဇရာ၊ မရဏကြောင့်ပါ ဘုရား)။ အို၊ သေ သစ္စာနှစ်ခု ကြောင့်ပဲ တရား ဟောဖြစ်တယ်။

ဦးမောင်လေးတို့ ကျေနပ်ပလား (ကျေနပ်ပါ တယ် ဘုရား)။ နောက်က ဒကာ ဒကာမတွေ ဘုရား တရားဟောဖြစ်တာ ဘာကြောင့်ပါလိမ့် (အိုသေ သစ္စာ နှစ်ခုကြောင့် ပါ ဘုရား)။

အိုသေ သစ္စာ နှစ်ခုကို လူတိုင်းကြည့်လိုက်ရင်မြင်နေ တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ကို ဒီသစ္စာကြောင့် ဘုရားဖြစ်တယ်။ သစ္စာ ကြောင့် တရားဟောချင်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာကြောင့် (ဘုရားဖြစ်ပါတယ်) သစ္စာကြောင့် ဘုရားဖြစ်ချင်တာတော့ ကျေနပ်ပါပြီ ဘုရားက ဘုရားဖြစ်ပြီ၊ ငါ့ကိစ္စပြီးပြီ၊ ငါ အငြိမ်နေပါတော့မယ်လို့ မနေဘဲနဲ့ တရား ဓမ္မတွေ ဟောချင်တဲ့ စိတ် ပေါ်ပေါက်လာတာလည်း ဘယ်သူ့ ကြောင့်တုံး (အို သေ သစ္စာကြောင့်ပါ ဘုရား)။

အို သေ သစ္စာတွေ လျှောက်ကြည့်လိုက်တဲ့အခါ မြင်လို့ပေါ့ဗျာ (မှန်လှပါ) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သစ္စာလက်လွှတ် ဘုရားမဖြစ်၊ သဘောကျ ပလား (မှန်ပါ့)။

သစ္စာလွတ်ရင်နိဗ္ဗာန်မရောက်

သစ္စာလက်လွှတ်၊ နိဗ္ဗာန်မရောက် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သစ္စာလက်လွှတ် ဘုရားတောင်မှ မဖြစ်ဘူးတဲ့၊ သစ္စာ လွတ်၍ ဒကာ ဒကာမတွေ သစ္စာကို မကျင့်ကြံဘဲနဲ့၊ ဒီပုဂ္ဂိုလ် တို့သည် ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို ရောက်လိမ့်မယ်လို့ ဆိုတာကို ဘယ်အခါမှ မမှတ်ပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လိုရင်းအချက်တွေ့ကြပလား (တွေ့ပါပြီ ဘုရား) ဘုရားဘယ်သူ့ကြောင့် ဘုရားဖြစ် (အိုသေ သစ္စာ ကြောင့်ပါ ဘုရား) အိုသေ သစ္စာကြောင့် ဘုရားဖြစ်တယ်။

ဘုရားဘယ့်နှယ့်ကြောင့် တရားဟောချင်ပါလိမ့် (အိုသေသစ္စာကြောင့်ပါဘု ရား)။ အိုသေ သစ္စာတွေကို သူတစ်ပါးမြင်တာနဲ့လည်း တရားဟောချင်တယ် (မှန်ပါ့)။

ဘုန်းကြီးတို့ တရားဟောနေတာလည်း ဒကာ ဒကာမ တွေ ရိပ်မိကြရောပေါ့ (မှန်ပါ့) အားလုံး ဒကာ ဒကာမ တွေက လမ်းကြမ်းကြီးချည့် လျှောက်နေတယ်၊ လမ်းကြမ်းကြီး ချည့် လျှောက်နေတယ် ဆိုတော့ ဒကာ ဒကာမတွေက ဖြုန်းခနဲတော့ မရိပ်မိဘူးပေါ့ဗျာ။

အိုသေလမ်းကို ဆက်လျှောက်ဦးမယ်

အသေအချာ စဉ်းစားကြည့်တဲ့အခါ သူတို့ ဒါနလေးပြု ပြန်လို့ရှိရင်လည်း နောက်ဘဝ ကောင်းစာရေး ဆိုတော့ ဒီဘဝ အိုသေဘေးကိုလည်း သူလျှောက်လျက်ပဲ (မှန်ပါ့) ဟိုဘဝ အိုသေ လမ်းလျှောက် ဦးမယ်လို့ ရည်ရွယ်ချက်ပါတယ် (ပါပါတယ် ဘုရား)။

မပါဘူးလား (ပါ ပါတယ် ဘုရား) အဲဒါတွေ ထောက်ကြည့်တဲ့အခါကျတော့ အင်း သီလလေး ဆောက်တည် ပြန်လည်း နောက်ဘဝအသစ်သေဖို့ ဒီဘဝတော့ဖြင့် ဒီမျှပဲ။

သူ ဘယ်လမ်းလျှောက်မလို့ စိတ်ကူးပြန်တုံး (အိုသေလမ်း လျှောက်မလို့ စိတ်ကူးပါတယ် ဘုရား) ဒါဖြင့် ဟောသင့်ဘူးလား မဟောသင့်ဘူးလား (ဟောသင့်ပါ တယ် ဘုရား)။

ဒီလောက်တောင် ဒီမျက်စိကန်း တစ္ဆေမကြောက်သွား နေတဲ့ ပုဂ္ဂိုလ်တွေကို ကယ်မဲ့လူ ယူမဲ့လူ သိတဲ့ပုဂ္ဂိုလ်ကမှ လမ်း ပြကောင်း မတွေ့ဘူးဆိုလို့ရှိရင်ဖြင့် တစ်ချောက်ပြီး တစ်ချောက် ဆက်ကျ နေတာပဲလို့ ဆုံးဖြတ်ချက်ချရမှာပဲ (မှန်လှပါ ဘုရား)။

တခြား ဘာချစရာရှိသေးတုံး (မရှိပါဘူး ဘုရား) ဒါတွေ သဘောကျပြီ (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ရှင်းသွားတော့ကိုး တဲ့ ဒီနေ့ ဟောရမှာက ကတဉာဏ်ကို ဟောလိမ့်မယ် (မှန်ပါ့)။

သစ္စဉာဏ်က ပြီးခဲ့ပြီ (မှန်ပါ့) ကိစ္စဉာဏ်ကကော (ပြီးခဲ့ပါပြီ ဘုရား)။ ကတဉာဏ်ကျန်တယ်။

ကတဉာဏ်ဆိုတာ

ကတဉာဏ်ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတွေ အကျဉ်း ချုပ်မှတ်ထားကြ၊ ကိစ္စပြီးပြီလို့ သိတဲ့ဉာဏ်ဟာ ကတဉာဏ် (မှန်ပါ့) ကိစ္စပြီးပြီလို့ သိတဲ့ဉာဏ် (ကတဉာဏ်ပါ ဘုရား)။

ကောင်းပြီ၊ ကိစ္စပြီးပြီလို့ သိတဲ့ဉာဏ်ဟာ ကတဉာဏ်လို့ မှတ်ထားတော့ကို၊ ဒါ ကိုယ်စိတ်ထဲမှာ ကိုယ့်သောတာပန် တည်တာကိုယ်သိတာပေါ့ဗျာ (မှန်ပါ့)။

ကိစ္စပြီးပြီလို့သိတာ ဘာဉာဏ်ခေါ်ကြ (ကတ ဉာဏ်ပါ ဘုရား) ကတဉာဏ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိစ္စပြီးပြီလို့ သိတဲ့ပုဂ္ဂိုလ်ဟာ ကိစ္စ လုပ်နေလို့ ကိစ္စပြီးပြီလို့သိတာပဲ (မှန်လှပါ)။ ဟုတ်ဖူးလား။

ကိစ္စဉာဏ်ရတဲ့ ဒကာ ဒကာမတွေ ကိစ္စဉာဏ်က တက်လာလို့ ကတဉာဏ် ရောက်တယ် ဆိုတာလည်း ငြင်းစရာ မရှိအောင် မှန်ပါတယ် (မှန်ပါ့) မမှန်ဘူးလား (မှန်ပါ တယ် ဘုရား)။

ကိစ္စပြီးပြီလို့သိတဲ့ဉာဏ်

အဲတော့ ကတဉာဏ်ဆိုတာ ပြီးပြီလို့ သိတဲ့ဉာဏ်ဟာဖြင့် သူ လုပ်ဆဲ ပုဂ္ဂိုလ်မို့ အလုပ်ပြီးတာ သိတာပဲ (မှန်ပါ့)။

ဘယ်လို ဆုံးဖြတ်ချက် ချကြမတုံး (လုပ်ဆဲပုဂ္ဂိုလ် မို့ အလုပ်ပြီးတာ သိတာပါ ဘုရား)။ လုပ်ဆဲပုဂ္ဂိုလ်မို့ အလုပ် – ပြီးတာ သိတာပဲဆိုသဖြင့် ဒကာ ဒကာမတွေ ဆုတောင်းနဲ့ နိဗ္ဗာန်မရဘူး (မှန်ပါ့)။

ဦးမောင်လေးတို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) လုပ်ဆဲပုဂ္ဂိုလ်မို့ ဒီကိစ္စတွေ လုပ်ဆဲပုဂ္ဂိုလ်မို့ သော်ငါ့ကိစ္စပြီးပြီလို့ သူသိတာ၊ မလုပ်တဲ့ပုဂ္ဂိုလ်က ငါ့ကိစ္စပြီးပြီလို့ (မသိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်သွားရမယ့်လမ်းခရီး သည် အလုပ်နဲ့သွားရမဲ့ခရီးဆိုတာကို ဒီဉာဏ် နှစ်ခုကပဲ ရှင်းပြော (မှန်ပါ့) မပြောသေးဘူးလား (ပြောပါ တယ် ဘုရား)။

ဒီဉာဏ်နှစ်ခုကပဲ ဒကာ ဒကာမတွေ ရှင်းပြောနေတာ ထောက်လိုက်လို့ ရှိရင်ဖြင့် ဪ ဒို့သည်ကားလို့ဆိုရင် ဆုတောင်းနဲ့မပြီး၊ အလုပ်နဲ့မှ ပြီးမှာပါလားဆိုတာဖြင့် ယနေ့ပဲ အားလုံး ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါတော့ – (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလုပ်လုပ်မှအလုပ်ပြီးတာသိမယ်

ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (အလုပ်နဲ့မှပြီးမှာ ပါ ဘုရား) အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်မှ အလုပ် ပြီးတာကို သိတယ် (မှန်ပါ့)။

အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ အလုပ်ပြီးတာကို (မသိပါဘူး ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏လို့ ခင်ဗျားတို့က ဆုတောင်းတာလည်း လူကြားကောင်းရုံပဲလို့ မှတ်ပါတော့ (မှန်လှပါ ဘုရား)။

ဘုန်းကြီးဘက်ကနေပြီး မင်းဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ် ဖိုလ် ရအောင် ရောက်အောင် ရကြစေ၊ ရောက်ကြစေ ဆိုတာလည်း လောကွတ်ပဲမှတ်ပါတော့ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (လောကွတ်ပါ ဘုရား) ဦးမောင်လေးတို့ ဘာမှတ်ကြမယ် (လောကွတ်)

လောကွတ်၊ လောကွတ်ဆိုတော့ လောကွတ်ဆိုတဲ့စကား ဟာက ကိစ္စပြီးတဲ့စကားကို ဆိုတာလား ဝတ်ကျေရုံဖြစ်တာလား (ဝတ်ကျေရုံဖြစ်တာပါ ဘုရား)။

လူ့ပြည်နတ်ပြည်က တောင်းယူလို့ရတယ်

ဝတ်ကျေရုံဖြစ်တာ ထောက်ကြည့်လိုက်သဖြင့် ဒကာ ဒကာမတွေ လုပ်ယူမှ ရတဲ့ပစ္စည်း လုပ်ယူ၊ ဟုတ်လား၊ တောင်းယူမှရမဲ့ပစ္စည်းကို (တောင်းယူရမှာပါ ဘုရား)။

အဲ – လူ့ပြည် နတ်ပြည် တောင်းယူလို့ရတယ်လို့ တစ်နေ့က ပြောခဲ့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

တောင်းယူလို့ရမယ့် တရားတောင်းယူပါ၊ လုပ်ယူမှရ မယ့်ဥစ္စာတော့ (လုပ်ယူရမှာပါ ဘုရား) နိဗ္ဗာန်ကတော့ဖြင့် လုပ်ယူမှရမယ် ဒကာ ဒကာမတို့ ဘာမှစိတ်ကူးမလွဲနဲ့နော်။

ဘုန်းကြီး ပြောလှချည်လား၊ တပည့်တော်တို့ကို အင်မတန်သိအောင် ပြောလှချည်လား ဆိုတော့ လုပ်ယူမှရမယ် ဆိုတာက မဂ္ဂသစ္စာကို ထောက်ကြည့်လိုက်၊ မဂ္ဂသစ္စာမှာ ဘာကိစ္စရှိတယ် ဆိုတာသာ ဝေဖန်လိုက်တော့ ခင်ဗျားတို့ တစ်ခါ တည်းနဲ့ ကျေနပ်သွားမယ် (မှန်ပါ့)။

မဂ္ဂသစ္စာဟာ ဘာဝေတဗ္ဗကိစ္စရှိတယ်

မဂ္ဂသစ္စာဟာ ဘာဝေတဗ္ဗကိစ္စပဲ (မှန်လှပါ) ဆိုတော့ ဘာဝေတဗ္ဗဆိုတာ ပွားရမယ့်ကိစ္စ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ လုပ်တာမဟုတ်သေးဘူးလား မဂ္ဂသစ္စာဆိုတဲ့ တရားနဲ့ ဘာဝေတဗ္ဗကိစ္စ၊ ဘာဝေတဗ္ဗဆိုတာ ဘယ်လောက် ပွားရမှာတုံးဆိုတော့ ဒကာ ဒကာမတို့ ဒုက္ခ မမြင်မြင်အောင် ပွား၊ ဒုက္ခမဆုံး ဆုံးအောင်ပွား ဆိုတော့ ဦးခင်မောင်တို့ ဦးစံရင် တို့ လုပ်ရမယ်ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)

အဲ့ဒါ ဒကာ ဒကာမတွေ တောင်းမယူပါနဲ့လို့ ဘုန်းကြီး က ပြောလိုက်တယ်နော်၊ လုပ်ယူကြပါ ဆိုတာ ကောင်းကောင်း မတိုက်တွန်းဘူးလား (တိုက်တွန်းပါတယ် ဘုရား)။

ကောင်းကောင်း တိုက်တွန်းတော့ကိုး ဒကာ ဒကာမ တွေ လုပ်ယူမယ့် အကြောင်းကိုဖြင့် သေချာပါပြီ ဘုရား မဂ္ဂ သစ္စာမှာ ဘာကိစ္စရှိသတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမတုံး (ဘာဝေတဗ္ဗကိစ္စ ရှိပါတယ် ဘုရား)။

ဘာဝေတဗ္ဗဆိုတာပွားရမယ်

ဘာဝေတဗ္ဗဆိုတဲ့ဥစ္စာ၊ ဘာဝေတဗ္ဗ ပွားရမယ်ကွ၊ ပွားရမယ်ဆိုတာ တစ်ကြိမ်ကိုဆိုတာလား၊ အကြိမ်များစွာကို ဆိုတာလား (အကြိမ်များစွာပါ ဘုရား)။

ဒါဖြင့် ပွားနေရတယ်ဆိုကတည်းကိုက ဒကာ ဒကာမတို့ တောင်းယူတဲ့ကိစ္စမဟုတ်ဘူး၊ ဘယ်လို ဆုံးဖြတ်ချက် ချကြမလဲ (တောင်းယူရမယ့်ကိစ္စမဟုတ်ပါဘူး ဘုရား)။

ဘယ်လိုလုပ်ယူရမတုံး (ပွားများယူရမှာပါ ဘုရား) ပွားများပြီးသကာလ လုပ်ကိုင်ယူရမယ့်ကိစ္စ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာကိစ္စပါလိမ့် (ပွားများပြီးလုပ်ကိုင်ယူရမယ့် ကိစ္စ ပါ ဘုရား)ပွားများပြီး လုပ်ယူရမယ့်ကိစ္စနော် – တော်တော်ကြာ ခင်ဗျားတို့က ဆွမ်းတော်ပွဲ၊ ကွမ်းတော်ပွဲကလေးနဲ့ သွားပြီး လုပ်မနေနဲ့ဦး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လုပ်မနေနဲ့ဦး ဒီဥစ္စာ တောင်းယူရမှာဖြင့်လည်း လူ့ပြည် နတ်ပြည်၊ ဗြဟ္မာပြည်ဖြင့် လူပြည်ဖြင့်၊ နတ်ပြည်ဖြင့် တောင်းယူ စည်းစိမ်ဥစ္စာရတနာ ပေါများစေခြင်းအားဖြင့် တောင်းယူ ရပါတယ်။

ပွားများပြီးတော့မှ ရမယ့်ဥစ္စာကို တောင်းယူလို့တော့ – (မရပါဘူး ဘုရား) မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

မဂ်ကိစ္စဟာပွားများယူရမယ်

ဘုရားကိုယ်က အသေအချာ ဟောတာပဲ ဘာဝေတဗ္ဗ ကိစ္စကွ၊ မဂ်ရတဲ့ကိစ္စက ဘာကိစ္စပါလိမ့် (ဘာဝေတဗ္ဗကိစ္စပါ ဘုရား)။

ဘာဝေတဗ္ဗကိစ္စဆိုတာ ဘာပါလိမ့် (ပွားများ ခြင်းပါ ဘုရား) ပွားများယူရမယ့်ကိစ္စကို ဆိုတာပါ ဆိုသဖြင့် တောင်းယူ ပါသလား (မပါပါဘူ ဘုရား)။

ဦးဘတင်တို့ လူစုတွေ (မပါ ပါဘူး ဘုရား) တောင်းများတောင်းနေသေးသလား (မတောင်းပါဘူး ဘုရား) အခုတော့မတောင်းဘူ။

တော်တော်သေးတယ် အတောင်းကို ပျက်သွားလို့ သဘောကျပလား (ကျပါတယ် ဘုရား) ဒါကြောင့် ဘုန်ကြီးက တစ်ခါတစ်ခါပြောတယ်၊ အဲ- တောင်းယူတဲ့ ပုဂ္ဂိုလ်ဟာ တစ်ဆုပ်တစ်ခဲ ရတယ်လို့ ဆိုတာခင်ဗျားတို့ မနာပါနဲ့ (မှန်ပါ့)။

မင်းတို့လဲ တောင်းတဲ့ပုဂ္ဂိုလ်တစ်ဆုပ်တစ်ခဲ သနားပါ ဆိုတာ တောင်းယူတာပဲ (မှန်ပါ့) ဟုတ်ဖူးလား (မှန်ပါ့)။

လုပ်ယူမှအစိုင်အခဲလိုက်ရမယ်

တောင်းယူလို့ရှိရင်မရပါဘူး၊ လုပ်ယူလို့ရှိမှ အစိုင်အခဲ လိုက်ရမယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) တောင်းယူရင် တစ်ဆုပ်တစ်ခဲတဲ့ ရှင်းပလား ( ရှင်းပါပြီ ဘုရား)။

လုပ်ယူလို့ရှိရင် အစိုင်အခဲ၊ သဘောကျပလား (ကျပါတယ် ဘုရား) ဘယ့်နှယ်တုံး တောင်းယူရင် (တစ် ထုပ်တစ်ခဲပါ ဘုရား) အင်း-လုပ်ယူရင် (အစိုင်အခဲပါ ဘုရား)။

ကဲ – ဦးမောင်လေးတို့၊ ကဲ-ဦးခင်မောင်တို့ ဘယ့်နှယ် တုံး ဦးစံရင်တို့ လူစုတွေ တောင်းများ ယူချင်သေးသလား၊ တစ်ဆုပ်တစ်ခဲပဲ ကြိုက်သလား မောင်ကိုတို့ (တစ်ဆုပ် တစ်ခဲပါ ဘုရား)။ တစ်ဆုပ်တစ်ခဲ ကြိုက်တဲ့လူတွေလားကွ တစ်ဆုပ်တစ်ခဲကြိုက်စရာလိုသေးသလား (မလိုပါဘူး ဘုရား)။

မလိုဘူးတဲ့ ဒါ တောင်းတရား အလုပ်မှာ အတော်ဆိုး တယ်လို့ သဘောပါကြပလား (ပါ ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ခန္ဓာကိုယ်ကြီးကို ကျုပ်တို့ အကြောင်းသိအောင် လုပ်ကြပါစို့တဲ့၊ အကြောင်း သိအောင် လုပ်ကြပါစို့ဆိုတော့ ကျုပ်တို့ခန္ဓာကိုယ်ကြီးကို ကျုပ်တို့ သူ့အကြောင်းကို ကြိမ်ဖန်များစွာ သူ့အကြောင်းကောင်းကောင်း သိအောင် ကြည့်ကြပါစို့ဆိုတော့ ပွားယူတာ သဘောကျ ပလား (မှန်ပါ့)။

ခန္ဓာကိုယ်ကြီးကို ကြိမ်ဖန်များစွာကြည့်

အေး – ဒီခန္ဓာကိုယ်ကြီးကို ကြိမ်ဖန်များစွာကြည့်မှ သာလျှင် သူ ဒုက္ခစက်ကြီး လည်နေတာ ပေါ်မယ်နော် (မှန်လှပါ) နို့မဟုတ်ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ခင်ဗျားတို့ ကတော့ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာလို့ အားလုံး ဒကာ ဒကာမတွေကတော့ဖြင့် ပြောကြတာပဲ ဟုတ်လား (မှန်ပါ့)။

ပြောကြတာလား ပြောလို့ပြင်မှာလည်း အထင်က လည်း ဤအတိုင်းပဲလို့ပဲ ဖြစ်မနေဘူးလား (ဖြစ်နေပါ တယ် ဘုရား)။

ဖြစ်နေတော့ ဒီဥစ္စာ ဖြစ်ပင် ဖြစ်ငြားသော်လည်း၊ ခင်ဗျားတို့က သမုတိသစ္စာ လမ်းဆုံးနေတယ် ပရမတ္ထ သစ္စာ ခင်ဗျားတို့က မထိုးထွင်းဘူး။ ကဲ – ဦးစံရင်တို့ ပြောထိုက်၊ မပြောထိုက် (ပြောထိုက် ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ (ပြောထိုက်ပါတယ် ဘုရား) ပြောလိုက်တော့ကို ခင်ဗျားတို့ သန္တာန်မှာသေသေ ချာချာ ဉာဏ်နဲ့ပဲကြည့်ကြပါစို့လို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ကြီး ခန္ဓာကိုယ်က ယခုပေါ်တဲ့ ခန္ဓာကိုယ် ကြည့်ရမယ်နော် (မှန်ပါ့)။

ဘယ်ခန္ဓာကြည့်ရမှာတုံး

ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ် ဘယ်ခန္ဓာကြည့်ရမတုံး (ယခုပေါ်တဲ့ခန္ဓာကိုယ်ကြည့်ရမှာပါ ဘုရား)။

ဟာ-တပည့်တော်တို့ဖြင့် မွေးတာကြာလှပြီ ဒကာ ဒကာမတွေကလည်း ဆင်ခြေလဲလိမ့်မယ်၊ မလဲပေဘူးလား (လဲပါတယ် ဘုရား)။

မွေးတာအတော်ကြာပြီ တပည့်တော် နှစ်ဆယ့်ငါးနှစ် ရှိပြီ၊ သုံးဆယ်ရှိပြီ၊ အို ဒကာ ဒကာမတွေ ဒီဥစ္စာ ခင်ဗျား တို့က ဉာဏ်မတက်ရလို့ပါ။

အခု အသစ်ပေါ်တဲ့ ခန္ဓာသာကြည့်ပါ၊ ကျုပ် ရှင်း အောင် ပြောပေးပါ့မယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာကြည့်ရမှာတုံး (ခု အသစ်ပေါ်တဲ့ ခန္ဓာ ကြည့် ရမှာပါ ဘုရား)။ အခုပေါ်တဲ့ အသစ်ခန္ဓာ ကြည့်ရမှာ၊ အသစ် ခန္ဓာကြည့်မှလည်း ပစ္စုပ္ပန်တည့်မယ် (မှန်ပါ့)။

အသစ်ခန္ဓာမကြည့်ရင် (ပစ္စုပ္ပန်မတည့်ပါဘူး ဘုရား)။ ပစ္စုပ္ပန်မတည့်ဘူးဆိုတာ သိတော့ အသစ်ခန္ဓာကြည့် ပါ။ အဟောင်းခန္ဓာကို ဘုန်းကြီးက ဘာဖြစ်လို့ မဟောပါလိမ့် မတုံးဆိုတော့ အတိတ်ဖြစ်နေလို့ဟေ့ မင်းတို့ ဉာဏ်ဝမထင်ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အနာဂတ် ခန္ဓာ လာလတ္တံ့ ဟောပြန်လို့ရှိရင်လည်း မင်းတို့ သန္တာန်မှာ မရောက်သေးဘဲနဲ့ မင်းတို့မှန်းကြည့်၊ ရမ်း ကြည့်ဖြစ်နေမှာပေါ့ (မှန်လှပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အခုပေါ်ဆဲခန္ဓာကိုယ်ကိုကြည့်ရမှာ

ဒါဖြင့် ဒကာ ဒကာမတို့ ယခုပေါ်ဆဲ ကိုယ့်ခန္ဓာကို ကြည့်ကြစို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကြည့်ရမယ် (ယခုပေါ်ဆဲ ကိုယ့်ခန္ဓာကို ကြည့်ရမှာပါ ဘုရား)။ ဒါ ကြပ်ကြပ်သတိထား၊ ဒါ အသေအချာ တွေ့ရင် ဒကာ ဒကာမတို့ လိုရာကိစ္စပြီးပြီလို့သာ အောက်မေ့ ပေတော့။

ဘာဆုမှမတောင်းနဲ့ လိုရာကိစ္စ အကုန်ပြီးမယ်၊ ယခု အသစ်ခန္ဓာဟာ တွေ့အောင် ရှာနိုင်လို့ ရှိရင် (လိုရာကိစ္စ ပြီးပါမယ် ဘုရား) လိုရာကိစ္စပြီးမယ်၊ သဘောကျကြပလား (မှန်ပါ့)။

ဘာကြည့်ရမတုံး (ယခုပေါ်ဆဲ အသစ်ခန္ဓာ ကြည့်ရမှာပါ ဘုရား)။ အသစ်ခန္ဓာ ကြည့်ရမယ်။

အားလုံး ဒကာ ဒကာမတွေ ဒီတစ်လုံး ထဲမှတ်ပါ။ ဒကာ ဒကာမတွေ ဝိပဿနာရှုတဲ့အခါ ဘယ်ခန္ဓာကြည့်ရမှာတုံး (အသစ်ခန္ဓာကြည့်ရမှာပါ ဘုရား)။

အသစ်ခန္ဓာပဲကြည့်ပါ

အသစ်ခန္ဓာပဲကြည့်၊ အဟောင်းကိုမကြည့်ပါနဲ့နော်၊ အဟောင်းကိုမကြည့်ပါနဲ့ဆိုတာဟာ ဦးဘတင်တို့ ဘုန်းကြီး ရှင်းပြောမယ် ဒီဘက်က ဒကာ ဒကာမတွေ ရှင်းပြောမယ်။

အဟောင်းခန္ဓာဟာ မရှိလို့ မကြည့်နဲ့ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဘယ်လို ဖြေကြမယ် (မရှိလို့ မကြည့်နဲ့ ပြောတာပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးပြောတာသည် ဒကာ ဒကာမတို့ မရှိလို့ မကြည့်နဲ့ ပြောတဲ့ဥစ္စာ၊ ခင်ဗျားတို့ကပဲ ဆင်ကန်းတောတိုး ကြည့်မယ်ဆိုရင်တော့ ဒါ အတော်လွဲမှာပဲ (မှန်ပါ့)။

မလွဲပေဘူးလား (လွဲပါတယ် ဘုရား) ဘာဖြစ်လို့ တုံး မရှိတာ ကြည့်နေလို့၊ မရှိတာ ကြည့်တာလောက် ကိုမြရွှေ လွဲတာ ဘယ်ရှာတွေ့မတုံး (မတွေ့ပါဘူး ဘုရား)။

တစ်ခါ အနာဂတ်ခန္ဓာကြည့်ပါဆိုတော့ လာမှ မလာ သေးတဲ့ ဥစ္စာဘဲ ဦးခင်မောင်တို့၊ ဦးမောင်လေးတို့ ဒါလဲ အလွဲ တစ်မျိုးပဲ (မှန်ပါ့) ဆိုရင် ဘယ့်နှယ်တုံး (မှန်ပါတယ် ဘုရား) သဘောကျကြပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် အတိတ်ခန္ဓာလည်း မကြည့်ပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အနာဂတ် ခန္ဓာလည်း (မကြည့်ရပါ ဘုရား)။

ဘယ်ခန္ဓာကြည့်ရမှာတုံး (ပစ္စုပ္ပန်ခန္ဓာပါ ဘုရား) ပစ္စုပ္ပန်မှ ယခုပေါ်ဆဲ ခန္ဓာ (မှန်ပါ)။

ဦးစံရင်တို့ ဒါအသေအချာမှတ်ပါနော် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ယခုပေါ်ဆဲခန္ဓာပါ ဘုရား) ယခု ပေါ်ဆဲခန္ဓာလို့ဆိုတော့ ခင်ဗျားတို့ ထင်ရှားပါတယ်တဲ့။

ပေါ်ဆဲခန္ဓာကြည့်မှ ကတဉာဏ်ပေါ်လာမယ်

ယခုပေါ်ဆဲခန္ဓာ ဆိုတော့ သိပ်ပြီးထင်ရှားပါတယ်၊ အဲဒီ ယခုပေါ်ဆဲခန္ဓာကို ခင်ဗျားတို့ ကြည့်လိုက်လို့ ရှိရင် ကတဉာဏ် ပေါ်လာလိမ့်မယ် (မှန်ပါ့)။

သူ့မှမတွေ့သေးလို့ရှိရင်ဖြင့် ကတဉာဏ် မပေါ်နိုင်ဘူး (မပေါ်နိုင်ပါဘူး ဘုရား) ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ ထောင်ပါ လို့၊ တကယ်တမ်း တရားအစစ်ကို ပြောရတာ မလွယ်ပါဘူးတဲ့၊ ဟုတ်ဘူးလား နားကြီးကြီးနဲ့ ထောင်ပါလို့ သတိပေးလိုက် ပါတယ်။

ကိုင်း နားကြီးကြီးနဲ့ ထောင်ပါဆိုတော့ ပစ္စုပ္ပန် ခန္ဓာထဲပြပါတော့ဘုရား၊ ဒကာ ဒကာမတွေက တောင်းပန်ရတော့မှာပဲ (မှန်ပါ့)။

အဲဒီ တောင်းပန်တဲ့အချိန်ရောက်တော့ ဘုန်းကြီးကပဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ အုပ်စု ဘုန်းကြီးပြောနေတဲ့ အသံ များ ကြားကြရဲ့လားလို့ မေးလိုက်တယ် (ကြားပါတယ် ဘုရား)။

နားထဲကြားစိတ်ပေါ်တယ်

ဟာ-ကြားလို့ရှိရင်ဖြင့် ကြားတဲ့စိတ်ပေါ်ပြီ၊ နားထဲကြား တဲ့စိတ်ပေါ်ပြီ၊ ဒါ-ပစ္စုပ္ပန် ခန္ဓာပဲ၊ ကြားတဲ့စိတ်ဟာ ဘာပါလိမ့် (ပစ္စုပ္ပန်ခန္ဓာပါ ဘုရား)။ မသေချာသေးဘူးလား (သေချာ ပါတယ် ဘုရား)။

ကြားတဲ့စိတ်ဟာ ဘာခန္ဓာပါလိမ့် (ပစ္စုပ္ပန် ခန္ဓာ ပါ ဘုရား) ဪ ဟုတ်သားပဲ အခု သူကြားတဲ့ စိတ်နဲ့ နေတာပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒီကြားတဲ့စိတ်ဟာ ပစ္စုပ္ပန်ခန္ဓာလို့ ဆရာဘုန်းကြီးက ပြောတော့ ဒကာ ဒကာမတွေကလည်း အင်း-အခုမှ ပေါ်လာ တဲ့စိတ်ဖြင့် နဂိုက ဒီအသံမလာခင်တုံးက ကြားတဲ့စိတ်ကို မရှိ ပါဘူး ရှိကြရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် မရှိလို့ရှိရင် ဒါ-ပစ္စုပ္ပန် စစ်-မစစ် (စစ်ပါ တယ် ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ဪ-ဒါသည်ကားဆိုရင်ဖြင့် အရင်ကြားတဲ့စိတ်တွေ က ဘယ်ရောက်ကုန်သတုံးလို့ မေးလို့ ရှိရင်ဖြင့် အတိတ်ဖြစ်ကုန် ပါပြီတဲ့ လိုက်မနေနဲ့တဲ့ ရှိကို မရှိလို့ မရှုနဲ့။

ရှိကို မရှိလို့ ဘယ့်နှယ်တုံး (မရှုရပါ ဘုရား) မရှု ကြပါနဲ့၊ ရှိကိုမရှိလို့ မရှုကြပါနဲ့၊ ရှုရင် ခင်ဗျားတို့ ပင်ပန်းရုံမျှပဲ (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

ရှုရင် ဘယ့်နှယ်ဆိုကြမတုံး (ပင်ပန်းရုံမျှပါ ဘုရား) ပင်ပန်းရုံပဲဆိုတာ အသေအချာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကဲ – အခုဘုန်းကြီးပြောတဲ့အသံကြားကြလား (ကြားပါတယ် ဘုရား)။ အဲဒီကြားစိတ်ကလေးက အိမ်ကပါလာ တဲ့ ကြားစိတ်လား ခု အသံနဲ့ တွေ့မှပေါ်တာလား (အခု အသံနဲ့တွေ့မှ ပေါ်တာပါ ဘုရား)။

ဝိညာဏက္ခန္ဓာကသိတယ်

ဒါဖြင့် ဒါ ပစ္စုပ္ပန်ခန္ဓာ၊ ဒါ စိတ်ကို ခန္ဓာဖွဲ့မယ်ဆိုတော့ ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ သိတယ်လေ၊ သူက အသံကော မသိဘူးလား (သိပါတယ် ဘုရား) သိတော့ သူ့ ဘာခန္ဓာနဲ့ဖွဲ့မတုံး (ဝိညာဏက္ခန္ဓာပါ ဘုရား)။

သိတော့ ဒီထဲမှာလည်း ဒကာ ဒကာမတွေ ဘုန်းကြီး ပြောနေတဲ့အသံကို ကောင်းရင်လည်း ကောင်းတယ်ဆိုတဲ့ ဝေဒနာကလည်း ဒီထဲပါတယ် (မှန်ပါ့)။

ဒီအသံ ဒီပြောတဲ့အသံလေးက သဘောလေး ပြော – တာပဲ မှန်မှာပဲ (မှန်မှာပါ ဘုရား)။ မပါဘူးလား ၊ (ပါပါတယ် ဘုရား)။

ဒါဖြင့် စိတ် ဝိညာဏက္ခန္ဓာလည်းပါတယ်၊ ကောင်း မကောင်းကို ခံစားတဲ့ ဝေဒနာက္ခန္ဓာ၊ မှတ်တဲ့သညာက္ခန္ဓာ မပါဘူးလား (ပါ ပါတယ် ဘုရား)။

အင်း စေတနာကောင်းကောင်းနဲ့ တပည့်တော် တို့ နာယူနေတာဆိုတာ သင်္ခါရက္ခန္ဓာ လည်းပါတယ် (ပါ – ပါတယ် ဘုရား) မပါဘူးလား (ပါ ပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ခန္ဓာကိုယ်လေးပါးဖြစ်နေတယ် (မှန်ပါ့) ဘယ်နှစ်ပါးဖြစ်နေတုံး (လေးပါး ဖြစ်နေပါတယ် ဘုရား)။ ဪ လေးပါးဖြစ်နေပြီဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

နာမ်ခန္ဓာလေးပါး

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာလို့ လေးပါးမစုံသေးဘူးလား (စုံပါတယ် ဘုရား)၊ ကောင်းပြီး လေးပါးစုံပြီ။

ဒီလေးပါးကို ဒကာ ဒကာမတို့ ဘာခန္ဓာလို့ဆိုကြပါ့မယ် (ပစ္စုပ္ပန်ခန္ဓာပါ ဘုရား) ဘယ်နှစ်ပါး ပါလိမ့်ဆိုတော့ (လေးပါးပါ ဘုရား)။

ဪ ဒါဖြင့် လေးပါး၊ လေးပါးဆိုတော့ တပည့် တော်တို့ ဒီအချိန်မှာ ရုပ်မပါသေးဘူးဘုရားလို့ ဒကာ ဒကာမ တွေကလည်းဆိုချင်ဆိုမယ် (မှန်လှပါ)။

ရုပ်ခန္ဓာပါတယ်

ရုပ်ပါတယ် ဒကာ ဒကာမတွေရ ရုပ်ပါတယ်၊ ဒီရုပ် မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီကြားတတ်တဲ့ရုပ် မရှိတဲ့ပုဂ္ဂိုလ် လူတွေ နားမှာ ဒီ ဟွန်းကြီးကြီးနဲ့ ဒီက ဘက်ထရီများများနဲ့ အော်ကြည့် ဦးမောင်လေး ရမလား၊ မရဘူးလား (မရပါဘူး ဘုရား)။

ရကြပါ့မလား (မရပါဘူး ဘုရား)။ ကြားရုပ် မရှိ လို့ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ကြားရုပ်ကလေးပဲ နဂိုက ရှိနှင့်တယ်ဆိုတဲ့ ဥစ္စာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ဒါဖြင့် ကြားရုပ် ကလေးတည့်လိုက်တော့ ခန္ဓာဘယ်နှစ်ပါးဖြစ်တုံး (ငါးပါး ဖြစ်ပါတယ် ဘုရား) အဲဒါ ပစ္စုပ္ပန်ခန္ဓာလို့မှတ်ပါ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဦးဘအုန်းကြီးတို့ ခုမှလာတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ခန္ဓာဘယ်နှစ်ပါးဖြစ်တုံး (ငါးပါး ဖြစ်ပါတယ် ဘုရား) ကြားရင်ငါးပါးဖြစ်တယ် (မှန်ပါ)။

ကြားရင်ခန္ဓာငါးပါးဖြစ်တယ်

ကိုမြရွှေတို့ ဘယ့်နှယ့်တုံး (ကြားရင်ငါးပါးဖြစ်ပါတယ် ဘုရား) ကြားရင်ငါးပါးဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေလည်းငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)၊ ဒီကျမှ ငါးပါးဆိုတော့ ဒီကျမှတောင်မှ ဒီအသံကြားမှ ငါးပါး (မှန်ပါ)။

မလိုပါဘူး၊ ဪ -ဒါဟာအိမ်ကပါလာတာလား၊ ဒီကျ မှ ငါးပါးလေးသာမေးတော့ (ဒီကျမှ ငါးပါးပါ ဘုရား) ဒီကျမှ ငါးပါးဆိုတော့ ဒီကျမှတောင်မှ ဒီအသံကြားမှ ငါးပါး (မှန်ပါ့)။

ဒီကျမှတောင် ဒီအသံကြားမှ ငါးပါး (မှန်လှပါ ဘုရား)။

ဒီကျမှတောင်မှ ဒီအသံကြားမှ ငါးပါးဆိုတာက ငြင်းနေဖို့လို ကြသေးလာ (မလိုပါဘူး ဘုရား)။

အဲဒီ ခန္ဓာကို ကြည့်ရမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကြားတယ်နော် ကြားတော့ ဘယ်နှစ်ပါး ဖြစ်သတုံး (ငါးပါးဖြစ်ပါတယ် ဘုရား)။

အင်း ကြားတဲ့ အသံကလေးကို အင်းသာယာတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်၊ ဒီကနောက်ကနေပြီး သကာလ လောဘ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

အင်း ပြီးတဲ့နောက်က ဘာလိုက်လာတုံး (လောဘကလိုက်လာပါတယ် ဘုရား) လောဘ လိုက်လာလို့ရှိ ရင် မကြားရမနေနိုင်ဘူးဆိုတဲ့ ဥပါဒါန်က လိုက်လာပါ တယ် ဘုရား)။

ဟာ အနားတိုးပြီး နားထောင်မှပဲဆိုတဲ့ ကာယကံ၊ ဝစီကံ (မှန်ပါ့)၊ အနားတိုးပြီး နားထောင်မှပဲ ဆိုတဲ့ ကာယကံ ကလည်း တိုးလာတယ် (တိုးလာပါတယ် ဘုရား)။

တဏှာဥပါဒါန်ကံလိုက်လာတယ်

ဝစီကံကလည်း ပါးစပ်ကပြောလာတယ် (မှန်ပါ့)၊ မပြောဘူးလား (ပြောပါတယ် ဘုရား) ပြောတော့ ဒီ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ ခင်ဗျားတို့ ဒီ ခန္ဓာနောက်က၊ ဒီခန္ဓာငါးပါး နောက်က တဏှာ၊ ဥပါဒါန်၊ ကံလိုက်လာတယ် (မှန်ပါ့)။

မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) ဒါ ဘယ့်နှယ့်ကြောင့် ဒီ ပဋိစ္စသမုပ္ပါဒ်ဟာ ခုမှပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။

အိမ်က ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ်လို့ ဆိုလို့ရရဲ့လား (မရပါဘူး ဘုရား) သဘောကျကြလား (ကျပါတယ် ဘုရား)

အိမ်က ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ်လို့ ဘယ်သူမှ မငြင်း နဲ့တော့ ဒီကျမှ ဖြစ်တာဘုရား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါ ဘယ် ပဋိစ္စသမုပ္ပါဒ်ပါလိမ့် (ဒီကျမှ ဖြစ်တဲ့ပဋိစ္စ သမုပ္ပါဒ်ပါ ဘုရား)။

ပဝတ္တိပဋိစ္စသမုပ္ပါဒ်

ပဝတ္တိ ပဋိစ္စသမုပ္ပါဒ်၊ ပစ္စုပ္ပန် ပဋိသမုပ္ပါဒ် (မှန်လှပါ) ဒီပဋိစ္စသမုပ္ပါဒ်ကို ရှုရမှာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာရှုရမှာတုံး (ဒီ ပဋိစ္စသမုပ္ပါဒ် ရှုရမှာပါ ဘုရား)။ ဒီပဝတ္တိ ပဋိစ္စသမုပ္ပါဒ်ကို ခုပေါ်လာတဲ့ ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် ကို ရှုရမှာ (မှန်လှပါ)။

ညအားထုတ်မနက်ရမယ်

ဒီလို တည့်လို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးရှင်းပြမယ်၊ ညအားထုတ်ပါတဲ့ မနက်ကို သောတာပန် တည်မယ်တဲ့ ငါဘုရားတာဝန်ယူတယ် (မှန်ပါ့) ည အားထုတ် မနက်ကို သောတာပန်တည် မယ် သဘောကျပလား (ကျပါတယ် ဘုရား)။

အဘယ ရာဇကုမာရ မင်းသားကို ဟောတာပါတဲ့ (မှန်ပါ့) ညအားထုတ် မနက်ရမယ်တဲ့ကွ၊ ဒီပစ္စုပ္ပန် တည့်အောင် ရှုနိုင်ကြလို့ရှိရင် ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

အလွန်ဖျင်းရင် (၇)ရက်ပဲ

အလွန် ဖျင်းတဲ့ ပုဂ္ဂိုလ် ဟာ ခုနှစ် ရက် ပဲဟေ့ သဘောကျပလား (ကျပါတယ် ဘုရား) အလွန်ဖျင်းတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်လေးပါး တံခါးပိတ်ဖို့ရာ ခုနှစ်ရက်ပါပဲတဲ့။

အလွန် ဉာဏ်နားကောင်းတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့်တဲ့ ညအားထုတ် မနက်ရပါတယ်၊ ကဲ ဘယ်လောက်ဟောတုံး။

ခု ရှုနေကြတာတွေက ဒကာ ဒကာမတွေ မတည့်လို့ ခက်နေတာ (မှန်ပါ့) ခုပေါ်လာတာ လေးကို ခုနောက်က ဉာဏ်က မလိုက်နိုင်ဘူး။

မလိုက်နိုင်တော့ ဒီပဋိစ္စသမုပ္ပါဒ်က တန်းသွားတာ ပဲ ဒကာ ဒကာမတို့ ရှုမိတာပါသေးသလား (မပါပါဘူး ဘုရား)။

ရှုမိလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီကြားမှာ မဂ္ဂင်ငါးပါးလိုက်တယ်၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

သတိပဋ္ဌာန်လေးပါး ကြိုက်တာတစ်ခုပါ

ကိုင်း ဒီစာလေးက ဥပမာ ငါးပါးရှိတယ်၊ ငါးပါးထဲ က ဒကာ ဒကာမတွေက စိတ္တာနုပဿနာ ကြိုက်ရင် စိတ်သာရှု ဝေဒနာနုပဿနာ ကြိုက်ရင် (ဝေဒနာရှုရမှာပါ ဘုရား)။

အဲ ဓမ္မာနုပဿနာ ကြိုက်ရင် ဒီထဲ သညာတို့၊ စေတနာတို့ ရှုလိုက်တာပေါ့ဗျာ၊

ကာယာနုပဿနာကျတော့ ဒီခုနက အခံရုပ် ရှုလိုက် တာပေါ့မပါသေးဘူးလား (ပါ ပါတယ် ဘုရား)။

အဲတော့ သတိပဋ္ဌာန်ဟာ တစ်ခုရှု အကုန်ပါတယ်ဆို တာကော သဘောကျပလား (ကျပါတယ် ဘုရား)။ ဘာပြု လို့တုံးဆိုတော့ ငါးပါးကို ပျက်မှာပဲ တစ်ပြိုင်တည်း (မှန်ပါ့)။

မပျက်ပေဘူးလား (ပျက်မှာပါ ဘုရား) အဲတော့ ဒီအပျက်ကို ဒကာ ဒကာမတွေက နေပြီး သကာလ ကိုင်း ဖြစ်တော့ ဖြစ်ပြီဟေ့၊ ခန္ဓာငါးပါးတော့ဖြစ်ပဟ၊ ဒီခန္ဓာငါးပါးကို ငါနောက်က နေပြီးကြည့်မဟဲ့လို့ ဆိုလိုက်လို့ရှိရင် ဒီပဋိစ္စ သမုပ္ပါဒ်ဟာ ဘယ့်နှယ့်နေကြတုံး (ပြတ်ပါတယ် ဘုရား)။

မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) ဒီပဋိစ္စသမုပ္ပါဒ် လာမှ တဏှာ၊ ဥပါဒါန် ကံလာမှ ကမ္မဘဝ ပစ္စယာ ဇာတိကလာမှာကိုးဗျ (မှန်ပါ့) နောက်ဇာတိလာမယ် (မှန်ပါ့)။

နောက်လာစရာကို ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)။ ဇာတိမှ မလာပဲနဲ့ ခင်ဗျားတို့ အိုသေဆိုတဲ့ ဇရာ မရဏကဘယ့် နှယ့် လုပ်လာမတုံး (မလာပါဘူး ဘုရား)။

လာစရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ – ဒါဖြင့် ဒို့ဟာ ပဋိစ္စသမုပ္ပါဒ်ကို ဒို ဒီအတိုင်းရှုနေရင် သူဖြတ်တာ ပဲ ဒို့ မရှုပ်နေရင်လည်း မဖြတ်တာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှုလိုက်ပြန်တော့လည်း ဘာဖြစ်တုံး (ပြတ်ပါတယ် ဘုရား)၊ ပြတ်တာပဲ၊ ဒါဖြင့် ရှုပွားမှု အလုပ်သည် ဒကာ ဒကာမတို့ အရေးကြီးဆုံး အလုပ်လို့ပဲ ဆိုရမှာပဲ (မှန်ပါ့)။

ရှုပွားမှုအလုပ်သည် အရေးကြီးဆုံး

ဒီပြင် ဘာရှိသေးသတဲ့ (မရှိပါဘူး ဘုရား) ရှုပွားမှု အလုပ်သည် အရေးကြီးဆုံး အလုပ်ပဲ ဆိုတော့ အားလုံး ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီတဏှာ၊ ဥပါဒါန်၊ ကံ လာလို့ရှိရင်ဖြင့် ဒီဇာတိက မလာပါစေနဲ့လို့ ဘုရားတားလို့ မရဘူး (မှန်ပါ့)။

ကံနဲ့ ဝိပါကကို (မှန်ပါ့)၊ သူက ကံ၊ သူက ဝိပါက ကံနဲ့ ဝိပါကကို ဒကာ ဒကာမတွေ ဘုရားတားလို့ ရလား။ (မရပါဘူး ဘုရား)။

မရနိုင်တော့ ကံက ဝိပါက ဖြစ်ပြီဆိုမှဖြင့် ဒီဝိပါက၏ အစွယ်အပွားတွေ ဝိပါကနဲ့ အဖော်တွေ ဆိုတော့ ဇာတိဖြစ်လို့ ရှိရင် ဇာရာ၊ မရဏ လာမှာပဲ (လာမှာပါ ဘုရား)။

မလာပါနဲ့ဆိုလို့ (မရပါဘူး ဘုရား)၊ အဲတော့ ဘယ်လိုပုဂ္ဂိုလ်မို့ လာတာတုံးလို့မေးတော့၊ ပစ္စုပ္ပန် ခန္ဓာကို သူနောက်ကနေပြီး ပဋိစ္စသမုပ္ပါဒ် ဆက်တဲ့ ပုဂ္ဂိုလ်မို့ သူလာတာ (မှန်ပါ့)။

ပစ္စုပ္ပန့်ခန္ဓာကို သူတည့်အောင် မရှုနိုင်တဲ့ ပုဂ္ဂိုလ်မို့(မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတည့်အောင် မရှု နိုင်လို့ (ပစ္စုပ္ပန်ခန္ဓာကို တည့်အောင်မရှုနိုင်လို့)။

အဲ ပစ္စုပ္ပန်ခန္ဓာကို တည့်လိုက်တော့ မဂ်ဝင်တယ် (မဂ်ဝင်ပါတယ် ဘုရား) မဝင်ဘူးလား (ဝင်ပါတယ် ဘုရား)၊ မတည့်တော့ ပဋိစ္စသမုပ္ပါဒ် ဝင်လာတယ် (မှန်ပါ့)။ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)

မတည့် တော့ ဘယ်သူဝင်လာတုံး (ပဋိစ္စသမုပ္ပါဒ် ဝင်လာပါတယ် ဘုရား) အင်း တည့်လိုက် ပြန်တော့လည်း (မဂ်ဝင်လာပါတယ် ဘုရား)။

မဂ်လာတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်

မဂ်ဝင်လာတော့လည်း အဲ- ဒီပဋိစ္စသမုပ္ပါဒ် က တန်းလို့ ကို ရသေးရဲ့လား (မရပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခုနက အဘယ ရာဇကုမာရ မင်းသားကလေး ဘုရားကဟောတယ်၊ ကွာ ဆရာကောင်း သမားကောင်းနဲ့ ပစ္စုပ္ပန်တည့်တည့်ရှုလို့ရှိရင်ဖြင့် ညအခါ ဒီအတိုင်း ရှုနေကွ မနက် သောတာပန် တည်တာပဲ ဆိုတော့ ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်သကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒကာ ဒကာမတွေ နေရာကျပလား (ကျပါတယ် ဘုရား)။

ဘယ်လိုရှုရမှာတုံး

ဒါဖြင့် ရှုတဲ့အခါ ဘယ်လိုရှုရမှာတုံးလို့ မေးဖို့လိုလာ တယ် (မှန်ပါ့) ဒီငါးပါးထဲက တစ်ပါးပါးတော့ ဖြင့် တပည့်တော်တို့ ရှုရတော့မှာပဲ။

ကာယာနုပဿနာကြိုက်ရင် ကိုယ်ရှု၊ ရုပ်ရှုပေါ့ဗျာ (မှန်ပါ့) တစ်ပါးပါးတော့ တပည့်တော်တို့ မိအောင် ရှုရတော့ မှာပဲ ဆိုတော့ ဒီထဲဘယ်နှစ်ပါးရှိတုံး (ငါးပါးရှိပါတယ် ဘုရား)။

ငါးပါးရှိတယ် ငါးပါးရှိပေမဲ့လည်း ဒီဘက်က ဘုန်းကြီး တို့ ဒကာ ဒကာမတွေက ငါးပါးစလုံးမရှုနဲ့ သတိပေးလိုက်ပြန် တယ်နော်။

ငါးပါးတော့ရှိတယ်၊ သူ့ဖြစ်စဉ် ငါးပါးပေါ့ဗျာ (မှန်ပါ့) ငါးပါးစလုံးမရှုနဲ့ ရှုရင်ခင်ဗျာတို့ ဉာဏ်မပိုင် သေးဘူး ဒီနောက်က ဉာဏ်က မပိုင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်ကဉာဏ်က ဘာတုံး (မပိုင်ပါဘူး ဘုရား) ဘာဖြစ်လို့ မပိုင်သတုံးလို့ မေးတဲ့ အခါကျတော့၊ ဘယ်သူ တစ်ယောက်တည်းကပဲ ငါးခုထမ်းရမလို ဖြစ်နေတယ် (မှန်လှပါ)။

ဉာဏ်တစ်ခုတည်းကနေ ငါးခုဖမ်းရမှာ (မှန်ပါ့) ဖြစ် နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား) ဒီငါးခုကလည်း ရူပက္ခန္ဓာက သူတစ်မျိုး သတ္တိရှိတယ်။

ဝေဒနာက္ခန္ဓာက တစ်မျိုး သတ္တိရှိတယ်၊ သတ္တိချင်း တူကြရဲ့လား (မတူပါ ဘုရား) မတူတော့ သူတို့ကို ခင်ဗျားတို့ ဒီထဲက ထက်တာတစ်ခုကို အားလုံး ဒကာ ဒကာမတွေက ရှုပါ။

ဝေဒနာကြိုက်ရင် (ဝေဒနာ ရှုရမှာပါ ဘုရား) စိတ်ကြိုက်ရင် (စိတ်ရှုရမှာပါ ဘုရား)။

ရှုချင်ရာ ရှုတဲ့ ဒကာ ဒကာမတို့ တစ်ခုတည်းသာရှု၊ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) တစ်ခုတည်းသာ ရှုပါတဲ့ တစ်ခုတည်းရှုလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာခု ကြားစိတ်ကလေးပဲ ရှုနေ ကိုက်တာပဲ။

ဘာဖြစ်လို့ ကြားစိတ်ကလေး ရှုနေလဲ ကိုက်တုံး ဆို တော့၊ ကြားစိတ်ကလေးနဲ့ ဖြစ်ဖော် ဖြစ်ဖက်တွေက အတူတကွ မကင်းရာ မကင်းကြောင်း ဖြစ်ကြတာတွေက ကြားရုပ်ချုပ်တော့ သူတို့က တန်းလန်း နေဦးမှာမှ မဟုတ်ပဲ (မှန်လှပါ)။

နေရစ်ပါဦးမလား (မနေပါဘူး ဘုရား) အင်း ရောပြီး မပျက်ပေဘူးလား (ပျက်ပါတယ် ဘုရား) ရောပြီးပျက်မယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရောပြီးပျက်သွားတဲ့ အခါကျလို့ရှိရင်၊ ရှုတဲ့အခါမှာလည်း ဒကာ ဒကာမတို့ ရှိတုန်း ရှုရမှာလား ၊ မရှိတဲ့အချိန် ရှုရမှာလား ဆိုတာလည်း ခင်ဗျားတို့ နောက်မှလာတဲ့ ဒကာ ဒကာမတွေက သိမှာမဟုတ်ဘူးနော် (မှန်ပါ့) ရှင်းပလား (မှန်ပါ့)။

ရှိတုန်းကို ရှုရမှာလား၊ ကြားစိတ်ကလေးရှိတုန်းကို ရှုရမှာလား၊ ကြားစိတ်ကလေး မရှိတဲ့ အချိန်မှာ ရှုရမှာလား ဒါ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ရှိတဲ့အချိန်သွားမရှုနဲ့

ရှိတဲ့ အချိန်မှာ သွားမရှုနဲ့တဲ့၊ ရှုလို့ရှိရင် ခင်ဗျားတို့ ဪ ရှိတာလေး ကျုပ်ရှုမိတယ် ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ အမှားဟာ အတော်ကြီးတယ် သဘောကျပလား (ကျပါ တယ် ဘုရား)။

ရှိတဲ့ အချိန်ရှုမိရင် ဘာတုံး (အမှားကြီးပါတယ် ဘုရား) ဘယ့်နှယ့်ကြောင့် အမှားကြီးတယ်လို့ ဆိုရသတုံး ဆိုတော့ ဒကာ ဒကာမတို့ သတ္တဝါ သန္တာန်မှာ တစ်စိတ်သာ အသက်ရှင်နိုင်တာကိုးဗျ။

ဒီတစ်စိတ်ချုပ်ပြီးမှ နောက်တစ်စိတ်ပေါ်ရမှာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ တစ်စိတ်ချုပ်ပြီးမှ (နောက်တစ်စိတ်ပေါ်ရမှာပါ ဘုရား)။

အဲ ကြား ရုပ်ကလေးချုပ်၊ ချုပ်သွားပြီးသည့်နောက်မှ သာလျှင် ဒကာ ဒကာမတို့ ရှုစိတ်က လာနိုင်မှာ၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကြားစိတ် ချုပ်ပျောက်သွားပြီးမှ ဘာတုံး (ရှုစိတ် လာမှာပါ ဘုရား) ရှုစိတ်ကလာနိုင်တော့ ဘာဖြစ်လို့တုံးဆိုတော့ တစ်ယောက်မှာ နှစ်စိတ်ရှိတယ်လို့ ထုံးစံမရှိဘူး တစ်ပြိုင် နက်တည်း မဖြစ်ကောင်းဘူး (မှန်ပါ့)။

ဖြစ်ကောင်းပါ့မလား (မဖြစ်ကောင်းပါဘူး ဘုရား) မဖြစ်ကောင်းတာတွေ အသေအချာ ဒကာ ဒကာမတွေက သိပြီး သကာလနေတော့ ဪ ဒါဟာ ဘုရားက ပစ္စုပ္ပန် တည့်တည့်ရှုလို့ ဆိုငြား သော်လည်း။

သူဖြစ်ပြီး ပျက်သွားပြီးမှ ရှုတဲ့ဉာဏ်ဟာ ပေါ်နိုင်တယ် (မှန်ပါ့) ဒီပြင်ပေါ်နိုင်ကြပါ့မလား (မပေါ်နိုင်ပါဘူး ဘုရား)။

မပေါ်နိုင်တော့ အင်း ဒါသည်ကားလို့ဆိုရင် ဘယ်လိုရှု ရမှာလိမ့်မတုံးဆိုလို့ရှိရင်ဖြင့်၊ သော် ခုနက ဒီနေရာမှာ သူရှိနေ တယ်၊ ခုမရှိတော့ဘူးဆိုတဲ့ ဥစ္စာကို သိဖို့ပဲ အရေးကြီးတယ်။

ခုနက ဒီနေရာမှာသူဖြစ်လည်း ဖြစ်လေရဲ့ အခုလည်း ရှာလို့မတွေ့ဘူးဆိုတဲ့ ဉာဏ်ဟာ ဒီဉာဏ်ပဲ (မှန်ပါ့)။

ဒီနေရာမှာ သူဖြစ်လည်း ဖြစ်တယ်နော် (မှန်ပါ့)။

မိမိခန္ဓာငါးပါးမရှိတာ

ဪ ဒါဖြင့် ရှေးကဖြစ်လည်းဖြစ်သွားတယ်၊ ဒီနေ ရာမှာ ခုရှာတဲ့ အခါလည်းမရှိတော့ဘူး၊ ဘယ်သူမရှိတာတုံး ဆိုတော့ မိမိခန္ဓာ ငါးပါးမရှိတာ (မှန်ပါ့)။

သူများ ခန္ဓာလား (မဟုတ်ပါဘူး) ခင်ဗျားတို့ အိမ် ပေါ်ရောက်မှ အခုကြားတဲ့ခန္ဓာ (မှန်ပါ့) ဘယ်ခန္ဓာမရှိတာ တုံး (အခုကြားတဲ့ခန္ဓာပါ ဘုရား)။

ဪ ကိုယ့်ခန္ဓာမရှိတာ ကိုယ်သိဖို့ပါပဲ၊ ဘာပါလိမ့် (ကိုယ့်ခန္ဓာမရှိတာ ကိုယ်သိဖို့ပါ ဘုရား) ဒါ ပစ္စုပ္ပန် မတည့် သေးလို့ ဟိုဘက်လှည့်နေတာ။

ခါတိုင်းဆိုရင်တဏှာဝင်တော့မယ်

ပစ္စုပ္ပန်လို့ ဘာလို့ဟောပါလိမ့်မတုံးဆိုတော့ သူကချုပ် သွားတယ်တဲ့၊ ပေါ်တယ် ငါဘုရားက ဟောတယ်တဲ့ ဒကာ ဒကာမတို့ ဒီကြားထဲမှာ ခါတိုင်းဆိုရင် ကြားကောင်းတယ်ဆို တဲ့ တဏှာ ဝင်တော့မယ် (မှန်ပါ့) မဝင်ပေဘူးလား (ဝင်ပါ တယ် ဘုရား)။

ကြားလို့ကောင်းရင် စွဲလန်းတယ်ဆိုတဲ့ ဥပါဒါန်ကော (ဝင်ပါတယ် ဘုရား) ကာယကံ၊ ဝစီကံ ဆိုတာကော (လာပါ တယ် ဘုရား)။

ဒါတွေချည့် လာခွင့်ရသေးရဲ့လား (မရပါဘူး ဘုရား) ဒါဖြင့် ကိလေသာကြားမခြားလို့ ငါဘုရားက ပစ္စုပ္ပန်လို့ ဆိုလိုက်တယ် ကိလေသာကြားမဝင်လို့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာကြားမဝင်လို့ (ကိလေသာကြားမဝင်လို့ပါ ဘုရား) သော် ကိလေသာကြားမဝင်လို့ ခင်ဗျားတို့ မနက်အား ထုတ်ညရမယ်၊ ညအားထုတ်ရင် (မနက်ရမှာပါ ဘုရား)။

နို့ တပည့်တော်တို့ ရှုနေတာ ကြာလှပြီဘု ရား ခုထက်ထိပဲ ၊ တယ်တော့ မဟန်သေးဘူးဘုရား ဆိုတော့ မဟန်တာတွေဝင်နေလို့ပဲ (မှန်လှပါ) ရိပ်မိပလား (ရိပ် မိပါတယ် ဘုရား)။

ဘာတွေဝင်နေတုံး (မဟန်တာတွေ ဝင်နေတာပါ ဘုရား) စိတ်ထဲ မဟန်တာတွေ ဝင်နေပြီ ဆိုတော့ ဒကာ ဒကာမ တွေ ပါရမီချမလား၊ ကိုယ်က မဟန်တာတွေဝင်နေလို့လား (ကိုယ်က မဟန်တာတွေ ဝင်နေလို့ပါ ဘုရား)။

ကိုယ့်ဟာကိုယ် မဟန်တာ ကိုယ်သိသွားပြီ (မှန်ပါ့) မသိသေးဘူးလား (သိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ကိုယ့်ဟာကိုယ် မဟန်တာက ဘာတုံး ဆိုတော့ မြင်တယ်၊ မြင်တာလေးကို ဟုတ်လား ခုကြားတယ် ကြားတာလေးကို သဘောကျတယ်ဆိုတော့ တဏှာက နောက်က လိုက်လာတယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်တန်းနေသော

ဒီ မဂ်ဝင်မည့်နေရာကို တဏှာက ဝင်လာတယ်။ တဏှာဝင်တော့ ဥပါဒါန်က နေသေးလား (မနေပါဘူး ဘုရား) တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာဇာတိ၊ ဇာတိပစ္စယာ ဇာရာ မရဏ ဆိုတော့ ခင်ဗျားတို့ မဟန်တာ ဒါပဲကိုး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ် တန်းနေတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒါအားလုံး ဒကာ ဒကာမတွေ ယနေ့ည ဆုံးဖြတ်ချက်ချ၊ ဒါပါရမီ မရှိလို့ မရတာလား ဟုတ်လား၊ ကိလေ သာ ကြားခိုလို့ မရတာလား (ကိလေသာ ကြားခိုးလို့ မရတာပါ ဘုရား)။

အဲ့ဒါကြောင့်ဟောတာ၊ ကိလေသာကြားမခိုပဲနဲ့ အားထုတ်လို့ရှိရင် ညအားထုတ် မနက် ရမယ်ကွ၊ ကဲ ဦးခင်မောင် တို့ ဦးမောင်လေးတို့ ဦးစံရင်တို့ ခက်တာလား မခက်တာလား (မခက်ပါဘူး ဘုရား) မခက်ဘူး။

မတားတတ်ဘူး ခင်ဗျားတို့က (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) တရားက ခက်လို့လား၊ ကိုယ်ကအစဉ် ရိုးရာကရှေ့သွားထားတဲ့ လမ်းကြောင်းကြီး ဖြစ်နေလို့ အပြေးသန်လွန်းလို့ တားမရတာလား အကဲခတ် (အပြေးသန်လို့ ပါ ဘုရား)။

မြင်တယ်၊ ကြားတယ်ဆိုရင်ပဲ ကောင်းတယ် တဏှာ ကလာပြီ (မှန်ပါ့) စွဲလန်းတယ်ဆိုတဲ့ ဥပါဒါန်က အင်း ကာယကံ၊ ဝစီကံ (လာပါတယ် ဘုရား)။

အဲ့ဒါတွေ ရှုပ်နေလို့ ဒကာ ဒကာမတွေ မရပဲဖြစ်နေ တာ၊ ဒီဟာသာ ပြတ်ပြတ်သွားစမ်းပါတဲ့၊ ဒကာ ဒကာမတွေ မရပေဘူးလားဗျာ (ရပါတယ် ဘုရား)။

ဝိပဿနာအလုပ်ဆိုတာ၊ ပဋိစ္စသမုပ္ပါဒ်ဖြတ်ကာ

ဒါဖြင့် ဝိပဿနာအလုပ် ဆိုတာ ဘာပါလိမ့်မတုံး ဘုရား ဆိုတော့ အားလုံး ဒကာ ဒကာမတွေ ယနေ့မှတ်လိုက် ပဋိစ္စ သမုပ္ပါဒ် ဖြတ်တာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာ အလုပ်ဆိုတာ ဘာတုံး (ပဋိစ္စသမုပ္ပါဒ် ဖြတ်တာပါ ဘုရား) ဖြတ်ဆိုတာသည်ကားလို့ ဆိုရင် အဆက်ရှိလို့ ဖြတ်တာပဲဗျ (မှန်လှပါ)။

ဖြတ်ဆိုတဲ့စကားဟာ ဘယ်ကလာတုံး (အဆက် ရှိလို့ လာတာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့က ဘယ်လိုနေတဲ့ ပုဂ္ဂိုလ်တွေမို့လို့တုံး (အဆက်ရှိတဲ့ ပုဂ္ဂိုလ်မို့ပါ ဘုရား)။

ဆက်နေတဲ့ ပုဂ္ဂိုလ်မို့ ဖြတ်ပေးနေရတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ နဂိုက ခင်ဗျားတို့က ဘယ်လိုများ နေလေ့ ရှိသတုံးဆိုလို့ရှိရင် ဘယ့်နှယ်ဖြေကြမတုံး (ဆက်နေပါ တယ် ဘုရား) ဘယ်တော့မှ အဖြတ်က မပါခဲ့ဘူး (မပါခဲ့ ပါဘူး ဘုရား) ဟုတ်ဘူးလား (မှန်ပါ့)။

ဘုရားအဆူဆူနဲ့ တွေ့တော့လည်း ဘယ့်နှယ်ကြောင့် ကျွတ်တမ်းမဝင်ပါလိမ့်မတုံး မညည်းနဲ့၊ ညည်းဖို့များ လိုသေး သလား (မလိုပါဘူး ဘုရား)။

မလိုပါဘူး၊ ကိုယ့်ဝါသနာက ဘယ်လိုပါလိမ့် (ဆက်ပါတယ် ဘုရား) ကိုယ့်ဝါသနာက ကျုပ်ဆက်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ ဆက်နေလို့ မရတာဟာ မင်းဟာကွာ ဒွိဟိတ်လေ လား၊ တိဟိတ်လေလား၊ ပဒပရမ လေလား လုပ်မနေနဲ့ ဒါဆက် တာသာ အကဲခတ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဆရာသမားကောင်းလိုတယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဘာလိုသတုံးမေးတဲ့အခါ ဆရာကောင်း သမားကောင်း ခင်ဗျားတို့ လိုတယ် (မှန်လှပါ) အကျဉ်းချုပ် လိုက်တော့ ဘာလိုသွားတုံး (ဆရာကောင်း သမားကောင်းလိုပါတယ် ဘုရား)။

ဟ ဒီနေရာဖြတ်လိုက်၊ ဒီနေရာမဂ်သွင်းလိုက်ကွ၊ ဟောဒါပစ္စုပ္ပန်ပဲကွ ဒီကြားကိလေသာကြား မညှပ်လို့ရှိရင်ဖြင့် ရမှာပဲလို့ ဆိုတော့ ခင်ဗျားတို့က ဒါက ဖြစ်တာက ဒီရောက်သွား၊ ကံ ထိအောင် ရောက်သွားပြီ (မှန်ပါ့)။

ရောက်သွားတော့မှ မဂ်က ဒီလှမ်းနေတော့ ကြားထဲ ကိလေသာက ခိုနေတယ် မခိုဘူးလား (ခိုပါတယ် ဘုရား)။

အဲတော့ ကြားထဲကိလေသာက တဏှာ၊ ဥပါဒါန်၊ ကံ မခိုဘူးလား (ခိုပါတယ် ဘုရား) ခိုနေပြီးတော့မှ ခင်ဗျားတို့က အင်း ဆရာသမား ဆုံးမထားတယ်၊ ခုနက ဖြစ်တာလေး ရှိနေ သေးလား ဆိုတော့ ကျုပ်တို့ရှိတယ် ပြောမှာပေါ့ (မှန်ပါ့)။

ကိလေသာပဲရှိတယ် ပြောနေမှာပေါ့ (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲတော့ ခင်ဗျားတို့ သည် ကိလေသာက ဆိုးဝါးပုံ ကိုတော့ ခင်ဗျားတို့က မကြည့်ဘူး၊ ပါရမီကြောင့် လိုလို အကဲ ခတ်တာ လွဲကုန်ပြီ (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

ကဲ ဒါဖြင့် ခုတော့ဖြင့် ပါရမီချကြမလား၊ ကိလေသာ အဖျက်မြန်လွန်းလို့ မရတာလားလို့ ဆိုကြမလား ၊ (ကိလေသာ အဖျက်မြန်လွန်းလို့ မရတာပါ ဘုရား) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အလွန်အရေးကြီးတဲ့ အချက်ပါလား (မှန်ပါ့) ဒါဖြင့် ဒီနေရာ ပါရမီဆိုတဲ့ ဥစ္စာ ဘာမှ မဟုတ်ဘူး ခင်ဗျားတို့ သာဝက ပါရမီဉာဏ်က ဘုရားက ဟောထားတယ်။

သစ္စာဟောတတ်တဲ့ဆရာလိုတယ်

မင်းတို့ သစ္စာဟောတဲ့ဆရာနဲ့ တွေ့ပစေတဲ့၊ ရှုလိုက်တဲ့ အခါ ဒါ ဒုက္ခသစ္စာပဲလို့ သိလို့ရှိရင်၊ အဲဒီနှစ်ချက်ဖြစ်ရင် မင်းတို့ဟာ ပါရမီမလိုဘူးတဲ့ တစ်ခါတည်း သောတာပန် တည်နိုင်တယ်။

ကဲ ပါရမီကို ပါသေးရဲ့ လား (မပါပါဘူး ဘုရား) သစ္စာဟောတတ်တဲ့ ဆရာတွေနဲ့ တွေ့ပစေတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာဟောတဲ့အတိုင်း မြင်ဖို့လိုတယ်

သစ္စာကို ဟောတဲ့အတိုင်း မင်းတို့က သစ္စာမြင်လို့ရှိရင် ပြီးတာပဲဟြေတဲ့ နှစ်ချက်တည်းပါလား (မှန်ပါ့)။

သစ္စာဟောတတ်တဲ့ဆရာနဲ့ တွေ့ဖို့ တစ်ချက်နော် (မှန်ပါ့) ကိုယ်တိုင်ကြည့်လိုက်တဲ့အခါ သစ္စာမြင်ဖို့ တစ်ချက် ဆိုတော့ မပြီးသေးဘူးလား (ပြီးပါပြီ ဘုရား)။

သိပ်ပြီး ခါးတောင်းကျိုက်နေရမှာလား (မဟုတ် ပါဘူး ဘုရား) ဦးစံရင်ကြီး ခါးတောင်းများ ကျိုက်ချင်သေးလား (မကျိုက်ချင်ပါဘူး ဘုရား) မကျိုက်ပဲနဲ့လည်း မရဘူး ခင်ဗျားဥစ္စာက (မှန်ပါ့) ကျိုက်ပြန်ရင်လဲ အလွဲကျိုက်မိ ဖြစ်နေဦးမယ်၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ခါးတောင်းကျိုက်တာ ဒိပြင်နေရာမှာပဲ သူများ မ, နေတာ ကိုယ်မ,တော့မယ် ဆိုတော့ ခါးတောင်း ကျိုက်နေတာ ကိုးဗျ။ ဒီနေရာတော့ ကျိုက်ကို မကျိုက်ဘူး (မှန်လှပါ) ခါးတောင်း ကျိုက်သေးသလား ဦးမြ (မကျိုက်ပါဘူး ဘုရား)။

အဲဒါကြောင့် ခက်နေကြတာ ဆိုတာကတော့ အားလုံး ဒကာ ဒကာမတွေ ယနေ့ည သဘောကျပလား (ကျပါတယ် ဘုရား)။

သောတာပန်တည်နည်း

ကိုင်း ခုခင်ဗျားတို့ သောတာပန်တည်နည်း နည်းနည်း ယူဖို့ နှစ်ကြောင်းပဲ ရှိတယ်နော် (မှန်ပါ့)။

သစ္စာဟောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့ တစ်ကြောင်း၊ ခင်ဗျားတို့ ကိုယ်တိုင် သစ္စာမြင်ဖို့ (တစ်ကြောင်းပါ ဘုရား) တစ်ကြောင်း၊ ဒီနှစ်ကြောင်းရှိရင် ဘာတုံး (သောတာပန် ဖြစ်ပါတယ် ဘုရား)။

သောတာပန် အစစ်ဖြစ်ရမယ်၊ ရိပ်မိပြီနော် (မှန်ပါ့)။ ဘယ့်နှစ်ကြောင်းပါလိမ့် (နှစ်ကြောင်းပါ ဘုရား)။

တစ်နံပါတ်က ဘာတုံး (သစ္စာတရားဟောတတ်တဲ့ ဆရာနဲ့တွေ့မှုပါ ဘုရား) နှစ်နံပါတ်က (ကိုယ်တိုင်သစ္စာမြင်ရ မှာပါ ဘုရား) ကိုယ်တိုင် သစ္စာမြင်ရမယ်။

ကိုင်း အခု ဒါဟာ ဒကာ ဒကာမတို့ ဘုန်းကြီးက ဟောပါပြီ ဒီခန္ဓာငါးပါးဟာ ဒုက္ခသစ္စာပါပဲလို့ ဘုန်းကြီးက ဟောပြီ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီ ကြားတဲ့စိတ်ကလေးနဲ့ အတူတကွ ဖြစ်တဲ့ ခန္ဓာ ငါးပါးဟာ ဘာသစ္စာလို့ ဟောလိုက်တုံး (ဒုက္ခသစ္စာပါ ဘုရား) ဟောတတ်တဲ့ ဆရာလဲ တွေ့ပြီ ခင်ဗျားတို့ ရှင်းပလား (မှန်ပါ့)။

ဟောတတ်တဲ့ ဆရာတော့ မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား) အဲတော့ ခင်ဗျားတို့က သူက သစ္စာလို့ ဟောထားတယ် ဒါ ဒုက္ခသစ္စာလို့တော့ ဟောထားတယ်။

ခင်ဗျားတို့က ဒုက္ခသစ္စာဖြစ်အောင် ကြည့်ဖို့ပဲ အရေး ကြီးတယ် ဘယ်နှစ်ချက်ပါလိမ့်(နှစ်ချက်ပါ ဘုရား) နှစ်ချက်တည်း။

သောတာပန်ဖြစ်ဖို့နှစ်ချက်

ဒုက္ခသစ္စာဟောတတ်တဲ့ ဆရာနဲ့ တွေ့ဖို့ တစ်ချက် (မှန်ပါ့) ခင်ဗျားတို့က သူဟောထားတဲ့ သစ္စာ၊ ဪ ဒုက္ခ သစ္စာ ဟုတ်ပါတယ်လို့ ဆုံးဖြတ်ချက်ချနိုင်ဖို့ တစ်ချက် (မှန်ပါ့)။

ဒီနှစ်ချက်ပဲ လိုပါတယ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကိုင်း ဒါဖြင့် ဘုန်းကြီးဟောတာက ညံ့နေမှာ စိုးရတယ် ခင်ဗျားတို့ မညံ့အောင်ပဲ ဟောပေးပါ့မယ်တဲ့။

ဒီခန္ဓာငါးပါးရှိတယ်နော် (မှန်ပါ့) ဒီခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဒါလည်း ပဋိစ္စသမုပ္ပါဒ်၊ ဒါလည်း ပဋိစ္စသမုပ္ပါဒ်၊ ဒါလည်း ပဋိစ္စသမုပ္ပါဒ်၊ ဒါလည်း ပဋိစ္စသမုပ္ပါဒ်ပဲ၊ အစစ်ပဲမဟုတ်လား (မှန်ပါ့)။

ဟုတ်ဖူးလား ဒါ ပဋိစ္စသမုပ္ပါဒ် တန်းသွားတာပဲ မဟုတ်လား (တန်းသွားတာပါ ဘုရား) တန်းသွားတော့ ခင်ဗျာတို့ ပဋိစ္စသမုပ္ပါဒ် အဆုံးကို ရွတ်လိုက်ပါလားတဲ့။

ဘုရားက ဘယ့်နှယ်ဟောထားသတုံး

‘‘ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ’’ ဆိုလို့ရှိရင် ဒီက လာတာတွေ ဘာလို့ ဟောတုံး (ဒုက္ခအစုကြီးပါ ဘုရား)။ အင်း ဒါလည်း ဒုက္ခ (မှန်ပါ့) ဒါကော (ဒုက္ခပါ ဘုရား) ဒါကော (ဒုက္ခပါ ဘုရား) ဘုရားက ဘယ့်နှယ့်ဟောတုံး (ဒုက္ခအစုကြီးလို့ ဟောထားပါတယ် ဘုရား)။

အင်း ‘‘ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ၊’’

ကေဝလဿ= ချမ်းသာဒီထဲ မရောပါဘူးကွတဲ့ ဒုက္ခက္ခန္ဓဿ= ဒုက္ခအစုပါပဲတဲ့ ဟောဘူးလား (ဟောပါတယ် ဘုရား)။

ဒါ ဘယ်သူ ငြင်းနေစရာလိုသေးသတုံး (မလိုပါ ဘူး ဘုရား) ဒါ ခင်ဗျားတို့က ဒုက္ခက္ခန္ဓဿ ကို ဉာဏ်က မရောက် ပဲနဲ့ ပဋိစ္စသမုပ္ပါဒ် ဆိုတာလေးတင် ခင်ဗျားတို့ကို နားလည်နေလို့ (မှန်ပါ့)။

တစ်ပိုင်းကြောင် ဖြစ်နေလို့ ခုတစ်ပိုင်းကြောင် ဟုတ် သေးရဲ့လား (မဟုတ်ပါဘူး ဘုရား) ဒီအဝိုင်းကြီးက ဘာတဲ့ဘုရားက (ဒုက္ခအစုပါ ဘုရား)။ ဒုက္ခအစုလို့ မဆို ဘူးလား (ဆိုပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုရားက ဒုက္ခအစုဟောတဲ့အချိန် ဆရာဘုန်းကြီးကလည်း ဟော ဒီကစတာ၊ ဒါလည်းဒုက္ခပဲ၊ ဒါကော (ဒုက္ခပါ ဘုရား)။ ဒါကော (ဒုက္ခပါ ဘုရား) ဒီဘက် ကဟာကော (ဒုက္ခပါ ဘုရား)။

အင်း – ဒုက္ခချည့်ပဲ ဒို့သန္တာန်ဖြစ်တာဖြင့် ဘယ်နေရာ က လာလာ ဘာဆိုကြမယ် (ဒုက္ခချည့်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်တဲ့တရားဟူသ၍ ဘာတုံး

ကိုယ့် သန္တာန်ဖြစ်တဲ့တရားဟူသ၍ ဘာတုံး (ဒုက္ခချည့်ပါ ဘုရား) ဪ- ဆရာဘုန်းကြီး ဟောတာပဲ။ အဟောဒုက္ခပဲ ရှိသေးတယ် ဟုတ်လား၊ အဟောဒုက္ခပဲ ရှိသေး တယ်။

ဒုက္ခဟုတ်ပါတယ်လို့ ဘုန်းကြီးက ထပ်လောင်းပြီး ဖြည့် လိုက်ပြန်တယ်၊ ဒုက္ခအစစ်နော်၊ အားလုံး ဒကာ ဒကာမတွေ ဒီဥစ္စာ ဒုက္ခအစစ် ဟုတ်လား (မှန်ပါ့)။

ဒုက္ခအစစ်ဆိုတာ ဘာတုံးဆိုတော့ ဒီတရားမှာ ကြည့် လိုက်၊ ဒီခန္ဓာငါးပါးမှာ ကြည့်လိုက် (မှန်လှပါ)၊ သူတို့မှာ ဖြစ်တာရယ်၊ ပျက်တာရယ်ပဲ ရှိတယ်၊ ဒီပြင် ဘာရှိသေးသတုံး (မရှိပါဘူး ဘုရား)။

ဘာရှိတုံး သူတို့ (ဖြစ်တာရယ်၊ ပျက်တာရယ် ရှိ ပါတယ် ဘုရား)။ဖြစ်တာနဲ့ ပျက်တာပဲရှိပြီး သကာလ သူဖြစ်တာ သည် ဘာဖြစ်မလို့ ဖြစ်တာတုံး (ပျက်မလို့ ဖြစ်တာပါ ဘုရား)။

ပျက်မလို့ ဖြစ်တဲ့ပစ္စည်းတစ်ခုကို ခင်ဗျားတို့က အင်းဒီပစ္စည်းဖြင့် ခိုင်ပါလိမ့်မယ်လို့ ခင်ဗျားတို့က လာဦးမလား (မလာပါဘူး ဘုရား) လာသင့်ကြရဲ့လား (မလာသင့်ပါဘူး ဘုရား)။

ပျက်မလို့ ဖြစ်တဲ့တရား ဒီပစ္စည်းခိုင်ပါလိမ့်မယ်လို့ လာ သင့် မလာသင့် ဝေဖန်ကြစမ်း (မလာသင့်ပါဘူး ဘုရား) သဘောပါပလား (ပါ ပါတယ် ဘုရား)။

ကဲ-ဒါဖြင့် သူ့သက်တမ်း မေးလိုက်တာပေါ့ဗျာ၊ သေချာသွားအောင်၊ အင်း-တစ်နဲ့နှစ်ပဲရှိမှာပဲ၊ ဖြစ်တာနဲ့ ပျက် တာပဲရှိမယ်။

ဌီ-ဆိုတာက တည်တယ်လို့ ဆိုထားတော့ ပျက်မလို့ တည်တာကိုဆိုတာကြောင့် ပျက်မှန်းသာ သိတော့၊ ဘုရား ကိုယ်တော်မြတ်ကြီး အဘိဓမ္မာ ခုနှစ်ကျမ်းမှာတော့ ဟေ့ ဖြစ်တာနဲ့ ပျက်တာသာ ဟောလိုက်တယ်။ ဒါပဲ ရှိပါတယ်လို့ ဆုံးဖြတ်ချက်ချတော့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကိုင်း- သူ့မှာဘာရှိသတုံး (ဖြစ်တာနဲ့ ပျက်တာသာ ရှိပါတယ် ဘုရား) ဖြစ်တာနဲ့ ပျက်တာ ကြည့်လိုက်တော့ သူ သိ လာတာကို ဒကာ ဒကာမတွေက အကဲခတ်တာပေါ့။

ဪ ဘာဖြစ်မလို့ ဖြစ်လာပါလိမ့်မတုံးတွေး ကြစမ်း (ပျက်မလို့ဖြစ်လာတာပါ ဘုရား) ပျက်မလို့ဖြစ်လာ တာ။ ပျက်မလို့ဖြစ်လာတာကို ဒီကနေပြီး ဉာဏ်နဲ့ နောက်က နေသွင်း လိုက်တဲ့ အခါကျတော့ရှိကို ရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

ဪ ထင်တဲ့အတိုင်း မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဒါဖြင့် သူဖြစ်လာတာလည်း ဒုက္ခရောက် ဖို့ဖြစ်လာတာ (မှန်ပါ့)။

ဒုက္ခရောက်မလို့ ဖြစ်လာတဲ့အကြောင်းကို တစ်ခါ အသေအချာ မဂ်ဉာဏ်နဲ့ စဉ်းစား ကြည့်လိုက်တော့ ဒုက္ခရောက် လို့ ရှာတောင်မတွေ့ဘူး တွေ့သေးရဲ့ လား (မတွေ့ ပါဘူး ဘုရား)။

ဒုက္ခရောက်မလို့ဖြစ်လာတဲ့တရား

ဒုက္ခရောက်မလို့ ဖြစ်လာတဲ့တရား၊ ဒုက္ခရောက်သွား တာပဲဆိုတာ ဒကာ ဒကာမတွေ ဒီဥစ္စာ ငြင်းနေဖို့ လိုသေး သလား (မလိုပါဘူး ဘုရား)။

မလိုတော့ ဒါ ဆရာဘုန်းကြီး အဟောလို့မှတ်ပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဆရာဘုန်းကြီး၏ အဟော၊ သစ္စာဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ရမယ်ဆိုလို့ သစ္စာဟော ပကောဗျ (မှန်လှပါ)။

ဘာဟောတာတုံး (သစ္စာဟောတာပါ ဘုရား) ခင်ဗျားတို့ကို သစ္စာဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့ တွေ့ဖို့ အရေးကြီး တယ်လို့ဆိုလို့၊ သစ္စာကို တစ်ခါတည်း ဒါ ဒုက္ခသစ္စာပဲ ဟုတ် ဖူးလား၊ ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲ ရှိတယ်။

သူ့ ဘာရှိသေးသတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခပဲရှိပါ တယ် ဘုရား)။ သူ ဘာသစ္စာဖွဲ့မတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် သစ္စာဟောတဲ့ပုဂ္ဂိုလ်အတွက် တာဝန်ကတော့ ဖြင့် ဒကာ ဒကာမတို့ ကျေပြွန်ပြီလို့ ခင်ဗျားတို့က ဆုံးဖြတ်ချက် ချ (မှန်ပါ့)။

ဒီစိတ်ကလေးဖြင့် ဒီကိလေသာ တန်းကလဲ ထို့အတူပဲ ဒီရောက်မနေပေဘူးလား (ရောက်နေပါတယ် ဘုရား) ဘာပြုလို့တုံး ဒီက ဒုက္ခက္ခန္ဓဿက မပျောက်စေနဲ့ (မှန်ပါ့)။

ပျောက်လို့တော်ပါ့မလား (မတော်ပါဘူး ဘုရား)။ ဒါဖြင့် ဒီစိတ်ကလေး ဖြစ်ပြီး ပျက်သွား ပြန်လည်း သူဘာအစုလို့ ဆိုမတုံး (ဒုက္ခအစုပါ ဘုရား)။

အင်း-သူချုပ်ပြီး၊ သူပေါ်လာပြန်တယ် ထုံးစံမို့ ဘာလုပ် ဖို့ ပေါ်ပါလိမ့် (ဒုက္ခရောက်ဖို့ပါ ဘုရား)။ ဒုက္ခရောက်ဖို့ ပေါ်လာပြီ ဒုက္ခရောက်သွားတာပဲ။

ဒုက္ခရောက်သွားတာချည့်ပဲ

နောက် ဒီကံတွေ ပေါ်လာတော့ကော (ဒုက္ခ ရောက်ဖို့ပါ ဘုရား)၊ ဒုက္ခရောက်ဖို့ ပေါ်လာပြီ သူ ဘယ်သွား ပြန်တုံး (ဒုက္ခရောက်သွားပါတယ် ဘုရား)။ ဒုက္ခရောက် သွားတာချည့်ပဲ ဆိုတော့ ဘုရားကဖြင့် ဒုက္ခက္ခန္ဓဿ ဟောထား တာကို ခင်ဗျားတို့က ဒီနိဂုံးချုပ်ကနေ မှတ်ထားလိုက်တော့ ရှေ့ပိုင်းက ဘာဖြစ်ဖြစ် ဒုက္ခချည့်ပဲ။

ဆိုနိုင်ပလား (ဆိုနိုင်ပါတယ် ဘုရား)။ ရှေ့ပိုင်းက ဘာဖြစ်ဖြစ် ဦးမောင်လေးတို့ ဘာဆိုကြမတုံး (ဒုက္ခချည့် ပါ ဘုရား) ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။

ရှေ့ပိုင်းက ဘာဖြစ်ဖြစ် (ဒုက္ခချည့်ပါ ဘုရား)။ ဒုက္ခချည့်ပဲဆိုတော့၊ ငါကွာတဲ့ မင်းတို့ ဒုက္ခတွေတော့ဖြင့် ပြော ရမယ်ဆိုရင် လမ်းမဆုံးပါဘူးတဲ့၊ မင်းတို့ သိမ်းကျုံးပြီးတော့ ပြောပရစေတော့။

ဘုရားက ဒီလိုကော တာဝန်မယူဘူးလား (ယူပါ – တယ် ဘုရား)။ ယူတော့ ဓမ္မစကြာ သွားကြည့်လိုက် သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ပိ ဒုက္ခာ (မှန်ပါ့)။

ခန္ဓာငါးပါးစလုံးဟာဒုက္ခချည့်ပဲ

ခန္ဓာ ငါးပါးစလုံးဟာ ဒုက္ခချည့်မှတ်ပါတဲ့ကွာ၊ ငါရှည် နေပြန်ပြီ မင်းတို့ ဟောရတာ မပြောဘူးလား (ပြောပါ တယ် ဘုရား)။

ဘယ့်နှယ်ပြောထားတုံး (သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာပါ ဘုရား) နို့ ဒါဖြင့် ခန္ဓာငါးပါး ပြည့်ရဲ့လား (ပြည့် ပါတယ် ဘုရား)။

ပြည့်တော့ သူ့ဘာဟောတုံး ဘုရားက (ဒုက္ခ အစုပါ ဘုရား)။ တည့်နေပကောဗျ (မှန်ပါ့) မတည့်သေး ဘူးလား (တည့်ပါတယ် ဘုရား)။

ငါ ကျဉ်းကျဉ်း ဟောပရစေတော့ကွာတဲ့ ဒုက္ခတွေ ကလည်း နည်းတာမဟုတ်တော့ ခန္ဓာ ငါးပါးဟာ ဒုက္ခလို့ မှတ်ထားလိုက်တာပေါ့ကွဆိုတော့ တစ်ပါးတည်းလည်း ဒုက္ခ။

လေးပါးလည်း (ဒုက္ခပါ ဘုရား)၊ ငါးပါးပြည့်လည်း (ဒုက္ခပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူကလည်း ဟောထားပြီ၊ ဘုန်းကြီးကလည်း ထောက်ခံချက်ပေးပြီ၊ ခင်ဗျားတို့က ဉာဏ် အကြည့်လေးတစ်ခု ကျန်တော့တယ် (မှန်ပါ့) ဘယ့်နှယ့် ဆိုကြမတုံး (ဉာဏ်အကြည့်လေး တစ်ခု ကျန်ပါတယ် ဘုရား)။

အဲဒါလေးတော့ ဘုရား တပည့်တော်တို့ ကူပါဦးလို့ ဆိုရင်တော့ ဘုရားလည်း မကူနိုင်ဘူး စိတ်သာချတော့ ဒါလေးတော့ ကူပါဦးဆိုတော့ ဘာကျန်တော့တုံးဗျ။

ကျန်သေးရဲ့လား (မကျန်ပါဘူး ဘုရား) အေး ဒါတော့ မကူနိုင်တော့ဘူး၊ ဘုရားလည်း မကူနိုင်ဘူး သဘောကျကြပလား (ကျပါတယ် ဘုရား)။

သားတော်ရာဟုလာ

ဘုရား မကူနိုင်တာ ဘုန်းကြီးရှင်းပြမယ်၊ သူ့ရာဟုလာ သားလေးဟာ သူ ဒီတစ်ယောက်တည်း မွေးတာပဲ၊ တစ်ဦးတည်းသောသား ဆိုရင် ခုခါ ခင်ဗျားတို့ အင်မတန် အလိုရှိတာပဲ (မှန်ပါ့)။

မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီတစ်ဦးတည်း သော သားလေး ဖြစ်တော့ ပုထုဇဉ် အဖြစ်နဲ့သာ ကြည့်မယ်ဆို ရင် မည်မျှလောက် ချစ်မြတ်နိုးလိမ့်မယ်ဆိုတာ ပြောဖို့လိုသေး လား (မလိုပါဘူး ဘုရား)။

ကဲ သူလည်း ပုထုဇဉ်ကနေပြီး တက်ရတဲ့အခါကျတော့ ဘုရားအဖြစ်ကိုရောက်၊ ဘုရား အဖြစ်သို့ ရောက်ငြား သော် လည်း ဒီကောင်လေးကိုတော့ဖြင့်၊ အင်-နိဗ္ဗာန်ကို အလွယ် တကူနဲ့ ပို့မှပဲ တော်မယ်ဆို တဲ့ စိတ်ကတော့ ပါလာတယ် (ပါ ပါတယ် ဘုရား)။

ပါပေမယ့်လည်း ရာဟုလာ မင်းကွာ ခန္ဓာငါးပါးကို အနိစ္စလား၊ ဒုက္ခလား၊ အနတ္တလားဆိုတာ မင်းဟာမင်း ငါဟော ပါ့မယ် ဆိုပြီး ရာဟုလောဝါဒသုတ်ကို ခန္ဓာငါးပါးကိုသူ ပြန်သင် တယ်။

မသင်ဘူးလား (သင်ပါတယ် ဘုရား)။ သင်တော့ သူ့ဟာသူပဲ အနိစ္စမြင်၊ ဒုက္ခမြင်၊ အနတ္တမြင် သူ့ဟာသူပွား လာတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားကနိဗ္ဗာန်ထမ်းမခေါ်နိုင်ဘူး

ဒါဖြင့် ရာဟုလာတောင်မှ ဘုရားက နိဗ္ဗာန်ထမ်းမခေါ် နိုင်ဘူးဆိုတာက သေချာတယ် (သေချာပါတယ် ဘုရား) သူ့ဟာသူပွားယူ (မှန်ပါ့)။

ဒီမှာလဲ ခု ဘုန်းကြီးက တစ်ချက်ဟောပြီ သောတာပန် တည်နည်းအကြောင်း နောက်တစ်ချက်က ခင်ဗျားတို့အလုပ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်တစ်ချက်က ခင်ဗျားတို့က ဘာလုပ်ရမှာတုံး (ပွားယူရမှာပါ ဘုရား)။ ပွားယူရမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ရာဟုလာ ထမ်းမခေါ်နိုင်တာ နိဗ္ဗာန်သို့ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ မခေါ် ချင်လို့ မခေါ်တာလား၊ မခေါ်နိုင်လို့ မခေါ်တာလား (မခေါ်နိုင်လို့ မခေါ်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အလုပ်ကို ငါရှင်း ရှင်းလင်းလင်း ပြောရမယ်ဆိုရင် ငါဘုရားဟာ ဟောဖို့အလုပ် ဟာ ငါဘုရားကွတဲ့၊ ကျင့်ဖို့အလုပ်က မင်းတို့အလုပ်၊ ဒါ သေသေချာချာ မှတ်ပါတဲ့ (မှန်လှပါ)။

ဘုရားပွင့်လာတာ ဒါပဲတဲ့ ဟောဖို့အလုပ်က သူ့ အလုပ်တဲ့ (မှန်ပါ့)၊ ကျင့်ကြံပြီး ပွားများဖို့ အလုပ်က (တပည့်တော်တို့အလုပ်ပါ ဘုရား) ဒီမှာလည်း ဘုန်းကြီးကို ဒကာ ဒကာမတွေက ကြည်ညို လေးစားလို့ တရားနာကြ၊ ပြုကြ တယ်။

နိဗ္ဗာန်ကယ်တင်မည့်ပုဂ္ဂိုလ်

အင်း ဒါ-ဒို့ကိုဖြင့် နိဗ္ဗာန်ကယ်တင်မည့် ပုဂ္ဂိုလ်ပဲဆိုတာ ပထမအဆင့်တော့ ကယ်တင် လိုက်တာပဲ၊ ဒီခန္ဓာငါးပါးဟာ ဘာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဖြစ်တာလည်း (ဒုက္ခပါ ဘုရား) ပျက်တာလည်း (ဒုက္ခပါ ဘုရား)။

ကိုင်း-ဘုန်းကြီးကဖြင့် သစ္စာဟောများ ညံ့နေသေးသလားလို့ မေးလိုက်တယ် (မညံ့ပါဘူး ဘုရား) မညံ့ပါဘူးတဲ့။

ဒီ-ဖြစ်ဒုက္ခ ပျက်ဒုက္ခဆိုတာ ခင်ဗျားတို့ တစ်သက်နဲ့ တစ်ကိုယ် မကြားဖူးပါဘူး (မှန်ပါ့ ဘုရား) ဟုတ်ဖူးလား (မှန်ပါ့)။

တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတော့ကို အင်း-ဒါတွေ ကစ္စာယန အနွယ်တွေ ဘုရားက ဟောထားလို့ ဘုန်းကြီးကဟောရတာ၊ ဖြစ်တာသည် သေမလို့ဖြစ်တာ ခင်ဗျားတို့က သုခလို့တော့ စွဲချက် မတင်နဲ့တော့ (မှန်လှပါ)။

တင်လို့တော်ပါ့မလား (မတော်ပါဘူး ဘုရား) သေသွားတာကိုလည်း ခင်ဗျားတို့က သုခလို့တော့ (မတင် ရပါဘူး ဘုရား)။

လူမိုက်ဖြင့် ပြောလိမ့်မယ် သေရတာ ကောင်းသေး တယ်လို့ (မှန်ပါ့) လူမိုက်တော့ မတတ် နိုင်ဘူးပေါ့ဗျာ၊ သူ့ အတွက်ကတော့ သူ့အတွက် စဉ်းစားဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

မလိုပါဘူး၊ ကျုပ်ဖြင့် လူဖြစ်ရမှာကို ကြောက်နေတာ ပဲ၊ ပြောပြန်လည်း သူ့အကြိုက်က တခြားကြောင့်မှ မဟုတ်ဘဲ၊ ဆင်းရဲတဲ့ အမေမိဘထဲရောက်မှာ သူကြောက်တာ (မှန်ပါ့)။

တကယ်လို့ သူဌေး သူကြွယ် အမေဝမ်းခေါင်းထဲ ရောက်မယ်ဆိုရင် သူကြောက်မှာမဟုတ်ဘူး (မကြောက် ပါ ဘုရား)။

အဲဒီ အကြောက်မျိုးကိုလည်း ဆိုရတာမဟုတ်ဘူး (မှန်လှပါ) ယခုပေါ်လာတဲ့ ကိုယ့်သန္တာန် ဒါ-ခု တရား နာနေ တဲ့ ဒကာ ဒကာမ၏ ကြားဆဲအခိုက်အတန့် ဖြစ်တဲ့ ခန္ဓာငါးပါး ဒါနဲ့ အသက်ရှင် နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူနဲ့ အသက်ရှင်နေတုံး (ကြားဆဲစိတ်နဲ့ အသက်ရှင်နေပါတယ် ဘုရား) ကြားဆဲစိတ်နဲ့ အသက်ရှင်နေ တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ ခင်ဗျားတို့ အသက်ရှင်နေတာမို့လား (မှန်ပါ့) အဲ ဒီအသက်ရှင်နေတာဟာ တာရှည် အရှင်ပဲလား၊ ခဏ အရှင်ပဲလားလို့ ခင်ဗျားတို့က နောက်က ဘုန်းကြီးပေးထားတဲ့ ဉာဏ်ကလေးနဲ့ ကြည့်လိုက်စမ်း (ခဏရှင်ပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချ (ခဏရှင်ပါ ဘုရား) ခဏရှင်ဖြင့် သော် လူ့ဘဝဆိုတဲ့ဥစ္စာက သက်သက် ဒုက္ခသက် သက်ပဲ ခဏ ခဏ သေရတဲ့ ဒုက္ခ လူ့ဘဝကို ပေါ်ပလား ၊ (ပေါ်ပါပြီ ဘုရား)။

ခဏခဏသေရတဲ့ဘဝဟာလူ့ဘဝ

ခဏ ခဏသေရတဲ့ ဒုက္ခဟာ (လူ့ဘဝပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ခဏ ခဏ သေရတဲ့ ဘဝဟာ လူ့ဘဝ (ဝါ) ခန္ဓာငါးပါးရလို့ ဆိုနိုင်ကြလား (ဆိုနိုင်ပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် ဒီလိုမြင်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီလူ့ဘဝ ဆုတောင်းရင် ခဏ ခဏ သေရလိမ့်မယ်ဖြင့် ဘယ်သူမှ မတောင်းဘူး (မှန်ပါ့)။

တောင်းပါ့မလား (မတောင်းပါဘူး ဘုရား) ခဏ ခဏ သေမှာဖြင့် ထမင်းစားချင်တဲ့အခါ စားကိုး မစားဘဲနဲ့ သေလိမ့်မယ်ကော မဟောနိုင်ဘူးလား (ဟောနိုင်ပါတယ် ဘုရား)။

စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ ဥပမာ- ဒီဥစ္စာ ဒါစားချင်တဲ့စိတ် ခန္ဓာငါးပါး မလာပေဘူးလား (လာပါတယ် ဘုရား)။

စားချင်ဆဲခဲ့သေတယ်

သူ ထမင်းအိုးနားရောက်အောင် သွားနိုင်ရဲ့လား (မသွားနိုင်ပါဘူး ဘုရား) မသွားနိုင်တော့ စားချင်ဆဲနဲ့ ငတ်လို့ သေတာ (မှန်ပါ့) သူ ဒုက္ခရောက်သွားတာ (မှန်ပါ့)။

စားချင်ဆဲကလေးနဲ့ပဲ တစ်ခါတည်း ဆာလောင် မွတ်သိတ်ပြီး သကာလ ဒကာ ဒကာမတွေ ဘာဖြစ်သွားတုံး (သေသွားပါတယ် ဘုရား) စားလိုက်ရရဲ့လား (မစားရ ပါဘူး ဘုရား)။

အေး – လူ့ဘဝဆုတောင်းလို့ရှိရင်ဖြင့် စားချင်ပြီး သကာလ မစားရပဲနဲ့ သေလိမ့်မယ်၊ ဒုက္ခရောက်လိမ့်မယ်လို့များ သိရင် လူ့ဘဝဘယ်သူ ဆုတောင်းမယ် (ဘယ်သူမှ မတောင်းပါဘူး ဘုရား)။

ဒါ သစ္စာသိလို့ သစ္စာသိလို့၊ တောင်းမယ့်သူများ ဒီအထဲ ပါသေးသလား (မပါ ပါဘူး ဘုရား)။

ထမင်းစားချင်တဲ့စိတ်

ထမင်းတော့ စားချင်တဲ့စိတ်တော့ ပေါ်လိမ့်မပေါ့၊ သို့သော် မစားရဘဲနဲ့ သေလိမ့်မယ်သာ ဟောကြည့်၊ ကဲ ဘယ်သူ ဆုတောင်းမတုံး (မတောင်းပါဘူး ဘုရား)။

ဒီအထဲ တောင်းမည့် ပုဂ္ဂိုလ်များပါသေးသလား (မပါ ပါဘူး ဘုရား)။ မပါဘူးတဲ့ ခုအသေအချာ ကြည့်တော့လည်း စားလိုက်ရရဲ့ လား (မစားရပါဘူး ဘုရား)။

ခင်ဗျားတို့ စားချင်တဲ့စိတ်ကလေးက ထိုင်ပြီးသကာလ မိတ်ဆွေတွေနဲ့ စကားပြောနေတုန်း၊ ထမင်းက ဆာတယ်၊ ထမင်း ဆာလိုက်တာကွာ၊ ပြောသာ ပြောလိုက်ရ၊ ဆာ တဲ့စိတ်ကလေး က စားလိုက်ရရဲ့လား (မစားရပါဘူး ဘုရား)။

ထမင်းစားပွဲဆီသွားတဲ့စိတ်

ဒါဖြင့် ဆာတဲ့စိတ်ကလေးက မစားလိုက်ရတော့ ထမင်း အိုးချောင်သွားတဲ့စိတ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ထမင်းစားပွဲဆီသွားတဲ့စိတ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

သွားတဲ့စိတ်ကကော စားရရဲ့ လားလို့မေး (မစား ရပါဘူး ဘုရား)။ သွားရင်းမတ္တနဲ့ တစ်ခါတည်း သွားတဲ့စိတ် ကလေးကလည်း ခန္ဓာငါးပါး ဖြစ်ပြီး ဒီနေရာတင်ချုပ်၊ ဟို ထမင်းပွဲဆီကို ရောက်ရဲ့ လား (မရောက်ပါဘူး ဘုရား)။

အင်း လူ့ပြည်ရောက်လို့ရှိရင်ဖြင့် ထမင်းစားချင်ပြီး လဲသေလိမ့်မယ်၊ ဟုတ်လား စားချင်ပြီးလို့ မင်း သွားနိုင်တဲ့ အခြေအနေရောက်ပြန်လည်း သွားရင်းသေလိမ့်မယ်ကွ ဆိုရင် ဘယ်သူ ဆုတောင်းဦး မတုံး (မတောင်းပါဘူး ဘုရား)။

ဒုက္ခသစ္စာမြင်လို့

ကဲ ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ တောင်းပါဦးမလား (မတောင်းပါဘူး ဘုရား)။ ဘာမြင်လို့တုံးသာ အကဲခတ် (သစ္စာမြင်လို့ပါ ဘုရား) သစ္စာမြင်လို့ ဒုက္ခသစ္စာမြင်လို့၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခ သွားမြင်တယ် သဘောကျပလား (မှန်ပါ့)။

ဘာမြင်တုံး (ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခ မြင်ပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ ဘယ်ဘဝများ ကြိုက်ကြတုံးလို့မေး (ဘယ်ဘဝမှမကြိုက်ပါဘူး ဘုရား)။

ကြိုက်လို့ရှိရင်ဖြင့် အငတ်သေ၊ သွားရင်းသေ စားရင်း သေ ဖြစ်မှာပဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သွားရင်း ကော့ (သေမှာပါ ဘုရား)။ စားချင်ရင်း မတ္တနဲ့ (သေမှာပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဥစ္စာသည် အသေထည် ထပ်တောင်းနေတာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငြင်းမနေနဲ့တော့

ဪ -သစ္စာသိတော့ သံသရာပြတ်တယ်ဆိုတဲ့ဥစ္စာ၊ သစ္စာရှုရင်ဖြင့် သံသရာပြတ်တယ် ဆိုတဲ့ဥစ္စာဖြင့် ငြင်းမနေနဲ့ တော့ ခုပြောလိုက်တဲ့ နှစ်ချက်၊ သုံးချက်နဲ့ သေချာသွားပြီး (မှန်ပါ့)။

မသေချာသေးဘူးလား (သေချာပါတယ် ဘုရား) ရှင်းပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး ဒီသစ္စာသိအောင်လုပ် (မှန်ပါ့) ဒီသစ္စာသိအောင် လုပ်လိုက်လို့ ရှိရင် လူဘဝလိုချင်တဲ့ ဒီတဏှာဘယ့်နှယ်နေတုံး (မလာပါဘူး ဘုရား)။

အင်း စွဲလန်းတဲ့ ဥပါဒါန်ကော (မလာပါဘူး ဘုရား) လူ့ဘဝရောက်ချင်တဲ့ ကံတွေကော (မလာပါဘူး ဘုရား)။

ဒီမဂ်က ဖြတ်ချလိုက်တယ် (လာခွင့်မရပါ ဘုရား) လာခွင့်မရတော့ဘူး။

ဒီတရားတွေရှိမှ ဒီတဏှာတို့ ဒီမာနတို့၊ ဒီ ဒိဋ္ဌိတို့ ဒီကံ တွေရှိမှ အားလုံး ဒကာ ဒကာမတွေ နောက်ဇာတိ၊ ခန္ဓာလာမှာ ကိုးဗျ (မှန်လှပါ)။

သူတို့ လာခွင့်ကို မဂ်က မပေးလို့ရှိရင် ဒကာ ဒကာမ တွေက ဖြစ်ပါရစေဦး ဆုတောင်းလို့ရှိရင် လုပ်ပေးမယ့်လူ မရှိ တော့ဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အဟောသိကံဖြစ်ရမယ်

လိုချင်လို့လုပ်ပေးမယ့်လူကကော (မရှိပါဘူး ဘုရား) ဒါဖြင့် ဒီတဏှာ၊ ဥပါဒါန်၊ ဒီကံတွေ သည်ကားလို့ ဆိုရင် အဟောသိကံဖြစ်ရမယ်။ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဘယ်သူ့ကြောင့် ဘယ့်နှယ့်ကြောင့် အဟောသိကံ ဖြစ်ရပါလိမ့်မလဲလို့ အမေးထုတ်လို့ရှိရင်ဖြင့်၊ ကံဖြတ်ပါလာလို့ဟေ့ ဟောဒိ မဂ္ဂင်က ကံဖြတ်တာ (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒီ မဂ္ဂင်က ဘာတဲ့ (ကံဖြတ်တာပါ ဘုရား) ကဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ခင်ဗျားတို့က မသိခင်တုန်းကတော့ ကံပြတ်မှာ အင်မတန် ကြောက်ရှာတယ် မသိခင်တုန်းက (မှန်ပါ့)။

ကံများကုန်သွားမှာတော့ သိပ်စိုးရိမ်တယ်၊ ခင်ဗျားတို့ ဖြစ်တွေလေ (မှန်လှပါ) ဒီကံလေးနဲ့ပဲ နေချင်သေးတယ် ဒီကံနဲ့နေချင် နေတာပေါ့ဗျာ၊ ကမ္မဘဝပစ္စယာ ဘာတဲ့တုံး (ဇာတိပါ ဘုရား)။

ဇာတိဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီဒုက္ခသစ္စာမသိလို့ ကံမက်နေတာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကံမရှိရင် ဒုက္ခငြိမ်းမယ်

ဒီ ဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်က ဇာတိဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်ကတော့ ဒီကံမရှိလေ ကောင်းလေစွ၊ ကျုပ်တော့ ဒုက္ခ ငြိမ်းမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဟေ့၊ ဦးဘတင်က ဒီကံမရှိရင် ဘာတုံး (ဒုက္ခငြိမ်း မှာပါ ဘုရား) ဒုက္ခငြိမ်းမယ် အဲတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကတော့ ဒီကံသိပ်ကြောက်တာ။

ဟ- ဦးစံရင်တို့က ဘယ်လိုများ မျက်စိထဲ ကံကြီးများ ဘယ့်နှယ့်နေသေးသတုံးလို့ မေးချင် သေးလား အဲ-ဒကာ ဒကာမတွေ နောက်က မေးချင်သေးသလား (မမေးချင် ပါဘူး ဘုရား)။

ကံ ကလေး ဘယ့်နှယ်နေတုံး ဪ ဘယ့်နှယ်မှ မနေဘူး ဒီကံကလေးကဖြင့် အကျိုးပေးလိမ့်ဦးမယ် ဟုတ်လား၊ အကျိုးပေးလို့ရှိရင် ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။

အဲ ဒါရလိမ့်မယ် ခင်ဗျားတို့ စိတ်သာချနေနော် ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာရပါတယ် ဘုရား)။

အဲဒါ ဘယ်သွားမေးမေး ခင်ဗျားတို့ ကျုပ်ကံကလေး များ ဘယ့်နှယ်နေသေးသတုံး မေးတော့ ကျုပ်ကံကလေး ဆိုနေရင်တော့ ဇာတိရပါလိမ့်ဦးမယ် သဘောကျပလား (ကျပါတယ် ဘုရား)။

ကျုပ်ဒုက္ခဘယ့်နှယ်နေတုံး

ဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သော် ကံမေးချင်လို့ရှိရင်ဖြင့် ဒုက္ခပေးချင်လို့သာ မှတ်ပေတော့၊ ကျုပ်ဒုက္ခ ဘယ့်နှယ်နေတုံးမေးရင် ရှင်းတယ်။

ကျုပ်ကံကလေး ဘယ့်နှယ်နေတုံးဆိုပြီးတော့ မြို့ သုံး သုံးနေလို့ ခွကျနေတာ ဟုတ်လား (မှန်ပါ့)။

နောက် ကျုပ်ဒုက္ခဘယ့်နှယ်နေတုံး မေးရဲပါ့မလား (မပေးရဲပါဘူး ဘုရား) မေးချင် အဲ့ဒါမေးတာ (မှန်ပါ့) ဟုတ်ဖူးလား။

နောက်ကျုပ်ဒုက္ခ ဘယ့်နှယ့်နေတုံးဆိုရင်ဖြင့် ဇာတိ ဟော ရတော့မှာပဲ (မှန်ပါ့) ဟုတ်ပြီလား (မှန်ပါ့)။

အခုတော့ သူက အဖျားဆွတ်မေးထားတယ်၊ ဒကာ ဒကာမတွေက နော် ကျုပ်ကံကလေး ဘယ့်နှယ်နေတုံး၊ ကံ လေးတောင် အယဉ်တောင်သုံးထားသေးတယ် (မှန်ပါ့)။

မသုံးဘူးလား (သုံးပါတယ် ဘုရား) ဒီကံညွန့် ကံစ ကလေးများ အခုချိန် ဘယ့်နှယ်နေတုံး၊ ဟာ ဘုန်းကြီးတို့လို ဒုက္ခဗေဒင် လာဟောလို့ရှိရင် မင်းကံညွန့် ကံစဟာဖြင့် မင်းဒုက္ခ ဖြစ်တော့မှာပဲ ဒါပဲ ဟောစရာ ရှိတယ် (မှန်ပါ့)။

ဒီပြင် ဘာဟောစရာရှိသေးတုံး (မရှိပါဘူး ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ နောက် ကံညွန့် ကံစ မေးချင်သေးသလား (မမေးချင်ပါဘူး ဘုရား)။

ကံကိုဘုရားအင်မတန်ကြောက်တယ်

မေးချင်ရင်လည်း တိတ်တိတ်မေးကြပါဗျာ၊ ကျောင်း ကတောင် မကြားပါရစေနဲ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒီကံဟာ ဘုရားအင်မတန် ကြောက်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ကံကြောက်လို့ ကံဖြတ်မဂ် ကို ဘုရားက မရအရ ယူတာ ကြည့်ပါလား (မှန်ပါ့)။

ဘာကြောက်တာတုံး (ကံ ကြောက်တာပါ ဘုရား) ကံကြောက်လို့ ဘုရားက ဘာယူတုံး (ကံဖြတ်ကို ယူပါတယ် ဘုရား)။

ဒါဖြင့် သူ မဂ်ပုဂ္ဂိုလ်ကြီးဖြစ်ချင်တာ ဒကာ ဒကာမတွေ ရိပ်မိကြရောပေါ့ဗျာ (မှန်ပါ့) ဘာကြောက်လို့ (ကံကြောက်လို့ပါ ဘုရား)။

ခင်ဗျားတို့ကတော့ ကံကြောက်ရဲ့လား (မကြောက် ပါဘူး ဘုရား) တယ်ခက်ပါလား ဒကာ ဒကာမတွေ၊ ကြောက်ရမှာ မကြောက် ခင်ဗျားတို့ဥစ္စာ၊ သဘောကျပလား (မှန်ပါ့)။

ဒုက္ခသစ္စာကြီး ကျွတ်ချင်တဲ့ကံ လုပ်ပါ

ဒါဖြင့် တပည့်တော်တို့ ကံမလုပ်ရတော့ဘူးလား ဘုရား။ ဒါနကံ၊ သီလကံ၊ ဘာဝနာကံတွေဟာ လုပ်သာလုပ် ဟုတ်လား ၊ ဒီဒုက္ခသစ္စာကြီး ကျွတ်ချင်တဲ့ကံလုပ် (မှန်ပါ့)။

ဒုက္ခသစ္စာ ကျွတ်ချင်တယ်ဘုရား၊ ဒီကံက မဂ်ကံဖြစ်နေပြီ ဘုရာ့ (မှန်ပါ့) ဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကျတော့ ဒီဘက်က ပဋိစ္စသမုပ္ပါဒ်က ဘယ့်နှယ့် နေတုံး (ပြတ်ပါတယ် ဘုရား)ဒီလိုတော့ လုပ် ဘုန်းကြီးတို့က ဟောတယ် ဟုတ်လား၊ ဒီက ဇာတိရမယ့် ကံမျိုးတော့ (မလုပ်ရပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ကျုပ်ဘယ်တော့ ထောင်ကျပါ့မတုံးဆိုတာ ဇာတိဆိုတာ ထောင် ဟုတ်လား (မှန်ပါ့) ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံကြီးဟာ ဘုရားက ထောင်ကြီးဆိုပြီး သကာလ ဟောထားတယ် သံယုတ် ပါဠိတော်များမှာ (မှန်ပါ့)။

သုံးဆယ့်တစ်ဘုံဟာ ထောင်ကြီး

သုံးဆယ့်တစ်ဘုံဟာ ထောင်ကြီးကွ ဟုတ်လား၊ ထောင်ထဲဘယ်သူ ပို့လိုက်တုံး ဟောဒီ ကုသိုလ်ကံနဲ့ အကုသိုလ် ကံ ဝိုင်းပစ်ချလိုက်တာ ဟောဒီကောင် သေတာပဲကွ။

ဒီလိုဟောတာ ဘုရားက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကုသိုလ်ကံနဲ့ အကုသိုလ်ကံ အားကောင်းတဲ့လူ နှစ်ယောက်ကတဲ့ အမိဝမ်းခေါင်းကြီးဆိုတာက ရှားမီးတွင်းကြီးကွ သူတို့နှစ်ယောက် ကိုင်ပေါက်ပြီး ချလိုက်တာ ဒီကောင် သေတာ ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လောက်ဆိုးတုံး (ဆိုးပါတယ် ဘုရား) ခင်ဗျားတို့ အသေအချာ နေချင်တဲ့စိတ်များ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ကံ ကြောက်ဗျ၊ နို့ ကိုင်ပေါက်မှာ ခင်ဗျားတို့ကို (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) ကံ က ဘာလုပ်မယ် ထင်တုံး (ကိုင်ပေါက်မှာပါ ဘုရား)။

ဒယ်အိုးထဲ ကိုင်ပေါက်တာလည်း သူပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အမိဝမ်းခေါင်းထဲ ကျင်ကြီး ကျင်ငယ်ထဲ တွန်းပြီး သတ်ချလိုက်တာကော (ကံပါ ဘုရား)။

ဒီကံတွေဟာ ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်ကံများ ဘယ် နှယ်နေတုံးလို့ မမေးပါနဲ့၊ အလွန်ဆိုးလွန်းလို့ဆိုတာကော သဘောကျပလား (ကျပါတယ် ဘုရား)

မဂ်ကံကို အားကိုးရမယ်

ဒါဖြင့် ဒီကံကို အားမကိုးနဲ့၊ ဒီကံကို အားကိုး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်ကံကို အားကိုး ရမှာတုံး (မဂ်ကံကို အားကိုးရမှာပါ ဘုရား)။

မဂ်ကံကတော့ ဘာဖြစ်လို့တုံးဆိုတော့ ဒီကံတွေဖြတ် တယ် (မှန်ပါ့)၊ ပေါ်ပလား (မှန်လှပါ)။

သူက ဘာတုံးဆိုတော့ “အကဏု အသုက္က ကံကွ” မမည်း မဖြူတဲ့ကံ (မှန်ပါ့)။

ဒါတွေက ဟောဒီဘက်က တဏှာက ကာမကံကွ၊ ဟောဒါကလည်း ပြိတ္တာကံကွတဲ့၊ ကဲ ဘယ်လောက်ဆိုးနေတုံး (မှန်ပါ့)။

ကုသိုလ်၊ အကုသိုလ်ကို စွန့်တယ်

ဒီနှစ်ခုကို မင်းတို့မဖြတ်သ၍၊ ငါဘယ်နည်းနဲ့မှ မင်းတို့ ဇာတိထောင်က လွတ်မှာမဟုတ်ဘူးတဲ့၊ ဒါကြောင့် ငါဘုရား သခင်ကိုယ်တော်မြတ်ကြီး ဟောလိုက်တယ်၊ ‘‘ကုသလာကုသလံ ဇဟံ’’ ကုသိုလ်နဲ့ အကုသိုလ်ကို ငါစွန့်လိုက်တယ်၊ သေချာဟောတာပဲ မဟောဘူးလား၊ ဟောလား (ဟောပါတယ် ဘုရား)။

ဘယ်ကုသိုလ်တုံးဆိုတော့ ဘုံဘဝ ဇာတိထောင်ချမယ့် ကုသိုလ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်အကုသိုလ်တုံးဆိုတော့ ဇာတိထောင်ချမယ့် အကုသိုလ် (မှန်ပါ့) ဒါတော့ ငါစွန့်လိုက်တယ်။

ကဲ ခင်ဗျားတို့ နမက္ကာရ ရောက်ခဲ့ကြတာပဲ၊ ‘‘ကုသလာကုသလံ ဇဟံ’’ မလာဘူးလား (လာပါတယ် ဘုရား) ဒါ ဘာစွန့်လိုက်ပြန့်တုံး (ကုသိုလ် အကုသိုလ်စွန့်တာပါ ဘုရား)။

ဘယ့်နှယ်ဒီထောင်ကျမယ့် ကုသိုလ်တွေ စွန့်တာနော် (မှန်လှပါ) ဒီမဂ်ကုသိုလ်ကို စွန့်တာ ဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)

အဲတော့ ဒီဟာကို အားကိုး၊ ဒီဟာကို အားကိုးရင် ထောင်လွတ်တယ် (မှန်ပါ့) ဒီဟာတွေ အားမကိုးလို့ ဒီကံတွေ အားကိုးနေရင် ထောင်ကျမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ထောင်ကျနဲ့ ထောင်လွတ်သိပလား (သိပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။