.imgbox { display: grid; height: 100%; } .center-fit { max-width: 100%; max-height: 100vh; margin: auto; }

144

ကိုယ်ပိုင်ရထားတဲ့ စက်ဝိုင်းကြီးက ဘာပါလိမ့်မလဲ

(ပဋိစ္စသမုပ္ပါဒ်ပုံစံပြ)

အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ်ပုံစံပြ အမှတ်(၃)တရားတော်

စာအုပ်ခေါင်းစဉ်= ကိုယ်ပိုင်ရထားတဲ့ စက်ဝိုင်းကြီးက ဘာပါလိမ့်မလဲ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားသော တရားတော်

ကိုယ်ပိုင်ရထားတဲ့ စက်ဝိုင်းကြီးက ဘာပါလိမ့်မလဲ

(20-11-61)

ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကြီးကိုလဲ ဒကာ ဒကာမတွေ က ကြည့်ရလိမ့်မယ်နော်၊ (မှန်လှပါ ဘုရား)၊ မိမိတို့ ကိုယ်ပိုင် ရထားတာကိုလဲကြည့်ရလိမ့်မယ်လို့ မှတ်ရလိမ့်မယ်၊ (မှန်လှပါ ဘုရား)။

စက်ဝိုင်းကြီးက ဘာပါလိမ့်

မိမိတို့ ကိုယ်ပိုင်ရထားတဲ့ စက်ဝိုင်းကြီးက ဘာပါလိမ့် မလဲလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် မိမိတို့ရှေးတုန်းက သံသရာရယ်၊ ယခုရောက်နေတဲ့ သံသရာရယ်၊ နောင်ကိုလဲ သံသရာမဆက်ချင်ရင် ဘယ်လိုလုပ်ရမယ်၊ သံသရာဆက်ချင် ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဒီစက်ဝိုင်းကနေပြီး ပြနေတယ် လို့ မှတ်သားရမယ်၊ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာကြွယ်တို့ မှတ်စရာက ၁-နံပါတ် စက်ဝိုင်းကတော့ လွန်ခဲ့တဲ့ဘဝဖြစ်စဉ်တွေလို့ မှတ်စမ်းပါ။ (မှန်လှပါ ဘုရား)၊ ၁-နံပါတ် စက်ဝိုင်းကတော့ ဘာတုံး၊ (လွန်ခဲ့သော ဘဝက ဖြစ်စဉ်တွေပါ ဘုရား)၊ လွန်ခဲ့တဲ့ ဘဝက ဖြစ်စဉ်လို့ ဆိုသောကြောင့် အတိတ်အကြောင်းငါးပါးဆိုပြီး သကာလ ရေးထားတယ်၊ (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့်

အတိတ်တုန်းက ဒကာ ဒကာမတွေ ဘာတွေများ လုပ်ခဲ့ကြ, နေခဲ့ကြပါလိမ့်မလဲလို့ သေသေချာချာ မေးလို့ရှိရင် အတိတ်တုန်းက ခန္ဓာဖြစ်ပြီးသကာလ အဝိဇ္ဇာနဲ့ နေခဲ့ကြရ တယ်၊ (မှန်ပါ့)၊ အဝိဇ္ဇာ ဆိုတာ ဘာတဲ့၊ (သစ္စာလေးပါး မသိ တာပါ ဘုရား)၊ သစ္စာလေးပါးမသိတာ၊ (မှန်ပါ့ ဘုရား)၊ အဝိဇ္ဇာ ဆိုတာ ဘာပါလိမ့်၊ (သစ္စာလေးပါး မသိတာပါ ဘုရား)။

ဪ … ဒါဖြင့် နောက်တုန်းက ဒကာ ဒကာမ တွေ သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ကြရတယ်၊ (မှန်ပါ့ ဘုရား)၊ ဘာနဲ့ နေခဲ့ကြသလဲ၊ (သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ကြ ပါတယ် ဘုရား)၊ သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ကြတယ် ဆိုတာကို ဒကာ ဒကာမတို့ အတိတ်ဘဝတွေကနော်၊ (မှန်လှပါ ဘုရား)။

အဲဒီ သစ္စာမသိမှုဟာတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တို့ မည်မျှလောက် ဆိုးတယ်ဆိုတာတော့ ပြောဖို့မလိုပါဘူး၊ (မလိုပါ ဘုရား)။

သစ္စာမသိပြီဆိုမှဖြင့်

သစ္စာမသိပြီ ဆိုမှဖြင့်တဲ့ ဒကာဒကာမတို့သည် သစ္စာ မသိတဲ့ အဝိဇ္ဇာကြောင့် တံငါမုဆိုးလဲ လုပ်ခဲ့တာပါ၊ (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့် လုပ်ပါလိမ့်မတုံး မေးပြန် တော့၊ (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိလို့၊ (မှန်ပါ့)။

ဪ.. တံငါမုဆိုးလုပ်လို့ရှိရင်ဖြင့် ငါသည် ဒုတိယ ဘဝမှာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ ၂-နံပါတ် ဒုက္ခ သစ္စာရလိမ့်မယ် ဆိုတဲ့ဥစ္စာကို ဒကာ ဒကာမတွေက မသိကြဘူး၊ (မသိလို့ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် မသိပါ လိမ့်မတုံး၊ (သစ္စာမသိလို့ပါ ဘုရား)။

အဝိဇ္ဇာဆိုတဲ့တရားက ဒီဒုက္ခသစ္စာမသိဘူး၊ (မှန်လှ ပါ ဘုရား)၊ အဝိဇ္ဇာက ဒုက္ခသစ္စာကို မသိဘူး၊ (မသိပါ ဘုရား)၊ မသိတော့ တံငါမုဆိုးလုပ်လိုက်တော့ ဒီဘက်မှာတဲ့၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ခန္ဓာငါးပါးရတယ်၊ (ရပါတယ် ဘုရား)၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာ ဆိုတာ ခန္ဓာငါးပါး၊ (မှန်လှပါ)။

ဒီခန္ဓာငါးပါးကြီးဟာ ရှေးဘဝက မသိတာကြောင့် တံငါမုဆိုးလုပ် မုသားတွေပြောနဲ့ မကောင်းသော ရောင်းဝယ် ခြင်းတွေ ရောင်းဝယ်ကြသောကြောင့် ဒကာကြွယ်ရေ… မသိလို့ လုပ်မိ, ကိုင်မိ, ပြောဆိုမိကြတယ်၊ (မှန်လှပါ ဘုရား)။

ဘာမသိသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ၂-နံပါတ် ဒုက္ခသစ္စာ မသိတာ၊ (မှန်လှပါ ဘုရား)၊ ဦးသန်းမောင် ဘာမသိတာတုံး၊ (၂-နံပါတ် ဒုက္ခသစ္စာ မသိတာပါ ဘုရား)။

၂-နံပါတ် ဒုက္ခသစ္စာ မသိတာဆိုတော့ ဒကာ ဒကာမ တို့ ဒီဥပမာဟာ အင်မတန်မှလဲ ကြမ်းတယ်ဆိုတာကို မှတ်ရ မှာပဲ၊ (မှန်လှပါ ဘုရား)၊ ကလေးငယ်ငယ်လေးတစ်ယောက် ဟာ သူ့ကျင်ကြီးကလေး စွန့်ပြီးသကာလ ကျင်ကြီးကလေး နယ်ဖတ်ပြီး ကစားတယ်၊ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီကလေးသည် ကျင်ကြီးနဲ့ကစား နေပါလိမ့်မလဲမေးရင် ဒကာ ဒကာမတွေက အဖြေထွက်ကြ မှာပဲ၊ (ထွက်မှာပါပဲ ဘုရား)၊ ဘယ်လိုများထွက်ပါလိမ့်၊ (ကျင် ကြီးမှန်း မသိလို့ပါ ဘုရား)၊ မသိလို့၊ (မှန်ပါ့ ဘုရား)၊ မသိတာက ဘယ်သူပါလိမ့်၊ (အဝိဇ္ဇာပါ ဘုရား)။

အဲဒီ အဝိဇ္ဇာကြောင့် ဒကာ ဒကာမတို့ သင်္ခါရဆိုတဲ့ ခုနကပြောခဲ့တဲ့ တံငါမုဆိုးလုပ်ခြင်း၊ မုသားလိမ်လည်ကောက် ကျစ်ပြီးသကာလ စီးပွားရှာမှီးခြင်းဆိုတဲ့ အကုသိုလ် သင်္ခါရ လုပ်လိုက် ပါတယ်၊ (မှန်ပါ့ ဘုရား)၊ ဘာလုပ်ပါလိမ့်။ (အကုသိုလ် သင်္ခါရ လုပ်ပါတယ် ဘုရား)။

မသိလို့အကုသိုလ်သင်္ခါရလုပ်

မသိလို့ အကုသိုလ်သင်္ခါရလုပ်တယ်၊ (မှန်ပါ့ ဘုရား)၊ မလုပ်ပေဘူးလား၊ (လုပ်ပါတယ် ဘုရား) တဏှာ, ဥပါဒါန်တွေနဲ့ သားမယားများလဲ စွဲလမ်းတယ်၊ (စွဲလမ်းပါတယ် ဘုရား)။

၎င်း တဏှာ, ဥပါဒါန်တွေကြောင့် ကာယကံ, ဝစီကံ နဲ့လဲ ပြုလိုက်, ပြောလိုက်, ဆိုလိုက် ငေါက်လိုက် အော်လိုက်, မြည်လိုက်, တွန်လိုက်၊ ဒကာကြွယ်- သားတွေ, မယားတွေရော၊ လုပ်သားတွေကိုရော ကမ္မဘဝ မလုပ်ပေဘူးလား၊ (လုပ်ပါတယ် ဘုရား)။

အဲဒီတော့ မသိလို့လုပ်တာပေါ့၊ (မှန်ပါ့ ဘုရား)၊ မသိ လို့လုပ်တော့ ဒီမှာစုတေသည်၏အခြားမဲ့၌ ကဲ-ဟောဒီ အကြောင်းနဲ့ ဟောဒီအကျိုးတွေဟာ ဒကာ ဒကာမတို့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ပဋိစ္စ သမုပ္ပာဒ် ငါးမျိုးနဲ့ သွားဆက်သွယ်တယ်၊ (မှန်လှပါ ဘုရား)၊ မဆက်သွယ် ဘူးလား၊ (ဆက်သွယ်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်ဆက်သွယ်ရသတုံးဆိုတော့ မသိ လို့ဆက်သွယ်ရတယ်၊ (မှန်လှပါ ဘုရား)၊ မသိလို့ပြုလုပ်၊ ပြုလုပ် လို့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာရပါတယ်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် မသိလို့ အဝိဇ္ဇာ, ပြုလုပ်တာက သင်္ခါရ၊ (မှန်ပါ့)၊ အကုသိုလ်တွေပြုလုပ်တာ၊ (သင်္ခါရပါ ဘုရား)၊ အဲသင်္ခါရ ကြောင့်တဲ့၊ ဒီခန္ဓာငါးပါး မရဘူးလား၊ (ရပါတယ် ဘုရား)၊ ခန္ဓာငါးပါး ဘာသစ္စာ တရားလို့ ဆိုကြမလဲ၊ (ဒုက္ခ သစ္စာပါ ဘုရား)၊ ဒီမှာ ဒုက္ခသစ္စာလို့ပြတယ်၊ (မှန်ပါ့)။

ဪ… ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှေးဘဝ က မသိလို့ မသိသလိုပြုလုပ်ခဲ့တဲ့အတွက် ဒုက္ခသစ္စာ ခန္ဓာငါး ပါးကြီးဆိုတဲ့ အပါယ်လေးပါး ခန္ဓာရတယ်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် အပါယ်လေးပါးခန္ဓာမှာလဲ မသိလို့ ပြုလုပ်တဲ့ ဒုက္ခသစ္စာရတာပဲ၊ (မှန်ပါ ဘုရား)၊ မသိလို့ ပြုလုပ်သောကြောင့် ဒုက္ခသစ္စာရတာပဲ၊ (မှန်ပါ့ ဘုရား)၊ ဦးသန်းမောင် ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

တစ်ခါ ကုသိုလ်တွေ ပြုလုပ်နေပြန်တော့လဲတဲ့ ဒုက္ခ သစ္စာဆိုတာ မသိဘဲနဲ့ ပြုလုပ် သောကြောင့် သင်္ခါရစေတနာ တွေကို လူ့ပြည်, နတ်ပြည်,ဗြဟ္မာပြည်ရောက်ကြောင်း လုပ် လိုက်ပြန်တယ်၊ (မှန်ပါ့ ဘုရား)။

ဘယ်နှယ်ကြောင့် လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည် ရောက်ကြောင်းကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ်ပါလိမ့် မတုံးလို့ မေးတဲ့အခါကျတော့ ဒီအဝိဇ္ဇာက ဒီသင်္ခါရပေါ် အုပ် ချုပ်ထားလေ သောကြောင့် ဒီဒုက္ခသစ္စာ မသိဘူး၊ (မသိပါဘု ရား)၊ သိသေးရဲ့ လား၊ (မသိပါ ဘုရား)။

ထိုကဲ့သို့ မသိသောကြောင့်တဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယခုလူ့ဘဝသာဆိုတယ် ဇာတိ, ဇရာ, မရဏနဲ့ နေရတယ်၊ (နေရပါတယ် ဘုရား)၊ ဒကာကြွယ် ဘာသစ္စာရသ လဲ၊ (ဒုက္ခသစ္စာရပါတယ် ဘုရား)၊ ဒုက္ခသစ္စာ ရထားတယ်ဆို တာ သေသေချာချာမှတ်ကြပါ၊ (မှန်လှပါ ဘုရား)။

ဈာန်သမာပတ်တွေ အားထုတ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခါမသိတာနဲ့ ဘဲ ဈာန်သမာပတ်တွေကို အားထုတ် ပြန်တယ်၊ (မှန်လှပါ ဘုရား)၊ (ဝါ) သမထတွေကို အားထုတ်ပြန်တယ်၊ (မှန်ပါ့)၊ ဒါဖြင့် မသိတာက အဝိဇ္ဇာ၊ ဈာန်သမာပတ်ကို အားထုတ်တာက (သင်္ခါရပါ ဘုရား)၊ နောက်ကျတော့ ဗြဟ္မာခန္ဓာဆိုတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာရပြန်တယ်၊ (ရပါတယ် ဘုရား)၊ ရတာ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဪ… ဒါဖြင့် ဘုံသုံးပါးမှာဖြင့် အဝိဇ္ဇာ, သင်္ခါရ က ချယ်လှယ်နေတယ်လို့ မှတ်လိုက်ပါတော့၊ (မှန်ပါ့ ဘုရား)၊ ကာမဘုံလဲ အဝိဇ္ဇာ, သင်္ခါရ ချယ်လှယ်လို့ဖြစ်ရတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေပဲ၊ (မှန်လှပါ ဘုရား)၊ ရူပ အရူပဘုံမှာလဲ အဝိဇ္ဇာ, သင်္ခါရ ချယ်လှယ်လို့ဖြစ်ရတဲ့ ဗြဟ္မာတွေပဲ၊ (မှန်ပါ ဘုရား)။

အပါယ်လေးဘုံမှာလဲ အဝိဇ္ဇာ, သင်္ခါရက ပြုလုပ် လိုက်လို့ အပါယ်လေးပါး ခန္ဓာတွေဖြစ်တာပဲ၊ (မှန်ပါ့)၊ ဒါကြောင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ, သင်္ခါရသာရှိရင်ဖြင့် သုံးဆယ့် တစ်ဘုံ ခန္ဓာဖြစ်လိမ့်မယ်၊ (မှန်ပါ့ ဘုရား)။

သုံးဆယ့်တစ်ဘုံခန္ဓာဖြစ်ရင် ဘာသစ္စာရမတုံး၊ (ဒုက္ခ သစ္စာ ရပါမယ် ဘုရား)၊ ရှင်းကြပလား၊ (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ၁-နံပါတ်လုပ်ရင် ၂-နံပါတ်ရမယ်၊ (မှန်ပါ့ ဘုရား)၊ ၁-နံပါတ်လုပ်ရင် (၂-နံပါတ်ရမယ်)၊ ၂-နံပါတ်ရမယ်ဆိုတာ ကောင်းကောင်း ကျေနပ်ပလား၊ (ကျေနပ်ပါတယ် ဘုရား)၊ (စက်ဝိုင်းကိုကြည့်ပါ)။

ကောင်းပြီ၊ ၁-နံပါတ်သည် ဘယ်တုန်းကပါလိမ့်မလဲ လို့မေးတော့ လွန်လေပြီးသော အတိတ်ကာလက၊ (မှန်လှပါ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် သူ့ကို အတိတ်အကြောင်းတစ်လွှာလို့ ရေး လိုက်တယ်၊ (မှန်လှပါ ဘုရား)၊ ဘာသစ္စာတွေ လုပ်ခဲ့ကြပါလိမ့်၊ (သမုဒယသစ္စာတွေ လုပ်ခဲ့ပါတယ် ဘုရား)၊ ဒကာကြွယ် စာ ရွက်ကြည့်၊ သမုဒယသစ္စာပဲလုပ်ခဲ့တယ်၊ (လုပ်ခဲ့ပါတယ် ဘုရား)။

ဒါတွေက သမုဒယသစ္စာ

ဒါဖြင့် သမုဒယသစ္စာသည် ဘယ်နှစ်ပါးရှိသတုံးမေး တော့မှ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝငါးပါး၊ (မှန်ပါ့ ဘုရား)၊ သမုဒယသစ္စာဘယ်နှစ်ပါးလဲ၊ (ငါးပါးပါ ဘုရား)။

အဲ… သမုဒယသစ္စာငါးပါး ကြိုးစားခဲ့သောကြောင့် ဒုက္ခသစ္စာ ငါးပါးဆိုတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ရပါတယ်၊ (မှန်လှပါ ဘုရား)၊ ဒါဖြင့် အခု ၂ထဲမှာလား၊ (၂-ထဲမှာပါ ဘုရား)။

ရှေးလွန်ခဲ့သော အတိတ်ဘဝက ဒီသမုဒယသစ္စာငါး ခု ကြိုးစားခဲ့တဲ့အတွက် ဒီဘဝမှာ ဒုက္ခသစ္စာငါးခု ပြန်ရတယ်၊ (ရပါတယ် ဘုရား)၊ မရဘူးလား၊ (ရပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီသမုဒယသစ္စာငါးခုကြောင့် ဒုက္ခသစ္စာဖြစ်တယ်လို့ဆိုတာ သိထားတော့ကို ကိုယ့်စိတ် ထဲက စဉ်းစားရမယ်၊ ငါသည် ဒုက္ခသစ္စာ ဖြစ်ကြောင်းကိုဖြင့် နောက်ကို မလုပ်ဘူးဆိုတဲ့စိတ်၊ ဒကာကြွယ် မွေးဖို့ကောင်း တယ်၊ (ကောင်းပါတယ် ဘုရား)၊ ဦးသန်းမောင် မွေးဖို့ (ကောင်းပါတယ် ဘုရား)။

အခု ဒုက္ခရောက်တာသိသွားပြီ၊ (သိသွားပါပြီ ဘုရား)၊ အခု ဒုက္ခရောက်တာသိနေတော့ ဒကာ ဒကာမတို့ အခုဇာတိ ကိစ္စကတော့ လွန်ခဲ့ပြီနော်။ (မှန်လှပါ ဘုရား)၊ ဇရာကိစ္စ အိုဘေး ကိစ္စလဲ ရောက်နေကြပလားမေးရင် ဘယ့်နှယ်ဖြေ မလဲ။ (ရောက်နေပါတယ် ဘုရား)။

နောက်ကို ဒကာ ဒကာမတွေ ဒီကိစ္စနဲ့ပြီးမှာပဲလား၊ နာ ဘေးဒုက္ခသစ္စာကြီးနဲ့ ကိုယ်တိုင် တွေ့ရဦးမှာလား၊ (နာဘေး ကိစ္စကြီးနဲ့ ကိုယ်တိုင် တွေ့ရဦးမှာပါ ဘုရား)၊ တွေ့ရဦးမယ်နော်၊ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဦးသန်းမောင်ကြီးတို့၊ ဒကာကြွယ် တို့၊ ဒကာသစ်တို့ တွေ့ရပါလိမ့်မလဲ လို့ဆိုတော့ ကံမကောင်း အကြောင်းမသင့်လို့ပေါ့၊ ပြောတာဟုတ်ပါရဲ့လား၊ (မဟုတ်ပါ ဘုရား)၊ ကြည့်လေ၊ အတိတ်အကြောင်းမှာ ဘာပါ, ပါလိမ့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား)။

အဝိဇ္ဇာက အုပ်ချုပ်လို့၊ (မှန်ပါ့ ဘုရား)၊ ကံမကောင်း အကြောင်းမသင့်လို့ဆိုတာ မဟုတ်ပါဘူး၊ (မဟုတ်ပါ ဘုရား)၊ မသိလို့ လူ့ဘဝရောက်လိုတဲ့ ဒါနပြုလို့ ဒုက္ခသစ္စာ ရတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံမကောင်းလို့လား၊ အဝိဇ္ဇာဆိုတဲ့တရား ကိန်းအောင်းလို့လား၊ အဝိဇ္ဇာ ကိန်းအောင်းလို့ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အဝိဇ္ဇာ မချုပ် သရွေ့ဖြင့် ဒုက္ခသစ္စာပဲ ခင်ဗျားတို့ ပြန်ပြန်ရမှာပဲ၊ (ရမှာပါ ဘုရား)၊ အဝိဇ္ဇာမချုပ်သရွေ့ (ဒုက္ခသစ္စာပဲ ပြန်ပြန် ရပါတယ် ဘုရား)၊ ဒုက္ခသစ္စာပဲ ပြန်ပြန်ရကြမယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ကောင်းကောင်းရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အင်း… ဒီဒုက္ခသစ္စာကြီးကို ဖြင့် ကျွတ်ချင်လွတ်ချင်လို့ရှိရင် ဒုက္ခသစ္စာ လွတ်ကြောင်းစိတ် ကိုမွေးကြပါ၊ (မှန်ပါ့)၊ ကျွတ်ချင် လွတ်ချင်လို့ ရှိရင်ဖြင့် မွေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဒီလိုစဉ်းစားရမယ်၊ ဒီ ၂-နံပါတ် ထဲကို မရောက်ဖို့ရာ သိပ်အရေးကြီးတယ်၊ (မှန်ပါ့ ဘုရား)

ဘယ်ထဲမရောက်ဖို့လဲ၊ (၂-နံပါတ်ထဲ မရောက်ဖို့ပါ ဘုရား)။ ဘာသစ္စာမို့လဲ၊ (ဒုက္ခသစ္စာမို့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၂-နံပါတ်ထဲရောက်တဲ့ လူ ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ ဆိုတာ အလကား ပြောတာ၊ (မှန်ပါ့)၊ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) အပါယ်လေးပါးဟာလဲ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)၊

အဲ… လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ, အပါယ်လေးပါးဟာ ဒုက္ခသစ္စာဆိုတဲ့ ၂-နံပါတ်ထဲက ဒကာ ကြွယ်-ထွက်ကိုမထွက်ဘူးနော်။ (မှန်လှပါ ဘုရား)၊ ရှင်းကြ ပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်ကြီးတို့ ဒကာ ဒကာမတွေမှာ ရှေးဘဝက မသိသလိုလှူခဲ့လို့၊ (မှန်ပါ့)၊ မသိသလို အကုသိုလ်လုပ်ခဲ့လို့၊ (မှန်ပါ့ ဘုရား)၊ မသိလို့ သမထတွေ ကြိုးစားခဲ့တယ် (ကြိုးစား ခဲ့ပါတယ် ဘုရား)။

ဒါကြောင့် ယခုပစ္စုပ္ပန်ဘဝ ဘာသစ္စာတွေ ရကြ သလဲ၊ (ဒုက္ခသစ္စာတွေ ရပါတယ် ဘုရား)၊ ဒါဖြင့် ဒါပစ္စုပ္ပန် အကျိုးငါးပါးဆိုတာ ပေါ်ပါပြီ၊ (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုများ ပေါ်ပါလိမ့်၊ (ပစ္စုပ္ပန် အကျိုးငါးပါးလို့ ခေါ်ပါတယ် ဘုရား)။

ပစ္စုပ္ပန်အကျိုးငါးပါးဆိုတာ ဒကာ ဒကာမတွေ ပေါ် လာတယ်နော်၊ (မှန်ပါ့)၊ ပစ္စုပ္ပန်အကျိုးငါးပါး ဆိုတာ ဒီ၂နံပါတ်လို့ မှတ်လိုက်တာပေါ့၊ (မှန်ပါ့ ဘုရား)။

ပစ္စုပ္ပန်အကျိုးငါးပါး

အင်း… ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာဆိုတဲ့ ပစ္စုပ္ပန်အကျိုးငါးပါးရတယ်၊ ဘယ်ကာလ ရပါသတုံးမေးတော့ ဘယ်နှယ်ဖြေကြမလဲ၊ (ပစ္စုပ္ပန်ကာလပါ ဘုရား)။

ကောင်းပြီ… ဒါဖြင့်ယခုအခါသည် ဒကာ ဒကာမ တို့ ၁-နံပါတ်ထဲမှာနေသလား၊ ၂-နံပါတ်ထဲမှာ နေသလား၊ (၂-နံပါတ်ထဲမှာ ရောက်နေပါတယ် ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ) ၂-နံပါတ်ထဲမှာ ရောက်နေပါတယ်၊ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကိုယ့်စာရွက်ထဲကို ကိုယ်ကြည့်ပါ။ ဘယ်နံပါတ်ထဲရောက်နေပါလိမ့်၊ (၂-နံပါတ်ထဲ ရောက်နေပါ တယ် ဘုရား)၊ ၂-နံပါတ်ထဲရောက်နေတယ်လို့ သေသေချာချာ မှတ်ပါ၊ (မှန်ပါ့ ဘုရား)။

၂-နံပါတ်ထဲရောက်နေတော့ ယခု ဒကာ ဒကာမတို့ စားဖို့ရှာတဲ့ အာဟာရ ပရိယေသနဒုက္ခ၊ (မှန်ပါ့)၊ မျိုဖို့ရှာတဲ့ ပရိယေသနဒုက္ခ၊ (မှန်ပါ့)၊ ဝတ်ဖို့ရှာတဲ့ ဒုက္ခ၊ (မှန်ပါ့)၊ နည်းသလား၊ (မနည်းပါ ဘုရား)၊ မင်းတို့ကို အခွန်ဆောင်ဖို့ရှာတဲ့ ဒုက္ခ၊ (မနည်းပါ ဘုရား)၊ မရှိဘူးလား၊ (ရှိပါတယ် ဘုရား)။

သားတွေ, သမီးတွေ ဆိုးပေကြလို့ပူရ, ဆွေးရတဲ့ဒုက္ခ ကော (ရှိပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာကြီးဟာ မမာမကျန်းတဲ့ ဒုက္ခကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခပေါင်း ဘယ်လောက်တုံးလို့မေးရင် ဦးသန်းမောင် ဖြေစမ်းဗျာ၊ (မရေတွက်နိုင်ပါ ဘုရား)၊ ဪ ဒီဒုက္ခပေါင်း အများကြီးပဲ၊ (မှန်ပါ့)၊ ဘယ်သူကများ ပေးလိုက်ပါလိမ့်ဗျာ၊ (အဝိဇ္ဇာက ပေးလိုက်ပါတယ် ဘုရား)။

အတိတ်အကြောင်း

အတိတ်ဘဝက အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝဆိုတဲ့ ငါးခုသောအကြောင်းတွေက ပြုလုပ်လိုက်လို့၊ (မှန် လှပါ ဘုရား)၊ ခင်ဗျားတို့ ဒုက္ခပင်လယ်ဝေနေတော့တယ်ဆို တာ ငြင်းဖို့ မလိုပါဘူး၊ (မလိုပါ ဘုရား)။

ဒါဖြင့် ဒုက္ခပင်လယ်ဝေနေကြတဲ့ အထဲမှာ ဒုက္ခဖြစ် ကြောင်းကို အားထုတ်ရမှာလား၊ ဒုက္ခလွတ်ကြောင်းကို အား ထုတ်ရမှာလားဆိုတာ ယနေ့ဝေဖန်ကြပါ၊ (ဒုက္ခလွတ်ကြောင်း အားထုတ်ရမှာပါ)။

ဒုက္ခရောက်နေတဲ့အထဲမှာ ဒုက္ခဖြစ်ကြောင်း အား ထုတ်ဦးမယ်ဆိုရင် နှစ်ခါမိုက်၊ (မှန်ပါ့ ဘုရား)၊ ဒုက္ခရောက် နေတဲ့ အထဲမှာ ဒုက္ခရောက်ကြောင်း အားထုတ်ရင် (နှစ်ခါ မိုက်ပါ ဘုရား)၊ နှစ်ခါမိုက်ဖြစ်လိမ့်မယ် ဒကာကြွယ်၊ (မှန်လှပါ)၊

နောက်က ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ်၊ (နှစ်ခါ မိုက်ပါ ဘုရား)။

နှစ်ခါမိုက်ဖြစ်မယ်ဆိုတာ သေချာကြပလား၊ (သေချာ ပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် တုံးဗျ၊ ဒုက္ခရောက်တဲ့အထဲ မှာ ဒုက္ခဖြစ်ကြောင်း ကြိုးစားလို့၊ (မှန်ပါ့ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဲ့၊ ၂-နံပါတ်သည် ဒကာ ဒကာမတို့ ယခုနေရာဌာန ယခုရထားတဲ့ ခန္ဓာကြီးဆိုတာ မှတ် လိုက်ပါ၊ (မှန်ပါ့ ဘုရား)။

၂-နံပါတ်ထဲမှာ တဲ့၊ ဒကာ ဒကာမတို့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝဆိုတာ ၂-နံပါတ်ထဲက ထပ် ပြီး မပေါက်ပွားဖို့ သိပ်အရေးကြီးပါတယ်၊ (အရေးကြီးပါတယ် ဘုရား)။

ထပ်ပြီးမပေါက်ပွားဖို့အရေးကြီးတယ်

၂-နံပါတ်ထဲက အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝတို့ မပေါက်ပွားဖို့၊ (အရေးကြီးပါတယ် ဘုရား)၊ ဒကာကြွယ် သေသေချာချာကြည့်ပါ၊ (မှန်လှပါ ဘုရား)၊

နောက်က ဒကာ ဒကာမတွေ ဘယ်အထဲက ဘာပေါက်ပွားဖို့ အရေးကြီးပါလိမ့်(၂-နံပါတ်ထဲက အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝတို့ မပေါက်ပွားဖို့ အရေးကြီးပါတယ် ဘုရား)။

၂-နံပါတ်ထဲက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ကမ္မဘဝတို့ မပေါက်ပွားဖို့ အရေးမကြီးဘူးလား၊ (ကြီးပါတယ် ဘုရား)၊ အခု ဒကာ ဒကာမတွေတဲ့၊ ၂-နံပါတ်ထဲရောက်နေ တယ်၊ (ရောက်နေပါတယ် ဘုရား)၊

၂-နံပါတ်ထဲရောက်နေတော့ ခန္ဓာ ကိုယ်ကို ဝိပဿနာမရှုကြဘူး၊ မရှုတော့ မသိဘူး၊ (မသိပါ ဘုရား)၊ မသိတော့ အဝိဇ္ဇာနဲ့နေတယ်၊ (မှန်ပါ့ ဘုရား)။

အင်း… ဦးသန်းမောင် ၂-နံပါတ်ထဲက ဘာတိုးလာ ပြန်ပါလိမ့်၊ (အဝိဇ္ဇာ တိုးလာပါတယ် ဘုရား)၊ ၂-နံပါတ်ထဲ အဝိဇ္ဇာ တိုးလာတယ်၊ (မှန်ပါ့ ဘုရား)။

အင်း… ဒါဖြင့် ၂-နံပါတ်ထဲက အဝိဇ္ဇာဆိုတဲ့ မျိုးစေ့ တစ်ခု၊ ၂-နံပါတ် ခန္ဓာပင်ကြီးက သီးပွင့် လာပြန်တယ် ဆိုရင်လဲ မလွဲဘူး၊ (မှန်ပါ့ ဘုရား)။

သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေကော ဒကာ ဒကာမတို့ ခင်ကြ မင်ကြ, ကြင်နာ ကြရဲ့လား လို့ မေးလို့ရှိရင် ဖြင့် ဒကာကြွယ်… ဘယ်နှယ့်ဖြေမလဲ၊ (ခင်ကြ မင်ကြ ကြင်နာ ကြပါတယ် ဘုရား)၊ ခင်ကြ မင်ကြ, ကြင်နာကြ တယ်ဆိုတာ သေသေချာချာပဲနော်၊ (မှန်လှပါ ဘုရား)။

ဟ… ဘယ်အထဲကနေ ကြင်နာတာတုံးဆိုတော့ ၂-နံပါတ်ထဲက ပေါ်လာတာ၊ (မှန်ပါ့)၊ ၂-နံပါတ် ခန္ဓာကြီးထဲ က ခင်စိတ်ပေါ်လာတယ်၊ (မှန်လှပါ ဘုရား)၊ မပေါ်ဘူးလား၊ (ပေါ်လာပါတယ် ဘုရား)၊ ၂-နံပါတ် ခန္ဓာကြီးထဲက စွဲလမ်းစိတ်ကော (ပေါ်လာပါတယ် ဘုရား)။

ကဲ… ဒီသား ဒီသမီးနဲ့ မခွဲရအောင် ကုသိုလ်လုပ်ဦး မှပဲဆိုတော့ ဒကာ ဒကာမတို့ ကမ္မဘဝပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)၊ ၂-နံပါတ်ထဲကပေါ်လာတယ်၊ (ပေါ်လာ ပါတယ် ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒါဖြင့် ၂-နံပါတ်ထဲမှာ အကြောင်းငါးခု ပေါ်လာ ပြန်တယ်၊ (ပေါ်လာပါတယ် ဘုရား)၊ ၂-နံပါတ်ထဲမှာ (အကြောင်းငါးခု ပေါ်လာပါတယ် ဘုရား)။

ပစ္စုပ္ပန်အကြောင်း

ဟော… အတိတ်ကြောင်း ငါးခုလိုပဲ၊ ပစ္စုပ္ပန်ဘဝ အ ကြောင်းငါးခု ပေါ်လာတယ်လို့မှတ်ပါ၊ (မှန်လှပါ ဘုရား)၊ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝ၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒီဟာနဲ့ အတူတူပဲ၊ ပြောင်းပြန်ရေးထားလို့၊ (မှန်ပါ့)၊ ငါးခုချင်းထူးသေးရဲ့ လား၊ (မထူးပါ ဘုရား)၊ အဲဒါ ဒကာ ဒကာမတွေ ယခုလက်ရှိခန္ဓာထဲက ပေါက်ပွားတာ၊ (မှန်ပါ့)၊ ဘယ်အထဲ က ပေါက်ပွား သလဲ၊ (ယခုလက်ရှိ ခန္ဓာထဲက ပေါက်ပွားပါတယ် ဘုရား)။

ဪ… ဦးသန်းမောင်တို့၊ ဒကာကြွယ်တို့ စဉ်းစား ပါဦး၊ လက်ရှိခန္ဓာက ဒုက္ခသစ္စာ၊ (မှန်ပါ့)၊ ဒုက္ခသစ္စာထဲက သမုဒယသစ္စာဆိုတဲ့ အသီးအပွင့်တွေ ပေါက်ပွားလာပြန် တယ်၊ (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာထဲက (သမုဒယသစ္စာ အသီး အပွင့်တွေ ပေါက်ပွားလာပါတယ် ဘုရား)။

သမုဒယသစ္စာဆိုတဲ့ ဒကာကြွယ်… တွေ့လိုက်တဲ့ လား၊ (တွေ့ပါတယ် ဘုရား)၊ ၃-နံပါတ်တွေ ပေါက်ပွားမလာ ဘူးလား၊ (ပေါက်ပွားလာပါတယ် ဘုရား)။

၃-နံပါတ်မှာ သေသေချာချာကြည့်ပါ၊ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝလို့တော့ ပါ, ပါလိမ့်မယ်၊(ပါ, ပါတယ် ဘုရား)၊ အဲဒါ ယခုပစ္စုပ္ပန်ဘဝ ခန္ဓာထဲက ပေါက် ပွားလာတယ်လို့ မှတ်စမ်းပါ၊ (မှန်လှပါ ဘုရား)။

ပစ္စုပ္ပန်ဘဝ ခန္ဓာထဲက ဒကာ ဒကာမတို့ မြင်တဲ့ အတိုင်း အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်ဘဝ၊ (မှန်လှပါ)၊ ဒါကြောင့် ပစ္စုပ္ပန်အကြောင်းခြင်းရာ ငါးပါး ပေါ်ပြန်တယ်၊ (မှန်ပါ့)၊ ဒကာ ဒကာမတွေ အငြိမ်နေလို့လား၊ ဆော့လို့လား၊ (ဆော့လို့ပါ ဘုရား)။

အငြိမ်မနေတတ် ဆော့လွန်းတဲ့အတွက်-တဲ့၊ ဒကာ ဒကာမတွေမှာ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝတွေ ပြန်ပေါ်တယ်၊ (ပေါ်ပါတယ် ဘုရား)၊ ဦးသန်းမောင်… တွေ့ ရဲ့လား၊ (တွေ့ပါတယ် ဘုရား)။

၃-နံပါတ် ဘာတွေပေါ်သတုံး၊ (အဝိဇ္ဇာ, သင်္ခါရ တဏှာ, ဥပါဒါန်, ဘဝသစ်တွေပေါ်ပါတယ် ဘုရား)၊ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ကမ္မဘဝ မပေါ်ဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ဒုက္ခပင်က ဒုက္ခသီးတွေ

အင်း… ဘယ်ခန္ဓာထဲကများ၊ ဘယ်ဘဝထဲကများ၊ ဘယ်နံပါတ်ထဲကများ သူပေါက်ပွားလာလို့ ဆိုကြမလဲ၊ (၃- နံပါတ်ထဲက ပေါက်ပွားလာပါတယ် ဘုရား)၊ ဪ… ဒုက္ခ ပင်က ဒုက္ခသီးတွေ သီးပြန်ပါ ပေါ့လား၊ (မှန်လှပါ ဘုရား)၊ ဒုက္ခ ပွင့်တွေ ပွင့်ပြန်ပါပေါ့လား ဆိုရင်တော့ လွဲပါ့မလား၊ (မလွဲပါ ဘုရား)၊ ရိပ်မိပြီ၊ (ရိပ်မိပါပြီ ဘုရား)။

၂-နံပါတ်နဲ့ ဒါကြောင့် ဒကာ ဒကာမတွေ သတိထား ပြီး မှတ်ပါ-တဲ့၊ ဒီ ၂-နံပါတ် ၃-နံပါတ်လဲ စပ်သွားပြန်ပြီ-တဲ့၊ တဏှာ, ဥပါဒါန်, ကမ္မဘဝတွေ ပေါ်လာတယ်၊ (မှန်လှပါ)။ မပေါ်ဘူးလား၊ (ပေါ်လာပါတယ် ဘုရား)။

ပေါ်လာတော့ ၂-နံပါတ်ခန္ဓာကြီး ဒုက္ခပင်ကြီးက သမုဒယသီးတွေ သီးလာတယ်၊ (သီးလာပါတယ် ဘုရား)၊

ဒါ့ကြောင့် သမုဒယသီးတွေ သီးတဲ့အကြောင်းမှာ ၃-နံပါတ် သမုဒယသစ္စာတွေ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ၂-နံပါတ် ခန္ဓာထဲကမှ-တဲ့ ယခုပစ္စုပ္ပန်ကာလ မှာ ၃-နံပါတ်ဆိုတဲ့ သမုဒယသစ္စာတွေ ပေါက်ပွားလာတယ်၊ (မှန်လှပါ ဘုရား)၊ ၂-နံပါတ်ထဲက ပေါက်ပွားတာ၊ (မှန်ပါ့)၊ ရိပ် မိကြပလား၊ (ရိပ်မိပါပြီ)။

အင်း… ဟင်-ဘယ်က ပေါက်ပွားလာသလဲ၊ (၂- နံပါတ်ထဲက ပေါက်ပွားပါတယ်)၊ ၂-ထဲကပေါက်ပွားပြီး သကာ လ လာတော့ ဒကာ ဒကာမတွေပဲ စဉ်းစားပါတော့တဲ့၊

ဪ … ဘာသစ္စာတွေ ပေါက်ပွားလာပါလိမ့်၊ (သမုဒယ သစ္စာတွေ ပေါက်ပွားလာပါတယ် ဘုရား)၊ ဟာ… ဒကာကြွယ် လွဲကုန်ပြီ၊ (လွဲပါတယ် ဘုရား)။

၂-နံပါတ် ဒကာကြွယ် ခန္ဓာအခုရနေတဲ့အထဲက ဖြစ်ပျက်မသိတဲ့ အဝိဇ္ဇာကလဲ ပေါ်လာ ပြန်တယ်၊ (မှန်ပါ့)၊ ဘုံဘဝရလိုမှုဆိုတဲ့ စေတနာကံတွေနဲ့ သင်္ခါရလဲလုပ်ပြန် တယ်၊ (လုပ်ပါတယ် ဘုရား)။

အင်း… တဏှာ, ဥပါဒါန်တွေနဲ့လဲ သားတွေ, သမီး တွေစွဲလမ်းပြီ (စွဲလမ်းပါတယ် ဘုရား)၊ ဒီသား, ဒီသမီးတွေနဲ့ မခွဲချင်တဲ့ ကာယကံ, ဝစီကံတွေကိုလဲ ပြုလိုက်, ပြောလိုက်, ဆိုလိုက်တာ မနည်းဘူး၊ (မနည်းပါ ဘုရား)၊ ဒါ-ယခုခန္ဓာထဲက ပေါက်ပွားတာမှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ ဦးသန်းမောင်တို့ မှတ်စမ်းပါ။

အင်း… ၂-နံပါတ်ထဲက ၃-နံပါတ်ဆိုတဲ့ သမုဒယသစ္စာတွေ ပေါက်ပွားတယ်၊ (မှန်လှပါ ဘုရား)၊ ၂-နံပါတ်ခန္ဓာထဲက (၃- နံပါတ်ဆိုတဲ့ သမုဒယသစ္စာတွေ ပေါက်ပွားပါတယ် ဘုရား)။

ဒါကြောင့် ၃-နံပါတ်မှာ ကြည့်လိုက်တော့ သမုဒယ သစ္စာ၊ (မှန်လှပါ ဘုရား)၊ ဘယ်ထဲက ပေါက်ပွားသလဲ၊ (၂-နံ ပါတ်ထဲက ပေါက်ပွားပါတယ် ဘုရား)၊ ၂-နံပါတ် ခန္ဓာထဲမှာ ဒါတွေ ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။

ဒါကြောင့် ဒီကာလကျတော့ ၂ ဝိုင်းထဲပြတယ်၊ (မှန် ပါ့)၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလမှာ သဘော ကျရဲ့လား၊ (ကျပါ တယ်)၊ အင်း… ဟင် ဒီ တဏှာ, ဥပါဒါန်တွေ ပြန်လာတယ်၊ (မှန်ပါ့)၊ မလာဘူးလား၊ (လာပါတယ် ဘုရား)။

ဒါဖြင့် အခုအသီးအပွင့်တွေပေါ်လာတာက ဘယ် ကာလမှာ ပေါ်လာသတုံးလို့ မသိဘဲ နေမှာစိုးလို့ ပစ္စုပ္ပန် အကြောင်းခြင်းရာ ငါးပါးတဲ့၊ ယခုပစ္စုပ္ပန်ခန္ဓာ ရှိတုန်း ပေါ်နေတာ၊ (မှန်ပါ့)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ဘာသစ္စာလဲ၊ (သမုဒယသစ္စာပါ ဘုရား)။

ခန္ဓာထဲက ပေါက်ပွားလာတာလေ၊ (မှန်ပါ့)၊ ပစ္စုပ္ပန် ခန္ဓာကြီးက ပေါက်ပွားလာတာ၊ ဒါက ပစ္စုပ္ပန်ခန္ဓာကိုးဗျ၊ ၂နံပါတ်၊ (မှန်ပါ့)၊ အဲဒီ ဒုက္ခသစ္စာထဲက ဟောဒီသမုဒယသစ္စာ ဆိုတာတွေဟာ ပေါက်ပွားလာတယ်၊ (ပေါက်ပွားလာပါတယ် ဘုရား)၊ မပေါက်ပွားဘူးလား၊ (ပေါက်ပွားလာပါတယ် ဘုရား)။

ပေါက်ပွားလာတော့ ဒကာ ဒကာမတွေသည်-တဲ့၊ ဟောဒီ နောက်လာမည့် ဘာနဲ့ ဆက်ပါလိမ့် ဦးမယ် ဆိုပြီး မြား ကလေးပြတယ်၊ (မှန်လှပါ ဘုရား)၊ ဆက်မှ ဆက်ပါ့မလား၊ (ဆက်ပါတယ် ဘုရား)၊ ဆက်မှာပဲဆိုတာ သေချာကြပလား၊ (သေချာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါမပေါက်ပွားလို့ ရှိရင်ဖြင့် ဒီအနာဂတ်ဘဝ မဆက်ဘူးပေါ့ ဗျာ၊ (မဆက်ပါ ဘုရား)၊ ဒါ ပေါက်ပွားလို့ရှိရင်ကော (ဆက်ပါ တယ် ဘုရား)။

ဒါဖြင့် သူ့ကို ပစ္စုပ္ပန် အကြောင်းခြင်းရာ ငါးပါးကို ပေါက်ပွားတဲ့အတွက်-တဲ့၊ သေသည်၏ အခြားမဲ့၌ ဟောဒီ အနာဂတ်ဘဝနဲ့သွားဆက်မယ်၊ (ဆက်မှာပါပဲ ဘုရား)။

အနာဂတ်ဘဝ အကျိုးတစ်လွှာ ဆိုပြီး သကာလ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာ ငါးပါးပြန်ပေါ်တယ်၊ (ပေါ်ပါတယ် ဘုရား)၊ ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

အင်း… ဒီဒုက္ခသစ္စာက အလိုလို လာတာလား၊ ပစ္စုပ္ပန်ခန္ဓာထဲက အသီးအပွင့်ဆိုတဲ့ တဏှာ, ဥပါဒါန်, ကမ္မဘဝကြောင့်လား၊ (ပစ္စုပ္ပန်ဘဝထဲက တဏှာ, ဥပါဒါန်, ကမ္မဘဝကြောင့်ပါ ဘုရား)၊ ပေါ်ရဲ့ လား ဒကာကြွယ်တို့၊ (ပေါ် ပါတယ် ဘုရား)၊ ဦးသန်းမောင် စာထဲမှာကြည့်ပါ။ ပေါ်ရဲ့လား၊ (ပေါ်ပါတယ် ဘုရား)၊

ပစ္စုပ္ပန်ခန္ဓာထဲက တဏှာ, ဥပါဒါန်, ကမ္မဘဝတွေ မပါဘူးလား၊ (ပါ, ပါတယ် ဘုရား)။

အဲဒီတော့ ပစ္စုပ္ပန်ခန္ဓာကြီးက ဒုက္ခသစ္စာ ခန္ဓာကြီးက သီးပွင့်လာသောကြောင့် အနာဂတ် ဘဝ၌ဖြင့် ဆက်ပေါ့ ဆိုပြီး မြားပြတယ်၊ (မှန်ပါ့ ဘုရား)၊ မဆက်ဘူးလား၊ (ဆက်ပါတယ် ဘုရား)၊ ဆက်တော့ အနာဂတ်ဘဝက ဘာသစ္စာတုံး၊ (ဒုက္ခ သစ္စာပါ ဘုရား)။

ဟုတ်တယ်-တဲ့၊ ဒကာ ဒကာမတို့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဇာတိ, ဇရာမရဏတွေ ပါလာလိမ့်မယ်၊ (လာပါတယ် ဘုရား)၊ မလာပေဘူးလား၊ (လာပါမယ် ဘုရား)၊ ဒါတွေက ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့မှာ-တဲ့၊ ဒုက္ခသစ္စာ အခုဘယ် နှစ်ခါရပြီးပလဲ၊ (နှစ်ခါရပြီးပါပြီ)၊ အတိတ်ကြောင့်လဲ ဒုက္ခ သစ္စာရပြန်တယ်၊ (မှန်ပါ့)၊ ပစ္စုပ္ပန်ကြောင့်ကော (ဒုက္ခသစ္စာ တစ်ခါရပါတယ်)၊ ဒုက္ခသစ္စာ တစ်ခါရတော့ ဒုက္ခ ဘယ်နှစ် ကြိမ်ရှိသွားပြီလဲ၊ (နှစ်ကြိမ်ရှိသွားပါပြီ ဘုရား)။

အဲ… ဒကာ ဒကာမတို့ တစ်ဝိုင်းလုံးမှာ နောင်ကို လဲ လွန်ပြီးသားက အတိတ်ဖြစ်ပြီးသကာလ ဒီလိုချည့် ပြန်ပတ် မယ်ဆိုရင် ဒီအဝိုင်းကြီးဟာ လှည့်လို့ပြီးပါ့မလား၊ (မပြီးပါ ဘုရား)၊ ဘာသစ္စာ တွေသာ လှည့်နေမယ်ထင်ကြ သတုံး၊ (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာတွေသာ လှည့်နေကြ မယ် ဘုရား) သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ၊ (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာကမီး

ဒါဖြင့် ဒီလိုဆိုကြပါစို့ သမုဒယသစ္စာက လောင်တတ် တဲ့မီး၊ (မှန်ပါ့ ဘုရား)၊ ဒုက္ခသစ္စာက လောင်စာ (မှန်ပါ့ ဘုရား)၊

လောင်မီးနဲ့ လောင်စာပဲလှည့်နေတယ်၊ ငြိမ်းချမ်းတာမပါ၊ (မှန်ပါ့ ဘုရား)၊ ဘာလှည့်နေသလဲ၊ (လောင်မီးနဲ့ လောင်စာပဲ လှည့်နေပါတယ် ဘုရား)။

လောင်စာက ခန္ဓာ

ဒကာကြွယ်… နောက်တုန်းက ဘယ်လိုနေခဲ့ရ တယ်ဆိုဖြင့် ယနေ့ပေါ်ပါပြီ၊ (ပေါ်ပါပြီ ဘုရား)၊ ဦးသန်းမောင် ဘာတွေ လှည့်နေသတုံး၊ (လောင်မီးနဲ့ လောင်စာလှည့်နေပါ တယ်)၊ ကြည့်လိုက် လောင်မီးက သမုဒယသစ္စာ၊ လောင်စာ က ခန္ဓာ ဒုက္ခသစ္စာ၊ (မှန်လှပါ ဘုရား)။

တော်တော်ကြာ လောင်စာထဲကနေပြီးသကာလ လောင်မီးပေါ်တယ်၊ (ပေါ်ပါတယ် ဘုရား)၊ လောင်မီးပေါ် ပြန်တော့ ရှေ့လောင်စာဖြစ်ပြန်တယ်၊ (ဖြစ်ပါတယ် ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်သံသ ရာလုံး တပည့်တော် ဘာများဖြစ်ခဲ့တုံးလို့ မေးလို့ ရှိရင်ဖြင့် လောင်မီးနဲ့ လောင်စာပဲဖြစ်တယ်ဟေ့…လို့ ဆုံးဖြတ်ချက် ချပါ၊ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ… နောက်က ဘာများဖြစ်ခဲ့ကြ သလဲ၊ (လောင်မီးနဲ့ လောင်စာပဲ ဖြစ်ခဲ့ကြ ပါတယ် ဘုရား)။ လောင်မီးတစ်လှည့်၊ လောင်စာတစ်လှည့် ဖြစ်ခဲ့ပါတယ်။

အင်း… ဟင် ဒီလောင်စာတွေထဲက ဘာတွေ တောက်လာပြန်သတုံး၊ (လောင်မီးတွေ တောက်လာပါတယ် ဘုရား)၊ လောင်မီးတွေ တောက်လာတော့ နောက်ဘာတွေ ပေါ်ပြန်သတုံး၊ (လောင်စာတွေ ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ် နောက်သံသရာကြီးသိပြီ၊ (မှန်ပါ့) မသိသေးဘူးလား၊ (သိပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ကဲ … ပြန်လှည့်ပြပါ့မယ်တဲ့၊

ဟောဒီ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးမလာဘူးလား၊ (လာပါတယ် ဘုရား)၊ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ်အကျိုး၊ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အတိတ်အကြောင်းကြောင့် (ပစ္စုပ္ပန်အကျိုးလာပါ တယ် ဘုရား)၊ ပစ္စုပ္ပန်အကြောင်းကြောင့် (အနာဂတ်အကျိုး လာပါတယ် ဘုရား)၊ အတိတ်အကြောင်းကြောင့် (ပစ္စုပ္ပန် အကျိုးလာပါတယ် ဘုရား)၊ ပစ္စုပ္ပန်အကြောင်းကြောင့် (အနာဂတ်အကျိုး လာပါတယ် ဘုရား)။

ရှေးတုန်းက ငါဘာဖြစ်ခဲ့ပါလိမ့်မတုံး

ကဲ… ဒါဖြင့် ဒကာ ဒကာမတို့ ရှေးတုန်းက ငါဘာ ဖြစ်ခဲ့ပါလိမ့်မတုံး ဆိုတော့ အကြောင်း အကျိုးပဲ ဖြစ်ခဲ့တယ်၊ (မှန်လှပါ ဘုရား)၊ အကြောင်းကြောင့် အကျိုးဖြစ်တာပဲ (မှန်ပါ့)၊ ယောက်ျား, မိန်းမ ပါသေးရဲ့ လား၊ (မပါ, ပါ ဘုရား)၊ အကြောင်း အကျိုးတွေသာ လှည့်နေတယ် ဆိုတာ မပေါ် သေးဘူးလား၊ (ပေါ်ပါတယ် ဘုရား)။

ဘယ်သစ္စာနှစ်ခုလှည့်နေသတုံး

ဪ… ဒါတွေ သိရတော့မှ ငါတို့သည်ကား-လို့ ဆိုလို့ရှိရင်ဖြင့် သမုဒယနဲ့ဒုက္ခသာ လှည့်တယ်၊ (မှန်ပါ့)၊ သစ္စာလေးပါးမှာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ဘဝများစွာက လုံးလုံး မပါခဲ့ပါလား ဆိုတာ ဆုံးဖြတ်ချက်ချ၊ (မှန်ပါ့ ဘုရား)။

ဘဝများစွာက ဘယ်သစ္စာနှစ်ခုနဲ့သာ လှည့်နေ သတုံး၊ (သမုဒယသစ္စာ, ဒုက္ခသစ္စာနှစ်ခုနဲ့သာ လှည့်နေ ပါတယ် ဘုရား)။

ဒကာကြွယ် မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ဘယ်အခါမှ မပေါ်ခဲ့ပါဘူး၊ (မပေါ်ပါဘူး ဘုရား)၊ ပေါ်ခဲ့ရဲ့ လား၊ (မပေါ် ခဲ့ပါ ဘုရား)။

ကိုင်း… ဒါဖြင့် ယနေ့တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ပေါ်အောင် ပြောရလိမ့်မယ်၊ (မှန်ပါ့ ဘုရား)။

မဂ္ဂသစ္စာနဲ့နိရောဓသစ္စာပေါ်အောင်

သေသေချာချာမှတ်ကြပါ၊ ယနေ့ ဘယ်တရား ဟောမှာပါလိမ့်၊ (မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ တရား ဟောမှာပါဘု ရား)၊ မဂ္ဂသစ္စာနဲ့နိရောဓသစ္စာ ပေါ်အောင် ပြောရမယ်၊ (မှန် ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒီအောက် ဆုံးမှာရှိတဲ့ မြားကလေးကို ကြည့်တာပေါ့ဗျာ….. နော်၊ (မှန်ပါ့)၊ ထုံးစံအတိုင်း ဆိုတော့ ဒကာ ဒကာမတွေ ရထားတာက

‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ, မရဏ” ဒီလိုလှည့်မသွားဘူးလား၊ (လှည့်သွားပါတယ် ဘုရား)။

အင်း… ဟင် အတိတ်အကြောင်းက ဒကာ ဒကာ မတို့ သိတဲ့အတိုင်း အဝိဇ္ဇာ သင်္ခါရ၊ (မှန်လှပါ ဘုရား)။

ပစ္စုပ္ပန်အကျိုးက ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟုတ်လား၊ (မှန်ပါ့)။

ပစ္စုပ္ပန်အကြောင်းက တဏှာ, ဥပါဒါန်, ကမ္မဘဝ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

အနာဂတ်အကျိုးက ဇာတိ, ဇရာ, မရဏ၊ (မှန်ပါ့ ဘုရား)၊ ဒါပဲရှိတယ်၊ (မှန်လှပါ ဘုရား)၊ ဒီလိုချည်း လှည့်မနေ ဘူးလား၊ (လှည့်နေပါတယ် ဘုရား)။

အဲဒီကဲ့သို့လှည့်နေတော့ ဒါ ဘယ့်နှယ်ကြောင့် လှည့် သွားပါလိမ့်မတုံးလို့ဆိုတော့ ဒီနေရာမှာ အစပ်ကလေးတွေ မဖြတ်တတ်လို့မှတ်၊ (မှန်လှပါ ဘုရား)၊ (ဒီအစပ်ကလေးတွေ မဖြတ်တတ်လို့ပါ ဘုရား)၊ ဦးလှဘူး ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။

ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်း

ဒီအစပ်ကလေးဟာ ဘာနဲ့ဘာစပ်သတုံး ဆိုလို့ရှိရင် ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်း သွားစပ်တယ်၊ (မှန်ပါ့ ဘုရား)၊ ကြည့်လေ… ဒီဘက် ပစ္စုပ္ပန်အကျိုးတရားနဲ့ ပစ္စုပ္ပန် အကြောင်းတရား သွားစပ်တယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီအကြောင်းတရားမပေါ်မှ ကိုက်မယ်၊ (မှန်ပါ့ ဘုရား)၊ ၃-နံပါတ်မပေါ်မှ ကိုက်မယ်၊ (မှန်ပါ့ ဘုရား)၊ ဘယ်လို မှတ်ကြမယ်၊ (၃-နံပါတ်မပေါ်မှ ကိုက်ပါမယ် ဘုရား) ၃-နံပါတ် မပေါ်မှ သေချာမယ်ဆိုတာ ရှင်းကြပလား၊ (ရှင်းပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ၃-နံပါတ် မပေါ်အောင် ဒီအဆက် ကလေးကို ဖြတ်ရမယ်နော်၊ (မှန်ပါ့)၊ ဒီအဆက်ကလေးကို ဖြတ်ရအောင်ဆိုတော့ ဝေဒနာပစ္စယာ တဏှာဆိုရင် ဆက် ပြီ၊ (ဆက်ပါပြီ ဘုရား)၊ ဝေဒနာပစ္စယာ၊ (တဏှာဆိုရင် ဆက် ပါပြီ ဘုရား)။

ဝေဒနာနဲ့တဏှာဆက်ပြီ

ဒါဖြင့် ဒီအောက်နားက ကြည့်လိုက်၊ ဝေဒနာနိရောဓာ၊ တဏှာနိရောဓောဆိုရင်ပြတ်ပြီ၊ (ပြတ်ပါပြီ ဘုရား)၊ ဝေဒနာ ပစ္စယာ တဏှာဆိုရင်၊ (ဆက်ပါတယ် ဘုရား)၊ ဒီဝေဒနာ နဲ့ တဏှာ ဆက်ပြီလို့ မြားက ပြတယ်၊ (ပြပါတယ် ဘုရား)၊ ရှင်း ပလား၊ (ရှင်းပါပြီ ဘုရား)။

ကဲ…ဒါဖြင့် အောက်နား ကြည့်လိုက်တော့ ဒကာ ဒကာမတွေ စာထဲပဲကြည့်စမ်း၊ ၂-နံပါတ်မှာ ဘယ့်နှယ် ပါသတုံးတဲ့၊ (ဝေဒနာနိရောဓာ တဏှာနိရောဓော ပါ ဘုရား)၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ (မှန်ပါ့ ဘုရား)၊

ကဲ… ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)၊ ဘယ်လိုလဲ၊ (ဝေဒနာနိရောဓာ တဏှာနိရောဓောပါ ဘုရား)။

ဒါဖြင့် ဝေဒနာ နိရောဓာ တဏှာနိရောဓောမှ ဒကာ ဒကာမတွေ မလုပ်နိုင်လို့ရှိရင် ဒကာ ဒကာမတို့ခက်ပြီ၊ (မှန်ပါ့ ဘုရား)၊ ဦးသန်းမောင် ခက်ပြီ၊ (ခက်ပါပြီ ဘုရား)၊ ဝေဒနာနိရောဓာ တဏှာနိရောဓော မလုပ်နိုင်ရင်၊ (ခက်ပါပြီ ဘုရား)။

ခင်ဗျားတို့ ဆရာဘုန်းကြီးနဲ့သာ မတွေ့ဘူးဆိုရင်ဖြင့် ဒါ… ထုံးစံပဲ၊ (မှန်လှပါ ဘုရား)၊ ဖဿပစ္စယာ(ဝေဒနာ), ဝေဒနာပစ္စယာ (တဏှာ) ကြည့်၊ မြားကလေးဘယ့်နှယ်ပြ သလဲ၊ (ဝေဒနာနဲ့ တဏှာ ဆက်ပါတယ် ဘုရား)။

ဝေဒနာနဲ့ တဏှာဆက်ပြီး တဏှာပစ္စယာ (ဥပါဒါနံ ပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ဘဝေါပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟော… ဒကာ ဒကာမတို့ အနာဂတ်အကျိုးနဲ့ သွား ဆက်တယ်၊ (ဆက်ပါတယ် ဘုရား)၊ ဇာတိ ဘာသစ္စာ (ဒုက္ခ သစ္စာပါ ဘုရား)၊ ဇရာ မရဏကာ (ဒုက္ခသစ္စာပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဒုက္ခသစ္စာကြီး တပည့်တော်တို့ တွေ့ရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ “ဝေဒနာပစ္စယာ တဏှာ” ကို ဒကာ ဒကာမတွေက ကြိုးစားလို့၊ (မှန်ပါ့)၊ သဘောကျပလား၊ (ကျပါပြီ)၊

“ဝေဒနာပစ္စယာ တဏှာ” ကိုဒကာ ကြွယ်တို့က လိုက်စားမိမယ်၊ (လိုက်စားမိပါတယ် ဘုရား)၊ “ဝေဒနာနိရောဓာ တဏှာနိရောဓော” ကို မလိုက်စား မိဘူး၊ (မလိုက်စားမိပါ ဘုရား)။

အဲဒီမှာ ငါးပါးမှောက်တယ်၊ (မှန်လှပါ)၊ ရှင်းကြပါ လား၊ (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒါကလေးဆက်ချင် လို့ရှိရင် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ဒီအဆက်ပြတ်ချင်ရင်

ဒီအဆက်ကလေး ဒီမြားကလေး ပြတ်ချင်လို့ရှိရင်ဖြင့် ဒီဘက်သွားရမယ်၊ (ဝေဒနာနိရောဓာ တဏှာနိရောဓောပါ ဘုရား)။

ဒါဖြင့် “ဝေဒနာနိရောဓာ တဏှာနိရောဓော” ဟာ သိပ်အရေးကြီးတယ်၊ (ကြီးပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့်၊ (ဝေဒနာနိရောဓာ တဏှာနိရောဓော၊ အရေးကြီးပါတယ် ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဪ… ဒါဖြင့် တို့သည်ကားလို့ဆိုလို့ရှိရင် ဝေဒနာ ပစ္စယာ တဏှာနဲ့နေတယ်ဆိုပြီးသကာလ ဒီဘက်ကို လှည့် လှည့်မသွားကြဘူးလား၊ (သွားပါတယ် ဘုရား)၊ အဲဒါ ဘယ့် နှယ်ကြောင့် လှည့်ပါ လိမ့်မတုံး မေးရင် ဖြေတတ်ကြပလား၊ (ဖြေတတ်ပါတယ် ဘုရား)၊ ဘယ်လိုပါလိမ့်ဗျာ၊ (ဝေဒနာ ပစ္စယာ တဏှာပါ ဘုရား)။

“ဝေဒနာပစ္စယာ တဏှာ” ဆိုလို့ရှိရင် ကမ္မဘဝ ဇာတိတွေနဲ့ အနာဂတ်ဘဝတွေ ဆက်ရ တော့မယ်၊ (မှန်ပါ့)၊ ဦးသန်းမောင် မဆက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)၊မရဘူးတဲ့။

ဒါဖြင့် “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့ဥစ္စာသည် ဒကာကြွယ် သံသရာဆက်လမ်း၊ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ၊ ဒါကြောင့် “ဝေဒနာပစ္စယာ တဏှာ” ဆိုတာ ပဋိစ္စသမုပ္ပာဒ် လည်လမ်း ဆိုတာ ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။

ကဲ… ဒီဘက်ပြထားတဲ့ အကြောင်း ကလေး အတိုင်း ဖတ်လိုက်တော့ ဘာတဲ့၊ (ဝေဒနာ နိရောဓာ တဏှာ နိရောဓော ပါ ဘုရား)၊ “ဝေဒနာနိရောဓာ တဏှာနိရောဓော ” လို့ဆိုတာ ဒကာ ဒကာမတွေ ရှင်းသွားပြီ၊ (ရှင်းသွားပါပြီ ဘုရား)။

ဝေဒနာချုပ်ရင် တဏှာချုပ်တယ်

ဪ… ဝေဒနာချုပ်အောင် ပြုနိုင်လို့ရှိရင် တဏှာ ချုပ်တယ်၊ (မှန်လှပါ)၊ ဒီတဏှာချုပ်လို့ရှိရင် ဥပါဒါန်ကော (ချုပ် ပါတယ် ဘုရား)၊ ကမ္မဘဝ (ချုပ်ပါတယ် ဘုရား)၊

ကမ္မဘဝချုပ်တော့ သမုဒယသစ္စာချုပ်တယ်၊ (မှန်ပါ့)၊ သမုဒယသစ္စာချုပ် တော့ကိုတဲ့ ဒုက္ခသစ္စာ ဆိုတဲ့ ဇာတိ ဇရာ မရဏလာသေးရဲ့ လား၊ (မလာပါ ဘုရား)။

ဒါဖြင့် ဝေဒနာနိရောဓာ တဏှာနိရောဓော ဆိုတာ သမုဒယသစ္စာ ချုပ်အောင်လုပ်တာ၊ (မှန်လှပါ ဘုရား)၊ ပေါ်ကြ ပလား၊ (ပေါ်ပါပြီ ဘုရား)၊ ဝေဒနာနိရောဓာ တဏှာနိရောဓော ဆိုတာ (သမုဒယသစ္စာ ချုပ်အောင်လုပ်တာပါ ဘုရား)။

“ဝေဒနာပစ္စယာ တဏှာ’’လို့ ၃-ကြားမှာ ပါတဲ့ မြားနဲ့ အတန်းမှာ ကြည့်လိုက်တော့ ဪ … ပဋိစ္စသမုပ္ပာဒ် ဆက်တာ (ဆက်တာပါ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊

“ဝေဒနာနိရောဓာ တဏှာနိရောဓော” ဆိုတဲ့ ဟာက ပဋိစ္စသမုပ္ပာဒ် ပြတ်တာ၊ (မှန်လှပါ ဘုရား)၊ ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဝေဒနာပေါ်တိုင်းဖြစ်ပျက်ပါ

ဒါဖြင့် ယခုပစ္စုပ္ပန်ဘဝမှာပဲ ဒကာ ဒကာမတို့ ဝေဒနာ ကို ဝိပဿနာရှုရမယ်၊ (မှန်လှပါ ဘုရား)၊ ဒကာကြွယ်… ဘာလုပ်ရမယ်၊ (ဝေဒနာကို ဝိပဿနာရှုရပါမယ် ဘုရား)။

ဝေဒနာကို ဝိပဿနာရှုတော့ ဒကာ ဒကာမတွေက မှတ်ပါတဲ့၊ ဒီဝေဒနာကလေးသည် ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဝေဒနာက ဒကာ ဒကာမတွေမှာ သင်ထားတာက သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာ ဝေဒနာလို့ မဟောဘူးလား၊ (ဟောပါတယ် ဘုရား)၊ သောမနဿဝေဒနာ, ဒေါမနဿ ဝေဒနာလို့လဲ ဝေဒနာငါးမျိုး မဟောဘူးလား၊ (ဟောပါတယ် ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း ဒါပစ္စုပ္ပန်ခန္ဓာထဲမှာ ပေါ်တာပဲ၊ (မှန်ပါ့)၊ ပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမတွေက ဝေဒနာ ပေါ်တိုင်း ဝေဒနာဖြစ်ပျက်လို့ ဉာဏ်နဲ့ရှုပေး၊ (မှန်လှပါ ဘုရား)၊ ဉာဏ်နဲ့ ရှုပေးတော့ ဟောဒီ အဆက်ကလေးဟာ ပြတ်သွား တယ်၊ (ပြတ်သွားပါတယ် ဘုရား)။

မဂ်က ဖြတ်တာ

ဒီအဆက်ကလေးသည် ဒကာ ဒကာမတို့ ဝေဒနာနဲ့ တဏှာဆက်တာကို မဂ်က ဒီမြားလေး ပေါ်မှာ သွားကျတယ်၊ (မှန်လှပါ ဘုရား)၊ မဂ်က ဒီမြားကလေး ပေါ်မှာ သွားကျတော့ကို ဒီမြှား ကလေးကို မဂ်က ဖြတ်ပစ်လိုက်တယ်၊ (မှန်လှပါ ဘုရား)။

ဒါဖြင့် တဏှာလာသေးရဲ့ လား၊ (မလာပါ ဘုရား)၊ ဒါ ဖြင့် ဝေဒနာနိရောဓာ ဒီနေရာမှာ ဖြစ်ပျက်ရှုတဲ့ မဂ်ကလေး သွင်းလိုက်၊ (မှန်လှပါ ဘုရား)၊ ‘‘တဏှာနိရောဓောတိ မဂ္ဂေါ’’ကိုး ဗျ၊ (မှန်ပါ့)၊ တဏှာချုပ်အောင် ရှုနိုင်တာ ဘယ်သူပါလိမ့် (မဂ်ပါ ဘုရား)၊

အဲ… မဂ်လာတော့ ဒီတဏှာဆက်ခွင့်ရသေးရဲ့လား၊ (မရပါ ဘုရား)၊ ဝေဒနာ ဝေဒနာ အတိုင်းထားမှ သာလျှင် တဏှာ ဥပါဒါန် လာမှာကိုး၊ (မှန်ပါ့)၊ ဒကာကြွယ် ဒီကြားသွင်းလိုက်တော့ စပ်သေးရဲ့ လား၊ (မစပ်ပါ ဘုရား)။

ပြတ်သွားတယ်၊ (မှန်ပါ့) အစပ်က ပြတ်သွားတယ် (မှန်လှပါ ဘုရား)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ အစပ်က ဘာတဲ့ (အစပ်ပြတ် သွားပါတယ် ဘုရား)၊ အစပ်က အပြတ် ဖြတ်သွားတော့ ဘာပြတ် သတုံးလို့ မေးရင် အနာဂတ် သံသရာတွေ အကုန်ပြတ်ပါတယ်၊ (မှန်လှပါ) မပြတ်ဘူးလား၊ (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေရှုနေတဲ့ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ရှုနေဘာသည် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြတ်နေတာ၊ (မှန်ပါ့ ဘုရား)၊ ဘာတွေ ဖြတ်နေတာလဲ၊ (ပစ္စုပ္ပန် အကြောင်းတရားတွေ ဖြတ်နေတာပါ ဘုရား)။

ဒါဖြင့် ဒီအလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဟူသရွေ့မှာဖြင့် ဒကာကြွယ် ဆုချည်းတောင်းနေတယ်၊ ဒီလိုတော့ အစပ်ကလေး မဖြတ်ဘူးဆိုလို့ရှိရင်ဖြင့် ပြတ်ပါ့မလား၊ (မပြတ်ပါ ဘုရား)၊ တကယ့်ကို ဝမ်းထဲ မဂ်လာမှာနော်၊ (မှန်လှပါ)။

ဒါဖြင့် ပေါ်လာတဲ့ ဝမ်းထဲမှာ ခန္ဓာကိုယ်ထဲမှာ ပေါ် လာတဲ့ ဝေဒနာ (မှန်ပါ့)၊ မဂ်ကလဲ ဝမ်းထဲမှာ ပေါ်တဲ့ မဂ်ဆို လို့ ရှိရင်ဖြင့် ပြတ်ပြီ၊ (ပြတ်ပါပြီ ဘုရား)။

ဟာ… ဒီမဂ်မလာတော့ပါဘူး၊ တပည့်တော်တို့ ထုံးစံအတိုင်းနဲ့ နေပါတော့မယ် ဆိုလို့ရှိရင်ဖြင့် ဝေဒနာပစ္စယာ တဏှာပဲလာမယ်၊ (မှန်လှပါ ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ)။

ဒါဖြင့် ဒီဝေဒနာကို ဖြစ်ပျက်မြင်ရင်ဖြင့် ကြားထဲက မဂ်က ဒီအဆက်ဖြတ်တယ်၊ (မှန်လှပါ) ဝေဒနာ ဖြစ်ပျက်မြင် ရင် (ကြားထဲကမဂ်က ဒီအဆက်ဖြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီအစပ်, စပ်နိုင်သေးရဲ့ လား၊ (မစပ်နိုင်ပါ ဘုရား)၊ ဒီအစပ်မှ မစပ်လို့ရှိရင် ဒီအစပ်က အပိုဖြစ်သွားပြီ၊ (အပိုဖြစ် သွားပါပြီ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာ လုပ်တာသည် ဒကာ ဒကာမတို့ ၁- နံပါတ်အစပ်၊ ၂-နံပါတ်အစပ်ရှိရာတို့တွင် ဘယ်အစပ်ဖြတ် ပါလိမ့်မတုံး၊ (၂-နံပါတ်အစပ် ဖြတ်ပါတယ် ဘုရား)။

သေသေချာချာမှတ်ပါ၊ သေသေချာချာမှတ်ပါ၊ ၂နံပါတ်အစပ်ဖြစ်မယ်၊ (မှန်လှပါ)၊ ဒကာ ဒကာမတို့ ဝိပဿနာ လုပ်တာသည် ၁-ဖြတ်တာလား၊ ၂-ဖြတ်တာလား၊ (၂-ဖြတ် တာပါ ဘုရား)။

ဟောဒီ ၁-အဆက်ကတော့ လွန်ပြီးသားမို့ ဖြတ်လို့ မရဘူး၊ (မှန်လှပါ)၊ ၂-အဆက်ကတော့ ယခုဖြတ်မယ်ဆိုရင် ရသေးတယ်၊ (ရပါသေးတယ် ဘုရား)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ၂-အဆက် ကတော့ (ယခုဖြတ်မယ်ဆို ရပါသေး တယ်) ယခု ဖြတ်မယ်ဆို သေသေချာချာ ရပါသေးတယ်၊ (မှန်ပါ့)၊ ဒကာကြွယ် သေချာပလား၊ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ယခုဘဝ နိဗ္ဗာန်ရနိုင်, မရနိုင်ဆိုတဲ့ဥစ္စာ ဘာပါ လိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ၂-အဆက်ဖြတ်နိုင်ရင် နိဗ္ဗာန်ရမယ်၊ (မှန်လှပါ)၊ ၂-အဆက်မဖြတ်နိုင်ရင် (နိဗ္ဗာန် မရပါ ဘုရား)။

နိဗ္ဗာန်မရဘူး ဆိုတော့ ဪ… ဒါဖြင့် ဆရာသမား နဲ့ ခင်ဗျားတို့က ကဲ … တပည့်တို့ဘုရား၊ ၂-နံပါတ်ကိုဖြတ် တတ်တဲ့ မဂ်အလုပ်- လုပ်ပါတော့မယ်လို့ ဒီတရားပွဲမှာ ဒကာ ဒကာမတွေက တာဝန်ခံလို့ ရှိရင်ဖြင့်-တဲ့၊ ဒီအဆက်ကလေးဟာ ဖျက်ပစ်ရမယ်၊ (မှန်လှပါ ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ ဘုရား)။

ဒီအဆက်ကလေး ဘာလုပ်ရမယ်၊ (ဖျက်ပစ်ရပါမယ် ဘုရား)၊ ဖျက်ပစ်ရမှာပဲ၊ ဒီအဝိုင်းထဲ မထားနိုင်တော့ဘူး၊ (မှန်လှ ပါ ဘုရား)။

ဝိပဿနာ အလုပ်မလုပ်ဘူး၊ ဒါနကလေးလုပ်, သီလ ကလေးလုပ်, တော်ရုံပဲ၊ သားရေး, သမီးရေး, စီးပွားရေးနဲ့ အချိန်ကုန်နေတယ်၊ မဂ်ဆိုက်တဲ့အလုပ်ကို မလုပ်တော့ပါဘူး ဆိုတဲ့ ပုဂ္ဂိုလ်တွေ အတွက်ကတော့ဖြင့် ဝေဒနာပစ္စယာ တဏှာ ဆိုပြီး ဒီဘက်ပြန်ဆက်ပြန်တယ်၊ (ဆက်ပြန်ပါတယ် ဘုရား)။

ဒုတိယအဆက်နဲ့ ဆက်ပြီး တတိယအဆက်နဲ့ ပြန် ဆက်တယ်၊ (မှန်လှပါ ဘုရား)၊ သေသည်၏ အခြားမဲ့၌ တတိယက ဆက်ပေးလိမ့်မယ်ဆိုပြီး တစ်ခါ ဇာတိ, ဇရာ, မရဏပြန်လာတယ်၊ (မှန်ပါ့)၊ မလာဘူးလား၊ (လာပါတယ် ဘုရား)။

အဲဒါက ဘာမလုပ်တဲ့ပုဂ္ဂိုလ်တုံး-ဆိုတာကတော့ ယနေ့ဖြင့် ရှင်းရှင်းကြီးပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ ဒကာကြွယ် ဘယ်လိုပေါ်သတုံး၊ (ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ဝိပဿနာ မလုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒကာ ဒကာမတို့ ဒီအ ဆက်ဖြတ်နိုင်ပါ့မလား၊ (မဖြတ်နိုင်ပါ ဘုရား)၊မဖြတ်ဘူး၊ စပ် တယ်သာဖြစ်တယ်၊ (မှန်ပါ့)၊ ဖြတ်လို့ (မဖြစ်ပါ ဘုရား)၊

ဒါဖြင့် ခင်ဗျားတို့ ကြာလဲကြာပါပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကို ကိုးကွယ်ဆည်းကပ်ပြီး ဒီနည်း နာယူပြီး သကာလ နေ့တိုင်း ဖြစ်ပျက်ရှုကြရဲ့လားလို့ ဘုန်းကြီး က မေးတယ်၊ (မှန်ပါ့ ဘုရား)၊ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေကလဲ ရှုပါတယ်ဘုရားလို့ပဲ အများပဲ ဖြေကြတယ်၊ (မှန်လှပါ ဘုရား)။

ဒို့ ဘာကြောင့် ဝိပဿနာရှုပါလိမ့်

အများဖြေကြတာဟာ ဪ… ဒို့ဘာကြောင့် ဝိပဿနာ ရှုရပါလိမ့်မယ်ဆိုတာဖြင့် ယနေ့ ပေါ်လာတယ်တဲ့၊ ဒကာ ဒကာမတွေ ၂-နဲ့၃-မဆက်မိအောင်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊ ဘာတဲ့တုံး၊ (၂-နဲ့၃- မဆက်မိအောင်ပါ ဘုရား)။

အင်… ဟင် ဒါဖြင့် ကိုယ့်ဟာကိုယ် ဖြတ်နေကြတာ ကိုး၊ (မှန်ပါ့ ဘုရား)၊ အင်း… ဟင် ဘာလုပ်နေကြပါလိမ့်၊ (ကိုယ့်ဟာကိုယ် ဖြတ်နေကြပါတယ် ဘုရား)၊ ကိုယ်ဖြစ်လာ မည့် ဒုက္ခတွေကို ဖြတ်နေကြတယ်၊ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်ဆိုတာ သူများအကျိုးငှာ လုပ်တာလား၊ (မိမိအကျိုး မိမိလုပ်တာပါ ဘုရား)။

ကိုယ်ဖြတ်ရင် ကိုယ်သာပြတ်တယ်

ဒါကြောင့် ဒကာ ဒကာမတို့ မှတ်လိုက်စမ်းပါ၊ ကိုယ် ဖြတ်ရင် ကိုယ်သာ ပြတ်တယ်၊ (မှန်ပါ့)၊ သားသမီးက ဖြတ်ရင် (သားသမီးသာ ပြတ်ပါတယ် ဘုရား)၊ အမေ, အဖေကဖြတ်ရင် (အမေ, အဖေသာ ပြတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဒါနတို့ သီလတို့ကို ကိုင်း ကျုပ်ဒါနလဲ လုပ်ပါတယ်၊ သီလလဲ ဆောက်တည် ပါတယ်။ အားလုံး အမျှယူကြပါဆိုတော့ ထက်ဝက်ရတယ်၊ (မှန်လှပါ ဘုရား)။

ဒါကတော့ ကိုယ်တိုင်ဖြတ်မှ ကိုယ်ရတာ ဖြစ်လေ သောကြောင့်-တဲ့၊ မဂ်စစ်သာ ဆိုရင် အမျှဝေလို့ မရဘူး၊ (မှန်လှ ပါ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊ အမျှဝေလို့ ဘယ့်နှယ် တုံး၊ (မရပါ ဘုရား)၊ မရဘူးဆိုတာ သေချာပလား၊ (သေချာပါ တယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ ဒီနားမဂ်ဝင်တော့ ကိုယ့်ဝမ်းထဲမှာ မဂ်ကလေး ဝင်လာတယ်။ ကိုယ့်ဝမ်းထဲက ဝေဒနာကို ကိုယ့်မဂ်နဲ့ ရှုလိုက်တော့ ဒီအဆက် ကလေး ဘာဖြစ်သွားသလဲ၊ (ပြတ်သွားပါတယ် ဘုရား)။

ပြတ်သွားကြောင်းကို ဒီပါဠိတော်ကပြတယ်၊ (မှန်ပါ့)၊ ဘယ့်နှယ်ပြပါသလဲ၊ (ဝေဒနာ နိရောဓာ တဏှာနိရောဓော ပါ ဘုရား)။

ဟော… ဝေဒနာတွေဟာ ဖြစ်ပျက် ချုပ်သွားတဲ့ အတွက်တဲ့၊ မဂ်ဝင်လာလို့ ဝေဒနာ နိရောဓာ တဏှာနိရောဓာ ဆိုတဲ့ဥစ္စာ တဏှာချုပ်တယ်ဆိုတဲ့ဥစ္စာ ဒီတဏှာ မလာ ဘူးတဲ့၊ ဒီနေရာ မဂ်က ဖြတ်လိုက်လို့၊ (မှန်လှပါ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာဖြစ်ပျက်ရှုရင် ဝေဒနာက ဒါ-ခန္ဓာထဲ ပေါ့ဗျာ၊ (မှန်ပါ့ ဘုရား)၊ ဒီဝေဒနာကလေးက ခန္ဓာထဲပေါ်တော့ ကျုပ်တို့က ဖြစ်ပျက်ရှုလိုက်တော့ မဂ်က ဒီအဆက်မှာ လာပေါ်တယ်၊ (မှန်ပါတယ် ဘုရား)။

မဂ်က ဘယ်နေရာက ပေါ်လာသလဲ

မဂ်က ဘယ်နေရာက ပေါ်လာသလဲ၊ (ဒီအဆက်မှာ လာပေါ်ပါတယ် ဘုရား) ဒါဖြင့် အဆက်ဖြတ်တာ မဂ်ပဲ၊ (မှန်လှ ပါ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ)၊ အဆက်ဖြတ်တာ၊ (မဂ်ပါ ဘုရား)၊ အဆက်ဖြတ်တာ မဂ်ပဲဆိုတော့ ဒကာ ဒကာမတွေ ကောင်းကောင်းသေချာပလား၊ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့တိုင်း လိုလို ပဲ ဝိပဿနာလုပ်ကြပါ၊ ဝိပဿနာ လုပ်ကြပါဆိုတာ ကိုယ့်ဒုက္ခ ဖြစ်ကြောင်း ကိုယ်ဖြတ်ပါ၊ (မှန်ပါ့ ဘုရား)၊ ဘာပါလိမ့်၊ (ကိုယ့် ဒုက္ခဖြစ်ကြောင်း ကိုယ်ဖြတ်ပါ)။

ကိုယ့်ဒုက္ခဖြစ်ကြောင်းကို ကိုယ်ဖြတ်ပါဆိုတဲ့ဥစ္စာ ကျပ်ကဖြင့် ဒကာ ဒကာမတွေက အင်း… ဝိပဿနာတော့ ကြိုးစားပါတယ်၊ ကြိုးစားပေမယ့် တစ်ခါတစ်လေကျတော့ မကြိုးစားဖြစ်ဘူး၊ ကိစ္စ-ဝိစ္စတွေက များလွန်းလို့ ဒကာ ဒကာမတွေ ဒီလိုလဲ ပြောတတ်ကြတယ်၊ (မှန်ပါ့ ဘုရား)။

အဲဒီလို ပြောတာသည် ကိုယ့်ဒုက္ခ ကိုယ်မဖြတ်ချင် သေးလို့ ပြောတာ၊ (မှန်လှပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ်၊ (ကိုယ့်ဒုက္ခ ကိုယ်မဖြတ်ချင်သေးလို့ ပြောတာပါ ဘုရား)။

ကိုယ့်ဒုက္ခ ကိုယ်မဖြတ်ချင်သေးလို့ ပြောကြတဲ့ ဒကာ ဒကာမတွေဆိုတော့ ဒီနေ့တော့ဖြင့် ကျပ် ဝိပဿနာ အလုပ်ဟာ မလုပ်ပါဘူး၊ (မှန်လှပါ ဘုရား)။

ဝိပဿနာမလုပ်ရင် မဂ်မပေါ်ဘူး

ဘာပြုလို့တုံး-လို့ မေးတော့ အို… ကိစ္စတွေကများ နေလို့ အင်း… ဟင် တန်ဆောင်မုန်းလလဲ ကထိန်လေးတွေ ခင်းစရာ ရှိတယ်၊ သွားစရာ-လာစရာလေးတွေကလဲ ရှိတယ်၊

သားပူ, သမီးပူ, ဆွေပူ, မျိုးပူ ကလေးတွေကလဲ ရှိတယ်၊ ဒါကြောင့် တပည့်တော်တို့ ဒီနေ့ ဝိပဿနာအလုပ် မလုပ်ဖြစ်ဘူး၊ (မှန်လှပါ ဘုရား)။

မဂ်မပေါ်ဘူးပေါ့ဗျာ၊ (မှန်လှပါ ဘုရား)၊ မဂ်မပေါ်ရင် ဒါ-ဆက်နေတယ်၊ (မှန်ပါ့)၊ မဂ်မပေါ်ရင်၊ (ဆက်နေပါတယ် ဘုရား) ဝေဒနာပစ္စယာ၊ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဟော… တစ်ခါတည်း ကမ္မဘဝနဲ့ ဇာတိဆက်ပြီ (ဆက်သွားပါပြီ ဘုရား)၊ ရှင်းပလား၊ (ရှင်းပါပြီ)၊ ဇာတိပစ္စယာ ဇရာ မရဏကော (ဆက်ပါတယ် ဘုရား)။

ကိုင်း… ဒကာ ဒကာမတို့ ခင်ဗျားတို့ လဲလိုက်တဲ့ ဆင်ခြေဟာ … တပည့်တော် ဆက်ပါရစေဦး ဒုက္ခ နဲ့၊ (မှန်လှပါ ဘုရား)၊ ဘာနဲ့တုံး၊ (ဒုက္ခနဲ့ ဆက်ပါရစေဦးတဲ့)၊ ဒုက္ခနဲ့ဆက်ပါရစေဦးလို့၊ ဥပမာ- ဆရာသမားပဲ လျှောက်လျှောက် ဒကာကြွယ်ကပေါ့လေ၊ (မှန်ပါ့)၊ ကောင်းပါ့မလား။ (မကောင်းပါ ဘုရား)။

တပည့်တော်ဖြင့်ဘုရား… ဒီနေ့ မအားတာနဲ့ ဝိပဿနာ မရှုဘူးဘုရာ့၊ ဒုက္ခနဲ့ပဲ ဆက်ရဦးတော့ မှာပဲ၊ (မှန်ပါ့ ဘုရား)။

ဆက်လို့ကော ကောင်းမလား၊ (မကောင်းပါ ဘုရား) ဒုက္ခဆိုတာ ရှောင်ရှားရမှာကို ဆက်ပါရစေဆိုလို့ရှိရင် ဒကာ ကြွယ်-ဒီထက်ဆိုးဝါးတဲ့အလုပ် (မရှိတော့ပါ ဘုရား)၊ သဘော ပါကြသလား၊ (ပါ-ပါတယ် ဘုရား)။

ရှုမှတ်တဲ့ကိစ္စ အရေးကြီးတယ်

အဲဒါကြောင့် ဒီပြင်ကိစ္စထက် ဒီကိစ္စ အရေးကြီးတယ်၊ ဒီရှုမှတ်တဲ့ ကိစ္စ အရေးကြီးတယ် ဆိုတာ ဒကာကြွယ် လေးလေးစားစား မှတ်ပါ၊ (မှန်လှပါ ဘုရား)။

ဒီပြင်ကိစ္စက ဝေဒနာပစ္စယာ တဏှာပဲလာတယ်၊ (မှန်ပါ့)၊ တဏှာပစ္စယာ (ဥပါဒါန)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

၃-နဲ့ ၄-ဆက်တော့ ၃-က ဘာသစ္စာ၊ (သမုဒယသစ္စာ ပါ ဘုရား)၊ ၄-ကကော၊ (ဒုက္ခသစ္စာပါ ဘုရား) ဟော… သမု ဒယနဲ့ ဒုက္ခသွားဆက်တယ်၊ (မှန်ပါ့)၊ ဦးသန်းမောင် သိပ်နာ တယ်၊ (မှန်လှပါ ဘုရား) မနာဘူးလား၊ (နာပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးများကတော့ဖြင့် ဪ-ခင်ဗျား တို့လူဆိုတာ သိပ်ကိစ္စများတယ်၊ ဒါ့ကြောင့် ဝိပဿနာလဲ ခင်ဗျားတို့က တစ်ခါတလေ ပျက်ကွက်ပြီး သကာလ သွားတော့ကို လျှော့ဈေး ပြောလိုက်တာဟာ ခင်ဗျားတို့မှာ အင်မတန်မှ နာတယ်၊ (မှန်လှပါ ဘုရား)။

ဒကာကြွယ်-သိပ်နာတယ်၊ (နာပါတယ် ဘုရား)၊ လူ ဆိုတာ သိပ်-ကိစ္စများတယ်၊ ဒါကြောင့် ဒီအလုပ် မလုပ်နိုင်တော့ ခင်ဗျားတို့က မလုပ်နိုင်တဲ့ ဥစ္စာကိုပဲ ဘုန်းကြီးများ သိပါ တယ်၊ သိပင်သိငြား သော်လဲ မလုပ်မဖြစ်ဘူးလို့ပဲ တိုက်တွန်း ရတယ်၊ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် မလုပ်မဖြစ်ဘူးလို့ ဆရာဘုန်းကြီး တိုက်တွန်းပါလိမ့်မလဲဆိုတော့ ၂-နဲ့ ၃-ဆက်ချည်းနေတယ်၊ (မှန်ပါ့)၊ ဒကာကြွယ်-ဘာတဲ့တုံး၊ (၂-နဲ့ ၃-နဲ့ ဆက်တယ်ဗျ)၊ (မှန်လှပါ)၊ ဒီအပြင် အလုပ်လုပ်တာက (၂-နဲ့ ၃-ဆက်ပါတယ် ဘုရား)။

ဝေဒနာနဲ့ တဏှာကော (ဆက်ပါတယ် ဘုရား) ဖဿ နဲ့ တဏှာကော (ဆက်ပါတယ် ဘုရား)၊ အင်း… ဟင် သဠာယတနနဲ့ တဏှာကော (ဆက်ပါတယ် ဘုရား)၊ နာမ်ရုပ်နဲ့ တဏှာကော (ဆက်ပါတယ် ဘုရား)၊ ဝိညာဏ်နဲ့ တဏှာ (ဆက်ပါတယ် ဘုရား)၊ အကုန် ဆက်တယ်၊ (မှန်ပါ့)။

သူတို့က ရှုစရာတွေကိုးဗျ၊ (မှန်လှပါ)၊ ရှုစရာတွေကို မရှုမိတော့ ဆက်ကုန်တာပေါ့၊ (မှန်လှပါ)၊ ဒကာကြွယ်…ပေါ်ပလား၊ (ပေါ်ပါပြီ ဘုရား)။

ဘုန်းကြီးများက သတိပေးပါတယ်

ဒါဖြင့် အားလုံးဒကာ ဒကာမတွေ ဘုန်းကြီးများ သတိပေးပါတယ်၊ (မှန်လှပါ)၊ ဘယ်လို သတိပေးပါသတုံးလို့ မေးတဲ့ အခါကျတော့ ကိစ္စဝိစ္စတွေ များလွန်းလို့ ‘‘ဝိပဿနာ မရှုမိဘူး ဘုရား’’လို့ ဆိုတဲ့ဥစ္စာ ကိစ္စဝိစ္စဆိုတဲ့ဥစ္စာ ဘာတုံးမေးတော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ ဖဿပစ္စယာ (တဏှာပါ ဘုရား)၊ သဠာယတနပစ္စယာ (တဏှာပါ ဘုရား)၊ နာမရူပ ပစ္စယာ (တဏှာပါ ဘုရား)၊ ဝိညာဏပစ္စယာ (တဏှာပါ ဘုရား)၊ ဒါဟာ ခင်ဗျားတို့ကိစ္စပဲ၊ (မှန်လှပါ) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ၂-နဲ့ ၃-နဲ့သာ ဆက်မိရင် ၄ တားမရဘူး၊ (မရ ပါ ဘုရား)၊ တစ်ခါတည်း ၃-နဲ့ ၄-နဲ့လဲဆက်မယ်၊ (ဆက်ပါမယ် ဘုရား)၊ ဆက်လို့ရှိရင် ဇာတိဒုက္ခသစ္စာ၊ ဇရာ မရဏကော (ဒုက္ခသစ္စာပါ ဘုရား)။

ကဲ… ခင်ဗျားတို့က ကိစ္စဝိစ္စများလွန်းလို့ မရှုမိဘူးဆို တာ အပြောကသာ ချိုတာ၊ အလုပ်သွားကဖြင့် ဒုက္ခတွေ သိမ်းပိုက်ရပါပြီ။ (မှန်လှပါ)၊ အလုပ်သွားက ဘာတုံး၊ (ဒုက္ခတွေ သိမ်းပိုက်ရပါတယ် ဘုရား)၊ ဒကာကြွယ်-အပြောလွယ် သလောက် အခံရခက်ပါလိမ့်၊ (မှန်လှပါ)၊ အပြောလွယ် သလောက် (အခံရခက်ပါတယ် ဘုရား)။

အပြောကတော့ဖြင့် လူလူချင်းပဲ ပြောပြော၊ ဘယ်သူ့ ကိုပဲပြောပြော စိတ်ထားမှာတော့ဖြင့် ဒီအလုပ် မလုပ်လို့ရှိရင် မဖြစ်ဘူးဆိုတာ သိပါတယ်၊ (မှန်ပါ့)၊ ဝိပဿနာ အလုပ်ကို မလုပ်ရင် မဖြစ်ဘူး ဆိုတာ သိပါရဲ့ ၊ သို့သော်လဲ တပည့်တော် တို့ကဘုရား သားနဲ့ မယားနဲ့ , ဆွေနဲ့ , မျိုးနဲ့ , ရပ်နဲ့ ရွာနဲ့ နေရတော့ မကင်းတရားကလေးက ရှိနေသေးတယ် ဆိုတော့ ဒါပြောလိုက်တယ်၊ (မှန်ပါ့) တပည့်တော် ဆက်လိုက်ပြီလို့ (မှန်လှပါ ဘုရား)။

မကင်းတရားကလေး ဆိုတာ တဏှာ (မှန်ပါ့)၊ ဟော ဒီခန္ဓာနဲ့ ဟောဒါနဲ့ မကင်းဘူးဘုရာ့၊ (မှန်လှပါ)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ဒီခန္ဓာနဲ့ (ဒီတဏှာနဲ့ မကင်းပါ ဘုရား)။

မကင်းတရားကလေးရှိလို့

ဒါဖြင့် တပည့်တော်တို့ မကင်းတရားကလေးရှိတော့ ဒီဥစ္စာ ချို့ယွင်းချက်ကလေး ရှိသွားတယ် ဘုရားဆိုတော့ ဪ… ခင်ဗျားတို့ လူ့ပြည်ဟာ ဒီလိုပဲနေကြတာပဲလို့ ဆရာသမားများ ကလဲ အလိုက်သင့် ပြောလိုက်ကြတယ်၊ မှားတယ် (မှားပါတယ် ဘုရား)၊ ဘယ့်နှယ်တုံး၊ (ဆရာသမားများက အလိုက်သင့်ပြောရင် မှားပါတယ် ဘုရား)။

အလိုက်သင့်ပြောရင် မှားတယ်၊ ကိုယ်လုပ်နေတာက ဝေဒနာနဲ့ တဏှာနဲ့ ဆက်ပါတယ်၊ (မှန်ပါ့)၊ ဖဿနဲ့ (ဆက်ပါ တယ် ဘုရား)၊ ဒါ မကင်းတရားတွေပဲ (မှန်လှပါ ဘုရား)၊ ဟော ဒါက ဒကာ ဒကာမတွေ ခန္ဓာ၊ (မှန်ပါ့)၊ ဒါကလေးက မကင်း တရား၊ (မှန်ပါ့ ဘုရား)။

တပည့်တော်တို့က ရှိနေတော့ လူကိုယ်တိုင် ထင်ရှား ရှိနေတော့ မကင်းတရားကလေးကလဲ ရှိနေတယ်၊ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ ဘုရား)။

မကင်းတရားဆိုတာ ဘာပါလိမ့်

ဒါက လူကိုယ်တိုင်၊ ဒါက ဝမ်းထဲက ပေါက်ဖွားလာ တဲ့ မကင်းတရား၊ (မှန်ပါ့)၊ မကင်းတရား ဆိုတာ ဘာပါလိမ့်၊ (တဏှာပါ ဘုရား)၊ ဒီကိုယ့်မျက်စိအောက်မှာ ဖြစ်နေတော့ မကင်းတရား ရှိနေတယ်၊ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား၊ (ရိပ်မိပါ ပြီ ဘုရား)။

ဒါက ခန္ဓာကိုယ်မျက်စိအောက်ပေါ့ဗျာ၊ သဠာယတန ဆိုတာ မျက်စိ၊ (မှန်ပါ့)၊ မျက်စိအောက်မှာ ဖြစ်နေတော့ ဒါတွေ ကဘာတဲ့၊ (မကင်းတရား)၊ မကင်းတရား ရှိနေတယ် (မှန်ပါ့)။

အဲဒီတော့ လွတ်ရာပြေးမှပဲ တော်မှာပဲ၊ (မှန်ပါ့) ဒီခန္ဓာကြီးကလဲ ရှိနေတော့ တပည့်တော် တို့ကလဲ အိမ်မှာနေတော့ သူတို့ ကလဲ လာပြီးပြောကြဆိုကြပြန်တော့ သူတို့နဲ့တပည့်တော် သူတို့နဲ့ ဟုတ်လား၊ သူတို့နဲ့ဆိုတာ ဒီဘက်ကဟာ တပည့်တော်နှင့် မကင်းတရားကလေးရှိတယ်၊ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

တပည့်တော်နဲ့ မကင်းတရား မရှိဘူးလား၊ (ရှိပါတယ် ဘုရား၊ တပည့်တော်နဲ့ဆိုတာက ခန္ဓာငါးပါး၊ (မှန်ပါ့ ဘုရား)၊ မကင်းတရားဆိုတာ (တဏှာပါ ဘုရား)။

မကင်းတရားက တစ်ခုထဲပေါ်မှာလား၊ သူလာရင် တဏှာပစ္စယာ (ဥပါဒါနံ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ ပါ ဘုရား)၊ အဲဒီအခြားမဲ့၌ ဘဝပစ္စယာ (ဇာတိပါ ဘုရား)၊

ဟော-၂ မဖြတ် နိုင်တဲ့အတွက် ၃-ကျတော့ တစ်ခါတည်းတဲ့၊ ဒကာ ဒကာမတို့ အရှုံးပေး လိုက်ရတယ်၊ (အရှုံးပေးလိုက်ရ ပါတယ် ဘုရား)။

ဆက်သွားတယ်၊ (မှန်ပါ့-ဆက်သွားပါတယ်)၊ ဆက် သွားတော့ ဘာသစ္စာနဲ့ သွားဆက်သလဲ၊ (ဒုက္ခသစ္စာနဲ့ သွား ဆက်ပါတယ် ဘုရား)။

၂- ဒုက္ခသစ္စာ ဒကာ ဒကာမတို့-တဲ့၊ ၂-ကနေပြီး ၃ဆက်မိတာနဲ့နော်၊ (မှန်ပါ့ ဘုရား) ၂-အဆက် ဆက် မိတာနဲ့ ၃-ဒုက္ခဖြင့် ကိုယ်ပိုင် သိမ်းပိုက်ရပြီ၊ (မှန်လှပါ ဘုရား)။

ဘယ်လိုဆိုကြမယ် (၂-ဆက်မိတာနဲ့ ၃-ဒုက္ခ ကိုယ်ပိုင် သိမ်းပိုက်ရပြီ)၊ ၂-နဲ့ ၃-ဆက်မိလို့ (မှန်လှပါ ဘုရား)၊ ၄-နံပါတ် ဒုက္ခသစ္စာ ကိုယ်ပိုင် သိမ်းပိုက်ရပြီ၊ (မှန်ပါ့ ဘုရား)၊ လွတ်မြောက် ပြေးနိုင်ပါ့မလား၊ (မပြေးနိုင်ပါ ဘုရား)။

မကင်းတာက တဏှာ

ကိုင်း ခင်ဗျားတို့ လေချိုသွေးပြီးသကာလ မြို့သုံးတွေ သုံးနေတဲ့ မကင်းတရားဖြင့် ယနေ့ ရှင်းပါပြီ၊ (ရှင်းပါပြီ ဘုရား)၊ ဘယ်သူနဲ့ မကင်းတာတုံးမေးတော့ ဒါက ဒကာ ဒကာမတွေ ခန္ဓာငါးပါး၊ ဟောဒီ မကင်းတာက တဏှာ၊ (မှန်လှပါ ဘုရား)၊ ဒကာကြွယ်- ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)၊ ဒကာကြွယ် သာပြီး သုံးနေသေးတယ်၊ မသုံးဘူးလား၊ (သုံးပါတယ် ဘုရား)။

ဒီဟာက အရေးကြီးတယ် ဘုရာ့၊ အရောင်းအဝယ် ကလေးကလဲ ဆက်နေတယ်၊ (မှန်လှပါ)၊ မကင်းတရားဖြစ်နေ တယ်၊ (မှန်လှပါ)၊ အဲဒီတော့ တပည့်တော် ဒီနေ့တော့ နက် ဖြန်တော့ ဝိပဿနာ အလုပ်ကို ရှောင်တန်ရှောင်ရလိမ့်မယ်၊ (မှန်ပါ့ ဘုရား)။

ဘာ့ကြောင့်တုံး၊ မကင်းတာက အမေမိဘလက် ထက်ကတည်းက မကင်းခဲ့ဘူး၊ (မှန်လှပါ ဘုရား)၊ သူတို့ လက်ထက် ကျအောင် (မကင်းပါ ဘုရား)။

မကင်းဘူးဆိုတော့ အမေမိဘ ခန္ဓာနဲ့ကလဲ မကင်းခဲ့ ဘူး၊ (မကင်းခဲ့ပါ ဘုရား)၊ တပည့်တော်တို့ ခန္ဓာနဲ့ ကကော (မကင်းခဲ့ပါ ဘုရား)၊ ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

မကင်းဘူး ဆိုတာ ဘာနဲ့ဘာ ဆက်လိုက်တာလဲ၊ (ခန္ဓာနဲ့တဏှာ ဆက်လိုက်ပါတယ်)၊ ခန္ဓာနဲ့ တဏှာဆက် လိုက်တယ် (မှန်ပါ့)၊ နံပါတ်လိုပြောတော့ (၂-နဲ့ ၃-နဲ့ ဆက်လိုက်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ မကင်းတရားဆိုတဲ့ အ ဓိပ္ပာယ်အားလုံး ဒကာ ဒကာမတွေ ရှင်းပြီ၊ (ရှင်းပါပြီ ဘုရား)၊ ဘာနဲ့ ဘာဆက်လိုက်တာတုံး၊ (၂-နဲ့ ၃-ဆက်လိုက်တာပါ ဘုရား)၊ ၂-နဲ့ ၃-ဆက်လိုက်လို့ ရှိရင်ဖြင့် ဒုက္ခနဲ့ သမုဒယ သွားဆက်တယ်၊ (မှန်လှပါ ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ)၊ ၃-နဲ့ ၂-ဆက်လိုက်တော့ (ဒုက္ခနဲ့ သမုဒယ သွားဆက်ပါတယ် ဘုရား)

ဒါဖြင့် ဒုက္ခနဲ့ သမုဒယသာ ဆက်လိုက်လို့ရှိရင် ဒီသမုဒယက ဒီဒုက္ခအကျိုးကတော့ ပေးတော့ မှာပဲ၊ (ပေးပါ မယ် ဘုရား)၊ ထိုသတ္တဝါ ဒုက္ခရောက်တော့မှာပဲ၊ (မှန်ပါ့ ဘုရား)၊ ဒကာကြွယ်… ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ အသုံးအနှုံးတွေဟာကော ဘယ်လိုပါလိမ့်မတုံး ဆိုတာကော ယနေ့ ရိပ်မိပြီ၊ (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လိုများ ရိပ်မိသလဲ၊ (မကင်းတရားပါ ဘုရား)၊ မကင်းတရားဟာ ဘာနဲ့ဘာ မကင်းတာတုံး၊ (ခန္ဓာနဲ့ တဏှာ မကင်းတာပါ ဘုရား)။

ခန္ဓာနဲ့ သူတို့အပေါ် ခင်တွယ်တဲ့ တဏှာနဲ့ ပြောင်း ဆက်တယ်၊ (မှန်ပါ့ ဘုရား)၊ ကိုယ့်ခန္ဓာ ထဲက တဏှာက သူတို့ ခန္ဓာနဲ့ သွားဆက်တယ်၊ (မှန်ပါ့ ဘုရား)၊ ကိုယ့်ခန္ဓာထဲက တဏှာက (သူတို့ခန္ဓာနဲ့ သွားဆက်ပါတယ် ဘုရား) ဒါကြောင့် ၂-နံပါတ် ဒုက္ခပင်ကြီးက သမုဒယသီးတွေ သီးလာတယ်၊ (သီးလာပါတယ် ဘုရား)။

ကိုင်း… ဒကာ ဒကာမတို့ မကင်းတရား အဓိပ္ပာယ် ယနေ့ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊ ဒကာကြွယ်… ဘာနဲ့ ဘာစပ်လိုက်သတုံး၊ (၂-နဲ့ ၃-စပ်လိုက်ပါတယ် ဘုရား)၂-က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ မကင်းတရားက (သမုဒယ သစ္စာပါ ဘုရား)၊ဒါဖြင့် ၂-နဲ့ ၃-စပ်လိုက်တဲ့အတွက် ၄-ကို ရှောင်လို့ရပါ့မလား၊ (မရပါ ဘုရား)။

ဦးသန်းမောင်… သိပ်ကြောက်စရာ ကောင်းပါ သလား၊ (ကောင်းပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ ကောင်း ကောင်း နားလည်ပလား၊ (နားလည်ပါပြီ ဘုရား)။

မကင်းတရားရှိနေလို့

ကိုင်း… တပည့်တော်တို့ဖြင့် ဘုရား၊ ဒီနေ့ မကင်း တရားရှိ သောကြောင့် သွားပြီး သကာလ ဆေးရုံ သွားမေးလိုက် ဦးမယ် ဟုတ်လား၊ (မှန်ပါ့)၊ ကိုယ့်မိတ်ဆွေပေါ့ဗျာ၊ (မှန်ပါ့)၊ အင်း… ဟင် အသုဘကလေးရှိလို့ သွားပို့လိုက်ဦးမယ်၊ မင်္ဂလာ အခမ်းအနားကလေးဖြင့် သွားလိုက်ဦးမယ် ဆိုတာ ဘာကြောင့်တုံး၊ မကင်းတရားရှိနေလို့၊ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်… ရိပ်မိပလား၊ (ရိပ်မိပါပြီ)၊ ဦးသန်း မောင်ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)၊ ဘာနဲ့ဘာ ဆက်လိုက် မယ်လို့ ပြောတာတုံး၊ (၂-နဲ့ ၃-ဆက်လိုက်မယ်လို့ ပြောတာပါ ဘုရား)၊ ၂-နဲ့ ၃-ဆက်လိုက်မယ်၊ (မှန်ပါ့)၊ ကဲ ၂-နဲ့ ၃နဲ့တော့ နားလည်ပါပြီ၊ သစ္စာ ၂-ပါးနဲ့ ပြောလိုက်စမ်း၊ (ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဆက်တာပါ ဘုရား)။

ဒုက္ခသစ္စာနဲ့ သမုဒယစ္စာ တပည့်တော်ဆက်လိုက်ဦး မယ်ဘုရာ့၊ (မှန်ပါ့)၊ ဒါမှ တပည့်တော် နောက်ဒုက္ခကို ပွေ့ပိုက် ထားရအောင် ရောက်မရောက် (ရောက်ပါတယ် ဘုရား)၊ ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့သည်ကားလို့ဆို လို့ရှိရင်ဖြင့် အဲဒီ အလုပ်တွေဟာ အပိုအလုပ်တွေလို့ ဆရာ ဘုန်းကြီးက ဟောတဲ့ အခါကျတော့ ဒကာကြွယ်က… ဘုန်းကြီးက ဘုန်းကြီးပြော ပြောတာကိုးလို့ အောက်မေ့ မယ်၊ (မှန်ပါ့)။

ဒကာကြွယ်… ဘုန်းကြီးပြော ပြောတာလားတဲ့၊ ခင်ဗျားတို့ ဒုက္ခနဲ့ သမုဒယဆက်မှုကြောင့် လူတွေဟာ ဒုက္ခ ရောက်တော့မယ်ဆိုတာ သိလို့ပြောတာလား၊ (လူတွေ ဒုက္ခ ရောက်တော့မယ် ဆိုတာ သိလို့ပြောတာပါ ဘုရား)၊ ဘုန်းကြီး ပြော ပြောတာဟုတ်သေးရဲ့လား၊ (မဟုတ်ပါ ဘုရား)။

မဟုတ်ဘူး-တဲ့၊ သို့သော် ဒီပဋိစ္စသမုပ္ပာဒ် ဆက်စပ်ပုံ နားမလည်တဲ့ ပုဂ္ဂိုလ်များကျတော့ ဘုန်းကြီးကတော့ ဘုန်းကြီးပြော ပြောလိုက်တာပဲ၊ ဒကာကြွယ်… ဒီကိစ္စတွေ ခင်ဗျား များနေရင် ခင်ဗျား အတော်ဆိုးဝါးနေပြီ၊ မဂ္ဂန္တရာယ် ဖြစ်ပြီ၊ (မှန်ပါ)။

မဂ်မရနိုင်တော့ဘူး၊ (မှန်ပါ့)၊ ဘယ်ရနိုင်တော့မလဲ။ ဝေဒနာနဲ့ တဏှာနဲ့ ဆက်သွားပါတယ်၊ (မှန်ပါ့)၊ မဂ်မရတဲ့ အပြင် ဒီဒုက္ခသစ္စာပြန်ရတယ်၊ (ရပါတယ် ဘုရား)၊ မဂ်ရသေးရဲ့ လား၊ (မရပါ)၊ ဘာသစ္စာ ပြန်ရသလဲ၊ (ဒုက္ခသစ္စာ ပြန်ရပါ တယ်)။

ဒါဖြင့် မကင်းတရားနှိပ်စက်ခြင်းကြောင့် ဒုက္ခသစ္စာရ တယ်၊ (ရပါတယ်)၊ မလွှဲသာလို့ပြောရ ဆိုရသောကြောင့်ကော (ဒုက္ခသစ္စာပဲရပါတယ်)၊ မနေသာလို့ သွားရသော ကြောင့်ကော (ဒုက္ခသစ္စာပဲ ရပါတယ် ဘုရား)။

ဒါဖြင့် ဘာနဲ့ ဘာဆက်တာတုံး၊ (ဝေဒနာနဲ့ တဏှာ ဆက်တာပါ)၊ သစ္စာနဲ့ဝေဖန်လိုက်စမ်း၊ (ဒုက္ခသစ္စာနဲ့ သမုဒယ သစ္စာ ဆက်တာပါ)၊ ဆက်ကောင်း မဆက်ကောင်း၊ (မဆက်ကောင်းပါ ဘုရား)။

သမုဒယ သစ္စာကိုရှောင်ရမှာ

ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ သမုဒယသစ္စာ ရှောင်ရ မှာ၊ (ရှောင်ရမှာပါ ဘုရား)၊ နောက်ဒုက္ခ လာမှာစိုးလို့၊ (မှန်လှ ပါ ဘုရား)၊အခုတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က ဒုက္ခဖြစ်ကြောင်း အားထုတ် ပြန်တယ်၊ (မှန်ပါ့)၊ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က (ဒုက္ခဖြစ်ကြောင်း အားထုတ်ပါတယ်)၊ သဘောကျ ပလား၊ (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘယ့်နှယ်ဖြစ်သွားတုံး-လို့ မေးတော့ အင်း-ဟင်-စီးပွားတွေ ကြွေးတင်လို့ ဒုက္ခ ရောက်နေတယ်၊ (မှန်ပါ့)၊ လူတော့ မသေသေးပါဘူး၊ (မှန်ပါ့)။

စီးပွားတွေ ကြွေးတင်သောကြောင့် လူဘာဖြစ်နေ သတုံး၊ (ဒုက္ခတွေ ရောက်နေပါတယ်)၊ ဒုက္ခရောက်နေတာ ဒီထက်ဒုက္ခရှာပြီးသေတာ ကောင်းပါတယ် ဆိုတော့ နောက်ဆုံးပိတ် ဒုက္ခဘက် ကူးလိုက်တယ်၊ (မှန်လှပါ)။

ဒါဖြင့် ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခကို ရှာပြန်တာ၊ (မှန်ပါ့)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊ ခင်ဗျားတို့လဲ မကင်း တရားတွေ နှိပ်စက်နေတာ ရိပ်မိပလား၊ (ရိပ်မိပါပြီ)။

ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်က ဘာပြန်ရှာတုံး၊ ဒုက္ခရှာပါ တယ်)၊ ဒုက္ခဖြစ်ကြောင်း ရှာတယ်၊ ရှင်းပလား၊ (ရှင်းပါပြီ)၊ ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်က (ဒုက္ခဖြစ်ကြောင်းရှာပါတယ်)၊ ရှာကောင်း- မရှာကောင်း၊ (မရှာကောင်းပါ)၊ ဒကာကြွယ် ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်ကြောင်း ရှာရမယ်၊ (မှန်ပါ့ ဘုရား)၊ ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်ဟာ၊ (ဒုက္ခချုပ်ကြောင်းကို ရှာရပါမယ် ဘုရား)။

ဝေဒနာကိုဖြစ်ပျက်ရှု

ဒုက္ခချုပ်ကြောင်း ရှာချင်တော့ ဒီဝေဒနာကို ဖြစ်ပျက် ရှု၊ (မှန်ပါ့)၊ ဖဿကို၊ (ဖြစ်ပျက်ရှု)၊

အင်း .. ဟင်… သဠာယတန ဆိုတဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်စိတ်ကို (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)၊ နာမ်ကိုသော် လည်းကောင်း၊ ရုပ်ကိုသော် လည်းကောင်း၊ (ဖြစ်ပျက် ရှုရပါမယ်)၊ ဝိညာဏ် ခေါ်တဲ့ စိတ်ကိုသော် လည်းကောင်း၊ (ဖြစ်ပျက်ရှုရမယ် ဘုရား)။

ဒါတွေ ဖြစ်ပျက်ရှုတော့ ဒီနေရာမှာ မဂ် အဆက်ဖြတ် ဖြတ်ပစ်တယ်၊ (မှန်ပါ့)၊ မဖြတ်ဘူးလား၊ (ဖြတ်ပါတယ် ဘုရား)၊ ဖြတ်တော့ ဒုက္ခဖြစ်ကြောင်းတွေ ပေါ်လာသေးရဲ့ လား၊ (မပေါ်လာပါ ဘုရား)။

သမုဒယနဲ့ ဒုက္ခချုပ်တယ်

ဒါဖြင့် ဒုက္ခဖြစ်ကြောင်း မပေါ်လာတော့ ဒုက္ခဖြစ်ကျိုး ဆိုတဲ့ ဒုက္ခသစ္စာကော (မပေါ်လာပါ ဘုရား)၊ ဒါဖြင့် ဒီနေရာ ဖြတ်လိုက်လို့ရှိရင် သမုဒယနဲ့ ဒုက္ခချုပ်တယ်၊ (မှန်လှပါ)၊ သဘောကျပလား၊ (ကျပါပြီ)။

အဲဒီတော့ ဝေဒနာ နိရောဓာ (တဏှာနိရောဓော) ရှင်းပလား၊ (ရှင်းပါပြီ)၊ ဒီလို တဏှာ နိရောဓော လုပ်နိုင်တော့ ဒကာကြွယ်ရေ… ၂-နဲ့ ၃-မဆက်တော့ဘူး၊ (မှန်လှပါ ဘုရား)။

မဆက်တော့ ၄-အကျိုးပေးပြီး ကျုပ်တို့တွေ့ဦးမှာ လား၊ (မတွေ့ပါ ဘုရား)၊ ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

ကိုင်း… ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။