133

ဉာဏ်ကလေးနဲ့ခေါင်းညိတ်စမ်းပါ (အနတ္တလက္ခဏာဉာဏ်)

အသံဖိုင်ခေါင်းစဉ်= သုဘဒ်ရဟန်းဥပမာပြ အနတ္တလက္ခဏာဉာဏ်တရားတော်

စာအုပ်ခေါင်းစဉ်= ဉာဏ်ကလေးနဲ့ခေါင်းညိတ်စမ်းပါ (အနတ္တလက္ခဏာဉာဏ်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသောတရားတော်

ဉာဏ်ကလေးနဲ့ခေါင်းညိတ်စမ်းပါ

(အနတ္တလက္ခဏာဉာဏ်)

(၁၉-၃-၆၀)

မနေ့က ဒကာ ဒကာမတွေ ဟောခဲ့ပါတယ်တဲ့။ သင်္ခါရတရားလို့ ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့၊ ခန္ဓာငါးပါးလို့ မနေ့ညက ပြောကြတယ်။ သင်္ခါရ တရား ဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။

ကောင်းပြီ သင်္ခါရတရားဆိုတာ ခန္ဓာငါးပါးကို ဆို တယ်၊ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာငါးပါးဟာ သူများပြုပြင် လို့ဖြစ်တဲ့ ခန္ဓာငါးပါး (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါးဟာ သင်္ခါရတရား

ဒါဖြင့် ဒီထဲမှာ မိမိစွမ်းရည်သတ္တိ မပါဘူးပေါ့ (မ ပါပါဘူး ဘုရား)။ မိမိစွမ်းရည်သတ္တိမပါတဲ့ ခန္ဓာငါးပါး တာတရား ခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား) သင်္ခါရ တရား။

ဪ ခုတရားနာပြီးနေကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သူတစ်ပါးမှီပြီး သကာလ နေရတဲ့ ခန္ဓာငါးပါးလား၊ ဒါကြောင့် သင်္ခါရတရားလို့ မှတ်ကြပါ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗေ သင်္ခါရာ၊ သဗ္ဗေ = အလုံးစုံကုန်သော၊ သင်္ခါရာ= မင်းတို့ခန္ဓာငါးပါး တို့သည်ဆ ိုတော့ ဦးခင်မောင်ကိုက်ပြီလား (ကိုက်ပါတယ် ဘုရား)။

ကောင်းပြီ ဒါမနေ့က ဒကာ ဒကာမတွေ တရားစကာ ဖြစ်နေလို့ သင်္ခါရ ပြောခဲ့ရာမှာ မစုံတတ်သေးလို့ ဒီနေ့သင်္ခါရ တရားကို အစုံပြန်ပြောဦးမယ် (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါးဟာ ဘာတရားခေါ်ကြမတုံး (သင်္ခါရ တရားပါ ဘုရား)။ ဪ ဒါဖြင့် ခန္ဓာငါးပါးဟာ သင်္ခါရ တရား ဆိုတာတော့ သဘောကျသွားပြီ။

အကြောင်းတရားလေးပါးကပြုပြင်တယ်

သူ့ပြုပြင်တဲ့ တရားက ဘယ်နှစ်ပါးပါလိမ့် (လေး ပါးပါ ဘုရား)။ ကံရယ်၊ စိတ်ရယ်၊ ဥတုရယ်၊ အာဟာရရယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရရယ် ဆိုတာ အကြောင်းတရားလေး ပါးလို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်တာပေါ့ (မှန်လှပါ)။

ဒီတရားလေးခုက ပြုပြင်လို့ပေါ်လာတဲ့ ခန္ဓာငါးပါးလို့ မှတ်ထားပါ (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့်၊ ဒီတရားလေးခုက ကံဆိုတာသည် ဒကာ ဒကာမတို့၊ ဒီဒကာ ဒကာမတွေ၏ ရုပ်နာမ်ရှိတဲ့ အနက်က၊ ကံကရုပ်ကို ပြုပြင်တယ်လို့ မှတ်ထားလိုက်တာပေါ့ (မှန်လှပါ)။

နာမက္ခန္ဓာလေးပါး အသာထားလိုက်၊ ရုပ်တရား ဘယ်သူက ပြုပြင်တာပါလိမ့် (ကံက ပြုပြင်တာပါ ဘုရား)။

ရုပ်တရားကိုကံကပြုပြင်တယ်

သြော် ရုပ်တရား ကံက ပြုပြင်တယ် ဆိုတာ ဟုတ်သား ပဲ၊ မျက်စိ အကြည်ရုပ် ကလေးကို ကမ္မဇရုပ်လို့ ခေါ် တယ်။ နားအကြည်ရုပ်၊ နှာခေါင်း အကြည်ရုပ်၊ လျှာအကြည် ရုပ်၊ ဟဒယဝတ္ထု ဆိုတဲ့ရုပ်။

အဲဒါတွေဟာ ကံကလုပ်ပြီး သကာလ ထားတော့ မိမိ တို့၏ မျက်လုံးလို့၊ မိမိတို့၏ နားလို့ ကြားတတ် တာလေးတွေ မှတ်မထားပါနဲ့၊ မိမိနဲ့ ဘာမှ မဆိုင်ပါဘူး။ ကံက ပြုပြင် ထားတာ လို့ မှတ်လိုက်ပါ (မှန်ပါ့)။

ဒီတစ်ကိုယ်လုံးမှာလည်း စိတ်တွေ တစ်ခါတလေ စိတ်ကြည်ရင် ရုပ်ကြည်တယ် ဆိုတာ ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် အကဲခတ်ရင် သိပါတယ် (မှန်လှပါ)။

စိတ်ကလည်းလုပ်တယ်

စိတ်ကြည်ရင် (ရုပ်ကြည်ပါတယ် ဘုရား) ဒါဖြင့် ကို စိတ်က ဖြစ်တဲ့ ရုပ်တရား၊ ဒါဖြင့် ရုပ်တရားမှာ ကံကလည်း လုပ်ထားတယ်၊ စိတ်ကလည်း လုပ်ထားတယ်။

ဥတုကလည်းလုပ်တယ်

ဥတုတွေက ပူတယ်၊ အိုက်တယ် ဆို ဒကာ ဒကာမ တွေက ရုပ်တရား ညှိုးပြီး သကာလ နေကြတယ်၊ အဲဒီညှိုးရုပ် တွေ ဟူသ၍ ကလည်း သြော် ဥတုက လုပ်တာပါလား။

စားသောက် ကောင်းပြန်တော့ ဝဖြိုး၊ စားသောက် မကောင်းပြန်တော့ ပိန်ခြောက်၊ ဦးဝရေ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

အာဟာရကလည်းလုပ်တယ်

အဲဒါတွေကျတော့ ဒကာ ဒကာမတွေက မှတ်လိုက် တာပေါ့။ အာဟာရကြောင့်ဖြစ်တဲ့ရုပ် (မှန်ပါ့)။

ဪ ဒါဖြင့် ရုပ်မှာ ကိုင်တွယ်ရတဲ့ ဒကာ ဒကာ မတွေ ရုပ်မှာ၊ ချိန်တွယ်ရတဲ့ ရုပ်မှာ အကြောင်း လေးပါးရှိတယ် (မှန်လှပါ)။

ရုပ်မှာအကြောင်း ဘယ်နှစ်ပါးပါလိမ့် (လေးပါပါ ဘုရား)။ ဒါဖြင့် ဒါရုပ်သင်္ခါရတရား၊ ရုပ်သင်္ခါရ တရားမှာ အကြောင်းလေးပါးက ဦးခင်မောင် ပြုပြင်တယ် (မှန်လှပါ)

နာမ်သင်္ခါရတရား ယနေ့ အထူး ထည့်ပေးရမယ် (မှန်လှပါ) ရုပ်သင်္ခါရတော့ဖြင့် ဦးခင်မောင်ရေ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)

ရုပ်သင်္ခါရမှာတော့ ဘယ်သူပြုပြင်ပါလိမ့် (ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်ပါတယ် ဘုရား)။

ဒါဖြင့် ဘုရားတပည့်တော်တို့ သန္တာန် နာမက္ခန္ဓာ တရားလေးပါး၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်တွေလည်း ရှိပါတယ်။

အဲဒါတွေကျတော့ ဘယ်သူကများ ပြုပြင်လို့ တပည့် တော် သန္တာန်မှာ ပေါ် ရပါလိမ့်မတုံး ဆိုတော့၊ ဦးခင်မောင်ရေ ဒီလေးပါးလည်း ပြောရလိမ့်မယ် (မှန်လှပါ)။

ဒါဒီလေးပါး မနေ့က ကျန်နေတဲ့အတွက် ဒီတရားပြန် ဆက်လို့ အောက်မေ့ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ရုပ်သင်္ခါရမှာ အကြောင်း ဘယ်နှစ်ပါးပါလိမ့် (လေးပါးပါ ဘုရား) ဪ ရုပ်သင်္ခါရမှာ အကြောင်း လေး ပါးက ပြုပြင်တော့၊ ဒကာ ဒကာမတွေ ရုပ်က ကံကသေဆို လည်း သေလိုက်ရုံပဲနော် (မှန်ပါ့)။

ကံကနေ အစားထိုးလို့ရှင်ဆိုလည်း (ရှင်ရမှာပါ ဘုရား)။

ကံ၊ စိတ်၊ ဥတု၊ အာဟာရကပြုပြင်ထားတဲ့ရုပ်

စိတ်ကနေပြီး ရုပ်ကို ရွှင်လန်းလိုက်ဆို၊ ရွှင်လန်းလိုက် ရုပ်တွေ ခုပဲပေါ်လာတာ(မှန်လှပါ)။

စိတ်ကခုပဲ ညှိုးသွားလို့ရှိရင် တစ်ခါတည်း ဒကာ ဒကာမတွေ ရုပ်တွေ ညှိုးလိုက်လာတယ် (မှန်လှပါ)။

ဪ ဒါဖြင့် စိတ်သင်္ခါရကလည်း စိတ်ကလည်း ပြုပြင်တဲ့ သင်္ခါရတရား ဖြစ်သောကြောင့်၊ ဒကာ ဒကာမတွေ ရူပက္ခန္ဓာဆိုတဲ့ ရုပ်တရားသည်၊ သူများ ပြုပြင်တိုင်း ခံရသောကြောင့် သင်္ခါရလို့ပဲ မှတ်ထား လိုက်တာပေါ့ (မှန်လှပါ)။

ဥတုက ပြုပြင်တာကော (ခံရပါတယ် ဘုရား)။ ဥတုက အေးဆိုရင် အေးရုပ်တွေ ပေါ်လာတာ၊ ဥတုက ပူတယ်ဆိုရင် (ပူရုပ်တွေပေါ်လာတာပါ ဘုရား)။

အဲဒါ ဥတုက ပြုလုပ်ထားတဲ့ သင်္ခါရတရား ဆိုရင် လည်း ငြင်းဖို့မလိုဘူး (မလိုပါဘူး ဘုရား)။ အာဟာရကပြု လုပ်ထားတဲ့ သင်္ခါရတရား ဆိုရင်ကော (ငြင်းဖို့ မလိုပါဘူး ဘုရား)

ကောင်းပြီ ဒါဖြင့်ရုပ်တရားမှာ အကြောင်းဘယ် နှစ်ပါးတုံး (လေးပါးပါ ဘုရား)။

ဒါဖြင့် လေးပါးပြုပြင်လို့ ပေါ်လာတဲ့ တရား ဖြစ်သောကြောင့် ဒကာ ဒကာမတွေ ရုပ်မှာ ဘယ်ရုပ်မဆို သင်္ခါရတရားလို့ မှတ်လိုက်စမ်းပါ (မှန်လှပါဘုး) သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါ သင်္ခါရတရားလို မှတ်ထားတော့၊ ရုပ်သင်္ခါရတော့ ရှင်းသွားတော့ ဦးခင်မောင် တို့က နာမ် သင်္ခါရ တရားလေးပါး ကျန်တယ်၊ နာမ်သင်္ခါရတရား လေး ပါးကတော့ ဒကာ ဒကာမတို့ ဘယ်သူ့ကြောင့် ပေါ်သတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

နာမ်ဆိုတာ အာရုံဒွါရကြောင့်ဖြစ်တယ်

သူလည်း ပြုပြင်လို့ ပေါ်လာတဲ့တရား ဖြစ်သော ကြောင့်၊ နာမ်သင်္ခါရမှာတော့ ဒကာ ဒကာမ တွေက မှတ် လိုက်တာပေါ့၊ နာမ်ဆိုတာသည် ဒကာ ဒကာမတို့ အာရုံဒွါရ ကြောင့်ဖြစ်သည်လို့ မှတ်ထား လိုက်တာပေါ့ (မှန်လှပါ)။

အကျဉ်းချုပ် ဘယ်လိုမှတ်ထား (အာရုံဒွါရ ကြောင့် ပါ ဘုရား) ဦးခင်မောင်ရေ အာရုံဒွါရ ကြောင့်နော် (မှန်လှပါ)။

နာမ်လေးတွေ ပေါ်တိုင်းပေါ်တိုင်း ဘယ်သူ့ကြောင့် ပါလိမ့် (အာရုံဒွါရ ကြောင့်ပါ ဘုရား)။ လောကီ ဥပမာ ပြောကြပါစို့ လို့ရှိရင်ဖြင့်၊ ဆိုင်းတီးတဲ့ လူများမှာ လင်းကွင်းနှစ်ခု ကို ဒီအတိုင်း ကိုင်နေတုံးက မြည်တဲ့ သဘော မပေါ်လာဘူး (မပေါ်ပါ ဘုရား)။

အာရုံဆိုတာ

နှစ်ခုထိခိုက်တဲ့အခါကျတော့ (ပေါ်လာပါတယ် ဘုရား) အဲ နာမ်ဓမ္မဟာလည်း နှစ်ခု ထိခိုက်တဲ့ အခါကျမှပေါ် သလို အာရုံ ဆိုတာ ဒီကိုယ့်ခန္ဓာ ကိုယ်ထဲမှာ ရှိတယ်။

ဒွါရဆိုတာ

ဒွါရဆိုတာလည်း မျက်လုံး အကြည်ရုပ်ကလေး၊ နားအကြည်ရုပ်၊ ကိုယ်အကြည်ရုပ်၊ မနော အကြည်ရုပ်ဆို တာက အခံဘက်က (မှန်လှပါ)။

ဟိုက အဆင်းတို့၊ အသံတို့ အမျိုးမျိုးက အတိုက် ဘက်ကပေါ့ဗျာ (မှန်လှပါ) အဲတော့ အခံနဲ့ အတိုက် နှစ်ခုတိုက်မှ သာလျှင် မြင်စိတ်တို့ ပေါ်နိုင်တယ်၊ ကြားစိတ်တို့ ပေါ်နိုင်တယ်၊ နံစိတ်၊ စားစိတ်၊ ကြံစိတ်၊ စည်စိတ် အကုန် ပေါ်နိုင်တယ် (မှန်ပါ့)။

ဒါဖြင့် နာမက္ခန္ဓာလေးပါး ကတော့ဖြင့် အကြည် ခြောက်ပါးနဲ့ အာရုံခြောက်ပါး တိုက်လို့ ပေါ်တာပေါ့ (မှန်လှပါ)။ ဦးခင်မောင် ဘယ်လိုမှတ်၊ (အကြည်ခြောက် ပါးနဲ့ အာရုံခြောက်ပါးတိုက်လို့ ပေါ်တာပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

နာမက္ခန္ဓာလေးပါးက တစ်ပြိုင်နက်ပေါ်တယ်

ဒါဖြင့် နာမက္ခန္ဓာ လေးပါးကလည်း သူ့မှာ နှစ်ခု သော အကြောင်းကြောင့် ပေါ်လာရသည် ဖြစ်လေသောကြောင့်၊ သူတို့ လေးခုကတော့ တစ်ပြိုင်နက် ပေါ်တာလို့ မှတ်နော် (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ နာမ်တရားကတော့ကို အကြည်ခြောက်ခု မျက်လုံးထဲမှာ မျက်လုံးအကြည် ရုပ်ကလေးရှိတယ် (မှန်ပါ့)။

အကြည်ခြောက်မျိုး

နား အကြည် ရုပ်ကလေး ရှိတယ်၊ ဒါလေးရှိလို့ ကြားတာနော် (မှန်လှပါ)။ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ မနောအကြည်ဆိုတဲ့ ဦးခင်မောင် အကြည် ဘယ်နှစ်မျိုးရှိတုံး (ခြောက်မျိုးပါ ဘုရား)။

အကြည် ခြောက်မျိုးနဲ့ အပြင်ဘက်က မျက်လုံး အကြည် ) ရူပါရုံနဲ့ တည့်နေပြီ၊ ထိခိုက်ပြီ ဆိုမှဖြင့် မြင်စိတ် ကလေးတယ် (မှန်ပါ့)။ မြင်စိတ် နာမက္ခန္ဓာ လေးပါး (မှန်ပါ့)။

ထို့ အတူ နားအကြည်နဲ့ အသံနဲ့ တိုက်တဲ့အခါကျ တော့ကို ကြားစိတ် နာမက္ခန္ဓာ လေးပါး ပေါ့ဗျာနော်၊ ထို့အတူ နံစိတ်၊ နာမက္ခန္ဓာလေးပါးလေ (မှန်ပါ့)။

စားစိတ် (နာမက္ခန္ဓာ လေးပါးပါ ဘုရား)၊ ကိုယ် ပေါ်မှာ ပေါ်တဲ့စိတ် (နာမက္ခန္ဓာ လေးပါးပါ ဘုရား) ဝမ်းထဲမှာ ကြံတွေးစိတ် (နာမက္ခန္ဓာ လေးပါးပါ ဘုရား)။

အဲ့ဒါ အကြည်နဲ့အာရုံနဲ့ တိုက်လို့ ချည့်ပဲ မှတ်လိုက်တာပေါ့ (မှန်ပါ့) ဪ ဒါဖြင့် နာမက္ခန္ဓာ လေးပါး ကလည်း အကြောင်း ဘယ်နှစ်ကြောင်းပါလိမ့် (နှစ်ကြောင်းပါ ဘုရား)။

နှစ်ကြောင်းက ပြုပြင်လို့ ပေါ်လာတာ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ဒကာ ဒကာမတွေ၏ စိတ်ဟာ၊ ငါ့စိတ် ဘာဖြစ်နေတယ်လို့ မပြောတတ်ပါဘူး၊ သား လေးချည့် မြင်နေတယ်။ သမီးလေးချည့် မြင်နေတယ်လို့ ငါစိတ် ဘာမှ မဖြစ်ဘူး။

ငါ့စိတ်ကိုလည်း မဟုတ်ဘူး (တင်ပါ့) ဟိုသား တည်း ဟူသော အာရုံနဲ့ ဒီက မနောအကြည်နဲ့ သွားပြီး သကာလ တည့်တဲ့အခါမှာ သားကို အောက်မေ့တဲ့ စိတ်တွေ၊ သမီး ကို အောက်မေ့တဲ့ စိတ်ကလေးတွေ ပေါ်လာတယ် (မှန်ပါ့)။

နှစ်ခုတိုက်ဆိုင်လို့ပေါ်လာတာ

ဒါဖြင့် နှစ်ခုတိုက်လို့ ပေါ်တာပေါ့ဗျာ (မှန်ပါ့) ဒါဖြင့် သူလည်း သူများ ပြုပြင်လို့ပေါ်တဲ့ တရားဖြစ်သောကြောင့် နာမ်ကိုလည်း သင်္ခါရတရားလို့ပဲ ဆိုလိုက်တော့ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ရှင်းပလား (မှန်လှပါ ဘုရား) ဒါဖြင့် ရုပ်လဲ သင်္ခါရတရား ဒကာ ဒကာမတို့၊ နာမ်ကော (သင်္ခါရ တရားပါ ဘုရား)။

အဲတော့ ဒီသင်္ခါရတရား ရုပ်ကလည်း သင်္ခါရ တရား နာမ်လေးပါးကလည်း (သင်္ခါရတရားပါ ဘုရား) ။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ရှိတာ ရုပ်နဲ့ နာမ်နဲ့ပဲ ရှိတယ် (မှန်ပါ့) ရုပ်နဲ့နာမ်နဲ့ပဲ ရှိတော့ သူများ အကြောင်း လေးပါးက ပြုပြင်တာ (မှန်ပါ့)။

အကြောင်းနှစ်ပါးကပြုပြင်တာနာမ်

နာမက္ခန္ဓာ လေးပါးကျတော့ အကြောင်းနှစ်ပါးက ပြုပြင်တာ၊ ဒါဖြင့် အကြောင်းလေးပါးက ပြုပြင်တာရုပ်၊ အကြောင်း နှစ်ပါးက ပြုပြင်တာက (နာမ်ပါ ဘုရား)။

အဲဒီ ယခ ုတရားနာ နေကြတာ ယောက်ျားတွေလား၊ မိန်းမတွေလား၊ ခန္ဓာငါးပါးလား၊ နာမ်ရုပ် တရားလားလို့မေးရင် ခန္ဓာငါးပါး၊ နာမ်ရုပ် နှစ်ပါးပါ ဘုရားဆိုရုံပဲ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ခန္ဓာငါးပါး (နာမ်ရုပ် နှစ်ပါးပါ ဘုရား)၊ နာမ်ရုပ် နှစ်ပါးပဲ ရှိတယ်၊ နာမ်နဲ့ရုပ် ခွဲလိုက်တော့ ဒါကရုပ်၊ ဒီဘက် လေးပါးက နာမ်လေးပါးနဲ့ တစ်နဲ့ ပေါင်းလိုက်တော့ ငါးပါး၊ ငါးပါးကျတော့ ခန္ဓာငါးပါး ခေါ်လိုက်တာပေါ့ (မှန်ပါ့)။

နှစ်ပုံပုံလိုက်တဲ့ အခါကျတော့ ရုပ်နာမ်လို့ ပုံလိုက်တာ ပေါ့ (မှန်ပါ့) သဘောကျပြီ(ကျပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရားဟာ ဦးဘတင်တို့ ဘာတရားလို့ ခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား)။

သြော် သင်္ခါရတရား၊ ရုပ်တရားမှာ ဘယ်နှ ပါးက ပြုပြင်လို့ ပေါ်လာတုံး (လေးပါးပါ ဘုရား) နာမ် တရားမှာတော့ (နှစ်ပါးပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့၏ ခန္ဓာငါးပါး ရုပ်နာမ်တရားသည် သင်္ခါရ အစုကြီးပါလား (မှန်လှပါ ဘုရား) ဦးဝ ဘယ့်နှယ်ဆိုပါ့ (သင်္ခါရအစုကြီးပါ ဘုရား)။

သင်္ခါရအစုကြီးနော်၊ ဒကာ ဒကာမတွေ ဘာအစု ပါလိမ့် (သင်္ခါရအစုကြီးပါ ဘုရား)။ ဪ သင်္ခါရ အစုကြီး ဆိုတော့..

ဒကာ ဒကာမတွေ သန္တာန်မှာရှိတဲ့ သင်္ခါရအစုကြီး ဟာ ကိုယ်လုပ်ထားတာ ဒီအထဲ ပါမှ မပါတော့ပဲ။ ပါသေးရဲ့ လား (မပါပါဘူး ဘုရား)။

ရုပ်တရားတွေမှာလည်း ပါသေးလား (မပါပါဘူး ဘုရား) နာမ်တရားတွေမှာလဲ(မပါပါဘူး ဘုရား) အင်း ဘယ်လိုခေါ်ကြမယ်။ ဒါဖြင့် (သင်္ခါရတရား) သင်္ခါရတရား။

သူများပြုပြင်လို့ပေါ်လာတဲ့တရား

သူများပြုပြင်လို့ ပေါ်ထားတဲ့ သင်္ခါရတရား ဆိုတာ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) အဲတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီသင်္ခါရတရားတွေ မင်းတို့သည်ကား လို့ဆိုရင် သူများ ပြုပြင် ထားတာကို မျက်လုံးဟာ ငါပဲ၊ နားဟာ ငါပဲ၊ ကြားတဲ့စိတ် ကလေးဟာ ငါပဲ၊ ကောင်းတာလဲ ငါပဲ၊ ဆိုး

တာလဲ ငါပဲလို့။

ဝေဒနာတွေကိုလဲ ငါလို့ ဒီလို မစွပ်စွဲကြပါနဲ့၊ ဒါသင်္ခါရ တရားဟာ သင်္ခါရတရားလို့ပဲ ထားလိုက် စမ်းပါ (မှန်ပါ့) ဒီအထဲ ငါဝင်မရှုပ်ပါနဲ့ ဆိုတာ သတိပေးလိုက်တယ် (မှန်ပါ့)။

သင်္ခါရတရားကို (ငါဝင်မရှုပ်ရပါဘူး ဘုရား) ငါဝင်မရှုပ်နဲ့ သင်္ခါရတရားဟာ သင်္ခါရ တရားပဲ ထားလိုက် (မှန်ပါ့)။

ငါဝင်ရှုပ်ရင်သက္ကာယဒိဋ္ဌိ

ငါဝင်ရှုပ်လို့ရှိရင်ဖြင့် ဦးဘတင် သက္ကာယဒိဋ္ဌိ (မှန်လှပါ ဘုရား) ငါဝင် မရှုပ်ပဲထားလို့ ရှိရင် သင်္ခါရတရားပဲ (မှန်ပါ့) ငါဝင်မရှုပ်ရင် (သင်္ခါရတရားပါ ဘုရား)။

ဒီဟာတွေကို ငါလို့ထင်လိုက်ရင် (သက္ကာယဒိဋ္ဌိ ပါ ဘုရား)။ အဲတော့ကို ဒီနေ့ သက္ကာယဒိဋ္ဌိ ကိုလည်း ဦးခင် မောင်အစက ဖြုတ်ပေးတာပါ (မှန်လှပါ)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်မှာ သင်္ခါရအစုကြီး ဆိုလို့ရှိရင်ဖြင့် ဒကာသစ်တို့ လွဲသေးလား (မလွဲပါဘူး ဘုရား)။

ကိုမြရွှေ ဘယ်လိုဆိုကြပါ့မယ် (သင်္ခါရအစုကြီး ပါ ဘုရား) သင်္ခါရအစုကြီး (မှန်ပါ့) သင်္ခါရ အစုကြီးဆိုတော့ သူများ ပြုပြင်ထားလို့ ပေါ်နေတဲ့ အစုတရားကြီးလို့ ဆို လိုက်ရင် မလွဲတော့ဘူးပေါ့ (မလွဲပါဘူး ဘုရား)။

ကောင်းပြီ ဒါဖြင့် သင်္ခါရတရားမှန်း သိတဲ့အခါကျ တော့၊ ဒီထဲ ငါနဲ့ဆိုင်ရင် ငါဆိုင် ငါပိုင် ဆိုတာသည် ဦးဝ မရှုပ် စေနဲ့နော် (မှန်လှပါ ဘုရား)။

ငါဆိုင် ငါပိုင်သည် (မရှုပ်စေနဲ့ပါ ဘုရား) မရှုပ် စေနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစား စွာနဲ့ပဲ ဒီဥစ္စာ ကို ကန့်ကွက်တယ် (မှန်ပါ့)။

ဘာကြောင့်တုံးဆိုတော့ ဆရာဘုန်းကြီးကရော၊ ဘုရားကရော ရုပ်တရားမှာလည်း အကြောင်း လေးပါးက ပြုပြင်ထားတာ ဆိုတာသိနေပြီ (မှန်ပါ့)။

ရုပ်တရားမှာလည်း (အကြောင်းလေးပါးက ပြုပြင်ထားတာပါ ဘုရား)။ နာမ်တရားမှာ အကြောင်း နှစ်ပါးက (ပြုပြင်ထားတာပါ ဘုရား)။

ငါဝင်ပြီးမရှုပ်နဲ့

အဲတော့ ခင်ဗျားတို့က ရုပ်ဟာငါပဲ၊ ဝေဒနာဟာငါပဲ။ စိတ်ဟာ ငါပဲ၊ သညာငါပဲလို့ ဦးခင်မောင် တို့က မရှုပ်နဲ့နော် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဘုန်းကြီး ဘယ်လို ကန့်ကွက်ပါလိမ့် (ငါပဲလို့ မရှုပ်ရပါဘူး ဘုရား) မရှုပ်စေနဲ့ (မှန်ပါ့) ရှုပ်လို့ရှိရင် ဘုန်းကြီးများက စိုးရိမ်တယ်၊ သူများပစ္စည်း ကိုယ်ခိုးယူတာ၊ သူများပစ္စည်း (ကိုယ်ခိုး ယူတာပါ ဘုရား)။

ဒကာ ဒကာမတို့ သူများပစ္စည်း ကိုယ်ခိုးယူတယ်ဆို တော့၊ သူများ ဆိုတာက ဦးခင်မောင် သိပြီ၊ ရုပ်တရားကိုလည်း ပြုပြင်ထားတာ လေးပါးရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒါ သူများကျတာ (မှန်ပါ) မကျဘူးလား (ကျပါတယ် ဘုရား)။ နာမ်တရားကလည်း ပြုပြင်ထားတာ နှစ်ပါးမရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲ သူတို့နှစ်ပါးက ပြုပြင်ထားလို့ ခေတ္တယာယီ ပေါ်နေတဲ့ သင်္ခါရတရားကို၊ ငါပိုင် ငါဆိုင်၊ ငါမထိနဲ့၊ ငါ့ကိုယ်ငါ ပိုင်တယ်။

ငါဝင်ရှုပ်နေတယ်

အံမလေး၊ ကြွားလုံးတွေ ဝါလုံးတွေက သိပ်များ တယ် (မှန်လှပါ ဘုရား) ငါ့ကိုယ်ငါ ပိုင်တယ်လို့ ဆိုပြီး သကာလ ငါသွားချင်ရာ သွားနိုင်တယ်၊ ငါအိပ်ချင်ရာ အိပ်နိုင် တယ်၊ ငါစားချင်ရာ စားနိုင်တယ် အစရှိသည်နဲ့ သင်္ခါရ တရားမှန်း မသိတော့ ငါဝင်ရှုပ်နေတယ် (မှန်လှပါ ဘုရား)

သင်္ခါရ တရားမှန်း မသိတော့ (ငါဝင်ရှုပ်နေပါတယ် ဘုရား) မရှုပ်ကြစမ်းပါနဲ့ ဒကာ ဒကာမတို့၊ မရှုပ်ကြစမ်းပါနဲ့ လို့ သတိပေး လိုက်ပါတယ် (မှန်လှပါ ဘုရား)။

ဘယ်လို သတိပေးပါလိမ့် (မရှုပ်ကြစမ်းပါနဲ့လို့ သတိပေးလိုက်ပါတယ် ဘုရား)။ မရှုပ် တော့ပါဘူး ဘုရားလို့ ဦးခင်မောင်တို့ တာဝန်ခံရမယ် (မှန်လှပါ ဘုရား)။

ထင်တဲ့အရှုပ်မပါစေနဲ့

ပြောတဲ့ အရှုပ် မဟုတ်ဘူး၊ ထင်တဲ့ အရှုပ်မပါစေ၊ နဲ့ (မှန်လှပါ ဘုရား) ပြောတာကတော့ ပြောတာပေါ့ ဦးခင်မောင်ရ (မှန်လှပါ)။

ငါသူမှ မပြောလို့ရှိရင်လည်း ပြောစရာ မရှိလို့ (မှန်လှပါ ဘုရား) ပြောတာတော့ ပြောပါတော့ တကယ်တော့ အထင်စွဲပြီး သကာလ မပြောလိုက်ပါနဲ့ဆိုတာ ကန့်ကွက်လိုက် တယ် (မှန်လှပါ ဘုရား)။ သဘောပါကြပလား (ပါပါတယ် ဘုရား)။

အကယ်၍ တကယ် ထင်မဲ့ကြံရင်၊ ခု ဆရာဘုန်းကြီး ဟောထားတဲ့၊ သြော် ရုပ်တရားမှာ အကြောင်း လေးပါးက ပြုပြင်လို့ ပေါ်နေတာ (မှန်လှပါ) နာမ်တရားမှာ (အကြောင်း နှစ်ပါးက ပြုပြင်လို့ ပေါ်နေ တာပါ ဘုရား)။

အာရုံ ဒွါရဆိုတဲ့ အကြောင်း နှစ်ပါးက ပြုပြင်လို့ ! ပေါ်နေတာဖြစ်သောကြောင့်၊ ရုပ်နဲ့ နာမ်ပဲ ရှိတော့ကို၊ အင်း သူတစ်ပါး ပြုပြင်ထားတဲ့ သင်္ခါရတရားတွေကို၊ ငါတော့ဖြင့် ရှုပ်လို့ မတော်တာ အမှန်ပဲလို့ ယနေ့ ဆုံးဖြတ်ချက် ချပါ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဆုံးဖြတ်ချက်ချဖြစ်အောင်ချပါနော် (မှန်လှပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီလောက် ဆရာ ဘုန်းကြီးက လေးစားစွာနဲ့ ဆုံးဖြတ်ချက်ကို အတင်း ချခိုင်းပါလိမ့်မတုံးဆိုတော့ ကမ္ဘာနဲ့ မြေဇာ ဆိုသလို၊

ခင်ဗျားတို့က ခန္ဓာငါးပါး ငါ့ကိုယ်ငါ့ဟာ ထင်လာကြတယ်။ (မှန်လှပါ ဘုရား) ဒီအကြောင်းတွေ မသိခြင်းကြောင့် ငါ့ကိုယ်ငါ့ဟာ ထင်လာကြတယ် (မှန်လှပါ ဘုရား)။

ဦးခင်မောင် သဘောကျပလား (ကျပါတယ် ဘုရား) ဒီအကြောင်းတွေ မသိသောကြောင့် ငါ့ကိုယ်၊ ငါ့ဟာ ထင်လာတာပါ ဘုရား) ခုတော့ ဒီအကြောင်းတွေ မနေ့က တစ်ဝက် သိခဲ့ရပြီ၊ ဒီနေ့ တစ်ဝက် သိတော့ အကြောင်းဟာ စုံသွားတယ် (မှန်လှပါ ဘုရား)။

ဒီအကြောင်းတွေပြန်ပြီး တွေးလိုက်စမ်းပါ

စုံစုံကြီး သိလိုက်ရတဲ့ အတွက် ဦးဘတင်ရေ တကယ် လို့ ထင်မယ်ကြံရင် ဒီအကြောင်းတွေ ပြန်ပြန် တွေးလိုက်စမ်း ပါ (မှန်လှပါ ဘုရား)။

ပြန်တွေးလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ငါ့ကိုယ် ငါ့ဟာဆိုတဲ့ ဒိဋ္ဌိတို့ တဏှာတို့ဟာ ပြုတ်ထွက် သွားတယ် (မှန်လှပါ ဘုရား) အကြောင်းနဲ့တကွသိလို့ ဖြုတ်လို့ရတာနော် (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချကြမယ် (အကြောင်းနဲ့ တကွ သိလို့ ဖြုတ်လို့ ရတာပါ ဘုရား) အကြောင်းနဲ့တကွ သိပြီး ဖြုတ်ရမှ မင်းတို့ ရုပ်နာမ်ကြီး ဟာကွာ၊ မင်းတို့ဟာ မဟုတ်ပါဘူးလို့ သာမည ပြောတဲ့ တရားနဲ့တွေ့ရင် ဒကာသစ်တို့ ဦးမြရွှေတို့ လွဲမယ်နော် (မှန်လှပါ ဘုရား)။

ခုတော့ဖြင့် အကြောင်းတရားလေးပါးက ပြုပြင်တာ က ရုပ်၊ အကြောင်း နှစ်ပါး ပြုပြင်တာက နာမ်၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အခု ဒကာ ဒကာမတွေ ထိုင်နေကြတဲ့ဟာ နာမ်ရုပ် ပဲရှိတယ်။ (မှန်လှပါ ဘုရား) ဖြန့်လိုက်ရင် ခန္ဓာငါးပါးပဲရှိ တယ်၊ ကိုယ်ပိုင် ကိုယ်ဆိုင်များ ပါကြရဲ့လား (မပါပါဘူး ဘုရား)။

ကိုယ်လုပ်ထားတာများ ပါကြရဲ့လား (မပါပါ ဘူး ဘုရား) မပါသောကြောင့် ဒီထဲမှာ ငါ၊ ငါ့ဥစ္စာ ဝင်မရှုပ် လိုက်ပါနဲ့ (မှန်လှပါ ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။

ဘာမရှုပ်ပါနဲ့ (ငါ၊ ငါ့ဥစ္စာ ဝင်မရှုပ်ရပါ ဘုရား)၊ ငါ၊ ငါ့ဥစ္စာ ဝင်မရှုပ်ပါနဲ့ ဆိုတာကို ကန့်ကွက်တယ် (မှန်ပါ့)။

အကယ်၍ ဆရာဘုန်းကြီးက မကန့်ကွက်လိုက်လို့ ရှိရင်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ သူများ ပစ္စည်း ရုပ် ဟာလည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပိုင်တယ် (မှန်လှ ပါ ဘုရား)။

သူများပစ္စည်း ဝင်လုသလို

နာမ်ကို အာရုံဒွါရကပိုင်တယ် (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)၊ အဲတော့ သူတစ်ပါးပစ္စည်းကို ခင်ဗျားတို့က အတင်းဝင်လုတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)၊ အတင်းဝင်လုလိုက်တဲ့ အခါကျလို့ ရှိရင်လည်းတဲ့ ။

ဒကာ ဒကာမတို့သည် အင်မတန်မှ မှားပါတယ် (မှန်ပါ့)၊ မှားလုံးကလေးကို အကွက် ကျကျလေး ဦးဘတင် ပြောဦးမယ် (မှန်လှပါ ဘုရား)။

ဘယ်လောက် ထိအောင် ဒကာ ဒကာမတွေ ဆရာ ကောင်း၊ သမားကောင်းနဲ့ မကြုံမယ် ဆိုလို့ရှိရင်ဖြင့်၊ သူများ ပစ္စည်းခိုးချက် ဘယ်လောက် သန်တယ်ဆိုတာ ပေါ်လာပါ လိမ့်မယ်။

သူများပစ္စည်း ရှင်းပြီးပြီနော် (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ရှုပ်သေးလား (မရှုပ်ပါဘူး ဘုရား)၊ မရှုပ်တော့ဘူးတဲ့။

ကဲ- ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်ဝမ်းထဲမှာ ရှိ တာက ငါဆိုတဲ့ တရားလေးဟာက ဒိဋ္ဌိငါကိုးဗျ (မှန်လှပါ)။

အဲဒီ ငါဟာ ဒါ ငါပဲလို့ ဆိုလို့ရှိရင်ဖြင့် ဝမ်းထဲမှာ ရှိတဲ့ ဒိဋ္ဌိက ငါနော် (မှန်လှပါ ဘုရား)။

ဒါဖြင့် ငါဟာ ဆိုတာနဲ့ ရုပ်ဆိုတာနဲ့ ရောသွားလိမ့် မယ် (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတွေ ဝမ်းထဲမှာရှိ တာက ငါ၊ ဒီဟာကိုလည်း ငါဆိုတော့ ရုပ်ကိုလည်း ငါ ဆိုတော့၊ သြော်- ဒါဖြင့် ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အင်မတန် ခက်သွားပြီ။

ရုပ်တရားကလည်း သူများက လုပ်ထားတာ၊ ခင်ဗျား တို့ကလည်း ဒါ ငါလုပ်ပြန်တယ် (မှန်လှပါ ဘုရား) ရုပ် – တရားဟာ ငါပဲလို့ လုပ်လိုက်တယ် (မှန်လှပါ) ငါ့ဥစ္စာ ပဲလို့ လုပ်လိုက် ပြန်တယ်။

ဦးခင်မောင် (မှန်လှပါ) မလုပ်လိုက်ဘူးလား (လုပ်ပါတယ် ဘုရား) အဲတော့ သူများလုပ်ထားတဲ့ ဥစ္စာကြီးကို၊ ငါ-ငါ့ဥစ္စာလို့ ခင်ဗျားတို့က အတင်းအဓမ္မ လုတာနဲ့ကော (တူပါတယ် ဘုရား)။

ပင်ကိုအကြောင်းက ကိုယ်နှင့်မဆိုင်

အဲတော့ အတင်း အဓမ္မလုတာနဲ့ တူတာလည်း တစ်ကြောင်း၊ မလုကောင်းတာလည်း ပင်ကိုအကြောင်း ကလည်း ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့ အဓိပ္ပာယ်လဲ ရှင်းနေ ပြီ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရှင်းပြီးထားတော့မှ သြော် -ဒါဖြင့် ခင်ဗျားတို့ ဝမ်းထဲမှာရှိတဲ့ ငါဆိုတာက ဒိဋ္ဌိ (မှန်ပါ့) ဘယ်မှာ မင်းတို့ဥစ္စာဆိုတော့ ရုပ်ဟာ ငါပဲ၊ ငါ့ဥစ္စာ ပဲ ဒီလိုမယူကြပေဘူးလား (ယူပါတယ် ဘုရား)။

စိတ်ဟာလည်း ငါပဲ၊ ငါ့ဥစ္စာပဲလို့ မယူကြပေဘူးလား (ယူပါတယ် ဘုရား)။

အဲတော့ ဒကာ ဒကာမတို့ ငါက ဒိဋ္ဌိ ငါ့ဥစ္စာက ရုပ် (မှန်ပါ့) ဟ, ဦးခင်မောင် လွဲကုန်ပြီ (မှန်လှပါ) မလွဲသေးဘူးလား (လွဲပါတယ် ဘုရား)။

ငါက ဒိဋ္ဌိ၊ အဲဒီဒိဋ္ဌိက ဒီဥစ္စာ ရုပ်တရားကို သူက ငါပဲငါ့ဥစ္စာပဲလို့ ဦးဘတင် စွဲလိုက်တယ် (မှန်လှပါ ဘုရား) စွဲလိုက်တော့ ငါတည်းဟူတော သူခိုး ဝင်ခိုးတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

ခိုးမှုကြောင့်အပါယ်ရောက်ရတယ်

အဲ့ဒါ သတ္တဝါတွေ အပါယ် ရောက်ရတာ၊ သူမဆိုင် တာကို ဝင်ပြီး သကာလ အုပ်စည်းချင်တဲ့ အတွက်၊ ခိုးမှုကြောင့် အပါယ် ရောက်ရတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိကသူခိုး (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိက ဘာပါလိမ့် (သူခိုးပါ ဘုရား) ဒိဋ္ဌိက သူခိုးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒိဋ္ဌိကသူခိုး

သူများလုပ်ထားတဲ့ ပစ္စည်းကို သူက ငါ ငါ့ဥစ္စာ ဝင်လုပ်လိုက်တဲ့အတွက် သူခိုး ခိုးတတ်တဲ့ ဒိဋ္ဌိကြောင့် ဒကာ ဒကာမတွေဟာ အပါယ် ရောက်ရပါတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဦးခင်မောင်ရေ အပါယ်ရောက်ခြင်း အကြောင်း ယနေ့ပေါ်သွားပြီ (မှန်လှပါ ဘုရား) သူတစ်ပါး လုပ်ထားတာကို ငါ ငါ့ဥစ္စာလို့ ခိုးယူသောကြောင့် (မှန်လှပါ) ဒကာ ဒကာမတွေ ဘာဖြစ်ရတုံး (အပါယ်ရောက်ရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည် တစ်သံသရာလုံးက ဒီခိုးမှု ကြီးဟာ သင့်လာတော့ အပါယ်မှာ နေရတာ များတယ် ဆိုတာ ယနေ့ သေချာတော့မယ် (မှန်လှပါ ဘုရား) သေချာ ကြပလား (သေချာပါတယ် ဘုရား)။

တစ်သံသရာလုံး ငါ့ဥစ္စာပဲ ဦးဘတင်တို့ ဒကာသစ် တို့ ကိုမြရွှေတို့ ထင်လာကြတယ် (မှန်လှပါ ဘုရား) ဘယ်တော့မှလည်း မပြုတ်ခဲ့ဘူး (မှန်ပါ့)။

ပြုတ်ခဲ့ရဲ့လား (မပြုတ်ခဲ့ပါဘူး ဘုရား) မပြုတ် ခဲ့တော့ သံသရာမှာ ဒီလူတွေဟာ သူတစ်ပါး ပစ္စည်း ခိုးမှု တည်းဟူသော အပြစ်သင့်သောကြောင့် ခိုးပြစ်သင့်တဲ့ ပုဂ္ဂိုလ် အပါယ် သွားရ တာလည်း သေချာပြီး သကာလ နေသောကြောင့် သြော် တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အမြင်မှားကြောင့် အပါယ် ရောက်ရတယ် ဆိုတာလည်း မှန်တာပါပဲ (မှန်လှပါ ဘုရား)။

သူတစ်ပါး ပစ္စည်းခိုးမှုကြောင့် အပါယ် ရောက်ရတယ် ဆိုတာကော (မှန်ပါတယ် ဘုရား) အမြင်မှားတွေနဲ့ ခိုးလိုက်တာကိုး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သတ္တဝါတွေ အမြဲနေတာ ဘယ်မှာတဲ့ ဆရာဘုန်းကြီး ဟောတာ (အပါယ်မှာပါ ဘရား) ဘယ့်နှယ်ကြောင့် အပါယ်မှာ နေရသတုံး ဆိုတဲ့ အမေး ထုတ်လိုက်တဲ့အခါ စစ်တမ်း ထုတ်လိုက်တဲ့ အခါကျ တော့မှ ဦးဝတို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

တစ်သံသရာလုံး ခိုးလာကြတယ်

တစ်သံသရာလုံး သူများ ပစ္စည်းကို ခိုးခိုးလာကြတယ် ဘုရား (မှန်လှပါ ဘုရား) ဆိုထိုက်ပလား (ဆိုထိုက်ပါ တယ် ဘုရား)။

ဘယ်ဘဝ လွတ်ခဲ့သတုံးလို့ အမေးထုတ်ရင် (ဘယ် ဘဝမှ မလွတ်ခဲ့ပါဘူး ဘုရား)။

ဒါဖြင့် လူ့ပြည်တက်လာလိုက် ခိုးလိုက်၊ ဟုတ်လား၊ နတ်ပြည် တက်လာလိုက် ခိုးလိုက်၊ အပါယ် ရောက်လိုက် ၊ တက်လာပြန် အပါယ်က နှိပ်စက်လို့ ပြန်တက်လာပြန် အခိုး ဝါသနာ မစွန့်တဲ့ အတွက် ဘယ်ပြန်ရောက်ရတုံး (အပါယ် ပြန်ရောက်ပါတယ် ဘုရား)။

အပါယ်ပဲ ပြန်ရောက်ရမယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ဒီဘဝမှာ ဒီ ဒိဋ္ဌိတည်းဟူသော သူခိုး ခင်ဗျားတို့ ရှင်းပေး မယ့်လူ မလာလို့ ရှိရင်ဖြင့် ခိုးမြဲပဲ ခိုးနေဦးမှာပဲ (မှန်လှပါ ဘုရား) ဦးစံရင်တို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သတ္တဝါတွေ အမြဲနေတာ ဘယ်မှာတဲ့တုံး

ဒိဋ္ဌိ သူခိုးဟာ သေချာကြပလား (သေချာ ပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် သတ္တဝါတွေ အမြဲနေတာ ဘယ်မှာတဲ့တုံး (အပါယ်လေးပါး ပါ ဘုရား)။

ဒါဖြင့် ကျသင့်၊ မကျသင့်လည်း အကဲခတ်ကြပါဦး (ကျသင့်ပါတယ် ဘုရား) ဦးဘတင် အသေအချာ အကဲ ခတ်စမ်း (ကျသင့်ပါတယ် ဘုရား)။

သူများပစ္စည်းကို ခိုးတဲ့ဥစ္စာဗျာ မကျဘူးဆိုရမှာလား၊ ပစ္စုပ္ပန်တောင် ရာဇဝတ် သင့်သေးတာ ဦးခင်မောင်ရေ (မှန်လှပါ)။

သံသရာမှာ သံသရာ ပြစ်သင့်ရမယ် (မှန်လှပါ) မသင့်ပါနဲ့လို့ ဆိုလို့ (မရပါဘူး ဘုရား) ဒကာ ဒကာမတွေ လေးလေးစားစား မှတ်ပါ။

ဒိဋ္ဌိအပါယ်ချပုံဟာ ခင်ဗျားတို့က သြော် မှားလို့ အပါယ်ချတယ် ဆိုတာ မှားပုံကို ကွက်ကွက် ကွင်းကွင်း ပေါ် အောင် ပြောနေပါတယ် (မှန်လှပါ ဘုရား)။

အရင်တော့ မှားလို့ အပါယ်ကျတယ်၊ အမြင်မှားလို့ အပါယ် ရောက်တယ်၊ ဒီလောက်ပဲ သိကြတယ် (မှန်ပါ့) ခုဟာက အမြင်မှားပြီး သကာလ သူ့ဟာပိုင် လုပ်တဲ့ အတွက် လည်း ဦးခင်မောင် အပါယ် ရောက်ရတယ် (မှန်လှပါ ဘုရား)။

အမြင်မှားပြီး သူ့ဟာပိုင် မလုပ်လိုက်ဘူးလား (လုပ်လိုက်ပါတယ် ဘုရား) ငါ့ကိုယ်ငါ့ဟာ လုပ်မပစ်လိုက် ဘူးလား (လုပ်ပစ်ပါတယ် ဘုရား)။

အဲ ငါ့ကိုယ် ငါ့ဟာ လုပ်ပစ်လိုက်တာက ငါ့ကိုယ် ငါ့ဟာ ဒီထဲမှာ တစ်ပဲသား ပါပါရဲ့လား (မပါပါဘူး ဘုရား)။

ရုပ်ကြည့်ပြန်တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်ထားတယ် (မှန်လှပါ ဘုရား)၊ နာမ်ကြည့်ပြန်တော့ အာရုံဒွါရက လုပ်ထားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခိုးဝါသနာစွန့်မှ သံသရာကထွက်မယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တစ်သံသရာ လုံး အပါယ်က မတက်ရတာသည် ကားလို့ ဆိုရင်၊ အခိုး ဝါသနာ မစွန့်နိုင်သ၍ ကာလပတ်လုံး၊ ဘယ်တော့မှ သံသရာ ထဲက ထွက်နိုင်လိမ့်မယ်၊ ရုန်းနိုင်လိမ့်မယ်၊ ကန်နိုင်လိမ့်မယ်၊ ကျော်လွှား နိုင်လိမ့်မယ် ဆိုတာကို မယုံပါနဲ့တော့ (မှန်လှ ပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဦးဘတင် သေတော့လည်း ဒါငါ့ကိုယ် ငါ့ဟာဆိုတဲ့ ခိုးမှုကြီးကို လက်လွှတ် သေသွားသလား၊ ရာဇဝတ်မှု တန်းလန်းနဲ့ သေသွားသလား (ရာဇဝတ်မှု တန်းလန်းနဲ့ သေသွားပါတယ် ဘုရား)။

ဒါဖြင့် ဦးခင်မောင် ကျသင့်တယ်ဗျာ (ကျသင့် ပါတယ်) သူက ထုချေစရာကို ကျုပ် မဟုတ်ပါဘူးလို့ ပါသေး ရဲ့လား (မပါ ပါဘူး ဘုရား)။

ခိုးထုပ် ခိုးထည်နဲ့တကွ မမိဘူးလား (မိပါတယ် ဘုရား) အဲ ခိုးထုပ် ခိုးထည်နဲ့တကွ မစွန့်ပဲနဲ့ ဦးဘတင် သေသွားလို့ အပါယ် ရောက်ရတာ (မှန်လှပါ ဘုရား)၊

ကွာသွားရဲ့ လား ဒိဋ္ဌိက (မကွာပါဘူး ဘုရား) ငါခက်ရချည်ရဲ့ ငါ့ကိုယ်ကြီးနဲ့ ခွဲရချည်ရဲ့ ငါ့ကိုယ်ကြီးနဲ့ ငါမခွဲချင်ဘူး။

ဆိုပြီးသကာလ ငါ့ကိုယ် ငါ့ဟာလုပ်ပြီးသကာလ ခိုးမှုကြောင့် ခိုးမှု အထုပ်အထည်ကို လက်မလွှတ်ပဲနဲ့ တစ်ခါ တည်းသေပွဲဝင်သွားတယ် (မှန်လှပါ ဘုရား)။

အဲ့ဒါကြောင့် အပါယ်လေးပါးမှာ အမြဲနေရတယ် ဆိုတာလည်း ဒကာ ဒကာမတို့ ကျေကျေနပ်နပ် သဘောကျ ပါ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ဒိဋ္ဌိဘယ်လောက် ဆိုးတုံး (ဆိုးပါ တယ် ဘုရား) အဲ ကိုမြရွှေတို့ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

သြော် အပါယ်ဟာ ရောက်သင့် မရောက်သင့် စဉ်းစားကြစမ်းပါ (ရောက်သင့်ပါတယ် ဘုရား) ကိုယ်ကိုယ် တိုင်က ဘာပြစ်သင့်တုံး (ခိုးပြစ်သင့်ပါတယ်) ခိုးပြစ် သင့်နေတယ်ကွ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

သူများပစ္စည်းကို ခိုးတဲ့အခါကျတော့ကို ဒီခိုးတဲ့ ပစ္စည်းကိုပဲ ခိုးမှန်းသိပြီး နောက်မခိုးတော့ပါဘူး ဆိုပြီး သေသွားတာလား၊ ခိုးထုပ်ခိုးထည်နဲ့ သေသွားတာလား (ခိုးထုပ် ခိုးထည်နဲ့ သေသွားတာပါ ဘုရား)။

ဒိဋ္ဌိမပြုတ်ဘူး

ကိုင်း ဒိဋ္ဌိမပြုတ်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့တော့ကို ခင်ဗျားတို့ နောက်တုန်းက လှူခဲ့ တန်းခဲ့၊ ပေးခဲ့၊ ကမ်းခဲ့တာတွေ နိဗ္ဗာန် ရောက်နိုင် တာ အမှန်ပါပဲ (မှန်ပါ့)။

ဦးခင်မောင် ရောက်နိုင်ပါတယ်နော် (ရောက် နိုင်ပါတယ်) သို့သော် ခိုးထုပ် ခိုးထည်နဲ့ တကွ မိမိပြီး သကာလ သေပွဲဝင်ရတဲ့ အခါကျတော့ သူကချည့် အပါယ်ဆွဲချသွား တယ် (မှန်လှပါ ဘုရား) သဘောကျကြလား (ကျပါတယ် ဘုရား)။

သူကချည့် အပါယ် ဆွဲချသွားတယ် ဆိုတော့ ခိုးထုပ် ခိုးထည်နဲ့ချည့်ပဲ သေသွားတယ်လို့ ဦးဝ ဆိုထိုက်ပါပြီ (ဆိုထိုက်ပါတယ် ဘုရား) ဆိုထိုက်ကြပလား (ဆိုထိုက် ပါတယ် ဘုရား)။

အဲဒါ ဘုရားတစ်ခါ တစ်ခါပွင့်မှ၊ ဆရာကောင်း သမားကောင်းနဲ့ တစ်ခါ တစ်ခါကြုံမှ သြော် ရုပ်ဟာ အကြောင်း လေးပါးကြောင့် ဖြစ်တာ၊ ငါ့ကိုယ် ငါဟာ မဟုတ် ဘူးဟ သဘောကျပလား (ကျပါတယ် ဘုရား)။

နာမ်ကလည်း အကြောင်းနှစ်ပါးကြောင့် ဖြစ်တာ ငါ့ကိုယ်၊ ငါ့ဟာ မဟုတ်ဘူးဟ (မှန်လှပါ) အံမာ ဒီလို တစ်ခါ တစ်ခါလေး လာတာနော် (မှန်လှပါ ဘုရား)။

ဘယ့်နှယ် ဆုံးဖြတ်ချက်ချကြမယ် (တစ်ခါ တစ်ခါလေး လာတာပါ ဘုရား) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ငါလုပ်ထားတာမဟုတ်လို့ ငါမပိုင်ဘူး

ကိုင်း ဒါဖြင့် ဘုန်းကြီးပြောပါပြီ ဒကာ ဒကာမတို့ ယနေ့ ဘယ်လိုများ ပိုင်သွားသတုံး ဆိုတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက်ဖို့ ဘယ်လိုများ ပိုင်သွားသတုံးဆိုတော့ သြော် အစကကိုက ငါလုပ်ထားတာ မဟုတ်လို့ ငါမပိုင်ဘူး (မှန်ပါ့)။

ဆိုနိုင်မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား) အစက ငါလုပ်ထားတာမဟုတ်လို့ (ငါမပိုင်ပါဘူး ဘုရား) ရုပ် လည်းမပိုင်ဘူး၊ နာမ်ကော (မပိုင်ပါဘူး ဘုရား)။

ဟာ ဒါဖြင့် ဒကာ ဒကာမတွေ ဒီဥစ္စာ မပိုင်မှန်းသိလို့ – ရှိရင် ဒီရုပ်ရော၊ နာမ်ရော အနတ္တ ဖြစ်ပါတယ် (မှန်လှပါ ဘုရား)။

ရှင်တုန်းကတည်းက အနတ္တ

မပိုင်မှန်းသိတဲ့အတွက် ဘာတုံး (အနတ္တ ဖြစ်ပါ တယ် ဘုရား) သြော် ခင်ဗျားတို့က အိုးကွဲ သွားတော့မှ အနတ္တ ဖြစ်နေတာ ခက်တာက။

လူသေသွားမှ အနတ္တဖြစ်နေတာ ဒီအရှင်ကိုက ခင်ဗျားတို့ အရှင် မဟုတ်ဘူး (မှန်ပါ့) သဘော ကျပလား (ကျပါတယ် ဘုရား)။

ရှင်တော့ ရှင်နေတာပဲ၊ ရှင်တုန်းကကိုက ခင်ဗျား တို့ဟာ မဟုတ်ဘူး (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား)။

ခုတော့ သားသေမှ အနတ္တမို့ လက်လျှော့ လိုက်ရ တယ်၊ သမီးသေမှ အနတ္တမို့ လက်လျှော့ လိုက်ရတယ်၊ အိုးကွဲ မှ အနတ္တ လက်လျှော့လိုက်ရတယ်။

သေမှ အနတ္တမဟုတ်ဘူး

သစ်ပင်တွေ လဲသွားမှ ကိုယ် အနတ္တလက်လျှော့ လိုက်ရတယ် ဆိုတာမျိုးက ဦးဘတင် မမှန်ဘူးနော် (မမှန်ပါဘူး ဘုရား) မမှန်ဘူးတဲ့။

ခု အစောကြီး မပျက်စီးခင်ကကိုက ရုပ်နာမ်တွေ မပျက်စီးခင်ကိုက ဘာမှတ်ကြမယ် (အနတ္တပါ ဘုရား) ကိုယ်မဆိုင်ဘူးနော် သေချာကြပလား (သေချာပါပြီ ဘုရား)။

ရုပ်ပေါ်လည်း (မဆိုင်ပါဘူး ဘုရား) မဆိုင်ပါ ဘူး ဒကာ ဒကာမတို့ ဆိုင်တယ် ထင်ရင် အကြောင်းလေးပါး ပေါ့ဗျာ (မှန်လှပါ)

နာမ်ပေါ်ရင်ကော ဆိုင်ပါရဲ့ လား (မဆိုင်ပါဘူး ဘုရား)။အဲ ဆိုင်တယ်ဆိုရင် အကြောင်း နှစ်ပါးပေါ့ (မှန်ပါ့) ဆိုင်ချင်ရင်လေ (မှန်လှပါ)။

ခန္ဓာငါးပါးဟာ အနတ္တ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါး တရား နာနေတဲ့ ဒကာ ဒကာမတို့၏ ခန္ဓာငါးပါးဟာ အခု ဉာဏ်နဲ့ ကြည့်ပါ။ တစ်ခုမှ ကိုင်ပိုင် မပါသောကြောင့် အနတ္တလို့သာ မှတ်ထားလိုက် (မှန်လှပါ ဘုရား)။

ရုပ်တရားလည်း (အနတ္တပါ ဘုရား) ခု လျှောက် နေတဲ့စိတ်တွေကကော (အနတ္တပါ ဘုရား) ထွက်လာ တဲ့ အသံလေးကကော (အနတ္တပါ ဘုရား)။

ထိုင်နေတဲ့ သဘောလေးကကော (အနတ္တပါ ဘုရား) သြော် ဦးခင်မောင် အနတ္တချည့်ပဲ။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အနတ္တတော့ ဒကာ ဒကာမတွေ ကောင်းကောင်းနိုင်ပြီ၊ ယနေ့ အစောကြီးပဲ ရှင်းပေးလိုက်တာနဲ့ အနတ္တကောင်းကောင်း ပိုင်သွားတယ် (မှန်ပါ ဘုရား)။

လက္ခဏာ မပိုင်သေးဘူး (မှန်လှပါ ဘုရား)၊ ဦးခင်မောင် ဘာမပိုင်ဘဲဖြစ်နေတုံး (လက္ခဏာ မပိုင်ဘဲ ဖြစ်နေပါတယ် ဘုရား)။

အနတ္တတော့ ပိုင်တယ် ဒကာ ဒကာမတွေ လက္ခဏာ မပိုင်သေးဘူး (မှန်လှပါ)၊ ကိုမြရွှေ ဒါရှေ့ကို ဆက်နားထောင် ပါ (မှန်လှပါ ဘုရား)၊ တော်တော် အရေးကြီးလို့ ပြောနေတယ် (မှန်လှပါ့)။

ဒကာ ဒကာမတွေ ခုသိထားတာကတော့ အနတ္တ တော့သိပြီ၊ ကိုယ်လုပ်ထားတာ မဟုတ်ဘူး၊ သူတစ်ပါး လုပ်ထား တာ ဖြစ်လေသောကြောင့် မပိုင်ဘူး ဆိုတာတော့ သိတယ် (မှန်လှပါ)၊ ဦးခင်မောင် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရူပံ အနတ္တ၊ ဝေဒနာ အနတ္တ၊ သညာ အနတ္တ၊ အနတ္တတော့ ဟောရှာ ပါတယ်။

မင်းတို့ သန္တာန်ရှိတဲ့ ခန္ဓာငါးပါးဟာ ဘယ်လိုဟောတုံး (အနတ္တပါ ဘုရား)၊ အနတ္တလို့ ဟောလိုက်တယ်တဲ့ ဒကာ ဒကာမတွေလဲ ယ္ခုတော့ဖြင့် ယနေ့ သဘောကျပြီ။

နာမ်တရားလေး စားချင်တဲ့ စိတ်ကလေး ပေါ်လာ တာကလည်း ဘာပါလိမ့် (အနတ္တပါ ဘုရား) အင်း ပူတဲ့ ရုပ်ကလေး ပေါ်လာတာကော (အနတ္တပါ ဘုရား)။

အေးတဲ့ ရုပ်ကလေးပေါ်လာရင်ကာ (အနတ္တ ပါ ဘုရား) ပြုံးတဲ့ စိတ်ကလေး ပေါ်လာရင်ကော (အနတ္တပါ ဘုရား) ယားတာလေး ပေါ်လာရင်ကော (အနတ္တပါ ဘုရား)။

အင်း ကောင်းတာလေး ပေါ်လာရင် (အနတ္တ ပါ ဘုရား) သူတစ်ပါး လုပ်တာချည့်ကိုးဗျ (မှန်လှပါ) ဦးခင်မောင် ဘယ်လိုဆိုပါ့မတုံး (သူတစ်ပါးလုပ်တာ ချည့်ပါ ဘုရား)။ ၊

သူတစ်ပါး လုပ်ထားတာချည့် အကုန်စု နေတာချည့်ပဲ၊ ဒကာ ဒကာမတွေက ကိုယ်ပိုင် လုပ်စရာတော့ အချက်အလက် အကွက်တော့ မပါတော့ပါဘူး (မှန်လှပါ) ပါသေးရဲ့လား (မပါပါဘူး ဘုရား)။

ဒါဖြင့် သြော် အနတ္တဆိုတာက တို့ခန္ဓာငါးပါး ပါလားဆိုတာ ယနေ့တော့ဖြင့် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

အနတ္တက လက်ရှိခန္ဓာငါးပါး

ဦးခင်မောင်ရေ အနတ္တက ဘာတဲ့ဗျာ (ခန္ဓာ ငါးပါးပါ ဘုရား) လက်ရှိ ခန္ဓာငါးပါး (မှန်လှပါ) လက်ရှိ ခန္ဓာငါးပါးနော် ကိုယ်တောင် မထည့်လိုက်ပါနဲ့ လက်ရှိခန္ဓာ ငါးပါး (မှန်လှပါ ဘုရား)။

ဦးဝ (လက်ရှိ ခန္ဓာငါးပါးပါ ဘုရား) အခု ရှိတဲ့ခန္ဓာငါးပါး (မှန်လှပါ ဘုရား) ကောင်းပြီ၊ ခုရှိနေ တဲ့ ခန္ဓာငါးပါးဟာ အနတ္တဆိုတာတော့ဖြင့် သေချာပြီ။

ဒီ အနတ္တက ဦးခင်မောင်ရေ ဆဆက္ကသုတ်မှာ လာတဲ့ အနတ္တကို ဟောနေတာနော် (မှန်လှပါ ဘုရား)

ကောင်းပြီ ဒါဖြင့် ခန္ဓာငါးပါးကို အနတ္တတရားလို့ မှတ်လိုက် တာပေါ့ (မှန်လှပါ ဘုရား)။

ခန္ဓာ ငါးပါးကို (အနတ္တတရားပါ ဘုရား) ဦးဘတင် လက္ခဏာ မပေါ်သေးပါဘူး လက္ခဏာ မပေါ်သေးပါဘူး ဒကာ ဒကာမတွေ လက္ခဏာ ရှင်းပြပါ ဦးမယ် (မှန်ပါ့)။

ဘုရားက အနတ္တသုတ်လို့ မဟောပဲ၊ ဘယ်လိုများ ဟောပါလိမ့် အနတ္တလက္ခဏာ သုတ်လို့ ဟောတယ် (မှန်လှပါ) ဘယ်လိုဟောပါလိမ့် (အနတ္တလက္ခဏာသုတ် ဘုရား)။

အနတ္တသုတ်လို့ ဟောကိုမဟောဘူး (မဟော ပါဘူး ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုရားက အနတ္တလက္ခဏာသုတ်လို့ ဟောတယ်

ဘယ်လို ဟောပါလိမ့် (အနတ္တလက္ခဏာ သုတ်လို့ ဟောပါတယ် ဘုရား) ဒါဖြင့် ကျုပ်တို့က အနတ္တ တစ်ပိုင်းပဲ သိသေးတယ် ဦးဘတင်တို့က လက္ခဏာ မသိသေး ပါဘူး (မှန်လှပါ ဘုရား)။

ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) ဒါ အသေအချာ စစ်ထုတ်တာပဲ ဒကာ ဒကာမတို့၊ မသိမရှိအောင်ပဲ တစ်ခါတည်း ဒီနေ့ နာရတာ ဒကာ ဒကာမတွေ တို့ခန္ဓာငါးပါး အပြော တို့ခန္ဓာ ငါးပါးနော် အရှိကတော့ဖြင့် ကိုယ်နဲ့ ဘာမှမဆိုင်တာ အနတ္တသဘော သက်သက် ဧကန် ပါပဲ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဦးခင်မောင် ရှေ့တစ်ဆင့် တက်တော့မယ်။ (မှန်လှပါ ဘုရား)။ ဘယ်တက် မယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိကြပါတော့ လက္ခဏာ ပြတော့မယ် (မှန်လှပါ ဘုရား) ။ သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတို့ “အိုး”ဘယ်သူလုပ် သတုံးလို့ မေးလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့ အိုးဘယ်သူ လုပ်သ တုံး ဆိုလို့ရှိရင်ဖြင့် အိုးဖြစ်လာအောင်၊ ရေထည့်တဲ့အခြေနေ ရောက်အောင် ခိုင်လာအောင် အင်း မီးက လုပ်တယ် (မှန် လှပါ)။

အိုး ဘယ်သူလုပ်ပါလိမ့် (မီးကလုပ်ပါတယ် ဘုရား) ဒါကြောင့်လည်း အိုးဖြစ်လာ ခဲ့တယ်နော်၊လူက ဆိုတာ ကတော့ ဖေးကာ၊ မကာပါ။

တကယ်တမ်း လူချည့်သက်သက်နဲ့ ဦးဘတင် အိုးဖြစ် နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား) တကယ်ခိုင်ခန့် တည်တံ့အောင် လုပ်လာတာ ဘယ်သူက လုပ်တာ (မီးကပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် အိုးကို မီးကလုပ်တယ် (မှန်ပါ့) မီးကလုပ်ပြီး သကာလ ဒီအိုးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မီးတည်းဟူသော အကြောင်းက လုပ်ထားသောကြောင့် အိုးဖြစ်လာတယ်။

အိုးသည်ကားလို့ ဆိုရင်ဖြင့် မြေအိုးဖြစ်လေသော ကြောင့် အင်း လေတိုက်လို့ သော် လည်းကောင်း၊ လွတ်ကျ၍ သော်လည်းကောင်း၊ အင်း နေပူမိုးရွာနဲ့ ပျမ်းမျှကြေး နေပူ လွန်းအားကြီးလို့ အက်ရ သော် လည်းကောင်း၊ အင်း ရေထိသွားလို့ ပျော်ရသော် လည်းကောင်း ဆိုတော့ လာနေပြီ ဗျ (မှန်လှပါ) မလာရပေဘူးလား (လာရပါ တယ် ဘုရား)။

ဒါဖြင့် သူများ လုပ်ထား သောကြောင့် ဒကာ ဒကာမတို့ အနတ္တဖြစ်လေ သောကြောင့် သူသည် မခိုင်တဲ့သဘော တစ် ခုခု ပြောပြလိမ့်မယ် (မှန်လှပါ)။ ပြောမသွားပေဘူးလား (ပြောပါတယ် ဘုရား)။

ပင်ကိုသဘောစွန့်သွားသောလက္ခဏာ

ပြောသွားတဲ့ အခါကျတော့မှ သြော် နဂိုရှိတုန်းက အနတ္တ၊ သူ့ပင်ကို သဘော စွန့်သွားတော့မှ လက္ခဏာ၊ ရှိနေတုံးက (အနတ္တပါ ဘုရား)။

သူ့သဘောလေး စွန့်သွားတော့ (လက္ခဏာပါ ဘုရား) သြော် ဒါဖြင့် အနတ္တကို သိရုံနဲ့မပြီးဘူး၊ လက္ခဏာ ရောက်မှ သာလျှင် နေရာကျတော့မယ် (မှန်လှပါ ဘုရား)။ သဘောပါကြပလား (ပါပါတယ် ဘုရား)။

ခန္ဓာငါးပါးဟာ ပင်ကို ရှိနေတုန်းကတော့ ဘယ်လို မှတ်ကြမယ် (အနတ္တပါ ဘုရား)၊ ဖျတ်ဆို ရုပ်ကလေးကလည်း ပျက်စီးသွားတယ်။

စိတ်ကလေးကလည်း ခုပေါ်ခုပျက်စီးသွားတယ်၊ ပျက်စီးသွားတဲ့ အခါကျတော့ ဘာပေါ်လာတုံး (လက္ခဏာ ပေါ်လာပါတယ် ဘုရား)။

ဖြစ်တုန်းကအနတ္တ ပျက်သွားတော့လက္ခဏာ

ဪ ဒါနှစ်ခုပေါင်းမှသာလျှင် အနတ္တနဲ့ လက္ခဏာနဲ့ဟာ ပြည့်စုံတယ် (မှန်လှပါ)။

ဦးခင်မောင် (မှန်လှပါ) နှစ်ခုပေါင်းမှ ပြည့်စုံ တယ်။ တစ်ခုတည်း သိထားတော့ အနတ္တပဲ သိတယ် (မှန်လှပါ ဘုရား)၊ နောက်ကျတော့ အနတ္တ လက္ခဏာကို သူပြလိုက်တယ်။

ကျုပ်ဟာ ခင်များတို့ မပိုင်ကြောင်းကို ရှင်းသထက် ရှင်းအောင်ပြပါ ဦးမယ်ဆိုပြီး နာမ်ကလေး ကလည်း ဖျတ်ဆို ပျောက်ပျက်သွား တယ် (မှန်လှပါ ဘုရား)။

ရုပ်ကလေးကလည်း (ပျောက်ပျက်သွား ပါတယ် ဘုရား)။ ပျောက်ပျက်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတွေ က ဪ နဂိုကလည်း မပိုင်တာ မပိုင်တဲ့ သဘော ဗောလော ကြီး ပေါ်အောင်ပဲ ပြောသွားတယ် ဆိုတဲ့ အဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။

နဂိုကလည်း ဘာတုံး (မပိုင်ပါဘူး ဘုရား)။ နဂိုက မပိုင်တော့ကို ကြည့်ရင်းမတ္တနဲ့ပဲ မပိုင်တဲ့ သဘောကို ရှင်းသထက် ရှင်းအောင် ဓမ္မက ပြောသွားပြန်တယ် (မှန်လှပါ ဘုရား)။

ဘယ်သူက ပြောသွားတုံး (ဓမ္မက ပြောသွားပါ တယ် ဘုရား) ဓမ္မက ပြောသွားတော့ ဦးခင်မောင်တို့က ခေါင်း ညိတ်ရမယ် (မှန်လှပါ ဘုရား)။

ဪ အနတ္တလည်း ဟုတ်ပါပေတယ်။ လက္ခဏာလည်း ဆိုက်ပါပေတယ်၊ သူ့လက္ခဏာလည်း ပြပါပေတယ် (မှန်လှပါ ) ဘယ့်နှယ်ဆိုကြမယ် (သူ့လက္ခဏာလည်း ပြပါတယ် ဘုရား)။

အနတ္တလည်း ဟုတ်ပါပေတယ်၊ လက္ခဏာလည်း ရှင်း ပါပေတယ်။ အနတ္တလက္ခဏာ မရှင်းသေး ဘူးလား (ရှင်းပါတယ် ဘုရား)။

ပင်ကို ရှိနေတုံးက ဘာတဲ့ (အနတ္တပါ ဘုရား) အင်း နောက်ကျတော့ ဒကာ ဒကာမတွေ ကိုယ့်စိတ်ကလေးက စား ချင်တဲ့စိတ်ကလေးက ဖျတ်ဆို ပျောက်သွားတယ်။

အိပ်ချင်တဲ့စိတ်ကလေးက ဖျတ်ဆိုပျောက်သွားတယ် (မှန်ပါ့) အင်း ပေါ်လာတုန်းက အနတ္တပေါ့ဗျာ (မှန်ပါ့) နောက်ပျောက်သွားတဲ့ အခါကျတော့ (လက္ခဏာပြပါ တယ် ဘုရား) လက္ခဏာ ပြသွားတယ်။

ဉာဏ်ကလေးနဲ့ခေါင်းညိတ်စမ်းပါ

လက္ခဏာ ပြသွားတော့မှ ဦးခင်မောင်တို့က ဦးဘတင် တို့က ဉာဏ်ကလေးနဲ့ ခေါင်းညိတ် စမ်းပါ (မှန်လှပါဘု ရား) အနတ္တလက္ခဏာ ကဖြင့်ကွာ အနတ္တ ပေါ်လည်း ယုံပါရဲ့၊ လက္ခဏာပေါ်မှာ လည်းတကယ့် ကိုပဲ ဆုံးဖြတ်ချက် ချနိုင်ပါ ရဲ့ သဘောကျပလား (ကျပါတယ် ဘုရား)။

အနတ္တဆိုတာလည်း (ယုံပါတယ် ဘုရား)။ လက္ခဏာကလည်း မှန်လိုက်တာ (မှန်ပါ့)။

ဘယ်သူ့သဘော၊ ဘယ်သူ့ အကြိုက် သူလိုက်သေး သတုံး (မလိုက်ပါဘူး ဘုရား)။ နာမ်ဓမ္မ၊ ရုပ်ဓမ္မကလေ (မလိုက်ပါဘူး ဘုရား)။

ဘယ်သူ့အကြိုက်မှမလိုက်လက္ခဏာကပြောတာ

မည်သူ့သဘော မည်သူ့အကြိုက်မှ ဒကာသစ်တို့၊ ကိုမြရွှေတို့ လိုက်သေးရဲ့လား (မလိုက်ပါဘူး ဘုရား) အဲဒိ မလိုက်တာက သူ့လက္ခဏာ ပြောတာ (မှန်ပါ့)။

ဒါဖြင့်ဒကာ ဒကာမတို့ အနတ္တနဲ့ လက္ခဏာကော ကွဲပါပလား (ကွဲပါတယ် ဘုရား)။ ဦးခင်မောင် ဒီဥစ္စာ သိပ်အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတွေ အရေးမကြီးတဲ့နေ့ မပါဘူးနော် (မှန်လှပါ)။ အရေး မကြီးတဲ့ နေ့မပါဘူး။ သေသေချာချာ ဂရုစိုက်ပြီးနား ထောင်ပါ။ ဒီနေ့ ဒီနှစ်လုံးကို ရေလည်အောင် ပြောမှာပဲ ဒါနဲ့ နိဗ္ဗာန် ဝင်အောင် ပြောရမှာပဲ(မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ဘာလေး ပေါ်လာလာပေါ်လာအစ ဘာခေါ်ကြမယ် (အနတ္တ ပါ ဘုရား)။ ပျောက်သွားရင် ဘာဆိုကြမယ် (လက္ခဏာပါ ဘုရား)။

အဲ ပျောက်သွားတော့ လက္ခဏာ သိတယ်၊ ပေါ်တော့ အနတ္တ သိတယ်။ ပျောက်တော့ (လက္ခဏာ သိပါတယ်ဘု ရား)။ ပေါ်တော့ (အနတ္တ သိပါတယ် ဘုရား)။ ပျောက် သွားတော့ (လက္ခဏာ သိပါတယ် ဘုရား)။

အဲဒီလို လက္ခဏာ သိမှသာလျှင် ဒါဖြင့် လက္ခဏာက ဘာလက္ခဏာတုံး ဆိုတော့ အနတ္တ ၏ လက္ခဏာ၊ ဦးဘတင် ဘာတဲ့ (အနတ္တ၏ လက္ခဏာ ပါ ဘုရား)။

အနတ္တလက္ခဏာဉာဏ်

အနတ္တ၏လက္ခဏာ ဆိုတော့ ခင်ဗျားတို့က အင်း အနတ္တ၏ လက္ခဏာ ကလေးကို ဉာဏ် ကလေးနဲ့ တွေးလိုက် တဲ့အခါကျတော့၊ အနတ္တ၏ လက္ခဏာ လေးကို ဓမ္မက ပြောသွားတဲ့အခါ ကျတော့၊ ဦးခင်မောင်တို့ သြော် အနတ္တ၏လက္ခဏာ ရှင်းလိုက်တာ (မှန်လှပါ)

မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဦးဝ (ဆိုနိုင်ပါတယ် ဘုရား)။ အဲဒီ ရှင်းလိုက်တာ ဆိုတာလေးဟာ အနတ္တလက္ခဏာသိတဲ့ အနတ္တလက္ခဏာဉာဏ် (မှန်ပါ့)။ သဘောကျပလား (ကျပါတယ် ဘုရား)။

ရှင်းလိုက်တာလေး ဆိုတာက ဘာပါလိမ့် (အနတ္တ လက္ခဏာဉာဏ်ပါ ဘုရား)။ အနတ္တ လက္ခဏာဉာဏ် (မှန် ပါ့) ရှင်းပလား, (ရှင်းပါပြီ ဘုရား)။

အနတ္တလက္ခဏာဉာဏ်ရမှ အတ္တပြုတ် သွားတယ်

သြော် ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အနတ္တ လက္ခဏာ ဉာဏ်ရတော့မှ ခုနင်က အတ္တပြုတ် သွားတာကိုး (မှန်လှပါ) အတ္တပြုတ် သွားတယ်။ အနတ္တလက္ခဏာ ဉာဏ်ရ လိုက်တဲ့ အခါကျတော့ ဘာပြုတ်သွားတုံး (အတ္တ ပြုတ် သွားပါတယ် ဘုရား)။

အတ္တဒိဋ္ဌိ ပြုတ်သွားတယ် သဘောကျကြလား (ကျပါတယ် ဘုရား) ရှင်းအောင် ပြောနေပြီ (မှန်ပါ့) အင်မတန် ရှင်းအောင် ပြောနေတယ် ဆိုတာ ယုံကြပလား (ယုံပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဓမ္မလေးတစ်ခု ပေါ်လာတယ်၊ ခန္ဓာထဲမှာ ရုပ်ကလေး ရုပ်အသစ်ပေါ်လာတယ်၊ နာမ်အသစ် ပေါ်လာ တယ် ဘာဆိုကြမယ် (အနတ္တပါ ဘုရား)။

အင်း ပေါ်လာပြီး စောင့်ကြည့်နေတော့ ဦးခင်မောင် တို့က ပျောက်သွားတာပဲ (မှန်လှပါ)။ စောင့်ကြည့် နေတော့ (ပျောက်သွားပါတယ် ဘုရား)။

ပျောက်သွားတာလက္ခဏာ

ပျောက်သွားတော့ ဘာတွေများပြောသတုံး (လက္ခဏာ ပြောသွားပါတယ် ဘုရား)။ လက္ခဏာ ပြောသွားတော့ ခင်ဗျားတို့က မသိလိုက်ဘူးလား (သိပါတယ် ဘုရား)။

သိတာကဉာဏ်

ဒါဖြင့် ခင်ဗျားတို့ သိလုံးကလေးဟာ ဘာပါလိမ့်မတုံး ဆိုတော့ အို ဒါဉာဏ်သိလုံးလေးကို (မှန်ပါ့) အနတ္တလက္ခဏာ ဉာဏ်လေးတွေ (မှန်ပါ့)။

အနတ္တလက္ခဏာဉာဏ်

ဘယ်လို ဆိုကြမယ် (အနတ္တ လက္ခဏာ ဉာဏ်လေးတွေပါ ဘုရား) အို အနတ္တလက္ခဏာ ဉာဏ်လေး ရလိုက် တယ် ဆိုကတည်းက အတ္တဒိဋ္ဌိ နင်သွားတော့ ဟယ်လို့ ငါ့ကိုယ် ငါ့ဟာထင်တာ နင်သွားတော့လို့ မောင်းရသေးရဲ့လား (မမောင်းရပါဘူး ဘုရား)။

မမောင်းရပါဘူး ဒကာ ဒကာမတို့ ကောင်းကောင်း သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ပေါ်လာရင် ဘာဆိုကြ (အနတ္တပါ ဘုရား) ပျက်ပြတော့ (လက္ခဏာပါ ဘုရား) သဘောကျ ပလား (ကျပါတယ် ဘုရား)။ )

ကိုင်း အနတ္တမှ မသိတဲ့ ပုဂ္ဂိုလ်ဟာ လက္ခဏာသိဖို့ ဦးဘတင်တို့ (မဖြစ်နိုင်ပါဘူး ဘုရား) မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ ခု အသေအချာ စစ်ပြောတော့မှ ပေါ်လာတာ (မှန်လှပါ ဘုရား)။

နို့ မဟုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက သူတို့ အိုးကွဲသွားတော့မှ သားလေး၊ သမီးလေး စွန့်ပစ်လိုက်ရမှ အို အနတ္တမို့ လက်လျှော့လိုက်ရတယ် ဆိုတာက နဂိုက အနတ္တ သူသိခဲ့တာ မဟုတ်ဘူး (မှန်လှပါ ဘုရား) သဘောပါ ကြပလား (ပါပါတယ် ဘုရား)။

နဂိုကိုက ဘာတုံး (အနတ္တပါ ဘုရား) နဂိုကိုက ခန္ဓာငါးပါးဟာ ဘာတရားတုံး (အနတ္တပါ ဘုရား)။

အဲတော့ သူတို့ကသေမှ အနတ္တမို့ မတတ်နိုင်လို့ စွန့်လိုက်ရတယ်ဆိုတော့ နဂိုက အတ္တရှိတယ် သူ့မှာ (မှန်လှ ပါ ဘုရား) ဒါဖြင့် အတ္တက အတော်ရှည်နေပြီ (မှန်ပါ့) မရှည်ဘူးလား (ရှည်ပါတယ် ဘုရား)။

ဟို တကယ်တမ်း ဒေါမနဿနဲ့ စွန့်လိုက်တော့မှ အနတ္တမို့ လက်လျှော့ လိုက်ရတယ် ဆိုတဲ့ ဥစ္စာကျတော့ သူသည် အနတ္တမသိပါဘူး (မှန်ပါ့)။

မသိတဲ့အတွက် လက္ခဏာကိုလည်း မသိတဲ့အတွက် တစ်ခါတည်း မျက်ရည်ကျတယ် (မှန်လှပါ ဘုရား) မျက်ရည်ကျပြီး စိတ်ထဲ ဒေါမနဿတွေ ဖြစ်လာတယ် (မှန်ပါ့)။

မကျေနပ်ပဲ သုံးနှစ်သုံးလီ မမေ့နိုင်တဲ့ ဒေါမနဿ အကြီးဆုံးဖြစ်လာတယ် (မှန်လှပါ) အဲဒါ ဘာမသိတာတုံး ဆို တာ ရိပ်မိပလား အနတ္တ တုန်းကလည်း မသိခဲ့ဘူး (မှန်ပါ) လက္ခဏာ ပြတော့ကော (မသိပါဘူး ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘုရားအဆူဆူနဲ့ လွဲခဲ့တာဟာ ယနေ့ဖြင့် ကောင်းကောင်းပေါ်ပါပြီ (မှန်လှပါ ဘုရား)။

အနတ္တ ခန္ဓာလို့လဲ မသိခဲ့ဘူး၊ အနတ္တ၏ ခန္ဓာက လက္ခဏာကို ပြလိုက်ပြန်တော့လည်း ခင်ဗျားတို့ အပါယ်သွား ဖို့ချည်း ဖြစ်နေတယ်။ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ဘယ်လိုဆိုမယ် (အပါယ်သွားဖို့ ချည်းပါ ဘုရား) ဘယ့်နှယ်ကြောင့် အပါယ်သွားဖို့ ဖြစ်ရတုံးလို့ မေးတဲ့အခါကျမှ ဦးဘတင် အနတ္တကို မသိလို့ လက္ခဏာ ပြတော့ကော အပါယ်သွားတာပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နဂိုကအနတ္တမသိခဲ့လို့

အနတ္တကို မသိခဲ့လို့ (လက္ခဏာ ပြတော့ အပါယ်သွားပါတယ် ဘုရား) ကိုင်း ဒီဥစ္စာ ဆုံးဖြတ်ချက် ကျပြီ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ကျပြီ မကျသေးဘူးလား (ကျပါတယ် ဘုရား)။

နဂိုကိုက ဘာမသိခဲ့တုံး (အနတ္တ မသိခဲ့ပါဘူး ဘုရား) ဘယ်သိမတုံးဗျ ဒီလို ဆရာသမား ကောင်းနဲ့ ရုပ်မှာ အကြောင်းတရားလေးပါးက ပြုပြင်ထားတာ၊ မင်းတို့ဟာ မဟုတ်ဘူး အစောကြီးက မသိဘူး (မှန်ပါ့)။

နာမ်မှာ အကြောင်းတရား နှစ်ပါးက ပြုပြင်ထားတာ မင်းတို့ဟာ မဟုတ်ဘူးလို့ ဒီလိုက သိမထားတော့ကို ဒီလို ပင်ကို ပေါ်လာတာလေးကို ကံကောင်းလို့ သားကောင်းလေး ထွန်းကား လာတယ်၊ သမီးကောင်းလေး ထွန်းကား လာတယ်။

ကမ္မဝါဒီ ဒိဋ္ဌိဖြစ်နေတယ်

ကံပေါ်မှာချည့် ယူချလိုက်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) ကံပေါ် မှာချည့် ယူချလိုက်တဲ့အခါကျတော့ ကမ္မဝါဒီ ဒိဋ္ဌိဖြစ်သွား တယ်။ (မှန်ပါ့)

ဒီကံချည့် ပြုပြင်လို့ရတာလား ဆိုတော့ ဒီကလေး၏ ရုပ်နာမ်မှာ ဦးဘတင် လေးပါး မနေလားဗျာ (လေးပါးပါ ဘုရား)

လေးပါးတစ်ပါး ယူတော့ သူဒိဋ္ဌိ ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)

လေးပါး တစ်ပါးထဲယူတော့ (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိပဲ ဒိဋ္ဌိ ဖြစ်ရတာ အကြောင်းမစုံလို့ ဖြစ်ရတာချည့်မှတ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားအဆူဆူနဲ့ လွဲခဲ့တာ အနတ္တလည်း မသိခဲ့လို့ပါဘုရား၊ လက္ခဏာပြတော့ လည်း ဘုရားနဲ့ ရန်ဖြစ်ပါတယ်ဘုရား၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ဒါကြပ်ကြပ် စဉ်းစားပါ ခင်ဗျားတို့ သေချာစဉ်းစား၊ သေချာစဉ်းစား၊ ဘုန်းကြီးက ဒကာ ဒကာမတွေ ဝမ်းထဲမှာ ဒီအတိုင်းရှိတယ်ဆိုတဲ့ ဥစ္စာကိုပဲ တစ်သံသရာလုံးက ဒီအတိုင်း ရှိတယ်ဆိုတော့ ဦးဘတင် ရှင်းအောင် ပြောနေတာ (မှန်လှပါ ဘုရား)

အနတ္တကော သူတို့သိရဲ့လား (မသိပါဘူး ဘုရား) ကဲ အနတ္တမသိတဲ့အတွက် လက္ခဏာ ပြလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတွေ ဘုရားနဲ့ ရန်ဖြစ်၊ တရားနဲ့ရန်ဖြစ်တယ် (မှန်လှပါ ဘုရား)။

မဖြစ်သေးဘူးလား၊ ဖြစ်လား (ဖြစ်ပါတယ် ဘုရား) ဘာကြောင့် လက္ခဏာပြတော့ တရားနဲ့ ရန်ဖြစ်ပါ လိမ့်မတုံး ဘုရားနဲ့ ရန်ဖြစ်ပါလိမ့်မတုံး မေးကြည့်စမ်း ဦးဘတင်

အနတ္တမသိလို့၊ မူလအနတ္တကို မသိလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာမသိတာ ပါလိမ့် (မူလ အနတ္တကို မသိတာပါ ဘုရား)။

အတ္တဒိဋ္ဌိနဲ့အမြဲနေခဲ့တယ်

ဒါဖြင့် ခင်ဗျားတို့သည် အနတ္တလည်းမသိ၊ လက္ခဏာ လည်းမသိဘဲ ဖြစ်ပြီးနေခဲ့တော့၊ အတ္တဒိဋ္ဌိနဲ့ အမြဲနေခဲ့လေရဲ့၊ ဒါကြောင့် အပါယ်မြဲတယ် (မှန်လှပါ ဘုရား)။

သတ္တုချပြီ၊ ဦးဘတင် (မှန်လှပါ)၊ သတ္တုချပြီ ဆိုတော့ ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သေသေချာချာ ရောက်ပြီနော် ဒကာ ဒကာမတို့ (မှန်လှပါ)။

အသေအချာ မရောက်သေးဘူးလား (ရောက် ပါတယ် ဘုရား) ကောင်းပြီ၊ ဒါဖြင့် ယနေ့ ရှင်းရတာ ( ဝိပဿနာရှုတဲ့ နေရာမှာဖြင့် ခင်ဗျားတို့ ချက်ချင်းပဲ မဂ်ဖိုလ် – ဆိုက်အောင်လို့ ဒီဉာဏ်ကို ရှေ့က ပြောနေတာ (မှန်လှပါ ဘုရား)။

ဒီဉာဏ်ကို ရှေ့ကပြောနေတာ၊ တစ်လုံးထဲ မိလိုက်ရင် ကိစ္စပြီးအောင်လို့ ဦးခင်မောင်ရဲ့ အရေးတကြီး ပြောနေတာနော် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ ငါးပါးဟာ ရှိနေတုန်း ဘာတရားခေါ်ကြမယ် (အနတ္တပါ ဘုရား)။

ဖောက်ပြန်ပျက်စီးသွားရင် (လက္ခဏာပါ ဘုရား) ကောင်းပြီ ဒါဖြင့် အနတ္တနဲ့ လက္ခဏာ ဆိုတာကော ရှင်းသွားပလား (ရှင်းပါပြီ ဘုရား)။

အဲဒီ လက္ခဏာ အနတ္တကိုလည်းသိ၊ လက္ခဏာကို လည်းသိတဲ့ ဉာဏ်မှသာလျှင် ဘာဉာဏ် ခေါ်ကြမယ် (အနတ္တလက္ခဏာဉာဏ်ပါ ဘုရား)။

အံမလေး ဦးဘတင်တို့ မနည်းပြောရပါလား (မှန်လှပါ ဘုရား) အနတ္တလက္ခဏာ ဉာဏ်ကလေး ဖြစ်ဖို့ကို အနတ္တကို မသိတုန်းကလည်း ဉာဏ်မလာနိုင်ဘူးဗျ (မှန်လှပါ)။

လက္ခဏာကို မပြရင်လည်း (ဉာဏ်မလာပါဘူး ဘုရား) ဉာဏ်မလာနိုင်ဘူးဆိုတော့ အနတ္တလက္ခဏာ ဉာဏ် ဆိုတဲ့ဥစ္စာ အနတ္တလဲ သိဦးမှ လက္ခဏာလဲ (သိဦးမှပါ ဘုရား)

ဒါမှ ဘာဉာဏ်ဖြစ်မတုံး (အနတ္တလက္ခဏာ ဉာဏ်ပါ ဘုရား) အဲဒီ ဉာဏ်ကမှလဲ ခုနက အတ္တဒိဋ္ဌိ ဖြုတ်နိုင် တာကိုးဗျ (မှန်လှပါ)။ နို့မဟုတ်ရင် ဖြုတ်နိုင်ပါ့မလား (မဖြုတ်နိုင်ပါဘူး ဘုရား)။

သြော် ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ ထောင်ပြီး ဒီတရားတစ်လုံးတည်းနဲ့ ခင်ဗျားတို့ လိုရာခရီးဆိုက်တော့မယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား ဉာဏ်ထဲမှာ (ရှင်းပါပြီ ဘုရား)။

အသေအချာ ရှင်းကြပါ၊ အသေအချာ ရှင်းကြပါ။ မရှင်းပြန်ပြောနေမှာပဲ (မှန်ပါ့) မရှင်းရင်တော့ ရှင်း သထက် ရှင်းအောင် ပြောရမှာပဲ (မှန်လှပါ)။

ခန္ဓာငါးပါး တစ်ပါးပါးပေါ်ရင်အနတ္တ

ခုတော့ သေချာပလား (သေချာပါပြီ ဘုရား) တရားဓမ္မကလေးတွေ ခန္ဓာကိုယ်ထဲမှာ ခန္ဓာငါးပါး တစ်ပါးပါး ပေါ်ရင် ဘာဆိုကြမယ် (အနတ္တပါ ဘုရား)။

အင်း အဲဒါလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရှေ့ဉာဏ်အောက်မှာပဲ ပျောက်သွား ပါလိမ့်မယ် (မှန်လှပါ ဘုရား) ဟုတ်ဖူးလား (မှန်လှပါ)။

ပျောက်သွားတဲ့အခါ လက္ခဏာ

ဉာဏ်အောက်မှာ ပျောက်သွားတဲ့အခါကျတော့ သူက ဘာပြောသွားတုံး (လက္ခဏာ ပြောသွားပါတယ် ဘုရား) လက္ခဏာ ပြောသွားတော့ ခင်ဗျားတို့ ဉာဏ်ထဲမှာ ဘယ်ဉာဏ် ရလိုက် သတုံးလို့ မေးရင် ဘယ့်နှယ်ပြောမတုံး (အနတ္တလက္ခဏာ ဉာဏ်ပါ ဘုရား)။

အနတ္တသိတဲ့ဉာဏ်လဲ ရတယ် (မှန်လှပါ) လက္ခဏာ (သိတဲ့ဉာဏ်လဲ ရပါတယ် ဘုရား)။

ဒါဖြင့် ပေါင်းလိုက်တော့ (အနတ္တလက္ခဏာဉာဏ်ပါ ဘုရား) အနတ္တလက္ခဏာဉာဏ် သေသေချာချာ ရတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဉာဏ်ရပါလိမ့်

ဘာဉာဏ်ရပါလိမ့် (အနတ္တလက္ခဏာဉာဏ် ရပါတယ် ဘုရား) အင်း ပေါ်တာသိတုန်းက ဘာရတုံး (အနတ္တပါ ဘုရား) ပျက်တာသိတော့ (လက္ခဏာပါ ဘုရား)။

ဪ ပေါင်းလိုက်တော့ (အနတ္တလက္ခဏာ ဉာဏ်ပါ ဘုရား)။ ဒါဖြင့် အနတ္တလက္ခဏာဉာဏ် ရောက်ချင် လို့ရှိရင်လည်း ခန္ဓာတစ်ပါးပါး၏ ဖြစ်မှုနဲ့ ပျက်မှုဟာ မပါရင် မပြီးသေးဘူးပေါ့ဗျာ (မှန်လှပါ)။

ဖြစ်မှုပျက်မှုပဲ

ဦးဘတင် ပြီးပါ့မလား (မပြီးပါဘူး ဘုရား) မပြီး ဘူးဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား) ကဲ နောက်ဆုံးပိတ် ကျတော့ ဖြစ်ပျက်သာ ပြန်ဝင်တာပဲ (မှန်လှပါ ဘုရား) ဦးဝကြီး ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)၊

ကောင်းပြီ ဒါဖြင့် ဒိထက်ရှင်းအောင် ဘုန်းကြီးက ပြောပါဦးမယ်၊ ခုတော့ဖြင့် ဒကာ ဒကာမတွေ အနတ္တ လက္ခဏာဉာဏ်ကလေး တစ်ခုဝေဒနာလေး ကြည့်လိုက်ပြန် လည်း ဝေဒနာပေါ်လာရင် အနတ္တ၊ ပျောက်သွားရင် (လက္ခဏာပါ ဘုရား)။

မြင်လိုက်တာလေးက (ဉာဏ်ပါ ဘုရား) ဉာဏ်ဘာဉာဏ်ခေါ်ကြမယ် (အနတ္တလက္ခဏာ ဉာဏ်ပါ ဘုရား) အနတ္တလက္ခဏာ ဉာဏ်ဖြစ်သွား ပြီဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါက ဆရာ ဘုန်းကြီးက ရှင်းသထက် ရှင်းအောင်ပြောတာ (မှန်လှပါ) ဘုရားက မင်းတို့ ဒီထက် ရှင်းအောင် ငါပြောမယ် ဆိုပြီး ဆဆက္ကသုတ် ကျပြန်တော့ ဦးခင်မောင် လာပြန်ပြီ (မှန်လှပါ)။

ဆဆက္ကသုတ်က ဘယ်လိုများ လာလိုက်သတုံးဆို တော့၊ ဟောဒီကံဆိုတာလည်း စေတနာ မဟုတ်လား ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ သူ့ကိုယ်တိုင်က နာမ်ဓမ္မ ဖြစ်နေသောကြောင့် အတိတ်က နာမ်ဓမ္မ အဖြစ်နဲ့ သူ့ကိုယ် တိုင်က အနတ္တမို့ သူက ပြုပြင်တာ ဘယ်လို ဆိုကြမယ် (အနတ္တပါ ဘုရား)။

ဪ ဒါက ပိုရှင်း (မှန်ပါ့) မရှင်း ဘူးလား (ရှင်းပါတယ် ဘုရား)။

အကြောင်း အနတ္တမို့ အကျိုးအနတ္တ

အကြောင်း အနတ္တမို့ ဘယ်လို ဆိုကြမယ် (အကျိုးအနတ္တပါ ဘုရား) ဪ သဘောကျပြီနော် (ကျပါတယ် ဘုရား)။

အကြောင်း အနတ္တမို့ (အကျိုးအနတ္တပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့က သူ့ပြုပြင်တဲ့ ခု တရားနာနေကြတဲ့ ခန္ဓာငါးပါးရှိပါတယ် (မှန်လှပါ)။

သူ့ပြုပြင်တဲ့အကြောင်းကိုက ဘာတွေတုံး (အနတ္တပါ ဘုရား) ဒါဖြင့် အကျိုးတရားက ခိုင်ချင်၊ မြဲချင် တည်တံ့ချင်လို့တော့ ရပါ့မလား (မရပါဘူး ဘုရား)။

ဘယ့်နှယ့်ဆိုမတုံး ဒါဖြင့် အကျိုးတရားကို (အနတ္တပါ ဘုရား) ဒါဖြင့် ဒီသင်္ခါရ တရားကြီး ဘယ့်နှယ် ဆိုကြမယ် (အနတ္တပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

တော်တော်ပေါ်သွားပြီ (မှန်ပါ့) ဦးခင်မောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဦးဘတင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အကြောင်းကိုက ဘာပါလိမ့် (အနတ္တပါ ဘုရား) ဒါဖြင့် ကျုပ်တို့ ခုထိုင်နေတဲ့ ရုပ်နာမ်ကြီး ဘာခေါ်ကြပါ (အနတ္တပါ ဘုရား)။ အနတ္တပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အနတ္တ ဟုတ်တယ် မဟုတ်တယ် ခဏ လေး စောင့်ကြည့်လိုက်ရင် ဘာတွေများ ပြောမယ်ထင် တုံး (လက္ခဏာပြောမှာပါ ဘုရား)။

လက္ခဏာ အသေအချာ ပြောတော့မယ် (မှန်လှပါ) မပြောပေဘူးလား (ပြောမှာပါ ဘုရား)။ ယားတဲ့ နေရာလေး ဒကာ ဒကာမတွေက အင်း ယားတဲ့ နေရာ ဝေဒနာက္ခန္ဓာ လေးပေါ်တယ်။

စောင့်ကြည့်နေစမ်း ဖျတ်ဆို ပျောက်သွားတယ် (မှန်လှပါ ဘုရား)။ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။ အင်းယားတာက အနတ္တ (မှန်ပါ့)။

ယားတာက သူ ယားချင်လို့ ယားတာလား အကြောင်းက တိုက်ဆိုင်လို့ယားတာလား (အကြောင်းက တိုက်ဆိုင်လို့ ယားတာပါ ဘုရား)။

အင်း ဟိုက ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ယားတတ်တဲ့ မြေမှုန့် တို့ ဘာတို့နဲ့ထိလို့ ယားတတ်တဲ့ ဝေဒနာလေး ပေါ်လာတာ (မှန်ပါ့) ကိုယ်လုပ်တဲ့ ဝေဒနာ ဟုတ်ပါရဲ့လား (မဟုတ် ပါဘူး ဘုရား)။

အင်း စောင့်ကြည့်နေတော့လည်း ပျောက်သွားတယ် (မှန်ပါ့) ပျောက်သွားတော့ နဂို ပေါ်တုန်းက အနတ္တ၊ ပျောက် သွားတော့ လက္ခဏာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ ဘယ်ဉာဏ်ရလိုက်ပါလိမ့် (အနတ္တ လက္ခဏာဉာဏ် ရပါတယ် ဘုရား)။

အနတ္တ လက္ခဏာဉာဏ် ရလိုက်တော့ကို ဒကာ ဒကာမတို့ ပဋိစ္စ သမုပ္ပါဒ် ပြတ်ထွက်သွားတယ် (မှန်လှ ပါ ဘုရား)။

ကဲ ရှေ့ကြည့်ကြပါ ပဋိစ္စသမုပ္ပါဒ်ပြတ်ပုံ ရှင်းပြလိုက် မယ်နော်၊ ဟောဒီ ခန္ဓာငါးပါးကို ဘာခေါ်ကြမယ် ဒကာ ဒကာမတို့ (အနတ္တပါ ဘုရား) အနတ္တ ပျက်သွားရင် (လက္ခဏာပါ ဘုရား) လက္ခဏာ။

အနတ္တလက္ခဏာဉာဏ်ဆိုတာ မဂ္ဂင်ငါးပါး

အဲဒီ အနတ္တနဲ့ လက္ခဏာကို နှစ်ခုစလုံး သိတာလေး ကို ဘာခေါ်ကြမယ် (အနတ္တ လက္ခဏာ ဉာဏ်ပါ ဘုရား) အနတ္တ လက္ခဏာ ဉာဏ်ဆိုပြီး ဒီက အနတ္တ လက္ခဏာဉာဏ် ဆိုတာ ဒကာ ဒကာမတွေက မှတ်လိုက်ပါတော့ မဂ္ဂင်ငါးပါး ပါပဲ (မှန်ပါ့)။

ဒီခန္ဓာငါးပါး တစ်ပါးပါးကို အနတ္တလက္ခဏာ ဉာဏ်ပေါ်အောင် လုပ်ရမယ်ဆိုတာက မဂ္ဂင် ပေါ်လာတာ (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာပေါ်လာတုံး (မဂ္ဂင်ပေါ်လာ ပါတယ် ဘုရား) မဂ္ဂင် ပေါ်လာတယ် ဆိုတာ ကောင်းကောင်း သေချာပလား (သေချာပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိခေါင်းဆောင်နေတယ်

ဒါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မဂ္ဂင်ထဲ မှာလဲ ဦးဘတင်က ကြည့်လိုက်စမ်း၊ ကိုမြရွှေတို့ က ကြည့်လိုက်စမ်း၊ မဂ္ဂင်ထဲ ဘယ်သူ ခေါင်းဆောင် နေတုံးဆိုတော့ သမ္မာဒိဋ္ဌိ ခေါင်းဆောင်နေတယ် (မှန်ပါ့)။

သမ္မာဒိဋ္ဌိ ခေါင်းဆောင် နေတော့ ခုနင်က အနတ္တ လက္ခဏာ ဉာဏ်ထဲမှာ သမ္မာဒိဋ္ဌိက ခေါင်းဆောင် နေတယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

နဂိုက ငါ့ကိုယ်ငါ့ဟာ လုပ်နေတာ မိစ္ဆာဒိဋ္ဌိက ခေါင်း ဆောင်တယ် (မှန်လှပါ ဘုရား)။

အင်း နဂိုတုန်းကတော့ ခန္ဓာငါးပါး ငါ့ကိုယ်ငါ့ဟာ လုပ်တုန်းက (မိစ္ဆာဒိဋ္ဌိက ခေါင်းဆောင် နေပါတယ် ဘုရား) ခုတော့ သမ္မာဒိဋ္ဌိ ခေါင်းဆောင်တယ် ဆိုကတည်းက မိစ္ဆာ ဒိဋ္ဌိဟာ လောဘနဲ့ တွဲနေတော့ လောဘနဲ့ တွဲနေတဲ့ ဒိဋ္ဌိဟာ ဒီနေရာမှာ ဒိဋ္ဌိတဏှာ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

တဏှာပြုတ်တယ်

ဒါဖြင့် တဏှာပြုတ်တော့ တဏှာနောက်က လိုက်တဲ့ ဥပါဒါန် (ပြုတ်ပါတယ် ဘုရား) ကံတွေ (ပြုတ်ပါ တယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ပြုတ်ပါလိမ့်မတုံး ဆိုတော့ အို သမ္မာဒိဋ္ဌိ မဂ္ဂင်ငါးပါး ပေါ်လာလို့ (မှန်လှပါ ဘုရား) ဝိပဿနာ မဂ္ဂင် ပေါ်လာလို့ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာပေါ်လာပါလိမ့် (ဝိပဿနာ မဂ္ဂင်ပေါ်လာ လို့ပါ ဘုရား)။ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ် (ပြတ် ပါတယ် ဘုရား)

ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်

ဘယ်က စပြတ်သတုံးဆိုတော့ ဒိဋ္ဌိနဲ့ ရောနေတဲ့ တဏှာက စပြတ်တယ် (မှန်လှပါ ဘုရား)။ ဦးခင်မောင် ဘယ်ကစပြတ်တုံး (ဒိဋ္ဌိနဲ့ ရောနေတဲ့ တဏှာက စပြတ် ပါတယ် ဘုရား)။

ဒိဋ္ဌိနဲ့ တဏှာနဲ့ကတည်း တွဲရက်မို့လား (တွဲရက် ပါ ဘုရား)။ သင်္ဂြိုဟ်ရတဲ့ ပုဂ္ဂိုလ်များ လူတိုင်း သိပါတယ် (မှန်လှပါ ဘုရား)။

လောဘနဲ့ ဒိဋ္ဌိက တွဲရက်ပါကွာ အဲတော့ ဒီလောဘ ဒိဋ္ဌိက ပြတ်မသွားဘူးလား (ပြတ်သွား ပါတယ် ဘုရား) ပြတ်သွားတော့ ဥပါဒါန်ကကော (ပြတ်ပါတယ် ဘုရား)။

အင်း ဥပါဒါန်ရှိမှ လာမယ့် ကံကကော (မလာပါဘူး ဘုရား)။ မလာတော့ဘူးဆိုတော့၊ ဪ အနတ္တ လက္ခဏာ ဉာဏ်သည် ဒိဋ္ဌိကို ဖြတ်တယ်လို့ ဆိုတာကော သေချာပလား (သေချာပါတယ် ဘုရား)။

တဏှာလဲ ရောပါသွားလေရဲ့ (ဆိုနိုင်ပါ တယ် ဘုရား)။ ဆိုနိုင်ကြပြီမို့လား (ဆိုနိုင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် သာမည မဟုတ်ပါလား ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။

သြော် တကယ့် ပဋိစ္စသမုပ္ပါဒ် တကယ်ပြတ်ပါ လားဆိုတော့ ကိုယ်သွားရာ လမ်းခရီးကြီး၊ ကိုယ့်စိတ်စဉ် တန်းကြီး ဒါကြီးကို ပင်လျှင် ဒီအစဉ်တိုင်းသာ ဒိဋ္ဌိ မပြုတ်ရင် ဒီအစဉ်တိုင်း သွားပြီး သကာလ အပါယ်လေးပါး ကျအောင်ပဲ။ ခန္ဓာတွေပေါ်ပြီး ဆင်းရမှာ ဖြစ်နေတာကြီး ယခုတော့ဖြင့် အရှင်းကြီး ရှင်းသွားပြီလို့ ဒကာ ဒကာမတွေ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်မပြတ်၊ ချိန်ကြစမ်းပါ

ကိုင်း ဒါဖြင့် ဦးခင်မောင်ရေ ပဋိစ္စသမုပ္ပါဒ် ပြတ် မပြတ် ချိန်ကြစမ်းပါဦး (ပြတ်ပါတယ် ဘုရား)။

ဘယ်ဉာဏ်က ဖြတ်လိုက်ပါလိမ့် (အနတ္တလက္ခဏာ ဉာဏ်ကပါ ဘုရား) ကိုင်း ဒကာ ဒကာမတို့ အနတ္တ တစ်လုံးပေါ်ရင် နိဗ္ဗာန် ရောက်ပါတယ်ကွလို့ ပြောတော့ အပေါ်ယံ ဖြစ်နေတယ် (မှန်လှပါ ဘုရား)။

ခုတော့ အနတ္တ လက္ခဏာဉာဏ်က ပဋိစ္စသမုပ္ပါဒ် ဖြတ်လိုက်တယ်ကွဆိုမှ သြော် သံသရာ ပြတ်ပေါ့ ဆိုတာ သေချာသွားတယ် (မှန်လှပါ ဘုရား)။

မသေချာဘူးလား (သေချာပါတယ် ဘုရား)။ အင်မတန် အဖိုးတန်သွားပြီ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) မတန်သေးဘူးလား (တန်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်အောင် လုပ်နိုင် တာဖြင့် အနတ္တလက္ခဏာဉာဏ် ဆိုတာဖြင့် ဦးဝ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒါ သင်္ခါရတရား၊ ရှေ့ပိုင်းက ငါးပါးဟာ ဘာတရားတွေတုံး (သင်္ခါရတရားပါ ဘုရား) အဲဒီ သင်္ခါရ တရားတွေဟာ ဘယ်တော့မှ မြဲတယ် မရှိဘူးဆိုတော့ ပျက်စီးတာချည့်ပဲ မနေဘူးလား (နေပါတယ် ဘုရား)။

အဲတော့ သင်္ခါရတရားလို့ သိထားတုန်းက အနတ္တ ဉာဏ်ရပြီ၊ အနတ္တ ရသွားပြီ (မှန်လှပါ) ပျက်တာလေး သိလိုက်တော့ အနတ္တ လက္ခဏာဉာဏ် ရသွားပြီ (မှန်လှပါ)။

ဒါဖြင့် အနတ္တ သိတာလည်း ဉာဏ် (မှန်ပါ့) လက္ခဏာသိတာလည်း (ဉာဏ်ပါ ဘုရား) ဉာဏ်ပဲတဲ့။

ဒီဉာဏ်သည်၊ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်တယ်

ဒကာ ဒကာမတို့ အဲဒီဉာဏ်သည် ဘာကိုနှိမ်နင်း ဖျက်ဆီး လိုက်ပါလိမ့်မလဲ မေးလိုက်တဲ့ အခါကျတော့မှ ပဋိစ္စ သမုပ္ပါဒ် အလယ်က ဖြတ်ပါတယ် ဘုရားလို့ ဆုံးဖြတ်ချက် ချ (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချမတုံး (ပဋိစ္စသမုပ္ပါဒ် အလယ်ကဖြတ်ပါတယ် ဘုရား) အင်း ဒိဋ္ဌိ တဏှာက စဖြတ် လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါ တယ် ဘုရား)။

အစကလည်းပြတ်တယ်

တစ်ခါ ပဋိစ္စသမုပ္ပါဒ် အစကလည်း ဖြတ်ပါတယ် ဘုရားလို့ ဆိုရင်လည်း သမ္မာဒိဋ္ဌိက ဝိဇ္ဇာ ဖြစ်သွား ပြန်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အစကလည်းပြတ်၊ အလယ်က လည်းပြတ်သည် ဖြစ်လေ သောကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ဆုမတောင်းလည်း ရှုသာနေ၊ ရတယ် (မှန်ပါ့ ဘုရား)။

ဆုမတောင်းနဲ့တော့ (မှန်လှပါ) ဦးဘတင် ဆုတောင်းချင်ရင် (မလိုပါဘူး ဘုရား)။ မလိုပါဘူးတဲ့ အဝိဇ္ဇာ ချုပ်လို့ရှိရင် ဝိဇ္ဇာဥဒပါဒိ ဖြစ်တာပဲ (မှန်လှပါ) သဘောကျပလား (သဘောကျပါတယ် ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ ဒါဖြင့် အနတ္တလက္ခဏာ ဉာဏ်ဟာဖြင့် သင်္ခါရတရားကို သိမှ အနတ္တလက္ခဏာ ဉာဏ်ဟာ ပေါ်မယ် (မှန်လှပါ ဘုရား)။

သင်္ခါရတရားမသိရင် (အနတ္တလက္ခဏာဉာဏ် ဟာ မပေါ်ပါဘူး ဘုရား) အဲ သင်္ခါရ တရား သိတော့မှ သူ များ လုပ်ထားတာကိုးလို့ နဂိုက သိထားတော့မှ ဪ အဲဒီက အနတ္တသိတယ် (မှန်လှပါ ဘုရား)။

နောက် သင်္ခါရ တရားက သူများလုပ်ထားတာမို့ မခိုင်လို့ ပျက်သွားတဲ့အခါကျတော့မှ လက္ခဏာ သိတယ် (မှန်လှပါ ဘုရား)။

သင်္ခါရသိမှ အနတ္တလက္ခဏာသိမယ်

ဒါဖြင့် သင်္ခါရကို မသိပဲနဲ့ အနတ္တလက္ခဏာ သိဖို့ အရေးဟာဖြင့် မရှိဘူးလို့ မှတ်လိုက် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရသိမှနော် (မှန်လှပါ ဘုရား) အနတ္တလက္ခဏာ သိနိုင်တယ် (မှန်လှပါ ဘုရား) စကား ကတော့ဖြင့် တခြားစီပဲလို့ ထင်ချင် ထင်ကြမယ်ပေါ့ဗျာ (မှန်လှပါ)။

သို့သော်လည်း ကိုမြရွှေတို့၊ ဒကာသစ်တို့က စဉ်းစား လိုက်၊ သင်္ခါရ မသိပဲနဲ့ အနတ္တ သိပါတယ် ဆိုရင် အလကား ပြောတာ (မှန်လှပါ ဘုရား)။

ဦးခင်မောင် ဘယ်လိုဆုံးဖြတ်ချက်ချ (သင်္ခါရ မသိပဲနဲ့ အနတ္တ သိပါတယ်ဆိုရင် အလကား ပြောတာပါ ဘုရား) ယုံကောယုံပလား (မယုံပါဘူး ဘုရား)။

ကဲ ဒါဖြင့် သင်္ခါရတရားဆိုတာ သူများပြုပြင်ထားတာ သိတော့မှ အနတ္တက အဲဒီအချိန်မှ စပေါ်တာဗျ (မှန်လှ ပါ) သူများပြုပြင်ထားတဲ့ တရားမှန်းသိတော့ ဘာလာပေါ် တုံး (အနတ္တပေါ်ပါတယ် ဘုရား)။

သူများ ပြုပြင်ထားတဲ့ တရားလေးဟာ ပြုပြင်တဲ့အတိုင်း မခိုင်တာလေးမြင်တော့မှ ဘာပေါ် လာတုံး (လက္ခဏာ ပေါ်လာပါတယ် ဘုရား)၊ ဒါဖြင့် “သင်္ခါရာသဿတာ နတ္ထိ” ဆိုတာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။

သင်္ခါရာ= သင်္ခါရတို့သည်၊ သဿတာ = ခိုင်မြဲကုန်သည်၊ နတ္ထိ = ဘယ်တော့မှ မရှိဘူးလို့ မင်းတို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

သင်္ခါရဆိုတာ ဘယ်တော့မှ မခိုင်မြဲဘူးလို့ မင်းတို့ ရှုရမယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင်္ခါရဟာ (ဘယ်တော့မှ မခိုင်မြဲပါဘူး ဘုရား) အဲ ခင်ဗျားတို့ တစ်ကိုယ်လုံး ကလည်း သင်္ခါရ ခန္ဓာကိုယ် (မှန်လှပါ ဘုရား)။

ပေါ်လာတာလေးတွေ ဘယ်တော့မှ မခိုင်ဘူးလို့သာ ရှုနေလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ် (ပြတ်ပါတယ် ဘုရား) အစကလည်း (ပြတ်ပါတယ် ဘုရား)။

အလယ်ကလည်း (ပြတ်ပါတယ် ဘုရား) နိဗ္ဗာန် မှ ရောက်ပါ့မလား (ရောက်ပါတယ် ဘုရား) နိဗ္ဗာန် ဆိုတာ တခြားလား၊ ပဋိစ္စသမုပ္ပါဒ် နောက်ဆက်မလာတာ ဆိုတာလား (ပဋိစ္စသမုပ္ပါဒ် နောက်ဆက် မလာတာ ဆိုတာပါ ဘုရား)။

နောက်ဆက်လာရင် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အဲဒီ နောက်ဆက်မလာတော့ ဒုက္ခချုပ်တာ (မှန်ပါ့) ဒုက္ခချုပ်တာ ဘာခေါ်ကြ (နိဗ္ဗာန်ပါ ဘုရား)။

ဒုက္ခချုပ်သွားတာ နိဗ္ဗာန်

ဪ နိဗ္ဗာန်ဆိုတာ မြို့ကြီး၊ ပြကြီးလား မှတ် နေတယ် စင်စစ်တော့ ဒုက္ခချုပ် သွားတာကိုး (မှန်လှပါ ဘုရား)။

ဘယ်လို ဆုံးဖြတ်ချက်ချ (ဒုက္ခချုပ်သွားတာပါ ဘုရား)။ ဒုက္ခချုပ် သွားတာကိုး ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ တယ်နေရာကျပါ လား ဒါဖြင့် အခုဆရာဘုန်းကြီး ဟောလိုက်တော့ အနတ္တလည်းသိတယ် ယနေ့ (မှန်လှပါ) အနတ္တ လက္ခဏာလည်း (သိပါတယ် ဘုရား)။

ဉာဏ်လည်းရပြီ (မှန်ပါ) ဒီဉာဏ်က ဘာကို ဖြတ်တယ်ဆိုတာလဲ ဦးခင်မောင်တို့ရပြီ (ရပါတယ် ဘုရား) ဒိဋ္ဌိ တဏှာကို ဘယ့်နှယ့်နေတုံး (ဖြတ်ပါတယ် ဘုရား)။

ဪ ပဋိစ္စသမုပ္ပါဒ် အစကလည်းပြတ်၊ အလယ်ကလည်းပြတ်တယ်ဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)။

သုဘဒ်ရဟန်းကမေးတယ်

ဒါကြောင့် မနေ့က သုဘဒ်ကို ပြန်ဆက်လိုက် (မှန်လှပါ ဘုရား) သုဘဒ် ရဟန်းက မေးလိုက်တယ်၊ အရှင် ဘုရား မရှိသည့်နောက် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တွေဟာ အရှင်ဘုရားလည်း ပရိနိဗ္ဗာန်စံရော အားလုံးကွယ်တော့ မှာပဲလားဆိုတာ မေးတယ် (မှန်လှပါ ဘုရား)။

ဟေး သုဘဒ် ဘုရားက ဖြေပြီ(မှန်လှပါ)၊ “ဣမေ စ သုဘဒ္ဒဘိက္ခု သမ္မာဝိဟရေယျုံ အသုညော လောကော အရဟန္တေဟိ အဿ”

သုဘဒ္ဒ= သုဘဒ်ရဟန်း၊ ဣမေ= ဤလောကမှာနေတဲ့ ပုဂ္ဂိုလ်အပေါင်းတို့သည်၊ သမ္မာ= မဖောက်မပြန် အနတ္တ၏ လက္ခဏာကို သိနေသည်ဖြစ်ပါအံ့။ မဖောက်မပြန် အနတ္တ၏ လက္ခဏာကို သိနေသည် ဖြစ်ပါအံ့။ မဖောက်မပြန်ကို သိရမယ်နော် (မှန်လှပါ ဘုရား)။

အနတ္တလည်းသိ၊ လက္ခဏာလည်း သိပေါ့ဗျာ။ (မှန်လှပါ ဘုရား)၊ သမ္မာ= ကောင်းစွာ၊ ဝိဟရေယျုံ= အနတ္တ လက္ခဏာကို ကျင့်ကြံပြီး နေခဲ့ကြကုန် သည်ဖြစ်ပါအံ့၊ အရဟန္တေဟိ= ရဟန္တာ တို့မှ၊ အသုညော= မဆိတ်သည်၊ အဿ = ဖြစ်ရာ၏ (မှန်လှပါ)။

ဆရာကောင်းနဲ့ တွေ့လို့ကျင့်ရင် ရဟန္တာတောင် မဆိတ်သုဉ်းဘူး

ငါမရှိတာ ဘာမှ မဆိုင်ဘူးကွ (မှန်လှပါ) ဒီခုပြော တတ်တဲ့ ဆရာနဲ့ ပြောပြီး သကာလ မင်းတို့ သူပြောတဲ့ အတိုင်း ကျင့်လိုက်လို့ရှိရင်၊ ဘယ်အချိန်မဆို ရဟန္တာ မဆိတ်ဘူး ဆိုသဖြင့် သောတာပန်၊ သကဒါဂါမ် မလိုတော့ဘူး (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဘယ်သူပြောတာမှမယုံနဲ့ ဘုရားပြောတာကိုယုံ

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်သူပြောတာမှ မယုံနဲ့ ဘုရားခု ပရိနိဗ္ဗာန်စံခါနီး ပြောတာ တစ်ထစ်ချ မှတ်လိုက်တော့ (မှန်လှပါ ဘုရား)။

သုဘဒ်ရဟန်းက မေးတာလည်း ဦးခင်မောင်သေချာ ပြီလား (သေချာပါတယ် ဘုရား)၊ အရှင်ဘုရား ပရိနိဗ္ဗာန် စံတော့မှာ အရှင်ဘုရား မရှိရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ကွယ်ရတော့မှာလား။

ဒါ နောင်လာ နောက်သားတွေ ဆင်ခြေတက်မှာစိုး လို့ မေးတာ (မှန်လှပါ ဘုရား) ဟေ့ ဘယ်တော့မှ မကွယ်ဘူးကွ၊ ကောင်းအောင်သာ ကျင့်ပြီး၊ အနတ္တ၏ လက္ခဏာ၊ အနတ္တနဲ့ လက္ခဏာကို ရှင်းအောင်သာ မင်းတို့က ကြည့်ပြီး ဟောတတ်တဲ့ ဆရာနဲ့ပေါင်း။

ပေါင်းပြီး သကာလ မင်းတို့ ဒီဉာဏ်ရပစေ (မှန် လှပါ)။ ဒီဉာဏ်ရရင် ဒီပဋိစ္စသမုပ္ပါဒ် ပြတ်တာ ဟာ နိဗ္ဗာန် ပဲ (မှန်ပါ့)

ပထမပြတ်ရင် သောတာပန် ဖြစ်မှာပဲ (မှန်ပါ့) ဒုတိယပြတ်ရင် (သကဒါဂါမ်ပါ ဘုရား)။

နောက် တတိယ ပြတ်သွားရင် (အနာဂါမ်ပါ ဘုရား) အဲ ပဋိစ္စသမုပ္ပါဒ်က လေးမျိုး ရှိတာကိုး (မှန်လှပါ)။

သောတာပန် ဖြတ်နိုင်တဲ့ ဥစ္စာက ဒိဋ္ဌိဝိစိကိစ္ဆာ ပဋိစ္စ သမုပ္ပါဒ်သာ ဖြတ်နိုင်တာ (မှန်လှပါ ဘုရား)။

သကဒါဂါမ်၊ အနာဂါမ် ဖြတ်နိုင်တာက ကာမရာဂ၊ ရူပရာဂနဲ့ဖြတ်တဲ့ ပဋိစ္စသမုပ္ပါဒ် အစအဆုံး ဒါကိုသာ ဖြတ်နိုင် တာကိုး (မှန်လှပါ ဘုရား)။

ရဟန္တာကတော့ ပဋိစ္စသမုပ္ပါဒ် ဆိုလို့ရှိရင် လုံးလုံးကို ဖြတ်ချလိုက်တာ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်က လေးမျိုးရှိတော့ကို ပထမ အမျိုးကနေပြီး ဒိဋ္ဌိဖြတ်တာက ဒီအနတ္တနဲ့ ဖြတ်ယူကြပါ (မှန်လှပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်တရားလေးပေါ်လာ ပေါ်လာ ပေါ်လာတာ ဘာခေါ်ကြမတုံး (အနတ္တပါ ဘုရား) ပျက်သွားတာကတော့ (လက္ခဏာပါ ဘုရား) မသိဘူးလား (သိပါတယ် ဘုရား)။

သိတာလေးက ဘာဆို ကြမယ် (အနတ္တ လက္ခဏာဉာဏ်ပါ ဘုရား)။

ဒီဉာဏ်က ပဋိစ္စသမုပ္ပါဒ် ဖြတ်တယ်

အဲဒီဉာဏ်လေးဟာ ဘာဖြတ်ပါလိမ့် (ပဋိစ္စ သမုပ္ပါဒ် အစကော၊ အလယ်ကော ဖြတ်ပါတယ် ဘုရား)။ အစကော၊ အလယ်ကော ဖြတ်တယ် (မှန်လှပါ ဘုရား)။

အစက ဖြတ်လိုက်တော့ ဝိဇ္ဇာ ဥဒပါဒိဖြစ်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (မှန်လှပါ ဘုရား) အစဖြတ်လိုက်တော့ (ဝိဇ္ဇာဥဒပါဒိပါ ဘုရား)။

ဝိဇ္ဇာဥဒပါဒိ ဖြစ်ပြီဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ အလယ်က ဖြတ်လိုက် တော့ တဏှာနိရောဓော သွားဖြစ်တယ် (မှန်လှပါ ဘုရား)။

သဘောကျပလား (ကျပါတယ် ဘုရား) အစက ဖြတ်လိုက်တော့ (ဝိဇ္ဇာဥဒပါဒိပါ ဘုရား) အလယ် ဖြတ်လိုက်တော့ (တဏှာနိရောဓောပါ ဘုရား)။

ဒါဖြင့် တဏှာနိရောဓော နိဗ္ဗာနံပဲ (မှန်လှပါ) ဝိဇ္ဇာဥဒပါဒိ ဆိုတာလည်း နိဗ္ဗာန် မြင်တဲ့ဉာဏ် ဖြစ်ပေါ့လို့ ပြောတာပဲ (မှန်လှပါ ဘုရား) ထူးသေးရဲ့လား (မထူးပါဘူး ဘုရား)။

ဘယ်အချိန်လုပ်လုပ် ရဟန္တာဖြစ်နိုင်တယ်

အဲဒါ အသေအချာ မပိုင်သေးဘူးလား (ပိုင်ပါ တယ် ဘုရား) အဲတော့ ဘယ်အချိန်လုပ်လုပ် ခင်ဗျားတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်နိုင်တယ် ဆိုတာ ဆုံးဖြတ်ချက်ချလုပ်ပါ (မှန်လှပါ ဘုရား)။ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့တွင် တော်ပါဦး။

သာဓု သာဓု သာဓု။