122

တရားကျင့်နေတာသည် ဘုရားအကြိုက်ဆုံး

အသံဖိုင်ခေါင်းစဉ်= ဘုရားအကြိုက်ဆုံးပူဇော်နည်း အမှတ်(၁)

စာအုပ်ခေါင်းစဉ်= တရားကျင့်နေတာသည် ဘုရားအကြိုက်ဆုံး

အသံမ​ကြည်ပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

တရားကျင့်နေတာသည် ဘုရားအကြိုက်ဆုံး

(၁၃-၆-၆၁)

အချိန်ဆိုတာ ဘာပါလိမ့်မလဲဆိုတာလည်း သိရအောင်၊ ကျေးဇူးအင်မတန်များတဲ့ အများဆုံးကို ဘုရား – ပရိနိဗ္ဗာန်စံခါနီး ပြောခဲ့တဲ့ စကားကို မောင်နိုင်တို့ ကြားရ လိမ့်မယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အသက် (၈၀) ပြည့်တဲ့အချိန်ကျတော့ အားလုံးတို့၏ သွားရာလမ်းခရီးဖြစ်တဲ့ ပရိနိဗ္ဗာန်စံမှု အလုပ်ကြီး လုပ်ရမယ်လို့ ဆိုတော့ ‘‘ညီတော် အာနန္ဒာ.. မလ္လာမင်းတို့ တိုင်းနိုင်ငံ သွားကြစို့ကွာ’’ မလ္လာမင်းတို့ တိုင်းနိုင်ငံမှာ သူပရိနိဗ္ဗာန် စံမယ်ဆိုတာ ကိုစံလှ မှတ်ထားရမယ် (မှန်ပါ ဘုရား)။

အဲဒီ မလ္လာ မင်းတို့၏ တိုင်းနိုင်ငံ ပရိနိဗ္ဗာန်အစံ သွားကြစို့ဆိုပြီး သကာလ သွားရှာတယ်။

အင်ကြင်းပင်နှစ်ပင်အောက်မှာ ကဲကွာ ပရိနိဗ္ဗာန် စံစရာ ကွပ်ပျစ်ခုတင် လေးခင်းကွာ ဆိုပြီး သကာလ ညီတော် အာနန္ဒာခင်းခိုင်းတော့ ညီတော်အာနန္ဒာက ခင်းတယ်။

မြောက်ဘက်လှည့်ခင်းပေါ့ မြောက်ဘက်လှည့် ခင်း မြောက်သို့ ခေါင်းပြုမယ် ဆိုပြီး သကာလ ခြေထောက် တစ်ချောင်းက ခြေထောက်တစ်ချောင်းကို ထ,မဲ့ပုံသဏ္ဍာန် ဟန်ပန်နဲ့ ပြင်ပြီး သကာလ ထိုင်ပါတယ်။

အင်ကြင်းပင်တွေက ခေါင်းကလည်းတစ်ပင် ခြေရင်းကလည်းတစ်ပင်ဆိုတော့ နှစ်ပင် ရှိတယ်နော် (မှန်ပါ့ – ဘုရား)။

အဲဒီနှစ်ပင်ကတော့ မောင်နိုင် အခါကာလလည်း မဟုတ်ပဲနဲ့ အပွင့်တွေ ပွင့်ပြီး သကာလ လာတယ် ပွင့် လာရုံတင်မကသေးဘူး ဒီဘုရားအပေါ်မှာ တစ်ခါတည်း ကိုင်းညွတ်ပြီး သကာလ အပွင့်တွေ လေလည်းမလှုပ်ပဲနဲ့ ဘာမှလည်း လေပြေလေညှင်းလည်း မတိုက်ပဲနဲ့ ပန်းပွင့်တွေက ဘုရားကိုယ်တော်ပေါ် ကျကြတယ် ပွင့်တာ လည်း အခါကာလ မဟုတ်ဘူးလို့ ကိုစံလှ မှတ်ထားပါ (မှန်ပါ)။

ပူဇော်ကြတယ်

ပွင့်တာလည်း အခါကာလမဟုတ်ဘူး ကြွေကျတာ လည်း သူ့ဟာသူ လေတွေ ဘာတွေ တိုက်လို့ ကြွေရခြင်း မဟုတ်ပဲနဲ့ မောင်နိုင် ပူဇော်တဲ့သဘောပေါ့။ (မှန်ပါ ဘုရား) ပူဇော်တဲ့ သဘောဆိုတာ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ညီတော် အာနန္ဒာက ကြည့်နေတယ် တယ်လည်း ပူဇော်ပါလား အသက်မရှိတဲ့ သစ်ပင်တောင်မှ အခါ မဟုတ်ဘဲနဲ့ ပွင့်ပြီး သကာလ ပန်းပွင့်တွေ ဘုရားအပေါ်မှာ တစ်ခါတည်း ပန်းမွေ့ယာ ကြဲသလို ကြဲကြတယ် တယ် ကြည်ညိုဖွယ်ကောင်းပါလား ပရိနိဗ္ဗာန် စံမဲ့နေရာလည်း ရောက်နေပြီနော် (မှန်ပါ ဘုရား)။

ကောင်းကင်က စတုမဟာရာဇ်တာဝတိံသာ ရာမာ ဗြဟ္မာတွေကလည်း မာန္ဒာရဝ နတ်ပန်းတွေကို တစ်ခါတည်း ကြဲချကြတယ်၊ နတ်တွေတော့ မမြင်ရဘူး ပန်းတွေကတော့ အောက်မှာ ဖွေးနေအောင် ကြဲချကြတယ် ပူဇော်ကြတာ ပေါ့လေ နော် (မှန်ပါ့)။

နောက်ဆုံးပိတ် ပူဇော်ခြင်း ပူဇော်ကြတာဆိုတော့ ပြောစရာလည်းဖြင့် ကုန်နေရောပေါ့ အင်မတန် ကြီးကျယ်တဲ့ ပူဇော်ပွဲကြီးဆိုတာ မောင်နိုင်သိလောက်ပါပြီ (မှန်ပါ့)။

ဒီတင်မှ မကသေးဘူး ဗြဟ္မာတွေကလည်း အင်မတန် မွှေးကြိုင်လှတဲ့ အမှုန့်တွေကို ကောင်းကင်က နေပြီး သကာလ ကြဲပြန်တယ်။

ထိုကဲ့သို့ ကြဲတာ ညီတော်အာနန္ဒာက ကြည့်နေ တယ် ဒါတွေလည်း စတုမဟာရာဇ် တာဝတိံသာ ရာမာ ဗြဟ္မာတွေက စပြီး သကာလ အားလုံး ပူဇော်ပွဲကြီးဆိုတာ လည်း ဒကာ ဒကာမတွေ သိနှင့်ဖို့ပါပဲ (မှန်ပါ)

နတ်တွေကလည်း ကောင်းကင်က တီးကြမှုတ်ကြ အမျိုးမျိုးအတီးအမှုတ်တွေနဲ့ ပူဇော်ပွဲကြီး ပူဇော်နေကြတာ လည်း ညီတော်အာနန္ဒာက ကြားတယ်။

ဪ ဒါတွေလည်း နတ်တွေ ဗြဟ္မာတွေ – စည်သံတွေပဲ ပုလွေသံတွေပဲဆိုပြီး သကာလ အင်မတန် သာယာငြိမ့်ညောင်းတာတွေနဲ့ အတီးအဲ့မှုတ်တွေနဲ့လည်း ပူဇော်ကြ (မှန်ပါ) ဒါဖြင့် ပူဇော် မျိုးစုံလို့ပေါ့ဗျာနော် (မှန်ပါ)။

အဲဒီတော့ ညီတော် အာနန္ဒာ မင်းဘာကြည့်နေသလဲ အံရှင်ဘုရား အင်မတန် ထူးဆန်းလွန်းလို့ အင်ကြင်းပင်နှစ်ပင် သည် ပွင့်ချိန်အခါကာလ မဟုတ်ပဲနဲ့ ပွင့်ပြီး အရှင်ဘုရား အပေါ် ကိုင်းပြီးကြွေကျတာတွေ၊ မန္ဒာရဝပန်းတွေလည်း ကြွေကျလာတာတွေ နတ်တွေကကျဲလို့ တစ်ခါတည်း မွှေး ကြိုင်တဲ့ အမှုန့်တွေ ဗြဟ္မာတွေက ကြဲချပြီး သကာလ လည်း ပူဇော်ကြလို့ တပည့်တော် အံ့အားသင့်လို့ မဆုံးပါဘူးဘုရား။

နောက် တီးသံမှုတ်သံတွေကလည်း ဆူလို့ညံလို့ အတီးအမှုတ်တွေနဲ့ ပူဇော်ပသ ကြတာတွေလည်း အင်မတန် မှ ထူးခြားပါပေတယ် နောက်ဆုံးပိတ် ပူဇော်ခြင်း ပူဇော် နေကြတာတွေ တပည့်တော် ကြည်ညို လေးစားနေပါတယ်။ ဆိုတော့မှ

‘‘ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနု ဓမ္မပ္ပဋိပန္နော ဝိဟရတိ၊ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ’’

ဘုရားက ဒီလိုဟောလိုက်တယ်။

ညီတော် အာနန္ဒာတဲ့ အင်ကြင်းပင်တွေသည်ကား အခု အခါမဟုတ်ဘဲနဲ့ ပွင့်ပြီး ငါ့ပူဇော်ကြတာ တွေလည်း အမြတ်ဆုံးပူဇော်တယ်လို့ မင်းမယူလိုက်ပါနဲ့ကွ အမြတ်ဆုံး ပူဇော်တယ်လို့ မယူလိုက်ပါနဲ့တဲ့နော် (တင်ပါ ဘုရား)။

နတ်တွေက မန္ဒာရဝ ပန်းတွေကို ကြဲချတာလည်း အမြတ်ဆုံးပူဇော်တယ်လို့ မင်းမယူလိုက်နဲ့ ဗြဟ္မာတွေက မွှေးကြိုင်လွန်းတဲ့ အမှုန့်တွေ ငါ့အပေါ်မှာ ပူဇော်ပသကြတဲ့ အနံ့တွေ ကြိုင်လှိုင်ပြီး သကာလ နေတာကိုလည်း အပူဇော် ဆုံးလို့ မင်းမယူလိုက်ပါနဲ့ကွ။

အတီးအမှုတ်တွေနဲ့ ပူဇော်ပသတာတွေလည်း မင်းကြားတဲ့အတိုင်း ဒါတွေလည်း ပူဇော်ပသတာတွေလည်း ပူဇော်ပသတယ်လို့တော့ မှတ်တာပေါ့ကွာတဲ့၊ သို့သော် အမြတ်ဆုံး ပူဇော်ခြင်းတော့ဖြင့် ဒါမဟုတ်သေးဘူး (မှန်ပါ့)။

မောင်နိုင် ဘာတဲ့တုံး (အမြတ်ဆုံးပူဇော်ခြင်းတော့ မဟုတ်သေးပါဘူး ဘုရား) အမြတ်ဆုံး ပူဇော်ခြင်းတော့ ဒါ မဟုတ်သေးဘူးတဲ့၊ ဒကာ ဒကာမတွေ သေချာမှတ်ပါနော် (မှန်ပါ ဘုရား)။

တရားကျင့်နေတာမှ ပူဇော်တယ်မည်တယ်

အခုပူဇော်တာဖြင့် တန်းကုန်ပြီ ဆိုကြပါစို (မှန်ပါ) ဒါအမြတ်ဆုံး ပူဇော်ခြင်း မဟုတ်သေးဘူး၊ ဘာတုံးလို့မေးတော့မှ

‘‘ယောခေါ အာနန္ဒ၊ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ၊ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ။’’

ဆိုတော့ ဒကာ ဒကာမတွေ မှတ်စရာက တရား ကျင့်နေတာမှ ပူဇော်တယ် မည်တယ်ကွ (မှန်ပါ ဘုရား) မောင်နိုင် ဘာတဲ့တုံး (တရားကျင့်နေတာမှ ပူဇော်တယ် မည်ပါတယ် ဘုရား)။

တရားကျင့်နေတာသည် ဒကာ ဒကာမတို့ ပူဇော် သည် မည်ပါတယ်တဲ့ တရား အရိုအသေ ပြုနေတာ၊ တရား ကျင့်ပြီး သကာလ နေတာ၊ တရားတိုင်းနှလုံးသွင်းနေတာ အဲဒါ လွန်ကဲသော ပူဇော်ခြင်းဆိုတာ ဒါကွ ညီတော်အာနန္ဒာ ရ သေသေချာချာမှတ်ထား (မှန်ပါ ဘုရား)။

ကိုစံလှရေ ပရိနိဗ္ဗာန်စံခါနီးမှနော် (မှန်ပါ) အိပ်ရာညောင်စောင်းပေါ် မြောက်ကိုခေါင်းပြုပြီး သကာလ ခြေတစ်ဖက်နဲ့ ခြေတစ်ဖက်ပေါ်တင်ပြီး သကာလ မကြာခင် ပရိနိဗ္ဗာန် စံတော့မယ့် အချိန်မှာ ပူဇော်ခြင်း ပူဇော်တကူ ပူဇော်ထဲမှာဖြင့် ဒီပူဇော်တရား ကျင့်ပြီး သကာလ ဓမ္မာနု ဓမ္မပဋိပန္န၊ သာမိစိပဋိပန္န၊ အနုဓမ္မစာရီဆိုတဲ့ ကျင့်ကြံ ကြိုးကုတ်အားထုတ်နေတာသည် ဒကာ ဒကာမတို့ ဘုရား ရှိခိုးနေတာထက် သာတယ်။

သီလ ဆောက်တည်နေတာထက် (သာပါတယ် ဘုရား) သာတယ်ဆိုတော့ ပူဇော်တကူ ပူဇော်ထဲမှာ မောင် နိုင် ဘယ်လိုမှတ်ပါ့မတုံး (တရားကျင့်ပြီး ပူဇော်တာ အမြတ် ဆုံးပါ ဘုရား) အမြတ်ဆုံးပူဇော်တာ ဒါပဲလို့ ဒကာ ဒကာမ တွေ မှတ်လိုက်စမ်းပါ (မှန်ပါ)။

အမြတ်ဆုံး ပူဇော်တာ (တရားကျင့်ပြီး ပူဇော်တာပါ ဘုရား) တရားကျင့်ပြီး သကာလ နေတာ အမြတ်ဆုံးပူဇော် တာပဲဆိုတာ မောင်နိုင် မှတ်ရမယ် (မှန်ပါ)။

ဒါဖြင့် ပူဇော်တတ်ကြပလား (ပူဇော်တတ်ပါပြီ ဘုရား) ဘာလုပ်နေကြရမတုံး (တရားကျင့်ပြီး နေရမှာပါ ဘုရား)။

ဘယ်နှယ့်ကြောင့်တုံးဆိုတော့ ဘုရားရှင်ကိုယ်တော် မြတ်ကြီး အကြောင်းကိုလည်း ဒကာ ဒကာမတွေ ဝစ္ဆပုဏ္ဏား မပြောမှီ နားထောင်ကြည့်ပါဦး။

သစ္စာလေးပါး ငါသိသလိုသတ္တဝါတွေသိစေရမယ်

တိဏ္ဏော တာရေယျံ ဆိုသလို ငါနိဗ္ဗာန်သို့ ကူးမြှောက်သလို သူတို့ကိုလည်း ကူးမြှောက် စေမယ်ဆိုတဲ့ ဆန္ဒအင်မတန် မပြင်းပြဘူးလား (ပြင်းပြပါတယ် ဘုရား)။

ကိလေသာဝဋ်၊ ဒုက္ခဝဋ်မှ မုတ္တော မောစေယျံ ကိလေသာဝဋ် ဒုက္ခဝဋ်မှ လွတ်စေမယ်ဆိုတဲ့ ကြိမ်းဝါးပြီး – ဘုရားဖြစ် ယူလာခဲ့တယ်ဆိုတာလည်း မောင် နိုင်တို့ သိလောက်ပါပြီ (မှန်ပါ့ ဘုရား)။

တိဏ္ဏော တာရေယျံ မုတ္တော မောစေယျံ =ငါသစ္စာလေးပါး နိဗ္ဗာန်တရားကို သိသလို ဒကာ ဒကာမ တွေလည်း သိစေရမယ်ဆိုပြီး ကြိမ်းဝါးပြီး ဘုရားအဖြစ်ကို မရအရ ယူခဲ့တယ်ဆိုတာလည်း အားလုံး ဒကာ ဒကာမတွေ သိမှာပါပဲ (မှန်ပါ)။

အဲတော့ သူက နိဗ္ဗာန်ရသွားတဲ့အကျင့်ဟာ သူအကြိုက်ဆုံး ဆိုတာလည်း သူ့ရည်ရွယ်ချက် ကလည်း ဒါပဲ ဖြစ်နေတော့ နိဗ္ဗာန်ရောက် အကျင့်ကျင့်နေတာဟာ သူ့ အများဆုံး ပူဇော်တာပဲ။

ခုနက နတ်ပန်းတွေနဲ့ ပူဇော်တာ အင်ကြင်းပင်ကြီး က ပူဇော်တာ ဗြဟ္မာတွေက အမွှေး အကြိုင်မှုန့်တွေ ကောင်း ကင်ကနေ ဖြူးလိုက်တာတွေ၊ အတီးအမှုတ်တွေနဲ့ ပူဇော်ပသ နေကြတာ အမြတ်ဆုံးပူဇော်တယ်လို့ ငါဘုရားက မယူဘူး ကွ (မှန်လှပါ ဘုရား)။

ညီတော် အာနန္ဒာ သေသေချာချာ မှတ်ထားပါဆို – တော့ ဒီ ဒကာ ဒကာမတွေ လုပ်နေတဲ့ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ ဝိပဿနာအလုပ်ကြီးက စပြီး သကာလ လုပ်နေတာ ဟာဖြင့် ပူဇော်တကူ ပူဇော်ထဲမှာဖြင့် ပရမာယ၊ ပူဇာယ၊ ပရမာယ =လွန်ကဲသော၊ ပူဇာယ = ပူဇော်ခြင်းသည်လည်း ဟောတိ = ဖြစ်၏။

ဆိုတဲ့ အတိုင်းတဲ့ မောင်နိုင် ဒါအကြီးဆုံး ပူဇော်တာ ကဖြင့် မောင်နိုင်တို့ လုပ်နေတဲ့ ကိုစံလှတို့ လုပ်နေတဲ့ အလုပ်ပါပဲ (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကြီးဆုံး ပူဇော်တာကဖြင့် ဝိပဿနာအလုပ် လုပ်ပြီး သကာလ နိဗ္ဗာန်မျက်မှောက် ပြုတဲ့အလုပ်ကို လုပ်နေ တာသည် ဒါအကြီးဆုံး ပူဇော်ပွဲကြီးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒို့မှာ ဒကာ ဒကာမတွေက တရားပဲကြိုးစားနေ ရတာပဲ ဒီပြင်ဟာတွေက လစ်ဟင်း နေတယ်လို့ မောင်နိုင် တို့ ကိုစံလှက အောက်မမေ့နေပါနဲ့ (မှန်ပါ့)။

အကြီးဆုံး ပူဇော်တဲ့အထဲမှာ အကြီးဆုံးကို ရထားလို့ ရှိရင်ဖြင့် အငယ်တွေဟာ အတွင်းဝင် သွားတယ် ဆိုတာလည်း မလွဲပါဘူး ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါမှ မလုပ်သေးလို့ရှိရင်ဖြင့် အကြီးဆုံး ပူဇော်တဲ့ပွဲ ကို မနွှဲရသေးဘူးလို့ မောင်နိုင် ဆိုထိုက် မဆိုထိုက်၊ (ဆိုထိုက် ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဓမ္မာနု ဓမ္မပ္ပဋိ ပန္နော၊ သာမီစိပ္ပဋိပန္နော၊ အနုဓမ္မစာရီ ဆိုတဲ့ဥစ္စာ အကြီးဆုံး ပူဇော်တဲ့နည်းဟာဖြင့် ဒကာ ဒကာမတို့သိတဲ့အတိုင်းတဲ့ နိဗ္ဗာန် ရောက်ကြောင်း ဖြစ်တဲ့ အနီးဆုံးအကြောင်း ဖြစ်တဲ့ ဝိပဿနာ အလုပ်လုပ်နေတာဟာ အကြီးဆုံး ပူဇော်နေတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကြီးဆုံးပူဇော်ပွဲ ဘယ်ပွဲပါလိမ့် (ဝိပဿနာ လုပ် နေတဲ့ ပွဲပါ ဘုရား) တရားကျင့်နေတဲ့ အလုပ်သည် အကြီးဆုံး ပူဇော်ပွဲ အလုပ်ပါပဲဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)။

တရားကျင့်နေတဲ့အလုပ်သည်အကြီးဆုံးပူဇော်တဲ့ပွဲ

တရားကျင့်နေတဲ့ အလုပ်သည် (အကြီးဆုံးပူဇော်ပွဲ ပါ ဘုရား) ဘယ်အချိန်ဟောတယ် ဆိုတာလည်း မောင်နိုင် အခု အကိုးအကား မလုံလောက်သေးဘူးလား (လုံလောက် ပါတယ် ဘုရား)။

ပရိနိဗ္ဗာန်စံမယ်လို့ မြောက်သို့ ခေါင်းပြုပြီး ခြေတစ် ဖက် က အင်း အောက်ခြေတစ်ဖက်က ဆင်း၊ အပေါ် ခြေတစ်ဖက်က ခတ်ကွေးကွေးလေး ထ,မယ့်ပုံသဏ္ဍာန်နဲ့ နေတဲ့အချိန်မှာပဲ၊ အင်ကြင်းပင်ပျို နှစ်ခုကလည်း အခါ မဟုတ်ပဲနဲ့ ပွင့်ပြီး အပွင့်တွေ ကြွေကျပြီး ပူဇော်ကြတယ်နော် (မှန်ပါ့)။

မန္ဒာရဝ နတ်ပန်းတွေကလည်း ပူဇော်ကြဘူးလား (ပူဇော်ပါတယ် ဘုရား) ဘုရားပေါ် ပန်းမွေ့ယာ ကြဲကြတယ် နော် (မှန်ပါ့)။

အင်း ဗြဟ္မာတွေကလည်း မွှေးကြိုင်တဲ့ အမှုန့် တွေ မဖြူးကြဘူးလား (ဖြူးပါတယ် ဘုရား) အဲဒါတွေ ကြည့်ပြီး သူဟောတာ (မှန်ပါ)။

ဒါတွေဟာ ပူဇော်တော့ ပူဇော်တာပဲကွာတဲ့ ခုနက တရားကျင့်ပြီး ပူဇော်တာနဲ့စာရင် ဒီဥစ္စာ မမြတ်သေးဘူး (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကြီးဆုံးအလုပ်ကို လက်မလွှတ်ကြပါနဲ့

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအလုပ် ဖြင့် အကြီးဆုံးကို အလိုရှိလို့ရှိရင် အကြီးဆုံး အလုပ်ကို မောင်နိုင်လက်မလွှတ် တော်မှာပဲဆိုတာ မှတ်ကြရမယ် (မှန်ပါ)။

ကိုစံလှ ကျေကျေနပ်နပ် သဘောကျပလား (ကျပါ ပြီ ဘုရား) အဲဒါ မလွဲကြပါစေနဲ့ ဒကာ ဒကာမတို့ ဒီပြင်ဟာ မပူဇော်ရဘူးလို့ မဆိုဘူး ပူဇော်ရပါတယ် နော် (မှန်ပါ)။

သို့သော် အကြီးဆုံး ပူဇော်ပွဲကိုလည်း လက်မလွတ် စေနဲ့ (မှန်ပါ) မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား)။

ဒီလိုပူဇော်တာအမြတ်ဆုံး

ဒါ ဘုန်းကြီးက ဟောတာလား ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အာနန္ဒာပူဇော်ပွဲထဲမှာ ဒီလိုပူဇော်တာ အမြတ်ဆုံးကွဆိုပြီး ပူဇော်တာတွေကို အရင်ပြုပြီး သကာလ ညီတော် အာနန္ဒာ ကိုယ်တိုင်လည်း မြင်ပြီး သကာလ နေတဲ့ အထဲကမှ နောက်ဆုံးပိတ် ပရိနိဗ္ဗာန်စံခါနီးမှာ ပြောခဲ့တဲ့ ပူဇော်ပွဲအကြီးစားဟာဖြင့် ယနေ့ညမှာ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။

ဘာနဲ့ ပူဇော်ကြမတုံး (တရားကျင့်ပြီး ပူဇော်ကြ မှာပါ ဘုရား) တရားနဲ့ရှိခိုးရမှာ မဟုတ်ဘူး၊ တရားကျင့်နေ ရမှာ မောင်နိုင် (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တရားအကျင့်နဲ့ဟာ ကိုယ်ကလက်အုပ်တွေ မချီသည်ဖြစ်စေ မောင်နိုင် ဘာလုပ် နေတာတုံး၊ (ပူဇော်နေတာပါ ဘုရား) ပူဇော်နေတာ ပူဇော်တကူ ပူဇော်ထဲမှာ တစ်ခါ ရှင်းလိုက်ပါဦး အကြီးဆုံး ပူဇော်ခြင်း၊ အမြတ်ဆုံး ပူဇော်ခြင်းကို သူလက်ကိုင်ထားနေတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါနိဗ္ဗာန်ရောက်သလိုသတ္တဝါတွေရောက်စေရမယ်

အဲတော့ ခုနကပါဠိတော် ကိုးပြလိုက်တယ်။ ငါနိဗ္ဗာန် ဘက်ကူး မြောက်နိုင်သလို သတ္တဝါတွေ ကူးမြောက်စေဖို့ ငါဘုရားအဖြစ်ကို အရယူလာတယ်ဆိုတဲ့ ကြိမ်းဝါးလုံး သုံးချက် မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောတဲ့ အတိုင်း ဘုန်းကြီးက ဥပမာ ပြောရတော့မယ် ဆိုလို့ရှိရင် –

လူတစ်ယောက်က အင်မတန် ခရီးပန်းပြီး သကာလ လာတဲ့အခါကျလို့ရှိရင် ရေဆာပါတယ်၊ အင်မတန်မှ ရေသောက်ချင်တယ် ဆိုလို့ရှိရင်ဖြင့် ထမင်းပေးတာနဲ့ ရေပေး တာနဲ့ မောင်နိုင် သူဘယ်သူ့ကို ပိုမိုနှစ်သက်မယ်ဆိုတာ ဒကာ ဒကာမတွေ တွေးကြည့်ပါ (ရေကို ပိုမို နှစ်သက်ပါတယ် ဘုရား)။

ဘာကြောင့်တုံးဆိုတော့ ရေဆာလောင်နေတဲ့အခါ ရေအရေးကြီးတယ် (မှန်ပါ့ ဘုရား) ရေဆာလောင်နေရင် (ရေအကြီးပါတယ် ဘုရား)။

ဘုရားက မဂ်တရားရဖို့ကိုသာ အဓိကထားတယ် ဒီမှာလည်း ဘုရားသခင် ကိုယ်တော် မြတ်ကြီးက နိဗ္ဗာန်တည်းဟူသော တရားကိုသာ ရစေချင်တဲ့သဘောကို သူအဓိကထားတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲတော့ နိဗ္ဗာန်ရတဲ့ အလုပ်လုပ်နေတာဟာ သူ့ ပူဇော်တာပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန် ရတဲ့အလုပ် လုပ်နေတာ (ဘုရားပူဇော်နေတာပါ ဘုရား)။

အဲ ဘုရား ပူဇော်နေတာဖြစ်သောကြောင့် ငါက ရေတောင်းတဲ့ဥစ္စာ သူတို့က ရေမပေးပဲနဲ့ ဆေးလိပ်ပေးလို ပေး အဲ ထမင်းပေးလိုပေး အင်း မုန့်ပဲသရေစာပေးလိုပေး ဆိုလို့ရှိရင်ဖြင့် ပေးလို့သာ ယူလိုက်ရတယ် အကြိုက်ကြီးတော့ မကျသေးဘူး (မှန်ပါ့)။

ပေးလို့သာ ယူလိုက်ရတယ် (အကြိုက်ကြီးတော့ မကျသေးပါဘူး ဘုရား)။ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားအကြိုက်ကြီး ကြိုက်တာဖြင့် ယနေ့ည တရား စစ,ချင်းပဲ ရှင်းလင်းပြောပါတယ် (မှန်ပါ့)။

ဘုရားအကြိုက်ဆုံး ဘယ်ဟာပါလိမ့်

ဘုရားအကြိုက်ဆုံး ဘယ်ဟာပါလိမ့် (တရားကျင့် တာပါ ဘုရား) တရားကျင့်နေတာဟာ မောင်နိုင် ဘယ်နှယ့် တုံး (အကြိုက်ဆုံးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာကို အင်ကြင်း ပင်နှစ်ပင်ကြားမှာ မြောက်သို့ ခေါင်းပြုပြီး သကာလ၊ ခြေ တစ်ဖက် ဆင်းပြီး ခြေတစ်ဖက် အပေါ် ကနေပြီး ခပ်ကွေး ကွေးလေးတင် ထ,မယ့်ပုံသဏ္ဍာန်နဲ့ နေတုံးမှာ ပူဇော်ပွဲမှာ နတ်တွေ၊ ဗြဟ္မာတွေ၊ ပူဇော်ကြတာကို မြင်တာနဲ့ ညီတော် အာနန္ဒာ မင်းမြင်ပလား ဒီပူဇော်ပွဲတွေဟာ အမြတ်ဆုံး ပူဇော်ပွဲလို့ မယူနဲ့ဦးကွ ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ အမြတ်ဆုံးပူဇော်တာပဲကွဆိုတာ ဒီနေရာမှာကို ရှင်းပြတယ် (မှန်ပါ့)။

ကိုစံလှ သဘောပါပလား (ပါပါပြီ ဘုရား) ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဘုရားကို အမြတ် ဆုံးဘာနဲ့ ပူဇော်ရပါ့မလဲလို့ ကိုယ့်ဟာကို မေးရင်ကော ဖြေ တတ်ကြပလား (ဖြေတတ်ပါပြီ ဘုရား)။

ဘာလုပ်ကြမတုံး (တရားကျင့် နေရမှာပါ ဘုရား) တရားကျင့်နေပါတဲ့၊ တရားကြိုးစား နေကြပါဆိုတဲ့ ဥစ္စာကို ဖြင့် ဘုရားဟာ အင်မတန်မှ ကြိုက်တော်မူတယ် ဆိုတာဖြင့် ငြင်းနေဖို့ လိုသေးလား (မလိုပါဘူး ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

အဲတော့ကိုတဲ့ တစ်ခါ ဒီပရိနိဗ္ဗာန်စံခါနီးမှာ ညီတော် အာနန္ဒာက “အရှင်ဘုရား အရှင်ဘုရား မရှိလို့ရှိရင်ဖြင့် ဆရာသမားတွေ ကွယ်တဲ့အတွက် တပည့်တွေ ဟိုရမ်း ဒီရမ်း ပြီး သကာလ သွားများကုန်ကြတော့မှာလား” ဆိုပြီး ညီတော် အာနန္ဒာက ပရိနိဗ္ဗာန်စံခါနီးမှာ မေးရှာ သေးတယ်နော် (မှန်ပါ)။

အရှင်ဘုရား မရှိလို့ရှိရင်ဖြင့် ဝါးစည်းလိုက်သလို တောင်လေလာ မြောက်၊ မြောက်လေလာ တောင် ဆိုသလိုပဲ အကုန်လွင့်ပြီး သကာလ ဆုံးမဩဝါဒကင်းတော့မှာလား ဘုရားလို့ မေးတဲ့ အခါကျတော့ ချက်ကောင်းလေးတွေ မောင်နိုင် ခုပြောတာတွေ (မှန်ပါ့)။

ဉာဏ်ပရိနိဗ္ဗာန်မစံသေးဘူး

‘‘ယော ဝေါ အာနန္ဒ၊ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော သော ဝေါ မမစ္စယေန သတ္ထာ’’ တဲ့

ညီတော် အာနန္ဒာတဲ့ ငါဘုရားမရှိပေမဲ့ မင်းဘာ ပူစရာရှိ သလဲ ငါဟောထားတဲ့ တရားတွေ မင်းတို့ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းတွေ ရှိနေသည် အဲဒီဆရာတွေ ပြောတာ နားထောင် နေလို့ရှိရင် ဘုရားပရိနိဗ္ဗာန် အထည်သာ ပရိနိဗ္ဗာန်စံသွား တယ်၊ ဉာဏ်ပရိနိဗ္ဗာန် မစံသေးဘူးဆိုတာ မင်းသိလောက်ပါ ပြီ (မှန်ပါ ဘုရား)။

ခန္ဓာကြီးသာ ပရိနိဗ္ဗာန်စံသွားတယ် (မှန်ပါ) အဆုံး အမတွေ ပရိနိဗ္ဗာန်စံပါရဲ့ လား (မစံပါဘူး ဘုရား)။

အဲဒါတွေ ကျင့်ပြီး သကာလ မင်းတို့နေလိုက်ကြမယ် ဆိုလို့ရှိရင်လည်း ဘုရားတွေ အများကြီး ကျန်ရစ်တယ်ကွာ ဆိုတာကိုလည်း ဒီပရိနိဗ္ဗာန်စံခါနီးပဲ ပြောရှာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အထည်သာ ပရိနိဗ္ဗာန် စံသွားတယ် ဟောပြောတဲ့ တရားတွေ ပရိနိဗ္ဗာန်စံပါရဲ့လား (မစံပါဘူး ဘုရား)။

အဲဒါတွေဟာ မင်းတို့ ဆရာတွေဖြစ်ပြီကွာတဲ့ သူတို့က ဆုံးမတာ၊ သူတို့က သွန်သင်တာ၊ သူတို့က တားမြစ်တာတွေကို မင်းတို့က လိုက်ပြီး သကာလ ကြိုးစား ပြီး သကာလ နေကြမယ်ဆို အို ဘုရားပေါင်း ရှစ်သောင်း လေးထောင်ထားခဲ့တယ်လို့ မင်းမှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဆိုတော့ ကိုစံလှတို့ အားငယ်စရာ ရှိသေးလား (မရှိပါဘူး ဘုရား) မလိုက်နာတဲ့ ပုဂ္ဂိုလ်မှာဖြင့် ကိုယ်ကျိုးနည်း ပေါ့ (မှန်ပါ့)။

မလိုက်နာတဲ့ ပုဂ္ဂိုလ် ဘယ်နှယ့်ကြောင့် ကိုယ်ကျိုး နည်းပေါ့လို့ ဆရာဘုန်းကြီးက ဆိုရပါလိမ့်မတုံး ဆိုလို့ရှိရင် ကိုယ်က ဒုက္ခတွေတည်းဟူသော အိုဘေး၊ နာဘေး၊ သေဘေး ဒုက္ခ၊ သောက ပရိဒေဝ ဒုက္ခတွေ ကလည်း အများကြီး တစ်ပုံကြီးရှိပါရဲ့ သားနဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင် ဘုရား တွေ ပြောတာကို ဒီလိုကျင့် ဒီလိုကြံဆိုပြီး ပြောတာကို မလိုက်နာ လို့ရှိရင်ဖြင့် ဒုက္ခရှိလျက်နဲ့ဖြင့် ဒုက္ခမသိမ်းတဲ့ ပုဂ္ဂိုလ်ထဲမှာ ကိုယ်အပါအဝင် ဖြစ်ပါတယ် (မှန်ပါ့)။

မလိုက်နာရင် မလိုက်နာရင်နော် (မှန်) ဒုက္ခရှိ လျက်နဲ့ (ဒုက္ခမသိမ်းတဲ့ပုဂ္ဂိုလ်ထဲမှာ အပါအဝင်ပါ ဘုရား) ဒုက္ခမသိမ်းတဲ့အထဲ ကိုယ်အပါအဝင် မကျဘူးလား (ကျပါ တယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာကြီးကို ဘယ်လိုခန္ဓာပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် အိုဘေးရှိတဲ့ ခန္ဓာကြီး၊ နာဘေးရှိတဲ့ ခန္ဓာကြီး၊ သေဘေးရှိတဲ့ ခန္ဓာကြီး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သောက ပရိဒေဝ၊ သောကဆိုတဲ့ စိုးရိမ်မှုရှိတဲ့ ခန္ဓာ ကြီး၊ ပရိဒေဝဆိုတဲ့ ငိုကြွေးမှုရှိတဲ့ ခန္ဓာကြီး၊ ငိုကြွေးမှုရှိတော့ သူက မျက်ရည်ထွက်လာတာပဲ (မှန်ပါ့)။

သူကလည်း နာတယ် ကျင်တယ် ဒုက္ခကော မရှိ ဘူးလား (ရှိပါတယ် ဘုရား) အင်း သူ့ကြောင့်ပဲ စိတ်မချမ်း သာရတဲ့ဒုက္ခ၊ ဒေါမနဿကော မရှိကြဘူးလား (ရှိပါတယ် ဘုရား)။

သူ့ကြောင့်လည်း ပြင်းစွာပူပန်တဲ့ ဥပဃာသဆိုတဲ့ တရားတွေကော အင်းဒါတွေရှိတဲ့ ခန္ဓာကိုယ်ကြီး ဒါတွေ အပြည့်အစုံခန္ဓာကြီးကို ဒကာ ဒကာမတွေက မသိမ်းချင်ဘူး မဆည်းချင်ဘူးဆိုရင်ဖြင့် ဒုက္ခကြီး ပွေ့ပိုက်နေရတာကို ပင်လျှင် လူမိုက်မို့ ကျေနပ်တဲ့ အဓိပ္ပာယ် ရောက်ပါတယ် (မှန်ပါ့)။

ဒုက္ခပွေ့ပိုက်နေရတာကို (လူမိုက်မို့ ကျေနပ်နေတာ ပါ ဘုရား) ကျေနပ်ကောင်းပမလား (မကျေနပ်ကောင်းပါဘူး ဘုရား) မကျေနပ်ကောင်းပါဘူးဆိုတဲ့ဥစ္စာ သဘောကျ ပလား (ကျပါပြီ ဘုရား) အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား)။

ကိုင်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒီကလည်းဆုံးမ ညီတော် အာနန္ဒာ ဘာမှ မပူနဲ့နော် ဘုရား ပေါင်း ရှစ်သောင်းလေးထောင် ငါ (၄၅) ဝါပတ်လုံး ဘုရား တွေ ဒီဘုရားက ဒါဟော၊ သီလတွေ ဟောထားလို့ရှိရင်ဖြင့် သီလကို ဟောတတ်တဲ့ သီလတရားတည်းဟူသော ဘုရားက ဒကာ ဒကာမတွေ ဆုံးမ။

ဝိပဿနာရှုနည်းကို ဟောတဲ့တရားက ဒကာ ဒကာမ တွေ သန္တာန်ရှိတဲ့ အိုဘေး နာဘေး သေဘေး သိသွားတော့ ပဋိစ္စသမုပ္ပါဒ်ကြီးဖြတ် ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

မဂ်ဉာဏ်တရား ဖိုလ်ဉာဏ်တွေကျတော့လည်း ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် အမျှင်တွေကို ဖြတ်ပြီး သကာလ ဖိုလ်ဉာဏ်တရားဆိုလို့ရှိရင်ဖြင့် ချမ်းသာတဲ့ဥစ္စာ ရပြီလို့ မဆိုထိုက်ကြဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါတွေ ရပြီး သကာလ နေလို့ရှိရင်ဖြင့် ဒါ သူ့ဆရာ သူ့ဆရာစကား နားထောင် လိုက်တဲ့အတွက် သူ့ အကျိုး ကိုယ့်အကျိုးပေး ကိုယ်စီကိုယ်ငှ ခံစားကြရတယ် ဆိုတာ လည်း ငြင်းနေဖို့ မလိုပါဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် အားလည်းငယ်စရာ မရှိပါဘူးဆိုတဲ့ အဓိပ္ပာယ် ယနေ့ ရှင်းပြတယ်နော် (မှန်ပါ့)။

ဝိညာဉ်ချုပ်ဖို့က အရုဏ်တက်ရုံပဲကျန်တော့တယ်

ကဲကွာတဲ့ ငါဘုရားကလည်း အခု အရုဏ်တက်ရုံ ပဲ ကျန်တော့တယ့် ရှေ့လည်း သိပ်ပြီး သကာလ မပြောနိုင်တော့ဘူး သူ ဝိညာဉ်ချုပ်ဖို့က မောင်နိုင် အရုဏ်တက်ရုံပဲ ကျန်တော့တယ် (မှန်ပါ)။

အခုပြောနေတာက သန်းခေါင်ကျော်သွားပြီ (မှန်ပါ ဘုရား) အဲတော့ကွာတဲ့ ငါ (၄၅) ဝါအတွင်းမှာ ဟောခဲ့ ပြောခဲ့တဲ့ အဆုံးအမတွေဟာ သေသေချာချာ မင်း နောက် ဆုံးပိတ် ဆုံးမတဲ့ စကားလို့ဆိုပြီး ညီတော် အာနန္ဒာ မင်း မမေ့နဲ့ (မှန်ပါ)။

ဘာဟောခဲ့ပါသတုံးဆိုတော့ သတိပဋ္ဌာန် မမေ့နဲ့။ မောင်နိုင် ဘာဟောတုံး (သတိပဋ္ဌာန် မမေ့ပါနဲ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သတိပဋ္ဌာန်ကိုတော့ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ် ဝေဒနာရှုနေ၊ စိတ်ရှုတဲ့ပုဂ္ဂိုလ် (စိတ်ရှုပါ ဘုရား) စိတ်ရှု။

သတိပဋ္ဌာန်မမေ့နဲ့

ရုပ်ရှုတဲ့ပုဂ္ဂိုလ် (ရုပ်ရှုပါ ဘုရား) သစ္စာရှုတဲ့ ပုဂ္ဂိုလ် (သစ္စာရှုပါ ဘုရား) အဲဒီလို သတိပဋ္ဌာန် မမေ့နဲ့ကွ အဲဒီ သတိပဋ္ဌာန် မမေ့လို့ရှိရင်ဖြင့် တဲ့ မင်းတို့သည်ကား ဆိုရင် ဒုက္ခအဆုံး ရောက်ပါလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သတိပဋ္ဌာန် မမေ့ရင်ဖြင့် (ဒုက္ခအဆုံး ရောက်မှာပါ ဘုရား) အခုခန္ဓာကြီးက ဒုက္ခသစ္စာကြီး အဲဒီဒုက္ခသစ္စာကြီး ဆုံးပါလိမ့်မယ်ကွာ (မှန်ပါ့)။

ဒီဒုက္ခသစ္စာကြီး ဘာတဲ့တုံး (ဆုံးပါလိမ့်မယ် ဘုရား) ဆုံးပါလိမ့်မယ်တဲ့ သတိပဋ္ဌာန်သာ မမေ့ကြနဲ့လို့ သတိပဋ္ဌာန် ဆိုတာလည်း သမုဒယဓမ္မာ နုပဿီ ဝါ၊ ဝယဓမ္မာနုပဿီဝါ ဆိုတဲ့ ဖြစ်မှု ပျက်မှုကို မမေ့ကြလို့ရှိရင်ဖြင့် “သင်္ခါရတရား ပျက်တတ်တယ်” ကွာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရတရား ပျက်တတ်တယ်

သင်္ခါရ တရားပျက်တတ်တယ်ကွဆိုတော့ ဖဿ ပစ္စယာ ဆိုတော့ ပစ္စယာဆိုတာ သင်္ခါရ မှတ်လိုက်ပါ (မှန်ပါ) ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဖဿပစ္စယာလို့ဆိုတော့ ဒီက ဝေဒနာ မပေါ်ခင်လေးမှာ မောင်နိုင်က ဪ သူက ပြုပြင်တဲ့ တရားပါလား မှတ်လိုက်စမ်းပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ပြုပြင်လိုက်ခြင်းကြောင့် ဖဿပစ္စယာ ဆိုတော့ ဖဿပစ္စယာ ဖေဿတည်းဟူသော ပြုပြင်မှုကြောင့် ဟုတ်လား ဝေဒနာ = ဝေဒနာသည် ဥပ္ပဇ္ဇတိ = ဖြစ်ပေါ် လာ၏။ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

ဖဿပစ္စယာက ပြုပြင်တဲ့ တရား၊ ဝေဒနာက ပြုပြင် လို့ ပေါ်တဲ့တရား (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဖဿပစ္စယာက (ပြုပြင်တဲ့တရားပါ ဘုရား) ဝေဒနာက (ပြုပြင်လို့ပေါ်လာတဲ့တရားပါ ဘုရား)။

အဲ ပြုပြင်လို့ ပေါ်လာတဲ့ တရား။ ခန္ဓာတစ်ကိုယ်လုံး ချုံးပြလိုက်ပါတယ်တဲ့ ဒကာ ဒကာမတို့ သန္တာန်မှာ ခန္ဓာငါးပါး ရှိတယ်နော် (မှန်ပါ) တစ်ပါးမှ မပြုပြင်ဘဲနဲ့ ပေါ်တာတစ်ခုမှ မရှိဘူးလို့ မောင်နိုင်တို့ ကိုစံလှတို့က ဆုံးဖြတ်ချက်ချ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးရှိတယ် တစ်ပါးမှ မပြုပြင်ပဲနဲ့ ပေါ်လာ တာဖြင့် (မရှိပါဘူး ဘုရား) ဒါဖြင့် ရုပ်ကျတော့လည်း ကံက ပြုပြင်လို့ ပေါ်လာတာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အင်း ဝေဒနာကျတော့ ဖဿက ပြုပြင်လို့ (ပေါ်လာတာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

စိတ်ကျတော့ အခါကြလို့ရှိရင်ဖြင့် နာမ်ရုပ်က ပြုပြင် လို့၊ အင်း ဒကာ ဒကာမတွေ သိတဲ့အတိုင်း နာမရူပပစ္စ ယာ ဝိညာဏံဆိုတဲ့အတိုင်း စိတ်ကျတော့ နာမ်ရုပ်နှစ်ခု ပြုပြင်လိုက်လို့ စိတ်ပေါ် မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပြုပြင်လို့ပေါ်လာတဲ့ ခန္ဓာငါးပါး

အင်း ပြုပြင်လို့ ပေါ်လာကြတဲ့ ခန္ဓာငါးပါးလို့ ရှေ့ပိုင်းက မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြုပြင်လို့ ပေါ်လာတဲ့တရား ဘယ်နှစ်ပါးရှိပါလိမ့် (ငါးပါးပါ ဘုရား) ဒါဖြင့် အားလုံးတရား နာကြတဲ့ ဒကာ ဒကာမတွေ သေသေချာချာ ပြောနေပါတယ်၊ သေသေချာချာ ဟောနေတယ် အထူးဂရုစိုက်ပြီး နားထောင် ပါဆိုတော့ ခန္ဓာငါးပါးဟာ ပြုပြင်လို့ ပေါ်လာတဲ့တရား (မှန်ပါ့)။

ဘယ်လိုမှတ်ကြမတုံး (ခန္ဓာငါးပါးဟာ ပြုပြင်လို့ ပေါ်လာတဲ့တရား) အဲ ပြုပြင်လို့ ပေါ်လာတဲ့ တရား ဆိုတော့ ဒီက သူ့ဆိုင်ရာ ဆိုင်ရာက ဖဿကပြုပြင် ဝေဒနာပေါ်မှာပဲ ဟုတ်လား (မှန်ပါ) ကံက ပြုပြင် ရုပ်ပေါ်မှာပဲ မောင်နိုင် ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။

ပြုပြင်ခြင်းကင်းလို့ ပေါ်လာတဲ့ ခန္ဓာငါးပါးရှိပါရဲ့ လား (မရှိပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ခန္ဓာ ငါးပါးဟာ အလိုလိုပေါ်တာလား ဒကာ ဒကာမတို့ (ပြုပြင်လို့ ပေါ်လာတာပါ ဘုရား)။

ခန္ဓာကိုယ်မှာ အကြောင်းနဲ့အကျိုးသာရှိတယ်

ပြုပြင်တာက အကြောင်း ပေါ်လာတာက အကျိုး ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ပြုပြင်တာက (အကြောင်း ပါ ဘုရား) ပေါ်လာတာက (အကျိုးပါ ဘုရား) အေး ဒီလို သိထားတော့ သော် ခန္ဓာကိုယ်ထဲမှာ ယောက်ျားလည်းမပါ မိန်းမလည်းမပါ အကြောင်းနဲ့ အကျိုးတွေသာ ရှိပါသလား ဆိုတာလည်း ဒိဋ္ဌိကွာသွားတာပဲ (မှန်ပါ)။

မကွာပါနဲ့ဆိုလို့ (မရပါဘူး ဘုရား) မရဘူးအကြောင်း နဲ့အကျိုးသာ ရှိတယ်လို့နောက်က ဒကာ ဒကာမတွေကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းထဲမှာလည်း ယောက်ျားမိန်းမ ငါမပါ (မှန်ပါ) အကျိုးထဲမှာလည်း ယောက်ျား မိန်းမ (ငါမပါပါ ဘုရား) ရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) ဒါက နောက်ဆုံး ပိတ် မှာတဲ့ စကားနော် (မှန်ပါ)။

နောက်ဆုံးပိတ် မှာတဲ့စကားကို ရှင်းပြနေတယ် မောင်နိုင် (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ငါသိပ် မပြောနိုင်ဘူးကွတဲ့ အရုဏ်တက်ရုံပဲ ငါကျန်တော့တယ်တဲ့ ဒါ (၄၅) ဝါဟောတဲ့ တရားကို တစ်လုံးထဲနဲ့ မင်းတို့ ပြုပြင်လို့ ပေါ်လာတဲ့တရားတွေ မင်းတို့မှာရှိတဲ့ တရားဟူသ၍ မင်းတို့ သန္တာန်ရှိတဲ့ ခန္ဓာငါးပါးဟူသရွေ့ဟာ ပြုပြင်လို့ပေါ်လာ တဲ့တရားလို့သာ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ပြုပြင်လို့ ပေါ်လာတဲ့တရားပါ ဘုရား) တရားနာ လာကျတော့ ခန္ဓာ ဘယ်နှစ်ပါးနဲ့ လာကြသလဲ (ငါးပါးနဲ့ လာကြပါတယ် ဘုရား)။

အင်း ငါးပါးနဲ့ လာတာက ကိုယ့်သဘောနဲ့လာ တာ လား ပြုပြင်မှုကြောင့် လာနိုင်ကြ တာလား (ပြုပြင်မှုကြောင့် လာနိုင်ကြတာပါ ဘုရား)။ အင်း တစ်ချို့လည်း ကံ မဖြတ်သေးလို့ လာနိုင်ကြတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

တချို့လည်း ဖဿမချုပ်သေးလို့ ဝေဒနာက္ခန္ဓာနဲ့ လာနိုင်ကြတယ် (မှန်ပါ့) တချို့လည်း ဖဿမချုပ်သေးလို့ သညက္ခန္ဓာနဲ့ (လာကြပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

တချို့ သင်္ခါရက္ခန္ဒာ စေတနာနဲ့ လာကြတယ်၊ တချို့ စိတ်နဲ့လာကြတယ်ဆိုတော့ ပြုပြင်လို့ ပေါ်လာတဲ့ တရားနဲ့ လာကြတယ် (မှန်ပါ)။

ဒါဖြင့် ဒီဘက်က အစိမ်းခွက်ကလေးတွေက ပြုပြင် တတ်တဲ့တရား (မှန်ပါ) အနီငါးပါးဆိုတဲ့ ခန္ဓာငါးပါးက (ပြု ပြင်လို့ ပေါ်လာတဲ့တရားပါ ဘုရား) ပြုပြင်လို့ပေါ်လာတဲ့ တရားဆိုတော့ ဪ လောကကြီးထဲ ဘာများရှိပါ လိမ့်မတုံး မောင်နိုင် ဉာဏ်ဖြန့်လိုက်တော့ ပေါ်လာတယ် (မှန်ပါ)။

ပြုပြင်တတ်တဲ့တရား ပြုပြင်လို့ပေါ်လာတဲ့တရား

ပြုပြင်တတ်တဲ့တရားရယ် ပြုပြင်လို့ ပေါ်လာတဲ့ တရားရယ်၊ ဒါပဲရှိတော့တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။ ပြုပြင်တတ်တဲ့တရားရယ် (ပြုပြင်လို့ပေါ်လာတဲ့ တရားရယ်ပါ ဘုရား)

ဒါဖြင့် ဒီတရားတွေက ပြုပြင်လို့ ပေါ်လာတဲ့ ခန္ဓာငါးပါး အကျိုးတရားတွေ ချုံးပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလို့ သော် ဒီခန္ဓာငါးပါး ပြုပြင်လို့ ပေါ်လာတဲ့တရား ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ ဝယဓမ္မာ သင်္ခါရာ – သင်္ခါရာ – ပြုပြင်လို့ ပေါ်လာတဲ့တရားတွေ – ဝယဓမ္မာ ကုန်တယ်ကွ (မှန်ပါ့)

ပြုပြင်လို့ပေါ်လာတဲ့တရား ဘာဆိုကြမတုံး (ကုန်ပါတယ် ဘုရား) ကုန်တာပဲ။

ပြုပြင်လို့ပေါ်လာတယ် မောင်နိုင် ပြီးတော့ ဘာဖြစ် မလဲ (ကုန်ပါတယ် ဘုရား) ဒါဖြင့် ပေါ်လိုက် ကုန်လိုက် (မှန်ပါ) ပေါ်လိုက် ပျောက်လိုက် ဒါပဲ မင်းတို့ သန္တာန်ရှိတယ် ဆိုတာဖြင့် ဒါကို မင်းတို့ တစ်ထစ်ချမှတ်စမ်းပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ပြုပြင်လိုက်လို့ ပေါ်လာတဲ့တရားဟာ ဘယ်လမ်း ဆုံးပါလိမ့် (ကုန်ခြင်းမှာ လမ်းဆုံးပါတယ် ဘုရား) ကုန်ခြင်း ပျောက်ခြင်းမှာ လမ်းဆုံးတယ် (မှန်ပါ) ဘယ်လမ်းဆုံးပါလိမ့် (ကုန်ခြင်း၊ ပျောက်ခြင်း လမ်းဆုံးပါတယ် ဘုရား)

ဝတ ဧကန္တေန =ဝတဧကန်အနေနဲ့ စင်စစ်အားဖြင့် သင်္ခါရာ ပြုပြင်နိုင် မှ ဖြစ်ပေါ်ကြတဲ့ သင်္ခါရတရားတွေကိုလည်း ဒါက ပြုပြင်လို့ ပေါ်လာတဲ့ သင်္ခါရတရားနော် (မှန်ပါ) ဝယဓမ္မာ – ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းပဲ အဆုံးရှိကုန်၏။

ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းမှာ လမ်းဆုံးမယ်

ပြုပြင်လို့ပေါ်လာတဲ့ တရားဟာ ဘယ်များ လမ်းဆုံး လိမ့်မတုံးလို့ မေးကြရင် ဘယ့်နှယ့် ဖြေကြပါ့မတုံး (ကုန်ခြင်း ပျောက်ခြင်းမှာ လမ်းဆုံးပါတယ် ဘုရား) ကုန်ခြင်း ပျောက် ခြင်းမှတစ်ပါး သူ့စခန်းဘယ်မှ သွားစရာမရှိဘူး (မှန်ပါ)။

ဒါဖြင့် ခန္ဓာငါးပါးမှာ ဓမ္မနဲ့ ပူဇော်ချင်ကြလို့ရှိရင် ဖြစ်ပေါ်တဲ့တရားရယ်၊ ကုန်တတ်တဲ့ တရားရယ် ခင်ဗျားတို့ ကြည့်ရလိမ့်မယ် (မှန်ပါ) ဖြစ်ပေါ်တဲ့တရား (ကုန်တတ်တဲ့ တရားပါ ဘုရား)။

ဖြစ်ပေါ်လာတာ တွေ့မှ ကုန်တာတွေ့မှာ (မှန်ပါ) ဖြစ်ပေါ်လာတာ မတွေ့ပဲနဲ့လည်း (ကုန်တာမတွေ့ပါဘူး ဘုရား) ကုန်တာမတွေ့နိုင်ဘူးဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရှင်းကြီးရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ သန္တာန်မှာ ပြုပြင်ထားတာပဲ ရှိတယ် ပြုပြင်လို့ပေါ်လာတဲ့တရားကလည်း ကုန်တာလမ်းဆုံးမှာ ပဲတဲ့ (မှန်ပါ) ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းကို မောင်နိုင် ဘယ်နှယ့်တုံး (လမ်းဆုံးပါတယ် ဘုရား) သဘောပါကြ ပလား (ပါ,ပါပြီ ဘုရား)။

အဲ ဒါဖြင့် တို့သည်ကားလို့ဆိုလို့ရှိရင် ဘာဖြစ်ချင်လို့မှ မတော်ပါလား ဘာဖြစ်ချင်ဆိုတာ ပြုပြင်တာပဲ (မှန်ပါ့) ပြုပြင်ရင် ဘာဖြစ်ဦးမယ့်ထင်တုံး (ကုန်ခြင်း၊ ဆုံးခြင်း ဖြစ်မှာ ပါ ဘုရား) ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းပဲ လာဦးမှာပဲ (မှန်ပါ)။

ဖြစ်ချင်တဲ့ပုဂ္ဂိုလ်ဟာပျက်ချင်လို့သာမှတ်ပေတော့

ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းပဲ (လာဦးမှာပါ ဘုရား) ဘာဖြစ်လို့တုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဖြစ်ချင်တဲ့ပုဂ္ဂိုလ်ဟာ ပျက်ချင်လို့သာ မှတ်ပေ တော့ (မှန်ပါ)။

ဘယ်လို မှတ်ကြမတုံး (ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ပျက်ချင်လို့သာ မှတ်ရမှာပါ ဘုရား)။ ဖြစ်ချင်တဲ့ပုဂ္ဂိုလ်ဟာ ပျက်ချင်လို့ပဲဆိုတော့ ဪ ဒကာ ဒကာမတို့ ဖြစ်ချင် တဲ့ပုဂ္ဂိုလ်ဟာ ပျက်ချင်လို့ဆိုတော့ ဒီပါဠိတော်က မောင်နိုင် တန်းမနေဘူးလား (တန်းပါတယ် ဘုရား)။

သေသေချာချာပြတာပဲ ဘုရားပရိနိဗ္ဗာန်စံခါနီး ပြတဲ့တရားနော် (မှန်ပါ) ပြုပြင်လို့ ပေါ်လာတဲ့ တရား ကုန်ခြင်း ပျက်ပြုန်းခြင်းမှာ မောင်နိုင် ဘယ့်နှယ့်တုံး (လမ်းဆုံးပါတယ် ဘုရား)။

ကျုပ်တို့ အခုခန္ဓာကြီးဟာ နောက်ဘဝက ဒါနကံ၊ သီလကံ၊ အမျိုးမျိုးသောကံတွေက ပြုပြင်လိုက်တော့ ပျော် တပည့်တော်တို့ ရှေ့ဘာဖြစ်ဦးမှာတုံးဘုရာ့ အို မင်း ပြုပြင်လို့ပေါ်လာတဲ့ တရားကိုကွ ကုန်ခြင်းဆုံးခြင်း၊ ပျက်ပြုန်း ခြင်းပဲ မင်းဇာတ်သိမ်းမှာပဲ (မှန်ပါ့ ဘုရား)။

ကိုစံလှ ဒီပြင် ဘာဖြေစရာရှိသေးတုံး (မရှိပါ ဘုရား)ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒီတရားကို ပြုပြင်လို့ ပေါ်လာတဲ့တရား ကုန်ခြင်းဆုံးခြင်း၊ ပျက်ပြုန်းခြင်းမှာ လမ်းဆုံးတာကို မင်းတို့ မမေ့ပဲနေကြလို့ရှိရင် မမေ့ပဲနေကြ ရင် ဆိုတဲ့ဥစ္စာက ရှုကြပါပြောတာ (မှန်ပါ) ဘယ်လိုမှာပါလိမ့် (ရှုကြပါ မှာတာပါ ဘုရား)။

ခန္ဓာငါးပါးထဲက တစ်ပါးပါးကို မင်းတို့သည် ရှုကြ ပါလို့ဆိုတာပဲ (မှန်ပါ) ဖြစ်ပေါ်တဲ့ တရား ဘယ်လမ်းဆုံး တုံး (ကုန်ခြင်းဆုံးခြင်း ပျက်ပြုန်းခြင်းမှာ လမ်းဆုံးပါတယ် ဘုရား ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းမှာ လမ်းဆုံးတယ် ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါကို မမေ့ကြနဲ့ဆိုတော့ မမေ့နဲ့ဆိုတော့ ဒီဟာ ရှုရမှာ (မှန်ပါ) မောင်နိုင် မမေ့နဲ့ဆိုတာက (ရှုရမှာပါ ဘုရား)။

ဖြစ်ပျက်ရှုမှုမမေ့ရစ်နဲ့

ဘုရား ပရိနိဗ္ဗာန်စံခါနီး ဘာများဟောသွားပါလိမ့် မတုံးဆိုတော့ အင်း ဖြစ်မှု ပျက်မှု မရစ်နဲ့ကွ (မှန်ပါ) ဘာဟောသွားတုံး (ဖြစ်မှု ပျက်မှု မမေ့ရစ်နဲ့ပါ ဘုရား)။

ဒကာ ဒကာမတွေ အင်မတန်အဖိုးတန်တာနော်။ (မှန်ပါ ဘုရား)။ ဖြစ်မှု ပျက်မှုကို (မမေ့ရစ်နဲ့ပါ ဘုရား)။ မမေ့ ရစ်နဲ့ကွာလို့ သေသေချာချာဟောပါတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဘယ်လိုဟောပါသလဲ (ဖြစ်မှု ပျက်မှု မမေ့ရစ်နဲ့ပါ ဘုရား) ဒါကိုတော့ မမေ့ကြပါနဲ့ ဒကာ ဒကာမတို့ ဘုန်းကြီးလည်း ပြန်တော့မှာ ခင်ဗျားတို့လည်း မမေ့မှ တော်မယ် (မှန်ပါ)။

ဘုရား ပရိနိဗ္ဗာန်စံခါနီးလည်းဖြစ်မှု ပျက်မှု မမေ့ရစ် နဲ့ ဒါလမ်းဆုံးတာပဲကွ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲ ဖြစ်မှု ပျက်မှုကို ဘာတဲ့တုံး (မမေ့ရစ်နဲ့ပါ ဘုရား) မမေ့စေနဲ့ ကွတဲ့ ပြုပြင်လို့ ပေါ်လာတဲ့တရားဟာ သူပဲ၊ သူဟာ ကုန်ခြင်း ဆုံးခြင်း ပျက်ပြုန်းခြင်းမှာ လမ်းဆုံးတာပဲ ဆိုတာ သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် သူ့မှာ ဖြစ်မှုရယ် ပျက်မှုရယ်ပဲရှိတယ် (မှန်ပါ) ဒါဖြင့် ဘယ်ခန္ဓာမဆို မောင်နိုင် ဆုံးဖြတ်ချက်ချ၊ ကိုစံလှ ဆုံးဖြတ်ချက်ချ (ဖြစ်မှုနဲ့ ပျက်မှုပဲရှိတယ် ဘုရား) ဒါပဲရှိတယ် (မှန်ပါ)။

ဒီပြင် ဘာများရှိသေးတုံး (ဘာမှမရှိတော့ပါဘူး ဘုရား) အဲဒါကြောင့် ဖြစ်မှုသည်ကား ဆိုလို့ရှိရင်လည်း ဘုန်းကြီးတို့ ဒီပြင်ပါဠိတော်နဲ့ သွင်းမယ်ဆိုတော့ ဖြစ်မှုဟာ ဖြစ်ဒုက္ခလို့ ပြောတယ် (မှန်ပါ)။

ပျက်မှုဟာ (ပျက်ဒုက္ခပါ ဘုရား) ပျက်ဒုက္ခလို့ ပြော တော့ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီဖြစ် ဒုက္ခနဲ့ ပျက်ဒုက္ခကို မင်းတို့ မမေ့ရစ်နဲ့ ဒါကို မမေ့လို့ရှိရင် ဖြစ်ဒုက္ခ ပျက်ဒုက္ခအဆုံးရောက်ပါလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခ ဖြစ်မှုနဲ့ ပျက်မှုကို မမေ့ပဲနဲ့ မင်းတို့ရှုနေကြလို့ရှိရင် ၎င်းဖြစ်ဒုက္ခနှင့် ပျက်ဒုက္ခ၏အဆုံး ဖြစ်တဲ့ နယ်ကိုတော့ဖြင့် မင်းတို့ ဆုမတောင်းပဲနဲ့ ရောက်ပါ တယ် (မှန်ပါ)။

ဘယ်လိုပါလိမ့် (ဆုမတောင်းပဲနဲ့ ရောက်ပါတယ် ဘုရား) ဆုမတောင်းပဲနဲ့ ရောက်ပါ လိမ့်မယ်လို့ ဒကာ ဒကာမ တို့ လေးလေးစားစား မှတ်ပါ (မှန်ပါ)။

ဘာဖြစ်လို့ ရောက်ရမှာတုံးလို့ မေးတဲ့အခါ ဖြစ်မှု ပျက်မှုမြင်တဲ့ ပုဂ္ဂိုလ်သည် ဖြစ်မှု ပျက်မှု မုန်းမှာပဲ (မှန်ပါ)။

သူများခန္ဓာလား မိမိခန္ဓာလား (မိမိခန္ဓာပါ ဘုရား) မုန်းတဲ့ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် မလိုချင်ဆိုတဲ့ ခုနက ဖြစ်မှု ပျက်မှုရှုတဲ့ ဉာဏ်သည် မလိုချင်တဲ့ဉာဏ် ဖြစ်လာမှာပဲဆို တာလည်း ဒကာ ဒကာမတွေ အမှန်ပဲ (မှန်ပါ)။

အဲတော့ သူဆုံးမလား မဆုံးဘူးလား (ဆုံးပါတယ် ဘုရား) တေသံ ထိုဖြစ်မှုပျက်မှု နှစ်ပါးတို့သည် ဆိုတဲ့ဥစ္စာနော် (မှန်ပါ)။

နောက်ဆုံးဟောသော တရားတော်

ဟန္ဒဒါနိ ဘိက္ခဝေ၊ ဘိက္ခဝေ – ရဟန်းတို့၊ ဟန္ဒ- ကိုယ်တော်ပန်း၍ နွမ်းလှလေပြီဆိုတာက သူဝမ်းကလျှော နေတော့ အင်မတန် ပန်းနေတယ် (မှန်ပါ)။

ပန်းလျက်နဲ့ ဟောနေတယ် (မှန်ပါ) ဝေါ တုမှာကံ -ချစ်သားတို့အား၊ အာမန္တယာမိ – ငါ တရားရှည်ရှည် မဟော နိုင်ဘူး နောက်ဆုံးပိတ် ပြောခဲ့မယ် တိုတိုပဲ ငါပြောခဲ့မယ် နော် (တင်ပါ ဘုရား)။

သင်္ခါရာ – ပြုပြင်နိုင်မှ ဖြစ်ပေါ်ကြတဲ့ တရားတွေ၊ ဝယဓမ္မာ – ကုန်ဆုံးခြင်း၊ ပျက်ပြုန်းခြင်း ရှိကြကုန်၏ ဖြစ်ပေါ် တဲ့တရား ကုန်ခြင်း၊ ပျက်ပြုန်းခြင်း ရှိကြကုန်၏။

ဖြစ်ပေါ်တဲ့တရားက သင်္ခါရတရားကို (မှန်ပါ) သူ ဘယ်လမ်းဆုံးပါလိမ့် (ကုန်ခြင်း ဆုံးခြင်း ပျက်ပြုန်းခြင်း၊ လမ်းဆုံးပါတယ် ဘုရား) ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်း သာလျှင် သဘော ရှိကြကုန်၏ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝယဓမ္မာ – ကုန်ခြင်း၊ ဆုံးခြင်း တို့ကြောင့်၊ တုမှေ- သင်တို့သည်၊ အပ္ပမာဒေန – မမေ့ မလျော့ပဲနဲ့ (ဝါ) – ရှုပြီး တော့နေပါ (မှန်ပါ)။

ဟုတ်လား (မှန်ပါ) သမ္ပာဒေထ – မင်းတို့ ဒါရှုပြီးနေ ကြမယ်ဆိုရင်ဖြင့် ငါပြောတဲ့ ဒုက္ခဿ – ဒုက္ခ၏၊ အန္တာ – အဆုံးကို၊ သူကဖြစ်မှု ပျက်မူဆုံးလို့ ရှိရင် ဒုက္ခဆုံးတာပဲ (မှန်ပါ)။

ဖြစ်တာက ဖြစ်ဒုက္ခ၊ ပျက်တာက (ပျက်ဒုက္ခပါ ဘုရား)၊ အဲဒါအဆုံး ရှိတယ်ကွ (မှန်ပါ)၊ ဒကာ ဒကာမတွေ ဘာတဲ့တုံး (အဆုံးရှိပါတယ် ဘုရား) အဆုံးရှိတယ်တဲ့ ဒုက္ခနှစ်ခုရှိလို့ ရှိရင် ဒုက္ခနှစ်ခု၏ အဆုံးဟာ ဒကာ ဒကာမတို့ ရှိရမယ် (မှန်ပါ)။

နွယ်တစ်ခုကို မောင်နိုင် အရင်းကဖြတ်လိုက်ရင် အဆုံးတွေ့မှာပဲ (မှန်ပါ) အညွှန့်ကနေ ကိုင်လိုက်လည်း (အဆုံးတွေ့မှာပါ ဘုရား)၊ အဆုံးတွေ့မှာ သူအမြစ်ကျရင် အဆုံးတွေ့မှာ သေချာဘူးလား (သေချာပါတယ်)။

အဲ မလုပ်တဲ့ပုဂ္ဂိုလ်ဖြင့် အဆုံးမတွေ့ပေဘူးကွာတဲ့ ဖြစ်မှုဒုက္ခလည်း တွေ့ကြမယ်၊ ပျက်မှုဒုက္ခလည်း တွေ့ကြမယ် ဆို ဖြစ်မှု၏ အဆုံး၊ ပျက်မှု၏ အဆုံးဖြစ်တဲ့ နိဗ္ဗာန်တွေ့ ရမယ် (မှန်လှပါ) လိုက်သာသွားပါ (မှန်ပါ)။

ကိုစံလှ ဘာတဲ့တုံး (လိုက်သာသွားပါ ဘုရား) လိုက်သာသွားရမယ် ငါဆုံးပရစေတော့ ဆိုတဲ့ စိတ်နဲ့ မလိုက်နဲ့ (မှန်ပါ)။

ဪ ဖြစ်မှု ပျက်မှုမှတစ်ပါး ဘာမှမရှိပါလား။ ဖြစ်မှုပျက်မှုချည်း ဉာဏ်နဲ့ မြင်နေပါလား ဆိုပြီး မောင်နိုင် ဘာမှ စိတ်ထဲက ဗျာပါဒ မများပဲနဲ့ လိုက်သာသွား (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

လိုက်သွားတဲ့ အခါကျလို့ရှိရင် နွယ်လိုက်သလိုပါပဲ ဒကာ ဒကာမတို့ ဆုံးမှာပါပဲ (မှန်ပါ) နွယ်လိုက် သလိုပေါ့ (မှန်ပါ)။

အင်း ဘူးနွယ်တစ်ခု အဖျားတွေ့တယ်ဆို မောင်နိုင် လိုက်ပေါ့ အင်း အဆုံးကော့ ကိုယ်လိုချင်တဲ့ အဆုံးတော့ ရှည်ရှည်လိုချင် ရှည်ရှည်ရမှာပဲ (မှန်ပါ) မရပေဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့ ရှေးတုန်းက ဖြစ်မှုပျက်မှု အဆုံးနိဗ္ဗာန်ဆိုတာဟာ သိလည်း မသိခဲ့ကြဘူး၊ အခု အချိန်ဖြင့် တစ်ပွဲလုံးပဲ သိပြီဆိုကြပါစို့ (မှန်ပါ)။

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်

နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဖြစ်မှု ပျက်မှုဆုံးတာပါ ဘုရား) ဖြစ်မှု ပျက်မှုဆုံးတာ၊ နိဗ္ဗာန် ဆိုတာ (ဖြစ်မှုပျက်မှု ဆုံးတာပါ ဘုရား) သော် ဖြစ်မှုပျက်မှုအလုပ်က ခန္ဓာ၏ အလုပ်ကို (မှန်ပါ)။

ဖြစ်မှု ပျက်မှုဟာ မောင်နိုင် (ခန္ဓာ၏အလုပ်ပါ ဘုရား) ဪ ဒါဖြင့် ဖြစ်ခန္ဓာလည်းဆုံး၊ ပျက်ခန္ဓာလည်းဆုံး ဆိုတော့ ခန္ဓာဆိုတာကလည်း ဇာတိ၊ ဇရာမရဏရှိတာကို ဘာခေါ်ကြမတုံး (ခန္ဓာပါ ဘုရား)။

ခန္ဓာမှ မရှိတဲ့ပုဂ္ဂိုလ် ဇာတိ၊ ဇရာ၊ မရဏ၊ ဒုက္ခသစ္စာ ကြီးက လုပ်ဦးမလား (မလုပ်တော့ပါဘူး ဘုရား)။

ဪ ဒါဖြင့် ရှုပွားနေတဲ့ ယောဂီသည် မမေ့ပဲ နဲ့ ဘုရားဟောတော်မူတဲ့အတိုင်း လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဪ – ဒုက္ခဆုံးတဲ့ ပုဂ္ဂိုလ်ပဲလို့ ဆိုရုံပဲ (မှန်ပါ)။

ဘယ့်နှယ့်ဆိုကြမတုံး (ဒုက္ခဆုံးတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) ဒုက္ခဆုံးတဲ့ပုဂ္ဂိုလ်လို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် မောင်နိုင်တို့ ကိုစံလှတို့ ဒုက္ခတွေ့ဖို့ (၁) နံပါတ်အရေးကြီးပါတယ်၊ ဒါမှ ဒုက္ခအဆုံး လိုက်တတ်မှာ (မှန်ပါ) နွယ်အစမှ မတွေ့ပဲနဲ့ နွယ်လိုချင်တော့ နွယ်အဆုံး ကို ကျုပ်တို့ ငိုပြီး နေငြား သော်လည်း ဒီနွယ်အဆုံးတော့ဖြင့် အစမတွေ့တဲ့ပုဂ္ဂိုလ် နွယ်အဆုံးတော့ဖြင့် ရမယ်မဟုတ်ပါဘူး (မှန်ပါ)။

ဘာ့ကြောင့်တုံး အစမတွေ့လို့ (မှန်ပါ) အဆုံး (မတွေ့နိုင်ပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အဲတော့ နိဗ္ဗာန်၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါ ရှုကြည့်ပါ ဖြစ်မှု ပျက်မှု ဆုံးလို့ ရှိရင်ဖြင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခ အဆုံးဖြစ်သောကြောင့် ဒုက္ခဆုံးပေါ့ဆိုတာ ကိုယ်တိုင်သိတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အခေါ်က နိဗ္ဗာန်၊ အရှိက ဒုက္ခအဆုံး

ဒုက္ခဆုံးပေါ့ ဆိုတာ (ကိုယ်တိုင်သိပါတယ် ဘုရား) ကိုယ်တိုင်သိပါလိမ့်မယ် ဆိုတာဖြင့် ဒကာ ဒကာမတို့ ဘာမှ ပြောစရာမရှိဘူး ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခအဆုံးဆိုတာ ဒုက္ခတွေ့ မှ အဆုံးရှိမှာပဲ (မှန်ပါ) ဒုက္ခအဆုံး ဆိုတာ (ဒုက္ခတွေ့မှ ရှိမှာပါ ဘုရား)။

အဲ ဒုက္ခအဆုံး ဆိုတာ တခြားလားအောက်မေ့ နေတယ် ဒုက္ခမှ မတွေ့သေးတဲ့ ပုဂ္ဂိုလ် ကျတော့ ကိုစံလှ မောင်နိုင်တို့က ဘယ်လိုမှ မစဉ်းစားနဲ့ (မှန်ပါ) သူ နိဗ္ဗာန် ကို မရောက်တော့ဘူး (မှန်ပါ)။

ရပါ့မလား (မရပါဘူး) နိဗ္ဗာန်တော့ မရနိုင်ဘူး ဒကာ ဒကာမတို့ ဘာကြောင့်တုံး ဘာကြောင့် မရနိုင်တုံးဆိုတော့ ဒုက္ခမှ မတွေ့တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခအဆုံးကို နိဗ္ဗာန်ဆိုတာလည်း အခေါ်နိဗ္ဗာန်၊ အရှိဒုက္ခအဆုံး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အခေါ်ကတော့ဖြင့် (နိဗ္ဗာန်ပါ ဘုရား) အရှိကတော့ ဖြင့် (ဒုက္ခအဆုံးပါ ဘုရား) ဒုက္ခအဆုံးပဲ ဆိုတော့ ဒါကိုသိပြီး သကာလ ထားတဲ့ ဒကာ ဒကာမတွေ ဖြစ်နေတော ဪ တို့ ဘယ်လိုများ လုပ်ရမှာပါလိမ့် နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ဘယ်လိုများ လိုက်ရပါလိမ့်မတုံးဆိုတော့ ဒီ သတိလေး၊ သတိ ပညာလေးနဲ့ မောင်နိုင်တို့က ဘုရားမှာတဲ့အတိုင်း ပရိနိဗ္ဗာန် စံခါနီး နောက်ဆုံးပိတ်မှာတဲ့ အတိုင်း မမေ့ရစ်နဲ့ဆိုတာ လေးကို။

ဖြစ်ပျက်ကို ဖြစ်ပျက်ဒုက္ခသစ္စာကို မမေ့ရစ်နဲ့ဆိုတာ လေး မမေ့ပဲနေလို့ရှိရင် ဖြစ်ပျက် ဒုက္ခသစ္စာဟာ ဆုံးရမယ် (မှန်ပါ)။

မဆုံးပါနဲ့ဆိုလို့ (မရပါဘူး ဘုရား) မဆုံးပါနဲ့ဆိုရင် ဘယ်ရမလဲတဲ့ ဘုရားတစ်ဆူ တစ်ဆူ နောက်မှာ ကုဋေ ရှစ်ဆယ်၊ ဗိုလ်ခြေတစ်သိန်းတွေဟာ ဘယ်များသွားနေကြ ပါလိမ့် အို ဒုက္ခမရှိတဲ့ နေရာ သွားနေကြတာပေါ့ (မှန်ပါ)။

ဘာဉာဏ်နဲ့ သွားကြတာတုံး အို ဒုက္ခဆုံးတဲ့ဉာဏ် နဲ့ သွားကြတာပေါ့ (မှန်ပါ) ဘယ်လို ဆိုကြပမတုံး (ဒုက္ခဆုံးတဲ့ ဉာဏ်နဲ့ သွားကြတာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဪ ဒါဖြင့် ဒုက္ခကိုမှ မသိတဲ့ပုဂ္ဂိုလ်သည် မောင်နိုင် ဒုက္ခအဆုံး တွေ့ပါလိမ့်မယ် ဆိုတာဖြင့် မယုံပါနဲ့ (မှန်ပါ) ယုံစရာအကြောင်းကလည်း (မရှိပါဘူး ဘုရား) မရှိဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးလည်း အခု ပရိနိဗ္ဗာန်စံရန် အရုဏ်တက်ရုံပဲ ကျန်တော့တယ် သူပရိနိဗ္ဗာန်စံခါနီးမှာ ဒီလိုသာ မင်းတို့ မမေ့ ပဲနဲ့ နေကြလို့ရှိရင်၊ ဒုက္ခ၏ အဆုံးတော့ဖြင့် ရောက်မှာပဲဟေ့ (မှန်ပါ)။

ဖြစ်ပျက်ရှုတဲ့အကျင့်ကို ကျင့်ရစ်ပါ

ဆိုတော့ ဒီအကျင့် ကျင့်ရစ်ပါ မှာတယ် (မှန်ပါ) ဖြစ်ပျက်ရှုတဲ့ အကျင့်ကိုဖြင့် လေးလေးစားစားနဲ့ နိုးကြားထား ပြီး သကာလ ကျင့်ရစ်ပါကွာ ငါအလိုရှိတာဒါပဲ (မှန်ပါ)။

ခုနင်ကပန်းတွေ ပူဇော်တာ ငါ အမြတ်ဆုံးပူဇော် တယ်လို့ ငါမဟောပါဘူး (မှန်ပါ) ဟုတ်ဘူးလား (မှန်ပါ)။

အင်း မွှေးကြိုင်တဲ့ အမှုန့်တွေနဲ့ ဗြဟ္မာတွေက ကြဲတာလည်း အမြတ်ဆုံးပူဇော်တဲ့ထဲ သွင်းပါရဲ့လား (မသွင်းပါဘူး) အတီးတွေ၊ အမှုတ်တွေနဲ့ ပူဇော်နေတာကိုလည်း အမြတ်ဆုံး ပူဇော်တဲ့အထဲကို (မသွင်းပါဘူး)။

ဘယ်ဟာသွင်းလိုက်ပါလိမ့်မတုံးဆိုလို့ရှိရင် ဒုက္ခ အဆုံးရောက်အောင်လို့ ဒုက္ခသိနေတဲ့ ပုဂ္ဂိုလ်သည် ဒါ အမြတ်ဆုံးပူဇော်နေတာပဲကွ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။ ဒုက္ခသိပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်ဖြင့် ဒုက္ခအဆုံး ရောက်အောင် သွားမယ်လို့ ရည်ရွယ်ချက်နဲ့ မမေ့ပဲနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး) ရှင်းကြပလား (ရှင်းပါပြီ)။

ဒီလိုဆိုလို့ရှိရင် ဒါဘာနဲ့ ပူဇော်ပွဲတုံး၊ ပူဇော်တကူ ပူဇော်ထဲမှာ အကြီးဆုံး အမြတ်ဆုံး ပူဇော်ပွဲပဲဆိုတဲ့ဥစ္စာ ပန်းတွေကြွေကျတာ ဒါဟောတာ (မှန်ပါ)။

ကိုစံလှ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေ ဒီအရေးဟာ အခု သေသေချာချာ ပြောဆို ပြီး သကာလ နေတဲ့အတွက် ဒီအရေး တယ်ကြီးပါလား (အရေးကြီး ပါတယ် ဘုရား)။

တို့သည်ကားလို့ ဆိုလို့ရှိရင် ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန် မရောက်ခဲ့တာ အမြတ်ဆုံးပူဇော်ပွဲ တစ်ခါမှ မနွှဲခဲ့သေးလို့ပဲ (မှန်ပါ) ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အမြတ်ဆုံးပူဇော်ပွဲ မနွှဲခဲ့သေးလို့ပဲလို့ ဆိုတဲ့ဥစ္စာ ဒီပြင်ဟာတွေ ပူဇော်ခဲ့လို့တော့ အခု လူ့ဘဝတွေ၊ နတ်ဘဝတွေ ရကြပါပြီ၊ မရခဲ့ကြဘူးလား (ရပါတယ် ဘုရား) သို့သော် ဒုက္ခဆုံးပါရဲ့ လားလို့ (မဆုံးပါဘူး ဘုရား)။

ဒုက္ခအဆုံးရောက်ချင်ရင် ဒုက္ခတွေ့အောင်ရှာပါ

ဒုက္ခကြီးနဲ့ပဲ အခုခန္ဓာကြီးနဲ့ပဲ နေကြရတယ်ဆိုတာ ငြင်းနေဖို့ လိုသေးလား (မလိုတော့ပါဘူး) ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခအဆုံး ရောက်ချင်လို့ရှိရင် ဒုက္ခတွေ့အောင် ရှာပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခအဆုံးရောက်ချင်ရင် (ဒုက္ခတွေ့အောင် ရှာပါ) ရှာရင်လည်း ရှာတဲ့အတိုင်းသာ မှန်မှန်ကန်ကန် လိုက်သွား စမ်းပါ တဲ့ ဒုက္ခရှိရင် ဒုက္ခအဆုံးရှိပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခရှိရင် (ဒုက္ခဆုံးပါတယ် ဘုရား) အဲဒါ ဘယ်အချိန် များ ဟောပါလိမ့်မတုံးလို့ ဆိုတော့ ပရိနိဗ္ဗာန်စံခါနီးမှာ ဒီသင်္ခါရတရားပျက်တယ် အဲဒါ ပျက်တာ မမေ့ရစ်နဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရတရားဟာ (ပျက်ပါတယ် ဘုရား) ပျက်ခြင်း၊ ပြုန်းခြင်း ဆုံးခြင်းမရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ မမေ့ – ရစ်နဲ့၊ ဒါ မမေ့နဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်မမေ့နဲ့ (မှန်ပါ) ဘာမှာပါလိမ့် (ဖြစ်ပျက် မမေ့ပါနဲ့ ဘုရား) ဖြစ်ပျက်မမေ့နဲ့ကွ၊ အဖြစ် ကလည်း ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အပျက်ကလည်း (ဒုက္ခသစ္စာပါ ဘုရား) အဲဒါ မမေ့နဲ့ဆိုတော့ ဒုက္ခသစ္စာ မမေ့ ရစ်နဲ့ (မှန်ပါ)။

ဒုက္ခသစ္စာမြင်ရင်ဉာဏ်ကဆုံးအောင်လုပ်လိမ့်မယ်

ဒုက္ခသစ္စာ မင်းမြင်လာလို့ရှိရင်ဖြင့် မင်းဒုက္ခ အဆုံး သည် မင်းဉာဏ်က ဆုံးအောင် လုပ်လိမ့်မယ် (မှန်ပါ) မောင်နိုင် သေချာပလား (သေချာပါတယ် ဘုရား)။

သူများက ဆုံးအောင်လုပ်မှာလား ဒီဉာဏ်ကပဲ ဆုံးအောင်လုပ်မှာလား (ဒီဉာဏ်ကပဲ ဆုံးအောင်လုပ်မှာပါ ဘုရား) ဒီဉာဏ်က ရင့်လာတဲ့အခါ ဖြစ်ပျက်မြင်လို့ ဖြစ်ပျက် မုန်းလို့ ဖြစ်ပျက်ဆုံးတာပဲ ကျေနပ်ပါတော့တယ်ဆိုတဲ့ ဒီဉာဏ် ထက် မထက် (ထက်ပါတယ် ဘုရား)။

ထက်လာမယ်ဆိုတဲ့ဥစ္စာ ဒါဖြင့် ဒုက္ခတွေ့တဲ့ ပုဂ္ဂိုလ် မှာဖြင့် သူတစ်ပါး တိုက်တွန်း နှိုးတော်မှ နိဗ္ဗာန်ရောက်မှာ လား တွေ့ကတည်းက သူ့ဉာဏ်နဲ့သူပဲ အဆုံးကို ရောက်ချင် တဲ့သဘောတွေ ပေါ်လာမှာပဲလားလို့ မေးရင် သူ့ဉာဏ်နဲ့ သူပေါ်လာလိမ့်မယ်လို့ မောင်နိုင် ဖြေပါ (မှန်ပါ)။

ဘုရားကူနေဖို့ လိုသေးလား (မလိုပါဘူး) အဲတော့ ဘုရားကူရမယ့် အဖြေက ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့ အောင်တော့ ကူရလိမ့်မယ် (မှန်ပါ့) မကူရပေဘူးလား (ကူရပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပရိနိဗ္ဗာန် ဒီစကားပြောပြီး ဖြစ်ပျက် မမေ့ရစ်နဲ့ ဆိုပြီး ပရိနိဗ္ဗာန်စံတာ ဘဲ (မှန်ပါ) နောက်ထပ်စကား တစ်လုံးမှမသုံးတော့ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဘုရားဘာများ ဆုံးမသွားပါလိမ့် (ဖြစ်ပျက် မမေ့နဲ့ပါ ဘုရား) အဲ ဖြစ်တာသည် သင်္ခါရ၊ ပျက်တာ သည် အနိစ္စ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ပျက်တာ သည် ဝယဆိုလည်း မှန်တာပဲ (မှန်ပါ) အဲ့ ဖြစ်ပျက် မမေ့ရစ်နဲ့ ဆိုပြီး ပရိနိဗ္ဗာန်စံတာပဲ (မှန်ပါ)။

နောက်ဆုံးပိတ် စကားရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘုရားဘာများ မှာပါလိမ့် (ဖြစ်ပျက် မမေ့ရစ်နဲ့ပါ ဘုရား) ဖြစ်ပျက် မမေ့ရစ်နဲ့လို့ပဲ မှာခဲ့ပါတယ် (မှန်ပါ့)။

ဖြစ်ပျက် မမေ့ရစ်နဲ့ဆိုတဲ့စကားသည် နိဗ္ဗာန်ကို သူမှ ရောက်မယ်လို့ ပြောသွားတာနဲ့ မောင်နိုင် တစ်ထပ်ထဲပါပဲ (မှန်ပါ) ရှင်းကြပလား။

ဒါဖြင့် ဘုန်းကြီးများ ဟောနေတဲ့ ဖြစ်မှု ပျက်မှုဟာ ဘယ်အချိန် ကိုယ်တော်မြတ်ကြီး အရေးတကြီး ဟောပါလိမ့် မတုံးဆိုတော့ (၄၅) ဝါအတွင်းမှာ အရေးတကြီး ဟောတာပဲ (မှန်ပါ) ပရိနိဗ္ဗာန် စံခါနီးလည်း ထပ်မှာတာလည်း ဒါပဲလို့ မှတ်ပါ (မှန်ပါ)။

သင်္ခါရတရား ပျက်တတ် ပြုန်းတတ်သည် ပျက်ပြုန်း တတ်သည် (မှန်ပါ) ဖြစ်ပေါ်လာတာ ဘာခေါ်ကြမတုံး (သင်္ခါရပါ ဘုရား) သူဘယ်လမ်းဆုံးမတုံး (အပျက်လမ်းဆုံး ပါတယ် ဘုရား) အပျက်လမ်းဆုံးမယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ကျေနပ်တော့မှ သင်္ခါရတရား ပျက်တတ် တယ် အဲဒါ မမေ့ရစ်နဲ့ဆိုပြီး ဝိညာဉ်ချုပ်တာပဲ (မှန်ပါ) သင်္ခါရတရား (ပျက်တတ်ပါတယ် ဘုရား) အဲဒါကို (မမေ့ရစ် နဲ့) ဒါနောက်ဆုံးပိတ် မှာတာ (မှန်ပါ)။

သင်္ခါရတရား (ပျက်တတ်တယ်) အဲဒါကို (မမေ့ရစ်နဲ့) ဒါပဲ ဟောတာပဲ သဘောကျပလား (ကျပါပြီ ဘုရား) သင်္ခါ ရတရား (ပျက်တတ်ပါတယ် ဘုရား) သင်္ခါရတရားဆိုတာ ဒီကပြုပြင်လို့ ပေါ်လာတဲ့ တရား (မှန်ပါ)။

သင်္ခါရတရား (ပျက်တတ်ပါတယ် ဘုရား) အဲဒါကို (မမေ့ရစ်နဲ့) ကဲ ဒကာ ဒကာမတွေ ဘုရား နောက်ဆုံးပိတ် အရေးတကြီး မှာသွားတာ ဘာပါလိမ့်မလဲ (သင်္ခါရတရား ပျက်တတ်ပါတယ် မမေ့နဲ့ ပါ ဘုရား) အဲဒါ မမေ့ရစ်နဲ့ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါကို အမြဲသတိထားပြီး ရှုပါ

ဒီလို မမေ့ရစ်နဲ့ ဆိုတဲ့စကားဟာက သေချာလိုက် တာမှ မောင်နိုင် သင်္ခါရတရား ပျက်တတ်တယ် အဲဒါ မမေ့ရစ်နဲ့ဆိုတော့ ဒါကို မင်းတို့က အမြဲသတိထားပြီး ရှုပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘယ်လိုဟောပါလိမ့် (သင်္ခါရတရား ပျက်တတ်ပါ တယ် မမေ့ရစ်နဲ့) အဲဒါကို မမေ့ရစ်နဲ့ဆိုတော့ ဒါရှုပေါ့ (မှန်ပါ့) ဒါရူဆိုတော့ နောက်ပဋိစ္စသမုပ္ပါဒ်က ဘယ်နှယ့်နေတုံး (ပြတ်ပါတယ် ဘုရား)။

ပြတ်နေတော့ အင်း ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့အလုပ်ဆိုတာသည် ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဘာသစ္စာ ကြီးလို့ နောက်ကလာမတုံး (ဒုက္ခသစ္စာကြီးပါ ဘုရား) ဒုက္ခပြတ်တဲ့အလုပ်ပါလား (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အဲတော့ ဒုက္ခပြတ်တဲ့ အလုပ်ဖြင့် ကျုပ်တို့ကလည်း အင်း အခု စီးပွားရှာကြတယ်ဆိုတော့ အိုတဲ့အခါ ချောင် ချောင်လည်လည်စားဖို့ ဆိုတော့ အိုတဲ့အခါမှာ ဒုက္ခနည်းဖို့ ပြောတာ (မှန်ပါ့) ဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အခုလို ပျိုရွယ်တုန်းက ရှာကြဖွေကြ စုကြ ဆောင်း ကြတာ ဒကာ ဒကာမတို့ ဘယ်အကျိုးငှာ တုံးဗျ။ တော်ကြာ တပည့်တော်တို့က မျက်စိမွဲ ခါးကိုင်းနားထိုင်းဆိုတာ လာဦး မှာဗျ (မှန်ပါ) အဲဒီအချိန်ကျတော့ သားသမီးတွေဆီ လက်ဖြန့် တောင်းစားချင်စိတ်ကလည်း တပည့်တော်တို့က မရှိ ဘူး၊ အဲဒါကြောင့် အခုကတည်းက အပင်ပန်းခံ ရှာနေရတယ် ဆိုတဲ့ဥစ္စာ ဒုက္ခကြောက်လို့ ကြိုပြောတာ (မှန်ပါ)။

ဘယ်ဟာကြောက်လို့ ပြောတာပါလိမ့် (ဒုက္ခရောက် လို့ ပြောတာပါ ဘုရား) ဒုက္ခ ကြောက်လို့ ပြောလို့ရှိရင်ဖြင့် ခင်ဗျားတို့ အဲဒါကတော့ဖြင့်တဲ့ ကိုယ့်စကားထဲမှာပဲ ပါပါ တယ်တဲ့ ဒုက္ခကြောက်လို့ စီးပွားရှာငြားသော်လည်း ခန္ဓာ ကိုယ်ကြီးက၊ ခန္ဓာကိုယ်ကြီးက ငယ်တုန်း ဒုက္ခထက် ကြီးတဲ့ ဒုက္ခက ပိုပြီး သကာလ မလာဘူးလား (လာပါတယ်)။

ဒုက္ခကြောက်လို့ စီးပွားရှာငြားသော်လည်းတဲ့ ဒုက္ခ ကြီးနဲ့ပဲ တွေ့ရဦးမှာပဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခကြောက်လို့ စီးပွားရှာရင် (ဒုက္ခကြီးနဲ့ပဲ တွေ့ရ ဦးမှာပဲ ဘုရား) အဲ ဒုက္ခကြောက်လို့ လောကုတ္တရာ စီးပွားရှာ ကြမယ်ဆိုဒုက္ခသိမ်းတယ်(မှန်ပါ)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခကြောက်လို့ လောကုတ္တရာစီးပွား မမေ့ရစ်နဲ့ ဆိုတာ မမေ့ရင်ဘာတုံး (ဒုက္ခသိမ်းပါတယ် ဘုရား) အဲ ဒုက္ခ ကြောက်လို့ စီးပွားရှာရင် ဒုက္ခပဲ ပြန်တွေ့မယ် (မှန်ပါ)။

ဘယ်လိုတွေ့မလဲလို့ မေးတဲ့အခါကျတော့ ကိုယ်စု ထားတာလေး ဟိုသားက လိုချင်၊ ဟိုသမီးကလိုချင် (မှန်ပါ)။

လိုချင်တယ်ဆိုတော့လည်း အိုစာ မင်းစာထားတဲ့ ဟာလေး မသဒ္ဓါရေ၊ သဒ္ဓါရေနဲ့ ရော့အင့် ဆိုပြီး ကိုင်ပေါက် ပစ်လိုက် ဆိုတော့ ပေးလည်း ပေးရ ကြည်လည်း ကြည်ညိုမှု မရှိဘူး ဒါရှိလို့လည်း တစ်ဆူဆူ တစ်မြှောင်းမြှောင်းနဲ့ နေတာ ပဲ ဆိုတော့ ဒုက္ခကြောက်လို့ ရှာထားတာ ဒုက္ခဝိုင်းနေတယ် (မှန်ပါ)။

မဝိုင်းဘူးလား၊ ဝိုင်းလား (ဝိုင်းပါတယ် ဘုရား) သေ, သေတော့မှာ ခုထက်ထိ သူအထုတ် ကလေး မဖြေသေးဘူး အစရှိသည်နှင့် မျက်စောင်း ထိုး ကြမ်းဆောင့်တာတွေ ကြားရတယ် (မှန်ပါ)။

မကြားရဘူးလား (ကြားပါတယ် ဘုရား) ကြားရမယ် ဆိုတာ ဒကာ ဒကာမတွေ အထူးတလည် ပြောဖို့ မလိုပါဘူး အိမ်တိုင်းမှာ လျှောက်ကြည့် ဒါ အိမ်တိုင်းရှိပါတယ် မရှိပေ ဘူးလား (ရှိပါတယ် ဘုရား)။

အဲတော့ ဒုက္ခကြောက်လို့ အခုစီးပွားရှာကြတာက နောက်ဆုံးပိတ် ဘာနဲ့တွေ့ရတုံး (ဒုက္ခနဲ့ တွေ့ရပါတယ် ဘုရား) သားမကြည်ညိုတဲ့ဒုက္ခ၊ သမီးမုန်းတဲ့ဒုက္ခ ဟုတ်လား၊ ဆွေမျိုးက အိမ်မတက် ချင်တဲ့ဒုက္ခ ဟုတ်လား၊ အဲ သူများအိမ် သွားကိုမသွားချင်ဘူး အစရှိသည်နဲ့ တစ်ခါတည်း မျက်စောင်းထိုး ကဲ့ရဲ့၊ သင်္ဂြိုဟ်၊ စကားတင်းဆိုတာတွေ မောင်နိုင် မခံရဘူးလား (ခံရပါတယ် ဘုရား)။

ဒုက္ခဇာတ်သိမ်းချင်ရင်ဖြစ်ဒုက္ခပျက်ဒုက္ခမမေ့ရစ်နဲ့

ဒုက္ခကြောက်လို့ ရှာတာက ဒုက္ခပြန်ပြန်ဝိုင်းတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒုက္ခ ဇာတ်သိမ်း ချင်လို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြစ်ဒုက္ခ ပျက်ဒုက္ခ မမေ့ရစ်နဲ့ အဲဒါ ဒုက္ခဇာတ်သိမ်းတာပဲ (မှန်ပါ)။

ကိုစံလှ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် ပရိနိဗ္ဗာန် စံခါနီးမှာ အကြီးဆုံးသော မှာခြင်းအဖြစ်နဲ့ မှာခဲ့တာက သင်္ခါရတရား ဘာတဲ့တုံး (ပျက်တတ်ပါတယ် ဘုရား) အဲဒါကို (မမေ့ရစ်နဲ့) ဒါလေးကို ဘယ်တော့မှ မဖျောက်နဲ့ (မှန်ပါ)။

ဒါ ဘယ်တော့မှ မဖျောက်ပါနဲ့တဲ့ (၄၅)ဝါ စလုံး ကာလပတ်လုံး ဟောထားတဲ့ တရားတွေ ချုံးလိုက်တော့ ဒါပဲရတယ် (မှန်ပါ) (၄၅) ဝါ ဟောထားတဲ့ တရားတွေ ချုံးလိုက်တဲ့အခါကျတော့ ဘာရတုံး (သင်္ခါရတရား ပျက်တတ် တယ်) အဲဒါကို မမေ့ရစ်နဲ့။

ကဲ ဆိုစမ်းပါ ဘာတုံး (သင်္ခါရတရားပျက်တတ်တယ် မမေ့ရစ်နဲ့ပါ ဘုရား) မမေ့ရစ်နဲ့ အဲဒါ မမေ့ရစ်နဲ့ ဒါသာမင်းတို့ မမေ့လို့ရှိရင် ဒုက္ခဆုံးတယ်ကွ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခရောက်ရင် ဒီမမေ့ရစ်နဲ့အလုပ် လုပ်ရ လိမ့်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒုက္ခကြောက် ရင် (မမေ့တဲ့အလုပ် လုပ်ရမယ်) မမေ့တဲ့အလုပ် လုပ်ရမယ် သင်္ခါရတရား ပျက်တာကို မမေ့အောင် ကြည့်နေရမယ်တဲ့ ကြည့်လို့ရှိရင် ဒုက္ခဆုံးလိမ့်မယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီပရိနိဗ္ဗာနသုတ်ကို ဒီနေ့ဟောတာပဲဆိုတာ မောင်နိုင် သေချာပလား (သေချာပါ တယ် ဘုရား), ဘယ်အချိန် ဟောပါလိမ့်မတုံးလို့ မေးတော့ ဝိညာဉ် ချုပ်ခါနီး ဟောတဲ့တရား (မှန်ပါ)။

ဒကာ ဒကာမတို့ ဘယ်အချိန် ဟောတာပါလိမ့် (ဝိညာဉ်ချုပ်ခါနီး ဟောတာပါ ဘုရား) ဒါဟာလည်း ဟောပြီးရော မောင်နိုင်ရ ပရိနိဗ္ဗာန်စံတာပဲ (မှန်ပါ) ဒါဟောပြီး နောက်တရားဆိုရင် ဇာတ်သိမ်းတာပဲ (မှန်ပါ)။

သူ့ဟာသူသာ ဈာန်တွေဝင်စား၊ ပထမဈာန်ဝင်စား ဒုတိယဈာန်နဲ့ ဈာန်တွေ လှည့်ဝင်စားပြီး သကာလ ဝိညာဉ်တော့ မချုပ်သေးဘူးပေါ့လေ တရားနဲ့ ပါတ်သက်တော့ ဇာတ်သိမ်းသွားပြီ ဘယ်တော့မှ ဟောတော့မှာ မဟုတ်တော့ဘူး ဆိုတာ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။

တရားလေး တိုလိုက်တာလို့ မအောက်မေ့နဲ့

ဒါဖြင့် ဘယ်တော့မှ ဟောတော့မှာ မဟုတ်ဘူးဆိုပြီး သိမ်းတဲ့တရားက ငါဘုရား သိမ်းတာကို မင်းတို့က နည်းနည်း ပါးပါးနဲ့ သိမ်းတယ်လို့ တရားလေး တိုလိုက်တာလို့ မအောက် မေ့နဲ့ (၄၅) ဝါ ချုံးလိုက်တော့ ဒီဟာသာ ဟောတာပဲ (မှန်ပါ)။

(၄၅) ဝါလုံးမှာ ဘာပဲဟောဟော သင်္ခါရတရား ပျက်တတ်တယ် မမေ့ရစ်နဲ့ ဒီထဲ အကုန် ဝင်တာပဲတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရတရား (ပျက်တတ်တယ် မမေ့ရစ်နဲ့) အဲဒါ မမေ့ရစ်နဲ့ (မှန်ပါ) ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲတော့ (၄၅) ဝါ ဟောတဲ့တရားကို ချုံးလိုက်တဲ့ အခါကျလို့ရှိရင် ဒီထဲ အကုန်ဝင်တာပဲ (မှန်ပါ)။

ဒါဝိပဿနာမှာ လာ, လာပြီး မောင်နိုင် မထိုင်ရဘူးလား (ထိုင်ရပါတယ် ဘုရား) ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ ဘုရားအဆူဆူ မစွန့်တဲ့တရားပဲ (မှန်ပါ) အပူဇော် တကာ့ အပူဇော်ထဲမှာလည်း မမေ့တာဟာ ပူဇော်နေတာပဲ (မှန်ပါ)။

မမေ့တဲ့အလုပ်ဟာ (ပူဇော်တာပါ ဘုရား) အဲ မမေ့နဲ့ ဆိုတော့ သတိပဋ္ဌာန်ဘက် ပြန်မရောက် ဘူးလား (ရောက်ပါ တယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာတဲ့ ဪ တရားသတ္ထု ချလိုက်တော့ အကောင်းဆုံး ဘာလုပ်ရ ပါ့မတုံးဆိုတာကို ယောင်ဝါးကြီးဖြစ်ပြီး သကာလ တွေဝေပြီး ဟိုမေးဒီမေး မေးနေမှာ စိုးတဲ့အတွက် ဘုရားက ဘယ်မှ မမေးနဲ့၊ ကိုစံလှ ဘယ်မှမမေးနဲ့တဲ့ (မှန်ပါ)။

သတိထား၊ ဝီရိယစိုက် ပညာနဲ့ရှု

သင်္ခါရတရား ဟူသ၍ (ပျက်တတ်ပါတယ် ဘုရား) သင်္ခါရတရားဆိုတာ ပေါ်လာတာလေး (မှန်ပါ) ဘယ်သူ လမ်းဆုံးတုံး (အပျက် လမ်းဆုံးပါတယ် ဘုရား) အက်မှာ လမ်းဆုံးတယ် အဲဒါကို ဘာလုပ်ရမတုံး (မေ့ရစ်နဲ့) မရစ် နဲ့ဆိုတော့ သတိထား ယက် ပညာနဲ့ ရှုပေါ့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါဘုရား။

အဲ့ဒါ မမေ့လို့ရှိရင်ဖြင့် ဒုက္ခတွေ့တဲ့ ပုဂ္ဂိုလ်မို့ ဒုက္ခ ဆုံးပါလိမ့်မယ် (မှန်ပါ) ဒါမှ မတွေ့သေးတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခမှ မတွေ့လို့ ဒုက္ခဆုံးတဲ့နိဗ္ဗာန်ကို (မတွေ့နိုင်ပါဘူး) မောင်နိုင် ဘယ်နည်းနဲ့ ရောက်မတုံး (မရောက်နိုင်ပါဘူး)။

ဒါဖြင့် ဒီနေ့ဟောတဲ့ တရားများဖြင့် ဘုရားကလည်း အပူဇော်တကာ့ အပူဇော်ထဲမှာဖြင့် သင်္ခါရတရား ပျက်တတ် သည် အဲဒါ မမေ့တဲ့အလုပ်ဟာ အပူဇော်အကြီးဆုံး အလုပ် (မှန်ပါ)။

အပူဇော်တကူ ပူဇော်ထဲမှာလည်း (အပူဇော်အကြီး ဆုံးအလုပ်ပါ ဘုရား) အကြီးဆုံး အလုပ်ပဲ ဆိုတော့ ဘုရား အလိုရှိတာကလည်း သူဒုက္ခအဆုံးကို ရောက်စေချင်တာဟာ သူရည်ရွယ်ချက်မှန်းထားချက် ပန်းတိုင်ပဲ (မှန်ပါ)။

ဒကာ ဒကာမတွေလည်း ဒီပန်းတိုင်အရောက်သွား နေတယ်ဆိုတော့ အို ကိုယ့်ကလေး လေးက လေးဘက်သွား နေတာလေးကို အမေမိဘတွေ ကြည့်ရတဲ့အခါကျတော့ အို လေးဘက် သွားတတ်တာလေးကို သွားပါစေ။

ဒါမှ ကလေးလက်ကလေး သန်လာအောင်၊ ဝမ်းသာတယ် အမေမိဘက (တင်ပါ့ ဘုရား) အင်း ဝမ်း မသာပေဘူးလား (သာပါတယ် ဘုရား)။

လေးဘက်ကနေ မတ်တတ်ကလေး လျှောက်ပြီး သွားနေပြန်တော့ကော (ဝမ်းသာပါတယ် ဘုရား) သွားမပွေ့နဲ့၊ မနဲ့ သူ့ဟာသူ ထိန်းလိမ့်မယ် ဒါမှ ခြေကလေး လက် ကလေး သန်ထွား လာအောင် ဆိုတော့ အမေမိဘ အကြိုက် ချည်းလုပ်တော့ အမေမိဘက သွားတဲ့အလုပ်ကို သူဝမ်း မသာဘူးလား (သာပါတယ် ဘုရား)။

လေးဘက်သွားမို့ ဝမ်းသာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) အင်း နှစ်ချောင်းထောက် သွားတာကိုကော (ဝမ်းသာပါတယ် ဘုရား) နောက်စကားလေးက တီတီ တာတာ ပြောလာတယ် (ဝမ်းသာပါတယ်)။

ဝမ်းသာတယ်တဲ့ ဘာဖြစ်လို့တုံး သူအလိုရှိတာက ဒီဘက် ဒီဟာတွေ ဖြစ်စေချင်တာကို (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘုရားဝမ်းအသာဆုံးအလုပ်

အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလို လုပ်နေတာ သူဝမ်းသာဆုံး အလုပ်ပဲ (မှန်ပါ) သင်္ခါရတရား ပျက်တာကို ရှုနေတဲ့အလုပ်ဟာဖြင့် (ဝမ်းသာဆုံးအလုပ်ပါ)။

ကလေးလေးသွားတတ်တာ သူဝမ်းသာသလို အင်း ငါ၏ချစ်သားတွေလည်း သွားတတ်ပဟ၊ ငါ၏ ချစ်သား တွေလည်း လေးဘက်သွားတတ်ပြီ၊ နှစ်ဘက်သွားတတ်ပြီ၊

အင်း စကားလေးတွေ တီတီတာတာ ပြောတတ်ပြီကွ ဆိုပြီး သကာလ အမေမိဘကြီးနဲ့ တူတဲ့ ကိုယ်တော်မြတ်ကြီးဟာ မောင်နိုင် ဘယ်လောက်ထိအောင် ဝမ်းသာတယ်ဆိုတာ လည်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်တွေ့ရင် သူဝမ်းသာတာပဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ) အင်း သူဖြစ်ပျက် တွေ့ရင် ဝမ်းသာပြီ ဖြစ်ပျက်မုန်းရင် ဒုတိယဝမ်းသာပြီ အဲ ဖြစ်ပျက်တွေ ဆုံးသွား ပြီ ဆိုလို့ရှိရင် အားကြီး ဝမ်းသာပြီလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုရား အရေးကြီးဆုံး အချက်သည် ဤအချက် ပဲ (မှန်ပါ) ဘယ်အချိန် ဟောတာတုံး မောင်နိုင်ရ (ပရိနိဗ္ဗာန် စံခါနီးမှာပါ ဘုရား)။ မြောက်ခေါင်းပြုပြီး သကာလ တောင်ခြေ ဆင်းပြီး သကာလ အင်ကြင်းပင် နှစ်ပင်ကြားမယ် အင်ကြင်း ပင်တွေက ပူဇော်တာလည်း ပူဇော်သည် မမည်သေးပါဘူးကွ အမြတ်ဆုံးမကျသေးပါဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဟိုကနေပြီး သကာလ မန္ဒာရဝ ပန်းတွေနဲ့ ကြတာကော နတ်တွေက အမြတ်ဆုံး ပူဇော်ခြင်းလို့ သူယူ ရဲ့လား (မယူပါဘူး) မယူသေးဘူးတဲ့ ဘာကြောင့်တုံးဆိုတော့ သူဟာ လေးဘက်မှ မသွားသေးပဲကို (မှန်ပါ) အမေမိဘ ဝမ်းသာလောက်အောင် သူသွားပလား (မသွားသေးပါဘူး)။

အင်း နှစ်ချောင်းထောက်ကော သွားပလား (မသွား သေးပါဘူး ဘုရား) တီတီတာတာကော ပြောပလား (မပြော သေးပါဘူး ဘုရား) မပြောသေးတော့ သူဝမ်းသာတဲ့ အဆင့် မရောက်သေးလို့ မကျေနပ်နိုင်ဘူး ဘုရားက (မှန်ပါ) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဘုရားဝမ်းသာတဲ့အချက်က ဘာပါလိမ့်မတုံး

အဲဒါကြောင့် သူဝမ်းသာတဲ့ အချက်က ဘာပါလိမ့် မတုံးလို့ မေးတော့ သင်္ခါရတရား (ပျက်တတ်ပါတယ် ဘုရား) အဲဒါကို (မမေ့ရစ်နဲ့) အဲဒါမမေ့တဲ့အလုပ်ဟာဖြင့် အဲ သူဒုက္ခ အဆုံးရောက်အောင် သွားတော့မယ်ဆိုတာ မြင်တဲ့အတွက် ကလေးလေး သွားတာသည်ကားလို့ ဆိုရင် ရှေ့ လူလား မြောက်တော့မယ် ဆိုတာသိလို့ အမေမိဘ ဝမ်းသာသလို ဝမ်းသာတဲ့ အချက်ပဲ ဆိုတာ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ (၄၅) ဝါ တရားတွေကို ချုံးရုံးပြီး သကာလ ကျုပ်တို့ ကိုင်း တရားတွေက များလှတယ် ဟိုစာအုပ်က တစ်မျိုး၊ ဒီစာအုပ်ကတစ်မျိုး အမျိုးမျိုး အဖုံဖုံ များလှတဲ့ အထဲမှာမှ အခြေညှစ်ပြီး သကာလ သတ္ထုထုတ်လိုက်တဲ့ အခါကျတော့ ဒါပဲရှိတယ်ကွ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါပဲရှိတယ်ကွ ဆိုပြီး နိဂုံးမချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ချုပ်ပုံလေး မောင်နိုင်တို့ အားလုံးပြောကြစမ်းပါ ဘာတဲ့တုံး (သင်္ခါရပျက်တတ်တယ် မမေ့ရစ်နဲ့) မမေ့ရစ်ကြ နဲ့ အဲဒီတရား မမေ့ရစ်နဲ့ (မှန်ပါ)။

သင်္ခါရတရား ဖြစ်မှုပျက်မှုကို ရှုတဲ့ အလုပ်ကို (မမေ့ရစ်နဲ့) မမေ့ရစ်နဲ့ဆိုတော့ သင်္ခါရတရား ဆုံးသွားလို့ ရှိရင်ဖြင့် အသင်္ခတဟာ ပေါ် ရမလား မပေါ် ရဘူးလား (ပေါ်ရမှာပါ ဘုရား)။

သင်္ခါရဆုံးရင် (အသင်္ခတပေါ်မှာပါ ဘုရား) ဒါဖြင့် သင်္ခါရတရားပျက်တာမှ သင်္ခါရတရားမှ မတွေ့မကြုံရတဲ့ ပုဂ္ဂိုလ်မှာဖြင့် မောင်နိုင် အသင်္ခတဘက် သူဘယ်လိုလုပ် သွားမလဲ (မသွားပါဘူး ဘုရား)။

တံတားအစမှ မတွေ့တဲ့ပုဂ္ဂိုလ်ကဖြင့် ဒကာ ဒကာမ တို့ ဒီချောင်းဘယ်ကနေပြီး သကာလ လက်ပစ်ကူးလို့ကော မရောက်နိုင်ဘူးဆိုတာ သေချာမနေဘူးလား (သေချာပါ တယ်)။

ဒါကြောင့် တံတား စ,တွေ့တဲ့ပုဂ္ဂိုလ်ဖြင့် တံတား အဆုံးသူရောက်အောင်သွားမှာပဲ (မှန်ပါ) တံတားမှ မတွေ့ သေးတဲ့ပုဂ္ဂိုလ် သံသရာမြစ်ကြောကြီးထဲမှာဖြင့် ဖြတ်ကျော် နိုင်လိမ့်မယ်ဆိုတာ ဘယ်အခါ ကာလမှ စိတ်ကူးမနေပါနဲ့ ဟုတ်ကိုမဟုတ်ဘူး (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် (၄၅) ဝါ ဟောတဲ့တရား ချုံးလိုက်တော့ ဘာတဲ့တုံး (သင်္ခါရတရား ပျက်တတ်ပါတယ် ဘုရား) ကျုပ်တို့ ပြောနေကြစကားနဲ့ဆိုတော့ ဖြစ်ပျက်ရှုပေး (မှန်ပါ)။

ဖြစ်ပျက်ရှုရင် သိပ်ဝမ်းသာတယ်

ပြောနေကြစကားနဲ့ တွေးလိုက်တဲ့အခါ (ဖြစ်ပျက်ရှု ပါ ဘုရား) ဖြစ်ပျက်ရှုရုံပဲတဲ့ ဖြစ်ပျက်ရှု လိုက်တဲ့အခါကျတော့ မောင်နိုင်ရေ ဘုရားက သိပ်ဝမ်းသာတယ် (မှန်ပါ)။

သူလိုချင်တာနဲ့ ပူဇော်တာကို သူကနိဗ္ဗာန်ရောက် ချင်တာကို (မှန်ပါ) သတ္တဝါတွေ နိဗ္ဗာန် ရောက်စေချင်တယ် မဟုတ်လား (မှန်ပါ) နိဗ္ဗာန်ရောက်စေချင်တဲ့အလုပ် လုပ် နေတော့ ဒါ သူ့ပူဇော်တဲ့ အထဲမှာလည်း သူအကြိုက်ဆုံးပဲ (မှန်ပါ)။

ပန်းတွေကလည်း နွမ်းဆွေးသွားဦးမှာကိုး (မှန်ပါ) ဟို ရှုနေတဲ့ပုဂ္ဂိုလ်ကလည်း နိဗ္ဗာန် ခိုင်တာမြဲတာ တည်တံ့တာကြီး ကိုယ်ပိုင်မရပေဘူးလား (ရပါတယ်ဘုရား။)

ရေအလိုရှိရင် ရေပေးမှ ဝမ်းသာမယ်

ဒါကြောင့် သူအကြိုက်ဆုံးဖြစ်တာနဲ့ ပူဇော်ရင် ရေအလိုရှိတဲ့ ပုဂ္ဂိုလ် ရေပေးလို့ ဝမ်းအသာကြီး သာသလို ထောပတ်ထမင်းပေးတာ ဒီလောက်ဝမ်းမသာဘူး (မှန်ပါ)။

ရေဆာနေတဲ့ပုဂ္ဂိုလ် ထောပတ်ထမင်းစားလိုက်လို့ ရှိရင် ဘယ် မောင်နိုင် ရေငတ် ပြေနိုင်ပါ့မတုံး (မပြေနိုင်ပါဘူး) အဲဒီလိုဖြစ်မှာစိုးတဲ့အတွက် ရေအလိုရှိတဲ့ ပုဂ္ဂိုလ် ရေပေးပါ ဆိုတာ ဘုရားအကြိုက်သည် သူကူးမြောက်သလို ကူးမြောက် စေချင်တယ် (မှန်ပါ)။

သူရောက်သလို (ရောက်စေချင်ပါတယ်) သူဒုက္ခ သိမ်းသလို (သိမ်းစေချင်ပါတယ်) အဲဒီ အလုပ် လုပ်နေရင် အမေမိဘနဲ့တူတဲ့ ဘုရားကြီးသည် မည်မျှလောက် ဝမ်းမြောက်ဝမ်းသာ ရှိလိမ့်မယ် ဆိုတာ မောင်နိုင်တို့ တွေးပါ (မှန်ပါ)။

အကြီးဆုံးဝမ်းသာလိမ့်မယ် ဆိုတာကော မပေါ်ကြ သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ် ထဲမှာရှိတာက သင်္ခါရတရားတွေ (မှန်ပါ)။

အဲဒီသင်္ခါရတရားဟာ စိုက်သာကြည့် အပျက်တွေ့ ပါလိမ့်မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) စိုက်ကြည့်ရင် (အပျက်တွေ့ပါမယ် ဘုရား)။

ရှိတာက ဘာတရားတုံး သင်္ခါရတရား စိုက်ကြည့် လိုက်တော့ ဘာတွေ့တုံး (အပျက် တွေ့ပါတယ် ဘုရား) အဲဒါ မမေ့လို့ ရှိရင်ဖြင့် ဖြစ်ပျက် မမေ့လို့ရှိရင် ဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ဟာ မရောက် မရှိဘူးလို့ သေချာမှတ်ပါ (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတင်တော်ပါဦး။

သာဓု သာဓု သာဓု။