120

[1] [2]

ဘာကြောင့် ဒကာမတွေ အပါယ်အသွား များကြပါလိမ့် (ရှင်အနုရုဒ္ဓါ)

အသံဖိုင်ခေါင်းစဉ် = အနုရုဒ္ဓသုတ် မဂ်ဖိုလ်တားသည့် တရားသုံးခု

စာအုပ်ခေါင်းစဉ် = ဘာကြောင့် ဒကာမတွေ အပါယ်အသွား များကြပါလိမ့်

မိန်းမအတွက် သုံးခု= မစ္ဆရိယ၊ ဣဿာ၊ လောဘ။

ယောက်ကျားအတွက်သုံးခု= မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော တရားတော်

ဘာ့ကြောင့် ဒကာမတွေ အပါယ်အသွား များကြပါလိမ့်

(ရှင်အနုရုဒ္ဓါ)

(၁၁-၅-၆၂)

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိ ပြည်မှာ သီတင်းသုံးပြီးသကာလ နေတယ်။ အဲ့ဒီတော့သည် ရှင်အနုရုဒ္ဓါဆိုတာ ဒကာ၊ ဒကာမတွေကြားဖူးကြမယ်။ အဲဒီ ရှင်အနုရုဒ္ဓါ ကိုယ်တော်က အဘိညာဉ်နေရာမှာ အဘိညာဉ်ဆိုတာ ဒကာ ဒကာမတို့ ကြည့်လိုက်ရင် ပုဂ္ဂိုလ် သတ္တဝါတွေကို ဘယ်သွားတယ် ဘယ်လာတယ်ဆိုတာ သေသည့်အခြားမဲ့၌ မြင်တဲ့ပုဂ္ဂိုလ်ပေါ့လေ နော် (မှန်ပါ့)။

အပါယ်သွားတာ ဒကာမတွေများတယ်

အဲ့လိုအဘိညာဉ်ရတဲ့ ရှင်အနုရုဒ္ဓါက မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီး သွားလျှောက်တယ်၊ အရှင်ဘုရား တဲ့ တပည့်တော် အဘိညာဉ်နဲ့ကြည့်ပါတယ်၊ အဘိညာဉ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာမတွေဟာ များသောအား ဖြင့် မိန်းမဘက်ကနေပြီး တပည့်တော် ကြည့်လိုက်တဲ့အခါမှာ အပါယ်သွားတာသိပ်များပါတယ် ဘုရား။ အဲဒါ တပည့်တော် အကြောင်းသိချင်ပါတယ်ဘုရား။

ရှင်အနုရုဒ္ဓါက ဒိဗ္ဗစက္ခုနှင့်မြင်တယ်

ဒကာ ဒကာမတို့ အသေအချာနားထောင်ကြပါ။ သူအသေအချာ ကြည့်တယ် အဘိညာဉ်နဲ့ ကြည့်တယ်ဆို တော့ ဘယ်သူ၊ ဘယ်ဒကာမ စုတေသွားတာ ဘယ်သွား တယ်၊ ဘယ်ဒကာမ စုတေ သွားတယ် ဘယ်သွားတယ်လို့ သူကြည့်လိုက်တော့ များသောအားဖြင့် သေတာတွေ အကုန် လျှောက်ပြီး သကာလ ကြည့်လိုက်တဲ့အခါ ဒကာမတွေ သေတဲ့အခါ အပါယ်သွားတာများတယ်။ မှတ်ထားကြပါ။ မှတ်ထားကြပါ။ ရှောင်ကြဉ်ဖို့ကို ဒီနေ့ သတိပေးတယ်ဆိုကာ မှတ်လိုက်စမ်းပါ (မှန်လှပါဘုရား)။

ဘုရားကတော့သူတို့စိတ်ကိုသိတယ်

ဤကဲ့သို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သွားမေး တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ကွာတဲ့ များသောအားဖြင့် ငါပြောရမယ်ဆိုလို့ရှိရင်ဖြင့် မင်းမသိလို့ မေးလို့ မင်းက အဘိညာဉ်နဲ့ ကြည့်လို့ ကိုယ်တိုင်မြင်တယ်။

ငါကသူတို့ သန္တာန်စိတ်တွေကို သိလို့ ကိုယ်တိုင်မြင် တယ်။ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက သူကတော့ ဒိဗ္ဗစက္ခုနဲ့ မြင်တာကိုး (မှန်ပါ) ရှင်အနုရုဒ္ဓါက ဘာနဲ့မြင် ပါလိမ့် (ဒိဗ္ဗစက္ခု အဘိညာဉ်) ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ မြင်တယ်လို့ မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ့)။

ဘုရားကတော့ ပရစိတ္တဝိဇာနနဉာဏ်နဲ့ သူတစ်ပါး စိတ်ကိုသိတဲ့ဉာဏ်နဲ့ မြင်တယ်။ မြင်ပုံခြင်းတစ်မျိုးစီနော် (မှန်ပါ့)။

သူကတော့သွားတာ၊ လာတာကိုမြင်တယ်၊ ဒကာမ တွေ သေတဲ့အခါ အပါယ်သွားတာတွေ ကြည့်လိုက်တယ်။ ဘယ်အိမ်က ဒကာမသေပြန်ပြီ အပါယ်သွားပြီ၊ လူ့ပြည် သွားတာ နည်းနည်းပဲ သူတွေ့ရတယ်၊ များသောအားဖြင့် အပါယ်သွားတာများတယ်၊ များလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး သူကသွားမေးရတယ်။

မေးရမှာပဲလို့ ကိုစောမောင်နော်။ ဘုရားကတော့ကို ပရစိတ္တဝိဇာနနဉာဏ်ဆိုတဲ့ ဥစ္စာ ပရက-သူတစ်ပါး၊ စိတ္တကစိတ် သူတစ်ပါးစိတ်သိတဲ့ဉာဏ်နဲ့ သူကဟောတာ (မှန်ပါ) ဟိုက သွားတာ လာတာသာ မြင်တာ မောင်နိုင်ရ (မှန်ပါ့)။

ဒီဓမ္မတွေဖြစ်နေတဲ့စိတ်ကို သူမသိဘူး (မှန်ပါ့) သဘောကျလား (ကျပါတယ်ဘုရား) အဲ့တော့ မမေးသင့်ဘူးလား (မေးသင့်ပါတယ်)။

ဒါနဲ့ပဲ မေးလိုက်တဲ့အခါ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက များသောအားဖြင့်တော့ကွာတဲ့၊ အပါယ်သွားတယ်ဆို တာ မင်းမြင်တဲ့အတိုင်းကို ငါသည် သူတို့ဘယ်စိတ်၊ ဘယ် စိတ် ဖြစ်နေတယ်၊ မနက် ဘယ်စိတ်ဖြစ်တယ်၊ နေ့လည် ဘယ် စိတ်ဖြစ်တယ်၊ ည ဘယ်စိတ်ဖြစ်တယ် ဆိုတာ ငါမြင်တယ် ကွ။

ဒကာမတို့၏စိတ်သုံးမျိုး

အဲ့ဒါကြောင့်များသောအားဖြင့် အပါယ်သွားတယ်ဆို တာ ငါရှင်းပြမယ်ဆိုပြီး ဘုရားက ရှင်းပြတယ်နော်။

မနက်မိုးလင်းလာလို့ရှိရင် များသောအားဖြင့်ကွာတဲ့ ဒကာမများဟာ မစ္ဆေရ ဝန်တိုတဲ့ စိတ်ကလာတယ်ကွ။

ကိုစောမောင် ဘာလာသတဲ့ (မစ္ဆေရ ဝန်တိုတဲ့စိတ်ပါဘုရား) မရဆိုတာ ဝန်တိုတာပေါ့ကွာ (မှန်ပါ့)။

ကိုယ့်သားသမီးတောင်မှ ထမင်းတွေ ဘာတွေ စားပြုနေတဲ့အခါကျလို့ရှိရင်ဖြင့် ကလေးက ဆာလှတယ်။ ပြုလှတယ် ဆိုရင်ဖြင့် ဒီလောက်တောင်ပဲ ဆာလွန်းလှတယ်။ ဒီလောက်တောင်ပဲ ဆူလွန်းလှတယ် အစရှိသဖြင့် မကျွေး ဘူးတဲ့ အစရှိသဖြင့် ကျွေးတော့လည်း ကျွေးတာပဲတဲ့ ပြီးတော့ မစ္ဆေရဆိုတဲ့ ပထမစကားကို ပထမ အမူအရာတွေက များသောအားဖြင့် ဖြစ်တယ်။ သဘောကျပြီလား

(ကျပါတယ်ဘုရား)။

ဒကာဒကာမတွေ ကြပ်ကြပ်နားထောင်ပါ ဒကာမမှာ များသောအားဖြင့် မိုးလင်းလာလို့ မနက်လင်းလာလို့ရှိရင် မစ္ဆေရ လာတာများတယ်ကွ ဘုရားက ဘုရားက။

သူတစ်ပါးစိတ်ကိုသိတဲ့ဉာဏ်

ပရစိတ္တ ဝိဇာနနဉာဏ်နဲ့ ကြည့်တာနော် (မှန်ပါ့) သူတစ်ပါး သန္တာန်ဖြစ်တဲ့စိတ်ကို သိတဲ့ဉာဏ်နဲ့ ကြည့်တယ်လို့ မှတ်ထားစမ်းပါ (မှန်ပါ့)။

ဒါများသောအားဖြင့် အကဲခတ်ကြည့်လည်း ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူတစ်ပါး စိတ်ကို သိတဲ့ ဉာဏ်နဲ့ အကဲခတ်လိုက်တာ အမှန်ပဲလို့ ဆိုရမှာ (မှန်ပါ့)။

ကိုယ့်သားသမီးအပေါ်တောင် မစ္ဆေရ ပါသတဲ့ တစ်ပါးသောပုဂ္ဂိုလ်ကို ကိုစောမောင် အသာထားနော် (မှန်ပါ့)။

နံနက်ပေါ်တတ်တဲ့စိတ်

ကိုယ့်သားသမီးအပေါ်တောင် (မစ္ဆေရ ပါပါတယ် ဘုရား) ကျွေးတော့ကျွေးတာပဲတဲ့ ကျွေးပင် ကျွေး ငြားသော် လည်း ဟင်- ငါမကျွေးဘဲထားဦးမယ် အစရှိသည်နဲ့ မပေးဘဲ ထားဦးမလား အင်း- ကျောင်းသွားခါနီး ပိုက်ဆံတောင်းတယ် ငွေတောင်းတယ် အစရှိသဖြင့် လာလို့ရှိရင်လည်း ချိုချိုသာ သာနဲ့ ချိုချိုသာသာ မဟုတ်တာနဲ့ဟာ ချိုချိုသာသာ မဟုတ် တာက များတယ် (မှန်ပါ့)။

မစ္ဆေရ ပါတာတွေက များသကွ သဘောကျပြီလား (ကျပါတယ်ဘုရား) ဒါက မနက်ပိုင်း ပေါ်တတ်တဲ့စိတ်ကွ ဒကာမများမှာ မနက်တိုင်း ပေါ်တတ်တဲ့စိတ် သဘောကျ ပြီလား (ကျပါတယ်ဘုရား)။

မနက်တိုင်း ဘယ်စိတ်ပေါ်တတ်တုံး (မစ္ဆေရပါ ဘုရား)၊ မစ္ဆေရစိတ်ပေါ်တယ်ကွ၊ ရှင်အနုရုဒ္ဓါရလို့ ဘုရားက ဆိုလိုက်တယ်။

နေ့လည်ပေါ်တတ်တဲ့စိတ်

နေ့လည်ပိုင်း ကျလာပြီဆိုမှဖြင့် ဣဿာစိတ်ပေါ်ပြီ ဟေ့ သူများသွားတာလာတာ ရောင်းတာ၊ ဝယ်တာ အစရှိ သည်တို့ မြင်လိုက်လို့ရှိရင်ပဲ ကိုယ်လည်းရောင်းချင်၊ ဝယ်ချင်၊ ပြောချင်၊ ဆိုချင်ဆိုတဲ့ သူတစ်ပါးကို သိနိုင်ခဲတဲ့စိတ်ဟာ များသောအားဖြင့် နေ့လည်ကျတော့ ပေါ်တယ်ကွ။

ဘုရားက၊ ဘုရားက ဒကာဒကာမတို့ သူတစ်ပါးစိတ် သိလို့ ပြောနေတာနော် (မှန်ပါ့) နေ့လည်ကျတော့ ဘယ်စိတ် များတုံး (ဣဿာစိတ်ပါ ဘုရား)။

ဣဿာစိတ်၊ ငြူစူတာများတယ်တဲ့ ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

မနက်ကျတော့ ဘာစိတ်ပေါ်တုံး (မစ္ဆေရ ပါ ဘုရား) နေ့လည်ကျတော့ (ဣဿာပါ ဘုရား) ဒါ ဒီဃနိကာယ် အင်္ဂုတ္တိုရ်မှာ လာတာနော်။

ရှင်အနုရုဒ္ဓါ မသိလို့ မေးရှာတာ သူသိတာကတော့ အပါယ်သွားများတယ်လောက် သိတာပဲ ကိုစောမောင်ရ (မှန်ပါ့) မောင်နိုင် ဘာသိတုံး (အပါယ်သွားတာပါ ဘုရား)။

အပါယ်သွားများတယ်တဲ့ သုဂတိသွား သိပ်နည်း တယ်လို့ သူဒီလိုသိတယ် ဒါဘယ်နှယ့် ကြောင့်တုံး ဆိုတော့ သူက သူတစ်ပါးစိတ်သိတဲ့ဉာဏ် မရှိပြန်ဘူး၊ သူ့မှာ (မှန်ပါ့)။

သွားတာ၊ လာတာတော့ သူသိတယ် သဘောပါ ပြီလား (ကျပါပြီ ဘုရား) နေဝင်တော့ လည်းတဲ့ နေဝင်တဲ့ အခါကျလို့ရှိရင်ဖြင့် နဖူးပေါ်လက်တင် စဉ်းစားလို့ ရှိရင်ဖြင့် ရရာရကြောင်း နက်ဖြန် လုပ်ရာလုပ်ကြောင်း၊ ငွေရှာရာ ငွေရှာကြောင်း သွားရာသွားကြောင်း ခိုင်းချင်တဲ့ ပုဂ္ဂိုလ်ခိုင်းရာ ခိုင်းကြောင်း အစရှိတော့ ငါးပါးအာရုံ ကာမဂုဏ်တွေက လာပြန်တယ်ကွ (မှန်ပါ့)။

ညပိုင်းပေါ်တတ်တဲ့စိတ်

ညပိုင်းကျပြန်တော့လည်း (ငါးပါးအာရုံ ကာမဂုဏ် လာပါတယ် ဘုရား) ညပိုင်းကျတော့ ဘာလာ သတဲ့ (ငါးပါးအာရုံ ကာမဂုဏ်ပါ ဘုရား) လောဘ စိတ်ကများနေပြန်တယ် သဘောကျလား (ကျပါတယ် ဘုရား)။

ဟင်း- မနက်ပိုင်းကျတော့ ဘာတဲ့ (မစ္ဆေရပါ ဘုရား) နေ့လည်ပိုင်း (ဣဿာပါ ဘုရား) ညပိုင်းကျ လာတော့ လောဘစိတ်ကများတယ်။

အဲဒါကြောင့် ဟေးတဲ့ များသောအားဖြင့် အပါယ် သွားတာ မင်းမြင်တဲ့အတိုင်းဟာ ဒီစိတ်သုံးခုကို မနိုင်နင်းတဲ့ အတွက် အပါယ်အသွားများတယ်လို့ ဒကာမများအတွက်ကို ဟောလိုက်တယ် သဘောကျလား (ကျပါတယ် ဘုရား)။

အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ်လို နှလုံးသွင်းပြီးသကာလ ဘယ်လို လုပ်ရမယ် ဆိုတော့ ဘုန်းကြီး သင်ထားတာ ရှိသားပဲ ဘုရားဟော ထားတာလည်း ရှိသားပဲ လာတော့ ကျွန်ုပ်တို့က ဪ် မနက်ကို မစ္ဆေရလာတယ် နေ့လည်ကို ဣဿာလာတယ်၊ ညလောဘလာတယ်။

ညနေခင်း အိပ်ရာဝင် လောဘလာတယ်ဆိုတာကို သူများပြောဖြင့် ဒီဥစ္စာ မိန်းမရယ်လို့ ဖြစ်လာလို့ရှိရင် ဒါပေါ် ရမယ် (မှန်ပါ့) သဘောကျလား (ကျပါပြီ ဘုရား)။

ဒီသုံးချက်ကြောင့် အပါယ်အသွားများတာ

ပေါ်လာတဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာဒကာမ တွေ အပါယ်သွားကြောင်း တားနိုင်တဲ့ တရားက ရှိသားပဲ (မှန်ပါ့)၊ သူ့ပင်ကိုကတော့ ရှိရမှာပဲ သဘောကော ကိုစောမောင်ရ သဘော ကျကြလား (ကျပါတယ် ဘုရား)

ပင်ကိုကတော့ ရှိရမယ် ဒကာဒကာမတို့နော် ပင်ကိုက ဒါရှိရမယ်၊ ရှိပင်ရှိငြားသော်လည်း ဒါက ဒီ “အသုတဝါ ပုထုဇနော” ဆိုတဲ့အတိုင်း အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာတော့ ဒါ ဒကာမတို့ ထုံးတမ်းကွ (မှန်ပါ့)။

ဘုရားက ဟောလိုက်တယ် မောင်နိုင် အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ်မှာ (ဒကာမတို့ ထုံးတမ်းပါ ဘုရား) တရားဓမ္မ နှလုံးမသွင်းနိုင်လို့ အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာမတို့ ဒါ ထုံးတမ်းပဲတဲ့နော် (မှန်ပါ့)

ဒါကြောင့် ရှင်အနုရုဒ္ဓါမြင်ပုံဟာ အဘိညာဉ်နဲ့ ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ ကြည့်လိုက်တဲ့ အခါ ကျတော့ မောင်နိုင် ဒီသုံးချက်များသောအားဖြင့် အပါယ်သွားတာချည်း သူမြင်နေတယ် ဆိုတာလည်း ဒီသုံးချက်ကသာ အပါယ်သွား ကြောင်းချည်းပဲဆိုတာ ဒကာဒကာမတို့ ငြင်းဆန်မနေပါနဲ့ တော့ အမှန်ပဲ၊ သဘောပါပြီလား (ပါပါတယ် ဘုရား)။

ဆရာတော်၏အဆုံးအမ

အဲတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေကို ဆုံးမ သွန်သင်တယ် ဒကာ ဒကာမတို့ ဣဿာ နေ့လည်မှာ မစ္ဆေရ လာတယ်ဆိုတာ မစ္ဆေရဆိုတာ ဘာရယ်လို့ တွေးမနေနဲ့ မစ္ဆေရဆိုတာ ဝန်တိုတာပဲ သဘောကျလား (ကျပါတယ် ဘုရား)

ဝန်တိုတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒေါသ၊ ဣဿာ၊ မစ္ဆေရဆိုတာ ဒေါသလာတာပဲလို့ပဲ မှတ်လိုက်ပေါ့ (မှန်ပါ့) ဘာလာပါလိမ့် (ဒေါသလာပါတယ် ဘုရား)

အင်း- ဒေါသလာတော့ အဲဒီဝန်တိုတဲ့ ဒေါသလေး လာလို့ရှိရင် အဲဒီဒေါသကို ဒကာ ဒကာမတွေက အင်း သူ့ထုံးတမ်းကတော့ လာတာပဲ အင်း-အလာမခံဘူးဟဲ့ဆိုပြီး သကာလ၊ ဒကာ ဒကာမတွေက လာတာသိပြီး သကာလ ကိုစောမောင် ဖြစ်ပျက်ရှု (မှန်ပါ့) သဘောကျလား (ကျပါတယ် ဘုရား)။

နိဗ္ဗာန်ပို့တဲ့တရားဖြစ်သွားတယ်

ဖြစ်ပျက်ထိုကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ကို သူက အပါယ်ချမည့်တရားသည်ပင်လျှင် နိဗ္ဗာန်ပို့တဲ့ တရားသွားဖြစ်တယ် (မှန်ပါ့) အပါယ်ချမည့်တရားက ဘာသွားဖြစ်တုံး (နိဗ္ဗာန်ပို့တဲ့တရား ဖြစ်သွားပါတယ် ဘုရား)။

နိဗ္ဗာန်ပို့တဲ့ တရားသွားဖြစ်တယ်တဲ့ မဂ္ဂင်လေး နောက်ကလိုက်ပေးကြတာပေါ့ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ပေးကြမယ် (မဂ္ဂင်လေး လိုက်ပေးရမယ် ဘုရား) မစ္ဆေရပေါ်လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုပေးရပါမယ် ဘုရား) ဖြစ်ပျက်ရှုပေး။

ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဖြစ်ပြီးပျက်တဲ့တရား က အနိစ္စတရား သဘောကျလား (ကျပါတယ် ဘုရား) ဖြစ်ပျက်ကို သိတဲ့တရားက မဂ္ဂတရား မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီလိုကျတော့ ဪ -သူ့ထုံးတမ်းက ခုပေါ်လာတာပဲ မိန်းမတို့၏ ဓမ္မတာထုံးတမ်းအတိုင်း ပေါ်လာတာပဲ ပေါ်လာ ပင် ပေါ်လာငြားသော်လည်း တို့ သုတဝါ အရိယာ သာဝကော ဖြစ်နေသောကြောင့် အရိယာ၏ တပည့်သားတွေ ဖြစ်နေကြသောကြောင့် ဒါ ဖြစ်ပျက်ရှုလိုက်ပြန်တော့ လည်းတဲ့ ဒါ ဒေါသပါပဲတဲ့ မစ္ဆေရ ဆိုတာ ဒေါသနဲ့ဆင်တယ် – နော် (မှန်ပါ့)။

ဒါ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားတဲ့အခါကျလို့ရှိရင် ဒေါသ နောက်က နေပြီး သောက ပရိဒေ၀ ဆူစရာပူစရာတွေ လာသေးရဲ့ လား (မလာတော့ပါ ဘုရား)။

မလာပြန်တော့လည်း ဒါအပါယ်တံခါး ပိတ်တာ (မှန်ပါ့) ရှင်းကြလား (ရှင်းပါတယ် ဘုရား) ဒါ တရား ရှာနေရမှာလား၊ မိန်းမတို့၏ ဓမ္မတာမှာကို ဒါပေါ်တတ်တာလား (ပေါ်တတ်တာပါ ဘုရား)။

ပေါ်တတ်တော့ကို ဒါတွေကို သုတဝါ အကြားအမြင် ရှိသော အရိယာသာဝကော အရိယာတို့၏ တပည့်သားများ ဖြစ်ခဲ့လို့ရှိရင် ဒါ ဒီလိုလုပ်လိုက် ပြီးသွားတာပဲကွလို့ ဘုရားက ရှင်းကြလား (ရှင်းပါတယ် ဘုရား) မပြီးသေးဘူးလား (ပြီးပါတယ် ဘုရား)။

ကဲ-ဒါဖြင့် မစ္ဆေရလာ မစ္ဆေရလာရင် ဘာလုပ်ကြ မယ် ဖြစ်ပျက်ရှုရပါမယ်ဘုရား။

အဲ-မစ္ဆေရနဲ့ တစ်ခါတည်း မပေးချင်၊ မကမ်းချင်နဲ့ ကိုယ့်သားသမီးတောင် မသထာတဲ့ စိတ်တွေက ပေါ်ရင် ပေါ်နေတယ် ကိုစောမောင် ပေါ်တတ်တယ် (ပေါ်တတ်ပါတယ် ဘုရား)။

ပေါ်တတ်တဲ့အခါကျလို့ရှိရင်ဖြင့် မိုးမှ မလင်းသေး ဘူး မုန့်ဖိုးတောင်းတာက စောလှချည့် ဟုတ်လား၊ ဆူတာ ပူတာက စောလှချည့်လို့ မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား)။

ပေါ်တဲ့စိတ်ကိုဖြစ်ပျက်ရှု

အဲဒီ-လာလို့ရှိရင် ဒါမစ္ဆေရ သဘောမပါလား (ပါပါတယ် ဘုရား) ပါလို့ရှိရင် အဲ့ဒီ ပေါ်တဲ့စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်သွားပြန်လို့ရှိရင်လည်း ဪ သူပေါ် လာတော့ သည် မိန်းမတို့၏ ထုံးစံအတိုင်း ပေါ်ပြီးသကာလ လာတာ သည် တို့ သုတဝါ အရိယာ သာဝကော ဘုရားဆုံးမထားတဲ့ အတိုင်း နှလုံးသွင်းလိုက်ပြန်ရင်လည်း တို့ ဒါ နိဗ္ဗာန် ရောက်ကြောင်း ဖြစ်သွားတာပဲဆိုပြီး ဒကာ ဒကာမတို့ ဘုရားက ရှင်အနုရုဒ္ဓါ မေးလို့ ဘုရားက ဖြေတာကို ဘုန်းကြီးက တစ်ခါ အဲဒီဝိပဿနာနဲ့ လက်စသတ် ပေးလိုက်ပြန်တော့လည်း မောင်နိုင်ရေ ဒီဥစ္စာ နိဗ္ဗာန် ရောက်ကြောင်း ဖြစ်သွားတယ် (မှန်ပါ့)။

သဘောကျကြပလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ ရှာလုပ်ရမှာလား သူ့သဘော နဲ့သူ ပေါ်လာတာကိုပဲ နောက်ကနေပြီး သကာလ ဖြစ်မှု လိုက်ရမှာလား လို့မေးရင် ဘယ်နှယ့်ဖြေကြမယ် (နောက် ကနေပြီး ဖြစ်မှုလိုက်ရမှာပါ ဘုရား)။ –

ဒကာမတိုင်းမှာ များသောအားဖြင့် လာတယ်လို့ ရှင်အနုရုဒ္ဓါကမေးလို့ဘုရားကဖြေတာ (မှန်ပါ့) ကိုပေါ် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကိုင်း တစ်ဖန် နေ့လည်ကျပြန်တော့ မောင်နိုင် ဘာလာသတဲ့ကွ (ဣဿာလာပါတယ် ဘုရား) ဣဿာလှူစူ တယ် သူများ ရောင်းတာဝယ်တာတွေ သွားကြ၊ လာကြ တာတွေ ကြည့်ပြီး တို့အိမ်က လူများဖြင့် ဘယ်လိုပဲ ညာလိုပဲ အစရှိသည်နဲ့ ကိုစောမောင် လာတတ် မလာတတ် (လာတတ်ပါတယ် ဘုရား)။

နေ့လည်မှာ ငြူစူတတ်တယ်

ခံရပြီတဲ့ ဒကာတွေလည်း နည်းလှမယ် မဟုတ် ပါဘူး (မှန်ပါ့) အဲ သူများ သွားကြ၊ လာကြ၊ ရကြ စုကြနဲ့ တို့အိမ်ကလူဖြင့် ဒီလိုထိုင်နေတာဘာများ စဉ်းစား နေတယ်ပြောကို မပြောတတ်ပါဘူး အစရှိသည်နဲ့ပေါ့ဗျာ (မှန်ပါ့)။

ပြောချင်လည်း ပြောမယ်ကိုစောမောင် (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား) မပြောရင် လည်း သူသည် နှုတ်ခမ်းစူရုံလောက်၊ မျက်စောင်းထိုးရုံလောက် ကွယ်ရာကနေပြီး သကာလ မျက်ရိပ် မျက်ချည်ပြတာ က များတယ်၊ ကိုယ့်သူငယ်ချင်း လက်တို့ပြီး ပြောလိုက်တဲ့ သဘောမျိုး မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား) ။

ထိုကဲ့သို့လာတော့ ဒါဘာတရားလို့ ဆိုကြမယ် (ဣဿာ တရားပါ ဘုရား) အဲဒီတရား လာကြလို့ရှိရင်လည်း ဒကာ ဒကာမတို့ ဣဿာဟာ ဒေါသပဲလို့ မှတ်လိုက်ပါ (မှန်ပါ့)။ – ဒေါသ၊ ဣဿာ၊ မစ္ဆေရဆိုတဲ့ဥစ္စာ ဒေါသအတွင်းမှ ဖြစ်နေတာကို အဲဒါတွေ လုပ်လိုက်ပြန်တော့ ပေါ်လာလို့ ရှိရင်လည်း ဒကာ ဒကာမတို့ ကဲ ဒါဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမယ်)။

ဖြစ်ပျက်ရှုလိုက်တော့ မဂ္ဂင်တံခါးဝရောက်တယ်

အင်း ဖြစ်ပျက်ရှုလိုက်ပြန်တော့ သွား အပါယ်သွားဖို့လာတဲ့တရားပဲ တို့မိန်းမတို့၏ ထုံးတမ်းနော် နိဗ္ဗာန်တံခါး ဖွင့်ပေးလိုက်မယ်ဆိုတော့ မဂ္ဂင်တံခါးဝ ရောက်သွားတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီလို ပြင်လိုက်ဆင်လိုက်ပြန်တော့လည်း သုတဝါ အရိယာ သာဝကောကျတော့ မသွားပါဘူးကွာ ဘုရားက ကိုစံလှ ကျေနပ်လား (ကျေနပ်ပါတယ် ဘုရား)။

ဒါမိန်းမဘက်ကနေ ဟောနေတာပါ ယောက်ျား ဘက် လာလိမ့်ဦးမယ် သဘောပါကြပြီလား (ပါပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် နဖူးပေါ် လက်တင်အိပ်ရာဝင် စဉ်းစားတဲ့အခါကျတော့ ဆိုရင်ပဲ အဝယ် အကြောင်း ရှေ့ကို ငွေအကြောင်းဆိုတဲ့ရရာရကြောင်းဆိုတဲ့ လောဘအာရုံတွေ မလာဘူးလား (လာပါတယ် ဘုရား)။

အင်း ထိုကဲ့သို့ လာတဲ့လောဘကိုလည်း ဒကာ ဒကာမတို့ ဣတ္ထိယသဘောရှိလို့ မိန်းမတို့၏ အမူအရာ ထုံးစံ ပဋိသန္ဓေက ပစ်ချကတည်းက ဒီတရားသုံးခုက ပါလာတယ် (မှန်ပါ့) သဘော ပါကြလား (ပါပါတယ် ဘုရား)။

ဒါ အမူအရာ မပြောင်းရင်များသောအားဖြင့် ဒီဥစ္စာ လာရမယ်လို့ မောင်နိုင်က မှတ်ထားပါ (မှန်ပါ့)။

ဒကာမတွေအတွက်ဘုရားကဟောနေတာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သူတစ်ပါးစိတ်ကို သိတဲ့ဉာဏ်နဲ့ဟောတယ် ဆိုတာလည်း ခင်ဗျားတို့ ဘာမှ သံသယမရှိနဲ့တော့နော် (မှန်ပါ့)။

အလုံးစုံသိတဲ့ ကိုယ်တော်ကြီးကို ကိုစောမောင်ရ (မှန်ပါ့) မသိတာ ရှိရဲ့လား (မရှိပါဘူး ဘုရား) အဲ့ဒါကြောင့် အဲ့ဒီလောဘလာလည်း ခင်ဗျားတို့က ဒကာမတွေ ဘက်က ဘာလုပ်ကြမတုံး (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ သူကဖြစ်ပျက်ရှုတာက မဂ် ဆိုပြန်တော့လည်း အပါယ်သွားမလို့ဟာ နိဗ္ဗာန်တံခါးဝကို ရောက်သွားတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက် ပါတယ် ဘုရား)။

အဲဒီလိုပြန်ပြီး သိမ်းလိုက်ပြန်လို့ ရှိရင်လည်း ဒကာမ တို့ ကိုယ်လိုရာခရီးကို အရောက် ပြီးမြောက် တယ်လို့ပဲ ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ့)။

မောင်နိုင် လုပ်တတ်ပြီလား (လုပ်တတ်ပါတယ် ဘုရား) နောက်က ဒကာမတွေ လုပ်တတ်ပလား (လုပ်တတ်ပါတယ် ဘုရား)။

ဒါက ဘယ်သူ့အတွက်မှ ဟောတာမဟုတ်ဘူး ဒကာမတွေအတွက်တင် ဟောနေတာ (တင်ပါ့)၊ ကျေနပ်ကြလား (ကျေနပ်ပါတယ် ဘုရား)။

ရှင်အနုရုဒ္ဓါကဒိဗ္ဗစက္ခုအဘိညာဉ်ရတယ်

များသောအားဖြင့်တဲ့နော် ဒါ ရှင်အနုရုဒ္ဓါကလည်း မောင်နိုင် ဒိဗ္ဗစက္ခုဆိုတာက မြင်သနော် (မှန်ပါ့)။

ဒီဒကာမသေရင် ဘယ်သွားတယ် ဒီဒကာမသေရင် ဘယ်သွားတယ်။ သူက အဘိညာဉ်နဲ့ မကြည့်ရရင် မနေနိုင်တဲ့ ပုဂ္ဂိုလ် (မှန်ပါ့)။

အရေးရှိလို့ အားလို့ရှိရင်ဖြင့် ဈာန်ဝင်စားပြီး ဒီ အဘိညာဉ်နဲ့ ကြည့်တာပဲ ဘယ်သူ ဘယ်သွားတုံး ဘယ်သူ ဘာဖြစ်နေတုံး ကိုစောမောင် သူက အဘိညာဉ်မြင် ဧတဒဂ် ရကိုဗျ၊ ဧတဒဂ်ရဆိုတာ သူလောက်ကြည့်နိုင်တဲ့သူ မရှိဘူးတာ (မှန်ပါ့) သဘောပါကျလား (ပါပါတယ် ဘုရား)။

ဒကာမတွေ အပါယ်အသွားများတာ ဘာ့ကြောင့် တုံး

အဲဒီပုဂ္ဂိုလ်က ဒကာမတွေ သေလို့ရှိရင် အပါယ်သွား များတာဟာ ဘယ်အကြောင်းပါတုန်းလို့ ဘုရားလျှောက် တယ်၊ လျှောက်တော့ ဒီတရား သုံးခုကွ။

စောစောမှာ မစ္ဆေရ လာတတ်တယ် နေ့လည်မှာ ဣဿာလာတယ် ညဘက်မှာ လောဘ လာတတ်တယ် ကိုစံလှ ကျေနပ်လား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ လာတတ်သောကြောင့် များသောအားဖြင့် အပါယ်သွားတယ်ဆိုတဲ့ဥစ္စာ၊ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဖြေတာနဲ့ပဲ ပုထုဇဉ်တွေနဲ့ အကိုက်သား (မှန်ပါ့) ကျေနပ်ကြပြီလား (ကျေနပ် ပါတယ် ဘုရား)။

တစ်ခါ အဲဒါတင် ကျေနပ်လို့ မဖြစ်သေးဘူး အလုပ် တရား တိုးတာကလေးကိုလည်း ဪ တို့ဟာ ဒီအလုပ် လုပ်မှပါပဲလား ဆိုတာလည်း ရှာလုပ်ရမဲ့အလုပ်မဟုတ်ဘူး ဆိုတာကိုလည်း ကိုစောမောင် ပေါ်လာပြီ (ပေါ်လာ ပါတယ် ဘုရား)။

ဒီတရားသုံးခုကို ဖြစ်အောင်ရှုကြပါ

ဘယ်လိုပေါ်လာပါလိမ့် (ရှာလုပ်ရမှာ မဟုတ် ပါ ဘုရား) တရားရှာပြီးသကာလ လုပ်ရမဲ့အလုပ် မဟုတ် ပါဘူးဆိုတာ ဒကာ ဒကာမတွေ ကိုယ်မိန်းမ ဖြစ်လာကတည်း က ဒီတရားသုံးခု လွှမ်းမိုး လာတယ် ဆိုတဲ့ဥစ္စာ ဘုရားက သိတယ်။

သိတော့ ဒီတရားသုံးခုဟာ ရှုနိုင်သလောက် ရှုလိုက် ပြန်လို့ရှိရင်လည်း မဂ်ဆိုက်နိုင်သလောက် ဆိုက်လိမ့်မယ် ဆိုတာလည်း ဒကာ ဒကာမတွေ မငြင်းဆန်နဲ့တော့ အမှန်ဘဲ လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား) ဒီဘက်က ဒကာ ဒကာမတွေ ကျေနပ်ကြလား (ကျေနပ်ပါတယ် ဘုရား) လုပ်တတ်ကြပြီလား (လုပ်တတ်ပါပြီ ဘုရား)။

လုပ်ဖြစ်အောင် လုပ်ပါလို့ လေးစားစွာနဲ့ပဲ ဒါ အမြင် ယူပြောတဲ့ပုဂ္ဂိုလ်နဲ့ မြင်တာပဲ၊ ရှင်အနုရုဒ္ဓါ ကလည်း မောင်နိုင် ဘယ်သွားတာချည်း သူမြင်သတဲ့တုံး (အပါယ်သွားတာ ပါ ဘုရား)။

ဒကာမတွေ သေတဲ့အခါ သူအဘိညာဉ်နဲ့ ကြည့် တယ်တဲ့ တစ်နေ့လုံးလျှောက်ပြီးကြည့်တယ် များသောအား ဖြင့် အပါယ်ချည့်သွားကြတာပဲ အဲဒါဘယ်အကြောင်းတုံး ဆိုတဲ့ဥစ္စာ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

မေးတော့ကို မေးချင်လို့မေးတာလားဆိုတော့ ဒကာ မတွေ ပေါ်တဲ့စိတ်ကို သူကမသိဘူး သွားတာသာ သိတယ် (မှန်ပါ့) သဘောကျလား (ကျပါတယ် ဘုရား)။

အဲဒါကြောင့် မမေးသင့်ဘူးလား (မေးသင့်ပါ တယ်) ဘုရားက ဘယ်လိုပိုသိတုံးဆိုတော့ ဒကာမတွေ သန္တာန်များသောအားဖြင့် ပေါ်တတ်တဲ့စိတ်ကို သူသိတယ် (မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား)။

အဲဒီကဲ့သို့ သိတဲ့အတွက် ဒီစိတ်တွေကို များသော အားဖြင့် ဒီစိတ်တွေ အပေါ်များသောကြောင့် ဤကဲ့သို့ အပါယ်အသွားများတယ်လို့ ဘုရားက အဖြေထုတ်လိုက် တယ် (မှန်ပါ့)။

ပေါ်နေကျတရားကနိဗ္ဗာန်ပို့မယ်

တစ်ခါ ဘုန်းကြီးကနေပြီး ဒကာ ဒကာမတွေ တစ်ခါ ဘုရားများက ဟောထားတဲ့ တစ်နေရာက ကြည့်ပြီး သကာလ နေသောကြောင့် ဝိပဿနာမှာ ဟောထားတဲ့တရား ရှိနေ သောကြောင့် ဒကာ ဒကာမတို့ ဒီလိုပြန်ပြီးသကာလ အလုပ် လုပ်လိုက်ပြန်လို့ရှိရင်လည်း ခင်ဗျားတို့ ပေါ်နေကျ တရားက နိဗ္ဗာန်ပို့ပါလိမ့်မယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (ပေါ်နေကျ တရားက နိဗ္ဗာန်ပို့ပါ လိမ့်မယ်) ပေါ်နေကျတရားက နိဗ္ဗာန် ပို့ပါလိမ့်မယ် ဆိုတဲ့ဥစ္စာ ဪ တို့တရား ရှာစရာ မရှိပါဘူးတဲ့၊ ရှုစရာ ခဏခဏ ပေါ်လေ့ ရှိပါလား ဆိုတာလည်း ကိုစံလှ ခန္ဓာက သက်သေခံ (မှန်ပါ့) မခံပေဘူးလား (ခံပါတယ် ဘုရား)။

အဲဒါကြောင့် လေးလေးစားစား မှတ်ပါ ဒီသုံးခု ဒကာမမှန်လို့ရှိရင် များသောအားဖြင့် ဒီသုံးခု လာရမယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ရှင်အနုရုဒ္ဓါကို ဒကာတွေအတွက် ဒီသုတ်နဲ့ပဲဆက်ပြီးသကာလ ဟောပြန်တယ်။ အရှင်ဘုရား ဒကာတွေအတွက်တော့လည်း ဒကာတွေအပါယ်သွားတာကတော့ ဘယ်လိုကြောင့်များ သူတို့လည်း သွားပြန်တော့ သွားကြတာချည့်ပဲ ဒကာမများ လောက်တော့ မများတာ အဲဒါ တွေကျတော့ ဘယ်နဲ့ကြောင့်တုံး ပရစိတ္တဝိဇာနနဉာဏ် မရပြန်တော့ မေးရပေဘူးလား (မေးရပါတယ် ဘုရား)

ဒကာ ဒကာမတွေ ဒါ ဒကာတွေအတွက် ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဘယ်သူ့အတွက် ဟောနေတာလဲ (ဒကာတွေ အတွက်ပါ ဘုရား)။

ဒကာတွေ အတွက် ရှင်အနုရုဒ္ဓါကတော့ ကို စောမောင် ကြည့်မှာပဲ သူက အဘိညာဉ် နေရာမှာ ဧတဒဂ် ရဖြစ်နေတော့ သူ့အလုပ်က ဒီအလုပ်ပဲရှိတယ် (မှန်ပါ့)

သူကတော့ ဒကာ ဒကာမတို့ အဘိညာဉ် နေရာမှာ ဖြင့် သူလိုကြည့်တဲ့ပုဂ္ဂိုလ်ရှိကိုမရှိဘူး အားတယ် ဆိုရင် အဘိညာဉ် ဝင်စားပြီးကြည့်နေတာပဲ သူကတော့.။

အဲ့တော့ကိုတဲ့ သူ့ကိုယ်တိုင်ကိုပဲ သူမသိဘဲ ဖြစ်နေ တယ်။

ရှင်အနုရုဒ္ဓါ ဆိုတာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲ ယောက်ျားပဲနော် သူ့ကိုယ်တိုင်ကိုပဲ မသိဘဲ ဖြစ်နေတော့ သူက ဒီတစ်ခါတော့ ဘုရားမလျှောက်ဘူး ကိုစောမောင် ရှင်သာရိ ပုတ္တရာ လျှောက်တယ် (တင်ပါ့)။

ရှင်အနုရုဒ္ဓါမှာ အာသဝေါမကုန်သေးဘူး

အရှင်သာရိပုတ္တရာ လျှောက်တယ် တပည့်တော်ဘုရား တစ်နေ့လုံးဟာ အဘိညာဉ် ဝင်စား နေတာက များပါတယ် အဘိညာဉ်ဝင်စားတဲ့ အဘိညာဉ်ဝင်စားဆိုတာက ကြည့်နေ တာပေါ့ မောင်နိုင်ရ။

ဘယ်ပုဂ္ဂိုလ် ဘယ်သွားတယ် ဆိုတဲ့ အဘိညာဉ်တွေ နဲ့ လျှောက်ကြည့်နေတာပဲနော် (မှန်ပါ့) ဤကဲ့သို့ ကြည့်ပြီးသကာလ တပည့်တော်မှာ သတိတွေ သမာဓိတွေ ပညာတွေ အင်မတန်ကောင်းလို့ ဒီအဘိညာဉ်က ပေါ်လာ တာပါပဲတဲ့ ထိုကဲ့သို့ ပေါ်ငြားသော်လည်း တပည့်တော်မှာ တော့ဖြင့် ယောက်ျားလည်း ဖြစ်ပါတယ်။ အာသဝေါ မကုန်ဘဲ ဖြစ်နေတယ်။

သောတာပန်လောက်တော့ တည်တယ်

ဒကာ ဒကာမတို့ သူကိုယ်တိုင် အာသဝေါ မကုန် ဘူးတဲ့ (တင်ပါ့) သာမည သောတာပန် လောက်တော့ ဖြစ်တာပေါ့ဗျာ (မှန်ပါ့)။

ဒီအဘိညာဉ် ဆိုတာက မောင်နိုင်ရ လူတိုင်း ဈာန် လမ်းကနေ တက်တာဖြစ်နေတော့ ရတာပဲ (မှန်ပါ့)။

အာသဝေါ မကုန်တာ ကုန်တာ လိုရင်း မဟုတ်ဘူး သဘောကျလား (ကျပါတယ် ဘုရား) အာသဝေါ ကုန်တာ မကုန်တာ လိုရင်း ဟုတ်ပါရဲ့ လား (မဟုတ်ပါဘူး ဘုရား)။

အဘိညာဉ်က လောကီဈာန်က တက်လာတာ ဖြစ်နေတော့ ဈာန်ကနေ ကြိုးစား ကြိုးစားတော့ အဘိညာဉ် ရတာပဲ ဆုတောင်းပါရမီကံက ရတာပဲ(မှန်ပါ့) သဘော ပါလား (ပါ ပါတယ် ဘုရား)။

ရှင်အနုရုဒ္ဓါကရှင်သာရိပုတ္တရာကိုလျှောက်ထားတယ်

အဲဒီတော့ တပည့်တော် ကိုယ်တိုင်ပဲ အဘိညာဉ် တွေနဲ့ ကြည့်ပြီးနေလျက် ရှိပါတယ်တဲ့၊ ကြည့်တဲ့အခါ သတိ လည်း မလိုပါဘူး ဝီရိယလည်း မလိုပါဘူး ဘုရားတဲ့၊ ထိုသို့ ဖြစ်ပြီး သကာလ နေငြားသော်လည်း တပည့်တော်မှာ အာသဝေါ တရားလေးပါးက မကုန်ဘဲဖြစ်နေတော့ အဲ့ဒါ ရှင်သာရိပုတ္တရာ ရှင်းပေးပါ။

မာနခံနေလို့ အာသဝေါမကုန်တာ

ဒါ- ယောက်ျားဘက်က သူမေးလိုက်တာ (မှန်ပါ့) အဲ့ဒီတင်မှ ရှင်သာရိပုတ္တရာက ငါသာလျှင် အဘိ ညာဉ် ကြည့်နိုင်ဆုံးဆိုတာ မင်း မာနခံနေတယ် သဘောကျ လား (သဘောကျပါတယ် ဘုရား)။

ငါအဘိညာဉ် ကြည့်နိုင်ဆုံးပဲ ပုဂ္ဂိုလ်ပဲဆိုပြီး မာနခံ နေတယ် အဲဒီမာန မင်းဖြစ်ပျက်ရှုမှဆိုတာ ယောက်ျားမှာ လည်း မာနတဲ့ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

ဘယ်သူလုပ်တာမှ သဘောမကျဘူး ကိုယ်တိုင် ခါးတောင်းကျိုက်ပြီး ထလုပ်ချင်တယ် (မှန်ပါ့) ဘယ်သူ ကျောက်ကြည့်တာကိုမှ သဘောမကျဘူး ကိုယ်ကြည့်ရမှ ကိုယ်ကျေနပ်တယ် (မှန်ပါ) ဆိုတဲ့ မာနကကော မလာ ဘူးလား (လာပါတယ် ဘုရား)။

အဲတော့ ယောက်ျားမှာတော့ကွာတဲ့ မာနထက်တယ် သဘောပါလား (ပါပါတယ် ဘုရား) ယောက်ျားမှာ ဘာထက်ပါအုံး (မာနထက်ပါတယ် ဘုရား) အားလုံးထဲ မှာ သူများလုပ်နေတာကို အားမရတဲ့စိတ်ကလည်း ခဏခဏ ပေါ်တယ် (မှန်ပါ့)။

မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား) အဲတော့ ဘာထင်ကြတုံး (မာနပါ ဘုရား) ကြီးပြင်းတဲ့ ကရုဏာပဲလား ငါလုပ် ခံနိုင်ရိုးလားဆိုတာလား ဆိုတာလည်း ကိုယ်တိုင်စဉ်းစားကြည့်တာပေါ့ (မှန်ပါ့)။

ဘာပေါ်လာတုံး (မာနပေါ်လာပါတယ် ဘုရား) ငါလုပ်ခံနိုင်ရိုးလားဆိုတဲ့ မာနက ယောက်ျားမှာ များတယ်ကွတဲ့ ကိုစောမောင် ကျေနပ်လား (ကျေနပ် ပါတယ် ဘုရား)။

မာနပေါ်တိုင်းဖြစ်ပျက်ရှုပါ

ဒါဖြင့် ယောက်ျားကတော့ ဘာရှုရမယ်ဆိုတာလည်း ခုနက ပြောတဲ့အတိုင်းပဲ မာနပေါ်တိုင်း ပေါ်တိုင်း ဘာလုပ် ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကိုစံလှရေ ယောက်ျားမလာတတ်ဘူးလား လာတတ်ပါတယ် ဘုရား) ပြောလာကတည်းကိုက သူများ လုပ်နေတာကို ကျေနပ်တဲ့သဘော တယ်ပါခဲတယ် (မှန်ပါ့) ကိုစောမောင် (မှန်ပါ့) သူများ လုပ်နေတာကို (မကျေနပ်တဲ့သဘောပါ ဘုရား)။

ကျေနပ်တဲ့သဘောက တယ်ပါခဲတယ်၊ ကိုယ်တိုင် လည်း ထပြီး သကာလ သူတို့လုပ်နေတာ မထိမခိုက် မိန်းမ လို မိန်းမရရှိလိုက်တာကွာ မင်းတို့ လုပ်နေတဲ့အဖြစ်ဟာ ဒီလို ကော မလာတတ် ဘူးလား (လာတတ်ပါတယ် ဘုရား)။

ဒါတွေကြောင့်အပါယ်သွားတာ

မင်းတို့လုပ်လို့ တစ်နေ့လုံးလုပ်လို့ပြီးမှာမဟုတ်ပါဘူး အစရှိသည်နဲ့ ဒကာ ဒကာမတို့ ယောက်ျား ဘက်ကတော့ – ဘာလာလေ့ရှိတုံး (မာနလာလေ့ရှိပါတယ် ဘုရား)။

မာနလာလေ့ရှိသောကြောင့် ယောက်ျားများ အပါယ် သွားတာ ဒါတွေကြောင့်သွားတာ (မှန်ပါ့) ရိပ်မိ ကြပလား (ရိပ်မိပါတယ် ဘုရား)။

ကိုစံလှ, ကိုင်း ဒါ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာ ပါ ဘုရား) မာနပေါ်တိုင်း ပေါ်တိုင်း ကိုစောမောင် ဘာလုပ် ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

မာန တလူလူ ဒိဋ္ဌိက အုပ်ချုပ်လျက်ရှိတယ် မာန လာလို့ရှိရင် ဒိဋ္ဌိက ပါပါလာတာ ရှင်းပြီလား (ရှင်းပါ တယ် ဘုရား)။

မာနနဲ့ ဒိဋ္ဌိက တွဲလျက်နော် (မှန်ပါ့) မာနနဲ့ ဒိဋ္ဌိက တွဲလျက်ဖြစ်ပြီးသကာလ နေတော့ ယောက်ျားများ ကျတော့ ငါဆိုတဲ့ ဥစ္စာနဲ့ ဟာက “ငါ” ဆိုတာ ဒိဋ္ဌိဘက် ဆင်းတယ် (မှန်ပါ့) မာနကကော (ဒိဋ္ဌိဘက်ပါ ဘုရား)။

အဲဒီလို တွဲတွဲလာတယ်ကွတဲ့ ယောက်ျားတွေမှာ လည်း သဘောပါကျလား (ပါပါတယ် ဘုရား) အဲဒါကြောင့် ဘာလုပ်ကြရမလဲလို့ မေးလို့ရှိရင်ဖြင့် ယောက်ျားများမှာ သူ့ပင်ကိုသဘောကိုက ဒီတရားကို ရှေးဦးစွာ ပေါ်တတ်တဲ့ တရား (မှန်ပါ့) သဘောကျလား (ပါပါတယ် ဘုရား)

ယောက်ျား ဘယ်တရား ရှေးဦးစွာ ပေါ်တတ်တုံး (မာနတရားပါ ဘုရား) မာနတရား ရှေးဦးစွာ ပေါ်တတ်တဲ့ အတွက် ဘယ်ဟာ ကြည့်လိုက်ကြည့်လိုက် သူများလုပ်နေ တာ ကိုယ်နဲ့ မဆိုင်တာ တောင်မှ ငါလုပ်ရင် ပြီးလောက်ပြီ ဒီလို လာချင်လာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

ငါပြောရင် ပြီးလောက်ပြီလို့ကော(လာပါတယ် ဘုရား) လာချင်လာတတ်တယ်ဆိုတော့ အင်း ယောက်ျား မှာတော့ ကိုမြင့်တို့ ဘယ်သူဦးစီးပြီး (မာနပါ ဘုရား) ကိုပေါ် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဟုတ်ကော ဟုတ်ကဲ့လား (ဟုတ်ပါတယ်) ဒီဥစ္စာ ရှင်သာရိပုတ္တရာပဲ ကိုစောမောင်ရဲ့ သူလည်း ဘုရားအောက် တစ်ယောက်တည်းရှိတဲ့ပုဂ္ဂိုလ်ဘဲ (မှန်ပါ့)။

သူကလည်း ယောက်ျားမှာတော့ကွာတဲ့ မာနက ထက်တယ်ဟေ့ ရှင်းကျပြီလား (ရှင်းပါတယ် ဘုရား) ယောက်ျား ဘာထက်ပါလိမ့် (မာနထက်ပါတယ် ဘုရား)

ယောက်ျားမှာ မာနဦးစီးတယ်

မာနထက်တယ်လို့ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ယောက်ျားမှာဖြင့် မာနဦးစီးတယ်တဲ့ လာလိုက်တယ် ရှင်းပြီ လား (ရှင်းပါတယ် ဘုရား)။

အဲတော့ သူကိုယ်တိုင် ယောက်ျားဖြစ်ပြီးသကာလ ငါလို အဘိညာဉ်ကြည့်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး ရှိရဲ့ လားဆိုတဲ့ မာန ကလေးကရှိနေတော့ မင်းအာသဝေါ မကုန်တာ (မှန်ပါ့)။

ရှင်သာရိပုတ္တရာက သဘောပါကြလား (ပါပါတယ် ဘုရား)။

အင်း- ဒါဖြင့် ယောက်ျားများ ဘာအဓိကထားပြီး ဝိပဿနာရှုရပါမယ် (မာနကို အဓိကထား ရှုရပါမယ် ဘုရား)။

သူ မိုးလင်းရင်လာမယ်နော် (မှန်ပါ့) ကိုစံလှ ဘာတဲ့ (မိုးလင်းရင်လာမှာပါ ဘုရား) လာမယ် လာမယ် သူများ လုပ်တာကိုင်တာကို တယ်ကျေနပ်တဲ့ ယောက်ျားက ရှားတယ် (မှန်ပါ့)။

မလုပ်ချင်တောင်မှပဲ ကိုယ်ထပြီး ပျင်းလို့ မလုပ်ချင် တာတောင်မှ မကျေနပ်ပွဲကလေးကတော့ လာသေးတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ လာတတ်တဲ့အတွက်တဲ့ ယောက်ျားမှာ တော့ကွာတဲ့ အပါယ်သွားတဲ့တရား ဘယ်တရားများသတုံး ဆိုရင် မာနကြောင့်သွားတာများတယ် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒါနဲ့ မင်း ခု အာသဝေါ မကုန်တာလည်း ရှင်သာရိ ပုတ္တရာက မာနက ငါလိုအဘိညာဉ်နဲ့ ကြည့်နိုင်တဲ့ ရဟန်း ဟာ အတော်ရှားတယ်ဆိုတဲ့ မင်း မာနရှိတယ် ဒါကြောင့် မင်း အာသဝေါ မကုန်ဘူး (မှန်ပါ့) ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ရှင်သာရိပုတ္တရာကဆုံးမတဲ့တရား

ကောင်းပြီ ရှင်သာရိပုတ္တရာက ဆုံးမပြန်တယ် ဆိုတော့ ကိုစောမောင် ကျေနပ်ဖို့ပေါ့ (မှန်ပါ့) ဒါ ယောက်ျားအတွက် စ,လာတာ ဘယ်တရားကို စ,ပါလိမ့် (မာနကို စ,ပါတယ် ဘုရား)။

မာနက စ,လာတယ်တဲ့ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား) ကိုင်း- ဒါဖြင့် ဒီမာနလာတိုင်း လာတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ဘာလုပ်ကြရမတုံး (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

ဒီနေ့တရားက ပေါ်တတ်တဲ့တရား အများကိုဘုရား က ရှုတတ်အောင် နည်းပြတဲ့တရား (မှန်ပါ့) မောင်နိုင် တရားရှာစရာလိုသေးလား (မလိုပါ ဘုရား)။

မလိုပါဘူးတဲ့ အရေးကြုံလို့ရှိရင် ယောက်ျားသံဟာ ကိုစောမောင် ထွက်ထွက်မလာဘူးလား (လာပါတယ် ဘုရား) ယောက်ျားသံဟာ တစ်ခါတည်း မထွက်ပါနဲ့လို့ တောင်းပန်တိုးလျှိုးလို့ ရကြရဲ့လား (မရပါ ဘုရား)။

မရဘူး ဒီဟာလေးဟာ အရင် ပေါက်ပေါက် လာတယ်၊ အရင်ပေါ်ပေါ်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ဒကာ ဒကာမတို့ ယောက်ျား ဘက်ကလည်း မများလား (များပါတယ် ဘုရား)။

မင်းတို့ကွာ မိန်းမတွေ လုပ်ကိုင်နေတာ တယ် မထိ မခိုက်ရှိတယ်ဆိုပြီး ငါဝင်ဝင်လာတယ် (တင်ပါ့) ကိုစောမောင် ငါဝင်မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒါ မာနနဲ့ ဒိဋ္ဌိတွဲတွဲပြီး မဝင်လား (ဝင် ပါတယ် ဘုရား) အင်း- မာနနဲ့ ဒိဋ္ဌိသံ ဟူသ၍ဟာ တွဲတွဲပြီး ဝင်လာတဲ့အတွက် ဒကာ ဒကာမတို့ ယောက်ျားများဟာ

ဘာဦးစီးလို့ ဘယ်လိုရှုရမယ်ဆိုတာ ပေါ်လာကျပြီလား (ပေါ်ပါတယ် ဘုရား) အင်း- ဘာလုပ် ကြပါ့မယ် (မာနရှုရပါ တယ်)။

မာနက အရင်လာလိမ့်မယ်တဲ့နော် လာတိုင်း လာ တိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ ဖြစ်ပျက် ရှုရမယ်ဆိုတဲ့ဥစ္စာကိုလည်း ယောက်ျားဘက်ကတစ်နံပါတ် မှတ်ထားရမယ် (မှန်ပါ့)။

မိုးလင်းလာရင် မြင်လိုက်ခြင်းပင် မာနက တက်လာ တယ် (မှန်ပါ့) သဘောပါကြလား (ပါပါတယ် ဘုရား) ကောင်းပြီ တစ်ခါတလေ ထမင်းချက် နောက်ကျ နေလို့ ကိုယ်က တွင်းသွား ချင်တယ် ကိစ္စရှိလို့ သွားချင်တယ် ဆိုလို့ရှိရင်ဖြင့် ဒီ ထမင်းလေးတစ်လုံးကွာ ဒီလောက်တောင် ကြာကြာကြီး ချက်ပြီးသကာလ နေရတာ ငါတို့ သာ လုပ်ရမယ်ဆိုရင် တစ်ခဏနဲ့ပြီးတယ် မင်းတို့က လေးကန်တာ က လွန်လို့ကိုး အစရှိသည်နဲ့ ဘာသံချည်း ထွက်လာတုံး (မာနသံပါ ဘုရား)။

မထွက်ဘူးလား (ထွက်ပါတယ် ဘုရား) ငါလုပ် လိုက်ရင် ဒီလောက်မကြာဘူးဆိုတော့ မာနက အရင် မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ လာတိုင်းလာတိုင်း သူမှာတော့ ရှေးဦးစွာ မိုးလင်းရင် ဒီဥစ္စာလာတတ်တယ် (မှန်ပါ့) ကိုစောမောင် သဘောပါလား (ပါပါတယ် ဘုရား)။

ပေါ်လို့ရှိရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား) မရှုရှင်လည်း ဒီမာနကနေပြီး သကာလ မာန က ဒိဋ္ဌိဖြစ်ပြီးသကာလနေတော့ သူလည်း လောဘနဲ့ ယှဉ်တာ ဖြစ်တာ တဏှာ ဥပါဒါန်ကံ ဘက်ကျအောင် ဒကာ ဒကာမတွေ မသွားပေဘူးလား၊ သွားမှာလား (သွားမှာပါ ဘုရား)။

အဲဒါကြောင့် ဒီနေ့တရားမှာ မိန်းမဘက်က များတာ ကိုလည်း နိဗ္ဗာန်ရောက်လွယ်အောင်လို့ ဆုံးမပေးတယ် ဒါ ဒီဃနိကာယ် အင်္ဂုတ္တိုရ် ကိုစောမောင် (မှန်ပါ့)။

ယောက်ျားများမှာ ဝီရိယလွန်တတ်တယ်

ယောက်ျားဘက်က များတာကို ခုတစ်လုံးစ,လာပြီ တစ်လုံးစ,ထားပြီဆိုတော့ သဘောကျလား (ကျပါတယ် ဘုရား) ကောင်းပြီ ဒီပြင်များ ဘာလာတတ်သေးသတုံး ဆိုတော့ ဒကာ ဒကာမတို့ ယောက်ျားဟာ မိန်းမကဲ့သို့ မဟုတ် ဘူးကွာ ဘာပြုလို့ လုပ်မယ်ဆိုရင် ဝီရိယဟာ လွန်တတ်တယ်။

ကိုစံလှ ဘာလွန်တတ်တုံး (ဝီရိယ လွန်တတ် ပါတယ် ဘုရား) ဝီရိယလွန်တတ်တယ်တဲ့ ဝီရိယ လွန်သွားတဲ့ အခါကျတော့ ဘာဖြစ်ဖြစ်၊ ဟိုက ဝီရိယလွန်လွန်သွားတဲ့ အခါကျတော့ ဝီရိယ လွန်ခြင်းကြောင့် သူ့မှာက ဥဒ္ဓစ္စက ခံခံ နေတယ် (တင်ပါ့ ဘုရား)။

ဒီဥဒ္ဓစ္စက ယောက်ျားမှာ သိပ်အပေါ်များတယ် (မှန်ပါ့) စိတ်ပျံ့လွင့်သွားတာပေါ့လေ (မှန်ပါ့)။

မောင်နိုင် ဝီရိယလွန်တော့ ဘယ်ရောက်သွား (ဥဒ္ဓစ္စဘက်သွားပါတယ် ဘုရား) အဲဒါကြောင့် လည်း ဒီဥဒ္ဓစ္စ လာတိုင်း လာတိုင်း ဒကာ ဒကာမတို့ ဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) သဘောပါကျလား (ပါပါ တယ် ဘုရား)။

အင်း ကိုယ်သာ ဝီရိယလွန်နေတဲ့ ပုဂ္ဂိုလ် ဝီရိယကို ယောက်ျားမှာ အဓိက ထားတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဝီရိယလွန်ပြီး ကိုစံလှ ဘယ်ဘက်သွားတတ်တုံး (ဥဒ္ဓစ္စဘက် သွားတတ်ပါတယ် ဘုရား)။

စိတ်ပျံ့လွင့်တဲ့ဘက် မသွားဘူးလား (သွားပါ တယ် ဘုရား) ကြာတော့ ဝေပြီး သကာလ ထွက်လာတယ် ဆိုတာကော သဘောကျကြလား (ကျပါတယ် ဘုရား)။

အဲ့ဒါကြောင့် သူတို့လည်း အပါယ်သွားများတယ်ဆို တာ ဥဒ္ဓစ္စဆိုတဲ့ဥစ္စာ မောဟပဲ (မှန်ပါ့) မောဟဆိုတာ အဝိဇ္ဇာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။

အဝိဇ္ဇာဖြစ်ခဲ့သော် အဝိဇ္ဇာ၊ ပစ္စယာ သင်္ခါရာ သင်္ခါရ ပစ္စယာဝိညာဏံနဲ့ဆိုပြီးသကာလ ဒကာ ဒကာမတို့ သံသရာ ခရီးကြီးမှာ တန်းသွားလိမ့်မယ် (မှန်ပါ့) ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

ဒီလိုကော မဖြစ်တတ်ဘူးလား (ဖြစ်တတ်ပါ တယ် ဘုရား) ယောက်ျားဘက်က ဒီဥစ္စာ လွန်တတ်တယ်ကွ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဝီရိယလွန်လို့ ဥဒ္ဓစ္စပျံ့လွင့်တဲ့စိတ်ဖြစ်တယ်

အဲ့တော့ ဝီရိယက ရိုးရိုးဆိုရင် ကိစ္စမရှိဘူးတဲ့ လွန်ပြီး သားဖြင့် ဥဒ္ဓစ္စဆိုတဲ့တရားက လာပြန်တော့ တစ်ခါတည်း သူကနေပြီး အဝိဇ္ဇာဖြစ်ပြီးတစ်ခါ ဥဒ္ဓစ္စဆိုတာ အဝိဇ္ဇာ။

အဲ့ဒီအဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံနဲ့ဆိုတော့ အပါယ်ကျကျပြီးသကာလ သွားတတ်တဲ့ မဂ်ဖိုလ် တားတားသွားတဲ့ အဓိပ္ပာယ်ဟာဖြင့် ယောက်ျား ဒါများလေရဲ့ (မှန်ပါ့)။

မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား) ဒကာ ဒကာမတို့ ယောက်ျားလည်း ဆုံးမတဲ့တရား မိန်းမ လည်း ဆုံးမတဲ့တရားဆိုတာ ခင်ဗျားတို့ ဒီတစ်ခါ ကြားဖူး တာပဲ (မှန်ပါ့) သဘောပါကြလား (ပါပါတယ် ဘုရား)။

ယောက်ျားဟာ တစ်နံပါတ်ဟာ ဘာလွန်တတ်တယ် (မာနပါ ဘုရား) နှစ်နံပါတ်က (ဥဒ္ဓစ္စပါ ဘုရား) ဝီရိယ လွန်တော့ ဥဒ္ဓစ္စ ဖြစ်သွားတယ် (မှန်ပါ့) သဘောကျလား (ကျပါတယ် ဘုရား)။

ကောင်းပြီတဲ့ ဒကာ ဒကာမတို့တဲ့ ယောက်ျားများမှာ ဒါတင်မကသေးပါဘူးတဲ့ ဒီပြင်တရား တစ်ခုလည်း ရှိပါသေး တယ်ဆိုပြီး သုံးခုမြောက် တစ်ခါလာပြန်တယ်နော် (မှန်ပါ့)။

အင်း ဘာလာပြန်သတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အင့် ပထမမှာ မာန လွန်တယ်နော် (မှန်ပါ့) ဒုတိယမှာ ဝီရိယလွန်တယ် ဥဒ္ဓစ္စဘက် မသွားဘူးလား (သွားပါတယ် ဘုရား)။

ယောက်ျားမှာ ကုက္ကုစ္စ (နောင်တ) လာတယ်

အင်း ဒီဥစ္စာ တော်တော်ကြာ ကျလာတော့ ကိုယ့် ဟာနဲ့ကို စိတ်တွေက ဝေပြီး သကာလ ကုက္ကုစ္စဆိုတဲ့ တရားက လာပြန်တယ် (မှန်ပါ့) ကုက္ကုစ္စက အင်း လုပ်မိတာ မှားတယ် အားစိုက် လုပ်လိုက်တဲ့ ဥစ္စာ အားစိုက်ဖြည်းဖြည်း သာသာလုပ်လိုက်ရင် ဒီဥစ္စာ မကွဲမရ ဖြစ်သွားမယ် သဘော ကျလား (ကျပါတယ် ဘုရား)။

ဟင်း- ဖြည်းဖြည်း သက်သာ မဟုတ်ဘူး ကျကွဲအရမ်း တိုက်ပစ်လိုက်တာနဲ့ပဲ အပြစ်အနာ အဆာတွေ တစ်ခါတည်း အင်း လောင်ကုန်ပြုကုန် အမျိုးမျိုးပေါ့ဗျာ။

အဲဒီလိုကလည်း ဝီရိယလွန်ပြန်တော့ အရမ်းတိုက် ပစ်တဲ့အခါကျတော့ မစားတန်ဘဲစား၊ မပါတန်ဘဲပါ အစရှိ သည်နဲ့ ကိုစံလှရေ မညှပ်တန်တဲ့ နေရာညှပ်မိ မကျပ်တန်တဲ့ နေရာ ကျပ်မိဆိုတာတွေကရော မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား)။

ထိုကဲ့သို့ လာပြန်တော့လည်း သူ့မှာ ကုက္ကုစ္စက လာပြန်တယ်ကွာ (မှန်ပါ့) သဘောကျလား (ကျပါတယ် ဘုရား)။

ကုက္ကုစ္စက လာပြန်တဲ့ အခါကျလို့ရှိရင်လည်း ကုက္ကုစ္စဆိုတဲ့ ဥစ္စာက လုပ်မိတာမှား မလုပ်မိတာ တော်သေး တယ် လာသေးတယ် သူ့မှာ မလာပေဘူးလား (လာပါ တယ် ဘုရား)။

အဲ ယောက်ျားမှာ လာတာလား မိန်းမမှာလာတာ လား (ယောက်ျားမှာ လာတတ်တာပါ ဘုရား) အင်း- ငါက စင်စင်ကြယ်ကြယ်နဲ့ သူတို့ကို အားပြုပြီးသကာလ ဒီလို လုပ်ရင် ဒီလိုဖြစ်ပါတယ် ဆိုပြီး တစ်ခါတည်း ငါမင်းချင်း လုပ်လိုက်တာနဲ့ အလုပ်တစ်ခုဟာ ပျက်ပျက်သွားတတ်တယ်။

နောင်တရတတ်တယ်

သဘောပါကြလား (ပါပါတယ် ဘုရား) အလုပ် တစ်ခုဟာ ပျက်ပျက်သွားတဲ့အခါကျတော့ ကိုယ့်ဟာကို နောင်တ မရဘူးလား (ရပါတယ် ဘုရား) ခင်ဗျားတို့ အသုံးက နောင်တရတာ ဘုရားအသုံးက ကုက္ကုစ္စဖြစ်တာ သဘောကျလား (ကျပါတယ် ဘုရား)။

ကုက္ကုစ္စကွ ဘယ်လိုပြင်လို့မှ ဘယ်လိုဆင်လို့မှ ဘယ်လိုမှ ရနိုင်မှာတုံး ဒီဥစ္စာတော့ ရတယ်လို့ကို ကျုပ် မမြင်ဘူး ကျုပ်တော့ ခက်တာဘဲ အ၈ရှိသည်နဲ့ အဖိုးတန်

ကျောက်တွေ ဘာတွေတိုက်မိပြီး ညှပ်မိပြီ ဆိုမှဖြင့် ကိုစောမောင် မလာတတ်ဘူးလား (လာတတ်ပါတယ် ဘုရား)။

ဒါက ဝီရိယလွန်တော့ကို ခုနက ဥဒ္ဓစ္စဘက်ပြေး ဥဒ္ဓစ္စကမနိုင်တော့ ကုက္ကုစ္စဘက် အလှည့် ခံရတယ် မလှည့် ဘူးလား (လှည့်ပါတယ် ဘုရား)။

ဒါဖြင့် ယောက်ျားမှာ ကုက္ကုစ္စလာပြန်လို့ရှိရင်လည်း တဲ့ဒကာ ဒကာမတွေ ကုက္ကုစ္စကလည်း ဘာမှ ခရီးရောက်တဲ့ တရားမဟုတ်ဘူး၊ အပါယ်သာပို့တတ်တဲ့တရား (မှန်ပါ့)။

ကုက္ကုစ္စဆိုတာ ရှေ့ကပြုလည်း ဒုစရိုက် မပြုလိုက် မိသေးတဲ့ သုစရိုက် တွေကိုလည်း အောက်မေ့တာ ကုက္ကုစ္စလို့ ခေါ်ပါတယ် သဘောကျလား (ကျပါတယ် ဘုရား)။

ရှေ့ကပြုတဲ့အလုပ်ကိုလည်း မှားလို့လုပ်မိတယ် မပြု ရသေးတာကိုလည်း ဪ ငါရှိတုန်းက မလုပ်မိလို့ အမှားယွင်းကြီး မှားတာဘဲမလာဘူးလား (လာပါတယ် ဘုရား)

ယောက်ျား ဒါများတယ် ကိုစောမောင် (မှန်ပါ့) ဘာများသတုံး ကုက္ကစ္စ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အင်း ဒကာ ဒကာမတို့ ယောက်ျားဘက်က တရား သုံးခုနော် (မှန်ပါ့) မိန်းမဘက်က (တရားသုံးခုပါ ဘုရား) တရားသုံးခု အဲ့ဒါပေါ်လွယ်တဲ့ တရားတွေ ယောက်ျား ဘက်က (မှန်ပါ့)။

ယောက်ျားဘက်ကတရားသုံးခု

ကဲ တစ်နံပါတ် ယောက်ျားဘက်က ဘာပါလိမ့် (မာနပါ ဘုရား) နှစ်နံပါတ်ကရော (ဝီရိယပါ ဘုရား) အင်း- တစ်လုံးထဲ ဥဒ္ဓစ္စ သဘောကျလား (ကျပါတယ် ဘုရား)။

ဝီရိယက ဘာမှကိစ္စမရှိဘူးနော် လွန်လွန်သွားလို့ ဥဒ္ဓစ္စဘက်ပြေးတာ (မှန်ပါ့) ကိုမြင့် ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) သဘောပါကျလား (ပါပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သုံးနံပါတ်တရားက ဘာပါလိမ့် (ကုက္ကုစ္စ) ကုက္ကုစ္စက အခုနက ဝီရိယလွန်တဲ့ ပုဂ္ဂိုလ် ဒါ လာတော့မယ် (မှန်ပါ့)။

အမှားတွေ လိုက်တယ်မဟုတ်လားဗျ (မှန်ပါ့) မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား) တွေ့လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုယ့်ဟာကိုပဲ အကြံမှိုင်ပြီး သကာလ လုပ်မိတာမှားတယ် မလုပ်မိတာက တော်သေး တယ် နှစ်ချက်မလာပေဘူးလား (လာပါတယ် ဘုရား)။

လုပ်မိတာမှားတယ်လို့ တစ်ချက်လာတယ် (မှန်ပါ့) မလုပ်မိတာက တော်သေးတယ် ဆိုတာကော (တစ်ချက်လာပါတယ်) တစ်ချက်လာတော့ ဒီဥစ္စာ ဆုံးဖြတ် ချက်ချတဲ့ တရားကော ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘူး ဘုရား)။

စိတ်ကူးမိတိုင်း မိတိုင်း ဒီနှစ်ချက်က မလာပေဘူး လား (လာပါတယ် ဘုရား) လာရင် သူတို့ဘာခေါ်ကြ မယ် (ကုက္ကုစ္စပါ ဘုရား)။

အဲဒါကြောင့် ရှေ့က ပြုလည်းဒုစရိုက် မပြုလိုက်ရ သေးတဲ့ သုစရိုက်တွေကို စိုးရိမ်တတ်တဲ့ သဘောဟာ ကုက္ကုစ္စလို့ ဘုရားက အသေအချာ ဟောလိုက်တာပဲ (မှန်ပါ့)။

ယောက်ျားမှာဖြင့် ဒကာ ဒကာမတို့ မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ ကျေနပ်ကျလား (ကျေနပ်ပါတယ်) ယောက်ျား ဘက်က ဘာပါလိမ့် (မာန ဥဒ္ဓစ္စ ကုက္ကုစ္စ) မာန၊ ဥဒ္ဓစ္စ ကုက္ကစ္စ သုံးခု ကျေနပ်ပလား (ကျေနပ် ပါတယ် ဘုရား)။

အပါယ်သွားမည့်တရားသုံးခု

မိန်းမဘက်က ဘာပါလိမ့် ဒီနေ့ ဟောလိုက်တာ (မစ္ဆေရ၊ ဣဿာ၊ လောဘ) အဲ မစ္ဆေရ ဣဿာ လောဘ ဒါဟာ အပါယ်သွားတတ်တဲ့တရား၊ ယောက်ျားမှာ အများဆုံး သွားတာလည်း ဒါပဲ (တင်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

မိန်းမအများဆုံး သွားတာလည်း ခုနက ပြောခဲ့တဲ့ သုံးပါး ယောက်ျားအများဆုံး သွားတာလည်း ခု ပြောခဲ့တဲ့ တရားသုံးပါး။

ဒါက သူ့ဒကာ ဒကာမတို့ အမူအရာအတိုင်း ပေါ်တဲ့ တရား သဘောကျကြလား (ကျပါတယ် ဘုရား)၊ ယောက်ျား အမူအရာရယ်လို့ ဖြစ်လာရင် ဒီသုံးခုပေါ် ရမယ် (မှန်ပါ့)။

မိန်းမ အမူအရာရယ်လို့ ဖြစ်လာရင် ခုနက ပြောခဲ့ တဲ့ တရားသုံးခုဟာ (ပေါ် ရမယ်) ပေါ်ရမယ် ဆိုတော့ ကျုပ်တို့ ဒကာ ဒကာမတွေ သိပြီးသားအတိုင်းပဲ၊ ဒါဟာ များသောအားဖြင့် ရှေ့ဆောင်တဲ့ တရားတွေလို့ ဆိုတယ်။ ဒီပြင် တရားကကြားပေါက်သာရှိတယ် (မှန်ပါ့) သဘော ပါကျလား (ပါပါတယ် ဘုရား)။

ဒီတရားတွေသည်ကားဆိုရင်ဖြင့် မိန်းမမှာလည်း ခုနက ပြောခဲ့တဲ့တရား သုံးခု ယောက်ျား မှာလည်း ခု နောက် ပြောလိုက်တဲ့ တရားသုံးခုဟာ သူ့ခေါင်းဆောင်အဖြစ်နဲ့ ချည့်ပဲ ကိုစောမောင် ပေါ်သတဲ့ (မှန်ပါ့) ဆိုတော့ ဒီနေ့ ရခဲ့တဲ့ သုံးခု ဒကာ ဒကာမတို့ ဝိပဿနာ မလုပ်လို့ရှိရင်ဖြင့် ယောက်ျား မှာကော အပါယ်သွား တရားသုံးခု (မှန်ပါ့)။

မိန်းမမှာကော ဝိပဿနာတရားမလိုက်ခဲ့သော် အပါယ်သွားတရားသုံးခု ဆိုတတ်ကြပလား (ဆိုတတ် ပါတယ် ဘုရား)။

ဘုရားအဖြေနှင့် ရှင်သာရိပုတ္တရာအဖြေ

အဲဒါကြောင့် ဒီဥစ္စာ သာမညအရေးကြီးတဲ့တရား မဟုတ်ပါဘူး မေးတဲ့ပုဂ္ဂိုလ်ကလည်းမေး နောက် ယောက်ျား ဘက်ကတော့ မေးတာကတော့ ရှင်အနုရုဒ္ဓါမေးလို့ ရှင်သာရိ ပုတ္တရာက ဖြေတယ် သဘောကျလား (ကျပါတယ် ဘုရား)။

မိန်းမဘက်ကဟာတော့ဖြင့် ရှင်အနုရုဒ္ဓါက မေးလို့ ဘုရားကဖြေတယ် သဘောပါကြလား (ပါပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီနေ့ဟောတဲ့တရားမှာဖြင့် ဆင်ခြင်ရာ၊ ရှောင်ကြဉ်ရာတွေ ပုဂ္ဂိုလ်အလိုက် ဖြစ်တဲ့တရား သုံးခုပါ လား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ယောက်ျား ဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား) မိန်းမဘယ်နှစ်ခုပါလိမ့် (သုံးခုပါ ဘုရား) အဲ့ဒါသည်ကား လို့ဆိုလို့ရှိရင်ဖြင့် မိန်းမရယ်လို့ ပဋိသန္ဓေကံက ပစ်ချလိုက်ရင် ဒီသုံးခုဦးစီးတယ် (မှန်ပါ့) ယောက်ျားရယ်လို့ ပဋိသန္ဓေ ကံက ပစ်ချလိုက်ရင် (ဒီသုံးခု) ဒီသုံးခု ဦးစီးတယ် သဘော ပါကြပလား (ပါပါတယ် ဘုရား)။

အဲ သာမညကျတော့ကို ခင်ဗျားတို့က ယောက်ျား ဘက်ကလည်း နိုင်လိုမင်းထက် ပြောတတ် ဆိုတတ်တာတွေ ရှိပြီး သကာလနေတော့ ဒါတွေက မသိပြော ပြောပြီးမသိနေ နေလိုက်တော့ ဒီတရား သုံးခုသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကိုယ့်မှာ ဒီလိုမှ မပြောလည်း ဘယ်ဖြစ်မလဲ ဆိုပြီး သကာလ ကိုစောမောင် လွန်ချင်လည်း လွန်သွားမယ် (မှန်ပါ)။

တရားကိုယ်ကတော့ မကောင်းတာ အမှန်ဘဲ (မှန်ပါ့) သဘောပါကြလား (ပါပါတယ် ဘုရား) တရားကိုယ် ကတော့ (မကောင်းတာအမှန်ပါ ဘုရား)။

အဲ ဒကာ ဒကာမတို့ မိန်းမတွေဘက်ကတော့ ဘာပါ လိမ့် (မစ္ဆေရ၊ ဣဿာ၊ လောဘ) မစ္ဆေရ၊ ဣဿာ၊ လောဘ ဒါမိန်းမရယ်လို့ဖြစ်လာရင် ဒီသုံးခု ဦးစီးတယ် (မှန်ပါ့)။

မိုးလင်းရင်သတိထားကြပါတော့

ယောက်ျားရယ်လို့ ဖြစ်လာလို့ရှိရင်ဘာတဲ့ (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ) မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ ဒါ မိုးလင်းရင် သတိထားကြပါတော့ (မှန်ပါ့)။

ဒါတွေက မသိပြော ပြောပြီး မသိနေ နေလိုက်တော့ ဒီတရားသုံးခုသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကိုယ့်မှာ ဒီလိုမှ မပြောလည်း ဘယ်ဖြစ်မလည်းဆိုပြီးသကာလ ကိုစောမောင် လွန်ချင်ရင်လည်း လွန်သွားမယ် (မှန်ပါ့)။

တရားကိုယ်ကတော့ မကောင်းတာ အမှန်ဘဲ (မှန်ပါ့) သဘောပါကြလား (ပါပါတယ် ဘုရား) တရား ကိုယ်ကတော့ (မကောင်းတာအမှန်ပါ)။

အဲ- ဒကာ ဒကာမတို့ မိန်းမတွေဘက်က ဘာတွေ ပါလိမ့် (မစ္ဆေရ၊ ဣဿာ၊ လောဘ) မစ္ဆေရ၊ ဣဿာ၊ လောဘ ဒါမိန်းမရယ်လို့ ဖြစ်လာရင် ဒီသုံးခု ဦးစီးတယ် (မှန်ပါ့)။

ယောက်ျားရယ်လို့ ဖြစ်လာရင်ဘာတဲ့ (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ) မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ ဒါ မိုးလင်းရင် သတိ ထားကြပါတော့ (မှန်ပါ့)။

ဝိပဿနာ အထူးရှာမနေနဲ့တော့ ပေါ်ရာသာ မောင်နိုင် ရှုလိုက်ပေတော့ (မှန်ပါ့) ပေါ်ရာရှုလိုက် ဆိုတော့ အပေါ်များတာက ယောက်ျားမှာ ဒီသုံးခု (မှန်ပါ့) မိန်းမမှာ ခုနက ပြောခဲ့တဲ့ သုံးခု (မှန်ပါ့)။

သဘောကျပလား (ကျပါတယ် ဘုရား) အဲ့ဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကွာတဲ့ ငါမင်းတို့ ဆုံးမချင်ပါတယ်ဆိုပြီး သကာလ ကိုစောမောင် ဆုံးမပြန်တယ်နော် (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး မဟာကရုဏာ တော်ရှင်ကြီးကဒကာ ဒကာမတို့ ယောက်ျား များသောအားဖြင့် ရှုစရာတွေကော ထုတ်ပြပြီးပြီနော် (မှန်ပါ့) မိန်းမများသော အားဖြင့် ရှုစရာ တွေကော (ထုတ်ပြပြီးပါပြီ)။

အကြောင်းမှန်နဲ့နှလုံးသွင်းလို့ဘုရားဖြစ်လာတာ

ငါဟာကွာတဲ့ဒီလို ပေါ်တတ်တဲ့တရား မိန်းမတွေမှာ ဒီလိုပေါ်တတ်တဲ့တရား ယောက်ျားတွေမှာ ဒီလိုပေါ်တတ်တဲ့ တရားတွေကိုတဲ့ အကြောင်းအားဖြင့် အကြောင်းမှန်သော အားဖြင့် နှလုံးသွင်းတယ်။

အကြောင်းမှန်သောအားဖြင့် နှလုံးသွင်းပြီးသကာလ မပြတ်မလပ်အားထုတ်လိုက်လို့ ငါဘုရား ဖြစ်လာတာပေါ့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) သဘောပါကျလား (ပါပါတယ် ဘုရား)။

ဒီယောက်ျားဖြင့်လည်း ယောက်ျားသန္တာန်ပေါ်တတ် တဲ့ တရားသုံးခုဟာ အကြောင်း အားလျော်စွာ သူပေါ် လာတယ် မပေါ်လာပေဘူးလား (ပေါ်လာပါတယ် ဘုရား) အဲ့တော့ကိုးတဲ့ အကြောင်းအမှန်နဲ့ နှလုံးသွင်းလိုက်တယ် အကြောင်းအမှန်နဲ့ နှလုံးသွင်းလိုက်တယ်ဆိုတော့

ဪ ဒီတရားသည် မောင်နိုင် ယောက်ျားမှာ အင်းမာန ပေါ်တယ်ဆိုကြပါစို့ မာနပေါ်တာကို သူတို့က အကြောင်း မှန်နဲ့ နှလုံးသွင်းလိုက်တော့ မာနလား အနိစ္စလားလို့ နှလုံးသွင်းလိုက်တော့ (အနိစ္စပါ)။

အကြောင်းမှန်နဲ့နှလုံးသွင်းလိုက်ပါ

ဒါအကြောင်းမှန်နဲ့ နှလုံးသွင်းလိုက်တာ (မှန်ပါ့) သဘောကျလား (သဘောကျပါတယ် ဘုရား)။

အင်း- အနိစ္စတရားလို့ အကြောင်းမှန်နဲ့ နှလုံးသွင်း လိုက်တဲ့အတွက် ဒါလေးဟာလည်းဖြစ်ပြီး ပျက်တာပဲဆိုပြီး နှလုံးသွင်းလိုက်တဲ့အတွက်တဲ့၊ နှလုံးပြန်သွင်းတာကတော့ ဒီလိုကွ၊ မင်းတို့ ဆုံးမ ချင်တာက ‘‘ယောနိသောမနသီကာရာ၊ ယောနိသော သမ္မပ္ပဓာနံ’’ အကြောင်းမှန်သောအားဖြင့် အဖန်ဖန်ငါ ဝီရိယစိုက်တယ်ကွ ပေါ်လာတိုင်း ပေါ်လာတိုင်း ပေါ့လေ (မှန်ပါ့) သဘောကျလား (ကျပါတယ် ဘုရား)။

အကြောင်းမှန်အားဖြင့်လည်း နှလုံးသွင်းလိုက်တယ်၊ အနိစ္စအကြောင်းမှန်အားဖြင့် နှလုံးသွင်းလိုက်တယ်၊ ပြီးတော့ သမ္မပ္ပဓာန်နဲ့ ဒီဥစ္စာဟာ မပြတ်မလပ် ဒီဥစ္စာ အနိစ္စဖော်ပြ နေတဲ့တရားမို့ အနိစ္စ – အနိစ္စလို့ မောင်နိုင်တို့ ဝီရိယစိုက် လိုက်တယ်နော် (တင်ပါ့)

ပေါ်လာတာကလည်း အနိစ္စ တရားပဲကွာ၊ မာနဆိုတာလည်း အနိစ္စတရားပေါ့ဗျာ (မှန်ပါ့)။

ပေါ်လာတဲ့တရားကို ပေါ်လာတဲ့အတိုင်း ငါသည် မပြတ်ဘဲ ဒီဥစ္စာ ဝီရိယကလေးတိုးပြီး သကာလ ဒါလေး အနိစ္စပါလား၊ ဒါလေး အနိစ္စပါလားလို့ ဝီရိယကလေးနဲ့ ဂရုစိုက်လိုက်တယ် အကြောင်းမှန် နှလုံးသွင်းတာက အနိစ္စ၊ အဖန်ဖန် နှလုံးသွင်းတာက အဖန်ဖန် ကြိုးစားတာက ဝီရိယ ကို ရှင်းကျလား (ရှင်းပါတယ် ဘုရား)။

အကြောင်းမှန် နှလုံးသွင်းတာက (အနိစ္စ) အဖန်ဖန် အားထုတ်တာက (ဝီရိယ)

အဲ-အကြောင်းမှန်လေးကိုပဲ အနိစ္စ တရားလေးပေါ်ပေါ်လာတယ်လို့ ငါအကြောင်းမှန် နှလုံး သွင်းလိုက်တဲ့အတွက် အကြောင်းမှန်တဲ့တရားကလည်း ခဏ ခဏ ပေါ်တာကို ငါ ဝီရိယနဲ့လည်း သူပေါ်တိုင်း ပေါ်တိုင်း မပြတ်မလပ်ဘဲ မောင်နိုင် သူကြိုးစားလိုက်တယ် (မှန်ပါ့)။

ဒါနဲ့ကွာတဲ့ ငါသည်ကားလို့ဆိုရင် ဘုရားအဖြစ်ကို ရောက်လာပါတယ်၊ ကိုစောမောင် သူ ဘုရားအဖြစ်ကို ရောက်လာတာ ဖော်ပြတာ (မှန်ပါ့) ဒကာ ဒကာမတို့ ပေါ်ကျ ပလား (ပေါ်ပါတယ်)။

သူဘုရားအဖြစ် ရောက်လာတာ ဒီလိုပါကွာတဲ့ ယောက်ျားသန္တာန် ပေါ်တတ်တဲ့တရားတွေ ရှိပါတယ်တဲ့ အဲ့ဒါအကြောင်းမှန်နဲ့ နှလုံးသွင်းလိုက်တဲ့ အခါကျလို့ရှိရင် ဪ- အနိစ္စ ပေါ်လာတာပဲလို့ နှလုံးသွင်းလိုက်ပါနော် (တင်ပါ့)။

ပေါ်လာတိုင်း ဝီရိယနှင့် အားစိုက်ရှုပါ

ပေါ်လာတာများတော့ ပေါ်လာတိုင်း ပေါ်လာတိုင်း မလွတ်တဲ့ ဝီရိယလေးနဲ့ အားစိုက်တဲ့ ဝီရိယလေးနဲ့ ရှုလိုက် တာနဲ့ပဲ အကြောင်းမှန် ပေါ်လာတာကို မလွတ်တဲ့ ဝီရိယနဲ့ ကြိုးစားလိုက်လို့ ငါသည် ‘‘အနုတ္တရာဝိမုတ္တိဉာဏံ ဟောတိ’’ လို့ ငါသည်ကားလို့ ဆိုလို့ရှိရင် ဒီဥစ္စာ နှလုံးသွင်း လိုက်တဲ့အတွက် အရဟတ္တဖိုလ် နိဗ္ဗာန်ရတယ်။

ဒီတရားတွေပဲကွတဲ့ သဘောကျကြလား (ကျပါ တယ် ဘုရား)၊ ဪ- ဒါဖြင့် ဒကာ ဒကာမတို့ တရားရှုစရာ များ ရှားကြသလားဆိုတဲ့မေးခွန်းဟာ ထွက်လာတယ် (မှန်ပါ့)၊ ထွက်လာတယ်ဆိုတာ ကျေနပ်ကျရဲ့လား (ကျေနပ်ပါတယ် ဘုရား)။

ဪ- ရှုစရာဟာ ပေါ်ပေါ်နေပါလား (မှန်ပါ့)၊ ဘယ်လိုဆိုကျပါ့ (ရှုစရာပေါ်ပေါ်နေပါတယ် ဘုရား)။

ရှူစရာပေါ်ပေါ်နေရတော့ အဲဒီရှုစရာပေါ်နေတော့ အဲ့ဒါ အကြောင်းမှန်လေးသာ နှလုံးသွင်း လိုက်ပါ (မှန်ပါ့)။

ဪ- ခုပေါ်တာလေးသည်ကားလို့ဆိုလို့ရှိရင် ဒါ အကြောင်းမှန် နှလုံးသွင်းလိုက်တဲ့ အခါကျတော့ အနိစ္စလေး ပေါ်လာတယ်၊ ဒုက္ခလေး ပေါ်လာတယ်၊ အနတ္တ တရားလေး ပေါ်လာတယ် ဆို ဝီရိယလေး စိုက်လိုက်တာပေါ့ကွာတဲ့ ကိုစောမောင် (မှန်ပါ့)၊ အကြောင်းမှန် နှလုံးသွင်းလိုက်တယ်၊ ပေါ်လာတဲ့ မာနလေး ဥဒ္ဓစ္စလေး ကုက္ကုစ္စလေးဟာ ဘာပေါ် လာကြတာတုံး (အနိစ္စလေးပါ ဘုရား)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ တစ်ခုခုပေါ်လာတာပဲ မဆို နိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ အဲ့ဒါကို မပြတ်မလပ် ကလေးသာ မင်းတို့ကနှလုံးသွင်းလို့ရှိရင်ဖြင့် ငါဘုရားဖြစ် လာတာ ဒါကြောင့်ပါပဲ၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

အကြောင်းမှန်နှလုံးသွင်းလို့ ရဟန္တာမ,တွေဖြစ်တာ

ဒါဖြင့် ဒကာ ဒကာမတွေ ဒကာမတွေဘက်ကလည်း အရိယာမ, ရဟန္တာမတွေဖြစ်ကြတာ၊ သူတို့ သန္တာန် ပေါ်တတ် တဲ့တရားတွေကိုး၊ အကြောင်းမှန် နှလုံးသွင်းပြီး သကာလ မပြတ်မလပ် အကြောင်းမှန်က အနိစ္စပေါ်လာလို့ အနိစ္စဒုက္ခ ပေါ်လာလို့ ဒုက္ခ။

အနတ္တပေါ်လာလို့ အနတ္တအဖြစ်နဲ့ဥစ္စာကို မပြတ် မလပ်ကလေး နှလုံးသွင်းလိုက်တာနဲ့ မင်းတို့ ဒီ ဒကာ ဒကာမတွေလည်း လိုရာခရီးကို အပြီးတိုင်ရောက်မယ်ဆိုတဲ့ဥစ္စာ ငါ ဘုရားဆုံးမပါတယ်။

ဒကာ ဒကာမတို့ အင်မတန်မှန်တဲ့တရားနော် (မှန်ပါ့)၊ သဘောကောကျကြလား (ကျပါတယ် ဘုရား)။

ဒီတရားပေါ်လာလို့ရှိရင် ပေါ်လာတဲ့တရားလေးဟာ အကြောင်းမှန်နဲ့ နှလုံးသွင်းလိုက်တဲ့ အခါကျတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တပေါ်လာတာ မောင်နိုင်ရ (မှန်ပါ့)၊ ဘာပေါ်လာ တာဆိုကြမဆုံး (အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပေါ်လာတာ ဖြစ်နေတော့ အဲဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တလေးကို မပြတ်မလပ် ကလေး နှလုံး သွင်းပါဆိုတော့ ခင်ဗျားတို့က အားထုတ်ရမှာလား သူတို့ ကိုယ်တိုင်က ယောက်ျားဖြင့် ဒီတရားသုံးခုများများလာရမယ် (မှန်ပါ့)။

မိန်းမဖြစ်ရင်ဖြင့် ခုနကပြောခဲ့တဲ့တရားသုံးခုက (များ များလာရမယ်)၊ များများလာရမယ်၊ အဲ့ဒါတွေ အကြောင်းမှန် နဲ့နှလုံးသွင်းလိုက်ပြီးသကာလ မပြတ်မလပ်ကလေး ကြိုးစား လိုက်လို့ ရှိရင်ဖြင့် ကွာတဲ့ငါဘုရားဖြစ်လာတာ၊ ဒါကြောင့် မင်းတို့အရိယာဖြစ်ပြီး မင်းတို့အတုမရှိတဲ့ နိဗ္ဗာန်၊ အတုမရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကြီးရောက်ချင်လို့ရှိရင်လည်း မင်းတို့ သန္တာန်မှာ ဧဟိပဿိကော ဆိုတဲ့အတိုင်း လာပါ ရှုပါ ခဏခဏပေါ်ပါတယ်၊ သဘောပါကြလား (ပါ ပါတယ် ဘုရား)။

လာပါ ရှုပါလို့ ယောက်ျားမှာ မာနကခေါ်ပါတယ်၊ ဥဒ္ဓစ္စက (ခေါ်ပါတယ်)၊ ကုက္ကုစ္စက (ခေါ်ပါတယ်)၊ ယောက်ျား မှာပေါ်လာတဲ့တရားက များသောအားဖြင့် ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။

မိန်းမမှာ ဧဟိ လာခဲ့ပါ၊ ပဿ ကျုပ် ရှုစမ်းပါလို့ ပေါ်တဲ့တရား၊ မိန်းမဘက်ကလည်း ဘယ်နှမျိုး ပါလိမ့် (သုံးမျိုးပါ)၊ အင်း- ဘယ်သူပါလိမ့် (မစ္ဆေရ၊ ဣဿာ၊လောဘ)၊ ဒါ မိန်းမမှာပေါ်တတ်တဲ့ တရားက ဒီသုံးခုပဲ ကိုစောမောင်။

ယောက်ျားမှာပေါ်တတ်တဲ့တရားက (သုံးခု)၊ သုံးခု အဲ့ဒါတွေကိုတော့ နှလုံးသွင်းမှန်မှန်နဲ့ မပြတ်အားထုတ် လို့ရှိရင် ငါ ဘုရားဖြစ်လာတာ၊ ဒါကြောင့် မောင်နိုင် အင် မတန်သိနေပြီတဲ့ (သိပါတယ်)။

မိန်းမတွေ အရိယာ ဖြစ်လာတာ ဒီတရားသုံးခုကြောင့် ဒီပြင်တရားက ကြားပေါက်သာ ရှိတယ် (မှန်ပါ့)၊ ကိုစံလှ ရေ သူတို့ကတော့ဖြင့် သူ့မိန်းမရယ်လို့ အမူအရာဖြစ်လာရင် ဒီတရားသုံးခု ခေါင်းဆောင်ပါ။

ကိုစောမောင် (မှန်ပါ့)၊ ယောက်ျားအမူအရာပေါ် လာရင် (ဒီတရားသုံးခု)၊ ဒီတရားသုံးခု ခေါင်းဆောင်လာ တယ်ဆိုတော့ ခု ဘုရားသခင်ကိုယ်တော်မြတ်ကြီးက နောက် ဆုံးပိတ် နိဂုံးချုပ် လိုက်တော့ မောင်နိုင် ကောင်းကောင်း ကျေနပ်တယ် (ကျေနပ်ပါတယ်)။

ယောက်ျားမှာလည်း ဤတရားသုံးခုက ဧဟိပဿိ ကော ခေါ်တယ်၊ ဧဟိ-လာခဲ့ပါ၊ ဒီတရား သုံးခုက ပေါ့လေ၊ အယ်- မာနရယ်၊ ဥဒ္ဓစ္စရယ်၊ ကုက္ကုစ္စရယ်ဆိုတဲ့ တရားသုံးခု ကလည်း ယောက်ျားသန္တာန်မှာ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်တယ် (မှန်ပါ့)။

ပေါ်တဲ့အခါကျလို့ရှိရင်ဖြင့် သူက ဧဟိလာခဲ့ပါ။ ပဿရူပါဆိုတော့ ဧဟိ-လာခဲ့ပါ၊ ပဿ- ကျုပ်တို့ကို ရှုပါ ဆိုတာ မဂ်ကိုခေါ်ပါတယ် (မှန်ပါ့)၊ သဘောကျလား (ကျပါတယ် ဘုရား)။

ဘယ်သူကခေါ်ပါလိမ့် မဂ်ကို ဒီတရားသုံးခုက (ခေါ်ပါတယ်)၊ ခေါ်တယ်တဲ့ ခေါ်တော့ကို မင်းတို့ သူခေါ်တဲ့ အတိုင်းသာ ရှုမယ်ဆိုရင် အများဆုံးခေါ်တဲ့တရားလို့ကော မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ရှင်းပလား (ရှင်းပါ တယ်)။

ကဲ- ဒကာမတွေဘက်ကကျတော့လည်း ယောက်ျား များကဲ့သို့ပဲ ဧဟိပဿိကော ၊ ဧဟိ-လာခဲ့ပါ၊ ပဿ- ကျုပ်တို့လည်း ရှုပါ ခေါ်တဲ့တရား ဘယ်နှမျိုးရှိတုံး (သုံးမျိုးရှိပါတယ် ဘုရား)။

အင်း- ဒါဖြင့် ဒီပြင်တရားအခေါ် နည်းတယ်လို့ ဘုရားကဖြေပါတယ် (မှန်ပါ့)။

ဒီ တရားသုံးခုက (အခေါ်များပါတယ်)၊ အင်းယောက်ျားမှာလည်း ဒီတရားသုံးခုက အခေါ်များတယ်၊ သဘောကျလား (ကျပါတယ် ဘုရား)။

မိန်းမမှာလည်း ဒီတရားသုံးခုက (အခေါ်များ ပါတယ်)။

အဲဒီတရားတွေကို သူခေါ်တာသာ သူခေါ်တာကို မာနအဖြစ်နဲ့ ယောက်ျားမှာလည်း မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စဆိုတဲ့ သူအခေါ်နဲ့ မခေါ်ဘဲနဲ့ မင်းတို့က နှလုံးသွင်းနည်း မှန်ပေး လိုက်ပါ (မှန်ပါ့)။

ယောနိသောမနသီကာရ အကြောင်းကို နှလုံးသွင်း လိုက် ဒါဓမ္မကလေးတွေပါလား (မှန်ပါ့)၊ သဘောကျ လား (ကျပါတယ် ဘုရား)။

ယောနိသောမနသီကာရ ယောနိသော သမ္မာ မနသီကာရ၊ အင်း- ဒါတွေဟာ အနိစ္စရှုလို့ အနိစ္စသဘော ပြောလာတာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အနိစ္စရှိလို့ အနိစ္စရှုပါလို့ လာပြီးသကာလ ခေါ်လာ ထုတ်လာတဲ့တရားတွေပဲလို့ ဒကာ ဒကာမတွေ ရှုပေးစမ်းပါ (မှန်ပါ့)၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။

ဤကဲ့သို့ ဒါဖြင့် စကားသည် ဒကာ ဒကာမတို့ များ သောအားဖြင့် ယောက်ျားမှာ ဒီတရားသုံးခု ပေါ်လို့ ဒီတရား သုံးခုက ဧဟိပဿိကော၊ ဧဟိ-လာခဲ့ပါ၊ ပဿ-ကျုပ်တို့သုံးခု ကို ရှုပါလို့ ခင်ဗျားတို့ခေါ်တိုင်းခေါ်တိုင်း သတိပညာလေးက လိုက်ကြမယ်ဆိုလို့ရှိရင် မောင်နိုင်ရေ- အတု မရှိတဲ့ အရဟတ္တ ဖိုလ်နိဗ္ဗာန်ကို ရောက်မယ်၊ သဘောကျလား (ကျပါတယ် ပါ ဘုရား)။

အတုမရှိတဲ့အရဟတ္တဖိုလ်နိဗ္ဗာန်ကို (ရောက် မယ်)၊ ရမယ်တဲ့၊ မိန်းမတွေမှာတော့ ထိုနည်းတူပဲ ဒီတရား တွေက ဧဟိလာခဲ့ပါ၊ ပဿ-ရှုပါဆိုတော့၊ ပေါ်တတ်တဲ့တရား ဟာ မြန်မြန်ခေါ်တာပါပဲ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ မိန်းမတွေမှာလည်း အခေါ် တရား ဘယ်နှခု ဘယ်နှပါးရှိပါသတုံး (သုံးပါးရှိပါတယ်)၊

ယောက်ျားမှာ အခေါ်တရား (သုံးပါးပါ ဘုရား)။

သုံးပါးရှိပြီးသကာလ အဲ့ဒါတွေကို မင်းတို့က နှလုံး သွင်းမှန်မှန်နဲ့ ဝီရိယစိုက်ပြီးကြည့်ကြမယ်၊ နှလုံးသွင်းမှန်ဆို တာကတော့ မာနရယ်လို့မယူနဲ့၊ ဥဒ္ဓစ္စရယ်လို့မယူနဲ့ ကုက္ကုစ္စ ရယ်လို့ မယူနဲ့ မောင်နိုင်ရ (မှန်ပါ့)။

အနိစ္စပေါ်လာတာ သဘောကျပလား (ကျပါ တယ် ဘုရား)၊ ဒုက္ခပေါ်လာတာ၊ အနတ္တ ပေါ်လာတာ လို့ နှလုံး သွင်းမှန်ပေးလိုက်စမ်းပါ (မှန်ပါ့)။

သူ မိန်းမတွေဘက်ကလည်း မစ္ဆေရတို့၊ ဣဿာတို့၊ လောဘတို့ သူ၊ သူ့သန္တာန်မှာ အများကြီး ပေါ်တတ်တဲ့တရား တွေပါပဲ (မှန်ပါ့)။

အဲဒီ ပေါ်တတ်တဲ့တရားတွေကိုပဲ အင်း- ဒီဥစ္စာ နှလုံး သွင်းမှန်မှန်နဲ့ ဒါ အနိစ္စ အဖြစ်နဲ့ ပေါ်လာတာ သဘောကျ လား (ကျပါတယ် ဘုရား)။

မမြင်ရာအရပ်ကလာပြီး မမြင်ရာအရပ်ကိုသွားတယ်

နဂိုကရှိတာမဟုတ်ပဲ၊ ခုမှပေါ်လာတာ (မှန်ပါ့)၊ အင်း- ပေါ်လို့ကြည့်လိုက်ပြန်တော့လည်း ခုပဲ ပျောက်သွား တယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ မမြင်ရာအရပ်ကလာပြီး၊ မမြင်ရာအရပ်ကိုသွားတယ်လို့ ရှုလိုက်စမ်းပါ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (မမြင်ရာအရပ်ကလာပြီး မမြင်ရာ အရပ်ကိုသွားပါတယ် ဘုရား)။

ဪ- မမြင်ရာအရပ်ကလာပြီး မမြင်ရာအရပ်ကို သွားတယ်ဆိုတာလေးကို ဒကာ ဒကာမတွေက သမ္မပ္ပဓာန်လေးနဲ့ အင်း- မမြင်ရာအရပ်ကလာ၍ မမြင်ရာအရပ်ကို သွားပြန်ပြီ သွားပြန်ပြီလို့ ဝီရိယကလေးစိုက်ပေးပါပေါ့ဗျာ (မှန်ပါ့)။

အဲဒီကဲ့သို့ မမြင်ရာ အရပ်က လာပြီး မမြင်ရာအရပ်သို့ သွားပြန်ပြီ သွားပြန်ပြီလို့ ဒကာ ဒကာမတွေ တစ်ခါနှစ်ခါ ထိုင်ကရှုလို့ ဒကာမကလည်း ငါ့သန္တာန် ရှုကြမယ်ဆိုလို့ရှိရင် ဖြင့် နှလုံးသွင်း မှန်၍ ဝီရိယ သန်သောကြောင့် ငါ ဘုရား ဖြစ်သလို မင်းတို့အကုန်လုံး အရိယာဖြစ်မယ်ကွတဲ့ (မှန်ပါ့)။

အတော် အဆုံးအမ ကောင်းတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ အင်မတန်အဖိုးတန်တယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

တရားရှာရမယ်၊ ရှာရှုရမယ်လို့တောင် မပြောဘူး (မှန်ပါ့)၊ ကိုစောမောင် တရားရှာရှုရမှာလား၊ ပေါ်တတ်တဲ့ တရားကို အမြဲဂရုစိုက်ပါလို့ ပြောတာ (မှန်ပါ့)၊ သဘော ပါကြလား (ပါ ပါတယ် ဘုရား)။

ဘယ်တရားကို အမြဲဂရုစိုက်ရမလဲ

ဘယ်တရား အမြဲဂရုစိုက်ရမလဲ (ပေါ်တတ်တဲ့ တရားနှလုံးသွင်းရမှာပါ ဘုရား)၊ ဒါဖြင့် ယောက်ျားမှာ ပေါ်တတ်တဲ့တရားက သုံးပါး (မှန်ပါ့)၊ မိန်းမမှာပေါ်တတ်တဲ့ တရားက သုံးပါး။

အဲ- ပေါ်တတ်တဲ့တရား ဂရုစိုက်ပြီးသကာလ နှလုံး သွင်းမှန်ပြီး ဂရုစိုက်ကြမယ် ဆိုရင်ဖြင့်ကွာတဲ့ ငါ ဘုရားဖြစ်လာ သလို မင်းတို့ဘုရားဖြစ်သွားသောကြောင့် ဒုက္ခခပ်သိမ်း ကင်း ငြိမ်းတဲ့ ကိုယ်တော်ကြီး ဖြစ်ရသလို မင်းတို့လည်းကွာတဲ့ အရိယာတွေဖြစ်ပြီး ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ ပုဂ္ဂိုလ်တွေ အကုန်ဖြစ်ကြမယ်ဆိုတာ ငါ အသေအချာ ယုံကြည်ပါတယ် (မှန်ပါ့)။

ဘုရားက ဆုံးဖြတ်ချက်ပေးတာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ အရှင်အနုရုဒ္ဓါ က မေးလို့ ဘုရားကဖြေတာ တစ်မျိုး (မှန်ပါ့)။

ရှင်သာရိပုတ္တရာကို ရှင်အနုရုဒ္ဓါကမေးလို့ ရှင်သာရိပုတ္တရာက ဖြေတာတစ်မျိုး (မှန်ပါ့)၊ ယောက်ျားဘက်က ဘယ်နှမျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)၊ မိန်းမဘက်က (သုံးမျိုးပါ ဘုရား)။

မသေမချင်းမှတ်ဖို့အလုပ်

ဪ- ဒီဥစ္စာ မသေမချင်းမှတ်ဖို့အလုပ်ပါလား (မှန်ပါ့)၊ သဘောပါကျလား (ပါ ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ကြောက်စရာများ ရှိသေးလား (မရှိပါဘူး ဘုရား)။

မိန်းမဘက်က ဧဟိပဿိကော၊ ဧဟိ-လာခဲ့ပါ။ ပဿ-ကျုပ်တို့ကို ရှုပါလို့ ခေါ်တဲ့တရား ဘယ်နှမျိုး ရှိတုံး (သုံးမျိုးပါ ဘုရား)။

ဘယ်သူ ဘယ်သူပါလိမ့် (မစ္ဆေရ၊ ဣဿာ၊ လောဘပါ ဘုရား)။

ကဲ- ယောက်ျားဘက်ကလည်း ဒကာ ဒကာမတွေ များသောအားဖြင့်ခေါ်တဲ့တရားက ဘယ်သူပါလိမ့် (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ)၊ အဲ မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ သဘောပါ ကြလား (ပါပါတယ် ဘုရား)။

ယောက်ျားဘက်က ခေါ်တဲ့တရားက (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ)၊ အဲဒါတွေကို ခင်ဗျားတို့က သူပေါ်တာတွေ ဟာ စင်စစ်ပေါ်လို့ရှိရင် မိန်းမမှာလည်း အပါယ်ပို့မဲ့ တရား ပဲ (မှန်ပါ့)၊ ယောက်ျား မှာကော (အပါယ်ပို့မဲ့တရား ပါ ဘုရား)။

အဲဒီ အပါယ်ပို့မဲ့ အပါယ်ကိုပို့မဲ့တရားတွေကို မင်းတို့ က နှလုံးသွင်းမှန်မှန်နဲ့ ဟုတ်လား၊ လုံ့လထားရှုမယ် ဆိုလို့ ရှိရင် သူတို့သည်ပင်လျှင် ဒကာ ဒကာမတို့ ဓမ္မသည် ခင်ဗျား တို့သိပြီးသား အတိုင်း ဓမ္မဂုဏ်တော်ခြောက်ပါး တည်းပါတယ် (မှန်ပါ့)။

မပါလာဘူးလား (ပါလာပါတယ် ဘုရား)၊ ဧဟိ ပဿိကော၊ ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါဆို တာလည်း ယောက်ျား၌ ဒီသုံးခုကခေါ်တယ်၊ မိန်းမမှာကော (ဒီသုံးခု ကခေါ်ပါတယ် ဘုရား)။

ဆိုင်ရာသုံးခုက မခေါ်ဘူးလား (ခေါ်ပါတယ်)၊ အဲ- မိန်းမမှာလည်း ဆိုင်ရာသုံးခုကခေါ်၊ ယောက်ျားမှာလည်း ဆိုင်ရာသုံးခုက ခေါ်လိမ့်မယ်၊ ဒီအတိုင်းရှုခြင်းကြောင့် သူလည်း ဘုရား ဖြစ်ခဲ့ ပါတယ်လို့ တာဝန်ခံတာ (မှန်ပါ့)။

ငါ၏ တပည့်မတွေကိုလည်း သေသေချာချာ ဒီလမ်း နဲ့ဒီစခန်းကိုခေါ်တဲ့ဆီ နှလုံးသွင်း မှန်မှန်နဲ့ ဝီရိယထား ရှုကြ မယ်ဆိုရင်ဖြင့် အတုမရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကြီးကို ရောက်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာ ငါလည်း တိုက်တွန်းပါတယ် (မှန်ပါ့)။

ငါရောက်သလို ရောက်စေချင်လို့ တိုက်တွန်းပါတယ် (မှန်ပါ့)၊ သဘောကျလား (ကျပါတယ် ဘုရား)။

ဒါဖြင့် အင်မတန် အားကိုးထိုက်တဲ့ တရားကို ယောက်ျားရော မိန်းမရော အဆင်ပြေအောင် ဘုရားသည် နှစ်ပုဂ္ဂိုလ်တွဲဟောတာ ကိုစောမောင် (မှန်ပါ့)။

ရှင်သာရိပုတ္တရာဟောသောတရားတော်

ပထမမိန်းမဟောလိုက်တယ် (မှန်ပါ့)၊ ဒုတိယ ယောက်ျားဟောတယ် (မှန်ပါ့)၊ အဲ့ဒီလိုဟောပြီး ရှင်သာရိ ပုတ္တရာကလည်း ကဲ မင်းမှာ ယောက်ျားကွ အနုရုဒ္ဓါရ မင်းမှာ မာန နှိပ်စက်တယ်။

မင်းက ငါလို၊ ငါလို အဘိညာဉ်နဲ့ကြည့်နိုင်တဲ့ပုဂ္ဂိုလ် ရှားမှရှားတယ်ဆိုတဲ့ မင်း မာနခံနေတယ်၊ သဘောကျလား (ကျပါတယ် ဘုရား)။

ပြီးတော့ မင်းကလည်း ဝီရိယအားကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်နေတော့ တစ်နေ့လည်း အဘိညာဉ်ပဲ အားစိုက်ရှုမတဲ့ ဆိုတော့ ဝီရိကလည်း လွန်နေတော့ မင်းမှာ ဥဒ္ဓစ္စကလည်း ရှိနေတယ်၊ သဘော ကျလား (ကျပါတယ် ဘုရား)။

တော်တော်ကြာကျလို့ရှိရင် ငါ အာသဝေါမကုန်လို့ ခက်တယ်ဆိုတဲ့ ကုက္ကုစ္စက လာပြန်တယ်၊ သဘောကျလား (ကျပါတယ် ဘုရား)၊ အင်း- ဘာလာသတဲ့ (ကုက္ကုစ္စပါ ဘုရား)။

အာသဝေါမကုန်လို့ ခက်တယ် ဆိုတဲ့ ကုက္ကုစ္စက မင်းမှာလာတယ်၊ အဲတော့ မင်းဒါကြောင့် အာသဝေါကုန်ခမ်း တဲ့နိဗ္ဗာန်သို့ မင်းမရောက်တာသိပလား ဆိုတော့ ရှင် အနုရုဒ္ဓါက သိပါပြီဘုရား ဆိုပြီး ဒီတရားသုံးခုမှာ သူ့သန္တာန် ပေါ်တာကိုဗျ။ ယောက်ျားဖြစ်နေတော့ (မှန်ပါ့)၊ သဘောပါကျပလား (ပါပါတယ် ဘုရား)။

ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်သွားတယ်

ဒီတရားသုံးခုကိုပဲ သူပေါ်တိုင်းပေါ်တိုင်း ကြည့်လိုက် တော့ယောက်ျားလည်းဖြစ်နေ အပါယ်များတဲ့တရားလည်း ဖြစ်နေတော့ သူ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့)၊ သဘော ကျလား (ကျပါတယ် ဘုရား)။

မိန်းမတွေမှာကော တရားသုံးခုအပေါ်များတာ မရှိ ဘူးလား (ရှိပါတယ်)။

အဲ့ဒီတရားသုံးခုကို အပေါ်များတာကိုရှုလိုက်လို့ရှိ ရင်လည်း ခင်ဗျားတို့ ဒီဥစ္စာ အရိယာမတွေ ဖြစ်ကြမယ်ဆိုတာ လည်း ငြင်းဆန်နေဖို့လိုသေးလား (မလိုပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အနုရုဒ္ဓါသည် ဒီတရားသုံးခု က နိဗ္ဗာန်ပို့တာ (မှန်ပါ့)၊ သဘောကျလား (ကျပါ တယ် ဘုရား)။

ယောက်ျားမိန်းမခွဲပြီး နိဗ္ဗာန်သွားတရား

ဒကာမတွေမှာ ဘယ်သူက နိဗ္ဗာန်ပို့မယ်ထင်ကြ သတုံး (ဒီတရားသုံးခုကပါ ဘုရား)၊ ဒီ ခင်ဗျားတို့ ဆိုင်ရာ တရားသုံးခုက (မှန်ပါ့)။

မစ္ဆေရနဲ့ ဣဿာနှင့် လောဘတို့က သူတို့က နှလုံး သွင်းတာမှန်မှန်နဲ့ သမ္မပ္ပဓာန်ဆိုတဲ့ ဝီရိယနဲ့သာ စိုက်ကြည့် လို့ရှိရင် သေသေချာချာရမယ်လို့ ဘုရား အသေအချာဟော တယ် (မှန်ပါ့)။

သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဒါဖြင့် ဒီတရား ဘာတရားပါလိမ့်မတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် ဪ- ယောက်ျားမိန်းမခွဲပြီး သကာလ နိဗ္ဗာန် သွားတရား အထူး ထားတာကို ဆိုတာ ပေါ်လာမယ် (တင်ပါ့)၊ မပေါ်ကျသေးဘူးလား (ပေါ်ပါတယ် ဘုရား)။

မိန်းမမှာ တရားသုံးခုနိဗ္ဗာန်သွားနိုင်တဲ့တရား (မှန်ပါ့)၊ ယောက်ျားမှာ နိဗ္ဗာန်သွားနိုင်တဲ့တရား (သုံးပါး) သုံးပါး။

နှလုံးသွင်းမှန်ပြီး လုံ့လဝီရိယထားကြရမယ်

အဲ့တော့ ဘာလေးပြင်ပေးရမယ် ဆိုတာကော သိကြ ပလား (သိပါပြီ ဘုရား)၊ နှလုံးသွင်းမှန်ပြီး သကာလ လုံ့လ ထားရမယ် (မှန်ပါ့)။

နှလုံးသွင်းမှန်ရမယ်ဆိုတာ အနိစ္စကလေးတွေ ပေါ် လာတယ် အနိစ္စကလေးတွေ ပေါ်လာတယ်လို့ နှလုံးသွင်းမှန် ရမယ် (မှန်ပါ့)၊ ပေါ်လာတိုင်း ပေါ်လာတိုင်းပဲ၊ ပေါ်လာ တိုင်း ပေါ်လာတိုင်းပဲ ဝီရိယကလေး ထားပေးပါ (မှန်ပါ့)။

ဒီလိုဆိုလို့ရှိရင် ယောက်ျားလည်း ဒီတရားသုံးမှ ဦးစီး တဲ့အတွက် နိဗ္ဗာန်အရောက်မြန်တယ် (မှန်ပါ့)၊ မိန်းမ လည်း ကိုယ့်သန္တာန်ပေါ်လာတဲ့တရား အရှုများရတဲ့အတွက် ကိုစောမောင် နိဗ္ဗာန်နဲ့ မနီးဘူးလား (နီးပါတယ် ဘုရား)။

ဒါဖြင့် ယောက်ျားမှာအနီးဆုံးတရား ဘာပါလိမ့် (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ) မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ။

မိန်းမမှာ နိဗ္ဗာန်နဲ့အနီးဆုံးတရား ဘာပါလိမ့်?

မိန်းမမှာ နိဗ္ဗာန်နဲ့ အနီးဆုံးတရား ဘာပါလိမ့် (မစ္ဆေရ၊ ဣဿာ၊ လောဘ)၊ မစ္ဆေရ ဣဿာ၊ လောဘ၊

အဲ့ဒါ နှလုံးသွင်း မှန်မှန်နဲ့ ဝီရိယထားပြီး ရှုလိုက်လို့ ရှိရင်ဖြင့်တဲ့ ယောက်ျားများ ရောက်တဲ့ နိဗ္ဗာန်ရယ်လို့လည်း အထူးတရား မရှိဘူး (မှန်ပါ့)။

မိန်းမများရောက်တဲ့ နိဗ္ဗာန်ရယ်လို့လည်း အထူး တရား မရှိဘူး၊ အကုန်ဒုက္ခသိမ်းတာ တစ်ခုတည်းမှာ သွားစုတာ ပဲ (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ်ဘုရား။

ဘယ်မှာသွားစုတူကြတာလည်း (ဒုက္ခသိမ်းတာ ပါ ဘုရား)၊ ဒုက္ခသိမ်းတာကျတော့ ထူးကြသေးရဲ့လား (မထူးပါဘူး ဘုရား)။

အဲ- ရှုရမှာများရမယ့်တရားကတော့ ထူးသကွ (မှန်ပါ့)၊ ရောက်တဲ့ နိဗ္ဗာန်ကတော့ (မထူးပါဘူး ဘုရား)။

ရှုရမယ့်တရားကတော့ ထူးပါတယ်

ရှုရမဲ့တရားကတော့ (ထူးပါတယ်)၊ ရှုရမဲ့တရား ကတော့ မိန်းမမှာ ဧဟိပဿိကော က မစ္ဆေရ ဣဿာ၊ လောဘ (မှန်ပါ့)၊ သူက သူခေါ်တာများတယ် သဘော ကျလား (ကျပါတယ် ဘုရား)။

ယောက်ျားမှာ ဧဟိပဿိကော လာပါရှုပါလို့ ခေါ်တဲ့ တရားကတော့ ဘာတဲ့ (မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ) မာန၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စဆိုတော့ ဒကာ ဒကာမတွေ ဒါဖြင့် ကိုယ့်သန္တာန် အပေါ်တရားသည် အခု နှလုံးသွင်းမှန်ပြီး သကာလ သမ္မပ္ပဓာန်နဲ့ လုံ့လနဲ့ရှုလိုက်မယ်ဆိုလို့ရှိရင်ဖြင့် ယောက်ျားမှာ လည်း အမြန်ဆုံး တွေ့တဲ့တရား (မှန်ပါ့)။

မိန်းမမှာရော (အမြန်ဆုံးတွေ့တဲ့တရားပါ)။ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ငါဘုရားလည်း ဒီလို စဉ်းစားခဲ့လို့ ယောက်ျားအဖြစ်နဲ့ ဒီလိုရခဲ့ပါတယ်၊ မင်းတို့ ငါ၏တပည့်မတွေလည်း ဒီတရားသုံးခုကို ကြိုးစားလို့ရှိရင် ဒီလိုရကြမှာပဲဆိုတာကို သူ သေသေချာချာ တိုက်တွန်းတယ် (မှန်ပါ့)၊ သဘောပါကျလား (ပါပါတယ် ဘုရား)။

မလုပ်တတ်စရာများ ရှိသေးလား (မရှိပါ ဘုရား)၊ အဲ့ဒီကြားထဲကမှ ကြားပေါက်လာလို့ ရှိရင်လည်း ကြားပေါက် ရှုပေါ့ (မှန်ပါ့)။

သို့သော် ကြားပေါက်ထက် သူတို့ကများတယ်၊ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒါ နိဗ္ဗာန်ရောက် တရားပဲဆိုတာ သူလည်းဖြစ်ပျက် မြင်အောင် ရှုလို့၊ သဘော ကျလား (ကျပါတယ် ဘုရား)။

အင်း- သူ ဖြစ်ပျက်ရွံ့မုန်းလာလို့ သူ့ဖြစ်ပျက်ဆုံးတဲ့ အချိန်ကျတော့ ဒီတရားတွေဆုံးရင် ခန္ဓာဆုံးတာပဲ (မှန်ပါ့)၊ သဘောကျလား (ကျပါတယ် ဘုရား)။

ဓမ္မာနုပဿနာ

အဲ့တော့ နိဗ္ဗာန်ရောက်တရား ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲ့တော့ ဒါ ဘာနုပဿနာ တုံးလို့ မေးလို့ရှိရင် ဓမ္မာနုပဿနာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဓမ္မတွေ ရှုရတဲ့အတွက် (မှန်ပါ့၊ ယောက်ျားမှာ လည်း ဓမ္မတွေ မရှူရဘူးလား (ရှုရပါတယ် ဘုရား)၊

ယောက်ျားကျတော့ မာနဆိုတဲ့ဓမ္မ သဘောကျလား (ကျ ပါတယ် ဘုရား)။

အင်း- မာနဆိုတဲ့ ဓမ္မ ပြီးတော့ကော ဥဒ္ဓစ္စဆိုတဲ့ ဓမ္မ မရှုရဘူးလား (ရှုရပါတယ် ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် ကုက္ကုစ္စဆိုတဲ့ ဓမ္မကော (ရှုရပါတယ် ဘုရား)၊ အင်း ဒါကြောင့် ဓမ္မာနုပဿနာတဲ့ ဒီဓမ္မကို ရှုနေရတဲ့ အနုပဿနာ ဖြစ်ပါတယ်။

အင်း- သည်ကဉာဏ်က အဖန်ဖန် ရှုပေးပါ (မှန် ပါ့)၊ မိန်းမတွေမှာ ဓမ္မာနုပဿနာ တရားသုံးခု လည်း သိကြပါ ပြီနော် (မှန်ပါ့)။

ဘာပါလိမ့် (မစ္ဆေရ၊ ဣဿာ၊ လောဘ) အဲဒါ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပဲ ဆိုတာ သဘော ကျလား (ကျပါတယ် ဘုရား)။

အဲ- ပေါ်လာတာရှုတာသည် မောင်နိုင် လိုရာရီး ဆိုက်ပါတယ်ဆိုတာ အသေအချာမှတ်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

မရှုတတ်စရာ ရှိသေးသလား (မရှိပါ ဘုရား) ကို သုံးခု သုံးခုကြား၌ ကြားပေါ်လာလို့ရှိရင်လည်း ခုနလိုပဲ လိုက် တာပေါ့ (မှန်ပါ့)၊ သို့သော် ကြားပေါ်လည်း အမြဲတမ်း ပုဂ္ဂိုလ်နဲ့ဆိုင်ရာပေါ်တာနဲ့ ဘယ်ဟာက များမယ်ထင်ကြ (ပုဂ္ဂိုလ်နဲ့ ဆိုင်ရာ ပေါ်တာက များပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါ နိဗ္ဗာန်နဲ့ အနီးဆုံးတရားကို ယောက်ျားနဲ့ မိန်းမခွဲဟောတာ အင်မတန်မှ အဖိုးတန်တယ် ဆိုတာကော သဘောပါလား (ပါပါတယ် ဘုရား)။

ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။

[1] [2]