119

[1] [2]

အလုပ် လုပ်သူများအတွက် မှတ်တိုင်

အသံဖိုင်ခေါင်းစဉ်=ဝိပဿနာရှုသောပုဂ္ဂိုလ်တို့၏ မှတ်တိုင်

စာအုပ်ခေါင်းစဉ်= အလုပ် လုပ်သူများအတွက် ဒကာစိန်၊ မှတ်တိုင်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

အလုပ် လုပ်သူများအတွက် ဒကာစိန်၊ မှတ်တိုင်

(၁၂-၁၁-၅၆)

ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ကိုယ့် ကိုယ်ကို စစ်ဆေးနိုင်တဲ့ အခြေအနေ ရောက်အောင် ယနေ့ ပြောမယ် (ကောင်းလှပါဘုရား) ကိုယ့် ကိုယ်ကို စစ်ဆေးနိုင်တဲ့ အခြေအနေ ရောက်အောင် ယနေ့ ပြောမယ် (မှန်ပါ့)။

ကိုယ့်ကိုယ်ကို စစ်ဆေးနိုင်တယ် ဆိုတာကတော့ အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်ကတော့ စစ်ဆေးလို့ ရတာပေါ့ ဒကာ စိန် (မှန်လှပါ ဘုရား)။

ဟာ အလုပ်မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ဘာမှမရှိ ပဲနဲ့ ဘယ်လိုလုပ်ပြီး အမှား အမှန် စစ်ဆေးမလဲ ( မစစ်ဆေး နိုင်ပါဘူး ဘုရား)။

အဲ့ဒါကြောင့် ဒကာစိန်တို့ အတွက် (မှန်လှပါ) အား လုံး ဒကာ ဒကာမတွေ အတွက် (မှန်ပါ့) စစ်ဆေးတဲ့ နည်းကို ပြောရလိမ့်မယ်။ (ကောင်းလှပါတယ် ဘုရား)။ စစ်ဆေးတဲ့ နည်းကို ပြောရလိမ့်မယ် (တင်ပါ့)။

အဲတော့ ဒကာ ဒကာမတို့ ဝိပဿနာ ရှုနေတာ လည်း သမ္မာဒိဋ္ဌိလို့ ခေါ်တာပဲ (တင်ပါ့)။ သမ္မာက မှန်တာ ဒိဋ္ဌိက မြင်တာပဲ (တင်ပါ့ ဘုရား)။ အင် – ဝိပဿနာ သမ္မာဒိဋ္ဌိက အမြင်မှန်တစ်မျိုး၊ (ထင်ပါ့) ဟုတ်လား (တင်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိ ဆိုတာ မဂ္ဂက = ခရီး (တင်ပါ့) သမ္မာဒိဋ္ဌိ က မြင်တာ (တင်ပါ့ ဘုရား) ဟုတ်လား (တင်ပါ့)၊ အမှန်မြင်တာ ခရီးလမ်းမှန်ကို အမှန်မြင်တာ (တင်ပါ့)။

အဲ့မြင်ပုံခြင်း တစ်မျိုးစီပါလားလို့ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား) မြင်ပုံခြင်း နှစ်မျိုး (တင်ပါ့)။

ကြည့်တဲ့အနက်က ထူးခြားတဲ့ အဓိပ္ပါယ်ပေါ်လာလိမ့် မယ် (တင်ပါ့) အဲ့တော့ ဒကာ ဒကာမတွေ ဘုန်းကြီးက သင်ထားတယ် (မှန်ပါ့)။

ဝေဒနာပျောက်ပြီး ဖြစ်ပျက်ရောက်အောင်

ဝေဒနာပေါ်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဝေဒနာ ပျောက်ပြီး ဖြစ်ပျက် ရောက်အောင် ရှုပါလို့ အားလုံး ဒကာ ဒကာမတွေ သင်ထားတယ် (မှန်ပါ့ ဘုရား)။

ဝေဒနာဆိုတာ ဒကာ ဒကာမတို့ မရှိပါဘူး။ (တင်ပါ့)၊ ဝေဒနာမရှိပါဘူး ဒကာ ဒကာမတွေရ အပျက်သာ ရှိပါတယ် (မှန်ပါ့)။

အဲ့တော့ ရှုတဲ့ပုဂ္ဂိုလ်မှာ အပျက် မြင်ရတယ် ဆိုတာက ဧကန်ပဲ (တင်ပါ့) ရှုတဲ့ပုဂ္ဂိုလ်မှာဖြင့် ဒကာစိန် အပျက်မြင်ရမှာ ပဲ (မြင်ရမှာပါ ဘုရား)။

အဘယ်ကြောင့် ဆိုသော် ဝေဒနာပျက်ပြီးမှ ဘုန်းကြီး တို့ ရှုတဲ့ဉာဏ်က ပေါ်နိုင်တယ် (မှန်လှပါ ဘုရား)၊ ဝေဒနာပျက်ပြီးမှ ရှုတဲ့ဉာဏ်က ပေါ်နိုင်တော့ ဒီ ဒကာ ဒကာမတွေနဲ့ အပျက်ပဲ တွေ့တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အပျက်ဟာ အနိစ္စပဲ (တင်ပါ့) ဒါကြောင့် ဝိပဿနာဉာဏ်သည် ဝိပဿနာ သမ္မာဒိဋ္ဌိသည် ဉာဏ်လို့ လည်း ခေါ်ချင်ခေါ် သမ္မာဒိဋ္ဌိလို့ လည်းခေါ်ချင်ခေါ် (တင်ပါ့)။

ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ

ကဲ-ဒီနေ့တော့ဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိပဲ ဥပရိပဏ္ဏာသ လာတဲ့ အတိုင်း ပြောကြပါစို့ (မှန်လှပါ ဘုရား)။

အဲ့ဒီ ဝိပဿနာ သမ္မာဒိဋ္ဌိကလည်း ဒကာ ဒကာမတို့ ဖြစ်သွားသော တရားလေး၏ အပျက် ကိုသာ မြင်တယ်လို့ မှတ်ကြစမ်းပါ (တင်ပါ့) ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ ဒကာ ဒကာမတို့ ဖြစ်သော တရား၏ အပျက်ကို မြင်တယ်လို့ မှတ်လိုက်စမ်းပါ (တင်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါ တယ် ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိ ရှုနေတဲ့ ဒကာ ဒကာမတွေ တပည့်တော်တို့ဖြင့် ဘုရား အပျက်ချည့် မြင်နေတာပဲ ဖြစ်ပြီး ပျက်တာတွေပဲ မြင်နေတယ်။ အေး ဟန်ရပဟေ့ အဲ့ဒါ ဝိပဿနာ သမ္မာဒိဋ္ဌိ ခေါ်တယ် (တင်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိက အပျက်လွှတ်လို့မရဘူး

ဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိကဖြင့် ဒကာ ဒကာမ တို့ အပျက်ကို လွှတ်လို့မရဘူး (တင်ပါ့ ဘုရား) ဝိပဿနာ သမ္မာဒိဋ္ဌိက ဒကာစိန် သူသည် ရှုနေတဲ့ ပုဂ္ဂိုလ်မှာ အပျက် လွှတ်လို့ မရဘူး (မရပါဘူး ဘုရား)။

ဒါအသေအချာ မှတ်ပါ (မှန်ပါ့)၊ ဝိပဿနာသမ္မာဒိဋ္ဌိ ကတော့ ခန္ဓာကိုယ် ကြည့်လိုက်တယ် ဆိုရင်ဖြင့် အပျက်ပဲ မြင်နေတာပဲ (တင်ပါ့)။

ဟိုကပျက်လိုက် ဒီကပျက်လိုက် (မှန်ပါ့)၊ ဝေဒနာ တွေက ပျက်လိုက် ရုပ်တွေက ပျက်လိုက်၊ အင်း တစ်ကိုယ် လုံးဖြင့် အနိစ္စချည့်ပဲလို့ မြင်လာတယ် (မှန်ပါ့)၊ သဘော ကျလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိ သည် ဒကာဒကာမတို့ သေသေချာချာသာ မှတ်ကြပါတော့၊ အပျက်ကိုမြင်တာပဲ (တင်ပါ့ ဘုရား)၊ သဘောကျလား (ကျပါတယ် ဘုရား)။

အပျက်ကို မြင်တယ် (တင်ပါ့)၊ ဒီအဖြစ်ဟာ အနိစ္စလည်း ဟုတ်တာပဲ (မှန်လှပါ)၊ ဝိပရိနာမဒုက္ခကော (ဟုတ်ပါတယ် ဘုရား)။

ဘယ်သူမှ မပိုင်မဆိုင်တဲ့ အနတ္တကော (ဟုတ်ပါ တယ် ဘုရား)။

အဲ- ဒါဖြင့် သူ့ လက္ခဏာရေး သုံးပါး တစ်ပါးပါး ပိုင်ပိုင်နိုင်နိုင် မြင်တာ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ (တင်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိက ဒကာ ဒကာမတို့ လက္ခဏာ ရေးသုံးပါးကို ပိုင်ပိုင်နိုင်နိုင် စုံစမ်း ဆင်ခြင်ပြီး မြင်တာသည် ဘာခေါ်ကြမယ် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိ ဒကာစိန် (တင်ပါ့)၊ ကိုယ် လုပ်ရမှာဖြစ်လို့ ကိုယ်ချိန်ဆရမှာ ဖြစ်နေလို့ (တင်ပါ့)၊ ဒါ သေသေချာချာ မှတ်ရမဲ့ အသွား (မှန်လှပါ ဘုရား)။

အသေအချာ မှတ်ရမဲ့အသွား (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ အကြောင်း မဂ္ဂသမ္မာဒိဋ္ဌိ အစလို့ ပဏ္ဏာသက လာတယ် (တင်ပါ့)။

“ဝိပဿနာသမ္မာဒိဋ္ဌိ တေဘုမ္မကသင်္ခါရေ အနိစ္စာဒိဝသေန ပရိဝီမံသတိ။”

ဝိပဿနာသမ္မာဒိဋ္ဌိ= ဝိပဿနာသမ္မာဒိဋ္ဌိသည်၊ တေဘုမ္မက သင်္ခါရေ= ခင်ဗျားတို့ သန္တာန်၌ ရှိတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတွေ ကို (တင်ပါ့)၊ အနိစ္စာဒိဝသေန= အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစအားဖြင့် ပရိဝီမံသတိ = စူးစမ်းဆင်ခြင်၍ မြင်၏ (မှန်ပါ့)။

အသေအချာ မြင်တာပဲ (တင်ပါ့ ဘုရား)၊ ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိက အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာတွေ မြင်တယ်ပေါ့ဗျာ (မြင်ပါတယ် ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အဲ့တော့ သြော်-တို့ ဒါတွေမြင်နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေက မှတ်စရာက အင်း- သေချာပဟေ့ ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်ပြီ (မှန်ပါ့)။

ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်ပြီး ဝိပဿနာသမ္မာဒိဋ္ဌိ ဆိုလို့ ရှိရင်ဖြင့် မဂ္ဂသမ္မာဒိဋ္ဌိ ဆိုတာ ဒုတိယ အဆင့်ကျရင် ကိစ္စပြီးတာပဲ (မှန်ပါ့)။

ဒကာစိန်ရေ (မှန်လှပါ ဘုရား)၊ ဝိပဿနာသမ္မာ ဒိဋ္ဌိ ပြီးတော့ကို မဂ္ဂသမ္မာဒိဋ္ဌိ တက်လိုက် ရတယ် (တင်ပါ့ ဘုရား)၊ တစ်ခါတည်း ကိစ္စပြီး သွားတယ် (တင်ပါ့ ဘုရား)၊ ရှင်းကြလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိက- အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေကို တစ်ခုခုပေါ့ဗျာ (မှန်ပါ့)၊ အဲ့ဒါကို ပရိဝီမံသတိ ဆိုသောကြောင့် သေသေချာချာ စုံစမ်းစစ်ဆေး ပြီး မြင်နေတဲ့ ဉာဏ်လေးဟာ ဝိပဿနာ သမ္မာဒိဋ္ဌိလို့ မှတ်လိုက်ကြစမ်းပါး (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိနော် (မှန်ပါ့)၊ မင်းတို့ ကိုယ် ကိုယ်တိုင် ဘယ်ရောက်လို့ ဘယ်ပေါက် နေတယ် ဆိုတာ မသိသေးပ ဲနေမှာစိုးလို့ (မှန်လှပါ)၊ ဆုံးဖြတ်ချက် ချပေးနေ တယ် (မှန်ပါ ဘုရား)။

အပျက်မြင်လည်း ဝိပဿနာသမ္မာဒိဋ္ဌိ

ကောင်းပြီ၊ ဒါဖြင့်ဗျာ တပည့်တော်တို့ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ရှုကြည့် ပွားများနေတဲ့ အခါကျတော့ အနိစ္စ လက္ခဏာတွေ မြင်ပြီး သကာလ တပည့်တော်တို့ နေတယ်လို့ ဆိုလို့ရှိရင်ဖြင့် (တင်ပါ့)၊ ဒကာ ဒကာမတို့ အကုန်သာ မှတ်လိုက်တော့၊ အပျက်မြင်လည်း ဝိပဿနာ သမ္မာဒိဋ္ဌိ (တင်ပါ့ ဘုရား)။

အပျက်တွေမြင်လို့ ကြောက်နေလည်း (ဝိပဿနာ သမ္မာဒိဋ္ဌိပါ)၊ ငြီးငွေ့ နေလည်း (ဝိပဿနာ သမ္မာဒိဋ္ဌိပါ)။

အဲ- ဝိပဿနာသမ္မာဒိဋ္ဌိ (တင်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

အပျက်တွေကလည်း ပျက်ချင်သလို ပျက်လိုက်စမ်း ကွာ ဆိုပြီး ဉာဏ်နဲ့ ကြည့်နေရင်လည်း (တင်ပါ့)၊ (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဝိပဿနာ သမ္မာဒိဋ္ဌိရှိသေး တယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်- ဒီနေ့ဟောရမဲ့ တရားက နှစ်လုံးထဲနဲ့ ဒကာ ဒကာမတွေ ဉာဏ်ထူးပုံကို ဟောရ တော့မယ် (မှန်လှပါ ဘုရား)။

နှစ်လုံးထဲနဲ့ ဉာဏ်ထူးပုံကို ဟောရလိမ့်မယ် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။

ကိုင်း- ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိကဖြင့် ဒကာ ဒကာမတွေ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ (တင်ပါ)၊ အနတ္တ လက္ခဏာတွေချည့် မြင်နေတာ ဘာဒိဋ္ဌိဆိုကြမယ် (ဝိပဿနာသမ္မာဒိဋ္ဌိပါ ဘုရား)။

ကိုင်း- ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိကို ပြောလာတာ ဖြင့် ဒကာစိန်ရေ ကျေနပ်လောက်ပြီ (မှန်လှပါ ဘုရား)၊ နော် (တင်ပါ)။

ဒီလိုဆိုလို့ရှိရင် ကိုယ့်ဉာဏ်ထဲမှာကို အားထုတ်တဲ့ ပုဂ္ဂိုလ်မြင်တိုင်း မြင်တိုင်း အင်း- ဒါ ဝိပဿနာ သမ္မာဒိဋ္ဌိတော့ ဖြစ်ပဟ နော် (မှန်ပါ့)၊ တို့ တစ်ဆင့် တက်ရုံ ကျန်တော့ တယ်ဟ (တင်ပါ့ ဘုရား)။

တစ်ဆင့်တက်ရမှာက ဘာတဲ့ (မဂ္ဂသမ္မာဒိဋ္ဌိပါ ဘုရား)၊ မဂ္ဂသမ္မာဒိဋ္ဌိ တကယ့် မဂ်စစ် သမ္မာဒိဋ္ဌိ (မှန်ပါ့)။ အင်- ဒီဟာက နှစ်ဆင့်ထဲနဲ့ သွားတဲ့နည်း (မှန်လှပါ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိဆိုတာ

နှစ်ဆင့်ထဲနဲ့ သွားရတဲ့နည်း (မှန်ပါ့)၊ ကိုင်း- မဂ္ဂ သမ္မာဒိဋ္ဌိ ဒကာ ဒကာမတို့ သူကတော့ ပြောတော့မယ် (တင်ပါ့)၊ သူ့ကို ပြောတော့မယ် ဒကာ ဒကာမတို့ ဂရုစိုက် နားထောင်ပါ (မှန်ပါ ဘုရား)။

‘‘မဂ္ဂသမ္မာဒိဋ္ဌိ ပရိဝီမာသနပရိယာသာနေ’’ (တင်ပါ့)၊ ခုနက အနိစ္စ ဒုက္ခ လက္ခဏာတို့ကို အမြင်ဆုံး, ဆုံးသွားအောင် (တင်ပါ့)၊ မဂ္ဂသမ္မာဒိဋ္ဌိက မြင်ကို မမြင်ဘူးတဲ့ (တင်ပါ့ ဘုရား)။

အနိစ္စလက္ခဏာလည်း သူမမြင်ဘူးတဲ့ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဒုက္ခလက္ခဏာရော သူမမြင်၊ အနတ္တလက္ခဏာရော သူမြင်ကို မမြင်ဘူးတဲ့ (တင်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိက မမြင်ဘူးတဲ့ ဒကာစိန်ရေ (မှန်လှ ပါ ဘုရား)၊ မမြင်ဘူးတဲ့ (တင်ပါ့)၊ မဂ္ဂသမ္မာဒိဋ္ဌိ ပရိဝီမာသနပရိယေသာနေ (တင်ပါ့)။

ပရိဝိမာသန ပရိယေသာနေ= တစ်ခါတည်း ဒီအဆုံး အနိစ္စ၏ မမြင်ပဲနဲ့ အနိစ္စရှာမတွေ့ (တင်ပါ့)၊ ဒုက္ခလည်း ရှာမတွေ့ (မှန်ပါ့)၊ အနတ္တလည်း (ရှာမတွေ့ပါ ဘုရား)၊ ရှာကိုမတွေ့ဘူး၊ မဂ္ဂသမ္မာဒိဋ္ဌိက (တင်ပါ့)။

ဘာမြင်သလဲ ဆိုရင်ဖြင့်တဲ့ တေဘုမ္မက ဝဋ်ဒုက္ခကြီး အင်း ဖြစ်ပျက် ဝဋ်ဒုက္ခကြီးပေါ့ဗျာ (မှန်လှပါ)၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက် ဆိုတဲ့ ဝဋ်ဒုက္ခကြီး (တင်ပါ့)၊ ဟုတ်လား (တင်ပါ့)။

တေဘုမ္မက ဝဋ်ဒုက္ခကြီးကို တစ်ခါထဲ ခွာပစ်လိုက် တယ် တေဘုမ္မက ဝဋ်ဒုက္ခကြီး ဆိုတာ ဒကာ ဒကာမတွေ အသေအချာ မှတ်စမ်း (တင်ပါ့)။

ခဏ ခဏ ပျက်၊ ခဏ ခဏ ပျက်၊ ခဏ ခဏ ရွံစရာ မုန်းစရာကြီး ပေါ်နေတာကို သူ ခွာပစ်လိုက်ပြီ (တင်ပါ့ ဘုရား)။

မဂ်က ခွာပစ်လိုက်တယ် (မှန်လှပါ ဘုရား)၊ ဒါတွေ သူ့အာရုံ မဟုတ်ဘူး (တင်ပါ့)၊ ဒါတွေ သူမြင်စရာ မဟုတ်ဘူး (တင်ပါ့ ဘုရား)၊ ဟုတ်လား (တင်ပါ့)။

အဲ့ဒါတွေ သူခွာပစ်လိုက်တယ် ဆိုကတည်း ကိုက ဒကာ ဒကာမတွေက ေဩာ်- သူက အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ တေဘုမ္မက ဒုက္ခ ဆိုတာကြီးကို သူမမြင်ပါလားလို့ မှတ်လိုက်ပါ (တင်ပါ့ ဘုရား)။

လက္ခဏာရေးသုံးပါး ရှာဖွေမရတော့ဘူး

မဂ်သမ္မာဒိဋ္ဌိ ဝင်လာရင် ဒီလက္ခဏာရေး သုံးပါးကို ဘယ်ဟာမှာ စမ်းစမ်းရှာဖွေလို့ မရတော့ဘူး (တင်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အင်း- ခွာပစ်လိုက်ပြီ (မှန်ပါ့)၊ ဒီဖြစ်ပျက်ကြီးကို မမြင်ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ အနိစ္စလည်း မမြင်၊ ဒုက္ခလည်း (မမြင်ပါဘူး ဘုရား)၊ အနတ္တလည်း မမြင် (မမြင်ပါဘူး ဘုရား)။

ဘယ်သူက မမြင်တာတုံး (မဂ်သမ္မာဒိဋ္ဌိက မမြင်တာ ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိက မမြင်ဘူးတဲ့ (တင်ပါ့)၊ မမြင်တဲ့အပြင် ဘယ်လိုများ ဖြစ်လာသေးသတုံးလို့ မေးဖို့လိုလာတယ် (မှန်ပါ့)။

မမြင်တဲ့အပြင် ဒကာ ဒကာမတွေ ရှေ့တစ်ဆင့်တက် လိုက်ဦး (တင်ပါ့)၊ ‘‘ဝူပသမယမာနာ၊’’ အင်း ဝူပသမယမာနာ လို့ ဆိုသောကြောင့် ဒီအနိစ္စတွေ ဒုက္ခတွေ အနတ္တတွေကို ငြိမ်းနေစေတယ် (မှန်ပါ့)။

သူမြင်တဲ့နေရာမှာ (တင်ပါ့)၊ ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ငြိမ်းစေတယ် (မှန်ပါ့)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မတွေ့ဘူးတဲ့ (တင်ပါ့)။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ငြိမ်းတဲ့သဘော၊ သူမရှိတဲ့ သဘောလေးသာ မြင်တယ် (တင်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိက အနိစ္စ၊ ဒုက္ခ၊ အနတ္တမရှိတဲ့ ငြိမ်းတဲ့ သဘောလေး မြင်တယ် (တင်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ငြိမ်းနေတဲ့သဘောလေးကိုမြင်တယ်

မဂ္ဂသမ္မာဒိဋ္ဌိကတော့ ဘာမြင် သတဲ့ ဒကာ ဒကာမတို့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တငြိမ်းနေတဲ့ သဘောလေးကို မြင်ပါတယ် ဘုရား)။

အဲ့ ဒကာစိန်ရ နေရာကျလိုက်တာ (မှန်လှပါ)၊ အနိစ္စ ဒုက္ခ အနတ္တတို့ကိုတဲ့ ဝဋ်တရားတွေ ဖြစ်လေ သောကြောင့် အဲ့ဒီဝဋ်တရားတွေ မမြင်ပဲနဲ့ သူတို့ငြိမ်းတာလေး ကိုသာလျှင်တဲ့ မြင်ပြီး သကာလ နေတယ် (တင်ပါ့)။

အင်း- သူမြင်ပုံက တစ်မျိုးပါ (မှန်လှပါ ဘုရား)။ အနိစ္စလည်း မမြင်ဘူး (တင်ပါ့)၊ ဒုက္ခကော (မမြင် ပါဘူး ဘုရား)၊ အနတ္တ (မမြင်ပါဘူး ဘုရား)၊ အသုဘ (မမြင်ပါဘူး ဘုရား)။ ဘာမှ မကောင်းတာ ဟူသ၍ မမြင် ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိလို့ မှတ်လိုက်ပါ

မဂ္ဂသမ္မာဒိဋ္ဌိကလေ (တင်ပါ့ ဘုရား)၊ အေး မကောင်းတာ ဟူသ၍ ဘာမှ မမြင်ပဲနဲ့ (မှန်ပါ့)၊ ငြိမ်းတာလေး တစ်ခုမြင်နေတယ် (တင်ပါ့)။

ဒါလေးဟာဖြင့် ဒီနေရာဟာဖြင့် အင်း- ငြိမ်းချမ်းတဲ့ နေရာပဲ၊ ဖြစ်ပျက်လည်း မရှိဘူး (တင်ပါ့)၊ ငြိမ်းချမ်းနေ တာလေးပဲ မြင်ရတယ်လို့ ကိုယ့်ခန္ဓာဘက် လှည့်ကြည့်လိုက် ကြည့်လိုက် ငြိမ်းချမ်းတာပဲ မြင်နေတယ် (တင်ပါ့ ဘုရား)။

ဖြစ်ပျက် ရှာမတွေ့ဘူး (မတွေ့ပါဘူး ဘုရား)၊ ဘာလေးမြင်တုံး (ငြိမ်းချမ်းတာလေး မြင်ပါတယ် ဘုရား)။ အဲ- ငြိမ်းချမ်းတာလေး မြင်တယ် (တင်ပါ့)။ ကောင်းပြီ- ဒါက ဒကာ ဒကာမတို့ ဘာဒိဋ္ဌိတဲ့ (မဂ်သမ္မာ ဒိဋ္ဌိပါ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိက ဒကာမတို့ ဒကာတို့ ငြိမ်းချမ်းတာ လေးမြင်နေတယ် (တင်ပါ့)၊ ဖြစ်ပျက်တွေ လုံးဝ မလာ (တင်ပါ့)၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ (မလာပါဘူး ဘုရား)။

မလာပဲနဲ့ ငြိမ်းချမ်းတာပဲ မြင်နေတယ်တဲ့ (တင်ပါ့)၊ ကောင်းပြီ၊ ဒီလို ငြိမ်းချမ်းတာတော့ဖြင့် မြင်ပြီ ဆိုတာ သဘော ကျပြီတဲ့ (တင်ပါ့)။

ဉာဏ်အမြင်ကတော့ဖြင့် ငြိမ်းချမ်းတာပဲ မြင်နေ တယ် ဆိုလို့ရှိရင်ဖြင့် မဂ္ဂသမ္မာဒိဋ္ဌိလို့ မှတ်လိုက်ပါ (မှန်လှ ပါ ဘုရား)၊ သဘောကျလား (ကျပါပြီ ဘုရား)။

ဒကာစိန်- ဒါ ကိုယ့်အရေးနော် (မှန်လှပါ ဘုရား)။ အားလုံး ဒကာ ဒကာမတွေ ဘယ်သူ့ အရေးပါလိမ့် (ကိုယ့် အရေးပါ ဘုရား)။

အဲ- အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်၏ ကိုယ့်အရေးလို့မှတ် လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)၊ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်၏ ကိုယ့်အရေးကို ဒီဟာမျိုး ဆိုတာ တယ်ရှားတယ် (တင်ပါ့ ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်၏မှတ်တိုင်

ဆုံးဖြတ်ချက်ကိုးဗျ (တင်ပါ့ ဘုရား)၊ ဆုံးဖြတ် ချက် ဒကာ ဒကာမတို့ အလုပ်စခန်းသည် ဘယ်ပေါက်နေလို့ ဘယ်ရောက်တယ် ဆိုတာကို မှတ်တိုင်ထားတာ (မှန်လှပါ ဘုရား)။

လမ်းသွားတဲ့ ပုဂ္ဂိုလ် မိုင်တိုင် ကြည့်သွားရတဲ့ အခါကျ တော့ ရောက်လာပြီ မရောက်သေးဘူး ဆိုတာ သိလွယ် တယ်ပေါ့ဗျာ (သိလွယ်ပါတယ် ဘုရား)။

ဒီမှာ မှတ်တိုင် နှစ်ခု ပြောနေတယ် (တင်ပါ့ ဘုရား)၊ မှတ်တိုင်နှစ်ခု ပြောနေတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ မှတ်တိုင် နှစ်ခုကို ပြောနေပါတယ် ရိပ်မိပလား (တင်ပါ့ ဘုရား)။

ဒါဖြင့် သူက ငြိမ်းချမ်းတာ မြင်နေတယ် (တင်ပါ့)၊ မဂ္ဂသမ္မာဒိဋ္ဌိ အမြင်က တစ်မျိုး (မှန်လှပါ)၊ ဝိပဿနာ သမ္မာဒိဋ္ဌိအမြင်က (တစ်မျိုးပါ ဘုရား)။

အပျက်တွေချည့်မြင်နေတာ ဝိပဿနာသမ္မာဒိဋ္ဌိ

အဲ – ဝိပဿနာသမ္မာဒိဋ္ဌိကတော့ ခုနက အပျက် တွေချည့်မြင်နေ (တင်ပါ့)၊ လက္ခဏာတွေ ချည့်မြင်နေ (မှန်ပါ့ ဘုရား)။

အဲ- မဂ္ဂသမ္မာဒိဋ္ဌိကတော့ ဒါတွေ မမြင်တော့ဘူး (တင်ပါ့ ဘု ရား)၊ ဒါတွေ ဆုံးတာနဲ့ ငြိမ်းတာပဲ မြင်နေတယ် (တင်ပါ့ ဘုရား)။

အရိယာအမြင်နဲ့ ပုထုဇဉ်အမြင် ခွဲပြောတဲ့တရား

ဒကာစိန် မကွာလား (ကွာပါတယ် ဘုရား)၊ ကွာလိုက်တာ ကွာလိုက်တာ (မှန်ပါ့)၊ အဲ့တော့ ဒကာ ဒကာမတို့ ပုထုဇဉ် အမြင်နဲ့ အရိယာ အမြင်ကို ခွဲပြောနေတဲ့ တရားပဲ (တင်ပါ့ ဘုရား)။

ဒါကြောင့် အထူးဂရုစိုက်ပြီး သကာလ မှတ်ပါလို့ ပထမ လာကတည်းက မေတ္တာရပ်ခံပါတယ် (မှန်လှပါ ဘုရား)၊ အရေးကြီးလို့ ပြောပါတယ်နော် (တင်ပါ့)။

အရေးကြီးလို့ ပြောပါတယ် ဒကာ ဒကာမတို့ (တင်ပါ့)၊ ကိုယ်သွားနေတဲ့ စခန်းနဲ့ လမ်းသည် ကားလို့ ဆိုရင် ဘယ်မှတ်တိုင် ရောက်ရင် နီးပဟ၊ ဘယ်မှတ်တိုင် ရောက်ရင် ရောက်ပဟ (တင်ပါ့ ဘုရား) ဆိုတာ ဝေဖန် နိုင်တယ် (မှန်လှပါ ဘုရား)။

ဝေဖန်နိုင်တယ်။ ဝေဖန်နိုင်တယ် ဒကာ ဒကာမတို့ နော် (မှန်ပါ့)၊ အဲတော့ ဝိပဿနာသမ္မာဒိဋ္ဌိ၊ အင်း လက္ခဏာရေး သုံးပါးက လက္ခဏာတွေ မြင်တယ် (တင်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိက ငြိမ်းချမ်းတာတွေမြင်တယ်

မဂ္ဂသမ္မာဒိဋ္ဌိက အဲ့ဒီ လက္ခဏာတွေ စွန့် (တင်ပါ့)၊ ငြိမ်းချမ်းတာတွေ ဒီလက္ခဏာတွေ မရှိတာ မြင်နေတယ် (တင်ပါ့)။

ဒီ လက္ခဏာတွေက ဒုက္ခသစ္စာတွေကိုးဗျ (မှန်လှ ပါ ဘုရား)၊ ဒီလက္ခဏာတွေက ဒုက္ခတွေ ဖြစ်နေတော့ ဒါတွေ မမြင်တော့ဘူး သူက (တင်ပါ့ ဘုရား)။

ဒီ ဝူပသမယမာနာ လို့ဆိုသောကြောင့် ငြိမ်းအေးတာပဲ သူ့အာရုံ ပြုနေတယ် (တင်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)

အဲ့ဒါ ဘာတုံး ဒကာစိန်ရ (မဂ္ဂသမ္မာဒိဋ္ဌိပါ ဘုရား) အဲ့ မဂ္ဂသမ္မာဒိဋ္ဌိဉ် (မှန်ပါ့)၊ မဂ္ဂသမ္မာဒိဋ္ဌိက ငြိမ်းအေး တာတွေကို သူ အာရုံပြုနေတယ် (ဝါ) ဉာဏ်နဲ့ တည့်နေ တယ် (မှန်လှပါ)။

ခုနကတော့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာတွေနဲ့ ဉာဏ်နဲ့တည့်နေတယ်။ (တည့်ပါတယ် ဘုရား)၊

မဂ် ဉာဏ်ကတော့ ဒကာ ဒကာမတွေ အဲ့ဒီ လက္ခဏာတွေနဲ့ မတည့်ဘဲနဲ့ ငြိမ်းအေးမှုနဲ့ ဉာဏ်နဲ့ တည့်နေတယ် (မှန်ပါ့ ဘုရား)၊ သဘောကျလား (ကျပါပြီ ဘုရား)။

အင်း- ဒါက မဂ္ဂသမ္မာဒိဋ္ဌိ (တင်ပါ့)၊ ဒါဖြင့် မဂ္ဂ သမ္မာဒိဋ္ဌိကတော့ သဘောကျကြပြီ၊ သူ ငြိမ်းအေးတာကို အာရုံ ပြုနေတယ် (တင်ပါ့)၊ ရှုသော ပုဂ္ဂိုလ်မှာ နေရ ထိုင်ရ တဲ့ အရေးကတော့ ဘယ်လိုများ ထူးထွေလာပါသေးသလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

အေး- ရှုသော ပုဂ္ဂိုလ်မှာလည်း ထူးထွေ လာတာကို ဒကာ ဒကာမတွေ မှတ်ပါအုံး (တင်ပါ့)၊ ဟုတ်လား (တင်ပါ့)။

ရှုသော ပုဂ္ဂိုလ်ကျလာတဲ့ အခါကျတော့ အရင်ပြောခဲ့ တဲ့ ဒကာ ဒကာမတို့ မှတ်မိပါလိမ့်ဦးမယ်၊ လွန်ခဲ့တဲ့ နှစ်လ သုံးလ ကနော် (မှန်ပါ့)။

‘‘သီတုဒကဃဋသဟဿံ မတ္ထကေ အာသိဉ္စမာနာ ဝိယ ဥပ္ပဇ္ဇတိ။’’ (ဥပရိပဏ္ဏာသ။ဋ္ဌ။18)

အင်မတန်ပူပြင်းရာက လာပြီး သကာလ ရေအင် မတန်ချိုးချင်တဲ့ အထဲမှာ အေးလှစွာသော ရေတွေအထဲမှာ ရှိတဲ့ တစ်ထောင်လောက်ရှိတဲ့ ရေအိုးတွေနဲ့ လောင်း ပြီး ချိုးလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် တစ်ခါတည်း (မှန်ပါ)၊ အေးချမ်းတဲ့ သဘောလို့ ခန္ဓာကိုယ်ထဲမှာ ရောက် မသွားဘူး လား (ရောက်ပါတယ် ဘုရား)။

စိတ်ထဲမှာ တစ်ခါတည်း ကြည်ရွှင်ပြီး သကာလ အင်း ဒီ အခြေအနေ ဟာဖြင့် တယ် ကောင်းမြတ်တဲ့ အခြေအနေ ပါလားလို့ (မှန်ပါ့)၊ မိမိ ခန္ဓာကိုယ် နေရထိုင်ရတဲ့ အရေး မှာလည်း တစ်ခါတည်း ငြိမ်းအေးတဲ့ အရေး (တင်ပါ့)။

ရေအိုးတစ်ထောင်နဲ့ လောင်းလိုက်သလို

ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်ရသလို တစ် ခါတည်း စိတ်ထဲမှာ (မှန်ပါ့)၊ ရှင်းလင်းပြီး သကာလ ဘာနဲ့မှ မရောမယှက်ဘဲနဲ့ ချမ်းသာပြီး သကာလ အေးချမ်း နေတယ် (တင်ပါ့ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ ချမ်းသာအေးချမ်းနေတယ် (အေးချမ်းပါတယ် ဘုရား)၊ မြင်တာကလည်း ခုနက ငြိမ်းအေးတာ မြင်တယ် (တင်ပါ့)။

ရုပ်, နာမ်တွေဘက်ကကြည့် ကျန်တဲ့ခန္ဓာဘက် ကြည့်လိုက်ပြန်တော့လည်း ရေချိုးပြီး သကာလ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းကို ဒကာ ဒကာမတွေ အလွန် အမင်း ရခြင်း ရှိဘိသကဲ့သို့ (တင်ပါ့)။

တစ်ခါတည်း အေးပြီး သကာလ အင်း- ဘယ်တော့ မှ မတွေ့ဘူး ဘယ်တော့မှ မကြုံဘူး ဘယ်တော့မှ မဆုံဘူး တဲ့ အေးငြိမ်းမှု ခန္ဓာကြီးကိုလည်း တစ်ခါတည်း ပြတယ် (တင်ပါ့)၊ သဘော ကျလား (ကျပါတယ် ဘုရား)။

အနေကလည်း စိတ်အေးလက်အေး

ဒါဖြင့် အမြင်က အမြင်ကလည်း ငြိမ်းအေးတာ – အာရုံပြု (တင်ပါ့ ဘုရား)၊ အနေကလည်း စိတ်အေးလက်အေး နော် (တင်ပါ့)။

အနေကလည်း ဒီအအေးမျိုး ဘယ်တော့မှ မကြုံဘူး တဲ့အနေမျိုးကို ဒကာ ဒကာမတွေ ရလိမ့်မယ် (တင်ပါ့ ဘုရား)၊ ရိပ်မိပလား (တင်ပါ့ ဘုရား)။

အဲ့ဒီလို အမြင်ကလည်း ငြိမ်းအေးတော့ အာရုံပြု၊ အနေကလည်း ရေအိုး တစ်ထောင်နဲ့ လောင်းပြီး သကာလ ချိုးလိုက်ရသလို သုံးလိုက်ရလို့ (တင်ပါ့ ဘုရား)၊

အင်း စိတ်အေးလက်အေး ဒီအရေးနဲ့ ဘယ်ဟာမှ မတူဘူး၊ဒါ အချမ်းသာဆုံးပဲ ဆိုပြီး ခန္ဓာကိုယ် ထဲမှာလည်း ပေါ်လာလိမ့် မယ် (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါတယ် ဘုရား)။

အမြင်ကလည်း ငြိမ်းအေး

ဒါဖြင့် အမြင်ကလည်း ငြိမ်းအေး (တင်ပါ့)၊ အနေကလည်း (ငြိမ်းအေးပါ ဘုရား)၊ အဲ အဲ့ဒီငြိမ်းအေး နှစ်ခု မြင်တုံး အေးတာလို့ တစ်ပြိုင်တည်းလို့ မှတ်လိုက်စမ်း (တင်ပါ)။

အမြင်ကလည်း အေးတုန်း၊ ခန္ဓာကြည့်လိုက်ပြန် တော့လည်း အေးတုန်း (တင်ပါ့)၊ ဒကာစိန်ရေ (မှန်ပါ့)၊ အမြင်ကလည်း ငြိမ်းအေးတာ (မှန်ပါ့)၊ အနေကကော (ငြိမ်းအေးတာပါ ဘုရား)။

အဲဒီကဲ့သို့ အမြင်လည်း မပြတ်ပဲနဲ့ ငြိမ်းအေးတာမှ – (မှန်ပါ) မဂ္ဂသမ္မာဒိဋ္ဌိ မဂ် ရပဟ လို့ ဆုံးဖြတ်ချက် ချလိုက်စမ်း (ကောင်းလှပါ ဘုရား)၊ သဘောကျလား (ကျပါပြီ ဘုရား)။

မဂ်ရပဟလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ဒကာစိန် ဘယ်လောက် အဖိုးတန်တုံး (အဖိုးတန်ပါတယ် ဘုရား)။

ဒါ ဆုံးဖြတ်ချက်နော် (တင်ပါ့)။

ဒါ ဘုန်းကြီးက ဆုံးဖြတ်ချက်ချရင် လွဲမယ် (မှန် လှပါ)၊ တကယ့် အဋ္ဌကထာ ဆရာကြီးတွေက ဆုံးဖြတ်ချက် ချတယ် (မှန်လှပါ ဘုရား)၊

အေး- ပဏ္ဏာသ အဋ္ဌကထာကြီးတွေက ဆုံးဖြတ်ချက် ချတော့ ဒကာ ဒကာမတွေ ဝန်လေးစရာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဒီမှာလည်း ဟိုကျလာတော့ မဂ်က အခုပြောတဲ့ အတိုင်း အမြင်ကလည်း ငြိမ်းအေး (မှန်ပါ့)၊ ခန္ဓာ ကလည်း ငြိမ်းအေး (မှန်ပါ့ ဘုရား)၊ အဲ့ဒီ နှစ်အေးကို ဒကာ ဒကာမတွေ ကိုယ်ပိုင် ရပြီဆိုမှဖြင့် ဟို ဘက်ကို တစ်ခါတည်း အေးချမ်းတာချည့်ပဲ လာလိမ့်မယ် (တင်ပါ့)၊ လာလိမ့်မယ်နော် (မှန်ပါ့)။

မဂ်က ဘယ်လောက်ကြာကြာလာမှာတုံး

သို့သော် ဘယ်လောက် ကြာကြာလာမှာတုံး ဆိုတော့ တစ်၊ နှစ်၊ သုံး၊ လေး ထက်ပိုမလာဘူး (တင်ပါ့)၊ တစ်၊ နှစ်၊ သုံး၊ လေး ဒါပဲ လာနိုင်မယ် (တင်ပါ့)။

တစ် တစ်ကြိမ်၊ နှစ် တစ်ကြိမ်၊ သုံး တစ်ကြိမ်၊ လေး တစ်ကြိမ် (တင်ပါ့)၊ ဒါပဲ လာမယ် ဒကာ ဒကာမတွေ (တင်ပါ့)၊ ဒီပြင်ဟာ မလာတော့ဘူး (မှန်ပါ့)။

မှတ်ချက်။ ။မဂ္ဂဝီထိအလို မဂ်ဇောနှင့် ဖိုလ်နှစ်ကြိမ် သုံးကြိမ်ကို ဆိုလိုသည်။

မလာတော့ဘူး၊ မလာတော့ဘူး (မှန်ပါ့)၊ အဲဒီ မလာတော့ သူ တစ်၊ နှစ်၊ သုံး၊ လေး ဆိုရင်ဖြင့် တစ်ခါ တည်း ငြိမ်းအေးတာပဲ၊ ခန္ဓာကိုယ်ကြီး အေးတာရယ် (တင်ပါ့)၊ တစ်ခါတည်း ပေါ်ပေါက်ပြီး သကာလ လာပြီး နောက်ကျတော့ ဒကာ ဒကာမတွေက ကိုယ်ရှုချင်တာ ပြန်ရှု တော့လည်း ခုနက ဖြစ်ပျက် ပြန်တွေ့မယ် (မှန်ပါ့ ဘုရား)။

တွေ့ချင်တွေ့၊ မတွေ့ချင်နေ ဒါတို့သည် တစ်ထစ် တော့အောင်ပြီး အပါယ်တံခါးပိတ်လို့ နိဗ္ဗာန်ကို မြင်ခဲ့ရပြီသာ ပြောချပေတော့ (ပြောမှာပါ ဘုရား)။

အပါယ်တံခါးပိတ်လို့ နိဗ္ဗာန်မြင်ရပြီ

အပါယ်တံခါးပိတ်လို့ နိဗ္ဗာန်မြင်ရပြီ ဆိုတာ ပြောချ ပါ (တင်ပါ့)၊ ဘယ်အချိန် နိဗ္ဗာန်မြင်ခဲ့တုံးလို့ မေးတဲ့ အခါကျတော့ ခုနက ငြိမ်းအေးတာကို မြင်တုန်းက နိဗ္ဗာန်မြင် ခဲ့တယ် (တင်ပါ့)။

ဘယ်အချိန် အပါယ်တံခါး ပိတ်ပြီတုံးဆိုတော့ ခုနက ကိုယ်ထဲမှာ ပြန်ကြည့်တဲ့အခါ ကိလေသာ အပူဓာတ်တွေ ငြိမ်းအေးသွားလို့ ကိလေသာရှိမှ အပါယ်ကျတာ (တင်ပါ့)။

အဲဒီ ကိလေသာ မရှိသောကြောင့် ငြိမ်းအေးသွား သောကြောင့် တို့ အပါယ် တံခါးပိတ်ပြီ ကိလေသာ မရှိလို့ အေးတာက အပါယ်တံခါး ပိတ်ကြောင်း ပြတာ (တင်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ငြိမ်းတာမြင်တာက နိဗ္ဗာန်မြင်တာ (မှန်ပါ့)။

ခန္ဓာကိုယ်ထဲ လှည့်ပတ်ကြည့်လိုက်တဲ့ အခါကျတော့ အေးမှုချည်းနဲ့သာ နေရတာ မြင်သဖြင့် လည်း အပါယ်တံခါး ပိတ်လို့ ဆိုတာ သေချာလား (တင်ပါ့ ဘုရား)၊ ရှင်းလား (ရှင်းပါပြီ ဘုရား)။

အပါယ်တံခါး ပိတ်တာကော သေချာပြီလား (သေချာပါပြီ ဘုရား)၊ ဘယ်နှယ့်ကြောင့် ခန္ဓာကိုယ်ထဲက အေးရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ကိလေသာ အပူ ဓာတ် (မှန်ပါ့)၊ အရှိန်သတ် သွားလို့ (တင်ပါ့ ဘုရား)။ သဘောကျလား (ကျပါပြီ ဘုရား)။

အပါယ် ရောက်စေတတ်တဲ့ ကိလေသာအပူဓာတ် တွေ အရှိန်သတ်သွားလို့ အေးလိုက်တာပဲ (မှန်ပါ့ ဘုရား)၊ အဲဒီ အေးလိုက်သောကြောင့် တို့ အပါယ်တံခါး ပိတ်တယ်လို့ ဆုံးဖြတ်ချက်ချ (တင်ပါ့ ဘုရား)။ နားလည်လား (နားလည်ပါပြီ ဘုရား)။

နိဗ္ဗာန်မြင်ခဲ့ပြီဆိုတာကတော့

တို့ နိဗ္ဗာန်မြင်ခဲ့ပြီ ဆိုတော့ ခုနက လက္ခဏာရေး သုံးပါး ဘာမှမတွေ့ပဲနဲ့ ဟုတ်လား (တင်ပါ့)၊ ဝဋ်ကျွတ်သွား တာလေး ငြိမ်းအေး သွားတာလေးကို မြင်ပါလိမ့်မယ် (တင်ပါ့ ဘုရား)။

ေဩာ်- ဒီနေရာမှာ နဂိုက ဒုက္ခပုံကြီး ခုတော့ ကြည့် စမ်း (မှန်ပါ့)၊ ဒုက္ခတွေ ရှာမတွေ့အောင်ပဲ မြင်တဲ့အမြင် ကလေး မရပေဘူးလား (ရပါတယ် ဘုရား)။

နဂိုက ဒီနေရာ ပျက်လိုက်တာ အနိစ္စလက္ခဏာ၊ ဒုက္ခ လက္ခဏာ၊ အနတ္တလက္ခဏာတွေ ပြည့်လို့ပေါ့ဗျာ (တင်ပါ့ ဘုရား)၊ အဲ့ဒါတွေ တစ်ခုမှ ရှာမတွေ့ဘူး၊ ဒါတွေသည်ကား အဆိုးဟူသ၍ ရှာမတွေ့ဘူး၊ အကောင်းချည့်ပဲ (တင်ပါ့)၊ အပျက်မရှိတဲ့ နေရာ ရောက်သွားတယ် (တင်ပါ့ ဘုရား)။

အဲ့ဒါက နိဗ္ဗာန်မြင်တာ (မှန်ပါ့)၊ ဒါကြောင့် နိဗ္ဗာန်လည်းမြင်လို့ ခင်ဗျားတို့ အပါယ်တံခါးပိတ်တာ (တင်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်လည်း မမြင်သေးဘူးလား (မြင်ရပါပြီ ဘုရား)၊ ငြိမ်းအေးတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ လက္ခဏာရေး သုံးပါးကို မတွေ့ဘူး (မတွေ့ပါ ဘုရား)၊ သဘောကျလား (ကျပါပြီ ဘုရား)။

ဘာမတွေ့တာပါလိမ့် (လက္ခဏာရေး သုံးပါးပါ ဘုရား)၊ အဲ- လက္ခဏာရေး သုံးပါးကို မတွေ့ဘူး မဂ်ဉာဏ်က (တင်ပါ့)။

ဘာတွေ့နေ လက္ခဏာရေးသုံးပါး မရှိတာတွေ့နေ (တင်ပါ့)၊ အနိစ္စ မရှိတာ (တင်ပါ့)၊ ဒုက္ခ မရှိတာ (တင်ပါ့)၊ အနတ္တ မရှိတာ (မှန်ပါ့)၊ ကြောက်စရာ လန့်စရာ မရှိတာ (တင်ပါ့)။

ဆင်းရဲမျိုးစုံ မတွေ့ကြုံတာ (တင်ပါ့)၊ ဒါတွေချည့် မြင်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ အဲ့ဒါ နိဗ္ဗာန်မြင်တာ (တင်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဲ့ဒီကဲ့သို့ နိဗ္ဗာန်မြင်တော့မှ မြင်တဲ့ အချိန်ကလေးမှာ ပဲ ခန္ဓာကိုယ်ထဲက ရေအိုးတစ်ထောင်နဲ့ ခန္ဓာကိုယ်မှာ အေး လှစွာသောရေနဲ့ လောင်းလိုက်သလို ခန္ဓာကိုယ်ကြီးကလည်း နေရ ထိုင်ရတာ တစ်ခါတည်း အေးငြိမ်းပြီး သကာလ သွားတော့ (မှန်ပါ့)၊ ဟုတ်လား (တင်ပါ့)။

အဲဒီ အေးတာက နဂိုကတည်းက အေးတာက ဘာတုံးဘုရား ဆိုတော့ အို- အပါယ်မီးငြိမ်းတာ (တင်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်ထဲကအေးတာ ဘာပါလိမ့်

ကိုယ်ထဲက အေးတာ ဘာပါလိမ့် (အပါယ်မီး ငြိမ်းတာပါ ဘုရား)၊ အပါယ်မီးငြိမ်းတာ ဟုတ်လား (တင်ပါ့)၊ ဉာဏ်နဲ့မြင်တာက ဘာတုံး ဆိုတော့ နိဗ္ဗာန်မြင်တာ (တင်ပါ့)။

ဉာဏ်နဲ့ အအေး မြင်တာက ဘာတုံး (နိဗ္ဗာန်ပါ ဘုရား)၊ ကိုယ်ထဲ အေးတာက (အပါယ် မီးငြိမ်းတာပါ ဘုရား)၊ အဲဒီမှာ ဒါ သေသေချာချာမှတ် (တင်ပါ့)၊ ဟုတ်လား (တင်ပါ့ ဘုရား)။

ဒါ သေသေချာချာမှတ်ကြ ဒကာ ဒကာမတို့၊ ဒါ အသေအချာမှတ်ပါ၊ အတော်အရေးကြီးလို့ ပြောနေတဲ့ စကားပါ (မှန်ပါ့ ဘုရား)၊ အတော့်ကို အရေးကြီးလို့ ပြောနေတာ (တင်ပါ့)။

ဒါတွေဟာ ဒကာစိန် အလုပ်သမား အတွက်မှာဖြင့် အင်း- သူမှတ်တိုင်နဲ့သူ သွားရတဲ့ခရီးကို မှတ်တိုင်မပါဘဲ သွားရတာလောက် မောတာ ဘယ်ရှိမတုံး (မှန်ပါ့ ဘုရား)။

ဘယ်ကမ်းဆိုက်လို့ ဘယ်ရောက်မှန်းလည်းမသိပဲနဲ့ (မှန်လှပါ ဘုရား)၊ ရောက်ခါမှပဲ အင်း- ချရတဲ့ အသွားမျိုး မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

ပထမ တစ်နံပါတ် မှတ်တိုင်ရှိပါတယ် (မှန်ပါ့)၊ နှစ်နံပါတ်မှတ်တိုင် ရှိပါတယ် (တင်ပါ့ ဘုရား)။

အဲ့ဒီ မှတ်တိုင်အစဉ်တိုင်း လျှောက်တဲ့ အခါကျတော့ ဘယ်မှတ်တိုင် ရောက်လို့ရှိရင် နီးပြီဟ (တင်ပါ့ ဘုရား)၊ ဘယ်မှတ်တိုင် ရောက်လို့ရှိရင် ရောက်ပြီဟ (မှန်ပါ့)။

နီးပြီဟ နဲ့ ရောက်ပြီ ဆိုလို့ရှိရင်ဖြင့် ဘယ်သူက ချမ်းသာတုံး မေးလို့ရှိရင်ဖြင့် ဒကာစိန် ဘယ်နှယ့်ဖြေမတုံး (ရောက်တာက ချမ်းသာတာပါ ဘုရား)။

ရောက်တာက ချမ်းသာတယ်ဆိုတာ သဘောကျပြီ လား (သဘောကျပါပြီ ဘုရား)၊ အဲ့ဒါကြောင့် ရောက်တဲ့ အခါလည်း ရောက်မှန်း သိဖို့ရာလည်း ဆရာဘုန်းကြီးက သတိပေးထားတယ် (မှန်လှပါ ဘုရား)။

ဟုတ်လား နီးတာကိုလည်း နီးမှန်း သိအောင်လည်း (သတိပေးပါတယ် ဘုရား)၊ အဲ- ဝိပဿနာ ဉာဏ်ကတော့ လက္ခဏာရေး သုံးပါး မြင်နေလို့ နီးပြီဟ (တင်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ငြိမ်းအေးတာမြင်ရင် ရောက်ပြီ

မဂ္ဂသမ္မာဒိဋ္ဌိ ကတော့ဖြင့် အဲ- ဒီဥစ္စာ ငြိမ်းအေးတာ ကိုလည်း မြင် (တင်ပါ့)၊ ဟုတ်လား (တင်ပါ့)၊ ခန္ဓာ ကိုယ်ကြီးကလည်း ငြိမ်းအေးမှုနဲ့ကြုံ (မှန်ပါ့ ဘုရား)။

အဲ- ဒါကတော့ဖြင့် ရောက်ပြီ ဆိုတဲ့ နေရာပဲ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရောက်ပြီဟ ဆိုတဲ့ နေရာပဲ ဆိုတော့ ဒကာ ဒကာမတွေ ဒါ အဲ- နီးတဲ့ ပုဂ္ဂိုလ်လည်း နီးပြီ (တင်ပါ့)၊ ရောက်တဲ့ ပုဂ္ဂိုလ် လည်း ရောက်အောင် သွားဖို့ အရေးဆိုတော့ ဒကာ ဒကာမ တို့ လုံ့လဝီရိယ ပြင်းထန် ပေးလိုက်လို့ ရှိရင်ဖြင့် ရောက်ပြီဟဆို တဲ့ဥစ္စာဟာ (မှန်ပါ့)၊ ကိုယ် နဂိုက အရမ်းသွား သွားရ တာမဟုတ်ဘူး (မဟုတ်ပါဘူး ဘုရား)။

ဆရာဘုန်းကြီးက ဒီတစ်ခါရောက်ရင် ရောက်ပြီ (တင်ပါ့ ဘုရား)၊ ဒီအမြင်မျိုးကြုံလို့ ဒီအရေးမျိုး ရလို့ရှိရင် ရောက်ပြီ (တင်ပါ့)။

ဒီအမြင်မျိုးကြုံ၍ဆိုတာ ငြိမ်းအေးတာကို မြင်တယ် (တင်ပါ့)၊ လက္ခဏာရေးသုံးပါး မမြင်ပဲနဲ့ လက္ခဏာရေး သုံးပါး မရှိတာကိုပဲ မြင်နေတယ် (တင်ပါ့ ဘုရား)။

အပျက်ဖြစ်ဖြစ် ဘာမှမရှိတာကိုပဲ မြင်နေတယ် (တင်ပါ့ ဘုရား)၊ ဟုတ်လား (တင်ပါ့)၊ ခန္ဓာကိုယ် နေရ ထိုင်ရတာတော့ ဒကာစိန် (မှန်ပါ့)၊ ဘယ်လိုဖြစ်နေတုံး (အလွန် အေးချမ်းသွားပါတယ် ဘုရား)။

အလွန် အေးချမ်းသွားတာကတော့ ကိလေသာမီး ငြိမ်း (ငြိမ်းပါတယ် ဘုရား)၊ ကိလေသာမီးက ဘာမီးတုံး လို့မေးတော့ အပါယ်မီးငြိမ်းတာ (တင်ပါ့ ဘုရား)။

ကိလေသာဆိုတဲ့ ဥစ္စာ အပါယ် ရောက်စေတတ်တဲ့ ကိလေသာ (မှန်ပါ့ ဘုရား)၊ အဲ့ဒီ ကိလေသာမီး ငြိမ်းလို့ ခန္ဓာ ကိုယ်က အေးတယ် (တင်ပါ့ ဘုရား)။

ဒါဖြင့် အမြင်အေး (မှန်ပါ့)၊ အမြင်က အငြိမ်း ကိုမြင်တယ် (တင်ပါ့)၊ ခန္ဓာက အေးတာနဲ့ နေရတယ် သဘောကျလား (ကျပါပြီ ဘုရား)။

အမြင်ငြိမ်းပြီး အနေအေးရင်မဂ်ရတာ

ဒါဖြင့် မဂ္ဂသမ္မာဒိဋ္ဌိ ကတော့ အမြင်ကငြိမ်း အနေက အေး (တင်ပါ့)၊ အဲ့ဒါနှစ်ခု လာလို့ ရှိရင်ဖြင့် အဲ့ဒါ မဂ်ရလာတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာတုံး ဆိုတော့ အမြင်ကငြိမ်း (တင်ပါ့)၊ အနေ က (အေးပါတယ် ဘုရား)၊ အမြင်က (ငြိမ်းပါတယ် ဘုရား)၊ အနေက (အေးပါတယ် ဘုရား)။

အမြင်က (ငြိမ်းပါတယ် ဘုရား)၊ အနေက (အေးပါတယ် ဘုရား)၊ အဲ့ဒါ ဘာသမ္မာဒိဋ္ဌိတုံး (မဂ္ဂသမ္မာ ဒိဋ္ဌိပါ ဘုရား)၊ ဟာ- ဒါဖြင့် ရောက်ပြီ (မှန်လှပါ)၊ ဒကာစိန် ဒီရောက်အောင်ကြိုးစား (ကောင်းလှပါ ဘုရား)။

ဒီရောက်အောင်ကြိုးစားပါ (တင်ပါ့)၊ ဒီရောက် အောင်ကြိုးစားကြပါ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ဒီရောက်အောင် ကြိုးစားကြပါ ဆိုတဲ့ဥစ္စာသည် (မှန်ပါ့)၊ ဘာကြောင့် ဆရာဘုန်းကြီး အရေးတကြီး တိုက်တွန်းရပါ သလဲလို့ ဒကာ ဒကာမတွေက မေးခဲ့သော် (မှန်လှပါ)။ အပါယ်မီး ဝမ်းထဲမှာ ရှိနေလို့ (မှန်လှပါ ဘုရား)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲ့- ငရဲအိုးတွေ ဝမ်းထဲရှိနေလို့ (တင်ပါ့ ဘုရား)၊ ငရဲအိုးတွေ ဝမ်းထဲရှိနေလို့ ဘယ်ငရဲအိုးတုံး၊ အို- ငရဲကြီး ငရဲငယ်ရှစ်သောင်း ဟုတ်လား (တင်ပါ့ ဘုရား)။

ရှစ်သောင်းလေးထောင် ငရဲတွေ အကုန် ဝမ်းထဲရှိနေ လို့ (တင်ပါ့)၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ သွက်သွက် လုပ်လိုက်၊ ဒီအအေးက အနေအေးအောင် ဟုတ်လား (မှန်ပါ့)။

အမြင်ဉာဏ်အနေ အေးအောင် မြန်မြန်လုပ်လိုက်၊ အဲဒီငရဲတွေက ဝမ်းထဲ ရောက်နေတယ် (တင်ပါ့ ဘုရား)၊ ၊ အကြောင်းတရား ရှိတော့ အကျိုးတရားက မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အကြောင်းတရား ကိလေသာ ရှိနေတော့ အကျိုး တရား ငရဲအိုးတွေက ဝမ်းထဲမှာ မရှိပေဘူးလား (ရှိပါ တယ် ဘုရား)။

အဲဒါ ဒကာ ဒကာမတွေကို ငရဲအိုး ဝမ်းထဲရှိတဲ့ ဒကာ ဒကာမတွေ ငရဲမီးငြိမ်းတဲ့ အလုပ်ကိုဖြင့် (တင်ပါ့)၊ လုပ်ကြ လုပ်ကြလို့ ဆိုတဲ့ဥစ္စာ အထူး တိုက်တွန်းရမှာပဲ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တော်တော်ကြာကျမှ ခင်ဗျားတို့က မှားလေခြင်း မဖြစ်စေနဲ့ (မှန်ပါ့ ဘုရား)၊ ရှိတာသေချာပြီ (တင်ပါ့)၊ ရှိတာ သေချာပြီ ဒကာ ဒကာမတို့ ဝမ်းထဲမှာ (မှန်လှပါ)။

ငရဲကြီးရှစ်ထပ်နှင့် ငရဲငယ်တစ်ရာ့နှစ်ဆယ်

ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် တစ်ရာ့နှစ်ဆယ် ရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဝမ်းထဲ ဘာတွေများရှိတုံး (ငရဲကြီး ရှစ်ထပ်နဲ့ ငရဲငယ်တစ်ရာ့ နှစ်ဆယ်ရှိပါတယ် ဘုရား)။

အဲ့ဒါတွေ ခုနကအမြင်က ငြိမ်း၊ အနေအေးသွားတာ အဲ့ဒီငရဲတွေ ပျောက်သွားတာ (တင်ပါ့ ဘုရား)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အမြင်ကငြိမ်း အနေက အေးတယ် ဆိုတော့ အနေ အေးတာ ဘာပျောက်သွားတာတုံး (ငရဲ ပျောက်သွားတာ ပါ ဘုရား)၊ ငရဲပျောက်သွားတာ (တင်ပါ့)။

အမလေး- ဒကာ ဒကာမတို့ ဒီလိုမှ အားမထုတ်တဲ့ ဒကာ ဒကာမတွေဖြင့် ငရဲတွေ ဝမ်းထဲမှာ ဟုတ်လား (မှန်ပါ့)၊ ငရဲမျိုးစေ့တွေကို ပုံလို့ပါလား (တင်ပါ့ ဘုရား)။

ငရဲကြီး ရှစ်ထပ် မျိုးစေ့ (တင်ပါ့)၊ ငရဲငယ်တစ်ရာ့ နှစ်ဆယ်မျိုးစေ့ (မှန်ပါ့)၊ ဘယ်မှာသာလျှင် ဒါတွေဟာ အောင်ပြီးသားမျိုးစေ့ (တင်ပါ့ ဘုရား)၊ ခုနက မဂ်ရေနဲ့ လောင်းလိုက်လို့သာ ဒီအပူ ငရဲမီးတွေ၊ ငရဲမျိုးစေ့ အပူတွေ ငြိမ်းသွားတာ (တင်ပါ့)၊ မဂ်ရေနဲ့သာ မလောင်းလိုက်ဘူး ဆိုရင် (မငြိမ်းနိုင်ပါဘူး ဘုရား)၊ အဲ့ဒီမှာ ခန္ဓာက ပြတာ (တင်ပါ့)။

ဒီမှာ ခန္ဓာကပြတာ (တင်ပါ့)၊ အဲ့ဒါကြောင့် ဘုန်းကြီးက သနားတယ် ဒကာစိန် (မှန်လှပါ ဘုရား)။

တစ်ခါတစ်ခါ ဗွေဖောက်တယ်

ဒကာ ဒကာမတွေ ဘုန်းကြီးပြောတာကို နားတော့ ထောင်ကြပါတယ် (မှန်ပါ့)၊ ထောင်ပေမယ့် သူတို့က တစ်ခါတစ်ခါ ကျတော့ ဗွေဖောက်သေးတယ် (မှန်ပါ့)။

ဗွေ ဖောက်တယ် ဒကာစိန်ရ (မှန်လှပါ)။ သားရေး၊ သမီးရေး၊ စီးပွားရေး ရှုပ်လာပြီဆိုမှဖြင့် ဟုတ်လား အလုပ်ကလေး ပျက်ပျက်သွားတယ် (တင်ပါ့)။

သူတော်ကောင်း အလုပ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ ခုနက ကိုယ်ထဲ အေးမဲ့အလုပ် (တင်ပါ့)၊ အမြင်ငြိမ်းရမဲ့ အလုပ်ကလေး (မှန်ပါ့)၊ ဟုတ်လား (မှန်ပါ့)၊ အမြင် ငြိမ်းရမဲ့ အလုပ် (မှန်ပါ့)၊ အနေအေးရမဲ့ အလုပ်ကလေး ပျက်ပျက် ပျက်ပျက်သွားတော့ သားရေး သမီးရေး၊ စီးပွားရေး တည်း ဟူသော ငရဲမီးတွေက ဝမ်းထဲမှာ တိုးတိုး လာတယ် (တင်ပါ့)။

မတိုးပေဘူးလား (တိုးပါတယ် ဘုရား)၊ ခင်တယ် ဆိုတော့ သမုဒယသစ္စာ (မှန်ပါ့)၊ စိတ်မချမ်းသာဘူး ဆိုတော့ ဒေါမနဿ (တင်ပါ့ ဘုရား)၊ ဟုတ်ပြီလား (မှန် လှပါ ဘုရား)။

အဲ့တော့ သူတော်ကောင်း အလုပ် မလုပ်တာက အဝိဇ္ဇာဆိုတဲ့မောဟ (တင်ပါ့)၊ ဒါတွေက ငရဲမီးတွေက ဝမ်းထဲ ရောက်မလာဘူးလား (ရောက်လာပါတယ် ဘုရား)။

ငရဲမျိုးစေ့တွေက ဝမ်းထဲရှိနေတယ်

ဝမ်းထဲရောက်လာတော့ ဒကာ ဒကာမတွေ ခုနက ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးတာတွေ မလာသေးသ၍ ကာလပတ်လုံး သူတို့ဝမ်းထဲက အနုသယသဘောနဲ့ ဘယ်တော့မှ မချုပ်ဘူး (တင်ပါ့ ဘုရား)။

မြုံတဲ့သဘောနဲ့နေတယ်၊ အညှော်စောင့်နေတယ် (တင်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား)။

ဘာသဘောနဲ့နေတုံး (မြုံတဲ့သဘောနဲ့ အညှော်စောင့်နေ ပါတယ် ဘုရား)။

မြုံတဲ့သဘောနဲ့ ရှိနေတယ်၊ အဲ့ဒါ အနုသယ ကိလေ သာလို့ခေါ်သည် (တင်ပါ့)၊ ဒကာ ဒကာမတွေ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)

အဲ့ဒါကြောင့် ခင်ဗျားတို့အတွက် ဘယ်မှာလျှင် ဆရာဘုန်းကြီးက မတိုက်တွန်းပဲနဲ့ နေလို့ တော်ပါ့မတုံး (မတော်ပါဘူး ဘုရား)။

ဒကာစိန်တို့ ဝမ်းထဲမှာ ငရဲကြီးရှစ်ထပ် (မှန်ပါ့)၊ ငရဲငယ် တစ်ရာ့နှစ်ဆယ် မျိုးစေ့တွေက ရှိနေတယ် (ရှိပါ တယ် ဘုရား)။

ဒါတွေ ရှိသ၍ ကာလပတ်လုံး ခင်ဗျားတို့ ဘယ်တော့ မှ အပူဇာတ်သိမ်း ငြိမ်းလိမ့်မယ် ဆိုတာ မအောက်မေ့လိုက် ပါနဲ့ (မှန်ပါ့ ဘုရား)၊ ဟုတ်ပြီလား (မှန်ပါ့)။

အပူဇာတ်သိမ်း ငြိမ်းနိုင်တာကဖြင့် ဒကာ ဒကာမတို့ မှတ်လိုက်ပါတော့၊ ငြိမ်းအေးတာနဲ့ ခုနက ငြိမ်းတာမြင်ပြီး သကာလ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးတဲ့ခန္ဓာကြီးကို တစ်ခါဖြစ်ပါမှ (တင်ပါ့ ဘုရား) စိတ်ချရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အမြင်ငြိမ်းနဲ့ အနေအေးရမှာပဲ (တင်ပါ့ ဘုရား)၊ ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် တစ်ရာ့နှစ်ဆယ် ပျောက်ပေတော့ (မှန်ပါ ဘုရား)။

မဟုတ်လို့ရှိရင်ဖြင့် ဘယ်သွားသွား သူတို့က ဒီမျိုးစေ့ – တွေက (မှန်လှပါ)၊ အောင်ပြီးသား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ မိုးရေ စောင့်နေတယ် (တင်ပါ့)၊ ဥတုရာသီ စောင့်နေတယ် (မှန်လှပါ ဘုရား)။

ဘာကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် မသေသေးလို့ပေါ့ဗျာ (မှန်ပါ့)၊ သေရင် သူတို့က ပို့လိုက်မယ် (တင်ပါ ဘုရား)၊ ဆိုတော့ အသေစောင့် နေကျတာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

အဲ့တော့ ဒကာ ဒကာမတွေက သေမှပဲ ရောက်ရ တော့မှာပဲ၊ မှားယွင်းခြင်း မက မှားခဲ့လေခြင်း ဆိုတော့ လူမိုက် နောက်မှ အကြံရ (မှန်ပါ့ ဘုရား)။

ဒကာစိန် ဘာအသုံးကျတုံး (အသုံးမကျတော့ ပါဘူး ဘုရား)၊ ဒကာစိန်တို့လည်း စိတ်တိုတယ် ဆိုရင်ဖြင့် အဲ့ဒီ ကျမှ ငြီးရင် ဆဲတောင် ဆဲလိမ့်မယ် (မှန်ပါ့ ဘုရား)။

မဆဲပေဘူးလား (ဆဲမှာပါ ဘုရား)၊ အဲ လုပ်ပါ လုပ်ပါ ဆိုတုံးက လုပ်တာ မဟုတ်ဘူး၊ ခုမှ အော်နေ (ဟုတ်ပါတယ် ဘုရား)၊ အဲ့တော့ ဒကာစိန် ဒီလိုမပြောပေဘူးလား (ပြောမှာပါ ဘုရား)။

အဲ့ ဒီမှာလဲ ဒကာစိန် တို့အတွက်ကို ပြောရလိမ့်မယ် (တင်ပါ့) လုပ်ပါ လုပ်ပါ ဆိုတုံးက မလုပ်ဘူး သေခါနီးကျမှ အဖေကယ်ပါ အမေကယ်ပါ၊ ခွေးနက်ကြီး လာဆွဲတယ် ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

(မသေသေးဘူးဘုရား ကြိုးစားပြီးရွက်ဆောင်ပါ တယ် တပည့်တော်)

မသေရင်တော့ မနေနဲ့ မနေနဲ့ ဒကာစိန်ရ (မှန်ပါ့)၊ သူများထက် အရေးကြီးတယ် ဆိုတာ ဘုန်းကြီးက ဒကာစိန် ပြောတယ် (မှန်ပါ့)။

သူများထက် အရေးကြီးတယ် ဒီထဲ ကိုထွန်းအောင်တို့ ဦးလှဘူးတို့ ရှိတယ် (တင်ပါ့)၊ ကြီးပါတယ် ဟိုလူတွေလည်း (မှန်ပါ့)။ ၊

သို့သော် ဒကာစိန် ပိုအရေးကြီးတယ် (ဟုတ် – ပါတယ် ဘုရား)၊ ဘာကြောင့် တစ်ခါတည်း ပထမလူကိုး (တင်ပါ့)၊ ဟိုလူတွေက ကြားလည်း ထမယ် ဆိုရင် ထ,ချင်ထ,အုံးမယ် (မှန်လှပါ ဘုရား)။

ပြီးတော့ ကြားတော့ကို မခံတော့ဘူး (မခံနိုင် ပါဘူး ဘုရား)၊ ဒီလို ကွာမနေဘူးလား (ကွာနေ ပါတယ် ဘုရား)။

အဲ့တော့ ပိုရလိမ့်မယ် (မှန်ပါ ဘုရား)၊ ပြီးတော့ လူကလည်း အထည်ကြီး ဒကာစိန်ရ (မှန်ပါ့ ဘုရား)။ အထည်ကြီး လဲတာနဲ့ အထည်သေး လဲတာ ဘယ်ဟာက နာတုံး (အထည်ကြီး လဲတာက ပိုနာပါတယ် ဘုရား)။

ဒါဖြင့် အထည်ကြီး လဲတော့ မလဲချင်ပါနဲ့ဗျာ (မှန်လှပါ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)၊ အေး- ဒါကြောင့် ဒကာ ဒကာမတို့ အေးတယ်ဆိုတဲ့ – သဘောလေးက ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမြင်က ငြိမ်းနော် (ငြိမ်းပါတယ် ဘုရား)၊ အနေ က (အေးပါတယ် ဘုရား)၊ အဲ့ဒါ ဘာဒိဋ္ဌိတဲ့ (မဂ္ဂသမ္မာဒိဋ္ဌိပါ ဘုရား)၊ မဂ္ဂသမ္မာဒိဋ္ဌိ ဟုတ်ပြီ၊ မဂ္ဂသမ္မာဒိဋ္ဌိက ဒီ အဓိပ္ပာယ် ရတယ် (တင်ပါ့)။

ဘယ်နှယ့်ကြောင့်အမြင်ငြိမ်းပါလိမ့်

ဘယ်နှယ့်ကြောင့် အမြင်ငြိမ်းပါလိမ့်မလဲ ဆိုတော့ ဒုက္ခတွေ မရှိလို့ (တင်ပါ့)၊ ဒါကြောင့် အမြင်ငြိမ်းတာ (တင်ပါ့ ဘုရား)၊ ဟုတ်လား (တင်ပါ့)၊ အနေ ဘယ်နှယ့်ကြောင့် အေးပါလိမ့်မတုံးလို့ မေးလိုက်တော့ ငရဲတွေ ငရဲမျိုးစေ့တွေ ကုန်လို့ (တင်ပါ့ ဘုရား)။

တယ်လဲ အဖိုးတန်ပါလား (တန်ပါတယ် ဘုရား)။ အမြင်ငြိမ်းတာက ဘာဖြစ်လို့လဲ (ဒုက္ခ မရှိလို့ပါ ဘုရား)၊ ဒုက္ခ မရှိလို့ သဘောကျပလား (ကျပါပြီ ဘုရား)။

အနေအေးတာက ဘာတဲ့ (ငရဲမျိုးစေ့တွေ ပြောင်ထွက်သွားလို့ပါ ဘုရား)၊ ငရဲမျိုးစေ့တွေ ပြောင်ထွက် သွားလို့ (တင်ပါ့) ဆိုတော့ အဲ- အမြင်လည်း ကောင်း သေးရဲ့၊ အနေလည်း ကောင်းသေးရဲ့ ဆိုတော့ မြင်ရတာ လည်း ကောင်း၊ နေရတာလည်း ကောင်း၊ ဒီအကောင်း နှစ်ကောင်းမှ ခင်ဗျားတို့ မကြိုက်ဘူး ဆိုရင် အဆိုးကြိုက်လို့ပဲ ဝေဖန်ရတော့မှာပဲ (မှန်လှပါ ဘုရား)။

မဝေဖန်သင့် ဘူးလား (ဝေဖန်သင့် ပါတယ် ဘုရား)။

သား၊ သမီးရေး၊ စီးပွားရေးတွေကို ပျာယာခတ် နေတဲ့ ဒကာ ဒကာမတွေ ကျတော့ အင်း- အမြင်လဲ ကောင်းရဲ့လား (မကောင်းပါဘူး ဘုရား) အနေလဲ ကော (မကောင်းပါဘူး ဘုရား)။

အရိယာအမြင်နဲ့ ကြည့်လိုက်ရင်

အနေလည်း မအေးဘူးနော် (မအေးပါ ဘူး ဘုရား)၊ အဲ-အမြင်လည်း မကောင်း အနေလည်း မအေး (တင်ပါ့)၊

အဲဒါတွေ မြင်ရတဲ့ အခါကျတော့ ဒကာစိန် အရိယာလောင်းတွေက (မှန်လှပါ၊) အဲ သူတို့ ခက်လိုက် တာ ကျုပ်တို့က အရိယာတွေက မြင်ကြည့်လိုက်တဲ့ အခါ ကျတော့ ခွေးသေပုပ် လင်းတ စားနေတာ မြင်သလို မြင်မှာ (မှန်ပါ့ ဘုရား)။

မြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊ အဲ သူတို့မြင်ရတဲ့ ခွေးသေပုပ်ကလည်း အရုပ်ဆိုး လိုက်တာ ပုပ်လို့ ရွလို့ (မှန်ပါ့)၊ ဟုတ်လား (တင်ပါ့)၊ သူတို့ စားနေတဲ့ အစာ အာဟာရတွေ ကလည်း တကယ် ပုပ်စော်နံပြီး သကာလ ဘာမှဩဇာဓာတ်တွေ အကုန်ပျက်ပြီး သကာလ နေတာတွေ အပူစာတွေ စားနေတာ (မှန်ပါ့ ဘုရား) ဟုတ်ပလား (တင်ပါ့ ဘုရား)။

အမြင်လည်းမကောင်း (မကောင်းပါဘူး ဘုရား) ဝမ်းထဲ ရောက်တော့ လည်းပူ (တင်ပါ့)၊ ဒီလို မနေဘူးလား (နေပါတယ် ဘုရား)၊

ဒကာ ဒကာမတွေ အခုရောင်းဝယ် ဖောက်ကား စားနေတာလည်း ကြည့်ပါလားဗျာ အမြင်ကကော ကောင်းရဲ့လား (မကောင်းပါဘူး ဘုရား)။

အမြင်ကလည်း မကောင်းဘူး ဝမ်းထဲ ရောက်ပြန် တော့လည်း ဟိုဟာတွေစား ဒီဟာတွေစားနဲ့ ပူပူလောင် လောင်ပဲ စားရတာ (တင်ပါ့)။

ပူပူလောင်လောင် စားရတယ် ဆိုတော့ လောဘမီး၊ ဒေါသမီးနဲ့ စားလိုက်တော့ ပူပူ လောင်လောင် ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

နောက်ကျတော့ အပါယ်ကျအောင်ပဲ ဒီ ပူလောင်တဲ့ အစာတွေက ဆက်လက် မသွားနိုင် ဘူးလား (သွားရမှ ာပါ ဘုရား)၊ ဒကာစိန် သိပ်ကြောက်စရာ ကောင်းပါလား (တင်ပါ့ ဘုရား)။

သိပ်ကြောက်စရာ ကောင်းတယ် ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမြင်ငြိမ်းရဲ့ အနေအေးမှတ်တိုင် ရောက်အောင် ကြိုးစား

ဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီး အလိုရှိတာ ရော ဘုရား အလိုရှိတာရော ယနေ့ ဘွင်းဘွင်း ရှင်းရှင်း ပြောရ လို့ရှိရင်ဖြင့် (တင်ပါ့) အမြင်ငြိမ်းနဲ့ အနေအေး ရောက်အောင် ကြိုးစား (ကောင်းလှပါ ဘုရား)။

ဘာတဲ့တုံး (အမြင်ငြိမ်းနဲ့ အနေအေး ရအောင် ကြိုးစားရမှာပါ ဘုရား) အဲ ရောက်အောင် ကြိုးစား အဲ့ဒီ မှတ်တိုင် ရောက်အောင်ကြိုးစားပါ (တင်ပါ့)။

ဘယ်လောက် အရေးကြီးတုံး (ကြီးပါတယ် ဘုရား)၊ အဲ – ဒါဖြင့်နီးပြီ ဆိုတာ သွားပြီးမှ သာလျှင် ရောက်နိုင်တယ် (မှန်လှပါ ဘုရား)။

နီးပြီဆိုတာက ဝိပဿနာက (တင်ပါ့) ဟုတ် လား (တင်ပါ့)၊ ဝိပဿနာဉာဏ်က ဖြစ်ပျက်တွေ မြင်မှ သာလျှင် နီးလာတယ် (တင်ပါ့) ဟုတ်လား (တင်ပါ့)။

မဂ်ဉာဏ်က အမြင်ငြိမ်းပြီး သကာလ အနေအေးတာ ကို ဆိုတော့ ရောက်ပြီ (ရောက်ပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ နီးပြီဟ- ဆိုတာက တစ်ချက် (တင်ပါ့)၊ ရောက်ပြီကွ- ဆိုတာက (တစ်ချက်ပါ ဘုရား)။

အဲ့ဒီ နှစ်ချက်ဟာဖြင့် ဒကာစိန် လုပ်သော ပုဂ္ဂိုလ်တို့ အတွက်မှာဖြင့် အထူးတလည် အရေးကြီးတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ ဘာပဲရှုရှု (မှန်ပါ့)၊ လက္ခဏာရေး သုံးပါး ထဲက တစ်ပါးပါးမြင်လို့ ရှိရင်ဖြင့် နီးပြီဟ (တင်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခုနက ပြောခဲ့တဲ့ အမြင်ကငြိမ်း၊ အနေက အေးသွား ရင်တော့ (ရောက်ပါပြီ ဘုရား)၊ ရောက်ပြီဟေ့ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ့- ဒါကြောင့် နိဗ္ဗာန်မြင်ပြီ ဆိုတာလည်း ဒုက္ခငြိမ်း တာ မြင်တာ (မှန်လှပါ ဘုရား)၊ ဟုတ်လား (တင်ပါ့)။

ခုမှပဲ အေးပေတော့တယ် ဆိုတာလည်း ဘယ်မီးသေ လို့ (တင်ပါ့ ဘုရား)၊ ငရဲမျိုးစေ့တွေ သေလို့ (မှန်ပါ)။

အဲတော့ ဒကာ ဒကာမတွေ ဝမ်းထဲမှာ ငရဲမျိုးစေ့ ပေါင်း ဘယ်လောက် ရှိသတုံး ဆိုတော့ ငရဲကြီး ရှစ်ထပ်၏ မျိုးစေ့ (တင်ပါ့)၊ ငရဲငယ် တစ်ရာ့နှစ်ဆယ်၏ (မျိုးစေ့ ပါ ဘုရား)။

အဲ့ဒါတွေ ငြိမ်းမှ အေးတာ လာတာကိုးဗျ (တင်ပါ့ ဘုရား)၊ အဲ့တော့ မဂ်ရေစင် ဖျန်းသဖြင့် အေးချမ်းတယ် ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်တစ်ကြိမ်ကျရင်

အေး- ဒါကြောင့် မဂ်ဆိုတာ တစ်ကြိမ်ကျလိုက်တာ နဲ့ (မှန်ပါ)၊ တစ်ခါတည်း ငရဲကြီးရှစ်ထပ် အပူဓာတ် (မှန်လှပါ)၊ ငရဲငယ် တစ်ရာ့နှစ်ဆယ် အပူတွေ အကုန်ငြိမ်းသွား တယ် (တင်ပါ့ ဘုရား)။

တယ်လဲ တန်ခိုးကြီးပါလား (ကြီးပါတယ် ဘုရား)၊ အေး- တယ်လဲ တန်ခိုးကြီးတယ်၊ အဲ့ဒီ တန်ခိုးကြီးတဲ့ဆီ ရောက်အောင် (တင်ပါ့) ခင်ဗျားတို့ ခု တစ်ချို့လည်း ရောက်ခါ နီးတွေပဲ (မှန်လှပါ ဘုရား)။

အဲ ကြိုးစားပြီး သကာလ ဒကာစိန်ရေ သွားလိုက်မယ် ဆိုရင်ဖြင့် အင်း- ရောက်တော့မှာပဲ ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အေး- ဒါဖြင့် ဘာမှရွေးမနေနဲ့ ရောက်အောင်သွား ကြဆိုတဲ့ အဓိပ္ပာယ် ပြောရ (ရောက်အောင် ကြိုးစား သွားပါမယ် ဘုရား)။

အဲ့တော့ ဝတ္ထုတစ်ပုဒ် ဘုန်းကြီး ထုတ်ပြပါ့မယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ သေချာသထက် သေချာအောင်နော် (တင်ပါ့)။

ဂနမောဂ္ဂလာဏပုဏ္ဏား

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည်။ ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော့ ဂနမောဂ္ဂလာဏ (တင်ပါ့)၊ ဂနမောဂ္ဂလာဏ ဆိုတဲ့ ပုဏ္ဏားက ဘုရားနဲ့ လျှောက်ပြီး သကာလ အလ္လာပ သလ္လာပ စကားတွေပြော (တင်ပါ့ ဘုရား)။

ပြောပြီး တစ်ခါတည်းနဲ့ ရှင်ကြီးဂေါတမတဲ့ တပည့် တော်တို့ဟာ ပုဏ္ဏား ဆရာတွေပါပဲ (မှန်ပါ့)၊ ဂဏန်းတွေ သင်ပေးပါတယ် တဲ့၊ အတွက်အချက်တွေ (တင်ပါ့)။

တပည့်တော်တို့ တစ်ကို နားလည်လို့ရှိရင် နှစ်ကို သင် ပေးတယ် (မှန်ပါ့)၊ နှစ်ကို သင်ပေးလို့ ရှိရင် သုံး၊ တစ်ဆယ်၊ တစ်ရာကျအောင် တစ်ထောင် ကျအောင် သင်ပေးလိုက်တာ (မှန်ပါ့)။

ပြီးတော့မှ တစ်ခါ အပေါင်း၊ အနုတ် သင်တယ် (မှန်ပါ့)၊ သူ့အစဉ်နဲ့ ပေါ့ဗျာ (တင်ပါ့ ဘုရား)၊ ပထမဂဏန်း အရေအတွက်သာ သင်တယ်၊ ပြီးတော့ အပေါင်း အနုတ်သင် တယ်၊ ပြီးတော့ အမြှောက်အစား သင်တယ် (တင်ပါ့)။

ပြီးတော့မှ ပုစ္ဆာတွေ ထုတ်ပြပြီး အမျိုးမျိုး ဉာဏ်စမ်း တယ် (မှန်ပါ့)၊ တပည့်တော်တို့ ပုဏ္ဏားတွေမှာ ဒီလိုပဲ ဂဏန်းဆရာတွေ ဖြစ်နေတော့ အစဉ်နဲ့ သင်တယ်၊ ရှင်ကြီး ဂေါတမတို့ နိဗ္ဗာန်သွားတဲ့ လမ်းကော အစဉ်များ ရှိရဲ့လား (တင်ပါ့ ဘုရား)။

နိဗ္ဗာန်သွားတဲ့လမ်းစဉ်

သူကမေးတာ (တင်ပါ့)၊ မေးပုံလည်း အချိုးကျပဲ (ကျပါတယ် ဘုရား)၊ ဂနမောဂ္ဂလာဏက အစဉ်များရှိ ရဲ့လားလို့ဆိုတော့ (တင်ပါ့)၊ ဟာ ဂနမောဂ္ဂလာဏရဲ့ ရှိတာပေါ့ကွာ (တင်ပါ့)။

ရှိတာပေါ့ကွ (တင်ပါ့)၊ ငါ၏ တပည့်သားတွေ တစ်ခါတည်း ရောက်လာလို့ ရှိရင်ဖြင့်တဲ့ လောကီ ဥပမာ ငါပြမယ်၊ မြင်းကောင်း ရောက်လာတယ် ဆိုလို့ရှိရင် ဇက်ခုန်တာ အရင်သင် ရတယ်ကွ (တင်ပါ့ ဘုရား)။

ပြီးတော့မှ သွားလာမှုတွေကို တစ်ခါ ခြေကျ လက်ကျတွေ တစ်ခါ ပိုမိုပြီး သကာလ ထူးခြားအောင် နေတတ် ထိုင်တတ် ရှိအောင် လှအောင် (တင်ပါ့)၊ သင် ပေးရတယ်ကွတဲ့။

ဒီမှာလည်း ငါ၏တပည့်သားတွေ ငါ ဒီအစဉ်တိုင်း တို့မှာ အစီအစဉ် ရှိတယ်ကွ- တဲ့ (တင်ပါ့)။

ရှေးဦးစွာ သီလသင်ပေးတယ်

ပထမ ရှေးဦးစွာ ငါသည် သီလ သင်ပေးလိုက်တယ် ကွ (တင်ပါ့ ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ သီလ လည်း လုံခြုံအောင်လုပ်ကြ (မှန်ပါ့ ဘုရား) ဘုရားက သီလဟာ တစ်နံပါတ် အစီအစဉ်ပဲ (တင်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)

သီလ သင်ပြီးတဲ့အခါကျလို့ရှိရင် ငါသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ သီလမှာလည်း ပါတိမောက္ခ သံဝရ သီလ ဆိုတာ ငါးပါးသီလ (တင်ပါ့) – ဣန္ဒြိယ သံဝရ သီလဆိုတာ မျက်စိ နောက်က နေပြီး မြင်တိုင်း မြင်တိုင်း လောဘ လာလိမ့်မယ် (မှန်ပါ့ ဘုရား)

လာတိုင်း လာတိုင်း ဒကာ ဒကာမတို့ မြင်တဲ့ ဥပေက္ခာကို ရှုချင်ရှု (တင်ပါ့) လောဘလေး လာကာမှ လောဘကလေးကိုမှ ဖြစ်ပျက် ရှုချင်ရှု (တင်ပါ့)၊ ဟုတ်လား (တင်ပါ့ ဘုရား)။

အဲဒီလို ကာယ ဣန္ဒြေကော မလုံသွားဘူးလား (လုံပါတယ် ဘုရား)၊ အဲဒီကဲ့သို့ ပါတိမောက္ခသံဝရ သီလ၊ ပြီးတော့ ဣန္ဒြိယ သံဝရ သီလတဲ့ (တင်ပါ့)။

ပြီးတော့ ငါ ဆက်သင် လိုက်သေးတယ် အစား အသောက် လျော့စားဟေ့ (မှန်ပါ့) စားတဲ့ အခါကျလို့ရှိရင် လည်း စားပြီး ဖြစ်ပျက်ကလေးနဲ့ စားတဲ့ လျှာပေါ်မှာ ပေါ်တာကလေးကလည်း ဖြစ်ပြီးပျက်တာပဲလို့ အဲဒါတွေ လည်း ငါသင်ပေးတယ်ကွ (မှန်ပါ့)

သဘောကျပလား (ကျပါပြီ ဘုရား)

အဲတော့ အမှတ်စဉ်ကြည့်လိုက် အိပ်ရင်းလည်း ငါသင်ပေးတယ်ဟေ့ (တင်ပါ့ ဘုရား)။

ညဉ့်သုံးယံတစ်ယံသာအိပ်ရတယ်

အိပ်ရင်းလည်း ငါသင်ပေးတာ ညဉ့်သုံးယံမှာ ပထမ ယံမှာ စင်္ကနြဲ့ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ အလုပ် လုပ်ပါ (မှန်ပါ့)။

ဒုတိယယမ်ကျတော့ အိပ်ပါတဲ့ ခတ်စောင်းစောင်း။

တတိယယမ် ကျတော့ ထပြီးသကာလ စင်္ကြံနဲ့ဖြစ် စေ ထိုင်လျက်ဖြစ်တဲ အလုပ်လုပ်ပါလို့ ငါသင်ထားတယ်ကွ တဲ့ (မှန်ပါ့)၊ တို့ အစီအစဉ်ပါတယ် (တင်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

နောက်ကျတော့ဟေ့ မနက်မိုးလင်းလာတဲ့ အခါကျ တော့ တစ်ခါ အသွား သင်ရသေးတယ် ဟေ့တဲ့ (မှန်ပါ့)

ရှေ့တက် တက်မှန်း သိရမယ်ကွ (မှန်ပါ့ ဘုရား) နောက်ဆုတ်ရင် (ဆုတ်မှန်း သိရမှာပါ ဘုရား)။

ဒီအစီအစဉ်အတိုင်းလုပ်ဖို့ဘုရားကဟောတယ်

အဲ့ဒါတွေ လမ်းသွားကစပြီး နိုးလာတဲ့အခါ ထိုင် ထိုင်ပြီးသည့် အခြားမဲ့၌ မနက်မိုးလင်းလို့ သွားတော့ လာတော့မယ် ဆိုတာတောင်မှ (မှန်ပါ့) ငါက သင်ရ သေးတယ်ကွ အစီအစဉ်က ရှိတယ် (တင်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဒီအစီအစဉ် အတိုင်း သွားရမှာပေါ့ ဗျာ (မှန်ပါ့ ဘုရား) ရိပ်မိကျပလား (တင်ပါ့ ဘုရား)။

အေး ဒီအစီအစဉ်တိုင်း သွားကြပါလို့ ဘုရားက ဟောတယ် (တင်ပါ့) ပြီးတော့ ဘာသင် သေးတုံး ဘုရားတဲ့ အို ပြီးတော့လာတဲ့ အခါကျတော့ကွာတဲ့ သင်တာတွေ ကတော့ ဘာနည်း မလဲကွ (မှန်ပါ့)။

ဝိပဿနာရှုနည်းသင်တယ်

ဟုတ်လား (တင်ပါ့ ဘုရား) တစ်ခုသော ဝေဒနာ ပေါ်လာတယ်ကွတဲ့ တစ်ခုသော ဝေဒနာ ပေါ်လာလို့ ရှိရင် ဖြင့်တဲ့ အနိစ္စ ရှုလိုက်တာပေါ့ (တင်ပါ့) အနိစ္စ နုပဿီ (တင်ပါ့ ဘုရား)။

အနိစ္စတွေ ရှုပေး ဘယ်ဝေဒနာ ပေါ်လာလာ ဒကာ စိန်ရေ ဘယ်လိုလုပ်ရမတုံး (အနိစ္စ ရှုရမှာပါ ဘုရား)။

အနိစ္စရှုလိုက်တဲ့ အခါကျတော့ သူက အနိစ္စ နောက်က ရှုတာက အနိစ္စဉာဏ် (အနိစ္စဉာဏ်ပါ ဘုရား) အဲ့ဒီအနိစ္စဉာဏ် လာကတည်း ကိုကကွာတဲ့ ဝိရာဂနုပဿီ တဲ့ တဏှာ မလာဘူးဟေ့ (မှန်ပါ့ ဘုရား)။

ဟုတ်လား (တင်ပါ့) တဏှာ မလာဘူးတဲ့ တဏှာမလာတော့ သမုဒယသစ္စာ ချုပ်မသွား ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဝေဒနာသေလည်း အနိစ္စ၊ ရုပ်သေ လည်း အနိစ္စကိုလည်း ဒကာ ဒကာမတွေက ရှုလိုက်ပြီ ဆိုမှ ဖြင့် (မှန်ပါ့) အနိစ္စက အနိစ္စ ရှုလိုက်တာက ဝိပဿနာ ဉာဏ် (တင်ပါ့ ဘုရား) ဒီလို မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီတင် တဏှာက ချုပ်နေတယ်ကွ (တင်ပါ့) တဏှာက ချုပ်နေတော့ သူသည် ခဏ နိရောဓာ နိဗ္ဗာန်တော့ ရနေပြီကွ (တင်ပါ့ ဘုရား)။

ခုနက မဂ္ဂသမ္မာဒိဋ္ဌိသာ မဖြစ်သေးတာ (တင်ပါ့ – ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလို ငါက အစီအစဉ်လိုက် သင်ထားတာပါကွာ တဲ့ အစီအစဉ်အကုန် ပါပါတယ်တဲ့ (တင်ပါ့)။

သီလရယ်ကွာတဲ့ (မှန်ပါ့) နောက်ကျတော့ ဣန္ဒြေ လုံခြုံမှုရယ်ကွာတဲ့ (မှန်ပါ့) နောက်ကျတော့ သွားနည်း လာနည်း ရယ်ကွာတဲ့ (တင်ပါ့) အိပ်နည်း စားနည်းပေါ့ဗျာ (မှန်ပါ့)။

အဝတ်အထည် ဝတ်နည်း (တင်ပါ့) , အဝတ် အထည် ဝတ်တာတောင်မှ ဝတ်ချင်တဲ့ နာမ်သည် (မှန်ပါ့) ဖြစ်ပျက်ပေါ့ဗျာ (မှန်ပါ့)။ ဝတ်တဲ့ ရုပ်ကကော (ဖြစ်ပျက်ပါပဲ ဘုရား)

အကုန် သင်လိုက်ပါတယ်ကွာတဲ့ ငါမသင်တာ ဘာမှ မရှိဘူး (မှန်ပါ့)။

ဒါနဲ့ ပုဏ္ဏားက တက်ပြီး လာပြန်တယ် (တင်ပါ့) ဒါဖြင့် ရှင်ကြီးဂေါတမမှ အရှင်ဘုရားတို့ နည်းဟာဖြင့် အစီအစဉ် လည်း ကောင်းပါပေဘုရား (တင်ပါ့)။

နိဗ္ဗာန်ကိုတပည့်တိုင်းရောက်ကြရဲ့လား

သို့သော် အရှင်ဘုရား တပည့်တွေက မနည်းလှဘူး (မှန်ပါ့) တပည့်တွေက မနည်းလှတော့ အရှင်ဘုရားသည် ဒီတပည့်တွေ ဒီနည်းအတိုင်း သင်လို့ရှိရင်ဖြင့် ဒီအမြဲ ရှိနေတဲ့ နိဗ္ဗာန်ကြီးဟာ ရောက်ရမယ် ဘုရားတဲ့ (တင်ပါ့)။

သို့ တပည့်တိုင်း ရောက်ကဲ့လားတဲ့။ (တင်ပါ့) သူက မေးလာတယ် (တင်ပါ့) ကယ်ကွာတဲ့ တပည့်တိုင်း ရောက်ကဲ့လားလို့ မင်းက ဂနမောဂ္ဂလာဏ ပုဏ္ဏားက မေးလို့ရှိရင် ငါက ပြောရတာ ပေါ့ကွာတဲ့ (တင်ပါ့)။

လူတစ်ယောက်ကလည်း သာဝတ္ထိပြည် မေးတယ်ကွ တဲ့ (တင်ပါ့) ဘယ်လမ်းက သွားရတုံးလို့ မေးတယ် (တင်ပါ့)။

သာဝတ္ထိပြည် ရောက်ဖူးတဲ့ ပုဂ္ဂိုလ်က ဆရာကြီး ဒီလမ်းကသွား ဒီနားရောက်ရင် ဒီရွာကြီး တွေ့လိမ့်မယ် ဒီရွာ တွေ့လို့ရှိရင် ဟော့ဒီက ရှေ့သွား အရှေ့သွားရင် နိဂုံးတစ်ခု တွေ့လိမ့်မယ် (မှန်ပါ့)။

အဲ့ဒီ နိဂုံးကနေ အရှေ့သွား ဈေးလေး တစ်ခု တွေ့ လိမ့်မယ် (တင်ပါ့) အဲဒီကနေ ရှေ့သွား ရင်ဖြင့် ရေအိုင်ကြီး တစ်ခု ကြာပင်တွေနဲ့ တွေ့လိမ့်မယ် (တင်ပါ့)။

အဲဒီကနေ ရှေ့သွားရင် သာဝတ္ထိပြည်လို့ ပြောတဲ့ ပုဂ္ဂိုလ်ဟာ အမှန် ပြောလိုက်ပေမဲ့ သူက နောက်ဆုတ်သွား နေလို့ရှိရင်လည်း သာဝတ္ထိပြည် ရောက်ပါ့မလားဗျာ။ (မရောက်နိုင်ပါဘူး ဘုရား)။

ဒါဖြင့် အမှန်ပြောတဲ့ အတိုင်း ခုနက သီလကနေပြီ သကာလ ခုနက ဝိပဿနာတို့ သမထတို့ တက်ပြီး သကာလ သွားရင်တော့ မရောက်ပေဘူးလား (ရောက်မှာပါ ဘုရား)။

ပြောတဲ့အတိုင်းသွားတဲ့ပုဂ္ဂိုလ်ရောက်တယ်

ရောက်သွားမှာပဲကွ အဲ့တော့ ပြောတဲ့ အတိုင်းသွား တဲ့ ပုဂ္ဂိုလ်ကတော့ ရောက်တယ်ဟေ့တဲ့ ငါဘုရား တပည့် သားမြေးတွေမှာလည်း (မှန်ပါ့)။

ပြောတဲ့အတိုင်း မသွားတဲ့ပုဂ္ဂိုလ်က နောက်ဆုတ်နေ တော့ မရောက်ဖူးကွတဲ့ (မှန်ပါ့) အဲ့ဒီလို နှစ်မျိုး ရှိတယ် (တင်ပါ့)။

ဒီတွင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ်ထဲက ထည့်ရမှာတုံး (တပည့် တော်တို့ သီလဘက်ကပဲ ထည့်လိုက်ပါတော့ ဘုရား) သီလနဲ့ မရဘူးတဲ့ အာဘော် အများကြီး လွဲသွားတယ်။

ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီလမ်းစဉ်အတိုင်း သွား ရဲ့လား မသွားဘူးလားသာ မေးလိုက် (သွားမှာပါ ဘုရား)။

အေး ဒါကြောင့် ဒီလမ်းစဉ်အတိုင်း သွားလို့ရှိရင် ဖြင့် ခင်ဗျားတို့ ရောက်မှာပဲ (တင်ပါ့) ဟုတ်ပြီလား (တင်ပါ့ ဘုရား)။

မနေ့ည ရထားခုနစ်စင်း ဟောတယ်မို့လား (ဟောပါတယ် ဘုရား) အဲ့ဒီလမ်းစဉ် အတိုင်း သွားရင် ဒကာစိန် (ရောက်မှာပါ ဘုရား)။

ဒီလမ်းစဉ်အတိုင်းမသွားလို့ နောက်ဆုတ်နေရင် – တော့ (မရောက်ပါဘူး ဘုရား) သို့သော် ခင်ဗျားတို့ နောက်ဆုတ်တဲ့ အချက်ကလေးတွေ လာတဲ့အခါ ဘုန်းကြီးက သိတယ် (တင်ပါ့)။

နောက်ဆုတ်နေရင်တော့မရောက်ဘူး

နောက်ဆုတ်တာက ဘာတုံးဆိုရင်ဖြင့် ကိစ္စလေး အရေးကြီးနေလို့ သားရေး၊ သမီးရေး၊ ဆွေရေး၊ မျိုးရေး (တင်ပါ့) ဒီအချိန်ကျတဲ့ အခါကျတော့ နေ့လည်က မောထားတာနဲ့ ဟုတ်လား (တင်ပါ့)။

ညကျတဲ့အခါကျတော့ လုပ်ချင်တဲ့ ဝတ္တရားလေး တောင်မှ အေး ဝတ်မပျက်ရုံ လုပ်လိုက် အုံးမယ် ဆိုပြီးတော့ကို (မှန်ပါ့) ဒကာစိန် အနည်းငယ် လုပ်ပြီး အိပ်လိုက်ပြန်တယ် (တင်ပါ့)။

ဟုတ်ပလား (တင်ပါ့) ထိုကဲ့သို့ အိပ်လိုက်တဲ့ အခါကျတော့ နေ့လည်ကလည်း မောပန်း ထားတာနဲ့ – ဟုတ်လား (တင်ပါ့) မနက်စောစော ထ,ဖို့ရာ အလုပ် လည်း မထလိုက် နိုင်တော့ဘူး (တင်ပါ့)။

ဒါတွေ ကျလာတဲ့ အခါ ရှေ့တိုးတာလား နောက်ဆုတ်တာလား (နောက်ဆုတ် တာပါ ဘုရား) နောက်ဆုတ်တယ်တဲ့ ဘုရားက ညဉ့်သုံးယံကို ပထမယံမှာ အလုပ်လုပ် အလည်ယံမှာ အိပ် (တင်ပါ့)။

ဟုတ်လား မနက် မိုးလင်းတဲ့အခါ ကပျာကယာ ထ,ပြီး ကြိုးစား (တင်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)

အဲ့ဒီလို မလုပ်တော့ဘူး ဆိုတော့ ဒီကာစိန် ဒီလမ်း အတိုင်း သွားတာလား နောက်ဆုတ် တာလား (နောက်ဆုတ်တာပါ ဘုရား)။

အဲတော့ နောက်ဆုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သာဝတ္ထိပြည် ရောက်ပါ့မလား (မရောက် နိုင်ပါဘူး ဘုရား)။

အဲဒီလိုပဲကွတဲ့ ငါဘုရား၏ တပည့်သားတွေမှာ လည်း ပြထားတဲ့ လမ်းအတိုင်း အမှန်သွားတဲ့ ပုဂ္ဂိုလ်ကတော့ ဖြင့် ရောက်ပါတယ်ကွာတဲ့ နိဗ္ဗာန်က ဧကန်ရှိ တကယ်ကိုး (မှန်ပါ့)။ ဟုတ်ပလား (တင်ပါ့ ဘုရား)။

ပြထားတဲ့အတိုင်း သူကမသွားဘူးကွ ကန့်လန့်၊ ကန့်လန့် လုပ်နေတော့ သူက နောက်ဆုတ်တယ် (တင်ပါ့ ဘုရား)။

အဲဒီလို ပုဂ္ဂိုလ်တွေကျတော့လည်း ဒကာစိန် အမြဲရှိ နေတဲ့ နိဗ္ဗာန်ကြီး ရောက်ပါ့မလား (မရောက် နိုင်ပါဘူး ဘုရား)။

အဲဒီလိုပဲကွ ဂနမောဂ္ဂလာဏ ပုဏ္ဏားရတဲ့ အစီအစဉ် တော့ကောင်းတာပဲ (တင်ပါ့ ဘုရား)။

ကောင်းပင် ကောင်းငြား သော်လည်း ဒီကပြထားတဲ့ သာဝတ္ထိပြည်ကို ဘယ်ဟာတွေ့လိမ့်မယ်၊ ဘာတွေ့လိမ့်မယ် ဘာတွေ့လိမ့်မယ်လို့ ခုနက မဂ်အစဉ်နဲ့ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား)။

ပထမ ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်လိမ့်မယ် (တင်ပါ့) နောက် မင်းတို့ဆက်သွား (တင်ပါ့) မဂ္ဂသမ္မာ ဒိဋ္ဌိကျတော့ နိဗ္ဗာန် ဆိုတာကြီး မင်းတို့ ကိုယ်တိုင် မြင်ပြီး သကာလ ကိုယ်တိုင် အေးချမ်းတဲ့သဘော ရောက်လိမ့် မယ် (တင်ပါ့)။

မပြောဘူးလား (ပြောပါတယ် ဘုရား) သို့သော် ဒကာစိန်တို့က ပထမ မှတ်တိုင် ရောက်အောင်ပဲ တယ်မသွား ချင်ဘူး (တင်ပါ့ ဘုရား) ဟုတ်လား (တင်ပါ့ ဘုရား)

အဲ့တော့ ဒုတိယ မှတ်တိုင်ကို ဘယ်နှယ် လုပ်ပြီး သကာလ လှမ်းမလဲ (မလှမ်းနိုင်ပါဘူး ဘုရား)၊ မလှမ်း နိုင်တော့ ဒကာစိန်ရေ ဒါက လမ်းပြပြီး သကာလ ဘုရားက ပေးငြား သော်လည်း၊ သူက ရှေ့သွားတာလား နောက် ဆုတ်တာလား (နောက်ဆုတ်တာပါ ဘုရား)။

အဲဒီကဲ့သို့ နောက်ဆုတ်တဲ့ တပည့်သားမြေးတွေ လည်း ငါဘုရား ရှိတာပဲကွတဲ့ (တင်ပါ့ ဘုရား) လမ်း အတိုင်း သွားတဲ့ တပည့်သားမြေးတွေလည်း (ရှိပါတယ် ဘုရား)။

သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအကုန်မှီနေတယ်

ေဩာ်- ဒါဖြင့် ဘုရားတဲ့ နိဗ္ဗာန် ရောက် မရောက် ဆိုတဲ့ ဥစ္စာက သွားတဲ့ အပေါ်မှာပြတဲ့ ဆရာသမားပြတဲ့ အတိုင်း သွားတဲ့ ပုဂ္ဂိုလ်၏ အပေါ်မှာ အကုန်မှီနေတာကိုး (တင်ပါ့ ဘုရား)။

ပုဏ္ဏားက သဘောကျလာတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပုဏ္ဏားမေးတဲ့အချက် လည်း သူကအကွက်ကျပဲ (ကျပါတယ် ဘုရား)။

ဒီလမ်းက အင်မတန်မှန်တဲ့လမ်းပဲတဲ့ နိဗ္ဗာန်လည်း ရှိနေတာပဲတဲ့ (မှန်ပါ့) သို့သော် အရှင် ဘုရား၏ တပည့် သားမြေးတွေ အကုန်ပဲ ရောက်ကြသလား (ဟုတ်ပါ တယ် ဘုရား)။

အေး သာဝတ္ထိပြည် သွားသလိုပဲကွတဲ့ (တင်ပါ့) လမ်းပြက ငါကလမ်းပြကြီးနဲ့ တူတော့ အမျိုးမျိုး အဖုံဖုံ ပြတာပဲကွတဲ့ (တင်ပါ့)။

ဒီနေရာ ရွာ ဒီနေရာ နိဂုံး ဒီနေရာကျရင် ဈေးက လေး ဒီနေရာကျရင် ဥယျာဉ် အဲ့ဒီဥယျာဉ်က တစ်ဘက် ဟိုဘက် သာဝတ္ထိပြည် ရောက်ပြီလို့ ပြောငြား သော်လည်း (တင်ပါ့) သူက အဲ့ဒီ လမ်းအတိုင်း မသွားဘူးကွ နောက်ဆုတ် နေလို့ရှိရင် မရောက်ဘူး (တင်ပါ့)။

ဒီမှာလည်း ငါဘုရားက ပထမရှေးဦးစွာ ဝိပဿနာ သမ္မာဒိဋ္ဌိကို ဟောလိုက်တယ် (တင်ပါ့)။

အဲဒီအတိုင်း ခင်ဗျားတို့က ကြိုးစားရမှာပေါ့ (တင်ပါ့ ဘုရား)။

အဲဒီကြိုးစားပြီး သကာလ ရပ်နေရမှာလား ရှေ့ဆက် ရမှာလား (ရှေ့ဆက်ရမှာပါ ဘုရား)။

ရှေ့ဆက်တဲ့အခါကျတော့ ဒကာစိန်ရေ ဟုတ်လား (တင်ပါ့) အမြင်ငြိမ်းပြီး (မှန်ပါ့) အနေအေး ဆိုတဲ့ မှတ်တိုင် ရောက်အောင် မသွားရပေဘူးလား (သွားရမှာပါ ဘုရား)။

မသွားဘူး ဒကာ ဒကာမတွေ သားရေး၊ သမီးရေး၊ စီးပွားရေးက ရှုပ်ပြီးသကာလ လာတော့ ဒီနေ့တော့ ဒါလောက် တော်လောက် ထင်ပါရဲ့ဆိုတော့ မနက်ဖြန် ကျတော့ သေရော (တင်ပါ့)။

ရပါ့မလား (မရနိုင်ပါ ဘုရား) မရနိုင်တော့ ဒကာစိန်ရေ ဒါက နောက်ဆုတ်လို့ မရတာ (တင်ပါ့ ဘုရား)။

ဟိုမှာ ဧကန်ရှိ တကယ် ရှိဆိုတော့ သာဝတ္ထိပြည်နဲ့ တူတဲ့ နိဗ္ဗာန်ကြီးက မရှိဘူးလား (ရှိပါတယ် ဘုရား) သို့သော် သူ့အတွက် ဘယ်နှယ့်ကြောင့် မရတာပါလိမ့် (နောက်ဆုတ်လို့ မရတာပါ ဘုရား)။

ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘဝသံသရာမှာလမ်းတောင်မတွေ့ဖူးဘူး

ဒါဖြင့် ဒကာ ဒကာမတို့ ဘဝသံသရာ တုန်းကဖြင့် ဘယ်လိုများ နေခဲ့ရတုံးလို့ မေးလို့ ရှိရင်ဖြင့် လမ်းတောင် မတွေ့ ဘူး (တင်ပါ့ ဘုရား) ရှေ့တိုး နောက်ဆုတ် အသာထားဦး (မှန်ပါ့ ဘုရား)။

ဘဝသံသရာတုန်းက ရောက်ခဲ့တာ မြင်တဲ့ အရေးဟာ ရောက်ဖို့ အရေးကိုဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ မမြင်ဘူး (မမြင်ရပါဘူး ဘုရား) မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး ဘုရား)။

အခုတော့ဖြင့် မြင်တော့မြင်ပြီ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပထမရှေးဦးစွာ လက္ခဏာရေး သုံးပါး တစ်ပါးပါး မြင်ရင် ဝိပဿနာ သမ္မာဒိဋ္ဌိ လုပ်ရလိမ့်မယ် (တင်ပါ့ ဘုရား)။

နောက်ကျလာတဲ့အခါ မဂ္ဂသမ္မာဒိဋ္ဌိ ဖြစ်အောင် တစ်ခါတည်း ငြိမ်းအေးတာမြင် ဟုတ်လား (တင်ပါ့) ငြိမ်း တာမြင်ပြီး အေးတာ ကိုယ်ပိုင်ရအောင် (တင်ပါ့ ဘုရား) မလုပ်ရပေဘူးလား (လုပ်ရမှာပါ ဘုရား)။

အဲဒီမှာ လုပ်ရမှာမှန်း သိလျက်သားနဲ့ ဒကာ ဒကာမ တွေက အဲတော်တော် လေးလည်း တစ်စ တစ်စ လုပ်ရမှာပဲ , လေ (မှန်ပါ့) ဟုတ်လား (တင်ပါ့)။

တစ်နေ့တော့ဖြင့် ပျက်သွားပြီ မတတ်နိုင်ဘူး (တင်ပါ့) သွားတဲ့ ခြေထောက်ကို လျှော့လိုက်တာ (တင်ပါ့ ဘုရား)။

သွားတဲ့ ခြေထောက် လျှော့လိုက်တဲ့ အခါကျတော့ နက်ဖြန်ကျတော့ ပျင်းထုက တက်လာ သေးတယ် (တင်ပါ့) ရိပ်မိပလား (မှန်ပါ့ ဘုရား)။

မနက်ဖြန် ကျ ပျင်းထုက တက်လာတာ အလုပ်တွေက ဒီထက် ရှုပ်လာတယ် (မှန်ပါ့)။

ဧည့်ဝတ်ဆောင်ဝတ်တွေနဲ့ မအားမလပ်တဲ့ ရပ်ရေး ရွာရေးတွေကကော (ရှုပ်လာပါတယ် ဘုရား) အဲဒီကျလာတဲ့ အခါ သန်ဘက် ရွေ့လိုက်တယ် (တင်ပါ့)။

နောက်ချည့် ဆုတ်နေတယ် (မှန်ပါ့) သန်ဘက် ရွေ့လိုက်၊ ဖင့်နွဲ ရွေ့လိုက် ဆိုတော့ ရှေ့တိုး တာလား နောက်ဆုတ် တာလား (နောက်ဆုတ်တာပါ ဘုရား)။

ကြာတော့ နောက်ဆုတ်ရင်း မတ်တတ်နဲ့ပဲ မရဏ မင်းက မင်းနောက်ဆုတ်လာတယ် မင်းအလကား ကောင်ပဲ ဆိုပြီး ဆွဲယူသွားတာပေါ့ဗျာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့တော့ မင်း အသေရှောင်တယ် ဆိုပြီး သကာလ မင်း အဖမ်းခံ လာပြန်ပြီ ဆိုပြီးတော့ မရဏမင်းက ခင်ဗျား တို့ မသတ်ပေဘူးလား (သတ်မှာပါ ဘုရား)။

နောက်ဆုတ်မယ်ဆိုရင် အသေစောလိမ့်မယ်

အဲ့တော့ နောက်များ ဆုတ်မယ် စိတ်မကူးနဲ့ (မကူးပါဘူး ဘုရား) နောက်ဆုတ်မဲ့ စိတ်မကူးနဲ့ အသေစော လိမ့်မယ် (တင်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ပဲ နဂိုတုံးက အမိခံ နေတုံးကတော့ ကိစ္စ မရှိဘူး ခုတော့ အလွတ်ပြေးပါ့မယ် ဆိုပြီး သကာလ ပြေးနေတဲ့ ဒကာ ဒကာမတွေ ကျတော့ မရဏမင်းက လွတ်အောင်ပြေး မပြေးရင်တော့ မင်းသည် ပြေးနေကျ ပုဂ္ဂိုလ်ဟာ တစ်ခါမိတယ် ဆိုလို့ရှိရင် လွှတ်ပါ့မလား ( မလွှတ်တော့ပါဘူး ဘုရား)။

ဘာပြုလို့တုံးဗျ (ပြေးနေတဲ့ ပုဂ္ဂိုလ်ကိုမိလို့ မလွှတ်ပါ ဘူး ဘုရား) အဲ့မိလို့တဲ့ ခင်ဗျားတို့က ဒီအခြေအနေ ရောက် နေတယ် (တင်ပါ့) ရိပ်မိပလား (တင်ပါ့ ဘုရား)။

ခင်ဗျားတို့က သွားလည်း သွားလျက်ကိုဗျ နိဗ္ဗာန်ရှိတဲ့ နေရာဌာန ဟုတ်လား (တင်ပါ့) အမြင်ငြိမ်း အနေအေး တဲ့ဆီ မသွားဘူးလား (သွားပါတယ် ဘုရား)။

နောက် ဆုတ်ဆုတ်နေရင် ဘာဖြစ်မယ်ထင်တုံး (မရဏမင်းထံ ရောက်မှာပါ ဘုရား) မရဏမင်းက တစ်ခါ တည်း ဒီ တစ်ခြားသော ပုဂ္ဂိုလ်တွေကတော့ လက်တွင်း ရောက်နေတယ် အထူးကြိုး ချည်စရာ လိုသေးသလား (မလိုတော့ပါဘူး ဘုရား)။

ဒီပုဂ္ဂိုလ်ကတော့ လွတ်အောင် ပြေးမှ ဆိုပြီး ပြန်လှည့် လာတော့ အဲ့ သူပြေးတတ်တယ် ဆိုပြီး ဘယ်နှယ်လုပ် မတုံး (မလွှတ်တော့ပါဘူး ဘုရား)။

အဲ့- အဲဒီထဲပါမှာလည်း စိုးရသေး ရိပ်မိပလား (တပည့်တော်တော့ ရပ်လည်း မနေပါဘူး ဘုရား နောက်လည်းမဆုတ်ပါဘူး ဘုရား) မဆိုးဘူး နေ ရာကျ ပါတယ် ဒကာစိန်ရ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခုပြောတဲ့ တရားသည် ပြေးတဲ့ လက်စနဲ့ ရောက်အောင်သာ လွတ်ရာ ကျွတ်ရာ ပြေးကြပေတော့လို့ ဆိုတာ စိတ်ချမ်းသာအောင်လို့ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဟုတ်လား (တင်ပါ့)။

အဲ့တော့ ခင်ဗျားတို့ ကြည့်စမ်း ဘုန်းကြီးက ဒီဥစ္စာ ခင်ဗျားတို့က ချောက်တယ်လို့ ထင်လိမ့်မယ် (မဟုတ်ပါ ဘူး ဘုရား)။

ခင်ဗျားတို့က ရှေ့ပြေးပါ ဒီတစ်ခါမိရင် မာရ်နတ်မင်း က လွှတ်မှာမဟုတ်ဘူး (မှန်ပါ့ ဘုရား) သေမင်းက လွှတ် မယ် မဟုတ်ဘူး ဆိုတာ သူ့လှည့်ကြည့်ပါလားဗျ။

သူက မာရ်နတ်မင်းတပ်က ဆယ့်တစ်တပ်နဲ့ သူက တားထားတဲ့ထဲက ကျုပ်တို့က ထွက်ပြေးတာ (မှန်ပါ့ ဘုရား)။

အဲ့တော့ ဒီပုဂ္ဂိုလ်ကို မိတဲ့တစ်နေ့ကျတော့ ဘယ့်နှယ် လုပ်ပြီး သူ့ကို အစောင့်အရှောက် မပိုရင် တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

သူ့လက်ထဲက လွတ်လာတာ ကျုပ်တို့က (တင်ပါ့ ဘုရား)။

ကဲ ငါးပါးအာရုံ ကာမဂုဏ်နောက် ဒီနောက် မလိုက် တော့ပါဘူး (မှန်ပါ့) ဟုတ်လား (တင်ပါ့)၊ မွေ့လျော် တာလည်း မရှိတော့ပါဘူး ဒီကမ္မဋ္ဌာန်းနဲ့ပဲ မွေ့လျော်ပါတော့ မယ် (မှန်ပါ့)။

ဒီလို မာရ်နတ်မင်းတပ်တွေ အကုန်ကျော်ခုန်ပြီး ထွက်လာပြီးမှ နောက်ပြန်ဆုတ်တော့ မနာလား (နာပါ တယ် ဘုရား)။

နာတော့ မာရ်နတ်မင်းက ကြိမ်းထားတဲ့ ပုဂ္ဂိုလ်ထဲ အပါအဝင် ဖြစ်မှာပေါ့ (မှန်ပါ့ ဘုရား) သေမင်းကလေ (မှန်ပါ့)။

အဲ့ဒီ ကြိမ်းထားတဲ့ ပုဂ္ဂိုလ်ထဲ အပါအဝင်ဖြစ်တာ သူများထက် တို့အသေနီး လိမ့်မယ် ဆိုတာကော မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။

နဂိုက ဒီပုထုဇဉ် အကန်းတွေကတော့ သူက လိုချင် တဲ့အချိန်မှာ သူတို့ဘယ်မှ မပြေးတတ်ဘူး ဆိုတာ သိတယ် (မှန်ပါ့ ဘုရား)။

မပြေးတတ်ဘူး ဆိုတာ သိတဲ့ပုဂ္ဂိုလ် သူတို့အတွက် ဂရုစိုက်သေးလား (မစိုက်ပါဘူး ဘုရား)။

ပြေးတဲ့ပုဂ္ဂိုလ် ပြန်ဆုတ်လာလို့ရှိရင်တော့ (တစ်ခါ တည်းဖမ်းတော့မှာပါ ဘုရား) အဲ သူ မြန်မြန် သုတ်သင်မှပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

နောက်ဆုတ်မယ်စိတ်မကူးနဲ့

အဲဒါ နောက်များဆုတ်မယ် စိတ်မကူးနဲ့ (မဆုတ်တော့ပါဘူး ဘုရား) မလွယ်ဘူး ဒကာ ဒကာမတွေရ (မလွယ်ပါဘူး ဘုရား)။

ဒကာ ဒကာမတွေ နောက်များ ဆုတ်ချင်သေးသလား (မဆုတ်ချင်တော့ပါဘူး ဘုရား) ဆုတ်ရင် သူများနဲ့ တူသလား (မတူပါဘူး ဘုရား)

အင်း အသေချည်ပြီး သကာလ အသေ မရဏမင်းက သတ်လိမ့်မယ် ဖြတ်လိမ့်မယ် ဆိုတာ ဒကာ ဒကာမတွေ ငြင်းဖို့ လိုသေးလား (မလိုပါဘူး ဘုရား)။

ဒကာစိန် အရင် ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး (မဟုတ် တော့ပါဘူး ဘုရား) ဟုတ်ပလား (မှန်လှပါ) ပြေးမယ့် ပြေး လွတ်အောင်ပြေး (မှန်ပါ့)။

ပြန်တော့မလာခဲ့နဲ့ (မှန်ငါ ဘုရား) ပြန်လှည့် လာရင် နှစ်ထပ်တိုးနဲ့ကို ဒဏ်ပိမယ် (မှန်ပါ့) မတိုး ၊ ထိုက်ဘူးလား (တိုးထိုက်ပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့သည် ဝိပဿနာ သမ္မာဒိဋ္ဌိရောက်ပြီးသား ပုဂ္ဂိုလ်က မဂ္ဂသမ္မာဒိဋ္ဌိကို ရောက်အောင် သွားလိုက် (မှန်ပါ့ ဘုရား)။

ဟုတ်လား (မှန်လှပါ ဘုရား) အဲ့ဒီက ပြန်မလာ ခဲ့နဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိက နေပြန်ပြီး မလာခဲ့နဲ့ (တင်ပါ့)။

သားရေး၊ သမီးရေး၊ စီးပွားရေး ချောက်ထဲကို (တင်ပါ့) ပြန်လာလို့ရှိရင်ဖြင့် သေမင်းက ဖမ်းတော့မယ် (မှန်ပါ့ ဘုရား)။

ရောက်ခါနီးမှ ပြန်လာတာကိုး (တင်ပါ့) နဂိုတုံး က ရှာလာလို့ မတွေ့တဲ့ အခြေအနေမျိုး ရောက်နေတယ် (တင်ပါ့)။

ခုတော့ သူ မျက်စိလည် လမ်းမှားပြီး နောက်ဆုတ် လာပြန်တယ် (တင်ပါ့) ရိပ်မိပလား (တင်ပါ့)။

အဲ့တော့ သာဝတ္ထိနဲ့ တူတဲ့ နိဗ္ဗာန်ကြီး ရောက်သေးရဲ့ လား (မရောက်တော့ပါဘူး ဘုရား) အဲ့ဒီလို ပုဂ္ဂိုလ်လည်း ရှိသေးတယ်ကွ။ ဂနမောဂ္ဂလာဏ ပုဏ္ဏားရတဲ့ ဒီလို ပုဂ္ဂိုလ်တွေကလည်း ရှိသေးတယ်တဲ့ (တင်ပါ့ ဘုရား)။

ဪ ဟုတ်သားပဲဗျာ လမ်းပြပေမဲ့လည်း လမ်းကို နောက်ဆုတ် သွားတဲ့လူနဲ့ ရှေ့တိုး သွားတဲ့ လူနဲ့ဟာက အတော် ခြားနားပါလားလို့ သဘော ကျပလား (တင်ပါ့ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)

ဒါဖြင့် ဒကာ ဒကာမတွေက ခု ပထမ ဝိပဿနာ သမ္မာဒိဋ္ဌိကို ရောက်ပြီမို့လား (တင်ပါ့ ဘုရား)။

မဂ္ဂသမ္မာဒိဋ္ဌိဆိုတော့ အမြင်ငြိမ်း အနေအေး ရောက်အောင်ဟာ တစ်ဆင့် တက်လိုက်ရုံ ရှိတော့တာ (တင်ပါ့ ဘုရား) သိပ်ဝေးသလား (မဝေးပါဘူး ဘုရား)။

မဝေး ဘာလုပ် (ကြိုးစား ပြီးတော့သာ တက်မှာ ပါ ဘုရား) နောက်မဆုတ်ခဲ့နဲ့ (မဆုတ် တော့ပါဘူး ဘုရား)။

ဆုတ်ရင် ဖမ်းတော့မှာပဲ ဒီတစ်ခါ (တင်ပါ့ ဘုရား) အရင်လူတွေ မဟုတ်တော့ဘူး (မှန်လှပါ ဘုရား) ပြေးနေကျ ဆိုတာ သိနေပြီ (တင်ပါ့)။

မဂ္ဂသမ္မာဒိဋ္ဌိရောက်အောင် သွားဖြစ်အောင်သွားကြပါ

ပြေးနေကျ ဒီတစ်ခါ ဝင်လာလို့ ရှိရင်တော့ မြန်မြန် ချည်မှပဲ ဆိုပြီး သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေက ဝိုင်းချည် လိုက်လိမ့်မယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ပြောလိုက်တဲ့ တစ်နံပါတ် အချက်တွေမှာ အလွန် အရေး ကြီးတယ် (တင်ပါ့ ဘုရား)။

ဝိပဿနာ သမ္မာဒိဋ္ဌိရောက်တဲ့ ပုဂ္ဂိုလ်ဟာ မဂ္ဂသမ္မာဒိဋ္ဌိ ရောက်အောင်ဖြင့် သွားဖြစ်အောင် သွားလိုက်ကြပါ (ကောင်းပါတယ် ဘုရား)။

ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။

[1] [2]