117

[1] [2]

ဘုရားပြောသော စကားနှစ်ခွန်း

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားသော တရားတော်

“ဘုရားပြောသော စကားနှစ်ခွန်း”

(၂၅-၃-၆၀)

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောတဲ့စကားက၊ နှစ်ခွန်းပဲရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထား ကြပါ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပြောတဲ့ စကားနှစ်ခွန်းက အားလုံး ဒကာ ဒကာမတွေ မှတ်ထားကြပါ၊ ဘုရားပြောတဲ့ စကားဟာ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်။ သူတစ်ပါး ချစ်ချင်ချစ် မချစ်ချင်နေ ပြောမှာပဲ (မှန်ပါ့) မှန်တယ် အကျိုးရှိတယ် ဆိုလို့ရှိရင် သူတစ်ပါး မနှစ်သက်လဲ ပြောတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် (သူတစ်ပါး မနှစ်သက်လဲ ပြောတတ်ပါ ဘုရား) မနှစ်ကလဲ ပြောခဲ့ရပြီနော် (မှန်ပါ့) ဒါဟာ ဘုရားက ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် ဆိုရင် သူတပါး မနှစ်သက်လဲ ပြောရမှာပဲတဲ့ (မှန်ပါ့ ဘုရား)

နောက်တစ်ခွန်းက ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်၊ သူတပါးလဲ နှစ်သက်တယ်၊ အဲဒီစကားမျိုးကို ပြောရမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားပြောသော စကားနှစ်ခွန်း

ဒီတော့ ဘုရားပြောတဲ့ စကားက ဘယ်နှစ်ခွန်းပါလိမ့် (နှစ်ခွန်းပါ) ဒါ မြတ်စွာဘုရားသည် ဘုရားဖြစ်တဲ့ နေ့ကစပြီး ဒီနှစ်ခွန်းထက်ပိုပြီး မသုံးဘူးတဲ့ (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ် အကျိုးရှိတယ် ဆိုရင် သူတစ်ပါး မကြိုက်ပေမဲ့ ပြောလိမ့် မယ် (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးကလဲ ကြိုက်မယ်ဆိုရင်လဲ ပြောမှာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုရားကြိုက်တဲ့စကား ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)

၁ နံပါတ်က ဟုတ်တယ်၊ မှန်တယ်၊ သူတစ်ပါးကတော့ မကြိုက်ဘူး၊ ဒီစကားကိုလဲ ပြောရမှာပဲ (မှန်ပါ့) နောက်နံပါတ် ၂ နံပါတ်က ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိမယ်ဆိုရင် သူတစ်ပါးလဲ ကြိုက်တယ်၊ ဒီစကားကိုလဲ ပြောရမှာပဲ (မှန်ပါ့) ဒါဖြင့် ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိမယ် ဆိုရင် သူတစ်ပါး ကြိုက်လဲ ပြောမှာပဲ၊ မကြိုက်လဲ ပြောမှာပဲ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ၁ နံပါတ်စကားကို ပြန်ပြီး ရှင်းပြမယ်၊ ဘုရားက ကျုပ်တို့ အပေါ်မှာ မည်မျှလောက် အကျိုးစီးပွားကို အလိုရှိတယ်ဆိုတာ ယနေ့ တော့ဖြင့် ပေါ်တော့ မှာပဲ (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် သို့သော် သူတစ်ပါးကတော့ မကြိုက်ဘူး၊ သို့သော် ဆိုခွင့်ကာလက် ကြည့်ပြီး ပြောမှာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် ဆိုပေမယ့် ရမ်းတော့ မပြောဘူးပေါ့ ဗျာ (မှန်ပါ့) ဆိုခွင့်ကာလကို ကြည့်ပြီးတော့ ဆိုမှာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒုတိယစကား

နောက် ၂ နံပါတ်က ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် သူတစ်ပါးလဲ ကြိုက်တယ်၊ ပြောချင်သလို ပြောလိမ့်မယ်လို ဒီလို အောက်မေ့မနေနဲ့ဦးတဲ့၊ ဆိုခွင့်ကာလကို မလွန်စေမူ၍ ပြောလေ့ရှိတယ် (မှန်ပါ့)

၁ နံပါတ်က ဆိုခွင့်ကာလကို ကြည့်ပြီ ဆိုတယ်နော် (မှန်ပါ့) ၂ နံပါတ်က ဆိုခွင့်ကာလကို မလွန်မှု ၍ ပြောလေ့ရှိတယ် ဆိုတာကိုလဲ ဒကာ ဒကာမတွေ သေသေ ချာချာ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

ဒါဟာ ဘုရား ၄၅ ဝါကာလပတ်လုံး သီတင်းသုံးသွားတာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဖြည့် ဆည်းပူးလာတာ ဒီစကား နှစ်လုံးပဲ သုံးသွားတာပဲ (မှန်ပါ့ ဘုရား) ဒကာ၊ ဒကာမတွေ ၄၅ ဝါအတွင်းမှာ ဒီစကား နှစ်လုံးပဲနော် (မှန်ပါ့) လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့် ဆည်းပူးတာလဲ ဒီစကားနှစ်လုံး သုံးချင်လို့ မှတ်ရမှာပဲ (မှန်ပါ့ ဘုရား)။

ဦးခင်မောင် ဒီစကားကို ပြန်ရှင်းပြပါမယ်နော် (မှန်ပါ့) ဟုတ်လဲ ဟုတ်တယ်တဲ့၊ မှန်လဲ မှန်တယ်တဲ့၊ အကျိုးလဲရှိတယ်၊ သို့သော် ဒီစကားဟာ သူတစ်ပါးကတော့ မကြိုက်ဘူးတဲ့၊ မကြိုက်ပေမဲ့ ဆိုခွင့်ကာလကို ကြည့်ပြီး သကာလ ပြောဆိုရမှာ ပဲတဲ့ (မှန်ပါ့ ဘုရား) သဘောကျကြပလား (ကျသွားပါပြီ ဘုရား)။

လေးဘက်သွား ကလေးငယ်

လောကီဥပမာ ပြောမယ်တဲ့၊ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက (မှန်ပါ့) ဒကာ ဒကာမတစ်ယောက်မှာ ကလေး ငယ်ငယ် လေးဘက်သွားကလေးရှိတယ် (မှန်ပါ့) လေးဘက်သွား ဆိုတော့ ဝါးခြမ်းကလေးအစ၊ အိုးခြမ်းပဲ့ကလေးအစ ကလေး ဆိုတာ တွေ့ကရာကို ကောက်ပြီး စားတတ်တယ် (မှန်ပါ့) ကိုယ်ကမေ့နေလို့ ကလေးက စားတယ်၊ ကိုယ်ငှားထားတဲ့ အထိန်းက ပေါ့ဆနေတုန်း သူမျက်စိပြတ်သွားတုန်း ကလေးက ကိုက်စားတယ်။

အဲဒီတော့ ဒီဥစ္စာ ဒီကလေးကတော့ မသိလို့ စားတာပဲ။ မသိလို့ စားပြီး သကာလ နေငြား သော်လည်း အမေလုပ်တဲ့ ပုဂ္ဂိုလ်က တစ်ခါတည်း ဘယ်ဘက်လက်နဲ့ပွေ့ပြီး၊ ညာဘက် သွေးထွက်သည် ဖြစ်စေ၊ ကလေးအော်သည်ဖြစ်စေ၊ ငိုသည်ဖြစ်စေ ဆွဲထုတ်ရမယ် (မှန်ပါ့) ဘာဖြစ်လို့ ဆွဲထုတ်ရသတုန်း ဆိုလို့ရှိရင် သူ့ကို သနားလို့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်လို့ ဆွဲထုတ်ရသတုန်း (သူ့ကို သနားလို့ပါ ဘုရား) သူ့ကို သနားလို့ ဆွဲထုတ်ရတယ်၊ ကလေးကတော့ မသိရှာဘူး (မှန်ပါ့) သဘောကြပလား (ပါပြီ ဘုရား)။

အဲဒီလိုပဲ အဲဒီစကားမျိုးဟာလဲ ဟုတ်တယ်၊ မှန်တယ် အကျိုးရှိတယ်၊ သူများမကြိုက်ပေမဲ့ ငါပြောရလိမ့်မယ်လို့ သူတို့ကို သနားတဲ့အတွက် သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဪ မြတ်စွာဘုရားဟာ မဟာကရုဏာတော်ရှင်ပါကလား ဆိုတာ ခင်ဗျားတို့ သေသေချာချာ သိကြပါတော့ (မှန်ပါ့ ဘုရား)။

အခု ဒီကလေး ကလေးကို သူကတော့ မကြိုက်ဘူးပေါ့ဗျာ၊ မျိုထားတဲ့ တုတ်ချောင်းကလေး၊ အိုးခြမ်းပဲ့ကလေး ထွက်လာရန် လက်ညှိုး၊လက်မနဲ့ ကွေးကောက်ပြီး သကာလ သွေးထွက်သည့် တိုင် ဆွဲထုတ်ရမှာပဲ၊ ဒါဟာ အတွင်းထွက်သက် ဝင်သက် ပိတ်နေရင် သေမှာကိုးဗျ (မှန်ပါ့ ဘုရား) အဲဒီတော့ ဘယ်နဲ့ လုပ်ရမှာတုန်း အမေးထုတ်လို့ရှိရင် ငိုတာကို ငဲ့မနေနိုင်ဘူး၊ သွေးထွက်တာကိုလဲ မသနားနိုင်ဘူး၊ သေမှာလောက် မဆိုးလို့ ဒါကြောင့် ဆွဲထုတ်ရတယ်။

အဲဒီတော့ ဦးခင်မောင် ဒီဟာ လုပ်ထိုက်၊ မလုပ်ထိုက် ဗျာ (လုပ်ထိုက်ပါတယ် ဘုရား) ဘယ်နဲ့ကြောင့် လုပ်သတုန်းလို့ ဒကာ ဒကာမတွေ မေးလို့ရှိရင် သွေးထွက်တာ အရေးမကြီးဘူး (မှန်ပါ့) သေသွားမှာက(အရေးကြီးပါတယ်) အဲဒီတော့ အဲဒီအကျိုး ပျက်မှာစိုးလို့ သူမကြိုက်ပေမဲ့ ဒါဟာ အကျိုးရှိလို့ ပြောရမယ်၊ ဆိုရမယ်၊လုပ်ရမယ် (မှန်ပါ ဘုရား)။

၁ နံပါတ် အဖြေထွက်သွားပြီး ဦးခင်မောင် (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရော မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား) သူကတော့ မကြိုက်ဘူး၊ မကြိုက်ပေမဲ့ လုပ်ပါလိမ့်မယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ညှဉ်းဆဲချင်လို့လား သနားလွန်းလို့လား (သနားလွန်းလို့ပါ ဘုရား)။

ဒကာ ဒကာမတွေ ဒါဖြင့် ဘုရား တရားဟောတော်မူတာ အချို့မှာ ခေါင်းရှောင်ချင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ ဦးခင်မောင် ရှိတာပဲ (ရှိပါတယ်) ရှိပေမဲ့ ကိုယ်တော်မြတ်ကြီးက လျော့ခဲ့ရဲ့လား (မလျော့ပါ ဘုရား) မလျော့ဘူးတဲ့ သူဟာ အိုးခြမ်းတွေ တုတ်ချောင်းတွေ မျိုးနေတာနဲ့ ငါတော့ မရ,ရအောင် ဆွဲထုတ်မှာပဲ၊ သူသေမှာ ငါသနားတော်မူတယ်ဆိုပြီး အပါယ်သွားမှာ သနား လွန်းလို့ မရရအောင် ဟောတော့တာပဲ (မှန်ပါ့)။

မကြိုက်လဲ ဘုန်းကြီးက ဟောရမှာပဲ

တန်ခိုးနဲ့ရမှာဖြင့် တန်ခိုးပြပြီးဟောတယ်၊ အပြောသက် သက်နဲ့ရရင် အပြောသက်သက်နဲ့ ဟောတယ် ဦးဘတင် (မှန်ပါ့) မလုပ်ရပေဘူးလား (လုပ်ရပါတယ် ဘုရား) အဲဒါကြောင့် ဒကာ ဒကာမတွေ အခုဘုန်းကြီးတရားကို နာကြည့်တဲ့ ဒကာ၊ ဒကာမ တွေ အားလုံးပေါ့ ဗျာ၊ ခင်ဗျားတို့ ဒီတရားကလေး မကြိုက်ပါဘူး ဆိုလဲ ဘုန်းကြီးကတော့ ဟောမှာပဲ (မှန်ပါ့)။

ခင်ဗျားတို့က ကလေးမိုက် မိုက်နေတာ၊ မကြိုက်လဲ နာသာနာပါ၊ သားရေး၊ သမီးရေး၊ စီးပွားရေး တည်းဟူသော အာရုံတွေမြင်နေတာ ဘုန်းကြီးက ငါစွဲနဲ့သေသွားရင် အပါယ် ရောက်မှာ စိုးလို့ ဆွဲထုတ်နေတာ၊ ငါတို့နဲ့တော့ မတည့်ဘူး၊ မကိုက်ပါဘူး၊ ဘုန်းကြီးနေ့တိုင်း ဟောနေတာနဲ့လို့ ဒီလိုမလုပ် ကြပါနဲ့၊ ကိုယ်က ကလေးတွေလို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။

ဦးခင်မောင် ဘယ်လို မှတ်ရမယ် (ကလေးတွေလို့ မှတ်ရပါမယ် ဘုရား) ဘုန်းကြီးက ရုပ်နာမ် တရားတွေ ဟောနေ တယ်၊ ထွက်ရပ်လမ်းတရားတွေ ဟောနေတယ်၊ ဝဋ်သုံးပါးမှ ထွက်တဲ့တရားတွေ ဟောနေတယ်၊ ဒီအထဲက မကြိုက်ပါဘူး ဆိုလို့ရှိရင် သူဟာ ဝဋ်ထဲမှာ နေချင်သေးလို့ဆိုတဲ့ အဓိပ္ပါယ် ရောက်နေတယ် (မှန်ပါ့) အဲဒါ ဆွဲမထုတ်ရင် ဘယ်နဲ့လုပ် မလဲ (ဝဋ်သုံးပါး လည်ချင်လို့ပါ ဘုရား)။

ဝဋ်သုံးပါးဆိုတော့ ဒါက အပြောသာယဉ်တာ၊ ဒကာ ဒကာမတို့၊ ဝဲထဲလှည့်ပြီး မြုပ်သွားပြီး၊ ငါး လိပ် မကားရ်တို့၏ အစာဖြစ်ပြီး သေခြင်းဆိုး၊ နေခြင်းဆိုးဖြစ်တာ (မှန်ပါ့) ဘာမှ လွမ်းစရာ မရှိဘူး သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ကိုင်း -ဒါဖြင့် ၁ နံပါတ်ကအဖြေ ဒကာ ဒကာမတို့ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ငြား သော်လဲ ပြောဆိုလေ့ လုပ်ကိုင်ပေးလေ့ရှိတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း ဆိုတော့ ကလေးသူငယ်ဆိုတာ ဘာမှမသိသေးလို့ လေးဘက်သွား ကလေးတွေဟာ အိုးခြမ်းပဲ့ ကလေးလဲ ကောက်ယူ လိုက်တာပဲ၊ ကောက်စားလိုက်တာပဲ၊ တုတ်ချောင်းကလေးတွေ တွေ့လဲ ကောက်ပြီးစားလိုက်တာပဲ၊ ဒီတော့ အမေမိဘတွေက ဒီလို ကြည့်နေတော့မလား၊ ဒီကလေးကို (မကြည့်ပါ ဘုရား)။

ကလေးက မိုက်လို့ မျိုထားတာမို့ သူလိုချင်တာသာ ရှိတာပဲ၊ သူသေမှာတော့ သူ မသိဘူး (မသိပါ ဘုရား) အဲဒီတော့ သူ့ အဖေ အမေလုပ်တဲ့ ပုဂ္ဂိုလ်က ကရုဏာရှေ့ထားပြီး သူက မကြိုက်လို့ ငိုရင်ငို ဟုတ်လား (မှန်ပါ့) ပါးစပ်ထဲက သွေးတွေ ထွက်ထွက် ဦးခင်မောင် ဆွဲထုတ် (မှန်ပါ့) မထုတ်ရပေဘူးလား (ထုတ်ရပါတယ် ဘုရား) သေချာကြပလား (သေချာ ပါပြီ ဘုရား)။

ဒါဖြင့် သူတစ်ပါး မကြိုက်ပေမဲ့ ပြောလိမ့်မယ်ဆိုတဲ့ စကားဟာ ဘယ်နဲ့တုန်း ပြေပလား (ပြေပါပြီ ဘုရား) ဦးတို့ မြတ်စွာဘုရားဟာ သိပ်ကျေးဇူးတင်စရာကောင်းတဲ့ ကိုယ်တော် ကြီးပါလားဆိုတာ သေသေချာချာ ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။

၁ နံပါတ် အဖြေထွက်သွားပြီ (မှန်ပါ့) ပြီးတော့ ဝတ္ထု ထုတ်လာပါလိမ့်မယ် (မှန်ပါ့) ၂ နံပါတ်ကတော့ ဘာပါလိမ့် ဒကာ ဒကာမတို့ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် သူတစ်ပါးလဲ ကြိုက်တယ် (မှန်ပါ့) ဒါလဲ ဆိုခွင့်ကာလ မလွန်မူ၍ ဆိုပါတယ် (မှန်ပါ့)။

ဆိုခွင့်ကာလကို လွန်သွားပြန်လို့ရှိရင်လဲ ဒကာ ဒကာမတို့ အရွယ်သုံးပါးမှာ ပထမ ဤအရွယ်မှာ သောတာပန်တည်ဖို့ကို ဘုရားကတော့ ကြိုက်တယ်၊ အဲဒီအချိန် လွန်သွားလို့ရှိရင်လဲ အရွယ်လွန် လို့ရှိရင်လဲ အရွယ်ကလွန်သွားလို့ ရမှာမဟုတ်လို့ အချိန်မှီသွားပြီး ပြောလိုက်ရတဲ့အခါလဲ ပါသေးတယ် (မှန်ပါ့) ခပ်ဖြေးဖြေး အချိန်ဆွဲလို့ မရတဲ့အချိန်မျိုး (မှန်ပါ့)။

ပုက္ကုသာတိမင်း

ပုက္ကုသာတိမင်းတို့ကျတော့ ဒီနေ့ တရားနာချင်နာ၊ မနာမိ ရင်လဲ နက်ဖြန် သေတော့မှာ မျိုးကျတော့ တရားဟောတာ ကိုလဲ သူ ကြိုက်ပါတယ်၊ အချိန်က နောက်ကျမှစိုးလို့ ဦးဘတင် မြန်မြန် ကြွသွားရတယ်၊ သူတစ်ပါးလဲ တရားဟော ကို ကြိုက်တယ် ဒါပေမဲ့ အချိန်မီအောင် မြန်မြန်သွားရသေး တယ် (မှန်ပါ့)။

ဗာဟိယဒါရုစိရိယ

ဦးခင်မောင် ဒါကတစ်မျိုးပါလား (မှန်ပါ့) တရားလဲ ကြိုက်ပါတယ်၊ အချို့မကြိုက်ပေမယ့်လဲ အသေက စောသွားမှာ စိုးလို့ အခု နာရင်နာ သူကနက်ဖြန် သေမည့်ကံက ပါလာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဗာဟိယဒါရုစိရိယတို့ဆို ရင် အခုဒီဘက်အနားမှာ တရားဟောလိုက်လို့ ရဟန္တာဖြစ်သွားတာ ဟိုဘက်နားကျတော့ နွားဝှေ့သေမှာ (မှန်ပါ့)။

အဲဒါကျတော့ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် ဟို ပုဂ္ဂိုလ်ကလဲ ဟောတော်မူပါဆိုတာ တောင်းပန်လို့ ကြိုက်ပါ တယ် (မှန်ပါ့) ကြိုက်ပင် ကြိုက်ငြားသော်လဲ အချိန်ဆွဲလိုက်ရင် ဘာဖြစ်မလဲ (နွားဝှေ့သေမှာပါ ဘုရား) နွားဝှေ့သေမယ်ဆိုတော့ မဂ်ဖိုလ်မှ ဆုံးရှုံးခြင်းဖြစ်ရတယ် (မှန်ပါ့)

အဲဒါကျတော့ ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်ဆိုတာကို မလွန်စေမူ၍ ဟောရ ပြန်တယ် (မှန်ပါ့ ဘုရား) ဦးခင်မောင် သူ့အ သဘောပါ ပလား (ပါ,ပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဒါဟာ ကြားရတဲ့ စကား နှစ်ခွန်းနော် (မှန်ပါ့) အင်မတန် ကြားရခဲတဲ့ စကားနှစ်ခွန်းလို့ မှတ်ထားကြ၊ ခင်ဗျားတို့ ဘုရားဟာ စကားအများကြီး ပြောနေ တယ်လို့ ထင်နေကြလိမ့်မယ် (မှန်ပါ့) ဘုရားစကားအများကြီး မပြောပါဘူး၊ ဒီနှစ်ခွန်းပဲ ပြောနေတာပဲ (မှန်ပါ့) ဟုတ်တယ် မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တော့ကြိုက်တယ်၊ ကြိုက်ပေမယ့် အချိန် မလွန်အောင် မြန်မြန် ပြောလေ့ရှိတယ် (မှန်ပါ့ ဘုရား)။

အာဠာရ ရသေ့၊ ဥဒက ရသေ့

ဒကာ ဒကာမတို့ မပြောလို့ရှိရင် ဘယ်လိုထင်ကြသတုန်း (အသေစောသွားပါလိမ့်မယ် ဘုရား) အသေစောသွားလို့ရှိရင် သူ့ခင်မျာ မနေ့က ပြောခဲ့တဲ့ အာဠာရ၊ ဥဒကတို့လို ခုနှစ်ရက် နောက်ကျ သွားတာနဲ့ ဗြဟ္မာပြည်မှာ ကမ္ဘာပေါင်းများစွာ နေကြမှာ (မှန်ပါ)။

မမှီလိုက်လို့ပေါ့ဗျာ (မှန်ပါ့) ဘုရားဖြစ်တာက နောက်ကျ၊ သူတို့က အသေစောသွားနှင့်တယ်၊ သစ္စာတရား ဟောလိုက်ရလို့ ချက်ခြင်းကျွတ်မည့်ပုဂ္ဂိုလ်၊ ချက်ခြင်း နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ပင် လျှင် ကာလ လွန်သွားတော့ ဦးခင်မောင်တို့၊ ဦးဘတင်တို့ တယ်နဲ့တုန်း မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီစကား နှစ်ခွန်းကို အခု ဘုန်းကြီးဟောနေတဲ့ တရားမျိုးကို တော်ရုံတန်ရုံ နားမကြိုက်ဘူးဆိုတာ ဘုန်းကြီးသိပါတယ်၊ တော်တော့ နားများ မကြိုက်နိုင်ဘူး (မှန်ပါ့) တော်ရုံတန်ရုံနားက ဘယ်ကြိုက်နိုင်ပါ့ မလဲ ဒကာ ဒကာမတို့ ရွှေပင်၊ ငွေပင်ပေါက်လာတယ်၊ ရွှေတောင် ငွေတောင် ပေါက်လာတယ်ဆိုမှ ဦးဘတင်ကြိုက်မှာ (မှန်ပါ့) တဏှာနားနဲ့ ထောင်တာကိုး (မှန်ပါ့ ဘုရား)။

အဲဒါမျိုးကြိုက်တော့ ဦးခင်မောင် ရွှေတောင် ငွေတောင် နားနဲ့ တော်တော်ကြာလို့ရှိရင် ဦးခင်မောင် ကိုယ့်ရွှေနဲ့ ကိုယ့်ငွေနဲ့ ပြိတ္တာဖြစ်တဲ့ဥစ္စာ များနေတယ်နော် (မှန်ပါ့) မများပေ ဘူးလား (များပါတယ် ဘုရား)။

အဲဒါ ဟောလိုက်လို့ရှိရင် ခင်ဗျားတို့ စိတ်ထားတတ်ရင် တော်ပါရဲ့၊ မတော်ရင် ပြိတ္တာဘက် သွားလိမ့်မယ် (မှန်ပါ) မသွားရပေဘူးလား (သွားပါတယ်) အင်မတန် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ လောကကြီးထဲမှာဖြင့် အကုန်ပျက်တတ်တဲ့ တရားကြီးပဲလို့ ဘုန်းကြီးတို့က ဘုရားဟော ဒေသနာတော်အတိုင်း ပြောပါတယ်(မှန်ပါ့)

“သဗ္ဗေသင်္ခါရာ အနိစ္စာ၊

သဗ္ဗေသင်္ခါရာ ဒုက္ခာ၊

သဗ္ဗေဓမ္မာ အနတ္တာ” ဆိုတော့ ရွှေသံ ငွေသံမပါနိုင်တော့ဘူး ဦးခင်မောင်(မှန်ပါ့) ပါနိုင်သေး ရဲ့လား (မပါနိုင်ပါ ဘုရား) ပါရင်ဘာဖြစ်မယ် ထင်သတုန်း ရွှေတောင် ငွေတောင်ပိပြီး သေကျေရဲ့ (မှန်ပါ့) မဆိုထိုက် ဘူးလား(ဆိုထိုက်ပါတယ် ဘုရား)။

မကြိုက်ပေမယ့် ပေပြီးနာကြ

အဲဒါကြောင့် မကြိုက်ပေမယ့် ပေပြီးနာကြ(မှန်ပါ့) မကြိုက်တာက ဘာဖြစ်လို့လဲ ကလေးစိတ် ရှိလို့ မကြိုက်တာ မှတ်လို့ (မှန်ပါ့) ဘယ်လိုမှတ်ကြမလဲ (ကလေးစိတ်ရှိလို့ မကြိုက်တာပါ) ကြာတော့ ဆက်ပြီး နာပြန်တော့လဲ လူကြီးစိတ် ပေါ်လာလိမ့်မယ် (မှန်ပါ့) လူကြီးစိတ် ပေါက်လာတဲ့အခါ ကျတော့လဲ အို ဒါမှတရားစစ် တရားမှန်ပါလားဆိုပြီး ဦးခင်မောင် ဆက်သာနာလာချင်တယ် (မှန်ပါ့)

ကလေးစိတ်နဲ့ နာမယ်ဆိုလို့ရှိရင် ဘာများပြောနေပါလိမ့်မလဲ၊ တော်တော်ကြာလဲ၊ အို၊ နာ၊ သေ တော်တော်ကြာကျလဲ အို၊ နာ၊ သေ ဒါတွေ ချည်းပဲ လာနေတော့ ဘုန်းကြီး ဘယ်နဲ့များ ဖြစ်တယ်လို့ မပြောတတ်ပါဘူးလို့ ပြောချင်လဲ ပြောကြမယ် (မှန်ပါ့ ဘုရား)။

နို့ သူ့ဟာက အသေလွတ်မှာလားလို့မေးတော့ ဦးဝတို့က ဘယ့်နဲ့ဖြေကြမလဲ (မလွတ်ပါ ဘုရား) မလွတ်ပေမယ့် သူက မကြားချင်ဘူး၊ မကြားချင်ပေမယ့် ရှိနေတယ်လို့ မကြားချင် ပေမယ့်လဲ မတတ်နိုင်ဘူး၊ ခင်ဗျားတို့ လိုချင်တဲ့ ပစ္စည်းပြည့်စုံတယ် ဆိုတဲ့ ဘဝမှာလဲ ဒီဥစ္စာ အကုန်ပါပြီးသားပဲ၊ အို၊ နာ၊ သေ နဲ့ဇာတ်သိမ်းရမှာပဲ (မှန်ပါ့) ဒါဟောရမှာပဲ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော် ကြီးကို တချို့နေရာမှာပဲ တဲ့တိုက်ပြီး သကာလ နေတဲ့ အထဲကို တိုးရရှာတယ်လို့ ဦးဝတို့ မှတ်ရလိမ့်မယ် (မှန်ပါ့) ဘာဖြစ်လို့ သူတို့ ဒီလောက်တောင် ဖြစ်ရတာတုန်း၊ ကလေးစိတ် ရှိနေ လို့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် ကလေးစိတ် ရှိနေလို့ပါ ဘုရား) ကလေးတွေလိုပဲ ထင်းတုတ်ချောင်းနဲ့ အိုးခြမ်းပဲ့တို့ ကို မျိုနေကြတယ်၊ ဒီတော့ သူတို့ဟာ သူတို့မကြိုက်၊ မကြိုက်တာကို အရေးမစိုက် နိုင်ပါဘူး ဦးခင်မောင် ဆွဲထုတ်ရမှာပဲ (မှန်ပါ့) ဆွဲထုတ်လို့ငိုတာ ကလေးပဲ ငိုမယ် (မှန်ပါ့) ဒီအိုခြမ်းပဲ့နဲ့ တုတ် ချောင်းက လည်ပင်းမှာ ကန့်လန့်ကြီးဖြစ်ပြီး သေချင်းဆိုး သေတာနဲ့စာလို့ရှိရင် ငိုတာ ဘာမှ အရေးမကြီးဘူး (မကြီးပါ ဘုရား)။

သစ္စာတရား၊ နာဖြစ်အောင် နာကြပါ

အဲဒါကြောင့် ခင်ဗျားတို့ မကြိုက်ပေမယ့် ဒီမှာခန္ဓာနဲ့ နီးစပ်တဲ့တရား၊ သစ္စာနဲ့ နီးစပ်တဲ့တရား ဟောလို့ ရှိရင် နာသာ နာကြပါ (မှန်ပါ့) နာသာနာကြပါ၊ မနာရင် မဖြစ်ဘူးနော် (မှန်ပါ့) ဒါမှ မနာလို့ ရှိရင်လဲ ခင်ဗျားတို့ အိုးခြမ်းပဲ့မျိုပြီး သေခြင်းဆိုး သေသလိုဖြစ်မှာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိပ်စိုးရိမ်တော်မူတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး စကား ဘယ်နှစ်မျိုး သုံးလေ့ရှိပါလိမ့် (နှစ်မျိုးပါ ဘုရား) ၄၅ ဝါ အတွင်းမှာ စကားတွေတော့ ဟောတာ အများကြီးပါပဲ၊ သို့သော် လိုရင်း ချုပ်လိုက်တဲ့ အခါမှာ နှစ်မျိုးပဲရှိတယ်၊ ၁ နံပါတ်က ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး၊ မကြိုက်ပေမယ့် ဟောတယ် (မှန်ပါ့) ဦးခင်မောင် ဒီတရားမျိုးက တစ်မျိုးရှိတယ် (မှန်လှပါ ဘုရား)။

၂ နံပါတ်ကတော့ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးလဲ ကြိုက်တယ် (မှန်ပါ့) ကြိုက်ပေမယ့်လဲ အချိန်ကို မလွန်စေမူ၍ လုပ်ကြရလိမ့်မယ် (မှန်ပါ့) ခင်ဗျားတို့ကလည်း ဒီတရားကို ကြိုက်မှန်း ဘုန်းကြီးသိပြီ၊ အချိန်မလွန်စေနဲ့နော် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုမှာပါလိမ့် (အချိန်မလွန်စေနဲ့) အချိန်မလွန်စေနဲ့လို့ လေးလေး နက်နက် မှာလိုက်တယ် (မှန်ပါ့) အချိန်တွေက ခင်ဗျားတို့ တစ်နေ့တခြား ဉာဏ်တုန်း ကံတုန်းမည့် အချိန်တွေက သေချာတယ် (မှန်ပါ့ ဘုရား)။

ကံမွဲ ဉာဏ်မွဲတဲ့ အချိန်တွေက (သေချာပါတယ် ဘုရား) ကံမွဲဆိုတာ ဦးခင်မောင် မျက်မှန် စွပ်ရတာသာ ကြည့်ပေတော့ (မှန်ပါ့ ဘုရား) မျက်မှန်စွပ်ရတဲ့ မျက်စိဟာ ကံကြောင့်ဖြစ်တဲ့ မျက်လုံးကိုးဗျ (မှန်ပါ့) အဲဒီမှာ သူ့ကို အားပြုနေရတယ်ဆိုတော့ ကံမွဲလို့ပေါ့ ဗျ (မှန်ပါ့) ကံမွဲလို့ရှိရင် ဉာဏ်ကလဲ (မွဲမှာပါ ဘုရား)။

အဲဒီတော့ ကံမွဲ ဉာဏ်မွဲကျမှ ဘုန်းကြီးတို့က ဖြစ်နိုင်ခဲတဲ့ သစ္စာတရား၊ “နိဿတ္တနိဇ္ဇီဝ’ဆိုတဲ့ တရားကို ဟောမယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ သိပ်ပြီး လက်မခံနိုင်ကြတော့ဘူး (မှန်ပါ့) အဲဒါမျိုးကျတော့လဲ အလျင်အမြန် ပြေးလိုက် ရတယ် (မှန်ပါ့) ကြိုက်တော့ ကြိုက်မှန်းသိတယ်၊ ကပျာကယာ လုပ်လိုက်ရတဲ့ နေရာပါသေးတယ် (မှန်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ အခု ရုပ်နာမ်တရားတွေကို ဟောလိမ့်မယ်၊ ဟုတ် မှန် အကျိုးရှိတာလဲ သေချာတယ်နော် (မှန်ပါ့) ဒီအထဲမှာ ကြိုက်တဲ့ပုဂ္ဂိုလ်လဲ ပါတယ် (မှန်ပါ့) တစ်ချို့က အခုလာပြီး သကာလ နာကြတော့ တချို့ကဘာတွေများ ပြောနေတာလဲဆိုတာ ဦးခင်မောင် ပါချင်ပါမယ်နော် (မှန်ပါ့ ဘုရား)။

အဲဒါတွေ ကြိုက်ချင်မှ ကြိုက်တဲ့ပုဂ္ဂိုလ်ကလဲ လာနိုင်တုန်းကို မြန်မြန်ခင်ဗျားတို့ အသေမဦးခင် ဖြစ်ပျက်မြင်ပြီး သကာလ မြန်မြန်ဆုံးအောင် လုပ်ကြ (မှန်ပါ့ ဘုရား) ဘုန်းကြီးကဖြင့် ဘုရား သုံးစွဲတဲ့ နှစ်ခွန်းကိုပဲ နာရီတွေများစွာ ပြောနေငြား သော်လည်း ဒီနှစ်ခွန်း ဟောနေမှာပဲ ဆိုတာတော့ ဦးတို့ မှန်မိရုံပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကြိုက်လဲ နာပါ မကြိုက်လဲ နာပါ

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကြိုက်လဲနာပေါ့ဗျာ မကြိုက်လဲ (နာရမှာပါ ဘုရား) မကြိုက်ရင်လဲ ကလေးစိတ်ရှိသေး လို့ (မှန်ပါ့) ကြိုက်တဲ့ပုဂ္ဂိုလ်က အချိန်ရှိတုန်း ကိုယ့်ကိုယ်ငဲ့ပြီး နာလိုက် (မှန်ပါ့ ဘုရား)။

မကြိုက်တဲ့ပုဂ္ဂိုလ်က ကလေးစိတ်ရှိနေသေးတော့ သော် ငါမိုက်နေတာ ဒီဥစ္စာကို အရယူ လိုက်မှပဲဆိုပြီး သကာလ ပိုပြီး နာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးခင်မောင် ဒီအတိုင်းလုပ်ရမှာနော် (မှန်ပါ) နို့ အခု ပြောလာတာ ဦးဝတို့၊ ဦးဘတင်တို့ ဒီစကား နှစ်လုံးဟာ လွတ်လို့ကို မဖြစ်ဘူး (မှန်ပါ့) အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ၄၅ ဝါကာလပတ်လုံး ဟောသွားတဲ့ စကားဟာ ဘယ်နှစ်လုံးပါလိမ့် (နှစ်လုံးပါ ဘုရား) ဒါပဲ ဒီနှစ်လုံးပဲ ဟောသွားတာပဲ ဦးခင်မောင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ တစ်ချို့နေရာများမှာ ဘုရားသွား တရား ဟောတော့ တစ်ရွာလုံး၊ တစ်မြို့လုံးနဲ့ ရန်ဖြစ်ရသလိုပဲ(မှန်ပါ့) ဘုရားက အနိစ္စ၊ သူတို့က နိစ္စ (မှန်ပါ့) သူတို့က သူတို့ စည်းစိမ်ကို သုခ ထင်တယ်၊ ဘုရားက ဒုက္ခလို့ ဟောတယ်၊ သူတို့က သူတို့ စည်းစိမ်ကို အတ္တ၊ အတ္တနိယ၊ ငါပိုင်တယ် ထင်နေတယ်၊ဘုရားက အနတ္တဆိုတော့ ကြိုက်ပါ့မလား (မကြိုက် ပါ ဘုရား)။

မကြိုက်ပေမယ့် ကရုဏာတော် ရှေးရှုတဲ့ ပုဂ္ဂိုလ်ကြီးမို့ ဦးခင်မောင် ပင်ပန်းခံပြီး ဟောတော်မူရှာတယ် (မှန်ပါ့) ဟော လို့လဲ နှစ်ဆယ့်လေးသင်္ချေ ကုဋေရှစ်ဆယ်၊ ဗိုလ်ချေတစ်သိန်း ကျွတ်တန်းဝင်လာတာ (မှန်ပါ့) အဲဒီအထဲမှာ မူလကြိုက်လို့ ပါသွားတဲ့ပုဂ္ဂိုလ် နည်းပါးလိမ့်မယ်၊ မူလ မကြိုက်ပဲနဲ့ ပါသွား တာတွေများပါလိမ့်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ပါရမီရှိတဲ့ ပုဂ္ဂိုလ်နဲ့ ပါရမီ မရှိတဲ့ပုဂ္ဂိုလ်ဟာ မကြိုက်တဲ့ပုဂ္ဂိုလ်ဟာ ဦးဘတင် ပါရမီကို နည်းသေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သူသာကြိုက်နေတယ် သူ့ကို အချိန် ဆွဲဆိုင်းလိုက်လို့ရှိရင်လဲ အသေဦးသွားပါက သူ ဒုက္ခဖြစ်သွားမယ် (မှန်ပါ့)

အရွယ်သုံးပါး မှာ ပထမအရွယ်မှာ ရဟန္တာဖြစ်ရမှာ၊ ဒုတိယအရွယ် တတိယလား (နစ်နာပါတယ်) သို့မဟုတ် တတိယအရွယ်မှ သောတာ ပန်လောက် တည်မယ်ဆိုတော့ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) စတုတ္ထအရွယ်ကျတော့ ဘာမှမဖြစ်တော့ဘူးဆိုတော့ ဆုံးရော(မှန်ပါ့) အင်မတန် နစ်နာမနေဘူးလား (နစ်နာပါတယ် ဘုရား)။

သူ့ဘက်ကျတော့ ဉာဏ်ရင့်အောင် စောင့်ရတယ်

အဲဒါကြောင့် ဒကာ ဒကာမတို့ကြိုက်တဲ့ ပုဂ္ဂိုလ်အတွက်မှာ လဲ အချိန်ဘယ့်နဲတုန်း(မလွန်စေရပါ ဘုရား) အချိန်ကို မလွန်စေ ၍ ဟောရတယ် (မှန်ပါ) မကြိုက်တဲ့ ပုဂ္ဂိုလ်ကျပြန်တော့ အခါ ကာလ ကြည့်ပြီး အခါခပ်ငံ့ငံ့ လုပ်နေတယ် အချိန်ကျအောင် ဆိုင်းထားလိုက်မယ်ဆိုပြီး “ဥပကကြီး”တို့ ကျတော့ ဆိုင်းထာ လိုက်တယ် (မှန်ပါ့ ဘုရား)။

သို့သော် မသေသေးဘူးဆိုတာ သိလို့ (မှန်ပါ့) ဒီလို ပုဂ္ဂိုလ်ကျတော့ ခပ်ဆိုင်းဆိုင်းနဲ့ ဉာဏ်ရင့်အောင် စောင့်တော် မူလိုက်တယ် (မှန်ပါ့) လွန်ခဲ့တဲ့ ၃၊၄ ရက်လောက်က ဟောခဲ့တဲ့ သူ့ဘက်ကျတော့လဲ ဉာဏ်ရင့်အောင် စောင့်ရသေးတယ် နောက်ဆုံးကျအောင် စောင့်ရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီစကားနှစ်ခွန်းကို နားလည်ထာ တော့ မြတ်စွာဘုရား ကရုဏာ တော်တွေ၊ ဉာဏ်တော်တွေ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ပေါ်လာတော့မှာ။

ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တ

ဪ တကယ့်ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တဆိုတာ ဟုတ်လိုက်လေခြင်း ဆိုတော့မှ ခင်ဗျားတို့ ဘုရားကို သိတာ (မှန်ပါ့) “ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ’’ ဆိုတာ ဒီကျမှ ပေါ်လာတာ (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒါဟာ မိဘရိုးရာ ဘုရားရှိခိုး ဟုတ်သေးရဲ့လား ဒီစကား နှစ်ခွန်းကို ကြည့်ပြီး သကာလ နားလည်ပြီးတော့ ဘုရားရှိခိုးလိုက်ရာ တကယ့်ကျေးဇူးတော် ရင်ပါကလား၊ တကယ့်ကရုဏာတော်ရင်ပါလား၊ တကယ့်ကို တို့ပူဇော်ထိုက်၊ ပသထိုက်ပါသလား ဆိုတဲ့ဥစ္စာ ဒီစကားနှစ်ခွန်းကို ကြားရတော့မှ ဘုရားကိုတယ်ပြီး ကျေးဇူးတင်သကိုးဗျ (မှန်ပါ့) မတင်ဘူးလား (တင်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ တရားသိမှတဲ့ (ဘုရားသိပါ တယ်) တရားသိတယ်ဆိုတာ ကောင်းကောင်း ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ “ဝိပဿနာ ရှုရမှာများ” ခင်ဗျားတို့ တော်တော်ပျင်းစရာ ကောင်းတဲ့ အလုပ်နော်လို့ ထင်နေ ကြတာ (မှန်ပါ့) ဝိပဿနာ မရှုချင်ကြဘူး၊ ခင်ဗျားတို့က ဟင်းကောင်းကောင်း၊ ထမင်းကောင်းကောင်း၊ ဓာတ်ရှင်ကောင်းကောင်း နောက်ကို လိုက်ကြည့် ချင်နေတယ် (မှန်ပါ့)

ထိုကျေးဇူး မရှိတဲ့လမ်းကိုဖြင့် သွက်လိုက်တဲ့ဖြစ်ခြင်း မပြောနဲ့ တော့ မဟုတ် ဘူးလား (မှန်ပါ့) မကောင်းတာဖြင့် သွက်တဲ့ဖြစ်ခြင်း မပြောနဲ့တော့ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အသေကောင်း အကောင်းဆိုတဲ့ ချမ်းသာ အစအစရမည့် နေရာကျလို့ရှိရင်ဖြင့် ခပ်ပျင်းပျင်းနဲ့ ဟုတ်လား အချိန်ဆွဲဆွဲနဲ့ပဲ ဒီလိုကော မများကြဘူးလား (များပါတယ် ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကိုယ်ကတော့ဖြင့် ပျင်းပျင်း နေငြားသော်လဲ ကပျာကယာကြွပြီး အချိန်မှီလုပ်ရတဲ့ နေရာမျိုးလဲ မနည်းလှ ဘူးပေါ့ဗျာ (မှန်ပါ့) တချို့မကြိုက်ပေမယ့်လဲ နောက်ကျေးဇူး များပါလိမ့်မယ်ဆိုပြီး ဟောနေရတဲ့ စကားလုံးတွေလဲ ဦးဘတင် နည်းပါ့မလား (မနည်းပါဘူး ဘုရား)။

ဥပကကြီးကျတော့ အချိန်ဆိုင်းရတယ်

မနည်းဘူးနော် “ဥပကကြီးတို့ကျတော့’’ နာမည်မှတ်ထားပါ ဆိုတော့ ကိုယ့်တော်နာမည် ဘယ်သူတုန်း “အနန္တ ဇိန’’ ဆိုပြီး ဒီအနန္တ ဇိန နာမည်မေးပြီး လိုက်လာမှာ မြင်တော်မူလို့ နာမည် ပြောပစ်ခဲ့ရတယ် (မှန်ပါ့) ဒီပုဂ္ဂိုလ်ဟာ သူ့ကို ဘယ်လိုချွတ်ချွတ် အချိန်ဆိုင်းရလိမ့်ဦးမယ်ဆိုတာ မသိဘူးလား (သိပါတယ်) အဲဒီတော့ ဆိုခွင့်ကာလကိုကြည့်ပြီးမှ ဆိုရတဲ့ နေရာဌာနလဲ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏စကား သည် ဆိုခွင့်ကာလကို မလွန်စေမူ၍ ပြောဆိုရတဲ့ စကားလဲရှိတယ်၊ ဆိုခွင့်ကာလကိုကြည့်ပြီးမှ ဆိုရတဲ့ စကားရှိတယ် (မှန်ပါ့) အဟုတ် ဆိုလိုက်ရင် ရန်လုပ်နေမှာကလဲ ပါလာသေးတယ် (မှန်ပါ)။

အဲဒီ ရန်လုပ်နေတော့လဲ အတုမရှိတဲ့ ပုဂ္ဂိုလ်ကြီးကို ရန်ပြုကြ ပြန်တော့လဲ တရားဟော လိုက်တာနဲ့ သူအပါယ်ကျသွားမှာလဲ စိုးရသေးတယ် (မှန်ပါ့) အဲဒါမျိုးကျတော့ ဦးဘတင် ဆိုခွင့် ကာလကြည့်ပြီးတော့ ဘာတုန်း (ဆိုရပါတယ် ဘုရား)။

အချို့ပုဂ္ဂိုလ်များကျတော့ ဆိုခွင့်ကာလကို လွန်မှာဆိုတာနဲ့ စကားဆိုလိုက်ရပြန်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ် ဘယ်အထဲက ဆိုတာသာ ဝေဖန်ကြပေတော့နော် ဦးဘတင်တို့၊ ဦးခင်မောင်တို့ ကိုယ့်ဟာကိုယ်ဝေဖန်တော့ ပေါ်တော့လာပြီ (မှန်ပါ့) ဆိုခွင့် ကာလကို ကြည့်ပြီး ဆိုရမှာပဲလား ဆိုခွင့်ကာလကို မလွန်မူ၍ ဆိုရမှာပဲဆိုတာသာ ကြည့်ပေတော့ (မှန်ပါ့ ဘုရား) ရိပ်မိ ကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒီအထဲမှာ တပည့်တော်တို့ ပထမအမျိုးနဲ့တော့ဖြင့် မပါဘူးလို့ပဲ ထားပါတော့ဗျာ (မှန်ပါ့) ဒုတိယအမျိုးထဲမှာ ပါနေရလိမ့်မယ် (မှန်ပါ့) ဆိုခွင့်ကာလကို မလွန်အောင်ပဲ ခင်ဗျားတို့ မြန်မြန် လုပ်ရလိမ့်မယ် (မှန်ပါ့) ကိုမြရွှေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့မှာ ထောင်ထဲမှာ နေတဲ့ပုဂ္ဂိုလ်များ လည်ပင်းမှာ သံကွင်းနဲ့၊ သံကွင်းမှာလဲ တံဆိပ်ပြား ကြီးနဲ့က ပါလိုက်သေးတယ် ဘယ်နှစ်နှစ်ဆိုတာ ဦးခင်မောင် (မှန်ပါ့) အဲဒါ ဘယ်နှစ်နှစ်ဆိုတဲ့ ဥစ္စာ ပါနေတယ်၊ ကျုပ်တို့မှာ လဲ ပဋိသန္ဓေနေကတည်းက ဘယ်နေ့ဘယ်ရက် သေရလိမ့်မယ် ဆိုတဲ့ တံဆိပ်က ပါပြီးသား ကျုပ်တို့လည်ပင်းမှာ (ပါ ပြီးသားပါ ဘုရား)။

အဲဒီတော့ ဒီကာလကလေးကို မလွန်စေမူ၍ ဒကာ၊ ဒကာမတို့ ရအောင် ယူကြရလိမ့်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အချိန်ကာလကို မလွန်စေနဲ့နော် (မှန်ပါ့ ဘုရား)။

အချိန်မလွန်သေးဘူး ကျွတ်နိုင်သေးတယ်

ကိုင်း ဒါဖြင့် အချိန်ကာလကို မလွန်မှ နေရာကျမယ်ဆို တာ တစ်ချို့ ဒကာ ဒကာမတွေများ နောက်ပိုင်း တော်တော် ကျသွားပြီ (မှန်ပါ့) မကျကြဘူးလား (ကျပါတယ် ဘုရား) သို့သော် အားမလျော့နဲ့၊ အားမလျော့နဲ့လို့ ပြောတာက တခြား မဟုတ်ပါဘူး၊ သော် သူတို့သည်ကားလို့ဆိုရင် အချိန်မလွန် သေး၍ တွေ့သေးတာ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (အချိန်မလွန်သေး၍ တွေ့သေးတာပါ) တွေ့သေးတယ်ဆိုရင် ကျွတ်နိုင်သေး၊ ရနိုင်သေးတယ်လို့ ဆုံး ဖြတ်ချက်ချပါ (မှန်ပါ့) ကြောက်စရာကောင်းတာက တရားနာ နာပြီး သကာလ အို ကျုပ်နဲ့ ဒီတရား မတန်ပါဘူးဆိုပြီး သကာလ ဒီဥစ္စာဖြင့် နားလည်း မလည်ပါဘူး ဆိုပြီး ထားတတ် တယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးဟာ ဦးခင်မောင်လတ် အတော်ကြောက်စရာ ကောင်း တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အင်မတန် ဆိုးပါတယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဟာ ဒီစကားနှစ်ခွန်းပဲ သုံးပါတယ်ဆိုတဲ့ ဥစ္စာ မဇ္ဈိမပဏ္ဏာသပါဠိတော် အဘယရာဇကုမာရမင်းကို ဟောတော်မူတာလို့ မှတ်ကြပါ (မှန်ပါ့) အဘယရာဇကုမာရ မင်းသားဆိုတော့ မသိပဲ နေကြမှာဆိုတယ်၊ ဦးခင်မောင်လတ် ဗိမ္ဗသာရမင်းကြီးရဲ့ သားတော်တစ်ဦးပဲ (မှန်ပါ့)။

နိဂဏ္ဍနာဋပုတ္တ ပုဏ္ဏားကြီး

အဘယရာဇကုမာရမင်းသားက နေ့တိုင်းပဲ သံဃာတော် တွေ နန်းတော်ထဲ ပင့်ပင့်ပြီး ဆွမ်းကျွေးတယ် (မှန်ပါ့) တစ်နေ့သ၌ နိဂဏ္ဍနာဋပုတ္တ ဆရာကြီးဆီ အပျင်းပြေ သွားလည် တဲ့ အခါကျတော့ နိဂဏ္ဍဆရာကြီးက ဘုရားကို စိတ်ဆိုးနေသူ (မှန်ပါ့)။

သူ့တပည့် သာဝကတွေကို သာသနာဘောင်ဝင်တော့ ဘုရားက ရဟန်းခံပေး သာသနာ လုပ်ငန်း တာဝန်တွေလုပ်၊ သာသနာ့ လုပ်ငန်းတွေလုပ်တော့ (မှန်ပါ့) သူက ဘုရားအမည် ခံပြီး ဘုရားဂိုဏ်း တည်ထောင် နေတာကိုးဗျ (မှန်ပါ့) အဲဒီတွင် မကျေနပ်ဖြစ်ပြီး သူ့ကို ဘယ်လို ချိုးရပါ့မတုန်း၊ ဘယ်လို ဂုဏ်သရေပုပ်အောင် လုပ်ရပါ့မတုန်းဆိုပြီး ကြံစည်နေတာ လေးလတောင် ကြာတယ်၊ ပုစ္ဆာမေးဖို့ အကြံထုတ်နေတာ (မှန်ပါ့)။

လေးလအတွင်းမှာ အကြံကလေး တစ်ခုပေါ်လာတယ်၊ ဦးဘတင် (မှန်ပါ့) ဘယ်လိုအကြံ ကလေး ပေါ်လာသတုန်းဆိုတော့ စကားကို အဖုံးအပိတ်နဲ့ သူကြံစည်တယ်၊ သူ့စိတ်ထဲမှာ ဂေါတမဘုရား သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူတစ်ပါး မကြိုက်တာကိုချည့် ပြောနေတယ်၊ ဘာတုန်းလို့ မေးလို့ရှိရင်ဖြင့် ပုထုဇဉ်လို့ စွပ်စွဲမယ် (မှန်ပါ့ ဘုရား)။

သူတစ်ပါး မကြိုက်တာချည့် အရှင်ဘုရား ပြောနေတာလား၊ ပြောနေတယ်လို့ ဝန်ခံရင် ဒါဖြင့် အရှင်ဘုရားဟာ ပုထုဇဉ်နဲ့ ဘာထူးသေးသတုန်း၊ ဘုရားနာမည်ခံနေတာ အပိုပဲ၊ ဒီလိုအဓိပ္ပါယ် မျိုးနဲ့ စွပ်စွဲချင်တာကိုး (မှန်ပါ့)။

အကယ်၍ သူတစ်ပါး မကြိုက်တာတွေချည့် ငါမပြောပါဘူး ဆိုလို့ ရှိရင်လဲ ဒေဝဒတ်ကို မင်းသည်ကားလို့ ဆိုယင် ငရဲသွားမည့် ပုဂ္ဂိုလ်၊ အဝီစိသွားမည့် ပုဂ္ဂိုလ်လို့ တရားပွဲထဲ ထည့်ပြောတယ် ဒါကို ဒေဝဒတ် နည်းနည်းမှ မကြိုက်ဘူး (မှန်ပါ့) မကြိုက်တဲ့ စကားကို ပြောတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူများမကြိုက်တဲ့ စကားကို မပြောဘူးလို့ ဝန်ခံလို့ရှိယင် ဒီအချက်နဲ့ ကိုင်ပေါက်မည့် အဓိပ္ပါယ်ပေါ့ဗျာ (မှန်ပါ့) ပြောတယ် ဆိုလို့ရှိယင်လဲ ပုထုဇဉ် သာမန်အစားတွေနဲ့ ဘာထူး သေးသတုန်း ဒီလိုစွပ်စွဲမယ်ဆိုပြီး ဦးခင်မောင် ဒီပုစ္ဆာကို လေးလကြံစည်တယ် (မှန်ပါ့ ဘုရား)။

အဘယ ရာဇကုမာရမင်းသား

မပြောဘူးဆိုရင် မလွတ်အောင်၊ ပြောမယ်ဆိုရင်လဲမလွတ် အောင် ကြံစည်တီထွင်ထားတဲ့ မေးခွန်း၊ သို့သော် သူကိုယ်တိုင် မေးလို့ရှိရင်ဖြင့် မဖြစ်နိုင်တာနဲ့ လူရွယ်ကလေး တစ်ယောက် ရှာမှပဲဆိုပြီး အဘယရာဇကုမာရမင်းသား လာတဲ့အခါကျတော့ ဒီပုစ္ဆာသင်ပေးပြီး မြှောက်ပေးတယ် ဆိုတော့ ဦးခင်မောင် (မှန်ပါ့ ဘုရား)။

မင်းဂေါတမ ဘုရားဆီသွားကွ၊ သွားပြီး သကာလ အရှင် ဘုရား သူတစ်ပါး မကြိုက်တာကို ပြောလေ့ရှိသလားလို့ မေးပါ၊ ပြောလေ့ရှိတယ်ဆိုယင် ဒါဖြင့် ပုထုဇဉ် သာမန်တို့နဲ့ ဘာထူးသေး သတုန်းလို့ စွပ်စွဲလိုက်၊ မင်းဘယ်လောက် ဂုဏ်တက်လာမလဲ (မှန်ပါ့ ဘုရား)။

မပြောဘူးဆိုလို့ရှိရင်လဲ အရှင်ဘုရား ဘယ်တရားပွဲ တုန်းက ဒေဝဒတ်ဟာ ငရဲသွားမည့် ပုဂ္ဂိုလ်၊ အာယုကပ်ပတ်လုံး ငရဲကျမည်လို့ ဘာဖြစ်လို့ ဟောသတုန်း၊ အဲဒါကို မေးပါ၊ ဂေါတမ ဘုရားဟာ သူ့စကားနဲ့သူ မလှုပ်နိုင် မရှားနိုင် ဖြစ်နေ မှာပေါ့၊ အဲဒါကိုမေးပါ၊ မင်းမှာ အင်မတန် ဂုဏ်တက်မယ် မြှောက်ပေးလိုက်တယ် (မှန်ပါ) ဦးခင်မောင် ရှေးကလဲ ရှုပ်နည်း အရှိသားပဲ (မှန်ပါ့ ဘုရား)။

မြတ်စွာဘုရား ဆွမ်းစားပင့်တယ်

အဲဒီလို ဖြစ်ပြီး သကာလ နေတော့ လူငယ်လူရွယ်ဆိုတော့ မေးချင်မှာပေါ့ ဗျာ (မှန်ပါ့) ဒါနဲ့ သူ့အိမ်ကို ဆွမ်းစားပင့်ပြီး သကာလ ဆွမ်းကျွေးမယ်ဆိုပြီး သူ့အခိုင်းအစေများကို ခိုင်းလိုက် တယ် (မှန်ပါ့) ကဲကွာ ဘုရားနှင့်တကွ သံဃာတော်များ ဆွမ်းစားပင့်ချေပါလို့ ခိုင်းလိုက်တော့ နက်ဖြန် ကျတော့ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက နောက်ပါသံဃာတော်များနဲ့ နန်းတော်ထဲ ဆွမ်းစား ကြွတယ်၊ ဆွမ်းစားကိစ္စပြီးတော့ မင်းသားက မေးလျှောက်တာပဲ (မှန်ပါ့)။

မေးခွန်းလျှောက်ထားတယ်

အရှင်ဘုရား သူများမကြိုက်တဲ့ စကားများကို ပြောပါ သလားလို့ မေးတော့ ငါဟာ အခွင့်ကာလကို ကြည့်ပြီး ပြောသင့် ရင်ပြောတယ်၊ မပြောသင့် မပြောဘူး တစ်ချက်တစ်ဘို့တည်း ဧကန်ရယ်လို့ မှတ်မထားနဲ့တဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ပြောသင့်ရင် (ပြောပါတယ်) မပြောသင့်ရင် (မပြောပါ ဘုရား)။

ဟာ ဒီလိုဆိုရင်တော့ နိဂဏ္ဍကြီး ခက်တာပဲလို့ သူက ညည်းတယ်၊ အရှင်ဘုရား ဒီမေးခွန်းကို နိဂဏ္ဍကြီး လေးလတိုင် တိုင် ကြံစည်ထားရတာ အခု ဘုရားကတော့ တစ်လုံးတည်းနဲ့ ပြေသွားပြီ (မှန်ပါ့) တစ်လုံးတည်းနဲ့ ပြေသွားပြီတဲ့၊ ပြောသင့် ရာကို ပြောတယ်၊ မပြောသင့်တာကို မပြောဘူးကိုး (မှန်ပါ့)။

ပြောလေ့ရှိသလားလို့ မေးတော့ ပြောတယ်ဆိုမှ သူ့ဟာက စွပ်စွဲလို့ ဖြစ်မှာကိုး (မှန်ပါ့) ငါဟာ ပြောသင့်ရင်လဲ ပြောတယ်၊ မပြောသင့်ရင်လဲ မပြောဘူး (မှန်ပါ့) ပြောသင့်ရင် ပြောတယ် ဆိုတာက နောက်က ပြောခဲ့တဲ့အတိုင်း ခလေးများ၊ ဒုတ်ချောင်းစ၊ အိုးခြမ်းကွဲ စသည့်တို့ မျိုထားရင်တော့ မကြိုက်လဲ ပြောမယ်၊ ဆွဲထုတ်တဲ့ သဘောပေါ့ (မှန်ပါ့ ဘုရား) မပြောသင့်ရင် မပြော ဘူးဆိုတဲ့ ပုဂ္ဂိုလ်သည် ကားလို့ဆိုရင် (မပြောပါဘူး ဘုရား) အဲဒီလိုဆိုတော့ ဘုရားဟာ မှန်မနေဘူးလား (မှန်ပါ့ကယ် ဘုရား)။

အဲဒီတော့ မင်းသားငယ်က လန့်သွားတယ်၊ ဘယ်နှယ်တုန်း နိဂဏ္ဍကြီးတို့ လေးလ ကြံစည် ထားရတာတွေ ဘုရားက တစ်ထိုင် တည်း ပြေအောင်တော့ နိဂဏ္ဍကြီး ခက်ကုန်ပါရောလား လို့ဆိုတာ (မှန်ပါ့) နိဂဏ္ဍကြီးတို့မှာ ဒီပုစ္ဆာ လေးလတောင် ကြံစည်ထားရတာ လွယ်တာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။

လောကမှာ စကားခြောက်မျိုးရှိတယ်

မင်းကို ဘယ့်နှယ်များ သင်ထားသတုန်းမေးတော့ ဒီလိုဒီလို သင်ထားပါတယ်ဘုရားဆိုတာ အကုန် ပြန်ပြောတယ် (မှန်ပါ့) ဒါနဲ့ ဘုရားက ဆက်ဟောတယ်၊ လောကမှာ စကားခြောက်မျိုး ရှိတယ်ကွတဲ့၊ ငါသုံးစွဲတာ နှစ်မျိုးတည်းပဲတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီတော့ လောကမှာ စကားခြောက်ခွန်း ရှိငြားသော်လဲ နှစ်ခွန်းသာလျှင် သုံးစွဲတယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘုရားသုံးစွဲတော်မူတဲ့ စကားနှစ်ခွန်း

လောကကြီးထဲမှာ သုံးစွဲနေကြတာတော့ ခြောက်မျိုးရှိ တယ်၊ ဒကာ ဒကာမတို့၊ ဒါကတော့ ဗဟုသုတ ရှိအောင် ပြောပါ တယ်၊ ဦးခင်မောင် ကျုပ်တို့ အရေးတကြီး မှတ်ရမှာကတော့ ဟောဒီ နှစ်ခွန်းထဲပဲ (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ်၊ အကျိုး ရှိတယ်၊ သူတစ်ပါးမကြိုက်ပေမယ့် ပြောမယ်၊ ဒါဘုရားစကား (မှန်ပါ့)။

ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးလဲ ကြိုက်တယ်၊ အချိန်မလွန်စေမူ ပြောရမယ် (မှန်ပါ့) အချိန်ဆွဲ လိုက်လို့ရှိရင် နာသွားတတ်တယ်နော် (မှန်ပါ့) မနာပေဘူး လား (နာပါတယ် ဘုရား) ဘုရား သုံးစွဲတော်မူတဲ့ စကားနှစ်ခွန်း (မှန်ပါ့ ဘုရား)။

လောကကြီးထဲမှာ သုံးတဲ့စကားကတော့ ဘယ်နှစ်ခွန်းတဲ့ (ခြောက်ခွန်းပါ) ခြောက်ခွန်းမှာ ဒီနှစ်ခွန်း ပယ်ပစ်လိုက်ရင် ဘယ်နှစ်ခွန်းကျန်မလဲ (လေးခွန်းကျန်ပါတယ်) လောကထဲမှာ သုံးစွဲနေတာ များသောအားဖြင့် လေးခွန်းထဲက များပါတယ် (မှန်ပါ့) ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

လောကမှာ သုံးလေ့ရှိတဲ့ စကားလေးခွန်း

ဘယ်စကားတုန်း မေးလို့ရှိရင် မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးလဲမရှိဘူး၊ သူတစ်ပါးလဲ မကြိုက်ဘူး၊ အဲဒါပဲ ပြောလေ့ရှိ တယ် (မှန်ပါ့) ဦးဘတင် အဲဒီစကားမျိုးတွေ အရေးစိုက်ပြီး ပြောနေကြတာ အများကြီးပဲ လောကမှာ သုံးလေ့ရှိတယ်တဲ့ (မှန်ပါ့ ဘုရား)။

၁-နံပါတ် ပြန်ပြောကြစမ်းပါတဲ့ (မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးလဲ မရှိဘူး၊ သူတစ်ပါးလဲ မကြိုက်ဘူး) အဲဒီစကားလဲ လောကကြီးမှာ သုံးနေကြတယ်ကွာတဲ့ (မှန်ပါ့) ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောကမှာ သုံးကြတယ်ကွာတဲ့ (မှန်ပါ့) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်လောက် သိတယ် ဆိုတာ ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။

၂-နံပါတ်စကား

ဒုတိယစကားကတော့ ဟုတ်တယ်၊ မှန်တယ်၊ အကျိုး ကတော့ မရှိဘူး၊ သူတစ်ပါးလဲ မကြိုက်ဘူး၊ အဲဒီစကားလဲ ပြောတာပဲတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဟုတ်တော့ ဟုတ်ပါတယ်၊ မှန်မှန်ပါတယ်၊ သို့သော်လဲ အကျိုးတော့ မရှိဘူးတဲ့၊ သူတစ်ပါးလဲ မကြိုက်ဘူးတဲ့၊ အဲဒါလဲ ပြောတာပဲတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)

ကောင်းပြီ၊ ဒါ အခုစကားနှစ်ခွန်း ပြီးပြီနော် (မှန်ပါ့)။

၃-နံပါတ်စကား

နောက်နှစ်ခွန်းက ဘာပါလိမ့်မတုန်းဆိုလို့ရှိရင် မဟုတ် ဘူး၊ မမှန်ဘူး၊ အကျိုးလဲမရှိဘူး၊ သူတစ်ပါး ကတော့ ကြိုက်တယ်၊ အဲဒါမျိုးလဲ လောကမှာပြောတယ် (မှန်ပါ့) သဘင်သည်တွေ ကျတော့ အများအားဖြင့် မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးလဲ မရှိဘူး၊ သူတစ်ပါး ကြိုက်တာတွေချည့် ပြောနေတယ် (ပြောပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) အဲဒီစကားမျိုးကိုလဲ လောကကြီး ထဲမှာ သုံးတယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

၄-နံပါတ်စကား

၄-နံပါတ်ကတော့ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးက မရှိ ဘူး၊ သူတစ်ပါးကတော့ ကြိုက်တယ် (မှန်ပါ့) အဲဒါလဲ ပြော လေ့ရှိတယ်ကွ၊ အဲဒီ စကားလေးမျိုးတော့ ဘုရားက လုံးဝ ရှောင်ကြဉ်တယ် (မှန်ပါ့)။

ဒါဖြင့် ဘုရားသုံးတဲ့ စကားနှစ်ခွန်းကို မှတ်ပေါ့ဗျာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ကိုင်း ဒါဖြင့် ဘုရားနှစ်ခွန်း ဟောတာကို ကျုပ်တို့ အသုံးချကြစို့၊ ဦးခင်မောင် မှတ်မိပြီး မဟုတ်လား (မှတ်မိပါတယ် ဘုရား) နောက်လေးခွန်းလဲ မှတ် မိပြီ မဟုတ်လား (မှတ်မိပါ ပြီ ဘုရား)။

မှတ်မိတဲ့ပုဂ္ဂိုလ် မမှတ်မိတဲ့ပုဂ္ဂိုလ်လဲ သူကတော့ အရေး မကြီးဘူးပေါ့ဗျာ (မှန်ပါ့) သို့သော် ဘုရားအသုံးပြုတဲ့ နှစ်ခွန်းတော့ဖြင့် မှတ်မိရမယ် (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သို့သော် သူတစ်ပါး ကတော့ မကြိုက်ဘူး၊ ပြော နိုင်တယ်၊ ခင်ဗျားတို့ ပြောသာပြောပါ၊ ဆိုသာဆိုကြပါ၊ ဂရုဏာထားပြီး ပြောပါ၊ ဂရုဏာထားတယ်ဆိုတဲ့ အဓိပ္ပါယ် သေသေချာချာ ရောက်တယ် (မှန်ပါ့ ဘုရား)။

၂-နံပါတ်ကလဲ ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်။ သူတစ်ပါးလဲ ကြိုက်တယ်၊ သို့သော် ကာလကို မလွန်စေပါနဲ့၊ ဥပမာ ကိုယ့်သား ကိုယ်သမီးလေးတွေ ရှိကြတယ်၊ အခုအချိန် ကတည်းက လိမ်မာယဉ်ကျေးအောင် လုပ်ပါ၊ ကြီးလေမိုက်လေ ဖြစ်သွားမှာလဲ စိုးရသေးတာကိုး (မှန်ပါ့) မစိုးရိမ် ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား) အဲဒါကျတော့ ကာလကို မလွန်ပါစေနဲ့ တဲ့ (မှန်လှပါ ဘုရား) အဲဒါကိုကော သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အခု ဒကာ ဒကာမတွေ တရားဟောရမှာ ဒီစကား နှစ်ခွန်းအနက် ဘယ်အခွန်းကို အရေးကြီးထားပြီး ဟောရမှာ ဆိုတာလဲ ဦးခင်မောင် ဝေဖန်ကြည့်ပါ (၂-နံပါတ် အရေး တကြီးထား ဟောရပါမယ်) ၂-နံပါတ် အရေးကြီးတယ် (မှန်ပါ့) ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်နော်၊ ကာလကို မလွန်အောင် ဘုန်းကြီးတို့ မြန်မြန်လုပ်ရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကာလဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ အနေကာလ၊ အသေ ကာလနှစ်မျိုးရှိတယ် (မှန်ပါ့) အဲဒီတော့ အနေကာလရှိတုန်း သာ ပြောလို့ရတယ်၊ အေ သကာလ သွားတော့ (မရပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တခါ သေပျော်တဲ့ကာလ၊ အိုပျော်တဲ့ကာလ ရှိနေပြန် တော့လဲ ပျိုရွယ်တဲ့ ကာလမှ ကံထက် ဉာဏ်ထက်တုန်း ဟောရမယ် (မှန်ပါ့) အိုလာမှဆိုရင် (မရပါ ဘုရား) မရဘူး၊ အခံမပါတဲ့ ပုဂ္ဂိုလ်ဆိုရင် အူသွားတာပဲ၊ ဘာမှ မသိတော့ဘူး၊ သိသေးရဲ့လား (မသိပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီတရားပွဲမှာတော့ဖြင့် ခင်ဗျားတို့ကို ၂-နံပါတ်ကို ဟောရတော့မယ် (မှန်ပါ့) ခင်ဗျား တို့က ဆိုင်ရာဆိုင်ရာ ဟောမယ်ဆိုလို့ရှိရင် များသောအားဖြင့် ၁-နံပါတ်ကို သုံးကြရလိမ့်ယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ သုံးရမှာက (၁-နံပါတ်ကို သုံးမှာ ပါ) ဘုန်းကြီးကတော့ ဒီမှာ ကြည်ညိုလို့ လာကြတဲ့ ဒကာ ဒကာမ တွေကိုး (မှန်ပါ့) ဒီတရားကို သူတို့ အင်မတန်မှ လိုလားပြီး လာကြတဲ့ အတွက် ဘုန်းကြီးကတော့ ၂-နံပါတ်ကိုပဲ ဟောရမယ် (မှန်ပါ့) ခင်ဗျားတို့ လူပုံထဲမှာ သုံးရမှာကတော့ ၁-နံပါတ်ပဲ သုံးမှာများမှာပဲ (မှန်ပါ့)

၁-နံပါတ်သုံးရတဲ့ အခါကျတော့ မင်းတို့ကွာ “အသံတွေ မတိုးစမ်းပါနဲ့ဦး” အရောင်းအဝယ်ဟာ အရောင်းအဝယ် ပြောစမ်းပါဦး၊ ဒီအထဲမှာ မရှုပ်စမ်းပါနဲ့ဦး ဆိုတာမျိုး လာဦးမှာပဲ (လာမှာပါ ဘုရား) ကဲ လာလို့ရှိယင် ဆိုခွင့်ကာလကိုကြည့်ပြီး ပြောကြ ရန်လဲမဖြစ်ကြနဲ့ (မှန်ပါ ဘုရား)။

ဘုရားက လေးခွန်းရှောင်ပြီး နှစ်ခွန်းပြောတယ်

ကိုင်း ဒကာ ဒကာမတို့ အဘယရာဇကုမာရမင်းသား လေးက ဆက်ပြီး သကာလ ဦးခင်မောင် မေးမြန်းတယ်နော် (မှန်ပါ့) ဘုရားကတော့ ငါသည် ဒီနှစ်ခွန်းသာ ပြောတယ်လို့ ဟောပြီးပြီနော် (မှန်ပါ့) ဘုရားဟာ လေးခွန်းရှောင်ပြီး နှစ်ခွန်း ပြောတယ်ဆိုတာ ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါနဲ့ ဆက်မေးပြန်တယ်၊ အရှင်ဘုရားတဲ့၊ အရှင်ဘုရား ဆီက သတင်းကြားရတာ တပည့်တော် အင်မတန်မှ ကြည်ညို လေးစားပါတယ်တဲ့၊ လူပညာရှိ၊ ရဟန်းပညာရှိ၊ ပုဏ္ဏားပညာရှိတွေ လာမေးကြတဲ့ အခါ အရှင်ဘုရားက မဖြေနိုင်တာရယ်လို့ မရှိဘူးတဲ့ (မှန်ပါ့) အကုန်ပဲ ကျေကျေနပ်နပ် ရှိပြီး သကာလ သောတာ ပန်၊ သကဒါဂါမ်၊ အနာဂါမ် စသည် တည်သွားကြတာ များပြား ပါတယ်၊ အဲဒါ အရှင်ဘုရားဟာ ဘယ်သူလာရင် ဘာဖြေမယ်လို့ ကြံလုံးတွေ အများကြီး ထုတ်ထားသလားတဲ့ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အရှင်ဘုရားဟာ မေးခွန်းအတွက် ပြင်ဆင်ထားသလား

ကြံလုံးတွေ အများကြီး ထုတ်ထားသလားတဲ့၊ သို့မဟုတ် လို့ရှိရင် ရောက်မှပဲ ထိုက်သင့်သလို ဖြေသွားတာပဲလားတဲ့ (မှန်ပါ့) ဦးခင်မောင် မမေးထိုက်ဘူးလား (မေးထိုက် ပါတယ် ဘုရား) ကြံလုံးတွေများ ထုတ်ထားသလား၊ ရောက်လာမှ အလိုက်ကြည့်ပြီး ဖြေသွားတာမျိုးလာဆိုတော့ ဒကာ၊ ဒကာမတွေ မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။

မေးသင့်တယ်၊ ဒါဟာ ဒီမင်းသားကလေးကပဲ ဆက်မေး တာပဲ၊ နဂိုမေးတဲ့ စကားတွေတော့ ပြေလည် သွားပါပြီ၊ ဒါက အသစ်မေးတာလို့ ဦးခင်မောင် မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)

လူပညာရှိ၊ ရဟန်းပညာရှိတွေဟာ သူတို့အမျိုးမျိုး ကြံဖန်ပြီး ပုစ္ဆာပြဿနာတွေ လုပ်ထား ကြတာတွေ ရှိတယ်၊ အဲဒါတွေ ဘယ်သူလာရင် ဘယ်လိုဖြေမယ်၊ ဘယ်သူလာ ဘာကိုဖြေမယ် ဆိုပြီး အရှင်ဘုရားအဖြေတွေ အကုန်ထုတ်ထားနှင့်သလားတဲ့ သို့မဟုတ် ရောက်လာမှပဲ၊ ဖြေတဲ့ အဖြေမျိုး လားတဲ့ (မှန်ပါ ဘုရား)။

ဒီတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဖြေတော်မူ တယ်၊ ဒကာ ဒကာမတွေ၊ ဦးဘတင် သေသေချာချာ မှတ်နော် (မှန်ပါ့)

ကဲကွာ ငါ မဖြေသေးပါဘူး၊ မင်းကိုပဲ အရင်မေးပါဦး မယ်တဲ့၊ မင်းက နန်းတော် အိမ်တော်ထဲမှာ နေတော့ လှည်းတွေ၊ ရထားတွေ စီးနေရတယ် မဟုတ်လား၊ စီးပါတယ်ဘုရားတဲ့။ ဒီတော့ ရထားကို ပြင်ဆင်ဖို့ အလုပ်ကို မင်းသည် ရထားအကြောင်း နားလည်ထားတော့ ရထားပြင်ဖို့ဆင်ဖို့ နဂိုကလဲ တတ်မြောက် မထားဘူးလားလို့ မေးတော့ တတ်မြောက်ထားပါတယ် (မှန်ပါ့ ဘုရား)။

ကဲ ရှိပါစေတော့၊ ရထား အခုလမ်းမှာ ပျက်သွားတယ် ဥပမာ ဘီးကျွတ်သွားတယ်၊ ဘီးတန်ကျွတ် သွားတယ်၊ ပျက်သွား တယ်၊ မင်းသည်ကားလို့ဆိုရင် ရှေးကရှိထားလို့ ပြင်ဆင်နိုင် တာလား၊ အခုမြင်လို့ ပြင်ဆင် နိုင်တာလားလို့ မေးလိုက်တယ် (မှန်ပါ့) ကဲ ဒကာ ဒကာမတွေ ဘယ်နှယ့်မလဲ (အခုမြင်လို့ ပြင်ဆင်နိုင်တာပါ) အခုမြင်လို့ ဒီနေရာတွေ့လို့ ဒီနေရာ အစားထိုးတာ (မှန်ပါ့ ဘုရား)။

အဲ ဒီအတိုင်းပါပဲတဲ့၊ ငါဘုရားသခင် ကိုယ်တော်မြဝါ ကြီးကလဲ ဒီအကြောင်းကို တိုက်ဆိုင် သလို ဒီဥစ္စာကို အဖြေပေး ပါပဲတဲ့ (မှန်ပါ့) စုထားတယ်လို့ မရှိပါဘူး၊ ကြံစည်စိတ်ကူ ထားတယ်လို့ မရှိပါဘူးတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ဘုရား)။

စုထားတယ်လို့တော့ကို မရှိပါဘူးတဲ့၊ နဂိုကတော့ တတ် သား (မှန်ပါ့) နဂိုကတော့ တတ်ပြီးသား စုထားတယ်လို့ မရှိပါဘူး၊ အကြောင်းသင့်သလို အဖြေပေးတာပဲ အမှန်ချည့်ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးဟောနေတဲ့ တရာ ဒကာ ဒကာမတွေ နားထဲမှာ မှတ်နေ ရတဲ့တရားဟာ ဒကာ ဒကာမတို့၊ သန္တာန်မှာ သေသေချာချာ စဉ်စားကြည့်ပါတဲ့

ဪ ဒီတရားသည်ကားလို့ဆိုလို့ရှိရင် ဒို့ခန္ဓာကိုယ်ထဲမှ ရှိတဲ့အကြောင်းကို ဒိုမသိလို့သာ ဒို့သေသေချာချာ ဆရာဘုန်းကြီး ပေးတဲ့ ဉာဏ်နဲ့ ကြည့်လိုက်မယ်ဆိုရင်တော့ ဒီနေရာ ပျက်နေတယ်၊

ဟောဒီနေရာက၊ ဒီလိုအစားထိုးလိမ့်မယ်ဆိုတာ ပေါ်လိမ့်မယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်ရမယ် ဒကာ ဒကာမတို့ ဒီနေရာက ပျက်တယ်ဆို တာလဲ သိတယ်နော် (မှန်ပါ့) ဒီနေရာမှာ အစားထိုးတာလဲ သိ တယ်နော် (မှန်ပါ့) ဒီနေရာ အစားထိုးတာကော (သိပါတယ်) အဲဒါဟာ ဒကာ ဒကာမတို့ နဂိုက စုထားတာလားလို့ မေးတော့ နဂိုက ဆရာဘုန်းကြီးဆီက နည်းတွေနာတွေ ရထား တယ် (မှန်ပါ့)

ဟောဒီနေရာမှာ နာတဲ့ ဝေဒနာကလေး ဒကာ၊ ဒကာမတို့ လက်သည်းတစ်ခုနဲ့ ခြစ်မိကုတ်မိလို့ နာနေတယ် ထားပါတော့ (မှန်ပါ့) ဖြပ်ဆို ဒါကလေးကြည့်လိုက်လို့ရှိရင် ဒီဝေဒနာကလေးဟာလဲ နာတယ် ပြီးတော့ ပျောက်သွားတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ နာတာလဲ ဖဿပစ္စယာဝေဒနာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ထိမိလို့ နာတယ် (မှန်ပါ့) ထိတာက ဖဿ၊ နာတာက (ဝေဒနာပါ ဘုရား)။

အကြောင်းကြောင့် အကျိုးဖြစ်တယ်

ကဲ ဒါဖြင့် ဒါဟာ ဒကာ ဒကာမတွေက ဘုန်းကြီးဆီ မှာ တရားနာထားတော့ ဪ ထိလို့နာတယ် ဆိုတာ သိ သွားတယ် (မှန်ပါ့) မသိသေးဘူးလား (သိပါတယ်) ဒါဖြင့် အထိမရှိရင် အနာမရှိဘူး ဆိုတာက (သေချာပါတယ်) ဒီတော့ (မှန်ပါ့ ဘုရား) ဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်) သော် ဒို့သန္တာန်မှာ ဘယ်ဟာပေါ်ပေါ် အကြောင်းကြောင့်ဖြစ် သဘော ကျပလား (ကျပါပြီ) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား) တစ်ကိုယ်လုံး ဒါပဲရှိမယ် (မှန်ပါ့ ဘုရား)။

အကြောင်းချုပ်ရင် အကျိုးချုပ်တယ်

ကောင်းပြီ၊ ဒါဖြင့် ဒီလိုသွားကြစို့၊ အကြောင်း အနိစ္စမို့ (အကျိုးအနိစ္စပါ) အကြောင်းက ဖြစ်မှုရှိလို့ (အကျိုးက ဖြစ်ပါ တယ် ဘုရား) အကြောင်းက ပျက်မှုရှိလို့ (အကျိုးပျက်ပါတယ်) အဲ တစ်ကိုယ်လုံး ဒါပဲရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ကိုယ်လုံးဟာ ဘာပဲရှိသတုန်းဆိုရင် ဖြစ်မှုပျက်မှုပဲ ရှိတယ် (မှန်ပါ့) ဖြစ်ကြောင်းရှိလို့ (ပျက်ကြောင်းရှိပါတယ်) ဖြစ်ကြောင်းရှိလို့ ပျက်ကြောင်းရှိတယ်ဆိုတာ ဖဿရှိလို့ ဝေဒနာ ဖြစ်တယ်၊ ဖဿချုပ်လို့ (ဝေဒနာ ချုပ်ပါတယ်) ကျေနပ်ပလား ( ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒို့ခန္ဓာကိုယ်ထဲမှာ ဖြစ်လိုက် ပျက်လိုက် နေပါလိမ့်မတုန်းဆိုတဲ့ ဝိစိကိစ္ဆာ ပြုတ်သွားတယ် (မှန်ပါ့) ဘယ်နှယ်ကြောင့် ဒီခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေးတွေ ပေါ်လိုက်၊ ဖြစ်လိုက်၊ ပျောက်လိုက် ဖြစ်နေပါလိမ့်မလဲလို့ ဦးဘတင် လာသေးရဲ့လား (မလာပါ ဘုရား) လာရင် ဝိစိကိစ္ဆာပဲ (မှန်ပါ့) အခုတော့ လာစရာရှိသေးရဲ့ လား မရှိပါ ဘုရား)

ဒါဖြင့် ဖဿဖြစ်ရင် (ဝေဒနာ ဖြစ်ပါတယ်) ဖဿချုပ်ရင် (ဝေဒနာ ချုပ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် တစ်သံသရာလုံးဟာဖြင့် ဒကာ ဒကာမတို့ ဒီဝေဒနာက္ခန္ဓာ ဒီတွင် ချုပ်သဟ၊ ဖဿဖြစ်နေတာနဲ့ ဝေဒနာက္ခန္ဓာကြီး ပေါ်ပေါ်နေတာ (မှန်ပါ့) ဖဿ ချုပ်သွားမယ်ဆိုရင် (ဝေဒနာက္ခန္ဓာ ချုပ်ပါတယ် ဘုရား) ဝေဒနာက္ခန္ဓာ ချုပ်သွားလို့ ရှိရင် သူနဲ့တွဲတဲ့ ခန္ဓာတွေကော ဦးဘတင် (ချုပ်သွား ပါတယ် ဘုရား)။

ဖဿရှိရင် ဝေဒနာ လာမှာပဲ

ချုပ်သွားတော့ နိဗ္ဗာန်ရောက်ဖို့ပဲဗျ (မှန်ပါ့) ရောက်ဖို့ မသင့်ဘူးလား (သင့်ပါတယ်) အခုတော့ ဖဿကလဲ မချုပ်တော့ ဝေဒနာကလဲ မချုပ်တာပဲ၊ ဖဿက ပြန်လာနေတော့ ဝေဒနာကကော (ပြန်လာပါတယ် ဘုရား) ဒီတော့ ဖဿ ရှိလို့ရှိရင်ဖြင့် ဝေဒနက္ခန္ဓာလာမှာပဲ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါက ခန္ဓာထဲမှာနော် (မှန်ပါ့) ၊ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ နတ်ပြည်ကို ရောက်ချင်တယ်၊ တွေ့ချင်တယ် ဆိုတဲ့ ဖဿကြောင့် သေသည်၏ အခြားမဲ့၌ ဝေဒနာက္ခန္ဓာဆိုတဲ့ နတ်ခန္ဓာ ပေါ်လာတယ် (မှန်ပါ့) အဲဒီတော့ ဒါက အကြောင်း အကျိုး ဥပနိဿယ ဖဿလို့ မှတ်ပါ (မှန်ပါ့) ဥပနိဿယ ပစ္စယော အားကြီးသော အကြောင်းဖြစ်တဲ့ ဖဿကြောင့် အား ကြီးသော နတ်ခန္ဓာ ဝေဒနာက္ခန္ဓာ ပေါ်လာတယ် (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ်)

ဒါက ဥပနိဿယဟောတာ၊ ဝိပဿနာကို ဟောတာလို့လဲ မမှတ်နဲ့ဦး (မှန်ပါ့) ခင်ဗျားတို့ ဖဿကြောင့် ဝေဒနာရိုးရိုး ဖြစ်ပုံကို ပြနေတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ခင်ဗျားတို့ ဗြဟ္မာပြည်ကို တွေ့ချင်တယ်၊ ရောက် ချင်တယ်ဆိုတဲ့ ဖဿမရှိပေဘူးလား (ရှိပါတယ်) အဲဒီ ဖဿ ပစ္စယာကြောင့် ဗြဟ္မာပြည်ရောက်ကြောင်း လုပ်လိုက်တော့ ဗြဟ္မာခန္ဓာကြီး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဝေဒနာက္ခန္ဒာကြီး ဆိုပါတော့ဗျာ (မှန်ပါ့) အဲဒီ ဝေဒနာက္ခန္ဓာကြီး ကလဲ ဖဿပစ္စယာ (ဝေဒနာပါ) ဒါဖြင့် ဖဿနိရောဓော၊ မဖြစ်လို့ရှိ ရင် ဝေဒနာက ခန္ဓာနိရောဓောမဖြစ် (မဖြစ်ပါ ဘုရား) အကြောင်းမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဖဿချုပ်ရင် နိဗ္ဗာန်

ဒါကြောင့် “ဆန္နံ ဖဿာယတနာ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ” စသည်ဖြင့် သုံးဆယ်တစ်ဘုံထဲ ဘယ်နေရာမှ မရောက်ချင်ပါဘူး တို့ဖဿတွေ ချုပ်မယ်ဆိုယင် နိဗ္ဗာန်တဲ့ (မှန်ပါ့) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဘယ်နေရာမှ မတွေ့ချင်ပါဘူး၊ မဖြစ်ချင်ပါဘူးဆိုတဲ့ သုံးဆယ်တစ်ဘုံ ဘယ်နေရာမှာ မရောက်ချင် ဘူးဆိုတဲ့ ဖဿချုပ်ကြည့်စမ်းပါ၊ နိဗ္ဗာန် သေသေချာချာ ရပါ တယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ ခင်ဗျားတို့သည် ဖဿ ချုပ်ရမှာပဲ၊ ဖဿ မချုပ်သေးရင်ဖြင့် (မရသေးပါ) မရသေး ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ခန္ဓာဟာ၊ ဘာခန္ဓာပါလိမ့်

ဖဿပစ္စယာ (ဝေဒနာပါ) ဝေဒနာဆိုတာ ခန္ဓာနော် (မှန်ပါ့) အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ ခန္ဓာဟာ ဘာခန္ဓာပါလိမ့် (ဝေဒနာက္ခန္ဓာပါ ဘုရား) ဒါက ဘယ်သူ လုပ် လိုက်ပါလိမ့်ဗျာ (ဖဿက လုပ်ပါတယ် ဘုရား)။

ဖဿပစ္စယာ ဝေဒနာက္ခန္ဓာ၊ ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာ ဖဿချုပ်တဲ့နည်းကို ဆရာဘုန်းကြီး ဟောလိုက်လို့ ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာတွေ အကုန်ပျောက်တယ် (မှန်ပါ့) “ယံကိဉ္စိ ဝေဒယိတံ၊ သဗ္ဗံ တံ ဒုက္ခသ္မိန္တိ” ခင်ဗျားတို့ ပေါ် နေတာ ဝေဒနာက္ခန္ဓာကြီး အလုံးစုံ ဒုက္ခသစ္စာပဲ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာက္ခန္ဓာကြီးက ဘာပါလိမ့် (ဒုက္ခသစ္စာပါ) အလုံးစုံ ဒုက္ခသစ္စာဆိုတော့ ဖဿ မချုပ်လို့ရှိယင် ဝေဒနာက္ခန္ဓာ ဒုက္ခသစ္စာ ပေါ်ရတော့မယ် ဦးဘတင် (မှန်ပါ့) ဖဿချုပ်အောင် လုပ်နိုင်လို့ ရှိရင်ဖြင့် ကျေးဇူးများလိမ့်မယ် (များပါတယ် ဘုရား)။

ဖဿကို ဖြစ်ပျက်ရှုပါ

ဒါဖြင့် ဒကာ ဒကာမတို့ ဖဿလဲ အရေးတကြီး ရှုရ မည့် တရားထဲမှာ အပါအဝင်ပဲဆိုတာ ဦးခင်မောင် ကောင်းကောင်း ကျေနပ်စမ်းပါ (ကျေနပ်ပါတယ် ဘုရား)။

ဒါကြောင့် ‘စက္ခုသမ္ဖဿော လောကေ (ပ) ကာယသမ္ဖဿော လောကေ ပိယရူပံ ဧတ္ထေ သာတဏှာ” စသည့်ဖြင့် ဖဿ ကြောင့် တဏှာဖြစ်နိုင်တယ်လို့ မလာဘူးလား (လာပါတယ် အဲဒီတော့ ဒကာ ဒကာမတို့ ဖဿကိုပဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ တပည့်တော်တို့က ဖဿတော့ဘုရား ရှုဖို့ တော်တော်ကလေး ခဲယဉ်းနေတယ်၊ ဝေဒနာပဲ ရှုပရစေတော့ဆိုလို ရှိရင်လဲ ရှုကွက်မိတာပါပဲ (မှန်ပါ့) ဦးခင်မောင် မိတာပဲ (မိပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် မိပါလိမ့်မလဲ ဘုရားက ဟောထားပြ တာက ဒကာ ဒကာမတို့ ရှိသေးတာကိုးဗျ၊

“ဥပေက္ခာဝေဒနာ လောကေ (ပ) မနောသမ္ဖဿဇာ ဝေဒနာ လောကေ ပီယရုပံ သာတရူပံ ဧတ္တေသာတဏှာ” ဝေဒနာချုပ်အောင် ရှုလိုက်လို့ရှိရင် တဏှာလဲ ဘယ့်နှယ်နေသတုန်း (ချုပ်မှာပါပဲ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့၊ ဖဿက ဒါလောက်မခက် ဝေဒနာက ခက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဝေဒနာ ခက်တယ်ဆိုတော့ ဒကာ ဒကာမတို့ သန္တာန်မှာ ယားတယ် ဘာဝေဒနာတုန်း (ဒုက္ခဝေဒနာပါ) အလုပ်ပေးနေတာ ဒကာ ဒကာမတို့ (မှန်ပါ့) ယားတာကလေး ပျောက်သွားတယ် ဒကာ ဒကာမတို့ (သုခဝေဒနာပါ ဘုရား)။

ယားတာကလေးဟာတဲ့ (ဒုက္ခဝေဒနာပါ) ပျောက်သွား ပြန်တော့ (သုခဝေဒနာပါ) သုခဝေဒနာ ပေါ်လာတော့ ဒက ဒကာမတွေက ဒုက္ခဝေဒနာတော့ ရှုတတ်တယ်၊ သုခ ဝေဒနာတော့ | မရှုတတ်ဘူး (မှန်ပါ့ ဘုရား)။

ဘယ်ဝေဒနာမဆို ဖြစ်ပျက်ဒုက္ခသစ္စာ

ဦးခင်မောင် မခက်ဘူးလား (ခက်ပါတယ် ဘုရား) အဲဒီ တော့ ဒုက္ခဝေဒနာတော့ ရှုတတ်တယ် ဆိုတာက ကြမ်းတယ်လို့ သုခဝေဒနာကို မရှုတတ်ဘူးဆိုတာ နုလို့ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားက ဟောတော်မူတာဖြင့် ဒကာ ဒကာမ တို့ အကုန်ရှုရမှာပဲ “ယံကိဉ္စိ ဝေဒယိတံ သဗ္ဗံ တံ ဒုက္ခသ္မိန္တိ ဝဒါမိ” ဆိုတော့ ဘယ်ဝေဒနာမဆို ဖြစ်ပျက် ဒုက္ခသစ္စာ မြင်အောင်ရှုပါလို့

ပြောထားတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုယ်ပေါ်မှာ သုခဒုက္ခပေါ်တယ်၊ သုခပေါ်တာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) သုခဆိုတော့ ချမ်းသာ လုံးကလေး ဘယ်ကချမ်းသာ လေတိုက်လို့ချမ်းသာ ချမ်းသာ၊ ဝမ်းမြောက် ဝမ်းသာဖြစ်လို့ ချမ်းသာ ချမ်းသာရင် ဝမ်းထဲရှ၊ လေတိုက်လို့ ချမ်းသာရင် ကိုယ်ပေါ်ရှု၊ ရှုလိုက်လို့ရှိရင် ဘာ တွေ့မယ် ထင်ကြသတုန်း (ဖြစ်ပျက်တွေ့ပါမယ်) ဖြစ်ပျက် က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဟာ ဒါဖြင့် နေရာကျပြီ ဒကာ ဒကာမတို့ “ယံကိဉ္စိ ဝေဒယိတံ သဗ္ဗံ တံ ဒုက္ခသ္မိန္တိ ဝဒါမိ” ဆိုတော့ ဒုက္ခသစ္စာတွေပဲ (မှန်ပါ့) ဒါဖြင့် ဒုက္ခသစ္စာတွေ့လို့ရှိရင် ဒုက္ခသစ္စာက ဒုက္ခသစ္စာ တွေ့တာက မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။

နေရာကျပြီ ဒကာ ဒကာမတို့ သစ္စာ တစ်ခြားရှုရမှာလား အောက်မေ့တယ်၊ တစ်လံမျှ လောက်သော ခန္ဓာကိုယ်ထဲမှာ ရှုရမှာ (မှန်ပါ့) ဆုံးရင်လဲ ဒီခန္ဓာထဲမှာပဲ ဆုံးရမှာ (မှန်ပါ့) ရှိတာလဲ ဒီခန္ဓာထဲမှာ ရှိပါတယ် ဘုရား)။

ခန္ဓာကိုယ်ထဲ ဖြစ်ပျက်တွေ့ရင် ဆက်ရှု

ဒါဖြင့် ဖြစ်ပျက်တွေ့နေလို့ရှိရင် ဆက်ရှု၊ ဆုံးသွားလိမ့် မယ်၊ (မှန်ပါ့) ဆုံးသွားရင် နိရောဓသစ္စာ၊ တွေ့နေရင် ဒုက္ခ သစ္စာ (မှန်ပါ့) ဦးခင်မောင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တွေ့နေရင် (ဒုက္ခသစ္စာပါ) မတွေ့တော့ဘူးဆိုရင် ( နိရောဓသစ္စာပါ ဘုရား) အဲ ဒါဖြင့် နိရောဓသစ္စာ နိဗ္ဗာန်လဲ ဒီခန္ဓာ အဆုံးမှာပဲ ရှိတယ် (မှန်ပါ့) ဒုက္ခသစ္စာက ဒီခန္ဓာ၊ နိရောဓသစ္စာက ဒီခန္ဓာအဆုံး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ သုခဝေဒနာ ပေါ်လဲ ဘာ လုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) ဒုက္ခဝေဒနာ ပေါ်ရင် ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ဒကာတို့ သေသေချာချာ မှတ်ပါ လို့ ကိုယ်ပေါ်မှာတော့ ဒုက္ခပေါ်မှာပဲ (မှန်ပါ့) သဘောကျပ လား (ကျပါပြီ) ဝမ်းထဲမှာတော့ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ ဒါပဲပေါ်မယ် (မှန်ပါ့) အဲဒါကလေးကို ခင်ဗျားတို့ ဝေဒနာတွေ လိုက်မနေနဲ့တော့၊ ဪ သူလဲ ဖြစ်ပြီးပျက် သူလဲဖြစ်ပျက် သူလဲဖြစ်ပျက်သာ လိုက်နေပါ (မှန်ပါ့) ဖြစ်ပျက် က ဘာသစ္စာ (ဒုက္ခသစ္စာပါ) ဖြစ်မှန်း သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒီလိုသာလိုက်နေတော့ သူတို့ကလဲ ဖြစ်ပြီးပျက်နေတော့ နေရာမကျဘူးလား (ကျပါတယ်) ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော) အဲ တဏှာနိရောဓောပဲ ဦးခင်မောင် တဏှာ လာသေးရဲ့လား (မလာပါ ဘုရား) ဘယ်မှာ တဏှာလာတော့ မလဲ မဂ်လာနေတာပဲ (မှန်ပါ့) မဂ်ဆိုတာ တဏှာသေအောင် လုပ်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာချုပ်သွားတာ မဂ်ပေါ်တာ

ဝေဒနာနိရောဓာ (တဏှာနိရောဓော) တဏှာနိရောဓော ဆိုတော့ တဏှာချုပ်သွားတာ မဂ်ပေါ်တာကို ဆိုတာပါ (မှန်ပါ့) သေသေချာချာ မှတ်ပါတဲ့၊ ဒီဥစ္စာ မဂ်ပေါ်တာကို ဆိုတာပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မျက်လုံးတို့၊ နှာခေါင်းတို့၊ လျှာတို့ကျတော့ ဥပေက္ခာဝေဒနာချည်းလို့ ဘုန်းကြီးက သင်ထားတယ် (မှန်ပါ့) ဒါတွေက ရှင်းပြီးသား မနေဘူးလား (ရှင်းပြီးသားပါ ဘုရား)။

ဒါဖြင့် မြင်တဲ့ သဘောကလေး၊ ကြားတဲ့သဘောကလေး၊ နံတဲ့သဘောကလေးများမှာ စားတဲ့ သဘော ကလေးတွေဟာ ဥပေက္ခာဝေဒနာပဲ၊ ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့) ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) ရှုတာက (မဂ္ဂသစ္စာပါ) ဝေဒနာ နိရောဓာ (တဏှာနိရောဓော) တဏှာနိရောဓော နိဗ္ဗာန်သွားလိုက် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်သည် ဝေးသလား နီးသလား

ဒကာ ဒကာမတို့ နိဗ္ဗာန်ဟာ ဝေးသလား၊နီးသလား (နီးပါတယ် ဘုရား) ကပ်နေတာပဲ ဒကာ၊

ဒကာမတို့ မသွား တတ်လို့ မရောက်ပဲ ဖြစ်ပြီး သကာလ နေတာ၊ တဏှာချုပ်တဲ့ နိဗ္ဗာန်ဆိုတာ ရိပ်မိပလား ( ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ကတော့ သော် ဘုန်းကြီးကတော့ဖြင့် တဏှာသေတာပဲဆိုတာ ကိုယ်က မလိုက်နိုင်တာ ခက်တယ်ဆို လို့တော့ အချိန်ဖြုန်းချင်သေးတယ်ဟုတ်လား၊ ထွက်သက် ဝင် သက် ပိတ်ပြီး သေချင်သေးလို့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

ဘာလို့ ပါလိမ့် (အချိန်ဖြုန်းချင်သေးလို့ ပါ) အင်း ဘုန်းကြီးကတော့ ဟောရှာတာပဲဆိုတော့ အလုပ်လုပ်တော့ မယ်လို့ ပြောတာမဟုတ်ဘူး (မှန်ပါ့) ကွေ့ကောက်ပြီး ထွက်တော့မလို့ စိတ်ကူးနေတာ (မှန်ပါ့) အဓိပ္ပါယ် မသေချာဘူး လား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီလိုစိတ်ကလေး ပေါ်ပေါ်လာရင် ဪ ငါဟာ ခလေးမိုက် မိုက်တုန်းပါကလား၊ မင်းသေကြောင်းကို မင်းကြံတာပါကလားဆိုပြီး ကိုယ့်ကိုယ်ဆုံးမပါ (မှန်ပါ့ ဘုရား)။

မင်းဟာ ကလေးလား၊ လူကြီးလား

ကိုယ့်ကိုယ် သေကြောင်း ကြံနေတော ခုနင်က ပြောသလို အိုးခြမ်းပဲ့တို့ လည်ပင်းဆို့နေရင်လဲ ဦးခင်မောင် သေမှာပဲ။ ဒုတ်ချောင်းကလေး ဆို့နေရင်ကော (သေမှာပါ) အရိုးမြက်တာ တောင်မှ မခံနိုင်တာပဲဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အလုပ်ပျင်းတိုင်း မင်းဟာ ခလေး လား၊ လူကြီးလားလို့ မေးကြည့် (မှန်ပါ့) လူကြီးဖြစ်ခဲ့လို့ ရှိရင်ဖြင့် ဒီဥစ္စာ ဖြစ်ပျက်ရှုရမှာပဲ၊ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ပေါ်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့) ဒါတွေ ပျင်းနေတယ်ဆိုရင်ဖြင့် ဒုက္ခရောက်အောင် မင်းလုပ်တာကိုး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အဆုံးအမ အခက်ဆုံး ဘယ်သူတုန်း

အဲဒီတော့ ကိုယ့်ကိုယ် ဆုံးမရတာဟာ သူများကို ဆုံးမရတာ ထက် ခက်တယ်ဆိုတာ တရားဟောရတယ် (မှန်ပါ့) ဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ဒါကလေး မှတ်သွားစမ်းပါအုန်း၊ အဆုံးအမ အခက်ဆုံး ဘယ်သူတုန်း (ကိုယ့်ကိုယ်ပါ ဘုရား)။

အိမ်ကျတော့ ပြောမနေပါနဲ့ဦးနော်၊ မင်းတို့က တယ်ဆုံးမရ ခက်တယ်ဆိုပြီး ခင်ဗျားတို့က သူများအရင် လက်ညှိုးထိုးနေရ ကြတာ (မှန်ပါ့) ကိုယ့်သန္တာန်ဖြစ်တဲ့ ခန္ဓာကို၊ ကိုယ်ဘယ်တော့ မှ မမြင်ခဲ့ဘူး၊ အန္ဓပုထုဇဉ်ချည့် ဖြစ်လာခဲ့တယ် (မှန်ပါ့ ဘုရား) ဒါကြောင့် မရတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

[1] [2]