108

 
မာတိကာသို့

ဆရာညံ့ရင် တရားထူးမရနိုင် (ဓနဉ္စာနီ ပုဏ္ဏားကြီး)

အသံဖိုင်ခေါင်းစဉ်= ချို့ယွင်းချက်သုံးမျိုးဖြစ်ပေါ်ခဲ့ရင် တရားထူးမရနိုင်

စာအုပ်ခေါင်းစဉ်= ဆရာညံ့ရင် တရားထူးမရနိုင် (ဓနဉ္စာနီ ပုဏ္ဏားကြီး)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

ဆရာညံ့ရင် တရားထူးမရနိုင်

(ဓနဉ္စာနီ ပုဏ္ဏားကြီး)

(၂၇-၄-၆၂)

အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ သတိပေးလိုက်တယ်၊ တရားကို ဘုန်းကြီးက အားထုတ်ဖို့ အစီအစဉ်တွေ ပေးပြီးသား ဖြစ်နေတယ်၊ အဲဒီ ပေးပြီးသား အစီအစဉ်တွေမှာ အားထုတ်ကြတယ်၊ အားထုတ်ကြတဲ့ အခါ ကျလို့ ရှိရင်ဖြင့် နိဗ္ဗာန်မဂ်ဖိုလ်ကို တပည့်တော်တို့ ယခု မျက်မှောက် မပြုနိုင်ဘူးဘုရား တဲ့၊ တချို့ ဒကာ ဒကာမ လဲ ရှိကြလိမ့်မယ် နော်။ (မှန်ပါ့)၊ တချို့လဲ ပြုနိုင်ကြလိမ့် မယ်။

မပြုနိုင်တာ ဘာဖြစ်လို့တုံးလို့ ကိုညွန့်တို့၊ မောင်နိုင် တို့က မေးလို့ ရှိရင် ကိုယ့်ချို့ယွင်းချက် သုံးခုရှိလို့လို့ မှတ်ရ မယ်။ (မှန်ပါ့)။

ကိုယ့်ချို့ယွင်းချက်-၁

ကိုယ့်ချို့ယွင်းချက် သုံးခုဆိုတာက တခြားမဟုတ်ပါ ဘူး၊ ၁-နံပါတ်တရားကို သစ္စာ ဆိုက်အောင်၊ အဆုံးကျအောင် မနာလို့လဲ ခင်ဗျားတို့ မဂ်ဉာဏ်,ဖိုလ်ဉာဏ် မရနိုင်နိုင်ဘူး။ (မှန်ပါ့ ဘုရား)။

သစ္စာဆိုက်အောင် တရားဟောတဲ့ပုဂ္ဂိုလ်ကလဲ ဟို သစ္စာကျတော့ ဆုံးထား၊ အဲဒီ အဆုံး ကျအောင် သူက မနာ ဘူး၊ နှလုံးမသွင်း လိုက်တော့ဘူး၊ အစဘက်က အလယ်က တရားတွေသာ နာလို့ တရားအဆုံး မနာလိုက်ရလို့ ကိစ္စရှိလို့ ထွက်သွားသွား၊ ဒီနေရာမှာပဲ စိတ်က တခြားထွက်ပြေးလို့ ဖြစ်စေ၊ ဒီလို အင်္ဂါချို့ရင်လဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင် ဘူး၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

တရားအစ, အလယ်, အဆုံးသုံးပါးရှိရာတွင် အစ, အလယ်တွင် နာရတယ်ဆိုပါတော့၊ အဆုံးသစ္စာက တရားကိုး သစ္စာက အဆုံးဆိုတာနော်။ (မှန်ပါ့)။

အဲဒီ အဆုံးသစ္စာတရား မနာရလို့ ရှိရင်လဲ ကိုပေါ် ရေ ဒါဟာ ဆုတ်ယုတ်ခြင်းပဲ၊ ပြည့်စုံပြီးသား ပါရမီ ရှိတာတောင် မရနိုင်ဘူးတဲ့။ (မှန်ပါ့ ဘုရား)၊ ၁-နံပါတ်ပြီးသွား ပြီ။ (မှန်လှပါ ဘုရား)။

ချို့ယွင်းချက်-၂

၂-နံပါတ်က တရားနာရင်းမတ္တဖြစ်စေ၊ မကောင်းသော စိတ်တွေနဲ့ဝင်ပြီး သကာလ ပေါင်းဖော်မိ နေလို့ရှိရင်လွဲ တရာက ဝဋ်မှကျွတ်ကြောင်း ဟောနေတယ်၊ ကိုယ်က ဝဋ်သာယာနေတယ် ဆိုပါတော့ ပါပမိတ္တဆိုတဲ့ မကောင်းသော စိတ်တွေက ဝင်မလာဘူးလား။ (ဝင်လာပါတယ် ဘုရား)။

ဘုံဘဝလိုချင်တဲ့ စိတ်တွေပေါ့လေ။ (မှန်ပါ့ ဘုရား)၊ အဲဒီ လိုချင်တဲ့ စိတ်တွေ ဝင်လာပြန်လို့ ရှိရင်လဲ ပါပမိတ္တနဲ့ ပေါင်းသောကြောင့် ပါပက မကောင်းတာ၊ မိတ္တက အဆွေ ခင်ပွန်း၊ မကောင်းတဲ့ တရားနဲ့ ပေါင်းမိခြင်းကြောင့်လဲ မဂ်ဖိုလ်ရထိုက်တဲ့ ပါရမီတရားအဆုံးမှာ ရှိငြားသော်လဲ မရနိုင်ဘူး။ (မှန်ပါ့ ဘုရား)။

ချို့ယွင်းချက်-၃

ဘယ်နှစ်ချက်ရှိသွားပလဲ။ (နှစ်ချက်ရှိသွားပါပြီ ဘုရား)၊ ၃-ချက်မြောက် ပြောပါဦးမယ်တဲ့၊ ၃-ချက်မြောက် က တရားဟောတဲ့ပုဂ္ဂိုလ် ညံ့ဖျင်းမှုကြောင့်လဲ ဒကာ ဒကာမ မတွေမှာ ပါရမီ ပြည့်စုံပြီးသား၊ တရားဟောတဲ့ ပုဂ္ဂိုလ် ညံ့ဖျင်းမှုကြောင့်လဲ မဂ်ဉာဏ်,ဖိုလ်ဉာဏ် မရနိုင်ဘူး၊ တရားဟောတဲ့ ၊ ပုဂ္ဂိုလ် ညံ့ဖျင်းလို့ (မှန်ပါ့)။

ဘယ်နှစ်ချက်ရှိသွားပလဲ (သုံးချက်ပါ ဘုရား)၊ ဒါ သေသေချာချာ မှတ်ရမယ်၊ ဪ တို့မှာ တရားအားထုတ် နိဗ္ဗာန်ရတယ်၊ တရားနာရင် နိဗ္ဗာန်ရတယ်လို့ အောက်မေ့နေ လိုက်တာ၊ ယခု ဆရာဘုန်းကြီးက ဝေဖန်လာတော့ သုံးချက် တောင်ပါပဲကလား၊ ချို့ယွင်းချက် ရှိတာတွေ။ (မှန်ပါ့)။

(၁) နံပါတ်က သစ္စာထိုက်တဲ့ တရား၊ မနာမိလို့ချို့ယွင်းချက်တစ်မျိုးနော်။ (မှန်ပါ့)။

(၂) နံပါတ်က တရားနာရင်းမတ္တနဲ့ မကောင်းတဲ့စိတ်, ဘုံဘဝလိုချင်တဲ့ စိတ်တွေဝင်လာလို့လဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရခြင်းတစ်မျိုး။ (မှန်ပါ့)၊ ပါပမိတ္တတာ။ (မှန်ပါ)၊ ဦးအောင် ဇံဝေ၊ ဦးဘသန်း နားလည်ရဲ့ မဟုတ်လား။ (မှန်လှပါ ဘုရား)။

(၃) နံပါတ်က တရားဟောဘုန်းကြီးက လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတွေ လှည့်ဟော နေတာနဲ့ နိဗ္ဗာန်ရောက်ကြောင်း မပါတာနဲ့ တရားဟောဘုန်းကြီး ညံ့သွားတာနဲ့ လဲ ပါရမီ ပြည့်ပြီးသား ပုဂ္ဂိုလ်တွေတောင် နိဗ္ဗာန်မရဘူး။ (မှန်ပါ့)။

၃-နံပါတ်က ဘာပါလိမ့်။ (တရားဟောပုဂ္ဂိုလ် ညံ့လို့ပါ)၊ ညံ့ဖျင်းလို့၊ တရားဟောပုဂ္ဂိုလ် ညံ့ဖျင်းတာနဲ့ လဲ မရဘူးဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒီသုံးချက်သည် ဒကာ ဒကာမတို့ က ပါရမီပြည့်စုံ ပြီးသား၊ ကိုယ့်ဘက်က နှစ်ချက်၊ ဆရာ့ဘက်က တစ်ချက် (မှန်ပါ့ ဘုရား)။

ဦးဘကလေး ကိုယ့်ဘက်က ဘယ်နှစ်ချက်ပါလိမ့်။ (နှစ်ချက်ပါ ဘုရား)၊ ဆရာ့ဘက်က တစ်ချက်ပါ ဘုရား)။

အဲဒီကဲ့သို့ ချို့ယွင်းချက်ရှိနေလို့ ရှိရင်လဲ မရနိုင်ဘူး ၊ ဆိုတာ မောင်နိုင်တို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ ဒကာကြီးလှိုင် မှတ်မိရဲ့လား (မှတ်မိပါတယ် ဘုရား)။

အဲဒါ ကိုယ့်ဘက်ကလဲ မချို့ယွင်းစေနဲ့ နှစ်ချက် က (မှန်ပါ့)၊ ဆရာ့ဘက်ကလဲ ယခုစ,ပြီး တရားဟော ပါတော့မယ်၊ မချို့ယွင်းရအောင်ပဲ ဟောမှာပဲနော်။ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ချို့ယွင်းတဲ့အသွားကလေးကို ပြောကြ ပါစို့၊ ၃-နံပါတ်ပဲ ဟောပါမယ်၊ ၁-နဲ့ ၂-က ဒကာ ဒကာမတွေ နားလည်ပြီးသား၊ အရင်လဲ ပြောပြီးသား ထားပါတော့ မောင်နိုင်ရာ နော်။ (မှန်ပါ့ ဘုရား)။

၃-နံပါတ်က ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတယ်။

ရှင်သာရိပုတ္တရာက ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာပဲနေတယ်။

ရှင်သာရိပုတ္တရာက ရာဇဂြိုဟ်ပြည်မှာနေတယ်

နေတော့ ရာဇဂြိုဟ်ပြည်ကို ရဟန်းကလေး တစ်ပါး ကြွလာတယ်၊ မြို့ထဲက နေပြီးကြွလာတော့ ရှင်သာရိပုတ္တရာက မေးတယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာပဲ နေတယ် ဆိုတာ သူ သိတော့ ရှင်သာရိပုတ္တရာက ရာဇဂြိုဟ်မှာနေတယ်နော်။ (မှန်ပါ့ ဘုရား)၊ ဘုရားက သာဝတ္ထိပြည်မှာနေတယ်။

အဲဒီမှာ ရဟန်းကလေး တစ်ပါး ကြွလာတော့ ဘုရား – ကောဟေ့ ကျန်းမာရဲ့ လား၊ အားအင်ဗလ ပြည့်ဖြိုးရဲ့ လား လို့ မေးတယ်၊ ရှင်သာရိပုတ္တရာက (မှန်ပါ့)။

အရှင်ဘုရားတဲ့ (ကျန်းမာပါတယ်)၊ အားအင်ဗလလဲ ပြည့်ဖြိုးပါတယ်တဲ့၊ သံဃာများကတော့ကွ တဲ့ ကျန်းမာ ကြရဲ့လား၊ အားအင်ဗလပြည့်စုံကြရဲ့လားတဲ့၊ (ပြည့်စုံပါတယ် ဘုရား)။

နို့ကွာ ငါနဲ့ မိတ်ဆွေ ဓနဉ္စာနီ ပုဏ္ဏားကြီး ဆိုတာ လဲ ရှိသေးသကွာတဲ့၊ အဲဒီ ဓနဉ္စာနီ ပုဏ္ဏားကြီးတော့ မမေ့ လျော့တဲ့ အလုပ်တွေလုပ်တာ မင်းတို့ မြင်ကြ, တွေ့ကြရဲ့လား မေးတော့ အဲဒီရဟန်းကလေးက ဖြေလိုက်တယ်။ ဓနဉ္စာနီပုဏ္ဏားကြီး ဘုရား တဲ့၊ ဘာမှ မမေ့မလျော့တဲ့ အလုပ်တွေကို မလုပ်ပါဘူးတဲ့၊ သူဟာတဲ့ ရှင်ဘုရင့်ဆီမှာလဲ ရှင်ဘုရင်က မင်း လယ်တွေ လျှောက်သိမ်း ဆိုတဲ့ အခါမှာလဲ ပုဏ္ဏားတွေဆီမှာ, လယ်သမားတွေဆီမှာ သိမ်းတဲ့အခါမှာ လဲ အပိုတွေရအောင် သိမ်းတယ်၊ သိမ်းတဲ့ပစ္စည်းကိုလဲ သူ့ ကျီထဲသာ များများသွင်းပြီး ရှင်ဘုရင်ကို နည်းနည်းပေးတယ်။ ဒီလို မကောင်းတဲ့အလုပ်တွေကို လုပ်နေတယ်ဘုရား။

ဓနဉ္စာနီ ပုဏ္ဏားကြီး

သိမ်းတာကလဲ သူများဆီက အများကြီးရအောင် သိမ်းတယ်နော်၊ ရှင်ဘုရင့်ရိက္ခာတော် ဆိုပြီးတော့ (မှန်ပါ့)၊ ရှင်ဘုရင့်ဆီ ပေးတဲ့အခါကျတော့ အချို့တစ်ဝက်သာ ပေးတယ်၊ အချို့တစ်ဝက် သူ့ကျီထဲ ထည့်တယ်၊ အဲဒါကြောင့် ဓနဉ္စာနီ ပုဏ္ဏားကြီးဟာ အဓမ္မရာဂ, ဝိသမလောဘတွေ, အဓမ္မစာရီ ဝိသမစာရီ အလုပ်တွေ လုပ်နေတယ်ဘုရာ့၊ ဘယ် မမေ့ မလျော့ဘဲ ရှိမှာတုံး၊ ပြီးတော့လဲ သူ့မှာ အရင်ခင်ပွန်းမက သဒ္ဓါတရားနဲ့ ပြည်စုံတဲ့ ခင်ပွန်းမက ပျက်စီးသွားတယ်၊ နောက်ခင်ပွန်းမနဲ့ တည်ထောင်တယ်၊ နောက်ခင်ပွန်းမကလဲ သဒ္ဓါတရားမရှိတဲ့ သူငယ်မ ဖြစ်နေတော့ သာပြီး မေ့လျော့ တယ်။ (မှန်ပါ့)။

ရှင်သာရိပုတ္တရာက ကွာ ကြားရတာ မကောင်းလိုက် တာတဲ့၊ သူနဲ့ သူငယ်ချင်းကို ဓနဉ္စာနီ ပုဏ္ဏားကြီးနဲ့။ (မှန်ပါ့)။

ရှင်သာရိပုတ္တရာ ဆွမ်းခံကြွတယ်

ငါ တစ်နေ့နေ့တော့ တွေ့စမ်းချင်သေးတယ်ကွာ ဆိုပြီး သကာလ ဓနဉ္စာနီပုဏ္ဏားကြီး ရှိရာသို့ ဆွမ်းခံ သွားလိုက် တယ်၊ သွားလိုက်တဲ့အခါ ဓနဉ္စာနီ ပုဏ္ဏားကြီးကလဲ ပြင်ဘက် မှာ နွားနို့ညှစ်နေတာ တွေ့တယ်၊ တွေ့တော့ သူပဲ လာပြီးတော့ ဝတ်ချတယ်။

အရှင်ဘုရား ဆွမ်းဘုဉ်းပေးပြီးပလား၊ အခု နွားနို့ လတ်လတ်ဆတ်ဆတ်တွေ ဘုဉ်းပေး ပါဦးလား၊ ဟာ ငါ ဆွမ်းဘုဉ်းပေးခဲ့ပြီကွာ၊ မင်း နွားနို့ တွေလဲ မဘုဉ်းပေးချင်ဘူး၊ နေ့လယ်တော့ ငါ ဘယ်သစ်ပင်မှာ ရှိမယ်ကွာ၊ အဲ မင်း ခဏလာခဲ့ဦး၊ သူက တရားဟောချင်လို့ ခေါ်လိုက်တယ်။ (မှန်ပါ့)။

ခေါ်လိုက်တော့ နေ့လယ်ကျတော့လာရော၊ ဓနဉ္စာနီ ပုဏ္ဏားကြီးက သူ မှာလိုက်တာနဲ့ လာတယ်၊ မင်း အခု ဘယ့်နှယ်နေသတုံးကွ၊ သူတော်ကောင်း အလုပ်တွေများ၊ ရုပ်နာမ်ဖြစ် ၊ ပျက်တွေ ရှုတာများ မေ့လျော့နေသလား တဲ့။

သူတော်ကောင်းအလုပ် မေ့လျော့နေသလား

ဟာ ဘယ်မမေ့ဘဲရှိမလဲ ၊ဘုရား၊ ရှင်ဘုရင့်ဖို့လဲ လုပ်နေရတယ်ဘုရာ့၊ တိုင်းသူပြည်သားတွေ အတွက်လဲ လုပ်နေရတယ်ဘုရာ့၊ အိမ်က သားသမီးတွေဖို့ လဲ မင်္ဂလာ အခမ်းအနားတွေ၊ ပုခက်တင် မင်္ဂလာတွေ၊ အိမ်ထောင်ပြု မင်္ဂလာတွေ၊ ဒီအတွက်ကလဲ အောက်ကျနောက်ကျ ရှိမှာစိုးလို့ ကြီးကြီးကျယ်ကျယ် လုပ်နေရတယ်ဘုရာ့၊ သေသူအတွက် ရည်မှန်းပြီး လုပ်ရတဲ့ကိစ္စတွေလဲ မနည်းလှဘူး၊ ဆွေမျိုး ဉာတကာတို့ အတွက် လုပ်ရတဲ့ကိစ္စတွေလဲ မနည်းလှဘူး၊ သာမှု, နာမှုတွေ အတွက် လုပ်ရတဲ့ ကိစ္စတွေလဲ မနည်းလှဘူး။ သားသမီးတွေအတွက် လုပ်ရကိုင်ရတာကလဲ မနည်းလှဘူး။

အဲဒီတော့ တပည့်တော် ဘယ်မှာ သူတော်ကောင်း အလုပ် မမေ့ဘဲနေမတုံး တဲ့၊ မေ့မှာပဲလို့ သူက လျှောက် တယ်။ (မှန်ပါ့)။

ဒကာ ဒကာမတွေ မေ့စရာအကြောင်း ဘယ်လောက် များသတုံး။ (များပါတယ် ဘုရား)။ အရေးကြီးတဲ့အလုပ် မေ့နေတယ် သားသမီးတွေ ကြီးပွားချင်လို့ လဲ အမေမိဘများ သူတော် ကောင်း အလုပ် မေ့ပါတယ်နော်။ (မှန်ပါ့)၊ သာမှု, နာမှုတွေ လိုက်နေရလို့လဲ (သူတော်ကောင်း အလုပ်တွေ မေ့ပါတယ်)၊ ရုပ်နာမ်ဓမ္မ ဖြစ်ပျက်ရှုတဲ့အလုပ်ဟာ မေ့ပါ တယ်။ (မေ့ပါတယ် ဘုရား)၊ တကယ့် အရေးကြီး တဲ့ အလုပ်ကို မေ့မေ့ နေတယ်နော်။ (မှန်ပါ့)။

အဲဒီလို မေ့ပြီး သကာလ နေပါတယ်ဆိုတော့ ရှင်သာရိ ပုတ္တရာကကွာ မင်း ပြောတာတွေလဲ မကောင်းသဖြင့် ကြားရတာချည်းပဲ။

ဒကာကြီး လှိုင် မကောင်းသဖြင့် ကြားရတာချည်းပဲ ကွာတဲ့၊ ရှင်သာရိပုတ္တရာက (မှန်ပါ့)၊ ဒါဖြင့် မင်းကို ငါ မေးပါဦးမယ်ကွာ ဆိုပြီး တရားဟောတယ်။ (မှန်ပါ့)။

မင်းအတွက် မင်းမေ့နေတယ်

ကဲကွာ တဲ့၊ မင်းက ရှင်ဘုရင့်အတွက်နဲ့ပဲ ကိစ္စတွေ များနေပြီး မင့်အလုပ် မင်းမေ့နေတယ်၊ သူတော်ကောင်း အလုပ် ရုပ်နာမ်ဖြစ်ပျက်တွေ တွေးတဲ့ဥစ္စာ မင်း မေ့တယ် ထားပါတော့။

ဒါနဲ့ အခု ရှင်ဘုရင့်အတွက် လုပ်ရတော့ သူတစ်ပါး ဆီ ခြိမ်းခြောက်ပြီးတော့ ယူရ၊ ကိုယ့်အတွက် လုပ်ရတဲ့ အတွက်လဲ ကိုယ့်ကျီကြထဲလဲ များများရအောင်လုပ်ရ မင်း လုပ်ရတော့ကို တဲ့၊ ဒါ ရှင်ဘုရင့်အတွက် လုပ်ရတယ် ဆိုပြီးတော့ မင်းကတော့ ဆင်ခြေလဲတာပဲ တဲ့။

ဆင်ခြေလဲလို့ မရ

သို့သော် တဲ့၊ မင်းသည် ဒီမကောင်းသော အဓမ္မ အလုပ်, ဝိသမအလုပ်တွေ လုပ်တဲ့အတွက် ငရဲရောက်သွားတဲ့ အခါကျတော့ ကျုပ်ဟာ ရှင့်ဘုရင့်အတွက် လုပ်တာပါ။ ကျုပ်ကို ငရဲထိန်းနှင့် ရဲသားတွေ၊ လွှတ်ပါလို့ ဆိုတော့ ရမလား တဲ့ မေးတယ်။ (မှန်ပါ့)၊ ကဲ ဦးဘကလေး ဖြေစမ်း ရပါ့မလား (မရပါ ဘုရား)။

သူကိုယ်တိုင်ပဲ ဖြေတာပဲ ဓနဉ္စာနီက မရပါဘူးတဲ့။ (မှန်ပါ့ ဘုရား)၊ ဓနဉ္စာနီက ငရဲထိန်း, ငရဲသားတွေက ဆွဲတဲ့ အခါ ကျုပ် ရှင့်ဘုရင့်အတွက် လုပ်တာ၊ ကျုပ်အတွက် မပါ ဘူးလို့ ပြောလို့ ဆိုလို့ ငြင်းလို့ ခုံလို့ ရပါ့မလားဆိုတော့ မရဘူးတဲ့၊ ကဲ ရှိပါစေကွာ မရမှန်း မင်း သိပြီ မှတ်ထား။

သားသမီးအတွက်ပါဆိုလို့ မရ

တစ်ခါ သားတွေသမီးတွေ အတွက် မုသားကလေး သုံးကာ ပြောကာ ဆိုကာ ရွှင်ကာနဲ့ ရှာဖွေရတယ်၊ နောက် ငရဲရောက်သွားပြီကွ တဲ့၊ ငရဲထိန်းတွေက ဆွဲကြ, ငင်ကြတဲ့ အခါ ကျုပ် သားသမီးတွေ အတွက် လုပ်တာပါ၊ ကျုပ် အတွက် မဟုတ်ပါဘူးလို့ မင်း ရုန်းလို့ ရပါ့မလားလို့ ဓနဉ္စာနီ ပုဏ္ဏားကြီးကို ရှင်သာရိပုတ္တရာက မေးလိုက်တယ်၊ ခင်ဗျားတို့ ဘယ့်နှယ်ဖြေကြမလဲ (မရပါ ဘုရား)။

ခင်ဗျားတို့က သားသမီးအတွက်, သားသမီးအတွက်နဲ့ ဒကာကြီးလှိုင်က အိုချင်းဆိုးကြီးဖြစ်မှ ဒါတွေက ပြောချင် ပြောနေတာ (မှန်လှပါ ဘုရား)၊ မပြောဘူးလား။ (ပြောပါ တယ် ဘုရား)။

ငရဲရောက်သွားတဲ့အခါ ကျပ်သားသမီးအတွက် ကျုပ် မုသားပြောပြီး သကာလ ကျုပ် လုပ်နေတာပါဗျာ၊ သားသမီး သာ အပါယ်ချကြပါ၊ ကျုပ်က သူတို့ အတွက်လုပ်တာပါ လို့ ငြင်းလို့ ခုံလို့ ရပါ့ မလား။ (မရပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက စဉ်းစားရမယ်။ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေက ဆင်ခြေလဲစရာရှိရင် ဒါပဲလဲတယ်၊ ဘယ့်နှယ်လုပ်ရပါ့ မလဲဘုရာ့ အရှင်ဘုရား တို့ကိုလဲ သပိတ်တစ်လုံးမှ သင်္ကန်းသုံးထည်နဲ့ လွယ်လွယ် ကူကူ ဆွမ်း,ကွမ်းက ရတာမဟုတ်၊ တပည့်တော်တို့ ပြော နိုင်ဆိုနိုင်မှ အသင့်အတင့် သုံးနိုင်မှ လှည့်ကာ ပတ်ကာ ဆိုသလိုပဲ ပြောနိုင်, ဆိုနိုင်မှ ရတာဆိုတော့ လှည့်နိုင် ပတ်နိုင်တာက အသာရှိပါစေတော့၊ လှည့်တဲ့ ပတ်တဲ့ အကုသိုလ်ကို သားသမီးများအတွက်လုပ်တယ်၊ ဆွေမျိုး ဉာတကာ အတွက် လုပ်တယ်ဆိုတာ ငရဲထိန်းတွေကဆွဲတဲ့ အခါကျတော့ ကိုယ့်သားမယား အတွက် လုပ်တာပါ၊ ဆွေမျိုး ဉာတကာ အတွက် လုပ်တာပါ၊ ကျုပ် လွှတ်ပါဆိုလို့ ရပါ့ မလား (မရပါ ဘုရား)။

လုပ်တဲ့လူ အပြစ်ခံရ တယ်

ဒါ ဘုန်းကြီးက ဟောနေတာလို့ အောက်မေ့မနေ နဲ့၊ ရှင်သာရိပုတ္တရာက ဓနဉ္စာနီ ပုဏ္ဏားကြီး ဟောနေတယ် ဒကာကြီးလှိုင်က မှတ်ရမယ်။ (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေက နားလည်ရဲ့ လား။ (လည်ပါတယ်)၊ ဘယ်သူ့ အတွက်လုပ်,လုပ် လုပ်တဲ့ အပြစ်ခံရတယ်။ (မှန်ပါ့ ဘုရား)။

ဘယ်သူ့အတွက်လုပ်,လုပ် (လုပ်တဲ့သူ အပြစ်ခံရပါ တယ်)၊ ဦးဘကလေး ရိပ်မိပလား (မှန်ပါ့ ဘုရား)။

စားတဲ့လူတွေကော ဟိုငရဲထိန်းတွေ ဆင်ခြေလဲလို့ ရရဲ့လား (မရပါ)၊ ကျုပ်အတွက် လုပ်တာ မဟုတ်ပါဘူး၊ သားတွေသမီးတွေအတွက် လုပ်တာပါလို့ ဆိုကော (မရ ပါ ဘုရား)၊ ဒကာကြီးလှိုင် ရနိုင်ပါ့မလား။ (မရနိုင်ပါ ဘုရား)။

မရဘူးလို့ ဓနဉ္စာနီပုဏ္ဏားလဲ ဒီအတိုင်းဖြေတာပဲ။ နောက်ကျတော့ကွာ သူများက အခု မေ့လျော့နေတယ်တဲ့။ သူတော်ကောင်းအလုပ်ကို ဖြစ်ပျက်အလုပ်တွေ၊ နိဗ္ဗာန်ရောက် တဲ့ အလုပ်တွေ မင်းက မေ့လျော့တယ် ဆိုတော့ ဆွေမျိုး ဉာတကာတွေအတွက် လုပ်နေရလို့ မင်း ပြောတာပဲ၊ ဆွေမျိုး ဉာတကာတွေ အတွက် အကောင်းအဆိုးတွေ ရောပြီး သကာလ မင်း အကုသိုလ်တွေလဲပါ၊ ကုသိုလ် တွေလဲပါ၊ လောကီအလုပ် တွေ လုပ်နေတော့ မင်း သေသွားတော့ ငရဲထိန်းတွေက ဆွဲတဲ့ အခါကျတော့ မင်း ကျုပ်အတွက် လုပ်တာ မဟုတ်ပါ ဘူး၊ ဆွေမျိုးဉာတကာတွေ အတွက် လုပ်တာပါ၊ ကျုပ်ကို လွှတ်ပါဆိုလို့ ရပါ့ မလား။ (မရပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေရော ကျေနပ်ကြရဲ့ လား။ (ကျေနပ်ပါတယ် ဘုရား)။

ခင်ဗျားတို့ က အားကြီး ဆင်ခြေလဲနေတယ်။ ဪ တစ်ယောက်တည်းလဲ မဟုတ်တော့ ဆိုတော့ ဟိုငဲ့တယ် ဆိုတာ ပါသွားတာပဲ။ (မှန်ပါ့ ဘုရား)။

နည်းနည်းလေးဖြင့် သုံးရနှုန်းရတာပဲ၊ မကောင်းတာ ကလေးလဲ ပါ,ပါသွားတာပဲ ဆိုတော့ ဘာ့ကြောင့်ပါသွားရ သတုံးလို့ မေးတော့ မောင်နိုင် အဖြေထွက်မှာပဲ။ (မှန်ပါ့)၊ သားနဲ့ သမီးနဲ့ ဆွေနဲ့မျိုးနဲ့ နေရတာ၊ ရပ်နဲ့ ရွာနဲ့ နေရတာ၊ ကုန်စရာတွေက အများကြီး၊ ဦးဘကလေး မလာပေဘူးလား။ (လာပါတယ် ဘုရား)။

ငရဲထိန်းတွေက ခွင့်လွှတ်မလား

အဲဒီ ကုန်စရာတွေများတော့ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ရပ်နဲ့က ကိုယ်က မုသားကလေး သုံးကာ လိမ်လည် ကောက်ကျစ်ကာ ပရိယာယ်တွေများများနဲ့ သုံးကြဝယ်ကြ ပြီ ရတဲ့ပစ္စည်းဟာ ကိုယ်က ဒီအပြစ်ကြောင့် ငရဲရောက် သွားတဲ့အခါမှာ သားသမီး ဆွေမျိုးဉာတကာတွေအတွက် လုပ်တာပါ၊ ကျုပ်အတွက် မဟုတ်ပါဘူးဆိုပြီး ဆင်ခြေလဲလို့ ငရဲထိန်းတွေက လွှတ်ပစ်ပါ့မလား။ (မလွှတ်ပါ)၊ သူပဲခံရမှာပဲ ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အသုံးအနှုန်းဟာ ကိုယ်သုံးနှုန်း တာဖြစ်တော့ ကိုယ်သာလျှင် အပြစ်ရှိတယ်၊ ဘယ်သူ့ငဲ့ပြီး သုံးသုံး အပြစ်တော့ဖြင့် ကိုယ်သာလျှင် ခံရလိမ့်မယ်ဆိုတာ ယနေ့ ဓနဉ္စာနီ ပုဏ္ဏားကြီး အဖြေထုတ်နေတာ ထောက် လိုက်ရင် ရှင်းရှင်းလင်းလင်း မှတ်ပါ။ (မှန်ပါ့)၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒကာကြီးလှိုင် ကျေနပ်ပလား။ (ကျေနပ်ပါတယ်)၊ ဘယ်သူ့အတွက်လုပ်လုပ် ခံတော့ ဘယ်သူတုံး (ကိုယ်ပဲ ခံရမှာပါပဲ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သားကလေး ငယ်သေးလို့ သူတော်ကောင်း အလုပ် မလုပ်နိုင်သေးဘူး၊ မလုပ်နိုင်ရင် သေသွားလို့ ရှိရင် သားငယ်က ကူမှာလား၊ ကိုယ်ပဲ အပါယ်သွားရမှာလား။ (ကိုယ်ပဲအပါယ်သွားရမှာပါ ဘုရား)။

သားသမီးကလေး အိမ်ထောင်ကျထားတော့ မလုပ် တတ် မကိုင်တတ် ရှိနေလို့ ဖေးမ, ရသေးတယ်၊ အင်း လောကီအလုပ်တွေပေါ့ဗျာ။ (မှန်ပါ့ ဘုရား)။

လောဘ, ဒေါသအလုပ်တွေ ဖေးမမှနေရင် မတ္တနဲ့ သေသွားတဲ့အခါ သူတို့ အရွယ် မရောက်သေးတဲ့လူ မလုံ လောက်တဲ့ ပုဂ္ဂိုလ်ကော ကိုယ့် လာကယ်မလား၊ ငရဲမီးလျှံ သမားတွေကို သူတို့ကို ကျုပ် စောင့်နေပါတယ်၊ ဒါ့ကြောင့် ကျုပ် အပါယ်ရောက်လာတယ်၊ ကျုပ် လွှတ်ပါဆိုလို့ ရပါ့ မလား။ (မရပါ ဘုရား)။

မိုက်လုံးသန်မနေဖို့ သတိပေးလိုက်တယ်

အဲဒီတော့ မိုက်လုံးသန်မနေနဲ့ ဆိုတာကိုလဲ သတိပေး လိုက်တယ်။ (မှန်ပါ့)၊ ဒကာကြီးလှိုင် မပေးထိုက်ဘူးလား။ (ပေးထိုက်ပါတယ်)၊ နောက်က ဒကာ ဒကာမတွေ နားလည်ကြရဲ့လား။ (လည်ပါတယ် ဘုရား)။

ခင်ဗျားတို့ ပြောတဲ့စကားကဖြင့် ဒီနေ့ဘာဖြစ်နေသတုံး မေးလို့ရှိရင် ဘာကိစ္စကလေးရှိလို့ ၊ မကောင်းတဲ့ စိတ်ကလေး ရှိနေလို့၊ ဘယ်သားအတွက်၊ ဘယ်လမီးအတွက်၊ ဘယ် ရပ်အတွက်၊ ဘယ်ရွာအတွက်ဆိုပြီး သကာလ ကိုယ့်သမာဓိ ပညာအလုပ်တွေ ဖျက်,ဖျက်ပစ်တယ်။ (မှန်ပါ့)၊ မဖျက်

ကြဘူးလား။ (ဖျက်ပါတယ် ဘုရား)။

ဖျက်လိုက်တော့ ငရဲရောက်သွားတဲ့အခါ ရပ်ရွာသမား တွေက လာပြီးခံမှာလား၊ ကိုယ်ပဲ ခံရမှာလား။ (ကိုယ်ပဲ ခံရမှာပါ ဘုရား)။

အဲဒီတော့ကို ယခု ဓနဉ္စာနီပုဏ္ဏားကြီးကို ရှင်သာရိ ပုတ္တရာက မေးလိုက်တာ မင်းပဲ ခံရတယ်လို့ ဆိုတဲ့ဥစ္စာ ရှင်သာရိပုတ္တရာက ပြောတာလား၊ ဓနဉ္စာနီကပဲ သူ ဟုတ် တိုင်း မှန်စွာဝန်ခံတာလား။ (ဓနဉ္စာနီကပဲ ဟုတ်တိုင်းမှန်စွာ ဝန်ခံတာပါ)၊ ရိပ်မိကြပြီ။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဓနဉ္စာနီက တပည့်တော် လုပ်ရတာတွေက သေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ တပည့်တော် ရည်မှန်း ပြီး ရှာရဖွေရတာပဲဘုရာ့၊ သူတို့အတွက် ရည်မှန်းပြီး ကျွေးဖို့ မွေးဖို့ တွေကလဲ လုပ်ရတယ်။

အေး လုပ်တာကလုပ်ပြီ၊ မင်းကတော့ အဓမ္မစာရီ, ဝိသမစာရီ ဆိုတဲ့အတိုင်း မင်းက မတရား သဖြင့် ရှာကာ ဖွေကာနဲ့ လောဘ, ဒေါသ, မောဟ ခိုင်းတဲ့အလုပ်တွေ မင်း လုပ်နေတယ်၊ အဲဒီ ဆွေမျိုးဉာတကာတွေအတွက် လုပ်လို့ မင်း ငရဲရောက်သွားတဲ့အခါ သူတို့ က လာပြီး သကာလ သူတို့ အတွက်လုပ်တာပါ၊ မင်းကို လွှတ်ကြပါ ဆိုလို့ ရမှာလားလို့ မေးပြန်တယ်။ (မရပါ)၊ ရကြပါ မလား။ (မရပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ငရဲထိန်းတွေကို ဆင်ခြေလဲလို့ မရ

အဲဒီတော့ ခင်ဗျားတို့ ကလဲ ဒကာကြီးလှိုင်တို့ ကလဲ အသက်ကြီးလာတော့ ဦးဘကလေးတို့ ကလဲ အသက်ကြီး, မကင်းတရားကလေး မကောင်းတရားကလေးက ရှိနေသေး တယ် ဘုရာ့၊ ဒါကလေးတွေကြောင့် တပည့်တော်တို့မှာ သူတော်ကောင်း အလုပ်ကို ကျွတ်ကျွတ်လွတ်လွတ် မလုပ်နိုင် သေးဘူးဘုရား၊ မေ့လျော့တာကလေး အချိန်တွေက များများ နေသေးတယ်လို့ ဆိုတာကိုလဲ ခင်ဗျားတို့ နှုတ်ချိုသလောက် အယဉ်သုံးသလောက် ဟိုငရဲထိန်းတွေကျတော့ ဆင်ခြေလဲလို့ မရဘူး။ (မှန်ပါ့)၊ ရပါ့မလား။ (မရပါ)၊ နားလည် ကြရဲ့လား။ (နားလည်ပါတယ် ဘုရား)။

အခု ပြောနေတာတွေ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုတာတွေ အပိုချည်း အောက်မေ့ လိုက်စမ်းပါ ဒကာကြီး လှိုင် (မှန်ပါ့)၊ ဦးဘကလေး ဘယ့်နှယ် ဆုံးဖြတ်ချက်ချမလဲ။ (အပိုချည်းပါ ဘုရား)။

ကဲ ငရဲကျသွားလို့ ငရဲအစစ်ခံရတော့မယ်၊ ငရဲ ထိန်းတွေက ဆွဲချပြီဆိုတော့ မည်သူ့ကြောင့် မည်ဝါ့ကြောင့် ဆိုတဲ့ အလုပ်တွေ ရပါ့ မလား။ (မရပါ ဘုရား)။

အဲဒီတော့ ခင်ဗျား “ကြောင့်”တွေ ဖြတ်စမ်းပါဆိုတာ ကိုလဲ ဒကာကြီးလှိုင် သတိပေး လိုက်တယ်။ (မှန်ပါ့ ဘုရား)။

ကိုယ့်လိုရင်းက ဖြစ်ပျက်အလုပ်ပဲ လုပ်ပါ၊ ဒါ ရှိတဲ့ အလုပ်ပဲလုပ်ပါဆိုတာ ဦးဘကလေး သတိပေးလိုတယ်။ (မှန်ပါ့)၊ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်တွေကို ဒကာ ဒကာမတွေ သုံးချင်သေး သလား။ (မသုံးချင်ပါ)၊ ဒကာကြီး လှိုင်ကော (မသုံးချင်ပါ)၊ မသုံးချင်ပါနဲ့။ (မှန်ပါ့)၊ သို့သော် ခင်ဗျားက ရွာထဲကျတော့ ရွာသံပါ,ပါသွားတယ်။ (မှန်ပါ့)။

ဦးဘကလေး ရွာထဲကျတော့ ( ရွာသံပါ,ပါသွား ပါတယ် ဘုရား)၊ ရွာသံပါ,ပါသွားတယ်။

ရွာထဲကျတော့ ရွာစိတ်ပေါက်ပြီး ရွာသံပါသွားတယ် ဆိုတော့ ကြောင်တောင် တောထွက် သွားတဲ့အခါ ဘယ့်နှယ် ဖြစ်သွားသတုံး ဒကာကြီးလှိုင် ဖမ်းလို့ ရသေးရဲ့လား။ (မရပါ ဘုရား)၊ ဘာဖြစ်လို့တုံး၊ ပိုရိုင်းသွားလို့။ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဖြစ်သွားသတုံး၊ ပိုရိုင်းသွားတဲ့ အတွက် အရင်ထက်ဆိုးရွားတဲ့ အတတ်ပညာတွေ သုံးစား မလာဘူးလား။ (သုံးစားပါတယ် ဘုရား)။

ဒီမှာလဲ ရွာထဲပြန်လိုက်တဲ့အခါ ခင်ဗျားတို့ ကြောင် လိုပဲ၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်ထင်ကြသတုံး ၊ ကြောင်ဖြစ်မှာပဲ၊ ကြောင် ဖြစ်တော့ ရိုင်းသွားသလား ယဉ်သွားသလား။ (ရိုင်းသွား ပါတယ် ဘုရား)၊ ရှင်းပလား။(ရှင်းပါပြီ)၊ ဘယ်သူ့ကြောင့်, ဘယ်ကြောင့်တွေက ပေါ်မလာဘူးလား။ (ပေါ်လာ ပါတယ်)။

ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆင်ခြေလဲလို့ မရ

သို့သော် ဘယ်လိုပဲ ဆင်ခြေလဲလဲ ရှင်သာရိပုတ္တရာ က မင့်ကို ငရဲထိန်းတွေက ဆွဲတဲ့ အခါကျတော့ကွာ တဲ့ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုပြီးတော့ မင်းက ဆင်ခြေ လဲလို့ ရသေး သလားလို့ မေးတာပဲ။ (မှန်ပါ့)၊ ဘယ့်နှယ် ဖြေမလဲ။ (မရပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ သားငယ်လို့ သမီးငယ် လို သားသမီး အခြေမလှ သေးလို့ ကိုယ့် အတွက် ဆုတ်ယုတ်ခံပြီး သကာလ မနေနဲ့၊ ငရဲထိန်းတွေက ဆွဲတဲ့ အခါမှာ ဆင်ခြေလဲလို့ မရဘူး ဆိုတာ တစ်လုံးမှတ်ထား လိုက် (မှန်ပါ့)၊ ဒကာကြီးလှိုင် သေချာပလား။ (သေချာပါပြီ ဘုရား)။

အဲဒီလိုဟောပြီး ရှင်သာရိပုတ္တရာက ကဲ မင့်အရေး -မင်းကြီးတယ်၊ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်တွေ မင်း လုပ်မနေနဲ့၊ မမေ့မလျော့တဲ့ စိတ်ကြိုက်ရင် စိတ်ဖြစ်ပျက် ရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာဖြစ်ပျက်ရှုပြီး မင်း ဒါဘီ မမေ့မလျော့တဲ့အလုပ်ကို လုပ်ရစ်ဆိုပြီး သကာလ ကျောင်း ပြန်ကြွသွားတယ်၊ ရှင်သာရိပုတ္တရာ ကျောင်းပြန်သွား တယ်။ (မှန်ပါ့)။

ဓနဉ္စာနီပုဏ္ဏားကြီး မမာမကျန်းဖြစ်တယ်

နောက် တယ်မကြာပါဘူး၊ ဓနဉ္စာနီ မမာမကျန်း ဖြစ်လာတယ်၊ ဦးဘကလေး ဓနဉ္စာနီ မကျန်းမမာ ဖြစ်လာ တယ်။ (မှန်ပါ့)၊ မမာတော့ သူ့အိမ်မှ အစေခံတစ်ယောက် လွှတ်လိုက်တယ်၊ ဘုရားဆီလဲ သွားခဲ့ကွာ၊ ဓနဉ္စာနီ ပုဏ္ဏားကြီးဖြင့် အကြီးအကျယ်မမာဘူး၊ ဝတ်ချခဲ့၊

ရှင်သာရိပုတ္တရာတော့ ဝတ်လဲချပြီးတော့ ဓနဉ္စာနီပုဏ္ဏားကြီး မမာ ဘူးဘုရား၊ အိမ်ကို ခေတ္တကြွပါ ဆိုပြီး မင်း လျှောက်ခဲ့ဆိုပြီး လွှတ်လိုက်တယ်။ (မှန်ပါ့)။

လွှတ်လိုက်တော့ ခုနင်ကသွားတဲ့ ဒကာက ဘုရား ဝတ်ချပြီး သကာလ လျှောက်ခဲ့တယ်၊ ရှင်သာရိပုတ္တရာတော့ ဓနဉ္စာနီပုဏ္ဏား မမာဘူးဘုရာ့၊ အိမ်သို့ ခေတ္တကြွပါလို့ ဓနဉ္စာနီ ပုဏ္ဏားကြီးက ပင့်ပါတယ်၊ ဒါနဲ့ သင်းပိုင်ကလေး ဘာကလေး ပြင်ဝတ်ပြီး သကာလ ရှင်သာရိပုတ္တရာက လိုက် လာတယ်၊ လိုက်လာပြီး ဓနဉ္စာနီပုဏ္ဏားကြီးရဲ့ ဝေဒနာတွေ။ ကြည့်လိုက်တယ်။

ဒကာကြီး ဝေဒနာ ဘယ့်နှယ်နေသတုံးဆိုတော့ ဟာ ဝေဒနာပြင်းထန်ပါတယ်ဘုရား၊ နောက်မဆုတ်ပါဘူး၊ အင်မတန် ပြင်းထန်ပါတယ်၊ အမျိုးမျိုး ဥပမာတွေနဲ့ ပြောတာပေါ့လေ နော်။ (မှန်ပါ့)။

ရှင်သာရိပုတ္တရာ တရားဟောတယ်

ဒါနဲ့ ရှင်သာရိပုတ္တရာက အကဲခတ်တယ်၊ အင်း ဒီဝေဒနာကတော့ဖြင့် မရတော့ဘူး၊ သေမှာပဲ၊ ကဲ တရားဟောမယ်

ဒကာကြီးနားထောင်ဆိုပြီး တရားဟောပါတယ်။ တရားဟောတော့ ဒကာကြီး ငရဲနဲ့ တိရစ္ဆာန်ဟာ ဘယ်ဟာ ကြိုက်သတုံး၊ ဘယ်ဟာက မြတ်သတုံး၊ ဟာ ငရဲထက်တော့ ဘုရား တိရစ္ဆာန်က မြတ်တာပေါ့၊ အေးအေး မှတ်ထားပါ။

တိရစ္ဆာန်နဲ့ ပြိတ္တာကော ဘယ်ဟာမြတ်သတုံး၊ ဟာ ပြိတ္တာက တော်သေးတာပေါ့ဘုရား၊ အဆင့်ဆင့် တက်လာ တယ်နော်။ (မှန်ပါ့)။

ပြိတ္တာနဲ့ လူနဲ့ကော၊ ဟာ လူက မြတ်တာပေါ့ ဘုရား လူနဲ့ စတုမဟာရာဇ်နဲ့ကော၊ စတုမဟာရာဇ်က မြတ်တာပေါ့ဘုရား၊ စတုမဟာရာဇ်နဲ့ တာဝတိံသာကော ဆိုပြီး ဒီလိုပဲ အမြတ်တွေ တက်သွားလိုက်တာ ဗြဟ္မာပြည် ရောက်ကရော ဒကာကြီးလှိုင်။ (မှန်ပါ့)။

ဗြဟ္မာပြည်ရောက်တယ်၊ ဒါနဲ့ နတ်ပြည်နဲ့ ဗြဟ္မာ ပြည်ရော ပရနိမ္မိတ ဝသဝတီပြည်နဲ့ ပထမဈာန် ဗြဟ္မာ ပြည်ကော ဘယ်ဟာက မြတ်သတုံး၊ ဟာ ပထမဈာန် ဗြဟ္မာပြည်က မြတ်တာပေါ့ ဘုရား။

ဗြဟ္မာပြည်ကြိုက်ရင် မေတ္တာပို့

နို့ ဗြဟ္မာပြည်ကော မကြိုက်ဘူးလား၊ ကြိုက်ပါတယ် ဘုရား၊ ဒါဖြင့် ဒကာကြီး မေတ္တာပို့တဲ့၊ သေခါနီး ဟောလိုက် တယ်၊ အရှေ့ကိုလဲ မေတ္တာပို့၊ အနောက်ကိုလဲ မေတ္တာပို့ ၊ တောင်ကိုလဲ မေတ္တာပို့ ၊ မြောက်ကိုလဲ မေတ္တာပို့၊ အောက် ကိုလဲ မေတ္တာပို့၊ အထက်ကိုလဲ မေတ္တာပို့ ၊ အားလုံး တစ်တန်းတည်းဖြစ်အောင် ပို့ပါ၊ မေတ္တာချည်းပို့ပါ၊ မေတ္တာ ပို့ပြီးသည်၏အဆုံး၌ အားလုံး ကရုဏာ တစ်တန်းတည်း ထားစမ်းပါး အရှေ့အနောက်, တောင်,မြောက် အရပ်ရှစ် မျက်နှာ ပေါ့နော်။ (မှန်ပါ့ ဘုရား)။

နောက် မုဒိတာထားစမ်းပါ၊ နောက်ဥပေက္ခာဆိုတဲ့ တရားနဲ့ အားလုံး ဥပေက္ခာထားလိုက်စမ်းပါ ဆိုပြီး သကာလ ကျောင်းပြန်ကြွသွားတယ်၊ တရားဟောပြီးတော့နော်။ (မှန်ပါ့)။

မေတ္တာအရင်လုပ်ပါ၊ ပြီးတော့မှ ကရုဏာလုပ်၊ ပြီးတော့မှ မုဒိတာလုပ်၊ ပြီးတော့မှ ဥပေက္ခာ လုပ်ဆိုပြီး သကာလ ဒကာကြီးလှိုင် ဗြဟ္မာပြည်ရောက်ကြောင်းတွေ ဟောပစ်ခဲ့တယ်။ (မှန်ပါ့ ဘုရား)။

ဘုရားကသိနှင့်နေတယ်

ဟောပြီ အရှင်သာရိပုတ္တရာလဲ ကြွသွားလို့ လမ်း ရောက်ရော လမ်ရောက်တော့ ဘုရား က ဟိုကနေ အဘိဉာဏ်နဲ့ သိတယ်၊ ဘုရားနားမှာရှိတဲ့ ရဟန်းတွေကို ဘုရားက ရှင်သာရိပုတ္တရာ သူ့နား မရောက်ခင် ဟောနေတယ်၊ မောင်နိုင် မှတ်ထား။ (မှန်ပါ့)။

ရှင်သာရိပုတ္တရာ ဘုရားဆီရောက်ပလား။ (မရောက် သေးပါ ဘုရား)၊ မရောက်သေးဘူးနော်၊ မရောက်ခင်ပဲ ဟေ့ တဲ့၊ သာရိပုတ္တရာ ဓနဉ္စာနီပုဏ္ဏားကြီးကို တရားဟော တာကွာ နိဗ္ဗာန် ရောက်ကြောင်း တရား ချန်လှပ်ပြီး သကာလ ဗြဟ္မာပြည် ရောက်ကြောင်း တရားဟောပြီး သူလာပြီကွ တဲ့၊ ဒီထက်မြတ်တဲ့ တရားကို သူ မဟောခဲ့ဘူး။ (မှန်ပါ့)၊ ဗြဟ္မာပြည် ရောက်ကြောင်း တရားဟောပြီး သူ လာတယ်ကွ တဲ့၊ ဟိုက သိနှင့်နေပြီ။ (မှန်ပါ့ ဘုရား)။

ဒါနဲ့ သိနှင့်နေတော့ ရဟန်းတွေကို ဘုရားက ပြော ပြီးပြီ ဆိုပါတော့ မောင်နိုင်,ရ (မှန်ပါ့ ဘုရား)၊ နောက်မကြာခင်ပဲ ရှင်သာရိပုတ္တရာကလဲ ဒီတရားပွဲကဆုံးပြီး လျှောက်လာတာနဲ့ ရောက်ကရော ဘုရားဆီ (မှန်ပါ)။

ဟေ့ သာရိပုတ္တရာ “ မင်း ဘယ်က လာခဲ့သတုံး၊ ဒီလိုပဲ ဘုရား ဓနဉ္စာနီပုဏ္ဏားကြီး မမာတာနဲ့ တရားဟော သွားတယ်။

ဘယ့်နှယ်မျာ းဟောခဲ့သတုံးကွ ခုနင်က အစဉ်အတိုင်း ပေါ့ဗျာ၊ မြတ်တာ, မြတ်တာ အဆင့်ဆင့် တက်ပြီး သူ ကြိုက် တဲ့ ဗြဟ္မာပြည် ပို့ပစ်ခဲ့တယ်။

ရှင်သာရိပုတ္တရာကို တရားဟောညံ့တယ်တဲ့

ဪ မင်းနှယ်ကွာ ဒီထက်ကောင်းတဲ့ တရားရှိပါ လျက်သားနဲ့ ဗြဟ္မာပြည် ထားခဲ့တယ် ဆိုတော့ ဒုက္ခသစ္စာ ရတဲ့ပြည် မင်း ပို့ ထားခဲ့တာ။ (မှန်ပါ့)၊ တရားဟော ညံ့တယ်။ (မှန်ပါ့)၊ ဒကာကြီးလှိုင် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒီထက်လွတ်မြောက်တဲ့တရား ရှိပါလျက်သားနဲ့ မလွတ်မမြောက်တဲ့နေရာ ပို့ထားခဲ့တယ် ဆိုတော့ ဇာတိ, ဇရာ, မရဏထဲ တွန်းထားခဲ့တာနဲ့ မတူဘူးလား။ (တူပါ – တယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းဟာ ကွာ တရားဟော ညံ့တယ်၊ နိဗ္ဗာန် ရောက်ကြောင်းတရားတွေ ရှိပါလျက်သားနဲ့ ဗြဟ္မာပြည် ရောက်ကြောင်း တရား မင်း တင်ပို့ ထားခဲ့တဲ့ ဥစ္စာကွာ မင်း ဟောခဲ့တာ ညံ့တယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောလိုက်တယ်။ (မှန်ပါ့)။

အဲဒီတွင်မှ ရှင်သာရိပုတ္တရာက သတိရတယ်၊ ဪ ငါဟောတာ သစ္စာမပါ,ပါဘဲလား။ (မှန်ပါ့)၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)။

သစ္စာမပါဘဲ မေတ္တာအပို့ခိုင်းခဲ့တယ်

ဘာတဲ့တုံး။ (သစ္စာမပါ,ပါ ဘုရား)၊ ဘယ်ပါမတုံး၊ မေတ္တာ အပို့ခိုင်းပစ်ခဲ့တာ။ (မှန်ပါ့)၊ ပါသေးရဲ့ လား။ (မပါ,ပါ ဘုရား)။

မေတ္တာအပို့ ခိုင်းပစ်ခဲ့တယ်၊ မေတ္တာ, ကရုဏာ, မုဒိတာ ပို့ ရစ် ဒကာကြီးဆိုလို့ ဟိုက ရှင်သာရိပုတ္တရာ လမ်းရောက်တော့ သေပါရော။ (မှန်ပါ့)၊ သေတော့ ဗြဟ္မာ ပြည် သွားဖြစ်တယ်။ (မှန်ပါ့ ဘုရား)၊ ဥပပတ္တိ ပဋိသန္ဓေ ဘွားခနဲ ဗြဟ္မာကြီး သွားဖြစ်တယ်။

အဲဒီတွင် ရှင်သာရိပုတ္တရာ ဘုရားဆီရောက်လို့ ဘုရားက မင်း တရားဟောညံ့တယ်၊ ဒါဖြင့် တပည့်တော် – ပြန်ဟောဦးမယ်ဆိုတော့ မင်း ဟောမနေပါနဲ့၊ သူ ဗြဟ္မာ ပြည် ရောက်သွားပြီလို့ ပြောလိုက်တယ်။ (မှန်ပါ့)၊ ကဲ ဘယ်လောက် နာသွားသတုံး။ (နာပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတွေ ဒါ ဘယ်သူ့ကြောင့်တုံး။ (တရားဟောညံ့လို့ ပါ ဘုရား)။

တရားဟောညံ့လို့လဲ ဒကာကြီးလှိုင် လိုရာခရီး အပြီးတိုင် မရောက်တာ ရှင်းပလား။ (မှန်ပါ့)။

ဘယ်နှစ်ချက်ရှိသွားပလဲ နဂိုစ,လိုက်တာ (သုံးချက် ပါ ဘုရား)၊ သုံးချက်နော်။ (မှန်ပါ့)။

တရားမဆုံးလိုက်လို့ မှားခြင်းတစ်ချက်။ (မှန်ပါ့ ဘုရား)၊ မကောင်းသောစိတ် တရားနာတဲ့ အထဲမှာ ဝင်လာ လို့လဲ (မှားခြင်း တစ်ချက်ပါ ဘုရား)။

တရားဟောညံ့ရင် တရားထူးမရနိုင်

အဲ မဂ်ဖိုလ်မရောက် မှားခြင်းတစ်ချက်နော်။ (မှန်ပါ့)၊ တရားဟော ပုဂ္ဂိုလ်ညံ့လို့ လဲ ဘာ (မှားခြင်း တစ်ချက်ပါ)၊ မဂ်ဖိုလ် မရောက်တော့ဘူး (မှန်ပါ့)၊ နိဗ္ဗာန် ရောက်သေးရဲ့လား။ (မရောက်ပါ ဘုရား)။

အဲဒါကြောင့် တရားဟောညံ့တာပေမယ့် ဦးဘကလေး သာမညအရေးကြီးတယ်လို့ အောက်မေ့မနေနဲ့၊ ဘုရားကိုယ် တိုင်က အပြစ်တင်ခံရတယ်။ (မှန်ပါ့ ဘုရား)၊ မခံရဘူး လား။ (ခံရပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒါဟာ အထိသုံးပါး သိဖို့ ဆိုတဲ့ ဥစ္စာ မောင်နိုင် ဒါဆိုတာပါပဲ။ (မှန်ပါ့)၊ ကိုမြင့် ဒီအတိုင်းပဲနော်။ (မှန်ပါ့)။ ကိုယ့်ဘက်ကလဲ တရားအဆုံးလိုက်လို့ အရေး, တစ်ရေး။ (မှန်ပါ့ ဘုရား)၊ ကိုယ့်ဘက်ကလဲ ပါပမိတ္တ ဆိုတဲ့ မကောင်းသော တရာ တွေနဲ့ မပေါင်းဖို့ အရေး တစ်ရေး။ (မှန်ပါ့)၊ နှစ်ရေး မရှိဘူး လား။ (ရှိပါတယ် ဘုရား)။

တရားဟောပုဂ္ဂိုလ်ကလဲ နိဗ္ဗာန်ရောက်ကြောင်းတရား သစ္စာတရားကို ဟောဖို့ အရေးလဲ တရားဟော ပုဂ္ဂိုလ်၏ အရေး (မှန်ပါ့)၊ ဤအရေးမပါလို့ ရှင်သာရိပုတ္တရာကြီး ဘုရား အပြစ်တင် ခံရတယ် ဆိုတာလဲ ဒကာကြီးလှိုင် ရိပ်မိ ပလား။ (မှန်ပါ့ ရိပ်မိပါပြီ)၊ တယ်နစ်နာပါလား။ (နစ်နာပါတယ် ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒကာကြီးလှိုင် အခုဟာ တတိယအချက်မှာ ဘယ်သူ ညံ့တုံးဗျ။ (တရားဟောပုဂ္ဂိုလ် ညံ့တာပါ ဘုရား)၊ တရားဟောဆရာ ညံ့တယ်။ (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ သစ္စာမပါဘူးတဲ့၊ သူ ဟောတာတွေက မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဒီလေးခုပဲ ဟောတယ်။ (မှန်ပါ့)။

မေတ္တာပို့ ရစ်ကွာ ကရုဏာ ထားရစ်ကွာ၊ သစ္စာ ပါသေးလား (မပါ,ပါ ဘုရား)၊ မုဒိတာ ထားရစ်ကွာ၊ ဥပေက္ခာ အလုံးစုံထားပြီးတော့ နေကွာ၊ အဲဒါ ဗြဟ္မာပြည် ရောက်လိမ့် မယ်ဆိုပြီးတော့ ဟောပစ်ခဲ့တော့ သူ ပြန်လာလို့ လမ်းရောက်ကာရှိသေး စုတိစိတ်ကျ၊ ကျသည်နဲ့တစ်ပြိုင်နက်တည်း ဗြဟ္မာကြီး သွားဖြစ်တယ်။ (မှန်ပါ့)။

သူ မရောက်ခင်ဘဲ ဘုရားကကော မောင်နိုင် သိနှင့် ပလား၊ မသိနှင့်ဘူးလား။ (သိနှင့်ပါတယ် ဘုရား)။

ရှင်သာရိပုတ္တရာကွာ ဒီထက်ကောင်းတဲ့ တရား ရှိလျက် သားနဲ့ ဒီနားတွင် ရပ်ထားခဲ့တယ်ဟေ့ လို့ ရဟန်းတွေကို ပြောနှင့် ဘုရားက။ (မှန်ပါ့)။

ကိုင်း ဒကာ ဒကမာတွေ ဘယ်သူညံ့တာပါလိမ့်။ (ဆရာညံ့တာပါ ဘုရား)၊ ဆရာညံ့တာပါ။

ဆရာညံ့ရင် တရားထူးမရနိုင်

တိုတိုပြောတော့ ဘယ့်နှယ်ပြောကြမလဲ။ (ဆရာ ညံ့တာပါ ဘုရား)၊ ဦးမူကြီး (ဆရာညံ့တာပါ ဘုရား)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ တရားကို အဟုတ်မှန်မှန် ပြောရမယ်ဆိုတော့ မောင်နိုင် မလွယ်ပါ ကလား။ (မလွယ်ပါ ဘုရား)။

မလွယ်ဘူး၊ အခု ကြည့်စမ်း၊ ဘုရားက မင်းက ဗြဟ္မာပြည် ရောက်ကြောင်း မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မာဝိဟာရတရားကို မင်း ဟောထားခဲ့တဲ့ အတွက် ဗြဟ္မာပြည်ရောက်ပြီကွ ဆိုတော့ ဪ တပည့် တော် လိုပါကလားလို့ သူ တာဝန်ခံတာပဲ။ (မှန်ပါ)။

ဒါဖြင့် တပည့်တော် ဗြဟ္မာပြည်လိုက်ပါဦးမယ်တဲ့။ (မှန်ပါ့)။

ဘုရားက မင်း ဟောတာက တရားခုလတ်တွင် ဟော ပစ်ခဲ့တယ်၊ ဒီထက်ကောင်းတဲ့ နိဗ္ဗာန် ရောက်ကြောင်း မပါ ဘူး၊ အခုတော့ဖြင့် လွန်သွားပြီကွာ ဒီပုဏ္ဏားကြီးက ဗြဟ္မာ ပြည်ရောက်သွားပြီ ဆိုတော့ လူ့ပြည် ဟောရမည့် အလုပ်ကို တပည့်တော်ညံ့တဲ့အတွက် ဗြဟ္မာပြည် လိုက်ပါဦးမယ်ဆိုပြီး လိုက်ပြန်တယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာကြီး အခု ဘယ်ကြွသွားသတဲ့။ (ဗြဟ္မာပြည် ကြွသွားပါတယ်)၊ ဦးအောင်ဇံဝေတို့ ဘယ်ကြွ သွားသတုံး။ (ဗြဟ္မာပြည်ကြွသွားပါတယ်)၊ ဘာဖြစ်လို့ ကြွသွားရတာတုံး။ (သစ္စာတရား ဟောမလို့ ကြွသွားရတာပါ ဘုရား)။

ဘာဖြစ်လို့ ကြွရပြန်တာတုံး၊ ခုနင်က တစ်ခါကြွပြီး ပြီ၊ အခုတစ်ခါထပ် ပြီးတော့ ဘာဖြစ်လို့ ကြွရတာတုံးမေ တော့ ဘယ့်နှယ် ပြောမတုံး။ (တရားဟောမလို့ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ကိုယ်တော်ကြီး နှစ်ခါ ကြွရတာ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ နောက်တစ်ခါ ဘာဖြစ်လို့ တုံး။ (တရာ ဟောညံ့ခဲ့လို့ပါ)၊ သူ့ဟာသူ ညံ့ခဲ့လို့ ကြွရရှာတာ။ (မှန်ပါ့ ဘုရား)။

ကဲ ကိုမြင့် ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဘာဖြစ်လို့ ကြွရတာတုံး။ (တရားဟေ့ညံ့လို့ ပါ ဘုရား)။

အဲ ဗြဟ္မာပြည်ရောက်တော့မှ သစ္စာတရားသွားဟော တယ်။ (မှန်ပါ့ ဘုရား)။

ဗြဟ္မာပြည် လိုက်ပြီး သစ္စာတရားဟောရတယ်

ဗြဟ္မာပြည်ရောက်တော့ (သစ္စာတရားသွားဟောရပါ တယ်)၊ သစ္စာတရားသွားဟောရတယ်။ (မှန်ပါ့)၊ ခုနင်က မေတ္တာ တရားတွေဟော တယ်။ (မှန်ပါ)၊ အ ခု ဘာတရားသွားဟောသလဲ။ (သစ္စာတရား သွားဟောပါ တယ် ဘုရား)။

သစ္စာတရားတွေ သွားဟောရတယ်၊ ကိုင်း သစ္စာ တရားဆိုတော့ ခင်ဗျားတို့ လုပ်တဲ့အလုပ်ကို မှတ်လိုက်တာ ပေါ့နော်။ (မှန်ပါ့)၊ ဒကာကြီးလှိုင် ခင်ဗျားတို့ လုပ်တဲ့ အလုပ်ဟာ သစ္စာတရား။ (မှန်ပါ့ ဘုရား)။

မြင်စိတ်ကို ဖြစ်ပျက်ရှုပါ

ခင်ဗျားတို့ ကို ဘုန်းကြီးအရှုခိုင်းတာက မျက်စိနဲ့ မြင်တယ်ဆိုရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပါလို့ မပြောဘူး လား။ (ပြောပါတယ် ဘုရား)။

မြင်စိတ်ဟာ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ)၊ ရှုတဲ့ မဂ်က (မဂ္ဂသစ္စာပါ)၊ အဲဒါကျတော့ သစ္စာလိုသေးရဲ့လား။ (မလိုပါ ဘုရား)၊ ဒီလိုရှက္ခ, ဒီလိုမှတ်ကွ ဒီလိုဟောရမယ်။ (မှန်ပါ့)၊ ဒါက ၁-နံပါတ်နော်။ (မှန်ပါ့ ဘုရား)။

ကဲ ကြားစိတ်ကလေး ကျတော့ မောင်နိုင်တို့က ဘယ့် နှယ်လုပ်မလဲ။ (ဖြစ်ပျက်ရှုရပါမယ်)၊ ကြားစိတ်ကလေး ဖြစ်ပျက်ရှု၊ ဖြစ်ပျက်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ ဒီလိုဆိုတော့ သစ္စာဆိုက်မသွားဘူးလား။ (ဆိုက်ပါတယ်)။

မဂ္ဂသစ္စာဆိုတော့ နောက်က ပဋိစ္စသမုပ္ပါဒ် တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့လား။ (မလာပါ)၊ ကြားလို့ သာယာတယ်၊ စွဲလမ်းတယ်၊ အားထုတ်မယ်ဆိုတဲ့ တဏှာ ဥပါဒါန်, ကံ လာသေးရဲ့ လား။ (မလာပါ ဘုရား)။

အဲ သမုဒယသစ္စာ ကိလေသာဝဋ်က စပြီး ကမ္မဝဋ်၊ ကမ္မဝဋ်ကစပြီး ဝိပါကဝဋ် မပြတ်ဘူးလား။ (ပြတ်ပါ တယ်)၊ ရှုရင်ပြတ်တယ်။ (မှန်ပါ့ ဘုရား)။

ရှုရင် ဝဋ်သုံးပါးပြတ်တယ်

ဦးအောင်ဇံဝေ ရှုရင် (ပြတ်ပါတယ်)၊ ပြတ်တယ်၊ ဦးဘသန်းကြီးကော ရှုရင် (ပြတ်ပါတယ် ဘုရား)။

အဲဒီ ပြတ်တဲ့အလုပ်ဟာ ခင်ဗျားတို့ ရှုနေတဲ့ အလုပ် ဟာ ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ် ဖြတ်နေတဲ့အလုပ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

ရှုတဲ့ အလုပ်ဟာ ဘာတုံး (ဝဋ်သုံးပါးပြတ်ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (ဝဋ်သုံးပါးပြတ် ပါတယ် ဘုရား)။

ရှုလိုက်ရင် ကိလေသဝဋ်ကစပြီး အရင်မပြတ်ဘူး လား။ (ပြတ်ပါတယ် ဘုရား)၊ ကိလေသာဝဋ် မလာလို့ရှိရင် ကမ္မဝဋ်ကော လာသေးရဲ့လား (မလာပါ ဘုရား)။

ကမ္မဘဝဆိုတာလေ (မလာပါ)၊ ကမ္မဘဝမှ မလာဘဲ နဲ့ ကမ္မဘဝပစ္စယာ ဇာတိဆိုတာကော (မလာပါ)၊ ဒါဖြင့် ဝဋ်သုံးပါး ဘယ့်နှယ်နေသလဲ။ (ပြတ်ပါတယ် ဘုရား)။

ရှုတာက မဂ္ဂသစ္စာ

အဲဒီတော့ ခင်ဗျားတို့ ရှုနေတဲ့ အလုပ်ကကော ဝဋ် -ပြတ်တယ်။ (မှန်ပါ့)၊ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဝဋ်ပြတ်တာက နိရောဓသစ္စာ (မှန်ပါ့)၊ ကိလေသာ ဝင့်ရော, ကမ္မဝင့်ရော, ဝိပါကဝဋ်ရော ပြတ်တယ်။ (မှန်ပါ့)၊ ဝဋ်သုံးပါးကျွတ်တာက နိရောဓသစ္စာ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။ ဝဋ်သုံးပါးကျွတ်တာက နိရောဓသစ္စာ

ဝဋ်သုံးပါးကျွတ်တာက (နိရောဓသစ္စာပါ)၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

ကိုင်း မရှုတတ်တဲ့ပုဂ္ဂိုလ်တွေလဲ ရှုတတ်အောင်လို့ ပြောပေးဦးမယ်၊ နံစိတ်ကလေးလာရင်လဲ ဘာလုပ်ကြ မယ်။ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်က ဒုက္ခသစ္စာ

ဖြစ်ပျက်ရှုလိုက်တော့ နံစိတ်ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ နောက်က ဝဋ် ဘယ်နှစ်ပါးပြတ်သလဲ။ (သုံးပါးပြတ်ပါတယ်)၊ အဲ သုံးပါးပြတ်တာက ဘာသစ္စာလဲ (နိရောဓသစ္စာပါ။ ဘုရား)။

နိရောဓသစ္စာနော်။ (မှန်ပါ့)၊ နိရောဓသစ္စာ ဆိုရမှာ ပေါ့၊ သူက သမုဒယသစ္စာနဲ့ ဒုက္ခ ချုပ်တာကိုး။ (မှန်ပါ့)၊ မချုပ်ဘူးလား။ (ချုပ်ပါတယ်)၊ ကိလေသာဝဋ်က သမုဒယသစ္စာ၊ ဝိပါကဝဋ်က ဒုက္ခသစ္စာကိုး။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

သေတာက သမုဒယသစ္စာ

ကဲ တစ်ခါ လျှာပေါ်မှာ စားစိတ်ကလေးပေါ်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်က ဘာ သစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာ)၊သေတာက (သမုဒယသစ္စာပါ ဘုရား)။

သမုဒယရော ဒုက္ခရော (မှန်ပါ့)၊ မသေဘူးလား။ (သေပါတယ် ဘုရား)၊ သမုဒယသေတယ်၊ ဒုက္ခချုပ်တယ်။ (မှန်ပါ့)၊ အနာဂတ်ဒုက္ခ မချုပ်ဘူးလား။ (ချုပ်ပါတယ်)၊ အဲဒါက ဘာသစ္စာခေါ်မလဲ။ (နိရောဓသစ္စာပါ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

တစ်ခါတစ်ခါ ဒကာ ဒကာမတွေက တို့ လုပ်နေရ တာပဲ၊ ဆရာဘုန်းကြီးက ရှုမရှုဆိုလို့ လုပ်နေရတာပဲ၊ ဘာမှ ကျေးဇူးမခံစားရဘူးလို့ ဒီလို အောက်မေ့မနေနဲ့၊ ချက်ချင်း အကာလိကောတဲ့ (မှန်ပါ့)၊ ချက်ချင်း အကျိုးပေးပါ တယ်။ (မှန်ပါ့ ဘုရား)။

ချက်ချင်း သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ မချုပ်ဘူး လား။ (ချုပ်ပါတယ်)၊ အဲဒါဘာခေါ်ကြမတုံး။ (နိရောဓ သစ္စာပါ)၊ အကာလိကော= အခါမလင့် အကျိုးပေးလိုက် တယ်။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

သန္ဒိဋ္ဌိကော ဒုက္ခသစ္စာကိုယ်တိုင်မြင်တာနဲ့ အကာလိ ကော အခါမလင့် အကျိုးပေးတယ်၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ကိုယ်ပေါ်မှာ ယားစိတ်, ယံစိတ်, နာစိတ်, ကောင်းစိတ်ကလေးပေါ်ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်)၊ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာ ပါ)၊ ရှုတာက (မဂ္ဂသစ္စာ)၊ သေတာက (သမုဒယသစ္စာ ပါ ဘုရား)။

နောက် အနာဂတ်၌ ဝိပါကဝဋ် မလာတာက (နိရောဓသစ္စာပါ)၊ သစ္စာလေးပါးချည်း ဟောလိုက်တယ်။ (မှန်ပါ့)။

ရှင်သာရိပုတ္တရာဟာ ဗြဟ္မာပြည်သွားပြီးတော့ ဓနဉ္စာနီ – ကို ဟောတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ကဲ ဝမ်းထဲ လောဘစိတ်ကလေးပေါ်ရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ရှုပေး၊ ခုနင်က အတိုင်း ပဲ။ (မှန်ပါ့ ဘုရား)။ ဒေါသစိတ် ပေါ်ရင် ဖြစ်ပျက်ရှု , ဒေါသစိတ်ပေါ်လာရင် (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)၊ ဥဒ္ဓစ္စကလေးပေါ်လာရင်, ပျံ့လွင့်တဲ့ စိတ်ကလေးလာ ရင် (ဖြစ်ပျက်ရှု ရပါမယ်)၊ ဝိစိကိစ္ဆာဆိုတဲ့ သံသယ စိတ်ရှိတဲ့ စိတ်ကလေးပေါ်ရင် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

အဲဒါ မောဟ ဖြစ်ပျက်ရှုတာလို့ မှတ်လိုက် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝမ်းထဲက လှူချင်, တန်းချင်တဲ့ စိတ်ကလေးဟာလဲ အားထုတ်နေတုန်းမှာ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက (သမု ဒယသစ္စာပါ ဘုရား)၊ နောက် ဝိပါကဝဋ် ကျွတ်တာက (နိရောဓသစ္စာပါ ဘုရား)။

သစ္စာလေးပါးချည်း ဟောနေတယ်။ (မှန်ပါ့ ဘုရား)၊ ဒကာကြီးလှိုင် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဝမ်းထဲမှာ မေတ္တာပို့ချင်တဲ့ စိတ်ကလေး ပေါ်လာလဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)၊ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက (သမုဒယသစ္စာပါ ဘုရား)၊ ဒီလိုချည်းလုပ်ပါ။ (မှန်ပါ့)။

နောက် လေကလေးထုတ်တဲ့စိတ်လဲ ဖြစ်ပျက်ရှု၊ လေကလေး ရှိုက်တဲ့စိတ်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုပေး။ (မှန်ပါ့)။

နောက်မှရမည့် နိဗ္ဗာန်

အဲဒီလိုရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်က ဘာ သစ္စာ (ဒုက္ခသစ္စာပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ)၊ သေတာ က (သမုဒယသစ္စာပါ ဘုရား)။

နောက် အကျိုးမပေးတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတာ မသေချာဘူးလား။ (သေချာ ပါတယ် ဘုရား)။

ဒါက အနာဂတ်နိဗ္ဗာန်၊ နောက်မှရမည့်နိဗ္ဗာန်ကို ပြော လိုက်ပါတယ်။ (မှန်ပါ့ ဘုရား)။

အခုရမည့် နိဗ္ဗာန်

အခုရမည့် နိဗ္ဗာန်ပြောချင်တော့ ဒီလို မပြောရဘူး နော်။ (မှန်ပါ့)၊ အခုရမည့် နိဗ္ဗာန်ကတော့ ဒီလိုပါ ဒကာ ဒကာမတို့ ဒါက ပဋိစ္စသမုပ္ပါဒ်နဲ့ တွဲနေတဲ့ နိဗ္ဗာန်ပါ။ (မှန်ပါ့)။

အခုရမည့် နိဗ္ဗာန်ကတော့ အခု ဖြစ်ပျက်ရှုလို့ အခု ဖြစ်ပျက်တွေ မုန်းဖို့ အရေးကြီးတယ်။ (မှန်ပါ့)၊ အခု ဖြစ်ပျက်ကို ဒုက္ခသစ္စာဖြစ်ပြီး မလိုချင်ဖို့ အရေးကြီးတယ်။ (မှန်ပါ့)။

မလိုချင်လို့ ဒီဖြစ်ပျက် ဒုက္ခသစ္စာ ချုပ်သွားလို့ရှိရင် ဒီနေရာ နိဗ္ဗာန်ပေါ်လာတာပါပဲ။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ဒီနေရာ နိဗ္ဗာန်မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်အဆုံးက ဘာသစ္စာ (နိရောဓ သစ္စာပါ)၊ အဆုံးမြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။

သေသေချာချာလိုက်ပါ၊ နောက်လူတွေ အဆုံးမြင် တာက (မဂ္ဂသစ္စာပါ ဘုရား)။ အဆုံးက ဘာသစ္စာတုံး (နိရောဓသစ္စာပါ)၊ အဆုံးမြင်တာ (မဂ္ဂသစ္စာပါ ဘုရား)။

အဆုံးမြင်လို့ အမြင်နဲ့တကွ ပြတ်သွားတာက သမု ဒယသစ္စာ။ (မှန်ပါ့)၊ သမုဒယသစ္စာပြတ်တာ ဒိဋ္ဌိတို့ ၊ ဝိစိကိစ္ဆာတို့ ပြတ်သွားတယ်။(မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဲဒီ ဒိဋ္ဌိ,ဝိစိကိစ္ဆာရှိနေမှ အပါယ်အကျိုးပေးမှာ။ (မှန်ပါ့)၊ အပါယ်မရောက်တာက “စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” ဆိုတဲ့အတိုင်း သောတာပတ္တိမဂ်ဆိုတဲ့ ပထမ အဆင့် နိဗ္ဗာန်ရတယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတွေ စိတ္တာနုပဿနာကို ခင်ဗျားတို့ အစ,ကနေ ဖြိုင်ဖြိုင်ရှုပေးလို့ ရှိရင် ပစ္စုပ္ပန်မှာ ချက်ချင်း နိဗ္ဗာန်လဲရနိုင်ပါတယ်။ (မှန်ပါ့)၊ ဦးဘလေး ရိပ်မိပြီ။ (ရိပ်မိပါပြီ)၊ မပေါ်သေး ဘူးလား။ (ပေါ်ပါ တယ် ဘုရား)။

ပုဏ္ဏားကြီး ရဟန္တာဖြစ်သွားတယ်

ဒါနဲ့ ဓနဉ္စာနီ ပုဏ္ဏားကြီးကို အဲဒီလို ဟောလိုက်တော့မှ သောတာပန်ကစပြီး သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်သွားတယ်။ (မှန်ပါ့)။

ဒဂာာကြီးလှိုင် သစ္စာသွားဟောပစ်လိုက်တယ်။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

နဂိုက ဗြဟ္မာကြီး သွားဖြစ်တာက ဘာဖြစ်လို့ပါလိမ့် မတုံးဆိုတော့ သမထနဲ့ သေသွားလို့။ (မှန်ပါ)။

ဘုရားက တရားဟောညံ့တယ်၊ မင်း သမထနဲ့ သေသွားတော့ သူ့မှာ ဒုက္ခသစ္စာကြီး ရနေတယ်ကွ၊ မင်း တရားဟောညံ့တယ်လို့ ပြောလို့ တက်ဟောတော့ သစ္စာတွေ မဟောရဘူးလား။ (ဟောရပါတယ် ဘုရား)။

ပွားများရင် နိဗ္ဗာန်မရ မရှိလို့ မှတ်ပါ

အဲဒီတော့ အခု ဟောနေတဲ့ ဒုက္ခသစ္စာ, သမုဒယ သစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ မဟုတ်ဘူး၊ ရှုပွားတဲ့သစ္စာဟောတာ။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။ ဘုရား)။

ဘာပြောနေတာလဲ (ရှုပွားတဲ့သစ္စာ ဟောပါတယ် ဘုရား)၊ အဲ ရှုပွားတဲ့၊ အခုမြင်တဲ့ ဒုက္ခသစ္စာ၊ အခုမြင်တဲ့ မဂ္ဂသစ္စာနော်။ (မှန်ပါ့)။

အခု အမြင်ခံရတာက – ဒုက္ခသစ္စာ၊ အခုမြင်တာက မဂ္ဂသစ္စာ၊ အခုသေတာက သမုဒယသစ္စာ။ (မှန်ပါ့)၊ ဒါတွေ ခင်ဗျားတို့ ပွားများလို့ ရှိရင်ဖြင့် နိဗ္ဗာန်မရမရှိနဲ့ မှတ်လိုက် (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ, ပါရမီပြည့်စုံပြီးသား မှာ နိဗ္ဗာန်မရနိုင်တဲ့ သုံးချက်ကို ပြန်၍ နိဂုံးချုပ်ပါတယ်။ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်မရနိုင်သည့် သုံးချက်

တရားအဆုံးမလိုက်လို့ လဲ ဘာတုံး။ (နိဗ္ဗာန်မရ ပါ ဘုရား)၊ အေး ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်မုန်း ရုံတွင် ရပ်ပြီး ဖြစ်ပျက်အဆုံး မလိုက်ခြင်းကြောင့်လဲ နိဗ္ဗာန်ကို မရနိုင် ဘူး။ (မရနိုင်ပါ ဘုရား)။

တရားနာရင်းမတ္တနဲ့ မကောင်းတဲ့စိတ်တွေ ဝင်လာ လို့ လဲ နိဗ္ဗာန် (မရနိုင်ပါ ဘုရား)၊ နိဗ္ဗာန်ဆိုတာ အဝေးကြီးပဲ မရနိုင်ဘူး၊ အဲဒီတော့ နတ်ပြည်လောက်ပဲလို့ ကြားစိတ် ဝင်လာလဲ မရနိုင်ဘူး။ (မှန်ပါ့)၊ ရပါ့မလား။ (မရ ပါ ဘုရား)။

တရားဟောဘုန်းကြီးက လူ့ပြည်နတ်ပြည်တွင် ဟော ထားလို့ လဲ နိဗ္ဗာန်ကို (မရနိုင်ပါ ဘုရား)၊ သူကလဲ သစ္စာဟောမှ နိဗ္ဗာန်ရနိုင်တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်း ပါပြီ ဘုရား)။

ဒါဖြင့် တရားနာတဲ့ ပုဂ္ဂိုလ်ဘက်က ဘယ်နှစ်မျိုး တုံး။ (နှစ်မျိုးပါ ဘုရား)၊ တရားဟောတဲ့ ပုဂ္ဂိုလ်ဘက်က (တစ်မျိုးပါ ဘုရား)။

အခုတော့ဖြင့် တရားနာတဲ့ဘက်ကလဲ ခင်ဗျားတို့ က သိပြီးသား (မှန်ပါ့)၊ တရားဟောတဲ့ ဘုန်းကြီးကလဲ သစ္စာ ဆိုက်အောင်ပဲ တစ်ခါတည်း ဖြစ်ပျက်ရှုခိုင်းနေတယ်။ (မှန်ပါ့)၊ ဒါ့ကြောင့် မရစရာ, အကြောင်းမညီညွတ်စရာ ရှိသေးသလား။ (မရှိပါ ဘုရား)။

အဲဒီတွင် ဓနဉ္စာနီ ပုဏ္ဏားကြီးကို ချွင်းချက်ကလေးနဲ့ ဟောလို့ ဗြဟ္မာဖြစ်တာ ဘုရား အပြစ် တင်ခံရလို့ သစ္စာသွား ဟောတော့မှ ကိစ္စပြီးတယ် ဆိုတာ မောင်နိုင် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

 မာတိကာသို့