103

မာတိကာသို့

နိဗ္ဗာန်ရောက်ချင်ရင် ခန္ဓာ အစဉ်ဖြတ်ရမယ်

အသံဖိုင်ခေါင်းစဉ်= နိဗ္ဗာန်ရောက်ချင်ရင် ခန္ဓာဖြစ်စဉ်ဖြတ်ရန် တရားတော်

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ရောက်ချင်ရင် ခန္ဓာ အစဉ်ဖြတ်ရမယ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားသော တရားတော်

နိဗ္ဗာန်ရောက်ချင်ရင် ခန္ဓာ အစဉ်ဖြတ်ရမယ်

(၆-၂-၆၁)

အားလုံး ဒကာ ဒကာမတွေ နိဗ္ဗာန် ရတယ်လို့ ဆိုတာ မိမိခန္ဓာ ပဋိစ္စသမုပ္ပါဒ် ပြတ်တာကို ဆိုသည်လို့ အကျဉ်းချုပ် မှတ်ထားပါ။

နိဗ္ဗာန် ရောက်တယ်၊ နိဗ္ဗာန် အာရုံပြုနိုင်တယ်၊ ခန္ဓာ ဆုံးပြီးသကာလ နိဗ္ဗာန်သို့ ရောက်သွားတယ် ဆိုတာ ပစ္စုပ္ပန် ခန္ဓာ ပဋိစ္စသမုပ္ပါဒ် လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် မပြတ်ဘဲနဲ့ အားလုံး ဒကာ ဒကာမ တွေ နိဗ္ဗာန်ကို ဘယ်သူမှ မရောက်ဘူးဆိုတာ ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာအစဉ်

ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဘာတုံးလို့ မေးလို့ရှိရင် ခန္ဓာ အစဉ် ဘုရား လို့ ဖြေရလိမ့်မယ်။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဘာပါလိမ့် (ခန္ဓာ အစဉ်ပါဘုရား)၊ အဲ ခန္ဓာအစဉ် ဟာ တဲ့၊ ပဋိစ္စသမုပ္ပါဒ် အဲဒီခန္ဓာအစဉ်ကို ကြားထဲ မြင် အောင် ဖြတ်လိုက်လို့ရှိရင်ဖြင့် ခန္ဓာအစဉ်ဟာ မပြတ်ဘူး လား။ (ပြတ်ပါတယ် ဘုရား)။

အဲဒီ ခန္ဓာအစဉ် ပြတ်တာကို ဘာခေါ်ကြမယ်။ (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်လို့ ခေါ်ကြပေတော့ ဒကာ ဒကာမတို့။

ခန္ဓာအစဉ် ပြတ်သွားတယ် ဆိုတော့ ဒီဘက်က မူလ ခန္ဓာအစဉ်က ဒုက္ခသစ္စာ၊ ဟိုဘက်က ပြတ်သွားတာက နိရောဓသစ္စာ၊ သဘောကျပလား။ (ကျပါပြီ)၊ ဒီဘက် ကျန်ရစ်တာက ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ)၊ ဟိုဘက် ပြတ်သွားတာက (နိရောဓသစ္စာပါ ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန် ရောက်ချင်ရင်ဖြင့် ခန္ဓာအစဉ် ဖြတ်တတ်မှ (မှန်ပါ့)၊ သေသေချာချာ မှတ်ကြပါ၊ နိဗ္ဗာန် ရောက်ချင်ရင် ခန္ဓာအစဉ်ပြတ်မှ (မှန်လှပါ ဘုရား)၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)၊ နိဗ္ဗာန် ရောက်ချင်ရင် (ခန္ဓာအစဉ်ပြတ်မှ)။

ဪ ဒါဖြင့် နိဗ္ဗာန်ရောက်ဖို့ရာ ကိုယ့်ခန္ဓာအစဉ် ကို ကိုယ်ဖြတ်တတ်ဖို့ အရေးကြီးပါတယ်၊ သဘောပါကြ ပလား။ (ပါ,ပါပြီ)၊ နိဗ္ဗာန်ရောက်ချင်ရင် ဘာလုပ်ရ မယ်။ (ကိုယ့်ခန္ဓာအစဉ် ကိုယ်ဖြတ် တတ်ဖို့ အရေးကြီးပါ တယ် ဘုရား)၊

ဪ နိဗ္ဗာန်ရောက်ကြောင်း တရား၊ နိဗ္ဗာန် ရောက်ကြောင်း တရား ဆိုတာ တခြားလား အောက်မေ့တယ်၊ ခန္ဓာအစဉ်ကို ဖြတ်တတ်တဲ့ တရားရရင် ပြီးတာပါပဲ၊ ရှင်းကြ ပလား။ (ရှင်းပါပြီ)၊ ခန္ဓာ အစဉ် ဖြတ်တတ်တဲ့ တရား ရရင် (နိဗ္ဗာန် ရောက်ကြောင်း တရားပါ ဘုရား)၊ နိဗ္ဗာန် ရတာပဲ ဦးခင်မောင်၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ကဲ ကိုမြရွှေတို့ တော်တော် ကျေနပ်ပလား။ (မှန်လှူ ပါ ဘုရား)၊ ဒီဘက်က မူလ ခန္ဓာအစဉ်က ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ)၊ ဒီဘက်ပြတ်သွားတော့ ဘာဆိုကြမယ်။ (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓ သစ္စာ ဆိုတာ ဒုက္ခနိရောဓ သစ္စာ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဒုက္ခတွေ ချုပ်သွား သောကြောင့် နိရောဓသစ္စာ ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

နိဗ္ဗာန် ရောက်ချင်ရင် ခန္ဓာအစဉ်ဖြတ်ရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ချင်လို့ ရှိရင် ခန္ဓာအစဉ် ဖြတ်ရမယ်၊ ယနေ့တရားက (မှန်လှပါ)၊ နိဗ္ဗာန် ရောက်ချင်လို့ရှိရင် (ခန္ဓာအစဉ် ဖြတ်ရပါမယ်)၊ ခန္ဓာအစဉ် ဖြတ်ရမယ် ဆိုတာ သေသေချာချာ မှတ်စမ်းပါ။ (မှန်လှ ပါ ဘုရား)၊ နိဗ္ဗာန်ရောက်ချင် ဘာလုပ်ရမယ်။ (ခန္ဓာ အစဉ် ဖြတ်ရပါမယ် ဘုရား)။

ဒါဖြင့် ခန္ဓာအစဉ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကိုမှ မသိတဲ့ ပုဂ္ဂိုလ်များဟာဖြင့် ဘယ်လိုလုပ် ဖြတ်မယ် ဆိုတဲ့ ဉာဏ်ဝင် စရာ အကြောင်း မြင်သေးရဲ့လား။ (မမြင်ပါ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ခန္ဓာအစဉ်ကို သိမှသာလျှင် (ဝါ) ဒုက္ခသစ္စာကို သိမှသာလျှင် ခန္ဓာအစဉ် ပြတ်မှု နိရောဓ သစ္စာကို သဘောကျမယ် ဆိုတာကော သေချာကြပလား။ (သေချာပါတယ် ဘုရား)၊ သဘောကို ပြောနေတဲ့ အတွက် ဒကာ ဒကာမတွေ အထူးတလည်ပဲ ဂရုစိုက်ကြ၊ ကိုယ့်အရေးဟာ ဒါ အကြီးဆုံး ပါပဲ။ (မှန်လှပါ)၊ ဦးခင်မောင် ကိုယ့်အရေးဟာ ဒါ အခု ပြောတာ အကြီးဆုံးပဲ။ (မှန်လှ ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာသစ်တို့ နိဗ္ဗာန် ရောက်ချင်ရင် ဘာအစဉ်ဖြတ်ရမလဲ။ (ခန္ဓာ အစဉ် ဖြတ်ရပါမယ်)၊ မောင် ထွန်းမောင်တို့ ဘာမှတ်ကြမယ်။ (ခန္ဓာ အစဉ်ဖြတ်ဖို့ပါ ဘုရား)။

ဘာဖြစ်လို့ ဒီခန္ဓာအစဉ် ဖြတ်နေရတာတုံးလို့ မေးတော့ ခန္ဓာက ဒုက္ခသစ္စာကိုး ဒကာ ဒကာမတို့နော်။ (မှန်ပါ့)။

ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီ ဒုက္ခအစဉ်မှ မပြတ်လို့ ရှိရင်လဲ “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဆိုတဲ့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့မလား။ (မရောက်နိုင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်ချင် ဘာလုပ်ရမယ်။ (ခန္ဓာ အစဉ်ဖြတ်ရပါမယ်)၊ ဒီနေ့ တရားမှာ ဒီတစ်လုံးကို သေသေ ချာချာ မှတ်ပါ။ (မှန်လှပါ)၊ နိဗ္ဗာန် ရောက်ချင်ရင် ဘာလုပ်ရ မယ်။ (ခန္ဓာအစဉ် ဖြတ်ရပါမယ်)၊ ခန္ဓာ အစဉ်ဖြတ် ရမယ်။

ကောင်းပြီ ဒါဖြင့် ခန္ဓာအစဉ်ကို မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် များမှာ ဦးခင်မောင် နိဗ္ဗာန် ရောက်ပါ့ မလား။ (မရောက်ပါ ဘုရား)။

ဒါကို သေသေချာချာ မှတ်ကြ၊ ဒကာ ဒကာမတို့ ဒီဥစ္စာဟာ ကြာလဲ ကြားရခဲတယ် ဆိုတဲ့ အဓိပ္ပါယ်တွေလို့ မှတ်ကြစမ်းပါနော်။ (မှန်လှပါ ဘုရား)၊ နိဗ္ဗာန် ရောက်ချင် ဘာလုပ်ရမယ်။ (ခန္ဓာအစဉ် ဖြတ်ရပါမယ် ဘုရား)၊ ခန္ဓာ အစဉ် ဖြတ်ရမယ်။

ကောင်းပြီ၊ ဒါဖြင့် ခန္ဓာအစဉ် ဖြတ်ပုံကလေး ရှင်းပြ ပါမယ်၊ ဒီဘဝ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်ကများ စ,ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” က စ,တယ် (မှန်လှပါ ဘုရား)။

ဒီဘဝ ဘယ်က စ,ပါလိမ့်

ဒီဘဝ ဘယ်က စ,ပါလိမ့်။ (သင်္ခါရပစ္စယာ ဝိညာဏံက စ,ပါတယ် ဘုရား)။

“ဝိညာဏံ”က စ,တယ်၊ “သင်္ခါရပစ္စယာ ဝိညာဏံ” ကနေ စ,တယ် ဆိုတာ သေသေချာချာ မှတ်ထားကြပါ။ (မှန်ပါ့ ဘုရား)၊ ဝိညာဏ် ပြီးတော့မှ သူနဲ့ တွဲနေတဲ့ နာမ်ရုပ် မလာဘူးလား။ (လာပါတယ်)၊ နာမ်ရုပ် လာပြီး မျက်စိ, နား, နှာခေါင်း ဆိုတဲ့ သဠာယတနတွေ မလာဘူးလား။ (လာပါတယ် ဘုရား)၊ ပြီးတော့ ဖဿ မလာဘူးလား (လာပါတယ်)၊ ဝေဒနာကော (လာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒါဟာ ခန္ဓာအစဉ်တွေနဲ့၊ ဒါက စိတ်၊ ဒါက နာမ်, ရုပ်၊ ဒါက စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ၊ ဒါက ဖဿ၊ ဒါက ဝေဒနာ။

ကောင်းပြီ၊ ဒကာ ဒကာမတို့၊ ဒီခန္ဓာ အစဉ်တွေဟာ ခုပြောခဲ့တဲ့ တစ်နေ့ နှစ်,သုံး,လေး,ငါး၊ ဒါ ဒကာ ဒကာမတွေ ဒီဘဝအစ ခန္ဓာအစဉ်လို့ ဦးခင်မောင် မှတ်စမ်းပါ။ (မှန်လှ ပါ ဘုရား)။

ဒီဘဝ ခန္ဓာအစဉ်

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဒကာ ဒကာမတို့ ဒါ ဒီဘက် ခန္ဓာအစဉ်နော်။ (မှန်လှပါ ဘုရား)၊ သဘောပါလား။ (ပါ,ပါပြီ)၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟာ ဘာပါလိမ့်။ (ဒီဘက် ခန္ဓာအစဉ်ပါ ဘုရား)၊ ဒီဘဝ ခန္ဓာအစဉ်လို့ မှတ်ထား ပါနော်။ (မှန်ပါ့)။

ကဲ ဒီဘဝ ခန္ဓာအစဉ်ကို နောက်ဘဝ ခန္ဓာဖြစ်ကြောင်း နဲ့ ဖြတ်ရလိမ့်မယ်။ (မှန်ပါ့)၊ မဖြတ် ရပေဘူးလား။ (ဖြတ်ရပါမယ် ဘုရား)။

နောက်ဘဝ ခန္ဓာဖြစ်ကြောင်းနဲ့ ဖြတ်ရမယ်ဆိုတော့ ေဩာ် ဒီဘဝ ခန္ဓာအစဉ်က ငါးခု၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဘယ်နှစ်ခုပါလိမ့်။ (ငါးခုပါ ဘုရား)။

နောင်ဘဝ ခန္ဓာဖြစ်ကြောင်း

နောက်ဘဝ ခန္ဓာအစဉ် ဖြစ်ကြောင်းက တဏှာ, ဥပါဒါန်, ကံ၊ သဘောကျပလား (ကျပါပြီ)၊ နောက် ဘဝ ခန္ဓာဖြစ်ကြောင်းက (တဏှာ,ဥပါဒါန်,ကံပါ ဘုရား)၊ တဏှာ, ဥပါဒါန်, ကံ။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါတွေလဲ ခန္ဓာတွေပဲတဲ့။ တဏှာ ဆိုတာလဲ သင်္ခါရက္ခန္ဓာ၊ ဥပါဒါန် သင်္ခါရက္ခန္ဓာ၊ စေတနာကလဲ သင်္ခါရက္ခန္ဓာတွေ၊ ဒါလဲ ခန္ဓာပဲ၊ ဒီဘက်က ငါးခု (ခန္ဓာပါပဲ ဘုရား)၊ အဲဒီ ခန္ဓာ အစဉ်ကို ဖြတ်ရ လိမ့်မယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘာဖြတ်ရမယ်။ (ခန္ဓာအစဉ်ကို ဖြတ်ရ ပါမယ် ဘုရား)။

ခန္ဓာအစဉ်ဆိုတော့ သေသေချာချာ ဒီပုံနဲ့လဲ ပြနေတဲ့ အတွက် ကြည့်လဲ ကြည့်ကြပါ။ ပဋိစ္စသမုပ္ပါဒ်လဲ ကိုက်ရ မယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ခန္ဓာအစဉ်ပြတ်မှ နိဗ္ဗာန်ရမယ်ဆိုတာ ကြည့်ရမယ်။

ဒါကြောင့် ဒီဘဝဟာ ဝိညာဏ်, နာမ်ရုပ်, သဠာ ယတန, ဖဿ, ဝေဒနာ၊ ဒါလဲ ခန္ဓာ အစဉ်ပဲ ဆိုတာ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါလဲ ခန္ဓာအစဉ်ပဲ ဆိုတော့ ဒီဘက်က တဏှာ, ဥပါဒါန်, ကံဆိုတာကော ဒကာ ဒကာမတို့ အာရုံက တွေ့လို့ ဝေဒနာပစ္စယာ တဏှာ ဥပါဒါန် ကံ မလာ ဘူးလား။ (လာပါတယ် ဘုရား)၊ ဒါလဲ ခန္ဓာပဲ မဟုတ်လား။ (ခန္ဓာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာအစဉ်ဖြတ်ရင် နိဗ္ဗာန် ရောက်တယ်၊ သဘောပါလား။ (ပါ,ပါပြီ)၊ ခန္ဓာ အစဉ်ဖြတ်ရင် (နိဗ္ဗာန် ရောက်ပါတယ် ဘုရား)။

ဒီနေရာ ဉာဏ်သွင်းရမယ်

ခန္ဓာ အစဉ်ဖြတ်ရင် နိဗ္ဗာန် ရောက်ပါတယ် ဆိုတော့ ေဩာ် ခန္ဓာအစဉ် ဖြတ်မှ နိဗ္ဗာန် ရောက်မယ် ဆိုတော့ ဒကာ ဒကာမတွေက ဒီကြားထဲ ဒီဖြူဖြူကလေးဟာ ဒီနေရာမှာ ဒကာ ဒကာမတွေ ဉာဏ်သွင်း ရမယ်။ (မှန်ပါ့)၊ ဉာဏ် မသွင်းရပေဘူးလား (သွင်းရပါတယ် ဘုရား)၊ ခြောက်ခု မြောက်မှာ ဘာသွင်းရမယ်။ (ဉာဏ်သွင်းရပါမယ် ဘုရား)၊

ဉာဏ်သွင်းလိုက်တဲ့ အခါကျတော့ ဒီဘက်က ခန္ဓာနဲ့ ဒီဘက်က ခန္ဓာဖြစ်ကြောင်း ခန္ဓာနဲ့ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဘက် ခန္ဓာဖြစ်ကြောင်း တဏှာ, ဥပါဒါန်, ကံတွေ မချုပ်ပေဘူးလား။ (ချုပ်ပါတယ် ဘုရား)၊ ဘယ်သူက ဝင်ဖြတ်လိုက်ပါလိမ့်။ (ဉာဏ်က ဝင်ဖြတ် ပါတယ်)၊ ဝိပဿနာမဂ်က ဝင်မဖြတ် လိုက်ဘူးလား။ (ဖြတ်ပါတယ်)၊ ဝိပဿနာမဂ်က ဝင်ဖြတ်လိုက်တဲ့ အခါကျ တော့ ဒီခန္ဓာကတော့ ပြီးပြီးသားမို့ သူ့ဟာသူ နေပေစေ တော့ (မှန်လှပါ ဘုရား)။

ဒီဘက်က ခန္ဓာဖြစ်ကြောင်းက မဂ်ဝင်လိုက်သဖြင့် ခန္ဓာဖြစ်ကြောင်း ခန္ဓာတွေသည် ခန္ဓာတော့ ခန္ဓာပဲနော်။ (မှန်ပါ့)၊ သင်္ခါရက္ခန္ဓာတွေပဲ၊ အဲဒီ သင်္ခါရက္ခန္ဓာတွေ ဒကာ ဒကာမတွေ မဂ်ဝင်လိုက်တော့ကို ပေါ်သေးရဲ့ လား။ (မပေါ်ပါ ဘုရား)၊ မပေါ်တော့ တဏှာချုပ်တယ်၊ မချုပ် ဘူးလား။ (ချုပ်ပါတယ် ဘုရား)၊ ဥပါဒါန်ကော (ချုပ် ပါတယ် ဘုရား)၊ ကံကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အနာဂတ်ဘဝ ဇာတိ, ဇရာ, မရဏ ဘယ်လို စဉ်းစားကြမလဲ (မလာပါ ဘုရား)၊ ဒါဖြင့် နောက်ခန္ဓာ မပြတ်ဘူးလား။ (ပြတ်ပါတယ် ဘုရား)၊ ဒါဖြင့် နိဗ္ဗာန် လိုချင်ရင် ခန္ဓာအစဉ် ပြတ်ရမယ်။ (မှန်ပါ့)။

ခန္ဓာအစဉ်ဖြတ်မှ နိဗ္ဗာန်ရောက်မယ်

ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ချင် (ခန္ဓာအစဉ် ဖြတ်ရပါမယ်)၊ နိဗ္ဗာန်ရောက်ချင် (ခန္ဓာအစဉ် ဖြတ်ရပါမယ် ဘုရား)၊ ခန္ဓာအစဉ် ဖြတ်ရမယ် ဆိုတော့ ဒါ ဖြတ်တတ်ဖို့ အရေးဟာ ဆရာဘုန်းကြီး ကလဲ နည်းပေးပါမယ်၊ ဒကာ ဒကာမတွေက ကြိုးစားပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဆရာဘုန်းကြီးကလဲ ခန္ဓာအစဉ် ဖြတ်နည်းကို ဒီဒကာ ဒကာမတွေကို ပေးမယ်၊ ဒကာ ဒကာမတွေကလဲ ဪ နောက်ခန္ဓာ လာလို့ရှိရင်လဲ တဏှာ, ဥပါဒါန်, ကံ လာလို့ ရှိရင် အနာဂတ်ခန္ဓာ မလာပေဘူးလား။ (လာပါတယ် ဘုရား)၊

အနာဂတ်ခန္ဓာ လာလို့ ရှိရင် ပစ္စုပ္ပန်ခန္ဓာနဲ့ အနာဂတ် ခန္ဓာသည် ဒုက္ခချင်း မဆက်ပေဘူးလား။ (ဆက်ပါတယ် ဘုရား)၊ ဒုက္ခချင်းဆက်သွားရင် ဒကာ ဒကာမ တို့ ယခု နေရတာလဲ ဒုက္ခ၊ နောင် တွေ့မှာလဲ (ဒုက္ခပါပဲ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့မှာ ခန္ဓာအစဉ်ကို ဖြတ်တတ် တဲ့ မဂ်ဝင်လို့ရှိရင်ဖြင့် ေဩာ် တို့သည် ယခု ဘယ်လို နေရပါလိမ့်မတုံး လို့ မမေးနဲ့၊ ယခု ဘယ်လို နေရသတုံး၊ ဒုက္ခသစ္စာနဲ့ နေရတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်း ပါပြီ ဘုရား)၊ နောက်ဘဝ ဘယ်လိုနေရမှာတုံး။ (ဒုက္ခ သစ္စာနဲ့ နေရမှာပါ ဘုရား)၊ ယခု ဘယ်လိုနေရသတုံး။ (ဒုက္ခသစ္စာနဲ့ နေရပါတယ်)၊ နောက်ဘဝ ဘယ်လိုနေရမှာတုံး။ (ဒုက္ခသစ္စာနဲ့ နေရမှာပါ ဘုရား)။

အဲဒါ ခန္ဓာအစဉ် ဖြတ်တတ်တဲ့ မဂ်မဝင်တတ်လို့။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)၊ ခန္ဓာအစဉ် ဖြတ်တတ်တဲ့ (မဂ်မဝင်တတ်လို့ပါ ဘုရား)၊ ဒါဖြင့် တစ် သံသရာလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ခန္ဓာအစဉ် ဖြတ်တတ်တဲ့ မဂ်၊ မဝင်တတ်ဘူး။ (မှန်လှပါ ဘုရား)၊ တကယ်လို့ မဂ်ဝင်ခဲ့လို့ ရှိရင်လဲ အခု တရားနာတဲ့ ခန္ဓာတွေ ရှိပါဦးမလား။ (မရှိပါ ဘုရား)။

ဪ ဒါဖြင့် ဒီတရားသည် နိဗ္ဗာန်ဝင်ချင် ခန္ဓာ အစဉ်ဖြတ်ရမယ်ဆိုတော့ အားလုံး ဒကာ ဒကာမတို့ စဉ်းစား ပြီး နားထောင် စမ်းပါ၊ ေဩာ် တို့သည် ခန္ဓာအစဉ်ဖြတ်တဲ့ အလုပ် မလုပ်ဖူး ပါကလား ဆိုတာ ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)၊ ဘာပေါ်လာတယ်။ (ခန္ဓာအစဉ်ဖြတ်တတ်တဲ့

အလုပ် မလုပ်ဖူးပါ ဘုရား)၊ ခန္ဓာအစဉ်ဖြတ်တဲ့ အလုပ် (မလုပ်ဖူးပါ ဘုရား)။

ဒါဖြင့် အခုအချိန်မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မလုပ်တော့ဘူး၊ သားရေး သမီးရေး၊ စီးပွားရေးတွေနဲ့ အချိန် ကုန်ပြီး သကာလ ကိုယ်ထင်သလိုသာ နေကြတော့မယ်ဆိုလို့ ရှိရင်ဖြင့် အခုနေ အခါသည် ငါ ဘာဖြစ်မှာတုံးလို့ မစဉ်းစားပါနဲ့။ ဒုက္ခ ဖြစ်မှာပဲလို့ သာ ဆုံးဖြတ်ချက်ချပါ။ (မှန်လှပါ ဘုရား)။

အခုလို အိုဘေး, နာဘေး, သေဘေးပြီးရင် နောက် ဘာနဲ့ နေရမလဲ၊ အိုဘေး, နာဘေး, သေဘေးနဲ့ပဲ နေရလိမ့် မယ်ဆိုတာ မရှင်းသေး ဘူးလား။ (ရှင်းပါတယ် ဘုရား)၊ ယခု ဘာနဲ့ နေရတုံး။ (အိုဘေး, နာဘေး, သေဘေးနဲ့ နေရပါတယ်)၊ နောက် ဘာနဲ့ နေရမှာတုံး။ (အိုဘေး, နာဘေး, သေဘေးနဲ့ပဲ နေရပါတယ် ဘုရား)။

ဒါဟာ ဘာမဖြတ်လို့ပါလိမ့်။ (ခန္ဓာအစဉ်မဖြတ် လို့ပါ)၊ ခန္ဓာအစဉ် မဖြတ်တတ်လို့တဲ့၊ အင်မတန် အဖိုးတန် သွားပြီ၊ ဒကာသစ် မတန်သေးဘူးလား။ (အဖိုးတန်ပါ တယ် ဘုရား)။

အင်မတန် အဖိုးတန် သွားပြီဆိုတာ ဦးဘအုန်းကြီး ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)၊ တစ်သံသရာလုံး မှာ ကျုပ်လဲ ဒီခန္ဓာအစဉ် ဖြတ်တတ်တဲ့ ဉာဏ် ဝင်စရာ နေရာလဲ မတွေ့ဘူး၊ ဉာဏ်လဲ မဝင်ဘူး ဆိုတာ အင်မတန် မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ကဲ ယခုဘဝမှာ ဒကာ ဒကာမတို့ ဒီဘဝ ဒုက္ခကို တော့ဖြင့် အကျိုးပေးပြီးသား ဖြစ်သော ကြောင့် ခံရုံပဲ။ (မှန်ပါ့ ဘုရား)၊ နောက်ဒုက္ခကိုတော့ မဂ်ဝင်ရင် ပြတ်တယ်။ (မှန်ပါ့)၊ သဘောပါလား။ (ပါ,ပါပြီ)၊ နောက် ဒုက္ခကိုတော့ (မဂ်ဝင်ရင် ပြတ်ပါတယ်)။

နောက်ဒုက္ခ မဂ်ဝင်ရင် ပြတ်တယ်ဆိုတာ အပြောလား တဲ့၊ ဟောဒီ ကြားထဲမှာ မဂ်ဝင် လိုက်လို့ရှိရင် ဒီခန္ဓာနဲ့ ဒီဘက် ခန္ဓာတွေနဲ့ ဘယ့်နှယ်နေကြသလဲ။ (ပြတ်ပါတယ် ဘုရား)၊ ဒီခန္ဓာ တွေက ပြသာ ထားရတယ်၊ ပေါ်သေးရဲ့လား။ (မပေါ်ပါ ဘုရား)၊ ခန္ဓာဖြစ်ကြောင်းတွေ ပေါ်သေး ရဲ့လား။ (မပေါ်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာဖြစ်ကြောင်းမှ မပေါ်တော့ ခန္ဓာဖြစ်ကျိုး တွေကော လာစရာမြင်သေးရဲ့လား။ (မမြင်ပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်ဝင်ချင်လို့ ရှိရင်ဖြင့် ခန္ဓာ အစဉ်ပြတ်ကြပါ။ (မှန်ပါ့ ဘုရား)၊ ဘယ်လို မှတ်ကြမယ်။ (နိဗ္ဗာန် ဝင်ချင်ရင် ခန္ဓာအစဉ် ဖြတ်ရပါမယ်)။

တော်တော့်ကို အရေးကြီးတဲ့ တရားလို့ ဒကာ ဒကာမ တွေ သေသေချာချာ မှတ်ပါ၊ တရား မများပါဘူး။ (မှန်ပါ့)၊

တရားမများပါဘူး၊ နိဗ္ဗာန်ဝင်ချင်ရင် ခန္ဓာအစဉ်ဖြတ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ခန္ဓာအစဉ်ဖြတ် လိုက်လို့ရှိရင်ဖြင့် တဏှာ အလိုလို ပြတ်ထွက်သွားတယ် ဆိုတာကော သေချာပလား။ (သေချာပါပြီ ဘုရား)။

နိဗ္ဗာန်ဝင်ချင် ဘာလုပ်ရမယ်

ဒါဖြင့် နိဗ္ဗာန်ဝင်ချင် ဘာလုပ်ရမယ်။ (ခန္ဓာအစဉ် ဖြတ်ရပါမယ်)၊ ခန္ဓာအစဉ် ဖြတ်ရလိမ့်မယ် ဆိုတော့ ဒကာ ဒကာမတွေ ဒီဘက်က ငါးခုနဲ့ ဒီဘက်က သုံးခု မဆက်စေနဲ့ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဒီဘက်က ငါးခုနဲ့ (ဒီဘက်က သုံးခု မဆက်စေနဲ့)၊ သုံးနဲ့ငါး, ငါးနဲ့သုံး မဆက်စေနဲ့။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ သေသေချာချာပဲ ရှင်းအောင် ပြော နေတယ်၊ ငါးနဲ့သုံး (မဆက်စေနဲ့)၊ ငါးက ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ (မှန်ပါ့)၊ သုံးက တဏှာ, ဥပါဒါန်,ကံ (မှန်ပါ့)၊ ငါးနဲ့သုံး မဆက်စေနဲ့ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊

ငါးနဲ့သုံး (မဆက် စေနဲ့)၊ အဲဒါ ခန္ဓာအစဉ်ဖြတ်တာပဲ။ (မှန်ပါ့)၊ ရှင်းပြီ နော်။ (ရှင်းပါပြီ)၊ ငါးနဲ့သုံး မဆက်စေနဲ့၊ ဒါ ဘာလုပ်တာ တုံး။ (ခန္ဓာအစဉ်ဖြတ်တာပါ)၊ ခန္ဓာအစဉ်ဖြတ်နေတာ။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဝင်ချင် ခန္ဓာအစဉ်ကို ဖြတ်ဆိုတာ ငါးနဲ့ သုံး မဆက်စေနဲ့ (မှန်ပါ့)၊ မောင်ထွန်းလှိုင် ကျေနပ် ပလား။ (ကျေနပ်ပါပြီ)၊ ဘာနဲ့ ဘာနဲ့ မဆက်ရမှာတုံး။ (ငါးနဲ့သုံး မဆက်ရဲပါ ဘုရား)။

ငါးနဲ့သုံး မဆက်စေနဲ့ဆိုတဲ့ စကားဟာ ဒကာ ဒကာမ တို့ သာမည အရေးကြီးတဲ့ စကားလို့ မယူလိုက် နဲ့နော်။ (မှန်ပါ့)၊ ဘုရားတစ်ဆူဆူ ပေါ်မှ ပဋိစ္စသမုပ္ပါဒ် ဖြတ်နည်းကို ရတယ်။ (မှန်ပါ့ ဘုရား)။

ဘယ်နေရာ ဘုရားဖြစ်သတုံး

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဘုရားဖြစ် သွားတယ် ဆိုတဲ့ ဥစ္စာ ဘယ်နေရာမှာ ဘုရား ဖြစ်သွား သတုံး လို့ မေး၊ မနှစ်ကလဲ ဟောဖူးပါတယ်၊ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်လို့ ဘုရား ဖြစ်တယ်။ (မှန်လှပါ ဘုရား)၊ ဘုရား ဘယ်နေရမှာ ဖြစ်သတုံး။ (ဝေဒနာနဲ့တဏှာကြား မဂ် ဝင်လို့ ဖြစ်ပါတယ်)၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရား ဖြစ်တယ်။ (မှန်ပါ့ ဘုရား)။

ဝေဒနာနှင့်တဏှာကြားမှာ ဖြစ်တယ်

သောတာပန် ဘယ်မှာ ဖြစ်ပါလိမ့်။ (ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်ပါတယ်)၊ သကဒါဂါမ် ဘယ်မှာ ဖြစ်ပါလိမ့်။ (ဝေဒနာနဲ့ တဏှာကြားမှာဖြစ်ပါတယ်)၊ အနာဂါမ် ဘယ်မှာ ဖြစ်ပါလိမ့်။ (ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်ပါ တယ်)၊ ရဟန္တာ ဘယ်မှာ ဖြစ်ပါလိမ့်။ (ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်ပါတယ်)၊ ကဲ ဦးခင်မောင်တို့ အားလုံး ကျေနပ်ပလား။ (ကျေနပ်ပါပြီ)။။

ေဩာ် သံသရာ ဖြတ်သမားများဟာ ဒုက္ခဖြတ်သမား ဟူသရွေ့ သည်ကြားမှာပဲ အလုပ်လုပ် သွားကြတာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဝေဒနာ နောက်က မဂ်ဝင် သွားတာချည်းပဲ ဆိုရင်ကော ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဝင်ချင် ဘာလုပ်ရ မယ်။ (ခန္ဓာအစဉ်ဖြတ်ရမယ်)၊ ခန္ဓာအစဉ် ဖြတ်ရမယ်၊ ဒီဘက်ခန္ဓာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ လာလတ္တံ့ ခန္ဓာက (ဒုက္ခသစ္စာပါပဲ ဘုရား)။

အဲဒီ ခန္ဓာအစဉ်ကို ဖြတ်လိုက်တော့ ပထမ ခန္ဓာအစဉ် နောက်က မဂ်ဝင်လိုက်တဲ့ အခါကျတော့ နောက်အနာဂတ် အစဉ် ဘယ့်နှယ်နေပါလိမ့်။ (ပြတ်သွားပါတယ် ဘုရား)။ အဲဒီတော့ ခန္ဓာနိရောဓော ဘယ့်နှယ်ကြမလဲ (နိဗ္ဗာနံ ပါ ဘုရား)၊ “ခန္ဓာနိရောဓော နိဗ္ဗာနံ” နဲ့ ဒီဘက်က “တဏှာ နိရောဓော နိဗ္ဗာနံ” က ဒီသုံးခုကို ဆိုပါတယ်၊ ရှင်းပလား။ (ရှင်းပါပြီ)။

ဒါဖြင့် တဏှာချုပ်လို့လဲ ဒီဘက်က ဘာတုံး။ (တဏှာချုပ်ပါတယ်)၊ သဘောကျပလား။ (ကျပါပြီ)၊ တဏှာချုပ်လို့လဲ ဒီဘက်က အနာဂတ် ဘာဖြစ်သလဲ။ (ဒုက္ခချုပ်ပါတယ်)၊ သမုဒယရဲ့ ဒုက္ခ ချုပ်သွားပါတယ်။ (မှန်ပါ့)၊ ဘယ်လိုဆိုကြမလဲ (သမုဒယရဲ့ ဒုက္ခချုပ်သွား ပါတယ် ဘုရား)။

သမုဒယသစ္စာသုံးခုနဲ့ နောက် လာလတ္တံ့ဖြစ်တဲ့ ဒုက္ခ သစ္စာ ဆိုတဲ့ ဇာတိ, ဇရာ, မရဏကော မချုပ်ဘူးလား။ (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ နိဗ္ဗာန် ရောက်ချင် ခန္ဓာအစဉ်ဖြတ်ရမယ်ဆိုတဲ့ ဥစ္စာသည် ဪ ဆရာ ဘုန်းကြီးက ကြံစည်၍ ပြောတာလား တဲ့၊ ပဋိစ္စသမုပ္ပါဒ် ပြပြီးတော့ သေသေချာချာ ရှင်းပြတာလား လို့ မေးရင် ဦးခင်မောင် ဘယ့်နှယ်ပြောမယ် (ပဋိစ္စသမုပ္ပါဒ်ပြပြီး ရှင်းပြတာပါ)၊ သေသေချာချာ ရှင်းပြတာ ဒကာ ဒကာမ တို့၊ ဘာမှ သံသယမရှိနဲ့တော့။ (မှန်ပါ့)၊ သဘော ပါကြလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ဝင်ချင်ရင် ဘာလုပ်ရမယ်။ (ခန္ဓာ အစဉ်ဖြတ်ရမယ်)၊ ဘယ်ကြားမှာ ဖြတ်ရပါလိမ့် (ဝေဒနာ နဲ့ တဏှာကြားမှာ ဖြတ်ရမှာပါ)၊ ဝေဒနာနဲ့ တဏှာကြားမှာ။

ဒီဘက်က ဒကာ ဒကာမတွေ ဘယ်ကြား ဖြတ်ရပါလိမ့်။ (ဝေဒနာနဲ့ တဏှာကြားမှာ ဖြတ်ရမှာပါ)၊ ဘုရား ဒီနေရာ မှာ ဖြတ်တယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ)၊ ရဟန္တာ ဒီနေရာ ဖြတ်သွားတယ် ဆိုတာကော (သဘော ကျပါတယ်)၊ သဘောကျပြီနော်၊ သောတာပန်လဲ သူ့အလိုက် ဒီနေရာက နေပြီး သောတာပတ္တိမဂ်ကို ရတာပဲ ဆိုတာကော သေချာပလား။ (သေချာပါပြီ)။

ဒါဖြင့် နေရာ ကျပါပြီတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ တော်တော် ရှင်းသွားတဲ့ အခါကျတော့ ဝိပဿနာရှုစရာ က ဘယ်ဘက်ကတုံး ၊ ဝိပဿနာရှုလို့ ကိစ္စပြီး သွားတာက ဘယ်ဘက်ကတုံး ဆိုတဲ့ မေးခွန်း ထွက်လာတယ်။ (တင်ပါ ဘုရား)။

ဝိပဿနာရှုစရာက ဒကာ ဒကာမတို့ ငါးဘက်က မှတ်နော် (မှန်ပါ့)၊ ဝိပဿနာရှုလို့ ကိစ္စပြီး တာက သုံးဘက်က မှတ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဝိပဿနာရှုရမှာက (ငါးဘက်ကပါ ဘုရား)။

ဝိပဿနာရှုစရာ

ငါးဘက်က ကြိုက်ရာရှု၊ ဝိညာဏ်က ရှုချင်ရှု၊ နာမ်ရုပ် ရှုချင်ရှု၊ သဠာယတန ရှုချင်ရှု၊ ဖဿရှုချင်ရှု၊ ဝေဒနာ ရှုချင်ရှု၊ ဝိပဿနာ ရှုရမှာက ငါး (မှန်လှပါ ဘုရား)။

ဝိပဿနာ ရှုခြင်းကြောင့် အကျိုး ခံစားရတာက သုံး မပေါ်ဘူးလား။ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား။ (ရိပ်မိ ပါပြီ)၊ သုံး,ပေါ်သေးရဲ့လား။ (မပေါ်တော့ပါ ဘုရား)၊ သုံး ဘာဖြစ်လို့ မပေါ် ပါလိမ့်မလဲလို့ မေးတဲ့ အခါကျလို့ရှိရင်၊ ဒကာ ဒကာမတို့ သုံးသည်ကားလို့ ဆိုရင် ကိလေသာ သတ် တတ်တဲ့ မဂ်က ဖြတ်လိုက် သောကြောင့် သုံး, မပေါ်နိုင်ဘူး၊ တဏှာ, ဥပါဒါန်, ကံ ပေါ်နိုင်သေးရဲ့လား။ (မပေါ်နိုင် ပါ ဘုရား)၊ တဏှာ,ဥပါဒါန်,ကံ ပေါ်နိုင်သေးရဲ့လား။ (မပေါ်နိုင်ပါ ဘုရား)။

တဏှာမပေါ်ဘဲနဲ့ ဥပါဒါန်က (မပေါ်ပါ ဘုရား)၊ ဥပါဒါန်မှ မပေါ်ဘဲနဲ့ ကံကကော မပေါ်ပါ ဘုရား)၊ မပေါ် နိုင်ဘူး ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်းကြီး ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဝိပဿနာ ရှုရမှာက ရှေ့ပိုင်းက ဝိပဿနာရှုလို့ အကျိုးပေးတာက သုံးခု၊ သေသွားတယ် ဆိုတာကော သေချာပလား။ (သေချာပါပြီ)။

ကဲ ဦးခင်မောင် ဒီထက်ရှင်းတာ ဘယ်ရှာတွေ့ တော့ မလဲ။ (မတွေ့ပါ ဘုရား)၊ မရှင်းသေး ဘူးလား။ (ရှင်း ပါပြီ)၊ ဝိပဿနာ ရှုစရာက ဘယ်နှစ်ခုပါလိမ့်။ (ငါးခုပါ ဘုရား)၊ ငါးခု၊ ငါးခုက ရှင်းပြမယ်၊ ဝိညာဏ် ရှုချင်ရှုပါ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ နာမ်ကိုလဲ ရှုချင်ရှု၊ ရုပ်ကိုကော (ရှုချင်ရှုပါ ဘုရား)၊ စက္ခုသောတ, ဃာန, ဇိဝှါ, ကာယကိုကော (ရှုချင်ရှုပါ)၊ သဠာယတန ကို (ရှုချင်ရှုပါ)၊ ဖဿကိုကော (ရှုချင်ရှုပါ)၊ ဝေဒနာကော (ရှုချင်ရှုပါ ဘုရား)။

အဲ ဒီ ငါးခု ကြိုက်ရာက ဒကာ ဒကာမတွေက သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်ခဲ့လို့ရှိရင်ဖြင့် သတိပဋ္ဌာန် လေးပါးထဲ ဝင်သွားတယ် (မှန်ပါ့ ဘုရား)။

အဲဒီ ကြိုက်ရာကို ဒကာ ဒကာမတွေက သတိပဋ္ဌာန် လေးပါး ဆက်လက်ပြီး တစ်ပါးပါး ရှုရင်ဖြင့် ဒီဘက်က ဝိပဿနာ ရှုစရာ၊ ဒီဘက်က ဝိပဿနာ အကျိုးပေးတာလို့ သေသေချာချာမှတ်ပါ။ (မှန်ပါ့)၊ ဒီဘက်က ဘယ့်နှယ် ဆိုကြမယ် (ဝိပဿနာ ရှုစရာပါ ဘုရား)၊ ဒီဘက်က သုံးခု က (အကျိုး ပေးတာပါ ဘုရား)။

ဝိပဿနာ ရှုသောကြောင့် အကျိုးပေးပြီးတာ ဆိုတော့ ေဩာ် တို့ဆရာဘုန်းကြီးက အကွက်ကျ ရှင်းပြနေတာပါ ကလားဆိုတာ ဦးခင်မောင်ရေ၊ ဒကာသစ်တို့ ပေါ်ပြီ။ (မှန်ပါ့)၊ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊

ဝိပဿနာ ရှုစရာက ဘယ်နှစ်ခုပါလိမ့်။ (ငါးခုပါ ဘုရား)၊ ငါးခုပေ မယ့်လဲ ပဋိစ္စသမုပ္ပါဒ် အလိုနဲ့ ဒကာ ဒကာမတို့ ရိပ်မိပလား။ (မှန်ပါ့ ဘုရား)။

သတိပဋ္ဌာန်လိုတော့ လေးပါးပဲ၊ ဒါရှု စိတ္တာနုပဿနာ ဖြစ်မှာပဲ၊ ဒီဘက်က ဟာတွေ ရှုနေလို့ ရှိရင်ဖြင့် ဓမ္မာနုပဿနာ ဖြစ်မှာပဲ၊ ဒီဘက်ကဟာ ရှုလို့ ရှိရင် ကာယာနုပဿနာ ဖြစ်မှာပဲ၊ သဘော ကျပလား (မှန်ပါ့)၊ ဒီဘက်က ထပ်ပြီး အာယတနတွေ ရှုလိုက်လို့ ရှိရင်လဲ စိတ္တာနုပဿနာနဲ့ ကာယာနုပဿနာ သွားဦးမှာပဲ။ (မှန်ပါ့ ဘုရား)။

လိုရင်းတော့ဖြင့် ဒကာ ဒကာမတွေ ဒီထဲမှာ သတိ ပဋ္ဌာန်လေးပါး ပါသွားတယ် (မှန်လှပါ ဘုရား)၊ ငါးခုသာ ဆိုတာ သတိပဋ္ဌာန် လေးပါးထဲ သွင်းလိုက်တော့ သတိပဋ္ဌာန် လေးပါးထဲ အကုန် မပါဘူးလား။ (ပါ,ပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ခန္ဓာပေါ်လို့ ကြောက်နေရတာ

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာရှိရင် အပါယ် ကြောက်နေရတာက ဘာဖြစ်လို့ ကြောက်ရတာ တုံး၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ, အသူရကာယ် အပါယ်ကို ဘာဖြစ်လို့ ဒီလောက် ကြောက်ကြတာတုံး မေးလို့ ရှိရင်ဖြင့် ခန္ဓာပေါ်မှာကြောင့်၊ ခန္ဓာပေါ်ရင် တစ်နေရာရာ ရောက်မှာ ပဲ၊ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)၊ ခန္ဓာ ပေါ်ရင် (တစ်နေရာရာ ရောက်မှာပါ ဘုရား)၊ သုံးဆယ့် တစ်ဘုံ တစ်နေရာရာ မရောက်ပေဘူးလား။ (ရောက်ပါ တယ် ဘုရား)။

အဲဒီတော့ ခန္ဓာပေါ်လို့ ကြောက်နေရတာ (မှန်ပါ့)၊ အပါယ်လေးပါး ကျရတယ် ဆိုတာ ဘာပါလိမ့်။ (ခန္ဓာပေါ် လို့ ပါ ဘုရား)။

ခန္ဓာကြီးက ဒုက္ခသစ္စာ

ဒါဖြင့် ခန္ဓာကြီးက ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ကုရား)၊ ပေါ်မည့်ခန္ဓာက ဒုက္ခသစ္စာမို့ “ဒုက္ခဿ ပီဠနဋ္ဌော” ဆိုတဲ့အတိုင်း အနှိပ်စက်ခံဖို့ ပေါ်လာတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊

နောက်ပေါ်မည့်ခန္ဓာက ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)၊ ဘာလုပ်ဖို့ ပေါ်လာ တာပါလိမ့်။ (အနှိပ်စက်ခံဖို့ပါ ဘုရား)၊ အနှိပ်စက်ခံဖို့ ပေါ်လာတယ် ဆိုတာ သေချာကြပလား။ (သေချာပါပြီ ဘုရား)။

အဲ အနှိပ်စက်ခံဖို့ ပေါ်လာတာကို ကျုပ်တို့က မပေါ် လာအောင် လုပ်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဟောဒီ ယောဂီ ဟာ မဂ်ဆိုက်တဲ့ ယောဂီ ပုဂ္ဂိုလ်ဟာ သူ့မှာ နောက်ခန္ဓာ အတွက် စိုးရိမ်စရာ ရှိသေးသလား။ (မရှိပါ ဘုရား)၊ အပါယ်လေးပါးမှာ နာရချည်သေးရဲ့ ဆိုတာကော ရှိသေး ရဲ့ လား။ (မရှိပါ ဘုရား)၊ နတ်ပြည်သွားပြီး သကာလ အလောင်းကြီး ကျဖြစ်ရချည်သေးရဲ့ ဆိုတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဗြဟ္မာပြည်သွားပြီး အလောင်းကြီးကျ ဖြစ်ရချေသေးရဲ့ ဆိုတာကော (မရှိပါ ဘုရား)။

ခန္ဓာရှိမှ အပါယ်လေးပါး ရှိတယ်

ဘာ့ကြောင့်တုံး လို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့တဲ့ ခန္ဓာရှိမှ အပါယ်လေးပါးရှိတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ခန္ဓာရှိမှ (အပါယ်လေး ပါး ရှိပါတယ်)၊ ခန္ဓာရှိမှ နတ်ပြည် ခြောက်ထပ် (ရှိပါ တယ်)၊ ခန္ဓာရှိမှ ဗြဟ္မာပြည် နှစ်ဆယ် (ရှိပါတယ် ဘုရား)၊ အဲဒါတွေဟာ ဒုက္ခသစ္စာ ချည်း မဟုတ်လား။ (မှန်ပါ့)။

အဲဒီတော့ ခန္ဓာကို ရုပ်သိမ်းလိုက်သည်နှင့် တစ်ပြိုင် တည်း မောင်ထွန်းလှိုင်တို့ စဉ်းစားကြည့်၊ ကျုပ်တို့ဖြင့် ဘယ်ဘုံ, ဘယ်ဒုက္ခမှ မရှိတော့ဘူး ဆိုနိုင်, မဆိုနိုင် (ဆိုနိုင်ပါတယ် ဘုရား)၊ သဘော ပါကြလား။ (ပါ,ပါပြီ)၊ ဘယ်ဘုံ, ဘယ်ဒုက္ခ ရှိသေးတုံး။ (မရှိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အပါယ်ကျမှာ သိပ်ကြောက်တယ် ဆိုတဲ့ဥစ္စာ ခန္ဓာဖြစ်မှာကြောင့် အပါယ် ကြောက်နေရတာ။ (မှန်လှပါ)၊ ဘာ့ကြောင့် ကြောက်ရပါလိမ့်။ (ခန္ဓာဖြစ်မှာကြောင့် ကြောက်တာပါ)၊ ခန္ဓာဖြစ်မှာကြောင့် အပါယ် ကြောက်နေရတယ်။

ခန္ဓာအကြောင်းရင်းခံ ပြောတာ

ဟို နတ်ပြည်သွားပြီ သကာလ၊ ပျော်မြူးပြီး သကာလ တပည့်တော်တို့ ပျော်ချင်တိုင်းပျော်၊ တော်တော်ကြာ အပါယ် လေးပါး ရောက်ရဦးမှာ ဆိုတာကော ဘယ်သူ့ အကြောင်းရင်း ခံ ပြောတာတုံး။ (ခန္ဓာကိုယ် အကြောင်းရင်းခံ ပြောတာပါ ဘုရား)။

ဗြဟ္မာပြည်မှာ ဘုရား အသက်တမ်းကြီးကလဲ ရှည် ပါဘိနဲ့၊ တော်တော်ကြာ ဗြဟ္မာပြည်ကနေ အပါယ်လေးပါး လဲ ရောက်ပြန်တာပဲ၊ ဒါလဲ ဘယ်သူ့ကို အကြောင်းရင်းခံ ပြောတာတုံး။ (ခန္ဓာကို အကြောင်း ရင်းခံပြောတာပါ)၊ ခန္ဓာကို အကြောင်းရင်းခံ ပြောတာချည်းပဲ ဆိုတာ သေချာ ကြပလား။ (သေချာပါပြီ)။

ဝိပဿနာဆိုတာ မလိုချင်အောင်ရှုတာ

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာ မလိုချင်ရင် ဒီဘက် ခန္ဓာ ရပါ့မလား။ (မရပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာ ဆိုတာ မလိုချင်အောင် ရှုတာ (မှန်ပါ့)၊ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊

ဝိပဿနာဆိုတာ (မလိုချင်အောင် ရှုတာပါ)၊ မလိုချင်အောင် ရှုတယ်ဆိုတာ မလိုချင်တာ မဂ်ပါပဲ။ (မှန်ပါ့)၊ မလိုချင်တာ ဘာပါလိမ့်။ (မဂ်ပါ ဘုရား)။

အဲဒါကြောင့် ဘုန်ကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာ မရှုဘဲနဲ့ ငါဖြင့် ဟေ့ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်း တဲ့ နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ဘယ်အခါ ကာလမှ မယုံကြည် လိုက်ပါနဲ့၊ သူတော့ဖြင့် မပါ, မပြီးတဲ့ တရားလို့ မှတ်ကြ စမ်းပါ။ (မှန်လှပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဝိပဿနာမရှုဘဲနဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ တော့ မယူပါနဲ့။ (မှန်ပါ့ ဘုရား)၊ ကိုမြရွှေ ယူလို့ တော်ပါ့ မလား။ (မတော်ပါ ဘုရား)။။

သေသေချာချာ စဉ်းစားကြည့်လေ၊ ဒီဘက်က ငါးခု တစ်ခုခုမှ ခင်ဗျားတို့ အဖြစ်အပျက်ကို မမြင်၊ အဖြစ်အပျက် ကို မတွေ့၊ ဒီငါးခုကို ကျုပ်တို့ လိုချင်တဲ့ တဏှာသာ ထွက်လာမယ် ဆိုရင် ဘယ်တော့ နိဗ္ဗာန်ရမလဲ မေးလိမ့် မယ် (မရပါ ဘုရား)၊ မရနိုင်ဘူးဆိုတာ သေချာကြ ပလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဖြစ်တဲ့ နေရာ ဒီနေရာ မှာပါပဲတဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဝေဒနာနဲ့ တဏှာကြား ဘာဖြစ်သတုံး။ (ဘုရားဖြစ်ပါ တယ် ဘုရား)၊ သောတာပန် (ဝေဒနာနဲ့ တဏှာကြား ဖြစ် ပါတယ်)၊ ဝေဒနာနဲ့ တဏှာကြား သူလဲ သောတာပန်ဖြစ်တာ ပဲ၊ သကဒါဂါမ်ကော (ဝေဒနာနဲ့ တဏှာကြားပဲ)၊ အနာဂါမ်(ဝေဒနာနဲ့တဏှာကြား)၊ ရဟန္တာ (ဝေဒနာနဲ့ တဏှာကြား)၊ အဲ ဒီနေရာဟာ ဗောဓိပင်နဲ့ ရွှေပလ္လင်ပါကလား ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

အေး ဒါကြောင့် ဗောဓိပင်နဲ့ ရွှေပလ္လင် ဆိုတာက အားလုံး ဒကာ ဒကာမတွေ အထည်ပြတာပါ၊ ဘုရား ကိုယ်တော်မြတ်ကြီးရဲ့ ဝမ်းထဲမှာ တဏှာ သတ်တာကတော့ ဝေဒနာ နောက်ကနေပြီး မဂ်ဝင်ပြီး ပစ်လိုက်တာနဲ့ ဒကာ ဒကာမတို့ ဘုရား အဖြစ်သို့ ရောက်သွားပါတယ်။ (မှန်ပါ့)၊ သဘောပါလား။ (ပါ,ပါတယ် ဘုရား)။

မဂ်ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဘုရားဖြစ်

ဒါဖြင့် ဘုရား ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တာက ကိုယ်တော်ကြီး ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တော်ကြီး မဂ်ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဘုရား ဖြစ်သွားရတယ်။ (မှန်ပါ့)၊ ရိပ်မိ ပလား။ (ရိပ်မိပါပြီ ဘုရား)။။

ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်သွားတာသည် ဘယ်လို ကြောင့် ဖြစ်ပါလိမ့်။ (ကိုယ်တော် မြတ်ကြီး ဉာဏ်နဲ့ဖြတ် လို့ပါ ဘုရား)၊ ကိုယ်တော် မြတ်ကြီး ဉာဏ်နဲ့ ကိုယ်တော် မြတ်ကြီး ခန္ဓာဖြတ်ချ လိုက်တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ကိုယ်တော်မြတ်ကြီး ဉာဏ်နဲ့ (ကိုယ်တော် မြတ်ကြီး ခန္ဓာဖြတ်ချလိုက်တယ်)၊ ကိုယ်တော်မြတ်ကြီး ဉာဏ်က ခန္ဓာအစဉ် မဖြတ်လိုက်ဘူးလား။ (ဖြတ်လိုက် ပါတယ် ဘုရား)။

ဒါ့ကြောင့် ဒီနေရာမှာ မဂ်လေးတန် ရပြီး ဘုရား မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ရှင်းကြပြီနော်။ (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ ရှေ့ပိုင်းငါးခု သည် ဝိပဿနာ ရှုစရာ၊ နောက်ပိုင်း သုံးခုသည် ဝိပဿနာ ရှုခြင်းကြောင့် အကျိုးပြီးတာ။ (မှန်ပါ့ ဘုရား)၊ မောင်ထွန်း လှိုင်တို့ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ရှေ့ပိုင်းငါးခုက ဘာလုပ်ရမှာ တုံး။ (ဝိပဿနာရှုစရာပါ ဘုရား)၊ နောက် သုံးခုက ဘာ ပါလိမ့်။ (ဝိပဿနာ ရှုလို့ ပြီးတာပါ)၊ ဝိပဿနာရှုလို့ အကျိုးပြီးတာ၊ အကျိုးပြီးတယ် ဆိုတာ လာသေးရဲ့ လား။ (မလာပါ ဘုရား)၊ မလာဘူးဆိုတော့ ဪ ဒါဖြင့် တို့ ဒီနေရာက ထိုင်ပြီးသကာလ ရှုရမှာပဲဆိုတာ ပေါ်ပြီ။ (ပေါ်ပါပြီ)၊ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊

ဘယ်နေရာ ထိုင်ရှုကြမယ် (ဝေဒနာနဲ့ တဏှာကြား)၊ ဝေဒနာနဲ့ တဏှာကြားကနေ ရှုရမှာပဲ။ (မှန်ပါ့)၊ ကိုမြရွှေ ဘယ်ကနေ ရှုမယ် (ဝေဒနာနဲ့တဏှာကြားက ရှုရပါမယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (ဝေဒနာနဲ့တဏှာ ကြားကပါ ဘုရား)။

ဝေဒနာနဲ့ တဏှာကြားကနေ ရှုရမှာပဲ၊ တဏှာလာဖို့ အခွင့်ကို မပေးလို့။ ပေးလို့ ရှိရင် တဏှာ,ဥပါဒါန်,ကံ မလာ ပေဘူးလား။ (လာပါတယ် ဘုရား)၊ ဇာတိ, ဇရာ, မရဏ တွေကော (လာပါတယ် ဘုရား)၊ လာမယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)၊

ဒီဘဝအစ ဘယ်ကလဲ

အဲဒါကြောင့် ဘုရားဖြစ်တဲ့နေရာလဲ ယနေ့ ရှင်းပြပါပြီ၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်တဲ့ နေရာလဲ ရှင်းပြတဲ့ အတွက် ဝိပဿနာသည် ရှေ့ငါးခုကို ရှုပါ ဆိုတော့ ဒီဘဝ လာရတဲ့ခန္ဓာ၊ ဒီဘဝ အစဟာ ဝိညာဏ် က စ,တယ် ဆိုတာ ဦးခင်မောင် ရှင်းပြီ။ (မှန်ပါ့)၊

ဒကာ ဒကာမတွေ ဒီဘဝအစ,ဘယ်ကပါလိမ့်။ (ဝိညာဏ်က စ,ပါတယ် ဘုရား)၊ ဝိညာဏ်ပြီး ဘာလာပါလိမ့်။ (နာမ်, ရုပ်လာပါတယ် ဘုရား)၊ နာမ်ရုပ်ပြီးတော့ (သဠာယတန ပါ)၊ သဠာယတန ပြီးတော့ (ဖဿ)၊ ဖဿပြီးတော့ (ဝေဒနာပါ ဘုရား)။

ကိုင်း ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဪ ဒီလိုတန်းတာ – ပါပဲ ဆိုတာကော ပေါ်လာပလား။ (ပေါ်လာပါပြီ ဘုရား)။

ကဲ ပဋိစ္စသမုပ္ပါဒ်ကို ကျုပ်တို့က ဒကာ ဒကာမတွေ အရှုလွယ်အောင် ခန္ဓာဖွဲ့ ကြပါစို့ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ရှုလွယ်အောင် ခန္ဓာဖွဲ့ ကြပါစို့ ဆိုတော့ ဝိညာဏ်က ဒကာ ဒကာမတို့ ဝိညာဏက္ခန္ဓာ ဖြစ်သွားတော့ နာမ်တွေက ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ ဖြစ်တယ် ၊ စေတနာက သင်္ခါရက္ခန္ဓာ၊ ရုပ်က ရူပက္ခန္ဓာဖြစ်ပြီ။ (မှန်ပါ)။

ဒီ သဠာယတနဆိုတဲ့ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ တွေကလဲ ရူပက္ခန္ဓာထဲ သွင်း လိုက်တော့၊ ဖဿက သင်္ခါရက္ခန္ဓာထဲ သွင်းတော့၊ ဝေဒနာက ဝေဒနာက္ခန္ဓာထဲ သွင်းလိုက်တော့ ခန္ဓာငါးပါး ပြန်ဖြစ်တယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊

ခုနက ငါးခုပေါင်းလိုက်တော့ ဘာလာသတုံး။ (ခန္ဓာငါးပါးဖြစ်ပါတယ်)၊ ခန္ဓာငါးပါး၊ ခုနက ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတွေ ပေါင်းလိုက်တော့ကို ဘာဖြစ်လာသတုံး (ခန္ဓာငါးပါး ဖြစ်ပါတယ် ဘုရား)။

အဲ ဒါဖြင့် အခု ခန္ဓာငါးပါးဟာ ခင်ဗျားတို့၏ ပဋိစ္စသမုပ္ပါဒ်လို့ မှတ်လိုက် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်း ပါပြီ)၊ အခု ခန္ဓာငါးပါးဟာ (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)၊ ခင်ဗျားတို့ ယခုဖြစ်နေတဲ့ ခန္ဓာငါးပါးဟာ ယခု ပဋိစ္စ သမုပ္ပါဒ်ပဲ ဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာငါးပါး ရှုရမှာပဲ။ (မှန်ပါ့)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ)၊ ဘယ်သူ့ကို ရှုရမှာပါလိမ့်။ (ဒီ ငါးပါးကို ရှုရမှာပါ ဘုရား)၊ ဒီလိုဆိုတော့ ဒကာသစ်ရေ ခုနကထက် ပိုရှင်းသွားပြီ။ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့်

ပဋိစ္စသမုပ္ပါဒ် ငါးမျိုး ပေါင်းလိုက်တော့ ဘာဖြစ်လာ သတုံး။ (ခန္ဓာငါးပါး ဖြစ်လာပါတယ်ဘုရာ)၊ ခန္ဓာငါးပါးပဲ ဖြစ်တယ်ဆိုတာ သေချာပလား။ (သေချာပါပြီ)၊ ပဋိစ္စ သမုပ္ပါဒ်ငါးမျိုး ပေါင်းလိုက်တော့ (ခန္ဓာငါးပါးဖြစ်လာပါ တယ် ဘုရား)။။

ေဩာ် တို့ကို ဆရာဘုန်းကြီး ရှင်းပြီးပြီ၊ တခြား သူလား အောက်မေ့နေတယ်၊ ငါတို့ပါကလား၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ, ဒီခန္ဓာငါးပါး ဆိုတာ ပါကလားလို့ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ရှင်းထား ပါတော့နော်။ (မှန်ပါ့)၊ ရှင်းနိုင်ကြ ပလား။ (ရှင်းနိုင်ပါပြီ)၊

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါ လိမ့် (ခန္ဓာငါးပါးပါ ဘုရား)၊ လက်ရှိ ခန္ဓာငါးပါး။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ဘာပါလိမ့် (လက်ရှိခန္ဓာငါးပါးပါ ဘုရား)။

လက်ရှိခန္ဓာငါးပါးကို ဒကာ ဒကာမတွေက သိရှိထား တော့မှ ေဩာ် တခြားရှုရမှာလား အောက်မေ့ နေတယ်။ လက်ရှိခန္ဓာငါးပါး ရှုလိုက်ပြီးတာပဲ။ (မှန်ပါ့)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ)၊ ဘာရှုရမယ် (လက်ရှိခန္ဓာငါးပါး ရှုရပါမယ် ဘုရား)။

လက်ရှိ ခန္ဓာငါးပါး ရှုလိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဟောဒီ မြင်ရဲ့ လား၊ ပဋိစ္စသမုပ္ပါဒ် ရှေ့ငါးပါး ရှုဆိုတာနဲ့ အဲဒါ ပေါင်းလိုက်တော့လဲ ယခု လက်ရှိ ခန္ဓာငါးပါ ဖြစ်လာ ပြန်တော့ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးမှ တစ်ပါး ရှုစရာကော ရှိပါရဲ့လား။ (မရှိပါ ဘုရား)၊ ဦးခင်မောင် သေချာ ပြီ။ (သေချာပါပြီ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ပဋိစ္စ သမုပ္ပါဒ် ပြတ်, မပြတ်၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ခန္ဓာနဲ့ဟာ တခြာ စီ ပဲလား၊ အတူတူပဲလား။ (အတူတူပါပဲ ဘုရား)၊ ပေါင်း လိုက်တော့ အတူတူ ဖြစ်သွားပါတယ်။ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဝင်မရှုပ်ပါနဲ့ဆိုတော့ ဆရာဘုန်းကြီးက အလွန်ရှင်းပြနေတဲ့အတွက် ေဩာ် ကိုယ့်ခန္ဓာ ငါးပါး ကိုယ် ရှုလိုက်လို့ ရှိရင်ဖြင့် ခန္ဓာပြတ် သွားတာပဲ။ (မှန်လှပါ)၊ ဒီဘက်က ခန္ဓာ လာသေးရဲ့လား။ (မလာပါ ဘုရား)၊

ခန္ဓာ ဖြစ်ကြောင်းတွေကော (မလာပါ ဘုရား)၊ မလာရင် ပြတ် တာပဲ၊ ပြတ်လို့ ရှိရင် ဒီဘက်မှာ ဘာသစ္စာ။ (နိရောဓ သစ္စာပါ ဘုရား)။

ဒီဘက်မှာ ဒကာ ဒကာမတို့ ဒီတဏှာ ချုပ်တာလဲ နိရောဓသစ္စာပဲ။ (မှန်လှပါ ဘုရား)၊ “တဏှာနိရောဓော နိဗ္ဗာနံ”ပဲ။ (မှန်လှပါ)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒီဘက်က နောက်လာမည့် ခန္ဓာချုပ်တာကော (နိရောဓ သစ္စာပါပဲ)၊ နိရောဓသစ္စာဆိုတာ နိဗ္ဗာန်ပဲ မဟုတ်လား။ (မှန်လှပါ ဘုရား)။

ေဩာ် ဒါဖြင့် လက်ရှိခန္ဓာငါးပါး ရှုလိုက်လို့ ရှိရင် ဒီဘက်က တဏှာ ချုပ်တဲ့ နိဗ္ဗာန်လဲ ကျုပ်တို့ ကိုယ်ပိုင်ရတာ ပဲ၊ သဘောပါလား။ (ပါ,ပါပြီ)၊

ခန္ဓာချုပ်တဲ့ နိဗ္ဗာန်ကော (ရပါတယ် ဘုရား)၊ ရတယ် ဆိုတော့ ကျုပ်တို့ အလုပ် ဘာပါလိမ့်မလဲလို့ မေးတော့မှ လက်ရှိ ခန္ဓာငါးပါးကို ဝိပဿနာရှုမှု၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊ ဘာလုပ် ကြမလဲ (လက်ရှိခန္ဓာငါးပါးကို ဝိပဿနာရှုရပါမယ်)၊

လက်ရှိခန္ဓာငါးပါးကို ဝိပဿနာရှုမှုဆိုတာ သေချာကြ ပလား။ (သေချာပါပြီ ဘုရား)။

ခန္ဓာငါးပါးသည် ရုပ်နှင့်နာမ်

ကောင်းပြီ၊ ဒါဖြင့် လက်ရှိခန္ဓာငါးပါး ဝိပဿနာ ရှုတော့ ဒကာ ဒကာမတွေ လက်ရှိခန္ဓာငါးပါးကို များတယ် ထင်လို့ ရှိရင် ဘုန်းကြီး ကျဉ်းပေးပါဦးမယ်၊ ဒီထဲမှာ ရုပ်က ရူပက္ခန္ဓာထား၊ နာမက္ခန္ဓာ လေးပါးက တစ်ခုပျက်ရင် အကုန် ပျက်တာ ဖြစ်သောကြောင့် နာမ်ပဲလို့ မှတ်လိုက်၊ သဘောကျ ပလား။ (မှန်ပါ့ ဘုရား)။

ရုပ်ရှုရှု, နာမ်ရှုရှု နိဗ္ဗာန်ရောက်မှာပဲ

အဲဒီတော့ ခန္ဓာငါးပါးကို နှစ်ပုံ ပုံလိုက်တော့ ရုပ်နဲ့ နာမ်ပဲရှိတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ခန္ဓာငါးပါး နှစ်ပုံ ပုံလိုက်တော့ (ရုပ်နဲ့နာမ်ပဲ ရှိပါတယ် ဘုရား)

ဒါဖြင့် ရုပ်ရှုလဲ နိဗ္ဗာန်ရောက်မှာပဲ။ (မှန်လှပါ)၊ နာမ်ရှုလဲ (နိဗ္ဗာန်ရောက်မှာပါပဲ)၊ ခန္ဓာငါးပါးကို ချုံးလိုက် ပြန်တော့ ဘယ်နှစ်ခု ဖြစ်သွားသတုံး။ (နှစ်ခုဖြစ်သွားပါ တယ်)၊ နှစ်ခုတည်း ဖြစ်သွားတယ် ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။။

အင်း ဟင် ဘာသာလျှင် ရှိပါလိမ့်။ (ရုပ်နဲ့ နာမ်ပဲ ရှိပါတယ် ဘုရား)၊ ရုပ်နဲ့နာမ်ပဲ ရှိတယ် ဆိုတာ သေချာ ပလား။ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ရုပ်ရှုလဲ နိဗ္ဗာန်ရောက်မှာပဲ။ (မှန်ပါ့)၊ နာမ်ရှု ကော (နိဗ္ဗာန်ရောက်မှာပါပဲ)၊ ေဩာ် တပည့်တော်တို့ နှစ်ခုရှုရမှာ ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီနှစ်ခုတောင်မှ ဒကာ ဒကာမတွေက များသေးတယ် ထင်လို့ ရှိရင်ဖြင့် ရုပ်ဟာလဲ ရှုပါဆိုတော့ ရုပ်ကို ရှုရမှာလား၊ အနိစ္စဆိုတဲ့ ဖြစ်ပျက်ကို ရှုရမှာလား။ (အနိစ္စဆိုတဲ့ ဖြစ်ပျက်ကို ရှုရမှာပါ ဘုရား)။

နာမ်ကို ရှုပါလို့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်, နာမ်ကို ရှုပါလို့ ဆိုငြားသော်လဲ နာမ်ရှု ရမှာလား၊ သူတို့၏ ဖြစ်,ပျက်ရှုရမှာလား (သူတို့၏ ဖြစ်,ပျက်ရှုရမှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” တစ်ခုတည်းရှု။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ဘာရှုကြမယ်။ (သဗ္ဗေ သင်္ခါရာ အနိစ္စာ တစ်ခုတည်း ရှုရမယ်)၊ အနိစ္စ တစ်လုံးတည်းနှင့် ပြီးသွားတာပဲ။ (မှန်ပါ့ ဘုရား)၊ ချုံးလိုက်ပြီ၊ ချုံးလိုက်ပြီ ဒကာ ဒကာမတို့၊ အခု ချုံးလိုက်ပုံကော သဘောကျရဲ့လား။ (ကျပါတယ် ဘုရား)။

နာမ်ရုပ်ကို ချုံးလိုက်တော့ အနိစ္စ

ပဋိစ္စသမုပ္ပါဒ် ချုံးလိုက်တော့ ခန္ဓာငါးပါး ဖြစ်လာ တယ်။ (မှန်ပါ့)၊ ခန္ဓာငါးပါး ဒုတိယ ချုံးလိုက် ပြန်တော့ နာမ်ရုပ် ဖြစ်လာတယ်။ (မှန်ပါ့)၊ နာမ်ရုပ် တွေကို တစ်ခါချုံး လိုက်ပြန်တော့ အနိစ္စ တစ်လုံး တည်းပဲ ကျန်ရစ်တော့တယ် (မှန်ပါ့ ဘုရား)။

ရုပ်မှာလဲ ဘာရှိတုံး (အနိစ္စပါ)။ နာမ်မှာလဲ ဘာရှိတုံး (အနိစ္စပါ)။ ဒါဖြင့် အနိစ္စ တစ်လုံးတည်း ရှုလို့ ရှိရင် ဒုက္ခ, အနတ္တ ဒုက္ခသစ္စာ အကုန်ပါသွားတယ်လို့ ဒကာ ဒကာမတွေ ယနေ့ ဆုံးဖြတ်ချက် ချပါ။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အနိစ္စ တစ်လုံးတည်း ရှု

ဒါဖြင့် ဘယ်နှစ်လုံး ရှုရမှာလဲ (အနိစ္စ တစ်လုံးတည်း ရှုရမှာပါ)၊ တစ်လုံးတည်း ရှုရမှာများ များနေသလားလို့ မေးချင်တယ်။ (မများပါ ဘုရား)၊ ဒကာ ဒကာမတွေ တစ်လုံးတည်း ရှုရမှာ များသေး သလား။ (မများပါ ဘုရား)၊ ဒါမှ များလို့ ရှိရင်လဲ ရှာဖို့ အခက်ကြီး (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ကနေ့ အင်မတန် စိပ်ပြီးသကာလ ပြောလိုက်တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကကွာ တဲ့။

* ဥဂ္ဂစ္ဆတိ ယထာ ဒိစ္စော၊

ပုရက္ခိတွာ ရုဏံ တထာ။

ဝိပဿနံ ပုရေက္ခိတွာ၊

မဂ္ဂဓမ္မော ပဝတ္တတိ။ (နာမရူပ ပရိစ္ဆေဒ အဋ္ဌကထာ၊ ဒွါဒသမ ပရိစ္ဆေဒ ဂါထာအမှတ် ၁၇၇၉။)

ဒီ ဂါထာ နာမရူပ ပရိစ္ဆေဒကျမ်းမှာ လာပါတယ်။ ဒီ ဂါထာ နာမရူပ ပရိစ္ဆေဒ ကျမ်းမှာလာတော့ ဒကာ ဒကာမတွေ ဒါ အလုပ်စဉ်ကို သူ ပြလိုက်တယ်။ (မှန်ပါ့)၊ ဘယ်လို ပြလိုက်တုံးဆိုတော့ “ဥဂ္ဂစ္ဆတိ ယထာ ဒိစ္စော၊ ပုရက္ခိတွာ ရုဏံ တထာ” ဒါ ပါဠိလို ဖြစ်ပါတယ်။

အရုဏ်တက်ရင် နေထွက်တော့မယ်

မြန်မာလိုကျတော့ နေထွက်မယ် ဆိုရင် ဒကာ ဒကာမ တို့ နေက အရင်ထွက်သလား၊ အရုဏ်က အရင်တက် သလား (အရုဏ်က အရင်တက်ပါတယ် ဘုရား)၊ သဘော ပါပြီနော်၊ နေထွက်မယ် ဆိုရင် နေက အရင်ထွက်သလား၊ အရုဏ်က အရင်တက်သလား (အရုဏ်က အရင်တက် ပါတယ် ဘုရား)။။

ဘယ့်နှယ်ကြောင့် အရုဏ်က အရင်တက်ပါလိမ့် မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ ရှိရင် နေဟာ နေ၏ အရှိန်အစော်က အရင် ထွက်လာတယ်။ (မှန်ပါ့)၊ နေလုံးကြီးက အရင် ထွက်သလား၊ နေ၏ အရှိန်အစော်က အရင်ထွက်သလား (နေ၏အရှိန် အစော်က အရင်ထွက်ပါတယ် ဘုရား)။

နေ၏ အရှိန်အစော်က အရင် ထွက်လာပြီးလို့ ရှိရင် ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောလုံး ထုတ်လိုက် တာပေါ့၊ ဪ အရုဏ်တက်ပြီ၊ နေတော့ မကြာခင်ထွက် တော့မယ် ဆိုတာ ခင်ဗျားတို့ သံသယ ရှိသေးသလား။ (မရှိပါ ဘုရား)။

အရုဏ် တက်ပြီးသည်၏ အခြားမဲ့၌ နေမှထွက်ပါ့ မလားလို့ ဒီသံသယ လာသေးသလား။ (မလာပါ ဘုရား)၊ ဘာ့ကြောင့် မလာပါလိမ့်ဗျာ (အရုဏ်တက်လာလို့ ပါ)၊ အရုဏ် တက်လာတာက နေ၏တံဆိပ် (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ)၊ အရုဏ် တက်လာတာက ဘာပါ လိမ့် (နေ၏ တံဆိပ်ပါ ဘုရား)။

နေ၏တံဆိပ်ဆိုတော့ သော် နေ,အောက်မှာ ရှိနေ တယ်၊ နေဟာ မမြင်ကွယ်ရာ ရှိနေတယ်၊ တို့ အရုဏ်သာ မြင်ရသေးတယ် ဆိုတာက မရှင်းလား။ (ရှင်းပါတယ် ဘုရား)။

ယနေ့ နေထွက်မည့် နေ့

ထိုကဲ့သို့ ရှင်းသွားတဲ့ အခါကျတော့ ဒကာ ဒကာမ တို့ ယနေ့ နေထွက်မည့်နေ့ပဲ ဆိုတာကို အရုဏ်မြင်သဖြင့် သိလိုက်ပါ။ (မှန်ပါ့)၊ ယနေ့ နေထွက်မည့်နေ့ ပဲဆိုတာ ဘာမြင်သဖြင့် သိရမယ်။ (အရုဏ်မြင်သဖြင့် သိရပါ မယ်)။ အရုဏ်ကို မြင်သဖြင့် သိရမယ်ဆိုတာ သဘောပါ ကြပလား (ပါ,ပါပြီ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ နာမရူပ ပရိစ္ဆေဒကျမ်းက ဥဂ္ဂစ္ဆတိ (ပ) တထာ၊ နေထွက်မယ်ဆိုလို့ ရှိရင် အရုဏ်ဟာ အရင်တက် တယ်ကွ၊ ဒီ ပါဠိက ဒါပဲ ဦးခင်မောင် နော် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဟာ တဲ့၊ နိဗ္ဗာန် လိုချင်လို့ ရှိရင် လဲ ဝိပဿနံ ပုရက္ခိတွာ၊ ဝိပဿနာ ရှေ့ပိုင်းက ရှုနေ၊ ဝိပဿနာသာ အခုပြောတဲ့ ဖြစ်ပျက်တွေကိုသာ ရှုနေ၊ ဒကာ ဒကာမတို့ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝိပဿနာ ဖြစ်ပျက်ရှုနေတော့သည်-တဲ့၊ ခင်ဗျားတို့ အရုဏ်တက်နေတာလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ဝိပဿနာ ရှုနေတာ ဘယ်လို မှတ်ကြမယ်။ (အရုဏ်တက် နေတာပါ ဘုရား)။

ဝိပဿနာရှုတာ အရုဏ်တက်နေတာ

ဒါဖြင့် အရုဏ် တက်လို့ ရှိရင်ဖြင့် ဝိပဿနာ ရှုနေတာ သည် ဦးခင်မောင်ရေ အရုဏ် တက်နေတာနဲ့တူတယ်။ (မှန်ပါ့)၊

ဝိပဿနံ ပုရက္ခိတွာ၊ ဝိပဿနာကို ရှေ့ထားရမယ်။

မဂ္ဂဓမ္မော ပဝတ္တတိ၊ ဝိပဿနာဟာ ရှုနေလို့ ရှိရင်ကွာ တဲ့၊ ဝိပဿနာရှုတဲ့ မဂ်, ပဉ္စင်္ဂီက မဂ်ဆိုတဲ့ အင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့ မဂ်လာလို့ ရှိရင်ဖြင့် နောက် အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ သောတာပတ္တိ မဂ်ဟာ အလိုလိုဖြစ်တာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။

ဒါဖြင့် မဂ္ဂင်ငါးပါးနဲ့ ဝိပဿနာ ရှုနေရင်ဖြင့် မဂ္ဂင် ရှစ်ပါး ဖြစ်ရပါလို၏လို့ ဆုတောင်းရမှာလား၊ အရုဏ်တက် လို့ နေထွက်လာမှာနဲ့ အတူတူ ပါပဲလား။ (အရုဏ်တက် လို့ နေထွက်လာမှာနဲ့ အတူတူပါပဲ ဘုရား)။

ေဩာ် အင်မတန် အားရှိစရာ ကောင်းပါကလား ဆိုတာ ဒကာသစ်တို့၊ ကိုမြရွှေတို့ ရိပ်မိပလား။ (ရိပ်မိ ပါပြီ)၊ ဦးခင်မောင် ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ကိုင်း မောင်ထွန်းလှိုင်ရေ၊ တို့ ဘာလုပ်ကြမယ် (ဝိပဿနာ ရှုရပါမယ်)၊ ဝိပဿနံ ပုရေက္ခိတွာ ဆိုတဲ့ အတိုင်း ဝိပဿနာ ရှုနေ။ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ ဘာလုပ်နေရမယ် (ဝိပဿနာသာ ရှုနေရပါမယ် ဘုရား)၊ ရှုရင်းမတ္တနဲ့ပဲ အရုဏ်လဲ တက်ပေါ့တဲ့၊ ဒကာ ဒကာမတို့ နေထွက်ဖို့ရာ မသေချာ ဘူးလား။ (သေချာ ပါတယ် ဘုရား)။။

သောတာပတ္တိမဂ် မရ မရှိဘူး

အဲ ဝိပဿနာမဂ် ငါးခုသာ ရလို့ရှိရင်ဖြင့် ဦးခင်မောင် ရေ၊ မဂ္ဂင်ရှစ်ပါး ဆိုတဲ့ သောတာပတ္တိမဂ် မရ,မရှိဘူး တဲ့။ (မှန်လှပါ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာ ရှေ့သွားလို့ ရှိရင်ဖြင့် လောကုတ္တရာ မဂ် ရထိုက်, မရထိုက် (ရ,ထိုက်ပါတယ် ဘုရား)၊ အဲဒီတော့ ပါရမီတွေ ဘာတွေကို စောင့်မနေပါနဲ့တော့၊ ဒကာ ဒကာမတို့ ဝိပဿနာ ရှုသာနေပါ၊ အရုဏ် တက်နေတာ ပါပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝိပဿနာ ရှုနေတာသည် ဝိပဿနာမဂ် ပေါ်မနေသေး ဘူးလား။ (ပေါ်နေပါတယ် ဘုရား)၊ ဝိပဿနာမဂ် ရင့် ကျက်လာလို့ ရှိရင် ဘာဖြစ်မယ်ထင်ကြမလဲ။ (နေထွက် တာနဲ့တူပါတယ် ဘုရား)၊ နေထွက်တာနဲ့ တူတဲ့ လောကုတ္တရာ မဂ် ဖြစ်မယ်။ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား။ (ပေါ် ပါပြီ)၊

ဝိပဿနာမဂ် ရင့်လာရင် (လောကုတ္တရာမဂ် ဖြစ် ပါမယ် ဘုရား)၊ ဆုတောင်းလို့ ရတာလား တဲ့၊ အရုဏ် တက်လို့ နေထွက်လာတာပဲလား။ (အရုဏ်တက်လို့ နေထွက်လာတာပါ ဘုရား)။

ဒါ့ကြောင့် ” “ဝိပဿနံ ပုရက္ခိတွာ၊ မဂ္ဂဓမ္မော ပဝတ္တတိ” ဝိပဿနာသာ ရှေ့သွားလို့ ရှိရင်ဖြင့်ကွာ တဲ့။ မဂ်,သေသေချာချာ ရတာပါပဲ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေ ဆုပေး လိုက်တယ်၊ ဦးခင်မောင်တို့ ကြားမှာပေါ့ဗျာ၊ သီလပေးခါနီး ကန်တော့ကြစို့ လို့ ဦးလှအောင် ဆိုတဲ့အခါ ဘုန်းကြီးက ဆုပေးလိုက်တယ်၊ မပေးဘူးလား။ (ပေးပါတယ် ဘုရား)။

ဘယ်လို ပေးလိုက်သတုံး ဆိုလို့ ရှိရင် ဒကာ ဒကာမ တို့ သိတဲ့အတိုင်းပဲ၊ မိမိတို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် ဆိုတာ ဒါကို ဆိုတာ။ (မှန်လှပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝိပဿနာသာ အားထုတ်ပါ

မိမိတို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် ဆိုတာ ခင်ဗျားတို့ အားထုတ်တဲ့ ဝိပဿနာဉာဏ် မဂ္ဂင် ငါးပါးကို ဆိုနေတာ။ (မှန်ပါ့)၊ လျင်မြန်စွာ မဂ်ဉာဏ်ကို ကျေးဇူးပြု၍ဆိုတာ သူကနေပြီး အားသာထုတ်တဲ့၊ ရှစ်ပါး ဖြစ်လာလိမ့်မယ်။ (မှန်ပါ့ ဘုရား)။။

ရှစ်ပါးဖြစ်ရင် အပါယ်လေးပါး ပိတ်သွားတာပဲ။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ရှစ်ပါးသာ ဖြစ်ရင် အပါယ်လေးပါး တံခါး ဘယ့်နှယ်နေမလဲ (ပိတ်ပါတယ် ဘုရား)၊ မပိတ်ပါနဲ့ဆိုလို့ ရသေးရဲ့ လား။ (မရပါ ဘုရား)။

အလိုလို လာပါလိမ့်မယ်

အဲဒါကြောင့် ခင်ဗျားတို့ ဝိပဿနာသာ ကြိုးစားပါတဲ့၊ သောတာပတ္တိမဂ် အလိုလို လာပါလိမ့်မယ်။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဝိပဿနာမဂ်သာ (ကြိုးစား ပါ ဘုရား)၊ ကြိုးစားရင် ဘာမဂ် လာမယ် (သောတာပတ္တိမဂ် လာပါမယ် ဘုရား)။

အဲ သကဒါဂါမိမဂ် လာချင်ပြန်တော့လဲ ဝိပဿနာ ပဲ ရှေ့သွားရမှာပဲ၊ နောက် ဘာမဂ် လာမယ် (သက ဒါဂါမိမဂ် လာပါမယ် ဘုရား)၊

အနာဂါမ်ဖြစ်ချင်ပြန်တယ် ဆိုတော့ ရှေ့က ဘာရှေ့ထားရမတုံး။ (ဝိပဿနာမဂ်ပါ ဘုရား)၊ ဝိပဿနာမဂ်ပဲ ရှေ့ထားရမှာပဲ၊ သဘောကျ ပလား။ (မှန်ပါ့)၊ နောက် ဘာမဂ်ဖြစ်မလဲ (အနာ ဂါမိမဂ်ဖြစ်ပါတယ်)၊ ရှင်းပြီနော်။ (မှန်ပါ့)၊

ရဟန္တာ ဖြစ်ချင်ပြန်တယ်ဆိုတော့ ဘာရှေ့ထားရမယ် (ဝိပဿနာ မဂ် ရှေ့ထားရပါမယ် ဘုရား)။

ဝိပဿနာပဲ ရှေ့ထားရမယ်

ဝိပဿနာမဂ်ပဲ ရှေ့ထားရမယ်၊ နောက်ကျတော့ ဘာလာမယ် (အရဟတ္တမဂ်လာပါမယ်)၊ အရဟတ္တမဂ် လာမယ်ဆိုတာ မသေချာဘူးလား။ (သေချာပါတယ်)၊ ဝိပဿနာ ရှုရမှာပဲ၊ ဝိပဿနာ ရှေ့ထား ရမှာပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ နောက် ဘာဖြစ်မယ်ထင် သတုံး။ (အရဟတ္တမဂ်ပါ)၊ အရဟတ္တမဂ် လာမှာပဲ ဆိုတာကော သေချာပလား။ (သေချာပါတယ်)။

ကဲ ဘုရားဖြစ်ချင်ပါသတဲ့၊ ဘာလုပ်ဦးမတုံး။ (ဝိပဿနာရှုရပါမယ်)၊ ဝိပဿနာမဂ်ပဲ ရှေ့ထား ရဦးမှာ ပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ပြီးတော့ ကော ဘုရား ဆိုတော့ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဘုရား ကိုယ် တော်မြတ်ကြီး ဖြစ်လာဖို့ သဗ္ဗညုတ ဉာဏ်တွေရော, ဘာတွေ ရော အပြည့်အစုံ ရလာမှာပေါ့ ဗျာ၊ မရပေဘူးလား။ (ရပါတယ် ဘုရား)။

ဒါဖြင့် ကျုပ်တို့ အဓိကထားလုပ်ရမယ့်အလုပ် ဘယ် အလုပ်ပါလိမ့်မတုံးဆိုတာ ဒီတစ်ပွဲ လုံးမှာဖြင့် ဒကာ ဒကာမတွေ သေသေချာချာ မှတ်တော့ ပေါ်သွားမယ်။ (ပေါ် ပါတယ် ဘုရား)၊

ဘာရှေ့ထားလုပ်ရမလဲ (ဝိပဿနာမဂ် ရှေ့ထားလုပ်ရပါမယ်)၊ သူ မပါဘဲနဲ့ လောကုတ္တရာ မဂ်က ဘယ်တော့မှ ပေါ်လိမ့်မယ်လို့ မယူပါနဲ့တဲ့။ (မှန်ပါ့)၊ အရုဏ် မတက်တဲ့နေ့ဟာ နေမထွက် တော့ပါဘူး။ (မထွက် ပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ကိုမြရွှေ ဘယ့်နှယ်တုံး။ (အရုဏ်မတက်တဲ့နေ့ဟာ နေမထွက်ပါ ဘုရား)၊

အရုဏ် မတက်တာ နေထွက်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ ဘယ် နှယ်လဲ။ (မရှိပါ ဘုရား)၊ ဘယ်နည်းနဲ့ မျှော်လင့်ချက် ထားလို့ ကော ထွက်မှာကော ဟုတ်ပါရဲ့လား။ (မဟုတ် ပါ ဘုရား)။

ဝိပဿနာရှုဖို့ အရေးဟာ အရေးအကြီးဆုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရေးသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အကြီးဆုံး အရေးဟာ ဝိပဿနာရှုဖို့ အရေး (မှန်ပါ့)၊ ဘာအရေးပါလိမ့် (ဝိပဿနာရှုဖို့ အရေးပါ ဘုရား)၊ ဝိပဿနာရှုဖို့ အရေးဟာ ခင်ဗျားတို့ အရေး၊ မဂ် ပေါ်ဖို့ အရေးဟာ ဝိပဿနာရင့်လာရင် ပေါ်မှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝိပဿနာမဂ်, ပေါ်လာလို့ ရှိရင်ဖြင့် နောက်ဆုံးမှာ လောကုတ္တရာမဂ်က တောင့်တရတာလား တဲ့၊ ရင့်လို့ ပေါ်လာတာလား။ (ရင့်လို့ ပေါ်လာတာပါ)၊ ဒီအသီးမျိုး သီးသာသီးပါစေ ဒကာ ဒကာမတို့၊ ရင့်ဖို့ရာ ဒီသရက်သီးက လုပ်သွားမှာပဲ။ (မှန်ပါ့)။

သရက်သီးငယ်က သရက်သီးကြီးဖြစ်အောင် မလုပ်ပေ ဘူးလား။ (လုပ်ပါတယ် ဘုရား)၊ သရက်သီး သီးဖို့သာ အရေးကြီးတယ်ဆိုတာ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဝိပဿနာမဂ် ပေါ်ဖို့ သာ အရေးကြီးတယ်

ဒီမှာလဲ ဝိပဿနာမဂ် ပေါ်ဖို့သာ ခင်ဗျားတို့ သန္တာန် အရေးကြီးတယ်။ (မှန်ပါ့)၊ နိဗ္ဗာန်ရဖို့က ဒီလောက်အရေး မကြီးဘူး။ (မကြီးပါ ဘုရား)၊ မဂ်ရဖို့ရာကော (ဒီလောက် အရေးမကြီးပါ ဘုရား)၊ ဝိပဿနာမဂ် ပေါ်ဖို့ရာတော့ (ကြီး ပါတယ် ဘုရား)။။

ဒါဖြင့် သရက်သီးမျိုးစေ့လုံးက အပင်ပေါ်မှာ မသီးလို့ ၊ ရှိရင်ဖြင့် ဒကာ ဒကာမတို့ ရင့်ဖို့၊ မှည့်ဖို့၊ သရက်သီး စားဖို့ ဆိုတဲ့ အလုပ်ဟာ ဝေးပါသေးရဲ့။ (ဝေးပါတယ်)။ မဆိုထိုက်ဘူးလား၊ ဆိုထိုက် သလား။ (ဆိုထိုက်ပါတယ် ဘုရား)၊ သဘော ကောင်းကောင်း ပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီလို လုပ်ကြပေတော့ တဲ့၊ ဒကာ ဒကာမတို့ ဝိပဿနာ ရှုကြပါစို့ ဆိုတော့ ခုနက ချုံးလိုက်တော့ ဝိပဿနာမှာ ၂-ရှိသလား၊ ၁,ရှိသလား၊ ချုံးနိုင်သမျှ ချုံးလိုက်တော့ (၁,ရှိပါတယ်)၊ ၁,ပဲ ကျန်တော့တယ်။ (မှန်လှ ပါ)၊

ဒကာ ဒကာမတွေ ဘာကျန်သလဲ (၁,ပဲ ကျန်ပါ’ တယ်)၊ ၁,ဆိုတာ ဘာပါလိမ့် (အနိစ္စပါ ဘုရား)၊ အနိစ္စ ဆိုတာ မြန်မာလို ပြန်လိုက် (မမြဲတာ)၊ ဖြစ်ပြီးပျက်တာ ဘာခေါ်ကြမလဲ (မမြဲတာပါ ဘုရား)။

အဲ ဖြစ်ပြီးပျက်တဲ့ အနိစ္စ တစ်လုံးကို ခင်ဗျားတို့ ရုပ်ကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ကို ရှုပါ၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်ဟာ (ဝေဒနာရှုပါ ဘုရား)၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ် (စိတ်ရှုပါ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဓမ္မာနုပဿနာ သစ္စာကြိုက်တဲ့ ပုဂ္ဂိုလ်က သစ္စာရှုပါ၊ သစ္စာဆိုတော့ ဒကာ ဒကာမတို့ ရှုတော့ ဒီငါးလုံးနဲ့ပဲ ရှုရမှာပဲ။ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှုတော့ ဘယ်နှစ်ခုနဲ့ ရှုရမလဲ (ငါးလုံးနဲ့ ရှုရမယ်)၊ ငါးလုံး ရင့်ကျက်လာရင် ဘာဖြစ်မယ် ထင်ကြ သတုံး (ရှစ်ခုဖြစ်ပါမယ်)၊ ရှစ်ခုဖြစ်မယ်ဆိုတာ သေချာ ပါတယ်။ (မှန်ပါ့)၊ ငါးလုံးရင့်ရင် (ရှစ်ခုဖြစ်ပါမယ် ဘုရား)၊ ရှစ်ခုဖြစ်မယ် ဆိုတာ မသေချာဘူးလား။ (သေချာ ပါတယ် ဘုရား)။

နတ်ရွာ သုဂတိ သောတာပန်

အဲ ခင်ဗျားတို့ ရှင်းရှင်း ပြောလိုက်ပါမယ်၊ ငါးခုနဲ့ ဒီဘဝ သေရင် နတ်ရွာ သုဂတိ ရောက်မယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ငါးခု ရှုရင်းမတ္တနဲ့ သေသွားရင် (နတ်ရွာ သုဂတိ ရောက်ပါမယ်)၊ နတ်ရွာ သုဂတိ ရောက်သည်နဲ့ တစ်ပြိုင်နက်တည်း သောတာပန် တည်ရမယ်။(မှန်ပါ့)။ ငါးခုနဲ့ သေတာတောင်မှ အရှုံးမရှိပါဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ

ရှစ်ခုနဲ့ သေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ လူ့ပြည် တွင်ပဲ ရှစ်ခုနဲ့ အားထုတ်ပြီး သေမယ်ဆိုလို့ ရှိရင်ဖြင့် တဲ့။ လူ့ပြည်မှာ ဒကာ ဒကာမတို့ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်နိုင်ပါသေးတယ် (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)၊ လူ့ပြည်တွင်ပဲ ရဟန္တာ ဖြစ်ပြီး ဇာတ်သိမ်း ရုံပါပဲ။ (မှန်ပါ့)၊ တစ်ခုပြီးရင် အလွယ်ကလေး ပါ၊ နောက်ဟာတွေက ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ငါးလုံးမဂ်သည် သုဂတိရောက်ပြီးမှ သောတာ ပန်တည်မယ်။ (မှန်ပါ့)၊ ရှစ်လုံးမဂ်သည် ရပြီး သောတာ ပန် တည်မယ်လို့ မှတ်ပါ၊ သဘောကျပလား။ (ကျပါပြီ)၊ ငါးလုံးမဂ်သည် နတ်ရွာ ရောက်မှ ဘာတုံး (သောတာပန် တည်ပါမယ်)၊ ရှစ်လုံးမဂ်သည် လူ့ပြည် တွင် (သောတာ ပန်တည် ပါမယ် ဘုရား)။။

ကဲ ဦးခင်မောင် ဟိုကျမှ တည်တာ ကြိုက်သလား ၊ ဒီက တည်တာ ကြိုက်သလား။ (ဒီက တည်တာ ကြိုက် ပါတယ် ဘုရား)၊ အကြိုက်ကတော့ အသန်ကြီးပါကလား။ ခင်ဗျားတို့ မလုပ်မှာ စိုးရိမ်နေတယ်နော် ဟုတ်လား။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အလိုဆန္ဒပြည့် ရန် ဆိုလို့ ရှိရင်ဖြင့်၊ ငါးခုကို အဓိကထားပြီး ရှုလို့ ရှိရင်ဖြင့် ငါးခုက ရှစ်ခု ဖြစ်ပါစေသတည်းဟု ဆုတောင်းရတာ လား။ (မတောင်းရပါ ဘုရား)၊ ငါးခု ရင့်သန်တော့ ဘာဖြစ် လာသလဲ။ (ရှစ်ခုဖြစ်လာပါတယ်)၊ ငါးခုရင့်လာတာနဲ့ ရှစ်ခုဖြစ်တယ် ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်သည် မဂ္ဂင်ငါးပါး ပေါ်တဲ့အလုပ် (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)၊ ဘာ အလုပ်ပါလိမ့်။ (မဂ္ဂင်ငါးပါးပေါ်တဲ့အလုပ်ပါ ဘုရား)၊ မဂ္ဂင် ငါးပါးလို့ ဆိုတာကလဲ သူ့အလိုလို ပေါ်တဲ့ တရားတော့ မဟုတ်ပါဘူး။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ထပ်ပြော မယ်၊ သတိထားပါ။ (မှန်ပါ့)၊

မဂ္ဂင်ငါးပါးဟာ အလိုလို ပေါ်တဲ့ တရားလား၊ အားထုတ်မှ ပေါ်တဲ့ တရားလား။ (အားထုတ်မှ ပေါ်တဲ့ တရားပါ ဘုရား)။

ဖြစ်ပျက်ရှုမှ ငါးပါး ပေါ်တယ်

ဟောဒီက ဖြစ်ပျက် တစ်ခုခုနဲ့မှ ဂရုစိုက်မှသာလျှင် ဒီငါးပါး ပေါ်တယ်။ (မှန်ပါ့)၊ ဖြစ်ပျက်ရှုမှ ငါးပါး ပေါ် ပါတယ်။ (မှန်ပါ့)၊ ရိပ်မိပြီနော်။ (ရိပ်မိပါပြီ)၊ ဖြစ်ပျက် ရှုမှ (ငါးပါးပေါ်ပါတယ်)၊ ဖြစ်ပျက်ရှုမှ (ငါးပါးပေါ်ပါ တယ်)၊

နို့မို့ရင် ဒီမဂ္ဂင် ပေါ်နိုင်ပါ့မလား။ (မပေါ်နိုင် ပါ ဘုရား)၊ မပေါ်နိုင်ဘူးတဲ့၊ ဒကာ ဒကာမတို့ ဖြစ်ပျက် ရှုမှ ဘာပေါ်တုံး။ (ငါးပါးပေါ်ပါတယ်)၊ သဘောပါ ပလား။ (ပါ,ပါပြီ ဘုရား)။

ကိုင်း ဖြစ်ပျက်ရှုမှ ငါးပါးပေါ်မယ် ဆိုတော့ ေဩာ် အနိစ္စ မမြင်ဘဲနဲ့ လောကီမဂ္ဂင်ကော မဝင်ပါဘူး ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားဟာ ဝတ္ထု ကလေးတစ်ခု ထုတ်လိုက်ပါမယ်တဲ့၊ ဒကာ ဒကာမတို့ ဝတ္ထုကလေး တစ်ခု ထုတ်လိုက်ပါမယ်၊ ဒကာ ဒကာမတို့ သေချာသွားအောင်လို့။ (မှန်ပါ့)၊

မဇ္ဈိမပဏ္ဏာသပါဠိတော် မှာ ဦးခင်မောင် သေသေချာချာ မှတ်စမ်း၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ တေဝိဇ္ဇဝစ္ဆသုတ် ဆိုတာ ရှိတယ်။ (မှန်ပါ့ ဘုရား)။

ဝစ္ဆ ပရိဗိုဇ်

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ရာဇဂြိုဟ်ပြည် မှာ သီတင်းသုံးပြီး သကာလ နေတုန်း အဲဒီ ဝစ္ဆ အနွယ်ဖြစ်တဲ့ ဝစ္ဆ ပရိဗိုဇ်က ဧကပုဏ္ဍရိက ဆိုတဲ့ သရက်ဖြူပင်ကြီးနဲ့ သူ့ ကမ္မဋ္ဌာန်း ကျောင်းမှာ သူ နေပါတယ်တဲ့။

သရက်ဖြူပင်ရှိတဲ့ သူ့ကမ္မဋ္ဌာန်း ကျောင်းတွေမှာ သူနေ တော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ရာဇဂြိုဟ်ပြည် ဆွမ်းခံသွားတယ်၊ စောပါ သေးတယ်လေ၊ ဝစ္ဆဆီ ဝင်ပါ ဦးမယ် ဆိုပြီး ဝင်တယ်၊ စောပါသေးတယ် ဆိုပြီး ဝစ္ဆဆီ ဝင်လိုက်ပါတယ်၊ ဝစ္ဆ ဆီ ဝင်တော့ ဝစ္ဆက အရှင်ဘုရား ထိုင်တော်မူပါဦး၊ လာတော်မူပါဦး၊ ကြွတော်မူပါဦး၊ ခုမှပဲ တပည့်တော်တို့ ဆီများ အလှည့်ကျ တော့တယ်နဲ့ နေရာပေး လိုက်တယ်။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ကောင်းကောင်း မွန်မွန် ထိုင်ပြီး သကာလ အသက် ထက်ဆုံး အောက်မေ့တတ် တဲ့ စကားတွေကို တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်ကြပြီး သကာလ ပြောဆိုနေကြတယ်။

ဒီ ကြုံတဲ့ခါမှာ အရှင်ဘုရားတဲ့၊ ဝစ္ဆက မေးပါရစေတဲ့၊ အရှင်ဘုရားသည် အလုံးစုံသော တရားတွေကို သိတယ်၊ အလုံးစုံသော တရားတွေကို မြင်တယ်၊ အိပ်နေလဲ မြင်တာပဲ၊ သွားနေလဲ မြင်တာပဲ၊ စားနေလဲ မြင်တာပဲလို့ အားလုံးက ပြောနေကြတယ်၊ အဲဒါ အရှင်ဘုရား ဟုတ်ပါရဲ့လား။

ဒကာ ဒကာမတို့ ဝစ္ဆက မေးတာနော်။ (မှန်ပါ့)၊ ဝစ္ဆ အနွယ်ဖြစ်တဲ့ ပရိဗိုဇ်က မေးတယ် ဆိုပါတော့။

အရှင်ဘုရား တဲ့၊ အရှင်ဘုရား၏ ဂုဏ်ဟာ သိပ်ပြီး သတင်းကြီးပါတယ်တဲ့၊ ဘယ်လိုကြီးသတုံး ဆိုတော့ ရှင်ကြီး ဂေါတမဟာ အိပ်နေလဲ အလုံးစုံ အကုန်မြင်တာပဲ၊ လောက ကြီးထဲမှာ သွားနေလဲ မြင်တာပဲ၊ စားနေလဲ မြင်တာပဲ။ အမြော်အမြင် တွေဟာ ဘယ်အချိန်မဆို အမြင်ရှိပြီး သကာလ နေတာပဲလို့ ပြောကြပါတယ်။

အဲဒါဟာ မှန်ရာကို ပြောတာလား၊ မတရားသဖြင့် စွပ်စွဲတာလားလို့ ပုဏ္ဏားက မေးတယ်၊ ဘယ်သူက မေးတာ ပါလိမ့်။ (ဝစ္ဆပရိဗိုဇ်က မေးတာပါ)။

ဝစ္ဆက မေးလိုက်တာ၊ မေးလိုက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့ကို ဒီဥစ္စာ မတရားသဖြင့် စွပ်စွဲ တာပါကွာ၊ သဘောကျပလား။ (ကျပါပြီ)၊ ဘာတဲ့တုံး။ (မတရားသဖြင့် စွပ်စွဲတာ)။

မတရားသဖြင့် စွပ်စွဲတာတဲ့၊ ဒီဥစ္စာ စားနေလဲ သိတယ်၊ အိပ်နေလဲ သိတယ်၊ ထိုင်နေလဲ သိတယ်၊ ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အမှန်ဖြေ လိုက်တော့ ငါ့ကို မတရား သဖြင့် စွပ်စွဲတာလို့ မပြောလိုက် ဘူးလား။ (ပြောလိုက်ပါတယ်)။

တေဝိဇ္ဇပုဂ္ဂိုလ်လို့ မှတ်ပါ

ဒါဖြင့် ဘုရားကဲ့၊ အရှင်ဘုရားဟာ အခုပြောတဲ့ အဓိပ္ပါယ်တွေမှ မရှိလို့ ရှိရင် အရှင်ဘုရားကို တပည့်တော် တို့က ဘယ်လို မှတ်ရမှာတုံး တဲ့၊ ငါ့ကို မှတ်ချင်လို့ ရှိရင် တေဝိဇ္ဇပုဂ္ဂိုလ်လို့ မှတ်လိုက်ကွ တဲ့၊ ဒကာ ဒကာမတွေ ဘယ်လို မှတ်လိုက်တဲ့လဲ (တေဝိဇ္ဇပုဂ္ဂိုလ်လို့ မှတ်ပါတဲ့)၊

ဝိဇ္ဇာသုံးပါး

တေဝိဇ္ဇပုဂ္ဂိုလ်လို့ မှတ်လိုက်စမ်းပါတဲ့။။ အဲဒါ ဆိုသဖြင့် ငါဟာ ငါ့ကိုယ်နဲ့ငါ ကိုက်တယ် ကွ တဲ့၊ တေဝိဇ္ဇပုဂ္ဂိုလ်ဆိုတာ ငါဟာ ဒိဗ္ဗစက္ခု ရတယ်လို့ မှတ်၊ သဘောကျပလား။ (မှန်ပါ့)၊ ပုဗ္ဗေနိဝါသ ဉာဏ်လဲ ငါ ရတယ်လို့ မှတ်၊ အာသဝက္ခယ ဉာဏ်လဲ ရတယ်လို့ မှတ်။ (မှန်ပါ့)။

ဒါ ဝိဇ္ဇာသုံးပါး၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ တေဝိဇ္ဇ ပုဂ္ဂိုလ်ဆိုလို့ ရှိရင် ငါ့ကို ချီးမြှောက်တဲ့ သဘောနဲ့ ငါ့အရှိနဲ့ ကိုက်သကွ၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားဟာ ဝိဇ္ဇာ နှစ်ပါးနဲ့ ပြည့်စုံသလဲ။ (သုံးပါးနဲ့ ပြည့်စုံပါတယ်)၊ အဲ ပုဗ္ဗေနိဝါသာ နုဿတိ အဘိညာဉ်, ဒိဗ္ဗစက္ခု အဘိညာဉ်, အာသဝက္ခယ အဘိညာဉ်၊ ဘယ်နှစ်ခုနဲ့ ပြည့်စုံပါလိမ့်။ (သုံးခုနဲ့ ပြည့်စုံပါတယ် ဘုရား)။

အဲဒီလိုဆိုလို့ ရှိရင်ဖြင့် အဲဒါ ငါ့ နာမည်နဲ့ သူတို့ ချီးမွမ်းတာနဲ့ တေဝိဇ္ဇ ပုဂ္ဂိုလ်ကြီး, တေဝိဇ္ဇ ပုဂ္ဂိုလ်ကြီးဆိုရင် ဖြင့် ကိုက်သဟေ့။

ခုနက ပြောသလိုပဲ၊ ရှင်ကြီး ဂေါတမဟာ ဉာဏ်အမြင် အင်မတန်ကြီးတယ်၊ အိပ်နေလဲ သိတယ်၊ သွားနေလဲ သိတာပဲ၊ စားနေလဲ သိတာပဲဆိုတာဟာ ငါ့ကို မတရား သဖြင့် စွပ်စွဲတာပဲ၊ အဲဒီတော့ ငါ မသိဘူးတဲ့။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဆင်ခြင်ရင်တော့ သိတာပေါ့ ဒကာ ဒကာမတို့၊ အိပ်နေတဲ့ ဥစ္စာဟာ ဘဝင်စိတ်နဲ့ အိပ်နေတာ၊ ဘာသိစရာ များ ရှိသေးသတုံး။ (မရှိပါ ဘုရား)၊ ရှိနိုင်ပါ့မလား။ (မရှိနိုင်ပါ ဘုရား)။

အဲဒီတော့ ချီးမြှောက်လွန်းလို့ အဲဒီ ဂုဏ်တွေကတော့ ငါ့ဂုဏ်မဟုတ်ဘူးလို့ ဘုရားက ပယ်ချ လိုက်တယ် ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်း ရိပ်မိသွားကြပလား။ (မှန်ပါ့ ဘုရား)၊

ဒီတရား ဟောချင်လို့ မဟုတ်ပါဘူးတဲ့။ ဒါက ဗဟုသုတအတွက် ဟောရတာပါ၊ ဒါက ဒကာ ဒကာမတို့ ဗဟုသုတ အတွက် ဟောတာဆိုတာ သေချာ ပလား။ (သေချာပါပြီ)၊ နောက် ပုဏ္ဏား ဆက်မေးတာ နားထောင်၊ နောက် ပုဏ္ဏားက ဆက်မေးတယ်။

ဒီတွင် ဝစ္ဆပရိဗိုဇ်က ဆက်ပြီး မေးတော့တယ်၊ ဘယ်လို မေးလိုက်သတုံး၊ ရှင်ကြီးဂေါတမ တဲ့၊ ခုလို ကြုံတဲ့ အခါမှာ တပည့်တော်တို့ မသိတာတွေကလဲ အကုန်လိုလို ဖြစ်နေတော့ မသိတာ မေးပါရစေ၊

မသိတာ မေးပါရစေ ပြောတော့ ရှင်ကြီးဂေါတမ ၊ လူများဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလား၊ ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့မလားလို့ ဝစ္ဆပရိဗိုဇ်က မေးတယ်။ (မှန်ပါ့)။

လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နိဗ္ဗာန်ရောက်နိုင်ပါ့မလား

ဒါ ကြပ်ကြပ်မှတ်ထားပါ၊ ဒီအဓိပ္ပါယ်ဟာ ဒကာ ဒကာမတို့ အင်မတန် ကြိုက်ခဲတယ်၊ ဘုရားတစ်ဆူ တစ်ဆူ ပွင့်မှ တစ်ခါလောက် ဖြေတဲ့ အဓိပ္ပါယ်နော်။ (မှန်ပါ့)၊

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက် နိုင်ပါ့မလားလို့ မေးလိုက်တယ်၊ သဘော ကျပလား။ (ကျပါပြီ)၊ ဘာတဲ့တုံး၊ ခင်ဗျားတို့ ကြည့်စမ်း။ (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့မလား)။

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် ရောက်နိုင်ပါ့ မလားလို့ ဝစ္ဆပရိဗိုဇ်က မေးလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဖြေလိုက်ပါတယ်၊ ဦးခင်မောင် သေသေချာချာ မှတ်ပါ။ (မှန်ပါ့ ဘုရား)။

လူ့သံယောဇဉ် မစွန့်ရင် နိဗ္ဗာန် မရ

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့တော့ နိဗ္ဗာန် မရဘူး ကွ၊ ဖြေပြီ။ (မှန်ပါ့)၊ သဘောပါကြပလား (ပြ၊ပါပြီ)၊ ဘယ်လို ဖြေလိုက်ပါလိမ့်။ (လူဟာ လူ့သံယောဇဉ် မစွန့် ဘဲနဲ့ နိဗ္ဗာန်မရပါ)၊ နိဗ္ဗာန် မရနိုင်ဘူး၊ ဒကာ ဒကာမတို့ အင်မတန် အကွက် ကျတယ်နော်၊ မေးပုံအကွက် မကျဘူးလား။ (ကျပါတယ် ဘုရား)၊

ပထမ ဘယ်လို မေးလိုက် သတုံး။ (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက် နိုင်ပါ့မလား တဲ့)။

လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်နိုင် ၊ ပါ့မလားဆိုတော့ ဘုရားက ဘယ့်နှယ် ဖြေလိုက်ပါလိမ့်။ (လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်မရောက်နိုင်ပါ ဘုရား)။

မရောက်နိုင်ဘူးဆိုတော့ ခင်ဗျားတို့ထဲမှ တစ်ယောက်မှ နိဗ္ဗာန် ရောက်မည့်သူ မပါဘူးလို့ ယူချင်လဲ ယူကြရော့ (မှန်ပါ့ ဘုရား)၊ မယူရပေဘူးလား။ (ယူရပါမယ်)၊ ကိုယ့် သံယောဇဉ်နဲ့ ကိုယ်နဲ့ တော့ဖြင့် ဒကာ ဒကာမတွေ ရှိကြတာချည်းပဲနော်။ (မှန်ပါ့)၊ အဲဒီဟာ ဘုန်းကြီးက ရှင်းပြပါမယ်။ (မှန်ပါ့ ဘုရား)။

ဘုန်းကြီးက ရှင်းပြပါမယ်ဆိုတော့ ဒကာ ဒကာမတွေ ဘာမှ အားငယ်စရာ မရှိပါဘူး၊ အဋ္ဌကထာ ကလဲ ရှင်းပြမယ်။ (မှန်ပါ့)၊ ဦးခင်မောင် ဒီအတိုင်းဆိုရင် ငိုချင်းချ ဖို့ ရှိတော့တယ်။ (မှန်ပါ့)၊ ဒီပြင် ဘာမှ မရှိတော့ဘူး။

လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်နိုင် ပါ့မလားလို့ ဝစ္ဆပရိဗိုဇ်က မေးတော့ ဘုရားက ဘယ့်နှယ် ဖြေသတုံး။ (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ ဘုရား)၊ ဒကာ ဒကာမတွေကကော ဘယ်လို ဖြေကြမလဲ။ (မရောက်နိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် လူ့သံယောဇဉ်ထဲမှာပဲ အလုပ်လုပ်တဲ့ လူ ရနိုင်တယ်ဆိုတာ ဘုန်းကြီးက နည်းပေးမယ်၊ သူ ပြထားတာက ခင်ဗျားတို့ ဒါ ပြဖို့ပဲ။ (မှန်ပါ့)၊ ဟောဒီ ဘက်က တဏှာဆိုတာ သံယောဇဉ် မဟုတ်လား။ (မှန်ပါ့)၊ ဥပါဒါန်ကော (သံယောဇဉ်ပါ ဘုရား)။

ကိုင်း ဒီဘက်က ခန္ဓာငါးပါး ခြုံရှုလိုက်တော့ ဖြစ် ပျက် ရှုလို့ ဆရာဘုန်းကြီးက မှာမထား ဘူးလား။ (မှာထားပါတယ် ဘုရား)၊ မှာထားတဲ့ အခါကျတော့ ဒကာ ဒကာမတွေက ကိုယ့်ခန္ဓာ အိမ်ရောက်တဲ့ အခါမှာဖြစ်စေ၊ လမ်းသွားတဲ့အခါ, ကမ္မဋ္ဌာန်း ကျောင်းမှာဖြစ်စေ၊ ရှုနေပါပြီ။

ဒါကလေးတွေ ဖြစ်ပျက်၊ ဝေဒနာကြိုက်တဲ့လူက ဝေဒနာ ဖြစ်ပျက်ရှုနေ၊ စိတ်ကြိုက်တဲ့လူက စိတ်ကို ဖြစ်ပျက် ရှုနေပြီနော်။ (မှန်ပါ့ ဘုရား)၊ ရှုလိုက်တော့ ဖြစ်,ပျက်နဲ့ မဂ်ပဲ ရှိတယ်၊ ဒကာ ဒကာမတို့ ဒီဘက် သံယောဇဉ် ရှိ၊ မရှိ (မရှိပါ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊

ဒီဘက်က ဘာတုံး။ (ဖြစ်ပျက်ပါ ဘုရား)၊ ဒီဘက်က ဖြစ်နေတာ။ (မှန်ပါ့)၊ ဒါ, ရှိရဲ့လား (မရှိပါ ဘုရား)၊ ရှိကို မရှိဘူး။ (မှန်လှပါ ဘုရား)။

ဒါက သူများ ပြောလား၊ ခင်ဗျားတို့ အမြင်လား။ (အမြင်ပါ ဘုရား)၊ ကြည့်လေ၊ ဝေဒနာပစ္စယာ တဏှာ လာသေးသလား။ (မလာပါ ဘုရား)၊ တဏှာ လာရင် သံယောဇဉ်ကိုးဗျ။ (မှန်လှပါ ဘုရား)၊ ရှင်းပလား။ (ရှင်း ပါပြီ ဘုရား)။

အဲဒီတော့ အဲဒီကနေပြီး ဝေဒနာရှု၊ သူက ဝေဒနာ ကလေးတွေ ဖြစ်ပျက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ စိတ်ကလေး တွေ ဖြစ်,ပျက် ရှုနေတော့ ဖြစ်ပျက် ဝိပဿနာမဂ်။ (မှန်ပါ့)၊ ဒီဘက်က တဏှာ, ဥပါဒါန် ဘယ့်နှယ်နေပါ့ မလဲ။ (မလာပါ ဘုရား)။

လာကို မလာဘူး။ (မလာပါ ဘုရား)၊ ဒကာ ဒကာမ တို့ စဉ်းစား ကြည့်စမ်း၊ လာကို မလာ တာဘဲလား။ (မလာ ပါ ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ် လူ့သံယောဇဉ် စွန့်နေတယ်

ဒါဖြင့် ကျုပ်တို့ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ လူဟာ လူ့သံယောဇဉ် စွန့်သလား၊ ဘယ်လို ဆိုကြမလဲ (စွန့်နေတယ် ဆိုပါမယ်)၊ လူဟာ လူ့သံယောဇဉ် စွန့်နေတော့ ဘုရားက ဘယ့်နှယ်မယ် ထင်သလဲ၊ လူဟာ လူ့သံယော ဇဉ်သာ စွန့်လို့ ရှိရင်ဖြင့် ဘာတုံး။ (နိဗ္ဗာန်ရောက်နိုင်ပါ တယ် ဘုရား)။

ခင်ဗျားတို့ ဒီအထဲမှာ ပါတယ် တဲ့၊ ပုံစံချပြမှ ရှင်းတယ်၊ ဒီဥစ္စာက (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ)၊ ပုံစံချပြလိုက်တော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အလုပ်လုပ်ရင် မဂ်ရနိုင်တယ်

ဝိပဿနာရင့် လာတဲ့ အခါကျတော့ ဒီ မဂ်ဖြစ်လာတော့ ဒီသံယောဇဉ်တွေ လာကို လာသေးရဲ့ လား။ (မလာပါ ဘုရား)၊ မဂ်က ဖြတ်ထားတယ် ဆိုတာ သေချာပလား။ (သေချာပါပြီ)။။

အဲဒီတော့ကို တဲ့၊ သံယောဇဉ် တန်းလန်းနဲ့ မဂ်တော့ မရနိုင်ဘူး၊ အလုပ်လုပ်လို့ သံယောဇဉ် ချုပ်နေပြန်တော့လဲ ဘယ့်နှယ် ဆိုကြမလဲ။ (ရနိုင်ပါတယ်)၊ မဂ်ရနိုင်တယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဒါက ဒကာ ဒကာမတို့ အပြောလား အမြင်လား ကြည့်စမ်း (အမြင် ပါ ဘုရား)။

ဒီ မဂ္ဂင်ငါးပါးက ဝေဒနာနောက်က နေချင်နေလိုက်။ စိတ်နောက်က နေချင်နေလိုက်၊ ရုပ်ဆက်က နေချင်နေလိုက်၊ ဒီဥစ္စာ သဘောကျပလား။ (မှန်ပါ့ ဘုရား)၊ နေလိုက် တဲ့အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်ပဲ ခင်ဗျားတို့ ဝမ်းထဲမှာ ရှိတယ်။ (မှန်ပါ့)၊

တဏှာ ဥပါဒါန် ဘယ့်နှယ်နေသတုံး။ (ချုပ်သွား ပါတယ် ဘုရား)။

လောဘ ဒေါသ (ချုပ်သွားပါတယ် ဘုရား)။

အဝိဇ္ဇာ သင်္ခါရ (ချုပ်သွားပါတယ် ဘုရား)။

ဒါဖြင့် အဲဒီ သံယောဇဉ်တွေ လာခွင့်ပေးသေးရဲ့လား လို့ မေးရင် ဘယ့်နှယ်ပြောမလဲ (မပေးပါ ဘုရား)၊ ဒါဖြင့် မဂ်ဉာဏ်,ဖိုလ်ဉာဏ် နိဗ္ဗာန် ရနိုင်, မရနိုင် (ရနိုင်ပါတယ် ဘုရား)၊ ရနိုင်တယ် ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် သံယောဇဉ် မစွန့်နိုင်

ဒါ ဝတ္ထုမထုတ်သေးဘူး၊ ဝတ္ထုနဲ့ တကွ ရှိပါတယ် ဦးခင်မောင် (မှန်လှပါ ဘုရား)၊ နာရီလဲ စေ့နေပြီလို့၊ သဘော ကျပလား။ (ကျပါပြီ)၊ ဝတ္ထု မထုတ်သေးဘူး၊ ဝတ္ထုနဲ့ သေသေချာချာ ရှိတယ်၊ လူဟာ လူ့သံယောဇဉ်ကို ဘယ်လို စွန့်မယ် ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် မစွန့်တာ အမှန် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ)၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် (စွန့် ပါတယ် ဘုရား)။

ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်စွန့် ဆိုတာ ဘယ် သူ့အပေါ်မှာ တည်နေတယ် ဆိုတာ ယနေ့ ဆုံးဖြတ်ချက် ချပါ။ (အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ တည်နေပါတယ်)၊ အလုပ် လုပ်ရမယ်၊ သဘော ကျပလား။ (ကျပါပြီ)၊ အလုပ်မှ မလုပ်ရင်တော့ သံယောဇဉ်စွန့်မယ်ဆိုတဲ့စကား မယုံ နဲ့ (မှန်ပါ့ ဘုရား)။

အလုပ်,လုပ်မှ ပြတ်မယ်

ရှိတဲ့ သံယောဇဉ်တွေ ကုန်ပါပြီ၊ သားသမီးလဲ မခင် ပါဘူး၊ မြေးလဲ မခင်ပါဘူး၊ မြစ်လဲ မခင်ပါဘူး ဟုတ်လား၊ အင်း ဘယ်လိုပဲ သူတို့ က အနားမှာ ပွတ်သီး ပွတ်သပ် လုပ်နေငြားသော်လဲ စိတ်ကတော့ ဥပေက္ခာပါပဲ၊ အလကား ပြောတာ တကယ် မဟုတ်ပါဘူး ဆိုတာ ယုံကြည်ကြရဲ့ လား။ (ယုံကြည်ပါတယ်)၊ အလုပ် လုပ်နေမှ ပြတ် တယ်။ (မှန်လှပါ ဘုရား)။

နို့မို့လို့ရှိရင်ဖြင့် ကိုယ့်သံယောဇဉ်သာ မရှိတာ၊ ကိုယ့်ခန္ဓာ သံယောဇဉ်က လာငြိတယ်။ (မှန်ပါ့)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)၊ ဟို သား,သမီး,မြေးမြစ် သံယောဇဉ် ကတော့ မရှိဘူး။ (မရှိပါ ဘုရား)၊ ကိုယ့်ခန္ဓာ ဆိုတဲ့ သံယောဇဉ် ကတော့ (ရှိပါတယ် ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ)၊ အဲဒီတော့ လူဟာ လူ့သံယောဇဉ် ပြတ်ပါရဲ့လား။ (မပြတ်ပါ ဘုရား)။

အလုပ်သမားနဲ့မှ ကိုက်တယ်

ဒါဖြင့် အပြောသမားနဲ့တော့ မကိုက်ဘူးပေါ့ဗျာ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ အလုပ်သမားနဲ့ တော့ (ကိုက်ပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကဲ နာရီစေ့သွားပြီ၊ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့