086

ဝိပဿနာယောဂီပုဂ္ဂိုလ်လေးမျိုး

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ဟောကြားသောတရားတော်

“ဝိပဿနာယောဂီပုဂ္ဂိုလ်လေးမျိုး”

(ရှင်အာနန္ဒာနှင့် ရှင်သာရိပုတ္တရာ အမေးအဖြေ)

(၁၁-၁၀-၅၇)

မိမိတို့ ပြင်ချင်စရာရှိတာကို မိမိတို့ သိမှသာလျှင် သွားလို ရာခရီးကို ဖြောင့်ဖြောင့် တန်းတန်း ရောက်မယ်၊ (မှန်လှပါ)။ မိမိတို့ အားထုတ်နေတဲ့ တရားသည် နိဗ္ဗာန်ကို အဖြောင့်သွားဖို့ အားထုတ် ကြတာဘဲ (မှန်လှပါ)။

အဲ့ဒီ မိမိတို့ အားထုတ်တဲ့ တရားမှာ, ဘာလို နေတယ် ဆိုတဲ့ ဥစ္စာကို သိလို့ရှိရင် လိုတာ ဖြည့်ပြီး ဒကာဒကာမတွေ ကြိုးစားကြ လို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်, အပါယ်လေးပါး တခါးပိတ် တဲ့နိဗ္ဗာန်, အနူအရွဲ၊ အဆွံ့အအ,တွေမှ လွတ်တဲ့နိဗ္ဗာန်, တိရစ္ဆာန် အစရှိတဲ့ဖြစ်ခြင်း အစရှိသည်တို့မှ ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာ ရောက်နိုင်တယ် (မှန်လှပါ)။

အဲ့ဒီတော့ အားထုတ်ပြီး သကာလ နေတာ လိုတာ မဖြည့် တတ်သေးတော့လဲ ခရီးက မပေါက်ဘဲ ဖြစ်တတ်တယ် (မှန်ပါ)။ အဲ့ဒီတော့ လိုတာလေးတွေ ဖြည့်ဖို့ရာကို ရှင်သာရိ ပုတ္တရာက အမေးခံပြီး, ရှင်အာနန္ဒာက မေးထားတာရှိတယ် (မှန်လှပါ)။

အဲ့ဒီတော့ ရှင်သာရိပုတ္တရာကဲ အမေးခံတဲ့ ပုဂ္ဂိုလ်, ရှင်အာနန္ဒာက မေးတဲ့ပုဂ္ဂိုလ် ဆိုတော့ ရှင်သာရိပုတ္တရာကလဲ ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်, ရှင်အာနန္ဒာကလဲ သောတာပန် တည်ပြီးသား ပုဂ္ဂိုလ် (မှန်လှပါ)။ အဲ့ဒီတော့ ဒကာသစ်တို့ ဒကာကြွယ်တို့က သိပြီးသား ပုဂ္ဂိုလ်တွေ မေးကြ, ဖြေကြ လို့ရှိရင် ဖြင့် သူတို့ အတွက် မဟုတ်ဘူး, အားထုတ်နေတဲ့ နောင်လာ နောက်သားများ အတွက်, ဆင်ခြင်ဖို့ရာ ထားခဲ့တဲ့ စကားတွေဘဲလို့ မှတ်ရမှာဘဲ (မှန်ပါ)။ သူတို့ အတွက်တော့ မဟုတ်တော့ဘူး (မှန်ပါ)။

နောင်လာနောက်သားတွေအတွက်

အဘယ့်ကြောင့် သူတို့အတွက် မဟုတ်ပါသတုံးဆို တော့ ရှင်သာရိပုတ္တရာက အာသဝေါ ကုန်ခန်း ရဟန္တာဖြစ်ပြီးပြီ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ်)။ ရှင်အာနန္ဒာ ကလဲ သောတာပန် တည်ပြီးပြီ (မှန်ပါ)။ အဲ့ဒီလို သောတာပန် တည်ပြီးသား ပုဂ္ဂိုလ်က, ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကို မေးမြန်း စုံစမ်းတယ် ဆိုတော့ ဒကာဒကာမတို့ သိပြီးသား အတိုင်းဘဲတဲ့ နောင်လာ နောက်သားတွေ လိုတာ ဖြည့်ကြ, လိုတဲ့ကိစ္စကို ဖြည့်စွမ်းနိုင်ဖို့ရာ, ဘယ်နေရာလိုရင် ငါဘယ်နေရာဖြည့်ရမယ်ဆို တာ သိရစ် ပါစေတော့ဆိုပြီး သူတို့နှစ်ပါး အဖြေနဲ့အမေး ပြု လုပ်ကြတယ်လို့ ဒကာသစ်တို့ ဒကာကြွယ်တို့ မှတ်ရမှာဘဲ (မှန်ပါ)။

အဲ့ဒါ တိုတိုပြောတော့ တို့လို အားထုတ်နေသူတွေ အတွက် လိုတာဖြည့်ဖို့ နမူနာ ပေးတာဘဲလို့ မှတ်ရမှာဘဲ။ (မှန်ပါ)။ ဒါဖြင့် ဒီအချက်ဟာ အရေးကြီးတဲ့ အချက်ဆိုပြီး သကာလ ဘုန်းကြီးတို့ ဒကာဒကာမတွေ, အားထုတ်ဆဲ ဖြစ်တဲ့ ဒကာ၊ ဒကာမတွေအတွက် အင်မတန်မှ အရေးကြီးတယ် ဆိုတဲ့ ဥစ္စာ, ပေါ်လာပါပေါ့ကော၊ (ပေါ်လာပါ ဘုရား)။

ကိုင်း-ဒါဖြင့် သူတို့ လေးချက် မေးတာ လေးချက်ပဲ အမေး က လေးချက် အဖြေလေးချက် ရှိပါတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

ပါဠိလိုသုံးတော့ “နိဿော ဌာနဘာဂေယျ” လို့ဆိုတယ်။ သို့သော် ပါဠိလိုကို မြန်မာလို ဒကာ, ဒကာမတွေ သင်ကြားပြီး သကာလ နေတော့ နားမလည်ဘဲ ဖြစ်မှာစိုးလို့ မြန်မာလိုဘဲ ပြောကြပါစို့ (မှန်လှပါ)။

ဝိပဿနာအလုပ်မှ လုပ်တဲ့ ပုဂ္ဂိုလ်သည် ယုတ်သော လုပ်ခြင်း တစ်မျိုး၊ (မှန်လှပါ)။ ဝိပဿနာ ထဲမှာတော့ လုပ်တော့ လုပ်နေတာဘဲ, သို့သော် ကိုယ်လုပ်နေတဲ့ အလုပ်သည်ကား ဆိုလို့ရှိရင်ဖြင့် ဆုတ်ယုတ်တဲ့ သဘော ရောက်နေတယ်။ (မှန်လှပါ)။ ဝိပဿနာ ခရီးမပေါက်တဲ့ အလုပ်မျိုးပေါ့လေ (မှန်လှပါ)။ အဲ ဝိပဿနာကို ဆုတ်ယုတ်တဲ့ ဆုတ်ယုတ်သောလုပ်ခြင်းဖြင့် လုပ်နေတဲ့ ဝိပဿနာ တစ်မျိုးလို့၊ တစ်နံပါတ် မှတ်ရ မယ် (မှန်လှပါ)။

ဝိပဿနာတော့ လုပ်နေတာဘဲ, သို့သော် ဒီဝိပဿနာ ပြည့်စုံအောင် မလုပ်နိုင်တဲ့အတွက် ဝိပဿနာမှာ ဆုတ်ယုတ်မှုနဲ့ လုပ်နေတဲ့ ဝိပဿနာယောဂီပုဂ္ဂိုလ်တစ်မျိုး (မှန်လှပါ)။ ဆုတ်ယုတ်မှုနဲ့ လုပ်နေတဲ့ ဝိပဿနာ ယောဂီ တစ်မျိုးလို့ မှတ်ပါ (မှန်လှပါ)။ ဆုတ်ယုတ်မှုနဲ့ လုပ်နေတဲ့ ဝိပဿနာ ယောဂီ တစ်မျိုး (မှန်လှပါ)။ ဘာတုံး (ဆုတ်ယုတ်မှုနဲ့ လုပ်နေတဲ့ ဝိပဿနာ ယောဂီ ပုဂ္ဂိုလ် တစ်မျိုးပါ)။

အင်း – သူဝိပဿနာတော့ လုပ်နေတာဘဲ ဆုတ်ယုတ် နေတာကို သူက မသိဘူး (မှန်လှပါ)။ ကုသိုလ် မရတာတော့ မဟုတ်ဘူးနော် (မှန်လှပါ)။ ကုသိုလ်ကတော့ ရနေတာဘဲ ခရီး, ပေါက်, မပေါက်ကို ချိန်ဆတာသာ မှတ်ရမယ်။ ကုသိုလ်ကတော့ဖြင့် ဝိပဿနာ လုပ်နေတာဆို ဘယ် ကုသိုလ်နဲ့ ယှဉ်ယှဉ် သူက သာတာဘဲလို့ မှတ်ထား လိုက်ပါတော့၊ (မှန်လှပါ)။ ဆုတ်ယုတ်မှုနဲ့ ဝိပဿနာ လုပ်နေသော ယောဂီပုဂ္ဂိုလ် တစ်မျိုး (မှန်လှပါ)။

တည်ကာမျှနဲ့ ဝိပဿနာလုပ်နေသော ယောဂီပုဂ္ဂိုလ် တစ်မျိုး သူကတော့ ဝိပဿနာ တည်ရုံလေး တည်တယ်, တည်ရုံ တည်ကာမျှနဲ့ လုပ်နေတဲ့ ဝိပဿနာ ယောဂီ ပုဂ္ဂိုလ်တစ်မျိုး (မှန်လှပါ)။

ဆုတ်ယုတ်မှုလုပ်နေ, ဆုတ်ယုတ်မှုနဲ့ လုပ်နေတဲ့ ဝိပဿနာ ယောဂီပုဂ္ဂိုလ် တစ်မျိုးနော် (တစ်မျိုးပါ ဘုရား)။ တည်ကာမျှနဲ့ လုပ်နေတဲ့ ဝိပဿနာယောဂီပုဂ္ဂိုလ်တစ်မျိုး (မှန်လှပါ)။ ရှင်းသွား ပြီလား (ရှင်းသွားပြီ ဘုရား)။

ဒီက ဆုတ်ယုတ်မှု၊ ဒီကတည်ကာမျှ (မှန်လှပါ)။ တစ်နံပါတ်က ဆုတ်ယုတ်မှုနဲ့ ဝိပဿနာ လုပ်နေတယ် (မှန်လှပါ)။

နှစ်နံပါတ်က ဝိပဿနာအလုပ် လုပ်တော့ တည်ကာမျှ နဲ့ လုပ်နေတယ်၊ သုံးနံပါတ် ရှင်းပြပါဦးမယ်, ဒကာ-ဒကာမတွေ မှတ်စရာ, အထူး ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်က တစ်မျိုး (မှန်လှပါ)။ ဘယ်နှစ်မျိုး ရှိပြီးလဲ (သုံးမျိုး ရှိပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် တစ်နံပါတ်က ဆုတ်ယုတ်မှုနဲ့ ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ် တစ်မျိုး တည်ကာမျှနဲ့ (ဝိပဿ နာ လုပ်နေတဲ့ ပုဂ္ဂိုလ် တစ်မျိုး)။

အထူး လုပ်နေတဲ့ ဝိပဿနာ ယောဂီပုဂ္ဂိုလ် တစ်မျိုး သဘော ကျလား (ကျပါတယ်)။

ထိုးထိုးထွင်းထွင်းလုပ်နေတဲ့ ဝိပဿနာယောဂီ ပုဂ္ဂိုလ် တစ်မျိုး (မှန်လှပါ)။ ဘယ်နှစ်မျိုးရှိပါလဲ (လေးမျိုး ရှိပါတယ်)။

ဝိပဿနာယောဂီပုဂ္ဂိုလ်လေးမျိုး

၁။ ဆုတ်ယုတ်မှုနဲ့ ဝိပဿနာလုပ်နေတာက (တစ်မျိုးပါ)။

၂။ တည်ကာမျှဖြင့် ဝိပဿနာလုပ်နေတာက (တစ်မျိုးပါ)။

၃။ အထူးလုပ်နေတဲ့ ဝိပဿနာယောဂီပုဂ္ဂိုလ်က တစ်မျိုး။

၄။ ထိုးထိုးထွင်းထွင်းလုပ်နေတဲ့ ဝိပဿနာယောဂီပုဂ္ဂိုလ် ကတစ်မျိုး ဘယ်နှစ်မျိုးရှိလဲ (လေးမျိုးပါ)။

မှတ်ထားကြစမ်းပါ, မှတ်ထားကြစမ်းပါ, ကိုယ့်အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်များ, ဒီလေးချက် သိသင့်တယ်, သိထိုက်တယ်, သိကောင်းတယ် (မှန်လှပါ)။ ဒါမှသာလျှင်, ဒကာသစ်တို့ ဒကာကြွယ်တို့ ခရီး ပေါက်ရောက်မယ် (မှန်ပါ)။

အဲ့ဒီတော့ ဒကာ-ဒကာမတို့ ဒီရဟန္တာနဲ့ သောတာပန် ပုဂ္ဂိုလ်တို့၏ မေးမြန်းမှုသည် သူတို့ ရောက်ပြီးသား လမ်းကိုဘဲ မေးတာဘဲ (မှန်လှပါ)။ သူတို့ ကိုယ်တိုင် တွေ့ကြုံပြီး သကာလ, ခရီး ပေါက်ရောက် လာပြီး သကာလ, သူတို့ အတွက်ဖြင့် သံသယ မရှိမူ၍, နောင်လာ နောက်သားများကို နည်းယူပြီး သကာလ, လိုတာ ဖြည့်ကြပါစေ ဆိုတဲ့သဘောကို အကြောင်းပြုပြီး သကာလ, အမေးအဖြေ လုပ်တယ်လို့ ဒကာ-ဒကာမတွေက မှတ်ထား ရမယ် (မှန်လှပါ ဘုရား)။ သဘောပါလား (ပါပါတယ် ဘုရား)။

၁။ ဆုတ်ယုတ်မှုနဲ့ဝိပဿနာလုပ်နေတဲ့ပုဂ္ဂိုလ်

ဆုတ်ယုတ်မှုနဲ့ ဝိပဿနာလုပ်နေတဲ့ တစ်နံပါတ်ပုဂ္ဂိုလ် စ-ပြောမယ် (မှန်လှပါ)။ ဆုတ်ယုတ်မှုနဲ့ ဝိပဿနာ လုပ်နေ တဲ့ တစ်နံပါတ် ပုဂ္ဂိုလ်ရှိပါတယ်, ဘာတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် မိမိတို့မှာ မဆောက်တည်လဲ, ဒကာကြွယ်ရေ ငါးပါး သီလရှိနေတာဘဲ (မှန်လှပါ)။ ဆောက်တည်လဲ (ရှိပါတယ် ဘုရား)။ ဆောက်တည်လဲ အထူး ရှိတာဘဲ, မဆောက် တည်ဘဲ နေလဲ, ငါးပါးသီလဟာ အမြဲတန်း သီလဖြစ်ပြီး သကာလ နေသောကြောင့် ဘယ်ပုဂ္ဂိုလ်မဆို ဒီသီလဟာ ရှိနေတာဘဲ (မှန်လှပါ)။ ရှိနေတာကို ပျက်ပြားတဲ့ အခါ ပျက်ပြားသလို သိရမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဒါဖြင့် ဒကာ,ဒကာမတွေမှာ, နိစ္စသီလ, နိစ္စဆိုတာ မြဲတာ, သီလက စောင့်ရှောက်တာ (မှန်လှပါ)။

ငါးပါးသီလမြဲရမယ်

အမြဲတန်း သီလရှိနေတာက ဒကာ-ဒကာမတွေ သန္တာန်မှာ ငါးပါးသီလ၊ (မှန်ပါ)။ သဘော ကျလား (ကျပါတယ်)။ အမြဲတန်း ရှိနေတာက ဘာပါလိမ့်၊ (ငါးပါးသီလပါ) အဲ့ဒီ ငါးပါးသီလက ဆောက်တည်လဲ ရှိတာဘဲ (မှန်ပါ)။ ဒကာကြွယ်ရေ မဆောက်တည်လဲ (ရှိပါတယ် ဘုရား)။ ရှိပြီး သကာလ နေတယ် ဆို တာကို ဒကာ- ဒကာမတွေ က မှတ်ထားလိုက်ကြပါ (မှန်လှပါ ဘုရား)။

အဲ့ဒါ တချို့က ဘယ်လို မေးကြတုံးဆိုတော့ ငါးပါး သီလထဲက ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ မုသာဝါဒ, သုရာမေရယဆိုတဲ့ အင်္ဂါတွေ တစ်ခုခု ချို့ယွင်းနေ တယ် (မှန်လှပါ)။ ငါးပါးထဲက တစ်ပါးပါး ချို့ယွင်းနေတယ် ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

ဝိပဿနာ အားထုတ်နေတယ် တဲ့ ဒကာ-ဒကာမတို့ ဟင်(မှန်လှပါ)။ ဝိပဿနာ အားထုတ် ပြီးသကာလနေတော့ သူ့မှာ ဆုတ်ယုတ်လျက်နဲ့ ငါးပါးသီလ ထဲက တစ်ပါးပါး ချို့ယွင်းပြီး သကာလ, ဆုတ်ယုတ် နေတဲ့ ဝိပဿနာတော့ လုပ်နေတာဘဲတဲ့။

ဝိပဿနာလုပ်ပြီး သကာလ နေငြား သော်လဲ, သူ့မှာ ဒီငါးပါးထဲက တစ်ပါးပါးထဲက ချို့ယွင်းပြီး သကာလ နေတော့ ဝိပဿနာဟာ လိုသလောက် ခရီးမပေါက်ဘူး (မှန်လှပါ ဘုရား)။

ဘာကြောင့်လဲလို့ မေးလို့ရှိရင် သီလငါးပါးထဲက တစ်ပါး ပါးက ချို့ယွင်းပြီး ဆုတ်ယုတ်နေလို့ (မှန်လှပါ ဘုရား)။ သဘောကျလား (ကျပါတယ်)။ အင်း – ငါးပါးသီလထဲက တစ်ပါးပါး ဆုတ်ယုတ်ပြီး သကာလ ဒကာ-ဒကာမတွေ ဘုန်းကြီး က ခိုင်းလို့ ဝိပဿနာ အလုပ်ကို လုပ်နေကြလို့ ရှိရင်ဖြင့်တဲ့ ကုသိုလ်တော့ အင်မတန် ရပါတယ်လို့ မှတ်ပါ (မှန်လှပါ)။

သို့သော်တဲ့ ဝိပဿနာ အလုပ်မှာ ဆုတ်ယုတ်မှုနဲ့ သူလုပ် နေတယ်လို့ဘဲ မှတ်ရမယ် (မှန်လှပါ)။ ဘာဖြစ်လို့တုံးလို့ မေးခွန်း ထုတ်လို့ရှိရင် သီလထဲက တစ်ပါးပါး ချို့ယွင်းချက် ရှိနေ တယ်လို့ ဆိုရမယ် (မှန်လှပါ ဘုရား)။ အဲ့ဒီတော့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက, ဪ သီလငါးပါးထဲက တစ်ပါးပါး ချို့ယွင်းပြီးသကာလ နေခဲ့လို့ရှိရင် ဝိပဿနာမှာ ခရီးပေါက်ဖို့ရာ ကြာမြင့်တယ် ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။ သဘောကျလား (ကျပါတယ်)။

အဲ့ဒီလို ကြာမြင့်တော့ ဘယ့်နှယ်ကြောင့် ဝိပဿနာ အလုပ် ငါဖြစ်ပျက်ကို မမြင်ပါလိမ့်မလဲ ရှုလျက်နဲ့ မမြင်တာ ဘယ့် အတွက်ပါလိမ့်မတုံးလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် ဒကာ-ဒကာမ တို့ သီလဘက်က ဆုတ်ယုတ်နေလို့ (မှန်လှပါ ဘုရား)။

သီလဘက်က တစ်ပါးပါး ဆုတ်ယုတ် နေတော့ ဆုတ်ယုတ်နေ လျက်နဲ့ ဝိပဿနာ အားထုတ်တဲ့ ယောဂီအဖြစ်တော့ (တရား မရပါ ဘုရား)။ ကုသိုလ် မရဘူးလား မေးတော့ (ရပါတယ်)။ ရပါတယ်တဲ့ ပေါက်ပေါက် ရောက်ရောက် ဖြစ်နိုင် သလားလို့ မေးတဲ့အခါကျတော့ ဒီဟာကိုပြန်ပြီး သကာလ, သူက ရှောင်ကြဉ်ပြီး သကာလ, လုပ်မှဘဲရမယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဆုတ်ယုတ်ပြီး သကာလ လုပ်တဲ့ ဝိပဿနာ ဆိုတာကော သဘောကျပြီလား (ကျပါ ဘုရား)။

ကောင်းပြီဒါဖြင့် ဒကာ-ဒကာမတို့ ဆုတ်ယုတ်ပြီး သကာလ နေတာလဲ သိပြီနော် (သိပါတယ် ဘုရား)။ အဲ့ဒါကြောင့် အလုပ်လုပ်တဲ့ အခါမှာ ခရီးပေါက်ရောက်ဖို့ နှေးကွေး တယ် (မှန်လှပါ)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ ဘုရား)။ ရှင်းနေတာဘဲ (မှန်လှပါ ဘုရား)။

၂။ တည်ကာမျှနဲ့လုပ်နေတဲ့ပုဂ္ဂိုလ်

ဒုတိယ ပုဂ္ဂိုလ်ကတော့ ဒကာ-ဒကာမတို့ တည်ကာမျှနဲ့ လုပ်နေတယ် ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူ့သီလလဲ ဆောက်တည်ပြီး သကာလ သီလလေးတော့ သူစင်ကြယ်အောင် တော့ဖြင့် နေလိုက် တာပါဘဲ (မှန်လှပါ)။ ရှောင်ကြဉ်ပြီး သကာလ, နေပြီး သကာလ, ဝိပဿနာ အလုပ်ကို ကျတော့ သူက ခပ်လျှော့လျှော့ ဖြစ်နေတယ်(မှန်လှပါ)။ အားကြိုး မာန်တက် လုပ်ရမည့် အလုပ်ကို ပေါ့ဗျာ (မှန်လှပါ)။ အင်း ဝိပဿနာ အလုပ် ကို ဝတ်ကျေ တန်းကျေလောက် လုပ်နေလို့ ရှိရင်ဖြင့် သူတည်ကာ မျှနဲ့လုပ်နေတဲ့ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ သဘောကျလား (ကျပါတယ်)။ ဝိပဿနာ အလုပ်ကျတော့ သူဝတ်ကျေ တန်းကျေ (မှန်လှပါ)။

ဒီလို လုပ်နေလို့ရှိရင်လဲ တည်ကာမျှဘဲ ရှိတယ်တဲ့ သီလ၊ တည်ကာမျှ ရှိပြီး သကာလ အထူး မပါဘူးပေါ့ဗျာ (မှန်လှပါ ဘုရား)။

ဒါဖြင့်တည်ကာမျှနဲ့ လုပ်နေတဲ့ပုဂ္ဂိုလ်လို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ်)။ အဲဒီပုဂ္ဂိုလ်ကျပြန်တော့လဲ ကုသိုလ် မရဘူးလား၊ ရတယ် (ရပါတယ်)။ ရပင် ရငြားသော် လဲ မြန်မြန် ခရီးပေါက်ရောက် မလား ဆိုတော့ သူသည် အထူး လုပ်ထိုက်တဲ့ အလုပ်ကို အထူး မလုပ်ပဲ ဖြစ်နေတယ် (မှန်လှပါ ဘုရား)။ ရှင်းကြလား (ရှင်းပါ ဘုရား)။

ဒါဖြင့် တစ်နံပါတ်က ငါးပါးသီလထဲက တစ်ပါးပါး ယုတ်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်လှပါ)။ နှစ်နံပါတ်က သီလငါးပါးတော့ လုံခြုံအောင် စောင့်ရှောက်ပါ၏, ဝိပဿနာ ကျတော့ ခပ်လျှော့လျှော့ ဒီလို ဖြစ်နေပြန်လို့ ရှိရင်လဲ နှောင့်နှေး ကြမယ် (မှန်လှပါ ဘုရား)။ မနှောင့်နှေးဘူးလား (နှောင့်နှေးပါတယ် ဘုရား)။ သဘောကျလား (ကျပါတယ်)။

ကောင်းပြီ ဒါဖြင့် ဒကာ-ဒကာမတို့ သုံးနံပါတ်ကို ပြောတော့မယ် (မှန်လှပါ)။ သုံးနံပါတ်က ငါးပါးသီလ, ရှစ်ပါး သီလ ဆောက်တည်ချင်ရာ ဆောက်တည်, သီလများလဲ တည်သပေါ့ဗျာ (မှန်လှပါ)။ ဝိပဿနာ အလုပ်ကို ကြိုးကြိုး စားစားဘဲ လုပ်လိုက်တယ် (မှန်လှပါ ဘုရား)။

၃။ ဝိပဿနာအထူးလုပ်နေတဲ့ပုဂ္ဂိုလ်

ဝိပဿနာ အလုပ်ကို အထူး တန်ဆာဆင်ပြီး သကာလ, ကံစမ်း မနေဘဲနဲ့ မရမနေ ကြိုးစားတော့ ပါ့မယ်လို့ သူသည် ကားတော့ ကြိုးစား လိုက်တာ၊ (မှန်လှပါ)။ သူကတော့ ဝိပဿနာ အထူးဆင့်ပြီး ကြိုးစားတယ် (မှန်လှပါ)။ သူ့ကျတော့လဲ ဝိသေသထူးသော အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်လို့ ဆိုပါတယ် (မှန်လှပါ)။သဘောကျလား (ကျပါတယ်)။

ဆရာမရှိရင်မဂ်ဉာဏ်မရနိုင်ပါ။

သို့ သော်သူ့မှာ ဆရာသမား ကင်းနေတဲ့ အတွက်, ဖြစ်ပျက်ကိုလဲ မြင်ပါရဲ့ ဖြစ်ပျက်ကိုလဲ မုန်းပါရဲ့ သဘောကျလား (ကျပါတယ် ဘုရား)။ ဆရာသမား အကူအညီက သူလို နေပြန်တော့လဲတဲ့ သူသည် အထူးတော့ လုပ်တော့ လုပ်တာဘဲ တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်သေးဘူး (မှန်လှပါ ဘုရား)။ အထူးတော့ လုပ်တာဘဲ (မှန်လှပါ ဘုရား)။

သီလလဲတည်တာဘဲ, ဝိပဿနာလဲ ဖြစ်ပျက်တွေ အထူး တလည်ဘဲ, လုပ်တာဘဲ ဖြစ်ပျက် မြင်၍ ဖြစ်ပျက် မုန်းပါတယ်, လုပ်နေတာ ပါဘဲတဲ့ (မှန်လှပါ ဘုရား)။ အင်း-ထူးတော့ လုပ်တာဘဲ မဟုတ်လား (လုပ်ပါတယ်)။ အေး အဲ့ဒီပုဂ္ဂိုလ် သည်ကား ဆိုလို့ရှိရင် သူအနည်းငယ် ဟိုပုဂ္ဂိုလ် တွေလောက် မနှောင့်နှေးသော်လဲ နှောင့်နှေးသေးတာလေး ကျန်နေသေးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

၄။ ဝိပဿနာ ထိုးထိုးထွင်းထွင်းလုပ်တဲ့ ပုဂ္ဂိုလ်

စတုတ္ထ ပုဂ္ဂိုလ် ပြောတော့မယ် ဒကာ-ဒကာမတို့ (မှန်လှပါ)။ စတုတ္ထ ပုဂ္ဂိုလ်ကတော့ ခုနက ငါးပါးသီလလဲ ဆောက်တည်ထားတယ် ဒီအကျင့်နဲ့ ဒီအကျင့်ဖြင့် လုံခြုံအောင် နေတော့မယ် ဆိုပြီး လုံခြုံအောင် သူနေတာဘဲ, နေပြီး သကာလ အထူးတလည်ဘဲ ခုနက ဖြစ်ပျက်တွေ မြင်အောင် ဖြစ်ပျက်တွေ မုန်းအောင် လုပ်တာဘဲ (မှန်လှပါ)။ သို့သော် သူက ဘာထူး လာသတုံးလို့ မေးတဲ့အခါ သူက သစ္စာကို ဆရာကောင်း သမားကောင်းဆီက နာထားတယ် (မှန်လှပါ)။

နာထားတော့ သူက သစ္စာကျအောင် ဖောက်ထွင်းပြီး သူက လုပ်လိုက်တယ် (မှန်လှပါ)။ သဘောကျလား (ကျပါတယ်)။ သစ္စာကျအောင် ဖေါက်ထွင်းပြီး လုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်လေ သောကြောင့်တဲ့ စတုတ္ထ ပုဂ္ဂိုလ်ကတော့ကိုတဲ့ အထူး ထိုးထွင်း သိတဲ့ပုဂ္ဂိုလ်၏ အလုပ်လို့ မှတ်ပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ-ဒကာမတို့ အဲသစ္စာသိအောင် အထူး ထိုးထွင်းပြီး သိထားတဲ့ ပုဂ္ဂိုလ် လုပ်မှ ခရီးပေါက် ပါကလား ဆိုတာ မှတ်ရမှာပေါ့ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါ ဘုရား)။

ဒါကအလုပ်, ဒါကြောင့်မို့ အဲ့ဒီတော့ကို ဒါပုဂ္ဂိုလ် လေးမျိုးကို ဆရာဘုန်းကြီးက ခွဲပြတယ် (မှန်လှပါ ဘုရား)။

ယုတ်သော ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး (တစ်မျိုးပါ)။ တည်ရုံလေးနဲ့ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်က တစ်မျိုး (တစ်မျိုးပါ)။ အထူးဝိပဿနာ လုပ်တဲ့ပုဂ္ဂိုလ်ကတစ်မျိုး (တစ်မျိုးပါ) ထိုးထွင်း ပြီးတော့ ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး (တစ်မျိုးပါ)။

ဒီ ဒကာ-ဒကာမတွေကျတော့ ဘုန်းကြီးများက သီလတော့ဖြင့် ခင်ဗျားတို့ဟာ ခင်ဗျားတို့ ရှောင်ကြဉ်ပြီး သကာလ လုပ်ကြမှာဘဲ ဖြစ်မှာဘဲ (မှန်လှပါ)။ ထိုးထွင်းသိနဲ့ အထူး အလုပ်ကတော့ ဆရာဘုန်းကြီးက နေ့တိုင်း ဟောနေတယ် (မှန်လှပါ ဘုရား)။

ထိုးထွင်းတဲ့ အလုပ်ဆိုတဲ့ ဖြစ်ပျက်တွေ မြင်မှု ဖြစ်ပျက်တွေ မုန်းမှု ဆိုတာလဲ နေ့တိုင်း ဟောပါတယ် (မှန်လှပါ)။ သဘော ကျလား (ကျပါတယ်)။

အေး-အထူး အလုပ်လဲ ဟောပါ တယ်၊ ထိုးထွင်းသိ အလုပ် ဆိုတာလဲ ဒကာဒကာမတွေ နေ့တိုင်း ပြနေတော့ ဖြစ်ပျက်ရမယ်, မုန်းလာလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ခင်ဗျားတို့ သန္တာန်ရှိတဲ့ ရုပ်ဖြစ်ပျက် ဖြစ်ဖြစ်, နာမ်ဖြစ်ပျက် ဖြစ်ဖြစ် ဒါဒုက္ခသစ္စာဘဲလို့ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချနိုင်အောင် လုပ်ပါ။ ထိုးထွင်းပြီး သကာလ (မှန်လှပါ ဘုရား)။

ဒီထဲ အဝိဇ္ဇာတည်း ဟူသော တရားက, ဖုံးပြီး သကာလ, မသိ, မရှိလိုက်ပါနဲ့ ဒါဖြစ်ပျက်ဟာ ဒုက္ခသစ္စာပါဘဲလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဟောထားတယ် (မှန်လှပါ ဘုရား)။ ဟောထားတော့ သစ္စာကျအောင် ဆုံးဖြတ်ချက် ချလိုက် မှသာလျှင် ထိုးထွင်းသိ ဖြစ်ပြီး, မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါ်လာမယ် (မှန်ပါ့ ဘုရား)။ သဘောကျလား (ကျပါတယ် ဘုရား)။

သို့ဖြင့် စတုတ္ထပုဂ္ဂိုလ် အခြေအနေဟာ အတော် အရေးကြီးတားပေါ့ (ကြီးပွါတယ် ဘုရား)။ သဘောကျလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ-ဒကာမတို့ တစ်နံပါတ် ပုဂ္ဂိုလ်က ဆုတ်ယုတ်တဲ့ ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်, (မှန်လှပါ)။ ဆုတ်ယုတ်မှုနဲ့ ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်၊ တည်ကာမျှနဲ့ ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ် (မှန်လှပါ)။ အထူးဝိပဿနာ အလုပ်လုပ်တဲ့ပုဂ္ဂိုလ် (မှန်လှပါ)။ ထိုးထွင်း ပြီးသကာလ အသိနဲ့လုပ်တဲ့ ဝိပဿနာအလုပ်လုပ်တဲ့ ပုဂ္ဂိုလ် ဘယ်နှစ်မျိုးရလဲ (လေးမျိုးပါ ဘုရား)။

မှတ်ထားကြစမ်းပါ, ဒီဥစ္စာနော် (မှန်လှပါ ဘုရား)။ ဒီတော့ ဒီပုဂ္ဂိုလ်လေးမျိုးတော့ ဒကာ ဒကာမတွေက သိထားပြီ။

ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဘာတွေလိုပါလိမ့်

ရှင်အာနန္ဒာက ရှင်သာရိပုတ္တရာ ဘယ့်နှယ်မေးသတုံး ဆိုတော့ အမေးကို မေးကြပါဦးစို့ (မှန်လှပါ)။ အရှင်ဘုရားတဲ့ ရှင်အာနန္ဒာက ရှင်သာရိပုတ္တရာ မေးလိုက်တယ်။

ယခုဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်ဟာလဲ ဘယ်အကြောင်း ဘယ်အထောက်အပံ့ရမှ နိဗ္ဗာန် ရောက်ပါ သလဲ, ယခုဘဝ နိဗ္ဗာန် ကို မျက်မှောက်ပြုပြီးသကာလ မရောက်တဲ့ပုဂ္ဂိုလ်ကလဲ ဘယ် အကြောင်း ဘယ်အထောက်အပံ့ကြောင့် မရောက်ပါလိမ့်မလဲ (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

ယခုဘဝ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ကလဲ ဘယ် အကြောင်း, ဘယ်အထောက်အပံ့ကြောင့် ရောက်ပါသလဲ (မှန်လှပါ)။ ယခုဘဝ နိဗ္ဗာန်မရောက်တဲ့ ပုဂ္ဂိုလ်ကလဲ, ဘယ် အကြောင်း ဘယ်အထောက် အပံ့ လိုနေလို့ မရောက်ပါလိမ့်မလဲ (မှန်လှပါ)။ ရှင်အာနန္ဒာက မေးလိုက်တယ် (မှန်လှပါ)။

ယခုဘဝ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ် ဘယ်အကြောင်း ဘယ်အထောက်အပံ့ကြောင့် ရောက်ပါသတုံး, ယခုဘဝ နိဗ္ဗာန် မရောက်တဲ့ ပုဂ္ဂိုလ်ကလဲ ဘယ်အကြောင်း ဘယ်အထောက်အပံ့ လိုလို့ မရောက်ပါသတုံး ရှင်းပြီလား (ရှင်းပါ ဘုရား)။ သူမေးတာ မေးတာ (မှန်ပါ)။ ရှင်အာနန္ဒာက, ရှင်သာရိပုတ္တ ရာ မေးတာ (မှန်ပါ)။

ကိုင်း ဒကာဒကာမတွေ ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်က ဘာတဲ့ (ဘယ်အကြောင်း ဘယ်အထောက် အပံ့ကြောင့် ရောက်ပါသတုံး)။ ဘယ်အကြောင်း ဘယ်အထောက် အပံ့ကြောင့် ရောက်ပါ လိမ့်မတုံး (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

ယခုဘဝနိဗ္ဗာန်မရောက်မည့်ပုဂ္ဂိုလ်ကဘာတဲ့ (ဘယ်အကြောင်းဘယ်အထောက်အပံ့ လိုနေလို့ မရောက်ပါသတုံး)။ သြော် ဘယ်အကြောင်း ဘယ်အထောက်အပံ့လိုနေလို့ (မှန်ပါ)။ သူက လိုနေတာလေး တစ်ခုဘဲ (မှန်လှပါ)။

ရှင်အာနန္ဒာ၏မေးမြန်းချက်

တစ်နံပါတ်အမေးကဘာတဲ့ (ဘယ်အကြောင်း ဘယ်အထောက်အပံ့ကြောင့် နိဗ္ဗာန် ရောက်ပါသလဲ)။ အေး ယခု ဘဝ နိဗ္ဗာန် ရောက်တဲ့ ပုဂ္ဂိုလ်များ ကတော့ ဘယ်အကြောင်း ဘယ်ထောက်အပံ့ ပြည့်စုံလို့ ရောက်ပါသတဲ့ (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။ ယခုဘဝ နိဗ္ဗာန် မရမည့် ပုဂ္ဂိုလ်ကတော့ ဘယ်အကြောင်း ဘယ်အထောက်အပံ့လို နေလို့ (မရောက်သလဲ)။ မရောက်သလဲ ဆိုတာ ဒကာ-ဒကာမတွေ ရှင်အာနန္ဒာက မေးလိုက်တယ်။ (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါတယ်)။

ကိုင်း ဒကာ-ဒကာမတို့ တစ်နံပါတ် ဘယ်လိုမေးရမယ် (ယခုဘဝ နိဗ္ဗာန်ရောက်ကြတဲ့ ပုဂ္ဂိုလ်များ ဘယ်အကြောင်း ဘယ် အထောက်အပံ့ကြောင့် ရောက်ပါသလဲ)။ အေး ယခုဘဝ နိဗ္ဗာန် ရောက်ကြတဲ့ ပုဂ္ဂိုလ်များ ဘယ်အကြောင်း ဘယ်အထောက်အပံ့ ကြောင့် ရောက်ပါသလဲ (မှန်လှပါ)။ ယခုဘဝ နိဗ္ဗာန် မရောက်သည့် ပုဂ္ဂိုလ်များ ဘယ်အကြောင်း ဘယ်အထောက်အပံ့ လိုလို့ (မရောက်ပါသလဲ)။

မရောက်ပါသလဲ ဆိုတဲ့ဥစ္စာ, ဒါဖြင့် ဒီဥစ္စာ ဒကာကြွယ်တို့ ဒကာသစ်တို့ သိသင့်သိထိုက်တဲ့ အလုပ်ပေါ့ဗျာ (မှန်လှပါ ဘုရား)။ မဟုတ်ဘူးလား၊ (ဟုတ်ပါ တယ် ဘုရား)။

အားလုံးဒကာဒကာမတွေ သိသင့်သိထိုက်တဲ့ အလုပ်ဆိုတာ ရှင်းပြီလား (ရှင်းပါ ဘုရား)။ . ဒါဖြင့် ဒါတွေကို မသိဘဲနဲ့ လုပ်နေပြန်တော့လဲ အကြောင်း အထောက်အပံ့ လိုနေတာ သူမသိဘဲ လုပ်နေတော့ ပင်ပန်းရုံဘဲ ခရီးပေါက်သင့် သလောက် ပေါက်ပါ့မလား (မပေါက်ပါဘူး ဘုရား)။ ဒီအထောက် အပံ့လေး လိုနေတာသိတဲ့ ပုဂ္ဂိုလ်ကြတော့လဲ အင်း-အမြန်အဆန်ဘဲ ရောက်သွား လိမ့်မယ် ဆိုတာ မမှတ်ထိုက် ဘူးလား (မှတ်ထိုက်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါ ဘုရား)။

ဒါဖြင့် ရှင်အာနန္ဒာ မေးပုံသည် ဒကာ-ဒကာမတို့ အတော့ကို အမေးအချိုး ကျတယ်လို့ ဒကာသိုက်တို့ ဒကာကြွယ် တို့ မှတ်ရမယ် (မှန်လှပါ)။ ယခုဘဝ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်သည် ဘယ်အကြောင်း ဘယ်အထောက်အပံ့ ပြည့်စုံလို့ ရောက်ပါသလဲ (မှန်လှပါ)။ ယခုဘဝ နိဗ္ဗာန် မရောက်မည့် ပုဂ္ဂိုလ်ကတော့ ဘယ်အကြောင်း ဘယ် အထောက်အပံ့ လိုနေလို့ မရောက်ပါ လိမ့်မလဲ (မှန်လှပါ)။ ဆိုတော့ ဒီအလုပ် လုပ်နေ တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာ အတော် အရေးကြီးတာဘဲ (ကြီးပါတယ် ဘုရား)။ သဘောကျပြီလား (ကျပါ ဘုရား)။

အဲ့ဒီတော့ ဘုန်းကြီးက ရှေ့က လမ်းခင်း ထားတယ်တဲ့ ဟောဒီ လိုသာ မကွဲတဲ့ ပုဂ္ဂိုလ် ဟာကွာတဲ့ သူအကြောင်း အထောက်အပံ့ လိုနေလို့ မရောက်တာဘဲ (မှန်လှပါ ဘုရား)။ ယုတ်သော ဝိပဿနာ အားထုတ်ခြင်း (မှန်လှပါ)။ တည်သော ဝိပဿနာ အားထုတ်ခြင်း, အထူး ဝိပဿနာ အားထုတ်ခြင်း, ထိုးထွင်းပြီး သကာလ အသိနဲ့ ဝိပဿနာ အားထုတ်ခြင်း (မှန်လှပါ)။ ဒီအကြောင်း လေးမျိုး လိုနေလို့ ရှိရင်လဲကွာတဲ့ ယခုဘဝ နိဗ္ဗာန် မရောက်နိုင်ဘူး (မှန်လှပါ ဘုရား)။

ရှင်သာရိပုတ္တရာ၏ဖြေကြားချက်

အရှင်သာရိပုတ္တရာက ဒီအကြောင်းလေးပါးကို သိတဲ့ပုဂ္ဂိုလ် ကျပြန်တော့လဲ ယခုဘဝ နိဗ္ဗာန်ရ မှာဘဲ (မှန်လှပါ)။ သဘော ကျပြီလား (ကျပါ ဘုရား)။

အင်း ဒကာ-ဒကာမတို့ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး သကာလ နေတော့ ဘုန်းကြီးများက ဒီလို အကူအညီ ပေးမှသာ လျှင်လဲ ဒကာသစ်, ဒကာကြွယ်တို့ လိုရင်း ချုပ်ကြမယ် (မှန်လှပါ ဘုရား)။ နို့မို့လို့ ရှိရင်ဖြင့် ပင်ပန်း ကျိုးတယ်နပ်ကြမယ် ဆိုတာ မဖြစ်နိုင်ဘူး (မဖြစ်နိုင်ပါ ဘုရား)။ ပင်ပန်းကျိုး မနပ်ပဲ ဖြစ်လိမ့်မယ်၊ (မှန်လှပါ ဘုရား)။ သဘောကျလား (ကျပါ ဘုရား)။

ဒါဖြင့် ယခုဘဝမှာ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ကတော့ ဟောဒီ အကြောင်းလေးပါး ရှိတယ်ကွာတဲ့ (မှန်လှပါ)။ ရှင်သာရိ ပုတ္တရာကနော် (မှန်လှပါ)။ အေး ဒီငါလုပ်နေတဲ့ အလုပ်ဟာ ဒီနေ့ အဖြစ်အပျက်တော့ လုပ်တာဘဲ ငါရုပ် အဖြစ်အပျက်တော့ လုပ်တော့ လုပ်နေတာ မမြင်သေးပါဘူး ဆိုလို့ရှိရင်ဖြင့် သြော် ငါ သီလဘက်က ယုတ်နေသေးလို့ မမြင်တာဘဲ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါတယ်)။

ငါ သီလတော့ တည်တော့ တည်တာဘဲ, လုပ်ပုံက ပေါ့ နေပြန်လို့ရှိရင်လဲ (မမြင်နိုင်ပါဘူး)။ မမြင်ပြန်ဘူး (မှန်လှပါ ဘုရား)။ ဒုတိယ ပုဂ္ဂိုလ် (မှန်လှပါ)။

တတိယပုဂ္ဂိုလ်ကတော့ သီလလဲတည်, လုပ်ပုံကလဲ အထူးလုပ်လိုက်တော့ ဖြစ်ပျက်တွေမြင်, ဖြစ်ပျက်တွေ မုန်းတယ် (မှန်လှပါ ဘုရား)။ တတိယ ပုဂ္ဂိုလ်က (မှန်လှပါ)။ သဘောကျလား (ကျပါတယ်)။ အင်း ဒါတွေ သိတော့ ဒကာဒကာမတွေက တစ်နံပါတ်ကိုလဲ ငါတို့သည် ပြင်ဆင်ရမှာဘဲ (မှန်လှပါ)။ ဟုတ်လား၊

တစ်နံပါတ်နဲ့လဲ ငါတို့လုပ်နေလို့ ခရီးမပေါက်ဘူး (မှန်လှပါ)။

နှစ်နံပါတ်နဲ့ငါတို့နေပြန်လဲ (ခရီးမပေါက်ပါဘူး)။

သုံးနံပါတ်ကျအောင် တင်မှဘဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။ ဟာ သုံးနံပါတ်မှာလဲ တစ်ခု လိုနေသေးတယ် ဆိုရမယ် (မှန်လှပါ)။ သုံးနံပါတ်လဲ ဖြစ်ပျက်မြင် ဖြစ်ပျက် မုန်းတဲ့ ဉာဏ် လောက်သာ ရှိပြီး ရပ်နေမယ် ဆိုရင်လဲ, သစ္စာ မခွဲ တတ်တာနဲ့ သစ္စာ, ကိုယ့်သစ္စာ ကိုယ်မသိတာနဲ့ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကန့်အကွက် သွားထင်ဖြစ်မယ် (မှန်လှပါ ဘုရား)။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲ့ဒါတွေ ထောက်ကြည့်တော့မှ ဒကာ-ဒကာမတွေ ရှင်သာရိပုတ္တရာ ဒီလေးမျိုးတို့ရဲ့ အကြောင်းကို သူ့ဟာသူသိလို့ ဆရာကောင်းသမားကောင်းကဟောလို့ သူသိလာလို့ သေသေ ချာချာ သုံးနံပါတ် အလုပ်ကိုလုပ်ပြီး လေးနံပါတ်ကိုလဲ ပေါက် ရောက်မယ်ဆိုရင်ကွာတဲ့ ယခုဘဝ နိဗ္ဗာန် ရပါတယ်, ဘာပါရမီမှ မလိုပါဘူး။ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။

သုံးနံပါတ် ကြိုးစားပြီး လေးနံပါတ် အဖြစ်ကိုလဲ ဆရာ ဘုန်းကြီးက ဟောထားလို့ ဒကာ-ဒကာမတွေက ဖြစ်ပျက် မြင်၊ ဖြစ်ပျက်မုန်းလို့ ရှိရင်ဖြင့် ၎င်းဖြစ်ပျက်ဟာ တစ်ကိုယ်လုံးဟာ ဖြစ်ပျက် ချည်းဘဲ, ဒါဒုက္ခသစ္စာ မှတစ်ပါး ဘာမှမရှိဘူးဆိုတဲ့ ထိုးထွင်းပြီး တက်လိုက်လို့ ရှိရင်လဲ ဘာပါရမီမှ မလိုဘူးကွတဲ့၊ ဒီလေးချက်ကို ကြံကာမဆိတ်ဟုတ်လား (မှန်ပါ)။ သိမ်း ဆည်းရာ မဆိတ်မှတ်ပြီး လုပ်လိုက်လို့ရှိရင်လဲ ယခုဘဝ နိဗ္ဗာန် ရမည့်ပုဂ္ဂိုလ်ဘဲ (မှန်လှပါ ဘုရား)။

ဒီလေးချက်စလုံးကို ကောင်းကောင်း မသိတဲ့ ပုဂ္ဂိုလ်က တော့ဖြင့် ဟေ့တဲ့၊ ဒီဘဝ နိဗ္ဗာန် မရနိုင်ဘူး (မှန်လှပါ ဘုရား)။ ဆိုတော့ ဘုန်းကြီးတို့ ဒကာဒကာမတွေ တော်တော် အရေးကြီး နေတယ် ဆိုတာ ပေါ်လာတယ် (ပေါ်လာပါ ဘုရား)။ မပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ ဒီက ဆရာ ဘုန်းကြီးက သုံးနံပါတ်ဆိုတာ သီလလဲ ငါးပါးသီလလဲ ကိုင်း – ဒီကြားနဲ့ ဒီကြားဟာဖြင့် ငါးပါးသီလခံယူ ခံယူပြီး သကာလ ထား, မခံယူချင်လို့ ရှိရင်လဲ ဒီကြားနဲ့ ဒီကြား မပေါက်ရပါဘူး ဆိုပြီး သကာလ သီလလေးကိုလဲ ကိုယ့်ဟာကိုယ် ယူချင်လဲ ယူထား လိုက် သဘောကျပလား (ကျပါတယ်)။

ယူထားပြီးသည်၏ အခြားမဲ့၌ အထူးကို တစ်ခါတည်း ဖြစ်ပျက်တွေ ကြိုးစားပါ (မှန်လှပါ)။ ထူးထူး ခြားခြား ကိုယ်ပိုင် အယူစိတ်တွေဖျောက်, ပေါ့ပေါ့တန်တန် မလုပ်နဲ့ (မှန်လှပါ)။ ခပ်ကြိုးကြိုး စားစားနဲ့ ဒကာသိုက်လုပ် စမ်း (မှန်လှပါ)။ သဘောကျလား (ကျပါတယ်)။

အဲ့ဒီတော့ သီလဘက်မှာ အထူးဝိပဿနာ အညွန့်၊ တက်မလာဘူးလား (တက်လာပါတယ်)။ အဲ အညွန့်တက် လာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီဖြစ်ပျက်တွေဟာ မြင်လာတာ ဘဲ (မှန်လှပါ ဘုရား)။ မြင်လာလို့ရှိရင်ဖြင့် မဂ်ရတာဘဲ ဆိုတာ သဘောကျလား (သဘောကျပါတယ်)။

အင်း ဒီပုဂ္ဂိုလ်ဟာဖြင့် အထူး ဝိပဿနာ လုပ်တဲ့ ပုဂ္ဂိုလ်လို့ ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ်)။ အဲ့ဒီပုဂ္ဂိုလ်မှာလဲ ဆရာကောင်း သမားကောင်းက သစ္စာဟောထားလို့ ရှိရင်ဖြင့် သူဒီတွင် ရပ်မယ် (မှန်လှပါ ဘုရား)။ ဒီတွင် ရပ်ထားလိမ့်မယ် (မှန်လှပါ)။

အဲ့ဒီတော့ ခင်ဗျားတို့က ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းပြီး သကာလ ဆက်အားထုတ် (မှန်လှပါ)။ ဆက်အားထုတ် လို့ရှိရင်ဖြင့် သြော်- ယခုတို့မြင်နေတဲ့ ဖြစ်မှု ပျက်မှု လေးတွေဟာ သက်သက် ခန္ဓာကိုယ်ထဲမှာ ခန္ဓာကိုယ်ထဲမှာတဲ့ ဒုက္ခသစ္စာလေး နှစ်ခုဘဲလို့ မှတ်လိုက်ပါ (မှန်လှပါ)။ ဖြစ်လက်စ သစ္စာလေးနဲ့ ပျက်လက်စ သစ္စာလေး (မှန်လှပါ)။ သဘောကျလား (ကျပါတယ်)။ ဘာသစ္စာလေးလဲ (ဖြစ်လက်စ သစ္စာနဲ့ ပျက်လက်စ သစ္စာရပါတယ်)။

အဲ့ဒီလိုလဲ ဒကာ-ဒကာမတွေက ဉာဏ်လေးကို ထိုးထွင်း ပေးလိုက် (မှန်လှပါ)။ ဖြစ်ပျက် မုန်းပြီး သည့် အခြားမဲ့၌ (မှန်လှပါ)။ ဖြစ်ပျက်က သစ္စာလေးဘဲ, ဖြစ်တာလဲ ဒုက္ခသစ္စာ, ပျက်တာလဲ ဒုက္ခသစ္စာဘဲ, တကယ်တမ်း မှာတော့ ဖြစ်ပျက်မှ တစ်ပါး ဘာမှ မရှိဘူး (မှန်လှပါ)။ မရှိတော့ ဒုက္ခသစ္စာ အစစ် ပဲလို့ ဉာဏ်ထဲ ဆုံးဖြတ်ချက် ချပေးရအောင် ဒကာ-ဒကာမတွေ လုပ်လိုက် (မှန်လှပါ)။ သဘောကျလား (ကျပါတယ်)။ ထိုကဲ့သို့ လုပ်လိုက်ပြီ ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ယခုဘဝ နိဗ္ဗာန် ရမည့် ပုဂ္ဂိုလ်လို့ ရှင်သာရိပုတ္တရာက အဖြေ ထုတ်လိုက်တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် တစ်နံပါတ်နဲ့တော့ မနေနဲ့ပေါ့ဗျာ (မှန်လှပါ ဘုရား)။ နှစ်နံပါတ် သီလကလေးနဲ့ တင်းတိမ်ပြီး ဝိပဿနာ ယောင်ယောင်လေး လုပ်မနေနဲ့၊ (မှန်လှပါ)။ တစ်ခါတည်း သုံး နံပါတ်ဖြစ်တဲ့ သီလကလေးလဲ ဖြူစင်အောင်, ဝိပဿနာ အလုပ် လဲ ကြိုးကြိုးစားစားလေး လုပ်ရမယ်၊ (မှန်လှပါ)။ အထူး ပေါ့ ဗျာ (မှန်လှပါ ဘုရား)။ အထူး ကြိုးကြိုးစားစားလေး ဒကာ ဒကာမတွေက လုပ်လိုက်လို့ပါ, သူ့အချိန်ပိုင်းနဲ့ သူ့အချိန်ပိုင်း နဲ့ပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲ့ဒီလိုလုပ်ပြီး သကာလ လေးနံပါတ်ဖြစ်တဲ့ ကို တို့သည် ကားလို့ ဆိုရင် တစ်ကိုယ်လုံးဟာ ဘာမှမရှိဘူး, ဖြစ်တာနဲ့ ပျက်တာဘဲ ရှိတယ်၊ ဖြစ်တာနဲ့ ပျက်တာဟာလဲ ဖြစ်ပျက်သဘော သည်ကား ဆိုလို့ရှိရင်ဖြင့် စုပေါင်းပြီး သိမ်းကျုံး ယူလိုက်လို့ရှိရင် ဖြင့် ဒုက္ခသဘောမှ တစ်ပါး ဘာမှမရှိဘူးလို့ ဒကာကြွယ်တို့ ဒကာသိုက်တို့က ဆုံးဖြတ်ချက်ချလိုက်၊ (မှန်လှပါ ဘုရား)။ ဖြစ်တာနဲ့ ပျက်တာသည် ဒုက္ခသဘောမှတစ်ပါး ဘာရှိသေးလဲ (ဘာမှမရှိပါ ဘုရား)။

အဲဒီကဲ့သို့ ဒုက္ခသစ္စာလို့ သေသေချာချာ ပိုင်းပိုင်းခြားခြား ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်လို့ ရှိရင်ဖြင့် ဒီဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်, ဘာပါရမီမှ မလိုဘူးကွတဲ့ (မှန်လှပါ ဘုရား)။ ကြည့်ပါ လား။ ဒီလူ ဒကာဒကာမတို့ စဉ်းစားကြည့်ပါလား။

တစ်နံပါတ်ကိုတော့ သြော် ငါ ဒါနဲ့ နေလို့မတော်သေးဘူးဆိုတော့ ပြင်လိုက်ပြီ၊ (ပြင်လိုက်ပါ ဘုရား)။ နှစ်နံပါတ်က ငါသီလ တည်ရုံလေးနဲ့ မနေသေးဘူးဆိုတော့ ပြင်လိုက်ပြီ၊ (မှန်လှပါ ဘုရား)။ သုံး နံပါတ်ကလဲ သီလတည်, ငါ ဝိပဿနာအလုပ် အထူးကြိုးစားလုပ် မယ်ဆိုတော့။

ဒီဘဝနိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်

သူ တော်တော် အလုပ်တန်း တက်လာပြီ (တန်း တက်လာပါ ဘုရား)။ တန်းတက် လာပြီး သကာလ ဆရာဘုန်းကြီး က နည်းပေးထား လိုက်တယ်, ဟေ ဒါတွေဟာ သစ္စာဆိုက်အောင် လုပ်ပစ်လိုက်ဟေ့လို့ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ဘာပါရမီမှ မလိုတော့ဘူး၊ (မှန်လှပါ ဘုရား)။ ဒကာကြွယ်ရေ ဒီဘဝ နိဗ္ဗာန် ရမည့် ပုဂ္ဂိုလ်ဘဲ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ သုံးနံပါတ်နဲ့ လေးနံပါတ်, ဒီဒကာ ဒကာမတွေမှာ သုံးနံပါတ်တွင်လဲ မကျေနပ်ပါနဲ့နော် (မှန်လှပါ ဘုရား)။ လေးနံပါတ်လဲ တက်ဖြစ်အောင် တက်လိုက် လို့ ရှိရင်ဖြင့် ယခုဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ရှေ့ဟောင်းက အကုသိုလ်တွေ အကုန်ကျေ၍ ရှိပြီးသား အကုသိုလ်တွေ အကုန် အဟောသိကံ ဖြစ်ရမည့် ပုဂ္ဂိုလ်တွေဘဲ၊ (မှန်လှပါ ဘုရား)။ သဘောကျလား၊ (ကျပါတယ်)။ ရှေ့ဟောင်း အကုသိုလ်တွေ ဘာဖြစ်ရ၊ (အကုန်ကျေရပါ တယ်) ရှိပြီးသား အကုသိုလ်တွေ၊ (အကုန် ကျေပါတယ်)။ အကုန်အဟောသိကံဖြစ်ရမယ်၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါတယ်)။

အင်း- ဒီပုဂ္ဂိုလ်တွေသည်ကားဆိုလို့ရှိရင် သောတာပန် သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဆိုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး သကာလ ဒုက္ခ ခပ်သိမ်း ငြိမ်းအေးတဲ့ဆီ, ရောက်ရမယ် (မှန်လှပါ ဘုရား)။

ဒီလေးပါး နားလည်တဲ့ ပုဂ္ဂိုလ်နော်၊ (မှန်လှပါ ဘုရား)။ ဒီလေးပါးက လေးပါးစလုံး နားလည် ထားရမယ် (မှန်လှပါ)။ နားလည်တာကတော့ လေးပါးစလုံး နားလည်ထား ရမယ်၊ (မှန်လှပါ)။ သဘောကျပလား၊ (ကျပါတယ်)။ ဘယ်လိုတုံး (လေးပါစလုံး နားလည် ထားရပါမယ်)။

လေးပါးစလုံး နားလည်ထားပြီး အင်းယုတ်သော ဝိပဿနာ အားထုတ်ခြင်း အို- ဒီလိုမလုပ်ဘူး (မှန်လှပါ)။ သီလလေး ကြောင်ကြားနဲ့ ငါမလုပ်ဘူး (မှန်လှပါ)။ ဟုတ်လား၊ (မှန်လှပါ)။

ဒုတိယက သီလလေးတည်ပြီး ဝိပဿနာ ယောင်ယောင် လေးနဲ့ နေရင်လဲ (မတည့် သေးပါဘူး)။ ဒါလဲ မတည့်သေးဘူး ဆိုတော့ ဒါနားလည်လို့ သူပြင်နိုင်တာ၊ (မှန်လှပါ ဘုရား)။ နားမလည်ရင် (မပြင်နိုင်ပါဘူး)။

အင်း- တတိယ ပုဂ္ဂိုလ်ကတော့ အထူးကို ငါသည် သီလလဲ လုံခြုံနေပြီ၊ (မှန်လှပါ)။ ဝိပဿနာလဲ အထူးကို ကြိုးစား လိုက်မယ် ဆိုတော့ အင်း-သူတော်တော် ခရီးပေါက်လာပြီ (ပေါက်လာပါပြီ ဘုရား)။

အဲ့ဒီတွင် အထူးယူချက်ကို ဆရာဘုန်းကြီး က အေး မင်းတို့ ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်မုန်းလို့ မုန်းပြီးခဲ့သြော် ဒါတွေဟာ ဒုက္ခသစ္စာ မှတစ်ပါး ဘာမှ မဟုတ်ဘူးလို့ မိမိခန္ဓာထဲ ရုပ်နာမ်တွေ ရုပ်ဖြစ်ပျက် ဖြစ်ဖြစ်, နာမ်ဖြစ်ပျက် မြင်မြင် မြင် နေရတာကို ဒုက္ခသစ္စာ ဆုံးဖြတ်ချက် ချလိုက်၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါတယ်)။

အဲ့ဒီကဲ့သို့ ချလိုက်ပြီဆိုရင် ဒါခရီး ပေါက်တာဘဲ, ဒီဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဘဲ (မှန်လှပါ ဘုရား)။ ရှင်အာနန္ဒာ က ရှင်သာရိပုတ္တရာ မေးလို့ ရှင်အာနန္ဒာကို ရှင်သာရိပုတ္တရာက ဒီလေးချက် နားလည်လို့ ရှိရင် ရှောင်တာ ဆောင်တာ နားလည် လို့ရှိရင်ကွာ ဒီဘဝ နိဗ္ဗာန် ရမည့် ပုဂ္ဂိုလ်ပါဘဲ (မှန်လှပါ ဘုရား)။

ဆိုတော့ ရှောင်တာ ဆောင်တာ ဆိုတာကလဲ ဒီလိုဆရာ ကောင်း သမားကောင်းတွေနဲ့မှ ရှောင်ရမည့်တရား (မှန်လှ ပါ)။ ဆောင်ရမည့် တရား သိတာကိုးဗျ (မှန်လှပါ ဘုရား)။

ဒီလိုမှ မသိဘဲနဲ့ဟာ ဘာလုပ်လုပ် ကုသိုလ်ရတာချည်း ကဲဆိုပြီး, ဒီလောက်ကလေး သိနေတဲ့ အသိမျိုးနဲ့တော့ နိဗ္ဗာန် မရပါဘူး (မရပါ ဘုရား)။ သဘောကျလား၊ (ကျပါ တယ်)။ တချို့က သိတော့ သိတယ်, ဘာအလုပ် လုပ်ကွာ, ကုသိုလ် ချည်းဘဲပေါ့, နိဗ္ဗာန် ရည်မှန်း လုပ်လို့ရှိရင်ဖြင့် ကောင်းတာ ချည်းပါဘဲ အစရှိသည်နဲ့ လုပ်နေတဲ့သူ, သူယုတ်နေတာ ဟုတ်လား၊ (မှန်လှပါ)။ အင်း တည်နေတယ်, အဲ အထူးရော (မသိပါ ဘုရား)။ ထိုးထွင်းကော (မသိပါ ဘုရား)။

အင်း-ဒီနေရာတွေ လိုနေတယ်ကွတဲ့ ရှင်သာရိပုတ္တရာ က, အဲ့ဒီတော့ အယုတ်နှစ်ပါးကို ရှောင်ပြီး သကာလ အမြတ် နှစ်ပါးကို ဆောင်ပါ။

ဟုတ်လား (မှန်လှပါ)။ ခရီးပေါက်အောင် လုပ်ရအောင်လို့ကွာ ဘာအလုပ်လုပ်ကွာ, ကောင်းတာလုပ် ကောင်းကျိုး ပေးတာပေါ့, မကောင်းတာလုပ် မကောင်းကျိုးပေး တာဘဲပေါ့, ဒါထက် ဘာထူးစရာ ရှိသေးတုံး ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့တော့ အတော်ကို ကွာခြားသွားတယ်၊ (ကွာခြားသွား ပါတယ် ဘုရား)။ မကွာခြားဘူးလား (ကွာခြားပါတယ်)။

ဆောင်ရန်ရှောင်ရန်သိမှ နိဗ္ဗာန်ရမည်

အေး ဒါကြောင့် ဒကာဒကာမတို့ အခု တရားနာရတဲ့ ဒကာဒကာမတို့က, ထိုးထွင်းသိ ဟုတ်လား၊ (မှန်လှပါ)။ ထိုးထွင်း အထူးသိ ထိုးထွင်းသိကို, တို့ သိပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါ ဘုရား)။

သုံးနံပါတ်က အထူးသိကိုးဗျ၊ (မှန်လှပါ ဘုရား)။ လေးနံပါတ်က ထိုးထွင်းသိ၊ (ထိုးထွင်းသိပါ)။ သဘောကျ လား (ကျပါတယ်)။ သုံးနံပါတ်က (အထူးသိပါ)။ လေးနံပါတ်က (ထိုးထွင်းသိပါ)။ ဟ ဒါဆောင်မှ ဒီထဲနိဗ္ဗာန် ရမှာပေါ့ (မှန်လှပါ)။

ဒီလိုမှ ဒီလေးပါး ရှောင်ရန် ဆောင်ရန်ကို မသိလို့ရှိရင်လဲ။ (နိဗ္ဗာန် မရနိုင်ပါဘူး)။ မရနိုင်ဘူး ဆိုတော့ ဒကာကြွယ် ဒါသိသင့် သိထိုက်လို့ ဟောတာဘဲကိုးဗျ (မှန်လှပါ ဘုရား)။ ဒါဖြင့် ဝေးရာမှာ နေလို့ ဒီလို အထူးတလည်လဲ မသိဘူး ဆိုလို့ရှိရင် ဖြင့် သိလယူပြီး ပြောချင်တာပြော ဆိုချင်တာဆို ဟုတ်လား (မှန်လှပါ)။ ဒီလိုနေလို့ ရှိရင်ဖြင့် ယုတ်မာသော အားထုတ်ခြင်း ဖြစ်မယ် (မှန်လှပါ)။

သီလတည်ပြီး သကာလ သီလကို အညွန့်မတပ်လို့ရှိရင် သီလတည်ရုံဘဲ ရှိတယ်ကွတဲ့၊ မဂ်ဖိုလ် မရနိုင်ဘူး၊ (မရ၊ နိုင်ပါ ဘုရား)။ သဘောကျလား၊ (ကျပါတယ်)။

အင်း- တတိယပုဂ္ဂိုလ် ကျတော့ သီလလဲ တည်ပါတယ် ကွာတဲ့ အဖြစ်အပျက်ကိုလဲ မြင်ပါတယ်, သို့သော် သူသစ္စာ နားမလည်ပြန်လို့ ရှိရင်လဲ ဒီဘဝ သူသစ္စာက ငါသစ္စာ နားမလည် မှုက သူ့ကန့်ကွက်ဦးမှာဘဲ (မှန်လှပါ) သဘောကျပလား (ကျပါတယ်)။

ဒါဖြင့် ဒကာဒကာမတို့ သီလလဲ တည်ဆောက်လုပ်, ဖြစ်ပျက်ကိုလဲ မြင်အောင်လုပ် (မှန်လှပါ)။ သစ္စာကိုလဲ သိအောင်လုပ်လိုက်၊ (မှန်လှပါ ဘုရား)။ အင်း-သစ္စာသိအောင်လုပ် ဆိုတော့ ဒီဖြစ်ပျက် ဟာ ဒုက္ခသစ္စာဘဲ ဆိုတာဉာဏ်နဲ့ သိပေးရုံပါဘဲ (မှန်လှပါ ဘုရား)။

ဒီလိုဆိုတော့ ရှင်သာရိပုတ္တရာက -အင်း-ယခု ဘဝနိဗ္ဗာန် ရမည့်ပုဂ္ဂိုလ်ဟာ ဒီလို လေးချက် သိတဲ့ ပုဂ္ဂိုလ်ကွတဲ့ (မှန်လှပါ)။ လေးချက်သိ ဆိုတာ ဆောင်ရန် ရှောင်ရန်သာ သိတာ (မှန်လှပါ)။ ရှောင်ရမှန်း မသိ၊ ဆောင်ရမှန်း မသိ (မှန်လှပါ)၊ သ ဘောကျ လား (ကျပါတယ်)။ ရှောင်ရန်က တစ်နဲ့နှစ် (မှန်လှပါ)၊ အင်း-သုံးနဲ့လေးက (ဆောင်ရန်ပါ ဘုရား)။ ဒီလိုသိတဲ့ ပုဂ္ဂိုလ် ကျတော့ ဒီဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ကွ အာနန္ဒာရလို့ ရှင်သာရိပုတ္တရာ အသေအချာဖြေတယ် (မှန်လှပါ ဘုရား)။ သဘောပါပြီလား (ပါပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာဘဲ ထိုင်ထိုင် ဟုတ်လား (မှန်လှပါ)၊ ဒီအချိန်မှာ သီလလေး အင်းဒီအချိန်နဲ့ ဒီအချိန် ဖြင့်ဘယ်နည်းနဲ့မှ ငါသည်ကားလို့ ဆိုလို့ရှိရင် ဒီသီလလေး ငါးပါးတော့ဖြင့် စောင့်ရှောက်တော့မယ် ဆိုပြီး သကာလ ဖြစ်ပျက်ကို အထူး ကြိုစားလိုက် ဝီရိယစိုက်ပြီးတော့ (မှန်လှပါ)။

တစ်ခါတည်း သုံးနံပါတ်က စပစ်လိုက်၊ (မှန်လှပါ ဘုရား) သဘောကျလား၊ (ကျပါတယ်)၊ ဘယ်နံပါတ်က စလုပ် (သုံးနံပါတ်က စလုပ်ရပါ့မယ်)။သီလလဲ ဖြူစင်အောင် ဆောက်တည်ပစ်လိုက်၊ (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)။

ပြီတော့မှ ကိုင်း- ဒီဖြစ်ပျက်ကို မမြင် မနေရအောင် အထူးဘဲ ကြိုးစား ပါတော့မယ် ဆိုပြီး ကြိုးစားလိုက်၊ (မှန်လှပါ ဘုရား)၊ကြိုးစားလိုက်၊ သူဘယ်နံပါတ်က စလဲ(သုံးနံပါတ်က စပါတယ်)၊ အင်း-တစ်တွေ နှစ်တွေလဲ၊ သူသိလို့ ရှောင်နေတယ်၊ (ရှောင်နေပါတယ်)။ အင်း ဒါတွေ အပျော့စားတွေ၊ အညံ့စားတွေ ဆိုတာ သိလို့ ရှောင်ပစ်လိုက်တယ် (မှန်လှပါ ဘုရား)၊ အဲ့ဒါ သုံးနံပါတ်ကိုဘဲ သူစပြီး လက်ကိုင် လုပ်တယ် (မှန်လှပါ)။ အဲ့ဒီ တော့ သုံးနံပါတ် နေပြီး ဖြစ်ပျက် တွေမြင် ဖြစ်ပျက်တွေ မုန်းတဲ့ နိဗ္ဗန္ဒဉာဏ်တွေ တက်လာတယ်၊ (တက်လာပါ ဘုရား)။

တက်လာတော့ လေးနံပါတ်ကိုလဲ ဆရာဘုန်းကြီးက ဟေ-မုန်းတီး ပစ်လိုက်စမ်းပါ၊ မင်းတို့ မြင်နေတဲ့ ဥစ္စာကို ဘာမှမဟုတ်ဘူးကွာ ဒီဥစ္စာ ဒုက္ခသစ္စာ အစစ်ကို မင်းတို့ အကြည့်ခိုင်း နေတာဘဲ လို့ဆိုတော့ သူက ဉာဏ်ရပြီးသား ဖြစ်နေတော့ ဒါဒုက္ခသစ္စာဘဲလို့ ပိုင်းခြား တာပေါ့။ (မှန်လှပါ ဘုရား)။ သူမြင်နေတဲ့ အဖြစ် အပျက်ကို ဘာလုပ်လဲ (ပိုင်းခြား လိုက်ပါတယ်)။

အဲ့ဒီ ကဲ့သို့ ပိုင်းခြား လိုက်ပြီ ဆိုမှဖြင့် ဒီဒုက္ခတွေ ချုပ် ပျောက်သွားပြီး သကာလ သုခနိဗ္ဗာန် ပေါ်လာမှာဘဲ ဆိုတာကလဲ နေ့တိုင်း ဟောနေကြ ဖြစ်နေတော့ ဒကာ ဒကာမတွေ အထင် အရှား သိပြီးသား ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ မဖြစ်ပေဘူးလား၊ (ဖြစ်ပါတယ်)။

ယခုဘဝနိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်ပါလဲ

ကိုင်း ဒါဖြင့် ပြန်ပြီး နိဂုံးချုပ်ပါမယ် ဒကာ ဒကာမတို့ ရှင်အာနန္ဒာက ရှင်သာရိပုတ္တရာကို မေး လိုက်တယ်၊ ယ္ခုဘဝ နိဗ္ဗာန် ရမည့် ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲ (မှန်လှပါ ဘုရား)။ ဘဝနိဗ္ဗာန် ရမည့် ပုဂ္ဂိုလ်ဟာ ဘယ်လို ပုဂ္ဂိုလ်လဲဘုရား၊ ရှင်သာရိ ပုတ္တရာ ဖြေစမ်းပါဦး (မှန်လှပါ)။

အဲ့ဒီ ယုတ်သော ဝိပဿနာလုပ်ခြင်း ဟုတ်လား (မှန်လှပါ)၊ တည်ဆဲ ဝိပဿနာ လုပ်ခြင်း၊ အထူးဝိပဿနာ လုပ်ခြင်း၊ ထိုးထွင်း၍ ဝိပဿနာလုပ်ခြင်း၊ ဤလေးခုကို နားလည်ပြီး ဆိုင်ရာ ဆိုင်ရာကို ဝေဖန်နိုင်တဲ့ ပုဂ္ဂိုလ်ကတော့ ကွာ တဲ့ သေသေ ချာချာ ဒီဘဝ နိဗ္ဗာန်ရပါတယ်၊ (မှန်လှပါ ဘုရား)။

ဒီလေးခု အကြောင်းကို မသိဘဲနဲ့ တစ်နံပါတ်နဲ့ နေလိုက် နှစ်နံပါတ်နဲ့ နေလိုက် ဆိုရင်တော့ဖြင့် ဒါမရတော့ ဘူးကွတဲ့ (မှန်ပါ)၊ ဒီဘဝ မရနိုင်ဘူး၊ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အင်း-ဒါဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့ ဘယ်က စကြ မတုံး (သုံးနံပါတ်က စရပါမယ် ဘုရား) သုံးနံပါတ်က စပြီး လေးနှံ ပါတ်တက် ဖြစ်အောင် တက်လိုက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ သေချာ ပါပြီ (သေချာပါတယ် ဘုရား)။ သဘော ကျပြီလား (ကျပါ ဘုရား)

အင်း- ရဟန္တာ ပုဂ္ဂိုလ်ကြီးက ဖြေလို့ သောတာပန် ပုဂ္ဂိုလ် အငယ် ရှင်အာနန္ဒာက မေးလို့ ဒီအမေးနဲ့ အဖြေသည်ကား ဆိုလို့ရှိ ရင် ဖြင့် ခုနက မူလတရား တည်ခဲ့တဲ့အတိုင်း၊ ဒကာကြွယ်ရေ ဤတို့ အလုပ်ခွင် ဒီလိုလုပ်ကြကွာ၊ ပျော့ပျော့နဲ့နဲ့နှင့် မလုပ်ကြနဲ့ ကွ၊လို့ ပြောခဲ့တယ် (မှန်လှပါ)။ ပျော့ပျော့နဲ့နဲ့နှင့် မလုပ်ပါနဲ့ ကွ (မှန်လှပါ ဘုရား)။ ဟုတ်လား (မှန်လှပါ ဘုရား)။

သီလ ဆောက်တည်ပြီး အထူးကို အလုပ် လုပ်စမ်းပါ (မှန်လှပါ)။ အထူးလုပ်ပြီး သစ္စာ ထိုးထွင်းသိတဲ့ ဉာဏ်ရအောင် တက်လိုက် စမ်းပါ (မှန်လှပါ ဘုရား)။

ဒီလို တိုက်တွန်းတော့ကို သြော်-တို့သည်ကားလို့ ဆိုရင် သုံးက နေစပြီး လေးတက်လို့ ရှိရင်ဖြင့် ဘာပါရမီမှ မလိုတော့ပါ ဘူး၊ တို့သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် အလုံးစုံ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ အပါယ်လေးပါး တံခါးပိတ်တဲ့ နိဗ္ဗာန်ဆိုတဲ့ တရားကြီးဟာဖြင့် တို့ကိုယ်တိုင် ရမှာပဲ ဆိုတာ ဆုံးဖြတ် ချက်ချ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါ ဘုရား)။

ကိုင်း- ဘယ်ကစ၍ ဘယ်တက်ကြမယ် (သုံးနံပါတ် ကစပြီး, လေးနံပါတ် တက်ရပါမယ်)။ သုံးနံပါတ်က စပြီး လေးနံပါတ် တက်ပစ် လိုက်စမ်းပါ (မှန်လှပါ)။

အဲ့ဒီတော့ ဒကာ ဒကာမတွေက သိစေလို လို့သာ ဟောတာပါတဲ့၊ အချိန်မရွေး သုံးနံပါတ်က စပြီး လေးနံပါတ် တက်ကြတာပဲ များပါတယ် (မှန်လှပါ ဘုရား)၊ သို့သော် တချို့ကိစ္စတွေက များလွန်း လို့ ဆိုပြီး, သီလလေးပဲ, မဆောက် တည်ဘဲရှိနေတဲ့ သီလလေးကလဲ, သီလကျန် သီလကြွင်း ကလေးနဲ့။

ခုနက ဝိပဿနာလေး လုပ်ဖြစ်အောင် လုပ်နေပြန်လဲ အင်း- ဒါယုတ်တာ ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ တချို့ ကလဲ သီလလေးတည် ဝိပဿနာက ဝိပဿနာက ဒကာ ဒကာမတို့ သာမညလေး ဝီရိယ ခပ်လျှော့လျှော့ ပေါ့ပေါ့နဲ့ပေါ့ဗျာ (မှန်လှပါ)။ ဒီလို ကြိုးစား နေပြန်လဲဘဲ, နှစ်နံပါတ်လောက်နဲ့လဲ, မရသေးဘူး ဆိုတော့ မရသေးတာ သေချာသွားတယ် (သေချာပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ သုံးနဲ့လေး လက်ကိုင်ထားပါ ဆိုတာကို ပြင်ပေး လိုက်ပါတယ် (မှန်လှပါ ဘုရား)၊ ဘာလက် ကိုင်ထားကြ (သုံးနဲ့လေး လက်ကိုင်ထား ရပါမယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါ ဘုရား)၊ သုံးက ဘာပါလိမ့်မတုံး ဆိုတဲ့ မေးခွန်းထုတ် လို့ရှိရင် သုံးက သီလဖြူစင်အောင် ဆောက်တည် ပြီး သကာလ, ဝိပဿနာ အထူးကြိုးစားနော်။

ဘယ်ကျအောင် ကြိုးစားရမှာတုံး ဆိုတော့ နိဗ္ဗိန္ဒကျ အောင် ကြိုးစားလိုက် (မှန်လှပါ ဘုရား)။ အဖြစ်အပျက်မြင် နေ၍ အဖြစ်အပျက် မုန်းပါစေ – မုန်းတာနိဗ္ဗိန္ဒ (မှန်လှပါ ဘုရား)။

ဒီလိုကြိုးစားလို့ ရှိရင်ဖြင့် သုံးနံပါတ်ရတယ် (ရပါ တယ်)။ ဟာ ဒီအချိန် သုံးနံပါတ်နဲ့ မပြီးသေးပါဘူး, လေးနံပါတ် တက်ပါဦးမယ် ဆိုတော့ ပိုပြီး နိဗ္ဗိန္ဒလေး ရအောင် လုပ်ပေးမှ သစ္စာ ဆိုက်အောင် ဖြစ်ပျက် ဒုက္ခသစ္စာတွေပဲလို့ တကယ်တန်း ဆုံးဖြတ်ချက် ချနိုင်အောင် လုပ်လို့ရှိရင်လဲ ပြီးသွားတာပါပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန် ဝေးသလား, နီးသလား လို့မေးလို့ရှိရင် သိသော ပုဂ္ဂိုလ်အတွက် နီးသားပဲ (နီးပါ ဘုရား)။ မသိသော ပုဂ္ဂိုလ်သွားနေလို့ရှိရင် ရောက်မှာကို မဟုတ်ပါဘူး၊ ဘာ့ကြောင့် တုံးလို့ နီးလျက်နဲ့ ဝေးနေလို့ (မှန်လှပါ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ကိုင်း- ဒါဖြင့် ဒီနေ့တရားမှာဖြင့် သိသော ပုဂ္ဂိုလ်တွေဖြစ်ပြီး သကာလ -အနီးအဝေး အသွားအလာ မှန်ပါစေတော့ ဆိုတာကို သတိပေး လိုက်တယ် (မှန်လှပါ ဘုရား)။ နီးလဲ နီးပါတယ်, အသွားအလာ ဒီအသွားနဲ့ သွားပါတော့, သီလလေး ဖြူစင်ပြီးမှ အထူး ဝိပဿနာ အားထုတ်လိုက် (မှန်လှပါ ဘုရား)။

ပြီးတော့မှ သစ္စာဆုံးဖြတ်ချက် ချလိုက်လို့ ပြောတာဟာ အနီးကလေး ဖြစ်သောကြောင့် အရောက်သာ သွားဖို့ အရေးဟာ ကိုယ့်အရေး ပေါ့ဗျာ (မှန်လှပါ ဘုရား)။ သဘောပါကြလား (ပါ- ပါတယ် ဘုရား)။

အဲ့ဒါ ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်သည် သုံးနဲ့လေး ကိုင် ရလိမ့်မယ်၊ (မှန်လှပါ ဘုရား)၊ ယခုဘဝ နိဗ္ဗာန် မရမည့်ပုဂ္ဂိုလ်သည် ကားဆိုလို့ရှိရင် ဒီလေးချက်ကို တစ်ရော, နှစ်ရော, သုံးရော, လရော ဘာမှ နားမလည်တဲ့ ပုဂ္ဂိုလ်, ဘယ်တော့မှ မရောက် ဘူးကွ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါတယ်)။

အင်း- ဒါတွေ ထောက်ကြည့်တော့မှ ဝိပဿနာအား ထုတ်ပေမယ့်လည်း ဒီလို နည်းပြဆရာက ဘုရားဟောတွေနဲ့ ဝေဖန်ပြီး သကာလ အလုပ်ခွင်လဲပြဦးမှ ရောက်လာ ဒါ အားထုတ်ဆိုရုံနဲ့ မပြီး သေးဘူး (မှန်လှပါ ဘုရား)။ ဒကာကြွယ် ပြီးပါ့မလား (မပြီပါ ဘုရား)၊ မပြီးသေးဘူး ဒကာသိုက်ရ၊ (မှန်လှပါ ဘုရား)။

ယူပုံ ယူနည်း အင်း- တစ်နံပါတ်နဲ့ နှစ်နံပါတ်နဲ့တွင် အချိန် ကုန်နေ ဘယ့်နှယ်လုပ်ကြ (မှန်လှပါ ဘုရား)။ ယုတ်သော အားထုတ်ခြင်း, တည်သော အားထုတ်ခြင်း ဆိုတော့ မရဘူးကွ (မှန်လှပါ ဘုရား)၊ ဟုတ်လား (မှန်လှပါ ဘုရား)၊ အထူးအား ထုတ်ခြင်း, ထိုးထွင်းပြီး အားထုတ်ခြင်း (မှန်လှပါ) သဘော ကျလား (ကျပါ ဘုရား)။

အထူး အားထုတ်ခြင်း ဆိုတဲ့ သုံး (သုံးပါ)၊ ထိုးထွင်းပြီး သကာလ အားထုတ်ခြင်း (လေးပါ)၊ အဲ့ဒီအတွင်း သုံးနဲ့ လေးပြည့်စုံလို့ရှိရင် ဒကာ ဒကာမတွေ လက်ခမောင်းခတ်ရုံပဲ ရှိ မှာပဲ (မှန်လှပါ ဘုရား)၊ သဘောပါပြီလား (ပါ- ပါတယ်)။

“သေခါနီး”လို့ဘာဖြစ်လို့ခေါ်ပါလိမ့်

အေး- ဒါကြောင့် ခင်ဗျားတို့ အခုလဲ ဘုန်းကြီးများက ပြောရတယ်, ဒကာ ဒကာမတို့ ခင်ဗျားတို့လဲ သေခါနီး နေပြီ ဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ ဘာဖြစ်လို့ တပည့်တော်တို့ သေခါနီးလို့ ပြောရတာ တုံးဆို မနေ့ကထက် ယနေ့ နီးလို့ပြောရုံ ပဲ (မှန်ပါ)၊ ဒကာကြွယ် ဒီအတိုင်း ဆိုရမှာပဲ (မှန်လှပါ ဘုရား)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

နက်ဖြန်ကျတော့လဲ ဒါဖြင့် တပည့်တော်တို့ ဘယ်လိုများ နာမည် ပေးမှာတုံးလို့ ဘာမေး နေစရာ လိုသေးလဲ (မလိုတော့ပါဘူး ဘုရား)၊ နက်ဖြန်ကျတော့လဲ ဘယ်ပုဂ္ဂိုလ်ထဲ ဝင်ရ မှာလဲ (သေခါနီး ပုဂ္ဂိုလ်ထဲ ဝင်ရမှာပါ)၊ အင်း- သန်ဘက်ခါ ကျတော့ (သေခါနီး ပုဂ္ဂိုလ်ထဲ ဝင်ရမှာပါ)၊ အင်း-သေခါနီးတဲ့ဘက် ရောက်သွားတယ် (မှန်လှပါ)၊ မရောက်ပေလား (ရောက်ပါတယ်)။

အဲ့ဒီတော့ ဒီသေနည်းသည်ကား လို့ဆိုရင် ဒီခန္ဓာ ရှိရင် ဒီသေလမ်းမှ တစ်ပါးလဲ, လမ်းလွဲ မရှိဘူး (မရှိပါ ဘုရား)၊ အဲ့ဒီတော့ ဒီခန္ဓာ ဒုက္ခသစ္စာကြီးနောက် မလိုချင်တော့ဘူးဆိုတဲ့ မဂ် ဉာဏ်လာ လိုက်လို့ ရှိရင်ဖြင့် ကျုပ်တို့သည် အသေလမ်းမှတစ်ပါး မသေလမ်း ခွဲပြီးသား ဖြစ်နေတယ် (မှန်လှပါ ဘုရား)၊ သဘော ကျလား (ကျပါတယ်)၊ အသေလမ်း မှတစ်ပါး (မသေလမ်း ခွဲပြီးသား ဖြစ်ပါတယ် ဘုရား)။ မသေလမ်းကို သွားပြီးသား လျှောက်ပြီးသား, လမ်းလွဲပြုပြီးသား ပုဂ္ဂိုလ်များ ဖြစ်သွားတယ်ဆို တာ သဘောကျလား (ကျပါ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေက ဖြေးဖြေး တစ်စ တစ်စ လုပ်မနေပါနဲ့ (မှန်လှပါ)၊ သေခါနီးလေ ခရီးမပေါက်လေ မှတ်စမ်းပါ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါတယ် ဘုရား) ဘယ့်နှယ် သေခါနီး လေ ခရီး မပေါက်လေ, သေခါနီး ဆိုတာက အင်း ကံထိုင်း ဉာဏ်ထိုင်း ဖြစ်လာပြီ (မှန်လှပါ)၊ ကံမွဲ ဉာဏ်မွဲ ဖြစ်လာပြီ (မှန်လှပါ)။

ဒါ့ကြောင့် သေခါနီး ခရီးမပေါက်ဘူးဆိုတာ ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ဘာဖြစ်လို့တုံး (ကံမွဲဉာဏ်မွဲ ဖြစ်လာလို့ပါ)။ အေး ကံမွဲ ဉာဏ်မွဲနဲ့ ကြိုးစားနေလို့ (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အင်း တာရှည် သွားလေ ခရီးက မရောက်နိုင်လေ (မှန်လှပါ ဘုရား)။ ဘာ့ကြောင့်တုံးလို့ မေးတဲ့ အခါကျတော့ ကံမွဲ ဉာဏ်မွဲနဲ့ စခန်းသွားနေလို့ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆိုကြ မယ် (ကံမွဲ ဉာဏ်မွဲနဲ့ စခန်းသွား နေလို့ပါ ဘုရား)။

ဟာ ဒကာသိုက် နေရာ ကျလိုက်တာ, ယခုပြောသွားတာ က စောစော စီးစီး မင်းဒီဘက် ကြိုးစား လာခဲ့ကွာ, အခု အချိန်မှာ ငယ်ပါသေးတယ်, ကြီးပါသေးတယ် ဆိုတော့ ကံမွဲနဲ့ လုပ်တာ ဒါမှ မင်းမရောက်ဘူးပြော၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား၊ (ရှင်း ပါ ဘုရား)။ ရောက်စရာ မြင်သေးရဲ့ လား၊ (မမြင်ပါ ဘုရား)။

အဲ့ဒီအချိန် ကျတော့ နားကလဲလေး၊ (မှန်လှပါ ဘုရား)။ ဟင် အင်း အသွားအလာကလဲ နှေး (မှန်လှပါ)။ အင်း တစ်ခါ ရောဂါ ဝေဒနာကလဲ ထူပြော၊ (မှန်လှပါ ဘုရား)။ ဘယ်မှာ လာပြီး ပြီးတော့ အိမ်မှု ကိစ္စတွေကလဲ မသိလို့ ရှုပ်တာ တွေကလဲ ကြီးလေ ရှုပ်လေ၊ (မှန်လှပါ ဘုရား)။ ဒီလို မနေဘူး လား၊ (နေပါတယ် ဘုရား)။ အဲ့ဒီလို နေတဲ့အခါကျတော့ ကံကလဲမွဲ, ဉာဏ်ကလဲမွဲ ဖြစ်သွားပြီ၊ (ဖြစ်သွားပါ ဘုရား)။

ကံမွဲဉာဏ်မွဲလာတော့ ဝိဇ္ဇာနောက်ဆုတ်တယ်

ကံက မွဲလာတော့ မျက်လုံးကြီး နီမြန်းလို့ နားထိုင်းပါ တယ်၊ ခါးကိုင်း ပါတယ်၊ အရေတွန့် လိုက်တာ ဒါ ကံမွဲချည်း မှတ်၊ (မှန်လှပါ ဘုရား)။ ဉာဏ်မွဲက အရွယ်ကြီးလာတဲ့ အခါကျတော့ အဝိဇ္ဇာက ထူပြီး, ဝိဇ္ဇာက နောက်ဆုတ်တယ် (မှန်လှပါ ဘုရား)။ သဘောကျလား၊ (ကျပါတယ် ဘုရား)။ အဲ့ဒါကြောင့် ကံမွဲ ဉာဏ်မွဲနဲ့ လုပ်လို့ မရနိုင်တဲ့ နိဗ္ဗာန်လို့ မှတ်လိုက်စမ်း ပါ၊ (မှန်လှပါ ဘုရား)။

ကံကောင်း, ဉာဏ်ကောင်းနဲ့ ကြိုးစားမှ သာလျှင် ရနိုင် တယ်၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါ တယ်)။ ကြီးမှ အားထုတ် ဆိုတာ ဘယ့်နှယ် ပြောကြပါတုံး၊ , (ကံမွဲဉာဏ်မွဲနဲ့ အားထုတ်တာကို ပြောတာပါ ဘုရား)။ ကံမွဲ ဉာဏ်မွဲနဲ့တော့ ဘာအရင်းအနှီး ပြုပြီး, ဘာအမြတ်အစွန်း ထွက်မှာတုံး၊ (မထွက်ပါ ဘုရား)။ အမွဲ ဘာနဲ့ရင်းနှီးမှာလဲ။ (မရှိပါ ဘုရား)။ အမွဲဆိုတာ ရင်းနှီးစရာ မရှိတာ အမွဲ ဆိုတာ၊ (မှန်လှပါ ဘုရား)။ အဲ့ဒီတော့ ဘယ်မှာ အမြတ် ထွက်မလဲ၊ (မထွက်ပါ ဘုရား)။

ကံကောင်း ဉာဏ်ကောင်းနဲ့ ဆိုလို့ရှိရင်ဖြင့် ကံအပြည့် ဉာဏ်အပြည့်နဲ့ ဆိုတော့ ရင်းနှီး ကြမယ် ဆိုလို့ ရှိရင်ဖြင့် အားကုန် စိုက်ပြီး သကာလ ရင်းနှီးရင် နိဗ္ဗာန် အမြတ်ထွက်မှာဘဲ၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား၊ (ရှင်းပါတယ်)။

ကိုင်း- ဒါဖြင့် ဒကာဒကာမတို့ ဒီဝိသေသ အထူး လုပ်ရ မယ် ဆိုတော့ ကံကောင်း, ဉာဏ်ကောင်းနဲ့ လုပ်ရမှာဗျ၊ (လုပ်ရမှာပါ ဘုရား)။ ထိုးထွင်းသိ လုပ်ရမယ် ဆိုတာကော၊ (ကံကောင်း ဉာဏ်ကောင်းနဲ့ လုပ်ရမှာပါ ဘုရား)။

အင်း-ကံမွဲ ဉာဏ်မွဲက, ဝိသေသ ဘက်လဲ သူပါနိုင်သေးရဲ့ လား၊ (မပါနိုင်ပါ ဘုရား)။ ထိုးထွင်းတဲ့ ဘက်ကော၊ (မပါနိုင်ပါ ဘုရား)။ အဲ့ဒါကြောင့် ဒကာဒကာမတို့ သုံးနဲ့ လေး လက်ကိုင် ထားပြီး သကာလ, ယနေ့ က စပြီး ကြိုးစားပါ (မှန်လှပါ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါ ဘုရား)။

ကိုင်း-ဒါဖြင့် ယခုဘဝနိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ဟာ ဘယ်, ပုဂ္ဂိုလ်တုံးဆိုတော့ ဒီလေးပါး နားလည်တဲ့ ပုဂ္ဂိုလ်၊ (မှန်လှပါ ဘုရား)။ ပယ်မှုလဲ နားလည်တယ်၊ (မှန်လှပါ)။ ထိုင်မှုကော၊ (နားလည်ပါတယ်)။ အင်း ဒီပုဂ္ဂိုလ်ဘာဆိုကြ၊ (နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်ပါ ဘုရား)။ ဘယ်ဘဝပါလိမ့်၊ (ဒီဘဝပါ ဘုရား)။

အေး- ယခုဘဝ နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်၊ (မှန်လှပါ ဘုရား)။ ဒီလေးပါး နားမလည်တဲ့ ပုဂ္ဂိုလ်ဟာ (ယခုဘဝ နိဗ္ဗာန် မရနိုင်ပါဘူး)။ ယခုဘဝ နိဗ္ဗာန် မရနိုင်ဘူး ဆိုကတည်း က သူအတော် ယုတ်ကျ ရတယ်၊ (ယုတ်ကျပါ ဘုရား)။ ယုတ် ကျတယ် မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ကိုင်း ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် ချိန်ကျပါတော့, သြော် တို့ ဘယ်အထဲက ပါလိမ့်မတုံး ဆိုတာ ပေါ်လာ ပါလိမ့်မယ် (ပေါ်လာပါပြီ ဘုရား)။ ကဲ-ဒကာကြွယ်တို့ ပေါ်လာပြီလား၊ (ပေါ်လာပါပြီ ဘုရား)။ ဒကာသိုက် တို့ကော (ပေါ်လာပါပြီ ဘုရား)။

လုပ်ပြီးသားဘဲဗျ, ဘယ်နံပါတ်က စကိုင်ရမယ်၊ , (သုံးနံပါတ်က စကိုင်ရပါ့မယ်)။ အင်း-သီလလေးဖြူပြီး အထူး ဝိပဿနာလေး အညွန့်တပ်လိုက်၊ (မှန်လှပါ ဘုရား)။ ခုနက လေးနံပါတ်ကို ဆရာဘုန်းကြီး ပြောသဖြင့် ပြီးလိုက် (မှန်လှပါ ဘုရား)။ မပြီးဘူးလား၊ (ပြီးပါတယ် ဘုရား)။ ရှင်းပြီလား။ (ရှင်းပါတယ် ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာဒကာမတို့ဟာ ဒီလို ဆိုလို့ရှိရင်ဖြင့် တို့သည်ကားလို့ ဆိုရင်ဖြင့် မသိရှောင် အသိဆောင်၊ (မှန်လှပါ ဘုရား)။ နိဗ္ဗာန် မှန်းနေရတဲ့ အတွက် ဆောင်သင့်တာ ဆောင်ရင် ဒီဘဝ နိဗ္ဗာန် ရမယ့် ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။ တို့အတွက် သေချာပါပေါ့လား ဆိုပြီး ဝမ်းသာဖို့ သိပ်ကောင်း တယ် (ကောင်းပါတယ် ဘုရား)။ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ရှေ့က မသေချာရင် နေလေ၊ (မှန်လှပါ)။ ယခု ဆရာကောင်း သမားကောင်းနဲ့ တွေ့တော့ သေချာရတယ်၊ (သေချာပါတယ် ဘုရား)။ အခု သေချာတာသည်ကား ဆိုလို့ရှိရင် ဖြင့် ခင်ဗျားတို့ ဒုက္ခတုံးဖို့ သေချာတာပေါ့ (မှန်လှပါ ဘုရား)။ မပြေကြပါနဲ့လို့ သတိ ပေးလိုက်ပါတယ်။ (မှန်လှပါ ဘုရား)။

ကိုင်း- ဒါဖြင့် ဒကာဒကာမတို့ အလုပ်စခန်း လှည့်လို့ ပြပေးပါဦးမယ်, အလုပ်စခန်း လှည့်ပြပြီး သကာလ ဒကာ ဒကာမတွေ ပေးပါဦးမယ်, အင်း အလုပ်စခန်း ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးဖို့ လိုတယ်နော်၊ (မှန်လှပါ ဘုရား)။

အလုပ်စခန်း ဆိုတာ ဒကာဒကာမတို့ ရုပ်ကိုအား ထုတ်တဲ့ ပုဂ္ဂိုလ် ဖြစ်စေ၊ နာမ်ကို အားထုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ၊ ရုပ်ကို မြင်၍ ရုပ်ကို မြင်တယ်၊ ရုပ်တို့၏ ဖြစ်တာ မြင်တယ်၊ ရုပ် တို့၏ ပျက်တာ မြင်တယ်၊ (မှန်လှပါ ဘုရား)။ အဲ့ဒါသည် ငါ့ကိုငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလား သိ,သိလို့ ရှိရင် ဒါအလုပ်, လုပ်နေတဲ့ ပုဂ္ဂိုလ်၊ (မှန်လှပါ ဘုရား)။

ငါ့ကိုယ်၊ ငါ့ဟာ ငါ့ဥစ္စာမဟုတ်

ရုပ်တို့၏ ဖြစ်ပျက်ကို မြင်မြင်, နာမ်တို့၏ ဖြစ်ပျက်ကို မြင်မြင်, ဒကာကြွယ်ရေ ငါ့ကိုယ်လဲ မဟုတ်ဘူး၊ (မဟုတ် ပါ ဘုရား)။ ငါဟာလဲ၊ (မဟုတ်ပါ ဘုရား)။ ငါ့ဥစ္စာလဲ၊ (မဟုတ်ပါ ဘုရား)။ ဒီလို သိနေလို့ ရှိရင်ဖြင့် အဲ့ဒါသည် ကား အလုပ်, လုပ်နေတဲ့ ပုဂ္ဂိုလ်သာ မှတ်ပေတော့၊ (မှန် လှပါ ဘုရား)။ ဟာ တို့မြင်နေတဲ့ ဖြစ်ပျက်ကလေး ဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလား၊ (မဟုတ်ပါ ဘုရား)။ သဘောကျလား၊ (ကျပါတယ်)။

ငါ့ကိုယ် ဆိုတာ တဏှာကိုဗျ၊ (မှန်လှပါ ဘုရား)။ ငါ့ဟာ ဆိုတာက မာန၊ (မှန်ပါ)။ ငါ့ဥစ္စာ ဆိုတာက၊ (ဒိဋ္ဌိပါ)။ အဲ-တဏှာ မာန ဒိဋ္ဌိ မပါဘဲနဲ့ အဲ ငါကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါလားလို့ ငါ့ဟာငါ ဖြစ်ပျက်ပြီးနေတဲ့ သဘော လေးဟာ ရုပ်သဘော ကြည့်ကြည့် ပေါ့ဗျာ (မှန်လှပါ ဘုရား)။

နာမ်သဘော ကြည့်ကြည့် ပေါ့ဗျာ (မှန်လှပါ)။ အင်း ငါ့ကိုယ်လဲ မဟုတ်ဘူး, ငါ့ဟာလဲ မဟုတ်ဘူး, ငါ့ဥစ္စာလဲ မဟုတ်ဘူး သက်သက် ဒီဥစ္စာ အဖြစ်အပျက် သက်သက်မျှဘဲ, အနိစ္စ သက်သက် မျှဘဲ၊ (မှန်လှပါ)။ ဒုက္ခ သက်သက်မျှဘဲ အနတ္တ သက်သက်မျှဘဲ (မှန်လှပါ)။ အင်း-ဒီလိုသာ သိနေတဲ့ ပုဂ္ဂိုလ်ဟာ ဒါဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်လို့ ဆုံးဖြတ်ချက်ချ၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား။ (ရှင်းပါတယ်)။

ဝိပဿနာ လုပ်နေတဲ့ ပုဂ္ဂိုလ်၏ အမြင်သည် ဘယ်လို မြင်ပါလိမ့်မတုံး မေးရင်ဖြင့် ရုပ်တို့၏ ဖြစ်ပျက်မြင်လို့ရှိရင် လဲ ငါ့ကိုယ်, ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ကြောင်း သိတယ်၊ (သိပါ ဘုရား)။ နာမ်တို့၏ ဖြစ်ပျက်ကို မြင်တဲ့အခါရော၊ (ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ကြောင်း သိပါတယ်)။ ငါ့ကိုယ် ငါဟာ ငါ့ဥစ္စာ မဟုတ်ကြောင်း သိတယ် (မှန်လှပါ ဘုရား)။

“နေတံမမ, နေသောဟမသ္မိ, နမေသော အတ္တာ” ဘဲ။ (မှန်လှပါ)။ အဲ့ဒီပါဠိတော်ကို မြန်မာလို့ ပြန်လိုက်တော့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ကြောင်း သိဖို့ အရေးကြီးတယ်၊ (ကြီးပါတယ် ဘုရား)။ သဘောကျလား (ကျပါတယ်)။

ဒါဖြင့် ရုပ်တွေ၏ ဖြစ်ပျက်မြင်လဲ ဘယ်လိုဆုံးဖြတ် ချက် ချကြမလဲ၊ ငါ့ကိုယ်, ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါဘူး၊ (မဟုတ်ပါဘူး)။ သဘော ကျလား၊ (ကျပါတယ်)။

ဟုတ်လား, ငါ့ကိုယ်ဆိုတဲ့ တဏှာကလဲ မခင်တော့ ပါဘူး၊ ဖြစ်ပျက်မို့၊ (မှန်လှပါ ဘုရား)။ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် ဟာ ငါ့ကိုယ်ရယ်လို့ ခင်သေးရဲ့ လား၊ (မခင်တော့ပါ ဘုရား)၊ ငါဟာ လို့လဲ မာနတက် သေးရဲ့လား၊ (မတက်ပါဘူး)။ ငါ့ဥစ္စာ ဆိုပြီး သကာလလဲ သိမ်းပိုက်သေးရဲ့ လား၊ (မသိမ်းပိုက်ပါဘူး ဘုရား)။

အင်း-ဒါဖြင့် ငါကိုယ့်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ သိတဲ့ အသိဟာ ဝိပဿနာအသိ၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား၊ (ရှင်းပါတယ်)။ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ် ဘူးလို့ ဖြစ်ပျက် ကလေးတွေ မြင်မြင်ပြီး သကာလ နေရင်း သိနေတဲ့ အသိကလေးဟာ ဘာအသိပါလိမ့်၊ (ဝိပဿနာ အသိပါ ဘုရား)။ ဝိပဿနာအသိ၊ (မှန်လှပါ ဘုရား)။ ရှင်းပြီလား။ (ရှင်းပါဟယ်)။

ဝိပဿနာအမြင်မှန်

ရုပ်ကိုမြင်ရင်လဲ, ရုပ်ဖြစ်ပျက် မြင်ပြန်လဲ ဘယ်လို ဆုံးဖြတ်ချက် ချကြမယ်၊ (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူး လို့ ဆုံးဖြတ်ချက် ချရပါမယ်)။ နာမ်လေး၏ ဖြစ်ပျက်မြင်ပြန်တော့၊ (ငါ့ကိုယ် ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါဘူး)။ ဒီလို သိနေတဲ့အသိဟာ ဘာအသိပါလိမ့်၊ (ဝိပဿနာ အသိပါ)။ ဝိပဿနာ အသိဘဲ ဆိုတာ သဘောကျလား၊ (ကျပါတယ် ဘုရား)။

အေး-ဒီလို သိဖန်များလာလို့ ရှိရင်ဖြင့်တဲ့ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်က ရုပ်ဖြစ်ပျက်တွေ မြင်တာ, ဒါအမြင်မှန် တွေဘဲ ဘယ်လို စိတ်ထား တည့်လာမှ အမြင်မှန် ပါလိမ့်မတုံး ဆိုတော့ ဒါလေးဟာ ဖြစ်ပျက် ကလေး တစ်ခုဟာ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုစရာအကွက် တစ်ကွက်မှ မပါဘူးလို့ သိနေလို့ ရှိရင် ဒါ ဝိပဿနာ အသိအမှန် ဘဲ (မှန်လှပါ ဘုရား)။ အထူး ဝိပဿနာဘဲလို့ မှတ်လိုက်ပါ၊ သုံးနံပါတ် ပါဘဲ၊ (မှန်လှပါ ဘုရား)။ သဘောကျ ပြီလား၊ (ကျပါတယ် ဘုရား)။

နာမ်လေးတို့၏ စိတ်ကလေးတို့၏ ဖြစ်ပျက်ကို မြင်ပြန်လို့ရှိရင်လဲ ကိုယ့်အမြင်မှ ဟုတ်မှ မဟုတ်တဲ့ဟာ, ဒါလေးဟာ ငါကိုယ်လို့ ဆိုစရာများ ရှိသေးလား၊ စိတ်ကလေးကို (မရှိပါ ဘုရား)။ ငါ့ဟာလို့ ဆိုစရာများ ရှိသေးလား၊ (မရှိပါ ဘုရား)။ ငါ့ဥစ္စာလို့ သိမ်းပိုက်စရာ၊ (မရှိပါ ဘုရား)။ အဲဒီကဲ့သို့ မရှိတဲ့ မရှိဘူးလို့ သိတဲ့ အမြင်ကလေးဟာ ဘာအမြင်ပါလိမ့်၊ (ဝိပဿနာ အမြင်ပါ ဘုရား)။ ဝိပဿနာ အမြင်ဘဲ (မှန်လှပါ ဘုရား)။

အဲ-ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ်ဟာ မြင်တဲ့ အခါမယ် ဒီလို သုံးနှုန်းပြီး သကာလ မြင်တဲ့ အမြင်သည် အမြင်မှန်ဘဲ၊ (မှန်လှပါ ဘုရား)။ ဖြစ်ပျက်ကလေးဟာ ဖြစ်ပျက်ကလေး မြင် သလားလို့ ဆိုလို့ရှိရင် မြင်တယ်လို့ ခင်ဗျားတို့ ပြောကြရမှာဘဲ၊ (မှန်လှပါ ဘုရား)။

ပြောတဲ့အခါကျလို့ ရှိရင်ဖြင့် ဒီအမြင်သည်ကားလို့ ဆိုရင် တဏှာ မရှိလို့ မြင်တာ၊ (မှန်လှပါ ဘုရား)။ မာန မရှိလို့၊ (မြင်တာပါ ဘုရား)။ ဒိဋ္ဌိမရှိလို့၊ (မြင်တာပါ ဘုရား)။ အဲ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ဆိုတာက ဒီတဏှာ မာန ဒိဋ္ဌိကိုး။ (မှန်လှပါ ဘုရား)။ သူတို့ မပါလို့ အဖြစ်အပျက် ကိုမြင်တာ၊ (မှန်လှပါ ဘုရား)။ အဲ့ဒါ မြင်တော့ ဒကာ ဒကာမတွေ အားလုံး၊ ဘုန်းကြီးက ဖေါ်ပြောလိုက်တယ်။

မင်းတို့မြင်တဲ့ ဖြစ်ပျက်ကလေးဟာ ငါ့ကိုယ်လို့ ဆိုနိုင်ရဲ့ လား၊ (မဆိုနိုင်ပါ ဘုရား)။ ငါ့ဟာ (မဆိုနိုင်ပါ ဘုရား)။ ငါ့ဥစ္စာ (မဆိုနိုင်ပါ ဘုရား)။ အဲ့ဒီ မဆိုနိုင်တဲ့ အမြင်လေး, ဖြစ်ပျက် အမြင်လေးဟာ တဏှာ, မာန, ဒိဋ္ဌိသတ် တဲ့ ဝိပဿနာ မဂ်အမြင်ဘဲ၊ (မှန်လှပါ ဘုရား)။ ဆိုလိုက်ပြီလား၊ (ဆိုထိုက်ပါ ဘုရား)။

အရှင်ရာဟုလာကိုဟောသော တရားတော်

ကောင်းပြီ၊ ဒါဖြင့် ရာဟုလာ ဟောနေတယ်လို့ မှတ်လိုက် စမ်း၊ ရာဟုလောဝါဒသုတ်ကို ဟောနေတယ်၊ (မှန်လှပါ ဘုရား)။ သဘောကျလား(ကျပါတယ်ဘရား)။ ရာဟုလာ တဲ့ မင်းသည်ကား ဆိုရင်ဖြင့် မင်းမှာ ရုပ်ဓမ္မ ရှိတယ်ကွာတဲ့ နာမ်ဓမ္မတွေလဲ ရှိတယ်၊ (မှန်လှပါ ဘုရား)။

အဲ့ဒီရုပ်ဓမ္မ နာမ်ဓမ္မတွေ ဉာဏ်နဲ့ စိုက်ကြည့်လိုက်တဲ့ အခါ ခဏခဏ ဖြစ်ပျက်နေတာလေးတွေ မြင်တဲ့ အခါကျတော့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ မင်းစွဲသေးသလား၊ (မစွဲပါ)။ မေးလိုက်တယ် မစွဲဘူး, မစွဲတော့ မင်းအဲ့ဒါ ယထာဘူတ ဉာဏ်ရပြီ ကွာ၊ (မှန်လှပါ ဘုရား)။ ဘုရားက ဘုရားက၊ (မှန်လှပါ ဘုရား)။ မစွဲရင် ဘာတဲ့၊ (ယထာဘူတဉာဏ် ရတာပါ)။ ဟုတ်တိုင်း မှန်စွာသိတဲ့ ဉာဏ်ရပြီ (မှန်လှပါ)။ မြန်မာလိုပြန် တော့ ယထာဘူတဉာဏ်ကို ဟုတ်တိုင်း မှန်စွာသိတဲ့ ဉာဏ်၊(မှန်လှပါ ဘုရား)။ သဘောကျလား၊ (ကျပါ ဘုရား)။

ဒါဖြင့်ကွာ, ယထာဘူတဉာဏ် ရလို့ရှိရင်ဖြင့် ကွာတဲ့ ရာဟုလာ, ယထာဘူတ ဉာဏ်ရပြီးလို့ ရှိရင်ဖြင့်တဲ့ နိဗ္ဗိန္ဒဉာဏ် ဆိုတာ တက်လာတာဘဲဟေ့ ဆိုပြီး သကာလ မင်းလဲ ဒီ ကိုယ်, ငါ့ဟာ, ငါဥစ္စာ မဟုတ်ဘူးလို့ သိတဲ့ အသိလေးနဲ့ ဘဲ ရုပ်ဆို ရုပ်ဖြစ်ပျက်ကလေးကို တစ်ခါတည်း စူးစူးစိုက်စိုက် ကြည့်နေတာ (မှန်လှပါ) နာမ်ဖြစ်ပျက်ကလေး စူးစူးစိုက်စိုက် ကြည့်နေတာပေါ့ဗျာ (မှန်လှပါ ဘုရား)။

ကြည့်နေတဲ့အခါကြလို့ရှိရင် သြော် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါဘဲလျက်နဲ့ အသိနဲရတာ ခွဲလို့မရ ခွာလို့ မရ ငါ့ဥစ္စာလို့ မပျောက်ပဲနဲ့နေတော့ မင်းဟာမင်း မုန်းလာမှာဘဲကွ၊ (မှန်လှပါ ဘုရား)။

သဘောကျပြီလား၊ (ကျပါ ဘုရား)။ သူ့ဟာသူ မုန်း လာတာဘဲလား ဒကာဒကာမတို့ (မုန်းလာ ပါတယ်)။ ဟင် သူ့ပစ္စည်းနဲ့ ကိုယ်နဲ့ သုံးထား ရတာမျိုး ဖြစ်နေတော့ ကိုယ့်ပစ္စည်းနဲ့ သုံးတော့ ကိုယ့်နားကပ်ပြီးမှ ကိုယ့်နှိပ်စက်နေ တဲ့ သဘောတွေ မြင်ရတော့ ဒကာကြွယ်တို့ ဒကာသိုက်တို့ ဘယ့်နှယ်ဖြစ်လာလဲ။ (မုန်းလာပါတယ် ဘုရား)။ သဘောကျလား (ကျပါ တယ် ဘုရား)။

အဲ့ဒီကဲ့သို့ မုန်းပြီး သကာလ လာလို့ရှိရင်ကွာတဲ့၊ အဲဒီ မြင်တဲ့ အပေါ်မှာ တစ်ခါတည်း တပ်ခြင်း ကင်းသွားတယ်၊ (မှန်လှပါ)။ တပ်ခြင်း ကင်းသွားတာလဲ, သူ့အဆိုမှာ, ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာအဖြစ်နဲ့ လိုချင်မှု, မာန်တက်မှု, သိမ်းပိုက်မှု ဆိုတာတွေ အလုံးစုံစင်သွားတာဘဲ၊ (မှန်လှပါ)။

တစ်ခါ တည်း လိုချင်မှုတွေ မရှိတော့ဘူး၊ (မှန်လှပါ ဘုရား)။ အဲ လိုချင်မှု မရှိတာဟာ မဂ်ပေါ်ပြီ၊ (မှန်လှပါ)။ သဘောကျ လား၊(ကျပါတယ်)။ လိုချင်မှု မရှိတာဘာတဲ့ (မဂ်ပေါ် တာပါ ဘုရား)။ အင်းလိုချင်မှု မရှိဘူးဆိုတော့ မဂ်လဲပေါ် လာပါ ရော, ဟိုကဟာလဲ ချုပ်သွားတယ် (မှန်လှပါ ဘုရား)။

ခုနက ရုပ်ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ် ရုပ်ဖြစ်ပျက် ပျောက်, (မှန်လှပါ)။ နာမ်ဖြစ်ပျက် ရှုတဲ့ပုဂ္ဂိုလ်၊ (နာမ်ဖြစ်ပျက် ပျောက်ပါတယ် ဘုရား)။ အဲဒီကဲ့သို့ ပျောက်သွားတဲ့အခါကျ လို့ရှိရင် ဒုက္ခလေးတွေ ပျောက်ပေါ့ (မှန်လှပါ) မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါ ဘုရား)

အဲ့ဒုက္ခတွေ ပျောက်တော့ ဒုက္ခပျောက် တာက နိဗ္ဗာန် (မှန်လှပါ။) ပျောက်ကြောင်းသိတာက မဂ်ဉာဏ်၊ (မှန်လှပါ)။ မလာဘူးလား၊ (လာပါတယ် ဘုရား)။ ခုနဲ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာတွေက မရှိတာက သမုဒယသစ္စာ ကို ပယ်ချလိုက်တာ၊ (မှန်လှပါ ဘုရား)။ သဘောကျလား၊ (ကျပါတယ်)

အဲ့ဒါကြောင့် နောက်သံသရာစက်နဲ့ ပပဉ္စတရား သုံးခု သေသွားတော့ နောက်သံသရာ မလာတာကလဲ အနုပါဒိသ နိဗ္ဗာန်ဆိုတာ မှတ်ပါ။ (မှန်လှပါ ဘုရား)။ သဘောကျလား (ကျပါ ဘုရား)။

တိုတိုပြောတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ (ဒုက္ခ သစ္စာပါ)။ ဟုတ်လား၊ (မှန်လှပါ ဘုရား)။ အင်းဖြစ်ပျက်လေးက ဒုက္ခသစ္စာ, ဖြစ်ပျက် ချုပ်တာက၊ (နိရောဓ သစ္စာပါ)။ နိရောဓ သစ္စာ, အဲ့ဒီစိတ်ကလေး မြင်နေတာက၊ (မဂ္ဂသစ္စာပါ)။

နောက်က တဏှာ, မာန ဒိဋ္ဌိသေတာက၊ (သမုဒယ သစ္စာပါ) သမုဒယသေတာလို့ဆိုတာ မရှင်းသေးဘူးလား၊ (ရှင်းပါတယ်)။ နားလည်ပြီလား၊ (နားလည်ပါ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။