“လောကွတ်အလုပ်ကို ရှောင်ကြပါ” (ရှင်နန္ဒက)
အသံဖိုင်ခေါင်းစဉ်= ရှင်နန္ဒက ဘိက္ခုနီမငါးရာအား မီးအလင်းဖြင့် ဥပမာပြ၍ဟောကြားပုံ
စာအုပ်ခေါင်းစဉ်= “လောကွတ်အလုပ်ကို ရှောင်ကြပါ”(ရှင်နန္ဒက)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌
ဟောကြားတော်မူသော တရားတော်
“လောကွတ်အလုပ်ကို ရှောင်ကြပါ”
(ရှင်နန္ဒက)
(၂-၁၂-၅၉)
ဒီကနေ့တဲ့-
ဒကာ-ဒကာမတွေအား, အားမကိုးကောင်းတာတွေ၊ အားကိုးပြီး သကာလ မနေပါနဲ့။
အားကိုးစရာကို အားကိုးကောင်းတာကို အားကိုးပြီး သကာလ , နေပါလို့ ဆိုတာကိုလဲ သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါ, အမြင်ကျယ်ကျယ်နဲ့ ကြည့်လိုက်လို့။
ဪ သူတို့ စိုးရိမ်ကြောင့်ကြ ဗျာပါရတွေ, အမေ အဖေက သားသမီးစိုးရိမ်ကြောင့်ကြ ဗျာပါရတွေရှိတယ်၊ သားသ္မီးက-အမေအဖေကို ပြန်ပြီး သကာလ စိုးရိမ်ကြောင့်ကြ ဗျာပါရတွေရှိတယ်။
သူတို့ရှိနေလို့ရှိရင်လဲ, ရှိတဲ့အလုပ်ကို ပြီးဆုံးတဲ့အလုပ်ကိုတော့မလိုက်ရှာဘူး၊ မပြီးဆုံးတာကို သာလျှင် စိုးရိမ် သောက-ဗျာပါရဖြစ်နေကြတယ်လို့ သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တော့ မြင်တော်မူတယ်လို့ ဒကာ-ဒကာမတွေ မှတ်ထားရမယ် (မှန်ပါ)။
အားကိုးမမှန်သေးဘူး
အမေကလဲ သားတွေ သမီးတွေ, အမေ အဖေကလဲ, သားတွေ သမီးတွေအတွက်ဟာ စိုးရိမ်တယ်၊ သားသမီးတွေ ကလဲ, အမေ အဖေရင့်ရော်၊ အိုမင်းပြီဆိုမှဖြင့် စိုးရိမ်ကြတာဘဲ (မှန်ပါ)။
စိုးရိမ်ကြောင့်ကြ ဗျာပါရဖြစ်ပြီး သကာလ၊ သူတို့စားဖို့ သူတို့သောက်ဖို့၊ သူတို့နေဖို့ထိုင်ဖို့၊ အိမ်ယာတိုက်တာ မြေယာ အစရှိသည်တို့ဖြင့်၊ သူတို့အတွက် အားကိုးအားထားဖြစ် အောင်တော့ တို့သည်ကားတော့ဖြင့် အမွေအနှစ် ကျန်ရစ်အောင် လုပ်မှဘဲဆို ပြီး သကာလ၊ ဒကာ- ဒကာမတွေ တယ်ငဲ့ရှာတာကိုး (မှန်ပါ)။
သားတွေသီးတွေ မငဲ့ကြဘူးလား (ငဲ့ကြပါတယ်။) သားတွေသီးတွေကလဲ အမေအို အဖေအိုတွေက် ဘယ် စိတ်ချမ်းသာ၊ လက်ချမ်းသာ ထားရပါမလဲဆိုပြီး သကာလ၊ ငဲ့လုံး ကောင်းကောင်းနဲ့ နေကြတာဘဲ၊ (မှန်ပါ)။
နေပင်၊ နေကြငြားသော်လဲ သူတို့ဟာကွာတဲ့ တကယ်ရှုပ်ပြီး သကာလ၊ တကယ်ငဲ့တဲ့ အလုပ်တော့လဲ မဟုတ်ဘဲနဲ့၊ သူတို့ဟာသူတို့ ဖောက်ပြန်ပြီး သကာလ၊ စိုးရိမ် ကြောင့်ကြ ဗျာပါရ ဖြစ်နေတာသာ ရှိတယ်ဆိုပြီး။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အမေက အဖေ က သားသ္မီးအပေါ် အမှားတွေ အားကိုးလုံး ထားတာတွေ၊ သားသ္မီးက၊ အမေ အဖေပေါ်မှာ ငဲ့လုံး၊ အားကိုးလုံးထားပြီး သကာလ ကြောင့်ကြ ဗျာပါရတွေနဲ့နေတာဟာ မမှန်သေးတဲ့၊ အကြောင်းကို ထုတ်ပြတယ် (မှန်ပါ)။
ဒကာ ဒကာမတွေ အသေအချာ ဉာဏ်နားနဲ့ ထောင်ပါလို့ သတိပေးလိုက်တယ် – နော် (မှန်ပါ)။ စိုး ရိမ်လိုက်ကြတာ အမေမိဘတွေက ဘယ်လိုများစိုးရိမ်တယ် ဆိုလို့ရှိရင်ဖြင့်၊ ဪ လောကကြီးထဲမှာ မီးတွေများတစ် မြို့လုံးလောင်လို့ရှိရင်ဖြင့်၊ အမေသည်သားသ္မီး၊ အမေအဖေ သည် သားသ္မီးမကယ်နိုင်ဘူး၊ သားသ္မီးကလဲ အမေမိဘလဲ မကယ်နိုင်ဘူး၊ အတော်ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ပါလားလို့ တွေးလုံးထဲ တစ်ခါတလေပေါ်လာတယ်၊ (မှန်ပါ)။
တစ်ခါတလေ ကျလာတဲ့အခါကြ၊ ရေဘေးကြီးများ – သင့်ပြီး သကာလ၊ လာတဲ့အခါ၊ အမေတကွဲ၊ အမေအဖေ၊ တကွဲ၊ သားညီးတာ ဒီလိုများဖြစ်ပြီး သကာလ၊ နေလို့ရှိရင် ဖြင့်၊ အင်မတန် ကြောက်စရာ ကောင်းပါလားလို့၊ အမေ အဖေ များကလဲတွေးတယ်၊ သားသီးများကလဲ တွေးကြတာ ပေါ့နော် (မှန်ပါ)။
တစ်ခါတလေကျလို့ ရှိရင်လဲတဲ့၊ စစ်တွေ ဘာတွေဖြစ်၊ သူပုန်တွေ ဘာတွေထပြီး သကာလ နေကြမယ်ဆို, အင်းအမေ မိဘကလဲသားသမီးကို ဦးတည့်ရာသွားကြလာကြတဲ့အ ခါများ ဖြုန်းခနဲ ပေါ်ပေါက်တဲ့ ကိစ္စတွေ ကြုံကြမယ်ဆိုလို့ရှိ ရင်ဖြင့် အမေမိဘကလဲ သားသမီးမကယ်နိုင်၊ သားသမီးက လဲ အမေမိဘ မကယ်နိုင်တွေဟာ၊ အမေမိဘကသော် လည်းကောင်း၊ သားသမီးက သော်လည်းကောင်း၊ ကြံဖန်ပြီး သကာလ စိုးရိမ်စရာတွေ (မှန်ပါ)။
စိုးရိမ်ခြင်းသုံးမျိုး
စိုးရိမ်ခြင်း သုံးမျိုးကို ထုတ်ပြတယ်နော်၊ (မှန်ပါ)။ စိုးရိမ်ခြင်း သုံးမျိုးက ဒကာ၊ ဒကာမတွေ ရှင်းပေးပါတယ်၊ မီးလောင်လို့ရှိရင်လဲ အမေအဖေတကွဲ၊ သားသမီးတကွဲ ဖြစ်မှာကို အလွန် စိုးရိမ် ကြတယ်၊ (မှန်ပါ)။
အမေက သားသမီးမကယ်နိုင်ဘူး၊ သားသမီးက အမေအဖေကို (မကယ်နိုင်ပါဘူး)။
အင်း – ဒါကြံဖန်တွေးပြီး စိုးရိမ်တတ်ကြတယ်၊ (မှန်ပါ)။ ရေကြီးလာတဲ့အခါလဲ မောင်နိုင် ဒီတိုင်းစိုးရိမ်တတ် ကြတယ်၊ (မှန်ပါ)။ အမေကသားသမီး မကယ်နိုင်၊ သားသမီး က အမေမိဘ မကယ်နိုင် ဒီလိုကိစ္စများကြုံမှာ သိပ်စိုးရိမ်တာ ပဲ၊ (မှန်ပါ)။
စစ်တွေ ဘာတွေဖြစ်ပြီး သကာလ၊ ဦးတည့်ရာပြေး ကြလွှားကြ၊သူပုန်တွေဘာတွေဝင်လို့ ဦးတည့်ရာပြေးကြ လွှား ကြတဲ့အခါမှာလဲ၊ အမေအဖေက သားသ္မီး မကယ်နိုင်၊ သားသ္မီးကအမေမိဘ မကယ်နိုင်ဘဲနေမှာကိုလဲ တွေးပြီး သ ကာလ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရဖြစ်ကြတယ် (မှန်ပါ)။
အဲ့ဒါတွေက ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့၊ ဒါစိုးရိမ်စရာ မဟုတ်ဘူးလို့ ငါဘုရားတွေးမိပါတယ်၊ (မှန်ပါ)။ စိုးရိမ် စရာမဟုတ်ဘူးတဲ့ ဒကာ- ဒကာမတို့နော်၊ (မှန်ပါ)။
ခြွင်းချက်ရှိသေးတယ်
တကယ်မကယ်နိုင်တဲ့ အလုပ်ကယ်လို့ မဟုတ်ဘူး ကွတဲ့ ဒီဥစ္စာနော်၊ (မှန်ပါ)။ ဒါကခြွင်းချက်နဲ့ ရှိသေးတယ်။ ခွင်းချက် ရှိသေးတယ်၊ (မှန်ပါ)။
ဥပမာမယ်၊ ကိုမြင့်တို့ မောင်နိုင်တို့ စဉ်းစားစရာက မီးလောင်လာတယ် ဆိုပေမဲ့လဲ သူလည်း ဦးတည့်ရာပြေး၊ ငါလည်း ဦးတည့်ရာပြေး၊ နောက်ပြန်မဆုံနိုင်ဘူးလား၊ (ဆုံနိုင်ပါတယ်)။
ဪ ဒီဥစ္စာက ခြွင်းချက်နဲ့ဆုံမယ်ဆို ဆုံနိုင်သေး တယ်၊ (မှန်ပါ)။ မဆုံနိုင်ကြဘူးလား၊ (ဆုံနိုင်ပါတယ်)။
တစ်ခါရေကြီးလာတယ် ဆိုပေမဲ့လဲ၊ သူလည်းမျော၊ ငါ လည်းမျော၊ အကြောင်းတိုက်ဆိုင်လို့ မသေကြသေးရင် တွေ့ နိုင်ကြသေးတယ်။ (မှန်ပါ)။ ဆုံနိုင်ရေးရှိသေးတယ် မဟုတ်လား၊ (ရှိပါတယ် ဘုရား)။
စစ်တွေဘာတွေဖြစ်လာလို့ ဦးတည့်ရာ၊ ဗုံးတွေကချ။ အမြှောက်တွေကပစ်လို့ စစ်တွေမြို့ထဲ ဝင်လို့ ဦးတည့်ရာ သွားကြ၊ လာကြတဲ့ အခါမှာလဲ၊ အင်း မသေလို့ရှိရင် တစ်ခါ တလေ ပြန်တွေ့နိုင်တဲ့ အခြေအနေ ရှိ၊ မရှိ၊ (ရှိပါတယ်)။
သို့သော်လဲတဲ့ အမေ မိဘကသော် လည်းကောင်း, သားသမီးကသော် လည်းကောင်း, ဒီဘေးသုံးဘေးကို တွေးပြီး သကာလ အင်း စိုးရိမ်ကြောင့်ကြ ဗျာပါရ, အတော်ရှိတတ် တယ်၊ (ရှိပါတယ်)။ သို့သော် ဒီဥစ္စာခြွင်းချက်ရှိတယ်ကွာ, ပြန်တွေ့နိုင်တဲ့နည်းက ရှိသေးတယ်လို့ ဘုရားက ဟောလိုက် တယ်နော် (မှန်ပါ)။
မင်းတို့ စိုးရိမ်မှားနေတယ်တဲ့ ဒီဥစ္စာပြန်တွေ့နိုင်တဲ့ ကိစ္စ တစ်ကြိမ်တလေ ရှိပါသေးတယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။
သားသမီးက အမေကယ်နိုင်တယ်၊ အမေအဖေက သားသမီးကယ်နိုင်တယ်, သားသမီးက အမေအဖေ ကယ်နိုင် တယ်, တွေ့နိုင်ကြုံနိုင်တယ်ဆိုတဲ့ကိစ္စတွေ အများကြီး ရှိပါ တယ် (မှန်ပါ)။
ငါက ပြောချင်တာက တကယ်ဒီဥစ္စာ ပြန်မတွေ့ နိုင်တဲ့နည်းကို ကယ်တဲ့နည်းကိုသာလျှင် ငါဘုရားသခင် ကိုယ်တော်မြတ်ကြီးက အမေအဖေကလဲ သားသမီးများ , ကယ်စေချင်တယ်၊ သားသမီးကလဲ, အမေအဖေကို ကယ်စေ ချင်တယ်ဆိုတာက, အရေးကြီးတယ်ကွာ၊
ကဲ-ဒါဖြင့် ဒကာ-ဒကာမတို့ အခုဟာက ခြွင်းချက်နဲ့ တွေ့နိုင်ကြုံနိုင်သေးတယ်ဆိုတဲ့ သုံးခု သိကြပြီလား (သိပါပြီ)။
ရေဘေး, မီးဘေး,စစ်ဘေးကြုံခဲ့ရင်တော့ မောင်နိုင်တို့ ကို မြင့်တို့ကွဲပင်ကွဲငြားသော်လဲ တစ်ခါတလေ ပြန်မတွေ့ နိုင်ဘူးလား (တွေ့နိုင်ပါတယ်)။
အသက်ကြွင်းကျန် နေကြလို့ရှိရင် ဒကာ ဒကာမတို့ တွေ့နိုင်သေးတယ်ဆိုတာ အမှန်ပေါ့ဗျာ (မှန်ပါ)။ ဒါ ကယ်နိုင်ယူနိုင်သေးတယ်လို့ ဘုရားက အဓိပ္ပါယ်ရတယ် (မှန်ပါ)။
အမေက သားသမီးကယ်နိုင် ယူနိုင်သေးတယ်, သဘောကျလား (ကျပါတယ်)။ သားသမီးက အမေ အဖေကို (ကယ်နိုင်ယူနိုင်သေးပါတယ် ဘုရား)။
စိုးရိမ်စရာအစစ်အမှန်ဆိုတာ
မကယ်နိုင်, မယူနိုင်တာကို ငါပြောပါရစေကွာတဲ့ သူတို့ စိုးရိမ်တာကတခြား သူတို့ စိုးရိမ်တာက ဒီကိစ္စ စိုးရိမ် တယ်၊ ငါစိုးရိမ်တာက ဒါမဟုတ်ဘူးတဲ့ ဘုရားက (မှန်ပါ)။
အမေအိုလာတာကို သားသမီးများက ဘယ့်နှယ်မှ မတတ်နိုင်ဘူး (မှန်လှပါ)။ ဒီဘက် သားသမီးက ဒီအမေ အိုလာတာကို (ဘယ့်နှယ်မှမတတ်နိုင်ပါ ဘုရား)။ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ သားသမီးတို့၏ အိုမှုကြုံလာတာကိုလဲ အမေ အဖေက (မတတ်နိုင်ပါဘူး)။
ဪ ဒါက မတတ်နိုင်တဲ့နည်း၊ စိုးရိမ်လို့ရှိရင် ဒါ စိုးရိမ်စေချင်တယ်၊ ဟိုက တစ်ကြိမ်တလေ ပြန်တွေ့နိုင်သေး တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)။
စိုးရိမ်စရာက အမေအဖေအိုတာကို သားသမီးက (မတတ်နိုင်ပါဘူး)။ သားသမီးအိုတာကို အမေအဖေက (မတတ်နိုင်ပါဘူး)။
ဪ အဲ့ဒါကိုသာလျှင် စိုးရိမ်ဖို့ ကောင်းတယ်၊ ဪ မတတ်နိုင်တဲ့ကိစ္စ ရှိပါသေးကလား, ဒီဟာမှ သိပ်စိုးရိမ်စရာ အစစ်ပါလား မတတ်နိုင်တဲ့အလုပ်ပါလားလို့၊ မောင်နိုင်တို့ ကိုမြင့်တို့ စိုးရိမ်စရာ ဒါမှအစစ် (မှန်ပါ)။
စိုးရိမ်စရာအစစ် သိကြပါကလား (သိပါ ဘုရား) အမေအိုတာကို သားသမီများကလဲ (မတတ်နိုင်ပါ ဘုရား)။ သားသမီးအိုမှုကြုံလာတာလဲ အမေအဖေက (မတတ်နိုင်ပါ ဘုရား)။
ဪ စိုးရိမ်ရင် အဲ့ဒါကတော့ မလွဲဧကန်စိုးရိမ်ရမှာ မို့ ဒီဟာကို ကြံဖန်ပြီး သကာလ စိုးရိမ် စေချင်တယ်ကွာ သဘောကျလား (ပါပါတယ် ဘုရား)။
ဘုရားစိုးရိမ်စေချင်တာက အမေအိုတာ သားသမီး က မတတ်နိုင်ဘူး (မှန်ပါ)။ အမေအဖေ အိုတာ သားသမီးက မတတ်နိုင်ဘူး သားသမီးအိုတာကို အမေအဖေက (မတတ်နိုင်ပါဘူး)။
အဲဒါကျတော့ကိုးတဲ့ တစ်ကြိမ်တစ်ခါပြန်ပြီး သကာလ, ပျိုကြောင် းရှိသေးရဲ့လား (မရှိပါ ဘုရား)။ မောင်နိုင် ရှိသေးရဲ့လား (မရှိပါ ဘုရား)။ စိုးရိမ်စရာက ဒါသာ ကောင်းတယ် ဆိုတာကော သဘောပါလား (ပါ,ပါ ဘုရား)။ ကဲဒါက တစ်နံပါတ်။
နှစ်နံပါတ်က ဟောဒါက အမေအဖေ, ဟောဒါက သားသမီးအမေအဖေနာပြီး အနာ ရောက်နေတာကို သား သမီးက ဘယ်လိုမှ မတတ်နိုင်ဘူး (မှန်ပါ)။ တတ် နိုင်သေးရဲ့လား (မတတ်နိုင်ပါ ဘုရား)။ သားသမီး အနာ ပေါက်နေတယ်၊ အမေအဖေက ဆေးကလေး ဆရာဝန် ကလေးခေါ်ပေးရုံမှတစ်ပါး, ဘာတတ်နိုင်လဲ (မတတ် နိုင်ပါ ဘုရား)။
သူ့အနာ, ကိုယ်ယူလို့ရရဲ့ လား (မရပါဘူး) ဪ ဒါကတစ်ကြိမ်တစ်ခါ ကယ်နိုင်သေးတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပါပါရဲ့လား (မပါပါ ဘုရား)။ မပါတော့ အမေက သားသမီးစိုးရိမ်တာ ဒီလိုဟာ စိုးရိမ်စမ်းပါ၊ သဘော ကျလား (ကျပါတယ်)။ သားသမီးက စိုးရိမ်လို့ရှိရင်လဲ တဲ့ ဒီဟာကို စိုးရိမ်လို့ရှိရင် စိုးရိမ်တာ မှန်တယ်ကွာတဲ့။
ဪ အမေနာတာ, အမေအဖေနာတာ, သားသမီး က မတတ်နိုင်ဘူး, သားသမီး အနာရောက်လာတာ အမေ အဖေမတတ်နိုင်ဘူး။ စိုးရိမ်မယ်ဆိုရင် ဒါစိုးရိမ်စရာတယ် ကောင်းတဲ့ အချက်တဲ့၊ ဒါက တစ်ကြိမ်တလေမှ မတတ် နိုင်ဘူး (မှန်လှပါ)။ သဘောပါကြလား (ပါပါ ဘုရား)။
ကောင်းပြီ တတိယအချက်သွားပါဦးမယ်၊ အမေ အဖေ သေတာကိုလဲ မသေပါစေနဲ့လို့ သားသမီးက တားလို့ ဆီးလို့ (မရပါ ဘုရား)။ သားသမီးသေတာကိုလဲ အမေ အဖေက တားလို့ဆီးလို့ (မရပါ ဘုရား)။ ဪ- မတတ် နိုင်တဲ့ကိစ္စက ဒါပါလား (မှန်ပါ)။
အမေအိုတာ သားသမီးက မတတ်နိုင်, သားသမီး အိုတာကို (အမေကမတတ်နိုင်ပါ)။ အမေနာတာကို သားသမီးက (မတတ်နိုင်ပါ)။ သားသမီးအနာရောက်လာ တာကို အမေက မတတ်နိုင်ပါ ဘုရား။ အမေသေတာကို သားသမီးက အမေအဖေသေတာကို သားသမီးက (မတတ်နိုင်ပါဘူး)။ သားသမီးသေတာကို အမေအဖေက (မတတ်နိုင်ပါဘူး)။
အဲ့ဒီကိစ္စမျိုးကိုသာ သားသမီးကလဲ အမေစိုးရိမ် စရာအကြောင်းရှိတယ်။ အမေအဖေကလဲ သားသမီးကို ဒါသာလျှင် စိုးရိမ်စရာ အကြောင်းရှိတယ် သဘောကျလား (ကျပါတယ်)။
ခုနက သုံးမျိုးကတော့ ကံကောင်းအကြောင်းသင့်ရင် ပြန်တွေ့တယ်၊ အခုဟာကတော့ ကယ်လို့ယူလို့ (မရ ပါ ဘုရား)။ သဘောပါကြလား (ပါပါတယ် ဘုရား)။ ကယ်လို့ယူလို့ကို ရနိုင်သေးလား၊ (မရပါ ဘုရား)။
ဘုရားအမြင်နဲ့တခြားစီ
အဲ့ဒီတော့ကိုတဲ့ မင်းတို့ လောကရေး အတွေးနဲ့ ငါဘုရားအမြင်နဲ့ တခြားစီကွာ၊ လောကရေး ကတော့ မီးလောင်ရင် ခက်တယ်၊ ရေကြီးရင် ခက်တယ်၊ စစ်ဘေးကြုံလာ ခက်တယ်၊ ဒီသားတွေ သမီးတွေနဲ့ ဒီလိုသာ တွေးလေ့ရှိ တယ်၊ အဲ့ဒီအတွေးက တစ်ခါတလေ ပြန်ပြီး သကာလ အကြောင်း ညီညွတ်တွေ့နိုင်တယ်, ကြုံနိုင်တယ်ဆိုရှိပါသေး – တယ် (မှန်ပါ)။ သဘောပါကြလား (ပါပါတယ် ဘုရား)။
အခု အကြောင်းသုံးခုကတော့ ဒကာ-ဒကာမတို့ အဟုတ်ကို မကယ်နိုင်တဲ့အရေးဘဲ (မှန်ပါ)။ ဆိုနိုင်ကြ လား (ဆိုနိုင်ပါတယ်)။ အဟုတ်ကို မကယ်နိုင်တဲ့ အရေးပါဘဲဆိုတာ မည်သူတစ်ဦး တစ်ယောက်မှ ဒီဥစ္စာ မတတ်နိုင်တဲ့ အလုပ်ပဲလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောဆိုတာ မှန်ပါလား (မှန်ပါတယ်)။
အဲ့ဒီတော့ကွာတဲ့ မင်းတို့အတွေးနဲ့ ငါ့အမြင်နဲ့ တော့ဖြင့် အတော်ခြားနားနေပြီ, သဘော ကျလား (ကျပါတယ်)။ ဘုရားအမြင်နဲ့ ဒကာ ဒကာမတွေ အတွေးနဲ့ဆိုရင် ဘယ့်နှယ်နေတုံး (ခြားနား ပါတယ် ဘုရား)။
သူတို့က ကယ်ယူနိုင်တာကို တစ်ခါတလေပြန်ပြီး ကယ်ယူနိုင်တာကိုသာ စိုးရိမ်တယ် (မှန်ပါ)။ မကယ် ယူနိုင်တာကို မစိုးရိမ်ဘူး (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။
အဲ့ဒီတော့ကိုတဲ့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်တော်နဲ့ မင်းတို့ကို အမြင်မှန်ကို ငါပေးပါ့ မယ်ကွာ သဘောကျလား (ကျပါတယ်)။
အမြင်မှန်ဆိုတာ
အမြင်မှန်ပေးတော့မယ် ဒကာ-ဒကာမတို့ (မှန်ပါ)။ အမြင်မှန်ဆိုတာ ဘာပါလိမ့်မလဲလို့ အမေးထုတ်ဖို့ဟာ မလိုဘူးလား (လိုပါတယ် ဘုရား)။
ကဲ-သားသမီးဆိုတာကိုလဲ အမေအဖေက တတ်နိုင် အောင် အမေအဖေအိုတာကိုလဲ သားသမီးက လွတ်ရေး ကျွတ်ရေးတတ်နိုင်အောင် အမေအဖေကလဲ သားသမီးများ ကို မဂ္ဂင် အလုပ်လုပ်ပါ (မှန်ပါ)။ ပြောပါ, သဘောကျလား (ကျပါတယ် ဘုရား)။
သားသမီးများကလဲ အမေအဖေကို တကယ်တမ်း ခင်ဗျားတို့ မကယ်နိုင်တဲ့အလုပ်ကိုဖြင့် ရှိနေတဲ့အတွက် ကယ်နိုင်တာအစစ်ကို ပြောပါရစေဆိုပြီး သားသမီးများက အမေအဖေ မဂ္ဂင်အလုပ်ပဲ လုပ်ပါ ဝိပဿနာ အလုပ်-လုပ်ပါ။ (မှန်ပါ)။ အဲ့ဒါ ကယ်နိုင်တယ် (မှန်ပါ)။
ဘယ်လိုကြောင့် ကယ်နိုင်တုံးဆိုတော့ အမေအဖေ က, မဂ္ဂင်အလုပ် လုပ်လိုက်ပြီဆိုမှဖြင့်လဲ အမေအဖေသည် အိုမှုနာမှုကင်းတဲ့ နိဗ္ဗာန် ရောက်မယ် (မှန်ပါ)။ ဒါသား သမီးများက ကယ်လိုက် တာကိုး။
သားသမီးများကိုလဲ အမေအဖေက ချစ်ပါတယ်, ခင်ပါတယ် မခွဲချင်ပါဘူး။ မင်းတို့ နာတာ အိုတာလဲ မကြည့် ချင်ပါဘူးကွ ဆိုလို့ရှိရင်လဲ မင်းတို့ မဂ္ဂင်အလုပ် လုပ်ပါလို့ တိုက်တွန်းပါ (မှန်ပါ)။ ကယ်နိုင်တဲ့အလုပ်ပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမေက သားသမီးကယ်နိုင်တဲ့အလုပ် ဘာတွေ ရှိသေးတယ်ဆိုတာလဲ, ဒကာ-ဒကာမတို့ ယနေ့ ပေါ်လာပါပြီ (ပေါ်ပါပြီ ဘုရား)။
အဲ့ဒါ တိကနိပါတ် အင်္ဂုတ္တိုရ်မှာ လာသည်လို့ မှတ်ရ မယ်နော်၊ (မှန်ပါ)။
ကိုင်း-ဒကာ-ဒကာမတွေ အခုသားတွေသမီးတွေ လူလားမြောက်ဖို့ လူချင်းတူတူ သူချင်းမျှမျှ သူချင်း မျှနိုင်အောင် အားပေးနေတဲ့ အလုပ်က မကယ်နိုင်တဲ့ အလုပ်ကို အားပေးနေတယ် (မှန်ပါ)။
ကယ်နိုင်တဲ့အလုပ်ကို အားပေးဖို့ ဘုရားဟောတော် မူတယ် (မှန်ပါ)။ သဘောပါကြလား (ပါပါတယ် ဘုရား)။ အင်း-ကယ်နိုင်တဲ့အလုပ်က ဘာပါလိမ့်မတုံး (မဂ္ဂင်အလုပ်ပါ ဘုရား)။
ဒါဖြင့် အမေအဖေကို သားသမီးက ကယ်ချင်ရင်လဲ ဘယ်လိုကိုတိုက်တွန်းမလဲ (မဂ္ဂင်အလုပ် လုပ်ပါ)။ မဂ္ဂင် အလုပ်-လုပ်ပါလို့ တိုက်တွန်းကြပါနော် (မှန်ပါ)။
အမေအဖေကလဲ သားသမီးများနဲ့ မခွဲချင်ပါဘူး တို့ မင်းတို့ အိုတာ-နာတာ-သေတာကို ငါလုံးဝ မကြည့်နိုင်ဘူး ဆိုလို့ရှိရင်လဲ, သားသမီးများကို, မဂ္ဂင်အလုပ်ပဲ တိုက်တွန်း ပါ (မှန်ပါ)။ မကြည့်ရ တော့ဘူး (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။
တစ်ခါ သားသမီးများကလဲ အမေမိဘကို ကြင်နာ ပါတယ်။ ယုယပါတယ်, ကျေးဇူးတုံ့လှယ် ပြန်ဆပ်ချင်ပါတယ် လို့ ဆိုလို့ရှိရင် အမေတို့အိုတာ, အမေတို့နာတာ, အမေတို့ သေတာကိုလဲ, အမေအဖေ သေတာ မကြည့်ချင်ပါဘူး မကြုံ ချင်ပါဘူးလို့ ဆိုလို့ရှိရင်လဲ သားသမီးများကလဲ အမေ အဖေကို ဒီအလုပ်လုပ်ပါ၊ ဒါမှ အမေတို့အိုတာ၊ နာတာ၊ သေတာကို ကျွန်တော်တို့ မမြင်ရမှာဆိုပြီး သားသမီးများ ကလဲ ဒီလိုဘဲ တိုက်တွန်းရမယ် (မှန်ပါ)။ ရှင်းကြလား (ရှင်ပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့ အမေအဖေက သားသမီးကယ်နိုင် သားသမီးက အမေအဖေ ကယ်နိုင်တဲ့ နည်း ရှိသေးတယ်ဆိုတာလဲ ဘုရားဟောတော်မူတယ် (မှန်ပါ)။
မဂ္ဂင်အလုပ်လုပ်ကြပါ
ဘာနည်းပါလဲဗျာ (မဂ္ဂင်နည်းပါ)။ မဂ္ဂင်အလုပ် လုပ်တဲ့နည်းသည်, ဒကာ-ဒကာမတို့ နည်းအကောင်းဆုံးပါ (မှန်ပါ)။
အခုတော့ဖြင့် ဒကာ-ဒကာမတွေက အင်း သူတို့ လူလားမြောက်အောင်, အင်း သူတို့ ပညာ သင်ပေး, သူတို့ စီးပွားရေး, အမွေလေးခွဲပေးခဲ့အင်းသူတို့ လူပုံအလယ် တင့်တောင့်တင့်တယ် နေရစ်ခဲ့ ဘယ်လို တင့်တောင့် တင့် တယ် နေရစ်ခဲ့ရမတုံး, အိုဘေး- နာဘေး-သေဘေးတွေနဲ့ နေရစ်ခဲ့ရတာ (မှန်ပါ)။ သဘောကျလား (ကျပါ တယ်)။ ဘာနဲ့နေရစ်ခဲ့ရလဲ (အိုဘေး-နာဘေး-သေ ဘေးတွေနဲ့ နေရစ်ခဲ့ရပါတယ်)။
ဒါကိုများ မအေမိဘကို သားသမီးတွေက ကျေးဇူး တုံ့ပြန်တဖန် ဆပ်ပါတယ် ဆိုပေမဲ့ အင်း ဝါဆိုဦး၊ သီတင်းကျွတ် တန်ခူးလ အစရှိတဲ့ အဝတ်အထည် ကလေးတွေနဲ့ ကန်တော့ ဒါလောက်နဲ့လဲ ဒီအမေအဖေ အိုမှုနာမှုသေမှု ပျောက်ပါ့မလား (မပျောက်ပါဘူး ဘုရား)။
မပျောက်သေးတော့ တကယ်အမေအိုတာ အမေ နာတာ အမေစိတ်မချမ်းသာတာ မကြည့်ချင်ပါဘူး မရှုချင် ပါဘူး ဆိုလို့ရှိရင်လဲ အမေအဖေကို ဘာနဲ့ ခင်ဗျားတို့ အမွေဆပ်ကြမလဲ (မဂ္ဂင်နဲ့အမွေဆပ်ရမှာပါ)။
မဂ္ဂင်အလုပ် လုပ်ပါလို့ဆိုတော့ မဂ္ဂင်သည်ကား နိဗ္ဗာန်သွားတဲ့ လမ်းမတော် လမ်းကောင်းကြီး ဆိုတာ ဒကာ, ဒကာမတွေ နေ့တိုင်းပြောနေတယ်, သိလောက်ပါပြီ (မှန်ပါ)။ မသိကြဘူးလား (သိပါတယ် ဘုရား)။
အဲ့ဒီမှာ အို-နာ-သေရှိပါရဲ့လား (မရှိပါ ဘုရား)။ မရှိတော့ အဲ့ဒီရောက်သွားလို့ရှိရင်ဖြင့် အမေအိုတာလဲ မကြည့် ရတော့ဘူး (မှန်ပါ)။ အမေနာတာကော (မကြည့် ရတော့ပါ ဘုရား)။ အမေသေတာကော (မကြည့်ရတော့ပါ ဘုရား)။
အမေကလဲ သားသမီးတွေတိုက်တွန်းပေး၊ ချစ်ပါ တယ်; ခင်ပါတယ်, ကြင်နာပါတယ်, မင်းတို့နဲ့ မခွဲချင်ဘူး မပြုချင်ဘူး, မင်းတို့ အိုတာ,နာ, သေတာများကွာ နဲနဲမှ စိတ်ကူးထဲထည့်တာတောင် မျက်ရည် လည်လာသေးတယ် ဆိုလို့ ရှိရင်ဖြင့် သူတို့ အိုမှု-နာမှု-သေမှုကို ကျုပ်တို့မကြည့်ချင် တဲ့အတိုင်း အမေအဖေက ဒါလုပ်ဟေ့ ဆိုပြီး တိုက်တွန်းလို့ရှိ ရင် သူတို့အိုမှု-နာမှု-သေမှုကို အမေအဖေသည် တွေ့စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါဖြင့် တစ်ယောက်က တစ်ယောက်ကို တကယ် တမ်း ကယ်ချင်ကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကြယ်နိုင်တဲ့ နည်း ဘုရားဟောတော်မူတာ, တွေ့ကြပါပြီလား (တွေ့ ပါပြီ ဘုရား)။ ဘာတွေ့ပါလိမ့် (မဂ္ဂင်တွေ့ပါတယ် ဘုရား)။
ဒါဖြင့် အမေအဖေကလဲ သားသမီးများ ကယ်ချင်ကြ ရင်ဖြင့် ဒကာ-ဒကာမတို့ ကယ်နိုင်တဲ့နည်း ဘုရားဟောတော်မူတာ, တွေ့ကြပါပြီလား (တွေ့ပါပြီ ဘုရား)။ ဘာတွေ့ပါလိမ့် (မဂ္ဂင်တွေ့ပါတယ် ဘုရား)။
ဒါဖြင့် အမေအဖေကလဲ သားသမီးများ ကယ်ချင် ကြရင် ဘာလုပ်ခိုင်းရလဲ (မဂ္ဂင် လုပ်ခိုင်းရမှာပါ)။ သားသမီးများကလဲ အမေအဖေကို ကြင်နာပါတယ်, ယုယ ပါတယ်, ကျေးဇူးတုံ့ပြန်ဆပ်ချင်ပါတယ် အိုတာ, နာတာ, သေတာဖြင့် ကျွန်တော်တို့ မျက်မှောက်မှာ မတွေ့ပါရစေနဲ့ ကျွန်မတို့ မျက်မှောက်မှာ မတွေ့ပါရစေနဲ့ဆိုရင်, ဘာကိုဘဲ ခင်ဗျားတို့ သားသမီး များကလဲ တိုက်တွန်း နှိုးဆော်ပြီး သကာလ , အလုပ်ခိုင်းရမယ်ဆိုတာလဲ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)။
ဘာများတွေ့ကြပါလိမ့် (မဂ္ဂင်အလုပ် လုပ်ခိုင်း ရမှာပါ)။ မဂ္ဂင်အလုပ်ပဲ တိုက်တွန်းရမယ် (မှန်ပါ)။
အဲ့ဒါမှဟေ့ တဲ့-မင်းတို့က မကယ်နိုင်တာ ကယ်နိုင် တယ်ထင်ပြီး သကာလ , အားပေး နေတာက လွဲသကွ (မှန်ပါ)။
ကယ်နိုင်တဲ့နည်း ငါဘုရားသဗ္ဗညုတဉာဏ်တော်နဲ့ ရှာလိုက်တဲ့အခါ, အမေအိုတာကို သားတွေ သမီးတွေက မကြည့်နိုင်ပါဘူးဆို, အမေမအိုရာအလုပ်လုပ်ဖို့ရာ ကိုယ်က တိုက်တွန်းရမယ် (မှန်ပါ)။ – အမေ မအိုအောင် မနာအောင် မသေတဲ့နေရာကို သားသမီးများက တိုက်တွန်းပို့ရမယ် (မှန်ပါ)။
သားသမီးတွေ အိုတာ-နာတာ-သေတာဖြင့် ကိုယ့် မျက်စိအောက်ဖြင့် မကြည့်ချင်ပါဘူး, စိတ်ကူးတောင် မထည့် ချင်ပါဘူး ဆိုလို့ရှိရင်လဲ, အမေအဖေက သားသမီးများကို ဘာခိုင်းရမှာလဲ (မဂ္ဂင်အလုပ် လုပ်ခိုင်းရမှာပါ ဘုရား)။ မဂ္ဂအလုပ် လုပ်ခိုင်းရမယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲ့ဒါနင်တို့ လိမ္မာစေချင်လိုက်တာ, အင်း နင်တို့ကိုဖြင့် စိုးရိမ်လိုက်တာဆိုရင် ဒါဘဲ တိုက်တွန်းကြပါ (မှန်ပါ)။ သဘောကျလား၊ (ကျပါတယ် ဘုရား)။
အခုတော့ဖြင့် ဒကာ-ဒကာမတွေက ပြောနေတာ မကယ်နိုင်တဲ့ လောကွတ် စကားတွေသာ ပြောနေကြတယ်၊ သားသမီးက ပြန်ပြီး သကာလ ကျေးဇူးတုံ့ဆပ်ပြန်လဲ လောကီ တွေသာဖြစ်ပြီး သကာလ နေသောကြောင့် တကယ်ချစ် တကယ်ကြင်နာရာ ရောက်ပါရဲ့လားလို့မေးရင် အလုပ် မမှန် တဲ့အတွက် မရောက်တဲ့ အဓိပ္ပါယ်ဘဲ ပြောရမယ် (မှန်ပါ)။ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
ယနေ့ကစပြီးတိုက်တွန်းပါ
ကိုင်း-ဒါဖြင့် ယနေ့ကစပြီး သကာလ , အမေကို အိုတာ-နာတာ-သေတာဟာ အကြီးဆုံးကိစ္စ ပေမို့ မကြည့်ချင် ပါဘူးဆိုရင် သားသမီးများက ဘာတိုက်တွန်းရမလဲ (မဂ္ဂင်အလုပ် တိုက်တွန်းရမှာပါ ဘုရား)။ သဘောကျလား (ကျပါတယ် ဘုရား)။
သားသမီးတွေများ နင်တို့ငါ အိုမှု-နာမှု-သေမှုများ ငါတို့ရှေ့မှောက် ကြည့်ကို မကြည့်ချင်ဘူးဟ၊ မအေမိဘတွေ ကပေါ့ဗျာ (မှန်ပါ)။ အင်းမကြည့်ချင်လို့ရှိရင်ဖြင့် တွေ့ရမှာဘဲ, မတွေ့ရတဲ့ အလုပ်ခိုင်းကြ (မှန်ပါ)။ မတွေ့ရတဲ့ အလုပ်က ဘာပါလိမ့် (မဂ္ဂင်အလုပ်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒါ မဂ္ဂင်လုပ်ခိုင်းတော့ ဒီသားသမီးလေးတွေလဲ မအို-မနာ-မသေရာနိဗ္ဗာန်ကြီး သူဖြင့် မရောက်တော့ဘူးလား (ရောက်ပါတယ် ဘုရား)။
ရောက်တဲ့အခါကျတော့ သူမကြည့်ချင်တဲ့ကိစ္စ၊ မကြည့်ချင်တဲ့သဘော, မကြည့်ရတဲ့နေရာ ရောက်သွားတော့ အင်းဒီဥစ္စာမှတို့ ချစ်ရိုး-ခင်ရိုး-ကြင်နာရိုး အမှန်ပါလား (မှန်ပါ)။ ပေါ်လာကြလား (ပေါ်လာပါ ဘုရား)။ ချစ်ရိုး ခင်ရိုး, ကြင်နာရိုး အမှန်ကော သိကြပါပြီ (သိပါပြီ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ-ဒကာမတွေ မကယ်နိုင်တဲ့အလုပ် ကို နဖူးပေါ်လက်တင်ပြီး ညတွေးလုံး ထုတ်ပြီး သကာလ မနေ ပါနဲ့တော့ (မှန်ပါ)။ ကယ်နိုင်တဲ့ အလုပ်ကို အမေက အမေအဖေက သားသမီး ကယ်နိုင်တဲ့ အလုပ်ကိုသာလျှင် တိုက်တွန်းနှိုးဆော်ပြီး သကာလ သားသမီးများလဲ လုပ်ပါစေ (မှန်ပါ)။
သားသမီးများကလဲ မအေမိဘကို တကယ်ကြင်နာ ပါတယ်, ယုယပါတယ်, တကယ်ကိုဘဲ ကျေးဇူးတုံ့ပြန် ဆပ်ချင်ပါတယ်, အဲ့ဒီအိုနာသေကြီးကိုဖြင့် မတွေ့စေချင်တာ အမှန်ပါဘဲလို့ သစ္စာ ဆိုကြလို့ ရှိရင်လဲ မဂ္ဂင် အလုပ်ပဲ တိုက်တွန်းရမယ် (မှန်ပါ)။
အဲ့ဒါဖြင့် သားသမီး အိုတာ, နာတာ, သေတာလဲ အမေမတွေ့ရတော့ဘူး (မှန်ပါ)။ အမေအိုတာ နာတာ သေတာကိုလဲ သားသမီးများက (မတွေ့ရတော့ပါ ဘုရား)။
ဒါဖြင့် ဒါအမွေအစစ်ပေးနည်းကို ဘုရားဟောတာ (မှန်ပါ)။ ဘယ်လိုများဟောပါလိမ့် (အမွေအစစ် ပေးနည်းကို ဟောတာပါ ဘုရား)။ ရှင်းကြပါပြီ (မှန်ပါ)။ အမွေအစစ်ပေးတတ်ကြပါပြီ (ပေးတတ်ပါပြီ ဘုရား)။
အဲ့ဒါချစ်ရိုး, ခင်ရိုး, ကြင်နာသာမှန်လို့ရှိရင် ဒီအမွေ အစစ်ပေးရလိမ့်မယ် (မှန်ပါ)။ သနားရိုး မှန်ရင်လဲ (ဒီအမွေအနှစ်ပေးရမှာပါ ဘုရား)။ အဲ နင်တို့ အတွက် ကျေးဇူးကို ငါသည် အများကြီး အလိုရှိတယ် ဆိုရင်ကော (ဒီအမွေအနှစ်ပေးရမှာပါ ဘုရား)။ အဲ,မဂ္ဂင်အလုပ်ပဲ လုပ်ဖို့ တိုက်တွန်းရမယ် (မှန်ပါ)။
မဂ္ဂင်သည်ကားလို့ဆိုရင် “နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” နိဗ္ဗာနံ၊ မအိုရာ, မနာရာ, မသေရာဖြစ်တဲ့ နိဗ္ဗာန်ကို။ ဂစ္ဆတိ၊ မရောက်, ရောက်အောင်ပို့တတ်၏။ ဣတိ တသ္မာ ထို့ကြောင့်၊ မဂ္ဂေါ မဂ္ဂင်မည်၏ ဆိုတော့ ခင်ဗျားတို့ ဖြစ်ပျက်ရှုနေတဲ့ မဂ္ဂင်ဟာဖြင့် အမေရှု လို့ရှိရင်လဲ အမေမအိုရာ မနာရာ မသေရာ ရောက်ပါတယ် (မှန်ပါ)။ သားသမီးရှုလို့ရှိရင်ကော (မအိုရာ မနာရာ မသေရာ ရောက်ပါတယ် ဘုရား)။
ဪ ဒီကျမှဘဲ ဧကန်တွေ့ပြီ, တကယ်တွေ့ပြီ ဘယ်နည်းနဲ့မှ တစ်ယောက်တစ်ယောက်ကို အင်းရှေးကဟာ တွေ အကုန်ဇာတ်သိမ်းပြီး သကာလ , အင်းမင်းလဲ အိုနာ သေရေး ဒုက္ခဘေးမှ ကင်းဝေးပြီ ငါတို့လဲ အိုနာသေရေး ဒုက္ခဘေးမှ ကင်းဝေးပြီဆိုပြီး သကာလ အဲ့ဒီမှာမှ ဒကာ ဒကာမတို့ တကယ့် အမေကရုဏာ, အမေဗြဟ္မာ ဝိဟာရ တရား မေတ္တာကရုဏာ မုဒိတော့ ဥပေက္ခာဆိုတာ မအေမိဘ ကလဲ သားသမီးအပေါ်မှာ ရှိတယ်၊ သားသမီးကလဲ မအေမိဘအပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတာ မရှိဘူးလား (ရှိပါတယ်)။
အဲ့ဒီရှိတဲ့အလုပ် အထမြောက်အောင်ဖြင့် အင်း မအေမိဘကလဲ, သားသမီးမဂ္ဂင် အလုပ် လုပ်အောင် တိုက် တွန်းပါ, (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။
အင်း သားသမီးများကလဲ ဘာလုပ်ရမလဲ (မအေမိဘကို မဂ္ဂင်မလုပ်လုပ်အောင် တိုက်တွန်းရမှာပါ ဘုရား)။
ကယ်နိုင်တဲ့အလုပ် လုပ်ကြပါစို့
အမေရှုပ်မနေနဲ့ ဒီကိစ္စကြီးတွေနဲ့ ခင်ဗျားတို့က ကျုပ် တို့အတွက်ကို ခင်ဗျားတို့က ပူမနေ စမ်းပါနဲ့၊ ပူလို့လဲရတဲ့ အလုပ် မဟုတ်ပါဘူး၊ ဆိုပြီး သကာလ သားတွေသမီးတွေ ကလဲ အမေတို့ ကျုပ်တို့သည် ကားလို့ဆိုရင်ဖြင့် ကယ်နိုင်တဲ့ အလုပ်လုပ်ကြပါစို့။
အလကားနေရင်း လောကွတ်တွေ နင့်ချစ်လိုက်တာ မပြောနဲ့တော့ နင်တို့မျက်စိအောက်က ငါအပျောက်ခံချင်တာ မဟုတ်ဘူးဆိုပြီး လောကွတ်တွေ လုပ်မနေပါနဲ့ဆိုတာ သတိ ပေးလိုက်ပါ (မှန်ပါ)။ ပေးသင့်သလား (ပေးသင့် ပါတယ် ဘုရား)။
ဘာဖြစ်လို့တုံး ဆိုတော့ အခုဆရာဘုန်းကြီးတရား နာလို့ ဘုရားဟော တရားတော်ကြီးကို လက်တွေ့ ဟောနေတဲ့ ဆရာဘုန်းကြီးနဲ့ တွေ့တော့မှ ဪ သူတို့ပြောနေတာတွေ အပိုတွေ ပါကလား (မှန်ပါ)။ ကယ်နိုင်တဲ့ အလုပ်ပြော တာ မဟုတ်ပါလား (မှန်ပါ)။ မကယ်နိုင်တဲ့ လောကွတ် အလုပ်တွေ ပြောနေတာပါလား, သဘောကျလား (ကျပါတယ် ဘုရား)။ အမေက လျှာရှည်နေရင် ဒီလိုပြောရမှာ (မှန်ပါ)။
သားသမီးက လျှာရှည်နေလို့ရှိရင်လဲ မအေက တကယ်ချစ်ရိုး, ကြင်နာရိုးမှန်လို့ရှိရင်လဲ, မင်းမဂ္ဂင်အလုပ် လုပ်ပါ၊ မင်းအိုတာ မင်းနာတာ မင်းသေတာကိုဖြင့် ငါလုံးဝ မကြည့်နိုင်တဲ့အတွက် သားသမီးများ မအေမိဘက မအိုရာ မနာရာမသေရာ ရောက်တဲ့လမ်းကိုဘဲ ညွှန်ပြပေးရမယ် (မှန်ပါ)။
ဒီကျတော့ဖြင့် စိတ်ရင်းမှန်ပြီလို့ ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ ဘုရား)။ ဒီပြင် ပြောဆို နေတာတွေ ကတော့ဖြင့် လောကွတ်ချည်းမှတ်ပါ (မှန်ပါ)။ ဘယ်လိုမှတ်ကြ (လောကွတ်လို့မှတ်ရမှာပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် သားသမီးလဲ နားထောင်တတ်ပါပြီ (မှန်ပါ)။
အမေမိဘတွေလဲ ပြောတတ်ဆိုတတ်ပါပြီလို့ဆိုရင် ဒီတရားသိပ်အဖိုးတန်သွားပြီ (တန်သွားပါ ဘုရား)။
ကဲ ဒီအထဲပြောတတ်ကြပါပြီ (ပြောတတ်ပါပြီ ဘုရား)။ သားသမီးတွေကို အိုတာ- နာတာ- သေတာဆိုတဲ့ ကိစ္စကြီး, မတွေ့ချင်, မမြင်ချင်ကြရင် မအေမိဘက ဘာတိုက် တွန်းရမယ် (ဝိပဿနာ မဂ္ဂင်အလုပ်, တိုက်တွန်းရမှာပါ ဘုရား)။ အဲ ဝိပဿနာမဂ္ဂင် အလုပ်ကိုဘဲ တိုက်တွန်းရမယ်နော် (မှန်ပါ)။
အမေမိဘတွေ အို တာ-နာတာ-သေတာကိုလဲ မကယ်နိုင်တာကိုလဲ သိပြီးသားဖြစ်နေလို့ ကယ်နိုင်တဲ့နည်း အစစ်ကို တကယ်သားသမီးများက တကယ့်မေတ္တာတုံ့ပြန် ခဲ့သော်လည်း ဘာတိုက်တွန်းရမလဲ (ဝိပဿနာမဂ္ဂင် အလုပ် လုပ်ဖို့ တိုက်တွန်းရမှာပါ ဘုရား)။
ဝိပဿနာမဂ္ဂင်အလုပ်ပဲ တိုက်တွန်းနှိုးဆော်ရမယ် ဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း အသားလှူ၊ အရိုးလှူ၊ အသွေးလှူလို့ရတဲ့ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်တော့သော်-သူတို့ ကယ်နေ တာကလဲ အကယ်မရောက်ပါလား (မှန်ပါ)။ မောင်နိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
သူတို့ပြောဆိုနေတဲ့ ကယ်ယူလုံးတွေဟာလဲ ကယ်ယူ တဲ့ အဓိပ္ပါယ်မျိုး အသေအချာ ရောက်ပါရဲ့ လား (မရောက်ပါ ဘုရား)။
ဪ အမေကလဲ သားသမီးအပေါ် ဘာလုပ် နေတာပါလိမ့်မတုံးဆိုတော့ သူ တတ်သလောက်နဲ့ လောကွတ်လုပ်နေတာ (မှန်ပါ) သဘောပါလား (ပါပါတယ် ဘုရား)။
သားသမီးများကလဲ ဘာပူစရာရှိသလဲ အေးအေး သာ ထိုင်နေကြစမ်းပါ, ကျုပ်တို့ ရှာကျွေးပါ့မယ်လို့ ဆိုတော့ လဲ အိုတာ-နာတာ-သေတာ တတ်နိုင်ကြရဲ့လား (မတတ်နိုင်ပါ ဘုရား)။ အင်း-ဒါဖြင့် သားသမီးများက, လိမ္မာ တဲ့သားသမီးကပြောလဲ လောကွတ်ပဲရှိသေးတယ် (မှန်ပါ)။
ဒါဖြင့် လောကွတ်မဟုတ်တဲ့ တစ်ခါတည်း စိတ်ရော ကိုယ်ပါဆိုတာ လုပ်ကြပါ (မှန်ပါ)။ လောကွတ်ဆိုတာ အပေါ်ယံ မဟုတ်လား (မှန်ပါ)။ တတ်နိုင်လို့ပြော တာလား, မတတ်နိုင်ဘဲနဲ့ ပြောနေတာလား (မတတ်နိုင် ဘဲနဲ့ ပြောနေတာပါ)။
လောကွတ်အလုပ်ကိုရှောင်ကြပါစို့
မတတ်နိုင်ဘဲနဲ့ ပြောနေတဲ့ လောကွတ်အလုပ်ကို အမေကလဲရှောင်၊ သားသမီးများကလဲ (ရှောင်ရမှာပါ ဘုရား)။ ရှောင်ပြီး သကာလ ကဲ-ကျွန်တော်ကလဲ လောကွတ် မဟုတ်တော့ဘူး၊ တကယ်တမ်းဘဲ၊ မအေမိဘကလဲ ငါတို့ ကလဲ လောကွတ်မဟုတ်တော့ဘူး၊ တကယ်တမ်းဘဲ ဆိုရင် ဇင့် ဒါဘဲ ဒကာ-ဒကာမတို့မ်အိုရာ, မနာရာ, မသေရာတတ်တဲ့ အလုပ်လုပ်ကြ, သားသမီးများကိုလဲ တိုက်တွန်း ကိုယ့်ကိုယ်တိုင်လဲ လုပ်လို့ရှိရင်ဖြင့် ဒါကယ်နိုင်တဲ့ အလုပ် ချည်း မှတ်လိုက်ကြ (မှန်ပါ)။ ဘယ်လိုမှတ်လိုက်ကြ (ကယ်နိုင်တဲ့အလုပ်လို့ မှတ်ရမှာပါ ဘုရား)။ သဘောပါကြလား (ပါပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့ အခုတောဖြင့် ငါတို့က နင်တို့ကို ကလေးသူငယ် သူငယ် နှပ်စားလေး မှတ်ပြီး သကာလ နင်တို့ လူပျိုဖြစ်နေပေမဲ့ သားနဲ့မယားနဲ့ နေကြပေမဲ့ ငါတို့စိတ်ထဲတော့ သူငယ်နှပ်စား လောက်ပဲ စိတ် ထဲရှိသေး တယ် လူကလေးဘဲ ရှိသေးတယ်ပေါ့ဗျာ (မှန်ပါ)။ သဘော ကျလား (ကျပါတယ် ဘုရား)။
မအေမိဘက ဒီလောက်ထိအောင် မယုယဘူးလား (ယုယပါတယ် ဘုရား)။ ယုယပေမဲ့လဲ လူကလေးဘဲ ရှိသေးတယ်ပြောတော့ ပြောတာဘဲ ရှိတာဘဲ (မှန်ပါ)။ သူ့စိတ်ကူးထဲမှာသာ ပြောတာ ဖြစ်တာဘဲ တားဆီးနိုင်ရဲ့လား (မတားဆီးနိုင်ပါ ဘုရား)။
မတားဆီးနိုင်လို့ရှိရင်, တားဆီးနိုင်တဲ့အမွေကို ပေးလိုက်စမ်းပါ (မှန်ပါ)။ ဘာပါလိမ့် (မဂ္ဂင်ရှစ်ပါးပါ ဘုရား)။ မဂ္ဂင်ရှစ်ပါးဆိုတာ သဘောပါကြလား (ပါပါ တယ် ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ-ဒကာမတို့ တစ်ယောက်နဲ့ တစ်ယောက် လောကွတ်ချော်နေတဲ့ အလုပ်တွေကို ခင်ဗျား တို့ဖြင့် လုပ်မနေကြစမ်းပါနဲ့ တကယ်စိတ်ကောင်း စေတနာကောင်းနဲ့ တကယ်စွမ်းဆောင် နိုင်တာ လုပ်ကြစမ်းပါ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဘာနဲ့ တိုက်တွန်းကြမလဲ (မဂ္ဂင်နဲ့ တိုက်တွန်းရ မှာပါ ဘုရား)။ အင်း-ဒါကဖြင့် သားသမီး အိုတာ-နာတာ-သေ တာကိုလဲ, မအေမိဘက, တတ်နိုင်တဲ့ တိုက်တွန်းလုံး၊ မအေ မိဘက အိုတာ-နာတာ-သေတာကိုလဲ သားသမီးများက တတ်နိုင်တဲ့နည်းဘဲဆိုတာဖြင့် ယနေ့ ကောင်းကောင်းတွေ့ ပါပြီ (တွေ့ပါပြီ ဘုရား)။ မတွေ့ကြသေးဘူးလား (တွေ့ပါပြီ ဘုရား)။
တွေ့လို့ရှိရင် ဒါခင်ဗျားတို့ ဘုရားဟောတာဆိုတာကို ရောသဘောကျလား (ကျပါတယ် ဘုရား)။ ဟုတ်ကော ဟုတ်ပါရဲ့လားဆိုတာကိုလဲ ဆုံးဖြတ်ချက်ချပါဦး (ဟုတ်ပါတယ် ဘုရား)။ တကယ်တမ်းကော ဟုတ်ပါတယ် ဆိုတာငြင်းဖို့လိုသေးလား (မလိုတော့ပါ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ လက်ဆုံကြပြီး စကားပြောနေ တဲ့အလုပ်တွေဟာဖြင့် တဏှာက ပြောနေတာ, အခုက ဉာဏ် ကပြောတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ-သားနဲ့သမီးနဲ့များ တစ်ခါတည်း ဓါတ်မီးအောက်မှာ, ရှေးရေးနောက်ရေးတွေ ပြောပြီး သကာလ , အမေကလဲ သားသမီးအပေါ်မှာ မေတ္တာထားပုံတွေ, သားသမီးများကလဲ လိမ္မာတဲ့ သားသမီးတွေက မအေမိဘအပေါ်မှာ မေတ္တာ ကရုဏာထားပုံတွေများ ဓါတ်မီးအောက်မှာ ခေါင်းချင်း ဆိုင်ပြီး သကာလ များ, တစ်ယောက်နဲ့တစ်ယောက် လွမ်း မနေကြစမ်းပါနဲ့ ဆိုတာပြောတယ် (မှန်ပါ)။
ရိပ်မိပြီလား (ရိပ်မိပါ ဘုရား)။ ခင်ဗျားတို့က တစ်ယောက်တစ်ယောက် လွမ်းနေတာ, ဟုတ်တာလဲ မဟုတ် ဘဲနဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ အပို တွေ လုပ်မနေပါနဲ့ဆိုတာကော သဘောကျလား (ကျပါ တယ်)။
ကိုင်း- ဒါဖြင့် ဘာလုပ်ကြမတုံး (မဂ္ဂင်အလုပ် လုပ်ရမှာပါ)။ သားသမီးကလဲ မအေမိဘကို ဘာတိုက်တွန်း ရမလဲ (မဂ္ဂင်အလုပ် တိုက်တွန်းရပါ့မယ်)။ မအေမိဘက လဲ သားသမီးများကို (မဂ္ဂင် အလုပ် တိုက်တွန်းရပါမယ်)။
ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့ လိုရာကိစ္စ လိုရာ ခရီး အပြီးရောက်တဲ့ အင်း-တိုက်တွန်းလုံး အစစ်အမှန်ဖြစ်ပြီး သကာလ နေတယ်ဆိုတာဖြင့် မငြင်းမဆန်နဲ့ ဘုရားသခင် ယ်တော်မြတ်ကြီးက သစ္စာဉာဏ်နဲ့ ပြောလိုက်တဲ့ အတွက် ဒါအမှန်ဘဲလို့ မှတ်ပါ။ (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။
မငြင်းမဆန် သစ္စာဉာဏ်နဲ့ ပြောလိုက်တာ ဒီဥစ္စာ မမှန်လား (မှန်ပါတယ် ဘုရား)။ ကိုင်း တိုက်တွန်း တတ်ကြပြီလား (တိုက်တွန်းတတ်ပါပြီ ဘုရား)။ ဆုံးမ တတ်ကြပြီလား (ဆုံးမတတ်ပါပြီ ဘုရား)။ သွန်သင် တတ်ကြပြီလား (သွန်သင်တတ်ပါပြီ ဘုရား)။ ဒါဖြင့် ဘယ်လိုသွန်သင်ကြမလဲ (မဂ္ဂင်အလုပ် လုပ်ခိုင်းရမှာ
ချစ်ရိုး-ခင်ရိုး-ကြင်နာရိုးမှန်ခဲ့သော် မဂ္ဂင်အလုပ် လုပ်ခိုင်ရမှာပါ)။ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
အဲ့ဒါ အကောင်းဆုံးနည်းဘဲ၊ ဒီပြင်ဆို ဆေးခွက် ကိုင်ပြီး, ငိုရမည့်ကိစ္စချည်း ခင်ဗျားတို့ အားပေးနေရာ ရောက်တယ် (မှန်ပါ)။ ဟုတ်လား အမေအဖေက မမာ သားတွေသမီးတွေက အင်မတန်ကြင်နာယုယပြီး သကာလ နေတော့ ဆေးရှာကြ, ဝါးရှာကြ, ဒီဆေးလေးကြိုက်လိုက် ဟိုဆေးလေးတိုက်လိုက်နဲ့ ပြီးတော့ တတ်နိုင်ကြရဲ့လား (မတတ်နိုင်ပါ ဘုရား)။
တရားမှန်တွေ့ပါပြီ
အင်း – မတတ်နိုင်တဲ့အလုပ်နဲ့ လောကွတ်လုပ် မနေ ပါနဲ့ဆိုတာကိုရော, ယနေ့ သဘော ကျပါပြီလား (ကျပါ ဘုရား)။
ကဲ-ဒါဖြင့် တတ်နိုင်တဲ့အလုပ်ကို ဘုရားသဗ္ဗညုတ ဉာဏ်နဲ့ ရှာလိုက်တဲ့အခါ မတွေ့လား (တွေ့ပါတယ် ဘုရား)။ တွေ့တဲ့အခါကြတော့ ဘာတွေတုံး (မဂ္ဂင် ရှစ်ပါးတွေ့ပါတယ်)။
အင်း-အမေလဲ မဂ္ဂင်ရှစ်ပါး လမ်းမတော်ကြီးကနေ လျှောက်သွားလို့ မအို-မနော-မသေ အမြဲနေတဲ့ နိဗ္ဗာန် ရောက်သွား၊ သားသမီးတိုက်တွန်းလိုက်ပြန်တော့လဲ သား သမီးတွေက ဒီအတိုင်း လုပ်ပြန်တော့ မဂ္ဂင်ရှစ်ပါး လမ်း မတော်ကြီးကနေ လျှောက်သွားတော့ မအို, မနာ, မသေတဲ့ နိဗ္ဗာန်ကြီး ရောက်မသွားဘူးလား (ရောက်သွားပါ တယ် ဘုရား)။
ဪ ဒါမှ ချစ်ရိုး, ခင်ရိုး, ကြင်နာရိုး အမှန်လို့ မှတ် လိုက်စမ်းပါ။ (မှန်ပါ)။ သဘောပါကြလား၊ (ပါပါတယ် ဘုရား) ချစ်ရိုး, ခင်ရိုး, ကြင်နာရိုး အမှန်ကဖြင့် တိုက်တွန်းမှု ပြောင်းပေးကြပါနော် (မှန်ပါ)။
ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့ ဒါကရှေ့ပိုင်းမှာ ဒကာ-ဒကာမတို့ မဂ္ဂင်သာအားကိုးရာ ရှိတော့တယ်။ သားချစ် လဲ အင်း မဂ္ဂင်နဲ့တိုက်တွန်း၊ အမေအဖေကို ပြန်ပြီး သကာလ ကြင်နာပါတယ်, ယုယပါတယ် ဆိုလဲ ဘာတိုက်တွန်းရ (မဂ္ဂင်နဲ့တိုက်တွန်းရပါ့မယ်)။
ကိုင်း – ကိုမောင်နိုင်တို့၊ ကိုမြင့်တို့ တရားမှန့် တွေ့ ပါပြီ၊ (တွေ့ပါပြီ ဘုရား)။ မတွေ့ကြသေး ဘူးလား (တွေ့ ပါပြီ ဘုရား)။ တရားမှန် အသေအချာတွေ့ပြီ ဒကာ ဒကာမတို့ ဘာမှ သံသယရှိဖို့ လိုသေးလား (မလိုပါ ဘုရား)။ မလိုတော့ပါဘူး။
ပြောမယ်ကြံရင်စဉ်းစားပါ
ဪ် ဟုတ်ပါလား, တို့ပြောဆိုနေတာတွေကတော့ ဖြင့် အပေါ်ယံတင်, ခရီးမပေါက်တာ တွေကို တကယ်တမ်း အဟုတ်လုပ်ပြီး တို့ပြောနေတာပါလားဆိုတာဖြင့် သေသေ ချာချာ ပြောမယ်ကြံရင်လဲ, စဉ်းစားပါတော့ (မှန်ပါ)။ ပြောမယ်ကြံရင် ဘယ့်နှယ်တုံး (စဉ်းစားရပါ့မယ်)။
ဟာ ငါလောကွတ်လုပ်မလို့လား၊ မအေမိဘက (မှန်ပါ)။ သားသမီးများကလဲ အမေအဖေကို ကျေးဇူးတုံ့ပြန် ဆပ်ချင်တဲ့သဘော ပြောလို့ ဟာ ဘာယူလာတယ် ဘာဝယ်ခဲ့ တယ် ဟာဘယ်လို ပူဇော်မလို ဘယ်လိုကန်တော့မလို့ ဆိုတာ လဲ ဒကာ-ဒကာမတို့ ဒါ-အင်း-တကယ်တတ်နိုင်တဲ့ ကိစ္စ မျိုးလားလို့ မေးပြန်တော့လဲ ဘယ်လိုဖြေကြမလဲ (မဟုတ်ပါ ဘုရား)။ အင်း လောကွတ်မျှလောက်ပဲ ရှိသေးတယ် (မှန်ပါ)။
“မာတာပိတုဥပဋ္ဌာနံ” ဆိုတဲ့ မင်္ဂလာတရားဘဲ ရှိသေး တယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)
‘‘ဧတံ မင်္ဂလမုတ္တမံ’’ ဆိုတာမြောက်တော့ မြောက်ပါ တယ်တဲ့ မိဘက သားသမီးယုယ, သားသမီးက မအေမိဘ ယုယတာတွေ မင်္ဂလာတရားတော့ ဟုတ်ပါတယ်၊ တကယ် တမ်း တတ်နိုင် သလားလို့ မေးလိုက်တဲ့အခါကျတော့ မဟုတ် သေးဘူး (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။ ဒါဖြင့် မအေမိဘကလဲ သားသမီးကို သွန်သင် တတ်ပါပြီ (မှန်ပါ)။
သားသမီးကလဲ မအေမိဘကို အားပေးတတ်ကြပါပြီ လားလို့ မေးရင် (အားပေးတတ်ကြပါပြီ ဘုရား)။ အားပေး တတ်ပြီဆိုတာ သဘောပါလား၊ (ပါပါတယ် ဘုရား)။
အင်း-နို့မို့လို့ရှိရင် ဒီနည်းနဲ့ဒီနည်းမှ အမေကလဲ ဒီနည်းမကိုင်ဘဲနဲ့ အမေအဖေကလဲ မဂ္ဂင်နည်း မကိုင်, သားသမီးကလဲ မဂ္ဂင်နည်းမကိုင်ပြီး သကာလ , အားပေးမှု ထောက်ပံ့မှုမလုပ်ခဲ့သည် ရှိသော်, အမေသေလို့ သားသမီး ငိုရမှာတွေလဲ မနည်းလှပါဘူး (မှန်ပါ)။ သား သမီး သေလို့ အမေငိုရမည့် အမေအဖေ ငိုရမည့် အချက်တွေကော (မနည်းလှပါ ဘုရား)။
လိုရင်းမလုပ်မိလို့
အဲ့ဒါ လိုရင်း မလုပ်မိလို့လို့ မှတ်လိုက်ပါ (မှန်ပါ)။ ဘယ်လိုမှတ်ကြ (လိုရင်းမလုပ်မိလို့ပါ)။ လောကွတ်တွေ နဲ့ အချိန်ကုန်ခဲ့လို့ မျက်ရည်နဲ့ လမ်းဆုံးရတယ် (မှန်ပါ)။ ဘယ်လိုမှတ်ကြမလဲ (မျက်ရည်နဲ့ လမ်းဆုံးရပါတယ်)။ ရှင်းကြပါကလား (ရှင်းပါတယ်)။
ဘယ့်နှယ်တုံး ဘာ့ကြောင့် မျက်ရည်နဲ့ လမ်းဆုံး ရတာလဲ (လောကွတ်တွေကြောင့် မျက်ရည်နဲ့ လမ်းဆုံး ရတာပါ)။
လောကွတ်တွေနဲ့ ခင်ဗျားတို့ အပြောများပြီးသကာ လ လိုရင်းမပါတဲ့အတွက် နောက်ဆုံးပိတ် သားသေလို့ အမေငိုတယ်၊ သားသမီးသေတော့ အမေအဖေငိုရတယ်၊ အမေအဖေသေလို့ သားသမီး မျက်ရည်စက်လက်ထွက်ကြ ရတယ်ဆိုတဲ့ဥစ္စာ၊ အင်း နဂိုက လောကွတ်ဇာတ်ဟာ ဒီမှာ သိမ်းတယ် (မှန်ပါ)။
ဘယ်လိုမှတ်ကြမလဲ (လောကွတ်ဇာတ် မျက်ရည်မှာ သိမ်းတယ်မှတ်ရပါမယ်)။ လောကွတ် ဇာတ် မျက်ရည်မှာ ဇာတ်သိမ်းတယ် (မှန်ပါ)။ ဒကာ-ဒကာမ တို့ လောကွတ်ဇာတ်က (မျက်ရည်မှာ ဇာတ်သိမ်းပါ တယ် ဘုရား)။ ရှင်းပါရဲ့လား (ရှင်းပါတယ် ဘုရား)။ လောကွတ်ဇာတ်ကဖြင့် (မျက်ရည်မှာ ဇာတ်သိမ်းပါ တယ်)။ သဘောကျလား (ကျပါတယ် ဘုရား)။
ဒကာ-ဒကာမတို့ ကျေကျေနပ်နပ် သဘောကျကြ ပါတော့ (ကျပါတယ်)။ ရှင်းပြီလား (ရှင်းပါတယ်)။ နှုတ်ကထွက်တတ်ကြပြီလား (ထွက်တတ်ပါပြီ ဘုရား)။ အေး-ထွက်တတ်အောင် ထွက်ပါ။
ကိုင်း-ဒါဖြင့် သင်ကြပါစို့ ဒကာ-ဒကာမတို့ သင်ကြ ပါစို့တဲ့ ဘယ်လိုသင်ကြတုံး ကိုင်း- သားသမီး များကလဲ ဘယ်လိုလုပ်ရမတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်) အမေတို့က ကျွန်တော် တို့ကို အိုမှာ, နာမှာ, သေမှာစိုးရိမ် တယ်။ ကျွန်တော်တို့အတွက် မျက်ရည်မထွက်ရအောင် သားသမီး များကလဲ ကျွန်တော်တို့ ဒါလုပ်တော့မယ် (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။
မအေမိဘတွေကလဲ နင်တို့သားသမီးတွေ မျက်ရည် ကြီးငုယ်ကျတာ ငါမကြည့်နိုင်ဘူးဆိုပြီး ငါမအိုရာ, မနာရာ, မသေရာ ငါအရောက်လုပ်လိုက်မယ်, နင်တို့ ငါအိုတာ, ငါနာတာ, ငါသေလို့ရှိရင် နင်တို့မျက်ရည် ကျလိမ့်မယ်။ နင်တို့ မျက်ရည်ကျတာလဲ ငါအကြည့်မခံနိုင်ဘူး (မှန်ပါ)။ ငါမအိုရာ, မနာရာ, မသေရာကိုဘဲ ငါအရောက်လုပ်မယ်လို့ တကယ်ခင်ဗျားတို့ စိတ်အားတင်းပြီး သကာလ လုပ်ကြမယ် ဆိုလို့ရှိရင်ဖြင့် တကယ်ချစ်ရာခင်ရာ သားသမီးများရဲ့ မျက်ရည်ကျမှုကိုလည်း ဇာတ်သိမ်း ပေးရာရောက်မယ် (မှန်ပါ)။
သားသမီးများကလဲ မအေမိဘမျက်ရည်ကျမှုကို ကိုယ်ကိုယ်တိုင်က လုပ်ပြီး သကာလ မအိုရာ, မနာရာ, မသေရာ သွားလိုက်မယ်ဆိုရင်, မအေမိဘရဲ့ မျက်ရည်ကို ဇာတ်သိမ်းပေးရာလဲ ရောက်မယ် (မှန်ပါ)။
မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ သဘောပါကြသလား (ပါပါတယ် ဘုရား)။
ဒါ-ဘုန်းကြီးက တကယ့်တရားမှန် တရားစစ်ကို ပြောတဲ့အတွက် ခင်ဗျားတို့က မျက်ရည်ကျတဲ့ ဇာတ်ကို သောကပရိဒေဝ ရေလူးလူးဆိုတဲ့ ဇာတ်တွေသိမ်းစေ ချင်လွန်းလို့ အမေလဲသိမ်း၊ အမေ အဖေလဲသိမ်း၊ သားသမီးလဲ သိမ်းတဲ့ဥစ္စာဖြင့် ချစ်ရိုး, ခင်ရိုး၊ ကြင်နာရိုး အမှန်ကဖြင့် ဒကာ-ဒကာမတို့ ဒီလမ်းနဲ့ ဒီစခန်းမှတစ်ပါး လွှဲစရာ မရှိအောင် (မှန်နေတယ်) သဘောပါကြလား (ပါပါ တယ် ဘုရား)။
ကိုင်း-ဒါဖြင့် ခင်ဗျားတို့ပြောနေတဲ့ လောကွတ်တွေ အပိုဘဲ ဆိုတာကော (သဘောကျပါ ဘုရား)။ ရှင်းပြီ လား (ရှင်းပါ ဘုရား)။ ပြောမိကြသေးလား (ပြောမိ ပါတယ်)။ အင်း-ပြောမိရင် ဖျက်ပါ့ဗျား၊ သဘောကျပြီလား (ကျပါ ဘုရား)။ ပြောမိရင် ဘယ့်နှယ့်တုံး (ဖျက်ရမှာပါ)
ဖျက်ရမယ်, ဘာဖြစ်လို့ မဟုတ်တာပြောမိလို့ (မှန်ပါ)။ ဘယ့်နှယ်ကြောင့် ဖျက်ခိုင်းတာပါလိမ့် (မဟုတ်တာ ပြောမိလို့ပါ ဘုရား)။
မဟုတ်တာပြောမိလို့ဆိုတော့ အခုတော့ဖြင့် သား သမီးများကလဲ မအေမိဘ ပြောတဲ့စကား ရိပ်မိပြီ (မှန်ပါ)။ မရိပ်မိသေးဘူးလား၊ (ရိပ်မိပါ ဘုရား)။
အင်း-ဒါလမ်းမမှန်သေးဘူး, အခုပြောနေတာ မအေ မိဘက သားသမီးပြောတာလဲ သားသမီး များက အင်း လမ်း မမှန်သေးပါဘူးဆိုတာ ရွေးတတ်ပါပြီ (မှန်ပါ)။
အင်း-သားသမီးများက မအေမိဘကို အလွမ်းဖြေ ပြောနေပြန်လို့ရှိရင်လဲ လမ်းမမှန်သေးပါဘူး ဆိုတာကော (ပြောတတ်ပါပြီ ဘုရား)။ ပြောတတ်ပြီမဟုတ်လား (မှန်ပါ)။
ကိုင်း – ဒီကရှေ့ မင်းလဲလောကွတ်မလုပ်နဲ့ မင်းတို့ သားသမီးတွေကလဲ တို့မအေမိဘအပေါ် လောကွတ်မလုပ် နဲ့ကွာ, ငါတို့ကလဲ မင်းတို့အပေါ် လောကွတ်မလုပ်တော့ ဘူးဟေ့ မင်းတို့လဲ မဂ္ဂင် အလုပ်လုပ် ငါတို့လဲ မဂ္ဂင်အလုပ် လုပ်မယ် မင်းတို့မဂ္ဂင်အလုပ်လုပ်လို့ရှိရင် ငါတို့မျက်ရည် သိမ်းပေးတာနဲ့ အတူတူပဲလို့ မအေမိဘက ပြောစမ်း (မှန်ပါ)။ သဘောကျလား (ကျပါတယ် ဘုရား)။
နှစ်ဦးနှစ်ဝကျေးဇူးများပါတယ်
သားသမီးများကလဲ ကျွန်တော်တို့ ဒီအလုပ် လုပ်ပါ မယ်ဆိုလို့ရှိရင် လုပ်ဖြစ်အောင် လုပ်တော့မယ်ဆို မအေမိဘ မျက်ရည်သိမ်းပေးတာဘဲ (မှန်ပါ)။ သဘောကျလား (ကျပါ ဘုရား)။
ဒါဖြင့် နှစ်ဦးနှစ်ဝ အင်မတန်ကျေးဇူးများလာတဲ့ သဘောရောက်, မရောက် (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် သားသမီးများကလဲ ဘာလုပ်ပါ့မယ်ဆိုတာကို ကော ဝန်ခံဖို့ကောင်းလဲ (ဝိပဿနာ မဂ္ဂင်အလုပ် လုပ်ပါ့မယ်လို့) ဝန်ခံဖို့ကောင်းတယ် (မှန်ပါ)။
အမေ မိဘတွေကလဲ တို့လဲ မင်းတို့အတွက် မငိုရ အောင် မင်းတို့မငို ရအောင် ငါဇာတ်သိမ်း ပါမယ်ဆိုတဲ့ အလုပ်ကို မအေမိဘတွေက (မှန်ပါ)။ အားတင်းပြီးလုပ်ဖို့ မကောင်းဘူးလား (ကောင်းပါတယ်)။
ကဲ ကိုယ့်သားသမီး ကိုယ့်မျက်စိအောက်မှာ လူပုံ အလယ်မှာ အရှက်တကွဲ အကျိုးနဲ ငိုပွဲဆင်မှာကို (မှန်ပါ)။ မအေမိဘကကော ခင်ဗျားတို့က သေသွားလို့ ကြည့်လို့ကောင်းရဲ့ လား ကျန်တဲ့ပုဂ္ဂိုလ် (မကောင်း ပါ ဘုရား)။
အင်း – ဒါဖြင့် မင်းတို့ငိုပွဲဆင်တာကိုလဲ ငါမဆင်ရ အောင် လုပ်ပါ့မယ်ဆိုတော့ သူတို့မျက်ရည်ကို ခင်ဗျားတို့က လက်ကိုင်ပုဝါနဲ့ သုတ်ပေးတာမဟုတ်ဘူး, ထွက်ကိုမထွက် ဘူး (မှန်ပါ)။ ရိပ်မိပြီလား၊ (ရိပ်မိပါ ဘုရား)။
လက်ကိုင်ပုဝါနဲ့ သုတ်တာလား, ထွက်ကို မထွက်ရတဲ့ နည်းလား (ထွက်ကို မထွက်ရတဲ့ နည်းပါ)။ ကဲ-ဒါဖြင့် တော်တော်ကောင်းတဲ့အလုပ်ပဲ (မှန်ပါ)။
ဘုရား သဗ္ဗညုတဉာဏ်နဲ့ ပြောလိုက်တော့ ဒကာ ဒကာမတွေ အင်မတန်ရှင်းပြီး အင်မတန် လင်းတဲ့ အဓိပ္ပါယ် ဟာဖြင့် ပြောစရာမရှိတော့ဘူး (မှန်ပါ)။ သဘောပါ လား (ပါ, ပါ ဘုရား)။ ဆုံးမတတ်ကြပြီနော် (မှန်ပါ)၊ သွန်သင်တတ် ကြပြီ (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် နေရာကျပြီ၊ ဒကာ ဒကာမတို့ ဒါဖြင့် မဂ္ဂင်အလုပ်ကို ဘုန်းကြီးများကရော, ဘုရားသခင်က ရော, ကွာတဲ့ မဂ္ဂင်မှတစ်ပါး, အမေက သားသမီးကယ်နိုင် တာမရှိဘူး, သားသမီးက အမေကယ်ယူနိုင်တာမရှိဘူးဆိုတာ ဖြင့် အခုတရားမှာ ကောင်းကောင်းသေချာသွားပြီ (မှန်ပါ)၊ သဘောကျလား (ကျပါ ဘုရား)။
သားသမီးက အမေကယ်ချင်လို့ရှိရင်လဲ မဂ္ဂင်ဘက် ရောက်အောင် တိုက်တွန်းရမယ် (မှန်ပါ)။ အမေ အဖေ က သားသမီး တိုက်တွန်းချင်လဲ, ကယ်ယူနိုင်တဲ့နည်းလဲ မဂ္ဂင်နည်း၊ သားသမီးက မအေမိဘ ကျေးဇူးဆပ်တဲ့နည်း ကကော (မဂ္ဂင်နည်းပါ ဘုရား)။
မဂ္ဂင်အလုပ် ပွားနည်းရှုနည်းမှတစ်ပါး ဘာမှမရှိဘူး ဆိုတာ သဘောကျလား (ကျပါတယ် ဘုရား)။
ဤအတိုင်း ဖင်မ, ခေါင်းမ,နေလို့ အပိုဘဲလို့သာ မှတ် စမ်းပါ (မှန်ပါ)။ သဘောကျလား (ကျပါ ဘုရား)။
အင်း – ဒါလေး တစ်ခါတည်း ဒကာ ဒကာမတွေ စီးပွားရေးကလေးတွေနဲ့မလိုက်, အဝတ် ကလေးတွေနဲ့ မလိုက်, ဟုတ်လား အရင်းလေးထုတ်ပေးထားလိုက်, အင်း တော်ကြာ အရင်း ထုတ်ပေးရင်းနဲ့ အိုပွဲ, နာပွဲ, ဆင်နေတာပဲ (မှန်ပါ)။ မဆင်ဘူးလား, ဆင်လား (ဆင်ပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဒီအတိုင်းတော်ပါ့မလား (မတော်ပါ ဘုရား)။ ဪ မအေမိဘတွေကို သက်ကြီး အိုမတွေမို့ ထိုက်တန်တဲ့ အဝတ်တွေဆင်ပြီး သကာလ , ထိုက်တန်တဲ့ အစားအသောက် တွေ ကျွေးနေကြ, တော်ကြာ၊ သူ အိုပွဲ နာပွဲကြီးသွားကြည့်မိလျက်, ကြည့်ရဦးမှာပဲဆိုတာကို ငြင်းဖို့ လိုသေးလား (မလိုပါဘူး)။ ကဲသဘောပါကြလား (ပါ-ပါတယ်)။
ကဲ-ဒါဖြင့် ဒကာ-ဒကာတို့ အမေလဲ ဒီနည်းယူပါ, သားသမီးလဲ ဒီနည်းယူပါဆိုတာ ဘုရား ကတော့ဖြင့် ဟောပြီ (မှန်ပါ)။ မဂ္ဂင်အလုပ်ကို သူသင်တော့မှာပေါ့ (မှန်ပါ)။ မောင်နိုင် ဘာသင်ရမှာလဲ (မဂ္ဂင်အလုပ်ကို သင်ရမှာပါ)။
မဂ္ဂင်အလုပ်သင်ရတော့မယ်ဆိုတော့ ဒကာ-ဒကာမ တို့ မဂ္ဂင်အလုပ်သည်ကားလို့ ဆို ရင် သားသမီးချည်း လုပ်ထိုက်တဲ့အလုပ်လည်းဟုတ်၏၊ သားသမီးချည်း လုပ် ထိုက်တဲ့အလုပ်ကော (ဟုတ်ပါတယ်)။ မအေမိဘချည်း လုပ်ထိုက်တဲ့အလုပ်ကော (ဟုတ်ပါတယ်)။ ဒါကို ဘုရားက သိစေချင်တယ် (မှန်ပါ)။
ဪ သားသမီးများ ချစ်ပါတယ် ခင်ပါတယ်ဆိုလို့ ရှိရင် မအေမိဘ လုပ်ထိုက်တဲ့ အလုပ် ပေါ်လာပြီ (မှန်ပါ)။ သားသမီးများလဲ မအေမိဘ ချစ်ပါတယ်, ခင်ပါတယ်ဆိုလို့ ရှိရင်, အမေမိဘ မျက်ရည်ဇာတ်သိမ်းတဲ့ အလုပ်ဟာ မဂ္ဂင်အလုပ်ပဲ (မှန်ပါ)။ ဆိုနိုင်ကြလား (ဆိုနိုင်ပါ ဘုရား)။
အဲ့ဒါ ယနေ့ သဘောပါကျပလား (ပါ- ပါ ဘုရား)။ ဒါဖြင့် မောင်နဲ့နှမ ဇာတ်သိမ်းတာလဲ ဒါပေါ့ဗျာ (မှန်ပါ)။ လင်နဲ့မယား ဇာတ်သိမ်းချင်ရင်ရော (ဒါပါပဲ)။
ဟာ တစ်ခါ လင်သေလို့ မယားငိုရတာလဲ အရှက် အကွဲ အကျိုးနည်းပဲ (မှန်ပါ)။ ဟုတ်လား အင်း မယား သေလို့ လင်မှာပူဆွေး ဒုက္ခရောက်ရတာလဲ အရှက်တကွဲ အကျိုးနဲ့ဘဲ တစ်ယောက် တစ်ယောက် အရှက်ကွဲ အကျိုးနဲ အလုပ်ကို ဇာတ်သိမ်းချင်ကြလို့ရှိရင်လဲ, အင်း ခင်ပွန်းသည် လုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ခင်ပွန်းမကို မအို, မနာ, မသေတဲ့ဆီပို့တဲ့ အရေးပေါ့ဗျာ (မှန်ပါ)။
အင်း – ခင်ပွန်းသည်ကိုလဲ ခင်ပွန်းမက, ကြင်နာပါတယ်, ယုယပါတယ်ဆိုမှ မအိုမသေ အမြဲနေတဲ့ဆီ ပို့ဖို့ဟာ ခင်ပွန်းမ၏အရေး (မှန်ပါ)။ ဆိုနိုင်ကြလား (ဆိုနိုင်ပါ ဘုရား)။
ကိုင်း-ဒါဖြင့် ဒီတရားသည် တစ်ယောက်ထဲဟောတဲ့ တရားလား, နှစ်ယောက်လုံးလုပ်မှ တစ်ယောက် တစ်ယောက် ငဲ့ရာရောက်ပြီး မျက်ရည်ဇာတ်သိမ်းတဲ့တရားဆိုတာ ဧကန် ဖြစ်မှာပဲ (မှန်ပါ)။ မဖြစ်နိုင်ကြသေးဘူးလား (ဖြစ်နိုင်ပါ ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။ ဒါဖြင့် မောင်နိုင်ရေ နေရာကျပြီ (မှန်ပါ)။
တယ်မြင်တဲ့ ကိုယ်တော်ကြီးပါလားဆိုတာ ဒကာ ဒကာမတို့ ရှင်းပြီလား (ရှင်းပါ ဘုရား)။ သာမည တွေး တုန်းကတော့ မောင်နိုင် အမေသည် မျက်ရည်ဇာတ်သိမ်း တယ်လို့ သားသမီးက မထင်ဘူး-ဟင် (မှန်ပါ)။ သားသမီး၏ မျက်ရည်စက်လက်ဖြစ်ရမည်ကို အမေက, ဇာတ်သိမ်းတယ်လို့ မထင်ရဘူး (မှန်ပါ)။
အခု သေသေချာချာ အမေက မဂ္ဂင်အလုပ်, လုပ် လို့ ခရီးပေါက်သွားပြီဆိုမှဖြင့် သားသမီးများ၏ မျက်ရည်ကို သုတ်စရာလိုသေးလား (မလိုပါဘူး)။
သားသမီးများကတစ်ခါ မဂ္ဂင်ဆိုက်ပြီး သကာလ , အရိယာဘောင်သို့ ရောက်သွားတဲ့အခါ အမေ့မျက်ရည်ကို သားသမီးများ သုတ်သက်ပေးဖို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ တစ်ခါတည်း ခန်းခြောက် သွားတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါတယ် ဘုရား)။ ဘယ်တော့ ပေါ်သေးလဲ (မပေါ်တော့ပါဘူး)၊ ဘယ်တော့မှ မပေါ် ဘူးဆိုတဲ့အရေးဟာဖြင့်, အင်မတန် ကောင်းတဲ့အရေးလို့ ဆို ထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ်)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ အမေက, အခုဟော မယ့် တရားသည်, အမေက သားသမီးကို ရွက်ဆောင်တဲ့ တရား၊ သားသမီးသည် အမေကို (ရွတ်ဆောင်တဲ့ တရားပါ)။
အဲ့ဒီတရား ဟောလိမ့်မယ်ဆိုတာကို ခင်ဗျားတို့ သတ္ထုချပြီး မှတ်လိုက်ကြပါတော့ (မှန်ပါ)။ သဘောပါလား (ပါ-ပါတယ်)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဟောရတော့ မယ်ဆိုလို့ရှိရင် ဥပမာလေးတစ်ခုပြပါရစေဦး, ဥပမာလေး တစ်ခုပြမယ်နော်၊
ဆီမီးခွက် ဥပမာ
ဥပမာတစ်ခု ပြတဲ့အခါကြရင်ဖြင့် ဒီက ဘုရားလက်ထက်ကတော့ ဒီလို ဓာတ်မီးတော့ မရှိတာ ဧကန် မှန်နေတော့ လူတွေ မီးခွက်ထဲမှာ ဆီကလေးထည့်ကွလို့ ဘုရား က ပြတယ် (မှန်ပါ)၊ ဒါလေးကဆီပေါ့ဗျာ (မှန်ပါ)။ သဘောကျလား (ကျပါတယ်)၊ အင်း-ဆီထဲမှာ လဲ တစ်ခါဆီချည်းကလဲ ထ-မတောက်နိုင်တော့ မီးစာလေး, ဂွမ်းမီးစာလေးတပ်ကွ (မှန်ပါ)။ မလာဘူးလား (လာပါတယ်)၊ ဒါဖြင့် ဆီရယ် မီးစာရယ်နော် (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဆီရယ်, မီးစာရယ် ပြီးတော့ ကဲတစ်ခါ မီးစာလေးနဲ့ ဆီတင် (ဆီသာ) ရှိနေပြီးငြား သော်လည်း လင်းဖို့အလုပ်က မီးတောက်ဦးမှဖြစ် မှာ (မှန်ပါ)၊ လင်းဖို့အလုပ်က (မီးတောက်ဦးမှ ဖြစ်မှာပါ)၊ မီးတောက်ဦးမှ ဖြစ်မှာဖြစ်ပြီး သကာလ ကဲ ဥပမာ ထဲ ဘုရားဟောတဲ့ အတိုင်း မီးကလေးလဲ တောက်ပေးလိုက် ကြပါ (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)။
ဒါဖြင့် တစ်ကဆီ, နှစ်က မီးစာ, သုံးက မီးတောက် (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)၊ ကဲ-ဒါဖြင့် မီးတောက်လာလို့ရှိရင် ဒကာ-ဒကာမတို့ အလင်းကလေးတော့ ပါတော့မှာပဲ (ပါ-ပါ ဘုရား)၊ အလင်းရောင် မလာဘူးလား (လာပါ ဘုရား) ကဲ-ဒါဖြင့် လေးက, အလင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဆီ၊ မီးစာ၊ မီးတောက်
တစ်ကဘာပါလိမ့် (မီးစာ)၊ ဆီပေါ့ဗျအောင် မယ်လေး, စောလှချည်လား မီးစာ – နှစ်က ဘာပါလိမ့် (မီးစာပါ ဘုရား)၊ အေးမီးစာပဲ၊ သုံးက ဘာပါလိမ့် (အလင်းရောင်) မီးတောက်မီးတောက် သဘောကျလား (ကျပါ ဘုရား)။
အင်း သုံးက မီးတောက်ကလေး၊ လေးက ဘာပါ လိမ့် (အလင်းရောင်ပါ)၊ အလင်းရောင်ဟေ့ ဆိုတော့ ဒကာ ဒကာမတို့ ဒါသဘောကျကြပါ (ကျပါတယ်)။
ရှင်နန္ဒကမထေရ်
ဒါ-ရှင်နန္ဒကဆိုတာ ကြားဘူးလိမ့်မယ်၊ သူက ဘိက္ခုနီမငါးရာအား ဟောတယ်, ဒီဘိက္ခုနီမ ငါးရာဟာ ဒကာ, ဒကာမတို့ ရှင်နန္ဒက တရားသာ နာရမယ်ဆို ဘိက္ခုနီမ ငါးရာက ဘယ်လောက် ထိအောင် သူတို့စိတ်ထဲမှာ ဆုံးဖြတ် ချက်ချထားသတုံး မေးလို့ရှိရင်ဖြင့် –
ငါသာ ရှင်နန္ဒကတရား နာရမယ်ဆိုလို့ရှိရင် အခု နာရရင် – အခုသောတာပန်တည်ပါရဲ့၊ တချို့ ဘိက္ခုနီမက စိတ်ဆုံးဖြတ်ချက် ချတယ် (မှန်ပါ)၊ တချို့ ဘိက္ခုနီမက လဲ ငါသာ ရှင် နန္ဒက တရားကို နာ ရမယ်ဆိုလို့ ရှိရင် သကဒါဂါမ်တော့ ဧကန်ဖြစ်ပါရဲ့ သဘောကျလား (ကျပါတယ်)။ တချို့ ဘိက္ခုနီမတွေကလဲ, ငါသာ ဒီရှင်နန္ဒကတရား နာရလို့ရှိရင် အနာဂါမ်တော့ ဧကန်ဖြစ်ပါရဲ့ သူတို့ ဆုံးဖြတ် ချက် ချတယ်နော် (မှန်ပါ)။ တချို့ဘိက္ခုနီမကလဲ ငါသာ အရှင်နန္ဒကတရားနာရလို့ရှိရင် ရဟန္တာမတော့ အသေအချာ ဖြစ်ပါရဲ့ (မှန်ပါ)။
စိတ်ကူးလေးမျိုးရှိတယ်
စိတ်ကူးလေးမျိုး မရှိကြလား (ရှိပါတယ်)၊ စိတ်ကူးကလဲ ကြောက်စရာကောင်းတယ် မောင်နိုင်ရ (မှန်ပါ)၊ စိတ်ကူးကလဲ ကြောက်စရာ ကောင်းတယ်၊ နောက်ဆုံး ပိတ် တစ်နေ့ကို စိတ်ကူးအတိုင်း တရားဟာ သွားဖြစ်တတ် တယ် (မှန်ပါ)၊ ဒီဘဝ သောတာပန်လောက် မှန်းထားတဲ့ ပုဂ္ဂိုလ်က တက်လို့ကို မရဘူး (မှန်ပါ)။
အခု ဒီဝတ္ထုမှာ လာနေတာက ဒီရှင်နန္ဒက ဟော တဲ့အခါကျတော့ သောတာပန်လောက် သူ့တရားနာရရင် သောတာပန်တည်မယ်လို့ မှန်းထားတဲ့ပုဂ္ဂိုလ်က သောတာပန် ဒီဘဝ သောတာပန်ဘဲ တည်တယ်, တက်ကိုမတက်ဘူး (မှန်ပါ)။
တချို့က ရှင်နန္ဒကတရားနာရလို့ရှိရင် သကဒါဂါမ် တည်မှာပဲလို့ ဆုံးဖြတ်ချက်ချထားတဲ့ ပုဂ္ဂိုလ်ကလဲ မောင်နိုင် ဘယ့်နှယ်ထင်လဲ (သကဒါဂါမ်ပဲ တည်ပါတယ်)၊ တက် လို့ကို မရဘူး (မှန်ပါ)။ သူ့စိတ်ကူးက အဲ့ဒီမှာ ဆုံးဖြတ် ချက်ချထားတယ် (မှန်ပါ)။
တချို့ကလဲ အနာဂါမ်တည်မှာပါပဲ ရှင်နန္ဒက တရားသာ နာရလို့ရှိရင် အဲ့ဒီပုဂ္ဂိုလ်လဲ တက်လို့မရဘူး (မှန်ပါ)။ တစ်ချို့ကလဲ ရဟန္တာဖြစ်မယ် ဆိုတဲ့ပုဂ္ဂိုလ်ကတော့ တစ်-နှစ်-သုံး-လေး ရောက်အောင် သူတက်မယ် (မှန်ပါ) ဒါကြောင့် စိတ်ပေမဲ့ ဒကာ – ဒကာမတို့ သူ့ဆုံးဖြတ်ချက်က ပေမယ့်လို့ ကြောက်စရာကြီးပါလား (မှန်ပါ)။
ကိုင်း-ဒါဖြင့် ဒါထားလိုက်ပါဦးတဲ့ တစ်နံပါတ်က ဆီ, ဒကာ-ဒကာမတို့ နှစ်နံပါတ်သည်ကား ဆိုလို့ရှိရင် မီးစာ, သုံး – နံပါတ်သည်ကား (မီးတောက်) မီး၊ လေးနံပါတ်သည်ကား အလင်း၊ သဘော ကျလား (ကျပါတယ်)။
ရှင်နန္ဒကဟောမှကျွတ်မှာ
အဲ့ဒီတော့ ဘိက္ခုနီမတွေ တရားဟောဖို့ သာဝတ္ထိ ပြည်မှာ ဘိက္ခုနီမ ခေါင်းဆောင်ကြီးဖြစ်တဲ့ မိထွေးတော် ဂေါတမီက, အရှင်ဘုရား တပည့်တော်တို့ ဘိက္ခုနီမတွေ ဆုံးမတော်မူပါ၊ တရားဟော တော်မူပါ, အလှည့်ကျနဲ့ တပည့်တော်တို့ချည်း ပစ်မထားပါနဲ့ ဘိက္ခုနီမငါးရာပေါ့လေ, ပစ် မထားပါနဲ့ ဆိုပြီး သကာလ , လျှောက်တော့ –
ဘုရားက ဒါဖြင့် အလှည့်ကျတရားဟောစေလို့ ခုနရဟန္တာတွေ အမိန့်ထုတ်လိုက်တယ်၊ အလှည့်ကျ တရား ဟောစေဆိုတော့ အလှည့်တွေက အကုန်ကျကုန်တော့ ရှင်နန္ဒက တစ်ပါးပဲ ကျန်တယ် (မှန်ပါ)။
ရှင်နန္ဒက တစ်ပါးပဲ ကျန်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ သိတယ်၊ သူကလဲ သူ့အလှည့်ကျ လာလို့ရှိရင်, အပ်ချုပ်စရာ ရှိသေးတယ်, ခရီးသွားစရာရှိသေး တယ်, ဟောကို မဟောချင်ဘူး၊ သူကလဲ မဟောချင်ဘူး၊ ဘိက္ခုနီမတွေကလဲ သူဟောမှကို ကျွတ်မှာ၊ ဘုရားဟော လို့ကို မကျွတ်ဘူး (မှန်ပါ)။
ဘုရား၏ဝေနေယျမဟုတ်
ခက်လိုက်တဲ့ဖြစ်ခြင်း ဒကာ-ဒကာမတို့ ဘိက္ခုနီမတွေ က, ဘုရားဟောလို့ (မကျွတ်နိုင်ပါဘူး)၊ ဒီပြင် ရဟန္တာ တွေ ဟောတော့ကော (မကျွတ်ပါဘူး)၊ မကျွတ်ဘူးတဲ့သူက ဒကာ ဒကာမတို့ တရားကတော့ ဒီလက္ခဏာရေးသုံးပါးပဲ (မှန်ပါ)၊ ကျွတ်ပါရဲ့လား (မကျွတ်ပါ ဘုရား)။
မဟုတ်ဘူးတဲ့ ရှင်နန္ဒကရဲ့ ဝေနေယျတဲ့ (မှန်ပါ)၊ ဘုရားရဲ့ ဝေနေယျမဟုတ်ဘူး (မှန်ပါ)၊ ဘယ်လောက် ကြောက်စရာကောင်းလဲ ဒကာ-ဒကာမတို့ (ကောင်းပါတယ် – ဘုရား)။
သူ့ဝေနေယျဆိုတာ သူ့တပည့်သားမြေးကို သူချွတ်မှ ရတယ်၊ ဘုရားချွတ်မှရတဲ့ပုဂ္ဂိုလ်က ဘုရားချွတ်ရတယ် (မှန်ပါ)၊ အင်း သာဝက ချွတ်မှရမည့်ပုဂ္ဂိုလ်က (သာဝကချွတ်ရပါမယ်)၊ အင်း-သူ့-ဝေနေယျနဲ့သူ ဆိုတာလဲ ခင်ဗျားတို့ မှတ်ထားဖို့ကောင်းတယ် (မှန်ပါ)။
ရှင်နန္ဒက၏ဝေနေယျ
ဘုရားက သာဝက ဒီရှင်နန္ဒက ချွတ်မှရမည့် ဘိက္ခုနီမ တွေဆီကို ရဟန္တာတွေ အလှည့်ကျ ဟောစေလို့ ဆိုတာ သူ သွားမဟောဘူး (မှန်ပါ)၊ ဟောရဲ့ လား (မဟော ပါ ဘုရား)၊ အလှည့်ကျ ဟောစေလို့သာ အမိန့်ထုတ်လိုက်ပါ တယ်ဆိုတာ ဒကာ-ဒကာမတွေ မှတ်ထားလိုက်ပါ
မြတ်စွာဘုရားက ဒီနေ့ဘယ်သူ့ အလှည့်ကျတုံးကွ ညီတော်အာနန္ဒာရ ညီတော်အာနန္ဒာက အစီအစဉ် ထုတ်ရ တာကို အရှင်ဘုရား တခြားသံဃာတော့ အကုန်စေ့ကုန်ပြီ ဘုရား၊ ရှင်နန္ဒကကလဲ ပြောလို့မရဘူး သူမဟောချင်ဘူးတဲ့။ ပရိယာယ်ရှာပြီး ခရီးသာ ထွက်ထွက်နေတာပဲ, ကိစ္စတွေသာ ပြနေတာပဲ၊ ဒါဖြင့် ခေါ်ကွာ၊ ဒါဆို ငါ့အမိန့်နဲ့ ခေါ်လိုက်ဆိုတော့-
ရှင်နန္ဒကကြွလာတယ်, မင်းဒီနေ့ ဘိက္ခုနီမတွေကို တရားဟောရမယ်ကွ, အမိန့်ထုတ် လိုက်တယ်၊ ဒါနဲ့ သူဆွမ်းခံ ပြန်လာပြီး သကာလ , ဘိက္ခုနီမကျောင်း ဝင်ပြီး သကာလ ခြေဖဝါးဆေး, နေရာထိုင်ခင်းတွေ ဟိုက ပေးတဲ့အခါမှာ သူက ထိုင်ပြီး သကာလ , တရားဟောတယ်။
ဟောတော့မယ်လို့ ထိုင်လိုက်တဲ့အခါ မောင်နိုင် သူနဲ့ ကျွတ်ချင်, ကျွတ်ဖို့ရာ စောစောစီးစီးက သိသိသာသာဖြစ် နေတယ် (မှန်ပါ)။
နားမလည်သေးရင်ပြန်ပေးနိုင်တယ်
သူ့တရားပွဲ ထိုင်လိုက်ရင်ပဲ, ဘိက္ခုနီမတို့ ဘိက္ခုနီမ ငါးရာကလဲ ရောက်လာတာကိုး၊ သင်တို့ကို ငါတရားဟော တော့မယ်။
ကဲ, သို့သော်လဲတဲ့ သင်တို့ ငါဟောတာချည်းကို တစ်ခါတည်းသင်တို့က နားထောင်မနေပါနဲ့၊ ဟောတဲ့အထဲ က အခုသံသယ ရှိတယ်ဆို ဒါ-တပည့်တော်တို့ အခု နားမလည်သေးဘူး, ထပ်ပြောပါဦးလို့ ပြန်မေးရမယ် (မှန်ပါ)။
ပြန်မေးခဲ့လို့ရှိရင်ဖြင့် ငါကလဲ အဆင်သင့်ပဲ ပြန်ဖြေ ဖို့ရာဟာ ဒီဝတ္တရားဟာ ငါ့မှာရှိတယ် ဆိုတော့ ဒီတွင် ဘိက္ခုနီမ ငါးရာက ကိုမြင့်တို့-မောင်နိုင်တို့ -ဒိပြင် ရဟန္တာတွေက ဟောသွားတော့ ဒီစကားမျိုး, တစ်လုံးမှ မသုံးဘူး (မှန်ပါ)။
သူ့ပါရမီရေစက်က ပါလာပြီပေါ့ (မှန်ပါ)။ အခုတော့ဖြင့် အင်း-တို့တရား မဟောရသေးဘူး, ဟောတော့ မယ်, ဟောမည့် တရားထဲက နားမလည်လို့ရှိရင် ပြန်လဲ မေး နိုင်တယ်၊ အဖြေလဲ ပေးနိုင်တယ်, မဖြေနိုင်တဲ့ ပုဂ္ဂိုလ်က ပြန်မေးရမယ်၊ နားလည်တယ်, နားမလည်တယ်လဲ မင်းတို့ကို မေးလိမ့်မယ်၊ မေးတဲ့ အခါကျတော့ နားလည်ရင် နားလည် တယ်လို့ပြန်ပြော၊ နားမလည်လို့ရှိရင်၊ ဒါနားမလည်သေးဘူး။ ထပ်ဟောပါဦးလို့ မင်းတို့ကပဲ, လျှောက်နိုင်တယ်။
ဘုန်းကြီးကသူ့ဟောနည်းအတိုင်းဟောနေတာ
သူဟောနည်းကို ဘုန်းကြီးများ ဟောနေတာကို ရိပ်မိ လား (ရိပ်မိပါ ဘုရား)၊ ဒီ ဒကာ-ဒကာမ တို့ နားလည် ရဲ့လား မေးလိုက်တယ်၊ ဒါဘာတုန်း, ဒါဘာတုန်းလို့ အခုပြ ဟောနေတာသည်, ရှင်နန္ဒကတို့၏ ဟောနည်းကို ပြောနေ တယ်ဆိုတာကော သက်သေခံ လုံလောက်ပြီ (မှန်ပါ)။
ရှေးက ဒီလိုမရှိဘူး (မှန်ပါ)၊ ရှေးကတော့ ဟောတဲ့ ဘုန်းကြီးက, ယပ်ကြီးထောင်ပြီး ဒီအတိုင်း ဟောသွား တာ, ပြီးတာပဲ၊ “ဗုဇ္ဈတီတိ ဗုဒ္ဓေါ”ကစပြီး သကာလ , ဤကား အဘိဓမ္မာ ဒေသနာတော် မြတ်သည်ကား ဆိုပြီးတာပဲ, ဘယ်သူ ဘာမေးနေတာ မဟုတ်ဘူး၊ ထသွားတာပဲ, ဒီအတိုင်းချည်းပဲ အဲ့ဒါ နားမလည်လဲ နေရစ်, နားလည်လဲ (နေပါ) နေရစ် ဆိုတော့ အတော်ခဲယဉ်းပါလား (ခဲယဉ်းပါတယ်)။
စာကလဲ စီကာပတ်ကုံးတွေနဲ့သာ စီကုံးပြီး သကာလ ထားလိုက်တော့ လင်္ကာပတ်ကုံး, ဟိုက ကျက်တဲ့ဘုန်းကြီးကလဲ မနည်းရအောင် ကျက်ထားရတယ်၊ ကိုယ့်ဟာဆုံးဖို့ အရေးကြီးနေတာပဲ, ခင်ဗျားတို့ နားလည်, မလည်အရေး မကြီးနိုင်ဘူး (မှန်ပါ)၊ သဘောပါလား (ပါ- ပါတယ်)။
အဲ့ဒီလို ဟောတဲ့အထဲမှာ ဘယ်ကလာ ကျွတ်တမ်း ဝင်နိုင်ပါ့မလဲ (မဝင်နိုင်ပါဘူး)၊ အင်မတန်ရင့်တဲ့ ပုဂ္ဂိုလ် ဖြင့် ဘုန်းကြီးတို့ မဆိုလိုဘူးပေါ့ဗျာ (မှန်ပါ)၊ ဒီအထဲမှာလဲ အလုပ်စဉ်က ပါပါရဲ့ လားဆိုတော့ အလုပ်စဉ်က ခန္ဓာငါးပါး အနိစ္စတရား ရှုတယ် ဆိုတာလောက်ပဲ ပါတာပဲ (မှန်ပါ)။
ခန္ဓာငါးပါးလဲ အသေအချာ မဟောဘူး၊ အနိစ္စတရား ရှိတယ်ဆိုတာလဲ, ဘာအနိစ္စပါလိမ့် မတုံးလို့ ကွင်းကွင်း ကွက်ကွက်လဲ ဖော်သွားနိုင်တာ မဟုတ်ဘူး (မှန်ပါ)။ အင်မတန် မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်)။
အင်မတန်အဖိုးတန်တဲ့ခေတ် – ကဲ-အခုတရားမျိုးတွေကတော့ ရှေ့မှာလဲ အခုလို ချပြပြန်တယ်, နားမလည်တာကိုလဲ မလည်သေးလဲမေး၊ အင်း လည်လား, မလည်လားလဲမေးတယ်၊ မလည်သေးတယ် ထင် လို့ရှိရင်လဲ, အင်းဒီဥစ္စာထပ်ပြောပါဦးဆိုလို့ရှိရင် ပြောတဲ့ တရားတွေ ဖြစ်နေတော့ အင်မတန် အဖိုးတန်တဲ့ခေတ်ပဲလို့ ဆိုတာကော ဒကာ-ဒကာမတွေ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ အင်မတန်အဖိုးတန်တဲ့ခေတ်နော် (မှန်ပါ)။
ရှေးယပ်ထောင်ခေတ်ကြီးဟာ ဘယ်လောက်ကြာ လာ တယ်လို့ ကျုပ်မပြောတတ်ဘူး (မှန်ပါ)၊ သဘော ကျလား (ကျပါတယ်)။
အဲ့ဒီ ယပ်ထောင်ခေတ်ကြီးက ဘုန်းကြီးလဲ မမြင်ရဘူး ကွ သူ့ဟာ “ဗုဇ္ဈတီတိ ဗုဒ္ဓေါ” ကနေ ဝိဂြိုဟ်တွေ စနေတာ ပဲ (မှန်ပါ)၊ သဘောကျလား (ကျပါ ဘုရား)။ နောက် ဆုံးပိတ် ခက်ခဲတဲ့ နက်နဲတဲ့ အဘိဓမ္မာ, ဒေသနာတော်မြတ် သည်ကားဆို “ကုသလာဓမ္မာ , အကုသလာဓမ္မာ” ဆိုဒါနဲ့ပဲ နိဗ္ဗာန် ရောက်စေ (မှန်ပါ)။
ဒီလို ဖြစ်သွားတာ (မှန်ပါ)၊ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား)၊ ဉာဏ်ထဲရှင်းဖို့ လင်းဖို့ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်)။
ရင့်တဲ့ပုဂ္ဂိုလ်တော့ ဘုန်းကြီးတို့ မဆိုလိုဘူးပေါ့ဗျာ (မှန်ပါ)၊ ဒီလို မရမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပဒပရမပုဂ္ဂိုလ်တော့ မဟုတ်ပါဘူးလို့ ဝိဘဇ္ဈိတညူပုဂ္ဂိုလ်တွေ, ဝေဖန်ဟောမှ ရ မည့် ပုဂ္ဂိုလ်တွေ၊ ဝေဖန်မှ မဝေဖန်တော့ဘဲ တောက်လျှောက် ပြောတော့တာပဲ (မှန်ပါ)၊ ရနိုင်ဖို့ အတော်မခဲယဉ်းဘူး လား (ခဲယဉ်းပါတယ်)။
ကဲ-ဒါဖြင့် ဒကာ-ဒကာမတို့ အခု-ရှင်နန္ဒကဟောပုံ က အတော်ကောင်းတယ်နော် (မှန်ပါ)။ ဘိက္ခုနီမတွေ ထိုင်ကာ ရှိသေးတယ်, တရားမဟောသေးဘူး၊
‘‘ကဲ အသင် ဘိက္ခုနီမတို့ အသင်ဘိက္ခုနီမတို့ကို ငါတော့ တရားစတော့ မယ်၊ ဟောတဲ့အခါကျ ဟောတဲ့အထဲက နားလည်ရင်လဲ လည်တယ်ပြောကြပါ၊ နားမလည်လို့ရှိရင်လဲ ပြန်မေးပါ။ ပြန်မေးတဲ့ အခါလဲ ငါက အဖြေအဆင်သင့် ပေးဖို့ပါပဲ’’ ဆိုတော့ တရားမနာခင်ကိုက စိတ်ကရွှင်ကုန်ပြီ (မှန်ပါ)၊ တရား မနာခင်က ဘယ့်နှယ် (စိတ်ကရွှင်ကုန်ပါတယ်)။
ဘယ်ကိုယ်တော်မှ ဒီလိုမပြောဘူး၊ ဗုဇ္ဈတီတိဗုဒ္ဓေါ ကိုယ်တော်ချည်းဘဲဆိုတဲ့ အဓိပ္ပါယ် ရောက်နေတယ် (မှန်ပါ)၊ သဘောကျလား (ကျပါတယ်) အဲ့ဒီလို သူ ဖြစ်ပြီး သကာလ နေတော့ ဘယ်ကိုယ်တော်၊ ဘယ်ရဟန္တာကြီး တွေ ရှင်သာရိပုတ္တရာဟော, ရှင်အာနန္ဒာဟော အမျိုးမျိုး အဖုံဖုံ ဘုရား လက်ထက်ကတော့ ရဟန္တာတွေ အစုံပေါ့လေ (မှန်ပါ)၊ အလှည့်ကျနဲ့ ဟောရတာ ဘယ်သူမှ တို့ ဒီလို မပြောဘူး။
ဟာ – တို့ရှင်နန္ဒကကတော့ဖြင့် မသိရင်မေးနိုင်သတဲ့ အင်း ပြန်လဲ ဖြေရမတဲ့ဆိုတော့ အင်းတို့ဖြင့် ဒီတစ်ခါ သောတာပန်တည်ရမှာ၊ သကဒါဂါမ်တည်ရမှာ, သူ့မှန်းချက်တွေ အကုန် လာကုန်တာပဲ (မှန်ပါ)၊ မလာပေဘူးလား (လာပါ ဘုရား)။
အင်း-အဲဒီတင်မှ ရှင်နန္ဒက က ကဲ-ရိုရိုသေသေနာ ကြဆိုပြီး ပထမ ဥပမာလေး သူကပြတယ်။
မီးတောက်နှင့် အလင်း ဥပမာ
ခုနက တစ်နံပါတ်ကဘာတဲ့ (ဆီပါ)၊ နှစ်နံပါတ် က (မီးစာ) မီးစာ သုံးနံပါတ်က (မီးတောက်ပါ)၊ အင်း-မီးတောက်။ လေးနံပါတ်က (အလင်းပါ)၊ အလင်း မီးတောက်နဲ့အလင်းနဲ့ဟာလဲ မီးတောက်က ဒီနားတင်တောက်တာ မောင်နိုင်နော် (မှန်ပါ)၊ အလင်းကတော့ သူအားရှိသလောက် ဥပမာမယ်- ဆယ်ပေပတ်လည်, ပေါ် တစ်ရာ ပတ်လည်, သူသွားချင်သွားမှာ (မှန်ပါ)၊ အဲ့ဒါကြောင့် မီးတောက်နဲ့ အလင်းနဲ့ တခြားစီမှတ်ပါ (မှန်ပါ) သဘောကျလား (ကျပါတယ်)။
ကိုင်း-ဒါဖြင့် ဒီလိုထားလိုက်ပြီး သကာလ , ဥပမာနဲ့ပဲ ရှင်းကြည့်ပါတော့တဲ့၊ ဆီကလဲ ခန်းတတ် ပျောက်တတ်တဲ့ အမျိုး (မှန်ပါ) သဘောကျလား (ကျပါတယ်)၊ မီးစာကလဲ ပျောက်ပျက်တတ်တဲ့အမျိုး (မှန်ပါ)။ သဘောကျ ပြီနော် (ကျပါပြီ)၊ မီးကလဲ သေတတ်တဲ့အမျိုးပဲ (မှန်ပါ)။
ဒါဖြင့် ဆီလဲ ခန်းတတ်တဲ့အမျိုးမို့ ခန်းရမယ်၊ မီးစာ ကလဲ ပျောက်ပျက်တတ်တဲ့အမျိုးမို့ ပျောက်ပျက်ရမယ်၊ သဘောကျလား (ကျပါတယ်)၊ အင်း-မီးတောက်ကလဲ ငြိမ်းတတ်တဲ့အမျိုးမို့ ငြိမ်းရမှာပဲ (မှန်ပါ)။
အဲ့ဒီကဲ့သို့ ငြိမ်းခဲ့သည်ရှိသော် ဒီအရောင်ကြီး ဒီ သုံးမျိုးကြောင့် ဆက်သွယ်, ဒီသုံးမျိုးတည်း ဟူသော အကြောင်းကြောင့် ဆက်သွယ်နေတဲ့ အလင်းဆိုတာဟာ မောင်နိုင် ဒီသုံးမျိုးထက် အရင်ကျကျ ပျက်စီးရမယ် (မှန်ပါ)။
ဒကာ-ဒကာမတို့ ဒီအထဲမှာ ဆီရယ်, မီးစာရယ်, မီးရယ်, အလင်းရယ်ဟာ ဘယ်သူအရင့်ဆုံး ပျောက်သင့် သလဲမေးရင် ဘယ့်နှယ်ပြောကြမလဲ၊ အလင်းဟာ အရင်ပျောက် သင့် ပါတယ်၊ သဘောကျလား (ကျပါတယ်) အလင်းဟာ အရင်ဆုံး ပျောက်သင့်တယ်ဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်းရှင်းပါပြီ (ရှင်းပါတယ်)။
ဪ-ဒါဖြင့် ဒကာ-ဒကာမတို့ ဘာ့ကြောင့် အလင်း အရင်ပျောက်ပါလိမ့်မတုံးလို့ အမေး ထုတ်ခဲ့သည် ရှိသော်, ပျောက်တတ်တဲ့ဓမ္မအပေါ်မှာလဲ အမြန်ဆုံးပျောက်ရမည့် တရားက အလင်း (မှန်ပါ)။
ပျောက်တတ်တဲ့တရား သုံးခုအပေါ်မှာ အမြန် တစ်နံပါတ်, ရှေးဦးစွာ ပျောက်ရမည့် တရားက ဘယ်သူပါလိမ့် (အလင်းပါ)၊ သဘောကျလား (ကျပါတယ်)၊ အင်း ဆီ ကတော့ဖြင့် မီးစာမရှိလို့သာ မတောက်လိုက်ရတယ် ဆီကျန် ရှိချင် ရှိဦးမယ် (မှန်ပါ)၊ မီးစာကလဲ လေတိုက်လို့သာ,
သေသွားတယ်၊ မီးစာကျန်ရှိချင်ရှိမယ် (မှန်ပါ)။
မီးကလဲ လေတိုက်လို့သာ သေသွားရတယ်၊ သူသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် တောက်နိုင်သေးတဲ့ စွမ်းရည်သတ္တိရှိ ပါတယ်, လေမနိုင်လို့ သဘောကျလား (ကျပါတယ်)။
ဒီပြင်ဟာတွေကတော့ ခြွင်းချက်ရှိမယ်ဆို ရှိနိုင်သေး တယ်တဲ့, ဒီအလင်းကတော့ ဒီသုံးပါး တပါးပါးသာ ချုပ် သူ အရင်ပြုတ်မှာပဲတဲ့ (မှန်ပါ)၊ ရှင်နန္ဒက က ဟောနေတယ်၊ သဘောကျလား (ကျပါတယ်)။
အင်း – ဒါဖြင့် ဒကာ-ဒကာမတို့ ဆီရယ်, မီးစာရယ်, မီးရယ်, အလင်းရယ်, ဘယ်သူ အရင်ပျောက်ဖို့ အကြောင်း အကျိုးဆက်ကြည့်ကြစမ်း၊ (အလင်းရောင်ပျက်ဖို့ပါ)။
အလင်းရောင်ပျက်ဖို့ဟာ အလွန်အရေးကြီးပါတယ် (မှန်ပါ)၊ အလင်းဟာ အရင်ပျက်မည့် တရားပဲ ဆိုတာ ဒကာ-ဒကာမတို့ သဘောကျလား (ကျပါတယ်)။
သူက ဆီကုန်လဲ သူကအရင်ပျောက်ရမှာပဲ (မှန်ပါ)၊ မီးစာကုန်လဲ (သူက အရင်ပျောက် ရပါမယ်)
မီးငြိမ်းရော (သူကအရင်ပျောက်ရမယ်)။ သူက အရင် ပျောက်မှာချည်းဖြစ်နေတော့ ကိုင်း – ဘိက္ခုနီမတို့ ဒီဥစ္စာသာ သင်တို့ကြည့်ကြတော့ အလင်းဟာ အရင်ပျောက်ရမယ်ဆို တဲ့ အဓိပ္ပါယ်, အားလုံး ဒကာ ဒကာမတွေကော ရှင်းပါပြီ (ရှင်းပါတယ်)။
ခန္ဓာထဲသွင်းကြပါစို့
ကိုင်း – ဒါဖြင့် ဒါက ရှင်နန္ဒက က ဥပမာအရင်ပြပြီး သုကာလ ကိုင်း ဒကာ-ဒကာမတို့ ခန္ဓာထဲ သွင်းကြပါစို့၊ သဘောကျလား (ကျပါတယ်)။
ခန္ဓာထဲမှာ ဟောဒီ, အောက်က ဒကာ-ဒကာမတို့ ခင်ဗျားတို့ မျက်လုံးရုပ်ကလေးပေါ့ဗျာ (မှန်ပါ)၊ မျက်လုံး အကြည်ရုပ်ကလေးနော် (မှန်ပါ)၊ မြင်စိတ် မပါသေးဘူးနော် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)၊ အင်း ဆီနဲ့ မျက်လုံး အကြည်ရုပ်နဲ့ အတူတူပဲ (မှန်ပါ)။ အဆင်း နဲ့ ဒကာ ဒကာမတို့ မီးစာနဲ့မတူဘူးလား (တူပါတယ်)။
အင်း-ဒါဖြင့် ဒကာ-ဒကာမတို့ မီးတောက်ကလေးနဲ့ ဘာနဲ့တူပါလိမ့်မတုံးဆိုတော့ မြင်စိတ် ကလေးနဲ့ တူတယ် (မှန်ပါ) သဘောကျလား (ကျပါတယ်)၊ မီးတောက် ကလေးနဲ့ ဘာနဲ့တူတုံး (မြင်စိတ်ကလေးနဲ့ တူပါတယ်)။
မြင်စိတ်ကလေးနဲ့တူတော့ အင်း နောက်ကျတော့ မြင်တာ လေးကို ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မြင်တာလေး ကို ကောင်းတယ်ဆိုတဲ့ ဝေဒနာလေး မလာဘူးလား (လာပါတယ်)။
ဝေဒနာကအလင်းနဲ့တူတယ်
အင်း-ကောင်းတယ်ဆိုတဲ့ဝေဒနာလေးက အလင်းပါ, အင်း မြင်တာလေးက, မကောင်းပါဘူး ဆိုတဲ့ဥစ္စာလေးကော (အလင်းပါ)၊ မြင်တာလေးဟာဖြင့် အင်း မြင်ကာမျှပဲ ဆိုတာကော (အလင်းပါ)၊ ဒီဝေဒနာလေးက အလင်းနဲ့ တူတယ် (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)။
ဒါ ရှင်နန္ဒက က ဟောနေတာ ဒကာ-ဒကာမတို့ (မှန်ပါ)၊ မျက်လုံးရယ်, အဆင်းရယ်, မြင်စိတ်ကယ်, သုံးခု (မှန်ပါ)၊ အင်း အဲ့ဒီတော့ကိုတဲ့ ခုနက ဒကာ ဒကာမတို့ အနိစ္စသုံးခုအပေါ်မှာ, မှီနေရတဲ့ အလင်းသည်ကားဆိုလို့ ရှိရင် သူဟာ အရင်ပျက်ထိုက်တယ် (မှန်ပါ)၊ သဘော ကျလား (ကျပါတယ်)။
ဝေဒနာသည် အရင်ပျက်တဲ့တရား
ဒီမှာလဲ ဒကာ-ဒကာမတို့ ဝေဒနာရှုခိုင်းတာက, အရင်ပျက်ထိုက်တဲ့ တရားလို့ အသေအချာ မှတ်ပါတဲ့ (မှန်ပါ)၊ ဘာ့ကြောင့်တုံး, အပျက်တွေ ပျက်ရမည့်တရားက တည်ထောင်လာတဲ့ ဝေဒနာ (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)။
အင်း – မျက်လုံးရုပ်ကလဲ ပျက်ရမှာပဲ (မှန်ပါ) မြင်တဲ့အဆင်းရုပ်ကရော (ပျက်ရမှာပါ)၊ မြင်စိတ်ဆိုတဲ့ စက္ခုဝိညာဏ်ကကော (ပျက်မှာပါ)။ အဲ့ဒီအပေါ်မှာ သူက မှီနေရတဲ့ဝေဒနာ၊ မြင်ပြီးမှကောင်း, မကောင်းလာတာ (မှန်ပါ)။
အဲ့ဒီတော့ ဝေဒနာက အလင်းနဲ့မတူဘူးလား၊ (တူပါ တယ်)။ အဲဒါကြောင့် ဒီဝေဒနာ သည်ကားဆိုရင် ဒကာ ဒကာမတို့ အလင်းရောင်နဲ့ အင်မတန်တူတယ် (မှန်ပါ)။
အလင်းရောင်နဲ့တူတော့ ဒီဥစ္စာဟာ မပျက်ထိုက်ဘူး, ပျက် ထိုက်တယ် ဆိုတာလဲ, ဒကာ ဒကာမတို့ဆီကလဲ ခန်းတတ်တဲ့ အမျိုးမို့ ဆီခန်းလဲ သူပျက်တာပဲ (မှန်ပါ)၊ သဘောကျ လား (ကျပါတယ်)၊ မီးစာပျက်ကော (သူပျက်ပါတယ်)၊ မီး သေကော (သူပျက်ပါတယ်)။
သို့သော် သူသည် ရှေ့နောက်ခွဲတဲ့အခါမှာ အရင်ဆုံး ပျက်ထိုက်တဲ့ တရားထဲ သူအပါအဝင် (မှန်ပါ)။ သဘောကျလား (ကျပါတယ်)၊ ဒါ့ကြောင့် ခင်ဗျားတို့ ဝေဒနာရှုတဲ့အခါကျလို့ရှိရင်ဖြင့် အင်း ဒီ မီးစာကုန်လို့ရှိရင်လဲ သူပျက်တယ် (မှန်ပါ)၊ သဘောကျလား (ကျပါ တယ်)၊ ဆီခန်းတော့လဲ (သူပျက်ပါတယ်)၊ မီးစာ မကောင်းလို့လဲ (သူပျက်ပါတယ်)၊ မီးငြိမ်းလို့လဲ (သူပျက်ပါတယ်)။ –
သူပျက်တယ် ဆိုတော့ ဒကာ-ဒကာမတွေ သန္တာန်မှာ ဟောဒီမှာ မီးစာဆိုတာသည် ဒီဆီ ဆိုတာက ဒကာ ဒကာမ တွေ သိတဲ့အတိုင်း, ဒါရုပ်တရားပါ (မှန်ပါ)၊ စက္ခုပဲ ထားပါတော့ (မှန်ပါ)၊ ရူပါရုံ ဆိုတာကလဲ, ရုပ်တရားပါ (မှန်ပါ)၊ ဟော ရုပ်နှစ်ခုပါသွားပြီ (မှန်ပါ)၊ မြင်စိတ်ကလေး ဆိုတာ နာမ်တရားပါ (မှန်ပါ) ဟိုဥစ္စာ ဝိညာဏက္ခန္ဓာ ပါမသွားဘူးလား (ပါသွားပါတယ်)၊ အင်း မြင်တတ်တဲ့ ဝေဒနာဆိုတော့ ဝေဒနာက္ခန္ဓာကော မနေဘူးလား (မှန်ပါ)။
ဒီထဲ ရူပက္ခန္ဓာတစ်ခု, ဝိညာဏက္ခန္ဓာကတစ်ခုမှ (ဝေဒနက္ခန္ဓာက တစ်ခု၊ သင်္ခါရက္ခန္ဓာ ကတော့ပါပြီးသား ဖြစ် – နေတယ် (မှန်ပါ)၊ မနေပေဘူးလား (နေပါတယ်)
အဲ့ဒီတွင် အရိပ်သဖွယ်, အလင်းသဖွယ်ဖြစ်တဲ့ ဝေဒနာသာ ခင်ဗျားတို့က လှည့်သာရှု၊ ကျန်တာသူနဲ့ အတူတူငြိမ်းတာပဲ (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)။
မီးသေလို့အလင်းပျောက်တာ
သူတို့ငြိမ်းဖို့ဟာ လိုသေးလား (မလိုပါဘူး)။
ပြီးတော့ ခင်ဗျားတို့ ပျက်တယ်လို့ ရှုတဲ့အခါမှာလဲ သံသယ မရှိပါနဲ့တဲ့၊ ဪ မီးသေလို့ ဒီအလင်း ပျောက်တယ် ဆိုသလို ပေါ့ကွာ (မှန်ပါ)၊ ဝိညာဏ်ချုပ်လို့ သူချုပ်တယ် (မှန်ပါ)။ ရူပါရုံချုပ်လို့၊ (သူချုပ်ပါတယ်)၊ အင်း စက္ခု ပသာဒချုပ်လို့ (သူချုပ်ပါတယ်)။
ဒီလိုရှုလိုက်တော့ကို အဲဒါတွေက သိလို့ မှတ်ပြီး သကာလ သူကလေး ပျက်တာသာ ကြည့်ပြီး သကာလ , ပျက် ပြီ ပျက်ပြီ သုခဝေဒနာတွေ ပျက်ပြီ, ဒုက္ခဝေဒနာပျက်ပြီး ဥပေက္ခဝေဒနာ ပျက်ပြီလို့ စွဲသာရှုနေ, ကျန်တာတွေဟာ သူနဲ့ရော ပျက်တာချည်းလို့ မှတ်လိုက် (မှန်ပါ)။ ဘိက္ခုနီမတွေ ကို ဟောလိုက်တယ် (မှန်ပါ) သဘောကျလား (ကျပါတယ်)။
ဝေဒနာကိုငါ့ကိုယ်ငါ့ဟာ မဆိုနိုင်ပါ
အဲ့ဒီပျက်နေတဲ့တရားကို ဒကာ ဒကာမတွေကတဲ့ ပျက်နေတဲ့ ဝေဒနာကို, ဒကာ ဒကာမတွေက, ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်ပါရဲ့လား (မဆိုနိုင်ပါဘူး)။
မဆိုနိုင်ဘူးတဲ့ ဒါ ပျက်တာဟာ ဘယ်သူမှမဆိုင်လို့ မပိုင်ခြင်းကြောင့် အနတ္တတရား သက်သက်ပဲ (မှန်ပါ)၊ သဘောကျလား (ကျပါတယ်)၊ အနိစ္စတရား သက်သက် ပဲဆိုရင် (မလွဲပါဘူး)၊ ဒုက္ခတရား သက်သက်ပဲဆိုရင်ကော (မလွဲပါဘူး)၊ အနတ္တတရား သက်သက် ဆိုရင် ကော (မလွဲပါဘူး)။
အကြောင်းတရားပျက်လို့ အကျိုးတရားပျက်တယ်
အဲ့ဒီ ဝေဒနာလေးဟာ ဒကာ-ဒကာမတို့ အရင်ပျက် ရမည့်တရား၊ ဒီတင် ဘိက္ခုနီမတွေ မေးလိုက်တယ်၊ ဟေး ဒီဝေဒနာလေးဟာ ဘယ့်နှယ်တုံး ဘိက္ခုနီမတို့ ဘယ်လိုများ သဘောကြောင့် အိုအရှင်ဘုရား သူသည်ကားဆိုလို့ရှိရင် ပျက်တတ်တဲ့ တရားတော်၊ ပေါ်လာတဲ့ အကျိုးတရားပဲတဲ့၊ အကြောင်း ပျက်တော့(ပေါ့) အကျိုးက မပျက်ပါစေနဲ့ ဆိုလို့ တပည့်တော်မတို့ ဘယ်ရမတုံး, တစ်ခါတည်း ဉာဏ်ထဲမှာ ရှင်းသွားတယ် (မှန်ပါ)၊ မရှင်းဘူးလား (ရှင်းပါ တယ်)။
အဲ, ဉာဏ်ထဲမှ အဲ့ဒီကဲ့သို့ ရှင်းသွားတော့ ခင်ဗျား လဲ အဲ့ဒီလိုပဲ, ဒကာတွေရော, ဒကာမတွေရော ဒီအတိုင်း ရှင်း ပါ (မှန်ပါ)၊ ဪ သူဟာ နောက်ဆုံးပိတ် ဝေဒနာလား (မှန်ပါ)။
“တိဏ္ဏသင်္ဂတိဖဿာ၊ ဖဿ ပစ္စယာဝေဒနာ”ဟု သူနောက်မကျဘူးလား (ကျပါတယ်)၊ အဲ့ဒါကြောင့် ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ ဝေဒနာတွေဟာ ပျက်သင့်လို့ ပျက်တဲ့ဥစ္စာ သူ့မှီတာတွေဟာ တစ်ခုမှ နိစ္စပါကြရဲ့လား (မပါပါဘူး)။
အင်း-တစ်ခါတည်း မျက်လုံးရုပ်ကလဲ, အနိစ္စ (မှန်ပါ)၊ အဆင်းရုပ်ကလဲ (အနိစ္စပါ)၊ မြင်စိတ် ကလေးကလဲ (အနိစ္စပါ)၊ သူ့ကြောင့်ဖြစ်ပြီး သကာလ အင်းသူတို့သုံးခု ပေါင်း မိလို့ ပေါ်လာတဲ့ ကောင်း မကောင်း ပေါ်လာတဲ့၊ ဝမ်းထဲမှာ ဝေဒနာလေးဟာ ဘယ့်နှယ်နေကြ (အနိစ္စ)။ ဒါဖြင့် ဒီအနိစ္စက အရင်ဆုံး အနိစ္စဖြစ်သင့်တယ် ဆိုတာ, ဒကာ ဒကာမတွေ ငြင်းဖို့လိုသေးလား (မလိုပါဘူး)။
အင်း-ဆီကုန်လဲ သူပျောက်ရမယ် (မှန်ပါ)၊ မီးစာကုန်လဲ (သူပျောက်ရပါမယ်)၊ မီးသေလဲ (သူပျောက်ရပါမယ်)၊ အင်း- သူပျောက်တဲ့ ဘက်ကချည်း နေတယ်၊ ဒီပြင်ဟာတွေက အကုန် အကြွင်း ရှိချင်ရှိသေးတယ် (မှန်ပါ)၊ ဒါဖြင့် ဒီအနိစ္စသည် သူများထက် ရှေးကျတဲ့, အနိစ္စလို့-ဆိုထိုက်, မဆိုထိုက် (ဆိုထိုက်ပါတယ်)။
အဲ့ဒီတင် ဘိက္ခုနီမတို့ ဒီအနိစ္စ သဘောကျပလား, ဒိတရား, ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာများ “ဧတံမမ၊ ဧသောဟ မသ္မိ ဧသော မေ အတ္တာ” ဆိုတဲ့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့များ သင်တို့ စွဲနိုင်ကြရဲ့လား ဆိုတော့, အရှင်ဘုရားတဲ့ ဘယ် နည်းနဲ့မှ မစွဲဘူး၊
အနိစ္စကြောင့် ဖြစ်တဲ့တရားဟာဖြင့် အနိစ္စ ကိုမှီပြီး သကာလ , ဖြစ်ရတဲ့ မီးနဲ့တူတဲ့ အလင်းနဲ့ တူတဲ့ ဝေဒနာ သည် ဘယ်မှာသာလျှင် အနိစ္စဆိုတဲ့ဥစ္စာကို မလွဲတမ်း၊ ဧကန်ဖြစ်ရမယ်ဆိုတာ တပည့်တော်တို့ အင်မတန် ရှင်းပါ တယ်၊ အဖြေ သဘောကျလား (ကျပါတယ်)။
အင်မတန်ရှင်းပါတယ် အဖြေ, ဒါဖြင့် မင်းတို့ ဒီ အတိုင်းပဲ ဆက်ပြီး သကာလ , ကြိုးစားပါလို့ ဆိုတော့ ဒကာ ဒကာမတို့ ဘိက္ခုနီမတွေ သောတာပန် တောင့်တတဲ့ ပုဂ္ဂိုလ်က ဖြစ်ပျက်တွေမြင်, ဖြစ်ပျက်မုန်း, ဖြစ် ပျက်ဆုံးလို့ သောတာပန်လောက်တော့ ဖြစ်မယ်လို့ မှန်းတဲ့ ပုဂ္ဂိုလ်က, သောတာပန် တည်တယ် (မှန်ပါ)၊ ဒီဖြစ်ပျက်ပဲ (မှန်ပါ)။
တချို့က သကဒါဂါမ်လောက် မှန်းထားတဲ့ပုဂ္ဂိုလ်က (သကဒါဂါမ်တည်ပါတယ်)၊ အနာဂါမ် လောက် မှန်းထားတဲ့ ပုဂ္ဂိုလ်က (အနာဂါမ်တည်ပါတယ်)၊ တချို့က ရဟန္တာ မှန်းထားတဲ့ပုဂ္ဂိုလ်က (ရဟန္တာဖြစ်ပါတယ်)။ မကွာဘူးလား (ကွာပါတယ်)။
အဲ့ဒါကြောင့် ဒကာ- ဒကာမတွေလဲ ဒီဘဝ ဇာတ်သိမ်းမယ်လို့ မှန်းမှ ကောင်းလိမ့်မယ် (မှန်ပါ)၊ ဇာတ်သိမ်းမယ်လို့ မမှန်းဘဲနဲ့ ပါရမီဖြစ်ဆို မရတော့ပါဘူး (မှန်ပါ)။
ဒီဘဝမှာ တို့(ဒီ) ဆရာကောင်း သမားကောင်းနဲ့ တွေ့ ရတယ်, ပါရမီဖြစ်တော့ နားဦးမှဘဲ ထိုက်တန် သလောက်လဲ ပါရမီဖြစ်အောင် ကြိုးစားမှပဲဆို, ရမှာမဟုတ်ပါဘူး၊ စိတ်သာ ချ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါတယ်)။
ကဲ ယနေ့ ဒီတင် တော်ပါဦး။
သာဓု သာဓု သာဓု။