083

မသူတော်ဘေး (သုဗြဟ္မနတ်သား)

အသံဖိုင်ခေါင်းစဉ်= မသူတော်ဘေးမသင့်ကြစေနဲ့

စာအုပ်ခေါင်းစဉ်= မသူတော်ဘေး (သုဗြဟ္မနတ်သား)

မှတ်ချက်။ ။အသံမကြည်ပါ။

ကျေးဇူးတော်ရှင်၊ အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသောတရားတော်

မသူတော်ဘေး (သုဗြဟ္မနတ်သား)

(၁၅-၆-၆၁)

ဘာတုံး ဆိုလို့ ရှိရင်ဖြင့် “အသဒ္ဓမ္မတောဝါ” ဒါကလေး မှတ်ထားလိုက်စမ်းပါနော် (မှန်ပါ့)။

“အသဒ္ဓမ္မတောဝါ” ဆိုတာကလေး မှတ်ထားလိုက်စမ်းပါ၊ ဘာတဲ့တုံး (အသဒ္ဓမ္မတော ဝါ ပါ ဘုရား)။

အသဒ္ဓမ္မတောဝါ=မသူတော်တရားဘေးမှလည်းကောင်း (မှန်ပါ့)။

ဘာဘေးတဲ့တုံး (မသူတော်တရားဘေးပါ ဘုရား) မသူတော် တရားဘေး၊ ဘုန်းကြီးက နက်ဖြန် ပြန်ရမှာ ဒီ ဒကာ ဒကာမတွေ လဲ အတော် ကယ်တင်ထားတယ်၊ မသူတော်ဘေးတွေ သင့်နေရစ် မှာကို သိပ်စိုးရိမ်တယ် (မှန်ပါ့)။

ဆရာဘုန်းကြီး အစိုးရိမ်ဆုံး

မသူတော်ဘေးတွေ သင့်မှာကို ဘုရား- အစိုးရိမ်ဆုံး၊ ဆရာ ဘုန်းကြီး အစိုးရိမ်ဆုံးဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ကြ စမ်းပါ (မှန်ပါ့)။

ဘေးတကာ့ ဘေးထဲမှာ တခြားသော ဘေးတွေက တစ်ဘဝ တစ်ခါဘဲ နှိပ်စက်မှာ (မှန်ပါ) မသူတော်ဘေးဟာ သိပ်ကြောက် စရာကောင်းပါတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

တခြားသော ဥပမာမယ် အသတ်ဖြတ် ခံရတဲ့ ဘေး တစ်ဘဝ တစ်ခါ ခံလိုက်ရတာလဲ ကိစ္စ မရှိပါဘူး၊ အရိုက်အနှက် ခံလိုက်ရလဲ တစ်ဘဝ တစ်ခါ ခံလိုက်ရတာပဲ၊ ဘာမှ ကြောက်စရာ မရှိပါဘူး (မှန်ပါ့) ဒီ မသူတော်ဘေး ကတော့ဖြင့် တစ်သံသရာ လုံးမှာ အပါယ်ထဲက ခေါင်းမပြု နိုင်လောက် အောင်ဘဲ ကြောက်စရာ ကောင်းပါတယ် (မှန်ပါ့)။

အပါယ်ထဲက ခေါင်းမပြုနိုင်လောက်အောင်ဘဲ ကြောက် စရာကောင်းတဲ့ အတွက် ဘေးတကာ့ ဘေးမှာ ၂၅ ပါးသော “ရာဇတော ဝါ စောရတော ဝါ ”နဲ့ ဟောထား လိုက်တာ မောင်နိုင်တို့ ရပါ လိမ့်မယ်နော် (မှန်ပါ့)။

အဲဒီ ၂၅ ပါးသော ဘေးထဲ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးတုံး (မသူတော်ဘေး ကြောက်စရာ အကောင်း ဆုံးပါ ဘုရား)။

အေး ပါဠိလို တာ့ “အသဒ္ဓမ္မတာ ဝါ” လို့ မှတ်လိုက် စမ်းပါနော် (မှန်ပါ့) မြန်မာလို ပြန်လိုက်တဲ့ အခါကျတော့ မသူတော်ဘေးတဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဘယ်ဘေး ကြောက်စရာ ကောင်းပါလိမ့် (မသူတော်ဘေး ပါ ဘုရား) မသူတော်ဘေး အလွန် ကြောက်စရာ ကောင်းတယ်။

မသူတော်ဘေး ဆိုတာက တခြား မဟုတ်ဘူး၊ ဒကာ ဒကာမ တွေ သန္တာန် ဘုန်းကြီးက ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ဟာ အနိစ္စ ခန္ဓာကိုယ်နော်၊ အနိစ္စနဲ့ မဂ္ဂနဲ့ ဖြင့် တွဲရစ်ပါ၊ မမှာဘူးလား (မှာပါတယ် ဘုရား)။

အဲဒါ မေ့နေပြီ၊ တပည့်တော်ကို နှိုးဆော်မည့် ဆရာဘုန်းကြီး ကလဲ ခပ်ဝေးဝေး ဖြစ်နေတယ် ဘုရာ့၊ တပည့်တော်တို့ ကလဲ နဝကမ္မ ကိစ္စတွေက အင်မတန်မှ များသောကြောင့် မေ့နေတယ် ဘုရား လို့ ဒကာ ဒကာမတွေက ဒီအတိုင်းပဲ မေ့ကြမယ် ဆိုလို့ ရှိရင် အဲဒါ မသူတော်ဘေး သင့်တာ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

သူတော်ကောင်း တရားမေ့တာ ဘာဘေး သင့်တာတုံး (မသူတော်ဘေး သင့်တာပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းရှင်း လင်းလင်းပဲ မှာပါတယ်တဲ့၊ ဆရာ ဘုန်းကြီး နှင့်တကွ ဘု ရားသည် ဒီ ဒကာ ဒကာမတွေအား ဘယ်ဘေးသင့်မှာ အစိုးရိမ်ဆုံးလဲ ဆိုတာ ပေါ်လာပါပြီ (ပေါ်လာပါပြီ ဘုရား) ဘယ်ဘေး ပါလိမ့် (မသူတော်ဘေး ပါ ဘုရား)။

တစ်သံသရာလုံးမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် – မေ့-ဆိုတဲ့ အဝိဇ္ဇာ၊ မေ့-ဆိုတာ အဝိဇ္ဇာချည့်ပဲ မှတ်ပေတော့ (မှန်ပါ့)။၊ ဖြစ်ပျက်တွေ မေ့ပြီး သကာလ နေတာ ဘာပါလိမ့် (အဝိဇ္ဇာ ပါ ဘုရား) အဝိဇ္ဇာ ခေါင်းဆောင်နေတယ်သာ မှတ်လိုက်ပေတော့ (မှန်ပါ့)။ အဲဒီ အဝိဇ္ဇာ တည်းဟူသော မသူတော်တရား၊ သူက အကုသိုလ်တရားဆိုတော့ မသူတော်တရားပေါ့ (မှန်ပါ့) ဒုစရိုက်တရား ဖြစ်လေသောကြောင့် မသူတော်တရားပေါ့ (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဘေးတကာ့ ဘေးထဲမှာ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးလဲ (မသူတော်ဘေး ကြောက်စရာ အကောင်းဆုံးပါ ဘုရား) ပါဠိလို သုံးလိုက်တော့ (အသဒ္ဓမ္မတော ဝါပါ ဘုရား)။

အဲ ဘုန်းကြီးက ဒကာ ဒကာမတွေမှာတယ်၊ သြော် ညကျတော့ အန္တရာယ် ကင်းအောင်လို့ ပရိတ်တွေ ရွတ်ပြီး သကာလ နေကြငြားသော်လဲ သူတို့က ရွတ်သာရွတ်နေတာ သူ တို့ မှာ သင့်နေတဲ့ “အသဒ္ဓမ္မတော ဝါ” လို့ သူတို့ ရွတ်တော့ ရွတ်တာဘဲ၊ သူတို့ သင့်နေတာ သူတို့ မသိဘူး (မှန်ပါ့)။

သူတော်ကောင်း အလုပ်တွေ မေ့နေလို့ရှိရင် ဘာဘေး သင့်သတုံး (မသူတော်ဘေး သင့်ပါတယ် ဘုရား) ပါဠိလိုတော့ဗျာ (အသဒ္ဓမ္မတော ဝါ) ဒါကျတော့ လူတိုင်းပဲ ရ၊ ထားတယ် (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ အရေးကြီးတာ ပြောလိမ့်မယ် ဆိုတာ မှတ်ထားပါနော် (မှန်ပါ့)။

မသူတော်ဘေးဆိုတာ

အဲဒီ မသူတော်ဘေး ဆိုတာက ဒီက ခန္ဓာငါးပါး ရှိပါတယ် မောင်နိုင်ရာ ခန္ဓာငါးပါး ရှိလျက်နဲ့ ဒီခန္ဓာ ငါးပါးကြီးကလဲ ခဏခဏ “သဗ္ဗေသင်္ခါရာ အနိစ္စာ” အင်း သင်္ခါရတရား ပျက်တယ်ကွ၊ ပါဠိက မရှိဘူးလား (ရှိပါတယ် ဘုရား) “သဗ္ဗေသင်္ခါရာ ဒုက္ခာ” သင်္ခါရတရားဟာ ဒုက္ခ လမ်းဆုံးတယ်ကွ၊ မပြောဘူးလား (ပြောပါတယ် ဘုရား) “သဗ္ဗေ ဓမ္မာ အနတ္တာ” မင်းတို့ ခန္ဓာထဲမှာ ရှိတာဟူသရွေ့သည် ဘာကြည့်လိုက် ကြည့် လိုက် အနတ္တကွာလို့ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒီလို ဟောတာကို ကိုတို့လူစုတွေက ကိုစံလှတို့ လူစုတွေ က မမြင်ပါဘူး ဘုရား ဆိုလို့ ရှိရင် မသူ တော်ဘေးသင့်လို့ သာ မှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ မမြင်ပါဘူးဆိုရင် (မသူတော်ဘေး သင့်တာပါ ဘုရား)။

မသူတော်ဆိုတာ တခြား မဟုတ်ပါဘူး ဒကာ ဒကာမတို့ အဝိဇ္ဇာဘေး သင့်တာပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မသူတော်ဘေးဆိုတာ ဘာဘေးပါလိမ့် (အဝိဇ္ဇာဘေးပါ ဘုရား)။

ဪ ဒီ ဖြစ်ပျက် ခန္ဓာကိုယ်ကြီး “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ရှိပါလျက် သားနဲ့ ဘယ်တော့မှ ဒီအနိစ္စက နိစ္စ ဖြစ်လာတယ် ရယ်လို့ မရှိဘူး (မှန်ပါ) ဒုက္ခ ခန္ဓာက သုခ ဖြစ်လာတယ်ရယ်လို့ ထုံးစံ ရှိရဲ့လား (မရှိပါဘု ရား) အနတ္တ ခန္ဓာကိုယ်ကြီးက အတ္တဆိုတဲ့ ခိုင်မြဲတာ များ ဖြစ်ပါရဲ့လား (မဖြစ်ပါ ဘုရား) ရှိနေတာ ဧကန်ပဲနော် (မှန်ပါ့)။

အဲဒါကို တပည့်တော်တို့ မေ့တယ်ဘုရား၊ ဆရာဘုန်းကြီး ကလဲ ဖြစ်ပျက်တွေကို မေ့အောင် မနေရစ်ကြနဲ့၊ ဒါမေ့လို့ ရှိရင် ခင်ဗျားတို့ မသူတော်ဘေး သင့်လိမ့်မယ်လို့ ပြောလိုက် တယ် (မှန်ပါ့ ဘုရား)။

ဒါမေ့နေတဲ့ ဒကာ ဒကာမတွေ့ကျတော့ ဘာဘေးသင့် ပါလိမ့် (မသူ တော်ဘေးသင့်ပါတယ် ဘုရား) မသူတော်ဘေး တရားကိုယ် စစ်စစ်ကို ကောက်လိုက်တော့ အာ(မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊

မသူတော်ဘေး တရားကိုယ် စစ်စစ်ကို ကောက်လိုက် တော့ (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီ အဝိဇ္ဇာရှိနေလို့ ရှိရင်ဖြင့် “အဝိဇ္ဇာ သမုဒယာ အာသဝ သမုဒယော”လို့ မလာဘူးလား (လာပါတယ် ဘုရား)။

သြော် ဒကာ ဒကာမတို့ ဒီ အဝိဇ္ဇာသာ ရှိလို့ ရှိရင် အာသဝ ဆိုတဲ့ သုံးဆယ့်တစ်ဘုံထဲမှာ အိုဘေး၊ နာဘေးထဲမှာ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီး ပေးရလိမ့်မယ် (မှန်ပါ့)။

“အာသဝ သမုဒယာ အဝိဇ္ဇာ သမုဒယော အဝိဇ္ဇာ သမုဒယာ အာသဝ သမုဒယော” အတူတူ ဘဲနော် (မှန်ပါ့)၊

အဝိဇ္ဇာရှိရင် နောက်က ဘာလိုက်လာမလဲ (အာသဝ လိုက်လာပါမယ် ဘုရား)။

အာသဝလိုက်တော့ ဘုံဘဝမှာ မြုပ်တတ် မျောတတ်တဲ့ အာသဝ လိုက်ပါမ့်မယ် (မှန်ပါ) ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။

ဒါ ဘယ်ဘေးသင့်တဲ့ ပုဂ္ဂိုလ် မှာ ဘုံ ဘဝမှာ မြုပ်-မျော အာသဝ လာပါလိမ့်မလဲ ဆိုတာ စဉ်းစားစမ်း (မသူတော် ဘေးသင့်တဲ့ ပုဂ္ဂိုလ်မှာပါ ဘုရား)။

ဒါဖြင့် ကိုဝ- မစိုးရိမ်ထိုက် စိုးရိမ်ထိုက် (စိုးရိမ်ထိုက်ပါ တယ် ဘုရား)။

ဘုန်းကြီး မမေ့နဲ့၊ ဘုရားက မမေ့နဲ့ နှစ်ရက်တောင် ဟောနေတယ် (မှန်ပါ့) သင်္ခါရတရားတွေ အနိစ္စတရားကွ၊ သင်္ခါရဟာ အနိစ္စလမ်း ဆုံးတယ်ကွ၊ အဲဒါ ကြည့် နေကွ၊ မမေ့နဲ့ လို့ ပြောလျက်သားနဲ့ ဒါတွေ မမြင်ဘူး ဆိုလို့ ရှိရင် မောင်နိုင် မေ့ပြီ (မှန်ပါ့)။

မေ့တာဟာ အဝိဇ္ဇာနော် (မှန်ပါ့) အဝိဇ္ဇာ သမုဒယာ (အာသဝ သမုဒယော) အာသဝ သမုဒယော မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

အာသဝဆိုတာ

အဝိဇ္ဇာကြောင့် (အာသဝ ဖြစ်ပါတယ် ဘုရား) အာသဝ ဆိုတာ ဘုံဘဝကို ဆိုလိုတယ်၊ အပါယ် လေးပါး တည်းဟူသော ဘုံဘဝကို မြုပ်အောင်၊ မျောအောင် ဆောင်တတ်တဲ့ တရားကို ဘာခေါ်ကြမယ် (အာသဝပါ ဘုရား)။

ဪ အဝိဇ္ဇာကြောင့် အာသဝဖြစ်လာတယ် (မှန်ပါ့) မေ့တဲ့ ပုဂ္ဂိုလ်ဟာ မြုပ်ခြင်း၊ မျောခြင်းမှာ လမ်းဆုံးလိမ့်မယ် (မှန်ပါ့)။

မေ့တဲ့ပုဂ္ဂိုလ်ဟာ (မြုပ်ခြင်း, မျောခြင်းမှာ လမ်းဆုံးပါ တယ် ဘုရား) ဒါ-ဘယ်ဘေးသင့်တဲ့ ပုဂ္ဂိုလ်ပါလိမ့် (မသူတော် ဘေးသင့်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သြော် အထပ်ထပ် မှာရှာတယ်၊ တို့ဆရာ ဘုန်းကြီးက ဘာတွေများ အရေးတကြီး မှာရှာပါလိမ့်မတုံး ဆိုတော့ ဒီပြင် ဆန်ရှားတဲ့ ငတ်မွတ် ခေါင်းပါး တဲ့ဘေး မကြောက်ပါဘူး၊ တစ်ခါ တစ်ဘဝ ငတ်, တစ်ဘဝပဲ၊ သေမှာပဲ၊ ဟိုအိမ်မရှိလို့ ဒီအိမ်က သနားလို့ ပေးစား ရပါသေး တယ် (မှန်ပါ့) ဒီဟာတွေက ကြောက်စရာ မရှိပါဘူး မောင်နိုင်ရ(မှန်ပါ့) သံသရာမှာ မြုပ်-မျောမှ သူက မသွား ဘဲ (မှန်ပါ့)။

ဒီ မသူတော်ဘေးကတော့ဖြင့် “အဝိဇ္ဇာ သမုဒယာ အာသဝ သမုဒယော” ဆိုတော့ သံသရာ ထဲမှာ အိုဘေး၊ နာဘေး, သေဘေး တွေထဲမှာ မဆုံးနိုင်အောင်ဘဲ မြုပ်- မျော နေရမယ်ဆို တော့ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘေးတကာ့ ဘေးထဲမှာ နှစ်ဆယ့်ငါးပါးသော ဘေး ရှိတဲ့အနက်က ဘယ်ဘေး ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်သူပါလိမ့် (မသူတော်ဘေးပါ ဘုရား)။

မသူတော်ဘေးဆို တော့ ပါဠိလို တော့ မောင်နိုင် ဘာတဲ့ (အသဒ္ဓမ္မတောဝါပါ ဘုရား)။

အသဒ္ဓမ္မတောဝါ၊ သူတော်မဟုတ် သူယုတ်မာ ဖြစ်တဲ့ဘေးမှ လည်းကောင်း၊ မသူတော် တရားဘေးမှ လည်းကောင်း ဆိုတော့ မသူတော်တရား, တရားကိုယ် ကောက်လိုက်တော့ အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာလာလို့ ရှိရင် အာသဝတွေက (လာပါတယ် ဘုရား)။

သြော် ကာမာသဝဆိုတဲ့ ကာမဘုံလည်တတ်တဲ့ အာသဝ လဲလာမယ်(မှန်ပါ့) ဘဝါသဝဆိုတဲ့ အထက်ဘုံတွေ လည်တတ်တဲ့ အထက်ဘုံမှာ အို ဘေး, နာဘေးဆီ သွားတတ်တဲ့ အာသဝကော (လာပါတယ် ဘုရား) ဒိဋ္ဌာသဝ-တဲ့ အပါယ်ကျတတ်တဲ့ ဒိဋ္ဌာသဝကော (လာပါတယ်ဘု ရား) အဝိဇ္ဇာသဝ တဲ့ သစ္စာမသိတဲ့ သံသရာရှည်မည့် အဝိဇ္ဇာသဝကော (လာပါတယ် ဘုရား)။

အဲဒကာ ဒကာမတို့ မေ့လိုက်တဲ့ အပြစ်ဟာ အာသဝေါ တရားလေးပါး ပေါ်တယ် (မှန်ပါ့)။

အနိစ္စခန္ဓာကိုယ်ချင်း မ, နေရတယ်

ဦးကြံတို့ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ) နောက်က ဒကာ ဒကာမတွေ ဒီနေ့ အထူး တလည်ပဲ မေတ္တာ ရှေ့ထားပြီး သကာလ ဒီဒကာ ဒကာမတွေနဲ့ ဒီဆရာနဲ့ ဆိုတဲ့ဥစ္စာလဲ အကြောင်း မညီညွတ်လို့ ရှိရင် အနိစ္စ ခန္ဓာကိုယ်နဲ့ အနိစ္စခန္ဓာ ကိုယ်ချင်း မ, နေရတယ်ဆိုတာ ခဏခဏ ပြောတယ် (မှန်ပါ့) ဖေးနေကြရတာပဲ၊ နည်းနည်း ပညာရှိတဲ့ ပုဂ္ဂိုလ်က ပညာမဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဖေးပြီး ကယ်ဟဲ့, ယူဟဲ့, ဆောင်ဟဲ့, တင်တဲ့ ဒီလို လုပ်နေတော့ အခုအချိန်ဟာ အလွန် အရေးကြီးတဲ့ အချိန် (ကြီး ပါတယ် ဘုရား)

ဘာကြောင့်တုံး ဆိုလို့ရှိရင် အနိစ္စ အနိစ္စချင်း ဖေး ရတော့ ဒီအစုံနဲ့ လဲ နောက်တခါပြန်တွေ့ဖို့ မလွယ်ဘူး (မှန်ပါ့) အရှိ ပုဂ္ဂိုလ်နဲ့ လဲ နောက်တခါ ပြန်တွေ့ဖို့ (မလွယ်ပါဘူး ဘုရား)။

ဘာဖြစ်လို့တုံး ဟောတဲ့ပုဂ္ဂိုလ်ကလဲ အနိစ္စ၊ နာတဲ့ပုဂ္ဂိုလ် ကလဲ (အနိစ္စပါ ဘုရား) အနိစ္စ-အနိစ္စချင်း ဖေးရတော့ ခိုင်လိမ့် မယ်လို့ ယူလို့ မရပါဘူး (မှန်ပါ့) ရပါ့ မလား (မရပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်အချိန် အကောင်းဆုံးတုံး အခုအချိန် အကောင်းဆုံး (မှန်ပါ့)။

အခုသိလို့ အခုကြိုးစားတဲ့ အချိန်သည် ဒကာ ဒကာမတို့ (အကောင်းဆုံးပါ ဘုရား) နက်ဖြန် ဒီခန္ဓာကြီးကိုယ်က စိုးပိုင်နိုင် ကြပါ့မလား (မပိုင်နိုင်ပါ ဘုရား)၊

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဆရာ ဘုန်းကြီးစိုးရိမ်တာ ဘယ်ဘေး စိုးရိမ်ပါလိမ့် (မသူတော်ဘေးပါ ဘုရား)။

မသူတော်ဘေး ဆိုတာ ခန္ဓာကိုယ်ဖြစ်ပြီး ပျက်နေတဲ့ သဗ္ဗေ သင်္ခါရာအနိစ္စ-သဗ္ဗေသင်္ခါရာ ဒုက္ခ-သဗ္ဗေဓမ္မာ အနတ္တာ ဆိုတာ တွေကို ဖြစ်ပျက်ကို ချုံးလိုက်တော့ ဒီသုံးခု စလုံးဟာ ဖြစ်ပြီးပျက် တာပဲ တွေ့တယ် (မှန်ပါ့) အဲဒါကို မရှုမိဘဲ နေတဲ့ဘေးဟာ ဖြင့် ရှုလျက်သားနဲ့ မမြင်တဲ့ ဘေးဟာဖြင့် ဒါ အဝိဇ္ဇာသဝပဲ ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ) ရှင်းပြီနော် (မှန်ပါ့)။

ဒါဖြင့် “အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော” လာလိမ့်မယ် (မှန်ပါ့) “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ကော (လာပါတယ် ဘုရား)။

လာမှာ ဖြစ်နေတော့ ဒီ ခန္ဓာကိုယ်ကြီးထဲမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ရှိပါလျက်သားနဲ့ မမြင်ဘူးဘုရား မရှုမိဘူး ဘုရာ့ မရှုမိတာလဲ အဝိဇ္ဇာပဲ၊ မမြင်တာလဲ အဝိဇ္ဇာပဲဆိုတော့ ဪ တို့ ဒကာ ဒကာမတွေ ဆရာသမားလဲ သွားရော သူတို့ မှာ မသူတော်ဘေးလဲ သင့်ရောဆိုတဲ့ အဓိပ္ပာယ်တော့ အင်မတန် ရက်စရာ ကောင်းပါတယ် (မှန်ပါ့)။

ဆရာသမားလဲ သွားရော (မသူတော်ဘေးလဲ သင့်ရော) မသူတော်ဘေးလဲ သင့်ပါရဲ့ ဆိုတာ ဒကာ ဒကာမတွေ သိတဲ့ မသူတော်က သူခိုးတို့ ဓားပြတို့ ကိုယ်မုန်းတီးတဲ့ ပုဂ္ဂိုလ်တို့ သာ မသူတော် ထင်ကြတယ် (မှန်ပါ့)။

အဲဒီ မသူတော်က ကြောက်စရာ မရှိပါဘူး၊ ဆိုးဝါးတာက မသူတော်တရားလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) မသူတော် ပုဂ္ဂိုလ်လို့ ဆိုရဲ့ လား (မဆိုပါ ဘုရား)။

ဒါဖြင့် မသူတော် အသဒ္ဓမ္မ ဆိုတာ ဓမ္မဟောထားတာ(မှန်ပါ့) “ကိုဝ တို့ သိထားတာက ဟိုလူတွေက မသူတော်တွေကွ ဆိုပြီး – ပုဂ္ဂိုလ် သွားယူတယ် (မှန်ပါ့) ပုဂ္ဂိုလ်သွားယူတော့ သူတစ်ပါးကို သာလျှင် ဒကာ ဒကာမတွေက စိုးရိမ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား၊

သင့်တယ်ဆိုတာက ကိုယ့်ဝမ်းထဲမှာ ရုပ်နာမ်ဓမ္မ ဖြစ်ပျက် ကို မသိတဲ့ မသူတော် တရားဘေး သင့်တာ (မှန်ပါ့) ဒါတည့်အောင် ယူပါနော် (မှန်ပါ့)။

ဒကာ ဒကာမတွေ သိထားတာက မသူတော်ဘေး သင့်မှာ စိုးရိမ်တယ်၊ ဟိုလမ်းမသွားနဲ့၊ ဟို အိမ်မလည်နဲ့၊ ဟိုလမ်း မလျှောက်နဲ့၊ ဟိုအစာ မစားနဲ့၊ ဟိုအိမ်က မင်းကို မကောင်းစိတ် ကြံနေတာ အဲ မသူတော်တွေနော် မင်း ဒါကို စိုးရိမ်ပါ၊ ဒီလိုသာ အမေမိဘများလဲ ဆုံးမ, လေ့ရှိပါတယ် (မှန်ပါ့) တကယ့် မသူတော်ဘေး သူမသိပါဘူး (မှန်ပါ့)။

အခု တော့ဖြင့် ဒကာ ဒကာမတွေဘဲ စဉ်းစားပါတော့ အသဒ္ဓမ္မ ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတွေ သူတော်ကောင်း တရား မဟုတ်တဲ့ မသူတော်တရား၊ မသူတော်တရားဘေး လို့ စာထဲမှာ ဒီလို ဆိုပါလျက်သားနဲ့ ခင်ဗျားတို့က ပုဂ္ဂိုလ်ရောက် နေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် စာက ပုဂ္ဂိုလ်ဆိုပါသလား ဝမ်းထဲမှာရှိတဲ့ မသူတော်တရားကို ဆိုပါသလား (မသူတော် တရားကို ဆိုပါ တယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ အစကလဲ ပြောခဲ့တယ်၊ အခု လဲ နည်းနည်း နည်းနည်းနဲ့ အရေးကြီးတာ ပြောလိမ့်မယ်ဆို တာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)

ခင်ဗျားတို့ ယူထားတာကဖြင့် ဟိုဘက်က မသူ တော် တယ် များသကွ ကိုဝ သားသမီးတွေ ဆုံးမရင် ဒီအတိုင်းဘဲ (မှန်ပါ့) ငါလဲ ရှောင်သကွ ဟိုဘက်မှာ မသူတော်တွေက တယ်များသကွ မောင်နိုင်တို့ မသုံးဘူးလား (သုံးပါ တယ် ဘုရား)။

မသူတော် လူယုတ်မာတွေက တယ်များတယ်ဆိုတော့ အင်း ဒကာ ဒကာမတွေက မသူတော် တရားကို ပုဂ္ဂိုလ် သွားယူတာကိုး (မှန်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သင့်နေတာက ကိုယ့်ဝမ်းထဲမှာ တရားသင့်နေတာ (မှန်ပါ့) ကိုယ့်ဝမ်းထဲမှာ ဖြခ်ပျက်ကို ရှိလျက်နဲ့ မသိတဲ့ အဝိဇ္ဇာ ဆိုတဲ့ တရားဟာ သူ တော်တရားလား မသူတော်တရားလား (မသူတော် တရားပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အဲ့ဒီ ဘေးသင့်မှာ ကြောက်စရာ ကောင်းတယ် (မှန်ပါ့) သဘော ပါကြပလား (ပါပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဆရာဘုန်းကြီး အရေးကြီးတာ ပြောလိမ့်မယ် ဆိုတဲ့ အတိုင်း တို့မှာ ကိုယ့်ဘေး သင့်နေတော့ ကိုယ်မမြင်ဘူး၊ မသင့်သေးတဲ့ ဘေးကိုဘဲ ကြောက်နေတယ် (မှန်ပါ့)။

ကိုဝရေ ဘယ့်နှယ်တုံး (ကိုယ့်ဘေးကိုယ် မမြင်ပါ ဘုရား) မသင့်သေးတဲ့တော့ (ကြောက်နေ ပါတယ် ဘုရား) သင့်နေတဲ့ဘေးတော့ (မကြောက်ပါ ဘုရား)၊

အံမာလေး ဒကာ ဒကာမတွေ ဒီထက်လွဲ ဒီထက်နော် တာများ ရှိသေးသလား (မရှိပါ ဘုရား)

အခု သားရေး သမီးရေး စီးပွားရေး တွေကြောင့် အခု ခန္ဓာကိုယ် ဖြစ်ပျက်မေ့တယ်(မှန်ပါ့) ကဲ ဘာဘေး သင့်မတုံး (မသူတော်ဘေးသင့်ပါတယ်ဘု ရား) ဦးကြံတို့ သေသေချာချာ မှတ်ပါ၊ မသူတော်ဘေး ဝေးဝေးကြီး မှတ်မနေကြ ပါနဲ့ (မှန်ပါ့) ဝမ်းထဲ ရောက်နေပြီ ဆိုတာ ဆုံးဖြတ်ချက် ချလိုက် စမ်းပါ (မှန်ပါ့)။

ကရုဏာ အင်မတန်ကြီးလို့ ဖော်ပြောနေတာ

ဒါက အင်မတန်မှ ကရုဏာကြီး မေတ္တာကြီးနဲ့ မို့ တရားကိုယ် ဖော်ပြောလို့ ဒကာ ဒကာမတွေ ရှင်းတာနော် (မှန်ပါ့) နို့ မဟုတ်လို့ ရှိရင် ခင်ဗျားတို့ ပုဂ္ဂိုလ်ပေါ်ချည့် ရောက်လိမ့်မနော် (မှန်ပါ့) ပုဂ္ဂိုလ်အပေါ် ရောက်လို့ ရှိရင် မောင်နိုင် ဆုံးဖြတ်ချက်ချ၊ ဪ သူတစ်ပါးကိုသာ ဘေးထင် တော့တယ်၊ မိမိ အတွင်း ဘေးကို သူမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

မမြင်ကတည်းကိုက ဒီဘေးရှောင်ပါဦးမလား (မရှောင်ပါဘု ရား) မရှောင်ရင် ဘာဘေး သင့်နေသတုံး (မသူတော် ဘေး သင့်ပါတယ်ဘုရား)။

ဟော သေသေချာချာ ဦးညို ပြောလာပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာဒကာမတွေ ဘုန်းကြီးသည် တဲ့ အင်မတန်မှ အမေမိဘ ဆွေမျိုး ဉာတကာတွေ ဘဝသံသရာမှာ မတော်ဘူးသူမည်သည် မရှိလို့ ဒီဥစ္စာ ကြားရဖို့ လွယ်ကိုမလွယ် ဘူး (မှန်ပါ့) လွယ်ပါ့ မလား (မလွယ်ပါ ဘုရား)။

ခင်ဗျားတို့ ကျုပ်တို့ သိထားတဲ့ မသူတော်ဘေးက ဒီဟာကို မဟုတ်ပါဘူး (မှန်ပါ့) မသူတော်တွေက သိပ်များသကွာ ငါ့သား ငါ့သမီးတို့ သိပ်ပြီး မလည်ကြပါနဲ့ မပတ်ကြပါနဲ့ ဟိုဘက်အိမ် ကြည့်လိုက်ပြန်လဲ မသူတော်တွေက သိပ်များ ဒီဘက်အိမ် ကြည့်လိုက်ပြန်လဲ မကောင်းတဲ့လူတွေက၊ မကောင်း တဲ့လူနဲ့ မသူတော်နဲ့ အတူတူပဲနော် (မှန်ပါ့) အမေမိဘများ မှာ ဒါပဲ ဆုံးမလေ့ ရှိပါတယ် (မှန်ပါ့)။

ဒီကတည်းက အမေမိဘမှာ ကိုယ့်ဝမ်းထဲမှာ မသူတော် ဘေးသင့်တာ သေးရဲ့လား (မသိပါဘု ရား) သူများဆုံးမ ကတည်းက အလွဲဆုံးမနေတာ (မှန်ပါ့)။

သူများ ဆုံးမကတည်းက အလွဲဆုံးမနေတော့ ကိုယ့်မှာ သင့် နေတော မသိလို့ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)

ဒါဖြင့် ကိုစံလှတို့ ကိုယ်တို့ တစ်သံသရာလုံး ကျုပ်တို့ အပြင်ဘေးကိုသာ မြင်၍ အတွင်းဘေးကို မမြင်သောကြောင့် သံသရာ ရှည်ခဲ့ရတယ် (မှန်ပါ့) ဒီဘေးတွေကချည့် နှိပ်စက်ချလိုက်တာ (မှန်ပါ့) ဒကာကြီးလှိုင် သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့)။

အလွန်ကြီးကျယ် မွန်မြတ်တဲ့ တရားတော်

အားလုံး ဒကာ ဒကာမတွေ ဒီဥစ္စာသေးသိမ်တဲ့ စကားလား အလွန်မွန်မြတ်ပြီး ကြီးကျယ် ခမ်းနားတဲ့ တရားလား ဆိုတာ စဉ်းစားကြည့်ပါ (အလွန်မွန်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ တရားပါဘုရား)။

သာမညတွေးလို့ မရဘူး (မှန်ပါ့) သာမည တွေးတော့ နောက်ဝတ္ထုထုတ်လာလိမ့်မယ် မောင်နိုင် (မှန်ပါ့)။

မသူဘော်ဘေး သင့်ခြင်းကြောင့် အပြစ်သင့်တာတွေ လာပါ လိမ့်မယ် ဒကာ ဒကာမတို့ ရှေ့ပိုင်းမှာ ရှင်းအောင် ပြောနေသေး လို့ သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မိမိခန္ဓာကြီးဟာ သဗ္ဗေသင်္ခါရာ အနိစ္စ မဆိုဘူးလား (ဆိုပါတယ်ဘု ရား) မိမိခန္ဓာကိုပင် လျှင် ဘု ရားက သဗ္ဗေ သင်္ခါရာဒုက္ခ မဟောဘူးလား (ဟောပါတယ် ဘုရား) ခန္ဓာငါးပါးကို အလုံးစုံ သင်္ခါရဒုက္ခလို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား) ဖြစ်လိုက် ပျက်လိုက်ပဲ မဆိုဘူးလား(ဆိုပါတယ် ဘုရား) သဗ္ဗေ ဓမ္မာ အနတ္တ လို့ပဲ မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲဒါ ရှိလျက်သားနဲ့ မကြည့်မိ၊ မကြည့်မိတော့ မှောင်နိုင် မမြင်တာသည် ဘာဖြစ်တာတုံး (မသူတော်ဘေးသင့်တာပါ ဘုရား)။

မသူတော်ဘေးသင့်တာ၊ အဝိဇ္ဇာဟာ သူ တော်လား မသူတော်လား မောင်နိုင် ကိုယ်တိုင် စဉ်းစားကြည့်စမ်း (မသူတော်ပါဘုရား)။

ကဲ ဦးပြန့်တို့၊ (မသူတော်ပါဘုရား) မသူတော် ဆိုတာ သေချာပလား (သေချာပါပြီ)။

အသဒ္ဓမ္မဆိုတာ သူတော်မဟုတ်-သူယုတ်မာ၊ ဓမ္မက တရား သူယုတ်မာတရားလို့ ဆိုထားတယ်၊ ပုဂ္ဂိုလ်မပါဘူး (မှန်ပါ့) ပါသေးရဲ့ လား (မပါပါဘုရား)။

ဘယ့်နှယ်ဆိုတာ ဒီဘက်က ဒကာဒကာမတွေ စဉ်းစား လိုက်စမ်း (သူယုတ်မာ တရားပါ)ယုတ်မာတဲ့တရားကို ဆိုထား တာ (မှန်ပါ့) ပုဂ္ဂိုလ်ကို ဆိုတာလား (မဟုတ်ပါဘုရား)။

ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ဒကာ ဒကာမတို့ ယုတ်မာတယ် လိမ်မာတယ်လို့ မရှိဘူး တရားကသာ ယုတ်မာတဲ့ တရား လိမ်မာတဲ့တရား ရှိပါတယ် (မှန်ပါ့) ပုဂ္ဂိုလ်နဲ့ ဘာဆိုင်သလဲ (မဆိုင်ပါဘုရား)။

အဲဒါ အားလုံး တရားတစ်ပွဲလုံး ဘုန်းကြီးနဲ့ သာ ဒကာ ဒကာမတွေ မရင်းနှီးကြဘူး၊ ဒီလိုလဲ တရားကို မနာဘူးဆိုလို့ ရှိရင်ဖြင့် သွားပြီ (မှန်ပါ့) သွားပြီ သွားပြီ (မှန်ပါ့) ပုဂ္ဂိုလ်ပေါ်ချည့် အကုန်ရောက်မယ် (မှန်ပါ့) မရောက် ဘူးလား ရောက်လား (ရောက်ပါတယ်ဘုရား)။

ဒီတစ်ပွဲလုံးကို ခြုံပြီး ပြောပါတယ် ဒကာ ဒကာမတို့ အကုန်ရောက်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) အကုန်မရောက်ပေဘူးလား (ရောက်ပါတယ်ဘုရား)။

ဒါဖြင့် ယနေ့ မူပြောင်းလိုက်ပါ (မှန်ပါ့) အသဒ္ဓမ္မ ဆိုတာ သူတော်မဟုတ် ယုတ်မာတာ၊ ရှင်းပလား (ရှင်း ပါပြီ) ဓမ္မက တရား၊ ယုတ်မာတဲ့တရား (မှန်ပါ) မသူတော် တရား (မှန်ပါ့) ဒီဘေးသင့်မှာ စိုးရိမ် (မှန်ပါ့) ဟိုပုဂ္ဂိုလ် ဘေးသင့်မှာ ပြောရဲ့ လား (မပြောပါဘုရား)။

ဒါဖြင့် ကျုပ်တို့ ယူပုံနဲ့ ဘုရား၏ ဟောပုံနဲ့ဖြင့် ကိုဝ တခြားဆီ (မှန်ပါ့) တခြားစီ (မှန်ပါ့)။

ယနေ့ တည့်ကြပလားတဲ့ (တည့်ကြပါပြီ) တည့်ကြပါတော့၊ တည့် ကြ ပါ တော့ ဒါ တည့်လိုက်လို့ ရှိရင် အဝိဇ္ဇာချုပ် မယ် (မှန်ပါ့) အဝိဇ္ဇာချုပ်လို့ ရှိရင် နိဗ္ဗာန်ရောက်တော့မယ် ဆိုတာ မောင်နိုင်-မသေချာဘူးလား (သေချာပါတယ်ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘေးတဘာ့ဘေးထဲ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးလဲ၊၊ (မသူ တော်ဘေးကြောက် စရာ ကောင်းပါတယ်ဘုရား) မသူ တော်ဘေး ကြောက်စရာ အကောင်းဆုံး။

မသူတော်ဘေး ဘယ်အချိန် သင့်သတုံး

မသူတော်ဘေးဆိုတာ ဘယ်အချိန်များ သင့်မှာပါလိမ့်မတုံး ဆိုလို့ ရှိရင် ဒါနလုပ်နေတုန်းကို ဒါလောက် မသင့်ဘူးထား ပါတော့၊ သီလဆောက်တည်နေတုန်း မသင့်ဘူး၊ သမထ အား ထုတ်နေလဲ မသင့်ဘူး၊ ဝိပဿနာအလုပ် လုပ်နေရင် (မသင့် ပါဘု ရား) မသင့်ဘူးတဲ့။

ဒါန အားထုတ်တဲ့ အခါကျတော့ တစ်ခါတလေ သင့်ချင် သင့်တတ်တယ် (မှန်ပါ့) ဘာ့ကြောင့်တုံး ဆိုတော့ ဒီဒါနကြောင့် လူ့ပြည်၊ နတ်ပြည် ရ-ရပါလို၏ ဆိုတော့ ကာမာသဝဘေး လာ သင့်တယ် (မှန်ပါ့) ကာမဘုံလိုချင်တာကိုး (မှန်ပါ့) ဘုံဘဝတောင့်တတဲ့ ဘဝါသဝကော (မှန်ပါ) မလာဘူး လား (လာပါတယ်ဘုရား)။

အဲဒါတွေကတော့ သင့်တော့သင့်တာပဲတဲ့၊ သင့်ပင်သင့်ငြား သော်လဲ ဒီဥစ္စာ အကောင်းချည်း မဟုတ်ဘူး၊ အကောင်းထဲကမှ ရွေးထုတ်လိုက်လို့ ရှိရင် အလတ်စားကောင်းကလေးလို့ ဆိုလို့ ရသေးတယ် (မှန်ပါ့)။

လုံးလုံး မေ့နေတဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် ဒကာ ဒကာမတို့ ဒါနလဲမေ၊ သီလလဲမေ့၊ သမထလဲမေ့၊ ဖြစ်ပျက် ဝိပဿနာကိုလဲ မေ့မယ်ဆိုလို့ ရှိရင်ဖြင့် တဲ့ ဒကာ ဒကာမတို့ အဝိဇ္ဇာက မေ့တတ်တဲ့တရား (မှန်ပါ) ဘာဘေးသင့်သတုံး (မ တော်ဘေး သင့်ပါတယ်ဘုရား)။

သေသေချာချာ မှတ်ပါ၊ တရားတစ်လုံးတည်း ဟောနေသေး တယ် ဒကာဒကာမတို့ တရားမများသေးပါဘူး (မများပါဘုရား)။

ဒီ မသူတော်ဘေးဟာက သူများကြောင့် သင့်တာလား ကိုယ့်ခန္ဓာ ဉာဏ်မလှည့်လို့ သင့်တာလား (ကိုယ့်ခန္ဓာ ဉာဏ်မလှည့်လို့ သင့်တာပါဘုရား)။

ကိုပေါ်- မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဦးပြန့်တို့ ကဲ ရှင်းကြပလား (ရှင်းပါပြီဘု ရား)။

ဪ တစ်သံသရာလုံး တို့ ဘယ်ဘေး အကြီးဆုံး သင့်လာလို့ ဒီ အဝိဇ္ဇာ မချုပ်ပါလိမ့်မလဲ လို့ဆိုတာ လက်သည်ရှာ လိုက်တော့ ဒီနေ့ မိလာတယ် (မှန်ပါ့) ဪ (မသူတော် ဘေးသင့်များ နေတာကိုး (မှန်ပါ့)။

ဒကာ ဒကာမတို့ (မသူ တော်ဘေးသင့် များနေတာပါ ဘုရား) ဘုရားအဆူဆူနဲ့ လွဲခဲ့တာ (မသူတော်ဘေးသင့်ခဲ့တာ ပါဘုရား) နိဗ္ဗာန် အနားရှိလျက်သားနဲ့ မရောက်တာ (မသူတော်ဘေး သင့်တာပါဘု ရား) အပါယ်လေးပါး ရောက်သွား ရတာ (မသူတော်ဘေးသင့်တာပါဘုရား) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

ရှင်းပြီ- ရှင်းပြီ-ဒကာ ဒကာမတို့ အင်မတန် အရေးကြီး ပါတယ်၊ ယနေ့တရားမှာ ဆရာသမားက အိတ်သွန်ဖာမှောက် – လိုရင်းဟူသရွေ့ ပေးတော့မယ်ဆိုပြီး သကာလ ပေးနေ တော့ မောင်နိုင်ရေ ဘေးတကာ့ ဘေးထဲမှာဖြင့် သူ အကြီးဆုံး ပါပဲ (မှန်ပါ)။

ဘုရားအဆူဆူနဲ့ လွဲခဲ့တာ မသူတော်ဘေး

ဘုရားအဆူဆူနဲ့ လွဲခဲ့တာလဲ (မသူတော်ဘေးပါဘုရား) မသူ တော်ဘေးဘဲ သဘော ကျပလား (ကျပါပြီ) နိဗ္ဗာန်အနီး ကလေးနဲ့ မတွေ့တာလဲ (မသူတော်ဘေးပါဘု ရား) မသူ တော်ဘေးဘဲ။

နတ်ရွာ သုဂတိကနေပြီး အပါယ်များ ခုန်ချလိုက်တာ များ (မသူတော်ဘေးသင့်တာပါဘု ရား) မသူတော်ဘေးသင့် တာ သဘောကျပလား (ကျပါပြီဘုရား)။

ဗြဟ္မာပြည်ကနေပြီး အပါယ်လေးပါးများ ရောက်သွားလိုက် တာကော (မသူတော်ဘေး သင့်တာပါဘုရား)။

ဒါဖြင့် ဘေးတဘာ့ဘေးမှာဖြင့် အကြီးဆုံးဘေး ယနေ့တွေ့ ပါပြီ (တွေ့ပါပြီ) ဘာပါလိမ့် (မသူတော်ဘေး သင့်တာ – ပါဘုရား)။

သေသေချာချာ မှတ်ကြစမ်းပါ ဒကာ ဒကာမတို့ တကယ့် စေတနာ၊ တကယ့် ကရုဏာ၊ တကယ့် မေတ္တာ သေးသေး မဟုတ် ဘူး၊ ကြီးကြီးနဲ့ ပဲ ဒကာ ဒကာမတွေကို ပေးနေတယ်ဆိုသဖြင့် –

ဪ ဟုတ်ပါပေတယ်ဆိုတာ ကိုဝ-ပေါ်ပါပြီ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီဘု ရား)။

ဘေးတကာ့ဘေး ဘယ်ဘေးကြောက်စရာ အကောင်းဆုံးတုံး (မသူတော်ဘေး ကြောက်စရာ အကောင်းဆုံးပါဘုရား)။ မသူတော်ဘေးဆိုတာ ဘာတုံးမေးတော့ ခန္ဓာကိုယ်ဖြစ်ပျက် ရှိလျက်နဲ့ ဖြစ်ပျက် မသိတဲ့ဘေး (မှန်ပါ့)။

ဖြစ်ပျက်ရှိလျက်နဲ့ (ဖြစ်ပျက်မသိတဲ့ဘေးပါဘု ရား)။

ကိုင်း-ကျုပ်တို့ ထမင်းစားနေတဲ့ အခါမှာလဲ နှလုံးမသွင်း ဖြစ်ဘူးဆိုရင် ဘေးသင့်နေတယ် (မှန်ပါ့) ရေချိုးနေတဲ့ အခါမှာ လဲ ခန္ဓာကိုယ်ကြီးမှာ အအေး-အပူတွေ ပြောင်းနေပါကလား ဆိုတာ နှလုံးမသွင်းမိရင် (မသူတော်ဘေးသင့်ပါတယ် ဘုရား)။

ခင်ဗျားတို့ဟာက ဒကာ ဒကာမတို့ နေရာတိုင်း ဘေးသင့် နေပြီ (မှန်ပါ့) မောင်နိုင် သဘောပါ ရဲ့ လား (ပါပါပြီ)

နေရာတိုင်း၊ နေ့တိုင်း-နေ့တိုင်း ဘာဖြစ်နေကြသတုံး (ဘေးသင့်နေပါတယ် ဘုရား)။

ဪ ဒါကြောင့် တို့သည်ကားလို့ ဆိုရင်ဖြင့် အန္တရာယ် ကင်းလို့ ဘေးရှင်းပါ ရစေဘုရား လို့ ဆိုငြားသော်လဲ သင့်နေ တဲ့ ဘေးကို ကိုယ်ကမှ ထုတ်မပာတ်လို့ ရှိရင်ဖြင့် ဆုတောင်း ပြည့်နိုင်စရာ မမြင်ပါဘူး (မှန်ပါ့) မြင်သေးရဲ့ လား (မမြင်ပါဘုရား)။

သင့် နေတဲ့ဘေးမှ စုနေတဲ့ဆူးမှ နှုတ်မပစ်လို့ ရှိရင်ဖြင့် ဒီ အနာ ပျောက်ပါလိမ့်မယ်လို့ ဆိုရမှာ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ်ဘုရား)။

ဆူးက စူးနေတယ် (မှန်ပါ့) အဲဒါတော့ သူက ဘေးမထင် ဘူး၊ နောက်-ဟိုက ဆူးတွေ များပါရစေနဲ့၊ ဟိုပုဂ္ဂိုလ်တွေ ဘေး မသင့်ပါရစေနဲ့ ဆို တော့ ကိုယ့်-စူးနေတဲ့ မသူတော်ဘေးတော့ မနှုတ်ပစ်ဘူး (မှန်ပါ့) ဟိုဟာတွေ များပရစေနဲ့၊ ဆို တော့ အန္တရာယ်ကင်းလို့ ဘေးရှင်း မလား၊ စူးပြီးသားကပဲ ပြန်ပြီး သကာလ ပိုမို နှိပ်ခက်နေမလားဆိုတာ ခင်ဗျားတို့ တွေး ကြည့်ပါ (စူးပြီးသားက ပိုမိုနှိပ်စက်နေပါတယ်ဘုရား) သဘောပါပလား (ပါပါပြီဘုရား)။ နောက်

ဆူးတွေက စူးနေတာ သူ့မှာ မသူတော်ဘေးကလေ (မှန်ပါ့) မသူတော်ဘေးစူးနေတာတော့ သူက မသိဘူး၊ တို့အိမ် သားနဲ့ တကွ တို့ သားသမီး တို့ခန္ဓာကအစ လူဆိုး သူခိုး လူမိုက်သူမိုက်တွေနဲ့ ဖြင့် ဘယ်အခါမှ မပေါင်းပါရစေနဲ့တဲ့၊ အေး အဲဒါက မပေါင်းရဘူး စိတ်သာချ၊ ဒီထက် မိုက်တာနဲ့ ပေါင်းနေပြီ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ဒီထက် မိုက်တာနဲ့ ပေါင်းနေပြီ) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

တော်တော် အရေးကြီးတဲ့ တရားဆိုတာကော ကိုစံလှ နဂို ရှိတဲ့အတိုင်း အခု သဘောပါပလား (ပါပါပြီ) ခင်ဗျားတို့ မသိတဲ့ဘေးသင့်တယ် (မှန်ပါ့) ပြီးတော့ ခင်ဗျားတို့က အပြင် ဘေးတွေကို တော့ဖြင့် ပရိတ်နဲ့ တားရတော့ မလိုလို ဘုန်းကြီးတွေ ပင့်ပြီး ကမ္မဝါ နဲ့ တားရတော့မလိုလို ဒီလို မထင်ကြဘူးလား (ထင်ကြပါတယ် ဘုရား)။

သင့်နေတာကတော့ ကိုယ်က သူတော်ကောင်းဖြစ်တဲ့ သဗ္ဗ သင်္ခါရာ အနိစ္စ မေ့နေတယ်၊ သဗ္ဗေ သင်္ခါရာ ဒုက္ခ မေ့နေတယ် သဗ္ဗေ ဓမ္မာ အနတ္တတွေ ရှိလျက်သားနဲ့ မေ့နေတယ် (မှန်ပါ့)

မေ့နေတော့ မြင်သေးရဲ့ လား (မမြင်ပါဘုရား) မမြင်တော့ မမြင်တာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါဘုရား) အဝိဇ္ဇာကို ရာဇတော ဝါ ထဲ သွင်းလိုက်တော့ ဘာတဲ့ (အသဒ္ဓမ္မတာဝါ ပါဘုရား)။

အသဒ္ဓမ္မတော ဝါ၊ ဟော ခန္ဓာကိုယ်ထဲမှာ စူးနေပြီ (မှန်ပါ့) မစူးသေးဘူးလား (စူးပါပြီဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတွေ ဘေးတကာ့ ဘေးထဲ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးလဲ (မသူတော်ဘေး ကြောက်စရာ အကောင်းဆုံးပါဘုရား)။

ဖြစ်ပျက်မေ့တဲ့ဘေး

မသူတော်ဘေးဆိုတာ ဖြစ်ပျက်မေ့တဲ့ဘေး (မှန်ပါ့) တိုတိုပြောတော့ မောင်နိုင် ဒါ ရှင်းလိုက်တာ (မှန်ပါ့)။

မသူတော်ဘေးဆိုတာ ဘာပါလိမ့် (ဖြစ်ပျက် မေ့တဲ့ဘေး ပါဘု ရား)။

ဖြစ်ပျက်မေ့တဲ့ဘေးဆိုတော့ ဪ တို့သည်ကားလို့ ဆို ရင် အန္တရာယ်ကင်းချင်လို့ ဘေးရှင်းချင်လို့ ရေသက်စေ့ ပန်းသက်စေ့ တွေဖြင့် မောင်နိုင် လှူနေတာပဲ (မှန်ပါ့) သင့်နေတဲ့ဘေး သူမသိဘူး (မသိပါဘုရား) အဲဒီဘေး နှုတ် လိုက်လို့ ရရင် ကိုဝ- ဘယ့်နှယ်ဆိုပါ့မယ် (ကောင်းသွားပါ တယ်) အန္တရာယ်ကင်း မသွားပေဘူးလား (ကင်းသွားပါတယ် ဘုရား)။

ကိုယ့်မှာမှ ဒီအညှီမှ မရှိတော့ဘဲ၊ ဟိုဘေးက ယင်တွေအုံ စရာ လိုသေးသလား (မလိုပါဘုရား)။

အခု တော့ အညှီတော့ ထုတ်မပစ်ဘူး၊ ယင်အုံ မှာတော့ ကြောက်နေတယ် (မှန်ပါ့) စည်းကမ်း ကျ-မကျ စဉ်းစားစမ်း (မကျပါဘုရား)။

မကျဘူးနော် (မှန်ပါ့) မသူတော်ဘေးက ကိုယ့်မှာ သင့်နေတယ်၊ မသူ ဘော်ရှိလို့ မသူ တော် တရားတွေလာတယ် (မှန်ပါ့) မလာဘူးလား (လာပါတယ်ဘုရား)။ အဲဒီ လာတာကိုတော့ ကိုယ့်အညှီ ကိုတော့ဖြင့် ဒကာ ဒကာမတွေက ရေဆေးမပစ်ဘဲနဲ့ ဖြစ်ပျက်သိတဲ့ ဉာဏ်တည်းဟူသော မဂ်ရေစင်နဲ့ ဘေးကဟာတွေ စိုးရိမ်ပါတယ် ဆိုလို့ ရှိရင်ဖြင့် အညှီ ရှိလို့ ယင်အုံတာ ဘယ်သူမှ မတတ်နိုင်ဘူး (မှန်ပါ့) တတ်နိုင်သေးရဲ့လား (မတတ်နိုင်ပါဘုရား)။

တရားစစ်ကိုပြောတော့ ဒီအတိုင်း အမှန်ပြောရပါတယ်၊၊ (မှန်ပါ့) အားလုံးသဘော ပါကြပါရဲ့လား (ပါပါတယ်ဘုရား)။

ဒါဟာ နေ့တိုင်း တရားထက် ထူးထူးဆန်းဆန်း တရားပဲ၊ ဪ ငါတို့ အသက်တွေလဲ ကြီးကုန်ကြပြီ၊ ကိုယ့်သင့်နေတဲ့ ဘေး ကိုယ်မသိတာလောက် လောကကြီးမှာ ကိုယ့်ပေါက်နေတဲ့ မှည့်ကိုတောင် ကိုယ်တခါမှ မှန်မကြည့်ဘူးတော့ ကိုယ့်မှည့် မရှိဘူးလို့ ထင်ပြီးသကာလ နေတဲ့ဥစ္စာလောက် အမြင်ဆိုးဝါးတာ အမြင်ကန်းတာဖြင့် မောင်နိုင် ရှိကိုမရှိဘူး (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)။

အဲဒါကြောင့် ယနေ့ ဘာဟောတုံး မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးက ပြန်တော့မှာ ဘာစိုးရိမ်သတုံး (မသူ တော်ဘေးသင့်မှာ စိုးရိမ်ပါတယ်ဘုရား)

သို့ သော်လဲ ပြောသာပြောနေရပါတယ်၊ အရင်ကဆိုရင်ဖြင့် သင့်နေလို့ သင့်မှန်းသိတဲ့လူတွေ မဟုတ်ပါဘူး (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)။

သင့်နေတော့ နေတာပဲ စံလှ (မှန်ပါ့) သင့်မှန်း က (မသိပါဘုရား)။

မသိတော့ ဪ ကိုယ့်မှာ ဘေးသင့်နေတာ မသိတော့ အပြင် ဘေးသာကြောက်၍ အတွင်းဘေးကို (မကြောက်ပါဘုရား)။

ဒါဖြင့် အပြင်ဘေးသာ ကြောက်၍ အတွင်းဘေးကို မကြောက်ဘူးဆိုလို့ ရှိရင်ဖြင့် အိမ်ထဲ ရောက်နေတဲ့ ဓားပြနဲ့ အိမ်ပြင်က ဓားပြ ဘယ်ဟာ ကြောက်စရာ ကောင်းသလဲ (အိမ်ထဲရောက် နေတဲ့ ဓားပြ ကြောက်စရာကောင်းပါတယ်ဘုရား)။

အဲ ဒီလို ကြောက်စရာကောင်းတာကို ခင်ဗျားတို့က မသိ လိုက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား) အတော် မဆိုးဘူးလား (ဆိုးပါတယ်ဘုရား)။

ဘေးသင့်နေလို့ သစ္စာတရားမတွေ့တာ

ဦးပြန့်တို့ သတိထားပါ၊ သတိထားကြပါ၊ ဒကာဒကာမတို့ တစ်သံသရာလုံး ဘုရားအဆူဆူနဲ့ သစ္စာပွဲကြီးတွေ ဘု ရားတွေ ပွင့်သွားလိုက်တာ ဘယ်ဘုရားမှ သစ္စာမဟောတဲ့ ဘုရားရယ်လို့ မရှိဘဲနဲ့ သစ္စာပွဲကြီးတွေဟာ တစ်ခါတည်း ဘုရားတည်းဟူသော အသံတော်ကြီးနဲ့ စည်ကြီးတီးပြီး သကာလ အမျိုးမျိုးချွတ်သွားလို့ သပွဲနွှဲပြီး သကာလ နိဗ္ဗာန်ဝင်သွားကြတဲ့ ပုဂ္ဂိုလ်တွေထဲ ကျုပ်တို့ မပါတာ ဘေးသင့်နေလို့ (မှန်ပါ့) သဘောပါပလား (ပါပါပြီဘုရား)။

ကျုပ်တို့ မပါတာ (ဘေးသင့်နေလို့ပါ) ဘာဘေးပါ လိမ့် (မတော်ဘေး သင့်နေပါတယ် ဘုရား) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

မသူတော်ဘေးဆိုတာ ဘာပါလိမ့်၊ ဖြစ်ပျက်ရှိလျက်နဲ့ ဖြစ် ပျက် မသိတဲ့ဘေး (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီဘုရား)။

ဖြစ်ပျက်ရှိလျက်နဲ့ (ဖြစ်ပျက်မသိတဲ့ဘေးပါဘုရား)။

ဖြစ်ပျက်မသိတဲ့ဘေး ဆိုတော့ မသိတာက အဝိဇ္ဇာ-ဟုတ် လား (မှန်ပါ့) မောဟဆို ရင်ကော (မလွဲပါဘုရား) မောဟနဲ့ အဝိဇ္ဇာ အတူတူပဲ (မှန်ပါ့)။

ဪ သစ္စာပွဲကြီးတွေ တရားစည်ကြီး တီးလိုက်တာ လူ့ပြည်မှာ ဘုရားပွင့်ပြီး လူ့ပြည်ကနေ ဟောလိုက်တာ ဗြဟ္မာ ပြည်တောင် ကြားတယ် (မှန်ပါ့) ကျုပ်တို့ မသူတော်ဘေး သင့်နေလို့ ကိုဝ-မကြားလိုက်ဘူး (မှန်ပါ့) ကိုစံလှ သဘော ပါပလား (ပါ-ပါပြီဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတစ်ခါမှလွဲရင်ဖြင့် သွားကြပေတော့ (မှန်ပါ့) သွားကြပေတော့၊ ဘယ်နှယ်နည်း နဲ့ မှ ဒကာကြီးတို့ မတတ်နိုင်တော့ဘူး၊ တက်နိုင်စရာ မြင်သေး ရဲ့ လား (မမြင်ပါဘုရား)။

အဲဒါကြောင့် အဖိုးတန်အောင်ပြောလို့ တန်နေတာလားလို့ ဘုန်းကြီးက စကားကလဲ တတ်တယ်၊ တရားကလဲ တတ်တယ်၊ ဒါ့ကြောင့် သူ့စကား၊ သူ့တရားဟာ အဖိုးတန်နေတာပဲလို့ ဒီလို မယူပါနဲ့ (မှန်ပါ့) တရားကို ခင်ဗျားတို့ မသိတဲ့တရား ဖေါ်ပြောနေရလို့ ဒါကြောင့် တန်နေတာ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဆရာသမားက ဘယ်ဘေးစိုးရိမ် ပါလိမ့် (မသူတော်ဘေး စိုးရိမ်ပါတယ်ဘုရား)။

မသူတော်ဘေးဆိုတာ ဖြစ်ပျက်ရှိလျက်နဲ့ (ဖြစ်ပျက် မသိတာပါဘုရား) မသိတဲ့ဘေး (မှန်ပါ့) ဒီတော့ မသိတာက အဝိဇ္ဇာ၊ “အဝိဇ္ဇာ သမုဒယာ အာသဝ သမုဒယော” (မူလပဏ္ဏာသပါဠိ၊၆၈) ဆို တော့ မောင်နိုင်- ငြင်းစရာလိုသေးသလား (မလိုပါဘုရား) မလို တော့ဘူး၊ သံသရာမြုပ်တော့ မျောတော့မယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဘေးသာသင့်ရင်ဖြင့် မြုပ်-မျော လမ်းမှ တစ်ပါးတခြား သွားစရာ မရှိတော့ပါဘူး (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်ဘုရား)။

ကဲ ဆရာသမား စိုးရိမ်တာနည်းနည်း (မှန်ပါ့) ခင်ဗျားတို့ အရုပ်ဆိုး အကျည်းတန်ကြီးနဲ့ သံသရာထိမှာ တစ်ခါ တည်း အိုးဘေးကလဲ ငါ့ပစ္စည်း၊ သေဘေးကလဲ ငါ့ပစ္စည်း၊ ငရဲ ဘေးကလဲ ငါပိုင်-ဟုတ်လား (မှန်ပါ့) တွင်းတွေ၊ ကျင်းတွေ ထဲမှာရှိတဲ့ လှုပ်လှုပ်ရွရွ ဒီတိရစ္ဆာန်တွေဖြစ်ဖို့လဲ ငါ့တွင်း ငါ့ ကျင်း၊ သမုဒ္ဒရာရေကြီးဟာလဲ ငါ့ ရေ၊ ငါ-ငါးဖြစ်တဲ့အခါ အောင်းဖို့ ဒီအထဲမှာ သွားတော့မယ် (မှန်ပါ့) မဆိုထိုက်ဘူး လား (ဆိုထိုက်ပါတယ်ဘုရား)။

ဒါ ဘယ်ဘေးသင့်တဲ့ ပုဂ္ဂိုလ်၏ အဖြစ်ဆိုးလဲ (မသူတော် ဘေးသင့်တဲ့ ပုဂ္ဂိုလ်၏ အဖြစ်ဆိုးပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မသူတော်ဘေးဟာ ဥပစ္ဆေဒက-ကံ၊ ဥပဃာတက-ကံလို့ မရှိဘူးလား (ရှိပါ တယ် ဘု ရား)။

ဒါတွေက မောင်နိုင်က အခု ကျန်းကျန်းမာမာနဲ့ နေတယ်၊ ဖျပ်ဆို သူက ဖြတ်ချလိုက်တယ်၊ မသူတော်ဘေး သင့်သွားတယ်၊ – (မှန်ပါ့) မသင့်ဘူးလား (သင့်ပါတယ်ဘုရား)။

ကို ဝ-အခု ကျန်းကျန်းမာမာနဲ ဖျပ် – ဆို လေဖြတ်ပြီး သကာလ ဝိညာဉ် ချုပ်ပစ်လိုက်တယ်၊ အင်း ဒါ မသူတော် ဘေးသင့်တာ သေချာတယ် (မှန်ပါ) မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

မသူတော်ဟာက ဒကာ ဒကာမတို့ အခုအကောင်း နောက် နှစ်စက္ကန့်မှာ အဆိုးဖြစ်အောင် ဖြတ်တတ်တဲ့ သတ္တိရှိတယ် (မှန်ပါ့) ကြောက်စရာ ဘယ်လောက်ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ မသူတော်ဘေးဟာ အညံ့ရှိယင်အုံ ဆိုတာ ကိုယ်က ဉာဏ်မရှိလို့ ရှိရင်ဖြင့် အဝိဇ္ဇာနေတော့မယ်ဆိုတာ မောင်နိုင် သေချာပြီ (သေချာပါပြီ ဘုရား) အဝိဇ္ဇာဟာ သူဘော်လား၊ မသူတော်လား (မသူတော်ပါ ဘုရား)။

မကောင်းတဲ့ကံတွေ လိုက်လာမယ်

ဒါဖြင့် မသူတော်ဆိုတာသည် ကိုဝတို့က စဉ်းစား၊ ကိုပေါ် တို့က စဉ်းစား၊ သူ့ အဖော်ပဲ လိုက်မယ် (မှန်ပါ့) ခုနှင်က ဥပစ္ဆေဒက ဖြစ်တတ်တဲ့ကံတွေ (လာပါတယ် ဘုရား) ဥပစ္ဆေဒက ကပ်ပြီး ဖြတ်တတ်တဲ့ကံတွေ လာလိမ့်မယ် (မှန်ပါ့)။

ဥပဃာတက-ကတော့ ကောင်းကောင်းကလေး ကျန်းမာ နေတုန်းပဲကွယ် မင်း သေပေတော့ကွာ ဆိုပြီး ဥပဃာတက ကံတွေကော (လာပါတယ် ဘုရား)။

ကျန်းမာနေတုန်းပဲ၊ ဥပပီဠက အိပ်ရာက မထနိုင်အောင် နှိပ်စက်တတ်တဲ့ ကံတွေကော (လာပါတယ် ဘုရား) မသူတော် ရှိလို့ လာတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာကြောင့် လာတာပါလိမ့် (မသူတော် ရှိလို့ ပါ ဘုရား)။

အို အမှိုက်ရှိရာ ခွေးချေးလာတာ (မှန်ပါ့) မသူတော် အမှိုက်ရှိနေလို့ ခွေးချေးနဲ့ တူတဲ့ မကောင်းတဲ့ကံတွေ အကုန် လာတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ကဲ ဘယ်လောက် ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ဘေးတကာ့ ဘေးထဲ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးလဲ (မသူ တော်ဘေး ကြောက်စရာ ကောင်းပါတယ် ဘုရား)။

မသူတော်ဘေး ကြောက်စရာ အကောင်းဆုံးပဲ၊ အမှိုက်ရှိရာ ခွေးချေးလာတယ်ဆိုတာ ဒကာ ဒကာမတို့ ဟောဒီ မသူတော်ဘေး အမှိုက်ရှိလို့ ခင်ဗျားတို့မှာ စိတ်ဆင်းရဲရတဲ့ အကြောင်းတွေ၊ ကိုယ် ဆင်းရဲရတဲ့အကြောင်းတွေ မလာဘူးလား (လာပါတယ် ဘု ရား)။

အင်း ဘယ်ဘေးသင့်နေတဲ့ ပုဂ္ဂိုလ်မို့ မောင်နိုင်-ဒီအဖော် တွေ ရောက်ပါလိမ့် (မသူ တော်ဘေး သင့်နေတဲ့ ပုဂ္ဂိုလ်မို့ပါ ဘု ရား) မယူ ဘော်ဘေး လို့ ဒီအဖော်တွေ့ ရောက်လာတာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဆရာဘုန်းကြီး စိုးရိမ်တာ ဘယ်ဘေးပါလိမ့် (မသူ တော်ဘေးပါ ဘုရား)။

ခင်ဗျားတို့ ငတ်သေမှာလဲ မစိုးရိမ်ပါဘူး၊ အင်း သူတို့ ငတ်တော့ မသေနိုင်ဘူးဆိုတာ ဘုန်းကြီးက စိတ်ချတယ်၊ (မှန်ပါ့ ဘုရား)။

ဒီပြင်ဟာ ဘာမှ မစိုးရိမ်ဘူး၊ အိမ်တွေကလဲ သူတို့ မိုးလုံ လေလုံ နေကြတာပဲ၊ ကိစ္စမရှိပါဘူး၊ မိုးရွာပေမယ့် သူတို့ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး၊ နေတွေ ဘာတွေပူလဲပူပေမယ့် သူတို့မှာ အရိပ်တွေ ရှိသားပဲ၊ ဘာမှ မဖြစ်နိုင်ပါဘူး၊ အဲဒါတွေ အကုန် – စိတ်ချတယ် (မှန်ပါ့)။

ဒီဘေးကျတော့ (စိတ်မချရပါ ဘုရား)။

ကဲ ကိုဝ ဒီဘေးကျတော့ (စိတ်မချရပါ ဘုရား) အခု မေ့လိုက်ရင် အခုသင့်တာပဲ (မှန်ပါ့)။

အခုမေ့လိုက်ရင် (အခုသင့်ပါတယ် ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ မေ့တဲ့ဘေးဟာ အကြီးဆုံးပဲ (မှန်ပါ့)။

ဒါကြောင့် “ ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဟသဒိသာ ” လို့ (ဓမ္မပဒ အဋ္ဌကထာ(ပ)နှာ-၆)က ဆိုလိုက် တယ် (မှန်ပါ့ ဘုရား)။

အပါယ်လေးဘုံသည် မေ့တဲ့သူများ၏ နေအိမ်

ပမတ္တဿ နာမ၊ မိမိခန္ဓာကိုယ် ဖြစ်ပျက်ကို မေ့လျော့ပြီး သကာလ မေ့ဘေးသင့်နေတဲ့ ပုဂ္ဂိုလ်အား၊ စတ္တာရော အပါယာ၊ အပါယ်လေးဘုံတို့သည်။ သကဂေဟသဒိသာ၊ မေ့တဲ့ပုဂ္ဂိုလ်၏ အိမ်တွေပဲ (မှန်ပါ့) ကုန်ရောပေါ့ ဗျာ (မှန်ပါ့) မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။

မေ့တဲ့ပုဂ္ဂိုလ်၏ အိမ်ဟာ အပါယ်လေးဘုံပဲ (မှန်ပါ့ ဘု ရား)။

ဒကာ ဒကာမတို့ မေ့တဲ့ပုဂ္ဂိုလ်၏ အိမ်ဟာ (အပါယ် လေးဘုံပါ ဘုရား)။

ကိုင်း ဒါဟာ ကိုပေါ်-ဓမ္မပဒ အဋ္ဌကထာပါပဲဗျာ (မှန်ပါ့) ခန္ဓာကိုယ် ဖြစ်ပျက်ကို မေ့နေတဲ့ ပုဂ္ဂိုလ်၏ ဘေးသင့် ပုံ (မှန်ပါ့ ဘုရား)။

မေ့တဲ့ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်း ဘယ်ဟာလဲ (အပါယ် လေးဘုံပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ သေသေချာချာလဲ ပေါ်လာ ပါပြီ တစ-တစနဲ့ (မှန်ပါ့) ပေါ်လာတဲ့ အခါကျတော့မှ ဪ ဒီဆရာနဲ့ သာမတွေ့ရင် ကိုယ်ကျိုးနည်းပဲ (မှန်ပါ့) မနည်းသေးဘူးလား၊ နည်းသလား (နည်းပါတယ် ဘုရား)

သေသေချာချာ နည်းမယ်၊ ဒီခန္ဓာ ဘာရှိနေတယ်လို့ သိပါ ဦးမလား (မသိပါ ဘုရား)။

မသိနိုင်တော့ မသိတာက (အဝိဇ္ဇာပါ) အဝိဇ္ဇာဆိုတာ မေ့တာ၊ မေ့တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းဟာ အပါယ်လေးဘုံပဲ (မှန်ပါ့ ဘုရား)။

မေ့တဲ့ပုဂ္ဂိုလ်၏ ကိုယ့်အိမ်ဟာ ဘာတဲ့ (အပါယ်လေးဘုံ ပါ ဘုရား) ကဲ ဦးဘကလေးတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ မေ့တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းဟာ အပါယ်လေးဘုံပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့သည် ဘုရားအဆူဆူပွင့်၊ သစ္စာတရားစည် ကြီး တီးပြီးသကာလ မကြားလိုက်၊ မတွေ့လိုက်တာသည် မောင်နိုင်ရေ ‘‘အသဒ္ဓမ္မတော ဝါ’’ ဘေး သင့်နေတာပါပဲ (မှန်ပါ့)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ (အသဒ္ဓမ္မတောဝါဘေး သင့်နေတာပါ ဘုရား)။

အဲဒီလို ခင်ဗျားတို့ကလဲ ရွတ်လိုက်တဲ့ “အသဒ္ဓမ္မတောဝါ” သင့်နေတာလဲ ကိုယ့်မှာ (မှန်ပါ့)။၊ ရွတ်လိုက်တာလဲ လွန်လို့၊ သင့်နေတာလဲ (ကိုယ့်မှာပါ ဘုရား) ဖြစ်မှ ဖြစ်ရပလေ (မှန်ပါ့) ကိုဝ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အင်း ကာလ ဒေသ တယ်မကောင်းဘူး၊ ခွေးတွေက အူတယ်၊ ကျီးတွေက ပြိုတယ်ကွ၊ ဟိုမှာလဲ လူတွေက ဟိုအရပ်မှာ ဖျပ်ကနဲ- ဖျပ်ကနဲ သေသွားတယ်၊ တယ်များသကွ၊ အဲဒီတော့ – ‘ရာဇတောဝါ’ ကလေးများ ရွတ်ကြစမ်းဦးကွ မောင်နိုင် လာပြီ (မှန်ပါ့) မလာဘူးလား (လာပါပြီ ဘုရား)။

အင်း သူက ရွတ်သာနေတယ်၊ သူ့သင့်တာတော့ သူ မသိဘူး (မှန်ပါ့)။

ရွတ်တာလဲ သူပဲပေါ့ (မှန်ပါ့) သင့်တာလဲ (သူပါပဲဘု ရား) ဒီထက်ထူတာတော့ ဘယ်ရှာ တွေ့တော့မလဲ (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ရွတ်တာလဲ (သူပါပဲဘု ရား) သင့်နေတာလဲ (သူပါပဲဘု ရား)။

ဒီတော့ စွတ်နေရုံမဟုတ်ဘူး၊ ဒီအထဲမှာ သူတော်ကောင်း တရားနဲ့ တစ်ခါတည်း ခန္ဓာကိုယ် မမေ့အောင် ဖြစ်ပျက် အလုပ် ကလေးလုပ်လိုက်မယ်ဆိုလို့ ရှိရင်ဖြင့် တဲ့ သူ့မှာ သင့်သေး ရဲ့ လား (မသင့်ပါ ဘုရား)။

အဲ သူ့မှာ မသင့်တဲ့အခါကျလို့ရှိရင်ဖြင့် အမှိုက်မရှိလို့ ခွေးချေး မလာပါဘူး (မှန်ပါ့) လာစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အခုတော့ အမှိုက်တွေကတော့ ပုံထားတယ်၊ ခွေးချေးတော့ မယိုစေချင်ဘူးဆိုတော့ ဖြစ်နိုင် မဖြစ်နိုင် (မဖြစ်နိုင်ပါ ဘုရား)။

အဲ ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပြင်ကြဦးဟေ့ ဆရာဘုန်းကြီး အရေးကြီးတဲ့ အကြောင်းပြောပြီ (မှန်ပါ့) ပြင်ချိန်ရှိသေးလို့ ပြောလို့ ရသေးတယ်၊ တော်သေးတယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အခုတရားဟာ ဆရာ သမားလဲ စိုးရိမ်တယ်၊ ဘု ရားလဲ စိုးရိမ်ဆုံး၊ ကျုပ်တို့ သံသရာ ရှည်ခဲ့တာလဲ သူ့ကြောင့်၊ သင့်မှန်းမသိဘဲနေတာပဲ ကျုပ်တို့၏ မိုက်ပြစ် (မှန်ပါ့)။

သင့်မှန်းမသိဘဲ နေတာက (မိုက်ပြစ်ပါ ဘုရား) မိုက်ပြစ် ပဲ၊ ဆရာကောင်းဆီ မကိုးကွယ်, မဆည်းကပ်၊ အဲဒီတော့ သင့်နေ တာကို မောင်နိုင်-မသိဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သင့်နေတာကို (မသိပါ ဘုရား) မသိဘူးဆိုတော့ ကိုဝ တန်းကုန်တာ (မှန်ပါ့) ကလေး အနာပေါက် လျက်နဲ့ ဆော့နေတဲ့ ကလေးနဲ့ တော့ တူပြီ (မှန်ပါ့)။

ကလေးစိတ်နဲ့ အချိန်ကုန်ခဲ့ကြတယ်

ကလေးဟာ အနာပေါက်လျက်နဲ့ ဆော့နေတာ အမေမိဘက မင်း-တစ်နာက နှစ်နာများ ရချင်သေးလို့လားဆိုတာ အမေမိဘ ပြောလို့ သာ သူ- နားထောင်ရတာ၊ သူ ကတော့ ဒီအနာဟာ အနာ ပေါက်မှန်းရယ်လို့ သိရဲ့လား (မသိပါဘု ရား) နောက် အနာရမှာကော (မသိပါ ဘုရား)။

ဒါဖြင့် ကလေးသည် မူလ-အနာပေါက်တာလဲ သူ မသိဘူး (မှန်ပါ့) နောက် အနာ သူ ပြေးလွှား ဆော့နေလို့ ရလိမ့်မယ် ဆိုတာလဲ (မသိပါ ဘုရား)။

ဒါဖြင့် ဒီကလေးမှာ အနာရှိတာကို အနာရှိတယ်လို့ မသိ သလို ကျုပ်တို့မှာ တစ်သံသရာလုံး ကလေးစိတ်နဲ့ အချိန် ကုန်ခဲ့ တယ် (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

တစ်သံသရာလုံး (ကလေးစိတ်နဲ့ အချိန်ကုန်ခဲ့ပါတယ် ဘုရား)။

ဘာကြောင့်တုံးဆိုတော့ ‘‘အသဒ္ဓမ္မဘောဝါ’’ ဆိုတဲ့ ဖြစ်ပျက် မေ့နေတဲ့ ဖြစ်ပျက်ရှိလျက်နဲ့ မသိတဲ့မေ့လုံးကို ကိုယ့်မှာ အနာ ပေါက်နေတယ်လို့ ကိုဝ-မသိခဲ့ပါဘူး (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

သိပ်ကြောက်စရာ ကောင်းပါကလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)။

ဘေးတကာ့ ဘေးထဲ ဘယ် ကြောက်စရာ အကောင်း ဆုံးလဲ (မသူတော်ဘေး ကြောက်စရာ အကောင်းဆုံးပါ ဘုရား)။

မသူတော်ဘေး ဆိုတာ ဘာမေ့တာပါလိမ့် (ဖြစ်ပျက် မေ့တာပါ) ဖြစ်ပျက်ရှိလျက်နဲ့ မသိဘဲနဲ့ မေ့နေတယ် (မှန်ပါ့) မောင်နိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အားလုံး တရားနာကြတဲ့ ဒကာ ဒကာမတွေ အရေး မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကဲ မသူတော်ဘေး သင့်လိုက်တာ တဲ့ ဒကာ ဒကာမတို့ ကျုပ်တို့မှာ အပါယ်ရောက်ခဲ့ရတယ်၊ ဘယ်ဘေးကြောင့်တုံး (မသူတော်ဘေးကြောင့်ပါ ဘုရား) မသူတော် ဘေးကြောင့်နော် (မှန်ပါ့)။

နတ်ပြည်များရောက်ပြီး သကာလ နတ်ပြည်များ တစ်ခါ တလေ အကြောင်းညီညွတ်လို့ တက်သွားပြီး အပါယ်လေးပါးများ ရောက်တာဘယ့်နှယ်ကြောင့် နတ်ပြည်က အပါယ်လေးပါး ပြန် ရောက်ပါလိမ့် (မသူတော်ဘေးကြောင့်ရောက်တာပါ ဘုရား)။

ကမ္ဘာပျက်တိုင်းပျက်တိုင်း ကျုပ်တို့ ဗြဟ္မာပြည်မှာ များသော အားဖြင့် ဖြစ်ပြီး ဗြဟ္မာကြီးတွေ တန်ခိုးကြီးတွေဖြစ်ပြီး ဘယ့် နှယ်ကြောင့် ကျုပ်တို့ အခုအချိန်မှာ လူဆင်းရဲ၊ စိတ်ဆင်းရဲ၊ ကိုယ် ဆင်းရဲ ဖြစ်နေကြပါလိမ့် (မသူတော်ဘေး သင့်လို့ပါ ဘုရား)။

မသူတော်ဘေးသင့်လို့ချည့်ပဲ ကျုပ်တို့ ဒုက္ခမျိုး ကျုပ်တို့ အကုန်ဖြစ်ရတယ် (မှန်ပါ့) ဆိုထိုက်ကြရဲ့လား (ဆိုထိုက် ပါတယ်ဘု ရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘေးတဘာ့ဘေးဘယ်ဘေး ကြောက်စရာ အကောင်းဆုံးတုံး (မသူတော်ဘေး ကြောက် စရာအကောင်းဆုံးပါဘု ရား) မှတ်မိကြပလား (မှတ်မိပါပြီ)။

တစ်လုံးတည်း ဟောသေးတယ် မောင်နိုင်-နာရီသုံးမတ် တော့ ရှိသွားပြီကွ (မှန်ပါ့) နာရီ သုံးမတ်ရှိသွားပြီး ဒကာ ဒကာမတို့ အရေးကြီးလို့ ပြောနေတာ (မှန်ပါ့)။

ဘယ်လိုကြောင့်ပါလိမ့် (အရေးကြီးလို့ ပြောနေတာပါ ဘုရား)။

ဘုန်းကြီးက တတို့တတို့နဲ့ ညတိုင်း တစ်ခါတည်း ၇-နာရီ ဆို လာကြနော် ကြိုးစားကြနော်၊ အိမ်ကျတော့လဲ မေ့မနေကြနဲ့ နော် ဆိုတာ အခု ဘုန်းကြီးရှိတုန်းတော့ တော်သေးတယ် (မှန်ပါ့)။

အခု ဒီခန္ဓာကြီးဟာ အနိစ္စ ခန္ဓာကိုယ်ကြီးပဲဆိုပြီး ထိုင်ရှုမိ တာတွေ ရှိသေးတာကိုး (မှန်ပါ့)။

အိမ်နေတော့ ပစ်ထားလိုက်တဲ့အခါကျတော့ ဘေးကရောက် လာတယ် (မှန်ပါ့) မရောက်ပေဘူးလား (ရောက်ပါတယ် ဘု ရား)။

အဲ မသူတော်ဘေးသင့်လို့ ရှိရင် အပါယ်လေးဘုံဟာ သူပိုင်ပစ္စည်းတဲ့ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။

မသူတော်ဘေးသင့်ရင် (အပါယ်လေးဘုံဟာ သူပိုင်ပစ္စည်း ပါ ဘုရား) သူပိုင်ပစ္စည်း ဖြစ်တော့မယ် ဆိုတော့ သိပ်ကြောက်စရာ ကောင်းတယ်ဆိုတာ ကိုစံလှ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် မသူတော်ဘေး မေ့ဘေးနော် (မှန်ပါ့) မေ့တဲ့ဘေးတဲ့၊ မေ့တာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာ သမုဒယာ (အာသဝ သမုဒယောပါ ဘုရား)။

ဟော အာသဝေါတရား လေးပါးပေါ်တယ် ဒကာ ဒကာမ တို့နော် (မှန်ပါ့)

အာသဝေါတရား လေးပါး ပေါ်လာတယ် ဆို တော့ ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား) အင် မတန် မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ ကြပ်ကြပ်စဉ်းစားပါ ဒါ-မနက်ကျလို့ ရှိရင်ဖြင့် ဘယ်သွားမယ်၊ ဘယ်လာမယ် ဆိုလို့ ရှိရင် ခန္ဓာဘက်ကို ဉာဏ်မလှည့်ဘဲနဲ့ သွားချင်လာချင်တဲ့ စိတ် တွေနဲ့ ဒီနှယ် ဟိုနှယ်တွေက ဗျာပါရများလာလို့ ရှိရင် ဟာ မင့်ဟာက ဒီဗျာပါရတွေ ဝင်လာကတည်းက အင်း ဟိုစိတ်မချ၊ ဒီစိတ်မချ၊ ဟိုပူ-ဒီပူ၊ ဟိုဆွေး-ဒီဆွေး၊ ဟိုမှာ ဒီမှာနေနဲ့ ပဲ မသူတော် ဘေး သင့်နေတာ (မှန်ပါ့) သူတော်ဘေးသင့်ရင် ငြိမ်နေမှာပဲ (မှန်ပါ့)။

သူတော်ဘေးရယ်လို့ မရှိဘူး၊ သူတော်ကောင်းစိတ်သာ ရှိမယ်ဆိုရင် ငြိမ်ပြီး ချမ်းသာနေမှာပဲ (မှန်ပါ့)။

ဖျပ်-ဆို မိုးလင်းလာလို့ ရှိရင် ဘယ်သူက ဘယ်သွား၊ ဘယ်သူက ဘာလုပ်၊ ဘယ်သူက ဘယ်ကိုင်တွယ်ဆိုလို့ ရှိရင်ဖြင့် အဲဒါ မောင်နိုင်-ရိပ်မိပါပြီ (မှန်ပါ့) ဘေးသင့်လို့ ဗျာများတာ (မှန်ပါ့)။

ဘယ်လိုကြောင့်ပါလိမ့် (ဘေးသင့်လို့ ဗျာများတာပါ ဘု ရား) ရှင်းကြပလား (ရှင်းပါပြီဘု ရား)။

အင်း မနက်မိုးလင်းလို့ ရှိရင် ဘာလုပ်မယ်, ဘာကိုင် မယ်, ဘာကြိုးစားမယ်လို့ လောကီ အလုပ်တွေကို ပြောတိုင်းပြောတိုင်း ဪ ငါ ငြိမ်ငြိမ်မနေရအောင်ဘဲ ဒုက္ခရောက်အောင် ခလုတ်တွေ ထည့်ပြီး ဆူးတွေငြိအောင် တွန်းပေါ့ဟ (မှန်ပါ့)

ဟိုလူနဲ့ ဒီလူ စကားများရအောင်လဲ သူတွန်းပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါ ဘယ်ဘေး စ, သင့်လိုက်တာလဲ (မသူ တော်ဘေး စ, သင့်ပါတယ် ဘုရား) ရှင်းပလား- (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် မသူတော်ဘေးဟာ ဤမျှလောက် ယုတ်မာ အကျည်းတန် ဆိုးဝါးမှာဖြင့် တန်းကုန်ပါပေါ့ ဆိုတာလဲ ဘုရား အဆူဆူနဲ့ လွဲတာထောက်လိုက်ရင် သေချာပါပြီ (မှန်ပါ့) မသေချာသေးဘူးလား (သေချာပါပြီ) ကိုပေါ်ကြီး သေချာ ပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုန်းကြီး ဝတ္ထုထုတ်ပါတော့မယ် တဲ့ နာရီက နီးနေလို့။

‘‘ပမာဒံ ဘယတော ဒိသွာ။’’(ထေရဂါထာ၊၃၄၃။ အပါဒါနပါဠိ၊၇)

ပမာဒံ၊ မေ့လျော့ခြင်းကို။ ဘယတော၊ ဘေးသင့်နေတယ် လို့။ ဒိသွာ၊ မြင်ရမယ် (မှန်ပါ့) မောင်နိုင် သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ပမာဒံ၊ ဒီခန္ဓာကိုယ်ကြီး၏ ဖြစ်ပျက် မေ့လျော့ခြင်းကို။ ဘယံ၊ ဘေးသင့်သည်ဟု။ ဒိသွာ၊ သိ၍။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မေ့နေလို့ ရှိရင်ဖြင့် ဘာသင့်တာတဲ့ (ဘေးသင့် တာပါ ဘုရား)။

အပ္ပမာဒဉ္စ ခေမတော၊ ဒီဖြစ်ပျက်ကို ဖြစ်ပျက်ရှိ တယ်လို့ သိနေတဲ့ အခါကျတော့ ဘေးမရှိတဲ့ဆီ ရောက်မယ် တဲ့ (မှန်ပါ့) ပေါ်လာပြီ မဟုတ်လား (မှန်ပါ့)။

မေ့နေရင် ဘေးသင့်တယ် (မှန်ပါ့) မမေ့လို့ ရှိရင် ဘေးမရှိတဲ့ နိဗ္ဗာန်ရောက်မယ် (မှန်ပါ့) အဝိဇ္ဇာ ချုပ်ကြည့်စမ်း ပါ မောင်နိုင်ရ၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

မမေ့လို့ ရှိရင် နိဗ္ဗာန်ရောက်မည်

မေ့ရင် ဘေးသင့်ပါတယ် (မှန်ပါ) အ ဘေးသင့်ပြီ (မှန်ပါ့) မမေ့လို့ ရှိရင်ဖြင့် နိဗ္ဗာန်ရောက်ပါပြီ(မှန်ပါ့) ဘယ် လောက်မှန်သတုံး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

မေ့ရင် (ဘေးသင့်ပါတယ် ဘုရား) မမေ့ရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)

အဲဒီခန္ဓာကြီးပေါ်မှာ ကြပ်ကြပ်မှုဆောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစားရစ်ပါ ဆိုတာမှတ် (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

“ပမာဒ ရဟိတာ ဟောထ၊ ဧသာ ဗုဒ္ဓါနုသာသနီ” ငါဘုရား သခင် ကိုယ်တော်မြတ်ကြီး တစ်သက်လုံး ဆုံးမလာတာကွာ တဲ့၊ မင်းတို့ မေ့လျော့တဲ့ဘေးသင့်လို့ ရှိရင် ဒုက္ခရောက်ချီရဲ့၊ မမေ့ မလျော့လို့ ရှိရင် နိဗ္ဗာန်ရောက်ချီရဲ့၊ အဲဒါ ငါဘု ရား၏ အဆုံးအမ ပဲဆိုပြီး သကာလ သေသေချာချာ ဟောပါယ် (မှန်ပါ့ ဘုရား)။

“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနာ၊ အယံ ဝေါ အမှာကံ အနုသာသနီ”။

သံယုတ်ပါဠိတော်များ ဒီဥစ္စာ သိပ်မှာတာပဲ (မှန်ပါ့)။

ဘိက္ခဝေ၊ ငါ၏ ချစ်သား ရဟန်းများတို့၊ ဘိက္ခု၊ ရဟန်း သည်။ သတော၊ သတိရှိသည်ဖြစ်၍၊ သမ္ပဇာနာ၊ ပညာနဲ့ ဖြစ် ပျက်မြင်သည်ဖြစ်၍၊ ဝိဟရေယျ၊ နေစမ်းပါကွ။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ သံသရာကို ဘေးဟု ရှုတဲ့ ပုဂ္ဂိုလ်ဟူသရွေ့သည်။ သတော၊ ဒီခန္ဓာကိုယ်ကြီး၌ ဖြစ်ပျက် ရှိတယ်လို့ သတိထားပြီး သကာလ။ သမ္ပဇာနာ၊ ပညာနဲ့ မြင်သည်ဖြစ်၍၊ ဝိဟရေယျ၊ နေစမ်းပါ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)၊

သတိထား ပညာနဲ့ ကြည့်

အယံ၊ အခု ငါပြောတဲ့ သတိထားပြီး ပညာနဲ့ ဆိုတဲ့ အလုပ် ဟာ၊ ဝေါ တုံမှာကံ၊ သင်ချစ်သားတို့အား။ အမှာကံ၊ ငါဘု ရား တို့ ၏။ အနုသာသနီ၊ အကြီးဆုံး အဆုံးအမပဲ တဲ့၊ ၄၅ ဝါ ဆုံးမတာ သတိထား ပညာနဲ့ ကြည့် တစ်လုံးတည်းဟာ အဲဒီထဲ အကုန်ပါတာဘဲ (မှန်ပါ့)။

သတိထားပြီးတော့ (ပညာနဲ့ ကြည့်ရမှာပါ ဘုရား) အဲ သတိထား ပညာနဲ့ ကြည့်လို့ ရှိရင်ကွာ တဲ့၊ မေ့ဘေး သင့်နိုင်စရာ ရှိသေးရဲ့လား (မရှိပါဘု ရား) သဘောပါကြ ပလား (ပါပါပြီ ဘုရား)။

အဲဒီတော့ ပါဠိတော်ကလဲ ရှည်ပြီး သကာလနေလို့ ဘုန်းကြီး တို့ ဒကာ ဒကာမတွေမှာ ဆရာသမားကလဲ ဟိုလိုက် ပြီး ချီးမြှောက်ရဦးမှာ၊ ဒီမှာလဲ ကယ်တင်ထားတာတွေက မနည်း ဘူး၊ ဒီကယ်တင်ထားတာတွေက အချို့က အဆုံးမရောက်ကြ သေး၊ အဆုံးမရောက်ကြသေးလို့ ရှိရင် သူတို့မှာ ဘေးကတော့ သင့်ဦးမယ်၊ သူတို့ဟာ သူတို့ သတိထားပညာနဲ့ မကြည့် ရင် ဘေးသင့်ဦးမယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒီဘေးထက် ကြောက်စရာကောင်းတာကော တွေ့ကြသေးရဲ့လား (မတွေ့ပါဘု ရား) ကဲ ပါဠိတော် ရွတ်စမ်းပါ ဘာတဲ့ (အသဒ္ဓမ္မတောဝါ ပါ ဘုရား)။

အဲဒါဟာ သုတ္တနိပါတ် ပါဠိတော်၊ ပရိတ်ကြီးလို့ အောက်မေ့ လိုက် (မှန်ပါ့) သုတ္တနိပါတ် ပါဠိတော်မှာ ဘုရားကိုယ်တော် တိုင် ဟောခဲ့တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် နေရာကျပါပြီ တဲ့၊ မောင်နိုင် စဉ်းစား လိုက်ပါ တဲ့၊ တာဝတိံသာနတ်ပြည်မှာ အရင်တုန်းက ပြောခဲ့ပါတယ်၊ သုဗြဟ္မနတ်သား ဆိုတာ မောင်နိုင်တို့ကို အရင် တုန်းက ဟောဖူးတယ် (မှန်ပါ့)။

တာဝတိံသာနတ်ပြည်မှာ ဘာနတ်သားတဲ့ (သုဗြဟ္မ နတ်သားပါ ဘုရား)။

သုဗြဟ္မနတ်သား

သုဗြဟ္မနတ်သားဆိုတဲ့ ဥစ္စာ အင်မတန် ဘုန်းကံ ပါရမီနဲ့ ပြည့်စုံခြင်းကြောင့် နတ်သမီးက တစ်ထောင် ရှိတယ်၊ သူတစ် ယောက်တည်းမှာ နတ်သမီးတစ်ထောင်ရှိတယ် (မှန်ပါ့)။

နတ်သမီးတစ်ထောင်ရှိတော့ ဥယျာဉ်တော် ထွက်ကြပါ တယ်၊ ဥယျာဉ်တော် ထွက်တဲ့ အခါကျတော့ နတ်သမီးငါးရာက ရေကသစ်ပန်းတွေ, နတ်ပန်းတွေအပေါ်တက်ပြီး ခူးကြ-ဆွတ်ကြပြီး အောက်ခြွေချရတယ် (မှန်ပါ့) အောက်က နတ်သမီး ငါးရာက ခြေချတဲ့ပန်းတွေကို သီကြကုံးကြပြီး ခုနင်က သုဗြဟ္မ နတ်သားက ထိုင်ပြီး သကာလ စည်းစိမ်ရှင်လုပ်ပြီး သူ့ကို လာလာ ပေးကြတယ်၊ အောက်က နတ်သမီး ငါးရာကလဲ ကိုယ်သီကုံးပြီးသား ကလေးတွေကို လာလာဆင်ကြရတယ်။

အပေါ်ကတော့ ခြွေချပေါ့ လေ (မှန်ပါ့) အောက်က (ကုံးကြ ရပါတယ်) ကုံးပြီး ဆင်ကြဆိုတော့ ဪ သူ့မှာ စည်းစိမ် ရှင်ကြီးပဲလို့ ဒကာ ဒကာမတွေ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ)။

ကိုင်း အောက်က ငါးရာကလဲ သူတို့ ခင်ပွန်းသည် ကျေနပ်လောက်အောင် ပြုနေရလို့ အင်မတန် ဝမ်းမြောက်နေတာ ပဲ (မှန်ပါ့)။

သီချင်းလေးတကြော်ကြော်နဲ့ သီဆိုနေကြ

အပေါ်ကလဲ ခင်ပွန်းသည်ကို သီချင်းတကြော်ကြော်နဲ့ ဆိုပြီး သကာလ ပန်းတွေဆွတ်ခူးပြီး ခင်ပွန်းသည်အလိုကျ လုပ်နေရလို့ သူတို့ကလဲ ပျော်လို့ မဆုံးဘူး (မှန်ပါ့)။

အပေါ်ကလဲ မေ့လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) အောက်က ကော (မေ့ပါတယ် ဘုရား)။

မေ့လိုက်တဲ့ဖြစ်ခြင်းတော့ဖြင့် မေ့ဘေးကို သင့်နေကြတယ် (မှန်ပါ့)။

အလယ်မှာ ထိုင်နေတဲ့ သုဗြဟ္မနတ်သားကလဲ အထက်က သီချင်းသံကြားလို့ သူ့မှာ သာယာတာက တစ်မျိုး၊ အောက်က ပန်းတွေကုံးသီပြီး လာလာဆင်နေတာတွေ မြင်ရတော့လဲ သူ့မှာ ရွှင်ပြုံးလို့ မပြီးဘူး (မှန်ပါ့) သူ့မှာလဲ မေ့နေလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ့) ခန္ဓာ ဘာဖြစ်နေတယ် မသိဘူး (မှန်ပါ့)။

နတ်မျက်လုံးဟာ ခန္ဓာကြည့်လိုက်ရင် ချက်ချင်း ဖြစ်ပျက် မြင်တယ် (မှန်ပါ့) အဲဒါမမြင်ဘူး မောင်နိုင် (မှန်ပါ့)။

နတ်မျက်လုံးဟာ သည်းခြေ, သလိပ်, သွေး, ပြည် ရှိရဲ့လား (မရှိပါ ဘုရား)။

ကျုပ်တို့မှာ ဒီမှာ သည်မျက်လုံး ဆိုရင် ဝါ-မလာဘူးလား (ဝါ-လာပါတယ် ဘုရား) ဝါလာတာပဲ၊ သလိပ်မျက်လုံး ဆိုလို့ ရှိရင်လဲ ဖြူလာတာပဲ (မှန်ပါ့) ဒီလိုက ကျုပ်တို့မှာ အဖုံးအဖိတွေက မျက်လုံး အကြည်ဓာတ် ပေါ်မှာ အများကြီး ရှိတယ် (မှန်ပါ့)။

နတ်မျက်လုံးဆိုတာ

သူတို့မှာ သည်းခြေလဲမရှိ၊ သလိပ်လဲမရှိ၊ သွေးလဲမရှိ၊ ပြည်လဲမရှိဆို တော့ သူတို့မျက်လုံးဟာ ဉာဏ်နဲ့ သာ ကြည့်လိုက် မယ် တည့် သာ တည့် လိုက်မယ်ဆို ရင် ချက်ချင်း ဖြစ်ပျက် မြင်တယ် (မှန်ပါ့)။ ဒါလောက်ကောင်းတဲ့ မျက်လုံး (မှန်ပါ့)။

အဲဒါကိုတောင် မေ့ဘေးဆိုတဲ့ အဝိဇ္ဇာက ဖုံးပြီးသကာလ ထားလိုက်တာ ကိုဝရေ သုဗြဟ္မာ နတ်သား မြင်သေးလား (မမြင်ပါ ဘုရား) မမြင်ဘူး။

ဒါဖြင့် ပန်းကုံးနေတဲ့ ငါးရာကော (မမြင်ပါ ဘုရား) ခင်ပွန်းသည် အလိုလိုက်ပြီး ခင်ပွန်းအကြိုက် လိုက်နေရတာ သူ တို့မှာ ပျော်လို့ မပြီးဘူး (မှန်ပါ) အောက်ကလဲ ခင်ပွန်းအလို လိုက်ပြီး ခင်ပွန်း အကြိုက် ဆင်မြန်းပေးနေရတာကို သူတို့မှာ အကျေနပ်ကြီး ကျေနပ်နေတယ် (မှန်ပါ့) ဘယ်လောက် မေ့ကြသလဲ (မေ့ပါတယ် ဘုရား)။

အဲ မေ့တဲ့လူပေါင်း တစ်ထောင်နဲ့ တစ်ယောက် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မေ့ဘေးသင့်နေတာ ဘယ်နှစ်ယောက်ပါလိမ့် (တစ်ထောင် နဲ့ တစ်ယောက်ပါ ဘုရား)။

ဒီမှာလဲ ခင်ဗျားတို့ ကိုယ့်ဟာကလေးနဲ့ ကိုယ် မေ့နေကြမှာ အလွန်စိုးရိမ်တယ် (မှန်ပါ) လူတကာတော့ကို ငါးရာ တစ်ထောင်တော့ ဘယ်ရှိ မတုံး၊ ဆိုယ့် ဟာကလေးနဲ့ ကိုယ် တင်းတိမ် နေရင်လဲ မေ့နေတတ်တယ် (မှန်ပါ့) သဘော ကျပလား (ချပါပြီ ဘုရား)။

ကိုယ့်ဟာကလေးနဲ့ ကိုယ် တင်းတိမ်နေရင် (မေ့နေ တတ်ပါတယ် ဘုရား)။

အင်း တို့သားမယား ငယ်ငယ်တုန်းက ပေါင်းလာခဲ့တာ ပဲ သူတို့လဲ ဒီအချိန် အရွယ်ကျလို့ ရှိရင် ပူစရာလူက ကိုယ်ပဲ ရှိတာပဲ ဆိုရင်လဲ မေ့နေဦးမှာပဲ (မှန်ပါ့) မမေ့ပေဘူး လား (မေ့ပါတယ် ဘုရား)။

မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလဲ ဒီသားတွေ သမီးတွေကို ဘာမှ သိကြသေးတာမဟုတ်တော့ သူတို့ဝတ္တရား ကိုယ်ပေါ်မှာ အကုန် ရောက်တော့ ဒါပဲ လုပ်ရဦးမှာပဲဆို တော့ ဘာဘေးသင့်မတုံး (မေ့ဘေး သင့်ပါတယ် ဘုရား)။

အဲဒီမှာလဲ ဒကာ ဒကာမတွေ သုဗြဟ္မနတ်သား သွားပြီး မကဲ့ရဲ့ နဲ့ ခင်ဗျားတို့လဲ ကိုယ့်အာရုံနဲ့ ကိုယ်နဲ့ တော့ မေ့ဘေးသင့် နေတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်အာရုံနဲ့ ကိုယ်နဲ့ တော့ (မေ့ဘေးသင့်နေတာပါ ဘုရား)။

အင်း သားဘေး, သမီးဘေး, သားသမီး ဆွေမျိုးညာတ ကာရှေ့ လူချင်းတူတူ သူချင်းမျှမျှ ဖြစ်ဖို့၊ အခုပဲ လူတော သူတော သွားတဲ့အခါ လူချင်းတူတူ သူချင်းတူတူဖြစ်ဖို့ (မှန်ပါ့) ဒါဟာ အမေမိဘ တွေမှာ ဒီဘေးက သင့်နေတာပဲ (မှန်ပါ့) ကိုယ့် သန္တာန် ဖြစ်ပျက်ကြည့်မိရဲ့လား (မကြည့်မိပါ ဘုရား)။

မကြည့်မိဘူး၊ ဒါဖြင့် ရောင်းဦးမှပဲ၊ ဝယ်ဦးမှပဲ ဒါကလေး ထုတ်လိုက်ဦးမှပဲ၊ အခုအခါ ကျောက်ဈေး နာဈေးနဲ့ အစရှိသည် နဲ့ ခင်ဗျားတို့ ဟာကလဲ မေ့ဘေးသင့်တာပဲ၊ တခါတည်း ပါးစပ် က ပြောမဆုံးဘဲ မေ့တာဘဲ (မှန်ပါ့) ဒီလို ကျမနေဘူးလား (မှန်ပါ့)။

အခု ဒကာ ဒကာမတွေ ဘာပြောနေနေ သူတော်ကောင်း ခန္ဓာ ဉာဏ်မလှည့်ဘဲနဲ့ ပြောနေတာ ဟူသရွေ့ဟာဖြင့် များသောအား ဖြင့် တရား မှတစ်ပါး မေ့ဘေးသင့်တာ ပြောနေတာပဲ (မှန်ပါ့) မပြောကြဘူးလား (ပြောပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မေ့ဘေးသင့်ကုန်ပြီ

ကိုင်း ဒါနဲ့ ဖျတ်ဆို မေ့ဘေးသင့်နေတော့ အမှိုက်ရှိရာ ခွေးချေးလာ ဆိုသလိုပဲ မေ့ဘေး အဝိဇ္ဇာက အပေါ်မှာရှိတဲ့ နတ်သမီး ငါးရာတွေဟာ ဒကာ ဒကာမတွေ သူတို့ သန္တာန် အဝိဇ္ဇာရှိလို့ မေ့မနေဘူးလား (မေ့နေပါတယ် ဘုရား) အသဒ္ဓမ္မတောဝါ-ဘေးသင့်ပြီနော် (မှန်ပါ့)

အဲဒီဘေးသင့်တော့ ခုနင်က ဥပဃာတက ကံဆိုတာကလာပြီး ဖြတ်ချလိုက်တာ ကိုဝ-ငါးရာစလုံး အဝီစိကျတယ် (မှန်ပါ့) အကုန် တစ် ယောက်မှ ရှာမတွေ့ဘူး သဘောကျပလား (ကျပါပြီ ဘုရား)။

ကဲ အမှိုက်ရှိရာ ခွေးချေးယိုဆိုတာ မောင်နိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မေ့ဘေးသင့်လိုက်တဲ့အခါ ဥပစ္ဆေဒက အကုသိုလ်ကံတွေက ဝင်ပြီးနေတော့ ဒီမှာ ဝင်လို့ မရဘူး (မရပါ ဘုရား) သူက နဂိုကတည်းက အမှိုက်ဆိုတဲ့ အဝိဇ္ဇာက ရှိမနေဘူးလား (ရှိပါတယ် ဘုရား) အဲ အဝိဇ္ဇာ အဖော်တွေက ဒီကလာပြီး ဒီလာပြီး ကပ်လိုက်တော့ တစ်ခါတည်း လုံးမိ မသွားဘူးလား (လုံးမိသွားပါတယ် ဘုရား) လုံးမိသွားတော့ ဒီခန္ဓာကြီးဟာ ပြတ်ထွက် သွားတယ်၊ ဥပစ္ဆေဒက ကံက လာဖြတ်ချလိုက် တယ် (မှန်ပါ့)။

ကဲ ငါးရာစလုံး ဘယ်ရောက်သွားသတုံး (အဝီစိ ရောက်သွားပါတယ်) အဝီစိ ဒယ်အိုးထဲမှာ အကုန်ရောက်ကြ တယ် (မှန်ပါ့)။

ဒီတွင်မှ သုဗြဟ္မနတ်သားက ဒကာ ဒကာမတို့ ဪ သီချင်းဆိုသံလဲ မကြားဘူး၊ ပန်းတွေလဲ အောက်မကျလာပါဘူး၊ ဘယ်များသွားကြပါလိမ့်မလဲ၊ သံဝေဂကလေး နည်းနည်း ဝင်လာ တယ်၊ အဲဒီအချိန်ကျမှ မောင်နိုင် ကြည့်လိုက်တော့ တစ်ယောက်မှ ရှာမတွေ့တော့ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဝီစိမှာ ငရဲခံကြရပြီ

ဒီအပေါ်မှာလဲ တစ်ယောက်မှ မရှိဘူးဆိုပြီး သူ့မှာလဲ ဘယ် များသွားကြလို့ ဘယ်များ ရောက်ပါလိမ့်မတုံးဆိုပြီး အဲဒီကျမှ သည်းခြေသလိပ်ကင်းတဲ့ နတ်မျက်လုံးနဲ့ ကြည့် လိုက်တော့ အဝီစိကျအောင် ဖောက်မြင်တယ် (မှန်ပါ့) ငါးရာစလုံး ဟိုမှာ အော်ကာ ငင်ကာနဲ့ ခံနေကြရတယ် (မှန်ပါ့)ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါးရာစလုံး ဘာဖြစ်နေကြသတုံး (အော်ကာ, ငင်ကာ ခံနေရပါတယ် ဘုရား)။

အော်ကာ ငင်ကာနှင့် ခံနေရတဲ့အခါကျတော့ ကဲ သွားပြီ – သွားပြီ သွားပြီ ဒါလဲ မေ့ဘေး သင့်လို့ လို့ မောင်နိုင် သူဘေးသိသွားတယ် (မှန်ပါ့)။

နောက် ခုနှစ်ရက်ဆိုရင် သူတို့လည်း သွားကြရမည်

ဒါဖြင့် ကဲ အခု ငါးရာနဲ့ ငါနဲ့ ကျန်နေသေးတယ်၊ တို့လဲ ဘာဖြစ်မှာတုံးဆိုပြီး ကိုယ့်အကြောင်း ကိုယ် ပြန်တွေးပြန်တော့ သူတို့လဲ ငါးရာနဲ့ တစ်ယောက်က နောက် ခုနစ်ရက်ရှိရင် အဲဒီပဲ သွားရမှာ (မှန်ပါ့) မေ့ဘေးသင့်တဲ့အထဲမှာ အတူတူ ပါရမှာ (မှန်ပါ့)။

ကဲ ကိုဝ ပျော်နိုင်သေးရဲ့ လား (မပျော်နိုင်တော့ ပါ ဘုရား)။

နဂိုက နတ်မျက်လုံးက ဒါလောက် ထက်လျက်သားနဲ့ မောင်နိုင် မေ့ဘေးသင့်နေလို့ မမြင်တာ (မှန်ပါ့ ဘုရား) အဝီစိတောင် လှမ်းမြင်တာ ကြည့်ပါလား (မှန်ပါ့)။

အဝီစိတောင် သူ့နတ်သမီးတွေ ကျနေတာ မမြင်ဘူးလား (မြင်ပါတယ် ဘုရား) သူတို့ ခန္ဓာ ကြည့်လိုက်ရင် မမြင်ပေဘူးလားဗျာ (မြင်ပါတယ် ဘုရား)။

အဲဒါ ဘာဘေးသင့်နေတာတုံး (မေ့ဘေးသင့်နေတာပါ ဘုရား)။

ကဲ ရှိပါစေတော့၊ မေ့ဘေးကြောင့် တစ်ဝက်တော့သွားပြီ (မှန်ပါ့)။ မေဘေးသင့်လိုက်တာ တစ်ဝက်တော့ အဝီစိရောက်ပြီ (မှန်ပါ့)။

ကျန်တဲ့ ငါးရာနဲ့ တစ်ယောက်လဲ မောင်နိုင် ဒီအတိုင်းသာ နေကြဦးမယ်ဆိုရင် အဝီစိ သွားဦးမှာပဲ (မှန်ပါ့) ဘယ်ဘေး သင့်ချလိုက်တာလဲ (မေ့ဘေးသင့်ချလိုက်တာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေ့ ဘေးလောက် ကြောက်စရာ ကောင်းတာဖြင့် အသဒ္ဓမ္မတောဝါ ဆိုတဲ့ မေ့ဘေးလောက် ကြောက်စရာကောင်းတဲ့ လက်နက်ဟာ ဖြင့် မရှိတော့ဘူး (မှန်ပါ့)။

အခုကြည့်စမ်း နတ်ကနေပြီး ငရဲကောင်တွေ ဖြစ်နေတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒါနဲ့ပဲ သူ့အကြောင်းကို သုဗြဟ္မနတ်သားက ငါလဲပဲ ဘာဖြစ်မှာတုံးလို့ အို ခုနစ်ရက်ရှိရင် ဒီနတ်သမီးတွေနဲ့ မေ့ဘေးသင့်တဲ့သူချင်း သွားပြီး ဒယ်အိုးထဲမှာ ပေါင်းရ မှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူ့နတ်သမီးတွေ ကြည့်လိုက်ပြန်တော့လဲ ဒီအတိုင်း ရောက်လိမ့်မယ်ဆိုတာ သူ မြင်ပြန်တယ် (မှန်ပါ့)။

အဲဒီတွင်မှ ကိုင်း ကိုးကွယ်ရာလဲမရှိ၊ ဆည်းကပ်ရာလဲ မရှိ၊ ဒီဘေး ဘယ်သူတားပေးနိုင်ပါ့မတုံး ဆိုတာ ကလေး မောင်နိုင်ရေ , အကြံအစည်ကလေး ပေါ်ပေါက်တယ် (မှန်ပါ့)။

သို့သော်လဲ သူ့မှာ သင့်နေတဲ့ဘေး သူသိပလား (မသိ သေးပါ ဘုရား)။

အဝိဇ္ဇာကို ဝိဇ္ဇာ ဖြစ်အောင် လုပ်ပါ

ဘုရားဆီ သူသွားမလို့ စိတ်ကူးတာပါပဲ (မှန်ပါ့) သို့ သော် ဒီ ဒကာ ဒကာမတွေကို ယနေ့ည ဟောတဲ့တရား ကတော့ ဟ ဘယ်မှ သွားဖို့ မလိုတော့ဘူး၊ ကိုယ့်မေ့ဘေး ကိုယ်နှုတ်ပစ်မှ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင် လုပ်ပစ်လိုက် (မှန်ပါ့)။

ဖြစ်ပျက် မမြင်တာကို ဖြစ်ပျက်မြင်အောင် လုပ်ပစ်လိုက်၊ မေ့ဘေးဟာ တစ်ခါတည်း လွတ် သွားတာပဲ(မှန်ပါ့) မလွတ် ဘူးလား (လွတ်သွားပါတယ် ဘုရား)။၊ ဘယ်လောက် မောင်နိုင် အဖိုးတန်သလဲ (တန်ပါ တယ် ဘုရား)။

ကဲ ဒါနဲ့ပဲ ဒကာ ဒကာမတို့ ဘယ်လိုလုပ်ရမယလို့ နတ်သာ ဖြစ်နေတယ် ကိုဝနှယ် သိကို မသိဘူး (မှန်ပါ့) သေရမှာတော့ သူ မကြောက်၊ အဝီစိရောက်မှာတော့ သိပ်ကြောက် နေပြီ (မှန်ပါ့)။

ကြောက်သာကြောက်တယ် ဘယ်ဘေးသင့်လို့ ငါ ဒီနေရာ ရောက်ရမှာပါလိမ့်မတုံးဆိုတာ လက်သည်တော့ ဖမ်းမမိဘူး (မှန်ပါ့)။

ခင်ဗျားတို့ကို အခု တရား တစ်နာရီ ဟောလာတော့ ဒကာ ဒကာမတို့ ဘယ်ဟာနှုတ်လိုက်ရင် ပြီးမယ် ဆိုတာကော ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

မေ့တတ်တဲ့ အဝိဇ္ဇာ နှုတ်ပြီးသကာလ မမေ့တတ်တဲ့ဖြစ်ပျက် မြင်တဲ့ဝိဇ္ဇာ သွင်းလိုက်ပါလား (မှန်ပါ့) ကိုယ့်ဟာကိုယ် နှုတ်ရတယ် (မှန်ပါ့)။

အဲဒီ နတ်သမီးငါးရာနဲ့ သုဗြဟ္မနတ်သားက ကို ဘယ်လို လုပ်ရမှန်းမသိဘူး (မှန်ပါ့) ပူသာ နေတော့တာပဲ၊ အင်း နောက် ခုနစ်ရက်ရှိ သွားရတော့မယ်၊ နောက် ခုနစ်ရက်ရှိ ကြောက်လှချီရဲ့၊ ဒီ အဝီစိကြီးရောက်ရတော့မယ်၊ ဟိုကလဲ ရှေ့က ရောက်နှင့်နေကြပြီ၊ ရောက်နှင့်နေတာလဲ သူများ သားသမီးတွေ လား၊ သူ့ သံယောဇဉ်တွေလား (သူ့သံယောဇဉ်တွေပါ ဘုရား)။

အင်း နဂိုပြုံးတာတွေ မောင်နိုင် အကုန်မဲ့ရပြီ (မှန်ပါ့) နဂိုတုန်းကတော့ သီချင်းတကြော်ကြော်နဲ့ အပေါ်က နတ်သမီးတွေက ပန်းတွေ ခြွေချနေတုန်းကတော့ သူက အောက်က ပြုံးလို့ ပေါ့ လေ၊ သီချင်းသံ ကလေး နားထောင်၊ ပန်းတွေ ရလာလို့ ဝမ်းသာ (မှန်ပါ့) ကို အခု ပြုံးနိုင်သေးရဲ့လား (မပြုံး နိုင်ပါ ဘုရား)။

မပြုံးနိုင်တော့မှ ခက်ပြီဆိုပြီး သကာလ ဘုရားဆီ ပြေးရပါ တယ် (မှန်ပါ့) မပြေးကြဘူးလား (ပြေးကြပါတယ် ဘုရား)။

ဘုရားဆီ ပြေးကြတယ် ဒကာ ဒကာမတို့၊ ပြေးတော့ ဘုရားက ကွာ တဲ့၊ မင်းတို့သည်ကား လို့ ဆိုလို့ရှိရင် ဖြင့် အခု ဘယ်ကိစ္စနဲ့ လာကြသတဲ့။

ကယ်မတော်မူပါဦးဘုရား

တပည့်တော် ‘‘ဒီလိုပဲဘုရား နတ်သမီးတထောင်နဲ့ နေတာ ငါးရာကဖြင့် ပန်းဆွတ်နေတဲ့ ငါးရား တပည့်တော် တပည့်တော် နတ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ အလုံးစုံ အဝီစိ ရောက်ကုန်ပါပြီ ဘုရား၊ တပည့်တော် ဉာဏ်စွမ်းနဲ့ တပည့်တော် နတ်မျက်လုံးနဲ့ ကြည့်လိုက် ပြန်တော့လဲ တပည့်တော်တို့လဲ နောက် ခုနှစ်ရက်ရှိရင် အဲဒီ အဝီစိပဲ အတူတူ သွားကြရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကယ်တော်မူပါဦး ယူတော်မူပါဦး’’ တဲ့ သဘောကျပလား (ကျပါပြီဘု ရား)၊

ကဲ နတ်ပင်ဖြစ်ငြားသော်လဲ ကယ်တော်မူပါဦး ယူတော်မူပါဦးဆိုတော့ ဘယ်အလုပ် လုပ်ရမယ်၊ ဝိပဿနာ အလုပ် လုပ်ရမယ်လို့ သိရဲ့လား (မသိပါ ဘုရား)။

အခု ဒီ ဒကာ ဒကာမတွေ အဲဒီ နတ်ပြည်ထက် အဆပေါင်း တရာမကဘူး၊ ခင်ဗျားတို့ သာတယ် (မှန်ပါ့) ဒီနေ့ ဟောတဲ့ တရားမှာ (မှန်ပါ့)။

မေ့ဘေးသင့်လို့ ရှိရင် မမေ့အောင် နေလိုက်မဟဲ့ ဆိုလို့ရှိရင် ပြီးသွားတာပါဘဲ (မှန်ပါ့)။

မမေ့အောင် နေလိုက်မဟေ့ ဆိုတော့ မေ့ဘေးသင့်နိုင် သေးရဲ့ လား (မသင့်နိုင်ပါ ဘုရား) မသင့်နိုင်ရင် အောက် – သံသရာကြီးသွားဖို့ (မသွားနိုင်ပါ ဘုရား)။

မသွားတော့ဘူးဆိုတာ ခင်ဗျားတို့မှာ ဒီနည်းရတယ် (မှန်ပါ့) အခု ဘုရားဆီ ပြေးရရှာတယ် (မှန်ပါ့) သူ့ကိုယ်တိုင် နည်းရရဲ့ လား (မရပါဘု ရား)။

ကဲ ဘယ်သူက တန်းသာတယ်ဆိုတာ ဒကာ ဒကာမ တွေ ပေါ်ကြပလား (ပေါ်ပါပြီ) ဒီ ဒကာ ဒကာမတွေက (တန်းသာပါတယ် ဘုရား)။

တန်းသာတယ် တဲ့၊ အဲဒါ ကလျာဏမိတ္တ ဆိုတဲ့ သူတော်ကောင်းနဲ့ ပေါင်းမိလို့ မောင်နိုင် (မှန်ပါ့) ဒါနဲ့ သာ မပေါင်းမိရင် ခင်ဗျားတို့ သွားပြီ (မှန်ပါ့)။

သွားပြီ အခုတော့ဖြင့် ဘာကိစ္စရှိသတုံးကွ၊ ဖြစ်ပျက် ရှုပေးလိုက် မေ့အသင့်တော့ မခံဘူးပြောတာ (မှန်ပါ့)။

ဖြစ်ပျက် ရှုနေလိုက်တော့ ဘယ်နိမိတ်တွေ ထင်စရာရှိသေး သတုံး၊ ဘာနိမိတ်မှ ထင်စရာ မရှိဘူး၊ ဒကာ ဒကာမတွေ လာရင် သုဂတိနိမိတ်၊ ဒါဘာလာမယ်၊ ဖြစ်ပျက် ရှုသေ လိုက်မယ်ဆိုတော့ (မှန်ပါ့)။

နေလည်း ဖြစ်ပျက်နဲ့ နေ သေလည်းဖြစ်ပျက်နဲ့ သေပါ

သို့သော်လဲ နေလဲ ဖြစ်ပျက်နဲ့ ပဲ၊ သေလဲဖြစ်ပျက်နဲ့ ပဲလို့ သာ စိတ်ထဲက ဆုံးဖြတ်ချက်ချလိုက်၊ အဲဒါ မေ့ဘေး လုံးဝ လွတ်နေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာပါလိမ့် (မေ့ဘေး လုံးဝလွတ်နေပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ့)။

အဲဒီတွင်မှ နတ်သမီးငါးရာနဲ့ သုဗြဟ္မနတ်သား ဘု ရားဆီ ရောက်ပါပြီ ဆိုကြပါစို့၊ အရှင်ဘုရား ကယ်တော်မူပါဦး ယူတော်မူပါဦး တဲ့။

သူ့ဟာသူ ကယ်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိရဲ့လား (မရှိပါ ဘုရား) ဒီ ဒကာ ဒကာမတွေမှာ (ရှိပါတယ် ဘုရား)။

ရှိတယ် တဲ့၊ ခင်ဗျားတို့ မမေ့သာ မမေ့ဘဲနဲ့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ” ဆိုတဲ့ ဒီဖြစ်ပျက်ကိုသာ ခင်ဗျားတို့ ရှုနေမယ်ဆိုလို့ ရှိရင်ဖြင့် ဒီခန္ဓာ မလိုချင်လို့ ဟိုခန္ဓာမရ (မှန်ပါ့)။

ဒီခန္ဓာ မလိုချင်လို့ (ဟိုခန္ဓာမရပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။ ဟိုခန္ဓာ မရတော့ဘူး ဆိုကတည်းက ခန္ဓာအဆုံးဟာ နိဗ္ဗာန် ပဲ (မှန်ပါ့)။

ကဲ မမေ့တဲ့ပုဂ္ဂိုလ်အတွက်မှာ ဘယ်လောက် ခရီးပေါက် သတုံး (ပေါက်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီတွင်မှ ကယ်တော်မူပါဦးဘုရား ယူတော်မူပါဦးဘုရား၊ တပည့် တော်တို့ လဲ ခုနစ်ရက်ရှိရင် သွားရတော့မယ်ဘုရား၊ အရှင်ဘုရားမှ မကယ်ရင်ဖြင့် တပည့်တော်တို့ဖြင့် ဘယ့်နှယ်မှ မတတ်နိုင်တော့ဘူး ဆိုတော့ မောနိုင်ရေ ဒီ ဒကာ ကာမ တွေလောက် ဆရာကောင်း မတွေ့ခဲ့ဘူး ဆိုတာ သေချာ တယ် (မှန်ပါ့) မသေချာဘူးလား (သေချာာ ဘုရား) ဒါကြောင့် လျှောက်နေရတယ် (မှန်ပါ့)၊

အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ ရတဲ့

‘‘နာညတြ ဗောဇ္ဈာတပသာ၊ နာညတြိန္ဒြိယ သံဝရာ။

နာညတြ သဗ္ဗနိဿဂ္ဂါ၊ သေတ္ထိံ ပဿာမိ ပါဏိနံ’’(သဂါထာဝဂ္ဂသံယုတ်၊52)

လို့ မင်းကွာတဲ့ ဖြစ်ပျက်ရှုတဲ့ ဗောဇ္ဈင် မဂ္ဂင် အလုပ်မှ တစ်ပါးမင်းကို ကယ်မည့်လူ တစ်ယောက်မှ မရှိဘူးလို့ မှတ်လိုက် တဲ့ (မှန်ပါ့)။

မဂ္ဂင်အလုပ်မှ တစ်ပါး ကယ်မည့်သူမရှိ

ကိုင်း ဆုံးဖြတ်ချက် ချပေးလိုက်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်လောက် အရေးကြီး သတုံး ဒီစကား (ကြီးပါတယ် ဘုရား)။

ဗောဇ္ဈင်နဲ့ မဂ္ဂင်ဟာ အတူတူနော် (မှန်ပါ့) ဗောဇ္ဈာတပသာ၊ ဗောဇ္ဈင်မဂ္ဂင်အကျင့်ကို။ အညတြ၊ ကြဉ်ထား၍။ သောတ္ထိံ- မင်း ချမ်းသာခြင်းကို (ဝါ) မင်းချမ်းသာလိမ့်မယ် ဆိုတာ ကို။ နပဿာမိ၊ မမြင်ဘူးကွာ တဲ့ (မှန်ပါ့)။

ဖြစ်ပျက် ရှုတဲ့ ဗောဇ္ဈင် မဂ္ဂင်အလုပ် မှတစ်ပါး မင်းချမ်းသာ ခွင့်ကို မမြင်ဘူး၊ မင်း ဒါလုပ်ရင်လုပ် မလုပ်နိုင် သွားပြီ၊ မင်း မြင်တဲ့နေရာသွားတော့ (မှန်ပါ့)။

ကောင်းကြသေးရဲ့ လား (မကောင်းပါ ဘုရား) အဲဒီတော့ ဒီ ဒကာ ဒကာမတွေ အခု ဘုန်းကြီးက မိဘ ဆွေမျိုး ဉာတကာ တွေ မတော်ဘူးသူမည်သည် မရှိလို့ ဒါသည်ပဲ အားကိုးရစ်ဆိုတာ ပြောနေတယ် (မှန်ပါ) ဒီပြင်ဟာကို အားမကိုးပါနဲ့၊ ဒီဟာ အရေးအကြီးဆုံးပါပဲ (မှန်ပါ့) ဘုရားကို ဖွင့်ချပြီ (မှန်ပါ့)။

နာညတြဗောဗျာတပသာ၊ ဗောဇ္ဈင်မဂ္ဂင်တည်းဟူ သော။ တပသာ၊ အကျင့်။ ဗောဇ္ဇာဘပသာ၊ ဗောဇ္ဈင်မဂ္ဂင်အကျင့်ကို။ အညတြ၊ ကြဉ်ထား၍ ဆိုတော့ ဖြစ်ပျက်ရှုတဲ့ အကျင့်ကိုဆိုတယ် (မှန်ပါ့) သောတ္ထိံ- မင်း၏ ချမ်းသာရာကို။ နပဿာမိ၊ ငါမမြင်ဘူးကွ တဲ့။

မင်း ဒီအကျင့်ကို ကျင့်ရင်ကျင့်၊ မကျင့်ရင်တော့ သွားပြီ ကွတဲ့ (မှန်ပါ့)။

ကဲ သေသေချာချာ ဖွင့်မချဘူးလား ဦးဘကလေးရ (ဖွင့်ချပါတယ် ဘုရား) ရိပ်မိကြမလား ဒကာ ဒကာမတို့ (ရိပ်မိပါပြီ)။

ဒီအကျင့်မှတစ်ပါး မင့်ကို ကယ်မည့်သူ မရှိဘူး (မှန်ပါ့) မောင်နိုင် မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

အဲဒီတော့ ဒီ ဒကာ ဒကာမ တွေ ဆရာသမားကလဲ အကြောင်းညီညွတ်တော့ သွားရမယ် ဆိုတော့ ဘာအားကိုး နေရစ် ကြမှာတုံး (ဖြစ်ပျက်အကျင့်ပဲ အားကိုးနေရပါမယ် ဘုရား)။

ဖြစ်ပျက်ကျင့်တဲ့ အကျင့်ပဲ အားကိုးနေ (မှန်ပါ) ဒီပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီးကပဲ သေသေချာချာ ဖွင့်ချပြီ၊ ငရဲသွားမည့် ပုဂ္ဂိုလ်တွေ ငါးရာနဲ့ တစ်ယောက် မောင်နိုင် (မှန်ပါ့) မဆိုသာဘူးလား (ဆိုသာပါတယ် ဘုရား) သူများပြောလား သူတို့ ကိုယ်တိုင်မြင်ပြီးသားလား (ကိုယ် တိုင်မြင်ပါ ဘုရား)။

ရှေ့ကသွားနှင့် ရှိ-မရှိ (ရှိပါတယ် ဘုရား) ရှေ့က သွားနှင့်တာလဲရှိတယ်၊ ကိုယ်သွားရမယ် ဆိုတာလဲ ကိုယ့်ကိုယ် တိုင် သိတယ် (မှန်ပါ့)။

အဲဒါတောင် ဘုရားက မင်းဖြစ်ပျက်ရှုတဲ့၊ မဂ္ဂင်အကျင့်ကို ကျင့်လို့ ရှိရင် အဲဒါမှတစ်ပါး မင်းကို ကယ်မည့်သူ မရှိဘူး ဆိုတော့ ဒိပြင်ဟာ ဟောကို မဟောတော့ဘူး (မှန်ပါ့) ဟောသေးရဲ့ လား (မဟောပါ ဘုရား)။

ကဲ အရေးတကြီး ဘယ်လောက် ပေါ်လာတယ်ဆို တာ (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် မေ့ဘေး မသင့်စေနဲ့၊ မမေ့တာသည် ဖြစ်ပျက်ရှုတာ ပဲ (မှန်ပါ့) ဒါဟာ ဗောဇ္ဈင့် မဂ္ဂင်အလုပ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်ခွန်းတည်းပြောလိုက်တယ်၊ လုပ်ရင်လုပ်

“နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ”တဲ့ မင်း ဗောဇ္ဈင်မဂ္ဂင်အလုပ်မှတစ်ပါး မင်းကို ကယ်မည့်သူ မရှိဘူး၊ လုပ်ရင်လုပ် မလုပ်ရင်သွား တစ်ခွန်းတည်းပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ် ဟိုမှာ သူ့ခင်ပွန်းသည် ငါးရာလဲ အော်ကာ ငင်ကာနဲ့ ခံနေရပြီ၊ သူတို့ကလဲ သွားရမှာ သေချာတယ်ဆိုတော့ အရိုးကျ -ကျေ အရေခြောက်ခြောက် လုပ်တော့မယ်ဆိုတဲ့စိတ် မမွေးပေ ဘူးလား (မွေးပါတယ် ဘုရား)။

မွေးလိုက်ပြန်တော့လဲ ကိုဝတို့ ကို ပေါ်တို့ မောင်နိုင်တို့ မှတ်လိုက်ပေတော့ ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးပြီး သောတာပန်တည်တယ် (မှန်ပါ့)။

ငါးရာ့တစ်ယောက် အပါယ်သေချာပြီးသား (မှန်ပါ့) စဉ်းစားကြည့်စမ်း အပါယ် သေချာ ပြီးသားနော် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ‘‘စတုဟာ ပါယေဟိ ဝိပ္ပမုတ္တော’’ (မှန်ပါ့) ဟောသင့် မဟောသင့် (ဟောသင့်ပါတယ် ဘုရား)။

ဘုရားဟောတာလေ (မှန်ပါ့) ခင်ဗျားတို့ ပရိတ်ကြီးထဲ မှာပါပဲ၊ “တယဿုဓမ္မာ (ပ) စတူဟာပါ ယေဟိစ ဝိပ္ပမုတ္တာ” အပါယ်လေးပါးမှ လွတ်သွားတယ်၊ ဖြစ်ပျက်ပဲ၊ ဒါကယ်တာပဲ ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။

ငရဲသေချာပြီးသားတွေ သောတာပန် တည်ကြပြီ

တစ်ခါတည်း သုဗြဟ္မနတ်သားရော မောင်နိုင် သူနဲ့ လိုက်ပြီး တရားနာတဲ့ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေရော ဘာဖြစ်ကုန်သလဲ (သောတာပန် တည်ပါတယ် ဘုရား)။

ဟာ ငရဲသွားမည့်ပုဂ္ဂိုလ်က သောတာပန်တည်တယ် – (မှန်ပါ့) ဘယ်သူတုံး တည်တာ (တာဝတိံသာ နတ်တွေပါ ဘုရား)။

ငရဲသေချာပြီးသား တွေက ဘာတုံး (သောတာပန် တည်ပါတယ် ဘုရား)။

ငရဲလွတ်သွားတယ် (မှန်ပါ့) နောက် ဒီနေရာပြန်ရောက် ဖို့ ရှိသေးသလား (မရှိပါ ဘုရား)။

ဒါ ဘယ်သူသတ္တိတုံးဆိုတော့ ဗောဇ္ဈင် မဂ္ဂင်အကျင့် ကျင့် လိုက်တာ (မှန်ပါ့)။

ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာကျင့် လိုက်တာတုံး (ဗောဇ္ဈင်မဂ္ဂင်အကျင့် ကျင့်လိုက် တာပါ ဘုရား)။

ဖြစ်ပျက်ရှုတာဟာ ဗောဇ္ဈင်မဂ္ဂင်ချည့်ပဲ

ဗောဇ္ဈင်မဂ္ဂင်အကျင့်ဆိုတာ ခင်ဗျားတို့က စာလိုပြောနေတာ၊ ဖြစ်ပျက်ရှုတာဟာ ဒါ ဗောဇ္ဈင်မဂ္ဂင် ချည့်ပဲ (မှန်ပါ့) ဒီထဲ မဂ္ဂင်ကပါမနေဘူးလား (ပါနေပါတယ် ဘုရား) ဗောဇ္ဈင် ကကော (ပါပါတယ် ဘုရား)။

အဲ ဗောဇ္ဈင်နဲ့ မဂ္ဂင်ဆိုတာ ဘာမှထူးတာမဟုတ်ဘူး ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှုပွားနေတဲ့ အလုပ် ဟူသရွေ့ကို ဗောဇ္ဈင်မဂ္ဂင်ချည့်ပဲမှတ် (မှန်ပါ့) သေချာကြပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒါ ခရီးပေါက်အောင် လိုက်လိုက်တော့လဲ ငရဲ ပြည် ရပြီးသား ကယ်တင်တာ ဗောဇ္ဈင် မဂ္ဂင်ပဲ (မှန်ပါ့)။ ငရဲပြည်ရပြီး (ကယ်တင်တာ ဗောဇ္ဈင်မဂ္ဂင်ပါ ဘုရား)။

ဗောဇ္ဈင်မဂ္ဂင်ပဲဆို တော့ ခင်ဗျားတို့လဲ ဆရာဘုန်းကြီးက မမေ့လို့ ရှိရင် ဒါ ဗောဇ္ဈင်မဂ္ဂင် ဖြစ်တာပဲ (မှန်ပါ့) မေ့ရင်တော့ဖြင့် ဗောဇ္ဈင်မဂ္ဂင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာ အလုပ်ကိုသာ လုပ်ကြပါ

အဲဒီတော့ သုဗြဟ္မ နတ်သားကို ဒီအတိုင်းပဲ သင်ဟာ ဝိပဿနာ အလုပ်ကိုသာ လုပ်ပါလို့ တိုတိုပြောလိုက်တော့ ဒါလုပ်လိုက်တော့ ဟို တွေတော့ မေ့ဘေးသင့်လို့ မောင်နိုင် မတတ် နိုင်တော့ဘူး (မှန်ပါဘုရား) တတ်နိုင်သေးရဲ့ လား (မတတ်နိုင်ပါ ဘု ရား) ဒါကလေးကတော့ အချိန်မီလိုက် သေးတယ် (မှန်ပါ့)။

ငါးရာနဲ့ တစ်ယောက်ကတော့ အကုန်အပါယ်လေးပါးလွတ် သွားပြီး နိဗ္ဗာန်ဝင်ကြတယ် (မှန်ပါ့) ရိပ်မိပလား ( ရိပ်မိပါပြီ)

ဒါဖြင့် မေ့ဘေးသင့်တာက ငါးရာဟုတ်လား (မှန်ပါ့) ကျန်တဲ့ ငါးရာ့တစ်ယောက်က မေ့ဘေး ဖယ်ရှားပြီး မမေ့တဲ့ အလုပ် လုပ် လိုက်တဲ့အတွက် သောတာပန် တည်ကုန်ကြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုန်းကြီး စိုးရိမ်တာ ဒကာ ဒကာမတွေ ဘာပါ လိမ့် (မေ့ဘေးပါ ဘုရား) ပါဠိတော် အလို ဘာပါလိမ့် (အသဒ္ဓမ္မတောဝါပါ ဘုရား)။

အသဒ္ဓမ္မတောဝါကြောင့် ငါးရာစလုံး ဘာဖြစ်သွားသတုံး (အဝီစိကျပါတယ် ဘုရား)။

နောက်ကျတဲ့အခါကျလို့ ရှိရင်ဖြင့် မမေ့တဲ့ပုဂ္ဂိုလ်တွေက ငါးရာနဲ့ တစ်ယောက်က ဘာဖြစ် သွားသတုံး (သောတာပန် တည်ပါတယ် ဘုရား)။ မိုးနဲ့မြေ ကြီး ကွာသွားကြပြီ

ကြည့်စမ်းပါဦး မိုးနဲ့မြေကြီး ကွာသွားတယ် (မှန်ပါ့) မကွာဘူးလား (ကွာပါတယ် ဘုရား)။

မိုးနဲ့ မြေကြီး ကွာတယ်နော်၊ ဟိုက ဟိုအောက် အဝီစိမှာ၊ ဒီက ဟိုအပေါ်မှာ သောတာပန် တည်ပြီး နိဗ္ဗာန်မှာ (မှန်ပါ့) -ဘယ်လောက်ကွာသတုံး (ကွာပါတယ် ဘုရား)။

ဒါဖြင့် မေ့တဲ့ပုဂ္ဂိုလ်နဲ့ မမေ့တဲ့ပုဂ္ဂိုလ် ဒကာ ဒံကာမတို့ အင်မတန် မခြားနားဘူးလား (ခြားနားပါတယ် ဘုရား) အဲဒါ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေ ဘာစိုးရိမ်ပါလိမ့် (မေ့ဘေးသင့်မှာ စိုးရိမ်ပါတယ် ဘုရား)။

အောက်သွားချေရဲ့၊ အောက်သွားချေရဲ့ လို့ ဒါ မစိုးရိမ် ထိုက်ဘူးလား (စိုးရိမ်ထိုက်ပါတယ် ဘုရား)

ဟာ ဒီဟာ ဘုန်းကြီးကလဲ ဒါလောက် ဟောထားတာပဲ၊ တို့ တော့ဖြင့် တစ်နေ့ တစ်ကြိမ် ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ၊ လုပ်တိုင်း ကိုင်တိုင်း ဖြစ်စေ ဒီဖြစ်ပျက်ကို သတိထားမယ် ဆိုလို့ ရှိရင်လဲ ခုနင်က သုဗြဟ္မနတ်သားတို့ အပါယ်တားနိုင်တယ်ဆိုတာလဲ သေချာတယ် (မှန်ပါ့) သေသေချာချာ သွားမည့်ပုဂ္ဂိုလ်ကို တားတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဘာပူစရာရှိသလဲ တဲ့ မေ့ဘေး တစ်ခုသာရှောင် (မှန်ပါ့)။

ကိုဝတို့ ကိုပေါ်တို့ ဘာရှောင်ရမလဲ (မေ့ဘေးတစ်ခုသာ ရှောင်ရပါမယ် ဘုရား)။

မေ့ဘေးကို ရှောင်ပြီးသကာလ ရှုရေးကိုသာ ဆောင်မယ် ဆိုရင်ဖြင့် ဘာမှမပူနဲ့ (မှန်ပါ့)။

မေ့ဘေးကိုရှောင် (ရှုရေးကိုဆောင်ရမယ်) ရှုရတဲ့အရေး ကိုဆောင် (မှန်) သဘောကျပလား (ကျပါပြီ)။

မေ့ဘေးကို (မင်ရပါမယ်) ရှုရမည့်အရေးကို (ဆောင်ရပါမည် ဘုရား)

အဲဒါ ဒီမိုးနဲ့ မြေကြီးကွာသလို အကျိုးပေးကွာသွားမယ် (မှန်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လုပ်တတ်ကြပ (လုပ်တတ်ပါပြီ) ဒါဖြင့် ဖြစ်ပျက်ရှုတဲ့အလုပ်ဟာ သာမည အရေးကြီး သလား၊ အထူးပဲ ခရီးပေါက်လွယ်သလား (အထူးပဲ ခရီးပေါက်လွယ်ပါတယ် ဘုရား) ဒီ ငါးရာ့ တစ်ယောက်ဟာ ချက်ချင်း သေချာသွားတယ် (မှန်ပါ့)။

ဖြစ်ပျက်ဆုံးအောင် လိုက်-လိုက်စမ်းပါ

အဲဒါကြောင့် ဖြစ်ပျက်မြင်အောင် ရှုပါ၊ ဒီထက်ရှုနိုင်လို့ ရှိရင် ဖြစ်ပျက် မုန်းအောင်ရှုပါ (မှန်ပါ့) ဟာ ဒီထက် ခင်ဗျားတို့ မပျင်းမရိဘဲနဲ့ မေ့ဘေး မသင့်ပါစေနဲ့၊ ဆုံးအောင် လိုက်-လိုက်စမ်းပါဆိုရင် ပြီးသွားတာပဲ (မှန်ပါ့) မပြီးဘူး လား (ပြီးပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘေးတဘာ့ဘေး ဘယ်ဘေးကြောက်စရာ အကောင်း ဆုံးတုံး (မေ့ဘေးကြောက်စရာ အကောင်းဆုံးပါ ဘုရား) မေ့ဘေးကို ပါဠိလိုက (အသဒ္ဓမ္မတောဝါပါ ဘု ရား)။

အဲ အသဒ္ဓမ္မတောဝါကို သဒ္ဓမ္မတောငှါ ဖြစ်အောင် လုပ် ပေး (မှန်ပါ့) သဒ္ဓမ္မဝါဆိုတဲ့ဥစ္စာ လုပ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အသဒ္ဓမ္မကို သဒ္ဓမ္မ သာ ဖြစ်လို့ ရှိရင် သေချာပေါ့ လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီနေ့တရား နာရီတောင် ပိုသွားပြီ (မှန်ပါ့)။

ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။