058

အရေးကြီးတာ “သူ” (သက္ကာယဒိဋ္ဌိ)

အသံဖိုင်ခေါင်းစဉ်= ဝိသာခနှင့် ဓမ္မဒိန္နာအမေးအဖြေ အမှတ်(၃)

စာအုပ်ခေါင်းစဉ်= အရေးကြီးတာ “သူ” (သက္ကာယဒိဋ္ဌိ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

အရေးကြီးတာ “သူ” (သက္ကာယဒိဋ္ဌိ)

(၁၃-၁၂-၆၁)

ဝိသာခက အမေးသမား၊ ဓမ္မဒိန္နာက အဖြေသမား၊ – အမေးသမားက အနာဂါမ်လို့ မှတ်ရမယ်၊ အဖြေသမားက ရဟန္တာမလို့ မှတ်ရမယ်။

သက္ကာယဒိဋ္ဌိ

သူ ဒီနေ့ ဘာမေးသူတုံးလို့ ဆိုလို့ ရှိရင် သက္ကာယဒိဋ္ဌိ ဟာ ဘာကြောင့် ဖြစ်သတုံး၊ ဒါကို မေးပါတယ်။

ဝိသာခက မေးလိုက်တယ်၊ သက္ကာယဒိဋ္ဌိ သက္ကာယ ဒိဋ္ဌိ ဆိုတာ ဘယ်အကြောင်းကြောင့် ဖြစ်ပါလိမ့်မလဲ။ မေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေက မှတ်ဖို့ ရာက ရှေးကတော့ အရိယာတွေရှိလို့ အရိယာတွေ မဆည်းကပ် မကိုးကွယ်လို့ အရိယာတရား မနာရလို့ သက္ကာယဒိဋ္ဌိ ဖြစ်တယ်၊ ယခုအခါမှာတော့ ဒီလိုယူကြ သူတော်ကောင်း တရားကို မနာရ မသိရလို့ သက္ကာယဒိဋ္ဌိ ဖြစ်တယ်လို့ မှတ်ရမယ်။ (မှန်ပါ့ ဘုရား)။

ရှေးအခါတုန်းကတော့ ရဟန္တာတွေရှိတော့ ရဟန္တာ တွေ တရားကို မနာရ မပြုရ အရိယာသာဝကတွေ (မှန်ပါ့)၊ အခုတော့ဖြင့် သူတော်ကောင်းတရား မနာရလို့ ဖြစ်တယ်လို့ မှတ်ရမယ်နော်။ (မှန်ပါ့)။ အလွန်အရေးကြီးတဲ့တရား

သူတော်ကောင်းတရား မနာရပြီဆိုမှဖြင့် သက္ကာယ ဒိဋ္ဌိဆိုတဲ့ တရားဟာ ဘယ်တော့မှ ဝမ်းထဲမှာ အမြစ်မပြတ် ပါဘူး၊ ဒါကြောင့် သက္ကာယဒိဋ္ဌိသည် အလွန်အရေးကြီးတဲ့ တရားလို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)၊ သက္ကာယ ဒိဋ္ဌိလောက် အရေးကြီးတာ မရှိဘူးနော် မှတ်ရမယ်နော်။ (မှန်ပါ့)။

သူတော်ကောင်းတရား မနာရလို့ရှိရင်၊ သရိသာနံ အဒဿာဝီ သူတော်ကောင်းတရားကို မမြင်ရ မကြားရလို့ ရှိရင် တစ်ခါတည်း သက္ကာယဒိဋ္ဌိက ဘယ်အခါမှ မပြတ်ဘူး ဆိုတဲ့ ဥစ္စာ မှတ်ထားရမယ်. . .။ (မှန်ပါ့)။

ဒါဖြင့် သက္ကာယဒိဋ္ဌိ သူတော်ကောင်းတရားကို အခု ဟောတော့မယ်တဲ့၊ ခန္ဓာငါးပါးမသိလို့ ပေါ်တဲ့အချိန်မှာ မသိလို့ သက္ကာယဒိဋ္ဌိဖြစ်ရတယ်လို့ မှတ်ထား (မှန်ပါ့)။ ပေါ်တဲ့အချိန်မှာ မသိလို့ သက္ကာယဒိဋ္ဌိဖြစ်ရတယ်။

ပေါ်တဲ့အချိန်မှာ မသိလို့နော်၊ (မှန်ပါ့)၊ ပေါ်တဲ့ အချိန်က ဥပမာမယ် တောင့်တယ်၊ တင်းတယ်၊ ခန္ဓာကိုယ် ထဲမှာ တောင့်တင်းတယ်၊ ဟာ ငါ့ တောင့်တယ်၊ ငါတင်း ကယ်လို့ဆိုတော့ သူတော်ကောင်းတရား မနာရတော့ ဝါယောဓာတ်ကိုပင်လျှင် ငါ တောင့်တယ်၊ ငါ တင်းတယ် ဖြစ်လာတယ်။ (မှန်ပါ့)။

သူတော်ကောင်းတရားနာရတဲ့ ပုဂ္ဂိုလ်ကတော့ဟာ.. ဝါယောဓာတ် ဖောက်ပြန်တာပဲ၊ ဒီလို သိသွားရတယ်။ (မှန်လှပါ ဘုရား)။

ဝါယောဓာတ်ဆိုတာ ဖောက်ပြန်တာပဲလို့ သိသွား ပြန်တော့လဲ ဟင့် ဝါယောဓာတ် ဝါယောဓာတ်လို့ သိသောကြောင့် သက္ကာယဒိဋ္ဌိ မဖြစ်နိုင်ဘူး၊ ဒါ နဲ့ မရောတော့ပါဘူး၊ ဝါယောဓာတ်ဟာ ဝါယောဓာတ်ပဲ. . .။ (မှန်ပါ့)။

ပူလာတယ်, အေးလာတယ်၊ ငါ ပူလာတယ်, ငါ အေး လာပြန်ပြီ၊ ငါ ခက်တာပဲ၊ အစရှိသည်နဲ့ သူတော်ကောင်း တရား မနာရတော့ တေဇောကို ငါထင်လိုက်တယ် .။ (မှန်လှပါ ဘုရား)။

ငါ့အသားတွေ လှုပ်လာပြီ၊ ငါ့အသားတွေ ဘာများ ဖြစ်ချင်လို့ မပြောတတ်ပါဘူး၊ သွက်ချာပါဒများ လေဖြတ် ချင်လို့များ အစရှိသည်နဲ့ ဒီလိုတွေးကြတယ်၊ စင်စစ်တော့၊ ဘာမှ မဟုတ်ပါဘူး၊ ဝါယောဓာတ်က လှုပ်ပြီးသကာလ နေတာ၊ ငြိမ်နေပြန်လဲ ဝါယောဓာတ်က ငြိမ်နေတဲ့ဥစ္စာကို ဝါယောဓာတ်ဆီကို မရောက်ဘဲနဲ့ ငါလှုပ်တာ ဘာဖြစ်လို့ ပါလိမ့်၊ အဲဒီတော့ ဝါယောဓာတ်ကို ငါ စွဲတယ်နော်။

ဓါတ် (၄)ပါးကို ငါစွဲ နေတယ်

ဥပမာမယ် ဆီးလွန်တယ်၊ ဆီးချုပ်တယ်၊ ငါ ဘာဖြစ် ပါလိမ့်မလဲ၊ ဆီးကိုလဲ ငါ လုပ်တာပဲ၊ (မှန်ပါ့)၊ စင်စစ် အာပေါဓာတ်ကို ငါ လုပ်နေတာ၊ (မှန်ပါ့)၊ သူတော်ကောင်းတရား မနာရတဲ့ ပုဂ္ဂိုလ်ကတော့ ဒါ ငါချည်း ဖြစ်နေမှာပဲ၊ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ရုပ်ကို ငါထင်လို့ရှိရင်လဲ သူတော်ကောင်း တရား မနာရလို့ ရှိရင် သက္ကာယဒိဋ္ဌိဖြစ်ပါတယ်။ (မှန်ပါ့)။

“ရူပံ အတ္တတော သမနုပဿတိ၊ ရူပဝန္တံ ဝါ အတ္တာနံ” ရူပံ= ရုပ်ကို၊ အတ္တ= ငါဟူ၍၊ သမနုပဿတိ= ရှုနေ၏၊ ဒါ ငါပဲ၊ ငါတော့ ခက်တာပဲ၊ ငါတော့ ဒါနဲ့ သေရမှာပဲ။ အစရှိသည်နဲ့ သက္ကာယဒိဋ္ဌိက သူတော်ကောင်းတရား မနာ ရတော့ ဓာတ်လေးပါးကို ငါ လုပ်တယ်။ (မှန်ပါ့)။

ဝေဒနာက္ခဘက်က လာပြန်လဲ၊ နာပြန်လဲ ငါ၊ ယားပြန်လဲ ငါ ငါ ပသားကုန်ပြီး ငါနာကုန်ပြီဆိုလို့ ရှိရင်လဲ သူတော်ကောင်းတရား မနာရလို့ရှိရင် ဝေဒနာက္ခန္ဓာပေါ်တာ မသိဘူး၊ ဝေဒနာက္ခန္ဓာ ပျက်တာလဲ မသိတော့ ဒါ သက္ကာယ ဒိဋ္ဌိဖြစ်ရမှာပဲ။ (မှန်ပါ့)။

သညာကလဲ ငါမေ့တတ်လိုက်တာ၊ ငါ ဘာဖြစ်တယ် မသိဘူး၊ သညာပျောက်သွားတယ်၊ အပြီးသတ်တော့ (မှန်ပါ့)၊ သညာကလေးရှိနေတာ သညာကလေးပျောက် သွားတော့ ငါ မေ့တယ်၊ စင်စစ်တော့ဖြင့် သညာရှိနေလို့ ရှိရင် မှတ်တာက သညာက မှတ်တာကိုး၊ ငါ မမှတ်ပါဘူး၊ ငါမှာ အမှတ်သည်းခြေမရှိဘူး၊ သညာ ငါလုပ်ပစ်လိုက် တယ်၊ (မှန်ပါ့)၊ ငါ့မှာ အမှတ်သည်းခြေ မရှိပါဘူးတဲ့။ ဒါ သညာ ငါလုပ်ပစ်လိုက်တာ (မှန်ပါ့)။

မေ့သွားတဲ့အခါကျတော့ သညာချုပ်သွားတာကိုပင် သူ မသိလိုက်တော့ ငါ မေ့ပြန်ပြီ၊ ငါ ဒီလိုသာမေ့နေမယ် ဆိုရင်တော့ ငါ့စီးပွားရေးနဲ့ ငါနဲ့ ခက်ပါသေးရဲ့ ဆိုတော သညာ ပျောက်သွား တာကို သူမသိလိုက်တဲ့အတွက်၊ သညာ ပေါ်တာကိုလဲ သူ မသိတဲ့အတွက်၊ သညာပေါ်မှု ပျောက်မှု ကိုလဲ သူမသိတဲ့အတွက်တဲ့ ဦးသံဒိုင်ရေ ဒါ ငါလုပ်ပြန် တာပဲ၊ (မှန်ပါ့)၊ ငါမေ့သွားတယ်၊ ငါ မေ့သွားတာ မဟုတ်ပါဘူးတဲ့၊ သညာပျောက်သွားတာ။ (မှန်ပါ့၊ သညာပျောက်သွားတာပါ ဘုရား)။

ပေါ်လာပြန်တော့ သူတို့က ငါမှတ်ထားတာ ဘယ်သူ ယူသွားပါလိမ့်၊ သညာပေါ်လာ ပြန်တော့လဲ ငါ လုပ်ပစ် လိုက်တယ်။ (မှန်ပါ့)။

သညာပျောက်သွားတော့လဲငါမေ့ မေ့လွန်းလှတယ်.. ဆိုပြီး ကိုယ့်ကိုယ်ကိုယ်များ စိတ်ဆိုး လိုက်တယ် (မှန်ပါ့)၊

ဟိုက သညာက အနတ္တသဘောကို ပြောလိုက်တာ..။ (မှန်ပါ့)၊ အနတ္တ သဘော ပြောလိုက်လို့ ရှိရင် သူက စိတ်ဆိုးတယ် (မှန်ပါ့)၊ သဘောကျပြီ။ (ကျပါပြီ)။

သင်္ခါရဆိုတဲ့ဥစ္စာသည်ကားလို့ဆိုရင်ဖြင့် ဝေဒနာ သညာမှတစ်ပါး စေတနာတို့၊ ထိနမိဒ္ဓတို့ ဒါတွေဟာ သင်္ခါရ တွေပဲ၊ (မှန်ပါ့)၊ အို ငါအိပ်လိုက်ချင်တာ၊ ငါ ငိုက်ငိုက် နေတယ်ဆိုတာတော့ ထိနမိဒ္ဓကို ငါထင်လိုက်တယ်၊ သင်္ခါ ရက္ခန္ဓာ ငါ ထင်လိုက်တယ်။ (မှန်ပါ့)။

ဒါဖြင့် “သင်္ခါရေ အတ္တတော သမနုပဿတိ”ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိဖြစ်နေတယ်၊ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိလဲ ဖြစ်တယ်၊ ဥစ္ဆေဒဒိဋ္ဌိလဲ ဖြစ်တယ်လို့ ဒကာ ဒကာမတွေက မှတ်ထားပါ။ (မှန်ပါ့)။

ငါ့စိတ် မစမ်းနဲ့ဆိုလို့ရှိရင်လဲ စိတ်ကို ဝိညာဏက္ခန္ဓာ ငါ ထင်တာပဲ၊ (မှန်ပါ့)၊ ငါ စိတ်ဖောက်ပြန်နေတယ် ထင်တယ်ဆိုတော့ ဖောက်ပြန်တဲ့ စိတ်ကိုလဲ ငါလုပ်ပြန် တာပဲ..။ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် သူတော်ကောင်းတရား မနာရလို့ရှိရင် ပရမတ်တွေ ပေါ်တိုင်း ပေါ်တိုင်း ဒိဋ္ဌိဖြစ်တယ်။ (မှန်ပါ့)။

သူတော်ကောင်းတရား မနာရရင် (ပရမတ်တွေ ပေါ်တိုင်း, ပေါ်တိုင်း ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန် ပရမတ်နဲ့လဲ အတူတူ နေရပြန်၊ ပေါ်တိုင်းလဲ ဒိဋ္ဌိဖြစ်နေမယ်ဆိုလို့ ရှိရင်ဖြင့် ငရဲအိုး မျက်စပစ်နေတာ တစ်နေ့ ဘယ်နှစ်ကြိမ်တုံးမေးရင် ဘယ့် နှယ် ဖြေကြမယ် . (အကြိမ်ပေါင်း မရေတွက်နိုင်ပါ ဘုရား)။ မရေတွက်နိုင် ဘူးတဲ့။

အဲဒီတော့ ဓမ္မဒိန္ဒာက ပြောလို့ ဒီလို စွဲတာတွေဟာ သက္ကာယဒိဋ္ဌိ ဖြစ်ပါတယ်။

သက္ကာဒိဋ္ဌိ မရှိတာ ပြောပါ

ဒါဖြင့် သညာ ငါ-စွဲတာတွေ၊ ဝေဒနာ ငါစွဲတာတွေ ခန္ဓာငါးပါး တစ်ခုခုပေါ်လာတိုင်း ငါ စွဲတာ သက္ကာယဒိဋ္ဌိ ဆိုတာ သဘောကျတယ် (မှန်ပါ့)၊ သက္ကာဒိဋ္ဌိ မရှိတာ ပြောစမ်းပါဦး တဲ့၊ သက္ကာယဒိဋ္ဌိဟာ ဘယ်လိုမရှိတာ တုံး တဲ့။

ဓမ္မဒိန္နာက အို ဥပမာ ရုပ်ပေါ်လာတယ်၊ ခုနင်က လိုပဲ တောင့်တယ်, တင်းတယ် ပေါ်လာတယ်၊ အဲဒါကို “နေတံ မမ နေသော ဟမသ္မိ၊ နမေသော အတ္တာ” ငါ့ကိုယ်, ပရမတ်ကလေး တစ်ခု တွေ့တိုင်း, တွေ့တိုင်း (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုပေးရပါမယ် ဘုရား)။

အဲ ငါ့ကိုယ်ဆိုတာ တဏှာ၊ ငါ့ဟာဆိုတာက မာန၊ “ငါ့ဟာ မထိနဲ့ လာတာကိုး (မှန်ပါ့)၊ ဒါ့ကြောင့် မာနပြောလိုက်တယ်။ (မှန်ပါ့)၊ ငါ့ဥစ္စာဆိုတာက တကယ် သိမ်းပိုက်တာမို့ ဒိဋ္ဌိ။ (မှန်ပါ့)။

ဒါဖြင့် တစ်ခုသော တရားထဲကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူး၊ ဒါကလေးဟာ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောကလေးသက်သက်ပဲလို့သာ ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှုနေကြမယ်ဆိုလို့ ရှိရင်ဖြင့် တဲ့၊ ဒါ ဒိဋ္ဌိမဖြစ်တာပါပဲလို့ ဓမ္မဒိန္နာက သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား .။ (ပါ,ပါပြီ ဘုရား)။

ဒိဋ္ဌိဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာထင်နေလို့ ဒိဋ္ဌိဖြစ်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီတရားကလေးဟာ ငါ့ကိုယ်. ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူး၊ “နေတံ မမ၊ နေသောဟမသ္မိ န မေသော အတ္တာ”လို့ ပါဠိလိုဆိုတာကိုး (မှန်ပါ့)၊ မြန်မာလိုပြန်တော့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ယူနိုင်လို့ ရှိရင် ဒါ ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့)၊ ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ယူလိုက်လို့ ရှိရင် ဒါ သက္ကာယဒိဋ္ဌိ ပြုတ်တာပဲ။ (မှန်ပါ့)။

ဝေဒနာကလေး ပေါ်လာတာလဲ ငါ့ကိုယ်လဲ မဟုတ် ဘူး၊ ငါ့ဟာလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး၊ ဒီလို ယူနိုင်လို့ရှိရင် ဒါဟာ သက္ကာယဒိဋ္ဌိ ပြုတ်သွားတာပဲတဲ့။ (မှန်ပါ့)၊ ဒါ ဓမ္မဒိန္နာ ရဟန္တမက ဟောနေတာ။ (မှန်ပါ့)။

ဝေဒနာပေါ်လာတာလဲ ငါ့ကိုယ်, ငါ့ဟာ,ငါ့ဥစ္စာ မဟုတ်ပါဘူး၊ ထိနမိဒ္ဓ ပေါ်လာတာလဲ ငါ့ကိုယ်,ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါဘူး၊ ဒီဥစ္စာ အနိစ္စ, ဒုက္ခ, အနတ္တပါပဲ လို့ ရှုနိုင်လို့ ရှိရင်လဲ သက္ကာယဒိဋ္ဌိပြုတ်သွားတာပဲလို့ သူ ခင်ပွန်းသည်ကို ဟောနေတယ်။ (မှန်ပါ့ ဘုရား)။

စိတ်တွေပေါ်လာလဲ ဘယ်စိတ်ပေါ်ပေါ်၊ သြော် စိတ်ဟာ စိတ်ပဲ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူး၊ အနိစ္စ, ဒုက္ခ, အနတ္တတွေသာ အစစ်ပဲလို့ ဒီလို ဝေဖန်နိုင် လို့ ရှိရင်လဲ သက္ကာယဒိဋ္ဌိ မဖြစ်ပါဘူး။ (မှန်ပါ့)။

ဒါဖြင့် သက္ကာယဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းက ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာထင်ရင် (သက္ကာယဒိဋ္ဌိ ဖြစ်ပါ တယ်)၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးထင်ရင် (သက္ကာယဒိဋ္ဌိ ချုပ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတွေမှာ ဘယ်အခါမဆို ဝိပဿနာ နှလုံးသွင်းတဲ့အခါကျလို့ရှိရင် ဒီဥစ္စာ ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး၊ ဓမ္မ သဘောအတိုင်း ဝေဒနာဓမ္မဖြင့် ဝေဒနာဓမ္မပေါ်ပြီး ပျက်နေတာပဲဆိုတာကို ဉာဏ်က ဦးတည့်ကြပါ .၊ (မှန်ပါ့ ဘုရား)၊ ဉာဏ်က ဦးတည့်လိုက်လို့ ရှိရင်တော့ သက္ကာယ ဒိဋ္ဌိပြုတ်သွားတယ်။ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ ပြုတ်သွားတဲ့ပုဂ္ဂိုလ် မှန်လို့ ရှိရင်ဖြင့် .. တဲ့၊ အပါယ်လေးပါးတော့ မကျတာ အမှန်ပဲဆိုတာ သေသေ ချာချာမှတ်ပါ။ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် သက္ကာယဒိဋ္ဌိကို ဓမ္မဒိန္နာ ဘယ်လိုတရားနဲ့ ရှုမှ သက္ကာယဒိဋ္ဌိ ပြုတ်ပါလိမ့်မလဲ၊ ဒါ ဆက်မေးပြန်တယ်။ (မှန်ပါ့)။

အို သက္ကာယဒိဋ္ဌိ ပြုတ်တယ်ဆိုတာ မဂ္ဂင်ရှစ်ပါးနဲ့ ရှမှ ပြုတ်တယ်၊ အဲဒါ မှတ်ထားကြပါ။ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ ပြုတ်တယ်ဆိုတာ ဘာတုံး (မဂ္ဂင် ရှစ်ပါးနဲ့ ရှုမှ ပြုတ်ပါတယ် ဘုရား)။

ကောင်းပြီ၊ မဂ္ဂင်ရှစ်ပါးနဲ့ ရှုမှ သက္ကာယဒိဋ္ဌိ ပြုတ်တယ်ဆိုတာတော့ သဘောကျပြီ၊ ဒီမဂ္ဂင်တွေဟာ အကွဲအပြား မရှိဘူးလားလို့ တစ်ခါဆက်မေးပြန်တယ်။ (မှန်ပါ့)၊ ဟာ ရှိတယ်တဲ့၊ သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ရယ်လို့ ရှိသေးတယ်၊ ဒါ မှတ်ထားရမယ်နော် .။ (မှန်ပါ့)။

သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်လို့ မဂ္ဂင်သည် သုံးပါးရှိကယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားရမယ်။ (မှန်ပါ့)။

သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်လို့ မဂ္ဂင် ဘယ်နှစ်ပါးရှိသတုံး. . .။ (သုံးပါးရှိပါတယ် ဘုရား)။ သုံးပါး ရှိတယ်လို့ မှတ်ထားကြပါ။

သီလမဂ္ဂင်

နို့ သီလမဂ္ဂင်က ဘာတုံးလို့ မေးတဲ့အခါ “သမ္မာ ဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ” သမ္မဝါစာဆိုတဲ့ဥစ္စာ မုသားမပြောတာ သမ္မာဝါစာ၊ (မှန်ပါ့)၊ စကားကိုဆိုတာ မဟုတ်ပါဘူး၊ မုသားကြဉ်ရှောင်ရင် သမ္မာဝါစာ၊ ပါဏာတိ ပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရကို မကျူးလွန်ရင် သမ္မာကမ္မန္တ၊ လိမ်လည်ကောက်ကျစ်ပြီး အသက်မမွေးလို့ ရှိရင် သမ္မာအာဇီဝ၊ ဒါ သီလမဂ္ဂင်ပါပဲ ဖြေလိုက်တယ်။

သမာဓိမဂ္ဂင်

ကောင်းပြီ ဒါဖြင့် သီလမဂ္ဂင်တော့ ကျေနပ်ပါပြီ၊ သမာဓိမဂ္ဂင်တော့ ဘယ်နှစ်ပါးရှိသတုံး တဲ့၊ ဓမ္မဒိန္နာက အို သမ္မာဝါယံမ သမ္မာသတိ သမ္မာသမာဓိပေါ့ တဲ့။

ဟုတ်ပြီ ဓမ္မဒိန္ဒာ၊ ဒါတော့ ကျေနပ်ပါပြီ၊ ဘယ့်နှယ် ကြောင့် ဒီသုံးခု ဖြစ်နေရသတုံးလို့၊ ဟာ သုံးခုဖြစ်နေတာ တခြားမဟုတ်ဘူး၊ သူတို့ တစ်ခုတည်းနဲ့ ကိစ္စတစ်ခုကို ပြီးအောင် မလုပ်နိုင်လို့ ဒါမှတ်ထားကြပါ .။ (မှန်ပါ)။

သုံးခုရှိနေတာ (တစ်ခုတည်းနဲ့ ကိစ္စပြီးအောင် မလုပ် နိုင်လို့ပါ ဘုရား)။

အဲ တစ်ခုတည်းနဲ့ ကိစ္စပြီးအောင် မလုပ်နိုင်ဘူး၊ သမာဓိတည်ပါတယ်လို့ဆိုလို့ရှိရင်ဖြင့်တဲ့ ဝီရိယလဲ ပါဦးမှ၊ သတိလဲ ပါဦးမှ တည်နိုင်ပါတယ်. . .၊ (မှန်ပါ့)၊ ရှင်းပြီ။ (ရှင်းပါပြီ ဘုရား)။

ဝီရိယကော (ပါဦးမှပါ)၊ သတိကော (ပါဦးမှပါ)၊ အဲ .ဒါမှ သမာဓိ တည်နိုင်တယ်တဲ့၊ သမာဓိတည်ဖို့ အရေးကြီးတယ်၊ သမာဓိတည်ဖို့ အရေးကြီးတယ်ဆိုပေ မယ့်လဲ ဝီရိယနဲ့ သတိမပါရင် မတည်နိုင်ပါဘူးဆိုပြီး နောက် သူတို့အာဘော်အတိုင်း အဋ္ဌကထာ ဆရာက ဥပမာ ပေးလိုက်တယ်၊ မမှီတမီပန်းကို ကောင်းကင်မှာ အထက် မှာ မမှီတမီ ပန်းပွင့်တစ်ပွင့် ရှိတယ်တဲ့၊ အဲဒီ မမှီတမီ ပန်းပွင့်တစ်ပွင့် ရှိနေတဲ့အခါကျလို့ရှိရင် ဘယ်လိုလုပ် – ဆွတ်မလဲ. . တဲ့၊ ဒီပန်းကို ခူးမလဲ၊ တစ်ယောက်က ကုန်းပေးရမယ်၊ တစ်ယောက်က ကုန်းတဲ့ အပေါ်မှာ တက်ရမယ်၊ တစ်ယောက်က ဘေးကနေပြီး ပခုံးပေးရမယ်၊ တက်တဲ့လူ လက်ကိုင်ဖို့..။ (မှန်ပါ)။

ထို့အတူပဲတဲ့၊ တစ်ယောက်က ကုန်းပေးရမယ်၊ တစ်ယောက်က အနားနားက အနားနားက ရပ်၊ တစ်ယောက် က အပေါ်တက်ပြီး ရပ်တဲ့လူ ပခုံးကိုင်ပြီးမှ လက်တစ်ဖက်က နေပြီး လိုတဲ့ပန်းကို ဆွတ်ရမယ်..၊ (မှန်ပါ့)၊ မမီတမီပန်းမှာ ဒီသုံးယောက် ပေါင်းမိမှ ပန်းတစ်ပွင့်ကို ဣန္ဒြေရရ ဆွတ်ခူး နိုင်မယ်ဆိုတဲ့ ဥပမာ မှတ်ကြရမယ်။ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် မမီတမီ ပန်းဆွတ်ပုံသည် ဘာကြောင့် တုံး ဆိုတော့ ရပ်နေတဲ့ပုဂ္ဂိုလ်ကလဲ ပန်းမဆွတ်နိုင်ဘူး။ (မှန်ပါ့)၊ ကုန်းနေတဲ့ပုဂ္ဂိုလ်ကလဲ (မဆွတ်နိုင်ပါ ဘုရား)၊ အပေါ်တက်တဲ့ ပုဂ္ဂိုလ်ကကော (ဆွတ်နိုင်ပါတယ် ဘုရား)။

အပေါ်တက်တဲ့ ပုဂ္ဂိုလ်ကလဲ ယိမ်းယိုင်နဲ့ နေမယ် ဆိုလို့ ရှိရင်လဲ မဆွတ်ခူးနိုင်ဘူး၊ သဘောကျပလား။

ပန်းတစ်ပွင့်ရဖို့ သုံးယောက်ကူရတယ်

ထို့အတူပဲ တဲ့၊ ဝိပဿနာအလုပ်လုပ်တဲ့ ပုဂ္ဂိုလ် များမှာ သမ္မာဝါယာမဆိုတဲ့ ဝီရိယမဂ္ဂင်က ကုန်းပေးတဲ့ လူနဲ့ တူတယ်၊ (မှန်ပါ့)၊ သတို့ဆိုတဲ့ပုဂ္ဂိုလ်က ပခုံးလေးနဲ့ အနားနားကကပ်ပြီး ရပ်နေတဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ်၊ (မှန်ပါ့)၊ သမာဓိဆိုတဲ့ ပုဂ္ဂိုလ်က ကုန်းတဲ့အပေါ်တက်ပြီး ခုနင်က ပခုံးကိုင်ပြီး သကာလ ဣန္ဒြေရရ အပေါ်က ပန်းကို ဆွတ်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ပန်းတစ်ပွင့်ရဖို့ဘယ်နှစ်ယောက်ကူရသလဲ။ (သုံးယောက် ကူရပါကယ် ဘုရား)။

သုံးယောက်ကူမှ ပန်းတစ်ပွင့်ရသလို ဒီမှာလဲ ဝိပဿနာအလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ ဒီသုံးခုမပါ လို့ရှိရင် ဖြစ်ကို မဖြစ်နိုင်တဲ့အတွက် သူတို့သည် သမာဓိ အခြံအရံ ဝီရိယနဲ့ သတို့ဟာ သမာဓိအားပေးမှုတစ်ခုလို့ မှတ်ကြစမ်းပါ။ (မှန်ပါ့)။

ဝီရိယနဲ့ သတိဟာ (သမာဓိ အားပေးမှုတစ်ခုပါ ဘုရား)။

သမာဓိအားပေးမှု တစ်ခုဆိုတော့ ဒါက ဒကာ ဒကာမတွေမှာ ဝီရိယလဲ ပါဦးမှကိုး၊ သတိကလဲ ဘေးက ငြိမ်ငြိမ် ပန်းဆွတ်နိုင်အောင် ကိုင်ရသလို ဒါမှ၊ သမာဓိဆိုတဲ့ ပုဂ္ဂိုလ်က အပေါ်ကနေ ပန်းဆွတ်နိုင်သလို ကိုယ့်မှာလဲ ဝိပဿနာရှုတော့မယ်ဆို ဝီရိယလွှတ်လို့လဲ မရဘူး၊ သတိမထားရင်လဲ (မရပါ ဘုရား)၊ သမာဓိမပါလို့ ရှိရင်လဲ တဲ့၊ အာရုံကို စိုက်ခနဲ့ စိုက်ခနဲ မသွားဘူး။ (မှန်ပါ့)၊ ရှင်းပြီ။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သမာဓိမဂ္ဂင် သုံးခုရှိနေတဲ့ အကြောင်းဟာ ဖြင့် ဒီဥပမာနဲ့ပဲ ဦးသံဒိုင် ရှင်းလောက်ပါပြီ။ (မှန်ပါ့ ဘုရား)။

သမာဓိမဂ္ဂင်မှာ သုံးယောက်ပေါင်းမှ ကိစ္စတစ်ခု ပြီးတယ်၊ (မှန်ပါ့ ဘုရား)၊ သုံးယောက်ပေါင်းမှ . (ကိစ္စတစ်ခု ပြီးပါတယ် ဘုရား)။

ထို့အတူပဲ တဲ့၊ ခင်ဗျားတို့ ဝိပဿနာအားထုတ် တဲ့ ပုဂ္ဂိုလ်များ၌ သမာဓိတည်ချင်လို့ ရှိရဇ် သတိကို လက်မလွှတ်နဲ၊ ဝီရိယမလျှော့နဲ့ . (မှန်ပါ့)၊ ဒါမှသာလျှင် သမာဓိလိုရာပန်းကို ဆွတ်နိုင်သလို ခုနင်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝေဒနာ ဖြစ်ပျက်၊ စိတ် ဖြစ်ပျက်တွေကို သူ ကောင်းကောင်မွန်မွန် မိအေမောင်ဖမ်းနိုင်တယ် (မှန်ပါ့) ဘုရား)၊ သဘောကျပြီ။ (ကျပါပြီ ဘုရား)။

ကောင်းကောင်းမွန်မွန် မိအောင်ဖမ်းနိုင်တာသည့် သူတို့သုံးယောက်ပေါင်းမှ ကိစ္စပြီးတယ် ဆိုတဲ့ဥစ္စာ သုံးခုသော ဓမ္မပေါင်းမှ ကိစ္စပြီးနိုင်တယ် ဆိုတဲ့ဥစ္စာ မမြင်သေးဘူးဆိုလို့ ရှိရင် ဒီသုံးခုထဲက တစ်ခုခုလိုလို့ မှတ်ပေတော့။ (မှန်ပါ့ ဘုရား)။

မမြင်သေးဘူးဆိုရင် (ဒီသုံးခုထဲက တစ်ခုခုလိုနေလို့ ပါ ဘုရား)။

အဲ ဖြစ်ပျက်ကို မမြင်သေးပါဘူး၊ ကျုပ်တို့ဖြင့် ရှုနေတာ ကြာပြီဆိုလို့ ရှိရင် အောက်က ကုန်းပေးတဲ့ ဝီရိယ နည်းတာရင်လဲ ဖြစ်ရမယ် (မှန်ပါ့)၊ ဘေးကရပ်ပြီး ပခုံးကလေးပေးတဲ့ ပုဂ္ဂိုလ်လို တစ်ယောက်သောပုဂ္ဂိုလ် လက်ကိုင်ဖို့ရာ (မှန်ပါ့)၊ အဲဒီ ပုဂ္ဂိုလ်ရင်လဲ အညံ့ဖြစ်ရမယ်၊ (မှန်ပါ့)၊ သတိရင်လဲ ချို့ယွင်းနေရမယ်၊ ဒါကြောင့် သမာဓိသည်..တဲ့၊ ဖြစ်ပျက်ရှိရာသို့ စိုက်ခနဲ စိုက်ခနဲ မသွားဘူး (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ရှိရာ စိုက်ခနဲ သွားချင်ရင် ဒီသုံးခုလဲ အရေးကြီးတယ်။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် သမာဓိမဂ္ဂင်ဆိုပြီး ဘယ့်နှယ်ကြောင့် သတိ ဝီရိယ ထည့်ရပါလိမ့်မတုံးဆိုတော့ ပန်းခူးတဲ့ ဥပမာနဲ့ ပြလိုက်တယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သမာဓိမဂ္ဂင်ဆိုပြီး သမာဓိကလေးတစ်လုံးတည်း နေပါတော့လားဆိုတော့ အို သမာဓိ သူ့ချည်းသက်သက် ဘာမှ မလုပ်နိုင်ဘူး .. (မှန်ပါ့ ဘုရား)၊ ဝီရိယကလဲ နောက်က တွန်းပေးမှ (မှန်ပါ့)၊ သတိကလဲ ဒီနေရာ ဆွတ်ပါ၊ ဒီနေရာဆွတ်ပါ၊ ဒီနေရာခူးပါ၊ ဒီနေရာ ရှုပါဆိုတာ သူကလဲ အကူအညီပေးဦးမှ (မှန်လှပါ)၊ ရှင်းပလား။

ချို့ယွင်းတာကို သိအောင်လုပ်ပါ

ဒါဖြင့် ဒကာ ဒကာမတွေမှာ ဖြစ်ပျက်ဆီကို စိုက်ခနဲ စိုက်ခနဲ မသွားခြင်းဟာ ဪ..ဒီသုံးခု တစ်ခုခု၊ သုံးခု ပေါင်းမှ ဖြစ်တဲ့ဥစ္စာကို တို့ တစ်ခုခု ချို့ယွင်းနေတယ်ဆိုပြီး သကာလ ချို့ယွင်းတာကို ကိုယ်တိုင်သိအောင်လုပ်ရမယ်။ (မှန်ပါ့ ဘုရား)။

ချို့ယွင်းတာ ကိုယ်တိုင်သိအောင် လုပ်လို့ ရှိရင်ဖြင့် တဲ့ ခင်ဗျားတို့ အလိုရှိတဲ့ ဖြစ်ပျက်ဆီသို့ တဲ့၊ သမာဓိသည် ဦးတည်ပါလိမ့်မယ်၊ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သမာဓိသည် ဦးတည်ပြီး သကာလ နေလို့ ရှိရင် သူက မြင်တာလားလို့ မေးတော့ သမာဓိဟာ ဒီနေရာနဲ့ တည့်တာပဲ ရှိတာပဲ၊ (မှန်ပါ့)၊ ဖြစ်မှု ပျက်မှုကိုတော့ သူက မမြင်ပြန်ဘူး။ (မှန်ပါ့)။

သမာဓိက လိုချင်တဲ့ဘက် စိုက်ထားတာကလေးဟာ သမာဓိ၊ (မှန်ပါ့)၊ ဖြစ်ပျက် သူက မြင်သလားဆိုတော့ အို ဖြစ်ပျက်ကိုတော့ ဉာဏ်ကမှ မြင်ရမှာ၊ သူနဲ့ ဘာမှ မဆိုင်ဘူး (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါ ပြီ ဘုရား)။

သတိက မြင်သလားလို့မေးတော့ သတိကလဲ မြင်တာ မဟုတ်ဘူး၊ အကူအညီပဲ၊ သမာဓိကို တည့်ပေးတာပဲ ရှိတာပဲ၊ (မှန်လှပါ့)၊ ဖြစ်မှု ပျက်မှုကိုတော့ သူက မမြင်ပါဘူး၊ (မှန်ပါ့)၊ သမာဓိက ဒီလိုချင်တဲ့ဘက်ကို စိုက်ထားတာကလေးက သမာဓိ (မှန်ပါ့)၊ ဖြစ်ပျက် သူက မြင်သလားဆိုတော့ အို ဖြစ်ပျက်ကိုတော့ ဉာဏ်ကမှ မြင်ရမှာ၊ သူနဲ့ ဘာမှ မဆိုင်ဘူး၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

သတိက မြင်သလားလို့ မေးတော့ သတိကလဲ မဟုတ်ဘူး၊ အကူအညီပဲ၊ သမာဓိကို တည့်ပေးတာပဲ ရှိတာ ပဲ။ (မှန်ပါ့)။

ဝီရိယကော မင်း မြင်သလားလို့ မေးလို့ရှိရင်ဖြင့် ဝီရိယ ကလဲ သူချည်းသက်သက် မမြင်ပါဘူး၊ ရှင်းပလား။

အလုပ်သမားမှာအရေးကြီးတယ်

ဒါဖြင့် သူတို့ သုံးခုသည် သမာဓိကို သူတို့ သုံးခု ပေါင်းပြီး အလုပ်လုပ်မှသာလျှင် အာရုံ တစ်ခုဆီသို့ တည့်တာပဲရှိတယ်၊ ၎င်းအာရုံ ဘာဖြစ်နေတယ် သူတို့က မသိကြဘူး..၊ (မှန်ပါ့)၊ ဒါ သေသေချာချာမှတ်ပါ။ (မှန်ပါ့)၊ အလုပ်သမားမှာ အရေးကြီးတယ်၊ ဓမ္မဒိန္နာက ဖြေတာပါပဲ တဲ့။

ဒါဖြင့် သမာဓိမဂ္ဂင်သုံးပါး၊ ရှိထိုက်, မရှိထိုက်.. (ရှိထိုက်ပါတယ် ဘုရား)၊ သုံးခုပေါင်းမှပဲ ကိစ္စတစ်ခု ပြီးမှာ ပ (မှန်ပါ့)၊ သုံးခုမပေါင်းလို့ ရှိရင် (မပြီးပါ ဘုရား)။

ဝီရိယကလဲ ပန်းဆွတ်ပုဂ္ဂိုလ်မှာ သူ မမီတော့ ကုန်းပေးရတယ်၊ သတိကလဲ ကုန်းနေတဲ့ ပုဂ္ဂိုလ်ကနေ ရပ်ပြီးသကာလ အပေါ်တက်တဲ့ပုဂ္ဂိုလ် ငြိမ်ဆိမ်မှ၊ သဘော ကျပလား၊ (ကျပါပြီ)၊ အပေါ်တက်တဲ့ပုဂ္ဂိုလ် ငြိမ်ဆိမ်မှ သာလျှင် လိုရာပန်းကို သူသည် မီနိုင်တယ်။ (မှန်ပါ့)။

ပန်းတို့၏ အကောင်းအဆိုးကို ရွေးတတ်သလားလို့ မေးတဲ့အခါကျတော့ သမာဓိက ပန်းမီတာပဲရှိတယ်။ အကောင်းအဆိုး မရွေးတတ်ဘူး၊ (မှန်ပါ့)၊ ဘာဖြစ်လို့ တုံး၊ သူက တည်ကြည်မှု တစ်ခုကိုသာလျှင် ဒီအာရုံရှိရာ သို့ တည့်ပေးတာပဲ ရှိတာပဲ၊ သူက ထိုးထွင်းပြီး သကာလ ဟောဒါက အဖြစ်ပဲ၊ ဟောဒါက အပျက်ပဲ၊ ဟောဒါက သင်္ခါရပဲ၊ ဟောဒါက (အနိစ္စပဲ)၊ ဒါတော့ သူနဲ့ မဆိုင် ဘူး (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သူနဲ့ မဆိုင်တာကို ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ သူဟာ ပညာမဂ္ဂင်၏ အကူအညီပဲလို့ မှတ်ရမယ်၊ (မှန်လှပါ ဘုရား)၊ – ပညာ မဂ္ဂင်ကို အကူအညီပေးတဲ့ တရားသုံးခု၊ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘာ အားပေးပါလိမ့်..၊ (ပညာမဂ္ဂင်ကို အကူအညီ အားပေးပါတယ် ဘုရား)၊ ပညာမဂ္ဂင်ကို အကူအညီပေးတဲ့ တရာသုံးခုလို့ မှတ်ရမယ်..။ (မှန်ပါ့)။

ဒါဖြင့် ဓမ္မဒိန္နာ သိပါပြီ တဲ့၊ သမာဓိဆိုတဲ့ဥစ္စာ သြော် သုံးယောက်ပေါင်းမှပဲ ကိစ္စကြီးတစ်ခုကို တည့်ပေး နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်ဆိုတာ ကျေနပ်ပါပြီ၊ ပညာ မဂ္ဂင် ပြောစမ်းပါဦးဆိုတော့ အို သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ပေါ့၊ ဒါပဲ ဖြေလိုက်တယ်။ (မှန်ပါ့)။

ပညာမဂ္ဂင်

သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပေါ့လို့ ဖြေလိုက်တယ်၊ နို့ ဘာပြုလို့ ပညာတစ်ခုတည်းမှာ သမ္မာသင်္ကပ္ပက တွဲနေ ရ သေးသလဲလို့ မေးဖို့ အချိန်ရောက်လာတယ် (မှန်ပါ)၊ မရောက် သေးဘူးလား။ (ရောက်ပါတယ် ဘုရား)။

ရောက်တော့ကို ဒီလိုပါတဲ့၊ ဥပမာမယ်တဲ့၊ ဟိုဘက် ဒီဘက် အကောင်းအဆိုး ရွေးချင်တဲ့ ပုဂ္ဂိုလ်ကို ဥပမာ မျက်လုံးကတော့ ပါ,ပါရဲ့ ..တဲ့၊ ဟိုဘက် ဒီဘက် အကောင်းအဆိုး ဆိုတဲ့ဥစ္စာကတော့ ဟိုဘက် ဒီဘက် လှည့်လှန်ပေးတဲ့ တရားတစ်ခု အကူအညီလိုသေးတယ်။ (မှန်ပါ့ ဘု ရား)၊ သဘောကျပလား။ (ကျ ပါပြီး ဘုရား)။

ဥပမာမည် ဒီကနေ မျက်လုံးနဲ့ ကြည့်လိုက်တယ်။ မျက်လုံးနဲ့ ကြည့်လိုက်တော့ တစ်ဖက်တွင် သိရတယ်။ ဟိုတစ်ဖက် ဘာဖြစ်တယ်လို့ သိပါ့မလား၊ (မသိပါ ဘုရား)၊ ဆိုတော့ ဟိုဘက် ဒီဘက် လှန်ပေးတဲ့ဥစ္စာ မလို ဘူးလား၊ (လိုပါတယ် ဘုရား)၊ လိုတယ်၊ ဒါ ဪ ဒီဘက်က တစ်မျိုးပါလား၊ ဒီဘက်က တစ်မျိုးပါလား ဆိုတာလိုပဲ တဲ့၊ သမ္မာသင်္ကပ္ပက သူက ဟိုဘက် ဒီဘက် မြင်ကွင်းကို အကွက်ဖော်ပေးတယ်၊ (မှန်လှပါဘုရာ )၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

သမ္မာသင်္ကပ္ပက (မြင်ကွင်းကို အကွက်ဖော်ပေး ပါတယ်)။

အဲ မြင်ဖို့ရာ အကွက်ဖော်ပေးတယ်၊ ဖြစ်တဲ့အတွက် ကိုလဲ သူ ဖော်ပေးတယ်၊ (မှန်ပါ့)၊ ပျက်တဲ့အကွက်ကို လဲ (ဖော်ပေးပါတယ် ဘုရား)။

သူ ဖော်ပေးတယ်ဆိုတော့ သူ ဖော်ပေးတာက ပညာက စိုက်ပြီး ကြည့်တာပဲ။ (မှန်ပါ့)။

သူက တစ်ဖက်တည်းပြလို့ ရှိရင် သူကမှ လှန်လှောပြီး သကာလ ရုပ်နာမ်ဓမ္မတို့ကို အင်း ဖြစ်ပုံက တစ်မျိုး၊ ပျက်ပုံက တစ်မျိုးလို့ သူကမှ လှန်လှော်မပြလို့ ရှိရင် ပညာ ချည်း သက်သက်ကလဲ လှန်လှောနိုင်တဲ့ စွမ်းရည်သတ္တိ မရှိ ဘူး၊ (မှန်ပါ့)၊ ပညာကလဲ သူသည်ကားလို့ ဆိုလို့ ရှိရင် ဒါ-ဖြစ်မှုနဲ့ ပျက်မှု၊ သူ ဖြစ်မှုပြထားရင် ဖြစ်မှုပဲ မြင်မှာပဲ။ (မှန်ပါ့)၊ ပျက်မှုပြထားရင် (ပျက်မှုပဲ မြင်မှာပါပဲ ဘုရား)။

ဟိုက လှန်လှောပေးတတ်တဲ့ပုဂ္ဂိုလ် သမ္မာသင်္ကပ္ပရှိပြီ ဆိုမှဖြင့် သြော် ဖြစ်မှုက ဒီလိုပါလား၊ ပျက်မှု့က ဒီလို ပါလားလို့ ဟိုက ဖလှယ်ပေးတဲ့အတိုင်း ဒီက ကြည့်ရ တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဖြစ်မြင်၍ အပျက်မမြင်သေး၊ အပျက် သာမြင်၍ အဖြစ်မမြင် ဖြစ်ခဲ့သော် သမ္မာသင်္ကပ္ပ ညံ့တယ်၊ (မှန်ပါ့)၊ သဘောပါကြပလား ..။ (ပါ, ပါပြီ ဘုရား)။

အဖြစ်သာမြင်၍ အပျက်မမြင်သေးရင် (သမ္မာ သင်္ကပ္ပ ညံ့ပါတယ်)၊ အပျက်သာမြင်၍ အဖြစ်မမြင်သေး ရင် (သမ္မာသင်္ကပ္ပညံ့ပါတယ် ဘုရား)၊ သမ္မာသင်္ကပ္ပညံ့တယ်၊ သမ္မာက မှန်ကန်တာ၊ သင်္ကပ္ပက လှည့်ပြီး ကြံစည်ပေးတာ..။ (မှန်ပါ့ ဘုရား)၊ ဒီကြည့်ကွက်ဖော်ပေးတာ။ (မှန်ပါ)။

အဲဒါက စာမှာလာတဲ့ ဥပမာ၊ ဘုန်းကြီးတို့ပေးတဲ့ ဥပမာက ဒီလိုမပေးပါဘူး၊ မျက်လုံးမွဲနေတဲ့ ပုဂ္ဂိုလ်ကို လူငယ် မျက်လုံးနဲ့တူတဲ့ မျက်မှန်မှာ ပါဝါ(Power)ထည့်ပေးပါ..။(မှန်ပါ့)၊ ပါဝါ(Power) ထည့်ပေးလိုက်တဲ့ အခါကျတော့ လူငယ် လိုပဲသူမြင်လိမ့်မယ်..(မှန်ပါ့)၊ သဘောကျပလား..(ကျပါပြီ)။

ဒါဖြင့် လူငယ်လိုပဲ သူ မြင်တယ်ဆိုတော့ သူ့မျက်လုံး ချည်း သက်သက်မြင်သလား၊ မျက်လုံးအကူအညီရမှ သူသည် ရှင်းရှင်းလင်းလင်း မြင်သလားဆိုတာ အကဲခတ် ပါ။ (မျက်မှန် အကူအညီရမှ ရှင်းရှင်းလင်းလင်းမြင်ပါ တယ် ဘုရား)။

အဲ မျက်မှန်ဆိုတဲ့ အကူအညီ ကင်းမဲ့နေလို့ရှိရင် သူသည် မြင်တော့ မြင်ပါရဲ့ တဲ့၊ ရှင်းရှင်းလင်းလင်း မမြင်ဘူး. . .၊ (မှန်ပါ့) သဘောပါကြပလား၊ (ပါ,ပါပြီ ဘုရား)။

မြင်တော့..(မြင်ပါတယ်၊ ရှင်းရှင်းလင်းလင်း မမြင် ပါ ဘုရား)၊ ရှင်းရှင်းလင်းလင်းမမြင်တော့ ရှင်းရှင်းလင်းလင်း မြင်ရအောင် ကိုယ်နဲ့ထိုက်တန်တဲ့ ပါဝါ(Power)သူပေးတဲ့ မျက်မှန်နဲ့ကြည့် (မှန်ပါ့)၊ ကြည့်လိုက်တဲ့အခါကျတော့ နင်က ပင်ကိုယ်ကြည့်တဲ့ မျက်လုံးအတိုင်း၊ ရှေးမြင်တုန်းက ရှိလာတဲ့ မျက်လုံးအတိုင်း၊ မမွဲခင်ကရှိတဲ့ မျက်လုံးအတိုင်း သူသည် ကားလို့ဆိုရင် မမြင်ပေဘူးလား။ (မြင်ပါတယ် ဘုရား)။

ဒါဖြင့် မျက်မှန်နဲ့ သမ္မာသင်္ကပ္ပနဲ့ တူတယ် (မှန်ပါ့)၊ မျက်လုံးနဲ့ သမ္မာဒိဋ္ဌိနဲ့တူတယ်။ (မှန်ပါ့)။ မျက်မှန်နဲ ..(သမ္မာသင်္ကပ္ပနဲ့ တူပါတယ် ဘုရား)၊ မျက်လုံးနဲ့ (သမ္မာဒိဋ္ဌိနဲ့ တူပါတယ် ဘုရား)။

သမ္မာဒိဋ္ဌိနဲ့တူတယ်လို့ မှတ်ထားတော့ သြော် သူတို့ နှစ်ခု ကင်းလို့ မဖြစ်ပါလား၊ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊ သူတို့နှစ်ခုလဲ ကင်းလို့မဖြစ်ပါ ဘုရား)။

တစ်ခုကင်းရင် ဟိုက တော်ရုံပဲ မြင်လိမ့်မယ်။ (မှန်ပါ့)၊ မျက်လုံးနဲ့တူတဲ့ သမ္မာဒိဋ္ဌိက မြင်ကွက်ကို အများ ကြီး ဖော်ပေးလိုက်မယ်ဆိုလို့ ရှိရင် မြင်စရာရှိတာ အကုန် မြင်မှာပဲ၊ (မှန်ပါ့)၊ သဘောပါကြပလား၊ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် မြင်စရာရှိတာ အကုန်မမြင်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတွေက သမ္မာသင်္ကပ္ပ အကူပေးလိုက်၊ ဝိတက် ကို (မှန်ပါ့)၊ ဝိတက်ဆိုတာ ရှုတဲ့ဘက်မှာလဲ သူသည် အားကူပေးတဲ့ သဘောပါပဲ။ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေ ဪ ပညာမှာလဲ အကူ အညီပါဦးမှ. .၊ (မှန်ပါ့)၊ သမာဓိမှာလဲ..(အကူအညီ ပါဦးမှ ပါ ဘုရား)။ အကူအညီပါဦးမှ တဲ့။

နို့ ပြန်လှည့်လိုက်၊ သီလမဂ္ဂင်ကျတော့ ဘယ့်နှယ် ကြောင့် သူတို့သုံးပါး ပြားနေရသတုံးလို့ မေးဖို့မလိုဘူး လား၊ (လိုပါတယ် ဘုရား)၊ အို . သူတို့က တစ်ခုလုပ် နေရင် နှစ်ခုမပါဘူး။ (မှန်ပါ့)။

သီလမဂ္ဂင်၏ထူးခြားချက်၊

တစ်ခုလုပ်နေရင် .(နှစ်ခုမပါ,ပါ ဘုရား)၊ ဘာကြောင့် တုံးဆိုတော့ သမ္မာဝါစာကလဲ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္မပ္ပလာပ၊ လိမ်လည်ကောက်ကျစ်မှု ကြဉ် ရှောင်တယ်၊ ကြမ်းတမ်းမှုကို ကြဉ်ရှောင်တယ်၊ ရယ်မောစရာ ပြောမှုကို ကြဉ်ရှောင်တယ်၊ မဟုတ်ဘူးလား၊ (မှန်ပါ့)၊ အင်း သူ ကြဉ်ရှောင်ပုံက တခြား (မှန်ပါ့)။

သမ္မာဝါစာကလဲ ဝစီကံလေးပါးသာ သူ ကြဉ်ရှောင် တယ်၊ သဘောကျပလား.။ (ကျပါပြီ ဘုရား)။

သမ္မာကမ္မန္တကလဲ ကာယကံသုံးပါး ကြဉ်ရှောင်တယ် ဆိုတော့ သူတို့ပြုလုပ်တာကိုက တစ်မျိုးစီပြုလုပ်ကြတယ်။ (မှန်ပါ့)။

အဲဒီတော့ တစ်ခုလုပ်နေတဲ့ အလုပ်ကို တစ်ခုက ဝင်ခွင့်ကို မရဘူး . (မရပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

တစ်ခုလုပ်နေတဲ့အတွက်ကို (တစ်ခုက ဝင်ခွင့်မရပါ ဘုရား)။

အဲ..သမ္မာကမ္မန္တ လုပ်နေတဲ့ ပါဏာတိပါတ, အဒိန္ဒာ ဒါန, ကာမေသုမိစ္ဆာစာရ ဆိုတဲ့ သူ ကြဉ်ရှောင်နေတုန်းကို သမ္မာဝါစာက ကြဉ်ရှောင်စရာ တရား မပါပြန်ဘူး။ (မှန်ပါ့)၊ ပါသေးရဲ့လား (မပါ,ပါ ဘုရား)၊ သမ္မာဝါစာ ကြဉ်ရှောင်နေတုန်းကို သမ္မာကမ္မန္တ ကြဉ်ရှောင်စရာက ပါရဲ့ လား၊ (မပါ,ပါ ဘုရား)။

အဲဒါကြောင့် သူတို့က နဂိုကိုက ကာယကံ ဝစီကံ, မနောကံ ဖြစ်နေတယ်၊ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

သူတို့က နဂိုက ဘာဖြစ်နေသတုံး၊ (ကာယကံ, ဝစီကံ, မနောကံ ဖြစ်နေပါတယ်)၊ ကာယကံ, ဝစီကံ, မနောကံဖြစ်နေတော့ ကံချင်းကိုက ခြားနာနေလို့၊ သူတို့တော့ ရှောင်ကြဉ်ပုံ တူလို့သာ သီလလို့ နာမည်ပေးလိုက်ပါ တယ်၊ အလုပ်မတူဘူး၊ (မှန်ပါ့ ဘုရား)။

ဒါကြောင့် သူတို့တော့ဖြင့် မဂ္ဂင်ရှစ်ပါးထဲမှာ သူတို့ သည်ကားလို့ ဆိုရင် လောကီမဂ္ဂင်လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တစ်ခါတလေ ငါးပါး၊ တစ်ခါတလေ ခြောက်ပါး၊ (မှန်ပါ)၊ ခြောက်ပါးဆိုလို့ ရှိရင်၊ သမ္မာကမ္မန္တ ဝင်လာလို့ ရှိရင် ဟိုနှစ်ခု က ထွက်သွားတယ်။ (မှန်ပါ့)။

ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များမှာ သမ္မာကမ္မန် ဝင်လာလို့ ရှိရင် ဟိုနှစ်ခုက ထွက်သွားတယ် (မှန်ပါ့)၊ ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များမှာ သမာဓိနဲ့ ပညာကတော့ တွဲဝင်မယ်ဆို ဝင်နိုင်တယ် (မှန်ပါ့ ဘုရား)၊ သီလမဂ္ဂင် သုံးပါးကတော့ တစ်ခုစီသာ ဝင်နေတော့ မြရဲ့လား။ (မမြဲပါ ဘုရား)။

မမြဲတော့တဲ့ သူတို့က ကာယကံ ကြဉ်ရှောင်နေရင် ဝစီကံ, မနောကံက မပါပြန်ဘူး၊ မနောကံ ကြဉ်ရှောင်နေ ပြန်တော့လဲ ကာယကံ ဝစီကံ မပါပြန်ဘူး၊ ပါကြရဲ့လား ..။ (မပါ,ပါ ဘုရား)။

မပါတော့ သူတို့သည် မမြဲတဲ့ တရားတွေ ဖြစ်နေ တယ်၊ ဒါ့ကြောင့် သူတို့ကတော့ဖြင့် တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတယ်လို့ မရှိဘူး၊ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

တစ်ယောက်နဲ့ တစ်ယောက် (အကူအညီပေးတယ်လို့ မရှိပါ ဘုရား)၊ အေး တစ်ပါးနဲ့တစ်ပါး အကူအညီ ပေးတယ်လို့ မရှိဘူး တဲ့၊ (မှန်ပါ့)။

အဲဒီတော့ကိုတဲ့ ဘာလို့ အကူအညီမပေးနိုင်သတုံး ဆိုတော့ တစ်ယောက်က ပန်းထိမ်တတ်တယ်၊ တစ်ယောက် က ရက်ကန်းတတ်တယ်၊ မဟုတ်ဘူးလား၊ (မှန်ပါ့)၊ တစ်ယောက်က စက်မောင်းတတ်တယ်၊ ဘယ့်နှယ်လုပ် အကူ အညီပေးကြမလဲ..။ (မပေးနိုင်ပါ ဘုရား)။

မပေးနိုင်ဘူး၊ ပန်းထိမ်သမားကို စက်မောင်းသမားက အကူအညီပေးရမှာလဲ တခြားစီ (မှန်ပါ့)၊ စက်မောင်း သမားက ရက်ကန်းခတ်နေတဲ့လူကို ပိုးမျှင်တွေ အမျိုးအဖုံဖုံ ဖောက်ပြန်နေ တာတွေ ဘယ့်နှယ်လုပ် အကူအညီပေးရ မတုံး၊ (မပေးနိုင်ပါ ဘုရား)။

အဲ သူတို့ကလဲ တစ်ယောက်နဲ့တစ်ယောက် အကူ အညီ မရှိဘူးတဲ့၊ တစ်ယောက်လုပ်နေတဲ့ အလုပ်ရှိရင် နှစ်ယောက်က ထိုင်ကြည့်နေတာပဲ။ (မှန်ပါ့)။ မဆိုင် ဘူးတဲ့။

ဒါ့ကြောင့် သူတို့ သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် သီလမဂ္ဂင်တော့ ခေါ်ရပါတယ် တဲ့၊ ခေါ်တာတော့ ဘယ် လိုကြောင့် ခေါ်ရသတုံး၊ ကြဉ်ရှောင်တာကလေး တစ်ခုပဲ တူတယ်၊ အလုပ်က မတူဘူး..။ (မှန်ပါ့ ဘုရား)။

အဆုံးမှာတော့ သွားတူတယ် နော်..၊ (မှန်ပါ့)၊ အင်း မနောကံ ကြဉ်ရှောင်တယ်၊ ကာယကံကြဉ်ရှောင် တယ်၊ ဝစီကံကြဉ်ရှောင်တယ်ဆိုတော့ ကြဉ်ရှောင်ပုံကလေး တစ်ခုပဲ တူတယ်၊ (မှန်ပါ့)၊ အလုပ်,လုပ်နေတာက (မတူပါ ဘုရား)၊ မတူဘူးဆိုတာ သေချာကြပလား။ (သေချာပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ ဝိပဿနာရှုနေတဲ့အခါမှာ သူတို့ဟာက မပါနိုင်ဘူး၊ (မှန်ပါ့)၊ သဘောကျပလား .. (ကျပါပြီ)၊သူ့တို့က ဘာဖြစ်လို့ မပါနိုင်သတုံးဆိုရင် တစ်ခု ပါလို့ ရှိရင် နှစ်ခုထွက်သွားတာကိုး (မှန်ပါ့)၊ နှစ်ခုစလုံးပြိုင်ဝင်တယ်လို့ သူတို့က မရှိဘူး၊ ဝိပဿနာရှုနေတဲ့ အချိန် မှာ မှာ၊ (မှန်ပါ့)၊ သဘောပါကြပလား၊ (ပါ,ပါပြီ)။

ဘယ်ကျမှ ပြိုင်ဝင်မှာတုံး

ဒါဖြင့် ဘယ်ကျမှ ပြိုင်ဝင်မှာတုံးလို့ မေးတဲ့အခါ ကျတော့မှ တစ်ခါတည်း နိဗ္ဗာန်ကို အာရုံပြုပြီး သောတာ .ပတ္တိမဂ်ရလို့ နိဗ္ဗာန်အာရုံပြုတော့မှပဲ ပြိုင်ဝင်လာတယ်။ (မှန်ပါ့ ဘုရား)၊ နို့ မဟုတ်လို့ ရှိရင် ပြိုင် ဘယ်တော့မှ မဝင် ဘူးဆိုတာ မှတ်ထားပါ၊ (မှန်ပါ့)။

ဒါ့ကြောင့် ဘုန်းကြီးပြောနေတယ်၊ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဆောက်တည်တဲ့ သီလကတော့ ပါဏာတိပါတာ ဝေရမဏိ ခင်ဗျားတို့ ဆိုတော့ ဆိုတာပဲ၊ အဒိန္နာဒါနာဝေရမဏိ ဆိုတာပဲ၊ မုသာဝါဒါဝေရမ္မဏိဆိုတာပဲ၊ ကာယကံ လဲ ခင်ဗျားတို့ ဆောက်တည်တယ်၊ ဝစီကံလဲ ဆောက် တည်တယ်၊ မနောကံကတော့ ခင်ဗျားတို့ ဆောက်တည်ရာ မရလို့ ထားပါတော့။

သီလမမြဲတာ အလုပ်မတူလို့

အဲဒါကြောင့် သီလဟာ မမြဲဘူးဆိုတဲ့ ဥစ္စာသည် အလုပ်မတူလို့ဆိုတဲ့ အဓိပ္ပာယ် ရှင်းထားကြ (မှန်ပါ့)။

အလုပ်က (မတူလို့ပါ ဘုရား)၊ မတူဘူး၊ ကာယကံ ကြဉ်ရှောင်တာနဲ့ ဝစီကံ ကြဉ်ရှောင်တာ နဲ့ဟာ ဦးသံဒိုင် တခြားစီ (မှန်ပါ့)၊ အဲဒါကြောင့် သူတို့သည် အနိယတ စေတသိက်လို့ သဂြိုဟ်မှာလဲ ရေးတယ်နော်။ (မှန်ပါ့)။ ဝိရတီစေတသိက်လို့ လဲ ရေးတယ်။

အနိယတ စေတသိက်ဆိုတာ တစ်ခုဝင်ရင် တစ်ခု မရှိဘူးပေါ့၊ မမြဲဘူးကွ၊ (မှန်ပါ့)၊ ဝိရတီစေတသိက် ဆိုတာကတော့ ပေါင်းပြီး ခေါ်လိုက်တာ၊ အကုန် ကြဉ် ရှောင်တဲ့ တရားတွေကိုတဲ့ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)။

ဒါဖြင့် သြော် သူတို့ကတော့ဖြင့် ထွက်ဝင်ပေမယ့် မဂ်အစစ်ရမှပဲ ပြိုင်ဝင်မှာပဲဆိုတာ စောစောစီးစီး မှတ်ထားပါ၊ (မှန်ပါ့)။

မဂ်ရလို့ ရှိရင်တော့ ပါဏာတိပါတလဲ မလွန်ကျူး၊ မုသာဝါဒလဲ မလွန်ကျူး၊ မိစ္ဆာဒိဋ္ဌိဆိုတာလဲ မလာတော့ဘူး၊ သူက ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ ကာယကံသုံးပါး၊ မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္မပ္ပလာပ ဝစီကံလေးပါး၊ (မှန်ပါ့)၊ မနောကံကတော့ ဖြင့် အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဒါ မနောကံသုံးပါး။ (မှန်ပါ့)။

အဲဒီတော့ ဒီနေ့ည ရှင်းရှင်းကလေး ပြောလိုက်တော့ သဘောပါတဲ့ လူတွေအားလုံးပဲ နားထောင်ကြပါ၊ မိစ္ဆာဒိဋ္ဌိတစ်လုံး ပယ်လိုက်လို့ရှိရင် အကုန်သီလလဲ လုံသွား တယ်၊ (မှန်ပါ့)၊ သမာဓိကော (လုံ သွားပါ တယ်)။

ဪ ဒါဖြင့် ကာယကံလဲ လုံတယ်၊ ဝစီကံလဲ လုံတယ်၊ မိစ္ဆာဒိဋ္ဌိတစ်လုံး ပယ်လိုက်တာနဲ့ အဘိဇ္ဈာ ဗျာပါဒ တွေလဲ လုံဆိုတော့ သမ္မာဒိဋ္ဌိ မဖြစ်လာသရွေ့ ကာလပတ် လုံးဟာဖြင့် သီလလဲ မမြဲဘူး (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သမ္မာဒိဋ္ဌိ မဖြစ်လာသေးသရွေ့ ကာလပတ်လုံး (သီလလဲ မမြဲပါ ဘုရား)။

ဒိဋ္ဌိပယ်နိုင် သီလမြဲတယ်

ကဲ..သမ္မာဒိဋ္ဌိဖြစ်သွားပြီ၊ အစစ်ဖြစ်သွားပြီဆိုလို့ ရှိရင် ခင်ဗျားတို့ သီလဟာ မြဲပြီ။ (မှန်ပါ့)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ အတိုင်း၊ ခင်ဗျားတို့ ဖြစ်စဉ်အတိုင်း ဒိဋ္ဌိပယ်နိုင်ရင် သီလမြဲတယ် (မှန်ပါ့)၊ ဒိဋ္ဌိပယ်သေးရင် (သီလ မမြဲပါ ဘုရား)။

ဒိဋ္ဌိဟာ သီလပျက်စေတာလဲ ဒိဋ္ဌိပဲ၊ (မှန်ပါ့)၊ ရှင်းပလား .၊ (ရှင်းပါပြီ)၊ သမာဓိ ပျက်စေတာလဲ ဒိဋ္ဌိ ပါ ဘုရား)၊ဝိပဿနာပျက်စေတာလဲ (ဒိဋ္ဌိပါ ဘုရား)။ ဒိဋ္ဌိပဲ။

သောတာပန် တည်သွားတော့၊ ဒိဋ္ဌိတစ်လုံးပယ်လိုက် တော့ ဒိဋ္ဌိပယ်ရင် ဝိစိကိစ္ဆာ အလိုလိုသွားတာပဲ၊ (မှန်ပါ့)၊ ရှင်းပလား . (ရှင်းပါပြီ)။

အဲဒီတော့ သူ တစ်လုံးပယ်လိုက်ရင် သီလကလဲ မြဲတယ်..၊ (မှန်ပါ့)၊ သမာဓိကလဲ (မြဲပါတယ် ဘုရား)၊ ပညာကလဲ (မြဲပါတယ် ဘုရား)။

ပညာဆိုတော့ သူက သမ္မာဒိဋ္ဌိ ဝင်လာကတည်းက မိစ္ဆာဒိဋ္ဌိ ပြေးရတာကိုး (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ)။

ဪ ဒါဖြင့် မဂ္ဂင်ရှစ်ပါးမှာ ငါတို့ သည်ကားလို့ ဆိုရင်ဖြင့် အပါယ်ရောက်ကြောင်းမှာဖြင့် ဒီ ဒိဋ္ဌိမပြုတ်သရွေ့ ကာလပတ်လုံး ဘယ်သီလမှလဲ အားကိုးလို့ မရသေးပါ ကလား၊ (မှန်ပါ့)၊ ပေါ်လာတယ်။ (ပေါ်ပါတယ်၊ ဘုရား)။

ဘယ်သီလမှ (အားကိုးလို့ မရသေးပါ ဘုရား)၊ အားကိုးလို့ မ ဟူး၊ ပျက်စီးနိုင်တာချည်းပဲ။ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိရှိနေရင် (ပျက်စီးနိုင်တာချည်းပါ ဘုရား)။ ပျက်စီးနိုင်တာချည်းပဲ ဆိုသောကြောင့် ခင်ဗျားတို့ အသေ အချာ မှတ်ပါတဲ့၊ သီလဝိသုဒ္ဓိဖြစ်ရုံနဲ့ ဘာမှ မလုံလောက် သေးဘူးဆိုတာ မှတ်ထားရမယ် (မှန်ပါ့)၊ လုံလောက်လို့ ရှိရင် ဒိဋ္ဌိဝိသုဒ္ဓိလို့ နောက်ထပ် ဘုရားဟောဖို့ မလိုဘူး။ (မှန်ပါ့)၊ လိုသေးသလား၊ (မလိုပါ ဘုရား)၊ ပေါ်ကြ ပလား။ (ပေါ်ပါပြီ ဘုရား)။

သီလဝိသုဒ္ဓိပြီးတော့ ဒိဋ္ဌိဝိသုဒ္ဓိ ဘုရားဟောတယ်၊ အဲဒါ ဘာဖြစ်လို့ ဟောပါလိမ့်၊ အို ငါဟောရမယ်ကွတဲ့၊ ဒီဟာ ကျင့်စဉ်တဲ့ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။

သီလဝိသုဒ္ဓိပြီးရင် ဘာဟောရမတုံး၊ (ဒိဋ္ဌိဝိသုဒ္ဓိ ဟောရပါမယ် ဘုရား)။

ဒိဋ္ဌိဝိသုဒ္ဓိ ဟောရမယ်တဲ့၊ ဘာ့ကြောင်းတုံးဆိုတော့ သီလဝိသုဒ္ဓိနဲ့က ဘာမှ အပါယ်လေးပါး တံခါးပိတ်တဲ့ တရားက မပါသေးဘူးကွတဲ့၊ (မှန်ပါ့)၊ ဒိဋ္ဌိက ကျန်နေသေးတယ်၊ (မှန်ပါ့)၊ ဒိဋ္ဌိကြောင့် အပါယ်ကျရတာကိုး..။

ဧရကပတ္တနဂါးကြီး

ဒါဖြင့် ဒိဋ္ဌိဝိသုဒ္ဓိကို ဦးသံဒိုင် တက်ရလိမ့်မယ်။ (မှန်ပါ့)၊ မတက်ရင် (မဖြစ်ပါ ဘုရား)။ မဖြစ်ဘူး တဲ့။

ဟို ဧရကပတ္တတို့ ကြည့်ပါလား၊ နှစ်ပေါင်း နှစ်သောင်း ရဟန်းတရား သီလဖြူစင် ပါတယ် နော်။ (မှန်ပါ့)၊ သို့သော်လဲ ဒိဋ္ဌိမပြုတ်တော့ကို ခုနင်က သံသယ ကုက္ကုစ္စက နေပြီးသကာလ တိရစ္ဆာန်ဘုံ တွန်းချလိုက် တယ်..၊ (မှန်ပါ့)၊ တွန်းချလိုက်တယ်၊ ဒါ ဒိဋ္ဌိမပြတ်လို့၊ (မှန်ပါ့)၊ ဒိဋ္ဌိမပြုတ်တဲ့ အတွက် နဂါးဖြစ်ရရှာတယ်၊ တိဿ ရဟန်းကြီး သန်းဖြစ်ရတယ်၊ ဒါ ဒိဋ္ဌိမပြုတ်လို့၊ (မှန်ပါ့)၊ ဒိဋ္ဌိသာပြုတ်ရင် သန်းဖြစ်စရာ အကြောင်းမရှိဘူး (မရှိပါ ဘုရား)၊ နဂါးဖြစ်စရာကော (မရှိပါ ဘုရား)။

မရှိပါဘူးတဲ့၊ နို့ သီလ မရှိဘူးလားဆိုတော့ သီလ ကတော့ သူ အနှစ်နှစ်သောင်း ကြိုးစားထားတာ .၊ (မှန်ပါ့)၊ သို့သော် ဒိဋ္ဌိက မပြတ်သေးတော့၊ ဝိစိကိစ္ဆာ ကုက္ကုစ္စတွေက လာသော့တာပဲ၊ (မှန်ပါ့)၊ သူ့အဖော်တွေကိုး၊ (မှန်ပါ့)၊ အဲဒါ ဒိဋ္ဌိရှိလို့ ဒါတွေလာတာ၊ (မှန်ပါ့)၊ ဒိဋ္ဌိမရှိရင် (မလာပါ ဘုရား)။

သီလနဲ့ စိတ်မချရသေး

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ အရေးတကြီး ပြောလာတာက ဒကာ ဒကာမတို့ ဒိဋ္ဌိ ဖြုတ်ကြနော်၊ (မှန်ပါ့)၊ သီလနဲ့ စိတ်မချရသေးဘူး၊ (မှန်ပါ့)၊ သဘောပါပလား .။ (ပါ,ပါပြီ ဘုရား)။

သီလနဲ့ (စိတ်မချရသေးပါ ဘုရား)၊ အနှစ်နှစ်သောင်း အားထုတ်ထားတဲ့ သီလဟာ ဒိဋ္ဌိရှိနေတာနဲ့ ဦးသံဒိုင် ခုနင်က နဂါးကြီး သွားဖြစ်တယ် .။. (မှန်ပါ့)။

ဘုရားကျောင်းတော်မှာနေတဲ့ တိဿရဟန်းကြီးဟာ တစ်ခါတည်း ဒိဋ္ဌိမပြုတ်သေးတာနဲ့ စုတေသည်နဲ့တစ်ပြိုင် , နက်တည်း တန်းသွားဖြစ်တယ် (မှန်ပါ့ ဘုရား)၊ မဖြစ် ဘူးလား ..။ (ဖြစ်ပါတယ် ဘုရား)။

ဒါတွေကို ထောက်ကြည့်တဲ့အခါကျတော့ ဪ “ စတူဟာပါယေဟိစ ဝိပ္ပမုတ္တော” အပါယ်လေးပါးမှ လွတ် တယ်ဆိုတာ ဒိဋ္ဌိပြုတ်မှပါလား..၊ (မှန်ပါ့)၊ ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)၊ အပါယ်လေးပါးလွတ်ဆိုတာ .(ဒိဋ္ဌိ ပြုတ်မှပါ)၊ ဒိဋ္ဌိငရဲမျိုးစေ့ ငရဲမျိုးစေ့လို့ ဘုန်းကြီးက နေ့တိုင်းလိုလို ပြောတဲ့ဥစ္စာက ခင်ဗျားတို့ရှင်းသွားပြီ။ (ရှင်းသွားပါပြီ)။ ရှင်းသွားပြီတဲ့။

သက္ကာယဒိဋ္ဌိ အရင်ခွာ

ဒါဖြင့် ဒီပြင်အလုပ်တဲ့၊ ဘယ်အလုပ်ကို တို့ပိုမိုပြီး အရေးတကြီး ခွာရမလဲ၊ ရှင်းရမလဲလို့ မေးလို့ရှိရင် ဒိဋ္ဌိပဲ။ (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိ ခွာပြီးလို့ရှိရင် သဿတ ဥစ္ဆေဒလဲ မလာဘူး၊ (မှန်ပါ့)၊ သဘောပါပလား၊ (ပါ,ပါပြီ ဘုရား)။

သက္ကာယမပြုတ်သေးလို့ရှိရင် ပွားလာတာပဲ (မှန်ပါ့)၊ သဿတရင်လဲ လာပစ်လိုက်တာပဲ၊ ဥစ္ဆေဒရင်ကော (လာပါတယ် ဘုရား)၊ ဒါ ဘယ်သူက မူတည် လိုက်တာတုံး။ (သက္ကာယက မူတည်တာပါ ဘုရား)။

“ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေ နေ၀ ဥပ္ပဇ္ဇန္တိ” တဲ့၊ အဋ္ဌကထာက (မှန်ပါ့)၊ ဒွါသဋ္ဌိ – ဒိဋ္ဌိယားခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့သည်၊ ဥပ္ပဇ္ဇမာနာဖြစ်ကုန်သည်ရှိသော်၊ သက္ကာယဒိဋ္ဌိ ပမုခေနေသက္ကာယ ဒိဋ္ဌိ အဦးရှိသဖြင့်သာလျှင်၊ ဥပ္ပဇ္ဇန္တိဖြစ်ကုန်၏ တဲ့၊ (မှန်ပါ့)၊ ခြောက်ဆယ့်နှစ်ပါး သော ဒိဋ္ဌိဟာ သူ ရှိလို့ဖြစ်လာ တာ၊ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အရေးကြီးတာ “သူ”

ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့သည် (သက္ကာယ ဒိဋ္ဌိကြောင့် ဖြစ်ပါတယ်)၊ အေး ဒါကြောင့် “ဒွါသဋ္ဌိ ဒိဋ္ဌိယော ဥပ္ပဇ္ဇမာနာ သက္ကာယဒိဋ္ဌိ ပမုခေနေဝ” သက္ကာယ ဒိဋ္ဌိခေါင်းဆောင်ရှိမှ ဖြစ်ပါတယ်ကွ တဲ့၊ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် သီလကလေးဆောက်တည်ယုံနဲ့ ဝမ်းထဲလဲ ဒိဋ္ဌိမပြုတ်သေးတော့ သြော် ငရဲမျိုးစေ့ ငါ့ဝမ်းထဲရှိသေး တယ်မှတ်၊ (မှန်ပါ့)၊ သဘောပါကြပလား၊ (ပါ,ပါပြီ ဘုရား)၊ ဒါနကလေးပြုရုံနဲ့ ဝမ်းထဲလဲ သက္ကာယဒိဋ္ဌိ မပြုတ်သေးရင် ငါ့ဝမ်းထဲ ငရဲမျိုးစုံရှိသေးတယ်မှတ်၊ (မှန်ပါ့)၊ ပြုတ်ပလား၊ ငရဲမျိုးစေ့။ (မပြုတ်သေးပါ ဘုရား)။

မပြုတ်သေးတော့ကို ပထမမဂ်မှာ အဋ္ဌကထာ ဆရာများ ဖွင့်တာ သိပ်ကောင်းတယ်၊ ပထမမဂ်ဟာကွာ ဘာ့ကြောင့် နိဗ္ဗာန်ရတယ်ဆိုတာ ငါ ရှည်ရှည်မပြောချင်ပါ ဘူး၊ ဒိဋ္ဌိဖြုတ်လို့ ရသွားတာပေါ့ (မှန်ပါ့)၊ ကဲ မရှင်း ကြသေးဘူးလား.။ (ရှင်းပါပြီ ဘုရား)။

ပထမမဂ်ဟာ ဘယ့်နှယ်ကြောင့် ရသတုံး .။ (ဒိဋ္ဌိပြုတ်လို့ ရပါတယ် ဘုရား)။

ပထမမဂ်ရခြင်း၏ အကြောင်းဟာ ဒီပြင်ဟာကြောင့် ရတယ်။မင်းတို့ မယူနဲ့တဲ့၊ ဒိဋ္ဌိနိရောဓော နိဗ္ဗာန်ပဲကွတဲ့။ (မှန်ပါ့)၊ ဒိဋ္ဌိချုပ်လို့ ရသွားတာ (မှန်ပါ့)၊ ဒိဋ္ဌိမချုပ်ရင် (မရပါ ဘုရား)။

အဲဒါကြောင့် ဒီ ဒကာ ဒကာမတွေမှာ ထပ်ပြန်တလဲလဲ ပြောတယ်လို့ ခင်ဗျားတို့က ‘မယူဘဲနဲ့ သြော် အရေးကြီး တာ သူပါလားဆိုတာကို ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (အရေးကြီးတာ သူပါ ဘုရား)။

အရေးကြီးတာ သူပါလား၊ သူ မပြုတ်သေးသရွေ့ ကာလပတ်လုံးဖြင့် အင်း..ငါ့သီလဆိုတဲ့ သဘောမျိုးကိုပဲ အားကိုးရှိပြီဆိုတာမျိုး မယူပါနဲ့ (မှန်ပါ့)၊ ဒါန အတော်ခရီးပေါက်ပြီလို့ သူ မပြုတ်ဘဲနဲ့ မယူလိုက်ပါနဲ့ ..။ (မှန်ပါ့ ဘုရား)။

တစ်နေ့က ပြောသလိုပဲ၊ ကောင်းကင်ပျံတဲ့ငှက် အဆိပ် ပါသွားရင် ပြန်ကျမယ်လို့ (မှန်ပါ့)၊ လန့်ပျံသာပျံမယ်၊ အကျမလွတ်ဘူး (မှန်လှပါ)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

လန့်ပျံတော့ (အကျမလွတ်ပါ)၊ မြားကလေးနဲ့ ပစ်လိုက်တဲ့အခါ အဆိပ်ကလေးက ထိသွားတော့ လန့်တော့ ပျံနိုင်တာပေါ့၊ အဆိပ်ကလေးက ပြန့်မှ မပြန့်သေးဘဲ။(မှန်ပါ့)၊ မပြန့်တဲ့အချိန် ပျံနိုင်တယ်၊ ပြန့်တဲ့အချိန် ပြန်ကျ မယ်..၊ ပြန်ကျပါမယ် ဘုရား)၊ သဘောကျပလား. . .။ (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဘာကို အရေးတကြီးဖြုတ်ရမယ် ဆိုတာ (သက္ကာယဒိဋ္ဌိ အရေးတကြီး ဖြတ်ရပါမယ် ဘုရား)၊ သက္ကာယဒိဋ္ဌိ အရေးတကြီးဖြုတ်. . .။ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိဖြုတ်နည်း

သက္ကာယဒိဋ္ဌိဖြုတ်နည်းက တစ်ခုသော ဓမ္မကလေး ပေါ်လာလို့ ရှိရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ပါလား၊ ဒီလို ခင်ဗျားတို့ သူ အနိစ္စပြလို့ မျှော် ဒါကြောင့် မာနစင်ရတယ်၊ ဒုက္ခပြရင် လောဘစင်တယ်၊ အနတ္တပြရင် ဒိဋ္ဌိစင်တယ်၊ သဘောကျ ပလား။ (မှန်ပါ့)။

အဲဒီတော့ကို သူ ပြုတ်သွားလို့ရှိရင် ပပဉ္စက ပြုတ် တယ် (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်သွားရင် (ပပဉ္စပြတ်ပါတယ် ဘုရား) အဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးဆိုတာကို ရှုနိုင် ရမယ်..၊ (မှန်ပါ့)၊ ဖြစ်ပျက်တရားတွေကို ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာလဲ မဟုတ်ဘူး၊ ငါ့ဥစ္စာလဲ မဟုတ်ဘူး ရှုနိုင်ရမယ်၊ ရှုနိုင်လို့ရှိရင်ဖြင့် ဒါ သမ္ပုရိသာနံ အဒဿာဝီ ဆိုတဲ့အတိုင်း သူတော်ကောင်းကို မမြင်သေးဘူးဆိုငြား သော်လဲ ဒီလိုရှုတတ်တဲ့ပုဂ္ဂိုလ်ကျတော့ သူတော်ကောင်း တရား မြင်သွားပြီ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ် ပါပြီ ဘုရား)။

သူတောင်ကောင်းတရား မြင်သွားပါပြီတဲ့၊ ဒါဖြင့် သက္ကာယဒိဋ္ဌိလောက် အရေးကြီးတဲ့ တရားကဖြင့် မရှိဘူး ဆိုတဲ့ဥစ္စာ သူ ဖြုတ်ပြီးလို့ ရှိရင်လဲ ဥပမာ ဦးသံဒိုင်တို့ မှတ်စရာက ခင်ဗျားတို့ အိပ်နေ၊ သူ့ကို တကယ်သာ မဂ်နဲ့ ဖြုတ်ပြီးသကာလ အိပ်သာနေတော့ သူမရှိလို့ ရှိရင် အထက် နိဗ္ဗာန်ကို တားမည့်တရားကို မရှိဘူး။ (မရှိပါ ဘုရား)။

အထက်နိဗ္ဗာန် တွေကို (ဟားမည့်တရား မရှိပါ ဘုရား)၊ သကဒါဂါမ်မြင်တဲ့ နိဗ္ဗာန်၊ အနာဂါမ်မြင်တဲ့နိဗ္ဗာန်၊ ရဟန္တာမြင်တဲ့ နိဗ္ဗာန်၊ နိဗ္ဗာန်ကလဲ ရှိသေးတာကိုး။ (မှန်ပါ့)၊ အဲဒီနိဗ္ဗာန်တွေကို ဘယ်နည်းနဲ့မှ မတားဘူး၊ သူ့ဟာသူပဲ တက်သွားတာပဲ (မှန်ပါ့ ဘုရား)။

ကိုယ်ကလဲ အားထုတ်ချင်တဲ့စိတ်ကလ ပေါ်လာတာ ပဲ၊ မပေါ်ပါနဲ့ဆိုလို့ မရဘူး၊ ဒိဋ္ဌိပြုတ်ပြီးသားလူက (မှန်ပါ့)။

သူ့ဟာသူ ပေါ်သွားတာ၊ အထက်မဂ်တွေကို၊ အရှင်ဘုရား တပည့်တော်ကို အထက်မဂ် ရကြောင်းတရား ဟောပါဦး..လို့ မလိုဘူးတဲ့၊ ဒိဋ္ဌိပြုတ်ပြီးသားပုဂ္ဂိုလ်.. (မှန်ပါ့) ဘာဖြစ်လို့တုံး၊ သောတာပတ္တိမဂ်သာ ရခြင်း၏ အကြောင်း လေးပါး ဟောတာကိုး.. (မှန်ပါ့)၊ သကဒါဂါမိမဂ် ခြင်း၏ အကြောင်းလေးပါးလို့ ဘုရားက မဟောတော့ပါဘူး..(မှန်ပါ့) အနာဂါမိမဂ် ရခြင်း၏ အကြောင်း.. ရဟန္တာဖြစ်ခြင်း၏ အကြောင်း (လေးပါးလို့ မဟောပါ ဘုရား)၊ အဲ..သောတာပန် ဖြစ်ခြင်း၏ အကြောင်းသာ လေးပါးဟောတယ်..။(မှန်ပါ့)။

သောတာပန်ဖြစ်ဖို့အကြောင်းလေးပါး

သူတော်ကောင်းနဲ့ ပေါင်းရမယ်၊ သဘောကျ ပလား၊ (ကျပါပြီ ဘုရား)၊ တရားနာရမယ်၊ (မှန်ပါ့)၊ နှလုံးသွင်းကောင်းရမယ် (မှန်ပါ့)၊ အပျက်နဲ့မဂ်နဲ့ ကိုက် ရမယ်၊ (မှန်ပါ့)၊ ဒါ ဘယ်မှာ ဟောတာတုံး..။

သောတာပန်တည်ခြင်း၏အကြောင်း ဟောတာ၊ (မှန်ပါ့ ဘုရား)၊ သကဒါဂါမ်တည်ခြင်း၏ အကြောင်း ငါ မဟော ပါဘူးတဲ့၊ (မှန်ပါ့)၊ အနာဂါမ်တည်ခြင်း၏အကြောင်း (မဟောပါ ဘုရား)၊ ရဟန္တာဖြစ်ခြင်း၏အကြောင်း (မဟောပါ ဘုရား)၊ လေးပါးရှိသေးတယ်ကွ၊ လေးပါးရှိသေး တယ်ကွနဲ့ ထပ်ထပ်မလာဘူး၊ (မှန်ပါ့ ဘုရား)၊ လာရဲ့လား။ (မလာပါ ဘုရား)။

ဒါဖြင့် သောတာပန် တည်တာကလဲ ဒိဋ္ဌိပြုတ်လို့ တည်တာ..၊ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်ရင် ယနေ့ ထူးထူးခြားခြား မှတ်ပါ၊ ဝိစိကိစ္ဆာ မကျန်ဘူး .။ (မှန်ပါ့)။

ဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာ မကျိန်ပါ ဘုရား)၊ အင်္ဂုတ္တိုရ် မှာ သေသေချာချာလာတယ်၊ ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ် ဝိစိကိစ္ဆာ မကျန်ပါဘူးတဲ့၊ စာမှာသာ ရေးထားတာပါတဲ့၊ ဒိဋ္ဌိပြုတ်လို့ ရှိရင် ဝိစိကိစ္ဆာ အလိုလိုပြုတ်တယ် (မှန်ပါ့)၊ သဘော ပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာ အလိုလိုပြုတ်ပါတယ် ဘုရား)။ အဲ ဝိစိကိစ္ဆာ အလိုလိုပြုတ်တယ်လို့ မှတ်ထားလိုက်ပါ ဆိုတော့ ဪ ဒါဖြင့် ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်များမှာ အထက် ကျင့်စရာ ဘယ်နှစ်ပါး ရှိသေးသတုံးလို့ မမေးနဲ့တော့။ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်ပြီးတယ်ဆိုလို့ ရှိရင် သူ့ဟာသူ နှိုးဆော် သွားတယ် (မှန်ပါ့)၊

ရဲရင့် သွားတယ်

ကဲ တစ်ခါ ဝေသာရဇ္ဇပတ္တာ ဆိုတဲ့ ဥစ္စာက ရဲရင့်သွားတယ်လို့ ပြောတာ၊ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ်ပြီးသွား ပုဂ္ဂိုလ်ကျတော့လဲ သူသည် အထက်မဂ်, အထက်ဖိုလ်သာ လဲလျောင်းရာ ရှိတော့တယ်ဆိုတဲ့ ဥစ္စာက ဘုရားက သေသေ ချာချာဟောတယ်။ (မှန်ပါ)။

ဒိဋ္ဌိပြုတ်ရင် အထက်မဂ်နှင့် အထက်ဖိုလ်သာ သူ ရဖို့ ရှိတော့တယ်၊ မရပါနဲ့လို့ တားရင်ကော (မရပါ ဘုရား)၊ မရဘူးတဲ့၊ ဒါဖြင့် နဂိုတားထားတာ ဒိဋ္ဌိပဲ့၊ (မှန်ပါ့)၊ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)

နဂိုတားထားတာ (ဒိဋ္ဌိပါ ဘုရား)၊ ကဲ အားလုံး သော ပုဂ္ဂိုလ်တို့မှာ ဒိဋ္ဌိအရေးကြီးပုံကို မဂ်လေးပါးနဲ့ ဆင်ပြလိုက်တော့မှ သောတာပန်ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိပယ် ပြီးသားဖြစ်တော့ အထက်မဂ်သာ လဲလျောင်းရာရှိတော့ တယ်လို့ ဘုရားက ဟောလိုက်တယ်။ (မှန်ပါ့)။

သောတာပန်တည်ပြီးသား ပုဂ္ဂိုလ်များ (အထက်မဂ် လဲလျောင်းရာ ရှိပါတော့တယ် ဘုရား)၊ အထက်မဂ်သာ ရဖို့ရှိတော့တယ်ပြောတာ၊ စာလိုသုံးလို့ လဲလျောင်းရာရှိတော့ | ကယ် ပြောနေတာ၊ (မှန်ပါ့)၊ သေသေချာချာဆိုတော့ သူဟာ အထက်မဂ်သာလျှင် သွားဖို့ ရှိတော့တယ်လို့ ပြော လိုက်ခြင်းသည် ဒိဋ္ဌိပြုတ်ပြီးသား ပုဂ္ဂိုလ်မို့ ရဲရဲတင်းတင်း ဟောတာ၊ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘာအရေးကြီးကြပါလိမ့်၊ (သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ အရေးကြီးပါတယ် ဘုရား)၊ အေး သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ပဲ အရေးကြီးတယ် (မှန်ပါ့)၊ သက္ကာယဒိဋ္ဌိ ပြတ်လို့ ရှိရင် သကဒါဂါမ် ဖြစ်ရပါလို၏ ဆုမတောင်းနဲ့ .။ (မှန်ပါ့)၊ အနာဂါမ်ဖြစ်ရပါလို၏ (ဆုမတောင်းရပါ ဘုရား)၊ ဆုမတောင်းနဲ့ ဒီမဂ်က ဆောင်သွားမယ်၊ (မှန်ပါ့)၊ ရဟန္တာဖြစ်အောင်လဲ သူပဲ ဆောင်တော့မယ်။

ဝိသာခါ၊ ခုနစ်ဘဝ

ဒါဖြင့် မဂ်လေးခုစလုံးမှာ ဒကာ ဒကာမတို့ တားနိုင် တာကဖြင့် ဒိဋ္ဌိပဲ။ (မှန်ပါ့)။

မဂ်လေးခုစလုံးတားနိုင်တာ (ဒိဋ္ဌိပါ ဘုရား)၊ သူ့လဲ ပယ်ပြီးပါရော အထက်မဂ်တွေအတွက် တရားအားထုတ် စရာ၊ ပယ်စရာပြင်ဟာတွေကို ရပ်နားပြီးသကာလ ကိုယ် နေချင်သလို နေတန်နေရမယ်၊ နောက်ဆုံးပိတ်တစ်နေ့ နေလို့ မရတဲ့ဆီ ပြန်ရောက်တယ်။ (မှန်ပါ့)၊ သဘော ပါပလား။ (ပါ,ပါပြီ)။

ဝိသာခါ ကိလေသာ ထူပြောတဲ့ပုဂ္ဂိုလ်မို့ ခုနစ်ဘဝ ကနေ ခုနစ်ဘဝထက် ပိုနေလို့ ရသေးသလားဆိုတော့ ဒိဋ္ဌိပြုတ်ပြီးသား ပုဂ္ဂိုလ်မို့ နေလို့ ကို မရဘူး၊ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘာအရေးကြီးသတုံး၊ (ဒိဋ္ဌိ ပြတ်ဖို့ အရေးကြီးပါတယ် ဘုရား)၊ ဒိဋ္ဌိပြုတ်ဖို့ အရေးကြီး တယ်ဆိုတာ ပေါ်လာကြပြီ။ (ပေါ်လာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒိဋ္ဌိပြုတ်ချင်လို့ ရှိရင် ခင်ဗျားတို့ လွယ် ပါတယ်၊ ပရမတ် တွေ့တိုင်း တွေ့တိုင်း သြော် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုရှုပေး။ (မှန်ပါ့)။ ဒိဋ္ဌိတင်မကပါဘူး၊ တဏှာရော၊ မာနရော၊ ရောပြုတ် တယ်၊ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဘာအရေးကြီးပါလိမ့်မလဲလို့ မေးတဲ့ ” အခါကျလို့ရှိရင်ဖြင့် ဒီနေ့ည တရားမှာ ဒိဋ္ဌိဖြုတ်ဖို့ကို အရေးတကြီး ပြောတာပဲ။ (မှန်ပါ့)။

ဒိဋ္ဌိ ဘယ်မှာ ကပ်သလဲ

ဒိဋ္ဌိ ဘယ်မှာ ကပ်နေပါလိမ့်မတုံးလို့ တစ်ခါ ဆက် မေးတော့ ဒိဋ္ဌိက ခန္ဓာမှာ ကပ်တာပဲ။ (မှန်ပါ့)။

ဒိဋ္ဌိက (ခန္ဓာမှာ ကပ်နေပါတယ် ဘုရား)၊ ခန္ဓာမှာ ဘယ်လိုကပ်သလဲဆိုတဲ့ မေးခွန်းကိုလဲ တစ်ခါထုတ်ရဦးမယ်နော် (မှန်ပါ့)၊ ခန္ဓာကြောင့် ဒိဋ္ဌိဖြစ်တာကိုး (မှန်ပါ့)၊ ခန္ဓာ အဝိဇ္ဇာ ဖဿာစဆိုတဲ့ အတိုင်းပဲ ခန္ဓာကြောင့် ဒိဋ္ဌိဖြစ်တာ။ (မှန်ပါ့)။

ကောင်းပြီ၊ ဒီခန္ဓာမှာ ဘယ်လို ကပ်နေသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သူက ဒိဋ္ဌိရိုးရိုးမှ မဟုတ်ဘဲ၊ ဒိဋ္ဌုပါဒါန်လို့ ဆိုထားတာကိုး၊ (မှန်ပါ့)၊ သဘောကျ ပလား . (ကျပါပြီ)။

ဒိဋ္ဌိက ရိုးရိုးလား၊ ဒိဋ္ဌုပါဒါန်လား၊ (ဒိဋ္ဌုပါဒါန်ပါ ဘုရား)၊ ဒိဋ္ဌုပါဒါန်လို့ ဆိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒီခန္ဓာထဲမှာ ဝေဒနာဖြင့်၊ ဝေဒနာထဲမှာ သညာဖြင့်၊ သညာထဲမှာ စိတ်ဖြင့်၊ စိတ်ထဲမှာ သူသည်ကားလို့ ဆိုရင်ဖြင့် အဲဒီမှာ အနုသယသဘောနဲ့ ဒီခန္ဓာထဲမှာ စူးဝင်နေတယ် . (မှန်ပါ့)၊ သဘောကျပလား..။ (ကျပါပြီ ဘုရား)၊

ဒီခန္ဓာထဲမှာ (စူးဝင်နေပါတယ် ဘုရား)၊ စူးဝင်နေ တယ်ဆိုတော့ သူ စူးဝင်နေတာ သိတဲ့အခါကျတော့ သြော် ဒါ ငါပဲ, ဒါ ငါဆိုပြီး ဝေဒနာလာလဲ သူက ငါ သွားပြီး စူးတာပဲ၊ (မှန်ပါ့)၊ သညာလာလဲ ငါ သွားပြီး စူးတာပဲ၊ (မှန်ပါ့)၊ ငါဒိဋ္ဌိက သွားသွားစူးတယ်။ (မှန်ပါ့)။

အဲဒီတော့ စူးစရာမရှိအောင် ခင်ဗျားတို့က လုပ်ဖို့ အရေးကြီးတယ်..၊ (မှန်ပါ့)၊သူ စူးစရာမရှိအောင် လုပ်ဖို့ ကဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ ပရမတ် ကလေး တွေကို ပရမတ်ဖြစ်တဲ့ ဝေဒနာကလေးတွေကို သင် ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကလေးတွေကို သွားစူးစရာ နေရာ မရှိအောင် ခင်ဗျားတို့ က မြင်ရမယ်၊ (မှန်ပါ့)၊ သူ စူးစရာ နေရာမရှိအောင် မြင်လို့ ရှိရင်ဖြင့် လိုရင်းတော့ ဒါတွေ မခိုင်တာမြင်ရင်၊ အခုချက်ချင်းပျက်သွားတာ မြင်လို့ ရှိရင် သူ မစူးဘူး၊ (မှန်ပါ့)၊ တစ်ချက်ချင်း ပျက်သွားတာ၊ မမြင်ရင်တော့ (စူးပါတယ် ဘုရား)။ စူးနေတာပဲ။ (မှန်ပါ့)။

ဒိဋ္ဌိဖြုတ်ချင်ရင် ဖြစ်ပျက်ရှု

ဒါဖြင့် ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ဒီဟာ မြန်မြန် ဖြစ်ပျက် မြင်လေလေ၊ ဖြစ်ပျက်မြန်လေလေ၊ ရှုလိုက်တဲ့အခါ ဝေဒနာ ကလေးရှုလိုက်လဲ ဖြစ်ပျက်၊ နောက်ဝေဒနာလဲ ဖြစ်ပြီး ပျက်နေတာပဲ ဆိုလို့ရှိရင် ဒိဋ္ဌိ ဝင်ခွင့်မရဘူး၊ (မှန်ပါ့)၊ သူ ကြာနေလို့ရှိရင်ဖြင့် တစ်ခါတည်း နာတာရှည်ဖြစ်နေ လို့ရှိရင်. ငါ ခက်ပြီဆိုတာ တစ်ခါတည်း မဖြတ်နိုင်လို့ ဝင်လာတာ။ (ဝင်လာပါတယ် ဘုရား)။

နာတာရှည်ဖြစ်နေတော့ (မဖြတ်နိုင်လို့ ဝင်လာ ပါတယ်)၊ မဖြတ်နိုင်ဘူးတဲ့ ဝေဒနာဟာ တစ်ခုပြီးမှ တစ်ခုဖြစ်တာကိုး၊ (မှန်ပါ)၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်၊ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တော့ကို ဉာဏ်က မထိုးနိုင်လို့ ရှိရင်ဖြင့် တစ်ခါတည်း ငါနေတာ ကြာလှပြီ၊ ဒီဒိဋ္ဌိရှိက အကုန်ဝင်ထိုးတာပဲ၊ (မှန်ပါ့)၊ ငါကောင်းစားနေတာ ကြာလှပြီ၊ ဒါ မဖြတ်နိုင်လို့ဖြစ်တာ၊ (မှန်ပါ့) သန္တတိ မဖြတ်နိုင်လို့ ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိ တစ်ခုပေါ်တိုင်း တစ်ခုပေါ်တိုင်း ခင်ဗျား တို့ ဖြစ်ပျက်ကို ခဏကလေးဖြစ်ပြီး ခဏကလေး ပျက် တယ်ဆိုတဲ့ဥစ္စာကို မြန်မြန်ကြည့်နိုင်လို့ရှိရင် ဒိဋ္ဌိပြုတ်တာပဲ၊ (မှန်ပါ့ ဘုရား)၊ မြန်မြန်မကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့်.. (ဒိဋ္ဌိမပြုတ်သေးပါ ဘုရား)၊ ဒိဋ္ဌိမပြုတ်ပါဘူးဆိုတော့ သြော် ဒိဋ္ဌိဟာ ခန္ဓာမှီနေတာကို၊ ခန္ဓာခိုင်မြဲတယ်ထင်နေလို့ သူ မှီနေတာ၊ (မှန်ပါ့)၊မခိုင်မြဲတာကို သေသေချာချာမြင်လို့ ရှိရင် သူ ပြုတ်တာပဲ၊ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာ ခဏကလေး ခဏ ကလေး ခဏမျှတည်တဲ့ ဓမ္မကလေး, ခဏမျှတည်ကဲ့ ဓမ္မကလေးလို့ မြန်မြန် ခင်ဗျားတို့ စိပ်အောင်ကြည့်ပါ။ (မှန်ပါ့)၊ စိပ်အောင်ကြည့်ရင် ပြုတ်တော့မယ်သာ မှတ်ပေတော့ (မှန်ပါ့)။

စိပ်အောင်ကြည့်ရင် (ပြုတ်တော့မှာပါ ဘုရား)၊ ပြုတ် တော့မှာပဲဆိုတာ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒိဋ္ဌိသည် ဘယ်မှာ ကပ်နေသတုံး၊ (ခန္ဓာမှာ ကပ်နေပါတယ်)၊ ခန္ဓာမှာ ဘယ်လိုလုပ်ကပ် နေပါလိမ့်မတုံး ဆိုတော့ ခန္ဓာကို တာရှည်တယ်ထင်တဲ့ ပုဂ္ဂိုလ်မှာ ကပ် တယ် (မှန်ပါ့ ဘုရား)၊ ခန္ဓာကို (တာရှည်တယ်ထင်တဲ့ ပုဂ္ဂိုလ်မှာ ကပ်ပါတယ်)၊ တာရှည်တယ်ထင်တဲ့ပုဂ္ဂိုလ် ကျပ် ဝေဒနာကလေး ကြာလှပြီဆိုရင် ဒိဋ္ဌိဝင်ပြီ၊ (မှန်ပါ့)၊ ကျုပ် ဝေဒနာ ကြာလှပြီဆိုရင် (ဒိဋ္ဌိဝင်ပါပြီ ဘုရား)။

ဖြစ်ပျက်စိပ်ဖို့ အရေးကြီးတယ်

ဒါ ကြာရှည်တယ်ထင်တဲ့ပုဂ္ဂိုလ်မှာ ဒိဋ္ဌိဝင်တယ် ..။ (မှန်ပါ့)၊ အခုဖြစ်ပြီး အခုပျက်နေတဲ့ ပုဂ္ဂိုလ်မှာ ဝင်ခွင့် ကို မရဘူး (မရပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိသည် ဒကာ ဒကာမတို့ ဖြစ်ပျက်စိပ်ဖို့ အရေးကြီးတယ်။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဖြစ်ပျက်စိပ်ဖို့ အရေးကြီး ပါတယ် ဘုရား)။

ဖြစ်ပျက်စိပ်ဖို့ အလွန်အရေးကြီးပါတယ်တဲ့၊ ဖြစ်ပျက် မစိပ်သေးလို့ ရှိရင်ဖြင့် ဒိဋ္ဌိခိုမှာပဲ ..၊ (ခိုမှာပါ ဘုရား)။ မခိုပေဘူးလား .(ခိုပါတယ် ဘုရား)၊ဒိဋ္ဌိကြားခိုလို့ ရှိရင်ဖြင့် ခင်ဗျားတို့မှာ စိတ်မချရသေးဘူး။ (မှန်ပါ့)။

အပါယ်လေးပါးကို (စိတ်မချရပါ ဘုရား)။ ကြားတော့ မခိုဘူး၊ ဖြစ်ပျက်က စိပ်လာပြီဆိုလို့ ရှိရင် ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကျတော့ ဖြစ်ပျက် စိပ်ပလား ဖြစ်ပျက်စိပ်ပလား ဆိုတော့ ဦးသံဒိုင် မေးသံကြား တယ် မဟုတ်လား၊ (ကြားပါတယ် ဘုရား)၊ အဲဒါ ဘာမေးတယ် ထင်သတုံး၊ ကြားခိုမှာစိုးလို့ မွေးတာ။ (မှန်ပါ့)၊ခိုမှာစိုးလို့ မအား . (မှန်ပါ့)။

ဒိဋ္ဌိခိုမှာစိုးလို့၊ ဒိဋ္ဌိက နည်းနည်းတာရှည်တယ် ထင်ရင် ခိုတာပဲ၊ (မှန်ပါ့)၊ ဒိဋ္ဌိက ဒီထဲဝင်ခိုတာပဲ။ ဝေဒနာထဲ ဝင်ခိုလိုက်၊ ရုပ်ထဲ ဝင်ခိုလိုက်၊ ခန္ဓာငါးပါး တစ်ပါးပါးထဲ ဝင်ခိုလိုက်၊ မခိုပေဘူးလား။ (ခိုပါတယ် ဘုရား)။

အဲဒီလို ခိုလိုက်တာသည် ဖြစ်ပျက်မစိပ်သေးတဲ့ ပုဂ္ဂိုလ် မှာဖြင့် ခိုဆဲပဲရှိသေးတယ် (မှန်ပါ့)၊ဟာ တစ်ကိုယ်လုံး ဘုရား အပ်သွားချစရာ မရှိပါဘူး၊ တစ်ပည့်တော်တို့ ဖြင့် ခန္ဓာ၏ ပင်ကိုသဘောခန္ဓာက ပင်ကို ဖြစ်ပျက်ရှိတာ ကိုး..၊ (မှန်ပါ့)၊ အဲဒီခန္ဓာ၏ ပင်ကိုဖြစ်ပျက်သဘောကို သေသေချာချာ ခင်ဗျားတို့ က မနောနဲ့ ရှုပြီးသကာလ ဉာဏ်ထဲမှာ တစ်ခါတည်း ဘယ်နေရာမှ အပ်သွားချစရာ မရှိအောင် အကုန်အပျက်ချည်းပဲ၊ ဖြစ်လိုက် ပျက်လိုက်မှ တစ်ပါး ဘာမှမရှိဘူးဆို ဘယ်နေရာမှ သူ မခိုတော့ဘူး။

သမ္မာဒိဋ္ဌိအားကောင်းရင်

အဲဒီကဲ့သို့ ဖြစ်ပျက်စိပ်လာလို့ ရှိရင်ဖြင့် ခင်ဗျားတို့ မိစ္ဆာဒိဋ္ဌိ အားနည်းသွားတဲ့အတွက် သမ္မာဒိဋ္ဌိဖြစ်လာလို့ ဖြစ်ပျက်စိပ်တာမှတ်။ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိက (အားနည်းသွားပါတယ်)၊ သမ္မာဒိဋ္ဌိ က (ထက်လာပါတယ်)၊ သမ္မာဒိဋ္ဌိက ထက်လာလို့ ဖြစ်ပျက်စိပ်တယ်။ (မှန်ပါ့)၊ နဂိုက အစိပ်၊ (မှန်ပါ့)၊ ဘယ်တော့မှ ခန္ဓာထဲမှာ အကျဲမရှိဘူး၊ (မှန်ပါ့)၊ မှတ်မိကြပလား။ (မှတ်မိပါပြီ ဘုရား)။

ခန္ဓာထဲမှာ (နဂိုက အစိပ်ပါ ဘုရား)၊ နဂိုက မျက်စိ တစ်မှိတ်၊ နာမ်က ကုဋေတစ်သိန်းဆိုတော့ စိပ်ရောပေါ့။ (မှန်ပါ့)၊ ဖြစ်လိုက်ပျက်လိုက် ကုဋေတစ်သိန်း (မှန်ပါ့)၊ ရုပ်က ကုဋေငါးထောင်ကျော် ဆိုတော့ မစိပ်ဘူးလား၊ စိပ် သလား။ (စိပ်ပါတယ် ဘုရား)။

နဂိုကအစိပ်၊ (မှန်ပါ့)၊ နဂိုက အစိပ်၊ ခုနင်က ဒိဋ္ဌိက ဖုံးနေလို့၊ ခင်ဗျားတို့ သမ္မာဒိဋ္ဌိ ဝင်ခွင့်မရလို့ ဖြစ်ပျက် ကျဲနေတာ၊ (မှန်ပါ့)၊ သဘောပါပလား။

မိစ္ဆာဒိဋ္ဌိအားကောင်းရင်

မိစ္ဆာဒိဋ္ဌိ အားကောင်းနေရင် ဖြစ်ပျက်ကျဲနေတယ်။ သမ္မာဒိဋ္ဌိ အားကောင်းလာရင် (ဖြစ်ပျက်စိပ်ပါတယ်)၊ ဒါဖြင့် သူတို့ နှစ်ခုဟာ စစ်ထိုးဘက်ပဲ၊ (မှန်ပါ့)၊ သဘောကျ ပလား၊ (ကျပါပြီ ဘုရား)။

သူတို့နှစ်ခု ဘယ့်နှယ်ဆိုမလဲ၊ (စစ်ထိုးဘက်ပါ ဘုရား)၊ စစ်ဘက်တဲ့၊ တစ်ယောက်ကနိုင်ရင် ကျဲသွား တယ်၊ တစ်ယောက်က နိုင်လို့ ရှိရင် (စိပ်သွားပါတယ် ဘုရား)၊ ဒီနေ့ ဘာဖြစ်လိမ့်မတုံးလို့ မတွေးပါနဲ့ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ယနေ့ ဘာဖြစ်ပါလိမ့်မတုံး၊ ခါတိုင်း ဖြစ်ပျက်တွေ တွေ့တယ်၊ ယနေ့ ဘာဖြစ်ပါလိမ့်၊ ဪ မိစ္ဆာဒိဋ္ဌိကြီးစိုး နေတယ် (မှန်ပါ့)၊ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)၊ နက်ဖြန်ကျတော့ စိပ်လာတယ်၊ ဪ မိစ္ဆာဒိဋ္ဌိအားနည်း ပြီး သမ္မာဒိဋ္ဌိ အားကောင်းလာတယ်။ (မှန်ပါ့)၊ သဘော ပါပလား။ (ပါ,ပါတယ် ဘုရား)။

အဲဒါ ဘယ်သူ့ကိုများ မေးစရာ ဦးသံဒိုင် လိုသေး သတုံး၊ (မလိုပါ ဘုရား)၊ မလိုတော့ဘူးတဲ့၊ မိစ္ဆာဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်ကျဲတယ်..၊ (မှန်ပါ့)၊ တစ်နည်း တွေ့ ကိုမတွေ့ဘူး၊ (မှန်ပါ့)၊ ကျဲရုံတွင်ဆိုရင် နည်းနည်း ခံသာပါသေးတယ်၊ တစ်နည်း တွေ့ကို မတွေ့နိုင်အောင် ဖြစ်ပါတယ်။ (မှန်ပါ့)။

သမ္မာဒိဋ္ဌိ အားကောင်းလာလို့ ရှိရင်လဲ ထိုင်ကတည်းက ဖြစ်ပျက်တွေက စိပ်လာတယ်။ (မှန်ပါ့)။

ထိုင်ကတည်းက (ဖြစ်ပျက်တွေ စိပ်လာပါတယ်)၊ နဂိုရှိကို သိတယ် (မှန်ပါ့)။

ကိုယ့်ဉာဏ်မီသရွေ့ ကိုယ်မီရင်ပြီးတယ်

နဂိုက ခင်ဗျားတို့ စိတ်က ကုဋေတစ်သိန်း တဲ့၊ ပျက်စီးနေလိုက်တာ၊ စိတ်ဆိုရင် စေတသိက် ပါသွားပြီ။ (မှန်ပါ့)၊ ရုပ်ကလဲ ကုဋေငါးထောင်ကျော်တဲ့၊ ဒါလောက်တောင် ပင်ကိုသဘောကလဲ ရှိပါတယ်..၊ (ရှိပါတယ် ဘုရား)၊ ဒါတွေမြင်မှ နိဗ္ဗာန်ရောက်မှာလားလို့ လဲ တစ်ခါ ခင်ဗျားတို့က မေးချင်လဲ မေးမှာပေါ့လေ၊ (မှန်ပါ့)၊ မေးရင် ခင်ဗျားတို့ ဘုန်းကြီးက ခင်ဗျားတို့ အားပျော့သွား လိမ့်မယ် တဲ့၊ ဒီဟာ မမြင်ပေမယ့် ရပါတယ်၊ ကိုယ့်ဉာဏ်မီသလောက် ကိုယ်မီရင် ပြီးတာပဲ။ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိမဝင်ဘဲနဲ့ ကိုယ့်သမ္မာဒိဋ္ဌိ မြင်သလောက်ဆိုလို့ ရှိရင် ဒါ မဂ်ဆိုက်, ဖိုလ်ဆိုက် ဖြစ်ပါတယ် (မှန်ပါ့)။

ဘာဖြစ်လို့ တုံးလို့ မေးဖို့ လိုလာတယ်နော် .။ (မှန်ပါ့)၊ ဟိုဟာက သိပြီးသား ပုဂ္ဂိုလ်အမြင်ကို ဟောထားတာလို့ မှတ်ပါနော် (မှန်ပါ့)၊ မျက်စိတစ်မှိတ် ကုဋေ တစ်သိန်း စိတ်တွေပျက်နေတယ်၊ နာမ်ဓမ္မတွေ ပျက်နေ တယ်၊ ရုပ်ဓမ္မက ကုဋေငါးထောင်ကျော် ပျက်နေတာကွ၊ အို ဟောမှာပဲတဲ့၊ သူ ပင်ကိုသဘောကို မြင်လို့ ဟောတာ၊ (မှန်ပါ့ ဘုရား)၊ ပင်ကိုသဘောကို မြင်လို့ ဟောတာ ပါပဲ။

ကိုယ့်သမ္မာဒိဋ္ဌိနဲ့ ကိုယ်နေရင်ပြီးတယ်

သို့သော် ကျုပ်တို့က မြင်ရမှာလားဆိုတော့ ဒါ ကျုပ်တို့ မြင်ဖို့ မဟုတ်ပါဘူး၊ ပြီး,ပြီးသားပုဂ္ဂိုလ် မြင်တဲ့ အမြင် (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ အသစ်ပုဂ္ဂိုလ်မြင်တဲ့ အမြင်က ဒါ မဟုတ်ပါဘူး၊ ကိုယ့်သမ္မာဒိဋ္ဌိနဲ့ ကိုယ်စိပ်နေရင် ပြီးတာပဲ၊ (မှန်ပါ့)၊ သဘောပါကြပလား၊ (ပါ,ပါပြီ ဘုရား)။

ကိုယ့်သမ္မာဒိဋ္ဌိနဲ့.. (ကိုယ်စိပ်နေရင် ပြီးတာပါပဲ ဘုရား)၊ ပြီးတာပဲ တဲ့၊ ဟိုဟာက သမ္မာဒိဋ္ဌိ အစွမ်းကုန်နဲ့ တစ်ခါတည်း အရဟတ္တမဂ် သမ္မာဒိဋ္ဌိကို ကြည့်ပြီးပြော တာ၊ (မှန်ပါ့)၊ ဟိုဟာက ပြီးပြီးသား ပုဂ္ဂိုလ်အမြင်..။ (မှန်ပါ့ ဘုရား)၊ အခု ကျုပ်တို့မြင်ရမှက မပြီးသေးသော ပုဂ္ဂိုလ်အမြင်၊ ကိုယ့်အဆင့်ကိုယ် ကိုက်သွားရင် ဒါ မဂ်ဆိုက်တာပဲ။ (မှန်ပါ့)။

ဒါဖြင့် ဝေဖန်တတ်ပလား။ (ဝေဖန်တတ်ပါပြီ ဘုရား)။

အဲဒီတော့ကို သူများက စာတတ်ပြီး စာကို ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်က မေးလိမ့်မယ်၊ မင်းတို့ မျက်စိတစ်မှိတ် ကလေး ကုဋေငါးဆောင်ကောင်မြင်ရဲ့ လား၊ မင်းတို့ ဖြစ်ပျက် မြင်တယ်လို့ ဆိုငြားသော်လဲ ဟုတ်လား၊ မျက်စိတစ်မှိတ် ကုဋေတစ်သိန်း မြင်ပါရဲ့ လားလို့ မေးလို့ ရှိရင် အင်း ပုထုဇဉ်ကနေ တက်တဲ့အမြင်ကို သူ မမေးဘဲနဲ့ အရိယာ ဖြစ်ပြီးမှ မြင်တဲ့အမြင် မေးတာလို့ မှက်၊ (မှန်ပါ့)၊ ကိုယ်က ဝေဖန်တတ်ရမယ်..။ (မှန်ပါ့)။

ပုထုဇဉ်တို့၏ အမြင်ကနေပြီး အရိယာကို တက်ရ မှာကိုး (မှန်ပါ့)၊ အရိယာဖြစ်ပြီးမှ မြင်တဲ့အမြင်ကို ပုထုဇဉ်က လိုက်နေရမယ်ဆိုရင် နဂိုကတည်းက အရိယာကလေး မွေးရမယ် (မှန်ပါ့)၊ မမွေးရဘူးလား (မွေးရပါတယ်)၊ အဲဒီအမြင်ကို ဘယ်တော့မှ မယူနဲ့၊ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဘာကြောင့် ဒီအမြင် မမြင် နိုင်သတုံးလို့ မေးတဲ့အခါကျတော့မှ ကျုပ်တို့မှာ သမ္မာဒိဋ္ဌိက တစ်ချက်၊ ဒီမြင်စိတ်တွေက ဘာမှ အသုံးမကျတဲ့ ဘဝင် စိတ်တွေက သိန်း, သန်းလာ သေးတယ် .(မှန်ပါ့ ဘုရား)၊ သိန်း,သန်းချုပ်တော့မယ်ဆိုရင် သမ္မာဒိဋ္ဌိက တစ်ချက် လာတယ် (မှန်ပါ့)၊ ကျုပ်တို့က ဘဝင်အများကြီး ခြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

စိတ်တွေ အများကြီးခြားနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကျုပ်တို့ အမြင်နဲ့ ဒါတွေစိပ်နေရင် ပြီးတာပဲ။ (မှန်ပါ့ ဘုရား)။

ကျုပ်တို့ ဉာဏ်မီသလောက် ကျုပ်တို့ စိပ်ရမယ်။ သဘောပါပလား၊ (ပါ,ပါပြီ ဘုရား)။

ဟိုမှာ ဘဝင်က နှစ်ချက်လောက်ခြားပြီး ဘုရားမြင်တဲ့ အမြင်ကို လာမေးနေလို့တော့ မရဘူး၊ (မှန်ပါ့)၊ ရှင်သာရိ ပုတ္တရာက ဘဝင်ဆယ့်ခြောက်ချက်လောက်ခြားပြီး သူ မြင်တာပဲ (မှန်ပါ့)၊ အရင်မြင်တယ်၊ နောက် ဆယ့်ခြောက်ချက် လောက်ခြားပြီး တစ်ခါ မြင်ပြန်တယ်ဆိုတော့ ဒါက သူတို့ အမြင်၊ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ကျုပ်တို့ ပုထုဇဉ်ကတော့ ကို,တဲ့၊ မြင်တယ်၊ သမ္မာ ဒိဋ္ဌိနဲ့ ဖြစ်ပျက်ကို၊ ဒီကြားထဲမှာလဲ ဘဝင်တွေ သိန်းသန်း ခြားပစ်လိုက်တယ် (မှန်ပါ့)၊ ပြီးတော့မှ တစ်ခါမြင် တယ်၊ ဒါ ဘဝင်ခြားတာ အပြစ်မရှိဘူး (မှန်ပါ့)၊ ဘာကြောင့် ဘဝင်ခြားတာ အပြစ်မရှိတုန်းဆိုတော့ ကိလေသာ မဟုတ်လို့ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။

ဘဝင်ခြားတာ အပြစ်မရှိ

ဘဝင်ခြားတာ (ကိလေသာမဟုတ်လို့ပါ)၊ အပြစ် မရှိဘူး၊ (မှန်ပါ့)၊ အပြစ်မရှိဘူးတဲ့၊ ကိလေသာခြားရင် – အပြစ်ရှိတယ်။ (မှန်ပါ့ ဘုရား)။

ဘဝင်ခြားရင် (အပြစ်မရှိပါ ဘုရား)၊ အပြစ်မရှိဘူး ဆိုတော့ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ်ကျတော့ ဟောလိုက်တယ်၊ ကိလေသာမခြားလို့ ရှိရင်ကွာ မနက်အားထုတ်ရင် ညနေရပါတယ် (မှန်ပါ့)၊ တစ်ခါတည်း ဟောတယ် (မှန်ပါ့)၊ ဘဝင်ခြားတာ သူ မပါဘူး၊ ပါသေးသလား (မပါ,ပါ ဘုရား)။

အဲဒါတွေကို ဗဟုသုတအဖြစ်နဲ့ အကြီးအကျယ်မှတ်မှ သာလျှင် နို့မဟုတ်ရင် အလကားနေရင်း ကိုယ်နဲ့ မဆိုင် တာ မေးတာတွေ ခင်ဗျားတို့ ဖြေတတ်မှာ မဟုတ်ဘူး၊ (မှန်ပါ့ ဘုရား)၊ အခုတော့ ဖြေတတ်ပလား၊ (ဖြေတတ် ပါပြီ ဘုရား)။

ဖြေတတ်ပြီ တဲ့၊ အဲဒါ ခင်ဗျားတို့ ရှင်သာရိပုတ္တရာ အမြင် ဘုရားအမြင်တွေဘုရာ့၊ တပည့်တော်တို့ က ဘဝင် တွေက အများကြီး ခြားနေတယ်ဆိုကတည်းက ခင်ဗျားတို့ ရိပ်မိရောပေါ့ (မှန်ပါ့ ဘုရား)။

ဘဝင်အများကြီး ခြားနေတယ်ဆိုကတည်းက ဒီကြား မှာ တစ်ခါမြင်တယ်၊ ဘဝင်တွေ့၊ တခြားသောစိတ်တွေက အများကြီးခြားလိုက်တယ်၊ ကိလေသာတော့ မဟုတ်ဘူး၊ (မှန်ပါ့)၊ ထုံးစံအတိုင်း စိတ်က လာသေးတယ်။ (မှန်ပါ့ ဘုရား)။

ထုံးစံအတိုင်းက စိတ်ကလာပြီး နောက်တစ်ခါမှ တစ်ခါမြင်တယ်၊ ဒါ ကိလေသာခြားသလား၊ မခြားဘူး လား၊ (မခြားပါ ဘုရား)၊ ကိလေသာမခြားဘူး၊ ကိလေသာ မဆိုင်ဘူး၊ ဒီဥစ္စာ ဘဝင်ခြားတာ၊ (မှန်ပါ့၊ ဘဝင်ခြားတာပါ ဘုရား)၊ ဟုတ်ပလား။ (မှန်ပါ့)။

ဘဝင်ခြားတာကို ဘုရားကဘာပြစ်မှမရှိဘူး (မှန်ပါ့)၊ ဘာ့ကြောင့် ဘာပြစ်မှ မရှိသတုံး၊ ဒါက သူ့ ထုံးစံခြားတာတဲ့၊ဒါ နိယာမ တဲ့၊ (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ)၊ ကိလေသာခြားရင်တော့ဖြင့် မင်းတို့ အရ မယ်..။ (မှန်ပါ့)။

ဘဝင်ခြားတာကတော့ ကိုယ့်မျိုးရိုး ဒွိဟိတ်မို့ ဒွိဟိတ် ဘဝင်၊ တိဟိတ်မို့ တိဟိတ်ဘဝင် ခြားနေတာကတော့ ဒါက သူ့နိယာမ သဘောကိုတော့ ဘယ်သူမှ ပယ်လို့ မရ ဘူး၊ (မှန်ပါ့)၊ ကိလေသာခြားလို့ ရှိရင်တော့ မရဘူးလို့ဟောပါတယ် (မှန်ပါ့)၊ ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)၊ လုပ်ကော လုပ်တတ်ရဲ့လား။ (လုပ်တတ် ပါတယ် ဘုရား)။

ကဲ..ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။