056

အမြင်မှန်ရပါစေ

အသံဖိုင်ခေါင်းစဉ်= အမြင်မှားသောဘေးမသင့်ကြစေရန်

စာအုပ်ခေါင်းစဉ် = အမြင်မှန်ရပါစေ

အသံမကြည်ပါ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့တွင်

ဟောကြားတော်မူသောတရားတော်

အ မြင် မှန် ရ ပါ စေ

(၃၁-၇-၆၂)

အားလုံးတရားနာလာကြတဲ့ ဒကာဒကာမတွေ ကိုယ့်အရေး အတွက်လာတယ်လို့ ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ)။

ဘယ်သူ့ အရေးမှ မဟုတ်ဘူး ကိုယ့်အရေးအတွက် လာကြ တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ) အိုက်လိုက်တာ၊ ပူလိုက်တာ၊ လူတွေကလဲ များလိုက်တာ ကြပ်လိုက်တာ၊ ခက်လိုက်တာလို့ ညည်း မနေနဲ့။ ကိုယ့်အရေးက ဒီထက်ခက်လို့ ငရဲကျသွားမယ်ဆို လို့ ရှိရင်ဖြင့် ဒီထက်ခက်မှာစိုးလို့ ဒီအခက် ကလေးကိုဖြင့် သည်းခံ ပြီးသကာလ နာကြရမှာဘဲ (မှန်ပါ)။

သတိထားပြီးပညာနှင့်နေရစ်ကြပါ

အဲဒါကြောင့် ဒကာဒကာမတွေမှာ ခက်နေတာက ဘာဖြစ် လို့ ခက်သတုန်းလို့ မေးဖို့ရာ အကြောင်းရှိလာတော့

“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနကာရော အယံ ဝေါ အမှာကံ အနုသာသနီ” လို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးသည် အကြိမ်ပေါင်းများစွာ မှာပါတယ် (မှန်ပါ့)။

ဘိက္ခဝေ – ရဟန်းတို့၊ သတော – သတိရှိသည် ဖြစ်၍၊ သမ္ပဇာနော – ပညာရှိသည်ဖြစ်၍ ဘိက္ခု – ရဟန်းသည်။ ဝိဟရေယျ – နေရာ၏။ သတိပညာနဲ့ နေရစ်ကြပါ တဲ့၊ (မှန်ပါ)။ အယံ – ဤဆိုအပ်ခဲ့ပြီး သည်ကား။ ဝေါတုမှာကံ – သင်ချစ်သားတို့ အား အမှာကံ – ငါဘုရားတို့၏ အနုသာသနီ – အဆုံးအမ တည်း (မှန်ပါ)။

ဒကာဒကာမတို့ ဘာနဲ့ နေကြရမတဲ့တုန်း (သတိ သမ္ပဇဉ်နဲ့ နေကြရပါမယ်)။ သတိသမ္ပဇဉ်နဲ့ နေကြပါဆိုတဲ့ ဥစ္စာကို သတိပေးလိုက်ပါတယ် (မှန်ပါ)။

သတိ ဆိုတာကတော့ ခန္ဓာကိုယ်ထဲ ဘယ်စိတ်ပေါ်ပေါ် သတိ ထားရမယ် (မှန်ပါ) သမ္ပဇည ဆိုတဲ့ ဥစ္စာက ပေါ်တဲ့စိတ်ဟူသ၍ သည်ကားလို့ ဆိုရင် ဒီအတိုင်း နေသလား ပျက်သွားသလား ဆိုတာ ပညာနဲ့ ကြည့်ပေးပါ (မှန်ပါ)။

ဒါဖြင့် သတိထားပြီး ပညာနဲ့ နေရစ်ပါ နေကြပါဆိုတာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဆုံးမတော်မူတယ် (မှန်ပါ)။

သတိထားပြီး ပညာနဲ့ကြည့်ပါဆိုတဲ့ ဥစ္စာ ဒကာဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည် အလွန့်အလွန်ပဲ အရေးကြီး လို့ မှာတော်မူတယ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ် ဦးလှဘူးတို့ သေသေ ချာချာမှတ်ပါ (မှန်ပါ)။

ဒကာဒကာမတို့ သတိထားပညာနဲ့ ကြည့်ပြီး ကိုယ့်စိတ်ကို သတိထားပညာနဲ့ ကြည့်ပြီး နေပါ ဆိုတဲ့ ဥစ္စာကို မှာတော်မူတယ် (မှန်ပါ)။

အဲဒီတော့ သတိထားပညာနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ မြင်စိတ်ကလေး ပေါ်လာတယ်။ မြင်တဲ့စိတ်ကလေး မျက်လုံးထဲပေါ်တယ်၊ အဲဒါကလေး ပေါ်တယ်လို့ သတိထား လိုက်ပါ (မှန်ပါ) သတိထားပြီး ပညာနဲ့ ကြည့်လိုက်တဲ့ အခါ ကျတော့ ဒကာဒကာမတို့ မရှိဘူးဆိုတာ စိတ်ကလေးက သက်သေ ခံသွားတယ် (မှန်ပါ)။

မရှိဘူး ဆိုတာ စိတ်ကလေးက သက်သေခံသွားတော့ကို မရှိ တာသည်ကားလို့ ဆိုလို့ရှိရင် ဒီကာဒကာမတို့ ရှိတာကို သတိထား လို့ သိတယ် (မှန်ပါ) ပျက်တာကို ပညာကြောင့် သိတယ် (မှန်ပါ)။

စိတ်ကလေး ပေါ်တာကို သတိထားလို့ သိပါတယ် (မှန်ပါ) – ပျက်သွားတာကို (ပညာကြောင့် သိပါတယ်)၊ ပညာနဲ့ သိပါ တယ် ဆိုတော့ သော် ဒါဖြင့် ဒကာဒကာမတို့ သတိနောက် က ပညာနဲ့ ကြည့်လိုက်ပြီ ဆိုမှဖြင့် ကိုယ့်သန္တာန် ပေါ်လာတဲ့ စိတ်ကလေး စာလိုသုံးတော့ ဝိညာဏက္ခန္ဓာလို့ ခေါ်ပါတယ်၊ အဲဒီ ဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်ကလေးဟာ ဒကာဒကာမတို့ သတိထား ပညာနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ စိတ်ကလေး သည်ကားလို့ ဆိုရင်ဖြင့် ပေါ်လဲ ပေါ်တယ် ပျောက်လဲ ပျောက်တယ် ဆိုတာ ပညာ က သိပါတယ် (မှန်ပါ)။

စိတ်စဉ်တန်းရင်ဒုက္ခရောက်မည်

ပေါ်လဲ ပေါ်တယ် ပျောက်လဲ ပျောက်တယ် ဆိုတာသိတဲ့ အခါကျတော့ စိတ်စဉ် တည်တံ့ သေးရဲ့လား (မတန်းပါဘူး)။ စိတ်စဉ်တည်တံ့ မနေတော့ဘူး။

ဪ ဒါဖြင့် ဒကာဒကာမတို့ စိတ်စဉ်တန်းရင် ဒုက္ခ ရောက်မယ် (မှန်ပါ) စိတ်စဉ် ပျောက် သွားရင် သုခဆိုတဲ့ နိဗ္ဗာန်ရမယ် (မှန်ပါ)။

စိတ်စဉ်တန်းရင် ဒုက္ခရောက်မယ် (မှန်ပါ) စိတ်စဉ် ပျောက်သွားရင် နိဗ္ဗာန်ရောက်မယ် ဆိုတာ ဒီအတိုင်းပြောတော့ မရှင်း ပဲ နေမှာစိုးလို့ ပဋိစ္စသမုပ္ပာဒ်ဒေသနာတော် ကြည့်ကြပါ (မှန်ပါ) ပဋိစ္စ သမုပ္ပာဒ် ဒေသနာတော် ကြည့်ကြပါ ဒကာဒကာမတို့ ဒီက ထောက်ပြမယ်နော် (မှန်ပါ)။

ဒီ ဝိညာဏ်နာမ်ရုပ် သဠာယတန ဆိုတဲ့ ဥစ္စာ ဒကာဒကာမ တွေမှတ်ထားတော့ကို သဠာယတန ဆိုတာ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဆိုတာ စိတ်ပါပဲ (မှန်ပါ့) စိတ်သည်ကား လို့ဆိုလို့ ရှိရင် ဒကာဒကာမတို့ မြင်စိတ်ကလေးတစ်ခု ပေါ်တယ် ကြားစိတ်ကလေး တစ်ခု ပေါ်တယ် ဆိုတာ သိပါလိမ့်မယ်နော် (မှန်ပါ)။

အဲဒီမြင်စိတ် ကြားစိတ်ကလေးကို သတိထားပြီး ပညာနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ စိတ်ကလေးဟာ မြင်စိတ်ကလေး ပေါ်လာတာ သတိထားမိတော့ ပညာနဲ့ ဒီကနေ ကြည့်ပေးပါ (မှန်ပါ) ပညာနဲ့ ဒီကနေ ကြည့်လိုက်တဲ့ အခါကျတော့ ဒီစိတ် ကလေးဟာ မရှိတာ ဖြစ်ပြီးတော့ ပျက်သွား တာကို ဒီကနေ ပညာနဲ့ သိပါလိမ့် မယ် (မှန်ပါ) ပညာနဲ့ သိတော့ ဒီမြားကလေးဟာ ဟိုဘက် ဒီဘက် စပ်ပါတယ်ဆိုတဲ့ ဥစ္စာ ပညာက ဝင်ဖြတ်လိုက်တာ (မှန်ပါ) ပညာက ဝင်ဖြတ်လိုက်တော့ကို စိတ္တ ပစ္စယာ တဏှာ ဥပါဒါန် ကမ္မဘဝ – ဒကာကြွယ် လာသေးသလား (မလာပါဘူး ဘုရား) ဒါဖြင့် ပဋိစ္စ သမုပ္ပာဒ် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒီစိတ်ပေါ်တိုင်း၊ ပညာနှင့်ကြည့်ပါ

ဒါဖြင့် ဒီစိတ်ကလေး ပေါ်တိုင်းပေါ်တိုင်း သတိထားပြီး ပညာနဲ့ ဒီကနေကြည့်ရင် ဒီကဟာ ပြတ်ထွက် သွားတယ် (မှန်လှပါ)။

ဒီ အစပ် ပြတ်ထွက် သွားတဲ့ အခါကျတော့ကို ဒီက စိတ် ကလေး၏ ဖြစ်ပျက် အစပ်ကို ဖြတ်တာက – မဂ် (မှန်ပါ)။

စိတ်ကလေးက ဖြစ်ပျက် အစပ်ကို ဖြစ်တာက (မဂ်ပါဘုရား)။

မဂ်လို့ သိသွားတဲ့ အခါကျတော့ မဂ်သည် ကိလေသာ ဖြတ် တယ်ဆိုတဲ့ ဥစ္စာ ဒကာဒကာမတို့ ကိလေသာ မလာအောင် တားတာကို ဆိုတယ် (မှန်ပါ)။

တဏှာ လာသေးရဲ့ လား (မလာပါဘူး) ဥပါဒါန်ကော (မလာပါဘူး) ကမ္မဘဝ (မလာပါဘူး) မလာတော့ကို ဟောဒီ သမုဒယသစ္စာ ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး)။ သော် သမုဒယသစ္စာ ချုပ်သွား ကတည်းက ဒီဘက်က ဒုက္ခသစ္စာဆိုတဲ့ ၄- နံပါတ်လာသေးရဲ့လား (မလာပါဘူး) မလာလို့ရှိရင်ဖြင့် “တဏှာ နိရောဓါ ဒုက္ခနိရောဓော” ဖြစ်သွားတယ် (မှန်ပါ)။

တဏှာနိရောဓါ- တဏှာချုပ်လို့ ရှိရင်၊ ဒုက္ခနိရောဓါ- ဒုက္ခ ချုပ်မယ်တဲ့ (မှန်ပါ) ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ)။

တဏှာနိရောဓါ (ဒုက္ခနိရောဓောပါ ဘုရား) ဆက်လိုက် ဦး ဒုက္ခ နိရောဓော နိဗ္ဗာနံ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။

ဒုက္ခနိရောဓော နိဗ္ဗာနံ ဆိုတော့ နိဗ္ဗာန်ဟာ ဒကာဒကာမတို့ ဒီက ဖြတ်တတ်တဲ့ ပုဂ္ဂိုလ်အတွက်မှာ နိဗ္ဗာန်ရတယ် (မှန်ပါ)။

ဒီက ဖြတ်တတ်လို့ ရှိရင် နိဗ္ဗာန်ရတယ် (မှန်ပါ့) ဒီမှာ မဖြတ်တဲ့ ပုဂ္ဂိုလ်မှာပဲ စိတ်ကလေးဟာ မြင်တယ်။ ဟောဒီမှာ လိုချင်တယ် (မှန်ပါ) ဟောဒီမှာ စွဲလမ်းတယ်။ ဟောဒီမှာ မရ-ရအောင် အားထုတ်မယ် ဆိုတော့ ဒီ ပဋိစ္စသမုပ္ပာဒ် ပြတ်သေးသလား ဆက်သွား သလား (ဆက်သွားပါတယ် ဘုရား)။

အဲဒီဆက်မည့် ပုဂ္ဂိုလ်အတွက်ဖြင့် ကမ္မဘဝပစ္စယာ – ဟောဒီ အဆက်က ဇာတိ (မှန်ပါ) မလာဘူးလား (လာပါတယ်) ဇာတိပစ္စယာ ဇရာမရဏ မလာဘူးလား (လာပါတယ်)။

အဲဒါက “သတော ဘိက္ခဝေ ဘိက္ခုဝိဟရေယျ သမ္ပဇာနကာ ရော အယံ ဝေါ အမှာကံ အနုသာသနီ” သတိထားပြီး ပညာနဲ့ ကြည့် တဲ့ ပုဂ္ဂိုလ် ပဋိစ္စသမုပ္ပာဒ် ပြတ်ပါတယ် (မှန်ပါ) ပြတ်တယ် ဆိုတာ သမုဒယ ချုပ်တာ (မှန်ပါ) သမုဒယ ချုပ်ရင် ဒုက္ခလာသေးရဲ့လား (မလာပါဘူး) ဪ ဒါဖြင့် သမုဒယ သစ္စာနဲ့ ဒုက္ခသစ္စာ ချုပ်သွားတယ် (မှန်ပါ)။

သမုဒယသစ္စာ ချုပ်တာက တဏှာ ဥပါဒါန် ကံသေတာ (မှန်ပါ) ဒုက္ခချုပ်တာက ဇာတိ ဇရာ မရဏ လာသေးရဲ့ လား (မလာပါဘူး)။

ဪ ဒါဖြင့် တို့ကို ဆရာဘုန်းကြီးက စိတ်ကလေး ပေါ်တိုင်း ပေါ်တိုင်း သတိထားပြီး ပညာနဲ့ ကြည့်ဆိုတဲ့ အလုပ် ကလေးဟာ စိတ္တာနုပဿနာ အလုပ်ပါလား (မှန်ပါ)။

သတိထားပြီး ပညာနဲ့ကြည့်ဆိုတာ ဘာပါလိမ့် (စိတ္တာနုပဿ နာ အလုပ်ပါ ဘုရား) စိတ္တာနုပဿနာ အလုပ်လို့ ဒကာဒကာမတွေ မှတ်ပါနော် (မှန်ပါ)။

ကိုင်း ဒကာဒကာမတို့ ဒီကနေ ပန်ကာတွေ ကြည့်လိုက် တော့ လည်နေတာ မမြင်ဘူးလား (မြင်ပါတယ်) အဲဒီ မြင်စိတ်ကလေးကို ဖြစ်ပျက် ရှုစမ်း (မှန်ပါ) မြင်စိတ်ကို ဖြစ်ပျက်ရှု လိုက်တဲ့ အခါကျတော့ မြင်စိတ်က ဒီမှာ သဠာယတနထဲ ပါသွား တယ် (မှန်ပါ) ဖြစ်ပျက်က သတိထားပြီး ပညာနဲ့ ရှုလိုက်တော့ ဒီကနေရူ (မှန်ပါ) မဂ်က ဒီကနေပေါ်တာ (မှန်ပါ) ရှုတဲ့မဂ်က ဒီကနေပေါ်တော့ တဏှာ ဥပါဒါန် ကံ လာသေးရဲ့လား (မလာ ပါဘူး)။ ဒါဖြင့် သမုဒယသစ္စာ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ် ဘုရား)။ သူလဲ ချုပ်ရော ဒကာဒကာမတွေ ဒီဘက်က ဒုက္ခသစ္စာ လာဦးမလား (မလာပါဘူး)။

ဒါဖြင့် တဏှာနိရောဓါ (ဒုက္ခနိရောဓေါ) ဒုက္ခနိရောဓေါ (နိဗ္ဗာနံ ပါ) နိဗ္ဗာန်ဆိုတော့ ရှုတဲ့ ပုဂ္ဂိုလ်ရတာ ပါလား (မှန်ပါ) မရှုတဲ့ ပုဂ္ဂိုလ် (မရပါဘူး)။

သြော် ဒါဖြင့် ဒကာဒကာမတို့ နိဗ္ဗာန်ဟာ အနီးကလေး ပါလား (မှန်ပါ့) နိဗ္ဗာန်ဟာ အနီးကလေး ပါလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

ဘုန်းကြီးကျောင်းကနေ၊ အားလုံးသိတယ်

အဲဒီတော့ ဆရာသမားကလဲ နည်းပေး ဒကာဒကာမတွေ ကလဲ ပင်ပန်းခံပြီး သကာလ လာကြ ကြိုးစား နာကြပြီး သကာလ မှတ်ကြတော့ ဒီ ဒကာဒကာမတွေ အတွက်မှာ ဘာအရေးကြီးပါ လိမ့်မတုန်း ဆိုလို့ ရှိရင်ဖြင့် ယခုအခါမှာ ဒကာဒကာမတွေ ဘုန်းကြီး ကျောင်းက နေပြီး အားလုံး သိတယ်၊ အားလုံး သိတောက ဘာတုန်း ဆိုတော့ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းတွေဟာ လူတိုင်း အလုပ် ဖြစ်နေတယ် (မှန်ပါ)။

ဒကာကြွယ် ဘယ့်နှယ့်ဖြစ်နေသလဲ (ကိုယ်၏ ဆင်းရဲ ခြင်း စိတ်၏ဆင်းရဲခြင်းဟာ လူတိုင်း အလုပ်ပါဘုရား)၊ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်းဟာ လူတိုင်း၏ အလုပ်ဖြစ်နေတယ် (မှန်ပါ) မဖြစ်ကြဘူးလား (ဖြစ်ပါတယ်ဘုရား)။

အဲဒါ ဘာကြောင့်တုန်းလို့ မေးလို့ ရှိရင်ဖြင့် ဒကာဒကာမ တို့ ဒီ ဒုက္ခသစ္စာကို မသိပဲနဲ့ နောက်ဘဝက အဝိဇ္ဇာ သင်္ခါရတွေကြောင့် ခန္ဓာကြီး ရလာတော့ ခန္ဓာကြီးက ဒုက္ခသစ္စာ ဖြစ်နေတော့ ဒါအတိတ် ဘဝက အဝိဇ္ဇာ သင်္ခါရကြောင့် ဒီဘဝ ပစ္စုပ္ပန်ဘဝမှာ ဒုက္ခသစ္စာ ခန္ဓာမရဘူးလား (ရပါတယ်)။

အဲဒီတော့ သူက ရာဇတော ဝါ ဆိုတဲ့ မင်းဘေးလဲ သင့်နိုင် တယ်၊ စောရတော ဝါ ဆိုတဲ့ ခိုးသူဘေးကာ (သင့်ပါတယ် ဘုရား) အသန္ဒိဋ္ဌိတော ဝါ ဆိုတဲ့ အမြင်မှားတဲ့ ဘေး – ငါ့ကို ဘယ်သူ နှိပ်စက် တယ်ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေ မြင်နေတယ် (မြင်ပါတယ် ဘုရား) အမြင်မှားတဲ့ ဘေးကလဲ မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

အမြင်မှားတဲ့ဘေး၊ မသင့်စေပါနှင့်

အဲဒီတော့ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ထဲက နေပြီး ဒုက္ခတွေ ပြန်ရောက်လာ ပြန်တယ် (မှန်ပါ) ဒုက္ခပေါ် ဒုက္ခသင့်တာပေါ့ဗျာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဘုန်းကြီးက ဟောပါတယ် ဒကာဒကာမတို့ အမြင်မှားတဲ့ ဘေးမသင့်စေနဲ့ဟေ့ (မှန်ပါ)။

ဒကာဒကာမတို့ ဘာတဲ့တုန်း (အမြင်မှားတဲ့ ဘေး မသင့်စေနဲ့တဲ့)။

ငါ့ကို ဘယ်သူရှို့လိုက်လို့ ငါဟာ ဒါလောက်တောင်ဘဲ ဆင်းရဲ ရတာ။ သူမကောင်းလို့ ငါ ဆင်းရဲရတာ ဆိုတော့ အဲဒါ အမြင်မှားတဲ့ ဘေး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဘယ်သူက ရှို့လိုက်တာနဲ့ ဘယ်သူက တို့ လိုက်တာနဲ့ ငါ့မှာ ဖြင့် ဒုက္ခတွေ ရောက်ကုန်ပြီ ဆိုတော့ ဘယ်သူ ဘယ်ဝါ ပေါ် လာလို့ ရှိရင်ဖြင့် ရုပ်နာမ် ပျောက်ပြီး ပုဂ္ဂိုလ် သတ္တဝါ ပေါ်ပေါက် လာတယ် (မှန်ပါ) အဲဒါ ဘာ ဘေးပါလိမ့် မတုန်း မေးတော့ အမြင်မှားတဲ့ ဘေး (မှန်ပါ)။

အဲဒီတော့ ဒကာဒကာမတွေ ခင်ဗျားတို့မှာ အခုဘေးသင့် နေတာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် ဘယ်သူမကောင်းလို့ ဘယ်သူက ရှို့လိုက်လို့ ဘယ်သူက တို့လိုက်လို့ဆိုတဲ့ ဥစ္စာ ဒီဘေးတွေ သင့်ပြီး သကာလ ဒကာဒကာမတွေမှာ စားမဝင် အိပ်မပျော် ဆိုသလို ဖြစ်ပြီး သကာလ နေတော့ ဒကာကြွယ် ဘာဘေးသင့် နေတာတုန်း (အမြင်မှားတဲ့ ဘေးသင့် နေတာပါ)။

ပုဂ္ဂိုလ်တွေလား ရုပ်နာမ်တွေလား (ရုပ်နာမ်တွေပါ ဘုရား) ရုပ်နာမ်တွေဟာ ရုပ်နာမ်တွေ ဆိုလို့ ရှိရင် ဖြစ်ပျက်တွေပဲ မဟုတ်လား (မှန်ပါ) ဖြစ်ပျက် မမြင်တော့ ပုဂ္ဂိုလ် သတ္တဝါဖြစ်ပြီး သကာလ သူရှို့ လိုက်တာ သူတို့ လိုက်တာ သူမွှေတာပဲ (မှန်ပါ့ ဘုရား) ဒီတော့ ဒကာ ဒကာမတွေမှာ ဘာဘေး သင့်နေ သလဲ မေးရင် ဘယ့်နှယ် ပြောကြမလဲ (အမြင်မှားတဲ့ ဘေးပါဘုရား)။

ဆရာကောင်းနဲ့ မကြုံလို့ သင့်ရတဲ့ဘေး

ဒါဖြင့် အမြင်မှားတဲ့ ဘေးဟာ အတိတ်က ပါလာတဲ့ ဘေးလား ဒကာကြွယ် ယခုဘဝမှာ ဆရာကောင်း သမားကောင်းနဲ့ မကြုံလို့ သင့်ရတဲ့ ဘေးလားလို့ မေးရင် ဒကာသစ် ဘယ့်နှယ်ဖြေပါ့ မလဲ (ဆရာကောင်း သမားကောင်းနဲ့ မကြုံလို့ သင့်ရတဲ့ ဘေးပါ ဘုရား)။

ဒီနေ့ ဒါကလေး တစ်လုံးကို နားလည်ရင် ဘုန်းကြီးတော် တော်ကျေနပ်တယ် (မှန်ပါ) နို့ မဟုတ်ရင်ဖြင့် မန္တလေးမှာ ဖြစ်စေ အမရပူရမှာ ဖြစ်စေ တောမှာပဲ ဖြစ်စေ ဟိုဘယ်သူ့ကြောင့်ကွာ ငါ့မှာ ဘယ်လို ဖြစ်သွားတယ် ဘယ်ဝါ့ကြောင့် ဘယ်လို ဖြစ်သွားတယ်ဆို တော့ ဒကာကြွယ် ဘာဘေးပါလိမ့် (အမြင်မှားတဲ့ ဘေးပါ ဘုရား)။

ရုပ်နာမ်မမြင်ပဲ ပုဂ္ဂိုလ် သတ္တဝါမြင်လို့

ရုပ်နာမ် မြင်သေးရဲ့လား (မမြင်ပါဘူး) ဖြစ်ပျက်ကော (မမြင် ပါဘူး) ဒါဖြင့် ရုပ်နာမ် ရှိတာကို ရုပ်နာမ် မမြင် (မှန်ပါ့) ဖြစ်ပျက် အနိစ္စ ရှိတာကို (မမြင်ပါဘူး) မမြင်တော့ အမြင်မှားပြီး ပုဂ္ဂိုလ် တွေ သတ္တဝါတွေ ဘယ်သူ့သား ဘယ်သူ့အမျိုး ဘယ်သူဘယ်ဝါ, သူတို့ အဆွေအမျိုးကိုက ဘယ်လို တို့တတ် ရှို့တက် တာဘဲ ဘယ်လို အမျိုးရိုးကွ ဘယ်လို ညံ့တာ(မှန်ပါ) ဒကာသစ် ဒါမျိုးတွေလာ ကုန်ပြီ (လာပါတယ် ဘုရား)။ ဒါ ဘာဘေး သင့်တာပါလိမ့် (အမြင်မှားတဲ့ ဘေးသင့်တာပါ)။

ဒကာကြွယ် သေသေချာချာ မှတ်စမ်းပါ (မှန်ပါ) ဦးလှဘူး ဘာတဲ့တုန်း (အမြင်မှားတဲ့ ဘေးသင့်တာပါဘုရား)။

သြော် ဒါဖြင့်ဘုရားက “သတော ဘိက္ခဝေ ဘိက္ခုဝိဟရေယျ သမ္ပဇာနကာရော အယံ ဝေါ အမှာကံ အနုသာသနီ” ဟောတော် မူထားတာကို သတိထားပြီး ပညာနဲ့ မကြည့်တဲ့အတွက် အမြင်မှား တဲ့ ဘေးသင့် ရလေခြင်း (မှန်ပါ)။

ဒကာသစ်ရေ ခေတ်တရားလို့ အောက်မေ့မနေနဲ့ ပြင်ဆင် ပေးတယ်လို့ အောက်မေ့ပါ (မှန်ပါ) ဒကာကြွယ် အမြင်မှား တဲ့- ဘေး သိပ်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ်ဘုရား)

အမြင်မှားတဲ့ဘေးဆိုတာ

အမြင်မှားတဲ့ဘေး ဆိုတာက ဥပမာ ဟယ် ယခု အမျိုးမျိုး အဖုံဖုံဘဲ အရေးအခင်းတွေဟာ ဒကာဒကာမတွေက ကြုံနေတော့ ဘယ်သူ့ စွပ်စွဲကြသတုန်းလို့မေး တဲ့ အခါကျတော့ ဘယ်ဝါ မကောင်း လို့ ဘယ်သူ မကောင်းလို့ အစရှိသည်နဲ့ ဒကာသစ် ပုဂ္ဂိုလ်တွေ အပေါ်ချည်း မလာဘူးလား (လာပါတယ်) ပုဂ္ဂိုလ်ဟာ ရှိရဲ့ လား (မရှိပါဘူး ဘုရား) မရှိတာ အရှိလုပ်တော့ သူအမြင် မှန်လား အမြင်မှားလား (အမြင်မှားပါ)။

ဪ ဒကာကြွယ် အမြင်မှားတဲ့ ဘေးကြောင့် ဒကာ ဒကာမတွေမှာ သောက စိုးရိမ်မှု ပရိဒေဝ ဆိုတဲ့ မျက်ရည်ကျမှု အိပ်မပျော်မှုတွေ မလာဘူးလား (လာပါတယ်ဘုရား) ဘာဘေး သင့်လို့ပါလိမ့် (အမြင်မှားတဲ့ဘေးပါ ဘုရား)။

ဒါက အတိတ်အကြောင်း မကောင်းလို့လား ယခုဘဝလဲ အမြင်မှားလို့လား (ယခုဘဝလဲ အမြင်မှားလို့ပါ ဘုရား)

ဒကာကြွယ် ဒီတရားသိပ်အဖိုးတန်တယ်နော် (တန်ပါ တယ်ဘုရား) အားလုံးဒကာဒကာမတွေ ဒီတရားဟာ ခင်ဗျား တို့ရပြီးသား တရားကို ဘုန်းကြီးက ရှင်းလင်းပေးတာလို့ မှတ်စမ်း ပါနော် (မှန်ပါ)။

အရေးကြီးတဲ့စကားတစ်လုံး

အသန္ဒိဋ္ဌိတော ဝါ အမြင်မှားသောဘေးမှ လည်းကောင်း ဟော ဒကာဒကာမတွေ အမြင်မှားတော့ ဘယ်သူ့ကြောင့် ဘယ်ဝါ ကြောင့် ဖြစ်ကုန်ရော (ဖြစ်ပါတယ် ဘုရား) ဖြစ်ကုန်တော့ ဒုက္ခ ဒေါမနဿတွေ မလာဘူးလား (လာပါတယ်ဘုရား) စားမဝင်၊ အိပ် မပျော်တွေ (လာပါတယ် ဘုရား) အင်း ဒကာသစ် ဘာဘေး သင့်တာတုန်း (အမြင်မှားတဲ့ ဘေးသင့်တာပါ ဘုရား) ပါဠိက ဘယ်နှယ်လာသတုံး (အသန္ဒိဋ္ဌိတော ဝါ ပါ)။

မမေ့ကြပါနဲ့ ဒကာကြွယ် ဒီစကားတစ်လုံးဟာ အင်မတန် အရေးကြီးပါတယ် (ကြီးပါတယ် ဘုရား) အင်မတန် အရေးကြီး ပါတယ် ဒကာဒကာမတို့နော် (မှန်ပါ)။

ကိုင်း ဒကာဒကာမတို့ ငွေဆိုတာလဲ ငွေလား ရုပ်လား မေးရင် ဘယ့်နှယ် ပြောပါ့မလဲ (ရုပ်ပါ ဘုရား) ရုပ်ဖြင့် ရုပ်က- ရူပံ အနိစ္စံ ပေါ့ဗျာ (မှန်ပါ) အဲဒီတော့ အနိစ္စ ဖြစ်လို့ ရှိရင်တော့ဖြင့် အမြင်မှန် ပေါ့ဗျာ (မှန်ပါ)။

ငွေကြေး ကုန်သွားတယ် ဆိုတော့ ငွေဆိုတာကလဲ ဒကာ ဒကာမတွေ အမြင်မှား၊ ကုန်သွား တယ် ဆိုတာလဲ အမြင်မှားတာပဲ (မှန်ပါ) အဲဒီတော့ ဒကာဒကာမတွေမှာ အမြင်မှားတဲ့ဘေး ကျုပ်တို့ ဖြင့် မွဲပါပေါ့ ကျုပ်တို့ဖြင့် လူစဉ် မမှီပါဘူး။ အကြပ်အတည်းဖြင့် လှလှကြီး တွေ့ပါပေါ့ ဆိုပြီး သကာလ တစ်ခါတည်း အမြင်မှားတဲ့ဘေး ငွေပေါ်မှာလဲ သင့်လိုက်တာဘဲ (မှန်ပါ) သဘောကျပလား (ကျ ပါပြီ)။

ဘယ်အပေါ်မှာ သင့်ပါလိမ့် (ငွေပေါ်မှာသင့်ပါတယ်) ငွေ ပေါ်မှာလဲ အမြင်မှားတဲ့ ဘေးတွေ ဒကာကြွယ်သင့်လိုက်ပြန်ပြီ (မှန်ပါ) ဒီငွေတွေဟာ ကိုယ့်ဆီမှာ ကုန်ရတာသည် ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူရှုပ်လို့ ဘယ်သူဝင်လို့ ဘယ်သူ တို့လို့ဆိုတော့လဲ ပုဂ္ဂိုလ် သတ္တဝါတွေ ပေါ်မလာဘူးလား (ပေါ် လာပါတယ်) အဲဒါကလဲ ဘာဘေး သင့်တာတုံး (အမြင်မှားတဲ့ ဘေးသင့် တာပါ)။

အမြင်မှန်ရပါစေ

အို ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ကံမကောင်း အကြောင်းမသင့်လို့ ပူဆွေး ဒုက္ခရောက် ရတာလား အမြင်မှားတဲ့ဘေး သင့်တာလား (အမြင်မှားတဲ့ ဘေးသင့်တာပါ)။

ဒကာကြွယ် ဒီအထဲ ရောမသွားနဲ့ (မှန်ပါ) နောက်ကဒကာ ဒကာမတွေ ဒီအထဲ မရောပါစေနဲ့ (မှန်ပါ) အမြင်မှန် ရပါစေဆိုတာ ကိုဖြင့် ဘုန်းကြီးက သတိပေးပါတယ် (မှန်ပါ)။

အမြင်မှန်ရပါစေဆိုတာ ဒကာသစ် ဘာတုန်း (သတိပေးပါ တယ်ဘုရား) မောင်ဘသော် သတိပေးရတယ် (မှန်လှပါဘုရား)။

အခုဒကာဒကာမတွေမှာ ကိုယ်လဲမချမ်းသာ စိတ်လဲ မချမ်းသာ မျက်ရည်ကြီးငယ် ကျကြ။ ရုပ်တွေ ဘာတွေ ညှိုးကြပြုကြ ဟ ဘာဖြစ်တာတုန်း မေးလို့ရှိရင် အမြင်မှားတဲ့ ဘေးသင့်နေတာ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (အမြင်မှားတဲ့ ဘေးသင့်နေကြတာ ပါဘုရား)။

ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုတော့ ဘယ်သူဘယ်ဝါ သွားမမြင်ဘူးလား (မြင်ပါတယ် ဘုရား) အဲဒီဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ကျုပ်ဒုက္ခ ရောက်ရတယ် ကျုပ် စိတ်မကောင်းဘူး ကျုပ်စိတ်ညစ် ရတယ် ကျုပ် အခြေအနေပျက်ရတယ်ဆိုတော့ ဒကာ သစ် ဘာဘေးသင့်သတုန်း (အမြင်မှားတဲ့ဘေး သင့်ပါတယ်) အတိတ်က ကံကြောင့်လား အခုအမြင်မှားလို့ သင့်တာလား (အခု အမြင်မှားလို့ သင့်တာပါ)။

အဲဒီမှာ ဒကာဒကာမတွေက ကံများခေလိုက်တာ ကျုပ်တို့ ဒီအချိန်မှာ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း ဖြစ်ရလေခြင်း ဆိုတော့ ကံပေါ်မှာချည်းချတယ်၊ စင်စစ် အမြင်မှားတဲ့ ဘေးသင့်တာ (မှန်ပါ)။

ဒကာဒကာမတို့ ဘာတဲ့တုန်း (အမြင်မှားတဲ့ ဘေးသင့် တာပါ ဘုရား) ဒကာသစ် ဒါဟာ တရားသားနော် (မှန်ပါ) ဒကာ ဒကာမတို့ အမြင်မှားတဲ့ဘေးဟာ ရာဇတော ဝါ ဆိုတဲ့ နှစ်ဆယ့်ငါးပါးသော ဘေးထဲမှာ ပါဠိတော်က ဘာတဲ့ (အသန္ဒိဋ္ဌိတောဝါ ပါ)

မင်းဘေးသင့်တယ်ဆိုတာ

အသန္ဒိဋ္ဌိတော ဝါ ဆိုတာ ခင်ဗျားတို့က အရေးကြုံတော့ ရွာထဲမှာ ကျီးအော်သံတွေ ကျီးပြို သံတွေ ခွေးအူသံတွေ ကြားမှ ရာဇတော ဝါ ရွတ် ဟေ့ (မှန်ပါ) အဲဒါ ရာဇတော ဝါ လုပ်ဖို့ မလိုဘူး (မှန်ပါ) ရာဇတောဝါ မင်းဘေးသင့်တယ် ဆိုတာ ရုပ်နာမ်ကို မင်းထင်နေလို့ မင်းဘေးသင့်တာ (မှန်ပါ) မင်း မဟုတ်ပါဘူး ဒီဥစ္စာ ရုပ်နာမ်တွေပါ အနိစ္စတွေပါ ဆိုပြီး ဉာဏ်နဲ့ကြည့်လိုက်လို့ ရှိရင်ဖြင့် အမြင်မှန် ရသွားရင် မင်းဘေး ရှိသေးရဲ့လား (မရှိပါဘူးဘုရား) ၊ ဒါဖြင့် ဒကာကြွယ်ရေ ဘာအရေးကြီးပါလိမ့် (အမြင်မှန် ရဖို့အရေးကြီးပါတယ် ဘုရား)။

အမြင်မှန်ရဖို့ အရေးကြီးတယ်ဆိုတော့ အသန္ဒိဋ္ဌိတော ဝါ အမြင်မှားသော ဘေးမှ လည်းကောင်း ဆိုတာ ဒကာဒကာတွေမှာ ယနေ့လက်တွေ့ ဖြစ်သွားပြီ (ဖြစ်ပါပြီ ဘုရား) အမြင်မှားသော ဘေးဆိုတာ ယနေ့လက်တွေ့ မဖြစ်သေးဘူးလား (တွေ့ပါပြီဘုရား)

ကိုင်း ဒါဖြင့် အသန္ဒိဋ္ဌိတောဝါဆိုတာ ဒကာဒကာမတို့ အမြင်မှားတဲ့ဘေး (မှန်ပါ)။

ဒါဖြင့် အမြင်မှားတဲ့ဘေးကို ဒကာကြွယ် ဒီလိုပြင်လိုက်ရင် ကောင်းမယ် သန္ဒိဋ္ဌိကောနဲ့ ပြင်လိုက် (မှန်ပါ)။

သန္ဒိဋ္ဌိကောဝါဆိုတာက အမြင်မှန် (မှန်ပါ) အသန္ဒိဋ္ဌိတောဝါ ဆိုတာကတော့ (အမြင်မှားပါ ဘုရား) အမြင်မှားတဲ့ဘေး ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒကာကြွယ် ဒီနေ့တရားပေါ်ပါပြီဗျာ (မှန်ပါ) ဒကာ ကြွယ်တို့ စိတ်ဆင်းရဲနေတာက ဘာကြောင့်ပါလိမ့် (အမြင်မှားတဲ့ ဘေးကြောင့်ပါ) အသန္ဒိဋ္ဌိတောဝါဆိုတဲ့အတိုင်း အမြင်မှားတဲ့ဘေး သင့်နေတာနဲ့ ဟုတ်သားဘဲ မင်းတို့ဟာ ဒီလူနဲ့ပေါင်းလို့ ဒီလိုဒီလို ဖြစ်လို့ ဒီလူကိုက မတရားတဲ့လူ မျိုးရိုးကိုက မကောင်းဘူး။ သူက တို့မီးရှို့မီးကွ မင်းတို့ကိုက အပေါင်းအသင်းလွဲနေတာဆိုတော့ ဒကာကြွယ်ကပါ အမြင်မှားတဲ့ ဘေးသင့်နေတယ် (သင့်ပါတယ် ဘုရား)

အဲဒါ ဒကာကြွယ်လိုလူတစ်ယောက်က ဒီလိုပြောလိုက်တဲ့ အခါကျတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေလဲ သူ့ကိုမြင်ရင် ရိုက်ချင် နှက်ချင် မလာဘူးလား (လာပါတယ်ဘုရား)။

အမြင်မှန်ရအောင်လုပ်လိုက်ကြစမ်းပါ

ဒါဘာဘေးသင့်တာပါလိမ့်(အမြင်မှားတဲ့ ဘေးသင့်တာပါ) ဒါဖြင့် ဒကာဒကာမတို့ အမြင်မှန်ရဖို့ အရေးမကြီးဘူးလား (ကြီးပါတယ်ဘုရား) အမြင်မှန်က ဘယ်အထဲ ပါသတုန်းလို့ မေးတဲ့ အခါ ကျတော့မှ ဓမ္မဂုဏ်တော် ခြောက်ပါး ထဲမှာ သန္ဒိဋ္ဌိကော ပါတယ် (မှန်ပါ) သန္ဒိဋ္ဌိကော ရှိတော့ အမြင်မှန် ရအောင် လုပ်လိုက်စမ်းပါ (မှန်ပါ)။

ဒကာဒကာမတို့ ဘာတဲ့တုန်း (သန္ဒိဋ္ဌိကော အမြင်မှန် ရအောင် လုပ်ရမှာပါ ဘုရား) အမြင်မှန် ရအောင် လုပ်လိုက်ကြစမ်း ပါ။ အမြင်မှန် ရရင် နိဗ္ဗာန် ရပါတယ် (မှန်ပါ) အမြင်မှား ဆိုရင် သောက ပရိဒေဝ လာပါလိမ့်မယ် (မှန်ပါ)။

အမြင်မှား ဆိုရင် (သောက ပရိဒေဝ လာမှာပါ)။ အမြင်မှန် ဆိုရင် (နိဗ္ဗာန် ရမှာပါ) သောက ပရိဒေဝ ချုပ်ပါလိမ့်မယ်။ ချုပ်ရင် နိဗ္ဗာန်ဘဲ (မှန်ပါ)။

ဪ ဒါဖြင့် ယနေ့တရားပွဲမှာ ဒကာဒကာမတို့ ဘုန်းကြီး များက အကြီးအကျယ် လာဘ်ကြီး ပေးပြီး သကာလ ရွက်ဆောင်ပေး နေပါလားလို့ဆိုတာ ဦးလှဘူး ဒကာကြွယ် သေသေချာချာ မှတ်စမ်း ပါ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ယခု မြို့ထဲရွာထဲမှာ မန္တလေး အမရပူရမှာ ဖြစ်နေ ကြတာက ဘယ်သူ မကျေသေ ဘူးကွ၊ ဘယ်ဝါ့ကို မကျေသေးဘူးကွ၊ ငါ့ကို ဂြိုဟ်မွှေတာ သူတို့ဘဲကွ အစရှိသည်နဲ့ ဖြစ်နေတာက ဒကာသစ် ဘယ်ပါဠိတော်တုန်း (အသန္ဒိဋ္ဌိတော ဝါ ပါ ဘုရား) အမြင်မှားသော ဘေးသင့်နေလို့ ဒီအသံတွေ သောက ပရိဒေဝတွေ ထွက်နေတာ (မှန်ပါ)။

ဒါဖြင့် ဒကာဒကာမတွေ ဘုန်းကြီးက ဒီဒကာဒကာမတွေဖြင့် အမြင်မှားတဲ့ဘေး သင့်နေပြီ အမြင်မှန် ကလေးဖြင့် သူတို့ကို ပေးဦးမှ တော်တော့မယ် ဆိုတော့ ဘုန်းကြီးက ပေးတာလား ဓမ္မဂုဏ်တော် ခြောက်ပါးထဲမှာ ဒကာသစ်ပါသလား (ဓမ္မဂုဏ် တော်ခြောက်ပါးထဲမှာ ပါပါတယ်) ကဲ ရွတ်ကြည့်စမ်းပါဦး (သန္ဒိဋ္ဌိ ကောပါ ဘုရား)။

အမြင်မှန်ရရင် နိဗ္ဗာန်ရောက်မယ်

သန္ဒိဋ္ဌိကော- သာမံပဿိတဗ္ဗာ။ ကိုယ်တိုင်ဖြစ်ပျက် မြင် အောင်ကြည့်လိုက်စမ်းပါ (မှန်ပါ) ကိုယ်တိုင်ဖြစ်ပျက် မြင်အောင် ကြည့်လိုက်တော့ ဒကာဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါတွေ့ သေးသလား အနိစ္စတွေဘဲလား (အနိစ္စတွေပါဘုရား) ဒါဖြင့် အနိစ္စမြင်တော့ မဂ္ဂဆိုတဲ့ ဉာဏ်ဝင်မလာဘူးလား (ဝင်လာ ပါတယ်)။

အနိစ္စမြင်တော့ မဂ္ဂဆိုတဲ့ ဉာဏ်ဝင်လာတော့ ဒကာဒကာမ တို့ ဒီမှာ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာမရဏ သောက ပရိဒေဝ လာသေးရဲ့လား (မလာပါဘူး)။

အမြင်မှားရင် ခန္ဓာဆုံးလိမ့်မယ်

အဲဒါက အားလုံးသော ဒကာဒကာမတို့ အမြင်မှန် ရပြန်တော့လဲ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ချုပ်တဲ့ နိဗ္ဗာန်ရောက် ပါတယ် (မှန်ပါ) အမြင်မှားတဲ့ ဘေးသင့်ပြီ ဆိုမှဖြင့်လဲ ခန္ဓာတောင် ဆုံးရှုံး သွားလိမ့်မနော် (မှန်ပါ)။

ဒကာဒကာမတို့ ဘာတုန်း (ခန္ဓာတောင် ဆုံးရှုံးသွားမယ်) ခန္ဓာတောင် ဆုံးရှုံးသွားမယ်၊ အသားတွေ အသွေးတွေ ရိုးတွင်းချဉ် ဆီကစပြီး ခြောက်ပြီး သကလ လူရုပ်မပြီပဲနဲ့ သောက ပရိဒေဝတည်း ဟူသော မီးတွေက လောင်လိုက်တော့ ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ သေခြင်းဆိုး သေကြောင်းကိုလဲ ကြံတတ်တယ် (မှန်ပါ) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)

ဒါဖြင့်ယနေ့ဒကာဒကာမတွေကိုဘုန်းကြီးက အကြီးဆုံးသော ဆုကြီး လာဘ်ကြီး ပေးတာ ဘာပါလိမ့်မတုန်း ဆိုတော့ အမြင်မှားတဲ့ ဘေးကို အမြင်မှန်တဲ့ ဉာဏ်နဲ့ သိမ်းလိုက်စမ်းပါ (မှန်ပါ)။

အမြင်မှားတဲ့ဘေးကို (အမြင်မှန်တဲ့ဉာဏ်နဲ့ သိမ်းရမှာပါ ဘုရား) အမြင်မှန်တဲ့ဉာဏ်နဲ့ သိမ်းလိုက်စမ်းပါ ဆိုတာကိုဖြင့် ဒကာ ကြွယ်ရေ နှစ်လုံးတည်းနဲ့ ခရီးပေါက်တယ် (မှန်ပါဘုရား)။

ခေတ်တရားတော်

အဲဒီတော့ ဒကာသစ်ရေ ဒါကို ခေတ်တရားလို့ ဆိုမလား ဒီနှစ်ခုဟာ တွဲမှဖြစ်မှာပဲလား (တွဲမှဖြစ်မှာပါဘုရား)။ အမြင်မှားကို အမြင်မှန်နဲ့ မပေးရင် ဒကာသစ် နိဗ္ဗာန် ရောက်ပါတော့ မလား (မရောက်ပါဘူး) အကုန် အပါယ်သွား ကုန်မယ် (မှန်ပါ)

ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ကျုပ်တို့ ဒီလိုဖြစ်ရတယ် ဒီလို ဒုက္ခမျိုးစုံတွေ ကျုပ်တို့ ကြုံရတယ် အစရှိသည်နဲ့ တစ်ခါတည်း ပုဂ္ဂိုလ် သတ္တဝါတွေပေါ် တည်ပြီး သကာလ အမြင်မှားတဲ့ ဘေးဟာ မသင့်ဘူးလား (သင့်ပါတယ် ဘုရား) သင့်တော့ သူ့ကို မြင်တိုင်း မြင်တိုင်းလဲ ဒေါသ သောကတွေ မလာဘူးလား (လာပါ တယ်) ဒါ ဘာဘေး သင့်တာတုန်း (အမြင်မှားတဲ့ဘေး သင့်တာပါ)

ဒကာကြွယ်နေရာကျပြီ (ကျပါပြီဘုရား) အဲဒါကြောင့် ၂၅ပါးသော ဘေးထဲမှာ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးလဲ ဆိုတာ ယနေ့ ပေါ်သွားပြီ (ပေါ်သွားပါပြီ) ဘာဘေးတဲ့ဗျာ (အမြင်မှားတဲ့ ဘေးပါ ဘုရား) ပါဠိတော် ရွတ်စမ်းပါဦး (အသန္ဒိဋ္ဌိတော ဝါ ပါ ဘုရား)

အဲဒီတော့ ဒကာဒကာမတွေ ကိုယ့်မှာ ဒေါမနဿ ဖြစ်ရတယ် ဒုက္ခဖြစ်ရတယ် စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ အိပ်မပျော်ခြင်း ဖြစ်ရတယ် (မှန်ပါ) ဟာ ဘယ်သ ူနှိပ်စက်လို့တုန်း ဘယ်ဝါ နှိပ်စက်လို့တုန်း။ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဘယ်သူမှ မနှိပ်စက်ဘူး။ ဘယ်က ကြိမ်နဲ့ လာရိုက် သတုန်း ဘယ်သူက ငေါက်သတုန်း၊ ဘယ်သူက ငန်းသတုန်း မေးလို့ရှိရင် ဒကာသစ် ဘယ်သူမှ ဒကာသစ် ကြိမ်နဲ့လဲ လာမရိုက်ပါဘူး၊ ဘယ်သူကမှ ငေါက်ငန်းတဲ့ အလုပ်လဲ (မလုပ်ပါဘူး) ကိုယ့်ဟာကိုယ် အမြင်မှားတဲ့ ဘေးသင့်တာ(မှန်ပါ) တယ်အဖိုးတန်ပါလား ဒကာကြွယ် (မှန်ပါ)

မြို့ကြီးပြကြီးတွေမှာ ဘာသင့်နေသလဲ

ဒကာကြွယ် အားလုံး ဒကာဒကာမတွေမှာ ယခု မြို့ကြီး ပြကြီးတွေမှာ ဘာသင့်နေတယ် ထင်ကြသတုန်း (အမြင်မှားတဲ့ ဘေးသင့်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီဘုရား)။

ဒကာသစ်ရေ လောကကြီးထဲမှာ ဘေးတကာ့ဘေးထဲမှာ ဘယ်ဘေးကြောက်စရာ အကောင်းဆုံးလဲ (အမြင်မှားတဲ့ဘေးပါ ဘုရား)

အမြင်မှားတဲ့ဘေး ဆိုတာက ဟောတာက ဒကာဒကာမတို့ ခန္ဓာငါးပါး ထားလိုက်ပါတော့။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါး (မှန်ပါ) ဒီကနေပြီး ဒိဋ္ဌိမျက်လုံးနဲ့ ကြည့်လိုက်တော့ သူပဲ တို့ကို ရှို့တာ တို့တာ (မှန်ပါ) အမြင်မှားတဲ့ ဘေးသင့် လိုက်တော့ တဏှာနဲ့ ကြည့်လိုက်တော့ ဥပါဒါန်ကလဲ ကျေနပ် သေးရဲ့လား (မကျေနပ်ပါဘူး)။

အဲဒီတော့ သူ့ကိုတော့ဖြင့် တွေ့လို့ရှိရင် ကာယကံနဲ့လဲ မျက်စောင်းထိုးမတဲ့ ဝစီကံနဲ့လဲ ငေါ့မတဲ့ စောင်းမတဲ့ ဆိုတဲ့ ဥစ္စာ မလာဘူးလား (လာပါတယ်) ဟော- ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ) ဇာတိပစ္စယာ (ဇရာမရဏပါ)။

ကဲ အမြင်မှားတဲ့ဘေးသင့်လိုက်တာ ဒကာဒကာမတို့ ၂က နေပြီး ၃-ကူးမသွားဘူးလား (ကူးသွားပါတယ်) ၃-ကနေပြီး၊တော့ ၄-ကော (ကူးပါတယ် ဘုရား) ဟ ဘာဘေး သင့်တာပါလိမ့် (အမြင်မှားတဲ့ဘေး သင့်တာပါ ဘုရား)။

ဒကာကြွယ်ပေါ်တဲ့ အခါကျတော့ ဒီနေရာမှာ ဒိဋ္ဌိမလာဘူးလား (လာပါတယ်) ဒိဋ္ဌိလာရင် ဒိဋ္ဌုပါဒါန်လာမှာပဲ (လာမှာပါ ဘုရား) သူလာလို့ရှိရင် ဒိဋ္ဌုပါဒါန်နဲ့ ဆက်သွယ်တဲ့ ကမ္မဘဝ (လာပါတယ် ဘုရား) ဟောဘာသစ္စာ ဖြစ်သွားသတုန်း (သမုဒယသစ္စာ ဖြစ်ပါတယ်) ကဲ သေသည်၏ အခြားမဲ့၌ ဘာသစ္စာရမတုန်း (ဒုက္ခသစ္စာ ရပါတယ် ဘုရား)

ဟောဒါ အပါယ်လေးပါး ဇာတိ အပါယ်လေးပါး ဇရာ အပါယ် လေးပါး မရဏ ဆိုတော့ ဒကာကြွယ် ကောင်းသေးရဲ့ လား (မကောင်းပါဘူး) ဘာ ဘေးသင့်လိုက်ပါလိမ့် (အမြင်မှားတဲ့ ဘေးသင့်ပါတယ်ဘုရား)။ ဒကာသစ် သဘောပါပလား (ပါပါ ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ အဲဒီအမြင်မှားတဲ့ ဘေးဟာ ကံမကောင်း အကြောင်းမသင့်လို့လား ကိုယ်ကဆရာကောင်း သမားကောင်းဆီက နည်းမရလို့ဖြစ်ရတဲ့ အမြင်မှားတဲ့ဘေးလား , (ဆရာကောင်း သမားကောင်းက နည်းမရလို့ ဖြစ်ရတဲ့ အမြင်မှား တဲ့ဘေးပါဘုရား)။

ကဲ မောင်ဘသော် ရိပ်မိပလား (ရိပ်မိပါပြီ) ဘာဘေး သင့်တာတုန်း (အမြင်မှားတဲ့ ဘေးသင့် ပါတယ်) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒီလိုသာ အမြင်မှားပြီး သကာလ ဘဝတိုင်း မှားကြမယ် ဆိုလို့ရှိရင်ဖြင့် အမြင်မှားတာ သမုဒယသစ္စာ (မှန်ပါ)။

အဲဒီအမြင်မှားမှု သမုဒယသစ္စကြောင့် သေသည်၏ အခြားမဲ့၌ ဘာသစ္စာရမတုန်း (ဒုက္ခသစ္စာ ရပါမယ်) ကိုင်း ဘယ်လောက် ဆိုးသတုန်း ဒကာကြွယ် (ဆိုးပါတယ်ဘုရား)။

အမြင်မှားတာက (သမုဒယသစ္စာပါ) သေသည်၏ အခြားမဲ့၌ (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာ ရတယ်ဆိုတော့ အမြင်မှားတဲ့ ဘေးဟာ ဒကာဒကာမတို့ သေးသေးလား ကြီးကြီးလား (ကြီးကြီး ပါဘုရား) ကိုင်း ဒကာကြွယ် ဒီဥစ္စာဘယ်လောက် အရေးကြီးသတုန်း (ကြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ အမြင်မှားတဲ့ဘေးပဲ တစ်ခေါက် ထပ်ပြဦးမယ် ဟောဒီဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာ ဆိုတာ ဒကာဒကာမတွေ ခန္ဓာငါးပါးမှတ်ပါ (မှန်ပါဘုရား)။

အဲဒီခန္ဓာငါးပါးကို ဟောဒီ ယောက်ျားကြီးက ကျုပ်ကို တို့လိုက် တာဆိုပြီတော့ ဒိဋ္ဌိနဲ့ ကြည့် လိုက်တယ် (မှန်ပါ) တဏှာ ဒိဋ္ဌိနဲ့ ကြည့် လိုက်တဲ့ ရှိတာက ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ (မှန်ပါ) အဲဒီဥစ္စာကြောင့် သူဝိညာဏ်ကော မြင်သေးရဲ့ လား (မမြင်ပါဘူး) နာမ်ရုပ်ကော (မမြင်ပါဘူး) သဠာယတန (မမြင်ပါဘူး) ဖဿ (မမြင်ပါဘူး) ဝေဒနာ (မမြင်ပါဘူး) မမြင်တော့ဘူး။ ဟောဒီ ယောက်ျားကြီးပဲ ဟောဒီမိန်းမကြီးပဲ တို့ မီး ရှို့မီး လုပ်တာ ဆိုပြီး ဒိဋ္ဌိမျက်လုံးနဲ့ တပ်ကြည့် လိုက်တယ် (မှန်ပါ)။မကြည့်ဘူးလား (ကြည့်ပါတယ်)။

အဲဒီတော့ ဒိဋ္ဌိမျက်လုံးနဲ့ တပ်ကြည့်လိုက်တော့ ဒီကနေပြီး သကာလ ခန္ဓာငါးပါးကြောင့် ဒိဋ္ဌိဖြစ် (မှန်ပါ့) ဒိဋ္ဌိဖြစ်တော့ ဒိဋ္ဌုပါဒါန် (ဖြစ်ပါတယ် ဘုရား) ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံ (ဖြစ်ပါတယ် ဘုရား) သေသည်၏ အခြားမဲ့၌ ဆက်သွားပြီတဲ့ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။ ဇာတိပစ္စယာ (ဇရာ မရဏ ပါ) ဟောဝိပါကဝဋ် သင့်ပါပြီတဲ့ ရှစ်ပါးတောင်ရပြီ (မှန်ပါ့) ဝိပါကဝဋ် ရှစ်ပါး ရပြီတဲ့ ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ်) ဟ ဘာဘေးသင့် တာတုန်း (အမြင်မှားတဲ့ ဘေးသင့်တာပါ)။

သဠာယတနကိုလဲ စိတ်ကို စိတ်ရယ်လို့ သိသေးရဲ့လား (မသိပါဘူး) ဖဿကို ဖဿရယ်လို့ (မသိပါဘူး) ဝေဒနာကို ဝေဒနာ ရယ်လို့ (မသိပါဘူး) မသိဘူး၊ သူဟာ ဒီ ယောက်ျားကြီးပဲ ဒီမိန်းမကြီးပဲ တို့ကို တို့မီး ရှို့မီး လုပ်တာ ဆိုပြီး ဟောဒီက ဒိဋ္ဌိ မျက်လုံး နဲ့ ကြည့်လိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဘာဘေးသင့်သတုန်း (အမြင်မှားတဲ့ ဘေးသင့်ပါတယ်)။

ကြည့်စမ်း ဝိညာဏ်လို့ မသိတော့ အမြင် မမှားဘူးလား (မှားပါတယ်) နာမ်ရုပ် ရယ်လို့ မသိတော့ (အမြင်မှားပါတယ်) သဠာယတနရယ်လို့ မသိတော့ (အမြင်မှားပါတယ်) ဖဿလို့ မသိတော့ (အမြင်မှားပါတယ်) ဝေဒနာလို့ မသိပြန်တော့ (အမြင် မှားပါတယ်) အမြင်မှားတာသည် ဒိဋ္ဌိ (မှန်ပါ) မိစ္ဆာ ပဿတီ တိ ဒိဋ္ဌိကိုး (မှန်ပါ) အမြင်မှားတဲ့ ဘေးမသင့်ဘူးလား (သင့်ပါတယ်) အဲဒီတော့ ဒိဋ္ဌိတွင် ရပ်သလား ဒိဋ္ဌု ပါဒါန် လာမလား (လာပါတယ် ဘုရား)၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ (လာပါတယ်) ကမ္မဘဝပစ္စယာ (ဇာတိပါဘုရား)။

ဆရာဘုန်းကြီးမှ၊ မကယ်ရင်၊ သွားပေါ့

ဒကာကြွယ် ဘာဘေးသင့်လိုက်လို့ အပါယ်ရောက်သွား ပါလိမ့် (အမြင်မှားတဲ့ ဘေးသင့်လို့ပါ ဘုရား) အမြင်မှားတဲ့ ဘေးသင့်လိုက်တော့ ဒကာဒကာမတို့ အပါယ်ရောက်သွားပြီ (မှန်ပါ)။

ကိုင်း ဒါ ဆရာဘုန်းကြီးမှ မကယ်လို့ရှိရင် ဒကာကြွယ်သွား ပေါ့ (သွားပါပြီဘုရား) ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ)။

အားလုံး မြို့ထဲရွာထဲမှာ စိတ်မချမ်းသာ လက်မချမ်းသာနဲ့ သွားလို့ မကောင်း စားလို့မကောင်း ချက်ထားတဲ့ဟင်း ဘယ်လိုပင် ကောင်းအောင်လုပ်ပြီး သကာလ ထားငြား သော်လည်း အရသာ တွေ ပျက်ပြီး သကာလ နေတာ စိတ်မကောင်း လက်မကောင်းဖြစ်နေ လို့ သောက ပရိဒေဝ ဖြစ်နေလို့လို့ ဆိုရင် လွဲပါ့မလား (မလွဲပါဘူး) ဘာဘေးသင့်နေတာတုန်း (အမြင်မှားတဲ့ ဘေး သင့်တာပါ ဘုရား) တယ်လဲ ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အမြင်မှားတဲ့ ဘေးဟာ ဒကာဒကာမတို့ ရထားတဲ့ ပရိတ်ကြီးထဲမှာ ပါတယ် (မှန်ပါ) ရွတ်ကြည့်စမ်းပါ (အသန္ဒိဋ္ဌိတောဝါ ပါဘုရား)။

အသန္ဒိဋ္ဌိတောဝါ အမြင်မှားတဲ့ ဘေးမှလည်းကောင်း ဆိုတော့ ဒကာဒကာမတွေမှာ အခု ဖြစ်နေတဲ့ စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းဟာ သူများပေးတာလား ကိုယ်အမြင်မှားကြောင့် ဖြစ်ရတာလား (ကိုယ်အမြင်မှားကြောင့် ဖြစ်ရတာပါ) ခန္ဓာငါးပါး ဖြစ်ပျက်တရားကို မမြင်လို့ဖြစ်တာ (မှန်ပါ့) ဒါဖြင့် ဘာဘေးသင့်သတုန်း (အမြင်မှားတဲ့ ဘေးသင့်ပါတယ်) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒါဟာ နားထောင်နေကျ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် သိပ်ရှင်း သွားပြီ (ရှင်းပါပြီဘုရား) ရှင်းသွားပြီ ရှင်းသွားပြီ ဒကာ ဒကာမတို့နော် (မှန်ပါ)။

ကိုင်း ဒါဖြင့် အမြင်မှားတဲ့ ဘေးဟာလဲ ၂၅-ပါးသော ဘေးထဲမှာ ပါတယ် (မှန်ပါ) ဒကာကြွယ် တို့က ရွတ်သာနေတယ် ငါ အမြင်မှားတဲ့ ဘေးသင့်ပါပေါ့ လားလို့ ကိုယ့်ဟာကိုယ် ပြန်မကြည့် ဘူးဗျ (မကြည့်ပါဘူး ဘုရား) အတော်ခက်နေတယ် (ခက်နေ ပါတယ် ဘုရား)။

ဒကာဒကာမတို့ အားကြီးခက်နေတယ် ခင်ဗျားတို့မှာ (မှန်ပါ) စင်စစ် ဒကာဒကာမတွေမှာ ယခုအမျိုးမျိုး အဖုံဖုံသော ကိစ္စတွေနဲ့ ပတ်သက်ပြီး သကာလ ဘယ်သူ့လား၊ မကျေသေးဘူး ကွနော် ဘယ်ဝါလား မကျေသေးဘူးကွနော် အစရှိသည်ဟာ ဒကာသစ်၊ ဘာဘေးသင့်နေတာတုန်း (အမြင်မှားတဲ့ ဘေးသင့်ပါတယ် ဘုရား)။

ဘယ်သူဘယ်ဝါရယ်လို့ ရှိရဲ့လား (မရှိပါဘူး) ခန္ဓာငါးပါး ဖြစ်ပျက်တရားသာရှိတယ် မဟုတ်လား (မှန်ပါဘုရား) အဲဒါကို မြင်သေးရဲ့လား ( မမြင်ပါဘူး) မမြင်တော့ ပုဂ္ဂိုလ် သတ္တဝါ ဖြစ်မနေဘူးလား (ဖြစ်နေပါတယ်) ဒါဖြင့် ဘာဘေးသင့်သတုန်း (အမြင်မှားတဲ့ ဘေးသင့်ပါတယ်)။

အမြင်မှားတဲ့ ဘေးသင့်လိုက်တာ စားမဝင် အိပ်မပျော် ဖြစ်နေတယ် (မှန်ပါ) ဘယ်လောက် ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘေးတကာ့ ဘေးထဲ ဘယ်ဘေး ကြောက် စရာအကောင်းဆုံးလဲ (အမြင်မှားတဲ့ ဘေးကြောက်စရာ ကောင်းပါတယ် ဘုရား)။

ဒကာဒကာမတို့ ခလေးတွေများ လန့်တာဟာ ဥပမာ သရဲ သဘက်က လမ်းမှာ ဖြတ်သွား လာတဲ့ အခါ ခလေးတွေက ဒါကို ရုပ်နာမ်လို့ သူတို့ ကလဲမသိ၊ ဖြစ်ပျက်လို့လဲ မသိတော့လန့်ပြီး သေသွားတယ် (မှန်ပါ) မသေဘူးလား (သေပါတယ်) ဒါ ဘာဘေးသင့်တာတုန်း (အမြင်မှားတဲ့ ဘေးသင့်တာပါ)။

လူကြီးတွေမှာတော့ လန့်တော့ မသေဘူး ဒကာဒကာမတို့ သူ့လား မကျေဘူး မကျေဘူး ဆယ်ဘဝ ဆယ်ကမ္ဘာ မကျေ ဘူးဟေ့ တစ်ခါတည်း အပါယ်လေးပါး ရောက်လောက် အောင်ပဲ သူ့စိတ်ထဲမှာ မပေါ်ဘူးလား စိတ်တွေ (ပေါ်ပါတယ်ဘုရား) အဲဒါ ဘယ်ဘေးသင့်တာတုန်း (အမြင်မှားတဲ့ ဘေး သင့်တာပါ)။

ကိုင်း ဒကာဒကာမတို့ ခလေးတော့ လန့်သေတယ် ဒကာဒကာမတွေကျတော့ လန့်တော့ မသေဘူး စိတ်ပျက်ပြီးရင် အပါယ်လေးပါး ရောက်တယ် (မှန်ပါ) မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ်ဘုရား) ဘယ်ဘေး သင့်တာပါလိမ့် (အမြင်မှားတဲ့ ဘေးသင့်တာပါ) ရွတ်ပါဦး ပါဠိတော်က (အသန္ဒိဋ္ဌိတောဝါပါ ဘုရား) ကဲ မောင်ဘသော် ပေါ်ပြီကွ (ပေါ်ပါပြီဘုရား)။

ဘာကြောင့် ဒီတရားဟောရသတုန်း?

ဒကာကြွယ် မြို့ထဲရွာထဲမှာ ဒါတွေ ဆူပူနေလို့ ဒီတရား ဟောရပါတယ် (မှန်ပါ) ဒီတရားကလဲ ဘုန်းကြီးက ယူဆောင်လာတဲ့ တရားလား ရှိပြီးသား တရားလား (ရှိပြီးသားတရားပါ ဘုရား) ရှိပြီးသား တရားဆိုတာ ဒကာဒကာမတွေက မသိလို့ ခေါ်ပြော နေရပါတယ် (မှန်ပါ)။

ကဲ ဒကာသစ် အမြင်မှန်မရသ၍ ဒီဘေး လွတ်ပါ့မလား (မလွတ်ပါဘူး) နတ်ဖြစ်ပြန်သော အမြင်မှန်မရရင် (မလွတ်ပါဘူး) ဗြဟ္မာကြီး ဖြစ်နေပြန်ကော (မလွတ်ပါဘုရား) အမြင်မှားတဲ့ ဘေးကတော့ သင့်မှာချည့်ပဲ (မှန်ပါဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ ဒီအမြင်ကိုဖြင့် ဆရာ ဘုန်းကြီးမှ မပြင်လို့ရှိရင် ဒီဒကာဒကာမတွေ အကုန် အပါယ်ဘေးမှ မလွတ် (မှန်ပါ) မသွားရပေဘူးလား (သွားရမှာပါ) သိပ် ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဒကာဒကာမတွေ အပါယ်လေးပါး ရောက်တယ်ဆိုတဲ့ ဥစ္စာ နည်းနည်း နောနော မဟုတ်ပါဘူး (မှန်ပါ)။

လက်သည်းပေါ်တင်ထားတဲ့ နှမ်းလုံးလောက် မြေမှုန့်ကလေးဟာ လက်သည်းပေါ်မှာ ခဏ တင်ထားပါနော်။ လေလာတော့ လွင့်ကျတယ် (မှန်ပါ) အဲဒီ လွင့်ကျသွားတဲ့ မြေမှုန့်ကလေးဟာ ဒကာဒကာမတို့ လက်သည်းပေါ် ပြန်ရောက်ဖို့ လွယ်ကူရဲ့လား (မလွယ်ကူပါဘူး ဘုရား) ဘယ်တော့ ရောက်ဖို့ မြင်သေးသတုန်း (မမြင်ပါဘူး)။

အမြင်မှန်ပေးရမယ်

အဲ ခင်ဗျားတို့ အမြင်မှားတဲ့ ဘေးသင့်ပြီး သောက ပရိဒေဝတွေနဲ့ အိပ်မပျော် စားမဝင်နဲ့ မကျေမချမ်းနဲ့ သေသွား ကြလို့ ရှိရင် အပါယ်လေးပါး ရောက်သွားမယ် (မှန်ပါ) လူပြည် တည်းဟူသော လက်သည်းခွံပေါ် ရောက်ဖို့ အလွန်ခဲယဉ်းသွားပြီ (မှန်ပါ) ရောက်ဖို့ လွယ်ပါဦးမလား (မလွယ်ပါဘူး) အင်မတန် ဆိုးမသွားဘူးလား (ဆိုးသွားပါတယ်)။

အဲဒါကြောင့် ဘုန်းကြီးက ဆွေမျိုးမိဘ ဉာတကာ မတော်ဘူး သူ မည်သည် မရှိသလောက် ရှိတဲ့အတွက် အမြင်မှန်တော့ဖြင့် ယနေ့ ပေးရမယ် (မှန်လှပါ) အမြင်မှန် မပေးရင် ဒကာကြွယ် (မတော်ပါဘူး ဘုရား)။

ကဲ အမြင်မှန်ပေးရမယ်ဆိုတော့ ဘယ်ပါဠိတော်မှာ ဟောထားသတုန်းလို့ဆိုတာ ဒကာသစ် ရွတ်ကြည့်စမ်း (သန္ဒိဋ္ဌိကောပါဘုရား) ဒကာဒကာမတို့ သန္ဒိဋ္ဌိကောကို ရပေမယ့် ခင်ဗျားတို့ မသိဘူး (မသိပါဘူး ဘုရား) ဒကာကြွယ်ကြီး ရလိုက်တာလွန်လို့ သူများဆီတောင် သွားပြီး ရွတ်ပြ လိုက်သေး တယ် (မှန်ပါ) ပြီးတော့ ဘာအဓိပ္ပာယ်လဲ မသိဘူး (မှန်ပါ့)။

ကိုယ့်ဟာကိုယ် အမြင်မှန် ရအောင်လုပ်လို့ ပြောတဲ့ ဥစ္စာ သူများဆီများ သွားပြီး ရွတ်လိုက် သေးတယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် သန္ဒိဋ္ဌိကော သာမံ ပဿိတဗ္ဗော။ သာမံ= ကိုယ်တိုင်၊ ပဿိတဗ္ဗော= မြင်အောင် လုပ်စမ်းပါကွ (မှန်ပါ့ဘုရား) သဘောကျပလား (ကျပါပြီ)။

ကိုယ်တိုင်ဖြစ်ပျက် မြင်အောင်လုပ်စမ်းပါ (မှန်ပါ) ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်မြင်တော့ သန္ဒိဋ္ဌိကော အရ အမှန်မြင် မကျဘူးလား (ကျပါတယ်)

ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်မှ ဘာတဲ့ (အမှန် မြင်ပါတယ်ဘုရား) ပုဂ္ဂိုလ် သတ္တဝါမြင်ရင် (အမှန်မြင် မဟုတ်ပါ ဘူး)။

ပုဂ္ဂိုလ်လို့မြင်ရင် အပါယ်ရောက်မယ်

ဒါဖြင့် ဒကာဒကာမတို့ အသန္ဒိဋ္ဌိတော ဝါ ဆိုတာက ပုဂ္ဂိုလ် သတ္တဝါ အနေဖြင့် မြင်လို့ အပါယ်ရောက် သွားတာ (မှန်ပါ့)။

သန္ဒိဋ္ဌိကောဆိုတဲ့ ဥစ္စာ ဒကာဒကာမတို့ သာမံ ပဿိတဗ္ဗော ကိုယ်တိုင် ကိုယ့်စိတ်ကလေးကို ဖြစ်ပျက်မြင်တဲ့ အတွက် ဖြစ်ပျက်မဂ်ဆိုတော့ ကို ဒကာဒကာမတွေ သဠာယတနထဲမှာ မြင်စိတ် ကလေးက ဖြစ်ပျက် ကြားစိတ် ကလေးကကော ဖြစ်ပြီးပျက်တာဘဲ မဟုတ်လား (မှန်ပါ) နှာခေါင်းထဲ နံတဲ့ မွှေးတဲ့ စိတ်ကလေး ကကော (ဖြစ်ပြီးပျက်တာပါ ဘုရား) လျှာပေါ်စားတဲ့ စိတ်ကလေး (ဖြစ်ပြီး ပျက်တာ ပါ ဘုရား) ကိုယ်ပေါ်မှာ ယားနာကောင်းတဲ့ စိတ်ကလေးကော (ဖြစ်ပြီးပျက်တာပါ ဘုရား) အဲ ဖြစ်ပျက် ရှုပေးနော် (မှန်ပါ့) ဝမ်းထဲက ကြံတဲ့ တွေးတဲ့ စိတ်ကလေး (ဖြစ်ပျက်ပါ ဘုရား)။

အဲဒီ ဖြစ်ပျက်ဆိုတော့ ဒီရှုတာက မဂ်ဖြစ်သွားတယ် (မှန်ပါ့) မဂ်ဖြစ်သွားတော့ ဒီအနီကြောင်း ကလေး ဘာဖြစ်သွားသတုန်း (ပြတ်သွားပါတယ်) ပြတ်သွားတော့ကို သမုဒယသစ္စာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ဒုက္ခသစ္စာ လာသေးရဲ့လား (မလာ ပါဘူး)။

အဲ တဏှာ ဥပါဒါန်ကံဆိုတဲ့ သမုဒယသစ္စာ ချုပ်တယ် (မှန်ပါ) ဇာတိ ဇရာမရဏ ဆိုတဲ့ ဒုက္ခသစ္စာ လာသေး ရဲ့လား (မလာပါဘူး) ဒါဖြင့် အမှန်မြင်တော့ကို မဂ်ရတယ် (မှန်ပါ)

အမှားမြင်တော့ကို ဒကာဒကာမတို့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာရတယ် (မှန်ပါ) အမှန်မြင်တဲ့ အခါကျတော့ သမုဒယနဲ့ ဒုက္ခချုပ်တယ် (မှန်ပါ) မကွာဘူးလား (ကွာပါတယ်)

ဪ ဒါဖြင့် ယနေ့ အမှန်မြင်တရားကတော့ဖြင့် ဒကာကြွယ် သန္ဒိဋ္ဌိကော (မှန်ပါ) ကိုယ်တိုင် မြင်အောင် ဖော်ရတယ် (မှန်ပါ)။

ဒကာဒကာမတို့ ဘုန်းကြီးဟောသွားလိုက်တာ ရှင်းလိုက်တာ ဆိုနေရုံနဲ့တော့ အပိုပဲ (မှန်ပါ) ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ စိတ် ကလေး ခင်ဗျားတို့ ကိုယ်တိုင် ဖြစ်ပျက်မြင်အောင် ကြည့်ပါ (မှန်ပါ့) မြင်လို့ရှိရင် ဒါ ဘယ်ပါဠိတော်နဲ့ ညီမျှတယ်ဆိုတာ ဒကာသစ် ရွတ်စမ်း (သန္ဒိဋ္ဌိကောပါ ဘုရား)။

ဖြစ်တာပျက်တာ မြင်မှမဂ်ဆိုက်မယ်

ကိုယ့်စိတ် ကိုယ်ဖြစ်တာ ပျက်တာ မြင်ရင် ဘာတဲ့ဗျာ (သန္ဒိဋ္ဌိကောပါ ဘုရား)။

ဒကာကြွယ် ဒါ တစ်သက်မှ တစ်ခါကြားရတယ် (မှန်ပါ) ဒကာသစ် ဒီဥစ္စာ ရကော်ဒါထဲမှာကို ဒီနှစ်ခုတွဲ ဟောတာ မပါသေး ဘူး (မှန်ပါ) မှန်လိုက်တာလဲ လွန်လို့ မနေဘူးလား (မှန်ပါ တယ် ဘုရား)။

သန္ဒိဋ္ဌိတော ဝါ ဆိုတာ အမြင်မှားတဲ့ ဘေး သန္ဒိဋ္ဌိကော ဆိုတာ အမြင်မှန်တဲ့ မဂ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဪ ဒါဖြင့် သတ္တဝါတွေ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ရောက်ပြီး ပစ္စုပ္ပန်ဘဝမှာလဲ ဒုက္ခရောက် (မှန် ပါ) သံသရာမှာလဲ အပါယ်လေးပါး ရောက် ဟာ ဘယ်ဘေး သင့်ပါလိမ့်မတုန်း (အမြင်မှားတဲ့ ဘေးသင့်ပါတယ် ဘုရား) ပါဠိတော်က ဘာတဲ့ (အသန္ဒိဋ္ဌိတော ဝါ ပါ ဘုရား)။

အသန္ဒိဋ္ဌိတောဝါ အမြင်မှားတဲ့ ဘေးမှလည်းကောင်း လို့ ဒကာဒကာမတွေ ရွတ်နေရုံနဲ့ မရဘူး အမြင်မှန်ပြောင်းမှ အမြင်မှား တဲ့ လွတ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အသန္ဒိဋ္ဌိတောဝါကို သန္ဒိဋ္ဌိကော ပြောင်းမှ သာလျှင် အမြင်မှန် ရပါတယ် (မှန်ပါ) နို့မဟုတ်ရင် ရနိုင်ပါ့မလား (မရနိုင်ပါဘူး)။

အမြင်မှန်ရဖို့အရေးကြီးတယ်

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ သန္ဒိဋ္ဌိကောကို အမြင်မှန် ရအောင်ဖြင့် ပြောကြပါစို့ (မှန်ပါ)။

ဒကာကြွယ် အမြင်မှန်ရဖို့ အရေးမကြီးဘူးလား (ကြီးပါ တယ်ဘုရား) ဒါဖြင့် အပါယ်လေးပါး ရောက်တဲ့ ပုဂ္ဂိုလ်တွေ ဟူသ၍ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်း ပစ္စုပ္ပန်ဘဝမှာ နေရတဲ့ ပုဂ္ဂိုလ် ဟူသ၍ ဒကာသစ် လက်သည် ဖမ်းမိပြီ (ဖမ်းမိပါပြီ ဘုရား) ဘယ်သူ့ကြောင့် ပါလိမ့်ဗျာ (အမြင်မှားတဲ့ ဘေးကြောင့်ပါ) အသန္ဒိဋ္ဌိတောဝါ အမြင်မှားတဲ့ ဘေးသင့်တာ (မှန်ပါ)။

ဒကာကြွယ် ဒါဖြင့် အပါယ်မှာ လူစည်ကားတာ လောကကြီး ထဲမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ လူတွေများနေတာ ဘယ်ဘေး သင့်တာပါလိမ့် (အသန္ဒိဋ္ဌိတောဝါ ဘေးသင့်တာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

ခင်ဗျားတို့ ပါဠိရလျက်နဲ့ ဒီဥစ္စာကို သြော် ငါ့မှာ ဘေးသင့် နေတာပါလား ဒီဘေးပြင်ဦးမှပဲ ဆိုတာ ကိုယ့်ဉာဏ် က မလာဘူး (မလာပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ယနေ့တော့ဖြင့် ဆရာဘုန်းကြီးက မလာလာအောင်ပဲ ဒကာသစ်ရေ ကြိုးစား ရမယ် (မှန်ပါ ဘုရား) လာလို့ ရှိရင်လဲ ဒီဥစ္စာ နိဗ္ဗာန်ရောက်သွားနိုင်တာပဲ (မှန်ပါ) အမြင်မှန်ရ ရင် နိဗ္ဗာန် ရောက်ပါတယ် ဆိုတာ သေချာပလား (သေချာပါပြီ)

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ အရေးအကြီး ဆုံးအချက်ဟာ အသန္ဒိဋ္ဌိတော ဝါ ကို သန္ဒိဋ္ဌိကော ဖြစ်လို့ ရှိရင်ဖြင့် နိဗ္ဗာန် ရောက်ပါတယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ခင်ဗျားတို့ဟာ ဥပမာ မြင်တယ် မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ဒါဖြင့် မြင်တဲ့ အခါမှာ မြင်စိတ်ကလေးနဲ့ အသက်ရှင်နေတယ် (မှန် ပါ) ကိုင်း မြင်စိတ် ကလေး ပျက်သွားပြီဗျာ။ မြင်အောင်ကြည့် လိုက်စမ်း။ မြင်အောင် ကြည့်လိုက်တော့ မဂ်ကလေး မပေါ်ဘူး လား (ပေါ်ပါတယ်) အဲဒီ မဂ်ကလေးက သန္ဒိဋ္ဌိကော (မှန်ပါ) သူများ မြင်တာလား ကိုယ်တိုင် မြင်လိုက်တာလား (ကိုယ်တိုင် မြင်လိုက်တာပါ)။

ဒါဖြင့် ကိုယ်တိုင်မြင်တော့ကို အမြင်ခံရတာက ဖြစ်ပျက် ကိုယ်တိုင်မြင်တဲ့ ဉာဏ်က မဂ် (မှန်ပါ)။

အမြင်ခံရတာက (ဖြစ်ပျက်ပါ) ကိုယ်တိုင် မြင်တဲ့ ဉာဏ်က (မဂ်ပါဘုရား) ဒီလိုဆိုတော့ သာမံ ပဿိတဗ္ဗော ဆိုတဲ့အတိုင်း ကိုယ်တိုင် မြင်သွားပြီ (မှန်ပါ) ကိုယ်တိုင် မြင်သွားတော့ ပုဂ္ဂိုလ်သတ္တဝါ ပေါ်သေးသလား အနိစ္စပဲ မြင်သလား (အနိစ္စပဲ မြင်ပါတယ်)။

ဒါဖြင့် ဒကာဒကာမတို့ ကိုက်ညီတဲ့ ဒီမှာ မြင်စိတ် ကလေးကဖြစ်ပျက် ရှုတာက မဂ် ဆိုတော့ ဒီအကြောင်း ကလေးဆက်သေးရဲ့လား (မဆက်ပါဘူး) မဆက်ဘူး၊ သဘောကျပလား(ကျပါပြီ)။

မဆက်တော့လို့ ဒီဘက် သမုဒယသစ္စာ လာသေးရဲ့ လား (မလာပါဘူး) ဒုက္ခသစ္စာကော (မလာပါဘူး)။ ပေါ်ကြပလား (ပေါ်ကြပါပြီ)

ဪ ဒါသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒကာသစ် မောင်ဘသော်တို့ အမြင်မှန်ရသွားတယ် (မှန်ပါ့) သောက ပရိဒေဝ ဆိုတာ သိနိုင်သေးရဲ့လား (မသိနိုင်ပါဘူး) ဒုက္ခ ဒေါမနဿတွေကော (မလာပါဘူး)။

အမြင်မှန်ဆိုတာ မဂ်ဉာဏ်

ဒါ့ကြောင့် ဒကာကြွယ်ရေ အမြင်မှန်ရမှ နိဗ္ဗာန်ရပါတယ် (မှန်ပါ) အမြင်မှန် ဆိုတာ မဂ်ဉာဏ် (မှန်ပါ) မဂ်ဉာဏ်ရမှ နိဗ္ဗာန် မြင်ပါတယ် (မှန်ပါ) မဂ်ဉာဏ်မရရင် (နိဗ္ဗာန် မမြင်ပါဘူး)

နိဗ္ဗာန် မမြင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒါကြောင့် ဒကာဒကာမတို့ မြင်စိတ်ကလေး ပေါ်လဲ ဖြစ်ပျက်ရှု(မှန်ပါ) ကြားစိတ် ကလေး ပေါ်လဲ (ဖြစ်ပျက်ရှု ရပါမယ်) နံတဲ့စိတ်ကလေး နှာခေါင်းအလည်မှာပေါ်ရင် (ဖြစ် ပျက်ရှု ရမှာပါ ဘုရား) စားတဲ့ စိတ်ကလေးလျှာလည်မှာ ပေါ်ရင် (ဖြစ်ပျက်ရှုရမှာပါ) ဖြစ်ပျက်က ကိုယ့်ဟာ ကိုယ် ရှုရမှာလား သူ့ကိုက ဖြစ်ပျက်လို့ ပြောတာလား (သူကိုက ဖြစ်ပျက် လို့ပြောတာပါ)။

အဲ သူတို့က ဖြစ်ပြီးပျက်တဲ့ အနိစ္စကလေးပါလို့ စားစိတ် ကလေးက ပြောပါတယ် (မှန်ပါ) ယားစိတ်ကလေး ရှုကြည့်စမ်း ဒကာ ဒကာမတို့ ယားစိတ်ကလေးက ဘယ်လို ပြောသတုန်း (ဖြစ်ပျက် လို့ပြောပါတယ်) ဖြစ်ပျက်လို့ ပြောတော့ ဉာဏ်က မဂ်မဖြစ်ဘူး လား (ဖြစ်ပါတယ်) မဂ်ဖြစ်တော့ သမုဒယသစ္စာ မချုပ်ဘူး လား (ချုပ်ပါတယ် ဘုရား) နောက် ဒုက္ခလာသေးရဲ့လား (မလာပါဘူး ဘုရား) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ တွေ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

ကဲ ခန္ဓာကိုယ်ထဲမှာ ဒကာဒကာမတို့ လေကလေးတိုက် တဲ့အခါ ပန်ကာကလေး ကိုယ့်ဆီလာ ထိတဲ့ အခါ ကိုယ်ပေါ်မှာ ကောင်းစိတ် ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒါ ကလေး ဘာလုပ် ရမလဲ (ဖြစ်ပျက်ရှု ရပါမယ်) ဖြစ်ပျက်ရှုတော့ ကိုယ်တိုင်မြင်ပဲ မကျဘူးလား (ကျပါတယ်)။

ဒါဖြင့် ဖြစ်ပျက်မဂ် ဖြစ်ပျက်မဂ် ဆိုတာ ကလေးဟာ ဆက် မသွားဘူးလား (ဆက်သွားပါတယ်) ဆက်သွားတော့ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော် ကြည့်လိုက်တော့ သမုဒယသစ္စာ လာသေး ရဲ့လား (မလာပါဘူး ဘုရား) နောက် ဒုက္ခသစ္စာ(မလာပါဘူး)။

ဟာ ဒါဖြင့် သမုဒယချုပ်လဲ တဏှာနိရောဓါ ဒုက္ခ နိရောဓော၊ ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ) ကိုက်ပလား (ကိုက် ပါပြီ) ၃ နဲ့ ၄ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

၃ နဲ့ ၄ မလာကတည်းက ဒကာဒကာမတို့ ဒီမှာကြည့် ဒီနံပါတ်က ၃ သဘောကျပလား (ကျပါပြီ) ဒီနံပါတ်က ၄ ဆိုတော့ လာသေးရဲ့လား (မလာပါဘူး) သူက သမုဒယချုပ်လို့ ဒီက ဒုက္ခ လာသေးရဲ့လား (မလာပါဘူး) ဒါက သမုဒယသစ္စာ ချုပ်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒီက မဂ်ကဖြတ် ပစ်လိုက်တာကိုး (မှန်ပါ) အဲ သမုဒယသစ္စာ ချုပ်တော့ ဒုက္ခသစ္စာ လာသေးရဲ့ လား (မလာပါဘူး) ဒါဖြင့် ဒုက္ခနိရောဓေါ နိဗ္ဗာနံ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။

စိတ်လာရင် ဖြစ်ပျက်ရှု

ကဲ တစ်ခါ သွားပါဦး ဝမ်းထဲမှာ လောဘ စိတ်ကလေး ပေါ် ရင်လဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှု ရပါမယ်) ဒေါသစိတ် ကလေးလာရင် (ဖြစ်ပျက်ရှု ရမှာပါ) မောဟစိတ် ကလေး လာရင် (ဖြစ်ပျက်ရှု ရမှာပါ) လှူချင်တန်းချင် ပေးချင်ကမ်းချင်တဲ့ စိတ် ကလေး လာရင်လဲ (ဖြစ်ပျက်ရှု ရမှာပါ) မေတ္တာထားတဲ့ စိတ်ကလေး လာရင် (ဖြစ်ပျက်ရှုရမှာပါ) ကရုဏာ ထားတဲ့ စိတ် ကလေး လာရင် (ဖြစ်ပျက်ရှု ရမှာပါ)။

အဲ စိတ်တွေ လာရင် ဖြစ်ပျက် ရှု (မှန်ပါ) ရှုတော့ စိတ်က ဖြစ်ပျက် ရှုတာက မဂ် (မှန်ပါ) မဂ်လာတော့ တဏှာဥပါဒါန် ကံ မချုပ်ဘူးလား (ချုပ်ပါတယ်)။ ဇာတိ ဇရာ မရဏဆိုတဲ့ အနာဂတ် ကော (ချုပ်ပါတယ်) ဒါဖြင့် သမုဒယချုပ်လို့ ဒုက္ခသိမ်းတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါ တယ်)။

ဒါ ဘယ့်နှယ်ကြောင့် သမုဒယချုပ်လို့ ဒုက္ခသိမ်းပါလိမ့်မလဲ လို့ မေးတဲ့အခါကျတော့ အမြင်မှန်ရလို့ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

အမြင်မှန်က ခန္ဓာထဲမှာရှိတာက ဖြစ်ပျက်ပဲ ရှိတယ် (မှန်ပါ) မြင်တာကလဲ မဂ်ပဲမဟုတ်လား (မှန်ပါ) ဒါဖြင့် မဂ်သည်ကားလို့ဆို ရင် ဖြစ်ပျက် မမြင်ဘူးလား (မြင်ပါတယ်) ဒါဖြင့် ဒါကလေးဟာ အမြင်မှန် တရားလို့ ဆိုရင် လွဲပါ့မလား (မလွဲပါဘူး)။

ဒါဖြင့် အမြင်မှန်ရခြင်းသည် သမုဒယချုပ်၍ ဒုက္ခသိမ်းတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အမြင်မှန် မရလို့ ရှိရင် သမုဒယပွား၍ ဒုက္ခကြီးကျယ်တယ် (မှန်ပါ)။

သံသယရှိရင် ဖြစ်ပျက်ရှု

ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ ဘယ်စိတ်လာလာ ခင်ဗျားတို့ သန္တာန်မှာ အရိယာ စိတ်လဲ မလာပါဘူး (မှန်ပါ) ကိုယ့် စိတ်လာတိုင်း လာတိုင်း မြင်စိတ်လာရှု ကြားစိတ်လာရှု သဘောကျ ပလား လောဘလာရင် (ရှုရမှာပါဘဲ) ဒေါသလာရင် (ရှုရမှာပါဘဲ) မောဟလာရင် (ရှုရမှာပါ) သံသယ ကလေး ပေါ်လာရင် (ရှုရမှာပါဘုရား) သူ့ပေါ် သံသယရှိတယ် ဆိုရင် ရှိမနေနဲ့ သံသယကို ဖြစ်ပျက်ရှုချ (မှန်ပါ)။

သူ့ပေါ်ဖြင့် ကျုပ်သည်ကားလို့ ဆိုရင် ကုက္ကုစ္စ ဖြစ်နေတယ် ဆိုရင် ကုက္ကုစ္စ ဖြစ်မနေနဲ့ ဒကာဒကာမတို့ ကိုယ့်ကုက္ကုစ္စ ကိုယ် ဖြစ်ပျက်ရှု (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီကဲ့သို့ ရှုလိုက်တော့ကို ဘယ်ပါဠိတော်နဲ့ သွားကိုက် ပါလိမ့် ဒကာသစ်ရေ (သန္ဒိဋ္ဌိကောနဲ့ သွားကိုက်ပါတယ်) နောက်က ဒကာဒကာမတွေ ဘာနဲ့ သွားလိုက်သတုန်း (သန္ဒိဋ္ဌိကောနဲ့ သွားကိုက် ပါတယ်)။

အခါမလင့်အကျိုးပေးတယ်

ဒါဖြင့် သန္ဒိဋ္ဌိကောနဲ့ သွားကိုက်တာသည် ဒကာဒကာမတို့ သန္ဒိဋ္ဌိကော ဆိုလို့ရှိရင်ဖြင့် ရှေ့ကို ဆက်ရွတ်တော့ အကာလိကော (မှန်ပါ) အခါမလင့် အကျိုးပေးတယ် (မှန်ပါ့)။

အကာလိကော ဘယ်လိုပါလိမ့် (အခါမလင့်အကျိုးပေးပါ တယ်)။

ဟော ဒီက ဖြစ်ပျက် ဒီက မဂ်ဆိုတော့ သန္ဒိဋ္ဌိကော မဖြစ်ဘူး လား (ဖြစ်ပါတယ်) အခါမလင့် အကျိုးပေးတယ် ဆိုတော့ ဟောဒီ သမုဒယသစ္စာ လာသေးရဲ့လား (မလာပါဘူး) အဲ သူချုပ် သွားတာ အကျိုးပေးတာ (မှန်ပါ့) နောက်ဒုက္ခ လာသေးရဲ့ လား (မလာပါဘူး) အဲ ဒါဖြင့် ဒုက္ခမလာတာလဲ အကျိုးပေး တာပဲ (မှန်ပါ)

ဒါဖြင့် ဒီမှာ အကာလိကောဆိုတာ ဒီနှစ်ခုမလာတာ ဆိုတယ် (မှန်ပါ) သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ မလာတာကို အကာလိကောလို့ ဆိုပါတယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ယနေ့တရားမှာ ဒကာသစ် သတ္တုချလိုက်တဲ့ အခါ ကျတော့ အသန္ဒိဋ္ဌိတော ဝါ အမြင်မှားသော ဘေးမှ လည်းကောင်း (မှန်ပါ့) အဲဒါကို ဘုန်းကြီးက သန္ဒိဋ္ဌိကော ဆိုပြီး သကာလ အမြင်မှန် ရအောင် လုပ်ပေး လိုက်တဲ့ အတွက် နိဗ္ဗာန်ရတယ် (မှန်ပါ) အမြင်မှား တဲ့ ဘေးသင့်တဲ့ အခါကျလို့ ရှိရင်ဖြင့် အပါယ်လေးပါး ရောက်တယ် (မှန်ပါ)။

သမုဒယ သစ္စာလဲ မလာဘူးလား (လာပါတယ်) ဒုက္ခသစ္စာကော (လာပါတယ်ဘုရား) ဒါ ဘာဘေးသင့်တာတုန်း (အမြင်မှား တဲ့ ဘေးသင့်တာပါ)။

ကဲ အမြင်မှန်တဲ့ သဘောကလေး ကြိုးစားလိုက်တဲ့ အခါ ကျတော့ ဖြစ်ပျက်မဂ် ဆိုတော့ သမုဒယသစ္စာ ဘယ့်နှယ်နေသတုန်း (ချုပ်ပါတယ်) ဒုက္ခသစ္စာ (ချုပ်ပါတယ်ဘုရား)။

ဒါဖြင့် အမြင်မှန်တဲ့ အကျိုးပေးကဖြင့် တကာတကာမတို့ သမုဒယချုပ်၍ ဒုက္ခသိမ်းတယ် (မှန်ပါဘုရား) အမြင်မှားတဲ့ ဘေးကတော့ဖြင့် သမုဒယပွား၍ ဒုက္ခများတယ် (မှန်ပါ) ဘယ်လောက်များ ဆိုးဝါးသတုန်း (ဆိုးဝါးပါတယ်) ပေါ်ကြပလား (ပေါ်ကြပါပြီ)။

ယနေ့ ကစပြီး ကိုယ့်စိတ်ကိုယ်ရှုကြစမ်းပါ

ဒါဖြင့် ယနေ့ကစပြီး ကိုယ့်စိတ်ကိုယ် ရှုကြစမ်းပါ (မှန်ပါ) ကိုယ့်စိတ်ကိုယ် ရှုတဲ့ အခါကျ တော့ကို ဥပမာ သူတစ်ပါးကို ဒေါသ ထွက်နေတယ်၊ အဲ့ဒီ ဒေါသစိတ် ဖြစ်ပျက် ရှုလိုက် (မှန်ပါ) သူတစ်ပါး ဣဿာ ရှိနေလို့ ရှိရင်လဲ ဣဿာ စိတ်ကလေး ဖြစ်ပျက်ရှုလိုလျှော် အနိစ္စပဲ (မှန်ပါ) အဲဒီကဲ့သို့ ရှုလိုက်တော့ အမြင်မှန် မရဘူး လား (ရပါတယ်) သူတို့ ရှုရတဲ့ အတွက် ကိုယ့်မှာ အမြင်မှန် ရတဲ့ အတွက် မဂ်ရတယ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။

မဂ်ရတဲ့ အခါကျတော့ သမုဒယသစ္စာ လာသေးရဲ့ လား (မလာပါဘူး) ဒုက္ခသစ္စာကော (မလာပါဘူး) အကျိုး မပေးဘူးလား (ပေး ပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ ဒီနေ့ တရားမှာ နှစ်လုံးတည်း (မှန်ပါ့) ပထမတရားက အမြင်တရားက ဘာတဲ့ (အသန္ဒိဋ္ဌိတော ဝါ ပါ) အသန္ဒိဋ္ဌိတော ဝါ – အမြင် မှားသော ဘေးသင့်တာကိုလဲ ရှောင်ပါ။(မှန်ပါ)။

သန္ဒိဋ္ဌိကောဆိုတာ အမြင်မှန် ရအောင် ကိုယ့်စိတ်ကိုယ် ရှုရင် ပြီးပါတယ် ဆိုတာ သဘောကျ ပလား (ကျပါပြီ)။

ကိုင်း ယနေ့နာရီစေ့ပြီ ဒီတွင် တော်ကြစို့။

သာဓု သာဓု သာဓု။