049

ဘုရားဖြစ်တော်မူလာပုံ

(ပဋိစ္စသမုပ္ပါဒ်ချုပ်လို့ ဘုရားဖြစ်တော်မူသည်)

အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံနှင့် ပြတ်ပုံကိုသိခြင်းကြောင့် ဘုရားဖြစ်လာပုံ

စာအုပ်ခေါင်းစဉ်= ဘုရားဖြစ်တော်မူလာပုံ (ပဋိစ္စသမုပ္ပါဒ်ချုပ်လို့ ဘုရားဖြစ်တော်မူသည်)

မှတ်ချက်။ ။ပါရမီ ဆယ်ပါး အပြား သုံးဆယ် စွန့်ခြင်း ကြီး ငါးပါးသည် ဝေးသော အကြောင်း ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ် အဆက်ပြတ်ခြင်းသည် နီးသောအကြောင်းဖြစ်သည်။ ဤ၌ နီးသော အကြောင်းကို ရည်ရွယ်၍ ဟောပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူသော တရားတော်

ပဋိစ္စသမုပ္ပါဒ်ချုပ်လို့ ဘုရားဖြစ်တော်မူသည်

(၂၄-၁၀-၆၁)

ဒကာ ဒကာမတွေ သတိထားစရာ ကလေး ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘုရားအဖြစ်သို့ ဘယ်လို ရောက်လာပါလိမ့်မလဲ ဆိုတဲ့ မေးခွန်း ထုတ်ဖို့ အရေးကြီး တယ်။ (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ့်နှယ်ကြောင့် ဘုရား ဖြစ်လာပါလိမ့်မလဲလို့ မေးတော့ ဒကာ ဒကာမတွေ က ပြောကြတယ်။ ပါရမီ ဆယ်ပါး အပြား သုံးဆယ် စွန့်ခြင်း ကြီး ငါးပါး စွန့်လို့ ဘုရားဖြစ်တယ်လို့ အများတော့ မှတ်ကြ မယ်။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့၊ ပဋိစ္စသမုပ္ပါဒ် အဖြစ်ကိုလဲ သိတယ်၊ ပဋိစ္စသမုပ္ပါဒ် အချုပ်ကိုလဲ သိတယ်။ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဘုရားဖြစ်လာပါလိမ့်

ပဋိစ္စသမုပ္ပါဒ်အဖြစ် ဒုက္ခသစ္စာကိုလဲ သိတယ်။ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်အချုပ်ဆိုတဲ့ နိရောဓသစ္စာ ကိုလဲ သိတယ်။ (မှန်လှပါ)။

အဲဒါကြောင့် ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိပြီး သကာလ ဒုက္ခချုပ်တဲ့ဉာဏ်ကို ရသောကြောင့် နိရောဓသစ္စာ မျက်မှောက် ပြုနိုင်ပါတယ်။ (မှန်ပါ)။

ဒါကြောင့် ကိုယ်တော်မြတ်ကြီး ဘုရားအဖြစ်သို့ ရောက်ပါတယ်၊ ဒါကြောင့် ဘုရားဖြစ်တဲ့ အချိန်ကစပြီး သကာလ

‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

အထဿ ကခါ ဝပယန္တိ သဗ္ဗာ၊

ယတော ပဇာနာတိ သဟေတုဓမ္မံ။’’

ခန္ဓာဖြစ်ကြောင်းတွေ ငါ သိပါတယ်ကွာ တဲ့။ (မှန်ပါ့)၊ ခန္ဓာဖြစ်ကြောင်း ဆိုတာ ပဋိစ္စသမုပ္ပါဒ်သာ မှတ်ပေတော့။ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်သည် စာလို ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။ မြန်မာလို ဒကာ ဒကာမတွေသိဖို့ရာက ခန္ဓာဖြစ်ကြောင်း လို့ မှတ်ပါ။ (မှန်ပါ့)

ခန္ဓာဖြစ်ကြောင်း ဆိုတာလဲ တခြားမမှတ်ပါနဲ့၊ ဒုက္ခ တွေ ဆက်သွားတာကို ပြပါတယ်။ (မှန်ပါ့)။

ဘာတွေဆက်သွားတာပြသလဲ။ (ဒုက္ခတွေဆက် – သွားတာ ပြပါတယ်)၊ အဲဒါကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်ပါတယ်။ (မှန်ပါ့ ဘုရား)။

နောက်တစ်ခါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်ပြီး ရွတ်ပြန်တယ်။

‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

အထဿကခါ ဝပယန္တိ သဗ္ဗာ၊

ယတော ခယံ ပစ္စယာနံ အဝေဒိ။’’

ငါ ပဋိစ္စသမုပ္ပါဒ် ချုပ်တာကိုလဲ ငါ သိပြီကွာ ဆိုတော့ ဒကာ ဒကာမတွေ ဘုရားဖြစ်လာတာ ပဋိစ္စ သမုပ္ပါဒ် ချုပ်ကြောင်းသိလို့ ဘုရားဖြစ်လာတယ်၊ ချုပ် တာကို သိလို့ ဘုရားဖြစ်တယ်လို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)။

ဒါကြောင့် “ဒုက္ခက္ခန္ဓဿ နိရောဓောဟောတိ” လို့ ပါဠိတော်မှာ ရှိပါတယ်။ (မှန်ပါ့)။

နောက်ကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ အဖြစ်လဲသိ၊ ငါ အချုပ်လဲ သိသောကြောင့် ငါဖြင့် အလင်းရောက်ပေါ့ ဆိုပြီး-

‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊

သူရိယောဝ ဩဘာသယ မန္တလိက္ခံ။’’

လို့ဆိုပြီး သကာလ ငါသည် ပဋိစ္စသမုပ္ပါဒ်စက် ရဟတ်ကြီးမှ လည်မှုမှ ရပ်ပြီး သကာလ ဒုက္ခစက်ဖြင့် ပြတ်ပြီဆိုပြီး ဝမ်းသာတော်မူတယ်။ (မှန်ပါ့)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ် လာတာ ဖြစ်မှုလဲ သိလို့ ဒကာ ဒကာမတွေ ဘုရားဖြစ် လာတယ်လို့ သေသေချာချာမှတ်ပါ။ (မှန်ပါ့)။

ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဆိုတာဟာ ဘာတုံးလို့ မေးလို့ရှိရင် တပည့်တော် ခန္ဓာဖြစ်စဉ် တန်း တာပါ ဘုရားလို့ မှတ်ပါ။ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့်။ (ခန္ဓာဖြစ်စဉ် တန်းတာပါ ဘုရား)။

ကောင်းပြီ ပဋိစ္စသမုပ္ပါဒ်ဟာ ခန္ဓာဖြစ်စဉ်တန်းတော့ ဒီခန္ဓာသည် ဒကာ ဒကာမတွေသိတဲ့ အတိုင်းတဲ့ ဒုက္ခတွေ ဆက်တန်းသွားတယ်။ (မှန်ပါ့ ဘုရား)၊ ဒုက္ခတွေဆက် တန်းသွားတဲ့အတွက် ဒုက္ခသစ္စာ တန်းတာကို ဆိုပါတယ်။ (မှန်ပါ့)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကြီးချုပ်သွားတော့တယ်၊ မရှိ တော့ဘူးဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ပဋိစ္စသမုပ္ပါဒ်ချုပ်တာဟာ ဒုက္ခတွေအကုန်ရပ်စဲပြီး ချုပ်ငြိမ်း ရုပ်သိမ်းတာ ပါကလားလို့ မှတ်ပါ။ (မှန်ပါ့)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်သည် ဒုက္ခဖြစ်စဉ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ်ချုပ်စဉ်သည် နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန်ပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်က ဒုက္ခဖြစ်စဉ်၊ ပဋိစ္စသမုပ္ပါဒ်ချုပ်တာက နိဗ္ဗာန်။ (မှန်ပါ့)။

ချုပ်ရာချုပ်ကြောင်း အကျင့်ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ မဝင်ရင် မဖြစ်ပါဘူး။ (မှန်ပါ့)၊ ဖြစ်နေတဲ့ ဒုက္ခတန်းကြီးကိုမှ မဖြတ်လို့ရှိရင်လဲ ဒုက္ခပြတ်ပါ့မလား။ (မပြတ်ပါ ဘုရား)။

အဲဒါကြောင့် ဒုက္ခဖြတ်တဲ့နည်းကိုလဲ အခု ဒကာကြီး ဦးမာဒင်က အားလုံးသော ဒကာ ဒကာမတွေအား ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီးမှာ သူနဲ့တကွပဲ အားလုံးလည်နေ ကြတယ်။ (မှန်ပါ့ ဘုရား)။

အဲ့ဒီလည်နေကြတဲ့ ဖြစ်မှုကြီးကိုလဲ သူလဲ ပြတ်လို တဲ့ သဘောရှိတယ်။ (မှန်ပါ့)၊ အားလုံးသော ဓမ္မမိတ်ဆွေ အပေါင်းတို့ကိုလဲ ပြတ်စေလိုသောသဘော ရှိသောကြောင့် ဒီစာရွက်ကို တစ်အိမ်လျှင် တစ်ရွက်ကျပေါ့ဗျာ။ (မှန်ပါ့)၊ တစ်အိမ်တည်း ၃-၄ ယောက်ရှိနေလို့ရှိရင်လဲ ၃-၄ ယောက်တော့ဖြင့် အလှူမခံကြနဲ့ပေါ့။ (မှန်ပါ့)။

တစ်အိမ်မှာ တစ်ရွက်ကြည့်ပြီး သကာလ ၊ ဝိုင်းပြီး ကြည့်ပြီး သကာလ ဪ ဒီကနေပြီး ဒီလိုလည်ပါက လား၊ ဪဒီလိုဖြတ်လိုက်ရင်လဲ ရသားပဲဆိုပြီး ကိုယ့် ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ် ဉာဏ်တွေ သွင်းပြီး သကာလ ဒီစာ ကြည့်ပြီး ဉာဏ်နဲ့ခန္ဓာ သွင်းလိုက်ပါ။ (မှန်ပါ့)။

ဉာဏ်နဲ့သွင်းပြီး သကာလ ဪ ခန္ဓာကြီးဟာ ဒီလို လည်နေတယ်၊ ဒီကနေပြီး ဖြတ်လိုက်လို့ ရှိရင် မဂ်နဲ့ ဖြတ်လိုက်ရင် အရသားပဲဆိုတဲ့သဘောကို သိပြီး သကာလ ဒီဟာ ဘုရားသည်ကားလို့ ဆိုရင်ဘုရားဖြစ်တဲ့ပုံပဲ။ (မှန်ပါ့)၊

ဪ ဘုရားဖြစ်တာသည် ပဋိစ္စသမုပ္ပါဒ်ချုပ်လို့ ဘုရား ဖြစ်တာ။ (မှန်ပါ့)၊ ဒါဖြင့် အခု ဒီဒကာကြီး လှူဒါန်းတဲ့ ပစ္စည်းဟာ ဘုရားဖြစ်လာတဲ့သဘောပဲ ဆိုတဲ့ဥစ္စာလဲ ခင်ဗျားတို့ ဘုရားပုံပဲ ဆိုတာ သေသေချာချာ မှတ်ရမယ်။ (မှန်ပါ့)၊

နောင်ကိုလဲ မှန်ဘောင်သွင်းပြီး သကာလ ထည့် ထားကြပါ၊ ဘုရားအဖြစ်နဲ့လဲ ကိုးကွယ်ပါလို့ ဆိုတာ ဘုရား ဖြစ်တာဟာ ဪဒါပြတ်လို့ ဘုရားဖြစ်တာပါလား ဆိုပြီး သကာလ တဲ့ ကိုယ်တော်မြတ်ကြီးကို ဒီပြတ်ပုံကနေ ရည်မှန်းပြီး သကာလ ကိုယ်တော်မြတ်ကြီး ဉာဏ်တော် ရောက်အောင်လဲ ခင်ဗျားတို့ ရှိခိုးကြပါ။ (မှန်ပါ့)။

ပြီးတော့ အရေးကြီးတယ်ဆိုလို့ ရှိရင်၊ နားမလည် လို့ရှိရင် ဖြုတ်ဖြုတ်ပြီး သကာလ သားတွေပြ၊ သမီးတွေပြ၊ ကိုယ်တိုင်ရှင်းအောင် လုပ်ပြီး သကာလ ဪ ဘယ်နေရာ ကနေ ဝိပဿနာအလုပ်နဲ့ ဖြတ်ရပါလိမ့်မတုံး ဆိုတာကိုလဲ စာရွက်ကြီး ကြည့်လိုက်လို့ရှိရင်လဲ ပေါ်လာပါလိမ့်မယ်။ (မှန်ပါ့)။

ပြီးတော့ ဘုန်းကြီးကလဲ ဒီစာရွက်ကို ဒကာ ဒကာမ တွေ နေ့တိုင်းလိုလိုပဲ ကြည့်ရှုပြီးတော့ ရှိတဲ့ပုဂ္ဂိုလ်လဲ ဆောင်ပြီး လာခဲ့ကြတာပေါ့ (မှန်ပါ့)၊ ဒါ မလည်မချင်း ဒီဥစ္စာကြီးကို ဒကာ ဒကာမတို့ အလုပ်နဲ့တကွ ဖြတ်ပြရမှာပဲ။ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာကြီးကလဲ သူလဲ ဒုက္ခဝဋ်ကျွတ် ချင်လို့။ (မှန်လှပါ)၊ အားလုံးသော မိတ်ဆွေ သင်္ဂဟ တွေကိုလဲ ဒုက္ခဝဋ်မှ ကျွတ်စေချင်တဲ့ဆန္ဒရှိသောကြောင့် တစ်အိမ်တစ်ရွက်ကျဖြင့်လဲ မရ မရှိစေချင်ဘူး။ (မှန်ပါ့)၊ ပိုနေလို့ရှိရင်လဲ မကောင်းဘူး။ (မှန်ပါ့)။

အဲဒါကြောင့် ဘုရားလုပ်ပြီး သကာလ ကိုးကွယ်ရမှာ ဖြစ်ပြီး သကာလ နေတယ်၊ ကိုယ်ကိုယ်တိုင်လဲ သံသရာ ခရီးကြီးကို ဒါကြည့်ပြီး သကာလ ဖြတ်လမ်းထွင်ရမှာ ဖြစ်လေ သောကြောင့်တဲ့၊ ဒကာ ဒကာမတွေသည် ဒီ ဒကာကြီးအား သူလဲ ဝဋ်ကျွတ်ပါစေသတည်း၊ မိမိတို့လဲ အလှူခံပုဂ္ဂိုလ်တွေလဲ ဝဋ်ကျွတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို၏ ဆိုပြီး၊ ဒုက္ခဝဋ်မှ ကျွတ်တာရည်မှန်းပြီး ဒကာကြီး ဦးမာဒင် ကလဲ လှူပါ။ (မှန်ပါ့)။

အားလုံးသော ဒကာ ဒကာမတွေကလဲ ဒုက္ခဝဋ်မှ ကျွတ်ပါစေဆိုတဲ့ မေတ္တာလဲပို့ပြီး ကိုယ်လဲ ကျွတ်ရပါစေ အလှူပေးပုဂ္ဂိုလ်လဲ ကျွတ်ပါစေဆိုတဲ့ စိတ်ထားနဲ့ ဒကာ ဒကာမတွေ တစ်အိမ်လျှင် တစ်ရွက်ကျ အလှူခံကြပါ ဆိုတာ ဘုန်းကြီးက ဒီကနေပြီး သကာလ ပြောပါတယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် တစ်ခုပဲ တရားဟောတာ ဒကာ ဒကာမတွေ ဝေပါ။ (မှန်ပါ့)၊ နည်းနည်းတော့ စောပါသေးတယ်။

တရားနာလာကြတဲ့ ဒကာ ဒကာမတွေ ဒီစာရွက် ကိုလဲ ကြည့်နိုင်တယ်၊ ဆရာဘုန်းကြီးပြတဲ့ ပုံသဏ္ဌာန် ကိုလဲ ကြည့်နိုင်ပါတယ်။ (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဒကာ ဒကာမတွေ၏အစ၊ ဘုန်းကြီးတို့၏အစကို ရှာမတွေ့ဘူးတဲ့။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သံသရာ ဘယ်လောက်ရှည် တယ်ဆိုတာ သိကြပါပြီ။ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတွေ၏ အစ မင်းဟာ ဒီဘဝက လူ၊ ဟိုဘက် ဘဝက ဘာဖြစ်ခဲ့တယ်၊ ညာဖြစ်ခဲ့တယ်နဲ့ နောက်ဆုတ် တွေးသွားလို့ရှိရင်ဖြင့် တွေးလို့ကို မဆုံးနိုင်ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ခန္ဓာအစဉ်သေခဲ့ရတာ ဘယ်လောက် များတယ် ဆိုတာ သိကြပါပြီ။ (မှန်ပါ့)။

ခန္ဓာအစရှာမတွေ့တာ ဘာ့ကြောင့်တုံး

ဟာ.. မင်း ဒီဘဝ ရောက်လာတယ်၊ ဒီဘဝက နောက်ဆုတ် နောက်ဆုတ် သေတဲ့ ဘဝတွေပါ၊ ဘုရား ဖြစ်တဲ့နေ့ကတွေး၊ ပရိနိဗ္ဗာန်စံသည့် တိုင်အောင်တွေး၊ တစ်ယောက်တည်း၏ ကိစ္စဟာ မကုန်တော့ပါဘူး။ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဒါဖြင့် ခန္ဓာအသေပေါင်းဖြင့် ထပ်နေပြီဆိုတဲ့ဥစ္စာ ထင်ရှားပါတယ်။ (ထင်ရှားပါတယ် ဘုရား)။

ဒီအသေပေါင်းထပ်နေတဲ့ဥစ္စာသည် ဘာ့ကြောင့်တုံး လို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ခါတိုင်း ဟောနေကျအတိုင်း အဝိဇ္ဇာတဏှာ ကြောင့်ပဲလို့ မှတ်လိုက် စမ်းပါ။ (မှန်ပါ့)၊ အဝိဇ္ဇာတဏှာကြောင့် အသေထပ်နေ ရတယ်ဆိုတာ သဘောကျ လောက်ပါပြီ။ (ကျပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက

“အနမတဂ္ဂါယံ ဘိက္ခဝေ သံသာရော

ပုဗ္ဗကောဋိ နပညာယတိ အဝိဇ္ဇာနီဝရဏာနံ

သတ္တာနံ တဏှာ သံယောဇနနာနံ

သန္ဓာဝတံ သံသရတံ”

လို့ သံယုတ်ပါဠိတော်မှာလဲ ဟောတော်မူတယ်။ (မှန်ပါ့)။

ဘိက္ခဝေ=ငါ၏ချစ်သား တပည့်များတို့၊ အယံ သံသာရော=မင်းတို့၏ ခန္ဓာအစဉ်ကြီးသည်၊ အနမတဂ္ဂေါ=မသိ စေအပ်သော အစရှိ၏။ ဒကာ ဒကာမတွေ၏ ခန္ဓာအစ ရှာမတွေ့ဘူးတဲ့။ (မှန်ပါ့)၊ ခန္ဓာအစရှာမတွေ့တာသည် ဘယ့်နှယ်ကြောင့် မတွေ့ပါလိမ့်မတုံးလို့ ဆိုလို့ရှိရင် များလွန်းလို့။ (မှန်ပါ့)။

ဒကာ ဒကာမတွေ များတယ်ဆိုကတည်းကိုက မျက်ရည်မကျရတဲ့ဘဝ ရှိပါ့မလား။ (မရှိပါ ဘုရား)၊ မသေရတဲ့ဘဝ (မရှိပါ ဘုရား)။

အဲဒါလောက်တောင် ရှည်ခဲ့ပါတယ်တဲ့၊ အစကို ရှာမတွေ့ဘူးတဲ့။ (မှန်ပါ့)။

ပုဗ္ဗာကောဋိ =ရှေ့အစွန်းသည် (ဝါ)အစသည်၊ နပညာယတိ =သဗ္ဗညုတဉာဏ်နဲ့ တွေ့ငြား သော်လဲ မထင်ဘူးပေါ့ တဲ့။ (မှန်ပါ ဘုရား)၊ ဒကာ ဒကာမတို့ ဘယ်လောက် အသေများခဲ့တယ် ဆိုတာဖြင့် ပြောဖို့ရာ လိုသေးသလား။ (မလိုပါ ဘုရား)။

အဲဒါကို ဒီအသေတွေကိုသာ ငါလျှောက်ပြီး သကာ လ မင်းသည် ဘယ်ဘဝက ဘယ်လိုဖြစ်ပြီး ဘယ်လို သေခဲ့တယ်၊ နောက်ဆုတ်-နောက်ဆုတ်နဲ တွေးလို့ရှိရင် ဘုရားဖြစ်တဲ့နေ့က ဟော ဦးလှဘူး တစ်ယောက်၏ ဖြစ် စဉ်ဟာ ဘုရားပရိနိဗ္ဗာန် စံသည့်တိုင်အောင် ဟောလဲ မပြီးသေးဘူးတဲ့။ (မှန်ပါ့)၊ ဘယ်လောက်ရှည်တယ် ဆိုတာတော့ ဒကာ ဒကာမတွေ ပြောဖို့ လိုသေးသလား။ (မလိုပါ ဘုရား)။

ခန္ဓာလုပ်တဲ့လက်သည် ဘယ်သူတုံး

အဲဒီတော့ခန္ဓာတွေ လျှောက်ဖြတ် နေလို့ ရှိရင် – အတော်ပဲ မရနိုင်တဲ့ အခြေအနေတွေ ရောက်နေ သောကြောင့် ဒကာ ဒကာမတို့ ခန္ဓာလုပ်တဲ့လက်သည်ကို ဖြတ်ကြစို့ဆိုတော့ (မှန်ပါ့)၊ ဘာဖြတ် ကြမယ်။ (ခန္ဓာလုပ်တဲ့ လက်သည် ဖြတ်ရပါမယ် ဘုရား)။

ခန္ဓာ လုပ်တဲ့လက်သည် ဖြတ်ကြပါစို့ဆိုတဲ့ဥစ္စာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခန္ဓာတော့ အစရှာ မတွေ့ဘူးကွာ၊ ခန္ဓာလက်သည်တော့ တွေ့တယ်ပေါ့တဲ့။ (မှန်ပါ့)။

ခန္ဓာကိုတော့ (အစရှာမတွေ့ပါ ဘုရား)၊ ခန္ဓာ၏ လက်သည်တော့ (တွေ့ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ လက်သည်၏ မူလဘူတကို ဒကာကြွယ် တွေ့လိုက်မယ် ဆိုလို့ရှိရင်ဖြင့် ကျုပ် တို့ ခင်ဗျားတို့သည် အိုဇာတ်သိမ်း၊ နာဇာတ်သိမ်း၊ သေ ဇာတ်သိမ်းပေါ့ဗျာ။ (မှန်ပါ့)၊ မသိမ်းပါနဲ့ ဆိုလို့ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာ၏အစ အဝိဇ္ဇာ တဏှာကလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

အဲဒါ အလယ်မှာပါတယ်၊ ဒကာ ဒကာမတွေ စာရွက်အလယ်မှာပါတယ်။ (မှန်ပါ့)၊ အလယ်မှာ ပါပါတယ်တဲ့၊ ဪ သတ္တဝါအစ အဝိဇ္ဇာတဏှာကလို့သာ မှတ်လိုက် (မှန်ပါ့)၊ ရှင်းကြပြီ။ (ရှင်းပါပြီ ဘုရား)။

သတ္တဝါအစ (အဝိဇ္ဇာတဏှာကပါ)၊ အဝိဇ္ဇာတဏှာ ကလို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် အဝိဇ္ဇာတဏှာက ဘာတွေလုပ်ပါလိမ့် မတုံးဆိုတော့ ဒကာ ဒကာမတွေ စဉ်းစား ကြည့်ပါတဲ့။ ဒီမှာဘက်က အဝိဇ္ဇာ၊ ဒီဘက်က တဏှာထားပါနော်။ (မှန်ပါ့)၊ အဝိဇ္ဇာဆိုတာက ဒကာ ဒကာမတို့ သစ္စာလေး ပါး မသိတာ အဝိဇ္ဇာလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

အဝိဇ္ဇာဆိုတာ ဘာပါလိမ့်။ (သစ္စာလေးပါး မသိ တာပါ ဘုရား)။

တဏှာဆိုတာ ဘာပါလိမ့်မတုံးလို့မေးတော့ ရောက် ရာ ခင်တာက တဏှာ။ (မှန်ပါ့ ဘုရား)။

သစ္စာလေးပါး မသိတာက (အဝိဇ္ဇာပါ ဘုရား)။ ရောက်ရာမှာ ခင်တာက (တဏှာပါ ဘုရား)။

ဪ ဒါဖြင့် မသိလို့ဖြစ်လာပြန်၊ ဖြစ်တဲ့နေရာမှာ ရောက်ရာမှာ ကိုယ့်ခန္ဓာခင်၊ ကိုယ့်သားသမီး ခင်ပြီး သကာလ နေပြန်တော့ တဏှာပစ္စယာဥပါဒါနံ နဲ့ ဆက် သွားပြန်တော့လဲ ဆုံးနိုင်ပါ့မလား။ (မဆုံးနိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ၏ ဒုက္ခရေသောက်မြစ် နှစ်ခုဟာဖြင့်၊ အဲ့ဒီ ပဋိစ္စသမုပ္ပါဒ်အလယ်မှာဖြင့် အဝိဇ္ဇာ နဲ့ တဏှာပဲလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ဒကာ ဒကာမတို့ အဝိုင်းကြီး ဒီအထဲမှာ ပါ-ပါ တယ်။ (မှန်ပါ့)၊ အဲဒီဝိုင်းပြီး သကာလ အတိတ်နဲ့ စပ် လိုက်၊ ပစ္စုပ္ပန်နဲ့ ဒကာ ဒကာမတို့သိတဲ့အတိုင်းတဲ့၊ အနာဂတ်အကြောင်းနဲ့ ဆက်လိုက်။ (မှန်ပါ့)၊ တော်တော် ကြာ အနာဂတ်အကျိုးနဲ့ဆက်လိုက်ဆိုတော့ ပြတ်သေးရဲ့ လား။ (မပြတ်ပါ ဘုရား)။

ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးဖြစ်၍ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်လာတယ်။ (မှန်ပါ့)၊ ပစ္စုပ္ပန်အကျိုးထဲကမှ အနာဂတ် အကြောင်းတွေ ပေါက်ပွားလာတယ်။ (မှန်ပါ့ ဘုရား)။

အနာဂတ်အကြောင်းတွေ ပေါက်ပွားပြီးတော့မှ အနာဂတ်အကျိုး ခန္ဓာတွေ ရောက်လာတယ်။ (ရောက် ပါတယ် ဘုရား)။

ဒါဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်လှည့်နေလိုက်တာ ဒကာ ဒကာမတို့ အဆုံးပါသေးရဲ့လား။ (မပါ-ပါ ဘုရား)၊ ဒီလိုပဲ လှည့်နေ မယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အဝိုင်းပြေး သက်သက် – ဟာတဲ့ အဝိဇ္ဇာနဲ့ တဏှာ၏ လက်ချက်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

အဝိုင်းပြေး နေရတာဘာပါလိမ့်။ (အဝိဇ္ဇာနဲ့တဏှာ ၏ လက်ချက်ပါ ဘုရား)။

အဲဒီထဲမှာ ပါ်ပါတယ်၊ ဒကာ ဒကာမတို့ အဝိဇ္ဇာ ရယ်၊ သင်္ခါရရယ်၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ဥစ္စာသည် အဲဒါ အတိတ်အကြောင်း (မှန်ပါ့ ဘုရား)။

အတိတ်က ဒကာ ဒကာမတို့ မသိတဲ့အဝိဇ္ဇာ ကြောင့် ပြုချင်သလိုပြတဲ့ သင်္ခါရကုသိုလ်တွေ၊ အကုသိုလ်တွေ လုပ်ပါတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါတယ် ဘုရား)။

အဲဒီထဲမှာလဲ တဏှာ၊ ဥပါဒါန်၊ ကံတွေကလဲ တဏှာကလဲ ရောက်ရာခင်မင်လိုက်ပြန်ပြီ။ (မှန်ပါ့)၊ ခင်ပြီး စွဲလမ်းပြန်တော့ ကံတွေ အားထုတ်ပြန်တယ်။ (မှန်ပါ့ ဘုရား)။

အဲဒီ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန် ကံဆိုတဲ့ ဥစ္စာ အတိတ်အကြောင်း ငါးပါးလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့ ဘုရား)။

အဲဒီအတိတ်အကြောင်းဆို တာ နောင်ဘဝ အကြောင်း။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ အဝိုင်းကြီးမှာ ကြည့်လိုက်ရင် ပေါ်ပါတယ်။ (မှန်ပါ့)၊ ဒီအတိုင်းမှတ်ပြီး နာနေပါနော် (မှန်ပါ့ ဘုရား)။

အဲဒီအတိတ်အကြောင်းဖြစ်တဲ့ ငါးပါးမူတည်လိုက် ပြီဆိုမှဖြင့် ဒီဘဝမှာ ခင်ဗျားတို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်လာ တယ်။ (မှန်ပါ့ ဘုရား)။

ဒီဘဝ ဘာတွေပေါ်လာပါလိမ့်။ (ခန္ဓာငါးပါး ပေါ် လာပါတယ်)၊ ခန္ဓာငါးပါးဆိုတာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးဆိုတာ ဘာပါလိမ့်။ (ဝိညာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (မှန်ပါ့ ဘုရား)။

အဲဒီ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီး ပေါ်လာ တယ်။ (မှန်ပါ့)။

ဒီဒုက္ခသစ္စာဟာ အလိုလိုပေါ်သလားလို့မေးတဲ့အခါ ကျတော့မှ အတိတ်က တပည့်တော်တို့ မသိမှုအဝိဇ္ဇာ ရမ်းပြီးပြုပြင်တဲ့သင်္ခါရ (မှန်ပါ့)၊ ရောက်ရာမှာခင်နေတဲ့ တဏှာ၊ ဥပါဒါန် ကံကြောင့် (မှန်ပါ့ ဘုရား)။ ။

ဒါဖြင့် အတိတ်အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန် အကျိုး ခန္ဓာငါးပါးဆိုတဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပေါ်လာပါတယ်။ (ပေါ်လာပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီ ရ,ထားတဲ့ ခန္ဓာကြီးကိုလဲ တစ်ခါ ဒုက္ခသစ္စာလို့ မသိပြန်ဘူး။ (မသိပါ ဘုရား)။

ရထားတဲ့ ခန္ဓာကြီးကိုလဲ (ဒုက္ခသစ္စာလို့ မသိပါ ဘုရား)၊ မသိပြန်တော့ အဝိဇ္ဇာသင်္ခါရ အလုပ်-လုပ်ပြန်တာပဲ။ (လုပ်ပါတယ် ဘုရား)၊ ရောက်ရာခင်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံကော မလာပေဘူးလား။ (လာပါတယ် ဘုရား)။

အဲဒါတွေ သည်ကားလို့ ဆိုရင် အနာဂတ် အကြောင်း အတွက် ပစ္စုပ္ပန် ခန္ဓာကြီးက ပေါက်ပွား လာတယ်။ (မှန်ပါ့)၊ ပစ္စုပ္ပန် ခန္ဓာကြီးက အနာဂတ် အကြောင်းတွေ ပေါက်ပွား လာတယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

ပစ္စုပ္ပန် ခန္ဓာကြီးက ဘာတွေ ပေါက်ပွားလာပြန် သတုံး။ (အနာဂတ် အကြောင်းတွေ ပေါက်ပွား လာပါ တယ် ဘုရား)။

အနာဂတ် အကြောင်းတွေ ပေါက်ပွား လာပြန်တော့ ဒကာ ဒကာမတို့ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံတွေကြောင့် အနာဂတ် အကျိုးဖြစ်တဲ့ ကျုပ်တို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါး ကြီး ပေါ်လာတယ်။ (မှန်ပါ့ ဘုရား)။

ကိုင်းဒကာ ဒကာမတို့ စဉ်းစားကြည့်စမ်း၊ အတိတ် အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးငါးပါး မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)။

အတိတ်အကြောင်းငါးပါးကြောင့် (ပစ္စုပ္ပန်အကျိုး ငါးပါးဖြစ်ပါတယ် ဘုရား)။

ပစ္စုပ္ပန် အကျိုးငါးပါးထဲကမှ ဒကာ ဒကာမတွေ ပစ္စုပ္ပန် ခန္ဓာကြီးမသိမှု အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ သင်္ခါရတွေ မလုပ်ပေဘူးလား။ (လုပ်ပါတယ် ဘုရား)။

ဟာ- ဒါဖြင့် ပစ္စုပ္ပန်အကျိုးထဲက ဒကာ ဒကာမတို့ အနာဂတ်အကြောင်းငါးပါး ပေါက်ပွား လာတယ်။ (မှန်ပါ့)၊ အနာဂတ်အကြောင်းငါးပါး ပေါက်ပွားလာပြန်တော့ အနာ ဂတ်အကျိုးဖြစ်တဲ့ ခန္ဓာငါးပါး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ၊ ဝေဒနာ ပေါ်မပေါ် (ပေါ်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီလိုလုပ်ကြပေတော့၊ အတိတ် အကြောင်း ငါးပါးကြောင့် ပစ္စုပ္ပန် အကျိုးငါးပါး ပေါ်တယ်။ (မှန်ပါ့)၊ ပစ္စုပ္ပန်အကျိုးငါးပါးထဲကမှ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့ အနာဂတ် အကြောင်း ငါးပါး ပေါ်တယ်။ (မှန်ပါ့)။

အနာဂတ်အကြောင်းငါးပါးကို လုပ်လိုက်ပြန်တော့ အနာဂတ်အကျိုးငါးပါးက ပေါ်လာတယ်။ (ပေါ်ပါတယ်)၊ ခန္ဓာသည် ဒကာ ဒကာမတို့ လှည့်မနေဘူးလား။ (လှည့်နေပါတယ် ဘုရား)။

အဲဒီတော့ကို သေသေချာချာ စာကိုလဲ အိမ်ကျ တော့ ကြည့်၊ ဒီက တရားလဲ နားလည်အောင် နာ ဆိုတော့ အတိတ်အကြောင်း ငါးပါးသည် သမုဒယသစ္စာ (မှန်ပါ့)၊ ပစ္စုပ္ပန်ခန္ဓာကြီးက ဒုက္ခသစ္စာ (မှန်ပါ့)။

ဒီအထဲက ပေါက်ပွားလာတဲ့ အနာဂတ်အကြောင်း ငါးပါးကလဲ အနာဂတ်ဖြစ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် သမုဒယသစ္စာ (မှန်ပါ့)။

အဲဒီ သမုဒယသစ္စာကြောင့် အနာဂတ်ခန္ဓာငါးပါး မပေါ်ပေဘူးလား။ ပေါ်ပါတယ်) ဒါက ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီကိုကြည့်အတိတ် သမုဒယကြောင့် ပစ္စုပ္ပန် ဒုက္ခသစ္စာဖြစ်ပါတယ်။ (မှန်ပါ)၊ ပစ္စုပ္ပန် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာထဲက ဒုက္ခက မသိတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံတည်း ဟူသော အနာဂတ် အကြောင်းတွေ ပေါ်မလာပေဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

အဲဒီ အနာဂတ်အကြောင်းကြောင့် အနာဂတ်အကျိုး ဖြစ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားကြီး ပေါ်မလာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။

အင်း ဒါဖြင့် ဒကာ ဒကာမတို့ လှည့်ပြေးနေတယ် ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

စဉ်းစားပါဦးအတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုး ပေါ်ပါတယ်။ (မှန်ပါ့)၊ ပစ္စုပ္ပန် အကျိုးကြောင့် ပစ္စုပ္ပန်အကြောင်းကော (ပေါ်ပါတယ် ဘုရား)၊ ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ်အကျိုးကော (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ အကြောင်းဟူသရွေ့ သမုဒယ သစ္စာ (မှန်ပါ့)၊ အကျိုးဟူသရွေ့ (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် တစ်သံသရာလုံးမှာ ဒကာ ဒကာမတို့မှာ အကြောင်းသမုဒယနဲ့ အကျိုးဒုက္ခသာ လှည့်နေတယ် ဆိုတာ ဒီအဝိုင်းကြီးက ပြပါတယ်။ (မှန်ပါ့)။

တစ်သံသရာလုံးမှာ အကြောင်းသမုဒယနဲ့ (အကျိုး ဒုက္ခသာလှည့်နေပါတယ်)၊ ဘယ်မှာ မဂ်ပါသေးရဲ့လား။ နိရောဓသစ္စာ ပါသေးရဲ့လား။ (မပါ-ပါ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

အတိတ်အကြောင်းတွေကြောင့် ပစ္စုပ္ပန်အကျိုး ခန္ဓာ ငါးပါး မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။

အဲဒီ ပစ္စုပ္ပန်ခန္ဓာကြီးကို မသိမှုကြောင့် အနာဂတ် အကြောင်းငါးခု ပေါ်မလာဘူးလား (ပေါ်လာပါတယ်)၊ အနာဂတ်အကြောင်းငါးခု ပေါ်လာသောကြောင့် အနာ ဂတ်အကျိုး ခန္ဓာငါးပါး ကြီးကော (ပေါ်လာပါတယ် ဘုရား)။

အဲဒီ အနာဂတ်အကျိုး ခန္ဓာငါးပါး မသိပြန်တော့ ခုနင်က အတိတ်အကြောင်း ပြန်ဖြစ် သွားတယ်။ ဖြစ် ပါတယ်)၊ မလှည့်ပေဘူးလား။ (လှည့်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံးနေခဲ့တာ အဝိုင်းပြေး (အဝိုင်းပြေးပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

တစ်သံသရာလုံးနေခဲ့တာ ဘာပါလိမ့်။ (အဝိုင်း ပြေးပါ)၊ ဘယ်သစ္စာနဲ့ ဘယ်သစ္စာ လှည့်နေပါလိမ့်။

(သမုဒယနဲ့ ဒုက္ခသစ္စာလှည့်နေပါတယ်)၊ သမုဒယနဲ့ ဒုက္ခ သစွာ လှည့်နေတယ်ဆိုတာ သေချာပလား။ (သေချာ ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယမချုပ်သရွေ့ ဒုက္ခမသိမ်းဘူး။ (မသိမ်းပါ)၊ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သေသေချာချာပဲ ခင်ဗျားတို့ကို လှည့်ပြပါဦးမယ်နော်။ (မှန်ပါ့)၊ သေသေချာချာ ဒကာ ကြွယ်တို့ စဉ်းစားကြည့်၊ လှည့်ပြမယ်နော်။ (မှန်ပါ့)။

ပြီးတော့ကို ဒကာ ဒကာမတို့ အခုလှည့်တာကို နားလည်လို့ရှိရင်ဖြင့် ဟောဒီကနေ ထွက်သွားတာ ဒကာ ဒကာမတို့ ဒါးနိဗ္ဗာန်ပဲဆိုတာကိုလဲ ဘုန်းကြီးတို့ အစအဆုံး ဟောပါလိမ့်မယ်။ (မှန်ပါ့)။

ဒါ့ကြောင့် ကိုယ်အရုပ်ဆိုးတာသိပြီးမှ ကိုယ်ပြင် ချင်တဲ့စိတ် ပေါ်ပါလိမ့်မယ်။ (မှန်ပါ့ ဘုရား)၊ အရုပ်ဆိုးတာမှ မသိသေးတဲ့ပုဂ္ဂိုလ် ပြင်ချင်တဲ့စိတ် ပေါ်ပါ့မလား။ (မပေါ်ပါ ဘုရား)။

ဒါ့ကြောင့် ရှေးဦးစွာ ဘုရားသခင်ကိုယ်တော်မြတ် ကြီးသည် ပဋိစ္စသမုပ္ပါဒ်အကြောင်းကို အရင်ဟော လိုက် တယ်။ (မှန်ပါ့ ဘုရား)။

နောက်မှ ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်းကို အရုပ်ဆိုး တာ ပြင်ဖို့ ဟောလိုက်တယ်။ (မှန်ပါ့)၊ အဲဒါကြောင့် သေသေချာချာကြည့်ပါလို့ ဒကာ ဒကာမတွေ ပြောရ တွယ်နော်။ (မှန်ပါ့ ဘုရား) ။

လှည်းဘီးပမာ

ဒကာ ဒကာမတို့ အခု အဝိုင်းကြီးဟာ ဘီးကြီးလို့ မှတ်တဲ့။ (မှန်ပါ့)၊ လှည်းဘီးကြီးလို့ မှတ်ထားစမ်းပါ။ (မှန်ပါ့)၊ လှည်းဘီးကြီးမှာ ဒကာ ဒကာမတို့ အလယ်မှာ ပုံတောင်း (ပဒေါင်း) ဆိုတာလဲ ရှိတယ်။ (ရှိပါတယ် ဘုရား)။

ပုံတောင်းအထက်နားက ဒေါက်တွေကော မရှိဘူး လား။ (ရှိပါတယ် ဘုရား)၊ ဒေါက်တွေကို ပတ်ထားတဲ့ အကွပ်ကြီးကော (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် လှည်းဘီးကြီးမှာ အလယ်က ဘာ ပါလိမ့်။ (ပုံတောင်းပါ ဘုရား)၊ ပုံတောင်းပေါ်က ဘာတွေ ရှိပါလိမ့်။ (ဒေါက်တွေရှိပါတယ်)၊ ဒေါက်တွေအပေါ်က ဘာတွေ အုပ်ချုပ်နေသလဲ။ (အကွပ်ပါ ဘုရား)။

သေသေချာချာ မှတ်ထားပါ။ လှည်းဘီးကြီးကို လူတိုင်းမြင်ဖူးပါတယ်။ (မြင်ဖူးပါတယ်)၊ လူတိုင်းမြင်ဖူး တယ် ဆိုတာ သေချာပါပြီ။ (သေချာပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ငါတို့ ဘယ်လိုလည်တယ် ဆိုတာ သိရအောင် ဒကာ ဒကာမတို့ ဟောဒီ အဝိဇ္ဇာနဲ့ တဏှာက အလယ်က ပုံတောင်းကြီးလို့ မှတ်လိုက်ပါ။ (မှန်ပါ့)။

လှည်းဘီးမှာ အလယ်က ဘာတုံး။ (ပုံတောင်း ကြီးပါ)၊ အဝိဇ္ဇာတဏှာက ဘာပါလိမ့်။ (ပုံတောင်းကြီး ပါ)၊ ပုံတောင် အလယ်မှာ ဝင်ရိုးပေါက်လဲ ပါနေတယ်နော်။ (မှန်ပါ့)။

ကုသိုလ် အကုသိုလ်က ဒေါက်

ဒကာ ဒကာမတို့ ဝဋ်ကိုတောင့်တပြီး လှူတဲ့အလှူ။ (မှန်ပါ့)၊ သားရေး၊ သမီးရေး၊ စီးပွားရေး ကြောင့် လုပ်နေ ရတဲ့ အကုသိုလ် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါ ပြီ)၊ ရူပဘုံ-အရူပဘုံ ရောက်ချင်တဲ့ ကုသိုလ် (မှန်ပါ့)။ အဲဒီ ကုသိုလ်၊ အကုသိုလ်တွေက ဒကာ ဒကာမတွေက ဒေါက်တွေပဲ။ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကုသိုလ်၊ အကုသိုလ်တွေက ဘာပါလိမ့်။ (ဒေါက်တွေပါ ဘုရား)။

ဒါ-ပုညာဘိသင်္ခါရကလဲ ဒေါက်ပဲ။ (မှန်ပါ့)၊ သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့် မလွှဲသာလို့ လုပ်နေရတဲ့ အကုသိုလ်တွေကလဲ အကုသိုလ်ဒေါက်ပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ရူပဘုံ ရောက်ချင်တာကလဲ ဒကာ ဒကာမတို့ ဒုက္ခသစ္စာမသိလို့ ရောက်ချင်တာပဲ။ (မှန်ပါ့)၊ ဒါကလဲ ဒေါက်ပဲ။ (ဒေါက်ပါပဲ ဘုရား)။

အရူပဘုံရောက်ချင်တဲ့ စေတနာနဲ့လုပ်တဲ့ ကုသိုလ် တွေကလဲ ဒေါက်တွေပဲ။ (ဒေါက်တွေပါ ဘုရား)။ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဝိဇ္ဇာနဲ့တဏှာက ပုံတောင်း (ပဒေါင်း)

အလယ်မှာ အဝိဇ္ဇာ၊ တဏှာက ဘာနဲ့တူပါလိမ့်။ (ပုံတောင်းနဲ့တူပါတယ်)၊ ပုံတောင်းနဲ့ တူတယ်။ (မှန်ပါ့)၊ သဘောကျပြီနော်။ (ကျပါပြီ ဘုရား)။

ဒီဘက်က ဒကာ ဒကာမတို့ ဝဋ်တောင့်တပြီး လုပ်တဲ့ လူဖြစ်ချင်၊ နတ်ဖြစ်ချင်တဲ့ ကုသိုလ်တွေသည် ကားလို့ဆိုရင်ဖြင့် ပုံတောင်းပေါ် စိုက်တဲ့ ဒေါက်ပါပဲ။ (မှန်ပါ့)၊ ဝဋ်ကုသိုလ်တွေ ဟောလိုက်ပါတယ်။ (မှန်ပါ့)။

လူ့ပြည်ဖြစ်ရပါလို၏၊ နတ်ပြည်ဖြစ်ရပါလို၏ ဆို တာတွေသည် ဒကာ ဒကာမတို့ စာလို သုံးတော့ ပုညာဘိ သင်္ခါရ (မှန်ပါ့)။

သေသေချာချာ စက်ဝိုင်းလုပ်တော့မယ်ဆိုတော့ ပုံတောင်းပေါ်မှာ ထောက်တဲ့ ဒေါက်ပါပဲ။ (မှန်ပါ့)၊ သဘောကျပြီနော် (မှန်ပါ့)၊ အိမ်ကျလို့ရှိရင်လဲ ကြည့်တတ်အောင်လို့ ဒီမှာတစ်ခါတည်း သင်ပေးလိုက်ပါတယ်။ (မှန်ပါ့)။

သားရေး၊ သမီးရေး၊ စီးပွားရေးကြောင့်တဲ့ လုပ်တဲ့ ပုဂ္ဂိုလ်တွေကော မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ အဲဒါ တွေကလဲ အသိုလ်ဒေါက်တွေပဲ။ (မှန်ပါ့)၊ အပုညာဘိ သင်္ခါရဆိုတာ သူပဲ။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ တစ်ခါ ရူပဘုံ၊ အရူပဘုံမှာ ခင်ဗျား တို့ အမေမှား၊ အမှားနဲ့ တွေ့လို့ ရူပဘုံဖြစ်ချင်ပါ တယ်ဆိုတော့လဲ ရူပကုသိုလ်တွေ လုပ်လိမ့်မယ်။ (မှန်ပါ့)၊ သမထအလုပ်တွေ လုပ်မယ်။ (မှန်ပါ့)၊ အဲဒါ တွေလဲ ဒကာ ဒကာမတွေ ဒေါက်တွေပဲ။ (မှန်ပါ့)။

တစ်ခါက ရူပဘုံဆိုတဲ့ဥစ္စာလဲ နာမ်တရားချည့် ဒုက္ခ သစ္စာကြီးကိုလဲ အိုနာမ်ချည်းဖြစ်နေရင် ကောင်းတယ်။ ရုပ်ရှိရင် မကောင်းဘူးဆိုရင် နာမ်တောင့်တပြီး လုပ်တာ နဲ့ ဒီမှာ ဒေါက်တွေကော မပေါ်လာဘူးလား။ (ပေါ်လာ ပါတယ်)၊ အရူပဘုံရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်လဲ ဒေါက်တွေပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီတော့ အခုအလယ်မှာ ပုံတောင်းကြီးက အဝိဇ္ဇာ နဲ့ တဏှာ (မှန်ပါ့)၊ ပုညာဘိသင်္ခါရ ဝဋ်တောင့်တပြီး လုပ်တာကလဲဒေါက် (မှန်ပါ့)၊ အကုသိုလ်တွေလုပ်တာ လဲ (ဒေါက်ပါ ဘုရား)။

ရူပဘုံရောက်ချင်လို့ လုပ်တဲ့ကုသိုလ်တွေကော ဒေါက်ပါ ဘုရား)၊ အရူပဘုံရောက်ချင်လို့ လုပ်တဲ့ ကုသိုလ် တွေကော (ဒေါက်ပါ ဘုရား)၊ ဒေါက်ပဲဆိုတာ သေချာ ပလား။ (သေချာပါပြီ ဘုရား)။

ဇရာ မရဏကအကွပ်

ဒါဖြင့် ဒီလှည်းဘီးကြီး ဒကာ ဒကာမတို့ မြဲအောင် ဘာနဲ့ အုပ်ချုပ်ကြမတုံးလို့ မေးတဲ့ အခါကျတော့ အကွပ်နဲ့ အုပ်ချုပ်ရမယ်။ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမှာ လျှောက်ပြီး ဆက် လိုက်တာကြီးဟာ အကွပ်ကြီးလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။

ဒီအကွပ်ကြီးသည်ကားလို့ဆိုရင် ဒကာ ဒကာမ တွေ ဒေါက်တွေကို အုပ်ချုပ်ထားတယ်။ (အုပ်ချုပ်ထား ပါတယ်)၊ ဒေါက်တွေ ထွက်မပြေးအောင် (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အကွပ်ဟာ ဘာတုံးလို့မေးတဲ့အခါ ကျတော့ ဇရာ၊ မရဏအကွပ် (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဇရာ၊ မရဏအကွပ်ဆိုတော့ ဒီပုညာဘိ သင်္ခါရ လူ့ပြည်၊ နတ်ပြည် ရောက်ကြောင်း လုပ်ပြန်လဲ ဇရာ၊ မရဏမှာ လမ်းဆုံးတယ်။ (မှန်ပါ့ ဘုရား)၊ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ပြန် တော့ကော (ဇရာ၊ မရဏ လမ်းဆုံးပါတယ်)။

ရူပဘုံရောက်ကြောင်း လုပ်ပြန်တော့လဲ ဘယ်မှာ လမ်းဆုံးသလဲ (ဇရာ၊ မရဏ လမ်းဆုံးပါတယ် ဘုရား)။

အရူပဘုံရောက်ကြောင်းတွေ လုပ်ပြန်တော့ကော (ဇရာ၊ မရဏ လမ်းဆုံးပါတယ် ဘုရား)။

ဒါကြောင့် ဇရာ၊ မရဏ ပြင်ဘက်မထွက်နိုင်လို့ ဇရာ၊ မရဏသည် အကွပ်ကြီးနဲ့တူတယ်။ (မှန်ပါ့)။

အဝိဇ္ဇာနဲ့တဏှာက ဘာပါလိမ့်။ (ပုံတောင်းပါ ဘုရား)။

ဒီဘက် ဝဋ်တောင့်တပြီး လုပ်တဲ့ ကုသိုလ်တွေ (ဒေါက် တွေပါ ဘုရား)၊ ဒီက သားရေး၊ သမီးရေး၊ စီးပွားရေး ကြောင့် လုပ်ရတဲ့ အကုသိုလ်တွေ (ဒေါက်တွေပါ ဘုရား)။

ဒီဘက်က ရူပဘုံရောက်ချင်တဲ့ ကုသိုလ်တွေ (ဒေါက်တွေပါ ဘုရား)၊ ဒီဘက်က အရူပဘုံရောက်ချင်တဲ့ ကုသိုလ်တွေ (ဒေါက်တွေပါ ဘုရား)။

ရောက်သွားတော့ ဒကာ ဒကာမတွေ လူ့ဘုံရောက် လဲ ဇရာ၊ မရဏဆိုတဲ့ အိုမှု၊ သေမှု လွတ်ပါရဲ့လား။ (မလွတ်ပါ)၊ အပါယ်ဘုံ ရောက်ပြန်ကော (မလွတ်ပါ ဘုရား)၊ နတ်ပြည် ရောက်ပြန်ကော (လွတ်ပါ ဘုရား)၊ ရူပဗြဟ္မာပြည် ရောက်ပြန်ကော (မလွတ်ပါ ဘုရား)၊ အရူပ ဗြဟ္မာပြည် ရောက်ပြန်ကော (မလွတ်ပါ ဘုရား)။

ကိုင်းဒ ကာ ဒကာမတို့ ဒါအဝိုင်းကြီး ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)၊ မပေါ်လာသေးဘူးလား။ (ပေါ်လာ ပါပြီ ဘုရား)။

ကိုင်း ဒါနဲ့ ပြန်မေးပြန်တယ် ဒကာ ဒကာမတို့၊ အလယ်က ဘယ်သူပါလိမ့်ဗျာ။ (အဝိဇ္ဇာနဲ့ တဏှာပါ ဘုရား)၊ အဝိဇ္ဇာနဲ့ တဏှာ (မှန်ပါ့)၊ လောကီဥပမာအလိုတော့ ပုံတောင်းကြီး (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ပုံတောင်းပေါ်မှာ ဒေါက်ဘယ်နှစ်မျိုး စိုက်ထားသတုံး။ (လေးမျိုးစိုက်ထားပါတယ် ဘုရား)။

*ဒေါက်လေးမျိုးကို ဘယ်သူက အုပ်ချုပ်ထားပါလိမ့် မတုံး။ (ဇရာ၊ မရဏအုပ်ချုပ်ထားပါတယ် ဘုရား)၊ ဇရာ၊ မရဏအကွပ်ကြီးက အုပ်ချုပ်ထားတယ်။ (မှန်ပါ့)၊ ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။

မှတ်ချက်။ ။ပုညာဘိသင်္ခါရကို ကာမနဲရူပခွဲပြီး ယူထားသဖြင့် *ဒေါက်လေးမျိုး ဖြစ်နေသည်။

ဒါဖြင့် ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်မှာ ဝင်ရိုး လှည့်နေလိမ့်မယ်။ (မှန်ပါ့)၊ ဝဋ်တောင့်တ လုပ်တဲ့ ကုသိုလ်ကလဲ အိုဘေး၊ သေဘေးမှာဆုံးတာပဲ (မှန်ပါ့)။

ဝဋ်တောင့်တလုပ်တဲ့ ကုသိုလ်ကလဲ (အိုဘေး၊ သေဘေးမှာ ဆုံးပါတယ် ဘုရား)၊ အိုဘေး၊ သေဘေးမှာ ဆုံးပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့နေတဲ့ပုဂ္ဂိုလ်ကော (အိုဘေး၊ သေဘေးမှာ ဆုံးပါတယ် ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ရူပဘုံ ရောက်ကြောင်းလုပ်တဲ့ ပုဂ္ဂိုလ်ကော (အိုဘေး၊ နာဘေး၊ သေဘေးမှာ ဆုံးပါတယ် ဘုရား)။

မှားပြီးတော့ သမထတွေလုပ်ပြန်လို့ အရူပဘုံ ရောက်သွားပြန်တော့ ဘယ်လမ်းဆုံးသလဲ (အိုဘေး၊ နာဘေး၊ သေဘေးမှာ လမ်းဆုံးပါတယ် ဘုရား)။

ဒါ့ကြောင့် ဇရာ၊ မရဏဆိုတဲ့ အိုဘေး၊ သေဘေး ဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ လုပ်ချင်တဲ့ ကုသိုလ် တွေ ငါ-အခွန်ဆက်တာပဲ၊ ငါ့ပြင်ဘက် မင်းတို့ မထွက် နိုင်ဘူးတဲ့။ (မှန်ပါ့)၊ ဇရာ၊ မရဏ အကုန် ချုပ်ထား တယ်။ (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ချုပ်ထားပါလိမ့်။ (ဇရာ၊ မရဏက ချုပ်ထားပါတယ် ဘုရား)။

ဒါဖြင့် ဒါ ခင်ဗျားတို့ ကုသိုလ်လုပ်တဲ့ ခန္ဓာကိုယ် ပေါ့ဗျာ။ (မှန်ပါ့)၊ ဒါက အကုသိုလ်လုပ်တဲ့ ခန္ဓာကိုယ် (မှန်ပါ့)၊ ဒါက ရူပဘုံလုပ်တဲ့ ခန္ဓာကိုယ် (မှန်ပါ့)၊ ဒါက – အရူပဘုံလုပ်တဲ့ ခန္ဓာကိုယ် (မှန်ပါ့)၊ ဒီခန္ဓာကိုယ်တွေ ဘယ်မှာ လမ်းဆုံးသလဲ။ (ဇရာ၊ မရဏမှာ လမ်းဆုံးပါ တယ် ဘုရား)၊ ရှင်းပြီးနော်။ (ရှင်းပါပြီ ဘုရား)။ အဲဒါကို အဝိုင်းကြီးထဲမှာ ဒီအတိုင်းပါပါတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဪ ငါတို့သည်ကားလို့ဆိုင် ဝဋ်တောင့်တ လုပ်တဲ့ ကုသိုလ်လဲ အိုဘေး၊ သေဘေးရတာပဲ။ (မှန်ပါ့)၊ သားရေး၊ သမီးရေး အားထုတ်နေတာလဲ (အိုဘေး၊ နာဘေး၊ သေဘေးရတာပါပဲ၊ မှားပြီး သကာလ ရူပဘုံ ကြိုက်ပြီးလုပ်တဲ့ ကုသိုလ်တွေကော (အိုဘေး၊ သေဘေး ရတာပါပဲ ဘုရား)၊ မှားပြီး သကာလ အရူပဘုံရောက်တဲ့ ကုသိုလ်တွေ လုပ်ပြန်တော့ကော (အိုဘေး၊ သေဘေး ရတာပါပဲ ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ အိုဘေး၊ သေဘေး မလွတ်သရွေ့ကာလပတ်လုံး မအိုရာ၊ မသေရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်တော့များမှ ရောက်နိုင်ပါ့မလဲ။ (မရောက်နိုင်ပါ ဘုရား)၊ မရောက်နိုင်ဘူး ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

အာသဝတွေက ဝင်ရိုး

ကောင်းပြီတဲ့၊ ဒီအထဲမှာ ပုံတောင်းထဲမှာ ဒကာ သစ်တို့၊ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ဝင်ရိုး တပ်ပေး မယ်။ (မှန်ပါ့)၊ ဟိုထဲမှာ ဝင်ရိုးမပါဘူး။ (မှန်ပါ့)။

ဝင်ရိုး မပါနိုင်ဘူးတဲ့၊ စာက ရိုက်ရတာက မြားတွေ ပြရ၊ အမျိုးမျိုး အဖုံဖုံတွေ နားလည် အောင်တွေ လုပ်ရ တာနဲ့ ဝင်ရိုး မတပ်နိုင်ဘူး။ (မှန်ပါ့)၊ တရားနာတဲ့အထဲ မှာပဲ မှတ်ကြပါတော့။ (မှန်လှပါ ဘုရား)။

ဒီအထဲမှာ “အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော” ဆိုသောကြောင့် ခင်ဗျားတို့ကို မနေ့က ဟောခဲ့တဲ့ အာသဝတွေက ဝင်ရိုးကြီး မှတ်ပါ။ (မှန်ပါ့ ဘုရား)။

ဒီ ဝင်ရိုးကြီးတပ်လှည့်လိုက်လို့ရှိရင် ဒကာ ဒကာမ တို့ ဒီဘီးကြီးဟာ အောက်ရောက်လိုက်၊ အထက်ရောက် လိုက် မနေဘူးလား။ (နေပါတယ် ဘုရား)။

အောက်ရောက်လဲ အိုပွဲ၊ သေပွဲ (မှန်ပါ့)၊ အထက် ရောက်လဲ (အိုပွဲ၊ သေပွဲပါ ဘုရား)၊ ဘေးရောက်တော့ကော (အိုပွဲ၊ သေပွဲပါ ဘုရား)။

ဪ အာသဝက လှည့်လိုက်တာ၊ ပုံတောင်းကြီး ထဲ ဝင်ရိုးတပ်ပြီး လှည့်လိုက်တာ ဒကာ ဒကာမတို့၊ အထက်ရောက်လဲ အိုပွဲ၊ သေပွဲ (မှန်ပါ့)၊ ဘေးရောက် လဲ (အိုပွဲ၊ သေပွဲပါ)၊ အောက် ရောက်ပြန်လဲ (အိုပွဲ၊ သေပွဲပါ)၊ တောင်ဘက်ဘေးရောက်လဲ (အိုပွဲ၊ သေပွဲပါ)၊ မြောက်ဘက်ဘေး ရောက်လဲ (အိုပွဲ၊ သေပွဲပါ)၊ အဲဒီလို တစ်သံသရာလုံး နေခဲ့ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတို့ တစ်သံသရာလုံးဟာ ဘယ်ပွဲ ချည့် နွှဲခဲ့ရပါလိမ့်။ (အိုပွဲ၊ သေပွဲချည့် နွှဲခဲ့ရပါတယ် ဘုရား)။

အိုပွဲ၊ သေပွဲချည့် နွှဲခဲ့ရတယ်၊ ခင်ဗျားတို့လုပ်သရွေ့ ကုသိုလ် ဒီမှာ လမ်းဆုံးတယ်။ (မှန်ပါ့)၊ ဝဋ်တောင့်တ လုပ်တဲ့ ကုသိုလ် (ဒီမှာ လမ်းဆုံးပါတယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးက ဒါနပယ်တာ မဟုတ် ဘူး၊ ဝဋ်ကုသိုလ်မလုပ်နဲ့၊ ကုသိုလ်လုပ်လို့ ။ (မှန်ပါ့)၊ နိဗ္ဗာန်ရောက်ချင်လို့ လှူပါတယ်၊ တန်းပါတယ်၊ ခန္ဓာကိုယ် ကြီး ရွံမုန်းလို့ လှူပါတယ်၊ တန်းပါတယ်ဆိုရင်ဖြင့် ခန္ဓာ ကိုယ်ပေါင်ပြီးလုပ်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီတဲ့၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝင်ရိုးတပ် လှည့်လိုက်တော့ ဒီဒေါက်ကြီးတွေဟာ ဒကာ ဒကာမတို့ အောက်ရောက်၊ အထက်ရောက် မရောက်ပေဘူးလား။ (ရောက်ပါတယ် ဘုရား)၊ အောက်ရောက်လဲ ဇရာ၊ မရဏ ပြင်ဘက် ထွက်နိုင်ရဲ့လား။ (မထွက်နိုင်ပါ)၊ အထက် ရောက်ပြန်ကော (ဇရာ၊ မရဏ ပြင်ဘက် မထွက်နိုင် ပါ ဘုရား)။

ဒါဖြင့် ဒီဟာတွေ ဒကာ ဒကာမတို့ ဒီဝင်ရိုးရင်လဲ ကျိုးပါမှ (မှန်ပါ့)၊ ပုံတောင်းရင်လဲ ပြုတ်ပါမှ (မှန်ပါ့ ဘုရား)၊ နို့မဟုတ်ရင် ဒကာ ဒကာမတွေ ဒီဘီးကြီးဟာ အောက်ရောက်လိုက်၊ အထက် ရောက်လိုက်၊ ဘေးရောက် လိုက်နဲ့၊ ခင်ဗျားတို့ ဘယ်ရောက်လို့ အန္တရာယ်ကင်း သတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ။ (ဘယ်ရောက် လို့မှ မကင်းပါ ဘုရား)၊ ဘယ်ရောက်လို့မှ အန္တရာယ် မကင်းဘူး ဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။

အဲဒီဘီးကြီးဟာ ဘာတွေကို ခင်ဗျားတို့ကို လှိမ့်ပြီး ဆွဲငင်သွားပါလိမ့်မတုံးဆိုတော့ ခန္ဓာငါးပါးတွေကို ဆွဲပြီးတော့ အောက်ပို့လိုက်၊ အထက်ပို့လိုက်နဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အောက်ပို့လဲ အိုဘေး၊ သေဘေးထဲ ပို့လိုက်တာ ပဲ။ (မှန်ပါ့)၊ အထက်ပို့ပြန်ကော (အိုဘေး၊ သေဘေးထဲ ပို့ပါတယ် ဘုရား)၊ ဘေးနှစ်ချက်ပြန်ကော (အိုဘေး၊ သေဘေးထဲ ပို့တာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘီးကြီးကို ကျုပ်တို့ တစ်သံသရာလုံးကဖြင့် ဒီအတိုင်း နေခဲ့တာ အမှန်ပါပဲ။ (မှန်ပါ့ ဘုရား)။

ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီဘီးကြီး ဘယ်လိုလုပ်ရပါ့မတုံး၊ ဒီအဝိုင်းကြီး ဘယ်လိုလုပ် လုပ်ရ ပါ့မတုံးလို့ဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ်လာတယ်။ (ပေါ်လာ ပါတယ် ဘုရား)။

အဲဒါဖြင့် ပုံတောင်းပျက်သာလျှင် ဒကာ ဒကာမ တို့ ဝင်ရိုးကျိုး၊ ပုံတောင်းပျက်မှသာလျှင် ဒေါက်တွေ ဗလာချာသွားပြီး အိုဘေး၊ သေဘေးဆိုတဲ့ အကွပ်ကြီးဟာ ပြုတ်ကျသွားမယ်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝင်ရိုးရင်လဲ ကျိုးပါမှ (မှန်ပါ့)၊ ပုံတောင်းရင် လဲ (ကျိုးပါမှပါ ဘုရား)၊ ဒီနှစ်ခုဟာ လိုရင်းပဲ။ (မှန်ပါ့)၊ ဒါဖြင့် ဒီနှစ်ခုကို ဘုန်းကြီးတို့ကို ချိုးပေးရလိမ့်မယ်။ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပုံတောင်းကို ပြောကြပါစို့ ဆိုတော့ ပုံတောင်းက အဝိဇ္ဇာနဲ့တဏှာ (မှန်ပါ့)၊ ဝင်ရိုးက – အာသဝ (မှန်ပါ့)၊ အာသဝဝင်ရိုးနဲ့ အဝိဇ္ဇာနဲ့တဏှာ ပုံတောင်းကြီး လှည့်လိုက်တာ ဒကာ ဒကာမတို့ အောက်ရောက်သေလိုက်၊ အထက်ရောက် သေလိုက် (မှန်ပါ့ ဘုရား)။

အပေါ်ရောက်ကော (သေပါတယ်၊) ဘာပွဲချည့် နွှဲရ ပါလိမ့်။ (အိုပွဲ၊ သေပွဲချည့် နွှဲရပါတယ် ဘုရား)။

သိ၊ ကြား၊ လိမ္မာရှိတဲ့ဘဝမှာ ကုသိုလ်ကလေး လုပ်လိုက်ပြန်တော့လဲ ဒီထက်ချမ်းသာတဲ့ လူ့ပြည်။ နတ်ပြည်ရောက်ကြောင်း၊ လုပ်လိုက်ပြန်တော့လဲ အိုဘေး၊ သေဘေးနဲ့ သွားတွေ့တယ်။ (မှန်ပါ့)။

မိဘရိုးရာအတိုင်း သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ပေးနေပြန်တော့လဲ အိုဘေး၊ သေဘေး လာတယ်။ (မှန်ပါ့ ဘုရား)။

ဟာဆရာမှားတွေ ကြောင့် ရူပဗြဟ္မာဖြစ်ကြောင်း လုပ်လိုက်မယ်ဆိုပြန်တော့လဲ ဘာတွေ့ ပြန်သတုံး။ (အိုဘေး၊ သေဘေး တွေ့ပါတယ် ဘုရား)။

ဟာအရူပဗြဟ္မာဖြစ်ကြောင်း၊ နတ်ဖြစ်ကြောင်း လုပ်လိုက်မယ်ဆိုပြန်တော့ကော (အိုဘေး၊ သေဘေးနဲ့ တွေ့ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ ကျုပ်တို့ တစ်သံသရာ လုံးမှာ ဗြဟ္မာလဲဖြစ်ခဲ့ပါပြီ။ (မှန်ပါ့)၊ နတ်တွေလဲ ဖြစ်ခဲ့ ပါပြီ ဘုရား)။

အပါယ်ကောင်ကြီးတွေကော (ဖြစ်ခဲ့ပါပြီ၊ ဘယ်သူ လှည့်လိုက်ပါလိမ့်ဗျာ။ (ဝင်ရိုးက လှည့်ပါတယ် ဘုရား)။

အာသဝထည့်ပါဦး၊ သေသေချာချာမှတ်ပါ။ အာသဝ ဝင်ရိုးက တပ်လှည့်လိုက်တယ်။ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်သူက လှည့်သလဲ။ (အာသဝ ဝင်ရိုးက တပ်လှည့်ပါတယ် ဘုရား)။

အာသဝ ဝင်ရိုးက တပ်လှည့်တော့ ပုံတောင်းကြီးက ဒကာသစ်ရေ လည်ရတာပဲ။ (မှန်ပါ့)၊ ဦးမာဒင် သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့်ကျုပ်တို့မှာ စုန်ချည်၊ ဆန်ချည်လား၊ အဝိုင်းကြီး လှည့်ပြီး အိုဘေး၊ သေဘေးတွေနဲ့ ပြေးနေရ တာလား။ (အဝိုင်းကြီးလှည့်ပြီး အိုဘေး၊ သေဘေးတွေ နဲ့ ပြေးနေရတာပါ)၊ စုန်ချည်၊ ဆန်ချည်တောင် မဟုတ် ဘူး။ သူ့ဟာက (မှန်ပါ့)။

အဝိုင်းပြေးပြီး သကာလ အိုဘေး၊ သေဘေးတွေနဲ့ နေရတယ်။ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့်ဒကာ ဒကာမတို့ ဒီဥစ္စာဒီစက်ဝိုင်းကြီးသည် ကျုပ်တို့၏ သံဝေဂရဖို့ပါပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒီစက်ဝိုင်းကြီးထဲ ကြည့်လိုက်တော့လဲ ဒကာသစ် ရေ သမုဒယသစ္စာနဲ့ ဘာတုံး။ (ဒုက္ခသစ္စာပါပဲ၊) ဒါပဲ ပါတယ်။ (မှန်ပါ့ ဘုရား)၊ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ မပါနိုင်ဘူး။ (မှန်လှပါ ဘုရား)။

ဘာပါနိုင်ပါလိမ့်မလဲ မဂ္ဂသစ္စာက ဝင်ရိုးချိုးရ မှာ။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

မဂ္ဂသစ္စာက (ဝင်ရိုးချိုးရမှာပါ ဘုရား)၊ ဝင်ရိုးချိုး မှာဖြစ်လေတော့ ခင်ဗျားတို့က ဝင်ရိုးချိုးနည်း နိဿရည်း ကို ရမှ မရဘဲ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေ) ချာချာ ဒီတရားကိုဖြင့် တို့ဘယ်ကနေဖြတ်ပြီး ဘယ်က နေ လုပ်မှ တော်မယ် ဆိုတဲ့ ဥစ္စာကိုဖြင့် အခု ဘုန်းကြီး နောက်ဆုံးပိတ် တောင်းပန်တဲ့ဥစ္စာက ဝဋ်ကို တောင့်တ လုပ်တဲ့ ကုသိုလ်ကို မလုပ်ပါနဲ့။ (မှန်ပါ့)။

ဘာတဲ့တုံး။ (ဝဋ်တောတလုပ်တဲ့ ကုသိုလ် မလုပ် ရပါ)၊ လူ့ပြည်နတ်ပြည်၊ ဗြဟ္မာပြည် ရောက်ရုံလောက် ကုသိုလ် ကို မလုပ်ပါနဲ့။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ရောက်တဲ့ ကုသိုလ် (မလုပ်ပါနဲ့)၊ ဘာဖြစ်လို့တုံးဆိုတော့ လူ့ပြည်၊ နတ်ပြည်ရောက်တဲ့ ကုသိုလ်သည် ဟောဒီမှာ ဒကာ ဒကာမတို့၊ အိုဘေး၊ သေဘေးမှာ လမ်းဆုံးတယ်။ (မှန်ပါ့)။

ခင်ဗျားတို့ပြုတဲ့ ဒါနသည် အိုချင်၊ သေချင်လို့ လုပ်တာလား၊ အအို၊ အသေလွတ်အောင် လုပ်တာလား။ (အအို၊ အသေလွတ်အောင်လို့ လုပ်တာပါ ဘုရား)။

သို့သော်ခင်ဗျားတို့ ဒီဥစ္စာ တဏှာဆိုတဲ့၊ လည် တတ်တဲ့ လမ်းကြီးက ခြယ်လှယ်ပြီးနေတဲ့ အတွက်၊ မချုပ် တဲ့အတွက်ပေါ့ဗျာ။ (မှန်ပါ့)။

ခင်ဗျားတို့ ပြုလုပ်တဲ့ ကုသိုလ်ဟာ အဝိဇ္ဇာတဏှာ၏ လက်အောက် ဖြစ်သွားတယ်။ (ဖြစ်ပါတယ်)၊ အဝိဇ္ဇာ တဏှာ လက်အောက်ဖြစ်သွားတော့ အိုဘေး၊ သေဘေးပဲ ရတယ်။ (မှန်ပါ့ ဘုရား)။

ကြည့် အလည်ပုံတောင်းကြီး လက်အောက်မှာ ဒီဒေါက်က စိုက်မနေရဘူးလား။ (စိုက်ရပါတယ်)၊ ဒီ အကွပ်မှာ လမ်းမဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတဏှာလက်အောက်မှ သူတို့ စီမံ သလိုပြုတဲ့ ကုသိုလ်သည် အိုဘေး၊ သေဘေးမှာ လမ်း ဆုံးတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာတဏှာ လက်အောက်မှာရှိတဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးလုပ်တဲ့ အကုသိုလ်သည် ဘယ်လမ်း ဆုံးသလဲ။ (အိုဘေး၊ သေဘေးမှာ လမ်းဆုံးပါတယ် ဘုရား)။

ဆရာမှားနဲ့တွေ့လို့ ရူပဗြဟ္မာပြည်ရောက်အောင် လုပ်တဲ့ ကုသိုလ်သည်ကားလို့ ဆိုရင်လဲ ဒီပုံတောင်းပေါ်မှာ လာစိုက်ရတဲ့အတွက် ဘယ်မှာလမ်းဆုံးသလဲ။ (အိုဘေး၊ သေဘေးမှာ လမ်းဆုံး ပါတယ် ဘုရား)။

ဆရာမှားနဲ့ တွေ့တာနဲ့ အရူပဗြဟ္မာပြည်၊ နတ်ချည့် ဖြစ်ချင်တဲ့ ဗြဟ္မာပြည်ရောက်ကြောင်း လုပ်လိုက်တဲ့ ယောဂီ ဟာလဲ ဒကာ ဒကာမတို့ ဘယ်မှာ လမ်းဆုံးသလဲ။ (အိုဘေး၊ သေဘေးမှာ လမ်းဆုံးပါတယ် ဘုရား)။

အဝိဇ္ဇာ ပေါ်မှာ ဒေါက်လာစိုက်တယ်။ (မှန်ပါ့)။ အဝိဇ္ဇာတဏှာပေါ်မှာ ဒေါက်ကလာပြီး စိုက်နေတယ်။ (မှန်ပါ)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

အဲဒီတော့ အကွပ်ပြင်ဘက် သွားနိုင်သေးရဲ့လား။ (မသွားနိုင်ပါ ဘုရား)၊ အကွပ်ပြင်ဘက် မသွားနိုင်ကတည်း က အကွပ်သည် အိုဘေး၊ သေဘေးပဲ။ (မှန်ပါ့)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သည် တစ်သံသရာလုံး လုပ်ခဲ့သရွေ့ သေပွဲနွှဲဖို့ချည့် လုပ်ခဲ့ရတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဆင်းရဲပွဲနဲ့ သေပွဲချည့် လုပ်ခဲ့ရတယ် (မှန်ပါ့ ဘုရား)။

တစ်သံသရာလုံး ဘယ်အတွက် လုပ်ခဲ့ရသလဲ။ (သေပွဲချည့် လုပ်ခဲ့ရပါတယ် ဘုရား)၊ ဒါဖြင့် ခဲလေသမျှ သဲရေကျပဲ။ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ဘယ့်နှယ်ဖြစ်သတုံး။ (ခဲလေသမျှ သဲရေကျ ဖြစ်ကုန်ပါတယ် ဘုရား)။

ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ဒီ ပုံ တောင်းကြီးကိုလဲ ဒကာ ဒကာမတွေက မဖျက်ဆီးနိုင် – တော့ ဝင်ရိုးက ထင်သလို လှည့်တယ်။ (မှန်ပါ့)။

လှည့်လိုက်တဲ့အခါကျတော့ အိုပွဲ၊ သေပွဲ၊ တစ်ခါ တလေ နတ်ပြည်မှာ သေပွဲ၊ တစ်ခါတလေ အပါယ်လေးပါးမှာ သေပွဲ။ (မှန်လှပါ ဘုရား)၊ အာသဝက လှည့် လိုက်တာ။ (လှည့်ပါတယ် ဘုရား)။

တစ်ခါတလေကျတော့ ရူပဘုံသွားပြီး မသာကြီး မဖြစ်ရဘူးလား။ (ဖြစ်ရပါတယ်)၊ တစ်ခါတလေ အရူပ ဘုံ သွားပြီး (မသာကြီးဖြစ်ပါတယ် ဘုရား)။

တစ်ခါတလေ နတ်ပြည်သွားပြီး (မသာကြီးဖြစ်ရ ပါတယ်)၊ တစ်ခါတလေ အပါယ်လေးပါး သွားပြီး (မသာကြီး ဖြစ်ရပါတယ် ဘုရား)။

အင်း ဘယ်သူ လှည့်လိုက်ပါလိမ့်ဗျာ။ (အာသဝ လှည့်လိုက်တာပါ ဘုရား)၊ အာသဝဝင်ရိုးက ပုံတောင်း လှည့်လိုက်တယ်။ (မှန်ပါ့ ဘုရား)၊ ပုံတောင်လှည့်လိုက် တော့ အတည်နေနိုင်သေးရဲ့လား။ (မနေနိုင်ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ ဘယ်လိုများ ကျုပ်တို့ နောက်တုန်းက နေခဲ့ရပါလိမ့်မတုံး ဆိုတော့ အောက်ရောက်၊ အထက်ရောက်နဲ့ သေပွဲချည့်ပဲဘုရား (မှန်ပါ့)၊ ရှင်း ပလား။ (ရှင်းပါပြီ ဘုရား)။

ဘယ်လိုများ နေခဲ့၊ ထိုင်ခဲ့ရပါလိမ့်။ (အောက် ရောက်၊ အထက်ရောက်ခဲ့ သေပွဲချည့်ပါ ဘုရား)။

တပည့်တော်တို့ အသေနဲ့သာ နေခဲ့ရပါတယ် ဘုရား၊ အသေလွတ်ဖြင့် မတွေ့ခဲ့ပါဘူး။ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ်။ (အသေခဲ့သော နေခဲ့ရပါ တယ်၊ အသေလွတ် မတွေ့ခဲ့ရပါ ဘုရား)။

ပြုလိုက်တဲ့ ကုသိုလ်တွေလဲ နည်းတာမဟုတ် ဘူး။ (မနည်းပါ ဘုရား)၊ အဝိဇ္ဇာလက်အောက်မှာ လုပ်တဲ့ ကုသိုလ် ဖြစ်လေသောကြောင့်က ဒကာ ဒကာမတို့ အိုပွဲ၊ သေပွဲရတယ်။ (ရပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်း ပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတဏှာမချုပ်သရွေ့ကာလပတ်လုံး ဒီဒေါက်တွေနဲ့တူတဲ့ ကုသိုလ် အကုလိုလ်တွေဟာ ဒကာ ဒကာမတို့ ဘယ်လွင့်သွားပါ့မလဲ။ (မလွင့်ပါ ဘုရား)၊

ဘယ်လွင့်မလဲ၊ ဟောဒီအကွပ်က ချုပ်ထားတယ်။ (မှန်ပါ့ ဘုရား)၊ မင်းတို့ ပြုတဲ့ကုသိုလ် မင်းတို့ ဟောဒီ အသေကျအောင်တော့ ငါသည် ရွက်ဆောင်ရဦးတော့ မှာပဲဆိုပြီး အကွပ်က ချုပ်ထားတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဖြစ်စဉ်က ဖြင့် ဒကာကြွယ်ရေ ကိုယ်ကျိုးနည်းပြီး (နည်းပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းတာ သိကြ ပလား။ (သိပါပြီ ဘုရား)၊ အဲဒီအဝိုင်းကြီးကို ကြပ်ကြပ် ကြည့်ပါ။ (မှန်ပါ့ ဘုရား)၊ အဝိုင်းကြီးကို ကြည့်လိုက် လို့ရှိရင် အလယ်မှာ အဝိဇ္ဇာတဏှာ တွေ့လိမ့်မယ်။ (တွေ့ပါတယ် ဘုရား)၊ သဘောကျပြီ။ (ကျပါပြီ ဘုရား)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုပဲ အောက် သေလိုက်၊ အထက်သေလိုက် ဟုတ်လား။ (မှန်လှပါ ဘုရား)။

ကျုပ်တို့သည် သေတာတောင် နေရာမရွေးနိုင် ဘူး။ (မှန်ပါ့)၊ တစ်နေရာတည်းသေပါရစေလို့ ဒကာကြွယ် ဆုတောင်းလို့ရရဲ့လား (မရပါ ဘုရား)၊ အာသဝ ဝင်ရိုးလှည့်ရာမှာ သွားသေတာပဲ။ (မှန်ပါ့)။

ဘယ်သွားသေရပါလိမ့်။ (အာသဝ ဝင်ရိုးလှည့်ရာ သွားသေရပါတယ် ဘုရား)၊ ဪ ကြောက်စရာ ကြီးပါလား။ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်များ သွားသေကြလဲ။ (အာသဝ ဝင်ရိုးလှည့်ရာ သွားသေရပါတယ် ဘုရား)၊ တစ်ခါ တလေ တိရစ္ဆာန်ဘုံမှာ၊ မသာဖြစ်ရတယ်။ (မှန်ပါ့)၊ ဟ ဘယ်သူ လှည့်လိုက်ပါလိမ့်။ (အာသဝ ဝင်ရိုးလှည့်လိုက် ပါတယ် ဘုရား)။

တစ်ခါတလေ နတ်ပြည်သွားဖြစ်ရတယ်။ (မှန်ပါ့)၊ ဟဘာဖြစ်တာပါလိမ့်။ (အာသဝ ဝင်ရိုးလှည့်တာပါ ဘုရား)၊ အာသဝ ဝင်ရိုးလှည့်ပြီး တင်လိုက်တာနဲ့ သွားပြီး သေရတယ်။ (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့ အရူပဘုံသွားပြီး သေရ တယ်။ (မှန်ပါ့)၊ ဘယ်သူလှည့်လိုက်ပါလိမ့်။ (အာသဝ ဝင်ရိုး လှည့်လိုက်တာပါ ဘုရား)။

တစ်ခါတလေကျတော့ ရူပဗြဟ္မာပြည်မှာ ရုပ်ချည့် ဖြစ်တဲ့ ပြည်များ သွားပြီး သေလိုက်ရတယ် (မှန်ပါ့)၊ ဘယ်သူ လှည့်လိုက်ပြန်ပါလိမ့်။ (အာသဝ ဝင်ရိုး လှည့်လိုက်တယ် ဘုရား)။

အင်း လွတ်အောင် ရုန်းပါတော့လား ဆိုတော့ အကွပ်နဲ့တူတဲ့ အိုဘေး၊ သေဘေးက ချုပ်ထားတယ် – ဘုရာ့။ (မှန်ပါ့)၊ သူတို့ကို မပြေးနိုင်ဘူး။ (မှန်ပါ့)၊

အကွပ်ကြီးက ချုပ်မထားဘူးလား။ (ချုပ်ထားပါတယ် ဘုရား)။

အဝိဇ္ဇာ တဏှာဆိုတဲ့ ပုံတောင်းကြီးပေါ်လဲ ကျုပ် တို့ ပြုထားတဲ့ အကုသိုလ်တွေက ဆက်မနေဘူးလား။ (ဆက်နေပါတယ် ဘုရား)။

အဲဒီ ကုသိုလ်ပြုတဲ့ ခန္ဓာအလယ်နှစ်ခု ဒီအလယ် နှစ်ခု၊ ဒီအလယ်နှစ်ခုဟာ ကုသိုလ်ခန္ဓာ၊ ကုသိုလ်ပြုတဲ့ ခန္ဓာတွေသာ မှတ်လိုက်စမ်း (မှန်ပါ့)။

ဒါဖြင့် ခန္ဓာစက်မလည်လား။ (လည်ပါတယ် ဘုရား)၊ ဘာနဲ့ လည်သတုံးလို့ မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ အသေလည်တာ။ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်။ (အသေလည်တာပါ ဘုရား)၊ အသေလည်တယ်ဆိုတာဖြင့် သေသေချာချာ ရှင်းကြ ပါတယ်။ (ရှင်းပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ နောက်ထပ် လည်ချင်သေး သလား (မလည်ချင်ပါ ဘုရား)၊ ဟုတ်ကဲ့လား။ (ဟုတ် ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သေသေချာချာနားထောင်ပါ။ ဆရာဘုန်းကြီးသည်တဲ့ အင်မတန် အရင်းထားပြီး သကာလ ဒကာ ဒကာမတို့ အင်မတန်သနားလို့ ပြောတယ်နော်။ (မှန်ပါ့ ဘုရား)။

အင်မတန်သနားလို့ပြောတော့ ဒကာ ဒကာမတို့ ဒီဘီးကြီးတော့ဖြင့် မလည်ကြပါနဲ့တော့ (မှန်ပါ့)၊ ဒီ ဒေါက်တွေကော ဖြစ်ချင်သေးသလား။ (မဖြစ်ချင်ပါ ဘုရား)၊ ဒီဒေါက်တွေလဲ မလုပ်နဲ့ (မှန်ပါ့)။

အကုသိုလ်လဲ မလုပ်နဲ့၊ ဝဋ်တောင့်တဲ့ ကုသိုလ် ကံတွေကော (မလုပ်ရပါ ဘုရား)၊ အရူပဗြဟ္မာပြည် ရောက်ကြောင်း ကုသိုလ်တွေကော (မလုပ်ရပါ ဘုရား)၊ ရူပ ဗြဟ္မာပြည် ရောက်ကြောင်း ဖြစ်တဲ့ ကုသိုလ်တွေကော (မလုပ်ရပါ ဘုရား)။

ဘာဖြစ်လို့မလုပ်နဲ့လို့ ဆရာဘုန်းကြီးကန့်ကွက်ပါ လိမ့်မတုံးဆိုတော့အိုဘေး၊ သေဘေး ဆိုတဲ့အကွပ်ပြင်ဘက် မထွက်နိုင်ဘူး။ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဝိုင်းကြီးကိုဖြင့် ဝင်ရိုး ရင်လဲ ကျိုးပါမှ၊ ပုံတောင်းရင်လဲ ပြုတ်ပါမှ (မှန်ပါ့)။

ကျုပ်တို့ ခင်ဗျားတို့ တစ်ခါတည်းလည်တဲ့ ဇာတ် ကိုဖြင့် အကုန်ရပ်သွားနိုင်စေမယ်လို့ မှတ်လိုက်ကြစမ်း ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာသိတဲ့ ပုဂ္ဂိုလ်များအတွက်

ဒါ့ကြောင့် သစ္စာသိတဲ့ ပုဂ္ဂိုလ်များအတွက်မှာတဲ့

“ဗာဓနလက္ခဏံ ဒုက္ခသစ္စံ၊ သန္တာပရသံ၊ ပဝတ္တိပစ္စုပဋ္ဌာနံ” (မှန်ပါ့)၊

ပဝတ္တိပစ္စုပဋ္ဌာနံ= စက်ယန္တရား ရဟတ်များသို့ မနားမရပ် ပတ်ပတ်ထွေထွေ ကျင်လည်စေခြင်း လျှင် ထင်သော အခြင်းအရာရှိ၏။ (မှန်ပါ့)၊ ဉာဏ်ထဲမှာ အဲဒီ ဟာကြီး ကြည့်လိုက်တော့ ဪ ငါ ဒီလိုလည်နေပါ ကလား မှတ်လိုက် (မှန်ပါ့)။

ဒီအဝိုင်းကြီး ကြည့်လိုက်တဲ့အခါကျတော့ ဪ ဝိညာဏ်နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတာ ခန္ဓာငါးပါးပဲ။ (မှန်ပါ့)၊ အဲဒါမိမိခန္ဓာ မှတ်လိုက်။ (မှန်ပါ့)။

မိမိခန္ဓာ

အဝိဇ္ဇာသင်္ခါရတို့ တဏှာ ဥပါဒါန် ကံတို့ကလဲ ဪ မိမိသန္တာန်ထဲမှာ ရှိတဲ့မကောင်းတဲ့ တရား အကြောင်း ငါးပါးပါကလား။ (မှန်ပါ့)။

ဒီအကြောင်းငါးပါးကြောင့် အကျိုးခန္ဓာငါးပါးကြီး ပေါ်လာတယ်။ (မှန်ပါ့)။

ဒီအကျိုးခန္ဓာငါးပါးထဲကမှ အကျိုးခန္ဓာငါးပါးရယ် လို့ မသိပြန်သောကြောင့် မသိတဲ့အဝိဇ္ဇာနဲ့ သခါရသည် ကျုပ်တို့ လာပြန်တယ် (မှန်ပါ့)၊ ရောက်ရာခင်တဲ့ တဏှာ၊ ဥပါဒါန်၊ ကံက ပေါ်မနေ ဘူးလား။ (ပေါ်ပါ တယ် ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်အကျိုးထဲကနေပြီး အနာဂတ် အကြောင်းတွေဟာ ပေါက်ပွားလာတယ်။ (ပေါက်ပွား ပါတယ် ဘုရား)၊ အနာဂတ်အကြောင်း ပေါက်ပွားတော့ ဒကာသစ် အနာဂတ်အကျိုး ငြင်းဆန်လို့ရပါ့မလား။ (မရပါ ဘုရား)။

ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါး လာ-မလာ (လာပါ တယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪဒါဖြင့် ဒကာ ဒကာမတွေ အဲ့ဒီအဝိုင်းကြီး ထဲမှာဖြင့် သစ္စာဘယ်နှစ်ပါးလည်သတုံး။ (နှစ်ပါးလည် ပါတယ်)၊ သစ္စာနှစ်ပါးတည်းလည်တယ်။ (မှန်ပါ့ ဘုရား)။ ဒုက္ခသစ္စာနဲ့ (သမုဒယသစ္စာပဲ လည်ပါတယ် ဘုရား)။

သမုဒယ ဒုက္ခ၊ သမုဒယ ဒုက္ခ၊ သမုဒယ ဒုက္ခ ဒါပဲ ရှိတယ်။ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအဝိုင်းကြီးကို ကျုပ်တို့သည် တန်းပြီး သကာလ ပြကြပါစို့။ (မှန်ပါ့)၊ ဒီအဝိုင်းကြီးကို ဒါက လည်ပုံကို တန်းပြမယ်၊ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် တန်းပြဦးမယ်နော်။ (မှန်ပါ့)။

ပုဂ္ဂိုလ်အဖြစ်နဲ့ မတွေးနဲ့ ၊ ဓမ္မအဖြစ်နဲ့တွေး

ဒကာ ဒကာမတို့ အရှည်ကြီး တွေးနေလို့ရှိရင် ဆုံးမှာ မဟုတ်သောကြောင့် ဘုရားဟောတဲ့ အတိုင်းပဲ ကွာ၊ မင်း ပုဂ္ဂိုလ်တွေအဖြစ်နဲ့မတွေးနဲ့၊ ဓမ္မအဖြစ်နဲ့ တွေး လိုက် ဓမ္မအဖြစ်နဲ့ သတ္တဝါအစ အဝိဇ္ဇာ သခါရကသာ တွေးလိုက် (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ကျုပ်တို့သည် ဟောဒါ အတိတ်ဘဝ မှတ်လိုက် (မှန်ပါ့)၊ အတိတ်ဘဝ အဝိဇ္ဇာနော်။ (မှန်ပါ့ ဘုရား)။

အတိတ်ဘဝက ဒကာ ဒကာမတို့ ဘဝက ဘာဘဝတုံး။ (အတိတ် ဘဝပါ ဘုရား)၊ အေး ကျုပ်တို့ ဟိုဘက်က သေခဲ့တဲ့ ဘဝက ပေါ့ဗျာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ အဲဒါ ဘာဘဝ ဆိုကြမလဲ (အတိတ်ဘဝပါ)၊ သေပြီးသား ဘဝဟာလေ (မှန်ပါ့)၊ အတိတ်ဘဝဆိုတာ သေချာ ပလား။ (သေချာပါပြီ ဘုရား)။

အဲဒီအတိတ်က ကျုပ်တို့မှာတဲ့ သစ္စာလေးပါး မသိခဲ့တဲ့ အဝိဇ္ဇာရှိခဲ့တယ်။ (မှန်ပါ့)၊ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာက ကျုပ်တို့ ဝမ်းထဲမှာ ရှိမနေဘူးလား။ (ရှိနေပါတယ်)၊ ဘယ်တုန်းက ပါလိမ့်။ (အတိတ်ဘဝက ပါ ဘုရား)။

မဖျောက်နဲ့ မဖျောက်နဲ့ အတိတ်ဘဝကို မဖျောက် နဲ့၊ ဒါ နားလည်မှ နေရာကျမယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီတုန်းက ကျုပ်တို့ က အခု တရားနာနေတဲ့ ဒကာ ဒကာမတွေ ဖြစ်စဉ် ပြောတာနော်။ (မှန်ပါ့ ဘုရား)။ အတိတ်ဘဝက ဘာနဲ့နေခဲ့သတုံး အတိတ်ဘဝက ကျုပ်တို့ ဘာနဲ့နေခဲ့သတုံး မေးတော့ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘာမသိတဲ့ အဝိဇ္ဇာနဲ့နေခဲ့သလဲ။ (သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာနဲ့ နေခဲ့ပါတယ် ဘုရား)။

ဒါနဲ့ပဲ ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် ကိုင်း မသိရင် မသိတဲ့အလုပ်တော့ လုပ်တော့မှာပဲ။ (မှန်ပါ့ ဘုရား)။

မသိတော့ဘာတဲ့ (မသိတဲ့အလုပ်ကို လုပ်မှာပါ)၊ မသိတဲ့အလုပ်ကို လုပ်တော့မှာပဲဆိုတာ ဒကာ ဒကာမ တွေ မသေချာဘူးလား။ (သေချာပါတယ် ဘုရား)။

ကဲ ဒါဖြင့် အခု တရားနာနေတာ လူတွေပါပဲ။ (မှန်ပါ့)၊ ကဲလူ့ပြည်ရောက်ကြောင်း ဖြစ်တဲ့ ကုသိုလ် (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ လူ့ပြည်ဆုတောင်းတဲ့ တဏှာ။ (မှန်ပါ့)၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လုပ်ခဲ့တယ်။ (မှန်ပါ့ ဘုရား)။

နောက်ဘဝက ဘာတွေလုပ်ခဲ့ပါလိမ့်။ (အဝိဇ္ဇာ ပစ္စယာသင်္ခါရာလုပ်ခဲ့ပါတယ်)၊ ဘယ်တုန်းက လုပ်ခဲ့ သလဲ။ (အတိတ်ဘဝကပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ နောက်တုန်းက သူတော်ကောင်းတွေလား အောက်မေ့တယ်၊ သေကြောင်းကြံတဲ့ ဒကာ ဒကာမတွေပါလား။ (မှန်ပါ့)၊ မနာကြပါနဲ့နော် (မနာပါ ဘုရား)၊ မနာကြနဲ့၊ ခင်ဗျားတို့ ဖြစ်စဉ် ဒီအတိုင်း။ (မှန်ပါ့)။

နောက်ဘဝက လှူတန်းခဲ့တာ ခင်ဗျားတို့ ဘုန်းကြီး သာဓုခေါ်ရမလား အောက်မေ့တယ်၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံခဲ့တာပဲ။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါ ပြီ ဘုရား)။

ဘယ်လိုပေါ်ကြသတုံး။ (ကိုယ့်ကိုယ်ကိုယ် သေ ကြောင်း ကြံခဲ့ပါတယ် ဘုရား)၊

တပည့်တော်တို့သည် သစ္စာလေးပါးမသိတော့ လူ့ ခန္ဓာကိုယ် ဒုက္ခသစ္စာလို့ မသိတာက နောက်ဘဝက အဝိဇ္ဇာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် နောက်ဘဝက ဒါန၊ သီလတွေပြုလိုက်တာ က ကုသိုလ် (မှန်ပါ့)၊ ပုညာဘိသင်္ခါရ (မှန်ပါ့)၊ ဆု တောင်းတာက အပုညာဘိသင်္ခါရ တဏှာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီနောက်ဘဝက အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သင်္ခါရပေါ်လာပြီ။ (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် နောက်ဘဝက ခင်ဗျားတို့ ဆုတောင်း ပြည့်ကြပါစို့ဗျာ။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ပြည့်လိမ့် ဦးမယ်ဆိုတာ သေသေချာချာ မှတ်ပါ။ (မှန်ပါ့ ဘုရား)။

တောင်းထားတဲ့ဆု ဘာဖြစ်ဦးမယ်ထင်သတုံး။ (ပြည့်ဦးမှာပါ ဘုရား)။

တပည့်တော်ဖြင့် သေသေချင်ပြီလို့။ (မှန်ပါ့)၊ မသေပါနဲ့ဦး၊ တောင်းထားတဲ့ဆုမပြည့်သေးဘူး။ (မှန်ပါ့)၊

ဒီကြားမှာ ခင်ဗျားတို့ ဒီထက် မျက်ရည်ကြီးငယ် ကျစရာ ရှိသေးတယ်။ (မှန်ပါ့ ဘုရား)။

အဲဒါ မပြီးသေးဘူး။ (မှန်ပါ့)၊ သေသွားရင်တောင် မှ မလိုက်ရဘဲ နေမှာပေါ့။ (မှန်ပါ့)၊ အဲဒါ ခင်ဗျားတောင်း ထားတဲ့ဆု ပြည့်လိမ့်ဦးမယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ အားမလျှော့နဲ့ဦးလို့ ပြောရတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ အတော်ဆိုးနေတယ်။ (ဆိုးပါတယ် ဘုရား)။

ကြည့်လေ၊ ခင်ဗျားတို့ နောက်ဘဝက ဘာမသိတဲ့ အဝိဇ္ဇာတုံး (သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာပါ)၊ မသိတော့ ဒါန၊ သီလတွေ မပြုဘူးလား။ ပြုပါတယ်)၊ ပြုပြီးတော့ လူ့ဘဝ ရရပါလို၏လို့ ဆုမတောင်းဘူးလား။ (ဆုတောင်းပါတယ် ဘုရား)။

အဲဒါန၊ သီလပြုတာက ကုသိုလ် (မှန်ပါ့)၊ လူ့ ဘဝဆုတောင်းတာက တဏှာ။ (မှန်ပါ့)၊ အဲဒီတော့ ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ လာဖြစ်တယ်။ (မှန်ပါ့ ဘုရား)။

ကုသိုလ်နဲ့ အကုသိုလ် လှည့်လုပ်တယ်။ (မှန်ပါ့)၊ လှည့်လုပ်တဲ့အခါကျတော့ ခင်ဗျားတို့ အတိတ်ဘဝကလဲ အသက်တိုင်းနေလို့ သေတော့ ဟာ ဒကာ ဒကာမတို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ခန္ဓာ ငါးပါးလာရတယ် (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ)၊ ခန္ဓာငါးပါးဟာ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာပါ ဘုရား)။

ရော ဒကာ ဒကာမတို့ ဘာသရသတုံး။ (ဒုက္ခသစ္စာရပါတယ်)၊ ဒကာ ဒကာမတို့ ဝဋ္ဋကုသိုလ် မလုပ်ပါနဲ့။ (မှန်ပါ့ ဘုရား)။

ကုသိုလ်ပြုတတ်ကြရဲ့လား

တပည့်တော်သည် ဤဆွမ်း၊ ဤကွမ်း၊ ဤစာရွက် စာတမ်းတွေကို လှူဒါန်းရတဲ့ ကုသိုလ်အတွက် တပည့်တော်၏ ခန္ဓာဝန် ဒုက္ခသစ္စာ ဝဋ်ကြီးမှ တပည့်တော် အကျွတ်ကြီး ကျွတ်ရပါလို၏ ဆိုရင်လဲဖြစ်ပါတယ်။ (မှန်ပါ့)၊ ဒါ ဝိဝဋ္ဋ ကုသိုလ်ဖြစ်တာပါပဲ။ (မှန်ပါ့ ဘုရား)။

ဆွမ်းကျွေးလဲ ဒီအတိုင်းပဲပေါ့ဗျာ။ (မှန်ပါ့)၊ အလှူ ပေးလဲ (ဒီအတိုင်းပါ ဘုရား)၊ ဒီအတိုင်းပဲ၊ ခန္ဓာဝန် ဝင့် ဒုက္ခမှ ကျွတ်ရပါ၏အရှင်ဘုရား (မှန်ပါ့)၊ ခန္ဓာဝန်က ဒုက္ခသစ္စာ။ (မှန်ပါ့ ဘုရား)။

အဲဒီဒုက္ခဝဋ်မှ တပည့်တော်ဖြင့် အကျွတ်ကြီး ကျွတ်ရပါလို၏ ဆိုလို့ရှိရင်ဖြင့် နောက်ခန္ဓာကြီး ဒုက္ခသစ္စာ ဖြစ်မှာကြောက်လွန်းလို့ သစ္စာမြင်လို့ လှူပါ၏။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဘာအလှူပါလိမ့်။ (သစ္စာမြင်တဲ့ အလှူပါ ဘုရား)၊ သစ္စာမြင်တဲ့အလှူဆိုတော့ ဝိဝဋ္ဋဒုက္ခ လွတ်ပါတယ်။ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဆွမ်းကပ်ကြ၊ ဘာလုပ်ကြတဲ့ အမျိုးမျိုး ပေါ့ဗျာ။ (မှန်ပါ့)၊ ကိုယ်တတ်အားသရွေ့ လှူကြ တန်းကြ တာ၊ ဘုန်းကြီးက တချို့ကျတော့ အလှူမခံဘူး။ (မှန်ပါ့ ဘုရား)။

တချို့ကျတော့ အလှူမခံတာက သူများ ကုသိုလ် ဖြစ်မှာစိုးလို့လားလို့ ဒကာ ဒကာမတွေက မေးဖို့ ကောင်း တယ် (မှန်ပါ့)၊

သူများလှူတာပဲဘုရား၊ အရှင်ဘုရားက အလှူပဲ ခံလိုက်ပါတော့၊ ဪသူတို့မှာ ကုသိုလ်မဖြစ်ရ ရှာဘူး၊ အရှင်ဘုရားက ပြောလိုက်တော့ (မှန်ပါ့ ဘုရား)။

ဟာကုသိုလ်ဖြစ်တာ ဒီကုသိုလ်က နင်တို့ ဒုက္ခ ဖြစ်မည့် ကုသိုလ်မို့ ငါ အလှူမခံချင်ဘူး။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။ ဘာဖြစ်လို့တုံး။ (ဒုက္ခဖြစ်မည့်ကုသိုလ်မို့ အလှူ မခံချင်ပါ ဘုရား)။

ဒုက္ခဖြစ်မည့် ကုသိုလ်ဖြင့် သူသည် ဘုန်းကြီးဆီ မှာလဲ လာလှူရသေးတယ်။ (မှန်ပါ့)၊ သူ ဒုက္ခဖြစ်ဖို့ ကိုလဲ သူ ကြိုးစားသေးတယ်ဆိုတာ ငွေကုန်လူပန်းဖြစ် နေတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးကျတော့ ကိုင်း ဆိုင်း လိုက်ပါဦး။ (မှန်ပါ့)၊ တရားကလေး အားထုတ် လိုက် ပါဦး၊ ဖြစ်ပျက်ကလေး မြင်အောင် လုပ်လိုက်ပါဦး။ (မှန်ပါ့)၊ အဲဒီ ဖြစ်ပျက်ဟာ ဘာသစ္စာတုံး။ (ဒုက္ခသစ္စာ ပါ ဘုရား)။

အဲဒီဒုက္ခသစ္စာကြီးကို ကျွတ်ချင်တဲ့ အချိန်ကျတော့ လာဟေ့ ခန္ဓာကိုယ် ပေါင်ပြီးလှူ၊ ဒီကျတော့လဲ လက်ခံ တယ်။ (မှန်ပါ့)၊ သဘောပါပလား ။ (ပါပါပြီ၊) ဒါဖြင့် လမ်းညွှန်ကောင်းဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။

ဪ အအို၊ အသေရမည့် အလှူမျိုးကျတော့ မလှူစေချင်ဘူး (မှန်ပါ့)၊ အအို၊ အသေလွတ် မည့်အလှူ မျိုးကျတော့ လှူစေချင်တယ်၊ အဲဒါကျတော့ ဘုန်းကြီးတို့က အထူးတိုက်တွန်းတယ်။ (မှန်ပါ့)၊ လုပ်စမ်းပါဟ၊ ဒီဥစ္စာ လုပ်စမ်းပါဟဆိုပြီး သကာလ ။ (မှန်ပါ့)။

တချို့ ဒကာ ဒကာမရော သိန်းကုန်၊ သောင်းကုန် လှူချင်ကြတယ်။ ဆိုင်းပါဦးကွာ။ (မှန်ပါ့)၊ တစ်ခါတည်း တားတာပဲ။ (မှန်ပါ့)။

ဘယ့်နှယ် အရှင်ဘုရား သူတစ်ပါး၏ ပုညန္တရာယ် မဖြစ်ဘူးလား ကောင်းမှုကုသိုလ်၏ (မှန်ပါ့)၊ ဟာ သူက ဉာဏ်က မပါသေးဘူးကွ၊ ဉာဏ်ပါအောင် အဆိုင်း ခိုင်းရသေးတယ်။ (မှန်ပါ့)။

ဉာဏ်ပါအောင် အဆိုင်းခိုင်းတော့ ဉာဏ်ခန္ဓာကိုယ် ကြီးကို သူက တရားအားထုတ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ရှိရင် လဲ သူ့ပဋိသန္ဓေခန်းကို ဟောလိုက်တယ်။ (မှန်ပါ့)။

ဟောလိုက်တဲ့အခါကျတော့ ကလလရေကြည် ကလေးနဲ့ မင်း နေချင်သလား။ (မှန်ပါ့)၊ အပေါ်မှာ အစာသစ်တွေ ရွက်ပြီးတော့ အောက်ကျင်ကြီးတွေပေါ် ထိုင်တဲ့ ဒုက္ခကို မင်း ကြိုက်လား။ (မှန်ပါ့)။

အထဲမှာ အဝတ်မကပ်၊ အစားပြတ်နေတဲ့ ဒုက္ခ မင်း ကြိုက်သလား။ (မှန်ပါ့)၊ သူက မကြိုက်ဘူးချည့်ပြောမယ်၊ အဲဒါ ဇာတိဒုက္ခကွ။ (မှန်ပါ့)။

အဲဒီဒုက္ခကြီး ကြောက်လွန်းလို့၊ ဒီဒုက္ခမှ လွတ်ရာ ရောက်ချင်လို့ လှူပါ၏မင်း နှလုံးသွင်းဦးကွ (မှန်ပါ့)၊ ဒီလို့ကို သင်ယူရတယ်။ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ရော့အင့်ဆိုပြီး သူက လှူပြီး ဝမ်းသာပြီး ငါတော့ နောက်ဘဝကောင်းစားပြီလို့ ထင် နေမှာပဲ၊ *ဘယ်နောက်ဘဝက ကောင်းစားရမှာတုံး၊

မှတ်ချက်။ ။*ကျေးဇူးရှင်ဆရာတော်ကြီးသည် ခပ်ကြမ်းကြမ်းဟောမှ ရမည့်သူများကို ခပ်ကြမ်းကြမ်းပဲ ဟောတော်မူသည်ဟု နားလည် ရန်လိုအပ်ပေသည်။ဆရာတော်ကြီးသည် တစ်ဘဝနှင့် ကိစ္စပြီးအောင် ကယ်ယူပို့ဆောင်တော် မူနေခြင်းဖြစ်ရာ ဘုံဘဝ၌ တစ်လုံလဲလဲ တဝဲလည်လည် ဖြစ်နေကြမည်ကို အထူးစိုးရိမ်တော်မူပြီး ရင်းခြာ သော တပည့်များအား ခပ်ကြမ်းကြမ်း ဟောတော်မူခြင်း ဖြစ်သည်။

ဝမ်းထဲမှာ ချောက်ကျတာ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ သဘောကျပလား။ (ကျပါပြီ)။

နောက်ဘဝ မသာဖြစ်တာဟာ ကောင်းစားတာ လား မကောင်းစားတာလား။ (မကောင်းစားတာပါ ဘုရား)။

နောက်ဘဝ ဘာဖြစ်သတုံး။ (မသာဖြစ်ပါတယ်)၊ မသာဖြစ်တာ ဒီအသုဘပဲ မဟုတ်လား။ (အသုဘ) အသုဘဆိုတော့ မြို့ထဲက ကြည်ညိုသလား ဆွဲထုတ် သလား (ဆွဲထုတ်ပါတယ် ဘုရား)။

ဟာ ဒါဖြင့် မသာဖြစ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမတုံး။ (မှန်ပါ့)၊ ဟုတ်လား။ (မှန်ပါ့)၊ မသာလွတ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့် ဘုန်းကြီးများက တိုက်လဲတိုက်တွန်းတယ်၊ ခင်ဗျားတို့ကလဲ လှူလဲလှူပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒီမသာမှ မချရသေးဘူး၊ ဟိုမသာဖြစ်ချင်တာက စောနေတယ်။ (စောနေပါတယ်၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဒီ မသာချရမလား။ (မချရသေးပါ)၊ ရှေ့ ဘာ တောင်းသလဲ။ (မသာဆုတောင်းပါတယ်)၊ သွားပကော ဒါလောက်ရူးတာတော့ မကောင်းတော့ဘူး။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒီမှာ ခန္ဓာ ငါးပါး မသာကောင်ကြီး ပေါ်လာတယ်။ (ပေါ်လာပါ တယ် ဘုရား)။

ဒါက ပစ္စုပ္ပန်ဘ၀ (မှန်ပါ့)၊ ဝိညာဏ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတာ ဘာတဲ့ (ပစ္စုပ္ပန် ဘဝပါ)၊ စာရွက်ကြည့်လဲ ဒီအတိုင်းပေါ်တာပဲ။ (မှန်ပါ့)။

နောက်ဘဝက မသိတာက ဘာတဲ့ (အဝိဇ္ဇာပါ)၊ အင်းလှူတာတန်းတာကလဲ ကုသိုလ် (မှန်ပါ့)၊ အဲဒီတော့ ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ နောက်ဘဝက ပါခဲ့တယ်။ (ပါခဲ့ပါတယ် ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ)၊ သင်္ခါရာပစ္စယာ (ဝိညာဏီပါ ဘုရား)၊အဲအခုဘဝ ခန္ဓာငါးပါး မရဘူးလား။ (ရပါတယ် ဘုရား)၊ ခန္ဓာငါးပါးက ဇာတိကစ,တယ်။ (မှန်ပါ့)။

ဇာတိကို ဘုရားက ဘာဟောလိုက်သလဲ။ (ဒုက္ခ သစ္စာပါ)၊

*ဟာ ခင်ဗျားတို့ လှူလဲလှူရသေး ဒုက္ခလဲ ရောက်တယ်။ (မှန်ပါ့)၊ ပေါ်ပြီ။ (ပေါ်ပါပြီ)၊

*မှတ်ချက်။ ။ဆရာတော်ကြီးသည် လှူတန်းတတ်အောင် သင်နေခြင်း ဖြစ်၍ ဝဋ်တောင့်တပြီး လှူတဲ့အလှူမျိုး ဖြစ်မစားရအောင် ဤမျှသတိပေးတော်မူနေခြင်း ဖြစ်သည်။

မလှူ တတ်လို့ ရောက်သွားတာ၊ လှူတတ်ရင် လွတ်သွားတယ်။ (မှန်ပါ့)။

မလှူတတ်တော့ (ဒုက္ခရောက်ပါတယ်)၊ လှူတတ် တော့ (ဒုက္ခလွတ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ သေသေချာချာ ရှင်းရှင်းလင်းလင်း တရားကိုနာပါ။ (မှန်ပါ့)၊ ကောင်းတဲ့ ကုသိုလ် ဝဋ်ကျွတ်တဲ့ ကုသိုလ်ကိုလုပ်ပါ။ (မှန်ပါ့)။

ဝဋ်ဖြစ်စေတတ်တဲ့ ကုသိုလ်ကို (မလုပ်ပါနဲ့)၊ အသေရတဲ့ ကုသိုလ်ကို (မလုပ်ပါနဲ့)၊ အသေလွတ်တဲ့ ကုသိုလ်ကို (လုပ်ပါ)၊ ဒါကြောင့် တို့ဆရာဘုန်းကြီးက ဒါလောက် ပြောတာကိုးလို့ မှတ်ပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြပါစို့ ဒကာ ဒကာမတို့၊ တရား ပွဲကြီး ပြီးဖို့ကလဲ အချိန်နီးလာပြီ၊ ခင်ဗျားတို့ ဖြတ်လမ်း ပြဦးမှ၊ မဟုတ်ဘူးလား။ (မှန်ပါ့)၊ ဖြတ်လမ်းပြဦးမှ ဆိုတာ ဒကာသစ် အချိန်ရောက်ပါပြီ။ (မှန်ပါ့)၊ မပြရင် တော်ပါ့မလား ။ (မတော်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ အကိတ်ဘဝက အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်ကြောင့် ဒကာ ဒကာမ တို့ ဒီဘဝ ဘာရသတုံး (ခန္ဓာငါးပါးရပါတယ် ဘုရား)၊ ဒီဘဝခန္ဓာငါးပါး ရတယ်ဆိုတာ သေချာပလား။ (သေချာ ပါပြီ ဘုရား)။

ဒီဘဝ ခန္ဓာငါးပါးထဲက အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန် ကံတွေ မပေါက်ပွားဖို့ အရေးကြီး ပါတယ်။ (မှန်ပါ့)၊ မပေါက်ပွားဖို့ (အရေးကြီးပါတယ် ဘုရား)။

အဲဒီတော့ ဒီမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတော့ကို ဝေဒနာမှာ လမ်းမဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ခန္ဓာငါးပါးမှာ ဘယ်မှာ လမ်းဆုံးသ။ (ဝေဒနာ မှာ လမ်းဆုံးပါတယ် ဘုရား)၊ ကြည့်ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ (မှန်ပါ့ ဘုရား)၊ သဘော ကျပလား။ (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးမှာ ဘယ် ဟာ လမ်းဆုံးသလဲ (ဝေဒနာလမ်းဆုံးပါတယ် ဘုရား)။

ဒါဖြင့် ဒီဝေဒနာနောက်ကနေပြီး ကျုပ်တို့ မဂ်လိုက်မှ ရတော့မယ် (မှန်ပါ့)။

မဂ်လိုက်မှ ဘာတုံး။ (ရမှာပါ ဘုရား)၊ မဂ် မလိုက် လို့ရှိရင် ဒီငါးခု လိုက်ရမယ်။ (မှန်ပါ့ ဘုရား)၊ မဂ်မလိုက် လို့ရှိရင် အဝိဇ္ဇာ၊ သင်္ခါရ တဏှာ၊ ဥပါဒါန်ကံလိုက်မယ်။ (လိုက်ပါတယ် ဘုရား)၊ မလိုက်ပေ ဘူးလား။ (လိုက်ပါ တယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မဂ္ဂင်ငါးပါးလိုက်ရ အောင်။ (မှန်ပါ့ ဘုရား)၊

*မှတ်ချက်။ ပုံစံစက်ဝိုင်းထောက်၍ဟောသည်။

မဂ္ဂင်ငါးပါးလိုက်တော့ ဒီခန္ဓာ ငါးပါးကို ဖြန့်လိုက် (မှန်ပါ့)။

ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ နဲ့ ဖြန့်လိုက် (မှန်ပါ့)၊ ဖြန့်ပြီးပြီ မဟုတ်လား။ (မှန်ပါ့)။

အတိတ်အကြောင်းကြောင့်ဖြစ်တဲ့ ပစ္စုပ္ပန်ခန္ဓာကြီး ကို ငါးပါးဖြန့်လိုက်ပါပြီ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ငါးပါးဖြန့်လိုက်တော့ကို ဒီငါးပါးထဲမှာ သတိပဋ္ဌာန်လေးပါနဲ့ ဝေဖန်လိုက် (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန်လေးပါး

ဒါဖြင့် ဒကာ ဒကာမတို့ ရုပ်တရားက ကာယာ နုပဿနာ (မှန်ပါ့)၊

ဝေဒနာက (ဝေဒနာနုပဿနာပါ)၊

သညာသင်္ခါရက ဓမ္မာနုပဿနာ (မှန်ပါ့ ဘုရား)၊

ဝိညာဏ် က စိတ္တာနုပဿနာ (မှန်ပါ့)၊ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန် လိုက်တော့ ခန္ဓာငါးပါးဟာ လေးပါး ဖြစ်တယ် (မှန်ပါ့)။

ခန္ဓာငါးပါး လေးပါးဖြစ်သွားတော့ ဒကာ ဒကာမ တွေ ဒကာ ဒကာမတွေကို ဘုန်းကြီးက သင်လိုက် ဟယ်။ ဒကာ ဒကာမတွေ စိတ်ပဲ ရှုပါ။ (မှန်ပါ့)။

ဘာတဲ့ (စိတ်ပဲရှုပါ ဘုရား)၊ စိတ်ရှုပါလို့ ဘုန်းကြီးက သင်လိုက်တယ်။ (မှန်ပါ့)၊ သင်လိုက်တော့ ကဲ ငါးပါး ဟာ အကုန်ဖြုတ်လိုက်၊ စိတ်တစ်လုံးတည်း ထားကြဦးနော်။ (မှန်ပါ့ ဘုရား)။

စိတ္တာနုပဿနာရှုပါ

ဒကာ ဒကာမတို့ စိတ်သည်ကားလို့ဆိုရင် လောဘ စိတ်လာလဲ ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)၊ ဒါက လောဘ စိတ်၊ ဒီက ရှုတဲ့ မဂ်ပေါ့ဗျာ။ (မှန်ပါ့)၊ ကိုယ့်ဉာဏ်ကလောဘလာလဲ ဖြစ်ပျက်ရှု၊ ဒေါသလာကော (ဖြစ်ပျက်ရှု ရမှာပါ)၊ ဖြစ်ပျက်ရှုနေတော့ မဂ်ဝင်လာတယ်။ (မှန်ပါ့ ဘုရား)၊ မဂ်ဝင်လာတော့ ဒီခန္ဓာကြီးက “ဝေဒနာပစ္စယာ တဏှာ” လာသေးရဲ့လား။ (မလာပါ ဘုရား)။

ဪ ဒါဖြင့် ဝေဒနာနိရောဓာ (တဏှာနိရောဓော၊ ပါ ဘုရား)၊ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ဝေဒနာချုပ်တာကလေးက နိရောဓ (မှန်ပါ့ ဘုရား)။ ဒီက ရှုလိုက်တဲ့ မဂ်ကလေးက နိရောဓ (မှန်ပါ့)၊ သူကဘာကို နိရောဓဖြစ်စေသတုံး မေးတော့မှ တဏှာမလာတဲ့ နိရောဓ (မှန်ပါ့)။

ဒကာ ဒကာမတို့ဝေဒနာဖြစ်ပျက်ရှုတော့ဝေဒနာနိရော ဘေ (မှန်ပါ့)၊ ရှုတဲ့မဂ်က (တဏှာ နိရောဓောပါ ဘုရား)။

ဒါဖြင့် နေရာကျပြီ၊ “ဝေဒနာနိရောဓာ တဏှာ၊ နိရောဓော” ဖြစ်အောင် လုပ်နိုင်လို့ရှိရင် ဒကာ ဒကာမတို့ အနာဂတ ်အကြောင်း ဆိုတာ ဘယ့်နှယ်နေသတုံး။ (ချုပ်ပါတယ် ဘုရား)၊ ဒါဖြင့် အနာဂတ် အကျိုး ဒုက္ခသစ္စာ လာဦးမလား။ (မလာပါ ဘုရား)။

ဒီ ဒုက္ခသစ္စာထဲကကော သမုဒယသစ္စာငါးပါး ပြန် ပြီး ပေါက်ပွားနိုင်သေးရဲ့လား။ (မပေါက်ပွား နိုင်ပါ ဘုရား)၊ မပေါက်ပွားနိုင်လို့ရှိရင် သံသရာပြတ်ပြီ။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘာပြတ်ပါလိမ့်။ (သံသရာပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာဒကာမတို့ ဝေဒနာ ရှုလို့ရှိရင်လဲ သံသရာပြတ်တယ်။ (မှန်ပါ့)၊ စိတ်ရှုရင်ကော (သံသရာ ပြတ်ပါတယ် ဘုရား)။

သံသရာပြတ်တယ်ဆိုတော့ ဪဒါဖြင့် ဒကာ ဒကာမတို့ ဘာ့ကြောင့်ပြတ်ပါ လိမ့်မတုံး ဆိုတော့ ဒီအထဲမှာ သိတဲ့အတိုင်းတဲ့ တဏှာလာသေးရဲ့လား (မလာပါ ဘုရား)။

ဪ ဒါဖြင့် သတ္တဝါ ရေသောက်မြစ် ပြုတ်ပြီ။ (ပြုတ်ပါပြီ ဘုရား)၊ အဝိဇ္ဇာကော လာသေးရဲ့လား။ (မလာပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)၊ တဏှာ၊ကော (မလာပါ ဘုရား)။

ဟာဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရဆိုတာသည် ခုနင်က ပြခဲ့တုန်းက ဒေါက်တွေပဲ။ (မှန်ပါ့ ဘုရား)၊ အဝိဇ္ဇာဆိုတာက ပုံတောင်း (မှန်ပါ့ ဘုရား)၊ သဘောကျ ပလား။ (ကျပါပြီ ဘုရား)။

တဏှာ၊ ဥပါဒါန်၊ ကံတွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဒေါက်တွေလို့ မပြောဘူးလား။ (ပြောပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ အဝိဇ္ဇာ၊ သင်္ခါရဆိုတဲ့ ပုံတောင်းကြီးလဲ ကျိုးသွားပြီ။ (မှန်ပါ့)၊ ပုံတောင်ကြီးလဲ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ဒီက တဏှာ၊ ဥပါဒါန်၊ ကံတွေကော လာနိုင်သေးရဲ့လား။ (မလာနိုင်ပါ ဘုရား)၊ ဒါဖြင့် ဒေါက်တွေကော (ပြုတ်သွားပါပြီ ဘုရား)။

ဒါဖြင့် ဒေါက်တွေပြုတ်သွားလို့ရှိရင် ဇရာ၊ မရဏ အကွပ်ကြီးဟာ သူ့ဟာသူနေရုံပဲရှိတော့တယ်၊ ကျုပ်တို့နဲ့ ဆက်သေးရဲ့လား။ (မဆက်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာရှုရင်လဲ ရပါ တယ်။ (မှန်ပါ့ ဘုရား)၊ စိတ်ရှုရင်လဲ (ရပါတယ် ဘုရား)၊ ပုံတောင်းလဲ ပျက်ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ဒေါက်တွေကော (ပြုတ်ပါတယ် ဘုရား)၊ ဇရာ၊ မရဏအကွပ်ကြီးကာ လာနိုင်သေးရဲ့လား။ (မလာ နိုင်ပါ ဘုရား)၊ မလာနိုင်ဘူးဆိုတာ သေချာပါတယ်။ (သေချာပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာကြိုက်ရင် ဝေဒနာရှု (မှန်ပါ့)၊ စိတ် ကြိုက်ရင်ကော (စိတ်ရှုရပါမယ် ဘုရား)၊ သဘောပါ ပလား။ (ပါ-ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မရှုရင်ဖြင့် ဒီပုံ တောင်း ကွဲမှာ မဟုတ်ဘူး။ (မကွဲပါ ဘုရား)၊ ဒေါက် တွေကော (မပြုတ်ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဇရာ၊ မရဏ အကွပ်ကြီးကော ပြုတ်ကျပါ မလား။ (မကျပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒကာ ဒကာမတွေ သတိ ပေးချင်တာက ဒီ အဝိဇ္ဇာ၊ တဏှာ ပုံတောင်းကြီး ပေါ်မှာ သင်္ခါရဆိုတဲ့ ဒေါက်တွေကို ခင်ဗျားတို့မျက်လုံးပေါက် ကလဲ ဒေါက်တွေပြုတ်ပြီ။ (မှန်ပါ့)၊ နားပေါက်ကကော (ပြုတ်ပါပြီ ဘုရား)၊ နှာခေါင်းပေါက်ကော (ဒေါက် တွေ ပြုတ်ပါပြီ)၊ လျှာပေါက် ကကော (ဒေါက်တွေပြုတ် ပါပြီ ဘုရား)။

ခင်ဗျားတို့က ဒေါက်ဟောင်းရင် ဒေါက်လဲတယ်။ (မှန်ပါ့)၊ အတော်ခွကျတဲ့လူတွေ။ (မှန်ပါ့)။

ဒေါက်ဟောင်းရင် (ဒေါက်လဲပါတယ်)၊ စက်ရုံက ဘယ်နှစ်ရုံရှိသတုံး ခြောက်ရုံ (မှန်ပါ့)၊ မျက်လုံးပေါက် လဲ တဏှာ ဥပါဒါန် လာနိုင်တာပဲ။ (မှန်ပါ့)၊ တဏှာ ဥပါဒါန် မလာနိုင်ဘူးလား။ (လာနိုင်ပါတယ်)၊ နားပေါက် ကကော (လာနိုင်ပါတယ်)။

ဒွါရခြောက်ပေါက် စက်ရုံ

ဒါဖြင့် တစ်နေ့ တစ်နေ့ မျက်လုံးပေါက်ကနေပြီး ခင်ဗျားတို့ ပုံတောင်း ဘယ်နှစ်ခု လုပ်သတုံး။ (မရေ တွက်နိုင်ပါ)၊ ဪဟိုမှာပျက်လို့ အစားထိုးတယ်။ (မှန်ပါ့)၊ လည်နေတာကြီးတွေ ရပ်သွားမှာစိုးလို့။ (မှန်ပါ့ ဘုရား)။

ဒေါက်တွေလဲ တစ်နေ့ ဘယ်နှစ်ခါအစားထိုး သလဲ။ (မရေတွက်နိုင်ပါ)၊ ဘယ်စက်ရုံတွေမှာ လုပ်ပြီး အစားထိုးနေပါလိမ့်မတုံး၊ ဒွါရခြောက်ပေါက် စက်ရုံတွေ ဘုရာ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။

ဘယ်စက်ရုံတွေက အစားထိုးနေသတုံး။ (ဒွါရ ခြောက်ပေါက်စက်ရုံတွေကပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သားရေး၊ သမီးရေး လုပ်နေတာလဲ ပုံတောင်းအစားထိုးဖို့ပြင်တာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။

ဝဋ်တောင့်တတဲ့ ကုသိုလ်တွေလုပ်နေတာလဲ ဒေါက် ပျက်လို့ရှိရင် ဒေါက်အစားထိုးဖို့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒွါရခြောက်ပေါက်က စက်ရုံကြီး ခြောက် ရုံ (မှန်ပါ့)၊ ပုံတောင်းအိုရင် (အစားထိုးပါတယ်)၊ ဒေါက် အိုရင် (အစားထိုးပါတယ် ဘုရား)။

ဪခက်လိုက်တာ၊ ခင်ဗျားတို့ဟာကလဲ အရင် ဟာကိုပဲ အတော်အရုပ်ဆိုးနေတဲ့ဥစ္စာ၊ နောက်ထပ် အစားထိုး ဦးမယ်ဆိုတော့ လည်လို့ပဲ ပြီးနိုင်ပါဦးမလား။ (မပြီးနိုင်ပါ ဘုရား)။

ဝိပဿနာမှတစ်ပါး ကယ်နိုင်တာ မရှိ

ဒါ့ကြောင့် ဘုန်းကြီးက ယနေ့ ဒကာ ဒကာမတွေ ပုံတောင်းလဲ မလုပ်နဲ့တော့။ (မှန်ပါ့)၊ ဒေါက်လဲ အစားမထိုးနဲ့တော့။ (မှန်ပါ့)၊ နို့မို့ သေပွဲချည့်ဝင်နေရလိမ့် မယ် (မှန်ပါ့)၊ ဇရာ၊ မရဏ လက်ချက်နဲ့ချည့်ပဲ အသက် ထွက်နေတယ်။ (မှန်ပါ့)၊ ဒါကြောင့် ခင်ဗျားတို့ မဂ်နဲ့ ဖြက်ချ (မှန်ပါ့ ဘုရား)။

မဂ်နဲ့ ဖြတ်ချတော့ မဂ်ဆိုတာ ဝိဇ္ဇာလား အဝိဇ္ဇာ လား။ (ဝိဇ္ဇာ)၊ သင်္ခါရကော သင်္ခါရလား အသင်္ခါရ လား။ (အသင်္ခါရပါ)၊ ဒါဖြင့် အဝိဇ္ဇာနဲ့ သင်္ခါရ နောက်က ချုပ်တယ်။ (မှန်ပါ့)၊ ရှုလိုက်ရင် အဝိဇ္ဇာသင်္ခါရ ချုပ်တယ်။ (မှန်ပါ့ ဘုရား)။

ဝေဒနာရှုလိုက်သဖြင့် တဏှာ၊ ဥပါဒါန်၊ ကံကကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာသင်္ခါရလဲ ချုပ်၊ တဏှာ ဥပါဒါန် ကံကလဲ ချုပ်လို့ရှိရင်ဖြင့် ဟိုဘက်မှာ သေပွဲတွေ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။

ဒါဖြင့် သေပွဲလွတ်အောင် မဂ္ဂသစ္စာပဲ တတ်နိုင် တယ်။ (မှန်ပါ့)၊ တခြားဟာတွေ တတ်နိုင် သေးရဲ့လား။ (မတတ်နိုင်ပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးပြောတဲ့ ဝိပဿနာအလုပ် လုပ်နေတာသည် ဒကာ ဒကာမတို့ ပုံတောင်း ချိုးနေ တာ၊ ဒေါက်တွေ နောက်ထပ် အစားထိုးမလုပ်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာလုပ်နေတာ ဘာပါလိမ့်။ (ပုံတောင်း ချိုးနေတာ၊ ဒေါက်တွေ နောက်ထပ် အစားမထိုးတာပါ ဘုရား)။

အေး ပုံတောင်းတွေကိုလဲ တစ်ခါတည်း ဖျက်ဆီး နေတယ်။ (မှန်ပါ့)၊ ဒေါက်တွေကိုလဲ နောက်ထပ် မလုပ် တော့တာပဲ။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဇရာ၊ မရဏဆိုတဲ့ အကွပ်ကြီးဟာ နောက်ထပ် လာစရာ လိုသေး သလား။ (မလိုပါ ဘုရား)။ ဒါဖြင့် ဝိပဿနာမှတစ်ပါး ကယ်နိုင်တာ ရှိသေးရဲ့ လား။ (မရှိပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။