နိဗ္ဗာန်၏ အရသာ
အသံဖိုင်ခေါင်းစဉ်= နိရောဓသစ္စာအနက်မှ ဝိဝေကဋ္ဌော
စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်၏ အရသာ
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
“နိဗ္ဗာန်၏ အရသာ”
(၁၅၊ ၁၂၊ ၅၇)
ဒကာ – ဒကာမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းဟာ နိဗ္ဗာန်ကို သိထား အရေးကြီးတယ်၊ နိဗ္ဗာန်ကို ရမ်းပြီးသိချင်သူနဲ့ တကယ်သိချင်သူ မတူသေးဘူး၊ နိဗ္ဗာန်ကို သိပြီးမှ ရချင်သူနဲ့ မသိဘဲနဲ့ ရော်ရမ်းမှန်းဆပြီး ရချင်သူတွေ ကွာခြားချက်တွေရှိ တယ်။
ဒါကြောင့် ဒကာ ဒကာမတို့ကို သိအောင်လုပ်ဖို့ ဆရာ ဘုန်းကြီးက တိုက်တွန်းလိုက်ပါတယ်၊ ပြောသံကြားနိဗ္ဗာန်ကို လိုချင်တာဟာ အဟုတ်လိုချင်လို့မဟုတ်ဘဲ၊ ထုံးစံအတိုင်း ရချင် လို့ တချို့ ဗုဒ္ဓဘာသာ ဖြစ်လင့်ကစား သဘောပေါက်အောင် မသိ ဒီလိုသေသေချာချာ ဂဃနဏမသိတော့ ဘာကြောင့် နိဗ္ဗာန် ရောက်ချင်မှန်းမသိဘူး၊ လှူတုန်း၊ တန်းတုန်းတော့ နိဗ္ဗာန် ရောက်ရပါစေလို့ အသံထွက်သော်လည်း၊ စိတ်ထဲကမပါ့တပါ။ စီစစ်လိုက်တော့ နိဗ္ဗာန်ရဲ့ အရသာကို မသိတဲ့အတွက်ဘဲ။
ဒါကြောင့် မင်းတို့သိဖို့အရေးကြီးတယ်၊ ဝိဝေကဋ္ဌော၊ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းရာသည် နိဗ္ဗာန်မည်၏။
နိဗ္ဗာန်သဘောတရားဟာ အနှောင့်အယှက်ဘာမှ မရှိ တာ၊ ပင်ကိုယ်သဘောက ကြည်လင် အေးမြပြီး မည်သူကမျှ မနှောင့်ယှက်တဲ့နေရာတမျိုးကို နိဗ္ဗာန်။ ဒီနိဗ္ဗာန် အကြောင်း ပြောမယ့်ကြံရင် နှောင့်ယှက်မှုကိုသိမှ၊ သဘောကျမယ်။
ဒကာ ဒကာမတို့ နေကြထိုင်ကြရတာ အနှောင့်အယှက် နဲ့ အမြဲဒွန်တွဲလျက် အေးချမ်းတယ်လို့ မရှိဘူး။ ဒီလိုအနှောင့် အယှက်မကင်းတာတွေ မြင်မှ အနှောင့်အယှက် ကင်းတဲ့နိဗ္ဗာန်ကို သဘောကျ ကြလိမ့်မယ်။ ဘာတွေ နှောင့်ယှက်သလဲဆိုရင် ယခု ဆရာဘုန်ကြီးထံ နိဗ္ဗာန် ရောက်ကြောင်း တရား စူးစိုက်စိုက်လာ ၍ တရားနာပါသော်လည်း ဒကာဒကာမတို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ ဟိုဘက် ပြောင်းလိုက်၊ ဒီဘက် ပြောင်းလိုက်၊ ကြာကြာ ဖိထိုင်ထား က ထုံကျင်ကိုက်ခဲ လာကြတာတွေဟာ အနှောင့် အယှက်မကင်း လို့ပေါ့။
ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်လိုထားလို့မှ ကြာရှည်မရ၊ ဘာကြောင့်မရသလဲဆိုရင် အနှောင့်အယှက် တွေများလို့ဟု ဆုံး ဖြတ်ချက်ချပါ၊ တော်တော်ကြာ အပူကနှောင့်ယှက်လိုက်၊ အအေး က နှောင့်ယှက်လိုက်၊ ကျင်ကြီးကျင်ငယ်တွေက နှောင့်ယှက်လိုက်၊ ဝမ်းထဲလေတွေက နှောင့်ယှက်လိုက်၊ အပြင်ဘက်က ဆိုရင်လဲ မှက်၊ ခြင်၊ ယင် အစရှိတဲ့ ရန်တွေက နှောင့်ယှက်လိုက်နဲ့ အငြိမ်ကို မနေရဘူး။
ဒီလိုအနှောင့်အယှက် ကင်းတဲ့ဆီကို သွားဖို့ရာအတွက် ဝိပဿနာတရားအားထုတ်ပြန်ရင်လဲ လိုရင်းပန်းတိုင်ကို သိမှ စိတ်အားပြင်းပြမယ်၊ နှောင့်ယှက်ခြင်းကင်းတာ သိထားမှ နိဗ္ဗာန်ကို သဘောကျမယ်။ ဒီတော့ အခုပြောရမှာက နိရောဓသစ္စာကိုပဲ ပြန်ပြောရ လိမ့်မယ်၊
နိရောဓသစ္စာထဲမှာ နိဿရဏဋ္ဌဆိုတာ ဝဋ်သုံးပါးမှ ထွက်မြောက်ကြောင်း ဟောပြီးပြီ၊ ဝိဝေကဋ္ဌော အဓိပ္ပါယ်ကို ယနေ့ ပြောရမယ်။
ဝိဝေကဋ္ဌော အဓိပ္ပါယ်မှာ နိဗ္ဗာန်သည် ဝိဝေကဋ္ဌရှိတယ် မြန်မာလိုတော့ ဆိတ်ငြိမ်ခြင်း သဘောရှိတယ်လို့ မှတ်ရမယ်။ နိဗ္ဗာန်သည်ဘယ်သဘောရှိသတုံး လို့ မေးလို့ရှိယင် ဆိတ်ငြိမ်ခြင်း သဘောရှိတယ်လို့ ဒကာ ဒကာမတွေက မှတ်ထား ရမယ်၊ ဆိတ်ငြိမ်တာက ဘာဆိတ်ငြိမ်သလဲ လို့မေးလို့ရှိရင်ဖြင့် ရုပ်နာမ်ဆိုတာသည် ဒကာ ဒကာမတို့ ခဏခဏဖြစ်ပျက်နေတဲ့ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား၊ ဉာဏ်မျက်လုံးပါတဲ့ ပုဂ္ဂိုလ်မှာ ဘယ်အချိန် ကြည့်လိုက် ကြည့်လိုက်၊ ဉာဏ်မျက်လုံးထဲ မှာ ရှုပ်ယှက်ခတ်နေတာပဲ၊ ဉာဏ်မျက်လုံးထဲမှာ ဘာဖြစ်နေသတုံး (ရှုပ်ယှက်ခတ် နေပါတယ် ဘုရား) အဲ နိဗ္ဗာန်ဆိုတာက အဲသည်လို ရှုပ်ယှက်ခတ်တဲ့သဘောတော့ မရှိဘူး။ ဉာဏ်မျက်လုံးနဲ့ ကြည့် လိုက်တဲ့အခါ ရှင်းပြီးသကာလနေတော့တာပဲ။
ဒါကြောင့် နိဗ္ဗာန်သည် သစ္စာအနက် တစ်ဆယ့်ခြောက် ချက်မှာ ဝိဝေကဆိုတာ ယနေ့ ရောက်လာတော့ နှောင့်ယှက် ခြင်း၊ ရှုပ်ယှက်ခတ်ခြင်းမှ ဆိတ်ငြိမ်ခြင်းသဘောရှိတယ်၊ သြော် နိဗ္ဗာန် ဆိုတာ ဒို့တကယ်လို့မြင်ရလို့ရှိရင်ဖြင့် ရှုပ်ယှက်ခတ်မရှိဘဲနဲ့၊ ဆိတ်ငြိမ် အေးချမ်းပြီး သကာလ နေတဲ့ နေရာကိုမြင်ရမှာပါကလား လို့ ဒကာ ဒကာမတွေ မှတ်ရမယ်။
ဝိပဿနာရှုတဲ့အဆုံးကြတော့ကို ရှုပ်ယှက်ခတ်နေတာမှ လွတ်ပြီးသကာလ -ဒီနေရာမှသာလျင် ရှုပ်ယှက်ခတ် ချုပ် ငြိမ်း၍ ရုပ်သိမ်းပြီးသကာလ ငြိမ်းအေးနေတဲ့သဘော၊ ငြိမ်သက် နေတဲ့သဘော ပါလား၊ ဒီနေရာကို အာရုံပြုသောအားဖြင့် ရောက် မှ ကိုယ်တိုင်ရောက်ဆိုတဲ့၊ ဒီအရောက်နှစ်ခု၊ ကြုံရ ဆုံရမယ် ဆိုရင်ဖြင့် ဘာအနှောင့်အယှက်မှ မရှိပါလားလို့ ကိုယ့်ဉာဏ်ထဲ မှာ ကိုယ်မြင်လာတာ (မှန်ပါ့ ဘုရား)။
ကိုယ့်ဉာဏ်နဲ့ကိုယ်မြင်လာပြီဆိုရင် ရှုပ်ယှက်ခတ်တာ တွေ ချုပ်ငြိမ်းရုပ်သိမ်းပြီး ကိလေသာ အနှောင့်အယှက်တွေမှ ကင်းဝေး၊ ကံအနှောက်အယှက်တွေမှကင်းဝေး၊ နို့မို့လို့ရှိရင်ဖြင့် ကံဘေးကို ကြောက်နေရသေးတယ်၊ ဒကာ ဒကာမတွေက မကောင်းတဲ့ကံက ဝင်နှောင့်ယှက် လိုက်လို့ရှိရင် ပြုံးကနဲ ချောက်ကျအုံးမှာလားဆိုတာ ပူဆွေးရအုံးမယ်။
သူက နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ မြင်လို့ရှိရင် နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘောပဲ။ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။ ဘာပါလိမ့် (နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘောပါ ဘုရား)။ ကိလေသာ တည်းဟူသော အနှောင့်အယှက်၊ ကံတည်းဟူသော အနှောင့် အယှက်၊ အကျိုးပေးတည်းဟူသာ အနှောင့်အယှက်၊ ဒါတွေမှ အကုန်ကင်းဆိတ်ပြီး သကာလ နေပါလိမ့်မယ်။
ဒါဖြင့် နိဗ္ဗာန်ကို သွားရတော့မယ်လို့ ဝိဝေကဋ္ဌ၊ သဘော နဲ့ ဟောရတော့မယ်ဆိုလို့ရှိရင် အလုပ်ပြအုံးမှ ခင်ဗျားတို့ ရှင်းမယ်၊ အလုပ်ပြလိုက်တဲ့အခါကျတော့ ဪ နှောင့်ယှက် ခြင်းမှ ဆိတ်ကင်းတဲ့သဘောဟာ နိဗ္ဗာန်ပါလား။
နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်
ကဲ ဒါဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားလေးကို ရှေးဦး စွာ ကျင့်စဉ်ကလေးအရင်ပြတော့မယ်၊ (မှန်လှပါ ဘုရား)။ နိဗ္ဗာန် ရောက်ကြောင်း အရင်ပြတော့မှ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်း တာပေါ်လာ လိမ့်မယ်။ ဘုန်းကြီးက ဒကာ ဒကာမတွေကို ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မနုပဿနာဆိုတာ အနုပဿနာသုံးပါးနဲ့ နိဗ္ဗာန်အရောက် ပို့နေတယ်လို့မှတ်ကြပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ သုခဝေဒနာ၊ ဒုက္ခပေဒနာ၊ ဥပေက္ခာ ဝေဒနာ၊ ဝေဒနာဘယ်နှစ်မျိုးရှိသတုံး (သုံးမျိုးပါ ဘုရား)၊ သုံးမျိုးရှိတယ်မှတ်ထားပါ။ ဒကာ ဒကာမတွေ သုခဝေဒနာဆိုတာ သုခ – ချမ်းသာတာလေး သက်သက်ပဲ၊ ကိုယ်ပေါ်မှာ ချမ်းသာ တယ်၊ စိတ်ထဲမှာ ချမ်းသာတယ်၊ ဒါ – ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။
ဒုက္ခဝေဒနာက ကိုယ်ပေါ်မှာ နာကျင်ကိုက်ခဲဆင်းရဲ တယ်၊ စိတ်ထဲ၊ ဒေါမနဿဖြစ်တယ်၊ အဲဒါဘာဝေဒနာလဲ (ဒုက္ခဝေဒနာပါ ဘုရား)။
ဥပေက္ခာဝေဒနာက၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာမှလည်း၊ မြင်ကာမျှမတ္တ၊ ကြားကာမျှမတ္တ၊ နံကာမျှ မတ္တ၊ လျက်ကာမျှမတ္တ၊ စိတ်ထဲမှာလဲ အင်းအာရုံပြုကာမျှ မတ္တလေးကို ဥပေက္ခာ ဝေဒနာလို့ဆိုသည်။
ကောင်းပြီ ဒီဝေဒနာတွေဖြစ်တဲ့အခါကျတော့ ဒကာ ဒကာမတွေမှတ်စရာက ဝေဒနာသည် သူနဲ့ဖြစ်ဖော်ဖြစ်ဖက်နှင့် တကွ၊ တွဲဖြစ်တယ်ဆိုသဖြင့် သင်္ဂြိုဟ်သမားများမှာ အဖျင်းဆုံး သူနဲ့ ဖြစ်ဖော် ဖြစ်ဖက်၊ ခြောက်ခ ုရှိလိမ့်မယ် ဆိုတာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။ ခြောက်ခုရှိတယ် မှတ်လိုက်တော့၊ ဝေဒနာချန် လုပ်ပြီး ကျန်တဲ့ငါးခုက စေတသိက်၊ ငါးခုက ဓမ္မာနုပဿနာဖြစ် ရမယ် (မှန်ပါ့) ဝေဒနာနဲ့ သဟဇာတဖြစ်နေတဲ့စိတ်က စိတ္တာ နုပဿနာဖြစ်ရမယ်။
ဒါဖြင့် ဝေဒနာရှုရင်၊ ဝေဒနာနုပဿနာ၊ ဓမ္မာ နုပဿနာ စိတ္တာနုပဿနာ၊ သုံးခုပါတယ်လို့ ဒကာ ဒကာမတွေ စာသမား၊ အလုပ်သမားများမှာ ဦးထွန်းဦး၊ ဒါမှတ်ထားရမယ်။ မမှတ်ထိုက်ဘူးလား (မှတ်လိုက်ပါတယ် ဘုရား)။ ခွဲလို့ရရဲ့လား (မရပါ ဘုရား) မရတော့ သတိပဋ္ဌာန် လေးပါးမှာ သုံးပါး တပြိုင်နက်ပြီးတဲ့ တရားဟာ ဝေဒနာနုပဿနာပဲလို့ မှတ်ရ မှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာ၊ ဒုက္ခ ဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ခန္ဓာကိုယ်မှာ ဝေဒနာက္ခန္ဓာလို့ ဘုရားက ဟောတာ၊ သုခဝေဒနာပေါ်တဲ့အခါ ကျန်ဝေဒနာ နှစ်ပါး မရှိဘူး လို့မှတ်ထားရမယ်။ ဒုက္ခဝေဒနာပေါ်တဲ့အခါ ကျန် ဝေဒနာနှစ်ပါးမရှိဘူး၊ ဥပေက္ခာ ဝေဒနာပေါ်တဲ့အခါ ကျန် ဝေဒနာ နှစ်ပါးမရှိဘူး။
သြော် ဒါဖြင့် ဝေဒနာက္ခန္ဓာတော့ ဝေဒနာက္ခန္ဓာပဲ။ ဒီဝေဒနာသုံးမျိုးဟာ အလှည့်ကျနဲ့ အမြဲ ဒကာ ဒကာမတွေ သန္တာန်၌ ကိန်းအောင်းနေတာပဲ ဆိုတာတော့ မှတ်ထားပေါ့ (မှန်ပါ့ ဘုရား)။
ဝေဒနာဘယ်အချိန်ကင်းသတုံး လို့မေးရင် ဘယ်နှယ်ဖြေမတုံး (ဘယ်အချိန်မှ မကင်းပါ ဘုရား)။ ကောင်းပြီ၊ ဝေဒနာ သုံးခု၊ တစ်ခုခုကတော့ရှိတယ်လို့ ဒကာ ဒကာမတွေ မှတ်ထားပါ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီဝေဒနာကို ရှုရတော့မယ်ဆိုတော့၊ အဲဝေဒနာရှုခိုင်းငြားသော်လည်း ဒကာ ဒကာမတို့ ဝေဒနာ၏ အသက်တမ်းကို သိနှင့်ဖို့ အရေးကြီးတယ်လို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။
ဝေဒနာ၏ အသက်တမ်းဟာ ဒကာ ဒကာမတို့ စိတ္တ ယမိုက်အလိုပြောရမယ်ဆိုရင် တစ်နဲ့နှစ်ပဲ အဖြစ်နဲ့အပျက်ပဲရှိ တယ်လို့မှတ်ထားရမယ် (မှန်ပါ့)။ သုခဝေဒနာ၏ သက်တမ်းသည် တစ်နဲ့ နှစ်ပဲ ရှိတယ် (မှန်ပါ့ ဘုရား)၊ တစ်မှာ ဖြစ် တယ်၊ နှစ်မှာပျက်တယ်။
ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာပေါ်မှာပေါ်တဲ့ အသက်တမ်းသည် တစ်နဲ့နှစ်ပဲ (မှန်ပါ့)။ တစ်မှာ ဘာတုံး (ဖြစ်ပါတယ်)။ နှစ်မှာ (ပျက်ပါတယ် ဘုရား)။ ဪ ဖြစ်ပျက်ပဲရှိတယ်၊ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။ ယားတာ တွေပေါ်လာရင်၊ ယားတဲ့နေရာလေးစိုက်ကြည့်၊ တော်တော်ကြာ ယားတာလေးက၊ ဖြစ်ပြီးပျက်သွားတာပဲ၊ မရှိတော့ဘူး၊ မရှိတော့ ဘူးလို့ မသိပေဘူးလား (သိပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ မရှိတာသည် အနိစ္စလို့ မှတ်ထား၊ သိတာသည် မဂ္ဂလို့မှတ်ထား၊ မရှိတာဘာပါလိမ့် (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား)။
သြော် ဒါဖြင့် ဒကာ ဒကာမတို့ မရှိတာ အနိစ္စ၊ သိတာကမဂ္ဂဆိုတာလေး၊ ရှေးဦးစွာ မှတ်ထားတော့ ဝေဒနာရှုဆိုတာက ဒကာ ဒကာမတွေ နာမည်တတ်လိုက်တာပါ (မှန်ပါ့)။ ရှုရမှာက အနိစ္စရှုရမှာ၊ ဝေဒနာရှုလို့ဆိုတာက၊ ဘယ် သူသေသတုံး လို့ မေးတဲ့အခါကြလို့ရှိရင်ဖြင့် နာမည်လေးထုတ်ဖော်ပြောမှသာလျင် သေတဲ့ဝတ္တုထင်ရှားတယ်။
ဒါကြောင့် “ဝေဒနာရှုလို့ဆိုတာ၊ ဝေဒနာရှုခိုင်းတာ မဟုတ်ဘူး၊ ဖြစ်ပျက်ကိုအရှုခိုင်းတာ” သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာအရှုခိုင်းတာတုံး (ဖြစ်ပျက် အရှုခိုင်း တာပါ ဘုရား)။
ဖြစ်ပျက်ကို အရှုခိုင်းတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေကမှတ်ထားတော့၊ ဝေဒနာနုပဿနာဆိုပေမဲ့လဲ၊ ဖြစ်ပျက် ရှုရတာကို ဦးချစ်ခတို့က မှတ်ထားကြ (မှန်ပါ့) ဘယ်နှယ့် ကြောင့် ဝေဒနာနုပဿနာဆိုပြီး အရှင်ဘုရားကဖြစ်ပျက် ရှုခိုင်း ရသတုံး လို့ မေးခွန်း ထုတ်လို့ရှိရင်ဖြင့် ရှင်းသထက် ရှင်းအောင် ယနေ့ ဒကာ ဒကာမတွေ ပြောပြမယ်နော်။
ရှင်းသထက်ရှင်းအောင် ပြောပြမယ်ဆိုတော့ ဥပမာသုခဝေဒနာဆိုတော့ ချမ်းသာတာ ကိုယ်ပေါ်မှာ ပေါ်တယ်ထား လိုက်ပါတော့ ကိုယ်ပေါ်မှာပေါ်တဲ့ဝေဒနာပဲ မှတ်လိုက်ပါတော့၊ အင်းကိုယ်ပေါ်မှာပေါ်နေတုံး ဝမ်းထဲမှာ ရှုတဲ့စိတ်က မပေါ်နိုင် ဘူး။ ဒါက ကာယဒွါရ ဒါက မနောဒွါရ (တင်ပါ့)။
သုခဝေဒနာက ဘာဒွါရမှာပေါ်တာတုံး (ကာယ ဒွါရမှာပါ ဘုရား)။ ကာယဒွါရ ဆိုရင် မသိဘဲနေမှာစိုးလို့၊ ကိုယ်ပေါ်မှာပေါ်တယ်။ ရှုရတာက ဉာဏ်ထဲက ဝမ်းထဲကနေပြီး ဟဒယ ဝတ္ထုပေါ်ကနေ ရှုရတော့၊ သူရှိတုံးကို ရှုတဲ့ဉာဏ်ပေါ် သလား၊ သူမရှိမှ ရှုတဲ့ ဉာဏ်ပေါ်သလား ဆိုတာတွေးကြည့်ကြစမ်း ပါ၊ (သူမရှိမှ ရှုတဲ့ဉာဏ်ပေါ်ပါတယ် ဘုရား)။ သူမရှိမှ ဉာဏ်ပေါ် တယ်ဆိုသဖြင့် သြော် ဒါကြောင့်မရှိတာ အရှုခိုင်းတာ၊
ဘာ အရှုခိုင်းတာတုံး (မရှိတာအရှုခိုင်းတာပါ ဘုရား)။
ဪ ဒါဖြင့် မရှိတာ အနိစ္စ၊ မရှိမှန်းသိတာက – မဂ္ဂ၊ ဒါမှတ်ထားပါ။ မရှိတာကဘာတဲ့ (အနိစ္စပါ ဘုရား)၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)။ ဪ ဒါဖြင့် ဒကာ ဒကာမတို့ မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက မဂ္ဂ ဆိုတော့ မရှိတဲ့အချိန်မှ ဒီကရှုရသည် ဖြစ်လေသောကြောင့် ဝေဒနာတွေ့သလား၊ မရှိတာ တွေ့သလားလို့ထောက်ကြည့် (မရှိတာတွေ့ပါတယ် ဘုရား)။
ဒါဖြင့် ဝေဒနာနုပဿနာဆိုတာ၊ သက်သက်ဆိုင်းဘုတ် ဆွဲထားတာပဲ၊ (မှန်ပါ့) အနိစ္စရှုခိုင်းတာပဲ၊ ဖြစ်ပြီးပျက်သွား တာ၊ အနိစ္စရှုခိုင်းတာပဲဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါ တယ် ဘုရား)။
ဒီကနေ့ ဒကာဒကာမတို့ ဒါဘာဟောချင်လို့တုံး ဆိုတော့၊ ဝိဝေကကို ဟောချင်လို့ ဒီဥစ္စာစတာ (မှန် ပါ့ ဘုရား)။ ဝိဝေကဋ္ဌော နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့သဘော သည် လည်းကောင်း၊ ဒီနေ့ ပေးရမှာက နှောင့်ယှက်တာတွေ ပြရအုံးမယ်။ နှောင့်ယှက်တာတွေပြတော့မှ သူက ဒီဆိတ်ကင်း တာတွေပေါ်လာမယ် (မှန်ပါ့ ဘုရား) နှောင့်ယှက်တာမရှိ တော့၊ ဆိတ်သုဉ်း ကင်းရှင်းသွားပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)
ဒါဖြင့် ဝိပဿနာရှုတာသည် ဒကာဒကာမတို့ နှောင့် ယှက်တာ အရှုခိုင်းတာလို့ မှတ်လိုက် (တင်ပါ ဘုရား)။ ဝိပဿနာအရှုခိုင်းတာ ဘာပါလိမ့် (နှောင့်ယှက်တာ အရှု ခိုင်းတာပါ ဘုရား)။ ဟုတ်သားပဲ၊ ဘယ်အချိန်ပဲ၊ ဘုန်းကြီးက ဉာဏ်ပေးပြီး အရှုခိုင်းခိုင်း ခင်ဗျားတို့ ဉာဏ်မှာဖြင့် ဟိုနေရာ ကြည့်လိုက်လဲ ဖြစ်ပျက်သွားတာတွေ့တာပဲ၊ ဒီနေရာကြည့်လိုက် လဲ (ဖြစ်ပျက်သွားတာ တွေ့ရမှာပါ ဘုရား)။ ကြည့်ချင်တဲ့ ဆီကြည့်၊ ဘာတွေ့မလဲ (ဖြစ်ပျက်တွေ့မှာပါ ဘုရား)။
ဒါဖြင့် ဉာဏ်ထဲမှာ အမြဲတမ်း ဖြစ်ပျက်တည်းဟူသော အနှောင့်အယှက်တွေ ဉာဏ်နဲ့ အမြဲမြင်မနေဘူးလား၊ (မြင်ရပါတယ် ဘုရား)၊ ဒါဖြင့် ဒါနှောင့်ယှက်ခြင်းကင်းတယ်လို့ ဆိုမလား၊ မကင်းဘူးလို့ ဆိုကြမလား (မကင်းဘူးလို့ ဆိုရမှာ ပါ ဘုရား)။ မကင်းသေးဘူး၊ မကင်းသေးတော့ ဒီအလုပ်သည် လုံ့လဗျာပါရ စိုက်ရတဲ့အလုပ် သဘောကျပြီလား (ကျပါတယ် ဘုရား)။
လုံ့လဗျာပါရ စိုက်ရတဲ့အလုပ် ဆိုလို့ရှင်ရင် ခင်ဗျားတို့ မသိမှာစိုးတဲ့အတွက် သမ္မာသင်္ကပ္ပ ဆိုတာ ကြံရတယ်၊ သမ္မာဒိဋ္ဌိ ဆိုတာ မြင်ရတယ်။ ကြံရတယ်၊ သိရတယ်ဆိုတော့ ကြံတဲ့အလုပ် ဟာလဲ အားစိုက်တဲ့အလုပ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး)။
ဒါဖြင့် ဒီဥစ္စာသည် ကိုယ်၏အဖြစ်အပျက်ကို အာရုံ၏ အဖြစ်အပျက်ကို၊ အမြဲကြည့်ပြီး နေရတော့ သတိကလဲ ထားလိုက် ရတဲ့ဖြစ်ခြင်း၊ မပြောပါနဲ့တော့။ ဝီရိယကလဲ စိုက်လိုက်ရတဲ့ဖြစ် ခြင်း မပြောပါနဲ့တော့ ဖြစ်ပျက်မြင်အောင် (မှန်ပါ့)။ မဟုတ်ဘူး လား (ဟုတ်ပါတယ်ဘုရာ)၊ သမာဓိကလဲ တည်ကြည် ရတဲ့ ဖြစ်ခြင်း ဘယ်မှမရွေ့ရအောင် ဖြစ်ပျက်ဆီချည်းတည့် နေရ အောင်၊ အမြဲတမ်း ဂရုမစိုက် ရဘူးလား (စိုက်ရပါတယ် ဘုရား)။ ဒါဖြင့် ဒီဥစ္စာအားစိုက်နေရတဲ့အလုပ်။ ဒီကဖြစ်ပျက်ကို ဒီကအား စိုက်ရတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီတော့ ဒီပုဂ္ဂိုလ်ဟာ ပင်ပန်းသလား၊ ဆင်းရဲသလားဆို တာ ခင်ဗျားတို့ကိုမေးကြည့်ရင် (ပင်ပန်းပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ “နိဗ္ဗာန်ရောက်ဖို့ရာ အလုပ်သည် ကားလို့ဆိုလို့ရှိရင် ပင်ပန်းခံမှ ရောက်တယ်” (မှန်ပါ ဘုရား)။ ပင်ပန်းမခံခဲ့သော် မရောက်ပါဘူး၊
ဒါဖြင့် နိဗ္ဗာန် ရောက်တော့ ဒီလိုပင်ပန်းနေအုံးမှာလားလို့ မေးခွန်းထုတ်ရလိမ့် မယ်၊ ဪ မပင်ပန်းပါဘူးလို့ ကိုထွန်းဦး ဖြေရလိမ့် မယ် (မှန်ပါ့ ဘုရား)။ မဖြေလိုက်ပေဘူးလား (ဖြေ ထိုက်ပါတယ် ဘုရား)။
ဒါဖြင့် ဒီနေရာမှာ အခု အလုပ်လုပ်နေရတာဖြင့် ရှုပ်ယှက်ခတ်နေတာပဲ၊ (မှန်ပါ့ ဘုရား)။ နိဗ္ဗာန်ရောက်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ ရှုပ်ယှက်ခတ်တာမြင်ရသလားတဲ့၊ ငြိမ်းချမ်းတာ မြင်ရသလား (ငြိမ်းချမ်းတာမြင်ရပါတယ် ဘုရား)။
ဒါဖြင့် နှောင့်ယှက်ခြင်းမှ ဆိတ်သုဉ်းခြင်းမှ ကင်းတဲ့ နိဗ္ဗာန်ကိုပြချင်လို့ရှိရင် ရှုပ်ယှက်ခတ်တာက စပြရမယ် (မှန်ပါ့)။ဒါမှ ရှင်းတာသိမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။ ရှုပ်ယှက်ခတ်တာ ပြမှ သာလျင် ဘာသိမလဲ ဒကာ ဒကာမတို့ (ရှင်းတာသိမယ် ဘုရား)။
အမှိုက်ပုံကြီး အိမ်ဝင်းထဲမှာ ဟိုနေရာအစအန၊ ဒီနေရာ အစအန၊ အမှိုက်တွေက ရှုပ်ယှက် ခတ်နေတာကို မနက်မိုးလင်း ရင် မြင်ရတယ် (မှန်ပါ့ ဘုရား)။ ဒါတွေကို မြူနီစီပါယ်က လာပြီး သကာလ၊ ကြုံးပြီး ရှင်းသွားတဲ့အခါကျလို့ရှိရင်ဖြင့် ရှင်းသွား ပြီဆိုတဲ့ စကားသည် ဘယ်က လာသတုံးလို့ မေးလို့ရှိယင်ဖြင့် ရှုပ် ရာက လာတာမဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ကြုံး သွားပြီ ဆိုတဲ့စကား ဘယ်က လာတာတုံး (ရှုပ်ရာက လာတာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံ၊ အရှုပ်ကို၊ တကယ်မှန်းလို့ရွံ့တဲ့ပုဂ္ဂိုလ်မှ အရှင်း ရောက်တယ် (တင်ပါ့ ဘုရား)။ အရှုပ်တွေထဲမှာပဲ ပျော်ပိုက်နေသေးတယ် ဆိုတာ မြွေ စိတ်ပေါက်လို့ဘဲ၊ တိရိစ္ဆာန်စိတ် ပေါက်လို့ဘဲလို့ မဆိုနိုင်ဘူးလား၊ (ဆိုနိုင်ပါတယ်)။
ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်ဆိုတာသည် ဘယ်အသွားပါ လိမ့်မလဲလို့ မေးခွန်းထုတ်လို့ရှိယင်ဖြင့် ရှုပ်ယှက်ခတ်ခြင်းမှ ရှင်းတဲ့နေရာကို နိဗ္ဗာန်လို့ဆိုတယ်။ ဒါလေးသေသေချာချာ မှတ်ထား၊ ဒကာ ဒကာမတို့ ရှုပ်ယှက်ခတ်ခြင်းမှ ရှင်းလင်းတဲ့ နေရာကို နိဗ္ဗာန်လို့မှတ်ထားရမယ် အားလုံးရှင်းသွားတာပဲ။
ကိုင်း ဒကာ ဒကာမတို့ ဝိပဿနာ လုပ်တာတောင်မှ ဖြစ်ပျက်တွေ၊ ဖြစ်ပျက်တွေဟာ ဉာဏ်အောက်မှာ ဦးချစ်ခ၊ ရှုပ်နေ တာပဲ (တင်ပါ့) ဝိပဿနာ လုပ်နေတာဟာ ရှုပ်ယှက်ခတ် တာကို ကြည့်ခိုင်းနေတာ (တင်ပါ့)၊ ရှုပ်ယှက်ခတ် တာတွေ မကြည့်ချင်တော့ပါဘူး၊ ရှုပ်ယှက် ခတ်တာတွေဟာ ဒုက္ခအကြည့် ခိုင်းနေတာပဲဆိုရင် ရှင်းပြီလား၊ မရှင်ဘူးလား (ရှင်းပါတယ် ဘုရား)။
ရှင်းသွားတဲ့အခါကျလို့ရှိရင် ဪ နိဗ္ဗာန်ဆိုတာ အရှင်းဓါတ်၊ အလင်းဓါတ် သဘော ကျကြပလား (ကျပါပြီ ဘုရား)။ နိဗ္ဗာန်ဆိုတာ ဘာဓါတ်ပါလိမ့် (အရှင်းဓါတ်၊ အလင်းဓါတ်ပါ ဘုရား)၊ အရှင်းဓါတ်၊ အလင်းဓါတ် ဆိုတဲ့ ဥစ္စာ သည် ဒကာ ဒကာမတို့ သေသေချာချာ မှတ်ထားတော့ ရှုပ်ယှက် ခတ်တာ၊ မသိဘဲနဲ့ ရှင်းတယ်လင်းတယ် ဆိုတဲ့ ဒုတိယစကားသည် ဦးဘကြည် မတွက်ဆ နိုင်ပါဘူး (မှန်ပါ့ ဘုရား) အရှုပ်မြင်မှ ဘာတုံး (အရှင်းပါ ဘုရား) အဲ့ဒါက အရှင်းကို ဟိုဟာက အရှုပ်ကို ဆိုတာ ခင်ဗျားတို့ ချိန်ဆနိုင်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အခု ခင်ဗျားတို့ ဒကာ ဒကာမတွေ ဘုန်းကြီးဟောရမှာ ဖြင့် ခင်ဗျားတို့ ရှုပ်ထားတာတွေ ခင်ဗျားတို့ကလဲ ရှုပ်ထားမှန်းက မသိ (မှန်ပါ့ ဘုရား)၊ မသိတော့ ခင်ဗျားတို့ ရှုပ်ထားတာကို အရင် ပြောရမယ်၊ သဘောကျပလား (တင်ပါ့ ဘုရား)၊ ခင်ဗျားတို့ ရှုပ်ထားတာတွေကို အရင် ပြောရလိမ့်မယ်၊ နိဗ္ဗာန်ဆိုတဲ့ သဘော က ခင်ဗျားတို့ ရှုပ်ထားတဲ့ အရှုပ်မျိုးမရှိဘူးဆိုတဲ့ ဥစ္စာ ရှင်းလင်း တာကို ဖော်ပြရမယ်။ ဒါကြောင့် ဝိပဿနာဉာဏ်ကစနေတယ်၊ ဦးချစ်ခ မှတ်ရ မယ်၊ အခုဘာကစနေတုံး (ဝိပဿနာဉာဏ်က စပါတယ် ဘုရား)၊ ဝိပဿနာကစတော့ အရှုပ်တွေ့တော ဝေဒနာတွေပေါ် ကြမှာပဲ။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ သုခဝေဒနာ အကြည့်ခိုင်း တာလား ဖြစ်ပျက် အကြည့်ခိုင်း တာလား (ဖြစ်ပျက်အကြည့် ခိုင်းတာပါ ဘုရား)၊ သုခဝေဒနာဆိုတော့ပေါ်တာက သုခဝေဒနာ အမှန်ပါပဲ၊ ကြည့်တဲ့အချိန်မှာတော့ သုခဝေဒနာမတွေ့ဘူး၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ ပေါ်တာက ဘာပေါ်တာတုံး (သုခဝေဒနာပါ) အကြောင်းတိုက်ဆိုင်တော့ သုခ ဝေဒနာပေါ်တယ်၊ ကြည့်တော့ သုခဝေဒနာတွေ့သလား၊ အနိစ္စ တွေ့သလား (အနိစ္စတွေ့ပါတယ် ဘုရား) ဖြစ်ပြီး မရှိတာတွေ့ တယ် (မှန်ပါ့ ဘုရား) ဘာတွေတွေ့ကြပါလိမ့် (ဖြစ်ပြီး မရှိတာ တွေ့ပါတယ် ဘုရား)။
ဖြစ်ပြီး မရှိတာ တွေ့တော့ ဖြစ်ပြီးမရှိတာကို “ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ” လို့ ပြောဆိုကြတဲ့ အတိုင်း အဲ အနိစ္စတွေ့ တာပဲ၊ သဘောကျပလား (မှန်ပါ့) အနိစ္စဆိုတာ ဘာတုံး ဆိုတော့ မြန်မာလို ပြောကြတော့၊ အခုမွေး အခုသေတာကို ပြတာ သဘောကျပြီလား (မှန်ပါ့)။
အဲဒီတော့ ဒါသည် ခန္ဓာကိုယ်ထဲမှာ ကြည့်လိုက်တော့ ဝေဒနာတွေဟာ အခုမွေး အခုသေ တွေချည်း ကိုထွန်းဦးတို့၊ ဦးဘကြည်တို့ မတွေ့ရဘူးလား (တွေ့ရပါတယ်) အဲဒီတော့ ဉာဏ်ထဲ ဘယ့်နှယ်နေတုံး (ရှုပ်နေတယ် ဘုရား)၊ ရှုပ်နေတာ ဘယ်လိုကြည့်လိုက်၊ ကြည့်လိုက် ဒါမျိုးချည်း တွေ့နေမယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာ အပါးဝလာတော့ ဝိပဿနာဉာဏ် စိပ် လေလေ ဖြစ်ပျက် အရှုပ်အထွေးတွေက များလေလေ၊ မလာဘူးလား (လာပါတယ် ဘုရား) အဲဒါသည် ဒကာ ဒကာမတို့ ဒါရှုပ်နေတဲ့ သဘောကို ပြတာပဲ၊ နိဗ္ဗာန်သာ ဒီလိုရှုပ်နေလို့ရှိရင် ဖြင့် ဒကာ ဒကာမတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း ဆိုတဲ့ လောကီအပြောမျိုးရှိနိုင်ပါ့မလား (မရှိနိုင်ပါ ဘုရား)၊ ဒါဖြင့် နိဗ္ဗာန် သည်ကား ဆိုလို့ရှိရင် ဤကဲ့သို့ အဖြစ်အပျက် မရှိဘူး လို့ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သည် ဖြစ်ပျက် ရှိပါသလား (မရှိပါ ဘုရား)။
ဖြစ်ပျက်မရှိတော့ ဘာရှိမှာတုံးလို့မေးရလိမ့်မယ်၊ ဒကာ ဒကာမတို့ ဖြစ်ပျက်ဆိုတာ အရှုပ်တော်ပုံလို့ မှတ်ထားရမယ်၊ ဖြစ် ပျက်ဟာဘာပါလိမ့်၊ (အရှုပ်တော်ပုံပါ ဘုရား) အရှုပ်တော်ပုံပဲ၊
ခန္ဓာကိုယ်စိုက်ကြည့်ပါ
ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံကို စိုက်ကြည့်လိုက်၊ မွေးလိုက်၊ သေလိုက်၊ မွေးလိုက်၊ သေလိုက်မရှိဘူးလား (ရှိပါတယ် ဘုရား) မိမိခန္ဓာကိုယ်ကို ဉာဏ်မျက်လုံး၊ မှန်ပြောင်းနဲ့ လှည့်ကြည့် လိုက်ပြန်တော့လဲ ဘာတွေတွေ့မယ်ထင်တုံး (ဖြစ်ပျက်တွေ့မယ် ဘုရား)၊ ဖြစ်ပျက်ချည်း လှည့်နေမယ် ဆိုတာ၊ ဦးဘကြည်တို့ စဉ်းစားကြည့်ကြပေါ့၊ ဒို့ခိုင်းတာ အရှုပ်တွေ အကြည့်ခိုင်းတာ မလာပေဘူးလား (လာပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ရှုပ်တာအကြည့်ခိုင်းတာသည် ဒကာ ဒကာမတို့ ဘာကြောင့် ဘုရားက ဒီဉာဏ်စဉ် အတက်ခိုင်းရပါ လိမ့်မတုံးလို့ မေးခွန်းထုတ်ခဲ့သည်ရှိသော် ရှုပ်တာသိမှ မင်းတို့ရှင်း တာကြိုက်မယ်၊ ရှင်းတာကြိုက်တဲ့စိတ် အမှန်ပေါ်မယ်ဆိုပြီး ရှေးဦးစွာ ရှုပ်တာပြရတယ်၊ ရှင်းပြီလား (မှန်ပါ ဘုရား) ရှုပ်တာ ဘယ့်နှယ့်ကြောင့် ပြရပါလိမ့် (ရှင်းတာကိုသိအောင် လို့ပါ ဘုရား)။
ဒီခန္ဓာကြီးဟာ ခိုင်တယ်၊ မြဲတယ်၊ တည်တံ့တယ်လို့ ထင်နေတော့ ရှုပ်တာတွေတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)၊ မတွေ့တော့ ခင်ဗျားတို့ ဒီအရှုပ်မှမသိတဲ့ပုဂ္ဂိုလ်ဟာ အရှင်း နိဗ္ဗာန်ကို ဘယ်လိုအာရုံပြုမလဲ (မပြုနိုင်ပါ ဘုရား) ကြိုက်လဲ မကြိုက်နိုင်၊ အာရုံလဲမပြုနိုင်၊ ဒါဖြင့် နိဗ္ဗာန်ဆိုတာ ဘယ်သူမှ အိပ်မက် မမက်ဖူးဘူး၊ ယုံပြီလား (ယုံပါပြီ ဘုရား)။
နိဗ္ဗာန်ကို ဒကာ ဒကာမတို့ အိပ်မက် မက်ဖူးကြရဲ့လား (မမက်ဖူးပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်သည် အိပ်မက်မှ မမက်ဖူးဘူး ဆိုတာ မသေချာဘူးလား (သေချာပါတယ်) အဲဒီတော့ နိဗ္ဗာန်ကို မဆိုထားပါနဲ့၊ ကိုယ်ရှုပ်နေတဲ့ အရှုပ်တောင်မှ ရှုပ်တယ်လို့ သိတဲ့ ဉာဏ်ပေါ်ဖူးရဲ့ လားလို့မေးအုံး။
ခန္ဓာထဲ ဘာတွေရှုပ်နေ လဲ (ဖြစ်ပျက်ပါ ဘုရား)။ ကိုယ့်ခန္ဓာ၊ ရုပ်ဘက်က ဖြစ်ပျက်ကော ရပ်စဲရဲ့ လား (မရပ်စဲပါ ဘုရား)။ နာမ်ဘက်က ဖြစ်ပျက်ကကော (မရပ်စဲပါ ဘုရား)၊ မရပ်စဲတော့ အဲဒီ ရှုပ်ယှက်ခတ်တာကို ခင်ဗျား တို့ကလဲ မမြင်ဘူး (မှန်ပါ့ ဘုရား)။ ဟို – အရှင်းဆိုတဲ့ နိဗ္ဗာန် အသာထား စမ်းပါအုံး၊ ကိုထွန်းဦးရာ ရှုပ်ယှက်ခတ်တာကို ဘယ့်နှယ်နေတုံး (မမြင်ပါ ဘုရား)။
ဒါဖြင့် ဘာအမြင်ပြမှ နိဗ္ဗာန်ရှင်းမတဲ့တုံး (ရှုပ်ယှက် ခတ်တာပြမှပါ ဘုရား)။ ရှုပ်ယှက် ခတ်တာပြမှ ရှင်းတာကို၊ ခင်ဗျား တို့ မြင်ရတော့မယ် (မှန်ပါ့ ဘုရား)၊ ရှုပ်ယှက်ခတ်တာကို မြင်ရတဲ့ အခါကျလို့ရှိရင်၊ ရှုပ်ယှက် ခတ်တာကော၊ မကြိုက်ဘူးဆိုတဲ့ မဂ်ပေါ် ရမယ် မှန်ပါ့ဘုရား။
ကဲ ဒါဖြင့် အသေအချာမှတ်ပါ၊ သုခဝေဒနာရှုတော့ ဘာ တွေ့ကြတုံး (ဖြစ်ပျက်ပါ ဘုရား)၊ အဲဒါရှုတဲ့ပုဂ္ဂိုလ်မှ တွေ့ မယ်နော်၊ မရှုတဲ့ပုဂ္ဂိုလ်မှာ မတွေ့ပါဘူး၊ မရှုတဲ့ ပုဂ္ဂိုလ်မှာ ရှိတာ လဲ မသိဘူး၊ မရှိတာလဲ မသိဘူး၊ အဲဒီပုဂ္ဂိုလ်ကို အရူးလို့မှတ်ပါ (မှန်ပါ့ ဘုရား)၊ မရှုတော့ ရှိမှန်းကောသိရဲ့လား (မသိပါ ဘုရား)၊ မရှိမှန်းကော (မသိပါ ဘုရား) ဒါဖြင့် ရှိ-မရှိမှ မသိတဲ့ပုဂ္ဂိုလ်၊ ဦးချစ်ခတို့ ဘယ်အထဲ သွင်းမှာလဲ (အရူးထဲပါ ဘုရား)။
အဲ အဝိဇ္ဇာ အုပ်ချုပ်နေတော့ မောဟုမ္မတ္တကဆိုတဲ့ မောဟတို့သည် ရှိတာလဲ မသိဘူး၊ မရှိတာကော (မသိပါ ဘုရား)။ မသိတာကို ဒကာ ဒကာမတွေသည် မောဟုမ္မတ္တက ဆိုတဲ့အတိုင်း မောဟရူး၊ ရူးနေတယ်လို့ ဦးဝ ဆိုလိုက်စမ်းဗျာ၊ (မှန်ပါ့ ဘုရား) ဦးခင်မောင် မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။ ဘာပြုလို့တုံးလို့မေးတဲ့အခါကျတော့ သူများ သန္တာန်မှာရှိတာ၊ မရှိတာ အပထား ကိုယ့်သန္တာန်မှာ ရှိ၊ မရှိ ခဏခဏ ရှိ၊ ရှိပြီး၊ ပျောက်ပျောက်သွားတာတွေ၊ ခဏခဏ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
သူတို့တတွေ ထိုကဲ့သို့ ပေါ်ငြားသော်လည်း ဦးဘအုန်း က မသိလိုက်ဘူးလားဆိုတော့၊ ကိုကျင်တို့သည် သူတပါးသန္တာန် ကို မရှိတာ – မသိတာ ကိစ္စမရှိပါဘူး၊ (တင်ပါ့ ဘုရား) ဦးချစ်ခရေ ကိုယ့်သန္တာန်မှာဖြစ်ပြီး မရှိတာလေးတွေ မသိလိုက်တော့ သြော် ငါ အရူးထနေတဲ့အချိန်နဲ့ ကြုံလို့ပဲလို့သာ ဆုံးဖြတ်ချက်ချပါ၊ မချ ထိုက်ဘူးလား (ချထိုက်ပါတယ် ဘုရား)။
မောဟုမ္မတ္တက ဗျ၊ မောဟဆိုတာ အရူး၊ မသိတာဟုတ် လား၊ မသိရူး-ရူးနေတဲ့အတွက် ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ သုခဝေဒနာလဲ မသိလိုက်၊ ဒုက္ခဝေဒနာကော (မသိလိုက် ပါ ဘုရား)။
ဦးချစ်ခ၊ မသိလိုက်တာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ခင်ဗျားတို့က မသိလိုက် ငြား သော်လဲ မသိသလိုတော့ ဖြင့် အနှိပ်စက်ခံရမယ် (မှန်လှပါ ဘုရား)။ မခံရပေဘူးလား (ခံရပါတယ် ဘုရား)၊ ဦးဘကြည် ခံရလိမ့်မယ် (မှန်ပါ့)။ ဘယ်လိုခံရမတုံးဆိုတော့၊ ခင်ဗျားတို့က မသိလိုက်တော့ ဝေဒနာ က သူကျေးဇူးပြုစရာရှိတဲ့ ကျေးဇူးပြုသွားမယ် (တင်ပါ့ ဘုရား)။
ဝေဒနာပစ္စယာတဏှာ (တင်ပါ့ ဘုရား) ဒီလို ကျေးဇူးပြုသွားတယ်၊ ခင်ဗျားတို့က မသိလိုက်ဘူး၊ သူကတော့ တဏှာဖြစ်အောင် ကျေးဇူးပြုတယ်, (တင်ပါ့) တဏှာဖြစ်တာ လဲ မသိလိုက်ပြန်ဘူးဆိုတော့၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန် ဖြစ်တာလဲမသိလိုက်ပြန်တော့ ဘဝ၊ ဘဝ ပစ္စယာဇာတိကျအောင် ခင်ဗျားတို့တော့ မသိလို့ လုပ်မိပေမယ့်လဲ၊ မသိတော့၊ မသိလိုက် မသိဘာသာ နေငြားသော်လည်း၊ အပြစ်မလွတ်ဘူး (မှန်ပါ့ ဘုရား)။ ဦးဘကြည် လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။
ဒကာ ဒကာမတွေ ဘယ်လိုဆိုကြမတုံး (မလွတ်ပါ ဘုရား)။ မသိလိုက်လို့ ရှိရင်၊ အပြစ် လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။ မလွတ်တာ ဘာပြုလို့တုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဒေသနာ တော်ဆိုတာက ဘုရားနဲ့မဆိုင်ဘူး၊ (မှန်ပါ့)၊ နောက် ကကော ဒကာမတွေ၊ ဘုရားနဲ့ မဆိုင်ဘူး၊ သူ့သဘော အတိုင်း သူကျေးဇူးပြုတာ(တင်ပါ့ ဘုရား)။ ဘုရားက မပြနဲ့ဆိုလို့လဲ မရဘူး၊ ပြုပါဆိုပြီး တောင်းပန်လို့လဲမရဘူး၊ သူ့သဘောနဲ့ ဓမ္မနိယာမ သဘောဖြစ်နေတာ (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။ သင် ဘယ်သဘောပါလိမ့် (ဓမ္မနိယာမပါ ဘုရား)။ ဓမ္မနိယာမသဘောဆိုတော့ အဲဒီဓမ္မနိယာမကို ဘုရားပွင့်လာက တည်းက ဖျက်တယ်၊ ရှင်းပြီလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဓမ္မနိယာမ ဖျက်တယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဆိုတဲ့ ဥစ္စာက ဝိုင်းတတ်တယ်၊ လည်တတ်တယ် ဆိုတဲ့တရားကို ငါဘုရားပွင့်တဲ့အခါကျတော့ မင်းတို့သည် အလည်ရပ်အောင် ငါကြိုးစားပေးပါ့မယ် ဆိုပြီးသကာလ ဝိပဿနာဉာဏ်ကိုဟော တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ရမလဲ (ဝိပဿနာဉာဏ်ပါ ဘုရား) ဝိပဿနာဉာဏ်လုပ်တော့ မရှိတာကဘာတုံး၊ အနိစ္စ၊ မရှိမှန် သိတာက – မဂ္ဂ။ မဂ္ဂဆိုတော့ကို ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားပြီ၊ ပြတ်ကဲ့လား ဦးဘအုန်း (ပြတ်ပါ တယ် ဘုရား)။
ဘယ်နေရာက စပြတ်သွားပါလိမ့်၊ တဏှာနိရောဓော တဏှာမလာဘဲနဲ့ ပြတ်တယ်၊ မဂ်က ဖြတ်လိုက်တာ၊ ဒကာ ဒကာမတွေ ဘယ်သူကဖြတ်လိုက်တယ် (မဂ်က ဖြတ်တယ် ဘုရား)၊ မဂ်က ဖြတ်လိုက်တော့ တဏှာလာသေးရဲ့ လား၊ (မလာ ပါ ဘုရား)။ တဏှာက ကျေးဇူးပြုမှပေါ်မဲ့၊ ဥပါဒါန် ဆိုတာ၊ တဏှာ မပေါ်ရလို့ပဲ၊ ချုပ်ငြိမ်းတယ် (တင်ပါ ဘုရား)။ ဟိုဘက် ဘဝတွေဆိုတာ လာနိုင်သေး ရဲ့လား (မလာနိုင်ပါ ဘုရား)။
“မွေးတာနဲ့သေတာအကြည့်ခိုင်းတာ”
ဝေဒနာလေး မွေးလိုက်၊ ဝေဒနာလေး သေလိုက်၊ အဲဒါ ကို ဘုန်းကြီးက အကြည့်ခိုင်းနေတော့ ဉာဏ်မျက်လုံးထဲမှာ၊ ဪ ဒို့အကြည့်ခိုင်းတာသည် ဘာများ အကြည့်ခိုင်းတာ တုံး အသေ ရှုပ်ယှက် ခတ်နေတာ အကြည့်ခိုင်းတာ။
ဘာ အကြည့်ခိုင်းတာတုံး (အသေရှုပ်ယှက်ခတ်နေတာပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဝိပဿနာရှုဆိုတာ၊ ဒကာ ဒကာမတို့ အသေရှုပ်ယှက် ခတ်နေတာ အထပ်ထပ် အသေတွေ ရှုပ်ယှက်ခတ်နေတာကို၊ အရှုခိုင်းတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊
ကြည့်ဖြစ်အောင်ကြည့်စမ်းပါ
ဒီကနေ့တရားမှာ ခင်ဗျားတို့ ဝိဝေကဋ္ဌောဟောဖို့ရာ ဝိဝေကဋ္ဌကို ဒီကစပြီး မဟောလို့ရှိရင် ဆိတ်ငြိမ်တာကို မပြနိုင်မှာ ကြောင့် မဆိတ်ငြိမ်တာကို အရင်ပြရတယ် (တင်ပါ့ ဘုရား)။ မနေ့က တရားနဲ့ တခြားစီနော် (မှန်ပါ့ ဘုရား)၊ မဆိတ်ငြိမ်တာ ပြနေတယ် (တင်ပါ့ ဘုရား)၊ မဆိတ်ငြိမ်တာ ဆိုတော့ သုခ ဝေဒနာ ကြည့်လိုက်ပြန်ရော ရှုပ်ယှက်ခတ် သေနေတာပဲ။ ဒုက္ခ ဝေဒနာလေးပေါ်လို့ ကြည့်လိုက်ပြန်ရော ရှုပ်ယှက်ခတ်သေနေ တာပဲ။
ဒုက္ခဝေဒနာလဲ တစ်ခုတည်းသေတာမဟုတ်ဘူး၊ သူနဲ့ သဟဇာတ တွေပါရောသေကြတာ (မှန်ပါ့ ဘုရား)၊ ရှုပ်ယှက် ခတ်မနေဘူးလား (တင်ပါ့ ဘုရား)၊ ကောင်းပြီ၊ ဥပေက္ခာ ဝေဒနာ ကြည့်လိုက်စမ်းပါ၊ ဦးဘကြည်ရာ၊ ဘယ်လိုနေတုံး (ရှုပ်ယှက်ခတ်နေတာပါ ဘုရား)။
ယထာဘူတဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်
ဪ ရှုပ်ယှက်ခတ် သေပြန်တဲ့အခါကျတော့၊ သေတာတွေမြင်၊ မွေးတာတွေမြင်၊ ဒါတွေချည်း မြင်နေတော့ ခင်ဗျားတို့ ဉာဏ်သည်ပင်လျှင် ပြောင်းနေတယ် မပြောင်းပေ ဘူးလား (ပြောင်းပါတယ် ဘုရား)။
ဒီရှုပ်ယှက်ခတ် တာချည်း ကြည့်နေရတာဖြင့်ကွာ ကြည့် ကိုမကြည့်ချင်ဘူးလို့ ပြောင်းမလား၊ မပြောင်းဘူးလား (ပြောင်း မှာပါ ဘုရား) ကြည့်ကိုမကြည့်ချင်တော့ဘူးဆိုတော့၊ သူတို့ရှိ လျက်သား နဲ့ကို၊ မကြည့်ချင်ပဲ မနေရပဲနဲ့ ကြည့်နေရတော့ မကြည့် ချင်မြင်လျက်သား ဆိုတဲ့အတိုင်း မုန်းလျက်နဲ့ ပေကြည့်နေရတယ်။ သဘောကြပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခုနက ရှုပ်ယှက်ခတ်မြင်တာက ယထာဘူတ ဉာဏ် ရှုပ်ယှက်ခတ်တာတွေ မကြည့်ချင်ပဲနဲ့ ပေကြည့်နေရတာ ကတော့ ဘာတုံး၊ နိဗ္ဗိန္ဒဉာဏ်၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
ရှုပ်ယှက်ခတ်တာတွေ၊ ရှုပ်ယှက်ခတ်တယ်လို့ သိနေတဲ့ ဉာဏ်က၊ ဘာဉာဏ်တုံး (ယထာဘူတဉာဏ်)၊ ယထာဘူတ ဉာဏ်က မဂ္ဂင်ငါးပါး၊ ရှုပ်ယှက်ခတ်တာကို ကြည့်နေကြ ဖြစ်နေ တော့၊ တစ်ကိုယ်လုံး ဉာဏ်နဲ့ စိုက်ကြည့်လိုက်တော့ ဖြစ်ပျက်နဲ့ ဉာဏ်ဟာ ခွဲလို့ မရတော့ဘူး။
ထိုကဲ့သို့ ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ ခွဲလို့မရတော့၊ ဒကာ ဒကာမတွေက ဪ ဒီဝဋ်ဘယ်တော့ ကျွတ်ပါ့မတုံး ဆို တာတွေဟာ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။ ဒါ – ဝိပဿနာအလုပ်သမားမှလာမယ်နော် (မှန်ပါ့ ဘုရား)။ ဒါစာပြောရှိပါသေးတယ် (မှန်ပါ့ ဘုရား)။
ဦးချစ်ခ ရှုပ်ယှက်ခတ်တာလဲမြင်ရပြီ၊ ရှုပ်ယှက်ခတ်တာ တွေက မျက်စိဝိညာဏ်အောက်ကိုပဲ ရောက်နေတော့ ဦးဘကြည် တို့ ကိုထွန်းဦးတို့ လွဲလို့ကိုမရဘူး (မှန်ပါ့ ဘုရား)၊ ရသေးရဲ့ လား (မရပါ ဘုရား)၊ လွဲလို့မရတဲ့ဉာဏ်၊ ဉာဏ်ခေါ်ကြ မတုံး (နိဗ္ဗိန္ဒဉာဏ်)။
ကိုင်း ဒါဖြင့် ရှုပ်ယှက်ခတ်တာတွေကို မကြည့် ချင်ပဲနဲ့ ကြည့်နေရတော့ ရွံမုန်း လျက်နဲ့ ပေကြည့် နေရတယ်၊ သဘောကျပြီလား (မှန်ပါ့ ဘုရား)။ ရွံ့မုန်းလျက်နဲ့ ပေကြည့် နေရတာလဲ မိမိ နဂိုက မိမိခန္ဓာပေါ့ဗျာ (မှန်ပါ့ ဘုရား) အခုတော့ဖြင့် မိမိခန္ဓာ ဘာဆိုရတယ်၊ ရှုပ်ယှက်ခတ်နေ တာရယ်၊ မုန်းစရာကြီး ရယ်က မိမိခန္ဓာလို့ မိမိတို့က ထင်တော့ ထင်နေတာ၊ ထင်သာ ထင်ရတယ်၊ မုန်းစရာကြီးပါလား ဆိုတာ၊ ဉာဏ်ပြောင်း မသွားဘူးလား၊ သွားသလား (ပြောင်းသွားပါတယ် ဘုရား)။
အဲဒီလိုပြောင်းသွားတော့ နိဗ္ဗိန္ဒဉာဏ်ထိုးတက်သွား တယ်၊ နိဗ္ဗန္ဒဉာဏ် ထိုးတက် သွားတဲ့အခါ ကျတော့ ဒကာ ဒကာမတွေ ဝေဒနာသုံးပါးကို ငြီးငွေ့ပေမယ့် ဘယ်လောက်ပဲငြီးငွေ့၊ ငြီးငွေ့၊ ငြီးငွေ့တာတွေ သန်လေလေ၊ ကောင်းလေပဲကွလို့ ဘုရားကဟောတယ် (မှန်လှပါ ဘုရား)။
ငြီးငွေ့တာ သန်လေလေ၊ ကောင်းလေပဲ၊ ငြီးငွေ့တာ သန်ရင် မလိုချင်တာမြင်မှာပဲကွ၊ လာမလား၊ မလာဘူး လား (လာမှာပါ ဘုရား)၊ ဒီငြီးငွေ့တာသန်ရင် ဘာလာမယ်ထင် သတုံး (မလိုချင်တာလာမယ် ဘုရား)၊
မလိုချင် တာမြင်မှ
ဒါဖြင့် ငြီးငွေ့ပေမယ့်လဲ၊ ပေစိုက်ပြီး ဦးခင်မောင်တို့ ရှုပါ (တင်ပါ့ ဘုရား)၊ ဒကာ ဒကာမတွေ ငြီးငွေ့ပြီးတော့ ဘာလုပ်ရ မတုံး (ပေရှုရမှာပါ ဘုရား)။ ငြီးငွေ့ရင်းနဲ့ ပေစိုက်ပြီး သကာလ ရှုပြီဆိုမှဖြင့် မိမိခန္ဓာလို့ နဂိုက အထိမ်းအမှတ်ထားတဲ့ ဝေဒနာက္ခန္ဓာကြီး၊ ဒကာ ဒကာမတွေက သြော်ဒါကြီးဖြင့် ကံမကောင်း၊ အကြောင်းမသင့်လို့ ဘဝသံသရာက မိုက်မှု၊ မဲမှု တွေ အပြစ်သင့်နေတဲ့ခန္ဓာကြီးလို့ ဆိုတာ၊ ကိုယ့်ဟာကိုယ် မလာပေဘူးလား (လာပါတယ် ဘုရား)။
မဂ်ဉာဏ်
ဘဝသံသရာမှာ အပြစ်ကြီး သင့်ပြီးသကာလ၊ ဝဋ်ပါနေ တဲ့ ဝိပါက ဒုက္ခသစ္စာပဲ၊ (တင်ပါ့ ဘုရား)၊ ဝိပါက အကျိုးပေးတယ်၊ (မှန်ပါ့)၊ ခဏခဏ မွေး၊ ခဏခဏသေပေါ့ဗျာ၊ ဒါဘာသစ္စာဖြစ် သွားသတုံး (ဝိပါကဒုက္ခသစ္စာပါ ဘုရား)။
အင်း ဝိပါက ဒုက္ခသစ္စာပဲလို့ သိလိုက်တဲ့အခါကျလို့ရှိ ရင်ဖြင့် ဒုက္ခသစ္စာဟာ၊ ဘယ်ဟာ သုခပါသေးလဲ လို့ပြန်တွေး၊ ဘယ်ဟာမှ သုခမပါတော့ဘူး၊ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချ တဲ့အချိန်မှာ ဖျပ်ဆို သူချုပ်သွားတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချတော့ ရှေးကဖြစ်ပျက် တွေ တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)၊ မတွေ့တော့ ဒီမှာ ဖြစ်ပျက်မရှိတာဘဲ ကျန်ရစ်တော့တယ်၊ ဘာကျန်ရစ်တုံး (ဖြစ်ပျက် မရှိတာ ကျန်ရစ်တယ် ဘုရား)၊ ဖြစ်ပျက်မရှိတာ၊ ခုနက ကြည့်တာ ရှုပ်ယှက်ခတ် သေတာတွေ၊ အခုတော့ ရှုပ်ယှက်ခတ် သေတာ မရှိတော့ သေပွဲကင်းတာ ဒီနေရာကိုးလို့ လာမလား၊ မလာဘူးလား (လာပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ခုနက ရှုပ်ယှက်ခတ်တာ တွေကို၊ ဒုက္ခအစစ်ပဲလို့ သုခ-နဲနဲမှမပါ၊ ပါဘူးလို့၊ ကိစ္စဉာဏ်နဲ့ ပိုင်းဖြတ်လိုက်ပါ(မှန်ပါ့ ဘုရား)၊ ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ပိုင်းခြားတဲ့ဉာဏ်နဲ့ဆိုရင်၊ မဂ္ဂင်ရှစ်ပါးပြည့်တယ် (မှန်ပါ့)။ ဒကာဒကာမတို့ မဂ်ရတာအမှန်ပဲ (မှန်ပါ့) ဘုရား)။
ပိုင်းခြားသည်နှင့် တစ်ပြိုင်နက် သူက ဘေးရောက်ပြီး သကာလ၊ နိဗ္ဗာန်က အတည့်လာ ဖြစ်တယ်၊ ရှင်းပြီလား (မှန်ပါ့ ဘုရား)၊ ဒီဉာဏ်နဲ့ နိဗ္ဗာန်နဲ့က အတည့်၊ သူက ဘေးထွက် တယ်၊ သဘော ကျပလား (တင်ပါ ဘုရား) ဒုက္ခသစ္စာက ဘေးထွက်တယ်နော် နိဗ္ဗာန်ကဘာတုံး (တည့်ပါတယ် ဘုရား)။
နိဗ္ဗာန်နဲ့တည့်တော့ တည့်တဲ့နေရာ ခင်ဗျားတို့က စိုက် ကြည့်။ တည့်တဲ့နေရာ စိုက်ကြည့်တော့ အရင်လို ရှုပ်ယှက်ခတ် သေးရဲ့လား၊ ရှင်းပြီးလား၊ (ရှင်းပါတယ် ဘုရား)။ နောက်က ဒကာ ဒကာမတွေ ကော (ရှင်းပါတယ် ဘုရား)။
ဒါခင်ဗျားတို့ အားထုတ်ကြည့်ပါ။ ဘုန်းကြီးပြောတဲ့ အတိုင်း ပေါ် ရမယ်။ ဒါဘုရား၏ အားထုတ်စဉ်၊ အရိယာအားလုံး ၏ အားထုတ်စဉ် (မှန်ပါ့ ဘုရား)၊
ဒါနိဗ္ဗာန်
ဒကာဒကာမတို့-ခုနက ရှုပ်ယှက်ခတ်တာတွေ ဖျတ်ခနဲ ပျောက်သွားတာ၊ ဪ မရှိတော့ ဘူးလို့၊ ဒီမဂ်ဉာဏ်က မပြောပေဘူးလား (ပြောပါတယ် ဘုရား)၊ ရှုပ်ယှက်ခတ်တာ တွေ မရှိတော့ဘူး လို့ ပြောတာက ဘာတုံး (မဂ်ဉာဏ်ပါ ဘုရား)။
ကိုယ့်မဂ်ဉာဏ်က ကိုယ်ရှုလို့ ခုနက ရှုပ်ယှက်ခတ်တာ တွေဟာ နဂိုတုံးက ရှိလာခဲ့တာကို မဂ္ဂင်သုံးပါး၊ ငါးပါးနဲ့ ကြည့် လိုက်တော့ ရှုပ်ယှက်ခတ်တာတွေဟာ ဒုက္ခအစစ်ပဲ လိုချင်စရာ တစ်ကွက်မှ မရှိဘူးဆိုတော့ သူတို့က ဖယ်တယ်၊ ပျောက်ကွယ် သွားတယ်၊ သူတို့နေရာမှာ ဘယ်သူကမှ လာပြီး အစား မထိုးပဲနဲ့ ကွက်လပ်ကြီးကျန်နေတယ် (မှန်ပါ ဘုရား)၊ ဒကာဒကာမတို့၊ ဘာကျန်နေသလဲ (ကွက်လပ်ကြီး ကျန်နေပါတယ် ဘုရား)။
ဪ နိဗ္ဗာန်ဆိုတာ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်း တဲ့သဘော၊ ဝိဝေကဋ္ဌော – နှောင့်ယှက်ခြင်းမှ ဆိတ်သုဉ်းတယ်၊ ကိလေသာ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတယ်၊ ဒီဖြစ်ပျက်တွေ က ခင်ဗျားတို့ ကိလေသာ မကုန်လို့ရှိရင် ပေါ်ကြအုံးမှာဘဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ဟာ ဘယ်လိုကြောင့်ပေါ်ပေါ်နေတာတုံး (ကိလေသာမကုန်လို့ပါ ဘုရား)၊ ကိလေသာမကုန်တဲ့ ပုဂ္ဂိုလ်မှာ ကိလေသာက အကြောင်း၊ သူကအကျိုး (မှန်ပါ့ ဘုရား)။
ကိလေသာ ကထွက် တဲ့ ကိလေသာရုပ်တွေကို အာသဝေါ၏ အာရုံတွေလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ သေသေချာချာ နားထောင်နော် ဒကာ ဒကာမတို့ ဒီကနေ့တော့ အထူးတလည် ရှင်းလင်းအောင်ကို ဟောနေတာ အရှုပ်နဲ့အရှင်းကိုဟောနေတာ၊ မနေ့ကတော့ ဝဋ်ကျွတ်ဖို့ဟောတာ။
ဒီကနေ့တော့ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းဟာကို ဟောတာ (မှန်ပါ့ ဘုရား)။ ကိုင်း ဒါဖြင့် ရှေးကဖြစ်ပျက်တွေ ဟာ ခင်ဗျားတို့စိတ်ထဲမှာ အနှောင့်အယှက်ပေးနေတဲ့တရားတွေ ပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဖြစ်ပျက်တွေဟာ နဂိုရှုနေတုံးက ဘာပေးနေတာတုံး (အနှောင့်အယှက်ပေး နေတာ ဘုရား)၊ အနှောင့်အယှက်ပေးနေတော့ ဪ ဒါတွေကြည့်နေရတာ ဒုက္ခပဲ၊ ဒုက္ခအကြည့်ခိုင်းတာပဲ။
ဒီခန္ဓာကြီးဟာ အကြီးအကျယ်ဒုက္ခပဲ၊ လိုချင်စရာ ရချင်စရာ၊ တစ်ကွက်မှမရှိပါကလား၊ အားလုံးကုန်ဒုက္ခချည်းပဲ လို့ဆိုလိုက်ပါရော။ ချုပ်ပျောက်သွားတယ်၊ အဘယ့်ကြောင့် ပျောက် သတုံးလို့ မေးတော့၊ ကိလေသာပျောက်လို့ သူပျောက် တယ်၊ (မှန်လှပါ ဘုရား) ဟုတ်လား (မှန်ပါ ဘုရား)။
တဏှာနိရောဓာ၊ ဒုက္ခနိရောဓါ (မှန်ပါ ဘုရား)၊ တဏှာကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ ဒုက္ခကော (ချုပ်ပါတယ် ဘုရား)၊ ချုပ်သွားတော့၊ တဏှာနိရောဓါ၊ ဒုက္ခနိရောဓါ ဆိုသဖြင့်၊ ဒကာ ဒကာမတို့၊ မဂ်ကနေပြီး ခွာလိုက်တော့၊ တဏှာက ချုပ်တယ်၊ တဏှာအကြောင်း ချုပ်တော့၊ ဒုက္ခ အကျိုးကလဲ ကျန်ရစ်ဖို့ အကြောင်းမရှိဘူး၊ ရှိသေး သလား (မရှိပါ ဘုရား)၊ မရှိဘူးနော်။
ဒကာ ဒကာမတို့ သေသေချာချာ နားထောင်၊ ဒါဖြင့် စာအုပ်ထဲ သွားကြည့်လို့ တွေ့မှာ မဟုတ်ဘူး (တင်ပါ့ ဘုရား) ဘယ်နည်းနဲ့မှ မတွေ့ဘူး၊ ဒီဥစ္စာက အလုပ်စဉ်မှ ရမှာ (မှန်လှပါ ဘုရား)။ အလုပ်စဉ်ဟောတဲ့တရားမှာ ဒကာ ဒကာမ တွေ ဒီဥစ္စာတွေ တွေ့ကြုံနိုင်တယ်၊ မြင်နိုင်တယ်။
အဲဒီတော့ အခု-မဂ္ဂင်ရှစ်ပါး၊ ပေါ်တော့မှ ရှုပ်ယှက်တာ နဲ့ ရှုပ်ယှက်ခတ်တာတွေဟာ မရှိတော့ဘူး (မှန်ပါ ဘုရား)၊ ဘယ်သူက မြင်နေတာတုံး (မဂ်ကမြင်နေတယ် ဘုရား)၊ မဂ္ဂင်က မြင်နေတဲ့ အခါကျလို့ရှိရင်ဖြင့် နဂိုက ရှုပ်ထားတာ ဘယ်သူက ရှုပ်ထားတာတုံး၊ ဖြစ်ပျက်ကို ကိလေသာက ရှုပ်ထားတာလို့။
ကိလေသာက အကြောင်း၊ ရှုပ်ယှက်ခတ်တာက အကျိုး၊ သဘောကျပလား (တင်ပါ ဘုရား)။ ကိလေသာက ဘာပါ လိမ့် (အကြောင်းပါ ဘုရား)၊ ဖြစ်ပျက်ရှုပ်ယှက်ခတ်နေတာ က (အကျိုးပါ ဘုရား)။
ကောင်းပြီ၊ အဲဒီကိလေသာ ဖြတ်လိုက်သည်နှင့် တစ်ပြိုက် နက် အကြောင်း “ယထာဘူတေ၊ နုပဿဝေဓမ္မ” ဆိုတဲ့အတိုင်း ခိုင်မြဲတဲ့ အကြောင်း အမြစ်ကြီးကို ဖြတ်လိုက်တဲ့အခါကျတော့ ပင်မနဲ့ တူတဲ့ ရှုပ်ယှက်ခတ်တာကြီးဟာ ပျောက်ထွက်သွားတယ်၊ သဘောကျပြီလား (တင်ပါ ဘုရား)။
သောတာပတ္တိမဂ်
အဲဒီတော့၊ မဂ်သည် ဘာပြုလို့မြင်ရပါလိမ့်မတုံး လို့ မေးခွန်းထုတ်ရင် မဂ်ဉာဏ်က ရှင်းတာ တွေ့လို့၊ ဝိပဿနာဉာဏ် ကတော့ ရှုပ်တာ တွေ့လို့။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဉာဏ်လေးဟာ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်များ အတွက် စခန်းဘယ်နေရာမှာ သတ်မှာ ပါလိမ့်မတုံး၊ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ဆိုတာ ဖြစ်ပျက်ရှုနေတဲ့ ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။
စခန်းဘယ်နေရာမှာ သတ်ပါလိမ့်မလဲဆိုရင်၊ ရှုပ်ယှက် ခတ်မတွေ့ရင်၊ စခန်းသတ်ပြီ (မှန်ပါ့ ဘုရား)။
အင်း ဒါသည်၊ ဒကာ ဒကာမတို့ ရှုပ်ယှက်ခတ် မရှိတာတွေ့လို့ရှိရင်ဖြင့် သြော် ဒီဥစ္စာ မဂ္ဂင်ရှစ်ပါး ဖြစ်သောကြောင့် သောတာပတ္တိမဂ်လို့ ဆုံးဖြတ်ချက်ချ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာမဂ်ပါလိမ့် (သောတာပတ္တိမဂ်ပါ ဘုရား)၊ သောတာပတ္တိမဂ်ဆိုတာ မဂ္ဂင်ရှစ်ပါးကိုဆိုတာ။ သောတာပတ္တိ မဂ်ဆိုတာ၊ ခင်ဗျားတို့ စိတ်ကလေးကိုဆိုတာမဟုတ်ဘူး၊ သူ့ အပေါ်မှာ သဟဇာတ ဖြစ်တဲ့ ရှစ်ပါးကိုဆိုတာ၊ သဘောကျပြီးလား (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ စိတ်က ကိလေသာဖြတ်တာလား၊ မဂ္ဂင်က ဖြတ်တာလား (မဂ္ဂင်က ဖြတ်တယ်) စိတ်က မကင်းရာ မကင်းကြောင်းမို့ပါလာတာ (မှန်ပါ ဘုရား)။
အဲ သူက ရှစ်ပါးပြည့်တော့ ကိလေသာကို ဖြတ် လိုက်တဲ့အတွက် ရှုပ်ယှက်ခတ်တဲ့ ကိလေသာ၏ အကျိုးဆက်၊ ကိလေသာရှုပ်ထားတဲ့ဖြစ်ပျက် (မှန်ပါ့ ဘုရား) သုံးဆယ့် တစ်ဘုံမှာကြည့် ကိလေသာ ရှုပ်ထားတာချည်းပဲ၊ နတ်ဖြစ်နေတော့လဲ ဖြစ်ပျက်ပဲ၊ ဗြဟ္မာဖြစ်နေတော့ကော (ဖြစ်ပျက်ပါ ဘုရား)။
ဘယ်သူရှုပ်တာလဲ (ကိလေသာပါ ဘုရား) ကိလေသာသူ ဆုတောင်းထားတာကိုး (မှန်ပါ့ ဘုရား) သူက အာရုံပြုလို့ အာသဝေါနယ်က လွတ်ပါရဲ့လား (မလွတ်ပါ ဘုရား) သုံးဆယ့်တစ်ဘုံမှာ ဘယ်သူခြယ်လှယ်နေတုံး (ကိလေသာခြယ်လှယ်ပြီးနေတာပါ ဘုရား)။
ကိလေသာခြယ်လှယ်ပြီးသကာလနေတော့ ကိလေသာ အတိုင်း ရုပ်၊ နာမ်တွေက မပေါ်ကြ ဘူးလား (ပေါ်ကြပါ တယ် ဘုရား)၊ ပေါ်တော့ ရုပ်နာမ်တွေဟာ အမြဲနေတဲ့သဘောမျိုး ပင်ကိုယ်ကရှိရဲ့ လား (မရှိပါ ဘုရား)၊ ဘာတွေဖြစ်နေသလဲ (ဖြစ် ပျက်ပါ ဘုရား) ဖြစ်ပျက်ရှိတာပဲ ဒကာ ဒကာမတို့ ရိပ်မိကြပြီလား (ရိပ်မိပါတယ် ဘုရား)။
ကိုင်း ဖြစ်ပျက်ချည်းရှိနေတော့ ကိလေသာ မချုပ်ရင် ဖြစ်ပျက်မချုပ်ဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒါဖြင့် မင်းက ဒုက္ခသစ္စာပဲ တစ်ကိုယ်လုံးဟာ ဒုက္ခသစ္စာဖြစ်ပျက်ကြီးပဲ လိုချင် စရာ၊ ရချင်စရာ၊ တစ်ကွက်မှ မရှိပါလားလို့ မဂ်ကလဲ ဒီအသံ ထွက်လိုက်ပါရော လိုချင်တတ်တဲ့တရား ငုတ်နေတာ တွေက ချုပ် သွားတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ အနုသယ သဘောချုပ်သွားတယ်၊
ချုပ်သွားတော့ အနုသယ၏ အကျိုးဆက်ကော (ချုပ်သွားပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။
ရှင်းတော့ဘာဖြစ်သွားတုံးဆိုတော့ နိဗ္ဗာန်စခန်းက “နိဗ္ဗာနံ မဂ္ဂဿ” လာဖြစ်တယ် (မှန်ပါ ဘုရား)၊ ရှင်းတဲ့နိဗ္ဗာန် သည် မဂ်မဟုတ်လား (မဂ်ပါ ဘုရား)၊ ရှင်းတဲ့နိဗ္ဗာန်သည် ဘာကျေးဇူးပြုသလဲ (နိဗ္ဗာန်ချမ်းသာ ကျေးဇူးပြုပါတယ် ဘုရား)။
နိဗ္ဗာန – သဒ္ဒါသည် ကင်းငြိမ်းခြင်းမဂ် ကိုဟောတာ ရှင်းခြင်းမဂ်ကိုလဲဟောတာနော်၊ ဝိဝေကဋ္ဌော နဲ့ ထောက်လိုက် လို့ရှိရင် နိဗ္ဗာန်ဟာ ရှင်းခြင်း၊ လင်းခြင်း (မှန်ပါ့ ဘုရား)၊ ဘာရှင်းတာ၊ ဘာလင်း တာတုံး၊ တံမျက်စည်း လှည်ထားသလို လားဆိုတော့ တံမျက်စည်း လှည်းတဲ့ ဥပမာသာ ပြတာပါ အဲဒါမဟုတ်ပါဘူး၊ ကိလေသာ ရှုပ်ယှက်ခတ်တာ ကြီးမရှိတာ (မှန်ပါ ဘုရား)။
ဘာ မရှိတာတုံး (ကိလေသာရှုပ်ယှက်ခတ် ထားတာကြီးပါ ဘုရား)။ ကိလေသာ ရှုပ်ယှက်ခတ် ထားတယ်ဆို တာ၊ ကိလေသာကအကြောင်း သူကရှုပ်ယှက်ခတ်ထားတဲ့ ရုပ် နာမ်တွေ ခဏခဏ မွေး၊ ခဏခဏသေနေတာ သူရှုပ်ယှက်ခတ် ထားတာ သဘောကြပြီလား (မှန်ပါ ဘုရား)။
အဲဒါတွေ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဆိုတဲ့ဥစ္စာ၊ နိဗ္ဗာန သဒ္ဒါ ငြိမ်းခြင်းလို့ ဆိုတော့ ရှုပ်ယှက် ခတ်ခြင်းမှ ငြိမ်းတာ၊ ဝိဝေကဋ္ဌ – သဒ္ဒါ ဆိတ်သုဉ်းခြင်းဆိုရင် ကိလေသာ ရှုပ်ယှက်ခတ်မှ ဆိတ်သုဉ်းခြင်းပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဟောရတဲ့ တရားက ဘာတုံး၊ ဝိဝေက နှောင့်ယှက် ခြင်းမှ ဆိတ်ကင်း တဲ့သဘောဟာ နိဗ္ဗာန် (မှန်ပါ ဘုရား)။ နိဗ္ဗာန်ဆိုတာ ဘာတုံး (နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘောပါ ဘုရား)။
ဒါဖြင့် – ကိလေသာက နှောင့်ယှက်ထားတာပါ (မှန်ပါ ဘုရား)။ နဂိုတုန်းက၊ သူနှောင့်ယှက် ထားတာ၊ သူ အကျိုး ဆက်တွေက ဘယ်နှယ်နေသလဲ (ရှုပ်နေတယ် ဘုရား)။ မီး ကလေး ရှို့ထား တာနဲ့ အခိုးတွေက ကျုပ်တို့မြို့တွေ ရွာတွေပေါ်မှာ အကုန်လုံး အလှော်မှိုင်းတွေ တိုက်တာလို၊ မဖြစ်ပေဘူး လား (ဖြစ်ပါတယ် ဘုရား)။
မီးရှို့ထားတော့ မီးခိုးတွေဟာ ပြန့်နှံ့ပြီးမနေဘူးလား ဗျာ (နေပါတယ် ဘုရား)၊ ဒါမီးရှို့ထား တာလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဒီမှာ တဏှာ ရှို့ထားလိုက်တာ၊ ခန္ဓာ ကိုယ်ထဲ ဖြစ်ပျက်တွေချည်းဖြစ်နေတယ် (မှန်ပါ ဘုရား) ဘယ်သူရို့ထားတာတုံး (တဏှာရှို့ထားတာပါ ဘုရား)။
ကိုင်း တဏှာချုပ်လိုက်ရင် တဏှာကိုမဂ်က သတ် လိုက်သည်နှင့်တစ်ပြိုင်နက်၊ မီးငြိမ်းလိုက်သည်နှင့်တပြိုင်နက် (မီးအခိုးဟာ ပျောက်ရတာပဲ (မှန်ပါ ဘုရား)၊ အဲဒီတော့ ကောင်းကင်တပြင်လုံး ဘာဖြစ်သွားသလဲ (မီးခိုးပျောက်သွားပါ တယ် ဘုရား) ဪ ခုမှပဲ မီးသေလို့ ရှင်းပေတော့တယ်လို့ သူကမသိဘူးလား သိသလား (သိပါတယ် ဘုရား)။
ဒါဖြင့်၊ ရှင်းတာသည် နိဗ္ဗာန်၊ အရှင်းမြင်တာသည် မဂ်ဉာဏ်။ ရှင်းတာက နိဗ္ဗာန်၊ အရှင်းမြင်တာက မဂ်ဉာဏ်၊ ဒီလို ပွားရမယ် တော်တော်ပေါ်လာပြီ။ ဒကာ ဒကာမတို့ ဒီတရားမျိုး ကတော့ ဒီလိုဟောမှပဲရမယ်၊ (တင်ပါ ဘုရား) ဒီလိုဟောလို့ကလဲ မလွယ်လှဘူး (မှန်ပါ ဘုရား)။
အဲဒီတော့ ရှင်းတာက နိဗ္ဗာန်၊ ဒီကမဂ်ဉာဏ်ဆိုတာ က အစဉ်တက်လာမှဖြစ်မယ် (တင်ပါ ဘုရား)။ ကိလေသာ အကြောင်းလဲကောင်းကောင်းသိမှ ရှုပ်ယှက်ခတ်တာလဲ သိအုံး (မှန်ပါ့ ဘုရား)။
ရှုပ်ယှက်ခတ်တာ ရှင်းတဲ့အခါ ဘယ်အချိန်ရှင်းမှာတုံး ဆိုတော့ ဒုက္ခပိုင်းခြားနိုင်တဲ့ ဉာဏ်လာမှ သူရှင်းမယ်၊ သဘောကျလား (တင်ပါ ဘုရား)။
အဲဒီတော့ ပဋ္ဌာန်းပါဠိတော်၌ ကြည့်ကြည့်၊ ဘယ်ပါဠိ တော်၌ကြည့်ကြည့် “နိဗ္ဗာနံ မဂ္ဂဿ” လာမှာပဲ (မှန်ပါ့ ကုရား) သူချုပ်သွားရင် ဖိုလ်လာမယ်၊ နိဗ္ဗာနံ ဖလဿ လာမှာပဲ (မှန်ပါ့ ဘုရား)။ အရှင်းနဲ့ချည်းလာမှာပဲ မလာပေဘူး လား (လာမှာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတဲ့တရားဟာ ဘယ်လို သတ္တိရှိပါလိမ့်မလဲလို့ မေးတဲ့အခါ ကိလေသာနှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတယ်။
ဝိဝေကဋ္ဌော ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ကိလေသာ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘောသည်ဘာပါလိမ့် (ဝိဝေကဋ္ဌောပါ ဘုရား) တရားကိုယ်ကောက် -လိုက်တော့ ဘာရတုံး (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲရတယ် (တင်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတာ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲ ကောင်းပြီ ဒါဖြင့် အဲဒီနိဗ္ဗာန်ကိုတော့ဖြင့် ခင်ဗျားတို့ ဘယ်အချိန်တွေ့ကြ၊ ကြုံကြရမတုံး ဆိုတော့ ခုနက ဉာဏ်စဉ်တက်လာမှ တွေ့မယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီအတိုင်းဆုတောင်းလို့တော့ မတွေ့ဘူး (တင်ပါ ဘုရား)။ ဉာဏ်စဉ်တက်လာရင်တော့ဖြင့် ပြီးလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ ယုံကြည်ပြီလား (ယုံကြည်ပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဆိုတာ အလုပ်နဲ့သွားရတဲ့ သဘောပါလား (တင်ပါ့)၊ ကိုထွန်းဦး ဘာပါလိမ့်နိဗ္ဗာန် (အလုပ်နဲ့သွားရ တဲ့သဘောပါ ဘုရား) ပါးစပ်က ရွတ်နေတဲ့သဘောနဲ့တော့မရဘူး၊ ရပါ့မလား (မရပါ ဘုရား)။
တချို့က အခုဘုရားရှိခိုးနေကြတယ်ဟုတ်လား၊ “အဝိဇ္ဇာယ တွေဝ အသေသဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော” အဲဒါနိဗ္ဗာန် ဆိုနေတာ (မှန်ပါ့ ဘုရား) အလုပ်နဲ့ ဟုတ်ကဲ့လား (မဟုတ်ပါဘူး)၊
အဝိဇ္ဇာချုပ်ရင် သင်္ခါရချုပ်တယ်။ သင်္ခါရချုပ်လို့ ရှိရင် နိဗ္ဗာန်ပဲ၊ ဟုတ်လား၊ သင်္ခါရချုပ်လို့ ရှိရင်လဲ ဝိဉာဏ် ချုပ်တယ်ဆိုတာက နိဗ္ဗာန်ချည်းပဲ၊ တောက်လျှောက် နိဗ္ဗာန်ဗျ။ ရိပ်မိပြီလား (တင်ပါ ဘုရား)။
အဲဒီလို ရွတ်ပြီးနေတဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန်တွေ့ပါ့မလား (မတွေ့ပါ ဘုရား)။ စာမပျောက် ရုံပဲရှိမယ် (မှန်ပါ့ ဘုရား) နောင်လာနောက်သားများလဲ မပျောက်ရစ်နဲ့၊ ဒို့လဲ ဒီဥစ္စာထားခဲ့တယ်၊ ဒီအဓိပ္ပါယ် ရောက်တယ်။ နိဗ္ဗာန်တော့ မသိဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အလုပ်နဲ့ ချည်း အစဉ်အတိုင်း တက်လာ ရင်တော့ တွေ့မှာပါပဲ။
ကဲ ဒါဖြင့် “နိဗ္ဗာန်ဟာ မရှိတာတွေ့တယ်လို့ မယူလိုက်နဲ့ နော်” (မှန်ပါ့ ဘုရား) အခုတော့ စားပွဲခုံ ပေါ်မှာ ပြရတာ မရှိတာတွေ ဖြစ်နေတယ် သဘောကျပလား (ကျပါတယ် ဘုရား)။
နိဗ္ဗာန်သည်ကားလို့ ဆိုလို့ ရှိရင် ဒုက္ခလဲ ချုပ်သွားပြီ။ ဖြစ်ပျက်က ဒုက္ခချုပ်သွားတော့ သုခနိဗ္ဗာန်သည် သူ့အနား မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။
တွေ့ရတယ်ဆိုတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ။ အမှိုက်တွေ ရှုပ်နေတုံးကြည့်ရတာနဲ့ အမှိုက်ရှင်းမှ ကြည့်ရတာ ဟာ ဘယ်ဟာက ခင်ဗျားတို့ ကြည့်လို့ကောင်းသတုံးဆိုတာ မေးတော့ (ရှင်းတာကြည့်ကောင်းပါတယ် ဘုရား)၊ ရှင်းတာကြည့် ကောင်းတယ်ဆိုသဖြင့် “နိဗ္ဗာန်ဆိုတာသည် ကြည့်ကောင်း တဲ့ သဘောပဲ” ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အခုကို ကိလေသာသေတဲ့ နိဗ္ဗာန်ကိုတော့ ကြည့် ကောင်းတဲ့ သဘောဘဲတွေ့မယ် (မှန်ပါ့ ဘုရား) “နေကောင်း တဲ့ သဘောကတော့၊ ပရိနိဗ္ဗာန်စံမှတွေ့မယ်”(မှန်ပါ့ ဘုရား) ကြည့်ကောင်းတဲ့ သဘော၊ နေကောင်းတဲ့ သဘောနှစ်မျိုးရှိ ပါတယ်၊ သဘောကျပြီလား။ (ကျပါပြီ)။
အခု ဝိပဿနာရှုလို့ တွေ့ရတဲ့ နိဗ္ဗာန်ကတော့ ဘာပါ လိမ့် (ကြည့်ကောင်းတဲ့ သဘောပါ ဘုရား)၊ ဘာပြုလို့ ကြည့်ကောင်းတဲ့ သဘောတွေ့ရမလဲလို့ မေးလို့ ရှိရင်ဖြင့် ဒီကခန္ဓာကမှ မချုပ်သေးလို့ပဲ (မှန်ပါ့ ဘုရား)။ ခင်ဗျားတို့ ခန္ဓာချုပ်ပြီ လား (မချုပ်သေးပါ ဘုရား)။ မချုပ်သေးတော့ ခန္ဓာနဲ့ လှမ်းကြည့်ရတာကိုးဗျ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ခန္ဓာနဲ့ လှမ်းကြည့်ရတော့ ဘာတွေ့ပါလိမ့် (ကြည့် ကောင်းတဲ့ သဘော တွေ့ရပါတယ် ဘုရား၊) ကြည့်ကောင်းတဲ့ သဘောတွေ့ ရတယ် ဆိုတာကတော့၊ နိဗ္ဗာနံမဂ္ဂဿ သူက အာရမ္မဏိက ကွ။ နိဗ္ဗာန်က အာရုံ-ဓါတ်ဆိုတော့ သူက ကြည့် ဓါတ်၊ ဟိုက အကြည့်ခံဓါတ် (မှန်ပါ့ ဘုရား)။ ဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။
ဒါဖြင့် အကြည့်ခံရယ်၊ အကြည့်ဉာဏ်ရယ် တည့်နေတာ၊ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား) နိဗ္ဗာန်နဲ့ မဂ်ဟာ တွဲနေတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာဒကာမတို့ စဉ်းစားကြစမ်း၊ နိဗ္ဗာန်ဟာ ရှင်းသလား၊ ရှုပ်သလား မေးလိုက်စမ်းပါ (ရှင်းပါ တယ် ဘုရား)၊ အခု ဘယ်အရှိန်အစော်တွေ ရှင်းတာတုံး မေး ကြည့်စမ်း။ (ကိလေသာ အရှိန်အစော်ပါ ဘုရား)။ ကိလေ သာ အရှိန်အစော်တွေ ရှင်းတယ်လို့ ဆိုရင်၊ ကိလေသာ ရှုပ်ထား တာတွေကတော့ဖြင့် သေပွဲကြီး တွေ့ရမယ်၊ မတွေ့ဘူးလား (တွေ့ရပါတယ် ဘုရား)။
သေပွဲတွေ့ရတယ်၊ ငိုပွဲတွေ့ရတယ်၊ အိုပွဲတွေ့ရတယ်၊ ဟင် ရင်ထုပွဲတွေ့ရတယ်၊ မြေလူးပွဲ တွေ့ရတယ်။ ကိလေသာ ရှုပ် တာတွေက ဒါတွေချည်းတွေ့ရမယ် (မှန်ပါ့ ဘုရား)။
ဒါ ဒကာဒကာမတို့ စဉ်းစားမိပြီလား၊ သော် နိဗ္ဗာန်ဆို တာ ဘယ်သဘောသတ္တိပါလိမ့်၊ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘော သတ္တိရှိတယ် (မှန်လှပါ ဘုရား)။
ဘယ်လို နှောင့်ယှက်တာတုံး မေးရင်၊ ဘယ်လို ဖြေကြမတုံး (ကိလေသာ နှောင့်ယှက်တာ ပါ ဘုရား)၊ ကိလေ သာ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘောကို ဘာခေါ် ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
သြော် နိဗ္ဗာန်ဆိုတာသည် ကြည့်ရင်းနဲ့ ခင်ဗျားတို့ ရှုပ်ယှက်ခတ်နေရာမှ ရှင်းသွားတာ၊ သဘောကျပြီလား၊ (ကျပါတယ် ဘုရား) ရှုပ်ယှက်ခတ်ခြင်းမှ ရှင်းသွားတာဆိုတော့ သုံးဆယ့် တစ်ဘုံမှာ အခုဉာဏ်နဲ့ ကြည့်ပါ (မှန်ပါ ဘုရား)။ အခု ဝိပဿနာဉာဏ်နဲ့ မှန်းကြည်လိုက်။ သုံးဆယ့် တစ်ဘုံ လျှောက် ကြည့်၊ နတ်ပြည်ကြည့်၊ ကောင်းတယ်လို့ ဖြစ်ပြန်လဲ ရုပ်နာမ် အနိစ္စပဲ ရှိပါတယ်။
ဗြဟ္မာပြည် ကောင်းတယ်လို့ ကြည့်လိုက်ပြန်တော့ (ရုပ် နာမ် အနိစ္စပါ ဘုရား) ရုပ်နာမ် ဆိုတော့၊ ကျုပ်တို့ ဝိပဿနာ ဉာဏ်နဲ့ ကြည့်လိုက်ရင် သေပွဲချည်းပဲတွေ့တယ် (မှန်ပါ့) ဘုရား) ဒီပြင် ဘာများ တွေ့ကြသေးသလဲ။ (ဘာမျှ မတွေ့ပါ ဘုရား)။
ဘာမျှမတွေ့ဘူးဆိုတော့ ဒါက ဘယ်သူရှုပ်ထားတာတုံး မေးတော့မှ (ကိလေသာ ရှုပ်ထား တာပါ ဘုရား) ဟုတ်လား၊ အဲဒီတော့ ကိလေသာချုပ်ရင် အရှုပ် ဘယ်နှယ့်နေမတုံး (ရှင်းမှာပါ ဘုရား)။
ဒါဖြင့် “နိဗ္ဗာန်သည် ရှင်းခြင်း၊ လင်းခြင်း၊ လက္ခဏာ ရှိတယ်၊ (တင်ပါ ဘုရား)။ ဘယ်လို ရှင်းခြင်း လင်းခြင်း လက္ခဏာရှိပါလိမ့်မတုံးလို့ မေးလို့ရှိရင် ဒကာဒကာမတို့ မှတ်ရ လိမ့်မယ်၊ ကိလေသာ အရှိန်အစော်၊ ကိလေသာအရှုပ်အပွေတို့မှ လွတ်ကင်းတာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား) ကိလေ သာ အရှုပ်အပွေးတို့မှ လွတ်ကင်းတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။
အဲဒီ ကိလေသာက လွတ်ရင် နိဗ္ဗာန်ပဲ ဘာများပြုပြင်နိုင် သတုံး (မပြုပြင်နိုင်ပါ ဘုရား)၊ ဘာမှမပြုပြင်နိုင်တော့ အထည်ကိုယ် ရှိပါ့မလား (မရှိပါ ဘုရား) ကိလေသာက ရုပ်နာမ် အထည် ကိုယ်သာ လုပ်တတ်တာကိုး (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သည်ရုပ်နာမ်ရှိသလား?
ဒါဖြင့် နိဗ္ဗာန်သည် ရုပ်နာမ်ရှိပါရဲ့လားလို့ မေးလို့ရှိရင် ဘယ် နှယ်ဖြေကြမလဲ (မရှိပါဘူး ဘုရား) ကောင်းပြီ၊ ကျုပ် က ဗဟုသုတရှိအောင် ခင်ဗျားတို့ ဦးဘကြည်တို့၊ ကိုထွန်းဦးတို့ ကို ပေးလိုက် မယ်နော် နိဗ္ဗာန်ဟာ ရုပ်နာမ်တော့ မရှိဘူး၊ ကျုပ်တို့ မှာရှိတဲ့ ရုပ်နာမ်မျိုး မရှိဘူး၊ ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်က တော့ အနိစ္စ တွေကိုး (မှန်ပါ့ ဘုရား) အနိစ္စလမ်းဆုံးတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
နိဗ္ဗာန်သည်ရုပ်လား၊ နာမ်လား?
နိဗ္ဗာန်ဟာ ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်မျိုးတော့ မဟုတ်ဘူး၊ သို့သော် ရုပ်လား၊ နာမ်လားလို့ မေးရင်ဖြင့် နာမ်ဓမ္မလို့။ သဘောကျပလား (တင်ပါ့ ဘုရား)။ ရုပ်လား နာမ်လားလို့ မေးလို့ရှိရင် (နာမ်ဓမ္မပါ ဘုရား)၊ ကျုပ်တို့ရှိတဲ့ ရုပ်နာမ်မျိုးလား လို့ဆိုတော့လဲ ဒီလိုမဟုတ်ဘူး၊ ဥပါဒ်၊ ဋ္ဌီ၊ ဘင် ရှိတဲ့နာမ် မဟုတ်ဘူး၊ သဘောကျပြီလား (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သည် ရုပ်လား၊ နာမ်လားမေးရင် ဘယ်နှယ့် ဖြေမလဲ (နာမ်ဓမ္မပါ ဘုရား)၊ သို့သော်- ဖြစ်ပျက်ရှိသလား (မရှိပါ ဘုရား) ဒါဖြင့် ဖြစ်ပျက်မရှိတဲ့ နာမ်ဓမ္မဆိုလို့ရှိရင် ဒီလိုမှတ်လိုက်။
နိဗ္ဗာန်ရောက်ကြောင်း အားထုတ်သောပုဂ္ဂိုလ်တို့၏ ကျက်စားရာဌာန၊
နိဗ္ဗာန်ရောက်ကြောင်းဓမ္မတို့၏ တည်ရာဌာန။
သူ့ဆီကိုလာပြီး၊ အကုန်ဦးတိုက်ကြရတယ်၊ သဘောကျ ပြီလား (မှန်ပါ့ ဘုရား) ကျုပ်တို့ဆီမှာ ရှိတာက၊ အာရုံရှိရာ ပြေးတတ်တဲ့ နာမ် (မှန်ပါ့ ဘုရား)။ နိဗ္ဗာန်က၊ ငါ့ဆီလာ ညွတ်ကြဆိုတဲ့ ညွတ်အပ်တဲ့နာမ်ဓမ္မ၊ ရှင်းပြီလား (တင်ပါ့ ဘုရား)
ဘယ့်နှယ်ဆိုကြမယ် (ညွတ်အပ်တဲ့နာမ်ဓမ္မပါ ဘုရား) ဒါဖြင့် နိဗ္ဗာန်အလိုရှိတဲ့ပုဂ္ဂိုလ်များဟာဖြင့် ရောက်အောင်သာအား ထုတ်လို့ရှိရင်ဖြင့် ကျုပ်တို့ခင်ဗျားတို့၏ နိဗ္ဗာန်ရောက်ကြောင်း စိတ်တွေဟာ သူ့ဆီညွတ်နေတာ၊ သဘောကျပြီလား (တင်ပါ့ ဘုရား) သူ့ဆီဘာလုပ်နေသလဲ (ညွတ်နေပါတယ် ဘုရား)။
အဲဒီလို သူ့ဆီညွတ်နေတော့၊ ခင်ဗျားတို့ ထမင်းအသက်၊ ခုနှစ် ရက်ဆိုပေမယ့် နိရောဓ သမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များ၊ ခုနှစ်ရက်တိတိ ညွတ်နေနိုင်တယ်၊ (မှန်ပါ့ ဘုရား) ဘယ်လောက် ကောင်းလို့တုံး ဆိုတာတော့ ပြောဘို့မလိုတော့ဘူး၊ လိုသေးလား (မလိုပါ ဘုရား)၊ ဘယ်နှစ်ရက်တိတိ နိဗ္ဗာန်ကို ညွတ်နေသလဲ၊ (ခုနှစ်ရက်တိတိပါ ဘုရား)။
ဒါဖြင့် သမာပတ်ဝင်စားတဲ့ပုဂ္ဂိုလ်များ၊ မဂ်ပြီးဖိုလ်၊ နှစ်ကြိမ်သုံးကြိမ်လာပြီး နောက်ကို ပြန်ပြီး ပစ္စဝေက္ခဏာ ဆင်ချင် ၍ ဖလသမာပတ်ဓိဋ္ဌာန်ပြီး ဝင်စားလိုက်အုံးမယ်ဆိုလို့ရှိရင်၊ နာရီ ပေါင်းများစွာပဲ ဝင်စားနိုင်ရဲ့လား (ဝင်စားနိုင်ပါတယ် ဘုရား)
ဝင်စားနိုင်တယ်ဆိုတော့၊ နိဗ္ဗာန်နဲ့မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ ဟာ တစ်ခါတည်း မခွဲပဲနေတာပဲ၊ (မခွဲပါ ဘုရား)။ ချုပ် လိုက်၊ ဖိုလ် ဉာဏ်ပြန်တက်လိုက်၊ ချုပ်လိုက်- (ဖိုလ်ဉာဏ်ပြန်တက် လိုက်ပါ ဘုရား) ပြန်ဖြစ်တော့ ဒီနာမ်ဓမ္မနဲ့ပဲ ဒီနိဗ္ဗာန်တည်းဟူသော နာမ်ဓမ္မနဲ့တော့ ခွဲရဲ့လား (မခွဲပါ ဘုရား)။
အဲဒီတော့ ဒါ သာမညပျော်စရာမို့ ပျော်တာလား၊ အထူးဝိသေသမို့၊ ပျော်ထိုက်လို့ နေနိုင် တာလား (အထူး ဝိသေသမို့ ပျော်ထိုက်လို့ နေနိုင်တာပါ ဘုရား)။
ခိုင်မြဲနေတဲ့နာမ်ဓမ္မလို့ ဆုံးဖြတ်ချက်ချ
နိဗ္ဗာန်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက် ကြောင်း စိတ္ထုပ္ပါဒ်တို့၏ ညွတ်ရာဌာန ဖြစ်လေသောကြောင့်၊ ညွတ်အပ်တဲ့ သဘော ရှိနေသောကြောင့် နာမ်ဓမ္မလို့ ဆုံးဖြတ် ချက်ချ (မှန်ပါ့ ဘုရား)၊ ဦးဘကြည်ဘာတဲ့ (နာမ်ဓမ္မပါ ဘုရား)၊ ဘာပြုလို့ သူ့-နာမ်ခေါ်ရပါလိမ့် (ညွတ်အပ်တဲ့ သဘောမို့ပါ ဘုရား) ညွတ်အပ်တဲ့ သဘောရှိသောကြောင့် ဒါလေးမှတ်ထား။
စာလိုသုံးတော့ ညွှတ်အပ်တဲ့သဘောရှိသောကြောင့် ညွှတ်အပ် တဲ့သဘောဆိုလို့ရှိရင်၊ လောကီ ဥပမာနဲ့ပြောပါမယ်။ ခင်ဗျားတို့ ဈေးချိုထိပ်မှာ နာရီစင်ကြီးရှိတယ် (မှန်ပါ့ ဘုရား) ဘယ်က မောင်းလာတဲ့ရထားဖြစ်ဖြစ်၊ နာရီကိုတော့ကြည့်အုံးမှာပဲ (မှန်ပါ့ ဘုရား) နာရီ ကြည့်အုံးမှာ။ အရှေ့က မောင်းလာတော့ကော နာရီကြည့်အုံးမှာပဲ၊ အနောက်ကမောင်းလာလဲ ကြည့်အုံး မှာပဲ၊ တောင်ကမောင်း လာလဲကြည့်အုံးမှာပဲ၊ အဲ မြောက်က မောင်းလာတော့ကော (ကြည့်အုံးမှာပဲ) နာရီ ကြည့်ရအုံး မယ်ဆိုသလို မကြည့်ပဲနဲ့ မသွားနိုင် သလိုပေါ့ဗျာ (တင်ပါ့)။
အဲဒီတော့ ထိုအတူပဲမဂ်ဉာဏ်ဖိုလ်ဉာဏ်ရတဲ့ ပုဂ္ဂိုလ်တို့ သည် ဘယ်နည်းနှင့်မှ မကြည့်ပဲ မနေနိုင်တဲ့နာမ်ဓမ္မဖြစ်ပါတယ် သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ်ဉာဏ်ဖိုလ်ဉာဏ်ရသောပုဂ္ဂိုလ်တို့သည် မကြည့်ရှုပဲ မနေနိုင် တဲ့ နာရီစင်ကြီးသဖွယ် (မှန်ပါ့) “ခိုင်မြဲနေတဲ့နာမ် ဓမ္မ” သဘော ကျကြပြီလား (မှန်ပါ့) ဒါမလွယ်ဘူးနော်၊ ဦးချစ်ခ (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် ဒကာဒကာမတို့ ဒီနိဗ္ဗာန်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဘယ်သူမှ မကြည့်ရှုပဲ (မနေနိုင်) ဘယ်နှစ်ရက် နေရနေရ၊ ရောင်ရဲတယ်လို့မရှိဘူး ဒီနေရာမှာ ကြည့်ရှုနေရတဲ့ အခါမှာ တော်ပြီ တန်ပြီလို့ ဘယ်တော့မှ မလာဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်သည် အကောင်းတကာ့အကောင်းဆုံး
နိဗ္ဗာန်သည်ကားလို့ဆိုရင် ကြည့်ရှုနေတဲ့ပုဂ္ဂိုလ်၏ နာမ် ဓမ္မတွေဟာ တော်ပြီတန်ပြီလို့ ဘယ်တော့များ၊ ငြင်းဆန်သတုံး (မငြင်းဆန်ပါဘူး ဘုရား)။
ဘယ်တော့မှ မငြင်းဆန်တာ ထောက်လိုက်လို့ရှိရင်ဖြင့် အကောင်းတကာ့ အကောင်းဆုံးပဲ လို့ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အကောင်းတကာ့အကောင်းဆုံးပဲဆိုတာ၊ ဒကာဒကာမ တွေ ဉာဏ်ထဲရောက်ပြီလား (ရောက်ပါပြီ ဘုရား)၊ဘယ်နှယ် ကြောင့် ရောက်ပါလိမ့်မတုံးဆိုတော့၊ မသာစွဲ မရှိလို့ (မှန်ပါ့)၊ အရင်က ကြည့်နေတာ၊ မသာစွဲချည်းပဲ (မှန်ပါ့) မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက် ဦးခင်မောင် (တင်ပါ့)၊ မသာတွေမဟုတ်လား (တင်ပါ့)။
အခု အဲဒါတွေမြင်ရသေးရဲ့လား (မမြင်ရပါဘူး ဘုရား) အဲဒါတွေဟာဖြင့်၊ လူသတ်ပွဲလဲ မရှိ၊ မသာပွဲလဲမရှိ၊ ဒုက္ခ ရောက်တာဆိုတာ ဘာမှရှာမတွေ့ဘူး ဒီနေရာ အကောင်းဆုံး ပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ဒီနေရာဘာပါလိမ့် (အကောင်းဆုံးပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုရင်၊ ဒကာဒကာမတို့ ကောင်းတော့ ကောင်းတာမှန်ပြီ၊ ဘယ်သူ ဘယ်လိုထောက် ကြည့်ရမတုံးဆိုတော့ အရိယာပုဂ္ဂိုလ်များသည်ကား ဆိုလို့ရှိရင် အချိန်ကို အလကားမထား၊ အားတယ်ဆိုရင် နိဗ္ဗာန်အာရုံပြု နေတာပဲ (မှန်ပါ့)၊
အားတိုင်းအားတိုင်း ဘယ်လိုနေကြပါလိမ့် (နိဗ္ဗာန် အာရုံ ပြုနေတယ် ဘုရား)၊ ဘာပြုလို့ ကိုယ်တော်ကြီးတွေကအား တိုင်းအားတိုင်း နိဗ္ဗာန်အာရုံပြုနေပါလိမ့်မတုံးဆိုရင် သက်သာရာ ရအောင်လို့ပေါ့ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် သက်သာမှုကိုလဲ ပေးစေနိုင်တယ် ပေါ့ဗျာ (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန် သည် ဘာကို ပေးစေနိုင်တုံး (သက်သာမှုကို ပေးစေနိုင်တယ် ဘုရား) သက်သာမှုကို ပေးစေနိုင်တယ်ဆိုတာ သူ-ကြည့်နေတဲ့ ပုဂ္ဂိုလ်ကို ချမ်းသာမျိုးစုံပေးတယ် (မှန်ပါ့) သဘောကျ ပြီလား (မှန်ပါ့)။
နိဗ္ဗာန်သည်ကားလို့ဆိုရင်ဖြင့်၊ ချမ်းသာမျိုးစုံပေးနိုင် သောကြောင့် နိဗ္ဗာန်ကို ချမ်းသာလို့ ယူရလိမ့်မယ်၊ ရိပ်မိပြီလား (တင်ပါ)။
ဒါဖြင့် နိဗ္ဗာန်သည် သုခလား၊ ဒုက္ခလား မေးတော့ ဘယ်နှယ့်ဖြေမလဲ (သုခပါ ဘုရား)။ အင်း သူကတော့ သုခပဲ၊ သူ့ကို မှီနေတဲ့ ပုဂ္ဂိုလ်တွေကို ဘာပေးလေ့ရှိသလဲ (ချမ်းသာပေးလေ့ ရှိပါတယ် ဘုရား) အင်း ချမ်းသာပေးလေ့ရှိတယ်ဆို သဖြင့် အင်း နိဗ္ဗာန်ကလွဲလို့ ကျန်တာတွေကဖြင့် အားကိုး လိုက်တဲ့အခါတိုင်း၊ ဒုက္ခရောက်တာပဲ မဟုတ်လား (မှန်ပါ့)။
ငွေ အားကိုးလိုက်၊ ငွေကြောင့် ဒုက္ခရောက်တယ်၊ ရွှေ အားကိုး ပြန်ရော၊ ရွှေကြောင့် ဒုက္ခ ရောက်တယ်၊ စက်တွေ ဘာတွေ အားကိုးလိုက် ပြန်တော့လဲ ရှုပ်ပြန်ရော၊ ရှုပ်ပြန်တော့ ဒုက္ခ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ရောက် တယ်။
ဒီစက်တွေက ဟိုဟာတွေ ဒီဟာတွေဆွဲ၊ ဟိုကရှုပ်၊ ဒီကရှုပ် မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား) ဒါဖြင့် ဒီပြင်ဟာတွေ ကတော့ဖြင့် အားကိုးတိုင်း အားကိုးတိုင်း၊ ဘာတွေ့ရလဲ (ဒုက္ခတွေ့ရတယ် ဘုရား) ဒါဖြင့် နိဗ္ဗာန်ကို အား ကိုးတိုင်း အားကိုးတိုင်း ဘာဖြစ်ရမလဲ (ချမ်းသာရာ ရမယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည်ကားလို့ဆိုရင်ဖြင့် ဒကာဒကာမတို့ နိဗ္ဗာန်သည် ချမ်းသာခြင်း လက္ခဏာ ရှိတယ်။ နိဗ္ဗာန်သည် ငြိမ်းအေးခြင်းလက္ခဏာရှိတယ်။ နိဗ္ဗာန်သည် စိတ်နှလုံးကို ရွှင်ပြုံးစေခြင်း လက္ခဏာ ရှိတယ်။ မဆိုနိုင်ဘူးလား၊ ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား) ဒါဖြင့် နိဗ္ဗာန် ဆိုတာ ရှိတာလား မရှိတာလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် အားလုံး ဒကာဒကာမတွေ စဉ်းစားစရာက နိဗ္ဗာန်သည် ဝိဝေကဋ္ဌော၊ ကိလေသာ နှောင့်ယှက်ခြင်းမှ ဆိတ် ကင်းတဲ့ သဘောရှိတယ် (မှန်ပါ့) နိဗ္ဗာန်ဘယ် သဘောရှိသလဲ (ကိလေသာ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတဲ့ သဘော ရှိပါ တယ် ဘုရား) ကိလေသာ အရှိန်အစော်တွေဟာ အငွေ့လေး၊ သန်းသေးသလား (မသန်းပါ ဘုရား)။
ဖြစ်ပျက်ရှိနေရင် ကိလေသာကြောင့် (မှန်ပါ့) မဟုတ်ဘူး လား (မှန်ပါ့) အခုတော့ ကိလေသာ ရှိပါရဲ့လား (မရှိပါ ဘုရား) မရှိတော့ နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းတာ သည်ကား ဘယ်သူက နှောင့်ယှက် သတုံး (ကိလေသာကပါ ဘုရား)။
အဲဒီ ကိလေသာ နှောင့်ယှက်တဲ့သဘောကို ကျုပ်တို့သည် တွေ့ရသေးသလား (မတွေ့ ရတော့ပါ ဘုရား) အဲဒီမတွေ့ရတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား) ကိလေသာ အနှောင့်အယှက် ကင်းတာသည် နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့ ကျေနပ်ဖို့ကောင်းတယ် (ကျေနပ်ပါတယ် ဘုရား)။
နိဗ္ဗာန်ဟာ၊ ဘာအထည်နဲ့ တူသတုံး၊ နိဗ္ဗာန်ရောက်သော ပုဂ္ဂိုလ် ဘယ်လိုနေရထိုင်ရမှာလဲ၊ ဒကာဒကာမတွေက မေးချင်လဲ မေးလိမ့်မယ်။ မေးခွင့်လဲရှိတယ် (တင်ပါ့)။ သို့သော် အထည် ကို မေးလို့ရှိရင် အထည်အကြောင်းကို အရင်ဖြေရလိမ့်မယ် (မှန်ပါ့)။
နိဗ္ဗာန်သည်၊ အထည်ရှိသလား၊ မရှိဘူးလား?
နိဗ္ဗာန်ဟာ ဥပမာမယ် ကွမ်းသီးဟာ ငါးမူးသားလောက် ရှိတယ်ဆိုရင် ငါးမူးသား အထည်လေး ရှိတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ငါးမူးသားအထည်လေး ဆိုလို့ရှိရင် ဖြင့် ဒီ-ကွမ်းသီးလုံး လောက်ဟာ၊ ဆွေးမြေ့တဲ့ သဘော၊ အထည်ရှိ လာမလာ (လာပါတယ် ဘုရား) အထည် ရှိရင် ဆွေးမြေ့တဲ့ သဘော၊ အထည်ရှိတော့ ပျောက်ပျက်ရမယ်၊ ဖောက်ပြန်ရမယ်။ ဆိုတဲ့သဘော၊ လွတ်ကင်း နိုင်ရဲ့ လား (မလွတ် ကင်းနိုင် ပါ ဘုရား)။
ဪ နိဗ္ဗာန်လဲ အထည်ရှိရင်ဘာဖြစ်မလဲ (ဖောက်ပြန်ရမယ် ဘုရား) ဆွေးမြေ့၊ ဖောက်ပြန် ပျက်စီးမယ်၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)၊ ဒါဖြင့် နိဗ္ဗာန်သည် အထည်ရှိပါရဲ့လား မရှိဘူးလား လို့မေးရင်၊ ဘယ်နှယ့်ဖြေကြမလဲ၊ (မရှိပါ ဘုရား) အထည်မရှိဘူး။
အထည်မရှိလို့ရှိရင်၊ ဘယ့်နှယ်နေရမှာတုံး၊ ဘယ်လိုများ ဖြစ်နေမှာတုံး လို့ မေးခွန်း ထုတ်ဖို့ မလိုဘူးလား (လိုပါ တယ် ဘုရား)။
အထည်ရှိရင် ပျက်မယ်ဆိုတာ ရှင်းပြီးပြီမဟုတ်လား (မှန်ပါ့) တထည်ရှိတဲ့အခါဆိုရင်ဖြင့် လုံးရပ်သဏ္ဍာန်၊ ပုံဟန် နိမိတ်ကင်း ဆိတ်ရမှာကိုးဗျ၊ (တင်ပါ ဘုရား) နိဗ္ဗာန်မှာ လုံးရပ် လဲမရှိဘူး သဏ္ဍာန်လဲမရှိဘူး ပုံဟန်နိမိတ်ကော (မရှိပါ ဘုရား) သဘောကျပြီလား (ကျပါတယ် ဘုရား)။
ကောင်းပြီ၊ လုံးရပ်သဏ္ဍာန် ပုံဟန်နိမိတ်ရှိခဲ့ရင်၊ ဘာဖြစ် မယ်ထင်သတုံး၊ (ပျက်စီးရမှာ၊ ဖောက်ပြန်ရမှာပါ ဘုရား)။ ပျက်စီး ဖောက်ပြန်ရမယ်။ ဒါလွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား) မလွတ်နိုင်တော့ လုံးရပ်သဏ္ဍာန် ပုံဟန်နိမိတ်လဲ မရှိဘူး။ ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဆုံးဖြတ်ချက်ချ။
အထည်မရှိရင် ဘယ်လိုများနေရမှာတုံး ?
လုံးရပ်သဏ္ဍာန်၊ ပုံဟန်နိမိတ် မရှိလို့ရှိရင်ဖြင့်၊ သိမှု ကလေးနဲ့ ချမ်းသာနေတာလား မေးရ လိမ့်မယ်၊ (မှန်ပါ့) နိဗ္ဗာန်မြင်ပြီး သကာလ၊ သိနေကြည့်နေရတာနဲ့ပဲ၊ ချမ်းသာ နေတာပါလားလို့ မေးစရာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
သိမှုကလေးနဲ့ပဲ ချမ်းသာပြီး နေရမှာလားလို့ မေးရင်၊ ခန္ဓာရှိတုံး တော့ဟုတ်တယ်၊ ခန္ဓာရှိတုံးတော့ ဒီနေရာလေး ကြည့် နေရတာကို ဘယ်နှယ်ဖြစ်နေသလဲ (ချမ်းသာနေပါတယ် ဘုရား)။ ဘာပြုလို့ ချမ်းသာ ရသတုံးဆိုတော့၊ အအိုလဲ မရှိဘူး၊ အနာကော (မရှိပါ ဘုရား) အသေကောမရှိဘူး၊ အကွဲ ကောမရှိဘူး သောကပရိဒေဝကော (မရှိပါ ဘုရား)။
အဲဒီဥစ္စာလေး ကြည့်နေတော့ ဒီနေရာလေးဟာ တော် တော် ကောင်းတဲ့နေရာပဲ၊ အိုမှုနာမှု သေမှု၊ ကွဲမှုဆိုတဲ့ အမှုတွေ အကုန်လွတ်ငြိမ်းပြီး ရုပ်သိမ်းနေတဲ့နေရာပဲလို့ မဆိုနိုင်ဘူး (ဆိုနိုင်ပါတယ် ဘုရား) ရဟန္တာပုဂ္ဂိုလ်များသည်၊ အဲဒီနေရာကို မြင်ထားကြရတယ်၊ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ဒီမဂ် ကို အားထုတ်ကြည့်လို့၊ ဒီမဂ်ရောက် တယ်ဆိုရင် မြင်ရမယ်။
ဒါဖြင့် မြင်ရလို့ရှိရင် ဪ ဒီနေရာဟာ အတော်ထူး တဲ့နေရာပဲလို့ မဆိုပေဘူးလား ဆိုကြမလား (ဆိုကြမှာပါ ဘုရား) သုံးဆယ့်တစ်ဘုံ လိုက်ကြည့်လိုက်တော့ ဦးဘကြည် တစ်မျိုး (မှန်ပါ့ ဘုရား) တစ်မျိုး ဆိုတော့ ဒီနေရာအကောင်း ဆုံးပဲလို့၊ မဆိုနိုင်ဘူး ဆိုနိုင်သလား (ဆိုနိုင် ပါတယ် ဘုရား) ဒီနေရာ အကောင်းဆုံးပဲဆိုတာ သဘောကျပြီ မဟုတ်လား (တင်ပါ့ ဘုရား)။
အဲဒီတော့ ကိလေသာ ချုပ်ငြိမ်းရုပ်သိမ်းတဲ့ ရဟန္တာဖြစ် ကြပြီ။ မဂ်လေးတန်၊ ဖိုလ်လေးတန် တန်းကနဲရကြပြီ။ သောတာပန်ဖြစ်တော့၊ သောတာပန်နိဗ္ဗာန်ပေါ့ဗျာ။ ဒီလိုမြင်နေတဲ့ အခါကျလို့ ရှိရင်ဖြင့် သောတာ ပန်ကလဲ ဒီနေရာ အကောင်းဆုံး (မှန်ပါ့ ဘုရား)။ သကဒါဂါမ် ကကော (ဒီနေရာ အကောင်းဆုံးပါ ဘုရား)။ အနာဂါမ်ကကော (ဒီနေရာ အကောင်းဆုံးပါ ဘုရား)။ ရဟန္တာကကော (ဒီနေရာ အကောင်းဆုံးပါ ဘုရား) ဘုရားကကော (ဒီနေရာ အကောင်းဆုံး ပါ ဘုရား)။
သူတို့ဘယ့်နှယ်ကြောင့် ဒီနေရာ အကောင်းဆုံးရယ်လို့ ဆုံးဖြတ် ချက်ချကြပါလိမ့်မလဲလို့ ဦးဘတင် မေးခွန်းထုတ် တယ်နော် (မှန်ပါ့)၊ ခုနကပြောခဲ့တဲ့ အိုမှု၊ နာမှု၊ သေမှု၊ မွဲမှု၊ ကွဲမှုတွေ လုံးဝရှာမတွေ့ဘူး (မှန်ပါ့ ဘုရား)၊ ရုပ်နာမ်တို့ ၏ ဖြစ်ပျက်မှုတွေ မရှိတော့ဘူး။
အဲဒီတော့ ဒီနေရာမှာ အလွန်အေးချမ်းတဲ့နေရာပဲ ဆို တာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရ၊ ပစ္စဝေက္ခဏာ ဉာဏ်ရတဲ့ ပုဂ္ဂိုလ် က မသိပေဘူးလား (သိပါတယ် ဘုရား) သိတယ်။
ဒါဖြင့် ကိုယ့်စိတ်ထဲမှာ စဉ်းစားကြည့်စမ်း။ အင်း ဒီနေရာ ဟာ ကျုပ်တို့ကမသွားဘူးလို့။ “မသွားဖူးတဲ့၊ မစားဘူးတဲ့ ပုဂ္ဂိုလ်က မကြိုက် ဘူးပြောတာကို ကျုပ်တို့က အမှန်မယူနဲ့” သဘောကျ ပြီလား (ကျပါတယ် ဘုရား)၊ မစားဖူးပဲနဲ့ မကြိုက်ဘူးပြောတဲ့ဟာ အဓိပ္ပာယ် မရှိဘူး၊ ရှိကြရဲ့လား (မရှိပါ ဘုရား)။ စား ဘူးလို့ မကြိုက်ဘူး ဆိုရင်တော့ အဓိပ္ပာယ်ရှိတယ်။
အခု ကျုပ်တို့နိဗ္ဗာန်ကို ကျုပ်တို့ပုထုဇဉ်စိတ်နဲ့ မကြိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ မစားဖူးပဲနဲ့ မကြိုက်တာဖြစ်လေသောကြောင့် သူ့စကားကို အတည်မပြုနဲ့လို့ ကန့်ကွက်လိုက်တယ်။
ဘာမှမရှိတဲ့ဟာကြီးကို ကြိုက်ရမယ်ဆိုတဲ့ဥစ္စာ၊ တပည့် တော်တို့ မကြိုက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်လုပ်ပြီး တွေ့ရတာ မဟုတ်သေးဘူး၊ စားဖူးပြီး မကြိုက်တာ၊ မဟုတ်သေး ဘူး (မှန်ပါ့ ဘုရား) မစားဖူးပဲနဲ့ ရမ်းပြီးမကြိုက်တာ ပြောသံ ကြားမကြိုက်တာ (မှန်ပါ့ ဘုရား)။
အဲဒီမကြိုက်မျိုးနဲ့ ဆုံးဖြတ်ချက်ချလို့ တရားမှန်ဖြစ်ပေါ့ မလား (မဖြစ်ပါ ဘုရား) မဖြစ်နိုင်တော့၊ အရိယာ တစ်ယောက် ပေါ့ (တင်ပါ့ ဘုရား) အရိယာတစ်ယောက် မေးလိုက်တော့၊ အရိယာ ပုဂ္ဂိုလ်များ အားတဲ့အချိန် ဘာလုပ် နိဗ္ဗာန်အာရုံပြုနေတယ်။
ဒကာဒကာမတို့ အရိယာပုဂ္ဂိုလ်များ အားလပ်ချိန်ရ တော့ ဆွမ်းခံကိစ္စငြိမ်း၊ ရေသောက်ဖို့ကိစ္စငြိမ်းတဲ့အချိန် ဘာလုပ်နေကြသလဲ (နိဗ္ဗာန်အာရုံပြုနေကြပါတယ် ဘုရား)။
အင်း ဒီတစ်နေ့ပဲလား၊ နက်ဖန်ကြတော့ ဒီကိုယ် တော်ကြီး ဘာတွေလုပ်အုံးမှာတုံးမေးတော့ (နိဗ္ဗာန်အာရုံပြု နေမှာပါ ဘုရား)။ ဒါဖြင့် သူတို့စားကောင်းလို့ စားနေတယ် (တင်ပါ့ ဘုရား)။
နိဗ္ဗာန်ကို စားကောင်းလို့လားတော့ သူတို့ကတော့ဖြင့် ကိုယ်တိုင် စားသောက်ရလို့ ကိုယ်တိုင်ကြိုက်နေပြီ၊ (မှန်ပါ့ ဘုရား) နက်ဖြန်လဲဒါပဲ၊ သဘက်လဲဒါပဲဆိုတော့ သူ့လိုပုဂ္ဂိုလ်တွေ ထဲက၊ အရုပ်ဆိုးတစ်ယောက်များ ထွက်အုံးမလားဆိုတာ ခင်ဗျား တို့တစ်ခါ စဉ်းစားရမယ် (မှန်ပါ့ ဘုရား)။
ဒီလိုရောက်ပြီးမှ မကြိုက်ဘူးဆိုပြီး ပြန်လာတဲ့ပုဂ္ဂိုလ်များ ရှိ မရှိ (မရှိပါဘူး ဘုရား) မရှိတော့ ဪ ဒါဖြင့် အမြင် ကျယ်တဲ့ ပုဂ္ဂိုလ်၏ ကြိုက်ရာဌာန (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်မကြိုက်တဲ့ပုဂ္ဂိုလ်က ဘာတုံး၊ အမြင်ကျဉ်းတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ရာဌာန၊ ကြိုက်ရာဌာန မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် သူတို့ကို ထောက် သဖြင့် မကြိုက်သင့် ကြိုက်သင့် (ကြိုက်သင့်ပါတယ် ဘုရား)။
ကျုပ်တို့အရေးကြုံတဲ့အခါ ဘုရားကိုးကွယ်ပါ၏။ တရား ကိုးကွယ်ပါ၏ဆိုတော့ ဘုရားသည် ဘယ်ဟာမျိုးမဆို သူမှန်တာ ကိုသာ ကြိုက်တတ်တဲ့ပုဂ္ဂိုလ် မဆိုထိုက်ဘူးလား၊ (ဆို ထိုက်ပါ တယ် ဘုရား) သူ ဘာအကြိုက်ဆုံးထားသတုံး (နိဗ္ဗာန် အကြိုက်ဆုံး ထားပါတယ် ဘုရား)။
နိဗ္ဗာန်သည်အမြတ်ဆုံး
အဲဒီတော့ နိဗ္ဗာန်ထက်မြတ်တဲ့တရား ရှိသေးသလား (မရှိပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် နိဗ္ဗာန်အမြတ်ဆုံးလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ထားတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ တစ်ခါ ပုထုဇဉ်ဉာဏ်နဲ့ဆပြီး ကြိုက် ပြန်လို့ရှိရင်လဲ ဒုက္ခတော့ မရှိဘူးဆိုရင် တော်ပါရဲ့ ဒုက္ခမရှိဘူး ဆိုရင် ဘယ့်နှယ်တုံး (ကြိုက်စရာပါ ဘုရား) ဒုက္ခမရှိဘူး ဆိုရင်ဖြင့် ကြိုက်ရတာပဲ (မှန်ပါ ဘုရား)။
ဦးချစ်ခ၊ နိဗ္ဗာန်ဆိုရင် ဘာဒုက္ခတုံး မေးတော့ အလုံးစုံ ဒုက္ခမရှိဘူး ဘယ်လိုဆုံးဖြတ်ကြမလဲ (ကြိုက်ရမယ် ဘုရား)။ ကြိုက်ရမှာပဲ။ အဲဒီတော့ ပုထုဇဉ်က ဒီလောက်ပဲ ဆသိရင်လွယ် ပါတယ် (မှန်ပါ့ ဘုရား)။
အရိယာကတော့ ကိုယ်တိုင်သိ (မှန်ပါ့ ဘုရား) ကျုပ်တို့ က သုတသိ (မှန်ပါ့ ဘုရား) ဟိုကတော့ ပစ္စက္ခ (မှန်ပါ့ ဘုရား) ကွဲသွားပြီလား (ကွဲပါပြီ ဘုရား)၊ ပုထုဇဉ်ကဘာတုံး (သုတ-သိပါ ဘုရား) သုတသိ၊ ပြောသံကြားနဲ့ သိတယ်၊ (တင့်ပါ့ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့က လက်တွေ့မှ ယုံတယ် ဆိုရင်လဲ လုပ်ကြတာပေါ့ (တင်ပါ့ ဘုရား) ဒေါ်စိန်ရင် ယောင်ချာချာတော့ လုပ်မနေနဲ့နော်။
ဒကာ ဒကာမတွေ ကျုပ်တို့က ဘာဖြစ်ဖြစ် လက်တွေ့မှ ယုံတဲ့ ခေတ်၊ ပြောသံကြားခေတ် မဟုတ်ဘူးလို့ ဆိုလို့ရှိရင် အလုပ်လုပ်ကြည့်ပါ။ ကိုထွန်းဦးရ (မှန်ပါ့ ဘုရား) ဦးလှ၊ ဘယ့်နှယ်တုံး (လုပ်ကြည့်ရမှာ ပါ ဘုရား)။
လုပ်ကြည့်တဲ့အခါ ကျလို့ရှိရင်ဖြင့် ခင်ဗျားတို့က တစ်ချိန် မှာ စကြဝတေး အလောင်းတွေ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါ တယ် ဘုရား) စကြမင်းကြီး ဖြစ်ပြန်တော့လဲ စကြရထားကြီးနဲ့ လောကီ စည်းစိမ် အကုန်ရမှာပဲ (တင်ပါ့ ဘုရား)။
သို့သော် စကြာမင်းကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခုန ဝိပဿနာဉာဏ်နဲ့ တက်ပြီး သွားတဲ့ အခါကျတော့ စကြာ ရတနာနဲ့ လောကီ စည်းစိမ်ကြီးကို သတိရသေးရဲ့လား ? (မရပါ ဘုရား)။
ဘာပြုလို့မရတုံး (နိဗ္ဗာန်ရလို့ပါ ဘုရား) စကြာ ရတနာထက် ချမ်းသာနေတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။