014

မာတိကာသို့

သမထနှင့်ဝိပဿနာ ယှဉ်တွဲရှု နည်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၌ ဟောကြားတော်မူသော တရားတော်

သမထ နှင့် ဝိပဿနာ ယှဉ်တွဲရှု နည်း

(၂၂-၈-၆၁)

လူမိုက်မှာလဲ သစ္စာလေးပါး မသိမှု အဝိဇ္ဇာကြောင့် ပြုချင် သလိုပြုတဲ့ သင်္ခါရ တောင်းချင်သလို တောင်းတဲ့ တဏှာနော်၊ ဘယ်နှခု ဖြစ်သတုံး (နှစ်ခုပါ ဘုရား) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရာပါ ဘုရား)။

ဒါ လူမိုက်မှာလဲ ဒီအတိုင်းပဲ၊ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ပြုမိပြုရာပြုတဲ့ကုသိုလ်၊ တောင်းမိတောင်းရာ တောင်းတဲ့ တဏှာပေါ့ဗျာ (မှန်ပါ့) တောင်းမိတောင်းရာတောင်း တယ်၊ ဘဝတဏှာနော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ မသိလို့ပြုတယ်၊ ပြုလို့ ခင်ဗျားတို့ ဝိညာဏ်, နာမ် ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးရတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါး ဘာသစ္စာတုံး

ဘယ်နှပါးရသလဲ (ငါးပါးရပါတယ်) ခန္ဓာငါးပါး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အင်း မသိတဲ့လူများ ကုသိုလ် ပြုရင် ဒုက္ခသစ္စာရတာကိုး (မှန်ပါ့ ဘုရား)။

မသိတဲ့လူ ကုသိုလ်ပြုရင် (ဒုက္ခသစ္စာရပါတယ် ဘုရား) ဒုက္ခသစ္စာပဲ ရတယ်၊ မသိတဲ့လူ ကုသိုလ်ပြုတော့ ဒုက္ခသစ္စာရတယ် ဆိုတော့ ဗြုန်းခနဲဆိုတော့ ဦးလှတို့ ဦးမာဒင်တို့က နားထဲ ကန့် လန့်ကြီး ဖြစ်မှာပဲ၊ မသိတဲ့လူ ကုသိုလ်ပြုပြီး သကာလ ဘုံဘဝ ဆုတောင်းတယ် (မှန်ပါ့ ဒုက္ခသစ္စာပဲ ရပါတယ် ဘုရား) ဒုက္ခသစ္စာ ဘာတုံးလို့မေးတော့ ခန္ဓာငါးပါး မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကို သုခသစ္စာလို့ မဟောဘူး (မှန်ပါ့ ဘုရား) “သံခိတ္တေန ပဉ္စူပါဒါနက္ခန္ဓာ ဒုက္ခာ”လို့ ဟောတာပဲ (မှန်ပါ့ ဘုရား)။ ဘာဖြစ်လို့ ဒုက္ခလို့ ဟောရသတုံးလို့ မေးတဲ့အခါကျတော့ ဦးမာဒင် မှတ်ထားပါ၊ ဒီခန္ဓာကြီးကိုက နှိပ်စက်တတ်တယ်၊ ဒီခန္ဓာ ထဲမှာကိုက ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်၊ ဝါယော ဓာတ်ဆိုတဲ့ ဓာတ်လေးပါး မြွေလေးကောင်က ကိန်းရာ ပုဂ္ဂိုလ် ကိုက်တာပဲ (မှန်ပါ့ ဘုရား)။

သူ့ကျောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ မြွေကျောင်းတဲ့ ပုဂ္ဂိုလ်ပဲ၊ မြွေကိုက်တာပဲ (မှန်ပါ့ ကျောင်းတဲ့ ပုဂ္ဂိုလ်ပဲ မြွေကိုက်ပါတယ် ဘုရား) အဲ ဒါဖြင့် နှိပ်စက်တတ်တဲ့ ခန္ဓာကြီးရထားတော့ ဒုက္ခသစ္စာပဲ (မှန်ပါ့) အနှိပ်စက်ခံရတဲ့ ခန္ဓာကြီးကိုရထားလို့ ဒုက္ခသစ္စာပဲ (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် လူလိမ္မာလဲ ဒီဥစ္စာရတာပဲ (မှန်ပါ့) လူမိုက်မှာလဲ မသိတာဘဲ၊ သဘောကျ ပလား (မှန်ပါ) မသိလို့ ပြုချင်သလိုပြုပြီး သကာလ သူလဲပြုတာပဲ၊ ပြုပြီး ဆုတွေ ဘာ တွေ တောင်းတာ ပဲ၊ ထို့အတူပဲ ခန္ဓာငါးပါးရတယ် (မှန်ပါ့) မရဘူး လား (ရပါတယ် ဘုရား)။

ဒါဖြင့် မိုက်ပုံချင်းအတူတူ ရပုံချင်းအတူတူလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့) ဒီဘက်က လူမိုက်၊ ဟိုဘက်က လူလိမ္မာ (မှန်ပါ့) အခုအခြေအနေမှာ မထူးသေးပါဘူး (မှန်ပါ့) ဒါဖြင့် အတိတ်မှာ မထူးဘူး ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အတိတ်မှာ (အတိတ်မှာ ဘာမှ မထူးပါ) ပစ္စုပ္ပန်အရမှာ လဲ (မထူးပါ ဘုရား)။ မထူးသေးဘူး၊ ခန္ဓာငါးပါးချင်း အတူတူပဲ (မှန်ပါ့ ဘုရား)။

ဘုရားက ရဟန်းတွေကိုမေးတော့ ဟေ့-လူမိုက်နဲ့ လူ လိမ္မာ ဘာထူးသတုံးကွ၊ လူမိုက်လဲ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာ ငါးပါးဖြစ်တာပဲ၊ လူလိမ္မာမှာလဲ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တယ်၊ ဘာထူးလဲကွတဲ့၊ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာ ဘုရားက မေးတယ် (မှန်ပါ့ ဘုရား)။

လူမိုက်ကျတော့

မေးတဲ့အခါကျတော့ ရဟန်းတွေက အရှင်ဘုရား ပြော မှ ဟောမှ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်ဆိုတော့ ဒါဖြင့် မင်း တို့ သေသေချာချာနာကြ ဆိုပြီးသကာလ လူမိုက်ကျတော့ ကွာ အားကြီးမိုက်တယ်နော် (မှန်ပါ့) သူ့ခန္ဓာကြီးကို ကျွေး မှုမွေးမှု, ခင်မှုမင်မှုဆိုတဲ့ တဏှာ လာတယ်ကွတဲ့၊ ပစ္စုပ္ပန်ခန္ဓာ ပေါ့ (မှန်ပါ့) ဥပါဒါန်ဟုတ်လား (မှန်ပါ) ဒီခန္ဓာကောင်းစားရေး တစ်ခါ သူလုပ်ပြန်တယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

ခန္ဓာကောင်းစားရေး (မှန်ပါ့ လုပ်ပါတယ် ဘုရား) ခန္ဓာကောင်းစားရေး လုပ်တဲ့အခါကျလို့ရှိရင် ဒီကံသည် ကမ္မဘဝ ပစ္စယာ ဇာတိဆိုတဲ့ ဇရာမရဏဆိုတဲ့ အနာဂတ်ခန္ဓာ ရတယ်ကွ တဲ့ (မှန်ပါ့) ဒါ လူမိုက်၏ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့ ဘုရား)။

လူမိုက် ပဋိစ္စသမုပ္ပါဒ် ထူးလာတယ် (မှန်ပါ့) အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါး ဖြစ်တယ်၊ ဒီခန္ဓာငါးပါးကို သူသည် ခင်မင်ပြီး ကျွေးမွေးနေတယ် (မှန်ပါ့) ဒီခန္ဓာကိုပဲ စွဲလမ်းတယ် (မှန်ပါ့ စွဲလမ်းပါတယ် ဘုရား) ဒီခန္ဓာအတွက်ပဲ အားထုတ် တယ် (မှန်ပါ့) ဒီခန္ဓာအတွက် ကာယကံ၊ ဝစီကံတွေ အား ထုတ်တဲ့အတွက် နောက်ခန္ဓာရ, ရမယ် (မှန်ပါ့ ရရပါမယ် ဘုရား)။

ဒီခန္ဓာအတွက် အားထုတ်ငြားသော်လည်း ဒီခန္ဓာ အတွက်ကို အကုသိုလ်တွေ အားထုတ်တယ်၊ နောက် ခန္ဓာရ၊ ရမယ် (မှန်ပါ့ ရ, ရပါမယ် ဘုရား) မရပေဘူးလား (ရပါ တယ် ဘုရား)။

ဪ ဒါဖြင့် လူမိုက်သည် တိုတိုပြောလိုက်မယ် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာလာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူမိုက်မှာ ခန္ဓာငါးပါးရပြီးသည်၏ အခြားမဲ့မှာ သမု ဒယသစ္စာနဲ့ ဒုက္ခသစ္စာရတယ် (မှန်ပါ့) သမုဒယသစ္စာသုံး ခု (မှန်ပါ့) အကြောင်းသုံးခုနဲ့ အကျိုးတစ်ခု လာတယ်ဆိုတာ ရိပ်မိပလား (မှန်ပါ့)။

လူလိမ္မာကျတော့

လူလိမ္မာကျတော့ကို ဒီလိုမဟောပါဘူး တဲ့၊ လူလိမ္မာ ကျတော့ကို အခု ရထားတဲ့ ပစ္စုပ္ပန်ခန္ဓာငါးပါးကို ခန္ဓာငါးပါး ကြောင့် မဂ်ပေါ်အောင်လုပ်တယ်၊ (ဝါ) အသိဉာဏ်ရအောင် လုပ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ- ခန္ဓာငါးပါးကို သိမှုမဂ်ပေါ်အောင် လုပ် လိုက်တဲ့အတွက် ဒီ-ဒီသမုဒယနဲ့ ဒီဒုက္ခ လူလိမ္မာမှာ မလာ ဘူး (မလာပါ ဘုရား) လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် ဦးလှတို့၊ ဦးမာဒင်တို့ လူမိုက်နဲ့ လူလိမ္မာ ဘာထူး သတုံး မေးတော့ ဒီနှစ်ခုဟာ ထူးတာပဲ (မှန်ပါ့) မထူးဘူး လား (ထူးပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် သူက ပြတ်တယ် သူက ဆက်တယ် (ဆက်ပါတယ် ဘုရား) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ပြတ်မှုနဲ့ဆက်မှု ထူးခြားတယ် (မှန်ပါ့) လူမိုက်က ဆက်ပြီး သကာလ အနာဂတ် ဘဝကျအောင် ရတယ်၊ ဒါက ခန္ဓာ ဇာတိ၊ ဇရာ၊ မရဏ မရဘူးလား (ရပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါ မဂ္ဂဗြဟ္မစရိယအကျင့်၊ သဘောကျပလား (ကျပါပြီ ဘုရား) လူလိမ္မာက မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်တယ်၊ လူမိုက်က မကျင့်ဘူး (မှန်ပါ့)။

အဲဒါကြောင့် မနေ့က ခင်ဗျားတို့ကို ဆုံးမတယ်၊ သူနဲ့ သူဟာ သူက အားထုတ်တဲ့ ပုဂ္ဂိုလ်မှာသာ လာတယ်၊ သူက အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာ လာတယ် (မှန်ပါ့) ဒါ လူမိုက်အချိန် ဒါက (လူလိမ္မာ အချိန်ပါ ဘုရား)။

ဒါ သူများပြောလား၊ ခန္ဓာဖြစ်စဉ်လား (ခန္ဓာဖြစ်စဉ် ပါ ဘုရား) ခန္ဓာဖြစ်စဉ်၊ သူများပြော မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

သူများပြော မဟုတ်ပါဘူး၊ ခန္ဓာဖြစ်စဉ်လို့ ခင်ဗျားတို့ သိပြီး သကာလ နေတဲ့အတွက် ဒါ ဘယ်သူ တောင်းပန်လို့ မှ ဒီအပါယ်ငရဲကို ဇာတိ၊ ဇရာ၊ မရဏဆိုတာ အပါယ်လေးပါး ပေါ့လေ (မှန်ပါ့) ဇာတိ၊ ဇရာ၊ မရဏဆိုတာ အပါယ်ဇာတိ၊ အပါယ်ဇရာ၊ အပါယ်မရဏ ဖြစ်နိုင်တာပဲ (မှန်ပါ့) အမျိုးမျိုး ဖြစ်နိုင်တယ် (မှန်ပါ့)။

ဒါက ခင်ဗျားတို့က ဘယ်လိုဖုံးဖိနေနေ သူ့လမ်းသူသွား တာပဲ (မှန်ပါ့) လူတွေကို အဝတ်ဖုံးပြီးသကာလ အိုတာ၊ ပျိုတာကို ကာကွယ်လို့ အသင့်အတင့်ရနိုင်သေးတယ်၊ ဝမ်းထဲမှာ စိတ္တုပ္ပါဒ်အစဉ်ကို ကာကွယ်လို့ မရဘူး (မရပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

မဂ္ဂဗြဟ္မစရိယအကျင့်

အဲဒီတော့ကို ဒီမဂ္ဂဗြဟ္မစရိယ မဂ္ဂင်ငါးပါး (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်တဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်သတုံး၊ သူ ယှဉ်ပြထားပြီ၊ ဒါ သူ ဒီလမ်းသွားမှာပဲ (မှန်ပါ့) မဟုတ် ဘူးလား (မှန်ပါ့ ဘုရား) ဒီ သမုဒယနဲ့ ဒုက္ခရမှာပဲ (ရမှာ ပါ ဘုရား) မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်တဲ့ပုဂ္ဂိုလ် ဒီသမုဒယနဲ့ ဒီ ဒုက္ခချုပ်မှာပဲ (မှန်ပါ့)။

ဒါဖြင့် ကျင့်တဲ့အချိန်နဲ့ မကျင့်တဲ့အချိန်ဆိုတာ သူများ မေးရမှာလား၊ ဒီခန္ဓာထဲမှာပဲ ကိုယ့်ဟာကိုယ် ဝေဖန်ကြည့်ရမှာ လား (ဝေဖန်ရမှာပါ ဘုရား)။

ကိုယ့်ဟာကိုယ် ဝေဖန်တဲ့အခါကျတော့ကို ဘုရားက ကွာတဲ့ သူတစ်ပါးဟာ အကဲခတ်ရတာ မသိနိုင်ဘူးတဲ့ (မှန်ပါ့)။

သူတစ်ပါးအကဲခတ်ရတာ (မသိနိုင်ပါ ဘုရား) ကိုယ့်ကိုယ်ကိုယ် အကဲခတ်ကြည့်ပါတဲ့ (မှန်ပါ့ ဘုရား) ပေါ် ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ကိုယ်ကိုယ် အကဲခတ်ကြည့်ပါ၊ ငါသည် သမုဒယ နဲ့ ဒုက္ခဖြစ်သလား၊ ငါသည် သမုဒယနဲ့ ဒုက္ခချုပ်သလား၊ ကိုယ့် ကိုယ်ကိုယ် အကဲခတ်ကြည့်လိုက် ဦးမာဒင် ပေါ်တယ် (မှန် ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါတွေအသာထားစမ်းပါ

ငါကျောင်းဆောက်နေတယ်၊ ငါဘုရားတည်နေတယ်၊ အသာထားစမ်းပါ ဒါတွေ (မှန်ပါ) မဆိုင်ပါဘူး။ ဒါတန်း မတန်းသာကြည့်၊ မဟုတ်ဘူးလား (မှန်ပါ)။

ငါကျောင်းဆောက်နေတယ်ကွ၊ ငါ ဘုရားတည်နေ တယ်ကွ၊ ကျောင်းဆောက်တာက သူ့ဟာသူ လက်သမားက ဆောက်တာ၊ မဟုတ်ဘူးလား (မှန်ပါ့) စိတ်က သူ့ဟာသူ တန်းတာ(မှန်ပါ) ဘာဆိုင်တာမှတ်လို့ (မဆိုင်ပါ ဘုရား)။

ဆင်သေအုပ်လို့ လုံပါ့မလား

ခင်ဗျားတို့က ဆင်သေ သားရေအုပ်တာကလေးက အတော်ကလေးကို အသားယူ နေကြ တယ် (မှန်ပါ) ဆင်သေ သားရေအုပ်လို့ ဘယ်မှာလုံမှာတုံး (မလုံပါ ဘုရား) နွားသား ရေလောက်နဲ့ ဆင်သေကြီးကို ဘယ့်နှယ်လုပ်လုံမလဲ (မလုံ ပါ ဘုရား)။

အဲဒါ ခင်ဗျားတို့က ဦးလှတို့လူစု၊ ဦးမာဒင်တို့ လူစုတွေ က တပည့်တော် တော်တော် စိတ်ချရ လောက်ပြီထင်ပါရဲ့ ဘုရား ခင်ဗျားတို့က ခင်ဗျားတို့ဟာ ခင်ဗျားတို့ပေါ့ဗျာ (မှန်ပါ့) တော်တော် စိတ်ချရလောက်ပြီထင်ပါရဲ့ ဘုရာ့၊ တော်တော် စိတ်ချရရဲ့ စိတ်ချရလောက်ဆိုတာတော့ ဘုန်းကြီး မပြော တတ်ဘူး မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ဒီ ပဋိစ္စသမုပ္ပါဒ် နှစ်ခုနဲ့ အကဲခတ် (မှန်ပါ့) ဒါ လိုရင်းပဲ (လိုရင်းပါ ဘုရား)။

ခင်ဗျားတို့ ဆင်သေ သားရေအုပ်တာ မလိုချင်ဘူး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဟာ လာမလာသာ အရေးကြီးတယ် (မှန်ပါ့) ရှင်းပ လား (ရှင်းပါပြီ ဘုရား) ဒီဟာ ပြတ်မပြတ် ဒါပဲ အရေးကြီး တယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ဘုရားတည်တာက အပြကိုးဗျ (မှန်ပါ့ ဘုရား) အပြ တွေနဲ့ ဦးမာဒင် ဒီကနေပြီး အမှန်ယူရမှာလား (မယူရပါ ဘုရား) အတွင်းက အမှန်ယူမှပေါ့ (မှန်ပါ့) ပေါ်ပလား(ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ပြုံးချင်ရင်လဲ ခင်ဗျားတို့ ဒီနှစ်ခုမှာ ဒီဘက်က နေပြီး၊ ဟုတ်လား (မှန်ပါ့ ဘုရား) ဖုံးချင်တဲ့ ဥစ္စာဆိုရင်လဲ ခင်ဗျားတို့ ဒီဟာကို ဖုံးနေတယ်လို့ အောက်မေ့ပါ၊ ခင်ဗျားတို့ ပြောနေ တဲ့ဟာ ဒါတွေဖုံးနေတာ (မှန်ပါ့) ဒီသမုဒယနဲ့ ဒုက္ခ ဖုံးနေတာ (မှန်ပါ့၊ ဖုံးနေပါတယ် ဘုရား)။

ကျုပ်တော့ဗျာ သတိမလစ်ပါဘူး၊ အသက်ကလဲကြီး လာတော့ သူတော်ကောင်းစိတ်ကလဲ ဝင်စားလာတော့ လှူဒါန်း စွန့်ကြဲဆိုတာလဲ တယ်မပြတ်ဘူး (မှန်ပါ့) ဒါ ဖုံးနေတာ (ဖုံးပါတယ် ဘုရား) ဒါဖုံးနေတာဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပြောနေနေ၊ ကိုယ့်မှန်ကိုယ်ကြည့်

ဒါတော့ပါကို မပါဘူး၊ ပါရဲ့ လား (မပါပါ ဘုရား) မပါတော့ မင်းတို့ဘာပြောနေနေ အသက်အရွယ်ကြီးလို့ ဦးလှ တို့ ဆံဖြူပြီ၊ သွားကျိုးပြီ ဟုတ်လား (မှန်ပါ့) ဘာပြောနေနေ ကိုယ့်မှန်ကိုယ်ကြည့် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီ မှန်နှစ်ချပ်ထားတယ်၊ ဟုတ်လား (မှန်ပါ့) ကိုယ်က ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဒါကို မြင်သလား၊ ဒါကို မြင်သလား၊ ကိုယ့်မှန်နဲ့ ကိုယ်သာကြည့် (မှန်ပါ့)။

ကိုယ့်မှန်နဲ့ ကိုယ်ကြည့်လို့ရှိရင်ဖြင့် ဒီဘက်ကဟာ ဖြစ် တာသိနေလို့ရှိရင် သမုဒယချုပ်မှာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်ကဟာ မလာဘူး၊ သမုဒယနဲ့ ဒုက္ခဖြစ်မှာပဲ (ဖြစ် မှာပါပဲ ဘုရား) ဘာဖုံးလို့ဘာဖိနေနေ၊ ဒါအပိုပဲ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ကျင့်ပုံကျင့်နည်း မပြောရသေးပါဘူး (မှန်ပါ့) ခင်ဗျားတို့ စိတ်နေစိတ်ထားကတော့ တစ်နေ့မှာ ဒီဘက်ကလား၊ ဟိုဘက်ကလား၊ ဟိုဘက်နာရီမှာ ဒီဘက်ကလား၊ ဟိုဘက်က လား၊ နောက်နာရီမှာ ဒီဘက်ကလား၊ ဟိုဘက်ကလား၊ ဒါ အကဲ ခတ်နေ၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) နာရီနဲ့ စက္ကန့်နဲ့သာ အကဲခတ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ သူများပြောကို ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက ဒါ သူများပြောပဲ မှားသည်ရှိ မှန်သည်ရှိ ပြင်ဘက်ကနေ အကဲခတ်တာကွ၊ ငါ့ဟာငါ အကဲခတ်ကြည့်တော့ မတူဘူးဟေ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဆိုင်းဘုတ်ကြည့်ပြီး သာဓုခေါ်သွားတာ

ဘယ့်နှယ် အကဲခတ်မတုံး၊ ကိုယ့်ဟာကိုယ် အကဲခတ် ကြည့်မှ သိတာကိုး (မှန်ပါ့) သူများဆိုတာကတော့ တစ်ခါ တည်း တစ်သိန်းကုန် ဒီပစ္စည်းကို နိဗ္ဗာနပစ္စယော လုပ်လိုက်ပါ တယ်၊ ဆိုင်းဘုတ်ကြည့်ပြီး သာဓုခေါ်သွားတာ၊ မဟုတ်ဘူးလား (မှန်ပါ့) ကိုယ်က ဘဝတဏှာနဲ့ လုပ်ထားလို့ရှိရင် သမု ဒယနဲ့ ဒုက္ခရမယ် (ရပါတယ် ဘုရား)။

အဲဒီတော့ သူများက ဆိုင်းဘုတ်ကြီးကြည့်ပြီး သာဓု ခေါ်ပေမယ့် ကိုယ့်မှာက သမုဒယနဲ့ ဒုက္ခဖြစ်နေတယ် (မှန် ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူများက ဆိုင်းဘုတ်ကြီးကြည့်ပြီး သာဓုခေါ်ငြားသော် လဲ ကိုယ့်မှာ ဘာဖြစ်နေသတုံး (သမုဒယနဲ့ ဒုက္ခဖြစ်နေပါ တယ် ဘုရား)။

ဒါဖြင့် သူများ သာဓုခေါ်တာဟာ ကိုယ့်ဒုက္ခကင်းရေး လား ကိုယ့်အလုပ်မလုပ်တတ်လို့ ကိုယ့်ဒုက္ခရရေးလားဆိုတာ မေးလိုက် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ရှင်း ပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ရပ်နဲ့ ရွာနဲ့ ဘာမှ တွေးမနေနဲ့ ကိုယ့်မှန်ကိုယ်ကြည့် (မှန်ပါ့) ကိုယ့်မှန်ဆိုတာက ဒီမှန် တစ်ချပ်, ဒီမှန်တစ်ချပ် (မှန်ပါ့)။

ကိုယ့်ရှိတာမို့ ဖြစ်ပြီးသားမို့ ကိုယ့်ဉာဏ်နဲ့ ပြန်ကြည့် လိုက်တဲ့အခါကျတော့ ဒီနေ့ ဒါများတယ်၊ ဒါ မပါဘူး။ ဒီနေ့ ဒါများတယ်၊ ဒါ မပါဘူး၊ ဒါ သူများ မေးရမှာလား (ကိုယ့်ဟာ ကိုယ် ကြည့်ရမှာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်ဟာကိုယ် ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မောင်ချစ်စိန် သိရောပေါ့ကွာ (မှန်ပါ့) ဖုံးဖိလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

ဒီပြင် လူသာဓုခေါ် နတ်သာဓုခေါ်တွေကို တယ်မလို ချင်ပါနဲ့ (မှန်ပါ့) ခင်ဗျားတို့က လူသာဓုခေါ်၊ နတ်သာဓုခေါ် တယ်တွင် လမ်းဆုံးတယ် (မှန်ပါ့) မဆုံးဘူးလား (ဆုံး ပါတယ် ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

လူသာဓုခေါ်၊ နတ်သာဓုခေါ် ဒါ အရပ်စကားပါ (မှန်ပါ့) ကိုယ့်ဟာကိုယ် သာဓု မခေါ်နိုင် သေးဘူး (မှန်ပါ့) အရေးကြီးတာက ဘာတုံး၊ ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်ဖို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူသာဓုခေါ်၊ နတ်သာဓုခေါ် ငါ မလိုချင်ပါဘူးကွ၊ ပေါ် ပလား (ပေါ်ပါပြီ ဘုရား) ဘာသာဓုခေါ်တုံး (ကိုယ့်ဟာကိုယ် သာဓုခေါ်ရပါမယ် ဘုရား) ကိုယ့်ဟာကိုယ် သာဓုမှ ကိုယ့် ဟာကိုယ် သိလို့ခေါ်တာကိုးဗျ (မှန်ပါ့)။

မိစ္ဆာနတ် သမ္မာနတ်ရှိတယ်

လူသာဓုခေါ်၊ နတ်သာဓုခေါ်ဆိုတာ လူဆိုတာ အသိ ဉာဏ်ရတာမဟုတ်ဘူး၊ ရမ်းပြီး သာဓု ခေါ်တာ (မှန်ပါ့) နတ် ဆိုတာကလဲ ထိုနည်းအတူပဲ၊ မိစ္ဆာနတ်, သမ္မာနတ်ရှိတယ်၊ မိစ္ဆာ နတ်က ခေါ်တော့ အပိုပဲကွ (မှန်ပါ့) သမ္မာနတ်ကလဲ အကုန် တန်ခိုးကြီးတာ မဟုတ်ဘူး (မှန်ပါ့)။

နုတ်သာဓုခေါ်ဆိုတာ အသာချိတ်ထား

အဲဒီတော့ လူသာဓုခေါ်၊ နတ်သာဓုခေါ်ဆိုတာ အသာ ချိတ်ထား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ကိုယ်တိုင် သာဓု ခေါ်ဖို့ ဂရုစိုက်ပါ (မှန်ပါ)။

ဘယ်လိုလုပ်ကြမတုံး (မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရပါ မယ် ဘုရား) ဒါမှ ကိုယ့်ဟာကိုယ် သာဓုခေါ်နိုင်မှာကိုးဗျ (မှန်ပါ့) သူများ သာဓုခေါ်တာကိုတော့ ခင်ဗျားတို့ဘာမှ ဂရုမစိုက်နဲ့ (မှန်ပါ့)။ –

သူများ သာဓုက ပညာမရှိတဲ့လူ သာဓုခေါ်လိုက်တာ ဟာ ဦးမာဒင်တို့၊ ဦးသာဒင်တို့ တော်တော်နာတယ် (မှန်ပါ့) ကိုယ်က ဘုံဘဝဆုတောင်းတယ်၊ ကိုယ်က ဘုံဘဝဆုတောင်း တဲ့ အလှူကြီးလှူနေတယ်၊ ဟိုက သာဓုခေါ်လိုက်တယ်၊ မင်း ဒုက္ခရောက်တာ ဝမ်းသာတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ရမ်းခေါ်တာကိုးဗျ (မှန်ပါ့) ရမ်းခေါ်လိုက်တော့ မင်းကြိုးကျသွားတယ်ကွာ ဝမ်းသာလိုက်တာ (မှန်ပါ့) ဒီ အဓိပ္ပာယ်လဲ ရတယ် (မှန်ပါ့) ဟိုမှာ ဒုက္ခသစ္စာကြီးရသွား တယ် (မှန်ပါ့ ဘုရား)။

ကိုယ့်ဟာကိုယ် သာဓုခေါ်ဖို့ ဂရုစိုက်

အဲဒါကြောင့် သူများ သာဓုခေါ်တာတော့ မင်းတို့က ဂရုကို မစိုက်နဲ့၊ ကိုယ့်ဟာကိုယ် သာဓုခေါ်ဖို့ ဂရုစိုက် (မှန်) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာလုပ်ကြမယ် (မဂ္ဂဗြဟ္မစရိယ သိက္ခာပုဒ်အကျင့် ကျင့်ရပါမယ် ဘုရား) သိက္ခာပုဒ် မဟုတ်ဘူး (မှန်) မဂ္ဂဗြဟ္မ စရိယအကျင့်ကို ကျင့်ရမယ် (မှန်ပါ) ရှင်းပြီနော် (မှန်ပါ့)။

ဦးမာဒင် ဒါဖြင့် ခင်ဗျားတို့ ယူထိုက်မှယူ၊ ဘယ်သူ ဘာ ပြောပြော ကိုယ့်ဟာကိုယ် သာဓုမခေါ်နိုင်သေးတဲ့ အလုပ်ဟာ မဟုတ်သေးဘူးသာမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူဘာပြောနေနေ၊ ဦးမာဒင်ကြီးတို့ အရွယ်ကြီး ကြလို့ သတိတော့ ရရှာသကွာ၊ ဦးလှကြီး လဲ ၇၁ နှစ်ရှိတယ်၊ ဆရာ ဘုန်းကြီးကောင်းနဲ့ တွေ့သွားရှာသကွာ၊ သာဓု-သာဓုအို မဟုတ်သေး ဘူး၊ မဟုတ်သေးဘူး၊ ကိုယ့်မှာ သက္ကာယ တန်းလန်းနဲ့ မဂ္ဂဗြဟ္မစရိယအကျင့်က မကျင့်ရ သေးဘူး (မှန် ) မဟုတ်ဘူးလား (မှန်ပါ့)။

မင်းတို့သာဓုခေါ်တာ ငါရှက်တယ်

သမုဒယနဲ့ ဒုက္ခမချုပ်သေးဘူး (မချုပ်သေးပါ ဘုရား) မချုပ်သေးလို့ရှိရင်ဖြင့် မင်းတို့ သာဓုခေါ်တာ ငါ ရှက် လှချည်ရဲ့ (မှန်ပါ)။

ဒီလိုသာ အောက်မေ့ရမယ်၊ သူတို့သာဓုခေါ်တာ ကိုယ်ရှက်ပါ (မှန်ပါ) ဘာဖြစ်လို့တုံးဆိုတော့ ကိုယ့်မှာမှ မဂ္ဂဗြဟ္မ စရိယအကျင့် မကျင့်သေးဘဲနဲ့ သူတို့ သာဓုခေါ်စောတဲ့အတွက် ကိုယ့်မှာ ရှက်စရာကြီး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)

ကိုယ်က ဝဋဒါနကြီးလုပ်နေတယ်၊ နိဗ္ဗာန်သေချာပြီ ပြောတာနဲ့ ဝမ်းသာရင်ခက်တယ် (မှန်ပါ) သေသေချာချာ ခက်တယ် (ခက်ပါတယ် ဘုရား)။

ကိုယ်က လုပ်တာက ဘာဒါနတုံး (ဝဋဒါနပါ ဘုရား) ဘေးက လူတွေကတော့ မသိရှာတော့ ဪ သူတို့ တော့ဖြင့် နိဗ္ဗာန်လက်ဝါးနဲ့ပုတ် မလွဲဘူး (မှန်ပါ) အင်း ခက်ပါသေးတယ်၊ ပေါ်ပလား ဦးလှရဲ့ (ပေါ်ပါပြီ ဘုရား)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံး

ကိုင်း ဒါဖြင့် ခင်ဗျားတို့ဘုရားက လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးဆိုတာသာ အဓိက ထားတာ (မှန်ပါ) လူမိုက်က သမုဒယနဲ့ ဒုက္ခဖြစ်တယ်ကွ ဒါ အနာဂတ်အကြောင်းကို (မှန်ပါ)။

အနာဂတ်အကြောင်းကြောင့် အနာဂတ်အကျိုးဖြစ်ပါတယ်။ လူလိမ္မာကတော့ ပစ္စုပ္ပန် မဂ္ဂဗြဟ္မစရိယကြောင့် အနာ ဂတ်အကြောင်းနဲ့ အနာဂတ်အကျိုးချုပ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုံးမေးတော့မှ မဂ္ဂဗြဟ္မ စရိယအကျင့် ကျင့်တာ ဘာခေါ်ကြမယ် (လူလိမ္မာခေါ်ပါ တယ် ဘုရား) မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်ဘဲနဲ့ ပဋိစ္စသမုပ္ပါဒ် ထုံးစံအတိုင်း သွားနေတာ (လူမိုက်ပါ ဘုရား)။

ခင်ဗျားတို့က အရပ်ထဲက မေးလို့ရှိရင် ကျုပ်တို့တော့ဗျာ လူဆိုးမထင်ပါနဲ့ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ ကျုပ်တို့တော့ လူဆိုးမထင်ပါနဲ့ဆိုတော့ (ဒီအတိုင်းသွားရင် ဟုတ် ပါတယ် ဘုရား) ဟုတ်ပလား (မှန်ပါ)။

အဲဒီတော့ ပုတီးပုတီးနဲ့နေလဲ မဟုတ်သေးဘူးကွ (မှန်ပါ) အဝတ်အသွင်ဝတ်နေရုံလဲ မဟုတ်သေးဘူးကွ၊ ဒါ လိုရင်းပဲ (မှန်ပါ) ဒါ လိုရင်းပဲဆိုတာ သဘောပါကြပလား (ပါပါပြီ) ကဲ ကျေနပ်ပလား (မှန်ပါ)။

ဒါဖြင့် ဒီအထဲမှာ တစ်နေ့ကပြောခဲ့တဲ့ မင်္ဂလသုတ် ဆက်လိုက် (မှန်ပါ) လူမိုက် လူမိုက်ဆိုတာ လူက လူမိုက် တာလား၊ အတွင်းတရားက မိုက်တာလား (အတွင်းတရား က မိုက်တာပါ ဘုရား) လူလိမ္မာ လူလိမ္မာဆိုတာကကော(အတွင်းတရားက လိမ္မာတာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လူက ဘယ်တော့မှ မမိုက်ဘူး၊ အတွင်းတရားက မိုက် ရင် မိုက်တာပဲ (မှန်ပါ) အတွင်းတရားက လိမ္မာရင်လဲ (လိမ္မာပါတယ် ဘုရား) လိမ္မာတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် အခု အသေဝနာစဗာလာနံ မမှီဝဲကောင်းတဲ့ တရား မှီဝဲလို့ မဖြစ်ကောင်းတဲ့ တရားဖြစ်တယ် (မှန်ပါ) ဒီ ပဋိစ္စသမုပ္ပါဒ် သမုဒယနဲ့ ဒုက္ခ၊ ရှင်းပလား (ရှင်းပါပြီ) သမုဒ ယ လောဘ တစ်လုံးတည်း မယူနဲ့၊ တဏှာ, ဥပါဒါန်, ကံ ဒါဖြစ်ကြောင်းချည့်ပဲ ဒုက္ခ (မှန်ပါ) သဘောပါသလား (ပါပါပြီ ဘုရား)။

ဒီတရားပေါ်လာရင် အသေဝနာစ ဗာလာနံ ဒီတရား ပေါ်လာရင် ပဏ္ဍိတာနဉ္စသေဝနာ (မှန်ပါ) ဒီတရား ဆက်နေ ရင် (အသေဝနာစ ဗာလာနံပါ ဘုရား) ဒီတရားပေါ်လာ ရင် (ပဏ္ဍိတာနဉ္စသေဝနာ) သဘောပါသလား (ပါပါ ပြီ ဘုရား)။

ဒီတရားလာရင် (အသေဝနာစ ဗာလာနံပါ) မမှီဝဲ ကောင်းတဲ့ တရား သူ မှီဝဲနေတယ် (မှန်ပါ့) ဒီတရားကို သူကြိုးစားရင် (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ လူမိုက်နဲ့ လူလိမ္မာဆိုတာ မင်္ဂလသုတ်မှာလဲ ဒါပဲ ဟောတယ်၊ အခု သံယုတ်ပါဠိတော်မှာ လဲ (ဒါပဲ ဟောပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီနောက်က တဏှာဒိဋ္ဌိ လာနိုင်သေးရဲ့ လား (မလာ နိုင်ပါ ဘုရား) မလာနိုင်ရင် ခန္ဓာ ဖြစ်ပါ့မလား (မဖြစ်ပါ) မဖြစ်လို့ရှိရင် အို, သေ ဆိုတာ မလာတော့ဘူး (မလာပါ) ဒါဖြင့် အို, သေ မလာတာ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၏ ချုပ်ရာဟာ နိဗ္ဗာန်ပဲ (မှန်ပါ)။

ကဲ ပါသွားတာပဲ၊ ခန္ဓာချုပ်ရာ နိဗ္ဗာန် အို-သေ ချုပ် ရာ (နိဗ္ဗာန်ပါ) တဏှာ ဒိဋ္ဌိချုပ်ရော (နိဗ္ဗာန်ပါ ဘုရား) ဒီသုံးခုချုပ်ကတည်းက နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

တော်တော်နေရာကျသွားပြီ (မှန်ပါ့) တော်တော် နေရာကျသွားပြီ၊ ကောင်းပြီ ခင်ဗျားတို့က နောက် အကြောင်း ညီညွတ်မှ တွေ့ရမယ်၊ တွေ့ချင်မှလဲ တွေ့မယ်၊ သူကတော့ တွေ့နိုင်တယ်၊ ကိစ္စမရှိဘူး၊ သမီးရှိသေးလား (ပြန်သွားပါ ပြီ) မှတ်မိရုံတော်ပြီ၊ နို့ သားက ဒီမှာလား (သားက ဒီမှာ ပါ ဘုရား) အင်း အင်း ကောင်းတယ်။

ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင်လုပ်ပါ

ကဲ ဒါဖြင့် ခင်ဗျားတို့ ရှုတဲ့အခါကျတော့ ဖြစ်ပျက် မဂ်၊ ဖြစ်ပျက်-မဂ်, ဖြစ်ပျက်-မဂ် ကိုက်အောင်လုပ်ရမယ် (မှန်ပါ) ဒီကြားမှာ တစ်ပါးသော တရား မဝင်စေနဲ့၊ သူနဲ့သူနဲ့ ကြားမှာ တစ်ပါးသော စိတ်တွေ မဝင်စေနဲ့၊ ဒါ သိပ်အရေးကြီး တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ (တစ်ပါးသောစိတ်တွေ မဝင်စေနဲ့ပါ ဘုရား) တစ်ပါးသော စိတ်ဆိုတာ လောဘလဲ မဝင် စေနဲ့၊ ဒေါသလဲ မဝင်စေနဲ့၊ မောဟလဲ မဝင်စေနဲ့နော် (မှန် ပါ့ ဘုရား)။

ဝင်လို့ရှိရင် ခင်ဗျားတို့ ခုနှစ်ရက်နဲ့ မရနိုင်ဘူး (မှန် ပါ့) ဝင်လို့ရှိရင် ခုနှစ်ရက်နဲ့ နိဗ္ဗာန် မရနိုင်ဘူး (မှန်ပါ့) သူ မဝင်လို့ မဝင်လို့ရှိရင်ဖြင့် ညနေအားထုတ် မနက်တောင်ရမယ် (မှန်ပါ) ညနေအားထုတ် မနက်တောင် နိဗ္ဗာန်ရမယ်၊ မဝင်ရင် ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ရင် တိဟိတ်

ကောင်းပြီ၊ ခင်ဗျားတို့ အခု သူများက ပြောလိမ့်မယ်၊ မင်းတို့ တိဟိတ်လား၊ ဒွိဟိတ်လားဆိုရင် ဖြစ်ပျက်မြင်ရင် တိဟိတ်သာ မှတ်လိုက် (မှန်ပါ့) ဖြစ်ပျက်မြင်လို့ရှိရင် တိဟိတ် မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒီကြား ကိလေသာကြားသာ မစွက်ရင်တော့ မနက် အားထုတ် ညနေရမယ် (မှန်ပါ့) ဆိုတော့ ကိလေသာဆိုတာ လဲ ဆယ်ပါးတောင် ရှိတယ် (မှန်ပါ့) ရှိပေမယ့် ခင်ဗျားတို့က ဒါနဲ့ဒါ ကိုက်အောင် လုပ်ရင် ဘယ်ဟာမှ မလာနိုင်ပါဘူး၊ လာနိုင် ပါ့မလား (မလာနိုင်ပါ ဘုရား) အဲဒီမှာ ဝီရိယ ပြင်းထန်ပေး လိုက်။

လောဘကိလေသာ, ဒေါသကိလေသာ, မောဟကိ လေသာ, ဣဿာကိလေသာ, မစ္ဆရိယကိလေသာ, ကုက္ကုစ္စ ကိ လေသာ (မှန်ပါ့) မာနကိလေသာ, ဥဒ္ဓစ္စကိလေသာ, ဝိစိ ကိစ္ဆာကိလေသာ, အဝိဇ္ဇာကိလေသာ, ကိလေသာ ဆယ်ပါးတောင် ရှိတယ် (မှန်ပါ့ ဘုရား)။

အဲဒါ ကြားမထိုးဘဲနဲ့ သူက ဖြစ်ပျက် သူက နောက်က မဂ် မြန်မြန်လိုက်၊ ဖြစ်ပျက်မြင်တဲ့ မဂ်လိုက်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သူက ဖြစ်ပျက်ဆိုရင် နောက်က ဪ ဖြစ်ပျက်ကို မြင်တာ ချက်ချင်းလိုက် (မှန်ပါ) သူက ဖြစ်ပျက်သွားပြီဆိုရင် သူက ဖြစ်ပျက်မြင်တာကို (ချက်ချင်းလိုက်ရပါမယ် ဘုရား)။

ဒီလို လိုက် လိုက်သွားတော့ ကိလေသာ ဆယ်ပါး သူတို့ကြားထဲ ဝင်သေးရဲ့လား (မဝင်ပါ ဘုရား) မဝင်လို့ရှိ ရင် ညနေ အားထုတ်ရင် မနက်ရမှာပဲ (မှန်ပါ့) မနက် အားထုတ် ညနေရမယ် ဆိုတာကို ဘုရားဟောခဲ့တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ ဘုရား)။

ဘုရားက ဟောတာ၊ ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ် မနက် အားထုတ် ညနေရတာပဲ မဟုတ်လား (မှန်ပါ့) ဒီထက်ဖျင်း တဲ့ လူဟာ ခုနှစ်ရက်လောက် ကြာတတ်တယ် (မှန်ပါ ဘုရား)။

သိပ်ဖျင်းတဲ့လူဟာ ခုနှစ်ရက်လောက် ကြာတတ်တယ်၊ ဒါပဲ (မှန်ပါ့) အဲဒီတော့ ဒါကတော့ ကိုယ့်ပေါ်မှာ မူတည် တယ်လို့ အောက်မေ့ပါ (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကိလေသာ ကြားမခိုဖို့ဟာ ဒီအထဲမှာ နည်းသိပြီးသည့် အခြားမဲ့၌ ကိလေသာ ကြားမခို ဖို့ရာ ဦးလှ အရေးအကြီးဆုံး (ကြီးပါတယ် ဘုရား)။

နည်းသိပြီးရင် ဘာအရေးကြီးသလဲ (ကိလေသာ ကြားမခိုဖို့ အရေးကြီးပါတယ်) ကိလေသာကြားမခိုဖို့ သိပ်အရေးကြီးပါတယ် (မှန်ပါ ဘုရား)။

ဝီရိယကို ပြင်းထန်ပေးလိုက်ပါ

နည်းသိဖို့ရာ ပထမအရေးကြီးတယ်၊ နည်းသိပြီးတော့ သူကြားမခိုဖို့ကိုတော့ ဟောဒီအထဲမှာ ဝီရိယပါတယ်၊ သမ္မာဝါ ယာမဆိုတာ (မှန်ပါ့) အဲဒီ ဝီရိယကို ပြင်းထန်ပေးလိုက်၊ သူ ကြားမခိုနိုင် တော့ဘူး၊ ဒီအထဲ ဝီရိယကိုသာ ပို့ပေး-ပို့ပေး လိုက်လို့ရှိရင် ကြားမခိုနိုင်ဘူးဆိုတာ သဘောကျပြီ (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် နည်းကောင်းကောင်း ငါရပြီဆိုပြီး သကာလ ခင်ဗျားတို့ ဒီဥစ္စာကို ဆယ့်သုံးခုပဲ ခန္ဓာကိုယ်ထဲမှာ ရှိတယ်၊ ဒါ လှည့်ရှုရုံပဲ (မှန်ပါ့)။

လှည့်ရှုလို့ အကုန်မြင်ပြီ၊ တပည့်တော်တို့ ရှုတိုင်း ရှုတိုင်း ဖြစ်ပျက်နဲ့ မဂ်နဲ့လဲ ကိုက်တယ်၊ ကိလေသာလဲ ကြားမခိုဘူးဆို လို့ရှိရင် ခင်ဗျားတို့ ဒါဟာ ၁-နံပါတ်အချက် အောင်ပြီ (မှန် ပါ ဘုရား)။

၁-နံပါတ် အချက်အောင်ပြီးတော့ ၂-နံပါတ်ကို ပြော လိုက်မယ်၊ ၁-တော့ အောင်သွားပြီ၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်ရင် ၁-အောင်ပြီ (မှန်ပါ့)။

အဲဒီဖြစ်ပျက်ကို အောင်တယ်လို့ ခင်ဗျားတို့က မနေဘဲ နဲ့ ဆက်ရှု၊ ဆက်ရှုလို့ရှိရင် ဒီဖြစ်ပျက်တွေဟာ မိမိအသေလို့ မှတ်ပါ (မှန်ပါ) ဒါ မိမိသေနေတာ သူများသေတာ မဟုတ် ဘူး (မှန်ပါ)။

မုန်းလာလို့ရှိရင် ၂-နံပါတ်တက်ပြီ

ဒါ ဘာသေတာတုံး (မိမိသေတာပါ ဘုရား) မိမိ သေတယ်၊ မိမိအသေ မိမိမြင်မိသောကြောင့် ဟောဒီဉာဏ်သည် မဂ္ဂင်ငါးပါးသည် မုန်းတဲ့မဂ္ဂင် လာဖြစ်သည်၊ မုန်းလာလို့ရှိရင် ၂-နံပါတ်တက်လို့ မှတ် (မှန်ပါ) ဒါတွေရှုတာ မုန်းလာလို့ ရှိရင် ၂-နံပါတ်တက်ပြီလို့ မှတ် (မှန်ပါ)။

မုန်းလာရင်(၂-နံပါတ်တက်ပါပြီ ဘုရား) ၂-နံပါတ် တက်ပြီ၊ သူများကို မေးစရာ မလိုဘူး (မလိုပါ ဘုရား) မလို ဘူးတဲ့၊ သူများကို မေးစရာ မလိုဘူးတဲ့။

ကောင်းပြီ၊ ဒါဖြင့် ၂-နံပါတ်က မုန်းတဲ့ဉာဏ် တက်လာ ရင် မုန်းတဲ့ဉာဏ် အထမြောက်ပြီ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြန်မည့်လူတွေမို့ ဉာဏ်အဆုံးပေးလိုက်မယ်(မှန်ပါ) ကဲ-မုန်းပေမယ့်တဲ့ ခင်ဗျားတို့က ဆက်လက်ပြီး သကာလ ရှုနေကြပါလို့ ဘုန်းကြီးက ပြောတယ် (မှန်ပါ)။

မရှုချင်လဲ ကြိုးစားရှုရမယ်

မုန်းပြီဘုရား၊ ရှုကို မရှုချင်ဘူး၊ မရှုချင်လဲ ရှုနေ၊ ကြိုး စားရှုရမယ် (မှန်ပါ) မရှုချင်ရင် (ရှုရပါမယ် ဘုရား) ကြိုး စား ရှုရမယ်၊ ကြိုးစားရှုတော့ ဒီဉာဏ်တက်လာလိမ့်မယ်၊ ၃-နံ ပါတ်တက် လာလိမ့်မယ် (မှန်ပါ)။

ဒီဟာတွေဟာ ဒုက္ခသစ္စာတွေပဲလို့ ဉာဏ်ထဲမှာ မြင်လာ လိမ့်မယ် (မှန်ပါ) ဒုက္ခသစ္စာတွေပဲလို့ မြင်လာလို့ရှိရင် ၃နံပါတ်တက်ပြီ (မှန်ပါ)။

ဒုက္ခသစ္စာတွေလို့ ပိုင်ပိုင်နိုင်နိုင်သိရင်

ဒုက္ခသစ္စာတွေပဲလို့ မြင်လာရင် (၃-နံပါတ် တက်ပါ ပြီ ဘုရား) ၃-နံပါတ် တက်လာတဲ့ အခါကျတော့ကို ခင်ဗျားတို့ ဪ ဒါ ဒုက္ခသစ္စာပဲလို့ ၃-နံပါတ်လဲ တက်လာပါရော အခုပြောတဲ့ ဆယ့်သုံးခုတွေဟာ ခင်ဗျားတို့ ဉာဏ်ရှေ့မှာ ဒုက္ခသစ္စာ တွေလို့ ပိုင်ပိုင်နိုင်နိုင်သိရင် အကုန် ပျောက်တယ် (မှန် ပါ ဘုရား)။

ဒါတွေ အကုန်ပျောက်သွားလိမ့်မယ် (မှန်ပါ့) ဒါတွေ အကုန်ပျောက်တော့ကို ခင်ဗျားတို့ ခန္ဓာပျောက်တယ်လို့ အောက်မေ့ (မှန်ပါ့)။

ရှစ်ခုပြည့်သွားပြီ

ဒါတွေအကုန်ပျောက်သွားလိမ့်မယ်၊ ဒီက မဂ္ဂင်ကလဲ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ပြည့်မယ်၊ ရှစ်ခုပြည့် တယ် (မှန်ပါ့ ဘုရား)။

ရှစ်ခုပြည့်သွားပြီ၊ ဒါက ပျောက်ပြီးတော့ သွားတယ်၊ ဒါတွေဟာ ဒုက္ခတွေဖြစ်သွားတယ်၊ ဒုက္ခပျောက်ပြီးသကာလ သြော်- ဒုက္ခမရှိတာပါကလားလို့ ဒီဉာဏ်က သိတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်မြင်တဲ့ဉာဏ်

ဒါဖြင့် ဒီဉာဏ်သည် ၃-နံပါတ်ဉာဏ်သည် နိဗ္ဗာန်မြင် တဲ့ ဉာဏ် (မှန်ပါ့) ၃-နံပါတ် ဉာဏ်သည် (နိဗ္ဗာန်မြင်တဲ့ ဉာဏ်ပါ ဘုရား) နိဗ္ဗာန်မြင်တဲ့ ဉာဏ်ပဲလို့ မှတ်လိုက်ပါ (မှန်ပါ့)

အဲဒီတော့ နိဗ္ဗာန်သာ မြင်တော့တယ်၊ ဒီဖြစ်ပျက်တွေ၊ သင်္ခါရတရားတွေ အကုန်ချုပ်တယ် (မှန်ပါ့) သင်္ခါရတရားတွေ (အကုန်ချုပ်ပါတယ် ဘုရား) အကုန်ချုပ်တယ်၊ ဘာမှ မရှိဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

သောတာပန်တည်တယ်

ဒါဖြင့် ဒီဉာဏ်ဟာ ဘယ်သူ့ကို မြင်နေသတုံး၊ သင်္ခါရ ချုပ်တဲ့ တရားမြင်နေတယ် (မှန်ပါ့) သင်္ခါရချုပ်တယ်ဆိုတာ ခန္ဓာပျောက်တယ်၊ အဲဒါ ပျောက်တာမြင်လို့ရှိရင် ဒါ နိဗ္ဗာန် ဒါ မဂ်ဉာဏ် သောတာပန်တည်တာပဲ (မှန်ပါ့)။

ဒီမဂ်ဉာဏ်လဲ ချုပ်သွားပြီးနောက် ဒီရှစ်ခုပဲ ဖိုလ်ဉာဏ် လာတာပဲ၊ နောက်ကျတော့ ဒီရှစ်ခုနောက်ကနေပြီး ပစ္စဝေက္ခ ဏာဉာဏ်တွေလာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုလာတော့ ဒီအထဲမှာ ဒိဋ္ဌိရေသောက်မြစ်နဲ့ တကွ အကုန်ပျောက်တယ်၊ ပျောက်တော့ ဒီဘက်မှာ အပါယ်သွားဖို့ ခန္ဓာဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား) အပါယ် အို, သေ ကော (မရှိပါ ဘုရား) မရှိဘူးဆိုတော့ ပထမနိဗ္ဗာန်ရပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုတိယနိဗ္ဗာန်ရချင်ရင်

ဘာရသလဲ (ပထမနိဗ္ဗာန် ရပါတယ် ဘုရား) ပထမ နိဗ္ဗာန်ရတယ်လို့ ဆုံးဖြတ်ချက်ချပါ၊ ပထမနိဗ္ဗာန်ရပြီးတဲ့ ပုဂ္ဂိုလ် ဒုတိယနိဗ္ဗာန်ရချင်တော့ ခုနင်ကဟာ ပြန်ကောက်၊ ဒီအတိုင်း ပြန်ကောက် လိုက်ရင် ရတယ် (မှန်ပါ့)။

ခုနင်က ဆယ့်သုံးခု ပြန်ရှုရုံပဲ (မှန်ပါ) ခုနင်ကလိုပဲ ဖြစ်ပျက်မြင်ပြီး ဖြစ်ပျက်မုန်း ဒီဖြစ်ပျက်တွေ ဆုံးရင် ဒုတိယနိဗ္ဗာန် ရဦးမှာပဲ (မှန်ပါ့) ဒုတိယမဂ်ပေါ့ (မှန်ပါ့)။

တတိယနိဗ္ဗာန်လိုချင်ရင်

တတိယနိဗ္ဗာန် လိုချင်ပါသေးတယ်ဆိုရင် ထို့အတူပဲ ဒီက ပြန်ကောက်တယ်၊ အထူးတရား မရှိတော့ပါဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ပထမနိဗ္ဗာန်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ခင်ဗျား တို့ အလုပ်စဉ်နဲ့တကွ ပါသွားတယ် ဆိုရင် ဒါ ကိစ္စပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါက အို, သေပြတာ ၃-၄ ရက်ရှိနေပြီ (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ အိုတတ်သေတတ်တဲ့ ဓမ္မရှိတယ် (မှန်ပါ့) အဲဒါ ဘယ်ကလာတာတုံး (ခန္ဓာက လာပါတယ် ဘုရား) ခန္ဓာငါးပါးက လာတယ်။

ခန္ဓာငါးပါးဘယ်ကလာသတုံး

သိပြီ၊ ဪ ခန္ဓာငါးပါးရှိလို့ အိုရ သေရတယ်ဆို တာဖြင့် ရှင်းနေပြီ (မှန်ပါ့) ခန္ဓာငါးပါးကလဲ မိုးပေါ်ကျ မဟုတ်ပါဘူးတဲ့ (မှန်ပါ့) သူ့မှာ အကြောင်းရှိပါသေးတယ်တဲ့၊ သူ ဘယ်ကလာသတုံး၊ စဉ်းစားကြပါ (တဏှာကလာပါတယ် ဘုရား)။

ဒီတဏှာကလဲ အလိုလိုတော့ အာရုံမရှိဘဲနဲ့ မပေါ်ဘူး တဲ့၊ အာရုံရှိမှသာ ပေါ်တယ်ဆိုတော့ သူဟာ အာရုံကြောင့် ပေါ်တာ (မှန်ပါ)။

ဘယ်အာရုံပါလိမ့်မလဲဆိုတော့ အာရုံတွေက နည်းတာမဟုတ်ဘူး၊ အာရုံခြောက်ပါး တောင်ရှိတယ် (မှန်ပါ့) ဘယ်သူ့ကြောင့် ပေါ်ပါလိမ့်မလဲလို့ စဉ်းစားတဲ့အခါကျတော့ မိမိနဲ့ ဘာမှ မပတ်သက်ရင် မပေါ်ဘူး၊ ဒါ့ကြောင့် ခင်ရာမင်ရာကပေါ် တယ် (မှန်ပါ့) ခင်ရာမင်ရာ မရှိရင်တော့ (မပေါ်တော့ ပါ ဘုရား)။

ဒီနား မန်ကျည်းပင် မရှိတော့ သူ့ဟာသူ ကျိုးနေတော့ ဪ ကျိုးတတ်လို့ကျိုးတာပဲ ဘာမှမထိခိုက်ဘူး (မှန်ပါ့ ဘုရား)။

တဏှာဘယ်ကလာသတုံး

ကိုယ့်သားသမီးကလေး ချော်လဲရင်တော့ အင်မတန် ထိခိုက်သွားတယ် မဟုတ်လား (မှန်ပါ့) အဲဒီတော့ ဒါဟာ ခင်ရာမင်ရာက လာတယ်ဆိုတာ သေချာတယ် (မှန်ပါ့) ဒီတဏှာဟာ ဘယ်က လာသတုံး (ခင်ရာမင်ရာက လာပါ တယ် ဘုရား)။

အဲဒီတော့ ခင်ရာမင်ရာဆိုတဲ့ဥစ္စာက မှတ်ရလိမ့်မယ်၊ ခင်ဗျား ဟို၊ ကိုယ့်ခန္ဓာအခင်ဆုံးလို့ မှတ်လိုက် (မှန်ပါ့) ခင် ရာမင်ရာဆိုတာ ကိုယ့်ခန္ဓာအခင်ဆုံး (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာအခင်ဆုံးပါလိမ့် (ကိုယ့်ခန္ဓာအခင်ဆုံးပါ ဘုရား) ကိုယ့်ခန္ဓာအခင်ဆုံး၊ ဒီပြင်လူခင်တယ်ဆိုတာ အလကား ပြောတာ၊ ကိုယ်မချိအမိသော်လည်း သားတော်ခဲလို့ အရှိသား ပဲ (မှန်ပါ့ ဘုရား)။

မယုံသေးလို့ရှိရင် သက်သေသာဓက ထုတ်ပြလို့ရှိရင် ရှင်းပါတယ်၊ သက်သေသာဓက ဘယ်လိုရှင်းသတုံးလို့ မေးတဲ့ အခါကျတော့ အိမ်ကို မီးလောင်နေတယ်၊ တစ်အိမ်လုံးလဲ အိပ် နေကြတယ်၊ မိမိက မီးလောင်တာ အရင်သိလို့ရှိရင် မိမိက အရင်ထွက်ပြေးပါတယ် (မှန်ပါ့) ကိုယ့်ကိုယ်ကိုယ် အရင် သယ်တယ်ထုတ်တယ် (မှန်ပါ့)။

ကိုယ့်ကိုယ်ကိုယ် အခင်ဆုံး

ကိုယ့်ကိုယ်ကိုယ် (အရင်သယ်ထုတ်ပါတယ် ဘုရား) ပြီးတော့မှ နောက်မှ အချိန်ရသေးရင် သားကလေး သွားကယ်၊ သမီးကလေး သွားကယ်၊ ခင်ပွန်းမသွားကယ်ဆိုတော့ ဘယ်သူ့ အရင် ကယ်တင်သလဲဆိုတာ စဉ်းစားကြည့်စမ်း၊ ဘာတွေ့ကြ သလဲ (ကိုယ့်ကိုယ်ကိုယ် အရင် ကယ်တင် ပါတယ် ဘုရား) ကိုယ့်ကိုယ်ကိုယ် အခင်ဆုံး (မှန်ပါ့)။။

ဒါဖြင့် အဲဒါ ဝိပဿနာရှုရမယ် (မှန်ပါ့) သူ့ကြောင့် ကိုယ့်ကိုယ်ကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် နောက် ခန္ဓာငါးပါးရတယ်၊ နောက် ခန္ဓာငါးပါးရလို့ အိုရ သေရတယ် (မှန်ပါ့)ဒါဖြင့် ကိုယ့်ကိုယ်သာ အခင်ဆုံး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဘယ်သူ့ရှုရမှာတုံး

ဒါဖြင့် ကိုယ့်ကိုယ်အခင်ဆုံး (မှန်ပါ့) ကိုယ့်ကိုယ် အခင်ဆုံးလို့ တစ်ခါတည်း မှတ်လိုက်တော့ ပြီးသွားရော (မှန် ပါ ဘုရား)။

ဒါဖြင့် ဝိပဿနာရှုတဲ့အခါကျတော့ကိုတဲ့ ဘယ်သူ့ ရှုရ မှာတုံးဆိုတော့ ကိုယ်အခင်ဆုံးရှုရမှာ (မှန်ပါ့)။

ဝိပဿနာရှုတဲ့အခါကျတော့ (ကိုယ်အခင်ဆုံး ရှုရမှာပါ ဘုရား) အခင်ဆုံးကို ရှုရမယ် (မှန်ပါ့)။

အဲဒီတော့ ဝိပဿနာရှုရမယ်ဆို အရင်ကလို သတိ ပဋ္ဌာန်လေးပါးရှိတယ်နော် (မှန်ပါ့) ဝိပဿနာရှုရတော့မယ် ဆိုတော့ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်ရလိမ့်မယ်၊ ကိုယ်ရှုတဲ့ သတိပဋ္ဌာန်, ဓမ္မတွေရှုတဲ့ သတိပဋ္ဌာန်း (မှန်ပါ့ ဘုရား) လေး မျိုးရှိတဲ့အနက်က ဒါ ကိုယ့်ကိုယ်ချည်းမှတ်လိုက်ပါ (မှန် ပါ့ ဘုရား)။

ကြည့်လေ ရုပ်တရားကလဲ ကိုယ့်ရုပ်ပဲ၊ ဝေဒနာက လဲ (ကိုယ့်ဝေဒနာပါ ဘုရား) ကိုယ့်သန္တာန် ရှိတဲ့ဝေဒနာပဲ သညာသင်္ခါရဆိုတဲ့ ဓမ္မာနုပဿနာကလဲ ကိုယ့်သန္တာန်ရှိတာ ပဲ (မှန်ပါ့) စိတ်ဆိုတာကော (ကိုယ့်သန္တာန်ရှိတာပါပဲ ဘုရား) ကိုယ့်သန္တာန်ရှိတာပဲဆိုတာ မှတ်ထားလိုက်ပါ (မှန် ပါ့ ဘုရား)။

အဲဒီတော့ ဒါတွေ အကုန်ရှုမနေနဲ့လို့ မှတ်လိုက်၊ စိတ် တစ်လုံးတည်းကိုပြမယ်၊ စိတ်တစ်လုံးတည်း ရှုလိုက်ရင် ကျန်တဲ့ သုံးပါး ပါလိမ့်မယ် (မှန်ပါ့)။

စိတ်တစ်လုံးတည်း ရှုလိုက်ရင် (ကျန်သုံးပါး ပါမှာပါ ဘုရား) ကျန်သုံးပါး ပါမယ်၊ သို့သော် ဒီဥစ္စာ ရှုပုံကလေး မပြောမီ ခင်ဗျားတို့ ဘုရားဟောတာတွေ နည်းနည်း နားထောင် လိုက်ပါဦး၊ ရှုပုံကလေး မပြောမီ (မှန်ပါ့) ဒီစိတ်တွေတော့ ရှုတော့မှာပဲ (မှန်ပါ့)။

ဘုရားက ဟောတယ်၊ ဒီနားကနေပြီး သကာလ ဘုရား ပွင့်တယ်၊ ခင်ဗျားတို့ တဏှာရှိတဲ့လူက ပုထုဇဉ်မိုက် (မှန်ပါ့) ပုထုဇဉ်မိုက်သည် ခန္ဓာဖြစ်တဲ့စိတ်ကို အားကြီးခင်တယ်၊ ဘယ်လို ခင်သတုံး ဆိုတော့ ကျုပ်က စိတ်ကောင်းပါတယ်၊ ကျုပ်ဟာ စိတ် ကောင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲ၊ ကျုပ်စိတ်ဟာ ဘယ်တော့မှ မပျက်ဘူးဆိုတဲ့ စိတ်အပေါ်မှာ သက္ကာယဒိဋ္ဌိရှိတယ် (မှန်ပါ့)။

စိတ်ပေါ်မှာ သက္ကာယဒိဋ္ဌိ ရှိ-မရှိ (ရှိပါတယ် ဘုရား) ကျုပ်စိတ်တဲ့၊ တစ်ခါတည်း ကျုပ်စိတ်ဆိုတဲ့ သက္ကာယဒိဋ္ဌိက ရှိတယ် (မှန်ပါ့) ရှိတော့ စိတ်ပေါ်မှာ ဒိဋ္ဌိများတာကိုးဗျ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်လာပါတယ် ဘုရား) စိတ် အပေါ်မှာ (ဒိဋ္ဌိများပါတယ် ဘုရား)။

သောတာပန်တည်ချင်ရင် စိတ်ရှုပါ

ဒါဖြင့် ပထမ သောတာပန်တည်ချင်လို့ရှိရင် စိတ်ရှုရ လိမ့်မယ် (မှန်လှပါ ဘုရား) ဒိဋ္ဌိခွာရမှာကိုး (မှန်ပါ့) ဒိဋ္ဌိ ခွာတဲ့ဝိပဿနာပေးရလိမ့်မယ် (မှန်ပါ့) ဒိဋ္ဌိခွာတဲ့ ဝိပဿနာ မပေးလို့ရှိရင် ရကိုမရဘူး (မှန်ပါ့)။

ဒါဖြင့် ပထမအဆင့် လိုချင်လို့ရှိရင် စိတ်ကိုရှု (မှန် ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဘုရားက မင်းတို့ဟာ မင်းတို့စိတ်ကို စိတ်, ငါ့စိတ်နဲ့ မင်းတို့က ဒိဋ္ဌိအင်မတန် စွဲတယ်တဲ့၊ အဲဒီငါ့စိတ်လို့ ဒိဋ္ဌိ တဏှာနဲ့ မင်းတို့စွဲတယ်၊ စွဲလို့ ခန္ဓာငါးပါးရတယ် (မှန်ပါ့) ရလို့ အိုရ, သေရတယ် (မှန်ပါ့)။

ရလို့ အိုရ သေရတာပါ တဲ့၊ အဲဒီတော့ မင်းတို့ ဒီ စိတ်ဟာ ဘုရားဖြစ်တဲ့အခါကျတော့ ဉာဏ်နဲ့ကြည့်လိုက်တယ်၊ မင်းတို့စိတ်ဟာ လောကီဥပမာပြမယ်ဆိုလို့ရှိရင် အဆိပ်နဲ့ရော ထားတဲ့အရက်ပဲ တဲ့ (မှန်ပါ့)။

မင်းတို့သည် ငါ့စိတ်လို့စွဲတဲ့လူဟာ သောက်တာပဲ၊ ဒီ အရက်ကို သောက်တယ် (မှန်ပါ့) ဒီအရက်သောက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ဒီခန္ဓာဒီအရက်သောက်တော့ ဒါ ခင်တယ်ပြော တာပါပဲ (မှန်ပါ့)။

ခင်တယ်, စွဲလမ်းတယ်၊ ဒိဋ္ဌုပါဒါန်, ကာမုပါဒါန်နဲ့ စွဲ လမ်းတယ် (မှန်ပါ့) စွဲလမ်းတဲ့ အခါကျတော့ သေသည်၏ အခြားမဲ့၌ ခန္ဓာရတယ် (မှန်ပါ့) ခန္ဓာရလို့ အိုရသေရ တယ် (မှန်ပါ့)။

ဒါဟာ အရက်သောက်မိလို့ဆိုတော့ ဒါ အရက်လို့ ဘုရားက လာဟောတာလား၊ ဘုရားပွင့်တာက ခင်ဗျားတို့ သန္တာန်ရှိတဲ့ စိတ်ကို အဆိပ်နဲ့ ရောထားတဲ့အရက် ဒါကို မသိတဲ့ မင်းတို့က ခင်ကြ, မျိုးကြတဲ့အခါကျလို့ရှိရင်ဖြင့် ဒီခန္ဓာရတော့ တာပဲ (မှန်ပါ့) ဒီခန္ဓာရရင် ဒီ အို,သေဆိုတဲ့ အဆိပ်တွေက သတ်တော့တာပဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါ ပြီ ဘုရား)။

ငါးမျိုးဟောထား

ကောင်းပြီ၊ ဒါဖြင့် ဒီစိတ်ကို ခင်ဗျားတို့ ဘုရားက ငါ ငါးမျိုးဟောခဲ့မယ်တဲ့၊ သူ့ကို အနိစ္စလို့လဲ ရှု၊ ဒုက္ခလို့လဲ ရှု (မှန်ပါ့) အနတ္တလို့လဲ (ရှုရပါမယ် ဘုရား) အနတ္တလို့လဲ ရှုပါ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ရောဂါလို့လဲ ရှုပါ (မှန်ပါ့) သေစေတတ်တဲ့ရောဂါလို့လဲ ရှုပါ (မှန်ပါ့ ဘုရား) ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီစိတ်ကို ဘေးသင့်စေတတ်တဲ့ တရားလို့လဲ ရှုပါ (မှန်ပါ့) အိုဘေး, နာဘေးတွေ သင့်မယ်၊ သူ့ခင်လို့ရှိ ရင် ဒီဘေးတွေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) သင့်ရမှာ ပဲဆိုတာ သဘောပါပလား (ပါ ပါပြီ ဘုရား)။

အနိစ္စတစ်လုံးရှုရင် ပြီးတယ်

အဲဒီတော့ သူ့ကို ဘယ်နှစ်ချက်ရှုရမလဲ (ငါးချက်ရှု ရပါမယ် ဘုရား) ငါးချက်ရှုရမယ်နော် (မှန်ပါ့) သို့သော် ငါးချက်ဆိုတာ ပရိယာယ်မျိုးစုံအောင်ပြောတာ၊ ခင်ဗျားတို့ ရှု လိုက်တော့ အနိစ္စတစ်လုံး ရှုလိုက်လဲ ပြီးတာပါပဲ (မှန်ပါ့) အနိစ္စတစ်လုံးတည်းရှုပါ၊ ကျန်တဲ့ ဥစ္စာ အကုန်ပါမယ် (မှန် ပါ့ ဘုရား)။

ဒီလို မရှုရင် သူ့ကိုနိစ္စလို့ ထင်လိုထင်မယ်၊ သုခလို့ ထင်လိုထင်မယ်၊ အနာမရှိဘူးလို့ ထင်လိုထင်မယ် (မှန်ပါ့) ဘေးမသင့်ဘူးလို့ ထင်ချင်ထင်မယ်၊ ထင်ရင် ခန္ဓာရမယ်၊ ခန္ဓာရရင် အိုဘေး၊ နာဘေး၊ သေဘေး လာမှာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒါ ရှုကြစို့ ဆိုတော့။

စိတ်ဟာ ဘယ်နှမျိုးတုံး

ဒါဖြင့် ရှုရမှာ စိတ်ဟာ ဘယ်နှစ်မျိုးတုံးဆိုတော့ ခင်ဗျား တို့ ပြန်မည့်လူတွေက ဂရုစိုက်မှတ်၊ စိတ်ဟာ များများ မရှိပါဘူး တဲ့၊ မျက်လုံးကနေပြီးတော့ အာရုံကိုမြင်တဲ့ စိတ်တစ်မျိုး၊ နားထဲ ပေါ်တဲ့ ကြားတဲ့ စိတ်တစ်မျိုး၊ နှာခေါင်းမှာ နံတဲ့စိတ်တစ်မျိုး၊လျှာမှာ စားတဲ့ စိတ်တစ်မျိုး၊ ကိုယ်ပေါ်မှာ ယားတဲ့ ယံတဲ့ ဒုက္ခ စိတ်တစ်မျိုး (မှန်ပါ့ ဘုရား)။

ငါးခု ရသွားပြီ (မှန်ပါ့) ကိုယ်ပေါ်မှာ ကောင်းတဲ့ သုခစိတ်တစ်မျိုး၊ ခြောက်ခုံရသွားပြီ (မှန်ပါ့) အဲဒါကို ပြင် ဘက်ဧည့်သည်ခြောက်ယောက်လို့ရေးလိုက် (မှန်ပါ့ ဘုရား)။

အပြင်ဧည့်သည်

ပြင်ဘက်ဧည့်သည်ဘယ်နှစ်ယောက်တုံး (ခြောက် ယောက်ပါ ဘုရား) မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်, ယား ယံနာစိတ်, ကောင်းတဲ့စိတ် (မှန်ပါ့ ဘုရား)။

ဒါက ဒီယားစိတ်, ယံစိတ်, နံစိတ်ဟာက ကိုယ်ပေါ်မှာ ပေါ်တယ် (မှန်ပါ့) ကောင်းတဲ့ စိတ်ကလဲ ကိုယ်ပေါ်မှာ ပေါ်တာပဲ (မှန်ပါ့) ကောင်းပြီ၊ ဒါဟာ ကြည့်လိုက်လို့ရှိရင် ကိုယ် ၏ ပြင်ဘက်မှာပေါ်လို့ ပြင်ဘက်ဧည့်သည်ခြောက်ယောက် (မှန်ပါ့ ဘုရား)။

အတွင်းဧည့်သည်

ပြင်ဘက် ဧည့်သည် ခြောက်ယောက်၊ ပြီးတော့ကို အတွင်း ဧည့်သည်ပြောမယ်၊ အတွင်းမှာလဲ လောဘစိတ် အာရုံ တစ်ခုကို လိုချင်တဲ့ လောဘစိတ် (မှန်ပါ့) ဒေါသစိတ်၊ မောဟ စိတ် (မှန်ပါ့ ဘုရား)။

အလောဘစိတ် မလိုချင်တဲ့စိတ်လဲ ရှိသေးတယ်၊ လှူ ချင်တန်းချင်, ပေးချင်ကမ်းချင်တဲ့ စိတ်ဟာ အလောဘစိတ် (မှန်ပါ့) အဒေါသစိတ်တဲ့၊ သူတစ်ပါးကို မပြစ်မှား ကြင်နာတဲ့ စိတ်၊ တစ်ခါတစ်လေ ဝမ်းထဲမှာ ပေါ်တယ် (မှန်ပါ့ ဘုရား)။

ဒါက အတွင်းဝမ်းထဲမှာပေါ်လို့ အတွင်းဧည့်သည် ငါး ယောက်လို့ မှတ် (မှန်ပါ့) ဒါ အားလုံးမှတ်ရမယ်၊ ဒါ ရှုရ မယ် (မှန်ပါ့ ဘုရား)။

အတွင်းဧည့်သည် ငါးယောက်တည်းထားရမှာလား ဘုရား၊ အဲ ငါးယောက်တည်း ထားရမှာပေါ့၊ တစ်ယောက်က ရှုရဦးမယ်၊ ရှုမည့်သူမို့ ချန်ထားတယ် (မှန်ပါ့ ဘုရား)။

အိမ်သည်

ကောင်းပြီ၊ ဒါဖြင့် အိမ်သည်နှစ်ယောက် (မှန်ပါ့) အိမ်သည်ဆိုတာက ခင်ဗျားတို့ ဒီပြင်ဟာ မတွေးပါနဲ့၊ လေကို ပြင်ဘက်ထုတ်တဲ့စိတ်, လေကို အတွင်းပြန်ရှိုက်တဲ့စိတ်၊ ဒီစိတ် ကို ယူပါ၊ လေကိုမယူနဲ့၊ ဘာဖြစ်လို့တုံး၊ စိတ္တာနုပဿနာမို့ (မှန်ပါ့) စိတ္တာနုပဿနာဆိုတော့ လေကိုယူလို့မရဘူး (မှန်ပါ့ ဘုရား)။

အဲဒါကို ခင်ဗျား အမောဟ ချန်ပစ်ခဲ့ (မှန်ပါ့) အမောဟဆိုတာက သူတစ်ခုတည်းဖြစ်တာ မဟုတ်ဘူးတဲ့၊ အမောဟဆိုတာ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလဲ ခေါ်နိုင်တယ် (မှန်ပါ့) သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, မဂ္ဂင်ငါးပါး၊ ဒါ အမောဟ ပြဋ္ဌာန်းတယ်၊ သူခေါင်းဆောင် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ဆိုတာ အနိစ္စပဲ

ဒါနဲ့ ခင်ဗျားတို့ ရန်ကုန်ပြန်မယ့် လူတွေက ဒီဧည့်သည် စိတ်လာရင်လဲ ဒီဧည့်သည်စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) မြင် စိတ်လာလဲဖြစ်ပြီး ပျက်သွားတာပဲလို့ ဖြစ်ပျက်ရှုပါ (မှန်ပါ့) ကြားစိတ် လာရင်လဲ ကြားစိတ်ကို ဖြစ်ပျက်ရှုရုံပဲ ဖြစ်ပြီး ပျက် တယ်လို့ ရှု၊ ဒါ ဖြစ်ပျက်ဆိုတာ အနိစ္စပဲ (မှန်ပါ့)။

ကောင်းပြီ၊ ဒါတွေ သူပေါ်ရာကို လိုက်ရှုပါ၊ သူ မျက် လုံးထဲမှာ ပေါ်တယ်၊ နားထဲမှာ ပေါ်တယ်၊ နှာခေါင်းထဲမှာ ပေါ်တယ်၊ လျှာပေါ်မှာ ပေါ်တယ်၊ သူတစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့ နေရာမှ ပေါ်တယ်၊ သူကလဲ တစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့နေရာ မှာ ပေါ်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တစ်ခါတလေကျတော့ စိတ်ကူးနဲ့ ပစ္စည်းတစ်ခု လို ချင်တဲ့ လောဘစိတ်လဲ ပေါ်တတ်တယ်၊ ဒေါသစိတ်လဲ ပေါ် တတ်တယ်၊ မောဟဆိုတဲ့ ဝိစိကိစ္ဆာဥဒ္ဓစ္စလဲ ပေါ်တတ်တယ် (မှန်ပါ့) ဒါတွေ ပေါ်လို့ရှိရင် အတွင်းဧည့်သည်လို့ ပေါ်ရာတစ်ခု တည်းရှု (မှန်ပါ့ ဘုရား)။

မဂ္ဂင်ငါးပါး၊ အမောဟနဲ့ ရှုပေး

နဂိုတုန်းက ဒါတွေဟာ ဆယ့်သုံးခုပြထားပေမယ့် တစ်ခုသာ ပေါ်လိမ့်မယ်၊ တစ်ခုကို ဒီမဂ္ဂင်ငါးပါးနဲ့ အမောဟနဲ့ ရှုပေး (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူ ပေါ်လို့ရှိရင်လဲ သူက ဖြစ်ပျက်ဆိုရင် သူက မဂ်ဖြစ်မယ် (မှန်ပါ့) သူက ဖြစ်ပျက်ခဲ့လို့ရှိရင် သူက ရှုပေး သူက မဂ်ဖြစ်မယ်၊ ဒါ မဂ်ရတယ်ဆိုတာ ဒါပဲ၊ လောကီမဂ်ရ တယ် (မှန်ပါ့ ဘုရား)။

တစ်ခါ လောဘစိတ်ကလေးပေါ်လာလို့ ခင်ဗျားတို့က လောဘစိတ်ကလေးလဲကြည့်၊ ဒါလဲကြည့်လိုက်တော့ သူ မရှိ တော့ဘူး၊ မရှိတာက ဖြစ်ပြီးပျက်သွားတာပဲ (မှန်ပါ့) ဒါလဲ သူက ဖြစ်ပျက် သူက မဂ် (မှန်ပါ့)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရမယ်

တော်တော်ကြာ ဒေါသစိတ်ပေါ်လာပြန်လဲ ကြည့်လိုက် ပြန်လဲ မရှိဘူး (မှန်ပါ့) ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ရမယ် (မှန်ပါ့ ဘုရား) ဒါလဲ ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်၊ ဒါလဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ ပေါ်တဲ့အခါ လိုက်ပေးပါ (မှန်ပါ့ ဘုရား)။

ဘာမှမရှိဘူး၊ အပြင်ဧည့်သည်ခြောက်ယောက် အတွင်းဧည့်သည် ငါးယောက် မရှိဘူး၊ အိမ်သည်နှစ်ခုက အမြဲ တမ်း ရှုနေ၊ ဘာမှမရှိရင် သူတို့နှစ်ခု လှည့်ရှု (မှန်ပါ့) ဉာဏ် နဲ့ မှန်းရှုပါ (မှန်ပါ့ ဘုရား)။

ဦးလှ ဒါ ရှုနေတဲ့အချိန်ဖြင့် သူတို့ကို သူ တစ်လှည့်သူ တစ်လှည့် သူက အလှည့်နဲ့ပေါ့လေ (မှန်ပါ့) ဘေးက အာရုံဝင်လာလို့ရှိရင် ပေါ်ချင်တာက ပေါ်လာလိမ့်မယ် (မှန် ပါ့) ပေါ်ရင် ပေါ်တာ လိုက်ပေး (မှန်ပါ့) ပေါ်တဲ့စိတ်ကိုရှု (မှန်ပါ့) သူတို့ မရှုပြန်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီလိုရှုလိုက်တော့ကို ဖြစ်ပျက်နဲ့ မဂ်နဲ့ သွား ကိုက်တဲ့အခါကျတော့ သူ့နောက်က ခုနကပြောခဲ့တဲ့ တဏှာ လာသေးရဲ့ လား (မလာပါ ဘုရား) ခန္ဓာငါးပါးကော (မလာပါ ဘုရား) အအို, အသေကော (မလာပါ ဘုရား)။

အဲဒီတော့ သူတို့နှစ်ခုနောက်က တဏှာလိုက်မှ သူတို့ တစ်ခု တစ်ခုနောက်မှ တဏှာဒိဋ္ဌိ လိုက်မှသာလျှင် ခန္ဓာငါးပါး လိုက်တယ် (မှန်ပါ့) ခန္ဓာငါးပါးလိုက်မှ အအို, အသေက (အအိုအသေ လိုက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တဏှာပြတ်၊ ခန္ဓာပြတ်

ဒါဖြင့် ဒီဟာတွေ ဖြစ်ပျက် လှည့်ရှုနေလို့ရှိရင် မဂ်လိုက် လာခြင်းကြောင့် တဏှာပြတ် ခန္ဓာပြတ် (ပြတ်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အားလုံး နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား) ဒါ စိတ္တာနုပဿနာကိုပေးတယ် (မှန်ပါ့) ရိပ်မိ ပလား (မှန်ပါ့) ခင်ဗျားတော်တော်ကြာနေပြီ နာနေတာ၊ နားလည်ပလား (နားလည်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ရှုတဲ့ကျေးဇူးကော သိပလား (ကျေး ဇူးတော့ မသိသေးပါ ဘုရား) ဒီဟာ ကျေးဇူးခံစားရတာပေါ့ ဒီတဏှာချုပ်တယ်၊ ခန္ဓာကော (ချုပ်ပါတယ်) အို, နာ, သေကော (မရှိပါ ဘုရား)။

မရှိဘူးဆိုရင် ဒါရဲ့ ကျေးဇူးပေါ့ (မှန်ပါ့) မရဘဲနေ လို့ရှိရင် သူတို့နောက်က ဒါတွေ အကုန် လိုက်မယ်၊ ဒီပဋိစ္စသမုပ္ပါဒ် လိုက်မယ် (မှန်ပါ့) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

အမောဟဆိုတာ

ဒါဖြင့် ဒီမဂ်သွင်းမှ ဒါပြတ်တယ် (မှန်ပါ့) ဒီ အမော ဟသွင်းမှ ခုနင်က ဒီနေရာမှာ အမောဟ ချန်သွားတယ်၊ အမော ဟဆိုတာ တစ်ခုတည်း မဖြစ်လို့ ချန်ထားတယ် (မှန်ပါ့) အမောဟဆိုတာ သမ္မာဒိဋ္ဌိ၊ အမောဟလဲ ခေါ်နိုင်တယ်၊ သမ္မာ ဒိဋ္ဌိလဲ ခေါ်နိုင်တယ် (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ, သမ္မာသမာဓိ, မဂ္ဂင်ငါးပါးနဲ့ ခင်ဗျားတို့ ပေါ်ရာကို လိုက်နေ(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုတတ်ပြီနော် (ရူတတ်ပါပြီ) ဒါ စိတ္တာနုပဿနာ၊ ရှုလိုက်တော့ ဘာဖြစ်သတုံးဆိုတော့ သူ့နောက်က တဏှာဒိဋ္ဌိ သေတယ် (မှန်ပါ့) တဏှာဒိဋ္ဌိသေတဲ့အတွက် တဏှာနဲ့ ဒိဋ္ဌိ ဟာ တွဲလျက် (မှန်ပါ့ ဘုရား) တဏှာဒိဋ္ဌိကမှ ဒိဋ္ဌုပါဒါန် မဟုတ်ဘူးလား (မှန်ပါ့) တဏှာကလဲ ဥပါဒါန်, ဒိဋ္ဌိကလဲ ဥပါဒါန် (မှန်ပါ့ ဘုရား)။

ခန္ဓာချုပ်တော့ အအို, အသေချုပ်တယ်

ဥပါဒါန်ချုပ်တော့ကို ခန္ဓာချုပ်တယ် (မှန်ပါ့) ခန္ဓာ ချုပ်တော့ကို အအို,အသေ ချုပ်တယ် (ချုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သြော် ဒီအလုပ်ဟာ ခင်ဗျားတို့မှာ မလုပ် မဖြစ်တဲ့အလုပ် (မှန်ပါ) ဒီအလုပ် ဘာဆိုကြမယ် (မလုပ် မဖြစ်တဲ့ အလုပ်ပါ ဘုရား) ထမင်းမစားဘဲနေချင်နေ၊ ဒီအလုပ် လုပ်ရမယ် (မှန်ပါ) ဒီဒုက္ခကြောက်တဲ့လူ ဒီအလုပ် လုပ်ရ မယ် (မှန်ပါ)။

သမထလား ဝိပဿနာလား

ကောင်းပြီ၊ ဒါက သမထလား ဝိပဿနာလားလို့ မေးဖို့ လိုတယ် (မှန်ပါ) သမထလား ဝိပဿနာလားဆိုတော့ ဒီအထဲမှာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပက ဝိပဿနာ၊ သတိဝီရိယ သမာဓိက သမထ (မှန်ပါ) သမထနဲ့ ဝိပဿနာရောပြီးရှု တာ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သမထနဲ့ ဝိပဿနာ (ရောပြီး ရှုတာပါ ဘုရား) ရော ပြီးတော့ အလုပ် လုပ်တာ (မှန်ပါ)။

ဒါဖြင့် သမထနဲ့ ဝိပဿနာရောပြီး လုပ်ခိုင်းလို့သာလျှင် ဖြစ်တာကို သိတာက သတိကလဲ သိတယ်၊ ဖြစ်တိုင်းဖြစ်တိုင်း သမာဓိထားလို့လဲ သိတယ်၊ ဝီရိယစိုက်လို့လဲ သိတယ်၊ သမထ က ပါနေတယ် (မှန်ပါ့) ဒီတရားတွေ မခိုင်ဘူး, မမြဲဘူးလို့ သိတာက ပညာက သိတာ (မှန်ပါ့)။

ဒါဖြင့် သတိပညာနဲ့ရောလွှတ်တာ သတိပညာနဲ့ ရောလွှတ်တဲ့အတွက် သမထ ဝိပဿနာနှစ်ခုနဲ့ရှုတာ (မှန် ပါ့)၊ သမထ အထူး မတည်ထောင်နဲ့တော့ (မှန်ပါ့)။

ကြိုက်တာယူ

ဘုရားက သမထရှေ့သွား ဝိပဿနာ နောက်လိုက် ငါ တစ်မျိုးဟောခဲ့ပြီတဲ့ (မှန်ပါ) ဝိပဿနာရှေ့သွား သမထ နောက်လိုက်လဲ ငါတစ်မျိုး ဟောခဲ့ပြီတဲ့ (မှန်ပါ) တွဲပြီးသကာ လ ရှုနည်းလဲ ငါ တစ်မျိုးဟောခဲ့တယ်တဲ့ (မှန်ပါ့) ကြိုက်တာ ယူတဲ့၊ သဘောကျပလား (မှန်ပါ့)။

တွဲပြီးလွှတ်တဲ့နည်း

သမထရှေ့သွား ဝိပဿနာနောက်လိုက်၊ ဒီလိုလဲ ဟော ခဲ့တယ်တဲ့၊ ဝိပဿနာရှေ့သွား သမထ နောက်လိုက်လဲ ငါ ဟော ခဲ့တယ်တဲ့ (မှန်ပါ့) တွဲပြီး လွှတ်တာလဲ (ဟောခဲ့ပါတယ် ဘုရား) အခုဟာက တွဲပြီးလွှတ်တဲ့နည်း ပေးလိုက်တယ် (မှန်ပါ့)။

ဘာဖြစ်လို့ ဒီနည်းကို ဘုန်းကြီးက ပေးပါသတုံးဆိုတော့ ဟိုဟာတွေက တစ်သန့်စီ, တစ်သန့်စီ လုပ်နေလို့ ကြာတယ်၊ ခင်ဗျားတို့ သက်တမ်းတိုတိုနဲ့ (မှန်ပါ) တွဲဟောလိုက်လို့ရှိ ရင် တစ်ခါတည်း ပြီးသွားတာပဲ (မှန်ပါ့)။

ဖြစ်တိုင်းသိရင်

ဒါဖြင့် ဖြစ်တိုင်းဖြစ်တိုင်း သိလို့ရှိရင် သမထက သိတယ် (မှန်ပါ့) ပျက်တိုင်း – ပျက်တိုင်းသိ လို့ရှိရင် ဝိပဿနာ က သိတယ် (မှန်ပါ့)။

ပျက်တိုင်းသိရင်

ဖြစ်တိုင်းဖြစ်တိုင်းသိရင် (သမထက သိပါတယ် ဘုရား)၊ ပျက်တိုင်းပျက်တိုင်းသိရင် (ဝိပဿနာက သိပါတယ် ဘုရား) ဒါဖြင့် ဖြစ်ပျက်သိလို့ရှိရင် တွဲလိုက် (မှန်ပါ့) ပေါ် သွားပလား (ပေါ်ပါပြီ ဘုရား) ပေါ်သွားပြီ၊ ပေါ်သွားပြီ။

ပြန်ပြောကြပါဦး တစ်ခေါက် (မှန်ပါ) ဖြစ်တိုင်း ဖြစ် တိုင်း သိရင် (သမထက သိပါတယ် ဘုရား) ပျက်တိုင်းပျက် တိုင်းသိရင် (ဝိပဿနာက သိပါတယ် ဘုရား) ဖြစ်ပျက်နှစ် ခုစလုံးသိရင် (သမထ ဝိပဿနာက သိပါတယ် ဘုရား)။

ယုဂနဒ္ဓ-နည်း

အဲ နှစ်ခုတွဲ ဆက်သိတဲ့နည်း ယုဂနဒ္ဓ နည်းလို့ ခေါ်သည်၊ ယုဂနဒ္ဓဆိုတာ နွားနှစ်ကောင် တစ်ပြိုင်နက် မောင်း တာ (မှန်ပါ့) နွားနှစ်ကောင် တစ်ပြိုင်နက်မောင်းတာ တိုတိုနဲ့ ခရီး ရောက်တာ ပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အပျက်မြင်ရင် သဿတဒိဋ္ဌိသေတယ်

ဒါဖြင့် ခင်ဗျားတို့ ဒီအပေါ်မှာ လွှတ်လိုက်လို့ရှိရင် အဖြစ်မြင်လို့ရှိရင် ခင်ဗျားတို့ မှတ်လိုက် ဥစ္ဆေဒဒိဋ္ဌိသေပါ တယ် (မှန်ပါ့) အပျက်မြင်လို့ရှိရင် သဿတဒိဋ္ဌိ သေပါ တယ် (မှန်ပါ့ ဘုရား)။

အဖြစ်မြင်လို့ရှိရင် (ဥစ္ဆေဒဒိဋ္ဌိ သေပါတယ် ဘုရား) အပျက်မြင်လို့ရှိရင် (သဿတဒိဋ္ဌိ သေပါတယ် ဘုရား)။

အဖြစ်အပျက်နှစ်ပါးလုံး မြင်လို့ရှိရင် သက္ကာယဒိဋ္ဌိ သေ တယ် (မှန်ပါ့) ဒါကို သေသေချာချာ မှတ်၊ ဒါ သိပ်အရေး ကြီးတဲ့စကား (မှန်ပါ)။

အဖြစ်မြင်ရင် ဥစ္ဆေဒဒိဋ္ဌိသေတယ်

အဖြစ်မြင်တော့ အကြောင်းကြောင့်ဖြစ်တယ်ဆိုတာ သိတာကိုး၊ ဒါကြောင့် ဥစ္ဆေဒဒိဋ္ဌိသေတယ် (မှန်ပါ့) အပျက်မြင်တော့ မခိုင်လို့ ပျက်တယ်ဆိုတာ သိကတည်းကိုက ခင်ဗျား တို့ ခိုင်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိသေပြီ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်နှစ်ခုစလုံးမြင်တော့

ဖြစ်ပျက်နှစ်ခုစလုံးကို မြင်လိုက်လို့ရှိရင်ဖြင့် ကြော် ငါ ငါ့ဥစ္စာမဟုတ်ဘူးဆိုတဲ့ သက္ကာယဒိဋ္ဌိ သေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ တော်တော်အရေးကြီးတယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား) ဒါကြောင့် ခင်ဗျားတို့ ရှုတာ ဘာကျေးဇူးရှိသတုံးဆိုတော့ ဒိဋ္ဌိသုံးမျိုးကွာတယ် (မှန်ပါ့)။

ရှုလိုက်ရင် ဘာကွာသတုံး (ဒိဋ္ဌိသုံးမျိုး ကွာပါတယ် ဘုရား) ဒါ ကွာသွားပြီ၊ ဒိဋ္ဌိတဏှာလဲ ကွာသွားပြီ (မှန်ပါ့ ဘုရား)။

သူကွာကတည်းက ဒိဋ္ဌိကမှ ပပဉ္စဖြစ်ရမည့် ဥစ္စာ ဖြစ် နိုင်သေးရဲ့ လား (မဖြစ်နိုင်ပါ ဘုရား) ခန္ဓာဖြစ်အောင် ချဲ့နိုင်သေးရဲ့ လား (မချဲ့နိုင်ပါ ဘုရား) မချဲ့နိုင်တော့ ဒီ အိုသေ ကောလာပါ့မလား (မလာပါ ဘုရား)။

မဂ်က ဒိဋ္ဌိသုံးမျိုးသတ်တယ်

ဒါဖြင့် သံသရာပြတ်တယ် (မှန်ပါ့) ဒီသံသရာကြီးပြတ် တယ်၊ ဒီ ဒိဋ္ဌိသုံးမျိုးမဂ်က သတ်ချ လိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မဂ်က ဘယ်နှစ်မျိုးသတ်သတုံး (ဒိဋ္ဌိသုံးမျိုး သတ်ပါ တယ် ဘုရား) ဒိဋ္ဌိသုံးမျိုး သတ်လိုက် တယ်တဲ့ (မှန်ပါ့) ဒီ ဒိဋ္ဌိသုံးမျိုးသတ်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (ပြတ်ပါ တယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့သည် ဒီပဋိစ္စသမုပ္ပါဒ် ဟာ ဘုရားမရှိရင် သူပဲတန်းလာတာပဲ (မှန်ပါ့)။

ဘုရားရှိငြားသော်လဲ ကလျာဏမိတ္တမတွေ့ရင် ဒီလာ ပြန်တာပဲ (လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့ အခုကလျာဏမိတ္တနဲ့တွေ့ တော့ တွေ့ပြီ (မှန်ပါ့)တွေ့ပေမယ့် ဥပကတွေ့ ဖြစ်နေ တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပကတွေ့ဖြစ်နေတယ်

အတွေ့က အမျိုးမျိုးရှိတယ်၊ ပဉ္စဝဂ္ဂီအတွေ့က တစ် မျိုး (မှန်ပါ့) ဥပကတွေ့က (တစ်မျိုးပါ ဘုရား) ခင်ဗျား တို့က ဘာတွေ့ဖြစ်နေသတုံး (ဥပကတွေ့ဖြစ်နေပါတယ် ဘုရား)။

ဥပကတွေ့ပဲရှိသေးတယ် (မှန်ပါ) အရှင်ဟာ အရောင် အဆင်းအလင်းတွေနဲ့ ဣနြေသမ္ပတ္တိနဲ့ ကိုယ်တော်ကြီး ပဲလို့ဆိုပြီး အသင့်ဆရာ ဘယ်သူနည်းမေးတော့ ငါ ဆရာမရှိ ဘူးလို့ ဘုရားက ပြောလိုက်တယ် (မှန်ပါ့)။

အကြောင်းရှိရင် အားကိုးပါရစေ၊ အားကိုးတာပေါ့၊ ဘွဲ့ ကလေးပြောခဲ့စမ်းပါဦး၊ အနန္တဇိနတဲ့ ဒါပဲ ပြောတာပဲ၊ ဘုရားက၊ သူတွေ့ရတော့ ဘာအထူးရသတုံး (မရပါ ဘုရား) ပဉ္စဝဂ္ဂီ တို့ကတော့ တွေ့လျှင်တွေ့ချင်း (ရပါတယ် ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

အခု ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်နေသတုံးဆိုလို့ရှိ ရင် ဒီမဂ္ဂဗြဟ္မစရိယအကျင့် အထ, မမြောက်သေးလို့ ဥပကတွေ့ ပဲ ဖြစ်နေသေးတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

အလုပ်မလုပ်တတ်ရင် ဥပကတွေ့ပဲ

ဘာတွေ့ ဖြစ်နေသတုံး (ဥပကတွေ့ဖြစ်နေပါတယ် ဘုရား) ဒီအလုပ်မလုပ်တတ်ရင် ဥပကတွေ့ပဲကွ (မှန်ပါ့) နည်းတော့ပေးနေတာပါပဲ၊ ဒါ မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ ဘာမှ သံသယမရှိနဲ့၊ ဒီနှစ်ခုပြတ်တယ်ဆိုတာ သူများပြော မဟုတ်ပါဘူး (မှန်ပါ့)။

ဒီ သမုဒယသစ္စာသုံးခုနဲ့ ဒီဒုက္ခသစ္စာသုံးခု မပြတ်ဘူး လား (ပြတ်ပါတယ် ဘုရား) ဒါ သူများပြောလား (ကိုယ် တွေ့ပါ ဘုရား)။

ဒီဟာကိုသာ ခင်ဗျားတို့ ဝိပဿနာဉာဏ်နဲ့ တင်လိုက် စမ်း၊ ဒီသုံးခုချုပ်မချုပ် (ချုပ်ပါတယ် ဘုရား) ဒီသုံးခုချုပ်၊ ဒီသုံးခုချုပ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ကို တို့ဟာ ဆရာဘုန်းကြီးကတော့ ဟောနေ ပြီ၊ ဆရာကောင်းလဲ တွေ့နေပြီ၊ လူမိုက်နဲ့ လူလိမ္မာ ကိုယ့်ကိုယ် ကိုယ် ခွဲတတ်ပြီ (မှန်ပါ) အချိန်ပိုင်းနဲ့ ခွဲတတ်ပြီ (မှန်ပါ)။

ခင်ဗျားတို့ သူများကို တစ်သက်လုံးဆုံးမ၊ ဪ ငါ လူမိုက်ကြီးကိုးလို့ ဒီလိုမဟုတ်ပါဘူး (မှန်ပါ့) အချိန်ပိုင်း နဲ့ ခွဲတတ်တာ (မှန်ပါ့ ဘုရား)။

လူမိုက်နှင့်ပညာရှိ

ဘယ်လိုခွဲတတ်သတုံး (အချိန်ပိုင်းနဲ့ ခွဲတတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အချိန်ပိုင်းနဲ့ ခွဲတတ် တယ်ဆိုကတည်းက ခင်ဗျားတို့ ဒါ ကျင့်နေလို့ရှိရင် ဒီအချိန်မှာ ပညာရှိ (မှန်ပါ့ ပညာရှိပါ ဘုရား) ဒီအချိန်မှာ မကျင့်မိရင် (လူမိုက်ပါ ဘုရား)။

သွားစရာလာစရာကိစ္စတွေ များလွန်းလို့ ဘုရား၊ ဒါ သူ့ဟာသူ ဘာပြောပြော သူ့ဟာသူ ဘာဖုံးဖုံး၊ မဟုတ်ဘူးလား (မှန်ပါ့) သူ့ဟာသူ ဘာဖုံးနေနေ ဘာဆိုကြမယ် (လူမိုက်ပါ ဘုရား)။

အဲဒီတော့ ဦးမာဒင်တို့၊ ဦးလှတို့ ခင်ဗျားတို့သုံးတဲ့ အသုံး အနှုန်းဟာ ဒီနေ့ ဘယ့်နှယ်တုံး၊ ဒါ လုပ်နေပါတယ်၊ ဒီပြင်ဟာ အဖြေပေးစရာ မရှိပါဘူး (မှန်ပါ့)။

ဒကာရင်း ဆရာရင်းဆိုရင် ဒါပဲ ပြောရမယ် (မှန်ပါ) ဒီပြင် ဝေ့လည်ကြောင်ပတ် လုပ်မနေ နဲ့တော့ (မှန်ပါ့) ရှင်း ပလားကွ (ရှင်းပါပြီ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါကို ငြင်းလို့ မရဘူး (မှန်ပါ့) ဦးလှကြီး ဒါဖြင့် ခင်ဗျားဒီဘက်နဲ့ ဟိုဘက် ဘယ်ဘက်နဲ့ ကြီးလာသတုံး (ဟို ဘက်က ကြီးလာပါတယ် ဘုရား) အဲ သူ့ဟာသူ ပြောတာ ပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ သူများ မေးရမှာလား(ကိုယ့်ဟာကိုယ်မေးရမှာပါ ဘုရား) ကိုယ့်ဟာကိုယ်မေးတော့ ဒီဘက်က တပည့်တော် ဒီလိုကြီးလာခဲ့တယ်၊ ဒီဘက်တန်းနဲ့ ကြီးလာတယ် (ကြီးလာပါတယ် ဘုရား)။

ဒီဘက်တန်းနဲ့ တပည့်တော်သည် အခုမှ ဥပကတွေ့ရှိ သေးတယ် (မှန်ပါ့) ပဉ္စဝဂ္ဂီတွေ့ မဖြစ်သေးဘူး (မဖြစ် သေးပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)

ပဉ္စဝဂ္ဂီလုပ်ကြပါ

ပဉ္စဝဂ္ဂီတွေ့ တော့ လုပ်ကြပါစို့တဲ့၊ ပဉ္စဝဂ္ဂီတွေ့ တွေ့မှ ခင်ဗျား သောတာပန်စ, တည်ရမှာ၊ မဟုတ်ဘူးလား (မှန်လှ ပါ ဘုရား)။

ကဲ ပဉ္စဝဂ္ဂီဘွဲ့ တွေ့ကြစို့ ဆိုတော့ ဒါကို ဖြန့်လိုက်လို့ တစ်နေ့က ပြောတယ် (မှန်ပါ့) ဦးမာဒင် ဖြန့်ရလိမ့်မယ် (မှန်လှပါ) ဖြန့်လိုက်တော့ ခန္ဓာ ဘယ်နှစ်ပါးဖြစ်သလဲ (ခန္ဓာ ငါးပါး ဖြစ်ပါတယ် ဘုရား) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ ပေါင်းလိုက်တဲ့အခါ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကို သတိပဋ္ဌာန်နဲ့ပေါင်းလိုက်ရင် ဘယ် လောက်ရမလဲ (လေးပါးပါ ဘုရား) လေးပါး တဲ့၊ ကာယာ နုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿ နာ၊ (မှန်ပါ့) မဟုတ် ဘူးလား သညာသင်္ခါရက ဓမ္မာနုပဿ နာ၊ စိတ်က စိတ္တာနုပဿနာ၊ ဝေဒနာက ဝေဒနာနုပဿနာ၊ ရုပ်က ကာယာနုပဿနာ (မှန်ပါ့)။

အသေစောသွားလိမ့်မယ်

ဟာ ကြာတယ်ဘုရား၊ တပည့်တော်တို့ လူအိုကြီး တွေဖြစ်နေပါပြီ၊ သတိပဋ္ဌာန် လေးပါးဆိုတော့ (မှန်ပါ့) သတိ ပဋ္ဌာန်လေးပါးကို လေးပါးလုပ်မနေနဲ့ ဦးမာဒင်၊ တစ်ပါးတည်း ပဲ လုပ်၊ ခင်ဗျားကြပါတယ်၊ အသေစောသွားလိမ့်မယ် (မှန်ပါ့) တရားက ရမှာမဟုတ်ဘူး၊ အသေက စောလိမ့်မယ် မဟုတ်ဘူးလား (မှန်ပါ) အပါယ်ရောက်မှာက စောနေလိမ့် မယ်(မှန်ပါ့)။

ဒုက္ခသစ္စာ တစ်လုံးတည်းရှု

အဲဒီတော့ ဒါလဲ ဖြစ်ပျက်ရှုရမှာပဲ၊ ဒါလဲ ဖြစ်ပျက်ရှုရမှာ ပဲ၊ ဒါလဲ ဖြစ်ပျက်ရှုရမှာပဲ၊ ဒါလဲ ဖြစ်ပျက်ရှု ရမှာပဲဆိုတော့ ဖြစ် ပျက် ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား) ဒါဖြင့် ဒုက္ခ သစ္စာတစ်လုံး တည်းရှု ခင်ဗျားတို့ ကြာနေလိမ့်မယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာဖြစ်ပျက်ရှုရမလဲ (ဒုက္ခသစ္စာတစ်လုံးတည်း ရှုရပါမယ် ဘုရား) ဒါဖြင့် ဓမ္မာနုပဿနာ တစ်လုံးတည်း လုပ်လိုက်တော့ ကြာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတစ်လုံးတည်းလုပ်ရမတုံး (ဒုက္ခ သစ္စာတစ်လုံး တည်း လုပ်ရပါမယ် ဘုရား) ဒုက္ခသစ္စာ ဆိုတော့ သတိပဋ္ဌာန် လေးပါးထဲသွင်းတော့ ဘယ်အထဲ ဝင်သွားသတုံး (ဓမ္မာနုပ ဿနာထဲ ဝင်သွား ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နာရီကလဲ စေ့သွားတယ် (မှန်ပါ) ဘာမှလဲ မကြာ သေးဘူး၊ နာရီဝက်တွင် ပေးတာကိုးကွ (မှန်ပါ) နာရီဝက် တွင် ပေးတော့ နာရီက စေ့သွားတယ်။

ဓမ္မာနုပဿနာ

ဒါ ဓမ္မာနုပဿနာ တစ်လုံးတည်း ရှုရမယ် (မှန် ပါ့ ဘုရား) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဓမ္မာနုပဿနာဆိုတာ ဓမ္မ၊ အနုပဿနာ ခွဲလိုက် (မှန်ပါ) ဟိုကဘာတုံး (ဓမ္မပါ) ဒီဘက်က (အနုပဿနာ ပါ ဘုရား)။

အဲဒီတော့ ဓမ္မနဲ့ အနုပဿနာကို ကိုက်ပေး (မှန်ပါ့ ဘုရား) ဒါမှ ဓမ္မာနုဓမ္မပဋိပတ္တိ (မှန်ပါ)။

ခင်ဗျားတို့က ပန်းကလေးလှူပြီး “ဣမာယဓမ္မာနုဓမ္မာ ပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိတဲ့ (မှန်ပါ) ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ ဒါ မဟုတ်ဘူး၊ ဒီ ဓမ္မာက ဖြစ်ပျက်၊ ဒီ အနုပဿနာက ရှုတာ (မှန်ပါ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မာတိကာသို့