သုညတတရား ကြိုးစားပြီးဟောရစ်ပါ
အသံဖိုင်ခေါင်းစဉ်= သုညတတရားနာရမှ သုညတနိဗ္ဗာန်ရောက်ပုံတရားတော်
စာအုပ်ခေါင်းစဉ်= သုညတတရား ကြိုးစားပြီးဟောရစ်ပါ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားသော တရားတော်
သုညတတရား ကြိုးစားပြီးဟောရစ်ပါ
(၁၁-၉-၆၁)
အားလုံး ဒကာ ဒကာမတွေ သုညတတရားနာရမှ အဖိုးတန် မယ်လို့ ဆိုတာ မှတ်ထားကြပါ (မှန်ပါ့)။
ဘာတရားနာရမလဲ (သုညတတရား နာရပါမယ်) သုညတ တရား နာရမှ သုညတနိဗ္ဗာန် ရောက်မယ် (မှန်ပါ့)။ သုညတတရားနာရမှ (သုညတနိဗ္ဗာန် ရောက်မှာပါ ဘုရား)။
ဪ ဒါဖြင့် သုညတဟာ တော်တော် အရေးကြီးတဲ့ တရားပါကလားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ မှတ်ထားဖို့ပါပဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုက မောဃရာဇ ရဟန်းကို ဟောထား လိုက်တာ “ဟေ မင်း မသေရာသွားချင်လို့ရှိရင် သုညတဆိုက်အောင် လုပ်စမ်းပါကွာ” တဲ့ (မှန်ပါ့) မအိုရာ၊ မနာရာ၊ မသေရာ သွားချင်လို့ ရှိရင်ဖြင့် သုညတဆိုက်အောင် လုပ်ပါလို့ သေသေချာချာ ဟောထားတယ် (မှန်ပါ)။
အဲဒီ မောဃရာဇရဟန်းဆိုတာလဲ တခြားသော ရဟန်း မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ခေါင်းပါးတဲ့အကျင့်ကျင့်တဲ့နေရာ မှာ ဧတဒဂ်ရတဲ့ ရဟန်းပါပဲ (မှန်ပါ့ ဘုရား)။
သူက ဘယ်လို လျှောက်သတုံးဆိုတော့ “တပည့်တော်သည် နိဗ္ဗာန်ကို အမြန်ဆုံးနည်းနဲ့ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို သွားချင်ပါတယ်၊ ရောက်ချင်ပါတယ်၊ ရချင်ပါတယ်ဘုရား”လို့
လျှောက်တဲ့အခါကျတော့မှ ဘုရားက ဒကာ ဒကာမတွေ တခြား တရားအများလိုက်မနေပါနဲ့၊ သုညတတရားကို မင်းမြင်အောင် ရှု နိုင်လို့ရှိရင် သုညတနိဗ္ဗာန်ကူးပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား)။
ဪ သုညတမြင်လို့ ရှိရင်ဖြင့် သုညတနိဗ္ဗာန် ကူးလိမ့် မယ်ဆိုတာ သေသေချာချာ မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)။
သုညတဆိုက်ရင် (သုညတနိဗ္ဗာန်ကူးရမှာပါ ဘုရား) အဲဒီ တော့ ဒါကလေးအသာထားပြီး အရှင်အာနန္ဒာက ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဘယ်ဟာမဆို လျှောက်ထားရဲတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်နေတော့ “သုညတလောကဆိုတာပြောစမ်း ပါ၊ ဘုရားတပည့်တော်များ အင်မတန် သိချင်ပါတယ်” လို့လျှောက်တဲ့အခါကျတော့။
“သုညာလောကော သုညာလောကောတိ
ဘန္တဝုစ္စတိ၊ ကိတ္တာဝတာနုခေါ လောကေ
ဘန္တေ သုညာလောကောတိ ဝုစ္စတိ။
သုညလောက သုညလောကဆိုတာ တယ်ပြောကြတယ် ဘုရား အဲဒီ သုညလောကကို တပည့်တော်အား ရှင်းပေးစမ်းပါ ဘုရားဆိုတော့မှ
ကိတ္တာဝတာနုခေါ သုညာလောကောတိ ဝုစ္စတိ၊
ယသာစခေါ အာနန္ဒ သုညမေတံ အတ္တနဝါ အတ္တနိယေနဝါ။
တစ်ခုသော တရားမြင်တဲ့အခါ ငါ – ငါ့ဥစ္စာဆိတ်သုဉ်းအောင် ကြည့်ပေးကွာတဲ့ (မှန်ပါ့ ဘုရား)။
တစ်ခုသော တရားမြင်လိုက်ရလို့ ရှိရင် ဘယ်လိုကြည့်ကြရမယ် (ငါ – ငါ့ဥစ္စာ ဆိတ်သုဉ်းအောင် ကြည့်ကြရပါမယ် ဘုရား)။ – ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းအောင် ကြည့်ပေးစမ်းပါကွာလို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ် ဆိုတာရှင်အာနန္ဒာလျှောက်လို့ ဟောတယ်နော် (မှန်ပါ့ ဘုရား) ပြီးတော့မှ ဘုရားက ဘယ်ဟာ ကြည့်ရမှာတုံးဆိုတော့
“ကိဉ္စ သုည အတ္တနဝါ အတ္တနိယေနဝါ၊ စက္ခု သုည အတ္တနဝါ အတ္ထနိယေနဝါ”။
မျက်လုံးထဲက မြင်ရုပ်ကလေးကို “သြော် ငါ- ငါ့ဥစ္စာ မဟုတ်ဘူး” လို့ မြင်အောင်ကြည့်ရမယ် (မှန်ပါ့ ဘုရား)။
“ရူပါသုညာအတ္တနဝါ အတ္တနိယေနဝါ” လို့ တစ်ခါဟောပြန် တော့လဲ “ သူမြင်တဲ့ အဆင်းကလေးလဲ ငါ – ငါ့ဥစ္စာ မဟုတ်ဘူး” လို့ မြင်အောင် မင်းတို့ ကြည့်စမ်းပါ (မှန်ပါ့ ဘုရား)။
“စက္ခုဝိညာဏံ”ဆိုတော့ ဒကာ ဒကာမတို့ မျက်လုံးရယ်၊ အဆင်းရယ် ပေါင်းမိတဲ့အခါ စက္ခုဝိညာဏံ ကလေးဟာ မြင်စိတ် ကလေးပေါ်ပါတယ် (ပေါ်ပါတယ်) “အဲဒီ မြင်စိတ်ကလေးလဲ ငါ-ငါ့ဥစ္စာ မဖြစ်အောင်ကြည့်စမ်းပါကွာ” တဲ့ (မှန်ပါ့ ဘုရား)။
“စက္ခုသမ္ဖဿာ သုညော အတ္တနဝါ အတ္တနိယေနဝါ” ဖဿကလေးများ ပေါ်လာလို့ ရှိရင်ကွာ “စက္ခသမ္မဿပေါ်လာရင် ငါ-ငါ့ဥစ္စာ မဟုတ်အောင်ကြည့်ပေးစမ်းပါ” တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
“ယမိဒံ ဥပ္ပဇ္ဇတိ သုခံဝါ ဒုက္ခဝါ အဒုက္ခမသုခံဝါ” သော် ဒီလို အကြောင်းရင်းခံပြီး သကာလ မျက်လုံးနဲ့ မြင်လိုက်ပြီ ဆိုမှဖြင့် ကွာတဲ့ ၊ ချမ်းသာတာလဲ ပေါ်တတ်တယ်၊ ဆင်းရဲတာလဲ ပေါ်တတ်ပါတယ်၊ ဆင်းရဲတာလဲ ပေါ်တတ်ပါတယ်၊ အလတ်စား ဥပေက္ခာ ဝေဒနာလဲ ပေါ်တတ်ပါတယ်၊ “အဲဒီဝေဒနာသုံးမျိုးပေါ် ရာကိုလဲ “အတ္တနဝါ အတ္တနိယေနဝါ” ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်း အောင်ရှုစမ်းပါ” (မှန်ပါ ဘုရား)။
ဤကဲ့သို့ ရှုလိုက်လို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ “ဧဝံ မစ္စုတ ရော သိယာ” ဧဝံ – ဤသို့ မင်းရှုခဲ့သည်ရှိသော်၊ မစ္စုတရော= သေမင်းနိုင်ငံမှ လွန်မြောက်နိုင်သည်၊ သိယာ – ဖြစ်ရာ၏ (မှန်ပါ့ ဘုရား)။
ဧဝံ လောကံ အဝေက္ခန္တ၊ စက္ခုလောက၊ ရူပလောက၊ မြင်တတ် တဲ့ စက္ခုဝိညာဏ်လောက၊ ဖဿလောက၊ ဝေဒနာသုံးပါးလောက၊ အဲဒီ လောကသုံးပါးကို လွန်မြောက်လို့ ရှိရင်ဖြင့်၊ လောကံ =
လောကသုံးပါးကို၊ အဝေက္ခန္တီးစေ့စေ့ငုငု ကြည့်ရှုသောပုဂ္ဂိုလ်ကို၊ မစ္စုရာဇာ -သေမင်းသည်၊ နပဿတိ =မင်းကို မမြင်တော့ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒီသုညတွေသာ မင်းထင်အောင် ရှုနိုင်လို့ ရှိရင် သုညတနိဗ္ဗာန် မင်းကူးသွားတဲ့အတွက် သေမင်း မမြင်နိုင်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။
ဒီလို ဟောထားတာကို ဒကာ ဒကာမတွေက သေသေချာချာ သိတော့မှ သြော် နို့ ဒီဥစ္စာ တိုတိုနဲ့ မိတဲ့ တရားပါကလား ဆိုပြီး ဘုန်းကြီး ယနေ့ သုညတတရားဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်ပါ့ ဘုရား)။
ဘာဟောမှာပါလိမ့် (သုညတတရား ဟောမှာပါ) ဒါဖြင့် ဒီသုညတရားကို ဆရာဘုန်းကြီးက ဒီနေ့ ဘာဖြစ်လို့ ဒီဒကာ ဒကာမတွေ ဟောချင်ရတာတုံးလို့ မေးတဲ့အခါကျတော့မှ ဒီသုညတ တရားကွယ်လို့ရှိရင် သုညတတရားဟာက ဒကာ ဒကာမတို့ ကွယ်မည့်တရားတဲ့ (မှန်ပါ့) သုညတတရားက လူတိုင်း နားမထောင်နိုင်ဘူး (မှန်ပါ့ ဘုရား)။
အဲဒီ သုညတတရားကွယ်လို့ရှိရင်လဲ သုညတနိဗ္ဗာန်ကွယ်မှာပဲ (မှန်ပါ့ ဘုရား)။ –
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ အင်း ဒို့ သုညတတရားမှ သုညတနိဗ္ဗာန်ကို ရောက်မှာကိုး (မှန်ပါ့) သူကလဲ ကွယ်မည့် တရားတဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ယနေ့ဟောမည့် တရားဟာ သုညတတရား၊ သူက ကွယ်မည့်တရားတဲ့ (မှန်ပါ့) ကွယ်တာမှ မပြောပါနဲ့ တော့တဲ့ ဒကာ ဒကာမတို့၊ အခု သာသနာတွင်းကလေးတောင်မှ ကွယ်ချင်ချင်ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။
သာသနာတွင်းကလေးတောင်မှ ဘာတုံး (ကွယ်ချင်ချင် ပါ) ကွယ်ချင်ချင်ပဲတဲ့၊ ရုပ်တွေ၊ နာမ်တွေ၊ ဒါတွေ ငါ-ငါ့ဥစ္စာ မဟုတ်တဲ့ ရုပ်တွေ နာမ်တွေ ဝေဒနာတွေ ဖဿတွေ ဒါတွေ လျှောက်ပြောနေလို့ ရှိရင်ဖြင့် ကျုပ်တို့ မနာတတ်ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
အင်း ဘာတရားမို့ မနာတတ်ပါလိမ့်မတုံး ဒကာသစ်ရေ (သုညတတရားမို့ မနာတတ်ပါ) ငါ၊ ငါ့ဥစ္စာမှ မဟုတ်တော့ဘဲ ကိုးဗျ (မှန်ပါ့) အင်း ရုပ်ပဲ၊ ဝေဒနာပဲ၊ သညာပဲ ဖြစ်ပြီး ပျက်တာပဲလို့ ဟောနေတဲ့အခါကျလို့ရှိရင် ဦးမာဒင်ရေ၊ နာချင်တဲ့ ပုဂ္ဂိုလ်က ရှားတယ် (ရှားပါတယ်) မရှားပေဘူးလား (ရှားပါတယ် ဘုရား)။
ကဲ ရှားလို့ရှိရင်ဖြင့် သုညတတရား မနာနိုင်လို့ ရှိရင် သုညတနိဗ္ဗာန် ဘယ့်နှယ့်လုပ်ကူးကြမလဲ (မကူးနိုင်ပါ) မကူး နိုင်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ကွယ်မည့်တရား ဖော်တာပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ကွယ်မည့်တရား ဖော်တာပါ ဘုရား) ဒါကြောင့် ကြိုးစားပြီး လာကြတဲ့ ဒကာ ဒကာမတွေ သော် ငါတို့ ဒီနေ့ဆရာဘုန်းကြီးက ဘာများ ထူးထူးလည်လည် ဆုကြီးလာဘ်ကြီးကို ပေးပါလိမ့်မတုံးဆိုတော့ ကွယ်မည့်တရားကို ခင်ဗျားတို့ သန္တာန်မှာ မကွယ်အောင်လုပ်လို့ရှိရင်ဖြင့် နိဗ္ဗာန်လဲ ခင်ဗျားတို့ ရမှာပဲ (မှန်ပါ့ ဘုရား)။
ကွယ်မည့်တရားကို မကွယ်အောင် ရှုနိုင်ကြလို့ ရှိရင် (နိဗ္ဗာန်ရမှာပါ) နိဗ္ဗာန်ရမယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။ ဒါဖြင့် သုညတတရားကိုမှ မနာရတော့ဘူးဆိုလို့ ရှိရင် သုညတ နိဗ္ဗာန်ဆိုတဲ့ ဥစ္စာ ဘယ့်နှယ်လုပ် ကူးသန်းပြီး သကာလ သွားမတုံး လို့ မေးလို့ ရှိရင်ဖြင့် သြော် အကြောင်းမှ မပါဘဲနဲ့ အကျိုး နိဗ္ဗာန်ရဖို့ အတော်ခဲယဉ်းပါတယ် (မှန်ပါ့ ဘုရား)။
အေး ဒါကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်တို့နဲ့ စပ်တဲ့ တရားဟူသရွေ့ ဦးမာဒင် မှတ်လိုက်စမ်း သုညတတရား (မှန်ပါ့ ဘုရား)။
ခန္ဓာအာယကနဓာတ်တို့ကို ဟောနေရင် (သုညတတရားပါ ဘုရား) ခန္ဓာဟောလိုက်လဲ့ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ဆိတ်သုဉ်းတယ်(မှန်ပါ့) အာယတန ဟောလိုက်ပြန်လဲ (ပုဂ္ဂိုလ်၊ သတ္တဝါ ဆိတ်သုဉ်းပါတယ် ဘုရား) သစ္စာတွေ ဟောလိုက်ပြန်လဲ (ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းပါတယ် ဘုရား)။
အဲဒီမှာ ဘုရားကတော့ မှာခဲ့တယ်၊ အင်္ဂုတ္တိုရ်ပါဠိတော်မှာ၊ “မင်း သုညတတရားကြိုးစားပြီး ဟောရစ်ပါကွာ” တဲ့၊ ငါ ဘုရားမရှိသည့်နောက် သုညတတရားကို နာနိုင်တဲ့ပုဂ္ဂိုလ်လဲ မရှိဘူး ဟောနိုင်တဲ့ပုဂ္ဂိုလ်လဲမရှိဘူး၊ ဟောပြန် ဟောပြန်လို့ ရှိရင်လဲတဲ့ အပြစ်တောင်ဆိုကြလိမ့်ဦးမယ်တဲ့ (မှန်ပါ့) သေသေချာချာ မှာတာ (မှန်ပါ့)။
အဲဒါကိုဖြင့် မင်းတို့ ငါ၏တပည့်သား ရင်းရင်းချာချာဖြစ်ခဲ့လို့ ရှိရင်ဖြင့် တဲ့၊ သုညတတရား ဟောပြီး သကာလ သုညတ နိဗ္ဗာန်ပို့ရစ်ပါဆိုတဲ့ဥစ္စာလဲ အင်္ဂုတ္တိုရ်ပါဠိတော် အနာဂတံသသုတ် မှာ သေသေချာချာ ဟောတယ် (မှန်ပါ့)အနာဂတံသသုတ်မှာ သေသေချာချာ အနာဂါတ်ဘေးရန်တွေလို့ ဦးမာဒင် ဆိုပါတယ် (မှန်လှပါ ဘုရား)။ အနာဂါတ်မှာ သုညတတရား ဟောလို့ရှိရင် ဘယ်သူမှ မနာ ချင်ဘူးတဲ့၊ မနာချင်တဲ့ ပုဂ္ဂိုလ်များပြီး အပြစ်တောင် ပြောသေး သတဲ့ (မှန်လှပါ) အဲဒီ အပြစ်ပြော တာကိုလဲ မင်းတို့ သည် တဲ့ တိုက်ဖျက်ရစ်ပါဆိုတာကိုလဲ မှာပါတယ် (မှန်လှပါ)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီတရား ကွယ်ရင်လဲ နိဗ္ဗာန်ကွယ်တော့မယ် (မှန်ပါ့)။
သုညတတရား ကွယ်ရင်လဲ (နိဗ္ဗာန်ကွယ်တော့မှာပါ ဘုရား) နိဗ္ဗာန်ကွယ်တော့ အပါယ်လေးပါး သုံးဆယ့်တစ်ဘုံကြီး က ထွန်းကားလာမှာပေါ့ (မှန်ပါ့) အိုဘေး၊ နာဘေး၊ သေဘေးတွေ နဲ့ ကျုပ်တို့ နယ်လှည့်ပြီး နေရုံပေါ့ (မှန်လှပါ ဘုရား)။
ဒါကြောင့် ယနေ့ ဟောမည့်တရား ဘာတရားပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာသစ်ရေ သုညတတရား ဟောလိမ့်မယ် (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် မောဃရာဇရဟန်းကလဲ မူတည်၊ ရှင်အာနန္ဒာကလဲ သုညတဆိုတာ ဘယ်ဟာတုံးဘုရာ့ သုညလောကဆိုတာ ဘယ်ဟာတုံးဘုရာ့ လို့ မေးလျှောက်တော့ ခု နင်က ပြောခဲ့တဲ့အတိုင်း ဒကာ ဒကာမတို့ သန္တာန်မှာ ရုပ်ပေါ် လာလို့ရှိရင်လဲ သုညတမှတ်ပါ၊ (မှန်ပါ့) ဝေဒနာပေါ်လာရင်လဲ (သုညတမှတ်ပါ ဘုရား) သညာပေါ်လာရင်ကော (သုညတ မှတ်ပါ ဘုရား) အဲ သုညတချည့်မှတ် တဲ့ (မှန်ပါ့) စိတ်ကလေး ပေါ်လာရင်ကော (သုညတပါ ဘုရား)။
ဪ ဘယ့်နှယ်ကြောင့် သုညတမှတ်ရပါလိမ့်မတုံးဆို အို ရုပ်ကပေါ်လာတာပဲ၊ ရုပ်ပျက်သွားတာပဲ၊ ငါ့-ငါ့ဥစ္စာ မဟုတ်ဘူးဆိုတော့ ငါ-ငါ့ဥစ္စာမရှိဘူးလို့ ဆိတ်သုဉ်းသွားတာသည် ဒကာ ဒကာမတို့ ဝမ်းထဲမှာ ဒါရုပ်ပဲလို့ သိလိုက်လို့ရှိရင် ငါ့-ငါ့ဥစ္စာ ဆိတ်သုဉ်းသွားတယ် (မှန်ပါ့)။
ဒါကလေးဟာ ဖြစ်ပြီးပျက်တဲ့ အနိစ္စတရားကလေးပဲလို့ သိလိုက်ပြန်တော့လဲ ဝမ်းထဲမှာ ဘာဆိတ်သုဉ်းသွားသတုံး (ငါ – ငါ့ဥစ္စာဆိတ်သုဉ်းသွားပါတယ်) ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းသွားတယ် (မှန်ပါ့) ကိုင်း ဒါဖြင့် ဒီအတိုင်းပြောနေတော့ အဖြေတွေ မှားနေကြရော့မယ်၊ ဒကာ ဒကာမတို့ ပုံစံနဲ့ ချပြတော့မှ သုညတ ရှင်းပါလိမ့်မယ် (မှန်လှပါ)။
ပုံစံနဲ့ပြလိုက်ရင် (သုညတရှင်းပါလိမ့်မယ် ဘုရား)သုညတ ရှင်းတော့ ဒကာ ဒကာမတို့ သန္တာန်၌ ဒကာ ဒကာမတို့ ဥပမာ – သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဆိုတဲ့ ဝေဒနာ သုံးမျိုး ဟာ လှည့်ပြီး ဒကာ ဒကာမတို့ အာရုံတိုက်သလို မပေါ်ဘူးလား ဗျာ (ပေါ်ပါတယ် ဘုရား)။
ဒီဘက်က ဘာတုံးမေးတော့ သုခဝေဒနာ (မှန်ပါ့ ဘုရား) ဒါ အာရုံဒွါရတိုက်လို့ ပေါ်ပြန်တော့ ဒီဘက်က ဘာဆိုကြမယ် (ဒုက္ခဝေဒနာပါ ဘုရား) ဒါ အာရုံဒွါရတိုက်လို့ ပေါ်ပြန်ရင်ကော (ဥပေက္ခာဝေဒနာပါ ဘုရား)။
ဪ ယားတယ်၊ ဒကာ ဒကာမတို့ နာတယ်၊ ကိုက် တယ်၊ ခဲတယ် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား) အင်း ဒုက္ခဝေဒနာဆိုသဖြင့် တဲ့ ဒုက္ခဝေဒနာလို့ ဒကာ ဒကာမတွေ က သိလိုက်တယ် (မှန်ပါ့) ဒုက္ခဝေဒနာကို ဒုက္ခဝေဒနာမှန်း သိလိုက်တော့ကို ဒကာ ဒကာမတို့ ငါ-ငါနာတာဆိုတာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) ငါ့အသားကလေးက နာနေတယ်လို့ ကော (မရှိပါ ဘုရား)။
ငါ-နာတာလဲ မရှိဘူး၊ ငါ့ဥစ္စာအသားကလေးက နာနေတာလို့ကော (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ဝေဒနာ ဝေဒနာမှန်းသိလိုက်၊ ဝေဒနာ ပျက်တာကို ဝေဒနာပျက်မှန်း သိလိုက်ဆိုတော့ မဂ္ဂင်ကလေး ဝင်လာလိုက်ရင်ပဲ ဒကာ ဒကာမတို့ အရင်တုန်းကတော့ ငါနာတယ် ဆိုတော့ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။
ငါနာတယ်ဆိုတော့ ဘာဖြစ်သွားသတုံး (ဒိဠိဖြစ်သွားပါ တယ် ဘုရား) ဒိဋ္ဌိဖြစ်သွားတယ်နော် (မှန်ပါ့) အဲ – ဒါဖြင့် ဒိဋ္ဌိဖြစ်သွားတော့ ဒိဋ္ဌိနောက်ကနေပြီးသကာလ ဒိဋ္ဌုပါဒါန်ဖြစ် တယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) တော်တော်ကြာကျတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကော (ဖြစ်ပါတယ် ဘုရား)။
ဟော ဦးမာဒင်ရေ ဒိဋ္ဌိတဏှာရယ်၊ ဒိဋ္ဌုပါဒါန် ရယ်၊ ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံရယ်၊ ပဋိစ္စသမုပ္ပါဒ် ဆက်သွားတယ် (ဆက်ပါတယ် ဘုရား) ဒါ – ငါနာတယ်ယူလိုက်တာ (မှန်ပါ့)။
ဝေဒနာ ငါဖြစ်သွားတဲ့အတွက် ဒကာ ဒကာမတို့ ငါဆိုတာက ဒိဋ္ဌိ (မှန်ပါ့) ဒိဋ္ဌိလာလို့ရှိရင် ဒိဋ္ဌုပါဒါန်က နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကော (မနေရစ် ပါ ဘုရား) မနေရစ်တော့ သြော် အနာဂတ် အကြောင်းသုံးခု ဖြစ်လာတယ် (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အနာဂတ်အကြောင်းသုံးခု ပေါ် လာပါတယ် ဘုရား)။
အနာဂတ်အကြောင်းသုံးခု ပေါ်လာတာကို ထောက်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့်တုံးဆိုတော့ အို ငါ-ငါ့ဥစ္စာဆိုတဲ့ဟာကို သုညတဖြစ်အောင် ကိုယ်က မလုပ်တတ် လို့ပေါ့ဗျာ (မှန်ပါ့) သုညတဖြစ်အောင် မိမိက မလုပ်တတ်တဲ့ အတွက် ဒကာ ဒကာမတို့ ငါ-ဆိုတဲ့ ဒိဋ္ဌိဝမ်းထဲမှာ ပေါ်ပြီ (မှန်ပါ့ ဘုရား) ဒိဋ္ဌပါဒါန်ဆိုတဲ့ ငါ့ဥစ္စာဆိုတဲ့ စွဲလမ်းမှုကော (ပေါ်ပါ တယ် ဘုရား) ဟာ ဒါဖြင့် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေကလဲ ငါလုပ် ခံနိုင်ရိုးလားဆိုတဲ့ ကာယကံ၊ ဝစီကံတွေကော (လာပါတယ် ဘုရား)။
အင်း ဒါဘယ့်နှယ်ကြောင့် ပေါ်လာပါလိမ့်မတုံးဆိုတော့ သုညတမဖြစ်လို့ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (သုံညတ မဖြစ်လို့ပါ ဘုရား)။
ဒါကလေးဟာ ငါ-ငါ့ဥစ္စာမဟုတ်ဘူးဆိုတဲ့ ဉာဏ်ကလေး မဝင် နိုင်တာနဲ့ ပဋိစ္စသမုပ္ပါဒ်တန်းတယ် (မှန်ပါ့)။
ဒါလွတ်လို့ ဖြင့် အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ဝိပဿနာလွှတ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဦးမာဒင်ရေ ပဋိစ္စသမုပ္ပါဒ်တန်းဖို့ သာ မှတ်ပေတော့ (မှန်ပါ့)။
ဝိပဿနာလွတ်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း (ပဋိစ္စ သမုပ္ပါဒ်တန်းပါတယ် ဘုရား) ဒကာသစ် ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား) ဦးလှဘူးရေ ကြောက်စရာကြီးနော် (ကြောက်စရာကြီးပါ ဘုရား)။
ခင်ဗျားတို့ သာမည အသိနဲ့ သိတော့ ကျုပ်ဖြင့် အမြင်လွဲသွားပြီဗျာ (မှန်ပါ့ ဘုရား) အမြင်လွဲသွားပြီဆိုတော့ ဦးမာဒင်တို့က သာမည မှတ်နေတယ် (မှန်ပါ့) အမြင်လွဲသွား တာဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ဒိဋ္ဌိဖြစ်တော့ ဒိဋ္ဌိက သူတစ်ခုတည်း နေသလားဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိတဏှာက တဏှာပစ္စယာ ဥပါဒါနံ၊ ဒိဋ္ဌုပါဒါန်မလာဘူးလား (လာပါတယ်) ဥပါဒါန်လာ လို့ရှိရင် ဥပါဒါနပစ္စယာကမ္မဘဝေါဆိုတော့ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံလာ ဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)ဒါဖြင့်အနာဂတ် အကြောင်းသုံးခု ဘယ့်နှယ်တုံး (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် အနာဂတ်အကျိုး သုံးခုလဲ မလာပါနဲ့ ဆိုလို့ ဇာတိ၊ ဇရာ၊ မရဏ မလာပါနဲ့ ဆိုတော့ ဒကာ ဒကာမတို့ ရပါ့မလား (မရပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တိုတိုမှတ်ကြပါ ဒကာ ဒကာမတွေ သုညတ မဆိုက်လို့ ရှိရင် သမုဒယသစ္စာသုံးခုနဲ့ ဒုက္ခသစ္စာ သုံးခုပေါ်တယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သမုဒယသစ္စာသုံးခုနဲ့ ဒုက္ခသစ္စာသုံးခု ပေါ်ပါတယ် ဘုရား)။
ဒါ ဒကာ ဒကာမတို့ ခင်ဗျားတို့ အမြင်လဲ ပြတယ်၊ အမှန်လဲ ဟုတ်ပါတယ် (မှန်ပါ့) အမြင်လဲဒီအတိုင်းပဲ (မှန်ပါ့) ဝမ်းထဲ ဖြစ် တာကော (ဒီအတိုင်းပါ ဘုရား)။
ဪ ဒါဖြင့် သုညတကင်းလိုက်ရင်ဖြင့် ဒကာ ဒကာမတို့ သံသရာတွင်းဆင်းပြီ (မှန်ပါ့) သုညတကင်းလိုက်ရင် (သံသရာ တွင်း ဆင်းပါတယ် ဘုရား)။ ( ဒါဖြင့် ဒီတရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ငါမရှိသည့်နောက်ကွာ တဲ့၊ ဒီသုညတတရား ဟောပြန်လို့ ရှိရင်လဲ မည်သူမှလဲ မနာတတ်ဘူး၊ ဟောတဲ့ပုဂ္ဂိုလ်ပဲ အပြစ်ဆိုကြ ပါလိမ့်ဦးမယ် (မှန်ပါ့) – ဒီတရားကွယ်လို့ ရှိရင်လဲ မင်းတို့ သာသနာကွယ်ပေါ့လို့ အောက်မေ့တဲ့ (မှန်ပါ့) ဆိုတော့ ဒီတရားသည် အားလုံး ဦးလှဘူးတို့နဲ့တကွ အားလုံး ဦးမာဒင်တို့၊ ဒကာသစ်တို့ မည်မျှလောက် အရေးကြီးတယ် ဆိုတာလဲ ကိုယ်တော်မြတ်ကြီး အနာဂတံသဉာဏ်နဲ့ မှာပစ်ခဲ့တယ် (မှန်ပါ့)။
ကဲ ခင်ဗျားတို့ လက်တွင်း ရောက်လို့ရှိရင်ဖြင့် သော် ဒို့မှာ နိဗ္ဗာန်ရောက်ကြောင်းကလေး ဒို့မှာ ရှိသေးပါလား သုညတ နာနိုင်လို့ (မှန်ပါ့) ဒီသုညတမှ မနာနိုင်တဲ့ ပုဂ္ဂိုလ် တွေဟူသရွေ့ ဟာဖြင့် ဒီပဋိစ္စသမုပ္ပါဒ် အတိုင်း သွားလေရော့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒို့ဒီနေ့သည်ကားလို့ဆိုရင် ခဲခဲ ယဉ်းယဉ်း လာကြရတယ်၊ လာကျိုးနပ်အောင်လို့ ဆရာဘုန်းကြီးကလဲ အရေး တကြီး တရားကိုဖြင့် ပြောပြီ၊ ဆုံးမပြီ၊ သွန်သင်ပြီဆိုတာ ဒကာသစ် သေသေချာချာ လေးလေးနက်နက်မှတ်ပါ (မှန်ပါ့) လေးလေး နက်နက် မှတ်ကြပါ ဒကာ ဒကာမတို့ ဒီဟာမလွယ်ကူဘူး (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ သုညတကွယ်ရင် နိဗ္ဗာန်ကွယ် တယ် (မှန်ပါ့ ဘုရား)။
သုညတကွယ်ရင် (နိဗ္ဗာန်ကွယ်ပါတယ်) သြော် ဒါဖြင့် ဒို့ အခု လူနည်းစုအဖြစ်နဲ့ တရားနာပြီး သကာလ နေကြ တယ်၊ အချို့ မိုးသံ-လေသံကြောင့် မလာနိုင်ကြငြားသော်လဲ သုညတကွယ်လို့ ရှိရင် နိဗ္ဗာန်ကွယ်တယ်ဆိုတဲ့ ဥစ္စာ သူ့ခမျာများ မသိရဘူး (မှန်ပါ့) ခင်ဗျားတို့မှာ ထူးထူးလည်လည် သိရတယ်ဆိုတော့ သုညတမဆိုက်တဲ့ ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ငါ ငါ့ဥစ္စာ လိုက်ပါတယ် (လိုက်ပါတယ် ဘုရား)။
ဝေဒနာကို ငါထင်တယ်၊ ငါ့ဥစ္စာထင်တယ် (မှန်ပါ့ ဘုရား) ထင်တော့ ဒိဋ္ဌိတဏှာ မလာဘူးလား (လာပါတယ်) ငါက ဒိဋ္ဌိ၊ ငါ့ဥစ္စာက တဏှာကိုးဗျ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီဘက်က ခုနင်က ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကို ပဋိစ္စသမုပ္ပါဒ်တန်းလိုက်တော့ ဇာတိ၊ ဇရာ၊ မရဏဆိုတာ ဒိဋ္ဌိဘက် ကသွားတဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ငါ့ဥစ္စာလို့ ငါ့ဥစ္စာကလေးနာနေတာ ငါ့သားကလေး နာနေ တာဆိုတော့ ငါ့ဥစ္စာနာနေတယ် (မှန်ပါ့) ငါ့သားကလေး နေကောင်းနေတယ်ဆိုတာလဲ သုခဝေဒနာကို ငါ့သား လုပ်ထား တယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် အဲဒီကျတော့ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ လာပြန်ပြီ (မှန်ပါ့) ဒါက ငါ့ဥစ္စာကြောင့် လာတဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ခုနင်က ငါ့ကြောင့်လာတဲ့ (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) ငါ့ဥစ္စာကြောင့်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အဲဒါ ဒကာ ဒကာမ တို့ လေးလေးနက်နက် မှတ်စမ်းပါ၊ သုညတဆိုက်အောင် မကြည့် နိုင်လို့ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သုညတဆိုက်အောင် မကြည့်နိုင်လို့ပါ ဘုရား) သုညတဆိုက်အောင် မကြည့်နိုင်လို့ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ်) ကြီး တယ်တဲ့၊ ခင်ဗျားတို့ ကတော့ ငါနဲ့ ငါ့ဥစ္စာမှပဲ ခင်ဗျားတို့မှာဖြင့် ကိုယ့်အရေးကြီးတဲ့ အချက်မှတ်နေတယ် (မှန်ပါ့) ငါက ဒိဋ္ဌိ ငါ့ဥစ္စာက တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ း ငါက (ဒိဋ္ဌိ) ငါ့ဥစ္စာက (တဏှာပါ) ကဲ- ငါ့ကြောင့် လဲ ပဋိစ္စသမုပ္ပါဒ် တစ်ချက်သွားပြီ (မှန်ပါ့)” ငါ့ဥစ္စာကြောင့် ကော (ပဋိစ္စသမုပ္ပါဒ် တစ်ချက်သွားပါတယ် ဘုရား)။
ကိုင်း ဒါဟာ ဒီပဋိစ္စသမုပ္ပါဒ် နှစ်သံသရာ ခရီးလမ်းကြီး နှစ်ခုပေါ်လာတာဟာ ဦးမာဒင်၊ ဦးလှဘူးတို့ စဉ်းစားပါတဲ့ သုညတ မမြင်လို့ (မှန်ပါ့) ဘယ်လိုဆိုကြပါ့မယ် (သုညတ မမြင်လို့ ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီပဋိစ္စသမုပ္ပါဒ် ပေါ်လာတယ် ဆိုကတည်းကိုက ခင်ဗျားတို့ သံသရာခရီးလမ်းကြီးကဖြင့် ဒါလဲ မိမိသွားတာပဲ (မှန်ပါ့) ဒီဟာကော (မိမိသွားတာပါ) ဒါကော (မိမိသွားတာပါ) ဒါလဲ မိမိရောက်တာပဲ (မှန်ပါ့ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဒီဥစ္စာ သူများသွားနေတာလား မိမိသွားနေတာလား (မိမိသွားနေတာပါ) သော် ဒီပဋိစ္စသမုပ္ပါဒ်ဟာ မိမိတည်ထောင်တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်း ကြပလား (ရှင်းပါပြီ ဘုရား)။ ( သူများတည်ထောင်တာလား မိမိတည်ထောင်တာလား၊ (မိမိတည်ထောင်တာပါ ဘုရား)။ ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘယ့် နှယ်ကြောင့် ဒီပဋိစ္စသမုပ္ပါဒ်နှစ်ခုကို ကိုယ်ဆင်းရဲကြောင်း ပဋိစ္စသမုပ္ပါဒ် နှစ်ခုကို ကိုယ်ကိုယ်တိုင် ပယောဂကြီးနဲ့ လုပ်ပါလိမ့်မလဲ မေးဖို့ အကြောင်း ကြုံလာတယ် (ကြုံလာပါတယ် ဘုရား)။
ထိုကဲ့သို့ ကြုံလာတာကြုံချင်လို့ ကြုံရတာမဟုတ်ဘူး၊ ခင်ဗျား တို့ သုညတဆိုက်အောင် မကြည့်နိုင်လို့ (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သုညတဆိုက်အောင် မကြည့်နိုင် လို့ ပါ ဘုရား)။
သြော် ဒကာသစ်ရေ ဒါဖြင့် ဦးမာဒင် ဆရာကောင်း သမားကောင်း သိပ်လိုတယ် (လိုပါတယ်) လိုပြီ- လိုပြီ ဦးလှဘူးရေ (လိုပါတယ် ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဒါ အခု ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုး ပြီးသွားပြီလဲ (နှစ်မျိုးပါ) နှစ်မျိုးပြီးသွားပြီ၊ ဒိဋ္ဌိကြောင့် ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး၊ ငါ့ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (တစ်မျိုးပါ ဘုရား)၊ ငါ့ဥစ္စာကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (တစ်မျိုးပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်တစ်မျိုးလို့ ဆိုတာ ဒကာ ဒကာမတွေ သိထားပြန်တော့ သြော် ငါ့ကြောင့်လဲ အပါယ်သွားတယ် (မှန်ပါ့) ငါ့ဥစ္စာကြောင့်လဲ (အပါယ်သွားပါတယ် ဘုရား)။
အင်း ခင်ဗျားတို့ အိမ်မှာနေတဲ့အခါကျတော့ ငါမရှိရင် ဖြင့်ခက်တော့တာပဲ (မှန်ပါ့) အင်း ငါမရှိလို့ ရှိရင် ခက် တာမဟုတ်ဘူး၊ ငါမရှိရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။
သို့သော် ခင်ဗျားတို့ ကတော့ ဘာတဲ့ (ငါမရှိရင် ခက်ပါသတဲ့) သုညတ နားမလည်တော့ ဒီဥစ္စာ တကယ်အရေး တကြီးသုံးပါတယ် (သုံးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒီစကားလေး တစ်လုံးက နားထောင်စမ်း ပါ (မှန်ပါ့) ဒီစကားလေးတစ်လုံး နားထောင်စမ်းပါ ဦးလှဘူးရေ (မှန်လှပါ ဘုရား)။ | ခင်ဗျားတို့ ဒီကနေ ပြန်သွားတဲ့အခါ တစ်ခုခု ချို့ယွင်းနေတဲ့ အခါကျလို့ရှိရင် ငါမရှိရင် ဒီလိုချည့်ပဲ (ပြောပါတယ် ဘုရား)။
ဒါက ဒိဋ္ဌိစလိုက်တာ (မှန်ပါ့) ဒိဋ္ဌိစလိုက်တော့ ကိုယ်က လဲ သုညတနားမလည်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ အားလုံး ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆက်သွားပြီ (မှန်ပါ့) မသွားပါနဲ့ ဆိုလို့ (မရပါ ဘုရား) မသွားပါနဲ့ဆိုလို့ မရတော့ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
အင်း – ငါမရှိတော့ ဘာဖြစ်သတုံး၊ ဟို -ငါ့ဥစ္စာတွေပျောက် ကုန်တာပေါ့ (မှန်ပါ့) ငါ့ဥစ္စာတွေ ပျက်စီးကုန်တာပေါ့ (မှန်ပါ့ ဘုရား)။
အင်း ငါ့ဥစ္စာတွေတဲ့၊ ဒကာ ဒကာမတို့ တဏှာပဋိစ္စ သမုပ္ပါဒ် ဖွင့်ပြန်ပြီ (ဖွင့်ပါတယ် ဘုရား)။
ခုနှစ်တုန်းက ငါ့-ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ငါ- ပဋိစ္စသမုပ္ပါဒ် ဆိုတော့ ဒိဠိပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။
နောက်ကျတော့ ငါမရှိလို့ရှိရင် ငါ့ပစ္စည်းတွေဟာ ကစင့် ကရဲဖြစ်ကုန်တာပဲ၊ ဟာကုန်တာပဲ ငါ့ဥစ္စာတွေ ဟာကုန်ပြီ (မှန်ပါ့) ငါ့ဥစ္စာတွေ ဟာတယ်ဆိုတော့ ဘာပဋိစ္စသမုပ္ပါဒ်တုံး (တဏှာ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။
အင်း -ခင်ဗျားတို့ အိမ်ပြန်မှာကို ဘုန်းကြီးက စိုးရိမ်တယ် (မှန်ပါ့) ဦးမာဒင် အိမ်ပြန်မှာ စိုးရိမ်တယ် (မှန်ပါ့) ဦးလှဘူး မစိုးရိမ်ထိုက်ဘူးလား (စိုးရိမ်ထိုက်ပါတယ် ဘုရား)။
ဟ အိမ်ပြန်တာ ဘုန်းကြီးက ဘာစိုးရိမ်စရာ ရှိသလဲ အို ဒီနှစ်ခုက သွားတော့မလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ကိုယ့်အိမ်ကိုယ်ပြန်တာကို မသထာလို့ မဟုတ်ပါ ဘူး (မှန်ပါ့) အိမ်ပြန်တာလား၊ အပါယ်ပြန် တာလားဆိုတာ (အပါယ်ပြန်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အံမယ်လေး ကြောက်စရာကြီးပါကလား (မှန်လှပါ ဘုရား)။
ဒါက ဘုန်းကြီးက စကားတတ်လို့ ရေရေလည်လည် ပြော တတ်လို့ ဒီအဓိပ္ပါယ် ရောက်သွားတာကိုး လို့ ဒကာသစ်က ဆိုချင်သလား ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား)။
ဒါ ဘာမှမငြင်းကြနဲ့နော် (မှန်ပါ့) ဖြစ်စဉ်ကိုက်ပါ ဆိုတော့ ဘုန်းကြီးက ဒီဒကာ ဒကာမတွေ မန္တလေးက ဒကာ ဒကာမ တွေလဲ မန္တလေးပြန် အိမ်ရောက်သွားလို့ ရှိရင်ဖြင့် နှလုံး သွင်းမှားမှာတော့ သိပ်စိုးရိမ်ရတယ် (မှန်ပါ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြန်လို့ ရှိရင်ဖြင့် ဒီနှစ်လုံးဟာ တစ်လုံးလာရင် နှစ်လုံးလာမှာပဲ (မှန်ပါ့) ငါ မရှိရင်က စ, တယ် (မှန်ပါ့) ငါမရှိရင်က စ,တော့ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် အရင် စ, လိုက်တယ် (စ, ပါတယ် ဘုရား)။
တော်တော်ကြာကျတော့ ငါမရှိရင် ဘာဖြစ်သတုံး မေးကြည့် တဲ့အခါကျတော့ ငါ့ဥစ္စာတွေ ကစင့်ကရဲ ဖြစ်ကုန်တယ်- (မှန်ပါ့)
ဟာ တဏှာပဋိစ္စသမုပ္ပါဒ် စ, ပြန်ပြီ (စ, ပါတယ်) မစ, ဘူးလား (စ, ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ အိမ်ပြန်တာလား ၊ အပါယ်သွား ကြတာလား (အပါယ် သွားကြတာပါ ဘုရား)။ဒါ ဘာနားမလည်လို့ ဒီအဖြစ် ရောက်သွားပါလိမ့် (သုညတ နားမလည်လို့ပါ ဘုရား) အဲ သုညတ အရေးကြီးတာပေါ့ဗျ (မှန်ပါ့ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဘုန်းကြီးက သူက ထုံးလိုမွှေ ရေ လိုနှောက်ပြီး သကာလ စကားကလဲတတ်၊ တရားကလဲ တတ်မို့ ဒီလိုပြောတာလို့ ဒကာကြီး ဦးမာဒင်တို့က မဆိုနဲ့ (မဆိုပါ ဘုရား) အမှန်ပါ-` အမှန်ပါ (မှန်ပါ့) ဒီမှာကြည့်ပါ ဖြစ်စဉ် ကိုက်ပါ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီအတိုင်းပါပဲ တဲ့၊ အဲဒီတော့ ကိုယ့်အိမ် ကိုယ်ပြန်တာ ဘာအပြစ်ရှိသတုံး လို့ အံမာ -မေးများ ရင် အခက်ကြီး (မှန်ပါ့ ဘုရား)။
ဟ အပြစ်က နည်းတဲ့အပြစ်မှမဟုတ်ဘဲ (မှန်ပါ့) ဒီ သုညတကို နားမလည်ရင် နည်းတဲ့အပြစ်လား (မနည်းပါ ဘုရား)။
မနည်းဘူးတဲ့ ဒိဋ္ဌိ ဒိဌပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတော့ အနာဂတ်အကြောင်း သုံးခု ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ပေါ်လာတော့ အနာဂတ် အကျိုးကျတော့တဲ့ ဦးလှဘူး ဖြတ်လို့ ရသေးသလား (မရပါ ဘုရား)။
ကိုင်း ဒါဟာ ငါမရှိရင်ဆိုတဲ့ အဓိပ္ပာယ် (မှန်ပါ့) ငါ့ဥစ္စာတွေ ကစင့်ကရဲဖြစ်ကုန်ပြီဆိုတော့ ငါ့ဥစ္စာဆိုတာက တဏှာ ကလာတဲ့ ငါ (မှန်ပါ့)။
တဏှာလာတော့ တဏှာချည့်နေသေးရဲ့လား (မနေပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ဘမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) အဲ ဇာတိဆိုရင်ပဲ ဇရာမရဏ သွားရုံပဲရှိတယ် (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ ဒီကနေပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ကြသည့်ဥစ္စာသည် ဘုန်းကြီးက ဟာ တရားချည့် အား ထုတ်နေစေချင်တဲ့ သဘောပဲ ဒါကြောင့် ဒို့ကိုပြောတာပဲလို့ ဒီလိုမဆိုပါနဲ့ (မှန်ပါ့ ဘုရား)။
အားထုတ်စေချင်တာကတော့ဖြင့် မှန်ပါတယ် (မှန်ပါ့) သို့သော် ခင်ဗျားတို့ကလဲ ဒီပဋိစ္စသမုပ္ပါဒ်နှစ်ခုကို ခင်ဗျားတို့ က အိမ်ပြန်ပြီး နှုတ်ဆက်ချင်သေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးလှဘူး ဘာတဲ့တုံး- (လောလောဆယ် နှုတ်ဆက်ချင်ပါတယ် ဘုရား) အရောက်မှာစိုးတယ် (မှန်ပါ့) ဟ ဘယ် တုန်း အရောက်နေ့မှာ ပြောစမ်းပါဦး ကိုယ့်အိမ်ကိုယ့်ယာ တဲ့-၊ ကိုယ့်အိမ်ကိုယ့်ယာလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဒါဖြင့် ဘုရားဟောနဲ့ ကိုက်ပြီး (မှန်ပါ့) “စတ္တာရော အပါယာ သကဂေဟသဒိသာ” တဲ့။ စတ္တာရောအပါယာ အပါယ် လေးဘုံတို့သည်၊ သကဂေဟဒိသာ-မိမိအမြဲနေရာ အိမ်ဂေဟာကြီး နဲ့ တူကုန်၏- တဲ့- (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့) ခင်ဗျားတို့ သိတာနဲ့ အခုဘုန်းကြီး သေသေချာချာ ပါဠိတော်တွေ- အဋ္ဌကထာတွေ ကိုးပြီးသကာလ ရှင်းရှင်းလင်း လင်း ပြလိုက်တော့ သုညတမပါဘဲနဲ့ ပြန်ကြတော့မယ် ဆိုလို့ ရှိရင် ဦးလှဘူး တယ်စိုးရိမ်စရာကောင်းတယ် (စိုးရိမ်စရာပါ ဘုရား)။
သူတို့ကတော့ ဆိုလိမ့်မယ်တဲ့၊ ကိုယ့်အိမ်ကိုယ်ပြန်တာ ဘာ အပြစ်ရှိသတုံးလို့ ပြောလိမ့်မယ်၊ ဘုရားကပဲ ကိုယ့်အိမ်ဆိုတာ အပါယ်လေးပါးကွတဲ့ (မှန်ပါ့) မပြောဘူးလား (ပြောပါ တယ် ဘုရား)။
ပမတ္တဿနာမ – သုညကိုမေ့တဲ့ ပုဂ္ဂိုလ်မည်သည်ကား၊ စတ္တာ ရောအပါယော အပါယ်လေးဘုံတို့သည်၊ သကဒိသာ အမြဲ နေရာ မိမိအိမ်ဂေဟာကြီးပါပေတည်း (မှန်ပါ့) သေသေချာချာ ဓမ္မ ပဒအဋ္ဌကထာမှာလဲဖွင့်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ကြဦးမလား လို့ မေးလို့ ရှိရင်ဖြင့် မပြန်လဲမဖြစ်ဘူး (မှန်ပါ့ ဘုရား)။
ဟ ဘယ့်နှယ်ကြောင့်တုံး ပြောစမ်းပါဦး ဆိုလို့ရှိရင် ဒိဋ္ဌိတဏှာကြောင့်ဘုရား (မှန်ပါ့)။
ကဲ ဒါဖြင့် ပြန်တော့ ပြန်တာပေါ့ ဒကာ ဒကာမတို့က အိမ်ရောက်လို့ရှိရင် သုညတမမေ့စေနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာမမေ့ရမှာလဲ (သုညတမမေ့ရမှာပါ ဘုရား) ဝေဒနာပေါ်တာကို ဝေဒနာလို့ လဲ သိလိုက်၊ ဖြစ်ပျက်လို့လဲ သိလိုက် (မှန်ပါ့) သညာဓပေါ်လာရင် (သညာလို့လဲသိ၊ ဖြစ်ပျက်လို့ လဲသိ) စိတ်ကလေးပေါ်လာရင် (စိတ်လို့ လဲသိ ဖြစ်ပျက်လို့လဲ သိရပါမယ် ဘုရား)။
ဒီလိုဆိုတော့ ငါ-ငါဥစ္စာမဟုတ်ကြောင်း မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား) အဲဒီလို ထင်ရှားတော့ကို ဒီပဋိစ္စ သမုပ္ပါဒ် နှစ်ခုဟာ လာနိုင်သေးရဲ့ လား (မလာနိုင်ပါ ဘုရား)။
ဒါဖြင့် ဒီလိုဆိုလို့ ရှိရင်လဲ၊ အင်း နိဗ္ဗာန် ဆိုတာကိုယ့်အိမ်ကသွားလဲ ရတာပဲ (မှန်ပါ့) ဓမ္မာရုံကသွား လဲ (ရပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်သွားတဲ့ ဥစ္စာသည်ကားလို့ ဆိုရင် နေရာရွေးစရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိပါဘူး၊ ဟင်းချက်ရင်း မီးဖိုချောင်ထဲက သွားတာတွေလဲ ရှိနေတာပဲ (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးသတုံး ဆိုတာဖြင့် ဒကာသစ် ယနေ့တရားပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား) ကဲ ဘာပေါ်ကြသတုံး (သုညတ အရေးကြီး ပါတယ် ဘုရား) သုညတဖြစ်ဖို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အင်မတန် အဖိုးတန်တယ် ဦးမာဒင်ရေ (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်တယ်လို့ ဆိုတာ သေချာပြီ (သေချာပါတယ် ဘုရား)။
သို့သော် ဘုန်းကြီးသည် ပဋိစ္စသမုပ္ပါဒ်ကလေး တစ်ခု ပြပါရစေဦးတဲ့၊ အခု ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ် လေးပြပြီးပါပြီ (မှန်ပါ့)
လောဘပဋိစ္စသမုပ္ပါဒ် (ပြီးပါပြီ) မောဟပဋိစ္စသမုပ္ပါဒ် ကလေးက ကျန်သေးတယ် (မှန်ပါ့ ဘုရား)။
မောဟ ပဋိစ္စသမုပ္ပါဒ်ကလေးက တခြား မဟုတ်ဘူး တဲ့။
ဝေဒနာလေးပေါ်လာတယ်ဆိုလို့ ရှိရင်ဖြင့် ဒီကာဒကာမတို့ သည် ဝေဒနာရယ်လို့ မသိလိုက်ဘူး (မှန်ပါ့) မသိဘဲနဲ့ သူ့ ဟာသူဖြစ် သူ့ဟာသူချုပ်သွားတာ ခင်ဗျားတို့က သိလိုက်သေးရဲ့ လား (မသိပါ) မသိလိုက်တော့ ဒုက္ခသစ္စာ မသိတာဘဲ (မှန်ပါ့) မသိလိုက်တော့ မသိတဲ့ အဝိဇ္ဇာကလာတယ် (လာပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဟော ဒကာ ဒကာမတို့တဲ့ ယခုဘဝ အဝိဇ္ဇာသင်္ခါရနဲ့နော် (မှန်ပါ့) အနာဂတ်ဖြစ်တဲ့ ဝိညာဏ်နဲ့ သွားဆက်ပြန်တယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။
ဒါဖြင့် သုညတမသိလို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ပေါ်တယ် (မှန်ပါ့ ဘုရား)။
သုညတမသိရင် (ပဋိစ္စသမုပ္ပါဒ်သုံးမျိုး ပေါ်ပါတယ် ဘုရား) ဒီဟာ အင်မတန် အခြေပါတယ်လို့ မှတ်လိုက်စမ်းပါ(မှန်ပါ့)။
ဪ ငါတို့ သိနိုင်ခဲ့တဲ့ အဓိပ္ပာယ်လား၊ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သုညတဆိုက်ရင်လဲ သေမင်း မမြင်နိုင်တဲ့ နိဗ္ဗာန်ရောက်တယ်ကွာ တဲ့ (မှန်ပါ့) သဘောကျပလား – (ကျပါပြီ)။
သုညတဆိုက်ရင် – (သေမင်းမမြင်နိုင်တဲ့ နိဗ္ဗာန် ရောက်ပါ တယ် ဘုရား) သေမင်းမမြင်နိုင်တဲ့ နိဗ္ဗာန်ရောက်တယ်လို့ သေသေ ချာချာ ဟောထားပြန်တော့လဲ – သုညတ တရားလဲ အထူး အရေးကြီးတဲ့ တရားထဲ အဝင်အပါ- ပါကလားဆိုတာ အားလုံး ဦးလှဘူးနဲ့ တကွ ဦးမာဒင်တို့ ဒကာသစ်တို့ မှတ်ရလိမ့်မယ်(မှန်ပါ့) မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။
ဒီသုညတဆိုက်ရင်လဲ သေမင်းမမြင်နိုင်တဲ့နေရာ ရောက်သတဲ့ (မှန်ပါ့ ဘုရား) သုညတဆိုက်ရင် – (သေမင်းမမြင်နိုင်တဲ့ နေရာရောက်ပါတယ်)။
အင်း- ဒါသမုတိသစ္စာနယ်ကနေပြီး သေမင်းမမြင်နိုင်တဲ့နေရာ ရောက်တယ်ဆိုတာ နိဗ္ဗာန်ကို ဆိုတာပါပဲ – (မှန်ပါ့)။ – ဒါဖြင့် ဒကာ ဒကာမတို့ ဘာဆိုက်ဖို့ အရေးကြီးသတုံး – (သုညတဆိုက်ဖို့ အရေးကြီးပါတယ် ဘုရား)။
သုညတဆိုက်ဖို့ ဆိုတော့ ဒကာသစ် သေသေချာချာ မှတ်စမ်း ပါ၊ တစ်ခုသော တရားတွေ့လိုက်ရှိရင် ငါမဟုတ်ကြောင်းသိလို့ ရှိရင် – လဲ သုညတဖြစ်ပါတယ် – (မှန်ပါ့) ငါ့ဥစ္စာမဟုတ်ကြောင်း သိလို့ ရှိရင်လဲ – (သုညတ ဖြစ်ပါတယ် ဘုရား)။
သြော်-ဒါဖြင့် ငါမဟုတ်ကြောင်း သိလိုက်လို့ ရှိရင်လဲ သုညတ ဖြစ်တယ်- (မှန်ပါ့) ငါ့ဥစ္စာမဟုတ်ကြောင်း သိပြန်ရင်လဲ (သုညတ ဖြစ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒို ဒီနှစ်လုံးသိဖို့ တယ်အရေးကြီးပါက လား (ကြီးပါတယ် ဘုရား) ဒီနှစ်လုံး သိလိုက်ရင် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ သုညတမဂ်ဟာ ဖြစ်ပေါ်လာတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သုညတမည်တဲ့ မဂ်လာတာပဲ (မှန်ပါ့) မလာပါနဲ့ ဆိုလို့ (မရပါ ဘုရား)။
ဪ ဒါဖြင့် ဒီလိုလုပ်ကြစို့နော် ဒကာ ဒကာမတို့ အလုပ်လုပ်မှပဲ ပေါ်တော့မယ် (မှန်လှပါ ဘုရား)၊ အလုပ် မလုပ်လို့ ရှိရင်ဖြင့် (မပေါ်ပါ ဘုရား) ပေါ်စရာ အကြောင်း မရှိဘူးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ပြပါဦးမယ်၊ ဒကာ ဒကာမတို့ အတော် အရေးကြီးတဲ့ တရားလို့ ဆိုတာကိုလဲ ဒကာ ဒကာမတွေ ကိုယ့် အတွက်မှာဖြင့် အနာရှိတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ကုရမည့်ဆေး ပေးရင် အရေးကြီးတယ်ယူမှာ (မှန်ပါ့)။
အနာပျောက်တဲ့ဆေး ပေးလို့ ရှိရင် အနာရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် အနာပျောက်တဲ့ဆေး ပေးလိုက်လို့ ရှိရင်ဖြင့် ကိုယ့်အတွက်မှာဖြင့် အရေးကြီးတယ်ယူဆမှာ (မှန်လှပါ)။
အဲဒီတော့ ဒကာ ဒကာမတွေ သန္တာန်မှာ ခန္ဓာကိုယ်ကြီးဟာ “ရောဂတော ဂဏ္ဍတော သလ္လတော အယတော အာဗာဓတော” ဆိုတဲ့ မနေ့က ပြောခဲ့တဲ့တရားအတိုင်း ရောဂါအမျိုးမျိုးရှိတဲ့ ခန္ဓာ ကိုယ်ကြီးကို သုညတမဂ်နဲ့ ဒကာ ဒကာမတွေ ကုလိုက်လို့ရှိရင် ပျောက်သွားလို့ ရှိရင်လဲတဲ့ ဪ ဒို့ရောဂါရှိလို့ ဒီတရား ဆေးဟာ အရေးကြီးတာပဲ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ရောဂါ မပျောက်သေးရင်ဖြင့် (အရေးကြီးပါတယ် ဘုရား) အရေးကြီးတာချည့်ပဲဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ရောဂါ မပျောက်သေးရင် (အရေးကြီးတာချည့်ပါ ဘုရား) အရေးကြီးတာချည့် မှတ်ကြဆိုတော့ ဒကာ ဒကာမတို့ ဒါဖြင့် အလုပ်သင်ပါတော့မယ် သုညတ ဆိုက်အောင် (မှန်လှပါ)။
သုညတဆိုက်အောင် ဘာလုပ်တော့မယ် (အလုပ်သင်ပါ တော့မယ် ဘုရား)။
အလုပ်သင်တော့မယ်ဆိုတော့ ကြော် ဘုန်းကြီး တရား ဟောနေတာ နာလို့တော့ကောင်းပါရဲ့ ဘာလုပ်ရမှန်း မသိဘူးလို့ ခင်ဗျားတို့ တော်တော်ကြာ မပြောနဲ့ (မှန်ပါ့)။
ဘုန်းကြီးက တရားဟောတာပဲ အပြောလဲ ကောင်းပါတယ်၊ နားလည်အောင် ရှင်းအောင်လဲ ပြောပါတယ်၊ လုပ်တော့ ဘာလုပ် ရမှန်း မသိဘူးလို့ ဒီအထဲ တချို့ကလဲ ပါချင်ပါမယ် (ပါပါ မယ် ဘုရား) ဒီလို မပါစေနဲ့တဲ့၊ အခု အလုပ်သင်တော့မယ်လို့ မှတ် (မှန်လှပါ ဘုရား)။ ဘာပါလိမ့် (အလုပ်သင်ပါတော့မယ် ဘုရား)။
အလုပ်သင်တော့ အစက ဒီနာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်တွေ ဒါတွေက ပြီးခဲ့ပြီ၊ နေ့တိုင်း နေ့တိုင်း မသင်နိုင် ဘူး (မှန်ပါ့) ရှုနည်းမှတ်နည်းပဲ သင်ဖို့ပဲ (မှန်ပါ့) ဒကာဒကာ မတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာသင်မှာပါလိမ့် (ရှုနည်း၊ မှတ်နည်း သင်မှာပါ ဘုရား) အေး ဒါကို သင်ကြပါစို့ ဒါကို သင်ကြပါစို့၊ ဒီပြင်ဟာ တွေသင်နေလို့ရှိရင်ဖြင့် အရင်လူတွေက တယ်နာတယ် ဒကာသစ် ရ (မှန်ပါ့) မနာဘူးလား (နာပါတယ် ဘုရား)။
အရင် ရုပ်နာမ်ကွဲပြီးသား အကြောင်းအကျိုး ဆက်တတ်ပြီး သား၊ နာမရူပ ပရိစ္ဆေဒဉာဏ် လောက် သိပြီးသား၊ ပစ္စယပရိဂ္ဂဟ ဉာဏ်လောက်ကို သိပြီးသား၊ ပစ္စယ ပရိဂ္ဂဟဉာဏ်ဆိုတာကတော့ ဘုန်းကြီးဟောနေတယ်၊ ဦးမာဒင် နေ့တိုင်း ပဋိစ္စသမုပ္ပါဒ်ပါနေတာ ဒါ ပစ္စယပရိဂ္ဂဟဉာဏ်တွေပါပဲ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒုကာဒကာမတို့ သုညတမဆိုက်ရင် ပဋိစ္စ သမုပ္ပါဒ် ဘယ်နှစ်မျိုးလာသတုံး (သုံးမျိုးလာပါတယ် ဘုရား) သုညတမဆိုက်ရင် သုံးမျိုးလာတယ်နော် (မှန်ပါ့ ဘုရား)။
သုံးမျိုးလာလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခ သစ္စာလာတယ် (မှန်ပါ့) သုံးမျိုးစလုံးဟာ သမုဒယနဲ့ ဒုက္ခ ချည်းပဲ (မှန်ပါ့)။
သုံးမျိုးစလုံးဟာ (သမုဒယနဲ့ ဒုက္ခချည့်ပါ ဘုရား) ကောင်း ပြီ၊ သုညတဆိုက်သွားရင် သမုဒယနဲ့ ဒုက္ခချုပ်တယ် (မှန်ပါ့) ဒါဖြင့် နှစ်ခုချုပ်ရင် နှစ်ခုပေါ်မှာပဲ (မှန်ပါ့)။
နှစ်ခုချုပ်ရင် (နှစ်ခုပေါ်မှာပါ ဘုရား) အင်း ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခချုပ်သွားတယ်ဆိုရင် နိရောဓနဲ့ မဂ္ဂင်ပေါ်ဖို့ပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အေး ဒါကြောင့် ရိုရိုသေသေ ကျိုးကျိုးနွံနွံ လိုလိုချင်ချင် သံသရာဘေးကြောက်ပြီး သကာလ ကိုင်း ဒကာ ဒကာမတို့ နာကြ၊ အလုပ်ပြတော့မယ် (မှန်ပါ့) ကဲ အလုပ်ပြတော့မယ် သေသေချာချာကြည့်ကြ။
ဒကာ ဒကာမတို့ သန္တာန်မှာ ဝေဒနာလဲ သုံးမျိုးပဲရှိတယ် (မှန်ပါ့ ဘုရား) အလွန်ဆုံး ငါးမျိုးရှိတယ် ထားလိုက်ပါတော့၊
သို့သော် သုံးမျိုးထဲ ပေါင်းလိုက်ရင်လဲ အတွင်းဝင်သွားလို့ ဘုရားက သုံးမျိုးပဲလို့ ဟောလိုက်ပါတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ ယားမယ်၊ နာမယ် အောင့်မယ်ဆိုတာ ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား)။
အင်း ဒုက္ခဝေဒနာ သိသွားကတည်းက ဒါပုဂ္ဂိုလ် သတ္တဝါ ပျောက်နေပြီ (မှန်ပါ့ ဘုရား) ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီ ဒကာ ဒကာမ တို့ (မှန်ပါ့) ဒီကတည်းက ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်ဆိုတာ ငါပျောက်တာပဲ (မှန်ပါ့ ဘုရား) ငါတစ်ခု ဆိတ်သုဉ်းသွားပြီ (မှန်ပါ့) ဝေဒနာပေါ်တာကို ဝေဒနာပေါ်မှန်း သိရင် ငါတစ်ခု ဆိတ်သုဉ်းသွားပြီ (မှန်ပါ့ ဘုရား)။
သို့သော်လည်း ဒကာ ဒကာမတွေ ဝေဒနာပေါ်တာ ဝေဒနာ ပေါ်မှန်းသိရင် ငါပျောက်ပြီ (မှန်ပါ့) ဝေဒနာကိုး ဒကာသစ်ရ (မှန်ပါ့) ငါဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။
ဒီဝေဒနာကလေးကို တစ်ခါ ဦးမာဒင်က စောင့်ဆိုင်းပြီး နည်း နည်းကြည့်လိုက်တောပေါ့ဗျာ (မှန်ပါ့) ကြည့်လိုက်တော့ ဝေဒနာ ကလေး၏ သက်တမ်းကလဲ ၁ နဲ့ ၂ ပဲရှိတယ် (မှန်ပါ့) ၁-မှာ ဖြစ်ပြီး ၂ မှာပျက်ရှာတယ် (မှန်ပါ့) မပျက်ဘူးလား (ပျက်ပါ တယ် ဘုရား)။
ဒါဖြင့် အပျက်မြင်လိုက်တယ် (မှန်ပါ့) အပျက်မြင်လိုက် တော့ ငါ့ဥစ္စာရှိသေးရဲ့ လား (မရှိပါ ဘုရား)။
ဟာ ဒါဖြင့် အဖြစ်မြင်ရင် ငါပြုတ်တယ် (မှန်ပါ့ ဘုရား) အပျက်မြင်ရင် ငါ့ဥစ္စာပြုတ်တယ် (မှန်ပါ့) သေချာ ပလား (သေချာပါပြီ ဘုရား)။
အဖြစ်မြင်ရင် (ငါ့ပြုတ်တယ်)၊ အပျက်မြင်ရင် (ငါ့ဥစ္စာ ပြုတ်ပါတယ် ဘုရား)။
သြော် ဒါဖြင့် ဒို့ဟာ ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ် (မှန်ပါ့) ဦးမာဒင် ဒီရောက်တာပဲ (ရောက်ပါတယ်) ဒီ ရောက်တာပဲ၊ ဒီကလွဲလို့ ဟောလို့ မရဘူး (မှန်ပါ့) သုံးဆယ့် တစ်ဘုံထဲမှာ ရှိတာကလဲ ဖြစ်ပျက်ပဲ ရှိတာကိုး (မှန်ပါ့) ဒီပြင်ဟာက တန်ဆာသာဆင်နေရတယ် ဒကာ ဒကာမတို့ ဒါရှုဖို့ ပါပဲ (မှန်ပါ့ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ငါက ဒိဋ္ဌိ၊ ငါ့ဥစ္စာက တဏှာ (မှန်ပါ့) ငါ ငါ့ဥစ္စာ မပြုတ်လို့ ရှိရင်လဲ ပဋိစ္စသမုပ္ပါဒ် တန်းတာပဲ (တန်းပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် ငါ-ငါ့ဥစ္စာ မပြုတ်သတုံးလို့ မေးတဲ့အခါလဲ ဒီက ဓမ္မအပေါ်၌ သုညတမဖြစ်ဖို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဓမ္မအပေါ်၌ (သုညတမဖြစ်လို့ ပါ) ဓမ္မအပေါ်၌ သုညတ မဖြစ်လို့ လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ယားတယ် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ)
ဪ တိုင်း ယားတိုင်း ဒါ-ဒုက္ခဝေဒနာပါကလား ဒါဒုက္ခဝေဒနာပါကလားလို့ သိနေလို့ရှိရင်လဲ ဒကာ ဒကာမတို့ ဝေဒနာအလုပ်သာ ဖြစ်တော့တယ်၊ ငါ့အလုပ်မရှိဘူး (မရှိပါ ဘုရား) ဒီကတည်းက ငါပြုတ်ပြီ-(မှန်ပါ့) မပြုတ်သေဘူးလား(ပြုတ်ပါတယ် ဘုရား)။
ကဲ-ယားတတ်ကြပလားခင်ဗျားတို့- (ယားတတ်ပါပြီ) ယား တိုင်းယားတိုင်းဒါဘာဝေဒနာတုံး-(ဒုက္ခဝေဒနာပါ) သို့သော်လဲ ဒုက္ခဝေဒနာတော့ သိပြီဆိုတော့ ဦးမာဒင် ဘာပြုတ်သွားသတုံး (ငါပြုတ်သွားတယ်) ငါပြုတ်သွားတယ်- (မှန်ပါ့) ငါပြုတ်ပြီနော်(မှန်ပါ့ ဘုရား)။
ငါပြုတ်တယ်၊ စောင့်ကြည့်-စောင့်ကြည့် ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ စောင့်ကြည့်ရတဲ့ အလုပ်မျိုး -(မှန်ပါ့)စောင့်ကြည့်တော့ ဝေဒနာကလေးကလဲ ပျောက်ပျက်သွားတာပဲ – (မှန်ပါ့) ပျောက်ပျက်မသွားဘူးလား (ပျောက်ပျက်သွားပါတယ် ဘုရား) ပျောက်ပျက်သွားတော့ ငါ့ဥစ္စာ မဟုတ်လို့ ပျောက်တာ – (မှန်ပါ့ ဘုရား)။
အင်း – ပျောက်သွားတော့ ဘာပြုတ်သွားပါလိမ့်၊ ငါ့ဥစ္စာပြုတ် သွားပါတယ်၊ တဏှာပြုတ်တယ် – (မှန်ပါ့) ငါ့ဥစ္စာဆိုတဲ့ တဏှာ ပြုတ်တယ်- (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပေါ်လာတယ်လို့ သိလို့ရှိရင် ငါပြုတ်တယ် – (မှန်ပါ့) ပျက်သွားပြီလို့ သိရင် (တဏှာပြုတ်ပါတယ်) ငါ့ဥစ္စာပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါကလေးရှင်းနေအောင် ဦးမာဒင် ပြောရဦးမယ်(မှန်ပါ့) ပြောရမယ်- ပြောရမယ်၊ ဒီဥစ္စာကလေးဟာ ဪ ဒို့ဖြစ်ပျက် အလွန်ကျေးဇူးများတာပါကလားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ယနေ့ ရှင်းရှင်းလင်းလင်းကြီး နားလည်ရတဲ့အတွက် သေပျော်တဲ့တရား (မှန်ပါ့) သေပျော်တဲ့တရားလို့ သေသေချာချာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ့ ဘုရား)။
ကဲ ယားတယ် – ယားတယ် ဒကာ ဒကာမတို့ ကျောကယား တယ်ဟုတ်လား (မှန်ပါ့) ကျောကယားနေရင် ယားတာ ဘာ ဝေဒနာတုံး (ဒုက္ခဝေဒနာပါ) အင်း – ဒုက္ခဝေဒနာကလေး တစ်ခု ပေါ်တာပဲလို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား) ဘာဖြစ်သွားသတုံး- (ငါပြုတ် သွားပါတယ်) ဟာ ဒကာသစ် နေရာကျပြီ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘာပြုတ်သွားသတုံး- (ငါပြုတ်ပါတယ်) မြန်မာလို ငါ ပြုတ်တယ်၊ စာလိုတော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဝေဒနာ့အလုပ်သာရှိတော့တယ်၊ အလုပ် ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ကိုင်း စောင့်ကြည့်ပါဦး၊ စောင့်ကြည့်ပါဦးဆိုတော့ပျက်တာ ကလေးတွေ တွေ့လိမ့်မယ် (မှန်ပါ့) မတွေ့လားဗျာ-(တွေ့ပါ တယ်) ပျက်တာကလေးတွေ့တော့ ငါ့ဥစ္စာမဟုတ်လို့ ပျက်တာပေါ့ (မှန်ပါ့) ငါ့ဥစ္စာဖြင့် စီမံနေသလိုနေဖို့ပဲ (မှန်ပါ့) ဒီလိုကော နေကြရဲ့လား – (မနေပါ) မနေတာ ထောက်တော့ ပျက်တာ မြင်လိုက်တော့ ဘာပြုတ်သတုံး – (ငါ့ဥစ္စာပြုတ်ပါတယ်) နေရာကျ ပြီ (မှန်ပါ့ ဘုရား)။
မြန်မာလိုပြောလိုက်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ငါ့ဥစ္စာ ပြုတ်တာပဲ (မှန်ပါ့) စာလိုပြောကြစို့ ဆိုတော့ တဏှာပြုတ် သွားတယ်- (မှန်ပါ့ ဘုရား)။
စာလိုပြောကြစို့ ဆိုတော့- (တဏှာပြုတ်ပါတယ်) သော်ဒါဖြင့် အဖြစ်မြင်ရင် ငါပြုတ် – (မှန်ပါ့) အပျက်မြင်ရင် ငါ့ဥစ္စာပြုတ်- (မှန်ပါ့ ဘုရား)။
အဖြစ်မြင်ရင်- (ငါပြုတ်ပါတယ်)- အပျက်မြင်ရင် – (ငါ့ဥစ္စာ ပြုတ်ပါတယ်) သဘောကျပလား – (ကျပါပြီ) ရှင်းပြီနော် – (ရှင်းပါ ပြီ ဘုရား)။
ကိုင်း- ဒကာ ဒကာမတို့ ငါ- ငါ့ဥစ္စာပြုတ်တော့ကို ဒါ-သုညတ ဆိုက်သွားပြီ- (မှန်ပါ့) ဝေဒနာအပေါ်၌ သုညတဆိုက်သွားပြီ(မှန်ပါ့) မဆိုက်သေးဘူးလား- (ဆိုက်ပါပြီ ဘုရား)။
ဘယ်အပေါ်၌ဆိုက်ပါလိမ့် – (ဝေဒနာအပေါ်၌ဆိုက်ပါတယ် ဘုရား) ဝေဒနာအပေါ်၌ ငါကော ရှိသေးရဲ့လား – (မရှိပါ ဘုရား) အင်း -ငါ့ဥစ္စ (မရှိပါ) အင်း-ဒါဖြင့်ဝေဒနာအပေါ်၌ သုညတု ဆိုက်သွားတော့ ဒီတရားသည် သုညတမဂ် သွားဖြစ်တယ် – (မှန်ပါ့ ဘုရား)။
ရှုတဲ့တရားကလေးက (သုညတမဂ် သွားဖြစ်ပါတယ် – ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာဖြစ်သွားပါလိမ့် (သုညတမဂ်သွားဖြစ်ပါတယ် ဘုရား) အဲ ဒီက သုညတဖြစ်တော့ ဒီက ရှုတာကလဲ သုညမဂ်ပေါ့(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီဘက်က ပဋိစ္စသမုပ္ပါဒ်လဲ ဘယ်နှစ်မျိုး ပြုတ်သွားပါ လိမ့် သုံးမျိုး (မှန်ပါ့) ဒုက္ခသစ္စာလို့ မသိတဲ့ အဝိဇ္ဇာပဋိစ္စ သမုပ္ပါဒ်လဲ ပြုတ်ပါတယ် (ပြုတ်ပါတယ် ဘုရား) ငါ့ဥစ္စာလို့ စွဲလမ်းနေတဲ့ တဏှာပဋိစ္စသမုပ္ပါဒ်လဲ (ပြုတ်ပါတယ် ဘုရား) ငါလို့ စွဲထားတဲ့ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်လဲ (ပြုတ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဦးလှဘူးတို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ ပဋိစ္စသမုပ္ပါဒ် တစ်ချက်ခုတ် သုံးချက်ပြတ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ – (တစ်ချက်ခုတ် သုံးချက်ပြတ်ပါတယ် ဘုရား)။ – ဒါဖြင့် ဒီဘက်မှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ချုပ်တယ်- (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ- (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချုပ်ပါတယ် ဘုရား)။
ဟာ- ဒကာသစ် သမုဒယနဲ့ ဒုက္ခချုပ်ငြိမ်းလို့ ရှိရင်ဖြင့် ၄-ထဲ မှာ ၂-နှုတ်ရင် (၄-၂- ၂) ၂- ကျန်ရမယ် (မှန်ပါ့) သစ္စာလေးပါး ကိုး- (မှန်ပါ့) ချုပ်ပျောက်သွားတာကို ဘယ်နှစ်သစ္စာတုံး- (နှစ် သစ္စာပါ) ဒါဖြင့် ကျန်ရစ်တာက ဘယ်နှစ်သစ္စာတုံး (နှစ်သစ္စာ ပါ ဘုရား) ကျန်ရစ်တာ နိရောဓနဲ့ မဂ္ဂကျန်ရစ်ရမယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် သြော် နိဗ္ဗာန်နဲ့ -မဂ် ကျန်ရစ်တော့တာပဲ ဆိုတာကို ခင်ဗျားတို့ သုညတဆိုက်တဲ့ပုဂ္ဂိုလ်မှာ ဒါ့ကြောင့် သေမင်း မမြင်နိုင်ဘူးဆိုတော့ သူ-နိဗ္ဗာန်ရောက်လို့ မမြင်ဘူးပြော တာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ဪ ဒကာ ဒကာမတို့ သေပျော်တဲ့တရား ဆိုတာပေါ်ကြ ပလား (ပေါ်ပါပြီ) ကိုင်း ခင်ဗျားတို့ ရှေ့တွင် ဖြတ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပါ (မှန်ပါ့ ဘုရား)။ ဦး
ဦးမာဒင် ဒီဥစ္စာ အပြောလား၊ အမြင်လားဗျာ (အမြင်ပါ ဘုရား) ခန္ဓာဖြစ်စဉ်နဲ့လဲ ဒီအတိုင်းပဲမဟုတ်လား- (ဒီအတိုင်းပါ ဘုရား) ဒါ-ခန္ဓာဖြစ်စဉ်ကိုပြတာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာ ဖြစ်စဉ်ကို ပြခြင်းဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ သုညတဖြစ်ဖို့ သုညတဖြစ်ဖို့ အတော် အရေးကြီး ပါလားဆိုတာပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီက သုညတမဂ်ဖြစ်တော့ကို ဒီဘက်မှာ သမုဒယနဲ့ ဒုက္ခချုပ်သွားတဲ့ အခါကျတော့ အင်း ဒါလဲ ဒကာ ဒကာမတို့ ဒီပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းတဲ့ သင်္ခါရ ဆိတ်သုန်းတဲ့ နိဗ္ဗာန်ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
သုညတနိဗ္ဗာန်ပဲ ပေါ်လာတယ် (မှန်ပါ့) သဘောပကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ရှုစရာသည် ကဲ သုခ ဝေဒနာကလေး စိတ်ထဲချမ်းသာတာ ကလေး ပေါ်လာတယ်၊ ဒကာ ဒကာမတို့ ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။
အင်း ဒီလိုသိလိုက်တယ်၊ ပေါ်တာကလေးသိလိုက်တယ်(မှန်ပါ့) ဒီကတည်းက ဘာပြုတ်သတုံး (ငါပြုတ်ပါတယ်) ငါပြုတ်ပြန်ပြီ (မှန်ပါ့)။
စောင့်ကြည့်- စောင့်ကြည့်ဆိုတော့ ကြည့်ရင်းမတ္တနဲ့ ပျက်လာ တယ် (မှန်ပါ့) မပျက်ဘူးလား (ပျက်ပါတယ်) ဘာပြုတ် သွားသတုံး (ငါဥစ္စာပြုတ်သွားပါတယ် ဘုရား)။
ဒါဖြင့် ငါ-ငါ့ဥစ္စာပြုတ်သွားတော့ကို သုညတမဂ် သွားရတယ် (မှန်ပါ့) ငါ-ငါ့ဥစ္စပြုတ်သွားတယ်ဆိုကတည်းကိုက ဒကာ ဒကာမတို့ သူ သုညတကြောင့် ဖြစ်တဲ့မဂ်ကရနေပြီ (မှန်ပါ့) မရသေးဘူးလား (ရပါတယ် ဘုရား)။
ရရင် ပဋိစ္စသမုပ္ပါဒ်က သုံးခုစလုံး ဘယ်နှယ့်နေသတုံး (ပြုတ်ပါတယ် ဘုရား)။
သုံးခုကိုလဲ သစ္စာဖွဲ့လိုက်တော့ သစ္စာနှစ်ခု (မှန်ပါ့) ဘာ သစ္စာ ဘာသစ္စာတုံး (သမုဒယနဲ့ ဒုက္ခပါ ဘုရား) သမုဒယနဲ့ ဒုက္ခ ပြုတ်ထွက်သွားတယ် (မှန်ပါ့)။
သြော်- ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခ နှစ်ခုပြုတ်ပါတယ် ဆိုကတည်းက ၄ထဲ ၂ နုတ်ပါ – (၂ ပဲ ကျန်ပါတယ် ဘုရား) ဘာကျန်ပါလိမ့်ဗျာ- (နိရောဓနဲ့ မဂ္ဂပါ) နိရောဓနဲ့ မဂ္ဂမကျန်ရစ် ဘူးလား-(ကျန်ရစ်ပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ဟာ ဒကာ ဒကာမတို့သည်ကားလို့ ဆိုလို့ရှိရင် ဖြင့် အဝေးကြီးလား အောက်မေ့နေတယ်၊ တစ်ခုပြုတ်တစ်ခု ကျန်တော့ဆိုတာ သိလိုက်သဖြင့် ဒကာ ဒကာမတို့ အင်မတန် အဖိုး တန်သွားပါပြီ- (တန်ပါပြီ ဘုရား) မတန်သေးဘူးလား (တန်ပါ တယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဝေဒနာပေါ်တိုင်းသိ၊ ဝေဒနာပျက်တိုင်းသိ (မှန်ပါ့) ရှင်းပလား- (ရင်းပါပြီ ဘုရား)။
ဝေဒနာပေါ်တိုင်း- (သိရပါမယ်) ဝေဒနာပျက်တိုင်း- (သိရပါ မယ်) ဒါဖြင့် ပေါ်တာသိတော့ကို ဘာပျောက်သတဲ့ (ငါပျောက်ပါ တယ်) အပျက်သိတော့- (ငါ့ဥစ္စာပျောက်ပါတယ် ဘုရား)။
ငါ့ဥစ္စာ ပျောက်ပါတယ်ဆိုတာ သေချာတော့ သုညတဆိုက် မဆိုက်- (ဆိုက်ပါတယ် ဘုရား) ငါ-ငါ့ဥစ္စာဆိတ်သုဉ်းတဲ့တရား(မှန်ပါ့ ဘုရား)။
ဒီသုခဝေဒနာကလေးဟာ ဘာတဲ့-(ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းတဲ့ တရားပါ ဘုရား) ဒါဖြင့် သုညတမဆိုက်သေးဘူးလား – (ဆိုက်ပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် သုညတဆိုက်တော့ ဒီမဂ်သည်ကားလို့ ဆိုရင် ဖြင့် သုညတမဂ်ဖြစ်သွားတာပဲ (မှန်ပါ့) ဒီမဂ်သည် ဘာဖြတ် ပါလိမ့်မတုံး မေးတော့မှ သမုဒယနဲ့ ဒုက္ခကို (ဖြတ်ပါတယ် ဘုရား)။
ဒါ ခုနင်က ပဋိစ္စသမုပ္ပါဒ် ပြပြီးမို့ ဦးမာဒင် ရှင်းတာနော် (မှန်ပါ့) နို့မဟုတ်ရင် ရှင်းပါ့မလား (မရှင်းပါ ဘုရား)။
ကိုင်း ဒါဖြင့် အားလုံးဒကာ ဒကာမတို့ သုညတ တစ်လုံးဟာလဲ ကိစ္စပြီးပါကလား (မှန်ပါ့ ဘုရား)။
သုညတ တစ်လုံးဟာလဲ (ကိစ္စပြီးပါတယ်) ကိစ္စပြီးတယ် ဆိုတာ ခင်ဗျားတို့ စာမသင် ပေမသင်နဲ့ လဲရှိပါစေတော့ (မှန်ပါ့) ဆရာကောင်း သမားကောင်းလဲ မတွေ့တော့ဘူးဆိုရင် စာအုပ်ထဲ ဘာတွေ ရေးထားထား ဦးမာဒင် မသိဘူး-(မှန်ပါ့) သိပါ့မလား (မသိပါ ဘုရား)။
အခုတော့ဖြင့် တစ်ခုပေါ်လာတာကို ဝေဒနာ ပေါ်လာတာကို ဝေဒနာရယ်လို့ သိရင်ပဲဒိဋ္ဌိပြုတ်ပြန်ပြီ (မှန်ပါ့) ဝေဒနာ ပျက်တာကလေး ဉာဏ်နဲ့ မြင်လိုက်ရင်ပဲ (တဏှာပြုတ်ပါ တယ် ဘုရား)။
တဏှာပြုတ်ပြီဆိုတော့ ငါပြုတ် ငါ့ဥစ္စာပြုတ် (မှန်ပါ့) ဉာဏ်နဲ့ ပြုတ်ရင်ပြီးတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ ဖြုတ်ရမတုံး (ဉာဏ်နဲ့ ဖြုတ်ရပါမယ် ဘုရား) ဉာဏ်နဲ့ ပြုတ်သွားတာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌တဲ့ ဒီဟာ ကလေးတစ်လုံးဟာ ပေါ်လာတဲ့ တရားကလေးတွေ၏ ပေါ်တာ သိမှု၊ ပျက်တာသိမှုသည် ပေါ်တာသိရင် ဒိဋ္ဌိပြုတ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)၊ ပျက်တာ သိရင် တဏှာပြုတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပေါ် တာသိရင် (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ ပျက်တာသိရင် (တဏှာပြုတ်ပါတယ် ဘုရား) ကဲ ဒကာသစ် နေရာကျပြီ (ကျသွားပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ တဏှာဒိဋ္ဌိ ပြုတ်ပါ တယ် ဆိုကတည်းကိုကပဲ တဲ့၊ ပထမနိဗ္ဗာန်မရဘဲခံနိုင်ပါ့ မလား (မခံနိုင်ပါ ဘုရား)။
ပထမနိဗ္ဗာန်ဟာ ဘာမှ ကျင့်စရာမလိုဘူး၊ ဒိဋ္ဌိပြုတ်အောင် လုပ် နိုင်ရင်ပြီးတာပဲ (မှန်ပါ့) ဒိဋ္ဌိနဲ့ တွဲနေတဲ့ တဏှာပြုတ်သွား လို့ ရှိရင်လဲ ပြီးတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ‘ သို့သော် ပထမနိဗ္ဗာန်ကန့်ကွက်တာက ဒိဋ္ဌိခေါင်းဆောင် (မှန်ပါ့) ဒိဋ္ဌိပြုတ်ရင် ပထမနိဗ္ဗာန်ရတာပဲ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့ သုညတတရား အားမထုတ်တဲ့ပုဂ္ဂိုလ်များ ပထမနိဗ္ဗာန်ရဖို့ကို ဒကာသစ် ဝေးပါသေးတယ် (ဝေးပါတယ် ဘုရား) ပထမနိဗ္ဗာန်ကို ကန့်ကွက်နေတာသည် သုညတ နားမလည်မှု (မှန်ပါ့ ဘုရား)။
ပထမနိဗ္ဗာန် မရောက်မှုသည် (သုညတ နားမလည်မှုပါ) သုညတ နားမလည်မှုလို့ဆိုတော့ အခုသေသေချာချာ ကြည့်တော့ စာသိနဲ့ မရပါဘူး (မရပါ) ဉာဏ်နဲ့ ကြည့်မှရမယ်- (မှန်ပါ့ ဘုရား)။
စာသိနဲ့ (မရပါ) ဉာဏ်နဲ့ ကြည့်မှ (ရပါမယ်)ကဲ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်၌ လေကလေးကတိုက် ပန်ကာကလေး အပေါ်ကလည်နေတော့ လေကလေးက တိုက်တော့ ဖောဌဗ္ဗာရုံ ကလာထိတော့ သုခသဟဂုတ်ကာယဝိညာဏ်ဆိုတဲ့ ဝေဒနာကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) သုခဝေဒနာ ကလေးပေါ်တယ် (ပေါ်ပါတယ် ဘုရား)။
သုခဝေဒနာကလေးပေါ်တာကို ပေါ်တာ သိလိုက်တဲ့အခါကျ တော့ ဉာဏ်နဲ့ သိမယ် (မှန်ပါ့) မျက်လုံးနဲ့ ကြည့်လို့ မြင်တာမှ မဟုတ်ဘဲ (မှန်ပါ့) ဉာဏ်နဲ့ ကြည့်ရမယ် (မှန်ပါ့ ဘုရား)။
အင်း မြင်တော့သုခဝေဒနာ အလုပ်ပါကလား၊ သုခ ဝေဒနာပေါ်နေတာပါကလားဆိုတော့ မရှင်းလား (ရှင်းပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဦးမာဒင်ပဲ အကဲခတ်ပါတော့၊ ဦးလှဘူးပဲ အကဲ ခတ်ပါတော့ ပုဂ္ဂိုလ် သတ္တဝါ ပျောက်နေပြီ (ပျောက်နေပါပြီ ဘုရား၊ ငါကော (ပျောက်ပါတယ် ဘုရား)။
ဒါဖြင့် ငါဟူသော ထင်မှတ်မှုမှ ဆိတ်သုဉ်းတယ် (မှန်ပါ့) သုညတဖြစ်နေပြီ (မှန်ပါ့)။
ဒါဖြင့် စောင့်ကြည့်ပါဦးလို့ ဆိုတော့ ဒီဝေဒနာကလေးဟာလဲ နောက်ပန်ကာလေ မလာလို့ရှိရင်ပျက်ပြန်တယ် (မှန်ပါ့)မပျက် ဘူးလား (ပျက်ပါတယ် ဘုရား) အပျက်မြင်လိုက်တဲ့ အခါကျတော့ ငါ့ဥစ္စာကော (ပျောက်ပါတယ် ဘုရား) ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ငါ- ငါ့ဥစ္စာမဟုတ်လို့ သိတဲ့ဉာဏ်ကလေး သည် ဒီသုညတ သူ့အပေါ်မှာ ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းတာကို သိတဲ့ ဉာဏ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်သိတဲ့ဉာဏ်သည် ငါ-ငါ့ဥစ္စာဆိတ်သုဉ်းတာ သိ တဲ့ဉာဏ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် စောင့်ကြည့်ပါဦးလို့ဆိုတော့ ဒီဝေဒနာကလေးဟာလဲ နောက်ပန်ကာလေ မလာလို့ ရှိရင် ပျက်ပြန်တယ် (မှန်ပါ့) မပျက်ဘူးလား (ပျက်ပါတယ် ဘုရား) အပျက်မြင်လိုက်တဲ့အခါ ကျတော့ ငါ့ဥစ္စာကော (ပျောက်ပါတယ် ဘုရား) ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ငါ-ငါ့ဥစ္စာမဟုတ်လို့ သိတဲ့ဉာဏ်ကလေး သည် ဒီသုညတ သူ့အပေါ်မှာ ငါ-ငါ့ဥစ္စ ဆိတ်သုဉ်းတာကို သိတဲ့ ဉာဏ် (မှန်လှပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်သိတဲ့ဉာဏ်သည် ငါ-ငါ့ဥစ္စာ ဆိတ်သုဉ်းတာသိ တဲ့ဉာဏ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဉာဏ်သည် ပထမဝိပဿနာဉာဏ်- (မှန်ပါ့ ဘုရား) ရှုပါများရင်- မဂ်ဉာဏ်ဖြစ်ရမယ် (မှန်ပါ့)။
ရှုပါများရင်- (မဂ်ဉာဏ်ဖြစ်ရပါမယ် ဘုရား) မုန်းလာမယ်၊ ဒီ သုညတတွေဟာ သုညတလဲ ဟုတ်တာပဲ၊ ဖြစ်ဒုက္ခ ၊ ပျက်ဒုက္ခလဲ ဟုတ်တာပဲ (မှန်ပါ့) “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဇတိ” ဆိုပြီး ဉာဏ်တက်လိုက် (မှန်ပါ့ ဘုရား)။ ဪ ဖြစ်တာလဲဒုက္ခပဲ၊ ပျက်တာကော (ဒုက္ခပါပဲ ဘုရား)။
ဒီလိုဉာဏ်တက်လိုက်တဲ့အခါ ဒုက္ခကို ပရိညေယျနဲ့ ပိုင်းခြားသိ လိုက်တယ်(မှန်ပါ့) ဖြစ်လာတာလဲဒုက္ခပဲ၊ ပျက်တာလဲဒုက္ခပဲ၊ ဒီအထဲ ဒုက္ခမှ တစ်ပါး ဘာမှမရှိလို့ ဆုံးဖြတ်ချက်ချ လိုက်လို့ရှိရင် ဒါ ပရိညေယျနဲ့ ပိုင်ပိုင်နိုင်နိုင်သိတာပဲ-(မှန်ပါ့) မသိသေးဘူးလား (သိပါတယ် ဘုရား)။
အဲဒီကဲ့သို့ ပိုင်ပိုင်နိုင်နိုင် သိလိုက်တဲ့အခါကျတော့ ဒီမဂ်ဟာ ဝိပဿနာမဂ်က လောကုတ္တရာမဂ်ဖြစ်သွားတယ်(မှန်ပါ့) မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လောကုတ္တရာမဂ်ဖြစ်သည်နဲ့ တစ်ပြိုင်နက်တည်း ခုနင် က ဖြစ်ပျက်တာတွေဟာ ဒကာသစ်ရေ အကုန်ချုပ်ဆုံးရမယ် (ချုပ်ဆုံးရပါမယ် ဘုရား) ချုပ်ဆုံးသွားတဲ့အခါကျတော့ – ဒီဘက်မှာ နိရောဓသစ္စာပေါ်မပေါ် (ပေါ်ပါတယ် ဘုရား) ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ (မှန်ပါ့) ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား)။
ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခလဲ ကိုယ့်ဉာဏ်ထဲမှာလဲ ထင်ပါရော ဒုက္ခတွေကော ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား)။ ဒါဖြင့်ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီဘက်က ဒုက္ခနိရောဓော နိဗ္ဗာနံ လဲပေါ်ပါရော ဒီဘက်က တဏှာနိရောဓော နိဗ္ဗာနံလဲ ဖြစ်သွားမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
တဏှာနိရောဓော (နိဗ္ဗာနံပါ ဘုရား) ဟော မဂ်သည်ကားလို့ ဆိုရင်ဖြင့် ဒုက္ခကိုလဲ ဒကာ ဒကာမတို့ သိတယ်၊ နိဗ္ဗာန်ကိုလဲ မြင်တယ် (မှန်ပါ့) တဏှာကိုလဲ သတ်တယ် (မှန်ပါ့) မဂ်ကိစ္စသည် သေးသလား (မသေးပါ ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား)။
ဒါကြောင့် အဌကထာ ဆရာများ ဥပမာပြတော့ လှေတစ်ခုကို , ဒကာသစ်ရေ ဝန်တင်လိုက်စမ်းပါ (မှန်ပါ့) ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို လှော်ပြီးပို့လိုက်ဗျာ (မှန်ပါ့)။
လှေကိစ္စသည် ဒကာ ဒကာမတွေ ဝန်ကိုလဲ ဟိုဘက်ရောက် အောင်ပို့တယ် (ပို့ပါတယ် ဘုရား) ရေကိုလဲ ဖြတ်တယ် (ဖြတ်ပါတယ် ဘုရား) ဒီမှာဘက်ကမ်းမှလဲခွာတယ် (ခွာပါ တယ် ဘုရား) ဟိုမှာဘက်ကမ်းလဲ ရောက်တယ် (ရောက်ပါ တယ် ဘုရား) အင်း လှေသည် ဘယ်နှစ်လုပ် လုပ်ပါလိမ့်(လေးလုပ်ပါ ဘုရား)။
ဒီမှာဘက်ကမ်းမှ ခွာတာလဲ လှေပဲ (မှန်ပါ) ဟိုမှာဘက်ကမ်း ပို့တာလဲ (လှေပါပဲ ဘုရား)၊ ဝန်ကိုဆောင်တာလဲ (လှေပါပဲ ဘုရား)၊ ရေဖြတ်တာလဲ (လှေပါပဲ ဘုရား)၊ ဪ လှေသည် ဘယ်နှစ်လုပ် လုပ်ပါလိမ့် (လေးလုပ်ပါ ဘုရား)။
အဲ ဒီမှာလဲ ခင်ဗျားတို့ အားထုတ်နေတဲ့မဂ္ဂင်ဟာ တဏှာ ဖြတ်တာလဲသူပဲ (မှန်ပါ့ ဘုရား)၊ ဒုက္ခဝန်ကြီးတွေကို ချုပ်ကင်းအောင် လုပ်တာလဲ (သူပါပဲ ဘုရား)၊ နိဗ္ဗာန်တည်းဟူသော ဟိုမှာ ဘက်ကမ်း ပို့တာကော (သူပါပဲ ဘုရား)၊ ဤမှာဘက်ကမ်းတည်းဟူသော သက္ကာယဒိဋ္ဌိနယ်မှ ခွာတာကော (သူပါပဲ ဘုရား)။
ဪ ဒါဖြင့် ဒို့မဂ်သည်ကား လို့ဆိုရင်ဖြင့် ဘာမှ သံသယရှိဖို့မလိုဘူး၊ နိဗ္ဗာန်တည်းဟူသော ဟိုမှာဘက်ကမ်းကို သူပို့တာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဥပေက္ခာဝေဒနာကလေး တစ်လုံး ကျန်သေးတယ် (မှန်ပါ့) ကဲ-မျက်လုံးထဲမှာမြင်ကာမျှ မတ္တ ဘာ ဝေဒနာတုံး (ဥပေက္ခာဝေဒနာပါ ဘုရား) ကြားကာမျှ မတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) နံကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) ဒါ အလုပ်သင်နေတာနော် (မှန်ပါ့) စားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ ဘုရား) အဲ လျှာပေါ်မှာပေါ်တာ ကလေးဟာ ဥပေက္ခာဝေဒနာ (မှန်လှပါ) ဝမ်းထဲမှာ အလုံးစုံ အကုန် ဒကာ ဒကာမတို့ ကမ္မဿကာ ထားနိုင်တာတွေကော (ဥပေက္ခာဝေဒနာပါ ဘုရား)။
အဲဒီ ဥပေက္ခာ ပေါ်တိုင်း-ပေါ်တိုင်း ဥပေက္ခာငါးခုပေါ့ဗျာ(မှန်ပါ့) အဲဒါ ပေါ်တိုင်း-ပေါ်တိုင်း ပေါ်လာတာသိလို့ ရှိရင်ဖြင့် ဥပေက္ခာလို့ သိလိုက် (မှန်ပါ့) ငါပြုတ်ပြီ (မှန်ပါ့) ပျက်သွား တာမြင်လိုက်တော့ (ငါ့ဥစ္စာပြုတ်ပါတယ် ဘုရား) ငါ့ဥစ္စာပြုတ် တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဥပေက္ခာကလေးပေါ်လာတာသိတော့-(ငါပြုတ်ပါတယ် ဘုရား) ပျက်သွားတာသိတော့ (ငါ့ဥစ္စာ ပြုတ်ပါတယ် ဘုရား) ငါ့ဥစ္စာ ပြုတ်တယ်ဆိုကတည်းက သုညတဆိုက်မဆိုက် (ဆိုက်ပါတယ် ဘုရား)။
ဒါ ငါ-ငါ့ဥစ္စာ မဟုတ်တဲ့တရား ဘယ်သူတုံး လို့ မေး လို့ရှိရင် ခုနင်က ဒီအနား ဖြစ်ပျက်ဘုရာ့ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ငါ-ငါ့ဥစ္စာ မဟုတ်တဲ့တရား ဘယ်တရားပါလိမ့် (ဖြစ်ပျက် ပါ ဘုရား) တပည့်တော်တို့ ရှုနေတဲ့ ဖြစ်ပျက်ဘုရာ့ (မှန်ပါ့)ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ငါ- ငါ့ဥစ္စာမဟုတ်တဲ့တရား ဘယ်တရားပါလိမ့် (တပည့်တော်တို့ရှုနေတဲ့ ဖြစ်ပျက်ပါ ဘုရား)။
တပည့်တော်တို့ ရှုနေတဲ့ ဖြစ်ပျက်ဟာ ငါ-ငါ့ဥစ္စာမဟုတ်တဲ့ တရားပဲ (မှန်ပါ့) အဖြစ် မြင်ကတည်းက ငါပြုတ်နေပြီ (မှန် ပါ ဘုရား) အပျက်မြင်ကတည်းက (ငါ့ဥစ္စာပြုတ်ပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့ လုပ်နေတဲ့ဖြစ်ပျက်ဟာ ဒိဋ္ဌိခွာပြီးသား(မှန်ပါ့) တဏှာခွာပြီးသား-(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်တန်းပါဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား) သြော် ဒကာသစ် သေပျော်ပြီ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဝေဒနာသုံးပါးတို့ကို ဒကာ ဒကာမတို့ မျက်လုံးထဲ မြင် တဲ့ ဝေဒနာကလေးပေါ်လာရင် ဥပေက္ခာကလေး ပေါ်တယ်လို့ သိပေးပါ (မှန်ပါ့) အင်း ဒါဖြင့် ပြုတ်ပြီ- (မှန်ပါ့ ဘုရား)။
ဒါကလေးဟာလဲ ကြည့်ရင်း မတ္တနဲ့ပဲ ပျောက်ထွက်သွားတယ်(မှန်ပါ့) ပျောက်ထွက်သွားတော့ ဖြစ်ပြီးပျက်သွားတယ်- (မှန်ပါ့) ပျက်သွားတာ သိလိုက်တော့ ငါ့ဥစ္စာက-(ပြုတ်သွားပါတယ် ဘုရား) ငါ့မျက်လုံး ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။
အဲ နဂိုကလဲ ငါမဟုတ်၊ အပျက်မြင်တဲ့အတွက် ငါ့ဥစ္စာလဲ မဟုတ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါကြောင့် စာကအဖြစ်မြင်ကတည်းကကွာ အဖြစ်မြင်ကတည်း က ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိလဲသေပါပြီကွာ တဲ့၊ (မှန်ပါ့) ပျက်တာမြင်တော့ သဿတဒိဋ္ဌိ သေပါပြီကွာ၊ ဒိဋ္ဌိကလဲသေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဖြစ်မြင်လိုက်တော့ (ဥစ္ဆေဒဒိဋ္ဌိ ပါတယ် ဘုရား) အပျက်မြင်လိုက်တော့ (သဿတဒိဋ္ဌိ သေပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဟာ ပထမနိဗ္ဗာန် မရောက်ပါနဲ့ ဆိုလို့ မရ တော့ဘူး ဒိဋ္ဌိချုပ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။
အဲ အခု နောက်ဆုံးပိတ်ပြောလိုက်တော့ ဒိဋ္ဌိကို အဓိက ထားတယ် (မှန်ပါ့) သေတော့ ဒိနဲ့ တွဲနေတဲ့ တဏှာလဲ ရောပြီးတော့ သေတာပဲ (မှန်ပါ့) မသေပါနဲ့ဆိုလို့ ရရဲ့ လား (မရပါ ဘုရား)။
သို့သော် အဓိကထားသတ်တာက ဒိဋ္ဌိလို့ မှတ်လိုက်(မှန်ပါ့) သုညတ တရားမှာ ဒိဋ္ဌိအဓိကထား သတ်တယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အဖြစ်မြင်လိုက်ရင်ဘယ်ဒိဋ္ဌိသေသတုံး (ဥစ္ဆေဒဒိဋ္ဌိပါတယ်) အပျက်မြင်လိုက်ရင် (သဿတ ဒိဋ္ဌိ သေပါတယ် ဘုရား)။
အဲ အဖြစ်ဆိုတာတဲ့ ဖဿပစ္စယာ ဝေဒနာကိုး (မှန်ပါ့) ဒီကတည်းက အဖြစ်ကို မြင်လိုက်ကတည်းကိုက အကြောင်းကြောင့် အကျိုးဖြစ်တာ သိလိုက်ကတည်းကိုက ဥစ္ဆေဒ ဒိဋ္ဌိရှိသေးရဲ့ လား (မရှိပါ ဘုရား) အပျက်မြင်လိုက်ကတည်းကို က ခိုင်တာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲလို့ အပျက်မြင်လိုက်ကတည်းကိုက သဿတဒိဋ္ဌိ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်ကိုမြင်တဲ့ ဒကာ ဒကာမများ ဒိဋ္ဌိနှစ်ပါးသေတဲ့ ပထမနိဗ္ဗာန်ရောက်မယ် (မှန်ပါ့) သက္ကာယဒိဋ္ဌိကတော့ သူတို့ နှစ်ခုသေရင် ရောပြီးသေတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သက္ကာယ ဒိဋ္ဌိကိုလဲ စောစောကဖြတ်ခဲ့ပါပြီ (မှန်ပါ့) သဿတဥစ္ဆေဒကိုလဲ အခုနောက်ဆုံးပိတ်ဖြတ်ပေးလိုက်တဲ့အဖြစ် မြင်လို့ရှိရင် ဥစ္ဆေဒကိုလဲ အခုနောက်ဆုံးပိတ် ဖြတ်ပေးလိုက်တဲ့ အဖြစ်မြင်လို့ ရှိရင် ဥစ္ဆေဒဒိဋ္ဌိသေပြီ (မှန်ပါ့) အပျက်မြင်လိုက်ရင် (သဿတဒိဋ္ဌိ သေပါပြီ ဘုရား)။
အထူးသတ်လို့သေတာလား၊ ဒကာ ဒကာမတို့ အကြောင်းဖြစ် လို့ အကျိုးဖြစ်တယ်လို့ ခင်ဗျားတို့ သိပြီးသား (မှန်ပါ့) အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုတာ (သိပြီးသားပါ ဘုရား)။
အဲဒီတော့ သုညတလဲဆိုက် ဒိဋ္ဌိကလဲသေ ဖြစ်သောကြောင့် “ဒိဋ္ဌိနိရောဓောနိဗ္ဗာနံ” (မှန်ပါ့) ပထမ နိဗ္ဗာန်ရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ရှုကောရှုတတ်ပလား (ရှူတတ်ပါပြီ) ဘယ်ဝေဒနာ ပေါ်လာ-လာ ဖြစ်ပျက်ရှု (မှန်ပါ့) သုခပေါ်လဲ (ဖြစ်ပျက် ရှုရပါမယ်) ဒုက္ခပေါ်လဲ (ဖြစ်ပျက်ရှုရပါမယ်) ဥပေက္ခာပေါ်လဲ (ဖြစ်ပျက်ရှုရမယ်) ဖြစ်ပျက်ရှုလိုက်လို့ ရှိရင်ဖြင့်သုညတမဆိုက် ဘူးလား (ဆိုက်ပါတယ် ဘုရား)။
ဒါဖြင့် ငါပြုတ်၊ ငါ့ဥစ္စာပြုတ်၊ သဿတပြုတ်၊ ဥစ္ဆေဒပြုတ်၊ သက္ကာယပြုတ် (မှန်ပါ့) မပြုတ်ပါနဲ့ ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား) ကဲ ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။
အဲ မောဃရာဇရဟန်းကိုဟောလိုက်တာ မင်း-ဒါသာမြင် လို့ ရှိရင် သေမင်းမမြင်နိုင်တဲ့နိဗ္ဗာန် ရောက်ပါပြီကွာ ဆိုတာကော ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ် ဘုရား) ရှင်းပြီ နော်-(ရှင်းပါပြီ ဘုရား)။
ကဲ- နာရီစေ့ပြီ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။