ဒါနခန်း အမှတ်(၁)
စာအုပ်နံပါတ် (၄)၌ တရား(၂)ပုဒ်ပါဝင်ပါသည်။
ဒါနခန်း
ကထိန်အကြိုတရား
(၂၁-၁၁-၆၁)
ကထိန်ရေစက်ချတရား
(၂၂-၁၁-၆၁)
အမှတ်-(၁)
ကထိန်အကြိုတရား (၂၁-၁၁-၆၁)
အသံဖိုင်ခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ်နှင့် လှူနည်းသင်တရားတော်
စာအုပ်ခေါင်းစဉ်= ဒါနခန်းတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့ – ဓမ္မာရုံ၌
ဟောကြား ပြသ ဆုံးမတော်မူအပ်သော
ပဋိစ္စသမုပ္ပါဒ် အလုပ်ပေးတရားတော်(၄)
(၂၁-၁၁-၆၁)
တကာတကာမတို့ စာလိုတော့ ပဋိစ္စသမုပ္ပါဒ်၊ မြန်မာ လိုတော့ ခန္ဓာ၏ လမ်းစဉ်လို့ မှတ်ပါ (မှန်လှပါ) မြန်မာလို ဘယ်လို မှတ်ကြမယ် (ခန္ဓာ၏ လမ်းစဉ်လို့ မှတ်ရပါမယ် ဘုရား)။
ခန္ဓာ၏ လမ်းစဉ်၊ ခန္ဓာ ဒီအစဉ်အတိုင်း သွားနေတယ် ဒီအကြောင်း အကျိုးအတိုင်း ဆက်နေတယ် ဆိုတာကို အားလုံ တကာ တကာမတွေ မှတ်ကြရမယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ တကာတကာမတွေ သိတဲ့အတိုင်း အတိတ် အကြောင်း ငါးပါးထဲမှာ အဝိဇ္ဇာဆိုတာ ပါ, ပါတယ် (ပါ, ပါတယ် ဘုရား)။
တကာတကာမတွေ သိထားတာက အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်လှပါ) သြော် ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကမင်းတို့ကွာ လူခန္ဓာတွေ၊ နတ်ခန္ဓာတွေ ဆိုတဲ့ဥစ္စာ အဝိဇ္ဇာမူတည်တာပဲလို့ပြောလိုက်တယ် (မှန်လှပါ ဘုရား)။
လူခန္ဓာ, နတ်ခန္ဓာတွေ ဖြစ်ကြောင်းမှာ ဘယ်ဟာမူတည် ပါလိမ့်(အဝိဇ္ဇာ မူတည်ပါတယ် ဘုရား) အဝိဇ္ဇာ မူတည်တယ် လို့တကာတကာမတွေမှတ်ထားကြပါ(မှန်ပါ့) အဝိဇ္ဇာ မူတည် တယ် ဆိုတော့ အဝိဇ္ဇာဆိုတာက ဒကာကြွယ် ဘာမသိတာတဲ့တုံး (သစ္စာလေးပါး မသိတာပါ ဘုရား)။
သစ္စာလေးပါး မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာ ခေါ်ပါတယ်) သြော် ဒါဖြင့် သစ္စာလေးပါး မသိတာ အဝိဇ္ဇာ လို့ဆိုတာ၊ သြော် ငါတို့မှာ အတိတ်က အဝိဇ္ဇာရှိခဲ့တယ် ဆိုတာမှတ်ပါ (မှန်လှပါ ဘုရား)။
အတိတ်က ဘာတွေနဲ့နေခဲ့, ထိုင်ခဲ့ကြရသလဲ(အဝိဇ္ဇာ နဲ့နေခဲ့ ထိုင်ခဲ့ကြရပါတယ် ဘုရား) ဘာမသိတာနဲ့ နေခဲ့ကြပါလိမ့် (သစ္စာလေးပါး မသိတာနဲ့ နေခဲ့ကြပါတယ် ဘုရား) သစ္စာလေးပါး မသိတာနဲ့ နေခဲ့ကြရတော့ကို တဲ့၊ တကာ တကာမတွေက ကုသိုလ်လဲ ပြုကြတယ် (မှန်ပါ ဘုရား) ဒါ သင်္ခါရဆိုတာ ကုသိုလ်ပါပဲ (မှန်ပါ့)။
ကုသိုလ်ပင် ပြုငြားသော်လဲ ဒီဘက်မှာ လာစပ်တယ်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပဲ ပြန်ရတယ် (မှန်လှပါ) သော် တကာ တကာမတွေ သစ္စာလေးပါး မသိတဲ့ အဝိဇ္ဇာနဲ့ ပြုလုပ်လိုက်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရတယ်လို့ ဦးသန်းမောင် မှတ်စမ်းပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် ကုသိုလ်တော့ပြုတာပဲ၊ ဘာတွေရသတုံး လို့ မေးတော့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရတယ် (မှန်လှပါ) ကုသိုလ်ပြုလို့ (ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုံးလို့ မေးတော့ တကာ တကာမတွေ အဝိဇ္ဇာက သစ္စာမသိဘူး (မှန်လှပါ) အဝိဇ္ဇာက သစ္စာမသိတော့ သူခိုင်းတာလုပ်တဲ့ ကုသိုလ်ဟာ ဒုက္ခသစ္စာ ရတယ် (မှန်လှပါ) ဦးသန်းမောင် သေသေချာချာ မှတ်စမ်းပါ၊ ဒီဟာ ကြားရ၊ နာရခဲတယ်ဆိုတာ ဒကာ ဦးလှဘူး၊ ဒကာကြွယ် အရေးကြီးတယ်နော် (အရေးကြီး ပါတယ် ဘုရား)။
အဲဒါက ဘယ်သူ့ ဟောနေပါလိမ့်မလဲလို့ မေးတော့၊ ဘုန်းကြီးနဲ့တကွ ဘုန်းကြီးတို့ တကာတကာမတွေဟာ အခု ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးနဲ့ ခွဲကို မခွဲရသေးဘူး (မှန်လှပါ ဘုရား)။
ဒီလိုနေကြတာဟာ တဲ့၊ ဘယ်လိုကြောင့် တို့ ဒီလို နေရပါလိမ့်မတုံးဆိုတော့ အတိတ်ကို ပြန်စဉ်းစားပါ၊ သစ္စာလေးပါး မသိခဲ့လို့ ကျုပ်တို့ ကုသိုလ် သင်္ခါရလုပ်ခဲ့တယ် (မှန်ပါ့) မလုပ်ခဲ့ဘူးလား(လုပ်ခဲ့ပါတယ် ဘုရား) ဒီကြည့်ပါ၊ သစ္စာ လေးပါးမသိတော့ ကုသိုလ်သင်္ခါရ လုပ်ခဲ့တယ် ) (မှန်လှပါ)။
အတိတ်ဘဝက ဘာတွေလုပ်ခဲ့ပါလိမ့် (ကုသိုလ် သင်္ခါရ လုပ်ခဲ့ပါတယ် ဘုရား) သိပြီးလုပ်တာလား၊ မသိဘဲနဲ့ လုပ်တာလား (မသိဘဲနဲ့လုပ်တာပါ ဘုရား)။
သြော် ဘာမသိဘဲနဲ့ လုပ်ပါလိမ့်မတုံး ဒီသင်္ခါရတွေ ဆိုတော့ ဟောဒီ ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါးကြီး ရမှုကို မသိဘဲနဲ့ လုပ်ခဲ့တယ် (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးဟာ တကာ တကာမတို့ အိုမှု, နာ, သေမှု ကင်းပါ့မလား (မကင်းပါ ဘုရား)။
မကင်းတဲ့ ဒုက္ခသစ္စာကြီး ရအောင် ကျုပ်တို့သည် ဘယ့်နှယ်ကြောင့် လုပ်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်တဲ့၊ မသိတဲ့ အဝိဇ္ဇာနဲ့ ပြုလုပ်တဲ့ ကုသိုလ်သင်္ခါရ (မှန်လှပါ ဘုရား)။
ဒကာကြွယ်ရိပ်မိပလား(ရိပ်မိပါပြီ) မသိတဲ့အဝိဇ္ဇာနဲ့ (ပြုလုပ်တဲ့ သင်္ခါရပါ ဘုရား) ပြုလုပ်တဲ့ သင်္ခါရကြောင့် သုံးတန်းကိုကြည့် ၁, ၂, ၃၊ ဒီအတန်းကို ဒီနေ့ ဟောလိမ့် မယ်နော် (မှန်ပါ ဘုရား)။
မသိတာက အဝိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ် ပြုလုပ်တဲ့ကုသိုလ်က သင်္ခါရ၊ ဘာသစ္စာတုံး (ဒုက္ခနဲ့ သမုဒယသစ္စာပါ ဘုရား) သမုဒယသစ္စာလုပ်ခဲ့ကြတယ် (မှန်ပါ) ကိုယ့်စာရွက်ထဲလဲ ကိုယ်ကြည့်ပါ၊ ဘာသစ္စာ လုပ်ခဲ့ကြသလဲ (သမုဒယသစ္စာ လုပ်ခဲ့ပါတယ် ဘုရား)။
ဒကာကြွယ်ခင်ဗျားကတော့ အကောင်းထင်နေတယ် (ထင်ခဲ့ပါတယ် ဘုရား) သစ္စာနဲ့ ကြည့်လိုက်တော့ ဘာသစ္စာလုပ်ခဲ့သလဲ (သမုဒယသစ္စာလုပ်ခဲ့ပါတယ် ဘုရား)။
စာရွက်ထဲမှာလဲ ထောက်ကြည့်ပါ တကာတကာမတို့၊ အတိတ်အကြောင်းက သမုဒယသစ္စာပဲ ပါ, ပါလိမ့်မယ် ဦးသန်းမောင်(ပါ, ပါတယ် ဘုရား)ဒကာသစ်မတွေ့ဘူးလား (တေ့ွပါတယ် ဘုရား)။
နောက်က တကာတကာမတွေ ခင်ဗျားတို့သည် မသိတဲ့ အဝိဇ္ဇာအုပ်ချုပ်ပြီး သကာလတဲ့ ၊ လှူခဲ့ တန်းခဲ့တဲ့ ကုသိုလ်သင်္ခါရလုပ်ပါတယ် (မှန်လှပါ ဘုရား) အဝိဇ္ဇာ ပစ္စယာသင်္ခါရာ (မှန်ပါ့) သစ္စာလေးပါး မသိတာနဲ့ တဲ့ လူဘဝ, နတ်ဘဝရောက်ကြောင်း သင်္ခါရလုပ်ပါတယ် (မှန်လှပါ)။
ဒါဖြင့် ကုသိုလ်လုပ်ခဲ့တယ်ဆိုငြားသော်လဲဒီကုသိုလ်ဟာ ဘာသစ္စာတုံး (သမုဒယသစ္စာပါ ဘုရား) ကောင်းကောင်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ကုသိုလ်လဲ လုပ်ခဲ့တာပါပဲ (မှန်ပါ့ ဘုရား) ဒီကုသိုလ် ဘာသစ္စာပါလိမ့်(သမုဒယသစ္စာ ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ ၊ ဦးသန်းမောင်တို့ သမုဒယသစ္စာ လုပ်ခဲ့လို့ ရှိရင်တော့ ဒုက္ခသစ္စာ ကိုယ်တိုင်ရတော့မှာပဲ (မှန်လှပါ ဘုရား) ဘာဖြစ်လို့ပါလိမ့် (သမုဒယသစ္စာ လုပ်ခဲ့လို့ ဒုက္ခသစ္စာ ရတာပါ ဘုရား) သမုဒယသစ္စာ လုပ်ခဲ့တဲ့အတွက် သေသည်၏အခြားမဲ့၌ ဘာသစ္စာ ရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
ဪ ခင်ဗျားတို့ ကုသိုလ်လဲ ပြုရသေးရဲ့။ ဒုက္ခသစ္စာလဲ ရသေးရဲ့ (မှန်လှပါ ဘုရား) ဒီလိုဆိုတော့ ဒကာကြွယ်ရှုံးပြီ(ရှုံးပါပြီ ဘုရား) ရှုံးပြီ(ရှုံးပါပြီ ဘုရား) ဦးသန်းမောင် ဘယ့်နှယ်လဲ (ရှုံးပါပြီ ဘုရား)။
ဒါ့ကြောင့် ဒကာရင်း ဆရာရင်းတွေ ဖြစ်တဲ့ တကာ တကာတွေကြတော့ ပြောရတယ်၊ အလှူနောက်ထားစမ်းပါဦး၊ အသိရှေ့ထားပါ (မှန်လှပါ ဘုရား) ကဲ ဦးသန်းမောင် ပြောသင့် မပြောသင့် (ပြောသင့်ပါတယ် ဘုရား)။
အလှူကို နောက်ထားပါဦး တကာတကာမတို့ ၊ အသိထားပါ (မှန်လှပါ ဘုရား) ပြီးမှ လှူပါ (မှန်ပါ့) ဆိုတော့ ဘုန်းကြီးပြောတာက တကာတကာမတွေ အကျိုး ရှိအောင်လို့ ပြောတယ်လို့ ဆိုတာ ဦးသန်းမောင်တို့ စိတ်ဆိုးဖို့ မလိုဘူး (မလိုပါ ဘုရား)။
မလှူနဲ့လို့ ပြောတာမဟုတ်ဘူး၊ လှူပါ၊ သို့သော်လဲ အလှူ နောက်ထားပါဦး၊ အသိရှေ့ထားပါ (မှန်လှပါ ဘုရား) ဒကာကြွယ် တောင်းပန်သင့် မတောင်းပန်သင့်(တောင်းပန် သင့်ပါတယ် ဘုရား)။
ဘာဖြစ်လို့တုံးဆိုတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာလုပ်မှာ စိုးလို့ (မှန်လှပါ ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရာသည် ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရာကြည့်လိုက်တော့ ဒီမှာ ကြည့်လိုက် တော့ သမုဒယသစ္စာ (မှန်လှပါ ဘုရား) ကဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခုနကပြောတဲ့စကားလေးကို တကာတကာမတွေ အားလုံးပေါ့ဗျာ မတိမ်းကြပါနဲ့၊ အသိရှေ့ထားပြီး အလှူနောက်ထားပါ(မှန်လှပါ ဘုရား) အသိထားပါ (အလှူ နောက်ထား ရမှာပါ ဘုရား)။
ဘာဖြစ်လို့တုံးဒကာကြွယ် လှူတာပဲမြန်မြန်ဆန်ဆန် အလှူခိုင်းပြီးရော၊ သေလွယ် ရှင်လွယ် ကြီးပဲ၊ သေခါလဲ နီးနေပြီ။
ဒါပေမယ့်ဘုန်းကြီးကလည်းနောက်ထားပါဦးဆိုနေတယ်၊ တပည့်တော်တို့က အသေစောသွား မခက်ဘူးလား (မှန်လှပါ ဘုရား)။ ။
အိုး မင်းတို့ အသေစောတာ ကိစ္စမရှိဘူး၊ နောင် တစ်ဖန် သေမှာ စိုးလို့ပေါ့ (မှန်လှပါ ဘုရား)မသိဘဲနဲ့ လှူတော့ နောင်တစ်ဖန် ဒီအအို, အသေ မရပေဘူးလားဗျ (ရပါတယ် ဘုရား) ဒီခန္ဓာငါးပါး ရလာတော့ ဒုက္ခသစ္စာ မရပေဘူးလား (ရပါတယ်)။
အဲဒီတော့ ခင်ဗျားတို့ ပြောတဲ့ ဆင်ခြေကို ဘုန်းကြီးက မလိုက်နိုင်ဘူး (မှန်ပါ့) မလိုက်နိုင်ပါဘူး တကာတကာမတို့ (မှန်လှပါ ဘုရား)။
ဦးသန်းမောင်တို့ အလှူကို လှူတော့မယ်၊ ဒကာကြွယ်က အလှူကြီး လှူတော့မယ်၊ တစ်သက်မှ တစ်ခါဆိုသလိုပဲ အကြောင်း ညီညွတ်မှ လှူရ, တန်းရ, ပေးရ, ကမ်းရတာ၊ တပည့်တော် လှူချင်တယ် ဘုရား၊ဒကာကြွယ်လဲ လျှောက်ဦးမှာပဲ၊ ဦးသန်းမောင် လဲ လျှောက်မှာပဲ (လျှောက်ပါတယ် ဘုရား) လျှောက်ပင် လျှောက်ငြား သော်လဲ ဘုန်းကြီးက ဆိုင်းနေပါဦး (မှန်ပါ့) ကြိုက်ရဲ့လား (မှန်လှပါ ဘုရား)။
ဘုန်းကြီးက ဒီအလှူ ကန့်ကွက်နေတာလားလို့ ဆိုတော့ အလှူကန့်ကွက်တာ မဟုတ်ပါဘူး (မှန်လှပါ ဘုရား) အသိ ကလေး လိုသေးလို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာလို သေးလို့ပါလိမ့်(အသိလိုသေးလို့ပါ ဘုရား) အသိလိုသေးလို့ ကန့်ကွက်တယ်လို့ ဘုန်းကြီးတို့ တကာတကာမတွေ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။
အကယ်၍ သူသည် သစ္စာလေးပါး မသိဘဲနဲ့ဆိုတော့ အဝိဇ္ဇာကောက်လိုက် (မှန်လှပါ) လှူခဲ့သြော် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာမသိဘဲနဲ့ လှူခဲ့သော် တဲ့၊ ဟောဒီ ဒုက္ခသစ္စာ ရလိမ့်မယ် (ရပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သစ္စာမသိဘဲနဲ့ လှူခဲ့သော် ဘာရမလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
ဒုက္ခသစ္စာရတာပေါ့ ဒီမှာ စပ်သွားပြီ၊ အဝိဇ္ဇာ သင်္ခါရ ကြောင့် ဟောဒီမှာဟေ့ သူ ကျေးဇူးပြုလိုက်တဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ၂ နံပါတ်မှာ တွေတယ်မဟုတ်လား (တွေပါတယ် ဘုရား)။
အဲဒါ ဘယ်ပုဂ္ဂိုလ်တွေရတဲ့ ဒုက္ခသစ္စာလဲဆိုတော့ မသိ လှူသမားရတဲ့ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ဘယ်လို ဆိုကြပါ့မလဲ (မသိ လှူသမားရတဲ့ ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဆရာကောင်း, မှန်က ကန့်ကွက်ရမယ်ဆိုတာ ပေါ်ပလား(ပေါ်ပါတယ် ဘုရား) ဆရာကောင်းမှန်က (ကန့်ကွက်ရပါမယ် ဘုရား)။
ကန့်ကွက်ရမယ်၊ အသိကို ရှေ့ထားပါဦး သိပြီးပလား။ သိပြီးရင် လှူတော့ဟေ့ (မှန်လှပါ ဘုရား) ဒီကျ တော့ တိုက်တွန်းပါတယ်(မှန်လှပါ ဘုရား) မသိခင်တော့ဖြင့် (ကန့်ကွက် ပါတယ်) ကန့်ကွက်ရတယ်၊ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက (သင်္ခါရပါ ဘုရား)။
ပြုလုပ်လှူဒါန်းတာ သင်္ခါရ (မှန်ပါ) ဒီအတိုင်း သူ အုပ်ချုပ်ပြီးလှူတဲ့သင်္ခါရသည်ဒကာကြွယ်၂ -နံပါတ်ရမယ် (ရပါတယ် ဘုရား) ၂ – နံပါတ် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ကြည့်ပါ၊ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာ ဒုက္ခသစ္စာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တကာတကာမတွေ ကိုယ့်စာရွက်လဲ ကိုယ်သေသေချာချာ ကြည့်ပါ(မှန်လှပါ ဘုရား) ဒီက ဘုန်းကြီးပြတာနဲ့ ခင်ဗျားတို့ စာရွက်ကြည့်တော့ တစ်ဆက်တည်း မနေဘူးလား (နေပါ တယ် ဘုရား)။
မသိတာ ဘယ်သူတုံး(အဝိဇ္ဇာပါ ဘုရား) လှူဒါန်းတာ က (သင်္ခါရပါ ဘုရား) ဒါဖြင့် ဘာသစ္စာလဲ (သမုဒယ သစ္စာပါ ဘုရား) ဟော ခင်ဗျားတို့ လုပ်တာကိုက သမုဒယသစ္စာ ဖြစ်တယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ ဒီသမုဒယသစ္စာသေသည်၏ အခြားမဲ့၌ ဒီက အကျိုးပေးလိုက်မယ်တဲ့၊ အဝိဇ္ဇာသင်္ခါရက မြှားပြတယ် (မှန်ပါ) အကျိုးပေးလိုက်တော့ ခန္ဓာငါးပါးမရဘူးလား (ရပါတယ်) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
မသိလို့ လှူခြင်းသည် ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ် (မှန်ပါ ဘုရား) ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကြောက်စရာ ကောင်းပါတယ်) ဦးသန်းမောင် ငွေကုန်ပြီး လူပင်ပန်းတယ် (မှန်လှပါ) ဘယ့်နှယ်ဆိုကြမယ် (ငွေကုန်ပြီး လူပင်ပန်းပါတယ် ဘုရား)။
ငွေကုန်ပြီးသကာလ လူ ဒုက္ခသစ္စာ ဖြစ်ရပြန်ချည်သေး တယ်(မှန်လှပါ) ဝိညာဏ်, နာမ်ရုပ်, သဠာယတန၊ ဖဿ, ဝေဒနာ လူခန္ဓာပဲ (မှန်ပါ, လူခန္ဓာပါ ဘုရား) သူ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
အဲဒါ ဘယ့်နှယ်ကြောင့် ရပါလိမ့်မလဲလို့ ဦးလှဘူးတို့ ဒကာကြွယ်တို့ မေးပြီ (သမုဒယ သစ္စာ ကြောင့်ပါ ဘုရား) မသိဘဲနဲ့ လှူတဲ့ သမုဒယသစ္စာလုပ်ခဲ့လို့၊ ရှင်းပလား (ရှင်းပါပြီ)။
မသိဘဲနဲ့ လှူတဲ့ သမုဒယသစ္စာလုပ်ခဲ့လို့ ယခု ဘာသစ္စာ ရသလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာ ရမှာဖြင့် ဦးသန်းမောင် ဘုန်းကြီးလဲ မလှူချင်ဘူး၊ ခင်ဗျားလဲမလှူချင်ဘူး (မှန်လှပါ ဘုရား) သုခသစ္စာရမယ်ဆို လှူချင်တယ် ကျုပ်တို့ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ တကာတကာမတွေကို လမ်းကောင်းညွှန်ပြတဲ့ ဆရာသမားမှန်က ဒီဥစ္စာ ပြရလိမ့်မယ် (မှန်ပါ) မပြရ ဘူးလား (ပြရပါမယ် ဘုရား)။
ဘုန်းကြီးက ပြတာလား၊ ဘုရားက ဟောတာလားဆိုတာ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ” ဘုရားကဟောတာ (မှန်ပါ၊ ဘုရားက ဟောတာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်များ လှူတာ ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ်) ရတာက ဒုက္ခသစ္စာ၊ မသိလို့လှူတာက (အဝိဇ္ဇာပါ ဘုရား) ဒကာကြွယ် တော်သေးတယ်၊ ဒကာကြွယ် တို့ မသေနှင့်လို့ ဒါကလေးကို သိလိုက်ရသေးတယ် ဟင် (မှန်လှပါ ဘုရား)။ ။
နို့မို့လို့ ရှိရင်ဖြင့်ကွာ ပိုလာပဟေ့ လာပဟေ့၊ ဒီဘဝတွင် စားလို့တော့ မတော်ဘူးကွ၊ နောက်ဘဝလဲ ဒီ အထုပ် ကလေး ယူသွားဦးမယ်(မှန်ပါ) ဘဝမပါဘူးလား ပါသလား (ပါ, ပါတယ် ဘုရား) နောက်ဘဝ ဆိုကတည်းက ခန္ဓာငါးပါး လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) သစ္စာဖွဲ့လိုက် (ဒုက္ခသစ္စာပါ ဘုရား)။
ကိုင်း မသိလို့ လှူတာများ ဒုက္ခသစ္စာရတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဟို ဦးသန်းမောင်တို့က အလှူပေးမှာနော်၊ အင်မတန် အရေးကြီး နေပြီ၊ ကိုယ့်အတွက်မှာဖြင့် ဆရာသမားက အပြည့်အစုံ ပေးလိုက်ပြီဆိုတာ မှတ်ရမယ်(မှတ်ရပါမယ် ဘုရား)။
ကဲ ဒါဖြင့် ဒီဥစ္စာ ပြင်တော့မယ် ဒကာကြွယ်နော် (မှန်လှပါ) ဒီခန္ဓာကြီးဟာ ဘာသစ္စာ ပါလိမ့် (ဒုက္ခ သစ္စာပါ) ဒုက္ခသစ္စာလို့ဆိုတာ သေသေချာချာ ပေါ်နေပြီ (ပေါ်နေပါပြီ ဘုရား)။ ။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ, ဝေဒနာဆိုတာ ခန္ဓာငါးပါး၊ ပေါင်းလိုက်ရင် (မှန်ပါ ဘုရား) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား(ရှင်းပါပြီ) ဒါဒုက္ခသစ္စာမှန်း ဒီကနေ့ သိပေးပါ (မှန်လှပါ ဘုရား)။
ဒါဖြင့်တကာတကာမတို့၊ တကာတကာမတွေကအခုဘဝ သိလိုက်ကြတယ်၊ ယခု ခန္ဓာကြီးဟာ ဘာသစ္စာ (ဒုက္ခ သစ္စာပါ) ဒုက္ခသစ္စာ ဆိုကတည်းက ဦးသန်းမောင် နေရာကျပြီ (မှန်ပါ) ဝိဇ္ဇာဖြစ်လို့ သိတာ (မှန်လှပါ ဘုရား) အဝိဇ္ဇာက ဘာဖြစ်သွားသလဲ (ဝိဇ္ဇာဖြစ်သွားပါတယ်) ဝိဇ္ဇာဖြစ် သွားတယ် (မှန်ပါ ဘုရား)။
အဝိဇ္ဇာက ဘာဖြစ်သွားသလဲ(ဝိဇ္ဇာ ဖြစ်သွားပါတယ်) ဒုက္ခသစ္စာ ဦးသန်းမောင်ကြီး သိပြီ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒုက္ခသစ္စာကို ဦးသန်းမောင် ကြီးသိတာသည်၊ ဒကာကြွယ် သိတာသည် အဝိဇ္ဇာက ဘာဖြစ် သွားသတဲ့ (ဝိဇ္ဇာဖြစ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဝိဇ္ဇာဖြစ်လို့ရှိရင်တော့ဖြင့် နေရာကျပြီ တဲ့။ ဝိဇ္ဇာ ဘယ့်နှယ့်ကြောင့် သူဖြစ်သွား ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် လက်ရှိခန္ဓာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) အင်း ဘာနဲ့ သိတာပါလိမ့် (ဝိဇ္ဇာနဲ့ သိတာပါ ဘုရား) ဝိဇ္ဇာဉာဏ်နဲ့ သိတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ဦးသန်းမောင် ခန္ဓာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဘာနဲ့သိပါလိမ့် (ဝိဇ္ဇာနဲ့ သိပါတယ် ဘုရား) ဝိဇ္ဇာနဲ့သိတော့ တကာတကာမတွေ သန္တာန်မှာ ယခုဘဝမှာပဲ ဘုန်းကြီးကလက်ရှိ ခန္ဓာကြီးကို ဒုက္ခသစ္စာလို့ သိအောင် ပြပေးတယ် (မှန်လှပါ ဘုရား) ပြပေးတော့ ဒီဘဝထဲမှာ ယခုရ, ထားတဲ့ ခန္ဓာကြီးက ဒုက္ခသစ္စာလို့ သိပြီးသကာလ ထားတော့ ယခုဘဝမှာ ဝိဇ္ဇာဉာဏ် ရတယ် (မှန်လှပါ ဘုရား) ယခုဘဝမှာ (ဝိဇ္ဇာဉာဏ် ရပါတယ် ဘုရား)။
ဝိဇ္ဇာဉာဏ်ရပြီ လို့ဘုန်းကြီးတို့တကာတကာမတွေက မှတ်လိုက်ကရော(မှန်ပါ ဘုရား) ဝိဇ္ဇာဉာဏ်ရတော့ဟိုဘဝ လိုချင်တဲ့သင်္ခါရဆိုတာ လုပ်ဖြစ်ဦးမလား၊ မလုပ်ဖြစ်တော့ဘူးလား (မလုပ်ဖြစ်တော့ပါ ဘုရား) ဘာဖြစ်လို့တုံး (ဝိဇ္ဇာဉာဏ်ရလို့ပါ ဘုရား) ဝိဇ္ဇာဉာဏ်ရတော့ ဘာသစ္စာလို့ သိထားသလဲ (ဒုက္ခသစ္စာလို့ သိထားပါတယ် ဘုရား)။
အဲဒီတော့ ဦးသန်းမောင် မှတ်လိုက်၊ ဒကာကြွယ် မှတ်လိုက်၊ အဝိဇ္ဇာကလေး ချုပ်ချုပ် သွားတယ် (မှန်ပါ) ဘုံဘဝလိုချင်လို့ပြုလုပ်တဲ့ကုသိုလ်၊ အင်း သင်္ခါရအလုပ် လဲ မလုပ်တော့ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။ ။
ဒါဖြင့် လှူပါတော့ (မှန်ပါ) ဒီဒုက္ခသစ္စာကြီးကို နောက်ခန္ဓာ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာမှန်း သိတဲ့ ဝိဇ္ဇာနဲ့ ဒီဒုက္ခသစ္စာကြီးကို မလိုချင်, မရချင်လို့ ဒုက္ခလွတ်ရာသာ ရချင်လို့ လှူဒါန်းပါ၏လို့ ပြောင်းလိုက် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီဒုက္ခသစ္စာကြီးကို (မလိုချင်လို့) မလိုချင်တာသည် ဝိဇ္ဇာ (ဝိဇ္ဇာပါ ဘုရား)။ အဲ ဒုက္ခသစ္စာကြီးကို နောက်တစ်ဖန် မရချင်, မလိုချင် ခြင်းကြောင့် တပည့်တော်တို့သည် လှူဒါန်းပါ၏ဆိုတော့ နိဗ္ဗာန်ရတယ် (မှန်လှပါ ဘုရား) ဒုက္ခသစ္စာ ရသေးရဲ့လား (မရပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သစ္စာသိပြီးမှ လှူပါလို့ဆိုတဲ့ စကားသည် ဒကာကြွယ် အင်မတန် မှန်သွားတယ် (မှန်ပါတယ် ဘုရား) သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ လှူခဲ့လို့ ကျုပ်တို့ကိုယ်ပင်လျှင် ဒုက္ခသစ္စာ ဖြစ်နေတယ် (မှန်လှပါ ဘုရား) မဖြစ်ဘူးလား(ဖြစ်ပါတယ် ဘုရား)ကျုပ်တို့ ယခု ၁၄ ထဲမှာလား၊ ၂, ထဲမှာလား (၂, ထဲမှာပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ၂, ထဲ ဒုက္ခသစ္စာကြီးနဲ့ ကြုံဆုံပြီး ခွဲမရ ခွာမရ ဖြစ်ရပါလိမ့်မလဲလို့ ဒကာသစ်မေးရင် ဒကာသစ် တပည့်တော်က ရှေးလွန်ခဲ့သောဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ အလှူ လှူခဲ့တာ (မှန်လှပါ) သစ္စာမသိဘဲနဲ့ (လှူခဲ့လို့ ပါ ဘုရား) လှူခဲ့လို့ ယခု လူခန္ဓာ ဘာသစ္စာ ဖြစ်နေရသလဲ (ဒုက္ခသစ္စာပါ ဘုရား)။
သစ္စာမသိဘဲနဲ့လှူရင် ဦးသန်းမောင် ဒုက္ခသစ္စာရတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) သစ္စာ အတိတ်ဘဝက မသိခဲ့ဘဲနဲ့ လှူခဲ့သောကြောင့် ဒီဘဝမှာ ဘာသစ္စာကြီးရသလဲ (ဒုက္ခသစ္စာကြီး ရပါတယ် ဘုရား) ဒါဟာ လူချမ်းသာလား၊ ဒုက္ခသစ္စာလား(ဒုက္ခသစ္စာပါ) နတ်ချမ်းသာလား၊ ဒုက္ခသစ္စာလား (ဒုက္ခသစ္စာပါ) ရှင်းပြီ (ရှင်းပါပြီ)။
ဒါဖြင့် ဘုန်းကြီးက ပြင်ပေးလိုက်သည်၊ ဒကာကြွယ်တို့၊ ဦးသန်းမောင်တို့ ပြင်လိုက်ကြပါ (မှန်လှပါ) နောက် လူချမ်းသာ, နတ်ချမ်းသာကို မလိုချင်ကြပါနဲ့ လို့ပြောလိုက်တယ် (မှန်လှပါ) ဘာသစ္စာမို့ပါလိမ့် (ဒုက္ခသစ္စာမို့ ပါ ဘုရား) ဒုက္ခသစ္စာမို့ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝကို ဒုက္ခသစ္စာမှန်း သိပြီးသကာလ ဒီဒုက္ခသစ္စာကြီးကို မလိုချင်လို့၊ ရွံလို့၊ မုန်းလို့၊ ဒုက္ခလွတ်ရာကို ရောက်လိုလို့ လှူဒါန်းပါတယ် ဆိုတော့ ဒါဟာ သစ္စာသိတဲ့ပုဂ္ဂိုလ်၏ အလှူလား၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်၏ အလှူလား၊ အကဲခတ်ကြစမ်း (သစ္စာသိတဲ့ ပုဂ္ဂိုလ်၏ အလှူပါ ဘုရား)။
ဒကာကြွယ် ဒါ ရှားတယ်နော် (ရှားပါတယ်) အင်မတန်ပင် ရှားတယ်ဆိုတာဖြင့် ဒကာသစ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။ ။
ဒါဖြင့် တကာတကာမတို့ ဒုက္ခသစ္စာကို ဒါက စာသိပဲ ရှိသေးတယ် (မှန်ပါ့) သြော် ဒီခန္ဓာကြီးဟာ ဒုက္ခ သစ္စာပဲလို့ဆိုတော့ ဦးသန်းမောင်လဲ သိပြီ၊ ဒကာကြွယ်လဲ သိပြီ၊ စာသိပဲ ဖြစ်နေတယ် (မှန်ပါ ဘုရား)။
အဲဒီတော့ အလုပ်ကလေး ထိုင်ကြည့်လိုက် (မှန်ပါ) အလုပ်ကလေး ထိုင်ကြည့် လိုက်တာပေါ့၊ အလုပ်ကလေး ထိုင်ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်ကြီးဟာ ရွှေချင် တာနဲ့၊ ပြောင်းချင်တာနဲ့၊ ယားတာနဲ့၊ ကိုက်တာနဲ့၊ ညောင်းတာနဲ့ ဦးသန်းမောင် ဒါတွေ မလာဘူးလား (လာပါတယ် ဘုရား) ဘာသစ္စာမို့ ဘာတွေပြပါလိမ့် (ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာ တွေပြပါတယ် ဘုရား)။
အဲ အဲဒီလို မြင်လာပြီးတော့မှ သြော် ခန္ဓာဟာ ဒုက္ခသစ္စာ စာသိမဟုတ်ဘူး၊ ကိုယ်တွေဖြစ်ပြီ(မှန်ပါ ဘုရား)။
အဲဒီ ကိုယ်တွေဖြစ်တဲ့ အချိန်ကျတော့မှ ဦးသန်းမောင်တို့ ဒကာကြွယ်တို့က ဟောဒီ ယခုမြင်သော ဒုက္ခဝဋ်မှ ကျွတ်ရပါလို ၏ဘုရား ဆိုတော့ သိန်းကုန်, သောင်းကုန်လှူကြ (မှန်ပါ ဘုရား) ယခုမြင်သော ဒုက္ခဝဋ်မှ (ကျွတ်ရပါလို၏ ဆိုပြီး လှူရပါမယ် ဘုရား) သူများပြောလား၊ ဦးသန်းမောင်၊ ဒကာကြွယ်၊ ခန္ဓာကပြောတာလား (ခန္ဓာက ပြောတာပါ ဘုရား) ခန္ဓာက ပြောတော့ မယုံ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
မရှိတော့ဘူး၊ ခန္ဓာကိုယ်က ထိုင်ပြီးတော့ ပြောပြီ၊ ညောင်းတာနဲ့၊ နာတာနဲ့၊ ကိုက်တာနဲ့၊ ခဲတာနဲ့ (မှန်ပါ) ဘာသစ္စာတွေချည်း သူကပြသတုံး (ဒုက္ခသစ္စာတွေ ပြပါတယ် ဘုရား)။
အဲဒီအချိန်ကျတော့ သြော် ဒါ ဒုက္ခသစ္စာတွေပဲ ဆိုပြီးဦးသန်းမောင်က ဉာဏ်နဲ့ကြည့်လိုက် (မှန်ပါ ဘုရား)။
ဒီလိုဒုက္ခသစ္စာကြီးကိုနောင်တစ်ဖန်မရချင်လို့ဒုက္ခကျွတ် ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ တပည့်တော်တို့ သိန်းကုန်, သောင်းကုန် လှူဒါန်းပါလို၏လို့ ပြောင်းပစ်လိုက်ကြ (မှန်ပါ ဘုရား) ဒါ သာမည အရေးကြီးတဲ့ စကားလား၊ ဒကာကြွယ် အကဲခတ်စမ်း (သာမည အရေးကြီးတဲ့စကား မဟုတ်ပါ ဘုရား)။
အဲဒီတော့ အခုလှူဆဲ ပုဂ္ဂိုလ်တွေ၊ လှူလတ္တံ့ ပုဂ္ဂိုလ်တွေ၊ နက်ဖြန်ဆိုရင်လဲ ဘုံကထိန်ကြီး ဆိုတော့ ဒီထဲ တကာတကာမတွေ အကုန်ပဲပါကြတယ် (မှန်ပါ ဘုရား)။
နက်ဖြန်ကျ တော့ သင်္ကန်းကပ်ခါနီး ကျတော့ ဒီလိုပဲ ခဏထိုင်ရဦးမှာပဲ(မှန်ပါ) ခဏထိုင်ပြီး ခန္ဓာ ဉာဏ်စိုက်ခိုင်းမှာပဲ(မှန်ပါ) ဒုက္ခသစ္စာမြင်တဲ့အချိန်မှ “ဣမံ ကထိန စီဝရံ သံဃဿ ဒေမ ” လုပ်ရမှာ (မှန်ပါ ဘုရား) အဲဒီတော့ ဝဋ်တောင့်တ, လှူတာလား၊ ဝဋ်ကို ရွံမုန်းပြီး လှူတာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဝဋ်ကို ရွံမုန်းပြီး လှူတာပါ ဘုရား)။
ဒါဖြင့် ဝဋ်ကျွတ်တဲ့အလှူ (မှန်ပါ ဘုရား) သဘောပါ ပလား (ပါ, ပါပြီ) ဘာတဲ့တုံး (ဝဋ်ကျွတ်တဲ့ အလှူပါ ဘုရား) ဝဋ်ကျွတ်တဲ့အလှူလို့ သေသေချာချာ မှတ်ကြပါ (မှန်ပါ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ဆီက တကာတကာမတွေ ဘယ်ပဲ ဘယ်သွားလို့ ဘယ်ပဲ ရောက်ရောက်၊ ဘယ်အရပ်သွားပြီး သိမ်ဆောက် ဘုရားတည်တည် ဘုန်းကြီးတို့က မကန့်ကွက်ပါဘူး (မှန်ပါ) ဒီစိတ်ကလေးကိုဖြင့် လှူခါနီးမွေးဖြစ်အောင် မွေးပါ (မှန်ပါ့) မမွေးသင့်ဘူးလား (မွေးသင့်ပါတယ် ဘုရား)။
နို့မို့လို့ရှိရင်ဖြင့်အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဖြစ်တော့သမုဒယ သစ္စာလုပ်တယ်(မှန်ပါ ဘုရား) လှူတာလား၊ သမုဒယသစ္စာ လား (သမုဒယသစ္စာပါ ဘုရား) ကိုင်း ဦးသန်းမောင် သိပ်ခွကျ သွားတယ် (မှန်ပါ ဘုရား)။ ။
သစ္စာမသိဘဲနဲ့ လှူရင် ဘာသစ္စာ(သမုဒယသစ္စာပါ) သမုဒယသစ္စာ လုပ်မိရင် ဘာသစ္စာ ရမယ် (ဒုက္ခသစ္စာ ရပါမယ်) အဲ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရမယ်(မှန်ပါ့) မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတော့ ဒါပွဲမဝင်ခင်အပြင်က ကျင်းပဆိုတာလို နက်ဖြန် ဒီ တရားနာတဲ့အားလုံး တကာတကာမတွေ ရော၊ လာလတ္တံ့ တကာတကာမတွေရောဟာ၊ ဦးသန်းမောင် ဒါကို သိထားနှင့်တော့၊ သြော် နက်ဖြန် အလှူပွဲကြီးကတော့ဖြင့် ဝဋ်ကျွတ် ပွဲကြီးပဲ(မှန်ပါ ဘုရား) ဘယ့်နှယ်ဆိုကြမလဲ (ဝဋ်ကျွတ် ပွဲကြီးပါ ဘုရား)။
ဝဋ်ကျွတ်ပွဲကြီးပဲလို့ ဆိုတော့ ဝဋ်ဆိုတာက ၁ ကနေ ၂ သွားမယ် (မှန်ပါ ဘုရား) ၂ ကနေ ၃ အလုပ်, လုပ်မယ် (မှန်ပါ ဘုရား) လုပ်လို့ရှိရင်ဖြင့် ၄ မရောက် ပေဘူးလား (ရောက်ပါတယ် ဘုရား) ၄ ထဲကနေပြီး တစ်ခါ ၁ ပြန်မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါ ဝဋ်လည်တယ် ခေါ်တယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဝဋ်မလည်ပေဘူးလား (လည်ပါတယ် ဘုရား)။
အဲဒီတော့ သစ္စာသိပြီးလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဝဋ်ကျွတ် တယ် (မှန်ပါ ဘုရား) သစ္စာသိပြီး လုပ်တဲ့ပုဂ္ဂိုလ် (ဝဋ်ကျွတ်ပါတယ် ဘုရား) ဝဋ်ကျွတ်တယ်လို့ဆိုတာ သေချာကြ ပလား (သေချာပါတယ် ဘုရား) ဒကာကြွယ် ဒီစာရွက် ဘယ်လောက်အဖိုးတန်သတုံး (တန်ပါတယ် ဘုရား)။
သူ့သာ ကိုင်ပြီး သကာလ ဆရာက ပါးစပ်က ဟောတာနဲ့ ကိုယ်က ဆရာပြောနေတာလဲ စာရွက်နဲ့ ကိုက်ကြည့်လိုက်တော့ ဦးသန်းမောင် ရှုပ်သေးသလား (မရှုပ်ပါ ဘုရား)။
ကိုင်း ဒါဖြင့် တကာတကာမတို့ လှူတာဟာ၊ မသိတဲ့ ပုဂ္ဂိုလ် လှူတာဟာ ဘာသစ္စာ လုပ်တာလဲ (သမုဒယသစ္စာ လုပ်တာပါ ဘုရား) သြော်,တယ်ခွကျပါလား(မှန်ပါ) မသိတဲ့ ပုဂ္ဂိုလ်လှူတာ ဘာတဲ့(သမုဒယသစ္စာ လုပ်တာပါ ဘုရား)။
ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် လှူတာသည် သေသည်၏အခြားမဲ့၌ သူသည် ဘာဖြစ်မှာတုံး (ဒုက္ခသစ္စာ ဖြစ်မှာပါ ဘုရား) ဒုက္ခသစ္စာဖြစ်မယ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သေသည်၏အခြားမဲ့၌ (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သြော် တော်တော် အရေးကြီးပါကလားဆိုတာ ဒကာသစ် သေသေချာချာပဲ ပြောနေလို့ အရေးကြီးမှန်းသိတယ် (မှန်ပါ ဘုရား) ရှေးတုန်းကတော့ ကုသိုလ်ရတယ် (မှန်လှပါ ဘုရား) မသိဘဲနဲ့ လှူလဲ ကုသိုလ်ရတယ် (မှန်ပါ) ဒီကုသိုလ်ဟာ ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)။
မသိတာကအဝိဇ္ဇာ၊ လှူတာကသင်္ခါရ၊ မသိလို့လှူတာသည် ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား) မသိသော ပုဂ္ဂိုလ် လှူသောကြောင့် ရတာသည် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ကိုင်း ဒကာကြွယ် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။ ကိုင်း ပုံနဲ့ကော ကိုက်ကြရဲ့လား (ကိုက်ပါတယ် ဘုရား)။
နောက်က တကာတကာမတွေ ကိုယ့်ဆရာသမားကို ဦးမာဒင်တို့ လှူဒါန်းပေးကမ်းထားတဲ့ စာရွက်နဲ့ကော ကိုက်ရဲ့ လား (ကိုက်ပါတယ် ဘုရား) ကိုယ့်ဟာကိုယ်လဲ ကြည့်ကြပါနော် (မှန်ပါ ဘုရား)။
ဒါဖြင့် ဒီနည်းကလေးလဲ ပြန်ပြောတော့ အခု လက်ရှိ ခန္ဓာကြီးက ၁ ထဲမှာ နေသလား၊ ၂ ထဲမှာ နေသလား (၂ ထဲမှာ နေပါတယ် ဘုရား)။
ဒါက အတိတ်ဆိုတော့ ဒါက ပစ္စုပ္ပန်ပေါ့ဗျာ ၂ ထဲ ရောက်နေတယ် (မှန်ပါ ဘုရား) ၂ ထဲရောက်တော့ ဒကာကြွယ် ဘယ်ကစ, သလဲ၊ ဇာတိက စ, တယ် (မှန်ပါ) ဇာတိ စ, တော့ ဒီဘဝမှာ ပဋိသန္ဓေက စ, တယ် (မှန်ပါ ဘုရား) ဒီဘဝက ဘယ်ကစ, ကြသလဲ(ပဋိသန္ဓေက စ, ပါတယ် ဘုရား)။
အဲဒါကြောင့် ဝိဉာဏ်ဆိုတာ ပဋိသန္ဓေဝိဉာဏ်ကိုဆိုတာ (မှန်လှပါ) ဝိဉာဏ်ဆိုတာ (ပဋိသန္ဓေဝိဉာဏ်ကို ဆိုတာပါ) ဝိဉာဏ်ပြီးတော့မှ နာမ်ရုပ်တဲ့၊ သဘောကျပလား (ကျပါတယ် ဘုရား)။
နာမ်ရုပ်ပြီးမှ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်တဲ့၊ သဠာယတန ဆိုတာက (မှန်ပါ ဘုရား) ပြီးတော့မှ ခန္ဓာကိုယ် ထဲကအာရုံထိတွေတတ်တဲ့ဖဿ၊ ကောင်းတာ ဆိုတာ ခံစားတတ် တဲ့ ဝေဒနာတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် တကာတကာမတို့ ဒါက ဇာတိ (မှန်ပါ) ဇာတိဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား) ဝိညာဏ်ဟာ ပဋိသန္ဓေနော် (မှန်ပါ) ပဋိသန္ဓေ ဆိုတော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ပါဠိကို ရွတ်ကြည့်ပါ၊ ဇာတိပိ ဒုက္ခသစ္စာပါ (မှန်ပါ) ဓမ္မစကြာနဲ့ ကိုက်ပြီး ကြည့်လိုက်၊ ဇာတိပိ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာသိထားတော့ သြော် ငါ့နှယ် မသိလို့ လှူတာ ဒုက္ခသစ္စာဖြစ်တယ် (မှန်ပါ) မသိလို့လှူတာ (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား)။
သိလို့လှူလို့ရှိရင်ဖြင့် တဲ့၊ ဒီဒုက္ခသစ္စာမလာဘူး (မလာပါ ဘုရား)သိလို့လှူရင် ဟောဒါကို ပြောင်းလိုက်၊ မဂ္ဂသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ(မှန်ပါ ဘုရား) ဒါအထူးပြပြီ၊ ဒီနေ့ မနေ့ကထက် ထူးပြပါပြီ (မှန်ပါ ဘုရား)။
ကဲ ဦးသန်းမောင်တို့ စာရွက် သေသေချာချာ ကြည့်ကြစမ်း တကာတကာမတို့ (မှန်ပါ ဘုရား) ဒီကြည့်ပါ၊ ၃ ကွက်ကိုကြည့်နော် ၁,၂,၃, အဝိုင်းကလေးထဲကြည့်ပါ။ (မှန်ပါ ဘုရား) မသိလို့ လှူတာဟုတ်လား၊ ဒုက္ခသစ္စာရတယ် (မှန်ပါ့) မသိလို့ လှူတာ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။ သူက ဒုက္ခသစ္စာရတယ် (မှန်ပါ)။
ကဲ သိပြီးလှူလို့ ရှိရင်ဖြင့် တဲ့၊ တကာတကာမတို့ သုခသစ္စာရမယ် (မှန်ပါ ဘုရား) မသိလို့ လှူတာ (ဒုက္ခသစ္စာရပါတယ် ဘုရား) ဟောဒီဘက် ဒုက္ခသစ္စာ ခန္ဓာငါးပါး ရတယ် (မှန်ပါ ဘုရား) ဒီ နှစ်ခု အဝိဇ္ဇာကသစ္စာလေးပါးကို မသိဘူး (မှန်ပါ)။
ကဲ သိပြီတဲ့၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်ပြီး ခန္ဓာကြီးက ဒုက္ခသစ္စာပဲ၊ အခုခန္ဓာလဲဒုက္ခသစ္စာပဲ၊ နောင်ရမှာလဲ(ဒုက္ခသစ္စာပါပဲ ဘုရား)။
ဒါဖြင့် သိပြီးသကာလ ဒုက္ခသစ္စာ သိပြီးသကာလ သိတော့ ဝိဇ္ဇာမဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ လှူလိုက်ပါပြီ တဲ့ ၊ ဘာသစ္စာ ဖြစ်သလဲ (မဂ္ဂသစ္စာ ဖြစ်ပါတယ် ဘုရား) ဒါဖြင့် မဂ္ဂသစ္စာ အားထုတ်လိုက်တဲ့အတွက် ဒီဘက်မှာ ဒုက္ခသစ္စာ ပေါ်မလား၊ နိဗ္ဗာန် ပေါ်မလား (နိဗ္ဗာန်ပေါ်ပါတယ် ဘုရား) ဒါဖြင့် သိလို့ လှူရင် ဟုတ်လား၊ မဂ္ဂသစ္စာ ဖြစ်တယ်(မှန်ပါ) မဂ္ဂသစ္စာကြောင့်တဲ့၊ ဒီဘက်က ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိရောဓသစ္စာ ဖြစ်တယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မသိလို့ လှူရင် (ဒုက္ခသစ္စာ ရပါတယ် ဘုရား) မသိလို့ လှူတာ ဘာသစ္စာလဲ (သမုဒယ သစ္စာပါ ဘုရား) လှူလို့ရတာ က (ဒုက္ခသစ္စာပါ ဘုရား)။
သိလို့လှူရင်ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား)။ ။
ဟော ဒီတစ်လုံးပိုင်တာနဲ့ ကျေနပ်ပြီ (မှန်ပါ ဘုရား) ဦးသန်းမောင် သေပျော်ပြီ (မှန်ပါ ဘုရား)ဒကာကြွယ် သေပျော်ပလား (သေပျော်ပါပြီ ဘုရား)။
မသိလို့လှူတာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား) ရတာက(ဒုက္ခသစ္စာပါ ဘုရား) သိလို့လှူတာ ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား) နိဗ္ဗာန်ပေါ့ဗျာ(မှန်ပါ) ကဲ ဦးသန်းမောင်မကွာဘူးလား (ကွာပါတယ် ဘုရား) ဒကာသစ် မကွာဘူးလား (ကွာပါတယ် ဘုရား)။
ဒါ ဒီနေ့ ဒီနှစ်ပိုင်းကလေးတွင် ရှင်းပြီးသကာလ ပေးနေတော့ ဘုန်းကြီးတို့ တကာ တကာမတွေမှာ သြော် တစ်သံသရာလုံး ငါတို့ မျက်စိလည်လာတဲ့ ဥစ္စာ၊ သူများ ပါးစပ် လမ်းဆုံး ပြီးနေတာ၊ ဘုရားကိုယ်တော်မြတ်ကြီးဟောတော် မူတဲ့အတိုင်း ယခု ဆရာဘုန်းကြီးက သံသရာ လည်ပုံ, ပြတ်ပုံ ပြောတဲ့ ပုံစံချပြီး ပြောတော့မှ မသိလို့ လှူတာများ ဒုက္ခသစ္စာ ရတယ်(မှန်ပါ ဘုရား) သိလို့လှူတော့ (နိရောဓသစ္စာ ရပါတယ် ဘုရား) မကွာဘူးလားဗျာ (ကွာပါတယ် ဘုရား)။
သိလို့လှူပြန်တော့ (မဂ္ဂသစ္စာပါ ဘုရား) သိတာသည် ဘာသစ္စာလဲ(မဂ္ဂသစ္စာပါ ဘုရား) ရတာသည် (နိရောဓ သစ္စာပါ ဘုရား) သိလို့ လှူတော့လဲ နိဗ္ဗာန်ရတယ် (မှန်ပါ) မသိလို့ လှူတော့လဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား)။
ဒါဖြင့်မသိတာ ဘာသစ္စာ(သမုဒယသစ္စာပါ ဘုရား) သဘောကျပလား (ကျပါပြီ) ရတာက (ဒုက္ခသစ္စာပါ ဘုရား)မသိလှူသည်သမုဒယသစ္စာ၊ ရတာသည်(ဒုက္ခသစ္စာ ပါ ဘုရား) သိလှူသည်(မဂ္ဂသစ္စာပါ ဘုရား) ရတာသည် (နိရောဓသစ္စာပါ ဘုရား) သူ့ဟာနဲ့သူ ရှင်းတယ်၊ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။
ဟာ ဒကာကြွယ် သေချင်သေတော့ ခင်ဗျား နေရာကျပြီ (မှန်ပါ ဘုရား) မသေချင် သေးဘူးလား ကဲ (မသေချင်သေးပါ ဘုရား) မသေပါရစေနဲ့ဦး၊ ဒီထက် အသိဉာဏ် တိုးချင် ပါသေးတယ်ဆိုပါတော့ (မှန်လှပါ ဘုရား)။
တကာတကာမတွေ သို့ သော်လဲ အားလုံးနဲ့ မသိတဲ့ ပုဂ္ဂိုလ်နဲ့စာလို့ရှိရင် ဦးသန်းမောင် သေပျော်တယ် (မှန်ပါ) မသေပျော်ဘူးလား (သေပျော်ပါတယ် ဘုရား)။
အဲ ဒါဖြင့် ယနေ့ တကာတကာမတို့ မသိတာ အဝိဇ္ဇာ၊ လှူတာသည် (သင်္ခါရပါ ဘုရား) ဘာသစ္စာ လုပ်လိုက်ပါလိမ့် (သမုဒယသစ္စာ လုပ်လိုက်ပါတယ် ဘုရား) သြော် ဒါဖြင့် မသိတဲ့ ပုဂ္ဂိုလ်များ လှူတာ သမုဒယသစ္စာ လုပ်လိုက်တာကိုး (မှန်လှပါ ဘုရား)။
အင်း သူကတော့ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ ရလိမ့်မယ်ထင်တယ် တဲ့၊ သေသေချာချာကြည့် လူခန္ဓာငါးပါးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) နတ်ခန္ဓာငါးပါးကော (ဒုက္ခသစ္စာပါ) ဗြဟ္မာခန္ဓာငါးပါးကော (ဒုက္ခသစ္စာပါ ဘုရား) ဒါချည်းရတယ် (မှန်ပါ ဘုရား)။
ဒါကြောင့် ဦးသန်းမောင်တို့ ပြောရတယ်၊ ဒကာကြွယ်တို့ ပြောရတယ်၊ ဦးလှဘူးတို့ ပြောရတယ်၊ ဒီသစ္စာကြီး လူချမ်းသာ လို့ ခင်ဗျားတို့ ဘယ်သူက လိမ်ထားထား မယုံနဲ့နော် (မှန်ပါ ဘုရား) နတ် ချမ်းသာလို့ ဘယ်သူက လိမ်ထားထား (မယုံတော့ပါ ဘုရား)။
သစ္စာမျက်လုံးနဲ့ကြည့် (မှန်ပါ) သစ္စာမျက်လုံးနဲ့ ခန္ဓာကြည့်၊ ငါ့, လူချမ်းသာလို့ ပြောကြတယ်၊ ငါသေသေချာချာ ထိုင်ကြည့်ဦးမယ်ဆိုပြီး ထိုင်ကြည့်တော့ ဟိုက ယား, ဒီက နာ,
ဟိုကရွှေချင်, ဒီကပြောင်းချင် (မှန်ပါ) အငြိမ်နေလို့ကို (မရပါ ဘုရား) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အင်း သူများကတော့ လူချမ်းသာလို့ ပြောတယ်။ ဒီမှာတော့ သေသေချာချာ ကိုယ်ပိုင်ဉာဏ်နဲ့ ကြည့်တော့ ဒုက္ခသစ္စာ (မှန်လှပါ) ဒါဖြင့် သူများ ပြောယုံမလား၊ ကိုယ်တိုင်ဉာဏ်နဲ့ တွေတာယုံမလား (ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့တာ ယုံပါမယ် ဘုရား)။
ဒီလိုဆိုတော့ ဒကာကြွယ် တော်တော်ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား) မရှင်းသေးဘူးလား(ရှင်းပါတယ် ဘုရား) ကဲ အားလုံး တကာတကာမတွေ လှူတတ်ပြီလား (လှူတတ်ပါပြီ ဘုရား) ဘယ်လိုလှူကြမလဲ (သစ္စာသိပြီး လှူရမယ်) သစ္စာသိပြီး လှူရမယ်၊ သစ္စာသိတော့ အကြွေးလဲ မသိပါနဲ့၊ လက်ငင်းသိတာ ကောင်းတယ်၊ လက်ငင်းသိတော့ မလှူမီ ရှေးအဖို့ ကာလ၌ ဒကာကြွယ်က ခန္ဓာကိုယ် စောင့်ကြည့်လိုက်၊ ဦးသန်းမောင်ကကော (ခန္ဓာကိုယ် စောင့်ကြည့်ရပါမယ် ဘုရား) ခန္ဓာကိုယ် စောင့်ကြည့်၊ ခန္ဓာကိုယ် စောင့်ကြည့်တော့ ခန္ဓာက ဘာတွေ ပြောမယ်ထင်သလဲ (ဒုက္ခသစ္စာပဲ ပြောပါတယ် ဘုရား)။
ခန္ဓာကိုယ် ဒုက္ခသစ္စာကြီးဟာ ယားတယ်၊ နာတယ်၊ ဆာလောင် မွတ်သိပ်တယ်၊ အိုက်တယ်၊ ညောင်းတယ်၊ ညာတယ်၊ ကိုက်တယ်၊ ခဲတယ်(မှန်ပါ့) ခဏခဏ ဖြစ်ပျက်တွေကလဲ ပြတယ် (ပြပါတယ် ဘုရား) ဘာသစ္စာလဲ(ဒုက္ခသစ္စာပါ ဘုရား)။
သြော် ဒါဖြင့် ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ တပည့်တော် လှူဒါန်းပါ၏ (မှန်ပါ့) ကျောင်း, သိမ်, ဘုရား၊ အားလုံးသော ပုဂ္ဂိုလ်တို့ မိတ်ဆွေသင်္ဂဟတွေ ခင်ဗျားတို့ ဝယ်ထားတဲ့ ပစ္စည်းတွေ လှူဒါန်း တာပေါ့ဗျာ (မှန်လှပါ) ‘ဒီဒုက္ခကြီး မတွေ့ ချင်လို့ ပေးပါ၏၊ လှူပါ၏၊ ကမ်းပါ၏ ဆိုတော့ နောက်ဒုက္ခ လာစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဘာကြောင့်တုံး၊ လှူတဲ့ပုဂ္ဂိုလ်ကိုက ဒုက္ခမုန်း, ဒုက္ခရွံနေတဲ့ ပုဂ္ဂိုလ်မို့ ဒုက္ခမလာဘဲနဲ့ သုခနိဗ္ဗာန်သာ ရတော့မယ် (မှန်လှပါ ဘုရား)။
အဲဒါကြောင့် လက်ငင်းရှုပြီးတော့မှ ဒီဉာဏ်က ခန္ဓာထဲ မြင်ပြီး ခန္ဓာဟာ ဒုက္ခသစ္စာအအစစ်ပဲလို့ သေသေချာချာ သိပြီးသကာလ နေပြီးတော့မှ ကဲ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုချင်ဆို (မှန်ပါ) ယခုမြင်သော ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ လို့ ဆိုချင်ဆို၊ ဘာဆိုဆို အကောင်းချည်းပဲ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ။
ဒီဟာ တကာတကာမတို့ သေးသေးသိမ်သိမ်စကား လို့ ဒကာကြွယ် မယူနဲ့နော် (မှန်ပါ့) တစ်သံသရာလုံး မှားတယ် (မှားပါတယ် ဘုရား) ဘယ်လိုမှားသလဲ (တစ်သံသရာလုံး မှားပါတယ် ဘုရား)။
တစ်သံသရာလုံး မှားကြတာကို ဒကာသစ်တို့ ဒီဥစ္စာကို သုံးခါလောက်ထပ်ပြောတော့ ဘုန်းကြီးကလဲ တရားထပ်နေပြီလို့ ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် (မထင်ပါ ဘုရား) ဒါတောင် လှူခါနီးကျ တော့ ခင်ဗျားတို့က မေ့ချင်မေ့နေမှာ (မမေ့ပါ ဘုရား)။
မေ့သေးတာတင် မဟုတ်သေးဘူး၊ ဟင်းမှ လောက် မလား၊ ထမင်းက ဘယ့်နှယ် နေပါ လိမ့်မတုံး ဖြစ်သေးတယ် (ဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ထမင်းဟင်းမလောက်လို့ ခင်ဗျားတို့ တာဝန်မဟုတ် ဘူး (မှန်ပါ့) မလောက်ရင် မစားရတဲ့သူ ပြန်သွားလိမ့်မယ်၊ ဘာမှ ဂရုစိုက်မနေနဲ့ (မှန်ပါ့) ကိုယ့်ဒုက္ခသစ္စာ မြင်ပြီး သကာလ နှလုံးသွင်းပြီး ဒီဒုက္ခဝဋ်မှ ကျွတ်ချင်လို့ စိတ်ထဲကပဲ နေနေ (မှန်ပါ့ ဘုရား) သံဃာတွေ မပင့်ရသေးဘူး။ နောက်မှပဲ ပင့်ပင့်၊ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ ဒုက္ခတွေ မြင်ပြီးလှူနေ ပြီးတာပဲ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် အရေးမကြီးဘူးလား (မှန်ပါ့၊ ကြီးပါတယ် ဘုရား) ကဲတစ်ခေါက် ပြန်ပြောဦးမယ် တကာတကာမ တို့နော် (မှန်ပါ့) မသိလို့လှူတာ ဘာသစ္စာ (သမုဒယ သစ္စာ ပါ ဘုရား) စာရွက်ထဲကော တွေကြရဲ့လား (တွေ ပါတယ် ဘုရား) အဝိဇ္ဇာနဲ့ သင်္ခါရ ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား) မြန်မာလိုပြောလိုက်တော့ မသိလို့ လှူတာ(သမုဒယသစ္စာပါ ဘုရား)။
မသိလို့ လှူသောကြောင့်ရတာ(ဒုက္ခသစ္စာရပါတယ် ဘုရား) ရတာလဲခန္ဓာငါးပါးနော်(မှန်ပါ့) သစ္စာဇွဲလိုက်တော့ (ဒုက္ခသစ္စာပါ ဘုရား)။
သိလို့ လှူတာဆိုတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားပြီ (မှန်ပါ့ ဘုရား) လှူတာကလဲ သင်္ခါရ မဟုတ်တော့ဘူး (မဟုတ်တော့ပါ ဘုရား) ဘာသစ္စာလဲ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား)။
ဟော တစ်ဘဝတည်းနဲ့ နိရောဓသစ္စာကူးသွားတယ် (မှန်ပါ့) နိဗ္ဗာန်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) မသိလို့ လှူတာ ဘာသစ္စာ (သမုဒယ သစ္စာပါ ဘုရား) ရတာက (ဒုက္ခသစ္စာပါ ဘုရား) သိလို့လှူတာ (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား)။
အို ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) ဒီတကာတကာမတွေ တရားတစ်ပွဲလုံး အားလုံး ဒကာသစ် နေရာကျပြီ (ကျပါပြီ ဘုရား) လှူတတ်ပါပြီ ထင်ပါရဲ့ (လှူတတ်ပါပြီ ဘုရား)။
လှူတတ်ပါပြီ တပည့်တော်တို့ အတွက်တော့ အရှင်ဘုရား စိတ်သာချ ပါတော့၊ မတိမ်း မစောင်းတော့ပါဘူး ဆိုတာ တရား တစ်ပွဲလုံး တာဝန်ခံတတ်ပလား (ခံတတ်ပါပြီ ဘုရား) အဲ, ဒါကို သေသေချာချာ လုပ်ပါ၊ သေသေချာချာ လုပ်ပါနော် (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် အလှူသည် သံသရာလည်သလား၊ သံသရာတိုသလားလို့ တစ်ချို့က ဒါန သံသရာရှည်တယ်၊ သီလ သံသရာရှည်တယ်လို့ ပြောချင်ပြောကြတယ် (ပြောကြပါ တယ် ဘုရား)
မသိလို့ လှူတာကတော့ ဟုတ်ပါတယ်တဲ့။ ၁,၂,၃,၄အကွက်တွေ လှည့်သွားတယ် (လှည့်သွားပါတယ် ဘုရား) သိလှူကတော့ကို ၁ ပြီးတော့ ၂ ကျတော့ ကိစ္စတုံးတယ် (မှန်လှပါ ဘုရား) ၁ က မဂ္ဂသစ္စာ (မှန်ပါ့) ၂ က (နိရောဓသစ္စာပါ ဘုရား) ပြောင်းပြန် ပြန်မှတ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိတာက မဂ္ဂသစ္စာ၊ သဘောကျပလား (ကျပါပြီ ဘုရား) သိလို့လှူတာက (မဂ္ဂသစ္စာပါ ဘုရား) ရတာက (နိရောဓသစ္စာပါ ဘုရား) ဘယ်လောက် နေရာကျသလဲ (မှန်လှပါ) နိဗ္ဗာန်ရတယ် (မှန်ပါ)။
ဒါဖြင့် ဒါန သီလက သံသရာရှည်တာလား၊ သိမှု, မသိမှု ကြောင့်ရှည်တာလား(သိမှု, မသိမှုကြောင့် သံသရာရှည်တာ ပါ ဘုရား) မှတ်ထား ၊ နောက် ဒါန သံသရာရှည်တယ်လို့ မသုံးနဲ့ (မှန်ပါ ဘုရား)။
မသိမှုကြောင့် ရှည်တာ (မှန်ပါ) သိမှုရှိတဲ့ ပုဂ္ဂိုလ်ကျတော့ (မရှည်ပါ ဘုရား) မရှည်ပါဘူး၊ ၁ က မဂ္ဂသစ္စာ၊ ၂ က နိရောဓသစ္စာ၊ ဒီဘက် သွားသေးရဲ့လား (မသွားပါ ဘုရား)။ ။
ကိုင်း ဒါဖြင့် ဦးသန်းမောင်ကြီး နေရာကျပလား (ကျပါပြီ ဘုရား) ဒကာသစ် ဘယ့်နှယ် ရေးပေးထားသလဲ မသိလို့လှူတာ ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား)။
ကောင်းပြီ ရ, တော့ ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား) သိလို့လှူရင် ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) ရတော့ ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား) အေး ဒါနဲ့ ကိုက်အောင်လုပ်ကြ၊ ဒါနဲ့ ကိုက်အောင်လုပ် (မှန်ပါ)။
ကဲ ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား) ဒါနောက်ကို အားလုံး ပြင်တတ်ကြပလား (ပြင်တတ်ပါပြီ ဘုရား)။
အဲ ဒါက ဆွမ်းတစ်ဇွန်း, ကွမ်းတစ်ယာကို လှူစေကာမူ ဒီစိတ်ကလေးတော့ ထားကြပါ (မှန်လှပါ ဘုရား) အကြီး အကျယ်ဆိုရင်ဖြင့် ဆိုဖွယ်မရှိတော့ဘူး အများကြီးပဲ ဒီဥစ္စာကို။ ခန္ဓာ နှလုံးသွင်းကြပါ (မှန်လှပါ ဘုရား) ခန္ဓာ နှလုံးသွင်း လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ခန္ဓာက ပြတယ် (မှန်ပါ)။
ဒကာကြွယ် ခန္ဓာက ထိုင်ပြီးရင် ပြတယ် (ပြပါ တယ် ဘုရား) တော်တော်ကြာ ကျင်ငယ် စွန့်ချင်လာတယ် (လာပါတယ် ဘုရား) ကျင်ကြီးစွန့်ချင်တာကော (လာပါတယ် ဘုရား) အင်း ဟင် စွန့်ပြီး ပြန်ဆာလောင် မွတ်သိပ် တာက (လာပါတယ် ဘုရား) ဘာသစ္စာ တွေချည်း လာသလဲ (ဒုက္ခသစ္စာတွေချည်း လာပါတယ် ဘုရား)။
ဒီအထဲကနေပြီး ယားတယ်၊ နာတယ်၊ အောင့်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ အောင့်တယ်၊ ကျဉ်တယ်၊ ညောင်းတယ် (မှန်ပါ) ဘာတွေပြသလဲ (ဒုက္ခတွေ ပြပါတယ် ဘုရား)။
အဲဒီ ဒုက္ခသစ္စာတွေကို ဦးသန်းမောင်က အရင်ကြည့်လိုက်၊ မလှူခင် (မှန်လှပါ ဘုရား) ဒီဒုက္ခမှ လွတ်ရပါလို၏ ဆိုပြီးလှူဒါန်း (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)
ဒီဒုက္ခမှ (လွတ်ရပါလို၏ ဘုရား) ခင်ဗျားတို့ဟာက အလကားပါ၊ အလှူလုပ် မဏ္ဍပ်တိုင် ပြပြီး ဟိုပြေးဒီပြေး မဏ္ဍပ် တိုင်တက်သလို (မှန်ပါ ဘုရား)ဘယ်ဒါတော့ နှလုံးသွင်းတာ မဟုတ်ဘူး (မသွင်းပါ ဘုရား) အလကားထွေရာ ဗျာပါများနေတာ (များပါတယ် ဘုရား)။
ဒကာကြွယ် ဗျာပါများတော့ သမုဒယသစ္စာ လုပ်နေတယ် (လုပ်နေပါတယ် ဘုရား) သမုဒယသစ္စာလုပ်တော့ သေသည်၏ အခြားမဲ့၌ ဘာသစ္စာရမလဲ (ဒုက္ခသစ္စာ ရပါတယ် ဘုရား) ဟာ အလှူရှင် ဒုက္ခရောက်ပြီ(မှန်ပါ) , ဘယ်သူ ဒုက္ခရောက်သလဲ (အလှူရှင် ဒုက္ခရောက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် အလှူရှင် ဒုက္ခမရောက်အောင် ဘယ့်နှယ် လုပ်မတုံးဆိုတော့ ဦးသန်းမောင် ခန္ဓာစိုက်လိုက် (မှန်ပါ့) ခန္ဓာဉာဏ်နဲ့ စိုက်လိုက်တော့ ဘာတွေ တွေသလဲ(ဒုက္ခသစ္စာတွေ တွေပါတယ် ဘုရား)။
ဟင် အဲဒီထဲ ဒုက္ခသစ္စာတွေ တွေတော့ ရှိတာက ဒုက္ခ သစ္စာ၊ တွေတဲ့ဉာဏ်က မဂ္ဂသစ္စာ (မှန်ပါ) ကိုယ့်ကိုယ်တိုင် တွေတာကိုး (မှန်ပါ့ ဘုရား) တွေတဲ့ ဉာဏ်က ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒီ မဂ္ဂသစ္စာနဲ့ လောကီမဂ္ဂသစ္စာ ဖြစ်ပြီး သကာလနေ တော့ တကာတကာမတို့ ကိုယ်တိုင်မြင်တဲ့ ဒီဒုက္ခကြီးမှ ကျွတ်ခြင်း, လွတ်ခြင်းကို အလိုရှိ၍ လှူဒါန်းပါ၏ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ်တိုင်မြင်တဲ့ ဒုက္ခသစ္စာကြီးမှ (ကျွတ်ခြင်း, လွတ်ခြင်းကို အလိုရှိ၍ လှူ ဒါန်းပါ၏) လှူဒါန်းပါ၏ ဆိုပြီး သံဃာ့ လက်ရောက်အောင် ဒကာကြွယ် လှူလိုက်တာပေါ့ (မှန်ပါ့ ဘုရား) ဘုရားကျောင်းဆောက်လဲ ဘုရားလှူလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
ဒီလိုဆိုတော့ ဒုက္ခကြောက်လို့ လှူတဲ့အလှူ (မှန်ပါ့ ဘုရား) ဒုက္ခစက်ဆုပ်လို့ (လှူတဲ့ အလှူပါ ဘုရား) ဒါဖြင့် မဂ္ဂသစ္စာနဲ့ လှူတာ (မှန်ပါ့ ဘုရား) ဒီဘက်ဘာသစ္စာရသလဲ (နိရောဓသစ္စာ ရပါတယ် ဘုရား) ဒီဘက်သွားစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် အဝိုင်းရပ်ပြီ (ရပ်ပါပြီ) ရပ်သွားပြီဆိုတာ ဒကာကြွယ် ပေါ်ပြီ (ပေါ်ပါပြီ) ကဲ ဦးသန်းမောင် ကိုယ်တွေ့ပဲ မဟုတ်လား (မှန်ပါ ဘုရား)။
ကိုယ်တွေ့ပါပဲဆိုတော့ သြော် ဒီလို သိလိုက်ရတဲ့ အသိကလေးဟာ ဒကာကြွယ်၊ဟို နောက်တုန်းကသိခဲ့ရင်လဲ ဒီဆရာနဲ့ ဒီဒကာ မတွေ့ တော့ဘူး (မှန်ပါ) နိဗ္ဗာန်ရောက်သွားမှာပဲ (ရောက်ပါတယ် ဘုရား) သို့သြော် မသိတဲ့ လူတွေဖြစ်နေလို့ ပြန်ပြောနေရတဲ့ အဓိပ္ပာယ် ရောက်ပါတယ် (ရောက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီထက် နက်နက်ကလေး တစ်ခါ ပြောပါဦးမယ် (မှန်ပါ ဘုရား) ဒီထက် နက်နက်ကလေးက ဘာပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်ဟာ တဲ့။ သင်္ခါရဆိုတဲ့ စေတနာတွေ, ကုသိုလ် စေတနာတွေလဲ လုပ်တာပဲ၊ အကုသိုလ် စေတနာတွေလဲ လုပ်တာပဲနော် (မှန်ပါ) ဘာဖြစ်လို့၊ မသိလို့လုပ်တာ (မှန်ပါ၊ မသိလို့လုပ်တာပါ ဘုရား)။
ဒါဖြင့်မသိလို့ ကုသိုလ်လဲလုပ်၊ မသိလို့အကုသိုလ်လဲ (လုပ်ပါတယ် ဘုရား) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)
ကောင်းပြီ၊ တကာတကာမတို့ မသိသော ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် လုပ်ချင်တာ လုပ်တယ်လို့ ဆိုတဲ့စကားမှန်, မမှန် (မှန်ပါတယ် ဘုရား)။
ကုသိုလ်လဲ လုပ်လိုက်တာပဲ၊ အကုသိုလ်ကော (လုပ်ပါတယ် ဘုရား) ဒါ ဘယ်သူ လုပ်တာပါလိမ့် (မသိတဲ့ ပုဂ္ဂိုလ်လုပ်တာပါ ဘုရား) မသိတဲ့ပုဂ္ဂိုလ် (မှန်ပါ) ဒါဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရ တာပဲ(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) မသိတဲ့ပုဂ္ဂိုလ်ဟာ ကုသိုလ်လဲ(လုပ်ပါတယ်) အကုသိုလ်ကော (လုပ်ပါတယ် ဘုရား)။
ဒါဖြင့် ကုသိုလ်လဲ သူဟာ ဘုံဘဝ ဒုက္ခသစ္စာဖြစ်ကြောင်း လုပ်တာပဲ၊ အပါယ်လေးပါး ရောက်ကြောင်း အကုသိုလ်ကော (လုပ်ပါတယ် ဘုရား) ဟာ ဘာဖြစ်လို့ လုပ်ပါလိမ့်၊ သူဟာ (မသိတဲ့ အဝိဇ္ဇာကြောင့်ပါ ဘုရား)။
ဟာ ဒါဖြင့် ဟုတ်ပြီ၊ မသိလို့လုပ်တယ်(မှန်ပါ့) အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) ဒါဖြင့် မသိတာ (အဝိဇ္ဇာပါ ဘုရား) ပြုလုပ်တာ (သင်္ခါရပါ ဘုရား)။
အဲ ကဲ သေကြစို့ဆိုတော့ တကာတကာမတို့၊ ဟောဒီမြားကစပ်ပြတယ်၊ ဟောဒီပဋိသန္ဓေနေပြီ(မှန်လှပါ) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ် ဘုရား)။
ဇာတိပိ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဝိညာဏ်ဆိုတာ ပဋိသန္ဓေဝိညာဏ်ဆိုတော့ ဇာတိပါပဲ (မှန်ပါ့) ဘာသစ္စာရသလဲ (ဒုက္ခသစ္စာရပါတယ်) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကဲဒါဖြင့် ဒီလိုလုပ်ကြစို့၊ သိလို့တကာတကာမတွေက လှူပြီတဲ့၊ လှူချင်လဲလှူ(မှန်ပါ) သိလို့ဖြစ်ပျက်အားထုတ်တယ် (မှန်ပါ ဘုရား)။
ဒါဖြင့် သိလို့ ဖြစ်ပျက်အားထုတ်တာလဲ မဂ္ဂသစ္စာ (မှန်ပါ) သိပြီးလှူတာလဲ (မဂ္ဂသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) သိလို့ အားထုတ်တာလဲ(မဂ္ဂသစ္စာပါ ဘုရား) အင်း ဟင် သိပြီး သကာလ လှူတာကော (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် မဂ္ဂသစ္စာ အားထုတ်တော့ကို တဲ့၊ ဒီဘက်က ဘာသစ္စာရသလဲ (နိရောဓသစ္စာ ရပါတယ် ဘုရား) ဒါဖြင့် သိလို့ လှူတာလဲ နိရောဓသစ္စာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အင်း ဟင် သိလို့ အားထုတ်ပြန်ရင် ကော (နိရောဓသစ္စာပါ ဘုရား) သဘောပါပလား (ပါ, ပါပြီ)။
ဒါဖြင့် တကာတကာမတို့ အင်မတန် နေရာကျပါပြီ (မှန်ပါ)။
ဒါဖြင့် ဒီဘက်က ခန္ဓာငါးပါးဟာ သိကြား, ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းတာလား၊ အဝိဇ္ဇာ သင်္ခါရတို့ လုပ်လိုက် တာလား (အဝိဇ္ဇာ သင်္ခါရတို့ လုပ်လိုက်တာပါ ဘုရား)။
ဒါဖြင့် သိကြား, ဗြဟ္မာ, ဘုရားလာပြီး ဖန်ဆင်းတယ်ဆိုတဲ့ အယူမှားကြီး ပယ်လိုက်ပါတော့ (မှန်ပါ ဘုရား) ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ, ပြုတ်ပါပြီ)။
ဒါဖြင့် ဒီခန္ဓာကြီးရနေတာ အခုတရားနာနေတဲ့ တကာတကာမတွေ၊ တို့ ဘယ်က လာပါလိမ့်မလဲ ဆိုတာကော သိပလား (သိပါတယ် ဘုရား) ဘယ်ကလာသလဲ (အဝိဇ္ဇာ သင်္ခါရက လာပါတယ် ဘုရား)။
အတိတ်ဘဝက အဝိဇ္ဇာ သင်္ခါရကလာတယ် (မှန်ပါ) တို့ဟာ ဘယ်ကမှလာခဲ့တာ မဟုတ်ဘူး၊ ဘယ်သူ ဖန်တီးတာမှ မဟုတ်ဘူး၊ သဘောကျပလား(ကျပါပြီ) ဘယ်ကလာခဲ့တာ တုံး (အဝိဇ္ဇာ သင်္ခါရက လာခဲ့တာပါ ဘုရား)။
အဝိဇ္ဇာ သင်္ခါရက လာတယ်ဆိုတော့ ဘယ်က လာပါလိမ့် မလဲဆိုတဲ့ ဝိစိကိစ္ဆာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဒါဖြင့် ဝိစိကိစ္ဆာလဲသေပြီ(သေပါပြီ ဘုရား)ဒီခန္ဓာကြီးသည် ကားလို့ဆိုရင် ဘယ်သူ ပြုလုပ်တာပါလိမ့် (အဝိဇ္ဇာသင်္ခါရ ပြုလုပ်တာပါ ဘုရား)။
ဟာ ဒါဖြင့် သူတစ်ပါး ဖန်ဆင်းတယ်ဆိုတဲ့အယူတွေ ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိလဲ ပြုတ်ပြီ (ပြုတ်ပါပြီ ဘုရား) ဝိစိကိစ္ဆာကော (ပြုတ်ပါပြီ ဘုရား)။
အဝိဇ္ဇာသင်္ခါရက ပြုပြင်လိုက်တော့ ဒီဘက်မှာ ပုဂ္ဂိုလ် သတ္တဝါ ပေါ်သလားတဲ့၊ ဝိဉာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ပေါ်သလား (ခန္ဓာငါးပါး ပေါ်ပါတယ် ဘုရား)။
ဒါဖြင့်ပြုလုပ်တာလဲ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး(မှန်ပါ) ဖြစ်ပေါ်နေတာလဲ (သတ္တဝါ မဟုတ်ပါ ဘုရား) ဒီလိုဆိုတော့ – ဒိဋ္ဌိခွာပစ်လိုက်တယ်(မှန်ပါ) ပြုလုပ်တာလဲ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး(မဟုတ်ပါ ဘုရား) အဝိဇ္ဇာသင်္ခါရပဲ(မှန်ပါ)။
ပြုလုပ်လိုက်လို့ အခု ခန္ဓာကိုယ်ကြီး ပေါ်နေတာလဲ ဘာပါလိမ့် (ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးဆိုတာ မသိဘူးလား (သိပါတယ် ဘုရား) အဲဒါ ပဋိစ္စသမုပ္ပါဒ် နားလည်တာနဲ့ ဒိဋ္ဌိကွာတယ်(မှန်ပါ ဘုရား)။
ဝိစိကိစ္ဆာကော(ကွာပါတယ် ဘုရား) ငါဘယ်ကလာပါ လိမ့်မတုံးဆိုတော့ ဘယ့်နှယ် ဖြေကြမလဲ(အဝိဇ္ဇာ သင်္ခါရက လာပါတယ် ဘုရား) အဝိဇ္ဇာသင်္ခါရ ပြုလုပ်လို့ ပေါ်လာကာ (မှန်ပါ) ဒါဖြင့် အဲသလို သိလိုက်ပြန်တော့ ဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
ဒါဖြင့် ဦးသန်းမောင် ဝိစိကိစ္ဆာသည် ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့အတွက် အသိနဲ့ မပြုတ်သေးဘူးလား (ပြုတ်ပါ တယ် ဘုရား) အဲ အသိနဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာပြုတ်တော့ စူဠသောတာပန် တည်ပြီ (မှန်လှပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တော့ (စူဠသောတာပန် တည်ပါတယ် ဘုရား)။
စူဠသောတာပန် တည်ပြီးသကာလ ခုနက ပြောခဲ့တဲ့ လှူလိုက်တော့ သောတာပန်အလှူ သွားဖြစ်တယ် (မှန်လှပါ ဘုရား)ကဲ ဘယ်လောက်အဖိုးတန်သလဲ (တန်ပါတယ် ဘုရား) ဘယ်သူ့ အလှူဖြစ်သွားမလဲ (သောတာပန် အလှူသွားဖြစ်ပါမယ် ဘုရား)။
ဦးသန်းမောင် အရေးတကြီး ပြောနေတယ် (မှန်ပါ) ခင်ဗျားမှာ ကိစ္စက လက်ငင်းကြုံနေလို့ (မှန်ပါ ဘုရား) ကဲ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) နက်ဖြန် ဆိုရင်ပဲ ဒီ တကာ တကာမတွေက လက်ငင်းကြုံမယ် (မှန်ပါ) ကဲ ဒကာသစ်တို့ကော (ကြုံပါမယ် ဘုရား) ကြုံလို့ရှိရင်ဖြင့် သြော် စူဠသောတာပန် ဖြစ်ပြီးမှ လှူရလိမ့်မယ် (မှန်လှပါ ဘုရား) ဖြစ်နေပြီတဲ့၊ တကာတကာမတို့ အကြောင်းတရားကလဲသိကြား,ဗြဟ္မာလား၊ အဝိဇ္ဇာ သင်္ခါရလား (အဝိဇ္ဇာ သင်္ခါရပါ ဘုရား) အကျိုးတရားကလဲ ယောက်ျား လား, မိန်းမလားတဲ့၊ ခန္ဓာငါးပါးလား(ခန္ဓာငါးပါး ပါ ဘုရား)။
သြော် အကြောင်းကလဲ တကာတကာမတို့ အဝိဇ္ဇာ သင်္ခါရ၊ အကျိုးကလဲ ခန္ဓာငါးပါး ဆိုတော့ အကြောင်းအကျိုးပဲ ရှိတယ် ဆိုတာလဲ သေချာပြီ (သေချာပါပြီ ဘုရား) ပုဂ္ဂိုလ် သတ္တဝါ ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာရှိပါလိမ့် (အကြောင်းအကျိုးပဲ ရှိပါတယ် ဘုရား)။ ။
ဒီအကြောင်းသည်ကားလို့ဆိုလို့ရှိရင် အကြောင်းက အဝိဇ္ဇာသင်္ခါး၊ အကျိုးကဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာဆိုတော့ ပြုလုပ်တဲ့ ပုဂ္ဂိုလ်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ပြုလုပ်လို့ ပေါ်လာတဲ့ ပုဂ္ဂိုလ်ကော (မရှိပါ ဘုရား)။
မရှိတော့ ပုဂ္ဂိုလ်ပျောက်တဲ့ (မှန်ပါ) ပုဂ္ဂိုလ်ပျောက် ကတည်းကအကြောင်းလဲငါ, ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) အကျိုးကတော့ (ငါ, မဟုတ်ပါ ဘုရား) အဲ ဒါဖြင့် အကြောင်း အကျိုးမျှသာ ရှိတယ်လို့ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။
အဲ ဒကာကြွယ် ဒီကဲ့သို့ သိလိုက်တော့ကို တဲ့၊ အကြောင်းအကျိုးသာ ရှိပါတယ်၊ ဘယ်သူ ပြုလုပ်တာမှ မဟုတ်ဘူး ဆိုကတည်းက ဝိစိကိစ္ဆာ သေပြီ (မှန်ပါ ဘုရား) အကြောင်း ကလဲ ဘာပါလိမ့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား) အကျိုး ရ ထားတာကလဲ (ခန္ဓာငါးပါးပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ပါသေးလား (မပါ, ပါ ဘုရား) အကြောင်းထဲမှာလဲ မပါဘူး (မှန်ပါ) အကျိုးထဲမှာကော (မပါ, ပါ ဘုရား)။
ဒါဖြင့် တကာတကာမတို့သိနေပြီတဲ့၊ ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းသွားပါပြီ(မှန်လှပါ) ဘယ်လိုပါလိမ့်(ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်းသွားပါပြီ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်း သွားတော့ ဒိဋ္ဌိက ပြုတ်တယ် (မှန်ပါ ဘုရား) အကြောင်း အကျိုးသိတော့ ဝိစိကိစ္ဆာပြုတ်တယ်(မှန်ပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါမရှိဘူးဆိုတော့ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) ဘာသောတာပန်တည်တာလဲ (စူဠသောတာပန် တည်ပါတယ် ဘုရား)။
အဲ စူဠသောတာပန် ဖြစ်သွားတော့မှ တကာ တကာမတွေက လှူလိုက်, တန်းလိုက်, ပေးလိုက်, ကမ်းလိုက်တော့ ဘယ်သူက လှူတာတုံးမေးရင် စူဠသောတာပန်က လှူတာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်သူက လှူတာပါလိမ့် (စူဠသောတာပန်က လှူတာပါ ဘုရား)။
စူဠသောတာပန်ဆိုတော့ အင်း သာမည ပုဂ္ဂိုလ်လား သစ္စာသိတဲ့ ပုဂ္ဂိုလ်လား (သစ္စာသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) အင်း ဟင် တကာတကာမတို့ ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိလုံးကလေး (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒီတော့ ခန္ဓာကိုယ်က ဒုက္ခသစ္စာ၊ သိလုံးကလေးက မဂ္ဂသစ္စာဆိုတာ ကိုယ်ကိုယ်တိုင် သိနေတော့ ဒီဒုက္ခဝဋ်ကြီးကို တပည့်တော်ကိုယ်တိုင် သိပြီဆိုတော့ မဂ်နဲ့သိပြီ (မှန်လှပါ ဘုရား) ဒီဒုက္ခဝဋ်မှ ကျွတ်လိုလို့ ဒုက္ခဝဋ်ကျွတ်ရာကိုသာ ရည်မှန်း၍ လှူဒါန်းပေးကမ်းပါ၏ ဆိုတော့ တကာတကာမတို့ သစ္စာသိပြီး လှူတာ (မှန်လှပါ ဘုရား) ဒုက္ခသစ္စာသိပြီး လှူလိုက်တယ် (မှန်ပါ ဘုရား)။
ဒုက္ခသစ္စာကိုမလိုချင်, မရချင်လို့ (လှူပါတယ် ဘုရား) လှူလိုက်တဲ့ အခါကျတော့ကို ဒုက္ခသစ္စာမရတော့ နိရောဓသစ္စာပဲ ကျုပ်တို့ ရ, ရမယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။
ဒါဖြင့် တကာတကာမတို့ လှူတတ်ပလား (လှူတတ် ပါပြီ ဘုရား)ကဲ ဒါဖြင့် နိဂုံးချုပ် တော့မယ်၊ တကာတကာမတို့၊ မသိလို့ လှူတာဘာသစ္စာ(သမုဒယသစ္စာပါ ဘုရား) သဘော ကျပလား (ကျပါပြီ) လှူလို့ ရတာကကော (ဒုက္ခသစ္စာ ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိလို့လှူတာ ဘာသစ္စာ (မဂ္ဂသစ္စာပါ ဘုရား) လှူလို့ ရတာ ဘာသစ္စာ (နိရောဓသစ္စာပါ ဘုရား)။
ကိုင်း ဒါနသံသရာ ရှည်သေးသလား၊ မရှည်တော့ဘူး လား (မရှည်ပါ ဘုရား) မသိ, အသိသာ လိုရင်းဖြစ်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့နာရီစေ့ပြီ၊ တော်ကြဦးစို့ ။
သာဓု သာဓု သာဓု။
အမှတ်-(၂)
ကထိန်ရေစက်ချတရား
အသံဖိုင်ခေါင်းစဉ်= ကထိန်ရေစက်ချတရား
စာအုပ်ခေါင်းစဉ်= ဒါနခန်းတရားတော်(၂)
—–
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ – ဓမ္မာရုံ၌ ဟောကြား ပြသ ဆုံးမတော်မူအပ်သော
ကထိန်ရေစက်ချ အလုပ်ပေး တရားတော် (၂)
(၂၂-၁၁-၆၁)
အားလုံး ဒကာ ဒကာမတွေက ဒီအချိန် မုဉ္စစေတနာ အချိန်ဆိုတာ လူတိုင်းသိပါပြီ (မှန်လှပါ ဘုရား) မုဉ္စစေတနာ အချိန်ဆိုတာ လှူဆဲ အချိန်နော် (မှန်ပါ)။
အဲဒီလှူဆဲအချိန်မှာ လှေနှစ်ခုပြိုင်တဲ့အခါ လမ်းမှာ ဘယ်လိုပင် လှော်လာငြားသော်လဲ ပန်းဆွတ်တာ အရေးကြီး ဆိုတာလို၊ ဒီမှာလဲ ဒကာ ဒကာမတို့ ဟိုက ပုဗ္ဗစေတနာက ဘယ်လိုပဲ ကောင်းကောင်း၊ မုဉ္စစေတနာမှာ ရာဂ, ဒေါသ, မောဟခြံရံမယ် ဆိုလို့ရှိရင်ဖြင့် အပျက်ကြီး ပျက်သွားမှာကိုလဲ ဆရာသမား စိုးရိမ်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက နောင်လဲ လှူကြရမယ်၊ ရှေ့လဲလှူလတ္တံ့ မသေမချင်း၊ ဒီဟာ တော်တော် အရေးကြီးပါကလားဆိုတဲ့ အချက်ကိုဖြင့် ကွက်ကွက် ကွင်းကွင်းပဲ မှတ်ရမယ် (မှန်ပါ ဘုရား)။
အားလုံး အလှူ့ဒကာ ဒကာမတွေကချည်းပဲ ဆိုတာလဲ ငြင်းဖို့မလိုတော့ပါဘူး (မလို ပါ ဘုရား) ကထိန်အမ, ကထိန်တကာ တွေချည်းပဲ ဆိုတဲ့ ဥစ္စာကိုလဲ သိပြီးသား ဖြစ်ကြပါတယ် (မှန်ပါ ဘုရား)။
အဲဒီကဲ့သို့ သိပြီးသားဖြစ်နေတော့ ဒါနလှူကြတယ်၊ ဒါနစေတနာကို လှူထားလိုက်လို့ ဒီစေတနာနဲ့ လှူဒါန်း ပေးကမ်းလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် လူ့ပြည်, နတ်ပြည် စုန်ဆန် ခံစားချင်လို့ လှူလို့ရှိရင် ပုညာဘိသင်္ခါရ ဖြစ်ပါတယ် (မှန်ပါ ဘုရား)။
ပုညာဘိသင်္ခါရလို့ ဆိုတဲ့ဥစ္စာ ပုညက ကုသိုလ်၊ အဘိသင်္ခါရက ပြုလုပ်တာ၊ ဒါဖြင့် ဒီကုသိုလ်ကံ က ခင်ဗျားတို့ကို လူချမ်းသာ, နတ်ချမ်းသာဆိုတဲ့ လိမ်လည် ကောက်ကျစ်တဲ့ ချမ်းသာကြီးကို ပြုပြင်အောင်လို့ ခင်ဗျားတို့ ပြုလုပ်တဲ့ အဓိပ္ပာယ် ရောက်တယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် လူ့ဘဝ, နတ်ဘဝ ချမ်းသာခြင်း အလိုရှိလို့ ပြုခဲ့သော် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်ပါတယ် (မှန်လှပါ ဘုရား) သင်္ခါရတွေ အများကြီးရှိနေတော့ ပုညာဘိသင်္ခါရာ ဖြစ်ပါတယ် (မှန်ပါ ဘုရား) သဘောပါပလား (ပါ, ပါတယ် ဘုရား)လူချမ်းသာ, နတ်ချမ်းသာ လုပ်ချင်လို့ ကထိန်ကြီး ခင်းကြလို့ရှိရင်ဖြင့် အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ဖြစ်ပါတယ် (မှန်ပါ့)။
အဝိဇ္ဇာပစ္စယာ၊ မသိမှုအဝိဇ္ဇာ လွှမ်းမိုးခြင်းကြောင့် ပုညာဘိ သင်္ခါရာ၊လူ့ဘဝ, နတ်ဘဝ ပြုပြင်တတ်တဲ့ သင်္ခါရတရားတွေသည် ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကြလေကုန်၏ လို့ ဆိုသောကြောင့် တကာ တကာမတွေက သစ္စာမသိဘဲနဲ့ လှူလိုက်လို့ရှိရင် ပုညာဘိသင်္ခါရ ဖြစ်တယ် (မှန်လှပါ ဘုရား)။
ဒါကြောင့်မနေ့ကပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လှည့်ပြီး စက်ဝိုင်းကြီး ဘုန်းကြီးက ပြတော့ ဒကာသစ်တို့လဲ သိတယ်၊ ဦးသန်းမောင်တို့ သိတယ်၊ ဒကာကြွယ်တို့ ဦးလှဘူးတို့ သိကြ ပါတယ် (မှန်ပါ့) လူ့ဘဝ,နတ်ဘဝ တောင့်တပြီး လှူတဲ့အလှူ ဟာ ဘာသစ္စာတဲ့လဲ (သမုဒယသစ္စာပါ ဘုရား) သမုဒယ သစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
သြော် လူ့ဘဝ, နတ်ဘဝ တောင့်တပြီး လှူတဲ့ဥစ္စာ သမုဒယသစ္စာဖြစ်တယ် (မှန်လှပါ ဘုရား) ထိုကဲ့သို့သမုဒယ, – သစ္စာဖြစ်ပြီဆိုမှဖြင့် အားလုံး ဒကာ ဒကာမတွေက အကြောင်း သမုဒယဆိုလို့ ရှိရင် စုတေမနေ သေလွန်တော့ကို ဘာသစ္စာ အကျိုးပေးသလဲ (ဒုက္ခသစ္စာ အကျိုးပေးပါတယ် ဘုရား)။
လူခန္ဓာ,နတ်ခန္ဓာ, ဗြဟ္မာခန္ဓာမှာ အကျိုးပေးရတဲ့အတွက် ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) လူခန္ဓာအစ ဇာတိက (မှန်ပါ့) နတ်ခန္ဓာအစ ဇာတိက (မှန်ပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) လူခန္ဓာ အလယ်ဟာ ဇရာပဲ (မှန်ပါ) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) လူခန္ဓာဆုံးခါနီး ဗျာဓိပဲ၊ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) လူ့ခန္ဓာ နောက်ဆုံးပိတ် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
သြော် ဒါဟာ မသိဘဲ လှူလို့၊ မသိလှူ သမုဒယသစ္စာ ကြောင့် ဒုက္ခသစ္စာဆိုတဲ့ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကြီး ရ ရတယ် (မှန်လှပါ ဘုရား) လှူလဲ လှူရသေး ဒုက္ခလဲ ရောက်ရသေး, ဒုက္ခလဲရောက်ရသေး (မှန်လှပါ ဘုရား) လှူလဲ လှူရသေး (ဒုက္ခလဲ ရောက်ပါသေးတယ်) ဒါဉာဏ်နဲ့ စဉ်းစားပြီး ဦးသန်းမောင်တို့ အရေးကြီးတော့တယ်ဆိုတာ မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေက လှူလဲ လှူရသေး ဒုက္ခလဲ ရောက်ရသေးဆိုတော့ ဘယ့်နှယ် နေကြသလဲ (ဆိုးရွား ပါတယ် ဘုရား) အင်မတန် ဆိုးရွားတဲ့ အဓိပ္ပာယ်ရောက် နေတယ် (ရောက်ပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေကသည် အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာ မဖြစ်စေမူ၍ အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော ဖြစ်ရမယ် (မှန်ပါ့ ဘုရား) အဝိဇ္ဇာ နိရောဓာ (သင်္ခါရနိရောဓောပါ ဘုရား) အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော တဒင်္ဂဖြစ်ဖြစ် ဒါဖြစ်ရတော့မယ် (မှန်လှပါ ဘုရား) အဲဒီ တဒင်္ဂဟာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ တကာ တကာမတွေက ယခု ခန္ဓာကိုယ်ကြီး ကြည့်လိုက်တဲ့ အခါကျတော့ ထိုင်လိုက်, ထလိုက်, ပြောင်းလိုက်, စောင်းလိုက်, ရွဲ လိုက်, ရှူလိုက်, အောင့်လိုက်, နာလိုက်, ခန္ဓာကြီးက ပြတယ် (မှန်ပါ့) ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
သြော် ဒီခန္ဓာကြီးက ဒုက္ခသစ္စာပဲ လက်တွေပြောပြ နေပါပေါ့လား ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ဘာတွေ များ ပြောလေ့ ဟောလေ့ ရှိပါလိမ့် (ဒုက္ခသစ္စာလို့ ပြောပါ တယ် ဘုရား)။
ဒုက္ခသစ္စာပဲပြောလေ့, ဟောလေ့ ရှိနေတော့ ဪ ဒါဖြင့် နှလုံးသွင်းလိုက် ဒီသင်္ကန်း မကပ်ခင်၊ သြော် ဒီဒုက္ခ သစ္စာ ဝိပါကဝဋ္ဋ်မှ ဒါ ဝိပါကဝဋ္ဋ်လို့ ခေါ်တယ် (မှန်ပါ) ဒုက္ခသစ္စာ ဝိပါကဝဋ္ဋ်မှ တပည့်တော်တို့ မျက်မြင်အားဖြင့် ကျွတ်လိုပါတယ်ဘုရား (မှန်ပါ ဘုရား) ဉာဏ်မြင် အားဖြင့်လဲ ကျွတ်လိုပါတယ်ဘုရား ဆိုတော့ သစ္စာမြင်တဲ့ ဉာဏ်သည် ဝိပဿနာဉာဏ်ပဲ (မှန်လှပါ ဘုရား)။
ဖြစ်ပျက်ဟာလဲဒုက္ခသစ္စာပဲ (မှန်ပါ) ဖြစ်ပျက်,မြင်လဲ ဝိပဿနာဉာဏ်ပဲ၊ ဖြစ်ပျက်မြင်လဲ သစ္စာမြင်တဲ့ဉာဏ်ပဲလို့ ဋီကာ ဆရာများလဲ ပြပါတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့်ဒကာ ဒကာမတွေက ယခုခဏ သစ္စာမြင်တဲ့ ဉာဏ်ကလေး ဘုန်းကြီးက ဦးတည့်ခိုင်းရမယ်၊ ခန္ဓာဦးတည့်ရ မယ်နော် (မှန်လှပါ) သစ္စာမြင်တဲ့ ဉာဏ်နဲ့ ခန္ဓာ ဦးတည့် လိုက်တော့ကို ဘုရားက ဘယ်လိုဟောပါလိမ့်မတုံး ဆိုတော့ အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ကျတော့ “စိတ္တာလင်္ကာရ စိတ္တပရိက္ခာရမေဝ ဒါနံ သေဋ္ဌံ ” တဲ့ (မှန်ပါ)။
စိတ္တာလင်္ကာရ စိတ္တပရိက္ခာရဆိုတာ တခြားမဟုတ်ပါဘူး၊ သမထ ဝိပဿနာ စိတ္တာလင်္ကာရ စိတ္တပရိက္ခာရမေဝ ဒါနံ – သမထဝိပဿနာခြံရံပြီး ပေးလှူခြင်းသည်။ သေဋ္ဌံ၊ အမြတ်ဆုံး လို့ ငါဟောသကွ တဲ့ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေက လှူဆဲအခိုက်အတန့်ကို ဝိပဿနာ ခြံရံရလိမ့်မယ် (မှန်လှပါ ဘုရား) လှူဆဲ အခိုက် အတန့်ကို (ဝိပဿနာ ခြံရရပါမယ် ဘုရား)။
“ ဝိပဿနာ ” ခြံရံမယ်ဆိုတော့ ဒကာ ဒကာမတွေက စဉ်းစားလိုက်တယ်၊ ဝိပဿနာဆိုတာ “ဝိသေသေန ပဿတီတိ ဝိပဿနာ” ဆိုတဲ့ အတိုင်း သြော် အထူးရှုရမှာ ပါကလား (မှန်ပါ့ ဘုရား)။
ဘယ်အချိန် ရှုရလိမ့်မတုံးဆိုတော့ မုဉ္စစေတနာ အချိန်မှာ ယနေ့အတွက် ကြုံလာလို့ မုဉ္စစေတနာ အချိန်မှာပဲ ရှုရလိမ့်မယ် (မှန်လှပါ)။
မုဉ္စစေတနာအချိန်ဒကာ ဒကာမတွေကရှုလိုက်တော့ကို ခန္ဓာကြီးကို ဒုက္ခသစ္စာ သဘော၊ ဖြစ်ပျက်ရှုနေကျ ပုဂ္ဂိုလ်က ဖြစ်ပျက် ရှုပေါ့ဗျာ (မှန်ပါ) ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကတော့ သြော် ဝေဒနာ ဒုက္ခသစ္စာပဲ (မှန်ပါ့) အင်း ဟင် စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ စိတ်ဖြစ်ပျက်ကလေးဟာ ဪ ဒုက္ခသစ္စာပဲ (မှန်ပါ့)။
ရှုပြီး ဒီဒုက္ခသစ္စာလေးတွေ မြင်ပြီးတော့မှ တပည့်တော်တို့ ယခု အင်မတန် ကြီးကျယ် ခမ်းနားတဲ့ ကထိန်ကြီးကို သံဃိက ဒါနအဖြစ်နဲ့ လှူဒါန်းရမှာသည်ကား လို့ဆိုရင်ဖြင့် ဒီမျက်မြင် ဒုက္ခဝဋ္ဋ်ကြီးမှ ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ် ပေါ်လာအောင် ရှုရမယ် (မှန်လှပါ ဘုရား)။
မျက်မြင်ဒုက္ခဝဋ္ဋ်မှ ကျွတ်လိုလို့ဒါကျွတ်ချင်တဲ့အကူအညီ အထောက်အပံ့ အဖြစ်ဖြင့် တပည့်တော်တို့ လှူဒါန်းပါတယ်လို့ ဆိုတဲ့ဥစ္စာကို ခင်ဗျားတို့ အတိအလင်း ခန္ဓာနှလုံးသွင်း ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် အားလုံးသော ဒကာ ဒကာမတွေကို သတိပေး လိုက်ပါတယ်၊ သင်္ကန်း မကပ်မီ ရှေးအဖို့ ကာလ၌ သီလက ပြည့်စုံ ပြီးသား (မှန်လှပါ) သမထ, ဝိပဿနာကလေးက ကျန်နေ သေးတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ စိတ်ကို တန်ဆာမဆင်ဘဲနဲ့ ခင်ဗျားတို့ရော့ အင့် ဆိုပြီး ပေးကမ်းလိုက်လို့ ရှိရင် ဒါနရိုးရိုး ဖြစ်မယ် (မှန်လှပါ ဘုရား) ဒါနရိုးရိုး ဖြစ်ခဲ့လို့ရှိရင်ဖြင့် ဒါနရှစ်မျိုးရှိရာတွင် ရှစ်ခုမြောက်ဒါန အမြတ်ဆုံးဒါနသို့ မရောက်ပေဘူး (မှန်လှပါ)။
ထိုကဲ့သို့ မရောက်တဲ့ အခါကျတော့ အရင်းတွေ ဘယ် လောက်ပင် များများ၊ အခု ကထိန်ပွဲကြီးမှာ လှူကြ၊ တန်းကြနဲ့ အင်မတန် ကြီးကျယ်ပါတယ် (မှန်လှပါ) အရင်းများပြီး အမြတ်သေးခဲ့သော် ဒီကုန် မကူးကောင်းပါဘူး (မှန်လှပါ ဘုရား) အရင်းနည်း ပြီး အမြတ်ကြီးခဲ့သော် ကူးကောင်းပါတယ် (မှန်ပါ့)။
အရင်းများပြီး ကြီးသည်ထက်ကြီးကျယ်လို့ရှိရင်လဲ ဒီကုန် ကို ကူးထိုက်တယ်ဆိုတာ ကုန်သည် သဘောနဲ့လဲ သိပြီးသား ဖြစ်ပါတယ် (မှန်လှပါ ဘုရား) ဒါ့ကြောင့် မောင်ထွန်းလှိုင်တို့ လူစု၊ ဒကာကြွယ်တို့ လူစုတွေက၊ ဦးသန်းမောင်တို့ မောင်ဘတုတ် တို့ ဒကာသစ်တို့ လူစုတွေက ဝိပဿနာ ခြံရံကြဦးစို့ (မှန်လှပါ)။
အိမ်ကျမှ ခြံရံမယ်ဆိုတော့ ပရစေတနာမှာ သွားခြံရံတယ် (မှန်လှပါ ဘုရား) ယခု ခြံရံ လိုက်လို့ ရှိရင် မုဉ္စ စေတနာမှာ သွားပြီးခြံရံတဲ့ အတွက်ဘုန်းကြီးတို့ ဒကာ ဒကာမတွေကမှာ အဋ္ဌက နိပါတ် အင်္ဂတ္တိုရ် ပါဠိတော်ကြီးမှာ ကိုယ်တော်တိုင် ဟောပြီး သကာလ ထားသောကြောင့် “စိတ္တာလင်္ကာရ စိတ္တပရိက္ခာရမေဝ ဒါနံ သေဋ္ဌံ ” တဲ့၊ အဋ္ဌကထာဆရာကဘယ်လိုဖွင့်လိုက်သလဲ စိတ္တာ လင်္ကာရ စိတ္တပရိက္ခာရ ဝသေန- သမထ ဝိပဿနာ ခြံရံသည်၏အစွမ်းအားဖြင့်၊ သမထဝိပဿနာ ခြံရံပြီးသကာလ လှူတဲ့ဒါနမှသာလျှင် အမြတ်ဆုံးဒါန ဖြစ်ပါတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒီအတိုင်းနေမလား၊ သမထ ဝိပဿနာ ကလေး ရှေ့ပြေးပြီးသကာလ ခန္ဓာဝန် ဒုက္ခဝဋ္ဋ်မှ လွတ်လိုလို့ လှူကြမလားလို့ တရားတစ်ပွဲလုံး မေးလိုက်ပါတယ် (ခန္ဓာဝန် ဒုက္ခဝဋ္ဋ်မှ ကျွတ်လိုလို့ လှူကြပါမယ် ဘုရား)။
ခန္ဓာဝန်ကျွတ်လိုလို့လှူချင်လို့ရှိရင်ဖြင့်ငါးမိနစ်ခန္ဓာကိုယ် နှလုံးသွင်းပါ (မှန်ပါ့ ဘုရား) ဘုန်းကြီးက နာရီကြည့်ပြီး စဉ်းစားနေမယ်၊ ကဲ နှလုံးသွင်းကြ အားလုံး။
ထိုက်တန်သလောက်တော့ မြင်ကြရော့မယ်လို့ ဆရာဘုန်းကြီးက အောက်မေ့တယ်နော် (မှန်ပါ့ ဘုရား)။
ဒကာကြွယ်တို့ မြင်ရဲ့လား (မြင်ပါတယ် ဘုရား) ဖြစ်ပျက် ဒုက္ခသစ္စာကလေးတွေ မြင်ရဲ့လား (မြင်ပါ တယ် ဘုရား) နောက်က ဒကာ ဒကာမတွေက (မြင်ပါ တယ် ဘုရား) ထိုကဲ့သို့ မြင်ခဲ့သည်ရှိသော် အဖြစ်အပျက်က ဒုက္ခသစ္စာနော် (မှန်ပါ့) မြင်မှုက လောကီ မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။
အဲဒီလောကီ မဂ္ဂသစ္စာနဲ့ မြင်တော့မှ သြော် မိမိ မြင်တာ ဒုက္ခသစ္စာဆိုတော့၊ ဒုက္ခသစ္စာမြင်တော့ သတိ သမာဓိ ဝီရိယဆိုတဲ့ သမာဓိ မဂ္ဂင်သုံးပါး မပါဘဲနဲ့လဲ မဖြစ်နိုင်ဘူး (မှန်ပါ့)။
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ပညာမဂ္ဂင်နှစ်ပါး မပါဘဲနဲ့လဲ မမြင်နိုင်တော့ကို၊ သြော် သမထဝိပဿနာဖြင့် ပြည့်စုံသွား ပြီ (မှန်ပါ့ ဘုရား) သမထ ဝိပဿနာ ပြည့်စုံပါပလား (ပြည့်စုံပါပြီ ဘုရား)။
ဒါဖြင့် ဒီအလှူပွဲကြီး၌ ဒကာ ဒကာမတို့ ကိုယ်မြင်တဲ့ ဒုက္ခဝဋ္ဋ်မှ ကိုယ့်ဉာဏ်နဲ့ ကျွတ်ချင် ကြပလား (ကျွတ်ချင်ပါ ပြီ ဘုရား) ဒီ ခန္ဓာကြီးဟာ ဘယ်လိုထားလို့ ဘယ်လိုသိလို့မှ မရတဲ့ ခဏခဏ ဖောက်ပြန် ပျက်စီးတယ်။ ဖြစ်လိုက် ပျက်လိုက်မှု ဖြစ်လိုက် ပျက်လိုက်, သင်္ခါရ ဒုက္ခကြီးနဲ့ တွေကြုံနေရတယ်။
ဒီ ဒုက္ခဝဋ္ဋ်မှ ကျွတ်လိုတဲ့ ဉာဏ်နဲ့ အားလုံး ဒကာ ဒကာမ တွေ ဆရာတော် သမားတော်တွေကို သံဃိကသင်္ကန်း ကပ်ကြရ လိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် မျက်မြင်ဝိပဿနာ ဒိဋ္ဌဝိပဿနာ ဖြစ်ပြီးသကာလ နေတော့ သမထ ဝိပဿနာ မုဉ္စစေတနာမှာ ခြံရံပြီးတော့ ကပ်ရုံပဲ ကျန်တော့ပါတယ်နော် (မှန်ပါ့)။
ကိုင်း ဆရာဘုန်းကြီးက ရှေ့ ဆောင်ပြီးတော့ ချပေးမယ်၊ ဒကာ ဒကာမတွေက လိုက်ကြနော် (မှန်ပါ့ ဘုရား)။
“ မယံ ဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ
သပရိဝါရံ ဣမံကထိနစီဝရံ သံဃဿ ဒေမ ”
(၂, ခေါက်ဆို)။
ဘန္တေ ၊အရှင်ဘုရားတို့။ မယံ၊ တပည့်တော်တပည့်တော်မ တို့သည်။ သံသာရဝဋ္ဋဒုက္ခတော၊ ဖြစ်ပျက်အစဉ် ခန္ဓာ သံသရာ ဒုက္ခသစ္စာကြီးမှ ဒုက္ခသစ္စာဝဋ္ဋ်ကြီးမှ။ မောစနတ္ထာယ၊ လျင်လျင် မြန်မြန် မဂ်ဉာဏ် ဖိုလ်ဉာဏ် အမြင်ဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ လွတ်မြောက်ခြင်း အကျိုးငှာ၊ သပရိဝါရံ၊ အခြံအရံနှင့် တကွသော။ ဣမံ ကထိနစီဝရံ၊ ဤကထိန်လျာ သင်္ကန်းကို။ သံဃဿ၊ မင်္ဂလာတိုက်၌ ပုရိမဝါမှ ကောင်းစွာ ကျွတ်လွတ်တော်မူကြသော သံဃာတော် အရှင်မြတ် အပေါင်းအား။ ဒေမ၊ မအိုမသေ အမြဲနေသော နိဗ္ဗာန်ကို ရည်မှန်း၍ သမထ ဝိပဿနာ ခြံရံသော ဒါနအဖြစ်ဖြင့် လှူဒါန်းကြပါကုန်၏ အရှင်ဘုရား။
ကဲ သင်္ကန်း ကပ်ကြပေတော့၊ ဒကာ ဒကာမတွေက အားလုံးအလှူပွဲကြီး ဖြစ်သောကြောင့် အားလုံးပဲ ရေစက်ချကြပါစို့ (မှန်လှပါ ဘုရား) အားလုံး ရေစက်ချကြပါစို့ အလှူပွဲကြီးကို (မှန်လှပါ ဘုရား)။
ဝိပဿနာ ခြံရံတဲ့ ဒါနကြီး အကျိုးကျေးဇူးတွေကို ပြပြီးသကာလ ဒကာ ဒကာမတွေက ကြပ်ကြပ်ဂရုစိုက်ပြီး ဒီအချိန်မှာ အိမ်မှာ ပြောခဲ့တဲ့စိတ်တွေ၊ အိမ်ပြန်ချင်တဲ့စိတ်တွေ၊ ညောင်းညာတဲ့ စိတ်တွေ၊ ညောင်းညာတဲ့ ဒုက္ခသဟဂုတ် ကာယဝိညာဏ် စိတ်တွေ၊ ဒါတွေ ပေါ်လာလို့ရှိရင်လဲ အလုံးစုံ ဖြစ်ပျက်သာ ရှုပစ်လိုက် (မှန်လှပါ ဘုရား)။
အကုန်ဖြစ်ပျက်ရှုပြီး ဒကာ ဒကာမတွေက အင်း အနိစ္စ ခန္ဓာကိုယ်၊ အနိစ္စ ခန္ဓာကိုယ် ဆိုတာ မြင်ပါလိမ့်မယ် (မြင်ပါတယ် ဘုရား) ဒုက္ခသစ္စာ ခန္ဓာကိုယ်ဆိုတာ မြင်ပါလိမ့်မယ် (မြင်ပါတယ် ဘုရား)။
အဲဒါကြောင့် ပျင်းတဲ့စိတ်လာလဲ ပျင်းတဲ့စိတ် ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား) ငိုက်တဲ့စိတ် လာရင်ကော (ငိုက်တဲ့ စိတ်ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ကြာတယ် ဘုန်းကြီး ဟောနေလိုက်တာ ကြာတယ်လို့ ဒေါသကလေး လာရင်ကော (ဒေါသကလေး ဖြစ်ပျက် ရှုရပါမယ်) ဒေါသစိတ်ကိုလဲ ဖြစ်ပျက်ရှု (မှန်လှပါ) ဘုန်းကြီးပြောနေတာ ရှည်လိုက်တာ ဆိုပြီး သကာလ စိတ်ထဲ မခံသာလို့ ရှိရင်လဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။
အဲဒီ မခံသာတဲ့စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား) “သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ” လုပ်ပါ (မှန်ပါ ဘုရား) အဲဒီကဲ့သို့လုပ်ပြီး ဝိပဿနာနဲ့ ဒကာ ဒကာမတွေ နား, က ဘုန်းကြီးပြောတာ ထောင်ပါ (မှန်ပါ) ဉာဏ်က ခန္ဓာကိုယ် လှည့်ပါ (မှန်ပါ ဘုရား) နားက (ဘုန်းကြီး ပြောတာထောင်ပါ) ဉာဏ်က (ခန္ဓာကိုယ် လှည့်ပါ ဘုရား)။
ခန္ဓာကိုယ်လှည့်ပြီး သကာလ, နာလို့ရှိရင် ယခုဆရာ ဘုန်းကြီး နာရီ သုံးပတ်လောက် ဆိုသလိုပဲ ရေစက်ချ တရားပြော ပါလိမ့်မယ်နော် (မှန်လှပါ ဘုရား)။
အဲဒီလို ပြောတဲ့အခါကျလို့ ရှိရင် တကာ တကာမတွေက ဝိပဿနာဉာဏ် ဦးစီးပြီးသကာလ အင်း အလှူပွဲမှာ ဝိပဿနာဉာဏ် ဦးစီးနေတယ်ဆိုတဲ့ဥစ္စာ သေချာသွားအောင် လို့နော် (မှန်လှပါ ဘုရား)။
ကိုင်း သေသေချာချာ မှတ်ကြပေတော့ တကာ တကာမတို့ ဒီဘဝ, ဒီဌာန, ဒီအချိန်, ဒီကျောင်းပေါ် ရောက်ပြီးသကာလဒီလိုလာကြသည်ကားလို့ဆိုရင်ဖြင့်အစရှိပါ လိမ့်ဦးမယ်၊ သူဘယ်ကစ,လို့ ဒီအနား ရောက်လာပါလိမ့်မလဲဆို တာ ဦးသန်းမောင်တို့ တွေးရမယ် (မှန်လှပါ ဘုရား)။
တွေးရတဲ့ အခါကျတော့ တပည့်တော်တို့ ဘုရားအစမှာ ယခုဘဝမှာဖြင့် အမိဝမ်းခေါင်း ကလလရေကြည်က စခဲ့ ပါတယ်ဆိုတာ အားလုံးက အဖြေထွက်ရတယ် (မှန်လှ ပါ ဘုရား)။
ကလလရေကြည်က စ, ခဲ့ပါတယ်ဆိုတာ အားလုံးအဖြေ ထွက်တော့ ကလလ ရေကြည် ကလေးဟာ ဒကာ ဒကာမတို့ အင်မတန် သေးငယ်ပါတယ်ဆိုတာလဲ ခဏခဏပြောလို့ နားလည် လောက်ပါပြီနော် (မှန်ပါ ဘုရား)။
ဒါကလေးဟာ ရုပ်၏ ဇာတိဆိုရင်လဲ အမှန်ပါပဲ (မှန်လှပါ ဘုရား) ဒီကလလရေကြည်နဲ့ တွဲနေတဲ့ဝေဒနာသညာ သင်္ခါရတွေကလဲ နာမ်၏ ဇာတိတွေ (မှန်ပါ ဘုရား) သြော် ဒါကလေးတွေဟာ “ဇာတိပိ” ဘာသစ္စာလဲ (ဒုက္ခသစ္စာ ပါ ဘုရား)။
ဪ တပည့်တော်တို့ လာခဲ့ရတာ ဘုရား၊ အစ ကတည်းက ဒုက္ခနဲ့ပါဘုရား (မှန်လှပါ ဘုရား) အစကတည်း က (ဒုက္ခသစ္စာနဲ့ပါ ဘုရား) အင်း ဒီဒုက္ခကြီးကိုလဲ ဒကာ ဒကာမတွေ လှူဒါန်း ပေးကမ်းတဲ့ပုဂ္ဂိုလ်များ နောက်ဇာတိ ကို လိုချင်လို့ရှိရင် လူမိုက်အလှူ ဒုက္ခပူရမှာပဲ (မှန်လှပါ ဘုရား)။
သြော် ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ်လာခဲ့တဲ့အစ ကိုယ်မြင်ကြပလား (မြင်ပါတယ် ဘုရား) အမိဝမ်းခေါင်းထဲ ကလလရေကြည်ကစ, ခဲ့တယ် (မှန်ပါ) ဘာသစ္စာနဲ့လဲ (ဒုက္ခသစ္စာနဲ့ပါ ဘုရား)။
သြော် ဒီဒုက္ခကြီးကိုတပည့်တော် ရွံမုန်းခြင်း၊ ငြီးငွေ့ ခြင်းကို လုံးဝမတွေ့လိုလို့ ဤသံဃိကဒါန ကထိန် အလှူပွဲကြီးကို ဆင်နွှဲပါတယ်၊ ဒုက္ခသစ္စာကြီး ကြောက်လွန်းလို့ ဒီကထိန် အလှူပွဲကို သမထဝိပဿနာ ခြံရံပြီး လွတ်ခြင်း, ကျွတ်ခြင်းဖြစ် တဲ့ အ, ဇာတိဖြစ်တဲ့ ပဋိသန္ဓေ မနေရာကို သာလျှင် ရောက်ခြင်း ရခြင်း ဆန္ဒပြင်းပြသည် ဖြစ်ပါ၍ ဇာတိကို ရွံမုန်းပြီး အဇာတိကို တောင့်တတဲ့ ဆန္ဒနဲ့ သံဃာတော်များအား လှူဒါန်းပါ၏လို့ ယခု အချိန်စိတ် ပြောင်းလိုက်ပါဦး၊ ပြောင်းလိုက်ပါဦး (မှန်လှပါ ဘုရား)။
တပည့်တော် တပည့်တော်မတို့သည် တပည့်တော်တို့၏ ဘဝ ဇာတိဒုက္ခက စ, ကြောင်းကို ဧကန်သိ တကယ်သိသည် ဖြစ်ပါ၍ ဇာတိဒုက္ခကြီးကို ရွံခြင်း, မုန်းခြင်း, ငြီးငွေ့ခြင်း, ပျင်းရိခြင်း, မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ အ, ဇာတိဟု ဆိုအပ်သော နိဗ္ဗာန်ကိုသာ ရည်မှန်း၍ သံဃာတော် အရှင်မြတ်တို့အား သံဃိကကထိန်လျာသင်္ကန်းကို လှူဒါန်းပါ၏ အရှင်ဘုရား။
ဪ ဇာတိကြောက်ပြီး အ, ဇာတိဆန္ဒပြင်းပြလို့ လှူကြတာပါကလား (မှန်လှပါ ဘုရား) ဘာကြောက်ပြီး လှူကြသလဲ (ဇာတိကြောက်ပြီး လှူကြပါတယ် ဘုရား) ဇာတိတော့ ကြောက်တယ် (မှန်ပါ့) အဇာတိတော့ ရောက်လို တယ် (မှန်ပါ) ဇာတိ ကြောက်ပြီး အဇာတိ ရောက်လိုတဲ့ ဆန္ဒနဲ့ လှူဒါန်းပါ၏လို့ ပြောင်းလိုက်စမ်းပါနော် (မှန်လှပါ ဘုရား)။
ဒကာကြွယ် ပေါ့ပေါ့ကလေး မနေလိုက်ပါနဲ့ (မှန်လှပါ) ဦးသန်းမောင် မပေါ့ပါနဲ့ (မှန်ပါ ဘုရား) ဒီအရေး အင်မတန် ကြီးတယ်ဆိုတာ ဒကာ ဒကာမတို့ အိုက်တာ, ပူတာ ဂရုစိုက် မနေနဲ့ (မှန်လှပါ) အိုက်တာ, ပူတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) လာရင်ရှုပစ်ပါ (မှန်လှပါ ဘုရား) ကိုယ်ထဲ ဒုက္ခဝေဒနာ ပေါ်တယ်၊ ဒုက္ခသစ္စာပဲ ရှုကြ (မှန်လှပါ ဘုရား)။
“ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခသစ္စာ ” မမေ့ပါနဲ့၊ ဆရာပြောတာ နားထောင်ပြီး ခန္ဓာကပြရင် ရှုချလိုက်ပါ (မှန်လှပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဇာတိကြောက်လို့ လှူတဲ့ အလှူပဲ (မှန်လှပါ ဘုရား) ယခု ဒကာကြွယ်တို့ ဦးလှဘူးတို့ အစရှိသော ဦးသန်းမောင်တို့ဒကာသစ်တို့ မောင်ဘသော်တို့ (မှန်လှပါ)
ဟေ့ မင်းတို့ ဘယ်အခြေအနေ ရောက်လာသတုံး အိုပါပြီ ဘုရား (မှန်လှပါ)။
ယခု ဘာဒုက္ခသစ္စာကြီးနဲ့ နေကြပါလိမ့် (ဇရာဒုက္ခနဲ့ ပါ ဘုရား) ဇရာဒုက္ခကြီးနဲ့ နေကြရတယ် (မှန်လှပါ) နောက်က ဒကာ ဒကာမတွေက ပျိုသလား အိုသလား (အိုကြပါပြီ ဘုရား) အိုတာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒီဒုက္ခသစ္စာကြီးက ဒကာ ဒကာမတို့ နောက်ဘဝက သမထဝိပဿနာ မခြံရံတဲ့ ဒါနနဲ့ လုပ်ခဲ့တဲ့ အတွက် ယခု အိုခြင်းဆိုးနဲ့ ကိုယ်တိုင် တိုးပါပေါ့လား (မှန်လှပါ ဘုရား)။
အိုခြင်း ဆိုးနဲ့ ကိုယ်တိုင် တိုးနေကြတယ် (မှန်ပါ) ရှေ့ဆက် တိုးချင်ကြသေးသလား (မတိုးချင်ပါ ဘုရား) နှစ်ခါတော့ မမိုက်ပါနဲ့တော့ (မှန်လှပါ) နှစ်ခါတော့ မမိုက် ပါနဲ့တော့ လို့ဆိုတာ ဆရာက တားမြစ်တယ် (မှန်လှ ပါ ဘုရား)။
ကောင်းပြီ ယခုအိုတဲ့ဒုက္ခကြီးနဲ့ တိုးနေတော့ နေချင်လို့ နေရတာလား သူ့အကျိုးပေး အတိုင်း နေရတာလား (သူ့အကျိုးပေးအတိုင်း နေရတာပါ ဘုရား)။
သြော် မှားချက်သင့်လို့ မှားပြစ်ခံနေရတယ် (မှန်လှပါ ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရာ လုပ်ခဲ့တဲ့ အတွက်အဝိဇ္ဇာ နိရောဓာ သင်္ခါရနိရောဓော မလုပ်ခဲ့တဲ့အတွက် မှားချက်ကြီးဖြင့် သူများ ပေးတာလား ကိုယ့်ကိုယ်တိုင်ခံယူပြီး သကာလ တောင်းတဲ့ ဆုပြည့်တာလား မေးလိုက်ပါတယ် (တောင်းတဲ့ဆု , ပြည့်တာပါ ဘုရား) မိုက်ပြစ်သင့်နေတာ (မှန်လှပါ ဘုရား) မိုက်ပြစ် သင့်နေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
နောက်ဘဝက အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာကြောင့် ခန္ဓာ ဒုက္ခသစ္စာကြီး မရှုမလှရ, နေကြတာ (မှန်လှပါ ဘုရား) အိုက်လိုက်, ပူလိုက်တာလဲလွန်လို့၊ အိုခြင်းဆိုးကြီးကလဲ တွေ့လျက် (မှန်လှပါ) ဘာသစ္စာနဲ့ နေရသလဲ (ဒုက္ခသစ္စာနဲ့ နေရပါတယ် ဘုရား) နောက်တစ်ဖန် ဒီလို နေချင်သေးသလား (မနေချင်ပါ ဘုရား)။
ဒါဖြင့် ဒီဒုက္ခကြီးဟာ ရွံစရာ မုန်းစရာလား သိမ်းပိုက် စရာလား (ရွံစရာ မုန်းစရာပါ ဘုရား)။
ကဲ လိုက်ဆိုကြ၊ တပည့်တော် တပည့်တော်မတို့သည် “ အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ” ကို အလုပ်မှားသည့် အတွက် သမထဝိပဿနာ ခြံရံသော အလှူကို မလှူမိသည့် အတွက် ဝိပါကဝဋ္ဋ် ဒုက္ခကြီးကို ကိုယ်တိုင်တွေရ လှလှကြီး ခံနေရသည် ဖြစ်ပါ၏။ ယခုမြင်သော ဒုက္ခဝဋ္ဋ်မှ ရွံခြင်း၊ မုန်းခြင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်းရှိသည်ဖြစ်ပါ၍ အဇရာ, ဟု ဆိုအပ်သော မအိုရာမှန် ပြည်နိဗ္ဗာန်ကိုသာ ရောက်လို ခြင်း၊ ရ လိုခြင်း ဆန္ဒပြင်းပြသည် ဖြစ်ပါ၍ သံဃိကဒါန ဖြစ်သော အခြံအရံနှင့်တကွ ကထိန်လျာ သင်္ကန်းကို ပုဂ္ဂိုလ် မရည်မှန်းဘဲ သံဃာကိုသာ ရည်မှန်း၍ လှူဒါန်းပါ၏ အရှင်ဘုရား။ ဦးသန်းမောင် သိပ်အဖိုးတန်တယ် (အဖိုးတန်ပါတယ် ဘုရား)
အားလုံး ဒကာ ဒကာမတွေက ဝမ်းမြောက်ကြနဲ့နော် (မှန်ပါ့ ဘုရား) တစ်သက်မှ တစ်ခါလှူရတဲ့ အသဒိသ ဒါနအလှူနဲ့ အတူတူပဲ (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို လမ်းပြကောင်းနဲ့ ကြုံပြန်တော့လဲ ဒကာသစ်ရေ နောက်လိုက်ကောင်းတယ် (မှန်လှပါ ဘုရား) လမ်းပြ ကောင်း ချွတ်ယွင်းချက် ရှိနေပြန်တော့လဲ နောက်လိုက် ချော်ကြတယ် (မှန်ပါ့ ဘုရား) လဲကြ, ကွဲကြပေါ့ဗျာ (မှန်ပါ)။
အဲ ယခုအချိန်မှာဖြင့် အလွန်အဖိုးတန်သော လမ်းပြကောင်းနဲ့လဲ တွေပြန်၊ နောက်လိုက်တွေကလဲ ချော်မကျ ဘဲနဲ့ ဖြောင့်ဖြောင့် လိုက်ပြန်သောကြောင့် ငါတို့သည် ဝဋ္ဋ်ဒုက္ခ ကျွတ်တဲ့ ဝိဝဋ္ဋသံဃိက ဒါနအလှူကြီးဖြင့် အထမြောက် ပြီပေါ့ ဆိုပြီးသကာလ ဒီဥစ္စာဖြင့် သမထ ဝိပဿနာ ခြံရံတဲ့ အလှူကြီး ဖြစ်သောကြောင့်လဲ ဝိဝဋ္ဋအစစ် ဖြစ်ပါတယ် (မှန်လှပါ ဘုရား)။
အင်္ဂုတ္တိုရ်ပါဠိတော်ကြီးမှာ ဒီအတိုင်းလာတော့ လေးလေး စားစားနဲ့ သြော် ငါးမူး တစ်ကျပ်ထည့်နိုင်တဲ့ ပုဂ္ဂိုလ်တောင်မှ လဲပစ္စည်းက မနည်းဘူး အကျိုးပေးနိဗ္ဗာန်တိုင်တိုင် တစ်ခါတည်း ဉာဏ်အမြင်နဲ့ ရောက်အောင် ဝဋ္ဋ်ကြီး ရွံမုန်းပြီး လှူတဲ့အလှူဖြစ် သောကြောင့် ဝိဝဋ္ဋ ဖြစ်လေ သောကြောင့်လဲ ဒကာ ဒကာမတို့ ပစ္စည်းလိုရင်း မဟုတ်ဘူး၊ စိတ်ထား မွန်မြတ်ဖို့ လိုရင်းပါပဲ (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အင်း ဒကာ ဒကာမတွေက ခန္ဓာကိုယ်ကြီး ရှေ့ဘယ်စခန်းနဲ့ ဘယ်လမ်းများ မြန်းကြဦးမယ် ဆိုတာလဲ ခန္ဓာက သွားလျက်ကိုးဗျ (မှန်လှပါ ဘုရား) အင်း ခန္ဓာကြီးက ယခုအခါ အိုလမ်း ကနေပြီး နာလမ်းကိုဖြင့် အရောက်ပြေးနေကြ ပြီ (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ အခု အိုလမ်းကနေပြီး ဘယ်လမ်းကို သွားနေကြသတုံး (နာလမ်း သွားနေပါတယ် ဘုရား) တားပါလားဗျ (မရပါ ဘုရား) ဘာရမတုံး အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရ လုပ်ခဲ့တာကိုး (မှန်လှပါ ဘုရား) အဝိဇ္ဇာ ပစ္စယာ (ပုညာဘိသင်္ခါရ လုပ်ခဲ့ပါတယ် ဘုရား)။
အဲဒီတော့ ပုညာဘိသင်္ခါရာ အထက်နားက အုပ်ချုပ် နေတာက အဝိဇ္ဇာပစ္စယာ (မှန်လှပါ) သြော် မသိလှူ လှူခဲ့တယ် (မှန်လှပါ ဘုရား) ဘယ့်နှယ်ဆိုပါ့မလဲ (မသိလှူ လှူခဲ့ပါတယ် ဘုရား)။
မသိတာက အဝိဇ္ဇာ၊ လှူတာက သင်္ခါရဆိုတော့ မသိတာ အုပ်ချုပ်ပြီး လှူလိုက်တဲ့အတွက် တဲ့၊ ဒကာ ဒကာမတွေကမှာ ယခု တပည့်တော်တို့ အိုတဲ့အထဲမှာ နာလမ်း ပြေးရတော့ ကိုယ်ကျိုးဖြင့် လှလှကြီး နည်းပေါ့ဘုရား (မှန်လှပါ ဘုရား)။
အိုတဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်ပြေးနေရသလဲ (နာလမ်း ပြေးနေရပါတယ် ဘုရား) နာလမ်းကို ပြေးနေရပြန်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အစ, ကလဲ မကောင်း, အလယ်မှလဲ မကောင်းဘဲနဲ့ ကိုယ်ကျိုးနည်းနေကြတယ် (မှန်လှပါ ဘုရား)။
ဘယ်နှယ့်ကြောင့် ကိုယ်ကျိုးနည်းရသလဲ၊ ကံမကောင်း အကြောင်းမသင့်လို့ နည်းရတယ်လို့ သူများက ဆိုလို့ရှိရင် မယုံကြပါနဲ့ (မှန်လှပါ) အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ၏ ဒဏ်ချက်ဟေ့ (မှန်လှပါ ဘုရား)။
ဘယ့်နှယ်မှတ်ကြမယ် (အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာ၏ ဒဏ်ချက်ပါ ဘုရား) အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ၏ ဒဏ်ချက်ကြောင့် ယခုဖြင့် အိုဘေးကြီး ထမ်းပြီးသကာလ နာဘေးရှိရာ ပြေးရတယ် (မှန်လှပါ ဘုရား) အိုဘေးကြီး ထမ်းပြီး (နာဘေးရှိရာ ပြေးရပါတယ် ဘုရား) ပြေးချက် ဆိုးလှချည်လား (ဆိုးပါတယ် ဘုရား) ထမ်းရတာ ဘာဘေး တဲ့လဲ (အိုဘေးပါ ဘုရား)။
အိုဘေး ခန္ဓာကြီးနော် (မှန်ပါ) ပြေးလို့ ရောက်မည့် နေရာက ဘယ်နေရာလဲ (နာဘေးရှိရာပါ ဘုရား) နာဘေးစုံ နေတဲ့နေရာ (မှန်ပါ့) အမယ်လေး တစ်ချက်မှလဲ မကောင်းပါလား (မကောင်းပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒီနာဘေးကြီးရှိရာဖြင့် တကာ တကာမတွေ ဘုန်းကြီးလဲ မကယ်နိုင်ဘူး (မှန်လှပါ) ဘာ့ကြောင့်တုံး ဆိုတော့ အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာရဲ ဒဏ်ချက် သင့်နေတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူ့ ဒဏ်ချက် သင့်ပါလိမ့် (အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာ၏ ဒဏ်ချက် သင့်ပါတယ် ဘုရား) သြော် နောက်ထပ် အသင့်ဖြင့် မခံကြပါနဲ့၊ လိမ္မာကြပါတော့ဆိုတဲ့ အဓိပ္ပာယ်ကို ဆရာဘုန်းကြီးက သတိပေးလိုက်တယ် (မှန်ပါ ဘုရား) လိမ္မာတော့မလား ဒါဖြင့် (လိမ္မာ ပါတော့မယ် ဘုရား)။
လိမ္မာရမယ် (မှန်ပါ့) အခု အိုဘေးထမ်းပြီး နာဘေး ရှိရာ ပြေးရတော့မယ်ဆိုတော့ ရပ်လို့လဲမရ၊ ဆီးလို့လဲ မရ ခနာ့ထုံးစံအတိုင်း ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့သည် အိုဘေးထမ်းပြီး နာဘေး ရှိရာ ပြေးရတော့ အင်း ဒီမီးပုံက သေးတာနဲ့ ဟိုမီးပုံကြီးထဲ ပြေးလိုက်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်ပါတယ် (ရောက်ပါ တယ် ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
သြော် ဉာဏ်နဲ့ တွေးကြ, ဉာဏ်နဲ့တွေးကြ တကာ တကာမတို့ ခန္ဓာလမ်းစဉ်က ဤလမ်းစဉ်မှတစ်ပါး ဘယ်မှ မရွေ့ ဘူး (မှန်ပါ့ ဘုရား) ရွေ့ကြရဲ့လား (မရွေ့ကြပါ ဘုရား)။
အခု ဘယ်လမ်းသွားနေကြသလဲ (နာလမ်းသွားနေ ပါတယ် ဘုရား) ဘာတွေ ထမ်းသွားကြသလဲ (အိုဘေးထမ်း သွားပါတယ်) အိုဘေးထမ်းပြီး နာဘေးရှိရာ ပြေးတယ် (မှန်လှပါ) လွန်လှချည်လား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ကံမကောင်း အကြောင်း မသင့်လို့လား၊ အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့်လား (အဝိဇ္ဇာ ပစ္စယာ ပုညာဘိ သင်္ခါရာကြောင့်ပါ ဘုရား) အ, ပုညာဘိသင်္ခါရကို မဟောရဲသေး ဘူး (မှန်လှပါ) ပုညာဘိသင်္ခါရာကိုပဲအတော်ဆိုးနေပြီ (မှန်ပါ့၊ ဆိုးပါတယ် ဘုရား)။
အဝိဇ္ဇာ အုပ်ချုပ်တဲ့ ကုသိုလ်ကြီး ဒကာကြွယ်တို့က နောက်တုန်းက ခပ်ပြုံးပြုံးကလေး လုပ်ခဲ့တာ အခုတော့ မဲ့ပြီး ခံရတယ် (မှန်လှပါ ဘုရား) ရှေးက ဘယ်လိုလုပ်ခဲ့ပါလိမ့် (ခပ်ပြုံးပြုံးကလေး လုပ်ခဲ့ပါတယ် ဘုရား)။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ ငါလူချမ်းသာ ရအောင်လုပ်မယ်ဟ ဆိုပြီးသကာလ ခပ်ပြုံးပြီး လုပ်ခဲ့တာ အခုတော့ ဒကာကြွယ်ကြီး သွားကျိုး, ဆံဖြူ မျက်လုံးကလဲမွဲနဲ့ မဲ့နေပါပေါ့ကလား (မှန်ပါ့ ဘုရား) မမဲ့ရသေးဘူးလား (မှဲ့ရပါတယ် ဘုရား)။
အင်း ဟင် ဘယ့်နှယ်ကြောင့် မဲ့ရပါလိမ့်မတုံး ဆိုပြီး အကြောင်းရှာတော့ ဘာတွေပါလိမ့် (အဝိဇ္ဇာ ပစ္စယာ ပုညာဘိ သင်္ခါရာ တွေပါတယ် ဘုရား) သေသေချာချာ မှတ်ပါ၊ အဝိဇ္ဇာ ပစ္စယာ ပုညာဘိသင်္ခါရာဆိုတာ ဦးသန်းမောင် အတော်ဆိုးတယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် အိုဘေးထမ်းပြီး နာဘေးရှိရာ ပြေးရတယ် ဆိုတော့ ဒကာ ဒကာမတို့ ထမ်းရတဲ့ ပစ္စည်းကလဲ အရုပ်ဆိုး (မှန်လှပါ ဘုရား) ရောက်ရမယ့် နေရာဌာနကအကျည်းတန် (မှန်ပါ့) အင်း အရုပ်ဆိုးထမ်းပြီး အကျည်းတန်တဲ့ နေရာ သွားရာဖြင့်၊ ခင်ဗျားတို့ဖြင့် မဲ့လက်စသတ်စရာ မမြင်ပါဘူး (မမြင်ပါ ဘုရား)။
ဘယ့်နှယ်နေကြသလဲ (မဲ့လက်စသတ်စရာ မမြင်ပါ ဘုရား) မောင်ထွန်းလှိုင် သိပ်ဆိုး ပါကလား (ဆိုးပါတယ် ဘုရား) အင်မတန် ဆိုးတယ်ဆိုတာ တရားတစ်ပွဲလုံး ရိပ်မိကြ ပလား (ရိပ်မိပါတယ် ဘုရား)။
အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကသည် ကား လို့ ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာ ပစ္စယာ ပုညာဘိ သင်္ခါရာ ဒဏ်ချက်ကဖြင့် တပည့်တော်တို့ အခုမှ ကိုယ်ကျိုးနည်းမှန်း သိတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အိုဘေးထမ်းပြီးသကာလ နာဘေးရှိရာ ပြေးရတဲ့ အလုပ်လောက် ဒုက္ခကြီး တာတော့ တရားတစ်ပွဲလုံး ရှိသေးရဲ့လား (မရှိပါ ဘုရား) ထော့နင်း, ထော့နင်းနဲ့ ပြေးရတယ်၊ ခြေထောက်ကလဲ နာလိုက်တာ, နာလိုက်တာ, နာလိုက်တာနဲ့ပြေး၊ ဟိုနားကျတော့ ခလုတ်တိုက် လဲတော့ ဒီထက် ဆိုးသွားတယ် (ဆိုးပါတယ် ဘုရား) ဒီက ပြေးရတာက ထော့နင်း ထော့နင်း (မှန်ပါ့) ဟိုနား ခလုတ်တိုက်ပြီး ဟပ်ထိုးလဲလိုက်တော့ တစ်ခါတည်း သွားတွေပါ ကျွတ်ကုန်တယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ထော့နင်းသွားတာ ကြိုက်သလား၊ သွားကျိုးတာ ကြိုက်သလား (ဘာမှ မကြိုက်ပါ ဘုရား) ဘာမှ မကြိုက်တော့ဘူး ဟုတ်လား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ်လေး အခုတော့ထော့နင်း, ထော့နင်းသွားတုန်း ရှိသေးတယ်၊ တော်တော်ကြာ သွားကျိုး၊ ဆံဖြူ၊ ငယ်မူပျောက်ပြီး သကာလ ဗျာဓိ အနာနှိပ်စက်လို့ သွားနာတွေ, လည်နာတွေ၊ ရင်နာတွေ ဆိုတာတွေက အားလုံးဒကာ ဒကာမတွေက လာဦးမယ် မဟုတ်လား (လာပါမယ် ဘုရား) အဲဒီ ရောက်တော့မယ်နော် (မှန်ပါ ဘုရား)။
အင်း အိုဘေးကြီး ထမ်းလို့ ဆိုတာ ထော့နင်း သွားရတာ (မှန်ပါ) သွားတိုင်း သွားတိုင်း နာလျက်မို့ ထော့နင်းသွားရတာ (မှန်ပါ) ထော့နင်းသွားပြီး ဟိုနားကျတော့ တစ်ခါတည်း ဒဏ်ရာ အကြီးအကျယ် ရတယ်၊ လဲကွဲတဲ့နေရာ ရောက်ရတယ် (မှန်လှပါ) သူများထူမှ ထ, နိုင်တဲ့နေရာ ရောက်ရတယ် (မှန်ပါ ဘုရား)။
အင်း ဇရာက သွားလိုက်တာ ဗျာဓိရောက်သွားတော့ ဘယ်လမ်း ကြိုက်သတုံး (ဘယ်လမ်းမှ မကြိုက်ပါ ဘုရား)
ထော့နင်းကြိုက်သလား၊ အလဲအကွဲ ကြိုက်သလား (ဘယ်ဟာမှ မကြိုက်ပါ ဘုရား) တော်လာပြီ၊ တော်လာပြီ၊ တော်သေးတယ် ဒကာကြွယ် ဒီဉာဏ်ကလေး ပေါက်လာတာ တယ်တော်တယ် (မှန်လှပါ ဘုရား)။
ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒါဖြင့် ဇရာဗျာဓိဆိုတဲ့ ဗျာဓိ ဒုက္ခကြီးဟာလဲ မြေကြီးလက်ခတ်မလွဲဘဲ တွေကြုံကြရဦးမယ် ဆိုတာ ဘာမှ ငြင်းစရာမလိုပါဘူး (မလိုပါ ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကမှာ အိုဘေးထမ်းပြီးသကာလ နာဘေးပွဲ နွှဲရတော့မယ် ဆိုလို့ရှိရင်ဖြင့် ဒကာသစ် ကောင်းပါ့မလား (မကောင်းပါ ဘုရား)။
ဦးသန်းမောင် အိုဘေးလဲ ထမ်းသွားရသေးတယ် ထော့နင်းကြီးနဲ့ (မှန်ပါ ဘုရား) အင်း ဟင် နာဘေး ကိုယ်တိုင်နွှဲရမယ်ဆိုတော့နွှဲရဲပါ့မလား (မနွှဲရဲပါ ဘုရား) အင်း သို့သော်လဲ ဒီဘဝဖြင့် မတတ်နိုင်ဘူး နွှဲကြပေဦးတော့ (မှန်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် နွှဲကြပေဦးတော့လို့ ဆိုရမတုံးလို့ မေးတဲ့ အခါကျလို့ရှိရင်ဖြင့် အဖြေထွက် ကြစမ်းပါ၊ ဘာကြောင့်တုံး (အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့်ပါ ဘုရား) ရွတ် ရွတ်၊
နောက်က ဒကာ ဒကာမတွေက ဘာတဲ့တုံး (အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ကြောင့်ပါ ဘုရား) အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ဒါကြောင့် သမထဝိပဿနာခြံရံပါလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကြီးအကျယ် ကန့်ကွက်တာ ခင်ဗျား တို့က အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာတွေနဲ့ လူ့စည်းစိမ်, နတ်စည်းစိမ်၊ လူ့ဘဝ, နတ်ဘဝ အကြိမ်ကြိမ်ရ, ရပါလို၏ဆိုတော့ အိုခြင်းဆိုး ထမ်းပြီးတော့ နာခြင်းဆိုး ဖြစ်ချင်တာက တယ်ပြီး ခင်ဗျားတို့က ဆပ်ဆော့တာကိုး (မှန်လှပါ ဘုရား)။
အိုခြင်းဆိုးထမ်းပြီး နာခြင်းဆိုး ဖြစ်ချင်တာလောက် ဆတ်ဆော့တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ကလေး, ကလေးနဲ့ ခင်ဗျားတို့နဲ့ သိပ်တူတယ် (မှန်လှပါ ဘုရား)။
ကလေး, ကလေးဟာ ခဏခဏ ဟိုဟာကလေးနဲ့ ခြစ်မိ၊ ဒီဟာကလေးနဲ့ ခြစ်မိ၊ သူ့ဒူးမှာ အနာချည်းပဲ (မှန်လှပါ) ဒီအထဲက အပြေးသွားတော့ ဟိုနား ဟပ်ထိုးလဲ (မှန်လှပါ)။
ကလေးများ မလိမ္မာလိုက်တာနော်၊ အနာရှိလျက်နဲ့ ဘာကိုရှာသလဲ (အနာကိုပဲ ရှာပါတယ် ဘုရား) ခင်ဗျားတို့က အိုခြင်း, နာခြင်း ရှိလျက်နဲ့ နာခြင်းများ ရှာတာအံ့ပါရဲ့ (မှန်လှပါ ဘုရား) ဒကာကြွယ်ကြီးတို့ပေါ့၊ မိုက်ချက်သန်တာ (သန်ပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား) ဘာသန်တာပါလိမ့် (မိုက်ချက်သန်တာပါ ဘုရား)။
အဲဒါ အဝိဇ္ဇာပစ္စယာပဲ (မှန်ပါ) သန်တာက သင်္ခါရ (မှန်ပါ ဘုရား) မိုက်ချက်က (အဝိဇ္ဇာ ပစ္စယာပါ ဘုရား) အဝိဇ္ဇာရှိလျက်နဲ့ တစ်ခါတည်း လူချမ်းသာ နတ်ချမ်းသာထင်ပြီး လုပ်လိုက်တော့ကို မိုက်ချက်သန်တာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာ ဖြစ်ကြသလဲ (မိုက်ချက်သန် တာပါ ဘုရား) ရှေ့ကို ဆက်မိုက်ချင်သေးလား (မမိုက်ချင်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဘဝ ဇာတ်သိမ်းငြိမ်းရအောင် လုပ်ကြ ပါစို့နော် (မှန်လှပါ ဘုရား) ခုနကလဲ သမထ ဝိပဿနာ ခြံရံပြီး ဖြစ်ပါတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အလှူသည်တဲ့ အိုခြင်းဆိုး ထမ်းပြီး နာပွဲမနွှဲချင်လို့ လှူတဲ့ အလှူ (မှန်ပါ) အိုခြင်းဆိုလဲမထမ်းချင်ပါဘူး (မှန်ပါ) နာပွဲလဲ မနွှဲချင်ပါဘူး (မှန်ပါ) ဘာတဲ့ (အိုခြင်းဆိုးလဲ မထမ်း ချင်ပါ၊ နာပွဲလဲ မနွှဲချင်ပါ ဘုရား)။
နာနာကလေးပြောမှ ဦးသန်းမောင်တို့က နားလည်တာ (မှန်လှပါ ဘုရား) လျှော့လျှော့ ကလေး ပြောနေလို့ ရှိရင် ခင်ဗျားတို့က အင်း တော်သေးရဲ့ လား လာချင်လာတာ၊ ဒီ အခြေအနေ ကလေးနဲ့ ကိုယ့်တိုက်၊ ကိုယ့်တာ၊ ကိုယ့်ရွှေ၊ ကိုယ့်ကားနဲ့ ဆိုရင် တော်သေးရဲ့လား (မှန်လှပါ) ဒကာကြွယ်ကြီးတို့များ ပြုံးများပြုံးမိသေးတယ် (မပြုံးပါ ဘုရား)။
အိုခြင်းဆိုးထမ်းပြီး နာပွဲသွားတဲ့ဥစ္စာ ပြုံးများသွားတယ် ဆိုရင် ရူးလို့ပဲ (မှန်ပါ) ပြုံးသွားတာက ရူးလို့သွားတာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အိုခြင်းကနေ နာခြင်းသွားတာ လမ်းမှာ ပြုံးသွားတာ ဦးသန်းမောင် ဒီလူကို အရူးဆိုရမယ် (မှန်လှပါ ဘုရား) အိုခြင်းဆိုးကြီး ထမ်းပြီး နာခြင်းဆိုးဆီ သွားနေတော့ လမ်းမှာ သားနဲ့ ပြုံး, သမီးနဲ့ ပြုံး, ခင်ပွန်းနဲ့ပြုံးတာ ဒကာသစ် ဘာပြုံးတုံး (အရူးပြုံးပါ ဘုရား)။
အရူးပြုံးကြီးပဲ (မှန်ပါ) ဒါကို နောက်က အရူးတွေက လက်ခုပ်တီးပေးလိုက်တဲ့အခါ မက, တာတစ်မယ် ကျန်တော့ တယ် (မှန်လှပါ ဘုရား) အတော်မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား) အဲဒီလောက်ကျအောင် အရုပ်ဆိုး အကျည်းတန်မသိမှုကိုပွားစီးနေလိုက်တဲ့ဖြစ်ခြင်းဖြင့် ပြောစရာ မရှိပါဘူး (မရှိပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် လိုက်ကြဦး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ အတွက်ချည်းရှေ့က ဆောင်ပေး နေရတယ် (မှန်လှပါ ဘုရား)။
ကဲ လိုက်ဆိုကြ၊ တပည့်တော် တပည့်တော်မတို့ သည် အိုခြင်းဆိုးကြီး ထမ်း၍ နာခြင်းဆိုးပွဲကို မနွှဲလိုသောကြောင့် တပည့်တော်တို့သည် သံဃာတော် အရှင်မြတ် တို့အား အိုခြင်းဆိုး မရှိရာ နာပွဲသိမ်းရာ ရောက်ခြင်း ဆန္ဒ ပြင်းပြသည် ဖြစ်ပါ၍ အိုပွဲနာပွဲ ဒုက္ခသစ္စာဟု အမှန်မြင် သည် ဖြစ်ပါ၍ အိုပွဲ၏ သိမ်းရာ နာပွဲ၏ ငြိမ်းရာ နိဗ္ဗာန် တစ်ခုကိုသာ ရည်မှန်း၍ ဤဆရာတော် သံဃာတော် အရှင်မြတ်တို့အား မအိုမနာသော နိဗ္ဗာန်ကိုသာ ရောက် ခြင်း, ရခြင်း ဆန္ဒပြင်းပြသည် ဖြစ်ပါ၍ အခြံအရံနှင့် တကွသော ကထိန်လျာ သင်္ကန်းကို မုဉ္စစေတနာမြောက် သစ္စာ မြင်သော ဉာဏ်ဖြင့် လှူဒါန်းပါ၏ အရှင်ဘုရား။
ရိုးရိုးလှူတာ မဟုတ်ပါဘူး၊ ဒုက္ခသစ္စာမြင်ပြီး ဒုက္ခကျွတ်လို လို့ လှူတာပါ (မှန်ပါ ဘုရား) အားလုံး နားလည်ကြပြီ (မှန်ပါ့) အိုက်ကြပလား (သိပ်မအိုက်ပါ ဘုရား) အိုက်ရင် ဝိပဿနာရှု (မှန်ပါ)။
ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့ ရှေ့နည်းနည်းတစ်ဆင့် တက်ပါဦး၊ သံဃာတော်တွေ ညောင်းမှာလဲ စိုးတယ်၊ သံဃာတော်တွေ သင်္ကန်းကပ်ပြီး ဒီ ခဏ ရွှေ့ပြီးတော့ ဘုန်းကြီး တရားဟော ပါမယ်နော် (မှန်ပါ ဘုရား) ရှေ့တစ်ချက် သွားပါဦး။
ဒကာ ဒကာမတို့ နာပွဲကြီး နွှဲရတဲ့အခါကျတော့ နာပွဲ နွှဲရတဲ့ကိစ္စဟာလဲ အတော်ဆိုးရွားတယ် (ဆိုးရွားပါတယ် ဘုရား) နာပွဲနွှဲရတဲ့ကိစ္စက အဝတ်ကောင်းနဲ့ မတော်ဘူး (မှန်လှပါ ဘုရား) ဘာပြုလို့တုံး သူ့မှာ အနာက အင်မတန်ကြီးတယ် ချွေးတွေ သံတွေ ကျင်ကြီး ကျင်ငယ်တွေကပဲ သူ့ဟာသူ သိမ်းနိုင်တာ ဆည်းနိုင်တာ မဟုတ်ဘူး (မှန်ပါ ဘုရား)။
သြော် နာပွဲဆိုတာ အဝတ်ကောင်း ချွတ်တဲ့ပွဲပါကလား (မှန်ပါ ဘုရား) နာပွဲဆိုတာ ဘာပါလိမ့် (အဝတ်ကောင်း ချွတ်တဲ့ပွဲပါ ဘုရား) အဝတ်ကောင်း ချွတ်တဲ့ပွဲဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။
အင်း နာပွဲဆိုတာ ခင်ဗျားတို့ကသာမညပြောတာကိုး၊ သာမညမှတ်နေတယ် (မှန်ပါ့) အဝတ်ကောင်း ချွတ်တဲ့ပွဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ဟင် ဒကာ ဒကာမတို့ ဆေးတွေ အစာတွေ ကျွေးပြန်တော့လဲ ခင်ဗျားတို့က ဒီလူမမာကြီး ဘယ်လိုပင် ပြုစုကောင်းသော်လဲ ခင်ဗျားတို့က အစား, စားနိုင်ရဲ့လား (မစားနိုင်ပါ ဘုရား) ဘာပြုလို့တုံး နာပွဲကြီး နွှဲနေတယ် (မှန်ပါ့) အင်း ဟင် ဒါဖြင့်နာပွဲဆိုတာလဲ ဦးလှဘူး အငတ်ပွဲပဲ (မှန်ပါ ဘုရား) နာပွဲဆိုတာ အဝတ်ကောင်း ချွတ်တဲ့ပွဲလဲ ဆိုပါတယ်၊ အငတ်ပွဲလဲ ဆိုပါတယ် (မှန်ပါ ဘုရား)။
ဒီပြင် ထည့်လိုက်ပါဦး တဲ့၊ အို ဒီလူမမာ ကြည့်ရတာ ကလဲနံလိုက်တာ, စော်လိုက်တာ (မှန်ပါ့) မတတ်သာလို့သာ ကျုပ်သွားမေး လိုက်ရတယ်၊ လူခင်ချင်းမို့ အပြင်ဘက်က အိမ်ထဲ ဝင်သွားရင် ကျုပ်ဖြင့် ပျို့များ လာတယ် (မှန်ပါ့) သို့သော် လူမမာရှေ့မို့ တံတွေး မထွေးခဲ့ဘူး၊ ပြင်ဘက်ကျမှ ထွေးရတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် နာပွဲဆိုတာသည်တဲ့၊ သူတစ်ပါး တံတွေး ထွေးတဲ့ပွဲ (မှန်ပါ့) နာပွဲဆိုတာ ဘာပါလိမ့် (သူတစ်ပါး တံတွေးထွေးတဲ့ ပွဲပါ ဘုရား) သြော် အတော်ကျက်သရေ ယုတ်တဲ့ပွဲ ပါကလား (ယုတ်ပါတယ် ဘုရား)။
အဝတ်ကောင်းနဲ့လဲကွဲ (ကွဲပါတယ် ဘုရား) သဘော ကျပလား (ကျပါတယ် ဘုရား) တံတွေးကလဲ ထွေးပွဲ (မှန်ပါ) တံတွေးထွေးတဲ့ပွဲ ဖြစ်နေတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ) အစာကလဲ ဟိုဟာနဲ့မတည့်၊ ဒီဟာနဲ့မတည့်တာနဲ့ အငတ်ပွဲ (မှန်ပါ)။
အင်း ဘာတွေခင်းပြန်သလဲ၊ အဝတ်လျှော် ဝတ်ပြီး သကာလ အငတ်ပွဲနဲ့ တံတွေး အထွေးခံရတဲ့ပွဲ (မှန်ပါ ဘုရား) ဦးသန်းမောင် ဒီပွဲ ခံချင်သေးသလား (မခံချင်ပါ ဘုရား) ဒကာကြွယ်ကြီးကော (မခံချင်ပါ ဘုရား)။
ဟုတ်ရဲ့လား စဉ်းစားပါဦး မခံချင်တော့ပါဘူးလား သေချာကြပလား တကာ တကာမတွေက (သေချာပါတယ် ဘုရား) ဒီပွဲမျိုး ခင်ဗျားတို့ ဆုတောင်းပြီးများ ယူချင်ကြသေး သလား (မယူချင်ပါ ဘုရား) သို့သော်လဲအခုတော့ဖြင့် ဒီပွဲကို ဒကာသစ်ရေ မနွှဲမဖြစ်ဘူး (မှန်ပါ ဘုရား)။
မဖြစ်တာကလဲ သူများပေးလို့ ရတာလား၊ ကိုယ့်ကိုယ်တိုင် ယူထားတာလား (ကိုယ့်ကိုယ်တိုင် ယူထားတာပါ ဘုရား) ပါဠိရွတ်, ပါဠိရွတ်ပါ (အဝိဇ္ဇာ ပစ္စယာ ပုညာဘိ သင်္ခါရာပါ ဘုရား)။
အဲ ကိုယ်တိုင်ယူထားတာ (မှန်ပါ့) ကိုယ်တိုင် လုပ်ထားတာ အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာ (မှန်ပါ ဘုရား)။
အဝိဇ္ဇာနိရောဓာ သင်္ခါရ နိရောဓော ကုသိုလ်ရှိပါ လျက်သားနဲ့ အဝိဇ္ဇာ ပစ္စယာ ပုညာဘိသင်္ခါရာကို ဆတ်ဆော့မိတာ နဲ့ ယခုတော့ဖြင့် အဝတ်မွဲနဲ့ အငတ်ပွဲနဲ့ တံတွေးထွေးပွဲဖြင့် လှလှကြီး ဖြစ်ရတယ် (မှန်ပါ ဘုရား) တွေရမှာလား, မတွေ့ ရဘူးလား (တွေရမှာပါ ဘုရား)။
လူတော့ ခင်ပါရဲ့၊ နံလိုက်တာ လွန်ရော (မှန်ပါ ဘုရား) ပြောကြတယ် (ပြောပါတယ် ဘုရား) လူမမာနားမှာ တိုးတိုး တိုးတိုးပြောတာက မရတော့ဘူးထင်တယ် ပြောတာနော် (မှန်လှပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
လူမမာနားမှာ တိုးတိုး, တိုးတိုးပြောတာ ဘာထင်သတုံး (မရတော့ဘူး ထင်တယ် ပြောတာပါ ဘုရား) သူ့ရှေ့မို့ သာ ကောင်းအောင် ပြောလိုက်ရတယ်၊ ကျုပ်မထင်ဘူး (မှန်လှပါ ဘုရား) ဒီအသံတွေကော ကျက်သရေရှိတဲ့ အသံလား, ကျက်သရေမရှိတဲ့ အသံလား (ကျက်သရေမရှိတဲ့ အသံပါ ဘုရား)။
ဒါက တစ်ယောက်တည်းလား၊ မိတ်ဆွေများ, များ သလောက် လူသိခံရတာလား (မိတ်ဆွေများ သလောက် လူသိခံရတာပါ ဘုရား) ဒါဖြင့် အရှက်တကွဲ အကျိုးနည်းပဲ ဆိုရင်ကော (ဆိုနိုင်ပါတယ် ဘုရား) သဘောပါပလား (ပါ, ပါပြီ ဘုရား) နာပွဲဆိုတာ အရှက်တကွဲ အကျိုးနည်းပွဲ (မှန်လှပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ လွတ်အောင် ပြေးနိုင်ပါ့မလား၊ ဒီဘဝမှာ (မပြေးနိုင်ပါ ဘုရား) သြော် ဒါက သူများပေးလို့ ရတာလား၊ ကိုယ့်ကိုယ်တိုင် လုပ်ယူတာလား၊ အကဲခတ်ကြစမ်းပါဦး (ကိုယ့်ကိုယ်တိုင် လုပ်ယူတာပါ ဘုရား)။
ကဲ ပါဠိရွတ်ပါ (အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ပါ ဘုရား) ဟာ ကြောက်စရာ သိပ်ကောင်းပါကလား ခင်ဗျားတို့ဥစ္စာ (မှန်ပါ ဘုရား)။
“ အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော ” ရှိပါလျက် သားနဲ့ တဒင်္ဂ နိရောဓောလဲရှိတယ်၊ ဝိက္ခမ္ဘနနိရောဓော ရှိတယ်၊ သမုစ္ဆေဒ နိရောဓောလဲ ရှိတယ်၊ တဒင်္ဂနိရောဓောတောင် မလုပ်ခဲ့တဲ့ အတွက် တဒင်္ဂကလေး အဝိဇ္ဇာချုပ်အောင် မလုပ်ခဲ့ တဲ့အတွက် ဒီပွဲကြီးဖြင့် ဦးသန်းမောင် လှလှကြီး နွှဲပေတော့ (မှန်လှပါ ဘုရား) မနွှဲရပေဘူးလား (နွှဲရပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ နာပွဲကြီးကနေပြီး ဒီခန္ဓာကြီးက အိပ်ရင်းသွား လိမ့်မယ်နော် (မှန်ပါ ဘုရား) အိပ်ရင်း ဘယ်သွားမတုံးဆို ကျုပ်တော့ဖြင့် သေပွဲသွားလိုက်ဦးမယ် (မှန်ပါ ဘုရား) ပက်လက်သွားတာ၊ ရေထဲ ပက်လက်ကူးသလို (မှန်ပါ) ရေထဲပက်လက်ကူးတော့ပက်လက်ပဲရေစုန်မှာ မျောရသလို (မျောရမှာပါ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့ ဒီဗျာဓိ ခန္ဓာကိုယ်ကြီးဟာ မရဏဘက် ပက်လက် မျောတယ် (မှန်ပါ့ ဘုရား) ကွေးနေတဲ့ ပုဂ္ဂိုလ်ဟာ ကွေးရင်း မျောသွားတယ် (မှန်ပါ) ဘယ်ဆီမျော သွားသတုံး ဆိုတော့ မရဏရေထဲ မျောပါတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေက ဘယ်ရေထဲ မျောကြမယ် ထင်သ တုံး (မရဏရေထဲ မျောပါမယ် ဘုရား) အင်း တကာ တကာမတို့ နဂိုက နာပွဲထက် သေပွဲတိုးတော့မယ် (မှန်ပါ့ ဘုရား) နာပွဲထက် (ပွဲတိုးပါတော့မယ် ဘုရား)။
ဒီသေပွဲကြီးကတော့ သားတွေ သမီးတွေနဲ့ကွဲ, ပစ္စည်းတွေ နဲ့ကွဲ, ရှာထားတာတွေနဲ့ကွဲ၊ ချစ်မှု, ခင်မှု, ကြင်နာမှုတွေနဲ့ – အလုံးစုံ အကုန် သပိတ်မှောက်ပြီး ကွဲကြတယ် (မှန်ပါ့ ဘုရား) ဉာဏ်ကလဲ မပါတော့ မျက်ရည်စက်လက်နဲ့ပဲ ကူးတယ် (မှန်ပါ့ ဘုရား)။
နေခြင်းဆိုး နေခဲ့လို့ သေခြင်းဆိုး သေရပြီဆိုတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်ထင်လာလို့ မျက်ရည်စက်လက်နဲ့ ပွဲကလဲ တွေ့ရဦးမယ် (မှန်ပါ့, တွေ့ရပါဦးမယ်) မဆိုးရွားဘူးလား (ဆိုးရွား ပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ ရှင်းကြည့်လိုက်တဲ့အခါကျတော့မှ အင်း ဒီနာပွဲကြီး မျက်ရည်စက်လက် ကိုယ်ကိုယ်တိုင်ကျပြီ ကံ ကမ္မနိမိတ် ဂတိနိမိတ်တွေထင်လို့ ခွေးနက်ကြီးတို့၊ ငရဲမီးတို့က မြင်လာတော့ ဦးသန်းမောင်ရေ ငါ နေခြင်းဆိုး နေခဲ့တဲ့အတွက် သေခြင်းဆိုးဟာလဲ ငါပဲဟ ဆိုပြီး မျက်ရည်ကျတယ် (မှန်လှပါ ဘုရား) ဘယ်လိုပါလိမ့် (နေခြင်းဆိုးနေခဲ့လို့ သေခြင်းဆိုးဟာ ငါပဲဆိုပြီး မျက်ရည် ကျပါတယ် ဘုရား)။
ဒကာကြွယ် နေခြင်းဆိုးနေခဲ့လို့ သေခြင်းဆိုးသေရတာ ကျုပ်ပါပဲဆိုပြီး ခေါင်းအုံးပေါ် မျက်ရည်နှစ်ဖက် စီးကျတယ် (မှန်ပါ ဘုရား) ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်သကိုးဗျ (မှန်ပါ ဘုရား) ခွေးနက်ကြီးတို့ တောင်ကြီးတို့ ချောက်ကြီးတွေ, ကျင်းကြီးတွေ, ငရဲမီးကြီးတွေ ထင်လာတယ်၊ မျက်ရည်တွေ မကျပေဘူးလား (ကျပါတယ် ဘုရား)။
အဲဒီကျတော့မှ သူ့ဟာသူ တွေးလိုက်တယ်၊ သြော် နေခြင်းဆိုးနေခဲ့လို့ သေခြင်းဆိုးဖြင့် ငါကိုယ်တိုင် နွှဲရပါပေါ့လား ဆိုပြီး မျက်ရည်ကျတယ် (မှန်ပါ ဘုရား) မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။
အလျင်တော့ သူတစ်ပါးက တံတွေးထွေးရုံပဲ၊ အခုတော့ ကိုယ့်မျက်ရည်ပွဲနဲ့ကိုယ် နွှဲပြီးသကာလ နေရပါပြီ (မှန်ပါ ဘုရား) ကောင်းကြသေးရဲ့လား (မကောင်းပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီ မကောင်းတာကြီး ကံမကောင်း အကြောင်းမသင့်လို့ တွေ့ရတာလား ဒကာ ဒကာမတို့၊ ကိုယ်ကိုယ်တိုင် အရယူတာလား (ကိုယ်ကိုယ်တိုင် အရယူတာပါ ဘုရား)။
သြော် ဒါဖြင့် ပါဠိတော်ရွတ်, ပါဠိတော်ရွတ် (အဝိဇ္ဇာပစ္စယာ ပုညာဘိ သင်္ခါရာပါ ဘုရား) မမေ့ဘူး, မမေ့ဘူး၊ ဒီကထိန်ပွဲမှာ ဒီတစ်လုံးကတော့ဖြင့် မမေ့တော့ဘူး ခင်ဗျားတို့ (မှန်ပါ့ ဘုရား)။
ဒါလုပ်ခဲ့တဲ့အတွက် ဤကဲ့သို့ သေပွဲကြီးကို မျက်ရည် စက်လက်နဲ့ နွှဲရခြင်းသည် ဦးသန်းမောင် သိပ်အရုပ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား) သဘောကျပလား (မှန်ပါ ဘုရား)။
ကိုင်း လိုက်ဆိုကြ ဒကာ ဒကာမတို့
“ တပည့်တော် တပည့်တော်မတို့သည် သေပွဲကြီးကို ကိုယ်ကိုယ်တိုင် နွှဲရမည်ကို မရဏဒုက္ခဟု အမှန်သိ, တကယ်သိသည် ဖြစ်ပါ၍ ဤဒုက္ခတို့၏ လွတ်ရာ အမတ, ဆိုသော မသေရာမှန် ပြည်နိဗ္ဗာန် ကိုသာ ရောက်ခြင်း ရခြင်း, ဆန္ဒ ပြင်းပြသည် ဖြစ်ပါ၍ ဤကထိန်လျာ သင်္ကန်းကို အခြံအရံနှင့်တကွ သံဃာတော်မြတ်တို့အား လှူဒါန်းပါ၏ အရှင်ဘုရား။”
ဒါဖြင့် ဦးသန်းမောင် သေပွဲကြောက်လို့ လှူတဲ့အလှူ (မှန်ပါ ဘုရား) ဘာအလှူပါလိမ့် (သေပွဲကြောက်လို့ လှူတဲ့ အလှူပါ ဘုရား) သေပွဲဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) အဲ သေပွဲက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ (မှန်ပါ့ ဘုရား)။
အဲဒီကြောက်ပြီး လှူသောကြောင့် ဝိပဿနာ မဂ်ဉာဏ်နဲ့ လှူတာ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) , အို ခင်ဗျားတို့ သိပ်အဖိုးတန်ပါကလား (မှန်ပါ့ ဘုရား) သိပ်အဖိုးတန်တယ် ဆိုတာဖြင့် ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ပြောတာ၊ တစ်ချို့ နေရာ ကထိန်ခင်း သွားကြ၊ ကထိန်အလှူ တကာက တစ်ခြား၊ တော်တော်ကြာ လှည်းနဲ့ ပြန်ပို့လိုက်တယ်၊ ခင်ဗျားတို့ဟာ ခင်ဗျားတို့ခင်း ဘာမှမတတ်နိုင်ဘူး ဆိုပြီး (မှန်ပါ ဘုရား) ဒီလို ချော်တော် တော်တွေက ဒကာကြွယ် သိပ်ကြောက်စရာ ကောင်းတယ်နော် (ကောင်းပါတယ် ဘုရား)။
မုဉ္စစေတနာမှာ အင်မတန် အရေးကြီးနေတာ ချော်ပစ် လိုက်တာနဲ့ပဲ လမ်းမှာတော့ မဏ္ဍပ်တွေထိုး၊ အငြိမ့်တွေခံပြီး တစ်ခါတည်း ပဒေသာပင်တွေ ပြလိုက်တာလဲ စုံလို့ (မှန်ပါ ဘုရား) လိုရင်းကြတော့ မပါတော့ဘူး (မှန်ပါ ဘုရား)။
အဲဒါတွေကိုလဲ ဆိုင်ရာဆိုင်ရာ ဒကာ ဒကာမတွေက မန္တလေးကလဲဒီက, ရော ပါကြတာပဲ၊ ပြင်ကြဆင်ကြပါဦးဆိုတာ ကိုလဲ ပြောရတယ်နော် (မှန်ပါ ဘုရား) ဝိပဿနာ ခြံရံတဲ့ ဒါနကြီး လုပ်ကြပါဆိုတာ ပြောရတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့်ရေစက်တိုတိုချပေးပါ့မယ်နော်၊ သံဃာကိစ္စ တွေကလဲ ရှိသေးတယ် (မှန်ပါ ဘုရား) ဒကာ ဒကာမတို့ ယခုရေစက်ချပါတော့မယ်၊ မချလဲ အထမြောက်ပါပြီ (မှန်ပါ) သို့သော် လူသာဓုခေါ်, နတ်သာဓုခေါ် သူတစ်ပါးလဲ အမျှပေးချင်သေးတဲ့ အတွက်လဲ ဒကာ ဒကာမတွေက ပေးဖြစ်အောင်ဆိုပြီး သကာလ ဤကိစ္စကို ဆောင်ရွက်ပေးဦးမယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေပြီး သကာလ အိုတဲ့ဘက် ပြေးလိုက်တယ် (မှန်ပါ) အိုရာကနေ နာတဲ့ဘက်ပြေးတယ် (ပြေးပါတယ်) နာတဲ့ဘက်က (သေတဲ့ဘက် ပြေးပါတယ် ဘုရား)။
သေတဲ့ဘက်က မဂ်ဉာဏ်အားမထုတ်ဘဲနဲ့ ဝိပဿနာ ခြံရံတဲ့ အလှူဒါနတွေ မလုပ်ဖြစ်ကြမယ် ဆိုရင်ဖြင့် ပဋိသန္ဓေဘက် ပြန်လှည့်တယ် (မှန်ပါ ဘုရား) ပဋိသန္ဓေဘယ်နှစ်ပတ် ရှိသွားပြီလဲ (နှစ်ပတ်ရှိသွားပါတယ်) လာတာက တစ်ပတ်၊ ပြန်ပြီးပတ်တာက (တစ်ပတ်ပါ ဘုရား)။
ပဋိသန္ဓေနေပြီးတော့ တစ်ခါအိုပြန်တာ (မှန်ပါ) နာပြန်တာ (မှန်ပါ့) သေပြန်တာ (မှန်ပါ) ပဋိသန္ဓေနေ ပြန်တာ (မှန်ပါ) သြော် ဒကာ ဒကာမတို့ လမ်းမှား သေးသလား ဒီအပေါ် ထပ်ပြေးနေတာပဲ (မှန်ပါ ဘုရား)။
အဲဒီ ခန္ဓာသံသရာကြီးမှ ကြောက်ခြင်း ရွံခြင်း၊ မုန်းခြင်း ရှိပါတယ်၊ ဒီခန္ဓာသံသရာကြီး အဝိုင်းပြေး ဒုက္ခဘောင်တွေထဲနေ (မှန်ပါ ဘုရား)။
ဇာတိပေါ်ကနေ ဇရာပေါ်ပြေးတယ်၊ ဇရာပေါ်ကနေ ဗျာဓိပြေးတယ်၊ ဗျာဓိပေါ်ကနေ မရဏပြေးတယ်၊ မရဏကျ လာတော့ သောက, ပရိဒေဝတွေနဲ့ ဝိုင်းပြီးသကာလ မီးပူတွေ လောင်ပြီး သကာလ ဇာတိဘက် လှည့်ပြေးတယ် (မှန်ပါ ဘုရား) အပြေး အင်မတန် ဆိုးရွားတယ်ဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီသံသရာကြီးမှ ရွံခြင်း၊ မုန်းခြင်း၊ ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း ရှိသည်ဖြစ်ပါ၍ သံသရာပြတ် လိုသော တပည့်တော် တို့ ဝိပဿနာမဂ်ဉာက်နဲ့ ဤသံဃာတော်များအား အရိယာ သံဃာတော် ရည်မှတ်၍ တပည့်တော်တို့၊ ပုထုဇဉ် သံဃာပင် ဖြစ်လင့်ကစား အရိယာ မျိုးစေ့တွေမှန်း သိသောကြောင့် တပည့်တော်တို့ လှူဒါန်းပါတယ် (မှန်လှပါ ဘုရား)။
အရိယာမျိုးစေ့တွေ (မှန်ပါ) ဒီသံဃာတော်တွေ မေးကြည့်တော့ အရှင်ဘုရားတို့ အရိယာလားဆိုတော့ သူတို့ တာဝန်မခံဘူး (မှန်လှပါ ဘုရား) မျိုးစေ့လားဘုရား ဆိုတော့ တာဝန်ခံရမယ်၊ မျိုးစေ့တွေပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် အရိယာမျိုးစေ့ကလေးတွေ ဖြစ်ပါတယ်လို့ အဋ္ဌကထာဆရာကလဲ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ အသေအချာ ဖွင့်ပါတယ် (မှန်ပါ ဘုရား)။
“တဒဟုပဗ္ဗဇိတဿ ဘဏ္ဍဂါဟက” တဲ့၊ ယနေ့ ရှင်ပြုတဲ့ သာမဏေ ကလေးကစ၍ ဆဠင်္ဂသမန္နာဂတာဝဟောတိ ယနေ့ ‘ပြုလို့ သာမဏေကလေး လှူတာတောင် အင်္ဂါခြောက်ပါးနဲ့ ပြည့်စုံတဲ့ အလှူဒါန ဖြစ်ပါတယ် (မှန်ပါ ဘုရား)။
မှတ်ချက်။ ။(ဋ္ဌ၊၁၀၈။ “တဒဟုပဗ္ဗဇိတဿ ဘဏ္ဍဂါဟက သာမဏေရဿာပိ ဒိန္နာ ဒက္ခိဏာ ဆဠင်္ဂသမန္နာဂတာဝ ဟောတိ။ သောပိ ဟိ သောတာပတ္တိမဂ္ဂတ္ထမေဝ ပဗ္ဗဇိတော။” )
“သော ပိဟိ သောတာပတ္တိမဂ္ဂတ္တမေဝ ပဗ္ဗဇိတော” တဲ့၊ သူလဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရချင်လို့ သာမဏေလုပ်လာတာတဲ့ (မှန်ပါ့ ဘုရား)။
သူလုပ်လာတာလဲ ရိုးရိုးလုပ်လာတာ မဟုတ်ပါဘူးတဲ့ (မှန်ပါ) ကြည့်ပါလား ကိုရင်ကလေး သင်္ကန်းတောင်းတော့ “သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ အဟံ ပဗ္ဗဇ္ဇံ ယာစာမိ ရယ် လို့ရဟန်း အဖြစ် တောင်းကြတယ် (မှန်ပါ ဘုရား) ဟုတ်လား သာမဏေ၏ အဖြစ်ကိုလဲ မတောင်းကြဘူးလား (တောင်းကြပါတယ် ဘုရား)။
အင်း သံသာရဝဋ္ဋဒုက္ခတော ဆိုတာ ပထမသံသရာကို ကျွတ်ရတာ သောတာပတ္တိမဂ်ပဲ (မှန်ပါ ဘုရား) ဒုတိယ သံသရာကျွတ်ရတာက သကဒါဂါမိမဂ် ဆို တော့ သူတို့ ရည်ရွယ်ချက်ဟာ သောတာပတ္တိ၏ မျိုးစေ့ကလေးတွေ (မှန်ပါ ဘုရား)။
အဲ မျိုးစေ့ကလေးတွေပဲ၊ ဒါ့ကြောင့်အဋ္ဌကထာဆရာ က ယနေ့ဝတ်တဲ့ ကိုရင်ကလေးကအစ၊ ရဟန်းကြီးတွေတော့ မဆိုပါနဲ့ကွယနေ့ဝတ်တဲ့သာမဏေကလေးကစပြီး သောတာပန် မျိုးစေ့ကလေးကွ (မှန်ပါ ဘုရား) ဒါကြောင့် အရိယာ အမျိုးအနွယ်, အရိယာမျိုးစေ့ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် အရိယာ မျိုးစေ့တွေကို အရိယာ ပင်ကြီး သန်သန်ထွားထွား ပေါက်အောင် သင်္ကန်းတို့ ခြင်ထောင် တို့ စောင်တို့ ဟုတ်လား (မှန်ပါ) ဒီပြင်လဲ ထီး၊ ဖိနပ်တို့ အလုံးစုံပေါ့ (မှန်ပါ့) အင်း ခင်ဗျားတို့ တတ်နိုင်တာတွေ နည်းတာတွေ မဟုတ်ပါဘူး (မှန်လှပါ ဘုရား)။
အဲဒါတွေကို အရိယာမျိုးစေ့က အရိယာ ပင်ပေါက်အောင် တပည့်တော်တို့ကလဲ ရေလောင်း ပါ၏။ အရှင်ဘုရားတို့လဲ သန်သန်ထွားထွား ဖြစ်ပါစေသတည်း (မှန်ပါ့) တပည့်တော် တို့လည်း ရေလောင်းရတဲ့ အကျိုးအားကြောင့် အရိယာ၏အနွယ်၊ အရိယာကို ထောက်ပံ့သော ပုဂ္ဂိုလ် ဖြစ်လေ သောကြောင့် တပည့်တော်တို့လဲ အရိယာမျိုးစေ့ကိုပဲ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ် နဲ့ ရှုပြီး အမြန်ဆုံးရ, ရပါလို၏ လို့ စိတ်ထဲ ပြောင်းပစ်လိုက် (မှန်လှပါ ဘုရား)။
ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဒီနေ့ သင်္ကန်းလှူပွဲလား၊ အရိယာမျိုးစေ့တွေကို အညွန့် ပေါက်အောင်လို့ မြေတောင် မြှောက်ပွဲလားလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (အညွန့် တွေပေါက်အောင် မြေတောင်မြှောက်ပွဲပါ ဘုရား)။
အဲဒီတော့ အရှင်ဘုရားများကရော တပည့်တော် များကရော ဒကာတွေက မြေတောင် မြှောက်၊ တပည့်တော်တို့ က အရိယာမျိုးစေ့ အညွန့် အညှောက်တွေ စည်ကားအောင် လုပ်ဖို့ရာ သံဃာ၏ ဝတ္တရား (မှန်လှပါ ဘုရား) မြေတောင် မြှောက်ဖို့ရာက ဒကာ ဒကာမတွေ၏ ဝတ္တရား (မှန်လှပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့်ဒီလိုဆိုလို့ရှိရင်ဖြင့် တဲ့၊ ခင်ဗျားတို့ကလဲ အရိယာအလှူ ဖြစ်လေသောကြောင့် “သံဃဒိန္နံ မဟပ္ဖလံ” (မှန်ပါ့) အရိယာသံဃာ မျိုးစေ့ကို လှူ (မှန်ပါ့ ဘုရား) သံဃာထဲမှာ ရိုးရိုးသံဃာလား၊ အရိယာမျိုးစေ့ သံဃာတွေလား ကြည့်ပါဦး (အရိယာ မျိုးစေ့တွေပါ ဘုရား)။
ဟော ဆရာတော်တွေ မေးကြည့်၊ ဒီသိမ်ထဲမှာပဲ “သံသာရဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ ” ဆိုပြီး သံသရာမှ လွတ်မြောက်ချင်ပါတယ် ဘုရား၊ ပထမ သံသရာက စ, ပြီး မထွက်မြောက် ရင်လဲ ဒုတိယ သံသရာမှ ထွက်မြောက်နိုင်ပါ့ မလား (မထွက်မြောက်နိုင်ပါ ဘုရား)။
အဲဒီတော့ ပထမသံသရာမှ ထွက်မြောက်တာက သောတာပတ္တိမဂ် (မှန်ပါ ဘုရား) အပါယ်သံသရာမှ ထွက်မြောက်တာကိုး (မှန်ပါ ဘုရား) ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွေ သိတော့မှ သြော် ဒီနေ့ အလှူပွဲလား၊ အရိယာမျိုးစေ့ကို မြေတောင် မြှောက်ပွဲလား ဆိုရင် ဘယ့်နှယ် ဖြေကြမလဲ (အရိယာမျိုးစေ့ကို မြေတောင်မြှောက်ပွဲပါ ဘုရား)။
သြော် ဒကာ ဒကာမတို့ ကောင်းလိုက်တဲ့ ဖြစ်ခြင်း (မှန်ပါ ဘုရား) ကောင်းလိုက်တဲ့ ဖြစ်ခြင်း၊ ဒီအသီး ဒီအပွင့်တွေကို အရိယာပုဂ္ဂိုလ်တွေက ဟောတဲ့ ပြောတဲ့ တရားတွေ၊ အသီး အပွင့်တွေ ကို မြေတောင် မြှောက်တဲ့လူပဲ၊ အညွန့်အဖူးပဲ ခံစားရမယ်ဆိုတာလဲ ပြောဖို့ မလိုတော့ဘူး (မလိုပါ ဘုရား) ရှင်းပြီနော် (မှန်လှပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ဆဠင်္ဂသမန္နာဂတ ပြည့်အောင် လုပ်ပါ (မှန်ပါ) ခင်ဗျားတို့ဘက်က သုံးပါးကလေးကို နည်းနည်း ပြောချင်တယ် (မှန်ပါ ဘုရား) ခင်ဗျားတို့ဘက် သုံးပါးက
“ပုဗ္ဗေဝ ဒါနာ သုမနော၊
ဒဒံ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ၊
ဧသာ ပုညဿ သမ္ပဒါ။”
လို့ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ ဆဠင်္ဂဒါနသုတ်ဆိုပြီး ပုညခေတ္တ သုတ်မှာ ပါ, ပါတယ် (မှန်ပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကမှာ ခင်ဗျား တို့ဘက်က မလှူမီ ရှေ့အဖို့ ကတော့ မင်္ဂလာတိုက်မှာ တို့ဆရာ ရှိတယ်၊ တို့ဆရာကို မှီနေတဲ့ သံဃာတွေလဲ ရှိတယ်၊ ဒါတွေ တို့ ကထိန်ခင်း ရလိမ့်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ရှေးဦးစွာ စေတနာကော့ ရောက်ကြရဲ့လား (ရောက်ပါတယ် ဘုရား) အဲဒီတုန်းကလဲ ပုဗ္ဗေဝဒါနာ သုမနော, ကောင်းသောစိတ် ဖြစ်ခဲ့ပါတယ် (မှန်ပါ ဘုရား)။
“ဒဒံ စိတ္တံ ပသာဒယေ” တဲ့၊ ခုနက သင်္ကန်းတွေ ကပ်လှူ ကြတယ်၊ ဒုက္ခမြင်တဲ့ ဉာဏ်နဲ့ သင်္ကန်းတွေ ကပ်ကြတော့ စိတ်ထဲမှာ ဒကာ ဒကာမတို့ ဝမ်းမြောက်ဝမ်းသာရော ဉာဏ်ရော ပါကြရဲ့လား (ပါ, ပါတယ် ဘုရား)။
ဒါဖြင့် “ဒဒံ စိတ္တံ ပသာဒယေ” ဒဒံ၊ လှူဆဲ အခိုက်အတန့် ၌၊ စိတ္တံ၊ စိတ်ကို။ ပသာဒယေ၊ ကြည်လင်စေရမယ် ဆိုတော့ နှစ်ချက် မြောက်သွားပြီနော် (မှန်လှပါ ဘုရား)။
အခု တစ်ခါလှူပြီးသည်၏ အခြားမဲ့၌ ဆရာဘုန်းကြီးက တရားဓမ္မတွေနဲ့ ရေစက်ချပွဲကို နွှဲနေတဲ့ အခါမှာလဲ သြော် အလှူပေးရတဲ့ တို့အလှူဟာ ရှေးအလှူတွေနဲ့ တယ်ကွာခြားပါလား (မှန်လှပါ ဘုရား) ကိုယ့်ဟာကိုယ် စဉ်းစားတော့ ဘယ့်နှယ် နေသလဲ (ကွာခြားပါတယ် ဘုရား)။
ဒါဖြင့် လှူပြီးလို့ ပြန်ပြီးတော့ ပရစေတနာ ဆိုတဲ့ဥစ္စာ ဝမ်းမြောက်တာ (မှန်လှပါ ဘုရား) စေတနာ ခင်ဗျားတို့ ဘက်က သုံးချက်ညီပြီ (ညီပါတယ် ဘုရား)။
မလှူမီကလဲ ဝမ်းမြောက်ကြတယ် (မှန်ပါ ဘုရား) လှူဆဲလဲ (ဝမ်းမြောက်ပါတယ် ဘုရား) လှူပြီးပြန်လဲ (ဝမ်းမြောက်ပါတယ် ဘုရား) သြော် ခင်ဗျားတို့က သုံးချက် စေ့သွားပြီ (မှန်လှပါ ဘုရား)။
အဲဒီတော့ ဒါ အလှူပေးပုဂ္ဂိုလ်မှာ ဤအင်္ဂါ သုံးချက် ညီရမယ်ဆိုတာ နေရာတိုင်းမှာ မှတ်ရမယ် (မှန်လှပါ ဘုရား) အလှူခံ ပုဂ္ဂိုလ်ဘက်ကလဲ တပည့်တော်တို့ ဆရာတော် သမားတော် တွေဘက်ကလဲ သုံးချက်ရှိရမယ် (မှန်လှပါ ဘုရား) ဘယ်လို သုံးချက်ရှိရမလဲလို့ မေးတော့ ဒကာ ဒကာမတို့
“ဝီတရာဂါ ဝီတဒေါသာ၊
ဝီတမောဟာ အနာသဝါ။
ခေတ္တံ ယညဿ သမ္ပန္နံ၊
သညတာ ဗြဟ္မစာရယော” တဲ့။
ဘုရားက အသေအချာ ဟောထားတယ် (မှန်လှပါ ဘုရား)။
အဲဒါ ဒီပုဂ္ဂိုလ်တွေကလဲ ငါတို့သည် အင်း ဟင် အရိယာမျိုးစေ့၊ ရာဂကင်းအောင် ကျင့်မယ် (မှန်လှပါ ဘုရား) ဒေါသကင်းအောင် ကျင့်မယ်ဟ (မှန်လှပါ) မောဟ ကင်းအောင် ကျင့်မယ်ဟ (မှန်လှပါ) ဆရာတော်တွေ စိတ်က ဒီအတိုင်းထားရမယ် (မှန်ပါ ဘုရား)။
ရာဂကင်းအောင် ငါကျင့်နေမယ် (မှန်ပါ) ဒေါသ ကင်းအောင် (ကျင့်နေမယ်) မောဟကင်းအောင် (ကျင့်နေမယ်) အဲဒီစိတ်ထား သုံးခုနဲ့ အလှူခံရမယ် (မှန်လှ ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အလှူခံပုဂ္ဂိုလ်ဘက်က ရာဂကင်းအောင် ကျင့်မယ်ဆိုတဲ့ စိတ်ထားနဲ့ အလှူခံမယ် (မှန်လှပါ) ဒေါသကင်းအောင် ကျင့်မယ်ဆိုတဲ့ စိတ်ထားနဲ့ (အလှူခံ ရပါမယ် ဘုရား)၊ မောဟကင်းအောင် ကျင့်မယ်ဆိုတဲ့ စိတ်ထားနဲ့ (အလှူခံရပါမယ် ဘုရား)။
အလှူခံပုဂ္ဂိုလ် ဘက်ကလဲ ဒီစိတ်ထားနဲ့ အလှူခံလို့ ရှိရင်ဖြင့် တဲ့၊ အကျိုးပေးဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီးကငါ မဟောတော့ဘူး တဲ့ (မှန်လှပါ) တကာဘက်ကလဲ သုံးချက်ညီ၊ ဆရာဘက်ကလဲ သုံးချက်ညီ ရင် အကျိုးပေး ငါမဟောနိုင်တော့ဘူး တဲ့ (မှန်လှပါ ဘုရား)။
ဘာကြောင့် မဟောနိုင်ပါသလဲလို့ အမေးထုတ်တဲ့အခါ ကျတော့ ဒကာ ဒကာမတို့ မဟာသမုဒ္ဒရာရေကို ဥပမာ ရေနံဆီထည့်တဲ့ပုံးနဲ့ ချိန်ကြည့် ဦးသန်းမောင်၊ ဘယ်နှစ်ပုံး ရမယ် ထင်သလဲ (မရေတွက်နိုင်ပါ ဘုရား) ဘာဖြစ်လို့တုံး (အလွန် များလွန်းလို့ပါ ဘုရား)။
အဲ အလှူခံပုဂ္ဂိုလ်ဘက်ကလဲ ဤသုံးချက်နဲ့ အလှူခံလို့ အလှူပေး ပုဂ္ဂိုလ်ကလဲ သုံးချက်ညီတဲ့ စေတနာနဲ့ လှူလိုက် မယ်ဆိုရင်ဖြင့် မရေတွက်နိုင်တဲ့ အကျိုးပေးဟာဖြင့် ခင်ဗျားတို့ ဧကန်ရ, တကယ်လို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား) “ဆဠင်္ဂသမန္နာဂတံ”ဆိုတာ ဒါပါပဲ (မှန်ပါ ဘုရား)။
ဒီအထဲမှာ ဘုန်းကြီးက ဒကာ ဒကာမတွေ မြင့်သထက်မြင့်၊ မြတ်သထက်မြတ်အောင် ဆိုပြီးသကာလ ခင်ဗျားတို့ ဥပမာ ဆရာဘုန်းကြီးတော့ ဝိုင်းပြီး ကြည်ညိုကြ တယ် (မှန်ပါ ဘုရား) ဒီကိုယ်တော်တွေ ကျတော့ မြင်ဖူးတဲ့ ပုဂ္ဂိုလ်လဲ မြင်ဖူးကြတယ်၊ မမြင်ဖူးတဲ့ ပုဂ္ဂိုလ်ကလဲ များကြတယ် (မှန်ပါ ဘုရား)။
အင်း ဟင်, ဒီလှူဖွယ်ဝတ္ထုတွေဟာ တို့ ဆရာ ဘုန်းကြီးဖြင့် လှူမှပဲ, တန်းမှပဲဆိုပြီး သကာလ ရှေးဦးစွာတော့ ဆရာဟူသော အမှတ်နဲ့ ခင်မင်မှုဟူသော စိတ်ထားကလေးနဲ့တော့ ခင်ဗျားတို့ ပါချင် ပါကြပါလိမ့်မယ် (ပါကြပါတယ် ဘုရား)။
ထိုကဲ့သို့ ပါငြားသော်လဲ ကထိန်သင်္ကန်း အတွက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ တဏှာဒိဋ္ဌိ သတ်မယ်ကွ ဆိုပြီးသကာလ ခင်ဗျားတို့ လှူတဲ့သင်္ကန်း ဒီမင်္ဂလာတိုက်မှာ ဝါတွင်းသုံးလပတ်လုံး ကောင်းစွာနေပြီး ကောင်းစွာ ဝါကျွတ်တဲ့ ပုဂ္ဂိုလ်အား အကုန်လှူပါ၏ အဓိပ္ပာယ်ရတယ် (မှန်လှပါ ဘုရား)။
ဘုန်းကြီး ရသလား၊ အကုန် ရသလား (အကုန် ရပါတယ် ဘုရား) အကုန်ရတော့ ခင်ဗျားတို့ ညွှတ်လာတဲ့ တဏှာကို ပယ်ဖျက်ချလိုက်တယ် (ပယ်ပါတယ် ဘုရား)။
ဒါဖြင့် တဏှာသတ်ပေါ့ဗျာ (မှန်ပါ ဘုရား) တဏှာ သတ်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ငါတို့ ဘုန်းကြီးဆိုတဲ့ ဒိဋ္ဌိကကော (ကွာသွားပါတယ် ဘုရား) ဒိဋ္ဌိလဲကွာသွားတယ် (မှန်လှပါ ဘုရား)။
သြော် ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ”သံယေ ဒိန္နံ မဟပ္ဖလံ” (မှန်လှပါ ဘုရား) သံဃာလှူတာ မြတ်သကွဆိုတဲ့ အဓိပ္ပာယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တဏှာနဲ့ ပုဂ္ဂိုလ် မညွှတ်၊ ဒိဋ္ဌိနဲ့ ပုဂ္ဂိုလ်မစွဲ (မှန်လှပါ) ဤကဲ့သို့ အလှူပွဲကြီး ဖြစ်ပါ စေတော့ဆိုပြီး “သံယေ ဒိန္နံ မဟပ္ဖလံ” ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဥပရိပဏ္ဏာသပါဠိ ဒက္ခိဏဝိဘင်္ဂသုတ်မှာ ဟောပါတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ အခု ခင်ဗျားတို့ ဘာအလှူဖြစ်သွားသလဲ၊ တဏှာ ဒိဋ္ဌိသတ်တဲ့ သံဃိကအလှူ ဖြစ်သွားတယ် (မှန်လှပါ ဘုရား)။
ဘာသတ်တာလဲ တဏှာဒိဋ္ဌိသတ်တဲ့ (သံဃိကအလှူ ဖြစ်သွားပါတယ် ဘုရား) တဏှာဒိဋ္ဌိသတ်လို့ သံဃိကအလှူ ဖြစ်သွားတယ် (မှန်ပါ ဘုရား) နောက်ကျမှ ဘုန်းကြီးက ဒီအထဲက ဝိနည်းကံအတိုင်း ရွေးရမှာကိုး (မှန်လှပါ)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ သံဃိကဒါနကြီး လှူလိုက်တဲ့ အတွက် တဏှာဒိဋ္ဌိကင်းတဲ့ အလှူဆိုရင် ဝဋ္ဋ ဖြစ်မလား၊ ဝိဝဋ္ဋဖြစ်မလား (ဝိဝဋ္ဋ ဖြစ်ပါတယ် ဘုရား) တဏှာဒိဋ္ဌိခြံရံမှ ဝဋ္ဋကိုးဗျ (မှန်လှပါ ဘုရား)။
အဲဒါကြောင့် ဒီအလှူပွဲကြီး ဒကာ ဒကာမတို့ ဆယ်သိန်းမျှ မကပါဘူး၊ အင်မတန် အဖိုးတန် သွားပါတယ် (မှန်ပါ့ ဘုရား) ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့ တဏှာဒိဋ္ဌိသတ်တဲ့ သံဃိကပွဲ (မှန်လှပါ ဘုရား)။
သံဃိကဆိုတာက သံဃာအများကို ညွှတ်ရတယ် (မှန်ပါ) ဒီအထဲမှာ ကြည်ညိုဖွယ် ကောင်းတဲ့ ပုဂ္ဂိုလ်လဲ ပါတယ်၊ ကြည်ညိုဖွယ် မကောင်းတဲ့ ပုဂ္ဂိုလ်လဲ ပါတယ်၊ အရုပ်ဆိုး ပါတယ်၊ အကျည်းတန် ပါတယ်၊ ပုတာ ပါတယ်၊ ကွတာ ပါတယ်၊ ရှည်တာ ပါတယ် (မှန်လှပါ ဘုရား)။
ခင်ဗျားတို့ ရွေးချယ်လို့ ရသေးရဲ့လား (မရပါ ဘုရား) ဒါတွေ သံဃာတွေပဲဘုရား ဆိုပြီး သကာလ လှူလိုက်တဲ့အတွက်၊ တဏှာကစွဲမှ ညွှတ်မှာ (မှန်လှပါ) အရုပ်ဆိုးပေမယ့် ကိုယ်နဲ့ စကားပြော ဇိဝါ ဝင်မှ ညွှတ်မှာ (မှန်လှပါ) ဒါတွေကို အကုန်ဖျက်ချတယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒီပွဲကို သံဃိကပွဲလို့ ဆိုကြငြား သော်လဲ သံဃာလှူတာ ကျေးဇူးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်၊ အဘိဓမ္မာနည်းနဲ့ ဝေဖန် လိုက်တော့ တဏှာဒိဋ္ဌိ သတ်ပြီး လှူလို့ ကျေးဇူးများတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (တဏှာ ဒိဋ္ဌိသတ်ပြီး လှူလို့ ကျေးဇူးများပါတယ်) တဏှာကင်းတဲ့ အလှူ၊ ဒိဋ္ဌိ ကင်းတဲ့ အလှူ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) အင်မတန် ကျေးဇူး များတော့တယ် ဆိုတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မနှိုင်းယှဉ်နိုင်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုဖြင့် တို့ကို အလွယ်တကူ မဂ်က ယူဆောင် ပို့တော့မှာပဲ၊ ဘာကြောင့်တုံး၊ တို့က သစ္စာသိပြီး လှူတဲ့အလှူ (မှန်လှပါ ဘုရား) ဘာသိပြီး လှူတဲ့အလှူတုံး (သစ္စာသိပြီး လှူတဲ့အလှူပါ ဘုရား)။
ဒုက္ခဝဋ္ဋ်ကြီး ရွံခြင်း, မုန်းခြင်း, ငြီးငွေ့ခြင်း ရှိသည်ဖြစ်ပါ၍ ဒုက္ခဝဋ္ဋ်မှ ကျွတ်ရာကိုသာ ရည်မှန်း၍ လှူဒါန်းပါ၏ ဆိုတာက နဂိုက ပါခဲ့တယ် (ပါခဲ့ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အားလုံး ဒကာ ဒကာမတွေက ရေစက်ချ ပါတော့မယ်နော် (မှန်ပါ ဘုရား) တိုတိုပဲချမယ်။
“ ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ရာဂါဒီဟိ၊ ရာဂ, အစရှိကုန်သော။ ဧကာဒသဂ္ဂီဟိ၊ ဆယ့်တစ်ပါးသော မီးတို့ဖြင့်။ ပရိပီဠိတံ၊ အလွန်ပင် ညှဉ်းဆဲ နှိပ်စက်၍ နေထသော။”
ဒကာ ဒကာမတွေက ခန္ဓာကိုယ်မှာ ဆယ့်တစ်မီးလောင်နေ တယ် (လောင်နေပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ အကောင်း နေရတာလား၊ မီးလောင်ခံနေရတာလား (မီးလောင်ခံ နေရတာပါ ဘုရား) ဇာတိ, ဇရာ, မရဏကော (ခံရပါတယ် ဘုရား) အင်း ဆယ့်တစ်မီးပါပဲ (မှန်ပါ) ဒီမီးက အဝေးမှာ ရှိသလား။ ခန္ဓာထဲမှာ ရှိသလား (ခန္ဓာထဲမှာ ရှိပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာကလောင်စာ၊ မီးကမီး (မှန်ပါ) ဘာဖြစ် နေကြသလဲ (ခန္ဓာထဲမှာ လောင်နေ ကြပါတယ်) လောင်နေ တာပေါ့၊ မီးနဲ့ထင်း တွဲနေပြီ ဒကာ ဒကာမတို့ (မှန်ပါ) ဘာဖြစ်နေကြသလဲ (လောင်နေပါတယ် ဘုရား)။
သြော် ဒါဖြင့် လူ့ဘဝဆိုတာ မီးလောင်ခံဘဝပေါ့ (မှန်ပါ) နတ်ဘဝဆိုရင်ကော (မီးလောင်ခံဘဝပါ) ဗြဟ္မာဘဝ ဆိုရင်ကော (မီးလောင်ခံ ဘဝပါ ဘုရား)။
“ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဣမေဟိ ကိလေသေဟိ၊ ဤဆယ့်တစ်ပါးသော မီးတို့ ဖြင့် လောင်၍နေသော ခန္ဓာကိုယ်ကြီးမှ၊ မောစနတ္ထာယ၊ လွတ်မြောက်ပါရခြင်း အကျိုးငှာ။”
ဒကာ ဒကာမတို့ ဒီမီးလောင်ခြင်းမှ လွတ်ချင်လို့ လှူတာ (မှန်ပါ) မီးက သမုဒယသစ္စာ၊ လောင်စာက (ဒုက္ခသစ္စာပါ)၊ ဪ ဒီအထဲ ဒကာ ဒကာမတို့တတွေ မီးလောင်ရင်း တရားနာ နေကြတယ် (မှန်လှပါ ဘုရား) အင်း ဘာနဲ့ တရားနာနေကြသလဲ (မီးလောင်ရင်း တရားနာ နေကြ ပါတယ် ဘုရား)။
ဒါဖြင့် မီးလောင်ခံဆဲမှာ တရားပွဲ နွှဲနေကြတယ် (မှန်ပါ ဘုရား) မလွတ်လပ်ပါကလား ဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား) ဒါကြောင့်
“ဘန္တေ၊အရှင်ဘုရား၊မယံ၊ အကျွန်ုပ်တို့သည်။ရာဂါ ဒီဟိ၊ ရာဂ အစရှိကုန်သော။ ဧကာဒသဂ္ဂီဟိ၊ ဆယ့်တစ်ပါးသော မီးတို့ဖြင့်။ ပရိပီဠိတံ၊ အလွန်အကဲ ညှင်းဆဲ နှိပ်စက်၍ နေထ သော။ သံသာရဘယံ၊ ခြားရဟတ်ပမာ ချာချာပတ်၍နေတဲ့ သံသရာဘေး ကြီးကို။”
ဪ ဒကာ ဒကာမတို့ ဒီက စုတေပြီးတဲ့အခါ နိဗ္ဗာန်မရသေးရင် ဘယ်သွားကြမှာပါလိမ့် (ပဋိသန္ဓေ ဘုရား) ပဋိသန္ဓေသွားမယ် (မှန်ပါ ဘုရား)။
သြော် သေပြီးသကာလ သေဆင်းရဲ ပြီးတော့ အနေဆင်းရဲသွားကြတယ် (မှန်ပါ ဘုရား) အင်း သေဆင်းရဲပြီးတော့ (အနေဆင်းရဲ သွားကြပါတယ် ဘုရား) ပဋိသန္ဓေနေတာလဲ ဇာတိပိ ဒုက္ခပဲ (မှန်ပါ) သဘောကျလား (ကျပါပြီ) ဟင် ဒါဖြင့် အသေဆင်းရဲပြီး သကာလ ပဋိသန္ဓေ အနေဆင်းရဲဘက် ကူးလိုက်တယ် (မှန်ပါ)။
ဟာ ဒါဖြင့် ရှေ့ဘယ်သွားကြမှာတုံး၊ အိုခြင်း ဆင်းရဲဘက်သွားမယ် (မှန်ပါ ဘုရား) ပြီးတော့ နာဆင်းရဲ၊ ပြီးတော့ သေဆင်းရဲ (မှန်ပါ ဘုရား) ပြီးတော့ တစ်ဖန် ပဋိသန္ဓေနေတယ် (မှန်ပါ) သြော် ဆင်းရဲ စက်ရဟတ် မပြတ်လည်နေပါကလား (မှန်ပါ ဘုရား) ဘယ်လိုဆိုကြမယ် (ဆင်းရဲ စက်ရဟတ် မပြတ် လည်နေပါတယ် ဘုရား)။
အဲဒီ သံသရာကြီးကို တဲ့၊ ဒကာ ဒကာမတို့ ဆင်းရဲ ဒုက္ခမြင်တဲ့ မဂ်မဝင်သရွေ ကာလပတ်လုံး သူ မရပ်တော့ဘူး (မှန်လှပါ ဘုရား) သံသရာထဲ ဒိုင်းဒိုင်းပြေး လည်နေမှာပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒါကြောင့်။
“သံသာရဘယံ၊ ခြားရဟတ်ပမာ ချာချာပတ်၍ တစ်နှစ်တည်း ဖြစ်နေသော သံသရာ ဘေးကြီးကို။ အတိဘာယိတွာ၊ အလွန်တရာ ကြောက်ကြပါကုန် သည်ဖြစ်၍။ တတော၊ ထိုသံသရာ ဘေးဘယမှ။ မုတ္တာ၊ လွတ်ကြရကုန်သည်။ ဟုတွာ၊ ဖြစ်၍။ နိဗ္ဗာနံ၊ နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို။ သစ္ဆိကရဏတ္ထာယ၊ မကြာမတင် ဆောလျင်ကူးမြောက် အပေါက်အရောက်၍ မျက် မှောက် ပြုပါရခြင်း အကျိုးငှာ။ ဉာဏစက္ခုနာ၊ ဉာဏ်ပညာ စက္ခုဖြင့်။ ဂဝေသန္တော၊ ရှာမှီးကြည့်ရှု တော်မူသည် ရှိသော်။ ဘိက္ခဝေ၊ သံသရာဘေးဘယကို တွေးဆ ရှုမျှော်လေ့ရှိကြကုန်သော သူတော်ကောင်းအပေါင်း တို့။ ပုညံ၊ သင်တို့ ပြုတဲ့ ကောင်းမှု ကုသိုလ် ဟူသမျှသည်။ သုခံ၊ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို။ ဇနေတိ၊ ဖြစ်စေတတ်၏။”
သူကသုံးတန်တော့ ပေးနိုင်တယ် (မှန်ပါ) ပေးပေမယ့် ခင်ဗျားတို့က ရွေးပါ (မှန်ပါ) ဒါန စေတနာက သုံးတန်ပေး ပေမယ့် ရွေးရတယ် (မှန်လှပါ) ဒါန စေတနာက (သုံးတန်ပေးပေမယ့် ရွေးရပါတယ် ဘုရား)။
လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ သုံးတန်တော့ ပေးတယ် (မှန်လှပါ) သို့သော် ခင်ဗျားတို့က ရွေးရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် မရွေးလို့ရှိရင်ဖြင့်၊ သူက ပေးတာကို မရွေးဘဲနဲ့ မျက်လုံး မှိတ်ကောက်လို့ ရှိရင်ဖြင့် လူချမ်းသာ ဒုက္ခသစ္စာရမယ် (မှန်လှပါ) နတ်ချမ်းသာ ဒုက္ခသစ္စာကော (ရပါမယ် ဘုရား) ဟုတ်လား အရွေးမတတ်လို့ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ပြေရတယ်၊ ခင်ဗျားတို့က သာမညတရားတွေ သာမည စာလဲမသိ၊ မြတ်စွာဘုရား ဟောတော်မူတာလဲ အစုံအလင် မသိတော့ ဒါနသံသရာရှည်သလို လိုတချို့ ပြောသံ ကြားကြတယ် (မှန်လှပါ ဘုရား) မဟုတ်ပါ ဘူး၊ ဒါနက ရှည်တာ မဟုတ်ပါဘူး၊ အရွေးမတတ်လို့ ဒုက္ခရောက် တာ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနက ရှည်တာလား၊ အရွေးမတတ်လို့လား (အရွေး မတတ်လို့ပါ ဘုရား) ဒါနကတော့ လူချမ်းသာ နတ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာ ကျအောင်တော့ဖြင့် ပဋ္ဌာန်းနည်းနဲ့လဲ ပေးတာပါပဲ (မှန်ပါ့ ဘုရား)။
သို့သော် ဒကာ ဒကာမတွေက ရွေးတာက ဒုက္ခသစ္စာ သွားရွေးမိတယ် (မှန်ပါ) လူချမ်းသာကို သွားပြီး လိုချင်တယ်၊ နတ်ချမ်းသာ လိုချင်တယ် (မှန်လှပါ) နိဗ္ဗာန်ချမ်းသာကိုတော့ ချန်ပစ်ခဲ့တယ် (မှန်လှပါ ဘုရား)။
ပေးတာကသုံးမျိုး၊ ရွေးတာက နှစ်မျိုး ယူသွားတော့ သြော် ဒါဖြင့် နှစ်မျိုးယူသွားတော့ ဒုက္ခသစ္စာ နှစ်ခုကို ရွေးယူသွား တယ် (မှန်ပါ ဘုရား) သုခသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မရွေးမိဘူး (မရွေးမိပါ ဘုရား)။
ဒါဖြင့် ဒါနက ရှည်တာလား၊ အရွေးမတတ်တဲ့ ဖျင်းမှုကြောင့်လား (အရွေးမတတ်တဲ့ ဖျင်းမှုကြောင့်ပါ ဘုရား)။
အဲဒီတော့ ဒါနက သံသရာမရှည်ပါဘူး၊ အရွေးမတတ်လို့ ခင်ဗျားတို့ ရှည်ရခြင်း ဖြစ်ပါတယ် ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အတော်ဆိုးတဲ့ ဒကာ ဒကာမတွေကနော် (မှန်လှပါ ဘုရား)။
ကိုယ်က မသိဘဲနဲ့ ဒါနသံသရာရှည်သလေး ဘာသလေးနဲ့ တစ်ဖက်စောင်းကြီး သူများ ပြောသံကြားနဲ့ ခင်ဗျားတို့ ပြောကြ ဆိုကြတဲ့ ပုဂ္ဂိုလ်တွေ ရှိကြလိမ့်မယ်နော် (မှန်လှပါ ဘုရား) သူက ရှည်တာ မဟုတ်ဘူး ဒကာကြွယ်၊ ကိုယ်က အရွေးညံ့တာ (မှန်လှပါ ဘုရား)။
သူကတော့ ပေးမှာပဲ တဲ့၊ ဒီအပင် စိုက်လို့ရှိရင်ဖြင့် သရက်ပင်တစ်ခု စိုက်လိုက်တယ်ဆိုရင် အသီးကင်းကလေးလဲ သီးမှာပဲ (မှန်ပါ) အသီးလတ်ကလေးလဲ (သီးမှာပါပဲ) အသီးကြီးလဲ သီးမှာပါပဲ (မှန်ပါ့)။
ခင်ဗျားတို့က ငယ်ငယ်ကြိုက်လို့ရှိရင်ဖြင့် ခပ်ဖန်ဖန်စားရ မှာပဲ (မှန်ပါ) အလတ်စား ကြိုက်ရင် အချဉ် စားရမှာပဲ (မှန်ပါ) အကြီးစား ကြိုက်မယ်ဆိုရင် အချိုစားရမှာပဲ (မှန်ပါ ဘုရား) ကိုယ်က မရွေးတတ်လို့ အချိုမစားရတာ – (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနက ရှည်စေတာလား၊ မရွေးမတတ်တဲ့ အရည်အသွေး ပြစ်ချက်လား (အရွေးမတတ်တဲ့ ပြစ်ချက်ပါ ဘုရား) အဲဒါ သေသေချာချာမှတ်ပါ၊ ဒီတရား တစ်ပွဲလုံးမှာ သေသေချာချာ သတိ ပေးတယ် (မှန်ပါ့ ဘုရား)။
ဒါနက သံသရာ ရှည်တာလား၊ ကိုယ်က သစ္စာမသိလို့ အရွေးမတတ်လို့ ကိုယ့်အတွက် ရှည်ရတာလား (ကိုယ်က အရွေးမတတ်လို့ ရှည်ရတာပါ ဘုရား)။
ဒါဖြင့် ကိုယ်အ, ကိုယ်ထူလို့ ရှည်တယ်လို့ ဆုံးဖြတ်ချက်ချ ပါ (မှန်ပါ ဘုရား) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကိုယ်အ, ကိုယ်ထူလို့ ရှည်တာပါ ဘုရား) နောက် ဘယ်သူ ပြောပြော မယုံနဲ့နော် (မှန်လှပါ)။
ဒါနက ရှည်တာလား၊ အကျိုးပေး ကိုယ်မရွေးတတ်လို့ ရှည်တာလား (ကိုယ်မရွေးတတ်လို့ ရှည်တာပါ ဘုရား) ဘယ့် နှယ် လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဆိုတော့ “ကမ္မံ သတ္တေ ဝိဘဇ္ဇတိ’ ဆိုတော့ ကံကတော့ ပေးရမှာပဲ ဒကာကြွယ်ရ (မှန်လှပါ ဘုရား)။
ဦးသန်းမောင် ကံကတော့ လူချမ်းသာလဲ ပေးရမှာပဲ၊ နတ်ချမ်းသာကော (ပေးရမှာပါပဲ) ဗြဟ္မာ ချမ်းသာကော (ပေးရမှာပါပဲ) ကိုယ်က သစ္စာမသိနဲ့ ယူလိုက်တော့ လူချမ်းသာ ကောက်မိတယ် (မှန်ပါ) နတ်ချမ်းသာကြီး ကောက်မိတော့ ကိုယ်ကျိုးနည်းတယ် (မှန်ပါ ဘုရား)။
နိဗ္ဗာန်ချမ်းသာ ကောက်မိတော့လဲ ဒါနပေးတဲ့ အထဲက နိဗ္ဗာန်ချမ်းသာလဲ ဥပနိဿယပစ္စယော ထဲ ပါသားပဲ (မှန်ပါ) ကိုယ်က မရွေးတတ်လို့ ဒုက္ခရောက်တာကို ဒါနက ရှည်တယ်လို့ ယူနေကြတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒီစကားတစ်လုံးကို အသုံးအနှုန်းလဲကောင်း အမှန်လဲ ဖြစ်နေတော့ ဟောလဲဟောခဲ့လို့ ဒီသုံးပါးကို အရွေးမတတ်လို့ ဖြစ်ရတဲ့အဖြစ်တွေလို့ ခင်ဗျားတို့ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒါနကရှည်တာလား အကျိုးပေး မရွေးတတ်တဲ့ ပုဂ္ဂိုလ်ကြောင့် ရှည်ရတာလား (အကျိုးပေး မရွေးတတ်တဲ့ ပုဂ္ဂိုလ်ကြောင့် ရှည်ရတာပါ ဘုရား) ဒါဖြင့် ဒါနအပြစ်လား ကိုယ့်အပြစ်လား (ကိုယ့်အပြစ်ပါ ဘုရား)။
ဒါနဲ့ ခင်ဗျားတို့ ဒါနသံသရာ ရှည်တယ်တဲ့၊ ဒါနအပေါ်ချည်း ဖိချတယ် (မှန်ပါ) ကိုယ့်အပြစ်တော့ မသိဘူး (မသိပါ ဘုရား) အခုတော့ ဘာပေါ်လာသလဲ (ကိုယ်အပြစ် ပေါ်လာ ပါတယ် ဘုရား) အဲ နောက်ကို ကိုယ့်အပြစ်လဲ သိကြပါတဲ့၊ ဒါနကို သွားပြီး မစွဲလိုက်ပါနဲ့နော် (မှန်ပါ့ ဘုရား)။
ကြည့်စမ်း“သံဃဒိန္မဟပ္ပလံ”ဆိုပြီးဘုရားက သံဃေ၊ သံဃာ အား၊ ဒိန္နံ၊ ပေးလှူခြင်းသည်။ မဟပ္ဖလံ၊ များသော အကျိုးရှိ၏ တဲ့၊ ဒီလိုတောင် ဟောထားတဲ့ဥစ္စာ ဘုရားဟောကိုဖျက်သလို ကျနေတယ် (မှန်လှပါ ဘုရား) သဘောပါလား (ပါ, ပါတယ် ဘုရား) ကဲ ဒါဖြင့်
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ရာဂါဒိဟိ၊ ရာဂ အစရှိကုန်သော။ ဧကာဒသဂ္ဂီဟိ၊ ဆယ့်တစ်ပါးသော မီးတို့ဖြင့်။ ပရိဠိတံ၊ အလွန် အကဲညှင်းဆဲ၍ နေထသော။ သံသာရဘယံ၊ ခြားရဟတ်ပမာ ချာချာပတ်၍ တစ်နှစ်တည်းဖြစ်နေ ထသော သံသရာဘေးကြီးကို။ အတိဘာယိတွာ၊ အလွန်တရာ ကြောက်ရွံ ကြပါကုန်သည်ဖြစ်၍။ တတော၊ ထိုသံသရာဘေးတို့မှ။ မုတ္တာ၊ ကင်းလွတ်ရ ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာ မြတ်ကြီးကို။ သစ္ဆိကရဏတ္ထာယ၊ မကြာမတင် ဆောလျင် ကူးမြောက် အပေါက်ရောက်၍ မျက်မှောက် ပြုပါရခြင်း အကျိုးငှာ။ ဉာဏစက္ခုနာ၊ ဉာဏ်ပညာ စက္ခုဖြင့်။ ဂဝေသန္တော၊ ငါဘုရား ရှာမှီးခဲ့သည်ရှိသော်။ ဘိက္ခဝေ၊ သံသရာ ဘေးဘယ တွေးဆ မျှော်လေ့ ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့။ ပုညံ၊ ကောင်းမှု ကုသိုလ် ဟူသမျှသည်။ သုခံ၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို။ ဇနေတိ၊ ဖြစ်စေတတ် ၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ သုံးလူ့ ဆရာ စောသတ္တာသည် ကောင်းစွာ ဟောကြားအပ်သော စကားရပ်ကို။ မနသိ ကတွာ၊ နှလုံးနှစ်ခြိုက် ပိုက်မိကြကုန်သည် ဖြစ်၍။ တိသရဏေန၊ သရဏဂုံ သုံးပါးနှင့်။ သဟ၊ တကွ။ အဋ္ဌင်္ဂသီလံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလတော် မြတ်ကြီးကို၊ သမာဒိယိတွာ – ပဏှိတွာ၊ ကောင်းစွာ ခံယူတည်ဆောက်၍။ ဣမာနိ ကထိနစီဝရာနိ၊ ဤ ကထိန်လျာ သင်္ကန်းနှင့်တကွ အခြံအရံဖြစ်တဲ့ ပစ္စည်းတွေကို။ သံဃဿ၊ ပုရိမဝါမှ ထမြောက်တော်မူသော မင်္ဂလာတိုက်၌ ကိန်းအောင်းတဲ့ ပုဂ္ဂိုလ်အား၊ ဒေမ၊ မအိုမသေ အမြဲနေသော နိဗ္ဗာန်ကို ရည်မှန်း၍ ဒုက္ခဝဋ္ဋ် မှကျွတ်လိုသော ဉာဏ်ဖြင့် တပည့်တော် တကာ တကာမ အပေါင်းတို့က လှူဒါန်းပါကုန်၏ အရှင်ဘုရား။
လှူပြီးကြပလား (မှန်ပါ၊ လှူပြီးပါပြီ ဘုရား) အေး မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းပါနော် (မှန်ပါ ဘုရား)။
ခုနက ပြင်ခဲ့တဲ့ ဒုက္ခဝဋ္ဋ်မှ ကျွတ်တဲ့ စိတ်ထားနဲ့လဲ လှူဒါန်း လိုက်ပါ (မှန်လှပါ ဘုရား) လှူပြီးကြပလား (လှူပြီးပါပြီ ဘုရား) လှူပြီးပြီ၊ လှူပြီးပြီနော် (မှန်ပါ) ကဲ ဒါဖြင့်
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဣမိနာ ဒါနပုညန၊ ဤကဲ့သို့ ပေးလှူရသော ကုသိုလ် ကံ စေတနာကြောင့်လည်းကောင်း။ ဣမိနာသီလ ပုညန၊ ဤကဲ့သို့ ဆောက်တည်ပြီးသော သီလ ကုသိုလ်ကံ စေတနာကြောင့် လည်းကောင်း။ အညေဟိ၊ တစ်ပါးကုန်သော။ ပုညဟိစ၊ အနမတဂ္ဂ သံသရာက စ၍ ယခုဘဝတိုင် ရောက်အောင် ပြုလုပ် ဆည်းပူးခဲ့ကြ သော ကောင်းမှု ကုသိုလ်ကံ စေတနာတို့ကြောင့် လည်း ကောင်း။ မယံ၊ တပည့်တော်, တပည့်တော်မတို့သည်။ အဇာတိံ၊ ပဋိသန္ဓေမနေရာ စင်စစ်ဖြစ်သော။ အဇရံ၊ မအိုရာ စင်စစ်ဖြစ်သော။ အမတံ၊ မသေရာ စင်စစ်ဖြစ်သော။ သိဝံ၊ ဇာတိ, ဇရာ, ဗျာဓိ မရဏ စသည့် ထောင် သောင်း ဘေးအပေါင်းတို့၏ ကောင်းကောင်းကြီး ငြိမ်းချမ်းရာဖြစ်သော နိဗ္ဗာန် ချမ်းသာမြတ်ကြီးကို။ ဣစ္ဆိတဝရေန၊ အလိုရှိအပ် တောင့်တ, အပ်သော ဆုမြတ်အပေါင်းနှင့်။ သစ္ဆိကရေယျာမ၊ မငြိုမငြင် ဆောလျင် ကူးမြောက် ပေါက်ရောက်၍ မျက်မှောက်ပြု ရပါလို၏ အရှင်ဘုရား။
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ အကျွန်ုပ်တို့သည်။ ဣမဿ၊ ဤကောင်းမှုကံ၏ (ဝါ) ကထိန ဒါနကံ၏။ ဘာဂံ၊ အဖို့ကို။ ဂုဏဝိသေသတရာနံ၊ ဂုဏ်ကျေးဇူး အားဖြင့် အထူးကြီးမားလှကုန်သော။ မာတာပိတုနဉ္စ၊ မိခင်, ဖခင်တို့အား လည်းကောင်း။ အာစရိယာနဉ္စ၊ ဆရာသမားတို့အား လည်းကောင်း။ ဣမာသံ ပရိသာနဉ္စ၊ ယခု စည်းဝေးရောက်လာကြကုန်သော ပရိသတ်တို့အား လည်းကောင်း။ ဧကတိံသဘဝေ၊ သုံးဆယ့်တစ်ဘုံ၌။ စရန္တာနံ၊ ကရွတ်ကို ကင်းလျှောက်သည့် အသွင် ကျင် လည် ပြေးသွား၍ နေကြလေကုန်သော။ သဗ္ဗသတ္တာနဉ္စ၊ အလုံးစုံသော သတ္တဝါအပေါင်းတို့အား လည်းကောင်း။ ဘာဇေမ၊ ရေစက် သွန်းချ အမျှပေးဝေပါကုန်၏။ တေသတ္တာ၊ ထိုသတ္တဝါ အပေါင်းတို့သည်။ အမှေဟိ၊ အကျွန်ုပ်တို့နှင့်။ သမံ၊ ထပ်တူထပ်မျှ။ ပုညဘာဂံ၊ ကုသိုလ် အထူး ကောင်းမှု အဖို့ကို။ လဘိတွာ၊ အတူတကွ အမျှရကြပါကုန်သည် ဖြစ်၍။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ ရှိကြကုန်သည်။ မုဒိတာ၊ ပီတိ မောက်လွှမ်း၍ ဝမ်းမြောက်သောစိတ် ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
အားလုံး ကုသိုလ်အဖို့ အမျှ အမျှ အမျှ ယူတော်မူကြပါခင်ဗျား။