အမှာစကား

မြတ်စွာဘုရားဟောကြားတော်မူသော ပါဠိတော်များနှင့် အညီ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား​ကြီး ဟောကြားတော်မူသော တရားတော်များကို လွယ်​လင့်တကူ နာကြားနိုင်ရန် ဖတ်ရှုနိုင်ရန် စီစဉ်ပေးလိုက်ပါသည်။

နောင်လာနောင်သားများ ရှာဖွေရလွယ်ကူစေရန် စာအုပ်ခေါင်းစဉ်များမှာ မိုးကုတ်အဖွဲ့ချုပ်က ပေးထားသောခေါင်းစဉ်များအတိုင်း ဖြစ်ပါသည်။ အသံတော်တရားခေါင်းစဉ်များမှာလည်း ရှေးယခင်တရားစုစည်းသူများ ပေးထားသော တရားခေါင်းစဉ်များပင်ဖြစ်ပါသည်။

လောလောဆယ် စာစီပြီးသား တရားစာအုပ်(၂၅၀)ကျော် နှင့် အသံကြည်လင်သော Mp3 တရားတော်များ(၄၂၀)ပုဒ် ကိုတင်ပေးထားပါသည်။

တရားစာအုပ်များ, Mp3များကို ရက်စွဲအစီအစဉ်ဖြင့်လည်း စဉ်၍ ရှာနိုင်ပါသည်။

သစ္စာအနက်(၁၆)ချက်, စိတ္တာနုပဿနာ, ဝေဒနာနုပဿနာ တို့ကို သီးသန့်ခွဲထားပါသည်။ နောက်ပိုင်း ထပ်မံဖြည့်စွက်ပေးပါမည်။

လောလောဆယ် တရားစာအုပ်နှင့် အသံတော်တရားမှာ သီးသန့်စီဖြစ်နေသေးပါသည်။ နောက်ပိုင်း အသံဖိုင်နှင့် စာဖိုင်တွဲ၍ ချိတ်ဆက်ပေးပါမည်။

Download ရယူဖို့ (Download ဆွဲဖို့) သီးသန့်စီစဉ်ပေးထားပါသည်။ အသံကြည်(၄၂၀) (ဖိုင်Sizeကြီး)၊ မိုးကုတ်(၅၉၀)၊ သစ္စာအနက်(၁၆)ချက်၊ အလုပ်ပေးတရား(၃၈)ပုဒ်၊ မိုးကုတ်(၁၆၆၇)ပုဒ် ကို Download ဆွဲရလွယ်စေရန် Zip File ဖြင့်တင်ပေးထားပါသည်။

အလုပ်ပေးတရားများကိုလည်း သီးသန့်တင်ပေးပါဦးမည်။

Youtube Link, Facebook Link များကို သီးသန့်ထည့်ပေးထားပါသည်။

အရှင်ခေမာသီရိ သင်ကြားပို့​ချသော Online ဝိပဿနာသင်တန်း, Online ပဋ္ဌာန်းသင်တန်း, Online အဘိဓမ္မာသင်တန်း စသည်ကို Youtube, Facebook တို့တွင်လေ့လာကြည့်ရှုနိုင်ပါသည်။

လက်တွေ့ ဝိပဿနာတရားကျင့်ကြံပွားများ အားထုတ်လိုသူများအတွက်လည်း Facebook Page မှ Online ဝိပဿနာတရားစခန်းပွဲကို စီစဉ်ပေးလျက်ရှိပါသည်။ Online ဝိပဿနာသင်တန်း Facebook Pageကို ဝင်ရောက်ကြည့်ရှု၍ တရားစခန်းဝင်နိုင်ပါသည်။

နောက်ပိုင်း Android, iOS Application များ ရေးသား၍ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန် နာကြားနိုင်ရန် စီစဉ် ပေးပါဦးမည်။

ယခု Website သည် ပြင်ဆင်ဆဲ ပြုလုပ်ဆဲ အကြမ်းထည်သဘောမျှသာ ရှိပါသေးသဖြင့် လိုအပ်ချက်များ ချွတ်ယွင်းချက်များ တွေ့ရှိပါက ပညာရှင်များ ပြင်ဆင် ဖြည့်စွတ်၍ ဖတ်ရှုပါရန် တောင်းပန်လိုက်ပါသည်။

စီစဉ်တင်ဆက်သူ

အရှင်ခေမာသီရိ (သာသနဓဇဓမ္မာစရိယ) (B.C.Sc)