စိတ္တာနုပဿနာ အမှတ်(၁)

အရှိနဲ့ အသိကိုက်အောင်လုပ်နည်း

စိတ္တာနုပဿနာ အလုပ်ပေး

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အကြိမ်ပေါင်း များစွာ မှာတယ်လို့ တကာ တကာမတွေ မှတ်ထားရမယ်နော်။

“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ” ဆိုတာ အကြိမ်ပေါင်း များစွာ မှာတယ် (မှန်ပါ့)။

ဘိက္ခဝေ၊ အို ငါ၏ ချစ်သား တပည့်များတို့။ သတော၊ ခန္ဓာကိုယ်ပေါ်၌ သတိရှိသည် ဖြစ်၍။ သမ္ပဇာနာ၊ ပညာအဆင် အခြင်နဲ့ ဖြစ်ပျက်ရှုလေ့ ရှိသည်ဖြစ်၍ ဝိဟရေယျ၊ နေရစ်ကြပါ။

ခန္ဓာကိုယ် သတိထားပြီး ပညာဉာဏ်နဲ့ကြည့်ပြီး နေရစ် ကြပါ၊ သဘောကျပလား (ကျပါပြီ) ခန္ဓာကိုယ် ဘယ်လို ထားရမယ် (သတိထားပြီး နေရပါမယ်) သတိထားပြီး ပညာဉာဏ် နဲ့ ကြည့်၍ နေရစ်ပါ လို့ ဒကာ ဒကာမတို့ ဘုရားက မှာတော် မူတယ် (မှန်လှပါ) သတိထားပြီးတော့ (ပညာနဲ့ ကြည့်၍ နေရစ်ပါ တဲ့) ခန္ဓာကိုယ်မှာ သတိထားပြီး ပညာနဲ့ ကြည့်ပြီး တော့ နေရစ်ကြပါ။

အယံ၊ ဤငါပြောတဲ့ သတိထားပြီး ပညာနဲ့ကြည့် ဆိုတဲ့ သဘောသည်။ ဝေါ, တုံမှာကံ၊ သင်ချစ်သား တို့အား။ အမှာကံ၊ ငါဘုရားတို့၏။ အနုသာသနိ၊ ကြီးစွာသော အဆုံးအမ ကြီးပေ တည်း ဆိုတဲ့ ဥစ္စာ သေသေချာချာ ဟောပါတယ်။

သတိ ထား၊ ပညာဉာဏ်နဲ့ ကြည့်ပါ

ဒါကြောင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ပေါ်မှာ သတိ ထား၊ ပညာဉာဏ်နဲ့ ကြည့်ပါလို့ ယနေ့စ, လာတယ် (မှန်ပါ) ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုထားရမယ် (သတိထားပြီး ပညာနဲ့ ကြည့်ရပါမယ်) သတိ ထားပြီး ပညာနဲ့ ကြည့်ပါ၊ မိမိတို့၏ ယောက်ျားဖြင့် ယောက်ျား ခန္ဓာကိုယ်၊ မိန်းမဖြင့် မိန်းမ ခန္ဓာကိုယ် ကို သတိထားပြီး ပညာနဲ့ ကြည့်ပါ။

သတိထား ရမယ် ဆိုတာ ဘာများဖြစ်ဦးမလဲလို့ သတိ ထား ဘာများဖြစ်ဦးမလဲ၊ ဘယ်လိုများ ဖြစ်ဦးမှာပါလိမ့်မလဲ လို့ ခန္ဓာကိုယ်ကို သတိထားရမယ် (မှန်ပါ)။

နောက်ပညာနဲ့ သတိထားရင်းမတ္တနဲ့ ပေါ်လာလို့ ရှိရင် ဖြင့် ဟိုနေရာကယား၊ ဒီနေရာကနာ၊ ဒီစိတ် ကလေးက ပေါ်၊ ဟိုစိတ် ကလေးကပေါ် ဆိုလို့ရှိရင် အဲဒါကို ပညာနဲ့ကြည့် (မှန်ပါ့)။

ဒါဖြင့် သတိကိုရှေ့ထား၊ ပညာနဲ့ နောက်က နေကြည့်ပါ ဆိုတာကို ဘုရားက သိပ်မှာတော်မူတာ သဘောကျပလား (ကျပါပြီဘုရား)။

ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုလုပ်ရမှာတဲ့ တုံး (သတိထားပြီး ပညာနဲ့ ကြည့်ရမှာပါ) သတိထားပြီး ပညာ နဲ့ကြည့်ပါ၊ ရှင်းကြပလား (ရှင်းပါပြီ) သတိထားတော့ (ပညာနဲ့ ကြည့်ရပါမယ်ဘုရား)။

အဲ သတိထားပြီးတော့ ပညာနဲ့ ကြည့်ကြလို့ ရှိရင်ဖြင့် တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာက ပြောပါလိမ့်မယ် ဆို တာ ဘုန်းကြီးက တာဝန်ယူပါတယ်၊ ခန္ဓာက ဘာလုပ်မယ် ထင်ကြတုံး (ပြောပါလိမ့်မယ်) မပြောဘဲနဲ့ နေပါ့မလား (မနေပါဘုရား)။

မပြောဘဲ ဘယ်နည်းနဲ့မှ မနေဘူး၊ ခန္ဓာကို သတိသာ ထား ပညာနဲ့သာ ကြည့်လို့ရှိရင်ဖြင့် ခန္ဓာက “ကျုပ် အနိစ္စပါ” လို့ ပြောပါလိမ့်မယ် ဒကာ ဒကာမတို့ ရှင်းကြပလား (ရှင်းပါပြီ)

သတိထား ပညာနဲ့ကြည့်လို့ရှိရင် ခန္ဓာက ဘာပြောလိမ့်မယ် ထင်ကြသတုံး (ကျုပ် အနိစ္စပါလို့ ပြောပါမယ်)။

ကျုပ်ဟာ အနိစ္စ ခန္ဓာကိုယ်ပါ

ကျုပ်ဟာ အနိစ္စ ခန္ဓာကိုယ်ပါပဲလို့ သူက မပြောဘဲ မရှိ ပါဘူး၊ ပြောပါလိမ့်မယ်လို့ တစ်ထစ်ချ မှတ်ပါ (မှန်လှပါဘုရား) ရှင်းကြပလား (ရှင်းပါပြီဘုရား)။

အဲဒီတော့ ဒီရှေ့က ဒကာ ဒကာမတွေ ပြလိုက်မယ်၊ ဪ ဒါဟာ ယခု ရထားတဲ့ ခန္ဓာငါးပါးလို့ မှတ်ပါနော် (မှန်ပါ့ဘုရား) ယခု ရထားတဲ့ ခန္ဓာငါးပါးလို့ မှတ်လိုက် စမ်းပါ။ အခု ဒီမှာ ပြထားတာ ဘာပါလိမ့် (ယခု ရ,ထားတဲ့ ခန္ဓာငါးပါး) ခန္ဓာငါးပါး ဆိုတာ ယခု တရားနာနေတဲ့ ခန္ဓာငါးပါးကို ဆိုပါတယ် (မှန်ပါ့ဘုရား)။

တခြား ခန္ဓာငါးပါးကို ဘာမှ ဉာဏ်မရောက်ပါနဲ့ ဒီခန္ဓာ ငါးပါးကိုသာ ဉာဏ်ရောက်ပါ (မှန်ပါ့ဘုရား)။

ရုပ်နဲ့ နာမ်ပဲ ရှိတယ်

ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ မနေ့က သိသာအောင် လို့ ဘုန်းကြီးက ပြောလိုက်တယ်၊ ဘယ်လို ပြောလိုက်သတုံး ဆိုတော့ ခန္ဓာငါးပါးကို ချုံးကြည့်ကြစို့ဟေ့ ဆိုတော့ ရုပ်နဲ့ နာမ်ပဲ ရှိတယ်လို့ မပြောဘူးလား (ပြောပါတယ်ဘုရား) ခန္ဓာငါးပါး ချုံးလိုက်တော့ ဘာရှိသတုံး (ရုပ်နဲ့ နာမ်ပဲရှိပါတယ်) ရုပ်နဲ့နာမ်ပဲ ရှိတယ်လို့ တစ်ခါ ပြောလိုက်တယ်။

အနိစ္စသာ ရှိတယ်

ရုပ်နဲ့နာမ်ပေမယ့်လဲ ဒကာ ဒကာမတို့ ပြန်ပြီး ချုံးလိုက်ပါ ဦး လို့ဆိုတော့ ဒကာ ဒကာမတွေ မနေ့က သင်ထားတဲ့အ တိုင်း ေဩာ် ရုပ်ဟာလည်း အနိစ္စ၊ နာမ်ဟာလည်း အနိစ္စ ဆိုတော့ အနိစ္စသာ ရှိတယ်ဆိုတာ မပေါ်လာဘူးလား (ပေါ်လာ ပါတယ်ဘုရား)။

အဲ သတိထားပြီး ပညာနဲ့ ကြည့်ပြီ ဆိုမှဖြင့် ခန္ဓာက ဘာမှမပြောဘူး မောင်ထွန်းလှိုင်၊ အနိစ္စပဲပြောမယ် (မှန်ပါ) ဦးခင်မောင် ဘာပြောမယ် ထင်သတုံး (အနိစ္စ ပြောပါမယ် ဘုရား)။

ခန္ဓာက အနိစ္စပဲလို့ ပြောရင်ဖြင့် ကျုပ်တို့က ဪ အနိစ္စပေမယ်လို့ ပညာနဲ့ လိုက်ပေးရမယ် (မှန်ပါ) ခန္ဓာဟာသတိ ထား ပညာနဲ့ ကြည့်လိုက်လို့ ရှိရင်ဖြင့် အနိစ္စပဲလို့ ခန္ဓာက ပြောပါ လိမ့်မယ်နော် (မှန်ပါ့)။

အဲဒီ ခန္ဓာက ပြောတာကို ခန္ဓာငါးပါးက ရုပ်နဲ့ နာမ်နဲ့ပဲ ထားပါတော့၊ ရုပ်နဲ့နာမ် သည်ကား လို့ဆိုရင် ချုံးလိုက်တဲ့ အခါ ကြတော့ ဖြစ်ပျက်ပဲ ရှိတယ်နော် (မှန်ပါ့) ရုပ်မှာလဲ ဖြစ်ပြီး ပျက်တာပဲ၊ နာမ်မှာကော (ဖြစ်ပြီး ပျက်တာပဲ) ဒါပဲ ရှိတယ် ဆိုတာ သဘောကျပလား (မှန်ပါ့)။

ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေက စောင့်ပြီး ကြည့်နေတဲ့ အခါကြလို့ရှိရင် သတိလေးနဲ့ စောင့်ထား၊ သတိလေးနဲ့စောင့် ထားတဲ့ အခါကြတော့ ပညာနဲ့ ကြည့်လိုက်။

သတိနဲ့ စောင့်ကြည့်တဲ့ အခါကြတော့ ခန္ဓာကြီးဟာ ယား သလိုလို ယံသလိုလို ရွှေ့ချင်သလိုလို ပြောင်းချင်သလိုလို စိတ် ကလေးတွေကော မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်ပြီးတော့ကော ဒါကလေးတွေဟာ အမြဲ ခိုင်ခံ့ တည်တံ့မှာလား (မတည်တံ့ပါ ဘုရား) အမြဲ ခိုင်ခံ့ မတည်တံ့ တော့ ဦးခင်မောင်တို့ ပျက်စီး မသွားပေဘူးလား (ပျက်စီးသွား ပါတယ် ဘုရား)။

ပျက်စီး သွားတဲ့အခါကြတော့ ကို သတိထားတဲ့ ပုဂ္ဂိုလ်ဖြင့် ပညာနဲ့ ကြည့်လို့ရှိရင် ပျက်စီး တာကို ပညာက သိပါတယ် (မှန်လှပါ) သတိ မထားတဲ့ ပုဂ္ဂိုလ်မှာ ခလုတ်တိုက်လို့ သွေးထွက် တာတောင်မှ လမ်းမှာ သွေးထွက် သွားတာ တောင်မှ ဦးခင်မောင် အိမ်ကျမှ သိတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမ တွေ

“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ

သမ္ပဇာနကာရီ၊ အယံ ဝေါ အမှာကံ အနုသာသနီ” လို့

ဘုရာသခင် ကိုယ်တော်မြတ်ကြီးက ဆုံးမထားတဲ့ အတွက် ဒကာ ဒကာမတို့သည် ဒီခန္ဓာ ကိုယ်ကြီးကို သေသေ ချာချာ စိုက်ပြီး သကာလ ကြည့်ပါ။ သတိထား နေပါ။

သတိထားပြီး သကာလ နေတုန်းမှာပဲ ဟိုကယား၊ ဒီက ယံ၊ ဒီနားက ဟိုစိတ်တွေပေါ်၊ ဒီစိတ်တွေပေါ်၊ ပေါ်လာတာ ဟူသရွေ့ ပျောက်ပျက် ချည်းမှတ်။

မဂ္ဂင်ငါးပါးနဲ့ ကြည့်ပေး

အဲဒီ ပျက်တာကလေးကို ဒကာ ဒကာမတွေက နောက်က မဂ်နဲ့ ကြည့်ပေးပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ) မဂ်နဲ့ ကြည့်ပေးလိုက် ဆိုတာ မဂ္ဂင်ငါးပါးနဲ့ ကြည့်ပေး လိုက်တာပေါ့ (မှန်ပါ့)။

ရှုတယ်လို့ ဆိုလို့ရှိရင် ခင်ဗျားတို့ လောကီမဂ် ရပြီလို့ အောက်မေ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) ရှုတယ်ဆိုရင်ပဲ (လောကီမဂ်ရပြီ)။

လောကီမဂ်ရပြီ ဆိုတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာ ဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်ငါးပါး ရတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုံး ဆိုတော့ ဟောဒီ သတိ ကလဲ စိုက်ထားလို့၊ သမ္မာဒိဋ္ဌိဆိုတဲ့ ပညာကလဲ မြင်ပါတယ်၊ မြင်တော့ ဒီခန္ဓာကိုယ်ကြီးဟာ အနိစ္စ ရှိလို့ အနိစ္စ ပေါ်လာတာပဲ ဦးခင်မောင်,ရေ (မှန်လှပါ ဘုရား) ဘယ်လို ဆုံးဖြတ်ကြမယ် (အနိစ္စရှိလို့ အနိစ္စ ပေါ်လာ တာပါ ဘုရား)။

အနိစ္စရှိလို့ အနိစ္စပေါ်လာတာ

အနိစ္စရှိလို့ အနိစ္စပေါ်လာတာ ကို ခင်ဗျားတို့က ယောက်ျား ပေါ်လာ လိမ့်မယ်၊ မိန်းမ ပေါ်လာ လိမ့်မယ်၊ ကလေး ပေါ်လာ လိမ့်မယ် ဆိုတာလဲ ဟုတ်သေးရဲ့လား ( မဟုတ်ပါ ဘုရား)။ အနိစ္စရှိလို့ ဘာတွေများ ပေါ်လာသတုံး (အနိစ္စ ပေါ်လာပါတယ်) အနိစ္စရှိလို့ အနိစ္စ ပေါ်လာတော့ ကျုပ်တို့က အနိစ္စလို့ပဲ သိဖို့ အရေးကြီးတယ် (မှန်လှပါ ဘုရား) မဂ္ဂင်ငါးပါး ဘယ်လို သိဖို့ အရေး ကြီးတယ် (မှန်လှပါ ဘုရား) မဂ္ဂင်ငါးပါး ဘယ်လို သိဖို့ အရေးကြီး ပါလိမ့် (အနိစ္စလို့ သိဖို့ အရေးကြီးပါတယ် ဘုရား) အနိစ္စလို့ ပဲသိဖို့ အရေးကြီးပါတယ် ဆိုတာ ဒကာ ဒကာမတွေ ဉာဏ်ရောက် ပလား (ရောက်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အနိစ္စရှိလို့ အနိစ္စ သိရင်ဖြင့် ဒီက အနိစ္စ ဒီဘက်က မဂ္ဂင် ဆိုတာ ဆုတောင်းလို့ ရတာလား၊ မဂ္ဂင် ငါးပါးနဲ့ စောင့်ကြည့်လို့ ရတာလား (စောင့်ကြည့်လို့ ရတာပါ ဘုရား)

စောင့်တာက သတိ၊ ကြည့်တာက ပညာ

ဪ မဂ်ဆိုတာ ဘာပါလိမ့်မတုံး လို့ မေးတော့မှ စောင့်တာက သတိ၊ ကြည့်တာက ပညာ (မှန်ပါ့)

စောင့်တာက (သတိပါ ဘုရား)

ကြည့်တာက (ပညာပါ ဘုရား)

ဒါဖြင့် စောင့်ကြည့်တဲ့ အခါကျတော့ ဘာတွေ့ပါလိမ့် (အနိစ္စ တွေ့ပါတယ် ဘုရား) ခြေတွေ၊ လက်တွေ၊ နားတွေ၊ နှာခေါင်းတွေ တွေ့သလား တဲ့၊ မျက်လုံး မှိတ်ရှု၊ ခြေ၊ လက်၊ နား၊ နှာခေါင်း မတွေ့ဘူး၊ ဖြစ်ပျက်ပဲ တွေ့မယ် (မှန်ပါ့) မျက်လုံး မှိတ်ကြည့် ရမယ်နော် (မှန်ပါ ဘုရား)။

မျက်လုံးမှိတ်ကြည့်တော့ ဘာတွေ တွေ့ပါမယ် (ဖြစ်ပျက်ပဲ တွေ့ပါမယ်) ဖြစ်ပျက် တွေ့ ပါမယ်၊ ဖြစ်ပျက်ဟာ ပါဠိလို သုံးတော့ ဘာခေါ်ကြမယ် (အနိစ္စ ပါ ဘုရား) ပါဠိလို သုံးတော့ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား) ပါဠိလိုသုံးတော့ အနိစ္စ။

အနိစ္စက အနိစ္စ၊ သိတာက မဂ္ဂ

ဒါဖြင့် ခန္ဓာသည် ဦးခင်မောင်တို့ ။ မောင်ထွန်းလှိုင် တို့ အနိစ္စရှိ၍ အနိစ္စ ပြတာ (မှန်လှပါ ဘုရား)။ အနိစ္စ ရှိတာနဲ့ (အနိစ္စ ပြတာပါ ဘုရား) အနိစ္စရှိလို့ အနိစ္စ ပြတဲ့ အခါကျတော့ကိုတဲ့ အနိစ္စ ကျုပ်တို့ က သိပေးလိုက်လို့ ရှိရင်ဖြင့် အနိစ္စက အနိစ္စ၊ သိတာက မဂ္ဂ ဆိုတာ ဖြစ်သွားတယ် (မှန်ပါ့)။

အနိစ္စ (အနိစ္စပါ ဘုရား)။

သိတာက (မဂ္ဂပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ တရား တစ်ပွဲလုံး ဖြေပါ၊ အကုန်နှုတ်တိုက် မှန်အောင် လုပ်ရမှာ (မှန်ပါ့) နှုတ်တိုက် မှန်အောင် လုပ်ရမှာ၊ ပျင်းပျင်းရိရိ မနေနဲ့၊ ဒါမှမလုပ် ဖြစ်တော့ အနိစ္စရှိ၍ အနိစ္စ မသိဘူး ဆိုရင်ဖြင့် သေသွားတဲ့ ပုဂ္ဂိုလ်မှာစုံလုံးကန်း သေသွားတယ်လို့ အောက်မေ့ရမယ် (မှန်ပါ့)။

သေသွားတဲ့ပုဂ္ဂိုလ် ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (စုံလုံးကန်း သေသွားပါတယ်) ဘာပြုလို့တုံး ကိုယ့်ရှိတာ ကိုယ်မသိဘဲနဲ့ သေသွားလို့ (မှန်ပါ) ရှင်းပြီနော် (မှန်ပါ)

ကိုယ့်ရှိ တာကို (ကိုယ်မသိဘဲနဲ့ သေသွားလို့ပါ ဘုရား)။

စုံလုံးကန်း မသာပါ

ဒါဖြင့် ဒီမသာကို ဘာမသာခေါ်ကြမလဲ (စုံလုံးကန်း မသာပါ) စုံလုံးကန်း မသာဖြစ်မှာ စိုးလို့ ခင်ဗျားတို့ကို ဆရာဘုန်း ကြီးက သတိပေးနေတယ် ဆိုတာကော သဘောကျပလား (ကျပါ ပြီ ဘုရား)။

ဒါ ခပ်ကြမ်းကြမ်း ပြောတယ်လို့ မအောက်မေ့လိုက် ပါနဲ့၊ ကိုယ်အဖြစ် ဆိုးတာက ဒီထက်ကြီးတယ် အောက်မေ့ပါ (မှန်ပါ) ကိုယ့်အဖြစ် ဆိုးတာက (ဒီထက်ကြီးပါတယ် ဘုရား) ဒီထက်ကြီးတယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ) နားကြီး ကြီးနဲ့ နာကြပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မျက်စိနှစ် ကွင်း အလင်း ရပြီး သေစေချင်လို့ ဒီတရားကို ဟောနေတယ် ဆိုတာကော ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ဒီအတိုင်းသာ ဦးခင်မောင် သေသွားကြမယ် အနိစ္စရှိလျှက် အနိစ္စမသိဘဲနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်မှာ စုံလုံးကန်း မသာပဲ (မှန်ပါ) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဒီမျက်လုံးက ပွင့်ဦးမှာလား

ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ရှင်တုန်းက ပွင့်မသွားဘူး ဆိုတော့ သေပြီး ဟိုဘက်ဘဝ ရောက်သွား ပြန်တော့ ဒီမျက်လုံးက ပွင့်ဦးမှာ လား (မပွင့်ပါ ဘုရား)။

ဒါဖြင့် သူသွားမိ သွားရာသွားမယ် (မှန်လှပါ) မသွားပေ ဘူးလား (သွားပါတယ်) ဒီဘဝလဲ သွားမိ သွားရာ သွားမှာပဲ (မှန်ပါ့) ဟိုဘဝကော (သွားမိ, သွားရာကိုသွားမယ်)။

တီကောင်သွား သွားသလို

အဲဒီတော့ ခင်ဗျားတို့ သည် မျက်လုံးမပါတဲ့ တိရစ္ဆာန်၊ တီကောင်သွား သွားသလိုဖြစ်လိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာသွား သွားသလိုဖြစ်မှာလဲ (တီကောင်သွား သွားသလို ဖြစ်ပါမယ်) တီကောင်ဟာ ဟိုနားက ကြက်က စောင့်နေမယ် ဦးခင်မောင်ရေ အဲဒီလိုပဲ တွန့်လိမ် တွန့်လိမ်နဲ့ မသွားဘူးလား (သွားပါတယ် ဘုရား) သွားတော့ ဟိုကကောက် မစားပေဘူးလား (စားပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေစဉ်းစားပါ၊ ဒါကို၊ ေဩာ် မျက်လုံးမပါတဲ့ သတ္တဝါများ ဖြစ်ရမှာ ကြောက်စရာ ကောင်း လိုက်တာ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) မျက်လုံး မပါတဲ့ သတ္တဝါဖြစ်ရမှာ (ကြောက်စရာ ကောင်းပါ တယ် ဘုရား)။

အဲ ခင်ဗျားတို့လဲ အရှိကိုသိတဲ့ အသိဉာဏ်နဲ့ သေ မသွားကြဘူး ဆိုလို့ရှိရင်ဖြင့် နောက်ဘဝလဲ ခင်ဗျားတို့ ဇာတိဘေး ကစ,၍ သင့်မှာပဲ၊ မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)။

ဇရာဘေးကော (သင့်ပါတယ်)။

ဗျာဓိဘေးကော (သင့်ပါတယ်)။

မရဏဘေးကော (သင့်ပါတယ်)။ အဲဒီဘေးတွေဟာ တစ်ခါသင့်ပြီးတော့ ပြီးတော့တာပဲ လား၊ နောက် ဇာတိဘေး ပြန်သင့်ဦးမှာလား (သင့်ဦးမှာပါ ဘုရား) သင့်မှာပဲ ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

ဘယ့်နှယ်ကြောင့် ကျေနပ်ရပါသတုံး ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်ကို ဒီမဂ်နဲ့ မသိတဲ့အခါကျတော့ ဒီဖြစ်ပျက်ခန္ဓာကြီးကိုပဲ ခင်တဲ့တဏှာက မလာပေဘူးလား (လာပါတယ် ဘုရား) ခင်တဲ့ တဏှာက လာတဲ့ အခါကျတော့ တဏှာ၊ ဥပါဒါန်၊ ကံတွေက ဒကာ ဒကာမတွေ ငြင်းဆန်လို့ရသေးရဲ့လား (မရပါ ဘုရား)

ဒီတဏှာ၊ ဥပါဒါန်၊ ကံလာလို့ရှိရင် ဇာတိ၊ ဇရာ၊ မရဏတွေက မိုးမွှန်အောင် မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါ ဘယ်နှယ့်ကြောင့် ဒီပုဂ္ဂိုလ်သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဒီဘဝ ဇာတိ၊ ဇရာ၊ မရဏ ပြီးပါလျက်သားနဲ့ ဟိုမှာ ဇာတိ ဇရာ၊ မရဏတွေက ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံး မေးတော့မှ ဦးခင်မောင်ရေ ဒီဘဝမှာလဲ စုံလုံးကန်း ဖြစ်သွား စုံလုံးကန်း သေလို့ နောက်ဘဝလဲ စုံလုံးကန်း ဖြစ်ချင် သလို ဖြစ် ရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

စုံလုံးကန်း သေသွားတော့

ဒီဘဝ ဘယ်လို ဖြစ်သွားသတုံး (စုံလုံးကန်းသေ သွားပါတယ်) စုံလုံးကန်း သေသွားတော့ကို တဏှာ၊ ဥပါဒါန်၊ ကံတွေနဲ့ ချည်းနေသလိုလို မဖြစ်ရဘူးလား၊ (ဖြစ်ရပါတယ်) ဖြစ်ရ တဲ့အခါ ကျတော့ ဟိုဘက်မှာ ဘာခန္ဓာ သွားဖြစ်သတုံးလို့ မေးတော့ စုံလုံးကန်း ခန္ဓာ ဖြစ်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာခန္ဓာ ဖြစ်သွားသတုံး (စုံလုံးကန်း ခန္ဓာဖြစ်သွားပါ တယ် ဘုရား)။

အို၊ နာဆီ ရောက်ပါတယ်

ဒါနဲ့ စုံလုံးကန်း သွားဖြစ်တော့ ဟိုဘက်မှာ အို၊ နာ၊ သေဘေးထဲ သူမဆင်းဘူးလား (ဆင်းပါတယ်) သူသွားတုန်းက လဲ အို၊ နာဆီက သွားတယ် (မှန်လှပ ဘုရား) နောက် သူရောက်တဲ့ နေရာကော (အို၊ နာဆီ ရောက်ပါတယ် ဘုရား)။

ဒါဖြင့် အို၊ နာဆီကလာ အို၊ နာဆီပဲ သွားတယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်မျိုးတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် သတိ ပညာနဲ့ အရှိကို သိမသွားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား) ပေါ်ကြပြီလား (ပေါ် ပါပြီ ဘုရား) ဘာပါလိမ့် (သတိပညာနဲ့ အရှိကို သိမသွားတဲ့ ပုဂ္ဂိုလ် ပါ)

သတိပညာနဲ့ အရှိကို သိမသွားတဲ့ ပုဂ္ဂိုလ် ဆိုတော့ ခင်ဗျားတို့ အခုသားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ စီးပွားရေး ဖြောင့်နေတာ ဘုန်းကြီးတို့ အင်မတန ်ဝမ်းသာပါတယ်။ အင်မတန် ဝမ်းသာပါတယ်၊ ဒကာ ဒကာမတွေ ကျန်း ကျန်းမာမာနဲ့ ကိုယ့်စီးပွားရေး ကလေးနဲ့ ကိုယ်နဲ့ ကိုယ့်သား ကိုယ့် သမီးနဲ့ နေကြ၊ ထိုင်ကြ တာတွေ ဪ သူတို့ ကံကောင်း တယ် ဆိုတာ ဝမ်းသာပါတယ်၊

မျက်လုံးပေါက် ပိတ်နေတာတော့ ဝမ်းနည်းတယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ကံကောင်း တာတော့ (ဝမ်းသာပါတယ် ဘုရား) မျက်လုံးပေါက် ပိတ် နေတာတော့ (ဝမ်းနည်းပါတယ်)။

ဒေဝီဠရသေ့လို ဖြစ်နေတယ်

အဲဒီတော့ ခင်ဗျားတို့ဟာ ဒေဝီဠရသေ့လို ဖြစ်နေတယ်၊ ဒေဝီရသေ့ကြီးဟာ ဘုရားအလောင်း ကလေး ပြလိုက်တဲ့ အခါ ကျတော့ ငိုလဲငိုတယ်၊ ရယ်လဲရယ်တယ် ဆိုသလို ကျနေပြီ၊ မကျ ဘူးလား (ကျပါတယ် ဘုရား)။

ခင်ဗျားတို့လဲ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ လူ့ဘဝကြီး ရနေတော့ ဘုန်းကြီးများက ဝမ်းမသာ ရပေဘူးလား (သာရပါ တယ်) မျက်လုံးပေါက် ပိတ်နေတဲ့ အတွက် ဘယ့်နှယ် ဖြစ်နေသလဲ (ဝမ်းနည်း ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က ဆရာသမားလဲ အစအဆုံး ဝမ်းသာ ရအောင် ကိုယ့်ကိုယ်လဲ နစ်မွန်း မသွား ရအောင် ဆိုလို့ရှိရင် ဖြင့် လူ့ဘဝနဲ့ သာသနာတွင်း ကြုံတဲ့အခါမှာ ဒီအရှိနဲ့ အသိ ကိုက်အောင် လုပ်ပါ (မှန်ပါ)

အရှိနဲ့ အသိ ကိုက်အောင် လုပ်ပါ

ဘယ်လိုလုပ်ရမယ် (အရှိနဲ့ အသိ ကိုက်အောင် လုပ်ရပါမယ် ဘုရား)။ အရှိနဲ့အသိ ကိုက်အောင် လုပ်ပါလို့ ဆိုတာကို များများ တိုက်တွန်းတဲ့ နေ့လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ) ဘယ်လို လုပ်ရမှာတုံး (အရှိနဲ့ အသိ ကိုက်အောင် လုပ်ရမှာပါ ဘုရား)။

အရှိနဲ့အသိ ဆိုတဲ့ ဥစ္စာ အရှိက၊ ခန္ဓာ အရှိက အနိစ္စပဲလို့ ဆိုတာ သဘောကျပလား (မှန်ပါ့) ခန္ဓာ အရှိက (အနိစ္စပါ ဘုရား) အနိစ္စသာ ရှိတယ် ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ကျေနပ်ပါတော့ (ကျေနပ်ပါပြီ)

မျက်လုံး မှိတ်သာကြည့်၊ ပေါ်လာတဲ့ တရားကလေး ကပျောက်သွားတာပဲ (မှန်ပါ့) ပေါ်လာတဲ့တရား မပျောက်တဲ့ နေရာကော ရှာတွေ့ရဲ့လား (မရှိပါ ဘုရား) မရှိပါဘူးဆိုတာ သေချာပလား (သေချာပါပြီ)။

ကိုယ့်ခန္ဓာမှ ကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်

အဲဒါ ခင်ဗျားတို့က ကျောပေးပြီး နေတယ် (မှန်ပါ့) ခန္ဓာကတော့ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်ပါပဲ ခင်ဗျားတို့က ဆရာနည်း မမီတော့ ကိုယ့်ကိုယ်တိုင်ကလဲ သတိ ပညာကလဲ မပါတော့ မြင်ကို မမြင်ဘူး၊ သဘောကျပလား (ကျပါပြီ) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)

မမြင်တော့ ခင်ဗျားတို့သည် ကိုယ့်ခန္ဓာမှ ကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ သူများ ခန္ဓာကော မြင်ပါ့မလား (မမြင်ပါ ဘုရား) ကိုယ်ခန္ဓာမှကိုယ်မမြင်တဲ့ ပုဂ္ဂိုလ်ဦးခင်မောင် ဘယ်လိုဆုံးဖြတ် ချက်ချမလဲ (မမြင်ပါ ဘုရား) သူများခန္ဓာကော (မမြင်ပါ)။

သူများ ပါးစပ် လမ်းဆုံးပြီး မြင်နေတာပါ၊

သူများခန္ဓာလဲ မမြင်ဘူးတဲ့၊ မမြင်တော့ တပည့်တော်တို့ မျက်လုံးဟာဘုရား ဘာမျက်လုံး ဖြစ်နေသတုံး၊ အို ဒကာ ဒကာမတို့ သူများပြောသံကြား ခင်ဗျားတို့ အရုပ် မြင်နေတာက သူများ ပြောသံကြား မြင်နေတာ။ ယောက်ျား ရှိတယ်၊ မိန်းမ ရှိတယ်၊ ကလေး ရှိတယ် ဆိုပြီး သူများ ပါးစပ် လမ်းဆုံးပြီး မြင်နေတာပါ၊ ကိုယ့်အမြင်နဲ့ ကိုယ့် မျက်စိမြင်တာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)။

ဒါဖြင့်သူများတွေက လမ်းခင်းလို့မြင်တဲ့ အမြင်ကိုဖြင့် သူများ ပြောသံ ကြားတာပါဗျာ၊ ကျုပ်တော့ မပြောတက်ပါဘူး ဆိုတာ ခင်ဗျားတို့ ပြန်သုံးမှာပဲ (မှန်လှပါ ဘုရား) မသုံးပေဘူးလား (သုံးပါတယ် ဘုရား) အင်မတန် မနစ်နာပေဘူးလား (နစ်နာပါ တယ် ဘုရား)။

သူများ ပါးစပ် လမ်းမဆုံးပါနဲ့

အဲဒါကြောင့် ဆရာဘုန်းကြီးက ယခုဒီ ဒကာဒကာတွေ ကယ်တင်နေတယ်၊ ကိုယ်အရှိနဲ့ ကိုယ်အသိ ကိုက်ကြပါစေ၊ သူများ ပါးစပ် လမ်းမဆုံးပါနဲ့ (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) ကိုယ်အရှိနဲ့ ကိုယ်အသိ ကိုက်ကြပါစေ၊ သူများ ပါးစပ် (လမ်းမဆုံးကြပါစေနဲ့)။

အဲဒီတော့ ခင်ဗျားတို့ တစ်သံသရာလုံးဟာ ယောက်ျား ဖြစ်ရပါလို၏။ မိန်းမဖြစ်ရပါလို၏ ဆုတွေ တောင်းနေတာ ကိုယ့် ဉာဏ်နဲ့တောင်းတာလား၊ သူများ ပါစပ် ပြောသံကြားနဲ့ တောင်း တာလား (သူများ ပါးစပ် ပြောသံကြားနဲ့ တောင်းတာပါ ဘုရား)

ယောက်ျားဟာ ဖြစ်ပျက်ဒုက္ခသစ္စာပါလို့ သိလို့ရှိရင် ခင်ဗျားတို့ တောင်းရမယ်၊ မိန်းမဟာ ဖြစ်၊ ပျက်၊ ဒုက္ခသစ္စာပါလို့ သိရင်လဲ တောင်းရမယ် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ ပါးစပ်တောင်း တောင်းနေတဲ့ ဆုတွေ ပြောနေတဲ့ စကားတွေဟာ ကိုယ့်ဉာဏ်လား၊ သူများပါးစပ် မှာ လမ်းဆုံးနေတာလား (သူများပါးစပ်မှာ လမ်းဆုံးနေတာပါ ဘုရား) အဲဒါ တစ်သံသရာလုံးက ရှုံးခဲ့တဲ့ ဥစ္စာ အရှိနဲ့ အသိ မကိုက် ခဲ့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

တစ်သံသရာလုံးဒီအတိုင်း နေခဲ့

တစ်သံသရာလုံးက ဒကာ ဒကာမတွေ ဒီအတိုင်း နေခဲ့ တဲ့ ဥစ္စာဟာ ဘာပါလိမ့် (အရှိနဲ့အသိ မကိုက်လို့ပါ ဘုရား) အရှိနဲ့ အသိ မကိုက်ခဲ့တာလို့ ဦးခင်မောင်တို့ မောင်ထွန်းလှိုင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ဒါဖြင့်ဒီဘဝမှာ မျက်လုံးဖွင့်ပေးတဲ့ ပုဂ္ဂိုလ်လဲရှိပြန်၊ တို့ဖြင့် ဒီဘဝ မျက်လုံးကန်း အဖြစ်မှ လွတ်ပြီး သကာလ နောက်ကိုဖြင့် ချောက်တွေ၊ ကျင်းတွေ၊ ဇာတိချောက်၊ ဇရာချောက်၊ မရဏ ချောက်တွေ ကျစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မျက်လုံးအမြင်ကလေး ဂရုစိုက်စမ်းပါ

ဒါဖြင့် မျက်လုံးအမြင်ကလေး ဂရုစိုက်စမ်းပါ ဆိုတာ လေးစားစွာနဲ့ ဒကာ ဒကာမတွေကို မေတ္တာလဲ ရှေ့ထားပါတယ်၊ သိလဲ အင်မတန် သိစေချင်ပါတယ် ဆိုတဲ့ စိတ်ထားနဲ့ ဟောနေ တယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်ပါပြီ ဘုရား)။

ဒါဖြင့် တပည့်တော်တို့ အရှိနဲ့အသိကိုက်ဖို့ အရေးအ ကြီးဆုံးပေါ့ ဘုရားလို့ တရားတစ်ပွဲလုံး ဆိုနိုင်ပါ့မလား (ဆိုနိုင် ပါတယ်) ဘာနဲ့ဘာ ကိုက်ဖို့အရေးကြီးသလဲ (အရှိနဲ့ အသိကိုက်ဖို့ အရေးကြီးပါတယ် ဘုရား) ခန္ဓာထဲမှာ ဘာရှိသလဲ (ရုပ်နဲ့နာမ်ပဲ ရှိပါတယ် ဘုရား)။

အနိစ္စ ရယ်လို့ သိပါ၊

ခင်ဗျားတို့ ယောက်ျားရယ်လို့ မသိပါနဲ့၊ မိန်းမရယ်လို့ မသိပါနဲ့၊ လင်သားရယ်လို့ မသိပါနဲ့၊ ခန္ဓာရယ်လို့ မသိပါနဲ့၊ အနိစ္စ ရယ်လို့ သိပါ၊ သဘောကျပလား (မှန်ပါ့)

ယောက်ျာရယ်လို့ မသိ ပါနဲ့နော် (မှန်ပါ့) မိန်းမရယ်လို့ကော (မသိပါနဲ့) ဘာရယ်လို့ သိရ တုံး (အနိစ္စရယ်လို့ သိရပါမယ် ဘုရား)။

ဒါဖြင့် အနိစ္စရှိလို့ အနိစ္စ၊ ဒါသိလို့ရှိရင် သံသရာပြတ်ပါ တယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) အနိစ္စရှိ၍ (အနိစ္စသိရင် သံသရာပြတ်ပါတယ်) သံသရာပြတ် ပါတယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကတဲ့ မွေးကတည်းက အမေ၊ အဖေနဲ့တကွ အားလုံးဟာ သင်ထား တာကလဲ ဟောဒါ နင့်မောင်၊ဟောဒါ နင့်မယား၊ ဟောဒါ နင့်ခင်ပွန်းသည်၊ ဟောဒါ က နင်က မွေးထားတဲ့ သား၊ ဟောဒါက နင်ကြီးလာလို့ မြေးရတာ လို့ သူများ ပြောသံကြားပဲ ဦးခင်မောင်ကြီး လမ်းဆုံးနေတယ် (မှန်လှပါ ဘုရား)

ကိုယ့်ဉာဏ်နဲ့ကိုယ်၊ ကိုယ့်ခန္ဓာကိုယ်ကို အသိက မလာဘူး (မှန်ပါ) သဘောကျကြပလား (ကျပါပြီ)။

သူများပြောသံကြား လမ်းဆုံးလို့

အဲ သူများပြောသံကြား လမ်းဆုံးလို့ ခင်ဗျားတို့ အခု ချောက် အကြီးအကျယ် ကျနေတာကော ပေါ်ကြပါလား (ပေါ်ပါ ပြီ ဘုရား)။

သူများပြောသံကြား လမ်းဆုံးတာနဲ့ ဥပမာ အိမ်က ယောက်ျားဆို မိန်းမရှိမှ၊ မိန်းမဆို ခင်ပွန်းသည် အစောင့် အရှောက် ရှိမှဆိုတာနဲ့ အဲဒီလို ပါးစပ် နားထောင်မိ လိုက်တာ အခုထိ ဒဏ်ရာ ပျောက်ကြပလား (မပျောက်သေးပါ ဘုရား) နေ့တိုင်း ဘာနဲ့နေရသလဲ (သူများ ပါးစပ်ပြောနဲ့ချည်း နေရပါတယ် ဘုရား)။ အဲဒါ ဘယ်သူ့ပါးစပ်လမ်းဆုံးသလဲ (သူများပါစပ်လမ်းဆုံး ပါတယ်)

အဲဒါ တစ်သံသရာလုံးကပဲ အိမ်ထောင် သာယာတဲ့ ဘဝရယ်လို့ မရှိခဲ့ကြဘူး (မှန်ပါ့ ဘုရား) တိရစ္ဆာန် ဖြစ်တဲ့ တိရစ္ဆာန် ဉာဏ်နဲ့ လာခဲ့ကြတာ ဘာတွေက လမ်းဆုံး နေပါလိမ့် (သူများ ပါးစပ် လမ်းဆုံး နေပါတယ် ဘုရား)

ခုထက်တိုင် ကိုယ်ကျိုးနည်းနေတယ်

ဒါဖြင့် အခု မျှော် ကြည့်၊ အရှိနဲ့အသိ ကိုက်ခဲ့တဲ့ဘဝ ပါ,ပါရဲ့ လား၊ (မပါ,ပါ ဘုရား) အခု မျှော်ကြည့်လဲ ကိုက်ခဲ့တဲ့ ဘဝ မပါသောကြောင့် ခုထက်တိုင် ကိုယ်ကျိုးနည်း နေတုန်းပဲ (မှန်လှပါ ဘုရား) ဆိုနိုင်ကြသလား (ဆိုနိုင်ကြပါတယ်) ခုထက်တိုင်တိုင် ဘာဖြစ်နေသတုံး (ကိုယ်ကျိုး နည်းနေပါတယ်)

ခုထက်တိုင် ကိုယ်ကျိုး နည်းနေတယ် ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ရှုနည်းကို သင်ပေးမယ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အရှိနဲ့အသိ ကိုက်အောင်လုပ်ပါ ဆိုတော့ဖြင့် ရှေ့ပိုင်းက ဝိပဿနာ အလုပ်အစစ်ကို ရှုနည်းကို သင်ပေးပါ့မယ်နော် (မှန်ပါ့)။

ရှုနည်းကို သင်ပေးမယ် ဆိုတော့ ဒကာ ဒကာမတွေ ဒီနေ့ စိတ်ကို ပြောင်းပြီး စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်က စိတ်ရှု ရမယ်လို့ ဆရာ ဘုန်းကြီးက လမ်းခင်း ခဲ့တယ်နော် (မှန်ပါ ဘုရား)

ဒီနေ့ ဘာပြမယ် ထင်ကြသလဲ (စိတ္တာနုပဿနာ) စိတ္တာနုပဿနာ ပြလိမ့်မယ် ဒကာ ဒကာမတို့ ဒီနေ့ ဘာပြလိမ့်မယ် ထင်သတုံး (စိတ္တာ နုပဿနာ ပြပါလိမ့်မယ်) စိတ္တာနုပဿနာ ပြမယ်၊ ဆရာ ဘုန်းကြီး က တစ်နေ့ကတော့ ဝေဒနာနုပဿနာ ပြတယ်။

တဏှာ စရိုက်များတဲ့ ပုဂ္ဂိုလ် ဝေဒနာရှုပါ။

အဲဒီ ဝေဒနာနုပဿနာက ဒကာ ဒကာမတို့ တဏှာ စရိုက်များတဲ့ ပုဂ္ဂိုလ် ဝေဒနာရှုပါ။ ရှင်းပလား (ရှင်းပါပြီ ဘုရား) တဏှာ စရိုက်များတဲ့ ပုဂ္ဂိုလ် ဘာရှုရမယ် (ဝေဒနာ ရှုရပါမယ် ဘုရား)။

ကောင်းပြီ ကျုပ်တို့တော့ ရတဲ့ဥစ္စာ အရေးမကြီးဘူး၊ ကိုယ့်သား ကိုယ့်သမီးနဲ့ မခွဲရပြီးတာပဲ၊ ဒါက ဒိဋ္ဌိအားကြီးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ ကိုယ့်ကိုယ် ပင်ပန်းမှာ စိုးနေတဲ့ ပုဂ္ဂိုလ် ကိုယ့်ကိုယ် ခလုတ် မထိ ဆူးမငြိပါစေနဲ့ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကို ကိုယ့်ကိုယ်တော့ဖြင့် အထိ မခံနိုင်ဘူး ဆိုတဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ မှတ်ထားပါ။ ကိုယ့် ကိုယ်ကို အထိမခံနိုင်ဘူး ဆိုတာက ဒိဋ္ဌိများတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာရှု

ဒါဖြင့် တဏှာများတ ဲ့ပုဂ္ဂိုလ်မှာ ဦးခင်မောင် မှတ်လိုက်စမ်း၊ ဝေဒနာနုပဿနာရှု (မှန်ပါ့) ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ် စိတ္တာနုပဿနာ ရှုရမယ် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ ဒါကလေးနှစ်လုံးတော့ မှတ်ထားလိုက် စမ်းပါ၊ လောဘ အင်မတန်ကြီးတဲ့ ပုဂ္ဂိုလ်များ ဘာရှုရမယ် (ဝေဒနာနုပဿနာ ရှုရပါမယ် ဘုရား)။ ဝေဒနာနုပဿနာ ရှုရမယ်နော် (မှန်ပါ့) ဒိဋ္ဌိ အင်မတန်များတဲ့ ပုဂ္ဂိုလ်များ (စိတ္တာနုပဿနာရှုရပါမယ် ဘုရား)

စိတ္တာနုပဿနာ ရှုရမယ်ဆိုတော့ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ စိတ္တာနုပဿနာရှုဖို့ နည်းပေးမယ် ဆိုတာ မှတ်ရလိမ့်မယ် နော် (မှန်ပါ ဘုရား)။

စိတ္တာနုပဿနာ

ကဲ စိတ္တာနုပဿနာ ရှုရလိမ့်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လွယ်ပါတယ်၊

မျက်လုံးနဲ့မြင်တဲ့အခါ မြင်စိတ်ပဲ၊ ဘာမြင်မြင် မြင်စိတ်ပေါ်တာသာ မှတ်ပေရော့နော် (မှန်ပါ ဘုရား)။

နားနဲ့ ကြားတိုင်း ကြားတိုင်း ဘာစိတ်ပေါ်သတုံး (ကြားစိတ်ပေါ်ပါတယ် ဘုရား)။

နှာခေါင်းနဲ့ နံတိုင်း, နံတိုင်း (နံစိတ်ပေါ်ပါတယ် ဘုရား)။

လျှာနဲ့ စားတိုင်း, စားတိုင်း (စားစိတ်ပေါ်ပါတယ် ဘုရား)။ စားစိတ်ပေါ်တယ်ဆိုတော့ သူ့နေရာနှင့် သူပဲ ဒီနေရာ ပေါ် ဒီနေရာ ချုပ်လိမ့်မယ်လို့ မှတ်ထား (မှန်ပါ့)

ဒီနေရာပေါ်ရင် ဒီနေရာ ချုပ်လိမ့်မယ်လို့ မှတ်ထား လိုက်စမ်းပါ။

ကိုယ်ပေါ်ကျတော့ ဒကာ ဒကာမတို့ တစ်ခါတလေ ခံသာတဲ့စိတ်ကလေး ပေါ်လာတယ် (မှန်ပါ) အကြိုက်စိတ်၊ စိတ်ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)

တစ်ခါတလေ ကျတော့ ကိုပေါ်မှာ မခံချင်တဲ့ စိတ်ကလေးကော (ပေါ် ပါတယ်) မခံသာတဲ့ စိတ်ကလေး (ပေါ်ပါတယ်) “ဒုက္ခသဟ ဂတံ ကာယဝိညာဏံ သုခသဟဂတံ ကာယဝိညာဏံ” ဆိုတော့ ကိုယ်ပေါ်မှာ ဧည့်သည်စိတ် ခြောက်စိတ်လို့ မှတ်လိုက်စမ်းပါ။

အပြင်ဧည့်သည် ခြောက်ယောက်

ကိုယ်ပေါ်မှာ (ဧည့်သည်စိတ်, ခြောက်စိတ်ပါ ဘုရား)။ ဧည့်သည် ဆိုတော့ စောစောစီးစီး မှတ်ထားပါ ဒကာ ဒကာမတို့၊ တစ်ခါတလေမှ ပေါ်တာ (မှန်ပါ့ ဘုရား)။

ဒီခြောက်ခုဟာ ဘယ့်နှယ်တုံး (တစ်ခါတလေမှ ပေါ် ပါတယ်) တစ်ခါတလေမှ ပေါ်လာ သောကြောင့် သူတို့ကို ဘယ့် နှယ်ဆိုကြမယ် (ဧည့်သည်စိတ်ပါ ဘုရား) ဧည့်သည်စိတ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အလုပ်သင်နေတာ

ကောင်းပြီ ဧည့်သည် ဘယ်နှစ်ယောက်ပါလိမ့် (ခြောက်ယောက်ပါ ဘုရား) အဲဒါ ပြင်ဘက်မှာ ပေါ်တဲ့အတွက် အပြင်ဧည့်သည် ခြောက်ယောက်လို့ ဒကာ ဒကာမတွေ မှတ်ထား လိုက်စမ်းပါ (မှန်ပါ) အပြင်ဧည့်သည် (ခြောက်ယောက်ပါ ဘုရား) ဒါ အလုပ်သင်နေတာနော် (မှန်ပါ့) ဒကာ ဒကာမတွေ ဘာဟော နေတာပါလိမ့် (အလုပ်သင်နေတာပါ ဘုရား) အလုပ်သင်နေတာ တဲ့။

အလုပ်မပါရင် နိဗ္ဗာန် မရောက်ဘူးဆိုတာ သိနေလို့ (မှန်ပါ) ခင်ဗျားတို့ အလုပ် မပါလို့ရှိရင် ခန္ဓာအစဉ်က ပြတ်ပါ့မလား (မပြတ်ပါ ဘုရား) ခန္ဓာအစဉ် မပြတ်ရင် နိဗ္ဗာန် ရ ပါ့မလား (မရပါ ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ စိတ္တာနုပဿနာ စ,သင်တယ်၊ ကိုင်း အပြင် ဧည့်သည် ဘယ်နှစ်ယောက်ပါ လိမ့် (ခြောက်ယောက်ပါ ဘုရား)။

မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်, ယားစိတ်, ယံစိတ်, ကောင်းစိတ်၊

ဒါ အပြင်ဧည့်သည် ဘယ်နှစ်ယောက်လဲ (ခြောက်ယောက်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)

အပြင်ဧည့် သည်က ဧည့်သည်လို့ ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ က ဪ ဒါတွေ တစ်ခါတလေမှ ပေါ်တဲ့ တရားတွေပါလား လို့ မှတ်လိုက်ပါနော် (မှန်ပါ)။

တစ်ခုပဲ ရှုရမှာ

အပြင်ဧည့်သည် စောင့်ရမှာလား၊ ဟောဒီတစ်ခု ပေါ်နေ ရင် ကျန်တဲ့ငါးခု မပေါ်ပါဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) တစ်ခုပဲ ရှုရမှာပဲနော် (မှန်ပါ) ဦးခင်မောင် ဘယ်နှစ်ခု ရှုရမလဲ (တစ်ခုပဲ ရှုရပါမယ် ဘုရား)။

အတွင်းဧည့်သည် ငါးယောက်

ကိုင်း ဒါဖြင့် အတွင်း ဧည့်သည် ကလေး ဒကာ ဒကာမတွေ ပြောပါဦးမယ်၊

အတွင်း ဧည့်သည်က လောဘ,ဒေါသ, မောဟ၊ ဒါက အတွင်းမှာ ပေါ်တယ်၊ ဟဒယ ဝတ္ထုပေါ်မှာ ပေါ် သောကြောင့် အတွင်း ဧည့်သည်လို့ မှတ်လိုက်နော် (မှန်ပါ)။

အလောဘ ဆိုတာ ခင်ဗျားတို့ သိဖို့သင့်တယ်။ အလောဘ ဆိုတာ ပေးချင်, ကမ်းချင်တဲ့ ကုသိုလ်စိတ်၊ အဒေါသ ဆိုတာ မေတ္တာထားတဲ့စိတ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) အဲဒီတော့ ဒကာ ဒကာမတွေ အပြင်ဧည့်သည်က ခြောက်ယောက်၊ အတွင်းဧည့်သည်က ဘယ်နှစ်ယောက်ပါလိမ့် (ငါးယောက်ပါ ဘုရား)။

အမောဟ မထည့်ဘူး

အင်း အတွင်း ဧည့်သည်က ငါးယောက်လို့ မှတ်ထား လိုက်စမ်းပါ၊ လောဘ, ဒေါသ, မောဟ၊ အလောဘ, အဒေါသ, ရှင်းပလား (ရှင်းပါပြီ) အမောဟ မထည့်ဘူး (မှန်ပါ)

ဘယ့်နှယ်ကြောင့် အမောဟမထည့်သတုံး၊ သူက ရှုရမည့်တရား ဖြစ်နေသောကြောင့် မထည့်တာ (မှန်ပါ) ရှင်းပလား (ရှင်း ပါပြီ)

အမောဟ မထည့်တာက (သူက ရှုရမည့်တရားမို့ပါ) ရှုရ မည့်တရား ဖြစ်နေလို့ သူ့ကို မထည့်သေးဘူး တဲ့။

ဒါဖြင့် ဒကာ ဒကာမတွေ အပြင်ဧည့်သည်က ဘယ်နှစ် ယောက် (ခြောက်ယောက်ပါ ဘုရား) အတွင်းဧည့်သည်က (ငါးယောက်ပါ ဘုရား)။

ကိုင်း ဒါဖြင့် အားလုံးပဲ မှတ်မိအောင် ဒီဥစ္စာ ဒါ ဘာစိတ်ပါလိမ့် (မြင်စိတ်ပါ ဘုရား)။

အားလုံးဆိုကြပါ၊

ဒါဘာတုံး (မြင်စိတ်)။

ဒီဘက်က (ကြားစိတ်)။

ဒီဘက်က (နံစိတ်)။

ဒီဘက်က (စားစိတ်)။ စားစိတ်၊ သဘောကျပလား (မှန်ပါ)။

ဒါက ယားစိတ် ယံစိတ် (မှန်ပါ့)။

ဒါက ကောင်းစိတ် (မှန်ပါ့)။ ဘယ်နှစ်မျိုးရှိပါလိမ့် (ခြောက်ပါ ဘုရား)

အဲဒီခြောက် ခုကို ဘယ့်နှယ်ခေါ်ကြမယ် (အပြင်ဧည့်သည်ခြောက်ယောက်ပါ) အပြင်ဧည့်သည်ခြောက်ယောက် (မှန်ပါ့) ရှင်းကြပလား ဒကာ ဒကာမတို့ (မှန်ပါ့) ဒီခြောက်စိတ်ကို ဘယ်လိုခေါ်မယ် (အပြင်ဧည့်သည်ပါ ဘုရား)။

ခင်ဗျားတို့ အမြင်နဲ့ သုံးပါတဲ့

အပြင်ဧည့်သည် ခြောက်ယောက်၊ အပြင်ဘက်မှာ ပေါ်လို့၊ စာနဲ့မသုံးပါနဲ့တဲ့၊ ခင်ဗျားတို့ အမြင်နဲ့ သုံးပါတဲ့။ စာကတော့ ဒါတွေကို အဇ္ဈတ္တိကာယတန, ဗာဟီရာယတနလို့ သုံးပစ် လိုက်လိမ့်မယ်နော် (မှန်ပါ့) စာလို မသုံးပါနဲ့ ခင်ဗျားတို့နည်း နဲ့ ခင်ဗျားတို့ သညာနဲ့ ခင်ဗျားတို့ ရှုရမှာ၊ ခင်ဗျားတို့ပညာနဲ့ ခင်ဗျားတို့ရှုရမှာ၊ ဒါတွေဟာ အပြင်ဘက်မှာ ပေါ်တယ်။

ဒါက ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ ပေါ်တာက ဒါကလေး ကဘာတုံး (လောဘ) ဒီဟာကလေးက ဘာတဲ့တုံး (ဒေါသပါ ဘုရား)။ ဒီဟာက ဘာတဲ့တုံး (မောဟ)။ ဒီဟာက ဘာပါလိမ့် (အလောဘ)။ ဒီဘက်ကကော (အဒေါသ)။

အလောဘဆိုတာ ခင်ဗျားတို့ပြုတဲ့ ကုသိုလ်စိတ်၊ အဒေါသ ဆိုတာ ခင်ဗျားတို့ နေတိုင်းပို့နေတဲ့ မေတ္တာ (မှန်ပါ)

ဒါကို ဘာခေါ်ပါလိမ့် အတွင်းဧည့်သည် ဘယ်နှစ်ယောက်ပါလိမ့် (ငါးယောက်ပါ)။

အတွင်း ဧည့်သည် ငါးယောက်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အိမ်သည် နှစ်ယောက်

ကောင်းပြီ၊ အိမ်သည် နှစ်ယောက်လို့ မှတ်လိုက်စမ်းပါ နော် (မှန်ပါ့) အိမ်သည်က ဘယ်နှစ်ယောက် ပါလိမ့် (နှစ်ယောက်ပါ ဘုရား)။

အိမ်သည်နှစ်ယောက်ဆိုတာ ဒကာ ဒကာမတွေ ရှင်းပြီး ပြောပါတယ်၊ လေကို ထွက်အောင် အားထုတ်တဲ့စိတ်ဟာ အမြဲ တမ်း ရှိတယ်၊ သူများရှိရင် ကိုယ်လဲ ရှိရမယ် (မှန်ပါ့) လေဝင်အောင် ရှိုက်ယူတဲ့ စိတ်ဟာ (အမြဲတမ်း ရှိရပါတယ် ဘုရား) အမြဲတမ်း ရှိသောကြောင့်တဲ့၊ သူတို့ နှစ်ယောက်ကတဲ့ အိမ်သည် စိတ်နှစ်ခု (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)

ဒီနှစ်ခုက ဘာပါလိမ့် (အိမ်သည် နှစ်ယောက်ပါ ဘုရား)။

ဒါဖြင့် အပြင်ဧည့်သည် (ခြောက်ယောက်ပါ) အတွင်း ဧည့်သည် (ငါးယောက်ပါ ဘုရား) အိမ်သည် (နှစ်ယောက်ပါ ဘုရား) ဒါကို သေသေချာချာမှတ်ထား၊ ဒါကို သေသေချာချာ မှတ်ထားကြ ဒကာ ဒကာမတို့ ဒီနေ့ သီတင်းနေ့လဲ ဖြစ်တယ်။

တစ်ဆယ့်သုံးပဲ ခင်ဗျားတို့ ရှုရမယ်

အဲဒီတော့ အခုပြထားတာကတော့ ဒကာ ဒကာမတို့ ၆၄ နှင့် ၅, ပေါင်းတော့ ဘယ်လောက်တုံး (တစ်ဆယ့်တစ် ပါ ဘုရား) တစ်ဆယ့်တစ်ရယ်, နှစ်ရယ်ပေါင်း (၁၁+၂) ဆိုတော့ (တစ်ဆယ့်သုံးပါ ဘုရား) တစ်ဆယ့်သုံးပဲ ခင်ဗျားတို့ ရှုရမတဲ့၊

မဂ္ဂင်ငါးပါးနဲ့ ရှုပေးရမယ်

တစ်ဆယ့်သုံးကို ခုနကပြောခဲ့တဲ့ အမောဟဆိုတာနဲ့ ခင်ဗျားတို့ ဒီကနေပြီး သကာလ ရှုပေး ရမယ်၊ မဂ္ဂင်ငါးပါးနဲ့ ရှုပေးရမယ် (မှန်ပါ့) မဂ္ဂင်ငါးပါး ဆိုတာ အမောဟ ပြဋ္ဌာန်းတယ်နော် (မှန်ပါ့) သဘောပါကြလား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် တစ်ဆယ့်သုံးကို ငါးနဲ့လိုက်ရမယ် (မှန်ပါ့) ရှင်းပ လား (ရှင်းပါပြီ) တစ်ဆယ့်သုံးကို (ငါးနဲ့ လိုက်ရပါမယ် ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတွေ၊ အို များလိုက်တာ ဘုရား၊ တစ်ဆယ့်သုံး ပေါ်တဲ့ ဥစ္စာ တပည့်တော်တို့က ငါးနဲ့လိုက်ရမယ် ဆိုတဲ့ဥစ္စာကတော့ ငါးကလဲ ခင်ဗျားတို့ အားထုတ်လို့ ရတာ မဟုတ် ပါဘူးတဲ့ ဒကာ ဒကာမတို့၊ ဟိုက သစ္စာမြင်လိုက်လို့ရှိရင် ဒီက ငါး, အလိုလို ဖြစ်နေတာလို့ မှတ်လိုက်စမ်းပါနော် (မှန်ပါ့)

အမောဟနဲ့ ရှုရမယ်

ခင်ဗျားတို့ က ငါးလုံးနဲ့ လိုက်ရမယ် ဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် တစ်ဆယ့်သုံးရှိတယ် ဒကာ ဒကာမတို့ ဟောဒီက တစ်နံပါတ် စ,ပေါ်တယ် ဆိုကြပါစို့၊ မြင်စိတ်ကလေး စ,ပေါ်တယ်နော် (မှန်ပါ ဘုရား) မြင်စိတ်ကလေး စ,ပေါ်ရင် မြင်စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်ရှု၊ အမောဟနဲ့ ရှုရမယ် (မှန်ပါ့)

မြင်စိတ်ကလေး ဘာလုပ်ရမယ် (အမောဟနဲ့ ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် မြင်စိတ်ကလေးက ဖြစ်ပျက်ရှုပြီး သကာလ ဖြစ်ပျက်မဂ်ဆိုတာတော့ တစ်ကြိမ် ကိုက်မသွားဘူးလား (ကိုက် သွားပါတယ် ဘုရား)။

ဘယ်စိတ်မှ မပေါ်ဘူးဆိုရင်

အဲဒီတော့ ကိုက်သွားတဲ့ အခါကျလို့ရှိရင်ဖြင့် နောက် ဘယ်စိတ်မှ မပေါ်ဘူးဆိုရင် အတွင်းပြန်လှည့်လိုက်ပါ (မှန်ပါ့) ရှူစိတ်, ရှိုက်စိတ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူတို့နှစ်ခု ပြန်လှည့်ပေး (မှန်ပါ့ ဘုရား)။

ကိုယ်ပေါ် လှည့်ရှု

တစ်ခါ ဒီကြားထဲမှ ဖောက်ပြီးသကာလ ဒကာ ဒကာမ တို့က ယားစိတ် ယံစိတ်ကလေး ပေါ်တယ် ဆိုတော့ ကိုယ်ပေါ် လှည့်ရှု လိုက်တာပေါ့ (မှန်ပါ့) ဒီယားတဲ့ နေရာ ရှုလိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ယားတဲ့ နေရာမှာ ယားတဲ့စိတ် ကလေးဟာ ထိုစိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲလို့ ရှုလိုက် (မှန်ပါ့ ဘုရား)။

ဘယ်ရှုရမှန်း မသိဘူးဆိုရင်

ယားတာ ယံတာ မရှိတော့ဘူး ဘုရား၊ ဘယ်ရှုရမှန်း မသိဘူးဆိုရင် ဒီပြန်ကောက် (မှန်ပါ) ရှူးစိတ်, ရှိုက်စိတ်ကို ပြန်ကောက် (မှန်ပါ) အဲဒီတော့ အားရှိသေးရဲ့ လား (မရှိပါ)။

ပင့်ကူဥပမာ

ဒါကြောင့် ဘုန်းကြီးတို့ ဟောတဲ့တရား စာအုပ်ထဲမှာလဲ တွေ့ပါလိမ့်မယ်၊

ပင့်ကူအိမ်ကြီးဟာ ဒကာ ဒကာမတို့လမ်းမှာ ခင်ဗျားတို့မြင်ဖူးတဲ့ အဝိုင်းကြီး ဆိုတာ မြင်ဖူးတယ် မဟုတ်လား (မြင်ဖူးပါတယ် ဘုရား)

ပင့်ကူမကြီးက အလယ်ကနေ မစောင့် ဘူးလား (စောင့်ပါတယ်)

ဒီမှာလဲ မဂ်က အလယ်ကနေ စောင့် တယ်၊ ဟဒယဝတ္ထုပေါ်ကနေ စောင့်တယ် (မှန်ပါ) ကြိုးနိမ့်တဲ့ ဆီ ကို ပင့်ကူက မလိုက်ဘူးလား (လိုက်ပါတယ်)

ဘာပြုလို့တုံး ဟိုမှာ အကောင်မိနေလို့ (မှန်ပါ) အဲဒီ အကောင်မိတဲ့ဆီ ဦးခင်မောင် ပင့်ကူက လိုက်ပြီး မစားဘူးလား (စားပါတယ်) စားပြီးတော့ ပြန်ထိုင်တယ်၊ အလယ် ပြန်ထိုင်တယ်၊ မထိုင်ဘူးလား (ထိုင်ပါတယ် ဘုရား)။

ဒီမှာလဲ ထိုနည်း အတူတူပဲတဲ့ ခင်ဗျားတို့ ပေါ်လို့ရှိရင် ပေါ်ရာကို ဖြစ်ပျက်လို့ လိုက်ရှု (မှန်ပါ) ပြီးတော့မှ ဘယ်မှ ရှုစရာ မရှိရင် အဲဒီ အလယ်မှာဆိုတဲ့ ဟဒယဝတ္ထုထဲက လာတဲ့ ထွက်စိတ်, ဝင်စိတ်ဆိုတဲ့ အလယ်ကို ပြန်ပြီးတော့ရှု (မှန်ပါ့) သဘောပါပြီ လား (ပါ,ပါပြီ ဘုရား)။

ဒါဖြင့် ဒီက ပေါ်လို့ရှိရင် ဒီလိုက်ပေး (မှန်ပါ့) မရှိရင် ဘယ်ပြန်သွားမယ် (ထွက်စိတ်, ဝင်စိတ် သွားမယ်) အလယ်ပြန် သွား၊ ထွက်တဲ့ စိတ်ကလေးလဲ အနိစ္စပဲ၊ ဝင်ရင် ဝင်တဲ့စိတ်ကလေး လဲ (အနိစ္စပဲ) ထွက်အောင်လုပ်တဲ့ စိတ်ကလေး (အနိစ္စပါ ဘုရား) ဝင်အောင်လုပ်တဲ့ စိတ်ကလေး (အနိစ္စပါ ဘုရား)။

အင်း ရှုရင်းမတ္တနဲ့ပဲ ရပ်နေပြီး သကာလ ကိုယ်ထဲ ဝင်တဲ့ လောဘက ဖျတ်ခနဲ ကလေး ကလေးက အော်သံကြားတာ တဲ့ ခင်တဲ့ စိတ်ကလေး ပေါ်လာတယ် ဆိုလို့ရှိရင် ဒီပေါ်တဲ့ စိတ်ကိုပဲ ရှုပေးပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ)

ဒါဖြင့် မဂ္ဂင်ငါးပါး ဒီက လိုက်ပါဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့်ဒကာ ဒကာမတို့ သန္တာန်၌ ဧည့်သည် တစ်ဆယ့်တစ်ယောက် ပေါ်လို့ရှိရင်လဲ ဧည့်သည် တစ်ဆယ့် တစ်ယောက် ရှိသော်လည်းတဲ့ တစ်ခုသာ ပေါ်မှာဖြစ် သောကြောင့် တစ်ခုပဲ လိုက်ပါ (မှန်ပါ့ ဘုရား)။

ဧည့်သည်တွေမလာရင်

ဧည့်သည်တွေ တစ်ခုပေါ်ပေါ်ပြီး နောက်ထပ်မလာ တော့ဘူးဆိုရင် တစ်ပွဲလုံးက ဘယ်လို လိုက်ကြမလဲ (ရူစိတ်, ရှိုက်စိတ်လိုက်) အိမ်သည်လိုက် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ) အိမ်သည် ကတော့ ခင်ဗျားတို့ သူများမရှိရင် (သူရှိရမယ်) သူရှိရ မယ်၊ သူမရှိရင် ခင်ဗျားတို့ ဗိုင်းခနဲ လဲသေမယ်၊ သဘောကျပလား (ကျပါပြီ)။

သူတို့နှစ်ခုသာ မရှိရင် (ဗိုင်းခနဲ လဲသေ မယ်) ဘာဖြစ်လို့တုံးဆိုတော့ သူတို့က သက်စောင့်လို့ခေါ်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တစ်ဆယ့်သုံးမျိုးကို ငါးနဲ့လိုက်ရှု

ဒါဖြင့် ဒကာ ဒကာမတွေ ရှုစရာ ဘယ်နှစ်မျိုးပါလိမ့် – (တစ်ဆယ့်သုံးမျိုးပါ ဘုရား)

တစ်ဆယ့်သုံးမျိုး ငါးနဲ့လိုက်ရှု ပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ)

ဒီဟာတွေ အပြင် ဧည့်သည်ဆိုတာလဲ ဒကာ ဒကာမတို့ တစ်ခါတလေမှ ပေါ်လို့ (မှန်ပါ့) အတွင်းငါးခုကို အတွင်းဧည့်သည် ဆိုတာကော (တစ်ခါ တလေမှ ပေါ်လို့ပါ) တစ်ခါတလေမှ ပေါ်လို့ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ကဲ မောင်ထွန်းလှိုင်တို့ ရှင်းပလား (ရှင်းပါပြီ)

ဒီတရားနှစ်ခုကတော့ သူများမရှိရင်နေ၊ အမြဲတမ်း ခန္ဓာကိုယ် စောင့်ရတယ် (မှန်ပါ) မသေအောင် စောင့်နေရတဲ့ တရား ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ပေါ်ရာကို လိုက်နေမယ်

အဲဒီတော့ကို ဒကာ ဒကာမတို့ ပေါ်ရာကို လိုက်နေမယ် ဆိုလို့ရှိရင် ဒီတစ်ခုတည်းနဲ့ ဖြစ်ပျက် လိုက်နေတဲ့ အမောဟက မဂ်ဖြစ်သွားတယ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ) ကဲ ရှုတတ်ကြပလား (ရှုတတ်ပါပြီ ဘုရား)

ရှုစရာ ဘယ်နှစ်ခုပါလိမ့် (တစ်ဆယ့်သုံးခုပါ ဘုရား) အဲ တစ်ဆယ့် သုံးခုဟာ ပေါ်တော့ ဘယ်နှစ်ခုပေါ်သတုံး (တစ်ခု ပေါ်ပါတယ်) တစ်ခုပဲ ပေါ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

အင်း အဲဒီတစ်ခုပဲ အဲဒီပေါ်တဲ့ဧည့်သည် တစ်ခု ပျောက်သွားရင် ဘယ်လိုလုပ်ကြမယ် (အိမ်သည်ကို လိုက်ရမယ်) အိမ်သည်ကို လိုက်ရမယ် ဆိုတာ သေချာပလား (သေချာပါပြီ)။

အနိစ္စနဲ့ မဂ္ဂနဲ့ချည်း တွဲနေတယ်

အဲဒီတော့ ခင်ဗျားတို့ ဒီရှုတဲ့ဉာဏ်သည် အမြဲတမ်း အနိစ္စနဲ့ မဂ္ဂနဲ့ချည်း တွဲနေတယ်၊ မတွဲဘူးလား (တွဲပါတယ်) ဘာနဲ့ ဘာတွဲသလဲ (အနိစ္စနဲ့ မဂ္ဂတွဲပါတယ် ဘုရား)

အနိစ္စနဲ့မဂ္ဂ တွဲနေတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ကိလေသာ ကြားခိုသေး ရဲ့ လား (မခိုပါ ဘုရား) ကိလေသာ ကြားမခိုလို့ရှိရင် နံနက်အား ထုတ် ညနေ သောတာပန်တည်မယ်ဟေ့လို့ ဘုရားက ဟောလိုက်တယ်၊ သဘောကျပလား (မှန်ပါ) နံနက်အားထုတ် (ညနေ သောတာပန် တည်ပါမယ် ဘုရား)။

အဲဒီတော့ ဖြစ်,ပျက်, မဂ်၊ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်,မဂ် လို့ ခင်ဗျားတို့က လိုက်နေကြမယ် ဆိုတော့ ဖြစ်ပျက်နဲ့ မဂ်ပဲ ရှိတော့တယ်၊ ဒကာ ဒကာမတို့ (မှန်လှပါ) ဒီပြင်လောဘ, ဒေါသ,မောဟ၊ သားရေး သမီးရေး, စီးပွားရေး၊ သောက, ပရိဒေဝ လာသေးရဲ့လား (မလာပါ ဘုရား)။

ညနေ အားထုတ်ရင် နံနက်ရပါတယ်၊

အဲဒီလို မလာလို့ရှိရင်ကွာ တဲ့၊ ညနေ အားထုတ်ရင် နံနက်ရပါတယ်၊ ဒီလောက်မြန်ပါတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ညနေအားထုတ်ရင် (နံနက်ရပါတယ်) နံနက် အား ထုတ်ရင် (ညနေရပါတယ် ဘုရား)။

အဲဒီတော့ ဒီလောက် အရလွယ်တဲ့ ဥစ္စာ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဗောဓိရာဇ ကုမာရ မင်းသားကိုလဲ သေသေချာချာ ဟောထားတာ ရှိပါတယ် (မှန်ပါ့)။

အရှိနဲ့အသိက မကိုက်ဘူး၊

အဲဒီကဲ့သို့ရှိနေတော့ ဒကာ ဒကာမတို့ ဘယ့်နှယ် ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် မရကြပါလိမ့် မတုံးလို့ မေးတဲ့ အခါ ကျတော့ အရှိနဲ့အသိက မကိုက်ဘူး၊ ပေါ်ကြပလား (ပေါ် ပါပြီ ဘုရား) အပျက်နဲ့မဂ်နဲ့ မကိုက်ပါ ဘုရား)။

အပျက်နဲ့မဂ်နဲ့ မကိုက်တော့ ကိုက်တဲ့နည်းကိုလဲ ဆရာ က မပေးလို့မရတာ တစ်ကြောင်း၊ ကိုယ့်ကိုယ်တိုင်က ရပြီးသာနည်းကိုလဲ ဂရုမစိုက်လို့ မရတာတစ်မျိုး၊ ဤကဲ့သို့ အမျိုးမျိုးတွေကြောင့် ဒကာ ဒကာမတွေ နိဗ္ဗာန်နဲ့ ဝေးနေတယ်၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်နဲ့ ဝေးနေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ) ကိုင်း ဒါဖြင့် ရှင်းသွားကြပလား (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒါ ခင်ဗျားတို့၏ ခန္ဓာကိုယ်ထဲမှာ ပေါ်တဲ့ ဓမ္မတွေဆိုတော့ ဒါပေမယ့်လဲ ရှုလိုက်တဲ့အခါကျတော့ မြင်စိတ်သာ ဆိုရတယ်၊

ဒီကနေ လိုက်ရှုလိုက်တဲ့အခါကျတော့ မြင်စိတ်သာ ဆိုရတယ်၊ ဒီကနေ လိုက်ရှုလိုက်တဲ့ အခါကျတော့ မြင်စိတ်ရှိသေးရဲ့ လား (မရှိပါ ဘုရား) ဘာတွေ့တုံး (အနိစ္စတွေ့ ပါတယ်) ဒါဖြင့် အနိစ္စပေါ့ဗျ၊ သူကအနိစ္စ၊ ရှုတာက (မဂ္ဂပါ ဘုရား)။

အနိစ္စတွေ့ပါတယ်

ကဲ ကြားစိတ်ကလေးပေါ်လို့ လိုက်ပြန်တော့ ခင်ဗျားတို့ ကြားစိတ်ကလေး ချုပ်သွားပြီ၊ ချုပ်သွားတော့-ပြီးတော့ မှ ဒီကနေ လိုက်တဲ့ အခါကျတော့ ကြားစိတ်ကို တွေ့သလား တဲ့၊ အနိစ္စတွေ့သလား (အနိစ္စတွေ့ပါတယ် ဘုရား)။ ဟုတ်ပြီ ဒကာ ဒကာမတို့ ရှုစိတ် တွေ့သလား၊ အနိစ္စတွေ့သလား (အနိစ္စတွေ့ပါတယ် ဘုရား) ရှိုက်စိတ် တွေ့သ လား၊ အနိစ္စ တွေ့သလား (အနိစ္စ တွေ့ပါတယ် ဘုရား)။

ဒါဖြင့် အနိစ္စ၊ ပျက်သွားတာက အနိစ္စ၊ ရှုတာက မဂ္ဂ (မှန်ပါ) ဒီလိုဆိုတော့ ဒကာ ဒကာမတို့ ကိလေသာ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ ညနေအားထုတ်ရင် (နံနက် မဂ်ရပါတယ်) နံနက်အားထုတ်ရင် (ညနေရပါတယ်) ညနေရ ပါတယ်၊

မလုပ်သေးလို့ မရတာ၊

တပည့်တော်တို့မှာ ဘယ့်နှယ်ကြောင့် မရပါလိမ့်မတုံး၊ အို ဒီဥစ္စာ အလုပ်ကို မလုပ်သေးလို့ မရတာ (မှန်ပါ့ ဘုရား) ဦးခင်မောင် ဘယ့်နှယ်ဆိုမလဲ (မလုပ်ကို မလုပ်သေးလို့ မရတာ ပါ ဘုရား)။ လုပ်ကိုမလုပ်သေးလို့ မရတာ၊ လုပ်ကို မလုပ်သေးလို့ မရတော့ကို ဘာတွေများ ရနေသတုံး မေးတဲ့ အခါကျတော့ မြင်တယ်, လိုချင်တယ်, စွဲလမ်းတယ်, အားထုတ်တယ် ပဋိစ္စ သမုပ္ပါဒ်ပဲ ပြန်ရတယ် (မှန်လှပါ)

ကြားတယ်, ခင်တယ်, စွဲလမ်း တယ်, အားထုတ်တယ်, ဘာပြန်ရမလဲ (ပဋိစ္စသမုပ္ပါဒ်ပဲ ပြန်ရပါ တယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပဲ ရပါတယ်

အင်း ဒါပဲပြန်ရတော့ သံသရာချဲ့မည့် တရားချည်း ပြန်ရတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒီ မွှေး တယ် မွှေးတဲ့စိတ်ကလေး ပေါ်လာတော့ မွှေးတာကလေးတွေ ကြိုက်တယ်၊ စွဲလမ်းတယ်၊ အားထုတ်ပြီး ယူမယ်ဆိုတာကော (ပဋိစ္စသမုပ္ပါဒ်ပဲ ရပါတယ် ဘုရား)။

ကဲ ခင်ဗျားတို့က မဂ်ဘက်ကို လိုက်နေသလား ပဋိစ္စသမုပ္ပါဒ်ဘက်ကို လိုက်နေသလား (ပဋိစ္စသမုပ္ပါဒ်ဘက် လိုက်နေပါတယ်) ပဋိစ္စသမုပ္ပါဒ်ဘက် လိုက်တော့ အားထုတ် တယ်ဆိုတာက ကမ္မဘဝ၊ ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ ဒုက္ခသာလှည့်ပြီး လိုက်နေတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) မဂ်နောက် လိုက်ပါရဲ့လား (မလိုက်ပါ ဘုရား) ဦးခင်မောင် ဘာသစ္စာတွေသာ နောက်လာနေ သတုံး (ဒုက္ခသစ္စာတွေ လာနေပါတယ်)

ဒုက္ခသစ္စာလာကြောင်း ကိုသာ ခင်ဗျားတို့ ကြိုးစားနေတယ်၊ မဂ္ဂသစ္စာလာကြောင်း ကြိုးစားရဲ့လား (မကြိုးစားပါ ဘုရား)။

ဪ ပါရမီမရှိလို့လား၊ တို့ကိုယ်က နည်းမရလို့ မလုပ်ဖြစ်လို့လား ဆိုတာ ယနေ့ အကဲခတ် ကြည့်ပါ။ ပါရမီ မရှိလို့လား၊ နို့မဟုတ် မလုပ်လို့လား (မလုပ်လို့ပါ ဘုရား) မလုပ်လို့ပါ ဆိုတာ မသေချာဘူးလား (သေချာပါပြီ)

ကိုယ့်ကိုယ် သနားရင်လုပ်ပါ

ဒီနေ့ကစပြီး ကိုယ့်ကိုယ် သနားရင်လုပ်ပါ (မှန်ပါ) ဘယ်လိုမှာ ပါလိမ့် (ကိုယ့်ကိုယ်ကို သနားရင်လုပ်ပါ ဘုရား)

ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။