တရားတော်

book-11303

ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ရန်

မာတိကာသို့

ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ရန်

Do Not Misuse This Extraordinary Existence

(သုသိမဝတ္ထုအဆုံးသတ်)

(Conclusion of the Susima Story)

မှတ်ချက်။ ။ မှတ်သားဖွယ် ပါဠိအကိုးအကားများ ပါဝင်ပါသည်။ သစ္စာသိမှ ဘုရားဖြစ်ကြောင်း ကြေငြာပုံ၊ သင်္ခါရတရား တခုခုကို မြဲတယ်ထင်နေရင် သစ္စာနဲ့လျော်တဲ့ ဉာဏ်တောင် မရပုံ၊ ဒုက္ခသစ္စာနှင့် အနိစ္စ အတူတူပဲ ဖြစ်ပုံ၊ အနိစ္စ မြင်လျှင် ဒုက္ခ အနတ္တမြင်ပုံ - စသည်ဖြင့် ပါဝင်ပါသည်။

Note: This contains noteworthy Pali references. It declares how one becomes a Buddha only after realizing the Truths (Sacca). If one holds any conditioned phenomenon (Sankhara) as permanent, one cannot attain even the knowledge conforming to the Truths. It explains how the Truth of Suffering (Dukkha-sacca) and Impermanence (Anicca) are the same, and how seeing Impermanence means seeing Suffering (Dukkha) and Non-self (Anatta).

အသံဖိုင်ခေါင်းစဉ်= ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ရန်တရားတော်

Audio Title: Do Not Misuse This Extraordinary Existence

စာအုပ်သေးခေါင်းစဉ်= အပြောနဲ့မပြီးဘူးနော် ကိုယ်တိုင်စမ်းကြည့်ပါ (သုသိမ)

Booklet Title: Talking is Not Enough, Test It Yourself (Susima)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူအပ်သောတရားတော်

A Dhamma Talk delivered by the Most Venerable Agga Maha Pandita Mogok Sayadaw in Mandalay.

ဟောကြားသည့်နေ့ (၁၂ - ၃ - ၆၁)

Date: March 12, 1961

ဘဝထူးကြီးကို အလွဲသုံးစားမလုပ်ရန်

(သုသိမဝတ္ထုအဆုံးသတ်)ဟောကြားသည့်နေ့ (၁၂ - ၃ - ၆၁)

သုသိမဝတ္ထုဆုံးတဲ့နေ့လို့မှတ်ထားရယ် ၊ ဘယ်လိုမှတ်ထားရမလဲ လို့မေးလို့ရှိရင်ဖြင့် သစ္စာဆိုက်ရင် နိဗ္ဗာန်ဝင်တော့တာပဲလို့ မှတ်ကြရ မယ်နော် (မှန်ပါ့)။

Mark today as the conclusion of the Susima story. If you ask what the core message is, you must remember this: Once you fully comprehend the Truths (Sacca), you will enter Nibbana. (Yes, Sir)

သစ္စာသိပြီးမှ ဘုရားလို့ ကြေညာတယ်

အဲဒီမရောက်ခင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ဓမ္မစကြာ ပါဠိတော်မှာ လာတာကလေးလဲ ဒကာ ဒကာမတွေကရှေ့ပိုင်းက မှတ်ထား လိုက်ပေါ့ ၊ ငါသည် သစ္စာလေးပါး မသိသေး ၊ ထိုအခါ၌ ဘုရားဟူ၍ သူ့ကိုယ်သူ တာဝန်မခံသေး။

Yogis, please note what the Exalted Buddha stated in the Dhammacakkappavattana Sutta. He declared: "As long as I did not fully realize the Four Noble Truths, I did not claim to be the Buddha."

ဒီ သစ္စာလေးပါး မသိသေးခင်တော့ ဘုရား ရယ်လို့ သူတာဝန်မခံသေးဘူးတဲ့နော် (မှန်ပါ့) ဒကာ ဒကာမ တို့ သစ္စာလေးပါး သူမသိသေးတော့ ဘာတုံး (ဘုရား ဟူ၍ တာဝန်မခံပါ ဘုရား)။

Before realizing these Four Noble Truths, He did not acknowledge Himself as the Awakened One. (True, Sir) Yogis, as long as He did not know the Four Noble Truths, what happened? (He did not claim to be the Buddha, Sir)

သစ္စာသိဖို့အရေးကြီးတယ်

ဪ ဒါဖြင့် ဘုရားဖြစ်ဖို့ရာ သစ္စာသိဖို့ အရေး ကြီး ပါကလား ဆိုတာ ပေါ်လာတယ်နော် (မှန်ပါ့ ဘုရား) ထို့အတူ ဘုရား၏ တပည့်သား အရိယာ သံဃာဖြစ်ဖို့လည်း သစ္စာ သိဖို့ အရေးကြီးတယ် ဆိုတာလည်း တစ်တန်းတည်းသာ မှတ်လိုက်ပါတော့နော် (မှန်ပါ့)။

Therefore, it becomes perfectly clear that realizing the Truths is absolutely essential to becoming a Buddha. (Yes, Sir) In the exact same way, mark this clearly: to become a Noble Disciple (Ariya Sangha) of the Buddha, realizing the Truths is equally essential. (Yes, Sir)

“အကြင်အခါ၌ ငါဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် သစ္စာလေးပါး မသိသေး ၊ ထိုအခါ၌ ဘုရားဟူ၍ ဝန်မခံသေး ၊ အကြင်အခါ၌ သစ္စာလေးပါး ငါသိလာပြီ ထိုအခါ၌ ငါ့ကိုယ်ငါ ဘုရားဟူ၍ သုံးဆယ့်တစ်ဘုံမှာ ကြေညာပေးလိုက်၏” လို့ ဆိုတော့ သြော် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သစ္စာသိမှ ဘုရားဟူ၍ ကြေညာ ပါကလားဆိုတာ ဦးခင်မောင်တို့ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)

"As long as I did not realize the Four Noble Truths, I did not claim to be the Buddha. But when I fully completely realized the Four Noble Truths, I declared Myself the Awaken One throughout the thirty-one realms of existence." Hearing this, U Khin Maung, doesn't it become obvious that the Buddha declared His Buddhahood only after realizing the Truths? (Yes, it becomes obvious, Sir)

သစ္စာဆိုတာဘာပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတွေ သိရတော့မှ ဪ သစ္စာဆိုတာ သိဖို့ အရေးကြီးပါကလား ဆိုတော့ ဒကာ ဒကာမတွေက သစ္စာဆိုတာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ ကျတော့မှ တဲ့ သစ္စာဆိုတာ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ ကြည့်လိုက်တော့မှ ဝေဒနာလေးတွေ ဖြစ်မှု ပျက်မှုဟာ ဒါ သစ္စာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

Now that you know how crucial it is to realize the Truths, you yogis might ask, "What exactly is this Truth?" When you look into your own body and observe the arising and passing away of feelings (Vedana), realize that this very arising and passing away is the Truth. (Yes, Sir)

စိတ်ကလေးတွေ ရှုတဲ့ပုဂ္ဂိုလ်ဟာ စိတ်ဖြစ်မှု ပျက်မှု တွေ့ရင် (သစ္စာပါ ဘုရား) သစ္စာပဲလို့ မှတ်ပါတဲ့ ၊ “ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ” သူသည် ပင်ကိုသဘော စွန့်သွားလို့ရှိရင် ဖြင့် ဒကာဝတို့ ဒုက္ခသစ္စာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

For those who watch and observe the mind, when you see the arising and passing away of consciousness... (It is the Truth, Sir). Yes, note it as the Truth. Vipariṇāma lakkhaṇaṃ Dukkhasaccaṃ. When a phenomenon loses its original state and alters, yogis, recognize it strictly as the Truth of Suffering (Dukkha-sacca). (Yes, Sir)

ရုပ်ဟာ ရုပ်သဘော စွန့်သွားရင် (ဒုက္ခသစ္စာပါ) ဝေဒနာဟာ ဝေဒနာသဘော စွန့်သွားရင် (ဒုက္ခသစ္စာ ပါ ဘုရား) စိတ်ဟာ စိတ်သဘော စွန့်သွားရင် (ဒုက္ခသစ္စာ ပါ ဘုရား) ဦးခင်မောင် ရေ သစ္စာ ဆိုတာ ဒါတွေ ပါကလား (မှန်လှပါ ဘုရား)။

When form (Rupa) loses its nature of form... (It is the Truth of Suffering, Sir). When feeling (Vedana) loses its nature of feeling... (It is the Truth of Suffering, Sir). When consciousness (Citta) loses its nature of consciousness... (It is the Truth of Suffering, Sir). U Khin Maung, so this is what the Truth actually is! (Yes, Sir)

သစ္စာနှင့် အနိစ္စကိုတခြားစီမယူပါနှင့်

အဲဒီတော့ သစ္စာနဲ့ အနိစ္စကို တခြားစီ မယူလိုက်ပါ နဲ့နော် (မှန်ပါ့) သစ္စာနဲ့ အနိစ္စကို တခြားစီ မယူလိုက်ပါနဲ့ လို့ ဝိဘင်း အဋ္ဌကထာ ဆရာက သေသေချာချာ ပြရှာတယ်။

Therefore, do not treat the Truths (Sacca) and Impermanence (Anicca) as two separate things. (Yes, Sir). The commentator of the Vibhanga Atthakatha explicitly explained not to separate them.

“သစ္စာနုလောမိကဉာဏန္တိ ဝိပဿနာဉာဏံ ၊ တံ ဟိ စတုန္နံ သစ္စာနံ အနုလောမတော သစ္စာနုလော မိကဉာဏန္တိ ဝုစ္စတိ ၊ ဣဒါနိဿ ပဝတ္တနာကာရံ ဒဿဘုံ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ အာဒိမာဟ ”။

"Saccānulomikañāṇanti vipassanāñāṇaṃ, taṃ hi catunnaṃ saccānaṃ anulomato saccānulomikañāṇanti vuccati, idānissa pavattanākāraṃ dassetuṃ rūpaṃ niccaṃ vā aniccaṃ vāti ādimāha."

... လို့ ကျမ်းတင်ပြီး သကာလ ပြလိုက်တာ ထောက်လိုက်တော့ ရုပ်တရား၏ ဖြစ်ပျက် အနိစ္စ မြင်လို့ရှိရင် ဒါ သစ္စာ မြင်တာပဲဟေ့ (မှန်လှပါ ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ) ဒုက္ခသစ္စာ မြင်တာပေါ့ (မှန်ပါ့)။

Considering this commentary, it means that when you see the arising and passing away—the Impermanence—of form (Rupa), you are indeed seeing the Truth! (Yes, Sir). Is that clear? (It is clear, Sir). You are seeing the Truth of Suffering. (Yes, Sir)

ဒုက္ခသစ္စာကို သစ္စာနုလောမိက ဉာဏ် ဆိုတော့ ဒါ သစ္စာနဲ့ လျော်တဲ့ ဉာဏ်ပဲကွာ သဘောကျပလား (ကျပါပြီ ဘုရား)။

Grasping the Truth of Suffering is called Saccānulomika ñāṇa. This means it is the knowledge that conforms to the Truths. Do you understand? (Yes, we do, Sir).

ဪ သစ္စာနဲ့ လျော်တဲ့ ဉာဏ်ဆိုတာဘာ ပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးတော့မှ ငါတို့ ရှုနေတဲ့ ဖြစ်မှု ပျက်မှု ကလေးတွေဟာ ဒုက္ခသစ္စာ ပါကလား (မှန်ပါ့ ဘုရား)။

If you yogis ask, "What exactly is this knowledge that conforms to the Truths?" you must realize: The arising and passing away that we are watching and observing is itself the Truth of Suffering (Dukkha-sacca). (Yes, Sir)

ဖြစ်မှုပျက်မှုတွေဟာဒုက္ခသစ္စာ

ဖြစ်မှု ပျက်မှု ကလေးတွေ ဘာခေါ်ကြမယ် (ဒုက္ခသစ္စာ ပါ ဘုရား) မှတ်ထားကြပါ ၊ မှတ်ထားကြပါ။ သြော် ငါတို့ လဲ သစ္စာဆိုက်အောင် လုပ်နေတော့ ဒါကလေးစ တွေ့တော့ ဒီဒုက္ခ ဆုံးသွားရင် နိရောဓ သစ္စာ မြင်တော့မှာပဲ ဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။

လိုရာခရီးအပြီးတိုင်ရောက်ပြီ

What do we call this arising and passing away? (The Truth of Suffering, Sir). Mark this well. Bear it in mind. You are practicing to realize the Truths. Once you begin seeing this suffering, you must understand that when this suffering ceases, you will see the Truth of Cessation (Nirodha-sacca). (Yes, Sir)

ဒုက္ခသစ္စာ ဆုံးသွားရင် (နိရောဓသစ္စာ မြင်မှာပါ ဘုရား) နိရောဓသစ္စာ နိဗ္ဗာန် ဆိုတာ မြင်ရပြီ ၊ မြင်ရလို့ ရှိရင် ဒကာ ဒကာမတို့ လိုရာခရီး အပြီးတိုင် ရောက်ပြီ ဆိုတာ အောက်မေ့ ရမှာပေါ့ဗျာ (မှန်လှပါ ဘုရား)။

When the Truth of Suffering ends... (We will see the Truth of Cessation, Sir). You will see the Truth of Cessation, which is Nibbana. When you see that, yogis, you must know that you have reached your final destination. (Yes, Sir)

ဒါဖြင့် ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ကလဲ တစ်ခါလာ ပြန်တော့ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်က

“ သော ဝတ ဘိက္ခဝေ ဘိက္ခု ကဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမ္ပန္နာ ဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ ” တဲ့

Furthermore, in the Chakka Nipata of the Anguttara Nikaya, it states: "So vata bhikkhave bhikkhu kiñci saṅkhāraṃ niccato samanupassanto anulomikāya khantiyā samannāgato bhavissatīti netaṃ ṭhānaṃ vijjati."

တစ်ခုသော တရားကလေး ဝေဒနာဖြင့် ဝေဒနာ စိတ် ဖြင့် စိတ် ဆိုတဲ့ သင်္ခါရတရား ကလေးကို နိစ္စ ထင်နေလို့ ရှိရင် သစ္စာသိတဲ့ အနုလောမ ဉာဏ် မရနိုင်ဘူးတဲ့ (မှန်ပါ့)။

This means if you perceive any conditioned phenomenon (Sankhara)—whether it is feeling (Vedana) or consciousness (Citta)—as permanent (Nicca), you cannot attain the Anuloma knowledge that understands the Truths. (Yes, Sir).

နိစ္စ ထင်နေရင် သစ္စာနဲ့ လျော်တဲ့ အနုလောမ ဉာဏ်မရနိုင်ဘူး (မှန်ပါ) သဘောကျပြီနော် (မှန်ပါ့)။

If you hold onto the illusion of permanence, the knowledge conforming to the Truths cannot arise. (True, Sir). Do you grasp this? (Yes, Sir)

“ကဉ္စိ သခါရံ (ပ) ဝိဇ္ဇတိ” ဘုရားကိုယ်တော်တိုင် ဟော တယ် “အနုလောမိကာယ ခန္တိယာ သမ္မန္နာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ ၊ အနုလောမိကာယ ခန္တိယာ အသမ္ပန္ဒာ ဂတော ” တကယ်လို့ သစ္စာနဲ့ လျော်တဲ့ ဖြစ်ပျက်ကိုမှ မမြင်သေးလို့ ရှိရင် “ သမ္မတ္တနိယာမံ ဩက္ကမီဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ” မဖောက်မပြန် မြဲတဲ့ မဂ်ကို မရနိုင်ဘူးတဲ့ (မှန်ပါ့)။

The Buddha Himself taught this. If you are not equipped with this conforming knowledge—meaning, if you have not yet seen the arising and passing away that accords with the Truths—then "Sammattaniyāmaṃ okkamissatīti netaṃ ṭhānaṃ vijjati." You cannot attain the infallible, steadfast Path (Magga). (Yes, Sir)

ဖြစ်ပျက် မမြင်လို့ ရှိရင် မဖောက်မပြန် မြဲတဲ့မဂ်ကို (မရနိုင်ပါ ဘုရား)

If you do not see the arising and passing away, can you attain the infallible Path? (We cannot attain it, Sir).

“သမ္မတ္တနိယာမံ အနုက္ကမမာနော သောတာပတ္တိဖလံဝါ သကဒါဂါမိ ဖလံဝါ အနာဂါမိ ဖလံဝါ အရဟတ္တဖလံဝါ သစ္ဆိကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ”

"Sammattaniyāmaṃ anukkamamāno sotāpattiphalaṃ vā sakadāgāmiphalaṃ vā anāgāmiphalaṃ vā arahattaphalaṃ vā sacchikarissatīti netaṃ ṭhānaṃ vijjati."

ဆိုတဲ့ အတိုင်း သမ္မတ္တနိယတာ ဓမ္မာ ဆိုတဲ့ မဂ် ဉာဏ် လေးပါး မရသေးရင်လဲ ဖိုလ်လေးပါး ရလိမ့်မယ်လို့ မင်းတို့ ဘယ်တော့မှ မအောက်မေ့နဲ့တဲ့ (မှန်လှပါ ဘုရား)။

According to this, never assume that you can attain the four stages of Fruition (Phala) without first attaining the four stages of Path Knowledge (Magga Ñana), the infallible Dhamma. (Yes, Sir)

သစ္စာနဲ့လျော်တဲ့ဉာဏ်

ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခုသော တရားကို အနိစ္စ မြင်လို့ရှိရင် သစ္စာနဲ့ လျော်တဲ့ ဉာဏ်ရပြီလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

Therefore, yogis, if you see a single phenomenon as Impermanence (Anicca), recognize that you have attained the knowledge conforming to the Truths. (Yes, Sir).

သစ္စာနဲ့လျော်တဲ့ဉာဏ် (ရပြီလို့ မှတ်ရပါမယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အရ ကြိုးစားလိုက် စမ်းပါလို့ သတိပေး လိုက်တယ် (မှန်ပါ့)။

What have you attained? (We must note that we have attained the knowledge conforming to the Truths, Sir). Because of this, I strongly urge you to strive to attain it. (Yes, Sir)

အရကြိုးစားပါ ဆိုတာ တခြား မဟုတ်ပါဘူး ဒကာ ဒကာမတို့ ဖြစ်ပျက်ကလေး မြင်အောင် ကြိုးစားပါ။ ဒါကလေးဟာ ဒုက္ခသစ္စာပါပဲ ၊ သစ္စာနုလောမိက ဉာဏ် ပါပဲ။ သဘောကျပလား (ကျပါပြီ)။

Striving to attain it is nothing else but this: try to see the rapid arising and passing away. This process itself is the Truth of Suffering. Seeing it is the Saccānulomika ñāṇa. Are you convinced? (Yes, we are, Sir).

ပြီးတော့လဲ တစ်ခါ စဉ်းစား ကြည့်လိုက်တော့ ဒကာ ဒကာမတွေ များသောအားဖြင့် ရနေကြတဲ့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” ဆိုတော့ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ တရားပဲ (မှန်ပါ့)။

Furthermore, consider what you frequently hear: "Saṅkhittena pañcupādānakkhandhā dukkhā". In short, the five clinging aggregates are the Truth of Suffering. (Yes, Sir)

ဖြစ်ပြီးပျက်တာကိုဆိုတာ

ဒီတော့ တစ်ခုခုကို ဖြစ်ပျက်မြင်ရင် ဒါ ဒုက္ခသစ္စာ နဲ့လျော်တဲ့ ဉာဏ်ဖြင့်ရပေါ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

Thus, if you see the arising and passing away of any phenomenon, you have definitely attained the knowledge conforming to the Truth of Suffering. (Yes, Sir). Is that clear? (It is clear, Sir)

ကိုင်း ဒါဖြင့် သြော် ငါတို့ မြင်တဲ့ ဖြစ်ပျက် အနိစ္စ၊ ငါတို့မြင်တဲ့ ဖြစ်ပျက် ဒုက္ခ ၊ ငါတို့မြင်နေတဲ့ ဖြစ်ပျက် အနတ္တ ၊ ဖြစ်ပျက် တစ်ခုတည်းဟာ ဒကာ ဒကာမတို့ မှတ်ထား ၊ အနိစ္စ ဆိုတာလဲ ဖြစ်ပြီးပျက်တာ ဆိုတာပဲ (မှန်ပါ့ ဘုရား)။

Now, realize this: the arising and passing away we see is Impermanence (Anicca). The arising and passing away we see is Suffering (Dukkha). The arising and passing away we see is Non-self (Anatta). Yogis, mark this well—it is all just this one single process of arising and passing away. Impermanence simply means arising and passing away. (Yes, Sir)

ဒုက္ခ ဆိုတာလဲ (ဖြစ်ပြီး ပျက်တာပါ ဘုရား) အနတ္တ ဆိုတာလဲ (ဖြစ်ပြီး ပျက်တာပါ ဘုရား) အဲ ဖြစ်ပြီး ပျက်တာချည့် ဆိုနေတော့ ကိုယ့်ကိုယ်က သြော် ဉာဏ်ထဲမှာ ဘဝါဘဝက အနိစ္စ အထုံ ကလေးပါလာလို့ ရှိရင်ဖြင့် ခန္ဓာ ကိုယ်ကြီး ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်မှု ပျက်မှု ကလေး တစ်ခုခု ဝေဒနာ ဖြစ်ဖြစ် ၊ စိတ်ဖြစ်ဖြစ် ရုပ်ဖြစ်ဖြစ် ၊ သညာ သင်္ခါရ ဖြစ်ဖြစ် ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမြင် လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒါ အနိစ္စ မြင်ပြီလို့ မှတ်ပါ (မှန်လှပါ)။

What is Suffering? (It is arising and passing away, Sir). What is Non-self? (It is arising and passing away, Sir). Since it is exclusively arising and passing away, if your mind carries the latent tendency to recognize Impermanence from past lives, when you look into your own body, you will see the arising and passing away of a phenomenon. Whether it is feeling (Vedana), consciousness (Citta), form (Rupa), perception (Sañña), or mental formations (Sankhara)—when you see this shifting again and again, know that you have seen Impermanence. (Yes, Sir)

ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖြစ်ပျက် မြင်ရင် ဘာဆို ကြမယ် (အနိစ္စပါ ဘုရား) အေး -သစ္စာနုလောမိက လဲ ရတယ်၊ သစ္စာနုလောမိက ဉာဏ်လဲ ရပါတယ်၊ သစ္စာလဲ မြင်ပါတယ်။ အနိစ္စ ဆိုတာ သစ္စာနဲ့ အတူတူပဲ (မှန်လှပါ ဘုရား)။

If you see the arising and passing away of any of the five aggregates, what do we call it? (Impermanence, Sir). Yes. Doing so, you achieve Saccānulomika. You gain the Saccānulomika knowledge. You see the Truth. Impermanence and the Truth are exactly the same. (Yes, Sir)

အနိစ္စနဲ့ သစ္စာ နဲ့ (အတူတူပါ ဘုရား) အတူ တူပဲလို့ မှတ်လိုက် စမ်းပါ။

Impermanence and the Truth are... (The same, Sir). Firmly remember that they are the same.

လက်တွေ့ ဉာဏ်တွေ့ ပြကြပါစို့

ကိုင်း ဒါဖြင့် လက်တွေ့ ဉာဏ်တွေ့ ပြကြပါစို့ ဆို တော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ကျောမှာ ယားတယ် ဆိုကြပါစို့ (မှန်ပါ့)။

Let us demonstrate this practically through Insight Knowledge. Yogis, suppose an itch arises on your back. (Yes, Sir)

ကျောမှာ ယားတဲ့ အခါကျတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါလား တဲ့ ယားချင်လို့ ယားတာလား ၊ အင်္ကျီနဲ့ထိလို့ လည်းကောင်း၊ မြေမှုန့်နဲ့ ထိလို့ လည်းကောင်း ယားရမယ် (မှန်လှပါ ဘုရား) တစ်ခုခုနဲ့ မထိဘဲနဲ့ တော့ ယား ပါ့မလား (မယားပါ ဘုရား) ဒါဖြင့် ထိတာ ဖဿ ၊ ယားတာ ဝေဒနာ (မှန်ပါ့) ထိတာက (ဖဿပါ ဘုရား) ယားတာက (ဝေဒနာပါ ဘုရား)

When your back itches, think about it: does it itch just because it wants to? Or does it itch because it came into contact with your shirt, or perhaps some dust? (Yes, Sir). Would it itch without coming into contact with something? (No, it would not, Sir). Therefore, the contact is Phassa (Contact), and the itch is Vedana (Feeling). (Yes, Sir). The contact is... (Phassa, Sir). The itch is... (Vedana, Sir).

သြော် ဒါဖြင့် ပေါ်လာတာ ကလေးဟာ ဝေဒနာပဲနော် (မှန်ပါ့) ပေါ်လာတာ ကလေးဟာ ဝေဒနာပဲ အလိုလို ဖြစ်သလား ထိတဲ့ ဖဿကြောင့်လား (ထိတဲ့ ဖဿကြောင့်ပါ ဘုရား)။

So, the phenomenon that just appeared is Vedana, right? (Yes, Sir). This feeling that appeared, did it arise out of nowhere, or due to the contact (Phassa)? (Due to the contact, Sir)

ဝေဒနာကို ဉာဏ်နဲ့လိုက်ပြီးကြည့်

သြော် ထိတဲ့ ဖဿကြောင့် ဖြစ်တော့ ဖဿ ပစ္စယာ ဝေဒနာ (မှန်ပါ့) ဒီ ဝေဒနာ ကလေးကို ဒကာ ဒကာမတွေက ဉာဏ်နဲ့ လိုက်ပြီး ဒါ ဘာပါလိမ့်မလဲ ကြည့်လိုက်တဲ့ အချိန်ကျတော့ ဝေဒနာ ကလေးဟာ ချုပ်ပျက် သွားတယ် (မှန်ပါ့) ချုပ်ပျက် မသွားဘူးလား (သွားပါတယ် ဘုရား)။

Since it arises due to contact, it is Phassa paccayā Vedanā (Through Contact, Feeling is conditioned). (Yes, Sir). Now, when you yogis watch and observe this feeling with Insight Knowledge, inquiring, "What is this?", the feeling ceases and passes away. (Yes, Sir). Does it not cease and pass away? (It does, Sir)

အဲဒါကလေး ချုပ်ပျက်သွားတော့ အနိစ္စကို မြင်လိုက် ပါတယ် (မှန်လှပါ ဘုရား) မရှိတာကလေး သိရတာက ဘာပါလိမ့် (အနိစ္စပါ ဘုရား)။

When it ceases and passes away, you have seen Impermanence (Anicca). (Yes, Sir). Recognizing that it is no longer there—what is that? (It is Impermanence, Sir)

အနိစ္စလို့ သိလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမ တို့ ယားတာကို ဖျက်မပစ်ကြပါနဲ့ ဒီဥစ္စာဟာ ယားတာ ဟာ ဝေဒနာ ၊ ဝေဒနာဟာ ဖဿကြောင့်ဖြစ်တယ် ၊ အင်း နောက်တော့ ဖဿချုပ်လို့ ဝေဒနာပါ ချုပ်မသွား ဘူးလား (ချုပ်သွားပါတယ် ဘုရား)။

Once you realize it as Impermanence, yogis, do not try to physically scratch or destroy the itch. The itch is feeling (Vedana). Feeling arises due to contact (Phassa). And so, when the contact ceases, doesn't the feeling cease as well? (It ceases, Sir)

အနိစ္စမြင်တော့ ဘာဖြစ်သတုံး

ချုပ်သွားတယ်လို့ သိလိုက်တော့ သြော် ဒါဟာ အနိစ္စ အချက် ပိုင်ပိုင်နိုင်နိုင် ရလိုက်တာပဲ (မှန်ပါ့ ဘုရား) အနိစ္စ မြင်တော့ ဘာဖြစ်သတုံးလို့ မေးတဲ့ အခါကျတော့ အဋ္ဌသာလိနီ အဋ္ဌကထာ ဆရာက အနိစ္စကို ဒါကလေး တစ်ခုခုက အနိစ္စ ဝေဒနာက အနိစ္စ ၊ မြင်တာက မဂ္ဂ (မှန်ပါ့)။

Realizing that it has ceased, you perfectly grasp the point of Impermanence. (Yes, Sir). If you ask what happens when you see Impermanence, the commentator of the Atthasalini Atthakatha explains: the phenomenon—the feeling—is Impermanence (Anicca), and the mind that watches and observes it is the Path (Magga). (Yes, Sir)

အနိစ္စမြင်တဲ့ အခါကျတော့ ဪ မိမိခန္ဓာကြီး ဟာ ဘာပါလိမ့်မတုံး၊ မိမိ ခန္ဓာကြီးဟာ ဝေဒနာက္ခန္ဓာ ဝေဒနာက္ခန္ဓာ ဘယ်မှာ လမ်းဆုံး ရှာပါလိမ့်မလဲလို့ တွေးလိုက်ပါလား (အနိစ္စ လမ်းဆုံး ပါတယ်) အနိစ္စ လမ်းဆုံးတယ်။

When you see Impermanence, you might wonder, "What exactly is my body? My body is just the aggregate of feeling (Vedanakkhandha). Where does this aggregate of feeling ultimately end up?" Reflect on this. (It ends in Impermanence, Sir). It ends in Impermanence.

ဒကာ ဒကာမတို့ ဝေဒနာက္ခန္ဓာဟာ ဘယ်မှာ လမ်းဆုံး ပါလိမ့် (အနိစ္စမှာ လမ်းဆုံးပါတယ် ဘုရား) အနိစ္စလမ်းဆုံး တယ် ဆိုတော့ သြော် ဝေဒနာက္ခန္ဓာကို နဂိုက မိမိထင်နေတာ မိမိ မဟုတ်တော့ ပါကလား အနိစ္စ ပါကလား လို့ မြင်လိုက်တဲ့ ဉာဏ်ကလေးဟာ ပြောင်းမသွားဘူးလား (ပြောင်းသွားပါတယ် ဘုရား)။

Yogis, where does the aggregate of feeling end? (It ends in Impermanence, Sir). Since it ends in Impermanence, doesn't your understanding shift? You realize: "Oh, this feeling that I previously thought was 'me' is actually not 'me' at all. It is simply Impermanence!" (Yes, it shifts, Sir)

မြင်တာကမဂ္ဂဖြစ်တယ်

ဒါဖြင့် ပျက်စီးတာက အနိစ္စ ၊ မြင်တာက မဂ္ဂ သွား ဖြစ်တယ် (မှန်ပါ့) ပျက်စီး တာက (အနိစ္စပါ ဘုရား) မြင်တာက (မဂ္ဂပါ ဘုရား)။

Hence, the passing away is Impermanence (Anicca), and the mind that sees it is the Path (Magga). (Yes, Sir). The passing away is... (Impermanence, Sir). The mind that sees it is... (The Path, Sir)

အဲဒီတော့ အဋ္ဌသာလိနီ အဋ္ဌကထာဆရာက ဒီလို မြင်နေတဲ့ အခါကျတော့ကွာ တဲ့ စဉ်းစား ကြည့်စမ်းပါ လားတဲ့။ ဒီ ခန္ဓာကိုယ်ကြီးဟာ အနိစ္စ ပျက်စီးနေတာ ပျောက်ပျက်တာ မြင်တော့ ဒီခန္ဓာကိုယ်ကြီး ခင်တဲ့ လောဘလာသေးရဲ့လား (မလာပါဘုရား) နောက်က မဂ္ဂလာတော့ တဏှာ ဥပါဒါန် မသေဘူးလား (သေပါတယ် ဘုရား) တဏှာ ဥပါဒါန် သတ်လိုက် တယ်နော် (မှန်ပါ့)။

The commentator of the Atthasalini Atthakatha points out: consider what happens when you see this. When you see this body constantly breaking down and disappearing as Impermanence, does craving (Lobha) for this body arise anymore? (No, it does not, Sir). Because the Path (Magga) follows right behind, aren't craving (Tanha) and clinging (Upadana) eradicated? (They are eradicated, Sir). Craving and clinging are removed! (Yes, Sir)

ဒကာ ဒကာမတို့ ဘယ်သူသေပါလိမ့် (တဏှာ ဥပါဒါန် သေပါတယ်) တဏှာ ဥပါဒါန် သေလို့ရှိရင် တဏှာ ဥပါဒါန် ကံကော (သေပါတယ် ဘုရား)။

Yogis, what is eradicated? (Craving and clinging are eradicated, Sir). If craving and clinging are eradicated, what happens to Kamma? (It is eradicated, Sir)

ကံလဲ သေသွား တယ်နော် (မှန်ပါ့) ဇာတိ၊ ဇရာ ၊ မရဏ ၊ ပေါ်သေးရဲ့ လား (မပေါ်ပါ) ပဋိစ္စသမုပ္ပါဒ် ဘယ့်နှယ် နေသလဲ (ပြတ်ပါတယ် ဘုရား)။)

Kamma is also eradicated. (Yes, Sir). Do rebirth (Jati), aging (Jara), and death (Marana) arise anymore? (They do not, Sir). What happens to the Wheel of Dependent Origination? (It is severed, Sir)

သြော် အနိစ္စမြင်လို့ ရှိရင်ဖြင့် တိုတိုပြော ကြစို့ဆိုလို့ ရှိရင်ဖြင့် လောဘ စင်တယ် (မှန်ပါ့) အနိစ္စမြင်ရင် (လောဘ စင်ပါတယ်) သဘောကျပြီနော် (မှန်ပါ့)။

In short, if you see Impermanence, craving (Lobha) is cleansed away. (Yes, Sir). If you see Impermanence... (Craving is cleansed away). You grasp this now. (Yes, Sir)

ဒါက အနိစ္စ ၊ ဒါက ဘာတုံး (မြင်တာပါ) စင်တာက ဘာတုံး (လောဘပါ) ဒါဖြင့် အနိစ္စမြင် လောဘ စင်ပေါ့ဗျာ (မှန်ပါ့) အနိစ္စကို မြင်ရင် ဒီလောဘ ကို စင် တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

This is Impermanence. And what is this? (It is the seeing). What is cleansed away? (Craving). Therefore, seeing Impermanence cleanses away craving. (Yes, Sir). If you see Impermanence, this craving is cleansed away. Are you convinced? (Yes, we are, Sir)

အနိစ္စမြင်ရင် ဘာစင်ပါလိမ့် (လောဘစင် ပါတယ်) အဲ လောဘစင်တယ် ဆိုတာ သဘောကျ ပြီနော် (မှန်ပါ့)။

If you see Impermanence, what is cleansed away? (Craving is cleansed away). Now you clearly understand that craving is cleansed away. (Yes, Sir)

အနိစ္စမြင်လောဘစင်

အနိစ္စမြင် လောဘစင်ပေါ့လေ ၊ မှတ်မိပလား (မှတ်မိပါပြီ) သြော် ဖြစ်ပျက်ပါ ၊ ဘာပါလိမ့် ဒကာ ဒကာမ တို့ (အနိစ္စပါ ဘုရား)။

Seeing Impermanence cleanses craving. Do you remember this? (Yes, we remember). It is the arising and passing away. What is it, yogis? (It is Impermanence, Sir)

အဲဒါကလေး ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြစ်ပြီးပျက် သွားတဲ့ သဘောကလေး ဉာဏ်ထဲမှာ မမြင်လိုက် ဘူးလား (မြင်ပါတယ် ဘုရား) ဘာကလေးက စင်ထွက်သွားသလဲ (လောဘ စင်ပါတယ် ဘုရား)။

When you watch it with Insight Knowledge, don't you see its nature of arising and passing away in your mind? (We see it, Sir). What is cleansed away? (Craving is cleansed away, Sir)

လောဘစင်တယ် ဆိုကတည်းက လောဘစင်လို့ ရှိရင် လောဘက တဏှာ ၊ သူ့နောက်က လိုက်မည့် ဥပါဒါန်လဲ စင်တာပဲ ကံကော (စင်ပါတယ် ဘုရား) ဇာတိ ၊ ဇရာ ၊ မရဏ ကော (စင်ပါတယ် ဘုရား)။

If craving is cleansed away, know that craving is Tanha. The clinging (Upadana) that follows it is also cleansed away. What about Kamma? (It is cleansed away, Sir). What about rebirth, aging, and death? (They are cleansed away, Sir)

စင်တာပဲ ဆိုတော့ သြော် အနိစ္စမြင် လောဘ စင်တယ် လို့ပဲ မှတ်ထားလိုက် (မှန်ပါ့) အနိစ္စမြင် ဘာစင်သွားပါ လိမ့် (လောဘစင်ပါတယ်) သဘောကျပြီ (မှန်ပါ့)။

Since they are all cleansed away, firmly remember: seeing Impermanence cleanses craving. (Yes, Sir). Seeing Impermanence cleanses what? (Craving is cleansed away). You grasp it now. (Yes, Sir)

အနိစ္စမြင်လို့ လောဘ စင်သွားတော့ သြော် နေရာကျပဟ ဆိုတာ ဒကာ ဒကာမတို့ တစ်ချက် ဝမ်းမြောက် လိုက်ပါ (မှန်ပါ့ ဘုရား)။

Seeing Impermanence cleanses craving. Yogis, you should rejoice in how perfectly everything falls into place. (Yes, Sir)

အနိစ္စမြင်တော့ ဘာစင်သွားပါလိမ့် (လောဘစင်ပါ တယ် ဘုရား) လောဘ စင်သွားတယ် ဆိုတာ အခု အမြင်နော် (မှန်ပါ့ ဘုရား)။

Seeing Impermanence cleanses what? (Craving is cleansed away, Sir). Craving is cleansed away through this very seeing. (Yes, Sir)

ဝေဒနာကလေးဟာ အနိစ္စ ၊ ဟုတ်လား (မှန်ပါ့) မြင်တာက (မဂ္ဂပါ ဘုရား) ခင်တာက သမုဒယ (မှန်ပါ့) လောဘသမုဒယ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

The feeling is Impermanence. Correct? (Yes, Sir). The seeing is... (The Path, Sir). The craving is the Origin of Suffering (Samudaya). (Yes, Sir). It is craving as the Origin. (Yes, Sir). Is that clear? (It is clear, Sir)

မြင်တာက (မဂ္ဂပါ) အဲ- အမြင်ခံရတာက အနိစ္စ၊ မြင်ဉာဏ်က (မဂ္ဂပါ ဘုရား) စင်တာက (လောဘ သမုဒယပါ ဘုရား)။

The seeing is... (The Path). The object being seen is Impermanence. The Insight Knowledge that sees is... (The Path, Sir). What is cleansed away is... (Craving as the Origin, Sir)

သမုဒယသစ္စာချုပ်တယ်

အဲ လောဘသမုဒယဆိုတော့ သမုဒယသစ္စာ ချုပ်တယ် ဆိုတာက ပေါ်နေတယ် (မှန်ပါ့) မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

Since craving as the Origin is cleansed away, it is evident that the Truth of the Origin (Samudaya-sacca) ceases. (Yes, Sir). Is it not evident? (It is evident, Sir)

ဒါကြောင့် အနိစ္စမြင် လောဘစင်လို့သာ မှတ်ထား လိုက် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) အနိစ္စမြင် (လောဘ စင်ပါတယ် ဘုရား) အဲ အနိစ္စမြင် လောဘစင်တာ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

Therefore, just remember: seeing Impermanence cleanses craving. (Yes, Sir). Is that clear? (It is clear, Sir). Seeing Impermanence... (Cleanses craving, Sir). Note this well. (Yes, Sir)

ကိုင်း ဒါဖြင့် “ယံ အနိစ္စံ တံ ဒုက္ခံ” လို့ သံယုတ် ပါဠိတော်ကြီးများက လာနေတော့ “ယံအနိစ္စံ ၊ တံဒုက္ခံ” ၊ ယံ = အကြင်တရားသည် ၊ အနိစ္စံ- အနိစ္စပဲ ပျောက်ပျက်တယ် ၊ ထိုတရားသည် ဒုက္ခပဲ ဆိုတာကော အနိစ္စနဲ့ ဒုက္ခ ထူးသေးရဲ့ လား (မထူးပါ ဘုရား)။

Now, the Samyutta Nikaya states: "Yaṃ aniccaṃ taṃ dukkhaṃ". "Whatever is impermanent is suffering." If whatever is impermanent and disappears is suffering, are Impermanence and Suffering different? (They are not different, Sir)

အနိစ္စတရားသည် (ဒုက္ခပါ ဘုရား) ဒုက္ခပဲလို့ မသိကြဘူးလား (သိပါတယ် ဘုရား) ဖြစ်ပြီး ပျက်သွား တော့ သေသွားတာပဲ မဟုတ်လား (မှန်ပါ့)။

Impermanence is... (Suffering, Sir). Don't you realize it is suffering? (We do, Sir). By arising and passing away, it essentially dies, doesn't it? (Yes, Sir)

ဝေဒနာကလေးဟာ ဖြစ်ပြီးပျက်သွားတဲ့အခါ (သေသွားပါတယ် ဘုရား)။

When feeling arises and passes away... (It dies, Sir).

အင်း ဒုက္ခကို ဒကာ ဒကာမတွေ ခန္ဓာကိုယ် ထဲမှာ အနိစ္စ မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခလဲ မြင်တော့တာပဲ (မှန်ပါ့) ဒါဖြင့် ဝေဒနာက ဒုက္ခ ၊ မြင်တာက (မဂ္ဂပါ ဘုရား)။

Yogis, the person who sees Impermanence in the body inevitably sees Suffering as well. (Yes, Sir). Thus, the feeling is Suffering, and the seeing is... (The Path, Sir)

ဒုက္ခမြင်ရင် ဒေါသစင်

ဪ ဒုက္ခကို မြင်လို့ရှိရင်ဖြင့် နောက်ကဒကာ ဒကာမတို့ ဒေါသ စင်ပြန်တယ် (မှန်ပါ့) ဒုက္ခမြင်တော့ (ဒေါသ စင်ပါတယ် ဘုရား)။

Yogis, when you see Suffering, aversion (Dosa) is cleansed away. (Yes, Sir). Seeing Suffering... (Cleanses aversion, Sir)

ဒေါသစင်တော့ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ သံသရာ လှည့်သေးရဲ့လား (မလှည့်ပါ ဘုရား) ဪ ဒုက္ခမြင်တော့ ဒေါသ စင်တော့ ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြတ် တယ် (မှန်ပါ့ ဘုရား)။

When aversion is cleansed, do sorrow (Soka), lamentation (Parideva), ignorance (Avijja), and the cycle of Samsara keep turning? (They do not, Sir). Indeed, because seeing Suffering cleanses aversion, the Wheel of Dependent Origination is severed at its end. (Yes, Sir)

ပဋိစ္စသမုပ္ပါဒ် အဆုံးကပြတ်တယ်

ဘယ်က ပြတ်သွားပါလိမ့် (အဆုံးက ပြတ်ပါတယ် ဘုရား) နေရာကျပြီ ခုနင်တုန်းက အနိစ္စ မြင်၍ လောဘစင်တော့ ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တယ် (မှန်ပါ့ ဘုရား)။

Where is it severed? (It is severed at the end, Sir). Excellent. Earlier, when you saw Impermanence and craving was cleansed away, the Wheel of Dependent Origination was severed in the middle. (Yes, Sir)

သဘောကျပြီနော် (ကျပါပြီ ဘုရား) ဦးခင်မောင် သေသေချာချာ မှတ်ပါ (မှန်ပါ့) မြင်တာ ကတော့ တစ်ချက်တည်းပဲ (မှန်ပါ့) မြင်တာက တစ်ချက်တည်းပဲတဲ့။

Do you grasp this? (Yes, Sir). U Khin Maung, note this carefully. (Yes, Sir). The seeing happens in a single stroke. (Yes, Sir). The seeing is just one single act.

ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်တယ်

ကဲ ဒါဖြင့် အနိစ္စ မြင်တုန်းကတော့ ဘာစင် ခဲ့သတုံး (လောဘ စင်ပါတယ် ဘုရား) လောဘ စင်တယ် ဆိုတော့ ကဲ ခင်ဗျားတို့ ရထားတဲ့ ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ ပြတ်ထွက် သွားပါလိမ့် (အလယ်က ပြတ်ပါတယ် ဘုရား)။

So, what was cleansed when you saw Impermanence? (Craving was cleansed, Sir). Because craving was cleansed, where was your Wheel of Dependent Origination severed? (It was severed in the middle, Sir)

အလယ်ကနေ ပြတ်တယ် (မှန်ပါ့) တယ်လဲ အဖိုးတန် ပါကလား ဒကာ ဒကာမတို့ (မှန်ပါ့) အင်မတန် အဖိုးတန်တယ် ဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား)။

It is severed in the middle. (Yes, Sir). How incredibly valuable this is, yogis! (Yes, Sir). It is now obvious how immensely valuable it is. (It is obvious, Sir)

ဒါက မိမိတို့ခန္ဓာ ငါးပါးနော် ၊ဒါက ခန္ဓာ ငါးပါးကို ဆရာဘုန်းကြီးက အကြည့်ခိုင်း ၊ ဘုရားက အကြည့်ခိုင်းလို့ မြင်တဲ့ ဉာဏ် မကျဘူးလား (မှန်ပါ့) ဒါက စင်တဲ့သမုဒယ (မှန်ပါ့) စင်တဲ့ဒေါသ ဆိုရင်ကော ဟုတ်တာပဲ (မှန်ပါ့)။

This concerns your own five aggregates. By observing the five aggregates as instructed by the Buddha and by myself, Insight Knowledge arises, doesn't it? (Yes, Sir). This cleanses the Origin (Samudaya). (Yes, Sir). It also cleanses aversion (Dosa). (Yes, Sir)

ဒုက္ခမြင်တော့ ဒေါသ စင်တယ် ၊ အနိစ္စ မြင်တော့ (လောဘ စင်ပါတယ် ဘုရား) ဒုက္ခ မြင်တော့ (ဒေါသစင် ပါတယ်) ဒေါသ စင်သွားတယ် ဆိုတော့ ဪ ဘယ့်နှယ်ကြောင့် ဒေါသ စင်ပါလိမ့်မတုံး ဆိုတော့ မိမိ ခန္ဓာကိုယ်ကြီးက ဖြစ်ပြီး ပျက်သွားတဲ့ ဒုက္ခကြီး မမြင်လိုက်ဘူးလားဗျာ (မြင်လိုက်ပါတယ် ဘုရား)။

Seeing Suffering cleanses aversion. Seeing Impermanence... (Cleanses craving, Sir). Seeing Suffering... (Cleanses aversion). Aversion is cleansed away. Why is aversion cleansed away? Because you clearly saw the immense suffering of your own body arising and passing away, didn't you? (We saw it, Sir)

ဒုက္ခသစ္စာမို့ ဒုက္ခဖြစ်တာ

ဒုက္ခကို မြင်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် သြော်- ဒုက္ခသစ္စာမို့ ဒုက္ခဖြစ်တာကိုး လို့ဆိုတော့ ဒကာ ဒကာမတို့ ဖြစ်ရလေခြင်း ဆိုတဲ့ ဒေါသ လာသေးရဲ့လား (မလာပါ ဘုရား) ဒုက္ခသစ္စာမို့ ဒုက္ခ ဖြစ်တယ်လို့ သိတာကိုးဗျ (မှန်ပါ့) သိတော့ ဒေါသ လာသေးရဲ့ လား (မလာပါ ဘုရား)။

When you see Suffering, you realize: "Oh, it suffers because it is the Truth of Suffering." Thus, yogis, does the aversion of lamenting "Why is this happening to me?" still arise? (No, it does not, Sir). You know that it suffers precisely because it is the Truth of Suffering. (Yes, Sir). Knowing this, does aversion arise anymore? (No, it does not, Sir)

ဒါဖြင့် ဒုက္ခမြင်လို့ ဒေါသ စင်တယ် (မှန်ပါ့) ဦးခင်မောင် ဘာတဲ့တုံး (ဒုက္ခမြင်လို့ ဒေါသ စင်ပါတယ်) ဒကာ ဒကာမတို့ သုသိမ သိမ်းမည့် နေ့မှာ သေသေချာချာ မှတ်ပါ၊ သုသိမ ဒီသုံးချက် ဝင်လာလို့ ရဟန္တာ ဖြစ်ပါ လိမ့်မယ် (မှန်ပါ့)။

Therefore, seeing Suffering cleanses aversion. (Yes, Sir). U Khin Maung, what is it? (Seeing Suffering cleanses aversion). Yogis, on this day as we conclude the Susima story, note this carefully: Susima became an Arahant by penetrating these three points. (Yes, Sir)

ဒုက္ခမြင်တော့ ဘာစင် သွားပါလိမ့် (ဒေါသ စင်ပါ တယ်) အဲ ဒါကြောင့် ခင်ဗျားတို့ ကိုယ့်ဒေသနာ အတိုင်း ရှုသာရှု ၊ အနိစ္စချည်း မြင်တဲ့ ပုဂ္ဂိုလ်လဲ ဒုက္ခ ပါသွားတာပဲ အနတ္တ ပါသွားတာပဲ အောက်မေ့လိုက်ပါ (မှန်ပါ့ ဘုရား)။

Seeing Suffering cleanses what? (Aversion is cleansed). That is why you must simply watch and observe according to the teachings. Realize that the person who exclusively sees Impermanence inherently sees Suffering and Non-self as well. (Yes, Sir)

ကိုင်း တစ်ခါ ဒီ ဝေဒနာကလေး ကျောမှာယား တဲ့ဝေဒနာကလေးဟာ အင်း ဟင်း ဒကာ ဒကာမ တို့သိတဲ့ အတိုင်း ဖဿချုပ်တော့ ဝေဒနာချုပ်သွားတယ် (မှန်ပါ့)။

Now, regarding this feeling—the itch on your back—as you yogis know, when the contact (Phassa) ceases, the feeling (Vedana) ceases. (Yes, Sir)

ဖြစ်ပေါ်လာတာ ဝေဒနာချုပ် သွားတဲ့ အခါကျတော့ ဖဿချုပ်လို့ ဝေဒနာချုပ်တာပဲ ဆိုတော့ ဝေဒနာ ကလေးဟာ ခံသာတဲ့ ဝေဒနာ ကလေး ဖြစ်ဦးတော့ ဒကာ ဒကာမတွေက တားလို့ဆီးလို့ ရရဲ့လား (မရပါ) မရတော့ အနတ္တ ဖြစ်ပါ တယ် (မှန်ပါ့)။

The feeling that arose ceases because the contact ceases. Even if it is a pleasant feeling, can you yogis prevent or stop it from ceasing? (We cannot). Because you cannot prevent it, it is Non-self (Anatta). (Yes, Sir)

တားလို့ဆီးလို့ မရတာနဲ့ ဘာဖြစ်သွားသလဲ (အနတ္တ ဖြစ်သွားပါတယ်) အနတ္တ ဖြစ်သွားတယ် ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

Because you cannot prevent or stop it, what is it? (It becomes Non-self, Sir). Are you certain it is Non-self? (We are certain, Sir)

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့၌ ဒါကလေးကို တားလို့ မရတာကလေး သိလို က် မြင်လိုက်တယ်၊ တားလို့ မရတာက အနတ္တ၊ မြင်လိုက်တာက (မဂ္ဂပါ ဘုရား)။

Thus, you yogis know and see clearly that it cannot be prevented. Its unpreventable nature is Non-self (Anatta), and the mind that sees it is... (The Path, Sir)

အနတ္တမြင်ရင် မောဟစင်

ဪ တားလို့မရတဲ့ တရားမျိုးပါလားလို့ အမှန်အကန် မသိဘူးလား (သိပါတယ် ဘုရား) အဲ အမှန် အကန် သိတော့ကို ဒကာ ဒကာမတို့ မောဟစင် ပြန်တယ် (မှန်ပါ့)။

Do you not truly realize that this is a natural process you cannot stop? (Yes, we do, Sir). When you know it truly, Yogis, Delusion (Moha) is eradicated. (True, Sir).

ဒါဖြင့် အနတ္တမြင် မောဟစင် (မှန်ပါ့) အနတ္တမြင် (မောဟစင်ပါတယ် ဘုရား) မောဟစင်တယ် ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။ အနတ္တမြင်ပြန်တော့လဲ (မောဟစင်ပါတယ် ဘုရား)။

Therefore, seeing Non-Self (Anatta) eradicates Delusion. (True, Sir). What happens when you see Anatta? (Delusion is eradicated, Sir). Delusion is eradicated. Are you convinced? (Yes, we are, Sir). When you see Anatta again? (Delusion is eradicated, Sir).

ကဲ ဒါဖြင့် အစက ပြန်စကြဦးစို့ ၊ ဒကာ ဒကာမတွေ သေချာသွားအောင် အနိစ္စမြင်တော့ (လောဘစင် ပါတယ် ဘုရား) ဒုက္ခမြင်တော့ (ဒေါသစင် ပါတယ် ဘုရား) အနတ္တမြင်တော့ (မောဟစင်ပါတယ် ဘုရား)။

Now, let us start again from the beginning to make it crystal clear for you Yogis. When you see Impermanence (Anicca)? (Greed is eradicated, Sir). When you see Suffering (Dukkha)? (Anger is eradicated, Sir). When you see Non-Self (Anatta)? (Delusion is eradicated, Sir).

အို နေရာကျလိုက်တာ ဒကာ ဒကာမတို့ ၊ မြင်ဖို့သာ အရေးကြီး တော့တယ်နော် (မှန်ပါ့) မြင်ဖို့ သာ အရေးကြီးကြ တော့တယ် ဒကာ ဒကာမတို့ ကြိုးစား လုပ်ကြပါ ၊ လောဘ ဒေါသ မောဟ ဆိုတာ ပယ်ရ မည့် တရားဟေ့ လို့ ဆိုတဲ့ ဥစ္စာ ဒီအတိုင်း ပယ်လို့လဲ မရဘူး ၊ မြင်မှ ပယ်လို့ရတယ် (မှန်ပါ့ ဘုရား)။

Oh, how perfect, Yogis! Seeing it with your own insight is all that matters now. (True, Sir). Seeing it is the most critical thing, Yogis. Strive hard in your practice! You are told to remove Greed (Lobha), Anger (Dosa), and Delusion (Moha), but you cannot remove them just by wishing. You can only eradicate them by seeing the truth with insight. (True, Sir).

ဘယ်လိုမှတ်ကြမယ် (မြင်မှပယ်လို့ ရပါတယ် ဘုရား) မြင်မှ ပယ်လို့ ရတယ် ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

How will you remember this? (They can only be eradicated by seeing, Sir). Are you certain that they can only be eradicated by seeing? (Yes, we are certain, Sir).

အေး ဒါကြောင့် ဒကာ ဒကာမတို့ အင်မတန်မှ အဖိုးတန် နေပါပေါ့ကလား ၊ ငါတို့သည်ကား အနိစ္စကလေး တစ်ချက် မြင်လိုက်လို့ ရှိရင်ပဲ လောဘစင်သတဲ့ ၊ ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တယ် (မှန်ပါ့)။

Therefore, Yogis, realize how incredibly precious this is! If you catch just a single glimpse of Impermanence (Anicca), Greed is eradicated. The Wheel of Dependent Origination is severed right in the middle. (True, Sir).

ဒီဖြစ်ပျက်ဟာ ဒုက္ခပဲ ဒကာ ဒကာမတို့နော် (မှန်ပါ့) မြင်လိုက်ပြန်တော့ ဘာစင်ပြန်သတုံး (ဒေါသစင်ပါ တယ်) အင်း ဖြစ်ပျက်မြင်ပြန်တော့ ဒေါသစင်တယ် (မှန်ပါ့)။

This ceaseless process of arising and passing away is truly Suffering (Dukkha), Yogis. (True, Sir). When you see that, what is eradicated? (Anger is eradicated, Sir). Indeed, seeing the arising and passing away eradicates Anger. (True, Sir).

ဖြစ်ပျက်ကလေးဟာ တားလို့ ဆီးလို့ မရတဲ့သဘော အနတ္တပဲ၊ “တဒေဝအနတ္တံ” ဆိုတဲ့အတိုင်း “ယံ အနိစ္စံ တံ ဒုက္ခံ တဒေဝ အနတ္တံ” ဆိုတဲ့ အတိုင်း ဒီတရား ကလေးဟာ ဖြစ် ပြီး ပျက်သွားတဲ့ တရာ,ကလေး ဒကာ ဒကာမတွေက ခံသာတဲ့ ဝေဒနာ ကလေး မပျောက်ပါစေနဲ့လို့ တားလို့ ဆီးလို့ ရကြရဲ့ လား (မရပါ ဘုရား)။

This process of arising and passing away is uncontrollable by nature; it is Non-Self (Anatta). As the Pali states, "Yaṃ aniccaṃ taṃ dukkhaṃ tadeva anattaṃ" (Whatever is impermanent is suffering; whatever is suffering is non-self). Since this natural law is just a process of arising and passing away, can you Yogis command a pleasant feeling not to disappear? Can you stop it? (No, we cannot, Sir).

ပဋိစ္စသမုပ္ပါဒ် အစကပြတ်တယ်

တားဆီးမရတာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) မြင်တာက (မဂ္ဂပါ ဘုရား) စင်တာက (မောဟ ပါ ဘုရား)။

What do we call this uncontrollable nature? (Anatta, Sir). What is the mind that sees it? (The Path or Magga, Sir). What is eradicated? (Delusion or Moha, Sir).

ပဋိစ္စသမုပ္ပါဒ် ဘယ်က ပြတ်ပါလိမ့် (အစက ပြတ်ပါ တယ် ဘုရား) အစက ပြတ်တယ် (မှန်ပါ့) မောဟ မြင်တော့ အစ က ပြတ်တယ် ၊ ဒကာ ဒကာမတွေ သေချာကြပလား (သေချာပါပြီ ဘုရား)။

Where is The Wheel of Dependent Origination severed? (It is severed at the beginning, Sir). It is severed at the beginning. (True, Sir). When you eradicate Delusion by seeing the truth, the cycle is severed at its very root. Are you Yogis certain of this? (Yes, we are certain, Sir).

သြော် တကယ် အဖိုးတန်ပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ) တကယ် အဖိုးတန်ပါကလား ဆိုတာကို ကိုမြရွှေ တို့ ဦးဇံရင်တို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာ ၊ ပါတယ် ဘုရား)။

Now it becomes clear just how truly precious this teaching is! (True, Sir). Ko Mya Shwe, U Zan Yin, does it not become clear how incredibly valuable this is? (It becomes clear, Sir). Does it not? (Yes, it does, Sir).

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာ အရေးကြီးပါလိမ့်၊ ဪ ခန္ဓာကိုယ်ထဲမှာတော့ အနိစ္စ ကရှိတာပဲ ၊ အနိစ္စဟာ ဒုက္ခပဲ ၊ ဒုက္ခဟာ အနတ္တပဲ ဆိုတာ သိပြီးသား ဖြစ်ပြီး ဆရာဘုန်းကြီးကလဲ ပြောထား ၊ ဘုရားကလဲ ဟောထားတဲ့ အတွက် ဆရာဘုန်းကြီးက နောက်ထပ် ပြောလိုက်တော့ ရှင်းသွားတယ် (မှန်ပါ့)။

So, what is the most important thing for you Yogis? Well, Impermanence (Anicca) inherently exists in the body. Impermanence is Suffering (Dukkha), and Suffering is Non-Self (Anatta). You already knew this. The Buddha preached it, and I have taught it to you before. But now that I am emphasizing it again, it becomes absolutely clear. (True, Sir).

ခန္ဓာနောက်ထပ်မဆက်တာ

ထိုကဲ့သို့ရှင်းတော့ သြော် ပဋိစ္စသမုပ္ပါဒ်ပြတ် ဖို့ရာသည်ကား လို့ဆိုရင် ဘယ်လိုများ ပြတ်အောင် လုပ်ရပါ့ မလဲဆိုတာ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် ဆိုတာ ခန္ဓာနောက်ထပ် မဆက်တာ (မှန်ပါ့ ဘုရား)။

With such clarity, you might wonder, "How exactly do we make The Wheel of Dependent Origination stop?" To sever The Wheel of Dependent Origination simply means ensuring there is no further continuation of the Aggregates (Khandhas). (True, Sir).

ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် ဆိုတာ ဘာပါလမ့် (ခန္ဓာ နောက်ထပ် မဆက်တာပါ ဘုရား) ခန္ဓာနောက်ထပ် မဆက် တာ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ခန္ဓာဆက် လာတဲ့ ခန္ဓာဟာ ခန္ဓာသာ လာလို့ရှိရင် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

What does it mean to sever The Wheel of Dependent Origination? (It means no further continuation of the Aggregates, Sir). Are you certain it means the Aggregates do not continue? (Yes, we are certain, Sir). If the Aggregates continue to arise, what Noble Truth do they represent? (The Truth of Suffering, Sir).

ပဋိစ္စသမုပ္ပါဒ် ပြတ်လို့ဒုက္ခချုပ်တယ်

ဒုက္ခသစ္စာ လာမယ်ဆိုတာ မဆက်လာတော့ ဒုက္ခချုပ်တယ် (မှန်ပါ့) မဆက်လာတော့ (ဒုက္ခ ချုပ်ပါတယ် ဘုရား) ဪ ဒုက္ခချုပ်တာ ဆိုတော့ ဒုက္ခချုပ်ချင်လို့ ချုပ်ရတာလား ဒုက္ခဖြစ်ကြောင်း သုံးခုချုပ်လို့ ချုပ်တာလား (ဒုက္ခဖြစ်ကြောင်း သုံးခု ချုပ်လို့ ချုပ်တာပါ ဘုရား)။

When the Truth of Suffering (Dukkha Sacca) no longer continues, Suffering ceases. (True, Sir). When it does not continue? (Suffering ceases, Sir). Now, consider this: does Suffering cease merely because you wish for it to cease, or does it cease because the three root causes of Suffering have been eradicated? (It ceases because the three causes of Suffering have been eradicated, Sir).

သေချာပြီ (သေချာပါပြီ) အဖိုးတန်လိုက်တာ ဒကာ ဒကာမတို့ (မှန်ပါ့) အဖိုးတန်လိုက်တာ သုသိမ သိမ်းမည့် နေ့မှာ ဒါကိုပြောရတာ ဦးခင်မောင် အရေးကြီးလို့နော် (မှန်ပါ့ ဘုရား)

Are you absolutely sure? (We are sure, Sir). How precious this is, Yogis! (True, Sir). It is so profoundly valuable. U Khin Maung, I must emphasize this today as we conclude the story of Susima because it is of the utmost importance. (True, Sir).

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ချမ်းသာတဲ့ သုခဝေဒနာ ကလေး ကိုယ်ပေါ်မှာ လေကလေးက တိုက်လို့ ပန်ကာတွေက အပေါ်ကလှည့်လို့ အင်း ကျောကလေးနဲ့ တွေ့တဲ့ပုဂ္ဂိုလ်က ကျောကလေး အေးလို့ မျက်နှာထိပ်မှာ တွေ့တဲ့ ပုဂ္ဂိုလ်က မျက်နှာထိပ်မှာ မပေါ်ဘူးလားဗျာ (ပေါ်ပါတယ်) ဘာဝေဒနာပါလိမ့် (သုခဝေဒနာပါ ဘုရား)။

Now then, Yogis, consider a pleasant feeling (Sukha Vedana) arising in your body. Look at the ceiling fans spinning above. When the breeze strikes your back, your back feels cool. When it strikes your forehead, does the coolness not appear there? (It does appear, Sir). What kind of feeling is that? (It is a pleasant feeling, Sir).

ပန်ကာလေ

အင်း လေတည်းဟူသော အထဲမှာပါသွားတဲ့ ပထဝီဓါတ်တွေက လာထိခိုက်တာနဲ့ ပေါ်တဲ့ ဖဿပစ္စယာ ဝေဒနာ (မှန်ပါ့) ဒီဝေဒနာ ကလေးဟာ ပန်ကာတစ်ချက် လှည့်လိုက်တယ် ဆိုရင် ကိုယ့်ဆီမှာ တစ်ချက် ဖြစ်တယ် (မှန်ပါ့) နောက် တစ်ပတ် လည်လာရင် တစ်ချက်ဖြစ်တယ် (မှန်ပါ့) နောက်တစ်ပတ် လည်လာရင် (တစ်ချက်ဖြစ် ပါတယ် ဘုရား)။

Indeed, the Earth Element (Pathavi) carried within the wind strikes the body. Due to this contact, feeling arises—this is Phassa-paccayā Vedanā (Feeling arises due to Contact). (True, Sir). When the fan blades rotate once, a feeling arises in you once. (True, Sir). When it completes another rotation, another feeling arises. (True, Sir). And with the next rotation? (Another feeling arises, Sir).

ဒါနဲ့ ဒီခေါင်းပေါ်ဝေဒနာ ကလေးတွေဟာ ဝေဒနာက္ခန္ဓာသမား ဘယ်နှစ်ယောက်များ သေသတုံး ဆိုတော့ အပတ်လှည့်တိုင်း သေနေတယ် (မှန်ပါ့) အပတ်လှည့်တိုင်း ပေါ်၍ အပတ်လှည့်တိုင်း သေနေတယ် ဆိုတဲ့ ဥစ္စာ ဒီပန်ကာနဲ့ပဲ ခင်ဗျားတို့ ရှင်းလောက်ပါတယ်။(မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

So, regarding these feelings on your head, how many times does the "person" identifying with the Aggregate of Feeling (Vedanakkhandha) die? You are dying with every single rotation of the fan. (True, Sir). It arises with every rotation, and it dies with every rotation. This fan example alone should be enough to make it clear to you. (True, Sir). Is it not clear? (It is clear, Sir).

ပန်ကာလေလဲ ရပ်လိုက်ပါရော ဖျတ်ဆို ဒီနေရာမယ် ဦးခင်မောင် ဒုက္ခဝေဒနာ အစားထိုး လာတယ် (မှန်ပါ့ ဘုရား) ဝေဒနာ ပြတ်သေးရဲ့ လား (မပြတ်ပါ ဘုရား)။

But the moment the fan stops spinning, U Khin Maung, an unpleasant feeling (Dukkha Vedana) instantly replaces it right there! (True, Sir). Has the feeling ceased entirely? (No, it has not, Sir).

ချုပ်ပြီး ဒုက္ခဝေဒနာက (ပေါ်လာပါတယ်) ဒုက္ခ ဝေဒနာ ထိုးချင်လို့ ထိုးတာ မဟုတ်ဘူး ဒကာ ဒကာမတို့ ၊ အပေါ်က နေ့လယ်က ပူထားတဲ့ သွပ်ရှိန် အပူဓါတ်က ရုပ်တွေ ဆက်ပြီး သကာလ ရုပ်တွေ ဆက်ပြီး သကာလ မချုပ်သေးတာ နဲ့ အပူဓါတ်တွေက ဖဿပစ္စယာ ဝေဒနာ လာဖြစ်နေတယ် (မှန်ပါ) ဒုက္ခဝေဒနာ လာဖြစ်တယ် (မှန်လှပါ)။

The pleasant feeling ceases, and then what? (An unpleasant feeling appears). This unpleasant feeling does not arise just to torment you, Yogis. The midday heat radiating from the tin roof above continues to affect your physical body (Rupa). Since the physical process has not ceased, the heat element creates contact, leading to feeling—Phassa-paccayā Vedanā. (True, Sir). An unpleasant feeling arises. (True, Sir).

ဒါကြောင့် ပန်ကာရပ်လိုက်ရင် ဘာဝေဒနာ ပေါ် သတုံး (ဒုက္ခဝေဒနာ ပေါ်ပါတယ် ဘုရား) ပန်ကာ လှည့် လိုက်ရင် (သုခဝေဒနာ ပေါ်ပါတယ် ဘုရား)။

Therefore, when the fan stops, what feeling appears? (An unpleasant feeling appears, Sir). When the fan spins? (A pleasant feeling appears, Sir).

ဪ ခင်ဗျားတို့ သန္တာန်ဝေဒနာ ဘယ်နှစ်မျိုး ပါလိမ့် (နှစ်မျိုးပါ ဘုရား) မြဲသေးရဲ့လား (မမြဲပါ ဘုရား) သုခ နဲ့ ဒုက္ခ အကြားမှာ တစ်ခါတလေ ကျလာတဲ့ အခါကျလို့ရှိရင် ဝမ်းထဲဥပေက္ခာများ ပေါ်လိုက်သေးတယ် (ပေါ်ပါတယ် ဘုရား) ပေါ်လိုက်သေးတယ် ဆိုတော့ ဪ ဒကာ ဒကာမတွေ ခန္ဓာကိုယ် ဘာတွေများ လှည့်ပြီး နေ ပါလိမ့်မတုံး (ဝေဒနာတွေ လှည့်ပြီးနေပါတယ် ဘုရား)။

So, how many types of feeling exist within you? (Two types, Sir). Are they permanent? (No, they are not permanent, Sir). And sometimes, in the space between the pleasant and the unpleasant, a neutral feeling (Upekkha Vedana) also appears in your mind. (It appears, Sir). Since it appears, Yogis, what exactly is constantly shifting and rotating within your body? (Feelings are shifting and rotating, Sir).

ဝေဒနာသုံးပါး လှည့်နေတယ်

ဝေဒနာသုံးပါး လှည့်နေတယ် ဆိုရင်လဲ လွဲသလား (မလွဲပါ ဘုရား) အင်း ဝေဒနာသုံးပါး လှည့်ပြီး နေတော့ ဒီဝေဒနာတွေကလဲ ဘယ်သူ့ခန္ဓာတွေတုံး မေးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေ၏ ခန္ဓာပဲ ဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

If I say the three types of feeling are constantly shifting and rotating, would that be wrong? (No, it would not be wrong, Sir). As these three feelings rotate endlessly, if someone asks, "Whose Aggregates are these?", would it be wrong to say they belong to you Yogis who are listening to this Dhamma? (It would not be wrong, Sir).

ဟာ ဒါဖြင့် ခင်ဗျားတို့ ခန္ဓာတွေ ခဏခဏ ပြောင်း လွဲနေပါကလားလို့ ဆရာ ဘုန်းကြီးကပြော ၊ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဟောတာနဲ့ကော ကိုက်ရဲ့လား (ကိုက်ပါတယ် ဘုရား)။

Ah! This shows that your Aggregates are shifting again and again. Does my explanation align with what the Exalted Buddha preached? (Yes, it aligns perfectly, Sir).

ဒါဖြင့်ဒကာ၊ဒကာမတို့ သိတဲ့ အတိုင်း ဝေဒနာ နိရောဓါ (တဏှာနိရောဓောပါ ဘုရား) မဂ်ပေါ်လာတယ် (မှန်ပါ့) ဝေဒနာချုပ်တာ မြင်အောင် ကြည့်နိုင် လို့ရှိရင်ဖြင့် မဂ်ပေါ်လာ သောကြောင့် နောက်က တဏှာ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

Therefore, Yogis, exactly as you already know: Vedanā-nirodhā leads to what? (Taṇhā-nirodho, Sir). The Path (Magga) appears! (True, Sir). If you can watch and observe the cessation of feeling until the Path (Magga) arises, does the subsequent Craving (Tanha) not cease? (It ceases, Sir).

မဂ်ပေါ်လာလို့တဏှာချုပ်တယ်

မဂ်ပေါ်လာလို့ ချုပ်သွားတာ (မှန်ပါ့) သူပေါ်ခွင့်ကို ရသေးရဲ့ လား (မရပါ ဘုရား) ဝေဒနာနိရောဓါ ဒေါသနိရောဓါ ကော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အင်း ဒုက္ခမြင်တော့ ဒေါသစင်တယ် (မှန်ပါ့)။

Craving ceases because the Path (Magga) has arisen. (True, Sir). Does Craving even get a chance to appear? (No, it does not, Sir). Does Vedanā-nirodhā not also lead to Dosa-nirodho (the cessation of Anger)? (It does, Sir). Indeed, seeing Suffering eradicates Anger. (True, Sir).

ဝေဒနာနိရောဓါ မောဟနိရောဓော ကော မဖြစ်ဘူး လား (ဖြစ်ပါတယ် ဘုရား) ဖြစ်တာပဲတဲ့ ၊ ဒကာ ဒကာမတို့ ဒီလို ပါဠိတော်တွေနဲ့ ကြည့်လိုက်တော့ ဝေဒနာကြောင့်ပဲ ၊ အင်း ဝေဒနာပစ္စယာကြောင့်ပဲ တဏှာ ချုပ်တယ် ၊ တဏှာ ချုပ်တယ် ဆိုကတည်းက တဏှာနဲ့ သဟဇာတဖြစ်တဲ့ မောဟက လဲ ချုပ်ရမှာပဲ ၊ တဏှာ မလာလို့ရှိရင် ဒုက္ခ ဝေဒနာ ပစ္စယာ ဒေါသော ဆိုတာကလဲ လာရမယ် (မှန်ပါ့) အဲဒါကော မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)။

Does Vedanā-nirodhā not also lead to Moha-nirodho (the cessation of Delusion)? (It does, Sir). It certainly does. Yogis, when we examine the Pali texts in this way, we see that it all hinges on Feeling (Vedana). By observing the cessation of Feeling, Craving (Tanha) ceases. The moment Craving ceases, the Delusion (Moha) that arises simultaneously with it must also cease. Furthermore, if Craving does not arise, would Anger (Dosa)—which arises due to unpleasant feeling—not also cease? (It ceases, Sir).

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စမြင်ရင် (လောဘ စင်ပါတယ် ဘုရား) လောဘစင်တယ် ၊ ဒုက္ခကိုမြင်ရင် (ဒေါသစင်ပါတယ် ဘုရား) အနတ္တကိုမြင်ရင် (မောဟစင် ပါတယ် ဘုရား)။

So then, Yogis, when you see Impermanence? (Greed is eradicated, Sir). Greed is eradicated. When you see Suffering? (Anger is eradicated, Sir). When you see Non-Self? (Delusion is eradicated, Sir).

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အနိစ္စ တစ်လုံးသည် ဒုက္ခပဲ ၊ ဒုက္ခတစ်လုံးသည် (အနတ္တပါ)။ ဒါဖြင့် တစ်ချက်မြင်လိုက်ရင် သုံးချက် အကုန် ပါနေတယ် (ပါ နေပါတယ် ဘုရား) မပါဘူးလား (ပါနေပါတယ် ဘုရား)။

Therefore, Yogis, understand that Impermanence itself is Suffering. Suffering itself is? (Anatta, Sir). This means that if you see just one characteristic clearly with insight, all three are fully encompassed within that seeing. (They are encompassed, Sir). Are they not included? (They are included, Sir).

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် အစကလဲချုပ် ၊ အလယ်က ကော (ချုပ်ပါတယ် ဘုရား) အဆုံးကကော (ချုပ်ပါတယ်)

In that very moment, The Wheel of Dependent Origination ceases at the beginning. What about the middle? (It ceases, Sir). And the end? (It ceases too, Sir).

သြော် ပဋိစ္စသမုပ္ပါဒ် ချုပ်သွားတာသည် ဘာသစ္စာတွေ ချုပ်သွားတာပါလိမ့် (သမုဒယနဲ့ ဒုက္ခချုပ်တာပါ ဘုရား)။

Ah! When The Wheel of Dependent Origination ceases, which Noble Truths have ceased? (The Truth of Origin and the Truth of Suffering have ceased, Sir).

သမုဒယနဲ့ ဒုက္ခသစ္စာချုပ်တယ်

အဲ သမုဒယသစ္စာလဲ ချုပ်တယ် ၊ ဒုက္ခသစ္စာ ကော (ချုပ်သွားပါတယ် ဘုရား) ရှေးဦးစွာ ချုပ်မှာက သမုဒယ၊ နောက်ချုပ်မှာက (ဒုက္ခပါ ဘုရား) ရှေးဦးစွာ ချုပ်မှာက (သမု ဒယပါ ဘုရား) နောက်အဆက် ချုပ်မှာက (ဒုက္ခပါ ဘုရား)။

Yes, the Truth of Origin (Samudaya Sacca) ceases. And the Truth of Suffering (Dukkha Sacca)? (It ceases, Sir). The first to cease is the Origin, and what follows? (Suffering ceases, Sir). The first to cease is? (The Origin, Sir). And the subsequent continuation that ceases is? (Suffering, Sir).

အဲ လောဘ မလာလို့ရှိရင် တဏှာ ၊ ဥပါဒါန် ကံပါ ချုပ်သွားတော့ သမုဒယချုပ်သွားတော့ ဟိုဘက် ခန္ဓာ လာသေးရဲ့ လား (မလာပါ ဘုရား) ဒေါသလာရင် ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာတွေ ချုပ်သွားတော့ ဟိုဘက် ခန္ဓာ လာသေးရဲ့ လား (မလာပါ ဘုရား) , ပဋိစ္စသမုပ္ပါဒ် ဝိုင်းနေသေးရဲ့ လား (မဝိုင်းပါ ဘုရား) မဝိုင်း နိုင်တော့ဘူးတဲ့။

If Greed (Lobha) does not arise, Craving (Tanha), Clinging (Upadana), and Action (Kamma) all cease. Since the Origin has ceased, will another set of Aggregates arise in the future? (No, they will not, Sir). When Anger (Dosa), Sorrow (Soka), Lamentation (Parideva), and Ignorance (Avijja) cease, will future Aggregates arise? (No, they will not, Sir). Is The Wheel of Dependent Origination still spinning? (No, it is not spinning, Sir). It can no longer spin!

တစ်ခါအနတ္တမြင်လိုက်ပြန်တော့ ဒီက မောဟက စင်မသွားဘူးလား (စင်သွားပါတယ် ဘုရား)။

Furthermore, when you see Non-Self (Anatta), is Delusion (Moha) not entirely eradicated? (It is eradicated, Sir).

အဝိဇ္ဇာ စ, ချုပ်တော့ သင်္ခါရတွေကော (ချုပ်ပါ တယ်) သဘောပါပလား (ပါပါပြီ) ဒါဖြင့် ဒကာ ဒကာမတွေသိတဲ့ အတိုင်း ဒီဘက်မှာ သောတာပန် သက ဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက် ပါတယ် ဘုရား)။

When Ignorance (Avijja) ceases, do Mental Formations (Sankhara) not cease as well? (They cease, Sir). Do you grasp the meaning? (Yes, we do, Sir). Therefore, exactly as you Yogis know, are you not fully capable of becoming a Stream-Enterer (Sotapanna), a Once-Returner (Sakadagami), a Non-Returner (Anagami), or a fully awakened Arahant right here and now? (We are capable, Sir).

ဒါဖြင့် အနိစ္စမြင်လဲ ဒကာ ဒကာမတို့ ဒုက္ခ အနတ္တ မြင်သောကြောင့် ဒကာ ဒကာမတို့ အနိစ္စနဲ့ ရဟန္တာ ဖြစ်တာ လဲ ဓမ္မပဒမှာ ငါးရာ လာတာလဲ ဒုက္ခအနတ္တ ပါပြီးသား (မှန်ပါ့) ဒုက္ခသစ္စာ ကကော (ပါပြီးသားပါ ဘုရား)။

Whether you see Impermanence, Suffering, or Non-Self, they are all intertwined. In the Dhammapada, it mentions five hundred monks who became Arahants simply by contemplating Impermanence. Because they saw Impermanence, Suffering and Non-Self were naturally included. (True, Sir). Was the Truth of Suffering not also included? (It was fully included, Sir).

အဲ ပါပြီးသားမို့ ဝင်သွားတာလဲ သေသေချာ ချာ ရှင်းကြပါတယ် (မှန်ပါ့) ကဲ ရှုပ်ကြသေးသလား (မရှုပ်ပါ ဘုရား)။

Because all characteristics were fully included, they attained liberation. This is completely clear. (True, Sir). Is there any confusion left? (No confusion, Sir).

ဝေဒနာဖြစ်ပျက်တစ်လုံးတည်း

ဒါဖြင့် ဒကာ ဒကာမတွေက တစ်လုံးတည်းရှု (မှန်ပါ့) ဝေဒနာကြိုက်သူက ဝေဒနာဖြစ်ပျက် တစ်လုံးတည်း ရှု ၊ စိတ်ကြိုက်သူက (စိတ်ကို ဖြစ်ပျက် ရှုရမယ် ဘုရား)

Therefore, Yogis, watch and observe just one single object. (True, Sir). For those who are inclined towards Feeling, observe only the arising and passing away of Feeling. For those who are inclined towards the Mind? (We must observe the arising and passing away of the Mind, Sir).

တစ်လုံးတည်း ရှုဆိုတော့ ဘာမှ ခင်ဗျားတို့ ဗျာများမနေပါနဲ့ ဆိုတာကိုလဲ လေးနက်စွာ သတိပေး လိုက်ပါတယ် (မှန်လှပါ ဘုရား)။

Since I am instructing you to watch and observe just one single object, I strongly urge you not to be scattered or overwhelmed by looking at many things. (True, Sir).

ဘာမှ ဗျာများမနေကြပါနဲ့ ဒကာ ဒကာမတို့ လိုရာ ကိစ္စအပြီးအပိုင် ရောက်ပါတယ် ၊ တစ်လုံးတည်း ပိုင်ပိုင်ရှုပါ။ ဧကောဓမ္မော ပါပဲ (မှန်ပါ့ ဘုရား) ပေါ်ကြပြီနော် (ပေါ် ပါပြီ ဘုရား)။

Do not let your mind be scattered, Yogis. You will absolutely reach your ultimate goal! Watch and observe just one object with complete precision. It is Eko Dhammo—the singular path of practice. (True, Sir). Is the method clear to you now? (It is clear, Sir).

အေး ဒါတွေ သိရတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ သြော် တို့သည်ကားလို့ ဆိုရင်ဖြင့် မလုပ်တတ်လို့ ခက်နေတာပါကလား ၊ လုပ်တတ်ရင် လွယ်သားပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ် ဘုရား)။

Now that you understand this, you must realize: "Ah, the only reason we struggled was because we did not know how to practice properly! Once we know the right method, it is actually quite straightforward." Does this realization dawn on you? (It does, Sir).

နို့မဟုတ်လို့ရှိရင် ဒကာ ဒကာမတွေ ငါတို့ စုတေမ နေသေလွန်ရင် ဘယ်များ သွားရမှာပါလိမ့် မတုံး ဆိုတာက ဒီကသာ ဆက်နေရင် အဆက် စီမံရာ သွားရမယ် (မှန်ပါ့ ဘုရား) ဒေါသက ဆက်ရင် ဒေါသစီမံတဲ့ဆီ (သွားရပါမယ်)

Otherwise, Yogis, you might worry, "Where will we go when we die?" The answer is simple: if the cycle continues, you will be reborn wherever that continuation dictates. (True, Sir). If Anger (Dosa) continues the cycle, where will you go? (We will go where Anger dictates, Sir).

လောဘဆက်ရင် လောဘစီမံတဲ့ဆီ (သွားရပါမယ်) မောဟ ဆက်ရင် (မောဟစီမံတဲ့ဆီ သွားရပါမယ် ဘုရား)။

If Greed (Lobha) continues the cycle? (We will go where Greed dictates, Sir). If Delusion (Moha) continues the cycle? (We will go where Delusion dictates, Sir).

ဒီအတိုင်းမနေကြပါနဲ့

ကိုင်း ဒါဖြင့် ဒီ ခင်ဗျားတို့ ဖြစ်ပျက် အနိစ္စ ဖြစ်ပျက် ဒုက္ခ ၊ ဖြစ်ပျက် အနတ္တသာ မိအောင်ရှုတော့ (မှန်လှ ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒီအတိုင်း မနေကြ ပါနဲ့တဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်း မနေကြပါ နဲ့။

Therefore, you must diligently watch and observe to catch the arising and passing away—seeing it as Impermanence, seeing it as Suffering, and seeing it as Non-Self. (True, Sir). Is that clear? (It is clear, Sir). I urge you, Yogis, do not just remain as you are. Do not let your time pass uselessly!

ဒီအတိုင်း နေလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုး လာလိမ့်မယ်နော် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် (သုံးမျိုး လာပါလိမ့် မယ် ဘုရား)

If you just continue living blindly, three destructive paths of Dependent Origination will arise. (True, Sir). What will arise? (Three paths of Dependent Origination will arise, Sir).

သုံးမျိုးလာလို့ရှိရင် လောဘကြောင့် ဖြစ်လို့ရှိရင် ပြိတ္တာ (မှန်ပါ့) တဏှာ ဥပါဒါန် ကံ ပြိတ္တာဇာတိ မလာပေ ဘူးလား (လာပါတယ် ဘုရား)။

If the cycle is driven by Greed, you will become a Hungry Ghost (Peta). (True, Sir). Through Craving, Clinging, and Action, does the rebirth of a Hungry Ghost not await you? (It does await us, Sir).

ဒေါသ လာလို့ရှိရင် ဒေါသ သောက ပရိဒေဝ ဒုက္ခ အဝိဇ္ဇာဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ ငရဲဇာတိ (မှန် ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။

If Anger arises—bringing with it Sorrow, Lamentation, Pain, and Ignorance—Yogis, does the rebirth of Hell (Niraya) not await you? (It does await us, Sir).

ပြီးတော့ အဝိဇ္ဇာ မချုပ်ပြန်တော့လဲ အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်ဆိုတော့ တိရစ္ဆာန် ဇာတိ (မှန်ပါ့) မလာပေဘူး လား (လာပါတယ် ဘုရား) ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ဖြစ်ကြောင်းမလာရင် ပြတ်တယ်

And if Ignorance is not eradicated, it leads to Mental Formations and Consciousness, which dictate an Animal rebirth. (True, Sir). Does that not await you? (It does await us, Sir). See how truly terrifying this is! (It is terrifying, Sir).

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ အပါယ် လေးဘုံ ဖြတ်ချင်လို့ရှိရင် အပါယ်လေးဘုံ ဖြတ်လို့ မရဘူး ၊ အပါယ်လေးဘုံ ဖြစ်ကြောင်း မလာရင် ပြတ်တာပဲ (မှန်ပါ့ ဘုရား) အပါယ်လေးဘုံ ဖြစ်ကြောင်း မလာရင် (ပြတ်ပါတယ် ဘုရား)

Therefore, Yogis, if you simply wish to escape the four lower realms, you cannot just wish them away. You can only terminate them by ensuring the causes of the lower realms do not arise. (True, Sir). If the causes do not arise? (They are terminated, Sir).

လောဘမလာရင် ပြိတ္တာပြတ်တယ် (မှန်ပါ့) ဒေါသမလာရင် ငရဲ ပြတ်တယ် (မှန်ပါ့) မောဟ မလာရင် တိရစ္ဆာန်ပြက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကဲ အကုန် ပြတ်တာချည့်ပဲ ဆိုတာ သေချာကြပလား (သေချာပါပြီ)။

If Greed does not arise, the Hungry Ghost realm is terminated. (True, Sir). If Anger does not arise, Hell is terminated. (True, Sir). If Delusion does not arise, the Animal realm is terminated. (True, Sir). Do you fully grasp this? (We do, Sir). Are you absolutely certain that all these realms can be completely terminated? (We are certain, Sir).

ဖြစ်ပျက်ပိုင်ဖို့အရေးကြီးတယ်

ကိုင်း ဒါဖြင့် သြော် တို့ဟာ ဖြစ်ပျက်ပိုင်ဖို့ ဦးခင်မောင် တယ်အရေးကြီးပါကလား (ကြီးပါတယ် ဘုရား) အားလုံး တရားတစ်ပွဲလုံး ဘာအရေးကြီးပါလိမ့် (ဖြစ်ပျက်ပိုင်ဖို့ အရေးကြီးပါတယ် ဘုရား) ဖြစ်ပျက်ပိုင်ဖို့ သိပ်အရေးကြီး ပါတယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ကိုယ် အရေးကြီးတဲ့ အချက်ဟာ ဘာပါလိမ့်မတုံး (ဖြစ်ပျက်ပိုင်ဖို့ အရေးကြီးပါတယ် ဘုရား)။

ဖြစ်ပျက်ပိုင်ရင် အကုန်ပိုင်တယ်

Well then! You must realize, "Ah, mastering the process of arising and passing away is of the utmost importance!" Is it not, U Khin Maung? (It is very important, Sir). For everyone gathered here in this Dhamma hall, what is the most critical thing? (Mastering the arising and passing away is critical, Sir). It is absolutely crucial! (True, Sir). Yogis, what is the single most important task for you? (Mastering the arising and passing away is critical, Sir).

ခန္ဓာထဲမှာ ဖြစ်ပြီးပျက်တဲ့ တရားကလေးက အနိစ္စ (မှန်ပါ့) ဖြစ်ပြီးပျက်တဲ့ တရားကလေးဟာ (ဒုက္ခပါ ဘုရား)။ ဖြစ်ပြီးပျက်တဲ့ တရားကလေးဟာ (အနတ္တပါ ဘုရား) အဲ တစ်လုံးပိုင်ရင် အကုန် ပိုင်တာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

This natural phenomenon within the Aggregates that arises and passes away is Impermanence (Anicca). (True, Sir). That which arises and passes away is? (Suffering, Sir). That which arises and passes away is? (Non-Self, Sir). If you master just this one process, you have mastered everything! (True, Sir). Is it absolutely clear? (It is clear, Sir).

ကိုင်း ဒါဖြင့် သုသိမ ဇာတ်သိမ်း ရအောင်ဆို တော့ သုသိမကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ ရှေ့ပိုင်းက ဝိပဿနာဉာဏ်ကွ မဟောဘူးလား (ဟောပါတယ် ဘုရား) ရှေ့ပိုင်းက ဝိပဿနာဉာဏ်ကွ ၊ နောက် ဝိပဿနာ ချုပ်သွားလို့ရှိရင် နောက်ပိုင်းက ဘာလာမတဲ့ (မဂ်ဉာဏ် လာပါမယ် ဘုရား)။

Now, let us conclude the story of Susima. Did the Exalted Buddha not instruct Susima, saying, "Hey! Insight Knowledge (Vipassana Nana) must come first"? (He did, Sir). Insight Knowledge comes first, and when Insight Knowledge reaches its culmination and ceases, what comes next? (Path Knowledge or Magga Nana will come, Sir).

မဂ်ဉာဏ် လာမယ်ကွာ လို့ မဟောဘူးလား (ဟောပါတယ် ဘုရား) အဲ မဂ်ဉာက်ဆိုတော့ မဂ္ဂင်ရှစ်ပါး ပေါ့ဗျာ (မှန်ပါ့)။

Did He not explicitly teach that Path Knowledge will follow? (He did, Sir). And Path Knowledge implies the Noble Eightfold Path! (True, Sir).

ဝိပဿနာဉာဏ်

ရှေ့ပိုင်းက ဓမ္မဋ္ဌိတိဉာဏ် ဆိုတော့ ဝိပဿနာဉာဏ် (မှန်ပါ့) ဝိပဿနာဉာဏ်က ဒကာ ဒကာမတို့ ဘာနဲ့တူသတုံး လို့မေးတော့ လယ်လုပ်မည့်သူများ ဦးခင်မောင် ရေ လယ်ထဲ မှာ အမှိုက်တွေ ရှုပ်နေလို့ရှိရင် စုပုံ ရလိမ့်မယ်နော် (မှန်ပါ့)။

The preceding knowledge, Dhammatthiti Nana, is Insight Knowledge. (True, Sir). Yogis, if you ask what Insight Knowledge is like, think of a farmer. U Khin Maung, when a farmer prepares a field and finds it covered in weeds and rubbish, they must first gather all that rubbish into a pile, must they not? (True, Sir).

ဝိပဿနာဉာဏ်က အမှိုက်တွေစုပုံတာနဲ့ တူတယ် (မှန်ပါ့) မဂ်ဉာဏ်က စုပုံပြီး မီးရှို့လိုက်တာနဲ့ တူတယ် (မှန်ပါ့ ဘုရား)။

Insight Knowledge is like gathering the rubbish into a pile. (True, Sir). And Path Knowledge is like setting that pile on fire. (True, Sir).

ဝိပဿနာဉာဏ်က ကိလေသာတွေကို စုပုံပြီးထား လိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မဂ်ဉာဏ်က ဘာလုပ်ပစ်သလဲ (မီးရှို့ ပစ်လိုက်ပါတယ် ဘုရား)။

Insight Knowledge gathers all the defilements (Kilesa) together. (True, Sir). Do you grasp this? (We do, Sir). And what does Path Knowledge do? (It burns them away, Sir).

အဲဒီတော့ ဒီနှစ်ဉာဏ်ဟာဖြင့် တစ်ယောက်က အစု သမား တစ်ယောက်က မီးရှို့သမား ဖြစ်ရတော့မယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, regarding these two Knowledges, one acts as the Gatherer, and the other acts as the Burner! (True, Sir). Do you fully understand? (Yes, we do, Sir).

ဝိပဿနာဉာဏ်က (စုပုံသမားပါ ဘုရား) ကိလေသာ အညစ်အကြေးတွေ စုပြီး သကာလ မီးရှို့မလို့ အပုံသမား (မှန်ပါ့) မဂ်ဉာဏ် ကတော့ ဘာလုပ် လိုက်တယ် (မီးရှို့ လိုက်ပါတယ် ဘုရား)။

What is Insight Knowledge? (It is the Gatherer, Sir). It gathers the impurities and defilements into a pile, preparing them to be burned. (True, Sir). And what does Path Knowledge do? (It burns them away, Sir).

မဂ်ဉာဏ်

မဂ်ဉာဏ်က မီးရှို့လိုက်ပါတယ် ဆိုတော့ သြော် မီးရှို့လိုက်တော့ ပြောင်တဲ့ အခါကျတော့ လောဘ ကိလေသာလဲ ပြောင် ဒေါသ ကိလေသာ (ပြောင်ပါတယ် ဘုရား) မောဟ ကိလေသာကော- (ပြောင်ပါတယ် ဘုရား)။

Because Path Knowledge burns them away, everything is wiped completely clean! The defilement of Greed is wiped clean. And the defilement of Anger? (It is wiped clean, Sir). What about the defilement of Delusion? (It is wiped clean, Sir).

ကိလေသာ ဆယ်ပါးစလုံး ပြောင်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ကိလေသာ မရှိရင် ကံ မရှိတော့ ပါဘူး (မှန်ပါ့) ကံမရှိရင် အကျိုးပေး ခန္ဓာတွေကော (မရှိပါ ဘုရား)။

When all ten kinds of defilements are entirely wiped clean, Yogis, without defilements, there is no Action (Kamma). (True, Sir). If there is no Action, will there be any resultant Aggregates produced in the future? (No, there will not be, Sir).

ဪ ဒါဖြင့် ခန္ဓာဇာတ်သိမ်းပြီး ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) သြော် ဒီလိုပါ ကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာ ဘူးလား (ပေါ်လာပါတယ် ဘုရား)။

Ah! When the endless saga of the Aggregates is fully terminated and pacified, what do we call that? (Nibbana, Sir). The profound truth of this finally dawns on you! (True, Sir). Does it not? (It does, Sir).

သုသိမရဟန်း

ဒါနဲ့ သုသိမကို ဟောလိုက်တယ် ၊ သုသိမရေ ရှေ့ပိုင်းက ဝိပဿနာဉာဏ်ကွ၊ နောက်ပိုင်းက မဂ်ဉာဏ်ကွ၊ ဦးခင်မောင် ဒါပဲ ဘုရားက ဟောလိုက်တယ် (မှန်ပါ့)။

This is exactly what the Buddha preached to Susima. "Susima! Insight Knowledge comes first, and Path Knowledge comes next." U Khin Maung, the Buddha delivered just this essential teaching. (True, Sir).

ဟောလိုက်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာလဲ သူက မကျေနပ်သေးဘူး (မှန်ပါ့) သုသိမ ကျေနပ်ပလား (မကျေနပ်သေးပါ ဘုရား)။

Even though the Exalted Buddha preached this directly, Susima was not satisfied. (True, Sir). Was Susima convinced? (He was not yet convinced, Sir).

ဝိပဿနာဉာဏ်ကရှေ့ပိုင်းက

မကျေနပ်သေးပါဘူး ဒကာ ဒကာမတို့၊ အရှင်ဘုရား တပည့်တော်ကလဲ ဉာဏ်မွဲ ၊ ကံမွဲလဲ ဖြစ်ပါတယ် ဘုရာ့၊ ဒါကြောင့် အရှင်ဘုရားက ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ်ပဲလို့ တပည့်တော်ကို ဟောငြား သော်လဲ တပည့်တော် နားမလည်ပါဘုရား ဆိုတော့ မင်းနားလည်ချင်လဲ နေတော့ကွ၊ မလည်ချင်လဲ နေတော့ကွ၊ ဝိပဿနာဉာဏ်က ရှေ့ပိုင်းက ရှိရမယ် (မှန်ပါ့)။

နောက်မဂ်ဉာဏ်လာမယ်

He was not satisfied, Yogis. He protested, "Venerable Sir, I am poor in intelligence and destitute in merit! Even though You teach that Insight Knowledge comes first and Path Knowledge comes next, I simply do not understand." The Buddha replied firmly, "Whether you understand it or not, Insight Knowledge MUST come first!" (True, Sir).

နောက်မဂ်ဉာဏ်လာရမယ်၊ ငါဘုရား၏ အဆုံးအမ ဒါပဲ ဆိုတော့ ဦးခင်မောင် ရှင်းမနေဘူးလား (ရှင်းနေပါ တယ် ဘုရား)။

And Path Knowledge must follow! This is my absolute teaching." U Khin Maung, is that not perfectly clear? (It is crystal clear, Sir).

ဒီတော့ ကိုင်း-ဒါဖြင့် သုသိမ ပထမ ဉာဏ်ရင့်အောင် စောင့်ပြီး သကာလ အမေး အဖြေတွေ ဘုရားက ဒကာဝ - ဖြေမနေဘူးလား (ဖြေနေပါတယ် ဘုရား) သည်းခံပြီး ဖြေတယ် (မှန်ပါ့ ဘုရား)။

So, the Buddha waited patiently for Susima's intellect to mature, engaging him in a series of questions and answers. Did He not? (He did, Sir). He taught him with great patience. (True, Sir).

ကဲ လက်တွေ့မင်း ကိုယ်တိုင် ရဟန္တာဖြစ်အောင် ငါဟောတော့မယ် ဆိုပြီး ဘုရားသခင် ကိုယ်တော် မြတ်ကြီးက သူ ရဟန္တာဖြစ်အောင် ဟောတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

The Exalted Buddha declared, "Now, I will teach you the practical method so that you yourself will become an Arahant!" And so, He delivered the discourse meant to bring Susima to full awakening, Yogis. (True, Sir).

ဘယ်သူက ဟောပါလိမ့် (ဘုရားက ဟောမှာပါ ဘုရား) တရားနာ သမားက ဘယ်သူပါလိမ့် (သုသိမ ပါ ဘုရား) သုသိမ ၊ တစ်ယောက်တည်းနော် (မှန်ပါ့)။

Who was preaching? (The Buddha was preaching, Sir). And who was the listener? (Susima, Sir). It was Susima, just one single person! (True, Sir).

ရှေ့ပိုင်းကဝိပဿနာဉာဏ် နောက်မဂ်ဉာဏ်

ကိုင်း ဒါဖြင့် တပည့်တော်ဘုရား နားမလည် ပဲဖြစ်ပြီး သကာလ နေတယ် ဆိုတော့ အေးအေး ရှိပါစေ ရှိပါစေ၊ နားမလည်ပေမယ့် မင်းဒါတော့ မှတ်ထား၊

ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ် လို့တော့ မင်းက မှတ်ထား (မှန်ပါ့)။

When Susima complained, "Venerable Sir, I still do not understand," the Buddha said, "Very well, let it be. Even if you do not understand, mark my words: Insight Knowledge comes first, and Path Knowledge comes next!" (True, Sir).

ဒါကလေးကိုတော့ အမှတ်ခိုင်း ထားတယ် ဦးခင်မောင် (မှန်ပါ့) ဦးဇံရင် ဘာအမှတ်ခိုင်း ထားသတုံး (ရှေ့ပိုင်းက ဝိပဿနာဉာဏ်) နောက်ပိုင်းက (မဂ်ဉာဏ် ပါ ဘုရား)။

He commanded him to memorize just that simple rule. U Khin Maung! (True, Sir). U Zan Yin, what was he commanded to remember? (Insight Knowledge comes first). And what comes next? (Path Knowledge comes next, Sir).

အင်း ဒကာ ဒကာမတွေကတော့ ဘုန်းကြီးက ရှေ့က ရှင်းထားလို့ အတော် ရှင်းနေပြီ (မှန်ပါ့)။

Naturally, you Yogis understand this quite clearly because I have already explained the mechanics to you. (True, Sir).

ဝိပဿနာဉာဏ်က ကိလေသာတွေ ပုံထားသမား (မှန်ပါ့) မဂ်ဉာဏ်က (မီးရှို့သမားပါ) မီးရှို့သမား ဆိုတော့ ကိုက်ကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတို့က ဝိပဿနာ မလုပ်ဘဲ နဲ့ မဂ်ဉာဏ် ရချင်လို့ ရှိရင်တော့ ဘုရားကိုယ်တိုင် မတတ်နိုင် ဘူး (မှန်ပါ့ ဘုရား)။

Insight Knowledge is the Gatherer of defilements. (True, Sir). And Path Knowledge is? (The Burner, Sir). It is the Burner. Does this logic not align perfectly? (It aligns perfectly, Sir). Therefore, Yogis, if you desire to attain Path Knowledge without first practicing Insight (Vipassana), even the Buddha Himself cannot grant your wish! (True, Sir).

ဘုရားကိုယ်တိုင် ဘယ့်နှယ်တုံး (မတတ်နိုင်ပါ ဘုရား) သုသိမ မင်း နားလည်ချင်လည် ၊ မလည်ချင် နေတဲ့ ၊ ရှေ့ပိုင်းက ဝိပဿနာဉာဏ် ၊ နောက်ပိုင်းက မဂ်ဉာဏ်ပဲကွာ လို့ သေသေချာချာ ဆုံးမရှာတယ် (မှန်ပါ့)။

Even the Buddha Himself cannot do what? (He cannot grant it, Sir). He admonished him firmly: "Susima, understand it or not, Insight Knowledge is the prerequisite, and Path Knowledge is the result!" (True, Sir).

ခန္ဓာ့အနိစ္စမြင်မှ ဝိပဿနာဉာဏ်

အဲဒီတော့ ဒကာ ဒကာမတွေက တပည့်တော် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြန်မြန်ရ, ရပါလို၏ ဘုရားလို့ ဆုတောင်းပြီး သကာလ နေငြား သော်လဲ ရှေ့ပိုင်းက ဒါကလေးတော့ ထည့်ကြပါဦး (မှန်ပါ့) ဘာတုံး (ဝိပဿနာ ဉာဏ်ပါ ဘုရား)။

Therefore, Yogis, you may constantly pray, "May I swiftly attain Path and Fruition Knowledges (Magga-Phala Nana)." But despite your prayers, you must fulfill the prerequisite first! (True, Sir). What is that prerequisite? (Insight Knowledge, Sir).

ရှေ့ပိုင်းက ဝိပဿနာ ဉာဏ်ကလေး ထည့်ပါဦး (မှန်ပါ့) ဝိပဿနာ ဉာဏ် ဆိုတာကလဲ ဘာမြင်မှ ဝိပဿနာ ဉာဏ် ဖြစ်ပါလိမ့်မတုံး ခန္ဓာ့ အနိစ္စမြင်မှ (မှန်ပါ့)။

You must establish Insight Knowledge first. (True, Sir). And how exactly does Insight Knowledge arise? It arises only when you see Impermanence (Anicca) in the Aggregates (Khandhas). (True, Sir).

အဲဒီတော့ ခန္ဓာတော့ လှည့်ကြပါဦး (မှန်ပါ့) ဘယ်လိုပါလိမ့် (ခန္ဓာ လှည့်ကြပါဦး ဘုရား)။

So, you must turn your observing mind toward the Aggregates! (True, Sir). What must you do? (We must turn our attention to the Aggregates, Sir).

ခန္ဓာတော့ လှည့်မကြည့်ဘဲနဲ့ ပေးတော်မူပါ ဘုရာ့ တပည့်တော်ဖြင့် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အမြန် လိုချင်ပါတယ် ဘုရား ဆိုတော့ ခင်ဗျားတို့လဲ သုသိမ ဟောသလိုပဲ ဟောရဦးမှာပဲ (မှန်ပါ့)။

If you refuse to watch and observe the Aggregates, but merely pray, "Lord, grant me liberation! May my cycle of rebirth be short! May I attain Path and Fruition Knowledges immediately!"—then I will have to admonish you exactly as the Buddha admonished Susima! (True, Sir).

ဦးခင်မောင် မဟောရပေဘူးလား (ဟောရ ပါတယ်) ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏။ ဒကာ ဒကာမတွေက နှုတ်ကို တက်နေတာပဲ (မှန်ပါ့)။

U Khin Maung, would I not have to lecture you? (You would have to, Sir). You effortlessly recite, "May my cycle of rebirth be short, and may I attain Path and Fruition." Yogis, it is just a habit of the lips! (True, Sir).

မဂ် ဖိုလ် ရချင် ဝိပသနာအရင်လုပ်

ဘာတဲ့တုံး (ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏) ဝဋ်လဲ တိုချင်တယ် ၊ မဂ်ဖိုလ်လဲ ရချင်တယ် ၊ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရချင်ရင် ရှေ့ပိုင်းက ဝိပဿနာဉာဏ်လုပ် ၊ ဒါမှ နောက်ပိုင်းက ဘာရမလဲ (မဂ်ဉာဏ် ရပါမယ် ဘုရား)။

What did you just pray for? (May we attain Path and Fruition with a short cycle of rebirths, Sir). You want a short cycle, and you want Path and Fruition. If so, Yogis, if you want a short cycle of suffering and want to attain Path and Fruition (Magga-Phala), you must first practice Insight (Vipassana) Knowledge. Only then, what will you get at the end? (We will attain Path Knowledge, Sir).

အဲဒါပဲ တတ်တော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရ ရပါလို၏ ၊ အို အင်မတန် တိုပါတယ် ဒကာ ဒကာမတို့၊ ဟော အခုရှေ့ပိုင်းက ဘာလုပ် လိုက်မယ် (ဝိပဿနာ လုပ်လိုက်ပါမယ်) ဟော နောက်ပိုင်းက ဘာပေါ်မယ် (မဂ်ဉာဏ် ပေါ်ပါမယ် ဘုရား)။

That is all you know. Is it clear? (Yes, it is, Sir). You pray, "May we attain Path and Fruition with a short cycle." Oh, it is very short, Yogis. Look, what will you do first? (We will practice Vipassana, Sir). And what will appear later? (Path Knowledge will appear, Sir).

ကဲ ခင်ဗျားတို့ ပြောနေ ရတာက ကြာသေးတယ်၊ လုပ်ယူလိုက်ရင် ဒီထက်မြန်လိမ့်ဦးမယ် ထင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Well, just talking about it takes too long. If you actually practice it, I think it will be much faster. (True, Sir). Is that clear? (Yes, it is, Sir).

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်ကြဆိုတာ ဆရာဘုန်းကြီးက အမိန့်ပေးတယ် (မှန်ပါ့) မလုပ်ရင်တော့ဖြင့် မတတ်နိုင်ဘူး (မှန်ပါ့)။

So, Yogis, I command you to practice diligently until you succeed. (Yes, Sir). If you do not practice, nothing can be done. (True, Sir).

မလုပ်ရင်တော့ (မတတ်နိုင်ပါ ဘုရား) မတတ်နိုင်ဘူး ဆိုတာသေချာပလား (သေချာပါပြီ) ကိုင်း ရှေ့ပိုင်းက ဘာဉာဏ် (ဝိပဿနာဉာဏ်ပါ ဘုရား) နောက်ပိုင်းက (မဂ် ဉာဏ်ပါ ဘုရား)။

If you do not practice... (Nothing can be done, Sir). Are you sure about that? (We are sure, Sir). So, what knowledge comes first? (Insight Knowledge, Sir). What comes later? (Path Knowledge, Sir).

ဝိပဿနာဉာဏ်က ဘယ်လိုလုပ်တတ်သလဲ

ဝိပဿနာဉာဏ်က ကိလေသာကို ဘယ်လိုလုပ် တတ်သလဲ (စုပုံတတ်ပါတယ် ဘုရား) မဂ်ဉာဏ်က ဘာလုပ်တတ်သလဲ (မီးရှို့ တတ်ပါတယ် ဘုရား)။

What does Insight Knowledge do to defilements (Kilesa)? (It gathers them up, Sir). What does Path Knowledge do? (It burns them, Sir).

အဲဒီတော့ စုမှ မပုံဘဲနဲ့ မီးရှို့လို့ရှိရင် ဒီမီးက လယ် တစ်ကွက်လုံးတော့ လောင်မှာ မဟုတ်ဘူး (မှန်ပါ့) တချို့ အပင် ကျန်နေရစ်မှာပဲ၊ ကျန်ရင် ကိလေသာ ကျန်တာ ပဲ၊ ကိလေသာ ကျန်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရနိုင် (မှန်ပါ့) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

So, if you try to burn them without gathering them first, the fire will not burn the entire field. (True, Sir). Some weeds will remain. If they remain, defilements remain. If defilements remain, you cannot attain Path and Fruition. (True, Sir). Can you attain them? (No, we cannot, Sir).

အဲဒါတွေ ဒကာ ဒကာမတွေက သေသေချာချာ သိတော့မှ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဘုရား ၊ လုပ်တော့မယ် (မှန်ပါ့) ဒီဟာကလေး ထည့်ပေးပါ။ (မှန်ပါ့)။

Only when you Yogis understand this clearly, you pray, "May I attain Path and Fruition with a short cycle of rebirths. I will practice now." You must add this phrase. (Yes, Sir).

ဝဋ်ဘဝတိုတိုနဲ့ (မဂ်ဖိုလ် နိဗ္ဗာန်ရ ရပါလို၏) လုပ်ပါ တော့မယ် ထည့်ပါဦး (မှန်ပါ့) လုပ်ပါတော့မယ် ထည့်ပါဦးမှ ရ, ရပါလို၏နဲ့တော့ ဝေးပါသေးတယ် ခင်ဗျားတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

"With a short cycle..." (May we attain Path, Fruition, and Nibbana, Sir). "I will practice now!" Add this! (Yes, Sir). Unless you add "I will practice now," you are still far from attaining it. Do you grasp the meaning? (Yes, we do, Sir).

ဝဋ်ဘဝတိုတိုနဲ့ (မဂ်ဖိုလ်ရပါလို၏ လုပ်ပါတော့မယ် ဘုရား) လုပ်ပါတော့မယ် ဒါကလေးလဲ ထည့်ထား ရသေးတယ် (မှန်ပါ့)။

"With a short cycle..." (May we attain Path and Fruition, and we will practice now, Sir). You must include "We will practice now." (Yes, Sir).

ဘုရားကိုယ်က ကဲ နောက်က ဒကာ၊ဒကာမတွေ ရှေ့က ဒကာ ၊ ဒကာမတွေရော ရှေ့ပိုင်းက ဘာဉာဏ်တဲ့တုံး သုသိမ ဟောတာ (ဝိပဿနာ ဉာဏ်ပါ ဘုရား) နောက် ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။

The Buddha Himself asked the followers both in the front and the back—what did He preach to Susima? What knowledge comes first? (Insight Knowledge, Sir). And what comes later? (Path Knowledge, Sir).

ဝိပဿနာဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ်မရနိုင်

ဝိပဿနာ ဉာဏ်မပါဘဲနဲ့ မဂ်ဉာဏ်တော့ မရနိုင်ဘူး ကွ ဆိုတော့ ဝိပဿနာ ဉာဏ်က လုပ်ယူရမှာ (မှန်ပါ့) မဂ်ဉာဏ် ကတော့ဖြင့် သူရင့်လာရင် အလိုလို ပေါ်မယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

He explicitly stated, "Without Insight Knowledge, Path Knowledge cannot be attained!" Therefore, you must actively cultivate Insight Knowledge. (True, Sir). As for Path Knowledge, once Insight Knowledge matures, it will appear naturally. (True, Sir). Do you grasp the meaning? (Yes, we do, Sir).

မဂ်ဉာဏ်က သူရင့်လာရင် (အလိုလိုပေါ်ပါမယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့က ဒါရချင်တယ် ၊ ဒါရချင်ရင် ဒါ လုပ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

When Insight Knowledge matures... (Path Knowledge will appear naturally, Sir). So, if you want this result, you must do this practice. (Yes, Sir). Is that clear? (Yes, it is, Sir).

ဘာလုပ်ကြရ ယ် (ဝိပဿနာဉာဏ် လုပ်ရပါမယ် ဘုရား) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရချင်ရင် ဘာလုပ်ရမလဲ (ဝိပဿနာဉာဏ် လုပ်ရပါမယ် ဘုရား)။

What must you do? (We must practice Insight Knowledge, Sir). If you want Path and Fruition, what must you do? (We must practice Insight Knowledge, Sir).

အပြောနဲ့မပြီးဘူးနော် ကိုယ်တိုင်စမ်းကြည့်ပါ

အေး အပြောနဲ့ မပြီးဘူးနော် ကိုယ် တိုင်စမ်းကြည့်ပါ (မှန်ပါ့ ဘုရား)။

Indeed, mere words are not enough; you must practice and see it for yourself! (Yes, Sir).

အကယ်၍ မစမ်းချင်ဘူးဆိုရင် ခင်ဗျားတို့ ဒီအတိုင်း နေဆိုတော့ လောဘကလဲ လာမှာပဲ (မှန်ပါ့) လာရင် သေတော့ ၊ ပြိတ္တာဖြစ် ၊ ရှုပ်မနေနဲ့တော့ (မှန်ပါ့)။

If you refuse to practice and just stay as you are, greed (Lobha) will inevitably arise. (True, Sir). If it arises, when you die, you will become a hungry ghost (Peta). Do not complicate things. (True, Sir).

ဒေါသလာရင် ငရဲသွားမယ်

ဒေါသ လာလို့ ရှိရင်လဲ ဒကာ ဒကာမတို့ ငရဲသွား (မှန်ပါ့) မောဟလာရင် တိရစ္ဆာန်ဘုံနဲ့ သွား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

Yogis, if anger (Dosa) arises, you will go to Hell. (True, Sir). If delusion (Moha) arises, you will head to the animal realm. (True, Sir). Is that clear? (Yes, it is, Sir).

အဲဒီတော့ ဒီနှစ်ဉာဏ်ဟာ ရှေ့ဉာဏ်လာရင် နောက် ဉာဏ်လာမယ် (မှန်ပါ့ ဘုရား)။

Therefore, regarding these two knowledges, if the first knowledge comes, the second knowledge will follow. (Yes, Sir).

ရှေ့ဉာဏ်မှ မရှိလို့ရှိရင် ဒကာ ဒကာမတို့ ခုနင်က ငရဲ ၊ တိရစ္ဆာန် ပြိတ္တာပဲ ပြန်လာမှာပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

If you lack the first knowledge, Yogis, as mentioned earlier, you will inevitably return to the realms of Hell, animals, and hungry ghosts. (True, Sir). Won't you return there? (We will, Sir).

လှူဒါန်းပေးကမ်းရင် သုဂတိ

အဲ တပည့်တော်တို့ လှူဒါန်း ပေးကမ်းထားတာ သုဂတိတော့ မရောက်ဘူးလား (ရောက်ပါတယ်) ဒကာ ဒကာမ တို့ ၊ ကုသိုလ်တွေပဲ ဒါတွေလဲ ရောက်တာပဲ။

You might ask, "We have offered charity and donations; won't we reach a good destination (Sugati)?" (You will reach it). Yogis, these are merits (Kusala), and they do lead you there.

ရောက်ပင် ရောက်ငြား သော်လဲ အဲဒီ ကုသိုလ် အကျိုးဆက် ကုန်ပြန်တော့လဲ ပြန်ဆင်းရဦးမယ် (မှန်ပါ့) မဆင်းရပေဘူးလား (ဆင်းရပါတယ် ဘုရား)။

However, even though you reach there, once the results of those merits are exhausted, you will have to plunge back down into the lower realms. (True, Sir). Won't you have to go down? (We will have to, Sir).

အဲဒီတော့ကိုတဲ့ အကျိုးတော့ သူ့နေရာနဲ့သူ ကမ္မဝိပါကော အစိန္တေယျာ အကျိုးပေးတာ ချည်းပါ ပဲတဲ့၊ ဝဋ်ဖြတ်ဖို့ ကျတော့ ဒါလုပ်ရလိမ့်မယ် (မှန်ပါ့)။

Therefore, the results of Kamma are inconceivable. They will simply give their respective results. But to sever the cycle of suffering (Vatta), you must do this Vipassana practice. (True, Sir).

ကိလေသဝဋ် ပြတ်ချင်ရင်

ကိလေသဝဋ် ပြတ်ချင်ရင် ရှေ့ပိုင်းက ဝိပဿနာ ဉာဏ် နောက်ပိုင်းက မဂ်ဉာဏ် (မှန်ပါ့) ကိလေသဝဋ် ပြတ်ချင်ရင် (ရှေ့ပိုင်းက ဝိပဿနာဉာဏ် ၊ နောက်ပိုင်းက မဂ်ဉာဏ်ပါ ဘုရား)။

If you want to sever the Cycle of Defilements (Kilesa-vatta), Insight Knowledge must come first, followed by Path Knowledge. (True, Sir). If you want to sever the Cycle of Defilements... (Insight Knowledge comes first, followed by Path Knowledge, Sir).

(ကမ္မဝဋ် ပြတ်ချင်ရင် (ရှေ့ပိုင်းက ဝိပဿနာဉာဏ်၊ နောက်ပိုင်းက မဂ်ဉာဏ်ပါ ဘုရား)

If you want to sever the Cycle of Kamma (Kamma-vatta)... (Insight Knowledge comes first, followed by Path Knowledge, Sir).

ဝိပါကဝဋ်ပြတ်ချင်ရင်

ဝိပါကဝဋ် ပြချင်ရင် (ရှေ့ပိုင်းက ဝိပဿနာဉာဏ် နောက်ပိုင်းက မဂ်ဉာဏ်ပါ ဘုရား)

If you want to sever the Cycle of Results (Vipaka-vatta)... (Insight Knowledge comes first, followed by Path Knowledge, Sir).

ဒါပဲ ဘုန်းကြီးလဲ တတ်နိုင်တယ် ၊ ဘုရားပွင့်လဲ ဒါပဲ တတ်နိုင်မှာပဲ ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

This is all I can urge you to do. Even if a Buddha were to arise, this is all He could urge you to do. Do you see it? (Yes, we do, Sir).

ကိုင်း ဒါကြောင့် ဒကာ ဒကာမတွေ ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ကို ရ,ရပါလို၏ လို့ ဆုတောင်းလဲတောင်း၊ ဒါလဲ လုပ်လိုက် (မှန်ပါ့) တောင်းတဲ့ဆု ပြည့်သွားရော (မှန်ပါ့)။

Therefore, Yogis, pray, "May I attain Path and Fruition with a short cycle of rebirths," and at the same time, actually practice it! (True, Sir). Then your prayer will be fulfilled. (True, Sir).

တောင်းလည်းတောင်း လုပ်လည်းလုပ်ပါ

တောင်းလည်းတောင်း ပါနော် ၊ မလုပ်ပဲနေ တော့လဲ (မရပါ ဘုရား) မပြည့်ပေဘူး ဆိုတာ ဦးခင်မောင် သေချာပလား (သေချာပါပြီ ဘုရား)။

You must pray, but if you do not practice... (We will not attain it, Sir). U Khin Maung, are you sure it won't be fulfilled? (We are sure, Sir).

ဒါဖြင့်တောင်းလဲတောင်း ၊ ဘာလဲ (လုပ်လဲလုပ်ရပါ မယ် ဘုရား) သဘောကျပလား (ကျပါပြီ) တောင်းလဲတောင်း (လုပ်လဲလုပ်ရပါမယ် ဘုရား)။

So, you must pray, and what else? (We must also practice, Sir). Are you convinced? (Yes, we are, Sir). You must pray... (And we must also practice, Sir).

တောင်းလဲကောင်း ၊ လုပ်လဲလုပ်ပါဆိုတော့ တောင်းတာ ရှိသေးတော့ ဒါမပေါ်ဘူး ၊ လုပ်လိုက်တော့ ဒါ ပေါ်လာပြီး ဒါပေါ်လာတယ် (မှန်ပါ့) ၁ ပေါ်လာပြီး ၂ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

If you only pray but do not practice, the result will not appear. But when you practice, the first knowledge appears, and then the second follows. (True, Sir). Once number one appears, doesn't number two follow? (It does, Sir).

မသေပျော်သေးဘူး

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အေး စက်စက်ကလေးနဲ့ သြော် ငါတို့ သေပျော်ပေါ့များ အောက်မေ့ပြီး မနေကြနဲ့ (မှန်ပါ့) မသေပျော်သေးပါဘူး (မှန်ပါ့ ဘုရား)။

Therefore, my Yogis, do not sit around in a lukewarm manner, thinking to yourselves, "Oh, we are ready to die peacefully." (True, Sir). You are not ready to die yet! (True, Sir).

ဒကာ ဒကာမတွေ ဘယ်လိုဆုံးမသလဲ (မသေပျော် သေးပါ) မသေပျော်သေးဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

How do I admonish you Yogis? (That we are not ready to die yet). Are you certain that you are not ready to die yet? (We are certain, Sir).

ဝေဒနာဟာ အနိစ္စလား နိစ္စလား

ကိုင်း ဒါဖြင့် ကဲ ဒါက ဒကာ ၊ ဒကာမတွေ ကိုဆုံးမတာ သုသိမကို ဒီအတိုင်းဟောတာပဲ ၊ ဟေ့ သုသိမ ဟောဒီ ဝေဒနာကလေး တစ်လုံးဟာ အနိစ္စလား နိစ္စလားကွလို့ သုသိမကို မေးတာပဲ (မှန်ပါ့)။

Well then, this is my admonition to you. The Buddha preached exactly this to Susima. He asked, "Hey Susima, is this single feeling (Vedana) permanent or impermanent (Anicca)?" (True, Sir).

ကဲ ဒကာ ဒကာမတွေရော သုသိမ လုပ်ပါတော့ ဝေဒနာ ကလေးတစ်ခု ခန္ဓာကိုယ်ထဲ ပေါ်လာတယ် ၊ အနိစ္စ လား နိစ္စလား (အနိစ္စပါ ဘုရား)။

Now, Yogis, put yourselves in Susima's shoes. A feeling arises in the body. Is it permanent or impermanent? (Impermanent, Sir).

သဘောကျပြီ (မှန်ပါ့) ဖြစ်ပြီး ပျက်သွားတာပဲ မဟုတ်လား (မှန်ပါ့) ဒါဖြင့် သူ့ကို ဘာဆိုကြမယ် (အနိစ္စပါ ဘုရား)။

Exactly. (True, Sir). It arises and passes away, doesn't it? (Yes, Sir). So, what shall we call it? (Impermanent, Sir).

အနိစ္စကို အနိစ္စ လို့ ခင်ဗျားတို့ ဖြေနိုင်ကြတယ် ၊ ဒါ ဖြင့် အနိစ္စလို့ ဖြေနိုင်တော့ ဒီဉာဏ် ရတယ် (မှန်ပါ့) ဝိပဿနာ ဉာဏ်ရတာပဲ (မှန်ပါ့) ဒီပြင်ဉာဏ်မရသေးဘူး ၊မဂ်ဉာဏ်မရသေးဘူး (မှန်ပါ့)။

You are able to answer that it is impermanent. Since you can answer this, you have gained this knowledge. (True, Sir). You have gained Insight Knowledge. (True, Sir). You haven't gained any other knowledge yet; you haven't attained Path Knowledge yet. (True, Sir).

အနိစ္စဖြစ်တဲ့ဝေဒနာဟာ သုခလား ၊ ဒုက္ခလား

တစ်ခါဆက်ပြီး ဘုရားက မေးပြန်တယ် ၊ သုသိမကို ရဟန္တာဖြစ်အောင်လို့ ၊ သုသိမ ၎င်းအနိစ္စဖြစ်တဲ့ ဝေဒနာ ကလေးဟာ ဒုက္ခလား သုခလားလို့ မေး ပြန်တယ် (ဒုက္ခပါ ဘုရား)။

To guide Susima to Arahantship, the Buddha continued asking: "Susima, is this impermanent feeling suffering (Dukkha) or happiness (Sukha)?" (Suffering, Sir).

အဲ ဒကာ ဒကာမတွေက သုသိမ ဖြစ်သွားတော့ ဒုက္ခလို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

Well, you Yogis, acting as Susima, have answered that it is suffering. (True, Sir). Are you convinced? (Yes, we are, Sir).

ဘယ်ဉာဏ်နဲ့ ဖြေတာတုံး (ဝိပဿနာဉာဏ် နဲ့ ဖြေတာပါ ဘုရား) ဝိပဿနာဉာဏ်နဲ့ ဖြေတုန်းပဲ ရှိသေး တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါ ပြီ)။

With what knowledge did you answer? (With Insight Knowledge, Sir). You are still only at the stage of Insight Knowledge. (True, Sir). Are you convinced? (Yes, we are).

ဒီတရားကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား

ဟေ့ သုသိမ ၎င်းအနိစ္စဖြစ်တဲ့ တရားဟာ ငါ့ကိုယ် ငါ့ဟာ ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင် ပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

"Hey Susima, can this impermanent phenomenon be called 'I', 'Mine', or 'My Self'?" (No, it cannot, Sir). Are you convinced? (Yes, we are, Sir).

ငါ့ကိုယ် ၊ ငါ့ဟာ ငါ့ဥစ္စာလို့ မဆိုနိုင် သောကြောင့် အနတ္တပါ ဘုရား (မှန်ပါ့) ဒါဖြင့် ဒီလို မေးလိုက်တော့ ဒကာ ဒကာမတို့ ပြန်ပြီး သကာလ ကြည့်ပါဦး တဲ့ ဒီအတိုင်းပဲ ပြန်မေးမယ်၊ ခင်ဗျားတို့ သုသိမ အကုန်ပြန် လုပ်ကြ (မှန်ပါ့ ဘုရား) ဘုန်းကြီးက ဘုရား၏ ကိုယ်စားလှယ် အဖြစ်နဲ့ ဟောနေတယ် ၊ သုသိမ ဝေဒနာ ကလေးဟာ အနိစ္စ လား နိစ္စလား (အနိစ္စ ပါ ဘုရား)။

Since it cannot be called "I", "Mine", or "My Self", it is Non-Self (Anatta). (True, Sir). Having asked this, He then said, "Look again." He would ask the exact same way. All of you, play the role of Susima. (Yes, Sir). I am preaching as a representative of the Buddha. Susima, is this feeling permanent or impermanent? (Impermanent, Sir).

ကိုယ့်ဟာကိုယ် သုသိမ လုပ်ပြီးရှုနေ

ဘယ်ဉာဏ်နဲ့ ဖြေကြသလဲ (ဝိပဿနာ ဉာဏ်နဲ့ ဖြေ ပါတယ် ဘုရား) အင်း ဘယ်ဉာဏ်နဲ့မှ ဖြေလို့ မရဘူး ၊ ဒီဉာဏ်နဲ့ပဲ ဖြေလို့ရတယ် (မှန်ပါ့ ဘုရား)။

With what knowledge do you answer? (With Insight Knowledge, Sir). Indeed, you cannot answer with any other knowledge; you can only answer with this Insight Knowledge. (True, Sir).

အဲဒါ အိမ်ကျတော့ ကိုယ့်ဟာကိုယ် သုသိမ လုပ်ပြီး ရှုနေ (မှန်ပါ့) သြော် ခန္ဓာထဲ ပေါ်လာတာ အနိစ္စပါ ကလား ၊ ဒီ ဒုက္ခဖြစ်တဲ့ တရားကလဲ ဦးခင်မောင် အနတ္တပါ ကလား။ ငါ့ကိုယ် ၊ ငါ့ဟာ ငါ့ဥစ္စာမှ မဟုတ်ဘဲကိုး (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ)။

When you go home, be your own Susima and watch and observe! (Yes, Sir). Realize, "Oh, what arises in the body is indeed impermanent! U Khin Maung, this suffering phenomenon is indeed Non-Self (Anatta)! It is not 'I', 'Mine', or 'My Self'!" (True, Sir). Are you convinced? (Yes, we are).

ဝိပဿနာရင့် ရင် သစ္စာမြင်တယ်

ဒီလိုချည့် မေးလိုက်တော့ သုသိမ ရှင်းသွားတယ် (မှန်ပါ့) ရှင်းသွားပြီ ၊ အဲဒီတော့ သုသိမ ဘယ်လို ရှင်းသွားသတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဒီနေ့ တရားစ ကတည်းက ဘုန်းကြီးက ပြောခဲ့တယ် (မှန်ပါ့ ဘုရား) အနိစ္စ ဆိုတာ ဒုက္ခသစ္စာ (မှန်ပါ့) ဒုက္ခကော (ဒုက္ခသစ္စာပါ) အနတ္တကော (ဒုက္ခသစ္စာပါ) သစ္စာမြင်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အတိတ်ကဖြစ်တဲ့ဝေဒနာတွေဟာ အနိစ္စလား၊ နိစ္စလား

When asked repeatedly in this manner, everything became clear to Susima. (True, Sir). It became clear. So, if you ask how it became clear to him, Yogis, I mentioned this at the very beginning of today's sermon. (True, Sir). Impermanence (Anicca) means the Truth of Suffering (Dukkha Sacca). (True, Sir). What about suffering? (It is the Truth of Suffering). What about Non-Self (Anatta)? (It is the Truth of Suffering). He saw the Truth (Sacca). (True, Sir). Do you grasp the meaning? (Yes, we do, Sir).

ဝိပဿနာဉာဏ် ရင့်လာတော့ ဘာမြင်တယ် ထင်ကြသလဲ (သစ္စာမြင်ပါတယ် ဘုရား) အဲ သစ္စာ မြင်လိမ့်မယ်တဲ့ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ကိုင်းကွာ သုသိမ နားထောင်နော် ၊ ဒီဝေဒနာ ကလေးက အတိတ်က ဖြစ်တဲ့ ဝေဒနာကောကွာ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား) အတိတ် တုန်းက ခင်ဗျားတို့ ဘဝများစွာက ဖြစ်ခဲ့တဲ့ ဝေဒနာတွေ ၊မနေ့က ဖြစ်ခဲ့တဲ့ ဝေဒနာတွေကော ဘယ့်နှယ်ဆို ကြမလဲ (အနိစ္စပါ ဘုရား)။

When Insight Knowledge matures, what do you think you will see? (We will see the Truth, Sir). Yes, you will see the Truth. Then the Exalted Buddha said, "Now, listen, Susima. What about past feelings? Are they permanent or impermanent?" (Impermanent, Sir). What about the feelings that occurred in your many past lives, or the feelings from yesterday? What would you say? (They are impermanent, Sir).

အနိစ္စဖြစ်တဲ့ဝေဒနာတွေဟာ ဒုက္ခလား သုခလား

အဲဒီ အတိတ်ဖြစ်တဲ့ ဝေဒနာတွေဟာ အနိစ္စဖြစ်တဲ့ ဝေဒနာတွေဟာ ဒုက္ခလား သုခလား (ဒုက္ခပါ ဘုရား) ဘယ် ဉာဏ်နဲ့ ဖြေသလဲ (ဝိပဿနာ ဉာဏ်နဲ့ ဖြေပါတယ် ဘုရား)။ ဝိပဿနာဉာဏ်ပဲ ရှိသေးတယ် (မှန်ပါ့)။

Are those past feelings, those impermanent feelings, suffering or happiness? (Suffering, Sir). With what knowledge do you answer? (With Insight Knowledge, Sir). It is still only Insight Knowledge. (True, Sir).

ဒါကို ငါ့ကိုယ် ၊ ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား

အဲဒီ အတိတ်က ဖြစ်ခဲ့တဲ့ ဝေဒနာတွေသည် အနိစ္စ ဒုက္ခ ဖြစ်တဲ့ ဝေဒနာကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား)။

Can those past feelings, which are impermanent and suffering, be called "I", "Mine", or "My Self"? (No, they cannot, Sir).

မဆိုနိုင်ရင် ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) အနတ္တ၊ အတိတ်လဲ ဒီအတိုင်း မေးလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

If they cannot be called that, what shall we call them? (Non-Self, Sir). Non-Self. He asked about the past in the exact same way. (True, Sir). Are you convinced? (Yes, we are).

တစ်ခါ အနာဂတ်လဲ မေးသေးတယ် ဒကာ ဒကာမ တို့။ အနာဂတ်မှာတဲ့ မင်းခန္ဓာ ရပါလိမ့်မယ် တဲ့။ ဒီ အလုပ် မလုပ်ရင်ပေါ့ဗျာ (မှန်ပါ့)။

Then, Yogis, He also asked about the future. He said, "In the future, you will get a body—that is, if you don't do this practice." (True, Sir).

အဲဒီအနာဂတ်မှာ ဖြစ်လတ္တံ့ ဖြစ်တဲ့ ခန္ဓာတွေဟာလဲ ဒကာ ၊ ဒကာမတို့ တကယ်လို့ ဒီကနေ လှမ်း ပြီး သကာလ ဉာဏ်နဲ့ နှလုံးသွင်း ကြည့်လိုက်တာပေါ့ (မှန်ပါ့)။

If you project your mind and observe those future aggregates... (True, Sir).

အနာဂတ်မှာပေါ်မည့်ဝေဒနာက္ခန္ဓာဟာ

အနာဂတ်မှာပေါ်မည့် ဝေဒနာက္ခန္ဓာဟာလဲ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား) ဘယ်ဉာဏ်နဲ့ ဖြေသတုံး (ဝိပဿနာ ဉာဏ်နဲ့ ပါ ဘုရား)။

Are the feeling aggregates that will appear in the future permanent or impermanent? (Impermanent, Sir). With what knowledge do you answer? (With Insight Knowledge, Sir).

အဲဒီ အနိစ္စဖြစ်တဲ့ တရားကို ဒုက္ခလို့ ဆိုမလား သုခလို့ ဆိုမလား (ဒုက္ခပါ ဘုရား) ဒုက္ခလို့ ဆိုမယ် ၊ ဘယ်ဉာဏ်နဲ့ ပါလမ့် (ဝိပဿနာ ဉာဏ်နဲ့ပါ ဘုရား)။

Would you call those impermanent phenomena suffering or happiness? (Suffering, Sir). You will call them suffering. With what knowledge? (With Insight Knowledge, Sir).

အဲဒီ အနိစ္စ ဒုက္ခ ဖြစ်တဲ့ အနာဂတ် ဝေဒနာတွေကို ငါ့ ကိုယ် ၊ ငါ့ဟာ ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား) မဆိုနိုင်တာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

Can those future feelings, which are impermanent and suffering, be called "I", "Mine", or "My Self"? (No, they cannot, Sir). What do we call what cannot be called that? (Non-Self, Sir).

အနတ္တလို့ ဖြေလိုက်တယ် ၊ ဖြေလိုက်တော့မှ အင်း ဝိပဿနာဉာဏ် ရင့်ပြီ သုသိမ (မှန်ပါ့) ဒကာ ဒကာမတို့ သုသိမ ဘာဖြစ်သလဲ (ဝိပဿနာ ဉာဏ်ရင့် ပါတယ် ဘုရား) ဝိပဿနာဉာဏ် သေသေချာချာ ရင့်သွားပြီ (မှန်ပါ့)။

He answered "Non-Self." Once he answered that, ah, Susima's Insight Knowledge had matured! (True, Sir). Yogis, what happened to Susima? (His Insight Knowledge matured, Sir). His Insight Knowledge thoroughly matured. (True, Sir).

ဒကာ ဒကာမတို့ အခု ပစ္စုပ္ပန်ရော သူ ရှုပြီးပြီ နော် (မှန်ပါ) အတိတ်က ဟာတွေကော (ရူပြီး ပါပြီ) အနာဂတ်ဟာ တွေကော (ရှုပြီးပါပြီ)။

Yogis, he had now observed the present. (True, Sir). What about the past? (He had observed it). What about the future? (He had observed it).

သိမ်မွေ့တဲ့ဝေဒနာ ကြမ်းတမ်းတဲ့ဝေဒနာ

အဲ “ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ” အဇ္ဈတ္တလဲ အရှုခိုင်းတယ် ၊ ဗဟိဒ္ဓကော (အရှုခိုင်းပါတယ်) သိမ်မွေ့တဲ့ ဝေဒနာတွေကော (အရှု ခိုင်းပါတယ် ဘုရား) ကြမ်းတမ်းတဲ့ ဝေဒနာတွေကော (အရှု ခိုင်းပါတယ် ဘုရား)။

As the text says: "Yam kinci rupam atitanagata-paccuppannam ajjhattam va bahiddha va olarikam va sukhumam va". He was instructed to observe internally. And externally? (He was instructed to observe it). What about subtle feelings? (He was instructed to observe them). What about gross feelings? (He was instructed to observe them, Sir).

အရှုခိုင်းလိုက်တဲ့ အခါကျတော့ သုသိမ ဉာဏ်ထဲမှာ ဘယ်လို ထင်လာသတုံး ဆိုလို့ရှိရင် အလုံးစုံ ဒုက္ခချည်း ပါကလား လို့ ထင်လာတယ် (မှန်ပါ့)။

When instructed to watch and observe all these, what perception arose in Susima's mind? He realized that absolutely everything is nothing but suffering! (True, Sir).

ခန္ဓာကိုယ်ထဲ ဒုက္ခချည်းပဲ လို့ထင်လာတယ်

ဘယ်လို ထင်လာသတုံး (အလုံးစုံ ဒုက္ခချည်းလို့ထင် လာပါတယ် ဘုရား) အလုံးစုံ ဒုက္ခချည့်ပဲ ၊ ဖြစ် ဒုက္ခနဲ့ ပျက်ဒုက္ခမှ တစ်ပါး ခန္ဓာကိုယ်ထဲ ဘာမှမရှိဘူးလို့ ထင်လာတယ် (မှန်)။

What did he realize? (That absolutely everything is nothing but suffering, Sir). Absolutely everything is suffering. He realized that apart from the suffering of arising and the suffering of passing away, there is nothing else in the body. (True, Sir).

ဘယ်လိုထင်လာသတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှတစ် ပါး ခန္ဓာကိုယ်ထဲ ဘာမှမရှိဘူးလို့ ထင်လာပါတယ် ဘုရား)။

What did he realize? (That apart from the suffering of arising and passing away, there is nothing else in the body, Sir).

ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခမှ တစ်ပါး ခန္ဓာကိုယ်ထဲ ဘာမှ မရှိဘူး ထင်လာတဲ့ အခါကျတော့ ဒီဒုက္ခ ခန္ဓာ ကိုယ်ကြီးဟာ ဦးခင်မောင်၊ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။

When he realized that there is nothing in the body except the suffering of arising and passing away, U Khin Maung, this mass of suffering ceased! (True, Sir).

သုသိမသည် ဒီဉာဏ်ပေါ်ပြီ (မှန်ပါ့) အလယ် ဉာဏ်ကော ရှိသေးရဲ့လား (မရှိပါ ဘုရား) ဘာဉာဏ်ပါလိမ့် ဒီဉာဏ်က (မဂ်ဉာဏ်ပါ ဘုရား) မဂ်ဉာဏ်။

This knowledge arose in Susima. (True, Sir). Was the middle knowledge still there? (No, Sir). What knowledge is this? (It is Path Knowledge, Sir). Path Knowledge.

သုသိမ ရဟန္တာဖြစ်တယ်

ဒီလိုချည်း လေးခါ ပေါ်လိုက်တော့ သူ ရဟန္တာ မဖြစ် ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲ သုသိမ ရဟန္တာဖြစ် တယ်။ ကဲ ဒကာ ဒကာမတို့ သုံးချက် စေ့ပြလိုက်တာ ကို နော် (မှန်ပါ ဘုရား)။

As this occurred four consecutive times, didn't he become an Arahant? (He did, Sir). Yes, Susima became an Arahant. Well, Yogis, I have shown you how the three conditions are fulfilled. (True, Sir).

အဲဒီတွင် သစ္စာဆိုက် သွားပြီဆို တာကို လဲ သဘောကျပါတယ် (ကျပါတယ် ဘုရား) အနိစ္စလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) ဒုက္ခဟာကော (ဒုက္ခသစ္စာ ပါ ဘုရား) အနတ္တဟာကော (ဒုက္ခသစ္စာပါ ဘုရား)။

You also understand that he arrived at the Truth (Sacca). (Yes, we do, Sir). Impermanence (Anicca) is the Truth of Suffering (Dukkha Sacca). (True, Sir). What about suffering (Dukkha)? (It is the Truth of Suffering, Sir). What about Non-Self (Anatta)? (It is the Truth of Suffering, Sir).

အဲ သစ္စာဆိုက်သွားတဲ့အတွက် တဲ့ ၊ မဂ်ဉာဏ် လေးချက် ပေါ်လာတယ် (မှန်ပါ့) ဆက်ဆက် ရှုတာကိုး နော် (မှန်ပါ့)။

Because he arrived at the Truth, Path Knowledge arose four times. (True, Sir). Because he watched and observed continuously. (True, Sir).

ဒါနဲ့ သုသိမ ရဟန္တာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) ပြီးတော့ ရဟန္တာဖြစ်တယ် မဖြစ်တယ် စမ်းသေးတယ် ဘုရားက။

With this, didn't Susima become an Arahant? (He did, Sir). After that, the Buddha tested him to see if he had truly become an Arahant.

ဦးခင်မောင်ရေ ရဟန္တာဖြစ်တယ် မဖြစ်တယ် စမ်းတယ် (မှန်ပါ့) ရဟန္တာ ဖြစ်မှန်းတော့ ဘုရားက သိပြီးသား၊ သူ့ဉာဏ်နဲ့ ဖြေတဲ့ အဖြေကို ရချင်သေးတယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

U Khin Maung, He tested him to see if he was an Arahant. (True, Sir). The Buddha already knew he was an Arahant, but He wanted to hear the answer from his own knowledge. (True, Sir). Do you grasp the meaning? (Yes, we do, Sir).

သူ့ ဉာဏ်နဲ့ သူဖြေတဲ့ အဖြေကို (ရချင်ပါသေး တယ် ဘုရား)။

He wanted the answer derived from his own knowledge. (He wanted it, Sir).

ဇရာမရဏဟာ ဘယ်သူ့ကြောင့်ဖြစ်တာတုံး

ရချင်တော့ ဒကာ ဒကာမတွေ အားလုံး မှတ်ကြပါ တဲ့။ ဒါ ပါဠိတော် လာတာဖြစ်လို့ ဘုန်းကြီးများ ကလဲ လေးလေးနက်နက်ပဲ ပြောရဲ ဆိုရဲ ၊ ဟေ့ သုသိမ ဇရာ မရဏဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုံးကွလို့ မေးလိုက်တယ် ၊ သုသိမ က ဇာတိကြောင့် ဖြစ်ပါတယ်ဘုရား လို့ ဖြေရှာတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဇရာမရဏ ဘယ်သူ့ကြောင့် ဖြစ်သတုံး (ဇာတိကြောင့် ဖြစ်ပါတယ် ဘုရား)။

ဇာတိကြောင့်ဖြစ်တယ်

Since He wanted it, Yogis, mark this well. Because this comes directly from the Pali Canon, I dare to speak profoundly and definitively. He asked, "Hey Susima, due to what does Aging and Death (Jara-marana) arise?" Susima answered, "Due to Rebirth (Jati), Sir." (True, Sir). Yogis, due to what does Aging and Death arise? (Due to Rebirth, Sir).

အင်း သုသိမက ဒီအတိုင်း ဖြေတယ် (မှန်ပါ့) ဒကာ ဒကာမတို့ သူဟာ တိတ္ထိပဲ ၊ ဒါနားလည်ပါ့မလား (မလည်ပါ ဘုရား) ဒါဟာ ရဟန္တာ ဖြစ်သွားလို့ ဖြေနိုင်တာ (မှန်ပါ့) ဇရာ ၊ မရဏ ဘယ့်နှယ် ကြောင့်တုံးကွ ၊ ဘယ်သူက ဖြစ်စေတာတုံး ဆိုတော့ (ဇာတိက ဖြစ်စေပါ တယ် ဘုရား)။

Yes, Susima answered exactly like that. (True, Sir). Yogis, he used to be a wanderer of another sect (Titthi). Would he have understood this before? (No, he wouldn't, Sir). He could answer this only because he had become an Arahant! (True, Sir). "Due to what is there Aging and Death? What causes them?" (Rebirth causes them, Sir).

ဇာတိက ဖြစ်စေတာပဲ ဆိုတော့ ကောင်းပြီကွ ၊ ရဟန္တာ ဖြစ် မဖြစ်သူ့ကို စမ်းတယ် (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားပါလား ဇာတိကလဲ ဒကာ ဒကာမတို့ သိတဲ့အတိုင်း ဇာတိက အကြောင်း ၊ ဇရာ မရဏ ကကော (အကျိုးပါ ဘုရား) အကျိုး။

"It is caused by Rebirth, you say. Very well." He was testing if he was an Arahant. (True, Sir). Now, Yogis, think about it. As you know, Rebirth is the cause, and Aging and Death are? (The effects, Sir). The effects.

အကြောင်းကြောင့် အကျိုးဖြစ်တာ

ဪ အကြောင်းအကျိုးသာ ခန္ဓာထဲရှိပါ ကလား (မှန်ပါ့) ဇာတိ ဆိုတာလဲ ခန္ဓာငါးပါး အကြောင်း ပဲ (မှန်ပါ့) ဇရာ မရဏ ဆိုတာကော (အကျိုးပါ ဘုရား) အကျိုးပဲ ၊ ခန္ဓာငါးပါးပဲ (မှန်ပါ့)။

Oh! There are only causes and effects in the body! (True, Sir). Rebirth is just the cause, which is the Five Aggregates. (True, Sir). What about Aging and Death? (They are the effects, Sir). They are the effects, just the Five Aggregates. (True, Sir).

ဒီအကြောင်းကြောင့် ဒီအကျိုး ဖြစ်တာပဲ ၊ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး ဆိုတာ သုသိမ ဖြေတတ်ပြီ (မှန်ပါ) မဖြေတတ် သေးဘူးလား (ဖြေတတ်ပါပြီ ဘုရား)။

This effect arises due to this cause. Susima was now able to answer that there is no person or being. (True, Sir). Wasn't he able to answer? (He was, Sir).

ဒါ သုသိမ ဘယ်အချိန်ကျမှ ဖြေပါလိမ့် ဒကာ ဒကာမတို့ (ရဟန္တာဖြစ်မှ ဖြေတတ်ပါတယ် ဘုရား) ရဟန္တာ ဖြစ်မှ ဖြေတယ်၊ သူ့ကို ရဟန္တာဖြစ်တယ် မဖြစ်တယ် စမ်းတာ (မှန်ပါ့)။

At what point was Susima able to answer this, Yogis? (Only when he became an Arahant, Sir). He answered only when he became an Arahant. The Buddha was testing him. (True, Sir).

ဇာတိ ဘယ်သူ့ကြောင့်ဖြစ်တုံး

သုသိမ ဇာတိ ဘယ်သူ့ကြောင့် ဖြစ်သတုံးလို့ မေး ပြန်တယ် ဒကာ ဒကာမတို့ ကဲ ဖြေကြစမ်းပါ (ကမ္မဘဝ ကြောင့် ဖြစ်ပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ကံကြောင့် ဇာတိဖြစ်တယ်

Then He asked, "Susima, due to what does Rebirth arise?" Yogis, try answering. (Due to the Process of Becoming/Kamma, Sir). Kammabhava paccaya... (Jati, Sir). Are you convinced? (Yes, we are).

ဪ ကံကြောင့် ဘာဖြစ်ပါလိမ့် (ဇာတိ ဖြစ်ပါတယ် ဘုရား) ပဋိလောမမေးတာ ဒါ ဒကာ ၊ ဒကာမတို့ ၊ ဟုတ်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

Oh, due to Kamma, what arises? (Rebirth arises, Sir). The Buddha was questioning him in reverse order (Patiloma), Yogis. Isn't that right? (It is right, Sir).

ဒါဖြင့် ကံဟာကော ပုဂ္ဂိုလ် သတ္တဝါ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဇာတိကကော ပုဂ္ဂိုလ် သတ္တဝါ ဟုတ် ကဲ့လား (မဟုတ်ပါ ဘုရား) ပုဂ္ဂိုလ် သတ္တဝါတွေ အကုန် မရှိတော့ဘူး ဆိုတာ ရှင်းနေတယ် (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

So, is Kamma a person or a being? (No, Sir). Is Rebirth a person or a being? (No, Sir). It is crystal clear that the concepts of a person or a being are completely eradicated. (True, Sir). Isn't it clear? (It is clear, Sir).

ပုဂ္ဂိုလ် သတ္တဝါ ပျောက်ကြောင်း မပျောက်ကြောင်း ကို သူဟာ တိတ္ထိပဲ ကိုမြရွှေတို့ ဦးစံရင်တို့ရဲ့ ဒါတွေ ဘယ်သိ မလဲ (မှန်ပါ့) ရဟန္တာဖြစ်လို့ ဉာဏ်ရလို့ သိတာ (မှန်လှ ပါ ဘုရား) သဘော ကျပလား (ကျပါပြီ)။

Whether the concept of a person or being had disappeared or not—he used to be a wanderer of another sect. Ko Mya Shwe, U San Yin, how could he have known these things? (True, Sir). He knew this only because he attained Insight Knowledge and became an Arahant! (True, Sir). Are you convinced? (Yes, we are).

ခင်ဗျားတို့ သိတဲ့ သညာကတော့ ဗုဒ္ဓဘာသာမို့ သညာနဲ့ သိနေတာ (မှန်ပါ့) ဟိုက တိတ္ထိ ၊ ဒါတွေ ဘာမှ မ ပါဘဲနဲ့ ခုနင်က ရဟန္တာ ဖြစ်ပြီးမှ သိတဲ့အသိ (မှန်လှ ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

The knowledge you possess is merely intellectual (Sanna), because you are Buddhists. (True, Sir). But he was from another sect; he didn't have any of this background. This was the pure realization attained after becoming an Arahant. (True, Sir). Is that clear? (Yes, it is).

ဒါ ဘာဖြစ်ပြီးမှ သိတဲ့ အသိပါလိမ့် (ရဟန္တာ ဖြစ်ပြီးမှ သိတဲ့ အသိပါ ဘုရား) ရဟန္တာ ဖြစ်ပြီးမှ သိတဲ့ အသိ ဆိုတာ သေချာပလား (သေချာပါပြီ)။

What kind of realization is this? (The realization attained after becoming an Arahant, Sir). Are you certain this is the realization of an Arahant? (We are certain).

ကံဟာဘယ်သူ့ကြောင့်ဖြစ်သတုံး

ကိုင်း ဒါဖြင့် ဒီကံဟာ ဘယ်သူ့ကြောင့်ဖြစ်သ တုံးကွ၊ သုသိမ ဖြေစမ်း ဆိုတော့ (ဥပါဒါန်ကြောင့် ဖြစ်ပါတယ် ဘုရား)။

"Well then, due to what does this Kamma arise? Answer me, Susima." (Due to Clinging, Sir).

ဥပါဒါန်ကြောင့် ဖြစ်တယ်ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ပါသေးရဲ့ လား (မပါပါ ဘုရား)။

"Due to Clinging (Upadana)," he said. Is there any person or being involved? (No, Sir).

ဥပါဒါန်ဟာ နဂိုတုန်းကတော့ ငါ တယ်စွဲလမ်းတယ် ဆိုတာ လာသေးတာကိုးဗျ (မှန်ပါ့) ဒါ ငါ့ကံဆိုတာ ကော ကံပေါ် ငါမစွဲကြဘူးလား (စွဲပါတယ် ဘုရား) အခုဒီလို စွဲသေးရဲ့လား (မစွဲပါ ဘုရား)။

Normally, regarding Clinging, we tend to say, "I am very attached to this." (True, Sir). We even attach "I" to our Kamma, saying "My Kamma," don't we? (We do, Sir). Was there any clinging to "I" left in him now? (No, Sir).

ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်

မစွဲတာ ထောက်လိုက်တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သူဟာ ပုဂ္ဂိုလ် သတ္တဝါ ပျောက်တဲ့ အဖြေချည်း ဖြေနေတယ် (မှန်ပါ့)။

Judging by the fact that he no longer clung to it, my Yogis, every answer he gave completely eliminated the concept of a person or a being. (True, Sir).

ဘယ်ရောက်လို့ ဒီအဖြေတွေ မှန်နေတာပါလိမ့် (ရဟန္တာ ဖြစ်လို့ မှန်နေတာပါ ဘုရား) ရဟန္တာ ဖြစ်တော့ မှန်နေ တယ် ၊ ရဟန္တာ ဖြစ်တော့ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)

By reaching what stage did his answers become so accurate? (Because he became an Arahant, Sir). Because he became an Arahant, his answers were perfectly accurate. When one is an Arahant, does a person or a being still exist? (No, Sir).

ကိုင်း ဒါနဲ့ ဒီကနေ့ မေးလိုက်တာပဲ (ပေယျာလ) ထိုးကြ စို့ ရဲ့နော် (မှန်ပါ့) သင်္ခါရဟာ ဘယ်သူ့ကြောင့် ဖြစ်သတုံးကွ လို့မေးလိုက်တယ် (အဝိဇ္ဇာကြောင့်ပါ ဘုရား) အဝိဇ္ဇာကြောင့် ဖြစ်တယ် ဒီလ (လ) ထိုးလိုက်ပြီနော် (မှန်ပါ့) ရှည်နေမှာစိုး လို့။

Well, since I asked this today, let's use an ellipsis (Peyyala) to skip a bit. (True, Sir). He asked, "Due to what do Mental Formations (Sankhara) arise?" (Due to Ignorance, Sir). They arise due to Ignorance (Avijja). I'm skipping ahead so it won't be too long. (True, Sir).

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်

သိပြီး သကာလ သွားပြန်တော့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တယ်၊ သင်္ခါရ ဘယ်က လာသတုံး ၊ အဝိဇ္ဇာ ကြောင့် ဖြစ်တယ် ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ ဦးခင်မောင် အကုန် သိမ်းသွားပြီ (သိမ်းသွားပါပြီဘုရာ)။

Going further, Mental Formations arise due to Ignorance. Where do Mental Formations come from? Due to Ignorance. By this point, U Khin Maung, the concepts of a person or a being were entirely swept away! (They were swept away, Sir).

သုသိမမှာ ဒကာ ဒကာမတို့ ပုဂ္ဂိုလ် သတ္တဝါရှိသေး တယ်ဆိုတဲ့ ဉာဏ် လာသေးရဲ့လား (မလာပါ ဘုရား) အဲ ခင်ဗျားတို့လဲ ဒီဉာဏ်လာအောင် လုပ်ရမယ် (မှန်ပါ့) မလုပ်ရပေဘူးလား (လုပ်ရပါမယ် ဘုရား)။

Did the notion that a person or a being exists ever arise again in Susima's mind, Yogis? (No, it did not, Sir). You must practice so that this very knowledge arises in you! (True, Sir). Must you not practice? (We must, Sir).

လုပ်လိုက်တဲ့ အခါကျတော့ ဒါဟာ အမှန်သိဆိုတဲ့ မဂ်နဲ့ သိတဲ့ အမှန်သိ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) အဲ ခင်ဗျားတို့ ဘုရားရှိခိုးလို့ ရွတ်နေတာက အမှန်သိ မရောက် ဘူး (မှန်ပါ့ ဘုရား)။

When you practice, doesn't it become the Right Knowledge known by the Path (Magga)? (It does). Merely reciting prayers does not lead to this Right Knowledge. (True, Sir).

ဦးဝ မလိုဘူးလား (လိုပါတယ် ဘုရား) အဲဒါနဲ့ ဒီ အသိသည် ဘုရား ဘယ်အချိန်ကျမှ မေးတာတုံး လို့ ဆိုလို့ ရှိရင် ဦးခင်မောင် ဖြေတတ်ပလား (ဖြေတတ်ပါပြီ ဘုရား)။

U Wa, isn't it necessary? (It is necessary, Sir). Thus, U Khin Maung, do you know at what point the Buddha asked these questions to test this realization? (We know, Sir).

ပဋိစ္စသမုပ္ပါဒ် ပဋိလောမ ပြောင်းပြန် ပြန်မေးတဲ့ဥစ္စာ အဖြေမှန်ချည်း ထွက်လာတယ် (မှန်ပါ့) ဘယ်အချိန်မှာ သူ အဖြေမှန် ရပါလိမ့် (ရဟန္တာ ဖြစ်တဲ့ အချိန်မှာ ရပါတယ် ဘုရား)။

When questioned about The Wheel of Dependent Origination (Paticcasamuppada) in reverse order, nothing but the correct answers came out. (True, Sir). At what point did he obtain the correct answers? (At the moment he became an Arahant, Sir).

ပုဂ္ဂိုလ်သတ္တဝါလုံးဝမရှိ

အဲ ရဟန္တာဖြစ်တဲ့ အခါကျတော့ ပုဂ္ဂိုလ် သတ္တဝါဆို တာ လုံးဝ ရှာမတွေ့တာ သေချာ သွားတယ် (မှန်ပါ့) ပဋိစ္စ သမုပ္ပါဒ် အကြောင်း အကျိုးသာ ရှိတယ် (မှန်ပါ့) ဘာသာရှိ ကြသတုံး (ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးသာ ရှိပါတယ် ဘုရား)။ အကြောင်း အကျိုးသာ ရှိတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)

When one becomes an Arahant, it becomes absolutely certain that no "person" or "being" can be found anywhere. (True, Sir). There are only the causes and effects of The Wheel of Dependent Origination. (True, Sir). What is the only thing that exists? (Only the causes and effects of Dependent Origination, Sir). Yogis, isn't it clear to you that there are only causes and effects? (It is clear, Sir).

အေး အဲဒီကဲ့သို့ ရှင်းတဲ့ အခါကျတော့မှ သြော် ဒါ ရဟန္တာတို့၏ အမြင်ပါကလား ဆိုတော့ ဦးခင်မောင်ရေ အတော် ရှင်းသွားပြီ (မှန်ပါ့)။

Once you understand this clearly, you realize, "Ah, so this is the perspective of an Arahant!" U Khin Maung, it becomes quite clear. (True, Sir).

ဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ မနေ့ကပြောခဲ့တဲ့ ဖွတ်မြီးနဲ့ ဖွတ်ချည်တယ် ဆိုတာ လာတော့ တာပေါ့ဗျာ (မှန်ပါ့)။

At this point, the Buddha applied the method we discussed yesterday—using one's own words to bind oneself, like tying a monitor lizard with its own tail. (True, Sir).

သူ ရဟန္တာ ဖြစ်လို့ ဒါတွေ အဖြေမှန်တွေ ဒကာ ဒကာမတွေ ရှေ့တွင်ပဲ သူမထွက်သေးဘူးလား (ထွက်ပါတယ် ဘုရား)။

Because Susima had become an Arahant, didn't the correct answers naturally come out of him right in front of you Yogis? (They did, Sir).

ဟေ့ သုသိမ တဲ့ ဘုရားက ပြောပြီ။ မင်းဟာ အခု အဖြေမှန်တွေလဲ ထွက်ပြီ ၊ ဒီတော့ မင်း သံသယ မရှိဘဲနဲ့ အဖြေမှန်ချည်း ထွက်တယ် ၊ အကြောင်း အကျိုးချည်း ထွက် တယ် ၊ ဒုက္ခသစ္စာချည်း ထွက်တယ် (မှန်ပါ့)။

The Buddha then addressed him: "Listen, Susima. You have now provided the right answers. You answered with absolute certainty, free from doubt. You spoke only of causes and effects. You spoke only of the Truth of Suffering (Dukkha Sacca)." (True, Sir).

ဒါ ဒုက္ခသစ္စာတွေ မဟုတ်လား (မှန်ပါ့ ဘုရား) အကြောင်း အကျိုးချည်းကော မထွက်ဘူးလား (ထွက်ပါ တယ် ဘုရား) အင်း ပုဂ္ဂိုလ် သတ္တဝါပျောက်တဲ့ အဝိဇ္ဇာ ကြောင့် သင်္ခါရပဲလို့ ပုဂ္ဂိုလ် သတ္တဝါ ပျောက်တာကော မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

Are these phenomena not the Truth of Suffering (Dukkha Sacca)? (Yes, they are, Sir). Did you not speak exclusively of causes and effects? (Yes, Sir). Did you not explain that 'due to Ignorance (Avijjā), Volitional Formations (Saṅkhāra) arise,' thereby removing the illusion of a 'person' or 'being'? (Yes, we did, Sir).

အကြောင်းကြောင့် အကျိုးဖြစ်တယ်

အကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုတဲ့ သေသေ ချာချာ သဘောတွေကော သူမထွက်လာ ဘူးလား (ထွက်လာ ပါတယ် ဘုရား)။

Did he not clearly explain the natural law that effects arise due to causes? (He did, Sir).

ဒါတွေဟာ ဒုက္ခသစ္စာချည်းပဲ လို့ကော သူမသိဘူး လား (သိပါတယ် ဘုရား) သိတော့ ဘယ် အခြေအနေ ရောက် လို့ သူသိသွားပါလိမ့် (ရဟန္တာ ဖြစ်လို့ သိသွားပါတယ် ဘုရား)။

Did he not realize that all these are nothing but the Truth of Suffering (Dukkha Sacca)? (He realized it, Sir). How did he come to know this profoundly? (Because he became an Arahant, Sir).

အဲ ဒါဖြင့် သုသိမ မင်းနေရာကျပြီကွ၊ ကဲ မင်းကော ဒီအခြေအနေ မင်းသိတဲ့ အခြေအနေ မင်းဟာမင်း ယုံကြည်ပလား ဆိုတော့ ဒီကျတော့ ဦးခင်မောင်တို့ ဒကာဝတို့ ကိုယ့်ကိုယ်ကို ရဟန္တာ ဖြစ်ပြီး သကာလ နေတော့ ကိုယ့်အကြောင်းလဲ ကိုယ့်ကိလေသာတွေ ကုန်ကြောင်းလဲ သူဟာသူ ပစ္စဝေက္ခဏာ ဉာဏ်အမြင်နဲ့ အကုန် သိပြီနော် (မှန်ပါ့)။

The Buddha continued, "Well then, Susima, your answers are impeccable. Now, are you fully convinced of this state of realization you have reached?" At this point, U Khin Maung, you must understand that when one becomes an Arahant, one sees one's own state clearly. Through Reviewing Knowledge (Paccavekkhaṇa Ñāṇa), he inherently knew that all his defilements were completely exhausted. (True, Sir).

သုသိမ မင်း ကောင်းကင်ပျံနိုင်ရဲ့လား

အဲဒီကဲ့သို့ သိတဲ့ အချိန်ကျတော့မှ သူ့ဟာသူလဲ ရဟန္တာ ဖြစ်ကြောင်း ဆင်ခြင်လို့ သိတဲ့ အချိန် ကျတော့မှ ဦး ခင်မောင်ရေ မေးတာကိုး ၊ ကိုင်း သုသိမ မင်း ကောင်း ကင်ပျံနိုင်ရဲ့လားလို့ (မှန်ပါ့) မေးပြီ ဒကာ ဒကာမတို့။ ဘယ်လိုများ မေးသတုံး (မင်းကောင်းကင်ပျံနိုင်ရဲ့လားလို့ မေးပါတယ် ဘုရား) မပျံနိုင်ပါဘုရာ့လို့ ဖြေတယ် ၊ သူက၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

သူတစ်ပါးစိတ်တွေသိရဲ့လား

Only at this moment, when Susima had reflected and confirmed his own Arahantship, did the Buddha ask him, "Tell me, Susima, can you fly in the sky?" (True, Sir). Yogis, what did the Buddha ask? ("Can you fly in the sky?", Sir). And Susima replied, "No, Lord, I cannot fly." Do you see it? (Yes, we do, Sir).

သူတစ်ပါးစိတ်တွေ သိရဲ့လား သုသိမရေ တဲ့ (မှန်ပါ့) သူက ဘယ့်နှယ်ဖြေသလဲ (မသိပါဘုရားတဲ့) ရေပေါ်မှာ တင်ပလ္လင် ခွေပြီး သကာလ ထိုင်နိုင်ရဲ့လားလို့ မေး လိုက်တယ် (မထိုင်နိုင်ပါ ဘုရား)။

"Susima, can you read the minds of others?" (True, Sir). How did he reply? ("I cannot, Lord", Sir). The Buddha asked again, "Can you sit cross-legged on the surface of the water?" ("I cannot, Sir").

ရေထဲမှာ မင်းမထိဘဲနဲ့ အောက်ကို သွားနိုင်ရဲ့လား အပေါ်တက်နိုင်ရဲ့ လား မေးတော့ (မသွားနိုင်ပါ ဘုရား)။

"Can you dive into the earth or rise up through it as if it were water?" ("I cannot, Sir").

ပညာဦးစီးပြီး ရဟန္တာဖြစ်လာကြတာ

အဲ မင်းမေးလို့ ရဟန္တာတွေ ဟာကွာတဲ့ သမထ မပါဘဲနဲ့ သမာဓိ မပါဘဲနဲ့ ပညာဦးစီးပြီး ရဟန္တာ ဖြစ်လာလို့ သူတို့လဲ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်လို့ ဖြေတာ မင်းယုံပလားလို့ ဆိုတော့ တပည့်တော် တရားသူခိုး မှားပါပေါ့ ဆိုပြီး ဝန်ချတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တရားသူခိုး အသာထားစမ်းပါ

"Now, Susima," the Buddha said, "You previously questioned those Arahants. They told you they attained Arahantship led by Wisdom (Paññā), without relying on deep Concentration (Samatha or Jhāna). They told you they were liberated from defilements strictly through Wisdom. Are you convinced now?" At this realization, Susima confessed, "Lord, I, the Dhamma thief, was completely wrong." (True, Sir). Do you grasp the meaning? (Yes, we do, Sir).

တပည့်တော် ရိုးရိုးဝင်လာတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘုရား၊ ပေးချင်တဲ့ အပြစ်သာ ပေးပါတော့ ဘုရား ၊ တရားခိုး မလို့ ဝင်လာတာ၊ ပေးချင်တဲ့ အပြစ်သာ ပေးပါတော့ (မှန်ပါ့) တစ်ခါတည်း ဝန်ခံတော့တာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

Susima continued, "Lord, I did not join the Sangha with honest intentions. I came to steal the Dhamma. Please impose whatever punishment you deem fit." (True, Sir). He confessed everything right there and then. (True, Sir). Do you see it? (Yes, we do, Sir).

ကဲ ဒါနဲ့ အဲဒီတော့ကွာ တဲ့ မင်းတရားသူခိုး အသာထား စမ်းပါဦး၊ ဟို ကိုယ်တော်တွေ သဘော မင်း ရှင်းပလား လို့မေးလိုက်တယ် (မှန်ပါ့)။

The Buddha replied, "Let us set aside the matter of you being a Dhamma thief for a moment. Have you now clearly understood the nature of those monks you questioned?" (True, Sir).

ကဲ ဦးခင်မောင် ဘယ့်နှယ်မလဲ (ရှင်းပါ တယ်) ရှင်းရမယ် ၊ ခင်ဗျားတို့ တစ်ပွဲလုံး ရှင်းနေပြီ (မှန်ပါ့) မရှင်းကြ သေးဘူးလား (ရှင်းပါပြီ ဘုရား)

Well, U Khin Maung, how is it? (It is clear, Sir). It must be clear. All of you in this audience understand it clearly now. (True, Sir). Is it not clear to you? (It is clear, Sir).

အဲ ဟို ကိုယ်တော်တွေလဲ ပညာနဲ့ ကိလေသာ မှ လွတ်လာတယ်ဆိုတော့ ကောင်းကင်ပျံ မြေလျှိုး ကိစ္စပါ ပါရဲ့လား (မပါပါ ဘုရား)။

Since those monks were liberated from defilements purely through Wisdom (Paññā), did their attainment involve flying in the sky or diving into the earth? (It did not, Sir).

ဈာန်က နှစ်မျိုးရှိတယ်

အဲဒါကြောင့် ဒကာ ဒကာမတွေက မှတ်ရမှာက သြော် ဈာန်ဟာ နှစ်မျိုး ရှိတယ် မှတ်ပါ၊ လက္ခဏာရေး သုံးပါး ရှုတဲ့ ဈာန်က တစ်မျိုး ၊ ကောင်းကင်ပျံ၊ မြေလျှိုးတဲ့ အာရမ္မဏိက ဈာန်က တစ်မျိုး ၊ အာရမ္မဏူပနိဇ္ဈာန် ရယ်လို့ ရှိသေးတယ်နော် (မှန်ပါ့)။

Therefore, Yogis, mark this thoroughly: There are two distinct types of Jhāna. One is the Jhāna of examining the Three Universal Characteristics (Anicca, Dukkha, Anatta), known as Lakkhaṇūpanijjhāna. The other is the Jhāna aimed at flying in the sky or diving into the earth, known as Ārammaṇūpanijjhāna. (True, Sir).

ကမ္မဋ္ဌာန်းကို အနိစ္စ ဒုက္ခ မပါဘဲနဲ့ လုပ်ရတဲ့ ဈာန်က တစ်မျိုးရှိသေးတယ် (မှန်ပါ့)။

There is a type of meditation practice that does not involve seeing Impermanence (Anicca) and Suffering (Dukkha). (True, Sir).

အဲဒီတော့ လက္ခဏာ ဈာန်သာ ပါ၍ ဦးခင်မောင်ရေ အာရမ္မဏူပနိဇ္ဈာန် မပါဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

So, U Khin Maung, these Arahants possessed only the Lakkhaṇūpanijjhāna, not the Ārammaṇūpanijjhāna. (True, Sir). Are you convinced? (Yes, we are, Sir).

လက္ခဏာရေးသုံးပါးရှုတဲ့ အထဲတော့ ခုနင်က ဝီရိယ သတိ သမာဓိ မပါဘူးလား (ပါပါတယ် ဘုရား) အဲ-လက္ခဏာ ရေးသုံးပါး ရှုတဲ့အထဲမှာတော့ဖြင့် သမာဓိ ပါ ပါတယ် ကွာတဲ့ ဟုတ်လား (မှန်ပါ့)။

When you watch and observe the Three Characteristics, are Effort (Vīriya), Mindfulness (Sati), and Concentration (Samādhi) not present? (They are present, Sir). Indeed, the Buddha clarified, "When contemplating the Three Characteristics, Concentration (Samādhi) is certainly present." (True, Sir).

တကယ့် ဈာန်ရချင်လို့ ဗြဟ္မာလုပ်ချင်တဲ့ ဈာန်မျိုး တန်ခိုးပြချင်တဲ့ ဈာန်မျိုး အဘိညာဏ် ရတဲ့ ဈာန်မျိုး တော့ မပါ ဘူးဟေ့ တဲ့ (မှန်ပါ့)။

"However," the Buddha explained, "the kind of Jhāna cultivated to be reborn as a Brahma, or to perform miracles and attain supernormal powers (Abhiññā), is not present here." (True, Sir).

ဒါကြောင့် ပညာဦးစီးပြီး ပညာနဲ့ ကိလေသာမှ လွတ် လာတယ် ၊ ဈာန်က ဦးစီး မဟုတ်ဘူး (မှန်ပါ့) ဈာန်တော့ ပါတော့ပါရဲ့ ဦးစီးဟုတ်ကဲ့လား (မဟုတ်ပါ) နောက်လိုက် ဖြစ်နေတယ်လို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့)။

This is why they are liberated from defilements with Wisdom (Paññā) taking the lead. Deep concentration (Jhāna) does not lead. (True, Sir). Concentration is indeed present, but does it take the lead? (No, Sir). The Buddha declared that it only acts as a supporting follower. (True, Sir).

လာဘ်ပေါများရေး အလိုရှိလို့လာတာပါ

ကိုင်း ဒါဖြင့် မင်းကလဲ အခု တာဝန်ခံပါပြီ တဲ့ တပည့်တော် သည်ကားလို့ ဆိုရင် ရဟန္တာဖြစ်တာ ကိုယ့်ဟာ ကိုယ်လဲ သိပါပြီဘုရား။ တပည့်တော် မှားမိ တာတွေ အရှင်ဘုရားတို့ဆီ လာခြင်းသည် ရိုးရိုးနဲ့ လာသည် မဟုတ်ပါဘုရား တရားတွေ ခိုးပြီး သကာလ တပည့်တော်တို့ တိတ္တိထဲမှာ ဒီတရားတွေ ပြန်သင်ပြီး ဝါဒဖြန့်ပြီး လာဘ်ပေါ များရေး အလိုရှိလို့ လာခဲ့ခြင်း ဖြစ်ပါတယ်ဘုရား။

Susima said, "Lord, I now know for myself that I have attained Arahantship. I must confess my wrongdoings. I did not come to Your Order with honest intentions. I came to steal the Dhamma, take it back to our sect of ascetics (Titthi), spread the teachings as our own, and thereby gain abundant offerings and fame."

အေး ဒါ မင်းကို ရဟန်းခံ မပေးခင်ကတည်းက ငါသိတယ် ၊ ဘုရားက ပြောတယ် (မှန်ပါ့) ရဟန်ခံ မပေးခင် ကတည်းက မသိဘူးလား (သိပါတယ် ဘုရား)။

"I knew this even before I granted you ordination," the Buddha replied. (True, Sir). Did the Buddha not know this beforehand? (He knew it, Sir).

အဲဒီတော့ မင်းဟာ တရားသူခိုးတဲ့ ၊ သို့ရာတွင် မင်း သည်ကားလို့ ဆိုရင် ခိုးရင်းမတ္တနဲ့ ရဟန္တာ ဖြစ်မှာ မြင်လို့ ဘုရားက ခွင့်ပေး လိုက်တာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

The Buddha essentially said, "You were a Dhamma thief. However, I foresaw that you would attain Arahantship even while attempting to steal the Dhamma." Is it not certain that the Buddha granted him permission for this very reason? (It is certain, Sir).

ပေးချင်တဲ့အပြစ်ကိုပေးပါတော့

အဲဒီတော့ တပည့်တော်ဟာ တရားသူခိုးလဲ ဖြစ်ပါ တယ်လို့ သူ့ဟာသူလဲ ဖော်လိုက်ပြီ ၊ ပေးချင်တဲ့ အပြစ်ကိုလဲ ပေးပါတော့ ဆိုတော့မှ မင်းဟာမင်း မှားတဲ့ ဥစ္စာကို နောက်ဒီ လို မလုပ်တော့ပါဘူး ဝန်ခံရင် ကျေတာပါပဲကွ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

When Susima exposed himself as a Dhamma thief and pleaded, "Impose whatever punishment you deem fit," the Buddha responded compassionately: "Since you have recognized your mistake and confessed, promising never to repeat it, your fault is pardoned." (True, Sir). Is that clear? (Yes, it is, Sir).

ဒါဖြင့် နောက်တစ်ဖန် ကျေစရာ အကြောင်းဟာ မလုပ် တော့ပါဘူးဆိုရင် ပြီးတာပဲ (မှန်ပါ့)။

Therefore, if one resolves never to commit the offense again, the matter is settled. (True, Sir).

မလုပ်တော့ပါဘူး ဆိုပေမယ့် ခင်ဗျားတို့ ဒီနားမလုပ်၊ ဟိုနားမှာ လုပ်မယ် ဆိုလဲ ဒီလိုလဲ မဖြစ်သေးဘူး (မှန်ပါ့) ဘယ်တော့မှ မလုပ်ဘူး ဆိုတာလဲ ထည့်ပေးကြပါဦး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

However, when you say "I will not do it again," you cannot mean "I won't do it here, but I might do it over there." It does not work like that. (True, Sir). You must explicitly add, "I will never do it again anywhere." (True, Sir). Do you see it? (Yes, we do, Sir).

ရဟန္တာကတော့ ဘယ်နေရာမှာ ဘာလုပ်သေး သတုံး (ဘာမှမလုပ်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

Besides, would an Arahant ever commit such wrongdoings anywhere? (He would do nothing of the sort, Sir). Do you grasp the meaning? (Yes, we do, Sir).

မှားသ၍ အကုန်ဝန်ချပါ၏

အဲဒီတွင် သုသိမ ရဟန္တာဖြစ်ပြီး သူ့ဟာသူ တပည့်တော် မှားသ၍ အကုန်ဝန်ချပါ၏ ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှားတာ မှားမှန်း သိတဲ့ ပုဂ္ဂိုလ် ငါတို့က အပြစ်ကို ဝန်ခံတဲ့ အတွက် သာဓု အနုမောဒနာ ခေါ်ပါ တယ် ဆိုပြီး ခေါ်တာပဲ (မှန်ပါ့ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

သုသိမ နှစ်ဉာဏ်နဲ့ ရဟန္တာဖြစ်တယ်

And so, having become an Arahant, Susima declared, "I confess all the wrongdoings I have committed." The Buddha then proclaimed, "When a person recognizes his fault as a fault and confesses it, we rejoice and say Sādhu (Well done)!" (True, Sir). Do you see it? (Yes, we do, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ သူ ရဟန္တာဖြစ်တာ ကျုပ်တို့ အရေးမကြီးပါဘူး ၊ သူ ရဟန္တာ ဖြစ်တဲ့ ဇာတ်မှာ ကျုပ်တို့မှာ ဘယ်နှဉာဏ်နဲ့ ဖြစ်တယ် ဆိုတာ ကျုပ်တို့က သိလိုက်ရ တယ် (မှန်ပါ့) မသိလိုက် ရဘူးလား (သိလိုက်ရပါ တယ် ဘုရား)

Therefore, Yogis, the mere fact that Susima became an Arahant is not the most important takeaway for us. What is crucial in this story is that we learn exactly how many Knowledges (Ñāṇa) it took for him to attain it. (True, Sir). Did we not learn this? (We did, Sir).

ဘယ်နှဉာဏ်နဲ့ ကြိုးစား ရမှာပါလိမ့် (နှစ်ဉာဏ် နဲ့ ကြိုးစားရမှာပါ ဘုရား) ရှေ့ပိုင်းက (ဝိပဿနာ ဉာဏ်ပါ) နောက်ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။

How many Knowledges must you strive for? (We must strive with two Knowledges, Sir). What is the first phase? (Insight Knowledge / Vipassanā Ñāṇa, Sir). What is the final phase? (Path Knowledge / Magga Ñāṇa, Sir).

ဝိပဿနာဉာဏ်က ဘာလုပ်တတ်သတုံး

ဝိပဿနာဉာဏ်က ကိလေသာတွေကို ဘာလုပ် တတ်သတုံး (စုပုံတတ်ပါတယ် ဘုရား) စုပုံဖော် ရတယ်။

What does Insight (Vipassanā) Knowledge do to the defilements (Kilesas)? (It gathers them into a pile, Sir). Yes, it gathers and exposes them.

မဂ်ဉာဏ်က ဘာလုပ်တတ်သတုံး (မီးရှို့ဖော် ရပါတယ် ဘုရား)။

And what does Path (Magga) Knowledge do? (It burns them down, Sir).

မဂ်ဉာဏ်က ဘာလုပ်တတ်သတုံး

မီးရှို့ဖော်ရတယ် ဆိုတော့ ဒကာ ဒကာမတို့ လေးခါ လောက် မီးရှို့တော့ ကိလေသာ မီးပုံကြီး မကုန်ဘူးလား (ကုန်ပါတယ် ဘုရား)။

Because Path Knowledge burns them down, Yogis, if you ignite this fire four times, will the massive pile of defilements not be completely reduced to ashes? (It will be completely destroyed, Sir).

အဲဒါကြောင့် ရဟန္တာ ဖြစ်ပါတယ် ဆိုတာလဲ သေချာ ကြပလား (သေချာပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

Are you now absolutely certain that this is how one becomes an Arahant? (We are certain, Sir). Is everything clear? (It is clear, Sir).

ကဲ နာရီစေ့ပြီ ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။

Well, the time is up. Let us conclude for today. Sādhu! Sādhu! Sādhu!