တရားတော်

book-10310

စိတ္တာနုပဿနာ တရားတော်

မာတိကာသို့

စိတ္တာနုပဿနာ တရားတော်

Cittānupassanā Dhamma Talk (Contemplation of the Mind)

ကျေးဇူးတော်ရှင် အမရပူရမြို့၊ မင်္ဂလာတိုက်ဟောင်း

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌

ဟောကြားတော်မူသော

စိတ္တာနုပဿနာ တရားတော်

(၈-၂-၆၁)

Delivered by the Benefactor, the Venerable Mogok Sayadaw At U Chit Swe Dhamma Hall, Mandalay (8th February 1961)

တရားရှာခန္ဓာထဲမှာ တွေ့ရမယ်

Search for the Dhamma within the Aggregates (Khandha)

အားလုံး ဒကာ ဒကာမတွေ တရား နှလုံးသွင်းပါလို့ သတိပေးလိုက်တယ်နော်... တရား နှလုံးသွင်းဆိုတာ က မိမိတို့၏ ခန္ဓာကိုယ်ထဲမှာ တရားရှိတယ်လို့ မှတ်ရမယ်၊ ဘယ်မှာတရားရှိပါလိမ့် (မိမိတို့၏ ခန္ဓာကိုယ်ထဲမှာ ရှိပါ တယ်)၊ မိမိတို့ ခန္ဓာကိုယ်ထဲမှာ တရားရှိတယ်လို့ သေသေချာချာ မှတ်ထားကြပါ (မှန်ပါ့)။

I remind all of you Yogis to take the Dhamma to heart. When I say "take it to heart," you must realize that the Dhamma exists within your own body. Where does the Dhamma exist? (It exists within our own body, Sir). Determine with certainty that the Truth resides within your own body. (Yes, Sir).

တရားရှာ-ခန္ဓာထဲမှာ တွေ့ရမယ်ဆိုတဲ့အတိုင်း ခန္ဓာထဲမှာ ကြည့်ပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)၊ အဲဒီတော့ ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေက စောင့်ပြီး ကြည့်စမ်းပါလို့ ဒီကသတိပေးပြန်တယ်နော် (မှန်ပါ့)၊ ဦးခင်မောင်... ဘယ်လိုကြည့်ရမယ် (စောင့်ပြီး ကြည့်ရမယ်)၊ စောင့်ပြီး ကြည့်ရမယ်လို့ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ ဘယ်လိုကြည့်ကြရမယ် (စောင့်ပြီး ကြည့်ရပါမယ်)။

As the saying goes, "Search for the Dhamma, and you will find it within the Khandha." I am warning you to look inside. Therefore, I urge you again: watch and observe this body. (Yes, Sir). U Khin Maung, how should you observe? (We must watch and observe, Sir). Yogis, mark this carefully: You must watch and observe. How must you do it? (Watch and observe, Sir).

စောင့်ပြီးသကာလ အသက်ကလေး မှန်မှန်ရှူပြီးသကာလ ကြည့်ရမယ်၊ အသက်ကလေး မှန်မှန်ရှူပြီးသကာလ ကြည့်နေတဲ့အခါကျတော့ အာရုံတွေက တိုက်ချင်ရာက တိုက်လိမ့်မယ်ဆိုတာ မှတ်ထားရမယ် (မှန်လှပါ ဘုရား)၊

While watching, breathe normally. As you breathe normally and observe, be aware that sense objects will strike the sense doors as they please. Mark this well. (Yes, Sir).

အပြင်ဧည့်သည် ခြောက်ခု

The Six External Guests

အာရုံတွေက တိုက်ချင်ရာက တိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဖြတ်ခနဲ မျက်လုံးဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမ တွေ မှတ်ထားပါ ဧည့်သည်ဖြစ်တဲ့ မြင်စိတ်ပေါ်လာတယ်လို့ မနေ့ကပြောတာ မှတ်မိကြတယ် မဟုတ်လား (မှတ်မိပါ တယ် ဘုရား)၊ မျက်လုံးဖွင့်လိုက်တဲ့အခါကျတော့ ဘယ်စိတ်ပေါ်လာသတုံး (ဧည့်သည်ဖြစ်တဲ့ မြင်စိတ် ပေါ်လာပါ တယ်)။

When sense objects strike as they please, if you suddenly open your eyes, remember what I told you yesterday: the "Seeing Consciousness" arises as a guest. Do you remember? (We remember, Sir). When you open your eyes, what mind arises? (The guest, the Seeing Consciousness, arises, Sir).

ဧည့်သည်ဖြစ်တဲ့ မြင်စိတ်

The Guest: Seeing Consciousness

ဧည့်သည်ဖြစ်တဲ့ မြင်စိတ် ပေါ်လာတယ်၊ ကောင်းပြီ အဲဒီဧည့်သည်ဖြစ်တဲ့ မြင်စိတ်ဟာ အရင်ကပါလာတာ လား... ယခုမှ ဒီနားရောက်မှ ဒီအဆင်းနဲ့တွေ့လို့ ယခုမှ ပေါ်လာတာလား... မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ယခုမှ ပေါ်လာတာပါ ဘုရား)၊ ဒါဖြင့် ပစ္စုပ္ပန်စိတ်ပဲဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ ပစ္စုပ္ပန်စိတ်လို့ ဒကာ ဒကာ မတွေက မှတ်ပါနော် (မှန်ပါ့)၊ ဘာစိတ်ပါလိမ့် (ပစ္စုပ္ပန်စိတ်ပါ ဘုရား)၊ အဲဒါကြောင့် ဘဒ္ဒေကရတ္တသုတ်မှာ ဟောထား တာက ပစ္စုပ္ပန်တည့်တည့် ရှုကြပါဟေ့ဆိုတဲ့ အဓိပ္ပာယ်ကလေး ရှင်းပြပါတယ်။

The guest—the Seeing Consciousness—arises. Good. Now, is this guest—the Seeing Consciousness—something that came along with you from the past, or did it only arise right here, right now, upon meeting the visible object? If asked, how will you answer? (It only arose right now, Sir). Then you must note that it is the Present Consciousness (Paccuppanna). (Yes, Sir). Yogis, please mark this. What kind of mind is it? (Present Consciousness, Sir). That is why the Bhaddekaratta Sutta teaches us to observe strictly the present moment. I am explaining that meaning.

အဲဒီတော့ ဒကာ ဒကာမတွေ သန္တာန်၌ မျက်လုံးကလေး ဖွင့်လိုက်ရင် မြင်စိတ်၊ မြင်စိတ် ပေါ်သည်နဲ့ တစ် ပြိုင်နက် စောင့်နေတဲ့ သတိ သမာဓိ ပညာက ဒကာ ဒကာမတွေ ချက်ချင်းလိုက်ပါ၊ ဪ... မြင်စိတ်ကလေး ပေါ်ပြီ၊ မြင်စိတ်ကလေး မရှိဘူးဆိုတာ ချက်ချင်းလိုက်ပါ (မှန်ပါ့ဘုရား)၊ သဘောကျကြပလား (ကျပါပြီ)။

So, the moment you Yogis open your eyes, Seeing Consciousness arises. The very instant the Seeing Consciousness arises, the observing mind—consisting of Mindfulness (Sati), Concentration (Samadhi), and Wisdom (Panna)—must follow immediately. "Oh... the Seeing Consciousness has appeared. Now, the Seeing Consciousness is gone." You must follow it immediately. (Yes, Sir). Do you grasp the meaning? (Yes, we do, Sir).

ဒါ အလုပ်သင်နေတယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ မျက်လုံးဖွင့်လိုက်တော့ ဘာစိတ်ပေါ်တုံး (မြင်စိတ် ပေါ်ပါတယ် ဘုရား)၊ မြင်စိတ်ပေါ်တာကလေးကို ဦးခင်မောင်တို့ လူစုက ဒီအတိုင်း မနေလိုက်ပါနဲ့ စောင့်နေတဲ့ သတိ ပညာက လိုက်လိုက်ပါနော် (မှန်လှပါ ဘုရား)။

Mark clearly that this is training for the actual practice. (Yes, Sir). When you open your eyes, what arises? (Seeing Consciousness arises, Sir). U Khin Maung and the group, do not just sit there when the Seeing Consciousness arises. The watching Mindfulness and Wisdom must follow it right away. (Yes, Sir).

လိုက်လိုက်တဲ့အခါကျတော့ကို ရှိသေးရဲ့လား (မရှိတော့ပါဘူး)၊ မရှိတော့ “စက္ခုဝိညာဏံ အနိစ္စ”ဆိုတဲ့အတိုင်း အမြင်ကလေးကို ဖြစ်ပျက်-ဖြစ်ပြီးပျက်တဲ့ ဓမ္မကလေးရယ်လို့ စောင့်နေတဲ့တရားက မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)၊ စောင့်နေတဲ့တရားက မြင်တော့ ငါမြင် သူမြင်တာလားလို့ မေးတဲ့အခါကျတော့ ငါမြင် သူမြင်ဆိုတာ မဟုတ် ပါဘူး၊ မြင်စိတ်ကလေးက မြင်ပြီးသကာလ မြင်စိတ်ကလေးက မမြင်ဘဲနဲ့ပဲ ချုပ်သွားတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ယူတာပေါ့ (မှန်လှပါ ဘုရား)။

When you follow it, does it still exist? (It does not exist anymore, Sir). Since it no longer exists, does the observing mind not see that the vision is merely a phenomenon that arises and passes away, in accordance with "Cakkhuviññāṇaṃ aniccaṃ" (Eye-consciousness is impermanent)? (It sees it, Sir). When the observing mind sees this, if asked, "Is it I who sees, or he who sees?" you will realize: It is not "I" seeing, nor "he" seeing. You must realize that the Seeing Consciousness saw, and then the Seeing Consciousness ceased without retaining the sight. (True, Sir).

မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်

Seeing is Arising and Passing; Observing is the Path

အဲဒီကဲ့သို့ ရှုလိုက်တဲ့အခါကျတော့ မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတာတော့ ဒကာ ဒကာမတွေ မှတ်မိကြပါလိမ့်မယ်နော် (မှန်ပါ့)၊ မြင်စိတ်က ဘာတဲ့ (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ်ပါ ဘုရား)။

When you observe in this way, the Seeing Consciousness is the Arising and Passing (Anicca), and the observing mind is the Path (Magga). You Yogis will remember this. (Yes, Sir). What is the Seeing Consciousness? (It is Arising and Passing, Sir). And the observing mind? (It is the Path, Sir).

ရှုတာက ဝိပဿနာမဂ်ဖြစ်နေတော့ ဒီဟာတွေသည် ဘုန်းကြီးပြောတဲ့အတိုင်း ဒကာ ဒကာမတွေက စောင့် ကြည့်နေပြီး ပေါ်တဲ့ ဓမ္မတွေကို မလိုက်တော့ပါဘူးလို့ ဒကာ ဒကာမတွေက ခပ်ပေပေဖြင့် နေကြမယ်ဆိုလို့ရှိရင်ဖြင့် မြင်ရင်လိုချင်တယ် မလာဘူးလား (လာပါတယ်)၊ လိုချင်တယ်ဆိုတော့ (တဏှာပါ)၊ စွဲလမ်းတယ်ဆိုတော့ (ဥပါဒါန် ပါ)။

အားထုတ်တယ်ဆိုတော့ (ကံပါ)။

ဒါဖြင့် ဒီတဏှာ ဥပါဒါန် ကံတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

Since the observing mind is Vipassana Magga, if you do not follow the arising phenomena as I have instructed—if you Yogis remain negligent—then the thought "I want to see" or "I like what I see" will arise. Will it not? (It will arise, Sir). If there is "liking," that is Craving (Tanha). If there is "clinging," that is Clinging (Upadana). If there is "effort to see," that is Action (Kamma). So, will these Tanha, Upadana, and Kamma not arise? (They will arise, Sir).

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မြင်စိတ်ကလေး ရှူမှု-ရှိုက်မှုနဲ့ စိုက်ပြီးသကာလ ကြည့်နေတုန်း ဖြတ်ခနဲ မြင်စိတ်ကလေး ပေါ်တယ်၊ မြင်စိတ်ကလေးနောက်ကို တစ်ခါတည်း စောင့်နေတဲ့ ဓမ္မတွေက ချက်ချင်း လိုက်-လိုက်ပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

That is why, while you are concentrated on your breathing, if the Seeing Consciousness flashes into existence, the waiting Dhamma (Observation) must follow the Seeing Consciousness immediately. (Yes, Sir). Is this clear? (Yes, it is, Sir).

အကယ်၍ မလိုက်ဖြစ်တော့ပါဘူး၊ ဦးခင်မောင်တို့က မလိုက်ဖြစ်တော့ပါဘူး၊ ဒကာသစ်တို့က မလိုက်ဖြစ်တော့ ပါဘူးဆိုရင်ဖြင့် မြင်တာကို လိုချင်တယ် စွဲလမ်းတယ် အားထုတ်တယ်ဆိုတဲ့ အနာဂတ် အကြောင်းသုံးခု တစ်ခါတည်း ပေါ်လာတယ်လို့ မှတ်ထားကြပါနော် (မှန်လှပါ)။

If you fail to follow it—if U Khin Maung or Lay Devotee Thit fails to follow it—then mark this: Three Future Causes—liking what is seen, clinging to it, and making an effort for it—will immediately arise. (True, Sir).

အနာဂတ် အကြောင်းသုံးခု

The Three Future Causes

ဘာပေါ်လာတယ် (အနာဂတ် အကြောင်းသုံးခု ပေါ်လာပါတယ်)၊ အနာဂတ် အကြောင်းသုံးခု ပေါ်လာလို့ ရှိရင် အနာဂတ် အကျိုးသုံးခုဆိုတဲ့ ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာ သုံးခု လာမလား မလာဘူးလား (လာပါမယ် ဘုရား)၊ လာမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

What arises? (Three Future Causes arise, Sir). If the Three Future Causes arise, will the Three Future Effects—Birth (Jati), Aging (Jara), and Death (Marana), which are the Truth of Suffering (Dukkha Sacca)—come or not? (They will come, Sir). Is it not certain that they will come? (It is certain, Sir).

အဲဒါတွေကြောင့် ဒကာ ဒကာမတွေ စောင့်ပြီးသကာလ ပေါ်ရာကို အနိစ္စရှုပါ၊ (ဝါ) ဖြစ်ပျက်ရှုပါဆိုတဲ့ဥစ္စာ ဘာခိုင်းတာတုံး... မေးတဲ့အခါကျတော့ ဦးခင်မောင် မှတ်လိုက်စမ်းတဲ့ အခု ရှေ့ကပြထားတဲ့ တဏှာ ဥပါဒါန် ကံ တွေ သတ်နေတာလို့ မှတ်လိုက် (မှန်လှပါ ဘုရား)၊ ဘယ်လိုမှတ်ကြမယ် (တဏှာ ဥပါဒါန် ကံတွေ သတ်တာပါ ဘုရား)။

Because of this, when I instruct you to watch and observe Anicca (Arising and Passing) in whatever appears, what am I asking you to do? U Khin Maung, mark this: You are eradicating Tanha, Upadana, and Kamma. (True, Sir). How should you remember this? (We are eradicating Tanha, Upadana, and Kamma, Sir).

တဏှာ ဥပါဒါန် ကံတွေ သတ်လိုက်တော့ အကြောင်းသုံးခု သတ်လိုက်တဲ့အတွက် ဇာတိ ဇရာ မရဏဆိုတဲ့ အနာဂတ်ဘဝ အကျိုးသုံးခုသည် လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ ဒါစောင့်ပြီးကြည့်နော် (မှန်လှပါ)။

When Tanha, Upadana, and Kamma are eradicated—when these three causes are destroyed—will the three future effects of Birth, Aging, and Death still come? (They will not come, Sir). Watch and see. (Yes, Sir).

ဒါဖြင့် စောင့်ပြီး မကြည့်တဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် ဪ ဘာများဖြစ်ရှာမှာပါလိမ့်မလဲလို့ ဒကာ ဒကာမ တွေက မေးလို့ရှိရင်ဖြင့် မြင်တဲ့စိတ် ဖြစ်ပျက်မရှုတဲ့အတွက် လိုချင်တယ် စွဲလမ်းတယ် မရရအောင် အားထုတ်မယ် ဆိုတဲ့ တရားသုံးခု မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဒါ အနာဂတ်အကြောင်း မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

Now, if you ask, "What happens to those who do not watch and observe?" Because they do not observe the Arising and Passing of the Seeing Consciousness, the three factors—Craving, Clinging, and Effort to obtain—will inevitably arise. Will they not? (They will arise, Sir). Are these not the Causes for the Future? (They are, Sir).

အနာဂတ်အကြောင်းဆိုတာ အခုအကြောင်းတော့ လုပ်ထားတာပဲ၊ သေသည်၏ အခြားမဲ့၌ ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ်)၊ ဇာတိ ဇရာ မရဏဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

If the causes for the future are created now, then immediately after death, will Birth, Aging, and Death not follow? (They will follow, Sir). What Truth are Birth, Aging, and Death? (They are the Truth of Suffering, Dukkha Sacca, Sir).

မြင်စိတ်ကို ဖြစ်ပျက် ရှုပါ

Observe the Arising and Passing of Seeing Consciousness

အဲဒီ ဒုက္ခသစ္စာတွေ လာမှာစိုးလို့ ဘုန်းကြီးက ဒကာ ဒကာမတွေ မြင်စိတ်ပေါ်လို့ရှိရင် မြင်စိတ်ကို ဖြစ်ပျက် ရှုပါ၊ ဧည့်သည်စိတ်ကလေးပါ၊ ငါမြင်-သူမြင် မဟုတ်ပါဘူး၊ အခုမှ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာပါ၊ အဲဒီ အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်လာတာကလေးကို ခင်ဗျားတို့က ငါလည်း မထင်ပါနဲ့ သူလည်း မထင်ပါနဲ့ အနိစ္စ ကလေးလို့သာလျှင် မထင်ထင်အောင် လိုက်ပါ၊ အနိစ္စမို့ အနိစ္စသိအောင် လုပ်ပါလို့ဆိုတာ အလုပ်သင်တာပဲ လို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဒါအလုပ်သင်နေတာနော်... ဒကာ ဒကာမတို့ (မှန်လှ ပါ ဘုရား)၊ မြင်ရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)၊ မြင်ပြီးရင် ဘယ်သူလိုက်လာမယ် (တဏှာ ဥပါဒါန် ကံ လိုက်လာမယ်)၊ တဏှာ ဥပါဒါန် ကံ လိုက်လာမယ် (မှန်ပါ့)။

Because I fear these sufferings will come to you, I urge you: when Seeing Consciousness arises, observe its Arising and Passing. It is just a "Guest Consciousness." It is not "I" seeing, nor "he" seeing. It appears only because the sense object and the sense door have collided right now. When that collision occurs and consciousness appears, do not assume it is "I," do not assume it is "he." Follow it until you see it as Anicca. Strive to know it is Anicca. Yogis, mark this as your training. (Yes, Sir). This is training, Yogis. (Yes, Sir). When seeing occurs, what must you do? (Observe Arising and Passing, Sir). If you see and do not observe, who follows? (Tanha, Upadana, and Kamma will follow, Sir). Yes, Tanha, Upadana, and Kamma will follow. (True, Sir).

သေသည်၏ အခြားမဲ့၌ ဘာတွေများ အမွေရမလဲလို့ မေးလို့ရှိရင် ဇာတိ ဇရာ မရဏ ရမယ် (မှန်လှပါ ဘုရား)၊ ဘာတွေရမယ် (ဇာတိ ဇရာ မရဏ ရမယ်)၊ ဇာတိ ဇရာ မရဏ ရလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေ ချာပါတယ် ဘုရား)။

And immediately after death, if asked what inheritance you will receive, you will receive Birth, Aging, and Death. (True, Sir). What will you receive? (Birth, Aging, and Death). Is it not certain that you will receive Birth, Aging, and Death? (It is certain, Sir).

ဪ... ဒါဖြင့် ဒကာ ဒကာမတို့ မြင်ရုံကလေးပဲ ဘာအပြစ်ရှိသတုံးဆိုတာ ဦးခင်မောင်တို့ ဒီစကားမသုံး လိုက်ပါနဲ့လို့ ဒကာသစ်တို့ကိုလည်း သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒီစိတ် ကလေးဟာ ဧည့်သည်လား...၊ အိမ်သည်လားလို့ဆိုတာ ယခု ဒီရောက်မှ ပေါ်တာပဲ ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

Do not say, "Oh, what is the harm in just a little seeing?" I warn U Khin Maung not to use such words, and I warn Lay Devotee Thit as well. (Yes, Sir). Is that clear? (Yes, Sir). So, is this mind the "Host" or a "Guest"? Let us say it appears only when you arrive here. (Yes, Sir).

ကြားစိတ်ကလေးလာလည်း စောင့်ပြီးရှုပါ

When Hearing Consciousness Comes, Watch and Observe

ဒါဖြင့် ဧည့်သည်စိတ်ကလေး ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ထိုင်ရင်းမတ္တနဲ့ကော စောင့်နေရင်း မတ္တနဲ့ကော ဟိုဘက်က ဒိုင်းခနဲ ဒုန်းခနဲ အသံကလေးက ကြားပြန်တယ်ဆိုတော့ ဒကာ ဒကာမတို့ ဘာစိတ်ပေါ်မလဲ (ကြားစိတ်ပေါ်ပါတယ် ဘုရား)၊ ကြားစိတ်ပေါ်လို့ ကြားရတာ လန့်သွားတယ်ဆိုတော့ ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

So, what must you do with this "Guest Consciousness"? (Observe its Arising and Passing, Sir). Whether you are just sitting or waiting, if a sound—Bang! Boom!—is heard from over there, what mind arises in you, Yogis? (Hearing Consciousness arises, Sir). If Hearing Consciousness arises and you are startled by what you hear, will Anger (Dosa), Sorrow (Soka), Lamentation (Parideva), Pain (Dukkha), Grief (Domanassa) and Ignorance (Avijja) not follow? (They will follow, Sir).

ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ကြားစိတ်ကလေးလာလည်း ဒကာ ဒကာမတွေ စောင့်ပြီးရှုပါဆိုတာ မရှုလိုက်မိတဲ့အတွက် ဒီကနေပြီး ဒေါသ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာ ကျအောင် ပဋိစ္စသမုပ္ပါဒ် အဆုံးက ဆက်မလာဘူးလား (ဆက်လာပါတယ် ဘုရား)၊ ဆက်လာတော့ကို ဒါလည်း အနာဂတ်အကြောင်း ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)။

If asked why this happens: Because you did not watch and observe the Hearing Consciousness when it came. Since you failed to observe, does the cycle of Paticcasamuppada not continue right to the end, resulting in Dosa, Soka, Parideva, Dukkha, Domanassa, Upayasa? (It continues, Sir). When it continues like this, are these not appropriate causes for future existence? (They are appropriate causes, Sir).

အဝိဇ္ဇာ သင်္ခါရ ပြီးတော့ ဝိညာဏ်မလာဘူးလား (လာပါတယ်)၊ ဝိညာဏ်ဆိုတော့ ပဋိသန္ဓေလာခဲ့သော် ဒကာ ဒကာမတို့ ခင်ဗျားတို့၏ ဇာတိထဲက ပုဂ္ဂိုလ်က ဇာတိသွား၊ ဇရာထဲက ပုဂ္ဂိုလ်ကလည်း ဇရာသွား၊ ဗျာဓိထဲနေ ပြီး ဗျာဓိသွားတဲ့ ပုဂ္ဂိုလ်ထဲ ကျုပ်တို့ အပါအဝင် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါ စိုးရိမ်တဲ့အတွက် ဒကာ ဒကာမတွေ ဒါကလေးဟာ အိမ်သည်လား... ဧည့်သည်လား စဉ်းစားစမ်း၊ ကြားစိတ်ကလေးဟာ (ဧည့်သည်ပါ ဘုရား)၊ ခုမှပေါ်လာတဲ့ ဧည့်သည်ကလေးဆိုတာကော ကျေနပ်ပလား (ကျေနပ် ပါပြီ)။

After Ignorance (Avijja) and Volitional Formations (Sankhara), does Consciousness (Vinnana) not follow? (It follows, Sir). If Consciousness follows, Rebirth follows. Yogis, you will become the person who goes to Birth within Birth, Aging within Aging, and Illness within Illness. Will we not be included among those who suffer? (We will be, Sir). Because we fear this, consider this carefully: Is this Hearing Consciousness a "Host" or a "Guest"? (It is a Guest, Sir). Are you convinced that it is a Guest that has only just appeared? (We are convinced, Sir).

စိတ္တာ နုပဿနာ ဟောနေပါတယ်

I Am Teaching Cittānupassanā

ကောင်းပြီ... ဒါ ဆရာဘုန်းကြီးသည် ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတွေကို စိတ္တာနုပဿနာ သင်ရပါ သလဲလို့ ဦးခင်မောင် မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အခု ဘာဟောနေပါလိမ့် (စိတ္တာ နုပဿနာ ဟောနေပါတယ် ဘုရား)။

စိတ္တာနုပဿနာကို မနေ့ကစပြီး ယနေ့ ဆက်ဟောပြန်တယ်ဆိုတာကို ဒကာ ဒကာမတွေက သိထားတော့မှ စိတ္တာနုပဿနာကို သမ္မောအဋ္ဌကထာ ဆရာကကွာ...တဲ့၊ ဉာဏ်ကလည်း နုံ့ကြတယ်၊ ဒိဋ္ဌိကလည်း များကြတယ်၊ ငါ့စိတ်လို့ ထင်တယ်၊ ငါစားတယ်လို့ ဒီဥစ္စာထင်လို့ရှိရင် ဒိဋ္ဌိမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ငါမြင်တယ်ဆိုရင် ကော (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

Good. U Khin Maung, is it not necessary to ask why the Sayadaw is teaching Cittānupassanā (Contemplation of the Mind) to the Yogis? (It is necessary, Sir). Yogis, what am I teaching right now? (You are teaching Cittānupassanā, Sir). You must know that I started Cittānupassanā yesterday and am continuing it today. The Commentator of the Sammohavinodani explains: "People have dull wisdom and strong Wrong View (Ditthi)." If you think, "It is my mind," or "It is I who eats," does Ditthi not arise? (It arises, Sir). What if you say, "I see"? (Ditthi arises, Sir).

အဲဒီတော့ ဉာဏ်နုံ့တဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ပြန်တယ်၊ စိတ်ပေါ်မှာလည်း သူတို့က ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်တွေ ဖြစ် လေသောကြောင့် အပါယ်လေးပါးသွားမှာ အင်မတန်မှ နီးကပ်တဲ့တရား ဖြစ်နေသောကြောင့် ဒကာ ဒကာမတို့ စိတ္တာနုပဿနာကို အရင်ရှုပါ (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါတယ် ဘုရား)၊ ဘာရှုရမလဲ (စိတ္တာနုပဿနာ အရင်ရှုရမယ်)။

စိတ္တာနုပဿနာ အရင်ရှုတော့ ဒိဋ္ဌိက ပြုတ်တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါ (မှန်လှပါ)၊ စိတ္တာ နုပဿနာ အရင်ရှုတော့ (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

Because people have dull wisdom and possess strong Ditthi regarding their minds, they are very close to falling into the Four Lower Realms (Apaya). Therefore, Yogis, observe Cittānupassanā first. (Yes, Sir). Do you grasp the meaning? (Yes, Sir). What must you observe? (We must observe Cittānupassanā first). Mark this, Yogis: When you observe Cittānupassanā first, Ditthi is uprooted. (Yes, Sir). When you observe Cittānupassanā first? (Ditthi is uprooted, Sir).

ဒိဋ္ဌိပြုတ်တယ်

Uprooting Wrong View (Ditthi)

ဒိဋ္ဌိပြုတ်တယ်လို့ မှတ်ထားလိုက်တော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့၊ ဪ... ဒိဋ္ဌိတည်းဟူသော အနှောင်အဖွဲ့တွေကြောင့် အပါယ်ရောက်နေတဲ့ဥစ္စာဖြင့် ဒို့ ဒါဝိပဿနာရှုတာ ဘာပါလိမ့်မတုံးလို့ မေးမနေနဲ့ ဒိဋ္ဌိ သတ်တာလို့ မှတ်လိုက်ပါ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဘာသတ်တာပါလိမ့် (ဒိဋ္ဌိသတ်တာပါ ဘုရား)၊ ဒိဋ္ဌိသတ်နေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

Mark that Ditthi is uprooted. Do not ask, "Why are we practicing Vipassana?" We are in the Lower Realms because of the fetters of Ditthi. Mark that we are eradicating Ditthi. (Yes, Sir). Are you satisfied? (Yes, Sir). What are we killing? (We are killing Ditthi, Sir). Are you convinced that we are killing Ditthi? (We are convinced, Sir).

ကဲ... ဒါဖြင့် စိတ်နှစ်စိတ် ပြီးသွားပြီနော်...၊ ဧည့်သည်နှစ်ခု ပြီးသွားပြီ (မှန်ပါ့)၊ အနံ့ကလေးတစ်ခု နံရင်လည်း လူတွေထဲမှာ နေကြတဲ့အတွက် နံတော့ နှာခေါင်းထဲ နံစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ နံစိတ်ကလေး ဖြစ်ပျက် လိုက်ပြီး ရှုပါ ဒကာ ဒကာမတို့...နော် (မှန်ပါ့)။

Now, two types of consciousness are done. Two "Guests" are finished. (Yes, Sir). If a smell occurs, since we live among people, does a "Smelling Consciousness" not arise in the nose? (It arises, Sir). Yogis, follow that Smelling Consciousness and observe its Arising and Passing. (Yes, Sir).

မရှုလို့ရှိရင်ဖြင့် နံတဲ့အနံ့က ဘယ်သူက နံတယ်၊ ဘယ်ကနံတယ်ဆိုလို့ရှိရင် ဒေါသ သောက ပရိဒေဝ မလိုက် ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်လို့ရှိရင် အဝိဇ္ဇာက ပါမလာဘူးလား (ပါလာပါတယ် ဘုရား)၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ”နဲ့ အနာဂတ်ဘဝတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။

If you do not observe it, and you identify "who" smells or "where" the smell comes from, will Anger (Dosa), Sorrow, and Lamentation not follow? (They will follow, Sir). If they follow, does Ignorance (Avijja) not come along? (It comes along, Sir). "Dependent on Ignorance, Volitional Formations arise; dependent on Volitional Formations, Consciousness arises." Will future existences not follow? (They will follow, Sir).

နံတဲ့စိတ်ကလေး

The Smelling Mind

ဒါကြောင့် နံတဲ့စိတ်ကလေး နှာခေါင်းထဲ ဧည့်သည်စိတ်ကလေး ပေါ်တော့ ဘာလုပ်ရမယ် (ဖြစ်ပျက် ရှုရပါ မယ်)၊ ဖြစ်ပျက် ရှုပေးပါတဲ့၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒီက ဒုက္ခဒေါမနဿတွေ ဒကာ ဒကာမတွေ မသေဘူး လား (သေပါတယ် ဘုရား)၊ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ နောက်ကလာမည့် ဒုက္ခ ဒေါမနဿ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရတွေ မသေကြဘူးလား (သေပါတယ် ဘုရား)။

Therefore, when the Smelling Consciousness—the Guest Consciousness—appears in the nose, what must you do? (Observe its Arising and Passing, Sir). Please observe the Arising and Passing. When you observe the Arising and Passing, do the suffering and grief die out? (They die out, Sir). When you observe the Arising and Passing, do the future Sorrow, Lamentation, Ignorance, and Volitional Formations die out? (They die out, Sir).

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီစိတ်တွေ ပေါ်လာရင် မြင်စိတ်ပေါ်လည်း ဖြစ်ပျက်ရှုပါဆိုတာ သဘောကျ ပလား (ကျပါပြီ)၊ ဘာဖြစ်လို့ သဘောကျသတုံးလို့ မေးတဲ့အခါကျတော့မှ အနာဂတ်အကြောင်းတွေ ပြတ်လို့ အနာဂတ် အကျိုးတွေ မပေါ်တာပါဘုရားလို့ဆိုတာ ခင်ဗျားတို့ အကျိုးခံစားရတာပဲ (မှန်ပါ့ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ အနာဂတ်အကြောင်းတွေ (မပေါ်လာလို့)၊ ပြတ်သွားတယ် (မှန်ပါ့ ပြတ်သွားပါတယ်)၊ ဒါဖြင့် အနာဂတ်အကျိုးတွေ ဘယ့်နှယ်ဖြစ်မလဲ (မပေါ်ပါဘူး)။

That is why I say: If Seeing Consciousness arises, observe its Arising and Passing. Do you grasp this? (We grasp it, Sir). If asked, "Why do you grasp it?" It is because the causes for the future are severed, and thus the effects for the future do not appear. You are enjoying the benefit right now. (True, Sir). Is it clear? (It is clear, Sir). The future causes... (Are severed). They are severed. (Yes, Sir, they are severed). So, what happens to the future effects? (They do not appear).

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာသည် အဝိဇ္ဇာ သင်္ခါရကို သတ်နေတဲ့တရားပဲဆိုရင်ကော လွဲပါ့မလား (မလွဲ ပါဘူး ဘုရား)၊ အဲဒီတော့ ဝိပဿနာသည်တဲ့... နောက်ခန္ဓာအစဉ် ပြတ်သွားအောင် ရှုတာပါပဲဆိုတာ ရိပ်မိကြ ပလား (ရိပ်မိပါပြီ)၊ ဝိပဿနာဆိုတာ ဘာပါလိမ့် (နောက်ခန္ဓာအစဉ် ပြတ်သွားအောင် ရှုတာပါ)၊ နောက်ခန္ဓာအစဉ် ပြတ်သွားအောင် ရှုတော့ကို နောက်ခန္ဓာအစဉ်ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

So, Yogis, if I say this practice is "killing" Ignorance and Volitional Formations (Avijja and Sankhara), would I be wrong? (You would not be wrong, Sir). Then, do you realize that Vipassana means observing to sever the succession of future Aggregates (Khandhas)? (We realize it, Sir). What is Vipassana? (Observing to sever the succession of future Khandhas). If you observe to sever the succession of future Khandhas, what Truth is that future Khandha? (It is the Truth of Suffering, Dukkha Sacca, Sir).

ဪ... ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ ဒုက္ခပြတ်ပါကလားဆိုတာ တစ်ပွဲလုံးမှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ (ဒုက္ခပြတ်ပါတယ်)၊ ဒုက္ခပြတ်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

Oh... the entire audience must mark this: Those who practice Vipassana sever Suffering. (True, Sir). Those who practice Vipassana... (Sever Suffering). Are you certain that Suffering is severed? (We are certain, Sir).

လျှာပေါ်မှာ စားစိတ်ကလေး

The Tasting Mind on the Tongue

ကောင်းပြီ ဒါဖြင့် လျှာပေါ်မှာ ကိုယ့်တံတွေးပဲမျိုမျို၊ စားစိတ်ကလေးတွေပဲပေါ်ပေါ် မပေါ်ဘူးလား (ပေါ်ပါ တယ် ဘုရား)၊ ရှေးကပေါ်တာလား ခုမှပေါ်တာလား (ခုမှပေါ်တာပါ ဘုရား)၊ ဒါဖြင့် ပစ္စုပ္ပန်စိတ် (မှန်ပါ့)၊ ပစ္စုပ္ပန် စိတ်ပဲဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲဒီ ပစ္စုပ္ပန်စိတ်ကလေးကို ဒကာ ဒကာမတွေက ဖြစ်ပျက်ဆိုတဲ့ အနိစ္စ ရှုဖြစ်အောင်ရှုပါ (မှန်ပါ့)၊ မရှုလို့ ရှိရင်ဖြင့် စားရတာကောင်းရင် တဏှာ ဥပါဒါန် ကံ လိုက်ပါလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ စားရတာ ကောင်းရင် (တဏှာ ဥပါဒါန် ကံ လိုက်ပါလိမ့်မယ်)။

Good. Now, on the tongue—whether swallowing one's own saliva or when tasting food—does Tasting Consciousness not arise? (It arises, Sir). Did it arise in the past, or does it arise only now? (It arises only now, Sir). Then it is Present Consciousness. (Yes, Sir). Do you agree it is Present Consciousness? (We agree, Sir). Yogis, you must strive to observe that Present Consciousness as Arising and Passing (Anicca). (Yes, Sir). If you do not observe it, and the taste is good, Tanha, Upadana, and Kamma will follow. (True, Sir). Do you grasp this? (Yes, Sir). If it tastes good... (Tanha, Upadana, and Kamma will follow).

စားရတဲ့စိတ်ကလေးက မကောင်းဘူးလို့ ခင်ဗျားတို့ ထင်လို့ရှိရင်... ဒေါသ သောက ပရိဒေဝ (လိုက်ပါ လိမ့်မယ် ဘုရား)၊ စားတာမှ စားတဲ့စိတ်ကလေး ပေါ်မှန်းမှ မသိလို့ရှိရင် အဝိဇ္ဇာသင်္ခါရ လိုက်မယ် (မှန်ပါ့ လိုက်ပါ မယ် ဘုရား)၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်တွေချည်း ဆက်လိုက်နေတော့ ဒကာ ဒကာမတို့ အကြောင်းတွေချည်း ဆက်လိုက်နေတဲ့အတွက် အကျိုးဒုက္ခတွေ မရပေဘူးလား (ရပါတယ် ဘုရား)။

If you think the taste is bad... Dosa, Soka, and Parideva (Will follow, Sir). If you simply eat without knowing that the Tasting Consciousness has arisen, Ignorance and Volitional Formations (Avijja-Sankhara) will follow. (Yes, they will follow, Sir). Will they not? (They will, Sir). If Paticcasamuppada keep connecting like this—Yogis, if you keep connecting causes—will you not receive the effects of Suffering? (We will receive them, Sir).

ဒိဋ္ဌိသတ်လို့ရှိရင် သောတာပန်တည်တယ်

If You Eradicate Ditthi, You Become a Sotapanna

အဲဒါ ဘုရားက အရှုခိုင်းတော်မူတဲ့အတိုင်း ဘုန်းကြီးက စိတ္တာနုပဿနာ အရှုခိုင်းတာ၊ ဒိဋ္ဌိသတ်ပြီးသကာလ ဒိဋ္ဌိသတ်လို့ရှိရင် သောတာပန်တည်တယ်လို့ မှတ်ပါ။ တဏှာသတ်လို့ရှိရင် သကဒါဂါမ်, အနာဂါမ်, ရဟန္တာတည်တယ် လို့ မှတ်ပါ (မှန်ပါ့)၊ ဒါကြောင့် သောတာပန် အရင်တည်အောင်လို့ စိတ္တာနုပဿနာကို စဟောနေတယ် (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သောတာပန်တည်အောင်လို့ ဘာအနုပဿနာ ဟောသလဲ (စိတ္တာနုပဿနာ ဟောပါတယ်)၊ စိတ္တာနုပဿနာ ဟောနေတယ်ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)၊ ဘယ့်နှယ်ကြောင့် စိတ္တာနုပဿနာ ဟောရပါလိမ့်မတုံးဆိုတော့ ဒါ ငါစားတယ်ဆိုတော့ စားတာက ဒကာ ဒကာမတွေ စားစိတ်က စားတာကို ခင်ဗျားတို့က ငါစားကောင်းလိုက်တာ လို့ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။

That is why, following the Buddha's instruction, I am asking you to practice Cittānupassanā. Mark this: If you eradicate Ditthi (Wrong View), you become a Sotapanna (Stream Enterer). If you eradicate Tanha (Craving), you become a Sakadagami, Anagami, or Arahant. (True, Sir). Therefore, to become a Sotapanna first, I am starting with Cittānupassanā. (True, Sir). Is that clear? (Yes, it is, Sir). To attain Sotapanna, what contemplation do I teach? (You teach Cittānupassanā, Sir). Are you satisfied that I am teaching Cittānupassanā? (We are satisfied, Sir). Why must I teach Cittānupassanā? Because when you say "I eat," do you not think, "I am enjoying this food," identifying the Tasting Consciousness as "I"? (We do think that, Sir).

ဒါဖြင့် စိတ်ပေါ်မှာ စားစိတ်ပေါ်မှာ ဒိဋ္ဌိ ပါ-မပါ (ပါပါတယ် ဘုရား)၊ ငါစားကောင်းလို့ ငါ့သမီးကလေး ငါ့ သားကလေးလည်း ငါကျွေးချင်လိုက်တာဆိုတော့ အတ္တနိယ=ငါ့ဟာကော မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲ... ငါဆိုတဲ့ အတ္တ လာလို့ရှိရင် ငါ့ဟာဆိုတဲ့ အတ္တနိယ လာမှာစိုးတဲ့အတွက် ဘုရားသခင်ကိုယ်တော်မြတ် ကြီးက စိတ္တာနုပဿနာ အရှုခိုင်းပါတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)၊

So, regarding the mind—the Tasting Consciousness—is Ditthi present or not? (It is present, Sir). "I eat well, so I want to feed my daughter, I want to feed my son." Does Attaniya (My property/Mine) not follow? (It follows, Sir). Ah... If Atta (Self/I) comes, Attaniya (Mine) will follow. Fearing this, the Most Exalted Buddha instructed us to observe Cittānupassanā. Are you satisfied with this? (We are satisfied, Sir).

ပစ္စုပ္ပန် ယားနာတဲ့စိတ်

The Present Itch and Pain

ကိုင်း... ခန္ဓာကိုယ် မှာ ယားတယ် နာတယ် ဒကာ ဒကာမတို့၊ ဟိုအိမ်က ပါလာတာလား ဒီကျမှ ယားတာ နာတာလား မေးရင် ဘယ့်နှယ် ပြောကြမယ် (ဒီကျမှ ယားတာ နာတာပါ ဘုရား)။

Now... regarding the body. If it itches or aches, Yogis: Did it come from your house, or did the itching and aching arise only when you got here? If asked, how will you answer? (It itches and aches only here, Sir).

ဒါဖြင့် ပစ္စုပ္ပန် ယားနာတဲ့စိတ်၊ ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ်၊ သေချာပလား (သေချာပါပြီ)၊ အဲဒါပေါ်ရာ ကို လိုက်ပါလို့ဆိုတော့ ဒကာသစ်တို့ကဖြစ်စေ၊ ဦးခင်မောင်တို့ကဖြစ်စေ၊ လိုက်ပြီး ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်ဟာ တန်းမသွားဘူးလား (တန်းသွားပါတယ် ဘုရား)။

Then, it is the Present Itching or Aching Consciousness. It is Dukkha-sahagata kaya-vinnana (Body consciousness accompanied by pain). Is that certain? (It is certain, Sir). I tell you: Follow whatever arises. Whether it is Lay Devotee Thit or U Khin Maung, when you follow and observe it, do Seeing Arising-and-Passing (Anicca) and the Path (Magga) not align perfectly? (They align, Sir).

ဒီလိုလည်း မရှုတော့ပါဘူးဆိုရင် နာတာကို မခံချင်စိတ်လာတဲ့အခါကျတော့ ဒေါသ သောက ပရိဒေဝတွေ နောက်ကလိုက်မလား မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)၊ လိုက်ပြန်လို့ရှိရင်လည်း အဝိဇ္ဇာ သင်္ခါရနဲ့တကွ တွဲပြီး သကာလ အနာဂတ်အကျိုးတွေ ကိုယ်ပိုင်မရပေဘူးလား ရမလား (ရပါမယ် ဘုရား)။

If you do not observe like this, and a mind arises that cannot bear the pain, will Anger, Sorrow, and Lamentation follow or not? (They will follow, Sir). If they follow, coupled with Ignorance and Volitional Formations, will you not acquire future effects as your own property? Will you or won't you? (We will, Sir).

အဲဒါရမှာစိုးတဲ့အတွက် ဒကာ ဒကာမတို့၏ နောက်ဒုက္ခတွေ ဖြတ်နေတာဆိုတာကော ကျေကျေနပ်နပ် သဘော ကျရဲ့လား (ကျပါတယ် ဘုရား)၊ ဘာဖြတ်နေတာတုံး (နောက်ဒုက္ခတွေ ဖြတ်နေတာပါဘုရား)၊ ခင်ဗျားတို့ ရပြီးသား ဒုက္ခကို မမြင်တဲ့ပုဂ္ဂိုလ်ဟာ နောက်ဒုက္ခ ဘယ်တော့မှ မဖြတ်နိုင်ဘူးနော် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ရပြီးသား ဒုက္ခကို မမြင်တဲ့ပုဂ္ဂိုလ်များဟာ (နောက်ဒုက္ခ မဖြတ်နိုင်ပါဘူး)၊ ဟော... ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ မှတ်ထားပါ (မှန်ပါ့)။

Because we fear acquiring that, we are severing your future suffering. Are you thoroughly satisfied with this? (We are satisfied, Sir). What are we severing? (We are severing future suffering, Sir). A person who does not see the suffering they already have can never sever future suffering. (True, Sir). Is that clear? (Yes, it is, Sir). Those who do not see the suffering they already have... (Cannot sever future suffering). Look... Arising and Passing is the Truth of Suffering (Dukkha Sacca). Mark this. (Yes, Sir).

ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ

Arising and Passing is Dukkha Sacca

ဖြစ်ပျက်ဟူသ၍ဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာလည်း ဖြစ်ပြီးပျက်တဲ့ ဓမ္မမှတစ်ပါး ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး ဘုရား)၊ ဘာမှမရှိတော့ တစ်ကိုယ်လုံး ဘာသစ္စာဖွဲ့ မတုံး (ဒုက္ခသစ္စာ ဖွဲ့ပါမယ်)၊ အဲ တစ်ကိုယ်လုံး ဒုက္ခသစ္စာချည်းပဲ၊ နာမကာယလှည့်တာ ပေါ်ရာ ဒုက္ခသစ္စာချည်းပဲ မှတ်ထား (မှန်ပါ့)၊ ပေါ်တဲ့ ဓမ္မဟူသ၍ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခသစ္စာချည်းပါ ဘုရား)။

Whatever arises and passes away—what Truth is it? (It is Dukkha Sacca, Sir). So, apart from the phenomena that arise and pass away, does anything else exist within your body? (Nothing else exists, Sir). Since nothing else exists, what Truth will you label this entire body? (We will label it Dukkha Sacca). Yes, the entire thing is just Dukkha Sacca. When the Mental Body (Nama Kaya) shifts, whatever appears is just Dukkha Sacca. Mark this. (Yes, Sir). Whatever phenomena appear, what will you say they are? (They are all Dukkha Sacca, Sir).

အင်း... ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်း နောက်က ဝိပဿနာနဲ့ ရှုလိုက်တော့ မဂ္ဂသစ္စာ ပေါ်လာတယ်ဆိုတာ တော့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

မဂ္ဂသစ္စာ ပေါ်လာပြန်တော့လည်း မဂ်သည် ဘာလုပ်ပါလိမ့်မလဲဆိုတော့ ဒကာ ဒကာမတို့ အနာဂတ်အကြောင်း တွေလည်း ဖြတ်သောကြောင့် အနာဂတ်အကျိုးတွေ လာသေးရဲ့လား (မလာပါဘူး)၊ အဲဒီကျအောင် ဒကာ ဒကာမ တွေ ဒါ တစ်ဘဝနဲ့ ကိစ္စပြီးတဲ့ တရားဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

Inn... When you observe Dukkha Sacca as Dukkha Sacca with Vipassana knowledge, are you satisfied that the Truth of the Path (Magga Sacca) arises? (We are satisfied, Sir). When Magga Sacca arises, what does the Path do? Yogis, because it severs the future causes, do the future effects still come? (They do not come). Do you realize that this is a Dhamma that finishes the task in a single lifetime? (We realize it, Sir).

ဘယ်လိုပါလိမ့် (တစ်ဘဝနဲ့ ကိစ္စပြီးတဲ့တရားပါ ဘုရား)၊ တစ်ဘဝနဲ့ ကိစ္စပြီးတဲ့တရား ခင်ဗျားတို့ ဒုက္ခတာ ရှည် ခံချင်သလားတဲ့၊ ဒီဘဝမှာ ကိစ္စတုံးသွားကြရင် မကောင်းဘူးလားဗျာ (ကောင်းပါတယ် ဘုရား)။

အဲဒါကြောင့် မကြိုးစားရင်တော့ မရဘူးဆိုတာတော့ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ကြိုးစားကြပါဆိုတာ ဒီက နေပြီး ဘုန်းကြီးက လေးလေးနက်နက်ပဲ ခင်ဗျားတို့ကို တိုက်တွန်းနှိုးဆော်ပြီးသကာလ ကိုယ့်အရေး ကိုယ်သိကြပါ ဆိုတာကော သေသေချာချာ ပြောပေးနေတယ်ဆိုတာကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊

What is it? (It is a Dhamma that finishes the task in a single lifetime, Sir). A Dhamma that finishes the task in one life. Do you wish to suffer for a long time? Would it not be good to end the task in this very life? (It would be good, Sir). Therefore, do you realize that if you do not strive, you will not attain it? (We realize it, Sir). I am urging you deeply and earnestly: "Realize your own burden!" Is it clear that I am telling you this with precision? (Yes, it is clear, Sir).

ကောင်းစိတ်ကလေး

ကောင်းပြီ ဒါဖြင့် ကိုယ်ပေါ်မှာ ဒကာ ဒကာမတွေ တစ်ခါတလေကျတော့ လေလည်းတိုက် မီးလည်းလှုံ ချမ်းတဲ့အခါ မီးလေးလှုံတဲ့အခါ ကျတော့ ကောင်းစိတ်ကလေးများ ချမ်းသာတဲ့စိတ်ကလေးများ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

Right then. Sometimes, Yogis, when a cool breeze blows or when you warm yourself by a fire in the cold, a pleasant mind arises, doesn't it? (Yes, it does, Sir).

ပေါ်သည်နဲ့ တစ်ပြိုင်နက်တည်း ချမ်းသာတဲ့ စိတ်ကလေးက ချမ်းသာလိုက်တာ သဘောကျလိုက်တာ နှစ်သက် လိုက်တာဆိုတဲ့ သဘောမျိုးဆိုရင် တဏှာ ဥပါဒါန် ကံ မလာပေဘူးလား (လာပါတယ်)၊ အဲဒါလာမှာစိုးတဲ့အတွက် အနာဂတ်အကြောင်းတွေ လာမှာစိုးတဲ့အတွက် ဦးခင်မောင်ရေ သုခကလေးပေါ်ရင်လည်း ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။

As soon as it arises, if you think "Oh, how delightful, how pleasant," doesn't Craving (Tanha), Clinging (Upadana), and Kamma follow? (It does, Sir). Because we fear this future cause, U Khin Maung, even if a pleasant feeling (Sukha) arises, what must you do? (We must observe its Arising and Passing Away, Sir).

အင်း... သုခက ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်ပါ့)၊ သုခက (ဖြစ်ပျက်)၊ ရှုတာက (မဂ်ပါ ဘုရား)၊ ဒီလိုသာ သံသရာပြတ်သွားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီဘက်က ပေါ်လာတာ သမုဒယသစ္စာကလေး ရှိသေးရဲ့ လား (မရှိပါဘူး ဘုရား)၊ သူက လုပ်မှဖြစ်မည့်နောက် ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာကော (မရှိပါဘူး)။

Indeed. The pleasant feeling is Impermanence (Anicca). The mind that observes is the Path (Magga). (True, Sir). The feeling is—(Impermanence). The observing mind is—(The Path, Sir). If you sever the cycle of Samsara right here, does the Truth of the Cause (Samudaya Sacca) remain on this side? (No, Sir). If the Cause is gone, will the resulting Rebirth, Aging, and Death—the Truth of Suffering (Dukkha Sacca)—follow? (No, Sir).

မရှိတော့ ဒကာ ဒကာမတို့ သစ္စာမရှိ သမုဒယနဲ့ ဒုက္ခကို ခင်ဗျားတို့ ဖြတ်ပေးနေတဲ့ အလုပ်ဆိုတာ သေသေ ချာချာ မှတ်ပါ (မှန်လှပါ ဘုရား)၊ ဒီသုံးခုက သမုဒယသစ္စာ၊ နောက်လာမှာက (ဒုက္ခသစ္စာပါ ဘုရား)၊ ယခုပြုလို့ နောက်ကမရှုဘဲနဲ့ ဆက်လာတာက ဘာဆိုကြမယ် (ဒုက္ခသစ္စာပါ) မရှုရင် ဆက်လာမယ်ဆိုတာက မသေချာဘူးလား (သေချာပါတယ် ဘုရား)။

Since they do not exist, mark this clearly: You are performing the task of severing the Truth of the Cause and the Truth of Suffering. (True, Sir). These three [Craving, Clinging, Kamma] are the Cause. What follows is...? (The Truth of Suffering, Sir). If you act now without observing later, what will follow? (The Truth of Suffering, Sir). Is it certain that if you fail to observe, the cycle continues? (Yes, it is certain, Sir).

တဏှာ ဥပါဒါန် ကံ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါက ဘာသစ္စာလဲ (သမုဒယသစ္စာပါ ဘုရား)၊ ဒါဖြင့် သေသည်၏ အခြားမဲ့၌ ဇာတိ ဇရာ မရဏက မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲဒါတွေက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပြတ်တယ် (မှန်ပါ့)။

Doesn't Craving, Clinging, and Kamma arise? (Yes, Sir). What Truth is that? (The Truth of the Cause, Sir). And immediately after death, doesn't Rebirth, Aging, and Death follow? (Yes, Sir). What Truth is that? (The Truth of Suffering, Sir). Therefore, for the person practicing Insight Meditation (Vipassana), the Truth of the Cause and the Truth of Suffering are severed. (True, Sir).

ဦးခင်မောင် ဘာပြတ်ပါလိမ့် (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ပြတ်ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမ တွေ သေသေချာချာ အနည်းနည်းနဲ့ ပြနေတယ် (မှန်ပါ့)၊ ဒီရှုလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း တဏှာ ဥပါဒါန် ကံ ဆိုတဲ့ သမုဒယသုံးခုကော လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ သမုဒယဖြစ်ကြောင်း သုံးခုဆိုတယ်နော် (မှန်ပါ့)၊ ဖြစ်ကြောင်းသုံးခု မလာတော့ ဖြစ်ကျိုးသုံးခုဆိုတဲ့ ဇာတိ ဇရာ မရဏကော လာသေးရဲ့လား (မလာပါဘူး ဘုရား)။

U Khin Maung, what is severed? (The Truth of the Cause and the Truth of Suffering are severed, Sir). I am showing you this clearly in various ways. (True, Sir). As soon as you observe, do the three causes—Craving, Clinging, and Kamma—still arise? (No, Sir). We say there are Three Causes, correct? (Yes, Sir). If the Three Causes do not arise, do the Three Effects—Rebirth, Aging, and Death—still follow? (No, Sir).

သမုဒယနဲ့ ဒုက္ခချုပ်အောင် လုပ်တာ

Making the Cause and Suffering Cease

ဪ... ဒါဖြင့် ဒို့ကို စိတ္တာနုပဿနာ ပေးထားတာသည်ကားလို့ဆိုရင်ဖြင့် သမုဒယနဲ့ ဒုက္ခချုပ်အောင် လုပ်တာပါလားဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဒါဖြင့်လုပ်ဖြစ်အောင် လုပ်ပါလို့ အားလုံးကို တိုက်တွန်း ရတယ်နော် (မှန်ပါ့ ဘုရား)၊ မလုပ်ရင်ဖြင့် ဒကာသစ် ဖြစ်ကိုမဖြစ်ဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

Oh... So, are you convinced now that giving you the practice of Contemplation of the Mind (Cittanupassana) is to make the Cause and Suffering cease? (We are convinced, Sir). Therefore, I urge all of you to actually practice it. (Yes, Sir). If you don't do it, you will never become a Noble Disciple (a New Yogi). (True, Sir). Is that clear? (Yes, Sir).

ကောင်းပြီ ဒါဖြင့် အပြင်ဧည့်သည် ခြောက်ခု ပြီးသွားပြီ (ပြီးသွားပါပြီ)

Good. We have finished with the six external visitors. (Yes, Sir).

အတွင်းဧည့်သည်ငါးခု

The Five Internal Visitors

အတွင်းဧည့်သည်ငါးခု ရှိသေးတယ် ဆိုတာကိုလည်း ရှင်းပြပါမယ်၊ အတွင်းဧည့်သည်က တစ်ခါတလေကျတော့ လောဘအမျိုးမျိုး ပေါ်တတ်တယ်နော် (မှန်လှပါ ဘုရား)၊ အဲဒီ လောဘကလေး ပေါ်လာလို့ရှိရင်လည်း ဒကာ ဒကာမတွေ ဘာလုပ်ကြရမလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။

I will now explain the five internal visitors. Sometimes, various forms of Greed (Lobha) arise as internal visitors. (True, Sir). When that little bit of Greed arises, what must you Yogis do? (We must observe its Arising and Passing Away, Sir).

ဖြစ်ပျက်ရှုလိုက်လို့ရှိရင် လောဘဟာ လောဘကလေး ချုပ်သွားပြီးသကာလ တဏှာတွေ ချုပ်သွားတော့ ဥပါဒါန်ကံတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ မလာတော့ အနာဂတ်အကြောင်းတွေ ဘယ့်နှယ်နေသလဲ (ချုပ် သွားပါတယ်)၊ အနာဂတ်အကြောင်းချုပ်တော့ အနာဂတ်အကျိုးတွေကော လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)။

When you observe the Arising and Passing Away, the Greed ceases. When Greed ceases, Craving ceases. Does Clinging and Kamma still arise? (No, Sir). If they do not arise, what happens to the future causes? (They cease, Sir). If future causes cease, can future effects still arise? (They cannot, Sir).

လောဘလာလည်း ဖြစ်ပျက်ရှု

Even if Greed Arises, Observe Arising and Passing Away

ဪ... ဒါဖြင့် တို့လောဘလာလည်း ဖြစ်ပျက်ရှုဖို့ပဲဆိုပြီးသကာလ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာ နာတိ လုပ်ရမှာပေါ့ဗျာ (မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

Oh... So, even if Greed arises, we must simply observe its Arising and Passing Away. As the text says: "Saragaṃ vā cittaṃ saragaṃ cittanti pajānāti" (One discerns the mind with lust as a mind with lust). We must do just that. (True, Sir). Is it clear? (Yes, Sir).

အကယ်၍ အကြောင်းမညီညွတ်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ဒေါသကလေး ပေါ်လာတဲ့အခါကော မရှိ ဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒါကလေးလည်း ဦးခင်မောင်ရေ သတိထားပြီးသကာလ စိုက်ပြီး ရှုလိုက်တာပေါ့ (မှန်လှပါ)၊ ဒေါသစိတ်ကလေးရှုလိုက်တော့ ဒေါသက ဒေါသလား ဖြစ်ပျက်လား (ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက (မဂ် ပါ ဘုရား)။

If conditions are not favorable, doesn't a little Anger (Dosa) arise within the body? (It does, Sir). U Khin Maung, you must simply focus and observe it with mindfulness. (True, Sir). When you observe the angry mind, is it still Anger, or is it just Arising and Passing Away? (Arising and Passing Away, Sir). And the observing mind is...? (The Path, Sir).

အဲဒီတော့ သောက ပရိဒေဝ နောက်က ချုပ်-မချုပ် (ချုပ်သွားပါတယ် ဘုရား)၊ ချုပ်ခြင်းကြောင့် ဒကာ ဒကာမတို့ အဝိဇ္ဇာ တဏှာက နောက်ဘဝဆိုတဲ့ လုပ်စရာ ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)၊ ဪ... ဒါဖြင့် မဂ်တစ်ခုသည် ငါတို့ကိုကယ်မည့်ယူမည့် တရားပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)၊ မဂ်တစ်ခုဟာ ဘာပါလိမ့် (ကယ်မည့် ယူမည့် တရားပါ ဘုရား)။

Then, do Sorrow and Lamentation cease afterwards? (They cease, Sir). Because they cease, do Ignorance and Craving have any chance to create a new existence? (No, Sir). Oh... So, is it certain that the Path (Magga) is the only Dhamma that saves and rescues us? (It is certain, Sir). What is the one thing that saves us? (The Dhamma that saves and rescues, Sir).

အဲဒီတော့ ကယ်မည့်ယူမည့်တရားကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မလုပ်ဖြစ်ကြဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ကယ်မည့်ယူမည့် တရားမရှိတဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်လှပါ ဘုရား)၊ ရေထဲနစ်နေတဲ့ပုဂ္ဂိုလ်ဟာ လှေကလည်း မလာ၊ သင်္ဘောကလည်း မလာ သူ့ကို ဆယ်မည့်သူကလည်း မပါဆိုတော့ ဒီရေနစ်သမားလောက် ကံနည်းတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

If you Yogis do not practice this Dhamma that saves and rescues, you are people without a savior. (True, Sir). A drowning man with no boat coming, no ship coming, and no one to pull him out—is there anyone more unfortunate than this drowning man? (No, Sir).

တဏှာ ရေထဲမှာ မျောနေကြတယ်

Drifting in the Water of Craving

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ရေထဲနစ်နေတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ကယ်မည့်ယူမည့် သူက ပေါ်သေးရဲ့လား (မပေါ်ပါဘူး)၊ ခင်ဗျားတို့မှာလည်းတဲ့ ကံက ပစ်ချလိုက်တဲ့အခါကျတော့ တဏှာ ရေထဲမှာ မျောနေကြတယ်၊ တဏှာ ရေထဲမှာ အကုန်မြုပ်နေကြတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

Why is this? Because you are drowning, and no savior appears. (True, Sir). When Kamma threw you down, you started drifting in the Water of Craving. You are all drowning in the Water of Craving. (True, Sir). Do you grasp this? (Yes, we do, Sir).

ခင်ဗျားတို့ကို ကံက ပစ်ချလိုက်တာ ဘယ်ရေထဲ ပစ်ချလိုက်ပါလိမ့် (တဏှာရေထဲ ပစ်ချလိုက်ပါတယ် ဘုရား)၊ တဏှာရေထဲမှာ ခင်ဗျားတို့ တောင်ရောက်သွား မြောက်ရောက်သွား ဘာဖြစ်လို့သွားတာတုံး ကယ်မည့်သူ မတွေ့လို့၊ မြောက်ကလူက တောင်သွားတာကော (ကယ်မည့်သူ မတွေ့လို့)၊ အရှေ့ကလူက အနောက်သွားတာကော (ကယ်မည့် သူ မတွေ့လို့)၊ အနောက်ကလူက အရှေ့သွားတာကော (ကယ်မယ့်သူ မတွေ့လို့)။

Into which water did Kamma throw you? (Into the Water of Craving, Sir). In the Water of Craving, you drift North, you drift South. Why does this happen? Because you found no savior. Why does the man from the North drift South? (Because he found no savior). Why does the man from the East drift West? (Because he found no savior). Why does the man from the West drift East? (Because he found no savior).

ဘယ်ထဲမျောနေတုံး (တဏှာရေထဲ မျောနေပါတယ်ဘုရား)၊ ဟော... ကံက ပစ်ချလိုက်တာ ဒကာ ဒကာမ တို့ တဏှာရေထဲမျောနေတော့ အင်း... တဏှာရေထဲမျောနေတော့ တော်တော်ကြာကျလို့ရှိရင် တဏှာဆိုတာ ကာမာသဝ (မှန်ပါ့)၊ အာသဝဆိုတာ ဝဲဩဃ၊ ဩဃဆိုတာ တစ်ခါတည်း တဏှာရေယဉ် လည်ပါများလို့ရှိရင် နောက်ဆုံး ပိတ်ကျတော့ ဒကာသစ် မြုပ်သွားတာပဲ (မှန်ပါ့)။

Where are you drifting? (Drifting in the Water of Craving, Sir). See... Kamma has thrown you in. Yogis, you are drifting in the Water of Craving. If you drift in the Water of Craving for too long, remember that Craving is an Asava (Taint). (True, Sir). Asava is a Whirlpool (Ogha). If you spin in the current of Craving for too long, eventually, you will sink. (True, Sir).

ဩဃကိုး ဦးခင်မောင်ရ (မှန်လှပါ ဘုရား)၊ ကာမောဃဆိုတာ ဒကာ ဒကာမတို့ မြုပ်မသွားပေဘူးလား (မြုပ်သွားပါတယ် ဘုရား)၊ သေသည်၏ အခြားမဲ့၌ တဏှာရေထဲ မျောပြီးနေတဲ့ပုဂ္ဂိုလ်ဟာ သွားရင်း နေရင်း ထိုင်ရင်း နဲ့ သေတဲ့ပုဂ္ဂိုလ်ဟာ အားလုံးဟိုဘက်က ဒကာ ဒကာမတွေ မြုပ်ဖို့ရာ အကြောင်း သေချာလား (သေချာပါတယ် ဘုရား)။

It is a Flood (Ogha), U Khin Maung. (True, Sir). It is the Flood of Sensuality (Kama-Ogha). Won't you sink? (We will sink, Sir). A person who dies while drifting in the water of Craving—whether walking, standing, or sitting—is it certain that all the Yogis on that side will sink? (It is certain, Sir).

ဘယ့်နှယ်ကြောင့်တုံး တဏှာရေထဲ မျောနေတာကိုးဗျ (မှန်ပါ့)၊ သေတော့ မမြုပ်ပေဘူးလား (မြုပ်ပါတယ် ဘုရား)၊ အဲဒါ ခင်ဗျားတို့ ကံကပစ်ချလိုက်တာ တဏှာရေထဲမှာမျော၊ တဏှာဝဲဩဃထဲမှာ မျောနေစေပြီးသကာလ နောက်ဆုံးပိတ် မြုပ်စေတဲ့တရားကို ကယ်မည့်သူ ယူမည့်သူ ယနေ့တွေ့ပါပလား (တွေ့ပါပြီ ဘုရား)။

Why? Because you are drifting in the Water of Craving! (True, Sir). When you die, won't you sink? (We will sink, Sir). Today, have you found the one who can save and rescue you from this Dhamma that makes you drift in the whirlpool of Craving and eventually drown? (We have found it, Sir).

ဟောဒီဝိပဿနာရှုတဲ့ မဂ်ဟာ ကယ်မည့်ယူမည့်သူပဲ (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါပြီ ဘုရား)၊ ဝိပဿနာရှုတဲ့မဂ်ဟာ (ကယ်မည့်ယူမည့်သူပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့မှာ ဘုန်းကြီးက သတိပေးနေတယ်၊ ဦးခင်မောင်တို့ ဒကာသစ်တို့ ကယ်မည့်သူ ယူမည့်သူ ခင်ဗျားတို့ကို ဘုန်းကြီးပေးထားတယ် (မှန်ပါ့)။

This Insight Meditation—this Path (Magga)—is the Savior. (True, Sir). Do you understand? (Yes, Sir). The Insight Path is—(The Savior, Sir). So, I am warning you. U Khin Maung, and all you Yogis, I have provided you with the Savior. (True, Sir).

ခင်ဗျားတို့က အဲဒီကယ်မည့်ယူမည့်သူကို ပြန်ပြီး ရန်သူထင်နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဝဲထဲ လှည့်လည်ပြီးသ ကာလ မြုပ်ပါလိမ့်မယ်လို့ ပြောရလိမ့်မယ် (မှန်လှပါ ဘုရား)။

If you view this Savior as an enemy, I must tell you that you will spin in the whirlpool and sink. (True, Sir).

ဝဲထဲ လည်ပြီးသကာလ (မြုပ်လိမ့်မယ်)၊ မြုပ်သွားလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊ အဲဒါကြောင့် တရားတစ်ပွဲလုံးရှိ ဒကာ ဒကာမတွေ လေးလေးနက်နက် သတိပေးနေပါတယ်၊ ခင်ဗျားတို့ကံက ပစ်ချ လိုက်တာက လုပ်စားရမည့် ဘဝထဲမှာ ရှာစားရမည့် ဘဝထဲမှာ ရောက်နေပါတယ်၊ တဏှာရေထဲမှာ လည်နေရတယ် (မှန်လှပါ)၊ မလည်ရဘူးလား (လည်ရပါတယ် ဘုရား)။

You will spin in the whirlpool and—(Sink). Is it not certain that you will sink? (It is certain, Sir). That is why I am giving a serious warning to the entire audience. Kamma has thrown you into a life where you must work to eat, struggle to survive. You are spinning in the Water of Craving. (True, Sir). Are you not spinning? (We are spinning, Sir).

လည်တော့ သူလည်သွားနေရာ ကျုပ်တို့က လိုက်နေတာ၊ ခင်ဗျားတို့ လည်နေလိုက်တာ ကယ်မည့်ယူမည့်သူ ဖြစ်တဲ့ မဂ္ဂင်ဖောင်ကြီးကို ခင်ဗျားတို့က ကိုယ်တိုင်လည်း မလုပ်ကြ၊ လုပ်ပေးတဲ့ပုဂ္ဂိုလ်က လုပ်ပေးပြန်တော့လည်း ကိုယ်ပိုင်ဖောင်ကို မဆင်ဘဲနဲ့ ခင်ဗျားတို့က နေရစ်မယ်ဆိုလို့ရှိရင်ဖြင့် လည်ပြီး မြုပ်ပါလိမ့်မယ် ဒီဒကာ ဒကာမတွေ ဆိုရင် လွဲပါ့မလား (မလွဲပါဘူး ဘုရား)၊ သဘောပါကြလား (ပါပါပြီ)။

While you spin, you follow the spinning. You are spinning so much! If you do not practice the Path (Magga)—the great raft that saves you—or if you ignore the raft when someone builds it for you, choosing to stay behind, you will spin and drown. If I say this to you Yogis, am I wrong? (No, Sir). Do you understand? (Yes, Sir).

ဒါဖြင့် ဒီဒကာ ဒကာမတွေ ယခု ကယ်မည့်ယူမည့်တရား သဘောပါကြလား (ပါပါပြီ ဘုရား)၊ ဘယ်တရား ပါလိမ့် (ဝိပဿနာမဂ်ပါ ဘုရား)၊ ရှုတဲ့မဂ်တရားပဲဆိုတော့ မဂ္ဂင်ငါးပါး မဂ္ဂင်ရှစ်ပါးသည် ဒကာ ဒကာမတို့ကို ကယ် မည့်ယူမည့်တရား (မှန်လှပါ ဘုရား)၊ သဘောပါကြလား (ပါပါပြီ)။

So, do you Yogis now understand the Dhamma that saves and rescues? (Yes, Sir). What Dhamma is it? (Vipassana Magga, Sir). The observing Path. The Five Factors of the Path, the Eight Factors of the Path—these are the Dhamma that saves and rescues the Yogis. (True, Sir). Do you grasp it? (Yes, Sir).

ခင်ဗျားတို့ သေလမ်းကို သားက တားနိုင်ရဲ့လား (မတားနိုင်ပါ ဘုရား)၊ သမီးကကော (မတားနိုင်ပါ ဘုရား)၊ အပါယ်သွားတာကို သားက... သမီးက ပစ္စည်းက (မတားနိုင်ပါ ဘုရား)။

Can your son stop you from going to the path of death? (No, Sir). Can your daughter? (No, Sir). Can your sons, daughters, or property stop you from going to the Lower Worlds (Apaya)? (No, Sir).

နို့ဟိုဟာတွေဟာ ကယ်မည့်ယူမည့်သူဆိုတာ ခင်ဗျားတို့ သေချာပလား (သေချာပါပြီ)၊ ဘာ့ကြောင့်တုံးဆိုတော့ တစ်ခါတည်း ခင်ဗျားတို့ မပြတ်လည်နေတဲ့ ဝဲဩဃကြီးဆိုတဲ့ ကာမာသဝကြီးကိုလည်း ဦးခင်မောင် လာခွင့်ပေးသေး ရဲ့လား (မပေးတော့ပါဘူး)၊ တဏှာလာခွင့် ပေးသေးရဲ့လား (မပေးပါဘူး)။

But are you certain that this Dhamma is the Savior? (Certain, Sir). Why? Because U Khin Maung, does it allow the ceaseless spinning of the Whirlpool of Sensuality (Kama-Ogha) to continue? (No, it does not, Sir). Does it allow Craving to enter? (No, Sir).

အားကိုးရာအစစ်သည် မဂ္ဂင်

The True Refuge is the Path

အဲဒီတော့ မဂ္ဂင်က လည်တဲ့တရားကို မလာခင် သူလုပ်ပေးနေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ နောက် သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး မြုပ်စေရန်ဆိုတာကော သူက မကန့်ကွက်ဘူးလား (ကန့်ကွက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးရာအစစ်သည် မဂ္ဂင်ဖြစ်တာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ အားကိုးရာ အစစ်သည် (မဂ္ဂင်ဖြစ်ပါတယ် ဘုရား)။

The Path (Magga) does the work before the spinning Dhamma can arrive. (True, Sir). Is that clear? (Yes, Sir). Does it object to you sinking into the Four Lower Worlds immediately after death? (Yes, it objects, Sir). Therefore, the only true refuge is the Path. (True, Sir). Is that clear? (Yes, Sir). The true refuge is—(The Path, Sir).

မဂ္ဂင်ပဲရှိတော့တယ် ဒကာ ဒကာမတို့ တခြားသောတရားဖြင့် အားကိုးရာ ဒီလောက်မဟုတ်ဘူးဆိုတာ ယနေ့ ရှင်းရှင်းလင်းလင်း သဘောကျပါ (မှန်လှပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသလာလည်း ဖြစ်ပျက် ရှုပါနော် (မှန်ပါ့)၊ စိတ်ထဲမှာ သံသယကလေး ရှိနေတယ်၊ ဘုရားကို ဘုရားမှဟုတ်ကဲ့လား၊ တရားကို တရားမှ ဟုတ်ကဲ့ လား၊ သံဃာကို သံဃာမှ ဟုတ်ကဲ့လားဆိုတဲ့ သံသယ ဝိစိကိစ္ဆာလာရင်လည်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

There is only the Path. Today, understand clearly that no other Dhamma is such a refuge. (True, Sir). Good. So, Yogis, if Anger arises, observe its Arising and Passing Away. (True, Sir). If a little doubt arises in your mind—thinking "Is this really the Buddha? Is this really the Dhamma? Is this really the Sangha?"—if Doubt (Vicikiccha) arises, what must you do? (We must observe its Arising and Passing Away, Sir).

မရှုလို့ရှိရင် သံသယဝိစိကိစ္ဆာဆိုတာ ဦးခင်မောင် အဝိဇ္ဇာမောဟလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။

သင်္ခါရပစ္စယာ (ဝိညာဏံပါ)။

အဲ...ဒီတော့ ဒုတိယဘဝ ကူးမသွားပေဘူးလား (ကူးပါတယ် ဘုရား)။

If you don't observe it, U Khin Maung, consider that Doubt as Ignorance (Avijja) or Delusion (Moha). (True, Sir). Avijja causes... (Sankhara, Sir). Sankhara causes... (Vinnana, Sir). Ah... doesn't that cross over to a second existence? (It does, Sir).

ဒါကြောင့် ဝိစိကိစ္ဆာဆိုတဲ့ မောဟလာရင်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်တဲ့စိတ်ကလေးလာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ အဲ... သံသယဖြစ်တယ်ဆို သံသယဖြစ်တဲ့စိတ် ကလေး ဝမ်းထဲ ပေါ်လာရင်လည်း အနိစ္စပဲလို့သာ ရှု (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ပျံ့လွင့်တဲ့စိတ် ကလေး လာရင်ကော (အနိစ္စရှုရမယ်)၊ အနိစ္စလို့ပဲ ဖြစ်ပျက်လို့ပဲ ရှုပါဆိုတော့ ဒကာ ဒကာမတို့ “သမောဟံဝါစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ”ဆိုတဲ့အတိုင်း စိတ္တာနုပဿနာမှာ အဖိုးတန်သွားပါတယ်ဆိုတာ သေချာပလား (သေချာ ပါပြီ)။

Therefore, if the Delusion called Doubt arises, what must you do? (Observe its Arising and Passing Away, Sir). If the restless, wandering mind (Uddhacca) arises? (Observe its Arising and Passing Away, Sir). If a doubting mind appears in your belly, just observe it as Anicca. (True, Sir). Do you agree? (Yes, Sir). If a wandering mind comes? (Observe as Anicca). Since I tell you to observe it merely as Anicca, merely as Arising and Passing Away, as the text says "Samohaṃ vā cittaṃ samoha cittanti pajānāti" (One discerns the mind with delusion as a mind with delusion), is it certain that Contemplation of the Mind (Cittanupassana) becomes very valuable? (It is certain, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ အတွင်းက ဧည့်သည်လည်း ရှုတတ်ပလားလို့ မေးလိုက်ပါတယ် (ရှုတတ်ပါတယ်)။

So, I ask you: Do you now know how to observe the internal visitors? (We do, Sir).

အလောဘစိတ် အဒေါသစိတ်

Non-Greed and Non-Hate

ကဲ...ဒါဖြင့် အလောဘဆိုတဲ့ မလိုချင်တဲ့စိတ် စိတ်ထဲမလိုချင်ဘူးဆိုရင်ဖြင့် မလိုချင်ဘဲနဲ့ ရပ်မနေနဲ့၊ မလို ချင်တဲ့စိတ်လည်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

Now... regarding the mind of Non-Greed (Alobha)—the mind that does not desire. If you do not desire, do not just stop there. What must you do with the non-desiring mind? (We must observe its Arising and Passing Away, Sir).

မေတ္တာပို့တဲ့ စိတ်ကလေးကော နောက်ဆုံးပိတ် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)။

What about the mind that radiates Loving-Kindness (Metta)? Finally, what must you do with it? (Observe its Arising and Passing Away, Sir).

အဒေါသစိတ်လည်း ဖြစ်ပျက်ရှုပါဆိုသဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုရပါလိမ့် မယ်နော် (မှန်လှပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာကိုရှုကြရမှာပါလိမ့် (ပေါ်ရာစိတ်ကို ဖြစ်ပျက်ရှုရပါမယ်)၊ ပေါ်ရာစိတ်ကို ဖြစ်ပျက်ရှုရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ)။

Since I say you must observe even the Non-Hate (Adosa) mind as Arising and Passing Away, Yogis, you must observe whatever mind appears in your continuum as Arising and Passing Away. (True, Sir). Is that clear? (Yes, Sir). What must you observe? (Whatever mind appears, we must observe its Arising and Passing Away). Is it certain that you must observe whatever mind appears? (It is certain, Sir).

သက်စောင့်စိတ်ကလေး

The Life-Maintaining Mind

ဘာမှမရှိတော့ပါဘူး၊ အလောဘ အဒေါသဟာလည်း မရှိတော့ဘူးဆိုလို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့ မှာ သက်စောင့်ရှူတဲ့ရှိုက်တဲ့ စိတ်ကလေး ရှိပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဘာရှိသလဲ (သက်စောင့်စိတ်ကလေး ရှိပါတယ်)

If nothing else is appearing—if neither Greed nor Non-Greed is present—mark that there is still the Life-Maintaining Mind (the breath). (True, Sir). What is there? (The Life-Maintaining Mind, Sir).

သက်စောင့်စိတ်ကလေး ရှိတယ်၊ ခင်ဗျားတို့ ဗြုန်းခနဲ ဗိုင်းခနဲ လဲမသေရအောင် တစ်ခါတည်း ခင်ဗျားတို့ကို စောင့်နေတဲ့ လေကလေး ပြင်ဘက်ထုတ်တဲ့စိတ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)၊ လေကလေး အတွင်းပြန်ရှိုက်တဲ့ စိတ်ကော (ရှိပါတယ် ဘုရား)။

There is the Life-Maintaining Mind. There is the mind that pushes air out and the mind that pulls air in, guarding you so you don't suddenly drop dead. (True, Sir).

အဲဒီစိတ်နှစ်ခုဟာ ဒကာ ဒကာမတို့ သက်စောင့်စိတ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)၊ အိမ်သည်စိတ်လို့ လည်း မနေ့က ပြောခဲ့တယ်မဟုတ်လား (ပြောခဲ့ပါတယ် ဘုရား)။

Mark these two minds as the Life-Maintaining Minds. (True, Sir). Didn't I call them the "Host Mind" yesterday? (You did, Sir).

အဲဒါကလေး ထွက်စိတ်ပေါ်လာရင်လည်း ထွက်အောင်လုပ်တဲ့ စိတ်ကလေးကို မှန်းပြီးသကာလ ဪ... သူပေါ်လို့ လေတွေ ထွက်လာတာပဲဆိုပြီးသကာလ သူ့ကိုဖမ်းပြီးတော့ ဒကာ ဒကာမတွေက ဖြစ်ပျက်ရှုပေးပါ (မှန်လှ ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

When the exhaling mind arises, focus on the mind that causes the air to go out. Know: "Oh, air comes out because this mind appeared." Catch it and observe its Arising and Passing Away. (True, Sir). Do you agree? (Yes, Sir).

ဖြစ်ပျက်ရှုပေးလိုက်တော့ ထွက်စိတ်က ဖြစ်ပျက်ရှုတာက မဂ်သွားဖြစ်တယ်နော် (မှန်လှပါ)၊ ဝင်စိတ်ကလေးက လာတော့ လာရင် ဝင်တဲ့စိတ်ကလေးကို ပစ်မထားလိုက်ပါနဲ့ (မှန်ပါ့)၊ ဒီဝင်စိတ်ကလေးကိုလည်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရမယ်)။

When you observe its Arising and Passing Away, the exhaling mind is the Arising and Passing; the observing is the Path (Magga). (True, Sir). When the inhaling mind comes, do not ignore it. (True, Sir). What must you do with this inhaling mind? (Observe its Arising and Passing Away).

အဲ... ဖြစ်ပျက်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဝင်စိတ်က ဖြစ်ပျက်ရှုတာက မဂ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြီး ဟာ လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ အဲဒီတော့ အခုပြောခဲ့တာလည်း တော်တော်စုံပါပြီ၊ ဒကာ ဒကာမတွေ သန္တာန်မှာ ပေါ်ရာစိတ်တွေ အကုန်သာ ရှုပါတော့... ဖြစ်ပျက်ရှုပါတော့ဆိုတာဖြင့် ကျေကျေနပ်နပ် သဘောကျ ပလား (ကျပါပြီ ဘုရား)။

When you observe it like this—the inhaling mind is the Arising and Passing, the observing is the Path—does the great Wheel of Dependent Origination still turn? (No, it does not, Sir). So, what I have said is quite complete. Yogis, observe whatever minds appear in your continuum... observe the Arising and Passing Away. Are you fully satisfied and convinced? (We are convinced, Sir).

ဒါဖြင့် နည်းပေးနေတာလို့ မှတ်လိုက်စမ်းပါနော် (မှန်လှပါ ဘုရား)၊ ဘာပေးနေတာပါလိမ့် (နည်းပေးနေတာ ပါ ဘုရား)၊ နည်းပေးနေတာ စိတ္တာနုပဿနာ နည်းပေးနေတာဆိုတာ သေချာကြပါလား (သေချာပါပြီ ဘုရား)။

Consider that I am giving you the method. (True, Sir). What am I giving? (Giving the method, Sir). Is it certain that I am giving you the method of Contemplation of the Mind (Cittanupassana)? (It is certain, Sir).

ဘာကျေးဇူးများပါလိမ့်မတုံး

What is the Benefit?

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဪ... ဒီစိတ္တာနုပဿနာရှုခြင်းဟာ ဘာကျေးဇူးများပါလိမ့်မတုံး ဆိုတော့ ဒီထဲ အနိစ္စတရား ရှေ့ပိုင်းက ဖြစ်ပျက်ချည်းပဲဆိုတော့ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား)။

Right. So, Yogis... "What is the benefit of observing this Cittanupassana?" In the front, there is only Arising and Passing Away. Is it Permanent (Nicca) or Impermanent (Anicca)? (Impermanent, Sir).

ဒါဖြင့် နိစ္စဒိဋ္ဌိဆိုတာ ကွာသွားမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာကွာသွားပါလိမ့် (နိစ္စဒိဋ္ဌိ ကွာ သွားပါတယ် ဘုရား)၊ နိစ္စဒိဋ္ဌိ ကွာသွားတယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ အတ္တဒိဋ္ဌိကော မကွာဘူးလား (ကွာပါ တယ် ဘုရား)၊ ငါ ငါ့ဥစ္စာလို့ ထင်သေးရဲ့လား (မထင်ပါဘူး ဘုရား)။

So, the Wrong View of Permanence (Nicca-Ditthi) will fall away. (True, Sir). Do you agree? (Yes, Sir). What falls away? (Nicca-Ditthi falls away, Sir). If the View of Permanence falls away, doesn't the View of Self (Atta-Ditthi) also fall away? (It falls away, Sir). Do you still think "I" or "Mine"? (No, Sir).

အင်း... နိစ္စဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ဆိုတဲ့ ဒိဋ္ဌိတွေ အကုန်ပြုတ်လို့ရှိရင်ဖြင့် ဖြစ်ပျက်ရှုလို့ ဒိဋ္ဌိပြုတ်လို့ရှိရင်ဖြင့် တဲ့ သောတာပန်တည်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဒိဋ္ဌိပြုတ်ရင် (သောတာပန်တည်ပါတယ် ဘုရား)။

Indeed... If Nicca-Ditthi and Atta-Ditthi—these Wrong Views—are all uprooted by observing Arising and Passing Away, mark this: You become a Stream Enterer (Sotapanna). If Ditthi is uprooted? (We become Stream Enterers, Sir).

သောတာပန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်ရမယ်

To be a Sotapanna, Uproot Ditthi First

သောတာပန်တည်ချင်ရင် ဒိဋ္ဌိကို အရင်စပြီး ဖြုတ်ရမယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ သောတာပန် တည်ချင်ရင် (ဒိဋ္ဌိကို အရင်စဖြုတ်ရမယ်)။

Mark this clearly: If you want to become a Stream Enterer, you must first remove Wrong View (Ditthi). (True, Sir). If you want to be a Stream Enterer? (We must first remove Ditthi).

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ကစပြီး မှတ်တာပေါ့၊ စိတ္တာနုပဿနာ ကြပ်ကြပ်ရှုကြ (မှန်လှပါ ဘုရား)၊ သောတာပန်တည်ရအောင်လို့နော် (မှန်ပါ့)၊ သောတာပန် မတည်ဘဲနဲ့ သကဒါဂါမ် အနာဂါမ်တည်ချင်လို့ကော (မဖြစ်နိုင်ပါဘူး)၊ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး)၊ သောတာပန် မတည်ဘဲနဲ့ သကဒါဂါမ် အနာဂါမ် ရဟန္တာ လှမ်း တက်လို့ (မရပါဘူး ဘုရား)၊ ဆရာသိန်း (မရပါဘူး ဘုရား)၊ မရဘူးဆိုတာ သေချာကြပလား (သေချာပါပြီ)။

Therefore, our Yogis should note this from today onwards: Practice Cittanupassana intensely. (True, Sir). To become a Stream Enterer. (True, Sir). Can you wish to become a Once-Returner (Sakadagami) or Non-Returner (Anagami) without first becoming a Stream Enterer? (It is impossible, Sir). Can it happen? (Impossible, Sir). Can you step up to Once-Returner, Non-Returner, or Arahant without first being a Stream Enterer? (You cannot, Sir). Saya Thein? (Cannot, Sir). Is it certain that you cannot? (It is certain, Sir).

သောတာပန် တည်ချင်ရင် စိတ္တာနုပဿနာရှုပါ

If You Want to be a Sotapanna, Practice Cittanupassana

အဲဒါကြောင့် သောတာပန် တည်ချင်ရင် စိတ္တာနုပဿနာရှုပါ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ သောတာ ပန်တည်ချင်ရင် (စိတ္တာနုပဿနာ ရှုရမယ်)၊ အပါယ်လေးပါး လွတ်ချင်ရင် (စိတ္တာနုပဿနာ ရှုရမယ်)၊ ရပ်ပြစ်ရှစ်ပါး လွတ်ချင်ရင် (စိတ္တာနုပဿနာ ရှုရမယ်)။

Therefore, if you want to be a Stream Enterer, practice Cittanupassana. (True, Sir). Is it clear? (Yes, Sir). If you want to be a Stream Enterer? (Practice Cittanupassana). If you want to be free from the Four Lower Worlds? (Practice Cittanupassana). If you want to be free from the Eight Unfortunate Existences? (Practice Cittanupassana).

စိတ္တာနုပဿနာ ရှုပါဆိုတော့ ဪ... ဒါဖြင့် အရှင်သာရိပုတ္တရာ ဟောထားတာကလေးကို ဒကာ ဒကာမ တွေ ဒီနေ့ ထူးထူးလည်လည်ကလေး ပြောပေးရမယ်နော် (မှန်ပါ့)၊ ဘုန်းကြီးကလည်း ပြောပေးတော့ကို ဦးခင်မောင် ရေ သေသေချာချာ မှတ်ပါ (မှန်ပါ့ဘုရား)။

Since I say "Practice Cittanupassana," I will explain something special today regarding what Venerable Sariputta taught. (True, Sir). Since I am explaining it, U Khin Maung, note it carefully. (True, Sir).

ဒကာ ဒကာမတွေ သူများစိတ် အကဲခတ်မယ်ဆိုတော့ ကိုယ့်ဆိုင်ကိုလာငြားသော်လည်း ဝယ်ချင်တာလား ဈေးစုံစမ်းတာလား ဟုတ်လား ဒါကို အကဲခတ်ဖို့ အတော်မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ တကယ်ဝယ်ချင်လို့ လာတာလား၊ ဈေးပဲ စုံစမ်းဖို့လာတာလား၊ ဝယ်ချင်လွန်းလို့ လာတာလား၊ ကောင်းအောင်ပြောနေတဲ့စကားလား ဆို တာကော ခင်ဗျားတို့ အကဲခတ်ရင် အတော်ခက်မယ် (ခက်ပါတယ် ဘုရား)။

Yogis, if you try to assess another person's mind, it is very difficult. Even if they come to your shop, are they really wanting to buy, or just checking the price? Is it hard to judge? (It is hard, Sir). Are they really buying? Just browsing? Are they desperate to buy? Are they just speaking politely? If you try to assess this, it is very difficult. (It is difficult, Sir).

လူတစ်ယောက် ကိုယ့်ဆိုင်နား လာရောက်တဲ့အခါကျလို့ရှိရင်ဖြင့် ဈေးဆစ်ရင် ဒါကို တကယ်လိုချင်လို့ ဆစ် တာလား... သိရုံပဲ ဆစ်တာလား ဟာ... ဝင်ကောင်းထွက်ကောင်းဖြစ်အောင်လို့ ဆစ်တာလားဆိုတာ သူ့စိတ်ကို အကဲခတ်ဖို့ ဘယ့်နှယ်နေကြသလဲ (ခက်ပါတယ် ဘုရား)၊ အင်မတန် မခက်ဘူးလား (ခက်ပါတယ် ဘုရား)၊ သဘော ပါပလား (ပါပါပြီ)။

When a person comes near your shop and haggles, are they haggling because they really want it... or just to know the price? Or are they haggling just to have a smooth exit? How difficult is it to read their mind? (It is difficult, Sir). Isn't it extremely difficult? (It is difficult, Sir). Do you understand? (Yes, Sir).

ကိုယ့်စိတ်ကို အကဲခတ်ပါ

Read Your Own Mind

ဒါဖြင့် သူတစ်ပါးစိတ် အကဲခတ်ရတာ အင်မတန် ခက်တယ်လို့ အရှင်သာရိပုတ္တရာက ပြောလိုက်ပါတယ် (မှန်ပါ့ဘုရား)၊ ကိုယ့်စိတ်ကို အကဲခတ်ပါ (မှန်ပါ့ဘုရား)၊ ဒကာ ဒကာမတို့ ဘာတဲ့တုံး (ကိုယ့်စိတ်ကို ကိုယ် အကဲခတ် ရပါမယ်)၊ သူများစိတ် အကဲခတ်ရတာကတော့ မမှန်ပါဘူးကွာတဲ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘာလုပ်ရမယ် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရပါမယ်)၊ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမယ် သူများစိတ် အကဲခတ်ရတာကတော့ (မမှန်ပါဘူး)၊ မမှန်ဘူးတဲ့ သူက ဝိညာဏ်အရပဲကိုး (မှန်လှပါ)။

Therefore, Venerable Sariputta said: "Reading others' minds is extremely difficult." (True, Sir). Read your own mind. (True, Sir). Yogis, what did he say? (We must read our own minds). He said reading others' minds is not accurate. (True, Sir). Is that clear? (Yes, Sir). What must you do? (We must read our own minds). You must read your own mind. Reading others' minds is—(Not accurate). It is not accurate because it is mere conjecture (Vinnana). (True, Sir).

ဒါဖြင့် ဘယ်ဟာ အကဲခတ်ရမတုံး (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမယ်)၊ ဒါဖြင့် ကိုယ့်စိတ်ကို ကိုယ် အကဲ ခတ်ပါလို့ဆိုတဲ့ စကားကလေးတစ်လုံးကို စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့်မတုံး မေးလို့ရှိရင် ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာလို့ မှတ်လိုက် (မှန်ပါ့ဘုရား)။

So, what must you assess? (We must assess our own minds). If someone asks, "What is Cittanupassana?", just answer with this one phrase: It is reading your own mind. (True, Sir).

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာပါ ဘုရား)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာပါ ဘုရား)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်တာပါ ဘုရား)။

What is Cittanupassana? (It is reading your own mind, Sir). What is Cittanupassana? (It is reading your own mind, Sir). What is Cittanupassana? (It is reading your own mind, Sir).

(သုံးကြိမ်စေ့အောင် ထပ်၍ မေးသည်) မမေ့စေနဲ့ ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ပါ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သူများ အကဲခတ်ရမှာလား ကိုယ့်စိတ် ကို ကိုယ် အကဲခတ်ရမှာလား (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမှာပါ ဘုရား)။

(Asked three times to finalize it) Do not forget. Read your own mind. (True, Sir). Yogis, should you assess others, or assess your own mind? (We must assess our own minds, Sir).

ဒါဖြင့် စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကိုကိုယ် အကဲခတ်တာပါ)၊ ကိုယ့်စိတ်ကို ကိုယ် အကဲ ခတ်တော့ လွဲများသွားဦးမှာလား ဒကာ ဒကာမတို့ (မလွဲပါဘူး ဘုရား)၊ မှားသော်ရှိ မှန်သော်ရှိလား ကိုယ့်စိတ်ကို ကိုယ် အကဲခတ်လို့ရှိရင် သေသေချာချာမှန်တယ်တဲ့ (မှန်ပါ့ဘုရား)၊ သဘောပါလား (ပါပါတယ်)။

So, what is Cittanupassana? (It is assessing our own minds). If you assess your own mind, will you go wrong, Yogis? (We will not go wrong, Sir). Whether right or wrong, if you assess your own mind, it is certainly accurate. (True, Sir). Do you understand? (Yes, Sir).

အကဲခတ်တာက မဂ္ဂ

The Assessment is Magga

လိုချင်တဲ့စိတ်ကလေး လာတယ်ဆိုရင် ဪ... လိုချင်တဲ့စိတ်ကလေး ရှိ-မရှိသာ အကဲခတ် (မှန်ပါ့ဘုရား)၊ ဘယ့်နှယ်ပြောမယ်ထင်တုံး (ဖြစ်ပြီးမရှိပါ ဘုရား)၊ ဒါဖြင့် မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂပဲ (မှန်ပါ့ဘုရား)။

When a desiring mind arises, just assess if it is still there. (True, Sir). What do you think? (It has vanished and is no longer there, Sir). So, that which does not exist anymore is Anicca. The mind that assesses it is Magga. (True, Sir).

မရှိတာက (အနိစ္စပါ ဘုရား)။

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

The non-existence is—(Anicca, Sir). The assessing is—(Magga, Sir).

ဪ... ဒါဖြင့် ဒီနည်းရလို့ရှိရင် တို့သေပျော်ပြီလို့ အောက်မေ့ပါ (မှန်ပါ့)၊ ဒီနည်းရလို့ရှိရင် (တို့သေပျော် ပြီ)၊ သေပျော်ပြီဆိုတော့ ဦးခင်မောင် သူများစိတ် အကဲခတ်ရတာကတော့ အရှင်သာရိပုတ္တရာက တယ် အကဲခတ် ခက်သကွာတဲ့ မမှန်ဘူးလား (မှန်ပါ့)။

Oh... If you possess this method, consider yourself happy enough to die [safe in death]. (True, Sir). If you have this method? (We are happy enough to die). As for reading others' minds, U Khin Maung, Venerable Sariputta said it is too difficult to judge. Isn't that true? (True, Sir).

ကိုယ့်စိတ်ကို ကိုယ် အကဲခတ်လိုက်တဲ့အခါကျတော့ ဘယ့်နှယ်နေကြသလဲ (မှန်ပါတယ် ဘုရား)၊ မှန်တာက ဘယ်လိုမှန်သတုံး မေးတော့ စားချင်တဲ့စိတ်ကလေး ဖြတ်ခနဲ ပေါ်လာတယ်၊ ထမင်းဆာတဲ့စိတ်ကလေး ပေါ်လာတယ်။

But when you assess your own mind, how is it? (It is accurate, Sir). How is it accurate? A mind wanting to eat suddenly pops up. A mind hungry for rice appears.

ဒီဟာ ဘုရားက ဟောပြတော်မူတဲ့အတိုင်း ဘုန်းကြီးက ဒကာ ဒကာမတွေကို သင်ထားတယ်၊ ဒီစိတ်ကလေး အကဲခတ်လိုက်စမ်းပါဆိုတော့ အကဲခတ်တဲ့မဂ် ပေါ်နေမှ ဒီစိတ်ကရှိဦးမှာလား (မရှိပါဘူး ဘုရား)။

As the Buddha taught, and as I am teaching you Yogis: Just assess that mind. If the assessing Path (Magga) is present, can that hungry mind still exist? (No, Sir).

မရှိတော့ မရှိတာက ဘာတဲ့လဲ (အနိစ္စပါ ဘုရား)။

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

မရှိတာက (အနိစ္စပါ ဘုရား)။

If it does not exist, what is the non-existence? (Anicca, Sir). And the assessing? (Magga, Sir). The non-existence is? (Anicca, Sir).

အင်း... အကဲခတ်ခံရတာက အနိစ္စ၊ အကဲခတ်တဲ့ဉာဏ်က မဂ္ဂ (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ ဘုရား)။

Indeed. The object being assessed is Anicca. The wisdom that assesses is Magga. (True, Sir). Is that clear? (Yes, it is, Sir).

အကဲခတ်ခံရတာက (အနိစ္စပါ ဘုရား)။

What is being observed is *Impermanence (Anicca)*. (Yes, Sir).

အကဲခတ်တဲ့ဉာဏ်က (မဂ္ဂပါ ဘုရား)။

The wisdom that observes it is *the Path (Magga)*. (True, Sir).

အဲဒီတော့ အခု တစ်လုံးတည်းပေးလိုက်တာ ဘုရားနဲ့ အရှင်သာရိပုတ္တရာ ပေးတာကို ဘုန်းကြီးက နောက် လိုက်ပြီးသကာလ အတူတူ ပေးတာတော့ ဒီတစ်ပွဲလုံးဟာ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့်မတုံးဘုရားလို့ မမေးနဲ့ တော့ ကိုယ့်စိတ်ကိုယ် အကဲခတ်တာ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ် ကိုယ် အကဲခတ်တာပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

Now, I am giving you the essence, following the method of the Buddha and Venerable Sariputta. Do not ask anymore, "What is Cittanupassana?" It is simply observing your own mind. (True, Sir). Is that clear? (Yes, it is, Sir). What is Cittanupassana? (It is observing one's own mind, Sir). Is that clear? (Yes, Sir).

ဒါဖြင့် မူလပေါ်တာက ကိုယ့်စိတ်၊ အကဲခတ်တာက မဂ်စိတ် (မှန်ပါ့ဘုရား)၊ သဘောပါလား (ပါပါပြီ)။

Therefore, the mind that arises first is your own mind. The mind that observes it is the Path Consciousness (Magga). (True, Sir). Do you grasp the meaning? (Yes, we do, Sir).

မူလပေါ်တာက (ကိုယ့်စိတ်ပါ ဘုရား)။

The one that arises first is... (Our own mind, Sir).

အကဲခတ်တာက (မဂ်စိတ်ပါ ဘုရား)။

The one that observes is... (The Path Consciousness, Sir).

ကဲ စိတ်ဟာ နှစ်စိတ်ပြိုင်ဖြစ်ကောင်းသလားလို့ မေးရင် ဘယ့်နှယ်ပြောကြမယ် (မဖြစ်ကောင်းပါဘူး)၊ မဖြစ် ကောင်းတော့ တစိတ်ချုပ်ပြီးမှ ဒီတစိတ်ဖြစ်ရမယ်၊ ဒါလည်းသိပါတယ်နော် (မှန်ပါ့)၊ ဒါလည်း ဘာခေါ်ကြမယ် (စိတ် ပါ)၊ စိတ်ပါပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

Now, if I ask, "Can two minds arise simultaneously?" how would you answer? (They cannot, Sir). Since they cannot arise together, the first mind must cease before the second one arises. You know this, correct? (Yes, Sir). And what do we call this second one? (Mind, Sir). Are you satisfied that it is just a mind? (Yes, Sir).

စိတ္တာနုပဿနာဆိုတာ

Defining Cittanupassana

ကောင်းပြီ ဒါဖြင့် စိတ္တာနုပဿနာဆိုတာ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာ၊ ရှင်းကြပလား (ရှင်းပါပြီ)၊ စိတ္တာ နုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာပါ ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာဆိုတော့ ကိုယ့်စိတ်က ၁ နံပါတ်၊ ထို ၁ နံပါတ်စိတ်ကို ၂ နံပါတ်နဲ့ အကဲခတ်ပါ (မှန်ပါ့)၊ ၁ နံပါတ် ကိုယ့်စိတ်ကို (၂ နံပါတ် နဲ့ အကဲခတ်ပါ)၊ ဒါဖြင့် ၁ က အနိစ္စ၊ အကဲခတ်တဲ့ ၂ က မဂ္ဂပဲ (မှန်ပါ့ ဘုရား)။

Very well. Thus, Cittanupassana means observing your own mind. Is that clear? (Yes, Sir). What is Cittanupassana? (Observing one's own mind, Sir). Observing your own mind means considering your own mind as Number One. Observe that Number One mind with Number Two. (Yes, Sir). Observe Number One with... (Number Two, Sir). So, Number One is Anicca. The observing Number Two is Magga. (True, Sir).

၁ က (အနိစ္စပါ ဘုရား)။

Number One is... (Anicca, Sir).

အကဲခတ်တာက (မဂ္ဂပါ ဘုရား)။

The observing mind is... (Magga, Sir).

မဂ္ဂဘဲဆိုတော့ ဒကာ ဒကာမတွေ သံသယရှိသေးရဲ့လား (မရှိပါ ဘုရား)။

Since it is the Path (Magga), do you Yogis have any doubts left? (No, Sir).

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်ပေါ်မည့်စိတ်တွေက သိပ်လည်းမများပါဘူးလို့ ပြောထားတယ်၊ ဒကာ ဒကာမတွေ...နော် (မှန်ပါ့)၊ ဒကာသစ်ရေ ဦးခင်မောင်ရေ ကာမစိတ် ၅၄ ဆိုတာ ကြားဖူးကြတယ်မဟုတ် လား (ကြားဖူးပါတယ် ဘုရား)၊ စာထဲမှာ ကြားဖူးတယ်နော် (မှန်ပါ့)။

Good. Now, it is said that the types of minds arising within you, the Yogis, are not very numerous. (True, Sir). New Yogi, U Khin Maung, you have heard of the fifty-four types of Sense-Sphere Consciousness (Kamavacara Citta), haven't you? (We have heard of them, Sir). You have heard of them in the texts. (Yes, Sir).

အဲဒီ ကာမစိတ် ၅၄ မှာပဲ ဘုရားရဟန္တာမှာဖြစ်တဲ့ ဒကာ ဒကာမတွေ မဟာကြိယာစိတ် ၈ ခုနဲ့ ဟသိတုပ္ပါဒ် ဆိုတဲ့ စိတ် ၉ ခု ပြန်နှုတ်လိုက်စမ်းပါ၊ ၅၄ ထဲက ၉ ခု ပြန်နှုတ်လိုက်တော့ ဘယ်လောက်ကျန်သတုံး (၄၅ ကျန်ပါတယ် ဘုရား)။

From those fifty-four types, please subtract the eight Great Functional Minds (Maha-kiriya) and the one Smile-producing Mind (Hasituppada) which belong only to the Arahants. If you subtract those nine from fifty-four, how many remain? (Forty-five remain, Sir).

အဲဒီ ခင်ဗျားတို့သန္တာန်မှာ သေသေချာချာသာမှတ် ၄၅ စိတ်တည်း ပေါ်လိမ့်မယ် (မှန်လှပါ ဘုရား)၊ လောဘ ပေါ်မယ်၊ ဒေါသပေါ်မယ်၊ မောဟပေါ်မယ်၊ မြင်စိတ်ပေါ်မယ်၊ ကြားစိတ်ပေါ်မယ်နော် (မှန်ပါ့ဘုရား)။

Mark this carefully: within you, only these forty-five types of mind will arise. (True, Sir). Greed (Lobha) will arise, anger (Dosa) will arise, delusion (Moha) will arise, the seeing mind will arise, the hearing mind will arise. (True, Sir).

ခင်ဗျားတို့ အကဲခတ်ရမည့်စိတ် ဘယ်လောက်ပါလိမ့်မတုံးဆိုတာကော သေချာပလား (သေချာပါပြီ)၊ ဘယ် လောက်ပါလိမ့်မတုံး (၄၅ ခုပါ ဘုရား)၊ အဲဒီ ၄၅ လှည့် ပေါ်မှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာပေါ်မယ် ထင်ကြတယ် (၄၅ လှည့် ပေါ်ပါတယ်ဘုရား)၊ ၄၅ လှည့်ပေါ်ပြီး သူပေါ်ချင်ရာ ပေါ်လိမ့်မပေါ့ဗျာ၊ အဲဒါပေါ်တိုင်း ပေါ်တိုင်းကိုသာ ရှိ-မရှိ အကဲခတ် (မှန်ပါ့)၊ ပေါ်တိုင်းပေါ်တိုင်း (ရှိ-မရှိ အကဲခတ်ရပါမယ်)။

Are you certain about how many minds you need to observe? (We are certain, Sir). How many are there? (Forty-five, Sir). They will arise within this cycle of forty-five. (Yes, Sir). Is that clear? (Yes, it is, Sir). What do you think will arise? (The cycle of forty-five will arise, Sir). Within these forty-five, whatever wants to arise will arise. Whatever arises, simply observe whether it is still there or not. (Yes, Sir). Whatever arises... (We must observe whether it is there or not, Sir).

အကဲခတ်တဲ့စိတ်လာရင်

When the Observing Mind Arrives

ဒါဖြင့် ပေါ်တဲ့စိတ်ဟာဖြင့် အကဲခတ်တဲ့စိတ်လာရင် အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ပေါ်တဲ့စိတ် ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ အကဲခတ်တာက နောက်မှ အကဲခတ်ရမှာကိုး (မှန်ပါ့)၊ နောက်မှ အကဲခတ်ရမှာ ဧကန်ဖြစ်ပြီးသကာလနေတော့ ရှေ့ပေါ်သွားတာက ချုပ်ပြီးမှ နောက်က အကဲခတ်တဲ့စိတ်က လာရတာကိုးဗျ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

So, when the observing mind arrives, does the mind that arose previously still exist for any of you listening to this Dhamma? (No, it does not exist, Sir). Because you must observe only later. (True, Sir). Since observation must happen afterwards, the preceding mind must have ceased before the observing mind behind it can arise. (True, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ရှေ့စိတ်က အနိစ္စ၊ အကဲခတ်တဲ့စိတ်က (မဂ္ဂပါ ဘုရား)၊ အဲဒီ မဂ္ဂကတော့ဖြင့် ဒကာ ဒကာမတို့ နောက်စိတ်တွေ အဆက်ခံသေးရဲ့လား (မခံပါဘူး ဘုရား)၊ မခံလို့ရှိရင် အနာဂတ်အကြောင်းတွေ ဘယ့်နှယ်နေသလဲ (ပြတ်သွားပါတယ် ဘုရား)၊ အနာဂတ်အကြောင်းတွေ ပြတ်တယ်ဆိုတော့ အနာဂတ်အကျိုးတွေ လာသေးရဲ့လား (မလာပါ ဘုရား)။

Therefore, the preceding mind is Anicca. The observing mind is... (Magga, Sir). And when that Magga is present, Yogis, does it accept any connection to future minds? (It does not, Sir). If it does not accept connection, what happens to the causes for the future? (They are severed, Sir). When the causes for the future are severed, will the future effects still come? (They will not come, Sir).

ဒါဖြင့် စိတ္တာနုပဿနာဆိုတာ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာလို့ ဆိုပါသည် (မှန်ပါ့ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာပါ)၊ အကဲခတ်လိုက်တော့ ဒကာသစ် တို့ ဦးခင်မောင်တို့က ရှင်းကြစမ်း၊ ရှိတာ တွေ့သလား၊ မရှိတာ တွေ့သလား (မရှိတာ တွေ့ပါတယ် ဘုရား)၊ မရှိတာ ဘာခေါ်ကြမယ် (အနိစ္စပါ ဘုရား)၊ အင်း... အကဲခတ်တဲ့စိတ်က (မဂ္ဂပါ ဘုရား)။

Thus, it is said that Cittanupassana is observing one's own mind. (True, Sir). Is that clear? (Yes, Sir). What is Cittanupassana? (Observing one's own mind, Sir). When you observe, New Yogi and U Khin Maung, be clear on this: Do you see something existing, or do you see something that is non-existent? (We see that it is non-existent, Sir). What do we call that non-existence? (Anicca, Sir). And the observing mind? (Magga, Sir).

ရှေ့စိတ်ကို နောက်စိတ်နဲ့သာ အကဲခတ်

Observe the Preceding Mind with the Succeeding Mind

အဲ...အကဲသာ ခတ်နေ ခင်ဗျားတို့ ကိုယ့်စိတ်ကို၊ ရှေ့စိတ်ကို နောက်စိတ်နဲ့သာ အကဲခတ်ပြီးသကာလ နေကြမယ်ဆိုတော့ မဂ်ရနေတယ်မှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ မဂ်ရတယ်ဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ကိုယ့်စိတ်ကို အကဲခတ်တာ)၊ ကိုယ့်စိတ်ကို အကဲခတ်တဲ့စိတ်ဟာဖြင့် မဂ်ရတာပဲ (မှန်ပါ့)၊ ကိုယ့်စိတ် ကို အကဲခတ်တဲ့စိတ်ကို (မဂ်ရပါတယ်)။

Just keep observing. If you Yogis keep observing your own mind—observing the preceding mind with the succeeding mind—*mark this: you are attaining the Path (Magga).* (True, Sir). Is that clear? (Yes, Sir). What does it mean to attain the Path? (Observing one's own mind, Sir). The mind that observes one's own mind is attaining the Path. (True, Sir). The mind that observes... (Attains the Path, Sir).

ဪ... ဒါဖြင့် မဂ်ရဖို့အရေးဟာ ဆုတောင်းရမှာလား၊ အကဲခတ်နေရမှာလား (အကဲခတ်နေရမှာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ အဲ...ဒါဖြင့် ဒီနေ့ ဒီတစ်လုံးတိုးပေးလိုက်သဖြင့် တပည့်တော်တို့ စိတ္တာနုပဿနာ မရှုတတ်သေးပါဘူး ဘုရားလို့ တစ်ပွဲလုံးက ပြန်လျှောက်စရာအကြောင်း ကုန်သွားပြီ (မှန်လှပါ ဘုရား)။

Oh... so, for the sake of attaining the Path, should you pray for it, or should you keep watching and observing? (We must keep watching and observing, Sir). Do you see it now? (Yes, Sir). Now that I have given you this single instruction, there is no need for the entire audience to report back saying, "We do not know how to practice Cittanupassana yet, Sir." (True, Sir).

ဘာ့ကြောင့် ကုန်သွားသလဲ မေးလို့ရှိရင် ခုနက ၄၅ စိတ်ရှိတဲ့အနက်က ၄၅ ပဲ လှည့်ပေါ်မှာပဲ၊ အဲဒီပေါ်တိုင်း ပေါ်တိုင်း ပေါ်လို့ရှိရင် ရှိ-မရှိ အကဲခတ်ရုံပဲဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)၊ ပေါ်တဲ့စိတ်ကို ဘာတဲ့ (ရှိ-မရှိ အကဲ ခတ်ရုံပါ ဘုရား)၊ ရှိ-မရှိ အကဲခတ်တဲ့အခါကျတော့ မရှိတာက (အနိစ္စပါ)၊ အကဲခတ်တဲ့စိတ်က (မဂ္ဂပါ)။

Why is there no need? Because among the forty-five types of mind mentioned earlier, only the cycle of forty-five will arise. Whenever one arises, simply observe: "Is it there or not?" Is that clear? (Yes, Sir). With the arising mind, what must you do? (Just observe if it is there or not, Sir). When you observe "Is it there or not," the non-existence is... (Anicca, Sir). The observing mind is... (Magga, Sir).

ဒါဖြင့် ခင်ဗျားတို့မှာ အကဲခတ်များတဲ့ပုဂ္ဂိုလ်ဟာ မဂ်ရမှာပဲ (မှန်လှပါ ဘုရား)၊ အကဲမခတ်တဲ့ပုဂ္ဂိုလ်ဟာ (မဂ်မရပါဘူး)၊ အဲဒီတော့ သတိထားပြီး ပညာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်ဆိုတာ အကဲခတ်တဲ့ပုဂ္ဂိုလ်ကို ဆိုတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာဆိုတာပါလိမ့် (အကဲခတ်တဲ့ပုဂ္ဂိုလ်ကို ဆိုတာပါ)၊ အကဲခတ်တဲ့ ပုဂ္ဂိုလ်ဆိုတာပါဆိုတာ ဒကာ ဒကာမတွေ ကျကျနန ရှင်းပလား (ရှင်းပါပြီ)။

Therefore, those among you who observe frequently will attain the Path. (True, Sir). Those who do not observe... (Will not attain the Path, Sir). So, the person who looks with wisdom and mindfulness refers to the person who observes. (True, Sir). Is that clear? (Yes, Sir). Who does it refer to? (It refers to the person who observes, Sir). Do you Yogis clearly and thoroughly understand what "the person who observes" means? (Yes, we understand, Sir).

သစ္စာထဲသွင်းကြပါစို့

Let Us Categorize into the Truths (Sacca)

ကဲ ဒါဖြင့် သစ္စာထဲသွင်းကြပါစို့ ဦးခင်မောင်တို့ ဒကာသစ်တို့နော် (မှန်လှပါ ဘုရား)၊ သစ္စာထဲ သွင်းလိုက် တော့ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာလို့ဆိုသဖြင့် စိတ်ကလည်း ပုထုဇန်စိတ်၊ ၄၅ ထည်း ကာမစိတ် ၄၅ ထည်း ဒီ့ပြင်ဟာတွေကလည်း ဘုရားရဟန္တာမှာဖြစ်လို့ ကိုယ့်သန္တာန်လည်းမပေါ်လို့ သူတို့ကို အကဲခတ်စရာ လိုသေးသလား (မလိုပါဘူး ဘုရား)။

Now, let us put this into the context of the Truths (Sacca), U Khin Maung and New Yogi. (Yes, Sir). When we categorize it, observing one's own mind deals with the mundane mind (Puthujjana Citta). Since only these forty-five Sense-Sphere minds arise in you—and the others belong to Arahants and do not arise in you—do you need to observe those others? (No, Sir).

ဒါဖြင့် ကိုယ့်သန္တာန်ပေါ်တဲ့ ခုနကပြောခဲ့တဲ့ ပုထုဇန်စိတ် ၄၅ စိတ်ကလေးဟာ ဒီထဲမပေါ်ပေဘူးလား (ပေါ် ပါတယ် ဘုရား)၊ ပေါ်တဲ့အခါကျတော့ ဒီစိတ်ကလေးကို ဒကာ ဒကာမတွေက ပေါ်တိုင်းပေါ်တိုင်း အကဲခတ်မယ် ဆိုလို့ရှိရင်ဖြင့် ကြာတော့ အကဲခတ်ပါများတော့ ဪ... ဒီစိတ်ကလေး ဒုက္ခရောက်တာပဲ အကြည့်ခိုင်းတာပါကလား ဆိုတာ ပေါ်လာလိမ့်မယ် (မှန်လှပါ ဘုရား)။

So, observing the forty-five mundane minds that arise within you—do they not arise in this process? (They do arise, Sir). When they arise, if you Yogis observe each one as it appears, eventually, as you observe more and more, it will dawn on you: "Oh, I am being asked to watch this little mind undergo suffering!" (True, Sir).

ဒီပထမပေါ်တဲ့စိတ်ကလေးက ဘာဖြစ်သွားပါလိမ့် (ဒုက္ခရောက်သွားပါတယ်)၊ ဒါဖြင့် ပထမပေါ်တဲ့စိတ်ကလေး ဒုက္ခရောက်တာကို ဒုက္ခရောက်-မရောက် အကဲခတ်ခိုင်းတာ (မှန်လှပါ ဘုရား)၊ ဒုက္ခသစ္စာ ဟုတ်-မဟုတ် အကဲခတ် ခိုင်းတော့ ဒကာ ဒကာမတွေ ဒုက္ခသစ္စာဆိုတာ ကြည့်စမ်း။

What happened to that first mind that appeared? (It underwent suffering, Sir). So, you are being asked to observe whether the first arising mind undergoes suffering or not. (True, Sir). You are asked to observe whether it is the Truth of Suffering (Dukkha Sacca) or not. Look at it, Yogis.

ဒီကိုယ့်သန္တာန်ပေါ်လာတဲ့စိတ်၊ မျက်လုံးက ပေါ်တဲ့စိတ်ဖြစ်ဖြစ်၊ ဝမ်းထဲက ပေါ်လာတဲ့စိတ်ဖြစ်ဖြစ်၊ နားထဲ ပေါ်လာတဲ့စိတ်ဖြစ်ဖြစ် တစ်နေရာကနေပြီး တစ်နေရာ ရွှေ့သေးသလား၊ ဒီနေရာမှာပဲ သေသွားကြသလား (ဒီနေရာ မှာပဲ သေသွားကြပါတယ် ဘုရား)၊ ဒီနေရာမှာပဲ သေသွားတော့ ဪ... သေမလို့ပေါ်တာရယ်၊ သေတာရယ် နှစ်ခုမတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)၊ သေမလို့ပေါ်တာရယ်၊ သေတာရယ် နှစ်ခုတွေ့ရတော့ သေမလို့ပေါ် တာလည်း ဒုက္ခသစ္စာ (မှန်ပါ့ဘုရား)၊ သေသွားတာကော (ဒုက္ခသစ္စာပါ ဘုရား)။

This mind arising within you—whether it is a mind arising at the eye, or a mind arising in the belly, or a mind arising at the ear—does it move from one place to another, or does it die right there? (It dies right there, Sir). Since it dies right there... Do you not see two things: arising only to die, and the dying itself? (We see them, Sir). Seeing the arising-to-die and the dying... the arising-to-die is Dukkha Sacca. (True, Sir). And the dying? (It is Dukkha Sacca, Sir).

ဒါဖြင့် ခင်ဗျားတို့ အကဲခတ်တော့ အကဲခတ်ပါများတော့ ဟာ့...အာ... ဒါကိုယ့်ဒုက္ခကိုယ် အကဲခတ် ခိုင်းတာပါကလားဆိုတာ နောက်တော့ ဉာဏ်တက်လာမယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာအကဲခတ် ခိုင်းတာပါလိမ့် (ကိုယ့်ဒုက္ခကိုယ် အကဲခတ်ခိုင်းတာပါ ဘုရား)၊ ကိုယ့်ဒုက္ခကို ကိုယ်အကဲခတ်ခိုင်းတာ၊ မမြင်ရတော့ ကိုယ့်မှာ ပစ္စည်းကလေးကလည်းရ၊ သားကလေး သမီးကလေးတွေလည်း စုံပြီး ကျန်းမာရေးကလည်း လုံလောက်နေတဲ့ အခါကျလို့ရှိရင် ကိုယ့်မှာ ဒုက္ခမရှိဘူးထင်လိုက်ကြတယ် (မှန်ပါ့)။

Therefore, as you observe repeatedly, insight will arise: "Ha! I am being asked to observe my own suffering!" (True, Sir). Is that clear? (Yes, Sir). What are you being asked to observe? (We are asked to observe our own suffering, Sir). You are asked to observe your own suffering. When you do not see this, and you have property, children, and sufficient health, you assume, "I have no suffering." (True, Sir).

ကိုယ့်စိတ်ကို ကိုယအကဲခတ်လိုက်တဲ့အခါကျတော့ အို... ခဏခဏ ကိုယ်သေနေတာတွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)၊ ဒါဖြင့် ကိုယ်သေနေတာတွေ ကိုယ်တွေ့ရတဲ့အတွက် အသေခံရတာက ဒကာ ဒကာမတို့ ဒီစိတ်ကလေး ဖြစ်ပေါ်လာတာဟာ သေမလို့ပေါ်လာတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အကဲခတ်လိုက်တော့ သေသွားတာကော မတွေ့ရဘူးလား (တွေ့ရပါတယ်)။

But when you observe your own mind... Oh! Do you not see yourself dying again and again? (We see it, Sir). Because you see yourself dying, regarding this death, Yogis... this mind arises only to die. (True, Sir). Do you grasp this? (Yes, Sir). When you observe, do you not see it dying? (We see it, Sir).

ဒါဖြင့်ပေါ်ကတည်းက သူ့မှာ ဒုက္ခသစ္စာ (မှန်ပါ့)၊ ပျက်သွားတော့ကော (ဒုက္ခသစ္စာပါ ဘုရား)။

So, from the moment it arises, it possesses Dukkha Sacca. (True, Sir). And when it perishes? (It is Dukkha Sacca, Sir).

ပေါ်လာပြန်တော့ (ဒုက္ခသစ္စာပါ)။

When it arises again? (Dukkha Sacca, Sir).

ပျက်သွားပြန်တော့ (ဒုက္ခသစ္စာပါ)။

When it perishes again? (Dukkha Sacca, Sir).

အဲ... ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တဲ့အခါကျတော့ ကိုယ့်ဒုက္ခ ကိုယ်သိတယ်ဆိုပြီး ဉာဏ်တက်လာပါတယ် (မှန်လှပါ)၊ အနိစ္စလုပ်တော့ သူ ဒုက္ခသစ္စာထဲ ရောက်သွားပြီ (မှန်ပါ့)၊ အကဲခတ်တာ မြင်ပြန်တော့ ဘယ်ဘက်ရောက် ပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။

Indeed. When you observe your own mind, the insight arises: "I know my own suffering." (True, Sir). When you see Anicca, it has fallen into Dukkha Sacca. (True, Sir). And when you see the observation itself, where does that belong? (It belongs to Magga Sacca, Sir).

အကဲခတ်ခံရတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက မဂ္ဂသစ္စာ

The Observed is Dukkha Sacca, The Observer is Magga Sacca

ဒုက္ခသစ္စာထဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် အကဲခတ်ခံရတာက ဒုက္ခသစ္စာ၊ အကဲခတ် တာက (မဂ္ဂသစ္စာပါ ဘုရား)၊ အကဲခတ်ခံရတာက (ဒုက္ခသစ္စာပါ)၊ ဟင်... အကဲခတ်တာက (မဂ္ဂသစ္စာပါ)၊ မဂ္ဂသစ္စာ ဆိုတော့ ဪ... မဂ်ရတဲ့ပုဂ္ဂိုလ်ဆိုတော့ ဒီဘက် အပါယ်လေးပါး သွားမည့်တရားတွေက ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူး)။

Doesn't it fall into Dukkha Sacca? (It does, Sir). So, what is being observed is Dukkha Sacca. The observing mind is... (Magga Sacca, Sir). The observed is... (Dukkha Sacca, Sir). And the observer is... (Magga Sacca, Sir). Since it is Magga Sacca... Oh, for the person who attains the Path, can the phenomena that lead to the four lower realms (Apaya) still arise? (They cannot arise, Sir).

ဒါဖြင့် အပါယ်လေးပါးတွေကော ကျုပ်တို့အတွက် ကျွတ်မသွားပေဘူးလား (ကျွတ်သွားပါတယ် ဘုရား)၊ ဒါ ဖြင့် အပါယ်လေးပါး လွတ်ချင်လို့ရှိရင် ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ပါ၊ ဒုက္ခသစ္စာလား၊ သုခသစ္စာလားလို့ အကဲခတ် ပါ (မှန်လှပါ ဘုရား)၊ ဦးခင်မောင်ရေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဒီကနေ့ အလုပ်တရားချည်းပဲ ပြောနေတယ် ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

Therefore, are we not liberated from the four lower realms? (We are liberated, Sir). If you want to be free from the four lower realms, observe your own mind. Observe whether it is Dukkha Sacca or Sukha Sacca (Truth of Happiness). (True, Sir). U Khin Maung, is it clear? (It is clear, Sir). Are you Yogis fully satisfied and convinced that today I am speaking only of the practice? (Yes, we are convinced, Sir).

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တယ်ဆိုတော့ ကိုယ့်စိတ်သေတာ၊ ကိုယ်သေတာ ကိုယ်အကဲခတ်စမ်း (မှန်လှပါ ဘုရား)၊ ဘာအကဲခတ်တာပါလိမ့် (ကိုယ်သေတာ ကိုယ်အကဲခတ်ခိုင်းတာ)၊ ကိုယ်သေတာ၊ ကိုယ်အကဲခတ်ခိုင်းတာပါ၊ ခင်ဗျားတို့က မသေဘူးထင်နေလို့နော် (မှန်လှပါ ဘုရား)၊ ကျုပ်ကတော့ ငါးဆယ်ကျော်မှ သေမယ်၊ တစ်ရာမှာ ခုနစ် ဆယ့်ငါးနှစ် နေရလိမ့်မယ်၊ အဲဒါတွေယုံမနေနဲ့ (မှန်လှပါ)။

Observing your own mind means observing your own mind dying, observing yourself dying. (True, Sir). What are you observing? (We are asked to observe ourselves dying, Sir). You are asked to observe your own death. But you think you are not dying! (True, Sir). "I will only die when I am over fifty. I will live to seventy-five." Do not believe such things! (True, Sir).

အဲဒါတွေ မယုံပါနဲ့ ဒကာ ဒကာမတို့က ကိုယ့်စိတ်ကလေး ခဏကလေးပေါ်လာပြီး အခုရွှေ့သွားတာသည် ကားလို့ဆိုရင် ကိုယ်သေတာလို့ မှတ်ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်စိတ်ကလေးပေါ်ပေါ်၊ ဘယ် စိတ်ကလေးချုပ်သွားသွား ဒါဘာဆိုကြမလဲ (ကိုယ်သေတာပါ ဘုရား)၊ ကိုယ်သေတာသည်ကားလို့ဆိုရင်ဖြင့် ကဲ နောက် စိတ်သာ မလာဘူးဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် ကိုယ်သေတာ ဟုတ်-မဟုတ် (ဟုတ်ပါတယ် ဘုရား)။

Do not believe them, Yogis. If this mind arises for a moment and then shifts, mark it as: 'I am dying.' (True, Sir). Is that clear? (Yes, Sir). Whatever mind arises, whatever mind ceases—what shall we call it? (It is our own death, Sir). If it is your own death, and if the next mind does not come, U Khin Maung, is it not your death? (It is, Sir).

အကဲခတ်တဲ့စိတ်ဟာ အကဲခတ်တဲ့စိတ် မလာတော့ပါဘူးလို့ ဒကာ ဒကာမတွေမှာ ဖြစ်စဉ်ပြတ်သွားရင် ဘယ့်နှယ်ဆိုကြမယ် (သေပါတယ် ဘုရား)၊ ဒါဖြင့် အဲဒီစိတ်ကိုပင် နောက်စိတ်ပေါ်တယ် ထင်နေတာပေါ့ဗျ (မှန်လှပါ ဘုရား)၊ အဲဒီစိတ်ပေါ်ပြီးနောက် ရှုတဲ့စိတ် ထပ်မလာရင် (သေပါတယ် ဘုရား)။

If the stream of consciousness is cut off for you Yogis—if the observing mind does not come anymore—what would you say? (We die, Sir). So, you are under the impression that a next mind appears. (True, Sir). But if, after that mind arises, the observing mind does not follow... (We die, Sir).

ဒါဖြင့် ကိုယ့်အသေဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ရှုတာသေတာက မွေးပြီးသေလိုက်၊ မွေးပြီးသေလိုက် က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

Therefore, what Truth (Sacca) is your own death? (Dukkha Sacca, Sir). And the observing of death—being born and dying, born and dying—what Truth is that? (Dukkha Sacca, Sir).

အဲဒါကို မြင်အောင်ကြည့်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ အဲ...ဒါဖြင့် သစ္စာကို အရှုခိုင်းတာလို့ မှတ် လိုက်စမ်းပါ (မှန်လှပါ ဘုရား)၊ ဘာအရှုခိုင်းတာပါလိမ့် (သစ္စာကို အရှုခိုင်းတာပါ ဘုရား)၊ ဒီနေ့ တရားဟာ ဒကာ ဒကာမတို့ အလုပ်သင်တာ အကောင်းဆုံးလို့ မှတ်စမ်းပါ (မှန်လှပါ)။

The wisdom that looks and sees this is... (Magga Sacca, Sir). So, mark it as: You are asked to observe the Truths. (True, Sir). What are you asked to observe? (We are asked to observe the Truths, Sir). Consider today's Dhamma as the best training for you Yogis. (True, Sir).

ဖြစ်ပျက် ဆိုတာဒုက္ခသစ္စာ

Arising and Passing Away is Dukkha Sacca

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်များဖြင့် အကောင်းဆုံးလို့ ဒကာ ဒကာမတွေ မှတ်စမ်းပါ (မှန်လှပါ ဘုရား)၊ ဖြစ်ပျက် ဆိုတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ... သူများ၏ ဒုက္ခသစ္စာလား... မိမိ၏ ဒုက္ခသစ္စာလား (မိမိ၏ ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီလိုသိလာတဲ့အခါကျတော့ ကိုယ့်စိတ်ကလေးနဲ့ အသက်ရှင်နေတာ ဒီစိတ်ကလေးဟာ ဖြစ် ပြီးပျက်သွားတဲ့ ဒုက္ခသစ္စာပဲ (မှန်ပါ့)။

Yogis, mark this as the best for those who practice. (True, Sir). Arising and passing away—what Truth is it? (Dukkha Sacca, Sir). Is it someone else's Dukkha Sacca or your own? (Our own Dukkha Sacca, Sir). When you realize this, living with your own mind, you see that this mind is simply arising and passing away—it is Dukkha Sacca. (True, Sir).

ဤကဲ့သို့ သိပြီးသကာလ သွားလို့ရှိရင် ဪ... အဖြစ်ကလည်း ဒုက္ခသစ္စာ၊ အပျက်ကလည်း (ဒုက္ခသစ္စာ ပါ)၊ အကဲခတ်တဲ့စိတ်က ဘာသစ္စာလဲ (မဂ္ဂသစ္စာပါ)၊ အကဲခတ်တဲ့စိတ်က မဂ္ဂသစ္စာတဲ့၊ ဘာကြောင့်တုံးဆိုတော့ ဒုက္ခ ကို သူသိလို့ မဂ္ဂသစ္စာနော် (မှန်လှပါ ဘုရား)။

If you proceed with this knowledge... Oh, the arising is Dukkha Sacca, and the passing is... (Dukkha Sacca, Sir). And what Truth is the observing mind? (Magga Sacca, Sir). The observing mind is Magga Sacca. Why? Because it knows Dukkha, it is Magga. (True, Sir).

ဦးခင်မောင်ရေ ဘာသိလို့ ဘာသစ္စာပါလိမ့် (ဒုက္ခသိလို့ မဂ္ဂပါဘုရား)၊ ဒုက္ခသိလို့ မဂ္ဂသစ္စာဆိုတော့ ဒကာ ဒကာမတွေ ဝမ်းထဲမှာ ဒီမဂ္ဂသစ္စာက ဒုတိယဆင့်မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီမဂ္ဂသစ္စာ လာဖို့ရာ ခင်ဗျား တို့ ဘုရားရှိခိုရင်း ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါလို၏ဆိုတာ သူဝမ်းထဲ ရောက်ရပါလို၏လို့ ပြောတာ (မှန်လှပါ ဘုရား)။

U Khin Maung, because it knows what, is it what Truth? (Because it knows Dukkha, it is Magga, Sir). Since it is Magga Sacca because it knows Dukkha, does this Magga Sacca not enter your heart as the second step? (It does, Sir). For this Magga Sacca to come, when you pray during worship, "May I attain Path and Fruit (Magga-Phala) with a short cycle of rebirth," you are essentially saying, "May this Magga enter my heart." (True, Sir).

သဘောကျပလား (မှန်ပါ့)၊ တပည့်တော် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရောက်ရပါလို၏လို့ဆိုတာဟာ ဒီမဂ် ဝမ်း ထဲ ရောက်ရပါလို၏လို့ဆိုတာပဲ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အဲ...ဟိုဟာတွေကတော့ဖြင့် ဟောဒီလို ဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ ခင်ဗျားတို့ အကူအညီပေးတယ် (မှန်ပါ့)။

Do you grasp the meaning? (Yes, Sir). Saying "May I attain Magga-Phala with a short cycle of rebirth" means "May this Path enter my heart." (True, Sir). Do you agree? (Yes, Sir). As for the other things... because you have met a good teacher, I am giving you assistance. (True, Sir).

အကူအညီပေးတော့ ခင်ဗျားတို့ အခု ဒီမှာမရဘူးလား (ရပါတယ် ဘုရား)၊ ရတဲ့အခါကျလို့ရှိရင် အစစ်ရတာ ကတော့ ကိုယ်တိုင်ရှုမှ ကိုယ်တိုင်လိုက်ရမယ် (မှန်လှပါ ဘုရား)၊ ကိုယ်တိုင်ရှုမှ (ကိုယ်တိုင်လိုက်ရမှာပါ ဘုရား)၊ ကိုယ်တိုင်ရှုမှ (ကိုယ်တိုင်လိုက်ရမှာပါ)၊ ကိုယ်တိုင်လိုက်ရမယ်ဆိုတာက သေချာပလား (သေချာပါပြီ)။

Since I am giving assistance, are you not receiving it here and now? (We are, Sir). While you receive it, to get the genuine article, you must observe it yourself; you must follow it yourself. (True, Sir). Only if you observe yourself... (We must follow it ourselves, Sir). Only if you observe yourself... (We must follow it ourselves). Is it certain that you must follow it yourself? (It is certain, Sir).

မဂ်ရချင်ရင် ရှုကြ

If You Want the Path, Observe!

ဒါဖြင့် မဂ်ရချင်ရင် ရှုကြ (မှန်လှပါ ဘုရား)၊ သဘောကျကြပလား (ကျပါပြီ)၊ မဂ်ရချင် ဘာလုပ်ကြမယ် (ရှုကြ)၊ မရှုရင် ရလိမ့်မယ်လို့ ဘယ်အခါကာလမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စိတ်ထဲမှာ မဥပါဒ်ပါနဲ့ (မှန်ပါ့)၊ ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။

Therefore, if you want the Path, observe! (True, Sir). Do you agree? (Yes, Sir). If you want the Path, what will you do? (Observe, Sir). Yogis, never let the thought arise in your mind that you will attain it without observing. (True, Sir). Can you attain it? (No, Sir).

ဒုက္ခသစ္စာမှ မမြင်ဘဲနဲ့ မဂ္ဂသစ္စာ ဝမ်းထဲ ဝင်လာပါ့မလား (မဝင်ပါ ဘုရား)၊ မဝင်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့ မဂ်ပုဂ္ဂိုလ်ဆိုတာ ဝမ်းထဲမှာ ဒီမဂ်ရောက်လာတယ် (မှန်ပါ့)၊ ဖိုလ်ပုဂ္ဂိုလ်ဆိုတာတော့ ဒီမဂ်ပြီး ဖိုလ်ဝင်လာလို့ ဖိုလ်ပုဂ္ဂိုလ်ဖြစ်ရတာ (မှန်ပါ့)။

Without seeing the Truth of Suffering (Dukkha Sacca), will the Truth of the Path (Magga Sacca) enter your heart? (It will not enter, Sir). Is it certain that it cannot enter? (It is certain, Sir). So, Yogis, a "Path-winner" (Magga-person) is someone in whom this Path has arrived within. (True, Sir). A "Fruit-winner" (Phala-person) is someone who becomes so because the Fruit (Phala) enters after the Path. (True, Sir).

ဒီရှုတဲ့ပုဂ္ဂိုလ်မှ ဝင်လာမယ်ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)၊ မရှုတဲ့ပုဂ္ဂိုလ် ဝမ်းထဲ ရောက်ပါ့ မလား (မရောက်ပါ ဘုရား)၊ အဲဒီတော့ မဂ်ပုဂ္ဂိုလ်ဖြစ်ချင်ရင် မဂ်ဝမ်းထဲရောက်အောင် လုပ်ပါ (မှန်ပါ့)၊ ဖိုလ်ပုဂ္ဂိုလ် ဖြစ်ချင်ရင်ကော (ဖိုလ်ဝမ်းထဲရောက်အောင် လုပ်ပါ)။

Is it certain that it will enter only for the person who observes? (It is certain, Sir). Will it reach the heart of the person who does not observe? (It will not reach, Sir). So, if you want to be a Path-winner, make the Path reach your heart. (True, Sir). If you want to be a Fruit-winner? (Make the Fruit reach the heart).

ဖိုလ်ဝမ်းထဲရောက်အောင် လုပ်ရလိမ့်မယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)၊ အဲဒီတော့ မဂ် ရောက်ရင် ဖိုလ်ရောက်တာ ဧကန်ပါပဲ၊ ဘာမှ ခင်ဗျားတို့ သံသယမရှိပါနဲ့ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်ပျက်မြင်ရင် (မဂ္ဂသစ္စာပါ ဘုရား)၊ အကဲခတ်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။

Is it certain that you must make the Fruit reach your heart? (It is certain, Sir). When the Path arrives, the Fruit arrives inevitably. Do not have any doubts about this. (True, Sir). Is that clear? (Yes, Sir). So, Arising and Passing Away is what Truth? (Dukkha Sacca, Sir). If you see Arising and Passing Away? (Magga Sacca, Sir). The observing wisdom is... (Magga Sacca, Sir).

ဒီတော့ ဝမ်းထဲ မရောက်သေးဘူးလားဗျ (ရောက်ပါတယ် ဘုရား)၊ အဲဒီလိုက်ပြီး ငါးပါးက ရှစ်ပါးဖြစ်သွားတဲ့ တစ်နေ့မှာ သောတာပန်အစစ်ဖြစ်တာပဲ (မှန်ပါ့ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ငါးပါးက ရှစ်ပါးဖြစ်သွားရင် (သောတာပန်အစစ် ဖြစ်သွားပါတယ်)၊ ကျေနပ်ကြပလား (ကျေနပ်ပါတယ်)။

So, hasn't it reached your heart? (It has reached, Sir). Following that, the day the Five Factors expand into the Eightfold Path, *you become a true Stream-Enterer (Sotapanna).* (True, Sir). Do you grasp this? (Yes, Sir). If the Five become Eight... (We become true Sotapannas, Sir). Are you convinced? (We are convinced, Sir).

ဒါဖြင့် မဂ်ရဖို့အရေးဟာ ဒကာ ဒကာမတို့ အကဲခတ်တဲ့ အရေးပါကလား (မှန်လှပါ ဘုရား)၊ မဂ်ရဖို့အရေး ဟာ (အကဲခတ်တဲ့အရေးပါ ဘုရား)၊ အကဲခတ်တဲ့ အရေးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

Therefore, Yogis, the matter of attaining the Path is simply the matter of observing. (True, Sir). The matter of attaining the Path is... (The matter of observing, Sir). Are you certain that it is the matter of observing? (We are certain, Sir).

ဘယ်သူ့ကို အကဲခတ်ရမှာပါလိမ့် (ကိုယ့်စိတ်ကို ကိုယ် အကဲခတ်ရမှာပါ ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲ ခတ်ရင် မဂ်ရတာပဲ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)၊ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ရင် (မဂ်ရပါတယ် ဘုရား)၊ ဘာ့ကြောင့် မဂ်ရတယ်လို့ ဆရာဘုန်းကြီး ထပ်ပြီး ရှင်းပြန်ရသတုံးလို့ မေးတဲ့အခါကျတော့ ပထမဒီဥစ္စာက မိမိစိတ် (မှန်ပါ့)။

Who must you observe? (We must observe our own mind, Sir). If you observe your own mind, you attain the Path, Yogis. (True, Sir). If you observe your own mind... (We attain the Path, Sir). If you ask, "Why did the presiding Sayadaw explain again that we attain the Path?"—firstly, this is your own mind. (True, Sir).

ဒါလည်း မိမိစိတ်ပဲဆိုတော့ နှစ်စိတ်က ပြိုင်ပေါ်ကောင်းရဲ့လား (မပေါ်ကောင်းပါဘူး ဘုရား)၊ ဒါဖြင့် ဒီစိတ် ဖြစ်ပြီးမှ ရှုတဲ့စိတ် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါဖြင့် အရှုခံရတဲ့စိတ်သည် ဒကာ ဒကာမတို့ ဒုက္ခရောက် တာမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ဒါဖြင့် အရှုခံရတဲ့စိတ်က ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ ချုပ်သွားလေရဲ့ (မှန်လှ ပါ)၊ သူ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

And since it is your own mind, can two minds arise simultaneously? (They cannot, Sir). So, doesn't the observing mind arise only after the first mind has happened? (It does, Sir). Therefore, isn't the mind being observed truly undergoing suffering? (It is, Sir). Thus, the observed mind ceases with the suffering of arising and the suffering of passing. (True, Sir). What Truth is it? (Dukkha Sacca, Sir).

အင်း... ရှုတဲ့ဉာဏ်က ဘာဆိုကြမယ် (မဂ္ဂသစ္စာပါ ဘုရား)၊ အဲဒီတော့ ဒါသာရဖို့ အရေးကြီးနေတာပဲ၊ ဟို သံသရာပြတ်ဆိုတာ မဂ်က သူ့ဟာသူ ဖြတ်သွားမှာပဲ ခင်ဗျားတို့က ဖြတ်ပါဆိုလို့ သူတို့က ဖြတ်မှာမဟုတ်ဘူး (မှန်လှ ပါ)၊ သဘောပါကြလား (ပါပါပြီ)၊ ကောင်းပြီ ဒါဖြင့် ယနေ့ အကဲခတ်ရမည့် စိတ်ပေါင်းက ဘယ်လောက်တဲ့ ဒကာ ဒကာမတို့ (၄၅ ပါးပါ ဘုရား)။

And the wisdom that observes—what shall we call it? (Magga Sacca, Sir). So, getting this is the only thing that matters. Regarding "Cutting Samsara"—the Path itself will sever it. You don't need to tell the defilements "Please be cut"—they won't listen to that. (True, Sir). Do you understand? (Yes, we do, Sir). Good. So, how many minds are there to observe today, Yogis? (Forty-five, Sir).

အဲ...ပုထုဇန်မှာ ဒီ ၄၅ ပဲ ဝင်တယ်၊ ဒါ တိဟိတ်မှလာမှာနော်... ဒွိဟိတ်ဆိုရင် ၄၅ မလာသေးဘူး (မှန်ပါ့)၊ ဒွိဟိတ်ဆိုရင် ၄၁ လောက်သာ လာတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ တိဟိတ်မို့ ၄၅ လို့ ဘုန်းကြီးက ပြောလိုက်ပါတယ် (မှန်ပါ့)။

Indeed. In a worldling (Puthujjana), only these forty-five apply. This is for those with three-roots (Ti-hetuka)... if one has two-roots (Dvi-hetuka), forty-five won't even arise. (True, Sir). For two-rooted individuals, only about forty-one arise. (True, Sir). Is that clear? (Yes, Sir). I said forty-five assuming you are three-rooted individuals. (True, Sir).

အိမ်ပေါ်တွင်ပဲ ရပါတယ်

You Can Attain It Right at Home

အဲဒီတော့ ဒီကိုယ့်သန္တာန် ၄၅ လာတာကို နောက်ကနေပြီး အကဲခတ်တဲ့ မဂ္ဂင်ငါးပါးနဲ့ အကဲသာခတ်နေလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟာ အိမ်ပေါ်တွင်ပဲ ရပါတယ်၊ ထမင်းဟင်း ချက်ရင်းလည်း ရပါ တယ်၊ ထမင်းဟင်း ချက်ရင်းလည်း ရပါတယ်၊ အပ်ချုပ်ရင်းလည်း ရပါတယ်၊ ရောင်းရင်းဝယ်ရင်းလည်း ရနိုင်ပါတယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။

Therefore, if you keep observing these forty-five arising in your continuum with the Fivefold Path of observation following behind, Yogis, you can attain Path and Fruit Knowledge right in your own home. You can attain it while cooking rice and curry. You can attain it while sewing. You can attain it while trading and selling. Do you grasp this? (Yes, we do, Sir).

အကဲသာခတ်နေနော် (မှန်ပါ့ဘုရား)၊ ဘယ်စိတ်ကလေးပေါ်ပေါ် အကဲခတ်၊ ဦးခင်မောင် ရှိသေးသလား မရှိတော့ဘူးလား... ဘာလုပ်ရမှာတုံး (အကဲခတ်ရမှာပါ)၊ နောက်က ဒကာ ဒကာမတွေ ရှိ-မရှိ အကဲခတ်ပါနော် (မှန်လှပါ ဘုရား)၊ ၁ ကို ၂ နဲ့ အကဲခတ်ပါ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (၁ ကို၊ ၂ နဲ့ အကဲခတ်ရမှာပါ ဘုရား)၊ ၁ ကို ၂ နဲ့ အကဲခတ်တော့ ၁ က မရှိဘူး ပြောတာ (မှန်ပါ့)၊ ၂ က မရှိမှန်းသိလာတာပါပဲ (မှန်လှပါ ဘုရား)။

Just keep observing. (True, Sir). Whatever mind arises, observe it. U Khin Maung, is it still there or is it gone... what must you do? (We must observe, Sir). Yogis in the back, observe whether it is there or not. (True, Sir). Observe Number One with Number Two. (Yes, Sir). How will you note it? (We must observe Number One with Number Two, Sir). When observing Number One with Number Two, Number One says "I am not here." (True, Sir). Number Two is the knowing that "It is not here." (True, Sir).

၁ က (မရှိဘူးပြောတာပါ)။

Number One... (Says "I am not here", Sir).

၂ က (မရှိမှန်းသိတာပါ)။

Number Two... (Is knowing "It is not here", Sir).

ဒါဖြင့် မရှိတာက ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့မို့ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ မရှိတာက ဒုက္ခသစ္စာ၊ အကဲခတ်တာက (မဂ္ဂသစ္စာပါ ဘုရား)၊ ဒါဖြင့် မဂ်ရတာသည် ဒကာ ဒကာမတို့ အကဲမခတ်တဲ့ပုဂ္ဂိုလ်မှာ ရသလား အကဲခတ်မှ ရသလား (အကဲခတ်မှ ရပါတယ် ဘုရား)၊ ဪ... ဒါဖြင့် ကျေနပ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။

So, the non-existence is Dukkha Sacca. Because of the suffering of arising and passing, does it still exist? (It does not exist, Sir). The non-existence is Dukkha Sacca. The observing is... (Magga Sacca, Sir). Therefore, Yogis, does one attain the Path by not observing, or only by observing? (Only by observing do we attain it, Sir). Oh... then we are satisfied, Yogis. (True, Sir).

ကျေနပ်ပါပြီ ဒီဟာ အလုပ်တရား ပေးပြီးပြီနော် (မှန်လှပါ)၊

We are satisfied. I have given you the practice. (True, Sir).

ဝစ္ဆပရိဗိုဇ်ဝတ္ထု

The Story of Vacchagotta

အဲဒီတော့ ဟိုဝတ္ထုကို ပြန်ပြီးသကာလ ဒကာ ဒကာမတွေ ဆက်ကြပါစို့ဆိုတော့ ဒီထဲသွင်းရမှာပဲ ဦးခင်မောင်တို့ ဒကာသစ်တို့နော် (မှန်လှပါ)၊ ၁ နံပါတ် ဝစ္ဆပရိဗိုဇ် က မေးလိုက်တယ်နော် ပထမနေ့ကဟာပဲ ပြန်ပြောပါတယ် ဒကာ ဒကာမတွေ ဒီနေ့ကျုပ်သိမ်းမယ်လို့ (မှန်လှပါ ဘုရား)၊ ရှင်ကြီးဂေါတမလူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ ဝစ္ဆပရိဗိုဇ်က မမေးလား ဦးခင်မောင် (မေးပါတယ် ဘုရား)။

Now, let us continue with that story for the Yogis. We must apply this practice within it, U Khin Maung and New Yogi. (True, Sir). Number One: Vacchagotta the Wanderer asked a question. I am retelling what happened on the first day, Yogis, as I will conclude it today. (True, Sir). Vacchagotta asked: "Can the layman Gautama attain Nibbana without abandoning worldly fetters?" Did he not ask this, U Khin Maung? (He did ask, Sir).

ဒကာ ဒကာမတွေ ဘယ့်နှယ်မေးပါလိမ့် (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား)၊ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (မရဘူးတဲ့)၊ မရနိုင်ဘူး (မှန်ပါ့)၊ ဘုရားက ဘာတဲ့ (မရနိုင်ဘူးတဲ့)၊ ဟုတ်တယ် ဘယ်ရမတုံး ဒကာ ဒကာမတို့ရာ ဒီစိတ်ကလေးကို ဒီကနေပြီးသကာလ ကိုယ့်စိတ်ကလေးကို ကိုယ့်ခန္ဓာကလေးကို ကိုယ်ခင်မင် မယ် ကိုယ်စွဲလမ်းမယ် ကိုယ်အားထုတ်မယ်ဆိုရင် ရပါ့မလား (မရပါဘူး)။

Yogis, consider the question that was asked: "Can a person attain Nibbana without abandoning human fetters and attachments (Samyojana)?" And how did the Buddha answer? He said, "It is impossible." (That is true, Sir). What did the Buddha say? (He said it is impossible). Indeed, how could it be possible? Yogis, if you cling to this mind, if you cherish this body, if you practice with attachment to your own existence, can you attain liberation? (No, Sir).

ဒါကလူ လူဆိုတာက ခန္ဓာငါးပါးကို လူခေါ်တာပါပဲ၊ သဘောကျကြပလား (မှန်ပါ ကျပါပြီ)၊ အဲဒီတော့ ဒီခန္ဓာငါးပါး လူခေါ်တော့- ဒါ ဝိညာဏက္ခန္ဓာဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ အဲဒါကို ခင်မင်မယ် စွဲလမ်းမယ် အားထုတ်နေမယ်ဆိုလို့ရှိရင် လူဟာ လူ့သံယောဇဉ်သုံးခု စွန့်သေးရဲ့လား (မစွန့်ပါ ဘုရား)၊ မစွန့်တော့ မဂ်ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

Now, when we say "human," it is merely a designation for the Five Aggregates. Do you grasp this? (Yes, we do, Sir). Therefore, speaking of these Five Aggregates—what we call a "human"—is it not simply the Aggregate of Consciousness (Viññāṇakkhandha) in Ultimate Truth? (It is certain, Sir). If you cherish this, cling to it, and practice while holding onto it, have you abandoned the three human fetters? (No, Sir). If you haven't abandoned them, can you attain the Path (Magga)? (We cannot, Sir).

မရနိုင်ဘူးတဲ့ ဒီကံလာလို့ရှိရင် ဇာတိ ဇရာ မရဏတွေသာ ရမယ်၊ မဂ်တော့ မရဘူး (မှန်လှပါ)၊ ဘာရမယ် (ဇာတိ ဇရာ မရဏတွေသာ ရမှာပါဘုရား)၊ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နေကြလို့ရှိရင် ဒကာ ဒကာမတွေ ဘာ ရမယ် (ဇာတိ ဇရာ မရဏတွေ ရပါမယ်ဘုရား)။

The Buddha said it is impossible. If these fetters remain, you will only obtain Rebirth (Jati), Aging (Jara), and Death (Marana). You will not attain the Path. (True, Sir). What will you get? (Only rebirth, aging, and death, Sir). If a person lives without abandoning human attachments, what will they acquire, Yogis? (They will acquire rebirth, aging, and death, Sir).

ကြည့်... ရှင်းပြမယ်၊ ဒါက လူ ဒီကိုယ့်လူကို ကိုယ့်ခန္ဓာကို ကိုယ်ခင်မင်မယ်၊ ကိုယ်စွဲလမ်းမယ်၊ ကိုယ်အား ထုတ်မယ်ဆိုတော့ သံယောဇဉ်က သုံးခုမလာဘူးလား (လာပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

Look, I will explain clearly. If you cherish this "person," this body of yours; if you cling to it and practice based on that attachment, are the three fetters not present? (They are present, Sir). Is that clear? (Yes, Sir).

လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား

The Buddha’s Verdict

လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတော့ ဘုရားက မရနိုင်ဘူးတဲ့၊ ဟောဒါတော့ ရမယ်တဲ့၊ ဇာတိ ဇရာ မရဏ ဒါပဲရမယ် (မှန်ပါ့)၊ နိဗ္ဗာန်တော့ (မရပါဘူး ဘုရား)၊ သဘောပါကြလား (ပါပါပြီ)၊ လူဟာ လူ့ သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ကို (မရနိုင်ပါဘူး)၊ ကဲ... အခုမြင်အားဖြင့်လည်း သေချာကြပလား (သေချာပါတယ် ဘုရား)၊ ဒီကိုယ့်ခန္ဓာက ဟောဒါက ဒကာ ဒကာမတွေ၏ ခန္ဓာ၊ ကိုယ့်ခန္ဓာ၊ လူပဲ၊ သဘောကျပလား (ကျပါပြီ)။

So, regarding the question "Can a person attain Nibbana without abandoning human attachments?", the Buddha answered: "It is impossible." But he said you will get something else. You will get Rebirth, Aging, and Death. Just that. (True, Sir). But as for Nibbana? (We will not get it, Sir). Do you understand the meaning? (Yes, Sir). A person cannot attain Nibbana without abandoning human attachments. (No, they cannot). Are you certain of this through your own vision now? (Yes, we are certain, Sir). This body here—this is the Yogis’ body, your body, a "human." Do you accept this? (Yes, Sir).

သမုတိသစ္စာနဲ့ဆိုတော့ လူပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ပရမတ္ထသစ္စာနဲ့တော့ ဝိညာဏက္ခန္ဓာ ပေါ့ဗျာ (မှန်လှပါ)၊ သူသည် ကိုယ့်စိတ်ကလေး ကိုယ်ခင်နေတဲ့အခါကျလို့ရှိရင် တဏှာ ဥပါဒါန် ကံ လာ-မလာ (လာ ပါတယ် ဘုရား)။

According to Conventional Truth (Sammuti Sacca), can we not call it a "human"? (We can, Sir). But according to Ultimate Truth (Paramattha Sacca), it is the Aggregate of Consciousness (Viññāṇakkhandha). (True, Sir). When one cherishes one’s own mind, do Craving (Tanha), Clinging (Upadana), and Action (Kamma) arise or not? (They arise, Sir).

ဒါဖြင့် သံယောဇဉ် စွန့်-မစွန့် (မစွန့်ပါဘူး ဘုရား)၊ သံယောဇဉ်မစွန့်သောကြောင့်တဲ့၊ နိဗ္ဗာန်ရပါ့မလားဆို တော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မရပါဘူး)၊ ဒါဖြင့် နိဗ္ဗာန်မရတော့ ဘာရမှာတုံးဆိုတော့ ဒီဘက်ကြည့်လိုက် (နတ်ရွာသုဂတိတော့ ရပါတယ်)။

If so, have the fetters been abandoned? (No, Sir). Because the fetters are not abandoned, the Buddha answered the question regarding Nibbana with a resounding "No." (True, Sir). So, if one does not attain Nibbana, what does one attain? Look at the other side. (One attains a good rebirth in the celestial realms, Sir).

ပေါ်ပြီ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဘာရမယ် (နတ်ရွာသုဂတိ ရပါမယ်)၊ ဒါဖြင့် ဒကာ ဒကာမ တို့ ဒီလိုလုပ်ကြ၊ လူဟာ လူ့သံယောဇဉ် စွန့်ရင်တော့ဖြင့် ဟောဒီသုံးခုမလာလို့ရှိရင် ဒီသုံးခုကော လာပါ့မလား (မလာပါဘူး)။

Is it clear now? (Yes, it is clear, Sir). What will one attain? (Celestial realms and good destinations). Therefore, Yogis, act accordingly. If you abandon human attachments—if these three factors (Tanha, Upadana, Kamma) do not arise—will the resulting three factors (Jati, Jara, Marana) arise? (No, Sir).

ဒါဖြင့် ဒီလိုလုပ်လိုက်တာပေါ့ ဒကာ ဒကာမတို့ ပေါ်တဲ့စိတ်ကလေး ပေါ်တဲ့စိတ်ဟာ လူ့သန္တာန်ပေါ်တဲ့စိတ် ပဲ၊ သဘောကျပလား (မှန်လှပါ)၊ သမုတိသစ္စာနဲ့ ရောပြောထားလို့ ဒီဟာကလေး ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ မဂ်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

So, do this, Yogis. The mind that arises—that arising mind appears within the so-called human continuity. Do you agree? (Yes, Sir). Although we speak conventionally of "humans," when you observe the Arising and Passing Away (Anicca) of these phenomena, does the Path Knowledge (Magga) not arise? (It arises, Sir).

အခုနက တဏှာ ဥပါဒါန် ကံဆိုတော့ လူ့သံယောဇဉ် လာသေးရဲ့လား (မလာပါဘူး)၊ လူ့သံယောဇဉ်မှ မလာဘဲနဲ့ ဇာတိ ဇရာ မရဏ နောက်ဆက်တွဲ လာပါ့မလား (မလာပါဘူး)။

When that happens, do the earlier factors of Craving, Clinging, and Kamma—the human attachments—still arise? (No, Sir). If human attachments do not arise, will the subsequent consequences of Rebirth, Aging, and Death follow? (No, Sir).

ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရရမယ်

Assessing Your Own Mind

ဒါဖြင့် လူဟာ လူ့သံယောဇဉ်ရှိရင်သာ မရတာ၊ မရှိလို့ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရရမယ် (မှန်လှပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကိုယ့်စိတ်ကိုယ် (အကဲခတ်ရင် ရရမယ်)၊ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရရမယ် ဆိုတာ သေချာပလား (သေချာပါတယ်)၊ ကောင်းပြီ ဒါဖြင့် ဒီအဖြေကို သုံးရက်ရှိပြီ ပဋိစ္စသမုပ္ပါဒ်နဲ့ ရှင်းပြီး ဖြေလိုက် တဲ့အတွက် တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ ဘုရား)။

Therefore, a person fails to attain Nibbana only if they have human attachments. If those attachments are absent, if you assess your own mind, you must attain it. (True, Sir). Is it clear? (Yes, Sir). If you assess your own mind, you must attain it. Are you certain? (We are certain, Sir). Good. I have been explaining this answer using Dependent Origination (Paticcasamuppada) for three days now. is the whole audience satisfied and clear on the meaning? (Yes, we are satisfied, Sir).

ရှုလိုက်တော့ သံယောဇဉ်လာသေးရဲ့လား (မလာပါဘူး ဘုရား)၊ မလာရင် ဘာတုံး (နိဗ္ဗာန်ရပါမယ်)၊ နိဗ္ဗာန် ရမယ် ဒီဇာတိ ဇရာ မရဏ လာသေးရဲ့လား (မလာပါဘူး)၊ ဇာတိချုပ်တာ ဘာခေါ်မယ် (နိဗ္ဗာန်ပါ)။

When you observe (Vipassana), do the fetters arise? (No, Sir). If they don't arise, what happens? (We attain Nibbana). You will attain Nibbana. Do Rebirth, Aging, and Death still come? (No, Sir). What do we call the cessation of Rebirth? (Nibbana).

ဇရာချုပ်တာ (နိဗ္ဗာန်ပါ)။

မရဏချုပ်တာ (နိဗ္ဗာန်ပါ)။

အဲဒါ သံယောဇဉ် နောက်ထပ်မလာဘဲ ဒီကိုယ့်စိတ်ကို ကိုယ်အကဲခတ်လိုက်တာနဲ့ သံယောဇဉ်တွေက နောက် က ချုပ်သွားတယ် (မှန်လှပါ)။

The cessation of Aging? (Nibbana). The cessation of Death? (Nibbana). Because no fresh fetters are added, and by assessing your own mind, the fetters are severed from behind. (True, Sir).

သံယောဇဉ်တွေက နောက်က ချုပ်သွားတော့ကို စုတိမနေ သေလွန်တော့ ဇာတိ ဇရာ မရဏတွေကော မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)၊ လာသေးရဲ့လား (မလာပါဘူး)၊ မလာတော့ ဇာတိချုပ်ရာ နိဗ္ဗာန်၊ ဇရာချုပ်ရာ (နိဗ္ဗာန်ပါ)၊ မရဏချုပ်ရာ (နိဗ္ဗာန်ပါ)၊ ဪ...နိဗ္ဗာန်သည် ဒကာ ဒကာမတို့ မဂ်ဝင်မှ ရတယ်ဆိုတာ သေချာပလား (သေချာပါတယ်)။

When the fetters are severed from behind, when the death consciousness arises and passes, do Rebirth, Aging, and Death not cease? (They cease, Sir). Do they come again? (No, Sir). Thus, the cessation of Rebirth is Nibbana. The cessation of Aging is... (Nibbana). The cessation of Death is... (Nibbana). Oh... Yogis, is it certain that one attains Nibbana only when the Path (Magga) enters? (It is certain, Sir).

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်မှ ဘာရတုံး (နိဗ္ဗာန်ရပါတယ်)၊ နိဗ္ဗာန်ရနိုင်တယ်ဆိုတာကော ယနေ့ ရှင်းပါ ပလား (ရှင်းပါပြီ)၊ သေသေချာချာ မှတ်ပါတဲ့ ဒီဥစ္စာ အတော်အရေးကြီးပါတယ် (မှန်ပါ့)၊

Only when you assess your own mind, what do you attain? (We attain Nibbana). Is it clear today that Nibbana is attainable? (Yes, it is clear). Mark this carefully. This is extremely important. (True, Sir).

ဒုတိယမေးခွန်း

The Second Question: Rebirth in Celestial Realms

ကိုင်း... ဒါဖြင့် လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက်နိုင်သလား...တဲ့၊ ဒုတိယမေးခွန်း။

ဒကာ ဒကာမတွေ ဘာတဲ့တုံး ဒုတိယမေးခွန်းက (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက် နိုင်သလား)၊ အဲဒီကျတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်နိုင်တယ်)၊ ရောက်နိုင်တယ်ကွတဲ့၊ လူဟာ ဥပမာမယ် ဆွမ်းလှူလိုက်တယ်-ကွမ်းလှူလိုက်တယ်၊ ဒကာ ဒကာမတွေက ဘုရားလှူလိုက်တယ်-ရှိခိုးလိုက်တယ်၊ ဒီရှိခိုးရတဲ့ အကြောင်းကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ လူချမ်းသာ နတ်ချမ်းသာ ရရပါလို၏ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ တဏှာဆန္ဒက မလာဘူးလား (လာပါတယ် ဘုရား)။

Now... The second question: "Can a person reach the good destinations (Sugati) or celestial realms without abandoning human attachments?" Yogis, what was the second question? (Can a person reach the good destinations or celestial realms without abandoning human attachments?) And how did the Buddha answer? (He said they can reach it). He said: "They can." For example, a person offers food or robes. You, the Yogis, offer to the Buddha or pay homage. Due to this act of paying homage, you make a wish: "Upon my death, may I attain the bliss of humans and Devas." Does the desire (Tanha) for human and Deva bliss not arise? (It arises, Sir).

မရ မရှိပါရစေနဲ့ဆိုတော့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ခုနက ဒီအားထုတ်တဲ့ ဒါန သီလတွေ အား ထုတ်တဲ့ ကာယကံ ဝစီကံတွေကကော ဒီဘက်က မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီတဏှာ ဥပါဒါန် ကံတွေ ကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ ဟော...နတ်ကောင်ကြီးပေါ်မှာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

You pray, "May I not be without," so Clinging (Upadana) arises too? (Yes, Sir). And the physical and verbal actions of charity (Dana) and morality (Sila) you performed—do they not come from this side? (They do, Sir). Because of this Craving, Clinging, and Kamma, immediately after death... Look! A Deva body appears. Does it not? (It does, Sir).

လူကောင် နတ်ကောင် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါကတော့ ဒကာ ဒကာမတွေ ဒီကံကလေး တဏှာပဲ အုပ်ချုပ်တယ်၊ တဏှာ ဥပါဒါန်တွေ အုပ်ချုပ်တယ် ကံက ကံကောင်းဖြစ်နေတယ်၊ ကမ္မဿကတာကံ ဖြစ် နေတယ် (မှန်လှပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ ရောက်နိုင်ပါ့မလား လို့ဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ရောက်နိုင်ပါတယ် ဘုရား)။

Does a human body or Deva body not appear? (It appears, Sir). Here, Yogis, this Kamma is governed by Craving. Craving and Clinging are in charge. But the Kamma happens to be good Kamma—Kammassakata Kamma. (True, Sir). Do you see it? (We see it, Sir). So, if asked, "Can a person reach a good destination without abandoning human attachments?" how will you answer? (They can reach it, Sir).

ဒီ...ကြည့်...ခင်ဗျားတို့ ဟောဒါလူပဲ၊ ကိုယ့်ကိုယ်ကိုယ် ခင်တဲ့အတွက် နောက်ဘဝကိုလည်း ကိုယ့်ကိုယ် ကိုယ် ကောင်းစားတာကိုသာ သဘောကျတဲ့အတွက်ဆိုတော့ ဒီဘဝမှာလည်း ကိုယ့်ကိုယ်ကိုယ် ခင်တဲ့တဏှာ မလာ ဘူးလား (လာပါတယ် ဘုရား)၊ စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ကိုယ့်ကိုယ်အတွက် အားထုတ်တဲ့ ဒါန သီလ (လာပါတယ် ဘုရား)။

Look here. This is a human. Because he cherishes himself, he approves of his own prosperity in the next life. So, in this life too, does the Craving regarding himself not arise? (It arises, Sir). And the Clinging (Upadana)? (It arises, Sir). And the Charity and Morality performed for his own sake? (They arise, Sir).

အဲဒါတွေကြောင့် သေသည်၏ အခြားမဲ့၌ ဟောဒီနတ်ကောင် လူကောင်တွေ ဖြစ်ထိုက်... မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သံယောဇဉ်ကြောင့်ကို ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သံယောဇဉ်ကြောင့် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ သံယောဇဉ်ဆိုပေမယ်လို့ ဒီကံက သူက သံယောဇဉ် အုပ်ချုပ်တဲ့ ကံသာ ဖြစ်နေတော့ ဒီကံကတော့ ကုသိုလ်ကံပဲ၊ ဒါန သီလ ပြုလုပ်တဲ့ကံဆိုတော့ သဘောကျပလား (ကျပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

Because of these, immediately after death, is it fitting or not fitting that Deva bodies or human bodies arise? (It is fitting, Sir). It happens because of the attachment. (True, Sir). Do you agree? (Yes, Sir). Does it not happen because of attachment? (It does). Although it is attachment, since the Kamma governed by that attachment is Meritorious Kamma (Kusala Kamma)—deeds of Charity and Morality—it results in a good rebirth. Do you agree? (Yes, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို ဒုတိယဆက်ပြီး ဝစ္ဆပရိဗိုဇ်က မေးတော့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နဲ့ သုဂတိရောက်နိုင်သလားလို့ မေးတော့ ဘုရားက ဖြေလိုက်တယ်၊ တစ်ရာမကဘူး တစ်ထောင်မကဘူး တစ်သောင်း မကဘူး တစ်သိန်းမကဘူး တစ်သန်းမကဘူးကွ ရောက်တယ်တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုရားဖြေပုံကော ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ ဘယ်လောက်ရောက်နိုင်သတဲ့တုံး (တစ်သိန်း၊ တစ်သန်းမက ရောက်နိုင်ပါသတဲ့)၊ အေး... ရာပေါင်း ထောင်ပေါင်းမက ရောက်နိုင်ပါတယ်ကွဆိုတာကော သေချာကြပလား (သေချာပါတယ်)။

So, when the wanderer Vacchagotta asked the Buddha the second question—"Can a person reach a good destination without abandoning human attachments?"—the Buddha replied: "Not just one hundred, not just one thousand, not just ten thousand, not just one hundred thousand, not just a million! Countless beings reach it." (True, Sir). Is that clear? (Yes, Sir). Are you satisfied with the Buddha's answer? (Yes, Sir). How many did he say reach it? (More than a hundred thousand, more than a million reach it). Indeed. He said countless hundreds and thousands reach it. Are you certain? (Certain, Sir).

ဒါဖြင့် သံယောဇဉ်ဆိုတဲ့တရားဟာ တဏှာ ဥပါဒါန် ကံဆိုတဲ့ တရားတွေဟာ ဒကာ ဒကာမတို့ နိဗ္ဗာန်တော့ ထားတယ်၊ သုဂတိတော့ ရောက်အောင်ပို့တယ် (မှန်ပါ့)၊ နှစ်ချက်ယူပါ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်ကျတော့ (တားပါတယ်)။

သုဂတိကျတော့ (ရောက်အောင်ပို့ပါတယ်)။

Therefore, these factors of Attachment—Craving, Clinging, and Kamma—Yogis, they block Nibbana, but they surely send you to a good destination. (True, Sir). Take these two points. (Yes, Sir). Regarding Nibbana? (They block it). Regarding a good destination? (They send you there).

ရှင်းကြပလား (ရှင်းပါပြီ)၊ အေး... ဒါကို သေသေချာချာ သိထားတော့မှတဲ့ ဘာလုပ်လုပ် ခင်ဗျားတို့ ဒီတဏှာ ဥပါဒါန်မပါဘဲနဲ့ ကံတွေကို လုပ်လို့ရှိရင် ဒီဒါနအလှူပွဲကြီး လှူရတဲ့အတွက် ကျောင်းဆောက်တဲ့အတွက် ဘုရားတည်ရတဲ့အတွက် ဇာတိ ဇရာ မရဏတို့၏ ချုပ်ရာ သိမ်းရာ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ ရောက်ရပါလို၏ ဆိုတော့ ဝိဝဋ္ဋကံတွေ လုပ်လိုက်ပြန်တော့လည်း ဒီတဏှာပါသေးရဲ့လား (မပါပါဘူး ဘုရား)။

Is that clear? (Yes, Sir). Ideally, once you understand this thoroughly, whatever you do—if you perform deeds without this Craving and Clinging—if you perform this great charity, build this monastery, or build this pagoda with the wish: "May I reach Nibbana, the cessation of Rebirth, Aging, and Death"—then you are performing Vivatta Kamma (Action leading away from the cycle). Does Craving still accompany it? (No, Sir).

အဲ... ဝိဝဋ္ဋကံ လုပ်လိုက်ပြန်တဲ့အခါကျလို့ရှိရင် သူသည် ဥပနိဿယသတ္တိနဲ့ အားကြီးသောအကြောင်းနဲ့ ကျေးဇူးပြုလိုက်တော့ နောက် ဝိပဿနာတွေလည်း ရှုလိုက်တော့ ရောက်သွားတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဥပထမ္ဘကတော့ သေသေချာချာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

When you perform Vivatta Kamma, it acts as a strong supporting condition (Upanissaya Paccaya). Then, when you practice Vipassana, you will arrive at Nibbana. (True, Sir). Do you see? (Yes, Sir). So, it becomes a definite support (Upathambhaka). Does it not? (It does, Sir).

အဲ... တဏှာ ဥပါဒါန် မပါရင်တော့ ရောက်ပါတယ်၊ ဒါန သီလ ကံတွေနဲ့လေ (မှန်ပါ ရောက်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တဏှာ ဥပါဒါန် အုပ်ချုပ်နေရင်တော့ (မရောက်ပါဘူး)၊ မရောက်ပေဘူးဆိုတာ သဘော ကျပလား (ကျပါပြီ)။

If Craving and Clinging are absent, you reach Nibbana through these acts of Dana and Sila. (Yes, we reach it). Is that clear? (Yes, Sir). But if Craving and Clinging are in charge? (We do not reach it). You agree that you do not reach it? (We agree, Sir).

ဒါကြောင့် ဝစ္ဆပရိဗိုဇ်က သေသေချာချာ ဘုရားကိုမေးတဲ့အခါကျတော့ လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားဆိုတုန်းက ဘုရား ဘယ့်နှယ်ဖြေသလဲ (မရပါဘူး ဘုရား)၊ မရဘူးဖြေတယ် (မှန်ပါ့)၊ လူဟာ လူ့သံယော ဇဉ် မစွန့်ဘဲနဲ့ သုဂတိရောက်နိုင်ပါ့မလားဆိုတော့ (ရောက်နိုင်ပါတယ်)။

That is why, when Vacchagotta asked the Buddha clearly, "Can a person attain Nibbana without abandoning human attachments?" how did the Buddha answer? (He answered "No"). He answered no. (True, Sir). But when asked, "Can a person reach a good destination without abandoning human attachments?" (He said they can).

ရောက်နိုင်တယ်လို့ ဖြေလိုက်တယ် (မှန်ပါ့)၊ ဒါဖြင့် ပုစ္ဆာနှစ်ချက် ပြီးသွားတာပေါ့ဗျာ (မှန်လှပါ)၊ ကိုင်း ဒီနေ့ နောက်နှစ်ချက်ပါ ရှင်းပေးပါ့မယ် (မှန်ပါ့ ဘုရား)၊ နောက်နှစ်ချက်က ဒကာ ဒကာမတို့ ဒါဗဟုသုတဖြစ်အောင် သေ သေချာချာမှတ်ပါ၊

He answered that they can. (True, Sir). So, two questions are resolved. (True, Sir). Now, I will explain the next two points today. (Yes, Sir). Yogis, mark these next two points carefully for your general knowledge.

အာဇီဝက ပရိဗိုဇ်တွေ နိဗ္ဗာန်ရောက်နိုင်ရဲ့လား

Can the Naked Ascetics (Ajivakas) Attain Nibbana?

နောက်နှစ်ချက်က ဘာပါလိမ့်မတုံး မေးတဲ့အခါကျတော့ ကျုပ်တို့ ဒီအဝတ် မဝတ်တဲ့ ပုဂ္ဂိုလ်တွေ ကို ဦးခင်မောင်တို့ မြင်ဖူးမှာပေါ့ဗျာ၊ တရားကျင့်နေတာ အဝတ် မဝတ်တဲ့ပုဂ္ဂိုလ်တွေ (မှန်လှပါ)။

မရှိကြဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီ မိစ္ဆာဒိဋ္ဌိ အကျင့်တွေ မများဘူးလား၊ တချို့ အိန္ဒိယမှာ ခုတိုင်ရှိနေ တာတွေ တစ်ပုံကြီး ရှိကြပါလိမ့်မယ်နော် (မှန်လှပါ)၊ အဲဒီတော့ ဒကာ ဒကာမတွေ ဒီလိုစဉ်းစားပါတဲ့၊ စဉ်းစားစရာ က အရှင်ဘုရားတဲ့ တပည့်တော်မသိလို့ မေးပါရစေတဲ့ ဝစ္ဆပရိဗိုဇ်က လျှောက်တယ်၊ ဒီအဝတ် မဝတ်ဘဲနဲ့ ကိုယ့်ကိုယ် ကိုယ် ဆင်းရဲခံပြီး ကျင့်နေတဲ့ အာဇီဝကတို့ဆိုတာတွေ နိဗ္ဗာန်များ ရောက်နိုင်ရဲ့လားတဲ့။

What are the next two points? You, U Khin Maung, must have seen those people who do not wear clothes—the ascetics who practice naked. (Yes, Sir). Do they not exist? (They exist, Sir). Are there not many such practices of Wrong View (Miccha Ditthi)? In India, even today, there are plenty of them. (True, Sir). So, consider this. Vacchagotta asked: "Venerable Sir, allow me to ask as I do not know. Can these Ajivakas, who practice self-mortification without clothes, attain Nibbana?"

ဒီလိုမေးလိုက်တယ်နော်...၊ အာဇီဝက ပရိဗိုဇ်တွေ နိဗ္ဗာန်ရောက်နိုင်ရဲ့လား...လို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဘုရားက မရောက်နိုင်ဘူးလို့ ဖြေလိုက်တယ်၊ သဘောကျပလား (မှန်လှပါ ဘုရား)၊ ဒါက သူ မိစ္ဆာဒိဋ္ဌိ အုပ် ချုပ်နေတာ ဒကာ ဒကာမတွေ ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါဘူး ဘုရား)၊ မိစ္ဆာဒိဋ္ဌိ အုပ်ချုပ်နေတဲ့အတွက် နိဗ္ဗာန်ဟာ ဘယ့်နှယ်တုံး (မရောက်နိုင်ပါဘူး)။

He asked about the Ajivaka wanderers. (Yes, Sir). The Buddha answered: "They cannot." Do you agree? (Yes, Sir). This is because they are governed by Wrong View. Yogis, can they reach it? (No, Sir). Because Wrong View is in charge, what about Nibbana? (They cannot reach it).

ဒိဋ္ဌိဟာ နိဗ္ဗာန်ကို အမြဲတားတဲ့တရားဆိုတာ သေချာပလား (သေချာပါတယ်)၊ ကောင်းပြီ ဒါဖြင့် ဘုရား အာဇီဝကတွေသည် အာဇီဝကအဖြစ်နဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မရောက် နိုင်ပါဘူးတဲ့)၊ ဒါက သုတ္တန်ကအဆို၊ ဒါက ယခုဖြေတာ ဘုရားရှင်က ဖြေတာ၊ ဘုန်းကြီးအဖြေပေးဖို့ လိုသေးသလား (မလိုပါဘူး ဘုရား)။

မလိုတော့ပါဘူး မိစ္ဆာဒိဋ္ဌိ အုပ်ချုပ်နေတာကိုး (မှန်လှပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကောင်းပြီ- တစ်ခါ ဆက်မေးတယ်၊

Is it certain that Wrong View is the factor that always blocks Nibbana? (It is certain, Sir). Good. So when asked if Ajivakas, remaining as Ajivakas, can attain Nibbana, how did the Buddha answer? (He said they cannot). This is the statement from the Suttas. This is the Buddha's answer. Does this monk (me) need to give an answer? (No, Sir). No need. They are governed by Wrong View. (True, Sir). Is that clear? (Yes, Sir).

အာဇီဝကတွေ နတ်ရွာသုဂတိများ ရောက်နိုင်ပါသလား

Can Ajivakas Reach a Good Destination?

အဲဒီ အာဇီဝကတွေဟာ သုဂတိများကော မရောက်နိုင်ဘူးလားတဲ့၊ မရောက်ဘူးကွာတဲ့ ဖြေလိုက်ပြန် တယ်၊ အာဇီဝကတွေ နတ်ရွာသုဂတိများ ရောက်နိုင်ပါသလားလို့ မေးတော့ ဘယ့်နှယ်ဖြေသလဲ (မရောက်ဘူးလို့ ဖြေတယ်)။

တစ်ယောက်တည်းတော့ ရှိသကွာတဲ့ (မှန်လှပါ)၊ တစ်ယောက်တည်းတော့ ရှိတယ်တဲ့၊ တစ်ယောက်တည်းက ဒကာ ဒကာမတို့ သူကိုယ်တိုင် ဟိုနုစဉ်အခါတုန်းက မှားပြီးကျင့်ဖူးတယ်၊ ဘုရားအလောင်း ဘုရားအလောင်းနော် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)၊ သူကတော့ အာဇီဝကအကျင့်တော့ ကျင့်တာပဲ၊ သို့သော်လည်း သူဟာ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတဲ့ စိတ်ကလေးက သူ့မှာရှိတယ် (မှန်ပါ့)၊ ဒါကြောင့် သူဖိပြီးသကာလ လုပ်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

Then he asked further: "Can those Ajivakas reach a good destination (Sugati)?" The Buddha answered again: "They do not." "However," the Buddha said, "there was one." (True, Sir). There was only one. That single one, Yogis, was the Bodhisatta himself in a past life who had practiced wrongly as a young ascetic. The Bodhisatta! (True, Sir). Do you agree? (Yes, Sir). He practiced the Ajivaka path, but he possessed the mind that believed: "If one does good, good results follow." (True, Sir). That is why he practiced with great intensity. (True, Sir). Do you agree? (Yes, Sir).

အကုန် ခြိုးခြံတာပဲ၊ ခြိုးခြံတာဟူသ၍ အကောင်းချည်းပဲလို့ သူ့စိတ်ထဲမှာဖြင့် ယူတဲ့အတွက်တဲ့၊ အဲ သူတစ် ယောက်တော့ဖြင့် သုဂတိ ရောက်ဖူးတာ ငါသည်ကားလို့ဆိုရင်ဖြင့် ကမ္ဘာအပေါင်းများစွာ ပြန်ကြည့်တာ ဒီတစ်ယောက် တည်းပဲ တွေ့ဖူးတဲ့ (မှန်လှပါ)။

He practiced total austerity. He believed that austerity itself was good. "But apart from that single one," the Buddha said, "I have looked back through countless aeons, and I have found only that one who reached a good destination." (True, Sir).

ကမ္မဝါဒီမို့ ကျန်နေတယ်

Saved by Being a Believer in Kamma (Kammavadi)

ငါအာဇီဝက ဖြစ်စဉ်အခါတုန်းက ငါတစ်ယောက်တည်း သုဂတိရောက်တာ တွေ့ဖူးတယ်။ ကျန်တဲ့ အာဇီဝက တွေ လုံးဝမရောက်ဖူးဘူးတဲ့၊ သဘောပါကြလား (ပါပါတယ်)၊ သူကတော့ ကမ္မဝါဒီမို့ ကျန်နေတယ် ဦးခင်မောင်ရေ (မှန်လှပါ ဘုရား)။

ကမ္မဝါဒီမို့ ကမ္မဿကတာဉာစ်ကလေးနဲ့ သူက အားထုတ်တယ် ရှင်းပလား (ရှင်းပါပြီ)၊ ဘာနဲ့ အားထုတ် တာပါလိမ့် (ကမ္မဿကတာဉာဏ်နဲ့ အားထုတ်ပါတယ်ဘုရား)၊ ကမ္မဿကတာဉာဏ်နဲ့ အားထုတ်လိုက်တဲ့အတွက် ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတဲ့ ဉာဏ်ကလေးကြောင့် သူတစ်ယောက်တော့ဖြင့် ရောက်ဖူးတယ်တဲ့။

"When I was an Ajivaka, I was the only one who reached a good destination. I have never seen any other Ajivaka reach it." Do you grasp the meaning? (Yes, Sir). He was the exception because he was a Kammavadi (one who believes in Kamma), U Khin Maung. (True, Sir). He practiced with the Knowledge of Ownership of Action (Kammassakata-ñana). Is that clear? (Yes, Sir). With what did he practice? (He practiced with Kammassakata-ñana, Sir). Because he practiced with the wisdom that "Good deeds bring good results," that single one reached a good destination.

ကျန်တဲ့ အာဇီဝကတွေဟာဖြင့် ငါသည် ၉၁ ကမ္ဘာပြန်ပြီး လျှောက်ကြည့်တယ်၊ တစ်ယောက်မှ မတွေ့ဘူးကွ တဲ့၊ ငါ သဗ္ဗညုတဉာဏ်နဲ့ လျှောက်ကြည့်လိုက်တယ်တဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာ လေးချက် ရှင်းသွားပြီမဟုတ်လား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဲဒီ ဝစ္ဆပရိဗိုဇ်က အရှင်ဘုရားတဲ့ တပည့်တော် ယခု လေးချက်မေးတော့ အရှင်ဘုရားက လေးချက် လုံး ဖြေလိုက်ပါတယ်တဲ့။

"As for the rest of the Ajivakas," the Buddha said, "I surveyed back through ninety-one world cycles, and I did not find a single one. I surveyed with my Omniscient Knowledge." Do you see? (Yes, we see, Sir). So, Yogis, are the four questions not clarified? (They are clarified, Sir). And Vacchagotta said, "Venerable Sir, I asked four questions, and you have answered all four."

မိစ္ဆာဒိဋ္ဌိ ဦးစီးပြီး လုပ်နေတဲ့အလုပ်ဟူသ၍

Any Work Led by Wrong View

ဒီမိစ္ဆာဒိဋ္ဌိလုပ်နေတဲ့အလုပ်ဟူသ၍သည် မိစ္ဆာဒိဋ္ဌိ ဦးစီးပြီးသကာလ လုပ်နေတဲ့အလုပ်ဟူသ၍သည် နိဗ္ဗာန် မဆိုထားပါနဲ့ သုဂတိတောင် မရောက်နိုင်ဘူးဆိုတာ သေချာပါပြီ ဘုရားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

"It is certain, Sir, that any work performed under the leadership of Wrong View cannot reach a good destination (Sugati), let alone Nibbana." Do you Yogis grasp this? (We grasp it, Sir).

ဒကာ ဒကာမတွေ ဘာတဲ့တုံး ဒုတိယမေးခွန်းက (လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နတ်ရွာသုဂတိ ရောက် နိုင်သလား)၊ အဲဒီကျတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရောက်နိုင်တယ်)၊ ရောက်နိုင်တယ်ကွတဲ့၊ လူဟာ ဥပမာမယ် ဆွမ်းလှူလိုက်တယ်-ကွမ်းလှူလိုက်တယ်၊ ဒကာ ဒကာမတွေက ဘုရားလှူလိုက်တယ်-ရှိခိုးလိုက်တယ်၊ ဒီရှိခိုးရတဲ့ အကြောင်းကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ လူချမ်းသာ နတ်ချမ်းသာ ရရပါလို၏ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ တဏှာဆန္ဒက မလာဘူးလား (လာပါတယ် ဘုရား)။

Recall the second question: Can a human reach a good destination without abandoning attachment? The answer was "Yes." Why? Because when you offer charity or pay homage, wishing for human or celestial bliss, that wish is Craving (Tanha). Praying "May I have this" is Clinging (Upadana). The act itself is Kamma.

မရ မရှိပါရစေနဲ့ဆိုတော့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ခုနက ဒီအားထုတ်တဲ့ ဒါန သီလတွေ အား ထုတ်တဲ့ ကာယကံ ဝစီကံတွေကကော ဒီဘက်က မလာဘူးလား (လာပါတယ် ဘုရား)၊ ဒီတဏှာ ဥပါဒါန် ကံတွေ ကြောင့် စုတိမနေ သေလွန်သည်၏ အခြားမဲ့၌ ဟော...နတ်ကောင်ကြီးပေါ်မှာပဲ၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

You pray, "May I not be without," so Clinging (Upadana) arises too? (Yes, Sir). And the physical and verbal actions of charity (Dana) and morality (Sila) you performed—do they not come from this side? (They do, Sir). Because of this Craving, Clinging, and Kamma, immediately after death... Look! A Deva body appears. Does it not? (It does, Sir).

လူကောင် နတ်ကောင် မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဒါကတော့ ဒကာ ဒကာမတွေ ဒီကံကလေး တဏှာပဲ အုပ်ချုပ်တယ်၊ တဏှာ ဥပါဒါန်တွေ အုပ်ချုပ်တယ် ကံက ကံကောင်းဖြစ်နေတယ်၊ ကမ္မဿကတာကံ ဖြစ် နေတယ် (မှန်လှပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ သုဂတိ ရောက်နိုင်ပါ့မလား လို့ဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ရောက်နိုင်ပါတယ် ဘုရား)။

Does a human body or Deva body not appear? (It appears, Sir). Here, Yogis, this Kamma is governed by Craving. Craving and Clinging are in charge. But the Kamma happens to be good Kamma—Kammassakata Kamma. (True, Sir). Do you see it? (We see it, Sir). So, if asked, "Can a person reach a good destination without abandoning human attachments?" how will you answer? (They can reach it, Sir).

ဒီ...ကြည့်...ခင်ဗျားတို့ ဟောဒါလူပဲ၊ ကိုယ့်ကိုယ်ကိုယ် ခင်တဲ့အတွက် နောက်ဘဝကိုလည်း ကိုယ့်ကိုယ် ကိုယ် ကောင်းစားတာကိုသာ သဘောကျတဲ့အတွက်ဆိုတော့ ဒီဘဝမှာလည်း ကိုယ့်ကိုယ်ကိုယ် ခင်တဲ့တဏှာ မလာ ဘူးလား (လာပါတယ် ဘုရား)၊ စွဲလမ်းတဲ့ ဥပါဒါန်ကော (လာပါတယ် ဘုရား)၊ ကိုယ့်ကိုယ်အတွက် အားထုတ်တဲ့ ဒါန သီလ (လာပါတယ် ဘုရား)။

Look here. This is a human. Because he cherishes himself, he approves of his own prosperity in the next life. So, in this life too, does the Craving regarding himself not arise? (It arises, Sir). And the Clinging (Upadana)? (It arises, Sir). And the Charity and Morality performed for his own sake? (They arise, Sir).

အဲဒါတွေကြောင့် သေသည်၏ အခြားမဲ့၌ ဟောဒီနတ်ကောင် လူကောင်တွေ ဖြစ်ထိုက်... မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ် ဘုရား)၊ သံယောဇဉ်ကြောင့်ကို ဖြစ်သွားတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ သံယောဇဉ်ကြောင့် မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ သံယောဇဉ်ဆိုပေမယ်လို့ ဒီကံက သူက သံယောဇဉ် အုပ်ချုပ်တဲ့ ကံသာ ဖြစ်နေတော့ ဒီကံကတော့ ကုသိုလ်ကံပဲ၊ ဒါန သီလ ပြုလုပ်တဲ့ကံဆိုတော့ သဘောကျပလား (ကျပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

Because of these, immediately after death, is it fitting or not fitting that Deva bodies or human bodies arise? (It is fitting, Sir). It happens because of the attachment. (True, Sir). Do you agree? (Yes, Sir). Does it not happen because of attachment? (It does). Although it is attachment, since the Kamma governed by that attachment is Meritorious Kamma (Kusala Kamma)—deeds of Charity and Morality—it results in a good rebirth. Do you agree? (Yes, Sir). Is that clear? (Yes, Sir).

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကို ဒုတိယဆက်ပြီး ဝစ္ဆပရိဗိုဇ်က မေးတော့ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲ နဲ့ သုဂတိရောက်နိုင်သလားလို့ မေးတော့ ဘုရားက ဖြေလိုက်တယ်၊ တစ်ရာမကဘူး တစ်ထောင်မကဘူး တစ်သောင်း မကဘူး တစ်သိန်းမကဘူး တစ်သန်းမကဘူးကွ ရောက်တယ်တဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘုရားဖြေပုံကော ကျေနပ်ပလား (ကျေနပ်ပါတယ်)၊ ဘယ်လောက်ရောက်နိုင်သတဲ့တုံး (တစ်သိန်း၊ တစ်သန်းမက ရောက်နိုင်ပါသတဲ့)၊ အေး... ရာပေါင်း ထောင်ပေါင်းမက ရောက်နိုင်ပါတယ်ကွဆိုတာကော သေချာကြပလား (သေချာပါတယ် ဘုရား)၊ ပြုတ်လို့ရှိရင် ဒီဝိပဿနာသည် သောတာပန် အမြန်ဆုံးတည်နိုင်တယ်လို့ သမ္မောအဋ္ဌကထာဆရာ ဖွင့်ထားတာကော ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

So, when the wanderer Vacchagotta asked the Buddha the second question—"Can a person reach a good destination without abandoning human attachments?"—the Buddha replied: "Not just one hundred, not just one thousand, not just ten thousand, not just one hundred thousand, not just a million! Countless beings reach it." (True, Sir). Is that clear? (Yes, Sir). Are you satisfied with the Buddha's answer? (Yes, Sir). How many did he say reach it? (More than a hundred thousand, more than a million reach it). Indeed. He said countless hundreds and thousands reach it. Are you certain? (Certain, Sir). The text says that if you eradicate the Wrong View (Ditthi), you can become a Stream-Enterer (Sotapanna) very quickly through Vipassana. Are you satisfied with what the Commentary says? (Satisfied, Sir).

ဒါဖြင့် တရားလည်း ဆုံးပါတော့မယ် ဒကာ ဒကာမတို့... ဟင်... အချိန်စေ့နေပြီ နာရီက။

Therefore, the sermon is coming to an end, Yogis... Oh, the time is up.

ဘယ်သူ့စိတ်ကို ရှုရမှာလဲ

Whose Mind Must You Observe?

ဘာရှုကြရ မှာတုံး (ဝိပဿနာရှုရမှာပါ ဘုရား)၊ ဘယ်သူ့စိတ်ကို ရှုရမှာလဲ (ကိုယ့်စိတ်ကို ရှုရမှာပါ ဘုရား)၊ အဲ... ကိုယ့်စိတ် ကိုယ်ရှုပြီးသကာလ နေကြပါဆိုတော့ ၁ နံပါတ်ကို၊ ၂ နဲ့ရှုပါ (မှန်ပါ့)။

၁ ကို (၂ နဲ့ ရှုရမယ်)။

၁ က ဖြစ်ပျက် (၂ က မဂ်ပါ)။

၁ က ဖြစ်ပျက် (၂ က မဂ်ပါ)။

၁ က ဖြစ်ပျက် (၂ က မဂ်ပါ)။

What must you observe? (We must observe Vipassana, Sir). Whose mind must you observe? (We must observe our own mind, Sir). Yes... observe your own mind. Watch Number 1 with Number 2. (True, Sir). Watch Number 1... (With Number 2). Number 1 is Arising and Passing Away... (Number 2 is the Path/Magga). Number 1 is Arising and Passing Away... (Number 2 is the Path/Magga). Number 1 is Arising and Passing Away... (Number 2 is the Path/Magga).

ဒီအတိုင်းသာ သွားနေလို့ရှိရင် ဦးခင်မောင် ဘယ်မှာဒိဋ္ဌိတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)၊ ဒိဋ္ဌိ-ဒိဋ္ဌုပါဒါန်ကော လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး ဘုရား)၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေကော (မလာနိုင်ပါဘူး ဘုရား)၊ မကြာခင် သောတာပန် တည်နိုင်ပါတယ်ဆိုတာ ဒကာ ဒကာမတို့ ဒီအတိုင်းသာလုပ်၊ ညနေ အားထုတ် နံနက်ရနိုင်ပါတယ် (မှန်ပါ့)၊ သဘောပါကြရဲ့လား (ပါပါတယ်)။

If you proceed like this, U Khin Maung, can Wrong View (Ditthi) ever come in? (It cannot, Sir). Can Wrong View and Clinging to Wrong View (Ditthupadana) arise? (No, Sir). What about Kamma governed by Wrong View? (It cannot arise, Sir). Yogis, if you practice this way, you can become a Sotapanna very soon. Practice in the evening, you may attain it by morning. (True, Sir). Do you understand? (Yes, Sir).

ကိုင်း... ဒီတွင် တော်ကြဦးစို့။

Well, let us stop here for today.

သာဓု ... သာဓု ... သာဓု ...။

Sadhu... Sadhu... Sadhu...