အကြောင်းမကောင်းလို့ဖြစ်တဲ့ ခန္ဓာငါးပါး
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ဟောကြားတော်မူသော
အကြောင်းမကောင်းလို့ဖြစ်တဲ့ ခန္ဓာငါးပါး
အလုပ်ပေးတရားတော်
(၂၇-၈-၁၉၆၁)
ဒီခန္ဓာငါးပါးကပဲ စရမယ်
ဒီဘဝတော့ ဒီခန္ဓာငါးပါးကပဲ စရမယ် (မှန်ပါ)၊ ဒီဘဝမှာ ဘယ်သူကပြောပြော ဒါ ခန္ဓာငါးပါးက စတာပဲ (မှန်ပါ)၊ ခန္ဓာငါးပါးက စပြီး ခန္ဓာငါးပါးကို မပြန်ဖို့ အရေးကြီးတယ် (မှန်ပါ)။
စတာက ခန္ဓာငါးပါးက၊ ခန္ဓာငါးပါးကို ပြန်မလှည့်မှ (မှန်ပါ)၊ ဘာဖြစ်လို့မလှည့်မှ တော်သတုံးဆိုတော့ ခန္ဓာငါးပါးက သူက အဝိဇ္ဇာသင်္ခါရကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါး၊ အကြောင်းမကောင်းလို့ အကျိုး မကောင်းတာ (မှန်ပါ)။
အကြောင်းက အဝိဇ္ဇာ၊ မသိတာက အဝိဇ္ဇာ၊ ပြုတာကသင်္ခါရ၊ မဟုတ်ဘူးလား (မှန်ပါ)၊ အဲဒီတော့ သင်္ခါရ ပစ္စယာဝိညာဏံ ဆိုတော့ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿဝေဒနာ ခန္ဓာငါးပါး မဖြစ်ဘူးလား (ဖြစ်ပါတယ်)။
ဒါဖြင့် အကြောင်းမကောင်းလို့ဖြစ်တဲ့ ခန္ဓာငါးပါးဟာ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက မှတ်ရမှာ မျက်စိကန်း တစ္ဆေ မကြောက်တာလိုဘဲ သွားမိသွားရာသွားတယ်၊ လဲမိလဲရာလဲတဲ့ခန္ဓာ (မှန်ပါ)၊
လဲမိလဲရာလဲတဲ့ခန္ဓာ
လဲလို့ ဒီဥစ္စာလဲ ကွဲပြီးရတဲ့သဘော၊ သွားမိသွားရာသွားလို့ ဒဏ်ရာရတဲ့သဘောကို ပြတယ် (မှန်ပါ)၊ မျက်စိကကန်းလို့ သွားမိသွားရာသွားပြီး လဲမိလဲရာလဲတယ် (မှန်ပါ)။
ဒီတော့ မသိတဲ့အဝိဇ္ဇာကြောင့် သွားချင်ရာသွားတဲ့ သင်္ခါရတွေလုပ်တယ် (မှန်ပါ)၊ လုပ်သည်ဖြစ်လေသော ကြောင့် ရချင်တာကြီး ရတယ်၊ မတော်မရာကြီး ရတယ် (မှန်ပါ)။
ဒါဖြင့် ခန္ဓာငါးပါးရတယ်၊ ခန္ဓာငါးပါးထဲမှာ စက္ခုသောတဃာန မပါဘူးလား (ပါ,ပါတယ်)၊ သဠာယတန ကော (ပါ,ပါတယ်)၊ ဝိညာဏ်နာမ်ရုပ် သဠာယတန၊ သဠာယတန ဆိုတာ စက္ခုတွေ ပါနေတယ် (မှန်ပါ)၊ ဖဿ ဝေဒနာဆိုတော့ ခန္ဓာငါးပါးမရဘူးလား (ရပါတယ်) အဲဒီ ခန္ဓာငါးပါးပြန်မရဖို့ အခုတရားဟောတာ (မှန်ပါ)။
ခင်တယ်ဆိုရင် တဏှာလာမယ်
ဒီတော့ ဒီခန္ဓာငါးပါးကိုခင်တယ်ဆိုရင် တဏှာလာမယ်နော် (မှန်ပါ)၊ တဏှာလာရင် ဥပါဒါန်လာမယ်၊ ဥပါဒါန်လာရင် ကံလာမယ်၊ ကံလာရင် ဒီ စက္ခုပြန်လုပ်မယ် (မှန်ပါ)၊ ကံလာရင်ဒီစက္ခုနဲ့တကွ ခန္ဓာကိုပြန်လုပ်မယ် (မှန်ပါ ဘုရား)၊ ဒါ ဒီနေ့ လည်ပုံတစ်မျိုးလို့ မှတ်ပါ (မှန်ပါ)။
ခန္ဓာငါးပါးထဲမှာ စက္ခုရှိတယ်၊ မဟုတ်ဘူးလား (ရှိပါတယ် ဘုရား)၊ အဲဒီစက္ခု သောတ ဃာန၊ ဇိဝှါ ကာယ တွေကို သာယာလို့ တဏှာဖြစ်တယ် (မှန်ပါ)၊ တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်၊ ဥပါဒါန်ကြောင့် (ကံဖြစ်ပါတယ် ဘုရား) ကံကြောင့် ခန္ဓာငါးပါးလုပ်တော့ စက္ခုပြန်ဖြစ်ပါတယ် (မှန်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဒါက ဘဝကိုလည်ပြတာ (မှန်ပါ)။
မိလိန္ဒမင်းကြီးက မေးတယ်နော် (မှန်ပါ)၊ စက္ခုက စက္ခုပြန်ဖြစ်လို့ရှိရင် စက္ခုက လာတယ်။ မျက်လုံးက လာတယ်၊ မျက်လုံးဆိုတာဟာ တိုတိုပြောတာပါ (မှန်ပါ) စင်စစ်တော့ ဒီခန္ဓာငါးပါးထဲမှာ စက္ခုမပါဘူးလား (ပါ,ပါတယ်)။
စက္ခုံစ ပဋိစ္စ ရူပစ ဥပန္နေဟိ စက္ခုဝိညာဏံတိတ္ထ သင်္ဂတိ ဖဿော ဟုတ်လား (မှန်ပါ)၊ တိဏ္ဏံ သင်္ဂတိ ဖဿောဆိုတော့ ဒီအထဲ ဖဿပါပြီးသား (မှန်ပါ)၊ ဖဿ ပစ္စယာဝေဒနာ၊ ဝေဒနာပစ္စယာ (တဏှာပါ) တဏှာ ပစ္စယာ (ဥပါဒါနံပါ)၊ ဥပဒါနပစ္စယာ (ကမ္မဘဝါပါ) ကမ္မဘဝပစ္စယာ စက္ခု၊ ဒီဇာတိဆိုတော့ စက္ခုပါသွားပြီ (မှန်ပါ)၊ မပါဘူးလား (ပါ,ပါတယ်)။
ပဋိစ္စသမုပ္ပာဒ်ငါးမျိုးနဲ့လည်ပြတယ်
ဒါဖြင့် ဒါဟာ ပဋိစ္စသမုပ္ပာဒ်ငါးမျိုးနဲ့လည်ပြတယ်၊ ဒါ မိလိန္ဒပဥှာမှာလာတယ် (မှန်ပါ)၊ ကြည့်လေ ဒီထဲမှာ စက္ခုက ပါလာတယ်၊ စက္ခုရှိတော့ ရူပါရုံကိုကြည့်လိုက်တယ်။ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ ဆိုတော့ ဒီအထဲမှာ စက္ခုဝိညာဏံက ပါနေတယ် (မှန်ပါ)။
တိတ္တံ သင်္ဂတိ ဖဿောဆိုတော့ ဒီမှာ ဖဿပါတယ်။ ဖဿ ပစ္စယာ (ဝေဒနာ)၊ ဝေဒနာ ပစ္စယာ (တဏှာပါ) တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပဒါနပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝပစ္စာ စက္ခု၊ ဟော သွားပြီ၊ ဇာတိဆိုတော့ ခန္ဓာငါးပါး၎င်းအထဲမှာ စက္ခုပါတယ် (မှန်ပါ)၊ စက္ခုက သူချည်းဘယ်နည်းနဲ့မှ မဖြစ်ဘူး၊ ခန္ဓာငါးပါးနဲ့သွားတယ် (မှန်ပါ)။
ဒါ မင်းတို့ မကြားဖူးသေးဘူး (မှန်ပါ)၊ မကြားဖူးသေးဘူး၊ ပဋိစ္စသမုပ္ပာဒ် ရိုးရိုးလေးဗျာ၊ စက္ခုကနေ စလည်တဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်ပါ)။
ဒါက ပစ္စုပ္ပန်ခန္ဓာကနေပြီး သကာလ အနာဂတ်ခန္ဓာကိုသွားတယ် (မှန်ပါ)၊ ပစ္စုပ္ပန်ခန္ဓာကလဲ စလိုက်သေး တယ်၊ နောက်ကျတော့ အနာဂတ်ခန္ဓာ စက္ခုပြန်ဖြစ်တယ် (မှန်ပါ)၊ ဒါ နှစ်ဘဝလို့ မှတ်ရမယ်။
ကဲ ပစ္စုပ္ပန်ဘဝ၊ ဒါ ဒီအထဲမှာ မျက်လုံးမပါဘူးလား (ပါ,ပါတယ်)၊ ပါတယ်နော်၊ အဲဒီတော့ စက္ခုစ ပဋိစ္စ ရူပေ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ ဒီအထဲပါနေတယ် (မှန်ပါ)၊ တိတ္ထသင်္ဂတိ ဖဿော မပါဘူးလား (ပါ,ပါတယ်)၊ ဖဿ ပစ္စယာ (ဝေဒနာ)၊ ဝေဒနာပစ္စယာ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)။
ကမ္မဘဝဆိုတာ ကံပဲ၊ ကံက ပစ်ချလိုက်တော့ ဒီမှာ ဒုတိယခန္ဓာပြန်ရတော့ စက္ခုသောတတွေ အစုံပါ,ပါတယ်(ပါ,ပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ)၊ သဘောပါရဲ့လား (ပါ,ပါတယ်)။
ပစ္စုပ္ပန်ဘဝကနေ စလိုက်တာ
ဒါ အားလုံးမှတ်ကြ၊ ဒါဟာ နဂိုက ပစ္စုပ္ပန်ဘဝကစတာ (မှန်ပါ)၊ နောက်ကျတော့ ဒါတွေက ဆက်သွယ်ပြီး ဒီမှာသေပြီး ဒီကံကနေပြီး ဒါလုပ်တော့ ဒါဟာ ဘာဘဝဖြစ်သွားသတုံး (အနာဂတ်ဘဝ ဖြစ်သွားပါတယ်)၊ ဒါဖြင့် ပစ္စုပ္ပန်ဘဝကနေ စလိုက်တာ အနာဂတ်ဘဝရတယ်၊ သဘောကျပလား (ကျပါပြီ)။
ကဲ တစ်ခါ အနာဂတ်က ပစ္စုပ္ပန်ဖြစ်ပြန်ရော၊ ပစ္စုပ္ပန်ဖြစ်ပြန်တော့ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပတိ စက္ခုဝိညာဏံ။ လာပြန်တာပဲ (မှန်ပါ)၊
တိဏ္ဏံ သင်္ဂတိ ဖဿော လာဦးမှာပဲ (လာပါတယ်)၊ ဖဿပစ္စယာ ဂဝေဒနာပါ)၊ ပေဒနာပစ္စယာ (ကဏှာပါ)၊ တဏှာပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဇာတိဆိုတော့ စက္ခုပါတယ်၊ သဘောကျပလား (ကျပါပြီ)။
ဒီတော့ ခင်ဗျားကို ဘယ်တော့မှ ထွက်ပေါက်မရှိဘူး (မှန်ပါ)၊ စက္ခုဆိုတဲ့ ခန္ဓာငါးပါးဘက် ပြန်လှည့်တယ် (မှန်ပါ)။
ဒါဖြင့် တပည့်တော်တို့ နောက်တုန်းက သိကြား၊ ဗြဟ္မာဖြစ်ခဲ့လေရော့လား၊ အဲဒါ မသေချာဘူး၊ ဒါက သေချာတယ် (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ဒါ သေချာတယ်တဲ့၊ ဒါ မပြတ်သရွေ့ ကာလပတ်လုံး ခင်ဗျားတို့ ဒီနေရာမှာ နှစ်ဘဝချည်း လာတယ် (မှန်ပါ)၊ ပစ္စုပ္ပန်ဘဂကြောင့် ဘာဖြစ်မလဲ (အနာဂတ်ဘဝ ဖြစ်ပါတယ်) ပစ္စုပ္ပန်ဘဝက ဆက်သွားလိုက်တာ ဒီကျတော့ ကံမဖြစ်ဘူးလား (ဖြစ်ပါတယ်)။
ကံဖြစ်တော့ နောက်တစ်ခါရတော့ ဘာဖြစ်မလဲ (အနာဂတ်ဘဝပါ)၊ အနာဂတ်ကိုး၊ တစ်ခါ ပစ္စုပ္ပန်လုပ်ဦး၊ ဟိုရောက်ရာ ဘဝပစ္စုပ္ပန်ပေါ့ (မှန်ပါ)၊ ကံယပစ္စုပ္ပန်ကနေ စလိုက်တော့ ဖဿဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ကံပြီး စက္ခုလာတာပဲ (မှန်ပါ)၊ စက္ခုလာဦးမှာပဲ၊ ရှင်းပလား (ရှင်းပါပြီ)။
ဘာဖြစ်ခဲ့သတုံးမေးဖို့မလိုဘူးလား
အဲဒီတော့ ခင်ဗျားတို့ တစ်သံသရာလုံး ဘာဖြစ်ခဲ့သတုံးမေးဖို့မလိုဘူးလား (မှန်ပါ)၊ ဒါက သမုဒယ၊ ဒါက ဒုက္ခ ဒါပဲရှိတယ်၊ သမုဒယ ဒုက္ခ၊ သမုဒယ ဒုက္ခ၊ သမုဒယ ဒုက္ခ ဒါပဲလှည့်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။ ဘာပဲလှည့်နေသကုံး (သမုဒယနဲ့ဒုက္ခပဲ လှည့်နေပါတယ်)၊ သမုဒယနဲ့ ဒုက္ခပဲလှည့်နေတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။
ဪ တပည့်တော်တို့ နောက်တုန်းက သိကြား ဗြဟ္မာများဖြစ်ခဲ့လေရော့လား အောက်မေ့တယ်၊ အဲဒါက သမုတိသစ္စာ၊ ပရမတ္ထသစ္စာကတော့ သမုဒယနဲ့ ဒုက္ခချည်း လှည့်နေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ပရမတ္ထသစ္စာကတော့ (သမုဒယနဲ့ ဒုက္ခချည်း လှည့်နေပါတယ်)။
ဒါဖြင့် သမုဒယ ဒုက္ခဖြစ်ကြောင်း (မှန်ပါ)၊ ဒုက္ခဖြစ်တာက ဒုက္ခဖြစ်ကျိုး (မှန်ပါ)၊ ဒုက္ခဖြစ်ကျိုး ကြောင့် သမုဒယဖြစ်တယ်၊ သမုဒယကြောင့် ဒုက္ခဖြစ်ပြန်တယ် (ဖြစ်ပါတယ်)။
ဒုက္ခနဲ့ သမုဒယ လှည့်နေတယ်
ဒါဖြင့် ခင်ဗျားတို့၊ ဦးလှတို့၊ ဦးမာဒင်တို့ တပည့်တော်တို့ နောက်တုန်းက လှည့်ပုံကလေး ပြောစမ်းပါဆိုတော့ ဒုက္ခနဲ့ သမုဒယ လှည့်နေတယ် (မှန်ပါ)၊ ဒုက္ခဖြစ်ကြောင်းရယ်၊ ဒုက္ခဖြစ်ကျိုးရယ် ဒါပဲ ခင်ဗျားတို့ ကိုယ်ပိုင်ရှိတယ် (မှန်ပါ)၊ မှတ်မိကြပလား (မှတ်မိပါပြီ)။
ဘာရှိနေသတုံး (ဒုက္ခဖြစ်ကြောင်းရယ်၊ ဒုက္ခဖြစ်ကျိုးရယ်ဒါပဲရှိပါတယ်)။
ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပဲ ကိုထွန်းအောင်၊ လှည့်နေတယ် (မှန်ပါ)၊ ဒီပြင် ခင်ဗျားတို့ သိကြား၊ ဗြဟ္မာ ဖြစ်တာတော့မသေချာဘူး၊ ဒီနှစ်ခုဖြစ်တာကတော့ (သေချာပါတယ်)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဒီပဋိစ္စသမုပ္ပာဒ်က အလယ်ကနေ စလိုက်ပါတယ်၊ အလယ်ကနေ စပြီး သကာလ အဆုံးကပြန်ပတ်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
အလယ်ကနေ စ,ပြီးတော့ (အဆုံးကနေ ပြန်ပတ်ပါတယ်)။
ကြည့်လေ၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ စက္ခု (မှန်ပါ)၊ စက္ခုကြောင့် ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ စက္ခု၊ ဒီလိုချည်း လှည့်နေတယ် (မှန်ပါ)၊ စက္ခုဆိုတာ ခန္ဓာငါးပါးမှတ်၊ ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် သစ္စာဖွဲ့ကြစို့၊ ဒါက ပဋိစ္စသမုပ္ပာဒ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ်သည် သစ္စာနဲ့ကင်း၍မရ ဆိုတော့ ဒါတွေကအကြောင်းတွေချည်း ဖြစ်နေတယ်၊ ဒါက အကျိုးချည်းဖြစ်နေတယ်၊ ဒါက သမုဒယ၊ ဒါက ဒုက္ခ (မှန်ပါ)။
ဒါဖြင့် တစ်သံသရာလုံး ဦးလှနဲ့ ဦးမာဒင်တို့ တရားနာတဲ့ ဒကာ၊ ဒကာမတို့ ဘာတွေများ ခင်ဗျားတို့ဖြစ်ခဲ့ကြ သတုံးလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (သမုဒယနဲ့ဒုက္ခပဲ ဖြစ်ခဲ့ပါတယ်)၊ သမုဒယဆိုတာက မီး၊ ဒုက္ခဆိုတာက လောင်စာ၊ မီးနဲ့လောင်စာပဲဖြစ်ခဲ့တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
မီးနဲ့လောင်စာပဲ ဖြစ်ခဲ့တယ်
ဘာဖြစ်ခဲ့ကြသတုံး (မီးနဲ့လောင်စာပဲ ဖြစ်ခဲ့ပါတယ်)၊ ဘယ်ဘဝမှာ ကင်းခဲ့သတုံး (မကင်းပါဘူး ဘုရား)။
ဒါဖြင့် ခင်ဗျားကို ခုထက်ထိ မီးနဲ့လောင်စာဖြစ်တာကို အခု ပိုင်ပိုင်နိုင်နိုင်သိပါပြီ (မှန်ပါ)၊ မီးနဲ့လောင်စာ ဖြစ်တာကို ပိုင်ပိုင်နိုင်နိုင်သိတော့ လောင်စာသိမ်း မီးငြိမ်းမှ နိဗ္ဗာန်ဆိုတာပေါ်လာတယ် (မှန်ပါ)၊
လောင်စာသိမ်း မီးငြိမ်းမှ (နိဗ္ဗာန်ပါ ဘုရား)။
ဘာကြောင့်တုံးလို့မေးတဲ့အခါကျတော့ ကိုယ်ဖြစ်ခဲ့တာက ခင်ဗျားတို့ဘာမှမဖြစ်ခဲ့ဘူး၊ မီးနဲ့လောင်စာပဲ ဖြစ်ခဲ့ တယ် (ဖြစ်ခဲ့ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။
ရှေ့ကိုလဲ ခင်ဗျားတို့ ဘုန်းကြီးပြောတာကိုလဲ နားမထောင်၊ ဘုရားဟောတဲ့အလုပ်ကိုလဲ မလုပ်ဘူး၊ ကိုယ့် ကိုယ်ကိုညှာ၊ သက်သာသလိုနေ ဟုတ်လား (မှန်ပါ)။
သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်လို့ရှိရင် တပည့်တော်သေရင် ဘာများဖြစ်မှာတုံး၊ အို မီးနဲ့ လောင်စာ ဖြစ်မှာပဲ (မှန်ပါ) ဒီ့ပြင် ကျုပ် ဘာမှမပြောတတ်တော့ဘူး (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ပြောစရာ ဒီ့ပြင်အပိုရှိသေးသလား (မရှိပါဘူး)။
ဒါက ဆရာ အပြောလား၊ ခင်ဗျားတို့ ဖြစ်စဉ်နဲ့ အကိုက်လားဆိုတာ တစ်ခါပြန်ပြီး ဝေဖန်၊ ဘယ့်နှယ်နေသတုံး (ဖြစ်စဉ်ကိုက်ပါ ဘုရား)။
ဒါဖြင့် ဖြစ်စဉ်ကိုက်ဝေဖန်တာကို ဒကာ၊ ဒကာမတွေကသိပြီ၊ တပည့်တော်တို့ တစ်သံသရာလုံးဟာ မီးနဲ့ လောင်စာပဲ (မှန်ပါ)၊ မီးက သမုဒယ၊ လောင်စာက ခန္ဓာငါးပါး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
လောင်စာနဲ့မီး၊ ဒါပဲဖြစ်ခဲ့ပါတယ်၊ လောင်စာနဲ့မီးဟာ ခွဲဖြစ်သလား၊ တွဲဖြစ်သလားလို့ တစ်ခါမေးတော့ ဒီခန္ဓာထဲမှာ ဒါကိန်းတယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ ခန္ဓာငါးပါးထဲမှာ ဒီသမုဒယမီးတွေ ကိန်းတယ် (ကိန်းပါတယ် ဘုရား)၊ ဒီထဲကိန်းအောင်းနေတယ်၊
အတွင်းကမီး အပြင်ဘက်က လောင်စာ
အဲ့ဒီတော့ လောင်စာနဲ့မီး ဝေးရနေတယ်ဆိုလို့ရှိရင်လဲ ဘုန်းကြီးတို့က အပြစ်မဆိုပါဘူး (မှန်ပါ)၊ ခင်ဗျားတို့ ဟာက ဒါ အတွင်းကမီး အပြင်ဘက်က လောင်စာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
အတွင်းက (မီးပါ) အပြင်ဘက်က (လောင်စာပါ)၊ ဪ ဖြစ်မှဖြစ်ရပလေ၊ ခင်ဗျားတို့ ဒါများ ကံကောင်း အကြောင်းသင့်တယ့်လို့ ထင်နေရင်တော့ ငါးပါးမှောက်ပါလိမ့်မယ် (မှန်ပါ)၊ အတော်မဆိုးရွားဘူးလား (ဆိုးပါတယ်)။
ဉာဏ်နဲ့ကြည့်ပါ (မှန်ပါ)၊ ကဲ ပဋိစ္စသမုပ္ပာဒ်လဲ ပါပြီ၊ သစ္စာလဲ နှစ်ပါး ပါသွားပြီ (မှန်ပါ)။
ဒါကြောင့် ပဋိစ္စသမပ္ပာဒ်ကလဲ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ ဒုက္ခအစုနဲ့ သမုဒယနဲ့ ဒါပဲရှိတယ် (မှန်ပါ)။
ဒီမှာလဲ သမုဒယနဲ့ ဒုက္ခပဲရှိတယ် (မှန်ပါ)၊ ပေါ်သွားပြီ၊ ပဋိစ္စသမုပ္ပာဒ်နဲ့ သစ္စာနဲ့ထပ်ပလား (ထပ်ပါပြီ ဘုရား)၊ အဲဒါထပ်မှ တရားမှန်ကိုးဗျ (မှန်ပါ) ရှင်းပလား (မှန်ပါ)။
ပြန်ရှင်းပေးပါဦးမယ်၊ ခင်ဗျားတို့ တစ်သံသရာလုံးဟာ ဒီတစ်ခါကြားတာလို့ အောက်မေ့ပါ (မှန်ပါ)၊ ဘယ် တော့မှမကြားဖူးဘူး (မှန်ပါ)၊ တစ်သံသရာလုံး ဒီတစ်ခါကြားဖူးတာ (မှန်ပါ)။
မွေးတုန်းကလဲ ဆန်ဈေး ဆီဈေးသာ ကြားဖူးတယ်၊ ထင်းဈေးသာကြားဖူးတယ် (မှန်ပါ)၊ ဒါ မကြားဖူးဘူး (မကြားဖူးပါဘူး)။
ကဲ ခင်ဗျားတို့က ကျင့်ဖို့ထားပါဦး၊ ကြားဖူးဖို့တောင်မှ ဘယ့်နှယ်နေသတုံး (ခဲယဉ်းပါတယ်)။
ခဲယဉ်းတယ်ဆိုတော့ အဲဒီတော့ ကြားဖူးဖို့ရာကလဲ ဘုရားပွင့်မှ (မှန်ပါ)၊ ဘုရားပွင့်ဖို့ရာကလဲ ခဲယဉ်းတယ် (ခဲယဉ်းပါတယ်)၊ မဟုတ်ဘူးလား (မှန်ပါ)။
သမုဒယဖြတ်လိုက်ရရင် ဒုက္ခပြတ်မှာပဲ
အဲဒီတော့ ခဲယဉ်းတဲ့အထဲမှာ ခင်ဗျားတို့ အကောင်းကြုံတဲ့ဥစ္စာကို ဪ အသိဉာဏ်ဖြင့် အကောင်းကြုံပြီ၊ ဒီဉာဏ်ကိုထက်အောင်သွေးပြီး သကာလ သမုဒယဖြတ်လိုက်ရရင် ဒုက္ခပြတ်မှာပဲဆိုပြီး ဒါ ခင်ဗျားတို့ မွေးထားဖို့သင့် တယ် (မှန်ပါ)။
ဒီအထဲမှာ ခန္ဓာငါးပါး အဝိဇ္ဇာ သင်္ခါရကြောင့်ဖြစ်တဲ့ ခန္ဓာငါးပါးထားပါတော့၊ န္ဓာငါးပါးဆိုတော့ သဠာယတန တရား ဒီအထဲပါတယ် (မှန်ပါ)၊ ဝိညာဏ် နာမ် ရုပ် သဠာယတန ပေါင်းလိုက်တော့ ဘာလာဖြစ်သလဲ (ခန္ဓာငါးပါး လာဖြစ်ပါတယ်)။
အဲဒီတော့ စက္ခုံစ ပဋိစ္စ ထွက်ရတော့မှာပဲ (မှန်ပါ)၊ မထွက်ပါနဲ့ဆိုလို့ (မရပါဘူး)၊ မရဘူး၊ ဒီအထဲ ပါပြီးသားကိုး (ပါပြီးသားပါ)၊ သူ မျက်လုံးဖွင့်တော့မှာပဲ (မှန်ပါ)၊
ဒါဖြင့် စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပတိ စက္ခုဝိညာဏံ၊ ဒီအထဲ စက္ခုဝိညာဏ်က ပါနေတယ် (ပါနေပါတယ်)။
အဲဒီတော့ စက္ခု၊ ရူပါရုံ၊ စက္ခုဝိညာဏ် ပေါင်းတော့ တိဏ္ဏံ သင်္ဂတိ ဖဿောလာမှာပဲ (မှန်ပါ)၊ ဖဿာ မလာပေဘူးလား (ဖဿလာပါတယ်)၊ ဖဿပစ္စယာ (ဝေဒနာ)၊ ဝေဒနာပစ္စယာ (တဏှာပါ)၊ တဏှာပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ)၊ ဇာတိမဆိုနဲ့ စက္ခုဆို၊ စက္ခုက စတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
စက္ခုကစလို့ စက္ခုပြန်လည်ပုံပြတာ
ဇာတိဆိုလဲ မလွဲပါဘူး၊ စက္ခုဆိုလဲ (မလွဲပါဘူး)၊ သို့သော် ဘုန်းကြီးက စက္ခုကစလို့ စက္ခုပြန်လည်ပုံပြတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
စက္ခုက စလို့ (စက္ခုပြန်လည်ပုံ ပြတာပါ)၊ စက္ခုပြန်လည်ပုံပြတာ (မှန်ပါ)။
နားက စလို့ရှိရင်လဲ (နားက လည်ပုံပါ)၊ နှာခေါင်းက စလို့ရှိရင်လဲ (နှာခေါင်းလည်ပုံပါ)၊ နှာခေါင်းပြန်ပေါ်မှာပဲ (မှန်ပါ)၊ လျှာကစရင်လဲ (လျှာပြန်ပေါ်မှာပဲ)၊ ကိုယ်က စရင်လဲ (ကိုယ်ပေါ်မှာပဲ)၊ မနောကစရင်လဲ (မနောပေါ်မှာပဲ)၊ ပေါင်းလိုက်တော့ ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီတဲ့၊ ဪ– ဒါက သေပြီးမှ စက္ခု အနာဂတ်ဖြစ်ပုံပြတာ၊ ပစ္စုပ္ပန်ခန္ဓာကနေပြီး အနာဂတ်ခန္ဓာ ဖြစ်ပုံပြတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ပစ္စုပ္ပန်ခန္ဓာက (အနာဂတ်ခန္ဓာဖြစ်ပုံပြပါတယ်)၊ ပစ္စုပ္ပန်ခန္ဓာက စလိုက်တာ အနာဂတ်ခန္ဓာဆုံးတယ် (မှန်ပါ)၊ သဘောပါပလား (ပါ,ပါတယ်)။
အနာဂတ်ခန္ဓာ မစနဲ့
ဒီဘဝတော့ တပည့်တော်ကို ဘယ်လိုနေသတုံးလို့ ဒီဘဝရှင်းပြမယ်၊ အနာဂတ်ခန္ဓာ မစနဲ့၊ အနာဂတ်ခန္ဓာ မစတော့ ဒါက ရပြီးသားခန္ဓာ (မှန်ပါ)၊ ပစ္စုပ္ပန်ခန္ဓာထဲမှာ တိဏ္ဏံ သင်္ဂတိဖဿောလာမှာပဲ (မှန်ပါ)၊ ဖဿပစ္စယာ (ဝေဒနာပါ)၊ ဝေဒနာပစ္စယာ (တဏှာပါ)၊ တဏှာပစ္စယာ (ဥပါဒါန်)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)၊
မသေသေးတဲ့ အတွက် ဒါ မပေါ်သေးဘူး၊ ကံပဲလုပ်ထားတယ် (မှန်ပါ)။
ခင်ဗျားတို့ ကံစုထားတယ် (မှန်ပါ)၊ မသေသေးခင်တော့ ဒါ မပေါ်သေးဘူး၊ အနာဂတ်ခန္ဓာ၊ အနာဂတ်စက္ခု မပေါ်သေးဘူး (မပေါ်သေးပါဘူး ဘုရား)၊ ဘာဖြစ်လို့တုံး၊ မပေါ်သေးသတုံး၊ ပေါ်ဖို့ရာလောက်ပဲ လုပ်ထားတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကဲ တစ်ခါ မျက်လုံးပေါက်ကတော့ ဟပည့်တော်တို့ဘုရား၊ ဒါ တစ်နေ့ဘယ်နှစ်ပတ်မှန်းတောင် မသိပါဘူး၊ ဒီကံစုထားတာ (မှန်ပါ)၊ ဘယ်နှစ်ပတ်တုံး (မရေတွက်နိုင်ပါဘူး)၊ တစ်ခါတလေကျတော့ နားပေါက်က ကိုယ့်အသံ ကလေးဖြစ်ဖြစ်၊ ကိုယ့်သားမယား အသံကလေးဖြစ်ဖြစ် ဟုတ်လား (မှန်လှပါ)။
တစ်ခါ သောတဉ္စပဋိစ္စ သဗ္ဗေစ ဥပ္ပဇ္ဇတိ သဒ္ဒဝိညာဏံလာဦးမှာပဲ (မှန်ပါ)၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ (ဝေဒနာပါ)၊ ဝေဒနာပစ္စယာ (တဏှာပါ)၊ တဏှာပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)၊ ဒါ မသေသေးလို့ ရှိရင် နားပေါက်ကလာမှာ၊ ခင်ဗျားတို့က စုထားပြန်ပြီ။
ဘာနဲ့အသက်ရှင်နေတာတုံး
ဒါဖြင့် ခင်ဗျားတို့ ဒီ ဒကာ၊ ဒကာမတွေ ဘာနဲ့အသက်ရှင်နေတာတုံး မေးဖို့လိုလာတယ် (မှန်ပါ)၊ မလိုဘူးလား (လိုပါတယ် ဘုရား)၊ အင်း တစ်ခါတလေ ဝေဒနာနဲ့၊ တစ်ခါတလေတဏှာနဲ့ (မှန်ပါ) တစ်ခါတလေ (ဥပါဒါန်နဲ့)၊ တစ်ခါတလေ (ကံနဲ့ပါ)၊ ကံနဲ့အသက်ရှင်နေတယ်၊ ဟုတ်လား (မှန်ပါ)။
ဒါ နားပေါက်ကပြီးရော (မှန်ပါ)၊ နားပေါက်ကပြီးတော့ နှာခေါင်းပေါက်က ခင်ဗျားတို့က ရှူကြ၊ ရှိုက်ကြ ပြန်တော့လဲ တစ်ခါတလေ ဖဿနဲ့ရှင်တယ် လာဦးမှာပဲ (မှန်ပါ) ဝေဒနာနဲ့ကော (ဝေဒနာနဲ့လဲ ရှင်ပါတယ်)၊ တဏှာနဲ့ (ရှင်ပါတယ်)၊ ဥပါဒါန်နဲ့ (ရှင်ပါတယ်)၊ ကံနဲ့ (ရှင်ပါတယ်)၊ ခင်ဗျားတို့ရှင်တာဟာ သမုဒယနဲ့ ရှင်နေ တာ (သမုဒယနဲ့ ရှင်ပါတယ် ဘုရား)။
ဘာနဲ့ အသက်ရှင်နေသတုံး (သမုဒယသစ္စာနဲ့ပါ)၊ သမုဒယသစ္စာနဲ့ အသက်ရှင်နေဟာ (မှန်ပါ)၊ ဪ သေရင် ဘာဖြစ်ကြမှာတုံး၊ ဒုက္ခသစ္စာဖြစ်မယ် (မှန်ပါ)။
သေရင် ဘာဖြစ်မတုံး (ဒုက္ခသစ္စာဖြစ်ပါမယ်)၊ မသေခင် ခင်ဗျားတို့ ဘာတွေစုဆောင်းနေကြသတုံး (သမုဒယတွေ စုဆောင်းနေပါတယ်)၊ ဪ တကယ့်ကုသိုလ်ရှင်တွေပါလား (ရယ်သံများ)။
မသိလို့ရှိရင် ဒီဥစ္စာ တကယ့်သူတော်ကောင်းကြီးတွေထင်မယ် (မှန်ပါ)၊ ခေါ်စရာ ဒီအထဲ တစ်ကွက်မှ မပါဘူး၊ ပါကြရဲ့လား (မပါ,ပါဘူး)၊ မပါဘူးတဲ့ ခင်ဗျားတို့။
သာဓုခေါ်တဲ့အချိန်ကလေးဟာ ဘယ်အချိန်တုံး
နို့ တစ်ခါတလေ သာဓုခေါ်တဲ့အချိန်ကလေးဟာ ဘယ်အချိန်တုံးဘုရား မေးဖို့မလိုဘူးလား (လိုပါတယ်) မေးတဲ့အခါကျတော့ ဖဿ ပစ္စယာ ဝေဒနာ မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဝေဒနာပစ္စယာ ဒီကျတော့ တဏှာ မလာနဲ့ (မှန်ပါ)၊ ဝေဒနာပစ္စယာ ကျုပ်တို့သည် ကာမာဝစရကုသိုလ်လုပ်တဲ့ ဝေဒနာကြောင့် ကုသိုလ်ဖြစ်တယ်၊ ကုသိုလ်ကံ မဖြစ်ဘူးလား (မှန်ပါ)။
အဲ့ဒီကုသိုလ်ကံကလေးနဲ့ဖြစ်တဲ့အခါကျတော့ ဖဿ၊ ဝေဒနာ၊ ကံနဲ့ အသက်ရှင်နေတဲ့အခါ ကာမာဝစရ ကျုပ်တို့ကျောင်းဆောက်၊ ဘုရားတည်နေတဲ့အခါကျတော့ ဒါကလေးနဲ့ အသက်ရှင်နေတယ် (မှန်ပါ)၊ ဒါလဲ ဒီအတိုင်း သွားမှာပဲ၊ ဖဿ ပစ္စယာဝေဒနာကံ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဒါက တစ်သက်မှာ တစ်ကြိမ်၊ သားကြီးမှ ရှင်ပြုရတာ (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်လှပါ)၊ ပစ္စည်း သိန်းသောင်းချမ်းသာ လာတော့မှ ဆယ်သိန်းလောက်ချမ်းသာမှ တစ်သိန်းလောက် စွန့်ဦးမကွ၊ ဒါက တစ်ခါတလေ (မှန်လှပါ)။
ခုနင်က ဒွါရခြောက်ပေါက်လို များရဲ့လား (မများပါဘူး)၊ ဒွါရခြောက်ပေါက်က များတယ် (မှန်ပါ)၊ တစ်သက်မှတစ်ခါ ဒါကလေးဟာ ကယ်ဖို့၊ ယူဖို့ ဘယ့်နှယ်နေကြသတုံး (ခဲယဉ်းပါတယ် ဘုရား)၊ ကယ်နိုင်ဖို့ မလွယ်ဘူး ဗျ၊ ဟိုက အရှိန်တယ်ကြီးတယ် (မှန်ပါ) ဟိုဟာက အာစိဏ္ဏကံများနေတယ်၊ ရှင်းမလား (ရှင်းပါပြီ)။
အာစိဏ္ဏကံ များနေတယ်
ခုနင်ကလည်တဲ့ ဖဿ ဝေဒနာ တဏှာ ဥပါဒါန်ကံက အာစိဏ္ဏကံ များနေတယ်၊ အာဝိဏ္ဏကံဆိုတာ မပြတ်လေ့ကျင့်တဲ့ကံ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ခုနင်က ဖဿ၊ ဝေဒနာ ဟုတ်လား (မှန်ပါ)၊ ဘုံဘဝလိုချင်တာက တဏှာ၊ တဏှာပစ္စယာ ဘုံဘဝ စွဲလမ်းတာက ဥပါဒါန်ထားပါဦးတော့ ကံ၊ လှူတာတန်းတာက ကံ ဒါပဲရတယ်၊ ဒီအပတ်က အင်မတန် နည်းတယ် (မှန်ပါ)၊ မနည်းဘူးလား (နည်းပါတယ်)။
ဒီအပတ်က သားကြီးမှ ရှင်ပြုတာ တစ်ပတ် (မှန်ပါ)၊ သိန်းတစ်ရာရှိမှ တစ်သိန်းစွန့်တာက တစ်ပတ်ကယ် (မှန်ပါ)၊ မနည်းဘူးလား (နည်းပါတယ်)၊ ခုနင်ကဟာတွေက အာစိဏ္ဏကံများနေတယ် (မှန်ပါ)၊ ကဲဘယ်သူက နိုင်ဖို့များသလဲ (အာစိဏ္ဏကံ အဖြစ်များတာက နိုင်ပါလိမ့်မယ်)။
ဟိုဟာက ဧရာဝတီကစီးလာတာကို ခင်ဗျားတို့က တုတ်ကလေးနဲ့ ထိုးတားတယ် ဟင် (မှန်ပါ)၊ ဧရာဝတီ မြစ်ကြီးက နည်းတဲ့ရေတွေမဟုတ်ဘူး စီးလာတာ၊ ဒီက တုတ်ကလေး၊ လက်ကလေးနဲ့ထိုးတားတော့ ဒါကလေးဟာ ယိုင်ထွက်သွားမယ် (မှန်ပါ)၊ ရနိုင်စရာရှိရဲ့လား (မရှိနိုင်ပါဘူး) အဲဒီလိုဖြစ်နေတယ် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
အဲဒါ မသိတဲ့ပုဂ္ဂိုလ်ကတော့ ဒီဟာကလေးကို သူတော်တော် အားကိုးပစ်လိုက်တယ် (မှန်ပါ)၊ မကိုးဘူးလား (ကိုးပါတယ် ဘုရား)၊ သူက တစ်ခါတစ်ရံဖြစ်တာ၊ ဟိုနေ့တိုင်း၊ နာရီတိုင်းဖြစ်နေတာက အာစိဏ္ဏကံ အားကြီးနေတယ် (မှန်ပါ)။
လှူတာက အာစိဏ္ဏကံငယ်ပါတယ်
တစ်ခါတလေလှူတာက (အာစိဏ္ဏကံငယ်ပါတယ်)၊ သူများနဲ့စာရင် နည်းနေတယ် (မှန်ပါ)၊ သဘောပါ ပလား (ပါ,ပါပြီ)။
ဒါဖြင့် နေ့တိုင်းလှည့်တဲ့ ကံကတော့ ဘာကံခေါ်ကြမလဲ (အာစိဏ္ဏကံ အားကြီးပါတယ်)၊ သွားပါပြီ၊ မဟုတ်တာကြီး အာစိဏ္ဏကံကတော့ အပတ်ပေါင်းများတယ် (မှန်ပါ)၊ နည်းနည်းကလေး အထောက်အပံ့ရမည့် ကံကတော့ (နည်းပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့စာမှာသာ သဘောကျနေကြတယ်၊ ဖြစ်စဉ်ကတော့ ဒါနဲ့မှကိုက်တယ် (မှန်လှပါ)၊ သဘောကျ ပလား (ကျပါပြီ)။
ဟာ သူများပြောတာ ဦးမာဒင်တို့၊ ဦးလှတို့က သိပ်ပမာဏ ထားမနေနဲ့၊ ကိုယ့်ဖြစ်စဉ်ကိုယ်ယုံ (မှန်ပါ)၊ သူများကတော့ ဘုရားဒကာကြီး၊ ကျောင်းဒကာကြီး၊ ခင်ဗျားတော့ သေရင်အပါယ်မကျဘူးတဲ့။ ကြည့်လိုက်တော့ အဖြစ်နည်းတဲ့ကံ ဖြစ်နေတယ် (မှန်ပါ)။
နေ့တိုင်းလှည့်နေတဲ့ကံက ဘယ်နှစ်ပတ်တုံး (အကြိမ်အများဆုံးပါ ဘုရား)၊ ဒါဖြင့် မရေမတွက်နိုင်တဲ့ ကံတွေကို သူ တစ်ခုတည်းကနေပြီး သကာလ တားနိုင်ပါ့မလား (ခဲယဉ်းပါတယ် ဘုရား)။
အားကြီးတဲ့ကံနဲ့ အားသေးတဲ့ကံဟာ
အားကြီးတဲ့ကံနဲ့ အားသေးတဲ့ကံဟာ အားကြီးတဲ့ကံမရှိမှ အားသေးတဲ့ကံ အကျိုးပေးမှာ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)၊ မင်းတို့က လက်ခမောင်းများ ခတ်မနေကြပါနဲ့ဦး (ရယ်သံများ)။
ဦးမာဒင်တို့၊ ဦးလှတို့ရ၊ သေသေချာချာ အခုဆရာဘုန်းကြီးက လှည့်ပြတော့မှ ကိုယ့်စိတ်တွေ ကိုယ်လှည့်ပြ လိုက်တော့မှ ဪ ဟုတ်သားပဲလာတယ် (မှန်ပါ)၊ ဒီအတိုင်းတော့ ကိုယ့်ဟာကိုယ် တော့ဖြင့် သူများက လက်ခုပ်တီးပေး တာနဲ့ ဟုတ်နေတယ်ထင်တယ် (မှန်ပါ)။
သာဓု သာဓုဗျာ၊ ကျွေးလိုက်မွေးလိုက်တာ စုံလို့၊ ဘယ်နှစ်ခါတုံးမေးတော့ သားကြီးတစ်ယောက်မွေးမှ တစ်ခါ ကိုးဗျ၊ ဟင် (မှန်ပါ)၊ သိန်းတစ်ရာရှိမှ တစ်သိန်းစွန့်တာကိုး (မှန်ပါ)၊ ခုနင်က အာစိဏ္ဏကံ ပေါင်းက ဦးလှ၊ ဦးမာဒင် (မရေတွက်နိုင်ပါ ဘုရား)။
ဒါကြောင့် ဧရာဝတီမြစ်ကြီးလောက် ကြီးတဲ့ရေကို ဒါကလေးက တားလို့ရပါ့မလား (ခဲယဉ်းပါတယ် ဘုရား)၊ ဒီတော့ ဟိုကံက လွှမ်းမိုးလိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါ ခင်ဗျားတို့အပြောလား၊ တကယ်လား အကဲခတ်ပါဦး (တကယ်ပါ ဘုရား)၊ ဒါဖြင့် သူများလက်ခုပ် တီးတာ မမြောက်နဲ့ဦး (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
သူများလက်ခုပ်တီးတာကို (မမြောက်နဲ့)၊ ပြုံးလဲမပြုံးနဲ့ (မှန်ပါ)၊ မပြုံးကြနဲ့ဦး (မှန်လှပါ)၊ ဘာဖြစ်လို့မပြုံး ကြနဲ့ဦးလို့ ဆရာဘုန်းကြီးက သတိပေးသတုံး မေးတော့ မောင်ချစ်စိန် မနှိုင်းယှဉ် လောက်ဘူး (မှန်ပါ)။
ကျောင်းဆောက် ဘုရားတည်ထားတာက တစ်ခါတစ်ရံ
ဒီကံကလေးက ကျောင်းဆောက် ဘုရားတည်ထားတာက တစ်ခါတစ်ရံ (မှန်ပါ)၊ ကျုပ်တို့မျက်လုံး ပေါက်က၊ နားပေါက်က၊ လျှာပေါက်က၊ ကိုယ်ပေါက်ကနေပြီး တစ်ခါတည်း သားနဲ့သမီးနဲ့ လှည့်နေလိုက်တာက အာစိဏ္ဏကံကြီးက အပတ်ပေါင်း ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါဘူး)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ မဟုတ်သေးပါဘူး၊ မဟုတ်သေးပါဘူးဆိုတာ ယနေ့ မှတ်ထားပါ (မှန်ပါ)၊ တို့ဟာ မဟုတ်သေးဘူး၊ လိုသေးတယ် (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုလိုက်ပါတယ်)။
သေသေချာချာလိုတယ် (လိုပါတယ်)၊ ဒါ အပြောနဲ့လိုကာလား၊ ဖြစ်စဉ်နဲ့ ကိုယ်တိုင်နှိုင်းချိန်ကြည့်လို. လိုတာလား (ကိုယ်တိုင် နှိုင်းယှဉ်ကြည့်လို့ လိုတာပါ ဘုရား)၊ ပေါ်ပြီ (မှန်ပါ)။
ဖြစ်စဉ်နဲ့ ကိုယ်တိုင်နှိုင်းယှဉ်ကြည့်တော့မှ မသိတဲ့လူပြောတာကို ဦးမာဒင်တို့၊ ဦးလှတို့ကမယုံနဲ့ (မှန်ပါ)၊ ဟာ မင်းသေပျော်ပြီကွ၊ လူ့ပြည်မှာ မင်းလိုလူအရှားကြီး (မှန်ပါ)၊ ရမ်းပြောတာလို့သာမှတ် (မှန်လှပါ)။
ဒါ သူများကဲ့ရဲ့တာလဲ မဟုတ်ဘူး၊ ဘာ့ကြောင့်တုံးဆိုတော့ ဖြစ်စဉ်နဲ့ကြည့်လိုက်တော့မှ ခင်ဗျားတို့ပြုတဲ့ ကံတွေက တစ်ခါတစ်ရံ နေ့တိုင်းလှည့်နေတာတွေက ဘာတုံး (အားကြီးပါတယ် ဘုရား)၊ အားကြီးတာနဲ့ တစ်ခါတစ်ရံ ဘယ်သူကများသတုံး (အားကြီးတာက များပါတယ်)။
အားကြီးတဲ့ကံက ရေစီးသန်တယ်
ဒါဖြင့် အားကြီးတဲ့ကံမရှိမှ အားသေးတဲ့ကံမျိုးက အကျိုးပေးရမယ် (မှန်ပါ)၊ အားကြီးတဲ့ကံက ရေစီးသန် တယ်၊ အားသေးတဲ့ကံက တစ်ခါတလေ (မှန်ပါ)၊ တစ်ခါတလေ ကလေးက ဧရာဝတီမြစ်ကြီး စီးလာတာ ဝါးလုံးနဲ့ ထိုးတားလို့ ရနိုင်စရာရှိရဲ့လား (မရှိပါဘူး)၊ သူက အလျင်အကျိုးပေးလိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါ့ကြောင့် ငရဲသက် ဟောတော်မူပါ၊ ငရဲများခံရပုံနဲ့ အသက်တမ်းဟောတော်မူပါဆိုတော့ အို မင်းတို့ ဒီက လှည့်တဲ့ကံကုန်တော့ ကုန်တာပေါ့ကွာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
မင်းတို့ ဒီကလှည့်တဲ့ကံကုန်တော့ (ကုန်ပါတယ် ဘုရား)၊ လှည့်တဲ့ကံ မကုန်သေးရင် (မကုန်ပါဘူး ဘုရား)၊ အသက်တမ်းမရှိဘူး၊ ဒီကကံက လိုရင်း (မှန်ပါ)၊ ဒီက အပတ်များရင် (အသက်ရှည်ပါတယ်)၊ အပတ်ကလဲ တစ်နေ့ဘယ်နှစ်ပတ်တုံး (မရေတွက်နိုင်ပါဘူး)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် ဒီနေ့ အတိုလဲပြတယ်၊ သစ္စာလဲနှစ်ပါးနားလည်ပြီ (မှန်ပါ)။
ဘယ်နှစ်ပါး နားလည်သတုံး (နှစ်ပါး နားလည်ပါတယ်)။
ဒါကလေးက ဘာပြောပြော သမုဒယ (မှန်ပါ)၊ ဒါကဘာပေါ်ပေါ် (ဒုက္ခပါ ဘုရား)၊ ဒုက္ခဆိုတော့ ဪ ခင်ဗျားတို့ တစ်နေ့ သမုဒယနဲ့ဒုက္ခ ဘယ်နှစ်ပတ်လှည့်နေသတုံးလို့မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင် ပါဘူး ဘုရား)။
မရေတွက်နိုင်တော့ ဒီအထဲမှာ ဒီဟာကအမှောင်၊ ဒီဟာကအမိုက်၊ အမှောင်နဲ့အမိုက်နဲ့ လှည့်နေတယ် (မှန်ပါ)၊ အလင်းကိုကြားမခိုဘူး (မှန်ပါ)။
အမှောင်နဲ့အမိုက်နဲ့ လှည့်နေပါတယ်
ဘာလှည့်နေကြသတုံး (အမှောင်နဲ့အမိုက်နဲ့ လှည့်နေပါတယ်)၊ အလင်းကြားခိုသေးရဲ့လား (မခိုပါဘူး)၊ ပေါ်ပလား (မှန်ပါ)။
ဒါနဲ့များ ခင်ဗျားတို့က လူဖြစ်ကျိုးနပ်ပြီများ လက်ခမောင်းခတ်မနေနဲ့၊ သွားရောပေါ့ဗျာ (မှန်ပါ)၊ မသွားသေး ဘူးလား (သွားပါတယ်)။
အဲဒါ သူများပြောတာ ယုံမနေနဲ့၊ ကိုယ့်ဖြစ်စဉ်ကိုယ်ကြည့်ယုံ (မှန်ပါ)၊ ဘုန်းကြီးပြောတာကိုလဲ မယုံနဲ့ဦး၊ ဒါက ပါဠိတော်ဘုရားဟောတာ၊ ဒါကိုယုံ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ကယ်မည့်ယူမည့်သူ တစ်ယောက်တော့ရှိသေးတယ် (မှန်ပါ)၊ ဒီအတိုင်းဆိုလို့ရှိရင် မြုပ် မပေါ်လာထဲက (မှန်ပါ)။
ဒီအတိုင်းဆိုရင် ဘယ့်နှယ်တုံး (မြုပ်မပေါ်လာထဲကပါ)၊မြုပ်မပေါ်လာတော့ဘူး၊ အားကြီးတဲ့ အာစိဏ္ဏကံတွေ က များလွန်းလို့ (မှန်ပါ)။
မဂ္ဂင်ငါးပါးသာ သွင်းနိုင်ရင် သွင်း
ဒါဖြင့် ဒီလိုလုပ်တဲ့ ဘုရားက၊ ဒါပစ္စုပ္ပန်ခန္ဓာ၊ ဖဿဝေဒနာ တဏှာ ဥပါဒါန် ကံ (မှန်ပါ)၊ ဒီကြားမှာ ခင်ဗျားတို့ဘာမှမလုပ်နဲ့တဲ့၊ ဒီကြား ခင်ဗျားတို့ မဂ္ဂင်ငါးပါးသာ သွင်းနိုင်ရင် သွင်း၊ ဖဿရှုနိုင်ရင်ရှု၊ ဒိခန္ဓာရှုချင်ရှုပေါ့ဗျာ (မှန်ပါ)၊ ခန္ဓာမရှုချင်လဲ ဒီဖဿကို ရှုချင်ရှု၊ ဖဿ မရှုချင်လဲ (ဝေဒနာရှု)။
ရှုလိုက်လို့ရှိရင်တော့ ဒါမဂ်လာမယ် (မှန်ပါ) ခင်ဗျားတို့ဝိုင်းမလို့၊ သူတို့ပါမှ ဝိုင်းလို့ဖြစ်မှာ (မှန်ပါ)၊ သူတို့ပါမှဒီပိုင်းမှာ၊ မဟုတ်ဘူးလား (မှန်ပါ)၊ သူတို့ပါမှ ခန္ဓာပြည့်လှည့်မှာ မဟုတ်လား (မှန်ပါ)၊ မဂ်လာရင် လှည့်နိုင်သေးရဲ့လား မလှည့်နိုင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အားကိုးရာဟာ ဒါကလေးပဲ (မှန်လှပါ)၊ တွေ့ကြပလား (တွေ့ ပါပြီ)။
ခင်ဗျားတို့ အားကိုးရာဟာ ဘာတုံး (မဂ္ဂင်ပါ ဘုရား)။
ဒီမဂ္ဂင်ကလဲ ဘုရားပေါ်မှ ပေါ်တာ (မှန်ပါ)၊ သာသနာရှိတုန်းမှာ ဪ အားကိုးရာ အချက်ကလေး တစ်ချက် ရှိသေးတယ် (မှန်ပါ)။
သူကတော့ ဘယ်လို အာစိဏ္ဏကံတွေကို ခင်ဗျားတို့ရှေ့က လုပ်ထားထား သူတစ်ချက်ဝင်လိုက်ရင် နိုင်တယ် (မှန်ပါ)၊ အားကိုးရှိသေးတယ် (ရှိပါသေးတယ် ဘုရား)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)၊
သူတစ်ချက်ဝင်လိုက်ရင် (ဒီပြင်ကံတွေပြတ်ပါတယ်)၊ သူက အတိတ်ကံလဲ ဖြတ်နိုင်တယ် (မှန်ပါ)၊ ခင်ဗျားတို့ အာစိဏ္ဏကံတွေနောက်က အတိတ်ကလုပ်ခဲ့တာတွေ ဖြတ်နိုင်တယ် (မှန်ပါ)၊ အနာဂတ် လာလတ္တံ့တွေကော (ဖြတ်နိုင်ပါတယ်)၊ ပစ္စုပ္ပန်ကော (ဖြတ်နိုင်ပါတယ်)၊ သူက သုံးချက်ဖြတ်နိုင်တဲ့ သတ္တိ ရှိတယ်၊ ဝိပဿနာမဂ်ဉာဏ်က (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
သုံးချက်ဖြတ်နိုင်တဲ့သတ္တိ ရှိတယ်
ဝိပဿနာဉာဏ်က ဘာဖြတ်နိုင်တဲ့သတ္တိရှိလဲ (သုံးချက်ဖြတ်နိုင်တဲ့သတ္တိ ရှိပါတယ်)။
အတိတ်အာစိဏ္ဏကံ ဘယ်လောက်ကြီးကြီးလာခဲ့၊ သူသာပေါ်ပစေ ပြတ်တယ် (ပြတ်ပါတယ်)၊ အနာဂတ်မိုက် လတ္တံ့ကံတွေ ဘယ်လောက်များများ ဘယ့်နှယ်ဆိုပါ့မလဲ (ပြတ်ပါတယ်)၊ ပစ္စုပ္ပန်ကိုလဲ (ဖြတ်ပါတယ်)။
ကြည့်လေ သူပြထားပြီ၊ ပစ္စုပ္ပန်ကံကိုလဲ သူဖြတ်နိုင်တယ်ဆိုတဲ့ဥစ္စာလဲ ခင်ဗျားတို့ ဘာမှ သံသယရှိဖို့ မလိပါဘူး နော် (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ကို ဘုရားက နည်းပေးတာပဲ သင်နိုင်တယ် မဟုတ်ဘူးလား (မှန်ပါ)၊ ဘုရားက နည်းအဖြစ်နဲ့ပဲ ပေးနိုင်တယ် (မှန်ပါ)။
ဘုရားက ဆေးနည်းပေးနိုင်တယ် (မှန်ပါ)၊ ခင်ဗျားတို့ဟာခင်ဗျားတို့ ဟောဒီမဂ္ဂင်ဆေး ဖော်စပ်ပြီး သကာလ ဒါတွေဖြတ်ပေးတော့ (မှန်ပါ)၊ ဒီ့ပြင်တော့မရှိဘူး (မရှိပါဘူး)၊ သဘောပါကြပလား (ပါ,ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ သည်ဝေဒနာကို ဝေဒနာ မနေ့ကပြခဲ့တာ ငါးမျိုးပြခဲ့တယ်မဟုတ်လား (မှန်ပါ)၊ အဲဒီငါးမျိုး ရှုချင်ရှု၊ စိတ်တုန်းကလဲ စိတ်ဆယ့်သုံးမျိုးရှို့ခဲ့တယ် (မှန်ပါ)၊ ကြိုက်ရာရှု (မှန်လှပါ)၊
ဖဿရှုလဲ (စိတ်ပါ,ပါတယ်)၊ စိတ်ပါသွားတာပဲ၊ ဘာဖြစ်လို့တုံး၊ ဟိုဒကာမကြီးပြောသလို သဟဇတ ဖြစ်ဖော်ဖြစ်ဘက်ပဲ၊ ကြိုက်တာရှု၊ ရှုရင် ဒါပေါ်လာ မှာပါ (မှန်လှပါ)၊
ဒါ ပေါ်လို့ရှိရင် ဒါပြတ်မယ်၊ ဒါပြတ်တော့ ခုနင်က စက္ခုလှည့်သေးရဲ့လား (မလှည့်ပါဘူး)၊ မလှည့်ရင် အနာဂတ်ခန္ဓာ ဘယ့်နှယ်နေမတုံး (မပေါ်လာပါဘူး)။
ပစ္စုပ္ပန်သမုဒယကိုဖြတ်လို့
ဒါဖြင့် အနာဂတ်ခန္ဓာကို၊ အနာဂတ်ဒုက္ခကို ဖြတ်နိုင်တဲ့ဥစ္စာသည် ပစ္စုပ္ပန်သမုဒယကိုဖြတ်လို့ အနာဂတ်ဒုက္ခ ပြတ်တယ် (မှန်ပါ)၊ ဒါ သေသေချာချာမှတ်ပါ (မှန်ပါ)။
ပစ္စုပ္ပန်သမုဒယဖြတ်လို့ (အနာဂတ်ဒုက္ခ ပြတ်ပါတယ်)၊ သေချာပလား (သေချာပါပြီ)။
ပစ္စုပ္ပန်သမုဒယဖြတ်လို့ အနာဂတ်ဒုက္ခပြတ်တယ်ဆိုတော့ ဒီ ပဋိစ္စသမုပ္ပာဒ်ကို မမေ့ပါစေနဲ့၊ ဒါ စက္ခုကနေ လှည့်တာ (မှန်ပါ)၊ ရှင်းပလား (မှန်ပါ)၊ သစ္စာဖွဲ့လိုက်တော့ ဘယ်နှစ်ပါးရသလဲ (နှစ်ပါးပါ ဘုရား)။
တစ်ခါ သာသနာတွင်းကြုံလို့ အလုပ်ခွင် ဝင်လိုက်တော့ကိုလေးပါး (မှန်ပါ)၊ နှစ်ပါးပြတ်ပြီး နှစ်ပါး ပေါ်တယ် (မှန်ပါ)။
ကြည့်–ဒါတွေကို ဖြစ်ပျက်ရှုလိုက်တော့ ဒါတွေဟာ ဒုက္ခသစ္စာဖြစ်မကုန်ဘူးလား (မှန်ပါ)၊ ဒါက မဂ္ဂသစ္စာ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ ဒါက ချုပ်သွားလို နိရောဓသစ္စာ လာဖြစ်တယ် (မှန်ပါ)၊ သာသနာတွင်း ကြုံပြန်တော့လဲ မဂ္ဂနဲ့ နိရောဓဖြစ်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
သာသနာတွင်းကြုံကော့ (မဂ္ဂနဲ့နိရောဓ ဖြစ်ပါတယ် ဘုရား)။
မဂ္ဂနဲ့နိရောဓ ဖြစ်မယ်
အဲ ခင်ဗျားတို့ ထုံးစံအတိုင်း မိဘရိုးရာနေမယ်ဆိုလို့ရှိရင် သမုဒယနဲ့ ဒုက္ခပဲ (မှန်ပါ)၊ ဘုန်းကြီးဆီ နည်းယူပြီး ဘုရားဟောတော်မူသလို လုပ်လို့ရှိရင် မဂ္ဂနဲ့ နိရောဓဖြစ်မယ် (မှန်ပါ)၊ ဒီတော့ ကြိုက်သလိုယူရုံပဲ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
အေးအေးဆေးဆေးနဲ့ နေချိန်တော့ မဟုတ်သေးဘူး။ မဟုတ်ဘူးလား (မှန်ပါ)၊ ကောင်းပြီတဲ့၊ ဟာ ချက်စားပြီး သကာလ ကောင်းသလို တိုက်တွေတည်ပြီး၊ အကောင်းဆုံးကား ဝယ်စီးပြီးနေချိန်တော့ မဟုတ်သေးဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။